You are on page 1of 2

ကလေးများ လူကြီးဖြစ်လာသောအခါ အရည်အချင်းရှိသော ပုဂ္ဂိုလ်များဖြစ်လာစေဖို့

မိဘများမှကျင့်သုံး ရမည့်နည်းလမ်းအချို့

 ကလေး၏အားသာချက်ကိုရှာဖွေပါ၊ အသိအမှတ်ပြုပါ …

မိဘတိုင်းသည် မိမိ၏အားသာချက်များကို သိရှိရမည့်အပြင် မိမိကလေး၏အားသာချက်များကို


သိရှိထားရန် အလွန်ပင်အရေးကြီးပါသည်။ မိဘနှင့်သားသမီးများဖြစ်လင့်ကစား အားသာချက်များ
မတူညီနိုင်ပေ။ မိဘများအနေဖြင့် မိမိနှင့်မိမိ၏ကလေးအားသာချက်ကို သိရှိထားခြင်းအားဖြင့် ကလေး
နှင့်မိဘကြားဖြစ်လာနိုင်သော အဆင်မပြေမှုများ ၊ အခက်အခဲများကို ဖြေရှင်းရာတွင် များစွာပိုမိုလွယ်
ကူသွားနိုင်ပါသည်။ ကလေးများ၏အားသာချက်ကို အသိအမှတ်ပြုပေးပါ ။ ပြီးနောက် ကိုယ်လိုချင်
သောပုံစံကို သွယ်ဝိုက်သောနည်းဖြင့် ရယူပါ။

ဥပမာ …..

အေ ….ဘောလုံးပဲကန် စာမလုပ်နဲ့ ..စာမေးပွဲကျမှ သား…. ဘောလုံးဆော့တာ အရမ်း ကောင်းတယ်


ငါနဲ့တွေ့မယ် … …ဒါပေမဲ့ လောကကြီးမှာ ဘောလုံးကန်တတ်တာ
တစ်ခုထဲနဲ့ မလုံလောက်ဘူး …
စာလည်းတတ်ဖို့လိုတယ် …

 ကလေးများကို ရွေးချယ်ခွင့်ပေးပါ ….

ကလေးများကို အတင်းအကြပ်ခိုင်းစေခြင်း ၊ အမိန့်ပေးပြီးခိုင်းစေခြင်း ၊ နားပူနားဆာပြောပြီးလုပ်


ခိုင်းခြင်းထက် ကလေးများအား ရွေးချယ်ခွင့်ပေးပါ။ ကလေး၏စိတ်ခံစားမှုအပေါ် အခြေခံပြီး ကလေး
ဦးစားပေးလုပ်ချင်သောအရာများကို ဦးစွာပေးလုပ်လိုက်ပါ။ ကလေးစိတ်ကျေနပ်မှုရရှိရန် အလွန်အရေး
ကြီးပါသည်။ မိဘများအနေဖြင့် ကလေး၏စိတ်ကျေနပ်မှုအပေါ် အခွင့်ကောင်းယူပြီး ကိုယ်ဖြစ်စေချင်
သောအရာ ၊ ကိုယ်လုပ်စေချင်သော လုပ်ငန်းများကို ကလေးများအားပြန်လည်ချပြပေးပါ။

ဥပမာ ……

“ချက်ချင်း စာသွားကျက်စမ်း” “ သားစာအရင် ကျက်မလား (သို့)


အရင်ကစားမလား”
သမာရိုးကျနည်းလမ်းများမှ ဖောက်ထွက်ပါ……

ကလေးများအား ဆုံးမသွန်သင်ရာတွင် သာသမတည်းနည်းလမ်းဖြင့် ဘယ်တော့အခါမှမကျင့်သုံးပါ


နှင့်။ ဓလေ့တွေ ၊ မိရိုးဖလာတွေ ၊ လက်ဆင့်ကမ်းဆုံးမနည်းတွေ မည်သို့ပင်ရှိနေပါစေ ရုန်းထွက်သင့်
လျှင် ရုန်းထွက်ပါ ။ ဆောင်သင့်တာဆောင်ပြီး ရှောင်သင့်တာကို ရှောင်ပါ။ ခေတ်အခြေအနေမတူညီ
ကြောင်း ၊ လူနေမှုစရိုက်မတူညီကြောင်း အစဉ်အမြဲသတိရပေးပါ။ အရာရာပြောင်းလဲနေသောခေတ်
ကြီးမှာ ကလေးများကိုဆုံးမသည့်နည်းလမ်းများလည်း ပြောင်းလဲကျင့်သုံးသင့်သည်ကို သိထားပါ။ ပတ်
ဝန်းကျင်က မည်သို့ပင်ကဲ့ရဲ့ပြစ်တင်နေပါစေ မိဘနှင့်ကလေးအကြား ဆက်ဆံရေးကောင်းရန်သာ
အာရုံစိုက်ပါ ။

ဥပမာ …..

“တိတ်စမ်း ..ကလေးက ကလေးနေရာမနေဘူး ၊ “ အမေတော့ ဒီလိုမြင် တယ် သမီးကော ဘယ်လို


ဒီကိစ္စကလေးဝင်ပါရမဲ့ ကိစ္စမဟုတ်ဘူး” မြင်လဲ ဘယ်လိုထင်လ”ဲ

 ကလေးကို မကူပါနဲ့ ၊ သင်ပေးပါ…..

ကလေးကို အလုပ်တစ်ခုကိုခိုင်းသည့်အခါ အချိန်မီမပြီးစီးပါက အချို့မိဘများသည် ကလေးအား


ဘေးဖယ်ထားပြီး ဝင်လုပ်တတ်ကြသည်။ နှုတ်မှလည်း “နှေးလိုက်တာနော”ဆိုပြီး ရေရွတ်တတ်ကြ
သည်။ မိဘများအနေဖြင့် ကျေးဇူးပြုပြီး ကလေးကိုဝင်မကူပါနှင့်။ နှေးတုံ့နှေးတုံ့လုပ်နေသည့် အခြေ
အနေမှ မြန်မြန်လုပ် နိုင်သည့် အခြေအနေသို့ရောက်အောင် ၊ အလေ့အကျင့်များဖြစ်လာအောင် နည်း
လမ်းများ ၊ အတွေးအခေါ်များကို သင်ပေးပါ။

ဥပမာ ….

“ခိုင်းထားတာကြာလှပြီ မပြီးနိုင်ဘူးလား …ဖယ်.. “အဆင်ပြေလား ၊ ဘယ်အထိလုပ်ပြီးပြီလဲ …


ဝေးဝေးသွားနေ … ငါလုပ်လိုက်မယ်” အမြန်ပြီးနိုင်မဲ့နည်းလမ်း သားတွေးကြည့်ဖူးလား ..
ကြည့် … အမေပြမယ်”

စင်ရော်(ငွေတောင်)

You might also like