You are on page 1of 17

1

နိုင်ငံတကာလူ့အခွင့်အရေးနေ့အခမ်းအနား 10.12.2014
လူ့အခွင့်အရေးကာကွယ်မြှင့်တင်သူများအဖွဲ့
Association of Human Rights Defenders and Promoters
အမှတ် (၈၂)၊ ပထမထပ်၊ နတ်စင်လမ်း၊၊ မကျီးတန်းမြောက်/အရှေ့ ရပ်ကွက်၊ ကြည့်မြင်တိုင်မြို့နယ်၊ ရန်ကုန်မြို့။
ဖုန်း - 09 31704727

လူ့အခွင့်အရေးကာကွယ်မြှင့်တင်သူများအဖွဲ့မှ နိုင်ငံတကာလူ့အခွင့်အရေးနေ့ အခမ်းအနားသို့တင်သွင်းသော


“အစိုးရသစ်နှင့် မြန်မာနိုင်ငံလူ့အခွင့်အရေးအခြေအနေ”အစီရင်ခံစာ

၂၀၁၀ နိဝ
ု င်ဘာလ(၇)ရက်နေ့ အငြင်းပွားဖွယ် ရွေးကောက်ပြွဲ ကီးအပြီး ပေါ်ထွက်လာသည့်
ရွေးချယ်ခံအစိုးရသစ်လက်ထက်တွင် နိုင်ငံရေး၊ စီးပွားရေးဆိုင်ရာ အပြောင်းအလဲအချို့ရှိခဲ့သော်လည်း ယခင်
လူ့အခွင့်အရေးချိုးဖောက်သူများအားလုံးဝကင်းလွတ်ခွင့်ပြုထားပါသည်။ ထို့ပြင် ယခင်လူ့အခွင့်အရေးချိုးဖောက်
ခံရသူများအား ပြန်လည်ကုစားပေးမှုလုံးဝမရှိပေ။
အစိုးရသစ်လက်ထက်တွင် နိုင်ငံအတွင်း လွှတ်တော်များ၊ အုပ်ချုပ်မှုပုံစံများအသစ်များနှင့်
မြန်မာနိုင်ငံအမျိုးသား လူ့အခွင့်အရေးကော်မရှင်တို့ပေါ်ပေါက်လာခဲ့သော်လည်း လူထု၏အခြေခံအခွင့်အရေး
များကို ထိရောက်သည့်ကာကွယ်မှုပေးရန် ပျက်ကွက်ဆဲဖြစ်သည်။လွှတ်တော်များမှ ဥပဒေများရေးဆြွဲ ပဌာန်း
မှုတွင်လည်း လူထု၏အခွင့်အရေးများကို အလေးထား ထည့်သွင်းရေးဆြွဲ ခင်းမပြုပေ။ ယခင်အစိုးရအဆက်ဆက်
လူထုအားချုပ်ကိုင်သည့် ဥပဒေများအား ဖျက်သိမ်းခြင်း၊ ပြင်ဆင်ခြင်း၊ အသစ်ရေးဆြွဲ ခင်းများမရှိသ
လောက်နည်းပါးလျှက်ရှိပါသည်။ မြန်မာနိုင်ငံအမျိုးသား လူ့အခွင့်အရေးကော်မရှင်တစ်ရပ်ပေါ်ပေါက်လာ
သော်လည်း လူ့အခွင့်အရေးချိုးဖောက်မှုများအပေါ် ထိရောက်သည့် ကာကွယ်မှုများမပေးနိုင်ခြင်း၊ ၄င်းကောင်း
ကော်မရှင်၏ လုပ်ပိုင်ခွင့်များအား ထိန်းချုပ်ကန့်သတ်မှုများခံနေရပြီး လူ့အခွင့်အရေးမြှင့်တင်ရန် ကိစ္စရပ်များကို
လည်း ဆောင်ရွက်နိုင်ခြင်းမရှိ ပေ။
အစိုးရသစ်လက်ထက်တွင် ပြည်တွင်းငြိမ်းချမ်းရေးကိစ္စနှင့်ပတ်သက်၍ အစိုးရမှအားထုတ်
ဆောင်ရွက်သည့် ပုံစံသက်ရောက်သော်လည်း တိုင်းရင်းသားဒေသများတွင် တိုက်ပြွဲ ကီး/ငယ်များ၊ အပြစ်အခက်များ
ကြိမ်ဖန်များစွာဖြစ်ပွားနေဆဲဖြစ်ပါသည်။အထူးသဖြင့် အစိုးရသစ်လက်ထက်တွင် လူနည်းစုအခွင့်အရေးများ
အပေါ်ထိရောက်သည့် အကာအကွယ်ပေးရန်ကိစ္စများတွင် တာဝန်ပျက်ကွက်လျှက်ရှိပေသည်။ နိုင်ငံသားတစ်ဦး
ချင်းစီ၏ အခြေခံအခွင့်အရေးများဖြစ်သည့် ဆန္ဒဖော်ထုတ်ခွင့်၊ မြေယာပိုင်ဆိုင်ခွင့် ၊မျှတသည့်ဥပဒေ၏ အကာ
အကွယ်ရပိုင်ခွင့်၊ နှိပ်စက်ညှင်းပန်းမှုမှကင်းလွတ်ခွင့်၊ နှိပ်စက်သူများအားအပြစ်ပေးအရေးယူခံရခြင်းမှကင်းလွတ်
နေခြင်း၊ မျှတသည့်တရားစီရင်မှုနှင့် ဥပဒေအရာတွင် တန်းတူမှုနှင့်အကူအညီများကင်းမဲ့လျှက်ရှိသည်။
ယခုတွေ့ရှိချက်အစီရင်ခံစာတွင်ပါရှိသော သတင်းအချက်အလက်များသည် ဒေသအသီးသီးရှိ
လူ့အခွင့်အရေးကာကွယ်မြှင့်တင်သူများအဖွဲ့သို့ ရောက်ရှိလာသည့် လူ့အခွင့်အရေးချိုးဖောက်ခံရသည့် ကာယ
ကံရှင်များအား ကူညီမှုမှရရှိသည့် အချက်အလက်များ ၊ အရပ်ဖက်အဖွဲ့အစည်းများ၏ သုတေသနစာတမ်းအချို့ နှင့်
သတင်းများအပေါ် အခြေခံထားပြီး မြန်မာနိုင်ငံ၏ လူ့အခွင့်အရေးအခြေအနေနှင့်၊ မြန်မာနိုင်ငံအစိုးရက
လေးစားလိုက်နာရန် တာဝန်ရှိမှုများနှင့်ပတ်သက်၍ မီးမောင်း ထိုးတင်ပြထားပါသည်။
ယခုအစီရင်ခံစာတွင် ၂၀၁၁ခုနှစ်ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီ၌ နိုင်ငံတကာအစိုးရများ၏
အကြံပြုချက်များကို မြန်မာနိုင်ငံအစိုးရမှလက်ခံထားသည့် ဥပဒေအရအုပ်ချုပ်ခြင်း၊ အပြစ်ရှိသူများကိုအပြစ်မှ
ကင်းလွှတ်ခွင့်ပြုခြင်းနှင့် ဥပဒေစိုးမိုးရေး၊ နှိပ်စက်ညှင်းပန်းခြင်းနှင့် အပြစ်ရှိသူများအရေးယူခြင်း၊ လယ်ယာမြေ
မြေလွတ်/မြေရိုင်း(ပုဂ္ဂလိကပစ္စည်းဥစ္စာပိုင်ဆိုင်ခွင့်)နိုင်ငံရေးအကျဉ်းသား၊ နိုင်ငံရေးလုပ်ငန်းနှင့်ရွေးကောက်ပွဲ
လွတ်လပ်မှု၊ ကလေးသူငယ်အခွင့်အရေးနှင့်ကလေးစစ်သားအသုံးပြုမှု၊ လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်၊ စုဝေးခွင့်
နှင့်ဖွ့စ
ဲ ည်းခွင့်၊ တိုင်းရင်းသားနှင့်လူနည်းစုအခွင့်အရေးများ၊ အမျိုးသမီးအခွင့်အရေးနှင့် ဦးဆောင်မှုအခန်းကဏ္ဍတွင်
ပါဝင်ပတ်သက်ခွင့်၊ လူကုန်ကူးမှုစသည်တို့ကိုအခန်းလိုက် ဖော်ပြထားပါသည်။

2
နိုင်ငံတကာလူ့အခွင့်အရေးနေ့အခမ်းအနား 10.12.2014
(၁) ဥပဒေအရအုပ်ချုပ်ခြင်း၊ အပြစ်ရှိသူများကို
အပြစ်မှကင်းလွှတ်ခွင့်ပြုခြင်းနှင့် ဥပဒေစိုးမိုးရေး

စစ်ကြောရေးစခန်း၌ သေဆုံးသွားသူတစ်ဦးအား ပုသိမ်ရဲစခန်းတစ်ခု၌ သေဆုံးသွားသည့်


လျှို့ဝှက်မြေမြှပ်မှုအား ဖော်ထုတ်နေစဉ် အမျိုးသမီးတစ်ဦး

မြန်မာနိုင်ငံတွင်၂၀၁၀ရွေးကောက်ပွဲအပြီး ဥပဒေပြုရေး၊ အုပ်ချုပ်ရေး၊ တရားစီရင်းရေးနှင့် ဥပဒေစိုးမိုး ရေး


ကော်မတီတို့ ပေါ်ပေါက်လာသော်လည်း တရားစီရင်ရေးသည် လွတ်လပ်ပြီး မှန်ကန်စွာစီရင်သုံးသပ်နိုင်သည့်
အခြေအနေမရှိ၊ ပွင့်လင်းမြင်သာ မှုမရှိခြင်း၊ တရားရုံးများမှ အမှုမှန်ပေါ်ပေါက်အောင် ဦးတည်ဆောင်ရွက်နိုင်မှု
မရှိခြင်းနှင့် တရားရေးရာ အဆောက်အအုံများသည် လည်း နစ်နာသူနှင့် အငြင်းပွားမှုများကို မျှတစွာစီရင်ပေးခြင်း
မရှိဘဲ အစိုးရအုပ်ချုပ်သူနှင့် ဓနရှင်များ (ခရိုနီများ)အကျိုးကို ကာကွယ်စောင့်ရှောက်ပေးခြင်းကိုသာ ဦးတည်
ဆောင်ရွက်သည်။
ဥပမာပြရလျှင်- နိုင်ငံနှင့်အ၀ှမ်း သိမ်းဆည်းခံလယ်ယာမြေများအတွက် ပြန်လည်ဖြေရှင်းပေးရန်
တောင်းဆိုသည့် မူလပိုင်ရှင်များအား ဖမ်းဆီးထောင်ချမှုများ၊ ဥပဒေမဲ့ဖမ်းဆီးခံရမှု၊ နှိပ်စက်ညှင်းပန်းမှု၊ သတ်ဖြတ်
မှုများအတွက် နစ်နာသူကာယကံရှင် များမှ တရားစွဆ
ဲိုမှုများအား တရားရုံးများမှ လက်မခံခြင်း၊ သတ်ဖြတ်မှု များအား
သာမန်လူသေမှုအဖြစ်သာ ပြောင်းလဲပြစ်ခြင်းနှင့် သက်ဆိုင်ရာရဲစခန်းများမှ နစ်နာသူပြည်သူများ၏ တိုင်ကြားမှုနှင့်
အမှုဖွင့်မှုများအား လက်ခံဆောင်ရွက်ပေးခြင်းမရှိချေ။
အစိုးရသစ်သည် ယခင်အစိုးရကဲ့သို့ပင် အာဏာပိုင်များ ကျူးလွန်းသည့် အကြမ်းဖက်မှုများ၊ နှိပ်စက်
ညှင်းပန်း သတ်ဖြတ်မှုများကို အရေးယူရန်နှင့် အရပ်ဖက်တရားရုံးများသို့ ပို့ဆောင်ဖော်ထုတ်ရန် ပျက်ကွက်ဆဲဖြစ်
ပေသည်။ ဥပမာအားဖြင့် လက်ပံတောင်းအရေး၊ မြေယာသိမ်းခံရသူများ(ဖယ်ရှားခံရသူများ)၊ ဟသာင်္တခရိုင်
ရှားအင်းကိစ္စများတွင် နစ်နာသူများ၏ ငြိမ်းချမ်းစွာ ဆန္ဒဖော်ထုတ်မှုများကိုအင်အား အလွန်အကျွံသုံး၍
သေဆုံးသည်အထိဖြစ်ပွားခဲ့ပါသည်။ ညှင်းပန်းနှိပ်စက်ခံရမှုများ နှင့် ပတ်သက်၍ အရေးယူအပြစ်ပေးမှုများလုံးဝ
မဆောင်ရွက်ခဲ့ပေ။ စစ်တပ်၊ ရဲတပ်ဖွဲ့နှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များသည် ဥပဒေကို မျက်ကွယ်ပြုသည့် ပြစ်မှုများကို
ကျူးလွန်ဆဲဖြစ်သည်။ ဥပမာအားဖြင့် ပုသိမ်ရဲအချုပ်စခန်းတွင်းမှ မသန်းသန်းအေးနှင့် အမှတ်(၂၀၈)တပ်ရင်း
မွန်ပြည်နယ်မှ ကိုပါကြီးတို့၏ နှိပ်စက်ညှင်းပန်းသတ်ဖြတ်မှုသည် ထင်ရှားလှပါသည်။

တရားဥပဒေစိုးမိုးရေးအတွက်၊ ဥပဒေသည်သာတူညီမျှမှုဖြင့် လူတိုင်းအပေါ် မသက်ရောက်ခြင်း၊


ဥပဒေစက်ကွင်းမှ ကင်းလွတ်ခွင့်ရသူများ ရှိနေခြင်း ၊ရှိရင်းစွဥ
ဲ ပဒေများနှင့်အညီဆောင်ရွက်မှုမရှိခြင်း၊ တရားရုံးများ၊
တရားသူကြီးများနှင့် တရားရေး ၀န်ထမ်းများ ၏ မသမာမှုနှင့် အဂတိလိုက်စားမှုများ ရှိနေခြင်း ကြောင့်
ပြည်သူလူထုမှာ တရားစီရင်ရေးနှင့် တရားဥပဒေအားအယုံအကြည်ကင်းမဲ့၍ အားမကိုးထိုက်သည့် ယန္တရားအဖြစ်သို့
ရောက်ရှိလျှက်ရှိပေသည်။

3
နိုင်ငံတကာလူ့အခွင့်အရေးနေ့အခမ်းအနား 10.12.2014
အကြံပြုချက်
ဥပဒေများတွင် လူ့အခွင့်အရေးစံချိန်းစံနှုန်းများနှင့်မကိုက်ညီသည့် ဥပဒေများအား သုံးသပ်ပြင်ဆင် ရန်၊
ဖျက်သိမ်းခြင်းနှင့်အသစ်ပြန်လည်ရေးဆွရ
ဲ န်၊ ၂၀၀၈ဖွ့စ
ဲ ည်းပုံအခြေခံဥပဒေအား အခြခံလူ့အခွင့်အရေး စံချိန်စံနှုန်းများ
နှင့်အညီထည့်သွင်းရေးဆွရ
ဲ န်၊ တရားစီရင်ရေးမဏ္ဍိုင်အောက်ရှိတရားရုံးများ၊ တရားရေးဝန်ထမ်းများ၊ တရားဆွဲ
ဆိုသည့်အဖွဲ့စည်းများနှင့်ပတ်သက်သည့် လုပ်ထုံးလုပ်နည်းများအား ပြင်ဆင်ပြောင်းလဲရန်၊ တရားသူကြီးခန့်အပ်
မှုလုပ်ထုံးလုပ်နည်းများတွင် ၀င်ရောက်စွတ်ဖက်မှုများမပြုရန်၊ ရဲလက်စွမ
ျဲား ပြန်လည်သုံးသပ်ပြင်ဆင်ရေးသားရန် ၊
စစ်သင်တန်းကျောင်းများ၊ ရဲသင်တန်းကျောင်းများ၊ ဥပဒေကျောင်းများတွင် လူ့အခွင့်အရေးကို မသင်မနေရ
ထည့်သွင်းသင်ကြားရန်နှင့် ဘက်လိုက်မှုရှိပါက လွတ်လပ်စွာတိုင်ကြားနိုင်သည့် ယန္တာရားများ ဖွဲ့စည်းဖွင့်လှစ်ပေးရန်
နှင့် တိုင်ကြားသူများ၏လုံခြုံမှုကို အာမခံပေးရန် ဥပဒေနှင့်မလျော်ညီသည့် ဆောင်ရွက် မှုများကို ထိရောက်စွာ
အရေးယူဆောင်ရွက်ရန်။

(၂) နှိပ်စက်ညှင်းပန်းခြင်းနှင့်
အပြစ်ရှိသူများအား
အရေးယူခြင်း

ဓါးက ရဲစခန်းမှဖမ်းဆီးနှိပ်စက်မှု ရာဇာမင်းလိုင်းကား မှုနှင့်ပတ်သက်၍


ကြောင့်ဆေးကုသခံနေရသူတစ်ဦး ဖမ်းဆီးနှိပ်စက်ခံရသူများထဲမှ တစ်ဦး

လက်ရှိအစိုးရသည် နှိပ်စက်ညှင်းပန်းခြင်းနှင့် အပြစ်ရှိသူများအား ထိရောက်စွာအရေးယူခြင်းများကို ယခင်စစ်အစိုးရ


လက်ထက်ကကဲ့သို့ပင် လျစ်လျူရှုထားဆဲဖြစ်သည်။ အထူးသဖြင့် အကျဉ်းထောင်၊ အချုပ်စခန်းများနှင့် ရှေ့တန်း
စစ်စခန်းများတွင် ဥပဒေမဲ့ဖမ်းဆီးချုပ်နှောင်၍ ရုပ်ပိုင်း၊ စိတ်ပိုင်းဆိုင်ရာများအား ပြင်းထန်စွာ နှိပ်စက်ညှင်းပန်း၍
မကျူးလွန်သည့် ကိစ္စရပ်များအတွက် အတင်းအဓမ္မ ၀န်ခံစေခိုင်းခြင်းများ ရှိနေဆဲဖြစ်ပါသည်။ ယင်းကဲ့သို့ လူမဆန်
စွာ နှိပ်စက်ညှင်းပန်းခြင်းကြောင့် အသက်ဆုံးရှုံးသွားရသည့်သူများ ရှိနေဆဲဖြစ်သည်။
မည်သူတစ်ဦးတစ်ယောက်ကိုမျှ ဂုဏ်သိက္ခာမဲ့သောလူမဆန်သော နှိပ်စက်ညှင်းပန်းမှုများမပြုရဟု ဆိုထား
သော်လည်း၊ နိုင်ငံတကာအစိုးရများနှင့် အဖွဲ့ အစည်းများမှ မြန်မာနိုင်ငံတွင်းရှိ ရဲတပ်ဖွဲ့ နှင့်ရဲတပ်ဖွဲ့ ၀င် တို့အား
ပညာပေးမှုများနှင့် အခြားအကူအညီများပေး၍ ဆောင်ရွက်လျက်ရှိသော်လည်း နှိပ်စက်ညှင်းပန်းမှုနှင့် အပြစ်ရှိသူ
များအား ထိရောက်သည့် အရေးယူဆောင်ရွက်မှုများမှာ ကြီးမားစွာလိုအပ်လျက်ရှိပါသည်။
ဥပမာအားဖြင့် ဧရာဝတီတိုင်း ၊ ပုသိမ်မြို့နယ်သဘောင်္ကျင်းရဲစခန်းတွင် ဦးနန်းဝင်း၊ ဒေါ်သန်းသန်းအေး၊
ဒါးကရဲစခန်းတွင် သက်ပိုင်ထွန်း ၊ မြောင်းမြရဲစခန်းတွင် ဦးစိုးလင်း ပဲခူးတိုင်း ပန်းတောင်းမြို့နယ် ရဲစခန်းတစ်ခုတွင်
ဦးသန်းထွန်း၊ ပြည်မြို့ ခလရ-၇၅မှ ကိုဇော်မင်းဦး၊ မွန်ပြည်နယ် သထုံရဲစခန်းမှ ဦးမောင်ဝင်းဗိုလ် ၊ ဦးမောင်ငယ် ၊
ဦးအောင်ကျော်သန်း ၊ ဦးဇော်ဝိတ်၊ မန္တလေးတိုင်း သာစည်မြို့နယ်၊ ဟန်ဇာကျေးရွာ ရဲကင်းတွင် ဦးဇော်ထွန်း
မွန်ပြည်နယ် တပ်ရင်း (၂၀၈)တွင်ကိုပါကြီး(ခေါ်) အောင်ကျော်နိုင်တို့အား လူမဆန်စွာနှိပ်စက်ညှင်းပန်းခြဲ့ ပီး ၊
မသန်းသန်းအေး ၊ကိုပါကြီး(ခေါ်)အောင်ကျော်နိုင်၊ကိုဇော်မင်းဦး၊ ကိုဇော်ထွန်းတို့မှ ဥပဒေမဲသ
့ တ်ဖြတ်ခြင်း ကိုခံခဲ့
ကြရသည်မှာ ထင်ရှားလှပေသည်။ ထို့ပြင်တိုင်းရင်းသားဒေသများရှိစစ်ပွဲများအတွင်း အရပ်သားတိုင်းရင်းသားပြည်
သူများအား ဥပဒေမဲ့ဖမ်းဆီးခြင်း၊ သတ်ဖြတ်ခြင်း၊ နှိပ်စက်ခြင်း များရှိနေဆဲဖြစ်ပါသည်။
အထူးသဖြင့် ၄င်းနှိပ်စက်ညှင်းပန်းမှု၊ သတ်ဖြတ်မှုများတွင် တာဝန်ရှိသူတို့အား ထိရောက်သည့် အရေး
ယူ ဆောင်ရွက်မှုများမရှိချေ။

4
နိုင်ငံတကာလူ့အခွင့်အရေးနေ့အခမ်းအနား 10.12.2014
အစိုးရသို့ အကြံပြုချက်

- နှိပ်စက်ညှင်းပန်းမှုဆန့်ကျင်သောစာချူပ် Convention Against Torture (CAT) ကိုအမြန်ဆုံးလက်မှတ်


ရေးထိုးရန်
- အကျဉ်းစခန်း၊ အချုပ်စခန်း၊ ရဲစခန်းနှင့် စစ်တပ်စခန်းများရှိ တာဝန်ရှိသူများအားလုံးကို နှိပ်စက်ညှင်းပန်း
မှုနှင့်ပတ်သက်၍ လိုက်နာရမည့် တားမြစ်ချက်များ၊ ချိုးဖောက်မှု (သို့) ပါဝင်ပတ်သက်မှုများအတွက်
ပြင်းထန်သည့် အပြစ်ပေးအရေးယူမှုများ၊ ပညာပေးမှုများ၊ နှိပ်စက်ညှင်းပန်းခြင်းနှင့်ပတ်သက်သည့်
ဥပဒေများကို CAT ပါ အချက်အလက် များနှင့်အညီ ပြင်ဆင်ပြောင်းလဲရေးဆွရ
ဲ န်နှင့် ယင်းဥပဒေအား
လက်တွေ့အကောင်အထည်ဖော်ရန်၊

(၃)လယ်ယာမြေ ၊ မြေလွတ်/မြေရိုင်း၊
ပုဂ္ဂလိကပစ္စည်းဥစ္စာပိုင်ဆိုင်ခွင့်နှင့်
ဆင်းရဲမေ
ွဲ တမှု တပ်မတော်မှ သိမ်းယူထားသော ကယားပြည်နယ်တွင် တပ်မှ
ဥယျာဉ်တစ်ခု သိမ်းဆည်းထားသော
လယ်ယာမြေများ

ယခင်စစ်အစိုးရလက်ထက် နှစ်(၂၅)နီးပါး တိုင်းရင်းသားဒေသများရှိ မြေလွတ်၊မြေရိုင်းများ၊ ဘိုးဘွား


စဉ်ဆက် လုပ်ကိုင်ခဲ့သောလယ်ယာမြေ ၊ ခြံမြေ နှင့် တောင်ယာမြေများအား နိုင်ငံတစ်ဝှမ်းတွင် ပုံစံအမျိုးမျိုးဖြင့်
အဓမ္မသိမ်းယူခြဲ့ ကသည်။ ထြို့ ပင်သိမ်းယူမြေများအား အစိုးရနှင့်နီးစပ်သူများ ၊လုပ်ငန်းရှင်ကြီးများလက်သို့ဥပဒေ
များကိုလိုအပ်သလို အသုံးချ၍ လယ်ယာမြေ လုပ်ပိုင်ခွင့်များကို လွှဲပြောင်းပေးအပ်ခဲ့သည်။

ယခုအစိုးရသစ်လက်ထက်တွင် လယ်ယာမြေဥပဒေများ၊ မြေယာအသုံးချမူဝါဒများ၊ သိမ်းဆည်းခံ


လယ်ယာမြေများ စီစစ်ရေးကော်မတီများပေါ်ပေါက်လာပြီး ဒီမက
ို ရေစီပြုပြင်ပြောင်းလဲရေးများ ဆောင်ရွက်နေ
သည်ဆိုသော်လည်း လယ်သမားများ၏အကျိုးစီးပွားနှင့် အခွင့်အရေးများကို အလေးအနက်ထည့်သွင်း ဆောင်ရွက်မှု
မရှိချေ။ အထူးသဖြင့် နိုင်ငံနှင့်အ၀ှမ်း သိမ်းဆည်းခံလယ်ယာမြေများ ပြန်လည်ရရှိရေးအတွက် လယ်ယာမြေစီစစ်ရေး
ကော်မတီမှ စီစစ်ပြီးတိုင်စာပေါင်း(၆၀၀၀)ကျော်ကို သက်ဆိုင်ရာဝန်ကြီးဌာန အသီးသီးသို့ပေးပိ့ထ
ုားသော်လည်း
လက်ခံဖြေရှင်းပေးနိုင်မှုမှာ အလွန်စိတ်ပျက်ဖွယ်ကောင်းသည့် အခြေနေ၌ပင်ရှိနေဆဲ ဖြစ်သည်။ သိမ်းဆည်းခံ
လယ်ယာမြေများ ပြန်လည်ရရှိရေးအတွက် ငြိမ်းချမ်းစွာ လှုပ်ရှားဆောင်ရွက်မှုများနှင့် ဆောင်ရွက်သူများအား
အင်အားသုံးဖြိုခွင်းခြင်း၊ အရေးယူခြင်း ၊ ဖမ်းဆီးခြင်း ၊ ထောင်ချခြင်းများစွာကို ဆောင်ရွက်လာခဲ့ သည်။
ဥပမာအားဖြင့် ကန့်ကလူမြို့နယ်တွင်လယ်သမား(၅၉) ဦးအား ဖမ်းဆီးအရေးယူ၍ ထောင်ဒဏ်များ
ကျခံစေခဲ့ပြီး၊ ဝေးလံသောထောင်များသို့ပို့ ဆောင်ခဲသ
့ ည်။ ဆက်လက်၍လည်းသိမ်းဆည်းခံမြေများ ပြန်လည်ရရှိ
အောင် ဆောင်ရွက်နေသည့်ထောင်နှင့်ချီသောလယ်သမားများစွာတို့မှ အမှုရင်ဆိုင်နေရဆဲဖြစ်သည်။ တိုင်းရင်းသား
ဒေသများနှင့်နိုင်ငံနှင့်အ၀ှမ်း မြေလွတ်၊ မြေရိုင်းများကိုလည်း တပ်ပိုင်မြေအဖြစ်သော်လည်းကောင်း ဖွံ့ ဖြိုးရေး
စီမံကိန်းများအကြောင်းပြ၍လည်းကောင်း၊ လုံခြုံရေးတပ်၊ စခန်းများ တိုးချဲ့ရန်အတွက် ဟူ၍လည်းကောင်း
အကြောင်းပြကာ သက်ဆိုင်ရာဝန်ကြီးဌာနများနှင့် အုပ်ချုပ်သူများမှ သိမ်းဆည်းခဲ့ကြသည်။ ထို့ပြင်အစိုးရသစ်
လက်ထပ်တွင် ပေါ်ပေါက်လာသော လယ်ယာမြေဥပဒေအသီးသီးသည် မြန်မာနိုင်ငံ၏အများစုဖြစ်သော လယ်သမား
တို့၏အကျိုးစီးပွားနှင့် အခွင့်အရေးကိုထည့်သွင်းရေးဆွမ
ှဲုမရှိဘဲ ၄င်းတို့နှင့် ဆက်စပ်လျှက်ရှိသော စီးပွားရေး
ကုမ္ပဏီကြီးများ(ခရိုနမ
ျီား)၏ အကျိုးစီးပွားကိုသာဦးတည်ရေးဆွထ
ဲားသည်။
အကျိုးဆက်အနေဖြင့် နိုင်ငံ၏၆၀%ကျော်ရှိသော တောင်သူလယ်သမားများမှ အများစုသည်
လယ်ယာမြေများဆုံးရှုံးလက်လွတ်သွားခြင်း ၊ အလုပ်အကိုင်ကင်းမဲ့သွားခြင်း ၊ နောက်ဆက်တွအ
ဲ နေဖြင့် မိသားစု
5
နိုင်ငံတကာလူ့အခွင့်အရေးနေ့အခမ်းအနား 10.12.2014
ဘ၀အသက်ရှင်သန်မှုနှင့် လုံခြုံမှုကင်းမဲ့သွားခြင်း ၊ ကလေးသူငယ်များ၏ဆက်လက်ပညာသင်ကြားရေး နှင့်
ဖွံ့ ဖြိုးတိုးတက်ရေးဆိုင်ရာ အခွင့်အရေးများကို လျစ်လျူရှုလျက် ရှိပေသည်။ အစိုးရသစ်အနေဖြင့် မြေယာ
ပိုင်ဆိုင်ခွင့်နှင့်ပတ်သတ်၍ ပြည်သူများ၏ဆုံးရှုံးသွားသော လယ်ယာမြေများနှင့် တိုင်းရင်းသားဒေသများမှ ဆုံးရှုံး
သွားသော မြေလွတ်မြေရိုင်းများအား ပြန်လည်ကုစားပေးမှုမရှိချေ။
အစိုးသစ်လက်ထက်တွင် ဆင်းရဲမွဲတေမှုတိုက်ဖျက်ရေးအစီအမံများကို ကမ္ဘာဘဏ်နှင့်ပူးပေါင်း
ဆောင်ရွက်နေမှုများ၊ နိုင်ငံတကာအစိုးရများနှင့်အဖွဲ့စည်းများမှ ဖြွံ့ ဖိုးတိုးတက်ရေးအကူညီများဖြင့် ပူးပေါင်း
ဆောင်ရွက်နေသော်လည်း နိုင်ငံ၏လူဦးရေအများစု၏ လယ်ယာမြေသိမ်းဆည်းခံရမှုများ၊ ပညာရေးအခြေအနေ
နိမ့်ကျမှုများ၊ ၀င်ငွေ၏ရာခိုင်နှုန်းများစွာကို ကျန်းမာရေး စားရိတ်အဖြစ် မိမိကိုယ်တိုင်ကျခံနေရသည့်အထိ
ဆိုးဝါးသည့် ကျန်းမာရေးစောင့်ရှောက်မှုအခြေအနေများ၊ အလုပ်ကိုင်အခွင့်အလမ်းရှားပါးမှုအခြေအနေတို့ကြောင့်
ဆင်းရဲမွဲတေမှုအား တိုက်ဖျက်ရန်/လျော့ချရန်အထူးအလေးပေးဆောင်ရွက်ရန်လိုအပ်ပေသည်။ ဥပမာအားဖြင့်
ရန်ကုန်မြို့တစ်မြို့ထဲတွင် အိမ်ခြေမဲ့မိသားစု ငါးသောင်းဝန်းကျင်ခန့်ရှိနေပါသည်။

အကြံပြုချက်

စစ်အစိုးရလက်ထက် သိမ်းဆည်းခံလယ်ယာမြေများအား ပြန်လည်ပေးအပ်ရန်။ ဖြွံ့ ဖိုးရေးစီမံကိန်းကြီးများ တွင်


တိုင်းရင်းသားပြည်သူများ၏ ပစ္စည်းဥစ္စပိုင်ဆိုင်ခွင့်များကို ထပ်မံသိမ်းဆည်းမှုများမပေါ်ပေါက်ရန် အာမခံချက်ပေး
ရန်။ ၂၀၁၂လယ်ယာ မြေဥပဒေအား လယ်သမားများ၏ အခွင့်အရေးနှင့် အကျိုးစီးပွားများကို အာမခံသည့်
ဥပဒေအဖြင့်ပြင်ဆင်ရေးဆွရ
ဲ န်။ ၂၀၁၃ခုနှင့် လယ်သမားအခွင့်အရေးကာကွယ်ရေးနှင့် အကျိုးစီးပွားမြှင့်တင်ရေး
ဥပဒေအား ဘိုးဘွားစဉ်ဆက် လယ်ယာမြေအဖြစ် အသက်မွေးဝမ်းကြောင်းပြု ခဲ့သည့် လယ်သမားအများစု၏
အခွင့်အရေးနှင့် အကျိုးစီးပွားကို ထိရောက်စွာကာကွယ်မှုပေးနိုင်သည့် ဥပဒေအဖြင့် ပြင်ဆင်ပြောင်းလဲရေးသား
ရန်။တိုင်းရင်းသားဒေသများရှိ တိုင်းရင်းသားနယ်မြေများနှင့် လူနည်းစုတောင်သူများ၏ အကျိုးစီးပွားကို
အထူးအလေးထား ကာကွယ်ပေးရန်။ ကုလသမဂ၏ဆင်းရဲမွဲတေမှုလျော့ချရေး ထောင်စုနှစ်ပန်းတိုင်အား
အပြည့်အ၀ပူးပေါင်းအကောင်ထည်ဖော်ရန်၊ နိုင်ငံ၏ဘတ်ဂျက်ခွဲဝေသုံးစွဲမှုတွင် ဆင်းရဲမွဲတေမှုတိုက်ဖျက်ရေး
အတွက် သီးသန့်ရန်ပုံငွေနှင့် အထူးရန်ပုံငွေများသက်မှတ်သုံးစွရ
ဲ န်။

(၄)နိုင်ငံရေးအကျဉ်းသား၊ နိုင်ငံရေးလုပ်ငန်းနှင့် ရွေးကောက်ပွလ


ွဲတ်လပ်မှု

သမ္မတဦးသိန်းစိန်အစိုးရတက်လာပြီနောက် နိုင်ငံရေးအကျဉ်းသားများ သုံးထောင်ကျော်လွှတ်ပေး ခဲ့ခြင်း၊


နိုင်ငံရေး၊ စီးပွားရေးပြုပြင်ပြောင်းလဲမှုများကို ဆောင်ရွက်ခဲ့ပေသည်။ သို့သော်အကျဉ်းထောင်များတွင် နိုင်ငံရေး
အကျဉ်းသားများကျန်ရှိနေပြီး နိုင်ငံရေးအကျဉ်းသားဦးရေ ထပ်မံ၍တိုးပွားနေဆဲဖြစ်သည်။
ဤသို့တိုးပွားလာသောနိုင်ငံရေးအကျဉ်းသားများတွင် နိုင်ငံရေးတက်ကြွလှုပ်ရှားသူများ၊ လယ်ယာမြေ
ဆုံးရှုံးနစ်နာသူများနှင့် လယ်ယာမြေပြန်လည်ရရှိရေး ကူညီဆောင်ရွက်ပေးနေသူများ၊ သတင်းလွတ်လပ်မှုနှင့်
ဖမ်းဆီးခံသတင်းသမားများ လွတ်မြောက်ရေးအတွက်ဆောင်ရွက်ကြသည့် သတင်းမီဒီယာသမားများ၊ အလုပ်
သမားအရေးဆောင်ရွက်ကြသည့် အလုပ်သမားနှင့် အလုပ်သမားခေါင်းဆောင်များ၊ ငြိမ်းချမ်းရေးအတွက်
လှုပ်ရှားကြသူများ၊ ဖြွံ့ ဖိုးရေးစီမံကိန်းများနှင့်ပတ်သက်၍လှုပ်ရှားဆောင်ရွက်ကြသူများအစရှိသဖြင့်ဆောင်ရွက်
ကြသူများအား တရားစွဆ
ဲိုပြစ်ဒဏ်ပေးမှုများကြောင့်လက်ရှိတွင် နိုင်ငံရေးအကျဉ်းသား(၇၅)ဦး အကျဉ်းထောင်
အသီးသီးတွင်ကျခံလျှက်ရှိပြီး တရားရင်ဆိုင်နေရသူ(၁၂၅)ဦးရှိနေသည်။ထပ်မံ၍လည်း နိုင်ငံရေး အကျဉ်းသား
များတိုးပွားနေဆဲပင်ဖြစ်သည်။

6
နိုင်ငံတကာလူ့အခွင့်အရေးနေ့အခမ်းအနား 10.12.2014
မြန်မာနိုင်ငံသားများသည် ၂၀၁၀ရွေးကောက်ပွတ
ွဲင် ပြည်သူတို့၏အစိုးရပြောင်းလဲခွင့်ကို ငြင်းပယ်ခံခဲ့
ကြရပြီး၊ လက်ရှိအစိုးရသစ်လက်ထက်တွင်လည်း တိုင်းရင်းသားတို့၏အခွင့်အရေးများ နိုင်ငံသားတို့၏ နိုင်ငံသား
နှင့်နိုင်ငံရေးဆိုင်ရာအခွင့်အရေးများကို အာမ,မခံထားသည့်၂၀၀၈ဖွ့စ
ဲ ည်းပုံအခြေခံဥပဒေကို ပြင်ဆင်ပြောင်းလဲ
ရေးကို ကြီးမားစွာအဟန့်အတားပြုနေဆဲဖြစ်သည်။
လက်ရှိမြန်မာနိုင်ငံရေးတွင် လွှတ်တော်၊ အုပ်ချုပ်ရေးနှင့် တရားစီရင်ရေးကဏ္ဍအသီးသီး ပေါ်ပေါက်
လာသော်လည်းနှစ်ပေါင်းများစွာ စစ်ဗိုလ်ချုပ်များနှင့်အုပ်ချုပ်ခဲ့သည့် မြန်မာနိုင်ငံသည် ယခုထက်တိုင်စစ်တပ်က ပင်
နိုင်ငံ၏အာဏဗဟိုချက်မအဖြစ် တည်ရှိနေဆဲဖြစ်သည်။
လက်ရှိအစိုးရသစ်လက်ထက်တွင် နိုင်ငံရေးအရပြုပြင်ပြောင်းလဲရေးများ ဆောင်ရွက်ရာတွင် အဓိက
အားဖြင့်၂၀၀၈ဖွဲ့စည်းပုံအခြေခံဥပဒေအား စစ်မှန်သည့် ဒီမိုကရေစီစနစ်အုပ်ချုပ်ရေးပေါ်ပေါက်ရန်နှင့် အရပ်သား
အစိုးရအောက်တွင် ခိုင်မာတောင့်တင်းသည့်ပြည်သူ တပ်မတော်အဖြစ်ဖော်ဆောင်နိုင်ရန်အတွက် ဖွ့စ
ဲ ည်းပုံအခြေခံ
ဥပဒေကိုပြင်ဆင်ခြင်း (သိ့)ု ရေးဆြွဲ ခင်းများကိုဖော်ဆောင်ပေးရန်လိုအပ်ပါသည်။
လက်ရှိရွေးကောက်ပွဲကော်မရှင်တည်ရှိမှုသည် (၁၉.၃.၂၀၁၂) ပြည်ထောင်စုလွှတ်တော်က ပြဌာန်း
အတည်ပြုသည့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဥပဒေအရ ဖျက်သိမ်း၍ ၄င်းဥပဒေသစ်နှင့်အညီ ပြန် လည်
ဖွဲ့ စည်းခြင်း မရှိသည့်အတွက် ဥပဒေနှင့်ဆန့်ကျင်လျက်ရှိပေသည်။
၎င်းဥပဒေအသစ်နှင့်အညီ ဖွဲ့ စည်းပုံအခြေခံဥပဒေအရ ရွေးကောက်ပွေ
ဲ က်ာမရှင်သစ်ကို သမ္မတက
အားလုံးလက်ခံနိုင်သည့် ကော်မရှင်သစ်တစ်ရပ်ကို ဖွဲ့ စည်းရမည့်တာဝန်ရှိသော်လည်း အကောင်အထည်
ဖော်ဆောင်ရွက်ခြင်းမရှိပေ။
လွှတ်တော်ရွေးကောက်ပွဲ ဥပဒေပုဒ်မ(၉၀)အရဟုဆိုကာ (၁.၇.၂၀၁၄) ရက်နေ့တွင် ရွေးကောက်ပွဲ ဆိုင်ရာ
စည်းဝေးဟောပြောခြင်းနှင့် မဲဆွယ်စည်းရုံးခြင်းများကို အကန့်အသတ်များစွာဖြင့် ထုတ်ပြန်ခဲ့ပြီး ယခင်မဲဆွယ်
စည်းရုံးခွင့် ရက်၆၀မှ၃၀သို့ ကန့်သတ်လိုက်ခြင်းသည် မြန်မာနိုင်ငံ၏ဆက်သွယ်ရေးအရလည်းကောင်း၊ ပထ၀ီ
အနေအထားအရလည်းကောင်း၊ လမ်းပန်းဆက်သွယ်ရေးအရလည်းကောင်း ခက်ခဲသည့် အခြေအနေများအရ
မဲဆွယ်စည်းရုံးမှုကို ကြီးမားစွာ အနှောင့်အယှက်ဖြစ်ပေါ်စေပါသည်။
ရွေးကောက်ပွဲဆိုင်ရာ ဟောပြောမှုများပြုလုပ်ရန်အတွက် ခွင့်ပြုမိန့်များတောင်းခံရခြင်း၊ ခွင့်ပြုမိန့် အတွက်
၁၅ရက်ခန့်စောင့်ဆိုင်းရခြင်းသည် လွတ်လပ်စွာမဲဆွယ်စည်းရုံးခွင့်အား အလွန်တရာကန့်သတ်ထား ပါသည်။
ထို့အပြင် သက်ဆိုင်ရာနိုင်ငံရေးပါတီများနှင့် ရွေးကောက်ခံအမတ်လောင်းများ၏ စည်းရုံးဟောပြောခွင့်ကို စည်းရုံး
ဟောပြောခွင့်ရပုဂ္ဂိုလ်များဟု ထပ်မံ၍ကန့်သတ်ခြင်းသည်လည်း ရွေးကောက်ပွဆ
ဲိုင်ရာ လွတ်လပ်ခွင့်များနှင့်
ဆန့်ကျင်လျက်ရှိပါ သည်။
အစိုးရ၏လုပ်ဆောင်ချက်၊ ဆုံးဖြတ်ချက် (၁.၁၀.၂၀၁၄) ရက်နေ့တွင် သမ္မတ၏လစဉ်မိန့်ခွန်းတွင်
"တိုင်းရင်းသားများနှင့် အပစ်အခတ်ရပ်စဲရေး ဆောင်ရွက်ချက်များ၊ နိုင်ငံရေးဆွေးနွေးမှုများအောင်မြင်မှသာလျှင်
၂၀၁၅ ရွေးကောက်ပက
ျွဲင်းပဖို့ရန် သေချာနိုင်ကြောင်း" ပြောကြားချက်သည် ၂၀၁၅ရွေးကောက်ပွဲ အား
အချိန်မှန်ကျင်းပနိုင်ရန်အတွက် ခြိမ်းခြောက်မှုများ အဖြစ်တွေ့မြင်နိုင်ပါသည်။
ရွေးကောက်ပွဲကော်မရှင်သည်လည်း ၂၀၁၄ကြားဖြတ်ရွေးကောက်ပွက
ျဲင်းပရန် ကတိက၀တ်များပေး ခဲ့ပြီး
ရွေးကောက်ပွဲကော်မရှင်ဥက္ကဌမှ ခိုင်လုံသည့်အကြောင်းပြချက်မရှိဘဲ ရွေးကောက်ပွအ
ဲား ဖျက်သိမ်းခဲ့သည်။
ရွေးကောက်ပွဲကော်မရှင်သည် မဲပေးပိုင်ခွင့်ရှိသူစာရင်းများပြုစုရာတွင် နိုင်ငံတကာအဖွဲ့အစည်း အချို့နှင့် ပူးပေါင်း

7
နိုင်ငံတကာလူ့အခွင့်အရေးနေ့အခမ်းအနား 10.12.2014
ဆောင်ရွက်နေသော်လည်း မဲပေးခွင့်ရှိသူတိုင်း မဲပေးနိုင်ရန်အတွက် လုံလောက်ကောင်းမွန်သည့် အခြေအနေ
များအလွန်နည်းပါးပြီး အထူးသဖြင့်လူဦးရေ ၅သန်းခန့်သောရွေ့ပြောင်းလုပ်သားများ၏ မဲပေးခွင့်များ ဆုံးရှုံးရမည့်
အခြေအနေများကို တွေ့ရှိနေရသည်။

အစိုးရအား အကြံပြုချက်

အကျဉ်းထောင်အသီးသီး၌ ကျန်ရှိနေသော် နိုင်ငံရေးအကျဉ်းသားများအား ချွင်းချက်မရှိလွှတ်ပေးရန်၊


ပြည်သူတို့၏ ဆုံးရှုံးနစ်နာသည့် အခွင့်အရေးများအတွက် ငြိမ်းချမ်းစွာဆောင်ရွက်ကြသူများအား၎င်းကောင်း နိုင်ငံ
သားနှင့် နိုင်ငံရေးဆိုင်ရာအခွင့်အရေးများအတွက် တက်ကြွလှုပ်ရှားဆောင်ရွက်ကြသူများနှင့် အခြားငြိမ်းချမ်းစွာ
ဆောင်ရွက် လှုပ်ရှားကြသူများအား ဖမ်းဆီးချုပ်နှောင်အရေးယူမှုများ ထပ်မံမဆောင်ရွက်ရန်။
နိုင်ငံရေးအရအဓိပ္ပာယ်ပြည့်ဝသော တွေ့ဆုံဆွေးနွေးပွဲများမှတစ်ဆင့် မြန်မာ့နိုင်ငံရေး၊ တိုင်းရင်းသား
အရေးကိစ္စများကိုထိရောက်သည့်အဖြေရှာ ဖြေရှင်မှုများဆောင်ရွက်ရန်၊ နိုင်ငံရေးအရ၄င်းကောင်း တိုင်းရင်းသား
အရေးကိစ္စများအရ၄င်းကောင်း လူ့အခွင့်အရေးအရ၄င်းကောင်း အာမ မခံနိုင်သည့် ၂၀၀၈ဖွ့စ
ဲ ည်းပုံအခြေခံဥပဒေ
အား အမြန်ဆုံးပြင်ဆင်ရေးဆွရ
ဲ န် သို့ အသစ်ရေးဆွရ
ဲ န်။
ရွေးကောက်ပွဲကော်မရှင်အား ၂၀၁၂ ရွေးကောက်ပွဲကော်မရှင် ဥပဒေသစ်နှင့်အညီ အများလက်ခံနိုင်
သည့် ကော်မရှင်သစ်တစ်ရပ်ဖွဲ့စည်းရန်၊မဲဆွယ်စည်းရုံးခွင့်၊ စုဝေးခွင့်၊ ဟောပြောခွင့်များကို ကန့်သတ်ထားသည့်
ဥပဒေအမိန့်များအားပြင်ဆင် ပြောင်းလဲရန်၊ရွေးကောက်ပွက
ျဲင်းပမည့်နေ့ရက်၊ ကာလအပိုင်းအခြားနှင့်ရွေးကောက်ပွဲ
ဆိုင်ရာ သတင်းအချက်အလက်များကို ပြည်သူများအား အသိပေးရန်၊ ရွေးကောက်ပွမ
ျဲားအား အချိန်မှန်ကျင်းပရန်၊
နိုင်ငံတွင်း/ပ ရှိ နိုင်ငံသားတိုင်း မဲပေးနိုင်ရန်အတွက် ဆောင်ရွက်ပေးရန်။

(၅)ကလေးသူငယ်အခွင့်အရေးနှင့်
ကလေးစစ်သားအသုံးပြုမှု လုပ်ငန်းခွင်တစ်ခုတွင်
ကလေးလုပ်သားများ 2013 အတွင်းစုဆောင်းခံရသော
ကလေးစစ်သားများ

၂၀၁၄ခုနှစ်သည်အပြည်ပြည်ဆိုင်ရာ ကလေးသူငယ်များအခွင့်အရေးစာချုပ် Convention on the Right


of the Child (CRC) ကြီးပေါ်ပေါက်လာသည်မှာ (၂၅)နှစ်ပြည့်ကာလဖြစ်သကဲ့သို့ မြန်မာနိုင်ငံအစိုးရ လက်မှတ်ရေး
ထိုးခဲ့သည်မှာလည်း (၂၄)နှစ်ပြည့်မြောက်သည့် ထူးခြားသည့်ကာလကြီး ဖြစ်ပေသည်။ သိ့ေ
ု သာ် မြန်မာနိုင်ငံရှိ
ကလေးများ၏ အသက်ရှင်ရပ်တည်နိုင်ခွင့်ဆိုင်ရာအခွင့်အရေးများ၊ ဖြွံ့ ဖိုးတိုးတက်မှုဆိုင်ရာအခြေခံ အခွင့်အရေး
များ၊ အထူးကာကွယ်စောင့်ရှောက်မှုဆိုင်ရာ အခွင့်အရေးများနှင့် ပတ်သက်၍ အာဆီယံအိမ်နီးချင်း နိုင်ငံများနှင့်
နှိုင်းယှဉ်လျှင်စိုးရိမ်ဖွယ်နိမ့်ကျ ကျန်လျှက်ရှိပေသည်။
ဥပမာ-ကလေးအလုပ်သမားများ၊ လိင်ပိုင်းဆိုင်ရာစော်ကားခံရမှုများ၊လူကုန်ကူးခံရသောကလေး
သူငယ်များ၊ ပြည်တွင်းငြိမ်းချမ်းရေးမရှိခြင်း၏အကျိုးဆက်အဖြစ် ကလေးစစ်သားအသုံးပြုမှုများ၊စစ်ပဋိပက္ခဒေသ
အတွင်း ပြည်တွင်းစစ်ပြေးဒုက္ခသည်ကလေးသူငယ်များ၊ တိုင်းရင်းသားဒေသများရှိ ကလေးသူငယ်များ၊ မသန်စွမ်း
ကလေးသူငယ်များနှင့် ဘာသာ၊လူမျိုးအရလူနည်းစုကလေးသူငယ်များ၏အခွင့်အရေးတို့နှင့်ပတ်သက်၍ အစိုးရ
အနေဖြင့် အထူးအလေးထား၍ အကောင်ထည်ဖော်ဆောင်ရွက်ရန် လိုအပ်လျှက်ရှိပေသည်။
8
နိုင်ငံတကာလူ့အခွင့်အရေးနေ့အခမ်းအနား 10.12.2014
ကလေးစစ်သားများ ပြန်လည်လွှတ်ပေးရေးစီမံချက်များ၊ နိုင်ငံတကာအဖွဲ့အစည်းများနှင့်ပူးပေါင်း
ဆောင်ရွက်ခြင်းများ၊ စုဆောင်းရေးလုပ်ငန်းများတွင် အသက်စစ်ဆေးရေးလုပ်ငန်းများ၊ သက်ဆိုင်ရာအဖွဲ့များကို
စုဆောင်းရေးစခန်းများသို့ သွားရောက်စစ်ဆေးခွင့်၊ အချို့အားဆောင်ရွက်နေသော်လည်း သက်ဆိုင်ရာစစ်ဆေး
ရေးအဖွဲ့များမလာရောက်ခင်အချိန်တွင် စုဆောင်းရေးစခန်း၊ လေ့ကျင့်ရေးစခန်း၊ တပ်စခန်းများမှကလေးစစ်သား
များအား ကြိုတင်နေရာရွေ့ပြောင်းထားခြင်း၊ ထိရောက်သည့်အသက်စစ်ဆေးမှုများ ပြုလုပ်ရမည့်အစား မွေးစားရင်း
များ၊ အိမ်ထောင်စုစာရင်းများတွင် အသက်မပြည့်သေးသည့်ကလေးများ၏ မွေးသက္ကရာဇ်အား ၄င်းတို့ကိုယ်တိုင်
ပြင်ဆင်ပြောင်းလဲရေးသားခြင်း၊ ကလေး၏မူရင်းအမည်နှင့် မိဘအမည်များအားပြင်ဆင် ပြောင်းလဲခြင်းများ၊ ကလေး
စစ်သားစီမံချက်များချမှတ်၍ နိုင်ငံတကာအဖွဲ့အစည်းများနှင့်ပူးပေါင်းဆောင်ရွက်သော်လည်း လက်ရှိတွင် ကလေး
စစ်သားစုဆောင်းမှုများ ရှိနေဆဲ ဖြစ်ပါသည်။
ဤသို့ ကလေးစစ်သားစုဆောင်းရာတွင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့စည်းများသည်လည်း ကလေး
စစ်သားများအားစုဆောင်းခြင်း၊ ကလေးစစ်သားအဖြစ်အသုံးပြုခြင်းများ ရှိနေဆဲဖြစ်ပြီး၊ အထူးသဖြင့် တိုင်းရင်းသား
လက်နက်ကိုင်များအတွင်း စုဆောင်းခံရသည့်ကလေးသူငယ်များအား သက်ဆိုင်ရာအဖွဲ့စည်း အသီးသီးနှင့်
ကုလသမဂ္ဂအဖွ့စ
ဲ ည်းများမှ ၄င်းကလေးစစ်သားတို့အားကူညီမှုပေးနိုင်သည့် နည်းလမ်းများမရှိသလောက်နည်းပါး
နေပါသည်။ထို့ကြောင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့စည်းများတွင် စစ်မှုထမ်းနေရသည့် ကလေးများ၏ အခြေ
အနေမှာ ကူညီသူမဲ့သည့်အနေထားရှိပါသည်။
ကာလအပိုင်းအခြားအရလည်းကောင်း၊ အစိုးရ၏နိုင်ငံတကာခရီးစဉ်များနှင့် တိုက်ဆိုင်၍သော်လည်း
ကောင်း ကလေးစစ်သားအချို့အား အကြိမ်ကြိမ်ခွ၍
ဲ တပ်မှနှုတ်ထွက်ခွင့်ပြုသည့် အခမ်းအနားများအရ မြန်မာ့တပ်မ
တော်တွင်း ကလေးစစ်သားများ အသုံးပြုလျက်ရှိသည်ကို တွေ့ရှိရပါသည်။ လက်ရှိလွှတ်ပေးနေသည့် ကလေး
စစ်သားများသည် အသက်၁၈နှစ်မပြည့်သေးသူများသာဖြစ်ပြီး စုဆောင်းခံရစဉ်ကာလတွင် အသက်၁၈နှစ်အောက်
ကလေးဖြစ်သော်လည်း လက်ရှိ၁၈နှစ်ကျော်လွန်သွားသည့် ကလေးများအား တပ်မှတရားဝင် နှုတ်ထွက်ခွင့်ရရန်
အတွက် အစိုးရ၊ စစ်တပ်နှင့်နိုင်ငံတကာ အဖွဲ့ အစည်းများနှင့် ပူးပေါင်းဆောင်ရွက်သည့်စီမံချက်များက လုံးဝလျစ်
လျူရှုထားပါသည်။ ထိ့အ
ု တွက်ကြောင့် ကလေးစစ်သားအဖြစ်စုဆောင်းခံရသူများသည် တပ်အတွင်း အခြေနေ
အရပ်ရပ်ကြောင့် တပ်မှထွက်ပြေးလာခဲ့ကြပြီး တရားမ၀င်သည့် စစ်ပြေးများအဖြစ် ၄င်းတို့၏ လူမှုဘ၀၊ လုံခြုံမှုအား
နေ့တဓူဝ ခြိမ်းခြောက်ခံရလျက်ရှိပါသည်။

အစိုးရသို့ အကြံပြုချက်

မြန်မာနိုင်ငံ တပ်ရင်း၊ တပ်စခန်းအသီးသီးရှိ ကလေးစစ်သား စာရင်းအား အတိအကျထုတ်ပြန်ရန်


၊စုဆောင်းခံရစဉ်ကာလ (၁၈) နှစ်အောက် ကလေးများအား လက်ရှိတွင် တပ်တွင်းမှ နှုတ်ထွက်လိုလျှင် ချက်ခြင်း
တပ်မှ ထွက်ခွင့်ပြုရန်၊ အစိုးရ၏ တပ်သားသစ်စုဆောင်းမှု ပေါ်လစီများအား ပြောင်းလဲရေးဆွဲရန်၊စုဆောင်းသူနှင့်
လက်ခံသူများအား အရပ်ဖက်တရားစီရင်ရေးဖြင့် ထိရောက်စွာ အရေးယူဆောင်ရွက်ရန်၊ကလေးသူငယ်ဆိုင်ရာ
အခွင့်အရေးစာချုပ်၊ နောက်ဆက်တစ
ွဲာချုပ်များအား လက်မှတ်ရေးထိုးရန်နှင့် ၄င်းစာချုပ်ပါ အခွင့် အရေးများကို
အာမခံသည့် ဥပဒေများအဖြစ် ပြောင်းလဲ ပြင်ဆင်ရေးဆွရ
ဲ န်၊၄င်းဥပဒေအား သက်ဝင်လာနိုင်မည့် လိုအပ်သည့်
ယန္တရားများ အကောင်အထည်ဖော်ဆောင်ရွက်ရန်၊ပြန်လည်လွတ်မြောက်လာသည့် ကလေးများ၏ ဘ၀ပြန်လည်
တည်ဆောက်ရေးကိစ္စရပ်များကို အစိုးရမှ တာဝန်ယူ ဆောင်ရွက်ရန်၊

9
နိုင်ငံတကာလူ့အခွင့်အရေးနေ့အခမ်းအနား 10.12.2014
(၆) လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်၊
စုဝေးခွင့်နှင့် ဖွ့စ
ဲ ည်းခွင့်
သတင်းရယူရေးသားမှုကြောင့်အမြင့်ဆုံးပြစ် သတင်းရယူရေးသားမှုကြောင့်
တရားဆဲခ
ွံရစဉ် သတင်းသမားများ
ဒဏ် ပေးခံထားရသည့် သတင်းသမားများ

၂၀၁၀ရွေးကောက်ပအ
ွဲ ပြီး အစိုးရအသစ်နှင့်အတူ ဥပဒေပြုရေးဆိုင်ရာ လွှတ်တော်များ ပေါ်ပေါက်လာပြီး
၎င်းလွှတ်တော်များမှငြိမ်းချမ်းစွာစုဝေးခွင့်နှင့် စီတန်းလှည့်လည်ခွင့်ဆိုင်ရာဥပဒေ၊ သင်းပင်း ဖွဲ့စည်းခွင့်ဆိုင်ရာဥပဒေ၊
သတင်းမီဒီ ယာများနှင့်ပတ်သက်သည့် ဥပဒေများရေးဆွအ
ဲ တည်ပြုပြဌာန်းခဲ့ပါသည်။ ယခင်စစ်အစိုးရလက်ထက်နှင့်
နှိုင်းယှဉ်လျှင်တိုးတက်မှုအချို့တွေ့ရသော်လည်း အနှစ်သာရအားဖြင့် ထိုဥပဒေများသည် လွတ်လပ်စွာဆန္ဒဖော်
ထုတ်ခွင့်နှင့်ပတ်သက်သော ပြောဆိုခွင့်၊ စုဝေးခွင့်၊ သတင်းရယူခွင့်၊ ရေးသားခွင့်နှင့် ထုတ်ဝေဖြန့်ချိခွင့်တို့အား
စိုးရိမ်ဖွယ်အခြေအနေတစ်ခုအထိ ခြိမ်းခြောက်အရေးယူမှု များပေါ်ပေါက်လျှက် ရှိပေသည်။
အထူးသဖြင့် အလုပ်သမားအခွင့်အရေး နစ်နာမှုများနှင့်ပတ်သက်၍ ငြိမ်းချမ်းစွာစုဝေး ဆန္ဒဖော်
ထုတ်မှုများ၊ လယ်သမားအခွင့်အရေးနှင့် သိမ်းဆည်းခံလယ်ယာမြေများပြန်လည်ရရှိရန်အတွက် ငြိမ်းချမ်းစွာစုဝေး
ဆန္ဒဖော်ထုတ်မှုများ၊ ပြည်တွင်း ငြိမ်းချမ်းရေးအတွက် ငြိမ်းချမ်းစွာစုဝေးဆန္ဒဖော်ထုတ်မှုများ၊ နိုင်ငံရေးအရ ငြိမ်းချမ်း
စွာစုဝေးဆန္ဒဖော်ထုတ်မှုများစသဖြင့် ငြိမ်းချမ်း စွာစုဝေးပြောဆိုမှုနှင့်စုဝေးပြောဆိုသူတို့အား ဥပဒေပုဒ်မ-၁၈ ၊၅၀၅ -
ခ၊ ၅၀၅- ဂ၊ ၄၂၇၊ ၄၄၇ စသည့် ဥပဒေပုဒ်မများကို ဖိနှိပ်ရေး ယန္တာရားဖြင့် တွင်ကျယ်စွာ အသုံးချ၍ ပြစ်ဒဏ်
ပေးခံနေရသူများနှင့်အမှုရင်ဆိုင်နေရဆဲသူများထောင်ဂဏန်းမကရှိပေသည်။
သတင်းရယူခွင့်၊ ရေးသားခွင့်နှင့် ထုတ်ဝေဖြန့်ချီခွင့်တို့နှင့်ပတ်သက်၍ ပြုပြင်ပြောင်းလဲမှုများရှိ
သော်လည်း သတင်းမီဒီယာတိုက်များအား ၀င်ရောက်စီးနှင်းခြင်း သတင်းမီဒီယာ သမားများအားဖမ်းဆီးအရေး
ယူမှုများ၊ ထုတ်ဝေခွင့်ကန့်သတ်မှုများ၊ ပိတ်ပင်မှုများနှင့် သတင်းသမားများအား အပြင်းထန်ဆုံး အရေးယူ
အပြစ်ပေးမှုများပေါ်ပေါက် လျှက်ရှိပေသည်။
ဥပမာ အားဖြင့် ယူနတီသတင်းဂျာနယ်(Unity Journal)အမှူဆောင်အရာရှိချုပ်နှင့် သတင်း
ထောက်(၄)ဦး တို့အား အပြင်းထန်ဆုံးအလုပ်ကြမ်းနှင့် ထောင်ဒဏ် များချမှတ်ခဲ့ခြင်း၊ Bi-မွန်းတည့်နေဂျာနယ်၏
အယ်ဒီတာ နှင့်သတင်းသမား(၄)ဦးတို့အား အမြင့်ဆုံးထောင်ဒဏ်များချမှတ်ခဲ့သည်။ ထို့ပြင်သံတော်ဆင့် သတင်း
ဂျာနယ်၊ Eleven သတင်းဂျာနယ်တို့အား တရားစွဆ
ဲိုထားသဖြင့် အမှုရင်ဆိုင်နေရသည်။ သတင်းသမား များအပေါ်
ပြစ်မှုကျူးလွန်သူများအား ဥပဒေမှကင်းလွတ်ခွင့်ပြုထားမှုအဆုံးသတ်ရေးနိုင်ငံတကာနေ့တွင် ငြိမ်းချမ်းစွာစုဝေးကြ
သူ(၂၀)ကျော်အား ပုဒ်မ(၁၉)ဖြင့်အမှုဖွင့် တရားစွဆ
ဲိုလျှက်ရှိသည်။ ချင်းပြည်နယ်အခြေစိုက် ဟားခါးပို့စ် သတင်းစာ ၊
တီးတိန်ပို့စ်သတင်းစာ၊ ဖလန်းပို့စ်သတင်းစာ၊ဇိုလန်းသတင်းစာတို့အား ချင်းပြည်နယ် အစိုးရမှ ပိတ်ပင် ခဲ့ပါသည်။
လက်ရှိသတင်းမီဒီယာအခန်းကဏ္ဍတွင် ပုဂ္ဂလိကသတင်းစာနှင့် ဂျာနယ်များထုတ်ဝေခွင့်နှင့်
လွတ်လပ်မှုပေးထားသည်ဟုဆိုသော်လည်း ဖမ်းဆီးထောင်ချအရေးယူမှုများ တွင်ကျယ်စွာဆောင်ရွက်လျှက်ရှိပြီး
ပုဂ္ဂလိကပိုင် ရုပ်မြင်သံကြားထုတ်လွှင့်မှုအစီစဉ်အနေဖြင့် လုံးဝမှေးမှိန်လျှက်ရှိပါသည်။ အချုပ်အားဖြင့် နိုင်ငံပိုင်
သတင်းစာနှင့် ရုပ်မြင်သံကြားကဏ္ဍများတွင် လက်ရှိအစိုးရမှ ချုပ်ကိုင်ထားဆဲဖြစ်သည်ကို မြင်တွေ့နေရ ပါသည်။

10
နိုင်ငံတကာလူ့အခွင့်အရေးနေ့အခမ်းအနား 10.12.2014
လွတ်လပ်စွာဖွဲ့စည်းခွင့်နှင့်ပတ်သက်၍ လိုအပ်သည့်အခါတိုင်း အသုံးချနိုင်ရန်အတွက် တရား မ၀င်
အဖွ့အ
ဲ စည်း ဆက်သွယ်မှု ပုဒ်မ-၁၇/၁ ဥပဒေကို ကျင့်သုံးနေဆဲဖြစ်သည်။အထူးသဖြင့် တိုင်းရင်းသား ဒေသများတွင်
ယင်းဥပဒေကိုအသုံးချ၍ ဖမ်းဆီးခြင်း၊ ချုပ်နှောင်းခြင်း၊နှိပ်စက်ညှင်းပန်းခြင်း၊ အပြစ်ပေးအရေးယူခြင်းများကို
ဆောင်ရွက်နေပေသည်။ဥပမာအားဖြင့် ကချင်ပြည်နယ်မိုးကောင်းမြို့နယ်၌ နေထိုင်သူ ဒေါ်ဆွမ်လွတ်လွယ်ဂျာအား
တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့စည်းများနှင့် ဆက်သွယ်သည်ဟူသော စွပ်ဆွခ
ျဲက်ဖြင့် အစိုးရတပ်ရင်းတစ်ခုမှ
ဖမ်းဆီးခဲ့ရာ ယခုအချိန်ထိပျောက်ဆုံးနေဆဲဖြစ်သည်။

အကြံပြုချက်
လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်၊ စုဝေးခွင့်နှင့် ဖွ့စ
ဲ ည်းခွင့်နှင့်ပတ်သက်၍ ဖွ့စ
ဲ ည်းပုံအခြေခံ ဥပဒေနှင့် သက်ဆိုင်ရာ
ဥပဒေများတွင် ချွင်းချက်များ၊ကန့်သက်ချက်များကိုမထားရှိဘဲ နိုင်ငံတကာစံချိန်းများဖြင့် ကိုက်ညှိဆောင်ရွက်ရန်
လွတ်လပ်စွာဖော်ထုတ်ခွင့်ကို ကျင့်သုံးသူများအား နှောက်နှေးကြန့်ကြာအောင် လုပ်ဆောင်မှုမျိုးမပြုဘဲ ခွင့်ပြုရန်၊
သတင်းသမားများအား ဖမ်းဆီးမှုအရေးယူမှုနှင့် တိုက်ခိုက်မှုများကိုချက်ချင်းရပ်တန့်ပေးရန်၊ လွတ်လပ်စွာ ထုတ်ဖော်
ခွင့်၊ လွတ်လပ်စွာစုဝေးခွင့်၊ လွတ်လပ်စွာဖွဲ့စည်းခွင့်နှင့် မီဒီယာဥပဒေများအား လူ့အခွင့်အရေးစံများနှင့်အညီ သုံးသပ်
ပြင်ဆင်ရေးဆွရ
ဲ န်။ ငြိမ်းချမ်းရေးဖော်ဆောင်သည့်အချိန်တွင် ပုဒ်မ(၁၇)အား အမြန်ဆုံးပယ်ဖျက်ပေးရန်။

(၇)တိုင်းရင်းသားနှင့်လူနည်းစု
အခွင့်အရေးများ

ကချင်ပြည်နယ် ပြည်တွင်းစစ်အတွင်း ဒုက္ခသည်စခန်းတစ်ခု၏


မြင်ကွင်း

တိုင်းရင်းသားလူမျိုးစုနှင့် လူနည်းစုများသည်မြန်မာနိုင်ငံလူဦးရေ၏ ၄၀%ကျော်ရှိပြီး နိုင်ငံနှင့် အ၀ှမ်း


အထူးသဖြင့် ပြည်နယ်ခုနှစ်ခုတွင် ပျံ့နှံနေထိုင်လျှက်ရှိကြပေသည်။
လွှတ်လပ်ရေးရပြီး သမိုင်းတစ်လျှောက် တိုင်းရင်းသားလူမျိုးစုတို့သည် ဖယ်ဒရယ်ပြည်ထောင်စု
စနစ်၊ တန်းတူအခွင့်အရေးနှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်တို့အတွက် တောင်းဆိုတိုက်ပွဲဝင်ခဲ့ကြသော်လည်း ခေတ်အ
ဆက်ဆက် ငြင်းပယ်ခံခဲ့ကြရသည်။
၂၀၁၀ရွေးကောက်ပအ
ွဲ ပြီး အစိုးရသစ်ပေါ်ထွက်လာသည့်အခါတွင်လည်း တိုင်းရင်းသားစည်း
လုံးညီညွတ်ရေး၊ အမျိုးသားပြန်လည်ရင်ကြားစေ့ရေးနှင့် တိုင်းရင်းသားဒေသများရှိ လက်နက်ကိုင်အဖွဲ့စည်းများ ဖြင့်
ငြိမ်းချမ်းရေး၊ အပစ်အခတ်ရပ်ဆဲရေးများ ဆောင်ရွက်နေသော်လည်း လက်တွေ့တွင်မငြိမ်းချမ်းနိုင်ပဲ အပစ်
အခတ်သံများ ညံစီနေဆဲဖြစ်ပေသည်။

အထူးသဖြင့် ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်ဒေသများတွင် သောင်းနှင့်ချီသော ပြည်တွင်းဒုက္ခ


သည်များ အစိုးရသစ်လက်ထက်တွင် ပေါ်ထွက်လာပေသည်။ တိုင်းရင်းသားဒေသများတွင် မှီတင်နေထိုင်ကြသူ
များနှင့် အထူးသဖြင့် ပဋိပက္ခဒေသရှိတိုင်းရင်းသား/သူများသည် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့စည်းများနှင့်
ပတ်သက်သည်ဟူသော စွပ်စခ
ျွဲက်ဖြင့် တရားလက်လွတ်ဖမ်းဆီးခြင်း၊ နှိပ်စက်ခြင်း၊ အပြစ်ပေးခြင်းများကို
11
နိုင်ငံတကာလူ့အခွင့်အရေးနေ့အခမ်းအနား 10.12.2014
ဆောင်ရွက်လျှက်ရှိပေသည်။ဥပမာ ကချင်ပြည်နယ် စစ်ပြေးဒုက္ခသည်စခန်းမှ ဦးဘန်ရှောင်၊ ဦးလဖိုင်ဂန်တို့အား
လက်နက်ကိုင်အဖွဲ့စည်းများဖြင့် ပတ်သက်ဆက်နွယ်သည်ဟုဆိုကာ အမြင့်ဆုံးပြစ်ဒဏ်များချမှတ်ခဲ့သည်။
သက်ဆိုင်ရာတိုင်းရင်းသားဒေသများတွင် တိုင်းရင်းသားတို့၏ သမိုင်းကြောင်း၊ အမျိုးသား
လက္ခဏာ၊ ဘာသာစကားနှင့် ယဉ်ကျေးမှုဆိုင်ရာအခွင့်အရေးကိုလည်း ကြီးမားစွာဟန့်တားပိတ်ပင်ထားဆဲဖြစ်
သည်။ ရခိုင်ပြည်နယ်တွင်နေထိုင်ကြသည့် ကြွဲ ပားသောယဉ်ကျေးမှု၊ ဘာသာစကားနှင့် ကိုးကွယ်ယုံကြည်မှုရှိ
ကြသော လူနည်းစုတို့အားခြွဲ ခားဆက်ဆံခြင်းနှင့် ကာကွယ်ပေးရန်တာဝန်ရှိမှုများပျက်ကွက်လျှက်ရှိပေသည်။
အလားတူ မိတ္တီလာ၊ မန္တလေး၊ လားရှိုး၊ ပဲခူးတိုင်းအနောက်ဖက်ရှိမြို့နယ်များနှင့် အခြားဒေသအချို့တွင်လည်း
ဘာသာရေးအရ လူနည်းစုများအား အကြမ်းဖက်တိုက်ခိုက်မှုများကို ထိရောက်သည့် တားဆီကာကွယ်ပေးရန်
တာဝန်ရှိမှုပျက်ကွက်လျှက်ရှိပေသည်။

အကြံပြုချက်

- ၂၀၀၈ဖွ့စ
ဲ ည်းပုံတွင် တိုင်းရင်းသားတို့၏ ကိုယ်ပိုင်အုပ်ချုပ်/ပြဌာန်းခွင့်များ တိကျစွာရေးဆွရ
ဲ န်။
- တိုင်းရင်းသားဒေသများရှိ သယံဇာတ ထုတ်ယူခွဲဝေခံစားခွင့်များကို ခွင့်ပြုရန်။
- ၂၀၀၇ခုနှင့်က အစိုးရမှ သဘောတူလက်ခံထားသည့် ကုလသမဂ္ဂ၏ မူရင်းဌာနေလူမျိုးများအခွင့်အရေး
ကြေငြာစာတမ်းပါ အချက်များနှင့်ဆန့်ကျင်နေမှုများ ရပ်တန့်ရန်နှင့် စာချုပ်ကိုလက်မှတ်ရေးထိုးရန်။
- နိုင်ငံသားဖြစ်မှု ဥပဒေများအား ခေတ်ကာလနှင့်အညီ သုံးသပ်ရေးဆွရ
ဲ န်။
- လူနည်းစုများအတွက် အထူးလုပ်ဆောင်ချက်များပြုလုပ်ပေးရန်။ဥပမာ(ပညာ/လူမှု/စီးပွား)
- လူကုန်ကူးအဖွဲ့များနှင့် လူပုဂ~များအား နိုင်ငံတကာအစိုးရများနှင့် ထိရောက်စွာပူးပေါင်း၍ အရေးယူ
အပြစ်ပေးရန်

(၈)အမျိုးသမီးအခွင့်အရေးနှင့်ဦးဆောင်မှု
အခန်းကဏ္ဍတွင် ပါဝင်ပတ်သက်ခွင့်
အမျိုးသမီးအခွင့်အရေးအတွက် ဆောင်ရွက်
နေကြသည့် အမျိုးသမီးများ

12
နိုင်ငံတကာလူ့အခွင့်အရေးနေ့အခမ်းအနား 10.12.2014
လက်ရှိမြန်မာနိုင်ငံ၏ ပြုပြင်ပြောင်းလဲရေးကာလတွင် မြန်မာအမျိုးသမီးများ ဘ၀လုံခြုံမှုမရှိကြောင်း လေ့လာ
တွေ့ရှိရပါသည်။ မြန်မာနိုင်ငံသည် ကုလသမဂ္ဂတွင် အမျိုးသမီးများအားနည်းမျိုးစုံဖြင့် ခြွဲ ခားဆက်ဆံမှုပပျောက်ရေး
သဘောတူစာချုပ် (CEDAW) ကို ၁၉၉၇ခုနှစ်တွင် လက်မှတ်ရေးထိုးထားသော်လည်း အမျိုးသမီးအခွင့်အရေး
ကာကွယ်ပေးခြင်းနှင့် ပတ်သက်ပြီး ဆောင်ရွက်မှုများသည် ထိရောက်မှုမရှိကြောင်းတွေ့ရှိ ရပါသည်။
၂၀၀၈ဖွဲ့စည်းပုံမှာလည်း အမျိုးသမီးအခွင့်အရေးအပါအ၀င် နိုင်ငံသားတွေရဲ့အခြေခံအခွင့်အရေးကို နိုင်ငံ
တော်မှ အကာကွယ်ပေးမည်ဟုပါရှိသည်။ ဥပဒေများမှာရှိပြီးဖြစ်သောလည်း လိုအပ်မှုများစွာရှိနေသည်ကို တွေ့ရှိ
ရသည်။ ဥပမာ အမျိုးသမီးများကိုနည်းမျိုးစုံနှင့်အကြမ်းဖက်သည့်ကိစ္စများမှာလည်း ရဲစခန်းများ၊ သက်ဆိုင်ရာ
အုပ်ချုပ်ရေးအဖွဲ့များမှ ညှိနှိုင်း၍လည်းကောင်း လျော်ကြေးပေး၍လည်းကောင်း ကျေအေးလိုက်ခြင်းသည် ရာဇ၀တ်
မှုအသွင်သို့သက်ရောက်ပါသည်။၎င်းအမှုများသည် လျော်ကြေးနှင့် ကျေးအေးပေး၍ရသည့် အမှုများမဟုတ်ပါ။
မြန်မာနိုင်ငံရဲတပ်ဖွဲ့အနေနှင့်လည်း နိုင်ငံတကာရဲတပ်ဖွဲ့များလို ခံရသူများက အမှုမဖွင့်ရင်တောင် ၄င်းတို့ကိုယ်တိုင်က
ဖမ်းဆီးပြီး အရေးယူခြင်းမျိုးလုပ်ပေးရမှာဖြစ်ပါသည်။
လက်ရှိမြန်မာနိုင်ငံတွင် အမျိုးသမီးများအား ကာကွယ်ရန် ဥပဒေများ၊ နည်းဥပဒေများ ပြဌာန်း
ထားသည်များရှိပါသည်။ ယင်းဥပဒေများ အသက်ဝင်လာရန်အတွက် ကြိုးစားဖို့လိုသည့်အပြင် ၄င်းဥပဒေများ။
လက်ရှိအခြေအနေနှင့်အမှန်တကယ်ကိုက်ညီမှုရှိမရှိကို ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များ၊ ဥပဒေပြုရေး အာဏာ
ရယူထားသူများပြန်လည်သုံးသပ်ရန်လိုအပ်ပါတယ်။ယခုအစိုးသစ်လက်ထက်တွင် ဥပဒေများ၊ နည်းဥပဒေများသည်
အသက်မ၀င်မထိရောက်သည်ကို တွေ့နေရပါသည်။
အစိုးရအနေဖြင့် တိုင်းရင်းသားဒေသများရှိ အမျိုးသမီးများ၏လုံခြုံမှုကို အာမခံပေးရမည်ဖြစ်ပါသည်။
ရာဇ၀တ်မှုကျူးလွန်သူများကို ခြွဲ ခားမှုမရှိပဲ ထိရောက်သောအရေးယူဆောင်ရွက်မှု့များ ပြုလုပ်ရမည်ဖြစ်ပါသည်။
WLBအဖွဲ့၏မှတ်တမ်းအစီရင်ခံစာအရ ၂၀၁၀ ရွေးကောက်ပွက
ဲာလနောက်ပိုင်း ပြုပြင်ပြောင်းလဲနေသည့် ကာလတွင်
မြန်မာ့တပ်မတော်၏ အဓမ္မပြုကျင့်ခံရသော အမျိုးသမီးအမှုပေါင်း၁၀၀ကျော် ရှိကြောင်း၊ ယင်းဖြစ်ရပ်သည်
တိုင်းရင်းသားဒေသတွင်ရှိ အမျိုးသမီးများအပေါ် လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုများကို စစ်ဗျူဟာတစ်ခုကဲ့သို့
အသုံးပြုနေမှုဖြစ်သော်ကြောင့် အဆိုပါဖြစ်ရများရပ်တန့်စေရန်အတွက် WLBကပြီးခဲ့သော ဇန်န၀ါရီလအတွင်း
အစီရင်ခံစာတစ်စောင် ထုတ်ပြန်ခဲ့ပါသည်။ အမျိုးသမီးများအတွက် ကာကွယ်ပေးရန် ထိရောက်သော ဥပဒေတစ်ရပ်
လိုအပ်နေသည်ကို တွေ့ရှိရပါသည်။ တပ်မတော်နဲ့ပြည်သူဖြစ်သည့် အမှုကိစ္စ များတွင် စစ်ခုံရုံးတစ်ခုတည်းက
အရေးယူမှုမလုပ်ဘဲ၊ ပွင့်လင်းမြင်သာမှုရှိသည့် အရပ်ဘက်စစ်ဆေးမှုကိုလည်း အသုံးပြုရမှာ ဖြစ်ပါသည်။
ထို့ပြင် အစိုးရအနေနဲ့ အမျိုးသမီးများဦးဆောင်မှု အခန်းကဏ္ဍများ၊ ဆုံးဖြတ်ချက်ချရမည့်ကိစ္စများတွင်
နေရာပေးမထားသည်ကိုလည်းတွေ့ရပါတယ်။ အုပ်ချုပ်ရေး၊ ဥပဒေပြုရေးနှင့်တရားစီရင်ရေးအစရှိသော အရေးကြီး
သည့် အခန်းကဏ္ဍ(၃)ခုတွင် ဦးဆောင်မှုများပါဝင်ခွင့်မပေးထားပါ။သမ္မတဖြစ်ခွင့်မှာပင် အမျိုးသမီးများမဖြစ်နိုင်
အောင် စစ်ဘက်ဆိုင်ရာအတွေ့ကြုံရှိရမည်စသည်တို့ထည့်သွင်းထားသည်ကိုတွေ့ရပါသည်။ ၄င်းကဲ့သို့ ကန့်သတ်မှု
မျိုးများသည် အမျိုးသမီးများအတွက် နစ်နာနေသည်ကိုတွေ့နေရပါသည်။
အရေးကြီးဆုံးမှာ လွတ်ငြိမ်းချမ်းသားခွင့်ဖြစ်စဉ်နဲ့ ပတ်သက်နေသည်ကိုတွေ့ရပါသည်။ ယခင်က
ကျူးလွန်ထားသမျှအားလုံးကို လုံးဝလွတ်ငြိမ်းချမ်းသာခွင့်ပေးလိုက်သည့်သဘောမျိုးဖြစ်နေပါသည်။ယခင်စစ်တပ်က
ကျူးလွန်ခဲ့သော်သူများ၊ စစ်တပ်မှာတာဝန်ယူခဲ့သောသူများအား အခွင့်အရေးသိသိသာသာ ပေးလိုက်၍ ၄င်းတိ့က
ို
မည်သူကမှ ဘာမှလုပ်လို့မရအောင် ဖွ့စ
ဲ ည်းပုံအခြေခံဥပဒေက အကာကွယ်ပေးလိုက်သလိုဖြစ်နေပါသည်။ ၄င်းမှာ

13
နိုင်ငံတကာလူ့အခွင့်အရေးနေ့အခမ်းအနား 10.12.2014
အမျိုးသမီးများအတွက် အတော်ပင်နစ်နာသည်ဟု ပြောလို့ရပါသည်။ ထို့ကြောင့် ဖွ့စ
ဲ ည်းပုံအခြေခံဥပဒေတွင် အလွန်
အရေးကြီးသည့် ၄င်းအချက်အား ပြန်လည်ဖြုတ်ပစ်ရန်လိုအပ်သည်ကိုလည်း တွေ့ရပါသည်။
ယခုလက်ရှိနိုင်ငံတော်အစိုးရက ဖော်ဆောင်နေသော ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာလည်း အမျိုးသမီး
အဖွ့မ
ျဲားကို ပါဝင်ခွင့်ပေးရန် အရေးကြီးပါသည်။ သိ့မ
ှုသာ နစ်နာဆုံးရှုံးခံခဲ့ရသော အမျိုးသမီးများ၏ အသံသည်
လက်ရှိလုပ်ငန်းစဉ်တွင်ပါလာမှာဖြစ်သည်။ ထို့ကြောင့် အမျိးသမီးများနှင့်ပတ်သက်ပြီးအမျိုးသမီးများ၏ပါဝင်မှုအား
အစိုးရအနေနဲ့ စဉ်းစားပေးရမှာဖြစ်ပါသည်။ အစိုးရအနေဖြင့်ပြုပြင်ပြောင်းလဲမှုများ လုပ်သည့်နေရာတွင် ပိုမို
အားကောင်းလာနိုင်ရန်အတွက် အမျိုးသမီးများ၏ပါဝင်မှုအား အာပေးထောက်ခံရမှာဖြစ်ပါတယ်။ ယင်းသို့ပါဝင်မှု
ပေးခြင်းအားဖြင့် နိင
ုငံ၏ ဂုဏ်သိက္ခာအတွက် အများကြီး ရှေ့ရှူရာရောက်ပါလိမ့်မည်။

အကြံပြုချက်

- လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ ပြည်သူလူထုထိတွေ့ဆက်ဆံမှုအားကောင်းလာအောင် လုပ်ဆောင်ရန်။


- လွှတ်တော်ကလည်း အမျိုးသမီးအဖွဲ့များနှင်ထိတွေ့ဆက်ဆံပြီး ပြည်သူအသံတွေ အမှန်အတိုင်းသိမြင်လာ
အောင် လုပ်ဆောင်ပေးရန်။
- အစိုးရအနေနှင့်ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို အမြန်ဆုံးထိရောက်အောင်အကောင်ထည်ဖော်ရန်နှင့် အမျိုး
သမီးတွေ၏ပါဝင်မှုကို အသိမှတ်ပြုပေးရန်။
- အမျိုးသမီးများအတွက် ထိရောက်သောဥပဒေများပြဌာန်းပြီးကာကွယ်ပေးရန်။
- ရာဇ၀တ်မှုကျူးလွန်သူများကိုခြွဲ ခားမှုမရှိပဲ ထိရောက်သောအရေးယူမှုများကိုဆောင်ရွက်ရန် ။

(၉) လူကုန်ကူးမှု
(Human Trafficking)

2013 ခုနှစ်အတွင်းတရုတ်၏ 2013 ခုနှစ် လူကုန်ကူးသူများအား ထိုင်း


ဇနီးမယားအဖြစ် လူကုန်ကူးခံရသူ နိုင်ငံစက်ရုံတစ်ခုအတွင်းဝင်ရောက်ဖမ်း
ဆီးပုံ

နိုင်ငံတကာဖြတ်ကျော်ရာဇ၀တ်မှုကြီးများဖြစ်သည့် ခေတ်သစ်ကျေးကျွန်းပြုမှု/လူကုန်ကူးမှုသည် ကမ္ဘာတစ်


ဝှမ်းတွင် ပေါ်ပေါက်နေသကဲ့သို့ အထူးသဖြင့် ရာစုနှစ်ဝတ်ကျော် စစ်အုပ်ချုပ်မှုအောက်တွင် နေထိုင်ခဲ့ရသော၊
လူမှုရေး၊ ပညာရေး၊ အဖက်ဖက်မှနိမ့်ကျခဲ့ပြီး ၂၀၀၈နာဂစ်ဆိုက်ကလုန်းမုန်တိုင်းလွန်ကာလများတွင် အလုပ်အကိုင်
အခွင့် အလမ်းအလွန်ရှာပါသည့် မြန်မာနိုင်ငံသည် လူကုန်ကူးအဖွ့မ
ျဲား၊ လူပုဂ္ဂိုလ်များ၏ ပြစ်မှတ်သားကောင်း ဖြစ်လာ
ရသည်။
အစိုးရမှမြန်မာနိုင်ငံလူကုန်ကူးမှုတားဆီးကာကွယ်ရေး ရဲတပ်ဖွဲ့၊ လူကုန်ကူးမှုတိုက်ဖျက်ရေးအဖွဲ့၊ နယ်မြေ
အလိုက် လူကုန်ကူးမှုတိုက်ဖျတ်ရေးအထူးဇုန်များဖော်ထုတ်လာခြင်း၊ ၂၀၀၅ခုနှစ် စက်တင်ဘာ ၁၃ရက်နေ့တွင်
လူကုန်ကူးမှု တားဆီးကာကွယ်ရေးဥပဒေတစ်ရပ် ပြဌာန်းဆောင်ရွက်နေသော်လည်း အလုပ်ကိုင်အခွင့်အလမ်း
ပေါများသည့် ပြည်တွင်းရြှိ မို့ကြီးအချို့၌လည်းကောင်း၊ ထိုင်းနိုင်ငံ၊ မလေးရှားနိုင်ငံနှင့် အထူးသဖြင့် တရုတ်နိုင်ငံ
တို့တွင် အဓမ္မလက်ထက်ထိမ်းမြားခြင်း အန္တရာယ်အလွန်များသည့် စက်ရုံအလုပ်ရုံများနှင့် ပင်လယ်ရေလုပ်သား
များအဖြစ် ခိုင်းစေခြင်း အထူးသဖြင့် အမျိုးသမီးနှင့်ကလေးသူငယ်များအား အနှိပ်ခန်းနှင့် လိင်ဖျော်ဖြေရေးလုပ်ငန်း

14
နိုင်ငံတကာလူ့အခွင့်အရေးနေ့အခမ်းအနား 10.12.2014
ခွင်များတွင် အတင်းအကြပ် ခိုင်းစေမှုများရှိနေဆဲဖြစ်ပါသည်။ ထို့ပြင် ခနာကိုအစိတ်အပိုင်းအချို့ကို ထုတ်ယူ
အမြတ်ထုတ်သည့် ဖြစ်စဉ်ချို့ပင်ပေါ်ပေါက်လျှက်ရှိနေပါသည်။
မြန်မာနိုင်ငံ လူကုန်ကူးမှုတားဆီးရေးရဲတပ်ဖွဲ့ကလည်း ကြိုးပမ်းဆောင်ရွက်မှုများ တွေ့ရသော်
လည်း ရဲတပ်ဖွဲ့ဝင်အရေအတွက် မလုံလောက်ခြင်း၊ တိုင်းဒေသကြီး အစိုးရများကလည်း ဥပဒေကို ၀င်ရောက်
စွပ်ဖက်မှုအချို့ရှိနေဆဲဖြစ်သည်။ ဥပမာ - ပြစ်မှုကျူးလွန်ကြောင်း ထင်ရှားသော်လည်း လူမှုရေးအရ ညှိနှိုင်းပေးရန်
ဖိအားပေးခြင်း၊ လူကုန်ကူးမှုမြောက်သော်လည်း လူမှောင်ခိုမှုအဖြစ်သာ လက်ခံခြင်း များရှိပါသည်။ လူကုန်ကူးမှု
တားဆီးကာကွယ်ရေးအတွက်ပညာပေးမှုအချို့ကို အစိုးရမှ၎င်းကောင်း၊ အရပ်ဖက်အဖွဲ့စည်းအချို့နှင့် နိုင်ငံတကာ
အေဂျင်စီ(Agency)များနှင့် ပူးပေါင်းဆောင်ရွက်မှုများရှိသော်လည်း ကျယ်ကျယ်ပြန့်ပြန့်လုပ်ဆောင်ရန် လိုအပ်နေဆဲ
ဖြစ်ပါသည်။ သို့သော် လူကုန်ကူးမှုခံရသူများ၏ ပြန်လည်ထူထောင်ရေးလုပ်ငန်းများမှာ မရှိသလောက် နည်းပါး
ပါသည်။
လူကုန်ကူးမှုဖြစ်စဉ်များတွင် အရွယ်ရောက်ပြီးသူများနည်းတူ ကလေးသူငယ်များပါ အဓိကသားကောင်
အဖြစ်ပါဝင်နေတာကို အထင်အရှားတွေ့နေရပါသည်။ မြန်မာနိုင်ငံတွင် အရွယ်မရောက်သေးသည့် ကလေးသူငယ်
များသည် မိသားစုအတွင်း စားဝတ်နေရေးမပြေလည်မှုကြောင့် လုပ်ငန်းခွင်ထဲသို့ စောစီးစွာဝင်ရောက်နေရပြီး
မိဘများအနေဖြင့် ပွစ
ဲားများမှတဆင့် မိမိတို့၏ကလေးများကို လုပ်ငန်းခွင်သို့စေလွှတ်ခြင်းများသည် လူကုန်ကူး
ဖြစ်စဉ်၏ တစ်စိတ်တစ်ဒေသ ဖြစ်နေသည်ကို တွေ့နေ ရပါသည်။

အကြံပြုချက်

- မြန်မာနိုင်ငံ လူကုန်ကူးမှုတားဆီးရေးရဲတပ်ဖွဲ့ကို ထိထိရောက်ရောက်ဖွဲ့စည်းပြီး နိုင်ငံတော်မှ လိုအပ်သော


အကူအညီများပေးရန်။
- ပြစ်မှုကျူးလွန်သည့်လူများအား ထိရောက်သော အရေးယူဆောင်ရွက်မှုများ ပြုလုပ်ရန်။
- ခေတ်နှင့် မကိုက်ညီသော ဥပဒေများအား ပြင်ဆင်ပြောင်းလဲရေးဆွရ
ဲ န်။
- အထူးသဖြင့် လူကုန်ကူးမှုတားဆီးကာကွယ်ရေး နည်းဥပဒေများကို နိုင်ငံတကာစံများနှင့်ကိုက်ညှိ၍ အမြန်ဆုံး
နည်းဥပဒေတစ်ရပ်ရေးဆြွဲ ပဌာန်းရန်။
- အရပ်ဖက်အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်မှုကို ပိုမိုမြှင့်တင်ဆောင်ရွက်ရန်။
- လူကုန်ကူးမှုခံရသူများ၏ ရုပ်ပိုင်းဆိုင်ရာနှင့် စိတ်ပိုင်းဆိုင်ရာ ပြန်လည်ထူထောင်ရေးကို နိုင်ငံတော်မှ
အလေးထားဆောင်ရွက်ရန်

15
နိုင်ငံတကာလူ့အခွင့်အရေးနေ့အခမ်းအနား 10.12.2014
ဤတွေ့ရှိချက်အစီရင်ခံစာနှင့်ပတ်သက်၍ ဆက်သွယ်မေးမြန်းလိုလျှင်

ရုံးဖုန်း 09 31704727

ဦးမြင့်အေး အမှုဆောင်ဒါရိုက်တာ 09 420243125

ဦးမောင်မောင်လေး အစီအစဉ်ဒါရိုက်တာ 09 5180212

ဦးအောင်ဇော်ဦး ဆက်ဆံရေးဒါရိုက်တာ 09 421039493

ဤအစီရင်ခံစာဖြစ်မြောက်ရေးအတွက် အဖက်ဖက်မှ ကူညီခဲ့ကြသော လူပုဂ္ဂိုလ်များ၊ အဖွဲ့ဝင်များနှင့် အချက် အလက်


နှင့် ဓါတ်ပုံမှတ်တမ်းအချို့အားအသုံးပြုခွင့် ပြုသော အဖွဲ့ အစည်းအားလုံးအား ကျေးဇူးတင်မှတ်တမ်းတင် အပ်ပါသည်။

။ ။လူ့အခွင့်အရေးကာကွယ်မြှင့်တင်သူများအဖွဲ့။ ။

16
နိုင်ငံတကာလူ့အခွင့်အရေးနေ့အခမ်းအနား 10.12.2014
17
နိုင်ငံတကာလူ့အခွင့်အရေးနေ့အခမ်းအနား 10.12.2014

You might also like