You are on page 1of 28

လူမှုဝန်းကျင် လုံခြုံမှု

မိတ်ဆက်

လုံခြုံမှုဆိုသည်မှာ လူသားတို့ဘ၀ သာယာဝပြောရေးအတွက် အဓိကကျသည့် အစိတ်အပိုင်း တစ်ခုဖြစ်ပါသည်။


ပဋိပက္ခများနှင့် ရင်ဆိုင်နေရသော နိုင်ငံများ၌ ပြည်သူများအနေဖြင့် ၄င်းတို့၏ နေ့စဉ်ရုန်းကန်နေရသော ဘ၀များတွင်
မလုံခြုံမှုများကို ရင်ဆိုင်ခံစားနေရကြရပါတယ်။ လူမှုဝန်းကျင် လုံခြုံမှုဖော်ဆောင်ခြင်းနည်းလမ်းသည် ပြည်သူများ
တွေ့ကြုံခံစားနေရသော မလုံခြုံမှုများကို ကိုင်တွယ်ဖြေရှင်းနိုင်ရန် ဖြစ်ပါသည်။ လူမှုဝန်းကျင်လုံခြုံမှုဖော်ဆောင်ခြင်း
နည်းလမ်းများသည် ပြည်သူများအား မိမိတို့၏ လုံခြုံမှုဆိုင်ရာ စိုးရိမ်မှုများအား ဖော်ထုတ်ပြီး ဦးစားပေးသတ်မှတ်နိုင်ရန်
ပံ့ပိုးပေးခြင်းနှင့် ၄င်းတို့အား ဖြေရှင်းရန် သက်ဆိုင်သူများနှင့် အတူတကွ လုပ်ဆောင်စေခြင်းတို့မှ ပြည်သူနှင့် သက်ဆိုင်ရာ
အာဏာပိုင်များ၊ အဖွဲ့အစည်းများတို့ အကြား အပြုသဘောဆောင်သော ဆက်ဆံရေးပိုမိုတိုးတက် ကောင်းမွန်လာစေရန်
ရည်ရွယ်ပါသည်။

ယခုစာအုပ်ငယ်လေးတွင်ပါဝင်သော အချက်အလက်များနှင့် ကာတွန်းရုပ်ပုံများသည် ဒေသခံအာဏာပိုင်များ၊ အရပ်ဘက်


လူမှုအဖွဲ့အစည်းများ၊ ဒေသခံပြည်သူများ၏ အတွေ့အကြုံများနှင့် သီအိုရီများအား ကူညီရှင်းပြရန် ရည်ရွယ်ပြီး အင်္ဂလိပ်၊
မြန်မာ ဘာသာနှစ်ခုလုံးဖြင့် ရရှိနိုင်သော Saferworld အဖွဲ့၏ လူမှုဝန်းကျင်လုံခြုံမှုဖော်ဆောင်ခြင်းလက်စွဲစာအုပ်မှ မှီငြမ်း
မ်းထုတ်နှတ်ထားခြင်းဖြစ်ပါသည်။

ယခုစာအုပ်ငယ်လေး ဖြစ်မြောက်ရန်အတွက် လိုအပ်သော အကြံဥာဏ်များဖြင့်သော်လည်းကောင်း မြန်မာနိုင်ငံ


အရှေ့တောင်ဘက်ရှိ ဒေသများတွင် လူမှုဝန်းကျင်လုံခြုံမှုစီမံချက်အကောင်အထည်ဖော်မှုလုပ်ငန်းများ အတူတကွ
လုပ်ဆောင်နေသော Karen Women’s Empowerment Group (KWEG)၊ Karen Human Rights Group (KHRG) နှင့်
Myanmar Institute for Peace and Security Studies (MIPSS)၊ Myanmar Institute of Gender Studies (MIGS)
တို့အား အထူးကျေးဇူးတင်ရှိကြောင်း မှတ်တမ်းတင်ဖော်ပြလိုပါသည်။


လူမှုဝန်းကျင်ဆိုတာ ဘာလဲ

“လူမှုဝန်းကျင်” ဆိုသည်မှာ ကျေးရွာတစ်ရွာသို့မဟုတ် ကျေးရွာအုပ်စုတစ်ခုကဲ့သို့သော တူညီသည့် နေရာ


ဒေသ တစ်ခုအတွင်း နေထိုင်ကြသော လူအစုအဝေးတစ်ခုဖြစ်ပါသည်။ ၄င်းတို့တွင် တူညီသော တန်ဖိုးများ၊
သမိုင်း နောက်ခံများနှင့် မိမိတို့၏ ဖြစ်တည်မှုများရှိကြသလို မတူညီသော လူမျိုးစုများ၊ ဘာသာတရားများနှင့်
အသက်မွေးကြောင်းလုပ်ငန်းများ ကွဲပြားစွာ ရှိနေနိုင်ပါသည်။ လူမှုဝန်းကျင်တစ်ခုသည် လူများအခြားနေရာ
သို့ပြောင်းရွှေ့ခြင်း၊ မွေးဖွားလာခြင်း၊ သေဆုံးခြင်းနှင့် လက်ထပ်ခြင်းများ အစရှိသည်တို့ကြောင့် အစဉ်
ပြောင်းလဲနေတတ်ပါသည်။

“လူမှုဝန်းကျင်” ဟု ဆိုရာတွင် ပြည်သူတစ်ဦးတစ်ယောက်တည်းကိုသာ ဆိုလိုခြင်းမဟုတ်ဘဲ နေရာဒေသ


တစ်ခုအတွင်း ရှိနေကြသော အခြားလုပ်ဆောင်သူများ၊ အဖွဲ့များနှင့် အဖွဲ့အစည်းများအားလည်း ပါဝင်
စေပါသည်။ ထိုသို့ဆိုရာတွင် လူမှုဝန်းကျင်ရှိ လူမှုအဖွဲ့အစည်းများ (ဥပမာ - CBO များနှင့် ဘာသာ
ရေးအဖွဲ့များ)၊ အထွေထွေအုပ်ချုပ်ရေးဌာန၊ ရဲ သို့မဟုတ် လက်နက်ကိုင်တပ်ဖွဲ့များနှင့် တိုင်းရင်းသား
လက်နက်ကိုင်အဖွဲ့များ၏ လူမှုရေးရာအဖွဲ့ ခွဲများအားလုံး ပါဝင်ပါသည်။ ပုံမှန်အားဖြင့် ပြည်သူများသည်
တစ်ဦး နှင့် တစ်ဦး သင့်တင်စွာနေထိုင်ကြသော်လည်း ၄င်းအခြေအနေသည် အမြဲတမ်းအတွက် မဖြစ်နေဘဲ
၎င်းတို့ အချင်းချင်းအကြား တင်းအားများ သို့မဟုတ် ပဋိပက္ခများ ရှိလာတတ်ပါသည်။ လူမှုဝန်းကျင်လုံခြုံမှု
ဖော်ဆောင်ခြင်းနည်းလမ်းသည် ၄င်းတင်းအားများနှင့် ပဋိပက္ခများအား ရင်ဆိုင်ဖြေရှင်းနိုင်ရန် ကြိုးစားသော
လုပ်ငန်းစဉ် တစ်ခုဖြစ်ပါသည်။



အိမ်တွင်းအကြမ်းဖက်မှု အရက်သေစာသောက်သုံးမှုများမှ ကျရောက်လာနိုင်သော အန္တရာယ်၊ ခြိမ်းခြောက်မှုများ

ရုပ်ပိုင်းဆိုင်ရာ ဘေးကင်းလုံခြုံမှု အန္တရာယ်များ ညအချိန်များတွင် မိမိတို့ အသက်မွေးဝမ်းကြောင်းအတွက် ရာဘာစေးများခြစ်ယူရန်


ရာဘာခြံသို့ သွားရခြင်းမှ တွေ့ ကြုံနေရသော စိုးရိမ်မှုများနှင့် အန္တရာယ်များ


လုံခြုံမှု

လုံခြုံမှုဆိုသည်မှာ လူများမှမိမိတို့ဘေးကင်းလုံခြုံသည်ဟု ခံစားရသော အခြေအနေ၊ ၄င်းတို့၏ နစ်နာမှုများ၊


ပြဿနာများ နှင့် အငြင်းပွား မှုများအား ဖြေရှင်းနိုင်ရန် လမ်းကြောင်းများရှိလာသည့် အခြေအနေ၊ ၄င်းတို့မှ မိမိတို့
အသက်မွေးဝမ်း ကြောင်းလုပ်ငန်းများအတွက် သင့်လျော်သည့် အရင်းအမြစ်များအား လက်လှမ်းမှီလာခြင်းနှင့်
၎င်းတို့၏ အခွင့်အရေးများအတွက် ကာကွယ်မှုရရှိသော အခြေအနေများကိုဆိုလိုပါသည်။ လုံခြုံမှုသည် တစ်ကမ္ဘာလုံးမှ
ပြောဆိုနေကြသော ခေါင်းစဉ် တစ်ခုဖြစ်ပြီး လူသားတို့ အတွက် အဓိကကျသော အစိတ်အပိုင်းတစ်ခုဖြစ်ပါသည်။ သို့သော်
ကမ္ဘာတစ်ဝန်းရှိ လူများ အနေဖြင့် ၄င်းတို့၏ နေ့စဉ် သက်ရှင်နေထိုင်မူများတွင် မလုံခြုံမှုများခံစားနေရကြပါသည်။

အလုပ်အကိုင်မရှိတာက အရင်တုန်းက သဘာဝအရင်းအမြစ်များဖြစ်တဲ့


ကျွန်တော့်အတွက် ပိုက်ဆံလေးနည်းနည်းဝင်ရင်တောင် ရေနဲ့ စားကျက်မြေများအား
မလုံခြုံမှုကို ဖြစ်စေတယ်၊ ကျွန်မတို့အတွက် အဆင်ပြေတယ်၊ အပြိုင်အဆိုင်ရယူရန်
ဒါပေမယ့် အခုတော့ အရာ ကြိုးစားနေခြင်းက မလုံခြုံမှုကို
ကျွန်တော်ဘယ်လောက်ဘဲ
အားလုံးကဈေးကြီးလာပြီး စုဆောင်းဖို့လည်း ဖြစ်ပေါ်စေတဲ့ အကြောင်းရင်း
ကြိုးစားကြိုးစား အလုပ်တစ်ခုတောင်
ခက်ခဲလာပါတယ်၊ ကျွန်မ မနက်ဖြန် တစ်ခုဘဲ
မရနိုင်ဘူးဖြစ်နေတယ်၊ အစာငတ်ပြီးသေမလားတောင်
ဒါကြောင့် ကျွန်တော် တက်ရောက်ဆွေးနွေးသူတစ်ဦး၊
စိုးရိမ်နေရတယ်၊ ဒါက ကျွန်မအတွက်တော့်
ဝါရတ် ပြည်နယ်၊ တောင်ဆူဒန်၊
စစ်သားစုဆောင်းနေတဲ့အဖွဲ့ မလုံခြုံမှုပါဘဲ။
အာဖရိက
တစ်ခုထဲဝင်ခဲ့ပါတယ်။
ကီဝတ် အမျိုးသမီးတစ်ဦး၊ မိုရမ် ခရိုင်၊ နီပေါ၊
စစ်သားဟောင်း၊ Sierra Leone၊
အာရှ
အာဖရိက

လုံခြုံမှုသည် စီးပွားရေး၊ လူမှုရေး၊ သဘာဝပတ်ဝန်းကျင်၊ ယဉ်ကျေးမှု၊ နိုင်ငံရေး အစရှိသည်တို့ပါဝင်သော ကွဲပြားသည့်


အကြောင်းအရာများစွာနှင့် ဆက်စပ်မှုရှိသည်ဟု ထင်မြင်သုံးသပ်လေ့ရှိကြပါသည်။ လူသားများအနေဖြင့် လုံခြုံမှုဆိုင်ရာ
စိန်ခေါ်မှုများအား မည်သို့ဖြေရှင်း နိုင်မည်ဆိုသည့် ၄င်းတို့၏ အမြင်များအား သက်ဆိုင်သူများမှ နားထောင်စေချင်ပါသည်၊
နားလည်စေချင်ကြပါသည်။ လူမှုဝန်းကျင်လုံခြုံမှု ဖော်ဆောင်ခြင်းနည်းလမ်းသည် လူသားများအား ၄င်းတို့လိုလားသော
အထက်ပါအရာများအား ရရှိစေရန် ပံ့ပိုးကူညီနိုင်မည်ဖြစ်သည်။

၅5
လူမှုဝန်းကျင်လုံခြုံမှုဖော်ဆောင်သော လုပ်ငန်းများတွင် ဘယ်သူတွေပါဝင်သင့်သလဲ
  n လူမှုအဖွဲ့များအားလုံး - ၎င်းတို့၏ ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် လုံခြုံရေးဆိုင်ရာ စိုးရိမ်ပူပန်မှုများအား ဖြေရှင်းရေးတို့
အတွက် အလေးထားဆောင်ရွက်ရန်၊ အပယ်ခံအုပ်စုများအား ထည့်သွင်းစဉ်းစားရန်

n ရပ်မိရပ်ဖများ - ဆယ်အိမ်ခေါင်း/ရာအိမ်ခေါင်း (၁၀ အိမ်စုနှင့် အိမ်အလုံး ၁၀၀ စုတို့အား တာဝန်ယူရသော ရွေးကောက်


တင်မြောက်ခံ ခေါင်းဆောင်များ)၊ ဘာသာရေးခေါင်းဆောင်များ အနေဖြင့် ပြည်သူများနှင့် ဒေသခံအာဏာပိုင်များအကြား
ကောင်းမွန်သော ဆက်ဆံရေးများ တည်ဆောက်နိုင်ရန် အရေးကြီးသော အခန်းကဏ္ဍမှ ပါဝင်လုပ်ဆောင်နိုင်ပါသည်။

n အရပ်ဘက်လူမှုအဖွဲ့အစည်းများအနေဖြင့် လူမှုဝန်းကျင်လုံခြုံမှုဖော်ဆောင်ခြင်းလုပ်ငန်းများ ပိုမို ထိရောက်အောင်မြင်မှု ရှိစေ


ရန် ဒေသအတွင်းရှိ နောက်ခံမျိုးစုံမှ ဒေသခံပြည်သူများ၏ ပါဝင်မှုအား လှုံ့ဆော်မြင့်တင်ပေးခြင်းလုပ်ငန်းများတွင် တက်ကြွစွာ
ကူညီလုပ်ဆောင်ပေးနိုင်ပါသည်။

n ဒေသခံအစိုးရများ - လုံခြုံမှုဝန်ဆောင်ပေးသူများနှင့် တရားမျှတရေးပံ့ပိုးသူများအပါအ၀င် အားလုံးသည် သက်ဆိုင်ရာ


ဒေသတွင်းရှိ အငြင်းပွားမှုများအား ဖြေရှင်းရန်နှင့် ပိုမိုလုံခြုံလာစေရန် ကျယ်ပြန့်သော မဟာဗျူဟာနည်းလမ်းများဖြင့် လူမှု
ဝန်းကျင်လုံခြုံမှုဖော်ဆောင်ခြင်းအား ပံ့ပိုးနိုင်ပါသည်။ ၄င်းပံ့ပိုးသူများတွင် ကျေးရွာအုပ်စုနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊
ဒေသခံမြန်မာနိုင်ငံရဲတပ်ဖွဲ့၊ အထွေထွေအုပ်ချုပ်ရေးဌာနများ၊ တပ်မတော်၊ နယ်ခြားစောင့်တပ်၊ အရံစစ်တပ်များ၊ တိုင်းရင်း
သားလက်နက်ကိုင်အဖွဲ့များ၊ အစိုးရနှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ၏ လုံခြုံရေးနှင့် တရားမျှတရေးပံ့ပိုးမှုဌာနများ၊
ရှေ့နေများနှင့် တရားသူကြီးများအစရှိသည်တို့ ပါဝင်ပါသည်။ ၄င်းပံ့ပိုးသူများ/အဖွဲ့များနှင့် ဒေသခံပြည်သူများအကြား
ဆက်ဆံရေးပိုမိုကောင်းမွန်လာစေရန် လုပ်ဆောင်ခြင်းမှာ လူမှုဝန်းကျင်လုံခြုံမှုဖော်ဆောင်သော လုပ်ငန်းများအတွက် အဓိက
အစိတ်အပိုင်း တစ်ခုဖြစ်ပါသည်။

n ဗဟိုအစိုးရများ၊ အထူးသဖြင့် ပြည်ထဲရေး (မြန်မာနိုင်ငံရဲတပ်ဖွဲ့နှင့် အထွေထွေအုပ်ချုပ်ရေးဌာနများ အပါအ၀င်)၊ နယ်စပ်ရေးရာ၊


ကာကွယ်ရေး ၀န်ကြီးဌာနများ၊ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ရုံး၊ လူမှုဝန်ထမ်းဦးစီးဌာန၊ ပစ်ခတ် တိုက်ခိုက်မှုရပ်စဲရေး
ပူးတွဲစောင့်ကြည့်ရေးကော်မတီ၊ အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန တို့မှ လူမှုဝန်းကျင်လုံခြုံမှု
ဖော်ဆောင်ရေး ကနဦးလုပ်ဆောင်မှုများအား ၄င်းတို့၏ ပိုမိုကျယ်ပြန့်သော လုံခြုံမှုပံ့ပိုးခြင်း မဟာဗျူဟာများတွင် ထည့်ပေါင်း
လုပ်ဆောင်နိုင်ပါသည်။



ရွာသားများအနေဖြင့် စစ်သားနှင့် တွေ့ဆုံပြီး မြေမြုပ်မိုင်းက ပြည်သူများအတွက်
နွေရာသီကာလတစ်ခုမှာ စစ်သားတစ်ယောက်ဟာ မြေမြှပ်မိုင်းထောင်နေတာကို
ဘယ်လောက် အန္တရာယ်ရှိကြောင်းနှင့် ဖယ်ရှားသင်ကြောင်း ဆွေးနွေးညှိနှိုင်းပါတယ်
ရွာသားတွေ တွေ့လိုက်ပါတယ်

tcsdef,l&jyD;
a&&Snfvkyfaqmif&aom
vkyfief;pOf wpfckjzpfygw,f

ဘေးကင်းလုံခြုံသော အခြေအနေသို့ ပြန်လည်ရောက်ရှိလာပြီဖြစ်လို့


ကျေးရွာပြည်သူများ ပျော်ရွှင်နေကြပါတယ် (ဆောင်းရာသီ)


လူမှုဝန်းကျင်လုံခြုံမှုဖော်ဆောင်ခြင်း -
လုပ်ငန်းစဉ် တစ်ခုဖြစ်တယ်

လူမှုဝန်းကျင်လုံခြုံမှုဖော်ဆောင်ခြင်းလုပ်ငန်းများသည် ဒေသအတွင်း ရှိနေသော ပြည်သူများ၏ လုံခြုံမှုဆိုင်ရာ


စိုးရိမ်မှု များဖြေရှင်းနိုင်ရန် ၄င်းတို့အား အတူတကွပါဝင်စေခြင်းနှင့် လိုအပ်သော စွမ်းရည်များအား မြင့်တင်ပေး
ခြင်းဖြစ်ပါသည်။ ၄င်းလုပ်ငန်းများမှ ရလာသော သင်ခန်းစာများအား သက်ဆိုင်ရာအာဏာပိုင်များ၊ လုံခြုံမှုနှင့်
တရားရေးဆိုင်ရာ တာဝန်ရှိသူများကိုပြုပြင်ပြောင်းလဲရန် စည်းရုံးလှုံ့ဆော်မှုများတွင် အသုံးပြုနိုင်ခြင်းမှ ပြည်သူများ
အတွက် လိုအပ်သော လုံခြုံမှု ဆိုင်ရာ ပံ့ပိုးမှုများရရှိစေရန်ဖြစ်သည်။ လုပ်ငန်းစဉ် တစ်ခုအနေဖြင့် ပြည်သူများမှ
မိမိတို့၏ လုံခြုံမှုဆိုင်ရာ စိုးရိမ်မှုများအား ဖော်ထုတ်ခြင်း၊ ဦးစားပေး သတ်မှတ်ခြင်းများနှင့် သက်ဆိုင်ရာ
တာဝန်ရှိသော အာဏာပိုင်များနှင့် ဆက်ဆံရေး တည်ဆောက်ခြင်းများတွင် ကိုယ်တိုင်ဦးဆောင် လုပ်ကိုင်
သွားခြင်းဖြစ်ပါသည်။ ထို့ပြင် ၄င်းတို့၏ အခွင့်အရေးနှင့် လိုအပ်မှုများအား သက်ဆိုင်ရာ အာဏာပိုင်များထံတင်ပြပြီး
၎င်းအာဏာပိုင်များမှ ဖြည့်ဆည်းလုပ်ဆောင်ပေးနိုင်ရန်နှင့် သင့်တော်သလို ပြည်သူများနှင့် ပူးပေါင်းလုပ်ဆောင်
သွားရန်ဖြစ်ပါသည်။

လူမှုဝန်းကျင်လုံခြုံမှု ရရှိသည်ဟု ဆိုရာတွင် ဒေသခံပြည်သူများနှင့် သက်ဆိုင်ရာအာဏာပိုင်များမှ အချင်းချင်း


ယုံကြည်မှုနှင့် အတူ လိုက်လျောညီထွေမှုရှိစွာဖြင့် အမျိုးသမီး၊ အမျိုးသား၊ အသက်အရွယ်၊ လူမျိုးစုများ၊ ဘာသာ
တရား ကိုးကွယ်မှုများနှင့် အခြားသော ကွဲပြားမှုများနှင့် ပြည့်ဝနေသည့် လူသားအားလုံးအတွက် လုံခြုံမှုအား
ပံ့ပိုးပေးနိုင်ရန် ၄င်းတို့၏ အခွင့်အရေး များအား ကာကွယ်ပေးနိုင်သော အခြေအနေသို့ ရောက်ရှိခြင်းဖြစ်ပါသည်။
ဒါ့အပြင် ၄င်းတို့သည် မိမိတို့ခံစားရသော နစ်နာမှုများ၊ အငြင်းပွားမှုများအား ဖြေရှင်းရန် ဘေးကင်းလုံခြုံသော
လမ်းကြောင်းများ ရရှိလာခြင်းနှင့် ၄င်းတို့၏ စားဝတ်နေရေးနှင့် အရင်းအမြစ်များအတွက် သင့်တင့်သော
လမ်လှမ်းမှီမှုများ ရရှိလာခြင်းဖြစ်ပါသည်။


စီမံကိန်းနယ်မြေများအား ရွေးချယ်ခြင်း

လူမှုဝန်းကျင်လုံခြုံမှုဖော်ဆောင်ခြင်း စီမံကိန်းအကောင်အထည်ဖော်ရန် နယ်မြေရွေးချယ်ရာ


တွင် စီမံကိန်းအောင်မြင်မှု ရရှိစေရန် ပိုမိုကောင်းမွန်သော အခွင့်အရေးများ ပေးနိုင်မည့်
အောက်ပါ စံနှုန်းများအား ဆန်းစစ်သုံးသပ်ရပါမည်။

n သက်ဆိုင်ရာဒေသရှိပြည်သူများတွင် လုံခြုံမှုဆိုင်ရာ စိုးရိမ်မှုများ ရှင်းလင်းစွာရှိခြင်း


n ပြည်သူများကိုယ်တိုင် ပြောင်းလဲမှုကိုလိုလားပြီး ၄င်းတို့၏ လုံခြုံမှုဆိုင်ရာ စိုးရိမ်မှုများအား
ဖြေရှင်းရာ တွင် တက်ကြွစွာပါဝင်ရန် စိတ်အားထက်သန်ခြင်း၊ ၀န်ခံကတိပြုခြင်း
n ပြောင်းလဲမှုအတွက် လုပ်ဆောင်ရာတွင် ပါဝင်သော လက်တွဲဆောင်ရွက်သူများနှင့် ပြည်သူ
များအတွက် အန္တရာယ်မရှိခြင်း
n အလျင်အမြန်ရရှိနိုင်သော အောင်မြင်မှု အခွင့်အရေးများရှိသော်လည်း ရေရှည်မျှော်မှန်းမှုများ
အတွက် ပြည်သူများ၏ ဆန္ဒနှင့် အားစိုက်ထုတ်မှုများလိုအပ်ခြင်း
n သက်ဆိုင်ရာ အာဏာပိုင်များမှ စီမံကိန်းအပေါ် သဘောတူညီမှု၊ ခွင့်ပြုမှုနှင့် တက်ကြွစွာ အတူ
ပူးပေါင်းပါဝင် ပံ့ပိုးမှုရှိခြင်း

၁၀
၁၁
၁၂
လူမှုဝန်းကျင်လုံခြုံမှုဆိုင်ရာ ဆန်းစစ်လေ့လာမှု

လူမှုဝန်းကျင်လုံခြုံမှုဆိုင်ရာ ဆန်းစစ်လေ့လာမှုသည် မတူကွဲပြားသော လူသားများ၏ အတွေ့အကြုံ၊ ၄င်းတို့ မှ


လုံခြုံမှုအားရရှိပုံနှင့် သက်ဆိုင်ရာ အကြောင်းပြချက်များအား သေချာစွာသိရှိနိုင်ရန် အသေးစိတ် လေ့လာမှုပြုသော
လုပ်ငန်းဖြစ်ပါသည်။ လုံခြုံမှုဆိုင်ရာ စိုးရိမ်မှုများသည် လူသားများအတွက် တူညီမှုရှိနေနိုင်သော်လည်း အချို့သော
စိုးရိမ်မှုများသည် တစ်ဦးတစ်ယောက်တည်းအတွက် သို့မဟုတ် အဖွဲ့တစ်ခုအတွက် ပို၍ ကြီးမားနေခြင်း
ရှိတတ်ပါသည်။ ဥပမာ - အိမ်တွင်းအကြမ်းဖက်မှုများသည် အမျိုးသားများထက်စာလျှင် အမျိုးသမီးများနှင့်
အမျိုးသမီးငယ်များအား ပို၍ထိခိုက်မှုရှိစေခြင်း သို့မဟုတ်၊ ကိုယ်လက်အင်္ဂါ ပြည့်စုံသူများနှင့် ယှဉ်လျင် ကိုယ်အင်္ဂါ
ချို့တဲ့သူများတွင် မတူညီသော လုံခြုံမှုဆိုင်ရာ စိုးရိမ်မှုများရှိနေ မည်ဖြစ်သည်။

လူမှုဝန်းကျင်လုံခြုံမှုဆိုင်ရာ ဆန်းစစ်လေ့လာမှုသည် အဓိကကျသော အကြောင်းအရာများနှင့် အဓိကပါဝင်


ပတ်သက် သူများနှင့် အဖွဲ့အစည်းများအား ဖော်ထုတ်ပေးရာတွင် ကူညီပေးမည်ဖြစ်သည်။ ဤသို့ဖြင့် လူမှုဝန်းကျင်
လုံခြုံမှု ဖော်ဆောင်ခြင်း လုပ်ငန်းများအား အထောက်အကူဖြစ်စေမည့်သူများ၊ ဆန့်ကျင်မည့် သူများအား
ဆန်းစစ်နိုင်ပြီး ပြည်သူများ၏ လုံခြုံမှုဆိုင်ရာ စိုးရိမ်မှုများအတွက် ဖြေရှင်းပေးမှု လုပ်ငန်းစဉ်များအား ထိရောက်
စွာလုပ်ဆောင်သွား နိုင်မည်ဖြစ်သည်။

၁၃
လူမှုဝန်းကျင်လုံခြုံမှု လုပ်ငန်းဖော်ဆောင်ရေးအဖွဲ့

လူမှုဝန်းကျင်လုံခြုံမှု လုပ်ငန်းဖော်ဆောင်ရေးအဖွဲ့သည် သက်ဆိုင်ရာဒေသရှိ ပြည်သူများ၏ လုံခြုံရေးဆိုင်ရာ


စိုးရိမ်မှုများအား နားထောင်ပေးပြီး ၄င်းစိုးရိမ်မှုများအား ဖြေရှင်းနိုင်ရန် ဦးဆောင်လုပ်ကိုင်မည့် ကျေးရွာအခြေပြုပြီး
ကျေးရွာကို အမှန်တကယ် ကိုယ်စားပြုသော အဖွဲ့တစ်ခုဖြစ်သည်။

ဒေသခံပြည်သူများ၏ လုံခြုံမှုဆိုင်ရာ စိုးရိမ်မှုများအား ထိရောက်စွာ ဖြေရှင်းနိုင်ရန် လူမှုဝန်းကျင်လုံခြုံမှု


ဖော်ဆောင်ရေးအဖွဲ့များသည် ကျယ်ပြန့်သော ကျေးရွာဒေသတစ်ခုလုံးအား ကိုယ်စားပြုသော အဖွဲ့များဖြစ်ရန်
အရေးကြီးပါသည်။ အဖွဲ့အတွင်း လူကြီးလူငယ်၊ အမျိုးသား၊ အမျိုးသမီး၊ LGBTI၊ ကိုယ်အင်္ဂါချို့တဲ့သူများ၊
သက်မွေးမှု လုပ်ငန်းမတူ သူများ၊ မတူညီသော အခြေအနေ၊ လူမျိုးစုများနှင့် ဘာသာရေးကိုးကွယ်မှုများမှ
လူများပါဝင်သင့်ပါသည်။ လူမှုဝန်းကျင်လုံခြုံမှုဖော်ဆောင်ရေးအဖွဲ့ တွင် သက်ဆိုင်ရာ ဒေသခံ ခေါင်းဆောင်များ
အား အဖွဲ့ဝင်များ အဖြစ်သော်လည်းကောင်း၊ ဘုတ်အဖွဲ့ များအဖြစ်သော်လည်းကောင်း ပါဝင်စေနိုင် သော်လည်း
၎င်းတို့မှ အဖွဲ့ဝင်ပြည်သူများအပေါ် လွမ်းမိုးမှုမရှိစေရန်နှင့် အဖွဲ့၏ ကိုယ်ပိုင်အသံများ နိမ့်ပါးမှုမရှိစေဘဲ တူညီစွာေ
ဆွးနွေးဖော်ပြနိုင်မှုရှိစေရန် ဂရုပြု စီစဉ်ရပါမည်။

လူမှုဝန်းကျင်လုံခြုံမှုဖော်ဆောင်ရေးအဖွဲ့သည် လူမှုဝန်းကျင်ရှိ ကျယ်ပြန့်သော လုံခြုံမှုဆိုင်ရာ စိုးရိမ်မှုများအား


ဦးစားပေးအလိုက် ဖော်ထုတ်ပြီး၊ သက်ဆိုင်ရာ အာဏာပိုင်များ၊ တရားစီရင်ရေး တာဝန်ရှိသူများနှင့် ဆက်ဆံ
ရေး တည်ဆောက်ခြင်းဖြင့် သက်ဆိုင်ရာ စိုးရိမ်မှုများအတွက် လိုအပ်သော ဖြေရှင်းမှုများကို ပူးပေါင်း လုပ်ဆောင်
သွားရန်ဖြစ်သည်။

၁၄
၁၅
Action planning!

16
လူမှုဝန်းကျင်လုံခြုံမှု ဖော်ဆောင်ရေး လုပ်ငန်းအစီအစဉ်

လုပ်ငန်းအစီအစဉ် (Action Plan) သည် ဒေသခံပြည်သူများကိုယ်တိုင် ရေးဆွဲရပါမည်။ ၄င်း


အစီအစဉ်အားဖြင့် ဒေသခံပြည်သူများမှ ၄င်းတို့ ခံစားနေရသော လုံခြုံမှုနှင့် ဘေးကင်းမှု ဆိုင်ရာ
အခက်အခဲ ပြဿနာများအား တုံ့ပြန်ဖြေရှင်းနိုင်ရန်ဖြစ်သည်။ ထိရောက်သော လုပ်ငန်းအစီအစဉ်
ဖြစ်စေရန် အနိမ့်ဆုံးအနေဖြင့် အောက်ပါ အချက်များအား ထည့်သွင်း စဉ်းစားရပါမည်။

n အခက်အခဲပြဿနာအား ရှင်းလင်းစွာဖော်ပြခြင်း
n ပြဿနာအားဖြေရှင်းရန်အတွက် လိုအပ်သည့် အဆင့်များအား အများသဘောတူမှုဖြင့်
တည်ဆောက်ခြင်း
n အဖွဲ့အတွင်း လုပ်ငန်းတာဝန်များအား တိကျသေချာစွာ ခွဲဝေခြင်း
n လုပ်ငန်းတိုးတက်မှုအား တိုင်းတာနိုင်ရန် ရည်မှန်းချက်များနှင့် အညွှန်းကိန်းများအား ထားရှိခြင်း
n လုပ်ငန်းပြန်လည်ဆန်းစစ်မှုပြုလုပ်နိုင်ရန် နေ့ရက်များ သဘောတူသတ်မှတ်ခြင်း

၁၇
လုပ်ငန်းအစီအစဉ်အား အကောင်အထည်ဖော်ခြင်း

လုပ်ငန်းအစီအစဉ်အား အကောင်အထည်ဖော်လုပ်ဆောင်ရာတွင် လူမှုဝန်းကျင်လုံခြုံမှု ဖော်ဆောင်ရေး


လုပ်ငန်းအဖွဲ့မှ အဖွဲ့ဝင်များအချင်းချင်း ပူးပေါင်းလုပ်ဆောင်မှုသည် အလွန်အရေးကြီးပါသည်။ အချို့သော
ပြဿနာများသည် အချိန်တိုအတွင်း လွယ်ကူစွာဖြေရှင်းနိုင်သော်လည်း အချို့သောပြဿနာများ အတွက်
ဆိုလျှင် သက်ဆိုင်ရာအာဏာပိုင်များနှင့် ဆက်ဆံရေး တည်ဆောက်ရန်လိုအပ်ခြင်းကြောင့် အချိန်ယူပြီး
ရေရှည်ဖြေရှင်းရသော ပြဿနာများလည်းရှိပါသည်။ ဥပမာ -

n ကျေးရွာများအား လျှပ်စစ်မီးရရှိစေရန်နှင့် လမ်းမီးတိုင်များရရှိစေရန် လုပ်ဆောင်ခြင်း


n သက်ဆိုင်ရာဒေသတွင်းဖြစ်ပေါ်နေသော ရာဇ၀တ်မှုများအား ဆွေးနွေးအဖြေရှာနိုင်ရန် ရဲအရာရှိများနှင့် ပုံမှန်
ဆွေးနွေးတိုင်ပင်မှုအစီအစဉ်များပြုလုပ်ခြင်း

n မြေမြှပ်မိုင်းများအား ရှင်းလင်းပေးရန် လက်နက်ကိုင်အဖွဲ့များအား တောင်းဆိုခြင်း

အထက်ပါဥပမာများတွင် အောင်မြင်မှုရရှိစေရန် ဒေသခံပြည်သူများနှင့် အာဏာပိုင်များပူးပေါင်းလုပ်ဆောင်


နိုင်မှုမှာ အဓိကျပါသည်။ ပူးပေါင်းလုပ်ဆောင်မှုသည် အကောင်းဆုံးသော ဖြေရှင်းမှုနည်းလမ်းဖြစ်ပါသည်။

၁၈
Aside from providing us with
money, how can you help improve
our community security?

19
၂၀
ဒေသခံအာဏာပိုင်များ၊ လုံခြုံရေးဆိုင်ရာ ပံ့ပိုးသူများနှင့်
ဆက်ဆံရေး တည်ဆောက်ခြင်း

လူမှုဝန်းကျင်လုံခြုံမှုဖော်ဆောင်ခြင်းတွင် အဓိကကျသော အစိတ်အပိုင်းမှာ ဒေသခံပြည်သူများနှင့် သက်ဆိုင်ရာ


အာဏာပိုင်များအကြား ဆက်ဆံရေးနှင့် ယုံကြည်မှုတည်ဆောက်ခြင်းများ ဖြစ်ပါသည်။

နိုင်ငံတော်တော်များများတွင် လုံခြုံမှုသည် အာဏာပိုင်များမှ ပံ့ပိုးပေးသော ၀န်ဆောင်မှုတစ်ခုဖြစ်ပြီး ပြည်သူများ


ဘေးကင်းလုံခြုံစွာ၊ ဂုဏ်သိက္ခာရှိစွာနှင့် ငြိမ်းချမ်းစွာ နေထိုင်နိုင်ရန်ဖြစ်ပါသည်။ ကျေးရွာပြည်သူများနှင့် အာဏာပိုင်
များအကြား ကောင်းမွန်သော ဆက်ဆံရေးရှိခြင်းသည် အာဏာပိုင်များ၏ တရားဝင်ဖြစ်မှု အား ပိုမိုအားကောင်းစေပြီး
ပြည်သူများလုံခြုံစွာနေထိုင်နိုင်မှုအား ပံ့ပိုးပေးပါသည်။ ပဋိပက္ခဖြစ်ပွားခဲ့သော သို့ မဟုတ် အာဏာဖြင့်အုပ်ချုပ်ခဲ့သော
နိုင်ငံများတွင် ဒေသခံအာဏာပိုင်များကိုယ်တိုင် ပြည်သူများအတွက် မလုံခြုံမှု ကိုဖြစ်စေသော အရင်းအမြစ်များအဖြစ်
သော်လည်းကောင်း၊ ပြည်သူများယုံကြည်မှုကိုမရရှိသောသူများ အဖြစ် သော်လည်းကောင်း ရှိနေတတ်ကြပါသည်။

လူမှုဝန်းကျင်လုံခြုံမှုဖော်ဆောင်ခြင်း၏ ရည်ရွယ်ချက်မှာ ဒေသခံပြည်သူများနှင့် သက်ဆိုင်ရာ အာဏာပိုင်များ အကြား


အပြန်အလှန် ဆက်ဆံလုပ်ဆောင်နိုင်မှု တိုးတက်လာစေရန် ဖြစ်သည်။ အပြန်အလှန် ဆက်ဆံလုပ်ဆောင်မှုများ
တိုးတက်လာခြင်းမှ ဒေသခံပြည်သူများ၏ လိုအပ်ချက်များကို ထိရောက်စွာ တာဝန်ခံပံ့ပိုးနိုင်သော အာဏာပိုင်များ
ဖြစ်လာစေရန် ကူညီမည်ဖြစ်သည်။ အပြန်အလှန်ပူးပေါင်းလုပ်ဆောင်မှုများ အကြိမ်အရေ အတွက် များလာသည်နှင့်
တပြိုင်နက် ပြည်သူများနှင့် အာဏာပိုင်များအကြားရှိ တစ်ဦးနှင့် တစ်ဦးအပေါ် အမြင်များ သည် အပြုသဘောဘက်သို့
ပြောင်းလဲလာမည်ဖြစ်သည်။ ၄င်းမှ အာဏာပိုင်များ၏ တရားဝင်မှုအား ပိုမို တိုးတက် လာစေမည်ဖြစ်သည်။

၂၁
လူမှုဝန်းကျင်လုံခြုံမှု ရရှိခြင်း

လုံခြုံမှုသည် ကျွန်တော်တို့နေ့စဉ် ကြုံတွေ့ခံစားနေရသော အရာတစ်ခုဖြစ်သည်။ ပြည်သူများအနေဖြင့်


မိမိတို့သည် ကာကွယ်မှုနှင့် တန်ဖိုးထားမှုများကို ခံစားရရှိစေခြင်းသည် လူမှုဝန်းကျင်လုံခြုံမှုဖော်ဆောင်
ခြင်းလုပ်ငန်း၏ ရည်ရွယ်ချက် တစ်ခုဖြစ်ပါသည်။ ယခု ရည်မှန်းချက်အား ပြည့်မီစေရန်မှာ လူမှုဝန်းကျင်လုံခြုံ
မှုဖော်ဆောင်ခြင်းလုပ်ငန်းများ အသက်ဝင်လည်ပတ်နေစေရန်နှင့် ပြည်သူများမှ ၄င်းတို့၏ လုံခြုံရေးဆိုင်ရာ
လိုအပ်ချက်များအား တာဝန်ခံ/ယူမှုရှိသော သက်ဆိုင်ရာ တာဝန်ရှိသူများနှင့် အတူတကွ ဖော်ထုတ်ပြီး
ဖြေရှင်းလုပ် ဆောင်နိုင်သော ယန္တရားများ အားကောင်းလာစေရန် လုပ်ဆောင်သွားရပါမည်။

၂၂
၂၃
ရပ်ရွာကိုယ်စားလှယ်မှ အမျိုးသမီးများနှင့် တိုင်ပင်ဆွေးနွေးမှုများအား တက်ကြွစွာ ရပ်ရွာကိုယ်စားလှယ်မှ လူငယ်များ၏ ပါဝင်မှုအား အလေးပေးလုပ်ဆောင်လာတယ်
လုပ်ကိုင်လာပါတယ်

ရပ်ရွာကိုယ်စားလှယ်မှ ဒေသခံများ၏ လုံခြုံမှုဆိုင်ရာ စိုးရိမ်မှုများထဲမှ ရုပ်ပိုင်းဆိုင်ရာ ရပ်ရွာကိုယ်စားလှယ်မှ ရပ်ရွာ၏ လုံခြုံမှုဆိုင်ရာ စိုးရိမ်မှုများအား လွတ်တော် သို့
အခက်အခဲများအားလည်း ဒေသခံများနှင့် အတူ ဖော်ထုတ်အဖြေရှာပြီး မဟုတ် အခြားသက်ဆိုင်ရာ အစည်းအဝေးများတွင် တင်ပြဆွေးနွေးခြင်းဖြင့်
ဖြေရှင်းကြတယ် ဖြေရှင်းနိုင်ရန် ကြိုးပမ်းတယ်
၂၄
အောက်ခြေလူမှုဝန်းကျင်လုံခြုံမှုအား အမျိုးသားအဆင့်
ပြုပြင်ပြောင်းလဲမှုလုပ်ငန်းများနှင့် ချိတ်ဆက်လုပ်ဆောင်ခြင်း

အောက်ခြေဒေသများတွင် မလုံခြုံမှုများသည် ပြည်နယ်/တိုင်ဒေသကြီးများနှင့် နိုင်ငံတော်အဆင့်များမှ ချမှတ်ထား


သောမူဝါဒများနှင့် ဆောင်ရွက်မှုများကြောင့်လည်း ဖြစ်ပေါ်နိုင်ပါသည်။ လူမှုဝန်းကျင်လုံခြုံမှုဖော်ဆောင်ရေးနည်းလမ်း
များသည် မြင့်မားသော အဆင့်များရှိ ဖွဲ့စည်းပုံများ၊ မူဝါဒများနှင့် လက်တွေ့ အကောင်အထည်ဖော် မှုများ ပိုမိုတိုးတက်
ကောင်းမွန်စေရန် စည်းရုံလှုံ့ဆော်မှု မဟာဗျူဟာများဖြင့် ပံ့ပိုးလုပ်ဆောင်ပါသည်။ အောက်ခြေဒေသများတွင်
အောင်မြင်မှုရရှိခြင်းများသည် မူဝါဒချမှတ်သူများနှင့် အဖွဲ့အစည်းများအား အထောက်အကူဖြစ်စေရန် သက်သေ
အထောက် အထားခိုင်လုံသော အကြံပြုချက်များအား ပံ့ပိုးပေးပါသည်။

သုတေသနလုပ်ငန်းများသည်လည်း ပြည်နယ်နှင့် နိုင်ငံတော်အဆင့်များ၏ ပြုပြင်ပြောင်းလဲမှုများအတွက် အထောက်


အကူဖြစ်စေပါမည်။ ဥပမာအားဖြင့် အသိပညာ၊ စိတ်နေသဘောထားနှင့် လက်တွေ့လုပ်ဆောင်မှု များအား ဆန်းစစ်သော
လေ့လာမှုများသည် ပြည်သူများ၏ လုံခြုံရေးဆိုင်ရာ စိုးရိမ်မှုများကို အာဏာပိုင်များ၏ မူဝါဒများ၊ လုပ်ဆောင်မှုများနှင့်
မည်သို့ ချိတ်ဆက်မှုရှိကြောင်း နားလည်စေပါသည်။ အာဏာပိုင်များမှ လုပ်ဆောင်နေသော လုပ်ငန်းများသည်
ဒေသခံပြည်သူများ၏ အဓိက စိတ်ဝင်စားမှုများနှင့် မကိုက်ညီခြင်းက သက်ဆိုင်ရာ အာဏာပိုင်များ၏ တရားဝင်ဖြစ်မှုအား
အားနည်စေကြောင်း ဖော်ပြနိုင်ခြင်းဖြင့် ကျွန်တော်တို့အနေဖြင့် ပြည်သူမှ အမှန်တကယ်လိုအပ်သော အရာများအား
ထိရောက်စွာပံ့ပိုးနိုင်စေရန် သက်ဆိုင်ရာအာဏာပိုင်များအား ၄င်းတို့၏ မူဝါဒနှင့် လုပ်ငန်းများအား ပြောင်းလဲသင့်ကြောင်း
အကြံပြုဆွေးနွေးနိုင်မှာဖြစ်ပြီး ဤနည်းဖြင့် ကျေးရွာများမှ ၄င်းတို့အမှန်တကယ်လိုအပ်နေသော အရာများကို ထိရောက်စွာ
ရရှိလာနိုင်မည်ဖြစ်ပါသည်။

၂၅
မြန် မာရုံး
အမှ တ် - (၂၇၅/C)၊ အခန်း (၃/A-B)၊
ပြည် လ မ်း ၊ မြေနီ ကု န်း ၊
စမ်း ချောင်း မြို့  န ယ်
ရန် ကု န် ၊ မြန် မာ
ဖု န်း - +၉၅ (၀) ၉၂၆၄၈၀၂၀၅၁
Email: saferworldmyanmar@saferworld.org.uk

www.saferworld.org.uk

You might also like