You are on page 1of 27

ကိုး ရီယားစစ်ပအ

ွဲ ကြောင်း တစေ့တစောင်း

စကားချီး

ကမ္ဘာ့အရေးမှာရော၊ မြန်မာ့အရေးမှာပါ ကိုးရီးယားဆိုတဲ့ စကားလုံးကို လူပြောများကြပါတယ်။ ၂၀၁၀ ကမ္ဘာ့ဖလား

ဘောလုံးပွဲကို ပထမဆုံးဝင်ပြီး ယှဉ်ပြိုင်လာတဲ့ မြောက်ကိုးရီးယားအသင်းရဲ့ ပုံရိပ်တွေကလဲ ကမ္ဘာတ၀ှမ်းက

ဘောလုံးဝါသနာအိုး ပရိသတ်များစွာကို ဆွဲဆောင်ထားနိုင်ခဲ့သလို မြန်မာ့ဒီမိုကရေစီ လောကသားတွေအတွင်းမှာလဲ

မြန်မာနဲ့ မြောက်ကိုးရီးယား နယူးကလီးယား ဆက်နွယ်မှုအရေး၊ မြောက်ကိုးရီးယားနဲ့ တောင်ကိုးရီးယားတို့ အကြားက

စစ်ရေးတင်းမာမှု စတာတွေနဲ့ ပတ်သက်ပြီး အတော်ပဲ အုပေ


် အ်ာသောင်းနင်း ဖြစ်ခဲ့ကြပါတယ်။ တောင်ကိုးရီးယားနဲ့

မြောက်ကိုးရီးယားကပဲ စစ်ဖြစ်တဲ့အခါ တောင်ကိုးရီးယားဘက်ကို အမေရိကန်က ၀င်တိုက်ပြီးရင် နယူးကလီးယား

အရေးနဲ့ ပတ်သက်နေတဲ့ မြန်မာနိုင်ငံကလ


ိဲု အမေရိကန်က စစ်ရေးအရ အရေးယူတော့ မယောင်ယောင်၊ အီရတ်လို

ဝင်တက
ိုတော့မယောင်ယောင်နဲ့ စိတ်ကူးယဉ် ပြောသူတွေကလဲ အများအပြားပါပဲ။ မြန်မာပြည်ကို အမေရိကန်

ဝင်တက
ိုတာ၊ မတိက
ုတာ အသာထားလို့ အဓိကဇာတ်ကောင်ဖြစ်တဲ့ မြောက်ကိုးရီးယား အရေးတောင် နိုငင
်ံတကာ

ဇာတ်စင်ပေါ်မှာ အခုအချိန်ထိ မပြီးနိုင်မပြတ်နိုင် စင်တင်နေရဆဲပဲ ရှိပါသေးတယ်။

စိတ်ကူးယဉ်တယ်ဆိုတာက ကိုယ်ပိုငအ
် ခွင့်အရေးဖြစ်ပေမယ့် ဒီလိုစိတက
်ူးယဉ်မှုတွေကနေ ပြည်သူလထ
ူုကို

မျှော်လင့်ချက်မှားတွေ မပေးမိဖို့ကတော့ အလွန်ပဲ အရေးကြီးပါတယ်။ ဗိလ


ုသန်းရွှေ စစ်အုပ်စုရဲ့ နယူးကလီးယား

စီမံကိန်းမှာ တိုင်းပြည်ရဲ့ ဘဏ္ဍာငွေအမြောက်အမြား အသုံးပြု နေတာကြောင့် မြန်မာပြည်သလ


ူထုတွေ

ဆင်းရဲဒုက္ခရောက်နေရတဲ့ ပကတိ အမှနတ


် ရားကို ပြည်သူလူထုနဲ့ နိုင်ငတ
ံ ကာကို ချပြတာက ကဏ္ဍတပိုင်း၊

နယူးကလီးယားစီမံကိန်းကို အကြောင်းပြပြီး မြန်မာပြည်ကို military intervention လုပ်ပါဆိုတာက ကဏ္ဍတပိုင်း။

ဒီကဏ္ဍနှစ်ခုက မတူညီပါဘူး။ ပထမကဏ္ဍက စစ်အုပစ


်ုရဲ့ မတရားမှုတွေကို ဖော်ထုတြ် ပီး လူထုကြီးကို တော်လှန်ဖို့

တောင်းဆိုတာ၊ နိုငင
်ံတကာကို ရုပ်ပိုင်းစိတ်ပင
ိုးဆိုင်ရာ ကူညီပံ့ပိုးမှုတွေ တောင်းဆိုတာနဲ့ ဆိုင်ပါတယ်။

ဒုတိယကဏ္ဍကျတော့ အမျိုးသား အကျိုးစီးပွားနဲ့ သက်ဆင


ိုပါတယ်။ ဒီကဏ္ဍနှစ်ခုက ကွဲပြားပါတယ်။ တိုင်းပြည်

တပြည်ရဲ့ အနာဂတ်ကံကြမ္မာ ဖြစ်တာကြောင့် စိတ်ကူးယဉ် မျှော်မှန်းချက်တွေနဲ့ ထင်ရာစိုင်းလို့ မရပါဘူး။

မြန်မာရဲ့ကံကြမ္မာကို မြန်မာနိုင်ငံသူ၊ နိုင်ငသ


ာံးတွေကပဲ ဆုံးဖြတ်နိုင်အောင် အတတ်နိုငဆ
်ုံး ကြိုးပမ်းဆောင်ရွက်ကြရမှာ

ဖြစ်ပါတယ်။ တစုံတရာ လိုချင်ရင် တစုံတခု စွန့်လွှတ်ရမယ်ဆိုတာ လောကကြီးရဲ့ ဓမ္မတာ ဖြစ်ပေမယ့် ဘယ်လို

အကြောင်းအရာအတွက်မှ စွန့်လွှတ်ဖို့ မထိုက်တန်တဲ့ အရာဟာ အမျိုးသားအကျိုးစီးပွားပဲ ဖြစ်ပါတယ်။


အမျိုးသားအကျိုးစီးပွားကို ရှေ့တန်းမတင်ခဲ့တဲ့အတွက် အစိတ်စတ
ိအမြွာမြွာဖြစ်သွားတဲ့ နိုင်ငေ
ံ တွ ကမ္ဘာမှာ

အများအပြားပါ။ ပြည်ပနိုင်ငံကြီးတွေရဲ့ နိုင်ငံရေးကစားပွဲတွေမှာ ပဲ့နင်းဦးထောင်၊ ဦးနင်းပဲ့ထောင်နဲ့ တောင်မရောက်၊

မြောက်မရောက်ဖြစ်နေရတဲ့ နိုင်ငံငယ်လေးတွေ အများအပြားပါ။ ဘယ်လိုနိုင်ငံကြီးကမှ သူ့အကျိုးစီးပွား အတွက် မပါပဲ

အပေးအယူ မလုပ်ပါဘူး။ နိုင်ငတ


ံ ကာဆက်ဆံရေး အသိုင်းအ၀ိုင်းမှာ အပေးအယူဟာ အဆန်းတကြယ်မဟုတ်ပေမယ့်

နိုင်ငံငယ်တွေဘက်က ပေးလိုက်ရတာဟာ အမျိုးသားအကျိုးစီးပွား မဖြစ်ဖို့ အရေးကိုတော့ နိုငင


်ံငယ်လေးတွေရဲ့

နိုင်ငံရေးခေါင်းဆောင်ဆိုသူများမှာ တာဝန်ရှိပါတယ်။

ကိုးရီးယားလို့ ဆိုလက
ိုရင် တောင်ကိုးရီးယားနဲ့ မြောက်ကိုးရီးယား ဆိုပြီး နှစ်နိုင်ငံ ဖြစ်နေတာ လူအများက

သိကြပါတယ်။ ဒါပေမယ့် ဘာကြောင့် နိုင်ငံနှစခ


်ု ကွဲထွက်ရလဲ ဆိတ
ုာကိုတော့ လူသိနည်းပါတယ်။ လေ့လာဆန်းစစ်

သူတွေက နိုင်ငံရေးခေါင်းဆောင်များရဲ့ ၀ါဒရေးရာ ဦးစားပေးမှု၊ စစ်အေးတိုက်ပွဲကာလ ပြည်ပ အင်အားကြီးနိုင်ငံများရဲ့

ဝင်ရောက်ခြယ်လှယမ
ှ်ု စတာတွေကို ထောက်ပြပြောဆိုကြပေမယ့် အဲဒီခေတ်ကာလ ကိုးရီးယားနိုင်ငံရေး

ခေါင်းဆောင်များရဲ့ နိုင်ငံရေး အမြော်အမြင်နဲ့ အမျိုးသားအကျိုးစီးပွားကို ရှေ့တန်းတင် ဆုံးဖြတ်ခြင်း

အားနည်းချက်တွေကလဲ ကိုးရီးယားစစ်ပွဲကြီး ပေါ်ပေါက်လာရခြင်းရဲ့ အခြေခံအကြောင်းရင်းထဲမှာ ထိပ်ဆုံးကနေ

ပါဝင်ကြောင်း စစ်ရေးလေ့လာသူတွေက ထောက်ပြဝေဖန်ထားကြပါတယ်။ အခုဆက်လက်ပြီး လူထောင်ပေါင်းများစွာ

သေဆုံးပြီး ကိုးရီးယားနိုင်ငံကြီးကို နှစ်ပေါင်းများစွာကြာအောင် တောင်နဲ့ မြောက် နှစ်ခြမ်းကွဲစေခဲ့တဲ့

ကိုးရီးယားစစ်ပွဲအကြောင်းကို ရေးသားတင်ပြပါမယ်။

ကမ္ဘာစစ်များမှသည် စစ်အေးတိက
ု ပ
်ွဲဆသ
ီ့ို

၂၀ ရာစု အစောပိုင်းကာလမှာ ကိုးရီးယားနိုင်ငံဟာ ဘုရင်စနစ်ကျင့်သုံးတဲ့ လွတ်လပ်သော နိုင်ငတ


ံ နိုင်ငံ ဖြစ်ပါတယ်။

ဒီအချိန်ကာလတွေတုန်းက ကမ္ဘာပေါ်မှာ တောင်ကိုးရီးယားနဲ့ မြောက်ကိုးရီးယား ဆိုတာ မရှိခဲ့သေးပါဘူး။ Yi

မင်းဆက်ကနေ ကိုးရီးယားနိုင်ငံကို နှစ်ပေါင်း ငါးရာကျော်ကြာအောင် အုပ်ချုပ်ခဲ့ပါတယ်။ (၁၉၁၀) ခုနှစ်ရောက်တော့

အင်အားကြီး အိမ်နီးချင်းနိုင်ငံဖြစ်တဲ့ ဂျပန်နိုငင


်ံက ကိုးရီးယားနိုင်ငံကို ကျူးကျော်သိမ်းပိုက်ခဲ့ပါတယ်။ ဂျပန်တွေက

ကိုးရီးယားနိုင်ငံငယ်တခုအဖြစ် အုပ်ချုပ်ခဲ့ပြီး ကိုးရီးယားလူမျိုးတွေရဲ့ အမျိုးသားရေးလက္ခဏာတွေကို

ပျောက်ပြက်သွားအောင် ကြိုးပမ်းခဲ့ပါတယ်။ စီးပွားရေး၊ အစိုးရနဲ့ အဆင့်မြင့် ပညာရေးနယ်ပယ်တွေမှာ

ဂျပန်ဘာသာစကားကို အသုံးပြုခဲ့ပါတယ်။
(၁၉၃၀) နှောင်းပိုင်းကာလရောက်တော့ ဂျပန်က အာရှတိုက်မှာ အင်ပါယာတိုးချဲ့ခဲ့ပါတယ်။ ဂျပန်တပ်မတော်ဟာ

မန်ချူးရီးယားကို သိမ်းပိုက်ပြီး ကိုးရီးယားမြောက်ပင


ိုးနယ်စပ်ဒေသကနေ တရုတ်ပြည်ကို သိမ်းပိုက်ဖို့ ကြိုးစားရာကနေ

၁၉၃၇ ခုနှစ်မှာ တရုတ်-ဂျပန်စစ်ပွဲကြီး စတင်လာပါတော့တယ်။ ဂျပန်တွေရဲ့ အင်ပါယာချဲ့ထွင်လာမှုဟာ

တရုတေ
် ခါင်းဆောင် ချန်ကေရှိတ်ကို ကျောထောက်နောက်ခံပေးထားတဲ့ အမေရိကန်နဲ့ ပါ ထိပ်တက
ိုရင်ဆိုင်ရတဲ့

အခြေအနေကို ဦးတည်လာပါတယ်။ ၁၉၄၁၊ ဒီဇင်ဘာမှာ ဂျပန်က ပုလဲဆိပက


် မ်းကို ဗုံးကြဲပြီး အမေရိကန်ကို

စစ်ကြေညာရာကနေ ပစိဖိတ်စစ်မျက်နှာမှာ ဒုတိယကမ္ဘာစစ်ကြီး စတင်လာပါတော့တယ်။ ကနဦးအစမှာ

ဂျပန်တွေဘက်ကနေ စစ်ရေးအရ အောင်ပွဲတွေ ရခဲ့ပေမယ့် စစ်ရေးဒီရေအပြောင်းအလဲတွေ ဖြစ်ပေါ်လာခဲ့ပြီး ၁၉၄၅

ခုနှစ်မှာ ဖက်ဆစ်ဂျပန်က လက်နက်ချခဲ့ရပါတယ်။

ဒုတိယကမ္ဘာစစ်ပွဲကာလ ၁၉၃၉ ခုနှစ်ကနေ ၁၉၄၁ ခုနှစအ


် တွင်းမှာ ဆိုဗီယက်ယူနီယံက မန်ချူးရီးယားနယ်စပ်

စစ်မျက်နှာမှာ ဂျပန်ကို တိုက်ပွဲဝင်ခဲ့ပါတယ်။ ဒါပေမယ့် နောက်ပိုင်းမှာ နိုင်ငံနှစ်ခုအကြား ကြားနေစာချုပ်ချုပ်ဆိုပြီး

ဂျပန်နဲ့ ဆိုဗီယက်တို့အကြားက စစ်ပွဲတွေ ရပ်တန့်သွားခဲ့ပါတယ်။ အမေရိကန်ပြည်ထောင်စုက ဂျပန်နိုင်ငံ

ဟီရိုရှီးမားကို အနုမြူဗုံးကြဲပြီး နောက်နှစ်ရက်အကြာမှသာ ဆိုဗီယက်ယူနီယက


ံ ဂျပန်ကို စစ်ကြေညာခဲ့တာပါ။

ဂျပန်လက်နက်ချတဲ့ အချိန်ကျတော့ ဆိုဗီယက်ယူနီယက


ံ မန်ချုးရီးယားကို ၀င်ရောက်သိမ်းပိုကြ် ပီး ကိုးရီးယား

မြောက်ပိုင်းဒေသအထိ ခြေကုပယ
်ူတပ်စွဲခဲ့ပါတယ်။

ဂျပန်လက်နက်မချမီ ရက်ပိုင်းအလိုပါပဲ အမေရိကန် အစိုးရထိပ်ပင


ိုးဆိုင်ရာ အရာရှိများအကြားမှာလဲ

ကိုးရီးယားသိမ်းပိုက်ရေး စီမံချက်နဲ့ ပတ်သက်ပြီး ပြန်လည်ပြုပြင် ညှိနှိုင်းစရာတွေ ပေါ်ထွကလ


်ာခဲ့ပါတယ်။

အမေရိကန်သမ္မတ ထရူးမင်းရဲ့ စစ်ရေးအကြံပေးများက ကိုးရီးယားကို ဇုန်နှစ်ခု ခွဲခြားသိမ်းပိုက်ဖို့ အကြံပြုကြပါတယ်။

ကိုးရီးယား ပထ၀ီဝင်အနေအထားအရ ၃၈ မျဉ်းပြိုင်ရဲ့ မြောက်ပိုင်းကို ဆိုဗီယက်တပ်များက သိမ်းပိုက်ဖို့ နဲ့

တောင်ပိုင်းဒေသကို အမေရိကန်တပ်များက သိမ်းပိုက်ဖို့ ဖြစ်ပါတယ်။ ဆိုဗီယက်ခေါင်းဆောင် စတာလင်က

ဒီစီမံချက်ကို လက်ခခ
ဲံ့ပါတယ်။ တမုဟုတ်ချင်းပဲ စတာလင်ရဲ့ အမိန့်နဲ့ General Ivan Chistiakov ရဲ့ တပ်တွေမှာ

ကိုးရီးယားမြောက်ပိုင်းဒေသမှာ ဖြန့်ကျက်ပြီး နယ်မြေစိုးမိုးရေး ပြုလုပ်ခဲ့ပါတယ်။ များမကြာမီမှာပဲ

အမေရိကန်တပ်တွေကနေ ကိုးရီးယားတောင်ပိုင်းကို သိမ်းပိုက်ခြေကုပ်ယူခဲ့ပါတယ်။ အမေရိကန်တပ်

အကြီးအကဲကတော့ General John Hodge ဖြစ်ပါတယ်။


(၃၈ မျဉ်းပြိုင်ဆိုတာ မြေပုံပေါ်မှာ ဆွဲထားတဲ့ လိုင်းတခုပဲ ဖြစ်ပါတယ်။ နိုငင
်ံရဲ့ လမ်းပန်း ဆက်သွယ်ရေးအတွက်

အရေးပါတဲ့ လမ်းမကြီးတွေနဲ့ ရထားလမ်းတွေကို ဖြတ်တောက်ထားပါတယ်)

ဒုတိယကမ္ဘာစစ်မပြီးခင်ကတည်းက ဆိုဗီယက်ယူနယ
ီံနဲ့ အမေရိကန်တို့က ဂျပန်ကို ဖယ်ရှားပြီးတဲ့အခါ ကိုးရီးယားကို

ကိုယ်ပင
ိုအုပ်ချုပ်ခွင့် မပေးဖို့ သဘောတူထားခဲ့ကြပါတယ်။ အမေရိကန်ပြည်ထောင်စုက ကိုးရီးယားနိုင်ငံ

လွတ်လပ်ရေးမရခင်မှာ ပြည်ပဦးဆောင်မှုအောက်မှာ ကာလအတိုင်းအတာ တခုအထိနေဖို့ ကိုးရီးယားနိုင်ငံရေး

ခေါင်းဆောင်တွေကို အကြံပြုပါတယ်။

ဒါပေမယ့် ကိုးရီးယားပြည်သလ
ူထုကတော့ ဂျပန်ကို အောင်ပွဲရပြီးတာနဲ့ ကိုးရီးယားနိုင်ငံ လွတ်လပ်ရေးရဖို့

မျှော်မှန်းခဲ့ကြပါတယ်။ ကိုးရီးယား ပြည်တွင်းမှာ အခြေစိုက်တဲ့ နိုင်ငံရေးအုပ်စုများက အမေရိကန်တပ်တွေ

ကိုးရီးယားနိုင်ငံထဲကို စရောက်ချိန်မှာပဲ လွတ်လပ်သော ကိုးရီးယားပြည်သူ့ သမ္မတနိုင်ငတ


ံ ည်ထောင်ကြောင်း

ကြေညာခဲ့ကြပါတယ်။ ဂျပန်ကို တော်လှန်ခဲ့ကြတဲ့ ပြည်တွင်းအခြေစိက


ု နိုင်ငံရေးအုပ်စုတွေဟာ နိုင်ငံအနှံ့ မှာ

ပြည်သူ့ ကော်မတီတွေ တည်ထောင်ပြီး အစိုးရအနေနဲ့ အစားထိုးဖို့ ကြိုးပမ်းခဲ့ကြပါတယ်။ ဒီလလ


ှိုပ်ရှားမှုတွေကို

အမေရိကန်နဲ့ ဆိုဗီယက်ပြည်ထောင်စုတို့ က မနှစ်မြို့ခဲ့ပါဘူး။ ကိုးရီးယားနိုင်ငံတော်သစ်ကို ကိုးရီးယားပြည်သူတွေရဲ့


ဖန်တီးခွင့်ကို ပေးအပ်လိုခြင်း မရှိပါဘူး။ ကိုးရီးယားနိုင်ငံကို တောင်မြောက်နှစြ် ခမ်းခွဲပြီး သိမ်းပိုက်ခံနယ်မြေများအဖြစ်

ကာလ အတန်ကြာ ဆက်ထားလိုပါတယ်။ နောက်ဆုံး သိမ်းပိုက်ခံနယ်မြေများအဖြစ် မထားနိုင်ရင်တောင် သူတို့ရဲ့

သြဇာခံများကိုသာ ကိုးရီးယားနိုင်ငံခေါင်းဆောင်အဖြစ် တင်မြှောက်လိုကြပါတယ်။ ဒီနေရာမှာ ပြည်ပကို ရောက်နေတဲ့

ကိုးရီးယားနိုင်ငံရေးသမားများရဲ့ အခန်းကဏ္ဍက အရေးပါလာပါတယ်။

ဂျပန်တွေရဲ့ ဖိနပ
ှိအုပ်ချုပ်မှုတွေကို တော်လှန်ရင်း အကြောင်းအမျိုးမျိုးနဲ့ ဆိုဗီယက်ယူနီယံ၊ တရုတ်နဲ့

အမေရိကန်နိုင်ငံတွေကိုရောက်နေတဲ့ ကိုးရီးယားနိုင်ငံရေးသမားတွေ အများအပြားရှိပါတယ်။ အင်အားကြီးနိုင်ငံတွေဟာ

သူတို့ ရဲ့ သြဇာခံနိုငင


်ံရေးသမားတွေကို ရွေးချယ်တဲ့အခါ ပြည်တွင်းမှာထက် ပြည်ပရောက် နိုင်ငံရေးသမားများထဲက

ရွေးချယ်ပြီး စင်တင်ပေးလေ့ရှိပါတယ်။ ကိုးရီးယားနိုင်ငံရေးစာမျက်နှာမှာလဲ ဒီအတိုင်းပါပဲ။ ပြည်ပအခြေစိုက်

နိုင်ငံရေးသမားတွေ ကိုးရီးယားနိုင်ငံကို ပြန်ဝင်လာတဲ့အခါမှာ အမေရိကန်ပြည်ထောင်စုမှာ ၂၅ နှစ်ကြာနေထိုငခ


်ဲ့တဲ့

အသက် ခုနစ်ဆယ်အရွယ် nationalist တဦးဖြစ်တဲ့ Syngman Rhee ကို အမေရိကန်က ကြိုဆိုခဲ့သလို

မန်ချူးရီးယားစစ်မျက်နှာမှာ ဂျပန်ကို တော်လှန်ပြီးနောက်ပိုင်း ဒုတိယကမ္ဘာစစ်ကာလတလျှောက် ဆိုဗီယက်ပြည်မှာ

နေထိုင်ခဲ့တဲ့ communist တဦးဖြစ်တဲ့ Kim II Sung ကိုလဲ ဆိုဗီယက်က ပံ့ပိုးပေးလာပါတယ်။ ဒီလိုနဲ့ အမေရိကန်နဲ့

ဆိုဗီယက်တို့ ရဲ့ သိမ်းပိုက်ခံ နယ်မြေဘ၀မှာ ဒီနှစ်နိုင်ငံရဲ့ ဆက်ဆေ


ံ ရးတွေ ယိယ
ွုင်းလာတာနဲ့အမျှ

ကိုးရီးယားတောင်ပိုင်းမြောက်ပိုင်း ညီညွတ်ရေး လမ်းစကလဲ တစတစနဲ့ ပျောက်ကွယလ


်ာပါတယ်။

(၁၉၄၇) ခုနှစမ
ှ်ာ ကွန်မြူနစ်ဝါဒ တကမ္ဘာလုံး ပျံ့နှံ့သွားရေးကို တားဆီးမယ့် အမေရိကန်နိုင်ငံခြားရေး မူဝါဒတွေ ပါဝင်တဲ့

Truman Doctrine ထွက်ပေါ်လာပါတယ်။ ၁၉၄၉ ခုနှစ်ရောက်တော့ အမေရိကန်နဲ့ ဆိုဗီယက်ပြည်ထောင်စုတို့ က

ပွင့်ပွင့်လင်းလင်း ရန်သူတွေ ဘ၀ကို ရောက်နေပါပြီ။ စစ်အေး တိက


ုပွဲကြီးကလဲ စတင်နေပါပြီ။ ကိုးရီးယား နယ်မြေနှစခ
်ု

ပေါင်းစီးရေးအတွက် သဘောတူညီမှုက မရခဲ့ကြပါဘူး။ မြောက်ပိုင်းဒေသမှာ ဆိုဗယ


ီ က်ယူနယ
ီံက သူစိတ်တိုင်းကျ

ဆိုဗီယက်စတိုင် အစိုးရကို ဖန်တီးပါတယ်။ ပါဝါကို မြောက်ကိုးရီးယား ကွန်မြူနစ်အလုပ်သမားပါတီရဲ့ လက်ထဲမှာ

ထားပြီး၊ အရေးပါတဲ့ အစိုးရနေရာများကို ဆိုဗယ


ီ က်ပြည်ထောင်စုအတွင်းမှာ နေထိုင်ခဲ့ဖူးတဲ့ ကိုးရီးယား

နိုင်ငံရေးသမားများကို နေရာပေးထားပါတယ်။ ၁၉၄၈ ခုနှစ်မှာ ဆိုဗီယက်တပ်တွေ ၃၈ မျဉ်းပြိုင်မြောက်ပိုင်း

သိမ်းပိုက်ဇုနက
် နေ ထွက်ခွာတော့ ဒီနယ်မြေက ကိုးရီးယားဒီမိုကရက်တစ် ပြည်သူ့ သမ္မတနိင
ုငံ ဖြစ်လာခဲ့ပါတယ်။

မြောက်ကိုးရီးယားလို့ လူအများသိကြတဲ့ ကိုးရီးယားဒီမိုကရက်တစ် ပြည်သူ့သမ္မတနိုင်ငံမှာ Kim II Sung က

သမ္မတဖြစ်လာခဲ့ပါတယ်။

၃၈ မျဉ်းပြိုင်ရဲ့ တောင်ပိုင်း အမေရိကန်သိမ်းပိုက်ခံနယ်မြေမှာတော့ နိုင်ငံရေးအသွငက


်ူးပြောင်းမှုက ချောချောမွေ့မွေ့
မရှိခဲ့ပါဘူး။ ကိုးရီးယားနိုင်ငံတော်သစ်ကို တည်ထောင်ပြီး လွတ်လပ်ရေးကြေညာဖို့ လုပ်ခဲ့တဲ့ ပြည်သူ့ကော်မတီတွေကို

ကွန်မြူနစ်အမာခံအဖွဲ့တွေဆြို ပီး အမေရိကန် အုပ်ချုပ်ရေး တာဝန်ရှိသူတွေက ဖိနှိပ်ခဲ့ကြပါတယ်။ ကမ္ဘာစစ်မတိုင်ခင်က

ဂျပန်အင်ပါယာအတွက် အလုပ်လုပ်ပေးခဲ့တဲ့ ဖက်ဆစ်လက်ကိုင်ဒုတ် ရဲအရာရှိတွေနဲ့ ဗြူရိုကရက်တွေကို အသုံးချပြီး

အမေရိကန်သြဇာခံ နိုင်ငံရေးသမားတွေကို ဆန့်ကျင်တဲ့ နိုင်ငံရေးအဖွဲ့တွေကို ချေမှုန်းသုတသ


် င်မှုတွေ ရှိလာပါတယ်။

တောင်ကိုးရီးယားရဲ့ အဲဒီအချိန်ကာလ နိင


ုငံရေးအခြေအနေဟာ ရုန်းရင်းဆန်ခတ်ဖြစ်မှု တွေ၊ လုပ်ကြံသတ်ဖြတ်မှုတွေ၊

ဖမ်းဆီးနှိပ်စက်မှု တွေနဲ့ ပြည့်နက


ှ်နေခဲ့ပါတယ်။

၁၉၄၈ ရောက်တော့ ကုလသမဂ္ဂက ကြီးကြပ်ပြီး၊ အမေရိကန်ရုပ်သေးနိုင်ငံရေးခေါင်းဆောင် Syngman Rhee

အနိုင်ရစေဖို့ အမေရိကန်အုပ်ချုပ်ရေးတာဝန်ရှိသူတွေက ဖန်တီးထားတဲ့ ရွေးကောက်ပွဲ ထွက်ပေါ်လာပါတယ်။

ရွေးကောက်ပွဲပြီးတော့ တောင်ကိုးရီးယားလို့ လူအများသိထားတဲ့ ကိုးရီးယားသမ္မတနိုင်ငံမှာ Syngman Rhee က

သမ္မတဖြစ်လာခဲ့ပါတယ်။

သူအာဏာရပြီး မကြာခင်မှာပဲ Cheju-do ဆိုတဲ့ ကျွန်းမှာ ပုန်ကန်မှု တွေ ပေါ်ပေါက်လာပြီး ကိုးရီးယားပြည်မအထိ

ပြန့်နှံ့သွားပါတယ်။ Anti-Rhee သူပုန်တွေကို မြောက်ကိုးရီးယားက ကူညီထောက်ပံ့ပေးပါတယ်။ ဒီပုန်ကန်မှုကို

Syngman Rhee က အမေရိကန်စစ်ရေးအကြံပေးတွေနဲ့ အကူအညီနဲ့ ပြင်းပြင်းထန်ထန် နှမ


ိနင်းခဲ့ပါတယ်။

ဒီနှိမ်နင်းမှုမှာ ထောင်ပေါင်းများစွာသော တောင်ကိုးရီးယား ပြည်သူတွေရဲ့ အသက်တွေ ဆုံးရှုံးခဲ့ရပါတယ်။

တောင်ကိုးရီးယားနဲ့ မြောက်ကိုးရီးယားခေါင်းဆောင်များဟာ ကိုးရီးယားတနိုငင


်ံလုံးကို အုပ်ချုပ်ခွင့်ရဖို့ အသည်းအသန်

ကြိုးပမ်းခဲ့ကြပါတယ်။ ၁၉၄၉ ခုနှစ် နွေရာသီမှာ ၃၈ မျဉ်းပြိုင်တလျှောက်မှာရှတ


ိဲ့ နှစ်ဘက်စစ်တပ်တွေအကြား

ပစ်ခတ်မှု တွေ စတင်လာပါတယ်။ လေ့လာသူတွေရဲ့ အဆိုအရ ၁၉၅၀ ခုနှစ် ဇွန်လအထိမှာ ပုန်ကန်မှု တွေနဲ့

နယ်စပ်တိုက်ပွဲတွေမှာ သေဆုံးခဲ့တဲ့ ကိုးရီးယားလူမျိုး တသိန်းကျော်ရှိခဲ့ပါတယ်။ ဒီလို ပြည်တွင်းစစ်တွေနဲ့ အစပျိုးပြီး

နောက်ပိုင်းမှာ လူအများအခေါ်အရ ကိုးရီးယားစစ်ပွဲ၊ စစ်ရေးလေ့လာသူတွေ အခေါ်အရ

အင်အားကြီးနိုင်ငံတွေအကြားက proxy war တခု ဖြစ်ခဲ့တဲ့ စစ်ပွဲကြီးတခု စတင်ဖို့ အချိန်က တစတစ

နီးကပ်လာပါတော့တယ်။ နှစဘ
် က်စလုံးက ခေါင်းဆောင်တွေဟာ ၃၈မျဉ်းပြိုင်ကို ကျော်ပြီး တနိုင်ငံနဲ့ တနိုင်ငံ

သိမ်းပိုက်ဖို့ ကြံရွယ်လာကြပါတယ်။ ဒါပေမယ့် ရုပ်သေးကြိုးဆွဲနိုင်ငံကြီးနှစ်နိုင်ငြံ ဖစ်တဲ့ အမေရိကန်နဲ့

ဆိုဗီယက်ယူနယ
ီံတို့က မီးစိမ်းမပြခဲ့ပါဘူး။

ဒီနေရာမှာ တတိယဇာတ်ကောင်အဖြစ် ၀င်လာခဲ့တာကတော့ တရုတြ် ပည်သူ့သမ္မတနိုင်ငံပဲ ဖြစ်ပါတယ်။


အဲဒီအချိန်ကာလက အမေရိကန်ပြည်ထောင်စဟ
ုာ ဆိုဗယ
ီ က်ယန
ီူယံနဲ့ တိုကရ
ိုက်ဖြစ်ပွားမယ့် စစ်ကို ဦးတည်စေတဲ့

စစ်ရေးကျူးကျော်မှုတွေ ပြုလုပ်ဖို့ ဆန္ဒမရှိသေးပါဘူး။ အမေရိကန် ထောက်လှမ်းရေးအရာရှိတွေက Syngman Rhee

ရဲ့ အမျိုးသားရေးဝါဒကို သံသယရှိနေခဲ့ပါတယ်။ တပြိုင်နက်တည်းမှာပဲ စတာလင်ကလဲ အမေရိကန်နဲ့

ထိပ်တက
ို ္ရင္ဆိုင္မဳွ မျပဳလုပ္လေ
ို သးပါဘူး။ မြောက်ကိုးရီးယားခေါင်းဆောင် Kim II Sung ရဲ့ တောင်ကိုးရီးယားကို

သိမ်းပိုက်နိုင်မယ့် အရည်အချင်းကိုလဲ မယုံကြည်ကြပါဘူး။ မြောက်ကိုးရီးယားက တောင်ကိုးရီးယားကို

ကျူးကျော်လိုက်ရင် အမေရိကန် တပ်တွေ တောင်ကိုးရီးယားမြေပေါ်ကို ပြန်ရောက်လာမှာကို စိုးရိမ်ကြပါတယ်။

ဒါကြောင့် နှစဘ
် က်စလုံးက မီးစိမ်း မပြခဲ့ကြတာပါ။

ဒါပေမယ့် ၁၉၄၉ ခုနှစ်၊ အောက်တဘ


ိုာလမှာ ကမ္ဘာ့နိုင်ငံရေးအခြေအနေက စတင်ပြောင်းလဲ လာပါတော့တယ်။

အဲဒီအချိန်မှာ တရုတ်နိုင်ငံအတွင်းမှာ ပြည်တွင်းစစ်အဆုံးသတ်သွားပါတယ်။ တရုတ်ကွန်မြူနစ်ပါတီခေါင်းဆောင်

မော်စီတုန်းရဲ့ တပ်တွေဟာ ကူမင်တန် ချန်ကေရှိတ်တပ်တွေကို အနိုင်ရရှိပြီး တရုတ်ပြည်သူ့သမ္မတနိုင်ငံ

ပေါ်ထွကလ
်ာပါတော့တယ်။ ကူမင်တန်တပ်တွေက တရုတြ် ပည်အရှေ့ပိုင်း (၁၂၅) မိုင်အကွာမှာရှိတဲ့ မော်မဆ
ိုာကျွန်း

(ထိုင်ဝမ်) မှာ သွားပြီး တပ်စွဲကြပါတယ်။ (၁၉၅၀)ခုနှစ်၊ ဖေဖော်ဝါရီလကျတော့ မော်စီတုန်းက ဆိုဗီယက်ယူနီယံနဲ့

မဟာမိတ်စာချုပ်မှာ လက်မှတ်ရေးထိုးခဲ့ပါတယ်။

ဒီလိုနဲ့ တရုတ်ပြည်က ကွန်မြူနစ်တွေရဲ့ အောင်ပွဲဟာ အမေရိကန်အစိုးရခေါင်းဆောင်တွေ အာရှအရှေ့ပိုင်းကို

အာရုံစိုက်လာစေခဲ့ပါတော့တယ်။ တပြိုင်နက်တည်းမှာပဲ စတာလင်ရဲ့ ကိုးရီးယားအပေါ် ထားရှတ


ိဲ့ အမြင်ကလ
ိုဲ

ပြောင်းလဲစေခဲ့ပါတယ်။ (၁၉၅၀) ခုနှစ်၊ ဇန်န၀ါရီလမှာ Kim II Sung တောင်းဆိုထားတဲ့ စစ်လက်နက်ပစ္စည်းတွေကို

စတာလင်က တင်သွင်းပေးခဲ့ပါတယ်။ ဧပြီလရောက်တော့ တရုတ်က အကူအညီပေးမယ်ဆိုရင် တောင်ကိုးရီးယားကို

ဝင်တက
ိုလို့ ရကြောင်း ဆိုဗယ
ီ က်တွေက Kim II Sung ကို ပြောကြားခဲ့ပါတယ်။ မေလမှာ မော်စီတန
ုးက Kim II

Sung ရဲ့ စစ်ရေးစီမံချက်ကို လက်ခံခဲ့ပြီး လိုအပ်တဲ့ စစ်ရေးအထောက်အပံ့တွေ ပေးဖို့ သဘောတူညီခဲ့ပါတယ်။

ကိုးရီးယား စစ်ပွဲကြီး စတင်ဖို့ လမ်းတွေကတော့ ပွငသ


့်ွားခဲ့ပါပြီ။

မြောက်ကိးု ရီးယားက တောင်ကိုး ရီးယားကို စတင်တက


ို ခ
် က
ိုပြီ

ကိုးရီးယားစစ်ပွဲကြီး စတင်ခဲ့တဲ့ အချိနဟ


်ာ (၁၉၅၀) ခု၊ ဇွန်လ (၂၅) ရက်၊ နံနက်လေးနာရီအချိန်မှာပါ။ တောင်ကိုးရီးယား

အနောက်ကမ်းရိုးတန်းဒေသက Ongjin ကျွန်းဆွယ်ကို မြောက်ကိုးရီးယား ပြည်သူ့ တပ်မတော်က လက်နက်ကြီး


အကူအညီသုံးပြီး စတင်တိုက်ခိုက်ပါတော့တယ်။ စစ်စတင်ပြီး မကြာခင် အချိန်မှာပဲ ဒီသတင်းဟာ ၃၈

မျဉ်းပြိုင်တလျှောက် အရှေ့ဘက် မိုင် ၂၀၀ ကျော်ကို ပျံ့နှံ့ သွားပါတယ်။ ၃၈ မျဉ်းပြိုင်ဆိုတာကလဲ

ကာကွယ်ရေးရှုထောင့်အရ အချက်အချာကျတဲ့ နယ်စပ်မျဉ်းမဟုတ်ပါဘူး။ မြစ်ချောင်းအတားအဆီးနဲ့

တောင်တန်းအတားအဆီးတွေ မရှိပါဘူး။ အဲဒီအချိန်မှာ တောင်ကိုးရီးယား စစ်တပ်အရာရှိတွေနဲ့ သူတို့ အားကိုးတဲ့

အမေရိကန်စစ်ဘက် အကြံပေးတွေက ခွင့်ယူထားချိန်ဖြစ်တာကြောင့် နာရီပိုင်းအတွင်းမှာတင် Kaesong ကို

မြောက်ကိုးရီးယား တပ်တွေက သိမ်းပိုက်နင


ိုခဲ့ပါတယ်။ Churchon ဘက်မှာ ခုခံမှုအနည်းငယ် ကြုံတွေ့ရပေမယ့်

မြောက်ကိုးရီးယားတပ်တွေကပဲ အနိုင်ရခဲ့ပါတယ်။

စာရွက်ပေါ်က ဂဏာန်းတွေကိုပဲ ကြည့်မယ်ဆိုရင် မြောက်ကိုးရီးယားနဲ့ တောင်ကိုးရီးယား တပ်သားအရေအတွကက


အတူတပ
ဲူ ဖြစ်ပါတယ်။ စစ်အင်အား ကိုးသောင်းခွဲဆီရှိခဲ့ကြပါတယ်။ ဒါပေမယ့် မြောက်ကိုးရီးယားတပ်မတော်မှာက

တရုတြ် ပည်တွင်းစစ်မှာ ကွန်မြူနစ်တွေဘက်ကနေ ၀င်တိုက်ပေးခဲ့ပြီး စစ်သက်အတွေ့အကြုံ ရှိတဲ့ တပ်သားတွေနဲ့

အရာရှိတွေ ပါဝင်နေခဲ့ပါတယ်။ တချို့ကကျတော့ ဆိုဗီယက် တပ်နီတော်မှာ အမှုထမ်းခဲ့သူတွေပါ။

ဒုတိယကမ္ဘာစစ်အတွင်းက ဆိဗ
ီုယက်စစ်လက်နက် ပစ္စည်းတွေဖြစ်တဲ့ T-34 တင့်ကားတွေ အပါအ၀င်

လက်နက်အင်အားကလဲ တောင့်တင်းခဲ့ပါတယ်။ တောင်ကိုးရီးယားစစ်တပ်ဘက်မှာကျတော့ အစိုးရက

အမေရိကန်ရုပ်သေးအစိုးရ ဖြစ်နေပြီး၊ အမေရိကန်ကိုပဲ အုပ်ချုပ်ရေး၊ စစ်ရေး၊ သူပုနန


ှ်ိမ်နင်းရေးတွေမှာ အားကိုးနေရတာ

ဖြစ်နေတဲ့အတွက် စစ်သက်အတွေ့အကြုံကလဲနည်းပြီး လေ့ကျင့်သင်ကြားပေးမှုကလဲ အခြေအနေနဲ့ မကိက


ုညီသေး

ပါဘူး။

ဒါကြောင့် မြောက်ကိုးရီးယားက တောင်ကိုးရီးယားကို ကျူးကျော်ပြီး သုံးရက်အတွင်းမှာပဲ တောင်ကိုးရီးယားရဲ့

ဆိုးလ်မြို့တော်ကို သိမ်းပိုက်နင
ိုခဲ့ပါတယ်။ မြို့ရဲ့ တောင်ပိုင်းကို ရှင်းလင်းရေး လုပ်နေတုန်းမှာတင် ဆုတ်ခွာသွားတဲ့

တောင်ကိုးရီးယားတပ်တွေဟာ ကြောက်လန့်တကြားဖြစ်ပြီး ဟန်မြစ်ပေါ်က တံတားတွေကို ချိုးဖျက်လိုက်တာကြောင်း

တံတားတွေပေါ်မှာ ရှိနေဆဲဖြစ်တဲ့ ရာပေါင်းများစွာသော အရပ်သားပြည်သူတွေ သေဆုံးသွားခဲ့ပါတယ်။

သူတို့ လိုအပ်မယ့် ရိက္ခာ ထောက်ပံ့ရေးနဲ့ စစ်လက်နက် အကူအညီ လမ်းကြောင်းတွေကို ကိယ


ုတိုင်ဖျက်ဆီးလိုကသ
် လို

ဖြစ်သွားခဲ့ပါတယ်။
(မြောက်ကိုးရီးယားက တောင်ကိုးရီးယားကို ၁၉၅၀ ခုနှစ်၊ ဇွနလ
် ၂၅ ရက်နေ့မှာ ကျူးကျော်ခဲ့ပြီး သုံးရက်အတွင်းမှာ

တောင်ကိုးရီးယား မြို့တော် ဆိုးလ်ကို သိမ်းပိုကန


ိုင်ခဲ့ပါတယ်)

စစ်ပွဲတခုရဲ့ တရားမျှတမှုရှုထောင့်ကနေ ကြည့်ရင်တော့ ဒီပွဲက ပြီးဆုံးသွားပါပြီ။ မြောက်ကိုးရီးယားတပ်တွေက ပြည်ပ

လက်နက်အကူအညီ ယူထားပေမယ့် တိက


ုပွဲကို သူတို့ ကိယ
ုတိုင်ပဲ ဆင်နွှဲခဲ့တာပါ။ တောင်ကိုးရီးယားတပ်တွေကလဲ

အမေရိကန်ရဲ့ လက်နက်အကူအညီတင်သာမက စစ်ရေးအကြံပေးမှုတွေကိုပါ ယူထားပြီး ခုခံတိုက်ပွဲဝင်ခဲ့တာပါပဲ။

ဒီတိုက်ပွဲမှာ မြောက်ကိုးရီးယား စစ်တပ်က အနိုင်ရသွားခဲ့ပါတယ်။ ကိုးရီးယားတနိုင်ငလ


ုံးကို ကွန်မြူနစ်စနစ်နဲ့

အုပ်ချုပ်ဖို့ Kim II Sung ရဲ့ မျှော်မှန်းချက်တွေ ပြည့်ဝသွားပြီလို့ ဆိုနိုင်ပါတယ်။ တရုတ်ပြည်သူ့ သမ္မတနိုင်ငံမှာ

မော်စီတုန်းတပ်တွေက ချန်ကေရှိတ်တပ်တွေကို အနိုငယ


်ူခဲ့သလိုမျိုးပဲ ဖြစ်ပါတယ်။ တရုတ်နိုင်ငံကို ဘယ်နည်းဘယ်ဖုံ

တည်ဆောက်ကြမယ်ဆိုတာကတော့ တရုတ်ခေါင်းဆောင်တွေနဲ့ တရုတ်ပြည်သေ


ူ တွရဲ့ အရေးကိစ္စပါပဲ။ တရုတ်နိုင်ငံရဲ့

အနာဂတ်ကြံ ကမ္မာကို တရုတ်ပြည်သူနဲ့ ခေါင်းဆောင်တွေကသာ ဖန်တီးကြမှာ ဖြစ်ပါတယ်။

ဒါပေမယ့် ကိုးရီးယားပြည်သူတွေမှာတော့ ဒီအခွင့်အရေး မရှိခဲ့ပါဘူး။ ကိုးရီးယားနိုင်ငံရဲ့ အနာဂတ်ကံကြမ္မာကို

ကိုးရီးယားပြည်သူတွေ ဖန်တီးခွင့် မရခဲ့ကြပါဘူး။ ကိုးရီးယား အချင်းချင်း တိုကြ် ကတဲ့ ပွဲမှာ သူတို့ ရဲ့ ရုပ်သေးသြဇာခံ

အစိုးရ အုပ်ချုပ်နေတဲ့ တောင်ကိုးရီးယားဒေသရဲ့ စစ်တပ်တွေ စစ်ရှုံးတာကို အမေရိကန်နဲ့ မဟာမိတ်တွေက

မနှစ်မြို့ခဲ့ကြပါဘူး။ ဗြိတသ
ျှိဝန်ကြီးချုပ် အက်တလီက naked aggression လို့ ကြွေးကြော်ခဲ့ပါတယ်။ အမေရိကန်ကလဲ

သူ့သြဇာခံနိုင်ငဘ
ံ က်ကနေ ၀င်ရောက်ကူညီပေးဖို့ စတင်ကြိုးပမ်းလာပါတော့တယ်။ ပမာဆိုရရင် ငါးနှစ်အရွယ်

ကလေးတွေကို အချင်းချင်း နပန်းလုံးကြတာမှာ ကိယ


ု့်ကလေးက မနိုင်တဲ့အခါ လူကြီးတွေကပါ တဘက်က

ကလေးငယ်ကို ၀င်ရက
ိုကြသလိုမျိုးပါ။ အဲဒီအချိန်ကာလက အမေရိကန်ရဲ့ ရုပ်သေးအဆင့်လောက်သာ ရှိသေးတဲ့
ကုလသမဂ္ဂလုံခြုံရေးကောင်စီကလဲ အမေရိကန်ရဲ့ စစ်ရေးအရ ၀င်ရောက်စွက်ဖက်မှုကို legitimate ဖြစ်အောင်

ပြုလုပ်ပေးပါတယ်။ ကမ္ဘာ့ငြိမ်းချမ်းရေးနဲ့ လုံခြုံရေးအတွက် ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံအားလုံးက တောင်ကိုးရီးယားကို

လိုအပ်တဲ့ ကူညီထောက်ပံ့မှု ပေးရမယ်လို့ ယူအက် လြုံ ခုံရေးကောင်စီက ကြေညာပါတော့တယ်။ ဒီတုန်းက

ဒုတိယကမ္ဘာစစ်ကြီးပြီးစ၊ စစ်အေးတိက
ုပွဲစကာစအချိန်မှာ တခါမှ မကွဲခဲ့ဖူးတဲ့ ကိုးရီးယားနိုင်ငံကို မြေပုံပေါ်မှာ

တောင်နှင့်မြောက်ဖြစ်အောင် အမေရိကန် စစ်ဘက်အကြံပေးများက ခွဲခဲ့ပြီးမှ ကိုးရီးယား ပြည်သူအချင်းချင်း စစ်တက


ိုပြီး

တဘက်မှ တဘက်ကို အနိုင်ရမှုဟာ ကမ္ဘာ့ငြိမ်းချမ်းရေးကို ထိခိုက်တာ မထိခက


ိုတာတော့ မသေချာ။အမေရိကန်ရဲ့

ကွန်မြူနစ်နှိမ်နင်းရေး Truman Doctrine ကို အရှိုက်ထိသွားတာတော့ သေချာပါတယ်။ ယူအင်ရဲ့

လုပ်ငန်းဆောင်တာတွေကို အနောက်နိုင်ငေ
ံ တွ အလိုကျမဖြစ်အောင် check and balance လုပ်ပေးနိုင်မယ့်

တရုတြ် ပည်သူ့သမ္မတနိုင်ငံ အစိုးရကလဲ ယူအင်မှာ မရောက်သေးပါ။ ယူအင်မှာ တရုတ်ထိုင်ခုံကို ယူထားတာက

ချန်ကေရှိတ်အစိုးရ ဖြစ်ပါတယ်။ ဆိုဗီယက်ကလဲ အမေရိကန်နဲ့ ထိပ်တိုက် မတွေ့လိုသေးပါ။ ဒါကြောင့် ယူအင်က

အမေရိကန် စိတ်တိုင်းကျ စီမံလို့ ရတဲ့ နေရာကြီး တခု ဖြစ်နေခဲ့ပါတယ်။

ဒီလိုနဲ့ ဇွန်လ ၂၇ ရက်နေ့မှာ ထွက်ပေါ်လာခဲ့တဲ့ UN Resolution ကို ကိုင်ပြီး အမေရိကန်က

စတင်လှုပ်ရှားပါတော့တယ်။ ဂျပန်မှာ အခြေစိုက်နေတဲ့ အမေရိကန် ဗိလ


ုချုပ် Douglas MacArthur ကို ကိုးရီးယား

ဆိုးလ်မြို့ရဲ့ တောင်ပိုင်း ဟန်မြစ်ကမ်းတဘက်က တောင်ကိုးရီးယားတပ်တွေဆက


ီို သွားဖို့ စေလွှတ်ခဲ့ပါတယ်။ ဇွန်လ

၂၉ ရက်နေ့မှာ ဗိလ
ုချုပ် မက်စ်အာသာ စစ်မြေပြင်ကေ
ို ရာက်သွားတော့ သွေးပျက်နေတဲ့ တောင်ကိုးရီးယားစစ်တပ်ကို

တွေ့ရပါတော့တယ်။ သွေးပျက်နေတဲ့ တပ်သားတွေနဲ့ တိုက်ပွဲဝင်ဖို့ဆိုတာ မဖြစ်နိုင်တာကြောင့်

အမေရိကန်တပ်သားတွေ ၀င်ရောက်စစ်ကတ
ိုက်ခိုက်မှ ရမယ်ဆိုတဲ့အကြောင်း ထရူးမင်းဆီကို

အစီရင်ခံစာရောက်ပါတယ်။ အမေရိကန် သမ္မတက နောက်တနေ့မှာပဲ ယူအက်စတ


် ပ်တွေကို တောင်ကိုးရီးယားကို စပြီး

ပို့ပါတော့တယ်။ အမေရိကန်က ကုလသမဂ္ဂလုံခြုံရေးကောင်စီက Resolution ကို ကိုင်ထားတဲ့အတွက်

တခြားယူအင်နိုငင
်ံတွေကလဲ တောင်ကိုးရီးယားဘက်ကနေ ကူညီ တိုက်ခက
ိုရပါတော့တယ်။ ဗြိတိန်၊ သြစတြေးလျ၊

ကနေဒါ၊ နယူးဇီလန်၊ ကိုလံဘယ


ီာ၊ ဖိလစ်ပိုင်နဲ့ ထိင
ုးနိုင်ငံတွေက ကုလသမဂ္ဂတပ်တွေအနေနဲ့

ပါဝင်အားဖြည့်ကြပါတယ်။

ဒါပေမယ်လ
ဲ့ ခြေလျင်စစ်သည်တွေအနေနဲ့ တောင်ကိုးရီးယားတပ်တွေနဲ့အတူ တိုက်ပွဲဝင်ခဲ့ကြတာက

အမေရိကန်စစ်သည်တွေပါ။ အမေရိကန်စစ်တပ်က မြောက်ကိုးရီးယားတပ်တွေကို အလွယတ


် ကူချေမှုန်းနိုင်မယ်လို့

ထင်ခဲ့ကြပါတယ်။ ဒါပေမယ်လ
ဲ့ အမေရိကန်တပ်တွေဝင်လာပြီး သုံးပတ်အတွင်းမှာလဲ စစ်ပွဲဟာ သူတို့

မျှော်မှန်းသလောက် မလွယက
်ူမှန်း သိသွားကြပါတော့တယ်။ တောင်ကိုးရီးယားက အမေရိကန်ရုပ်သေးအစိုးရကို
တော်လှန်နေကြတဲ့ တော်လှန်ရေးသမား သူပုန်တွေကလဲ အမေရိကန်တွေရဲ့ ထောက်ပံ့ရေးလမ်းကြောင်းတွေကို

ဖျက်ဆီးပစ်ခဲ့ကြပါတယ်။ ဇူလိုင် (၂၀) မှာ အမေရိကန် ဗိလ


ုချုပ် William F. Dean ကို မြောက်ကိုးရီးယားတပ်က

အရှင်ဖမ်းမိသွားပါတယ်။

ဇူလိုင်အကုန်ရောက်တော့ တောင်ကိုးရီးယားရဲ့ အနောက်ပိုင်းဒေသတခုလုံးဟာ မြောက်ကိုးရီးယား တပ်မတော်

လက်ထဲကို ကျရောက်သွားပါပြီ။ အမေရိကန်နဲ့ တောင်ကိုးရီးယား စစ်တပ်တွေက Pusan Port ကို ဆုတ်ခွာကြပါတယ်။

စစ်ကူမရောက်ခင်မှာ Pusan Port တ၀ိုက်မှာ ခြေကုပ်ယူပြီး ခံစစ်တည်ဆောက်ဖို့ ရည်ရွယ်ချက်နဲ့ပါ။ တချိန်တည်းမှာပဲ

ကြွက်မနိင
ု၊ ကျီမီးရှို့တဲ့ လုပ်ရပ်ကို အမေရိကန်တွေက စလုပ်လာပါတော့တယ်။ အရပ်သားတွေ အခြေချနေထိုင်တဲ့

နယ်မြေဒေသတွေအပါအ၀င် မြောက်ကိုးရီးယားတပ်တွေကို လေကြောင်းကနေ တိုက်ခိုက်မှု ဖြစ်ပါတယ်။

ဒီလိုလေကြောင်းကနေ တိုက်ခိုကမ
ှ်ုတွေကြောင့် မြောက်ကိုးရီးယားတပ်သားတွေသာမက တောင်ကိုးရီးယား အရပ်သား

ပြည်သူအများအပြားပါ သေကြေပျက်စီးခဲ့ရပါတယ်။

သြဂုတ်လအစပိုင်းမှာ အမေရိကန်နဲ့ တောင်ကိုးရီးယားတပ်တွေဟာ ခံတပ်ခိုင်မာဖို့ ကြိုးပမ်းနေရဆဲပဲ ရှိပါသေးတယ်။

မြောက်ကိုးရီးယားတပ်တွေက Pusan Port နဲ့ မိုင်ငါးဆယ်ပဲ ဝေးတဲ့ Mason ကို ချီတက်လာကြပါပြီ။

အမေရိကန်စစ်တပ်က Lieutenant General Walton Walker က မရင်းတပ်မကြီးနဲ့ မြောက်ကိုးရီးယားတပ်

ချီတက်ရာလမ်းကြောင်းကို ပိတဆ
ို့ဖို့ လုပ်ပါတယ်။ ဒါပေမယ့်လဲ မအောင်မြင်ခဲ့ပါဘူး။ ဒါကြောင့် နောက်ထပ်

ချေမှုန်းရေးတပ်တွေကို မလွှတ်တော့ပဲ ခံစစ်ဒေသ ခိုင်မာရေးကိုသာ ဦးတည်ကြိုးပမ်းကြပါတော့တယ်။

Pusan Preimeter မြေပုံ


Pusan Perimeter က တောင်ကနေ မြောက်အထိ မိုင်ရှစ်ဆယ် ကျယ်ဝန်ပြီး၊ အရှေ့အနောက် မိုင်ငါးဆယ်ခန့်

ကျယ်ဝန်းပါတယ်။ အရှေ့ဘက်မှာ Pohangdon မြို့ နဲ့ Yonil လေတပ်အခြေစိုက်စခန်း ရှိပါတယ်။

စစ်ရေးအချက်အချာကျတဲ့ နေရာတွေ ဖြစ်တာကြောင့် အမေရိကန်နဲ့ တောင်ကိုးရီးယားတပ်တွေက အသည်းအသန်

ကာကွယ်ခဲ့ကြရပါတယ်။ ဒါပေမယ့်လဲ သြဂုတ်ဒုတိယပတ်ရောက်တော့ ဒီနေရာတွေကို မြောက်ကိုးရီးယားတပ်တွေက

သိမ်းပိုကလ
ိုက် တာကြောင့် အမေရိကန်တပ်တွေနဲ့ တောင်ကိုးရီးယားတပ်တွေက ပင်လယ်ဘက်ကနေ

ထွက်ပြေးခဲ့ရပါတယ်။ နောက်ပိုင်းမှာ အမေရိကန်လေတပ်က လေကြောင်းတိုက်ခိုက်မှု တွေ အကြီးအကျယ်

ပြုလုပ်လာတာကြောင့် မြောက်ကိုးရီးယားတပ်တွေက ဆုတ်ခွာပေးလိုက်ရပါတယ်။

မြောက်ကိုးရီးယားတပ်တွေက အမေရိကန်တပ်တွေရဲ့ ရှေ့တန်းဗျူဟာရုံးနဲ့ တောင်ကိုးရီးယား အစိုးရယာယီ

ရုံးစိုက်ရာမြို့ဖြစ်တဲ့ Taegu ကို အာရုံစိုက်လာပါတယ်။ မြောက်ကိုးရီးယားတပ်တွေ နီးကပ်လာတာကြောင့်

တောင်ကိုးရီးယားအစိုးရက Pusan ကို ထွက်ပြေးရပါတော့တယ်။ နိုင်ငံရေးအချက်အချာနေရာဟာ Pusan

ဖြစ်လာတာကြောင့် မြောက်ကိုးရီးယားခေါင်းဆောင် Kim II Sung က စက်တင်ဘာ (၁) ရက်မတိုင်မီမှာ သိမ်းပိုက်ဖို့

အမိန့်ပေးလိုက်ပါတယ်။ အမေရိကန်ရဲ့ ရုပ်သေးအစိုးရဖြစ်တဲ့ တောင်ကိုးရီးယားအစိုးရကို အမေရိကန်စစ်တပ်က

အထူးကာကွယ်ပေးခဲ့ရပါတယ်။ နောက်ဆုံး အမေရိကန်စစ်တပ်နဲ့တင် မလုံလောက်တော့ပဲ ဗြိတိန်ရဲ့ အကူအညီကိုပါ

တောင်းခံလာတာကြောင့် သြဂုတ်လနှောင်းပိုင်းမှာ ဗြိတိသျှ တပ်မတခုက Pusan မှာ ခြေကုပ်သွားယူရပါတော့တယ်။

သြဂုတ် (၃၁) မှာ မြောက်ကိုးရီးယားစစ်တပ်က General Kim Chaik ရဲ့ Pusan စစ်ဆင်ရေးကြီး စတင်လာပါတယ်။

ဒါပေမယ့် နိင
ုငံသုံးခုရဲ့ စစ်တပ်သုံးခု ပူးပေါင်းပြီး ခုခက
ာံကွယ်နေတာကြောင့် မအောင်မြင်ခဲ့ပါဘူး။ စက်တင်ဘာ (၈)

ရက်မှာ နှစ်ဘက်စလုံးက တဘက်နဲ့တဘက် ရင်ဆိုင်ထိန်းချုပ်ထားတဲ့ အဆင့်မှာပဲ ရှိနေပါသေးတယ်။ အဲဒီအချိန်မှာပဲ

အမေရိကန် စစ်တပ်က ဗိုလ်ချုပ် မက်စ်အာသာရဲ့ Operation Chromite စစ်ဆင်ရေးကြီးက စတင်လာပါတော့တယ်။

စစ်ပွဲကြီး စတင်ချိနတ
်ုန်းက တောင်ကိုးရီးယား အနောက်ပိုင်း Ichon Port ကို သိမ်းပိုက်ပြီး ဆိုးလ်မြို့တော်ကို

ပြန်လည်သိမ်းပိုက်ဖို့ စီမံချက်ရှိခဲ့ဖူးပါတယ်။ မြောက်ကိုးရီးယားလက်ထဲကို ကျရောက်နေတဲ့ ဆိုးလ်မြို့တော်ကို

သိမ်းပိုက်နိုင်မသ
ှာ ဆက်သွယ်ရေးလမ်းကြောင်းနဲ့ ထောက်ပံ့ရေးလမ်းကြောင်းတွေကို ဖြတ်တောက်နိုငြ် ပီး Pusan

Perimeter ကို အာရုံစက


ိုနေတဲ့ မြောက်ကိုးရီးယားတပ်တွေ ပြန်လည်ဆတ
ုခွာရေးကို ပြုလုပ်နိုင်မယ်လို့

ယူဆတာကြောင့် ဒီစီမံချက်ကို အသက်သွင်းဖို့ စတင်ကြိုးပမ်းပါတော့တယ်။ ဒီစစ်ဆင်ရေးအတွက် အထူးတပ်ဖြစ်တဲ့ X

Corps ကို ဖွဲ့စည်းခဲ့ပါတယ်။


စက်တင်ဘာလ (၁၆) ရက်နေ့မှာ အမေရိကန်တပ်တွေက Inchon ကို သိမ်းပိုက်နိုင်ခဲ့ပါတယ်။ အဲဒီကနေတဆင့်

ဆိုလ်းကို သိမ်းပိုက်ဖို့ ကြိုးပမ်းတာမှာ မြောက်ကိုးရီးယားစစ်သည် နှစ်သောင်းကျော်က ကာကွယ်ခဲ့ကြပါတယ်။

ဒါပေမယ်လ
ဲ့ အမေရိကန်တပ်တွေက အင်အားဖြည့် တိုက်ပွဲဝင်ခဲ့ကြတာကြောင့် စစ်တင်ဘာ (၂၀) မှာ ဆိုးလ်မြို့တော်ရဲ့

ဆင်ခြေဖုန်းဒေသတွေအထိ အမေရိကန်တပ်တွေ ၀င်ရောက်နိုင်ခဲ့ကြပါတယ်။ ဆိုးလ်မြို့တော်ကို

အမေရိကန်တပ်တွေက သိမ်းပိုက်ပြီးချိနမ
ှ်ာ Pusan Perimeter မှာ ရင်ဆိုင်ထိန်းချုပ်တိုက်ပွဲဝင်နေတဲ့

မြောက်ကိုးရီးယားတပ်တွေက ရှေ့က အမေရိကန်၊ ဗြိတိန်နဲ့ တောင်ကိုးရီးယားတပ်တွေနဲ့ နောက်က အမေရိကန် X

Corps တွေအကြားမှာ ညပ်သွားပါတယ်။ မြောက်ကိုးရီးယားတပ်တွေ အားပျော့လာချိန်မှာ ဗိုလ်ချုပ်မက်အာသာ

ကိုယတ
ိုင် တောင်ကိုးရီးယားကို သွားပြီး အမေရိကန်နဲ့ ယူအင်တပ်တွေကြောင့် အသက်ဆက်နေရတဲ့

တောင်ကိုးရီးယားအစိုးရကို အသက်ပြန်သွင်းပေးခဲ့ပါတယ်။ အမေရိကန် ရုပ်သေး ကိုးရီးယားခေါင်းဆောင် Syngman

Rhee ကို သမ္မတရာထူးပြန်ပေးအပ်ခဲ့ပါတယ်။ ထောင်ပေါင်းများစွာသော မြောက်ကိုးရီးယားတပ်သားတွေ

စစ်အကျဉ်းသားတွေ ဖြစ်ခဲ့ပါတယ်။ ဒီအချိန်ကာလတုန်းက လူ့အခွင့်အရေးဆိုတာကလဲ ကမ္ဘာမှာ

ကျယ်ကျယ်လောင်လောင် မရှိသေးပါဘူး။ စစ်မြေပြင်ရာဇ၀တ်မှုတွေကို နှစ်ဘက်စလုံးက ကျူးလွန်ခဲ့ကြတာပါ။

မြောက်ကိုးရီးယားတပ်တွေရဲ့ စစ်အကျဉ်းသား ဖြစ်ခဲ့တဲ့ အမေရိကန်တပ်သားတွေနဲ့ တောင်ကိုးရီးယား

တပ်သားတွေသာမက တောင်ကိုးရီးယားနဲ့ အမေရိကန်တပ်တွေရဲ့ စစ်အကျဉ်းသား ဖြစ်ခဲ့တဲ့ မြောက်ကိုးရီးယား


တပ်သားတွေပါ နှိပ်စက်ညှဉ်းပန်းခံခဲ့ကြရတာပါပဲ။ အပြန်အလှန် စွပ်စွဲကြပြီး စစ်နိုငသ
်ူက သူုလိုရာဆွဲရေးတဲ့

သမိုင်းတွေကသ
ိုာ လူအများသိခွင့်ရကြတာကတော့ စစ်ပွဲတိုင်းရဲ့ ထုံးစံတခုပါပဲ။

စစ်ပွဲကာလအတွင်းမှာ လူမဆန်တဲ့ သတ်ဖြတ်မှုတွေကို နှစ်ဘက်စလုံးက ပြုလုပ်ခဲ့ကြပါတယ်။ အမေရိကန်စစ်သားနဲ့

တောင်ကိုးရီးယားစစ်သားတွေကို ဖမ်းမိတဲ့အခါ မြောက်ကိုးရီးယားတွေက နားနောက်မှာ သေနတ်ထောက်ပြီး

တချက်တည်းနဲ့ အသေ ပစ်သတ်ပါတယ်။ တောင်ကိုးရီးယားတွေကလဲ ကွန်မြူနစ်လို့ သံသယရှိတဲ့

အရပ်သားတွေကိုပါ အစုလက
ိုအပြုံလိုက် ပစ်သတ်ပါတယ်။ အမေရိကန်စစ်သားတွေဟာ တောင်ကိုးရီးယား

တပ်တွေနဲ့အတူ နယ်မြေရှင်းလင်းရေး ထွက်ချိန်တွေမှာ ကျေးလက်ဒေသက ကွနြ် မူနစ်ဝါဒ ထောက်ခသ


ူံ အရပ်သား

တောင်သလ
ူ ယ်သမားတွေကို တောင်ကိုးရီးယားစစ်တပ်က ပစ်သတ်မှုတွေမှာပါ ပါဝင်ခဲ့ကြရပါသေးတယ်။

တောင်ကိုးရီးယားအစိုးရဟာ အမေရိကန်အသက်သွင်းမှုကြောင့်သာ အသက်ရှင်နေပေမယ့် တောင်ကိုးရီးယား

အရပ်သားပြည်သူ အများစုကတော့ ကွန်မြူနစ်ဝါဒကိုသာ ထောက်ခံခဲ့ကြပါတယ်။ ဒါကြောင်လ


ဲ့ Syngman Rhee

အစိုးရနဲ့ စစ်တပ်က ကျေးလက်ဒေသက ကွန်မြူနစ်အမာခံတွေကို သူပုန်တွေလို့ သံသယရှတ


ိာနဲ့ အစုလက
ိုအပြုံလိုက်

သတ်ဖြတ်ပစ်လိုက်ကြပါတယ်။

အဖမ်းမခံရတဲ့ မြောက်ကိုးရီးယား တပ်သားတွေက တောင်ကိုးရီးယားမှာ ရှိနေတဲ့ တော်လှန်ရေးသမားသူပုန်တွေနဲ့

လက်တွဲပြီး ဆက်လက်တက
ိုပွဲဝင်ကြပြန်ပါတယ်။ သူတို့ တွေက ပြည်သူထဲမှာ တပ်ဖျောက်နေပါတယ်။

တောင်ကိုးရီးယားတွေက တော်လှန်ရေးသမားနဲ့ မြောက်ကိုးရီးယားတွေကို ရှာလို့ မတွေ့တော့ သူတို့

အခြေစိက
ုမယ်ထင်တဲ့ နယ်မြေဒေသတွေကို သူပန
ုနယ်မြေတွေ သတ်မတ
ှ်ပြီး အမေရိကန်တွေကို ဗုံးကြဲခိုင်းပါတယ်။

ဒီဗုံးဒဏ်တွေကြောင့် အရပ်သားထောင်ပေါင်းများစွာရဲ့ အသက်တွေ ကြွေလွင့်ခဲ့ရပြန်ပါတယ်။

စစ်ပွဲက မပြီးသေးပါဘူး။ စက်တင်ဘာ (၂၇) ရက်ရောက်တော့ အမေရိကန်အစိုးရက ဗိလ


ုချုပ်မက်အာသာကို

မြောက်ကိုးရီးယားကို ကျူးကျော်သိမ်းပိုက်ခွင့်ပေးလိုက်ပါတယ်။ ၃၈ မျဉ်းပြိုင်ကို ကျော်ပြီး မြောက်ကိုးရီးယားစစ်တပ်ကို

ချေမှုန်းဖို့ ခွင့်ပြုချက်ရသွားပါတယ်။ မြောက်ကိုးရီးယားက တောင်ကိုးရီးယားကို ကျူးကျော်ဖို့ ကြိုးပမ်းလို့

တောင်ကိုးရီးယားကို ၀န်းရံကာကွယ်ဖို့ Resolution ထုတ်ပေးခဲ့တဲ့ ယူအင်ကလဲ အမေရိကန်တပ်တွေက

မြောက်ကိုးရီးယားကို ကျူးကျော်ဖို့လုပ်တော့ ရေငုံနတ


ှုပိတ်ပါပဲ။ အောက်တဘ
ိုာ (၁) ရက်နေ့ရောက်တော့ ယူအင်ရဲ့

Commander in Chief အနေနဲ့ ဗိုလ်ချုပ်မက်အာသာက မြောက်ကိုးရီးယားခေါင်းဆောင်တွေကို

'I, as the United Nations Commander in Chief, call upon you and the forces under your command, in
whatever part of Korea situated, forthwith to lay down your arms and cease hostilities under such

military supervision as I may direct....'

လို့ ဆိုခဲ့ပါတယ်။

တင်းမာမှုအခြေအနေက တစတစ ဆိုးလာခဲ့ပါပြီ။ မြောက်ကိုးရီးယားနဲ့ တောင်ကိုးရီးယားတို့ အကြားက

ဝါဒရေးရာအားပြိုင်မှုတွေကို ပြည်ပစွက်ဖက်မှုတွေက အားဖြည့်ပေးထားတဲ့ စစ်ပွဲမှာ အမေရိကန်တပ်တွေက သူုတို့

ရုပ်သေး တောင်ကိုးရီးယားဘက်က ၀င်တိုက်ပေးရုံမက မြောက်ကိုးရီးယားကိုပါ သိမ်းပိုက်ဖို့

ခြိမ်းချောက်လာပြန်ပါတယ်။ အမေရိကန်က ယူအင်ကို ကြိုးကိုင်ပြီး ယူအင်အရေခြုံထားတာကြောင့် ယူအင်အဖွဲ့နဲ့

နိုင်ငံတွေကပါ ကန့်လန့်ကန့်လန့် ပါနေကြပါတယ်။ နှစ်ဘက် နိုင်ငံရေ၊ စစ်ရေးကစားပွဲက တရားမျှတမှု လုံးဝ

မရှိတော့ပါဘူး။ ဒီလိုအခြေအနေမှာ မြောက်ကိုးရီးယားကို ကျောထောက်နောက်ခံ ပေးခဲ့တဲ့ ဆိုဗီယက်ယူနီယံက

လက်ပက
ိုကြည့်နေခဲ့ပေမယ့် မြောက်ကိုးရီးယားနဲ့ နယ်နိမတ
ိချင်း ဆက်ဆံနေတဲ့ တရုတ်အနေနဲ့ကတော့

လက်ပက
ိုကြည့်နေလို့ မရတော့ပါဘူး။

ကမ္ဘာ့နိုင်ငံရေးစင်မြင့်ပေါ်မှာကလဲ ချန်ကေရှတ
ိတပ်တွေကို မော်စီတုန်းတပ်တွေက အနိုင်ယူပြီး တရုတ်ပြည်သူ့

သမ္မတနိုင်ငံကြီးကို တည်ထောင်ပြီးဖြစ်ပေမယ့် ယူအင်က အမေရိကန်ကျောထောက် နောက်ခံပေးထားတဲ့

ချန်ကေရှိတ်အစိုးရကိုပဲ တရုတ်အစိုးရအဖြစ် အသိအမှတြ် ပုပြီး လုံခြုံရေးကောင်စီ ကုလားထိုင်ပေါ်မှာ

ထိုင်ခိုင်းထားဆဲပါ။ မြောက်ကိုးရီးယားကို သိမ်းပိုက်ဖို့ ပြင်နေတဲ့ အမေရိကန်စစ်ရေး မျှော်မှန်းချက်တွေရဲ့

နောက်ဆက်တွဲမှာ တရုတ်နိုင်ငံနဲ့ နယ်နိမတ


ိချင်းထိစပ်နေမှုကို အခွင့်ကောင်းယူပြီး တရုတရ
်ဲ့ အချုပ်အခြာအာဏာကို

ထိခိုကလ
်ာနိုင်ဖွယ် consequences တွေကလဲ ရှိနိုင်ကြောင်း တရုတ်မဟာဗျူဟာကျွမ်းကျင်သူတွေက

သံသယရှိလာကြပါတယ်။ ဒါကြောင့် မော်စီတုန်းအစိုးရဟာ မြောက်ကိုးရီးယားကို အမေရိကန်သိမ်းပိုက်သွားပြီး

အမေရိကန် ရုပ်သေး တောင်ကိုးရီးယားအစိုးရ လက်အောက်မှာ ထည့်သွင်းသွားမယ့် အရေးကို

လက်ပက
ိုကြည့်မနေခဲ့ပါဘူး။

စစ်ပတ
ွဲင်း သို့ တရုတဝ
် င်လာပြီ

မူလအစတုန်းက အမေရိကန်နဲ့ ယူအင်ရဲ့ စစ်ရေးအရ ၀င်ရောက်စွက်ဖက်မှု ဟာ တောင်ကိုးရီးယားကို

ကာကွယ်ပေးဖို့ လို့ ဆိုခဲ့ပါတယ်။ ဒါပေမယ့် စက်တင်ဘာ လကုန်ရောက်တော့ အမေရိကန်က ယူအင်အရေခြုံပြီး

မြောက်ကိုးရီးယားကိုပါ ၀င်ရောက်ကျူးကျော်ပြီး မြောက်ကိုးရီးယားစစ်တပ်ကို ချေမှုန်းဖို့ ဖြစ်လာပါပြီ။


အမေရိကန်မဟာဗျူဟာ ကျွမ်းကျင်သူအချို့က ဒါနဲ့ ပတ်သက်ပြီး သဘောမတူခဲ့ကြပါဘူး။ မလိုလားအပ်တဲ့

နောက်ဆက်တွဲ ပြဿနာတွေ တက်လာတော့မယ်လို့ ယူဆပြီး သတိပေးခဲ့ကြပါတယ်။ သူတို့ရဲ့

သတိပေးချက်တွေကြောင့် အမေရိကန်သမ္မတ ထရူးမင်းက တရုတ်၊ ဆိုဗီယက်တို့နဲ့ ထိပ်တိုက်ရင်ဆိုင်မှု ဖြစ်လာမှာကို

စိုးရိမ်လာပါတယ်။ တရုတ်ပြည်နဲ့ မြောက်ကိုးရီးယားနယ်စပ်ဖြစ်တဲ့ Yalu မြစ်ကြောင်းတလျှောက်မှာ

လေကြောင်းတိုက်ခိုက်မှု နဲ့ တခြား စစ်ရေးအော်ပရေးရှင်းတွေ မပြုလုပ်ရဘူးလို့ ဗိုလ်ချုပ်မက်အာသာကို

အမိန့်ပေးခဲ့ပါတယ်။ တရုတ်တပ်တွေနဲ့ ထိပ်တက


ိုရင်ဆိုင်မှု မဖြစ်ရလေအောင် တရုတ်နယ်စပ်နဲ့ မိုင်

လေးဆယ်အတွင်းမှာ လှုပ်ရှားခြင်း မပြုဖို့ကိလ


ဲု မဟာဗျူဟာ ကျွမ်းကျင်သူတွေက တွက်ချက်တင်ပြပေးထားခဲ့ပါတယ်။

စစ်တင်ဘာ (၃၀) ရက်မှာပဲ မော်စီတုန်းအစိုးရက အမေရိကန်နိုင်ငက


ိုံ

'The Chinese people absolutely will not tolerate foreign aggression, nor will they supinely tolerate

seeing their neighbours being savagely invaded by imperialists' ဆိုပြီး သတိပေးခဲ့ပါတယ်။ ဒါဟာ

နယ်နိမတ
ိချင်း ထိစပ်နေတဲ့ အိမ်နီးချင်းနိုင်ငံတွေနဲ့ ပတ်သက်ပြီး တရုတ်နိုင်ငံရဲ့ သဘောထားဖြစ်ပါတယ်။

အမေရိကန်က ဒီလသ
ို တိပေးချက်ကို အလေးအနက် မထားခဲ့ပါဘူး။ တရုတ်နယ်စပ်ကို မရောက်သေးသရွေ့

တရုတအ
် စိုးရနဲ့ ပြဿနာဖြစ်နိုင်ဖွယ် မရှိဘူးလို့ ယူဆထားခဲ့ကြပါတယ်။ အောက်တိုဘာလရောက်တော့

ဗိုလ်ချုပ်မက်အာသာ တပ်တွေက မြောက်ကိုးရီးယားကို ကျူးကျော်ပါတော့တယ်။ အောက်တဘ


ိုာလ (၁၂) ရက်နေ့မှာ

မြောက်ကိုးရီးယား မြို့တော် Pyongyang ကို အမေရိကန်တပ်တွေ အများအပြားပါဝင်တဲ့ ယူအင်တပ်တွေက

သိမ်းပိုက်ခဲ့ပါတယ်။ အောက်တိုဘာလ (၁၉) ရက်နေ့ရောက်တော့ တရုတ်ပြည်သူ့လွတေ


် မြာက်ရေးတပ်မတော်ရဲ့

ခြေမြန်တပ်ရင်းအချို့က Yalu မြစ်ကိုကျော်ဖြတ်ပြီး မြောက်ကိုးရီးယားနယ်မြေထဲကို ချဉ်းနင်းဝင်ရောက်

လာကြပါတော့တယ်။ နောက်ပိုင်းမှာ မြောက်ကိုးရီးယားစစ်မြေပြင်အတွက် အသုံးပြုတဲ့ တရုတ်ပြည်သူ့

လွတ်မြောက်ရေး တပ်မတော်ရဲ့ လက်အောက်ခံ တပ်တွေကို တရုတ်ပြည်သူ့ ၀န်ထမ်းတပ်လို့ အမည်ခွဲခြား

သတ်မတ
ှ်ခဲ့ပါတယ်။

အောက်တဘ
ိုာ (၂၅) ရက်နေ့ရောက်တော့ တရုတ်တပ်တွေနဲ့ ယူအင်တပ်တွေ စတင်ထိတွေ့မှု ဖြစ်ပြီး နိုဝင်ဘာ (၆)

ရက်နေ့အထိ ပြင်းပြင်းထန်ထန် တိုက်ပွဲတွေ ဖြစ်ခဲ့ပါတယ်။ နိုဝင်ဘာ (၆) ရက်နေ့ရောက်တော့ ယူအင်တပ်တွေ

ဘက်က အထိနာလာတာကြောင့် ဆုတ်ခွာပြီး ပြန်လည်စုစည်းရပါတော့တယ်။ တရုတ်တပ်တွေကလဲ တောင်တန်းတွေ

အကြားမှာ ပြောက်ကျား အသွင်နဲ့ ပြန်လည်ပျောက်ကွယ် သွားပြန်ပါတယ်။ အမေရိကန်တွေနဲ့အတူ တိုက်ပွဲဝင်နေတဲ့

ဗြိတိနတ
် ပ်တွေက တရုတ်နဲ့ ဆွေးနွေးညှိနှိုင်းမှု လုပြ် ပီး အပစ်အခတ်ရပ်စဲရေး ဇုနတ
် ခု သတ်မတ
ှ်သင့်ကြောင်း
အမေရိကန်ဗိုလ်ချုပ်တွေကို တင်ပြကြပါတယ်။

ဒါပေမယ့် အမေရိကန်တွေက လက်မခံခဲ့ကြပါဘူး။ နိုဝင်ဘာ (၂၄) ရက်နေ့ရောက်တော့ ဗိလ


ုချုပ်မက်အာသာက

နောက်ဆုံးအပြီးသတ်တိုက်ပွဲ ဆင်နွှဲဖို့ သူ့တပ်တွေကို အမိန့်ပေးပါတယ်။ ဒါနဲ့ ပတ်သက်ပြီး တိက


ုပွဲဝင်နေကြတဲ့

စစ်ဆင်ရေးမှူးတွေက အလွန်ပဲ စိုးရွံ့ကြပါတယ်။ မြောက်ကိုးရီးယား တောင်တန်းတွေအကြားမှာ ဆောင်းရာသီ

စစ်ဆင်ရေး ပြုလုပ်ရတာဟာ အမေရိကန်တပ်တွေအတွက် မလိုလားအပ်တဲ့ တောင်းဆိုမှုဖြစ်ကြောင်း ဆိုခဲ့ကြပါတယ်။

တောင်တန်းတွေအကြားမှာ နေရာယူတပ်ဖျောက်ထားတဲ့ တရုတ်စစ်သည်အင်အားကိုလဲ မခန့်မှန်းနိုင်ကြပါဘူး။

ဒါပေမယ်လ
ဲ့ စစ်မိန့် ဖြစ်တာကြောင့် ကြောက်လန့်တကြားနဲ့ပဲ စစ်ဆင်ရေးထွက်ခဲ့ကြပါတယ်။ တောင်တန်းတွေ

အကြားမှာတော့ တရုတ်တပ်မတော် General Peng Dehuai ရဲ့ တရုတ်စစ်သည် နှစ်သိန်းကျော်က

စောင့်ကြိုနေကြပါတယ်။ တရုတ်စစ်သည်တွေမှာ အမေရိကန်တပ်တွေလို လက်နက်ကြီးပစ်ကူတွေ၊ တင်က


့ားတွေ၊

လေကြောင်းအကူအညီတွေ မရှိခဲ့ကြပါဘူး။ ဒါပေမယ့် နာရီအနည်းငယ်အတွင်းမှာပဲ အမေရိကန်နဲ့ ယူအင်တပ်တွေရဲ့

ညာတောင်ပံစစ်ကြောင်းကို ဖောက်ပြီး တောင်ကိုးရီးယားတပ်တွေကို ချေမှုန်းနိုင်ခဲ့ပါတယ်။ နိုဝင်ဘာ (၂၈)

ရက်နေ့ရောက်တော့ ယူအင်ရဲ့ အမှတ် (၈) တပ်မတော် ဆုတ်ခွာသွားရပါတယ်။ ဆုတ်ခွာရာမှာလဲ တရုတ်တပ်တွေနဲ့

မြောက်ကိုးရီးယားတပ်တွေက ချုံခိုတိုက်ခက
ိုကြတာကြောင့် အမေရိကန်ရဲ့ 2nd Division တပ်ကြီးတခုလုံး

တိုက်ခက
ိုရေးအတွက် ပြန်လည်စုဖွဲ့လို မရအောင်ကို ဖွဲ့စည်းပုံပျက်သွားခဲ့ရပါတယ်။
အရှေ့ဘက်စစ်မျက်နှာမှာလဲ ယူအင်တပ်အင်အား တသောင်းခုနစ်ထောင်ကျော်ဟာ လမ်းကျဉ်း လမ်းမြောင်လေး

တွေကနေ အသည်းအသန် ဆုတ်ခွာထွက်ပြေးကြရပါတယ်။ ဒီဇင်ဘာ ၂၄ ရက်နေ့ရောက်တော့ ယူအင်တပ်တွေဟာ

၃၈ မျဉ်းပြိုင်အနီးအနားမှာတောင် မရှိကြတော့ပါဘူး။ သုံးလနီးပါးကြာခဲ့တဲ့ ဒီထိတွေ့မှုတွေမှာ တရုတ်စစ်သည်

လေးသောင်းကျော် သေဆုံးခဲ့ပါတယ်။ များသောအားဖြင့် အမေရိကန်လေတပ်ရဲ့ လေကြောင်းတိုက်ခိုက်မှု နဲ့

လက်နက်ကြီး ပစ်ကူတွေကြောင့်ပါ။

နှစ်ဘက်စလုံး အထိနာမှုတွေကြောင့် အင်အားဖြည့်ရင်း ခေတ္တ ထိတွေ့မှု ရပ်ဆိုင်းသွားပါတယ်။ ဒါပေမယ့်

ကမ္ဘာ့အင်အားကြီး နိုင်ငံတွေရဲ့ ခေါင်းဆောင်တွေအကြားမှာ တတိယကမ္ဘာစစ်ဆိုတဲ့ စကားလုံးက ၀င်လာခဲ့ပါပြီ။

မဟာဗျူဟာ ကျွမ်းကျင်သေ
ူ တွက ကိုးရီးယားစစ်ပွဲကနေ တဆင့် အမေရိကန်နဲ့ မဟာမိတအ
် ရင်းရှင်နိုင်ငံတွေက

တဘက်၊ ဆိုဗယ
ီ က်-တရုတ်နဲ့ ကွန်မြူနစ်နိုင်ငေ
ံ တွက တဘက် ဆင်နွှဲတဲ့ တတိယကမ္ဘာစစ်ကြီးဖြစ်လာမှာကို

စိုးရိမ်လာကြပါတော့တယ်။ အဲဒီအချိန်ကာလမှာ ဆိုဗယ


ီ က်နိုင်ငံမှာကလဲ နယူးကလီးယား လက်နက်ရှိနေပြီမို့

တတိယကမ္ဘာစစ်ဖြစ်လာခဲ့ရင် အမေရိကန်ကရော၊ ဆိုဗီယက်ကပါ နယူးကလီးယား သုံးမယ့် အနေအထားမှာ

ရှိလာခဲ့ပါပြီ။ ဒီအခြေအနေကိုလဲ နှစဘ


် က်စလုံးက မလိုလားကြပါဘူး။ တတ်နိုငသ
် မျှ စစ်ပွဲကို ရှောင်လိုကြပါတယ်။

ဗြိတိနဝ
် န်ကြီးချုပ် အက်တလီက ကိုးရီးယားစစ်ပွဲနဲ့ ပတ်သက်ပြီး အမေရိကန်ကို စစ်ရေးအရ၊ နိင
ုငံရေးအရ

ထောက်ခထ
ာံးတာ ဖြစ်ပေမယ်လ
ဲ့ ဆိုဗီယက်ယူနီယံနဲ့ ထိပ်တက
ိုတွေ့ပြီး ကမ္ဘာစစ်ဖြစ်မယ့် အခြေအနေကို

မလိုလားပါဘူး။ ဒါကြောင့် ဒီဇင်ဘာ လဆန်းမှာကတည်းက ၀ါရှငတ


် န်မှာ အရေးပေါ်အစည်းအဝေးလုပ်ပြီး ဗြိတိန်နဲ့

ဆွေးနွေးတိုင်ပင်ခြင်း မပြုပဲ ကိုးရီးယားကို အနုမြူဗုံး မကြဲပါဘူး ဆိတ


ဲု့ ကတိကို အမေရိကန်သမ္မတ ထရူးမင်းဆီကနေ

မရအရ တောင်းယူခဲ့ပါတယ်။ ဗြိတိန်က ဦးဆောင်ပြီး တရုတ်နဲ့ အမေရိကန်အကြားမှာ Peace Initiative လုပ်ဖို့

ကြိုးစားခဲ့ပေမယ့် မအောင်မြင်ပါဘူး။

(၁၉၅၁) ခုနှစ်၊ ဇန်န၀ါရီလ (၁) ရက်နေ့ရောက်တော့ တရုတ်တပ်တွေဟာ ရေခဲနေတဲ့ Imjin River ကို

တညလုံးဖြတ်ကူးပြီး တဘက်ကမ်းက တောင်ကိုးရီးယားတပ်တွေဆီ ရောက်လာချိန်မှာ တောင်ကိုးရီးယားစစ်သည်တွေ

ကြောက်လန့်တကြားနဲ့ ထွကေ
် ပြးကြရပါတော့တယ်။ ဆိုးလ်မြို့တော်ကို ကာကွယ်ဖို့ အတွက် ယူအင်တပ်တွေမှာ

အင်အားနည်းနေတာကြောင့် ဇန်န၀ါရီလ (၃) ရက်နေ့မှာ မြို့ကနေ ဆုတ်ခွာပြီး မြို့တောင်ပိုင်း မိင


ု ငါးဆယ်အကွာမှာ

နေရာယူပြီး ထိုးစစ်ပြင်ဖို့ ပြန်လည်စုဖွဲ့ပြင်ဆင်ကြရပါတယ်။ ဇန်န၀ါရီလ (၂၅) ရက်နေ့မှာ ယူအင်တပ်တွေဘက်က

ပြန်ပြီး ထိုးစစ်ဆင်ခဲ့ပါတယ်။ ဖေဖော်ဝါရီနဲ့ မတ်လ တလျှောက်မှာ ထိတွေ့မှု အကြိမ်များစွာ ဖြစ်ခဲ့ပြီး မတ်လ (၁၄)
ရက်နေ့ကျမှ ဆိုးလ်မြို့တော်ကို ယူအင်တပ်တွေက ပြန်လည်သိမ်းပိုကန
ိုင်ခဲ့ပါတယ်။ အေပြီ လထဲရောက်တော့

ယူအင်တပ်တွေက ၃၈ မျဉ်းပြိုင်အနီးကို ပြန်လည်ချဉ်းကပ်လာနိုင်ပါပြီ။ အဲဒီအချိန်မှာပဲ ထရူးမင်းရဲ့

စစ်ရေးအကြံပေးတွေက ငြိမ်းချမ်းရေး လုပဖ


ို့ အကြံပြုလာကြပါတယ်။ ထရူးမင်းရဲ့ ငြိမ်းချမ်းရေး ခြေလှမ်းတွေကို

ယူအင်ထဲက မဟာမိတ်တွေကလဲ လက်ခံကြပါတယ်။ ထင်ထင်ရှားရှား ဆန့်ကျင်နေတာကတော့

ဗိုလ်ချုပ်မက်အာသာပါ။ သူက ကွန်မြူနစ်တရုတ်တွေနဲ့ compromise လုပ်စရာ မလိုဘူးလို့ ဆိုခဲ့ပါတယ်။

တရုတြ် ပည်မကြီးကို လေကြောင်းကနေ ထိုးစစ်ဆင်ပြီး ချန်ကေရှတ


ိတပ်တွေကို မော်စီတုန်းတပ်တွေနဲ့ ထိပတ
ိုက်

ပြန်တွေ့ပေးဖို့ အကြံပြုပါတယ်။ အလုံးစုံအောင်ပွဲ ရရှိရေးကိုပဲ ဦးတည်သင့်ကြောင်း ဆိုခဲ့ပါတယ်။

စစ်ပွဲတိုင်းမှာ အဆုံးသတ်အောင်ပွဲရချင်မှ ရနိုင်မှာပါ။ တခါတရံမှာ စစ်ရေးအမြင်တခုတည်းနဲ့ မဆုံးဖြတ်ပဲ

နိုင်ငံရေးအမြင်နဲ့ ပါ ပေါင်းစပ်ဆုံးဖြတ်ရတာ ရှိပါတယ်။ မက်အာသာ ပြောသလို တရုတြ် ပည်မကြီးကို

တိုက်ခက
ိုခြင်းအားဖြင့် ဆိုဗယ
ီ က်ယူနယ
ီံကို စစ်ပွဲထဲ ဆွဲသွင်းရာ ရောက်သွားပါမယ်။ အဲဒီကနေ တတိယကမ္ဘာစစ်ကြီးကို

escalation ဖြစ်သွားနိုင်ပါတယ်။ ဒီအချက်ကို အမေရိကန်နဲ့ ဗြိတိနက


် မဟာဗျူဟာလေ့လာရေး ပညာရှင်တွေက

တင်ပြပြီး compromise လုပ်ဖို့ ကို အကြံပြုခဲ့ကြပါတယ်။ နောက်ဆုံး အေပြီလ (၁၁) ရက်နေ့မှာ

ဗိုလ်ချုပ်မက်အာသာက သူ့ရဲ့ aggressive policy တွေကို လူသိရှငြ် ကားထုတ်ဖော်ပြောကြားပြီး နောက်ပိုင်းမှာ

ထရူးမင်းက သူ့ရဲ့ ဗိလ


ုချုပ်ကြီးကို အနားပေးလိုက်ရပါတော့တယ်။ သူ့နေရာမှာ General Ridgway ကို အစားထိုး

ခန့်အပ်ခဲ့ပါတယ်။ မေလရောက်တော့ ကိုးရီးယားစစ်မြေပြင်မှာ တိုက်ပွဲဝင်နေကြတဲ့ ခန့်မှန်း နှစဘ


် က်စစ်အင်အားက

ဆယ်သိန်းကျော်ဖြစ်နေပါပြီ။ တရုတတ
် ပ်အင်အား ငါးသိန်းကျော်၊ မြောက်ကိုးရီးယားတပ် အင်အားနှစ်သိန်းနီးပါး၊

တောင်ကိုးရီးယားအက်အား နှစ်သိန်းကျော်နဲ့ အမေရိကန်နဲ့ ယူအင်အက်အား နှစ်သန်းခုနစ်သောင်းကျော်ဖြစ်ပါတယ်။

အပစ္အခတ္ရပ္စေ
ဲ ရးအတွက် ကြိုးပမ်းကြပြီ

ဇွန်လရောက်တော့ တရုတ်မော်စတ
ီုန်းအစိုးရက ကိုးရီးယားစစ်ပွဲမှာ အပစ်အခတ်ရပ်စဲလိုကြောင်း ဆိဗ
ီုယက်ယူနီယံကို

အသိပေးပြောခဲ့ပါတယ်။ အဲဒီလမှာပဲ အမေရိကန်ကနေ ဆိုဗီယက်သံအမတ်ကို ၂၈ မျဉ်းပြိုင်ဟိုဘက်ဒီဘက်မှာ

အပစ်အခတ် ရပ်စဲဖို့ ကို သဘောတူကြောင်း ပြောကြားခဲ့ပါတယ်။ နှစ်ဘက်စလုံးက တိုက်ခက


ိုမှုတွေ

ရပ်တန့်လိုတာကြောင့် ငြိမ်းချမ်းရေးဆွေးနွေးပွဲက အဆင်ပြေမယောင်ရှိခဲ့ပေမယ့် တဘက်နဲ့ တဘက် ယုံကြည်မှု

အားနည်းချက်တွေကြောင့် နောက်ထပ်နှစ်နှစ် ထပ်ကြာခဲ့ပါတယ်။ ကိုးရီးယားတောင်နဲ့ မြောက်ကို စစ်ရေးအရ

တဘက်နဲ့ တဘက် ကျူးကျော်ပြီး ပြန်လည်ပေါင်းစည်းပေးဖို့ ခက်ခဲကြောင်း နှစဘ


် က်စလုံးက သဘောတူ

လက်ခထ
ာံးခဲ့ကြပါတယ်။
ဘယ်လိုပဲဖြစ်ဖြစ် နှစ်ဘက်တပ်တွေအကြား ထိတွေ့မှုတွေကတော့ ရှိနေဆဲပါပဲ။ တဘက်နဲ့ တဘက် စစ်ရေးအရ

အနိုင်မယူနင
ိုတာကို နှစဘ
် က်စလုံးက သိနေကြပေမယ့် တွေ့ဆုံညှိနှို င်းမှုမှာ တဘက်နဲ့တဘက် ဖိအားပေးနိုင်ဖို့

တိုက်ခက
ိုမှုတွေ ရှိနေခဲ့ပါတယ်။ အောက်တိုဘာလရောက်တော့ Main Line of Resistance သတ်မတ
ှ်ပြီး

နှစ်ဘက်စလုံးက ထိပ်တိုက်ရင်ဆိုင်ထားတဲ့ အခြေအနေမှာပဲ ရှိပါတော့တယ်။ Conflict Stalemate အဆင့်ကို

ရောက်နေပါပြီ။ ဒီလိုအချိန်မှာ negotiation အောင်မြင်ဖို့ အခွင့်အလမ်း အများဆုံး အခြေအနေပါ။

တောင်ကိုးရီးယားက အမေရိကန် ရုပ်သေးအစိုးရအကြီးအကဲ Rhee က အပစ်အခတ်ရပ်စဲရေးကို သဘောမတူညီပါဘူး။

မြောက်ကိုးရီးယားကို သိမ်းပိုက်နိုငတ
်ဲ့အထိ အမေရိကန်ရဲ့ စစ်ရေးအကူအညီရဖို့ ကြိုးပမ်းပါတယ်။ ဒါပေမယ့်

အမေရိကန်တွေကို လွှမ်းမိုးနိုင်တဲ့ သြဇာအာဏာ မရှိပါဘူး။ တကယ်တမ်း ဆွေးနွေးညှိနှိုင်းကြတော့

တောင်ကိုးရီးယားက အမေရိကန်က token representation အဆင့်မှာပဲ ထားခဲ့ပါတယ်။ တကယ်တန်းကျတော့

တွေ့ဆုံညှိနှိုင်းပွဲမှာ တဘက်က အမေရိကန်နဲ့ တခြားတဘက်က တရုတ်နဲ့ မြောက်ကိုးရီးယားတို့

ဆွေးနွေးခဲ့ကြတာပါ။

နိုဝင်ဘာလရောက်တော့ နှစ်ဘက်စလုံးက armistice line ထားဖို့ သဘောတူညီခဲ့ပါတယ်။ (၁၉၅၂)ခုနှစ်၊

ဖေဖော်ဝါရီလရောက်တော့ အပစ်အခတ်ရပ်စဲရေးနဲ့ ပတ်သက်တဲ့ အကျယ်တ၀င့် အချက်တွေကို

ညှိနှိုင်းဆွေးနွေးနိုင်ခဲ့ကြပါတယ်။ နောက်ထပ်ဆွေးနွေးဖို့ ကျန်တဲ့ ကြီးမားတဲ့ ပြဿနာကတော့ စစ်အကျဉ်းသား

ပြဿနာပါ။ နှစ်ဘက်ထိပ်တက
ို တိက
ုခိုက်မှုဖြစ်နေချိန်မှာ စစ်အကျဉ်းသား ပြဿနာဆိတ
ုာ ဒုတိယအဆင့်မှာ ထားရမှာ

ဖြစ်ပါတယ်။ ပထမအဆင့်က နှစ်ဘက် အပစ်ရပ်သွားအောင် ညှိနှိုင်းဖို့ပါ။ ပြီးတော့မှ အကျဉ်းသားကိစက


ၥ ို

ဆွေးနွေးရမှာပါ။ အကျဉ်းသားကိစ္စကို ရှေ့တန်းတင်ဆွေးနွေးဖို့ ကြိုးစားတဲ့ ဘယ်လို ညှိနှိုင်းဆွေးနွေးပွဲမှ အောင်မြင်မှာ

မဟုတပ
်ါဘူး။ ဒီလိုကိစ္စမျိုးဆိုတာက တဘက်နဲ့ တဘက် အန္တရာယ်မပြုဘူး ဆိုတဲ့ ယုံကြည်မှုကို တည်ဆောက်ပြီးမှ

စတင်ရတဲ့ အရာ ဖြစ်ပါတယ်။ ဒီကိစမ


္ဈိုးက တော်ရုံတန်ရုံ အလွယ်တကူ ဆုံးဖြတ်လို့ ရတဲ့ ကိစ္စရပ်မဟုတ်ပါ။

ဆွေးနွေးညှိနှိုင်းပွဲတွေကို ဒီတောင်းဆိုချက်က စရင် အဲဒီကနေ ရှေ့ဆက်မတက်ပဲ ဖြစ်တတ်ပါတယ်။

အမေရိကန်နဲ့ တရုတ်၊ မြောက်ကိုးရီးယားတို့ရဲ့ ဆွေးနွေးပွဲမှာလဲ ဒီကိစက


ၥ ို ဒုတယ
ိ အဆင့်ရောက်မှ

ဆွေးနွေးကြတာမှာတောင် ရှေ့ဆက်တက်ဖို့ အခက်အခဲတွေ ဖြစ်သွားရပါတယ်။ armistice line နဲ့ သာ မရှိခဲ့ရင်

ဆွေးနွေးပွဲတွေ ချက်ချင်းရပ်ပြီး စစ်ကြီးပြန်ဖြစ်သွားနိုင်တဲ့ အခြေအနေမျိုးပါ။ ယူအင်ဘက်က တပ်တွေမှာက

စစ်အကျဉ်းသား တသိန်းခွဲရှိနေပါတယ်။ မြောက်ကိုးရီးယား ဘက်မှာကလဲ စစ်အကျဉ်းသားတွေအများအပြား


ရှိနေပါတယ်။ ဒါပေမယ့် အမေရိကန်တွေက all for all exchange ကို သဘောမတူပါဘူး။ စစ်အကျဉ်းသားတွေကို

ကွန်မြူနစ်တိုင်းပြည်တွေဆီ ပြန်ခြင်း၊ မပြန်ခြင်းနဲ့ ပတ်သက်ပြီး ရွေးချယ်မှုပေးရမယ်လို့ ဆိုပါတယ်။ ဒါကို တရုတ်နဲ့

မြောက်ကိုးရီးယားဘက်က အလွန်ပဲ ဒေါသထွက်ကုန်ကြပါတယ်။

တောင်ကိုးရီးယားမှာရှိနေတဲ့ စစ်အကျဉ်းသား ထိန်းသိမ်းရေး စခန်းတွေမှာ အစာရေစာ ပြတ်လပ်မှု နဲ့

ညှဉ်းပန်းနှိပ်စက်မှုခံနေရတဲ့ ကွန်မြူနစ်တပ်သားတွေဟာ ဘယ်လအ


ို ကြောင်းနဲ့မှ ဆက်နေစရာ အကြောင်း မရိဘူးလို့

သူတို့ က ဆိုခဲ့ပါတယ်။ မေလ မှာ ဖြစ်တဲ့ Koje Camp ဆန္ဒပြပွဲမှာ အမေရိကန်တပ်တွေက တင့်ကားတွေအသုံးပြုပြီး

နှိမ်နင်းခဲ့တဲ့ အထိပါ။ တပြိုင်နက်တည်းမှာပဲ အမေရိကန်နဲ့ တောင်ကိုးရီးယားတို့ကလဲ မြောက်ကိုးရီးယား

ထိန်းသိမ်းရေး စခန်းတွေထဲက စစ်အကျဉ်းသားတွေအတွက် စိုးရိမ်နေကြရပါတယ်။ နှစဘ


် က်စလုံးက စစ်အကျဉ်းသား

ထိန်းသိမ်းရေး စခန်းတွေအားလုံးမှာ ရိက


ုနှက်မှု တွေ၊ ညှဉ်းပမ်းနှိပ်စက်မှုတွေ၊ အစာရေစာ မလုံလောက်မှုတွေကတော့

ရှိနေခဲ့တာပါပဲ။

တချိန်တည်းမှာပဲ ဆွေးနွေးပွဲကို အကြောင်းပြထားစဉ်ကာလမှာ တောင်ကိုးရီးယားဗိုလ်ချုပ် Paek Sun-yop က

တောင်ကိုးရီးယားနိုင်ငံထဲမှာ ရှိနေတဲ့ ကွန်မြူနစ်တွေကို သုတသ


် င်ရှင်းလင်းရေး ပြုလုပ်ပါတယ်။ တောင်ကိုးရီးယား

ကွန်မြူနစ်တော်လှန်ရေးကို ၁၉၅၂ ခု၊ ဇန်န၀ါရီမှာ Ratkiller ဆိုတဲ့ အော်ပရေးရှင်းနဲ့ ချေမှုန်းခဲ့ကြပါတယ်။ (၁၉၅၂)

ကာလတွေမှာ နှစ်ဘက်စလုံးကတော့ အဆုံးသတ်အောင်ပွဲ စစ်ဆင်ရေးမဟုတ်တဲ့ ထိတွေ့မှုတွေကို ဆက်တိုက်

ပြုလုပ်နေခဲ့ကြပါတယ်။ ဇွန်လ (၂၃) မှာ Yalu မြစ်ပေါ်က Supung dam နဲ့ တခြား dam သုံးခုကို

အမေရိကန်လေတပ်က ဗုံးကြဲခဲ့တာကြောင့် မြောက်ကိုးရီးယားနဲ့ တရုတြ် ပည်အရှေ့မြောက်ပိုင်းတို့ မှာ

လျှပ်စစ်ဓာတ်အား ပြတ်တောက် သွားခဲ့ပါတယ်။

အမေရိကန်နဲ့ ယူအင်တပ်တွေရဲ့ တိုက်ခိုကြ် ခင်းကို ကာကွယ်ဖို့ အတွက် မြောက်ကိုးရီးယားနဲ့ တရုတ်တပ်တွေက

(၇၄၅) မိုင်အရှည်ရှိတဲ့ မြေအောက်ဥမင်လှို ဏ်ခေါင်း ကွနယ


် က်ကြီးကို စတင်ဖောက်လုပ်ခဲ့ပါတယ်။ ၁၉၅၃ ခုနှစ်၊

နှစ်ဦးပိုင်းမှာ တရုတ်စစ်သည်အင်အား တသန်းကျော်က ကိုးရီးယားစစ်မြေပြင်မှာ ရောက်နေခဲ့ပါပြီ။ ယူအင်တပ်အင်အား

ရှစ်သိန်းကျော်ကလဲ စစ်မြေပြင်ပေါ်မှာ ရှိနေခဲ့ပါတယ်။ အဲဒီအချိန်မှာပဲ နိုင်ငံရေးအပြောင်းအလဲတွေကလဲ

စဖြစ်လာပါတယ်။ အမေရိကန်မှာ ဒုတိယကမ္ဘာစစ်က နာမည်ကြီး ဗိလ


ု်ချုပ်ကြီးဖြစ်တဲ့ အိုင်ဆစ်ဟောင်ဝါက

သမ္မတဖြစ်လာပါပြီ။ တချိန်တည်းမှာပဲ ဆိုဗယ


ီ က်မှာလဲ စတာလင် သေဆုံးသွားခဲ့ပါပြီ။ ဆိုဗီယက် ခေါင်းဆောင်တွေက

ဆွေးနွေးပွဲကို အချိနတ
ိုအတွင်း အပြီးဖြတ်ဖို့ ဖိအားပေးလာပါတော့တယ်။
မေလမှာ ယူအင်တပ်တွေက မြောက်ကိုးရီးယားမြို့တော် Pyongyang ရဲ့ မြောက်ပိုင်းက ရေကာတာတွေကို

ဗုံးကြဲဖျက်ဆီးပစ်လိုကတ
်ာကြောင့် ရေလွှမ်းမိုးမှုဖြစ်လာပြီး မြောက်ကိုးရီးယားရဲ့ လယ်ယာမြေတွေ ပျက်စီးသွားပါတယ်။

ပြည်သလ
ူထုမှာ အငတ်ဘေးနဲ့ ရင်ဆိုငရ
် ပါတော့တယ်။ ဒီလိုဖြစ်ပြီး မကြာခင်မှာပဲ နှစဘ
် က်စလုံးက သဲသဲမဲမဲ

တိုက်ခက
ိုမှုတွေ လုပြ် ကပါတယ်။ ဇူလိုင်လထဲမှာ တပတ်အတွင်းမှာတင် ယူအင်တပ်တွေဘက်က စစ်သည်

သုံးသောင်းကျော် ကျဆုံးပါတယ်။ တရုတ်နဲ့ မြောက်ကိုးရီးယားဘက်မှာ ဒီထက် ပိုပြီး အသေအပျောက်များမယ်လို့

လေ့လာသူတွေက ခန့်မှန်းကြပါတယ်။ ဖိအားများလာတာနဲ့အမျှ ဆွေးနွေးပွဲအရှိန်ကလဲ မြန်လာပါတယ်။

အမေရိကန်ရုပ်သေးအစိုးရတောင်ကိုးရီးယား ခေါင်းဆောင် Rhee က တဘက်နဲ့ တဘက် သဘောတူထားတဲ့

စစ်အကျဉ်းသား ဖလှယ်ရေး သဘောတူညီချက်ကို ဖောက်ဖျက်ပြီး အကျဉ်းသားတွေကို လွှတ်ပေးလိက


ုပါတယ်။

ဆွေးနွေးပွဲပျက်ပြားဖို့ နည်းမျိုးစုံနဲ့ ကြံစည်ပါတယ်။ ဒါပေမယ့် အထိနာနေပြီဖြစ်တဲ့ အမေရိကန်တပ်မှူးတွေနဲ့ တရုတ်၊

မြောက်ကိုးရီးယား တပ်မှူးတွေကို ဆွေးနွေးပွဲကို အပျက်မခံကြတော့ပါဘူး။ (၁၉၅၃) ခုနှစ်၊ ဇွန်လ (၂၇) ရက်နေ့မှာပဲ

ARMISTICE ကို သဘောတူ လက်မှတ်ရေးထိုးလိက


ုကြပါတော့တယ်။ သုံးနှစ်၊ သုံးလနဲ့ သုံးရက်ကြာခဲ့တဲ့

စစ်ကြီးကတော့ ပြီးဆုံးသွားပါပြီ။

စစ်ပွဲကြီး အပြီးမှာ

(၁၉၅၃) ခုနှစ်၊ ဇွန်လ (၂၇) ရက်နေ့မှာ UN Command ဘက်က General William K. Harrison နဲ့

ကွန်မြူနစ်အင်အားစုတွေဘက်က Nam II တို့ က armistice ကို လက်မတ


ှ်ရေးထိုးခဲ့ကြပါတယ်။ ဒီစာချုပ်မှာ

အပြီးသတ်ငြိမ်းချမ်းရေးစာချုပ်အတွက် နိုင်ငံတကာကွန်ဖရင့်တခု ကျင်းပဖို့ သတ်မတ


ှ်ချက်ပါရှိပါတယ်။

ဒီသတ်မှတ်ချက်အရ (၁၉၅၄) ခု၊ အေပြီလမှာ အမေရိကန်၊ ဗြိတိန်၊ ပြင်သစ်၊ ဆိုဗီယက်ယူနီယံ၊ တရုတတ


ို့က

နိုင်ငံခြားရေး ၀န်ကြီးတွေ တက်ရောက်ခဲ့ကြပါတယ်။ ယူအင်ဘက်က ကိုးရီးယားကျွန်းဆွယတ


် ခုလုံးမှာ ယူအင်က

စောင့်ကြည့်တဲ့ ရွေးကောက်ပွဲတွေ ကျင်းပပြီး ကိုးရီးယားကို ပြန်လည်ပေါင်းစည်းဖို့ အကြံပြုချက်တင်ပါတယ်။

ကွန်မြူနစ်တွေဘက်က ကိုးရီးယားမြေပေါ်မှာ ရောက်နေတဲ့ နိုင်ငြံ ခားတပ်တွေအားလုံး ရွေးကောက်ပွဲမတိုင်မီ

ထွက်ခွာပေးဖို့ တောင်းဆိုပါတယ်။ ဒီအကြံပြုချက်၊ တောင်းဆိုချက်တွေနဲ့ ပတ်သက်ပြီး ဘယ်လိုမှ

ဆက်လက်ညှိနှိုင်းလို့ မရခဲ့ပါဘူး။ (၁၉၅၃) ခုနှစ်၊ သြဂုတလ


် မှာ လက်မှတ်ရေးထိုးထားတဲ့ အမေရိကန်နဲ့

တောင်ကိုးရီးယား (Republic of Korea) တို့ အကြားက Mutual Defence Treaty က အောက်တိုဘာလကတည်းက

အသက်ဝင် နေပါပြီ။
ဒီလိုနဲ့ပဲ နောင်နှစ်ပေါင်း ခြောက်ဆယ်နီးပါး အချိန်ကာလအထိ အမေရိကန် eighth US Army, US Air Forces Korea

(USAFK), US Naval Forces Korea (CNFK), Marine Forces Korea (MARFORK) တို့ ကလဲ Combined Forces

Command ရဲ့ အစိတ်အပိုင်းတခုအနေနဲ့ တပ်စွဲထားဆဲပါပဲ။ တောင်ကိုးရီးယားနဲ့ မြောက်ကိုးရီးယားကလဲ

ကွဲပြားနေဆဲပါပဲ။

မိုင်ပေါင်း (၁၆၀) ရှည်လျားပြီး၊ နှစ်မိုင်ခွဲ အကျယ်ရှိတဲ့ ကိုးရီးယားနှစ်နိုင်ငံအကြားက Demilitarized Zone (DMS) မှာ

ဖြစ်ပွားခဲ့တဲ့ တင်းမာမှုတွေ၊ nuclear tensions တွေ၊ Naval clashes တွေကလဲ အများအပြားပါ။ ၁၉၆၆ ခု၊

အောက်တဘ
ိုာလမှာ စတင်ခဲ့တဲ့ သုံးနှစြ် ကာ DMS ပဋ္ဋိပက္ခမှာ အမေရိကန်တပ်သား လေးဆယ်ကျော်အပါအ၀င်

တောင်ကိုးရီးယားတပ်သား သုံးရာနီးပါးနဲ့ မြောက်ကိုးရီးယားတပ်သား လေးရာကျော် သေဆုံးခဲ့ပါတယ်။ (၁၉၆၈) ခုမှာ

ဖြစ်ပွားခဲ့တဲ့ တောင်ကိုးရီးယားသမ္မတ လုပြ် ကံသတ်ဖြတ်ရန် ကြိုးပမ်းမှုမှာလဲ မြောက်ကိုးရီးယား

ကွန်မင်ဒိုတွေအပါအ၀င် တောင်ကိုးရီးယားရဲတွေနဲ့ အရပ်သားတွေမှာ သေဆုံးခဲ့ပါတယ်။ ၁၉၆၈၊ ၁၉၆၉၊ ၁၉၇၀

ခုနှစ်တွေမှာလဲ မြောက်ကိုးရီးယား ကွန်မင်ဒိုများက တောင်ကိုးရီးယား နယ်စပ်ကို ဖြတ်ကျော်တက


ိုခိုက်မှု တွေ

ဖြစ်ခဲ့ပါတယ်။

၁၉၇၄ ခုနှစမ
ှ်ာတော့ မြောက်ကိုးရီးယားကနေ တောင်ကိုးရီးယားကို ကျူးကျော်ဝင်ရောက်ဖို့ ဆောက်လုပထ
်ားတဲ့

ဥမင်လှို ဏ်ခေါင်းတခုကို တောင်ကိုးရီးယားတပ်တွေက ရှာဖွေတွေ့ရှိခဲ့ပါတယ်။ (၁၉၇၅) ခုနှစမ


ှ်ာ ဒုတယ

ဥမင်လှို ဏ်ခေါင်းတခုကို ထပ်မံ ရှာဖွေ တွေ့ရှိခဲ့ပါတယ်။ (၁၉၇၆) ခုနှစ်မှာလဲ နယ်စပ်ကို ဖြတ်ကျော်လာတဲ့


မြောက်ကိုးရီးယားကွန်မင်ဒိုတွေနဲ့ တောင်ကိုးရီးယားတပ်တွေ ထိတွေ့မှာ ဖြစ်ပွားခဲ့ပြီး၊ သြဂုတလ
် မှာတော့ ကမ္ဘာကျော်

The Axe Murder Incident ဖြစ်ပွားခဲ့ပါတယ်။ (၁၉၇၇) ခုနှစ်မှာတော့ မြောက်ကိုးရီးယားနယ်မြေထဲကို ကျွံသွားတဲ့

American CH-47 Chinook helicopter ပစ်ချခံခဲ့ရပါတယ်။ (၁၉၇၈) ခုနှစ် မှာ တတိယ ဥမင်လှို ဏ်ခေါင်းတခုကို

တောင်ကိုးရီးယားတပ်တွေက ရှာဖွေ တွေ့ရှိခဲ့ပါတယ်။ (၁၉၇၉) ခုနှစမ


ှ်ာလဲ မြောက်ကိုးရီးယားအေးဂျင့်များရဲ့

ကျုးကျော်ဝင်ရောက်မှု တွေ ရှိခဲ့ပြီး၊ မြောက်ကိုးရီးယားမိုင်းကွင်းထဲကို တပ်ကျွံသွားတဲ့ အမေရိကန်တပ်သား အချို့လဲ

သေဆုံးဒဏ်ရာရမှုတွေ ရှိခဲ့ပါတယ်။ (၁၉၈၀) ကနေ (၁၉၉၂) ခုအထိမှာလဲ မြောက်ကိုးရီးယားကျူးကျော်မှုတွေ ရှိခဲ့ပြီး၊

(၁၉၉၀) မှာတော့ ဥမင်လှိုဏ်ခေါင်းတွေ ထပ်မံ ရှာဖွေ တွေ့ရှိခဲ့ပါတယ်။ (၁၉၉၄) ခုနှစ်မှာ

မြောက်ကိုးရီးယားနယ်မြေထဲကို ဆယ်ကီလိုမတ
ီာကျော်ပြီး ၀င်သွားတဲ့ American OH-58A+ helicopter

ပစ်ချခံခဲ့ရပါတယ်။ (၁၉၉၆) ခုနှစ်မှာ Joint Security Area ထဲကို မြောက်ကိုးရီးယားတပ်တွေ ၀င်ရောက်မှု

သုံးကြိမြ် ဖစ်ပွားခဲ့ပါတယ်။ (၁၉၉၇) ခုနှစက


် နေ (၂၀၀၆) ခုနှစ်အထိ တောင်ကိုးရီးယား နယ်စပ်ကို ကျူးကျော်ဖို့

အားထုတ်မှုတွေ ဆက်လက်ဖြစ်ပွားခဲ့ပါတယ်။

(၂၀၀၆) ခုနှစမ
ှ်ာ မြောက်ကိုးရီးယားက ပထမဆုံး နယူးကလီးယား စမ်းသပ်မှု စတင်ပြုလုပ်ခဲ့ပြီး၊ (၂၀၀၉) ခုနှစမ
ှ်ာ

ဒုတိယအကြိမ် စမ်းသပ်မှု ပြုလုပ်ခဲ့ပါတယ်။ nuclear tensions တွေအပြင် naval clash တွေလဲ အများအပြား

ဖြစ်ပွားခဲ့ပါတယ်။ (၁၉၉၉) ခုနှစ်မှာ မြောက်ကိုးရီးယား ကင်းလှည့်ရေယာဉ် ခြောက်စီးဟာ Yellow Sea Maritime

Border ကို ကျူးကျော်ဝင်ရောက်ခဲ့တဲ့အတွက် တောင်ကိုးရီးယားရေတပ်နဲ့ ထိတွေ့မှု ကိုးကြိမြ် ဖစ်ပွားခဲ့ပါတယ်။

(၂၀၀၉) ခုနှစ်၊ ဇူလိုင်လမှာ မြောက်ကိုးရီးယား ရေပိင


ုနက်ထဲကို ရောက်သွားတဲ့ တောင်ကိုးရီးယား ငါးဖမ်းရေယာဉ်ကို

မြောက်ကိုးရီးယားရေတပ်က ဖမ်းဆီးထိန်းသိမ်းထားမှု ဖြစ်ပွားခဲ့ပါတယ်။ (၂၀၀၉)ခုနှစ်၊ စက်တင်ဘာလမှာ

တောင်ကိုးရီးယား ရေပိုငန
် က်ထဲကို မြောက်ကိုးရီးယား naval vessel တစီးက ၀င်ရောက်မှု ဖြစ်ပွားခဲ့ပါတယ်။ (၂၀၁၀)

ခုနှစ်၊ မတ်လမှာတော့ တောင်ကိုးရီးယား စစ်ရေယာဉ် Cheonan ကို မြောက်ကိုးရီးယား စစ်ရေယာဉ်က တော်ပီဒိုနဲ့

ပစ်ခတ်ပြီး နစ်မြှုပ်ပစ်ခဲ့ပါတယ်။

ဒီလိုနဲ့ (၂၀၁၀)၊ နိုဝင်ဘာလမှာတော့ မြောက်ကိုးရီးယားတပ်တွေက တောင်ကိုးရီးယား Yeonpyeong island ကို

လက်နက်ကြီးများနဲ့ ပစ်ခတ်တက
ိုခိုက်ရာက တောင်ကိုးရီးယားဘက်က ပြန်လည်တိုကခ
ိုက်မှုတွေ ဖြစ်ပွားခဲ့ပါတယ်။

နှစ်နိုင်ငံအကြား စစ်ရေးတင်းမာမှုတွေ ဖြစ်ပွားခဲ့ပြီး တောင်ကိုးရီးယားဘက်က K-9 155mm self-propelled howitzers

တွေ အသုံးပြုရုံမက လေတပ် F-16 jets တွေကို ပဋိပက္ခဖြစ်ပွားရာ ဒေသကို စေလွှတ်တဲ့အထိ ဖြစ်ခဲ့ပါတယ်။
ဒီလိုအခြေအနေမှာ ၂၁ရာစု၊ ကိုးရီးယားစစ်ပွဲကြီး ထပ်မံဖြစ်ပွားလာတော့မှာကို ကမ္ဘာ့နိုင်ငံရေးဇာတ်ခုံက ရင်တမမနဲ့

စိုးရိမ်ခဲ့ကြရပါတယ်။ ၂၁ ရာစုမှာ ကမ္ဘာ့အင်အားကြီးနိုင်ငံတွေအကြားက စစ်ရေးအသွင်နဲ့ ထိပတ


ိုက်ရင်ဆင
ို

ထိတွေ့မှုကို အင်အားကြီးနိုင်ငံတွေက စစ်ခေါင်းဆောင်များအပါအ၀င် မည်သူမျှ လိုလားခြင်း မရှိကြပါဘူး။ Character

of war က ၂၁ ရာစုမှာ ပြောင်းလဲသွားခဲ့ပါပြီ။ Deterrence strategy ကို အသုံးပြုကြပေမယ့် conflict escalation

ဆက်မဖြစ်သွားအောင် ထိန်းထိန်းသိမ်းသိမ်း လုပ်နေကြပါတယ်။

နိဂုးံ

နိဂုံးချုပ်ဆိုရရင် လွန်ခဲ့တဲ့ နှစ်ပေါင်းခြောက်ဆယ်ကျော်ကာလက ဖြစ်ပွားခဲ့တဲ့ ကိုးရီးယား စစ်ပွဲဟာ လူမျိုးရေး၊

ဘာသာရေး၊ အိုင်ဒီရော်လော်ဂျီတွေပေါ်မှာ အခြေခံတဲ့ ပဋိပက္ခတွေ ရှိနေတဲ့ နိုင်ငင


ံ ယ်လေးတွေကို သင်ခန်းစာတွေ

အများကြီး ပေးခဲ့ပါတယ်။ နိုင်ငံတနိုင်ငရ


ဲံ့ အနာဂတ်အရေးကို အဖြူ၊ အမည်း ကွဲပြားမှု လိုင်းတခုတည်းပေါ်ကနေ

ဆုံးဖြတ်လို့ မရပါဘူး။ စစ်ရေးအမြင်၊ နိုင်ငံရေးအမြင်၊ စီးပွားရေးအမြင်၊ လူမှုရေး အမြင်၊ နိုင်ငံတကာရေးရာ


ရှုထောင့်တွေ အားလုံးကို ထည့်သွင်းတွက်ချက်ပြီး သုံးသပ်ကြရမှာ ဖြစ်ပါတယ်။ နိုင်ငံတခုရဲ့ နိင
ုငံရေးအကူးအပြောင်း

ကာလတွေကိုလဲ အမြော်အမြင်ကြီးစွာနဲ့ စနစ်တကျပြင်ဆင်စီမံကြဖို့ လိုအပ်ပါတယ်။ ကိုလိုနစ


ီ နစ်

အဆောက်အအြုံ ကီးကို ဖြိုချမယ်၊ ဘုံရန်သက


ို ဖြိုမယ်ဆိုပြီး အကြမ်းမဖက်တော်လှန်ရေးလုပ်ခဲ့တဲ့ India နိင
ုငံကြီးလဲ

လွတ်လပ်ရေးရတာမှ မကြာသေးခင် ခေါင်းဆောင်ပါ လုပ်ကြံခံရပြီး ပြည်တွင်းစစ်တွေနဲ့ နှစ်ခြမ်းစကွဲသွားခဲ့ရာက

ထပ်ဆင့် ကွဲပြဲမှုတွေပါ ကြုံခဲ့ရဖူးပါတယ်။ လက္နက္ကိုငေ


် တ်ာလှန်ရေးတွေ၊ လူထတ
ိုက်ပွဲတွေ ပေါင်းစပ်ပြီး ဖြိုခဲ့တဲ့

မြန်မာနိုင်ငံမှာလဲ လွတ်လပ်ရေး မရခင်ကတည်းက ခေါင်းဆောင်တွေ လုပ်ကြံခံရပြီး ပြည်တွင်းစစ်တွေ ဖြစ်လိုကတ


်ာ

နောက်ဆုံးစစ်အာဏာရှင် စနစ်ဆိုးအောက်မှာ အဆုံးသတ်ခါနီးဆဲဆဲပါပဲ။ ဒီလိုနိုင်ငံတွေ ကမ္ဘာတ၀ှမ်းလုံးမှာ

အများကြီးရှိခဲ့ပါတယ်။

ဒါတွေကို ကိုလိုနီ အမွေဆိုးကြောင့်ဆိုပြီး ဒေါသထွက်ကြ၊ စိတန


်ာကြနဲ့ အချိန်တွေ ကုန်လာကြရင်း၊ ကိုယ့်ဘက်က

အားနည်းခဲ့ကြတဲ့ ညီညွတ်ရေးတည်ဆောက်မှု၊ နိုင်ငံရေးအတွေးအခေါ် အားနည်းမှု၊ မင်းလောင်းမျှော်မှု၊

ခေါင်းဆောင်ကိုးကွယ်မှု၊ နောက်ကျောဓားထိုးမှု စတဲ့ အမွေဆိုးတွေကိုတော့ တယုတယ အမွေဆက်ခံလာကြတဲ့

နိုင်ငံလေးတွေလဲ အများကြီးရှိနေဆဲပါ။ စနစ်ဆိုတဲ့ အဆောက်အဦးတခုကို ဖြိုချရင်ပဲဖြစ်ဖြစ်၊ ပြုပြင်ရင်ပဲဖြစ်ဖြစ်

ကြိုတင်တွက်ချက် စဉ်းစားထားရမယ့် အချက်အလက်တွေ၊ ရှုမြင်သုံးသပ်ပြင်ဆင်ထားရမယ့် ကဏ္ဍတွေကလဲ

အများအပြားပါ။ စဉ်းစားသုံးသပ်၊ ပြင်ဆင်ထားကြဖို့ လိုအပ်ပါတယ်။

ပိုပြီး အရေးကြီးတာက စနစ်တခုကို ဖြိုချပြီး အသစ်ပြန်ဆောက်ဖို့၊ ပြုပြင်ဖို့ အခွင့်အာဏာကို လုကြရင်းနဲ့ တရားရုံးမှာ

အမွေတက်လုကြတဲ့ ညီအစ်ကိုတွေလို မဖြစ်အောင် ဂရုစိုက်ဖို့ လိုပါတယ်။ ညီအစ်ကခ


ျိုင်း ညှိနှို င်းဆွေးနွေးလို့

ရပါရက်နဲ့ ရှေ့နေတွေ အပြန်အလှန်ငှားပြီး တရားရုံးမှာ ဦးတည်လျှောက်ကြတဲ့အခါ တော်တည့်ဖြောင့်မတ်တဲ့

ဥပဒေဘက်တော်သားတွေနဲ့ တွေ့ရင်တော့ ကံကောင်းပါရဲ့။ အစကတည်းက ပြိုင်ဘက်ဖြစ်နေတဲ့ ရှေ့နေတွေ၊

နှစ်ဘက်ခွစားတဲ့ တရားသူကြီးတွေနဲ့ တွေ့လို့ကတော့ အမှုကြာပြီး ဟိက


ု စားလိုက်၊ ဒီက စားလိုကန
်ဲ့

ရှိသမျှအမွေတွေ ပြောင်သလင်းခါသွားနိုင်ပါတယ်။ ဒီအချက်ကို နိုငင


်ံတော်အနာဂတ်ကြီးကို ဦးဆောင်ဦးရွက်ပြုလိုကြတဲ့

စစ်အုပ်စု ခေါင်းဆောင်တွေ၊ အတိုက်အခံနိုင်ငံရေး ခေါင်းဆောင်တွေနဲ့ ခေါင်းဆောင်လို့ မိမက


ိုယ်ကို

သတ်မတ
ှ်နေကြသူများ အားလုံး သတိပြုကြဖို့ လိုအပ်ပါတယ်။

နောက်တချက်က ၂၁ရာစုရဲ့ စစ်ပွဲသဏ္ဍာန်တွေဟာ ပြောင်းလဲနေပြီဆိုတာကို ကမ္ဘာ့နိုင်ငံရေး ရေချိန်နဲ့ အညီ

ရှုမြင်တတ်ဖို့ လိုပါတယ်။ ပဋိပက္ခဖြစ်နေတဲ့ ဘက်နှစ်ဘက်မှာ ဘက်တဘက်က နိုင်ငံတကာကို ကူပါကယ်ပါဦး

အော်လိုကြ် က၊ တောင်းဆိုလိုက်ကြ၊ အမေရိကန်ကူပါဝင်ပါဦးလို့ လုပ်ကြ၊ တခြားဘက်တဘက်က အမေရိကန်


ဝင်လာရင် တွန်းလှန်ဖို့ ဆိုပြီး စစ်အင်အားတိုးချဲ့လိုကြ် ကနဲ့ ၂၀ ရာစုက Cold War Dilemma လေးကိုပဲ ဦးနှောက်ထဲ

ထည့်ထားကြရင်တော့ ၂၁ ရာစုမှာ အသွင်အမျိုးမျိုးနဲ့ ပေါ်ပေါက်နေတဲ့ တခြားစစ်ပွဲတွေရဲ့ သားကောင်ဘ၀ကို

ကျရောက်သွားပါလိမ့်မယ်။ တဘက်နဲ့တဘက် အနိုင်တက


ိုဖို့ ကြိုးစားကြရင်း အမျိုးသားအကျိုးစီးပွားကို

အမှန်တကယ် ခြိမ်းချောက်လာတဲ့ အန္တရာယ်တွေကို ဥပေက္ခာ ပြုထားကြမယ်ဆိုရင် ဒါတွေရဲ့ ဆိုးကျိုးအမွေတွေကို

နောင်လာနောက်သား မျိုးဆက်တွေ ခံစားကြရပါလိမ့်မယ်။

ကိုးရီးယားစစ်ပွဲကြီး ဖြစ်ပွားခဲ့ရတာဟာ လွန်ခဲ့တဲ့ နှစ်ခြောက်ဆယ်ကျော်က ကိုးရီးယားခေါင်းဆောင်တွေရဲ့ ဆင်ခြင်တုံ

တရား နည်းပါးမှု၊ အာဏာ မက်မောမှု၊ အမြော်အမြင်နည်းမှု၊ ကျွန်စော်နံမှု၊ သူတပါးကြိုးဆွဲသမျှ ရုတ်သေးက

လိုကက
် မှု၊ အင်အားကြီးနိုင်ငံတွေ ၀င်ရောက်ခြယ်လှယ်တာကို တဘက်နဲ့ တဘက် အပြန်အလှန် လက်ခံစွပ်စွဲကြရင်း

မိမိတို့ အချင်းချင်းကြားက အမျိုးသားသွေးစည်းညီညွတ်ရေးကို မတည်ဆောက်နိုင်မှု ၊ အိမ်ကြက်ချင်း အိုးမဲသုတ်

ခွပ်ခိုင်းတာကို အဟုတ်မတ
ှ်ပြီး အသေခံ ခွပ်လိုမှု၊ နိင
ုငံရေးအစွန်းရောက်မှု ၊ တိုင်းပြည်ရဲ့ အချုပ်အခြာအာဏာနဲ့

နယ်မြေပိုင်နက်ကို တန်ဖိုးမထားပဲ ပေးတာယူကျွေးတာစားရရေးအတွက် နယ်နိမိတ်ပင


ိုးခြားသတ်မှတ်မှုတွေကို

လက်ခမ
ှုံ စတာတွေကြောင့်ပဲ ဖြစ်ပါတယ်။ ဒါကြောင့် မြန်မာ့နိုင်ငံရေးခေါင်းဆောင်တွေ အပါအ၀င် ပြည်သလ
ူထုကြီး

အနေနဲ့ ကိုးရီးယားစစ်ပွဲက သင်ခန်းစာများကို ဆင်ခြင်သုံးသပ်ရင်း၊ ၂၁ ရာစုမှာ ပြောင်းလဲလာတဲ့ စစ်ပွဲသဏ္ဍာန်တွေ

ကိုလဲ မျက်ခြေမပြတ် အကဲခတ်ရင်း နိုင်ငံတော်အနာဂတ်အတွက် အရေးကြီးတဲ့ သုံးသပ်ပြင်ဆင်ချက်များ၊ ဆုံးဖြတ်ချက်

မ်ားကို လုပေ
် ဆာင်ကြဖို့ လိုအပ်ပါကြောင်း ရေးသားတင်ပြအပ်ပါတယ်။

ခင်မမမျိုး (၂၁၊ ၁၊ ၂၀၁၁)

ရည်ညွှန်းကိုးကား။ ။

Catchpole, B. (2001) The Korean War 1950-53, Constable Robinson

Chant, C. (1992) The Military History of the United States. Vol. 11, The Korean War, New York,

Marshall Cavendish

Grant, R. (2004) Atlas of Conflicts: The Korean War, WAL, Milwaukee

Malkasian, C. (2001) The Korean War 1950-1953, Essential History Series, Fitzroy Dearborn

ROK Ministry of Defence, “Response to ‘Rush to judgement’”, 27 July 2010

Summers, H. (1990) Korean War Almanac, New York: Facts on File

You might also like