You are on page 1of 417

နီကိုရဲ မကြည်ပြာနှင့် ချစ်ခြင်း၏ဒုတိယနဂ္ဂတစ်များ

နီကိုရဲ

မကြည်ပြာနှင့်

ချစ်ခြင်း၏ဒုတိယနဂ္ဂတစ်များ

typing - ကောင်းဆိုး

typing - ကောင်းဆိုး Page 2


နီကိုရဲ မကြည်ပြာနှင့် ချစ်ခြင်း၏ဒုတိယနဂ္ဂတစ်များ

ဖြန့်ချီရေး
ပင်နီစာအုပ်တိုက်
အမှတ်(၂၀၃-ဘီ)၊ ပထမထပ်၊ ၃၅-လမ်း(အထက်)
ကျောက်တံတားမြို့နယ်၊ရန်ကုန်။
ဖုန်း- ၂၄၀၅၃၉
စာတိုက်သေတ္တာ(၆၄၃)

typing - ကောင်းဆိုး Page 3


နီကိုရဲ မကြည်ပြာနှင့် ချစ်ခြင်း၏ဒုတိယနဂ္ဂတစ်များ

“ဒုတိယ စကား.....”
စကား.....”

ပထမဦးဆုံးတောင်းပန်ချင်သည့် စကား.... ပထမ စာအုပ်၏


“လွဲချော် မှုများ” အကြောင်းပါ။ ကျွန်တော်အတွက်တော့... “လွဲ”
နေကျအတိုင်သာ လွဲချော်ခဲ့တာ ဖြစ်တဲ့အတွက် ဟီးဟီး ဟားဟား
ပြီးခဲ့ပေမယ့် (ပြီးနိုင်ခဲ့မယ့်)... ကျွန်တော်နဲ့ မသိတဲ့ စာဖတ်ပရိတ်သတ်
ကတော့ ဖုန်းနဲ့တစ်မျိုး... စာနဲ့တဖုံ... လူကြုံနဲ့ တသွယ် ဒေါသဖြစ်တာကို
ရင်ဆိုင်ခဲ့ရပါတယ်။ တော်တော်သေချာတဲ့ စာဖတ်ပရိတ်သတ်(အချို့)
ကြတော့လည်း... စကားလုံးတွေမှားတာ...။ စကားတွေ ပြုတ်ကျ
ကျန်ရစ်ခဲ့တဲ့အတွက် အဓိပ္ပါယ်ပြောင်းသွားတာတွေကို ရန်တွေ့ကြတယ်...
မကျေမနပ် ပြောကြတယ်။ တချို့ကလည်း “ရေခဲမုန့်” နဲ့ “ရန်ပွဲ”
ခေါင်းစဉ်ကို ကာတွန်းဆရာစောမင်းဝေရဲ့ ပုံတွေ မှားကပ်တာကို ပြောကြ
တယ်။ ကျန်တာကတော့ “ဒုတိယနဂ္ဂတစ်” ဘယ်တော့ထက
ွ်မလဲ! ရှင်က
ခြောက်ဆယ်နှစ်ပေါင်းဆိုတာ တကယ်လား! မကြည်ပြာနဲ့ ပေါင်းသလား!
ရှင် ဘာတွေလုပ် နေသလဲ၊ ရယ်စရာတွေ စုနေတာလား၊ ပြီးတော့ ဟား..

typing - ကောင်းဆိုး Page 4


နီကိုရဲ မကြည်ပြာနှင့် ချစ်ခြင်း၏ဒုတိယနဂ္ဂတစ်များ
ဟား.. ဟား.. ဟား.. ဟား.. ဟား.. ဟား.. ဟား.. ဟား...။
စသည်ဖြင့်ပေါလေ....။

ကျွန်တော် တော်တော်ခံစားရပါတယ်။ ဒုတိယစာအုပ်ကြန့်ကြာတဲ့


ကိစ္စကတော့ ကျွန်တော်နဲ့… ကျွန်တော်ထုတ်ဝေသူ “ဝင်းမျိုးသူရ”
တစ်ဝက်စီ မျှခံသင့်တဲ့ကိစ္စပါ။ ဒါပေမယ့် ကျွန်တော်ပဲ ခံရပါတယ်။
ဇာတ်သိမ်းပြီးသွားသည်အထိ အားသွန်းခွန်စိုက်ရေးပေးပြီးအတော်ကြာကြာ
အထိ ဝတ္တုကထွက်မလာနိုင်ပါဘူး။ အခြေအနေအကြောင်းကြောင်းကြောင့်
ပေါ့လေ။ ကျွန်တော်ကလည်း ဇာတ်ညွှန်းတွေ ဘာတွေရေးနေလေတော့...
(အလုပ်မရှုပ်ဘဲ အရှုပ်တွေ လုပ်နေရသူဆိုတော့) သူ့ကို မလောနိုင်
တာလည်း ပါတာပေါ့။ မည်သို့ပင်ဖြစ်စေ.... ရယ်သံတွေ... ဆက်သွားခွင့်
မရတဲ့အတွက်ပရိတ်သတ်ကိုတော့... တောင်းပန်ရမှာပဲဖြစ်ပါတယ်။

ကျွန်တော်ဖြစ်နေကျအတိုင်း မျှော်လင့်ထားတာတွေ ဖြစ်မလာနိုင်တဲ့


အတွက်… ဘာမှ ပြောစရာမရှိတော့ပါဘူး။ ကျွန်တော့် တောင်းပန်မှုကို
ပရိသတ်က လက်မခံဘူးဆိုရင်လည်း ရှိပါစေ။ ကျွန်တော်ကို မကြည်ပြာက
ချစ်လိမ့်မယ်လို့ မထင်တားသလို.. စာဖတ်ပရိတ်ကလည်း ကျွန်တော့်ကို
ချစ်လိမ့်မယ်လို့ ထင်မထားခဲ့တာအမှန်ပါပဲ။ မမျှော်လင့်တဲ့ အချိန်မျိုးမှာ
ရောက်လာတဲ့ ခံစားမှုမှန်သမျှကို မမျှော်လင့်ပဲရင်ဆိုင်ရတဲ့အတွက်...
မျှော်လင့်ထားသလို ဖြစ်မလာနိုင်ခဲတာကို နားလည်ပေးလိမ့်မယ်လို့
ထင်ပါတယ်။

typing - ကောင်းဆိုး Page 5


နီကိုရဲ မကြည်ပြာနှင့် ချစ်ခြင်း၏ဒုတိယနဂ္ဂတစ်များ
မကြည်ပြာနှင့် ဟိုတယ်

ည၏ အသံမဲ့သော တိတ်ဆိတ်ခြင်းထဲတွင် ထုထည်ကောင်းကောင်း


နှင့်ခိုင်မာစွာတည်ရှိနေသော အမှောင်ထုအတွင်းသို့ ကိုယ့်ကိုကိုယ်
မြုပ်နှံသဂြိုဟ်သွားသော လက်ခုပ်တစ်ဖောင်စာ အမြင့်ဆီမှ သစ်ရက
ွ်
ကြွေများ၏ ဆုံရှုံးမှုကို တိတ်တဆိတ်ဆောင်ရွက်နေကြသည့် အသံသဲသဲ
အဆုံးတွင် ပြန်လည်အစားဝင်လာသော ကြည်ပြာအတွက် အတွေးများ၏
တောက်ပပြိုးပြက်ပြီ။ ကြည်ပြာ

နံနက်ခင်းကမ္တာမြေကို ဖြန်းခနဲ ရိုက်ပုတ်ပစ်လိုက်တဲ့ ရွှန်းလဲ့


ဆန်းသစ်စနေမင်း။ ကိုယ်ပွင့်တဲ့ပန်းကို ကိုယ်ပြန်ပန်ထားခွင့်ရထားတဲ့
ပန်းပင်တစ်ပင်၊ ငါမရှာဘဲ တွေ့တွေ့နေရတဲ့စကားလုံးတွေက မင်းကို
ကိုယ်စားပြုနေပုံဟာ ဟောဒီည လမင်းရဲ့ရှေ့ပြေး၊ လမင်းရဲ့ နောက်လိုက်
လမင်းဟာ အိပ်မက်မက်နေသူတွေရဲ့ ကောင်းကင်ပေါ်မှာ တိတ်တဆိတ်
ရွက်တိုက် လှော်ခတ်သွားနေတယ်။ ငါက အိပ်စက်ခြင်းက နိုးထ၊
မင်းအတွက် အလှဆုံးစကားလုံးတွေနဲ့ ချုံခိုစောင့်ဆိုင်းနေခဲ့တယ်။ ဒါပေမယ့်
မကြည်ပြာ... လမင်းရောငါပါ ထောင်ချောက်ထက
ျဲခဲ့တာပါပဲ။ ငါ့မေတ္တာ
တရားကနေ လှမ်းမြင်နေရတဲ့ မင်းရဲ့နွဲ့ပျောင်းမှု၊ အပြုံး၊ စကားသံ၊ မျက်ဝန်း
အကြည့် အားလုံးထဲမှာ ငါ့ စကားလုံး၊ ညရဲ့လမင်း၊ အသံမမြည်တဲ့
ငါ့ရဲ့မျှော်လင့်ချက်အားလုံးကို ငါတွေးနေမိတယ်။ လရောင်နဲ့ ထက်မြိနေတဲ့
သစ်ရွက်ချွန်ချွန်တွေဟာ လမင်းမျက်နှာကိုလှမ်းပြီး ခွစ
ဲိတ်နေကြတဲ့

ကြိုးစာမှုလိုပဲ၊ အားလုံးဟာ အချည်းနှီး၊ သိပ်ချစ်ရပါသော...


မကြည်ပြာ။

typing - ကောင်းဆိုး Page 6


နီကိုရဲ မကြည်ပြာနှင့် ချစ်ခြင်း၏ဒုတိယနဂ္ဂတစ်များ
ပျံလွှားငှက်များ အနမ်းလို့ ပျံသန်းသွားခဲ့သော နံနက်ခင်း၏
အိပ်စက်ခြင်းထဲသို့ ဆူဆူညံညံအသံများ ၀င်ရောက်လာကာ ကျွန်တော်
အိပ်ယာမှနိုးသွားခဲ့သည်။ အသံများက ကျွန်တော့် ညီမတစ်ဝမ်းကွဲအသံ၊
အမေ့အသံ၊ ကျွန်တော်စောင်ကို ပြန်ဆွဲခြုံကာ လွင့်ပြယ်စပြုနေသော
အိပ်မက်နောက်သို့ ကမန်းကတမ်း ပြန်လိုက်ရသည်။ ခဏကြတော့
အိပ်မက်လား။ ကျွန်တော်အတွေးလား မသိတော့ဘဲ အရာရာသည်
ပြန်လည်ရှုပ်ထွေးစပြုလာ၏။ ရှက်စနိုးဟန် မျက်နှာကလေးနှင့် တခစ်ခစ်
ရယ်နေသော ကြည်ပြာ့လက်ကလေးကို ကျွန်တော် ဆုပ်ကိုင်သည့် အခါ
ကြည်ပြာ့လက်က ကျွန်တော့်လက်ထဲမှာ ဖောင်တိန်တစ်ချောင်း ဖြစ်သွား၏။
အနားမှာ ရပ်နေသူကလည်း ကြည်ပြာမဟုတ်တော့၊ မုန့်ပစ်စလက်
ရောင်းသည့် လမ်းထိပ်က အဒေါ်ကြီးဖြစ်သွား၏။ နေရာကလည်း
အင်းလျားကန်စပ်မဟုတ်၊ ကျွန်တော်တို့အိမ် နောက်ဖေး လမ်းကြား
ဖြစ်သွားသည်။ ဘယ်နှယ် ဖြစ်ရတာလဲ။

“ကိုရဲ ကိုရဲ... ထစမ်းပါဦး၊ ညီမလေးတို့ ရှစ်တန်း အောင်စာရင်းတွေ


ထွက်နေပြီ၊ အဲဒါ... သွားကြည့်ပေးပါဦး ကိုရဲရယ်… ထပါ”

“ဟာ… နင်အောင်စာရင်း နင့်ဘာသာကြည့်ပေါ့ဟ၊ ငါ အိပ်ရေး


မဝသေးဘူး”

“ကိုရဲကလည်း ညီမလေး မကြည့်ရလ


ဲို့ပါဆို ထစမ်းပါကိုရဲရ၊
ဒီမှာလေ ဟို...”

“ဟဲ့... ရဲဝင်း ထလေဟာ၊ ခုထိအိပ်နေတုန်းပဲလား၊ သွားကြည့်


ပေးလိုက် ပါဟ၊ မိန်းကလေးဆိုတာ ဒီလိုပဲပေါ့၊ ငါတုန်းကလဲ ဘယ်တော့မှ

typing - ကောင်းဆိုး Page 7


နီကိုရဲ မကြည်ပြာနှင့် ချစ်ခြင်း၏ဒုတိယနဂ္ဂတစ်များ
ကိုယ်တိုင်မကြည့်ဘူး၊ သူငယ်ချင်းတွေက အောင်တယ်ဆိုမှ၊ ထလေဟာ...
ရဲဝင်း”

ဒါ ဒါ... ကြည်ပြာ့အသံပါလား။ ကျွန်တော် အိပ်ယာမှ လူးလဲ


ထလိုက်တော့ မွှေးရနံ့တစ်မျိုးဖြင့် ရွှင်မြူးကြည်လ့ေ
ဲ နသော ကြည်ပြာ့
မျက်နှာကို တွေ့ရသည်။ ညီမက ကြည်ပြာ့လက်ကို ဆုပ်ကိုင်ထား၏။
ကြည်ပြာက အိပ်ချင်မူးတူး ဖြစ်နေသော ကျွန်တော့်ကို ရယ်မောကာ
ခေါင်းမှဆံပင်များကို လှမ်းဖွကာ စ,၏။

“ငါ အန်တီတို့အိမ် ခဏသွားမလို့ဟ၊ အထည်ဖိုးတွေ သွားသိမ်းမှာ၊


လပေးထားတဲ့ အထည်တွေလေ... အလကား အမေပေါ့ အလုပ်ရှုပ်
တာပါဟာ... ပြီးရင် ဟိုကောင်တွေ ဒဂုံအိမ်ကို လစ်ကြတာပေါ့၊ ဟဲ့ နင်က
ဘာပြူးကြောင့်ကြောင်လုပ်နေတာလဲ... ထလေဟာ”

ဤသို့ဖြင့် ချစ်သူကိုယ်တိုင်နိုး၍ ထရသောနံနက်ခင်းသည်


ကျွန်တော့်အမြင်က ပုံစံတစ်မျိုးနှင့် တောက်ပကာနေသည်။ အမြင်တွင်
ပုံစံတစ်မျိုးနှင့် တောက်ပကာနေသည်။ ကျွန်တော်ပျော်ရွှင်စွာ မျက်နှာ
သစ်သည်။ ညီမက ကြည်ပြာနှင့် စကားတွက်ထိုးကာ စာမေးပွဲအကြောင်း
ပြောနေကြ၏။ အိမ်ပတ်ဝန်းကျင်မှာလည်း ဟိုလူအောင် ဒီလူကျဖြင့်
ရှစ်တန်းစာမေးပွဲ သတင်းက ပျံ့နေပြီ။ ရေမိုးချိုးထမင်းစားပြီး အောင်စာရင်း
များတပ်ရာ မြို့နယ်ရုံးသို့ ထွက်ခဲ့ကြ၏။ ကြည်ပြာက အတင်းခေါ်သဖြင့်
ညီမပါပါလာသည်။ ညီမနှင့် ကြည်ပြာက တတွက်တက
ွ် စကားပြောနေ
သဖြင့် ကျွန်တော် ကြည်ပြာ တွဲလျှောက်ခွင့်မရ။ တော်တော် ရှုပ်တဲ့
ကောင်းမလေးပဲဟု တွေးမိသည်။ အောင်စာရင်းများ ကပ်ထားရာ နေရာ
ရောက်တော့ ၁၀-နာရီ ထိုးလုပြီးမို့ သိပ်မရှိတော့။ အောင်စာရင်း

typing - ကောင်းဆိုး Page 8


နီကိုရဲ မကြည်ပြာနှင့် ချစ်ခြင်း၏ဒုတိယနဂ္ဂတစ်များ
စာရွက်များကို လှမ်းတွေ့လိုက်ကတည်းက ညီမက ကြောက်ရံွ့ ကာ နေရာမှ
မရွေ့တော့။

“မမ... မမပါလိုက်သွားပါနော်၊ သမီးဒီနေရာကပဲ စောင့်မယ်၊ ကိုရဲ...


သေချာကြည့်ပေးပါနော်”

စာရွက်နားရောက်တော့ လူလေးငါးယောက်သာရှိ၏။ ကျွန်တော်


လည်း ဝင်ရပ်ကာ ညီမ၏ခုံနံပါတ်ကို ရှာသည်။ ကြာပြာကလည်း
ရောယောင်ကာ ဝင်ရပ်၏။ ၈၅၅၊ ၈၅၆၊ ၈၅၉။

“ဟာ... ကျပြီ၊ ၈၅၇ မပါဘူးဟ... ကျပြီ”

“အေးဟ...၊ ရဲဝင်းရ... ဒုက္ခပဲ… ကျပြီ”

ကျွန်တော်ခုံနံပါတ်ကို လက်ဖြင့်ထောက်ထားလျက်က ဒေါသ


ထွက်သွား၏။ သောက်သုံးမကျသည့် ကောင်မလေး။ အတန်းက
ရှစ်တန်းရှိသေးတယ်၊ အချစ်တော်ထားရတာနဲ့၊ ပျော်ပစ
ွဲားထွက်ရတာနဲ့
ကျူရှင်တွေကလည်း တက်ရတာလက်မလည်။ ဒါတောင်မှ ကျသေးသည်။
ဘာအသုံးကျသနည်း။

“ဒါ... သိပံ္ပနဲ့ အောင်တာတွေ၊ အဲဒီမှာမပါရင် ဟိုဘက်မှာ ဝိဇ္ဇာတွေ


ရှိသေးတယ်”

ခုံနံပါတ်ကြည့်နေသည့် ကောင်းမလေးတစ်ယောက်က ပြောသဖြင့်


ကျွန်တော်တို့ ဝိဇ္ဇာတက်ပြေးရှာကြရပြန်၏။ မတွေ့။ သေသေချာချာ
ကြည့်သည်မရှိ။ ကျတာသေချာပြီ။

“အောင်လား၊ အဲဒီမှာရော”

typing - ကောင်းဆိုး Page 9


နီကိုရဲ မကြည်ပြာနှင့် ချစ်ခြင်း၏ဒုတိယနဂ္ဂတစ်များ
“ဟင်အင်း... မတွေ့ဘူး၊ ကျတယ်”

“ဟယ်… ကျတယ်၊ နင်က ဘာမဖြေနိုင်တာလဲ”

“သိပါဘူးဟာ... သောက်သုံးမှမကျတာ”

ခုံနံပါတ်ကြည့်ရန်ညွှန်းသော ကောင်မလေးနှစ်ယောက်ကကျွန်တော်
မေးသည်။ ဒေါသထွက်နေသော ကျွန်တော့်မျက်နှာကို ကြည့်ကာ
ကောင်မလေး နှစ်ယောက်က ပြုံးနေရာမှ အနည်းငယ်တည်သွားကြ၏။
ကောင်မလေးတစ်ယောက်က...

“သင်္ချာပဲ နေမှာပေါ့၊ သင်္ချာက ဒီနှစ်ဒုက္ခပေးသွားတာ၊ နင်က


သင်္ချာကျုရှင်မယူဘူးလား”

“ဒီနှစ်မအောင်လဲ နောင်နှစ်ဖြေပေါ့ဟာ... စိတ်ဓါတ်မကျနဲ့ပေါ့၊


ငါတို့က ဂုဏ်ထူး၂- ဘာသာပါတယ်”

“သင်္ချာက တောင်ဥက္ကလာက ဦးတင်ရွှေ ကောင်းတယ်”

ကျွန်တော် ကောင်မလေးနှစ်ယောက်ကို တအံ့တသြရပ်ကာ


သေသေချာချာကြည့်လိုက်သည်။ ဒီကောင်မလေးတွေက ငါ့ကို ပြောနေတာ
ပါလား၊ ငါ့ကို ရှစ်တန်းကျတယ်ထင်လို့ အားပေးနေတာပါလား။ ကျွန်တော်
ဖြန်းခနဲ ဒေါသထွက်သွား၏။ ကောင်မလေးနှစ်ယောက်ကလည်း ကျွန်တော့်
အပြောင်းအလဲကြောင့် ကြောင့်သွားပုံရသည်။

“ညီမတို့က ဘယ်သူ့ကို ပြောနေတာလဲ၊ သူ့ကိုလား”

ကြည်ပြာက ပြုံးစေ့စေ့မျက်နှာ့ဖြင့် ကျွန်တော်ကို လက်ညှိုးထိုးပြကာ


မေးသည်။ ကောင်မလေးတွေက ကြည်ပြာနှင့် ကျွန်တော့်ကို

typing - ကောင်းဆိုး Page 10


နီကိုရဲ မကြည်ပြာနှင့် ချစ်ခြင်း၏ဒုတိယနဂ္ဂတစ်များ
မျက်မှောင်ကြုတ် ကြည့်ကာ “အင်းလေ” ဟု ဖြေ၏။ သွားပြီ။ ကျွန်တော်
တော်တော်ဒေါသထွက်သွားသည်။ ကမန်းကတန်း အရပ်အမောင်းကို
လှမ်းကြည့်လိုက်တော့ ကျွန်တော်နှင့် သူတို့နှစ်ယောက်အရပ်က မတိမ်း
မယိမ်း။ (ကျွန်တော်ကအနည်းငယ်ပိုရှည်သည်ဟု ထင်ပါသည်)။

“ကျွန်မတို့က သူစိတ်ဓါတ်ကျသွားမှစိုးလို့ အားပေး...”

“ဟာ... ဒီကောင်မလေးတွေ... တော်ပြီ၊ စကားမရှည်နဲ့ သွား


သွားတော့… သွား”

ကျွန်တော်ကြုံးအော်သံကြောင့် ကောင်မလေးနှစ်ယောက် လန့်ဖျပ်


ကာ ထွက်သွားကြ၏။ တောက်... ငါ့ကိုများရှစ်တန်း မှတ်လို့တ့၊ဲ ပြီးတော့
ကြည်ပြာရှေ့မှာ ကျွန်တော်ဘာလုပ်ရမှန်းမသိ၊ ကြည်ပြာ့ကို လှမ်းကြည့်
တော့ ပြုံးစစမျက်နှာပေးကို တွေ့ရ၏။ ကျွန်တော်အလျင်အမြန် မျက်နှာ
လွှဲရသည်။

“ကိုရဲ... အောင်လားဟင်… ကိုရဲ”

“ဘာ… အောင်လားလဲ၊ နင်ဘာအသုံးကျသလဲ၊ ကျတယ်...


ကျတယ်၊ ကြည့်လိုက်ရင် ထွန့်ထွန့်လူးပြီး ဝတ်ကောင်းစာလှန့၊ဲ ဟိုမွေးနေ့
သွားရ၊ ဒီပျော်ပွဲစားထွက်ရ၊ စာကျဘာမှမကျက်ဘူး၊ ငါနားရင်
ရိုက်ပစ်လိုက်မယ်… မငိုနဲ့”

“ရဲဝင်း... နင်ကလည်းဟာ၊ သူ့သွားမမဲပါနဲ့၊ ညီမ... မငိုနဲ့ ဒီနှစ်


မအောင်လည်း နောက်နှစ်ပေါ့၊ သင်္ချာမဖြေနိုင်တာလား”

“ကြည်ပြာ... နင်တော်ဟာ... တော်တော့”

typing - ကောင်းဆိုး Page 11


နီကိုရဲ မကြည်ပြာနှင့် ချစ်ခြင်း၏ဒုတိယနဂ္ဂတစ်များ
“လဲသေလိုက် ငါက သူ့ကိုပြောတာ... အလကား စွတ်ဟောက်နေ
တာပဲ...”

ကျွန်တော် ရှက်ရမ်းရမ်းကာ ရှေ့မှ လျှောက်သွားနေသော


ကောင်မလေး နှစ်ယောက်ကို လက်ဆည်ကန်ထဲ ကန်ချပစ်ချင်စိတ်
ပေါ်လာ၏။ ညီမကိုလည်း ကန်ချပစ်ချင်သည်။ ပြီးတော့ ကျွန်တော်
ကိုယ်တိုင်လည်း ခုန်ချပစ်ချင်နေသည်။ သို့သော်မဖြစ်သေး။ ရှစ်တန်း
မအောင်လို့ ရေကန်ထဲခုန်ချတယ်ဟု သတင်းထွက်ချင် ထွက်နေဦးမယ်။
မဖြစ်သေး၊ မလွယ်လှပါလား။

ဇဝနမှတ်တိုင်ရောက်တော့ ညီမက တရှုံ့ရှုံ့ငိုကာ ဆင်းသွား၏။


ကျွန်တော်တို့က ခရီးဆက်သည်။ ကြည်ပြာက နံဘေးမှ ကျွန်တော်ကို
ပြုံးစေ့စေ့ဖြင့် ကြည့်ကာနေသည်ကို မသိချင်ယောင်ထားလိုက်သည်။
သို့သော်မရ...။

“နင်ကလည်း အလကားလျှောက်မဲနေတယ်၊ သိပ်မဆူပါနင့်၊


အားငယ်သွားမှာပေါ့၊ ဟီးဟီး၊... နင့်ကို ဟိုချာတိတ်မတွေက ယုံယုံ
ကြည်ကြည်နဲ့ ပြောတာနော်၊ ငါတောင် ပထမကြောင်းသွားတာဟ…
သိလား”

“ကြည်ပြာ တော်တော့ဟာ… တော်ပြီ...”

“ကောင်းတာပေါ့ဟ၊ အဲဒါ နုပျိုတယ်လို့ ခေါ်တာပေါ့....


ဘယ်လောက် ကောင်းသလဲ၊ တချို့ဆိုရင်...”

“ကြည်ပြာ... ငါ့ ဒေါသထွက်လာပြီနော်... နင်တော်တော့”

typing - ကောင်းဆိုး Page 12


နီကိုရဲ မကြည်ပြာနှင့် ချစ်ခြင်း၏ဒုတိယနဂ္ဂတစ်များ
“အံမယ်... လဲသေလိုက်... ငါပြောတောမှမဟုတ်တာ၊ နင်သဘော
ဖြစ်တဲ့ဟာကို”

“ဘာကြောင့်ပဲဖြစ်ဖြစ်ဟာ ပြောမနေနဲ့တော့၊ နင်လျှောက်ပြော


မနေနဲ့နော် ကြည်ပြာ”

“ဟား ဟား... ဟိုကောင်တွေကိုလား၊ ဒါကတော့ဟာ… နင့်


အပေါ်မှာ မူတည်တာပေါ့ နင် မုန့်ဟင်းခါးကျွေးရင် မပြောဘူး”

“ကျွေးမယ်ဟာ... ကျွေးမယ်၊ တော်တော့၊ တောက်… ဟို


ကောင်မလေးကလည်း သောက်သုံးကိုမကျဘူး၊ ဒီရှစ်တန်းကလေး တောင်”

“နင်ကလည်းဟာ... တော်ပါတော့၊ ဟဲ့… သင်္ချာလေးဘာလေး


ကျူရှင်ယူဦးနော်… သိလား”

ကျွန်တော် လှမ်းရိုက်ဖို့ပြင်သောလက်ကို ကြည်ပြာက ကိုယ်ကလေး


ရို့ကာ လက်များဖြင့်လှမ်းကာ၏။ ပျှော်ရွင်နေသော ကြည်ပြာ့ကို ကြည့်ကာ
ကျွန်တော်စိတ်ပြေသွားပြီး ကြည်ပြာ့လက်ကလေးများကို ဆွယ
ဲူကာ
ကိုင်ထားလိုက်၏။ ဒီတော့မှ ကြည်ပြာငြိမ်သွားသည်။ ခဏကြာတော့
ကြည်ပြာထံမှ တခစ်ခစ်ရယ်သံ ထွက်လာပြန်၏။ ကြည်ပြာက ကျွန်တော့်ကို
သူ့ခေါင်းကလေးဖြင့်တိုက်ကာ ရယ်သည်။ ကျွန်တော်လည်း အရှက်ပြေ
လိုက်ပြီး ရယ်မိသည်။ ကျွန်တော်တို့နှစ်ယောက် ရယ်နေကြသည်ကို
ကားလေးပေါ်မှလူတွေ မသိမသာကြည့်နေကြသည်။ ထိုအကြည့်များကို
တွေ့တော့ စိတ်မောသွားသည်။ ကျွန်တော်အတွက်တော့ ထိုမျက်ဝန်း
များသည် ရိုးနေပြီဖြစ်သည်။ ထိုမျက်ဝန်းအကြည့်များ၏ နောက်ကယ
ွ်မှ
အဓိပ္ပါယ်သည် အနည်းငယ် ခါးသီးမူတော့ရှိ၏။ ကြည်ပြာနှင့် ကျွန်တော့်ကို

typing - ကောင်းဆိုး Page 13


နီကိုရဲ မကြည်ပြာနှင့် ချစ်ခြင်း၏ဒုတိယနဂ္ဂတစ်များ
ချစ်သူဟု အပြုအမူတစ်ခုကြောင့် သိသွားကြသည့်အခါ တအံ့တသြ
ဖြစ်သွားကြသော အကြည့်၊ ဒီလိုငနဲမျိုးကို ဘာကြောင့်များ ကြိုက်ရတာလဲ
ဆိုသည့်အကြည့်၊ ကြည်ပြာ့ကို အားမလိုအားမရ၊ မချင့်မရဲ တအံ့တသြ
ကြည့်ကြပြီး ကျွန်တော်ကိုတော့ နေနှင့်ဦးပေါ့ကွာဆိုသည့် သဘောနှင့်
ခပ်နှိမ်နှိမ် ကြည့်တက်ကြသည်။ ထိုမျက်ဝန်းများ၏ အဓိပ္ပါယ်ကို
ကြည်ပြာကလည်း သိသာသည်။ ထိုမျက်ဝန်းများသည် မိန်းမပီသသော
ကြည်ပြာ၏ အသိဉာဏ်ရှုပ်ရှုပ်ထွေးထွေးအတွင်း ဟိုဝင်ဒီထက
ွ် လုပ်ပြီး
သွားသာအခါ ကျွန်တော့်ကို နိုင်ခြင်းတည်းဟူသော ခံစားမူကြီးတစ်ခု အဖြစ်
ပြန်ထွက်လာလေသည်။ ယခုကြည်ပြာနှင့် ကျွန်တော် ချစ်သူ သက်တမ်း
ကြာလာသော်လည်း ထိုအချက်မှလာသော ခံစားမှုသည် မျှော်လင့်ထားခဲ့ဖူး
သလို ပျောက်ကွယ်မသွားဘဲ ယဉ်ကျေးမူတစ်ခု ဖြစ်လာ၏။ ဓလေ့
ထုံးစံတစ်ခု ဖြစ်လာ၏။ ကျွန်တော့်မှာ ယုံယုံကြည်ကြည် လက်ခံလိုက်ရန်
မှတစ်ပါး ဘာမှမတက်နိုင်တော့။ ယခု သေးသည့် ကွေးသည့် ကိစ္စနှင့်
ပတ်သက်ပြီးကာစ ထိုမျက်ဝန်းများကို တွေ့ရသဖြင့် ကျွန်တော် စိတ်ဓါတ်
ကျချင်နေသည်။ ကြည်ပြာသည် ထိုကိစ္စကို နားလည် လက်ခံသွားပြီဟု
သူငယ်ချင်းများက ယူဆနေကြ သော်လည်း ထိုသို့ မဟုတ်။ ယခုပင်
ထိုမျက်ဝန်းအကြည့်များနှင့် ထိုအဖြစ်အပျက် တို့ကြောင့် ကြည်ပြာ့ဘက်မှ
တစ်ခုခုသည် သာမြဲသာလျက် ရှိနေကာ ကျွန်တော့်ဘက်မှ တစ်ခုခုသည်
နိမ့်ပါးမြဲ နိမ့်ပါးနေကြောင်းကို ရည်ညွှန်းလျက်ရှိသည် မဟုတ်လား။
ယခုလွယ်လွယ်ပင် အမေ့ခံထား၍ ရသော ထိုအချက်အလက် များသည်
တချိန်ချိန်တွင် လာရောက် ပေါင်းစည်းကြဦးမှာလား။ ကြည်ပြာက
ကားပေါ်မှ ဆင်းလိုက်သဖြင့် အတွေးပြတ်သွားပြီး ၃၉လမ်းထိပ်ကို
ရောက်တော့ ကြည်ပြာက ရပ်ကာ ကျွန်တော်ကိုပြောသည်။

typing - ကောင်းဆိုး Page 14


နီကိုရဲ မကြည်ပြာနှင့် ချစ်ခြင်း၏ဒုတိယနဂ္ဂတစ်များ
“ကဲ ရဲဝင်း၊ နင် ဒီမှာပဲနေခဲ့၊ ရပ်စောင့်မနေလည်း၊ လက်ဖက်ရည်
ဆိုင်က စောင့်ပေါ့”

“ကြည်ပြာကလည်း ငါလည်းလိုက်မယ်လေဟာ”

“ဟဲ့ အခုဟာက ငါ့အန်တီ အိမ်သွားမှာ၊ နင်လိုက်လာလို့


ဘယ်ကောင်းမလဲ ဟ”

“ငါလိုက်လာတော့ ဘာဖြစ်လို့လဲ”

စကားဆုံးတော့ ကြည်ပြာနှင့် ကျွန်တော် မျက်ဝန်းချင်းဆုံကြသည်။


တစ်ယောက်နှင့် တစ်ယောက် စိုက်ကြည့်ထားကြ၏။ ထိုအကြည့်
နှစ်ခုစလုံးကို အပြန်အလှန်သဘောပေါက်ကြသည်။

“နင်ကလည်းခက်တာပဲ၊ အေးလေလိုက်ခ့လ
ဲိုက်ခဲ့၊ ဒါပေမယ့် နင်
အနေအထိုင်တော့ ဆင်ခြေနော်၊ ငါ့အန်တီက ငါ့ကိုသိပ်ချစ်တာ
အားလုံးထဲမှာ ငါ့ကိုပဲ ငါ့အန်တီက...”

“အေးပါဟ”

ကြည်ပြာ့သတ္တိကို ကျွန်တော်ကျေနပ်သွား၏။ တိုက်လှေကားထစ်


များကို တက်ခဲ့ကြသည်။ တတိယမြောက် အခန်းတံခါးကို ကြည်ပြာက
ခေါက်သည်။ တံခါးပွင့်သွားသောအခါ အိမ်ရှေ့ခန်းတွင် ထိုင်နေသော
မိန်းမကြီးတစ်ဦးက ကြည်ပြာကိုဆီးကြိုကာ ကျွန်တော့်ကိုဆိုဖာပေါ်တွင်
နေရာပေး၏။ ကျွန်တော်ထိုင်ချလိုက်တော့ ထိုမိန်မကြီးက ကြည်ပြာ့ကို
အခန်းထဲခေါ်သွားသည်။ အိမ်ရှေ့ခန်း ဆိုဖာပေါ်မှာ အသက်ခြောက်ဆယ်
ကျော်ခန့် အဘွားကြီးတစ်ယောက်၊ ကြောင်တစ်ကောင်နှင့် ကျွန်တော်
ကျန်ရစ်ခဲ့၏။ အဘွားကြီးက ကျွန်တော့်ကို ပြုံးပြသည်။ ကျွန်တော်

typing - ကောင်းဆိုး Page 15


နီကိုရဲ မကြည်ပြာနှင့် ချစ်ခြင်း၏ဒုတိယနဂ္ဂတစ်များ
ပြန်ပြုံးပြရ၏။ ကြောင်က တညောင်ညောင် အော်ကာ ကျွန်တော့်
ခြေထောက်ကို လာပွတ်သည်။ ကြောင်မချစ်တက်သော်လည်း ရည်ရယ
ွ်
ချက် မရှိဘဲ အိမ်လည်ရောက်လာတဲ့ လူပိုတွေလုပ်သည့်အတိုင်း
ကြောင်းကြီးကို ကောက်ချီကာ

“ဝသားပဲ”

စကားရှာပြောကာ ပွတ်သပ်ပေးရ၏။ အဘွားကြီးက ကျွန်တာ့်ကို


ပြုံးပြပြန်သည်။ ခဏကြာတော့ ကိုရွှေကြောင်က ပေါင်ပေါ်မှာ မှိန်းနေရာမှ
ရုတ်တရက် ခွီးခနဲအော်ပြီး ကုတ်ကာပြေးဆင်းသွား၏။ ကျွန်တော်
လန့်ဖျပ်ပြီး ခုန်ထမိသည်။ ပေါင်လည်း အတော်နာသွား၏။ ကျွန်တော့်
အဖြစ်ကို အဘွားကြီးက မမြင်လိုက်၊ ခပ်တည်တည်ဖြင့် ဒီအတိုင်း
ပြန်ထိုင်နေလိုက်ရသော်လည်း ကြောင်ကို တော်တော်ဒေါသထွက်သွားပြီး
စိတ်နည်းနည်း ကျဉ်းကြပ်သွား၏။ ဒီနေ့မနက်တော့ ဘာတစ်ခုမှ အဆင်
မပြေ၊ လူမသိသူမသိခံရတာ နှစ်ခါရှိပြီ။ ကြောင်က ခပ်လှမ်းလှမ်းမှ
ကျွန်တော့်ကို ကြည့်နေကာ သူ့လက်ကို လျှာဖြင့်လျက်နေ၏။ ကျွန်တော်
ဘာလုပ်ရမှန်း မသိသဖြင့် ဆိုဖာပေါ်မှာတွေ့ရသည့် သတင်းစာ
အဟောင်းကြီးကို သဲသဲမဲမဲ ဖတ်နေလိုက်သည်။

“သား... ဒီခုံကနေပူပါတယ်၊ ဟိုဘက်က နေရိပ်တဲ့ခုံမှာ


သွားထိုင်ချည်သား၊ သွား”

“ရပါတယ်အဘွား၊ ရတယ်”

“သွားပါသားရဲ့၊ အားမနာပါနဲ့၊ မနက်ပိုင်းဆို နေက ဒီလိုပဲ၊ သွား


သားပြောင်းထိုင်လိုက်”

typing - ကောင်းဆိုး Page 16


နီကိုရဲ မကြည်ပြာနှင့် ချစ်ခြင်း၏ဒုတိယနဂ္ဂတစ်များ
သတင်းစာ တစ်စောင်လုံး ကုန်သွားပြီ၊ ကြည်ပြာကလည်း
ထွက်မလာသေးသဖြင့် ကျွန်တော် ခုံပြောင်းကာထိုင်လိုက်သည်။ ထိုခုံက
နံရံနှင့် ကပ်လျက်မို့ အထဲမှကြည်ပြာတို့ စကားသံမသဲမကွဲကို ကြားရသည်။

“ဒီအထည်ပြန်ယူသွား” ဆိုသည့် ကြည်ပြာအသံကို ကြားနေရ


တော့ စိတ်ကျဉ်းကြပ်မူ နည်းနည်း ပြေသွားသည်။ ခုံနေရာ ပြောင်းထိုင်
ခိုင်းသော အဘွားကြီးကိုလည်း ကျေးဇူးတင်ရ၏။

ထိုစဉ်….

“နေပါဦးကြည်ပြာ နင်နဲ့ပါလာတာဘယ်သူလဲ”

ဘုရား… ဘုရား..၊ ကြည်ပြာအန်တီကမေးပြီ။ ကြည်ပြာဘာပြန်


ပြောမလဲ၊ ကျွန်တော်မကြားရမှာစိုး၍ အာရုံစုကာ အခန်းထဲမှ အသံဆီ
ပို့ထားလိုက်၏။ ကိုယ်ကိုလည်းမတ်က ဆံပင်ကို စိတ်လှုပ်ရှားစွာ တစ်ချက်
သပ်ပြီး ကြည်ပြာ့အန်တီက ငါ့ကိုများ စကားလာပြောပြီဆိုရင်၊ မေးပြီ
မြန်းပြီဆိုရင် ဘာပြန်ပြောရမလဲ၊ ထိုစဉ် ကြည်ပြာ၏ရယ်သံ သဲ့သ့က
ဲို
ကြားရ၏။ ထိုရယ်သံကို တော်တော်ကြာသည်။ ဘာလုပ်ရမှန်း မသိသည့်
အခါမျိုးတွင် ကြည်ပြာဒီလိုမျိုး ရယ်တက်လေ့ရှိ၏။ ကြည်ပြာဘာပြန်ပြော
မလဲ။

“ဘယ်သူမှ မဟုတ်ပါဘူးအန်တီရဲ့၊ ဟိုလေ… ဘာမှမဟုတ်ပါဘူး”

“ကြည်ပြာ ငါ့ကို ဘယ်သူမှတွေ၊ ဘာမှတွေလုပ်မနေနဲ့၊ ပြောစမ်း


ဒါဘယ်သူလဲ”

typing - ကောင်းဆိုး Page 17


နီကိုရဲ မကြည်ပြာနှင့် ချစ်ခြင်း၏ဒုတိယနဂ္ဂတစ်များ
“ဟာ အန်တီကလည်း ဟိုဟိုလေ ကျွန်မသူငယ်ချင်းရဲ့
မောင်လေးပါ၊ ဟိုအဖော်ခေါ်လာတာ၊ ဘာညာဆိုရင် အန်တီအိမ်
ခေါ်လာရဲပါ့မလား အန်တီရဲ့”

ကျွန်တော့်ဦးခေါင်းသညိ လည်ပင်းမှပြုတ်ကာ လိမ့်ထက


ွ်သွားပြီး
ငုတ်တုတ်ထိုင်နေသော ကြောင်ကြီးနား ရောက်သွားကာ ကြောင်ကြီးက
လန့်ဖျပ်ကုတ်ပစ်လိုက်သလို ခံစားလိုက်ရသည်။ အရှက်တရားသည်
နှလုံးထဲမှ ဒုတ်ခနဲလည်မျိုကို ထိုးဆောင့်သဖြင့် ခန္ဓာကိုယ်က ဝုန်းခနဲ
ဖြစ်သွား၏။ ပူထူသွားသော မျက်နှာဖြင့် ဟိုဟိုဒီဒီ လျှောက်ငေးမိတော့
အဘွားကြီးက ထပ်ပြုံးပြပြန်၏။ ကျွန်တော် ပြန်ပြုံးမပြနိုင်တော့။ ကျွန်တော်
ဝုန်းခနဲထအရပ်မှာ ကြည်ပြာက ကန့်လန့်ကာကို မ,ကာထွက်လာ၏။
လက်ထဲမှာ ကြွပ်ကြွပ်အိတ် တစ်အိတ်ကို ကိုင်ထားရင်း သူ့အန်တီကို
ရယ်ကာပြုံးကာ နှုတ်ဆက်သည်။ သူ့အန်တီက ကျွန်တော့်ကို တစ်ချက်
ကြည့်ပီး ပြုံးပြီးသည်။ ကျွန်တော် အသိတရားတစ်ခုလုံးနှင့် ဆွမ
ဲ သည့်
တိုင်အောင် နှုတ်ခမ်းများက မြောက်ကြွတက် မလားတော့။ ဒေါသက
ရင်ထဲမှာ တဒုတ်ဒုတ်လျှောက်ပြေးလွှားနေသဖြင့် မျက်နှာပေးက
သိပ်မမှန်ချင်။ လှေကားထစ်များကို အမြန်နင်းကာ ဆင်းလာကြရင်း
ကားလမ်းမပေါ်ရောက်တော့ ကျဉ်းကြပ်မှု ပြေသွားသည့်တိုင် နာကျင်ခံခက်
ဝေဒနာက ရင်ထဲမှာ ယိမ်းထိုနေတုန်း...

“အန်တီက တစ်ထည်ပြန်ပေးလိုက်တယ်ဟ၊ အလကားဟာ ဘာမှ


မမြတ်တာကို အမေပေါ့ အလုပ်ရှုပ်တာ၊ မြပွင့်ဖြူတို့ အိမ်ကိုတော့ ဖုန်းပဲ
လှမ်းဆက်မယ်ဟာ၊ မရှိရင်မောမှာ”

typing - ကောင်းဆိုး Page 18


နီကိုရဲ မကြည်ပြာနှင့် ချစ်ခြင်း၏ဒုတိယနဂ္ဂတစ်များ
ကျွန်တော် စကားတစ်ခွန်းမှ ပြန်မပြော၊ လမ်းကိုသာ
ဖိလျှောက်နေမိသည်။ ကြည်ပြာသည် ကျွန်တော်နှင့် ပတ်သက်လျှင်
ဘာကိုမှ ရင်မဆိုင်ရဲ၊ ကျွန်တော်ကို တစ်ဘဝလုံးအတွက် ထွက်မထား။
ကျွန်တော်ကို ရှက်စရာလှောင်စရာဟု သဘောထားနေမြဲ။ အသိစိတ်
တစ်ခုလုံး စကားလုံးများနှင့် ဆူဝေလာသည်။ ခန္ခာကိုယ်က နွမ်းယဲ့ကာ
အားကုန်သွား၏။ ဘယ်လောက် ရှက်စရာကောင်းလိုက်ပါသနည်း။
ဘယ်လောက် ရင်ကွဲစရာ ကောင်းလိုက်ပါသနည်း။ ကျွန်တော် အံကိုကြိတ်
ထားသည်။ ပင့်ချမရသည့် သက်ပြင်းကလည်မျိုဝမှာ တင်းတောင့်ကာနေ၏။

“နင် ငါ့ကို မုန့်ဟင်းခါးကျွေးရဦးမယ်နော်၊ မုန့်ဟင်းခါး အရင်စားမယ်


ဟာ၊ ဆာပြီဟ… ရဲဝင်း”

“.....”

“ဟယ် ငါတို့ ၃၈-လမ်းဘက်ကို သွားရမှာ၊ အဲဒီမှာ မုန့်ဆိုင်တွေ


ရှိတာ၊ နင်ဘာဖြစ်နေတာလဲ ရဲဝင်း”

“.....”

“အံမယ် နင်က ဘာဖြစ်နေရတာလဲ”

ကြည်ပြာက နံဘေးမှ ကျွန်တော်ကို ငဲ့စောင်းကြည့်ရင်း ပခုံးနှင့်


လှမ်းအတိုက်တွင် ကျွန်တော်က ခြေလှမ်းလှမ်းလိုက်သဖြင့် ချော်သွားကာ
ကျွန်တော်ကို မထိဘဲ ကြည်ပြာယိုင်သွား၏။

“ရဲဝင်း... နင် ဒါဘာလုပ်တာလဲ၊ နင့် မျက်နှာကဘာလဲ”

typing - ကောင်းဆိုး Page 19


နီကိုရဲ မကြည်ပြာနှင့် ချစ်ခြင်း၏ဒုတိယနဂ္ဂတစ်များ
“နင် ငါ့ကို လာမအော်နဲ့ကြည်ပြာ၊ နင်ဘာလုပ်ချင်သလဲ၊ နင်
လုပ်ချင်တာကို လုပ်၊ နင့်ဘာသာမုန့်ဟင်းခါးပဲစားစား၊ ၃၈-လမ်းပဲ သွားသွား
ငါ့ကို ဘာမှမမေးနဲ့”

“နေစမ်းပါဦး... နင်က ဘာဖြစ်တာလဲ၊ ဒါဘာသဘောလဲ”

ကြည်ပြာက ကြွပ်ကြွပ်အိတ်အထုပ်ဖြင့် ကျွန်တော့်ရင်ဘတ်ကို


ဘုတ်ခနဲရိုက်ကာ လမ်းပေါ်မှာ ဖျတ်ခနဲရပ်၍ ခါးကိုထောက်ကာမေး၏။
ကြည်ပြာ့ဒေါသနှင့် ကျွန်တော့် ဝမ်းနည်မှုတို့ အားအင်ကြီးစွာ ဝုန်းခနဲ
တွေ့ဆုံကြသည်။ သို့သော်ကျွန်တော် ဝမ်းနည်းမှုတို့၏အားအင်ကြီးစွာ
ဝုန်းခနဲ တွေ့ဆုံကြသည်။ သို့သော်ကျွန်တော် သက်ပြင်းချလို့ရသွားသဖြင့်
စိတ်ကိုလျော့ချလိုက်သည်။

“ငါ ဘာမှ ပြောစရာမလိုဘူးကြည်ပြာ၊ ငါနင်ကိုသိပ်ချစ်တယ်


သိလား၊ ဒါပေမဲ့ဟာ... ထားလိုက်ပါတော့ဟာ ထားပါ၊ နင် နင်....
ကြည်ပြာရယ်...”

“ဟောတော့ ဘလိုင်ကြီးပါလား၊ ဘာဖြစ်ရပြန်တာလဲ ရဲဝင်းရယ်


နင်ဟာလေ သိပ်ရှုပ်တာပဲသိလား၊ နင် ဘာဖြစ်လို့လဲဟင်”

ကျွန်တော်ခေါင်းကို ခါယမ်းလိုက်သည်။ စကားလုံးများက ရင်ထမ


ှဲာ
ကြပ်ခဲနေ၏။ ကြည်ပြာ့ပုံစံက အပြစ်ကင်းကင်းစင်စင်နှင့် ဘာကိုမှ
မသိသည့်ပုံစံ၊ ရင်ဝကိုစိုက်ချပြီးသည့် ဓားတစ်လက် ဓားအိမ်ထဲ ပြန်သွင်း
ထားသလို သပ်သပ်ရပ်ရပ်ရှိလှသည်။

“ပြောလေဟာ ပြော၊ ပြော... ကဲ”

“နင့်အန်တီကို နင်ဘာပြောခဲ့သလဲကြည်ပြာ”

typing - ကောင်းဆိုး Page 20


နီကိုရဲ မကြည်ပြာနှင့် ချစ်ခြင်း၏ဒုတိယနဂ္ဂတစ်များ
“ငါ့ အန်တီကို … ဟုတ်လား”

“ငါအကုန်ကြားတယ်ကြည်ပြာ၊ အကုန်ကြားတယ်၊ နင်


နင်ပြောရက်လိုက်တာ”

ကြည်ပြာက မျက်မှောင်ကြုတ်ကာ ခဏစဉ်းစားသည်၊ ချက်ချင်းပင်


ကြည်ပြာ့မျက်ဝန်းများ ဝင်းလက်သွား၏။ ကြည်ပြာက သက်ပြင်းကိုချကာ
ကျွန်တော်ကို နူတ်ခမ်းများဆွဲဆန့်ကာကြည့်ပြီး ခေါင်းကိုခါသည်။

“ရဲဝင်းရာ ဘာများလဲလို့၊ ငါလည်း ဘာပြောရမှန်မသိဘူး၊ သိလား၊


နောက်တော့မှ မနက်ကိစ္စကို သတိရပြီး ယုတ္တိရှိအောင်ပြော...”

“ကြည်ပြာ”

“လဲသေလိုက်ဟေ့သိလား...၊ လဲသေလိုက်၊ အဲဒါဘာဖြစ်သလဲ၊


နင့်ကိုငါ အစောကြီးကထဲကပြောသားပဲ၊ မလိုက်ပါနဲ့လို့၊ လိုက်ချင် တယ်
လိုက်ချင်တယ်နဲ့ လိုက်တော့ အန်တီကမေးရော့၊ ငါပြောတာ ဘာဖြစ်သလဲ
ရည်းစားလို့ ပြောကြည့်ပါလား၊ မိုးမီးလောင်သွားမယ် သိလား၊
အူကြောင်ကြောင်နဲ့”

“နင် အမှန်တရားကို ရင်မဆိုင်ရဲတာ ငါ့ကို...”

“တော်ပြီရဲဝင်း၊ နင်ဟာလေ ပါးမလိုနဲ့ သိပ်ထူတ့ေ


ဲ ကာင်၊ ဘာအမှန်
တရားလဲ၊ စောစောစီးစီး နင်ရောငါရော ဒုက္ခရောက်မှာသိလား၊ နင်ဟာ
အလကားပဲ ရဲဝင်း ငါဗိုက်ဆာတယ်၊ လာ မုန့်ဟင်းခါး သွားစားမယ်”

ဒီတစ်ခါတော့ ကြည်ပြာက ကျွန်တော်လက်ကိုဆက


ွဲာ ၃၈-
လမ်းထဲက မုန့်ဟင်းခါးဆိုင်ကိုဝင်သည်။ ပြီးတော့ အကြော်မပါသော
မုန့်ဟင်းခါးအလွတ်တစ်ပွဲကို စား၏။ ကြည်ပြာက မုန့်ဟင်းခါးစာလျှင်

typing - ကောင်းဆိုး Page 21


နီကိုရဲ မကြည်ပြာနှင့် ချစ်ခြင်း၏ဒုတိယနဂ္ဂတစ်များ
ဘာအကြော်မှမထည့်တက် ပါးစပ်ရှုပ်သည်ဟု ပြောတက်သည်။ ကျွန်တော့်
ပန်းကန်ထဲမှ ကြက်သွန်ဥတစ်လုံးနှင့် ငှက်ပျောပင်ဖက် ကလေးများကိုတော့
ဂွပ်ခနဲဇွန်းနှင့် ခတ်ယူကာ သူ့ပန်းကန်ထထ
ဲ ည့်သည်။ အခုတော့
ကြည်ပြာ့ပုံသည် လျှာ၏ အရသာခံဖုကလေးများမှ တစ်ဆင့် မုန့်ဟင်းခါး
အရသာမှလွဲ၍ ဘာကိုမှ စိတ်ဝင်းစားသည့်ပုံ မပေါ်တော။ ငရုတ်သီး
စပ်သဖြင့် အပေါ်နုတ်ခမ်းကလေးများ ချွေးဥကလေးတွေ သီးသီးထ
လာသည်။ သူ့လျှာကလေးကို အပြင်ထုတ်ကာ ဖလူးဖလူးလုပ်သည်။
မုန့်ဟင်းခါးတစ်ပွဲ ကုန်သွားပြီး ဟင်းရည်တောင်းသောက်ကာ နောက်
တစ်ဝက် ဆက်စားပြန်၏။ ကျွန်တော်က ဘူးသီးကြော်နှင့် မုန့်ဟင်းခါး
တစ်ပွဲကိုပင် မကုန်၊ မစားနိုင်၊ ရင်ထဲမှာ တစ်ခုခုခံနေ၏။ ကြည်ပြာက
ကျွန်တော့်အဖြစ်ကိုကြည့်ကာ မျက်စောင်းထိုးသည်။ ကျွန်တော်ကတော့
ကြည်ပြာ့ အမူအယာများနှင့် မျက်ဝန်းများထဲမှာ ကျွန်တော့်ကို
အရာမသွင်းစိတ်၊ ရက်စက်ချင်စိတ်ကလေးကို လျှောက်ရှာနေမိသည်။
ကျွန်တော်ကပဲ ညံ့တာလား (ဒါမှမဟုတ်) မေတ္တာတရားပဲ အသိမ်းအဝှက်
တော်တာလား တစ်ခုခုတော့ဖြစ်လိမ့်မည်၊ ကြာပြာသည် ကျွန်တော်
ချစ်ရသော ကျွန်တော့်ကို ချစ်သည်ဟု ယူဆနိုင်သော မကြည်ပြာ
ဖြစ်လို့နေသည်။

“ရော့ဒီအထုပ်ကို နင့်လွယ်အိတ်ထဲထည့်ထား၊ ငါ့စလင်းဘက်ခ်နဲ့


မဆန့်ဘူး၊ ထဘီပေမယ့် အချုပ်ရသေးတာ အသစ်၊ မြပွင့်ဖြူတို့ဆီ
ဖုန်းဆက်ဦးမယ်”

ကြည်ပြာက စလင်းဘက်ခ်ထဲမှ ဗလာစာအုပ်ကလေး ထုတ်ကာ သူ့


အန်တီစာရင်းကို ဖျက်သည်။ ပြီးတော့ ဗလာစာအုပ်နှင့် ကြွပ်ကြွပ်အိပ်

typing - ကောင်းဆိုး Page 22


နီကိုရဲ မကြည်ပြာနှင့် ချစ်ခြင်း၏ဒုတိယနဂ္ဂတစ်များ
အထုပ်ကိုပေး၏။ ဖုန်းဆက်တော့ မြပွင့်ဖြူက မရှိ။ ဒါနှင့်ပင် ဆူးလေ
ပန်းခြံက ၃၆-ကားလေးစီးကာ ဒဂုံကိုသွားကြဖို့ မှတ်တိုင်သို့ ထွက်ခြဲ့ က
သည်။ ကျွန်တော် ကြည်ပြာ့လက်ကလေးကို ဆွယ
ဲူ ဆုပ်ကိုင်တော့
ကြည်ပြာက အေးအေးဆေးဆေးပင်။ ကြည်ပြာ့ လက်ကလေးကို
ကိုင်ထားရပြီးတော့ ကျွန်တော်ဆီမှာ သံသယတွေ ပြန်လွင့်ပါးသွား
ပြန်သည်။

ကြည်ပြာပြောခဲ့သလိုပင် ပြဿနာရှာသူသည် ကျွန်တော်သာ


ပြန်ဖြစ်သွား၏။ ဟုတ်တာပေါ့၊ ကြည်ပြာပြောတာမှန်တယ်။ ငါကိုက
လိုက်ချင်တာ၊ အန်တီမေးရင် ဒီလိုပဲဖြေရမှပေါ့။ လိုက်သွားတာကိုက
ငါမှားတာ၊ ဒီအချိန်မှာ ဒီအဖြေဟာ၊ အသင့်တော်ဆုံးပါ။ ကြည်ပြာ့
အန်တီကကော ယုံတာပဲလား၊ ထားပါ။ ဒါကိုပဲ ကံကောင်းတယ်
ခေါ်ရမှာပေါ့ဟု တွေးမိတာ ကျွန်တော်ပျော်လာ၏။ အချစ်သည် ထိုသို့
မှားယွင်းတက်သည်။ အချစ်သည် ထိုသို့ ကြောက်မက်ဖယ
ွ်ရာ
ကောင်းသည်။ အချစ်သည် ကိလေသာမျိုးနွယ်ဝင်ဖြစ်သဖြင့် အသိဉာဏ်ကို
အမှောင်ဖုံးကာ ကန်းစေ၏။ အမြဲတမ်း မှောင်နေသူတစ်ဦးအတွက်
တစ်ခါတစ်ရံဝင်လာသော အလင်းရောင်သည်ပင်ကြောက်စရာဖြစ်နေကာ
အမှောင်ထဲသို့ပင် ပြန်ပြေးဝင်လိုက်ရသည်သာ ဖြစ်သည်။ ကျွန်တော်သည်
ကြည်ပြာ့ကို ချစ်သည်မှာ သေချာသောကြောင့် ဘာကိုမှ မမြင်နေသော
အရာအားလုံးကို မြင်နေရသော ကြည်ပြာ၏ ဦးဆောင်မူအောက်တွင်ပင်
နေထိုင်ခဲ့ရသည်။ ထိုအရာများကိုပင် တပ်မက်သဘောကျကာ စိတ်
ပင်ပန်းကြီးစွာ ပျှော်ရွှင်နေရသည် မဟုတ်လား။

typing - ကောင်းဆိုး Page 23


နီကိုရဲ မကြည်ပြာနှင့် ချစ်ခြင်း၏ဒုတိယနဂ္ဂတစ်များ
၃၆-ကားလေးသည် သမ္မတရုံရှေ့မှ ဖြတ်မောင်းလာသည်။ ကြည်ပြာ့
မျက်နှာက တည်တည်ငြိမ်ငြိမ်။ ကြည်ပြာ ဘာတွေစဉ်းစား နေပါလိမ့်။
ကျွန်တော်ကတော့ ကြည်ပြာနှင့် အပြင်ထွက်ခွင့်ရသော နေ့တိုင်းလိုလိုကို
ပျော်နေခဲ့သည်သာဖြစ်သည်။ ဒဂုံက လွင်မာတို့ အိမ်ရောက်ရင် ဘာလုပ်ရ
မလဲ၊ ကြည်ပြာကတော့ လက်ဖက်သုပ်စား အတင်းကလေး
ဘာလေးပြော... ဒါပဲနေမှာဟုတွေးကာ ကြည်ပြာ့ကို လှည့်ကြည့်တော့
ကြည်ပြာ့မျက်နှာက တစ်မျိုးဖြစ်၍နေသည်။ ခုနကလို တည်တည်ငြိမ်ငြိမ်
မဟုတ်တော့။ ကြည်ပြာ ဘာဖြစ်နေသနည်း။

ကြည်ပြာသည် ဟိုဟိုဒီဒီ မကြည့်သော်လည်း မျက်နှာက ပျက်ချင်


နေ၏။ ကြည်ပြာ့ပုံက ထိတ်လန့်နေသည့်ပုံ။ ကျွန်တော်က ကြည်ပြာ့
မျက်နှာကို အလွတ်ရနေသည့်ကောင်ဆိုတော့ ဘယ်နည်းနင့်မှ မမှားနိုင်၊
ကြည်ပြာဘာဖြစ်နေသနည်း။ ကျွန်တော် ကြည်ပြာ့ထံမှ အကြည့်လက
ွှဲာ
ကားလေးထဲမှ လူတွေကို လျှောက်ကြည့်သည်။ ဒီကားလေးထဲမှာ
ကြည်ပြာထိတ်လန့်စရာ မည်သူပါသနည်း။ ကြည်ပြာ့ အမျိုးတစ်ယောက်
ယောက်လား။ မဖြစ်နိုင်၊ ကြည်ပြာ့အမျိုးဆိုလျှင် ကြည်ပြာ့ကို ခေါ်ရမည်။
ဒါဆိုရင်ဘာလဲ။ ကြည်ပြာ့ဘာညာလား၊ ဒါ ဖြစ်နိုင်ခြေရှိသည်။
ကြည်ပြာ့သည် ကျွန်တော်မသိအောင် လူတစ်ယောက် ကို နည်းနည်းပါးပါး
အရောဝင်းထားမည်။ ထိုလူက မရိုးမသားဆို ဘာကိုလည်း ကြည်ပြာက
ရိပ်မိလိမ့်မည်။ သူမမှာ ရည်းစားတွေဘာတွေမရှိ ဘာညာပြောထားနိုင်၏။
အခုဒီကားပေါ်မှာ ထိုလူပါလာလိမ့်မည်။ ထို့ကြောင့် ကြည်ပြာ
စကားသံတိတ်ကာ မျက်နှာပျက်နေခြင်း ဖြစ်ရမည်။ ဟုတ်ပြီ ဒါဆိုရင်
အဲဒီလူဟာ ဘယ်သူလဲ။ ကျွန်တော် မျက်နှာချင်းဆိုင် အတန်းကို
စလေ့လာသည်။

typing - ကောင်းဆိုး Page 24


နီကိုရဲ မကြည်ပြာနှင့် ချစ်ခြင်း၏ဒုတိယနဂ္ဂတစ်များ
မိန်းမကြီးလေးယောက်၊ကောင်မလှလှလေး နှစ်ယောက်၊ အဘိုးကြီး
တစ်ယောက်၊ ကြည်ပြာ့ကို ပြန်လှည့်ကြည့်တော့ နဖူးမှာ ချွေးရိပ်
စို့လာနေ၏။ အလယ်တန်း။ အသက် ၅၀-ခန့်လူကြီးနှစ်ယောက်၊ ကလေး
တစ်ယောက်၊ တရုတ်ပေါက်ဖော်ကြီး နှစ်ယောက်။ ကျွန်တော်တို့ အတန်း။
မယ်သီလရှင်နှစ်ပါး၊ သမီးရည်းစား အသက်ကြီးကြီးတစ်တွဲ၊ အိပ်ငိုက်
နေသော အဒေါ်ကြီးတစ်ယောက်၊ အတွယ်မရှိ။ ကြည်ပြာချွေးများ
သီးကာလာ၏။ မျက်နှာထိန်းမရအောင် ပျက်နေသည်။ ကြည်ပြာ
ဘာဖြစ်နေရသနည်း။ ကျွန်တော် အားလုံးကို တစ်ကြိမ်ပြန်ကြည့်သည်။
အိပ်ငိုက်သူ ငိုက်၊ အတွေးဖြင့်နေသူနေ၊ ဘယ်သူမှ ကျွန်တော့်ကိုရော
ကြည်ပြာကိုပါ သတိမထားကြ။

“ကြည်ပြာ နင် ဘာဖြစ်တာလဲ၊ ကြည်ပြာ”

ကြည်ပြာက အံကိုကြိတ်လိုက်သည်။ မျက်ဝန်းကို ခဏမှိတ်ကာ


သက်ပြင်းကို ရှိုက်ထုတ်၏။ ပြီးတော့ ကျွန်တော်လက်ကို အားကိုးတကြီး
ဆုပ်ကိုင်လာသည်။ (ကျွန်တော်ဘဝတွင် ထိုတစ်ကြိမ်သာ ကြည်ပြာ့ကစ၍
ကျွန်တော့်လက်ကို အားကိုးတကြီး ဆုပ်ကိုင်ခ့ဖ
ဲူးခြင်း ဖြစ်ပါသည်။)

“ရဲဝင်း၊ ငါ... ငါ… အား”

“ကြည်ပြာ ကြည်ပြာ ဘာဖြစ်တာလဲ၊ ခေါင်းမူးတာလားဟင်


ကြည်ပြာ”

“မဟုတ်ဘူး၊ အား... ရဲဝင်း၊ ငါ ငါ... အိမ်သာတက်ချင်တာ”


ဟိုက်။

typing - ကောင်းဆိုး Page 25


နီကိုရဲ မကြည်ပြာနှင့် ချစ်ခြင်း၏ဒုတိယနဂ္ဂတစ်များ
ကျွန်တော် လန့်ဖျပ်ကာ ကြောင်သွား၏။ အသိဉာဏ်က တဒင်္ဂ
ဟင်းလင်းဖြစ်သွားသည်။ အိပ်သာတက်ချင်တာ ဆိုပါ့ကလား။ ဒုက္ခ။
ကျွန်တော် ချက်ချင်းစဉ်းစားသည်။ ဒီကားလေးပေါ်မှာ အိပ်သာက
ဘယ်နည်းနဲ့မှမရှိ။ ဒဂုံရောက်ဖို့ကလည်း လိုသေးသည်။ ကားက ခုနကမှ
သမ္မတရုံကို ကျော်ခါစရှိသေးသည်။ အောက်ကို အရင်ဆင်းရမည်။
အောက်မှာမှ ဒီကိစ္စက အဆင်ပြေနိုင်သည်။ အခု ဘယ်ရောက်နေသလဲ။
ကိစ္စမရှိ။ အောက်မှာပဲ၊ အိပ်သာကရှိမည်။

“ဟိုး ဟိုးထား၊ ဆင်းမယ်၊ အရေးကြီးလို့ပါ၊ ခဏလေး... ဟိုးထား”

ကျွန်တော့် အလန့်တကြား ကျုံးအော်သံကြောင့် ကားထဲမှာ


တိတ်တဆိတ် စီးလာသူတွေက လှမ်းကြည့်ကြသည်။ စပယ်ယာကလည်း
ခေါင်းကို ကားထဲထိုးသွင်းကာကြည့်၏။

“ဟိုး ဟိုး... ဆင်းချင်လို့ပါ အရေကြီးလို့ ဟိုးထား”

“ဒီနေရာမှာ မှတ်တိုင်မရှိဘူး”

“ဟုတ်ကဲ့၊ အရေးကြီးလို့ ခဏရပ်ပေးပါဗျာ... ကျေးဇူးပါပဲ”

ကျွန်တော် အရေးတကြီးပြောဟန်၊ အော်ဟန်တို့ကြောင့် ဘာမှန်း


မသိသော်လည်း စပယ်ယာက ကားကိုရပ်ပေးသည်။ ကြည်ပြာသည်
ကားလမ်းပေါ် ခြေချပြီးသည်နှင့် တစ်ချက်ငြီးတွားကာ ဗိုက်ကိုလက်ဖြင့်
ဖိရင်း ခွေကျသွား၏။ ကားပေါ်က လူများက ကျွန်တော်တို့ နှစ်ယောက်ကို
နားမလည်စွာ လှမ်းငေးကြည့်သွားကြသည်။ ကျွန်တော် ပတ်ဝန်းကျင်ကို
ချက်ချင်းကြည့်ကာ အိပ်သာကို ရှာသည်။ သွားပြီ။ ကျွန်တော်တို့
ဘယ်ဘက်တွင် တိရစ္ဆာန်ရုံဥယျာဉ်၏ ခြံစည်းရိုးရှည်လျားလျား၊ ညာဘက်

typing - ကောင်းဆိုး Page 26


နီကိုရဲ မကြည်ပြာနှင့် ချစ်ခြင်း၏ဒုတိယနဂ္ဂတစ်များ
တွင် ကုန်းမြင့်ပေါ်မှာ စစ်ရုံး၏ ခြံစည်းရိုးမြင့်မြင့်များ… သွားပြီး။ ဒီ နေရာမှာ
ဆင်းမိတာမှားပြီ။ ကမန်းကတန်း လှမ်းကြည့်တော့ ကားလေးက
ဟိုအဝေးကို ရောက်သွားပြီးဖြစ်သည်။

“အား... ရဲဝင်း ရဲဝင်း လုပ်ပါဦးဟ၊ အမယ်လေး... အား”

ကြည်ပြာသည် ကျွန်တော် ပုဆိုးစကို ဆွက


ဲာ ကားလမ်းပေါ်မှ
မထနိုင်၊ ကုန်းကုန်းကလေးဖြစ်နေ၏။ လယ်သာစလင်းဘက်ခ်က
ကတ္တရာလမ်းပေါ် ပုံလျက်သား။ မျက်နှာမှာလည်း ချွေးတွေရက
ွှဲာနေသည်။
ကြည်ပြာဝေဒနာကို ဘယ်လောက် ခံစားနေရပြီဆိုတာကို ကျွန်တော်
နားလည်လိုက်ပြီ။ အိပ်သာ ချက်ချင်းရှာမှကို ဖြစ်တော့မည်။

“အေး... အေး… ခဏလေးကြည်ပြာ၊ နင် ပလက်ဖောင်းပေါ်ကို


ရွှေ့လိုက်၊ ထလိုက်ရသလား၊ အောင့်ထားဟာ၊ လာ... လာ... ကား
လမ်းမကြီးပေါ်မှာဟ”

ကြည်ပြာသည် ခါးကိုပင်ဆန့်၍ မရပ်နိုင်ရှာ၊ စလင်းဘက်ခ်ကိုလည်း


ပခုံးပေါ်ကို ပြန်မတင်နိုင်တော့။ အံကိုကြိတ်ကာ လက်နှစ်ဖက်စလုံးက
ဝမ်းဗိုက်ကို ဖေးထားရပြီး ဦးခေါင်းကိုငုံ့ကာ ခန္ခာကိုယ်ကို အတက်နိုင်ဆုံး
ကွေးထားရသည်။

“မြန်မြန်သွားလေ… ငါ့အနားမှာရပ်မနေနဲ့... အား”

သတိလွတ်ကာ ကျွန်တော်ကို ဒေါသဖြင့် အော်မိပြီးနောက်


ကြည်ပြာပြန်လည် ကွေးသွားပြန်၏။ ကြည်ပြာ့ ရင်ထမ
ှဲ အမှန်တကယ်
ထွက်လာသော ညဉ်းညူသံသည် ကျွန်တော့်ကို ပျာယာခတ်စေသည်။
ကျွန်တော် ဘာလုပ်ရမည်နည်း။ ခြံစည်းရိုးများကို ဘယ်ညာငေးသည်။

typing - ကောင်းဆိုး Page 27


နီကိုရဲ မကြည်ပြာနှင့် ချစ်ခြင်း၏ဒုတိယနဂ္ဂတစ်များ
ကားလမ်းမကို လှမ်းကြည့်၏။ ပလက်ဖောင်းပေါ်မှာပင် လူတစ်ဦးမှ
လျှောက်မနေသည့်နေရာ၊ ကျွန်တော့်ကိုယ်ကျွန်တော် တစ်ချက်
ကျိန်ဆဲလိုက်သည်။ တဝေါဝေါဖြတ်မောင်းကြသော ကိုယ်ပိုင်ကားများက
ကျွန်တော်တို့ကို လှည့်ပင်မကြည့်၊ ကျွန်တော် ဘာလုပ်ရမလဲ။
အိပ်သာဘယ်နားမှာရှိမလဲ။

“ကြည်ပြာ ခဏနော်... ခဏ”

ကျွန်တော် ရှေ့နောက်ခဏရွေးကာ ကားလေးထွက်သွားရာဘက်သို့


ပြေးခဲ့သည်။ လူကိုတွေ့အောင်ရှာရမည်၊ ပြီးလျှင် အကူအညီတောင်းရမည်။
တိရစ္ဆာန်ဥယျာဉ်ရုံးဝင်ပေါက်က ဘယ်နားမှာလဲ။ အဲဒီလောက်အထိရော
ကြည်ပြာက အချိန်ပေးနိုင်ပါ့မလား။ ကြည်ပြာ့ကို စိတ်မချနိုင်စွာ
လှည့်ကြည့်တော့ ကြည်ပြာက ကုန်းကုန်းကွကြွ ဖင့် ပလက်ဖောင်းနံဘေးက
မြက်စပ်သို့ ရွှေ့နေ၏။ ကျွန်တော့်မျက်စိများ ပြာသွားသည်။ ဟင့်အင်း
ဒီလိုလမ်းဘေးမှာတော့မဖြစ် ဘယ်နည်းနဲ့မှ အဖြစ်မခံနိုင်ပါ၊ ကျွန်တော်
ကြည်ပြာ့ထံပြန်လှည့် ပြေးလာရပြန်၏။

“ကြည်ပြာ… ကြည်ပြာ”

“တွေ့ပြီလား၊ ဘယ်နားမှာလဲ၊ ဟား... အီး”

“နင်... နင်... ဘာလုပ်မလို့လဲ၊ လမ်းဘေးတော့ မကောင်းပါဘူး။ နင်


လမ်းနည်းနည်းလျှောက်နိုင်မလား၊ ရှေ့နားမှာတော့ရှိမယ်ဟ… နင်ထလို့
ရလား”

ကျွန်တော်စကားသံများကြောင့် ကြည်ပြာမော့ကြည့်သော်လည်း
ကျွန်တော့်ကိုတော့ မြင်ဟန်မတူ။ သူ့ဝမ်းဗိုက်ထဲက ဝေဒနာ အတိုးအလျာ့

typing - ကောင်းဆိုး Page 28


နီကိုရဲ မကြည်ပြာနှင့် ချစ်ခြင်း၏ဒုတိယနဂ္ဂတစ်များ
နောက်ကို ကြည်ပြာ့မျက်ဝန်းတွေက လိုက်ပါခံစားနေပုံရ၏။ ကြည်ပြာက
ကိုက်ထားသော နူတ်ခမ်းကိုလွှတ်ကာ သက်ပြင်းကို မောလျစွာချသည်။
ထိုနောက် မျက်ဝန်းများကို မြေပြင်တစ်နေရာတည်းကို စိုက်ကြည့်နေပြန်၏။
ခဏနေမှ ကြည်ပြာကသတိဖြင့် ဖြည်းဖြည်းထရပ်သည်။ ဝမ်းဗိုက်က
ဝေဒနာလျော့သွားဟန်တူ၏။ ကျွန်တော်က ပခုံးမှ လျှောကျနေသော
ကြည်ပြာ့စလင်းဘက်ခ်ကို ယူလွယ်ပြီး ကြည်ပြာ့က ကျွန်တော့်
လက်မောင်းကိုကိုင်ကာ ဖြည်းဖြည်း လှမ်းသည်။ လေးငါးလှမ်းလောက်
လှမ်းပြီးသည့်အခါ ကြည်ပြာသည် မသဲမကွတ
ဲ စ်ချက်ညဉ်းကာ ခါးကို
တစ်ချက်ကော့သည်။ ကျွန်တော့် လက်မောင်းကို တစ်ချက်ညှစ်သည်။
ပြီးတော့ ထိုင်ချလိုက်ကာ ခွေသွားပြန်၏။

“မရဘူး၊ အင်း... အား... မရဘူး၊ မြန်မြန်သွားရှာ၊ မြန်မြန် မြန်မြန်”

ကျွန်တော် ခဏကြောင်နေပြီးမှာ ထိုနေရာက ဝုန်းခနဲ


ပြေးထွက်လာခဲ့သည်။ ဒုက္ခပါပဲ။ လမ်းမပေါ်မှာ မတော်မတဲ့ဖြစ်ရင်တော့
ဒုက္ခမှ ဒုက္ခ။ ပြေးလာရင်က ရှေ့မှာ လူတစ်ယောက်လောက်ကို တွေ့ပါစေ
ဟု ဆုတောင်းရသေး၏။ ကျွန်တော့်ဆုတောင်းမပြည့်၊ ပလက်ဖောင်း
တစ်ခုလုံးက ရှင်းကာနေ၏။ သို့သော် လမ်းအကွေ့လေးကို ကျော်လိုက်
သည်နှင့် ကွမ်းယာဗန်း၊ ရေခဲရေပုံးနှင့် ကောင်မလေး တစ်ယောက်ကို
တွေ့ရသဖြင့် ကျွန်တော်ဝမ်းသာသွားသည်။ ကျွန်တော် ပြေးဝင်လာတာကို
တွေ့တော့ ကောင်မလေးကလန့်သွား၏။

“ညီမ ညီမ၊ ဟိုလေ… ဒီနားမှာ လက်ထရိန် ဘယ်နားမှာရှိသလဲ၊


လုပ်ပါဦးအစ်ကို့ကို ကူညီပါဦးညီမရယ်”

“ရှင်...”

typing - ကောင်းဆိုး Page 29


နီကိုရဲ မကြည်ပြာနှင့် ချစ်ခြင်း၏ဒုတိယနဂ္ဂတစ်များ
“လက်ထရိန်လေ... လက်ထရိန်ဘယ်နားမှာ ရှိလဲ... ညီမ”

“ဟိုတယ်လားအစ်ကို”

ကောင်မလေးပြန်မေးသံကြောင့် ကျွန်တော်ခဏကြောင်သွား၏။


ဟိုတယ်... ဟိုတယ်...၊ အဟား ဟုတ်ပြီ၊ ဟိုတယ်။

“ဟုတ်တယ်ညီမ... ဟိုတယ်... ဟိုတယ်...”

“ရှေ့နားမှာတော့တစ်ခုရှိတယ် အစ်ကို”

“ဟာဟုတ်လား၊ ဝေးလားဟင်ညီမ”

“ဟင့်အင်း... သိပ်မဝေးဘူးအစ်ကို ရှေ့နားလေတင်မှာပဲ”

ကျွန်တော် စလင်းဘက်ခ်သံတစ်ဘုတ်ဘုတ်ဖြင့် ကြည်ပြာ့ဆီ


ချက်ချင်း ပြန်လှည့်ပြေးရပြန်၏။ ကြည်ပြာသည် လက်ချောင်းကလေး
များဖြင့် မြေကြီးကိုအသာထောက်ကာ ခန္ဓာကိုယ်ကို အတက်နိုင်ဆုံး
မြှောက်ကာ ကွေးထားရရှာ၏။ ကုန်းကုန်းကွကြွ ဖစ်နေသော ချစ်သူ၏
အဖြစ်ကို ကျွန်တော် မကြည့်ရက်တော့။ ခန္ဓာအိမ်ရခြင်း၏ များပြားလှ
စွာသော ဒုက္ခများထံမှ အသေးမွှားဆုံးနှင့် အူကြောင်ကြောင်အနိုင်ဆုံး
ဒုက္ခကို ကြည်ပြာ အခက်အခဲပေါင်းများစွာဖြင့် ရင်ဆိုင်နေရရှာသည်
မဟုတ်လား။

“ကြည်ပြာ... ကြည်ပြာ... သက်သာရဲ့လား၊ ဟိုးရှေ့မှာ ဟိုတယ်


ရှိတယ်တဲ့၊ သိပ်မဝေးဘူးတဲ့ဟ... လာ...လာ...၊ ခဏအောင့်ထားပြီး
လျှောက်လိုက်ဟာ”

“ဟိုတယ်”

typing - ကောင်းဆိုး Page 30


နီကိုရဲ မကြည်ပြာနှင့် ချစ်ခြင်း၏ဒုတိယနဂ္ဂတစ်များ
ကြည်ပြာသည် အံကိုကြိတ်ထားသည့်ကြားမှ မော့ကြည့်ကာ
အံ့သြစွာဖြင့်မေး၏။

“အေးလေဟာ... လက်ထရိန်ကို ဟိုတယ်လို့လည်းခေါ်တယ်


မဟုတ်လား၊ ဖြည်းဖြည်း ထလိုက်ကြည်ပြာ... ဖြည်းဖြည်း”

ကြည်ပြာသည် အရှက်အတွက် အံကိုတင်းကာ ထရရှာသည်။


ခြေလှမ်းကို ဖြည်းညှင်းစွာလှမ်းရ၏။ ကျွန်တော့်တို့ နှစ်ယောက်စလုံး
ချွေးများရွှဲနစ်နေသည်။ လျှောက်နေရာမှ “အား” ခနဲ “အင်း” ခနဲငြီးကာ
တုံ့ခနဲရပ်၍ ကျွန်တော့်လက်မောင်းကို ညှစ်လိုက်လျှင် ကျွန်တော်
လိပ်ပြာလွင့်သွားပြီးလား ထင်ရ၏။ အသက်ကို ရောယောင်ကာ အောင့်ထား
မိသည်။ ဘုရားလည်းတမိ၏။ ပါးစပ်မှ ကြုံရာစကားတွေကို အားပေး
ရသည်။

“ခဏလေးဟ... ရှေ့နားမှာတင်တ့၊ဲ ဖြည်းဖြည်းလှမ်းနော်၊


အသက်ကို အောင့်မထားနဲ့ ဖြည်းဖြည်းချင်းရှု၊ စိတ်ကိုတင်းမထားနဲ့
လျှော့ထား... ရသေးရဲ့လား”

ကျွန်တော်တို့ နှစ်ယောက်အဖြစ်ကိုတွေ့သောအခါ ရေခဲရေ


ရောင်းသည့် ကောင်မလေးက မျက်လုံးကြီးပြူးကာကြည့်သည်။ ကျွန်တော်
ရှက်ပြုံးကလေး လှမ်းပြုံးပြရင်းကြည်ပြာကို ဂရုတစိုက်တွဲ လျှောက်
နေရ၏။

“အား... အမယ်လေးနော်၊ ရဲဝင်းဘယ်မှာလဲဟ... နင့် ဟိုတယ်က


တောက်၊ မရောက်သေးဘူးလား၊ အမယ်လေး… အင်း... ကျွတ်ကျွတ်
ကျွတ်”

typing - ကောင်းဆိုး Page 31


နီကိုရဲ မကြည်ပြာနှင့် ချစ်ခြင်း၏ဒုတိယနဂ္ဂတစ်များ
“ရှေ့မှာ... ရှေ့နားမှာတဲ့၊ ခဏလေးပါဟာ... ကြည်... ကြည်ပြာ
စိတ်ကိုလည်း... ဟို အကုန်မလျှော့လိုက်နဲ့ဦးနော်... တော်ကြာ...ဟို”

“အေးပါဟ...၊ ဟိုတယ်... ဟိုတယ်... အား”

“အေး... အေး... ဟိုတယ်”

ချစ်သူအတွက်ဆိုလျှင် ဘာကိုမဆို အဆင်သင့်ဖြစ်အောင် ဘဝ


တစ်ခုလုံးကို အမြဲမောင်းတင်းထားသည် ဆိုသော်လည်း၊ အခုလို
ကိစ္စမျိုးကြတော့ ဘာမှမတက်နိုင်။ ဒီကိစ္စမျိုးက ဘယ်သူမှလည်း
တက်နိုင်မည်မထင်။ တစ်ဦးကိုတစ်ဦးက ကူညီသည်၊ ဝိုင်းဝန်းပြီး အခက်
အခဲကို တွန်လှန်းကြသည်ဆိုတာက အပြင်ကိစ္စများသာဖြစ်၏။ ကိုယ်တွင်းမှ
လာသောကိစ္စကိုတော့ အကူအညီမဲ့မိမိတစ်ဦးတည်းသာ အထီးကျန်စွာ
ရင်ဆိုင်ဖြေရှင်းရသည့် မဟုတ်လား။ အဘိဓမ္မာတွေ ခဏထားတော့
အခုချိန်တွင် အစိုးရိမ်းရဆုံးကိစ္စမှာ ကြည်ပြာ ဝေဒနာကို မခံစားနိုင်တော့ဘဲ
ဖြစ်ချင်ရာဖြစ် စိတ်ကိုလျှော့ချလိုက်သည်ကိုပြဲ ဖစ်၏။ ဝေဒနာ၏ ထိုးနှက်
တိုက်ခိုက်မူကို ကျွန်တော်မမြင်ရသော်လည်း ကြည်ပြာကောက်လိမ်
ကွေးတွန့်နေပုံကို ကြည့်ကာ အသည်းတယားယား ဖြစ်နေမိသည်။ ဘုရား…
ဘုရား... မတော်တတဲ့တွေ မဖြစ်ပါစေနဲ့။

“ရဲ... ဝင်း… ဘယ်မှာ… လဲ... ဟ... အမယ်လေး... ငါ... ငါ...


မလွယ်တော့ဘူးဟ... အား”

အသံအစ်က ငြီးညူသံအစုံအလင်နှင့်ဖြစ်လာသော ကြည်ပြာ


အတွက် စိုးရမ်းစိတ်ကြီးစွာဖြင့် ဟိုတယ်ကို ဟိုဟိုဒီဒီရှာရသည်။ သို့သော်
ဘာမှမတွေ့။ ဟော.. (good and easy)ကြီးမားခိုင်ခန့်သော သံပန်း

typing - ကောင်းဆိုး Page 32


နီကိုရဲ မကြည်ပြာနှင့် ချစ်ခြင်း၏ဒုတိယနဂ္ဂတစ်များ
တံခါးကို ခပ်ဟဟဖွင့်ထားကာ ကုန်းတက်ကတ္တရာလမ်းကလေး အဆုံးမှာ
သစ်လွင်တောက်ပနေသော အဖြူရောင်တိုက်ကြီးတစ်လုံး... ကောင်မလေး
က အဲဒီဟိုတယ်အစစ်ကို ပြောလိုက်တာလား ဒုက္ခပါပဲ။

“မတွေ့သေဘူးကြည်ပြာ ဟိုတယ်ဆိုတာက အို... မဟုတ်ဘူး


ဘာမှမဟုတ်ဘူး”

အားကိုရာပျောက်သွားသူလို ကျွန်တော်လှည့်ပတ်ရှာတော့
ခပ်လှမ်းလှမ်းမှာ ရေသန့်ဗူးအလွတ်ကို အုတ်ခက
ျဲိုးကလေးပေါ်တွင်
တင်ကာ ကုက္ကိုလ်ပင်အောက်တွင် ကျားထိုးနေသောလူနှစ်ယောက်ကို
တွေ့ရသဖြင့် ကြည်ပြာ့ကို ထားခဲ့ကာ ပြေးထွက်လာရပြန်၏။ ကြည်ပြာ
ကတော့ ခွေခေါက်ကာ ကျန်ရစ်ခဲ့သည်။

“အစ်ကို... အစ်ကိုတို့ ဟိုတယ်... ဟိုတယ်ဘယ်မှာရှိသလဲဗျ”

ကျားထိုးနေသူနှစ်ယောက်ထံမှ နားမလည်သော မျက်မှောင်


တစ်ချက် ကြုတ်ထွက်လာ၏။

“ဟိုတယ်ကတော့ ဒီလမ်းမှာ ဟိုတစ်ခုပဲရှိတယ်ကွ၊ ဘာဖြစ်လို့လဲ”

“မဟုတ်ဘူး အစ်ကို ဟိုတယ်ဆိုတာ အိပ်သာကိုပြောတာပါ၊


ကျွန်တော့်ကောင်မလေး လမ်းသွားရင်း အဲဒါ အိမ်သာတက်...”

လူနှစ်ယောက်က ကြည်ပြာ့ကို လှမ်းကြည့်လိုက်ကြသည် ပြီးတော့


ကျွန်တော်ကို ကြည့်ပြန်၏။ သဘောပေါက်သွားကာ ပြုံးကြသည်။

“ဟာ... ဒီနားမှာ အိပ်သာတော့မရှိဘူးကွ”

typing - ကောင်းဆိုး Page 33


နီကိုရဲ မကြည်ပြာနှင့် ချစ်ခြင်း၏ဒုတိယနဂ္ဂတစ်များ
“လုပ်ပါဦးအစ်ကိုရယ်၊ ကူညီပါဦး၊ လုပ်ပါဗျာ ပြောပေးလို့ရရင်
ကူညီပါ”

“ဟ... ဒီနားကအိမ်တွေက ကိုယ့်ဘာသာနေကြတဲ့ အိမ်တွေကွ


ငါတို့နဲ့လည်း သိတာမဟုတ်ဘူး၊ ခြံနဲ့တံခါးနဲ့ ဘယ်လိုသွားပြောလို့ရမလဲ၊
အိပ်သာတော့မရှိဘူး၊ ဒါပေမဲ့ ငါတို့အပေါ့စွန့်တဲ့ နေရာကလေးတော့ရှိတယ်။
ဟိုနားမှာ...”

“ဟာ... လုပ်ပါဗျာ၊ ကျေးဇူးတင်ပါတယ်၊ ကူညီပါဗျနော်”

ဝမ်းသာအားရ လှမ်းကြည့်လိုက်တော့ ရေမြောင်းကို ဝါးလုံး


ကလေးတွေ ခင်းပြီး တံတားလုပ်ထားသော ဟိုတစ်ဘက်တွင် ကပ်စေးနှဲ
ပင်များ မြက်ပင်များ ဖုံးနေသည့် ခြေသွားလမ်းကလေး၊ ထိုလမ်းကလေး
အဆုံးတွင် ဝါးကပ်တစ်ခုနှင့် နေရာကိုတွေ့ရ၏။ ကျွန်တော် အချိန်ဆွမ
ဲ နေ
တော့ဘဲ တိုင်းဗုံးတစ်လုံးကို အချိန်မရွေး ပေါက်ကွဲသွားနိုင်သော ကြည်ပြာ
ဝမ်းဗိုက်အတွက် ချက်ချင်းပြန်လှည့်ကာ ပြေးရပြန်၏။ ကျွန်တော်
ကြည်ပြာ့ကို တွဲခေါ်လာကာ ဝါးတံတားလေးနားကို ကပ်တော့ ထိုလူ
နှစ်ယောက်က ရှေ့မှပိတ်ရပ်ကာပြောနေသည်။

“ခဏနေဦးကွ ငါတို့က အပေါ့သွားတာ မင်းဟာက


အခင်းကြီးဆိုတော့ မဖြစ်ဘူးကွ အားလုံးညစ်ပတ်ကုန်မယ်၊ ဘယ်လို
လုပ်မလဲ”

“ဒုက္ခရောက်လာလို့ပါဗျာ၊ ပြီးတော့ မိန်းကလေးမို့ပါကူညီပါ


အစ်ကိုရာ”

typing - ကောင်းဆိုး Page 34


နီကိုရဲ မကြည်ပြာနှင့် ချစ်ခြင်း၏ဒုတိယနဂ္ဂတစ်များ
ထိုလူက သက်ပြင်းကိုချသည်။ တွန့်လိမ်နေသော ကြည်ပြာ့
အဖြစ်ကို ကြည့်ကားစဉ်းစားရလည်း ကြပ်နေဟန်တူသည်။ ကြည်ပြာက
မနေနိုင်တော့ပြီ။ ကျွန်တော်တို့ (၃)ယောက်စလုံးကို တွန်းထိုးကာ
ထပြေးတော့မလို ရုန်းနေ၏။ အခြေအနေက လုံးဝမကောင်းတော့....။
ဟုတ်ပြီ။ ထဘီထုပ်ထားသော လွယ်အိတ်ထဲမှ ကြည်ပြာ့ကြွပ်ကြွပ်အိတ်ကို
သတိရကာ ကမန်းကတန်းထုတ်ပြီး အောင်လံတစ်ခုသဖွယ် အားရဝမ်းသာ
ဝှေ့ယမ်းပြရသည်။

“အစ်ကို ဒီမှာကြွပ်ကြွပ်အိတ် အစ်ကိုတို့နေရာ မညစ်ပတ်စေရဘူး…


ဟုတ်လား”

ပြီးသည်နှင့် ကြည်ပြာကိုဆွဲကာ ဝါးတံတားကိုဖြတ် ခြေသွားလမ်း


ကလေးထဲ ဝင်ကြရသည်။ နေရာက တကယ့်ကိုအပေါစွန့်ရုံ မြက်ရိုင်းပင်
ကလေးတွေကြားမှာ ဝါးကပ်တစ်ခု လမ်းမဘက်လှည့်ကာ ကာရုံသာ ဖြစ်၏။
သို့သော် ထိုနေရာကိုပင် ကျေးဇူးတင်ရပါသည်။ ကြည်ပြာက မျက်ဝန်း
ဝင်းလဲ့သွားကာ ဝုန်းခနဲထပြေးသည်။

“ဟဲ့... ကြည်ပြာ၊ ကြွပ်ကြွပ်အိတ်... အိတ်၊ နင်သိတယ်နော်


သိလား....၊ ဟိုလေ...”

“အေးပါဟ...”

ကြည်ပြာသည် ကြွပ်ကြွပ်အိတ်ကို ပြန်လှည့်ဆွဲကာ သစ်ပင်အုပ်


ထဲသို့ ဝင်ရောက်သွားသော လေလိုပင်ပျောက်ကယ
ွ်သွား၏။ ဟူး...
တော်ပါသေးရဲ့။ ကျွန်တော်ခုမှ သက်ပြင်းကိုချကာ နဖူးမှချွေးကို သုတ်ရ၏။
ကြည်ပြာအထဲမှာ အဆင်မှပြေပါ့မလား။ ကြွပ်ကြွပ်အိတ် အသံတော့

typing - ကောင်းဆိုး Page 35


နီကိုရဲ မကြည်ပြာနှင့် ချစ်ခြင်း၏ဒုတိယနဂ္ဂတစ်များ
ကြားရသည်။ ကြွပ်ကြွပ်အိတ်နှင့်ဆိုတော့ အခြေအနေက ရှုပ်ထွေးနိုင်၏။
ဘာပဲဖြစ်ဖြစ်လေ ဒါအများကြီး အဆင်ပြေတာပဲဟု တွေးရသည်။ ထိုစဉ်

“ရဲဝင်း... အား ဒီမှာဖား... ဖားကြီးဟ၊ ဖား... ဟဲ့... ဟဲ၊့ နင်


ဝင်မလာနဲ့နော် ဒါပေမယ့်ရတယ်၊ နင်အဲဒီနားမှာပဲနေ၊ စွတ်မသွားနဲ့နော်၊
လူ... လူကြည့်... ထား၊ အင်း... ဟာအရေးထဲ ဒီသောက်ဖားကလဲ”

“အေးပါဟ... ငါရှိပါတယ်၊ နင်အဆင်ပြေရဲ့လား၊ ပိက်ကန်ပစ်လိုက်


ဟာ”

ကြည်ပြာ့အသံ တိတ်သွားပြန်၏။ အရေးထဲဖားက ဘယ်နေရာက


ဝင်ရှုပ်နေပြန်နည်း။ ဆေးပေါ့လိပ်ထုတ်မီးညှိကာ အားရပါရ အခုမှ
ဖွာရသည်။ ထိုစဉ် လူနှစ်ယောက်က ဝါးတံတားလေးထိပ်မှ လာကြည့်
ကြသည်။ ကျွန်တော်က လက်မလှမ်းတောင်ပြကာ ပြုံးရင်း ခေါင်းကို
ညိတ်ပြရ၏။

“ရဲဝင်း... နင်... ဟိုဘက်ကိုပဲလှည့်နေနော်... သိလား၊ ပြီးတော့


ငါ့ကို စာရွက်တစ်ရွက်လောက်”

“စာရွက်”

“အေးလေ”

ကမန်းကတန်း လွယ်အိတ်ရှာရသည်။ စာရွက်အလွယ်တကူရှိသည်။


သို့သော် ထိုစာအုပ်က မဂ္ဂဇင်းထဲက အကြိုက်ဆုံးကဗျာတွေ ရွေးကူ
ထားသည့် ကဗျာစာအုပ်။ ထိုစာအုပ်ထဲက စာရွက်ကတော့ ဘယ်နည်းနဲ့မှ
မဖြစ်။ ပြီးတော့ သရဖူ၊ ဟန်သစ်မဂ္ဂဇင်းနှစ်အုပ်၊ ဒါလည်းမဖြစ်နိုင်။

“ပေးလေဟာ... မြန်မြန်”

typing - ကောင်းဆိုး Page 36


နီကိုရဲ မကြည်ပြာနှင့် ချစ်ခြင်း၏ဒုတိယနဂ္ဂတစ်များ
“စာရွက်မရှိဘူးဟ...”

“နင်လွယ်အိတ်ထဲမှာ စာရွက်တစ်ရက
ွ်မှ မရှိတော့ဘူးလား
လဲသေလိုက် သိလား”

“ရှိတယ်၊ ဒါပေမဲ့ အဲဒီစာရွက်တွေက လုံးဝပေးလို့မရဘူး၊


ငါ့စာရွက်တွေက ကဗျာစာရွက်နဲ့ မဂ္ဂဇင်းတွေချည်းပဲ”

“သြော်... နင့်ကဗျာက ဒီအထိရှုပ်နေတုန်းပဲလား၊ လဲသေလိုက်


ဟေ့... သိလား”

“နင်ဟာနင်သေချင်သေ၊ ဒါတော့လုံးဝမရဘူး”

“ရဲဝင်း... နင်နော်... နင်... ငါ့ကို အော်စရာမလိုဘူး”

ကျွန်တော်တို့ အပြန်အလှန်အော်သံများကြောင့် အပြင်မှ


လူနှစ်ယောက်က လာကြည့်ကြပြန်၏။ ကျွန်တော်က လက်လှမ်းကာပြ
ရသည်။

“ဟာ... ဆောရီး ကြည်ပြာရေ၊ ရှိတယ်ဟ နင်အထည် ကြွေးမှတ်တဲ့


ဗလာစာအုပ်ကလေးရှိတယ်၊ ငါမေ့နေတာ၊ ရမယ်... ရမယ်”

“ပေး... ဒီနားမလာနဲ့... အဲဒီကနေလုံးချေပြီး လှမ်းပစ်လိုက်”

ကျွန်တော်စာရွက်ကို လုံးချေကာ ပစ်ပေးလိုက်ရသည်။

“အဝေးကြီးလွင့်သွားပြီးဟ၊ ငါကောက်လို့မရဘူး၊ ထပ်ပေးဦး”

ဝါးကပ်ကို ကျော်အောင်ပစ်ရတာ၊ နင့်အနားဘယ်ရောက်မလဲ...


ရော့ရော့...”

typing - ကောင်းဆိုး Page 37


နီကိုရဲ မကြည်ပြာနှင့် ချစ်ခြင်း၏ဒုတိယနဂ္ဂတစ်များ
ကျွန်တော် ခပ်တည်တည်ပင် ဝါးကပ်နားလျှောက်သွားကာ
စာရွက်ကို လုံးချေးပြီး ဝါးကပ်နှင့်ကပ်၍ မြှောက်ပင့်ကာ ပစ်တင်ပေးလိုက်၏။
သို့သော် ကျွန်တော်အရပ်ငါးပေက ထောင်ထားသောဝါးကပ်ကို မမီသဖြင့်
အနည်းငယ်ခုန်က စာရွက်ကိုပင့်ကာပစ်ရ၏။ ထို့ကြောင့် ကျွန်တော်ဒူးနှင့်
ဝါးကပ်ကိုအနည်းငယ် ထိတိုက်သွားကာ ဝါးကပ်က ကြည့်နေရင်းမှ
ကြည်ပြာ့ပေါ် ပြိုလဲသွားသဖြင့် ကျွန်တော့် ရင်ထဲအေးခနဲဖြစ်ပြီး
လန့်ဖျပ်ကာ ကမန်းကတန်းဝါးကပ်ကို ပြန်ဆွဲရာ လက်ထမ
ှဲာမိသော်လည်း
ကျွန်တော်နှင့်ဝါးကပ်သည် အရှိန်မထိန်းနိုင်ဘဲ ကြည်ပြာ့အပေါ်သို့
ပိကျသွားသည်။

“အမယ်လေး... တောက် သောက်ရမ်းမလုပ်န့ဟ


ဲ့ ၊ဲ ဒုက္ခပါပဲ၊
ဝါကပ်က ဝါးလုံနှင့် တေးတောက်ထားတာ၊ နင်ဟာလေအသုံးကို မကျဘူး၊
ကိုင်ထားဦး ဝါးကပ်ကို၊ နင်နော်... နင်... ရဲဝင်း”

“ဟ… ဘယ်လိုသိမလဲဟ၊ ပြောပါလား၊ ဟီးဟီး၊ ကံကောင်းလို့”

ကြည်ပြာက ငုတ်တုတ်ခံရသည့်အပြင် ဝါးကပ်ကို ပင့်တန


ွ်း
မိသဖြင့်သာ တော်တော့သည်။ ကျွန်တော်ဝါးကပ်ကို ကိုင်ပေးထားရင်း
ဝါးကပ်ပေါက်များထဲမှ ကြည်ပြာ့ကို ချောင်းကြည့်မိခ့သ
ဲ ည်ဆိုတာကို
ဝန်ခံပါသည်။ သို့သော် ဘာမှတော့မတွေ့၊ ကြည်ပြာအင်္ကျီအရိပ် သဲ့သ့မ
ျှဲ
သာ။ ကြည်ပြာက ဝါးကပ်ကို ဝါးလုံးနှင့်ပြန်ထောက်ပြီး၊ ထွက်လာတော့
ကျွန်တာ့်ကို ဒေါသမျက်ခြောင်းခြောင်း ထွက်နေသောမျက်လုံးများဖြင့်
စိုက်ကြည့်။ နှုတ်ခမ်းကိုကိုက်ကာ မြွေတစ်ကောင်၏ လျင်မြန်မှုမျိုးဖြင့်
ကျွန်တော်လက်မောင်းကို ဆွဲဆိတ်၏။

typing - ကောင်းဆိုး Page 38


နီကိုရဲ မကြည်ပြာနှင့် ချစ်ခြင်း၏ဒုတိယနဂ္ဂတစ်များ
“ဟ နာလိုက်တာ၊ နင်စောစောကတည်းက အခြေအနေကို
ပြောထားပါလားဟ”

ကျွန်တော်နှင့် ကြည်ပြာသည် တစ်ယောက်ကိုတစ်ယောက်


စူးစိုက်စွာကြည့်နေရင်းက တဟားဟား အော်ရယ်လိုက်ကြသည်။
ဒီတစ်ခါတော့ ကျွန်တ်ာတို့ကိုရယ်မည့် ပရိသတ်မရှိ။ ကျွန်တော်က
ကြည်ပြာ့ရယ်ပြီး ကြည်ပြာက ကျွန်တော်ကိုရယ်သည်။ ရယ်သံများကို
အပြန်အလှန် စားသုံးကာ ကျွန်တော်တို့ပြန်ထက
ွ်ခြဲ့ ကသည်။ ကြည်ပြာ့
အတွက်တော့ အရာရာသည် အခုမှ သာယာသလို ထင်ရ၏။ ကျားထိုးနေသူ
နှစ်ဦးကို ကျွန်တော်က ကျေးဇူးပဲပြောကာ ပြုံးပြရသည်။ ကြည်ပြာက
အခုမှရှက်နေကာ ကျွန်တော်ခန္ဒကိုယ်ကို မလုံးမှန်းသိလျှက်နဲ့ ကွယ်ကာ
ရပ်နေသည်။ ကျွန်တော်တို့ လှည့်ထွက်ဖို့ ပြင်ကြသည်။

“အံမယ်… အံမယ်... ခုတော့ ရယ်လို့မောလို့၊ အထဲကကိစ္စကို


ဘယ်လိုရှင်းခဲ့သလဲ၊ ကြွပ်ကြွပ်အိတ်ကတော့ဟုတ်ပါပြီ လွှတ်ပစ်ခ့ရ
ဲ့လား”

ကျွန်တော်ကကြည်ပြာ့ကို လှမ်းကြည့်တော့ ကြည်ပြာကလည်း


ကျွန်တော်ကို ပြန်ကြည့်၏။ ထိုအကြည့်များကို ထိုလူနှစ်ယောက်က
အဓိပ္ပါယ်ဖေါ်နိုင်ကြပုံပေါ်သည်။
“ကဲ့... ကိုယ့်လူတို့၊ ကိုယ့်ကိစ္စကိုယ်ရှင်းသွားကြဦး၊ နေရာလည်း
ပေးရသေး ဟိုဟာလည်းလုပ်ရသေးတော့ မလုပ်န့၊ဲ ဟုတ်လား၊ ခပ်ဝေးဝေး
ပစ်နော်”
ကြည်ပြာက နှုတ်ခမ်းများကို တစ်ချက်ဆွဲဆန့်ကာ ကျွန်တော့်
လွယ်အိတ်ကို လှမ်းဆွဲပြီး အထဲသို့ပြန်ဝင်သည်။ အခုတော့ ကြည်ပြာသည်
ထိုနေရာကို ပြန်ဝင်းရခြင်းအပေါ် နှာခေါင်းရှုံ့ချင်နေ၏။

typing - ကောင်းဆိုး Page 39


နီကိုရဲ မကြည်ပြာနှင့် ချစ်ခြင်း၏ဒုတိယနဂ္ဂတစ်များ
“အေးပါဟ၊ သူတို့ပြောတာဟုတ်ပါတယ်၊ နင်ကဒီအတိုင်းပဲထား”
“လဲသေလိုက်၊ စကားကြောမရှည်နဲ့ သိတယ်”

ကြည်ပြာ ဝါးကပ်ကလေးထဲ ပြန်ဝင်သွားသည်။ ပြီးတော့ ဘုတ်ခနဲ


အသံကြီးတစ်သံကို ကြားရ၏။ ထိုအသံကြီးကြောင့် ကျွန်တော်
တွန့်သွားကာ ရင်ထဲတမျိုးကြီးဖြစ်သွားရသည်။ ဇာတ်တော်တစ်ခုထက

မြတ်စွာဘုရား၏ ခြေတော်ရာကို တွေ့သွားကာ ချောမောလှပသည့်
သမီးပျိုကို မြတ်စွာဘုရားအား လာရောက်ပေးစားသော ပုဏ္ဏားကြီးနှင့်
ထိုမိန်းမပျိုကိုပြောခဲ့၊ ချွတ်ခဲ့သောစကားကို ပြေးသတိရမိ၏။

“ဤမျှ ရွံရှာဖွယ်မစင်ပုပ်များနှင့် ထိစပ်ငြိတယ


ွ်နေသော ခန္ဓာ
ကိုယ်ကို တပ်မက်ဖွာလှပသည်ဟု ငါမမြင်၊ ဤမျှရွံရှာဖွယ် ကောင်းသော
ခန္ဓာကိုယ်ကို ငါမတပ်မက်၊ တပ်မက်တွယ်တာစရာလည်း အလျဉ်းမရှိ”

ဘုတ်ခနဲ အသံကြီးကို ကြားရပြီး ဝါးကပ်ဘေးမှ ထွက်လာသော


ကြည်ပြာ့ကို ကျွန်တော်ကြည့်မိတာ ကြည်ပြာ့ပုံကို တစ်မျိုးဖြစ်နေသည်ဟု
ထင်မိသည်။ ပြီးတော့ ကြည်ပြာ့ခန္ဓာကိုယ်အပေါ်မှာ ကျွန်တော်၏
တပ်မက်တွယ်တာစိတ်ကို သွားတွေးမိတော့ ထိတ်လန့်သွားမိရ၏။ အင်း...
မိန်းကလေးတွေဟာ ဘယ်လောက်ပဲ အပြင်မှာ လှအောင်ပအောင်
ပြင်ထား... ပြင်ထား ဗိုက်ထဲမှာတော့ အို တော်ပြီ၊ တော်ပြီ၊ သူ့ဘာသာ
ဗိုက်ထဲမှာ ဘာရှိရှိ၊ ကြည်ပြာက ကြည်ပြာပဲ။ အမှန်တရားကို အတော့်ကို
ဝေးသော ကိလေသာနှင့် သာမန်လူတစ်ယောက်ဘဝ မထင်မှတ်ဘဲ
အသံကြီးတစ်သံကြောင့် အမှန်တရားကို ဖျက်ခနဲ တွေ့လိုက်ရသည့်အခါ
ကျွန်တော် တုန်လှုပ်ချောက်ချားသွားရသည်။ ဆက်မတွေးရဲတော့။
မတွေးဝံ့တော့။ ကျွန်တော်တို့ ပြန်ထွက်လာကာ ရှင်းလင်းပြီးကြောင်း

typing - ကောင်းဆိုး Page 40


နီကိုရဲ မကြည်ပြာနှင့် ချစ်ခြင်း၏ဒုတိယနဂ္ဂတစ်များ
ပြောပြီး ထိုနေရာကို အပြီးတိုင်စွန့်ခွာ ခဲ့ကြသည်။ ဒုက္ခတစ်ခု
လွန်လေပြီးသော အချိန်မှာလည်း ကျွန်တော့်စိတ်က လေးနေဆဲ၊
ကြည်ပြာ့ကို ငဲ့ကြည်လိုက်တော့လည်း ကျွန်တော်နားထဲတွင် ကြားနေဆဲ
ဖြစ်သော ဘုတ်ခနဲအသံကို စိတ်ထဲမှာ အလုပ်လုပ်နေခဲ့သည်။ ခက်ပါ့လား။
စာတွေ ပေတွေလျှောက်ပြီး အတွေးတွေ အတော်များသည်။

“နင်ပြောတော့ ဟိုတယ်က ရှေ့မှာဆို၊ ရှိလည်း မရှိဘူး”

“ငါက ရေခဲရေရောင်းတဲ့ ကောင်မလေးကို မေးတာ သူက


ဟိုတယ်နာမည်မေးတယ် ထင်သွားပုံရတယ် ဒါကြောင့် ဟိုတယ်ကို
ညွှန်လိုက်တာ၊ ငါကလည်း တချို့က အိပ်သာကို ဟိုတယ်လို့
ခေါ်တယ်လေး ငါလည်း ကိုယ်လိုချင်တာပဲကိုယ်တွေးပြီး ရောသွားတာဟ”

“နင်ဟာလေ လုပ်လိုက်ရင်တလွဲချည်းပဲ... ရှိတယ်… ဟိုတယ်တဲ့”

“အခုလည်း အဆင်ပြေတာပဲ မဟုတ်လား”

“အေးပါ၊ ဟဲ့နင်... ဟိုကောင်တွေကို လျှောက်မပြောမနေနဲ့နော်...


မမိုက်ဘူးဟ၊ ရှက်ဖို့ကောင်းတယ်၊ လမ်းဘေးကြီးဆိုတော့”

“နင် အလှည့်ကျတော့ ရှက်သလေးဘာလေးနဲ့”

“ဟဲ့ ဒါကတော့ ငါကမိန်ကလေးကိုးဟ၊ နင်အားမကိုးလို့ ဘယ်သူကို


အားကိုရမလဲ၊ ပြီးတော့လူဆိုတာက ဒါမျိုးနဲ့ ကင်းသလို နေလိုရလဲ၊
မုန့်ဟင်းခါးကြောင့်၊ သိလား”

“နင်ဗိုက်နင်ဖြစ်တာတောင်မှာ ငါကပါသေးတာပဲလား”

“နင်ကျွေးတာစေတနာမရှိလို့ပေါ့ နင်လျှောက်မပြောနဲ့”

typing - ကောင်းဆိုး Page 41


နီကိုရဲ မကြည်ပြာနှင့် ချစ်ခြင်း၏ဒုတိယနဂ္ဂတစ်များ
ကြည်ပြာက မျက်လုံးလေး ပေကလပ် ပေကလပ် တွေ့ရတော့
ကျွန်တော်ပျော်သွား၏။ နင့် အားမကိုးလို့ ဘယ်သူကို အားကိုးမလဲတ့။ဲ
ဒီစကားတစ်လုံးနှင့်ပင် ကျွန်တော်ကျေနပ်သွားတယ်။

“နင် ဟိုကောင်တွေအိမ်ရောက်ရင် မပြောဘူးဆိုတာကို ကတိ


ပေးတယ်နော်”

“နင့်မျက်နှာက ပြုံးစေ့စေ့နဲ့၊ ရဲဝင်း နင်... နင်... နော်”

“နင် ပြောလိုက်ရင်တော့ အသိပဲနော်... ရဲဝင်း၊ ငါတို့ ဒီကိစ္စကို


မေ့လိုက်တာပေါ့ဟာ”

ကျွန်တော်တို့တွေ ကားမှတ်တိုင်ကို လျှောက်လာခဲ့ကြသည်။


ကားဂိတ်ရောက်တော့ တစ်ယောက်နှင့်တစ်ယောက် မကြည့်မိဘဲ
အော်ရယ်လိုက်ကြသည်။ ပြီးတော့ တစ်ယောက်နှင့်တစ်ယောက်
ကြည့်ရယ်ကြရပြန်၏။ ကြည်ပြာကဗိုက်ကြောကို လိမ်ဆွဲသည်။ ကျွန်တော့်
လက်မောင်းကို တဖျက်ဖျက်ရိုက်သည်။ ကြည်ပြာ့မျက်နှာပေါ်မှာ
ရယ်သံများကြောင့် ခုန်နေသည့် ရင်ခုန်သံတွေ သွေးကြောကလေးတွေ၏
စီးမျောမှုထဲမှာ ကျွန်တော် မျောပါသွားခဲ့သည်။ သိပ်ချစ်ရပါသော...
မကြည်ပြာ။

typing - ကောင်းဆိုး Page 42


နီကိုရဲ မကြည်ပြာနှင့် ချစ်ခြင်း၏ဒုတိယနဂ္ဂတစ်များ
မကြည်ပြာနှင့် ညတစ်ည

တံခါးရွက်များ မတပ်ရသေးသဖြင့် သစ်သားချောင်းနှစ်ချောင်းကို


ကြက်ခြေခတ်ပုံသဏ္ဍန်စိုက်၍ ကာထားသော ပြတင်းပေါက်မှနေ၍
လရောင်သည် စိမ်းလဲ့ငြိမ်းမြစွာ အိမ်ရှေ့ခန်းအတွင်းသို့ ဝင်လာပြီး
ကြက်ခြေခတ် သစ်သားချောင်းများ၏ အရိပ်ကို ပျော့အိနေအောင် ဆွဲချ
လာကာ ခြင်ထောင်ဇာပေါ်တွင် အရိပ်ထင်နေစေသည်။ လမင်းကို မမြင်ရ။

ပိန်းရွက်နုနုကလေးနှင့်တူသော စိမ်းဖျော့ဖျော့ကောင်းကင်တွင်
ကြယ်ကလေးတစ်ပွင့် နှစ်ပွင့် ခုန်နေကြသည်ကို ပြတင်းမှ လှမ်းမြင်
နေရသည်။ ညလေပြေညင်းတိုးဝင်လာသည့်အခါ ခြင်းထောင်ဇာက
ရွက်လှေတစ်စင်းမှ ရွက်များနှယ် ဖောင်းကာသွားပြီး ချွေးစေးတို့ဖြင့်
ရွှဲနေသော ကျွန်တော်မျက်နှာမှာ အေးမြသွားသည်။ သို့သော် ကျွန်တော်
အသက်ကို ပင့်၍မရှုရဲ။ ခြုံထားသည့် စောင်အောက်မှ ခြေထောက်၊ လက်၊
ခါးနှင့် လည်းပင်းတို့ကိုလည်း လုံးဝမလှုပ်ရဲ၊ စိတ်ကိုတင်းပြီး ခန္ဓာကိုယ်ကို
မာတောင့်ထားရသဖြင့် ချွေးဒီးဒီးကျနေသော ညသည်လည်းကောင်း၊
အမှောင်ထုသည်လည်းကောင်း၊ တိက်ဆိတ်ခြင်းသည် လည်းကောင်း၊
ကျွန်တော်အတွက် အဆမတန် လေးပင်လျက်ရှိသည်။ နဖူးမှ ချွေးစက်
များက ပါးအစွန်ကိုဖြတ်ကာ လှည်တိုင်အထိ စီးဆင်းသွားသည့်ကို
ကျွန်တော်သိနေခဲ့သည်။ သို့သော် အတင်းမှိတ်ထားရသော မျက်ဝန်းထဲမှ
မြင်နေရသော အမှောင်ထုအတွင်းသို့ ကျွန်တော်ခန္ဓာကိုယ်ကို အတင်း
ထိုးထည့်ထားမိသည်။
ထိုစဉ်...

typing - ကောင်းဆိုး Page 43


နီကိုရဲ မကြည်ပြာနှင့် ချစ်ခြင်း၏ဒုတိယနဂ္ဂတစ်များ
ညည်းသံသဲ့သဲ့ လူးလွန့်သံ၊ ချွဲသံပါသော အသက်ရှုးသံ
ခပ်ပြင်းပြင်းတစ်ချက်...။ မျက်ဝန်းကိုဖွင့်၍ အသာထောင့်ကပ်ကြည့်သော
အခါ ပါးလျသောခြင်ထောင်ဇာကပို ဖောက်ဝင်လာသော လရောင်သည်
အဘွာကြီး တစ်ယောက်မျက်နှာပေါ်မှ ဇာ၏အတွန့်အကွေးစုတ်ချက်
အရေးအကြောင်းများထဲအထိ တိုးဝင်ကာလင်းလျက်ရှိ၏။ ပါးရည်နာရည်
ချိုင့်ချိုင့်၊ မျက်ဝန်းအစပ်မှာ ကျီခြောက်ရာအစင်းကြောင်း ရှုပ်ရှုပ်ထွေးထွေး၊
တွန့်လိမ်ရှုံတွေကာ ခပ်ဟဟဖွင့်နေသော နှုတ်ခမ်းအောက်တွင်
ဟောက်ပက်ဖြစ်နေသော ရှေ့သွားနှစ်ချောင်းစာနေရာ အမှောင်ဟိုဘက်
နှုတ်ခမ်းအကြားမှ တိုးထွက်နေသော အနှစ်ခြောက်ဆယ်ခန့်ရှိ သွား
တစ်ချောင်းပေါ်တွင် လရောင်က စိန်တုံးတစ်တုံးနှယ် တောက်ပ
လင်းလက်ကာနေ၏။ ဘုရား ဘုရား... ငါ့အဖြစ်က ဆိုးလှပါလား။

ထိုအရာသည် အိမ်မက်မဟုတ်... အဘွာကြီး တစ်ယောက်နှင့်


ခြင်ထောင်တစ်လုံးထဲမှာ အတူတူ အိပ်နေသည်။ ကြည်ပြာနှင့်
ယဉ်ယဉ်သိန်းကို စိတ်ထဲမှာကြိတ်ပြီး ကျိန်ဆမ
ဲိတာ အကြိမ်
တစ်သန်းလောက်ရှိပြီ။ ကျွန်တော့်ကိုယ် ကျွန်တော်လည်း ပြင်းထန်စွာ
ဒေါသထွက်နေမိ၏။ ထိုပြဿနာအားလုံး၏ အစသည် ကြည်ပြာ့အစ်မ
မင်္ဂလာဆောင်လက်စ တိုက်ကလေးတစ်လုံးထဲမှာ အသက်ခြောက်ဆယ်ခန့်
အဘွားကြီး တစ်ဦးနှင့် ဝဋ်ဒုက္ခကြီးမားစွာ အိပ်စက်နေရပါသနည်း။
စကားစုတစ်ခုနှင့် တစ်ခုအကြောင်းကို ကြည်ပြာကလည်း ရှိုက်သံနု
ကလေးဖြင့် လှမ်းချိတ်လိုက်သည်။ ပြီးတော့ စကားမဆုံးခင်
ရယ်ချလိုက်ပြန်ကာ ရယ်သံမဆုံးခင် စကားလုံးတွေ ထွက်ကျလာပြန်၏။

typing - ကောင်းဆိုး Page 44


နီကိုရဲ မကြည်ပြာနှင့် ချစ်ခြင်း၏ဒုတိယနဂ္ဂတစ်များ
စိုက်ငေးကြည့်နေကြသော သူငယ်ချင်းများ၏ မျက်နှာများရှေ့တွင်
ကြည်ပြာ့မျက်နှာက ပါးပျဉ်းခွက်နေသော မြွေတစ်ကောင်နှယ် နွဲ့ယိမ်း
ရွေ့လျားနေသည်။ အခုနေ ကြည်ပြာ့မျက်နှာပေါ်မှ ပန်းနုရောင်
သွေးကြောကလေး တစ်ခုကို သွားဖိမိကြည့်လိုက်လျှင် “မင်္ဂဆောင်”
ဆိုသည့် အသံထွက်ကျလာမှာ သေချာသည်။

“ဟယ်... ဒီမှန်စာက ငါနဲ့လိုက်ပါ့မလား။ လည်ဝိုက်နဲ့ ရင်ရှေ့မှ


ဘောက်ကြယ်ထိုးပြီး ပန်းပွင့်ပုံဖော်မှာ၊ ထိုးခက လေးရာတဲ့။ ပိတ်စက
သိပ်များပါနေမလားဟင်...။ အမယ် ကရဝိက်ရော၊ အင်းလျားလိတ်ရော
ရက်ပြည့်သိလား...။ ကိုယ့်သာ မဆောင်နိုင်တာ၊ ခုသမ္မတတဲ့ သမ္မတ။
ဟေ့ကောင်... ယဉ်ယဉ်သိန်းနှင့် မိုးမိုးဘယ်လိုလဲ အကျီင်္ီကဟဲ့... ရဲဝင်း။”

“ပိတ်စက ပါးလွန်းတယ်။ ပြီးတော့ ပိတောက်ခြောက် အဝါကြီး၊


နင်ကပိန်တယ် အသားကလည်းမရှိနဲ့ ဘယ်လိုက်မလဲ၊ နင် မှန်စားနဲ့ လုံးဝ
မလိုက်ဘူး၊ ပြီးတော့ နင်က သတို့သမီးအရံဆိုတော့ ဆံထုံးက ထုံးဦးမှာ
လုံးဝမလိုက်ဘူး”

ယဉ်ယဉ်သိန်းစကားဆုံးတော့ ကြည်ပြာ့မျက်နှာက ညှိုးရော်


သွားကာ ကျွန်တော့အသိဥာဏ်တွေက ပြာသွားသည်။ သတို့သမီးအရံ
ဆိုပါကလား။ သတို့သမီးအရံဆိုတော့ သတို့သားအရံလည်း ပါဦးမယ်။
မဖြစ်၊ ဘယ်နည်းနင့်မှ ကျွန်တော် သဘောမတူနိုင်။ ဒါကြောင့် ကြည်ပြာ
ဒီလောက်တက်ကြွပြီး လှချင်နေတာကိုး။ မနာလို ဝန်တိုခြင်းသည်
အသိဥာဏ်ထဲမှ လက်တစ်ဖက်ထွက်လာတော့ ကျွန်တော် နှလုံးသားကို
တင်းတင်းကြပ်ကြပ် ဖိညှစ်ထားလိုက်သည်။

typing - ကောင်းဆိုး Page 45


နီကိုရဲ မကြည်ပြာနှင့် ချစ်ခြင်း၏ဒုတိယနဂ္ဂတစ်များ
“ဒုက္ခပါပဲဟာ... ငါ့ကိုလူတိုင်းက ပြောတာသိလား။ စိတ်ညစ်ပါတယ်
ဟာ... အဲဒါအမေပေါ့၊ မပြောချင်ဘူး။ အချိန်တော့ ရှိသေးတယ်ဟ
ငါဘာအရောင်ဝယ်ရင် ကောင်းမလဲဟင်... ရဲဝင်း”

“ဟင့်အင်း... ငါမသိဘူး၊ ငါကတော့ ဘာဝတ်ဝတ်လှတယ်၊


ငါအတွက် နင်က အမြဲတမ်းလှတယ်၊ ဒါနဲ့ကြည်ပြာ... နင်က သတို့သမီးအရံ
ဟုတ်လား။ မလုပ်ပါနဲ့ဟာ။ ဟိုလေ...”

“အေးလေ... အဲဒါဘာဖြစ်သလဲ၊ ဒါကြောင့် အဝါနဲ့ ဆံထုံးနဲ့က”

“ဟာ... မလုပ်ပါနဲ့ဟာ... အဓိပ္ပါယ်မရှိတာ၊ သတို့သမီးအရံက


ငါမကြိုက်ဘူးဟာ… သတို့သားအရံကဘလည်း ပါဦးမယ် မဟုတ်လား
မဖြစ်ဘူး”

“လဲ သေလိုက်ဟေ့... သိလား၊ လဲသာသေလိုက် အကျီင်္ီနဲ့


အဆင်မပြေရတဲ့ ကြားထဲ သူကတစ်မှောက်၊ သဝန်ကလဲကြောင်ပေါ့၊
ဘာဖြစ်သလဲ အရံ၊ ငါ့အစ်မ မင်္ဂဆောင်မှာ ငါအရံဘာဖြစ်သလဲ”

“မဟုတ်ဘူးလေးဟာ... ငါပြောတာက...”

“ရဲဝင်း... မင်းကလည်းကွာ၊ အလကားအူတိုနေပြန်ပြီ။ အရံဆိုတာ


တကယ်မှ မဟုတ်တာဘဲကွာ၊ ဘာဖြစ်လဲကွ”

“ပြောမနေနဲ့ လွင်ဦး... နေပေ့စေ၊ သူဒါပဲသိတယ်၊ ရဲဝင်း


နင်နော်နင်”

“အေးလေဟယ် ရဲဝင်းကလည်း”

typing - ကောင်းဆိုး Page 46


နီကိုရဲ မကြည်ပြာနှင့် ချစ်ခြင်း၏ဒုတိယနဂ္ဂတစ်များ
ကြည်ပြာက ကျွန်တော်ကို လုံးဝအရေးမစိုက်ဘဲ အခြားဘက်
လှည့်ကာ မင်္ဂဆောင်စကားကို ဆက်သည်။ ရှိစေတော့။ အဲဒီ သတို့သား
အရံဆိုတဲ့ကောင်က ဘယ်ကောင်တဲ့လဲ ကျွန်တော်မဟုတ်တာတော့
သေချာသည်။ ကျွန်တော့် စိတ်ကိုလျော့ချပစ်လိုက်ရသည်။ နိမိတ်
မကောင်းဘူးဟု ထင်ချင်နေသောစိတ်ကို အတင်းမေ့ရသည်။ ကြည်ပြာနှင့်
ပတ်သက်လျှင် ကျွန်တော့်နှလုံးသားက ဆက်ဆက်ထိမခံနိုင်ခ့။ဲ မင်္ဂဆောင်
ဆိုတာနှင့် ပတ်သက်၍ အဝတ်အစား၊ မိတ်ကပ်၊ ဟိုတယ် ရွှေ၊
ဂုဏ်ပကာသန ကိစ္စကိုအားပါးတရ ပြောနေသော ကြည်ပြာ့မျက်နှာပေါ်မှ
ဇောအကြိမ်များကို တွေ့ရသည့်အခါ ကျွန်တော်အကြီးအကျယ် စိတ်ပျက်
လာသည်။ မင်္ဂဆောင်တစ်ခုမှာ အစွမ်းကုန်လှပ၊ ခမ်းနား၊
ကြီးကျယ်စေရေးကို ဘာကြောင့် ဒီလောက်တောင် လိုချင်နေကြပါသနည်း။

“မင်္ဂလာဆောင်” ကို ချစ်ခြင်းမေတ္တာ၏ အပိုအလုပ်တစ်ခုသာ


ကျွန်တော်ကမြင်သည်။ သို့မဟုတ်လျှင်လည်း အရိုးသားဆုံး ကျင်းပ
နေရမည့် ပွဲတစ်ခုပင် ဖြစ်သင့်သည်ဟု ထင်သည်။ ချစ်သူကာလတွင်
တစ်ယောက်နှင့်တစ်ယောက် အတက်နိုင်ဆုံး ပတ်ဝန်းကျင် အသိုင်း
အဝိုင်းက မသိရအောင် လျှို့ဝုက်စွာ ချစ်ကြရသည်။ (ထိုအချိန်တွင်
မိဘဆွေမျိုး အသိုင်းအဝိုင်းသည် ချစ်ခြင်းမေတ္တာကို ဖျက်ဆီးနိုင်သည့်
ရန်သူများသာဖြစ်သည်။) ထို့နောက် အရာရာကို ပြင်ဆင်ရသည်။
အခက်အခဲကို ကျော်ဖြတ်ရသည်။ ခိုင်မြဲပြီး၊ အဆင်သင့်ဖြစ်ပြီဟု
သေချာသည့် အခါရောက်တော့မှ နှစ်ဦးလျှို့ဝှက်ထားခဲ့ကြသော အချစ်ကို
ဖွင့်ဟကြေညာလိုက်ကြသည်။ မင်္ဂဆောင်သည် ထိုအဓိပ္ပါယ်ပင်
မဟုတ်လား။ ယခုကြည်ပြာတို့ ရွေးချယ်နေကြသည့် ကရိဝိတ်၊
အင်းလျားလိတ်နှင့် သမ္မတ၊ မင်္ဂဆောင်ဖိတ်စာဒီဇိုင်း၊ မိတ်ကပ်၊

typing - ကောင်းဆိုး Page 47


နီကိုရဲ မကြည်ပြာနှင့် ချစ်ခြင်း၏ဒုတိယနဂ္ဂတစ်များ
ကျေးဇူးတင်သည်ကတ်ပြား၊အင်္ကျီ၊ လုံချည်၊ ဆံထုံး၊ ဖိနပ်၊ သစ်ခပ
ွ န်း၊
သြဘာစာ မင်္ဂဆောင်ပန်းကုံး၊ လေဆယ်ကျပ်တန်မုန့်၊ သုံးဆယ့်
ခြောက်ကျပ်တန်မုန့် စသည့်… စသည် အကောင်ဆုံးဖြစ်နေကြတာ
ဘာအတွက်လဲ။

လျှို့ဝှက်ထားခဲ့ရသည့် အချစ်ကို ရဲရင့်စွာ ဖွင့်ချ အသိပေးလိုက်ဖို့


ထိုအရာများမလိုပါ။ သတ္တိသာလိုသည်ဟု ပရိသတ်ပတ်ဝန်းကျင်ကို အံ့သြ
ထိတ်လန့်သွားအောင် လုပ်သည့် သဘောလား။ ကျွန်တော်တို့
ဟောဒီလောက် အထိ ခမ်းနားကြီးကျယ်အောင် လုပ်ထားသည်လို့ပြပြီး
အနိုင်ယူချင်တာလား။ ဒါဆိုလျှင်လည်း ဘာ့ကြောင့် ကိုယ့်မှာ
တကယ်မရှိသော ကားကို ငှားချင်ကြသနည်း။ တကယ်မရှိသော ဆြွဲ ကိုး၊
လက်ကောက်၊ စိန်တစ်ဆင်စာကို ငှားဝတ်ချင်ကြသနည်း။ ကိုယ်တကယ်
ပိုင်ဆိုင်ခြင်းမရှိသော ခမ်းနားသည် သမ္မတ၊ ကရိဝိတ် လုပ်ချင်ကြသနည်း။
ကိုယ်က ဝယ်ပေးထားသော မင်္ဂပန်းကို ကိုယ်က ပြန်စပ
ွ်တာခံချင်နေကြ
သနည်း။ ပြီးတော့ ထိုပွဲကိုလာသမျှ လူတွေကလည်း ဒါငှားဝယ်ထားသော
ရွှေ၊ ငှားဝတ်ထားသောစိန်၊ ငှားထားသောကား၊ ငှားထားသောနေရာဆိုတာ
သိနေကြသည့်တိုင် ပြုံးပြုံး ပြုံးပြုံးဖြင့် ဟန်ဆောင်ကာ ချီမမ
ွ်းကြဦးမည်ကဲ့...
မူလအဓိပ္ပါယ်မှ ဘယ်လောက် ကွဲလွဲသွားပြီးဖြစ်သော ဟန်ဆောင်
ပွဲကြီးတဲ့လဲ။ ကျွန်တော်အမြင်တွင်တော့ အရာရာသည် ရှက်စရာ
ရယ်စရာကြီးကို ဖြစ်၍နေသည်။ ထိုအတိုင်းပြောပြတော့ ကြည်ပြာက...

“နင်ရူးနေသလားရဲဝင်း... ဟင်၊ မိန်းကလေးဆိုတာ တစ်သက်မှာ


တစ်ကြိမ်ပဲဆောင်ရတဲ့ မင်္ဂဆောင်ကို အခမ်းအနားအကြီးကျယ်ဆုံး
ဖြစ်ချင်တာချည်းပဲ၊ ဒါစိတ်ကူးယဉ်နေတာမဟုတ်ဘူး ရဲဝင်း၊

typing - ကောင်းဆိုး Page 48


နီကိုရဲ မကြည်ပြာနှင့် ချစ်ခြင်း၏ဒုတိယနဂ္ဂတစ်များ
တကယ်လုပ်ရတာ၊ ပတ်ဝန်းကျင်မှာ ဘယ်သူမှ အပြောမခံချင်ဘူး၊
ကိုယ့်ဘဝကို ဖြစ်ကတက်ဆန်း မင်္ဂဆောင်နဲ့ မလဲနိုင်ဘူး၊ ပြန်စဉ်းစား
လိုက်တိုင်း အဲဒီ မင်္ဂဆောင်ဟာ အခမ်းအနား အကြီးကျယ်ဆုံး ဖြစ်နေ
ရမယ်၊ ငါတို့က ဘဝပေးရတာလေ... ဘဝ... ဘဝ”

“ဟ... နင်တို့ပေးရတယ်ဆိုတဲ့ ဘဝက အဲဒီမင်္ဂဆောင်နဲ့ ဘာမှ


မဆိုင်ဘူး၊ သတို့သားကိုပေးလိုက်ရတာလည်း မဟုတ်ဘူး၊ အဲဒီနှစ်ယောက်
ပေါင်းစည်းပြီးတဲ့ နောက်ဖြစ်လာတဲ့ အခြေအနေကို ပေးရတာ၊ ငါတို့
နင်တို့ရဲ့ ကိုယ်ပိုင်ဘဝတွေထက် ကျယ်ပြန့်တဲ့ လောကကြီးကို
ပေးလိုက်ရတာ၊ နင့်အတွေးအခေါ်တွေမှားတယ်”

“ရဲဝင်း နင်နော်... နင်... မဟုတ်ဘူး၊ မင်္ဂဆောင်ဟာ


အရေးကြီးတယ်၊ ခမ်းနားဖို့ ငါတို့ဘဝအတွက် လိုကိုလိုတယ်”

“ထားတော့၊ ငါကြားဖူးတယ်၊ မင်္ဂလာနှစ်မျိုးရှိတယ်၊ အာဝါဟက


ယောက်ျားလေးအိမ်တွင် မင်္ဂဆောင်ခြင်းတဲ့၊ ဝိဝါဟက မိန်းကလေးအိမ်တွင်
မင်္ဂဆောင်းခြင်းတဲ့၊ နင်တို့ဟာက ကရဝိတ်ဝါဟိ၊ အင်းလျားလိတ်
ဝါဟိတွေပဲ... ရှေးထုံနဲ့လဲမညီဘူး၊ ပြီးတော့ အဲဒီ မင်္ဂဆောင်ကို
ပြန်စဉ်းစားလိုက်တိုင်း၊ ဓါတ်ပုံတွေကို ပြန်ကြည့်လိုက်တိုင်း ကိုယ့်မှာ
တကယ်မရှိတဲ့ ပစ္စည်းတွေငှားဝတ်တာ၊ သုံးတာတွေကိုပါ ပြန်စဉ်းစားမိ
တော့ရော တကယ်ဆိုရင်ဒီပွဲဟာ ရိုးသားရဲရင့်တဲ့ ရင်ဆိုင်မှုတစ်ခုပဲ
ဖြစ်သင့်တယ်၊ ဘအဆင်တန်ဆာမှ မပါဘဲနဲ့ အားလုံးရှေ့မှာ
အမှန်အတိုင်း...”

typing - ကောင်းဆိုး Page 49


နီကိုရဲ မကြည်ပြာနှင့် ချစ်ခြင်း၏ဒုတိယနဂ္ဂတစ်များ
“အေး... လဲသေလိုက်၊ နင့်ကျမှပဲ အဲဒီလို စုတ်စုတ်ပြတ်ပြတ်
ပွဲမျိုးလုပ် သိလား... လုပ်... နင်တော်တော့နော်ရဝ
ဲ င်း၊ တိတ်ဆိုရင်
တိတ်လိုက်... ငါဒေါသထွက်လာပြီ...”

ကြည်ပြာသည် မခံမရပ်နိုင်အောင် ဒေါသဖြစ်လျက်ရှိသည်။


သူ့ဘဝကို အဖျက်ဆီးခံလိုက်ရသလို နာကြည်းကာ တုန်ယင်လာ၏။
နောက်ဆုံးသူငယ်ချင်းများက ဝိုင်းထိန်းလိုက်ကြရသည်။ မလွယ်လှပါလား။
ဒါတောင်မှ ကျွန်တော်တို့၏ ပွဲမဟုတ်သေး။ ကြည်ပြာသည် တစ်နေ့လုံး
ကျွန်တော့်ကို စကားမပြောတော့၊ အရောလည်းမဝင်တော့။ နောက်ဆုံး
တော့ ကျွန်တော်ကပင် ကြည်ပြာကို တောင်းပန်လိုက်ရသည်။ ကျွန်တော်၏
အမှန်တရားဟု ထင်ထားသော အယူအဆမှန်သမျှ ကြည်ပြာနှင့်
တွေ့ပြီးလျှင် တောင်းပန်စကားနှင့် ဆုံးရသည်သာဖြစ်သည်။ သို့သော်
စိတ်ထဲကတော့ ကြုံးဝါး နေမိသေး၏။

ကောင်းပြီ ကြည်ပြာ... ငါ့ကျရင် အရိုးသားဆုံး ပကာသန


လုံးဝမပါတဲ့ မင်္ဂလာပွဲကို လုပ်မယ်။ အဲဒီ ပါရမီဖြည့်ဖက်ဟာလည်းမင်ပဲ
ဖြစ်ရစေ့မယ် မကြည်ပြာ။ မင်းပဲ...။ ငှားထားတဲ့ ပစ္စည်းတွေ ဘာတစ်ခုမှ
မပါတဲ့၊ ကိုယ့်မှာ တကယ်မရှိတဲ့ အရှိန်အဝါတွေကို လုံးဝမသုံးတဲ့၊ ငါတို့
ရန်သူတွေမှန်သမျှကို ကိုယ်ပိုင်ဆိုင်ရသမျှနှင့် စစ်ကြေညာတဲ့ပွဲ။
မင်းလည်တိုင်ဟာ အခုတိုင်း ဆွဲကြိုးမျှင်မျှင်ကလေးနဲ့ပဲ ဖြူးနုနေရမယ်။
မင်းနှလုံးသားထဲက အရှက်တရားနဲ့ ပန်းနုရောင်စိုထလာမယ့် သွေးကြော
ကလေးတွေကို မြင်နေရအောင်လို့ မင်းမျက်နှာပေါ်မှာ ဘာမိတ်ကပ်မှ
ရှိမနေရဘူး။ သစ်ခွပန်းတွေမလိုပါဘူး မကြည်ပြာရယ်... အဲဒီနေ့မှာ
မင်းကိုယ်တိုင်က အခုမှပွင်ချလိုက်တဲ့ ပန်းကလေးတစ်ပွင့်ပဲ မဟုတ်လား။

typing - ကောင်းဆိုး Page 50


နီကိုရဲ မကြည်ပြာနှင့် ချစ်ခြင်း၏ဒုတိယနဂ္ဂတစ်များ
လောလောဆယ်တာ့ မင်္ဂလာပွဲနှင့်ပတ်သက်၍ ကြည်ပြာ
တတောက်တောက် လျှောက်လုပ်သမျှ ကျွန်တော်ပါ လိုက်လုပ်ပေးနေ
ရသည်။ ကြည်ပြာသည် ပျော်လျက်ရှိသည်။ နှုတ်ခမ်းပါးပါးလေးက
စကားတတွတ်တွတ်၊ မျက်ဝန်းရိပ်က ဖိတ်ဖိတ်လ့လ
ျဲက်၊ ခြေလှမ်းက
သွက်လျက် အဖျားတုန်ခါနေသည့် ရယ်သံတွေ လွင်လွင်၊ တိုင်ပင်ရ၊
ရွေးချယ်ရ၊ အလျင်လိုရ၊ စိတ်စောရ မောလို့မောမှန်းပင်မသိ၊
အစားအသောက်ကိုတော့ ကြည်ပြာသည် သွားရင်းလာရင်းနှင့်ပင် ဖြစ်သလို
စားပစ်တက်သည်။ မင်္ဂလာတကယ်ဆောင်မည့် သူ့အစ်မထက်ပင်
ကြည်ပြာက တကြွလှုပ်ရှားလျက်ရှိလေသည်။ ကြည်ပြာနှင့် တစ်နေကုန်
နေခွင့်ရတာနှင့်ပင် ကျွန်တော်အားလုံးကို လက်စားချေပစ်လိုက်သည်။
ကြည်ပြာပျော်တာ မြင်ရင် ကျွန်တော် ကျေနပ်နေတက်သည် မဟုတ်လား။
အခုလည်း ကျွန်တော်တို့ ကြည်ပြာ့အစ်မ မင်္ဂဆောင်အတွက် ဖိတ်စာတွေ
လိုက်ဖိတ်နေကြခြင်းဖြစ်၏။ သာကေတ၊ ၃၉-လမ်း၊ ရန်ကင်း၊ ဗဟန်း၊
လသာ၊ ကြည့်မြင်တိုင်၊ စမ်းချောင်းနေရာမျိုးစုံကို ကျွန်တော်ရောက်ခြဲ့ ပီးပြီ။
သို့တိုင်အောင် ပြီးသေးဟန်မတူ။ ကြည်ပြာသည် သူ့အမျိုးအိမ်ကိုဖိတ်လျှင်
ကျွန်တော်က လမ်းထိပ်နားရှိရာ လက်ဖက်ရည်ဆိုင်၊ ကွမ်းယာဆိုင်က
ရပ်စောင့်ရ၏။ သူငယ်ချင်းအိမ်ဆိုရင်တော့ လိုက်ခွင့်ရသည်။ တစ်အိမ်
ရောက်တိုင်း မင်္ဂဆောင်ကိစ္စကို တစ်ကြိမ်ပြောတက်သဖြင့် အတော့်ကို
ကြာသည်။ ကြည်ပြာ့အမျိုးတွေကလည်း များလွန်းလှပါလား။ ကြည်ပြာနှင်
အတူသာ မဟုတ်လျှင် တစ်ကားပေါ်တက်၊ တစ်ကားပြောင်းစီး၊
လမ်းလျှောက်၊ လမ်းထိပ်ကစောင့် ထိုမျှပင်ပန်းလှသောအလုပ်ကို
ကျွန်တော် လုပ်နိုင်လိမ့်မည်မထင်။ ညနေရီဝင်တော့မည်။ ဦးခေါင်းတွေ
တဒိန်းဒိန်းကိုက်ကာ ငြီးစီးစီး ဖြစ်နေသော်လည်း ကြည်ပြာကတော့

typing - ကောင်းဆိုး Page 51


နီကိုရဲ မကြည်ပြာနှင့် ချစ်ခြင်း၏ဒုတိယနဂ္ဂတစ်များ
ဘာမှဖြစ်ပုံမပေါ်။ သတို့သမီးအရံဆိုသည့် စကားကို တစ်မိနစ်တွင်
တစ်ကြိမ်ကျပြောတာ ပျှော်ရွှင်ကျေနပ်နေသည်။ မိန်းကလေးများသည်
သူတို့စိတ်ဝင်စားသည့် ကိစ္စနှင့် ပတ်သက်လာလျှင် ယောက်ျားလေး
တွေထက် အပင်ပန်းခံနိုင်သည်ဆိုသည့်စကားကို ကျွန်တော်လုံးဝ ယုံကြည်
လက်ခံလိုက်ရ၏။

“ကြည်ပြာ… အခုအိမ်ပြန်တော့မှာ မဟုတ်လား၊ နင့်ဖိတ်စာကိစ္စ


ပြီးပြီမဟုတ်လား”

“ဟိုကောင်တွေ ကျန်သေးတယ်လေဟာ… ဒဂုံကိုသွားမယ်၊ ဒါပြီးရင်


ပြီးပါပြီဟ”

“ဟာ... ခုပဲညနေစောင်းနေပြီ၊ နောက်နေ့မှသွားဟာ... လွင်မာတို့


ယဉ်ယဉ်သိန်းတို့က လူရင်းတွေပဲဟာ... သိလည်းသိပြီးသားပဲ...
မဖိတ်လည်း လာကြမှားပေါ့”

“လဲသေလိုက်၊ မိန်ကလေးဆိုတာက ဘယ်လောက်ပဲရင်းရင်း ခင်ခင်


မဖိတ်ရင် မလာကြဘူး၊ ပြီးတော့ ငါကသတို့သမီးအရံဆိုတော့
ဒီကောင်တွေနဲ့ တိုင်ပင်ရဦးမှာ… မင်္ဂဆောင်က သုံးရက်ပဲ လိုတော့တာ
နောက်နေ့တွေ ငါမအားတော့ဘူး၊ ဒီနေ့အပြီးဖိတ်မှ... နင်မလိုက်ခဲ့ချင်ရင်
လည်း ပြန်တော့၊ ရတယ်”

ကျွန်တော်က ကြည်ပြာနှင့် အပြင်ထက


ွ်ခွင့်ကို နှစ်ရက်
ခွဲချင်တာလည်း ပါသည်။ ခေါင်းတွေကိုက်ပြီး ငြီးစီစီဖြစ်နေတာလည်း
ပါသည်။ သို့သော်ကြည်ပြာက သူစိတ်ကူးထားသည့်အတိုင်း ဖြစ်အောင်

typing - ကောင်းဆိုး Page 52


နီကိုရဲ မကြည်ပြာနှင့် ချစ်ခြင်း၏ဒုတိယနဂ္ဂတစ်များ
လုပ်ဖို့ရာ ဘာကိုမှဂရုစိုက်နေမည့် မိန်းကလေးမဟုတ်ဆိုတာကို ကျွန်တော်
သိပါသည်။

“ဒဂုံကားတွေက ကြပ်တယ်ဟ၊ ရှားလဲရှားတယ်၊ အခုသွားရမှာ


ကလည်း မြောက်ပိုင်း... အပြန်ကားမရမှာစိုးလို့ ပြောတာ၊ နင်က
ဟိုရောက်ရင် ကြာဦးမှာ”

“နင်မလိုက်ချင်ရင် နေခဲ့လို့ပြောပြီးပြီပဲ၊ ဟယ်... ဟိုမှာကြည့်စမ်း


စိမ်းစားဥတွေ စားချင်လိုက်တာ၊ သတို့သမီးအရံဆိုပေမယ့်လည်း
သတို့သမီးလိုပဲ အလုပ်ရှုပ်တာဟ၊ ဖိနပ်ကတော့ အဆင်ပြေတယ်၊
လေဒီရှူးပဲ။ နင်လည်း အဲဒီနေ့ကျ သပ်သပ်ရပ်ရပ်ဝတ်ခ့ဥ
ဲီးနော်၊ ငါ ဒါပဲ
ပြောမယ်၊ လွင်မာတို့ နဲ့အတူလာ၊ စောစောနော်၊ ၉-နာရီလောက်
ငါရောက်မယ်၊ ဘာမှမပြောရစေနဲ့နော်၊ ခဏခဏလဲ ငါ့အနားကိုမလာနဲ့
အမျိုးတွေအားလုံးစုံမှာ အခြေအနေကြည့်နေ ကြားရဲ့လား”

ကျွန်တော် ဘာတက်နိုင်ဦးမည်နည်း။ နန္ဒဝန်ဈေးရောက်တော့


နေလုံးက အိမ်တွေနှင့် ကွယ်သွားပြီ။ ၃၆-ကားဂိတ်မှာ ပြေးလွှား
လုတက်ကာ နေရာဦးရ၏။ ကျွန်တော် လွယ်အိတ်နှင့် ဦးထားပါရက်က
ပြောမရဆိုမရ ဝင်ထိုင်သဖြင့် ကြည်ပြာ့ကို နေရာပေးကာ ကျွန်တော်က
ကြပ်ညပ်နေသည့် လူတွေကြားမှာ မတ်တပ်ရပ်ရ၏။ ကြည်ပြာက
ကျွန်တော့်ကိုလှမ်းပင် မကြည့်။ စိတ်ကူးထဲမှာ ဘယ်သူနှင့် မင်္ဂဆောင်
အကြောင်း ပြောနေပြန်သည်မသိ။ ကားထွက်ဖို့ နာရီဝက်လောက်
စောင့်ရသည်။ လွင်မာတို့ အိမ်ရောက်တော့ အလင်းရောင်မရှိတော့၊
လွင်မာ့တို ဖိတ်စာပေးပြီးတော့ မပြီးနိုင်သည့် ဖိနပ်၊ ဘော်ကြယ်၊ ထဘီ၊
သစ်ခွပန်း၊ နှုတ်ခမ်းနီကြပြန်၏။ ကြည်ပြာသည် လောကကြီးကို

typing - ကောင်းဆိုး Page 53


နီကိုရဲ မကြည်ပြာနှင့် ချစ်ခြင်း၏ဒုတိယနဂ္ဂတစ်များ
အနိုင်ရထားသူတစ်ယောက်လို ပြုံးသည်။ အရေးကြီးသည်ဟုထင်သော
စကားများကို လေသံနှိမ့်ကာ လွင်မာ့လက်ကို ကိုင်၍ပြောသည်။
ပိတ်စကိုလည်းကောင်း၊ မိတ်ကပ်ကိုလည်းကောင်း၊ အခမ်းအနားကို
လည်းကောင်း၊ သတို့သားကိုလည်းကောင်း၊ ပုံဖော်သည့်အခါ ကြည်ပြာ့
လက်များသည် နိမ့်မြင့်ဝေ့လည်ကာ ရှုပ်ယှက်ခတ်နေပြန်၏။ တစ်နေ့လုံး
ကြားရဖန်များသဖြင့် ဘယ်နေရာမှာ ကြည်ပြာရယ်မည်၊ ဘယ်စကားမှာ
လက်ကိုဘယ်လို ဝှေ့ယမ်းလိုက်မည်၊ ဘယ်စကားကို စိတ်မကောင်းသည့်
အမူအယာကလေးနှင့် ပြောတော့မည်ဆိုတာကို ကျွန်တော် အလွတ်ရနေပြီ။
လွင်မာက စနစ်တကျမေးသည်။ ကြည်ပြာက အသေးစိပ်ဖြေ၏။
လွင်မာ့အစ်မ မနိုင်က လိုအပ်သည်များကို ဝင်ထောက်ကာ မေးပြန်သည်။
ပြီးခါနီးမှ လွင်မာက သူဝတ်လာမည့် အင်္ကျီကို ထုတ်ပြရာမှ
တစ်ပတ်ပြန်လည်ကြပြန်သည်။ ဒုက္ခ... ဒုက္ခ။ လွင်မာတို့ အိမ်ကထွက်တော့
ညခုနှစ်နာရီထိုးတော့မည်။

“ယဉ်ယဉ်သိန်းတို့ အိမ်သွားမနေနဲ့တော့ဟာ”

“ဟဲ့... တခြားလူတွေဖိတ်ပြီး သူ့ကျမှမဖိတ်ရင် ငါအပြောအဆိုခံရမှာ


ဟ”

“ဒါဆိုလည်း ငါ့ကိုဖိတ်စာပေး၊ ငါမနက်သွားပေးပေးမယ်”

“နင်ကို ယုံပါဘူး၊ ပြီးတော့ ဒီကောင့်ကို တိုင်ပင်စရာရှိသေးတယ်


မိတ်ကပ်နဲ့ အင်္ကျီက”

“ဟာ... ဒီကိစ္စတွေကလည်း ပြီးမပြီးနိုင်တော့ဘူးလား၊ နင်တို့


ဘာကြောင့် ဒီလောက်တောင်မှ...”

typing - ကောင်းဆိုး Page 54


နီကိုရဲ မကြည်ပြာနှင့် ချစ်ခြင်း၏ဒုတိယနဂ္ဂတစ်များ
“အေး... နင့်ကို ဘယ်သူ ခေါ်နေလို့လဲ၊ ပြန်ချင်ရင်ပြန် ငါကတော့
သွားမှာပဲ၊ သွားမယ်”

ဒုတိယအကြိမ် ဘာမှမတက်နိုင်ပြန်။ လွင်မာတို့(၄၁)ရပ်ကက


ွ်နှင့်
ယဉ်ယဉ်သိန်းတို့ (၃၉)ရပ်ကွက်က သွားဖို့ကားမရှိ။ လယ်ကွင်းနံဘေးက
မြေနီလမ်းကလေးတွေကို ဖြတ်ကာ ၃၅-မိနှစ်လောက် လမ်းလျှောက်ရ၏။
လမ်းက မည်းမှောင်ကာနေသည်။ အိမ်တွေကလည်း လူစုံမနေသေး၊
လူတစ်ရပ်ကျော်သည့် မြက်ရိုင်းပင်ကြီးများနှင့် လူသွားလူလာပြတ်သော
လမ်းကြားကလေးများတွင် ကျွန်တော် ကြည်ပြာ့ကို တစ်ယောက်တည်း
ဘယ်လိုမှ စိတ်မချနိုင်။ လေးတဖြူးဖြူးမှာ မြက်ပင်ရှည်ကြီးများက
ယိမ်းနွဲ့နေကာ လရောင်ကအဝေးမှာ ထိန်ကာနေ၏။ ဆောက်၍
မပြီးသေးဘဲ ပစ်ထားသဖြင့် ပျက်စီးလုနီးပါးဖြစ်နေသော တိုက်အိမ်တွေက
လမ်းဘေးဝဲယာမှာ ငြိမ်သက်ကာနေကြသည်။ ကြည်ပြာကတော့ စကား
တတွတ်တွတ် ပြောတုန်း။ မျက်ဝန်းအရွှေ့၊ နှုတ်ခမ်းအလှုပ်၊ ခေါင်းအငဲ့၊
လက်အရွှေ့တို့ကို မမြင်ရသဖြင့် သက်သာရာရသည်။

ဒီကြားထဲ ကျွန်တော်ဆုပ်ကိုင်ထားသော ကြည်ပြာလက်သည်


ဘယ်နေရာကို လွတ်လွတ်ထွက်သွားမှန်မသိသဖြင့် မှောင်ထမ
ှဲာ
ဟိုစမ်းဒီရှာ၊ ဒုက္ခရောက်ရသေး၏။

“တကယ်တော့ ငါ့အစ်မကို မယူစေချင်သေးဘူးပေါ့ဟာ၊ ဒါပေမယ့်


သိတယ် မဟုတ်လား၊ ဟယ်… မိတ်ကပ်ပြင်တဲ့ မိန်းမလျာကလည်း Date
ယူရသေးတယ်ဟ သိလား။ ဟဲ့ ဟဲ့... ခြေထောက် ခြေထောက်၊ ငါ့
ခြေထောက်ကို နင်လာနင်းနေတယ်။ လွင်မာတို့အိမ်မှာ လက်ကိုင်ပဝါ

typing - ကောင်းဆိုး Page 55


နီကိုရဲ မကြည်ပြာနှင့် ချစ်ခြင်း၏ဒုတိယနဂ္ဂတစ်များ
ကျန်ခဲ့ပြီးလားမသိဘူး၊ အမေနဲ့အဖေကတော့ ပြောပါတယ်ဟာ...
ဒါပေမယ့် ငါ့ အစ်မက...”

ယဉ်ယဉ်သိန်းက ကျွန်တော်တို့နှစ်ယောက်ကိုတွေ့တော့ လန့်သွား


၏။ ထမင်းစားဖို့ပြင်နေသော ဝိုင်းမှ ဝုန်းခနဲထလာကာ အနှစ်
နှစ်ဆယ်လောက် ကွဲကွာနေသူတွေလို ပွေ့ကြဖက်ကြသည်။ တွန်းထိုး
ထုရိုက်သံ ဆူဆူညံညံ။ မကြီး၊ မလှလှခိုင်၊ မမြင့်မြင်ခိုင်တို့၏ မေးသံ။
လျှပ်စစ်မီးမရသေးသည့် ဆောက်လက်စ တိုက်အိမ်ကလေး၏ မှန်အိမ်
အလင်းရောင်အောက်မှာ အရိပ်တွေ ပူးကပ် ယိမ်းထိုး တုန်ခါနေကုန်၏။
ကျွန်တော်က နွမ်းယဲ့မှုကို အရင်ပျောက်အောင် မျက်နှာသစ်ရသည်။
ကြည်ပြာ့ကို ယဉ်ယဉ်သိန်းတို့က အခန်းထဲဆွဲ ခေါ်သွားကြ၏။
ကျွန်တော့်မျက်နှာကို ဆပ်ပြာတိုက်ပြီးစ ယဉ်ယဉ်သိန်းတို့ အမေက
အနားရောက်လာသည်။

“ဘယ်အချိန်ကတည်းက ထွက်လာကြတာလဲ”

“မနက်ကတည်းက အဘွား၊ ဟို... ဖိတ်စာကလေ”

“မင်းတို့က လုပ်ချင်တာလုပ်၊ ပြဿနာတက်လာရင် လက်ခံရတဲ့


လူကြီးတွေက မကောင်းဘူး၊ ဒီတော့ မင်းပြန်… ကားရှိတုန်း”

ကျွန်တော်မျက်စိထဲ ဆပ်ပြာဝင်သွားသည်။ ဦးနှောက်ထမ


ှဲာ
စပ်တာရော၊ အောင့်သက်သက်ဖြစ်တာရော ခံစားမှုနှစ်ခုက ရှုပ်ယှက်
ခတ်သွား၏။ ရေခွက်လွတ်ကျသည်။ ယဉ်ယဉ်သိန်းအမေက ကုန်းကောက်
အပေး၊ ကျွန်တော်ကလည်း မျက်စေ့မှိတ်ကာလျှောက်အစမ်း၊ အဘွားကြီး
မျက်နှာကို စမ်းမိ၏။ အဘွားကြီးက “ဟဲ့..ဟဲ့” အော်ကာတွန်းတော့

typing - ကောင်းဆိုး Page 56


နီကိုရဲ မကြည်ပြာနှင့် ချစ်ခြင်း၏ဒုတိယနဂ္ဂတစ်များ
ကျွန်တော်ဖင်ထိုင်ရက် စဥ့်အိုးဘေးလဲသည်။ ရေ နည်းနည်းပဲရှိသော
စဥ့်အိုးက လိမ့်ထွက်၍ ခွပ်ခနဲကွဲသွားကာ ကျွန်တော်လည်း နံဘေးက
ဗွက်အိုင်ထဲကို လက်ဇွိခနဲ ထောက်မိ၏။ ကျွန်တော် မျက်စိကို
အတင်းဖွင့်တော့ စပ်နေသဖြင့် အရာရာက ဝိုးတဝါး။ ယဉ်ယဉ်သိန်းတို့
အမေက ဗလုံးဗထွေးကျုံအော်တော့ ကြည်ပြာ့တို့ လန့်ဖြန့်ကာထွက်လာ၏။
ကျွန်တော် ဗွက်ထဲက လက်တစ်ဖက်ကို မနည်းပြန်နုတ်ရသည်။
ကျွန်တော်လက်တစ်ဖက်နှင့် စပ်နေသော မျက်စိကို ပွတ်ရသည်။
ယဉ်ယဉ်သိန်းတို့ ညီအစ်မတွေက တဟားဟား။ ကြည်ပြာ့အသံက
အကျယ်ဆုံး။

“ကြည်ပြာ ရေ... ရေ... မြန်မြန်ပေးစမ်းပါဟ၊ ငါ့မျက်စိထဲ ဆပ်ပြာ


ဝင်နေလို့... ရေ... ရေ”

ဝိုးတဝါးအရိပ်ထဲမှာ ကြည်ပြာ့ရယ်သံကိုသာ ကြားနေသည်။


အဘွားကြီးက ညည်းညူဆူပူကာ ရေခပ်ပေး၏။ ကျွန်တော့်မျက်နှာကို
ရေနှင့်လောင်း လက်ကို ဆေးရသည်။ အာလုံးက အိမ်ရှေ့တံကားပေါက်မှာ
စုပြုံ တိုးဝှေ့ကြည့်ကာ ရယ်နေကြသည်။ အဘွားကြီးက တဖျစ်
တောက်တောက်ပြောကာ သမီးများကို တွန်းတိုက်ထွက်သွား၏။

“ဟား... ဟား... ဟား... ရဲဝင်းရယ်၊ နင်ဖြစ်လိုက်ရင် အသည်း


အသန်ချည်းပဲ၊ အမေတော့ဟီးဟီးဟိ”

“အင်းနော်... ကိုရဲဝင်းက သိပ်ရယ်ရတာပဲဆို၊ တယ်…


အင်္ကျီတွေလည်း ပေကုန်ပြီ၊ ရေချိုးလိုက်တော့”

typing - ကောင်းဆိုး Page 57


နီကိုရဲ မကြည်ပြာနှင့် ချစ်ခြင်း၏ဒုတိယနဂ္ဂတစ်များ
ကျွန်တော် ရေချိုးလိုက်ရသည်။ နုံးနေသော ခန္ဓာကိုယ်က
အနည်းငယ် လန်းဆန်းသွားသည်။

“မောင်ရဲဝင်း... ရေကရှားတယ်၊ အရမ်းလုပ်မနေနဲ့၊


ပြန်ဖို့အချိန်သိပ်မရှိဘူး၊ မြန်မြန်လုပ်”

အဘွားကြီးက ဒီတစ်ကြိမ်တော့ အဝေးကသာအော်သည်။


အနီးမလာတော့။ ဒါဆိုရင် ကြည်ပြာကတော့ ဒီမှာပဲ အိပ်တော့မယ်တူပါရဲ့။
အင်းလေ ဒီအချိန်ဆိုတော့လည်း သုဝဏ္ဏကားက သေချာတာမှ
မဟုတ်တာဟု တွေးရသည်။ ကြည်ပြာက ကျွန်တော်ပြန်မှာကို
စိတ်မဝင်းစား။ ဒါပေမယ့် ၇/၈လမ်းဆုံကိုတော့ ယဉ်ယဉ်သိန်းတို့
မောင်နှမတွေနှင့်အတူ ကျွန်တော့်ကို လိုက်ပို့ကြသည်။ လမ်းဆုံ
ရောက်တော့ ကားကတစ်စင်းမှမရှိတော့။

“ရဲဝင်း... ကားမရှိတော့ဘူးဟ၊ ငါတို့အိမ်မှာပဲ အိပ်လိုက်ပေါ့ဟာ၊


ကြည်ပြာနင့်အိမ်ကို ဖုန်းဆက်မယ်ဆို”

ကြည်ပြာက သူ့အိမ်ကို ဖုန်းဆက်သည်။ ယဉ်ယဉ်သိန်းက စိတ်မပူဖို့


ထောက်ခံချက်ပေး၏။ ကျွန်တော်ပါ ပါသည် ဆိုတာကိုတော့ ထိန်ချန်ထား
ကြသည်။ ကျွန်တော် အရမ်းပျော်သွား၏။ ခေါင်းကိုက်သည့် ဝေဒနာ
မရှိတော့၊ လမင်းကို မော့ကြည့်တော့ ပန်နုရောင်၊ ကြယ်တွေက သစ်ပင်
မရှိသေးသော မြေပြင်ကြောင့် ကောင်းကင်ပေါ်မှာ ဖွေးဖွေးလှုပ်နေကြသည်။
ဒီညသည် ကြည်ပြာနှင့်အတူ တစ်မိုးတည်းအောက်မှာ အိပ်ခွင့်ရသောည၊
အမှတ်တရ ည...။ ထိုင်ခုံကလေး တွေချကာ ယဉ်ယဉ်သိန်းတို့ အိမ်ရှေ့
ကွက်လပ်မှာ စကားပြောကြမည်။ ကြည်ပြာ့ကို လမင်းကြီးအား ပြရဦးမယ်။
ပြီးတော့ အေးအေးဆေးဆေး မေးခွန်ကလေးတွေ မေးစရာရှိသေးသည်။

typing - ကောင်းဆိုး Page 58


နီကိုရဲ မကြည်ပြာနှင့် ချစ်ခြင်း၏ဒုတိယနဂ္ဂတစ်များ
လရောင်ထဲမှာ စိမ့်ယိုင်ထွက်လာမည့် ကြည်ပြာ၏အပြုံးထဲမှာ ကျွန်တော်
လိုချင်တာတွေ မတွေ့တော့ ရှာရဦးမည်။ အစီအစဉ်များဖြင့် အူမြူးနေသော
စိတ်ကိုဖုံးဖိကာ ကားမရသဖြင့် စိတ်ညစ်ဟန်ဆောင်ရသေး၏။ ကျွန်တော်
ဟန်ဆောင် တက်သွားပြီလား။ ကြည်ပြာက “အိပ်လိုက်ပေါ့ဟ၊ တစ်ညပဲ
ဟာ... နင့်အိမ်က စိတ်ပူလည်း ငါပြောပေးမှာပေါ့”ဟု ချော့၏။ အဟား.....။

အိမ်ပြန်ရောက်ကြတော့ ယဉ်ယဉ်သိန်းတို့ အမေက တဖျစ်


တောက်တောက်၊ ကြည်ပြာက ကျွန်တော်ကို လျှာကလေးထုတ်၍
ပြောင်ပြကာ လက်ဖက်သုတ်ဖို့ စိတ်စောနေ၏။ လက်ဖက်ပန်းကန်
ရောက်လာတော့ အားလုံးစုစားကာ စကားတွေပြော ကြသည်။
ယဉ်ယဉ်သိန်း၏ အစ်မဝမ်းကွဲ မဝါဝါခိုင်ရောက်လာကာ မီးရနေပြီဖြစ်သော
သူတို့အိမ်မှာ TV သွားကြည့်ကြ၏။ ထိုညက “ဘယ်မြို့ပုံသာပါလိမ့်”
ဟူသော ဇာတ်ကားလာသည်။ ဒဂုံမြို့သစ်အကြောင်း ရိုက်ထားသည့်
ဇာတ်လမ်း၊ မေသန်းနု ဒဂုံမြို့သစ်က လယ်ကွင်းနံဘေးမှာ
လမ်းလျှောက်တာ ကြည်ပြာလောက် ကြည်မကောင်းဟု ကျွန်တော်
ထင်သည်။ ပြန်ရောက်ကြတော့ အိမ်ရှေ့ကွက်လပ်မှာ ခုံကလေးတွေ
ထုတ်ထိုင်ပြီး စကားပြောကြသည်။ လုလုပြီး ရယ်ကြမောကြ၏။ သစ်ရိပ်
မရှိသော ဒဂုံမြို့သစ်၏ ကောင်းကင်ပြာပြာကြီး အောက်တွင်
ကျွန်တော်စိတ်တွေ ဟိုးအဝေးထိ ဆန့်ထက
ွ်သွားကာ ရင်ခုန်သံကို
လိုက်ဖမ်းနေကြသည်။ ဘယ်လောက်ပျှော်ရွှင်ကြည်နူးဖို့ ကောင်းလိုက်
သလဲ။ ချစ်သူ၏ ရယ်သံနုနုကလေးကို ညတစ်ဆယ့်တစ်နာရီထိ
ကြားနေရတဲ့ည ချစ်သူရင်ရိပ်နှင့် လက်တကမ်းအကွာက လရောင်ကို
ထိနမ်းမူးရစ်ခွင့်ရနေတဲ့ည။ ချစ်သူ့မျက်ဝန်းရိပ်ထမ
ှဲ လရောင်က
တောက်ပနေတာကို မြင်ရသည့်ည။ ကျယ်ပြန့်သည် ကောင်းကင်ကြီး

typing - ကောင်းဆိုး Page 59


နီကိုရဲ မကြည်ပြာနှင့် ချစ်ခြင်း၏ဒုတိယနဂ္ဂတစ်များ
ထဲတွင် လမင်းသည် အပေါက်ကြီးတစ်ခုနှင့် တူသည်ဟု တွေးမိတ့ည
ဲ ။
လရောင်မှာ ဝင်းထိန်နေသော မြေညီလမ်းမကလေးများ၊ တုတ်တုတ်မျှ
မလှုပ်ဘဲ ကိုယ့်အရိပ်ထဲ ကိုယ် ပြန်ဝင်နေကြသော ကပ်စေးနှပ
ဲ င်
ကလေးများ၊ လရောင်ဖြင့်ဝင်းနေသော လယ်မြေပတ်ကြားအက်များကို
လည်တိုင်ငိုက်ကာ ရွက်ချွန်အဖျားများဖြင့် ထိုးစိုက်နေကြသော
မြက်ရိုင်းပင်ကြီးများ၊ သစ်ပင်ကြီးများမရှိသဖြင့် လရောင်သည် မြေပြင်အထိ
ဆင်းချလာကာ အလျားလိုက် တွယ်ငြိနေပုံ၊ တစ်ဆုံးတစ်စ ကောင်းကင်ပြင်
ကြယ်ပြာပြာထဲမှာ အချင်းချင်းရောထွေးသွားဖို့ ကြိုးစားနေသော
ကြယ်ပွင့်ကလေးများ၊ အို... လှလိုက်သည့်ည။ သို့သော်.... ကျွန်တော့်
ဘဝမှာ ကြည်ပြာနှင့်ပတ်သက်လာလျှင် ပျှော်ရွှင်မှုကို ဘယ်တော့မှ
ကြာကြာရလေ့မရှိခဲ့။ ကျွန်တော့် ပျော်ရွှင်ခွင့်ကလေးကို မနာလို
မရှုဆိတ်ကြဟန်တူသော၊ နတ်ဆိုးများက တံခါးတွေ မတပ်ရ သေးသော
ယဉ်ယဉ်သိန်းတို့ တိုက်ကလေးထဲသို့ ပြင်ပအမှောင်ထမ
ှဲ လွယ်ကူစွာ
ခုန်ဝင်လာဟန်တူသည်။ အကြီးဆုံးအစ်မနှင့် ယဉ်ယဉ်သိန်းတို့ ခေါင်းချင်း
ဆိုင်ကာ တတွက်တွက်၊ ပြီးတော့ ယဉ်ယဉ်သိန်းကို ကြိတ်ဆူလိုက်ကြပုံ
ပေါ်သည်။ သူငယ်ချင်း၏ လျှာအပြားလိုက်ချကာ ရယ်တက်သော
အသံကလေး မထွက်တော့။ ဒုတိယအစ်မ မလှလှခိုင်က မနက်က
သတင်းစာအဟောင်းကို မှန်အိမ်မီးမှာ သဲသမ
ဲ မဖ
ဲ တ်နေ၏။ မြင့်မြင့်ခိုင်
ကတော့ အိပ်ချင်သည်ဟု မျက်နှာငယ်နှင့်ပြောကာ အခန်းထဲဝင်သွားပြီ။
ကြည်ပြာက ကျွန်တော့်ကို ဒုတိယအကြိမ် အသံတိတ်လျှာထုတ်ကာ
ပြောင်ပြပြန်သည်။ ဘာတွေဖြစ်သွားသည် ဆိုတာကို အသေအချာ
မသိရသည့်တိုင်အောင် ဟီးဟီးဟားဟား အမူအယာကိုတော့ ရပ်လိုက်ရ၏။

typing - ကောင်းဆိုး Page 60


နီကိုရဲ မကြည်ပြာနှင့် ချစ်ခြင်း၏ဒုတိယနဂ္ဂတစ်များ
“မောင်ရဲဝင်း...မင်းရှေ့ခန်း ဘုရားစင်ရှေ့မှာအိပ်၊ အပြင်ထက
ွ်ဦး
မလား၊ အထဲရောက်မှ ခဏ ခဏ အပြင်မထွက်န့ေ
ဲ တာ့ ကိစ္စရှိခုကတည်းက
သွားထား၊ ဟိုကောင်မလေးတွေ ဘယ်အချိန်ရှိပြီလဲ”

ကြည်ပြာတို့ အိပ်ခန်းထဲဝင်သွားကြသည်။ အခန်းထဲမှ စကားသံ


တိုးတိုးနှင့် ရယ်သံခပ်အုပ်အုပ် ထွက်လာသေး၏။ အဘွားကကြည်ပြာတို့
အိပ်နေသော တံခါးမတပ်ရသေးသည့် အိပ်ခန်းဝကို ထမင်းစားပြွဲ ဖင့်ခုကာ
ပိတ်သည်။ ပြီးတော့ ထမင်းစားပွဲခုံပေါ်မှာ ဒန်အိုးကိုတင်ပြီး ကျွန်တော့်ကို
လှည့်ကြည်၏။ ကျွန်တော်မျက်နှာ ဖျင်းခနဲပူသွားသည်။ ရှိစေတော့
ဒီအိမ်မှာက မိန်းကလေးတွေချည်း မဟုတ်လား။ ယောက်ျားလေးဆိုလို့
ကျွန်တော်ပဲရှိသည်။ အဘွားက အိမ်ရှေ့ပြန်ရောက်လာပြီး မှန်အိမ်မီးစကို
နှိမ့်ပစ်လိုက်သည်။ ကျွန်တော်မြင်နေရသော အရာအားလုံးသည်
အမှောင်ထဲ နိမ့်ဝင်ကာ သွား၏။ ထို့နောက် အဘွားက ကျွန်တော့်ကိုအိပ်ရန်
ညွှန်ပြခဲ့သော ဘုရားစင်ရှေ့မှ ခြေထောင်ထဲသို့ ဝင်သွားလေသည်။ ဟိုက်...

“ဟို... ကျွန်တော်ကအဘွား”

“အေး... မင်းဒီမှာပဲအိပ်၊ ခြင်ထောင်အပိုမရှိဘူး၊ ဒါနှစ်ယောက်အိပ်


ခြင်ထောင်၊ ကျယ်တယ်... ဒီမှာပဲအိပ်”

“ခင်ဗျာ....”

ကျွန်တော်အကြီးအကျယ် ထိတ်လန့်တုန်လှုပ်သွား၏။ ဘုရား


ဘုရား။ မဖြစ်နိုင်... ဟင့်အင်း...။

“ဒါ... ဒါဆိုလည်း... နေပေ့စေအဘွား၊ ကျွန်တော်မအိပ်တော့ဘူး၊


အပြင်မှာပဲ....”

typing - ကောင်းဆိုး Page 61


နီကိုရဲ မကြည်ပြာနှင့် ချစ်ခြင်း၏ဒုတိယနဂ္ဂတစ်များ
“တစ်အိမ်လုံအိပ်ပြီး မင်းတစ်ယောက်တည်းမအိပ်လို့ ဘယ်ဖြစ်မယ်
အိပ်ရမယ်... လာ... လာ... အိပ်လှည့်” သွားပြီ။

ကျွန်တော် ဘာလုပ်ရမည်နည်း။ အဘွားကြီးက ကျွန်တော့်ကို


စိတ်မချနိုင်ဘူး ဖြစ်နေသည်။ ရှေးမိန်းမတွေ၏ ထုံးစံအတိုင်း ဘာကိုမှ
မယုံကြည်တက် ထိုစဉ် အခန်းထဲမှ ရယ်သံအုပ်အုပ်ကို ကြားရ၏။ ခွေးမ…
ကြည်ပြာတို့ အစီအစဉ်ကို သိထားကြပုံပေါ်သည်။ ဘာလုပ်ရရင်
ကောင်းမလဲ။ ကျွန်တော် တိတ်ဆိတ်ငြိမ်သက်နေသော အိမ်ရှေ့
ပတ်ဝန်းကျင်ကို လှည့်ပတ်ကြည့်ရသည်။

“ကဲ... အခန်းထဲက အသံတွေထပ်မကြားချင်ဘူး၊ မောင်ရဝ


ဲ င်း
မင်းကရော ဘာလုပ်နေတာလဲ… ကဲ...”

“ဟုတ်... ဟုတ်ကဲ့... ခင်ဗျ”

တိတ်ဆိတ်ခြင်းအသံသည် ကျွန်တော့်နားထဲမှာ တစီစီမြည်လျက်


ရှိသည်။ ကျွန်တော်ရုပ်ရော၊ စိတ်ရောသည် မလှုပ်ရခြင်းဆိုသည့်
သဘောထဲတွင် ပူတွဲကာ အကျဉ်းကျနေ၏။ ဘယ်နာရီထိုးနေပြီလဲ၊
မိုးလင်းဖို့ ဘယ်လောက်လိုသေးလဲ၊ ကျွန်တော်မျက်စိများကို တဖန်
ပြန်ဖွင့်လိုက်ရပြန်၏။ အဘွားကြီးအိပ်ပျော်ပြီလား၊ ခြင်ထောင်ကို အသာမပြီး
အပြင်ဘက်ထွက်သွားပြီး ထိုင်နေရင်ကော...။ အဘွားကြီးတွေဟာ
အအိပ်ဆတ်တယ်တဲ့။ တော်ကြာ နိုးလာလို့ ငါ့ကိုအပြင်မှာတွေ့ရင် မသင်္ကာ
ဖြစ်နေဦးမယ်။ ဘုရား… ဘုရား... ညတာက ရှည်လန
ွ်းလှပါလား။ မိုးရယ်...
လင်းပါတော့။

typing - ကောင်းဆိုး Page 62


နီကိုရဲ မကြည်ပြာနှင့် ချစ်ခြင်း၏ဒုတိယနဂ္ဂတစ်များ
ထိုစဉ် တိက်ဆိက်ခြင်းထဲမှာ ရထားသံ တစ်သံကြားရ၏။
ရထားသံက ဆူညံဆုံးဖြစ်ကာ တဖြည်းဖြည်းဝေးသွားသည်။ ကျွန်တော်
ပြန်အားငယ်သွားရ ပြန်၏။ တောင့်နေသောခြေထောက်ကို အနည်းငယ်
ကွေးကြည့်တော့ ဂေါက်ခနဲမြည်၏။ ကျွန်တော်လန့်သွားကာ ငြိမ်လိုက်
ရပြန်သည်။ မဖြစ် အိပ်ပျော်လို့လည်းမဖြစ်။ ကျွန်တော် အအိပ်ကြမ်းသည်။
အိမ်မှာ တစ်ယောက်တည်း ခုတင်တစ်လုံးနှင့် အိပ်တာဆိုတော့ လှိမ့်လည်း
လှိမ့်လိုက်သေး၏။ တစ်နေ့ခင်းလုံး လျှောက်သွားထားရသဖြင့်
ညောင်းကိုက်နေသော ခြေထောက်နှင့် တစ်ကိုယ်လုံးက အိပ်ပျော်ခွင့်ကို
အပြင်းအထန်တောင်းဆိုနေကြသည်။ တင်းတောင့်ထားရသဖြင့် ပို၍
ဆိုးသည် ကြောက်ရွံ့ထိတ်လန့်နေသော စိတ်တစ်ခုက ယဲ့ယ့က
ဲ လေး
ကျန်၏။ ကျွန်တော့်စိတ်သည် အပြင်ကိုထွက်၊ ကောင်းကင်ပေါ်တက်ကာ
လမင်းကို ဟိုတစ်ဖက်ကို တွန်းထိုးချနေပြီး ပြတင်းပေါက်အစွန့်မှာ
နေမင်းကို ကမ္ဘာအခုံးနားမှ ဆွဲတင်နေမိသည်။ တိမ်ငြိမ်ထုတစ်ခုက
ပြတင်းပေါက်အစွန်းမှာ လရောင်ဖြင့် လင်းကာငြိမ်၍နေသည်။
ကောင်းကင်က အပြာရောင်ရင့်ရင့်၊ ပယင်းရောင် မထသေး၊ ပယင်းရောင်
ကလေးထပြီး အာရုံဝင်ပြီဆိုလျှင် အလင်းယဲ့ယ့က
ဲ လေး၊ ဟောဒီ
ကမ္ဘာလောကပေါ်ကို စကျလာပြီဆိုလျှင် ကျွန်တော် ခြင်ထောင်က
ထွက်ခွင့်ရပြီ။ အဘွားကြီးပဲ နိုးလာလာ ဘယ်သူပဲသိသိ အလင်းရောင်
ရောက်လာလျှင် ကျွန်တော်အတွက် အမှန်တရားနှင့် လွတ်လပ်ခြင်းသည်
ပြန်လှန်ရရှိလာတော့မည်။ အခုလိုပိန်းပိတ်အောင် မှောင်နေသည့်
အမှောင်ထဲမှာတော့မလွယ်။ အလင်းယဲ့ယ့က
ဲ လေးကို ကျွန်တော်
ငတ်မွတ်ခြင်းကြီးစွာဖြင့် တမ်းတနေမိသည်။

typing - ကောင်းဆိုး Page 63


နီကိုရဲ မကြည်ပြာနှင့် ချစ်ခြင်း၏ဒုတိယနဂ္ဂတစ်များ
ကမ္ဘာဦးလူသားတွေ အလင်းရောင်ကို ဘာ့ကြောင့်မျှော်သည်
ဆိုတာကို ကျွန်တော်ကိုယ်ချင်းစာ သဘောပေါက်သွားပြီ။ ကမ္ဘာဦး
လူသားတွေထက် ပြင်းထန်သောဆန္ဒ၊ တပ်မက်သောအာသီသဖြင့်
ကျွန်တော်ခြင်ထောင်ထဲမှာ အလင်းရောင်ကို မျှော်နေမိသည်။ ဂေါတမ
မြတ်စွာဘုရားသည် ဉာဏ်အလင်းရောင်ဖြင့် အဝိဇ္ဇာအမှောင် ကို ဖယ်က
လောကသုံးပါးအတွက် သစ္စာတရားကို ထင်ရှားစွာ ပြနိုင်တော်မူခဲ့ သည်မှာ
မှန်ကန်သည့်အတွက် ကျွန်တော်၏ ရိုးသားမှုကို ပြသနိုင်ရန်
နေ့အလင်းရောင် ကလေးတစ်ချက် ကမ္ဘာမြေပေါ်သို့ ယခုချက်ချင်း
သက်ဆင်းတော်မူပါစေ....။

မိုးလင်းဖို့ဘယ်လောက်လိုသေးသလဲ။ ရှည်လျားလှသည့်ည၊
ဆင်းရဲပင်ပန်းလိုက်သည့်ည၊ အကူညီမဲ့ အကျဉ်းကျနေရသည့်ည။ ထို
ညတစ်ညကုန်ဆုံးဖို့သည် ကျွန်တော့်အသက် နှစ်ဆယ်ရှစ်နှစ်ထက်ပင်
ရှည်ကြာနေသည်ဟု ကျွန်တော်ထင်နေမိသည်။ အိပ်ခန်းအတွင်းမှ
ယောင်သံများနှင့် လူးလွန့်သံများကို အားကျစဖွယ်ကြားရပြန်သည်။
ဘယ်လောက်များ ကံကောင်းလိုက်တဲ့ လူတွေလဲ။ ခုအချိန်ဆိုလျှင်
ကြည်ပြာကတော့ နှစ်နှစ်ခြိုက်ခြိုက် ပုံပျက်ပန်းပျက်ကို လွတ်လပ်စွာ
အိပ်ပျော်နေလိမ့်မည်။ ကျွန်တော်မှာသာ....။

အနိမ့်အမြင့် အတိုးကျယ် မတူညီကြသော အသက်ရှူသံများသည်


ဟိုမှ ဒီမှထွက်ပေါ်နေကြသည်။ မှိတ်ထားသောမျက်ဝန်းထဲမှ အမှောင်
ထုသည် ရုတ်ခနဲ၊ ယိမ်းခနဲ ပြေးဝင်လာကာ ကျွန်တော့်ကို
ဝင်ဝင်တိုက်နေကြ၏။ အချစ်သည်ကျွန်တော့်ကို တိုက်ရိုက်ဒုက္ခပေးလိုက်၊
သွယ်ဝိုက်၍ ဒုက္ခပေးလိုက်၊ အချိုကလေးနည်းနည်းချကျွေးလိုက်၊ အခါးတွေ

typing - ကောင်းဆိုး Page 64


နီကိုရဲ မကြည်ပြာနှင့် ချစ်ခြင်း၏ဒုတိယနဂ္ဂတစ်များ
ပါးစပ်ထဲ လောင်းချပေးလိုက်နှင့် တစ်နေရာရာသို့ မျှားခေါ်သွားခဲ့သည်။
ဒီလိုနှင့်... အခု ဟောဒီခြင်ထောင်ထဲကို ရောက်ခ့ရ
ဲ သည်။ လှုပ်၍ရှား၍ပင်
မရ။ ကြီးမားသောဝဋ်ဒုက္ခနှင့်အတူ… ကြည်ပြာရယ် နင့်လိုမျိုး တစ်ခါ
လောက်တော့ ကံကောင်းတဲ့ဘက်မှာ ငါနေချင်လိုက်တာ။ ခဏလေးပဲ
ဖြစ်ဖြစ်ပါကြည်ပြာ...၊ ကျွန်တော်တွေးရင်းဝမ်းနည်းလာသည်။ တစ်ခါမှ
ဒီလိုမျိုးဝမ်းနည်းအားငယ်ပြီးဘဝကို မနာကြည်းဖူးခဲ့။

ရဲဝင်း... မင်းရတဲ့အချစ်ကလေးနဲ့ မင်းပြန်ပေးနေရတဲ့ ဝဋ်ဒုက္ခ


တွေက မတန်မရာရှိလှပါလား။ ဟုတ်တယ်၊ မင်းဟာ ကြည်ကြည်နူးနူး
အေးအေးချမ်းချမ်း ဘယ်တောမှ ချစ်ခွင့်ရမှာမဟုတ်ဘူး။ ဒုက္ခတစ်ခုပြီး
တစ်ခုက မင်းကို အမြဲစောင့်နေကြတယ်။ အဲဒီဒုက္ခကိုလည်း မင်းခုံခံပိုင်ခွင့်
မရှိဘူး။ တောင်းပန် တိုးလျိုးပိုင်ခွင့်မရှိဘူး၊ အခုလိုပဲ လည်စင်းပြီးသာ
ခံလိုက်။ အေး… အဲဒီ အတွက်လည်း မင်းကို ဘယ်သူကမှ သနားနေမှာ
ဂရုဏသက်နေကြမှာမဟုတ်ဘူး။ မင်းကိုရယ်မောကြ၊ လှောင်ပြောင်ကြမှာပဲ၊
မင်းဘာများ တက်နိုင်...

ထိုစဉ် ဘုတ်ခနဲအသံနှင့်အတူ ကျွန်တော့်ရင်ဘတ်အောင့်သွား၏။


ကမန်းကတမ်း မျက်စိဖွင့်ကြည့်တော့ ဘုရား... အဘွားကြီး၏
လက်တစ်ဖက်က ကျွန်တော့်ဝမ်းဗိုက်ပေါ် ရောက်ကာနေ၏။ ကျွန်တော်
လန့်သွားသည်။ ရုတ်တရက် ဘာလုပ်ရမည်မှန်းလဲမသိ ဖြစ်သွား၏။
ယောင်ရမ်းကာ လူးလွန့်ရင်း ရောက်လာပုံပေါ်သည်။ ကျွန်တော့်ဗိုက်ပေါ်မှာ
နိမ့်ချည်မြင့်ချည်ရှိနေ၏။

ဘုရား... ဘုရား... ကျွန်တော်ဟစ်၍ ဟစ်၍သာ ငိုလိုက်ချင်သည်။


ကျွန်တော်ဘာလိုက်မလဲ... ဒုက္ခပါပဲ။ အသက်ရှူအောင့်ထားရာမှ

typing - ကောင်းဆိုး Page 65


နီကိုရဲ မကြည်ပြာနှင့် ချစ်ခြင်း၏ဒုတိယနဂ္ဂတစ်များ
သက်ပြင်းကို ဟင်းခနဲချမိတော့ လက်ကြီးက ဟိုက်ခနဲ နိမ့်ဆင်းသွားပြန်၏။
လန့်ပြီးအသက်ရှူလိုက်တော့ ပြန်တက်လာပြန်၏။ မဖြစ်ဒီလက်ကို
အလှုပ်ခံလို့မဖြစ်။ ချွေးစေးများ ပြန်ထွက်လာသည်။ တိတ်ဆိတ်နေသော
ညတစ်ည၏ အမှောင်ထုအတွင်းမှာ အကြပ်၊ အတည်းပေါင်းများစွာဖြင့်
ရင်ဆိုင်နေရသော ကျွန်တော့်ကို ကယ်ကြပါဦး။ ကြောက်ရံွ့ ထိတ်လန့်စွာ ဖြင့်
မျက်ဝန်းကို အောက်သို့ ဖိနှိမ့်ကာ ကြည့်ရသဖြင့် အိပ်ချင်စိတ်ဖြင့်
ထုံခဲနေသော မျက်ဝန်းသားများက အောင့်၍ အောင့်၍လာကြသည်။
အဘွားကြီးက သဲ့သဲ့ညဉ်းပြန်သည်။

မဖြစ်တော့ နိုးသွားလျှင် အခြေအနေက တစ်မျိုးဖြစ် ကုန်တော့မည်။


ဘာလုပ်ရမလဲ၊ ဘာလုပ်ရင်ကောင်းမလဲ။ ဒုတိယအကြိမ် ငုံ့ကြည့်တော့
အဘွားကြီး၏လက်သည် ကျွန်တော်ဝမ်းဗိုက်နှင့် ဖိထားသည့်အတွက်
လက်ကောက်ဝတ်တွင် ဝတ်ထားသည် မန်ကျည်းလက်ကောက်က
အပေါ်သို့ ထောင်ထကာ နေသည်။ ဟုတ်ပြီ...။ ကျွန်တော် ရုတ်တရက်
အကြံတစ်ခုရသည်။

ကျွန်တော်စောင်အောက်မှ လက်ကို အသာထုတ်ကာ


လက်အပေါ်သို့ လွတ်နေသော မန်ကျည်းကွင်း လက်ကောက်ထဲသို့
ကျွန်တော့်လက်သန်းကို ကွေးထည့်ကာ ထိုလက်ကို အခြားနေရာများကို
မရွေ့အောင် ထိန်းထားလိုက်နိုင်ပါသည်။ ဒါဆိုရင် တော်သေးတာပေါ့ဟု
စဉ်းစားကာ ကျွန်တော်အသက်ရှူချောင်သွားရ၏။ ဟူး...။ ငါပင်ပန်းလှပါပြီ
မကြည်ပြာ။ မင်းအိပ်မက်ထဲမှာ မိုးလင်နေပြီးလား။ ဝိုးတဝါးမျှ... သို့သော်
ပြန်လည်အစားဝင်လာသော လွတ်လပ်ခြင်းနှင့်အတူ အရာရာသည်
ပေါ့ပါး၍ မြေကြီးပေါ်သို့ ကြွေကျသွားကာ သစ်ရက
ွ်လေးများ၏

typing - ကောင်းဆိုး Page 66


နီကိုရဲ မကြည်ပြာနှင့် ချစ်ခြင်း၏ဒုတိယနဂ္ဂတစ်များ
နူးညံ့ခြင်းထံမှဖြစ်စေ၊ အကြည့်များကို အရောင် ဆိုးထားသော
ရည်ရွယ်ချက်များနှင့် ရယ်သံများထံမှဖြစ်စေ၊ လက်ခုပ်တစ်ဖောင်စာ
အမြင့်ဆီမှ လိပ်ပြာများ၏ တောက်ပံပြိုးပြက်မူ၊ ထို့နောက် လိပ်ပြာ
တစ်ကောင်က ပန်းပွင့်တစ်ပွင့်ကို ဖျက်ခနဲ ထိုးသုတ်သွားသည်။
ထုံးတမ်းစဉ်လာများ အနီးသို့ရောက်လာသောအခါ ရည်ရယ
ွ်ချက်များလည်း
တုံ့ခနဲရပ်လိုက်ကြကာ ကိုယ့်ကိုယ်ကို လျှာနှင့်အသာယက်ကာ ငြိမ်သက်
နေကြ၏။ ကျွန်တော်ထိုနေရာမှာ ရပ်နေသည်။ လှမ်းကြည့် လိုက်တော့
ရှေ့မှာမြင်သမျှသည် အနီးအဝေးမရှိ။ အရွယ်အစားများသည် သူ့နဂို
ဂုဏ်ရည်အတိုင်း ရှိနေကြသည်။ ကောင်းကင်သည်လည်းကောင်း၊
မြေကြီးသည်လည်းကောင်း၊ ချစ်သည့်စိတ်သည် ဝတ်ရည်ဖြစ်မည့်
သစ်ရည်ကလေး ပန်းပွင့်ထဲစိမ့်တက်လာနေသလို ကျွန်တော့်နှံလုံးအိမ်ထဲ
စိမ့်တက်လာနေသည်။ ကျွန်တော်တလှပ်လှပ်ပေါ့ပါးမြောလွင့်...။

“ဟဲ့... ဟဲ့… မောင်ရဲဝင်း... ဟဲ့... ငါရဲ့လက်ကောက်ကို


လွှတ်လိုက်စမ်း... မောင်ရဲဝင်း..”

စူးရှသော အသံတစ်သံနှင့်အတူ ပြင်ပမှ အရာအားလုံးသည်


ကျွန်တော့် ခန္ဒာကိုယ်ထဲကို ဝုန်းခနဲ ချက်ချင်းပြန်ဝင်လာကြသဖြင့်
ရုတ်တရက် ဘာဆိုတာကို ကျွန်တော်မသိ။ အံ့သြကာ ဒေါသထွက်နေသော
အဘွားကြီးတစ်ယောက်၏ မျက်နှာ၊ ဆွဲလှုပ်အရမ်းခံနေရသော
ကျွန်တော်၏ ညာဘက်လက်။

“ဟဲ့... ဟဲ့ကောင် လွှတ်စမ်းဆို”

အသိဉာဏ်မှန်သမျှ ရုန်းကြွကာ ဝင်လာသမျှ အရာတွေအားလုံးကို


ဖမ်းယူ၍ အသက်ရှင်းခြင်းနှင့် ဆက်စပ်ပေးလိုက်ရ၏။ ဟိုက်... ကျွန်တော်

typing - ကောင်းဆိုး Page 67


နီကိုရဲ မကြည်ပြာနှင့် ချစ်ခြင်း၏ဒုတိယနဂ္ဂတစ်များ
လန့်ဖျတ်ကာ လက်ကိုလွှတ်ကိုလွှတ်ပေးလိုက်ပြီး ချက်ချင်း ထထိုင်လိုက်
ရသည်။

မိုးလင်းပြီ.....။

“ဟို... ဟို...အဘွား... ကျွန်တော်လေ....”

“မင်းဘာလို့လက်ကောက်ကို... မောင်ရဝ
ဲ င်း”

“မဟုတ်ဘူးအဘွား... ဟိုလေ... ကျွန်တော်က… ဟို... အဘွားရဲ့


လက်က ရင်ဘတ်ပေါ်ကို ရောက်လာတာနဲ့... အဲဒါ”

“ဟေ့... မင်းဘာတွေ စွတ်ပြောနေတာလဲ... ဘယ်လို


ကြောင်တောင်တောင် ကောင်မှန်းလဲ မသိဘူး၊ ငါ့လက်ကောက်ကို”

အဘွားက တတွတ်တွက်ပြောကာ ခြင်ထောင်ကိုမ,ကာ


ထွက်သွား၏။ ကျွန်တော် ငုတ်တုတ်၊ ဘယ်အချိန်အိပ်ပျော်သွားတာလဲဟု
စဉ်းစားနေမိသည်။ ကျွန်တော်ဘာတွေဖြစ်ခဲ့သေးသလဲ၊ ယဉ်ယဉ်သိန်းတို့
အမေက ဒါကို ဘယ်လိုထင်သွားမလဲ။ မိုးကတော့လင်းနေပြီ ဒုက္ခပါပဲ။
ငါ့ဒုက္ခတွေ မပြီးသေးဘူးလား။ ရေတိုင်ကီနားရောက်တော့ ကြည်ပြာက
ခါးကလေးကိုကော့ကာ သမ်းနေသည်။ ပြီးတော့သူလ
့ က်ထဲကဆားကို
တစ်ဝက်စီခွဲကာပေး၏။ ကျွန်တော်တို့ တိတ်ဆိတ်စွာ သွားတိုက်ကြသည်။
မီးဖိုခန်းထဲမှအဘွားကြီး၏ အမိန့်ပေးသံနှင့် မြည်တန
ွ်သံကို သဲ့သဲ့
ကြားရသည်။ ကျွန်တော်ယောင်ယမ်းကာ ပါးစပ်ထဲက ဆားတွေကို မျိုခဲ့မိ၏။
ငံလိုက်တာ။

ဒီအိမ်က အမြန်ဆုံးပြန်မှ.....။ အိပ်ယာမှ နိုးထကတည်းက


ခပ်တည်တည်မျက်နှာ၊ တင်းမာသော လေသံတိုဖြင့် ခပ်ပြတ်ပြတ်

typing - ကောင်းဆိုး Page 68


နီကိုရဲ မကြည်ပြာနှင့် ချစ်ခြင်း၏ဒုတိယနဂ္ဂတစ်များ
အမိန့်ပေးနေသော အဘွားကို သူငယ်ချင်းနှင့် သူညီအစ်မများက
နားမလည်နိုင်ဘဲ အံ့သြနေကြသည်။ အဘွားက ကျွန်တော့်ကို တစ်ချက်မှ
မျက်နှာချင်းမဆိုင်၊ စကားမပြော၊ သူ့သမီးကိုသာ ရန်လိုလျက်ရှိ၏။
သူငယ်ချင်းနှင့် ညီအစ်မများသည် ခေါင်းစဉ်မရှိသော ဒေါသ၊ မကျေနပ်မှု
အောက်မှ အံဝင်ခွင်ကျဖြစ်အောင် ရမ်းသမ်းကြိုးစားနေရ၏။ တိတ်တဆိတ်
လှုပ်ရှားကြရသည်။ နားမလည်ကြသော အကြည့်များနှင့် သူမတို့ အမေကို
ငေးကြည့်နေကြသည်။

ကျွန်တော် လွယ်အိတ်ကိုလွယ်ကာ အိမ်အပြင်မှ ရပ်နေမိသည်။


ကြည်ပြာက ဘာတွေလေရှည်နေပြန်သည် မသိ။ ကျွန်တော် ဖြစ်နိုင်လျှင်
လယ်ကွင်းတွေနံဘေးက ဟိုအဝေးအထိ မြင်နေရသည့် မြေနီလမ်း
တစ်လျှောက် အားရှိသလောက် ပြေးလွှားပစ်လိုက်တာ ဒီအိမ်ကို
ကျွန်တော်နှင့် ဝေးရာမှာ ချန်းထားပစ်ခဲ့ပြီ။ ကြည်ပြာနှင့်ယဉ်ယဉ်သိန်း
ထွက်လာသည်။ သူငယ်ချင်းမျက်နှာက မှုန်ကုပ်ကုပ်။ ကျွန်တော့်ကို
တစ်ချက်လှမ်းကြည့်သည်။ ကျွန်တော်တို့ သုံးယောက် စကားမပြောကြဘဲ
လမ်းကိုသာဖိလျှောက်နေကြ၏။

“ရဲဝင်း... နင်ကငါ့အမေရဲ့လက်ကို ကိုင်ထားတယ်ဆို”

သူငယ်ချင်း၏ အမေးကြောင့် ကျွန်တော်လိပ်ပြာလွင့်သွား၏။


ကြည်ပြာက နားမလည်နိုင်စွာ ကျွန်တော်ကို လှမ်းကြည့်သည်။

ဗုဒ္ဓေါ....။

“ဟာ... မဟုတ်ပါဘူးဟ၊ ငါ ညတုန်းကဒုက္ခရောက်လိုက်တာဟာ ငါ


လုံးဝအိပ်လို့မရဘူး သိလား၊ ငါ့မှာ ခြင်ထောင်...”

typing - ကောင်းဆိုး Page 69


နီကိုရဲ မကြည်ပြာနှင့် ချစ်ခြင်း၏ဒုတိယနဂ္ဂတစ်များ
“ဘာဒုက္ခရောက်စရာရှိသလဲ၊ ကိုယ့်ဘာသာအိပ်လိုက်ပေါ့ဟ၊
နင်လုပ်ပုံက မဟုတ်ဘူး ရဲဝင်း”

သူငယ်ချင်း၏ မှုန်ကုပ်ကုပ်မျက်နှာက ပို၍ဆိုးလာသည်။ ဧကန္တ


အဘွားက ပြောပြလိုက်ပြီထင်၏။ ကြည်ပြာကတော့ဘာမှ သိဟန်
မတူသေး။

“မဟုတ်ဘူးသူငယ်ချင်းရာ... မဟုတ်ဘူး၊ ငါပြောပြပါ့မယ်၊ ငါ့ကို


နားလည်ပါ၊ နင်တို့အမေကငါ့ကို ဘာကြောင့် တစ်ယောက်တည်း အိပ်ခွင့်
မပေးသလဲဆိုတာ ငါနားလည်တယ်။ ဒါကို ငါသဘောတူတယ်၊ ဒါပေမယ့်
ငါဘာလို့စိတ်လွှတ်ပြီး မအိပ်ရသလဲဆိုတာ့ ငါကအအိပ်ကြီးတယ်၊ လှိမ့်ချင်
လှိမ့်မယ်၊ လူးချင်လူးမယ်၊ အိမ်မှာက ငါတစ်ယောက်တည်း အိပ်တာကိုး၊
ဒီတော့ ငါအိပ်ပျော်သွားပြီး အဲဒီလိုလှိမ့်....”

ကြည်ပြာက ကျွန်တော့ စကားများကို ကြားရသောအခါ


လမ်းလျှောက်နေတာကို ရပ်ကာ တဟားဟားရယ်သည်။ သူငယ်ချင်း
မျက်နှာ ပို၍ ပို၍ မှုန်ကုပ်လာ၏။

“ငါအပြင်ကိုလည်း မထွက်ရဲဘူး၊ တော်ကြာအဘွားက နိုးလာရင်


ငါ့ကို မယုံသင်္ကာဖြစ်ဦးမယ်၊ ငါ ဘာလုပ်ရမလဲ...”

အဲဒီမှာ နင်တို့အမေ လက်တစ်ဖက်က ဘုတ်ခနဲ....၊ ငါမဖယ်ရဲဘူး


လက်ကို ပြန်ဖယ်နေတုန်း နင့်အမေကနိုးလာရင် ငါ...”

“အို... တော်တော့ ရဲဝင်း၊ နင်အိပ်ပါ့လား... အိပ်လိုက်ပါ့လား နင်က


ဘာလို့မအိပ်ရတာလဲ”

“ဟ ”

typing - ကောင်းဆိုး Page 70


နီကိုရဲ မကြည်ပြာနှင့် ချစ်ခြင်း၏ဒုတိယနဂ္ဂတစ်များ
သူငယ်ချင်းက ရပ်ကာကုန်းအော်သည်။ ဒေါသလည်း
ထွက်နေသည်။ ဒုက္ခပါပဲ။ နင်က အိပ်လိုက်ပါလားတဲ့။ ပြောတော့
လွယ်လွယ်ကလေး။ ငါ့ကို ကိုယ်ချင်းမစာကြည့်ဘူးလား။ ကျွန်တော့်
စိုးရိပ်စိတ်ကြောင့်အိပ်မရခဲ့တာ သေချာသည်။ ထိုစိုးရိပ်စိတ် တစ်ခုခု
ဆိုသည်မှာလည်း အလွန်ရှင်းပြရခက်သော စိတ်ခံစားမှု၊ အဲဒါကို
သူငယ်ချင်းလက်ခံနားလည်သွားအောင် ဘယ်လိုပြောပြ၊ ရှုင်းပြရမလဲ။

“နင်က ဘာလို့အိပ်မပျော်ရတာလဲ... ကဲ”

“ဟ… ငါဘယ်လိုလုပ် အိပ်ပျော်မလဲ နင်စဉ်းစားကြည့်၊


နင့်ကိုယ်ချင်းစာ ကြည့်ပေးပါ သူငယ်ချင်းရာ၊ ငါစိတ်ထမ
ှဲာ တစ်ခုခုကို
စိုးရိမ်နေတယ်၊ အဲဒီစိုးရိမ်စိတ်...”

“ဘာ နင်က စိုးရိမ်တယ် ဟုတ်လား… ရဲဝင်း”

သူငယ်ချင်းက အံ့သြကာ တုန်လှုပ်စွာဖြင့် ကျွန်တော့်ကို မျက်လုံးပြူး


ကြည့်၍မေးသည်။ မဟုတ်ဘူး... ကျွန်တော်ဆိုလိုချင်တာရဲ့ အဓိပ္ပာယ်က
အဲဒါမျိုးမဟုတ်ဘူး၊ လေတွေတဝူးဝူးတိုက်နေသော ဒဂုံမြို့သစ်၏
လယ်ကွင်းနဘေးမှာ ကျွန်တော်ချွေးတွေ ပြန်လာ၏။ ကြည်ပြာက
ရယ်တာကိုရပ်ကာ ကျွန်တော့်ကိုတစ်လှည့်၊ ဒေါသထွက်နေသော
သူငယ်ချင်းကိုတစ်လှည့် ကြည့်ကာနေ၏။ ကျွန်တော် ဒီကိစ္စကို
ဘယ်လိုရှင်းရမလဲ။

“မဟုတ်ဘူး... မဟုတ်ဘူး၊ ငါဆိုလိုတဲ့ စိုးရိမ်တယ်ဆိုတာ နင်


အော်သလိုမျိုးမဟုတ်ဘူး၊ ငါ့စိတ်ထဲမှာ အိပ်ရင်းနဲ့တစ်ခုခုမှားယွင်းမိမှာ...”

“ဘာမှားယွင်းမိမှာ… နင်ကမှားယွင်းမိမှာဟုတ်လား”

typing - ကောင်းဆိုး Page 71


နီကိုရဲ မကြည်ပြာနှင့် ချစ်ခြင်း၏ဒုတိယနဂ္ဂတစ်များ
သူငယ်ချင်းက လက်သီးကလေးနှစ်ဖက်ဆုပ်၊ ခါးကလေးကုန်းကာ
ကျူံးအော်လေတော့သည်။ ဒေါသကြောင့် သူငယ်ချင်းမျက်နှာ နီရက
ဲာ
လာ၏။ ပြောရင်း၊ ရှင်းရင်းနှင့်ပင် လိုရာကို မရောက်တော့ဘဲ
စကားလုံးများ၏ အဓိပ္ပာယ်က ဘယ်လိုတွေဖြစ်ကုန်ပြီနည်း။ ကျွန်တော်
သူငယ်ချင်း၏ မျက်နှာက ဒေါသ၊ ကျုံးအော်သည့်အသံတို့ကြောင့် အသိစိတ်
တွေ ယိမ်းယိုင်ကုန်သည်။ ကျွန်တော်ဘာပြောရမလဲ၊ ဘယ်စကားလုံးနဲ့
ရှင်းပြရမလဲ။

“အဲဒါ ငါ့အမေနော် ရဲဝင်း၊ ငါ့အမေ နင် ရဲဝင်း”

“ဟာ... ဒုက္ခပါပဲ၊ နင်ငါ့ကို... ငါ့မှားယွင်းတယ်ဆိုတာ ကျွတ် ဒီ


ဒီလိုဟာ... နင်ငါ့အိမ်ကို လာလည်လို့ ငါ့အဖေနဲ့အိပ်ရ....”

“ရဲဝင်း”

သွားပြီ။ ကျွန်တော်၏ ကြောင်အမ်းနေသောမျက်နှာနှင့်


သူငယ်ချင်း၏ အစွန်းဆုံးရောက်သွားသော ဒေါသမျက်လုံးများ ဆုံတွေ့
ကြသည်။ ကြည်ပြာက ရပ်ငေးကြည့်နေရာမှ ဖျက်ခနဲဝင်လာကာ
ကျွန်တော့်ရင်ဘတ်ကို တွန်းလွှတ်လိုက်သည်။ ကျွန်တော်ယိုင်ကာ
နံဘေးသို့ လွင့်ထွက်သွား၏။

“နင်... ဘာတွေ လျှောက်ပြောနေတာလဲ ရဲဝင်း၊ လဲသေလိုက်၊


ဟေ့ကောင်... သူပြောတဲ့သဘောကို ငါနားလည်ပါတယ်ဟာ မင်းစဉ်းစား
ကြည့်လေ၊ သူမင်းတို့မေမေကို လန့်နေမှာပါကွာ၊ သူကအဲဒီလိုမှ
ထင်မထားတာ၊ ပြီးတော့ အူကြောင်ကြောင်တစ်ခုခု ဖြစ်နေမှာကို တွေးရင်
လန့်ပြီးအိပ်လို့ မပျော်တာနေမှာပေါ့၊ မင်းစဉ်းစားကြည့်လေကွာ၊ ဟား...

typing - ကောင်းဆိုး Page 72


နီကိုရဲ မကြည်ပြာနှင့် ချစ်ခြင်း၏ဒုတိယနဂ္ဂတစ်များ
ဟား… ဟား… သူဘာသာလန့်နေတာ၊ လက်ကောက်ကိစ္စကလည်း
အဲဒီလိုပဲနေမှာပေါ့၊ ဟီး... ဟီး..နင်ပဲစဉ်းစားကြည့်လေ၊ ဟား..ဟား..”

ကြည်ပြာက တဟီးဟီးတဟားဟားရယ်မောကာ သူငယ်ချင်း၏


ပခုံးကိုရိုက်သည်။ ယဉ်ယဉ်သိန်းမျက်နှာက တစ်စစလျှော့ကျကာ
နောက်ဆုံးတော့ တခွီးခွီးဖြစ်လာကာ ရယ်ကြ၏။ ရယ်သံတွေကို
ကြားရတော ဒီတစ်ကြိမ်တော့အရမ်းကို စိတ်ချမ်းသာရပြန်သည်။ ဟူး
တော်ပါသေးရဲ့ ကျွန်တော် လက်ဝှေ့ဆယ်ပွဲလောက် ဆက်ထိုးလိုက်ရသူလို
ပင်ပန်းသွား၏။ ကြည်ပြာရှင်းလိုက်တော့လည်း လွယ်လယ
ွ်လေး
ပြေလည်သွားပါလား။

“ကဲ... လာလာသွားကြမယ်၊ မုန့်ဟင်းခါးတစ်ပွဲလောက်တော့


စားဦးမှဟ၊ ဗိုက်ဆာနေပြီ”

ကြည်ပြာက ယဉ်ယဉ်သိန်းလက်ကိုဆွဲရင်းက ကျွန်တော့်ဘက်သို့


အံကြိတ်ကာမျက်စောင်းထိုးရင်းအသံတိတ်ကြိမ်း၏။

“အေးလေ... စောစောကတည်းက အဲဒီလိုပြောပါလား”

“ပြောတာပဲဟေ့... အလကားပါကွာ၊ သူ့ကိုယ်သူကဗျာဆရာဆိုပြီး၊


စကားလုံးအကောင်းစားတွေသုံးပြီး သူ့ဘာသာလည်နေတာ၊ အလကား”

ဒီလိုနှင့်ကြည်ပြာနှင့် ယဉ်ယဉ်သိန်း၏ မျက်စောင်းတဖျတ်ဖျတ်


အထိုးကိုခံကာနောက်မှ ကျွန်တော်သက်ပြင်းအခါခါချရင်း လိုက်ခ့ရ
ဲ သည်။
မုန့်ဟင်းခါးစားပြီးတော့ ကားပေါ်တက်ကြ၏။

“ကျေးဇူးတင်လိုက်တာကြည်ပြာရယ်၊ ငါလေ...”

typing - ကောင်းဆိုး Page 73


နီကိုရဲ မကြည်ပြာနှင့် ချစ်ခြင်း၏ဒုတိယနဂ္ဂတစ်များ
“လဲသေလိုက်၊ ဒါကဗျားရေးနေတာမဟုတ်ဘူး၊ ဘာလဲစိုးရိမ်စိတ်တို့
မှားယွင်းမှုတို့၊ ကိုယ်ချင်းစာတရားတို့၊ နင်သေမယ် သိလား ကိုယ်က
ဘာမှစကားလုံးတွေ ရွေးနေစရာမလိုဘူး၊ နင်စဉ်းစားကြည့်ဆိုတာ ပြီးတာပဲ၊
သူ့အမေကိုသူက မဟုတ်တာစဉ်းစားမလားဟဲ့၊ နင့်ဟာလေ အလကားပဲ
သိလား၊ မှားယွင်းမှုတဲ့... ဟွန့်...”

“အေးပါကြည်ပြာရယ်၊ ငါနင့်ကိုဒီတစ်ခါတော့ တကယ် ချီကျူး


ပါတယ်၊ ငါကသူ့ကို သေသေချာချာနားလည် သဘောပေါက် သွားအောင်”

“တော်ပြီ... တော်ပြီ ရှည်မနေနဲ့တော့”

ကြည်ပြာက စိတ်တိုသည့် မျက်နှာကလေးနှင့် ဖျတ်ခနဲ


တစ်ဖက်သို့လှည့်၏။ ဘတ်စ်ကားအပြင်ဘက်မှာ မြင်ကွင်းများ
ရွေ့လျားနေသည်။ ကျွန်တော်သက်ပြင်းကိုချကာ ကျေးဇူးတင်စွာ ဖြင့်
ကြည်ပြာ့လက်ကလေးကို ဆုပ်ကိုင်ထားလိုက်သည်။ ကြည်ပြာက
ကျွန်တော်ကို လှည့်ကြည့်တော့ မျက်စောင်းပါ ပါလာသည်။ ကျွန်တော်က
ပြုံးပြီးခေါင်းညိတ်ပြရ၏။ ခဏနေတော့ ကြည်ပြာက ကျွန်တော့်ဘက်သို့
လှည့်လာသည်။

“အေးဟ... ဟယ်ရဲဝင်း... မင်္ဂဆောင်မှာလေ… ငါကို မှန်စာကို


ပြန်လဲလိုက်တော့ အဲဒီအရောင်နဲ့ လိုက်ဖက်မယ့် ပန်းခြင်းက သတို့သမီး
အရံဆိုတာက... ဟယ်... ဘော်ကြယ်ကိုပေါ်အောင်ခြုံရမယ့် ပဝါကလေ...
ငါကဆံထုံး၊ အပါးအကယ်ပဲ၊ သစ်ခွပန်းကို ပေါ်အောင်... နင်
မပြောရစေနဲ့ဦးနော်...ဦးသိန်းလှမော်ရဲ့ သြဘာစာက သတို့သမီးအရံ”
ချစ်ရပါသော... မကြည်ပြာ။

typing - ကောင်းဆိုး Page 74


နီကိုရဲ မကြည်ပြာနှင့် ချစ်ခြင်း၏ဒုတိယနဂ္ဂတစ်များ

မကြည်ပြာနှင်
င့် အင်္ဂလန်သိုး

ကြည်ပြာ...

မြေပြင်မှာ အုံဖွဲ့နေတဲ့ ညအမှောင်ထက်က အပြာနုကောင်းကင်ထဲ


နှစ်မြှုပ်နေတဲ့ ဝင်းပနွေညလမင်းဟာ... မင်အတွက်။ နွေးရှချိုမြိန်တဲ့
အာရုဏ်နုအလင်းမှာ စပွင့်တဲ့ပန်းတွေရဲ့ ရှက်သွေးရဲ ဝတ်ရည်ချိုတွေ
ဟာလည်း မင်းအတွက်...။ ဒါမှမဟုတ် နွေညနေရီ တိမ်ငြိမ်ထုများအပေါ်
ငြိတွယ်ဆဲ အလင်းကွဲစ နေရောင်တွေဟာလည်း... မင်းအတွက်ပေါ့။
ငါကတော့ နွေနေ့လယ်ခင်း တံလျှပ်များနဲ့ ထုလုပ်ထားတဲ့
သစ်ရွက်ကြွေလေးတွေကိုသာ ဆော့ကစားခွင့်ရတဲ့ လေပွရူး...။ ညနေရီနဲ့
ညဦးစည်းခြားမျဉ်းရဲ့ ကောင်းကင်ပေါ်က အရာထင်မလာသေးတဲ့
ကြယ်ပွင့်။

ငါ့နှလုံးသားထဲက အသန့်စင်ဆုံးမင်းအတွက်ချစ်စိတ်ကို ပင့်ကူအိမ်


လိုလုပ်၊ ထောင်ချောက်ဆင်ရင်း ငါဟာ နွေညရဲ့လမင်းလိုက်မုဆိုး...။
နွေပွင့်ပန်းရဲ့ ဝတ်ရည်ခပ်သူ...။ ညနေရီရဲ့ သတ်တန့်ဖမ်းသမား။
ချစ်ရပါသော... မကြည်ပြာ။

ရန်ကုန်တက္ကသိုလ်ထဲ ရောက်သွားသဖြင့် ကြည်ပြာနှင့် ကျွန်တော်


ဟိုးယခင်ကလို နေ့စဉ် တွေ့ခွင့်မရနိုင်တော့။ မနက်နှင့်နေ့လယ် အချိန်
ကွဲသွားသည်ကတစ်ကြောင်း...။ ကြည်ပြာသည်လည်း၊ ခေတ်၏
ကျောင်းသူပီသစွာ ဂျပန်၊ အင်္ဂလိပ် စကားပြောသင်တန်းနှင့် ကွန်ပျူတာ

typing - ကောင်းဆိုး Page 75


နီကိုရဲ မကြည်ပြာနှင့် ချစ်ခြင်း၏ဒုတိယနဂ္ဂတစ်များ
သင်တန်းများသို့ ဖတ်သီဖတ်သီ ပြေးရသည်ကတစ်ကြောင်း ရန်ကုန်
တက္ကသိုလ်ကြီးက ကျယ်လွန်းပြီး ရုက္ခဗေဒနှင့် သင်္ချာဆောင်က
ဝေးလွန်းလှသည်က တစ်ကြောင်းတို့ကြောင့် လက်တွေ့ရှိသော ဗုဒ္ဓဟူးနှင့်
သောကြာနေ့လောက်တွင်သာ တစ်နာရီခန့် ဆုံခွင့်ရတက်သည်။
ရင်ခုန်သံသည် ခေတ်၏အခြေအနေကို မလွန်ဆန်နိုင်စွာ အလွမ်းနှင့်တိုးနေ
ရရှာ၏။ ဒီနေ့ ကြည်ပြာ့ကို ဂျပန် သင်တန်းသို့ မသွားဖြစ်အောင်
စည်းရုံးနိုင်မည်ဆိုလျှင် “အဟား” ဘွဲ့နှင်းသဘင်နားက ပန်းခြံလေးထဲမှာ
ကမ္ဘာသစ်လေးတစ်ခုတော့ တည်နိုင်မည်။ မိုးတိမ်နှင့် မြေပြင်မပါသော
ပင်လယ်နှင့် လမင်းမပါသော၊ ဟင်းလင်းပြင်ကို ထုထည်ဖ့ထ
ွဲားသော
ကမ္ဘာနှင့် နှလုံးသားသက်သက်ကို အသိတရားယဲ့ယ့က
ဲ လေးနှင့်
ပင့်တင်ထားသော ကမ္ဘာ...။ ဖျက်ခနဲ ရင်အခုန်မြန်းသွားသဖြင့်
ပတ်ဝန်းကျင်ကို သတိထားကြည့်မိတော့ လေးဆယ့်နှစ် ဘတ်စ်ကားက
ပျင်းတိပျင်းတွဲမောင်းနေကာ ကျွန်တော်နှင့်တစ်ခုံတည်း ပြတင်းပေါက်
နံဘေးမှာ ထိုင်နေသောကျောင်းသူက ငိုက်နေရှာ၏။ ကျန်တ့လ
ဲူတွေလည်း
အတွေးကိုယ်စီဖြင့်ရှိသည်။

OK...။ ပတ်ဝန်းကျင်ကို စိတ်ချကာအတွေးထဲပြန်ခုန်ဝင်လိုက်ပြန်၏။


ကြည်ပြာ... အေးမြတဲ့သစ်ရိပ်က ပေါက်ကျလာတဲ့ နေ့လယ်ခင်း
နေပြောက်ကလေးတွေ မင်းမျက်နှာပေါ် ယိမ်းနွ့ေ
ဲ နတာကို ငေးခွင့်
ငါရမှာတဲ့လား။ မင်းဆံပင်တွေထဲမှာ ငါအမြဲမိနေကြ ထောင်ချောက်လေး
ရှိတယ်လေ ကြည်ပြာရဲ့၊ မတောင့်တကြဘဲ ကြည်နူးမှုတိုက်ဆိုင်တ့အ
ဲ ခါ
အနမ်းတွေဟာ... သို့သော် တဂျိုင်းဂျိုင်းအသံများ ပေါ်လာသဖြင့်
ပတ်ဝန်းကျင်ကို ကြည့်တော့ ကားပြတင်းတံခါးများကို ဆွပ
ဲိတ်နေကြ၏။
ဆောင်းဦးမိုး လက်ကျန်ရွာခြင်းဖြစ်သည်။ ထုံစံအတိုင်းပင် ရန်ကုန်မိုးသည်

typing - ကောင်းဆိုး Page 76


နီကိုရဲ မကြည်ပြာနှင့် ချစ်ခြင်း၏ဒုတိယနဂ္ဂတစ်များ
အသက်(၃၀)ကျော်မှ မိန်းမလိုချင်သည့် လူတစ်ယောက်လို အပျိုးတွေ၊
အစတွေမပါပဲ ရွာချခြင်းဖြစ်၏။ ကျွန်တော့်နံဘေး ပြတင်းပေါက်မှ
ကောင်မလေးက အိပ်ချင်မူးတူးဖြင့် ပြတင်းပေါက်တံခါးကိုဆမ
ွဲ သည်။
တံခါက ကြွမလာ။ သူမကအံ့သြသွားဟန်ဖြင့် လက်နှစ်ဖက်ဖြင့် ပိုင်ပိုင်
နိုင်နိုင်ကိုင်ကာ မ,ပြန်၏။ မရ။ သူမက အံကိုတစ်ချက်ကြိတ်ကာ မ,ပြန်
သည်။ တံခါးကမလှုပ်။

“ဟို... ရရဲ့လား”

“ဟင့်အင်း... ကြပ်နေတယ်”

မိုးစက်ပွင့်ကြီးများက ဒလကြမ်း ဝင်လာပြန်သည်။ ကျန်သည့်


တံခါးများအားလုံး ပိတ်ပြီးသွားပြီ။ မိုးရေကြောင့် ကောင်မလေးက
ကျွန်တော့်ဘက် တိုးကပ်လာ၏။

“နေ... နေ... ကျွန်တော် မ,မယ်”

ယောက်ျားတစ်ယောက်၏အားကို ယုံကြည်စွာ ကျွန်တော်ဆွဲကာ


မလိုက်သည်။ လှုပ်ပင်မလှုပ်။ ကျွန်တော်နည်းနည်းရှက်သွား၏။ ခရီးသည်
များက ပြတင်းတံခါးနှင့် ပြဿနာတက်နေသော ကျွန်တော်တို့
နှစ်ယောက်ကို လှည့်ကြည့်ကာ

“ဖြည်းဖြည်းချင်း နှဲ့ဖွင့်လေ”

“တံခါးဘောင်ကို နည်းနည်းထုလိုက်ပါလား”

“အောက်ကိုဖိပြီးမှ ဆွဲမ” စသည်ဖြင့် အကြံပေးကြ၏။


ကောင်မလေးက တံခါးဘောင်ကို တွန်းကာလှုပ်သည်။ တဘုန်းဘုန်းနှင့်
ထုနှက်ပြန်၏။

typing - ကောင်းဆိုး Page 77


နီကိုရဲ မကြည်ပြာနှင့် ချစ်ခြင်း၏ဒုတိယနဂ္ဂတစ်များ
“ကဲ... ခင်ဗျာရောကျွန်တော်ပါ ပြိုင်တူမ,ကြမယ်၊ ဘယ့်န့လ
ဲ”

လွယ်အိတ်ကို စလွတ်သိုင်းကာ မတ်တပ်ရပ်ရင်း ကျွန်တော်


အော်ပြောတော့ ကောင်းမလေးက ခေါင်းကိုညိတ်ပြ၏။ လူတွေက
ဘာရယ်ညာရယ်မဟုတ် ဝိုင်းကြည့်နေကြသည်။

“အင်း... ဒီဘက်ကိုကိုင်၊ တစ်ခါတည်းနော်”

“အေး... တစ်ခါတည်း၊ တစ်... နှစ်... သုံး”

ကျွန်တော်တို့နှစ်ယောက် ရှိသမျှအားနှင့် ကျူံးကာမတင်လိုက်သည်။


ကြပ်နေသောတံခါးက ဝုန်းခနဲမြည်တက်လာ၏။ သို့သော် ကားပေါ်
ဝိုင်းကြည့်နေသူများထံမှ ဝါးခနဲရယ်သံများသာ ထွက်လာကြသည်။
ကောင်မလေးရော ကျွန်တော်ပါ တံခါးဘောင်ကိုကိုင်ထားရင်း ကြောင်ငေး
ကာ ကြည့်နေမိသည်။ ကျွန်တော်တို့ ဆွဲမတင်လိုက်ကြသော တံခါးက
ဘောင်သာပါသည် တံခါးရွက်မပါ။

“ဟင်... နင်တို့ကားက ဒါဘာသဘောလဲ”

ချက်ချင်းသတိဝင်လာသော ကောင်မလေးသည် ရှက်ရမ်းရမ်းကာ


စပါယ်ယာကိုထအော်၏။ ကားပေါ်မှလူများက ဝါးခနဲ ရယ်ကြပြန်သည်။
ကောင်မလေးက ဒေါသတကြီးတွေ့ကရာတွေ အော်ဟစ်ကာရန်တွေ့၏။
ကျွန်တော် ဘာလုပ်ရမှန်းမသိတော့သဖြင့် ပြတင်းပေါက်မှ ဝင်လာသော
မိုးရေစက် ကြီးများကို လက်ဖြင့်ခံယူကာ မျက်နှာကို လျှောက်ပတ
ွ်နေ
မိသည်။

“အားလုံးပါတယ် အစ်မ၊ အစ်မတို့တစ်ပေါက်ပဲ မပါတာ”

typing - ကောင်းဆိုး Page 78


နီကိုရဲ မကြည်ပြာနှင့် ချစ်ခြင်း၏ဒုတိယနဂ္ဂတစ်များ
စပါယ်ယာ့စကားကြောင့် လူတွေကရယ်ကြပြန်၏။ ကောင်မလေး
ပြောနေတာတွေက ဘာမှမဆိုင်၊ သူမအမေ မင်္ဂလာဈေးမှာဆိုင်ရှိကြောင်း၊
သူမသည်တက္ကသိုလ် ဂုဏ်ထူးတန်းမှဖြစ်ကြောင်းနှင့် ဈေးကွက်စီးပ္ပားရေး
စနစ်တွေ ဘာတွေရောက်ကုန်၏။ ကောင်မလေး ဒေါသသံကြောင့်
လူတွေက မရယ်ကြတော့သော်လည်း ကျွန်တော် တို့နှစ်ယောက်ကို
ပြုံးစစဖြင့် လှည့်လှည့်ကြည့်ကြသေး၏။

ပြိုင်ဘက်မရှိ တစ်ဦးတည်း ပြောချင်ရာတွေပြောကာ ရန်တွေ့နေရင်း


မှ နောက်ဆုံးတွင် သူ့စကားကို သူပြန်ဆက်မရတော့ဘဲ ကြောက်မက်
ဖွယ်ရာ မျက်နှာကြီးနှင့် မိုးရေတွေစိုရွှဲကာ ထိုကောင်မလေး ငြိမ်သက်သွား
ရှာ၏။ ကျွန်တော်ကတော့ ဘာ့ကြောင့် ဒီလိုဖြစ်ရတယ်ဆိုတာ သိပြီးသား
ဖြစ်သဖြင့် အသာငြိမ်နေလိုက်ရသည်။ ကျောင်းရှေ့ရောက်တော့ ကားပေါ်မှ
အဆင်း ကောင်မလေးက ထီးကို ဖျောင်းခနဲဆဖ
ွဲင့်ကာ ကျွန်တော့်ကို
မျက်စောင်းထိုးရင်း လှမ်းထွက်သွား၏။ မိုးရေတွေစိုရလ
ွှဲာသော
ကျွန်တော့်ကိုတွေ့လျှင် ကြည်ပြာပွစိပွစိလုပ်ဦးမည်။ မည်သို့ဆိုစေ
ပြတင်းပေါက်ကိစ္စကိုတော့ မပြောတော့။ ကျွန်တော် ကြည်ပြာတို့ဝိုင်းနား
ရောက်သည်အထိ ကြည်ပြာက မော့မကြည့်။ မိုးမိုးက ရေတွေရွှဲလာသော
ကျွန်တော့်ကို ပြုံးကာပြ၏။

“သိုးတွေက အင်္ဂလန်သိုးတွေ၊ ဒီကသိုးကတော့ ရာသီဥတု


သိပ်မအေးတော့ အမွှေးကသိပ်မရှည်ဘူးတဲ့၊ အင်္ဂလန်သိုးကတော့
အမွှေးက သိပ်နေတာ၊ အံမယ် အဲဒီသိုးမွှေးကို ပေါင်းတင်ထားရသေး
တာတဲ့”

typing - ကောင်းဆိုး Page 79


နီကိုရဲ မကြည်ပြာနှင့် ချစ်ခြင်း၏ဒုတိယနဂ္ဂတစ်များ
အင်္ဂလန်သိုးတွေဆိုပါကလား၊ ကျွန်တော်သိပ်နားမလည်။ ဘယ်နှယ့်
အင်္ဂလန်သိုးက ကြည်ပြာ့ပါးစပ်ထဲကို ရောက်နေရတာတဲ့လဲ။ မိုးရေတွေ
ရွှဲနေသောကျွန်တော့်ကို ကြည်ပြာ အခုထိ မော့မကြည့်သေးသည်အတွက်
မကျေမနပ်ဖြစ်ကာ ရေစိုနေသောဆံပင် တွေကိုခါလိုက်သဖြင့် ရေမှုန်များက
ကြည်ပြာထံလွင့်သွား၏။ သို့သော် ကြည်ပြာကလုံးဝမော့မကြည့်။

“အဲဒီ အင်္ဂလန်သိုးတွေထဲမှာ အညိုစင်း၊ အဲဒီအညိုစင်းကြောင့်


ဈေးပိုကြီးတာ၊ အစိမ်းတစ်ရာ့ရှစ်ဆယ်တဲ့”

အင်္ဂလန်သိုး...။ အညိုစင်း...။ အစိမ်းတစ်ရာ့ရှစ်ဆယ်၊ မိုးမိုးက


မျက်မှောက်ကြုတ်ကာ လက်တစ်ဖက်ထွက်သွားပြီး ကြည်ပြာ့ ရင်အစပ်ကို
ပွတ်သပ်၏။ သူငယ်ချင်းသုံးယောက်စလုံး၏ မျက်လုံးခြောက်လုံးစလုံးက
ကြည်ပြာ့ကိုယ်ပေါ်တွင် စုပြုံကျရောက်နေသည်။

“အေးဟယ်... အသားကသိပ်ပြီး အိနေတာပဲ”

မိုးမိုးစကားဆုံးတော့ လွင်မာလက်ရောက်သွားပြန်၏။ ပြီးတော့


ယဉ်ယဉ်သိန်း။ ကြည်ပြာက ခန္ဓာကိုယ်ကို သတိအနေအထားဖြင့်
(ရင်အနည်းငယ်ကော့ထားကာ) မတ်ထားရင်း မျက်ဝန်းများကို တခြားဘက်
လွှဲကာနေ၏။

“နွေးရဲ့လား အမွှေးကျွတ်လားဟင်”

“နွေးတယ် အခုတောင် အိုက်ချင်နေတာ၊ အမွှေးက


လုံးဝမကျွတ်ဘူးတဲ့၊ အစိမ်းတစ်ရာ့ရှစ်ဆယ်ကိုး”

သိုးမွှေးအနွေးထည်လေး ဝတ်ထားသဖြင့် ကြည်ပြာ့ခန္ဓာကိုယ်


ကလေးမှာ ပြည့်ပြည့်ကလေးဖြစ်နေတာ တစ်မျိုးကြည့်၍ ကောင်းနေသည်။

typing - ကောင်းဆိုး Page 80


နီကိုရဲ မကြည်ပြာနှင့် ချစ်ခြင်း၏ဒုတိယနဂ္ဂတစ်များ
မနက်က မိုးလည်း မအုံ့၊ ဆောင်းဦးဝင်စဖြစ်သဖြင့် အေးလည်း
သိပ်မအေးသေး။ ကြည်ပြာသည် နေပူပူကြီးထဲမှ ထိုအနွေးထည်ကြီးကို
ဝတ်ခဲ့ရဟန်တူ၏။ အခုတော့ ဆောင်းဦးလက်ကျန်မိုးသည် ကျွန်တော့်ကို
ရွှဲရွှဲစိုစေသော်လည်း ကြည်ပြာ့ကိုတော့ အနွေးထည်ဝတ်ခြင်းအပေါ်မှာ
အဆင်ပြေအောင် ဆောင်ရွက်ပေးသွားရှာ၏။ ကျွန်တော်ကျေနပ်ပါသည်။
သို့သော် လေတိုက်သဖြင့် ချမ်းနေသေး၏။ ကြည်ပြာက ကျွန်တော့်ကို
လုံးဝဂရုမစိုက်သဖြင့် ပို၍ချမ်းလာသလိုထင်ရသည်။

“ချိုကျ တစ်ခွက်”

ကြည်ပြာက ကျွန်တော့်ကိုလှည့်ကြည့်ရင်း သိုးမွှေးအနွေးထည်


လက်ကလေးကိုဆွဲကာ နာရီကိုကြည့်၏။

“ဆယ့်နှစ်နာရီ လေဆယ့်ငါး ရှိပြီ”

“နင့်အစ်မက နင်ယူတော့ ဘာမှမပြောဘူးလား”

“သူ့ယောက်ျားကတော့ သူ့အတွက် ဝယ်လာတာပေါ့ဟာ၊ အစိမ်း


တစ်ရာ့ရှစ်ဆယ်တ့၊ဲ ငါတောင်းကြည့်တော့ ကြည်ကြည်ဖြူဖြူပဲ ပေးတာပါ၊
သူက အိပ်ထောင်ကျသွားပြီဆိုတော့ မလိုတော့ဘူးလေ”

ယဉ်ယဉ်သိန်းနှင့် လွင်မာက ခေါင်းညိတ်ကြ၏။ ကြည်ပြာက


ကိုးဆယ်တန်တစ်ရွက်ကိုချသည်။

“ချမ်းလိုက်တာဟာ၊ နင်တို့က အတန်းတက်ကြမလို့လား”

“နင် မိုးမိလာပြီမဟုတ်လား၊ ဒီလိုမျိုးက ဖျားတက်တယ် သိလား၊


အူကြောင်ကြောင်နဲ့ အနွေးထည်ယူထားမလား”

typing - ကောင်းဆိုး Page 81


နီကိုရဲ မကြည်ပြာနှင့် ချစ်ခြင်း၏ဒုတိယနဂ္ဂတစ်များ
ကြည်ပြာက မျက်စောင်းကိုဝင့်ကာ ရေတွေရွှဲနေသော ကျွန်တော့်ကို
စိတ်ပျက်သလိုပြော၏။

“ယူပါဘူး၊ နင့်ဟာက မိန်းမဝတ်ကြီးပဲဟ နင်လက်တွေ့ပြီးရင်


ခဏစောင့်ဟာ၊ ပြောစရာ....”

“ဟင့်အေးဟ ဂျပန် ရှိတယ်၊ လုပ်မနေနဲ့ တနင်္လာနေ့မှတွေ့”

“ကြည်ပြာကလည်းဟာ... နင်နဲ့ငါ မတွေ့ရတာဘယ်လောက်ရှိပြီလဲ


နင့်ဂျပန်ကို ဖျက်လိုက်ဟာ၊ တစ်ခါတလေပဲဟာ”

“ဟဲ့ တစ်လကို တစ်ထောင့်လေးရာပေးရတာ၊ တစ်ပတ်မှ တစ်ရက်ပဲ


တက်ရတာ ဖျက်နိုင်ပါဘူး၊ တနင်္လာနေ့မှ... နင်အနွေးထည် ယူ....”

“ဟာ... ဒီအနွေးထည်ပဲပြောနေ မယူပါဘူးဆို”

“အေး... လဲသေလိုက်”

ကြည်ပြာက မျက်စောင်းထိုးကာထသွား၏။ ချိုကျရောက်မလာသေး၊


ချမ်းလှပြီ၊ ဆေးပေါ့လိပ်ကိုထုတ်ကာ မီးညှိရ၏။ တနင်္လာနေ့... အင်္ဂလန်
သိုး... အစိမ်းတစ်ရာ့ရှစ်ဆယ်...။ ခေါင်းမှဆံပင်တွေကို လွယ်အိတ်ကြိုးနှင့်
သုတ်လိုက်၏။ တံတောင်ဆစ်မှ ရေတစက်စက် ကျလာနေသည်။
တနင်္လာနေ့ကြလျှင် နေခြစ်ခြစ်တောက် ပူမည်ဖြစ်ကြောင်း အကြောင်း
တစ်ခုခုရှာကာ ကြည်ပြာ အင်္ဂလန်သိုးမွှေး အနွေးထည်ကို ဝတ်လာဦးမည်
ဆိုတာကိုလည်း အသက်ပေးကြေးလောင်းရဲပါသည်။ လက်ဖက်ရည်ချိုကျ
ရောက်မလာသေး။ တနွေင်္ဂနွေနေ့သည် နေဝင်နောက်ကျကာ တနင်္လာနေ့
ကြတော့လည်း အာရုဏ်တက်တာကြာလွန်းသည်။ မျှော်လင့်ချက်ကို
ထမ်းပိုးထားရသဖြင့် စက္ကန့်တံသည် နာရီထမ
ှဲာ... လေးလေးကြီး

typing - ကောင်းဆိုး Page 82


နီကိုရဲ မကြည်ပြာနှင့် ချစ်ခြင်း၏ဒုတိယနဂ္ဂတစ်များ
ရွှေ့နေသည်ထင်၏။ ဆောင်းနေ့လယ်ဝင်ခါစနေသည် သူ့ကိုယ်သူ
ရဲသည်ထက်ရဲအောင် အားထုတ်ရင်း သက်ရက
ွ်စိမ်းများကို ခြွေချဖို့
အားထုတ်နေကြသော်လည်း ကြည်ပြာ့ကိုယ်ပေါ်မှ အင်္ဂလန်သိုးကိုတော့
မောင်းထုတ်၍ ရမည်မထင်။ ဘွဲ့နှင်းသဘင်ဘေးက ပန်းခြံထမ
ှဲာ
တွေ့ကြသည့်အခါ အသက်ပေးသွားတာကြာပြီဖြစ်သော ကြည်ပြာ့
ကိုယ်ပေါ်မှ အင်္ဂလန်သိုးသည် အသံမြည်လာဦးမှာသေချာ၏။ မတက်နိုင်၊
အံ့သြချင်ယောင် ဆောင်ရဦးမည်။ ကြည်ပြာ့စကားများအလိုက်
သင့်တော်သော မျက်နှာပေးကို ထားရဦးမည်။ ကမ္ဘာ့တိရစ္ဆာန် ကာကွယ်ရေး
အသင်းအကြောင်း ပြောရလျှင်ကောင်းမလား။ အစီအစဉ်ကို ချက်ခြင်း
ဖျက်လိုက်ရ၏။ စိတ်ဆိုးသွားသော မိန်းကလေးတစ်ယောက်ကို နမ်းဖို့
ဆိုတာ ရောမခေတ်မှာ သူရဲကောင်းဖြစ်ဖို့ထက် ခက်သည်ဆိုတာကို
ကျွန်တော်သိ၏။ အင်္ဂလန်သိုးနောက်ကို မျောလိုက်လျှင် အလွယ်ကလေး။
အင်္ဂလန်သိုးသည် နူးညံ့အိစက် နေနိုင်ပါ၏။

“ဟဲ့ ရဲဝင်း... နင်ကတော့ အေးအေးဆေးဆေးပဲပါ့... ဟုတ်လား”

“ဟာ... လွင်မာ... ကြည်ပြာရော၊ အတန်းထဲမှာပဲလား”

“သြော်... နင်က ဘာမှမသိဘူးလား၊ မနက်က ဆေးရုံသွားဖို့


ငါတို့နင့်ကို စောင့်နေကြသေးတာ”

“ဆေးရုံ....၊ ဘာဖြစ်လို့လဲ”

“ကြည်ပြာဆေးရုံရောက်သွားပြီ”

“ဘာ....”

ကျွန်တော် ရုတ်တရက် အံ့သြကာသွား၏။

typing - ကောင်းဆိုး Page 83


နီကိုရဲ မကြည်ပြာနှင့် ချစ်ခြင်း၏ဒုတိယနဂ္ဂတစ်များ
သို့သော် ဣန္ဒြကို ဆည်ကာ ပြုံးလိုက်ရ၏။ ဒါမျိုးက ရိုးနေပြီ။
ဒီနေ့ကြည်ပြာနှင့် ချိန်ထားမှန်သိထားသဖြင့် နောက်နေခြင်းသာဖြစ်မည်။

“နောက်မနေနဲ့ မိုးမိုး....၊ ငါ့အတန်းထဲလိုက်မလာလို့ ကြည်ပြာ


စိတ်ဆိုးနေတာလား၊ အခုကြည်ပြာဘယ်မှာလဲ”

“အံမာ... ငါတို့က နောက်ရမှာလားဟဲ့၊ စနေနေ့က ဆေးရုံတင်ရတာ၊


အူအတက် ပေါက်လို့တဲ့ အဲဒါခွဲထားတယ်၊ ငါတို့အခုပဲ ဆေးရုံက
ပြန်လာတာ”

“ပြူးကြောင်ကြောင်လုပ်မနေနဲ့ ရဲဝင်း၊ ကြည်ပြာက မှာလိုက်တယ်


မနက်ဖြန် ကျူတိုရီယယ် နင်ဝင်ဖြေလိုက်တဲ့ ပြီးတော့ နင်ဆေးရုံကို
လိုက်မလာခဲ့နဲ့တဲ့”

“ဒုက္ခပါပဲ၊ ကြည်ပြာက တကယ်ဆေးရုံတင်ရတာ၊ ဟိုခွဲတာက ခု...


ဘယ်လိုလဲ... ဟိုလေ....”

“အားလုံအဆင်ပြေတယ်၊ အနာကျက်အောင် ခဏစောင့်နေတာတဲ့”

“ဟာ... ငါစိုးရိမ်လိုက်တာဟာ၊ နင်တို့ ဘယ်နေ့ထပ်သွားဦးမှာလဲ”

“ဟဲ့ ဒီနေ့ပဲသွားပြီးပြီလေ၊ နင်ကိုမလာခဲ့နဲ့လို့ ကြည်ပြာကမှာ


လိုက်တယ်နော်၊ ကဲ ငါတို့သွားမယ်၊ မနက်ဖြန်(၈)နာရီအတန်းထဲ လာခဲ့”

သူငယ်ချင်းများ ထွက်သွားကြ၏။ ကျွန်တော် ခေါင်းငိုက်စိုက်ကျကာ


ကျန်ခဲ့သည်။ ကြည်ပြာက နင့်ကိုမလာခဲ့နဲ့တဲ့။ ဒါ ဘာအဓိပ္ပာယ်လဲ၊
ကျွန်တော့် ချစ်သူတစ်ယောက်လုံး ဆေးရုံတင်ထားရတာ ကျွန်တော်က
သွားခွင့်မရှိဘူးလား၊ ကြည်ပြာဘယ်လောက်အားငယ်နေမလဲ...။ ကျွန်တော်
ဘယ်လောက်စိုးရိမ်နေရသလဲ ကြည်ပြာက ဗိုက်ကိုခထ
ွဲားရတာတဲ့။

typing - ကောင်းဆိုး Page 84


နီကိုရဲ မကြည်ပြာနှင့် ချစ်ခြင်း၏ဒုတိယနဂ္ဂတစ်များ
လွင်မာတို့ မိုမိုးတို့ဆိုတာက မသွားလျှင်မကောင်း၍ သွားကြခြင်းဖြစ်သည်။
အပြောလွတ်ရုံ သတင်းမေးကြခြင်းဖြစ်၏။ သူတို့ မျက်ဝန်းထဲမှာ စိုးရိမ်စိတ်
စင်စစ်မရှိ လူမူရေးသာရှိ၏။ အပြုံးတွေက အရိပ်သ့သ
ဲ့ မ
ျှဲ၊ အားပေး
စကားတွေကလည်း နှုတ်ဖျားကနေခုန်တက်လာပေမယ့် အေးစက်စက်တွေ
ကြည်ပြာကတကယ်ဗိုက်ခွဲရတာ... ဟား....။ ဗိုက်ခွဲရပြီး အားငယ်နေမယ့်
ကြည်ပြာ့အတွက် တကယ့်စိုးရိမ်နေသည် မျက်ဝန်းအကြည့်စစ်စစ်
တစ်ချက်လောက်မလိုဘူးလား။ ထိုအရာအားလုံးကို ပေးနိုင်သူမှာ
ကျွန်တော်သာရှိပါသည်။ ဒါပေမယ့် ကြည်ပြာဘာကြောင့် ကျွန်တော်ကို
မလာခိုင်းရသနည်း။ သူ့မိဘဆွေးမျိုးတွေ ဆေးရုံမှာ ရှိနေသောကြောင့်ပင်
ဖြစ်ရမည်။ ကျွန်တော့်ရင်တွေပူကာ ဂနာမငြိမ်ဖြစ်လာ၏။ ကြည်ပြာ့ကို
တွေ့ချင်သည်။ အားပေးချင်သည်။ ယုယခွင့်မရတောင်မှ အချစ်စိတ်
သက်သက်ဖြင့် အေးမြစေချင်သည်။ တစ်ယောက်တည်းသွားလို့ကတော့
ဘယ်နည်းနဲ့မှမဖြစ်။ လွင်မာတို့ မိုးမိုးတို့ကလည်း ခေါ်လို့ရမည်မထင်
ဘာလုပ်ရမည်နည်း။

“ကိုရဲဝင်း... ဒီအပတ် လက်တွေ့က မုံညှင်းတဲ့၊ T.S တွေရော L.S


တွေပေါ ပုံတွေကခက်တယ် ဆွဲပြီးပြီလား”

ကော်ရစ်တာထောင့်မှာ အကြံထုတ်နေသော ကျွန်တော့်ကို ခင်ပြုံး


လာနှုတ်ဆက်၏။ ကျွန်တော်စိတ်ညစ်သွားသည်။ ခင်ပြုံးသီက ရန်ကုန်
တက္ကသိုလ်ရောက်မှသိရသော သူငယ်ချင်းဖြစ်၏။ သူ့ပုံစံက အရပ်
ထောင်ထောင်မောင်းမောင်း၊ ခပ်ထွားထွား၊ သွားကလေးတွေက သေးသေး၊
မျက်လုံးက အနည်းငယ်စောင့်နေကာ ဘယ်ဘက်မျက်လုံးက အနည်းငယ်
ကျဉ်းနေသေး၏။

typing - ကောင်းဆိုး Page 85


နီကိုရဲ မကြည်ပြာနှင့် ချစ်ခြင်း၏ဒုတိယနဂ္ဂတစ်များ
“ကိုရဲဝင်း၊ ဟိုလေ မေမီစိုးရဲ့ မှတ်ပုံတင်နံပါတ်ကိုသိလား”

“ဟ... ဘယ်သိပါ့မလဲ နင်ကဘာလုပ်မလို့လဲ”

“သိချင်လို့ပေါ့၊ မှတ်ထားတာလေ၊ အဲဒါပေါ့”

ခင်ပြုံးသီကို အတန်းထဲမှာ ခင်ကြတဲ့သူသိပ်မရှိ၊ သူမကို


ကြောင်တောင်တောင်ဟု ပြောသံတွေကြားဖူး၏။ အတန်းထဲက လူတွေရဲ့
လိပ်စာကိုခင်ပြုံးသီက လျှောက်တောင်းတက်သည်။ ဆရာမက စာသင်ပြီး
မရှင်းတာမေးဆိုလျှင်လည်း ခင်ပြုံးသီက အမြဲထ,ထမေးတက်၏။ သူ
မေးတာတွေကလည်း ဘာမှခက်ခက်ခဲခဲမဟုတ်။ တစ်ခါတစ်ရံ S-238
အခန်းကျောင်းဆောင်ပေါ်မှ စက္ကူများကို လေယာဉ်ပျံလုပ်ကာ လွှတ်ချင်
လွှတ်နေတက်၏။ တွေ့သမျှလူကို ပြုံးပြကာ စကားတွေ လျှောက်ပြော
လျှောက်ရောသော်လည်း ခင်ပြုံးသီကို သူငယ်ချင်းအဖြစ် သတ်သတ်
မှတ်မှတ်တွဲသူ ဘယ်သူမှမရှိ။ ဘာကြောင့်လည်းဆိုတာ သိပ်မသိ။
သူကတော့ ခင်ပြုံးသီလုပ်တာတွေကို တစ်ခါတစ်ရံ ဘဘောကျသည်။
လေယာဉ်ပျံလွှတ်တာမျိုး၊ လက်တွေ့ခန်းက ရေပိုက်ပျက်တာကို ဆရာမကို
သွားပြောတာမျိုး။

“ကိုရဲဝင်းက အေးအေးဆေးဆေးပဲလား”

“အေး... မအေးဆေးဘူး၊ ငါအခု ခေါင်းရှုပ်နေတယ်”

ပြန်အော်လိုက်ပြီးမှ ကျွန်တော်အကြံတစ်ခုရသည်။ ခင်ပြုံးသီကို


လှမ်းကြည့်တော့ ပြုံးပြနေသဖြင့် သူမသွားသေးသေးကလေးတွေကို
မြင်ရ၏။

“ခင်ပြုံးသီ... နင်အားသလား”

typing - ကောင်းဆိုး Page 86


နီကိုရဲ မကြည်ပြာနှင့် ချစ်ခြင်း၏ဒုတိယနဂ္ဂတစ်များ
“အင်း... အားတယ်၊ ဘာဖြစ်လို့လဲ”

ကျွန်တော်က မျက်နှာငယ်ကလေးဖြင့် အခြေအနေအရပ်ရပ်ကို


ရှင်းပြရသည်။ ခင်ပြုံးသီက စိတ်ဝင်တစားနားထောင်၏။

“ဒီတော့ နင်ပါမှ ငါသွားလို့ရမှာ၊ နင်နြဲ့ ကည်ပြာက သူငယ်ချင်းတွေ


ပေါ့ဟာ၊ သူ့အမေတွေဘာတွေရှိရင် နင်ကြည့်ကျက်ပြီး အခြေအနေအရ
စကားပြောပေါ့”

“ဒီလိုလား ကူညီမယ်လေ၊ ကိုရဝ


ဲ င်းနဲ့က သိပ်ခင်ကြတဲ့
သူငယ်ချင်းတွေပဲဟာ”

ခင်ပြုံးသီစကားကြောင့် ကျွန်တော်နည်းနည်း စိတ်ညစ်သွားရသည်။


သို့သော် မတက်နိုင်။ သူ့အကူအညီမပါ၍ ကျွန်တော်တစ်ယောက်တည်း
မဖြစ်။ ကြည်ပြာ့ကို တွေ့ခွင့်ရလျှင်၊ အကြင်နာအကြည့် ကလေးများ
ပေးနိုင်လျှင်တော်ပြီ။ ကျွန်တော်နှင့် ခင်ပြုံူးသီ အတူတူ တွထ
ဲ က
ွ်သွားကြ
သည်ကို အတန်းထဲကကောင်မလေးများက အံ့သြသလိုကြည့်ကာ
ရယ်နေကြလေသည်။ ဆေးရုံပေါ်ရောက်တော့ ကြည်ပြာက ပက်လက်
ကလေးလန်ကာ မျက်ဝန်းများကို မှေးမှိတ်ကာထား၏။ ကြည်ပြာ့မျက်နှာမှာ
ဖျော့တော့လျက်ရှိပြီး မျက်တွင်းများကျကာ နူတ်ခမ်းက သွေ့ခြောက်
နေသည်။

“ကြည်ပြာ....”

ကျွန်တော်အသံကြားတော့ ကြည်ပြာက မျက်လုံးကို ဖျက်ခနဲ


ဖွင့်သည်။ ခင်ပြုံးသီကလည်းပြုံးကာ “ကြည်ပြာ”ဟု သံယောင်လိုက်ခေါ်၏။

typing - ကောင်းဆိုး Page 87


နီကိုရဲ မကြည်ပြာနှင့် ချစ်ခြင်း၏ဒုတိယနဂ္ဂတစ်များ
ကျွန်တော်တို့ကိုမြင်တော့ ကြည်ပြာ့မျက်ဝန်းများ တင်းမာသွားကာ
ခင်ပြုံးသီကို တစ်ချက်လှမ်းကြည့်သည်။

“ကြည်ပြာ၊ ဟိုလေ... ငါ အရမ်းသိပ်စိတ်ပူလို့ လိုက်လာတာဟာ၊ ငါ့


သူငယ်ချင်းကို အဖော်ခေါ်လာတာ၊ ခင်ပြုံးသီတဲ့၊ ငါတို့ မေဂျာကပဲ၊
ဘယ်သူမှ မရှိဘူးမဟုတ်လား”

ကြည်ပြာက နှုတ်ခမ်းများကို “ကျွတ်” ခနဲမြည်အောင် စုတ်သတ်ရင်း


စိတ်ပျက်သွားသော မျက်နှာကို အခြားဘက်သို့လှည့်သည်။ နင့် ဝေဒနာကို
ကိုယ်ချင်းစာလို့ အားပေးဖို့လာတာပါ ကြည်ပြာရယ်....၊ ငါ့ကို အနှောင့်
အယှက်တစ်ခုလို့ မထင်ပါနဲ့....။ သူမ ထားတားသည်ကြားက လိုက်လာ
သဖြင့် ဒေါသဖြစ်နေပုံပေါ်သည်။ ငါ့ကို နားလည်ပါ ကြည်ပြာ၊
ဝေဒနာခံစားရသည့်အထဲ ဒေါသဖြစ်လိုက်ရသဖြင့်ကြည်ပြာ ပင်ပန်းသွား
ဟန်တူ၏။ ငါ့ကိုနားလည်ပါ... နော်။

“ထင်တယ်... ဒါကြောင့် အသေအချာမှာလိုက်လျက်သားနဲ့


မလာပါနဲ့ဆို၊ အန်တီရှိတယ်ဟဲ့ အန်တီ၊ နင်ဟာလေ အမြဲတမ်းပဲသိလား၊
လဲသေလိုက်”

အန်တီဆိုသဖြင့် ကျွန်တော်လန့်သွား၏။ ကြည်ပြာတို့ အမျိုးတွေ


ထဲမှာ သြဇာအရှိဆုံး၊ ကြည်ပြာအကြောက်ရဆုံး အန်တီဖြစ်၏။
ထိုအန်တီ့အိမ်ကို ကျွန်တော်ကြည်ပြာနှင့် တစ်ခေါက်ရောက်ဖူးသည်။
ကြည်ပြာက သူ့ သူငယ်ချင်း၏မောင်လေးဟု ကျွန်တော့်ကိုလိမ်ပြောခဲ့သော
အန်တီဖြစ်၏။

typing - ကောင်းဆိုး Page 88


နီကိုရဲ မကြည်ပြာနှင့် ချစ်ခြင်း၏ဒုတိယနဂ္ဂတစ်များ
“အေးပါဟ...။ ငါ့သူငယ်ချင်းကို ဒါကြောင့်ခေါ်လာတာ၊ နင့်အန်တီ
လာရင် နင် သူနဲ့စကားပြောပေါ့၊ ငါဘာမှ မပြောဘူးသိလား။ နင်
သက်သာရဲ့လား ဟင်”

“အေး... အန်တီက ရေကျက်အေးသွားယူတာ၊ သက်သာတယ်၊


ဆရာဝန်က မလှုပ်ရဘူးတဲ့၊ ချုပ်ရိုးက မကျက်သေးလို့”

ကြည်ပြာက လျှော့ကျနေသောခေါင်းကို ခေါင်းအုံးပေါ်ပြန်တက်၏။


ကျွန်တော်ကူညီဖို့ပြင်တော့ လက်ကိုပုတ်ချသည်။ ခင်ပြုံးသီက ရယ်သည်။
ကျွန်တော့် စိုးရိမ်မှုနှင့် စေတနာကိုကြည်ပြာနားမလည်။ ရင်ထဲ နင့်ခနဲ
ဖြစ်သွား၏။

“ငါ စိုးရိမ်လွန်းလို့ လိုက်လာတာပါ ကြည်ပြာရယ်၊ နင် ငါ့ကို


ဘာဖြစ်လို့ မလာနဲ့လို့ ပြောရတာလဲဟင်”

“လဲသေလိုက်... နင်က ဘယ်တုန်းက အဆင်ပြေပြေရှိလို့လဲ”

ကျွန်တော်ဘာစကားမှ ဆက်ပြောမရတော့။ သက်ပြင်းကို


ကြိတ်ကာချရ၏။ ကျွန်တော်နှင့်ကြည်ပြာ မျက်ဝန်းချင်းဆုံသည်။ ကြည်ပြာ့
မျက်နှာအနည်းငယ် လျော့ကျသွား၏။ ပြောပြီးမှ လွန်သွားမှန်း ကြည်ပြာ
သိသွားပုံရသည်။ ကျွန်တော်ကြိုးစားပြီး ကြည်ပြာ့ကို ပြုံးပြရသည်။

“အန်တီလာပြီ”

ကြည်ပြာ၏ အရေးတကြီး လေသံသ့သ


ဲ ့ေ
ဲ ကြာင့် ကျွန်တော်
လန့်ဖျပ်ကာ နောက်သို့ ဆုတ်လိုက်ရသည်။ ကြည်ပြာ့အန်တီက ခုတင်နား
ရောက်မှ ကျွန်တော်တို့ကို မြင်သည်။ ခင်ပြုံးသီကို လက်တို့ကာ

typing - ကောင်းဆိုး Page 89


နီကိုရဲ မကြည်ပြာနှင့် ချစ်ခြင်း၏ဒုတိယနဂ္ဂတစ်များ
အံကြိတ်ပြရ၏။ ခင်ပြုံးသီက စွေ့ခနဲ ကြည်ပြာ့ခုတင်နံဘေးမှာ
ဝင်ထိုင်သည်။

“ပိန်သွားလိုက်တာ ကြည်ပြာရယ်... အေးလေ... နေကောင်းတော့


ပြန်ဝလာမှာပေါ့၊ ကျောင်းအတွက် ဘာမှစိတ်မပူပါနဲ့... သိလား၊ ခင်ပြုံးသီ
ရှိတာပဲ”

“ရပါတယ်၊ ကျောင်းက ကျူတိုရီယယ်ပါပဲ”

“အို... မေ့ထားလိုက်လေ၊ တွေးမနေနဲ့၊ ကျန်းမာရေးပဲ


အရေးကြီးတာ အခု ဘယ်နှစ်ချက်ချုပ်ရတာလဲ”

“လေးချက်တည်းကွဲ့၊ ကြည်ပြာတို့အတန်းထဲကပဲလား”

ကြည်ပြာ့အန်တီက ခင်ပြုံးသီကို လှမ်းကြည့်ရင်း ရေကျက်အေး


ပုလင်းကို လှမ်းတင်ကာ ကျွန်တော့်ကို မျက်မှောက်ကြုတ်ကြည့်၏။
သို့သော် မှတ်မိပုံမပေါ်။

“ဟုတ်ကဲ့မမ...၊ တစ်ခန်းတည်းပါပဲ၊ မနက်ကတည်းက လာဖို့ဟာ”

“အေး... မင်းသူငယ်ချင်းကတော့ ကောင်းသွားပါပြီ၊ လူတွေတော့


ဖက်ဖက်မောကျန်ခဲ့တာပေါ့ မပြောချင်ဘူး... ရေကျက်အေးတစ်ပုလင်း
တစ်ဆယ်တဲ့၊ မနက်ဖြန်ကို ရေနွေးဂေါက်ယူလာမှ ဖြစ်မယ်”

“ချုပ်ရိုးဖြေပြီးရင် ဆင်းရတော့မှာပါ၊ မင်းတို့ သူငယ်ချင်းကတော့


ဆင်းမယ်ချည်းပြောနေတာ”

“အိုဘယ်ဖြစ်မလဲ ကြည်ပြာရဲ့၊ နေဦးလေကွာ၊ တို့လည်း


လာမေးနေမှာပဲ၊ အားငယ်စရာမရှိဘူး၊ ဟုတ်ဘူးလား”

typing - ကောင်းဆိုး Page 90


နီကိုရဲ မကြည်ပြာနှင့် ချစ်ခြင်း၏ဒုတိယနဂ္ဂတစ်များ
“အင်းပါ”

တယ်ဟုတ်နေပါ့လား...။ ခင်ပြုံးသီက အခြေအနေကို လိုက်လျော


ညီထွေစွာ စကားကို သွက်သွက်ကြီးပြောနိုင်၏။ ဘာမှ အထစ်အငေါ့မရှိ။
ကျွန်တော် လူရွေးတာမှန်သွားပြီ။ ကြည်ပြာ့အန်တီက ကျွန်တော့်ကို ဘာမှ
သံသယဖြစ်ပုံမပေါ်။ ကြည်ပြာကတော့ သူနှင့်လုံးဝမသိသော ခင်ပြုံးသီ
ကတော့ လုံးဝကို OK။

“အနွေးထည်ကလေးက လှလိုက်တာနော်”

ခင်ပြုံးသီက အနွေးထည်ဝတ်ပေးရင်းပြောသည်။ ကျွန်တော်


ခင်ပြုံးသီကို ကျေးဇူးတင်သွား၏။ ကြည်ပြာအနွေးထည်ကလေးကို
ကြွားရင်း ဝေဒနာကို ခေတ္တမေ့နိုင်လျှင်လည်း ကောင်းတာပါပဲ။ ကြည်ပြာ့
ကိုယ်ပေါ်သို့ အင်္ဂလန်သိုးကလေးရောက်သွားသည်။

“ဘယ်က ဝယ်တာလဲ၊ ဘယ်လောက်ပေးရလဲဟင်”

“ကြည်ပြာ့အစ်မယောက်ျား အင်္ဂလန်က ဝယ်လာတာပါ၊ အစိမ်း


တစ်ရာ့ရှစ်ဆယ်တ့၊ဲ တို့နဲ့ နည်းနည်းတော့ပွနေတယ် ထင်တယ်နော်”

“ဟယ်... မပွပါဘူး၊ အနွေးထည်ဆိုတာဒီလိုပေါ့၊ အင်္ဂလန်က


ဒါကြောင့် ကောင်းတာကိုး၊ အသားလေးကအိပြီး ညက်နေတာပဲ၊
အမွှေးကျွတ်လားဟင်၊ သိပ်လှတာပဲ၊ ခင်ပြုံးသီတောင်လိုချင်တာ”

“မကျွတ်ဘူး၊ လျှော်တော့ မလျှော်ရသေးဘူးပေါ့၊ လျှော်လည်း


မကျွတ်ဘူးတဲ့၊ အင်္ဂလန်သိုးစစ်စစ်လေ၊ ဒီကသိုးတွေလို မဟုတ်ဘူး သူက
ပိုရှည်ပြီး သိပ်တယ်၊ ပိုနူးညံ့တယ်၊ ပေါင်းတင်ထားတာ၊ မကျွတ်ဘူး”

typing - ကောင်းဆိုး Page 91


နီကိုရဲ မကြည်ပြာနှင့် ချစ်ခြင်း၏ဒုတိယနဂ္ဂတစ်များ
ကြည်ပြာ့မျက်ဝန်းများ အရောင်တလဲ့လဲ့ တောက်ကာလာ၏။
ကြည်ပြာ့ နှုတ်ခမ်းများသည် အလိုပြည့်စွာ ပြုံးနေကြသည်။ အမူအယာက
ရွှင်ရွှင်မြူးမြူး သွက်သွက်ဖြစ်ကာလာ၏။ ဒေါသ၊ ညှိုးငယ်ခြင်း၊
ဝေဒနာဘာမှ မရှိတော့။ ခင်ပြုံးသီကလည်း မျက်ဝန်းအရောင် တောက်ကာ
တကယ့်သူငယ်ချင်းနှစ်ဦးပမာ ဖြစ်သွားကြ၏။ အန်တီက ကြည်ပြာ့အတွက်
ဘာလီရည်ဖျော်ရင်း ကျွန်တော့်ကို ပြုံးကာပြ၏။ ကျွန်တော့်ကို
ဘာသံသယဖြစ်ပုံမရ။ ကြည်ပြာကလည်း စကားပြောရင်း ကျွန်တော်ကို
လှမ်းကြည့်ကာ ဖျတ်ခနဲပြုံးပြလိုက်သည်။

“အင်းနော်...”

“ကျွန်မခဲအိုက ပြန်ထွက်သွားပြီ။ ဟောဒီအညိုစင်း... တွေ့လား ဒါ


သိပ်ရှားတာတဲ့ ဒီအညိုစင်းကြောင့် ဒီဈေးပေးရတာတဲ့”

“သြော်... ဒီအညိုစင်း”

“ဟုတ်တယ် သူကသိုးမွှေးကိုညှပ်ယူပြီး ချုပ်ထားတာမဟုတ်ဘူး၊


သိုးကို တကိုလုံးအရေခွံခွာလိုက်တာတဲ့၊ ပြီးမှ အရေပြားကို နေလှမ်း
ပေါင်းတင်ပြီး ခြစ်ထုတ် ဆေးစိမ်ပြီး အောက်ခံပိုးသားနဲ့ ကပ်ချုပ်ထားတာ
သိုးမွှေးကို စိုက်ထားတာမဟုတ်ဘူး။ ဒါကြောင့် မကျွတ်တာပေါ့ ရိုးရိုး
သိုးမွေးအင်္ကျီနဲ့ မတူဘူး”

ခင်ပြုံးသီက မျက်မှောင်ကိုကြုတ်ကာ ကြည်ပြာ့အင်္ကျီကို အနီးကပ်


ကြည့်၏။ ကြည်ပြာက သတိအနေအထားဖြင့် ရင်ကို မက်ကာ ကျွန်တော့်ကို
လှမ်းကြည့်တော့ ကျွန်တော်ပြုံးပြလိုက်ရသည်။ ခင်ပြုံးသီမျက်လုံးများက
သိုးမွေးထည်ကိုကြည့်နေရင်း ပိုမိုစူးရှ တောက်ပြောင်ကာ လာ၏။ လူနာ

typing - ကောင်းဆိုး Page 92


နီကိုရဲ မကြည်ပြာနှင့် ချစ်ခြင်း၏ဒုတိယနဂ္ဂတစ်များ
ကုတင်ပေါ်မှာ ကြွားနေသော ကြည်ပြာ့စကားလုံးများနှင့် ခင်ပြုံးသီ
အိုက်တင်က ကွက်တိပင်။ သိုးမွှေးများကို ဖွဖပ
ွ တ
ွ်သပ်နေရာမှ ခင်ပြုံးသီက
လက်ဝါးနှစ်ဖက်ဖြင့် ဆုပ်ကိုင်လိုက်၏။

“မကြေဘူး... မကြေဘူး၊ လွှတ်လိုက်တာနဲ့ ပြန်ပြည့်လာတာဟဲ့”

ကြည်ပြာ့သိုးမွေးအင်္ကျီကို ဆုပ်ကိုင်ထားလျက် ခင်ပြုံးသီ ဝုန်းကနဲ


ထရပ်သည်။ ရုတ်တရက် ကိုယ်ခန္ဒာကစောင်းသွားကာ ဇက်အနည်းငယ်
လိမ်လာပြီး မျက်လုံးပြူးကာလာ၏။ ထို့နောက် ကြည်ပြာ့အင်္ကျီကို
ကိုင်ထားသောလက်များ တဆတ်ဆတ်တုန်လာကာ ကြည်ပြာ့ကိုအားနှင့်
ကုတင်အောက်သို့ ဆွဲချလိုက်သည်။ ကြည်ပြာ ပက်လက်လန်လျက်
ပါသွား၏။ ကျွန်တော်ကြောင်ကာနေ၏။

“အား... အမယ်လေး၊ ဟဲ့ဟဲ့... လွှတ်လွှတ် ရဲဝင်းရေ လုပ်ပါဦး…


အား”

“အမယ်လေး... ကြည်ပြာ... ကြည်ပြာ... ဟဲ့ လွှတ်... ဟဲ့ကောင်


နင့်ကောင်မကို လွှတ်ခိုင်ဦး... ကြည်ပြာ”

အန်တီက ဘာလီရေခွက်ကို ပစ်ချကာ ကြည်ပြာ့ကို အင်္ကျီမှ


ကိုင်ကာဆွဲခါနေသော ခင်ပြုံးသီထံ ပြေးဝင်သွား၏။ ကျွန်တော်လည်း
ကြောင်နေရာမှ “ခင်ပြုံးသီ” ဟုအော်ကာ ဝုန်းကနဲ ပြေးဝင်ရသည်။
ခင်ပြုံးသီသည် ပက်လက်လှန်ကျသွားသော ကြည်ပြာကို အင်္ကျီရင်အစပ်မှ
ကိုင်ကာ ဆွဲလှည့်လိုက်၏။ ပါးစပ်မှ အမြှပ်တစီစီထက
ွ်ရင်း ကြည်ပြာ့ကို
ဆွဲယမ်းတွန်းထိုးကာ ကြမ်းပြင်ပေါ် လှဲချလိုက်၏။ အန်တီက ခင်ပြုံးသီ
လက်များကို အော်ဟစ်ကာ ပြေးဆွဲသည်။ ကျွန်တော် ထိတ်လန့်တုန်လှုပ်စွာ

typing - ကောင်းဆိုး Page 93


နီကိုရဲ မကြည်ပြာနှင့် ချစ်ခြင်း၏ဒုတိယနဂ္ဂတစ်များ
ပြေးဝင်လာစဉ် ခင်ပြုံးသီ ဆွဲရမ်းလိုက်သဖြင့် ပြန်လွင့်ထက
ွ်လာသော
အန်တီနှင့်ကျွန်တော် လုံးထွေးကျသွား၏။ လူနာဆောင်တစ်ခုလုံး ဆူညံကာ
လူတွေဝိုင်းအုံကာလာသည်။ ကျွန်တော် ကမန်းကတမ်းထရပ်တော့
ကြည်ပြာ့ကိုမလွှတ်သေး။

“ခင်ပြုံးသီ လွှတ်... ကြည်ပြာ့ကို အခုလွှတ်”

“ရဲဝင်းရေ...၊ အား... အမယ်လေး... လုပ်ပါဦး၊ အန်တီ အန်တီ၊


ရဲ....”

“ဟဲ့ ဟဲ့ လူနာကို အရင်လွတ်အောင်ဖြုတ်... ဖြုတ်”

“ကြည်ပြာရေ... ကြည်ပြာ၊ ဟဲ့ကောင် နင့်ကောင်မကိုပြော ပြော”

“သော့ရှိလား သော့ပေးစမ်း ခြေဖဝါးကို သော့န့ဖ


ွဲင့်”

“အောင်မလေး... နာလိုက်တာ....၊ သေတော့မယ်၊ အား ရဲဝင်းရေ”

“သေပြီ ကျွန်မတူမလေးကို ကယ်ကြပါဦး သေပါပြီရှင်”

ကျွန်တော် အတင်းပြေးဝင်ကာ ခင်ပြုံးသီလက်ကို မျက်စိစုံမှိတ်ကာ


ရှိသမျှအားနှင့် အတင်းဆွဲပစ်လိုက်တော့ အင်္ဂလန်သိုးက ပြဲထက
ွ်သွားပြီး
တစ်ဘက်လွတ်သွား၏။ လူကြီးတစ်ဦးက ခင်ပြုံးသီကို အနောက်မှဖက်၍
ချိုင်းအောက်မှ မ,လျှိုကာ လက်ကိုအပေါ်သို့ လှန်ထိုးတော့မှ
လက်နှစ်ဖက်စလုံး ပြုတ်သွား၏။ ကြည်ပြာမထနိုင်တော့ ဝမ်းဗိုက်ကို
လက်ဖြင့်ဖိကာ ခွေလဲကျနေသည်။

“တူမလေတော့ သေပါပြီ၊ ဟဲ့ကောင် နင် နင်... လုပ်ကြပါဦး


ကြည်ပြာရေ”

typing - ကောင်းဆိုး Page 94


နီကိုရဲ မကြည်ပြာနှင့် ချစ်ခြင်း၏ဒုတိယနဂ္ဂတစ်များ
“ဟာ အတင်းမ,မ,နဲ့၊ လူနာ့ဗိုက်မှာ ချုပ်ရိုးရှိတယ်၊ ကြည်ပြာ
ကြည်ပြာ”

ဆရာဝန်များ ပြေးလာကြကာ ကြည်ပြာ့ကိုအသာဖေးမပြီး


လူနာခုတင်ပေါ်တွန်းကာ တင်သွားကြသည်။ ခွေခေါက်ကာ ပါးစပ်မှ
အမြှုပ်တစီစီထွက်နေဆဲ ခင်ပြုံးသီကိုလည်း ဂုပ်နှိပ်သူနှိပ်၊ ခြေမ ချိုးသူချိုး၊
ခြေဖဝါးကိုသော့ဖြင့်ဖွင့်သူက ဖွင့်နှင့် နောက်ဆုံး ဆရာဝန်များက
ခေါ်သွားကြသည်။ ကျွန်တော် ငေးကြောင်ကာကြည်နေစဉ် ကြည်ပြာ့
အန်တီက ကြောက်မက်ဖွယ်ရာမျက်နှာကြီးဖြင့် ကျွန်တော်ရှေ့သို့
ဝုန်းခနဲရောက်လာ၏။

“ဟဲ့ကောင် နင့်ကောင်မ ဝက်ရူးပြန်ရောဂါရှိရင် အစကတည်းက


သတိထားပါလားဟဲ့၊ ဟင်... အခု ငါ့တူမလေးသေပြီလား မသိဘူး၊
ချုပ်ရိုးက မကျက်သေးဘူးဟဲ့၊ အရူးရဲ့... နင်... နင်...
ငါ့တူမလေး တစ်ခုခုဖြစ်ရင် နင့်ကိုတရားစွဲမယ်၊ နင့်ကောင်မက...”

“မဟုတ်ဘူးအန်တီ... အဲဒါ ကျွန်တော့်ကောင်မ မဟုတ်ဘူး၊


ကြည်ပြာက...”

“တိတ်... ဘာမှမကြားချင်းဘူး။ နင်မပြန်နဲ့ ငါ့တူမသေရင်


နင့်ကိုတခါတည်းဖမ်းမယ်... သိလား”

ပြောပြောဆိုဆို ကြည်ပြာ့အဒေါ်က ကျွန်တော့်ကို ရင်ဘတ်မှ


လက်နှစ်ဘက်ဖြင့် ဆွဲယူလိုက်သဖြင့် ကျွန်တော် ယိုင်ကာပါသွား၏။
ပြီးတော့ ပြန်ဆောင့်တွန်းလိုက်သဖြင့် ဖင်ထိုင်လျက်ကျပြန်သည်။
ကျွန်တော်ချက်ချင်း မျက်ရည်ဝိုင်းတက်ကာလာ၏။ ဘာတွေဖြစ်ကုန်နေ

typing - ကောင်းဆိုး Page 95


နီကိုရဲ မကြည်ပြာနှင့် ချစ်ခြင်း၏ဒုတိယနဂ္ဂတစ်များ
သနည်း။ ခွေလဲကျ မသွားရအောင် မနည်း ထိန်းထားရသည်။ ကျွန်တော့်
နားခေါင်းမှ သွေးတစက်စက်ကျနေ၏။ ဝင်ဆတ
ွဲုန်းက ဘယ်သူနဲ့ ဘာနဲ့
ထိသွားသလဲ မပြောတက်။ လက်ထဲမှ အင်္ဂလန်လုပ် သိုးမွှေးအင်္ကျီစကို
ကိုင်ထားမိသေးသည်။ သုံးမိနစ်အတွင်း ကျွန်တော် ကမ္ဘာပျက်သွား၏။
ကြည်ပြာ ပက်လက်ကလေးပါးသွားရှာသည်။ “သေပါပြီ ရဲဝင်းရေ”...
ဆိုသည့် ကြည်ပြာ့အသံ၊ ကြည်ပြာ ဘာများဖြစ်သွားပြီးလဲ။ တစ်ခုခု
မဖြစ်ပါစေနဲ့....။ ခင်... ပြုံး... သီ....။ တောက်... ဒီကောင်မ
ဝက်ရူးပြန်တက်တယ်ဆိုတာ ငါဘာဖြစ်လို့ မသိခ့တ
ဲာလဲ။ ခုမှတော့
အံကြိတ်ရုံကလွဲပြီး ဘာမှမတက်နိုင်။ ဘာမှလည်း ပြော၍မရ။ ဝေဒနာ
ဖြစ်နေတဲ့ကြည်ပြာ့ကို လာနိုပ်စက်သလို ဖြစ်နေပါပေါ့လား။

“အေးလေ... ကိုယ့်ရည်းစား ဝက်ရူးပြန်တက်တယ်ဆိုရင်လည်း


သတိထားမှပေါ့၊ ကောင်မလေးသနားပါတယ်၊ ကိုင်ပေါက်တာဟ၊
ချုပ်ရိုးပြေသွားရင်ဒုက္ခ...”

“လူနာမေးရင်းနဲ့... ဟုတ်လား၊ ဟယ် ဝက်ရူးပြန်တာ...”

“လက်က ဖြေလို့ကိုမရတာ၊ ကျူပ်လည်း အတင်းကို


လုပ်ရတော့တာ”

“အေး... ငါ့တူမတစ်ခုခုဖြစ်ရင် မင်းကို တစ်သက်မကျေဘူးဟေ့၊


မင်းမပြန်နဲ့... ဒါပဲ”

“ရော့ရော့... မင်းနှာခေါင်းကသွေးတွေ သုတ်ပစ်လိုက်ဦး”

“သူ့ရည်းစား ဝက်ရူးပြန်ပြီး ဗိုက်ခထ


ွဲားတဲ့ ကောင်မလေးကို
ကိုင်ပေါက်တာ...”

typing - ကောင်းဆိုး Page 96


နီကိုရဲ မကြည်ပြာနှင့် ချစ်ခြင်း၏ဒုတိယနဂ္ဂတစ်များ
တီးတိုးစကားသံ၊ စုတ်သပ်သံ၊ အံ့သြသံများ၊ မီးဝင်းဝင်း
တောက်နေသော ကြည်ပြာ့အန်တီမျက်ဝန်း စူးစမ်းသလိုကြည့်ကြတဲ့
မျက်နှာတွေ....၊ ဆရာဝန်တွေလက်ထဲ ပါသွားတဲ့ကြည်ပြာ...၊ ဝက်ရူးပြန်ဆဲ
ခင်ပြုံးသီ၊ လက်တစ်ဖက်ပြဲကျန်ရစ်ခဲ့တဲ့ အင်္ဂလန်သိုး..။ အံ့သြခြင်း
ဝမ်းနည်းခြင်း၊ ထိတ်လန့်ခြင်း၊ စိုးရိမ်ခြင်း....။ အပြစ်၊ သောကအမုန်း၊ ဒုက္ခ...
နှာခေါင်းမှ တစက်စက်ကျနေသောသွေး၊ ခန္ဓာကိုယ် နှာသေးသေးလေး
တစ်ခု...၊ ဆေးရုံကြီး လူနာဆောင်ရဲ့ ပစ္စည်းတွေ မွစာကြဲနေတဲ့
ခုတင်နဘေးမှာ တုန်ခါနေလေရဲ့။ နှားခေါင်းကြီးနီကာ စာမတက်ဝါးမတက်
ကျွန်တော့်ကိုကြည်နေသော ကြည်ပြာ့အန်တီ၏ မျက်ဝန်းထဲမှာ ကျွန်တော့်
ဘဝ နေဝင်ချိန်ကို ဖျတ်ခနဲ တွေ့လိုက်ရ၏။ ကျွန်တော့်စိတ်ထမ
ှဲာပင်
ကျွန်တော် ပြေး၍မရတော့အပြစ် အားလုံးက ကျွန်တော်သာဖြစ်သည်။
နင်... ငါ့ကိုမုန်းတီးနာကျည်းသွားပြီ မဟုတ်လား ကြည်ပြာ။ ဟုတ်ပါတယ်
ကြည်ပြာ... ငါဟာ နင်ပြောခဲ့သလို ဘယ်တုန်းမှ အဆင်မပြေတဲ့ကောင်ပါ။
နင် ဘာမှမဖြစ်ပါစေနဲ့ ကြည်ပြာ။ ငါ့ကို နာနာကြည်းကြည်းမုန်းဖို့၊
ပက်ပက်စက်စက် အပြစ်ပေးဖို့....။ နင့်ဒေါသတွေ ငါ့အပေါ်အားရပါးရ
ရက်ရက်စက်စက်ကျလာဖို့။ ငါ့ကို အရင့်သီးဆုံးစကားလုံးတွေ သုံးပြီး
ပေါက်ကွဲဖို... နင်... ကျန်းမာလာပါစေ.....။ ကျွန်တော် ကြည်ပြာ့အပေါ်
အရမ်းချစ်ခဲ့သော သစ္စာစကား မှန်ပါက ရက်ရက်စက်စက် ကျွန်တော့်ကို
ရန်တွေ့မည့် ကြည်ပြာ့ကို တွေ့ရပါစေလို၏။

ချစ်ရပါသော… မကြည်ပြာ။

typing - ကောင်းဆိုး Page 97


နီကိုရဲ မကြည်ပြာနှင့် ချစ်ခြင်း၏ဒုတိယနဂ္ဂတစ်များ
မကြည်ပြာနှင့် ရှေ
ရှောက်ကွင်းပြား

ရင်ခုန်သံတစ်ချက်အကြားမှာ ကြယ်ကြွေပြီးစ ဆောင်းည


ကောင်းကင်းကြီးရဲ့ နှုတ်ခမ်းထောင့်စွန်းမှာ ဝမ်းနည်းနာကျင်မှုတွေ
တစ်ဆို့တဲ့ ဦးနှောက်ပလိုင်းပေါက်ထဲမှာ ငါ့စိတ္တဇဟာ တဖြည်းဖြည်း
လူးလွန့်ရုန်းထလာနေရဲ့ ကြည်ပြာ။ သတိရမိတော့ ကြေကွဲရသည်။
ရယ်သံတွေကြောင့် အက်ကွဲသွားခဲ့တဲ့ မုန့်တစ်ချပ်ပေါ်မှာ အလွမ်းတို့
အထီးကျန်နေတာမျိုး၊ မြစ်တစ်စင်းဟာ မာနကို ချောင်းငယ်တွေဆီက
ရခဲ့တယ်ဆိုတာ မေ့လျာ့နေသလိုမျိုး ကျန်တာတွေကတော့ စိတ္တဇပဲ။

ကြည်ပြာ... ကြည်ပြာ… ကြည်ပြာ...၊ ငါ့ကိုယ် ငါ ပြန်အံ့သြလာတဲ့


အထိ အဲဒီနာမည်ကို ငါ ခေါ်နေမိခ့တ
ဲ ယ်။ ငါ့ခေါ်သံကြောင့်ပဲ
ပင့်ကူတစ်ကောင်ရဲ့ ဆာလောင်ခြင်းနဲ့ စိတ္တဇတွေ တဝုန်းဝုန်းရောက်ချလာ၊
ငါ့ဦးနှောက်ကို ဖောက်ပြီး ချစ်ခြင်းနဲ့ အဆင့်မပြေခဲ့လို့ အချဉ်ပေါက်
နံစော်နေတဲ့ ငါ့အိပ်မက်တွေကို စားသောက်နေကြသည်။

“နင် ငါ့ကိုနားလည်ပါ”

အဲဒီတောင်းနေကျ ငါ့ဆုတောင်း အဟောင်းလေးတစ်ခုကို


ခွင့်မလွှတ်တက်တဲ့ နင့်စိတ်ထားအမြင့်ပေါ်က ငါလွှတ်ချလိုက်တယ်။
ဟော... စိတ္တဇ၊ တစ်ခါ ရင်ခုန်သံ ထဲက ပြန်ရုန်းထလာပြန်တယ်။
တကယ်တော့ ငါဟာ လူညံ့ပါ။ ဒါကြောင့်လည်း ဆေးရုံမှာ ၂၁ရက်
နေခဲ့တာပေါ့။ နင်တို့အိမ်က ငွေလေးသောင်းလောက် ထပ်ကုန်သွား
တာပေါ့။ နင်သိပ်တက်ချင်တဲ့ ဂျပန်စာ သင်တန်းကို ရပ်လိုက်ရတော့ပေါ့။

typing - ကောင်းဆိုး Page 98


နီကိုရဲ မကြည်ပြာနှင့် ချစ်ခြင်း၏ဒုတိယနဂ္ဂတစ်များ
လက်တွေ့ သုံးပတ်ပျက်ခဲ့ရတာပေါ့။ ငါဟာ လူညံ့ပါဟာ...။ သိပ်ချစ်ခ့ရ
ဲ တဲ့
နင့်ကို ငါ သိပ်ချစ်တယ်ဆိုတာ ခြောက်နှစ်တိတိ မပြတက်ခ့တ
ဲ့ အ
ဲ ထိ
ညံ့ခဲ့တဲ့ကောင်ပါ။ ငါ့ညံ့ဖျင်းမှုတွေအားလုံးကို အထီးကျန်နေပေမယ့်
ပြည့်ပြည့်ဝဝသာ ပေးနေတဲ့ ဆောင်းညလမင်းကြီးရဲ့ အောက်မှာ
ဝန်ခံနေမိတယ်။ တကယ်ဆိုရင် ဒီညဟာ လမင်းကို မျိုချထားခဲ့တဲ့
ရေအိုင်ကလေးကိုပဲဖြစ်ဖြစ် အမှောင်ထဲမှာ အရည်ရွှန်းမှည့်နေတဲ့ သစ်သီး
တစ်လုံးကိုပဲဖြစ်ဖြစ်၊ သန်းခေါင်ယံလရောင်ရဲ့ ရည်ရယ
ွ်ချက်ကို စောင့်နေတဲ့
ပန်းတစ်ပွင့်ပေါ်ပဲဖြစ်ဖြစ် ခုန်အုပ်သင့်တယ်။ အခု အဲဒီညက သူရဲ့
သားကောင်အဖြစ် ငါ့ကိုပဲ ရွေးချယ်လိုက်တော့ ညဟာ နှလုံးသားထဲ
ရောက်နေသည့်အထိ ဘယ်နေရာကို ခဲထားရမယ်ဆိုတာ ရှာမတွေ့
သေးဘူး။ စိတ်စမ်းတဲ့သဘောနဲ့ အဲဒီညက ငါ့နှလုံးသားကို တစ်ချက်တော့
ကိုက်ကြည့်တယ်။ ဒါပေမယ့် ငါက နင့်ကို လွမ်းတဲ့ စိတ္တဇနဲ့ လှုပ်မှလှုပ်လို့
မရတော့ဘဲ ကြည်ပြာရယ်....။

“ဟဲ့... ရဲဝင်း။ နင်ကူးတဲ့ စာတွေက အမှားတွေချည်းပဲဟ၊


သင်္ကေတတွေက မှားနေတာများတယ်”

“အေးဟာ၊ သေသေချာချာ ကြည့်ကူးတာတောင်မှ မှားရ


သေးတယ်လို့၊ နင်ဟာလေ....၊ မျက်နှာလည်း လုပ်ချင်သေးတယ်၊
ဘာတစ်ခုမှလည်း အဆင်ပြေအောင် မလုပ်ဘူး”

“ငါလည်း ငါ့မေဂျာမဟုတ်တော့ အချို့ဟာတွေ မသိဘူးလေဟာ၊


နင်တို့ ရေးတာနဲ့တူအောင် လိုက်ရေးတာပဲ၊ ကြည်ပြာ... ကြည်ပြာက ငါ့ကို
ဘာ... ဘာပြောသေးလဲဟင်”

typing - ကောင်းဆိုး Page 99


နီကိုရဲ မကြည်ပြာနှင့် ချစ်ခြင်း၏ဒုတိယနဂ္ဂတစ်များ
“ဘာမှမပြောဘူးကွ၊ ဘာမှကို မပြောတာ၊ မင်းသွားတွေ့ချင်လည်း
သွားတွေ့လိုက်ဦးလေး... ရဲကြီးရာ....”

လွင်ဦးက ကျွန်တော့်ပခုံးကို အားပေးသလို ဖျစ်ညှစ်ကာ ပြုံးပြ၏။


ကျွန်တော် ဘာစကားမှ မပြောနိုင်။ ငါကူးပေးတဲ့ စာတွေကလည်း
အမှားတွေချည်းပဲဆိုပါသလား။ ဘယ်လိုလုပ်ရမလဲ။

“နင်ကလည်းဟာ၊ ဒါဖြစ်နေကြပဲဟာ၊ ဘာဆန်းလဲ၊ သွားတောင်းပန်


လိုက်ပေါ့။ ကြည်ပြာအခန်းထဲမှာ ရှိတယ်။ ငါတို့ လွင်ဦးလာတုန်း
ကဲင်တင်းလိုက် ညှင်းမလို့ လိုက်မလား...”

သူငယ်ချင်းများက ဆူညံစွာလှေကားမှ ဆင်းသွားကြ၏။


ကျွန်တော်လှေကားငါးထစ်မှာ ရပ်လျက်ကျန်ခဲ့သည်။ အတန်းထဲမှာ
ကြည်ပြာတစ်ယောက်ထည်းတဲ့။ လွင်ဦးက ကျောင်းပိတ်ရက် ရှည်ရှည်
အတွင်းမှာ အလုပ်ရသွားသဖြင့် စာပေးစာယူသို့ ပြောင်းကာ ကျောင်းသို့
တစ်လတစ်ခေါက်လောက်သာ လာနိုင်တော့သည်။ သူငယ်ချင်းတွေ
ဆုံတဲ့ပွဲ။ ကြည်ပြာနှင့် ကျွန်တော်သာ အဆင်ပြေနေခဲ့လျှင် မည်မျှ
ကောင်းမည်နည်း။ အခုတော့....။

ကြည်ပြာနှင့် မတွေ့ရတော့ တစ်လကျော်ပြီ။ ကြည်ပြာ


ကျောင်းပြန်တက်ပြီဆိုသော်လည်း ကျွန်တော့်အပြစ်ကြောင့် သွားမတွေ့ရဲ။
ပထမတော့ ကြည်ပြာ လာရန်အတွေ့ကို တွေ့နေကျနေရာတွေမှာ ထိုင်ကာ
ကြောက်လန့်တကြားစောင့်နေခဲ့သည်။ သို့သော် ကြည်ပြာက ရောက်မလာ။
သူငယ်ချင်းတွေထံ စုံးစမ်းတော့လည်း ကြည်ပြာက ကျွန်တော်နှင့်
ပတ်သက်၍ ဘာမှမပြော၊ စကားအစမခံဟု သိရသည်။ ကျွန်တော့်၏
အပြစ်အတွက် ကြည်ပြာ့ထံမှ ပြင်းထန်သည့်ဒေါသနှင့် ပေါက်ကမ
ွှဲုကို

typing - ကောင်းဆိုး Page 100


နီကိုရဲ မကြည်ပြာနှင့် ချစ်ခြင်း၏ဒုတိယနဂ္ဂတစ်များ
မျှော်လင့်ခဲ့သော်လည်းကြည်ပြာထံမှ အေးစက်သည့် တိတ်ဆိတ်
ငြိမ်သက်ခြင်းကိုသာ ရရှိခဲ့သဖြင့် ကျွန်တော် ပိုမိုတုန်လှုပ်ခ့သ
ဲ ည်။
ကြည်ပြာ့ဗိုက်က အနာကျက်သွားသော်လည်း သူ့ရင်ထမ
ှဲ ကျွန်တော်နှင့်
ပတ်သက်သော ဒဏ်ရာကြီးကတော့ ကျက်သေးဟန်မတူ။ ဘာကိုမှ
ဆက်ဆက်ထိမခံသော၊

ဆူညံပေါက်ကွဲလွယ်သော၊ သက်ရောက်မှုတစ်ခုကို ချက်ချင်း


တုန့်ပြန်တက်လေ့ရှိသော ကြည်ပြာသည် ယခု ဘာကြောင့် တိက်ဆိတ်
ငြိမ်သက်နေရသနည်း။ ချစ်သူကိုလွမ်းသည့်စိတ်၊ ကိုယ့်အပြစ်ကိုယ်
ဝန်ခံလိုစိတ်၊ ချစ်သူကို ရင်မဆိုင်ရဲသည့်စိတ်တို့နှင့် ကျွန်တော် လုံးလည်
လိုက်နေခဲ့သည်။ လွမ်းသည့်စိတ် အနိုင်ရသွားသည့်အခါ ဘာပဲဖြစ်ဖြစ်
သွားတွေ့မည်ဟု စိတ်တင်းထားပြီး ကြည်ပြာနှင့်တွေ့ရန် ရောက်လာခဲ့
သော်လည်း သင်္ချာမေဂျာဆောင်အောက် လှေကားထစ် များပေါ်
ရောက်သည့်အခါ စိုးရိမ်ထိတ်လန့်စိတ်က ဝင်လာပြန်၏။ အရင်ကလို
အော်ငေါက်လွှတ်လိုက်လျှင်ထားတော့၊ ရက်စက်ပြတ်သား စွာဖြင့် နင်န့င
ဲါ
မဖြစ်တော့ဘူး၊ နင့်ကို ငါ မေ့ပစ်လိုက်ပြီဆိုလျှင်....။ ထိုအတွေးမျိုး
တွေးမိကာ ဒီလှေကားမှ ဆက်မတက်ရဲဘဲ ပြန်ခ့ရ
ဲ တာ တစ်ပတ်ရှိပြီ...။
ဒီနေ့လည်း အလွမ်း၏ နှိပ်စက်မှုကြောင့် ကြည်ပြာ့ကို တွေ့ရန် စိတ်တင်းကာ
လာခဲ့ခြင်းဖြစ်သည်။ ကြည်ပြာက တစ်ယောက်တည်း... တဲ့။ ကျွန်တော်
လှေကားတစ်ထစ်ကို အရဲစွန့်ကာ တက်လိုက်ပြီးမှ တစ်ယောက်တည်းဆို
သွားမတွေ့တာ ကောင်းမယ် ထင်တယ်။ ကြည်ပြာ့ဘက်က ပိုပြတ်သားခွင့်
ရှိသွားလိမ့်မယ်။ သူငယ်ချင်းတွေရှိနေတော့ ပိုကောင်းတာ ပေါ့ဟု
တွေးမိကာ လှေကား နှစ်ထစ် ပြန်ဆင်းလိုက်မိသည်။ အို... ဒီလိုန့ပ
ဲ
ငါတစ်ပတ်ကြာခဲ့ပြီ။ ငါကြည်ပြာ့ကို နားလည်အောင် ရှင်းပြမယ်။ ကြည်ပြာ

typing - ကောင်းဆိုး Page 101


နီကိုရဲ မကြည်ပြာနှင့် ချစ်ခြင်း၏ဒုတိယနဂ္ဂတစ်များ
ဘာပဲပြောပြော ငါခွင်လွှတ်မယ်။ မုန်းတယ်ဆိုတာ တစ်ယောက်တည်းက
လုပ်လို့ရတဲ့ ခံစားမှုမှမဟုတ်ဘဲ။ ဟုတ်တယ် ကြည်ပြာ ငါ
လာတောင်းပန်တာကို စောင့်နေတာပဲနေမှာ။ အားတက်ကာ လှေကား
တစ်ထစ်၊ နှစ်ထစ်၊ သုံးထစ်။ အင်း... ဟိုကောင်တွေဆီ လိုက်သွားပြီး
ကြိုတိုင်ပင်ပြီးမှ သူတို့နဲ့အတူ ဝင်ရင်ပိုကောင်းမလား။ ငါတစ်ယောက်တည်း
ဆိုရင်.....၊ လှေကားနှစ်ထစ် ပြန်ဆင်းကာ သက်ပြင်းကို ချမိသည်။
လှေကားထစ်များကို ဆင်းလိုက်၊ ရပ်လိုက်၊ ပြန်တက်လိုက် လုပ်နေသော
ကျွန်တော်ကို နံဘေးမှ ကျောင်းသားများက နားမလည်သလို ကြည့်ကာ
သွားကြ၏။ ကျွန်တော့် အတွေးထဲမှ သွားတွေ့ရေး မတွေ့ရေးက
လွန်ဆွဲနေသဖြင့် ဘာကိုမှ ဂရုမစိုက်နိုင်၊ ထိုစဉ်....

“ကိုရဲဝင်း....၊ ဒီအပတ်လက်တွေ့က ဇီဇဝါတဲ့။ L.S တွေက....”

“ခင်... ပြုံး... သီ...”

ခင်ပြုံးသီက သူ့လည်ပင်းက ဖဲပြားကို ပြန်ချည်ရင်း လက်တွေ့


စာအုပ်ကို ထုတ်သည်။ ကျွန်တော့်ဒေါသက လက်တွေ့စာအုပ်ကို
ခပ်အေးအေးလှန်နေသော ခင်ပြုံးသီထံ ကျသွား၏။

“သောက်စာအုပ်ကို ပိတ်ထားစမ်း....၊ နင်... နင်လုပ်ခ့တ


ဲ့ဲ
ပြဿနာက ငါ့ကို ဘယ်လောက်ဒုက္ခပေးခဲ့တယ် မှတ်သလဲ။ ဟင်...
အခုကြည်ပြာက....”

“အို... ကိုရဲဝင်းကလည်း၊ ခင်ပြုံးအခုပဲ မကြည်ပြာဆီက


ပြန်လာတာ၊ ခင်ပြုံးအားလုံး ရှင်းပြပြီး တောင်းပန်ခ့ပ
ဲါပြီ...”

typing - ကောင်းဆိုး Page 102


နီကိုရဲ မကြည်ပြာနှင့် ချစ်ခြင်း၏ဒုတိယနဂ္ဂတစ်များ
“ဘာ... ကြည်ပြာ့ကို... ဟုတ်လား....၊ ကြည်ပြာက... ကြည်ပြာက
ဘာပြောလဲ”

“ရပါတယ်တဲ့....”

“မဟုတ်ဘူးလေးဟာ...၊ ငါ့ကိုရော...ကြည်ပြာက...”

“ရပါတယ်ဆိုနေ...”

ခင်ပြုံးသီက မကျေမနပ် ပြောရင်း လက်တွေ့စာအုပ်ကု ပိတ်ကာ


ကျွန်တော့်ကို မျက်စောင်းထိုးကာ ဆင်းသွား၏။ သောက်ရူးမ... ဝက်ရူးမ။
ကျွန်တော် ဒေါသဖြင့် လှေကားပေါ်မှာ ကျန်ခ့၏
ဲ ။ သူကအခုပဲ ကြည်ပြာ့ကို
တောင်းပန်ပြီး ပြန်လာတာတဲ့...။ ရပါတယ်... တဲ့ ကြည်ပြာက။ ကျွန်တော်
လှေကားသုံးထစ် တက်လိုက်သည်။ အင်း... သူက အခုပဲ ပြန်လာပြီး ငါက
တက်သွားတယ်ဆိုတော့ ငါတို့ကို အကွက်ဆင်လာတယ်လို့များ ထင်သွား
မလား...။ ထင်မှာသေချာတယ်။ နောက်နေ့မှပဲ တောင်းပန်တော့မယ်။
ဟုတ်တယ်။ ဒါ အကောင်းဆုံးပဲ။ အခု ဟိုကောင်တွေဆီ လိုက်သွားပြီး
သူတို့နဲ့ တိုင်ပင်ပြီးမှ စီစဉ်တာ ပိုကောင်းတယ်။ ကျွန်တော်
ယတိပြတ်ဆုံးဖြတ်ကာ လှေကားမှ အပြီးအပိုင် ဆင်းလိုက်၏။ ကျွန်တော်
ကဲင်တင်းထဲရောက်သွားတော့ သူငယ်ချင်းများက ပျော်ပျော်ရွှင်ရွှင်
ရယ်မောနေရာမှ ငြိမ်လိုက်ကြသည်။ ခပ်ကုပ်ကုပ် တုန့်ဆိုင်းဆိုင်း
ဖြစ်နေသော ကျွန်တော့်ကိုလည်း လေ့လာနေကြသည်။ ကျွန်တော်
ဝင်ထိုင်ပြီး ဆေးပေါ့လိပ်ကို မီးညှိသည်။

“ကြည်ပြာက ဘာပြောလိုက်လဲ...၊ နင် ကြည့်ရတာ မသက်မသာနဲ့


ရဲဝင်းရာ။ နင့်ကို ကောလွှတ်လိုက်ပြန်ပြီလား...”

typing - ကောင်းဆိုး Page 103


နီကိုရဲ မကြည်ပြာနှင့် ချစ်ခြင်း၏ဒုတိယနဂ္ဂတစ်များ
ယဉ်ယဉ်သိန်းက စိတ်ပျက်သံဖြင့် မေးသည်။ လွင်ဦးက သြော်...
မင်းနဲ့ ဒုက္ခပါပဲကွာ... ဟူသည့် အကြည့်မျိုးဖြင့် ကြည့်သည်။ လွင်မာနှင့်
မိုးမိုးကတော့ ခံရတာကောင်းတယ်ဆိုသည့် မျက်နှာပေးများနှင့် ရှိကြ၏။

“မဟုတ်ပါဘူး၊ ငါမှ မသွားမတွေ့သေးတာ...၊ ခုကိစ္စက ငါ


တစ်ယောက်တည်းသွားတွေ့လို့ ကောင်းမယ်မထင်ဘူးဟာ....၊ နင်တို့ပါ
ရောပြီး…”

“မဖြစ်ဘူးဟ၊ ကြည်ပြာက ငါတို့ကို ကြိုပြောပြီးသား၊ နင်တို့


ဘာမှဝင်မရှုပ်နဲ့တော့တဲ့။ ငါတို့လည်း နေမလားဟာ၊ အရင်လိုပဲ
ပြောပေးကြပါတယ်။ ဒါပေမယ့် အခုကြည်ပြာက ငါတို့ကိုပါ နည်းနည်း
သူစိမ်းဆန် သွားတယ်။ သိပ်စကားမပြောဘူးဟ၊ ငါတို့လည်း ကိုယ်ရေး
ကိုယ်တာဆိုတော့ ဝင်ပါလို့မကောင်ဘူးလေ....၊ ငါတို့ အသက်တွေက
ငယ်ကြတော့တာမှ မဟုတ်ဘဲ”

လွင်မာ့စကားကြောင့် ကျွန်တော် အသက်ရှုကြပ်ချင်လာ၏။


ထိုကိစ္စသည် အရင်အကြိမ်တွေကလို ဟီးဟီးဟားဟားဖြင့် ပြီးသွားမည့်
ပုံစံမပေါ်။ တိတ်ဆိတ်သွေ့ခြောက် တင်းကြပ်ကာနေ၏။ အရွယ်တွေ
ကလည်း ဘာကိုမှ မသိဘဲ ခွင့်လွှတ်လိုက်ကြသည့် ပထမနှစ်တုန်းကလို
မဟုတ်ကြတော့။ ကြည်ပြာ့ဘက်က ကျွန်တော် ခြောက်နှစ်ကျော်ကျော်
ချစ်ခဲ့သော ချစ်သူ၏ စိတ်ကို မပီဝိုးတဝါး အာရုံခံလျက်ရှိသည်။

“ဒါပေမယ့်ဟာ...၊ ဒီကိစ္စက ငါ့အပြစ်မှ မဟုတ်ဘဲ၊ ခင်ပြုံးသီက”

“နင် ဒီလိုတော့မပြောနဲ့လေ ရဲဝင်းရဲ့၊ ကြည်ပြာ့မှာ ဝေဒနာကိုလည်း


လှိမ့်နေအောင် ခံလိုက်ရသေးတယ်၊ သူ့အိမ်န့လ
ဲ ည်း ပြဿနာ

typing - ကောင်းဆိုး Page 104


နီကိုရဲ မကြည်ပြာနှင့် ချစ်ခြင်း၏ဒုတိယနဂ္ဂတစ်များ
တက်သေးတယ်၊ နင်က အဲဒီကိစ္စဖြစ်ပြီးတော့ လုံးဝဆက်မသွားဘူးဆို...၊
အမှန်ဆို ကြည်ပြာ့အခြေအနေကို သွားကြည့်ဖို့ကောင်းတာ၊ သွေးရိုးသားရိုး
ဆိုရင်ပေါ့ဟာ၊ ခု နင့်ကြောင့်ဖြစ်ပြီး နင်က လုံးဝမသွားတော လူမှုရေး
ပျက်ကွက်တာရော အိမ်က မသင်္ကာတာရောနဲ့ အိမ်က နင်နဲ့
ကြည်ပြာ့အကြောင်း သိသွားပြီ....”

“ဟာ... ဒုက္ခပဲ၊ ကြည်ပြာက ပြောပြလိုက်တာလား။ ငါ မသွားတာက


ဟိုလေ... ထပ်သွားရင် ကြည်ပြာ အဆူခံရမှာ၊ အပြစ်တင်ခံရမှာစိုးလို့၊
ပြီးတော့ ကြည်ပြာ့ကိုလည်းငါ... ငါ... မတွေ့ရဲဘူးကွာ”

“အေး... မင်းနဲ့ ကြည်ပြဟာ ထင်ရာလုပ်တဲ့ နေရာမှာတော့


အတူတူပဲ ရဲဝင်း...၊ ဒါကြောင့်မို့လည်း မင်းတို့ ဒီနေ့အထိ
အဆင်ပြေနေကြတာပေါ့၊ မင်းက ပြဿနာဖြစ်ပြီး မသွားတော့
ကြည်ပြာ့အိမ်က မင်းအကြောင်းကို တော်တော်ပြင်းပြင်းထန်ထန်
ပြောတယ်။ လူမှုရေးခေါင်းပါးတဲ့ကောင်၊ လူလို နားမလည်တ့ေ
ဲ ကာင်...
ဘာညာပေါ့ကွာ။ နေ့တိုင်းဆိုတော့ ကြည်ပြာလည်း စိတ်ညစ်ပြီး
မထူးတော့ဘူး၊ အဆူအပြော ရပ်ရင်ပြီးရောဆို အားလုံးဖွင့်ပြော လိုက်တာ၊
ဒါပဲ”

လွင်ဦးစကားကြောင့် နှလုံးသည် ထိတ်ခနဲ ခုန်ကာသွား၏။


ကြည်ပြာ့အိမ်က သိသွားပြီဆိုပါသလား။ ကျွန်တော့်ကို တစ်ချက်မှ မငဲ့ဘဲ
လှမ်းလျှောက်ထွက်သွားသော ကြည်ပြာ၏ အမှုအယာကို ဖျက်ခနဲ
အတွေးထဲ မြင်လိုက်သည်။ ကျွန်တော်၏ အပြစ်၊ ကိုးရိုးကားရာအဖြစ်နှင့်
အတူ ကြည်ပြာ့အိမ်က ကျွန်တော့်ကို သိရှိသွားပြီ၊ ကြည်ပြာ့အိမ်က
မည်ကဲ့သို့ ဆုံးဖြတ်မည်နည်း။ ကြည်ပြာ့ကို ဘာတွေပြောခဲ့သနည်း။

typing - ကောင်းဆိုး Page 105


နီကိုရဲ မကြည်ပြာနှင့် ချစ်ခြင်း၏ဒုတိယနဂ္ဂတစ်များ
ကြည်ပြာ့အိမ် ဆုံးဖြတ်ချက်သည် ကြည်ပြာ့မျက်နှာပေါ်မှာ ရှိနေသလား။
ကြည်ပြာက ဘာကြောင့် သူငယ်ချင်းများကို ဝင်မရှုပ်န့ေ
ဲ တာ့ဟု
ပြောရသနည်း။ ကျွန်တော် ခေါင်းငိုက်စိုက်ကျသွားခဲ့သည်။ ကျွန်တော့်
ကမ္ဘာသည် ခေတ္တတိတ်ဆိတ်သွားခဲ့၏။ ဝိညာဉ်တစ်ခုတည်းသာ ထို
တိတ်ဆိတ်မှုကြီးထဲတွင် လက်ခုပ်တစ်ဖောင်စာအမြင့်မှ လိပ်ပြာ
တစ်ကောင်လို ဟိုဝင်သည့်ကွေ့ ပျံသန်းလျက်ရှိသည်။

“ရဲဝင်း... ရဲဝင်း၊ ဟေ့ကောင်ရဲဝင်း”

“အန်... အဲ... ဒါ... ဒါဆို ငါဘာလုပ်ရမလဲ လွင်ဦး၊ ကြည်ပြာ


အိမ်ကို...”

“အဲဒါတွေခဏထားဦး၊ မင်း... ကြည်ပြာ့ဆီ သွားတွေ့လိုက်”

“ဟာ… မဟုတ်ဘူးလေကွာ၊ အေး... ဒါပေမယ့် ကြည်ပြာက ငါ့ကို


ဘာပြောမယ်လို့ မင်းတို့ထင်သလဲ၊ ပြီးတော့ ငါ ဘာတွေပြောသင့်သလဲ”

“အေး... အဲဒါတွေတော့ ငါတို့မသိဘူး၊ ဒါပေမယ့်...”

လွင်ဦးစကားကိုရပ်ကာ မိုးမိုးတို့ဘက် လှည့်ကာကြည့်၏။ မိုးမိုးက


လွင်ဦးနှင့် မျက်ဝန်းချင်းဆုံပြီးမှ မျက်နှာကို လွှလ
ဲိုက်၏။ လွင်မာက ခေါင်းကို
ညိတ်ကာ လက်ဖက်ရည်ခွက်ကို ကောက်ကိုင်ပြီးသောက်၏။ ယဉ်ယဉ်သိန်း
က လွင်ဦးကိုကြည့်ပြီး ကျွန်တော့်မျက်နှာကို ကြည့်ကာ သက်ပြင်းကို
ချသည်။ ကျွန်တော် သူတို့မျက်နှာတွေကိုကြည့်ကာ မျက်မှောက်ကုတ်မိ၏။

“လွင်ဦး... မင်းတို့ ငါ့ကို ပြောစရာတစ်ခုခုရှိနေတယ်။ ပြောကွာ


ဘာလဲ... ကြည်ပြာက ငါ့ကို ဘာပြောထားသလဲ...၊ ပြောစမ်းပါကွာ”

typing - ကောင်းဆိုး Page 106


နီကိုရဲ မကြည်ပြာနှင့် ချစ်ခြင်း၏ဒုတိယနဂ္ဂတစ်များ
လွင်ဦးက သက်ပြင်းကိုချသည်။ ပြီးတော့ ကျွန်တော့်ကို
စိုးရိမ်စိတ်နှင့် ကြည့်နေ၏။ လွင်ဦး၏ ထိုအကြည့်ကို ခံလိုက်ရတော့
ကျွန်တော် ရုတ်တရက် သတ္တိတွေ အပြည့်ဖြစ်လာ၏။ ဝေးနေခဲ့ရသည့်
ရက်အတွင်း ကြည်ပြာ့ကို ကျွန်တော် ဘယ်လောက်သတိရသည်။
လွမ်းသည်၊ စိုးရိမ်ခဲ့ရသည်၊ ချစ်ခဲ့ရသည်ဆိုတာကို ကျွန်တော်အသိပင်
ဖြစ်၏။ သို့သော်ကြည်ပြာကတော့ ထိုရက်များအတွင်း ကျွန်တော့်ကို
ရက်စက်ရန် တွေးနေခဲ့သည်။ ထိုအတွေးကို သူငယ်ချင်းများပင် သိနေပြီ။
မထူးတော့ပြီ...။ ကျွန်တော်သည် ရင်ဘတ်ကိုဖွင့်ကာ ဓားမြှောင်ဆီ
ပြေးဝင်လာသူလို ရုတ်တရက် သတ္တိအပြည့်ဖြင့် လွင်ဦးကို ရင်ဆိုင်လိုက်၏။

“အေး... ပြောမယ်၊ အကောင်းဆုံးကတော့ မင်းကြည်ပြာ့ကို


သွားတွေ့ဖိုပ
ဲ့၊ ဘာဖြစ်လို့ဆိုတော့ အခု ကြည်ပြာကို ဘဲတစ်ဗွေ
လာလာကြည့်နေတယ်”

“ဘာ... ကြည်ပြာ့ကို...”

“အေး... ဟုတ်တယ်ရဲဝင်း၊ ကော်ရစ်ဒါကနေ ကြည်ပြာ့ကို


လူတစ်ယောက်ကလာကြည့်နေတယ်။ တစ်ပတ်လောက်ရှိနေပြီ။
ကြည်ပြာလည်း အနေရကြပ်နေတာပေါ့။ မကောင်းဘူးပေါ့ဟာ နင်
ရှိနေလျက်နဲ့ဆိုတော့”

ကျွန်တော် လွင်ဦးနှင့် မိုးမိုးကို ကြောင်ငေးကာ ကြည့်နေမိသည်။


ကျွန်တော်ကြည်ပြာထံ မလာနိုင်သည့်ရက်တွေမှာ ကျောင်းသား
တစ်ယောက်က ကြည်ပြာ့ကို လာလာကြည့်နေတယ် ဆိုပါကလား။
ကျွန်တော် ဘာလုပ်ရမည်ဆိုတာကို ချက်ချင်း နားလည်လိုက်ပြီး ကျွန်တော်

typing - ကောင်းဆိုး Page 107


နီကိုရဲ မကြည်ပြာနှင့် ချစ်ခြင်း၏ဒုတိယနဂ္ဂတစ်များ
ပြေးမဝင်ရဲတော့ဘဲ တုန့်ခနဲ ရပ်လိုက်သော်လည်း ထိုဓားမြှောင်က
ကျွန်တော်ရင်ထဲ ထုတ်ချင်းခတ် ဝင်ရောက်သွား၏။

“ရဲကြီး၊ မင်း ရင်ဆိုင်စရာရှိတာကို ရင်ဆိုင်လိုက်၊ မင်းတို့အခုမှ


ချစ်ကြတဲ့ သူတွေမှမဟုတ်တာကွာ၊ မင်း ကြည်ပြာ့ဆီသွားပြီးပြီဆိုရင်
အခုပြဿနာတော့ တက်မှာပဲ။ အဲဒီလို တက်မှလည်း ကောင်းမှာကွ၊ ဒါမှ
ငါတို့က ဘေးက တစ်ခုခုပြောလို့ရမှာ။ ခုချိန်မှာ မင်းကြည်ပြာ့နားမှာ
ရှိနေတာ ကောင်းတာပေါ့။ ဒါဆို ဒီလူလည်း သဘောပေါက်သွားလိမ့်မယ်။
ဒီတော့ မင်ကြည်ပြာနဲ့ တွေ့ဖိုသာ...”

“ငါ အားလုံးသဘောပေါက်ပြီ လွင်ဦး၊ ဒီနေ့ ကျောင်းဆင်းရင်


ကြည်ပြာနဲ့ သွားတွေ့လိုက်မယ်၊ ငါ ရင်ဆိုင်မယ်ကွာ ...၊ စိတ်ချ”

သူငယ်ချင်းများ ဆူဆူညံညံဖြင့် ပြန်ထက


ွ်သွားကြ၏။ ကျွန်တော်
ကဲင်တင်းထဲမှာ ကျန်ခဲ့သည်။ အတန်းထဲသွားချင်စိတ် မရှိတော့။
ကဲင်တင်းထဲမှာ လက်ဖက်ရည်တစ်ခွက်ဖြင့် အားလုံးရှေ့သို့ ကျွံထွက်
သွားသူ တစ်ယောက်လို၊ ဒါမှမဟုတ် အားလုံးနောက်သို့ ကျွံကျန်ရစ်ခ့သ
ဲူ
တစ်ယောက်လို ရှိနေခဲ့သည်။ ငါကြည်ပြာ့ကို ဘယ်လို တောင်းပန်ရမလဲ။
ကဗျာရေးချင်စိတ် အရှင်လတ်လတ်ဖြင့် စကားလုံးများစွာကို ခုန်ခုန်
ဖမ်းသော်လည်း ဘယ်ဝေါဟာရကမှ ကဗျာ ရေးချင်စိတ်ကို
မကျေနပ်စေနိုင်သည့် ကဗျာဆရာတစ်ယောက်လို့ ဘာအကြံဉာဏ်တစ်ခုမှ
မရဘဲ ကျွန်တော် အလျင်လိုသောစိတ်၏ တဆစ်ဆစ်ကိုက်ခြဲ ခင်းဒဏ်ကို
ခံနေခဲ့ရသည်။ ကြည်ပြာရေ...ငါက စကားလုံးတွေနဲ့ ထိန်ညီးနေတဲ့
ရှို့မီးဆီတောက်လျှောက် လောင်ကျွမ်း လာခဲ့ပြီး အမှောင်နဲ့ ငြိမ်အုပ်နေတဲ့
သစ်ပင်တွေကြားထဲက ချောင်းမြောင်း နေတဲ့ လရောင်ကို အမိဖမ်း၊

typing - ကောင်းဆိုး Page 108


နီကိုရဲ မကြည်ပြာနှင့် ချစ်ခြင်း၏ဒုတိယနဂ္ဂတစ်များ
လမင်းကိုနောင်ထပ် နာမည်တစ်သန်း ပေးချင်သူ၊ တိတ်ဆိတ်ခြင်းထဲမှာ
ငါ့ကိုယ်ငါအမိဖမ်းပြီး ဖောင်တိန်နစ်ဦးမှာ စကားလုံးတွေ ဖူးပွင့်စေချင်သူ၊
အမေ့ဝမ်းထဲမှာ ကတည်းက ရခဲ့တဲ့ နို့ရည်တစ်စက်ထက် ပိုခဲ့တဲ့ အိပ်မက်ကို
တပ်မက်ချင်သူ၊ ချစ်သူချင်း မျက်ဝန်းတစ်ကြိမ် ဆုံရုံနဲ့ ရင်ထမ
ှဲာ ဘာတွေ
ခိုလှုံနေတယ်ဆိုတာ မင်းသိစေချင်သူ၊ အဲဒီ ဆုထောင်းလေးတွေနဲ့
ပြည့်ရုံသာ စိတ်ဝင်စားခဲ့တဲ့ ဟောဒီလောကမှာ လူဖြစ်ခွင့် အမှိန်ဖျော့ဆုံး
ဖြစ်တဲ့ငါ... မင်းအလာကို စောင့်နေခဲ့တယ်။ မသေချာမှုတစ်ခုနဲ့ စိုးရိမ်
ထိတ်လန့်မှုတစ်ခုနဲ့ ကံတရားတစ်ခုနဲ့ ချစ်ရပါသော မကြည်ပြာ....။

စာကြည့်တိုက်ဘေးက တမာပင်အောက်မှာ ကျွန်တော်


ရပ်နေသည်။ ကျောင်းသူ ကျောင်းသားများက အပူအပင်မရှိစွာ ဟိုဟိုဒီဒီ
ရှိနေသည်။ ကြည်ပြာ့ရင်ထဲမှာ ဖုံးကွယ်ထားသော လျှိုဝှက်သည့်
ခံစားမှုတစ်ခု သို့မဟုတ် သိပ်သည်းသော၊ ဘာဟု အတိအကျမပြောနိုင်ဘဲ
အချိန်မရွေးကြိုက်ရာပုံဏ္ဍန်သို့ ပြောင်းလဲသွားနိုင်သော တန်ဖိုးဣဒ္ဓိပါဒ်
အပြည့်ရှိသည့် ခံစားမှုတစ်ခုကို ဖွင့်ယူသိရှိနိုင်ရန်အတွက် သော့ချောင်းနှင့်
တူသော စကားလုံးများစွာကို ကျွန်တော် စဉ်းစားနေသည်။ အသိဉာဏ်
တစ်ခုလုံးထဲမှာ မကြိုက်သဖြင့် လွှင့်ပစ်ထားသော စကားလုံး များစွာတို့ဖြင့်
ရှုပ်ထွေးလျက်ရှိ၏။ ကျွန်တော် စကားလုံးတစ်လုံးကို မကြိုက်သဖြင့်
အတွေးထဲလွှင့်ပစ်လိုက်တိုင်း ပတ်ဝန်းကျင်ကို ရှက်ရှက်နှင့် ကြည့်တက်၏။
နံဘေးမှ ဆေးလိပ်နှင့် ရေခဲရေရောင်းသောဆိုင်က ကလေးတစ်ယောက်က
ငိုလျက်ရှိသည်။ ပြောင်းဖူးစာချင်သည်ဟု ဆိုသည်။ မအေဖြစ်သူက တစ်ဖူး
ငါးကျပ်ဟဲ့ဆိုကာ ထိုငါးကျပ်ကို ကာကွယ်သည့် အနေဖြင့်
ကလေးကိုရိုက်သည်။

typing - ကောင်းဆိုး Page 109


နီကိုရဲ မကြည်ပြာနှင့် ချစ်ခြင်း၏ဒုတိယနဂ္ဂတစ်များ
ရှောက်သီးပြားရောင်သည့် ကောင်မလေးက ဇလုံထမ
ှဲာ
ရှောက်သီးရည်များကို ဇွန်းဖြင့် ပြန်ဆမ်းရင်း ကျောင်းသားများငေးနေ၏။
အားလုံးကို ကြည့်ကာ ကျွန်တော့်လောက် ပင်ပန်းဆင်းရဲနေသူတစ်ဦးမှ
မရှိဟုပင် ထင်မိသည်။ ကြည်ပြာ့ကို ကျောင်းသားတစ်ယောက်
လာကြည့်နေသည် ဟူသည့်အတွေးသည် ကျွန်တော့်ရင်ကို လောင်မြိုက်
လျက်ရှိသည်။ ကြည်ပြာကရော ထိုအကြည့်ကို လက်ခံတုန့်ပြန်နေပြီလား...၊
သူငယ်ချင်းတွေက ကျွန်တော့်ကို ဘာကြောင့် ကြည်ပြာ့အနားမှာနေဖို့
တိုက်တွန်းရတာလဲ။ ဟား... ငါက အရပ်ကပုပု၊ လူက အူကြောင်ကြောင်၊
ရုပ်ရည်က နတ္တိ၊ အဆင်မပြေခဲ့တာတွေက အများသား၊ ငါ့မှာ လှလှပပ
ဖူးပွင့်စရာဆိုလို့ ကဗျာပဲရှိတယ် ကြည်ပြာ...။ အဲဒီ ကဗျာကြတော့လည်း
နင်က အထင်မကြီး။ ပထမဆုံး သူငယ်ချင်းတွေ ရေးထုတ်ခြဲ့ ကသည့်
ကဗျာစာအုပ်ကလေးကို ပေးစဉ်က “ယူချင်ပါဘူး၊ နင် အဲဒါပဲလုပ်နေ...
သိလား” ဆိုသည့် ကြည့်ပြာ၏ အမူအယာနှင့် စကားသံကို
ပြန်ကြားယောင်နေမိပြန်၏။ ကြည်ပြာ့ကို လာကြည့်သောသူကို မမြင်ဖူး
သော်လည်း ငါ့ထက်တော့ သာမှာပဲဟု အကြိမ်ကြိမ်တွေးနေမိသည်။
ကြည်ပြာ နေ့တိုင်း ဒီလမ်းကပင် ပြန်လေ့ရှိသည့်တိုင် ပုဂံလမ်းဘက်ကများ
လှည့်ပြန်သွားမလာဟုလည်း တွေးမိ၏။ နောက်... ကြည်ပြာ့ကို ချော့ဖို့
စကားလုံးများထံ စိတ်ရောက်သွားပြန်သည်။ ပြေလည်သွားပြီ၊ ကျွန်တော်က

“နင့်ကို လူတစ်ယောက်က ကြည့်နေတယ်ဆို။”

“အေးဟ... အလကားပါဟာ၊ ဘာမှမဟုတ်ဘူး၊ အလကား”

typing - ကောင်းဆိုး Page 110


နီကိုရဲ မကြည်ပြာနှင့် ချစ်ခြင်း၏ဒုတိယနဂ္ဂတစ်များ
“ဘာ အလကားလဲ....၊ အဲဒီ အကြည့်ကို နင်လက်ခံလိုက်တာ
မဟုတ်လား...၊ ဘာပဲဖြစ်ဖြစ် နင့်မှာ ရည်းစားတစ်ယောက်၊ ချစ်သူ
တစ်ယောက် ရှိနေတယ်ဆိုတာ နင်သိထားဖို့ကောင်းတယ် ကြည်ပြာ...”

“လဲသေလိုက်....၊ သူ့ဘာသာ သူလာကြည့်တာ ငါက


ဘာလုပ်ရမှာလဲ။ နေပါဦး...၊ နင်က ဘာဖြစ်နေတာလဲ ရဲဝင်း”

“ငါ နင့်ကိုစိတ်မချလို့၊ ငါ နင့်ကိုသိပ်ချစ်တယ် ကြည်ပြာ...”

“အေး... လဲသေလိုက်”

သို့သော် ကျွန်တော်က ကြည်ပြာ့လက်များကို ဆုပ်ကိုင်ထား


လိုက်၏။ ကြည်ပြာက မော့ကြည့်ကာ ဒေါသထွက်နေသော ကျွန်တော့်
မျက်နှာကိုမြင်တော့ ကြည်းနူးစွာပြုံးရင်း “ပိုရန်ကော” ဆိုသည့် သဘောဖြင့်
မျက်စောင်းထိုးပြီး နှုတ်ခမ်းကိုရှုံ့ပြကာ ကျွန်တော့်လက်များကို ပြန်လည်
ဖျစ်ညှစ်လိုက်သည်။

“အစ်ကို... အစ်ကို၊ အစ်ကို့လွယ်အိတ်က ရှောက်သီးဗန်းထဲ


ရောက်နေတယ်... အစ်ကို... အစ်ကို”

“ဟေ... သြော်... အေး... ဆောရီး ညီမ၊ ဆောရီး နော်...”

ကျွန်တော် ရှောက်သီးကွင်းများဖြင့် ထိနေသော လွယ်အိတ်ကို


ကမန်းကတန်းမ, ရသည်။ ကောင်မလေးက မှုန်ကုပ်ကုပ်ဖြင့် ကျွန်တော့်ကို
ကြည့်သည်။ ကောင်မလေးက ဆယ့်လေးနှစ်လောက်သာ ရှိဦးမည်ထင်၏။
ရှောက်ကွင်းများပေါ်သို့ အရည်များ ဆမ်းပြန်၏။ ကျွန်တော်
ကောင်မလေးကို ကြည့်ကာ ချက်ချင်းသနာသွားသည်။

typing - ကောင်းဆိုး Page 111


နီကိုရဲ မကြည်ပြာနှင့် ချစ်ခြင်း၏ဒုတိယနဂ္ဂတစ်များ
“ရှောက်ကွင်းတွေက ဘယ်လိုရောင်းသလဲ ညီမ၊ ရောင်းရော
ကောင်းရဲ့လား”

“နှစ်ကွင်းငါးကျပ် အစ်ကို...၊ သိပ်ရောင်းမကောင်းဘူး၊ မနက်က


ဈေးမသွားနိုင်လို့ ညနေမှ ဈေးသွားဝယ်ပြီး ထွက်တာ၊ ကျွန်မက
နေမကောင်းချင်လို့ အစ်ကိုရဲ့၊ အစ်ကိုယူရင် သုံးကွင်းနဲ့ယူလေ အစ်ကို”

ကောင်မလေးက သွက်လက်စွာ ပြန်ဖြေရင်း ကျွတ်ကျွတ်အိတ်ထဲ


ရှောက်ကွင်းများကို ထည့်သည်။ ဆားကို အပေါ်မှာ ပုံပေး၏။
ဝဲကျလာသော ဆံပင်မကလေးကို သပ်ကာထင်သည်။ ကျွန်တော်
သနားကာ ပိုက်ဆံငါးကျပ်ထုတ်ပေးတုန်း ကြည်ပြာက ကျွန်တော့်နံဘေးမှ
ဖြတ်သွားသည်။ ဟိုက်... ကြည်ပြာ... ကျွန်တော် ကမန်းကတန်း
ရှောက်သီးထုတ်ကိုယူကာ ကြည်ပြာ့နောက် လိုက်ရ၏။ ကြည်ပြာနှင့်
ကျွန်တော့်အကြားမှာ ခြေလှမ်းဆယ်လှမ်းစာလောက် ကွာနေသည်။
ကျွန်တော် ရုတ်တရက် ကြည်ပြာ့နားကို မကပ်ရဲ။ ကြည်ပြာ့အမူအရာ
လှုပ်ရှားပုံက ကျွန်တော့်ကို လုံးဝဂရုမစိုက်။ ကျွန်တော်ကို ကြည်ပြာမြင်မှာ
သေချာပါသည်။ သို့သော် ဂရုမစိုက်။ ကြည်ပြာလွယ်ထားသော လွယ်အိတ်
အမြီးဖွာကလေး လှုပ်ပုံကပင် ကျွန်တော့်ကို ဂရုမစိုက်သည့်ပုံဟု ကျွန်တော်
ခံစားရသည်။ ကြည်ပြာက လုံးဝလှည့်မကြည့်။ ကျွန်တော် ရင်တထိတ်ထိတ်
ခုန်ကာနေ၏။

ကြည်ပြာက လုံးဝကို မကြည့်။ ရှောက်သီးကွင်းအိတ်ကို ကိုင်ကာ


ကျွန်တော် ကြည်ပြာ့နောက်က လိုက်လာရင်း ကြည်ပြာ့ သူစိမ်းဆန်မှုက
ကျွန်တော့်ကို ခြေလှမ်းငါးလှမ်းစာ ဆုံးဖြတ်လိုက်သည့်အခါ ကြည်ပြာ့နံဘေး
ဝင်ရပ်ကာ လျှောက်တော့မည် ဆုံးဖြတ်လိုက်သည့်အခါ ကြည်ပြာက

typing - ကောင်းဆိုး Page 112


နီကိုရဲ မကြည်ပြာနှင့် ချစ်ခြင်း၏ဒုတိယနဂ္ဂတစ်များ
သူရှေ့မှ လျှောက်နေသော ကောင်မလေးတစ်ယောက်၏ နာမည်ကို
ခေါ်ကာ ပြေးကပ်သွား၏။ ကျွန်တော် ခေါင်းငိုက်စိုက်ကျသွားသည်။
အားတင်းထားသော ခြေလှမ်းများလည်း လျော့ကျသွား၏။ ကြည်ပြာ ငါ့ကို
စကားမပြောချင်တာ သေချာပြီ။ ငါ မကျူးလွန်ခ့တ
ဲ့ဲ အမှားတစ်ခုအတွက်
နင် ငါ့ကို ဆုံဖြတ်ချက်ချလိုက်ပြီလား....၊ နင် ငါ့ကို မုန်းလိုက်ပြီလား
ကြည်ပြာ ...။ ခေါင်းငိုက်စိုက်ချထားသဖြင့် ကျွန်တော့် ဘယ်ဘက်လက်က
ဆွဲလာသော ရှောက်သီးကွင်းပြား အိတ်ကို မြင်နေရသည်။ ကျွန်တော်
ဖြုန်းကနဲ ဒေါသထွက်သွား၏။ ငါ ဘာကြောင့် ဒီရှောက်သီးကွင်းပြားတွေကို
ဝယ်လာရတာလဲ၊ ဒီဟာကိုသာ မဝယ်ရင် ကြည်ပြာ့ကို ငါ မျက်လုံးချင်း
ဆုံခွင့်ရမှာ။ အဲဒီ မျက်ဝန်းထဲမှာ ဘာရှိတယ်ဆိုတာကို ငါရိပ်မိရမှာ။
အခုတော့...။

ဟုတ်တယ်...ကြည်ပြာက သူ့ကို စောင့်နေတယ်မထင်ဘဲ


ရှောက်ကွင်း ဝယ်ရင်းတွေ့လို့ ငါထလိုက်တာပဲနေမှာလို့ ထင်မှာပဲ.
ကျွန်တော် အားမလို အားမရစိတ်ဖြင့် မော့ကြည့်တော့ ရှေ့မှာလျှောက်
နေသော ကြည်ပြာက မရှိတော့။ ဟိုက်... ကြည်ပြာ ဘယ်ရောက်သွားပြီ
လဲ...”

ကျွန်တော် ဟိုဟိုဒီဒီ ကြည့်တော့ မတွေ့။ R.C နားသို့


ကျွန်တော်ရောက်နေသည်ကို သတိထားမိ၏။ ကြည်ပြာက ဘယ်ရောက်
သွားတာလဲ၊ ခုနက ငါလိုက်လာတာ ကြည်ပြာရော ဟုတ်ရဲ့လား...။ ဟာ...
အိမ်သာ...။ ဟုတ်ပြီ။ ကြည်ပြာ အိမ်သာထဲ ဝင်သွားတာပဲနေမှာ...။
ကျွန်တော် စိတ်ဓါတ်ကျသွားစဉ်တွင် ကြည်ပြာနှင့် အလှမ်းကွာသွားပြီ
ကြည်ပြာ အိမ်သာထဲ ဝင်သွားခြင်းသာဖြစ်သည်။ ကျွန်တော် အိမ်သာရှေ့

typing - ကောင်းဆိုး Page 113


နီကိုရဲ မကြည်ပြာနှင့် ချစ်ခြင်း၏ဒုတိယနဂ္ဂတစ်များ
မလှမ်းမကမ်းမှာ ရပ်နေ၏။ ဝင်သွားတာရော ဟုတ်ရဲ့လား ဟူ့သည့်
မရေရာသော အတွေးဖြင့် အိမ်သာတံခါးဝကိုကြည့်နေစဉ် ကောင်မလေး
နှစ်ယောက်ထွက်လာ၏။ ထိုကောင်မလေးများက အိမ်သာထဲမှ
ထွက်လာပြီး တံခါးကို ပြူးပြဲကြည့်နေသော ကျွန်တော့်ကို မျက်စောင်း
ထိုးသွားကြ၏။ ကျွန်တော် ချက်ချင်း မျက်နှာလွှဲရသည်။

သို့သော် အသိစိတ်က မရ။ ထပ်ကြည့်မိပြန်သည်။ ဟော...


ကောင်မလေးသုံးယောက် ဝင်သွားပြန်၏။ ကျွန်တော် ခပ်လှမ်းလှမ်းက
ရေအိုးစင်မှာ ရေတစ်ခွက်သွားသောက်သည်။ ရှောက်ကွင်းထုပ်ကို
လွှင့်ပစ်ရန် ကြံသေးသည်။ သို့သော် ဘာကြောင့်မှန်းမသိ၊ နှမြောကာနေ၏။
တန်ဖိုးမရှိသော်လည်း အကြောင်းပြချက် တစ်ခုခုမရှိဘန
ှဲင့် အစားအစာ
တစ်ခုကိုလွှင့်ပစ်ရမှာ နှမြောနေမိသည်။ ဆေးပေါ့လိပ်ကို ထုတ်ကာ
မီးညှိသည်။ ဟား... ကြည်ပြာရယ်...။

ကြည်ပြာ့နောက်မှ ဝင်သွားသူ ကောင်မလေးသုံးယောက်


ပြန်ထွက်လာ၏။ ရယ်ကာ မောကာ သောက်ရေလာသောက်ကြသည်။
ပြီးတော့ ကျွန်တော့်ကို ကြည့်သည်။ နောက်... ကျွန်တော့်လက်ထက

ရှောက်သီးကွင်းပြားထုပ်ကို ကြည့်သည်။

“ဘယ်က ဝယ်လာတာလဲဟင်...၊ ရှောက်သီးမဟုတ်လား..”

“စာကြည့်တိုက်ရှေ့ကဗျ၊ ဟို... လေ... ကျွန်တော်က...”

“ဟယ်... မိနွယ်၊ စာကြည့်တိုက်ရှေ့ကတဲ့၊ စားမလား...


သွားဝယ်ရအောင်”

typing - ကောင်းဆိုး Page 114


နီကိုရဲ မကြည်ပြာနှင့် ချစ်ခြင်း၏ဒုတိယနဂ္ဂတစ်များ
“ဟာ… ဒီလိုဆိုရင် ယူလိုက်ပါလား၊ ကျွန်တော်က အလကား
ဝယ်လာတာ...”

“အလကားယူလာတာ... ဟုတ်လား”

“မဟုတ်ပါဘူး၊ ကျွန်တော် စားချင်လို့ ဝယ်လာတာ မဟုတ်ဘူး၊


ပြောတာ...၊ ရောင်းတဲ့ ကောင်မလေးကို သနားတာနဲ့ အဲဒါ... ဝယ်လာတာ၊
ယူလိုက်ပေါ့”

ကျွန်တော် ရှောက်ကွင်းထုပ်ကို ပေးရင်း အိမ်သာတံခါးဝသို့


လှမ်းကြည့်ရသေး၏။ တော်ကြာ ကြည်ပြာ ထွက်သွားမှဖြင့်...။ ကျွန်တော်
လှမ်းပေးနေသော ရှောက်သီးကွင်းထုပ်ကို ကောင်မလေးများကလည်း
မယူကြသေး၊ အချင်းချင်းကြည့်ကာ ဆုံးဖြတ်ရ ကြပ်နေဟန်တူ၏။
ကျွန်တော်နှင့် မသိဘဲ ယူရတာ ခက်နေပုံပေါ်သည်။

“ယူပါဗျ၊ တကယ်ပါ... ရော့....”

“ဟာ... အလကားတော့ မယူပါဘူး၊ မယူချင်းဘူး၊ နွယ်တို့ကို


ပြန်ရောင်း...၊ ဟုတ်ပြီလား”

“သြော်... ယူပါဗျာ၊ ကဲလေ... ဝယ်မယ်ဆိုလည်း ကောင်းတာပါပဲ၊


ကောင်းတယ်ရော့...”

“ဘယ်လောက်လဲ...၊ ဘယ်လောက်ပေးရမှာလဲ”

“ငါးကျပ်ပါ၊ သုံးကွင်းငါးကျပ်နဲ့ ပေးလိုက်တာ”

“ဈေးရင်းတိုင်းပဲ လုပ်နော်၊ တစ်ခွန်းဆိုင်တွေ၊ စတိုးဆိုင်တွေလို


ဈေးမတင်နဲ့”

typing - ကောင်းဆိုး Page 115


နီကိုရဲ မကြည်ပြာနှင့် ချစ်ခြင်း၏ဒုတိယနဂ္ဂတစ်များ
ကောင်မလေးများက ရယ်မောကာ ကျွန်တော့်ကို စရင်း
လွယ်အိတ်ထဲမှ ပိုက်ဆံအိတ်ကိုထုတ်၏။ အထုပ်ကို လှမ်းမယူကြသေး၊
ကျွန်တော်အကြံရသွားသည်။

“ဈေးရင်းအတိုင်ပါပဲဗျာ၊ ဒါနဲ့ အိမ်သာထဲကို ခင်ဗျားတို့ဝင်နေတုန်းက


ကောင်မလေးနှစ်ယောက် တွေ့ခဲ့သလား။ တစ်ယောက်က ပိန်ပိန်
သွယ်သွယ်၊ ဆံပင် ဒီလောက်နဲ့ အင်္ကျီက ခရမ်းရောင်”

“အိမ်သာထဲမှာ...”

“ဟုတ်ပါတယ်၊ အဲ... မဟုတ်ပါဘူး၊ အဲဒါ ကျွန်တော့်ရည်းစားပါ၊


စိတ်ကောက်ပြီး ဟို... အိမ်သာထဲဝင်သွားတာ ပြန်ထွက်မလာသေးလို့”

“ဟင့်အင်း... နွယ်သတိမထားမိဘူး”

“ဟဲ့... တွေ့ခဲ့တယ်လေ၊ ရှိတယ် ရှိတယ်၊ အိမ်သာထဲမှာ


နှစ်ယောက်ရှိတယ်၊ တစ်ယောက်က ခရမ်းရောင်...”

ကောင်မလေးများက ရယ်မောကာ ပြောရင်း ရှောက်ကွင်းပြား


ထုပ်ကိုယူကာ ပိုက်ဆံငါးကျပ်ပေး၏။ ပြေလည်သွားပြီ၊ ပြီးတော့
ကျေးဇူးပဲဟု ရယ်မောကာပြောရင်း ဇောကပ်ပြီး အိမ်သာထဲလည်း
ဝင်မသွားနဲ့ဦးနော်ဟု ပြောသည်။ ထိုအချိန်တွင် အိမ်သာတံခါးရှေ့သို့
လှမ်းကြည့်လိုက်သောအခါတွင် ဖျက်ခနဲ ပြန်ဝင်သွားသော ကြည်ပြာ့ကို
တွေ့လိုက်ရလေသည်။

“ဟာ... ကြည်ပြာ... သွား... သွား... တော့မယ်နော်...”

ကျွန်တော် အိမ်သာတံခါးရှေ့ရောက်တော့ ကြည်ပြာနှင့်အတူ


လမ်းလျှောက်သွားသူ သူငယ်ချင်းက ကျွန်တော့်ကို ပြူးကြောင်ကြောင်ဖြင့်

typing - ကောင်းဆိုး Page 116


နီကိုရဲ မကြည်ပြာနှင့် ချစ်ခြင်း၏ဒုတိယနဂ္ဂတစ်များ
ကြည့်သည်။ ပြီးတော့ ဖျက်ခနဲ ဝင်သွား၏။ ကျွန်တော် ဘာမှမမေးလိုက်ရ။
ကျွန်တော် အိမ်သာတံခါးရှေ့မှာ ဘာလုပ်ရမှန်းမသိ ဖြစ်နေသည်။ ဧကန္တ
ကြည်ပြာက ဟိုကောင်မလေးတွေနဲ့ ငါစကားပြောနေတာကို တွေ့သွားပြီ
ထင်တယ်၊ တောက်... တော်တော်ဒုက္ခပေးတဲ့ ရှောက်ကွင်းပါလား...။

“ကြည်ပြာ... ကြည်ပြာ...”

ကျွန်တော် အရဲစွန့်ကာ ခေါ်လိုက်သည်။ သို့သော် အိမ်သာထဲမှ


ဘာသံမှ ပြန်ထွက်မလာ။

“ကြည်ပြာ... ကြည်ပြာ... ငါလေ... ဟို...”

ဘာဆက်ပြောရမှန်မသိ၍ ရပ်ရပြန်သည်။ အံ့ကြိတ်ခေါင်းကုတ်ကာ


ဘာလုပ်ရမှန်းမသိ။ ခပ်လှမ်းလှမ်းမှ လျှောက်သွားသော ကောင်မလေး
များက မိန်းကလေး အိမ်သာတံခါးရှေ့တည့်တည့်မှာ ရပ်နေသော
ကျွန်တော့်ကို မျက်လုံးပြူးသားဖြင့် ကြည့်သွားကြ၏။ မတက်နိုင်၊
နာမည်ကိုတော့ အဆက်မပြတ် အော်ပေးမှ သင့်မည်ထင်၏။

“ကြည်ပြာ...၊ ကြည်ပြာရေ... ကြည်ပြာ...”

“ဘာလဲ...၊ နင့်အသံကို ငါမကြားချင်ဘူး ရဲဝင်း၊ နင် အခုထက


ွ်သွား”

“မဟုတ်ဘူး ကြည်ပြာ၊ ငါ... ငါ... နင့်ကို ပြောပြမလို့ စောင့်နေ”

“နင်အခု ထွက်သွားနော် ရဲဝင်း...၊ ဒါပဲ အခု အိမ်သာရှေ့ကဖယ်”

မိန်းကလေးအိမ်သာတံခါးရှေ့မှ အသည်းအသန် မျက်နှာကြီးနှင့်


အထဲကို လှမ်းအော်နေရင်း ကျွန်တော် ပတ်ဝန်းကျင်ကို ခဏမေ့ကာ
သွားခဲ့သည်။

typing - ကောင်းဆိုး Page 117


နီကိုရဲ မကြည်ပြာနှင့် ချစ်ခြင်း၏ဒုတိယနဂ္ဂတစ်များ
“ကြည်ပြာ... နင်... နင် ဒေါသမကြီးပါနဲ့ဟာ...၊ ဖြစ်ခ့တ
ဲ့ဲ ပြဿနာ
အားလုံးကို ငါ...”

“ရဲဝင်း... နင် အခုထွက်သွားနော်”

အထဲမှ ကြည်ပြာ၏ အိမ်သာလိုဏ်သံပါသော ကြောက်မက်ဖယ


ွ်ရာ
အသံကြီးကို ကြားရ၏။ ကျွန်တော် ရင်ထဲနင့်သွားကာ နာကျင်သွားသည်။
အိမ်သာတံခါးရှေ့သို့ အရိပ်အယောင်ပင် ကြည်ပြာက ထွက်မလာ။
အတွင်းကသာ ကြုံးအော်နေ၏။

“မောင်လေး... ဒါ... မိန်းကလေးအိမ်သာ၊ ဘာတွေအော်နေတာလဲ”

အိမ်သာသန့်ရှင်းရေးလုပ်သူ အဒေါ်ကြီး တစ်ယောက်က


တံမြက်စည်းတစ်ချောင်း ရေပုံးတစ်လုံးကိုင်ကာ ကျွန်တော့်နံဘေးတွင်
လာရပ်ရင် အိမ်သာထဲ လှမ်းကြည့်ကာပြောသည်။

“မဟုတ်ဘူးအစ်မ၊ ကျွန်တော့်ရည်းစားက အိမ်သာထဲမှာ... အဲဒါ”

“အပြင်ရောက်မှ ပြောကြလေကွယ်၊ နောက်မှာ အိမ်သာတက်မယ့်


ကျောင်းသူတွေက စောင့်နေရတယ်”

“ဗျာ...”

နောက်သို့ လှည့်ကြည့်လိုက်သော အခါ မိန်းကလေး


ဆယ်ယောက်ကို တွေ့လိုက်ရသည်။ ကျွန်တော့်မျက်နှာ ဖျင်းကနဲ ပူသွားကာ
လိပ်ပြာလွင့်ထွက်သွားသလို ခံစားရ၏။ တချို့က ပြုံးနေကြသည်။ တချို့က
ပြူးကြောင်ကြောင်ဖြင့်ကြည့်၏။ တချို့က ဒေါသနှင့်...။ ကျွန်တော်
ဘာမှပြောမနေတော့ဘဲ ကမန်းကတန်း ပြန်လှည့်ထက
ွ်လာခဲ့သည်။
ဝမ်းနည်းခြင်း၊ ရှက်ခြင်း၊ ဒေါသထွက်ခြင်း၊ ကြေကြွဲ ခင်း...။ တောက်...

typing - ကောင်းဆိုး Page 118


နီကိုရဲ မကြည်ပြာနှင့် ချစ်ခြင်း၏ဒုတိယနဂ္ဂတစ်များ
ဒီရှောက်ကွင်းပြားကို ဝယ်မိတာကိုက အကုသိုလ်စစ်စစ်ပဲ။ ကျွန်တော်
ရှက်စိတ်သည် အဓိပတိလမ်းတစ်လျှောက် ကျွန်တော့်ကို ဒရောသောပါး
မောင်းနှင်ကာ ကျောင်းရှေ့မှတ်တိုင်သို့ ရောက်သွားခဲ့လေသည်။
မှတ်တိုင်မှာ ခေါင်းငိုက်စိုက်ချကာ ကျွန်တော်ရပ်နေခဲ့သည်။ ပြန်တွေး
လိုက်တိုင်း ကျွန်တော့်နောက်မှာ ရပ်ကြည့်နေကြသည် ကောင်မလေးတွေ
အကြည့်က အာရုံထဲမှ ကျွန်တော့်မျက်နှာကို ဖြန်းခနဲ ရိုက်ပုတ်နေသည်။
လွယ်အိတ်ကြိုးကို ပင့်တင်၊ ဆံပင်ကို သပ်တင်၊ ဆေးပေါ့လိပ်ကိုဖွာ ၊
အသိဉာဏ်ထဲမှာ ဝိညာဉ်ကို ပြန်ရှက်ရသူတို့ ထုံးစံအတိုင်း ကျွန်တော်
ကနာမငြိမ်ဖြစ်နေခဲ့သည်။ ကြည်ပြာကတော့ မာလာမှတ်တိုင်ကပင်
စီးလိမ့်မည်ထင်၏။ နေ့တိုင်းလည်း ကြည်ပြာက မာလာမှတ်တိုင်မှပင် စီးကာ
ပြန်လေ့ရှိသည်။ ကျွန်တော့်ရင်ခုန်သံသည် သွေးဆူကာ ခုန်နေသော်လည်း
ကြည်ပြာ ကျွန်တော့်အဖြစ်သည် တစ်စတစ်စဖြင့် ခက်ခက
ဲာ ဒဏ်ရာ
အနာတရ ဖြစ်လာနေပြီဆိုတာကို ကျွန်တော်သိသည်။ ကြည်ပြာသည်
ကျွန်တော့်ကို လုံးဝအတွေ့မခံတော့။ ငါ ဘာလုပ်ရလဲ...။ ဘာမှ
မတွေးတက်တော့သဖြင့် ခေါင်းကို မော့ကြည်လိုက်သည့်အခါ...

“ဟာ... ကြည်ပြာ...”

ကြည်ပြာက ကားလမ်းမကို ကူးကာလာနေပြီး ကားလမ်းအလယ်


ရောက်၍ ဒီဘက်မှ ကားများလာနေသောကြောင့်ခေတ္တရပ်လိုက်တော့မှ
ကျွန်တော့်ကို လှမ်းတွေ့သည်။ ကျွန်တော် သူ့ကို မာလာမှ
သွားစောင့်နေမှာပဲဟု တွက်ကာ ကျောင်းရှေ့မှတ်တိုင်သို့ ရောက်လာပုံရ၏။
ထိုစဉ်ကြည်ပြာနှင့် ကျွန်တော့်အကြားသို့ လေးဆယ့်ငါးကားတစ်စီးက
ထိုးရပ်ကာ ကျွန်တော်တို့ မြင်းကွင်းကို ကာလိုက်သည်။ ကျွန်တော်က

typing - ကောင်းဆိုး Page 119


နီကိုရဲ မကြည်ပြာနှင့် ချစ်ခြင်း၏ဒုတိယနဂ္ဂတစ်များ
ကြည်ပြာ ပြန်လှည့်ထွက်သွားမလား ဟူသည့် အတွေးဖြင့် လေးဆယ့်ငါး
ကားလေးကို နောက်ပိုင်းမှ ကွေ့ကာ ကားလမ်းမအလယ်မှ ကြည်ပြာ့ကို
ကြည့်လိုက်တာ ကြည်ပြာမရှိတော့။ ဟာ... ဘယ်ရောက် သွားပြီလဲ။
ကျွန်တော် ဟိုဟို ဒီဒီ ရှာနေတုန်း လေးဆယ့်ငါးကားလေး ရှေ့ခန်း
တံခါးပိတ်သံကို ကြားရသည်။ ကြည်ပြာ ဒီကားရှေ့ခန်းကို ဝင်ထိုင်သွားပြီ။
ကျွန်တော့်နံဘေးမှ တွယ်သူများက ခြေတောက်ကို ဖျက်ခနဲကတ္တရာလမ်းမှ
လွှတ်လိုက်ကြသည်။

“မောင်းဆရာ... လမ်းနီကိုမောင်း”

“ဟာ... ဟိုထား... ဟိုထား၊ လိုက်ဦးမယ်ခင်ဗျ”

ကျွန်တော် အပြေးအလွှား အော်ကာ ဟစ်ကာ ကားလေးနောက်သို့


ပြေးလိုက်၏။ တွယ်စီးသူများက လှည့်ကြည့်ကာ ကိုယ်ကို ယို့ပေးကြသည်။
ခြေထောက်နေရာ ချဲပေးကြသည်။ ကားလေးက အရှိန်အနည်းငယ်သာ
လျော့ပေး၏။ ကျွန်တော် ပြေးလိုက်ရင်း အပေါ်တန်းကို လှမ်းဆွဲသော်လည်း
အရပ်မမီ၊ ကားလေးက ရပ်မပေးသဖြင့် တက်၍ လည်းမရ။
လက်ကိုဆန့်တန်းကာ “ဟိုးထား... ဟိုထား” အော်ရင် ပြေးလိုက်ရသည်။
တွယ်စီးသည့် ကျောင်းသားများက ကျွန်တော့်ဒုက္ခကိုမြင်ကာ လက်များ
ကမ်းပေးကြ၏။ ကမ်းပေးသောလက်ကို မီအောင်လှမ်းဆွက
ဲာ ကားပေါ်
ခုန်တက်လိုက်၏။ ကားပေါ်မှ လူများနှင့် မှတ်တိုင်မှ လူများက
အလန့်တကြားအော်လိုက်ကြသည်။

သို့သော် ကျွန်တော် ကားလေးအပေါ် စွေ့ခနဲရောက်သွား၏။


ကားလေးက စက်ကဲ(န်ဒ်)ဂီယာချိန်းကာ ဝူးခနဲခေါင်းမော့ကာ မောင်းလေ
သည်။ ကျွန်တော် လက်မောင်းများကို ဖက်တွယ်ကာ စပယ်ယာ့နံဘေးမှ

typing - ကောင်းဆိုး Page 120


နီကိုရဲ မကြည်ပြာနှင့် ချစ်ခြင်း၏ဒုတိယနဂ္ဂတစ်များ
ဝင်ကပ်လိုက်ရသည်။ ကျွန်တော့်ရင်တွေ တဆတ်ဆတ်တုန်နေသည်။
အဆင်မသင့်လျှင် သေသွားနိုင်ပါ၏။ သို့သော် ကျွန်တော် ဂရုမစိုက်၊
ကြည်ပြာပါလာသော ကားပေါ်မှာ ကျွန်တော် ပါလာခဲ့သည်။ ဆင်းကြလျှင်
ဘာဆက်ဖြစ်ဦးမယ်ဆိုတာ မသိနိုင်သေး...။

ဤသို့ ချစ်ရပါသော မကြည်ပြာ...။

typing - ကောင်းဆိုး Page 121


နီကိုရဲ မကြည်ပြာနှင့် ချစ်ခြင်း၏ဒုတိယနဂ္ဂတစ်များ
မကြည်ပြာနှင့် အင်ကာကွန်း

တရိပ်ရပ်ပြေးနေသော ကားလေးပေါ်ကို ကျွန်တော်ပါလာခဲ့ပြီ။


နောက်ဆုံးမှ ဝုန်းခနဲ ကိုရိုးကားရား ကားလေပေါ် ရောက်လာသူဖြစ်သည့်
လူတို့ထုံစံ အတိုင်း တွယ်ထားရာမှာ ကားလေးအတွင်းသို့ ခေါင်းကို
ထိုးသွင်းလိုက်သည့်အခါ ထိုင်ခုံနေရာရပြီး သူတို့၏ ဝိုင်းကြည့်သော
မျက်ဝန်းများနှင့် ဆုံလိုက်ရသဖြင့် ကျွန်တော် လန်ဖျပ်ကာ ခေါင်းကို
ပြန်ထုတ်သော်လည်း အပေါ်တန်းကို လှမ်းကိုင်ထားသော အခြားလူတို့၏
လက်များဖြင့် ကျွန်တော့်ခေါင်းက ပြန်ထုတ်၍မရ။ ဒီတော့ ကားထဲမှ
ဝိုင်းကြည့်နေကြသော ကျောင်းသူများနှင့် ခရီးသည်များ၏ မျက်ဝန်းများကို
ရှောင်ရန် ခေါင်းကို နံ့ဘေးကပ်၍ အသာငဲ့ထား ရသည်။ ဘာပဲဖြစ်ဖြစ်
ကျွန်တော်သည် ကြည်ပြာနှင့် ကားတစ်စင်းတည်းတော့ ပါလာပြီ။
သက်ပြင်းကို ပင့်ကာချတော့မှ ပြေးလွှားခုန်တက်လာခဲ့သဖြင့် ရင်တ
ဆတ်ဆတ် တုန်နေတာကိုတွေ့ရ၏။ ကားတစ်စင်း၏ ရှေ့နှင့် နောက်ဖြစ်
နေသည့်တိုင် ကိစ္စမရှိ။ ကားပေါ်မှဆင်းလျှင် ကြည်ပြာနှင့်တော့
တွေ့ခွင့်ရမည်။

“ကဲ... ကားခတွေလှမ်းထား၊ လှည်းတန်း...၊ ကျောင်းရှေ့၊


မလာမြိုင်...၊ ကုက္ကိုင်း... လမ်းနီပါလား...”

စပယ်ယာက အော်ဟစ်ကာ ကားခတောင်းသည်။ ကျွန်တော်


ကားခထုတ်ပေး၍ မရသေး။ စပယ်ယာကို ပြုံးကာ ခေါင်းဆတ်ပြရ၏။ ထိုစဉ်
ကျွန်တော်ခေါင်းငဲ့ထားသော နားထင်နံဘေးမှ တဂျစ်ဂျစ်အသံနှင့်အတူ

typing - ကောင်းဆိုး Page 122


နီကိုရဲ မကြည်ပြာနှင့် ချစ်ခြင်း၏ဒုတိယနဂ္ဂတစ်များ
“ကဲ... ရှေ့ခန်းကတစ်ယောက် နောက်ကပေးမယ်ဟေ့...”

အင်တာကွန်းမှ အသံနှင့် စပယ်ယာ့စကားကြောင့် ကျွန်တော့်ရင်


ထိတ်ခနဲ ခုန်သွားရ၏။ ဒါ ကြည်ပြာက ပြောလိုက်တာလား။ ကြည်ပြာ့
အတွက် ရှေ့ခန်းက ကားခကိုပြောတာလား...။ ကျွန်တော် အင်တာကွန်းကို
အံ့သြရင်ခုန်စွာ မော့ကြည်နေစဉ်တွင်....

“ရော့... ရော့၊ ရှေ့ခန်းကတစ်ယောက် နောက်ကတစ်ယောက်


ဘယ်လောက်လဲ”

“ရှေ့ခန်းကတစ်ဆယ်၊ နောက်လေးကျပ်၊ မှတ်တိုင်တွေ


ကြိုပြောထားနော်၊ ဆလွန်း ကျော်မယ်၊ လမ်းနီမောင်းဆရာရေ့…”

မျှော်လင့်ထားခဲ့သမျှအားလုံး မျက်နှာပေါ်ပြုတ်ကျလာသဖြင့်
မျက်နှာကို ဘေးသို့ လွှဲချလိုက်ရသည်။ ကြည်ပြာက ငါ့ကို ဒီလောက်
စိတ်ဆိုးနေတာ ဘယ်လိုလုပ် ကားခပေးခိုင်းမှာတဲ့လဲ။ ငါနဲ့ ဘယ်
အပတ်သက်ခံပါ့မလဲ။ နှစ်စက္ကန့်လောက် ထင်ယောင်ထင်မှား
ဖြစ်လိုက်သည့်စိတ်ကို ကျွန်တော်ရှက်သွားခဲ့သည်။ ကျွန်တော်ဟာ
ကြည်ပြာနှင့် ပတ်သက်လာလျှင် ဆင်ခြေနိုင်သော အသိစိတ် ပျောက်သွား
တက်လေ့ရှိသည်။ ဒါဟာ အမြဲဖြစ်နေကျ အမှားအတွက် အမှန်တရား
မဟုတ်လား။ ထိုစဉ် ညာဘက်နားထင်ဘေးမှ တဂျစ်ဂျစ်အသံ
ထွက်လာပြန်၏။

“လမ်းနီမှာ လှည့်ကင်းရှိမရှိမေးထား၊ အတွယ် ဘယ်နှစ်ယောက်


လဲ...”

“OK... အတွယ်ငါး...၊ ခုံပြည့် လမ်းနီမောင်းထား ဆရာရေ့”

typing - ကောင်းဆိုး Page 123


နီကိုရဲ မကြည်ပြာနှင့် ချစ်ခြင်း၏ဒုတိယနဂ္ဂတစ်များ
အရှေ့ခန်းနှင့် အနောက်ညီညွတ်မှုယူနေသော စပယ်ယာနှင့်
ဒရိုက်ဘာအသံကို ကြားရသည့် ခဏတာအချိန်အတွင်း ကျွန်တော့်
ခေါင်းထဲမှာ အကြံတစ်ခု လက်ခနဲဝင်ရောက်လာ၏။ အဟား...၊ ဟုတ်ပြီ....၊
ဒါဆိုရင် ကြည်ပြာ ဘယ်ပြေးမလဲ။ ကျွန်တော် ခေါင်းကိုလှည့်ကာ
အင်တာကွန်းအနား ပါးစပ်ကိုတိုးကာ ကပ်လိုက်သည်။ ပြီးတော့
စိတ်ကိုတင်းကာ တည်ငြိမ်အောင်ထားပြီး...

“ကြည်ပြာ၊ ငါ... ငါ... ရဲဝင်းပါ၊ နင်ကြားရလား၊ ငါ့ကို စိတ်ဆိုး


မနေပါနဲ့ဟာ၊ ခင်ပြုံးသီကိစ္စက ငါကြိုသိထားတာ မဟုတ်ဘူးဟ...၊
ပြီးတော့ ငါက သူ့ကို အကူအညီတောင်းပြီး လာရတာ”

ဘာဆက်ပြောရမှန်းမသိသဖြင့် ကျွန်တော် ခဏရပ်လိုက်သည်။


အင်တာကွန်းအောက် တည့်တည့်မှာ ထိုင်နေကြသည့် ကျောင်းသူ
နှစ်ယောက်က ကျွန်တော့်အသံကြောင့် မော့ကြည့်သဖြင့် ခေါင်းငုံ့ကာ
စဉ်းစားနေရာမှ ကမန်းကတန်း ရှောင်ရသည်။ ဒါတောင်မှ ထိုကျောင်းသူ၏
နဖူးနှင့် ကျွန်တော့်၏ ကြည်ပြာ့ကိုပြောရန် ပြင်နေသော နှုတ်ခမ်းတို့
စက္ကူရွက်တစ်ရွက်စာလောက် ထိခတ်သွားကြသည်။

“ကြည်ပြာ... ကြည်ပြာ၊ ငါ... ငါ...”

လူ့စိတ်ဆိုတာကလည်း အတော်ခတ်သည် ကြည်ပြာ့ကိုပြောရန်


ကျွန်တော်၏ ရွေးချယ်ထားသော စကားကို ကျွန်တော်မေ့သွား၏။
ထိုစက္ကန့်အတွင်း ကုဋေတစ်သန်း ချုပ်ပျက်သွားသော ကျွန်တော့်စိတ်သည်
မိန်းမတစ်ယောက်၏ နဖူးနှင့် ထိလိုက်ရသည့် နှုတ်ခမ်းအတွက် ကျွန်တော့်
ခေါင်းထဲမှာ စီးထားခဲ့သော ကြည်ပြာ့အတွက် တောင်းပန် စကားကို
ယူသွားခဲ့သည်။ ဒုက္ခပါပဲ၊ ကျွန်တော် ကမန်းကတန်း လိုက်စဉ်းစားသည်။

typing - ကောင်းဆိုး Page 124


နီကိုရဲ မကြည်ပြာနှင့် ချစ်ခြင်း၏ဒုတိယနဂ္ဂတစ်များ
ဘာမှန်းမသိတော့။ တောက်....၊ အသစ်ထပ် စဉ်းစားသည်။ ဘာစကားလုံး
ကို ရွေးချယ်ရမှန်းမသိ။

“ကြည်ပြာ... ဟိုလေ... ငါက... ငါကလေ...”

“ရဲဝင်း...၊ နင့်ပါစပ်ကို ပိတ်ထား၊ နင် အခုဆင်းသွား... သွား”

တဂျစ်ဂျစ်မြည်သံနှင့်အတူ အင်တာကွန်းမှ ချွန်ထက


ွ်နေသော
ကြည်ပြာ့နှုတ်ခမ်းသည် လျှပ်စစ်အကူအညီဖြင့် ကျွန်တော့်နားထဲဝင်လာ၏။

“မဟုတ်ဘူးကြည်ပြာ၊ ငါရှင်းပြတာကို နားထောင်ပါဦးဟာ...၊


ခင်ပြုံးသီ ဝက်ရှုးပြန်တာကို ငါကြိုမသိထားဘူး...၊ အဲဒါကြောင့်ပါဟာ...၊
ပြီးတော့ ငါနင်ဆီဘယ်လာရဲပါ့မလဲ၊ နင့်အန်တီကို ငါ... ငါရင်မဆိုင်ရလ
ဲို့၊ နင်
ငါ့ကိုနားလည်ပါဟာ...၊ ကြည်ပြာနော်... ငါလေ....”

“နင့်ပါးစပ်ပိတ်ထားဆို မရဘူးလား၊ လဲသေလိုက်ရဝ


ဲ င်း...၊ နင်...
တိတ်....”

အင်တာကွန်းမှ ဒေါသတကြီး ကြည်ပြာ့အသံကြောင့် တစ်ကားလုံး


အံ့သြကာ ကျွန်တော့်ကို ဝိုင်းကြည့်ကြသည်။ စပယ်ယာကလည်း
ငုံ့ကာကြည့်၏။ ဘာလဲဆိုသည့် မျက်လုံးတွေ၊ အံ့သြသည့်အမှုအယာတွေ၊
နားမလည်သော အကြည့်တွေ...။

“ဟို... ခဏလေး... အစ်ကို၊ ရှေ့ခန်းက ကျွန်တော့်ရည်းစားက...


အဲဒါ... ဟိုလေ... အဆင်မပြေလို့ ရှင်းပြနေတာ၊ ကြည်ပြာ... ကြည်ပြာ....
ကြားရလား၊ ငါကလေ... အင်... ဟိုဟာ... အတန်းထဲကိုလာဖို့အတွက်
မနေ့က ခင်ပြုံးသီနဲ့တွေတော့.... အဲဒါ နင့်ကိုပေါ့ဟာ...”

“ရဲဝင်း...၊ နင်အရှက်မရှိဘူးလား...၊ တိတ်ဆို တိတ်လိုက်နော်”

typing - ကောင်းဆိုး Page 125


နီကိုရဲ မကြည်ပြာနှင့် ချစ်ခြင်း၏ဒုတိယနဂ္ဂတစ်များ
ကျွန်တော် စပယ်ယာကို ရှင်းပြသည့်စကားနှင့် ကြည်ပြာ့
တုန့်ပြန်သံတို့ကြောင့် ကားပေါ်မှလူတွေ နည်းနည်းတော့ ဇာတ်ရည်
လည်သွားကြပုံပေါ်သည်။ တချို့ စီးနေရင်း သူတို့နှင့် မပတ်သက်သည့်
ပြဿနာတစ်ခုကြောင့် စိတ်ညစ်ကာ နှာခေါင်းရှုံ့ချင်ကြ၏။ သို့သော်
မတက်နိုင်။ ကြည်ပြာ့ကို သွားလည်းမတွေ့ရဲ။ ရင်ဆိုင်ဖို့လည်း သတ္တိ
မရှိသေးသော ကျွန်တော့်အတွက် ယခုအခြေအနေသည် အကောင်းဆုံး
ဆိုတာကို ကျွန်တော် နားလည်ပါတယ်။ ကြည်ပြာ ထွက်ပြေး လည်းမရ။
တယ်လီဖုန်းကို ချပစ်လို့လည်းမရ။ ဒီအခြေ အနေမျိုးမှာ ကြည်ပြာ
ကျေနပ်သွားအောင် ပြောနိုင်ဖို့တစ်ခုသာ လိုပါသည်။ ယခု အင်တာကွန်းမှ
လာနေသော ကြည်ပြာ့အသံသည် ဒေါသအပြည့်ဖြင့် ဖြစ်သော်လည်း
ကိစ္စမရှိ။ ကျွန်တော် ရင်မဆိုင်ရဲသော ကြည်ပြာ့ဒေါသများ ထိုအသံထဲတွင်
အကုန်ပါသွားဖို့က လိုသည်။ ကျွန်တော် အားကိုတင်းကာ အင်တာကွန်းနား
ပါးစပ်ကိုကပ်လိုက်သည်။

“ကြည်ပြာ၊ နင် င့ါကို အဲဒီလိုရက်စက်မထားပါနဲ့ဟာ...၊ ငါလေ


သိလား နင့်နဲ့ မတွေ့တဲ့ရက်တွေမှာ ငရဲကျသလိုပဲ ခံစားရတယ်၊ ပြီးတော့
နင် ငါ့ကို နားလည်ပါဟာ...၊ ငါ နင်နဲ့တွေ့ခွင့်ရဖို့ နင့်ကို အားပေးဖို့
ကြိုးစားရင်းနဲ့ ခင်ပြုံးသီက ဝက်ရှုးပြန်ပြီး အရင်လို အဆင်မပြေမှုနဲ့...”

“လဲသေလိုက်၊ လဲသေလိုက်ဟေ့... ရဲဝင်း... နင်တိတ်နော်...


ငါနင့်အသံကို လုံးဝမကြားချင်ဘူး၊ တောက်... အရှေ့ခန်းစီးမိတာ မှားတယ်၊
နင် အခုတိတ်၊ မတိတ်ရင် ငါဆင်းမယ်”

“ဟာ... မဆင်းပါနဲ့ဟ၊ ကြည်ပြာ… ငါကလေ... အား...”

typing - ကောင်းဆိုး Page 126


နီကိုရဲ မကြည်ပြာနှင့် ချစ်ခြင်း၏ဒုတိယနဂ္ဂတစ်များ
ကားလေးက မီးပ္ပိုင့်တွင် မီးဝါသဖြင့် ဘရိတ်နင်းလိုက်သည့်အခါ
အင်တာကွန်းနင့် ကပ်၍မော့ကာ စကားပြောသော ကျွန်တော့်မျက်နှာ
အရှိန်လွန်၍ တိုက်မိသည်။ ပြုံးကာ၊ ငြိမ်ကာ၊ စိတ်ဝင်စားကာ
နားထောင်နေသော ကားပေါ်မှပရိသတ်က ကျွန်တော့်ကို မော့ကာကြည်၏။
အင်တာကွန်းထောင့်နှင့် တိုက်မိကာ ကျွန်တော့်နှုတ်ခမ်းပေါက်သွား၏။
နှုတ်ခမ်းက ချက်ချင်းဖုကာ ဖောင်းတက်လာသည်။ လူတစ်ချို့က
မသက်မသာ ကျွန်တော့်ကို လှမ်းကြည့်ကြသည်။ ကျွန်တော် ရှက်ရှက်နှင့်
ကျွန်တော့်ကိုကြည့်သမျှ လူတွေကို ပြုံးကာပြရ၏။

“တောက်… စီးပ္ပားရှာရတာ ခက်ရတဲ့ကြားထဲ အသည်းကွဲသမားနဲ့


လာတိုးနေသေးတယ်။ လမ်းနီမှတ်တိုင်မောင်း... အတွယ်ငါး...”

စပယ်ယာက မကျေမနပ်နဲ့ ရေရွတ်သည်။ ကားလေးက


မီးပ္ပိုင့်အထွက် ငေါက်ခနဲထသဖြင့် နောက်လန်ကာ နောက်စေ့နှင့်
သံတိုင်တိုက်ပြန်၏။

“အား... တောက်... သောက်ရမ်းချည်းပဲ...”

“အေး... သောက်သုံးမကျတာနင်...၊ သိလားရဲဝင်း...၊ နင်


နင့်အသံ အခုတိတ်၊ ငါရှေ့မှာဆင်းမယ်၊ နင့်အသံကိုလည်း မကြားချင်ဘူး၊
နင့်မျက်ခွက်လည်း မတွေ့ချင်ဘူး... ဒါပဲ”

“ဟ... ငါ နင့်ကို ပြောတာမဟုတ်ဘူး၊ ကားကိုပြောတာ၊ ကြည်ပြာ


ရယ်...၊ ငါ ရှင်းပြတာ နားလည်ပါဟာ...၊ ငါ နင့်ကို တောင်းပန်နေပြီပဲ...၊
ငါက နင့်အတွက် ဒီလို အဆင်မပြေမှန်းသိရင် လုပ်ပါ့မလား၊ ခင်ပြုံးသီက...”

typing - ကောင်းဆိုး Page 127


နီကိုရဲ မကြည်ပြာနှင့် ချစ်ခြင်း၏ဒုတိယနဂ္ဂတစ်များ
“တော်ပြီ...၊ အဲဒီ မိန်းမနာမည် ထပ်မပြောနဲ့၊ အတူတူပဲ...၊
အားလုံးပဲ...၊ နင်တိတ်၊ အခုတိတ်”

“ဟား...”

“လဲသေလိုက်”

“လမ်းနီပါတယ်ဆရာရေ့...၊ ကိုယ့်ဆရာ ခဏဖယ်ဦးဗျာ...၊


ကျွန်တော် စီးပ္ပားရှာဦးမယ်”

ကားလေးက လမ်းနီမှတ်တိုင်မှာ ရပ်သည်။ စပယ်ယာက


အင်တာကွန်းမှ ကျွန်တော့်ခေါင်းကို စိတ်တိုတိုဖြင့် ဖယ်၏။ ကြည်ပြာသည်
ယခုထိ ကျွန်တော့်အပေါ် ဒေါသမပျက်သေး။ အင်တာကွန်းမှ ပြောတာ
ကိုလည်း ကျေနပ်ပုံမရ။ ဒုက္ခပါကလား...။ ထိုစဉ် ရှေ့ခန်းတံခါး
ပိတ်သံကြားရ၏။ ဟိုက်....၊ ကြည်ပြာဆင်းပြီနဲ့တူတယ်။ ကျွန်တော်
စိုးရိမ်စိတ့်ဖြင့် ကားလေးပေါ် အတင်းတိုးတက်နေသူများကြားမှ ခက်ခစ
ွဲာ
နောက်ကိုဆင်းပြီး ရှေ့ခန်းရှိရာကို ကွေ့ကြည့်လိုက်သည်။ ရှေ့ခန်းမှ
ကျောင်းသူတစ်ယောက် ပြုံးစစမျက်နှာဖြင့် ဆင်းလာ၏။ ကြည်ပြာမဟုတ်၊
ကြည်ပြာနှင့်အတူ ရှေ့ခန်းမှထိုင်စီးသူ ကျောင်းသူတစ်ဦးသာဖြစ်သည်။
မိန်းမကြီးတစ်ဦးက ဖျက်ခနဲဝင်ကာ ရှေ့ခန်းတံခါးကို ပိတ်လိုက်သည်။

“ရှေ့ကပြီးရင်မောင်း...၊ ရန်ကင်း... ဆယ့်နှစ်လုံးတန်းပါလား၊


ကားကြီးတက်မယ်...၊”

ကားလေးက ငေါက်ခနဲ ထတွက်သည်။ ကြည်ပြာကမဆင်း၊


ကားရှေ့ခေါင်းခန်းမှာပဲ ရှိသေးသည်။ ကျွန်တော် တွယ်ရန် ပြေးလာတော့
ကားလေးက ထွက်စပြုနေပြီ။

typing - ကောင်းဆိုး Page 128


နီကိုရဲ မကြည်ပြာနှင့် ချစ်ခြင်း၏ဒုတိယနဂ္ဂတစ်များ
“ဟိုးထား... ဟိုးထား...၊ လူမှားသွားလို့... ဟိုးထားဗျို့...”

ကျွန်တော် ထွက်ခါစကားလေးပေါ် ကမန်းကတန်းပြေးကာ


လိုက်ရပြန်သည်။ တွယ်စီးသူများကလည်း ကျွန်တော့် အော်သံကြောင့်
ကားပေါ်မှ လက်လှမ်းကာပေးကြသည်။ ကျွန်တော် သူတို့လက်ကို
ဆုပ်ကိုင်လိုက်သည်။ သူတို့ကလည်း ကျွန်တော့်လက်ကို လှမ်းဆုပ်ကိုင်
ထားကြသည်။ သို့သော် ခုန်တက်စရာ နေရာကမရှိတော့။ လမ်းနီမှာ
လူအတော်များများ တွယ်လိုက်ကြသဖြင့် ခြေချစရာ နေရာမရှိတော့။
ကားလေးက second ဂီးယာချိန်းပြီ။ ကျွန်တော်လက်များကို ဆုပ်ကိုင်ကာ
ပြေးလိုက်နေရတုန်း။ ကားလေးက တဖြည်းဖြည်း မြန်ကာလာ၏။
ကျွန်တော် ဘာလုပ်ရမလဲ။ လက်တွေကို လွှတ်ချလိုက်လျှင်လည်း
ဒလိမ့်ခေါက်ကွေးလဲတော့မည်။ ကျွန်တော့်အရှိန်က အတော်မြန်နေပြီ။
ကားပေါ်မှ စီးလာကြသူတွေက စိုးရိမ်တကြီး ဝိုင်းအော်ကြသည်။
ကျွန်တော့်ကို လှမ်းကိုင်ထားသူတွေက အားနှင့်ဆွဲအတင်တွင် ကျွန်တော်
လည်း ရှိသမျှ အားကိုညှစ်ကာ ခုန်တက်လိုက်သည်။ ကျွန်တော်
ခြေထောက်တွေ ပြည့်နေသော ခြေနင်းပေါ်မှ ခြေထောက်တွေပေါ်
ခုန်တက်ကာ နင်းထားရသည်။

“ဟေ့ကောင်...၊ မင်စတန့်တွင်တာက အရေးမကြီးဘူး၊ ပြုတ်ကျရင်


ငါ့မိန်းမ နောင်လင်ယူမှာကွ သိလား...၊ တောက်...၊ ဒီနေ့ စီးပ္ပားရှာရတာ
မလွယ်ပါလား”

ကားပေါ်မှ လူများက တစ်ယောက်တစ်ပေါက် ဝိုင်းကာပြောကြ၏။


ကျွန်တော် ချွေးတွေရွဲကာ မောနေသဖြင့် ဘာမှပြန်မပြောနိုင်။ ပြီးတော့

typing - ကောင်းဆိုး Page 129


နီကိုရဲ မကြည်ပြာနှင့် ချစ်ခြင်း၏ဒုတိယနဂ္ဂတစ်များ
ကျွန်တော့်အမှားကြောင့် လှုပ်လှုပ်ရှားရှားဖြစ်သွားရသော ကားပေါ်မှ
လူများကို အားနာခြင်း၊ ရှက်ခြင်းတို့ကြောင့်လည်း ဘာမှမပြောနိုင်။

“မင်း ဘာတွေ အရေးကြီးနေတာလဲ၊ အင်တာကွန်းနား ကပ်ပြော


လိုက်၊ ပြေးဆင်းလိုက်နဲ့၊ တောက်... တွေ့တ့အ
ဲ တိုင်းပဲ၊ ပြုတ်ကျလို့
သူသေရင် ကျုပ်က သက်သက်မယ့် ထောင်ကျဦးမှာ၊ ငြိမ်ငြိမ်စီးကိုယ့်လူ
မစီးရင် ဆင်း၊ ဒါပဲ ဘယ်လိုကောင်နဲ့ လာတွေ့နေလည်း မသိဘူး”

အင်တာကွန်း ပြောကတည်းက မကြည်လင်သော စပယ်ယာက


ဖိကာ ဟောက်သည်။ ကျွန်တော် အင်တာကွန်းနားကိုလည်း တိုးလို့
မရတော့။ ခုန်တက်စဉ်က ဘယ်သူ့လက်နှင့် ထိလိုက်မှန်းမသိ။
စူတွက်နေသော ကျွန်တော့်နှုတ်ခမ်းက သွေးထွက်ကာ လာပြန်၏။

“ခင်ဗျာနှုတ်ခမ်း... နှုတ်ခမ်းသွေးထွက်နေပြီ”

“ရတယ်အစ်ကို...၊ ရတယ်...၊ ဘာမှမဟုတ်ဘူး”

ကျွန်တော်နှုတ်ခမ်းကို လျှာနှင့် တို့ကြည့်တော့ အပေါ်နှုတ်ခမ်းက


မယုံကြည်နိုင်လောက်အောင်ကို ထူကာနေပြီ။ နံဘေးမှ တွယ်သူ
တစ်ယောက်၏ လက်မောင်းကို ဆုတ်ကိုင်ရင် ကျွန်တော့်ရင်ထဲ
ဝမ်းနည်းလာသည်။ ကြည်ပြာကတော့ ရှေ့ခန်းမှာ မျက်နှာထား
တင်းတင်းဖြင့် သတ်တောင့်သက်သာ ထိုင်နေလိမ့်မည်။ ကျွန်တော်ကတော့
သူမကို တောင်းပန်ရရေးဟူသော အခွင့်အရေးလေးတစ်ခုအတွက်
နောက်ပိုင်းမှာ ကားတစ်စင်းလုံး၏ ပြစ်တင်ရှုတ်ချခံရသူ ဖြစ်ကာနေ၏။
ကျွန်တော့်ကို အော်ဟစ်အပြစ်တင်သံတွေကို ကြည်ပြာ ကြားမှာပါပဲ။
သို့သော် မတက်နိုင်။ ဘာမှလည်း လုပ်လို့မရ။

typing - ကောင်းဆိုး Page 130


နီကိုရဲ မကြည်ပြာနှင့် ချစ်ခြင်း၏ဒုတိယနဂ္ဂတစ်များ
“ရန်ကင်းပါလား၊ ဆယ့်နှစ်လုံးတန်း၊ ကြားမှတ်တိုင် အသံမကြားဘူး၊
အမြောက်တပ်ကိုမောင်း...”

သို့သော် ကားလေးက ရန်ကင်းမှတ်တိုင်မှာ ရပ်သည်။ ရှေ့ခန်း


တံခါးဖွင့်သံကို ကြားရ၏ တွယ်သူတွေ ခဏဆင်းတုန်း ကျွန်တော် နံဘေးမှ
ခေါင်းထွက်ကာ အသာကြည့်ရသည်။ ကြည်ပြာ...။ ကြည်ပြာက
ရှေ့တံခါးကို ဝုန်းခနဲပိတ်ကာ စလင်းဘက်ကို လွယ်လိုက်သည်။

“မောင်း... ဆရာရေ့...” ဟူသော အသံနှင့်အတူ ကားလေးက


ဝေါခနဲ ထွက်သွားသည်။ ကျွန်တော် ကျန်ခ့သ
ဲ ည်။ ကားလမ်း၏
သုံးပုံတစ်ပုံပေါ်မှာ ကြည်ပြာနှင့် ကျွန်တော် ရပ်လျက် တစ်ယောက်နှင့်
တစ်ယောက် ကြည့်နေကြသည်။ ကြည်ပြာက ဒေါသဖြင့် သူမနှုတ်ခမ်းကို
ကိုက်သည်။ ကျွန်တော် မျက်တောင်သုံးလေးချက် ခတ်ကာ ဖူးရောင်
နေသော အပေါ်နှုတ်ခမ်းကို လျှာနှင့်လျက်၍ မျက်နှာတစ်ဖက်သို့
လွှဲလိုက်သည်။ ကားလေးထွက်သွားပြီးနောက် ရှေ့ခန်းမှ ဆင်းလာသူနှင့်
နောက်မှ တွယ်စီးသူတို့နှစ်ယောက် မလှုပ်မယှက်ရပ်နေသောပွက
ဲို
ကားမှတ်တိုင်မှ လူများက ဝိုင်းကာ ကြည့်နေကြသည်။ ကြည်ပြာက
ရုတ်တရက် သတိဝင်လာကာ တစ်ခုခုပြောရင်း ချာခနဲ လှည့်ထက
ွ်
သွားသည်။ ကျွန်တော် သက်ပြင်းချရင်း တစ်ဘက်ကားလမ်းကူးသွားသော
ကြည်ပြာ့နောက် လိုက်ရသည်။

“ကြည်ပြာ၊ နင်... ကျေနပ်ဖို့ကောင်းပြီးဟာ၊ နင့်ကို ငါအားလုံး


ရှင်းပြပြီးပြီပဲ...၊ ခင်ပြုံးသီက...”

“တော်ပြီ၊ အဲဒီမိန်းမနာမည်ကို လုံးဝ ထပ်မပြောနဲ့တော့၊ နင်ဟာ


ပြောလည်း အလကားပဲ ရဲဝင်းသိလား၊ နင့်ကို ငါ စိတ်ပျက်တယ်၊

typing - ကောင်းဆိုး Page 131


နီကိုရဲ မကြည်ပြာနှင့် ချစ်ခြင်း၏ဒုတိယနဂ္ဂတစ်များ
တကယ်ပြောတာ၊ ဘာတစ်ခုမှ အဆင်မပြေဘူး၊ ဘယ်တော့မှ အသုံး
မကျဘူး။ နင့်ကြောင့် ငါ ဘယ်လောက် အပြောခံခ့ရ
ဲ တယ် မှတ်သလဲ။
လူခံရတာ ကိုထား၊ မိသားစုထဲမှာပါ မျက်နှာငယ်ရ၊ အပြောခံရ။ အဲဒီ
အပြောခံရတာလောက် ငါ ဒေါသထွက်တာ၊ စိတ်ဆင်းရဲတာ မရှိဘူး...
သိလား”

ကြည်ပြာအသံက ဒေါသထွက်နေတာ မဟုတ်တော့။ တကယ်ကို


စိတ်ပျက်ရွံ့မုန်းနေသည့်ဟန် ဖြစ်သည်။ “နင့်ကို ငါ စိတ်ပျက်တယ်၊
တကယ်ပြောတာ” ဟူသော စကားကြောင့် ကျွန်တော် ရင်ထမ
ှဲာ
မခံချင်စိတ်နှင့် ဝမ်းနည်းမှုတို့ တပြိုင်တည်းရောက်လာကြသည်။

“နင့်ကို ဘယ်သူက ပြောတာလဲ၊ ဘာကိစ္စပြောတာလဲ”

“နင့်အကြောင်းလေ၊ နင့်ကိစ္စလေ...၊ နင် လုပ်ခ့တ


ဲ့ က
ဲိစ္စလေ...၊
နင်လုပ်ချင်တာ လုပ်ပြီးသွားတာထား၊ ငါဒီလောက်ဆက်ဖြစ်တာ နင်အိမ်ကို
လာပြီးမေးဖို့၊ တောင်းပန်ဖို့ ကောင်းတယ်။ အဆင်မသင့်ရင် သေသွားနိုင်တဲ့
အဖြစ်ကို နင့်ကြောင့်ဖြစ်ပြီး နင်လုံးဝ တာဝန်မရှိသလိုနေတော့
သိပ်မိုက်ရိုင်းလွန်းအားကြီးတယ် ရဲဝင်း... ကဲ... နင် ဘာပြောမလဲ”

ကျွန်တော် ဘယ်လိုမှ ထင်မထားသည့် ပေါက်ကမ


ွှဲုဖြစ်သည်။
ကြည်ပြာပြောတာလည်း ဟုတ်သည်။ ကြည်ပြာဆေးရုံမှာ လဲကျသွားပြီး
ကတည်းက ကျွန်တော် မသွားတော့။ ကျွန်တော် ဘာဖြစ်လို့
မသွားခဲ့တာလဲ။ အခုမှ ပြန်စဉ်းစားရသည်။ ထိုကိစ္စသည် ကြည်ပြာ
စွပ်စွဲသလို မိုက်ရိုင်းစော်ကားတာမျိုးတော့ လုံးဝမဟုတ်ဆိုတာ ကျွန်တော်
သိသည်။ ကြည်ပြာနှင့် ကျွန်တော် ပိုက်လုံးကြီးများပေါ်မှ အုတ်တံတားလေး

typing - ကောင်းဆိုး Page 132


နီကိုရဲ မကြည်ပြာနှင့် ချစ်ခြင်း၏ဒုတိယနဂ္ဂတစ်များ
ပေါ်မှ ရပ်လိုက်ကြသည်။ နှုတ်ခမ်းမှဘုကို လျှာနှင့်လျက်ရင်း ကျွန်တော်
အဖြေရှာနေရ၏။

“မဟုတ်ဘူး ကြည်ပြာ၊ ငါ့ကြောင်... အဲ... ငါ့ကြောင့်ပဲ ထားပါတော့


ငါလန့်သွားတယ်၊ နင့်အဒေါ်ကလည်း ငါ့ကို အော်လိုက် ငေါက်လိုက်တာ
ဟာ...”

“အေး… အဒေါ်က နင့်ကို တရားတောင်စမ


ွဲ လို့ သိလား၊ တရား
စွဲမလို့တဲ့”

“ဟာ... ငါတမင်ကြံစည်ပြီး လုပ်တာမှမဟုတ်ဘဲ....၊ ငါကရော


ဖြစ်စေချင်ပါ့မလား၊ အဓိပ္ပာယ်မရှိတာ၊ ငါ လုံးဝမိုက်ရိုင်းတာ မဟုတ်ဘူး။
နင့်ကိုလာမေးဖို့ နင့်အဒေါ်ကို ကြောက်လို့။ ပြီးတော့ ငါနဲ့ ပတ်သက်ပြီး
ဖြစ်ရတာဆိုတော့ ငါရင်မဆိုင်ရဲလို့”

“သြော်... ရင်မဆိုင်ရဲလို့ ဟုတ်လား၊ ဟင်း... ဟင်း...၊ စိတ်ဓာတ်


သိရတာပေါ့။ နင် ယောက်ျားမဟုတ်ဘူးလား ရဲဝင်း...”

ကြည်ပြာ့မျက်ဝန်းရိပ်သည် စိမ်း၍ စိမ်း၍လာ၏။ ကျွန်တော့်ကို


စိန်ခေါ်သလိုကြည့်သည်။ ယောက်ျားမဟုတ်ဘူးလားတဲ့။ ယောက်ျား
တစ်ယောက်၏ မာနသည် ရင်ထဲမှ ဝုန်းခနဲထရပ်သည်။

“ကြည်ပြာ...၊ နင့်စကားကိုရပ်၊ ငါယောက်ျား၊ ဒါပေမယ့် ဒီကိစ္စကို


လာတာမလာတာနဲ့ ယောက်ျားမဟုတ်တာနဲ့ ဘာမှမဆိုင်ဘူး။ နင်
ထပ်ဆေးရုံတင်ရတယ်...၊ နင့် အိမ်က ပွက်လော ရိုက်သွားတဲ့ အချိန်မှာ
ငါက လာတောင်းပန်လို့ နင့်အဒေါ်က မေးရင် နင်နဲ့ ငါကိစ္စပေါ်သွားပြီ
နင်ထပ်အဆူခံရမှာ စိုးရိမ်လို့၊ ပြီးတော့ ငါလာရင် ငါတစ်ယောက်တည်းပဲ

typing - ကောင်းဆိုး Page 133


နီကိုရဲ မကြည်ပြာနှင့် ချစ်ခြင်း၏ဒုတိယနဂ္ဂတစ်များ
ရှိမှာ နင်ကလည်း ငါ့ဘက်က ရပ်မှာမဟုတ်ဘူးဆိုတာ ငါသိတယ်။
အဲဒါကြောင့် မလာတာ”

“ဘာမှမဆိုင်ဘူး၊ နင်မလာတော့ရော။ နင်နဲ့ ငါ့ကိစ္စ မပေါ်ဘူး


ထင်လို့လား၊ အဲဒီကောင် ဘယ်သူလဲ၊ ဘယ်ကလဲနဲ့ အဒေါ်က မကျေမနပ်
ဖြစ်ပြီးလာတဲ့ လူတိုင်းက မေးတော့သိသွားပြီ။ သိသွားတော့ ပိုဆိုးကုန်
တာပေါ့။ နင် တာဝန်မဲ့တာကို အဒေါ်က ထောက်ပြတယ်။ နင်ဟာ
ယောက်ျား မပီသတဲ့ကောင်၊ ငါ့အပေါ် အလေးအနက်မထားတဲ့ကောင်၊
အမြဲတမ်း အဆင်မပြေဖြစ်တဲ့ကောင်၊ အားလုံးသိသွားတယ်”

“ဘာ... သိသွားတယ်၊ အေး... ငါနင့်အပေါ် အလေးအနက်


မထားဘူးဆိုတာကိုတော့ ငါငြင်းတယ်၊ ငါနင့်ကို ဘယ်လောက်ချစ်တယ်
ဆိုတာ နင် အသိဆုံးပဲကြည်ပြာ”

“အေး... လဲသေလိုက်၊ နင်က ပါးစပ်န့ခ


ျဲစ်ပြီး ဘာမှ တာဝန်မယူတဲ့
ကောင်”

ကြည်ပြာ့စကားနှင့် အော်သံကြောင့် ကျွန်တော် ခေါင်းငိုက်စိုက်


ကျသွားသည်။ ကြည်ပြာနေမကောင်း၍ ဆေးရုံတက်နေရချိန်၊
မတွေ့ရချိန်များမှ ကျွန်တော် ဘယ်လောက်ခံစားခဲ့၊ လွမ်းခဲ့၊ နေမရထိုင်မရ
ဖြစ်ခဲ့ရသည်ဆိုတာကို ကျွန်တော်ပဲ သိသည်။ အခုတော့ ကျွန်တော်
လှစ်ဟာခဲ့သည် လူမှုရေးက ကျွန်တော့်ကို ကြည်ပြာ့ကို မချစ်သူအဖြစ်
စွပ်စွဲနေပြီ။ ကျွန်တော် ဘယ်လိုရှင်းရမလဲ။ တံတားဘောင်
အုတ်လက်ရန်းကို ကြံရာမရ ကိုက်လိုက်မိတော့ တစ်နေ့လုံး နေဒဏ်ကြောင့်
ပူနွေးကာနေ၏။ ကျွန်တော့်နှလုံးသားက ထိုအုတ်လက်ရန်းဘောင်ထက်
ပိုပူနေမှာ သေချာသည်။

typing - ကောင်းဆိုး Page 134


နီကိုရဲ မကြည်ပြာနှင့် ချစ်ခြင်း၏ဒုတိယနဂ္ဂတစ်များ
“ကြည်ပြာ... ငါ... ငါ... ငါ နင့်ကို သိပ်ချစ်ပါတယ်ဟာ၊ ဒါပေမယ့်
ဒီအချိန်မှာ ငါ နင့်တို့မိသားစုကို ရင်မဆိုင်ရဲဘူး။ ဘာကြောင့်ဆိုတာ နင်
သိပါတယ်။ နင်ကိုယ်တိုင်က နင့်မိသာစုနဲ့ ငါကို မတွေ့စေချင်ဘူး
မဟုတ်လား။ ငါက နင့်ချစ်သူလို ရဲရဲရင့်ရင့်ပြောကြလိုရလောက်အောင်
မထည်ဝါဘူး။ အရောင်မထွက်ဘူး။ ဒါကြောင့် ငါ နင့်မိဘဆွေးမျိုးတွေနဲ့
ရင်မဆိုင်ချင်တာ၊ ငါက အပြစ်လုပ်ထားတာဆိုတော့ ပိုဆိုးတာပေါ့။ နင် အဲဒါ
ကိုသိရက်နဲ့ ဘာဖြစ်လို့ ငါ့ကို မချစ်ဘူးဆိုတဲ့ ဘက်ကိုလှည့်ရတာလဲ။ နင်
ငါ့ကို တကယ်ငြီးငွေ့နေပြီးလား...၊ မချစ်တော့ ဘူးလား...”

ကျွန်တော် ကြည်ပြာ့မျက်နှာကို မကြည့်တော့၊ ဟိုအဝေးသို့


ဆန့်ထက်သွားသော ပိုက်လိုင်းကောက်ကောက်ကြီးကို ငေးနေမိသည်။
ပိုက်လိုင်းပေါ်မှ လူတွေ လမ်းလျှောက်လာနေကြသည်။ ကောင်မလေး
တွေလည်း ပါ၏။ စကားတပြောပြော၊ ရယ်ကာမောကာဖြင့် ပခုံးချင်း
ယှဉ်ကာ လျှောက်လာနေကြသည်။ အသာငဲ့ကြည့်တော့ ကြည်ပြာက
လက်ကိုင်ပဝါကို ထုတ်ကာ လေတိုက်သဖြင့် တဖျတ်ဖျတ် ပျံ့လွင့်နေသော
ဆံပင်ကို အသာချည်နေသည်။

“အဒေါ်ကတော့ နင့်ကို လုံဝပဲ၊ ငါ့ကိုလည်း အဆက်ဖြတ်ခိုင်းတယ်၊


အဲဒါကြောင့် ငါ နင်နဲ့ မတွေ့ချင်တာ”

“နင်... နင်ကရော ကြည်ပြာ”

ထိုစကားကို ယောက်ျားတစ်ယောက်၏ မာနဖြင့်မေးခြင်း ဖြစ်သည်။


ချစ်သူ သက်တမ်းခြောက်နှစ်၏ ရင်နှီးမှုအားကိုးဖြင့် မေးခြင်းဖြစ်သည်။
အချစ်ကို မယုံရဲသည့်တိုင် ကြည်ပြာ၏ မေ့လွယ်ပျောက်လယ
ွ်သော စိတ်ကို
အားကိုး၍ မေးခြင်းသာဖြစ်သည်။ ပိုက်လိုင်းပေါ်မှာ ထိုင်ကာ

typing - ကောင်းဆိုး Page 135


နီကိုရဲ မကြည်ပြာနှင့် ချစ်ခြင်း၏ဒုတိယနဂ္ဂတစ်များ
လွှတ်နေကြသော စွန်များ မျှားနေကြသည့်အထဲမှ အသည်းပုံ စွန်
တစ်ကောင်နှင့် ညှင်းပွင့်ပုံ စွန်တစ်ကောင် ငြိနေကြသည်။ အသည်းပုံစန
ွ်
ပြတ်သွား၏။ ညှင်းပွင့်က ဝေါခနဲ ထောင်တက်သွားကာ ဘယ်ညာ
ယိမ်းနေသည်။

“နင့်နှုတ်ခမ်းက ဘာဖြစ်တာလဲ”

“နင့်ကို အင်တာကွန်းကနေ စကားပြောတုန်း ကာဘရိတ်အုပ်တော့


တိုက်မိတာ”

ကြည်ပြာက အသံနုလေးဖြင့်ရယ်သည်။ ကျွန်တော့်မေးခွန်းကို


မဖြေ။ မျက်စောင်းဖျက်ခနဲ ရောက်လာ၏။

“ကောင်းတယ်၊ အဲဒါ ငါ့ကို လုပ်ခဲ့လို့ နင့်ကို ဘုရားရိုက်တာ”

ကြည်ပြာက မဲ့ကာရွဲ့ကာဖြင့်ဆိုသည်။ ကျွန်တော် ပျော်သွား၏။


ကြည်ပြာ ကျွန်တော့်မေးခွန်းကို မဖြေ။ ဒါဆိုရင်...၊ အဟား...။ “အဲဒါ
ဘုရားရိုက်တာ၊ မှတ်ထား”

ကြည်ပြာက ဝမ်သာအားရ လှမ်းကြည့်သော ကျွန်တော့်ကို မဲ့ရွဲ့ကာ


ဆို၏။ အသည်းပုံ စွန်ကတော့ အဝေးကြီးကို လွင့်သွားပြီ။ ကြည်ပြာ
ဘာပြောလိုက်မှန်း မသိလိုက်။

“ဘာဖြစ်တယ်”

“နင့်နှုတ်ခမ်း အဲဒီလို ထော်နေတာ ငါ့အပေါ် ကျူးလွန်ခ့တ


ဲ့ဲ
အပြစ်တွေအတွက် ဘုရားရိုက်တာလို့ ပြောတာ”

typing - ကောင်းဆိုး Page 136


နီကိုရဲ မကြည်ပြာနှင့် ချစ်ခြင်း၏ဒုတိယနဂ္ဂတစ်များ
ကျွန်တော် ပြန်လည် ရွှင်မြူးကာလာ၏။ နှုတ်ခမ်းကို တစ်ချက်
လျှာဖြင့်သပ်လိုက်သည်။ အင်တာကွန်းပြောရင်းနဲ့ ရခဲ့တ့ဒ
ဲ ဏ်ရာက
တော်တော်ကို နှုတ်ခမ်း ဖုံလျက်ရှိသည်။ ဘုရားရိုက်တာတဲ့။ အဓိပ္ပာယ်
မရှိတာ နွေးထွေးလာသော ကျွန်တော့်နှလုံးသားက ကဗျာဆရာ
တစ်ယောက် ပြန်ဖြစ်ကာလာ၏။

“ဘာမှမဆိုင်ဘူး....၊ ဘုရားက လေးသင်္ချေနဲ့ ကမ္ဘာတစ်သိန်း ပါရမီ


ဖြည့်ခဲ့တာ၊ သစ္စာလေးပါးကို ထိုးထွင်းသိဖို့၊ နင်တို့ ငါတို့လို ဘာမှမဟုတ်တဲ့
သမီးရည်းစားကို ဒဏ်ပေးဖို့၊ ရိုက်ဖို့ နှက်ဖို့ မဟုတ်ဘူး”

“ဘာမှမဆိုင်ဘူး၊ အဲဒါ ဘုရားရိုက်တာ”

“ဟ... ဘုရားက ကိလေသာကို ဝါသနာနဲ့တကွ စွန့်ပယ်နိုင်တဲ့


သဗ္ဗညုတဘုရားရှင်ဟ၊ ဒီကိစ္စ ဘုရားနဲ့ ဘာမှမဆိုင်ဘူး။ ဘုရားကို
နေရာတကာ လျှောက်ဆွဲထည့်မနေနဲ့။ ဒါ ငါ့ဘာသာဖြစ်တာ၊
အင်တာကွန်းကြောင့်ဖြစ်တာ”

ကျွန်တော် စကားကြောင့် ကြည်ပြာက အုတ်ဘောင်ကို သက်သက်


သာသာမှီထားရာမှ ဝုန်းခနဲခွာသည်။

“အေး... လဲသေလိုက်၊ နင်ဘုရားကို ဘာမှစော်ကားစရာမလိုဘူး


ရဲဝင်း၊ ဘုရားက မတရားတာဆို ဘယ်တော့မှ ကြည့်မနေဘူး။
ဝဋ်ကြွေးဆိုတာ နောင်ဘဝ မကူးဘူးမှတ်ထား။ နင် အဲဒါ ငါ့ကို
အနာတရလုပ်ခဲ့လို့ ဖြစ်တာ၊ အို... တော်ပြီ၊ တော်ပြီ၊ ဘာမှ ငါ့ကို
ကြီးကြီးကျယ်ကျယ်တွေ ပြောမနေနဲ့တော့၊ နင်ဟာ အလကားပဲ ရဲဝင်း၊ နင်
ဆက်မလိုက်နဲ့တော့နော်၊ ငါ ငါ့အမျိုးအိမ် ဝင်မှာ၊ ပြန်တော့သွား”

typing - ကောင်းဆိုး Page 137


နီကိုရဲ မကြည်ပြာနှင့် ချစ်ခြင်း၏ဒုတိယနဂ္ဂတစ်များ
“မဟုတ်ဘူးလေ ကြည်ပြာ၊ ဒီနှုတ်ခမ်းက ဒဏ်ရာက ဘုရားနဲ့ ဘာမှ
မဆိုင်ဘူးလို့ ပြောတာ။ ငါ ဘုရားကို စော်ကားတာမဟုတ်ဘူး။ ဘုရားရဲ့
အကြောင်းကို ငါ နင့်ထက်ပိုသိတယ်။ ဘုရားကို နင့်ထက်ရိုသေလေးစားလို့
ဘုရားရဲ့ ဂုဏ်ကို ငါ နင့်ထက်ပိုသိလို့ ငါကပြောတာ။ ဒီလို အသေးအဖွဲ့
ဘာမှ အဓိပ္ပာယ်မရှိတဲ့ အဖြစ်တွေနဲ့ ဘုရားနဲ့ ပတ်သက်ရင် ဘုရားရဲ့
ဂုဏ်တရားနဲ့ ဂုဏ်တောင် ပျက်သေးတယ်။ ဒါကိုပြောတာ၊ နင်က
ငါပြောတာကို သေသေချာချာ...”

ကျွန်တော်စကား မဆုံးခင် ကြည်ပြာက ကျွန်တော့်ရင်ဘတ်ကို


တွန်းသည်။

“သြော်...၊ ဒါ အဓိပ္ပာယ်မရှိတာ နင်ပဲရဝ


ဲ င်း၊ သွား... သွားဆို
သွားတော့နော်....၊ ရှေ့မှာ ငါ့အဒေါ်အိမ်၊ ဒါပဲ”

ကြည်ပြာက ဒေါသတကြီး ထွက်သွားသည်။ ကျွန်တော် ကြောင်ကာ


ကျန်ရစ်ခဲ့၏။ ပြီးမှ ကြည်ပြာ့နောက်က ပြေးလိုက်ခ့ရ
ဲ သည်။

“ကြည်ပြာ၊ ကြည်ပြာ...၊ နင်ကလည်းဟာ၊ ငါပြောတာက....”

“ကဲ... ရဲဝင်း၊ နင့်ကို ငါပြောနေတယ်နော်။ ငါ့အဒေါ် အိမ်ဝင်မလို့။


မနက်ဖြန်ကျမှ ကျောင်းကစောင့်၊ အခု ငါ့ နင့်မျက်နှာကို မကြည့်ချင်
တော့ဘူး။ ဆက်ပြောလည်း စကားအကောင်းထွက်မှာ မဟုတ်ဘူး။
မနက်ဖြန်မှ ရှင်းမယ်၊ ဒါပဲ”

ကြည်ပြာ ထွက်သွားသည်။ ကျွန်တော် ဘာမှန်းမသိသည့်


ခံစားမှုဖြင့် ကျန်ရစ်ခဲ့သည်။ ကျွန်တော်၏ ကြည်ပြာ့ကြောင့် ပင်ပန်း
ဆင်းရဲခဲ့ရသော အာရုံများထံသို့ ပြေလည်ခါစ လေပြေလေညင်းကလေး

typing - ကောင်းဆိုး Page 138


နီကိုရဲ မကြည်ပြာနှင့် ချစ်ခြင်း၏ဒုတိယနဂ္ဂတစ်များ
တိုက်ခတ်လာစဉ် အာရုံထဲမှ ပြန်လွတ်ထွက်သွားသော ချိုမြိန်သည့်
အရသာကလေးကို ပုတ်ချခံလိုက်ရသူ တစ်ယောက်လို အသာမပြေ
ဖြစ်ကျန်ခဲ့ရသည်။ ငါးမျှားချိတ်မှာ တဖျတ်ဖျတ်လူးကာ မိနေသည့် ငါး၊
ချိတ်မှ ပိုင်ပြီအထင်နှင့် ဖြုတ်တော့မှ ရေထဲပြန်ကျသွားသည့် ငါးမျှားသူ၏
ခံစားမှုမျိုး။ “ဘုရား ရိုက်တာ” ဟူသောစကားလုံကို ကျွန်တော်
ကာကွယ်ခဲသည်။ ပါရမီ(၁၀)ပါး၊ အပြား(၃၀)ဖြည့်တင်းခဲ့သော ဂုဏ်တော်
ကိုးပါးရှင် မြတ်စွာဘုရားသည် ကျွန်တော်လိုကောင်အတွက် ဘာမှမဟုတ်။
မဟာဂရုဏတော်နှင့် ပြုံးရုံတောင်ပြုံးမည်မထင်။ အာသဝ၏ မာယာ
ရေကန်ထဲမှာ ကိုယ့်အသည်းနှလုံးကို ကိုယ်ပြန်လည်မျှားယူနေသော
ငမိုက်သားမျိုးကို ရိုက်ရန် ဝေးစွ၊ ငဲ့စောင်း၍ပင် ကြည့်မယ်မထင်။
ထိုဖြစ်ရပ်များသည် ချစ်ရုံသာချစ်တက်ပြီး အချစ်ကိုနားမလည်သည့်
သာမန်ပုထုဇဉ်တစ်ယောက်၏ ဖြတ်သန်းမူသာဖြစ်သည်။ ကျွန်တော်
မြတ်စွာဘုရား၏ ဂုဏ်ကျေးဇူးကို နားလည်စွာ ကာကွယ်ခ့သ
ဲ ည်။
ကြည်ပြာကတော့ ပြန်လည်ရရှိခါစ သူမ၏ အနိုင်ယူမှုကို ကာကွယ်ခ့သ
ဲ ည်။
မည်သို့ပင်ဖြစ်စေ အခု ကြည်ပြာကတော့ ဓာတ်တိုင်လေးတိုင်လောက်
ရောက်တော့ တိုက်ခန်းတစ်ခန်းထဲသို့ ဝင်သွား၏။ သူမ၏ အဒေါ်အိမ်ဆိုတာ
ဖြစ်လိမ့်မည်။ တကယ်ပါးနပ်သူ တစ်ယောက်သာဆိုလျှင် ဟုတ်ပါတယ်
ကြည်ပြာ၊ နင့်အပေါ် ကျူးလွန်ခဲ့တဲ့ ငါ့အပြစ်တွေကို နင်က ချစ်တ့စ
ဲိတ်တဲ့
ခွင့်လွှတ်ပေမယ့် အမှန်တရားက ငါ့ကို ဒဏ်ခတ်လိုက်တာပါဟု
ပြောပေလိမ့်မည်။

ထိုသို့ ပြောသင့်သည်ဆိုတာကို ကျွန်တော်သိပါသည်။ သို့သော်


ဘာမှမဟုတ်သေးသော ကဗျာဆရာတစ်ယောက်သည် သူသိထားသမျှနှင့်
သူယုံကြည်သမျှကိုတော့ ကာကွယ်တက်သည်။ ထိုခံစားမှုကို ကြည်ပြာ

typing - ကောင်းဆိုး Page 139


နီကိုရဲ မကြည်ပြာနှင့် ချစ်ခြင်း၏ဒုတိယနဂ္ဂတစ်များ
နားလည်မည်မထင်။ ကျွန်တော် စိတ်ပျက်စွာဖြင့် ဖုထနေသော နှုတ်ခမ်းကို
အသာတို့ထိကြည့်ကာ ခုနက ပြတ်သွားသည့် အသည်းပုံစန
ွ်ကလေးကို
ရှာသည်။ မတွေ့ရတော့။ ကျွန်တော် ခေါင်းငိုက်စိုက်ချကာ
လျှောက်လာခဲ့သည်။ အရှင်ဘုရား၊ ထိုအဖြစ်များသည် ပါရမီမြောက်သော
ဖြစ်ရပ်များ မဟုတ်လည်း ခွင့်လွှတ်သည်းခံခြင်းဖြင့် တစ်စုံတစ်ခုကို ရယူရန်
ကြိုးပမ်းနေခြင့်တော့ ဖြစ်ပါသည်။ မိန်းမတစ်ယောက်၏ နားလည်မှုကို
ခွင့်လွှတ်ခြင်းဖြင့် မျှားယူနေခြင်းဖြစ်ပါသည်။

ဤသို့ ချစ်ရပါသော မကြည်ပြာ။

typing - ကောင်းဆိုး Page 140


နီကိုရဲ မကြည်ပြာနှင့် ချစ်ခြင်း၏ဒုတိယနဂ္ဂတစ်များ
မကြည်ပြာနှင့်မွှေးညှင်းနု

ကြည်ပြာ...
ပြာလွင်နေတဲ့... ပင်လယ်ရဲ့ ရေမျက်နှာပြင်ပေါ်မှာ... လရောင်
ဖြူဖြူက တစ်ညလုံးရေနေတဲ့ စကားလုံးတွေကို ဖတ်လို့ ရရဲ့လား!။
မင်းစိတ်ကို လ,ရောင်နဲ့ တစ်ပြေးတည်းထား...၊ မင်းနှလုံးသားကို လမင်းနား
ပါးကပ်ထားပြီး ဖတ်ကြည့်စမ်းပါ ကြည်ပြာ။ ကမ်းစပ်ဆီကို တလက်လက်နဲ့
ပြေးသွားနေတဲ့ စကားလုံးတွေကို တစ်ညလုံး မင်းတွေ့ရလိမ့်မယ်။
သာမန်လူတွေသုံးနေကြ စကားလုံးပြောနေကြ စကားဟောင်းနဲ့
ကြည့်နေကျ အကြည့်တစ်ချက်ကို ဖွဲ့သီထားတဲ့ အဓိပ္ပာယ်မျိုးတော့
ဟုတ်ချင်မှ ဟုတ်လိမ့်မယ်။ ငါ ဘယ်နှစ်ကြိမ်ပြောပြော မင်းနားမလည်ဘူး
မင်း မခံစားရဘူးလို့ ထင်နေလို့ အမြဲတမ်းပြောရတာ အားမရခဲ့တဲ့... မင်းကို
သိပ်ချစ်တာဆိုတဲ့ စကားလုံးရဲ့ အသိတစ်ခုကို မင်းယုံကြည်စွာ
ခံစားစေနိုင်ဖို့အတွက် ဒီတစ်ကြိမ်လည်း ပင်လယ်ရဲ့ ဟိုး အစကနေ
ဖွဲ့သီလာခဲ့တဲ့ ငါ့စကားလုံးတွေရဲ့ အနုပညာဆန်ပုံကိုတော့ မင်းရိပ်မိဖို့
ကောင်းပြီ ကြည်ပြာ...။ ခွင့်လွှတ်ပါ ကြည်ပြာရယ်... နင့်ကို သိပ်ချစ်တယ်
ဆိုတဲ့ စကားကို သာမန်လူတွေလို လွယ်လွယ်ကလေးနဲ့ ပြောမပြတက်တာ
ပြောမပြချင်တာဟာ... ငါ့ ဝဋ်ဒုက္ခနဲ့ ငါ့ အလှတရား တစ်ခုပါပဲ။ နံနက်ခင်း
အိပ်ယာမှနိုးနိုးချင်း လွင့်ကနဲပျောက်သွားသော အိပ်မက်သည်
အမျိုးအမည်လည်းမသိ၊ အကြောင်းအရာလည်း မသေချာ သဖြင့် ရင်ထမ
ှဲာ
ဟာကျန်ရစ်ခဲ့သော ခံစားမှုကိုသာ ပေးခဲ့သောကြောင့် ထိုနေ့
မနက်သည်လည်း ယခင်နေ့ မနက်များလိုပင် အူကြောင်ကြောင် ဖြင့်သာ
အိပ်ယာမှနိုးလာခဲ့သည်။ အိပ်ယာနိုးစ လူများခံစားရလေ့ရှိသလိုပင်

typing - ကောင်းဆိုး Page 141


နီကိုရဲ မကြည်ပြာနှင့် ချစ်ခြင်း၏ဒုတိယနဂ္ဂတစ်များ
ကျွန်တော်လည်း အတည်မကျသေးသော စိတ်ဖြင့် သစ်လွင်လတ်ဆက်
နေသော နံနက်ခင်းကို အရသာခံရင် ရုတ်တစ်ရက်မထနိုင်သေးဘဲ
ခြင်ထောင် အမိုးပေါ်တွင်တင်နေသော အမှိုက်မှုန်စက်များနှင့် ခြင်ထောင်
အတွန့် လိုင်းကြောင်းများကိုပေါင်းကာ ငေးကြည့်ရင်း စိတ်ကူးထဲမှာ
ရုပ်ပုံဖော် ကြည့်နေမိသည်။ ဟော... ဟိုဟာက မြင်းတစ်ကောင်ပုံ၊
အနည်းငယ် သေးနေသဖြင့် မြင်းတစ်ကောင်ထက် သမင်တစ်ကောင်၏ပုံက
ပိုတူသည်ဟု သတ်မှတ်လိုက်၏။ ဒီဘက်က သစ်ပင်အုပ်၊ သစ်ပင်အုပ်
နံဘေးမှ ကျောက်တုံးတစ်တုံး... အင့် အရက်ပုလင်းနဲ့လည်း တူတာပဲ၊
ဟိုးရှေ့ဘက်ကပုံကတော့ ဂါဝန်ဝတ်ထားတဲ့ မိန်းကလေးတစ်ယောက်
က,နေတဲ့ပုံ။ ဟုတ်တယ်... အသေအချာ ဆက်စပ်ကြည့်လိုက်တော့မှ
ခြေချောင်းများကို ကွေးကာ ခါးကိုကော့လျက် လက်များဆန့်တန်းကာ
လေထဲမှာလွင့်နေအောင် က,နေတဲ့ မိန်းကလေး...။ အဲဒီ မိန်းကလေးရဲ့
ခန္ဓာကိုယ်သွယ်လျ နေပုံက ကြည်ပြာရဲ့ ကြည်ပြာရဲ့... ဟာ... ကြည်ပြာ။
အတွေးမဆုံးခင် ခြင်ထောင်ထဲက ဝုန်းကနဲခုန်ထက
ွ်ပြီး စားပွဲပေါ်မှာ
တင်ထားတဲ့ နာရီကိုကြည့်လိုက်တော့ ၉နာရီ၁၅မိနှစ်။ သွားပြီ၊ ကျွန်တော်
တစ်ကိုယ်လုံး တောင့်တင်းသွားသည်။ ဒီနေ့ မနက် ကြည်ပြာနှင့်ကျွန်တော်
၉နာရီတိတိ လိုင်ဗရီရှေ့မှာ ချိန်းထားကြသည်။ ထိုအချိန်ကတည်းကစပြီး
ကျွန်တော် စိတ်နှင့်ရုပ် နှစ်ခုချက်ချင်း ကွထ
ွဲက်သွားကြ၏။ စိတ်က
လိုင်ဗရီရှေ့မှာ ကျွန်တော့်ကို စောင့်နေ တော့မည့် ကြည်ပြာထံ
ရောက်သွားပြီး ရုပ်က မျက်နှာသစ် လွယ်အိတ်ကို ကောက်လွယ်ကာ
ကားမှတ်တိုင်ကို ကမန်းကတမ်း ထွက်လာခဲ့ရသည်။

typing - ကောင်းဆိုး Page 142


နီကိုရဲ မကြည်ပြာနှင့် ချစ်ခြင်း၏ဒုတိယနဂ္ဂတစ်များ
“ရဲဝင်း... နင်မလာနိုင်ရင် မချိန်းနဲ့နော်... နင်ဘယ်တော့မှ မနက်
၉နာရီ မထိုးခင် အိပ်ယာကမနိုးဘူးဆိုတာ ငါသိတယ်... နင် မပါလဲ
ဘာမှမဖြစ်ဘူး... ငါ့ဘာသာသွားမယ်”

“ဘာဖြစ်လို့ မနိုးရမှာလဲဟ... ငါပါလိုက်မှာပေါ့ နင် ဘယ်နားက


စောင့်မှာလဲ... ဒါပဲပြော”

“အေး... လဲသေလိုက်၊ လိုက်ဗရီရှေ့ကပဲစောင့်မယ်။


မနိုးလို့ကတော့လား...!”

မယုံသင်္ဏဟန်ဖြင့် မဲ့ရွဲ့နေသာ ကြည်ပြာပါးကလေးကို ကျွန်တော်


ဆွဲပင်ဆိတ်ခဲ့သေး၏။ ကားကတစ်စင်းမှ မလာသေး။ မှတ်တိုင်မှာ
လူတွေအားလုံးက ကားလာမည်ဘက်ကို မျှော်နေကြသည်။ ၉နာရီ ခွဲနေပြီ။
ကျွန်တော်အခုထိ ကားမှတ်တိုင်မှာပဲ ရှိနေသေး၏။

လိုင်ဗရီရှေ့က ကြည်ပြာ့အနားကို ရောက်နေနှင့်ပြီးသော ကျွန်တော့်


စိတ်က မှတ်တိုင်မှာပင်ရှိနေသေးသော ခန္ဓာကိုယ်ထံ ပြန်ပြေးကာလာ၏။
မလာသေးသောကားကို စိုးရိမ်ကြောင့်ကျစွာ ကူစောင့်ပေးသည်။
ကားမလာနိုင်သောအခါ စိတ်က ကြည်ပြာ့ထံ ပြန်ပြေးပြန်၏။
ကြည်ပြာလည်း အိပ်ယာထနောက်ကျပါစေ... ဟု ဆုထောင်းရင်း
ဂနာမငြိမ်စွာဖြင့် မလာသေးသောကားကို ဆန္ဒအားကြီးစွာဖြင့် ကျွန်တော်
စောင့်ရသည်။

ဟော ကျွန်တော်စိတ်က လိုင်ဗရီရှေ့ ပြန်ပြေးသွားပြန်သည်။


ကြည်ပြာရောက်နေပြီ၊ ကျွန်တော့်ကို စိတ်ဆိုးနေပြီဟု တစ်ခေါက်
ပြန်လာကာ သတင်းပေးပြန်၏။ ကားက လာမယ့်လာတော့ ၃၁

typing - ကောင်းဆိုး Page 143


နီကိုရဲ မကြည်ပြာနှင့် ချစ်ခြင်း၏ဒုတိယနဂ္ဂတစ်များ
ကားကြီးသာ လာ၏။ ကားလေးမလာ...။ ဘာလုပ်ရမလဲ! ဒီကားကြီးနဲ့ပဲ
လိုက်သွားရမလား! ကားကြီးတွေက နွားလှည်းသာသာမောင်းတက်သည်၊
ပြီးတော့ မှတ်တိုင်တိုင်းမှာရပ်ကာ လူတင်လေ့ရှိ၏။ ကားလေးကမြန်တယ်။
ဒါပေမယ့် မနက်ခင်းကားလေးတွေက လူပြည့်လာတော့ မှတ်တိုင်မှာ
ရပ်ချင်မှ ရပ်မှာ ဘာလုပ်ရမလဲ! ကားကြီးပဲ စီးသွားရင် ကောင်းမလား!
ကားကြီးပေါ်တက်ပြီးမှ ကားလေးကနောက်က ရောက်လာရင်ရော။
ဘာဆုံးဖြတ်ရမှန်းမသိခင် ကားကြီးက မောင်းထွက်သွား၏။ ပြေးလိုက်
သော်လည်း မမီတော့... ဒေါသဖြင့် ကျန်ခ့သ
ဲ ည်။ နံနက်ခင်း စောစော
ချွေးတွေရွှဲလာ၏။ လိုင်ဗရီရှေ့မှ တစ်ခေါက်ပြန် ပြေးလာသော စိတ်က
မှတ်တိုင်မှာပဲ ခုန်ဆွခုန်ဆွဖြင့် ကျန်ခဲ့သော ရဲဝင်းကို ဆဲသည်။
ကားလေးတစ်စင်းပေါ်လာသည်... သို့သော် မှတ်တိုင်မှာမရပ် ဝေါကနဲ
မောင်းထွက်သွားသောကားနှင့် ကျွန်တော်စိတ်က တစ်ခါပြန်ပါ
သွားပြန်သည်။ သို့နှင့် ကျောက်ကုန်းမှ ၄၂ ကားမှတ်တိုင်ကိုရောက်တော့
၉နာရီ ၅၀မိနှစ်...။ ကျောက်ကုန်းမှ ၄၂ ကားမှတ်တိုင်ကိုရောက်တော့
၁၀နာရီ ၄၈မိနှစ် ဖြစ်နေပြီ။ အဓိပတိလမ်းပေါ် ခြေစချတော့ လိုင်ဗရီရှေ့ကို
ရောက်နေပြီးသာ စိတ်က ကမန်းကတမ်း ပြေးလာကာသတင်းပေး၏။
ကြည်ပြာမရှိတော့ဘူး။ မင်း ၁ နာရီကျော် နောက်ကျနေတာနဲ့ ကြည်ပြာ
မစောင့်တော့ဘဲ သူငယ်ချင်းမွေးနေ့ကို ထွက်သွားပြီ... တဲ့။ ကျွန်တော်
ဒေါသ ခံပြင်းစိတ်တို့ဖြင့် အမြန်နှုန်းကိုမြှင့်ကာ လျှောက်ရင်း ရင်ထဲ
ဟာသွား၏။ ခြေလှမ်းကိုမြှင့်၍ မြှင့်၍တင်ကာ ကျွန်တော် ခန္ဓာကိုယ်ကို
ကြုံ့ဆွဲသည်။ စိတ်က စိတ်မရှည်နိုင်စွာ ပြေးထွက်သွားပြန်သည်။
ဟင့်အင်း... ကြည်ပြာမသွားသေးဘူး... ရှိသေးတယ်။ မင်းကို ဒေါသတကြီး
စောင့်နေတယ်... ဟု ဖင်ကုတ်ခေါင်းကုတ်ဖြင့် တခါသတင်းပေးပြန်၏။

typing - ကောင်းဆိုး Page 144


နီကိုရဲ မကြည်ပြာနှင့် ချစ်ခြင်း၏ဒုတိယနဂ္ဂတစ်များ
ကျွန်တော့်ရင်ထဲ ပူသွားသည်။ ဒုက္ခပါပဲ ကြည်ပြာဘယ်လောက်
ဒေါသဖြစ်နေမလဲဆိုတာ ကျွန်တော် ခန့်မှန်းမိသည်။ ဘယ်လိုလုပ်ရပါ့မလဲ!
စိုးရိမ်ကြောက်ရွံ့စိတ်က ရင်ထဲမှာ တဆတ်ဆတ်တုန်နေသော်လည်း
ခြေလှမ်းတို့ကို အရှိန်လျော့မချရဲ။ အဓိပတိလမ်းသည် လျှောက်ခ့ဖ
ဲူးသမျှ
ဒီတစ်ကြိမ် အရှည်လျာဆုံးဟု ထင်မိသည်။ ဖြစ်နိုင်လျှင်
ရေတမာပင်တန်းများကို ရိပ်ခနဲ့... ရိပ်ခနဲ့ ထားခဲ့ချင်သည်။ နံဘေးက
ဝေါကနဲ ဖြတ်မောင်းသွားသော ကိုယ်ပိုင်ကားတစ်စင်းနှင့် တွယ်လိုက်
သွားချင်သည်။

ဒီလိုနှင့်ပင်... လိုင်ဗရီရှေ့ကို သဲသက


ွဲက
ြွဲ မင်ရလောက်သော
အကွားအဝေးသို့ ရောက်သည့်အခါ အဓိပတိလမ်းကို ခန္ဓာကိုယ်
တစ်ဝက်ခန့် ညွတ်ကိုင်းကာ ကျွန်တော့်ကို လှမ်းမျှော်ကြည့်နေသော
ကြည်ပြာ့ကို ဝမ်းသာကြည်နူးဖွယ်ရာ... စိတ်ညစ်ကြောက်လန့်ဖယ
ွ်ရာ
ကျွန်တော် လှမ်းမြင်လိုက်ရသည်။

“ဟား... ပြဿနာပဲ... ကြည်ပြာမသွားသေးဘူး... ရှိသေးတယ်...


ဒုက္ခပါပဲ”

ကြည်ပြာရှိနေသည့်အတွက် ကြည်နူးသွားသည့်စိတ်၏ ဇောအကြိမ်


များကို ကြည်ပြာရှိသည့်အတွက် ထိတ်လန့်သွားသော စိုးရိမ်စိတ်က
ဖျက်ဆီးပစ်လိုက်သည်။ ကြည်ပြာရှိနေသည့်အတွက် ကျွန်တော်
ရင်ဆိုင်ရတော့မည် ပြဿနာမသေးတော့ ဆိုတာကို ကျွန်တော်
နားလည်သည်။ ထိုစဉ်မှာပင် ကြည်ပြာက အဓိပတိလမ်းကို လှမ်းမျှော်ကြည့်
နေသော သူမခန္ဓာကိုယ်ကို ဖျတ်ခနဲမတ်လိုက်သည်။ လာနေတာကျွန်တော်
ဆိုတာကို ကြည်ပြာ သဲသဲကွဲကွဲသိသွားပြီ ဖြစ်သည်။ ပြန်မတ်သွားသော

typing - ကောင်းဆိုး Page 145


နီကိုရဲ မကြည်ပြာနှင့် ချစ်ခြင်း၏ဒုတိယနဂ္ဂတစ်များ
ကြည်ပြာ့ခန္ဓာကိုယ်က အလောတကြီးလာနေသော ကျွန်တော့်ကို
ကျောခိုင်းပစ်လိုက်သည်။ ထိုနောက်... ကြည်ပြာက သူမလက်ထတ
ွဲင်
ကိုင်ထားသောထီးကို အဓိပတိလမ်းပေါ်သို့ လွှင်ပစ်လိုက်လေသည်။
သွားပြီ....။

ကျွန်တော့်ကိုစောင့်နေခဲ့သော ကြည်ပြာ၏ဒေါသသည် ဘယ်အထိ


ပေါက်ကွဲနေသလဲဆိုတာကို အဓိပတိလမ်းပေါ်သို့ လွင့်ပျံ ထွက်သွားသော
ထီး၏ အရှိန်ပေါ်တွင် သိနိုင်သည်။ သြစတေးရီးယား အိမ်ရှေ့မင်းသား
ဖရန်ဆစ်ဖာဒီနန်ကို ဆားဗီးယားတို့က လုပ်ကြံခြင်းကြောင့် ပထမကမ္ဘာစစ်
ဖြစ်ခဲ့သည်။ အမေရိကန်ပိုင် ပုလဲဆိပ်ကမ်းကို ဂျပန်တို့က ဗုံးကြဲ
တိုက်ခိုက်ခြင်းဖြင့် ဒုတိယကမ္ဘာစစ်ကို ကြေညာခဲ့သည်။ ကြည်ပြာ
ကိုင်ထားသောထီးကို လွှင့်ပစ်လိုက်ခြင်းသည်လည်း သူနှင့် ကျွန်တော့်
အကြားတွင် (ကျွန်တော် သူ့မအနားကိုမရောက်ခင်) သူမ၏ ဒေါသကို
ကြိုတင်ပြကာ စစ်ကြေညာလိုက်ခြင်းသာဖြစ်သည် ဆိုတာကို ကျွန်တော်
နားလည်ပါသည်။

ကျွန်တော် ကြည်ပြာနှင့် ကျွန်တော့်ကြား အကွာအဝေး ခြေလှမ်း


ဆယ့်ငါးလှမ်းခန့်ကို အရှိန်မြှင့်တင်လိုက်သည်။ အဓိပတိလမ်းပေါ်မှ
ထီးကိုကောက်ပေးသည့်အခါ ကျောခိုင်းထားသော ကြည်ပြာက ဘာမှ
ဖြေရှင်းချက် မပေးနိုင်မီ ကျွန်တော့်မျက်နှာကို ရိုက်ချလိုက်မှာလား။
ဒါမှမဟုတ် ကျွန်တော် ထီးကောက်နေချိန်တွင် ကြည်ပြာ ဘာမှမပြောဘဲ
ထိုနေရာက ထွက်သွားမှာလား!...။ မည့်သို့ပင်ဖြစ်စေ ကျွန်တော်
ခြေလှမ်းများကို ရွေးချယ်ခွင်မဲ့စွာ လှမ်းခဲ့ပါသည်....။ သို့သော်...။

typing - ကောင်းဆိုး Page 146


နီကိုရဲ မကြည်ပြာနှင့် ချစ်ခြင်း၏ဒုတိယနဂ္ဂတစ်များ
“ဟေ့ကောင်... ရဲဝင်း... မင်းကဘာဖြစ်လို့ မနေ့က ပြန်သွားရ
တာလဲ!”

ကျွန်တော် ကြည်ပြာ့ထီးနားမရောက်ခင် ဗြုန်းကနဲရောက်လာသော


သူငယ်ချင်းက ကျွန်တော်လက်ကို ဆွဲကိုင်ကာ မေးခွန်းထုတ်၏။ ကျွန်တော်
ကြောင်နေခဲ့သည်။

“.................”

“မင်းပြန်သွားတော့ ဝဏ္ဏလင်းနဲ့ ဥက္ကာမြင့်မြတ်တို့ ရောက်လာ


တယ်... ကဗျာတစ်အုပ် လုပ်ကြဖို့က သေချာသွားပြီ... တဲ့”

“ဟေ့ကောင်ခဏလေး... ငါ... ဟို....”

အခြေအနေကိုမသိသော သူငယ်ချင်းက ကျွန်တော်ရုန်းသော်လည်း


မလွှတ်... သူပြောချင်ရာကို အတင်းစွတ်ပြောကာနေပြန်သည်။

“အဲဒါ မင်းကဗျာနဲ့ မြတ်ရဲ့ကဗျာတွေပြန်ပေးတဲ့ကွ။ မင်းရဲ့


ပန်းသစ်ဆောက်သူနဲ့ လိပ်ပြာတောင်ပံပေါ်က ဆေးစက်များလေ
အဲဒါ ဖယောင်းရေးဖို့ရယ်... မျက်နှာဖုံးဒီဇိုင်းရယ်ကိစ္စ၊ မင်းနဲ့တွေ့ချင်
နေကြတယ်။”

ကြည်ပြာက ကျောပေးထားတုန်း... ကျွန်တော်လည်း ရုန်းမရသဖြင့်


ကြည်ပြာ့အနားကို မရောက်...၊ ကြည်ပြာစစ်ကြေညာ ထားသည့်ထီးက
အဓိပတိလမ်းပေါ်မှာ ရှိနေတုန်း...။ ထိုစဉ် အခြေအနေက ရှုတ်ထွေးသွား၏။
ကလေးတစ်ယောက်က အဓိပတိ လမ်းပေါ်မှ ကြည်ပြာ လွှင့်ပစ်ထားသည့်
ထီးကြီးကိုတွေ့ကာ ဝမ်းသာ အားရပြေးကောက်သည်။ ကြည်ပြာ
ကျွန်တော်ကို ကျောပေးထားကာ သူနှုတ်ခမ်းပါးပေါ်မှာ ဒေါသ

typing - ကောင်းဆိုး Page 147


နီကိုရဲ မကြည်ပြာနှင့် ချစ်ခြင်း၏ဒုတိယနဂ္ဂတစ်များ
စကားလုံးတွေကိုတင်ရင်း ကျွန်တော် ဘယ်အချိန်ထီးကို လာကောက်မလဲ
ဟု ချောင်းကြည့်နေပုံရသည်။ ကလေးက ထီးကိုကောက်ကာ တအံ့တသြ
ထွက်သွားရန် ပြင်၏။

“ဟဲ့... ဟဲ့... ဟဲ့ကောင်လေး ချထားစမ်း… ပြန်ချလိုက်”

ကြည်ပြာက ထီးကိုကိုင်ကာ ထွက်သွားဟန်ပြင်နေသော ကလေးကို


အံကြိတ်ထားသောအသံဖြင့် ထားသည်။ ကလေးမကြား....၊ ထီးကို
ကောက်ကိုင်ကာ ထွက်သွား၏။

“ဟဲ့... ဟဲ့ကောင်လေးချထားဆို... အခုချ... ချထား”

ကြည်ပြာ့အသံက စူးရုကာမာထန်နေသည်။ ကျွန်တော် လွမ


ှဲားနေပြီ
ဖြစ်သော အခြေအနေကို အားလုံးတွေ့နေရသဖြင့် နေမရတော့၊
သူငယ်ချင်းကို ဘာမှပြောမနေတော့ဘဲ ကောင်လေးထံ ပြေးဝင်သွားရ၏။

“ဟေ့ကောင်လေး... ထီးကိုပြန်ချ... ဟေ့ကောင် ပြောနေတယ်


မဟုတ်လား”

ကျွန်တော့် အထိတ်တလန့်အသံကြောင့် ကောင်လေး တန့်သွား၏။


ကျွန်တော် ပြေးဝင်ကာ ကောင်လေး၏ဂုတ်ကို ဖမ်းကိုင်ထားလိုက်ရသည်။
ကြည်ပြာကလည်း ဝုန်းကနဲ ပြေးဝင်ကာ လာ၏။

“ဘာလဲဗျ၊ ကျွန်တော်ကောက်ရတာပဲ”

“ဟား... ပြဿနာပဲ... ဘာကောက်ရတာလဲ!...အဲဒါ ဒီအစ်မကြီးထီး


ပေး... မင်းပြန်ချထားလိုက်”

“ဘာလဲဗျ၊ ဒီကကောက်ရတာ...”

typing - ကောင်းဆိုး Page 148


နီကိုရဲ မကြည်ပြာနှင့် ချစ်ခြင်း၏ဒုတိယနဂ္ဂတစ်များ
ကလေးက ထီးကိုပြန်မပေးဘဲ ဂျစ်ကန်ကန်ဖြင့် သူကောက်ရသည့်
နေရာကိုပြသည်။

“အေး… အဲဒါ... ငါလွှင့်ပစ်ထားတာသိလား!... ပေး ပြန်ချ”

ကြည်ပြာက ဒေါသတကြီးဝင်အော်ရင် ကလေးကို ထီးပြန်ချဖို့


ပြောသည်။ ကောင်လေး ကြောင်ကာငေးနေ၏။ ဘာဆိုတာကို နားလည်ပုံ
မပေါ်။ ကျွန်တော်တို့နှစ်ယောက်ကို နားမလည်သလို ငေးနေသည်။

“ဟား... မင်းတော်တော်ပြဿနာရှာတဲ့ ကောင်လေးပါလား


အဲဒီထီးက အစ်မကြီး ငါ့ကိုစိတ်ဆိုးပြီး လွှင့်ပစ်ထားတာကွ... ပေး...
ပြန်ပေးလိုက်”

ကျွန်တော်စကားဆုံတော့ ကြည်ပြာ အံကြိတ်ကာ ကျွန်တော့်ကို


လှည့်ကြည့်သည်။

“လဲသေလိုက်ရဲဝင်း... တောက်!... ဒီကလေးကလည်း အရေးထဲ


ငါ... ကဲဟယ်... ကဲ...”

ကြည်ပြာက ကလေးခေါင်းကို လေးငါးချက်ဆင့်ခေါက်ကာ ချာကနဲ


လှည့်ထွက်သွားသည်။ ကျွန်တော်လည်း ရုတ်တရက်ဆိုတော့ မတား
လိုက်နိုင်...။ ကလေးက ဘာမှန်းညာမှန်းမသိဘဲ အခေါက်ခံလိုက်ရသဖြင့်
လန့်ကာဗြဲကနဲ ထအော်ကာငိုသည်။

“ဟာ... ကြည်ပြာ... ကြည်ပြာ... ငါက... ပြဿနာပဲ မငိုန့က


ဲ လေး...
မငိုနဲ့... ကြည်ပြာ... ကြည်ပြာ...”

ကြည်ပြာက ကျွန်တော့်ကို တစ်ချက်မှလှည့်မကြည်တော့ဘဲ


ထွက်သွားသည်။ ကျွန်တော်ကလေးထံမှ ထီးကို လှမ်းယူပြီး

typing - ကောင်းဆိုး Page 149


နီကိုရဲ မကြည်ပြာနှင့် ချစ်ခြင်း၏ဒုတိယနဂ္ဂတစ်များ
ကြောက်လန့်တကြား ငိုနေသောကလေးကို ဆွဲပွေ့ထားရ၏။ ထို့နောက်
ကလေးကို ချော့ရသည်။ ကလေးကငိုသံမတိတ်။ ထိုကလေးက
ကျောင်းဝန်ထဲမှာ ရေခဲရေတို့ ဇီးထုပ်တို့ရောင်းသော မိန်းမတစ်ဦး၏
ကလေးဖြစ်သည်။ ကလေးကို အငိုတိတ်အောင်ချော့ရင်း သူ့မိခင်ကို
လိုက်ရှာကာ အကြောင်းစုံရှင်းပြရသည်။

“သူ့အပြစ်လဲ မဟုတ်ပါဘူး အစ်မရယ်... သူကောက်တာကိုလည်း


ဘာမှအပြစ်မပြောပါဘူး... ဒါပေမယ့် ဟိုလေ... ကျွန်တော့် ကောင်မလေး
ကတော့... သူ့ဒေါသကို အဲဒါမျိုးလေ... ဒီလို ပါပဲ အဲဒါ”

“ဟင်... နင်တော်တော် ဒုက္ခပေးပါလား မျိုးဆွေသန်း ဟင်၊


မနက်ကလည်း မုန့်ဟင်းခါးစားမယ်တဂျီဂျီနဲ့... နင်ငါ့ကို ဒုက္ခပေးလှပါလား!
လူများပစ္စည်းလိုချင်တဲ့ အကျင့်ကို နင် မဖျောက်သေးဘူး ဟုတ်လား!
ဘာပဲဖြစ်ဖြစ် နင်ယူရမလား! ...နင့်ကို ငါဘာပြောထားလဲ...! လာခဲ့လာ...
လာခဲ့”

ကျွန်တော် တောင်းပန်ရင်း ဆွဲသော်လည်း မရတော့...


မျိုးဆွေသန်းဆိုသော ကျွန်တော့်ဒုက္ခကို ဝင်ခံသွားသည့် ချာတိတ်
ကလေးကို သူ့အမေက ရေခဲရေခွက်ဖြင့် ခေါက်သည်။ ကျွန်တော့်
လက်ထဲမှာ ဒေါသတကြီး ဆွဲယူကာ ဗိုက်ကိုဆိတ်သည်။ တင်ပါးကို
တဖြန်းဖြန်းချသည်။ နာလွန်းသဖြင့် ချာတိတ်ကလေးလည်း အသံမျိုးစုံဖြင့်
အော်ငိုကာ ခုန်ဆွခုန်ဆွဖြင့် လှည့်ပတ်ပြေးနေ၏။ ကျွန်တော်
စိတ်မချမ်းသာစွာဖြင့် ထိုနေရာမှာ ထွက်လာခဲ့သည်။ ဘာတွေ
ဖြစ်ကုန်တာလဲဆိုတာကို ကျွန်တော် မစဉ်းစားတက်တော့ သာမန်အဖြစ်
အပျက်တစ်ခုကနေ ကျွန်တော်နှင့် ကြည်ပြာ သွေဖယ်သွားခဲ့ကြသည်။

typing - ကောင်းဆိုး Page 150


နီကိုရဲ မကြည်ပြာနှင့် ချစ်ခြင်း၏ဒုတိယနဂ္ဂတစ်များ
ကြည်ပြာခုနက လုပ်ခဲ့သလို စိတ်ဆိုးစိတ် ကောက်နည်းကို ကမ္ဘာပေါ်က
ချစ်သူပေါင်းများစွာ ပြုလုပ်ခဲ့ပြီး၊ ပြီးမြောက်အောင်မြင်သွားခဲ့ကြသည်။
ကျွန်တော်နှင့် ကြည်ပြာမှ ဘာကြောင့်အဆင်မပြေရသနည်း။ ကျွန်တော်
ကြည်ပြာ့ခေါက်ထီးကို လက်ထဲမှာ ကျစ်ကျစ်ပါအောင်ဆုပ်ကိုင်ထားရင်း
ကြည်ပြာရှိမည့်နေရာကို ခန့်မှန်းကာထွက်လာခဲ့သည်။ ကျွန်တော့်အတွက်
ပြဿနာက မပြီးဆုံးသေး... ဟို မကျေနပ်မှုကို အဆုံးသတ်သွားအောင်
ကျွန်တော်လုပ်ပေးရဦးမည်။ ကြည်ပြာ လိုချင်နေသော အနိုင်ရမှု...
ကြည်ပြာပြောချင်နေသော ဒေါသစကားကို ဖြစ်ခဲ့သည် အူကြောင်ကြောင်
အဖြစ်အပျက်နှင့် ဆုံးရှုံးမသွားစေချင်ပါ။ ကြည်ပြာ့ကို ရအောင်
ပေးချင်ပါသည်....

ထိုသို့ ချစ်ရပါသော... မကြည်ပြာ...။ ချစ်သူတစ်ယောက်၏


ရှေ့တွင် အမှားကို ဝန်ခံခြင်းသည် အရှုံးပေးခြင်းထက် အဆင့်အတန်း
ပိုပြီးမြင့်သော်လည်း ကြည်ပြာ့လို ချစ်သူမျိုးအတွက်ဆိုလျှင် အတော်
အန္တာရာယ်ကြီးမှန်း မလုပ်သင့်မှန်းသိသော်လည်း ကျွန်တော်သည် အမှားကို
မှန်မှန်ဝန်ခံလေ့ရှိသည်။ ထို့ကြောင့် ကြည်ပြာနှင့် ပတ်သက်လျှင်
ကျွန်တော်သည် အပြစ်အများဆုံး ရှိသူတစ်ယောက် အကြိမ်များစွာ
ဖြစ်ခဲ့သော်လည်း အမှန်ကို ဝန်ခံခဲ့သော ကျွန်တော်၏ ရိုးသားမြင့်မြတ်သော
စိတ်ထားကို တစ်နေ့တွင် ကြည်ပြာသဘောပေါက်လာကာ ကျွန်တော့်ကို
တန်ဖိုးထားတက် လာလိမ့်မည်ဟု မိုက်မဲစွာ စိတ်ကူးယဉ် မျှော်လင့်
နေတုန်းပင် ဖြစ်သည်။အကယ်၍ ကျွန်တော်သည် အမှန်ကို ဝန်ခံခြင်းထက်
ပိုမိုပါးနပ်စွာ အရှုံးပေသည့်နည်းကိုသာ သုံးခဲ့လျှင် ကြည်ပြာ ကျွန်တော်ကို
ပိုမိုကျေနပ်သွားမည်။ ဘေးမှသူငယ်ချင်းများကလည်း သနားပါတယ်
ဟယ်... ဟု ဝင်ပြောခွင့်ရနိုင်ပြီး... ကြည်ပြာကလည်း သူငယ်ချင်းများ

typing - ကောင်းဆိုး Page 151


နီကိုရဲ မကြည်ပြာနှင့် ချစ်ခြင်း၏ဒုတိယနဂ္ဂတစ်များ
မှတ်ချက်ပေးသလို ကျွန်တော့်ကို သနားလာနိုင်ပါသည်။ သို့သော်
ကျွန်တော်က ကြည်ပြာသနားပြီး ခွင့်လွှတ်နိုင်ခြင်းထက် ကျွန်တော်၏
တရားမျှတစွာ ဝန်ခံမှုအပေါ် အခြေအနေကို နားလည်ကာ ကြည်ဖြူစွာ
ခွင့်လွှတ်ခြင်းကိုပဲ ပိုတပ်မက်သည်...ပိုလိုချင်ခဲ့သည်။ ကျွန်တော်
ကြည်ပြာ့ရှေ့မှာ ဒူးထောက်ချလိုက်သည်ဆိုလျှင်တောင် ထိုဒူထောက်ခြင်းမှာ
မျှော်လင့်ချက်အပြည့်...သတ္တိအပြည့်ဖြင့် အမှန်ကို ဝန်ခံခြင်းမျိုးသာဖြစ်ပြီး
အရှုံးပေးခြင်း လုံးဝမဖြစ်စေရ။ ကျွန်တော့်ကို ဆွထ
ဲူလိုက်သော
ကြည်ပြာလက်များနှင့် နှလုံးသားတွင်လည်း သနားစိတ် လွန်ကဲခြင်း
မရှိဘဲ... နားလည်ခွင့်လွှတ်ခြင်းသာ ပါစေရမည်...။ ထိုအချက်သည်
ကျွန်တော်တစ်သက်လုံး လက်တွဲသွားတော့မည်ဟု ဆုံဖြတ်ထားသော
ချစ်သူထံမှ အလိုချင်ဆုံးသော ခံစားချက်သာဖြစ်သည်။ ကျွန်တော်
ထိုဆုံဖြတ်ချက်အတိုင်းပင် မှန်ရာကို ဝန်ခံဖို့ ကြည်ပြာ့ထံ ရောက်လာ
ခဲ့သည်။ ကဲင်တင်းတွင် စကားပြောနေကြသော သူငယ်ချင်းများအကြားတွင်
ကြည်ပြာ့ကို လှမ်းတွေ့လိုက်ရသည်။ ကြည်ပြာက စကားတော့ပြောမနေ...
မှုန်သီနွမ်းလျစွာဖြင့် တစ်ဖက်သို့ စိုက်ငေးကာနေ၏။ ကျွန်တော့်ကို
လှမ်းတွေ့လိုက်ကြတော့ သူငယ်ချင်းများလည်း စကားပြောခြင်းကို
ရပ်ပစ်လိုက်ကြသည်။ ကျွန်တော် ကြည်ပြာ့၏ထီးကို စားပွဲပေါ်
လှမ်းတင်လိုက်သည်။ ယဉ်ယဉ်သိန်းက ထီးကိုမြင်တော့ ခွီးကနဲ တစ်ချက်
ရယ်သည်။ သူငယ်ချင်းများအားလုံး ထိုကိစ္စကို သိပြီးကြပုံပေါ်သည်။
ကျန်သူငယ်ချင်းများကတော့ ကြည်ပြာ့မျက်နှာကို တစ်ချက်လှည့်ကြည့်ကာ
အတက်နိုင်ဆုံး ခပ်တည်တည်ဖြစ်အောင် နေကြ၏။ ကြည်ပြာက
ဝင်ထိုင်သော ကျွန်တော့်ကို တစ်ချက်မှလှည့်မကြည့်ဘဲ နှုတ်ခမ်းများကို
တင်းတင်းစေ့ထားသည်။ ကျွန်တော် အားတင်းကာ ခေါ်လိုက်သည်။

typing - ကောင်းဆိုး Page 152


နီကိုရဲ မကြည်ပြာနှင့် ချစ်ခြင်း၏ဒုတိယနဂ္ဂတစ်များ
“ကြည်ပြာ.....”

ကြည်ပြာက လုံးဝလှည့်မကြည့်။ ရှိစေတော့....။

“ကြည်ပြာ... နောက်ကျသွားတဲ့အတွက် ငါတောင်းပန်ပါတယ်ဟာ...


နင်ဘာဖြစ်လို့ ငါ့ကိုစောင့်နေလဲ... မွေးနေ့ပက
ွဲို နင်ဘာသာ
သွားလိုက်ပါလား!”

“လဲသေလိုက်ရဲဝင်း... ပြောမနေနဲတော့... အဲဒီမွေးနေ့ပက


ွဲို
ငါမသွားရလို့ ဘာမှ ဖြစ်မသွားဘူးသိလား!... ထားလိုက်တော့ ပြောမနေနဲ့
တော့....”

ကြည်ပြာ့စကားကြောင့် သူငယ်ချင်းများက ကျွန်တော့်ကို စိုးရိမ်


တကြီး ဝိုင်းကြည့်လိုက်ကြ၏။

“မဟုတ်ဘူး ကြည်ပြာ... ငါနောက်ကျတဲအတွက် ဘာအကြောင်းပြ


ချက်မှ မပေးတော့ပါဘူး.... ဒါပေမယ့်... နင် ငါ့ကိုစောင့်နေမယ်လို့
လုံးဝမထင်ဘူး ကြည်ပြာ... ငါ နင့်ကို တွေ့လိုက်ရတော့ အံ့သြသွားတယ်...
ငါနောက်ကျတဲ့ အတွက်လည်း ပိုဝမ်းနည်းသွားတယ်၊ နင် ထီးကို
လွှင့်ပစ်လိုက်တာတွေ့တော့....”

“တော်ပြီဆို... ရဲဝင်း”

ကြည်ပြာထံမှ ထိုအသံနှင့် ထိုအကြည့်ရောက်လာပြီဆိုလျှင်


ကျွန်တော် ဘာစကားမှ ထပ်မပြောတာ အကောင်းဆုံးဆိုတာကို
သိလိုက်ရသဖြင့် နဖူးကိုလက်ဖြင့်ထောက်ကာ မျက်ဝန်းများကို မှိတ်ထား
လိုက်မိသည်။ မှိတ်ထားသောမျက်ဝန်းထဲမှာ... အဓိပတိလမ်းကို ငုံ့ကိုင်းကာ

typing - ကောင်းဆိုး Page 153


နီကိုရဲ မကြည်ပြာနှင့် ချစ်ခြင်း၏ဒုတိယနဂ္ဂတစ်များ
ကျွန်တော့်ကို မျှော်ငေးနေသောကြည်ပြာ... အဓိပတိ လမ်းပေါ်သို့
လွင့်ပျံဝဲထွက်သွားသော ကြည်ပြာ၏ထီး...။ ထိုထီးကို ဝမ်းသာအားရ
ပြေးကောက်သောကလေး၏ မျက်နှာ...။ ကျွန်တော်သာ အိပ်ယာက နံနက်
၇ နာရီ နိုးခဲ့လျှင်....။ ညတုန်းက တစ်ညလုံး ဘာကဗျာမှမရေးနိုင်ဘဲ
စားပွဲမှာ ၃ နာရီ အထိ မထိုင်ခဲ့ဘူးဆိုရင်... ကြည်ပြာနှင့် ကျွန်တော်
ငြိမ်းချမ်းပျော်ရွှင်နွေးထွေးစွာဖြင့် မွေးနေ့ပွဲကို ရောက်သွားမည်ဖြစ်သည်။

ဘယ်လောက်ပျော်ရွှင်စရာ ကောင်းလိမ့်မည်နည်း... ကျွန်တော့်


ရင်ထဲမှာ မရရှိလိုက်သော ပျော်ရွှင်မှုအတွက် ဝမ်းနည်းယူကြုံးမရ
ဖြစ်သွားခဲ့သည်။ ရင်ဆိုင်နေရသော အဆင်မပြေမှုအတွက် ဒေါသစိတ်
မချင့်မရဲခံစား ရသည်။

“နင့် ကိုယ်နင် ဘာလဲဆိုတာသိရင် ပြီးတာပဲ ရဲဝင်း... ငါ နင့်ကို


ဘာမှမပြောချင်တော့ဘူး ပြောစရာလည်းမလိုဘူး...”

ကြည်ပြာက စကားပြောရင်း ထိုင်ရာမှထပုံရသည်။ ကျန်သူငယ်ချင်း


များထံမှလည်း ထကြသံကြား၏။ ခေါင်းကိုငုံ့ကာ မျက်ဝန်းများကို
မှိတ်ထားရင်း ကျွန်တော် ငြိမ်နေခဲ့သည်။ ငါ့... ရင်ထမ
ှဲာ ဆုံးရှုံးလိုက်ရတဲ့
ပျော်ရွှင်မှုနဲ့ ရလိုက်တဲ့ အဆင်မပြေမှုအတွက် ဘယ်လိုခံစားရတယ်
ဆိုတာကိုတော့ နင်မသိဘူးမဟုတ်လား ကြည်ပြာ။ ငါ့ကိုယ်ငါ ဘာလဲ...
ဆိုတာ ငါသိပါတယ်။ ငါဟာ နင့်ကိုသိပ်ချစ်ပြီး အဲဒီချစ်ခင်မှုကို
နင်ယုံကြည့်လာအောင် မပြနိုင်တဲ့သူပါ...။ နင့်ကို ဘယ်လောက်
ချစ်တယ်ဆိုတာ ငါ့ကိုယ်ငါ သိနေယုံနဲ့ ငါကျေနပ်နေတက်ရင်
ဘယ်လောက်များ ကောင်းလိုက်မလဲ... ကြည်ပြာရယ်...။

“ရဲဝင်း... ဟဲ့... ရဲဝင်း...”

typing - ကောင်းဆိုး Page 154


နီကိုရဲ မကြည်ပြာနှင့် ချစ်ခြင်း၏ဒုတိယနဂ္ဂတစ်များ
ခေါ်သံကြောင့် ကမန်းကတမ်း မော့ကြည့်တော့ ကြည်ပြာတို့အတူ
လိုက်မသွားဘဲ ကျွန်တော့်ကို မျက်မှောက်ကျုံ့ကာ ကြည့်နေသည့်
လွင်မာ့ကိုတွေ့ရသည်။

“လုပ်ပြမနေနဲ့တော့ ကြည်ပြာက အတန်းကိုသွားတက်ပြီ။ ရဲဝင်း


ရဲဝင်း နင်ကလည်း နင်ပဲ... ဘာတစ်ခုကိုမဟုတ်ဘူး။ နင် အဲဒီကလေးကို
ကျေးဇူးတင်သင့်တယ်... မဟုတ်ရင်မလွယ်ဘူး”

“အေးပါဟာ.... ဒါပေမယ့်... အဲဒီကလေးကြောင့် ပိုဆိုးသွား


တာဟ... သူသာထီးဝင်မကောက်ရင်... ကြည်ပြာ ငါ့ကို ပေါက်ကွဲခွင့်
ရသွားမှာ... အခုကြည်ပြာက သူ့မကျေနပ်ချက်ကို ပြန်သိမ်း သွားပြီ။ ငါ...
သူ့ရင်ထဲမှာ အစိုင်အခဲကြီးဖြစ်ပြီး ငါ့ကို တေးမှတ်ထားမှာ စိုးရိမ်တာဟ”

ကျွန်တော့်စကားကြောင့် လွင်မာ အနည်းငယ်စဉ်းစားသည်။

“အေး... ငါတို့ကို ပြောပြတော့ ကြည်ပြာအတော် ဒေါသထွက်နေ


တာဟ... ငါတို့ ရယ်ချင်တာတောင်မှ သူ့ဒေါသကို သိလို့ အသာလေးပဲ
နေလိုက်တာ... နင်လာတော့ ပြဿနာတော့ စပြီးထင်နေတာ...”

“အဲဒါပဲလွင်မာ... ငါ အခုတလော ကြည်ပြာနဲ့ ပတ်သက်ရင်


ခံစားနေရတာ အဲဒါပဲ ကြည်ပြာဟာ ဘယ်လောက်သွေးဆူလွယ်တယ်
ဘယ်လောက်ပွင့်လင်းတယ်ဆိုတာ ငါတို့အားလုံးအသိပဲ သူ့ရင်ထမ
ှဲာရှိရင်
ထားတက်တဲ့ မိန်းကလေးမျိုး မဟုတ်ဘူး... ဒါပေမယ့် ကြည်ပြာက အခု
အဲဒီလိုမဟုတ်တော့ဘူး... ကြည်ပြာက ငါ့န့ပ
ဲ တ်သတ်တဲ့ ခံစားမှုတွေကို
ချန်ချန်ထားတယ်ဟာ... အရင်ကလို မဟုတ်တော့ဘူး...”

typing - ကောင်းဆိုး Page 155


နီကိုရဲ မကြည်ပြာနှင့် ချစ်ခြင်း၏ဒုတိယနဂ္ဂတစ်များ
ကျွန်တော့်စကားကြောင့် လွင်မာက ကျွန်တော့်ကို မျက်လုံးပြူး
ကြည့်သည်။ ကျွန်တော့်စကားကို လွင်မာနားမလည်ပုံမပေါ်။ နားလည်သည်
ဆိုလျှင်လည်း လွင်မာ့အကြည့်ကြောင် သူနားလည်ပုံက ကျွန်တော်
ဆိုလိုချင်သော အဓိပ္ပာယ်မျိုးမဟုတ်။

“ဘာလဲရဲဝင်း... နင်က ကြည်ပြာဘာမှ ပြဿနာရှာမသွားတာ


တောင်မှ မကျေနပ်သေးဘူးလား! အရင်တုန်းကလို ရက်ရက်စက်စက်
ပြောတာ... အော်တာငေါက်တာ ခံချင်သေးလို့လား!”

“ဟုတ်တယ်လွင်မာ... အဲဒါ ရိုးသားမှုတစ်ခုမဟုတ်လား! အဲဒီလို


ဒေါသတွေ ချက်ချင်းတုန့်ပြန်မှုတွေဟာ ကြည်ပြာအစစ်လေကြည်ပြာဟာ
သွေးဆူလွယ်တယ်... ပေါက်ကွဲမြန်တယ်... ဘာကိုမှမငဲ့ပဲ စွတ်ပြော
တက်တယ်... အဲဒါ ကြည်ပြာပဲလေ... အခု အဲဒီလိုမဟုတ်တော့ဘူး၊
ကြည်ပြာ ငါ့အပေါ်မှာအရမ်းကို သွေးအေးသွားပြီ။ အခုကိစ္စကိုပြဲ ကည့်
ကြည်ပြာ ဘယ်လောက် ဒေါသထွက်နေတယ်ဆိုတာ နင်လည်းသိတယ်၊
ငါလည်းသိတယ်... ဒါပေမယ့် ကြည်ပြာ... ငါ့ကိုဘာမှမပြောသွားဘူး၊
အားလုံးကို သိမ်းသွားတယ်”

“ဒါ... ကတော့ဟာ....”

လွင်မာ ဘာပြောရမှန်းမသိဘဲ စကားတစ်ဝက်နှင့် ရပ်သွား၏။


လွင်မာ့မျက်လုံက တစ်ခုခုကို စဉ်းစားနေပုံရသည်။ ကြည်ပြာဟာ
ဘယ်လိုမိန်းကလေးမျိုးဆိုတာကို လွင်မာလည်း ကောင်းကောင်း
သိပါလိမ့်မည်။ လွင်မာမျက်မှောင်ကျုံ့ပြီး ငြိမ်နေရာမှ ပြုံးလိုက်၏။

typing - ကောင်းဆိုး Page 156


နီကိုရဲ မကြည်ပြာနှင့် ချစ်ခြင်း၏ဒုတိယနဂ္ဂတစ်များ
“ငါတို့တတွေက အရင်တုန်းကလို ကလေးတွေမှမဟုတ်တော့ဘဲ၊
အသက်ကြီးလာပြီဟ”

“မဟုတ်ဘူးလွင်မာ... နင့်စကားကို ငါလက်မခံဘူး


လူတစ်ယောက်ရဲ့ ဗီဇဟာ အခုလောက်ရင့်ကျက်မှုနဲ့ ပြောင်းလဲမသွား
နိုင်ဘူး....။ ပြီးတော့ ကြည်ပြာဟာ စာတွေပေတွေဖတ်တဲ့ မိန်းကလေး
လည်း မဟုတ်ဘူး... ကြည်ပြာ့ခံစားမှုဟာ ဒီလောက် မရင့်ကျက်
နိုင်သေးဘူး... အဲဒါသေချာတယ်... ကြည်ပြာဟာ ခံစားမှု ပြောင်းသွားတာ
မဟုတ်ဘူး... ငါနဲ့ ပတ်သက်ပြီး ပြောင်းထားတာ”

ကျွန်တော့်စကားကြောင့် လွင်မာသက်ပြင်းကိုချသည်။ ထို့နောက်


စားပွဲပေါ်မှာတင်ထားသော သူ့လွယ်အိတ်ကို ကောက်လယ
ွ်ကာ ထရပ်ရင်း

“ဘာပဲဖြစ်ဖြစ်ပေါ့ဟာ... ရဲဝင်း... နင်... ညနေကို အတန်းထဲလာခဲ့...


ပြီးတော့ အခုကိစ္စ ကြည်ပြာ့ကိုထပ်တောင်းပန်လိုက်...။ ငါ... နင့်ကို
တစ်ခုတော့ ပြောမယ်ဟာ... နင်... ကြည်ပြာကို... ဂရုစိုက်လိုက်ဦး... ကဲ...
ငါသွားမယ်”

လွင်မာထသွားသည်။ ကျွန်တော် ငေးကြောင်စွာ ကျန်ခ့၏


ဲ ။ လွင်မာ
ပြောသွားသည့်... “နင်... ကြည်ပြာ့ကို ဂရုစိုက်လိုက်ဦး” ဆိုသည့်
စကားကို... ကျွန်တော် သဘောမပေါက်...။ နာမလည် ဒါ ဘာအဓိပ္ပာယ်လ!ဲ
...။ ကျွန်တော်ဟာ ကြည်ပြာ့ကို ဂရုမစိုက်တဲ့ လူတစ်ယောက်
ဖြစ်နေပြီလား! ကျွန်တော် ကြည်ပြာ့အပေါ် ဘယ်လောက် တန်ဖိုး
ထားတယ်... ချစ်တယ်... မြတ်နိုးတယ်ဆိုတာကို လွင်မာသိပြီးသား
ဘာကြောင့် ကျွန်တော့်ကို... ထိုစကား ပြောသွားရသနည်း။ လွင့်မာ

typing - ကောင်းဆိုး Page 157


နီကိုရဲ မကြည်ပြာနှင့် ချစ်ခြင်း၏ဒုတိယနဂ္ဂတစ်များ
စကားသည် ကျွန်တော့်နှလုံးသားထဲမှာ ကောင်းကင်တွင်ဝဲနေသော
သိန်းစွန်ဌက်တစ်ကောင်လို ဝဲကာကျန်ခဲ့၏။ ကျွန်တော် နောက်ဆုံးအချိန်ကို
ကြည်ပြာ့အတန်းထဲမှာပင် သွားနေလိုက်သည်။ သူငယ်ချင်းများက
ကျွန်တော့်ကို ပြုံးပြကြ၏။ ကြည်ပြာကတော့ သူနံဘေးမှ ဝင်ထိုင်နေသော
ကျွန်တော့်ကို မသိကျိုးကျွန်ပြုကာ ပုံမုန်သာနေသည်။ ကြည်ပြာတို့အတန်း
နောက်ဆုံးအချိန် Paper 3 ဝင်နေသည်။ ကိန်းမျဉ်းများဆွဲရင်း ထောက်ခနဲ
ကျိုးသွားသော ကြည်ပြာခွေးတံဆိပ်ခဲတံကို ကျွန်တော် ကောက်ယူကာ
စိတ်ရှည်လက်ရှည် ချွန်ပေးလိုက်သည်။ ပြီးတော့ အသာချထားပေး
လိုက်သည်။ ခဏနေတော့ ကြည်ပြာဘာမှမပြောဘဲ ကျွန်တော်
ချွန်ပေးထားသောခဲတံကို ကောက်ယူကာ ကိန်းမျဉ်းများကိုဆွဲသည်။
ကျွန်တော် နံဘေးမှ ကြည်ပြာ့ကို လော့ဂရစ်သမ်ကြည့်ပေး၏။ ကျွန်တော်
အော်ပေးသော ဂဏန်းများကို ကြည်ပြာက ခပ်သက
ွ်သွက် ရေးချသည်။
ကျွန်တော့်ကိုတော့ ဘာမှပြန်မပြော...။ ကြည်ပြာသည် ကျွန်တော့်အပေါ်
ပိုပြီး စိတ်ရှည်နားလည်လာသည်ဟု ထင်ရသော်လည်း ထိုပြောင်းလဲပုံကို
ကျွန်တော် ဝမ်းနည်းနေမိသည်။ တစ်ခုခုတော့လိုနေပြီ။ အရင်စိတ်မျိုးနှင့်
ဆိုလျှင် ကြည်ပြာသည် ကျွန်တော်ချွန်ပေးသော ခွေးတံဆိပ်ခတ
ဲံကို
လွှင့်ပစ်ကောင် လွှင့်ပစ်လိမ့်မည်။ ကျွန်တော့်ကိုလည်း သူ့နံဘေးဝင်မထိုင်ဖို့
အော်ချင်အော်ပေးလိမ့်မည်။ ...အခုတော့ ကြည်ပြာသည် ကျွန်တော်အပေါ်
ခံစားမှုကို ပြောင်းထားသည်ဆိုခြင်းမှာ ပိုသေချာသွားပြီ ဖြစ်လေသည်။
ကျောင်းဆင်းဘဲလ်သံ ဆူညံစွာ ထွက်လာသည်၊ အတန်းထဲမှာ
ခေါ်သံအော်သံတွေ ဝေါခနဲပြိုကျလာ၏။ ထမီဝတ်သူဝတ် ထမင်းချိုင့်
ခုံပေါ်တင်သူတင်... နောက်သူနောက်...။ ကျွန်တော်တို့အားလုံး ဆူညံ

typing - ကောင်းဆိုး Page 158


နီကိုရဲ မကြည်ပြာနှင့် ချစ်ခြင်း၏ဒုတိယနဂ္ဂတစ်များ
နေသည့် ကျောင်းသားတွေကြားထဲမှာ တိတ်ဆိတ် ညင်သာစွာ
ကော်ရစ်တာကိုဖြတ်ပြီး လှေခါးများကို ဆင်းခဲ့ကြသည်။

ULBက ထွက်လိုက်တော့ ရေစင်ကြီးမှာ ရေတွေလျှံကာ


ကျနေသည်။ တခြားအတန်းများလည်း လွှတ်လိုက်သဖြင့် ကျောင်းဝင်းထဲက
ညနေရီမှာ ကျောင်းသားတွေနှင့် ပြည့်ကာသွားသည်။ လက်ချင်းဆုပ်ကာ
စကားပြောရင်း လမ်းလျှောက်ကာသော ချစ်သူ သုံးလေးတဲက
ွို
ကျွန်တော်တို့အုပ်စု ကျော်တက်လိုက်ကြသည်။ လိုင်ဗရီရှေ့ ရောက်လာ
တော့ ယဉ်ယဉ်သိန်းက မျက်စေ့မှိတ်ပြကာ လွင်မာက ကြည်ပြာ့ကို
မေးငေါ့ကာပြ၏။ ကျွန်တော် ကြည်ပြာ့မျက်နှာကို လှမ်းငေးလိုက်တော့
အရယ်အပြုံးမရှိ။ အေးစက်သောမျက်ဝန်းတို့ ငြိမ်သက်ကာ စကားလုံး
မရှိသော နှုတ်ခမ်းတို့ အေးစက်စွာရှိနေကြသည်။

“ကြည်ပြာ... ငါ... ငါ နင့်ကိုစကားပြောချင်တယ်ဟာ ဘွ့န


ှဲင်းသဘင်
ခန်းမဘေးက ပန်းခြံထဲ ခဏသွားရအောင်နော်...”

ကျွန်တော့်စကားကြောင့် ကြည်ပြာက ပုံမုန်လျှောက်လာနေသော


ခြေလှမ်းကို ရပ်ပစ်လိုက်သည်။ ပြီးတော့ ခေါင်းကိုငုံ့ကာ ငြိမ်သက်နေ၏။
သူငယ်ချင်းများကလည်း ကျွန်တော့်စကားနှင့် ကြည်ပြာ့ အပြုအမှုကြောင့်
ရပ်လိုက်ကြသည်။ ကြည်ပြာ ဘာစဉ်းစား နေသလဲ! ကျွန်တော့်ကို
ဘယ်လိုတုန့်ပြန်မှာလဲ!

“လိုက်သွားလိုက်ပါ ကြည်ပြာရာ... ဘာပဲဖြစ်ဖြစ်ပေါ့”

လွင်မာ့စကားကြောင့် ကြည်ပြာက နှုတ်ခမ်းများကို ပါးချိုင့်ရာလေး


ထင်ရုံ ခေါင်းငုံ့ရင်း ဆွဲဆန့်သည်။ ပြီးတော့ အဓိပတိလမ်းကို

typing - ကောင်းဆိုး Page 159


နီကိုရဲ မကြည်ပြာနှင့် ချစ်ခြင်း၏ဒုတိယနဂ္ဂတစ်များ
ဖိနပ်ဦးကလေးဖြင့် ခြစ်ကာ ငြိမ်သက်ရင်းစဉ်းစားနေ၏။ ကျွန်တော့်အပေါ်
အေးစက်ထုံထိုင်းနေသော ကြည်ပြာ၏ အမှုအယာများကိုကြည့်ကာ
ကျွန်တော် အော်ငိုချင် လောက်အောင် ဝမ်းနည်းလာနေသည်။
ကြည်ပြာရယ်... နင် အရင်တုန်းကလို ပြောချင်ရာပြောပြီး အော်ပစ်လိုက်
ပါတော့လား… ဒါမှမဟုတ်... နင့်လွယ်အိတ်နဲ့ ငါ့ရင်ကိုဖြတ်ရိုက်ပြီး
ရန်တွေ့လိုက်ပါတော့လား! ဒါမှမဟုတ်... ငါ့ကို မလိုက်နိုင်ဘူး...
မလိုက်ဘူးလို့ အားနဲ့ပါးနဲ့ ငြင်းလိုက်ပါတော့လား!

“လိုက်သွားလိုက်လေ ကြည်ပြာရယ်... နော်... ဟုတ်လား!”

မိုးမိုးက ကြည်ပြာ့ကို နူးညံ့စွာတိုက်တန


ွ်းသည်။ ကြည်ပြာက
ငုံ့ထားသော ဦးခေါင်းကိုဆွဲမော့ကာ သူငယ်ချင်းများကို ငေးရင်း
သတိကင်းမဲ့ စွာဖြင့် သူ့ကိုယ်သူ ခေါင်းသုံးလေးချက်ကို ညိတ်ကာ
အသိပေးသည်။ ထို့နောက် ကြည်ပြာ့သက်ပြင်းချသံကို ကျွန်တော်ကြားရ၏။

“နင်တို့ မပြန်ကြနဲ့ဦး… ပန်းခြံဝကစောင့်နေနော်...”

စကားဆုံးတော့ ကြည်ပြာက ကျွန်တော့်ကို လှည့်မကြည့်ဘဲ


ထွက်သည်... ကျွန်တော် ရင်နင့်စွာဖြင့် ကြည်ပြာ့ကိုငေးရင်း ကျန်ခ့သ
ဲ ည်။
ယဉ်ယဉ်သိန်းက ကျွန်တော့်ကို တွန်းလိုက်ရင်း “ဟဲ့ အရူးလိုက်သွား”
ဟုပြောသည်။ ပန်းခြံဝရောက်တော့ ကြည်ပြာက သူငယ်ချင်းများပါလာ
မလာတစ်ချက် လှည့်ကြည့်သည်။ ကျွန်တော်လှည့်ကြည့်မိတော့ နောက်
ခပ်လှမ်းလှမ်းက လိုက်လာသော သူငယ်ချင်းများက အပြုံးများဖြင့်
အားပေးကာ လိုက်သွားဟု... လက်ပြကြ၏။ လွင်မာက “ဟဲ့... ရဲဝင်း
ငါပြောထားတယ်နော်...”ဟု သတိပေးသည်။ ကျွန်တော် ခေါင်းငြိမ့်ရင်း
သူငယ်ချင်းများကို လက်လှမ်းပြကာ ပန်းခြံထဝ
ဲ င် လာခဲ့သည်။

typing - ကောင်းဆိုး Page 160


နီကိုရဲ မကြည်ပြာနှင့် ချစ်ခြင်း၏ဒုတိယနဂ္ဂတစ်များ
ကြည်ပြာနှင့်အတူ ယှဉ်ဝင်လာရင်း... ပန်းခြံ၏ ခုံတန်းများ သစ်ပင်များတွင်
ငြိမ်းမြးနွေးထွေးချိုမြိန်နေသော ချစ်သူစုံတွဲများ၏ ရင်ခုန်မှုကိုတွေ့ရသည်။
ကျွန်တော် ကြည်ပြာနဲ့ အဲဒီလိုမနေဖြစ်ခဲ့တာ ဘယ်လောက်ကြပြီလဲ!...။
လွင်မာ၏ နင်... ကြည်ပြာ့ကို ဂရုစိုက်လိုက်ဦး ဆိုသောစကားကို
ပြန်အမှတ်ရ၏။

ကျွန်တော်တို့ တစ်ယောက်နှင့်တစ်ယောက် တိုင်ပင်မှုမ့စ


ွဲာ ပန်းခြံထဲ
စွတ်ဝင်လာခဲ့ကြသည်။ ကြည်ပြာ့ကိုရော ကျွန်တော့်ကိုပါ သိသည့်
သူငယ်ချင်းအတွဲသုံးလေးတွဲက ပြုံးပြနှုတ်ဆက်ကြ၏။ တချို့ချစ်သူများက
နွေးထွေးစွာပွေ့ဖက်... ထားကြ၏။ ကောင်လေး တစ်ယောက်က
ကောင်မလေး ပေါင်ပေါ်မှာ လှဲအိပ်နေပြီး ကောင်မလေးက ချစ်သူ
ဆံပင်များကို တိတ်ဆိတ်စွာ ပွတ်သပ်ပေးနေသည်။ ပျော်စရာ ကောင်းလိုက်
ကြတာ။ ပန်းခြံဆုံးသွားပြီး ကုန်းကလေးတစ်ခုနားက သစ်ပင်ကြီးတစ်ပင်
ခြေရင်းမှာ ကျွန်တော်တို့ ရပ်လိုက်ကြသည်။ ကျွန်တော်က သစ်ပင်
ခြေရင်းမှာ ခြေပစ်လက်ပစ် ဝင်ထိုင်ရင်း ဆေးပေါ့လိပ်ကို မီးညှိသည်။
ကြည်ပြာက ကျွန်တော့်ဘယ်ဘက်မှ ကျွန်တော့်ကို ကျော်လျှောက်လာကာ
ညဘက်နံဘေးတွင် စက္ကူတစ်ရွက် ဖြဲကာ ဝင်ထိုင်ရင် ကျွန်တော် မီးညှိ
နေသော ဆေးပေါ့လိပ်ကို နှုတ်ခမ်းမှ ဆက်ကနဲ ကောက်ယူကာ
လွှင့်ပစ်လိုက်၏။ ကျွန်တော် ရုတ်တရက် ကြောင်သွားပြီး ကြည်ပြာ့ကို
အံ့သြစွာ လှမ်းကြည့်လိုက်မိသည်။ ကြည်ပြာ့ထံမှ မျက်စောင်းတစ်ခု
ဒိုင်းကနဲ ရောက်လာ၏။ အဟား... ကျွန်တော့်ရင်... ငြိမ့်ကနဲ ခုန်သွား၏။
ကျွန်တော် ရုတ်တရက် ပြောမပြတက်နိုင်လောက်အောင် ပျော်သွားခဲ့သည်။
ဒါ… ဒါကြည်ပြာ အစစ်ပဲ...။ ကျွန်တော် ကြည်ပြာ့အချစ်ကို ပြန်ရပြီ။
ကျွန်တော့်နှလုံးသားထဲမှ လေးပင်အုံခဲနေသော မွန်းကြပ်နမ
ွ်းညစ်မှုတွေ

typing - ကောင်းဆိုး Page 161


နီကိုရဲ မကြည်ပြာနှင့် ချစ်ခြင်း၏ဒုတိယနဂ္ဂတစ်များ
ပါသွားပြီ။ ကျွန်တော့် နံဘေးမှာ ကြည်ပြာအစစ်ကို ပြန်လည်ရရှိလိုက်ပြီ။
ကျွန်တော် ရုတ်တရက် အပျော်လွန်ကာ ဘာစကားမှမပြောနိုင်။ ညနေရီ
အလင်းကွဲစ နေရောင်က ရှေ့မှကျွန်တော်တို့ကို ကွယ်ထားသော
ပုဏ္ဏရိပ်ပင်များပေါ် တွဲရွဲကျကာ နေ၏။ ပုရစ်အော်သံများကို
ကြားနေရသည်။ ဘွဲ့နှင်းသဘင်နောက်ကျောက ဖြတ်သွားနေသော
ကားသံများ ဥသြဌက်အော်သံ...။ ငြိမ်းချမ်းအေးမြ နေသော တိတ်ဆိတ်မှု
ထဲမှာ တဒုတ်ဒုတ် ဆန်တက်လာ နေသော ကျွန်တော့်ရင်ခုန်သံများ...။
ကြည်ပြာက လွယ်အိတ်ကို နံဘေးချကာ မြေကြီးပေါ်မှ သစ်ကိုင်းခြောက်
တစ်ခုကို လှမ်းကောက် ယူပြီး... မြေကြီးကိုခြစ်ကာနေ၏။ ကျွန်တော်တို့
ဘာစကားမှမပြောမိ။ ကျွန်တော့် ရင်ထမ
ှဲ ဝမ်းသာစိတ်ငြိမ်ကျသွား
သော်လည်း ရင်ခုန်သံကတော့ ကျွံထွက်ကာ ခါးရမ်းနေသည်။ ကျွန်တော်
ဘာစကားမှမပြော...။ ကြည်ပြာ ဘာတွေးနေမလဲ! ဘာပဲတွေးနေ တွေးနေ
ကြည်ပြာ့အတွေးကို အဆုံးထိ ရောက်သွားအောင် ကျွန်တော် အချိန်
လုံလောက်စွာပေးပြီး တိတ်နေမှ ကောင်းမည်။ ဒါမှ ကျွန်တော့်ဝန်ခံ
စကားသည် ကြည်ပြာ့ နှလုံးသားထဲကို ရောက်သွားမည်ဟု ကျွန်တော်
ဆုံးဖြတ်လိုက်သည်။ ကျွန်တော် တက်နိုင်သမျှ တိတ်နေရင်း ကြည်ပြာ့ကို
ခိုးငေးနေလိုက်သည်။ ညနေရီနေရောင်က ကြည်ပြာ၏ ပါးလျစွာ
ချွန်နေသော နှာသီးဖျားကလေး ပေါ်မှာ ကျနေသည်ကို ဘေးတိုက်မြင်ရ၏။
နားထင်ဘေးမှ ဆံပင်တွေက ခေါင်းငုံ့ထားသော ကြည်ပြာ့ပါးပြင်ဘေးမှာ
ကပိုကရိုကျနေကြသည်။ ကြည်ပြာက မြေကြီးကို ခြစ်နေသောလက်ထမ
ှဲ
သစ်ကိုင်းခြောက်ကို မြေကြီးနှင့်ထိုးကာ ချိုးပစ်လိုက်၏။ အချိန်
လုံလောက်ပြီ...။

“ကြည်ပြာ...”

typing - ကောင်းဆိုး Page 162


နီကိုရဲ မကြည်ပြာနှင့် ချစ်ခြင်း၏ဒုတိယနဂ္ဂတစ်များ
မျက်ခွံပင့်ကာ ကြည်ပြာ၏ အညိုရောင်မျက်ဝန်းများ ကျွန်တော့်ထံ
ရောက်လာ၏။

“ငါ... ငါဝန်ခံပါတယ်ကြည်ပြာ... မနက်ကကိစ္စက ငါ့အပြစ်တွေကြီး


ပဲ... ငါ... မှားပါတယ်...။ နင်... စောင့်နေတာ တွေလိုက် တော့လေ... ငါ...
အရမ်းကို ဝမ်းနည်းသွားတယ်...”

“အဲဒါ... ပြောပြီးပြီ”

“ထပ်ပြောပါရစေ... ကြည်ပြာရယ်... နင့်ကိုတွေ့လိုက်ရတော့


ငါရမယ့် ပျော်ရွှင်မှုကို ငါကိုယ်တိုင် ဖျက်ဆီးပစ်လိုက်ပြီ... နင့်ရဲ့ ဆန္ဒ
တစ်ခုလည်း ငါ့ကြောင့် ပျက်စီးသွားပြီဆိုတာ ငါသိလိုက်ပါတယ်။ နင်
ယုံယုံကြည်ကြည် စောင့်နေတော့မှ ငါရဲ့ မတည်လိုက်နိုင်တဲ့ ကတိစကား
အပေါ် နင်တန်ဖိုး ဘယ်လောက်ထားတယ်ဆိုတာ ငါသိပြီး ပိုဝမ်းနည်း
သွားတာ... နင်မပြောနဲ့ ငါ့ကိုယ်ငါ ခွင့်လွှတ်မရတော့ လောက်အောင်
ဒေါကန်သွားတာ... အဲဒါကို နင်နားလည်ပေးပါ ငါ ဝန်ခံတယ် ကြည်ပြာ...”

“လဲသေလိုက်... ငါ... ငါးမိနစ်လာမလား... ဆယ်မိနစ်လာမလား


စောင့်ရင်းနဲ့ အဲဒီလောက်ကြာသွားတာ...”

ကြည်ပြာက သူ့လက်ချောင်းကလေးများကို အချင်းချင်းခါရင်း


အသံစာစာဖြင့် ပြောသည်။ ကျွန်တော့်ကို ယုံကြည်စွာစောင့်တာ မဟုတ်ဘူး
ဟု ငြင်းခြင်းဖြစ်သည်။ ရှိပေစေတော့။

“လူတစ်ယောက်ကို စောင့်ရတဲ့ လူတစ်ယောက်ရဲ့ဒုက္ခကို ငါ


အပြည့်အဝ နားလည်ပါတယ်... စောင့်နေမယ့် လူတစ်ယောက်ဆီကို
နောက်ကျပြီးလာနေတဲ့ ငါ့ဒုက္ခကိုလည်း နင်... နားလည်ပါ နင့်ဆီ

typing - ကောင်းဆိုး Page 163


နီကိုရဲ မကြည်ပြာနှင့် ချစ်ခြင်း၏ဒုတိယနဂ္ဂတစ်များ
မရောက်မချင်း ငါလည်း အရမ်းကို စိတ်ပင်ပမ်းခဲ့ရတာ လှမ်းတွေ့လိုက်တော့
နင်က ထီးကိုလွှင့်ပစ်...”

“တော်ပြီဆို... အဲဒီကလေးကလေ.... ငါမပြောချင်ဘူး သိလား!


ငါလည်း စိတ်ပေါက်ပေါက်နဲ့ ခေါက်ပစ်ခဲ့တာ...”

ကြည်ပြာက အရယ်တစ်ဝက်ဖြင့် ပြောသည်။ ကျွန်တော်ခန္ခာကိုယ်


တစ်ခုလုံး အပန်းပြေကာ လက်နှစ်ချောင်းလုံးကို နောက်မှာ ပစ်ထောက်
ထားရကာ ဖြုတ်လိုက်သည်။ တင်ပလင်ခွေထားသော ခြေထောက်များကို
ဆန့်ထုတ်ကာ ဘယ်ဘက်ခြေထောက်ကို ဂုံးဆင်းကလေးမှာ မြေကြီးထဲမှ
တိုးထွက်နေသော အုတ်ခဲစွန်းကလေးတွင် ဖနောင့်ဖြင့်ထောက်ရင်း
ထောင်ကာ ထိုင်လိုက်သည်။

“သနားပါတယ်ဟာ... ကောင်လေးက လန့်ပြီးငိုတာဟာ ငါ


တော်တော်ချော့ရတာ... ကျောင်းထဲက ရေခဲရေရောင်းတဲ့ အဒေါ်ကြီး
သားလေး.... သူ့အမေဆီလိုက်ပို့တော့ သူ့အမေကလည်း ဒေါသထွက်ပြီး
တီးတာ... ကော့နေတာပဲ”

“ဟား... ဟား... ဟား... ကောင်းတယ်... ကောင်းတယ် နာပေ့စေ...


ဒါမှမှတ်သွားမှာ... ထီးကိုများ ပြေးကောက်တာအံ့တယ်... နင်လည်း
အလကားပဲ”

“အေးပါ... ဆို...”

“လဲ... သေလိုက်...”

ကြည်ပြာက ရယ်မောနေသော နှုတ်ခမ်းတို့ဖြင့် ပြောကာ


မျက်စောင်းတစ်ခု ထပ်ရောက်လာပြန်၏။ ဘဒ္ဒကမ္ဘာသည် ချက်ချင်းကို

typing - ကောင်းဆိုး Page 164


နီကိုရဲ မကြည်ပြာနှင့် ချစ်ခြင်း၏ဒုတိယနဂ္ဂတစ်များ
ပျော်စရာကြီးဖြစ်ကာသွားသည်။ ကြည်ပြာရယ်... နင်ဟာ... ဘာကြောင့်
ငါရဲ့ပျော်ရွှင်မှု နွမ်းလျမှုတွေကို ဒီလိုအပိုင်စားရနေရတာလဲ ငါ
ငါကြောက်တယ်ကြည်ပြာ...။ တန်ဖိုးခြားနားမှု ပိုမိုကြီးလာတဲ့ နင့်နှုတ်ခမ်းရဲ့
အပြုံးတွေကို ငါ သိပ်ကြောက်တာပဲ။ ငါ နင့်ကို တန်ဖိုးမထားဘဲ
မနေနိုင်တော့ဘူး မချစ်ဘဲလည်း ရပ်ထားလို့ မရတော့ဘူး... ငါ...
နင့်ကိုသိပ်ကြောက်တယ် ကြည်ပြာရယ်....။

ကျွန်တော် အတွေးဖြင့် ကြည်နူးရင်ခုန်စွာ ... နူးညံ့ညင်သာ


လာနေသည်။ ကြည်ပြာ၏ ဝဲလွင့်နေသော နားထင်မှာ ညှပ်ပေး
လိုက်မိသည်။ ကျွန်တော့်လက်ကို လှမ်းပုတ်သော ကြည်ပြာ့ လက်ချောင်း
ကလေးများကို ဖမ်းယူကာ ဆုပ်ကိုင်ထားလိုက်မိသည်။ ကြည်ပြာက
ပထမရုန်းသော်လည်း နောက်ငြိမ်ကာသွား၏။

“နင် ငါ့ကိုနားလည်တယ်နော်...”

“အင်း...”

“ရန်မတွေ့တော့ဘူးလား!”

“ပြောပြီးပြီ အလကားပဲ... လို့”

“အဲဒီအလကားဟာ... ငါ့ဘဝတစ်ခုလုံးကို ချိုးခြေပြီး ထည့်ထားတဲ့


အလကားကြည်ပြာ”

ကျွန်တော် ကြည်ပြာ့ လက်ချောင်းများကို ဖျစ်ညှစ်ရင်း ပြောလိုက်


သည်။ ကြည်ပြာက နှာခေါင်းကလေး ရှုံ့ကာပြောလိုက်ရင်း လုံးဝ
ထင်မှတ်မထားစွာ ကျွန်တော်ထောင်ထားသော ညာဘက်ဒူးခေါင်းပေါ်မှာ
ဘေးစောင်းကလေး ခေါင်းကို လာတင်သည်။ ကျွန်တော့် ရင်တစ်ခုလုံး

typing - ကောင်းဆိုး Page 165


နီကိုရဲ မကြည်ပြာနှင့် ချစ်ခြင်း၏ဒုတိယနဂ္ဂတစ်များ
ငြိမ့်ကနဲခုန်ကာ... နှလုံးသားတစ်ခုလုံး ကျင်ကနဲ ခံစားလိုက်ရသည်။
ကျွန်တော့် ခန္ခာကိုယ်တစ်ခုလုံး မြောလွင့်ကာသွား၏။ ကြည်ပြာက
ကျွန်တော့် လက်ချောင်းကလေးများကို ဆုပ်ကိုင်ရာမှ လွှတ်လိုက်သည်။
ကျွန်တော် ဒူးပေါ်မှာ အသာလှဲနေသာ ကြည်ပြာ့ပခုံးစွန်းကလေးအပေါ်
လက်ကိုအသာတင် ထားလိုက်သည်။ ကြည်ပြာအသက်ရှုသည့်အခါ
ပခုံးကလေးက တငြိမ့်ငြိမ့်လှုပ်ကာနေ၏။ ညနေခင်း၊ သစ်ရိပ်၊ ကားသံ။
ပရစ်အော်သံ... အရာရာသည် အားဖျော့သွားကာ အားလုံးအဝေးမှာ
ကျန်ခဲ့ကြသည်။

ကြည်ပြာသည် ကျွန်တော့်ဒူးပေါ်မှာ ခေါင်းကလေးကိုစောင်းကာ


ကျွန်တော့်ကို ကြောပေးလှဲရင်း သူမ
ျ့က်ဝန်းများကို မှေးမှိတ်ကာ ထားသည်။
ကျွန်တော်ကလည်း ငြိမ်းချမ်းနွေးထွေးစွာ အနားယူနေသော ကြည်ပြာ၏
ဆံပင်ကလေးများကို ငြင်သာစွာပွတ်သပ်ပေးရင်း ပန်းခြံဝတွင် စောင့်နေ
ကြသော သူငယ်ချင်းများကို ကျွန်တော်နှင့် ကြည်ပြာ့ အခြေအနေကို
အံ့သြသွားအောင် ခေါ်ပြချင်နေမိသည်။ ဘာ့ကြောင့်အခုလို ထင်မှတ်
မထားသော အခြေအနေကို ပြောင်းလဲသွားရသည်ဆိုတာကို ကျွန်တော်
ဘယ်လိုမှ မစဉ်းစားနိုင်....။ မိန်းကလေးတစ်ယောက်ရဲ့ စိတ်မှာ
အင်မတန်ခန့်မှန်ရခက်သော ခံစားမှုများနှင့် ဖွ့စ
ဲ ည်းထားသည်ကို ကျွန်တော်
ရိပ်မိစပြုလာပြီ။

ကျွန်တော် ရင်ခုန်ကြည်နူးစွာဖြင့် ကြည်ပြာ၏ နူးညံ့ပျော့အိနေသော


ဆံစကလေးမျုားကို ပွတ်သပ်ရင်း နံဘေးသို့ သပ်တင်လိုက်သည့်အခါ...
လည်ကုတ်အစပ်မှ မွှေးညှင်းနုကလေးများကို တွေ့ရ၏။ ကြည်ပြာ့
လည်ကုတ်အစပ်မှ မွှေးညှင်းနုကလေးများသည် ညနေရီနေရောင်ကြောင့်

typing - ကောင်းဆိုး Page 166


နီကိုရဲ မကြည်ပြာနှင့် ချစ်ခြင်း၏ဒုတိယနဂ္ဂတစ်များ
နီရဲကာ သိပ်ကိုလှနေကြသည်။ မိန်းကလေးတစ်ယောက်ရဲ့ ပျော့အိ
နွေးထွေးတဲ့ ဆံပင်တွေနောက်မှာ နူးညံ့လှပစွာ ပေါက်ရောက်နေကြသည့်
မွှေးညှင်းနုကလေးများကို အသာတို့ထိလိုက်တော့ ကြည်ပြာက ပခုံး
ကလေးကို ဆက်ခနဲတွန့်သည်။ မှေးမှိတ်ထားသော မျက်ဝန်းများ ကိုတော့
မဖွင့်။ ကျွန်တော့်အသက်ရှုသံရော... ရင်ခုန်သံပါ ပျောက်ကက
ွ်
သွားကြသည်။ ကျွန်တော့်ခန္ဓာကိုယ်တစ်ခုလုံးမှာရှိနေသည့် အသိစိတ်သည်
ထုထည်အပြည့်ဖြင့် တစ်နေရာတည်းသို့ တွားသွားကာ တက်လာနေကြ၏။
ထိုနေရာသည် ကျွန်တော်၏ နှုတ်ခမ်းများသာ ဖြစ်လေသည်။ ကျွန်တော်...
လူ့ဘဝကြီးတစ်ခုလုံးကို နှုတ်ခမ်းပေါ်တွင် တင်ရင်း ဦးခေါင်းကိုအားယူပြီး
ငုံ့ကိုင်းကာ မျက်စေ့များကို မှိတ်ပစ်လိုက်သည်။ ထုထည်ကြီးမားလှသော
အမှောင်သည်... ကျွန်တော့်ထံ လျင်မြန်စွာ ပြေးဝင်လာ၏။

သို့သော်...

ထိုအမှောင်သည် ရည်ရွယ်ထားရာတွင် ရပ်တန့်မသွားဘဲ


ကျွန်တော့်တစ်ကိုယ်လုံး ထင်မှတ်မထားသော အမှောင်တွင်းနက် ကြီးထဲသို့
ပြုတ်ကျသွားသလို ခံစားလိုက်ရ၏....။ ထို့နောက် စူးနစ် နာကျင်ပွင့်ထက
ွ်
သွားသော နာကျင်မှုနှင့် ကျွန်တော် ဝင်တိုက်လိုက်မိသည်။

“အား....”

ကျွန်တော် ငယ်သံပါအောင်အော်ရင်း မျက်ဝန်းများကို အတင်း


ဖွင့်လိုက်သည့်အခါ... ကျွန်တော့်ကို တွန်းဖယ်ကာ ကြောက်လန့် တကြား
လူလဲထကာစ ကြည်ပြာကို တွေ့လိုက်ရသည်။

“ရဲဝင်း... ဘာဖြစ်တာလဲ!...ဘာဖြစ်တာလဲ!”

typing - ကောင်းဆိုး Page 167


နီကိုရဲ မကြည်ပြာနှင့် ချစ်ခြင်း၏ဒုတိယနဂ္ဂတစ်များ
ကျွန်တော် နားလည်လိုက်ပြီ။ ကျွန်တော်... ကြည်ပြာ့လည်ကုတ်
အစပ်ဆီသို့ မျက်ဝန်းများကို မှေးမှိတ်ကာ ဦးခေါင်းကို အားယူပြီး ငုံ့အချတွင်
ကျွန်တော့် ခန္ဓာကိုယ်တစ်ခုလုံးအားမှ အုတ်ခစ
ဲ န
ွ်းပေါ်ရောက်သွားခဲ့သည်။
ထိုအုတ်ခဲက မြေကြီးထဲမှာ အနည်းငယ်သာ နစ်ဝင်နေသည်ဆိုတာကို
ကျွန်တော် မသိခဲ့။ ကျွန်တော့်အားကြောင့် ထိုအုတ်ခဲမြေကြီးထဲမှ
ကျွတ်ထွက်သွားပြီးမှ ထောင်ထားသော ကျွန်တော် ပေါင်ပြုတ်ကျတာ...
ကျွနှ်တော့်ဒူးပေါ်မှာ မျက်ဝန်းများမှိတ်ကာ အိပ်နေသော ကြည်ပြာ့
ခေါင်းလည်း ပြုတ်ကျသွားခဲ့သည်။ ကြည်ပြာလန့်ပြီးအထ... လည်ကုတ်နှင့်
မထိတွေ့လိုက်ရသော ကျွန်တော့်နှုတ်ခမ်းသည် ကြည်ပြာ့နားထင်စောင်းနှင့်
ဝင်တိုက်မိခြင်းသာ ဖြစ်လေသည်။

“ဟို... ကြည်ပြာ... ငါထောက်ထားတဲ့အုတ်ခက


ဲ ... ဟို အား”

ကျွန်တော် နာကျင်သွားသော နှုတ်ခမ်းကို လက်ဖြင့် ဖိထား


လိုက်သည်။ ပါးစပ်မှာ ငံငြီးလာသဖြင့် ထွေးထုတ်လိုက်တော့ သွေးများကို
တွေ့ရသည်။ ကြည်ပြာက အားလုံးကို သဘောပေါက်သွားကာ ဒေါသ
ရှက်စိတ်တို့ဖြင့် ဝုန်းကနဲထရပ်သည်။

“ရဲဝင်း... နင်... နင်ဟာလေ....သိလား...”

“မဟုတ်ဘူးကြည်ပြာ... အုတ်ခဲကမြေကြီးထဲကနေပြီး...”

“တော်ပြီ... တော်တော့ ရဲဝင်း”

ကြည်ပြာက အားနှင့်ကုန်းအော်ကာ လွယ်အိတ်ကိုငုံ့ကောက်သည်။

“မဟုတ်ဘူးကြည်ပြာ... ငါခေါင်းငုံ့လိုက်တော့... အားက ဟိုလေ...


ကျွတ်ကျွတ်”

typing - ကောင်းဆိုး Page 168


နီကိုရဲ မကြည်ပြာနှင့် ချစ်ခြင်း၏ဒုတိယနဂ္ဂတစ်များ
“လဲသေလိုက်ရဲဝင်း... နင့်ဟာအလကားပဲ... တကယ့်ကို
အလကားပဲ... အားလုံးပဲ” ကြည်ပြာဝုန်းကနဲ လှည့်ထက
ွ်သွားသည်။

“ကြည်ပြာ... ကြည်ပြာ... နေပါဦး... ကြည်ပြာရေ...”

ကျွန်တော် အော်ဟစ်ကာ ပြေးလိုက်သည့်အသံကြောင့် လမ်းဘေး


ဝဲယာမှ ငြိမ်သက်နေသော အတွဲများလန့်ဖျပ်ကာ မော့ကြည့်ကြသည့်
အခါ... အံကိုကြိတ်ကာ ရှေ့မှဝုန်းဒိုင်းကြဲ လျှောက်သွားသော ကြည်ပြာနှင့်
သွေးများထွက်ကာ ဖုထနေသော နှုတ်ခမ်းကိုဖိရင်း ပြေးလိုက်လာသော
ကျွန်တော်တို့ကို တအံ့တသြ တွေ့ကြရသည်။ ဝရုန်းသုန်းကား ပြေးထွက်
လာသော ကြည်ပြာနှင့် ကျွန်တော်ကြောင့် ပန်းခြံရှေ့ခုံတန်းတွင် အေးအေး
ဆေးဆေးထိုင်နေကြသော သူငယ်ချင်းများ အထိတ်တလန့်ဖြစ်သွားကြ၏။

“ကြည်ပြာ... ဘာဖြစ်... ဟယ်... ရဲဝင်း... သွေးတွေ သွေးတွေဟဲ့”

“ဟယ်... ရဲဝင်းကို ကြည်ပြာ တီးထည့်လိုက်ပြီထင်တယ်ဟ”

သူငယ်ချင်းများစကားကြောင့် ကျွန်တော် နှုတ်ခမ်းမှ လက်ကို


ဖယ်ကာ အတင်းရှင်းပြရသည်။

“မဟုတ်ဘူး... မဟုတ်ဘူး... ငါက ခဲလုံးပေါ်မှာ ခြေထောက်ကို


ထောင်ထားပြီး...”

“ရဲဝင်း...”

ကြည်ပြာက လက်သီးကလေးနှစ်ဖက်ကို ကျစ်ကျစ်ပါအောင်


ဆုပ်ကာ ခါးကိုကုန်းရင်း မျက်စေ့မှိတ်ကာ ဒေါသတကြီးအော်လိုက်သည်။

typing - ကောင်းဆိုး Page 169


နီကိုရဲ မကြည်ပြာနှင့် ချစ်ခြင်း၏ဒုတိယနဂ္ဂတစ်များ
“တိတ်! နင်ဘာမှမပြောနဲ့... မလိုဘူး... နင်ဟာ... အလကားပဲ
သိလား”

ကြည်ပြာထွက်သွားသည်။ သူငယ်ချင်းများက လာလုပ်ရမှန်း


မသိတော့ဘဲ... ကျွန်တော့်ကို နားမလည်နိုင်စွာ လှည့်ကြည့်ရင်း ကြည်ပြာ့
နောက် ပြေးလိုက်သွားကြသည်။ ကျွန်တော့်နှုတ်ခမ်းက တဒိတ်ဒိတ်
သွေးတိုးကာ အော်နေကြသည်။ ပါးစပ်ထမ
ှဲငံလာသဖြင့် သွေးတွေကို
ထွေးပစ်လိုက်ရပြန်သည်။ မွှေးညှင်းနုကလေးများကို မနမ်းရဘဲ ဘာကြောင့်
ကျွန်တော့် နှုတ်ခမ်းပေါက်သွားသနည်း။ ထိုနေရာသည် တခါက
အင်တာကွန်းနှင့် တိုက်မိ၍ ပေါက်သွားသော နေရာပင်ဖြစ်သည်။
ကျွန်တော်တို့ ဆူညံသံများကြောင့် ပန်းခြံထမ
ှဲ ထွက်လာကြသော စုံတွဲ
သုံးလေးတွဲက ပန်းခြံထိပ်တွင် နှုတ်ခမ်းကြီးဖူးယောင်ကာ ငူငူကြီး
ရပ်နေသော ကျွန်တော့်ကို နားမလည်နိုင်စွာ ငေးကြည့်ကာ သွားကြ၏။
ကျွန်တော်နှင့်သိသော အတွဲတစ်တွဲက ကျွန်တော်ရှေ့တွင်ရပ်ကာ
နားမလည်နိုင်စွာကြည့်ရင်း...

“ရဲဝင်း... မင်းဘာဖြစ်တာလဲ!... နှုတ်ခမ်းက အတော်ယောင်နေပါ


လား”

“ဟုတ်တယ်... ငါအရှိန်များသွားလို့!...”

“အရှိန်! ဘာဖြစ်တာလဲ! ဘာအရှိန်လဲ!”

“ဘာမှမဟုတ်ပါဘူးကွာ... အလကားပါ... အလကား အလကား”

ကျွန်တော် ကြေကွဲစွာဖြေရင်း ထွက်လာခဲ့သည်။ အဓိပတိ


လမ်းပေါ်မှာ ကြည်ပြာနှင့် သူငယ်ချင်းများကို ရေးရေးမြင်နေရသေး၏။

typing - ကောင်းဆိုး Page 170


နီကိုရဲ မကြည်ပြာနှင့် ချစ်ခြင်း၏ဒုတိယနဂ္ဂတစ်များ
ရှိစေတော့...။ ကြည်ပြာရယ်... ဒီနေ့တစ်နေ့လုံး လွမ
ှဲားမှုတွေ များလိုက်
တာ။

ဒါပေမယ့်... အလကားပါ။

ငါ နင့်ကို သိပ်ချစ်တယ်ကြည်ပြာ...။ အဲဒါ တစ်ခုတည်းသော...


အလကားမဟုတ်တာပါ။ နားလည်ပါ... ချစ်ရပါသော... မကြည်ပြာ...။

typing - ကောင်းဆိုး Page 171


နီကိုရဲ မကြည်ပြာနှင့် ချစ်ခြင်း၏ဒုတိယနဂ္ဂတစ်များ
မကြည်ပြာနှင့် လက်လွဲသူ

မောပန်းကြောက်ရွံ့စွာဖြင့် ကျွန်တော် အားကုန်သုံး၍ ပြေးထွက်လာ


ခဲ့သည်။ နောက်မှာရှိသော ကြောက်ရွံ့ထိတ်လန့်စရာသည် ကျွန်တော်
ရှိနေသည်ဟု ပြေးလွှားနေသည်ဖြစ်စေ နောက်ကျာမှာ ကပ်လျှက်
ရှိနေသည်ဟု ထင်ရ၏။ အားကိုးတကြီးရှေ့ကိုလှမ်းကြည့်မိတော့ အရာရာ
ဟင်းလင်းပြင်ဖြစ်နေ၏။ လွတ်မြောက်ဖို့ ဝင်ရောက် ပုန်းအောင်းစရာ
နေရာမရှိ၊ အားကိုတကြီး ဆုပ်ကိုင်ဖျစ်ညှစ်ထားစရာ အရာဝတ္ထုမရှိ။
ကျွန်တော့်မြင်ကွင်းထဲမှာ ယိမ့်ထိုးနေသော ဟင်းလင်းပြင်သာ ရှိသည်။
မောပန်းခြင်းက နှလုံးမှစူးအောင့်တက်လာပြီး ခန္ဓာကိုယ်တစ်ခုလုံးကို
ညှစ်ဆုပ်ထားသည်။ သို့သော် ပြေးနေဆဲ... ရှေ့မှ ဟင်းလင်းပြင်ထတ
ွဲင်
လွတ်မြောက်မှုတစ်ခုခုကို အငမ်းမရရှာနေမိသည်။ အသဲကွဲသော
မြင်းကွင်းထဲမှာ ဝိုးတဝါးနိုင်သော အရိပ်တစ်ခုကို လှမ်းတွေ့ရ၏။
ဆုံးဖြတ်စဉ်းစားနေချိန်မရ။ လွတ်မြောက်လိုမှုသည် ကျွန်တော့်ကို အရှိန်
အဟုန်ကြီးစွာဖြင့် ဆွဲယူနေသည်။ ပြေးလွှားလာရင်း ဝိုးတဝါးက ကျွန်တော်
အားကိုးရာ အရိပ်သည် တဖြည်းဖြည်း သဲကွဲထင်ရှား လာ၏။....ကြည်ပြာ။

ကြည်ပြာသည် ထိတ်လန့်ကြောက်ရွံ့စွာ သူထံသို့ပြေးဝင်လာသော


ကျွန်တော့်ကို နှုတ်ခမ်းပေါ်တွင် ယဲ့ယဲ့ကလေးတွဲချိတ်ထားသော အပြုံးဖြင့်
ငေးကာ ကြည်နေ၏။ အရှိန်ကို မထိန်းနိုင်သဖြင့် ကြည်ပြာ ရပ်နေသော
နေရာမှ လေးငါးလှမ်းမျှကျွံထွက်သွားသည်။ ကျွန်တော့်ကို အပြုံးဖြင့်
ငေးနေသော ကြည်ပြာ့ကို စကားမပြောနိုင်၊ မောပန်းနေသော နှလုံးသည်
တဒိတ်ဒိတ်တုန်ခါ၍ လည်မျိုးတွင် တစ်ဆို့နေသည်။ ကြည်ပြာက

typing - ကောင်းဆိုး Page 172


နီကိုရဲ မကြည်ပြာနှင့် ချစ်ခြင်း၏ဒုတိယနဂ္ဂတစ်များ
ကျွန်တော့်ထံ လျှောက်လာ၏။ ဘာစကားမှမပြောနိုင်ဘဲ အားကိုတကြီး
ကမ်းပေးလိုက်သော ကျွန်တော်၏ တုန်ယင်နေသော လက်များကို
ကြည်ပြာက လှမ်းယူဆုပ်ကိုင်လိုက်ပြီး နှုတ်ခမ်းပေါ်မှ ယဲ့ယ့က
ဲ လေး
ချိတ်ထားသော အပြုံးကိုအားကုန် ဆွဲဆန့်လိုက်သည်။

“အား”

ကြည်ပြာ့နှုတ်ခမ်းများ နောက်တွင် ချွန်မြိန်ထက်ရှနေသော


ကြောက်မက်ဖွယ် အစွယ်များ တိုးထွက်လာကြ၏။ ကျွန်တော် တုန်လှုပ်စွာ
အော်ဟစ်လိုက်သော်လည်း အော်သံက ဟင်းလင်းပြင်ထမ
ှဲာ စုန်းစုန်း
နစ်မြုပ်ကာသွား၏။

“ကြည်ပြာ... ကြည်ပြာ... ငါလေ... ငါ... ရဲဝင်း”

ကျွန်တော့်လက်များ ပိုမိုတင်းကြပ်လာကာ ရုန်း၍မရတော့


ကြည်ပြာက ခေါင်းကိုမော့ကာ အားရပါးရရယ်ချလိုက်သည်။ ထိုရယ်သံ
များသည် ထိတ်လန့်ကြောက်ရွံ့နေသော ကျွန်တော် နှလုံးသားပေါ်တွင်
ခိုင်ခိုင်မာမာ စိုက်ချလိုက်သော ကြည်ပြာ့အောင်လံများသာ ဖြစ်သည်။
ထိုရယ်သံများ တစ်စစနက်ရှိုင်းလာပြီး ဟင်းလင်းပြင်တစ်ခုလုံး ရယ်သံတွေ
ဖုံလွှမ်းသွားသည်။ ကျွန်တော့်ခြေဖဝါးများသည် မြေပြင်နှင့် လွတ်ကာ
လာသည်။ ငုံကြည့်လိုက်တော့ မြေပြင်သည်အဝေးမှာ အမှုန်စက်တစ်ခုလို
ကျန်ခဲ့သည်။ အထိတ်တလန့် ပြန်လည်မော့ကြည့်လိုက်တော့ ကျွန်တော့်ကို
ဆုပ်ကိုင်ထားသူသည် ကြည်ပြာ မဟုတ်တော့။ ကြည်ပြာသည် ကြည်ပြာ
မဟုတ်တော့။ ကောင်းကင်လေထုထဲတွင် ဆံပင်များလွင့်ဝဲနေကြသည်။
မျက်ဝန်းများက နီရဲက ရန်လိုလျှက်ရှိသည်။ အားရပါရ ရယ်နေသော
နှုတ်ခမ်းမှာ ချွန်မြထက်မြိနေသော အစွယ်များ၊ ကြည်ပြာ ကျွန်တော့်ကို

typing - ကောင်းဆိုး Page 173


နီကိုရဲ မကြည်ပြာနှင့် ချစ်ခြင်း၏ဒုတိယနဂ္ဂတစ်များ
ကြည့်ကာ အားရပါးရရယ်လျှက်ရှိသည်။သူ့မျက်ဝန်းထဲမှာ ကျွန်တော့်ကို
မှတ်မိသည့် အကြည့်သည် ကြေကွဲဖွယ်ရာ လူးလွန့်လျှက်ရှိသည်။
ကြည်ပြာက ကျွန်တော့်ဆံပင်များကို ကြမ်းတမ်းသော လက်များဖြင့် ယူကာ
ဆွဲလှန်ပစ်လိုက်သည်။ နာကျင်လွန်းသဖြင့် ကျွန်တော် ထွန့်လှုး တွန့်တက်
ကော့ပြန်ထွက်သွားသည်။ ကြည်ပြာက အားရပါးရ အော်ရယ်ရင်း
ကျွန်တော့် ဦးနှောက်ထဲကို အက်ဆစ်မှုန့်တွေ သိပ်ထည့် လိုက်သည်။
စပ်ဖျင်း ပူလောင်နာကျင်နေသော ဝေဒနာက တစ်ကိုယ်လုံးသို့
ပျံ့နှံ့ကာသွား၏။ နာကျင်လွန်းသဖြင့် ကျွန်တော့်ကြည်ပြာ့ လက်မှ
ရုန်းသည်... သို့သော် မလွတ်မြောက်ခဲ့။ ကြည်ပြာက ချွန်မြိ ထက်မြလှသော
သူ့အစွယ်များဖြင့် ကျွန်တော်ရင်ဘတ်ကိုကပ်ကာ ထိုးဖောက်၍ နှလုံးသား
ကို ကိုက်ထုတ်လိုက်သည်။ သူမလက်ထဲ ပါလာသော နှလုံးသားထဲသို့
ဆူးအပြည့်ပါသော ရွှေငါးကလေး နှစ်ကာင်ကိုထည့်ကာ အသာကိုင်မြှောက်
ကြည့်နေသည်။ နားကျင်လွန်း သဖြင့် ကျွန်တော် အားကုန်သုံး
အော်ဟစ်ကာ ရုန်းထွက်လိုက်သည်။ ကြည်ပြာ့လက်ထမ
ျဲား ထဲမှ
လွယ်ထွက်သွားပြီး အဆုံးမဲ့ဟင်းလင်းပြင်ထဲသို့ အရှိန်အဟုန်ပြင်းစွာ
ကျွန်တော် လွင့်ကျသွား၏။ “ဝုန်း...” ကနဲ ထထိုင်တော့ ကျွန်တော့်
ရင်ခုန်သံမှတစ်ပါး၊ ညသည် ထုံးစံအတိုင်း ငြိမ်သက်လျှက်ရှိသည်။
ရင်ခုန်သံသည် မိမိ တစ်ဦးတည်းသာ တစ်သက်လုံး ကြားနိုင်သော
အသံဖြစ်သဖြင့် ကျွန်တော် ကျေးဇူးတင်လိုက်ရပါသည်။ အိမ်မက်က
ကြောက်စရာကောင်းလိုက်တာ... ချစ်ရပါသော မကြည်ပြာ။

“ဒပ်ဒလပ်ဆိုတာ ခန္ဓာကိုယ်ကို အတောင်ပံတပ်ပြီး ကမ္ဘာမြေပေါ်က


ပထမဦးဆုံး ပျံသန်းဖို့ ကြိုးစားတဲ့သူပေါ့... ဆိုတော့... ချစ်သူက
မေးတယ်... တဲ့... ပျင်းစရာကွယ် ကောင်းကင်မှာ ဘာများရှိလို့လတ
ဲ ”ဲ့

typing - ကောင်းဆိုး Page 174


နီကိုရဲ မကြည်ပြာနှင့် ချစ်ခြင်း၏ဒုတိယနဂ္ဂတစ်များ
ကျွန်တော့်စကားသံမှား သူငယ်ချင်းများအားလုံး စိတ်ဝင်စားနေ
ကြသည်။ သိပ္ပံကဲင်တင်း၏ နေ့လည်ခင်းအသံသည် ဆူညံမှုသိပ်မရှိ။
စားပွဲခုံပေါ်မှာ အရစ်ထနေသော လက်ဖက်ရည်ခက
ွ်များနှင့် ဆေးလိပ်ပြာ
များက မြင်မကောင်းအောင် ပြန့်ကျဲနေသည်။

ကျွန်တော့်စကားသံသည် သူတို့အတွေးထဲမှာ မည်သည့်ရုပ်ပုံများ


ပေါ်မေမည်ဆိုတာကို ကျွန်တော်မသိသော်လည်း အားလုံးတိတ်ဆိတ်စွာ
စိတ်ဝင်စားနေမှန်းတော့ ကျွန်တော်သိသည်။

“အချစ်ဆိုတာကိုလည်း ဆရာသစ္စာနီက ဟောဒီလိုပြောသေးတယ်၊


အချစ်ဆိုတာတဲ့... ဗေလုဝရဲ့နတ်စောင်းသံလည်း ဖြစ်ချင်ဖြစ်မယ်... တဲ့။
မာရီလင်မွန်ရိုးရဲ့ပေါင်းတံ၊ မီးခံသတ္တာသော့... ဗန်ဂိုးရဲ့ နားရွက်တစ်ဖက်၊
မာယုကာရဲ့ နှစ်ဆယ့်တစ်တောင့်မြောက် ကျည်ဆံ...၊ ဒါမှမဟုတ်ရှု
လမ်းဘေးကုန်စုံဆိုင်က အပေါစားကြည့် မှန်တစ်ချပ်... မင်ရဲ့
ပန်းနုရောင်တောင်မသမ်းတဲ့ တံတွေးတစ်စက်လည်း ဖြစ်နိုင်တာပဲ
မဟုတ်လားတဲ့။”

ပြည်မှ ကဗျာဆရာလေး မျက်လုံးကလေးပြူးကာ ကျွန်တော့်ကို


လေးစားစွာကြည့်ရင်း ငြိမ်သက်နေ၏။ ကျွန်တော် ဆေးပေါ့လိပ်ကို
မီးညှိလိုက်သည်။ ဝဏ္ဏလင်းနှင့် မင်းမဟော်တို့ အုပ်စုကလည်း
တိတ်ဆိတ်ကာ စိတ်ဝင်စားနေကြသည်။ ကျွန်တော်က သဘင်မဂ္ဂဇင်း
အဟောင်းထဲမှာပါသော ဆရာသစ္စာနီ၏ “သပျစ်သီးထဲမှ အိပ်မက်များ”
ဟူသော ခေတ်ပေါ်ဝတ္တုတစ်ပုဒ်ထဲက စာသားများကို ရွတ်ပြကာ
ဆွေးနွေးနေခြင်းဖြစ်၏။ ၈၄၊ ၈၅-ခုနှစ် လောက်ကတည်းက မဂ္ဂဇင်းထဲတွင်
ပါခဲ့သော ခေတ်ပေါ်ဝတ္တုတစ်ပုဒ်ကို ကျွန်တော်က မှတ်မိသမျှ အနုပညာ

typing - ကောင်းဆိုး Page 175


နီကိုရဲ မကြည်ပြာနှင့် ချစ်ခြင်း၏ဒုတိယနဂ္ဂတစ်များ
ကိုယ်ခံအားနှင့် လေ့လာမှုကို သူတို့ အသိအမှတ်ပြုလေးစားကာ ဦးစားပေး
နားထောင်နေကြခြင်းဖြစ်သည်။

“ဆရာသစ္စာနီက ထပ်ပြောသေးတယ်။ ဒါလီရဲ့ နာရီပန်းချီကားကို


ပြတော့ ချစ်သူက အဲဒီအဆင်ကို ထဘီချုပ်ဝတ်ချင်လိုက်တာတဲ့ ဒါဟာ
မိန်းကလေးတစ်ယောက်နဲ့ အနုပညာဘယ်လောက် ကင်းဝေးတယ် ဆိုတာ
ကို ပြောသွားတာပဲ... ဟုတ်တယ်... မိန်းမ တစ်ယောက်နဲ့ အနုပညာဆိုတာ
သိပ်ဝေးတယ်... ဘာသာဗေဒအရရော ခံစားမှုအရရော... အသိဉာဏ်
အရရော... အနုပညာသမားက မိန်းမနဲ့ နီးစပ်ချင် နီးစပ်မယ်... ဒါပေမယ့်
သူ့အနုပညာကတော့ အဲဒီမိန်းမကို နားလည်အောင် ချစ်သွားအောင်လုပ်ဖို့
တစ်ခုတည်းနဲ့ မဆုံးရှုံးသင့်ဘူး”

ကျွန်တော်အရှိန်ရကာ ကမ္ဘာပျောက်သွား၏။ အသံနှင့်မာန်သည်


လွန့်လူးနိုးထလာသည်။ ဝဏ္ဏလင်းက ကျွန်တော့်စကားကြောင့် မျက်လွှာ
ချသွား၏။ ကျွန်တော်တို့ ထုတ်မယ့်ကဗျာစာအုပ်မှာ သူက အချစ်ကဗျာ
သီးသန့် လေးပုဒ်တိတိရေးခဲ့သူ မဟုတ်လား!

“ဆရာသစ္စာနီက ပြောခဲ့ဖူးတယ်... အဲဒီဝတ္တုမှာပဲ... မြန်မာနိုင်ငံတွင်


မထွက်သောအရာမှာ ယူရေနီယမ်နှင့် ကဗျာဆရာဖြစ်သည်တ့။ဲ အဲဒီ
စကားကို ကိုယ်တို့ တော်လှန်ရမယ်... အသည်းကွလ
ဲို့ ကဗျာဆရာ
ဖြစ်ခဲ့တယ်ထား... ကဗျာရေးရင် အသည်းမကွဖ
ဲို့ပဲ တကယ်တော့ မိန်းမ
တစ်ယောက်ဆိုတာက...”

“ဟဲ့... ရဲဝင်း... ရဲဝင်း...”

typing - ကောင်းဆိုး Page 176


နီကိုရဲ မကြည်ပြာနှင့် ချစ်ခြင်း၏ဒုတိယနဂ္ဂတစ်များ
သူငယ်ချင်းများ မျက်ဝန်းထဲသို့ အစွမ်းကုန်တိုးဝင်နေသော
ကျွန်တော့်မျက်နှာကို စကားလုံးနှစ်လုံးက ဆွဲထုတ်ကာ ကျွန်တော့်
ကျောပေါ်သို့ လွယ်အိတ်တစ်လုံး အရှိန်နှင့်ကျလာ၏။ တစ်ဝိုင်းလုံး
ကမန်းကတမ်း ထိတ်လန့်ကာမော့ကြည့်လိုက်ကြသည်။

“လွင်မာ...!!!”

“အေး... မာမနေနဲ့... ဟိုမှာ ကြည်ပြာထွက်သွားပြီသိလား!”

လွင်မာပြရာဘက် ကြည့်လိုက်တော့ သင်္ချာမေဂျာဘက်ရှိရာ ULB


ကျောင်းဆောင် ဘက်သို့ လှည့်မကြည့်တော့ဘဲ ထွက်သွားသော ကြည်ပြာ့
ကို မြင်ရသည်။ ယူရေနီယမ်၊ ကဗျာဆရာ၊ ဒပ်ဒလပ်နှင့် ဆရာသစ္စာနီကို
ကျွန်တော့်အသိဉာဏ်ထဲက ခါထုတ်ပစ်လိုက်ရ၏။

“ငါတို့ နင့်ကိုလှမ်းခေါ်နေတာ လေးငါးဆယ်ခန


ွ်းရှိနေပြီ၊ မကြား
ရအောင် ဘာတွေ ဒီလောက်အရေးကြီးနေလဲ... ရဲဝင်း... ဟိုက သွားပြီ”

“မဟုတ်ဘူးလွင်မာ... ငါကဒီမှာကဗျာ...”

“အေး... အဲဒါဘဲ ကဗျာနေသိလား! လွင်မာထားလိုက်တော့ဟာ


သွားရအောင် မောဂျာချိန်ဟ”

ယဉ်ယဉ်သိန်းက ကျွန်တော့်ကို အပြစ်တစ်ခုကျူးလွန်ထားသူပမာ


မှုန်ကုတ်ကုတ်ကြည့်ရင်း မျက်စောင်းထိုကာပြောသည်။ ကျွန်တော့်
သူငယ်ချင်းများက ကျွန်တော့်ကိုကြည့် ငေးကာနေ၏။ သွားပြီ ကျွန်တော်
တင်ထားသော အနုပညာသိက္ခာသည် တိုက်တိုက်ဆိုင်ဆိုင်ကို လာဆုံနေ
သည်မို့ မျက်နှာပူကာ ဘာလုပ်ရမှန်းမသိ။

“နင့်ကဗျာနဲ့ကြည်ပြာ ဘယ်ဟာပိုအရေးကြီးသလဲ! ရဲဝင်း”

typing - ကောင်းဆိုး Page 177


နီကိုရဲ မကြည်ပြာနှင့် ချစ်ခြင်း၏ဒုတိယနဂ္ဂတစ်များ
လွင်မာရန်တွေ့ အမေးစကားကို ရုတ်တရက် ပြန်မဖြေနိုင်...
တစ်ဝိုင်းလုံး၏ မျက်လုံးများက ကျွန်တော့်ထံမှာ ရှိနေကြ၏။

“နင်... ဘာပြောမလို့လဲ... လွင်မာ... ကြည်ပြာက...”

“အေး... ကြည်ပြာပြောလည်း ပြောစရာပဲရဝ


ဲ င်း... ငါတို့ကသာ
အမိုက်ခံပြီးပြောရတာ... သိလား... နင် ဒီနေ့ အတန်းထဲလာခဲ့ဦး
ကြည်ပြာကို ကောင်လေးတစ်ယောက် လိုက်နေလို့....”

“ကောင်လေးတစ်ယောက်...!”

ကျွန်တော် တအံ့တသြ ရေရွတ်ရင်း သူငယ်ချင်းများဘက်


လှည့်ကြည့်လိုက်သည်။ ဝဏ္ဏလင်းက ပြုံးကာတစ်ဘက်လှည့်သွား၏။
ကျွန်တော် မျက်နှာအတော်ပူသွားခဲ့သည်။

“အေး... ဟုတ်တယ်... အဲဒါကြည်ပြာလည်း တော်တော်


စိတ်ညစ်နေပြီ။ ဒီကောင်က နေ့တိုင်းကော်ရစ်တာက လာကြည့်ကြည့်
နေတာ အဲဒါ နင်အခုအတန်းထဲကိုလိုက်ခဲ့”

“ဟာ... ငါအခုမအားဘူးဟ... ငါတို့ကဗျာစာအုပ်ကလေးက”

“ကိုရဲဝင်း... လိုက်သွားလိုက်ပါလားဗျာ... ဟိုမှာက အရေးကြီးနေပုံ


ပေါ်တယ်။... ဒါကကိစ္စမရှိပါဘူး”

“ဟာ... ရှိတယ်... ရှိတယ် ကိုယ်သိတယ်... ဝဏ္ဏလင်း... ဒီကိစ္စက


ဘာမှမဟုတ်ပါဘူး... ဆိုလိုတာက...”

“လွင်မာ... အဲဒါဆိုလည်း ထားလိုက်တော့ဟာ ငါတို့ တာဝန် ကျေပြီ


မေဂျာချိန်..ဟ”

typing - ကောင်းဆိုး Page 178


နီကိုရဲ မကြည်ပြာနှင့် ချစ်ခြင်း၏ဒုတိယနဂ္ဂတစ်များ
ယဉ်ယဉ်သိန်းက လွင်မာ့ကို ဆွဲသည်။ လွင်မာက သုံးလေးလှမ်း
ပါသွားပြီးမှ အရေးတကြီးအော်ပြောသည်။

“ရဲဝင်း... ဒီအချိန်ပြီးရင်လာခဲ့... နောက်တော့မှ အကြောင်းစုံ


ပြောပြမယ်... လာဖြစ်အောင်လာနော်”

ကျွန်တော် စကားဆက်ပြော၍ မရတော့၊ သူငယ်ချင်းများက


ကျွန်တော်နှင့် အနုပညာအကြောင်းကို ရှောင်ကာ စကားပြောပြီး၊ ဝိုင်းကို
မြန်မြန်သိမ်းလိုက်ကြသည်။

ကြည်ပြာ့ကို ကောင်လေးတစ်ယောက် လိုက်နေတယ်ဆိုပါကလား။


ကျွန်တော့်စိတ်ထဲမှာတော့ ထိုကိစ္စသည် မဂ္ဂဇင်းမှ ကဗျာပယ်လိုက်
သလောက် အရေးမကြီး၊ ပြဿနာမရှိ။ ဒါပေမယ့်... ထိုအကြောင်းကို
ကျွန်တော့်ကိုပြောဖို့ ကြည်ပြာလာခဲ့သည်။ သို့သော် ကျွန်တော်နှင့်
မတွေ့လိုက်ရ။ ဒါသာ... ပြဿနာ ဖြစ်သည်။ ဘယ်လိုလူစားမျိုးကများ
ကြည်ပြာ့ကို ကြိုက်ဖို့ကြိုးစား နေပြန်သနည်း။ ရန်ကုန်တက္ကသိုလ်ထဲ
မရောက်ခင် ဗိုလ်တထောင်တက္ကသိုလ်တုန်းက ဆိုလျှင်တော့ ထိုကိစ္စသည်
ကျွန်တော်ကောင်းကင်ကို မီးနှင့်ရှို့သော ပြဿနာ ဖြစ်နိုင်ပါသည်။
အခုတော့ ထိုသို့မပြင်းထန်တော့။ နှစ်ရှည် ကျောင်းပိတ်ရက်ပါ ထည့်ပေါင်း
လျှင် ကြည်ပြာ့နှင့် ကျွန်တော် ချစ်သူသက်တမ်း ခြောက်နှစ် ကျော်ခြဲ့ ပီ။
အမျိုးမျိုးသော ဖြတ်သန်းမှုကို ရင်ဆိုင်ခဲ့သဖြင့် ကျွန်တော် ငြီးငွေ့
သွားခြင်းမျိုး လုံးဝမဟုတ်ဘဲ သူနှင့်ကျွန်တော် သံယောဇဉ်၊ ရင်းနှီးမှု အချစ်၊
အချိန်ကာလတို့ကြောင့် ထိုကိစ္စကို မတုန်လှုပ်ခြင်းဖြစ်သည်။

အရင်တုန်းကလို တစ်နေ့မတွေ့ရင် မနေနိုင်သည့် စိတ်လည်း


ကျွန်တော့်မှာ သိပ်မရှိတော့၊ အချိန်ကာလက အချစ်ကို အပိုကိစ္စတွေ

typing - ကောင်းဆိုး Page 179


နီကိုရဲ မကြည်ပြာနှင့် ချစ်ခြင်း၏ဒုတိယနဂ္ဂတစ်များ
မပါအောင် သင်ပြပေးထားခဲ့သည်။ ရန်ကုန်တက္ကသိုလ်တစ်ခုတည်းမှာရှိပြီး
ကြည်ပြာနှင့် ကျွန်တော်နေ့စဉ်မတွေ့ဖြစ်။ ကျွန်တော်ကလည်း ပြောင်းလဲ
လာနေသော မြန်မာစာပေလောကမှာ ကဗျာကလေးတစ်ပုဒ်ပါရေးကို
အနယ်နယ် အရပ်ရပ်မှ လာစုကြသော ဝါသနာတူ ကဗျာဆရာ
(ကိုယ့်ကိုကိုယ်ခံယူထားသူများ)နှင့် အပြင်းအထန် ကြိုးစားနေချိန်။
ကြည်ပြာကလည်း ပြောင်းလဲသွားသော ခေတ်၏ တက္ကသိုလ်ကျောင်းသူ
ပီသစွာ... ကွန်ပျူတာသင်တန်း၊ ဂျပန်စကားပြောသင်တန်း... စသည့်တို့ဖြင့်
ကျောင်းကို တစ်ပတ်လျှင် သုံးရက်သာ တက်နိုင်တော့သည်။ ထိုပြောင်းလဲ
မှုသည် ကြည်ပြာမှမဟုတ် တစ်ကျောင်းလုံးဖြစ်၏။ ကျောင်းပြန်ဖွင့်သည့်
အခါ အချို့မိန်းကလေးများက အိမ်ထောင်သည် ဖြစ်သွားကြသည်။
တချို့က ဗိုက်ဖုံးအင်္ကျီဝတ်ကာ ဇီးထုပ်က တစ်ထိုင်တည်း လေးငါးထုပ်
စားလို့စား... ချဉ်ချဉ်ငံငံအသုပ်တွေ စားကာ အိုဂျီ၊ အာထရာဆောင်းနှင့်
ကုန်ဈေးနှုန်းအကြောင်းကိုသာပြောကြ၏။

သူငယ်ချင်း ယောက်ျားလေးများကလည်း ကျောင်းသို့ သရဲ


တစ်ကောင်လို လှစ်ခနဲရောက်လာကာ ပျောက်သွားတက်ကြသည်။
စကားပြောဖြစ်ကြသည့် အခါများတွင်လည်း ကုမ္ပဏီ၊ ယောက္ခမ၊ ပတ်(စ်)ပု၊ိ့
ငွေကြေး၊ အလုပ်လျှောက်လွှာ သတင်းစာကြော်ငြာနှင့် ဘဝကြီးပွား
တိုးတက်ရေးတို့ကိုသာ ပြောတက်သဖြင့် ကျွန်တော်တို့နားမလည်သော
ဘာသာရပ်ဖြစ်ကာ နောက်ဆုံးဝေးသွားကြသည်။ သူငယ်ချင်းများအားလုံး
ကျောင်းသားသီးသန့် မဟုတ်တော့၊ အလုပ်သမား တစ်ယောက်၊
ကျောင်းသား တစ်ဝက်တွေ ဖြစ်ကုန်ကြသည်။ တချို့လည်း ကားပွစ
ဲား၊
ကုမ္ပဏီဝန်ထမ်း၊ အိမ်ကအလုပ်၊ အိမ်မှရှာပေးသော အလုပ်တွေ
လုပ်ကြသည်။ ကျောင်းသား(၁၀)ယောက်မှာ (၈)ယောက်က နိုင်ငံခြား

typing - ကောင်းဆိုး Page 180


နီကိုရဲ မကြည်ပြာနှင့် ချစ်ခြင်း၏ဒုတိယနဂ္ဂတစ်များ
သွားဖို့ကြံနေကြပြီး ကျန်(၂)ယောက်က ဂျပန်စာ၊ တရုတ်စာ၊ အင်္ဂလိပ်စာ
သင်တန်း တက်နေသောကာလမှာ ကျွန်တော်တို့အုပ်စုကတော့ ကဗျာဆရာ
ဖြစ်ဖို့သာ ကြိုးစားနေကြသည်။ ဤသို့ဖြင့် ကြည်ပြာနှင့်ကျွန်တော်
တစ်ကျောင်းတည်း ရှိနေပြီး တွေ့ခွင့်မရခဲ့ခြင်းဖြစ်သည်။ တွေ့ရတော့လည်း
အချိန်မရကြ။ ထိုအခြေအနေကလည်း နှစ်ဦးစလုံး နားလည်
လက်ခံနိုင်ကြသည်။

ကြည်ပြာကျောင်းတက်သောနေ့များတွင် တစ်ခါတရံ မနက်ပိုင်း


ကဲင်တင်းတွင်တွေ့ကြ၊ လက်ဖက်ရည်သောက်ကြသည်။ တစ်ချို့နေ့တွေမှာ
နေ့လယ်ပိုင်း ဆူညံနေတက်သည့် ကဲင်တင်းမှာ… တစ်ခါတရံတွင်လည်း
လိုင်ဗရီရှေ့၊ Recreation ရှေ့မှာ ဆုံကြသည်။ တစ်ချက်ရပ်ကာ
စကားပြောပြီး ကြည်ပြာကလည်း သူငယ်ချင်းများနှင့်ပါသွားတက်ပြီး
ကျွန်တော်ကလည်း ကျွန်တော့်ကဗျာဆရာအုပ်စုနှင့် ကျန်ခ့တ
ဲ က်သည်။
ဧကခြောက်ဆယ်ကျော် ကျယ်သော ရန်ကုန် တက္ကသိုလ်သည်
ဗိုလ်တထောင် တက္ကသိုလ်ထက် များစွာကျယ်ဝန်သောကြောင့်လည်း
ဖြစ်နိုင်ပါသည်။ ကြည်ပြာအတန်းတက်ရသည့် သင်္ချာမေဂျာ ULB
ကျောင်းဆောင်နှင့် ကျွန်တော်အတန်းတက်ရသော ရုက္ခဗေဒအဆောင် s-
238 သည် လမ်းလျှောက်သွားလျှင်ပင် ဆယ့်ငါးမိနစ်ခန့်လျှောက်ရသည်။
အချစ်ကို နားလည်မှုတစ်မျိုးဖြစ်အောင် ကျွန်တော်တို့ ရင့်ကျက်လာကြခြင်း၊
နေ့စဉ်တွေ့ရန် အခြေအနေမပေးတော့ခြင်း၊ ကိုယ့်ဘဝနှင့် ကိုယ်အလုပ်
ရှုပ်နေကြခြင်းတို့ကြားထဲမှာ အခုကြည်ပြာ့ကို ကောင်လေးတစ်ယောက်
လိုက်နေသည်... တဲ့။

typing - ကောင်းဆိုး Page 181


နီကိုရဲ မကြည်ပြာနှင့် ချစ်ခြင်း၏ဒုတိယနဂ္ဂတစ်များ
ကြည်ပြာက သူ့ကို ကျွန်တော်ဂရုမစိုက်တော့ဟု ထင်နေမည်လား!
ကျွန်တော်ရှင်းပြလျှင် ကြည်ပြာနားလည်သွားနိုင်ပါသည်။ ဘာပဲဖြစ်ဖြစ်
ကျန်သည့်ကိစ္စတွေနည်းနည်းလျှော့ကာ ကြည်ပြာ့ကို ကျွန်တော် ဂရုစိုက်မှ
ဖြစ်တော့မည်ဟု ဆုံဖြတ်ချက်ချလိုက်ရသည်။

ကျွန်တော်ကြည်ပြာရှိရာ ULB ကိုရောက်သွားတော့ အတန်းသည်


ဆူညံကာ ရုန်းစုရုန်းစု ဖြစ်နေကြသည်။ ကျူတိုရီရယ်ပြီးကာစမို့
ကော်ရစ်တာနှင့် အတန်းထဲမှာ ထိုင်သူထိုင်၊ ထသူထ၊ ထမီပြင်ဝတ်သူဝတ်၊
ထမင်းချိုင့် ဆွဲသူဆွဲ၊ စကားသံ ရယ်သံတို့ဖြင့် ရှိနေကြသည်။ ကြည်ပြာ
တို့အုပ်စုက ရှိနေကြနေရာမှာပင် အေးဆေးစွာ ထိုင်နေကြသည်။
လွင်မာက ကျွန်တော့်ကို လှမ်းကာ လက်ပြ၏။ ကျွန်တော်ကြည်ပြာတို့ထံ
ဝင်မသွားခင် ကော်ရစ်တာကို လှမ်းကြည့်လိုက်သေးသည်။ ကြည်ပြာကို
လိုက်နေသူဆိုတာ ကော်ရစ်တာမှာ ရှိနေမလား!...။ သို့သော် ကော်ရစ်တာ
မှာ ပုံစံမျိုးစုံဖြင့် ရပ်နေ စကားပြောနေ၊ ဆေးလိပ်သောက်နေ သူတွေထမ
ှဲ
ဘယ်သူကိုမှ သိသိသာသာမတွေ့ရပါ။

ကျွန်တော် ကြည်ပြာထိုင်နေသည့် တန်းဒေါင့်စန


ွ်းပြတင်းပေါက်
နံဘေးကို ဝင်ထိုင်တော့ ကြည်ပြာတို့ ဘာမှမပြောဘဲ နေရာ ရွေ့ပေး
ကြသည်။ တစ်ယောက်ဝင်လာ၍ အနည်းငယ်ကြပ်သွားသဖြင့် မြမိုလ်နှင့်
ယုယုတို့က အော်ကြ၏။ မြမိုလ်နှင့်ယုယုသည် ရန်ကုန် တက္ကသိုလ်ထဲ
ရောက်မှ ကြည်ပြာနှင့် ပေါင်းမိကြသော ကောင်မလှလှ လေးများ
ဖြစ်ကြသည်။

“ကြည်ပြာ... ငါမနက်က သူငယ်ချင်းတွေနဲ့ စကားပြောနေလို့ဟ


ဟိုလေအဲဒါ... နင်လှမ်းခေါ်တာကို မတွေ့လိုက်တာ...”

typing - ကောင်းဆိုး Page 182


နီကိုရဲ မကြည်ပြာနှင့် ချစ်ခြင်း၏ဒုတိယနဂ္ဂတစ်များ
“ရတယ်...”

“ဘယ်မှာလဲ… နင့်ကိုလိုက်နေတယ်ဆိုတဲ့လူ… ရှိလား!”

“ဘယ်သိမလဲ... ကိုယ်ဘာသာရှာပေါ့... ငါကလိုက်ကြည့်နေရ


မှာလား...”

ကြည်ပြာက ကျွန်တော့်ကို ပြန်လှည့်မကြည့်ဘဲ၊ စာအုပ်တစ်အုပ်ကို


ထုတ်ရင်းပြောသည်။ ဧကန္တ မနက်တုန်းက ကိစ္စအပေါ် ကျေနပ်ပုံ
မပေါ်သေး။ ကျွန်တော် ကြည်ပြာ့ပခုံးလက်ဖောင်းအင်္ကျီမှ ဖဲကြိုးကလေးကို
ကစားရင်း “နင်ကလည်းဟာ...” ဟု ပြောကာ လွင်မာ့ဘက်လှည့်ပြီး
မေးငေါ့ကာပြရ၏။ လွင်မာက သူငယ်ချင်းများနှင့် ပတ်ဝန်းကျင်ကို
တစ်ချက်မျက်လုံးကစားကာ လေသံကို နိမ့်၍လှမ်းပြောသည်။

“ရှိတယ်ရဲဝင်း... ရှိတယ်... နင်အခုလှည့်မကြည့်န့ဥ


ဲီး… ပြီးမှကြည့်၊
ကော်ရစ်တာမှာ စနိုဖီ ခွေးရုပ်အင်္ကျီ ဘောင်းဘီမိုးပြာရောင်န့အ
ဲ ကောင်
ဒီဘက်ကိုကြည့်နေတယ်... ပြီးမှကြည့်”

လွင်မာ့စကားကြောင့် ဖဲကြိုးကလေးများကို ကစားနေသော


လက်များ အလိုလိုရပ်ကာ သွား၏။ လှည့်ကြည့်လို့ အဲဒီလူကိုတွေ့ရင်
ကျွန်တော် ဘာလုပ်ရမလဲ! ဖဲကြိုးကလေးအောက်နားမှ ကြည်ပြာ၏
ဝင်းမွတ်နေသော လက်မောင်းသာလေးကို ဖျစ်ညှစ်ကာလှည့်ရင်း
ကော်ရစ်တာကို ကြည့်လိုက်သည်။ ပြတင်းမှဖြတ်သွားသော ကျောင်းသူ
နှစ်ယောက်လွန်သွားသောအခါ ကော်ရစ်တာကို ခေါင်းမှီကာ ခြေထောက်
များကို ခပ်နွဲ့နွဲ့ရပ်ကာနေသော လူတစ်ယောက် ကျွန်တော်တို့ကို
လှမ်းငေးနေတာ တွေ့လိုက်ရသည်။

typing - ကောင်းဆိုး Page 183


နီကိုရဲ မကြည်ပြာနှင့် ချစ်ခြင်း၏ဒုတိယနဂ္ဂတစ်များ
မိုးပြာရောင်ဂျင်းဘောင်းဘီ စနိုဖီအဖြူရောင် တီရှပ်နှင့်
လိုက်ဖက်သော ကိုယ်လုံးကိုယ်ပေါက် ကြည့်ကောင်းသော အရပ်အမောင်း၊
လှိုင်းရိပ်ပြေပြေကလေးရှိသော ဆံပင်ကို သပ်သပ်ရပ်ရပ် ညှပ်ထားသည်။
ပေ(၂၀)ခန့်အကွာကပင် ထိုလူ၏ ထူထဲသော မျက်ခုံးနှင့် စူးရှသော
မျက်ဝန်း ပါးလျရှည်သွယ်သော နှုတ်ခမ်းတို့ကို ထင်ရှားစွာမြင်ရသည်။
ကျွန်တော်နှင့်သူ မျက်ဝန်းချင်း ဆုံလိုက်ကြသည်။ ထိုသူက စက္ကန့်
အနည်းငယ်အထိ မျက်နှာမလွှဲသေး ကျွန်တော်အားနာကာ မျက်လွှာအရင်
ချလိုက်ချိန်တွင် ထိုသူက နှုတ်ခမ်းမှာ စီးကရက်တစ်လိပ် ကောက်တပ်လိုက်
သည်ကို ရိပ်ခနဲတွေ့လိုက်ရ၏။

ထိုလူသည် ကျွန်တော်ထက် အဆပေါင်းများသွာသာသာ လူချော


လူရည်သန့် တစ်ဦးဆိုတာကို ကျွန်တော်ချက်ချင်း သိလိုက်ရသည်။
ဘာလုပ်ရရင်ကောင်းမလဲ!...ဟု ကျွန်တော် ဒုတိယအကြိမ် စိတ်လှုပ်ရှားစွာ
တွေးမိပြန်သည်။ ကြည်ပြာကိုလှမ်းကြည့်တော့ မြမိုလ် စာအုပ်ထမ
ှဲ
မှတ်စုများကို ကူးနေသည်။ ကြည်ပြာသည်ကျွန်တော့်ကို မော့လည်းမကြည့်၊
စကားလည်း မပြော၊ ကော်ရစ်တာကိုလည်း ခိုးမကြည့်၊ သို့သော် ကြည်ပြာ
လှုပ်ရှားမှုတွေက တစ်စုံတစ်ခုသော ဖိအားအောက် ရောက်နေသလို
ဖြစ်နေသည်။ အင်မတန် သွက်လက်သော… စကားများသော... အမြဲတန်း
လှုပ်ရှားပြောင်းလဲ နေသော နွေဦးစ အိပ်တန်းထ ဌက်ကလေး
တစ်ကောင်လို ရွှင်မြူးသွက်လက်နေသော ကြည်ပြာသည် အခုတော့
တစ်စုံတစ်ခုအတွက် ချုပ်ထိန်းငြိမ်သက်နေသည်။ စာကူးခြင်း၊
ခဲတံကောက်ယူကာ ကိန်းမျဉ်းများ တားခြင်း၊ စက်ဝိုင်းများဆွဲခြင်း၊
မြမိုလ်ကို “ဒါဘာလဲ...” ဟု လှမ်းမေးရင်း ပုံမှန်စာကူးနေသူတစ်ယောက်လို
လှုပ်ရှားနေသော်လည်း ကြည်ပြာ့မျက်ဝန်းများထဲမှ မျက်ဆံများကတော့

typing - ကောင်းဆိုး Page 184


နီကိုရဲ မကြည်ပြာနှင့် ချစ်ခြင်း၏ဒုတိယနဂ္ဂတစ်များ
စာကူးသည့် လူတစ်ယောက်၏ မျက်ဝန်းမျိုးမဟုတ်ပါ။ ဘောလ်ပင်ကိုချပြီး
ခဲတံကို လှမ်းဆွဲလိုက်သည့်အချိန်တွင် ကြည်ပြာ့မျက်ဝန်းများသည်
ခဲတံဆီမှာ မရှိပါ။ ကော်ရစ်တာသို့လည်း ရောက်မသွား၊ ကျွန်တော့်
ထံသို့လည်း ရောက်မလာ...၊ သို့သော် မျက်ဝန်းထဲမှာတော့ မျက်ဆံနက်
ကလေးက တဆတ်ဆတ်ခုန်၍နေသည်။ လှုပ်ရှား၍ နေသည်။
ကြည်ပြာစိတ်လှုပ်ရှားနေတယ်... ဆိုတာကို ခြောက်နှစ်တိတိ ဖြတ်သန်း
ခဲ့ဖူးသော ချစ်သူတစ်ယောက်အနေနှင့် ကျွန်တော် ကောင်းကောင်း
သိပါသည်။ သို့သော် ကျွန်တော်ကြည်ပြာ့ကို ထိုစိတ်လှုပ်ရှားမှုအတွက်
အပြစ်ပြောစရာမရှိပါ။ ကိုယ့်ကို နာရီပေါင်းများစွာ မလွတ်တန်း
လာကြည့်နေသော ယောက်ျားတစ်ယောက် ရှေ့မှာ မိန်းကလေး
တစ်ယောက် နေရထိုင်ရခက်နေမည်ဆိုတာ သဘာဝကျသော ဖြစ်ရပ်တစ်ခု
မဟုတ်ပါလား။ ကျွန်တော့်စိတ်ထဲမှာ ကော်ရစ်တာမှလူကို အားနာ
နေမိသည်။ သို့သော် မတက်နိုင်ကိုယ့်ချစ်သူ၏ဒုက္ခကို မကြည့်ရက်။ ဒီလို
စိတ်ကျဉ်းကြပ်မှုမျိုး ခံနေရတာကို ကျွန်တော်မလိုချင်...။ စာငုံ့ရေး
နေသောကြည်ပြာ့ ခေါင်းကလေးကို ကျွန်တော် လှမ်းကိုင်ကာ
ပုတ်လိုက်ရင်း... ဆံပင်တွေကို ဖွပစ်လိုက်သည်။ ကြည်ပြာအံ့သြသွားဟန်
ရှိသော်လည်း မော့မကြည့်။ ဆံပင်တွေက ကြည်ပြာ့ မျက်နှာ ရှေ့ဝဲကျ
သွား၏။ ကြည်ပြာကနားထင်အစပ်မှ ဝဲကျလာသော ဆံပင်ကလေးများကို
နားရွက်နောက်သို့အသာပြန်ညှပ်တင်ရင်း ပေတံဖြင့် မျဉ်းတစ်ကြောင်းကို
ခပ်သွက်သွက်ဆွဲချလိုက်သည်။

“ကြည်ပြာ... ငါစာကူးပေးရမလား!... နင်စကားပြောချင်ပြောလေ


ဟာ”

typing - ကောင်းဆိုး Page 185


နီကိုရဲ မကြည်ပြာနှင့် ချစ်ခြင်း၏ဒုတိယနဂ္ဂတစ်များ
“ရတယ်... နေပေ့စေ...”

ကြည်ပြာကကျွန်တော့်ကိုပြန်မကြည့်ဘဲပြောသည်။

“နင်မနက်က ငါခေါ်သံမကြားတာကို စိတ်ဆိုးနေတာလား! ငါ


စကားပြောတာ အာရုံဝင်သွားလို့ပါဟာ...။ ဟုတ်လား! စိတ်ဆိုးလား!”

“ကိုယ့်ကိုယ်ကိုသိရင်ပြီးတာပါပဲ”

“နင်ကလည်း ဟာ...”

ကျွန်တော်ကြည်ပြာ့ကို တစ်စောင်းကလေးငေးရင်း အသည်း


ယားကာ ပါးကိုလိမ်ဆွဲလိုက်၏။ ကြည်ပြာက ကျွန်တော့်လက်ကိုလှမ်း၍
ပုတ်သည်။ ကျွန်တော်ကကြည်ပြာ့ကို ပခုံးနှင့် တိုက်လိုက်သည်။ ကြည်ပြာ
ဘေးသို့ယိုင်သွားပြီး နံဘေးမှထိုင်နေသော ယုယုက “ဘာလဲဟ” ဟုအော်
သည်။ ကျွန်တော်က ကြည်ပြာ့ရှေ့မှစာအုပ်ကို လှမ်းဆွဲလိုက်သည်၊
ကြည်ပြာက ပြန်ဆွဲထား၏။

“ပေးပါ… ငါကူးပေးပါမယ်ဆို...”

“နေပေ့စေ ဆိုနေမှပဲ... နင်ကူးရင်သင်္ကေတတွေ အမြဲမှားတယ်


ရတယ်”

“ဒီတစ်ခါ မမှားစေရဘူးဟာ...”

ကြည်ပြာနှင့် ကျွန်တော် စာအုပ်ကိုပခုံးခြင်းတိုက်လုနေခြင်းကြောင့်


တစ်တန်းလုံး ယိမ်းထိုးနေသည်။

typing - ကောင်းဆိုး Page 186


နီကိုရဲ မကြည်ပြာနှင့် ချစ်ခြင်း၏ဒုတိယနဂ္ဂတစ်များ
“ကဲ... ဘယ်လိုဖြစ်နေကြသလဲ! ရှေ့ကသမီးရည်းစား နှစ်ယောက်
ရန်ဖြစ်ရင်ပန်းခြံထဲသွား... ဒါစာသင်ခန်းဟေ့... သိလား! အချစ်နလန်း
ထမနေကြနဲ့”

စူဝါးကျယ်လောင်လှသော လွင်မာ၏ တမင်အော်သံကြောင့်၊


ကျွန်တော်တို့ လှုပ်ရှားမှုများ ရပ်သွားကြ၏။ ပထမဦးဆုံးအသိမှာ
ကော်ရစ်တာက လူကိုအားနာသွားခြင်းပင်ဖြစ်၏။ လွင်မာ၏အော်သံသည်
ကော်ရစ်တာအထိ သဲကွဲထင်ရှားစွာ ရောက်သွားမှာသေချာသည်။
ကြည်ပြာက သူ့လက်ထဲမှ စာအုပ်ကိုလွှတ်လိုက်သည်။ ကျွန်တော်
စာအုပ်ကိုရှေ့ချရင်း ကော်ရစ်တာကို လှမ်းကြည့်လိုက်တော့ နှုတ်ခမ်းမှ
စီးကရက်ကိုလက်များဖြင့် လှမ်းဖြုတ်ကာ ရပ်နေသည့်ပုံစံကို ပြန်ပြင်
လိုက်သော ထိုလူ့ကိုတွေ့ရသည်။ မျက်လုံးများက ကျွန်တော့်တို့
ဘက်မှတော့ မလွှဲ။ ကြည်ပြာ့ကို ချက်ချင်းလှည့်ငေးတော့ ကော်ရစ်တာမှ
ပြန်ဆုတ်လာကာစ မျက်ဝန်းကိုမြင်လိုက်ရ၏။ ကြည်ပြာက ကျွန်တော်နှင့်
မျက်လုံးများကိုလွှဲလိုက်သည်။ ပြီးတော့ ကိုယ်ဟန် အနေအထားကို
အနည်းအကျဉ်းပြင်သည်။

“ဒီလောက်တောင် ကူးချင်းနေလဲ ကူး ရဲဝင်း ကူး... ရော့....”

မြမိုလ်စာအုပ်၊ ဘောလ်ပင်နှင့် ခဲတံပေတံများ ကျွန်တော်ရှေ့


ရောက်လာကြသည်။ သို့သော် ကျွန်တော်စာမကူးပါ။ ဂျက်ကမ္ဘာ
ဆေးပေါ့လိပ် တစ်လိပ်ထုတ်ပြီး စားပွဲနှင့်ဆေးခေါင်း သိပ်အောင်တ
ဒေါက်ဒေါက် ခေါက်နေမိသည်။ ကြည်ပြာက ဘယ်ကိုမှလည်းမကြည့်၊
စကားလည်းမပြောဘဲ ခုံကိုလက်သည်းချွန်များဖြင့် ခြစ်ကာနေ၏။
ကျွန်တော် ဂျက်ကမ္ဘာဆေးပေါ့လိပ်ကို နှုတ်ခမ်းတွင် ကိုက်လိုက်ပြီး

typing - ကောင်းဆိုး Page 187


နီကိုရဲ မကြည်ပြာနှင့် ချစ်ခြင်း၏ဒုတိယနဂ္ဂတစ်များ
ကြည်ပြာ့လက်ကလေးက ဖမ်းဆုပ်ကာထားလိုက်၏။ ကြည်ပြာက မရုန်းပါ။
ကြည်ပြာ့လက်ကလေးက နွေးထွေးကာနေသည်။ ထိုနွေးထွေးမှုသည်
ကျွန်တော် အမြဲတမ်းငတ်မွတ်တောင့်တခဲ့ရသော အရူးအမူး မြတ်နိုး
စွဲလန်းရသော ကြည်ပြာ၏ ချစ်ခြင်းမေတ္တာသာ ဖြစ်လေသည်။

“ကြည်ပြာ... အတန်းပြီးရင်... ကဲင်တင်းသွားရအောင်နော်”

ကြည်ပြာက ကျွန်တော့်ကို ဖျတ်ခနဲမော့ကြည့်ကာ ခေါင်းကို


ညိတ်သည်။ ကျွန်တော် ကြည်ပြာ့မျက်ဝန်းများ စိုက်ငေးရင်း ကြည်ပြာ့
လက်များကို ဖျစ်ညှစ်ကာထားလိုက်သည်။ ကြည်ပြာက မျက်လွှာချကာ
ကျွန်တော့်လက်များကို အံ့သြဖွယ်ရာ ပြန်လည်ဖျစ်ညှစ်လိုက်သည်။
နွေးထွေးငြိမ်းမြသော ကြည်ပြာ့ထံမှရသည့် ဖျစ်ညှစ်မှုသည် ကျွန်တော့်
လက်ဖျားများမှတဆင့် နှလုံးသားထဲသို့ တိုးဝင်ကာ ရန်ခုန်သံကို
ကျွန်တော်ပြန်ကြားရအောင် မောင်းနှင်းပစ်လိုက်သည်။ ချစ်ရပါသော...
မကြည်ပြာ။

ကျွန်တော် စာမကူးနိုင်သေးဘဲ ခုန်လှုပ်သွားသော ရင်ခုန်သံကို


ငြိမ်သက်သာ ခံစားနေမိသည်။ ထိုရင်ခုန်သံအားကိုးနှင့် ကျွန်တော်
အတွေးများ ရွက်လွင့်သွားကြသည့် နောက်သို့ ကျွန်တော် မြောပါ
သွားခဲ့သည်။ သုံးမိနစ်လောက်အတွင်း ကျွန်တော်နှင့်ကြည်ပြာ လက်ထပ်
လိုက်ကြသည်။ မင်္ဂလာပွဲက ကျွန်တော် အမြဲစိတ်ကူးထားခဲ့သလို ရိုးသားပြီး
ချစ်စရာပွဲကလေးဖြစ်၏။ ကြည်ပြာက ရှက်ခြင်း၊ ရင်ခုန်ခြင်းဖြင့် မျက်လွှာကို
ချထား၏။ ဂုဏ်ယူခြင်းဖြင့် ကျွန်တော့် လက်မောင်းသေးသေး ကလေးကို
ဆုပ်ကိုင်ကာထား၏။ သူငယ်ချင်းအားလုံးကလည်း ပျော်ရွှင် နေကြသည်။
ထို့နောက် ကျွန်တော်တို့ ဟင်းလင်းပြင်ထဲရောက်သွားသလို အရာရာသည်

typing - ကောင်းဆိုး Page 188


နီကိုရဲ မကြည်ပြာနှင့် ချစ်ခြင်း၏ဒုတိယနဂ္ဂတစ်များ
တိတ်ဆိတ်သွားကြ၏။ ကျွန်တော်တို့ တစ်ယောက်မျက်နှာ တစ်ယောက်
မျက်လုံးမလွှဲတမ်း တစိမ့်စိမ့်ငေးကြည့်ကာ မျက်လွှာ ချသွားသော ကြည်ပြာ့
နဖူးကလေးကို ကျွန်တော် နမ်းလိုက်သည့်အခါ ကြည်ပြာက ခေါင်းငုံ့ရင်း
ကျွန်တော့် ရင်ခွင်ထဲတိုးဝင် သက်ပြင်းရှိုက်လိုက် သဖြင့် ကျွန်တော့်ရင်သည်
နွေးမြငြိမ်းချမ်းသွားသည်။ ကြည်ပြာက သူမ၏ မေးစေ့ချွန်ချွန် ကလေးကို
ကျွန်တော့်ပခုံးတွင် မှေးတင်လိုက်သည့်အခါ... ကျွန်တော် မီးခြစ်ခြစ်
လိုက်သည်။ သို့သော် မီးကမတောက်၊ စိတ်ထမ
ှဲ တွေးလက်စ စိတ်ကူးကို
ခဏရပ်ကာ မီးခြစ်ကိုခြစ်ရသည်။ မရ။ အဖုံးဖွင့်၊ မီးခြစ်ကျောက်ကို
လှည့်တင်း ဓာတ်ဆီထွက်အောင် တဖူးဖူးမှုတ်ကာ ခြစ်သည်။ မီးတောက်ဖြစ်
မလာ။ အတွေးကောင်းကောင်းကို ဆေးပေါ့လိပ်ကလေးဖွာကာ
ဆက်စဉ်းစားချင်သော ကျွန်တော့်ဆန္ဒမပြည့်သဖြင့် မီးခြစ်ကို ဒေါကန်ပြီး
မီးခြစ်သော်လည်း မီးမတောက်...။ ကျောက်လည်းအပြည့် ဓာတ်ဆီလည်း
ရှိသော်လည်း တရုတ်ဓာတ်ဆီမီးခြစ်များမှာ ဟောင်းသွားလျှင် ဒီလို
အဆင်မပြေ အမြဲဖြစ်တက်လေ့ရှိသည်။ ကျွန်တော်ဒေါသဖြင့် ဆက်တိုက်
မီးခြစ်ဖိခြစ်နေစဉ်... ကလောက်ခနဲ ဇစ်ပိုမီးခြစ်အဖုံးဖွင့်သံ၊ ဟုတ်ခနဲ
မီးတောက်သံတစ်ခု ကျွန်တော်ရှေ့သို့ ရောက်လာသော မီးတောက်
နေသည့် ဇစ်ပိုမီးခြစ်တစ်လုံးနှင့် လက်တစ်ဖက်... ကျွန်တော် အံ့သြကာ
ငေးကြောင်နေမိသည်။ ကော်ရစ်တာမှ လူက ကျွန်တော့်ကို ပြုံးကာ
ခေါင်းညိတ်ပြပြီး မီးတောက်ကို ရှေ့သို့ တိုးကာပေး၏။

“ဟာ... ကိစ္စမရှိဘူး... ရတယ်... ရပါတယ်”

“ဟုတ်ကဲ့... ညှိပါအစ်ကို... လုပ်ပါ”

typing - ကောင်းဆိုး Page 189


နီကိုရဲ မကြည်ပြာနှင့် ချစ်ခြင်း၏ဒုတိယနဂ္ဂတစ်များ
ရှေ့တွင် တောက်လောင်နေသာ မီးတောက်ကို အားနာကာ
ကျွန်တော် ကမန်းကတမ်း မီးညှိလိုက်ရသည်။

“ကျေးဇူးပါပဲ... ဟို... ဒီမီးခြစ်တွေက...”

“ကိစ္စမရှိပါဘူး... တစ်ခါတလေ ဒီလိုပဲ... ခွင့်ပြုပါဦးနော်”

ထိုလူက ပြုံးကာ ပြတင်းပေါက်မှထက


ွ်သွားသည်။ ကျွန်တော်
ဆေးပေါ့လိပ်ကို ဖွာရင်းလှည့်ကြည့်လိုက်တော့ သူငယ်ချင်းများအားလုံးက
ကျွန်တော့်ကို မကျေမနပ်နှင့် ကြည့်နေကြသည်ကို တွေ့ရ၏။

“ရဲဝင်း နင့်ကိုခေါ်လာတော့မှပဲ အဲဒီကောင် ပြတင်းပေါက်နား


ရောက်လာတော့တယ် သိလား... နင်ဟာလေ...”

ယဉ်ယဉ်သိန်းက မကျေမနပ် လှမ်းဆူသည်။ ကြည်ပြာက


မျက်နှာလွှဲသွား၏။

“မဟုတ်ဘူးဟ... ငါက... ဟိုဒီမီးခြစ်က...”

ကျွန်တော့်စကားမဆုံးမီ... မင်္ဂလာပါ... ဟူသော ကြည်ပြာ့တို့


Paper 3 ဆရာမ၏ နှုတ်ဆက်သံကို ကြားလိုက်ရပြီး ကျွန်တော့်ကို
မကျေမနပ်နှင့် ကြည့်နေကြသော သူငယ်ချင်းများ၏ မျက်နှာများအားလုံး
ဆရာမဘက်သို့ လှည့်သွားကြသည်။ မီးတို့ပြီး တစ်ဖွာ တည်းသာ
ဖွာလိုက်ရသော ဂျက်ကမ္ဘာဆေးပေါ့လိပ်ကို မီးသတ်ပစ်လိုက်ရ၏။

ကြည်ပြာသည် ခေါင်းကလေးငုံ့ကာ စာလိုက် ရေးလိုက်၊


ခေါင်းကလေးမော့ကာ စာလိုက်အော်လိုက် ရှေ့မှကာကူလေတာကို
တဒေါက်ဒေါက် နှိပ်လိုက်ဖြင့် အလုပ်ရှုပ်လျှက်ရှိသည်ကို ကျွန်တော်
ငေးနေမိသည်။ ကျွန်တော် ချစ်ရသော ကြည်ပြာနှင့် ကျွန်တော် နီးကပ်စွာ

typing - ကောင်းဆိုး Page 190


နီကိုရဲ မကြည်ပြာနှင့် ချစ်ခြင်း၏ဒုတိယနဂ္ဂတစ်များ
တည်ရှိနေသည်။ ကိုယ့်ဘာသာ ကြည်ကြည်နူးနူး ပြုံးရင်းသက်ပြင်းချကာ
ကော်ရစ်တာဘက်ကို လှမ်းကြည်တော့ စနိုဖီခွေးရုပ်နှင့်လူကို မူလ
နေရာမှာပင် တွေ့ရသည်။ ထိုစဉ် ထင်မှတ်မထားသော အံ့သြဖွယ်ရာ
အပြုံးတစ်ခု ထိုသူ့ထံမှ တွေ့လိုက်ရသည့်အခါ ကျွန်တော် ဘာလုပ်ရမှန်း
မသိဖြစ်သွား၏။ ကမန်းကတမ်း ပြန်ပြုံးပြလိုက်ပြီး မျက်နှာလွှလ
ဲိုက်ရသည်။

ထိုအပြုံးသည် မည့်သည့်အဓိပ္ပာယ်ဖြစ်သနည်း။ ကျွန်တော်တို့က


သူ့ကို ရန်သူလိုသဘောထားသည်။ ထို့နောက်... ကျွန်တော် သူ့ထံမှ
မီးတစ်တို့ရခဲ့သည်။ အခု သူက ရင်းနှီးစွာပြုံးပြ၏။ သူ ကြည်ပြာကို ကြိုက်ဖို့
လိုက်ဖို့ကြိုးစား ကြံစည်နေသည်ဆိုလျှင် ထို အပြုံးသည် မည်သည့်
အဓိပ္ပာယ်သက်ရောက်သော အပြုံးမျိုးတဲ့လဲ! ကျွန်တော် စိတ်ရှုပ်ထွေး
စွာဖြင့် ကော်ရစ်တာဘက်သို့ လှည့်မကြည့်ဖြစ်တော့။ ယခုနေထိုင်ပုံ
အရဆိုလျှင် ကြည်ပြာနှင့်ကျွန်တော်ချစ်သူတွေဆိုတာကို ဒီလူသိလောက်ပြီ။
သူကော်ရစ်တာမှ ချက်ချင်း ထွက်မသွားသည်ကို ကျွန်တော် နားလည်
ပေးနိုင်ပါသည်။ သူ့ သိက္ခာကို သူထိန်းသည့်အနေနှင့် အခြားကောင်မလေး
တွေကို ကြည့်သလို ဘာလိုနေတာ... နောက်နေ့ကျမှ မလာရုံပေါ့။ သို့သော်
ကျွန်တော့်ကို ဘာကြောင့် ပြုံးပြရသနည်း။ ကျွန်တော်တစ်ခုခုကိုတော့
ပြတ်ပြတ်သားသား ဆုံးဖြတ်မှကို ဖြစ်တော့မည်။

ကျွန်တော် ရှုတ်ထွေးနေချိန်မှာပင် အချိန်ပြောင်း ဘဲလ်သံဆူညံစွာ


ထွက်ပေါ်လာသည်။ တိတ်ဆိတ်ငြိမ်သက်နေသော အတန်းသည်လည်း
ပြန်လည်ဆူညံကာလာ၏။ မိန်းကလေးများ ထမီပြင်ဝတ်သောအသံ၊
အချင်းချင်းလှမ်း စကားပြောသံ၊ ရယ်မောသံ၊ ဟိုဘက်အခန်းများမှ
ကျောင်းသားများ ထွက်လာသံတို့ဖြင့် ကော်ရစ်တာနှင့် အတန်းထဲတွင်

typing - ကောင်းဆိုး Page 191


နီကိုရဲ မကြည်ပြာနှင့် ချစ်ခြင်း၏ဒုတိယနဂ္ဂတစ်များ
ဆူညံကာသွားကြသည်။ ကျွန်တော်လည်း ဆုံးဖြတ်ချက်တစ်ခုနှင့်
မတ်တပ်ထရပ်လိုက်သည်။ ကြည်ပြာသည် ကျွန်တော့်ချစ်သူဆိုတာကို
ပြတ်ပြတ်သားသား ကော်ရစ်တာမှလူကို ပြရတော့မည်။ ယခု ကဲင်တင်းကို
ဆင်းသည့်အခါ ကော်ရစ်တာမှ ဒီလူရှေ့က ဖြတ်သည့်အခါ ကြည်ပြာ့
လက်ကို ဆုပ်ကိုင်လျှက် “မီးတစ်တို့ပေးတာ ကျေးဇူးပဲ” ဟု ပြုံးကာ
ပြောလိုက်မည်။

“ကဲင်တင်းသွားကြရအောင်”

လွယ်အိတ်ထဲသို့ စာအုပ်များ၊ ဘောလ်ပင်များထည့်ရင်း ခေါင်းဖြီးနေ


ကြသော သူငယ်ချင်းများရှေ့တွင် ကျွန်တော်ရပ်ကာ ပြောလိုက်သည်။
ကျွန်တော် အစီအစဉ်သည် ဖြူစင်ရိုးသားသော ကိစ္စတစ်ခုမဟုတ်သည့်
အတွက် အနည်းငယ် ရှက်ရွံ့မျက်နှာပူ၍ အတော်တုန်လှုပ်နေသည်ကို
ဝန်ခံပါသည်။ ကြည်ပြာကရော ထိုအစီအစဉ်ကို သဘောကျပါ့မလား။
သို့သော် တိုင်ပင်နေစရာ မလိုပါ။ ကျွန်တော် ဒီကိုလာခဲ့ရသည့် အဓိက
အကြောင်းအရင်းသည့် ကြည်ပြာ့မှာ ချစ်သူရှိသည်ဆိုတာကို ပြဖို့ပဲ
မဟုတ်လား။ ဒီကိစ္စကို ကြည်ပြာ လက်မခံနိုင်လျှင်တောင် ငြင်းခွင့်တော့
မရှိ။ ကဲင်တင်းဆင်းရန် ပြင်ဆင်ပြီးသွားသော သူငယ်ချင်းများနှင့်အတူ
ကော်ရစ်တာသို့ ကျွန်တော် ထွက်လိုက်သည်။ ကြည်ပြာက ကျွန်တော်
နံဘေးနားမှ ငြိမ်သက်စွာပါလာသည်။ ကြည်ပြာက ဘာကိုမှ မသိသူလို
အေးအေးဆေးဆေးသာရှိသည်။

အတန်းထဲကထွက်လိုက်တော့ လူကြပ်နေသာ ကော်ရစ်တာမှာ


ခဏရပ်လိုက်ရသည်။ လှမ်းကြည့်တော့ စနိုဖီခွေးရုပိကို မူလနေရာမှာပင်
တွေ့ရ၏။ ကျွန်တော်ခေါင်းကို ငုံ့ထားလိုက်ရသည်။ ကျောင်းသားများ

typing - ကောင်းဆိုး Page 192


နီကိုရဲ မကြည်ပြာနှင့် ချစ်ခြင်း၏ဒုတိယနဂ္ဂတစ်များ
ကြပ်နေသော ကော်ရစ်တာမှာ တစ်လှမ်းစီရွှေ့ကြရင်း ခေါင်းငုံ့ကာ
ကျွန်တော့်လက်နံဘေးမှ ကြည်ပြာ့လက်ကလေးကို တစ်ချက်ခိုးငေးရင်း
ကျွန်တော် ရင်ခုန်သံတွေက တဝုန်းဝုန်း တဒိုင်းဒိုင်း။ စနိုဖီခွေးရုပ်လူနားကို
ရောက်တော့မည်။ နံဘေးမှ အတင်းကျော်တက်သွားသည့် ကျောင်းသား
တစ်ယောက်၏ တွန်းအားကြောင့် ကျွန်တော်နည်းနည်းယိုင်းသွား၏။
စနိုဖီနှင့် ကျွန်တော် မျက်ဝန်းချင်း ဆုံလိုက်ကြသည်။ တုန်လှုပ်ခုန်ဆတ်
သွားသော ရင်ခုန်သံနှင့် ကျွန်တော် ဖျက်ခနဲ နံဘေးမှ ကြည်ပြာ့လက်ကို
ဆွဲယူဆုပ်ကိုင်ကာ လူစီးကြောင်းထဲမှ ကော်ရစ်တာကို မှီကာရပ်နေသော
ထိုလူနံဘေးသို့ ရပ်လိုက်သည်။ သူနံဘေးသို့ ကြည်ပြာ့လက်ကိုဆွဲ၍
ရောက်လာသော ကျွန်တော့်ကို ထိုလူက တအံ့တသြလှည့်ကြည့်သည်။
ဒါပဲလေ ကျွန်တော်လိုချင်တာ အဲဒီမျက်လုံးတွေပဲ မဟုတ်လား!။
တအံ့တသြ ကြည့်နေသော သူ့မျက်နှာကို ပြုံးကြည့်ကာ
ကျွန်တော်ဆွဲကိုင်ထားသော ကြည်ပြာ့လက်ကို ဆွဲမြှောက်လိုက်ရင်း

“မီးတစ်တို့ပေး...”

“ကိုရဲဝင်း... ကိုရဲဝင်း... ဘာလုပ်တာလဲ! ...ကိုရဝ


ဲ င်း”

“ဟဲ့... ရဲဝင်း... ရဲဝင်း...”

မြမိုလ်၏ အလန့်တကြားအော်သံ၊ ကြည်ပြာအော်သံတို့ကြောင်း


ကျွန်တော့်စကားမဆုံးလိုက်....။ ဟိုက်!! ...ကျွန်တော် အားရပါးရ
ဆွဲကိုင်မြှောက်ထားသော လက်မှာ ကြည်ပြာ့လက်မဟုတ်။ မြမိုလ်ကလည်း
ကျွန်တော်ဆုပ်ကိုင်မြှောက်ယူထားသောလက်ကို ဘာလုပ်ရမှန်းမသိဘဲ
ကြည့်ကာအော်နေသည်။

typing - ကောင်းဆိုး Page 193


နီကိုရဲ မကြည်ပြာနှင့် ချစ်ခြင်း၏ဒုတိယနဂ္ဂတစ်များ
“ဟာ... ကြည်ပြာ... ကြည်ပြာ့လက်မဟုတ်...”

“ဟဲ... ရဲဝင်း.... နင်ဘာလဲ!... ဒါဘာလဲ!”

ဒေါသသံနှင့်အတူ ကြည်ပြာက ပြေးဝင်လာကာ မြမိုလ်ကို


ကိုင်းထားသော ကျွန်တော့်လက်ကို ဆွဲဆောင့်ဖြုတ်ပစ်လိုက်၏။
အော်သံဟစ်သံတွေကြောင့် ကော်ရစ်တာမှ ကျောင်းသားတွေ ခဏ
ရပ်သွားသည်။ စနိုဖီခွေးရုပ်က သူ့နံဘေးတွင်ရှိနေသော ကျွန်တော်
ကြည်ပြာနှင့် မြမိုလ်ကိုကြောင်ကာ ကြည့်ငေးနေသည်။

“မဟုတ်ဘူး... ငါက.... နင့်လက်... အဲဒါ....


နင့်လက်အောင့်မေ့လိုဟ... ဟို.... ဒီလိုဟာ.... နင့်လက်ကိုငါက”

ကျွန်တော် ဝိညာဉ်ထဲမှာ ဘာမှမရှိတော့။ ဘာဆက်ပြောရမှန်းလည်း


မသိတော့။ မြမိုလ်က ကျွန်တော်ဆုပ်ကိုင်ခဲ့သော သူ့ဘယ်ဘက်လက်ကို
ညာဘက်လက်နှင့်ယူကာ နောက်ဆုတ်သွား၏။ ကြည်ပြာ၏ ဒေါသတကြီး
မျက်လုံးများ၊ စနိုဖီခွေးရုပ်၏ နားမလည်သောမျက်နှာ ဘာဖြစ်ကြတာလဲ
ဟင်...! ဘာဖြစ်တာလဲ! ဆိုသည့် နောက်ကျောကော်ရစ်တာမှ
ကျောင်းသားများ... ကျွန်တော် ယောင်ယမ်းကာ ကြည်ပြာ့လက်ကို နာနာ
ကျည်းကျည်း ပုတ်ထုတ်ပစ်လိုက်သဖြင့် သူ့နာရီနှင့် ကျွန်တော့်
လက်ကောက်ဝတ် “ဂွပ်” ခနဲရိုက်မိသည်။ ကြည်ပြာချာကနဲ လှည့်ကာ
လူအုပ်ကြားထဲမှ တိုးထွက်သွားတော့ စနိုဖီခွေးရုပ်၏ ဘာမှန်း
မသိလိုက်သော မျက်လုံးများကို ကျွန်တော် ရင်ဆိုင်လိုက်ရသည်။
ကျွန်တော် မျက်နှာလွှဲကာ အံကြိတ်ရင်း လူအုပ်ကြားထဲ တိုးဝင်ပြီး
ကြည်ပြာ့တို့နောက်သို့ လိုက်ရသည်။

typing - ကောင်းဆိုး Page 194


နီကိုရဲ မကြည်ပြာနှင့် ချစ်ခြင်း၏ဒုတိယနဂ္ဂတစ်များ
“ဘာဖြစ်တာလဲဟင်”

“လက်မှားကိုင်တာတဲ့”

“လက်... ဘယ်သူ့လက်ကိုလဲ” စသဖြင့် မေးသံများနှင့်


ကျွန်တော့်ကို ဝိုင်းကြည့်နေကြသော ကျောင်းသားကျောင်းသူများထဲမှ
မနည်း တိုးထွက်လာခဲ့ရသည်။ လှေကားထစ်များဆုံးတော့ ကြည်ပြာတို့
အုပ်စုက အတော်ဝေးဝေးသို့ ရောက်နေကြပြီဖြစ်သည်။ နံဘေးက
ကြည်ပြာ့လက်သည် မည်သို့ပျောက်ကာ မြမိုလ်လက်က ရောက်လာရ
သနည်း။ ဒီကောင် ရှေ့မှာမှ မှားတာဆိုတော့ ရှင်းပြလို့ကလည်းမရ။

သို့သော် ကျွန်တော့်လွဲမှားမှုကိုတော့ ကြည်ပြာသိပါလိမ့်မည်။


ဘာကြောင့် လွဲမှားသွားရတယ်ဆိုသည့် ကျွန်တော့်အတွေးကိုတော့
ကြည်ပြာ့ကို ရှင်းပြမှကို ဖြစ်မည်။ ကျွန်တော် ကြည်ပြာတို့ကိုမှီလာသည်။
ကျွန်တော့်ကို တစ်ယောက်မှ လှည့်မကြည့်ကြ။

“ကြည်ပြာရယ်... ကိုယ်ကလည်း ဘာမှန်းမသိလိုက်ဘူး၊ ကိုယ့်လက်


ကို အတင်းဆွဲပြီး ထွက်သွားတော့ ကိုယ်လည်းအံ့သြပြီး ပါသွားတာ...”

“သိတယ်မြမိုလ်... ကြည်ပြာသိတယ်... တောက်... မပြောလိုက်ချင်


ဘူး... ဒီကောက်က ဖြစ်နေကြ.... ကြည်ပြာ တောင်းပန်တယ်”

“မဟုတ်ဘူးကြည်ပြာ... ငါပြောပြမယ်... ပထမနှင့်လက်က


ငါ့နံဘေးမှာ ရှိနေတာကိုး... ငါက... အဲဒါ... နင့်လက်ဆိုပြီး”

“တော်ပြီ... ရဲဝင်း... တော်ပြီ၊ နင်ဟာ ဘယ်တော့မှ အသုံးကျမှာ


မဟုတ်ဘူးသိလား”

typing - ကောင်းဆိုး Page 195


နီကိုရဲ မကြည်ပြာနှင့် ချစ်ခြင်း၏ဒုတိယနဂ္ဂတစ်များ
လွင်မာ... မိုးမိုးနှင့် ယဉ်ယဉ်သိန်းတို့က ကျွန်တော့်ကို
ခေါင်းရမ်းကာ ကြည့်ကြသည်။ မြမိုလ်က ကြည်ပြာ့နံဘေးမှခွာ ကာ
ယုယုဘေးသို့ကပ်ရင်း ယှဉ်လျှောက်ကာ ကျွန်တော့်တို့ကိုအားနာသလို
လှမ်းကြည့်သည်။

“ကျွန်တော်တောင်းပန်ပါတယ်မြမိုလ်... ကျွန်တော်မြမိုလ်လက်ကို
ကိုင်ချင်လို့မဟုတ်ပါဘူး၊ ကျွန်တော်က ကြည်ပြာ့လက်ထင်လို့ပါ... တမျိုး
မထင်ပါနဲ့”

“ရတယ်... ကိုရဲဝင်း... ရပါတယ်”

“အေး... အဲဒီလက်ကို မှားကိုင်တာထား... ထားဦး ဘာဖြစ်လို့


ဟိုကောင်ရှေ့ကိုသွားပြီး အဲဒီလက်ကို မြှောက်မြှောက်ပြနေရတာလဲ!
နင်ကိုင်တာ ငါ့လက်ပဲထားလိုက်ဦး... ကဲ... ပြော”

ကြည်ပြာက ခါးကိုထောက်ကာ အော်သည်။ သူငယ်ချင်းများက


သိပံ္ပကဲင်တင်းအစွန်မှ ဗာဒံပင်ပုကလေးအောက်က စားပွဲခုံတွင် သွက်သက
ွ်
လက်လက် ဝင်ထိုင်လိုက်ကြသည်။

“အေးပါကြည်ပြာရယ်... ဘာဖြစ်လို့ နင့်လက်ကို ငါကိုင်ပြီးတော့


အဲဒီ စနိုဖီခွေးရုပ်ရှေ့ကို ရောက်သွားရတယ်ဆိုတာ ငါရှင်းပြပါမယ့်”

“ဘာ!... ဘာရုပ်....”

“သြော်.... ဟိုလေ... အဲဒီကောင်ရင်ဘတ်က အရုပ်ကိုပြောတာပါ...


စနိုဖီခွေးရုပ်လေ... အဲဒါ”

“အေး.... နင်ပဲ ကြံကြံဖန်ဖန်ကြည့်ထား သိလား...”

typing - ကောင်းဆိုး Page 196


နီကိုရဲ မကြည်ပြာနှင့် ချစ်ခြင်း၏ဒုတိယနဂ္ဂတစ်များ
ကြည်ပြာက ဒေါသဖြင့် စတီးလ်တမင်းချိုင့်ကလေးကို ခုံပေါ်ဒုန်းကနဲ
ဆောင့်ချကာ ဝင်ထိုင်သည်။ ကျွန်တော်လည်း ကြည်ပြာ့နံဘေးမှ ခုံတွင်
ဝင်ထိုင်လိုက်သည်။

“ဒီလိုကြည်ပြာ... လွင်မာပြလို့ နင့်ကို ဒုက္ခပေးတေတာ ဒီကောင်မှန်း


ငါသိရတယ်... နင်နဲ့ငါနဲ့ ဟို.... ဟိုလေ... ချစ်သူတွေဆိုတာ ကိုလည်း
သူသိလောက်ပါတယ်ဟာ... ဒါပေမယ့် ငါဆေးလိပ်သောက်ဖို့ မီးခြစ်တာ
မရလို့ သူက လာပေးတယ်”

“အဲဒါတွေ ပြန်ပြောမနေနဲ့ရဲဝင်း.. သိပြီးသား... နင်အချိုးမပြေလို့


ပြတင်းပေါက်နားရောက်လာတာ... နင်ဘာမှ မီးညှိစရာကို မလိုဘူး”

“မဟုတ်ဘူးကြည်ပြာ... ယောက်ျားလေး တစ်ယောက်ကို မီးခြစ်ခြစ်


ပြီး၊ ဆေးလိပ်မီးညှိဖို့ပေးတယ်ဆိုတာ ငါတို့ယောက်ျားလေးလောကမှာ
ရင်းနှီးမှလုပ်ကြတာ... ငါ့မီးခြစ်ခြစ်လို့မရတာလည်း သူသိနေတဲ့အချိန်မှာ
ငါ... က သူ့မီးခြစ်က မီးတောက်ကို ငြင်းလိုက်ရင် သိပ်ရိုင်းရာကျမှာ
စိုးတာနဲ့...”

“တော်ပြီ... ဆက်ပြော...”

ကြည်ပြာက မျက်နှာကို အောက်သို့ငုံ့ကာ ကျွန်တော့်ကို


မော့မကြည့်ဘဲ အော်သည်။ ကျွန်တော် ကြည်ပြာ့မျက်နှာကို
ကောင်းကောင်း မမြင်ရ... ကြားမှ ကြည်ပြာ့၏ သုံးဆင့်စတီးလ် ထမင်းချိုင့်
ကလေးက ခံနေသဖြင့် လှမ်းယူကာ ကျွန်တော့်နံဘေးသို့ ချထားလိုက်
ရသည်။ ကြည်ပြာရယ်... ငါရှင်းပြတဲ့ စကားကို နင် ကျေနပ်သွားတဲ့အခါ

typing - ကောင်းဆိုး Page 197


နီကိုရဲ မကြည်ပြာနှင့် ချစ်ခြင်း၏ဒုတိယနဂ္ဂတစ်များ
ပြုံးလာမယ့် နင့် မျက်ဝန်းကလေးတွေ နှုတ်ခမ်းလေး တွေကို
ငါသိပ်တွေ့ချင်ပါတယ်။

“အဲဒါနဲ့.... ငါမီးညှိလိုက်ပြီးတော့ ဆရာမဝင်ပြီး စာသင်တော့ သူက


ကော်ရစ်တာကနေ နင့်ကိုပဲကြည့်နေတာဟ... ထွက်မသွားဘူး”

ကြည်ပြာက ခေါင်းငုံ့နေရာမှ နှုတ်ခမ်းကိုတန


ွ့်ကွေးကာ
မဲ့ပြုံးပြုံးသည်။

“ပြီးတော့ ငါကိုလည်း ပြုံးပြတာနဲ့၊ ငါလည်း အဲဒီအပြုံးတွေကို


မကြိုက်ဘူးဟာ... အမှန်ဆို ဒီကောင် ထွက်သွားသင့်တာ... အဲဒါ
အတန်းပြီးရင်... နင့်လက်ကိုကိုင်ပြီး... ဒီကောင်ကို ဆေးလိပ်မီး ပေးတာ
ကျေးဇူးပဲလို့ပြောမလို့... တစ်ချက်ခုတ်နှစ်ချက်”

“တော်ပြီ... လဲသေလိုက်... ဘာမှ ငါ့လက်တွေ ဘာတွေဆြွဲ ပပြီး


သူဆီသွားနေစရာမလိုဘူး... နင်လာနေရင်ပြီးတဲ့ဟာပဲ နင်ကအပိုတွေ
သိပ်လုပ်ချင်တာပဲ ရဲဝင်းသိလား! အခုလုပ်လိုက်တော့ တလွဲဖြစ်ပြီ
မဟုတ်လား!”

“အဲဒါကလည်း... ပထမနင်က ငါ့ဘေးမှာ... နင့်လက်ကလည်း”

“လဲသေလိုက်... ဗိုက်ဆာပြီ...”

ကြည်ပြာက ကျွန်တော်ဖယ်ထားသော ထမင်းချိုင့်ကလေးကို


ဆွဲယူကာ တဂွပ်ဂွပ်နှင့် ဖွင့်သည်။ လွင်မာတို့ကလည်း စားစရာတွေ
မှာကြသည်။ ကျွန်တော်က လက်ဖက်ရည်ချိုကျ တစ်ခက
ွ်မှာကာ
ကြည်ပြာ့အတွက် ကော်ဖီခါးခါးတစ်ခွက်မှာပေးရ၏။ ရေနွေးကြမ်းလည်း
အဆင်သင့် ငှဲ့ပေးထားရသည်။ ကြည်ပြာဇွန်းနှင့် ဖြတ်လှီးပြီးစားရန်

typing - ကောင်းဆိုး Page 198


နီကိုရဲ မကြည်ပြာနှင့် ချစ်ခြင်း၏ဒုတိယနဂ္ဂတစ်များ
ထားသော ကြက်ဥကြော်ကို ကျွန်တော် ယူကာစားလိုက်၏။ ကြည်ပြာက
မော့မကြည့်ဘဲ နောက်တစ်ခု ထပ်ယူကာစား၏။ ကြည်ပြာ စိတ်ဆိုးပြေဟန်
မတူသေး။ ကျွန်တော် ရှင်းပြသည့် စကားကလည်း အဆုံးထိမရောက်လိုက်။
ဒီနေ့ တစ်နေ့လုံးတော့ ကြည်ပြာနှင့် နေမှပင် ဖြစ်တော့မည်။ ကျွန်တော်
မီးခြစ်ကို ထုတ်ကာ ခြစ်သည်။ မိုးမိုးကမော့ကာ ကြည့်၏။

“ခြစ်ပြန်ပြီးလား... ဒီမီးခြစ်”

သို့သော် သုံးလေးကြိမ်နှင့် မီးတောက်သွား၏။ ကျွန်တော်ပြုံးပြကာ


မီးခြစ်ကို အိတ်ထဲထည့်လိုက်သည်။ စားသောက်ပြီးစတွင် လွင်ဦးနှင့်
ဇော်မင်းထွေးတို့ ရောက်လာကြသည်။ ဝိုင်းက ပိုမိုစိုပြေသွား၏။ လွင်ဦးက
အပြင်တွင် အလုပ်ရနေသည်က တစ်ကြောင်း မနက်နေ့လည်
ကျောင်းတက်ချိန် ကွဲသွားသည်ကတစ်ကြောင်း တို့ကြောင့် သိပ်မတွေ့ဖြစ်...
ဇော်မင်းထွေးကတော့ စာပေးစာယူသို့ ပြောင်းသွားသည်။ ကျွန်တော်တို့
သူငယ်ချင်းတွေ့မဆုံကြတာ အတော်ကိုကြာပြီဖြစ်သည်။ ကြည်ပြာက
ထမင်းချိုင့်ကို တမင်အသံထွက်အောင်သိမ်းသည်။ လွင်ဦးက ကျွန်တော့်ကို
လှမ်းကြည့်သည်။ ယဉ်ယဉ်သိန်းက ဇော်မင်းထွေးကို လေသံသ့သ
ဲ့ြဲ ဖင့်
ကျွန်တော်တို့ ပြဿနာကို ကြည်ပြာ ထမင်းစားနေစဉ် ရှင်းပြလိုက်ပြီး
ဖြစ်သည်။ နောက်ထပ်ရောက်လာသော လွင်ဦးနှင့် ဇော်မင်းထွေးတို့
လက်ဖက်ရည်ခွက်များ မကုန်သေးသဖြင့် ကြည်ပြာတို့ထမင်းစားပြီး
သော်လည်း ဝိုင်က မပြီးသေး...။ ကြည်ပြာက စတီးလ်ထမင်းချိုင့်ကလေးကို
သူနှင့် ကျွန်တော့်ကြားတွင် ချသည်။ သူငယ်ချင်းတွေ့ဆုံသော်လည်း
စကားဝိုင်းက တိက်ကာနေ၏။ ကျွန်တော့်ပြဿနာသာ ရှိမထားဘူးဆိုလျှင်
မတွေ့ရမဆုံရတာကြာပြီဖြစ်သော သူငယ်ချင်းများနှင့် ကျွန်တော်တို့

typing - ကောင်းဆိုး Page 199


နီကိုရဲ မကြည်ပြာနှင့် ချစ်ခြင်း၏ဒုတိယနဂ္ဂတစ်များ
စကားဝိုင်းသည် ဆူညံနေမှာ သေချာသည်။ အခုတော့ ကြည်ပြာက
လွင်ဦးတို့ ရောက်လာသည့်တိုင် မကျေနပ်မှုကို တိတ်ဆိတ်ခြင်းဖြင့်
ထိန်းကာထားသည်။ မိုးမိုးက ကြည်ပြာ့ကို မေးဆတ်ကာမျက်စေ့မှိတ်ပြ၏။
ကျွန်တော် လှမ်းကြည့်တော့ ခေါင်းငုံ့ကာ မျက်မှောင်ကျုံ့ထားသော
ကြည်ပြာ့မျက်နှာ အပေါ်ပိုင်းကိုသာ မြင်ရသည်။ ကျွန်တော်နှင့်
ကြည်ပြာ့ကြားတွင် ခြားနားသော ထမင်းချိုင့်ကလေးကို လှမ်းယူကာ
ဘေးသို့ဖယ်လိုက်ရ၏။ ကြည်ပြာက မော့မကြည်၊ ကျွန်တော်
မှာပေးထားသော ကော်ဖီခါးခါးကိုလည်း ယူမသောက်။

“ကြည်ပြာ... ကော်ဖီတွေ အေးကုန်မယ်လေဟာ...”

“ဘယ်သူက သောက်မယ်ပြောလို့လဲ!”

လွင်မာက မျက်လုံးပြူးကာ ပခုံးကိုတန


ွ့်ပြ၏။ ကြည်ပြာ
စိတ်ဆိုးမပြေသေးတာ သေချာပြီ။ ဇော်မင်းထွေးက လှမ်းကြည့်ကာ ပြုံးရင်း
ခေါင်းခါပြသည်။ မြမိုလ်က ကျွန်တော့်ကို လှမ်းငေးကာ မျက်လွှာချသည်။
ကျွန်တော်တို့ စကားဝိုင်းသည် တိတ်ဆိတ်နေတုန်းပင်ဖြစ်၏။

“ဒါဆိုရင်... ဒီနေ့သွားရမှာပေါ့၊ ရှားစေးကဘယ်မှာရမှာလဲ!”

“ကွမ်းယာဆိုင်မှာရပါတယ်... နင်အတန်းမအားရင်းလည်း နေခဲ့၊


ငါ့ဘာသာပဲ သွားလိုက်မယ်...”

“ဖျက်လိုက်မယ်လေ... ကြည်ပြာ...”

ယဉ်ယဉ်သိန်းခေါ်သံကြောင့် ကြည်ပြာ ခေါင်းမော့ကာကြည့်သည်။

typing - ကောင်းဆိုး Page 200


နီကိုရဲ မကြည်ပြာနှင့် ချစ်ခြင်း၏ဒုတိယနဂ္ဂတစ်များ
“ဇော်မင်းထွေးက ယရတြာချေရမှာတဲ့... ရွှေတိဂုံဘုရားမှာ
ဗေဒင်ဆရာက ညံ့နေသေးတယ်တဲ့ဟာ... အဲဒါ... ငါ အတန်း မတက်တော့
ဘူး...”

“အင်္ဂလိပ် စာပြီးရင် မိုင်နာတစ်ချိန်မဟုတ်ဘူး! ငါတို့လည်း


သွားမှာ...”

ယဉ်ယဉ်သိန်းစကားကို မိုးမိုးကထပ်ဆက်သည်။ ကျွန်တော်


သဘောပေါက်ပါသည်။ အခြေအနေအရ ဝေးကွာနေရသော ချစ်သူ
တွေဆုံကြချိန်မှာ သူငယ်ချင်းများ အတန်းမတက်ဘဲ လစ်ကြတော့မည်။
ကျွန်တော် ဝမ်းနည်းသွား၏။ ဘာပြဿနာမှ မရှိခ့ဘ
ဲူးဆိုလျှင် ကြည်ပြာနှင့်
ကျွန်တော်လည်း သူငယ်ချင်းအတွဲ တစ်တန
ွှဲင့်အတူ ပျော်ရွှင်
ခွင့်ရမှာသေချာသည်။ အခုတော့...

“အော်... နင်တို့က သွားကြတော့မယ်ပေါ့လေ.... ကောင်းပါတယ်


ကောင်းတယ်...”

“ကြည်ပြာ.... ငါတို့...”

“လဲသေလိုက်...”

ကြည်ပြာ့စကားကြောင့် သူငယ်ချင်းများက ကြိတ်ကာရယ်ကြသည်။


သွားပြီ။ ကျွန်တော် ဒီအခြေအနေတွင် ဘာမှထပ်ကြိုးစား၍မရတော့
ဆိုတာကို နားလည်ပါသည်။

“မြမိုလ်တို့ကတော့ အတန်းပဲပြန်တက်မှာ ကြည်ပြာကရော”

typing - ကောင်းဆိုး Page 201


နီကိုရဲ မကြည်ပြာနှင့် ချစ်ခြင်း၏ဒုတိယနဂ္ဂတစ်များ
မြမိုလ်စကားဆုံးတော့ ကြည်ပြာက ကျွန်တော့်ကို ဖျတ်ခနဲ
ကြည့်သည်။ ထိုအကြည့်၏ အဓိပ္ပာယ်သည် မည်သည့်စကားလုံးဆိုသည်ကို
ကျွန်တော်သိပါသည်။

“အတန်းလည်း တက်ချင်စိတ်မရှိတော့ဘူး၊ ဘယ်ကို ဘာမှလည်း


မသွားချင်ဘူး... ဟုတ်တယ်။ အိမ်ပဲပြန်မှာ... အိမ်ပဲ...”

ကျွန်တော်တို့ဝိုင်း ပြန်လည် တိတ်ဆိတ်သွားသည်။ ရန်ကုန်


တက္ကသိုလ်ထဲက သက်ရွက်တွေအားလုံး ကြွေကျကုန်ပြီဟု ကျွန်တော်
ထင်သည်။ တစ်ကိုယ်လုံး အိုက်စပ်စပ်ဖြစ်လာ၏။ မိုးတိမ်တိုက်တစ်ခု
နေမင်းကို ကွယ်လိုက်သည့်အခါ ဝင်းပနေသော နေရောင်ရုတ်တရက်
ပျောက်သွားသလို သူငယ်ချင်းစုံတွဲမျက်ဝန်းထဲမှာ လင်းလက်နေသည့်
ပျော်ရွှင်မှုကို မချင့်မရဲ လှမ်းငေးမိသည်။ ကြည်ပြာ့ကို လှမ်းကြည့်တော့
ချွန်ထွက်နေသော အပ်ါနှုတ်ခမ်းက ကျောက်စိုင်လိုမာကြောနေသည်။
အညိုရောင်မျက်ဝန်းက အားထည့်ထားသဖြင့် စိမ်းကာနေ၏။ အတူ
ထိုင်နေကြသည့် ခုံမှာ တစ်နေရာစီ ခွဲထက
ွ်သွားတော့မည်။ တချို့က
စာသင်ခန်း၊ တချို့က ပျော်ရွှင်ခြင်းဆီ.... ကျွန်တော် ကရော.... ။ ကြည်ပြာ
အိမ်ဆိုလျှင် လိုက်ပို့ရန်တော့ မျှော်လင်ချက်ရှိပါသေးသည်။ သို့သော်
ကြည်ပြာကစိတ်ဆိုးကာနေ၏။ အပြန်လမ်းမှာ ကြည်ပြာ့ကို ချော့ရဦးမယ်။
ကျွန်တော်အတွေးကျွံနေချိန်မှာ လွင်ဦးက ပိုက်ဆံ ရှင်းလိုက်၏။ မြမိုလ်နှင့်
ယုယုကထရပ်သည်။ ဇော်မင်းထွေး၏ လက်ကို ယဉ်ယဉ်သိန်းက ဖျက်ကနဲ
ကိုင်သည်။ မျက်လုံးထဲမှာ အရာရာသည် ဆုံးရှုံးဖို့သာ ဖြစ်နေလေသည်။
ကြည်ပြာက ဖျက်ခနဲ ထကာရပ်ရင်း လက်က ထမင်းချိုင့်ထံလှမ်းသည်။
ကျွန်တော် လျှင်မြန်စွာ ထမင်းချိုင့်ကလေးကို ကျွန်တော်ကိုင်ထားမှဖြစ်မည်။

typing - ကောင်းဆိုး Page 202


နီကိုရဲ မကြည်ပြာနှင့် ချစ်ခြင်း၏ဒုတိယနဂ္ဂတစ်များ
စိတ်ဆိုးနေသည့် ချစ်သူနှင့်အတူ ယှဉ်လျှောက်ဖို့ဆိုသည်မှာ သူ့ဆီက
ပစ္စည်းတစ်ခုကို ကျွန်တော့် လက်ထဲမှာ ကိုင်ထားမှဖြစ်မည် ဆိုတာကို
ကျွန်တော် ချစ်သူသက်တမ်းခြောက်နှစ်ဖြင့် သိထားပြီးဖြစ်သည်။

“ကြည်ပြာ နင်ပြန်မယ်ဆိုရင် ငါလည်း ပြန်မယ်လေဟာ


တို့အတူတူ...”

“ဘာမှအတူမတူဘူး... နင့်ဘာသာ အတန်းတက်... ငါ့ဘာသာ


ပြန်မယ်...”

ကြည်ပြာကလည်းဟာ... ပြန်မယ်ဆို.... ရဲဝင်းနဲ့ပြန်ပေါ့ ဟဲ့...


ရဲဝင်းသွား... နင်လိုက်ပို့လိုက်”

လွင်မာ့စကားဆုံးတော့ ကြည်ပြာ့နှုတ်ခမ်းမဲ့ရွဲ့မသွားသော်လည်း
မျက်ဝန်းများက စိမ်းသွား၏။ ပြီးတော့ ချာကနဲလှည့်ထက
ွ်သွားသည်။
ယဉ်ယဉ်သိန်းနှင့် မိုးမိုးက ကျွန်တော့်ကိုငေးကာ သူတို့ချစ်သူများနှင့်
နေရာမှထသည်။ လွင်ဦးက ကျွန်တော့်ပခုံးကို ဖျစ်ညှစ်ကာ မိုးမိုးလက်ကို
ကိုင်ရင်း ခုံမှထသွား၏။ ကျွန်တော် ခေါင်းငိုက်စိုက်ဖြင့် ခုံမှာထိုင်ရင်း
ကျန်ခဲ့သည်။ ကျွန်တော်ချစ်ရသော ကြည်ပြာသည် လွင်ဦးဖျစ်ညှစ်
သွားသော ပခုံးဖိအား၏ ဆယ်ပုံတစ်ပုံတော့ ကျွန်တော့်ကို နားလည်ဖို့
ကောင်းပါသည်။ လှမ်းကြည့်လိုက်တော့ သူငယ်ချင်း အားလုံးက
ကျွန်တော့်ကို လှမ်းငေးကာ စောင့်နေကြ၏။ ကျွန်တော် သက်ပြင်းချကာ
လေးလံစွာခုံမှ ထလိုက်သည်။ ခုံမှထပြီးပြီးချင်း လှမ်းကြည့်လိုက်တော့
ကြည်ပြာကချာကနဲမဲ့ရွဲ့ကာ တစ်ဘက်သို့လှည့်သည်။ ဟာ....။ ရင်ထမ
ှဲာ
မောကာသွား၏။ ....ကျွန်တော်ခုံမှ ထထွက်လိုက်ချိန်မှာ... ကြည်ပြာက
သူငယ်ချင်းများနှင့် ခွဲထွက်ကာ လျှောက်သွားသည်။ ကျွန်တော်အသက်ကို

typing - ကောင်းဆိုး Page 203


နီကိုရဲ မကြည်ပြာနှင့် ချစ်ခြင်း၏ဒုတိယနဂ္ဂတစ်များ
ဝအောင်ရှူပြီး သူငယ်ချင်းများကို မကြည့်တော့ဘဲ လက်လှမ်းပြကာ
ကြည်ပြာ့နောက် ခပ်သွက်သွက် ပြေးကာလိုက်ရသည်။ ကျွန်တော်
ကြည်ပြာ့ကို မှီသည့်အခါ အရာအားလုံးကို နောက်မှာထားပြီး ကျွန်တော့်
အသိဉာဏ်ထဲမှာ ကြည်ပြာ ကျွန်တော့်ကို စိတ်ဆိုးပြေးရေး တစ်ခုသာ
ရှိတော့သည်။

ကြည်ပြာနှင့်အတူ ပြန်ရမည့်ခရီးမှာ ပျော်ရွှင်မှုကလေး ရှိနေဖို့


အတွက် ကျွန်တော်၏ လွဲမှားမှုကို မာလာကားမှတ်တိုင် မရောက်ခင်
ကြည်ပြာကို ရအောင်တောင်းပန်ရမည်။ ကြည်ပြာသည် စနစ်တကျ
စိတ်ရှည်လက်ရှည် စိတ်ကောက်တက်သူမဟုတ်။ ခံစားချက်လယ
ွ်သော
စိတ်အပြောင်းအလဲမြန်သော ဒေါသဖြစ်လွယ် ရယ်မော လွယ်သော
ကြည်ပြာ့ကို ချော့ရတာ တစ်ခါတရံတော့လည်း စိတ်ညစ်ဖို့ အတော်
ကောင်းသည်။ ဘာပဲဖြစ်ဖြစ် ကြည်ပြာ့ကိုရအောင်တောင်းပန်ရမည်။ ရှေ့မှ
ကြည်ပြာ့အနားသို့ ခပ်သွက်သွက် ပြေးကပ်လိုက်ရင်း ကဗျာဆရာ
တစ်ယောက်၏ နှလုံးသားကို ချစ်ခြင်းမေတ္တာဖြင့် ဖိညှစ်ပစ်လိုက်ပြီး...
ထွက်လာသမျှ စကားလုံးတွေကို နှုတ်ခမ်းပေါ်ဆွတ
ဲ င်လိုက်၏။ သို့သော်

“ဟဲ့... ဟဲ့... ရဲဝင်း... ရဲဝင်း”

“ကြည်ပြာ... ကြည်ပြာ ... ကြည်ပြာ”

ကျွန်တော်တို့နောက်မှ သူငယ်ချင်းများ၏ စူးစူးဝါးဝါးခေါ်သံများ


ကြောင့်... ရှေ့မှခပ်သွက်သွက်သွားနေသော ကြည်ပြာနှင့် ကျွန်တော်
တအံ့တသြ လှည့်ကြည့်လိုက်ကြသည်။ သူငယ်ချင်းများအားလုံးကလည်း
ကျွန်တော်တို့ကို တအံ့တသြကြည့် ငေးနေကြသည်။ ဘာပါလိမ့်!
ဘာကြောင့် ကျွန်တော်တို့ကို လှမ်းခေါ်သည်ဆိုတာ နားမလည်သဖြင့်

typing - ကောင်းဆိုး Page 204


နီကိုရဲ မကြည်ပြာနှင့် ချစ်ခြင်း၏ဒုတိယနဂ္ဂတစ်များ
မေးဆတ်ကာ “ဘာလဲ” ဟု ကျွန်တော်မေးလိုက်သည်။ ကြည်ပြာကလည်း
နားမလည်နိုင်စွာ ငေးနေရာမှ ကျွန်တော့်ကို ဖျတ်ခနဲကြည့်သည်။
ကြည်ပြာ့၏ နှုတ်ခမ်းများသည် ပထမ... ဟ,သွာသည်။ ထို့နောက်
ကြည်ပြာသည် ပွင့်ဟသွားသော အောက်နှုတ်ခမ်းကို ဖျတ်ခနဲ
ကိုက်လိုက်သည်။ ပြီးတော့ ကြည်ပြာ့မျက်ဝန်းများ လင်းလက်သွားသည်။

“ရဲဝင်း”

“ဘာလဲဟင်!... ကြည်ပြာ၊ ဘာလဲ!”

ကြည်ပြာ့ထံမှ ခွိကနဲရယ်သံတစ်သံ ထွက်လာပြီး ကျွန်တော့်


မျက်နှာမှနေ၍ အကြည့်က အောက်သို့ရွေ့သွားသည်။ ကျွန်တော်
ကြည်ပြာ့မျက်နှာကို ငေးနေရာမှ နားမလည်နိုင်စွာ ကြည်ပြာ့မျက်လုံးရွေ့ရာ
အောက်ဘက်သို့ ကြည့်လိုက်သည်။ ဟာ....။ သွားပြီ။ ကျွန်တော့်
ညာဘက်လက်တွင် တင်းတင်းဆုပ်ကိုင်ထားသော အရာမှာ ကြည်ပြာ့
သုံးဆင့်စတီးလ်ထမင်းချိုင့် မဟုတ်ဘဲ ကဲင်းတင်းမှ ရေနွေးကရားကြီး
ဖြစ်နေ၏။

“ကြည်ပြာ...”

ရှက်ရွံ့မွှန်ထူပြီး အော်လိုက်မိသော ကျွန်တော့်


ကြည်ပြာသံမဆုံးခင်... ကြည်ပြာက မျက်နှာကိုလက်ဝါးနှင့်အုပ်ကာ ဒူးကို
ကွေးချလိုက်ပြီး ကျောင်းလမ်းမပေါ် ဆောင့်ကြောင့်ထိုင်ကာ အားရပါးရ
ရယ်သည်။ ငုံ့ချလိုက်သော ကြည်ပြာ့မျက်နှာနှင့် ရေနွေးကရား
နှုတ်သီးမခြစ်မိရအောင် ကျွန်တော် လက်ကိုနောက်သို့ ဆုတ်လိုက်ရသည်။
ကျွန်တော်နှင့် ကြည်ပြာ့ကိုကြည့်ကာ သူငယ်ချင်းများက ဝါးကနဲရယ်ရင်း

typing - ကောင်းဆိုး Page 205


နီကိုရဲ မကြည်ပြာနှင့် ချစ်ခြင်း၏ဒုတိယနဂ္ဂတစ်များ
တစ်ယောက်နှင့်တစ်ယောက် ရိုက်ပုတ်နေကြ၏။ ကျွန်တော်ရှေ့တွင်
ထိုင်ချကာ ကျောကလေးတသိမ့်သိမ့်တုန်အောင် ရယ်နေသော ကြည်ပြာ့ကို
ကျွန်တော် ကြောင်ငေးကာကြည့်နေမိသည်။ သတိဝင်ဝင်လာချင်း
ရေနွေးကရားကို ကိုင်ကာ ကဲင်တင်းထဲ ပြေးဝင်လိုက်တော့ ကဲင်းတင်မှ
ကျောင်းသားများက ဝါးကနဲရယ် လိုက်ကြသည်။ ကျွန်တော်တို့ ထိုင်ခ့သ
ဲ ည့်
စားပွဲပေါ်တွင် ငြိမ်သက်တိတ်ဆိတ်စွာ ခန့်ခန့်ကြီးရှိနေသော ကြည်ပြာ့၏
စတီးလ်ထမင်းချိုင့်ထံမှပင် ရယ်သံ ကြားလိုက်ရသည်ဟု ကျွန်တော်
ထင်သည်။ ရေနွေးကရားကို ပစ်တင်ပြီး ကျွန်တော် စတီးလ်
ထမင်းချိုင့်အပေါ်လက်ကိုင်ကို မိမိရရဖမ်းဆုပ်ကိုင်ကာ ချက်ချင်းလှည့်
ထွက်တော့ ကဲင်တင်းထဲမှ ရယ်သံတွေ ဝါးကနဲ ထွက်လာကြပြန်၏။
ပုံစံအမျိုးမျိုးဖြင့် ရယ်နေကြသော သူငယ်ချင်းများကို လှည့်မကြည့်တော့ဘဲ၊
ကျွန်တော် ကြည်ပြာ့ထံ ပြန်ပြေးလာခဲ့သည်။ ကြည်ပြာက ငုတ်တုတ်
ထိုင်ကာ ရယ်လို့ကောင်းတုန်း။ ခေါင်းငုံ့ကာ ကျောကလေး တသိမ့်သိမ့်
တုန်အောင် ရယ်နေသော ကြည်ပြာ့ကိုကြည့်ကာ ဘာကြောင့်မှန်းမသိ
ကျွန်တော် မျက်ရည်ချက်ချင်း ဝိုင်းကာလာ၏။

“ကြည်ပြာ...”

ကျွန်တော်ဝမ်းနည်းစွာ အော်ခေါ်ရင်း တသိမ့်သိမ့်ငုတ်တုတ်ကလေး


ရယ်နေသော ကြည်ပြာ့ခေါင်းကလေးကို လှမ်းကိုင်လိုက်သည်။ ကြည်ပြာ့
ရယ်သံ ရပ်သွား၏။ ထို့နောက် ခဏငြိမ်နေပြီးမှ ကြည်ပြာ ထရပ်သည်။
ကျွန်တော့်ကို ကြည့်သော... ကျွန်တော်၏ ချစ်ရပါသော မကြည်ပြာ့
မျက်ဝန်းညိုများမှာ မိုးရွာပြီးစ သစ်ရွက်များပေါ် ခဏ ဆုံလိုက်ကြပြီး
ကြည်ပြာက ကျွန်တော့်မျက်နှာကိုကြည့်ကာ ရယ်ပြန်သည်။

typing - ကောင်းဆိုး Page 206


နီကိုရဲ မကြည်ပြာနှင့် ချစ်ခြင်း၏ဒုတိယနဂ္ဂတစ်များ
“ဟား.... ဟား.... ဟာ..... .ဟင်း.... ဟင်း.... ရဲဝင်း နင်ဟာလေ...
သိလား... တောက်! ဟား.... ဟား”

ကြည်ပြာက လွတ်လပ်ပေါ့ပါးစွာ အားပါးတရ ရယ်မောရင်း


ကျွန်တော့်ရင်ဘတ်ကို လှမ်းရိုက်သည်။ ကျွန်တော်ယိုင်ထက
ွ်သွား၏။
ကြည်ပြာက အပေါ်နှုတ်ခမ်းတွင် ဘယ်ဘက်လက်မကလေးကို အသာ
ဖိကပ်ကာ နှုတ်ခမ်းကို လက်ချောင်းကလေးများနှင့် ကွယ်ကာရယ်ပြန်သည်။
ကျွန်တော် ဝိညာဉ်ကွဲရှနေသူလို ကြည်ပြာရှေ့မှာ ငူငူကြီးရပ်နေမိသည်။
ကြည်ပြာ့ထံမှ တခစ်ခစ်ရယ်သံများရပ်သွားသည်။ ကြည်ပြာသည်
မောလျသွားသူတစ်ယောက်လို သက်ပြင်းကိုချကာ မျက်နှာတွင်
ကွယ်ထားသော လက်ဖြင့် သူ့ဆံပင်ကို သပ်တင်ကာ ခေါင်းကို
မော့ခါလိုက်ပြီး ကျွန်တော့်ကို ကြည်လင်ဝင်းပစွာသော အပြုံးနှင့်
ကြည့်သည်။ ပြီးတော့ ကျွန်တော် ခပ်တင်းတင်းဆုပ်ကိုင်ထားသော
ထမင်းချိုင့်ကို လှမ်းကိုင်သည်။ ကျွန်တော် ရှက်ရှက်နှင့် လွှတ်မပေးသည့်
အတွက် ကြည်ပြာ့လက်များသည် ကျွန်တော့်လက်ကို အုပ်မိုးကာ
ကိုင်မိသွား၏။ ကျွန်တော် ခေါင်းကိုငုံ့ကာ ကြည်ပြာနှင့် ကျွန်တော်
အတူကိုင်ထားကြသော ထမင်းချိုင့်ကို ငေးနေမိသည်။

“ရဲဝင်း... ယဉ်ယဉ်သိန်းတို့ ယတြယာချေမယ့်ဆီ လိုက်သွားကြမယ်


လေဟာ... နော်... ဟဲ့.... ရဲဝင်း”

“........”

ကြည်ပြာက ကျွန်တော့်ကို အုပ်မိုးကိုင်ထားသော လက်ကို


လွှတ်ကာ လက်မောင်းကိုဆွဲဆိတ်ရင်း ပြောသည်။ ကြည်ပြာ့စကားကြောင့်
ပျော်ရွှင်မှုသည် အသိဉာဏ်ထဲသို့ ခုန်ဝင်သွားသော်လည်း ခံစားမှုထဲ

typing - ကောင်းဆိုး Page 207


နီကိုရဲ မကြည်ပြာနှင့် ချစ်ခြင်း၏ဒုတိယနဂ္ဂတစ်များ
ရောက်ဖို့ကြတော့ တွန့်ဆုတ်တွန့်ဆုတ်ဖြစ်နေသေး၏။ ကျွန်တော်
အသေအချာကိုင်ထားသော စတီးလ်ထမင်းချိုင့်သည် ဘယ်လိုလုပ်
ရေနွေးကရားကြီး ဖြစ်သွားရသနည်း..... ကျွန်တော် သက်ပြင်းကို
ရှိုက်ထုတ်လိုက်သည်။ ကြည်ပြာက ကျွန်တော့် လက်မောင်းသေးသေး
ကလေးကို ဖျတ်ခနဲကိုင်ကာ ဖျစ်ညှစ်လိုက်၏။ ကျွန်တော် ခေါင်းငုံ့လျှက်ပင်
သူငယ်ချင်းများရပ်စောင့်နေရာသို့ ခြေလှမ်းကိုလှည့်ကာ ထွက်လိုက်သည်။
သုံးလေးငါးလှမ်းရောက်မှ ကြည်ပြာက ကျွန်တော့်ပခုံးပေါ်သို့ ခေါင်းကလေး
မှီနွဲ့ချကာ တဟားဟားရယ်ပြန်သည်။ ကြည်ပြာက ကျွန်တော့်ထက်
အရပ်ရှည်သဖြင့် သူ့ဆံစများက ကျွန်တော့်ပါးကို တသိမ့်သိမ့်ထိကာ
နေကြသည်။ ကျွန်တော့်ကိုမှီနွဲ့ထားသော ကြည်ပြာ့ ခန္ဓာကိုယ်ကို
ကျားကန်တောင့်ထားရင်း သူငယ်ချင်းများရပ်နေရာသို့ ခက်ခက်ခဲခဲ
ရောက်အောင်လာရသည်။ ပုံစံအမျိုးမျိုးဖြင့် ရယ်ပြီးကာစ နှုတ်ခမ်းများနှင့်
ကျွန်တော်တို့ကို ပြုံးကြည့်ကာ ရပ်စောင့်နေကြသော သူငယ်ချင်းများ၏
မျက်နှာများကို ကျွန်တော်ရဲဝံ့စွာ မျက်နှာချင်း ဆိုင်လိုက်သည်....။

ဤသို့... ချစ်ခဲ့ရပါသော... မကြည်ပြာ....။

typing - ကောင်းဆိုး Page 208


နီကိုရဲ မကြည်ပြာနှင့် ချစ်ခြင်း၏ဒုတိယနဂ္ဂတစ်များ
မကြည်ပြာနှင့် စီးကရက်မီး

လိုအပ်သည်ထက် ပိုကျယ်အောင် ရယ်လိုက်ကြသော ရယ်သံ


များကြောင့် နေ့လည်ခင်းကျောင်းသားများ ရှင်းနေသော ကဲင်တင်းထဲတွင်
ကျွန်တော်တို့အုပ်စုကို ဈေးသည်များက လှမ်းကြည့်လိုက်ကြသည်။
သူငယ်ချင်းများပြောနေကြသော အကြောင်း အရာသည် ဒီလောက်
ရယ်စရာမလိုသော ကိစ္စမျိုးဖြစ်သည်။ သို့သော် သူငယ်ချင်းများ
အားလုံးရော ကြည်ပြာပါ ထိုဘာမှမဟုတ်သည့် သာမန် ကိစ္စကို အားရပါးရ
ရယ်နေကြခြင်းမှာ မရိုးသားသော တိုက်ခိုက်မှုတစ်ခု ဖြစ်နေသဖြင့်
ကျွန်တော်အနေရအထိုင်ရ ကြပ်နေခဲ့သည်။

“ယုကလည်း အားနာပြီး ယင်ကောင်ကိုရမ်းအပေး... သူကလည်း


နာနတ်သီးစိပ်ကို လှမ်းအကိုင်... သူ့လက်ကို ပုတ်ထုတ်လိုက်သလို
ဖြစ်သွားပြီး နာနတ်သီးစိပ်က လွတ်ကျသွားရော...”

သူငယ်ချင်းများက လက်ခုပ်လက်ဝါးတီးကာ ရယ်ကြပြန်သည်။


ရယ်လိုက်ကြသည့် ရယ်သံများထဲတွင် ကြည်ပြာ့ရယ်သံများက တစ်မျိုး
ဖြစ်နေသည်ဟု ကျွန်တော်ထင်သည်။ ကျွန်တော် ကြည်ပြာ့ရယ်သံကို
အကြိမ်ပေါင်းများစွာ ကြားခဲ့ဖူးသည်။ သို့သော် ကြည်ပြာ အခု
ရယ်နေသည့်အသံက ကျွန်တော် တစ်ခါမှ မကြာဘူးသေးသည့်
ရယ်သံမျိုးဖြစ်သည်။ အေးလေ... အားလုံးလုပ်ရယ်နေကြတာဆိုတော့
အရင်ငါကြားဖူးတဲ့ ရယ်သံလို ဘယ်ဟုတ်နိုင်ပါ့မလဲ... ဟုတွေးရသည်။
လွင်မာနှင့် မိုးမိုးက အားရပါးရ ရယ်ပြီးတော့ မျက်ဝန်းများကို စွေကာ
ခပ်လှမ်းလှမ်းမှ ဝိုင်းကိုကြည့်သည်။ သူတို့ရယ်သံတွေ ထိရောက်ရဲ့လား

typing - ကောင်းဆိုး Page 209


နီကိုရဲ မကြည်ပြာနှင့် ချစ်ခြင်း၏ဒုတိယနဂ္ဂတစ်များ
ဆိုသည့် စုံစမ်းသောအကြည့်ဖြစ်၏။ လွင်မာတို့ လှမ်းကြည့်သောဝိုင်းတွင်
စနိုဖီခွေးရုပ်နှင့်လူ ထိုင်နေ၏။ ဒီနေ့တော့ စနိုဖီခွေးရုပ် ဝတ်မလာ...။
GIORDANO ရှပ်အဖြူအင်္ကျီလက်ရှည်နှင့် ပြာလဲ့လဲ့ ဂျင်းဘောင်းဘီကို
ဝတ်ထားသည်။ ကျွန်တော်တို့ရယ်သံများသည် မနက်က ကော်ရစ်တာမှာ
ထပ်လာရပ်နေပြီး ကျွန်တော်တို့နောက်မှ ကဲင်တင်းသို့လိုက်လာကာ
ကျွန်တော်တို့နှင့် သုံးလေးခုံအကျော်တွင် ထိုင်နေသော ထိုလူ့ကို
ရည်ညွှန်းလှောင်ပြောင်နေခြင်းသာဖြစ်သည်။ သို့သော် ထိုလူကတော့
သူ့ကိုလောင်နေသည်ဆိုတာကို သိသည့်တိုင် ခန့်ငြားအေးဆေးစွာပင်
ထိုင်လျှက်ရှိသည်။ သံပုရည်တစ်ခွက်ကို တစ်ဝက်အထိသောက်ထားပြီး
နံဘေးတွင် ချထားသော မာဘိုရိုစီးကရက်ဗူးထဲမှ စီးကရက်ထုတ်
သောက်သည့်အခါ သောက်သည်။ သူ့ဇစ်ပိုမီးခြစ်အဖုံးကို ဖွင့်ရင်းပိတ်ရင်း
ကစားသည့်အခါ ကစားသည်။ ကျွန်တော်ကတော့ ယောက်ျားလေး
တစ်ယောက်ကို မညှာမတာနှိပ်ကွပ်နေသည့်အတွက် မျက်နှာပျက်ကာ
လိုက်မရယ်မိ။

သို့သော်... ဒီလူ ဘာကိုလိုချင်တယ်ဆိုတာကိုလည်း ကျွန်တော်


မကွဲပြား။ နားမလည်နိုင်။ ကျောင်းထဲမှ ကဲင်တင်းသို့ ဆင်းသည့်အခါ
ကြည်ပြာ့လက်ကလေးကို ကျွန်တော်ကိုင်လာခဲ့သည်။ ဟိုတစ်နေ့က
အဖြစ်အပျက်များနှင့် ဒီနေ့ ကျွန်တော့် နေထိုင်ပုံအရဆိုလျှင် ကြည်ပြာနှင့်
ကျွန်တော် ချစ်သူဆိုတာ လုံးဝပေါ်လွင်နေပြီဖြစ်သည်။ ဘာကြောင့်
ကဲင်တင်းထဲသို့ ဆက်လိုက်လာကာ ကျွန်တော်တို့နဲ့ မနီးမဝေးမှာ
လာထိုင်နေရပြန်သနည်း။

“ဟဲ့... ရဲဝင်း.... လိုက်ရယ်လေဟာ...”

typing - ကောင်းဆိုး Page 210


နီကိုရဲ မကြည်ပြာနှင့် ချစ်ခြင်း၏ဒုတိယနဂ္ဂတစ်များ
“ဟာ... ငါမရယ်ချင်ဘူးဟာ....”

“အေးနော်.... မြမိုရ်တို့ရယ်သံက တော်ရုံလူဆိုရင် လစ်ပြီဟ


ဒီပုဂ္ဂိုလ်က Service တော့ မသေးဘူးနဲ့တူတယ်... ခပ်တည်တည်ပဲ”

“အလကားပါဟာ.. အိုက်တင်ခံနေတာ...”

လွင်မာက မဲ့ရွဲ့ပြောလိုက်ကာ ကြည်ပြာမှလွဲ၍ သူငယ်ချင်းများ


အားလုံးက ထိုလူ့ကို လှည့်ကြည့်လိုက်ကြသည်။....

“ဟ... သွားမကြည့်နဲ့လေဟာ... ဘယ်ကောင်းပါ့မလဲ”

“အံမာ... သူတောင်အရှက်မရှိလို့ လိုက်လာသေးတာ.... ငါတို့က


သူ့ကို ဘာကြောက်နေရမှာလဲ! .... ဒီလိုကောင်းမျိုးကို ဒီလိုလုပ်ပေး
ထားမှ....”

ယဉ်ယဉ်သိန်းက အသံစူးစူးကလေးကို တမင်မြှင့်၍ပြောသည်။


ပြဿနာပဲ... ဒီလူနဲ့ ဒီအုပ်စုတော့ မဖြစ်တော့။ ခက်နေတာက ထသွားပြီး....
ကျွန်တော်နဲ့ ကြည်ပြာနဲ့က ချစ်သူတွေခင်ဗျလို့ သွားပြောလို့လမ
ဲ ရ။
ကြည်ပြာလည်း အနေကြပ်လှပြီ။

ကျွန်တော်တို့နေပြသမျှဆိုလျှင်လည်း သိသာနေပြီ။ ဘာကြောင့်


ဆက်လိုက်နေရသနည်း။ ကြည်ပြာက လက်သည်းချွန်ကလေးဖြင့်
နှာသီးဖျားကို အသာခြစ်ကာ သက်ပြင်းချရင်း ကော်ဖီကိုမော့သောက်သည်။
မနက်ခင်းကတည်းကစပြီး ကြည်ပြာသည် စကားနည်းလျှက်ရှိပြီး အနေ
အထိုင်ကို ဣနြေ္ဒဖြင့်နေ,နေရသည်။ ကျွန်တော် ဆေးပေါ့လိပ်ကိုထုတ်ကာ
မီးခြစ်,ခြစ်ရပြန်၏။ မိုးမိုးကလုပ်ပြီဟု ပြောကာ မျက်စောင်းထိုး၏။

typing - ကောင်းဆိုး Page 211


နီကိုရဲ မကြည်ပြာနှင့် ချစ်ခြင်း၏ဒုတိယနဂ္ဂတစ်များ
“အေးလေ.... တော်ကြာမီးမတောက်လို့... မီးတော်ဆက်က
မီးခြစ်,ခြစ်ပေးနေဦးမယ်”

လွင်မာ့စကားဆုံးတော့ သူငယ်ချင်းများက ဝါးကနဲရယ်လိုက်ကြ


ပြန်သည်။ ကြည်ပြာက ယဲ့ယဲ့ကလေးပြုံး၏။ သို့သော် ကျွန်တော်မီးခြစ်က
မီးတောက်ပါသည်။ မြမိုလ်က “တော်ပါသေးရဲ့”.... ဟု ရင်ဘတ်ကို
လက်ကလေးနှင့် ဖိကာအော်၏။ ရယ်ကြပြန်သည်။ ခက်လှပါလား...။
ဘာမှန်းမသိ တဝါးဝါး တဟားဟားလုပ်နေသော ကဲင်တင်းထဲမှ
ကျွန်တော်တို့ဝိုင်းကို လူတွေက မကြာခဏ လှည့်ကာကြည့်ကြသည်။
ရယ်သံများ ဆုံးသွားတော့ ဝိုင်းကပြန်လည် တိတ်ဆိတ်သွားပြန်၏။
ယုယုနှင့် မိုးမိုးက တွတ်တွတ် တွတ်တွတ် လုပ်နေကြသည်။ လွင်မာတို့က
ရယ်စရာကိုစောင့်နေကြ၏။ ထိုစဉ်မှာပင်....

“အေးဗျာ... အစ်ကိုတို့ဝိုင်းကိုကြည့်ရတာ တအားကိုပျော်ဖို့


ကောင်းတာပဲ... အားကျစရာကောင်းလိုက် တာဗျာ... တစ်ချိန်လုံး
ပျော်နေကြတာပဲနော်.... အော်... ကျေးဇူးပြုပြီး ကျွန်တော် ခဏ
ထိုင်ပါရစေနော်...”

ကျွန်တော်တို့အားလုံး ထိတ်လန့် တုန်လှုပ်စွာ မော့ကြည့်လိုက်


ကြသည်။ စနိုဖီခွေးရုပ်။ ကျွန်တော်တို့အားလုံး အံ့သြမှုများကို ဘယ်သူမှ
မရုပ်သိမ်းလိုက်နိုင်ကြ၊ သံပုရာရည်ခွက်ကို ကိုင်ကာ နံဘေးတွင် မတ်တပ်
ရပ်နေသော သူ့ကိုငေးကြောင်ကာ ကြည့်နေမိကြသည်။ ကျွန်တော်တို့
ဝိုင်းသည် တိတ်ဆိတ်သွား၏။

“ကျွန်တော့်ကို ခဏထိုင်ခွင့်ပေးမလား လို့ပါ...”

typing - ကောင်းဆိုး Page 212


နီကိုရဲ မကြည်ပြာနှင့် ချစ်ခြင်း၏ဒုတိယနဂ္ဂတစ်များ
ထိုလူက ဝိုင်းထဲမှာ ယောက်ျားလေး တစ်ဦးတည်းဖြစ်သော
ကျွန်တော့်ကို ပြုံးကာကြည့်ရင်း ဒုတိယအကြိမ် ခွင့်တောင်းသည်။
ရုတ်တရက်မို့ ကျွန်တော် ဘာမှမစဉ်းစားလိုက်နိုင်....။ ရန်ကုန်
တက္ကသိုလ်ထဲမှာ ကျောင်းသားချင်း ထိုင်ခွင့်တောင်းတဲ့ကိစ္စကို ကျွန်တော်
ဘယ်လိုလုပ် ရင်းသီးစွာ ငြင်းဆန်ရမည်လဲ!။ ကျွန်တော် သူ့ထံက
မီးတစ်တို့လည်း ယူထားဖူးသည့် ကျေးဇူးရှိသည်။ မဟုတ်လား!

“ဟာ... ရပါတယ်... ရတယ်ထိုင်ပါ....”

ထိုလူက ဟိုတစ်ဖက်ခုံမှ ထိုင်ခုံတစ်လုံးကို လှမ်းကာယူသည်


ကျွန်တော်တို့ တစ်ဝိုင်းလုံး လှုပ်လှုပ်ရှားရှား ဖြစ်ကုန်ကြ၏။ ကြည်ပြာက
ကိုယ်ကိုယို့ကာ ကျွန်တော့်ဘက် အတင်းကပ်သည်။ ကျွန်တော်
ကြည်ပြာ့လက်မောင်းကလေးကိုကိုင်ကာ ခုံကိုအနည်းငယ် ရွေ့လိုက်ရ၏။
သူက မြမိုလ်နှင့် ယဉ်ယဉ်သိန်းကြားမှာ ဝင်ကာထိုင်သည်။ သူထိုင်ပြီးသည့်
အထိ... ဘာပြောရမှန်းမသိတော့သော မျက်နှာများဖြင့် ကျွန်တော်တို့
ဝိုင်းသည် တိတ်ဆိတ်ကာ အနေအထိုင် ကျဉ်းကြပ်ကုန်ကြသည်။

“ကျွန်တော် ကျောင်းပေါ်ကတည်းက သတိထားမိတာ အစ်ကိုတို့


သူငယ်ချင်းတွေက သိပ်ပျော်ဖို့ကောင်းတာပဲ... ဆိုတာကိုပါ။ စကားပြော
လိုက်ကြ ရယ်လိုက်ကြ... တစ်ယောက်နဲ့ တစ်ယောက် စလိုက်ကြနဲ့၊
အစ်ကိုတို့ကိုယ် အစ်ကိုတို့ ဘာမှ သတိမထားမိကြပေမယ့် ဘေးက
ကြည့်ရတဲ့ လူတစ်ယောက်အနေနဲ့တော့ သိပ်ကို ကျေနပ်ဖို့ကောင်းတာပဲ”

ကြည်ပြာမှလွဲ၍ ကျွန်တော်တို့အားလုံး သူ့ကိုငေးကြည့်နေမိသည်။


ဘာစကားမှလည်း မပြောဖြစ်ကြ။ ကြည်ပြာကတော့ ခေါင်းကို ငုံ့ကာ
နှုတ်ခမ်းကို တင်းတင်းစေ့ရင်း မျက်မှောင်ကိုကျုံ့ကာထား၏။

typing - ကောင်းဆိုး Page 213


နီကိုရဲ မကြည်ပြာနှင့် ချစ်ခြင်း၏ဒုတိယနဂ္ဂတစ်များ
“ကျွန်တော်က ပျော်ရွှင်မှုငတ်နေတဲ့ လူဆိုတော့ ပျော်ရွှင်နေကြတဲ့
လူတွေတွေ့ရင် သိပ်အားကျတာပါပဲ။ အဲဒါပါ....။ ကျွန်တော်က
တောင်ကြီးကောလိပ်က ဒီနှစ်မှ ပြောင်းလာတာ... ဒယ်ဒီကုမ္ပဏီ ရန်ကုန်မှာ
ဆင်းဖွင့်တာနဲ့ ကျွန်တော်ပါ လိုက်လာရတာ။ ကျောင်းမှာ ခင်မင်တဲ့
မိတ်ဆွေတစ်ယောက်မှ မရှိသေးဘူးဆိုပါတော့ အိမ်ပြန်သွားတော့လည်း
ဒယ်ဒီက သူ့အလုပ်တွေနဲ့ သူရှုပ်နေတာ ကျွန်တော် တစ်ယောက်တည်းပဲ....
တက္ကသိုလ်ဆိုတာ ခင်မင်တဲ့ မိတ်ဆွေသူငယ်ချင်းတွေရှိမှ ပျော်ဖို့ကောင်းတဲ့
နေရာ မဟုတ်လား! ကျွန်တော့်ကို သူငယ်ချင်း မိတ်ဆွေတစ်ယောက်အဖြစ်
အသိအမှတ်ပြုပါဗျာ...”

“ဟိုလေ... အင်း... ရပါတယ်... ဒီလိုပဲပေါ့... တစ်ကျောင်းထဲ


ကျောင်းသားတွေဆိုတာက... အင်း... မိတ်ဆွေပါပဲ”

ဘာပြန်ပြောရမှန်းမသိသဖြင့် သူငယ်ချင်းများအားလုံးကို ကြည့်ရင်း


မတင်မကျပြောလိုက်ရသည်။

“ဟား... ဝမ်းသာလိုက်တာဗျာ... ကျွန်တော့် နာမည်


တင်အောင်ဇော်ထိုက်ပါ Third Year Physics က...”

သူက ကျွန်တော့်ထံ လက်ကမ်းပေးသဖြင့်၊ မီးခြစ်ကိုချကာ


ကမန်းကတမ်း လက်ဆွဲနှုတ်ဆက်လိုက်ရသည်။ တင်အောင်ဇော်ထိုက်က
ကျွန်တော့်လက်ကို သူ့လက်နှစ်ဖက်ဖြင့် အားရပါးရ ဖျစ်ညှစ်ကာ
ဝမ်းသာအားရနှုတ်ဆက်သည်။

“ကျွန်တော်ကို ကျန်တဲ့သူငယ်ချင်းတွေ့န့လ
ဲ ည်း မိတ်ဆက်ပေးပါဦး”

typing - ကောင်းဆိုး Page 214


နီကိုရဲ မကြည်ပြာနှင့် ချစ်ခြင်း၏ဒုတိယနဂ္ဂတစ်များ
သူ့စကားဆုံးဆုံးချင်း ပထမဦးဆုံး သတိဝင်လာသူမှာ လွင်မာပင်
ဖြစ်သည်။

“ရပါတယ်... မိတ်ဆက်ပေးဆိုတော့လည်း မိတ်ဆက်ရတာပေါ့...။


ကျွန်မက လွင်မာ သူက... မိုးမိုး... ဒါ... ယဉ်ယဉ်သိန်း သူတို့က ယုယုစိုးနဲ့
မြမိုလ်ဦး... တဲ့။ သူတို့က ရဲဝင်းနဲ့ကြည်ပြာ သူတို့က အတွဲ... အတွဲ...
ချစ်သူတွေ...”

လွင်မာ၏ နောက်ဆုံးစကားကြောင့် ကျွန်တော် မျက်နှာ


ပူသွားသော်လည်း တင်အောင်ဇော်ထိုက်၏ မျက်နှာတွင် ပြောင်းလဲမှု
တစ်စုံတစ်ရာကိုမှ မတွေ့ရ။ အားလုံးကို နှစ်လိုဖွယ်ရာသော အပြုံးဖြင့်
ခေါင်းငြိမ့်ကာ အသိအမှတ်ပြုသည်။ ယဉ်ကျေးသော အပြုံးနှင့် အမှုအယာ
နှစ်လိုဖွယ်ကောင်းသော နူးညံ့မှုနှင့် ချောမောလှပသော ရုပ်ရည်တို့ကြောင့်
တင်အောင်ဇော်ထိုက်သည် တစ်စုံတစ်ရာ ငြင်းဆန်ခြင်းမရှိဘဲ ကျွန်တော်တို့
အဓိကကိစ္စဖြစ်သော ကြည်ပြာနှင့် ကျွန်တော်ချစ်သူဆိုတာကို အတိအလင်း
ပြောခွင့်ရလိုက်သဖြင့် သူနှင့်
ကျွန်တော်တို့ကြားမှာရှိနေသော မပြေလည်မှုက ပြီးဆုံးသွားပြီဖြစ်သည်
မဟုတ်လား!။

“အားလုံးကို ကျေးဇူးတင်ပါတယ်ဗျာ... ကျွန်တော့်ကိုလည်း အခု


ခင်နေကြတဲ့ သူငယ်ချင်းတွေလိုပဲ အသိအမှတ်ပြုပြီး ခင်ပေးပါ။”

“ကျွန်မတို့ အားလုံးက ပထမနှစ်ကတည်းက ခင်လာကြတာလေ....


ချက်ချင်း သူငယ်ချင်းအရင်းလို ဖြစ်ချင်လို့တော့ ဘယ်ရမလဲ!
ဒါပေမယ့် ခင်ဖို့ကောင်းရင် ခင်မှာပေါ့”

typing - ကောင်းဆိုး Page 215


နီကိုရဲ မကြည်ပြာနှင့် ချစ်ခြင်း၏ဒုတိယနဂ္ဂတစ်များ
“ဟုတ်ကဲ့... ကျွန်တော် ကြိုးစားပါ့မယ်”

ယဉ်ယဉ်သိန်းစကားကို သူက အပြုံးနှင့် လက်ခံသည်။


သူငယ်ချင်းများ တစ်ယောက်နှင့် တစ်ယောက် ကြည့်လိုက်ကြ၏။ မိုးမိုးက
လွင်မာ့ကိုလက်ကုတ်သည်။

“ကိုတင်အောင်ဇော်ထိုက်က... အမလေး... နာမည်ကလည်း


ခေါ်ရတာ ရှည်လျားထွေးပြားလိုက်တာနော်...”

“ရပါတယ်... မလွင်မာ... ကိုအောင်လို့ပဲခေါ်ပါ... သူငယ်ချင်းတွေ


ဖြစ်နေပြီပဲ ဒါမှမဟုတ် ခေါ်ချင်သလိုခေါ်လို့ရပါတယ်”

လွင်မာ့စကားကို သူငယ်ချင်းများ ဝိုင်းရယ်ကြပြီးသည့်အခါ သူက


ရည်မွန်စွာဖြင့် ပြောသည်။

“ကိုအောင်လို့မခေါ်ချင်ပါဘူး... ဘာမှန်လည်းမသိဘန
ဲ့ဲ ခေါ်ချင်
သလို ခေါ်ပါဆိုရင်တော့... ခေါ်စရာနာမည်ရှိတယ်....၊ ဘယ်လိုလဲ!
ခေါ်ရမလား”

“ဟုတ်ကဲ့... ခေါ်ပါ... ရပါတယ်”

“ဒါဆိုရင်... စနိုဖီခွေးရုပ်”

သူငယ်ချင်းများက ဝါးကနဲရယ်လိုက်ကြသည်။ ထုံစံအတိုင်း


ရယ်သံများက လိုအပ်သည်ထက် ပိုကျယ်သွားကြ၏။ သို့သော် ဒီတစ်ခါ
ပိုကျယ်ပုံက ခုနက ပိုကျယ်သလိုမဟုတ်... ခင်မင်မှုကို ဦးတည်သော
အလုအယက်အသိအမှတ်ပြုသည့် ပိုကျယ်သံဖြစ်သည်။ ကြည်ပြာက
ယဲ့ယဲ့ပြုံးသည်။ တင်အောင်ဇော်ထိုက်က ဘာမှန်းမသိ ရယ်လိုက်သဖြင့်

typing - ကောင်းဆိုး Page 216


နီကိုရဲ မကြည်ပြာနှင့် ချစ်ခြင်း၏ဒုတိယနဂ္ဂတစ်များ
အံ့သြကာ အားရပါးရရယ်သူများကို လိုက်ကြည့်နေသည်။ ကျွန်တော်က
မျက်နှာပူကာ လွင်မာ့ကိုလှမ်းတားရ၏။

“လွင်မာကလည်းဟာ... မဟုတ်တာ... မလုပ်ပါနဲ့”

“ဘာကို ပြောလိုက်တာလဲမသိဘူးဗျာ... ကျွန်တော့်ကို ရှင်းပြပါဦး”

“ဒီလိုလေ... ရှင်က ဟိုတစ်နေ့က ကော်ရစ်တာက စနိုဖီခွေးရုပ်ပါတဲ့


အင်္ကျီဝတ်လာတယ်မဟုတ်လား! အဲဒါရှင့်ကို ကျွန်မတို့အားလုံးက
နာမည်လည်းမသိတော့ ခေါ်ရလွယ်အောင် စနိုဖီခွေးရုပ်လို့ ခေါ်ကြတာ”

“အော်... ဟား.... ဟား... အဲဒီလိုလား ခေါ်ပါ ရပါတယ်... ရတယ်”

“အင်း... ဒါပေမယ့် ခင်သွားပြီဆိုတော့ အဲဒီလိုခေါ်တော့ပါဘူး...


ခွေးရုပ်ဖြုတ်လိုက်မယ့် စနိုဖီပေါ့။ ဘယ်နဲ့လဲ့! သဘောကျသလား”

“ရပါတယ်... မလွင်မာတို့ ကျေနပ်ရင်ပြီးတာပဲ... ခေါ်ပါ”

“ကောင်းပြီ... ဒါဆိုရင်... ကဲ... ကိုစနိုဖီ...”

လွင်မာက စကားကိုမဆက်ဘဲ ပါးစပ်ကိုလက်ဖြင့် ကာခါ


တခွီးခွီးရယ်ပြန်သည်။ မြမိုလ်ကလည်းခေါင်းကို ငုံ့ကာရယ်ကြ၏။
လုပ်ချင်တိုင်း လုပ်နေကြသော သူငယ်ချင်းများကိုကြည့်ကာ ကျွန်တော်
စိတ်ဓာတ်ကျနေမိသည်။ သူငယ်ချင်းတွေ လုပ်သမျှကို ပြုံးပြုံး
ပြုံးပြုံးဖြင့်ရှိသော တင်အောင်ဇော်ထိုက်ကိုလည်း အံ့သြမိရသည်။

“စနိုဖီရဲ့ ဒယ်ဒီက ဘာကုမ္ပဏီဖွင့်ထားတာလဲ”

“Export ကုမ္ပဏီပါ၊ အရင်တုန်းက ဂျပန်ကို ကြိမ်နဲ့ မတ်ပဲ


တင်တယ်... အခုတော့ ဂျင်းနဲ့ မတ်ပဲ,ပဲတင်တော့တယ်”

typing - ကောင်းဆိုး Page 217


နီကိုရဲ မကြည်ပြာနှင့် ချစ်ခြင်း၏ဒုတိယနဂ္ဂတစ်များ
“ဂျင်း!!”

“ဟုတ်ကဲ့ခင်ဗျာ... ဂျင်းဆိုတာက ဗမာဂျင်းမဟုတ်ဘူး၊ ဂျပန်တွေ


စားတဲ့ဂျင်း ဂျပန်စားတဲ့ဂျင်းက ဗမာဂျင်းလို အမျှင်တွေ မပါဘူး။
ပူရှိန်းရှိန်းနဲ့ မွှေးတယ် သိလွယ်အောင်ပြောရရင် သရက်ကင်းလိုပုံစံမျိုး။ အဲဒီ
ဂျင်းက ရန်ကုန်ရာသီဥတုမှာတော့ စိုက်လို့မရဘူး... တောင်ကြီးလိုအေးတဲ့
ရာသီမျိုးမှာမှ စိုက်လို့ရတာလေ ဒယ်ဒီက စမ်းစိုက်ပြီးပို့ကြည့်တာ
အဆင်ပြေတယ်...”

“အော်”

တင်အောင်ဇော်ထိုက်စကားကို အားလုံးစိတ်ဝင်စားနေကြသည်။
ကြည်ပြာသည်ပင်လျှင် စိတ်ဝင်တစား နားထောင်နေ၏။ တင်အောင်
ဇော်ထိုက်က စကားပြောသည့်အခါ ခေါင်းကလေးကို ငဲ့ကာ မျက်ခုံးကို
ပင့်ရင်း ပြောတက်သည်။ သူ့နံဖူးပေါ် ခုန်ချလာတက်သော လှိုင်းရိပ်ပြေပြေ
ဆံပင်စကလေးတွေကို သပ်တင်ရင်း ပြုံးကာ ပြောတက်သည်။ စကား
ပြောသံက နူးညံ့ညင်သာသည်။ အသံအနိမ့်အမြင့်က ကမ်းခြေမှာ
စင်ရော်တစ်ကောင် ဝဲနေသလို နားထောင်၍ကောင်းသည်။ စူးရှတောက်ပ
သော မျက်ဝန်းများဖြင့် စကားပြောခံရသူကို မျက်တောင်မခပ်စိုက်ကြည့်ရင်း
သွက်လက်စွာ ပြောတက်သည်။ နှုတ်ခမ်းများခဲထားသော စီးကရက်မှပြာစ
ဂျင်းဘောင်ဘီပေါ်ကျသည့်အခါ ခါချတာကအစ အိုက်တင်အပြည့်နှင့်
ဖြစ်သည်။

“ဆောရီး... စနိုဖီ မာမီက ဘယ်အရွယ်က ဆုံးသွားတာလဲ!


သိချင်လို့ မေးတာနော်”

typing - ကောင်းဆိုး Page 218


နီကိုရဲ မကြည်ပြာနှင့် ချစ်ခြင်း၏ဒုတိယနဂ္ဂတစ်များ
“ဟုတ်ကဲ့... ရပါတယ်... ကျွန်တော် လေးနှစ်သားအရွယ်က
ကျွန်တော့် မာမီိကို ကောင်းကောင်းမမှတ်မိလိုက်ရဘူး။ ဓာတ်ပုံပဲ
မြင်ဖူးတော့တာ...”

“အော်... စနိုဖီ့ဖေဖေက... နောက်အိမ်ထောင်မပြုဘူးလား”

မြမိုလ်အမေးစကားကို စနိုဖီက စီးကရက်ဖွာ ကာ ရှိုက်လိုက်ရင်း


ပြုံးကာ ခေါင်းငြိမ့်ပြီးဖြေသည်။

“ဒယ်ဒီက မာမီဆုံးပြီးကတည်းက စီးပ္ပားရေးပဲလုပ်တော့တာ


ကျွန်တော့်ကို ခဏခဏပြောတယ်... ငါ့ဘဝမှာ နှစ်ခုပဲရှိတော့ တယ်တ့။ဲ
တစ်ခုက ပိုက်ဆံ တစ်ခုက ကျွန်တော်တဲ့....။ ဒယ်ဒီက ကျွန်တော့်ကို
သိပ်ချစ်တာ... ဒါပေမယ့် ဘယ်တော့မှ မချုပ်ချယ်ဘူး... အမြဲတမ်း
လွတ်လပ်ခွင့်ပေးတယ်... သူ့ဆုံးဖြတ်ချက်ထက် ကျွန်တော့်ဆုံးဖြတ်ချက်ကို
အမြဲဦးစားပေးတယ်... သူလက်ခံနိုင်ရင်ပေါ့လေ... လက်မခံနိုင်ရင်လည်း
ကြေလည်အောင်ဆွေးနွေးရတာ”

ကျွန်တော့်တို့ စကားဝိုင်းတိတ်သွားသည်။ မြမိုလ်နှင့် ယုယုက


စနိုဖီကို ခိုးငေးနေရာမှ မျက်လုံးများရွှေ့လိုက်ကာ ရေနွေးကြမ်းခွက်ကို
ကောက်ကိုင်ပြီး တဒေါက်ဒေါက်ခေါက်သည်။ ထိုစဉ် တီတီ တီတီ
မြည်သံကြောင့် အားလုံးအံ့သြသွားကြသည်။ စနိုဖီက ဖျတ်ခနဲ သူ့
ဂျင်းကျောပိုးအိတ်ကိုယူကာ အဖုံးကို ကမန်းကတမ်းဖွင့်ပြီး ဆွထ
ဲုတ်
လိုက်တော့ ဆဲလ်လူလာဖုန်း ဖြစ်နေ၏။ အားလုံး မှင်သက်
အံ့သြသွားကြသည်။

typing - ကောင်းဆိုး Page 219


နီကိုရဲ မကြည်ပြာနှင့် ချစ်ခြင်း၏ဒုတိယနဂ္ဂတစ်များ
ကျွန်တော် ကားပေါ်ရောက်ပြီး ခေါင်းငဲ့ကြည့်တော့ ကြည်ပြာက
ကျွန်တော့်နောက်တွင် ပါလာသည်။ ကြပ်တည်းကျဉ်းမြောင်းလှသော
ကားလေး၏ အလယ်တန်းခုံများကို ကျော်ကာ ဘေးတန်းများတွင်
အလုအယက်ထိုင်နေသူများကို ခဏစောင့်ကာ ရှောင်ကာ ကျွန်တော်
ဝင်လာခဲ့ရသည်။ ဘေးတန်းများကတော့ နေရာရွေ့သူရွေ့ ဝင်ထိုင်သူ
ထိုင်နှင့်မို့ နေရာရဖို့မလွယ်တော့ ကျွန်တော် တောက်လျှောက်ဝင်လာသည့်
အခါ အလည်တန်းနောက်ဆုံးခုံတွင် နေရာရသည်။ ကျွန်တော်
ခုံကလေးအပေါ်ထိုင်ချလိုက်ပြီး ကျွန်တော့်နောက်မှ ကုန်းကုန်း...
ကုန်းကုန်းဖြင့် လိုက်လာသူ ကြည်ပြာ့အတွက် ခုံကလေးကိုရှာကာ
ထိုင်ချဖို့တင်ပါးနှင့် ခုံထည့်ပေးလိုက်ရသည်။ ကြည်ပြာက ကျွန်တော်
ခုံကလေးကို ကိုင်ကာနေရာချပေးသည်ကို မြင်တော့ စိတ်ချလက်ချပင်
နောက်လှည့်ကာ ကျွန်တော်တည်ပေးသော နေရာတည့်တည့် ခါးကို
ကော့ကာ ထိုင်ချလိုက်သည်။

ထိုစဉ်မှာပင် မီးမသတ်ရသေးသော ကျွန်တော့် ညာဘက်လက်မှ


စီးကရက်ထိပ်က ခုံသို့ထိုင်ရန် ခါးကိုကော့ကာ ထိုင်ချလိုက်သော ကြည်ပြာ
တင်ပါးကြားထဲသို့...။ ကျွန်တော် မျက်လုံးများပြာဝေကာ ကမန်းကတမ်း
ဆွဲထုတ်လိုက်ရသည်။ ကြည်ပြာက ဘာမှမဖြစ်သလိုပင် ထိုင်ချလိုက်သည်။
စီးကရက်မီးသည် ထိုင်ချရန်ပြင်နေသော ကြည်ပြာ့ထမီကိုပေါက်ကာ
သွားမှန်း ကျွန်တော်သိသည်။ သို့သော် အသားကိုထိသွားဟန်တော့ မတူ။
ကြည်ပြာထိုင်ပြီးတော့ တိုးဝှေ့ကာ အတင်းတက်နေသော လူများကို
စပါယ်ယာကတားရသည်။ နောက်ဆုံးတော့ “ထိုင်ခုံအပြည့် အတွယ်ရှစ်
မောင်း” ဆိုသော စပါယ်ယာ၏အသံကို ကြားရ၏။ ဘုရား...
ဘုရားတော်ပါသေးသည်။ ကျွန်တော် ရင်တခုန်ခုန်ဖြင့် စနိုဖီမေတ္တာ

typing - ကောင်းဆိုး Page 220


နီကိုရဲ မကြည်ပြာနှင့် ချစ်ခြင်း၏ဒုတိယနဂ္ဂတစ်များ
လက်ဆောင် အမှတ်တရပေးခဲ့သော... မာဘိုရိုစီးကရက်ကို လက်အောက်
သွင်း၍ ထိုးချေပစ်လိုက်သည်။ ကြည်ပြာ၏ အသားကို သွားမထိခဲ့သဖြင့်
ကျေးဇူးတင်ရပါသည်။ သို့သော် ကျွန်တော့် စီးကရက်မီးထပ်က
ကြည်ပြာ့ထိုင်ချရန် တည်ထားသော ထမီထဲသို့ တိုးဝင်သွားသည်ကို
ကျွန်တော်သိသည်။ ကြည်ပြာထမီ မီးပေါက်သွားပြီဆိုတာတော့
ကျိန်းသေသည်။ ကျွန်တော် ပြဿနာဖြစ်နိုင်သော စီးကရက်ကို တွန့်ကွေး
ကြေမွသွားအောင် ထိုးချေကာ လွှတ်ချလိုက်၏။ ကြည်ပြာကတော့
ဘာမှမသိသူလို “ဆူးလေနှစ်ယောက်ဟု” ဆယ်တန်ကိုပေးသည်။
ကျွန်တော် ကားစီးလာသည့် ခရီးတစ်လျှောက်လုံး ဘာစကားမှမပြောဖြစ်။
ကြည်ပြာကလည်း ကျွန်တော့်ကို လှည့်ကာဘာစကားမှမပြော... အတွေး
ကိုယ်စီနှင့် စီးလာကြသည်။ စံပြရုပ်ရှင်ရုံ ဆယ့်ငါးလမ်း၊ သိမ်ကြီးဈေး....။
ကျွန်တော်တို့ဆူးလေမှတ်တိုင်မှာ ဆင်းကြသည်။ ကားလေးပေါ်
ဆင်းဆင်းချင်း ကျွန်တော် အငမ်းမရကြည့်မိသောအရာမှာ ကြည်ပြာ့
တင်ပါးသာဖြစ်၏။ ကြည်ပြာက ရှေ့မှဆင်းရသဖြင့် ကြည်ပြာအောက်သို့
ရောက်သွားသည့်အခါ ကြည်ပြာ့ထမီက မီးစားလွယ်သောစီကေ
(သို့မဟုတ်) ကြောင်ခြစ်လိုအသားမျိုး ဖြစ်လိမ့်မည် ထင်သည်။ အဆိုးဆုံး
မှာ ကြည်ပြာ့အောက်ခံဘောင်းဘီ အရောင်မှာ ထိုပေါက်နေသော
ထမီပေါက်မှ မြင်နေရခြင်းပင်ဖြစ်လေသည်။ ကျွန်တော် ခေါင်းနပန်း
ကြီးသွား၏။ ကြည်ပြာ့နောက်မှ အသာကပ်ရပ်ကာ လျှောက်လာခဲ့သည်။
ကြည်ပြာကတော့ ဘာမှ မသိသူလို ရှေ့မှကော့ကော့၊ ကော့ကော့နှင့်
လျှောက်ကာသွား၏။ တောက်... စနိုဖီသာ မာဘိုရိုစီးကရက်မပေးခဲ့လျှင်
ထိုပြဿနာကို ကျွန်တော်ရင်ဆိုင်ရမည်မဟုတ်။ ထမီအပေါက်ကိုတော့
ဘယ်သူမှအမြင်မခံနိုင်ပါ။ ရွေ့ဝတ်ရန် ကြည်ပြာ့ကိုပြောလျှင်လည်း

typing - ကောင်းဆိုး Page 221


နီကိုရဲ မကြည်ပြာနှင့် ချစ်ခြင်း၏ဒုတိယနဂ္ဂတစ်များ
ကျွန်တော့်ကြောင့်ဖြစ်ရသည်ဆိုလျှင် ပြဿနာတက်ဦးမယ်... ဘာလုပ်ရပါ့
မလဲ!။ ကျွန်တော် ရုတ်တရက် ဘာကိုမှမဆုံးဖြတ်နိုင်သဖြင့် ကြည်ပြာ့
နောက်မှပင်ကပ်၍ လိုက်လာခဲ့သည်။ လူတွေ ကြည်ပြာ့ ထမီပေါက်နှင့်
အောက်ခံဘောင်းဘီအရောင်ကို မမြင်ရလျှင်တော်ပြီ။ ဆူးလေသည်
ညနေရီမှာ လူအတော်ရှုပ်သောလမ်းမ ဖြစ်သည့်အတွက် မကြာခဏ
ကြည်ပြာ့ နောက်မှ ကျွန်တော်ကွဲကွာသွားတက်သည်။ ကွက
ွဲာ သွားသည်နှင့်
ကျွန်တော်မှာ အမောတကောပြေးကပ် ရသည်။ ကိုယ့်ချစ်သူ
အရှက်ကိုတော့ တက်နိုင်သမျှ ကျွန်တော် ကာကွယ်ရလိမ့်မည်။
လူတိုးသဖြင့် ကွဲသွားရာမှ ကျွန်တော် လောဘတကြီး ပြန်လည်ကပ်လိုက်
သောကြောင့် ကြည်ပြာ့ခြေတောက်ကို နင်းမိကာ ကြည်ပြာ့ကျောကို
ကျွန်တော်ရင်နှင့် ဝင်တိုက်မိ၏။ ကြည်ပြာက ယိုင်သွားပြီးမှ နောက်သို့
လှည့်ကြည်သည်။

“ရဲဝင်း... နင်ဟာလေ... လာ...”

ကြည်ပြာက ကျွန်တော့်ကို မျက်မှောက်ကျုံ့ကာကြည့်ရင်း


လက်ကမ်းကာပေး၏။ ကျွန်တော် ဘာမှမတက်နိုင်ဘဲ ကြည်ပြာ့ လက်ကို
လှမ်းကိုင်ကာ ဘေးချင်းယှဉ်လျှောက်ရ၏။ သုံးလေးလှမ်း သွားပြီးတော့
ကျွန်တော် စိတ်မချစွာ ကြည်ပြာ့နောက်သို့ ကပ်ထား နိုင်ရန်အတွက်
ကြည်ပြာ့လက်ကိုဖြုတ်ကာ နောက်မှ ဝင်ရပ်ရပြန်သည်။ ကြည်ပြာက
ကျွန်တော့်ကို နားမလည်သလိုလှည့်ကာကြည့်၏။

“ရတယ်ကြည်ပြာ... သွား... သွား.. လူများတယ်.. နင်ဘာသာသွား”

ကျွန်တော် ကြည်ပြာ့ပခုံးကို နောက်မှကိုင်ရင်း ကပ်ထားကာ


ကြည်ပြာ့ကို ပြုံးရင် ပြောရသည်၊ ကြည်ပြာက ရှေ့မှလူများကို တိုးရသည်။

typing - ကောင်းဆိုး Page 222


နီကိုရဲ မကြည်ပြာနှင့် ချစ်ခြင်း၏ဒုတိယနဂ္ဂတစ်များ
ဆူးလေအဝိုင်းပတ်ကိုရောက်တော့ မီးပ္ပိုင့်ကူးရသည်။ ကျွန်တော်က
ကြည်ပြာ့နောက်မှ ကပ်ကာလိုက်သည်။ ကားကြောက်တက်သော
ကြည်ပြာက ကျွန်တော့်ကို လက်ကလေးလှမ်းကာပေး၏။ ကျွန်တော်
နောက်မှ ပြေးထွက်ကာ ကြည်ပြာ့လက်ကို ဆုပ်ကိုင်လိုက်ရင်း မီးပ္ပိုင့်ကို
ကူးရသည်။ မီးပ္ပိုင့်တစ်ဘက်ရောက်သွားတော့ ကြည်ပြာ့ လက်ကိုလွှတ်ကာ
နောက်သို့ပြန်ဝင်ရပြန်၏။ မောလှပါလား။ ကြည်ပြာက သူ့လက်ကိုလွှတ်ကာ
နောက်သို့ရောက်သွားသော ကျွန်တော့်ကို နားမလည်သလိုကြည့်သည်။
အရင်ကဆိုလျှင် ကျွန်တော်သည် ကြည်ပြာ့လက်ကိုရပြီးလျှင် ဘယ်တော့မှ
မလွှတ်တက်။ ကြည်ပြာ့လက်ကလေးကို ကိုင်ကာ လူလည်ခေါင်မှာ
လမ်းလျှောက်ရသော အရသာကို ကျွန်တော် ဘယ်လောက်တပ်မက်သည်
ဆိုတာကို ကြည်ပြာသိသည်။ အခုတော့ ကြည်ပြာ့လက်ကို ကျွန်တော်
ကိုယ်တိုင်က လွှတ်လွှတ်ချနေသဖြင့် ကြည်ပြာအံ့သြကာ လှည့်ကြည့်ခြင်း
ဖြစ်သည်။ ဆူးလေးအဝိုင်းကို ပတ်စဉ်... လူကျဲသွားသဖြင့် ကျွန်တော်
ကြည်ပြာ့နောက်မှာ ပို၍ဂရုစိုက်နေရသည်။ လူများသည့်အခါတွင်
တစ်ယောက်နှင့် တစ်ယောက် သိပ်မသိလှသော်လည်း လူကျဲလျှင်
ကြည်ပြာ့တမီအပေါက်ကို အဝေးကလူပင် မြင်သွားနိုင်သည် မဟုတ်လား!။

“ရဲဝင်း... နင်ဘာဖြစ်နေတာလဲ!... လာလေ...”

ကြည်ပြာက ကျွန်တော့်ကို လှည့်ကြည့်ကာ နားမလည်သလို


မျက်မှောင်ကြုံ့၍ ခေါ်သည်။ ကျွန်တော် ပြုံးကာ ကြည်ပြာ့ကို လက်ကာ
ပြရ၏။

“ရတယ်... ကြည်ပြာ... ရတယ်သွား... သွား”

typing - ကောင်းဆိုး Page 223


နီကိုရဲ မကြည်ပြာနှင့် ချစ်ခြင်း၏ဒုတိယနဂ္ဂတစ်များ
ကြည်ပြာက နားမလည်နိုင်စွာ ပြန်လှည့်ပြီး ခပ်သက
ွ်သက
ွ်
လျှောက်သည်။ ကျွန်တော်က ကြည်ပြာ့နောက်မှ ခပ်သက
ွ်သက
ွ်
လိုက်ရပြန်၏။ အနောက်မှ လျှောက်လာသည့် လူအနေအထားကိုကြည့်ကာ
ကြည်ပြာ့ကို အဆင်ပြေအောင် ကာသည့်အခါ ကာပေးရသည်။
ကျွန်တော်ဖွင့်ပြောလိုက်ပြီး ကြည်ပြာ့ကို ထမီရွေ့ဝတ်ခိုင်းရင်း
ကောင်းမလား...! သို့သော် လမ်းလျှောက်နေသည့် အရှိန်ကို ရပ်၍
မရသည်က တစ်ကြောင်း ကျွန်တော့် စီးကရက်မီးနှင့် ထိုးမိတာပါဟု
ပြောရမှာကိုထိတ်လန့် ဝန်လေးနေသည်ကတစ်ကြောင်းကြောင့် မပြောဖြစ်။
နောက်မှသာ မည်သူမျှမမြင်ရအောင် ကာပေးနေသည်။ ကျွန်တော့်
တစ်ကိုယ်လုံး ချွေးတွေရွှဲကာလာ၏။ ကြည်ပြာက... သူနှင့်အတူ
ယှဉ်မလျှောက်ဘဲ နောက်မှလိုက်လာသူ ကျွန်တော့်ကို မသင်္ကာသူလို
မကြာခဏ လှည့်၍ကြည့်သည်။ ဟိုဘက်ဆူးလေမီးပ္ပိုင့်ကိုကူးပြီး ဗဟို
မီးသတ်နံဘေးမှ နေရာပြောင်းသွားသော ဟိုဘက်ပလက်ဖောင်းမှ
လက်ရွေးစင်ကော်ဖီဆိုင်သို့ သွားရသည်။ ကော်ဖီမှုန့်ဝယ်နေစဉ်လည်း
ကျွန်တော် ကြည်ပြာနောက်တွင်ပင် ရပ်နေရ၏။ ကော်ဖီဆိုင်မှထက
ွ်ကာ
TRADER ရှေ့မှ ၃၈ ကားလေးစီးဖို့ စောင့်သည့်အခါတွင်လည်း ကျွန်တော်
ကြည်ပြာနှင့် ဘေးချင်ယှဉ်မရပ်နိုင်ဘဲ ကြည်ပြာနောက်မှပင် နေရသည်။
ကားမှတ်တိုင်တွင် ကားရပ်စောင့်နေသူများ ကြည်ပြာ့ ထမီအပေါက်ကို
မမြင်ရစေရန်ဖြစ်၏။ ကြည်ပြာက ကားရပ်စောင့်နေရင်း ကော်ဖီထုတ်ကို
ကိုင်ကာ ကျွန်တော့်ကို လှည့်ကြည့်သည်။

“ရဲဝင်း... နင်... ဘာဖြစ်နေတာလဲ!... နင့်ကြည့်ရတာဘာလဲ!...


ဘာဖြစ်လို့နောက်မှာ ရပ်နေရတာလဲ!”

typing - ကောင်းဆိုး Page 224


နီကိုရဲ မကြည်ပြာနှင့် ချစ်ခြင်း၏ဒုတိယနဂ္ဂတစ်များ
ကြည်ပြာ့စကားကြောင့် ကျွန်တော် ခေါင်းနပန်းကြီးသွား၏။
အမြဲတမ်း ကြည်ပြာနှင့် ယှဉ်ရပ်ကာ လူလည်ခေါင်မှာ လက်ကလေးကိုင်ဖို့
ကြိုးစားတက်သော ကျွန်တော် ကြည်ပြာ့နောက်မှာ ရပ်နေသည်ကို
ကြည်ပြာ လုံးဝနားမလည်တော့ခြင်း ဖြစ်သည်။ အမှန်အတိုင်း
ထုတ်ပြောဖို့ဆိုတာကလည်း အတော်လွန်နေပြီ... ကျွန်တော့်ကြောင့်
ဖြစ်သည်ဆိုတာရယ်... ခရီးအတော်များများကို လမ်းလျှောက်ပြီးပြီ
ဆိုတာရယ်ကြောင့် အခုမှပြောလျှင် ကြည်ပြာအရမ်း ရှက်သွားတော့မည်
ဆိုတော့ ကျွန်တော်သိသည်။ ပြောဖို့ ကြိုးစားသော်လည်း
နှုတ်ဖျားမှာ စကားလုံးများက တစ်,နေပြီး ဘာမှပြော၍မရဖြစ်ကာနေသည်။

“ဘာမှမဟုတ်ပါဘူးဟာ ရတယ်... ခေါင်းခန်းက ရရင်စီးမယ်


သိလား!”

ကားလေးပေါ်သို့ နောက်မှတက်လျှင်... ကြည်ပြာ့ထမီကို


လူတွေ့ကြည့်မှာ သိမှာစိုး၍ ခေါင်းခန်းက စီးဖို့ ယခုကတည်းက
ပြောထားရခြင်းဖြစ်၏။ ကြည်ပြာက မျက်မှောင်ကိုကုတ်သည်။

“ခေါင်းခန်း...! ...နင်မလိုက်နဲ့တော့လေ... ငါ့ဘာသာပြန်မယ်


အဒေါ်တို့အိမ်လည်း မဝင်တော့ဘူး... ရတယ်... နင်ပြန်...”

“ရပါတယ်ဟ... ငါလည်းအားနေတာပဲ... နင့်အဒေါ်အိပ်ဝင်ချင်


ဝင်လိုက်ပါလား!”

“ဟင့်အင်း... Phoneပဲ ဆက်လိုက်တော့မယ်... ငါနားချင်ပြီဟ


နင်ပြန်လေ...”

“ရပါတယ်ဆို...”

typing - ကောင်းဆိုး Page 225


နီကိုရဲ မကြည်ပြာနှင့် ချစ်ခြင်း၏ဒုတိယနဂ္ဂတစ်များ
“ရရင် ဒီကိုလာ နင့်ကိုလှည့်စကားပြောရတာ... ဟုတ်တယ်လာ”

ကြည်ပြာက အရှေ့ဘက် ပြန်လှည့်သွား၏။ ကျွန်တော်


ထုတ်ပြောလိုက်လျှင် ကောင်းမလား!... သို့သော် နှုတ်ခမ်းပေါ်မှာ
ဘာစကားလုံးမှ ထွက်မလာ...!။ ကျွန်တော် ကြည်ပြာ့နံဘေးသို့
ကပ်လိုက်သည်။ ကြည်ပြာကျေနပ်အောင်ခဏပေါ့... ၃၈ကားလေး
မြန်မြန်လာလျှင်ကောင်းမည်။ ကျွန်တော် နောက်သို့ လှည့်ကြည့်လိုက်တော့
နောက်မှာ မည်သည့်ယောက်ျားလေးမျှမရှိ။ ကျွန်တော့် ဘယ်ဘက်
ခပ်ယွန်းယွန်းမှာ အသက် ၅၀အရွယ် လူကြီးတစ်ယောက်ရပ်ကာ
ကားစောင့်လျှက်ရှိသည်။ ဒီလောက်ဆိုလျှင် ကိစ္စမရှိ။ ထိုလူကြီး
ရပ်နေသည့် အနေအထားက ကြည်ပြာတင်ပါးကို မမြင်နိုင်။ ကျွန်တော်
သက်ပြင်းချလိုက်ရသည်။ ၃၈ကားလေးရေ မြန်မြန်သာလာပါတော့။

“အဒေါ်အိမ်က ဘာမှမဟုတ်ပါဘူးဟာ... အမေမှာလိုက်တဲ့


ကိစ္စပြောယုံပါ... ပြီးတော့ သာမညဆရာတော် ပရိတ်ရေယူဖို့
အဲဒါပဲ အဒေါ်တို့က ရှေ့အပတ်က သာမညသွားကြတာလေ... ငါတောင်
ပထမလိုက်မလို့... ဂျပန်စကားပြောက မတက်မဖြစ်တာနဲ့”

“အော်... အေးပေါ့“

“နင်ရော သာမညရောက်ဖူးသလားရဲဝင်း... ဟယ်...


အဒေါ်ပြောတာတော့ လူအရမ်းများတာပဲတဲ့...။ သက်သက်လွတ်
စားရတာတဲ့ဟ... အံမယ်... ကားတစ်စင်းဆို ဝက်သား စားတဲ့လူပါလို့
မှောက်...”

“ကလေးမ... ကလေးမ....”

typing - ကောင်းဆိုး Page 226


နီကိုရဲ မကြည်ပြာနှင့် ချစ်ခြင်း၏ဒုတိယနဂ္ဂတစ်များ
“ရှင်!...”

နောက်မှ ခေါ်သံကြောင့် ကျွန်တော်တို့ ပြိုင်တူလှည့်ကြည့်လိုက်


မိသည်။ ကျွန်တော် ဘယ်ဘက်မှာ ရပ်နေသောလူကြီးဖြစ်သည်။

“ကလေးမထမီကို ပြင်ဝတ်လိုက်!”

“ကလေးမထဘီက နောက်မှာ ပေါက်နေတယ် လူမြင်လို့


မကောင်းဘူး...”

“ရှင်...!!!”

သွားပြီ။ ကြည်ပြာက နားမလည်နိုင်စွာ တအံ့တသြဖြင့်


မျက်မှောင်ကြုတ်ရင်း သူမထဘီကို နောက်သို့စမ်းလိုက်သည်။ ပြီး မျက်နှာ
ရဲကနဲဖြစ်ကာ ချက်ချင်းခါးမှ ဖြုတ်ကာ လှည့်ပြီးငုံ့ကြည့်၏။ ကြည်ပြာ
မီးပေါက်ကိုတွေ့သွားလေသည်။

“ရဲဝင်း !!!”

“အော်... နင်က ဒါကြောင့်မို့ ငါ့နောက်ကလိုက်နေတာကိုး


ဟုတ်လား! ဟင်... နင်... နင်... ယုတ်မာလှချည်လား!... နင် ငါ့ကို
ပြောပါ့လား...! နင်ကတော်တော် ကြည့်ချင်နေတယ်ပေါ့ဟုတ်လား! ဟင်...
ရဲဝင်း... နင် ငါ့ကို ငါ... ငါ့ကို...”

“ဟာ... မဟုတ်ဘူးကြည်ပြာ... ငါ... ငါ... နင့်ကို ကြည့်ချင်လို့


မဟုတ်ဘူး... ဟို... အဲဒါက... ငါ... ငါလုပ်တယ်ဟာ... ငါ့စီးကရက်မီးနဲ့
ကျောင်းရှေ့ကားမှတ်တိုင် ကတည်းက ငါထိုးမိတာ ငါ့ကြောင့်ပေါက်တာ...
ငါက အဲဒါကို ဟိုလေ...”

typing - ကောင်းဆိုး Page 227


နီကိုရဲ မကြည်ပြာနှင့် ချစ်ခြင်း၏ဒုတိယနဂ္ဂတစ်များ
“တော်ပြီရဲဝင်း... နင်ဘာလုပ်တာလဲဆိုတာ ငါသိတယ်။ ဒါကြောင့်
ရှေ့ခေါ်မရတာ... နင်ဟာလေ... နင်... ငါ့ကို အဲဒီလောက်အထိ... တော်...
တော်ရဲဝင်း... တောက်!”

ရှက်ရွံ့ခြင်း၊ ဒေါသဖြစ်ခြင်း... နာကျည်းခြင်းတို့ဖြင့်ကြည်ပြာက


ကျွန်တော့်ကို အော်ဟစ်ရင်း ထဘီကိုစွန်တောင်ဆွဲကာ လှည့်လိုက်သည်။
နောက်မှ ဝင်ပြောသည့်လူကြီးက ကျွန်တော်တို့ နှစ်ယောက်ကို မျက်လုံးပြူး
ကာ ကြည့်နေ၏။ ဘာမှနားလည်ပုံမပေါ်။

“မဟုတ်ဘူး ကြည်ပြာ... အဲဒါ... ငါရှင်းပြမယ်... ငါက”

“တော်... ရဲဝင်း... နင်ဘာလဲဆိုတာငါသိတယ်... နင်ငါ့ကို


မပြောဘူး... တော်တော်မြင်ချင်နေတယ်ပေါ့... နင် နှာဗူးသိလား နှာ...”

“ကြည်ပြာ!!... နင့်ပါးစပ်ကိုပိတ်ထား”

“လဲသေလိုက်... နင် ငါ့ကိုဘာမှအော်စရာမလိုဘူး... ဒါ့ကြောင့် နင်


မူပျက်နေတာကိုး ဟင်းဟင်း... အေး... လဲသေလိုက် ဟေ့ လဲသေလိုက်”

ကြည်ပြာက ဒေါသဖြင့် ထဘီကို ရအောင်ဝတ်ပြီး ကျွန်တော့်ကို


လက်ထဲမှကော်ဖီထုတ်နှင့် ရိုက်လိုက်သည်။ ကျွန်တော် လက်လှမ်း
ကာလိုက်သဖြင့် ကျွန်တော့်လက်အရှိန် ကြည်ပြာ့လက်အရှိန်နှင့် ပေါင်းကာ
ကော်ဖီမှုန့်ထုတ်က ကွဲထွက်သွား၏။ ကျွန်တော့် ရင်ဘတ်ပေါ်သို့
ကော်ဖီမှုန့်များဖြင့် ပက်လိုက်သလိုဖြစ်သွားသည်။ မှတ်တိုင်မှလူများက
ထိုးရပ်နေသော ကားများကိုမေ့ကာ ကျွန်တော်တို့ရန်ပက
ွဲို ငေးကာနေကြ၏။
လွင့်ပျံဝဲတက်လာသော ကော်ဖီမှုန့်များက ကျွန်တော့်မျက်စေ့ထဲ

typing - ကောင်းဆိုး Page 228


နီကိုရဲ မကြည်ပြာနှင့် ချစ်ခြင်း၏ဒုတိယနဂ္ဂတစ်များ
ဝင်သွားသဖြင့် ကျွန်တော် ဘာစကားမှမပြောနိုင်ဘဲ မျက်စေ့ကို အရင်
ပွတ်ရသည်။ လက်တစ်ဖက်က ကြည်ပြာကို လှမ်းတားကား အော်ပြောရ၏။

“အား... ကြည်ပြာ... မဟုတ်ဘူးဟ... ငါမကြည့်ဘူး ငါနင့်ကိုအား...


ကြည်ပြာ... ကြည်ပြာ”

ကျွန်တော် လေထဲမှာလွင့်ဝဲနေသော လက်များရှေ့တွင်


ကြည်ပြာက မရှိတော့...။ ၃၈ကားလေးက မောင်းဟန်ပြင်နေသည်ကို
ကျွန်တော်ကော်ဖီမှုန့်ဝင်နေသော မျက်ဝန်းကြားထဲမှ မသဲမကြွဲ မင်
လိုက်ရသည်။ ကြည်ပြာကားပေါ်ပါသွားပြီ။ ကားလေးက ဝူးကနဲ
မောင်းထွက်သွား၏။ မျက်စေ့မှုန်ဝါးဝါးနှင့်ပင် မှတ်တိုင်မှ ဝိုင်းကြည့်နေသော
လူများကို ရင်မဆိုင်ချင်သဖြင့် ကျွန်တော် ထွက်သွား၏။ ကျွန်တော်
ရင်ဘတ် ကြယ်သီးပေါက်ထဲမှ ဗိုက်ထဲသို့ဝင်သွားသော ကော်ဖီမှုန့်များကို
ပဆိုးချွတ်၍ ပြန်ဝတ်ကာ ခါချရသည်။ ကျွန်တော် ဆူးလေလမ်းမ
တစ်လျှောက် ဝေဝါးမှုန်သီကာ လျှောက်လာခဲ့သည်။ လူတွေအမြင်က
ဘာမှမကွဲပြား...။ ဘာတွေဖြစ်ကုန်သနည်း။ ကျွန်တော်သည် ကြည်ပြာ
ပြောသလို ယုတ်မာပက်စက်စွာဖြင့် ကိုယ့်ချစ်သူ ထဘီအပေါက်ကို
ကြည့်ချင်သူတစ်ယောက် မဟုတ်ခဲ့ပါ။ ဆူးလေဘုရားသည် ငြိုးရည်သစ်စ
နေရောင်ခြည်တွင် ဝင်းမွတ်ကာနေ၏။ လူသံကားသံ ကက်ဆက်သံများ
အကြားတွင် ငြိမ်းချမ်းကာနေ၏။ အရှင်ဘုရား... ဤမှန်သောသစ္စာစကား
ကြောင့် ကျွန်တော့်ကိုယ်ကျင့်တရားသည် ကြည်ပြာ့အတွက် ဆက်လက်
ခိုင်မာနိုင်ပါစေ ဘုရား။

ဤသို့... ချစ်ခဲ့ရပါသော... မကြည်ပြာ။

typing - ကောင်းဆိုး Page 229


နီကိုရဲ မကြည်ပြာနှင့် ချစ်ခြင်း၏ဒုတိယနဂ္ဂတစ်များ

မကြည်ပြာနှင့် ခံပင်

အမြင်နှင့် အသိစိတ် တစ်ထပ်တည်းကျသွားသော တဒင်္ဂတွင် (သို့


တဒင်္ဂသည် တကယ့်ကို ခဏကလေးသာဖြစ်ပါသည်။) လမင်းနှလုံးသားနှင့်
ကျွန်တော့်စကားလုံးတို့ တစ်ထပ်တည်းကျသွားသည်။ ကျွန်တော်ပင့်တင်
ထားသော ရင်ထဲက နှလုံးသားမှတဆင့် ထိုစကားလုံးကို ပစ်ချလိုက်သည်။
စကားလုံးသည် နှလုံးသားမှ အားနှင့်ပွင့်ထွက်သွားသော ကျွန်တော့်ရှေ့မှ
လမင်းကို ထိမှန်သည်။ လမင်းတစ်ခုလုံး ပစ်ခတ်အားကြောင့် အစိတ်စိတ်
အမြွှာမြွှာ ပေါက်ကွဲသွား၏။ ကြီးမားသော ပေါက်ကွဲသံနှင့် တစ်စစီ
လွင့်ထွက်သွားသော လမင်း၏ အပိုင်းအစများသည် တော်လှန်ရေးနေ့
ပစ်ဖောက်လိုက်သော မီးကျည်းခဲတစ်ခုလို ကောင်းကင်တွင် လင်းထိန်
သွားပြီး ကျွန်တော့်ကိုယ်ပေါ်သို့ အရှိန်အဟုန်ပြင်းစွာ ပြန်လည်ကျလာခဲ့
သည်။ လမင်းမရှိတော့သဖြင့် အမှောင်အတိ ကျသွားသော ညထဲမှာ
ကျွန်တော်နာကျင်ရူးသွပ်စွာ အော်ပစ်လိုက်သည်။ စကားလုံး၏အားကြောင့်
ကျွန်တော့်နှလုံးသားလည်း ကွဲထွက်ကြေမွသွားပြီ ဟု ကျွန်တော်ထင်သည်။
သို့သော်... ထိုစကားလုံးသည် လမင်းကို ထိမှန်ခဲ့သည်မှာ သေချာသည့်
အတွက် ကျွန်တော်ကျေနပ်ပါသည်။

မကြည်ပြာ.......

လမင်းကို ထိမှန်ပြီး ငါ့ကို ဆုံးရှုံးစေတဲ့ ညတစ်ညရဲ့ စကားလုံး


ဟာ...။ ကြည်ပြာက မျက်တောင်များကို တဖျတ်ဖျတ်ခက်လိုက်သော်လည်း
မျက်ဝန်းထဲမှ မျက်တောင်များကို တဖျက်ဖျက်ခတ်လိုက်သော်လည်း

typing - ကောင်းဆိုး Page 230


နီကိုရဲ မကြည်ပြာနှင့် ချစ်ခြင်း၏ဒုတိယနဂ္ဂတစ်များ
မျက်ဝန်းထဲမှ မျက်ဆံနက်ကလေးကတော့ နှုတ်ခမ်းများက ခပ်ဟဟ
ပွင့်ဟကာ တစ်ခုခုကို မျှော်လင့်နေပုံမျိုးဖြစ်သည်။ အားလုံးကို ခြုံငုံ၍
သုံးသပ်လိုက်လျှင် ကြည်ပြာသည် ကျွန်တော့်နံဘေးတွင် ထိုင်နေရင်းမှ
ဘယ်ဘက် ခပ်ယွန်းယွန်းမှ မိုးမိုး၏နံဘေးတွင် ရှိနေသော စနိုဖီခွေးရုပ်၏
စကားကို စိတ်ဝင်စားစွာ နားထောင်နေခြင်းဖြစ်သည်။ စနိုဖီခွေးရုပ်သည်
ကျွန်တော်၏ လွဲမှားမှု...။ သူ၏ ရဲတင်းစွာ မိတ်ဆက်မှုများကြောင့်
ကျွန်တော်တို့ အုပ်စု၏ ခင်မင်ရပါသော မိတ်ဆွေတစ်ယောက်
ဖြစ်လာခဲ့သည်။

လူမှုရေးခွင့်ပြုချက်တစ်ခုဖြင့် သူငယ်ချင်းအဖြစ် အသိအမှတ်ပြုခဲ့


ရသော ကျွန်တော်တို့၏ စကားကို စနိုဖီက ကောင်းစွာ အသုံးချနိုင်ခ့သ
ဲ ည်။
ကျွန်တော်တို့အုပ်စုထိုင်ရာ သိပ္ပံကဲင်တင်းသို့ နေ့စဉ်လာသည်။ လွင်မာတို့
မြမိုလ်တို့ရှိရာ သင်္ချာဆောင် ULBသို့ နေ့စဉ်ရောက်သည်။ ထိုသို့ စနိုဖီ
ခွေးရုပ် ကျွန်တော်တို့အုပ်စုသို့ ရောက်လာခြင်းအားဖြင့် ကျွန်တော်တို့
အုပ်စုတွင် မသိမသာသော ပြောင်းလဲမှုများရှိလာသည်မှာ အမှန်ပင်
ဖြစ်သည်။ ယခင်က ညနေ ၃-နာရီဆိုလျှင် အိမ်ပြန်ကာ အိပ်ဖို့ အမြဲ
ပူဆာလေ့ရှိသော မြမိုလ်နှင့် ယုယုတို့က စနိုဖီခွေးရုပ်လာသည့်နေ့တွင်
အင်းယားကန်ဘောင်ပေါ်သို့ တက်ကာ ရခိုင်မုန့်တီသောက်... ဗူးသီးကြော်
စားကြခြင်းဖြင့် ညနေ ငါးနာရီမှ အိမ်သို့ပြန်တက်ကြသည်။ ညနေရီ
နေလုံးညိုရည် သစ်ခါစဆိုလျှင် ဒဂုံသို့ပြန်ရန် ကားခက်ခတ
ဲ က်သဖြင့်
အမြဲစိတ်ဆိုးလေ့ရှိသော ယဉ်ယဉ်သိန်းကလည်း နေစောင်းသည်အထိ
နေတက်သည်။ မိန်းကလေးချင်း ဝေဖန်အသိပေးသည့် စကားကို
ကျွန်တော်ပြန်ကြားသည့် စကားအရဆိုလျှင် မြမိုလ်နှင့် ယုယုသည်
ခြေသလုံးပေါ်အောင် ခွဲထားသော ပေါင်းကြပ်စကပ်နှင့် အင်္ကျီအသစ်

typing - ကောင်းဆိုး Page 231


နီကိုရဲ မကြည်ပြာနှင့် ချစ်ခြင်း၏ဒုတိယနဂ္ဂတစ်များ
လေးငါးထည်လောက် ပြိုင်တူချုပ်လိုက်ကြပြီး မြမိုလ်က မျက်ခုံးမွှေးကို
စင်ရော် လိုထောင့်ချိုးဖြစ်စေရန် ပုံဖေါ်ရင်း မျက်ခုံမွှေးစိုက်ကာ
မျက်တောင်ကို စက်ဖြင့် ကော့သွားအောင်ပြုပြင်သည်။ ယုယုက Eye Linar
မဆိုးရဘဲ အောက်မျက်ခမ်းများ မည်းနက်သွားစေရန် ဆေးဆိုးလိုက်သည်
ဟု ဆိုကြသည်။ မြမိုလ်နှင့် မိယုသည် စကားတစ်ခန
ွ်းပြောင်တိုင်း (သို့)
စကားတစ်ခွန်းကို စနိုဖီက ပြောပြီးသွားတိုင်း စနိုဖီ၏လက်မောင်းကို
ပုတ်ကာစကားစခြင်းနှင့် စနိုဖီ၏စကားကို ရယ်မောအသိအမှတ်ပြုခြင်းကို
လုပ်ကြလေ့ရှိသည်ဟုလည်း ယဉ်ယဉ်သိန်းနှင့်လွင်မာက မဲ့ကာရွဲ့ကာ
ပြောသံကို ကြားရသေး၏။ ကျွန်တော်ကိုယ်တိုင် သူတို့အုပ်စုထဲတွင်
ရှိနေချိန်တွင်... ကြည်ပြာတို့အတန်းထဲမှ အခြားမိန်းကလေးများက ဟဲ့
နင်တို့နဲ့ အခုတွဲနေတဲ့ ခပ်မိုက်မိုက် ငနဲကလေးက ဘယ်သူလဲ!...
ဟုမေးသည်ကို တစ်ကြိမ်နှစ်ကြိမ် ကြုံခဲ့ဖူးသည်။ လောကဓမ္မတာအရ
ဤလောကတွင် ရုပ်ကို အကြောင်းပြု၍ ကြည်ညိုသူ သုံးပုံတွင် နှစ်ပုံရှိ၏။
ကျော်စောသံကို အကြောင်းပြု၍ ကြည်ညိုသူ ငါးပုံလျှင် လေးပုံရှိ၏။
ခေါင်းပါးသော အကျင့်ကိုကျင့်၍ ကြည်ညိုသူ ဆယ်ပုံလျှင် ကိုးပုံရှိ၏။
မှန်ကန်သော ဓမ္မကို အကြောင်းပြု၍ ကြည်ညိုသူ တစ်သိန်းပုံလျှင်
တစ်ပုံသာရှိ၏။ ဤသို့ ပညာရှိများ မှတ်ချက်ချသည်ကို ဆရာဦးရွှေအောင်
ရေးသားသော ဓမ္မပဒေ (ယမကဝဂ်)တွင် ကျွန်တော်ဖတ်ခ့ဖ
ဲူးသည်။
စနိုဖီခွေးရုပ်သည် အသားအရည်၊ အရပ်အမောင်း၊ ရုပ်ဆင်းအင်္ဂါဘာတစ်ခုမှ
ပြောစရာမလိုသော ယောက်ျားတစ်ယောက်ဖြစ်သဖြင့် ကြည်ညိုချစ်ခင်သူ
သုံးပုံတွင် နှစ်ပုံရှိမှာသေချာသည်။ ငွေကြေး၊ အနေအထိုင် သုံးစွဲသော
ပစ္စည်း၊ အဆင်းအတန်းအရကလည်း အများသတိပြုမိလောက်အောင်
ကျော်စောသူဖြစ်သဖြင့် ငါးပုံတွင် လေးပုံ သူ့ဘက်ကရှိနေသည့်အတွက်

typing - ကောင်းဆိုး Page 232


နီကိုရဲ မကြည်ပြာနှင့် ချစ်ခြင်း၏ဒုတိယနဂ္ဂတစ်များ
ထိုထိုသော ပြောင်းလဲမှုများကို ကျွန်တော် အပြစ်မြင်စရာအကြောင်းမရှိပါ။
သို့သော် ကျွန်တော်တို့အုပ်စုတွင် စနိုဖီခွေးရုပ်မရှိသည့်အခါတွင်လည်း
သူ့အကြောင်း၊ သူပြောသွားသောစကား၊ သူ့အင်္ကျီအဝတ်အစားနှင့်
သူ့စိတ်နေသဘောထားကို ဝေဖန်ဆန်းစစ်ကြ၏။ စနိုဖီ၏ အပြုအမှု၊
စတင်တွေ့ဆုံ သိကျွမ်းရပုံ အမှတ်တရများ၊ သူတို့တစ်ဦးစီအပေါ်
သဘောထားကို လေ့လာသုံးသပ်ကြသေး၏။ ကျွန်တော်တို့အုပ်စု၏
နောက်ဆုံး အနေအထားကို လေ့လာရလျှင် စနိုဖီခွေးရုပ်ကို အထင်ကြီး
အလေးထားသူများမှာ... ကျွန်တော်ကလွဲ၍ အားလုံးပင် ဖြစ်နိုင်သည်ဟု
ထင်သည်။ တစ်နေ့ကပင် ကြည်ပြာက ကျွန်တော့်ကို စနိုဖီခွေးရုပ်ကို
ပတ်သက်၍ စကားတစ်ခွန်းကို သတိပေးခဲ့သေးသည်။ ကြည်ပြာသည်
ထိုစကားကို ကျွန်တော်နှင့် နှစ်ယောက်တည်းတွေ့သည့်နေ့က
ပြောခဲ့ခြင်းဖြစ်သည်။

“ဟဲ့... ရဲဝင်း... နင် သူ့ကို အဲဒီလိုကြီး မခေါ်ပါနဲ့ဟ၊ မကောင်းပါဘူး၊


ဘာပဲဖြစ်ဖြစ်ပေါ့ဟာ... လူမှုရေးက ရှိနေတာကိုး”

“ဘယ်သူ့ကိုလဲဟ... ငါက ဘာခေါ်လို့လဲ့!”

“တင်အောင်ဇော်ထိုက်ကိုလေ... နင်... စနိုဖီခွေးရုပ်လို့ ခေါ်တယ်


မဟုတ်လား! ငါတို့ရှေ့မှာဆိုရင်တော့ ကိစ္စမရှိဘူးပေါ့ဟာ... တော်ကြာ
အကျင့်ပါပြီး သူရှေ့မှာ ခေါ်မိမှာစိုးလို့... ဘာပဲဖြစ်ဖြစ်လေ”

ကြည်ပြာ၏ ထိုစကားကြောင့် ကျွန်တော် တော်တော် အံ့သြသွားခဲ့


တာကို ဝန်ခံရမည်ဖြစ်သည်။ ထိုသို့အံ့သြသွားခဲ့ခြင်းမှာလည်း မကျေနပ်
ဖြစ်နေသော ကြည်ပြာ့မျက်နှာနှင့် ကျွန်တော်ကိုယ်တိုင် ကြည်ပြာ
ကတိပေးသလို သူ့အပေါ် တစ်စုံတရာ ဘာမှန်းမသိသော အကျင့်တစ်ခု

typing - ကောင်းဆိုး Page 233


နီကိုရဲ မကြည်ပြာနှင့် ချစ်ခြင်း၏ဒုတိယနဂ္ဂတစ်များ
အဖြစ် ခေါ်မိနေကြောင်းကို သတိပြုသွားမိသောကြောင့် ဖြစ်သည်။
မှတ်မိသမျှနှင့် ကျွန်တော့်အကျင့်အရ ဆိုလျှင် ကျွန်တော်သည်
လူတစ်ယောက် ထိခိုက်နစ်နာရမည့် စကားမျိုးကို အကျိုးမရှိဘဲ တစ်ကြိမ်
တစ်ခါမှ မသုံးစွဲခဲ့သော အကျင့်ရှိသောကြောင့် ဖြစ်သည်။ သို့သော်
ကြည်ပြာပြောသည့်တိုင် ထိုစကားကို ကျွန်တော်ကာကွယ်ခ့ပ
ဲါသေးသည်။

“နင်ကလည်းဟာ... ဒါက...၊ စတွေ့ကြတဲ့ အဖြစ်ကနေ ခေါ်မိတဲ့


နာမည်ပဲဘာဖြစ်လဲ!”

စနိုဖီနှင့် အဓိပတိလမ်းအတိုင်း ပါသွားခဲ့ကြသည်။ ကျွန်တော်က


ကြည်ပြာ့လက်ကို မလွတ်တမ်း ဆုပ်ကိုင်ထားခဲ့သည်။ ကြည်ပြာသည်
ကဲင်းတင်းက စထွက်ချိန်တစ်ကြိမ်၊ အဓိပတိလမ်းတွင် ရပ်၍
နှုတ်ဆက်ကြချိန် တစ်ချိန် ကျွန်တော့် လက်ထဲမှ သူ့လက်ကလေးကို
နှစ်ကြိမ်ရုန်းခဲ့သော်လည်း ကျွန်တော်က သတိကြီးကြီးဖြင့် ဆုပ်ကိုင်
ထားခဲ့သည့်အတွက် လွတ်ထွက်သွားခြင်းမရှိခ့။ဲ ငြိုးရည်သစ်စ ညနေရီဦး
နေရောင်သည် ဂျပ်ဆင်နံဘေး ပေါင်းမိုးလမ်းကလေးနံဘေးမှ စိန်ပန်းပင်
သေးကလေးများပေါ်၊ မြက်ခင်းနှင့် ဂျပ်ဆင်ကြီးပေါ်သို့ ဝင်းလက်စွာ
ကျရောက်နေခဲ့သည်။ ကျွန်တော်အသက်ကို အခုမှ လွတ်လပ
ွ်စွာ ပင့်၍
ရှုလိုက်ရသည်။ အိမ်အပြန်ခပ်လေးလေး ကျောင်းသူများအကြားတွင်
ဂျပ်ဆင်ကို ကျောပေးကာ ကျွန်တော်တို့ လျှောက်လာခဲ့ကြသည်။

“ကြည်ပြာ... တို့ကန်ဘောင်ပေါ် ခဏတက်ရအောင်...”

ကျွန်တော့်စကားကြောင့် ကြည်ပြာက လှည့်ကြည်သည်။ ထို့နောက်


တိတ်ဆိတ်သွား၏။ တဖက်သို့ ပြန်လှည့်သွားသော ကြည်ပြာသည်
သူ့နှုတ်ခမ်းများကို ဆွဲဆန့်တင်းစေ့လိုက်ဟန် တူသည်။ ညာဘက်ပါးပြင်

typing - ကောင်းဆိုး Page 234


နီကိုရဲ မကြည်ပြာနှင့် ချစ်ခြင်း၏ဒုတိယနဂ္ဂတစ်များ
ပေါ်တွင် ပါးချိုင့်ရာကလေးပေါ်လာပြီး မှဲ့စိမ်းကလေး တစ်လုံး ဝုန်းကနဲ
ပါးချိုင့်တွင်းထဲ ပြုတ်ကျသွားခဲ့သည်။

“ငါ... ငါနင့်ကို ပြောစရာတစ်ခုရှိလို့ကြည်ပြာ... ခဏလေးပါဟာ


နော်... ခဏပေါ့”

ကြည်ပြာက လွတ်နေသော သူမဘယ်ဘက်လက်မှ နာရီသေးသေး


ကလေးကို ငုံ့ကာ ကြည့်၏။ ကျွန်တော်က လှည့်ကြည့်လိုက်မည် ဆိုလျှင်
ကြည်ပြာ့၏ မျက်ဝန်းများထဲမှ ပြောင်းလဲသွားလိမ့်မည်ဟု ထင်သော
ခံစားချက်ကို သိချင်ပါသေးသည်။ သို့သော် ကြည်ပြာက ပြန်လှည့်မလာခဲ့။
ဂျပ်ဆင်အပေါက်မှ ထွက်လိုက်သောအခါ မာလာထိပ်သို့ မသွားဘဲ
ကန်ဘောင်ရှိသည့် ညာဘက်ကို အလိုက်သင့် ကွေ့လိုက်သည်။
ကျွန်တော်တို့ ကန်ဘောင်ပေါ်ရောက်သည်အထိ တိတ်ဆိတ်စွာ အတူ
လမ်းလျှောက်လာခဲ့ကြသည်။ ကန်ဘောင်ပေါ်တွင် လူစည်ကားစ
ပြုနေသော ဆိုင်တန်းများကို ဖြတ်ကျော်ကာ ကွန်ကရစ်ခင်းပြီးကာစ
ကန်ဘောင်လမ်းအတိုင်း ကျွန်တော်တို့ လျှောက်လာခဲ့ကြသည်။
ညနေရီဦးစ လေပြေကို အရသာခံကြသူများ... ကလေးများ... ကျောင်းသူ၊
ကျောင်းသားများနှင့် ကန်ဘောင်သည် စည်ကားနေ၏။ လေပြေက
ညှင်းညှင်းညံညံ တိုက်ခတ်နေသည့်အတွက် အင်းယားကန်ထတ
ွဲ င်
လှိုင်းနုစိတ်ကလေးတွေ အများကြီး ဖြစ်နေပြီး ရေလှိုင်းစိတ်များက ဆွဲဆန့်
ထားသော နေလုံးကို တိတ်တဆိတ် လျှောက်လာကြရင်း တံတားဖြူ
မှတ်တိုင်နား အရောက်တွင် ခုံလွတ်တစ်ခုကို တွေ့လိုက်ရသဖြင့်
အလျင်အမြန် ဝင်ထိုင်လိုက်ကြရသည်။ ကြည်ပြာ ကန်ဘောင်ပေါ်က
ခုံပေါ်မှာ သူမကိုယ်ကို စိတ်ချစွာ စနစ်တကျ ထိုင်လိုက်ပြီးနောက်...

typing - ကောင်းဆိုး Page 235


နီကိုရဲ မကြည်ပြာနှင့် ချစ်ခြင်း၏ဒုတိယနဂ္ဂတစ်များ
ကန်ရေပြင်ကို ငေးစိုက်ကြည့်နေခဲ့သည်။ ကျွန်တော်တို့ နောက်လမ်းတွင်
လမ်းလျှောက် နေကြသူများ၊ လွတ်လပ်ပျော်ရွှင်စွာ ပြေးလွှားနေသော
ကလေးများနှင့် ပြည်လမ်းမပေါ်မှ တဝေါဝေါဖြတ်သန်းသွားကြသော
ကားသံများ ရှိနေကြသော်လည်း ကျွန်တော်တို့ ရှေ့တွင် လှိုင်းကြက်ခပ
ွ်
ကလေးများ ညနေရီလေပြေတွင် ခပ်စိတ်စိတ်ပြေးလွှားနေသော တိတ်ဆိတ်
ငြိမ်းချမ်းအေးမြသည့် ရေပြင်ကြီးရှိနေသည်။ အဝေးကို လှမ်းငေး
လိုက်လျှင်... ညနေရီ နေရောင်ဖြင့် လင်းလက်နေသော ကျွန်းတစ်ကျွန်းနှင့်
သစ်ပင်အုပ်များ...။ ကျွန်တော်တို့ တစ်ကိုယ်လုံးကို လွတ်လပ်ငြိမ်းချမ်းကာ
စနစ်ကျလျှက်ရှိသည်။

ကြည်ပြာ ကျွန်တော့်ကို မကြည့်ဘဲ ငေးနေသည်ကို ကျွန်တော်


သဘောကျပါသည်။ တစ်နေ့လုံး မွန်းလှောင်ကြပ်သိပ်နေခဲ့သော ကျွန်တော်
စိတ်များလည်း ညနေရီ ကန်ဘောင်၏ရသကြောင့် ကြည်လင်
လန်းဆန်းသွားခဲ့၏။ အစီအစဉ်တကျ မဟုတ်ဘဲ သူ့အချိန်အခါ
အနေအထားနှင့် တိုက်ဆိုင်ညီညွတ် နေသော သဘောဝတရားကို
ခံစားရသည့်အခါ လူ၏စိတ်သည် အတိုင်းမသိ လွတ်လပ်သော
ကြည်လင်သွားလေ့ရှိပါသည်။ ကြည်ပြာသည် သူရှေ့တွင် ရှိနေသော
အင်းယားကန်နှင့် ညနေရီ၊ လေပြေညှင်းနှင့် လှိုင်းနုစိတ်တို့ကို
ငေးကြည့်နေသည်။ ကြည်ပြာသည် ကျွန်တော် ရေးလေ့ရှိသော
ကဗျာများကို တစ်လုံးမှ နားလည်ခံစားတက်သည့် သူမဟုတ်သော သာမန်
မိန်းကလေးတစ်ဦးပင် ဖြစ်စေဦး... သူရှေ့တွင် အချိုးအစားကျကျ
ညီညွတ်နေသော မိန်းကလေးမျိုးမဟုတ်ပါ။ ကြည်ပြာသည် ကန်ရေပြင်ကို
စိုက်ငေးငေးနေတာလား!...။ လှိုင်းကလေးတွေကြောင့် နိမ့်လိုက် မြင့်လိုက်
ဖြစ်နေသည့် ကမ်းစပ်က မြက်ပင်နှင့် ရေမှော်ပင်ကလေးတွေကိုပလ
ဲား!

typing - ကောင်းဆိုး Page 236


နီကိုရဲ မကြည်ပြာနှင့် ချစ်ခြင်း၏ဒုတိယနဂ္ဂတစ်များ
ဒါမှမဟုတ်... လှိုင်းစိတ်ကလေးတွေက တစ်စစီသယ်ယူပြေးနေလို့
တွန့်ကွေး ရှည်လျားသည့် အစင်းကြောင်း အနီရဲရြဲ ဖစ်နေသည့် ညနေရီ
နေလုံးကိုပဲလား!...။

ကြည်ပြာ ဆံစနုကလေးတွေက ကန်ပေါ်လေအေးငြိမ့်ငြိမ့်မှာ လွင့်ပျံ


နေကြသည်ကို ကျွန်တော် ခိုးကာ ငေးနေမိသည်။ နင့်ကို ငါပြောစရာရှိလို့ဟု
ပြောကာခေါ်လာခဲ့သော်လည်း ကြည်ပြာသည် ထိုစကားကိုဘာလဲ!ဆိုတာ
ကျွန်တော့်ကို ယခုထိ မမေးသေး။ ကန်ရေပြင်သို့သာ... စူးစိုက်၍
ငေးနေခဲ့သည်။ ကျွန်တော့်စိတ်သည်လည်း သဘာဝတရား၏ နူးညံ့ကာ
ခံစားလွယ်သော အထိအတွေ့ကြောင့်၊ ယခင်ကလို... ခုနကတုန်းကလို
စိတ်ကျဉ်းကြပ် ရှုပ်ထွေးမှုတွေ... တစ်စစ ကင်းကွာလာသည်။ လေအေး
ငြိမ့်ငြိမ့်နှင့် ကျွန်တော့်နံဘေးတွင် ရန်ခုန်လွယ်သော... ကျွန်တော်
ချစ်ရပါသော မကြည်ပြာရှိနေသည့် အတွက်... သဘာဝတရား၏
လွတ်လပ်မှု အလုံးစုံက ကျွန်တော့် အသိစိတ်ကို ပိုမိုအေးချမ်းသွားအောင်
ဖန်းတီးပေနိုင်တာလည်း ပါမည်ထင်သည်။ ကျွန်တော် ကြည်ပြာ့
လက်ကလေးကို ကောက်ကိုင်လိုက်သည်။ ကြည်ပြာက မရုန်း...။
ကျွန်တော် အလိုက်သင့်ပြန်လည်ကာ ဖျစ်ညှစ်ထားလိုက်၏။ ကြည်ပြာက
အလိုက်သင့် ပြန်လည်ကာ ဖျစ်ညှစ်ထားလိုက်သည်ကို ကျွန်တော်
ရင်ခုန်သွားခဲ့သည်။ အရာရာသည် ရှေ့မှာ ဟင်းလင်း... လေပြေဦး
ငြိမ့်ငြိမ့်က တသုန်သုန်... ကျွန်တော် အရာအားလုံးကို မေ့ကာ နစ်မြောသွား
ခဲ့သည်။

ညတုန်းက လမင်းကို နှလုံးသားနှင့် တည့်တည့်ချိန်ကာ


ပစ်လွှတ်ခဲ့သော ကျွန်တော့် စကားတစ်ခွန်းသည် ရင်ထမ
ှဲာပင် ပစ်လွှတ်

typing - ကောင်းဆိုး Page 237


နီကိုရဲ မကြည်ပြာနှင့် ချစ်ခြင်း၏ဒုတိယနဂ္ဂတစ်များ
ပျက်လွယ်ဖြစ်ကာ ပျောက်ဆုံးသွား၏။ အလကား... ကျွန်တော်အစိုးရိမ်လန
ွ်
နေတာ...။ ကြည်ပြာသည် ကျွန်တော့် နံဘေးမှာ ရှိနေသည်။
ကျွန်တော်တို့ လက်နှစ်ဖက်သည် နွေးထွေးစေးထန်ကာ တဒိတ်ဒိတ်
သွေးတိုးနေကြသော မြွေနှစ်ကောင်လို ရစ်ပတ်ထားကြ၏။ ကျွန်တော်
အားလုံးကို ထိုအခြေအနေနှင့်ပင် ကျေနပ်၍ရသည်။ လက်စားခြေခွင့်
ရှိသည်။ ကျွန်တော့် နှလုံးသားသည် တဒိတ်ဒိတ် တရိပ်ရိပ်သွေးတိုးကာ
ဖြည်းဖြည်းချင်း ခုန်လာခဲ့သည်။ ထိုင်ခုံတွင် ဝင်ထိုင်စကထက် သက်တောင့်
သက်သာ အနေအထားသို့ တဖြည်းဖြည်းချင်း ရောက်ရှိသွားသော
ကျွန်တော့်တို့ ခန္ဓာကိုယ်နှစ်ခု ပူးကပ်ထိတွေ့ သွားကြသည်။ ထို့နောက်
ကြည်ပြာ၏ ကန်ရေပြင်ကို ငေးနေသော... ဦခေါင်းကလေးက ကျွန်တော့်
ပခုံးသေးသေးကလေးအပေါ်အလိုက်သင့် လျောကျလာခဲ့သည်။ အဟား...။
တစ်ကမ္ဘာလုံးသည် ကျွန်တော့်အပေါ်မှ ကျော်ထွက်သွားသော ကျွန်တော်
နှင့် ဆန့်ကျင်ဘက်ကို ရောက်သွားသလို ခံစား လိုက်ရသော်လည်း
ကျွန်တော့်အတွက် အရာရာသည် ရင်ဆိုင်ရန် လွယ်လွယ်ကလေး
ဖြစ်နေခဲ့သည်။

ကြည်ပြာသည် ကျွန်တော့်ကို စကားတစ်ခန


ွ်းမှ မပြောခဲ့ပါ။
ပြန်ရန်လည်း မပြောခဲ့ပါ။ ကန်ရေပြင်တွင် လှိုင်းများက တစ်စစီ
သယ်ယူသွားသော ညနေရီ နေလုံးကွယ်ပျောက်သွားချိန်တွင် ကျွန်တော်က
ကြည်ပြာ့ကို ပြန်ဖို့ပြောရသည်။ ကြည်ပြာ ခေါင်းကလေးကို ဖယ်လိုက်သော
အခါ နွေးထွေးနေခဲ့သော ကျွန်တော့်ပခုံးစွန်းသည် ကန်ပေါ်လေကြောင့်
အပူရှိန်ကနဲထွက်သည်။ အခုနေ ကြည်ပြာက နင်ပြောလို့ဆိုတာဘာလဲ!
ဟုမေးလာရင်တောင်မှ ကျွန်တော် ဘာစကားမှ ပြောတော့မည် မဟုတ်ပါ။
ထိုစကားကို ကျွန်တော့် ဘာသာ ကျွန်တော် အဖြေရှာတွေ့သွားခဲ့သည်။

typing - ကောင်းဆိုး Page 238


နီကိုရဲ မကြည်ပြာနှင့် ချစ်ခြင်း၏ဒုတိယနဂ္ဂတစ်များ
ထိုသို့ ချစ်ခဲ့ရပါသော မကြည်ပြာ။ သို့သော်... ထိုနေ့က ကျွန်တော်
မပြောခဲ့သော စကားလုံသည် မိုးတစ်ပြိုက်ရွာ ချလိုက်သောအခါ ဘာမှ
မရှိသည့် မြေပြင်ဗြောင်ပေါ်တွင် လွင့်ကနဲ ဘွားကနဲ ပေါ်ထွက်လာ
တက်သည့် အလေ့ကျပင်များနှင့် မြက်ပင်များလိုပင် တစ်စုံတစ်ရာ
စိုးစဉ်မျှမရဘဲ ဖြူစင်သန့်ရှင်းနေသော ကျွန်တော့်ချစ်ခြင်း မေတ္တာပေါ်တွင်
စကာလုံးများစွာ တိုးထွက်လာပြန်သည်။ အလေ့ကျ မြက်ပင်များလိုပင်
စိမ်းကာသော စကားလုံးများကို ကျွန်တော့်ရင်ထတ
ွဲင် ကျွန်တော် လွယ်ထား
ရပြန်သည်။ ကျွန်တော့် နှလုံးသားပေါ်သို့ကျလာသော အရာများမှာ
မိုးဦးစက်များတော့မဟုတ်၊ ပူလောင်နေသော ချော်ရည်မီးစက်များသာ
ဖြစ်သည်။

ထိုနေ့က ကြည်ပြာ့ကို ပြောမည်ဆိုသည့် စကားသည် ညနေရီ ငြိုးစ


ကန်ရေပြင်၏အလှ၊ ကြည်ပြာ၏ နွေးထွေးသော လက်ကလေးက
ကျွန်တော့် လက်ထဲတွင် ရှိနေခြင်းနှင့် ကြည်ပြာ မှီနွဲချလိုက်သော
ကျွန်တော့်ပခုံးဦးမှ ဦးခေါင်းတို့ကြောင့်... ကျွန်တော် အစိုးရိမ်လန
ွ်နေခြင်းဟု
ကျွန်တော့်ဘာသာ ဆုံးဖြတ်ခဲ့သည်။ ကျွန်တော့် လက်ထတ
ွဲင် ကြည်ပြာ့
လက်ကလေးရှိနေသည်။ ထိုတည်ရှိမှု ထိုပိုင်ဆိုင်မှုဖြင့် ကျွန်တော်
အားလုံးကို ယုံကြည်ခဲ့သည်။ အခုတော့ ကျွန်တော့် စိတ်က အဲဒီလို
မဟုတ်တော့...။ ကြည်ပြာသည် ပြောင်းလဲနေသည်ဟု ကျွန်တော်
ထင်သည်။ ပထမဦးဆုံးပြောင်းလဲသည်မှာ ကြည်ပြာ၏ အနေအထိုင်
ဖြစ်သည်။ အမြဲသွေးဆူလွယ်သော... စိတ်ပြောင်း စိတ်လြွဲ မန်သော...
အရာရာကို အားရုံစိုက်လွယ်သော... နံနက်လင်းစ အာရုဏ်ဦး၏
ငှက်ကလေးတစ်ကောင်လို သစ်လွင်တက်ကြွနေတက်သော ကြည်ပြာသည်
အခုတော့ ငြိမ်သက်တည်ကြည်လွန်းနေခဲ့သည်။ သူငယ်ချင်းများနှင့်

typing - ကောင်းဆိုး Page 239


နီကိုရဲ မကြည်ပြာနှင့် ချစ်ခြင်း၏ဒုတိယနဂ္ဂတစ်များ
တွေ့သည့်အခါ ကြည်ပြာသည် အရင်တုန်းကလို အသံစာစာ...
မဟုတ်တော့။ ဟိုဟာစားမယ်... ဒါလုပ်မယ်... ဒီသွားမယ်... ဟုအရာရာမှာ
ဦးမဆောင်တော့၊ အနည်းငယ် တွေဝေနေတက်ပြီး တိတ်ဆိတ်နေလေ့ရှိ၏။

“ဒါကတော့ဟာ... ငါတို့အားလုံးက အရင်တုန်းကလို အသက်


အရွယ်မှ မဟုတ်တော့ဘဲ... အားလုံးတဖြည်းဖြည်းလူကြီး ဖြစ်လာပြီဟ...”

“မဟုတ်သေးဘူး လွင်မာ၊ ကြည်ပြာဟာ ရင့်ကျတ်တည်ငြိမ်သွားတာ


မဟုတ်ဘူး ကြည်ပြာဟာ အေးစက်မာခဲသွားတာ...၊ ငါက ကြည်ပြာ့
မျက်နှာကို အရိပ်လိုကြည့်ပြီး ငါအကြိမ်ကြိမ် ဖတ်ထားတဲ့ ကဗျာတစ်ပုဒ်လို
အလွတ်ရနေတဲ့ကောင် လွင်မာ...”

လွင်မာက ကျွန်တော့် စကားကြောင့်မျက်မှောင်ကို ကုတ်သည်။


လွင်ဦးက ဘာမှဝင်မပြော...။ ကျွန်တော် ကြည်ပြာ၏ ပြောင်းလဲမှုများကို
ပထမဦးဆုံး လွင်ဦးနှင့် လွင်မာ့ကို ခေါ်ကာ ပြောပြရင်းတိုင်ပင်ခြင်း
ဖြစ်သည်။ ကျွန်တော်တို့အထဲတွင် လွင်ဦးက ပြဿနာကိုဖြေးဖြေးမှန်မှန်
စဉ်းစားတက်သူဖြစ်ပြီး လွင်မာက မိန်းကလေးပေမယ့် ခံစားချက်မနုဘဲ
ပြဿနာ အခြေအနေကို မူတည်၍ စဉ်းစားဆုံးဖြတ်တက်သူ ဖြစ်သည်။

“ငါတစ်ယောက်တည်း ဆုံးဖြတ်ရင်မှားမှာကို ငါစိုးရိမ်လို့၊ ပြီးတော့


ဒီကိစ္စကလည်းသေးတဲ့ ကိစ္စမျိုးမဟုတ်လို့ ငါ.... နင်တို့ အားလုံးနဲ့
တိုင်ပင်တာ...”

“အေး... ဒါပေမယ့် ငါတို့ကတော့ နင်ပြောတဲ့ ပြဿနာဆိုတာကို


အခုထိကို ရှာလိုမတွေ့သေးဘူး ရဲဝင်း၊ နင်လိုချင်တာက ကြည်ပြာက
နင့်ကို...”

typing - ကောင်းဆိုး Page 240


နီကိုရဲ မကြည်ပြာနှင့် ချစ်ခြင်း၏ဒုတိယနဂ္ဂတစ်များ
“ခဏလေး... လွင်မာ... နင်အခုဘာမှ ကောက်ချမဆွန
ဲ့ ဥ
ဲီး၊ ငါလဲ
ဘာမှ ကောက်ချက်ချမထားဘူး... ငါ့ပြဿနာကို ငါ... အေးအေးဆေးဆေး
ပြောပြမယ်...”

လွင်မာနှင့် လွင်ဦးက ဘာမီမဟုတ်သည်ကို စာအုပ်တွေဖတ်...


ခံစားစဉ်းစားရင်း ပြဿနာတက်နေပြန်ပြီ ဟူသော အပြုံးမျိုးဖြင့်
ကျွန်တော့်ကို ကြည့်နေကြသည်။ ကျွန်တော်... ထိုအကြည့်များကို ယုံကြည်
လာအောင် ဖြေရှင်းဖို့မှာ ပထမပြဿနာဖြစ်၏။

“ဒီလိုလွင်မာ ကြည်ပြာနဲ့ငါ... လွန်ခဲ့တဲ့ တစ်ပတ်ကျော်ကပြဿနာ


တစ်ခုတက်ကြတယ်...”

ကျွန်တော်က စီးကရက်မီးကြောင့် ကြည်ပြာ့ ထဘီပေါက်သွားပုံ၊


ကြည်ပြာ အထင်လွဲသွားပုံ ကျွန်တော် ဆူးလေ ၃၈-ကားဂိတ်တွင်
ကျန်ခဲ့ပုံတို့ကို အကျဉ်းချုံး ပြောပြလိုက်ရ၏။ လွင်မာနှင့် လွင်ဦးက
တဟားဟားရယ်ကြ၏။

“ဟား... ဟား... ဟား.... ရဲဝင်းရယ် နင်ဖြစ်လိုက်ရင်လေသိလား၊ ...


ဟား.... ဟား.... တကယ့် အသည်းအသန်တွေချည်းပဲ... ငါတို့က
အေးအေးဆေးဆေးဆိုတော့ ဘာမှ ထပ်မပြောဖြစ်ကြတော့ဘူး ထင်နေ
တာ...”

“အေး... အဲဒါပဲလွင်မာ... ကြည်ပြာက နင်တို့ကို အဲဒီ ကိစ္စကို


ဘာမှပြောမပြဘူး မဟုတ်လား! နင်တို့အဲဒီ ကိစ္စကိုဘာမှ
မသိကြဘူး မဟုတ်လား! အဲဒီနေ့က ကြည်ပြာ ဘယ်လောက်စိတ်ဆိုး
သွားတယ်၊ ဘယ်လောက် ဒေါသဖြစ်သွားတယ်ဆိုတာကို ငါသိတယ်၊

typing - ကောင်းဆိုး Page 241


နီကိုရဲ မကြည်ပြာနှင့် ချစ်ခြင်း၏ဒုတိယနဂ္ဂတစ်များ
ဒါပေမယ့် နောက်နေ့ ကျောင်းရောက်တော့ ကြည်ပြာက အေးအေး
ဆေးဆေးပဲ၊ ငါ့ကိုလည်းကောင်းကောင်းမွန်မန
ွ်ပဲ ဆက်ဆံတယ်၊
ငါက စိုးရိမ်တကြီးလာပေမယ့် ကြည်ပြာက ဘာမှမဖြစ်တဲ့ အတိုင်းပဲ”

ကျွန်တော် စကားကိုဖြတ်ကာ သူငယ်ချင်းများ မျက်နှာကို


အလောတကြီး ကြည့်လိုက်သည်။ သူငယ်ချင်းများ မျက်နှာပေါ်တွင်
ကျွန်တော်လိုချင်သော... ကျွန်တော် စိုးရိမ်ထားသော ကြောက်
ရွံ့ထိတ်လန့်မှုကို မတွေ့ရ။ သူငယ်ချင်းများက စကားဖြတ်ကာ သူတို့ကို
ကြည့်နေသော ကျွန်တော့်ကို အူကြောင်ကြောင်နှင့် ပြန်ကြည့်နေကြ၏။

“တကယ်ဆို ကြည်ပြာက ဒီကိစ္စနဲ့ ပတ်သက်သို့ ပေါက်ကွဲရမယ်၊


ဒေါသဖြစ်ရမယ် ငါလာတဲ့အခါ ရန်သူတစ်ယောက်လို ဆက်ဆံပြီး
အော်မယ်၊ နင်တို့ကိုလဲ ဒီကိစ္စပြောပြီး ဖြစ်ရမယ်၊ ဒါပေမယ့်...
ကြည်ပြာက ဒါတွေဘာမှ မလုပ်ခဲ့ဘူး”

“ရဲကြီး... မင်းကလဲကွာ ခက်တော့တာပဲ၊ မင်းက အဲဒီလို တစ်ခုခု


မတော်မတဲ့ဖြစ်၊ ကြည်ပြာက ဒေါကန်၊ မင်းကတောင်းပန်၊ ငါတို့က
ရယ်မော... အဲဒီလိုဖြစ်မှ မင်းကကျေနပ်မှာလား! မဟုတ်သေးပါဘူးကွာ၊
ဘာလဲ အခု မင်းမကျေနပ်နေတာ အဲဒီလို မဖြစ်လို့လား!”

“ဟုတ်တယ် လွင်ဦး၊ ဒါပေမယ့် မင်းပြောသလိုမဟုတ်ဘူး။


ကြည်ပြာက ဒီကိစ္စကို ဘာကြောင့် ဘာမှ မဖြစ်သလိုနေလိုက် သလဲသိလား
နင်တို့ကိုလည်း ပြောမပြ၊ ငါ့ကိုလည်း ဒေါမကန်ဘဲ ဘာကြောင့်
ဘာမှမဖြစ်သလို နေခဲ့သလဲ သိသလား!... ကြည်ပြာဟာ သူ့သိက္ခာကိုသူ
ထိန်းသွားတာ... သူ ဒေါသ ဖြစ်ပေမယ့်... မကျေနပ်ပေမယ့် အဲဒီ

typing - ကောင်းဆိုး Page 242


နီကိုရဲ မကြည်ပြာနှင့် ချစ်ခြင်း၏ဒုတိယနဂ္ဂတစ်များ
အဖြစ်အပျက်ဟာ သူ့အရှက်နဲ့ သိက္ခာကိုထိပါးမှာ စိုးရိမ်လို့... ဟန်ဆောင်
နေလိုက်တာ...”

ကျွန်တော့် စကားသံတွေက တစစပြင်းထန်လာကာ


အကျယ်လောင်ဆုံး အော်ချလိုက်ရင်း ရပ်ပစ်လိုက်သည်။ လွင်မာက
မျက်မှောင်ကို ကျုံ့ကာစဉ်းစား၏။ လွင်ဦးက ကျွန်တော့်ကို ငေးကာ
ကြည့်နေသည်။ ကျွန်တော် ဒေါသတကြီးနှင့် ဆေးပေါ့လိပ်ကို နှုတ်ခမ်းသို့
ကောက်တပ်ကာ မီးခြစ်ကိုခြစ်သည်။ အရေးထဲ ထုံးစံအတိုင်း မီးခြစ်က
ခြစ်မရ။ ခြစ်ရင်းခြစ်ရင်းဖြင့် ဒေါသပိုကြီးလာ၏။ လက်ထမ
ှဲ မီးခြစ်ကို
အဝေးသို့ လွှင့်ပစ်လိုက်သည်။ ဒီမီးခြစ် စုတ်ကြောင့်...။ ထိုတဒင်္ဂအတွင်း
တစ်ခါမျှ အပေါင်းအသင်းများ ရှေ့တွင်မလုပ်ဘူးသည့် အပြုအမှုကို
ဒေါသအတိုင်း လွတ်ထွက်ကာ လုပ်လိုက်မိသဖြင့် ကျွန်တော် ရင်တွေ
ချက်ချင်း တဆက်ဆက် တုန်ရီလာကာ လက်ဖျားများ တုန်ယင်လာ၏။
နှလုံးကလည်း တဆတ်ဆတ်တုန်ကာ ခုန်၍နေသည်။ လွင်မာက
ကျွန်တော့် အပြုအမူကြောင့် အံ့သြ၍ မယုံကြည်နိုင်ဖယ
ွ်ရာ ကြောက်လန့်
တကြားငေးသည် လွင်ဦးက ကျွန်တော် လွှင့်ပစ်လိုက်သော မီးခြစ်ကို
တချက်လှည့်ကြည့်ရင်း ကျွန်တော့်ကို သူ့ GAS မီးခြစ်ထုတ်ကာပေး၏။

“ကြည်ပြာ ဘာကြောင့် သူ့သိက္ခာကိုသူထိန်းပြီး၊ အဲဒီလို ဟန်ဆောင်


လိုက်သလဲ! အဲဒါ.... နင်တို့သိသလား!”

ကျွန်တော် လွင်မာ့ မျက်နှာကို စေ့စေ့ကြည့်ပာ မေးခွန်းမေးရင်း


ဆေးပေါ့လိပ်ကို မီးညှိလိုက်သည်။ ကျွန်တော့် လက်များတဆတ်ဆတ်
တုန်ယင်နေသည်ကို ဆေးလိပ် မီးညှိနေသော ဆေးပေါ့လိပ် ထိပ်ဖျားတွင်
မသဲမကွဲမြင်နေရ၏။

typing - ကောင်းဆိုး Page 243


နီကိုရဲ မကြည်ပြာနှင့် ချစ်ခြင်း၏ဒုတိယနဂ္ဂတစ်များ
သူငယ်ချင်း နှစ်ဦးထံမှ ဘာစကားသံမှမကြား...။ ကျွန်တော်
ဆေးပေါ့လိပ် မီးခိုးငွေ့များကို အားရပါးရ မှုတ်ထုတ်လိုက်ရင်း စိတ်ကို
တည်ငြိမ်မှုရအောင် ကြိုးသားလိုက်သည်။ သူတို့မရတဲ့ အဖြေကို
ငါအတည်ငြိမ်ဆုံး ဖြစ်အောင် ကြိုးစားပြီး ပြောမယ်။ ကျွန်တော်
ခက်ခဲလေးပင်စွာဖြင့် သူငယ်ချင်း နှစ်ဦးထံခေါင်းကို မတည်ကာ
ကြည့်လိုက်သည်။

“အဲဒါ... စနိုဖီခွေးရုပ်ကြောင့်...”

ကျွန်တော် စကားကြောင့် မျက်မှောက်ကျုံ့ထားသော လွင်မာ့


ဦးခေါင်းက အနောက်ဘက်သို့ လန်ကာထွက်သွား၏။ ပြီးတော့ လွင်မာက
မျက်စောင်းကို ဒိုင်းကနဲနေအောင်ထိုးကာ မဲ့ပြုံးပြုံးရင်းက ခေါင်းကို
ဘယ်ညာခါရမ်းသည်။ လွင်ဦးကတော့ အခုမှပင် မျက်မှောက်ကိုကျုံ့၏။

“ရဲဝင်းရယ်... ဟား... ဟား... ဟား... ဘာများလဲလို့ နင်ဟာလေ...


ကြည်ပြာ ပြောလည်း ပြောချင်စရာပဲသိလား! နင့်ဟာက မဟုတ်သေးဘူး
ဟာ... စာတွေဖတ်ပြီး သိပ်တွေးမနေနဲ့ ကြာရင် နင်ကြောင်သွားလိမ့်မယ်
သိလား အဲဒီစကားကို ငါတို့လာပြောတာ တော်သေးတာပေါ့၊ ကြည်ပြာ့
ကိုသာ သွားပြောလို့ကတော့ ပွဲကြီးပွဲကောင်းပဲ၊ မဟုတ်တာဟာ...”

လွင်မာ့ စကားများကြောင့် ကျွန်တော် အတော်စိတ်ဓာတ်


ကျသွားခဲ့သည်။ ကျွန်တော်သည် ကျွန်တော့်၏ ပထမ အခက်အခဲမှာပင်
ကျဆုံးသွားခဲ့ပြီလား! အဲဒီလိုတော့ အဖြစ်မခံနိုင်ပါ။ ကျွန်တော့် ခံစားမှုကို
ကျွန်တော် ယုံကြည်သည်။ ကျွန်တော့် စကားတစ်လုံး နောက်မှာရောက်မယ့်
အခက်အခဲတွေ အများကြီးဆိုတာကိုလည်း ကျွန်တော်ရိပ်မိသည်။

typing - ကောင်းဆိုး Page 244


နီကိုရဲ မကြည်ပြာနှင့် ချစ်ခြင်း၏ဒုတိယနဂ္ဂတစ်များ
“မဟုတ်သေးဘူး လွင်မာ၊ နင့်ကိုငါခံစားရတာကို ရှင်းလင်းပြဦးမယ်၊
ကြည်ပြာက...”

“ရဲကြီး... ခဏလေးကွာ၊ မင်းပြောတဲ့ စနိုဖီခွေးရုပ်ဆိုတဲ့ လူကို


ငါမနက်က တွေ့ခဲ့ပါတယ် တို့နဲ့တစ်ဝိုင်းတည်း ထိုင်တာပဲ၊ ရုပ်ရည်ရော
ငွေကြေးချမ်းသာမှုရော... ဘာမှ အပြစ်ပြောစရာ မရှိတဲ့ လူဆိုတာ
ငါသိတယ်။ မင်း အဲဒါကို အစိုးရိမ်လွန်နေတာ ဖြစ်ပါလိမ့်မယ်။ ပြီးတော့
မင်းတို့လိုစာတွေ အများကြီးဖတ်ပြီး ကဗျာဆရာလုပ်ဖို့ ကြိုးစားနေတဲ့
လူတွေအတွက်တော့ ဒီလူပြောတဲ့ စကားတွေ... အနေအထိုင်တွေက...
အထင်ကြီးစရာမရှိဘူးပေါ့! ပစ္စည်းမဲ့ ဒေါသတွေကို လျော့လိုက်စမ်း
ပါကွာ...”

လွင်ဦး ပြောလိုက်သော စကားသည် ကျွန်တော် အကြောက်ဆုံး


သော ကျွန်တော်၏ အားနည်းချက် တစ်ခုဆိုတာကို ကျွန်တော် မငြင်းနိုင်၊
သို့သော်... ကျွန်တော် လွင်ဦးပြောသလို ကိုယ့်ထက် အရာရာ
အဘက်ဘက်မှ သာသော လူတစ်ယောက်ကို အလကားနေရင်း
မုန်းတီးနေသော ပစ္စည်းမဲ့ဒေါသ သင့်နေသူ တစ်ယောက် မဟုတ်။

“လွင်ဦး၊ မင်းပြောသလိုငါဟာ ပစ္စည်းမဲ့ဒေါသ သင့်နေတဲ့


လူမဟုတ်ဘူး၊ ဒါပေမယ့် မင်းတို့ အဲဒီလိုပြောလာမှာကိုတော့ ငါ
ကြောက်တာ အမှန်ပဲ ငါ့ကို အဲဒီလို ထင်သွားရင်... ငါဆက်ပြောမယ့်
စကားတွေကို မင်းတို့ ဘယ်လိုမှ မယုံတော့မှာ စိုးရမ်လို့”

“ရဲဝင်းကလည်းဟာ ခက်တာပဲ... နင့်ဟာက ပြောရင်းနဲ့ ရှုပ်နေပြီ၊


ကဲ... နင်ပြောချင်တာ ဘာလဲ... အဲဒါကို အရှင်းဆုံးပြော... ငါတို့
ဘာလုပ်ပေးရမှာလဲ!”

typing - ကောင်းဆိုး Page 245


နီကိုရဲ မကြည်ပြာနှင့် ချစ်ခြင်း၏ဒုတိယနဂ္ဂတစ်များ
“ခဏ... ခဏလေး... ရဲကြီး။ မင်းအေးအေးဆေးဆေး
စဉ်းစားကွာ....၊ မင်းပြောတာကို ငါရိမ်မိတယ်။ အဲဒီ စိုးရိမ်မှုက ငါတို့
စိုးရိမ်ရမှာကွာ၊ ငါဆို မိုးမိုးဆီကို တစ်လမှ တစ်ခါ နှစ်ခါလောက်ပဲ
လာနိုင်တာ... မင်းက ကြည်ပြာဆီ နေ့တိုင်းရောက်နေတာပဲ ပြီးတော့
စနိုဖီကလည်း မင်းနဲ့ကြည်ပြာ ချစ်သူတွေဆိုတာ သိပြီးပြီပဲ”

“ကဲ... ရဲဝင်း... ငါပြောမယ်၊ နင့်စိတ်ထမ


ှဲာ ကိုဇော်က စစချင်း
ကြည်ပြာ့ကို လိုက်တယ်ဆိုတဲ့ အချက်ကြီးက စွဲနေတာ မဟုတ်လား၊
အဲဒါကို နင်မေ့ထားလိုက်တော့... ပထမ ဟုတ်ချင်ရင် ဟုတ်မယ်၊ ဒါပေမယ့်
ကြည်ပြာ့မှာက နင်ရှိပြီးသာ ဆိုတော့၊ သူလမ်းကြောင်း ပြောင်းသွားတယ်။
ဒီအကောင်အခု ကြိုးစားနေတာ မြမိုလ်... မြမိုလ်ပဲ အဲဒါကို ငါတို့အားလုံး
သိတယ်။ နင့်ဘာသာ နင်တွေး... ပြီးတော့ ရဲဝင်း၊ အဲဒီ နင့်စကားသာ
ကြည်ပြာ ကြားသွားလို့ကတော့လား။ ပွဲကြီးပွဲကောင်း ဖြစ်သွားမှာ...။
နင်လည်းယောက်ျားလေးပဲဟာ... ရည်းစားရှိပြီးသား မိန်ကလေး
တစ်ယောက်ကို ဘယ်သူက စိတ်ဝင်စားမှာတဲ့လဲ....”

ကျွန်တော်တို့ စကားဝိုင်းသည် အရှိန်တက်နေရာမှ ရုတ်တရက်


ပြောင်းလဲကာ ရယ်စရာကြီး ဖြစ်သွားခဲ့သည်။ ကျွန်တော်သည် စိုးရိမ်
အပူအပန်ကြီးသူ သဝန်တိုတက်သူ၊ စနိုဖီ၏ ပြည့်စုံချောမွေ့မှုကို
မကျေနပ်သူ ဘာမှမဖြစ်နိုင်သည့် ကိစ္စကိုပြဿနာရှာသူ တစ်ယောက်
ဖြစ်သွားခဲ့သည်။ ကျွန်တော်တို့ သူငယ်ချင်းများနှင့်အတူ ထိုင်သည့်အခါ
အမှတ်မထင်ပဲ စနိုဖီနှင့် ကြည်ပြာစကားပြောနေကြရင်း မျက်ဝန်းချင်း
ဆုံကြသည့်အခါ... ကြည်ပြာ့မျက်ဝန်း၏ ပြောင်းလဲမှု၊ ခုံပေါ်တွင်
ချထားသော ကြည်ပြာ့ လက်ကို ကျွန်တော်ကောက်ကိုင်လိုက်သည့်

typing - ကောင်းဆိုး Page 246


နီကိုရဲ မကြည်ပြာနှင့် ချစ်ခြင်း၏ဒုတိယနဂ္ဂတစ်များ
ရုတ်တရက်တွင် စနိုဖီလှမ်းကြည့်သောအကြည့်နှင့် ကြည်ပြာ၏ ငြိုးရိပ်သင့်
မျက်ဝန်း ကျွန်တော်တို့ အုပ်စုကို စတင်ဝင်ရောက်လာခဲ့သည့် စနိုဖီ၏
ရဲတင်းမှု ထဘီပေါက်သည့် ပြဿနာကိုဘာမှ မဖြစ်သလို ဟန်ဆောင်
ထားသော ကြည်ပြာ့ ခံစားမှု ယခင်က တစ်ပတ်သုံးရက်သာ ကျောင်းလာ
သော်လည်း ယခု တစ်ပတ်လုံး ကျောင်းတက်သည့် ကြည်ပြာ။
သို့သော် ကျွန်တော် ဘာကောက်ချက်ကိုမှ ထပ်၍ဆွဲချပြမရတော့။
ကျွန်တော် ပြောပြမည့် အချက်အလက်တွေအားလုံးက ခံစားမှုတွေ
ချည်းဖြစ်နေသဖြင့် နားလည်ရခက်သည်။ သူငယ်ချင်းများက စနိုဖီသည်
အဆင့်အတန်းတော်တော်ရှိသော ယဉ်ကျေးသိမ်မွေ့သည် ယောက်ျားလေး
တစ်ယောက်ဟု လုံးဝယုံကြည် လက်ခံထားခြင်းနှင့် ကျွန်တော်က စနိုဖီကို
ချောမောလှပ ယောက်ျားပီသသည့်အတွက်၊ ငွေကြေးချမ်းသာကြွယ်ဝသည့်
အတွက် ကျွန်တော်ဘာမှ ပြော၍မရတော့။ သို့သော် ကျွန်တော်
နောက်ဆုံးစကားကိုတော့ ပြောဖြစ်အောင် ပြောခဲ့သေးသည်။

“လွင်မာ... နင်အခု ငါပြောတဲ့စကားတွေကို မယုံချင်လည်း


မယုံနဲ့ပေါ့ဟာ... ဒါပေမယ့် မေ့မပစ်ပါနဲ့။ နင်က ကြည်ပြာကို ဟိုအရင်
ကတည်းက သိထာပြီးသားဘဲ၊ ကြည်ပြာဟာ နင် အရင်တုန်းက သိထားတဲ့
ကြည်ပြာနဲ့အခုမတူတော့ဘူးဆိုရင်... ငါပြောတာကို သတိရပြီး ကြည်ပြာကို
လေးလေးနက်နက် သတိထားပေးပါ”

လွင်ဦးနှင့် လွင်မာတို့က ကျွန်တော့်ကို စိတ်မပူရန်နှင့်


အစိုးရိမ်မကြီးရန် မှာကြသည်။ သူတို့ သတိထားပေးကြမည်ဟုလည်း
ကတိပေးကြသည်။ သို့သော် ကျွန်တော် ထင်သလို လုံးဝမဟုတ်ဟုလည်း
အခိုင်အမာ ဆိုကြပြန်၏။

typing - ကောင်းဆိုး Page 247


နီကိုရဲ မကြည်ပြာနှင့် ချစ်ခြင်း၏ဒုတိယနဂ္ဂတစ်များ
“ရဲဝင်းရာ... ငါက ရုပ်ကလေးကြည့်ကောင်းရုံ၊ ငွေကြေး ချမ်းသာရုံနဲ့
ယောက်ျားတစ်ယောက်ကို ဘယ်တုန်းကမှ အထင်မကြီးခဲ့တာ အမှန်ပါပဲ၊
ငါ စနိုဖီကိုလည်း အထင်မကြီးဘူဆိုတာ နင့်ယုံစမ်းပါ၊ အေး နင်
ပြောသလောက်ကြီး ဒီကောင် အဆင့်မနိမ့်ဘူး ဆိုတာကိုလည်း နင့်ယုံထား”
လွင်မာ့စကားဖြင့် ကျွန်တော့်စိတ်ထဲမှာ တဝီဝီလည်နေသော စကားလုံး
များကို ယာယီရပ်ဆိုင်းထားလိုက်ကာ ကျေနပ်လိုက်ရသည်။ ကျွန်တော်တို့
ပိုက်ဆံရှင်းကာ ဝိုင်းမှ ထလာခဲ့ကြ၏။ ဒီအချိန်ဆိုလျှင် ကြည်ပြာတို့
သိပ္ပံကဲင်းတင်းထဲတွင် ရှိနေနိုင်သည်။

ကျွန်တော်တို့ အတွေးကိုယ်စီဖြင့် စကားမပြောဘဲ လျှောက်လာ


ခဲ့သည်။ သိပ္ပံကဲင်တင်းကို လှမ်းမြင်နိုင်လောက်သည့် နေရာသို့
ရောက်သောအခါ ကြည်ပြာတို့ ထိုင်နေကျ နေရာများကို ကျွန်တော်
လျှောက်ရှာလိုက်သည်။ ကြည်ပြာတို့ အုပ်စုကို ကျွန်တော် တွေ့ပါသည်။
စနိုဖီ ပြောသမျှကို ကြည်ပြာတို့က တဝါးဝါး တဟားဟားဖြင့်
ရယ်မောနေကြ၏။ ကြည်ပြာ၏ မျက်လုံးများမှာ အဝေးက လှမ်းကြည့်ရုံ
နှင့်ပင် အရောင်လဲ့တောက်ပနေသည်ဟု ကျွန်တော်ထင်သည်။ ကျွန်တော့်
ရင်ထဲတွင် ကျင်ကနဲ တစ်ချက်မျက်သွား၏။ သို့သော် စနိုဖီနှင့်
ကြည်ပြာသည် ဘေးချင်းကပ်လျှက် မဟုတ်ပါ။ ကြားတွင် မိုးမိုးတစ်ယောက်
ခြားနေသေးသည်။ လွင်ဦးကို လှည့်ကြည့်တော့... စနိုဖီနှင့် မိုးမိုး
ဘေးချင်းကပ်လျက်ကို မြင်သည့်အတွက်ဘာမှ ဖြစ်ပုံမပေါ်။ ကျွန်တော်
ဝိုင်းသို့ ပြန်ကြည့်လိုက်သည်။ ... ကြည်ပြာက စနိုဖီ မျက်နှာကို ငေးနေကာ
စကားကို ရွှင်မြူးစွာ နားထောင်ကာနေ၏။ ကျွန်တော်တို့ကို လုံးဝမြင်ပုံမရ။

typing - ကောင်းဆိုး Page 248


နီကိုရဲ မကြည်ပြာနှင့် ချစ်ခြင်း၏ဒုတိယနဂ္ဂတစ်များ
“လွင်မာ....။ ကြည်ပြာ့ကို တွေ့တယ်မဟုတ်လား! ပျော်နေတာ၊
ငါရောက်သွားရင် အဲဒီ မျက်နှာ လုံးဝပြောင်းသွာလိမ့်မယ်၊ မယုံရင် ကြည်”့

“ဟဲ့... နင့်ရှေ့မှာဆိုရင်တော့ သူလည်း ထိန်းမှာပေါ့၊ နင်ဟာလေ၊


ရဲဝင်း... ကျွတ်!”

ဝိုင်းနားသို့ ရောက်သွားခဲ့ကြသဖြင့်... လွင်မာ့ကို ဘာစကားမှ


ပြန်ပြော၍ မရတော့၊ ကျွန်တော်... ကြည်ပြာ့နံဘေးသို့ ခပ်သက
ွ်သက
ွ်
ဝင်ထိုင်လိုက်သည်။ ကြည်ပြာက ကျွန်တော်တို့ကို လှည့်ကြည့်ကာ
ချက်ချင်း မျက်နှာပုံစံ ပြောင်းကာသွား၏။ စနိုဖီ ခွေးရုပ်က စီးကရက်
တစ်လိပ်ကို ထုတ်ကာ ကောက်ညှိသည်။

“မလွင်မာ... ကိုဇော်က အမွှားပူး ညီအစ်မနှစ်ယောက်ကို


အမွှာပူးမှန်းမသိဘဲ သွားရှိတ်တဲ့အကြောင်း ပြောပြနေတာ၊ တအား
ရယ်ရတာပဲ၊ တကယ်”

“ဖြစ်ရမယ်... ဖြစ်ရမယ်... ကြည်ရော ကြည်ခ့သ


ဲ လား!”

“မလွင်မာရယ်... ဘယ်ကြည်ပါ့မလဲ! အရှက်ကို ကွလ


ဲိုက်တာမှ၊
သောက်သောက်လဲပဲ ကံကောင်းလို့ နှစ်ယောက်စလုံးက ပါးကို တီးမလွှတ်
လိုက်တာ...”

ရယ်စရာမဟုတ်ပါဘဲ မြမိုလ်နှင့် ယုယုတို့က အသံအကျယ်ဆုံး


ဖြစ်အောင် တမင်လုပ်ရယ်ကြ၏။ ကျွန်တော်တို့ သူငယ်ချင်းအပြင်
မြမိုလ်နှင့်သိသော ကြည်ပြာတို့အတန်းထဲမှ ကျော့ဒေဝီဆိုသည့်
ကောင်မလေးနှင့် သူ့ သူငယ်ချင်းတစ်ဦးလည်း ပါသည်။ ကြည်ပြာက
နောက်ဆုံးရယ်သံတွင် လိုက်မရယ်ဘဲ ရှေ့မှသောက်ပြီးကာစ ပုလင်း

typing - ကောင်းဆိုး Page 249


နီကိုရဲ မကြည်ပြာနှင့် ချစ်ခြင်း၏ဒုတိယနဂ္ဂတစ်များ
တစ်လုံးထဲမှ အအေးပိုက်ကိုဆွဲယူကာ ခါးလည်မှ ချိုးပြီး ပန်းပွင့်ပုံ
ခေါင်းငုံ့ကာ ချိုးနေခဲ့သည်။ ကျွန်တော် လွင်မာ့ကို လှမ်းကြည့်လိုက်၏။
လွင်မာက ကျွန်တော့်ကို မကြည့်ပါ။ ကျွန်တော်တို့ ရောက်ကတည်းက
ဘာစကားမှ ဆက်မပြောတော့ဘဲ တိတ်ဆိတ်သွားသော စကားဝိုင်းကို
ကျွန်တော် မကျေနပ်၊ ကျွန်တော် စိတ်ကိုလျှော့ချလိုက်သည်။ စနိုဖီက
မာဘိုရိုစီးကရက် တစ်လိပ်ကို ထုတ်ကာပေး၏။ ကျွန်တော် လှမ်းယူရင်

“အေး... ဗျာ... လူ့ဘဝဆိုတာ.. အဲဒီလို လွဲချော်မှုတွေနဲ့


ဖွဲ့စည်းထားတဲ့ ဖြစ်စဉ်တစ်ခုထင်ပါရဲ့၊ တရာတော်အတိုင်း ဆိုရင်တော့
လူ့ဘဝဆိုတာရဲ့ အဓိပ္ပါယ်ကိုက အမှားတဲ့...။ လူ့ဘဝကို ရောက်လာတဲ့
တာဝန်ကိုက အဲဒီလူ့ဘဝရဲ့ အဓိပ္ပါယ် စစ်စစ်အမှားတွေကို အမှားမှန်
စစ်စစ်မှန်မှန်ကို သိအောင်ရှုမြင်ပြီး ပကတိ စစ်မှန်ရာ အမှန်နိဗ္ဗာန်ကို
ရောက်ဖို့ကြိုးစားခြင်း ဆိုတာကို... စနိုဖီ... အဲ... ကိုတင်အောင်ဇော်ထိုက်
ဘဝမှာတော့ မသိဘူး... ကျွန်တော့်ဘဝမှာတော့ မှားတဲ့ဘဝထဲမှာထပ်ရတဲ့
လွဲမှားမှုတွေက အများကြီးတွေပဲဗျာ။ ခင်ဗျာပြောတာကို ကြုံလို့
ကြည်ပြာနှင့် ကျွန်တော်အဖြစ်ကို ပြောပြရဦးမယ်... အဲဒီတုန်းက
ကျွန်တော်နဲ့ ကြည်ပြာက... ချစ်သူဖြစ်ကာစ... ဗိုလ်တထောင်တက္ကသိုလ်
မှာပေါ့ဗျာ...”

ကျွန်တော် တင်အောင်ဇော်ထိုက်ပေးသည့် မာဘိုရိုစီးကရက်ကို


မီးညှိဖွှာရှိုက်ကာ စကားကိုဆက်သည်။ ကျွန်တော်နှင့် ကြည်ပြာ
စိတ်ကောက်စိတ်ဆိုးကာ ၃၈-ကားပေါ်သို့အတက် လူပြည့်နေသော်လည်း
ကလေးတစ်ယောက် ပါနေသဖြင့် ကျွန်တော့်ပေါင်ပေါ်သို့ မိန်းမတစ်ဦး
ဝင်ထိုင်ပုံ၊ ကျွန်တော် ကြည်ပြာ့ကို မမြင်ရတော့ဘဲ ကွယ်သွားပုံ...

typing - ကောင်းဆိုး Page 250


နီကိုရဲ မကြည်ပြာနှင့် ချစ်ခြင်း၏ဒုတိယနဂ္ဂတစ်များ
“အဲဒီ မိန်းမကြီးရဲ့ လက်မောင်းသားကြီးက ဘတ်လပ်ကြီး
တွဲကျနေတာ ပြီးတော့ အေးစက်စက်ကြီး ခေါင်းပေါ်က သံတိုင်ကို
လှမ်းကိုင်လိုက်တော့ ကျွန်တော့်ကို နောက်ကျောက သံတန်းနှင့်
ဖိညှပ်ထားလိုက်သလိုပဲ... ကြည်ပြာ့ကိုလည်း မမြင်ရတော့ဘူး၊
အသက်လည်းရှုလို့ မရတော့ဘူးပေါ့...”

ထိုဇာတ်လမ်းကို အခုမှ စတင်ကြားဖူးကြသော.. မြမိုလ်၊ ယုယုနှင့်


သူတို့သူငယ်ချင်းနှစ်ယောက်က တဟားဟား ရယ်ကြသည်။ သိပြီးသား
လွင်မာနှင့် ယဉ်ယဉ်သိန်းတို့ပင် ကျွန်တော့် ခံစားချက်ကို အခုမှ သိရသဖြင့်
မနေနိုင်ကြတော့ဘဲ တဟားဟားရယ်ကြသည်။

စနိုဖီခွေးရုပ်ကတော့ လုံးဝမရယ်... ကျွန်တော့်ကိုသာ မမှိတ်မသုန်


စိုက်ကာကြည့်နေခဲ့၏။ ကြည်ပြာက မျက်နှာပျက်ကာ စားပွဲပေါ်တွင်
တင်ထားသော သူညာဘက်လက်ကို အောက်သို့ချကာ ကျွန်တော့်ပေါင်ကို
ဆိတ်သည်။ တော်တော့... ဆက်မပြောနဲ့တော့ ဆိုသည့် သဘော။
ကျွန်တော်က ဘယ်လက်ဖြင့်ပေါင်ကို ဆိတ်နေသော ကြည်ပြာ့လက်ကို
ငုံ့မကြည်ဘဲ ဆုပ်ကိုင်ထားလိုက်ရင်းက စကားကို ဆက်ရသည်။

“အဲဒီမှာ ကြည်ပြာကလည်း ကျွန်တ်ာအဖြစ်ကို ကြည့်ပြီး


မနေနိုင်တော့ဘူးလေ... စိတ်ဆိုးနေတာတွေ ဘာတွေမေ့ပြီး အဲဒီမိန်းမနဲ့
စကားများကြတော့တာပဲ...”

ကျွန်တော့်ခုံအောက်တွင် ဆုပ်ကိုင်ထားသော ကြည်ပြာလက်ကို


ဆွဲမယူကာ ခုံပေါ်တွင် တံတောင်ဆစ်ထောက်ကာ မြှောက်ကိုင်ထားရင်း
ဇာတ်လမ်းကို ဆက်ပြောရသည်။ ကျွန်တော်တို့ ဒေဝူးကားပေါ် ရောက်သွား
ကြပုံ၊ ကားဘရိတ်အုပ်သည့်အခါ ကြည်ပြာ့ကို ကန်မိပုံ၊ ကြည်ပြာ

typing - ကောင်းဆိုး Page 251


နီကိုရဲ မကြည်ပြာနှင့် ချစ်ခြင်း၏ဒုတိယနဂ္ဂတစ်များ
လဲကျသွားပုံ...။ ရယ်သံတွေ ထိန်းမရကြတော့။ စနိုဖီခွေးရုပ်ပင်
တဟားဟား အော်ရယ်နေသည်။ မြမိုလ်က မျက်နှာကို လက်ဝါးနှင့်အုပ်ကာ
အာရပါးရရယ်သည်။ ကျော့ဒေဝီက ဘယ်ဘက်လက်ဖြင့် ဗိုက်ကိုအုပ်ကာ
တခွီးခွီးရယ်သည်။ သူ့ သူငယ်ချင်းက စားပွဲခုံကို ရိုက်ကာ ရယ်ကြ၏။ မိုးမိုး၊
ယဉ်ယဉ်သိန်း၊ လွင်မာနှင့် လွင်ဦးတို့လည်း ရယ်ကြသည်။ ကျွန်တော်
ကျေနပ်သွားခဲ့သည်။ စနိုဖီခွေးရုပ်ပြောစဉ်က ရယ်လိုက်ကြသော ရယ်သံ
များသည် အခုလိုအတွေးနှင့် နှလုံးသား ထိခပ်မိရာမှာ လွတ်ထွက်
လာသော ဖြူစင်ရိုးသားသည့် ရယ်သံများမဟုတ်ကြ ကျွန်တော်ကိုယ်တိုင်
အကြိမ်ကြိမ်မုန်းတီး ကြောက်လန့်ခဲ့ဘူးသော ရယ်သံများကို ဒီတစ်ကြိမ်
လောက် တစ်ခါမှမချစ်ခဲ့ဘူးပါ။ လက်ကလေးကို ဆုပ်ကိုင်ရင်း
လှမ်းငေးလိုက်တော့ ကြည်ပြာ၏ မာထန်နေသော မျက်နှာကိုတွေ့ရသည်။
ကျွန်တော်က ကြည်ပြာ့ကို ပြုံးကာပြလိုက်ရသည်။

“အဲဒီလိုဗျာ... ကျွန်တော်တို့ နှစ်ယောက်ရဲ့ ချစ်ခြင်းတွေက


ရယ်သံတွေ၊ ဒေါသတွေ အမှတ်တမဲ့တွေ... မတော်မတဲ့ ဖြစ်ရပါတွေနဲ့
ဖွဲ့စည်းထားခဲ့ကြတာ... တစ်ယောက်နဲ့ တစ်ယောက် နားလည်ပေးရ
တာတွေ ခွင့်လွှတ်လိုက်ရတာတွေနဲ့ ချည်နှောင်ထားခဲ့ကြတာ... တကယ့်
ဖြတ်သန်းမှု စစ်စစ်ကြီးပါပဲဗျာ...”

“အမလေး... တော်ပါ့တော့ ကိုရဲဝင်းရယ်... ကြာရင်... မြမိုလ်တို့


သေလိမ့်မယ်... အား... ဟားဟား... ကွင်းကြီးတဲ့ အဲဒီကွင်းကြီးက
ဟားဟား...”

မြမိုလ်ကို လက်ကိုင်ကွင်းကို ကိုင်ဟန် လက်သီးကလေးဆုပ်ပြကာ


တဟားဟားရယ်ရင်း စနိုဖီ၏ လက်မောင်းကို ရိုက်၏။ ကျွန်တော်

typing - ကောင်းဆိုး Page 252


နီကိုရဲ မကြည်ပြာနှင့် ချစ်ခြင်း၏ဒုတိယနဂ္ဂတစ်များ
ပျော်ကာသွား၏။ ကျွန်တော် ဘာလုပ်လိုက်သည်ဆိုတာကို သိနေဟန်
တူသော လွင်ဦးကတော့ ကျွန်တော့်ကို ပြုံးကာကြည့်နေသည်။
ကျော့ဒေဝီက မျက်ရည်ကို ရယ်ကာမောကာသုတ်သည်။

“အဲဒီလိုဖြစ်ရပ်တွေ အများကြီးပဲလေ၊ ကျွန်တော်မှတ်မိသလောက်


ဆိုရင် နောက်လေးငါးခုလောက် ရှိဦးမယ်နဲ့တူတယ်...”

“လဲသေလိုက် ရဲဝင်း... ဘာမှရှိစရာမလိုဘူး... တော်ပြီ၊ တော်တော့


နင်ဟာလေ သိလား!”

ကြည်ပြာက ကျွန်တော်ဆုပ်ကိုင်ထားသော လက်ထမ


ှဲ သူ့
လက်ကလေးကိုအားနှင့် ဆောင့်ကာ ရုန်းလိုက်သဖြင့် လွတ်ထက
ွ်
သွားခဲ့သည်။ ကြည်ပြာ့မျက်နှာ မာထန်ကာ တဘက်သို့လှည့်၏။

“အေးပါဟ... ငါကလည်း အခုမပြောပါဘူး... ဟိုလေ..”

“တော်ပါတော့ကိုရဲဝင်းရယ်... ကျော့တို့ သေလိမ့်မယ်၊ ကျန်သေး


ရင်လည်း နောက်နေ့မှဆက်ပြော… ကျော့တို့က အရယ်သန်တာနဲ့တော့
တကယ့်ကို ပြဿနာပဲ”

စကားဝိုင်းက ခဏတိတ်ဆိတ်ကာသွား၏။ ကြည်ပြာက ဒေါသဖြစ်


နေသော မျက်နှာပေါ်တွင် ထပ်ဆင့်၍ နှုတ်ခမ်းကို ကိုက်လိုက်သေး၏။
ထို့နောက် တဖက်သို့လှည့်ကာ ပွစိ... ပွစိလုပ်ကာနေပြန်သည်။ လွင်မာက
ကြည်ပြာ့ကိုကြည့်ရင်း ပြုံးကာ...

“ကြည်ပြာကလည်း ဟယ်... ဒါပြောတာ ဘာဖြစ်သလဲ!


ဗိုလ်တထောင် ကျောင်းတုန်းကလည်း တစ်ကျောင်းလုံးအသိပဲဥစ္စာ”

typing - ကောင်းဆိုး Page 253


နီကိုရဲ မကြည်ပြာနှင့် ချစ်ခြင်း၏ဒုတိယနဂ္ဂတစ်များ
“မပြောနဲ့ မပြောပါဘူး... အခုဟာက ဟုတ်တယ်၊ ရဲဝင်း နင်က
ပြန်ပြောပြီး ပျော်နေတယ်ပေါ့ဟုတ်လား! လဲသေလိုက် သိလား!”

“ဟ... ငါက ပျော်လို့ပြောပြာတာမဟုတ်ပါဘူး၊ ငါတို့ဖြတ်သန်းခဲ့တဲ့


အဖြစ်မှန်စစ်စစ်ကို အမှတ်တရပြောတာပါဟာ... နင်ကလည်း ရှက်မနေပါ
နဲ့... နော်... ကြည်ပြာ...”

ကြည်ပြာက စိတ်ကောက်မပြေသဖြင့် တစ်ဝိုင်းလုံး(စနိုဖီမှလွဲ၍)


ဝိုင်းချော့ကြရ၏။ နောက်တော့ ကြည်ပြာသည် ကျွန်တော့်ကို ခုံအောက်မှ
ဘယ်သူမှ မမြင်အောင် လှမ်းခိုဆိတ်ကာ ရယ်မောမော ပြန်ဖြစ်ကာလာ၏။
ကြည်ပြာက အတော်ပြင်းပြင်းထန်ထန် ဆိတ်လိုက်သော်လည်း ကျွန်တော်
မနာပါ။ ကျွန်တော် ရင်ထဲမှာ ကျေနပ်သွားတာ တစ်ခုရှိနေသောကြောင့်
ဖြစ်သည်။

“ဟာ... ငါ မေ့နေလိုက်တာကြည်ပြာ... ဒီနေ့ မြေပဒေသာကျွန်းမှာ


သစ်သီးဝလံပြိုင်ပွဲ စဖွင့်တယ်ဟ၊ အဲဒါငါတို့ ရုက္ခပန်းမျိုးတွေနဲ့ သီနှံ
မျိုးစေ့တွေ ပြတယ်... ငါတို့ကို ဆရာမခေါ်ထားတာ.. သွားမလား!”

“သစ်သီးဝလံပြပွဲ!!”

“အေး... နင်ကြည့်ဖူးမှာမဟုတ်ဘူး၊ သစ်သီးတွေရော... သစ်ပင်


တွေရော ပန်းပွင့်တွေရော... ဘွန်ဇိုင်းလည်းပါတယ်ဟ ဘွန်ဇိုင်းဆိုတာက
သစ်ပင်ကြီးတွေကို သေးသေးလေးလုပ်ထားတာ ဥပမာ ညောင်ပင်ကို
တစ်တောင်လောက်ကလေးတွေ ဖြစ်အောင် စိုက်ထားတာဟာ”

ကျန်သူငယ်ချင်းများက စိတ်ဝင်စားသည်။ မြမိုလ်ကလည်း


သွားမယ်ဟု... တက်ကြွစွာဆို၏။ စနိုဖီခွေးရုပ်ကလည်း သွားချင်လျှင်

typing - ကောင်းဆိုး Page 254


နီကိုရဲ မကြည်ပြာနှင့် ချစ်ခြင်း၏ဒုတိယနဂ္ဂတစ်များ
သူ့ကားပါသည်။ သူ့က super sloon ကို နောက်ဖုံးဖွင့်လိုက်လျှင်
ကျွန်တော်တို့အုပ်စု ဆန့်နိုင်သည်ဟု အာပေးသဖြင့် ကြည်ပြာက
သဘောတူသွားသည်။ ထိုင်ခုံမှ ပိုက်ဆံရှင်းပြီး ပျော်ရွှင်စွာ ထတွက်ကြ
တော့၊ ကျွန်တော်ကြည်ပြာလက်ကလေးကို ကျွမ်းကျင်စွာ လှမ်းဆုပ်ကိုင်
လိုက်၏။ ကြည်ပြာက မျက်စောင်းကို ဒိုင်းကနဲထိုးကာ “အဲဒါပဲ” ဟု
တိုးတိုးအော်သည်။ လွင်ဦးက ကျွန်တော်ပခုံးကို လှမ်းပုတ်ကာ ပြုံးရယ်ပြီး
ခေါင်းကို ညိတ်ကာပြ၏။ ကျွန်တော့်ရင်ထတ
ွဲင် နှလုံးသားသည်
အော်သံတစ်ခုခုကို အသံရှည်ကြီး အော်နေသည်ဟု ထင်ရသည်။
ထိုအော်သံသည်... နှလုံးခုန်သံသာ ဖြစ်လေသည်။ ကျွန်တော်တို့အုပ်စု
ကန်တော်ကြီးစောင်းရှိ မြေပဒေသာဥယျာဉ်ထက
ဲို ရောက်သွားတော့
ကျွန်တော်၏ ရယ်မောစရာများကြောင့်လား မြေပဒေသာဥယျာဉ်တွင်
ပြသနေသော သစ်သီးဝလံပြပွဲ၏ စည်းကားမှုတို့ကြောင့်လားမသိ၊
ကျွန်တော်တို့အုပ်စုတစ်ခုလုံး အတောင်ပံရထားသည့် လိပ်ပြာကလေး
တွေလို ပျော်ရွှင်နေကြလေသည်။ သစ်ပင်များ... သစ်သီးများ...
သစ်ခွပန်းများကို ကြည့်ရင်းဖြင့် ကျွန်တော်တို့ သင့်တော်သလို တွဲသွားခဲ့ရာ
မြမိုလ်က စနိုဖီခွေးရုပ် နံဘေးမှာ ရောက်ကာနေ၏။ ကျွန်တော်
လှမ်းကြည့်ပြီး သဘောကျသွားခဲ့သည်။ ကျွန်တော်က နံဘေးတွင်
သစ်ခွပန်းများကို စိတ်ဝင်တစားကြည့်နေသောအကြောင်း ကျက်ထား၊
ဖတ်ထားသမျှ ရှင်းကာ ပြရသည်။

“ဟယ်... သခွာသီးကြီးကို ကြည့်စမ်း... သခွာသီး”

ကြည်ပြာက ကျောက်ဖရုံသီး ခပ်ကြီးကြီးနီးပါးခန့်ရှိသော


သခွာကြီးကိုတွေ့တော့ ဝမ်းသာအားရဖြစ်ကာ အော်သည်။ ထိုသခွာသီး

typing - ကောင်းဆိုး Page 255


နီကိုရဲ မကြည်ပြာနှင့် ချစ်ခြင်း၏ဒုတိယနဂ္ဂတစ်များ
နားသို့ပြေးသွားကာ ထိုသခွားသီးကြီးကို ကိုင်ကာကြည့်၏။ ကျွန်တော်
ထိုသို့ကြီးထွားလာအောင် သခွားသီးကို ဘယ်လိုနည်းစနစ်ဖြင့် စိုက်ကြောင်း
တတွက်တွက် ရှင်းပြသော်လည်း ကြည်ပြာက စိတ်မဝင်စား...။ သခွာသီးကို
ပွတ်သပ်ကိုင်ကြည့်ရင်း စိတ်မထိန်းနိုင်ဘဲ လက်သည်းချွန်နှင့် သွားထိုး
သဖြင့် ပြခန်းစောင့်မမြင်အောင်ကြည်ပြာ့လက်ကို မြန်မြန်ဆက
ွဲာ လစ်ထက
ွ်
ခဲ့ရ၏။ ထို့နောက် ကျွန်တော်ကပင် ဦးဆောင်ကာ ကြည်ပြာတို့ကို
ဘွန်ဇိုင်းသစ်ပင်များ ပြသထားရာနေရာသို့ ခေါ်သွားရ၏။ ကြည်ပြာက
ညောင်ပင်ပုံစံ အပင်သေးကလေးကိုတွေ့တော့ စိတ်ဝင်စားကာ
တအံ့တသြကြည့်သည်။

“ဟယ်... တကယ့်ညောင်ပင်အတိုင်းပဲနော်၊ ညောင်မုတ်ဆိတ်


တွေရော...”

“ဒါ... တကယ့်ညောင်ပင်ပဲလေ... ဘွန်ဇိုင်းနည်းနဲ့ လုပ်ထားလို့


သေးသေးကလေး ဖြစ်နေတာ...”

ကြည်ပြာက ဘွန်းဇိုင်းပင်ကလေးကို ကြည့်နေရင်း အားမရတော့


သလို ကိုင်ကြည့်ပြန်သဖြင့် ကြည်ပြာ့ကို လှမ်းဆွဲချိန်မရသောကြောင့်
အခန်းစောင့်ဆရာမကို လှမ်းကြည့်ကာ တောင်းပန်ရသည်။ ဆရာမက
ကြည်ပြာ၏ အံ့သြမှုကို အသိအမှတ်ပြုကာ ကျွန်တော့်ကို ပြန်ပြုံးပြသဖြင့်
တော်ပါသေးသည်။ ထို့နောက်... ရှေ့ပြခန်းမှ ပန်းပင်များဆီသို့
ရောက်သွားကြသည်။ ပန်းပင်များ ပြခန်းသို့ရောက်သောအခါ ကြည်ပြာက
တအံ့တသြ ထအော်ပြန်၏။ ဒီတစ်ခါ ကြည်ပြာတွေ့သော အပင်မှာ
သိပ်တော့မထူးဆန်းလှ ခံပင်ကလေးများဖြစ်သည်။ ကိုင်းကူးကိုင်းဆက်
နည်းဖြင့် ကိုင်းကူးကာ စိုက်ထားသဖြင့် တစ်ထွာ လောက်သာရှိသော်လည်း

typing - ကောင်းဆိုး Page 256


နီကိုရဲ မကြည်ပြာနှင့် ချစ်ခြင်း၏ဒုတိယနဂ္ဂတစ်များ
အသီးတွေ ပြွတ်နေအောင် သီးနေသောကြောင့် ကြည်ပြာ အံ့သြကာ
နေခြင်းဖြစ်သည်။ ခံပင်ကလေးတွေမှာလည်း အစိမ်းနှင့် အနီဖျော့
ကလေးတွေ လုကာ အရောင်ချယ်ထားသောကြောင့် ကြည်ပြာ အတော်
သဘောကျနေသည်။

“အဲဒါ ခံပင်မဟုတ်လားဟင် !.... လှလိုက်တာဟယ်၊ သေးသေး


ကလေးနဲ့ သီးနေတာ”

“အဲဒါ... ကိုင်ကူး ကိုင်းဆက်နည်းနဲ့ မျိုးပွားထားတာလေ၊


အစေ့ကနေ စိုက်တာမဟုတ်ဘူးကြည်ပြာရဲ့။ အပင်ကကိုင်းကို ကူးယူတာ၊
အခုလို သေးသေးကလေးနဲ့ လှနေတော့ ဧည့်ခန်းတို့ ဘာတို့မှာ
ထားလို့ရတာပေါ့၊ ပြီးတော့ အဲဒီအပင်က အသီးက သီးနေတာ
သိပ်ထွားမှာမဟုတ်ဘူး”

“ဧည့်ခန်းမှာထားဖို့!...၊ ဒါဆိုရင် ငါဝယ်မယ်ဟာ... ဝယ်မယ်...


ဘယ်လောက်လဲ!”

ခံပင်ထည့်ထားသည့် အိုးသေေးသးကလေးကိုကြည့်တော့ 350Kဟု


ရေးထာတာတွေ့ရ၏။ အမှန်ဆိုလျှင် ခံပင်သေးတစ်ပင်၏ ဈေးသည်
သည်လောက်မရှိပါ။ သို့သော် ပြပွဲတွင် ရုက္ခဗေဒ အသင်းအတွက်
Famရှာသည့်သဘောနှင့် တမင်ဈေးတင်ထားခြင်းသာ ဖြစ်သည်။
ကြည်ပြာက သူ့လယ်သာ စလင်းဘက်(ခ)ကို ထောက်ခနဲဖွင့်ကာ
စာအုပ်များကို လှန်ရင်းရှာသော်လည်း ပိုက်ဆံက တစ်ရာကျော်ကျော်သာ
ရှိ၏။ ကြည်ပြာမျက်နှာငြိုးရော်ကာ သွားသည်။ ကျွန်တော့်မှာလည်း
ပိုက်ဆံက သုံးလေးဆယ်သာ ပါလာသဖြင့် ဘာမှလုပ်လို့မရ။ ကြည်ပြာ၏

typing - ကောင်းဆိုး Page 257


နီကိုရဲ မကြည်ပြာနှင့် ချစ်ခြင်း၏ဒုတိယနဂ္ဂတစ်များ
ငြိုးရော်သွားသော မျက်နှာကိုငေးကာ ကျွန်တော့်ရင်ထဲ ဝမ်းနည်းကာသွား
ရသည်။

“အခု ပိုက်ဆံမပါလည်း... ငါနောက်တော့ ကိုင်းကူးပြီး


ပန်းအိုးလေးထဲ ထည့်ပေးမှာပေါ့၊ နင်သဘောကျရင် ငါလုပ်ပေးပါ့မယ်နော်
ကြည်ပြာ”

“လဲသေလိုက်... ငါက အခုဝယ်သွားချင်တာ... တောက် 350တဲ့...


နင့်မှာ ပိုက်ဆံမပါဘူးလား!”

“ဟင့်အင်းဟ၊ ငါ့မှာလည်း...”

ကြည်ပြာက ကျွန်တော့် စကားမဆုံခင် ကျွန်တော့်နံဘေးမှ လှစ်ခနဲ


ထွက်ကာသွား၏။ ကျွန်တော် ငေးနေစဉ်မှာပင် ကြည်ပြာသည် စနိုဖီ
ခွေးရုပ်၏ အင်္ကျီလက်မောင်းကို သွားကာဆြွဲ ပီး ခေတ္တာစကားပြောသည်။
ကျွန်တော်အံ့သြနေစဉ်မှာပင် ကြည်ပြာက စနိုဖီခွေးရုပ်၏ လက်မောင်း
အင်္ကျီစကို ကိုင်လျက် ကျွန်တော့်အနား ပြန်လည်ရောက်ကာလာ၏။

“ဒီမှာ... ဟောဒီအပင်ကလေး... ဟောဒါကလေး... ခံပင်တဲ့၊


နောက်နေ့မှ ပြန်ယူပါနော်”

“ရတယ်... မကြည်ပြာ... ကိစ္စမရှိပါဘူး၊ ကျွန်တော့် လက်ဆောင်ပဲ


ထားပါတော့၊ တစ်ပင်ပဲ တော်ပြီလား!”

“ရတယ်... ဒါကလေးပဲ”

ကြည်ပြာသည် ကျွန်တော့်ကိုလည်း မကြည့်၊ စနိုဖီခွေးရုပ်ကိုလည်း


မကြည့်တော့ဘဲ တန်းကလေးအပေါ်တင်ထားသည့် ခံပင်ကလေးကို ပိုင်နိုင်
ဝမ်းသာစွာ ကောက်ပွေ့ယူလိုက်သည်။ စနိုဖီခွေးရုပ်က နောက်ကျောတွင်

typing - ကောင်းဆိုး Page 258


နီကိုရဲ မကြည်ပြာနှင့် ချစ်ခြင်း၏ဒုတိယနဂ္ဂတစ်များ
ထိုးထားသော လက်သာ ပိုက်ဆံအိတ်ကို ဆွထ
ဲုတ်ကာ အထဲမှ
ငါးရာတန်တစ်ရွက်ကို ရွှမ်းကနဲဆွဲထုတ်သည်။ ကျွန်တော် မျက်နှာ
လွှဲလိုက်၏။ ကြည်ပြာက ခံပင်ကလေးမှ ပြွတ်နေအောင်သီးနေသော
ခံသီးကလေး တစ်လုံးကို လက်ညိုးဖြင့် ထိုးကာ သဘောတကျပြုံးသည်။
ထို့နောက် ခံပင်ကလေးကို ရင်တွင် လက်တစ်ဘက်ဖြင့် ပိုက်ကာ
ပိုက်ဆံပြန်အမ်းနေသည်ကို လှမ်းယူနေသော စနိုဖီခွေးရုပ်၏ လက်မောင်း
အစွန်းမှ အင်္ကျီစကိုဆွဲကာ... ရှေ့မှာက ဘာတွေရောင်းသေးလည်း
မသိဘူး... ဟုပြောရင်း ထွက်သွားခဲ့သည်။ ကျွန်တော် ကြေကွန
ဲာကျင်
အံ့သြစွာကျန်ရစ်ခဲ့သည်။ ဒါဘာလုပ်သွားတာလဲ! ဒါ... ကြည်ပြာ
ဘာလုပ်သွားတာလဲ!ဟု ကျွန်တော်အတွေးထဲမှာ အကြီးအကျယ် အော်ဟစ်
နေခဲ့သည်။ မြမိုလ်ကလည်း မျက်နှာပျက်ကာ ကျွန်တော့်ကို
တစ်ချက်လှမ်းငေးလိုက်ရင်းက ချာကနဲလှည့်ကာ လိုက်သွား၏။ အနောက်မှ
ပန်းပင်ကြည့်သူများက ကျွန်တော်ကိုတွန်းသဖြင့် ကျွန်တော် ရွေ့လျားလာခဲ့
သော်လည်း ရင်ထဲမှာ ဒေါသ၊ အံ့သြမှု၊ နာကျင်မှုတို့က တစ်လှည့်စီ
ပေါက်ကွဲနေကြသည်။

ကျွန်တော့်ကို တစ်ချက်မှလှည့်မကြည့်ဘဲ စနိုဖီခွေးရုပ်၏


လက်မောင်းစွန်းအပိုင်းကို ဆွဲကာ ထွက်သွားသော ကြည်ပြာ။ ကျွန်တော်
ခေါင်းကို ခါရမ်းလိုက်သည်။ ငါဒီကို မင်းကိုခေါ်လာတာ မင်းတို့နှစ်ယောက်
ပျော်ရွှင်စွာ ဈေးဝယ်ထွက်ဖို့မဟုတ်ဘူး ကြည်ပြာ။ မင်းလိုချင်တဲ့ ခံပင်ကို
ငါဝယ်မပေးနိုင်မယ့် ဟား။ ရှေ့နားမှာ ကြည်ပြာတို့ကို ရပ်လျက်တစ်ခုခုကို
ကြည့်နေသည်ကို တွေ့လိုက်ရသဖြင့် ကျွန်တော့်အတွေးများ ပြတ်တောက်
ကုန်ကြသည်။ ကြည်ပြာ့ခန္ဓာကိုယ်ပေါ်မှ အရပ်အမောင်း ကောင်းလှသော
စနိုဖီခွေးရုပ်၏ ခန္ဓာကိုယ်က အုပ်မိုးနေ၏။ ကျွန်တော် ဒေါသ ဝုန်းကနဲ

typing - ကောင်းဆိုး Page 259


နီကိုရဲ မကြည်ပြာနှင့် ချစ်ခြင်း၏ဒုတိယနဂ္ဂတစ်များ
ထွက်သွားသည်။ ကျွန်တော် စနိုဖီခွေးရုပ်နှင့် ကြည်ပြာ့အကြားကို
တအားတိုးကာ ဝင်ပစ်လိုက်သော်လည်း မတိုးနိုင်သဖြင့် ဘေးသို့
လန်ထွက်ကာ နံဘေးမှ လမ်းအတိုင်းလျှောက်လာသူ တစ်ယောက်နှင့်
ဝင်တိုက်ပြီး လူနှစ်ယောက် ရှောင်လျှောက်နိုင်ယုံသာ လမ်းရှိပြီး
နံဘေးတွင် တန်းတွေနှင့် တင်ထားသော ပန်းအိုးတစ်လုံး ခွပ်ကနဲ
ကျကွဲသည်။ အခန်းစောင့် တစ်ယောက်က ပြေးလာသည်။ ရုတ်ရုတ်သဲသဲ
အသံကြောင့် ကြည်ပြာနှင့် စနိုဖီခွေးရုပ်တို့လှည့်အကြည့်တွင် အနည်းငယ်
ဟသွားသောကြားထဲသို့ ကျွန်တော်ပြေးကာ ဝင်လိုက်သည်။

“ပန်အိုး ကျကွဲသွားပြီ၊ ပန်းအိုး... အဲဒါ... ပန်းအိုး ဒီမှာ”

အခန်းစောင့် လူငယ်က ကျကွဲသွားသော ပန်းအိုးနှင့် ကျွန်တော်


နာမည်မသိသော ပန်းတစ်ပွင့်ကို ကောက်ယူလိုက်ချိန်တွင် ကျွန်တော်
စနိုဖီခွေးရုပ်နှင့် ကြည်ပြာကြားထဲသို့ ရောက်သွားပြီ ဖြစ်သည်။ ကြည်ပြာက
ကျွန်တော့်ကြောင့် ဆိုတာကို ဘယ်လိုသိသွားသည်မသိ။ ထိုစဉ်...
စနိုဖီခွေးရုပ်က ကျွန်တော့်ကို ကွယ်ကာ

“ဟေ့လူ… မအော်နဲ့... အဲဒါ... ကျုပ်လုပ်တာ... ကျွန်တော်


လျော်ပါ့မယ်။ အဲပန်အိုးကို ဝယ်မယ်ဗျာ...”

စနိုဖီခွေးရုပ်၏ စကားအဆုံးတွင် ကျွန်တော် တွန်းတိုးထွက်ဖို့


ကြံပါသေးသည်။ သို့သော် စနိုဖီခွေးရုပ်က ကျွန်တော့်ကို တံတောင်ဖြင့်
ဖိကွယ်ထားသည့်အပြင် ကြည်ပြာကလည်း အံကြိတ်ကာ ဂုဏ်ကို
ဆွဲထားသည့်အတွက် ကျွန်တော်ထွက်၍မရ။ စနိုဖီခွေးရုပ်က ပြခန်းစောင့်
လှမ်းပေးသော ပန်းပင်ကိုယူကာ “အဲဒီမှာ ပေါင်းရှင်းလိုက်မယ်” ဟုပြော၏။
ကျွန်တော့်တစ်ကိုယ်လုံး မွှန်ထူနေပြီဖြစ်သည်။ ကြည်ပြာရော... စနိုဖီခွေးရုပ်

typing - ကောင်းဆိုး Page 260


နီကိုရဲ မကြည်ပြာနှင့် ချစ်ခြင်း၏ဒုတိယနဂ္ဂတစ်များ
ရောက ကျွန်တော် ယောင်တိယောင်ကန်းဖြင့် ပန်းအိုးကို ဝင်တိုက်မိသည့်
အခါ ကျကွဲသွားသည့်အခါ မလျော်နိုင်သဖြင့် သူတို့နှစ်ယောက်ကြားထဲ
ကြောက်လန့်တကြား ပြေးဝင်လာသည်ဟု ထင်နေပုံရသည်။ ဒေါသနှစ်ခု
ပေါင်းကာ တစ်ကိုယ်လုံး တုန်ရီကာနေ၏။

“မဟုတ်ဘူး... လုံးဝမဟုတ်ဘူး... ဒီမှာ ကြည်ပြာ... ငါ ဒီထဲ


ပြေးဝင်လာတာ”

“ကိုရဲဝင်း... ဘာမှ မဟုတ်တာကိုဗျ... နေပါ... ကျွန်တော်


နားလည်ပါတယ်၊ ဘာမှ ပြဿနာမရှိဘူး ကိုရဲဝင်း”

“အေးလေ.... ရဲဝင်း... နင်ဟာလေသိလား! ခက်တာပဲ


လဲသေလိုက်... တိတ်တိတ်နေ...”

“ရဲဝင်း... တိတ်လိုက်တော့ နင်ဘာဖြစ်တယ်ဆိုတာ ငါသိတယ်


ထား... နေလိုက်ဟာ...”

ကျွန်တော် ကြည်ပြာနှင့် စနိုဖီခွေးရုပ်ကြားမှာ ကြောင်၍ရပ်နေသည်။


စနိုဖီခွေးရုပ်က ကျွန်တော့်ကို လက်ကာပြပြီး အပြုံးဖြင့် အားပေးသည်။
ဘာမှ ကိစ္စမရှိပါဘူး ဆိုသည့်သဘော...။

“ကဲ... ကြည်ပြာ... ဒါပဲလား... အဲဒီ အိုးကလေးပဲလား!”

“အင်း... ဟုတ်တယ်... ဘယ်ရောက်သွားလဲတောင် မသိဘူး


ဟုတ်တယ်၊ ဟော ဒီမှာ... ဒါ... ဒါ.... ဒီနှင်းဆီအိုလေး ဘယ်လောက်လဲ
ဟင်...!”

“ရှစ်ရာ...”

typing - ကောင်းဆိုး Page 261


နီကိုရဲ မကြည်ပြာနှင့် ချစ်ခြင်း၏ဒုတိယနဂ္ဂတစ်များ
ကျွန်တော် ကြောင်စီနေသော အတွေးများကို ဖြုတ်လိုက်ကာ
သူတို့ပြောနေကြသော ပန်းအိုးကို ကြည့်လိုက်သည်။ နှင်းဆီပန်းအိုး။
ပန်းကလေးက နှစ်ပွင့်။ သို့သော် အပင်က ငယ်ငယ်ကလေး။ ထို ပန်းပင်မှ
ကိုင်းကူးဆက်နည်းနှင့် ကူးထားသော အရောင်စပ်ထားသည့် နှင်းဆီပန်းပင်
ဖြစ်သည်။ ထိုပန်ပင်း၏ထူးခြားချက်မှာ... အပင်ငယ်ငယ်ကလေးနှင့်
ပန်းပွင့်နေခြင်း (ကိုင်းကူထားသဖြင့် သက်တမ်းကြီးသော်လည်း
အပင်ငယ်နေခြင်းဖြစ်သည်) ပန်းပွင့်အရောင်မှာ ကြက်သွေးလည်းမကျ၊
ပန်းနုရောင်လည်း မကျသော အစိမ်းနုပုတ်ရောင် ဖြစ်နေခြင်း
(ထို့အရောင်မှာ နှင်းဆီပွင့်လောကတွင် အလွန်တရာ ရှားပါသည်)
တို့ပင်ဖြစ်သည်။

“ကြည်ပြာ... မဝယ်နဲ့ ရှစ်ရာလုံးဝမတန်ဘူး၊ အဲဒါ


အရောင်မျိုးစပ်ထားပြီး ကိုင်းကူးထားလို့ ထူးခြားနေတာ... နင် လိုချင်ရင် ငါ”

ကျွန်တော် စကားမဆုံးမီ ကြည်ပြာက ပန်းအိုးကလေးကို


ကောက်ကိုင်လိုက်ပြီး... စနိုဖီခွေးရုပ်က ငါးရာတန်သုံးရွက် တရွှမ်းရွှမ်း
ဆွဲထုတ်လိုက်သည်။ ကျွန်တော်၏ ဒေါသသံစကားသည် ဘယ်လိုရောက်၍
ဘယ်ကိုပျောက်သွားမှန်းမသိ။ တစ်ခုခုပြောချရန် ကျွန်တော် ကြိုးစားခဲ့သေး
သော်လည်း စနိုဖီခွေးရုပ်က “ခုနက ကျကွဲတဲ့ ပန်းအိုးအတွက်ပါ
ယူလိုက်...” ဟုဆိုသဖြင့် ကျွန်တော့်ထံမှ ဘာသံမှ ထွက်၍မရတော့။
ကျွန်တော်တို့လူများကို တိုး၍ အပြင်သို့ ထွက်သွားသည့်အခါ
သူငယ်ချင်းများ အားလုံးကစုရုံး၍ လူစုံတက်စုံဖြင့် ကျွန်တော်တို့ကိုစောင့်၍
နေကြသည်။ ကျွန်တော့် တစ်ကိုယ်လုံး ချွေးစေးတွေ ရွှက
ဲာနေ၏။
ကြည်ပြာက ပန်းအိုးကလေးနှစ်လုံးကို ကိုင်ကာ ပျော်ရွှင်၍နေသည်။

typing - ကောင်းဆိုး Page 262


နီကိုရဲ မကြည်ပြာနှင့် ချစ်ခြင်း၏ဒုတိယနဂ္ဂတစ်များ
“ဟယ်... ကြည်ပြာ... လှလိုက်တာ... ဒါဘာပင်လေးလဲဟင်!
ဟယ်... ဒီ နှင်းဆီကလည်း အရောင်က ဆန်းလှချည်လား!”

မီယု၏အမေးကို ကြည်ပြာက အပြုံးနှင့်တုန့်ပြန်ကာ စနိုဖီခွေးရုပ်ကို


မော့ကာ ကျေးဇူးပဲနော်... နောက်နေ့မှ ကြည်ပြာ ပြန်ပေးပါ့မယ်”
ဟုပြောသည်။ စနိုဖီခွေးရုပ်က ပြုံးကာရယ်ကာဖြင့် ပြန်ပေးစရာမလိုကြောင်း
ဒါ... သူ ကြည်ပြာ့အတွက် ပေးသော လက်ဆောင်ဖြစ်ကြောင်းကို
ပြောသည်။ မြမိုလ်က မျက်နှာပျက်ပျက်နှင့် ကျွန်တော့်ကိုကြည့်နေစဉ်
ကြည်ပြာက နှင်းဆီပန်းအိုးကလေးကို ပိုက်ထားပြီး ခံပင်ထည့်ထားသော
ပန်းအိုးကလေးကို ကျွန်တော့်ထံ လှမ်းပေးလိုက်သည်။

“ဟယ်... အဲဒါဘာပင်လဲဆို... ကိုရဲဝင်း... အဲဒါ ဘာပင်လဲ အဲဒါ”

ကျွန်တော် ပန်းအိုးကို ဒေါသဖြင့် ပိုက်ထားရင်း ယုယုကို


လှည့်ကြည့်သည်။ ယုယုက ကျွန်တော်ကို ရုက္ခဗေဒမေဂျာ မှန်းသိနေသဖြင့်
ထပ်ကာ မေးပြန်၏။

“ကိုရဲဝင်း အဲဒါ ဘာ...”

“အဲဒါ ခံပင်... ခံပင်... ခံပင်လို့ ခေါ်တယ်”

ကျွန်တော် ဒေါသသံနှင့်အော်ပြောသော စကားကြောင့် ယုယု


လန့်သွားပုံပေါ်၏။ ယုယုကို မျက်နှာလွှဲရင်း ရင်ထမ
ှဲာ ပေါက်ကစ
ွဲာ
လျှောက်လာနေခဲ့သည်။ ကြည်ပြာက သူပိုက်ထားသော နှင်းဆီပန်း
အကြောင်းကို လွင်မာကို ရှင်းပြကာနေ၏။

typing - ကောင်းဆိုး Page 263


နီကိုရဲ မကြည်ပြာနှင့် ချစ်ခြင်း၏ဒုတိယနဂ္ဂတစ်များ
“ဒါက... ဘာလဲ! အပင်ကူး... မဟုတ်ပါဘူး... ရဲဝင်း ဘာအော်...
ကိုင်းဆက်... ကိုင်းဆက်နည်းနဲ့ ကူးထားတဲ့ မျိုးစပ်ထားတဲ့ နှင်းဆီဟ....
ဒီလို အရောင်မျိုးက ရှားတယ်... ရှစ်ရာတဲ့... ရှစ်ရာ”

ကြည်ပြာက ရှင်းပြရင်း နောက်မှကျန်ရစ်ခ့သ


ဲ ည်။ ကျွန်တော်
ဒေါသဖြင့် ပန်းအိုးကို ပိုက်ကာ ရှေ့ဆုံးမှ လျှောက်သွားခဲ့သည်။ ကျွန်တော့်
ရင်ထဲမကောင်း...။ ငါက လွယ်လွယ်ကလေးကိုတောင်မှ အငြင်းခံလိုက်
ရသူပါ ကြည်ပြာ။ ငါ... နင်တို့ ကြားကိုဝင်တာဟာ ပန်းအိုးကွက
ျဲလို့
မဟုတ်ဘူး။ ဒါပေမယ့်... ဆက်မစဉ်းစားချင်တော့....၊ စနိုဖီခွေးရုပ်
တရွှမ်းရွှမ်း ဆွဲထုတ်လိုက်သော ငါးရာတန်များကို တွေးမိတော့ ကျွန်တော်
တောက်ခေါက်မိသည်။ ကြည်ပြာသည် ဘယ်တုန်းကမှ ပန်းပင်များကို
စိတ်ဝင်စားသည်ဟု ကျွန်တော်မသိခဲ့။ ကြည်ပြာသည် ပန်းပင်များကို
အစကတည်းက စိတ်မဝင်စားသူလည်း ဖြစ်နိုင်ပါသည်။ အခုမှတွေ့သော
သူမမြင်းဘူးသည့် ပန်းပင်များကို တွေ့၍ စိတ်ဝင်စားသွားခြင်းလည်း
ဖြစ်နိုင်ပါသည်။ သို့သော် မည်သို့ပင်ဖြစ်စေ... ဒီကနေ့ ကျွန်တော့်
လျှို့ဝှက်ချက်နှင့် ကျွန်တော်လွဲမှားခဲ့ရသည်။ ထိုပန်းအိုးက ဘာကြောင့်
ကျကွဲသွားရသနည်း။ ကြည်ပြာကရော... ဘာကြောင့် ဒီခံပင်ကလေးကို
သဘောကျသွားရသနည်း... ကျွန်တော့် ရင်ထဲ ဝမ်းနည်းကာလာသည်။
ထိုစဉ် ကျွန်တော့်ပခုံးတွင် လှမ်းဆွဲလိုက်သဖြင့် လှည့်ကြည့်တော့
လွင်ဦးဖြစ်နေသည်။

“ဒီမှာပဲ.... ရပ်လေကွာ... မင်း... မင်းဘာဖြစ်တာလဲရြဲ ကီး... ဟာ...


မင်းလက်ထဲက ပန်အိုးကလေးကဘာလဲ! အသီးတွေကလည်း
ပြွတ်လို့ပါလား!”

typing - ကောင်းဆိုး Page 264


နီကိုရဲ မကြည်ပြာနှင့် ချစ်ခြင်း၏ဒုတိယနဂ္ဂတစ်များ
ကျွန်တော် လွင်ဦးစကားကြောင့် အတော်စိတ်ပျက်သွားသည်။
လွင်ဦးက မြေပဒေသာကျွန်းက သစ်သီးဝလံပြိုင်ပက
ွဲို လာစဉ်က
ကျွန်တော်မျက်နှာနှင့် အခုမျက်နှာကို သတိပြုမိသွားပုံပေါ်၏။

“ဘာမှာ မဖြစ်ဘူး လွင်ဦး၊ ထားလိုက်တော့... ဘာမှမဟုတ်ဘူး”

လွင်ဦးက ကျွန်တော့်ကို နားမလည်နိုင်စွာ ငေးရင်း ကျွန်တော်


ပိုက်ထားသော ပန်းအိုးကလေးထဲမှ အသီးတစ်လုံးကို လက်ညိုးကလေးဖြင့်
ကော်ကာ ကြည့်သည်။ ကြည်ပြာတို့ အနားရောက်လာကြ၏။ စနိုဖီခွေးရုပ်
မျက်နှာက ပြုံးပြုံး ပြုံးပြုံးနှင့် အိမ်အပြန်အတွက် စီစဉ်ကြသည်။ မြမိုလ်၊
ယုယုနှင့် မိုးမိုးတို့အတွဲက စနိုဖီခွေးရုပ်ကားနှင့် မြို့ထဲဆူးလေကို လိုက်ပြီးမှ
ထိုမှတစ်ဆင့် ကားစီးကြမည်။ ယဉ်ယဉ်သိန်းနှင့် လွင်မာက ဒဂုံဆိုသဖြင့်
ကားတစ်ခုစီးမည်။

“ငါကတော့ အဆင်ပြေတယ်... ဒီကနေ့ ၄၆-စီးရုံပဲ၊ ဟဲ့... ရဲဝင်း၊ နင်


ငါနဲ့ ၄၆ ပဲလိုက်စီးပေါ့၊ သုဝဏ္ဏလမ်းဆုံမှာ ဆင်းရင် ရတာပဲ”

ကျွန်တော်ဘာမှာ မပြော၊ စနိုဖီခွေးရုပ်က ကားတံခါးကိုဖွင့်သည်။


မြမိုလ်နှင့် မိုးမိုးသို့ ဝင်ထိုင်ကြ၏။ လွင်မာနှင့် ယဉ်ယဉ်သိန်းက လက်ပြကာ
ကားလမ်းတစ်ဖက်သို့ ကူးသွားသည်။ ကြည်ပြာက ကားရှေ့ခန်းသို့
ဝင်ထိုင်ရန် ပြင်နေသော... စနိုဖီခွေးရုပ်ထံ ပြေးသွားကာ စကားပြောပြန်၏။
ကျေးဇူး... ဆိုသော စကား တစ်ခွန်းကို ခါးသီးစွာ ကျွန်တော်
ကြားလိုက်ရသည်။ ကျန်တာတွေကို နားထောင်မနေတော့၊ တော်တော်
ကျေးဇူးတင်နေတယ်ပေါ့လေ။ ကားက ကျွန်တော်တို့ နှစ်ယောက်နားမှပင်
ကွေ့ကာ မောင်းသွားသည်။ သူငယ်ချင်းများက လက်ပြကြ၏။ မြမိုလ်က...
ကျွန်တော်ကို စူးစူးစိုက်စိုက်ကြည့်ကာ အပြုံးအရယ်မရှိ လက်ကိုပြသည်။

typing - ကောင်းဆိုး Page 265


နီကိုရဲ မကြည်ပြာနှင့် ချစ်ခြင်း၏ဒုတိယနဂ္ဂတစ်များ
ကျွန်တော်က ဘယ်သူ့ကိုမှ လက်ပြချင်စိတ်မရှိသဖြင့် ဒီအတိုင်းပင်
နေလိုက်သည်။ ကြည်ပြာက လက်ကိုဝှေ့ကာ ရမ်းကာပြရင်း တဖြည်းဖြည်း
ဝေးကာသွားသော ကားကိုငေးနေသည်။ ကားအတော်ဝေးသွားမှ...
ဟားကနဲ... အသံမြည်အောင်အော်ကာ သူလ
့ က်ထတ
ွဲင် ကိုင်၍ ပိုက်ထား
သော နှင်းဆီပန်းအိုးကလေးကို ပင့်မြှောက်ကာ ကြည့်၏။ တော့်တော့်ကို
တန်ဖိုးထားနေပါလား!

“ရှစ်ရာတဲ့ဟ... ရှစ်ရာ... တော်တော်ဈေးကြီးတာပဲ.... ဟယ်


သစ်ခွတွေကလည်း မျိုးစုံပါ့... ဈေးကလည်းကြီးမှကြီးပဲ... ဒါကိုရှစ်ရာတဲ့...
ရှစ်ရာ...”

“ရာချင်သလောက်ရာ ကြည်ပြာ... အဲဒီကောင်အခုပေးခဲ့တဲ့


ပိုက်ဆံကို မနက်ဖြန် ငါရအောင်ရှာပေးမယ်၊ နင်သူ့ဆီက ဘာလက်ဆောင်မှ
မလိုဘူး၊ ငါပေးမယ်”

ကျွန်တော် ချုပ်တည်းထားခဲ့ရသော ဒေါသများကို အထိန်းအကွပ်မဲ့


လွှတ်ပေးလိုက်သောအသံနှင့် ကျွန်တော့်စကားလုံးများကြောင့် ကြည်ပြာက
ပန်းအိုးကလေးကို သဘောကျကာ မြှောက်ကြည့်နေရမှာ ရပ်ကာ
ကျွန်တော့်ကို တအံ့တသြလှည့်၍ ကြည့်သည်။

“ဘာ...။ ဘာပြောလိုက်တယ်... ဘာ... ရဲဝင်း!”

“ရာချင်သလောက်ရာ... အဲဒီ ပိုက်ဆံကို ငါပြန်ပေးမယ်၊ နင်


ဘာလက်ဆောင်မှ မလိုဘူး... ငါပေးမယ်... ဒါပဲ”

“ဘာ... !! နင်ပေးမယ်။ လဲသေလိုက် ရဲဝင်း... နင်ဟာလေ


သိလား!... ဖြစ်လိုက်ရင်လဲ အမြဲတမ်း ဒုက္ခ၊ ကိုဇော်ရှိပေလို့ သာပေါ့၊ နင်

typing - ကောင်းဆိုး Page 266


နီကိုရဲ မကြည်ပြာနှင့် ချစ်ခြင်း၏ဒုတိယနဂ္ဂတစ်များ
တိုက်လို့ကွဲတဲ့ ပန်းအိုးက ခြောက်ရာသိလား!... ဘာမှ ရှေ့နောက်
မကြည့်ဘူး... ဟုတ်တယ်”

ကျွန်တော် ကြည်ပြာ့စကားကြောင့် ထိန်းထားခဲ့ရသော ဝမ်းနည်းမှု


အားငယ်မှုများ ရုတ်တရက် လွင့်ကနဲပေါက်ကွဲ ထွက်သွားခဲ့သည်။
ကျွန်တော် ရှေ့မှာဘာကိုမှ ကျွန်တော်မမြင်တော့....။

“ရာပလေ့စေ ကြည်ပြာ... ရာချင်သလောက်ရာလို့ ငါ ပြောပြီးပြီပဲ၊


ငါနင်တို့ကြားထဲကိုဝင်လာတာ ပန်းအိုးကျကွဲလို့ မဟုတ်ဘူး၊ ငါတိုးဝင်လို့
ပန်းအိုးကျကွဲတာ... ကျကွဲတာ”

ကျွန်တော်၏ ဒေါသတကြီးကျုံးအော်သံကို ကြည်ပြာက မမြင်ဘူး


သလိုငေး၍ ကြည့်နေခဲ့သည်။ ကျွန်တော့်တစ်ကိုယ်လုံး ဒေါသကြောင့်
တဆတ်ဆတ်တုန်ကာ နေ၏။ ကြီးမားလှစွာ သော ဒေါသအရှိန်ကြောင့်
ကျွန်တော် ဘာဆက်ပြောရမှန်း မသိတော့၊ စကားကို ရပ်လိုက်သည့်အခါ
ခံစားမှုထဲတွင် ဒေါသတစ်ခုတည်း တုန်ခါကျန်ရစ်ခ့သ
ဲ ဖြင့် ဘာစကားကို
ဆက်ပြောရမှန်း မစဉ်းစားနိုင်တော့။ ကြည်ပြာက ကျွန်တော်ကို
မျက်လုံးပြူးကာ ငေးကြည့်နေသည်။ ကျွန်တော် ကြည်ပြာ့ မျက်ဝန်းများကို
မြင်နေရသော်လည်း ဘာကိုခံစားရမှန်းမသိတော့။ ကြည်ပြာနှင့် ကျွန်တော်
သည် ပန်းအိုး တစ်ယောက်လုံးစီပိုက်ကာ စက္ကန့်အတော်ကြာ
တစ်ယောက်နှင့် တစ်ယောက် ငေးကာ ကြည့်နေခဲ့ကြသည်။

“ဟော... ၄၆။ ဟဲ့... ၄၆... ရဲဝင်း”

ကြည်ပြာက ကျွန်တော့်ကို ဘာမှမပြောဘဲ အသံပုံမှန်ဖြင့်အော်ကာ


ထိုးရပ်လာသော ကားလေးထံပြေးသွားသည်။ ကျွန်တော်လည်း ကြည်ပြာ့

typing - ကောင်းဆိုး Page 267


နီကိုရဲ မကြည်ပြာနှင့် ချစ်ခြင်း၏ဒုတိယနဂ္ဂတစ်များ
အရှိန်အတိုင်း ကားလေးနောက်ပြေးလိုက်ကာ ဒေါသကို လျော့လိုက်ရ၏။
ကားလေးက လူချောင်နေသည်။ ၄၆-ကားလေးပေါ်သို့ တက်မည့်သူလည်း
သိပ်မရှိသဖြင့် ကျွန်တော်တို့ ကံကောင်းပါသည်။ ညာဘက်ဘေးတန်းတွင်
ကပ်လျက် အတူထိုင်ရ၏။ ၄၆-ကားလေး စပါယ်ယာက မြေပဒေသာ
ဥယျာဉ်ထဲမှ သစ်သီးဝလံ ပြပွဲကို ကြည့်ကာ ထွက်လာနေသူများကို
အော်ဟစ်ကာခေါ်နေသည်။ ဖြစ်နိုင်လျှင် ကျွန်တော်ကားလေးကို အမြန်ဆုံး
မောင်းကာ ထိုနေရာမှ ထွက်သွားချင်စိတ်က တဖွားဖွားကို ဖြစ်နေသည်။
ဒီနေရာက အမြန်ထွက်သွားချင်ပြီ။

သို့သော် ကျွန်တော့်ဆုတောင်းက တော်တော်နှင့် မပြည့်၊


မြေပဒေသာကျွန်းထဲသို့ ဝင်သူထွက်သူများနှင့် မှတ်တိုင်ရှေ့တွင်
လူစည်ကားနေသည်မှာ မှန်သော်လည်း ကားပေါ်သို့တက်စီးမည့် သူမရှိ။
ကားလေးစပါယ်ယာကလည်း လူများကိုမြင်နေရသဖြင့် တက်လိမ့်နိုးဖြင့်
အော်ဟစ်ကာနေသည်။ တစ်ယောက်စ၊ နှစ်ယောက်စတော့ တက်လာကြ
ပါသည်။ ကားပေါ်သို့တက်လာသူများက ထုံစံအတိုင်း ထိုင်စရာနေရာ
ရပြီးသည်နှင့် ကိုယ်နှင့်ခရီးအတူသွားရမည့် လူတွေကိုငေးမောကြသည်။
ကြည်ပြာနှင့် ကျွန်တော်ကတော့ ပန်းအိုးကလေး တစ်ယောက်တစ်လုံးစီ
ကိုင်ကာ အတွေးကိုယ်စီနှင့် ငြိမ်သက်နေကြ၏။ ကျွန်တော် ရင်ထတ
ွဲင်
နေ့လည်ခင်းက လွင်ဦးနှင့် မိုးမိုးကို ပြောပြခဲ့သော မကျေနပ်မှုများက
ထုနှင့်ထည်နှင့် ဝင်လာပြန်၏။ ပြခန်းများကို ကြည့်ရင်းလူစုကွဲသွားသဖြင့်
ကျွန်တော် ရင်ဆိုင်ခဲ့ရသော ကြည်ပြာ၏ အပြောင်းအလဲကို
ကျန်သူငယ်ချင်းများ တစ်ယောက်မှ မမြင်လိုက်ရ။ ဒါဟာ ဖြစ်ရိုးဖြစ်စဉ်
ကိစ္စတစ်ခုမဟုတ်ပါ။ ကြည်ပြာက ထိုပန်းပင်ကလေးများကို လိုချင်လျှင်...
ဒီနေ့ ကျွန်တော်မှာ ပိုက်ဆံမပါသော်လည်း နောက်နေ့ကို ရသည့်နည်းနှင့်

typing - ကောင်းဆိုး Page 268


နီကိုရဲ မကြည်ပြာနှင့် ချစ်ခြင်း၏ဒုတိယနဂ္ဂတစ်များ
ပိုက်ဆံရှာကာ လာဝယ်ပေးနိုင်ပါသည်။ အခုတော့... ဒါဆိုလျှင်
ဒါရမှဆိုသော ကြည်ပြာ၏ စိတ်မြန်လက်မြန် အကျင့်ကြောင့်...၊
မဟုတ်သေးပါဘူးလေ၊ ဒါ ကြည်ပြာထိန်းသိမ်းရမည့် ကိစ္စသာလျှင်
ဖြစ်သည်။ စနိုဖီခွေးရုပ်က ဝယ်ပေးမည်ဆိုလျှင်တောင် ကြည်ပြာက
“ဟင့်အင်း...” ဟုငြင်းကိုငြင်းရမည်။ အခုတော့... အမှတ်တရတွေ...
လက်ဆောင်တွေ ဖြစ်ကုန်သည်။ ကျွန်တော် သစ်သီးဝလံပြပွဲရှိရာသို့
ပျော်ရွှင်မှုဖြင့်လာခဲ့သည်။ ကျွန်တော် ဒီကိုလာခဲ့တာ ကြည်ပြာနှင့်
စနုဖီခွေးရုပ်တို့ ပူးကပ်ပျော်ရွှင်စွာ သစ်ပင်တွေ လိုက်ဝယ်ဖို့မဟုတ်...
သို့သော်.. ထိုအတိုင်းဖြစ်သွားခဲ့သည်။ ကျွန်တော် ခံရပြီထင်သည်။

“ဟယ်... တူလေး... အဲဒါ ဘာပင်ကလေးလဲဟင်! လှလိုက်တာ”

“သြော်... ခံပင်ပါ...”

“ခံပင်... ဟဲ့... ခံပင်ဆိုတာအကြီးကြီးပါ၊ သေးသေးကလေးကလဲ


ခံပင်ပဲလား!”

ထိုမိန်းမကြီး၏ စကားကြောင့် ကျွန်တော် စိတ်ဓါတ်ကျသွားခဲ့သည်။


ဟုတ်တယ်... သေးသေးကလေးက ခံပင်ပဲ။ အဲဒီလိုခံရတဲ့ အပင်ကို
သေးသေးကလေး ဖြစ်အောင်လုပ်ထားကြတာ...။

“ဟုတ်တယ် အန်တီရဲ့၊ ဒါကဟိုလေ... ဘာ... ရဲဝင်း... အော်...


ကိုင်းကူး ကိုင်ဆက်တဲ့ အဲဒီနည်းနဲ့ သေးသေးကလေးဖြစ်အောင်
လုပ်ထားကြတာ... သေးသွားတော့ တစ်မျိုးကြည့်လှတာပေါ့၊ ဧည်ခန်းတွေ
ဘာတွေမှ အလှထားဖို့လေ...”

“သြော်... သြော်... ဘယ်လောက်ပေးခဲ့ရသလဲ တူမ”

typing - ကောင်းဆိုး Page 269


နီကိုရဲ မကြည်ပြာနှင့် ချစ်ခြင်း၏ဒုတိယနဂ္ဂတစ်များ
“သုံးရာငါးဆယ်တဲ့... သုံးရာငါးဆယ်...”

ကြည်ပြာက ပြုံးပျော်ကာ လက်သုံးချောင်းကိုထောင်ပြရင်း


ကျွန်တော် ဒေါသတကြီး ကျစ်ကျစ်ပါအောင်ဆုပ်ထားသော အပင်ကလေး
ကို လက်ညိုးနှင့် လှမ်းထိုးကာ ချစ်စရာကောင်းလောက်အောင် ပြုံးနေ
သူသည် သူမဝယ်လာသော အပင်ကလေးကို) ဂုဏ်ယူ သဘောကျစွာ
ကြည့်နေသည်။ အသီးကလေးတွေကို လူတွေက အာရုံစိုက် စိတ်ဝင်စားစွာ
ထူးဆန်းတဖွယ် ကြည့်နေသည့်ကို သဘောကျနေ သည်လား!
သို့တည်းမဟုတ် ဟိုကောင် စနိုဖီခွေးရုပ်က အမှတ်တရ လက်ဆောင်
ဆိုတာကို ကျေနပ်ပီတိဖြစ်နေတာလား။ သေသေချာချာ မကြွဲ ပား။ သို့သော်
ထို ခံပင်ကလေးနှင့် ပတ်သက်၍ ကြည်ပြာ့စိတ်ထဲတွင် ပျော်ရွှင်နေသည်ကို
ကျွန်တော်လုံးဝ သဘောမကျတော့။ မကျေနပ်သည်မှာ ကျိန်းသေပါသည်။
ကားလေးက လူမပြည့်တပြည့်နှင့်ပင်စပါယ်ယာက ကားပေါ်တွင်
သစ်သီးဝလံပြိုင်ပွဲမှ ပန်းအိုးဝယ်လာသူဟူ၍ ကျွန်တော် တို့သာ ပါသည်။
ထိုစဉ် ကျွန်တော်တို့နှင့် မျက်နှာချင်းဆိုင် အတန်း အပေါက်ဝန်းကျင်မှာ
လူတစ်ယောက်က ရှေ့သို့ကုန်းပြီး ကျွန်တော် ပိုက်ထားသော
အပင်ကိုငုံ့ကြည့်ကာ ကိုယ်ကို ပြန်မတ်ပြီး မေးပြန်၏။

“ဘာပင်ဗျ...၊ ဘာအမျိုးအစားလဲ!.... အသီးက စားလို့ရသလား!”

ကျွန်တော် မသိချင်ယောင်ဆောင်ကာ နေလိုက်လေ။ ကြည်ပြာက


မေးနေသူ ယောက်ျားလေးဖြစ်သဖြင့် ဖြေချင်ပုံမပေါ်ဘဲ တိတ်ဆိတ်နေသော
ကျွန်တော့်ကို ပခုံးဖြင့်တိုက်၏။ ဟဲ့... ဟိုမှာ မေးနေသောလေ... ဟု
တိုးတိုးပြောသည်။ မေးနေသည့် ပုဂ္ဂိုလ်က ကျွန်တော့်မျက်နှာမှ
သူ့အကြည့်ကို မခွာသေး။ ကျွန်တော် သက်ပြင်းကို ချလိုက်ရသည်။

typing - ကောင်းဆိုး Page 270


နီကိုရဲ မကြည်ပြာနှင့် ချစ်ခြင်း၏ဒုတိယနဂ္ဂတစ်များ
“ခံပင်ဗျ၊ ခံပင်...”

“သြော်... ခံပင်....။ ခံပင်”

ကျွန်တော် တော်တော် စိတ်ဓါတ်ကျနေပြီ ဖြစ်သည်။ ဒီအပင်ကို


ဝယ်ခဲ့မိတာ... မှားပြီ၊ မြေပဒေသာကျွန်းက သစ်သီးဝလံပြိုင်ပက
ွဲို
လာခဲ့မိတာလည်းမှားပြီ။ ဒီအပင်ကိုမှ ကျွန်တော်ယူကိုင်ခ့မ
ဲိတာလည်းမှားပြီ။
ကျွန်တော် ခံပင်၊ ခံပင်ဟု တစ်ခါ ပြောလိုက်ရတိုင်း အတွေးထဲတွင်
ကြည်ပြာက စနိုဖီခွေးရုပ်၏ အင်္ကျီလက်မောင်းအစွန်းကို ဖျတ်ကနဲ ဆွဲကာ
ပန်းပင်ဝယ်ဖို့ပြောပုံ၊ ကျွန်တော်ကိုထားခဲ့ပြီး သူတို့နှစ်ယောက် ကြားထဲ
တိုးဝင်သွားပုံ၊ ပန်းအိုးကျကွဲခြင်းကြောင့် မဟုတ်ဘဲ သူတို့ ကြားထဲသို့
ကျွန်တော် အတင်းဝင်တိုးပုံ၊ ထို့နောက် စနိုဖီခွေးရုပ်၏ ပိုက်ဆံအိတ်ထမ
ှဲ
ထုတ်လိုက်သော ငါးရာတန်များ... အားလုံးကို ပြန်မြင်သည်။ တစ်ခါ
ဖြေရတိုင်း ရင်ထဲမှာ နာလျက်ရှိ၏။ ကားကလေးက မင်္ဂလာဈေးမှာ
ရပ်သည်။ လူတွေ လုကာတက်ကြသည်။ ကားလေးလူပြည့်ကာ
ဆက်မောင်းသည်။ အလယ်တန်း လူပြည့်သွားသဖြင့် ကျွန်တော့် အပင်ကို
ဘယ်သူမှ မမြင်ရတော့သဖြင့် စိတ်ချမ်းသာရသည်။ သို့သော်...

“အား”

ထိတ်လန့်နာကျင်သွားသော အသံနှင်အတူ လက်တစ်ဖက်


တိုးထွက်သွားခြင်း။ ပန်းအိုးကို တိုက်မိကာ ကျွန်တော် ထိတ်လန့်သွားပြီး
ကမန်းကတမ်း ဖမ်းထာလိုက်ရ၏။ အလယ်တန်းတွင် ဝင်ထိုင်သော
ကောင်မလေးက စိတ်ချလက်ချ ထိုင်အချ ကျွန်တော့် ပေါင်ပေါ်တွင်
တင်ထားသော ခံပင်မှ ဆူးက သူမ လက်မောင်းကို စူးသဖြင့် နာကျင်ကာ
လက်ကိုဆွဲအမ ပန်းအိုးကို ထိခြင်းသာ ဖြစ်သည်။

typing - ကောင်းဆိုး Page 271


နီကိုရဲ မကြည်ပြာနှင့် ချစ်ခြင်း၏ဒုတိယနဂ္ဂတစ်များ
“အမလေး... ဆူးလိုက်တာ... လန့်သွားတာပဲ... အဲဒီ အပင်က
ဆူးတာလား! အံမယ်... အသီးကလေးတွေ့နဲ့ဟဲ့... ဘာပင်လေးလဲဟင်!
ဆူးလည်းပါတယ်”

ကျွန်တော် စိတ်ဓါတ်ကျသွားသည်။ ခံပင်... ဟူသော စကားသည်


ကျွန်တော့်လည်မြိုမှာ တစ်ဆို့ကာ နာကျင်နေ၏။ ကျွန်တော်ဘာမှ မဖြေနိုင်။
ဆူးစူးခံနေသော ကောင်မလေးက ကျွန်တော့်ကိုမော့ကြည့်ကာ
ဆက်မေးမြန်သည်။ ဆူးစူးထားတာကို အားနာနေရသဖြင့် ကျွန်တော်
သက်ပြင်းကို ချလိုက်သည်။ ကြည်ပြာ ကလည်းကြည့်ကာနေ၏။

“ခံပင်ပါ”

“ခံပင်... ဟယ်... မမြင်ဘူးဖူး တစ်ခါမှ၊ သူကဆူးနဲ့နော်...


အသီးကလေးတွေရော... ခံပင်နော်... ဟုတ်လား!”

“ဟုတ်ပါတယ်... ခံပင်ပါ”

“ဧည့်ခန်းတို့ဘာတို့မှာ အလှထားလို့ရတယ်လေ... အစ်မရဲ့၊


သစ်သီးဝလံပြပွဲက ဝယ်လာတာ... သုံးရာ့ငါးဆယ်တဲ့”

ကျွန်တော် တဘက်သို့ လှည့်ပစ်လိုက်ရသည်။ ဖြစ်နိုင်လျှင်


တဝီဝီမြည်ကာ မောင်းနေသော ကားလေးပေါ်မှ ကျွန်တော် ဒီပန်းအိုးကို
ပစ်ချပစ်လိုက်ချင်သည်။ ရင်ထဲမှာ မကျေနပ်မှုသည် ဝုန်းကနဲ ခုန်ကြွကာ
လာ၏။ အပင်နာမည်ကို ကျွန်တော် တော်တော်ကို မုန်းတီးနေခဲ့သည်။
ခံပင်... တဲ့။ ဘယ်လို ပုဂ္ဂိုလ်ကများ ဘာရည်ရယ
ွ်ချက်မျိုးနှင့်
ပေးသွားခဲ့သနည်း။ သစ်သီးဝလံပြပွဲမှ အဖြစ်အပျက်များက အမှတ်စဉ်
အတိုင်း ကျွန်တော်အတွေးထဲမှ ဖြတ်သန်းသွားကြပြန်သည်။

typing - ကောင်းဆိုး Page 272


နီကိုရဲ မကြည်ပြာနှင့် ချစ်ခြင်း၏ဒုတိယနဂ္ဂတစ်များ
“ကြည်ပြာ...”

“ဟင်... ဘာလဲ”

“ဒီမှာ... နောက်တစ်ခါ နင့်အပင်ကို လာမေးရင်... နင့်ဘာသာ နင်


ပဲဖြေ ငါမဖြေဘူး... ဒါပဲ”

“ဟဲ့... ဘာ... အပင် နာမည်ဟုတ်လား!”

“အေးဟုတ်တယ်၊ အဲဒီအပင်နာမည်ကို နင့် ဘာသာဖြေ၊ ငါ


မဖြေဘူး”

ကြည်ပြာသည် ပထမ ကျွန်တော့်စကားကို နားမလည်နိုင်


မျက်တောင်ခတ်ကာ စဉ်းစားနေသေး၏။ ထို့နောက် ကျွန်တော်၏
ဒေါသထွက်နေသော မျက်နှာနှင့် အသံကိုလည်း နားလည်နိုင်ပုံမပေါ်။

ကြည်ပြာက မျက်မှောက်ကို ကျုံကာ စဉ်းစား၏။

“လဲသေလိုက်... ဘာမှမဟုတ်တာကို... နင်ပဲဖြေပေါ့ဟ၊ ဒီအပင်


နာမည်က ငါမဖြေချင်ဘူး၊ ငါက မိန်းကလေး... နင် ပဲဖြေ”

“အေး... နင်ဘာသာ မိန်းကလေးလေး... မလေးလေး... နင်ပဲဖြေ...၊


ဒီ အပင်နာမည်ကိုက ကျက်သရေမရှိတာ... နင်ပဲ ဝယ်လာတာ
မဟုတ်လား!”

“ရဲဝင်း.. ဘာမှမဟုတ်တာကို လာမရစ်န့ေ


ဲ နာ်... နင် ဘာမှ
မဟုတ်တာကို... နင်ဘာဖြစ်နေတာလဲ! ဟိုမှာလဲ ပန်းအိုးတွေ ကွလ
ဲို့ကွဲ...
နင်ဟာလေသိလား! ဘယ်တော့မှ”

typing - ကောင်းဆိုး Page 273


နီကိုရဲ မကြည်ပြာနှင့် ချစ်ခြင်း၏ဒုတိယနဂ္ဂတစ်များ
“တော်ပြီ ကြည်ပြာ... နင် ငါ့ကို ထပ်မပြောနဲ့... အဲဒါကို
ထပ်ပြောစရာမလိုဘူး... နင်တိတ်တော့... တိတ်လိုက်”

ကျွန်တော် ပန်းအိုးကို ကျစ်ကျစ်ပါအောင် ဆုပ်ထားရင်း ဘာကိုမှ


မမြင်ရတော့ဘဲ တစ်ချိန်လုံးချုပ်တည်း ထားခဲ့သော ဒေါသများ
ပွင့်ထွက်ကုန်ကြသည်။ ကြည်ပြာ့မျက်နှာနှင့် ကျွန်တော့်မျက်နှာသည်
မာထန်တင်းမာစွာ ပြိုင်ကြည့်နေကြရင်းမှ ကြည်ပြာက “လဲသေလိုက်”
ဟုအော်ကာ တဘက်လှည့်သွား၏။ ကားလေးပေါ်မှ ခရီးသည်များကလည်း
ဘာဟု သေသေချာချာမသိကြသော ကျွန်တော်တို့ နှစ်ယောက်ရန်ပက
ွဲို
နားမလည်နိုင်စွာ နားထောင်ပြီး ကျွန်တော်တို့ကို ကြည့်နေကြသည်။
ကျွန်တော် သက်ပြင်းကို ပင့်မ၍ချသော်လည်း နှလုံးတဒုတ်ဒုတ်မြည်သံက
လျော့ကျမသွား၊ နာကျည်းဒေါသကမပြေ။ ကားလေးက မင်္ဂလာဈေးရုံကို
တက်ကာ စက်ဆန်းဘက်သို့ ချိုးကွေ့ကာ မှန်မှန်မောင်း လာခဲ့သည်။
ကားလေးပေါ်တွင် ကားမောင်းသံမှတစ်ပါး ဘာစကားသံမှ မကြားရ၊
မျက်နှာများ မာတင်းခက်ထန်ကာ ပန်းအိုးတစ်ယောက်တစ်လုံးစီ
ကိုင်ထားရင်း တဘက်စီသို့ ပြိုင်တူလှည့်ထားကြသော ကြည်ပြာနှင့်
ကျွန်တော့်ကိုသာ.. နားမလည်နိုင်စွာ ငေးနေကြ၏။ ခြောက်လမ်းမှတ်တိုင်
ရောက်တော့ လူတော်များများ ဆင်းသွားကြပြီး၊ ထပ်တက်ကြသည်။
ကျွန်တော်ကတော့ ဘာကိုမှမကြည့်တော့၊ ဒီတစ်ခါ ဒီအပင်ကိုများ
တစ်ယောက်ယောက် လာမေးလို့ကတော့ တွေ့ကြသေးတာပေါ့ကွာ .. ဟု
တွေးထားသော အတွေးကလေး မဆုံးခင်မှာပင်...

“ဟယ်... ဒီ အပင်ကလေးက ဘာလဲဟင်! အဲဒါ ဘာပင်လဲ!”

typing - ကောင်းဆိုး Page 274


နီကိုရဲ မကြည်ပြာနှင့် ချစ်ခြင်း၏ဒုတိယနဂ္ဂတစ်များ
ကျွန်တော် ဝုန်းကနဲ အသံလာရာဆီသို့ လှည့်လိုက်တော့
ကြည်ပြာတို့အရွယ် ကောင်မလေးတစ်ယောက် ဖြစ်သည်။ မျက်လုံး
ကလေးပြူးကာအပင်ကို လက်ညှိုးထိုးရင်း ကျွန်တော့်အဖြေကို စောင့်ကာ
နေ၏။ တလျှောက်လုံး၊ ယခုတစ်နေ့လုံး၊ ကားတစ်စင်းလုံး အကြိမ်ကြိမ်
ခံခဲ့ရသော ကျွန်တော် ဒီတစ်ကြိမ်တော့ မခံတော့ပြီ။ လုံးဝကို မခံတော့ပြီ။

“ဒီ အပင်ရဲ့ နာမည်ကို သိချင်တာလား!... ဟုတ်လား!... အဲဒါ


ဆော်ပင်လို့ခေါ်တယ်... ဆော်ပင်! ဆော်ပင်မှတ်ထား”

ကျွန်တော့်လေသံ၊ ကျွန်တော့်စကားလုံး ကျွန်တော့်အမူအရာ


ကြောင့် ကောင်မလေး လန့်ကာသွားပုံရသည်။ ကားတစ်စင်းလုံးကလည်း
ကျွန်တော့်ကို ဝိုင်းငေးလိုက်ကြသည်။ ကြည်ပြာကလည်း တအံ့တသြဖြင့်
ကြည့်၏။

“ဘာ... မင်းဘာပြောလိုက်တယ်ကွဲ့၊ မင်းရိုင်းလှချည်းလား! အဲဒီ


အပင်က ခံပင်ဆိုတာ ငါသိတယ်၊ မင်းက ငါ့သမီးမေးတာကို
ဘာဆော်ပင်လဲ! ဒါဘာသဘောနဲ့ပြောတာလဲ! ယမုံ... သမီး လာစမ်း”

ကျွန်တော် အော်ပြောလိုက်သော ကောင်မလေးနှင့်အတူ


တက်လာသော မိန်းမကြီးကဝင်ပြောရင်း သူ့သမီးလက်ကလေးကိုဆက
ွဲာ
ကျွန်တော့်ကို ရင်ဆိုင်သည်။

“မင်း မိုက်ရိုင်းစရာမလိုဘူး၊ မင်းလူက မွေးတာမှ ဟုတ်ရဲ့လား


ဟေ့... ဟင်... ဆော်ပင်... တဲ့”

“ဟုတ်တယ် အန်တီ၊ ဒီ အပင်က တစ်ကမ္ဘာလုံးအတွက် ခံပင်


ဖြစ်ချင်ရင်ဖြစ်မယ်... အခုအချိန်မှာ ကျွန်တော့်အတွက်တော့ ဆော်ပင်ပဲ

typing - ကောင်းဆိုး Page 275


နီကိုရဲ မကြည်ပြာနှင့် ချစ်ခြင်း၏ဒုတိယနဂ္ဂတစ်များ
အန်တီ၊ ဆော်ပင်၊ အန်တီမကျေနပ်ရင်လည်း ကျွန်တော့်ကို
ကြိုက်သလိုလုပ်၊ ဒီအပင်ကတော့ ဆော်ပင်မှ ဆော်ပင်ပဲ”

“ဟဲ့.... ရဲဝင်း... ရဲဝင်း”

ကျွန်တော့် စကားများကြောင့် ရန်တွေ့ရန် ဟန်ပြင်ထားသော


မိန်းမကြီးက ကြောင်ကာသွား၏။ ကြည်ပြာက ရဲဝင်းဟုအော်ကာ
မိန်းမကြီးရှေ့သို့ မျက်နှာထိုးပေးထားသော ကျွန်တော့်ကို လှမ်းကာ
ဆွဲသည်။ ကျွန်တော့်ရင်ထဲတွင် တင်းမာပူခဲနေသော ဝမ်းနည်းမှုသည်
စိတ်ရှိလက်ရှိပြောပြီး စိတ်ရှိလက်ရှိ အရှုံးပေးလိုက်ရ၍လား မသိ
ပျော်ဆင်းကာသွား၏။ ရင်ထဲတွင် မာခဲနေသော ဝမ်းနည်းမှုကြီး
ပျော်ကျသွားသည်နှင့် မျက်ရည်က ချက်ချင်းဝိုင်းကာလာသည်။ ကျွန်တော်
ငုံ့ကြည့်တော့ ကျွန်တော် ကျစ်ကျစ်ဆုပ်ကိုင်ထားသော အပင်ကလေးမှာ
ကားလေးအတွင်းမီးရောင်မှ ဝေဝါးကာလာ၏။

“နင်... နင် ဘာဖြစ်တာလဲ ရဲဝင်းရာ... ခက်တာပဲ... ဒုက္ခပဲ”

ကြည်ပြာက ကျွန်တော့် ကိုယ်ကိုကိုင်လှုပ်ရင်း လေသံသ့သ


ဲ့ြဲ ဖင့်
မေးသည်။ ကျွန်တော် ဘာမှ ပြန်မပြောတော့၊ ပန်းပင်ကလေးကိုပဲ
ငုံ့ကြည့်နေခဲ့သည်။ ကားလေးထဲမှာ အသံလုံးတိတ်ဆိတ်၍ သွားသည်။
ဈေးလမ်း သုဝဏ္ဏလမ်းဆုံပါလား...!။ လမ်းဆုံပါတယ် ဆရာရေ။ ကျွန်တော်
ကြည်ပြာ့ကို ပန်းအိုးကလေး လှမ်းပေးလိုက်သည်။ ကျွန်တော့်ကို
ကားပေါ်ကလူတွေက လိုက်ငေးနေကြ၏။ ကျွန်တော် အတင်းတိုးကာ
ကားလေးပေါ်မှ ခုန်ချလိုက်သည်။ ကြည်ပြာသည် ပန်းအိုးကလေးနှစ်လုံးဖြင့်
ကားလေးထဲမှာ ပါသွားပြီ။ ကျွန်တော် ကားပေါ်မှ ဆင်းဆင်းပြီးချင်းနေရာမှ
ချက်ချင်းရွေ့လို့မရသေး၊ ညနေရီ လုံးဝကွယ်ပျောက်ကာ အားကစား

typing - ကောင်းဆိုး Page 276


နီကိုရဲ မကြည်ပြာနှင့် ချစ်ခြင်း၏ဒုတိယနဂ္ဂတစ်များ
ကွင်းနှင့် ဂုံတံတားကြီးပေါ်မှာ နီယွန်မီးချောင်း ဝါကျင်ကျင်တွေလင်းနေပြီ။
ကျွန်တော် သုဝဏ္ဏလမ်းဆုံမှ ကျွန်တော့်အိမ်ရှိရာ သင်္ဃန်းကျွန်း ဇဝနဘက်
သို့ တစ်လှမ်းချင်း လှမ်းလျှောက်လာခဲ့သည်။ ကျွန်တော့်ဘဝတွင်
ထိုနေ့သည် ပထမဦးဆုံးခံခဲ့ရသော နေ့တစ်နေ့ဖြစ်သည်။

ထိုသို့...

ချစ်ခဲ့ရပါသော... မကြည်ပြာ။

typing - ကောင်းဆိုး Page 277


နီကိုရဲ မကြည်ပြာနှင့် ချစ်ခြင်း၏ဒုတိယနဂ္ဂတစ်များ
မကြည်ပြာနှင့် ရယ်စရာမပါတဲ...
့... နေ့

ကျွန်တော် မြမိုလ်၏ မျက်နှာကို အသေအချာငေးကာ


မျက်ဝန်းများကို ဂရုတစိုက်ကြည့်သည်။ မြမိုလ်မျက်ဝန်းများထဲတွင်...
ဝမ်းနည်းခြင်း၊ စိုးရိမ်ခြင်း၊ ပြီးတော့ မနာလိုခြင်းနှင့် ဒေါသစသည့်တို့ကိုသာ
တွေ့ရ၏။ ကျွန်တော်လိုလိုချင်ချင် ရှာဖွေနေခဲ့သော မရိုးသားခြင်းနှင့်
လိမ်ညာခြင်းကို မတွေ့ရ။ ကျွန်တော်ရင်ထတ
ွဲင် ဝမ်းနည်းသွားခဲ့သည်။
ထို့နောက် အဆုံးမဲ့ကြေကွဲသွား၏။ ထိုခံစားချက် ၂-ခုက ကျွန်တော်
ခန္ဓာကိုယ်တစ်ခုလုံးဆဲလ်တွင်ရှိသော အားအင်များကို ဖျက်ဆီးကာ
နွမ်းလျသွားအောင် တဇီဇီ တိုက်ခိုက်လျက်ရှိသည်။ မြမိုလ်က
သက်ပြင်းချရင်း ကျွန်တော့်ကို ရီဝေစွာ ငေးသည်။ ထို့ကြောင့်... မြမိုလ်ကို
ငေးကြည့်နေသော ကျွန်တော့်မျက်ဝန်းများကို အဝေးသို့ ဖယ်ပစ်လိုက်
ရသည်။ ကျွန်တော့်မှာ... စကားပြောစရာ အားအင်သည် မရှိတော့။
ကျွန်တော်ရင်ထဲတွင်ရှိသော အဆုံးမဲ့ဝမ်းနည်းခြင်းနှင့် ကြေကြွဲ ခင်းသည်
နောက်ဆုံးအားအင်အထိ ဖျော့ဆင်းသွားပြီးသည့်အခါ ရပ်တန့်သွား
ကြသည်။ ထိုအခြေအနေသည် ခံနိုင်ရည်အားဆိုတာပဲ ဖြစ်လိမ့်မည်
ထင်ပါသည်။ သို့သော် အခုရသည့် အသစ်စက်စက်ခံစားမှုအပေါ်မှာ
ကျွန်တော်၏ နုနယ်သော ခံနိုင်ရည်အားက ကြာရှည်ရပ်တန့်မနေနိုင်ခ့။ဲ
ခံနိုင်ရည်အားတွင် တဒင်္ဂ... သယရပ်တန့်ပြီး ခံစားမှုက ပူကျွမ်းကာ တစစ
ပြန်လည်မြင့်တက်ကာလာသည်။ ခံစာမှုများ အစီအစဉ်အတိုင်း
ပြောင်းလဲသွားကြသည်။ နာကျင်ခြင်း၊ ပူလောင်ခြင်း၊ တုန်လှုပ်
ချောက်ချားခြင်း၊ ဒေါသ...။

typing - ကောင်းဆိုး Page 278


နီကိုရဲ မကြည်ပြာနှင့် ချစ်ခြင်း၏ဒုတိယနဂ္ဂတစ်များ
“ကျွန်မတို့ တစ်ခုခုကို ထားဆီးလို့ရအောင်လို့ ကိုရဝ
ဲ င်းကိုပြော...”

“မဟုတ်ဘူး... မြမိုလ် ဒီအချိန်ဟာ တားဆီးရတော့မယ် အခြေအနေ


မဟုတ်ဘူး ရင်ဆိုင်ရတော့မယ် အခြေအနေဖြစ်သွားပြီ။ မြမိုလ်ပြောပြတာ
တွေကို ရာခိုင်နှုန်းခြောက်ဆယ် ကျွန်တော်ယုံပါတယ်။ ကျေးဇူးပါပဲ့ဗျာ”

“မကြည်ပြာကို နားလည်အောင် ပြောပြပြီး မေးကြည့်ပါဦး


ကိုရဲဝင်းရယ်...”

ကျွန်တော်တို့ ကဲင်တင်းထဲမှ ထွက်လိုက်ကြသည်။ မြမိုလ်က


လူသူအကဲခတ်ပြီးULBဘက် ခပ်သုတ်သုတ် ထွက်သွားသည်။ ကျွန်တော်
ဦးတည်ရာမဲ့ ထွက်လာခဲ့သည်။ လိုင်ဗရီရှေ့ရောက်တော့ ချစ်သူစုံတမ
ျွဲားကို
တွေ့ရသည်။ တစ်ယောက်နှင့်တစ်ယောက် ဆုပ်ကိုင်လျက်... ရေခဲစိမ်
သစ်တော်သီးကို တစ်ယောက်နှင့် တစ်ယောက် ခွံ့ကျွေးနေကြသည်။
ကောင်းလေးတစ်ယောက်က သူ့ချစ်သူစားဖို့ နေကြာစေ့တွေကို
လက်ဝါးပေါ်တင်ကာ ပေးထား၏။ ကောင်မလေးက နေကြာစေ့
ကောက်စားလိုက်... ခေါင်းကို မော့ကာမော့ကာ စကားတွေပြောလိုက်...
ရယ်မောကာ သူ့ကောင်လေးပခုံးကို ရိုက်နှက်လိုက်နှင့်...။ ကောင်းလေး
တစ်ကောင်က သူ့ချစ်သူထီးကို ခေါက်ကာပေးနေသည်...။ သူ့ချစ်သူက
ပါးမှဝက်ခြံကို ညှစ်ကာပေးနေ၏။ ကျွန်တော်ငေးကြည့်ကာ ရင်ထဲ
ဝမ်းနည်းလာသည်။ လိုက်ဗရီရှေ့မှာ ထိုင်ဖို့ အစီအစဉ်ကို စွန့်လွှတ်လိုက်
ရသည်။ ဘွဲ့နှင်းသဘင် အဆောက်အဦးဘက်သို့ ခပ်သုတ်သုတ်
လျှောက်ကာ လှေကားတစ်တွေမှာပဲ ထိုင်မည်ဟု ဆုံးဖြတ်လိုက်သည်။
မြမိုလ် ပြောသွားပုံအရဆိုလျှင် အခြေအနေက အတော်ဆိုးနေပြီဖြစ်သည်။
ကြည်ပြာ့လက်တွင်ပတ်ထားသော နာရီမှာ အရင်ကနာရီသေးသေးကလေး

typing - ကောင်းဆိုး Page 279


နီကိုရဲ မကြည်ပြာနှင့် ချစ်ခြင်း၏ဒုတိယနဂ္ဂတစ်များ
မဟုတ်တော့ ကွာ့(တ်ဇ်)နာရီကလေးဖြစ်သွားသည်။ ထိုနာရီကလေးက
မှန်ရိပ်ထဲတွင် မျက်လုံးကလေးတစ်လုံး အရိပ်ဖြင့်ထည့်ထား၏။ ဒီအတိုင်း
ကြည့်လျှင်တော့ မမြင်ရ... အလင်းရောင်ကို အသာကလေး
စောင်းကြည်လျှင်တော့ မြင်ရသည်။ ပထမတော့ ကြည်ပြာ့နာရီ
အသစ်လေးတစ်လုံး ဝယ်ပတ်သည်ဟုသာ သဘောထားခဲ့သည်။ အခုတော့
ထိုနာရီသည် စနိုဖီခွေးရုပ်က ကြည်ပြာ့မွေးနေ့တွင် ပေးသောနာရီဟု
မြမိုလ်က ပြောပြသည်။ ကြည်ပြာသည် ထိုနာရီကို ဘာ့ကြောင့်
ယူထားရသနည်း။ ယူပြီးတော့ ဘာ့ကြောင့် ဘယ်သူပေးသည်ဟု ကျွန်တော်
တို့ကို မပြောရသနည်း။ ကျွန်တော်တွေးရင်း ရင်ထမ
ှဲာမကောင်း...။
ထို့အပြင် ကြည်ပြာကျောင်းသို့ မတက်သော ကွန်ပျုတာ သင်တန်းရှိသည့်
ရက်များတွင်... စနိုဖီခွေးရုပ်လည်း ကျွန်တော်တို့ ကျန်သူငယ်ချင်းများထံ
မလာ...။ လာလျှင်လည်း ခဏသာဖြစ်ပြီး ပြန်လေ့ရှိ၏။ ကျွန်တော်ကတော့
သမာရိုးကျပင်ထင်ကာ ဘာမှမတွေးမိ ယခုမြမိုလ်ပြောပုံအရဆိုလျှင်
ကြည်ပြာ့ကို စနိုဖီ အသွားအပြန်ကားနှင့် ကြိုပို့ပေးသည်ဟုဆိုသည်။
ကြည်ပြာက ဘာ့ကြောင့် ထိုကိစ္စကို လျှို့ဝှက်ထားရသနည်း။
ပထမတော့ စနိုဖီခွေးရုပ် ကျွန်တော်တို့နှင့် လာရောခြင်းသည်
သူငယ်ချင်းများအားလုံးက မြမိုလ် သို့မဟုတ် ယုယု... ဟု ထင်ကြသည်။
မြမိုလ်နှင့် ယုယုကလည်း ထိုအတိုင်းထွက်ထားကြသည်။ မြမိုလ်က
အဆိုးဆုံးဖြစ်ပြီး စနိုဖီခွေးရုပ်ပေါ် အလေးပေးဆက်ဆံသည်ကို အားလုံးက
သိနေကြသည်။ သို့သော် စနိုဖီခွေးရုပ်ရောက်လာသတည်းက ကြည်ပြာ့ပုံစံ
ပြောင်းနေခြင်း သူငယ်ချင်းများအားလုံး စကားပြောကြသည့်အခါ စနိုဖီနှင့်
ကြည်ပြာ့မျက်ဝန်း ခိုးဆုံကြပုံ ကျွန်တော် ကြည်ပြာ့လက်ကို ကောက်ကိုင်
လိုက်သည့်အခါ ကြည်ပြာ့မျက်နှာတွင် ဖြတ်ပြေးသွားသောအရိပ်

typing - ကောင်းဆိုး Page 280


နီကိုရဲ မကြည်ပြာနှင့် ချစ်ခြင်း၏ဒုတိယနဂ္ဂတစ်များ
စနိုဖီခွေးရုပ်၏ မျက်ဝန်းများ... အားလုံးကို လေ့လာက ကျွန်တော်
သူငယ်ချင်းများကို ဖွင့်ဟပြောခဲ့သည်။ သို့သော် ကျွန်တော်တို့ အုပ်စုထတ
ွဲင်
အပါးနပ်ဆုံး... မဟုတ်လျှင် မခံဆုံး.. မိန်းမတစ်ယောက်၏ ဘဝနှင့်
သိက္ခာကို တန်းဖိုးအထားဆုံး လွင်မာကပင်လျှင် ကျွန်တော့်ကို
အစိုးရိမ်းကြီးသူ စိတ်သဘောထားမပြည့်ဝ သဝန်ကြောင်သူအဖြစ် စွပ်စက
ွဲာ
ကျွန်တော့်စိုးရိမ်စိတ်ကို ရယ်စရာ လုပ်ပစ်ခဲ့သည်။ သူတို့အမြင်တွင်
စနိုဖီခွေးရုပ်သည် သိက္ခာရှိရှိတည်ကြည်သော အထက်တန်းကျ၍
အထင်ကြီးလေးစားစရာကောင်းသော ရည်ရည်ချောမောလှပပြီး ယောက်ျား
ပီသသော လူတစ်ယောက်ဟု ထင်မြင်နေကြသည်။ ထိုအချက်များဖြင့်
သူတို့အထင်းကြီးလေးစားလျှက် ရှိသော စနိုဖီသည် ကျွန်တော်နှင့်
တရားဝင်ချစ်သူဖြစ်နေသော ကြည်ပြာ့ကို ကြံနေသည်ဆိုသည့်ကိစ္စမှာ
လုံးဝမဖြစ်နိုင်ကြောင်း သူငယ်ချင်းများက ခါးခါးသီးသီးငြင်းကြပြီး
ကျွန်တော့်ကို ထိုကိစ္စကိုမပြောရန် ကြောက်လန့်တကြား ပြောကြခြင်း
ဖြစ်သည်။ သူငယ်ချင်းတွေ အားလုံးရှေ့မှာ ဖြေရှင်းမည့်စကားကို ကျွန်တော်
တုန့်ဆိုင်းမနေခဲ့ပါ။

“နင့်ကို...”

“အေး။ ကောင်းပြီ။ တင်အောင်ဇော်ထိုက်ကရော...။ ငါတို့


အားလုံးထဲမှာ ကြည်ပြာ့ကို အခင်ဆုံးဖြစ်သွားတာမဖြစ်နိုင်ဘူးလား!
အဲဒီစကားကို မြမိုလ်ကပြောတာဆိုတော့ မြမိုလ်က သူက
ို့စိတ်ဝင်းစား
နေတယ်ဆိုတာ အားလုံးအသိ၊ ဒီစကားဟာ မြမိုလ်က စိတ်ပူပြီး
တွေးချင်တာတွေးပြီး ပြောတာမဖြစ်နိုင်ဘူးလား...”

“မဖြစ်နိုင်ဘူး... လုံးဝမဟုတ်ဘူး”

typing - ကောင်းဆိုး Page 281


နီကိုရဲ မကြည်ပြာနှင့် ချစ်ခြင်း၏ဒုတိယနဂ္ဂတစ်များ
ကျွန်တော်မျက်စေ့ကို စုံမှိတ်ကာ ခါးခါးသီးသီး ကျယ်ကျယ်
လောင်လောင်ကို ငြင်းလိုက်သည်။

“ဟုတ်တယ်… မြမိုလ်က စနိုဖီခွေးရုပ်ကို စိတ်ဝင်စားနေတယ် ဒါ...


ငါတို့အားလုံးသိတယ်... ဒါ့ကြောင့် သူက စနိုဖီခွေးရုပ်ကို ဂရုစိုက်တယ်...
အသေးစိပ်ကြည့်တယ်... ခံစားတယ်... ငါကလည်း ကြည်ပြာ့ကို
သိပ်ချစ်တယ်... ဒါကြောင့် အသေးစိပ် အပြောင်းအလဲ ကလေးတွေက
အစမြင်တယ်.. သူမြင်တာနဲ့ ငါမြင်တာနဲ့... သူစိုးရိမ်တာနဲ့ ငါးစိုးရိမ်တာနဲ့
ငါစိုးရိမ်တာနဲ့ဟာ တစ်ထပ်တည်းပဲ၊ အဲဒါ... စနိုဖီခွေးရုပ်က ကြည်ပြာ့အပေါ်
မရိုးသားဘူး... ဒါပဲ။ ကဲ... လွင်မာ... ငါနင့်ကို အခင်ဆုံးအယုံကြည်ဆုံး
ဆိုတော့... နင်သိတယ် နင်တို့အားလုံးရော သိလား!”

ကျွန်တော် သူငယ်ချင်းများကို လက်ညိုးငေါက်ငေါက်ထိုးကာ


မေးလိုက်သည်။ ကျွန်တော်ပုံစံကြောင့် သူငယ်ချင်းများ ရုတ်တရက်
လန့်သွား၏။ ကျွန်တော့်တကိုယ်လုံးသည် ဒေါသနှင့် ပေါက်ကမ
ွှဲုကြောင့်
တုန်ခါလျက်ရှိသည်။ ကျွန်တော့်အမေးစကားကို သူငယ်ချင်းများက
အသံတိတ်ခေါင်းငြိမ့်ကာဖြေကြ၏။ လွင်မာက ငါသိတယ်... ဟု
ကျွန်တော့်ကို ရင်ဆိုင်ကာ ဖြေသည်။

“အေး... နင့်ကို ငါအခင်ဆုံးဆိုတာကို နင်ယုံကြည်လာအောင်


အားလုံးသိလာအောင်... ငါလက်ပတ်နာရီ မွေးနေ့မှာ လက်ဆောင်
မပေးဘူး။ နင့်ရည်းစားမောင်မောင်နိုင် မလာတဲ့နေ့မှာ နင့်ကို လာမကြိုဘူး၊
နင့်ရှေ့မှာ မလိုအပ်တဲ့ ကြွားလုံးတွေမထုတ်ဘူး၊ နင့်ကို ခံပင်တစ်ပင်နဲ့
နှင်းဆီပင်တစ်ပင်လည်း လက်ဆောင်အမှတ်တရမပေးဘူး...” ကျွန်တော်
ဒေါသဖြင့် ဆူးဝေလောင်ကျွမ်းကာ စကားကို ဝုန်းကနဲရပ်ပစ်လိုက်သည်။

typing - ကောင်းဆိုး Page 282


နီကိုရဲ မကြည်ပြာနှင့် ချစ်ခြင်း၏ဒုတိယနဂ္ဂတစ်များ
ကျွန်တော်အော်ပြောသည့် စကားသံနှင့် အသက်ရှုမြန်ကာ
ယိမ်းထိုးနေသော ခန္ဓာကိုယ်ကိုကြည့်ကာ သူငယ်ချင်းများ တုန်လှုပ်ပြီး
ငြိမ်နေကြသည်။ ဘယ်သူမှ ဘာမှမပြောနိုင်။ လွင်မာ နှုတ်ခမ်းကို ကိုက်ကာ
ခေါင်းကို မော့နေရာမှ ငုံ့သွား၏။ ကျန်သူငယ်ချင်းများကလည်း
တိတ်သွားကာ ကျွန်တော့်ကို မျက်နှာချင်းမဆိုင်ကြဘဲ တစ်နေရာသို့
ငေးကာ ကြည့်ရင်း စဉ်းစားနေကြ၏။

“ဟုတ်တယ်လွင်မာ... ကြည်ပြာ ငါတို့သူငယ်ချင်းတွေအပေါ်


ပုံစံပြောင်းနေတာတော့ ကြာပြီ၊ အဲဒါ... ငါသတိထားမိတယ်... ရဲဝင်း
ပြောသလို... ဟိုကောင်ကို အထင်ကြီးပြီး ကြိုက်များနေသလားမသိဘူး”

စိတ်အနုဆုံး ယဉ်ယဉ်သိန်းက မျက်နှာငယ်ကလေးဖြင့် သူ့ခံစားချက်


ကို ပြောသည်။ လွင်မာက ခေါင်းငုံ့စဉ်းစားနေရာမှ ဖျတ်ခနဲမော့ကာ
ယဉ်ယဉ်သိန်းကိုကြည့်သည်။ လွင်မာ့မျက်ဝန်းထဲမှာ ကျွန်တော့်ကို
တိုက်ခိုက်ဖို့၊ ကြည်ပြာ့ကို ကာကွယ်ဖို့ အချက်အလက်တစ်ခုခုကို
ရှာပုံရသည်။

“ဟယ်... ကြည်ပြာ ဘဝအတွက် လက်တွဲဖော်ကို နှလုံးသားနဲ့


ရှာတာလားမသိဘူး... တင်အောင်ဇော်ထိုက်ကလဲ... အေးလေ
အဲဒါ... ဒါပေမယ့်... ရဲဝင်းနဲ့က ရည်စားပဲဟ... မကောင်းဘူး... မဟုတ်ဘူး”

“အပေါစားဝတ္ထု၊ ဗီဒီယိုကားထဲက စကားတွေလာပြောမနေနဲ့ မိုးမိုး


ဒါက တကယ့်ဘဝဟ၊ ဒါ... တကယ်ဖြစ်နေတာ...”

“ရဲကြီး... မင်းစိတ်ကိုလျော့လိုက်ကွာ...။ ပြဿနာကို တို့အေးအေး


ဆေးဆေး စဉ်းစားကြရအောင်၊ ဒါဟာ.. ဘာမှမဖြစ်နိုင်သေးပါဘူး၊

typing - ကောင်းဆိုး Page 283


နီကိုရဲ မကြည်ပြာနှင့် ချစ်ခြင်း၏ဒုတိယနဂ္ဂတစ်များ
မင်းကြည်ပြာ့ကို ဘယ်လောက် ချစ်တယ်ဆိုတာ... တို့သိတယ်၊
ကြည်ပြာလည်း သိတာပဲ။ ပိုတောင်သိဦးမယ်။ ဒါဟာ မိန်းကလေး
တစ်ယောက် စိတ်ကစားတာမဖြစ်နိုင်ဘူးလား! ပြီးတော့ ဒါဟာ ငါတို့
ကောက်ချက်ပဲ ရှိသေးတာလေ... ကြည်ပြာ့ဘက်မှ တစ်ခုခုများ
ရှိနေမလား!”

“ငါ ကြည်ပြာ့ကို ကာကွယ်နေတာလွင်ဦး... မင်းတို့လိုပဲ ကြည်ပြာ့ကို


တန်ဖိုးထားနေတာ ငါကြည်ပြာ့အပေါ်မှာထားတဲ့ ငါ့အချစ်ကို ကာကွယ်
နေတာ... ငါကြည်ပြာ့ကို ရန်လိုနေတာမဟုတ်ဘူး။ စိတ်ကစားတာ...။
ဒါဟာ ဖြစ်တက်လေ့ရှိတဲ့ ကိစ္စပါ မင်းပြောသလိုသာ ဖြစ်ပါစေကွာ။ ငါ
ကြည်ပြာ့ကို ခွင်လွှတ်တယ်... ငါကြည်ပြာ့ကို သိပ်ချစ်တယ်လွင်ဦး...
လွင်မာ... သူငယ်ချင်း... ငါသိပ်ချစ်တယ်ဟာ...”

ကျွန်တော့်နှလုံးသားသည် ကျွန်တော်ပြောနေသည့် စကားလုံးများမှ


နူးညံစွာ ယိုင်ဆင်းသွားပုံရသည်။ ကျွန်တော်ချက်ချင်း မျက်ရည်ဝက
ဲာ
လာ၏။ ကျွန်တော့်မျက်ဝန်းများ ရုတ်တရက် ကျိန်းစပ်ကာ အမြင်
ဝေဝါးသွားသဖြင့် ကျွန်တော်မျက်ရည်ဝဲတက်လာမှန်း သိသည်။
ယောက်ျားတစ်ယောက်၏ ခံစားချက်ဖြင့် ကျွန်တော် ထိုမျက်ရည်ကို
ထိန်းကာ... မျိုချပစ်ရသည်။ မျက်တောင်ကို ပုတ်ခတ်ကာ မျက်ရည်ကို
မကျအောင် ထိန်းချုပ်ခြင်းဖြစ်ပြီး ဝမ်းနည်းစိတ်ဖြင့် ရင်အစပ်သို့
စို့တက်လာသော ပူလောင်မှုကို မျိုချလိုက်ရသည်။

“ကဲ.... ကဲ... ဒီလိုလုပ် ရဲဝင်း...။ ဒီလို... အဲဒီကိစ္စကို နင်အခုဘာမှ


အပြီးအထိ ကောက်ချက်ဆွဲမထားနဲ့ဦး၊ ဒါ... တို့အားလုံးဘက်က
ကောက်ချက်ပဲရှိသေးတာ... ကြည်ပြာက စိတ်သာဆိုးလွယ်တာ

typing - ကောင်းဆိုး Page 284


နီကိုရဲ မကြည်ပြာနှင့် ချစ်ခြင်း၏ဒုတိယနဂ္ဂတစ်များ
အားတော့နာတက်တယ်ဟ၊ ဟိုကောင် လျှောက်လိုက်တာတွေကို ငါတို့
နင်တို့ သိကုန်ရင် ပြဿနာတက်မှ စိုးရိမ်လို့...။ ဘာမှမပြောပဲ
သင့်တော်သလို ဖြေရှင်းနေရတာလည်း ဖြစ်ချင်ဖြစ်မယ်။ နင်လည်း
ကြည်ပြာ့ကို ပွင့်ပွင့်လင်းလင်းမေးပြီး အနေအထိုင်ဆင်ခြင်ခိုင်းဟာ
ငါတို့လည်း ကြည့်ပြောမယ်။ နင်ဘာကောင်ချက်န့မ
ှဲ ကြည်ပြာ့ကို
ရင်မဆိုင်နဲ့ဦး... ဘာမဆိုဖြစ်နိုင်တာပဲ... ဟုတ်လား!”

ကျွန်တော်စိတ်ကို ပြန်ထိန်းကာ လွင်မာပြောသမျှကို စဉ်းစား


ကြည့်သည်။ အကောင်းဆုံး နည်းလမ်းဖြစ်နိုင်ပါသည်။ သူငယ်ချင်းများ
ကလည်း လူကြား၍ မကောင်းနိုင်သော ကိစ္စကြီးကို မဖြစ်ရေးအတွက်
အဖက်ဖက်မှ ဝိုင်း၍ တားကြမည်ဟု ကတိပေးကြသည်။ ဘာပဲဖြစ်ဖြစ်
ကြည်ပြာနှင့် ကျွန်တော်သည် ဒီနေ့အထိ တရားဝင် သူငယ်ချင်းများရှေ့တွင်
ချစ်သူအဖြစ်နေသေးသည်။ ကံကြမ္မာသည် ကျွန်တော့်ဘက်တွင်
အများကြီးသာနေပါသေးသည်။

“ဟုတ်ပြီလေ... နင်တို့ ချက်ချင်းကြီး အမူအရာမပြောင်းနဲ့ဦး


ငါမနက်ဖန် ကြည်ပြာ့ကို တစ်နေရာရာခေါ်သွားပြီးမေးမယ်။
သူ့သိက္ခာကို ထိခိုက်တဲ့စကား တစ်ခွန်းမှမပါစေရဘူးလို့ ကတိပေးပါတယ်
ဟာ ကြည်ပြာ့ကို ငါသိပ်ချစ်တယ်... အဲဒါကို နင်တို့ ယုံကြည်ပါ ငါမေးပြီးမှ
နင်တို့မေးပါ။ ကြည်ပြာနဲ့ ငါနဲ့ အဆင်ပြေတယ်ဆိုရင်... စနိုဖီကိစ္စကို
နင်တို့လည်း မေ့ထားလိုက်...”

ကြည်ပြာ၏မေးရိုးသည် ဖျတ်ကနဲ ရှေ့သို့တိုးကာလာပြီး


ကြည်ပြာသည် မျက်ဝန်းများကို မှိတ်ချလိုက်သည်။ ထို့နောက်... ရင်ကို
နောက်သို့ပစ်ကာ ပါးစပ်များကို ဖြည်းဖြည်းချင်း အစွမ်းကုန်ဟလိုက်သည့်

typing - ကောင်းဆိုး Page 285


နီကိုရဲ မကြည်ပြာနှင့် ချစ်ခြင်း၏ဒုတိယနဂ္ဂတစ်များ
အတွက် ကြည်ပြာ့သွားများအားလုံးနှင့် အာသီးဖျားနီနီကလေးကိုပါ
မြင်လိုက်ရသည်။ ကြည်ပြာသည် လည်ကိုဆန့်လိုက်သာ ခါးကို
အားရပါးရကော့လိုက် ပြီးနောက် ပါးစပ်အတွင်းမှ လျှာကနောက်သို့
တိုဝင်သွားကာ ဖျတ်ခနဲ ရှေ့သို့ပြန်ရောက်လာပြီးနောက် “ဂတ်” ခနဲ
ပါးစပ်များကို ပိတ်ပစ်လိုက်၏။ ထို့နောက်ဦးခေါင်းကို ဂလောက် ဂလောက်
မြည်အောင် ဘယ်ညာခါရမ်းလိုက်သည်။ ကြည်ပြာ သမ်းနေသည်ကို
ကျွန်တော် အစအဆုံးငေးမာနေခြင်းဖြစ်သည်။ ကြည်ပြာသမ်းနေစဉ်က
ပုံစံသည် ကျွန်တော်အမြဲတမ်း မြတ်နိုးချစ်ခင်ရသော ကြည်ပြာရုပ်နှင့်
အတော့်ကို ကွာပါသည်။ ကြည်ပြာသည် ချက်ချင်းပြောင်းလဲသွားကာ
ကျွန်တော်မသိတော့သော မမှတ်မိတော့သောလူတစ်ယောက်ဖြစ်၍
သွားသည်။ တရားတော်အတိုင်း ရုပ်ခန္ဓာသဘောမမြဲဆိုတာ သေချာပြီ။

ကျွန်တော် တစ်ဖက်သို့ပြန်လှည့်ကာ ကန်ရေပြင်ကို ငေးနေ


လိုက်သည်။ ကြည်ပြာ့ထံမှ ဘာသံမှ မကြားရ။ ကျွန်တော်ကြည်ပြာ့ကို
ကန်တော်ကြီးကို ခေါ်လာခဲ့ခြင်းဖြစ်သည်။ မနက်က သူငယ်ချင်းများ
အားလုံးရော စနိုဖီခွေးရုပ်ရောရှေ့မှာပင် ကြည်ပြာကို ကျွန်တော်
ပြောစရာရှိသည်ဟု အသိပေးကာ ခေါ်လာခဲ့ခြင်းဖြစ်၏။ ကြည်ပြာက
ဘာမှမပြောဘဲ ကျွန်တော်နှင့်အတူ လိုက်၍လာသည်။ ကန်တော်ကြီးကို
သွားမည်ဟု ဆိုတော့လည်း မငြင်း... ငှားလာသည့်ကားခကို သူကပင်
ထုတ်ပေးလိုက်သေး၏။ ကြည်ပြာ၏ ဘာမှမဖြစ်သော အပြူအမှုကြောင့်
ကျွန်တော်တွေဝေသွားခဲတာ အမှန်ပဲဖြစ်သည်။ အကယ်၍ ကြည်ပြာသာ
မမှန်တာတစ်ခုခု လုပ်ထားခဲ့လျှင် ကျွန်တော်နှင့် နှစ်ယောက်တည်း
တွေဖို့ခေါ်တာကို ငြင်းချင်ရင်လည်း ငြင်းမည် သို့မဟုတ်...
အမူအရာရင်လည်း ပျက်ကာနေနိုင်သည်။ အခုတော့... ကြည်ပြာက

typing - ကောင်းဆိုး Page 286


နီကိုရဲ မကြည်ပြာနှင့် ချစ်ခြင်း၏ဒုတိယနဂ္ဂတစ်များ
ဘာမှမဖြစ်သလိုပင်... ကျွန်တော်ရွေးချယ်သော ရေစပ်ကခုံမှာ
အေးအေးလူလူထိုင်လျှက်ရှိ၏။

ကျွန်တော် ကြည်ပြာ့ကို စကားပြောရန်အတွက် ကန်တော်ကြီးသို့


တမင်တကာ ရွေးချယ်လာခဲ့ခြင်းဖြစ်သည်။ ကဲင်တင်းတစ်ခုခု(သို့)
ဘာဂါဆိုင်တစ်ဆိုင်(သို့) အင်းယားကန်ဘောင်မှ ခုံတန်း။ နေရာတွေ
အများကြီးရှိသော်လည်း ကန်တော်ကြီးသို့ တမင်ခေါ်လာခဲ့ခြင်းဖြစ်သည်။
ကန်တော်ကြီးတွင် ကြည်ပြာနှင့် ကျွန်တော် အမှတ်တရများစွာ ရှိသည်။
ရင်ခုန်သံပေါင်းများစွာရှိသည်။ ပျော်ရွှင်ခြင်းများစွာ ဖွ့တ
ဲ ည်ခ့ဖ
ဲူးသည်။
ခံစားမှုနှင့် ပတ်သက်သည့်အခါ နေရာဒေသသည် လွန်စွာ အထောက်အပံ့
ပြုကြောင်း ကျွန်တော်သိထားခဲ့သဖြင့် ကန်တော်ကြီးကို အားကိုးမှုများစွာနှင့်
ရွေးချယ်ကာ ကြည်ပြာ့ကို ခေါ်လာခဲ့ခြင်းဖြစ်သည်။ ကြည်ပြာသည်
ကျွန်တော့် နံဘေးတွင် သက်တောင့် သက်သာပင်ထိုင်လျက် အေးအေး
ဆေးဆေးရှိနေသည်။ ထိုင်ခုံကလေးမှာ ထိုင်ပြီးကတည်းက ကျွန်တော်
ဘာစကားမှ ကြည်ပြာ့ကို မပြောရသေး။ ထုံးစံအတိုင်း ကြည်ပြာကလည်း
ဘာမှမမေး။ လွင်မာတို့ သတိပေးခဲ့သလို အတက်နိုင်ဆုံး ဒေါသကို
လျော့ရမည်ဟု ကျွန်တော့်ကိုယ် ကျွန်တော် သတိပေးစရာမလိုပါ။
ကြည်ပြာ၏ အေးဆေးငြိမ်သက်သော အပြုအမှုများနှင့် ကန်တော်ကြီး၏
အမှတ်တရများစွာက ကျွန်တော့်ကို မယုံနိုင်ဖယ
ွ်ရာ နူးညံအောင်
ပြုလုပ်ပြီးသားဖြစ်၍ နေသည်။ နောက်တစ်ခုကလည်း ကြည်ပြာသည်
ကျွန်တော့်နံဘေးတွင် ရှိနေသော ကျွန်တော်၏ ချစ်သူစစ်စစ်ဖြစ်သည်
ဟူသည့် အချက်ပင်ဖြစ်သည်။ ကြည်ပြာသည် ကျွန်တော် ငေးနေသည်ကို
မျက်ဝန်ကလေးထောင့်ကပ်ပြီး ကြည့်ကာ ခန္ဓာကိုယ်ကို သက်တောင့်
သက်သာဖြစ်အောင် ဖြေလျော့လိုက်သည်။

typing - ကောင်းဆိုး Page 287


နီကိုရဲ မကြည်ပြာနှင့် ချစ်ခြင်း၏ဒုတိယနဂ္ဂတစ်များ
“ကြည်ပြာ”

“ဘာလဲ... ဟ...”

မျက်ဝန်းများကို မဖွင့်ပဲ အေးအေးဆေးဆေးဖြင့်သာ ကြည်ပြာ့ကို


ငေးကာ ကျွန်တော်ပြောရမည့်စကားကို အငြင်ဆုံး၏ အငြင်သာဆုံး
ဖြစ်အောင် ရွေးနေခဲ့သည်။

“နင်... တင်အောင်ဇော်ထိုက်ကို ဘယ်လိုသဘောရသလဲ”

ကျွန်တော့်မေးခွန်းကြောင့် ကြည်ပြာသည် မျက်ဝန်းများကို ဖွင့်ကာ


ကျွန်တော့်ကိုကြည့်သည်။ ထို့နောက် ကြည်ပြာ့မျက်ဆံနက်ကလေးက
ဖျတ်ခနဲ နေရာရွေ့သွား၏။

“မဆိုးပါဘူး၊ ခင်ဖို့ကောင်းသားပဲ... ဘာဖြစ်လို့လဲ”

ကြည်ပြာသည် ပထမစကားများကို တမင်ပေါ့ပေါ့ကလေးဖြစ်အောင်


သတိထားပြောခဲ့သည်မှာ သေချာပါသည်။ ဘယ်ဖြစ်လို့လဲဆိုသည့်
စကားသံတွင်တော့ ဒေါသနှင့် စိုးရိမ်းခြင်း အနည်းအကျဉ်းပါသည်ဟု
ကျွန်တော်ထင်သည်။

“ဘာမှမဟုတ်ပါဘူး... ဒါနဲ့ သူနဲ့ မြမိုလ်က အဆင်မပြေသေး


ဘူးလား... ဘယ်လိုလဲ...”

“ဘယ်သိမလဲ... သူများကိစ္စတွေ စိတ်မဝင်စားဘူး”

ကြည်ပြာက မဲ့ကာဖြေပြီး တစ်ခြားတစ်ဖက်သို့ မျက်နှာလှည့်သွား၏။


နင့်ကိစ္စဆိုရင်ရော... ဥပမာ ဒီကောင်နဲ့မြမိုလ် အဆင်ပြေ မပြေတာ နင့်
ခံစားမှုအပေါ်မှာ တစ်ခုခုသက်ရောက်တယ်ဆိုရင်ရော ထိုစကားကို

typing - ကောင်းဆိုး Page 288


နီကိုရဲ မကြည်ပြာနှင့် ချစ်ခြင်း၏ဒုတိယနဂ္ဂတစ်များ
ကျွန်တော်ပြော၍ မထွက်ခဲ့ပါ။ တစ်ဖက်လှည့်သွားသော ကြည်ပြာ့ကို
ငေးရင်း သက်ပြင်းချလိုက်မိသည်။ တကယ်တမ်းကျတော့ ကျွန်တော်သည်
တစ်ညလုံး မအိပ်ပဲ မောင်းတင်ကာ စကားလုံးများစွာကို စိတ်ကူးထဲမှာ
အကြိမ်ကြိမ် ပြောခဲ့သော်လည်း ကြည်ပြာ့အရှေ့ ရောက်သည့်အခါ
ဘာစကားမှ ပြော၍မရခဲ့။ သို့သော် ကျွန်တော် ဒီနေ့တစ်ခုခုကို
ဆုံးဖြတ်ဖို့အတွက် ကြည်ပြာ့ခံစားချက်ကို ရအောင်သိအောင် မေးမှကို
ဖြစ်လိမ့်မည်။ မဟုတ်လျှင် ကျွန်တော် ခံစားနိုင်မည်မဟုတ်။ ဒီလို
ဇဝေဇဝေါနှင့် ပြင်းထန်သော တွေးရင်းတွေးရင်း ကြောက်လိုက်... ခံစားချက်
ယုံကြည်ချက်တစ်ခုနှစ်ခုနှင့် စိတ်ဖြေကာ ကျေနပ်လိုက် မြင်ခြဲ့ ကားခဲ့သမျှကို
ပြန်တွေးရင်း ပြန်ကြောက်လာလိုက်နှင့် ပူလိုက်အေးလိုက်ဖြစ်နေသော
ကျွန်တော့်ခံစားမှုကို ကျွန်တော်ကြောက်နေခဲ့တာကြာခဲ့ပြီ။

“ကြည်ပြာ.... နင်... ဟိုလေ... နင့်နာရီကလေး... အဲဒါ နင့်နာရီ


အသစ်လေးဝယ်တာ.. ဘယ်လောက်ပေးရလဲ...”

ကြည်ပြာ့ထံမှ သက်ပြင်းချသံကိုကြားရသည်။ ကြည်ပြာက


ချက်ချင်းမဖြေ၊ ကျွန်တော့်ဘက်သို့လည်း မျက်နှာလှည့်၍မလာ...။ တဒင်္ဂ
ငြိမ်ကျ သွားသည်။ ဒုတိယအကြိမ် သက်ပြင်းချပြီးမှ ကြည်ပြာက
ကျွန်တော့်ကို လှည့်မကြည်ဘဲ ဖြေသည်။

“အဲဒါ ငါဝယ်တာမဟုတ်ဘူး... စနိုဖီခွေးရုပ်... လက်ဆောင်


ပေးတာ...”

ကြည်ပြာသည် တင်အောင်ဇော်ထိုက်ကို ပထမဦးဆုံးအကြိမ်


ကျွန်တော်ခေါ်ခဲ့သည့်အတိုင်း ခေါ်ခြင်းဖြစ်သည်။ ကျွန်တော်က စကားလုံး
တွေကို ခံစားတက်သော ကဗျာဆရာဖြစ်၏။ ကြည်ပြာ၏ စနိုဖီခွေးရုပ်

typing - ကောင်းဆိုး Page 289


နီကိုရဲ မကြည်ပြာနှင့် ချစ်ခြင်း၏ဒုတိယနဂ္ဂတစ်များ
ဟူသော အသုံးအနှုန်းကြောင့် ကျွန်တော့်မှာ စဉ်းစားစရာတွေပေါ်လာကာ
ချက်ချင်းစဉ်းစားဖြစ်သွားသည်။ ကြည်ပြာက ဒီလက်ဆောင်ကိုတော့
အားနာတာရော... ပစ္စည်းကို သူ့သဘောဝအတိုင်း တပ်မက်တာရော...
ယောက်ျားတစ်ယောက်၏ ဂရုစိုက်မှုကို စိတ်ကစားတာရော....၊ ဘာမှ
မဖြစ်နိုင်ဟု ခပ်ပေါ့ပေါ့သဘောထားတာရောနဲ့ ယူခ့လ
ဲိမ့်မည်....။ ယူပြီးမှ
ဒီပြဿနာကို သူကစမပြောခင် ကျွန်တော်သိသွားလို့ သူယူခ့မ
ဲိတာကို
နောင်တရပြီး စနိုဖီခွေးရုပ်ကို ဒေါသဖြစ်ကာ သူနှင့်ကျွန်တော်အကြားတွင်
ပြဿနာဖြစ်ပြီဟုတွေးမိကာ ဒီကောင့်ကို စနိုဖီခွေးရုပ်ဟု ခေါ်လိုက်တာပဲ
ဖြစ်မယ်။

ကျွန်တော် ထိုအတွေးဖြင့် ကြည်ပြာ့ကို ကြည့်လိုက်သည်။


ထိုတဒင်္ဂအတွင်း ကျွန်တော့်ရင်ထဲမှာ ပူနေသည့် သောကသည် ပျောက်ကာ
သွားသည်။ ကြည်ပြာက ကျွန်တော့်ကို လှည့်မကြည့်သေး ကိစ္စမရှိ...။
ကျွန်တော် ကြည်ပြာနာရီပတ်ထားသော လက်ကလေးကို ကောက်ကိုင်
လိုက်သည်။ နာရီကိုကြည့်တော့ ၁နာရီ၊ ၃၈မိနှစ်။ ကျွန်တော့် ခဏ
စဉ်းစားသည် ဒီအတိုင်းဆိုလျှင် ပြဿနာသည် ကျွန်တော့်ဘက်တွင်
နိုင်ချေရှိသည်။ ကျွန်တော်က ကြည်ပြာ့ကိုကိစ္စတွေကို အားလုံး
သိထားသည်။ သိထားပြီးမှ ခွင့်လွှတ်သည် (ကြည်ပြာ အားနာလိုက်သော
မိုက်မဲမှုကိုဆိုလိုသည်) ဟုပြောဖို့သင်ပြီ။

“အဲဒါလေ... နင့်... မွေးနေ့လက်ဆောင်ဆိုပြီး... သူကပေးတာ


ဆို...”

ကျွန်တော်စကားဆုံးတော့ ကြည်ပြာက ကျွန်တော့်ကို ဖျတ်ခနဲ


ကြည့်သည်။ ကြည်ပြာ့မျက်နှာတွင် အံ့သြခြင်းနှင့် ထိတ်လန့်ခြင်းကို

typing - ကောင်းဆိုး Page 290


နီကိုရဲ မကြည်ပြာနှင့် ချစ်ခြင်း၏ဒုတိယနဂ္ဂတစ်များ
ပြိုင်တူတွေ့လိုက်ရသည်။ ကျွန်တော်၏ “မွေးနေ့” ဆိုသော စကားလုံး
ကြောင့် ကြည်ပြာသည် ထိုနာရီကိစ္စကို ကျွန်တော်သေသေချာချာ
သိထားပြီးပြီ ဆိုတာကို သိသွားပုံရသည်။

“ဟုတ်တယ် ငါ့မွေးနေ့ ဆိုပြီးပေးတာ...”

ကြည်ပြာ့လေသံတွင် ဝန်ခံခြင်းနှင့် ဒေါသသံတို့ ပြွန်းကာနေ၏။


ကန်ရေပြင်ပေါ်သို့ ရှပ်၍ တိုက်လာသော လေက ကြည်ပြာ့ဆံပင်များကို
လွင့်ကနဲ ဆွဲမွှေ့သွားသဖြင့် ဒေါသက ပိုများသွားသည်ဟု ကျွန်တော်
ထင်သည်။

“နင်ကလည်းဟာ... ဘာဖြစ်လို့ ယူလိုက်တာလဲ!... မဟုတ်သေးပါ


ဘူးဟာ...”

“လဲသေလိုက် ငါ့ကို မွေးနေ့ဆိုပြီးပေးလို့ ငါယူတာ... ဘာဖြစ်လဲ


ယုယုမွေးနေ့တုန်းကလည်း သူက ရေမွှေးပုလင်းပေခဲ့သေးတာပဲ၊ ငါယူတာ
ဘာဖြစ်လဲ”

ကြည်ပြာ၏ တုန့်ပြန်စကားကြောင့် ကျွန်တော်အပြေးအလွှား


စဉ်းစားရ၏။ ယုယုမွေးနေ့တွင် ရေမွှေးပုလင်းပေးခဲ့သည်ဆိုတာကို
ကျွန်တော်တကယ်မသိခဲ့တာ အမှန်ပင်ဖြစ်သည်။ ကြည်ပြာက သူနာရီ
မွေးနေ့လက်ဆောင်ယူခြင်း၏ ရိုးသားမှုအပေါ် ယုယု၏ မွေးနေ့တွင်
ရေမွှေးပုလင်းပေးခြင်းဖြင့် ခုခံခြင်းဖြစ်သည်။ ထိုကိစ္စမှာ ကျွန်တော်
ကျိန်းသေ သိမထားသည့်အတွက် အလျှော့မပေးနိုင်။ ထိုကိစ္စ တကယ်ပင်
ထားဦး ကြည်ပြာ သူ့ထံမှာ ဘာပစ္စည်းမှ မယူသင့်ပါ။ ထိုပစ္စည်းကလည်း
ကျွန်တော်တို့ရှေ့မှာ ရိုးသားစွာပေးခဲ့သည့် မွေးနေ့လက်ဆောင်မဟုတ်။

typing - ကောင်းဆိုး Page 291


နီကိုရဲ မကြည်ပြာနှင့် ချစ်ခြင်း၏ဒုတိယနဂ္ဂတစ်များ
“နင့်မွေးနေ့ကို... ငါတို့ကို ဘာလို့မပြောလဲ ငါလုံးဝမသိလိုက်ရဘူး”

“အေး... ငါ ဘယ်သူ့ကိုမှ မပြောဘူး ဘာဖြစ်လို့လဲဆိုတော့ ငါ့မှာ


မွေးနေ့လုပ်ဖို့ ပိုက်ဆံမရှိလို့ နင့်ကို ဘာ့ကြောင့်လို့လဲဆိုတော့ ငါ့မှာ
ငါ့မွေးနေ့ကို ဘယ်တုန်းက စိတ်ဝင်စားဘူးလို့လဲ မွေးနေ့ပလ
ွဲုပ်တယ် ဆိုတာ
အသက်ရှင်ခြင်းရဲ့ အပိုအလုပ်တွေဆို... မွေးနေ့ပမ
ွဲ လုပ်တာ ဘယ်နှစ်နှစ်
ရှိပြီလဲ နင်ဘယ်တုန်းကများ မေးဖူးလဲ... ငါမပြောဘဲန့ေ
ဲ ရာ ငါ့မွေးနေ့ကို
ဘယ်နှစ်ခါသိပြီး သတိရဘူးလို့လဲ၊လဲသေလိုက်”

ကြည်ပြာက ကျွန်တော့်ကို အားရပါးရ ရန်တွေ့ပြီး တစ်ဘက်သို့


လှည့်ကာသွား၏။ ကျွန်တော် ရုတ်တရက် ကြောင်ကာသွားသည်။
ကြည်ပြာပြောသည့်စကားထဲမှာ မှန်တာတွေလည်းပါသည်။ ကျွန်တော်
ကြည်ပြာ့မွေးနေ့ကို တစ်ကြိမ်မှ သတိမရ၊ ဗိုလ်တစ်ထောင်တက္ကသိုလ်တွင်
ကျွန်တော်နှင့် ချစ်သူဖြစ်ပြီး မွေးနေ့ပွဲလုပ်တုန်းကသာ သိခ့သ
ဲ ည်။
ထိုမွေးနေ့ပွဲတုန်းက ကျွန်တော်ကြည်ပြာ့ကို မွေးနေ့လက်ဆောင်
ချမ်းမြေ့ရိပ်သာ ဆရာတော်၏ စာအုပ်တစ်အုပ်ပေးခဲ့ဖူးသည် ဆိုတာကို
အခုမှပင် ပြန်သတိရ၏။

“ဘာပဲဖြစ်ဖြစ်ပေါ့ဟာ... ငါ မွေးနေ့ပက
ွဲို စိတ်မဝင်စားဘူး
ဆိုတာတော့ အမှန်ပဲ... ငါလည်းတစ်ခါမှ မလုပ်ဖူးပါဘူး... ဒါနဲ့
နင့်မွေးနေ့ပွဲကို အဲဒီကောင်က ဘယ်လိုလုပ်သိသွားတာလဲ... ကဲ...”

“ဟင်း... ဟင်း... နင်က ငါပြောတယ်ထင်လို့လား၊ ငါလုံးဝ


မပြောဘူး... သူ့ဘာသာသူ ကျောင်းသားရေးရာဌာနမှာ သွားစုံးစမ်းပြီး
သိတာ...”

typing - ကောင်းဆိုး Page 292


နီကိုရဲ မကြည်ပြာနှင့် ချစ်ခြင်း၏ဒုတိယနဂ္ဂတစ်များ
ကြည်ပြာ့မျက်နှာက ထိုကိစ္စကို အဆုံးအထိ ရင်ဆိုင်တော့မည်
ဟူသည့် ဆုံဖြတ်ချက်က ပေါ်နေသည်။ စနိုဖီက ကျောင်းသားရေးရာ
ဌာနတွင် သွားစုံးစမ်းကာ သူ့မွေးနေ့ကိုသိနေပြီး ချစ်သူတစ်ယောက်လုံး
ဖြစ်သည့် ကျွန်တော်က သတိမရဖြစ်နေသည်ကို ကြည်ပြာသည်
အနိုင်ရပြီဟု မာနထားနေပုံပေါ်၏။ ကျွန်တော် ကြည်ပြာ့ကို ဘယ်လောက်
ချစ်ခဲ့ရသနည်း။ ကျွန်တော် ဘယ်နှစ်ကြိမ် အနစ်နာခံခ့ရ
ဲ ပြီးပြီနည်း။
ကျွန်တော် ဘယ်နှစ်ခါ ချစ်ခြင်း မေတ္တာသန့်သန့်ဖြင့် အလိုက်သိခ့ရ
ဲ သနည်း။
သို့သော်... ကျွန်တော့်အလိုက်သိ အနစ်နာခံမှုများတုန်းကတော့
ကြည်ပြာသည် ယခုလို မာနမတက် ရင်မဆိုင်ခ့။ဲ ဘာမဟုတ်သည့်
မွေးနေ့ပွဲကို သူမပြောဘဲ သိသွားသည့် ကိစ္စကျမှ ဒီလောက်မာနနှင့်
ကျွန်တော့်ကို ရင်ဆိုင်နေရသနည်း။ ကျွန်တော့်ရင်ထတ
ွဲင် နာကျင်
သွားကာ... ကျွန်တော် ချစ်သူဆိုတာကို မေ့ပြီး ကြည်ပြာ့မျက်နှာပေါ်မှ
မာနကို အနိုင်ရရေးအတွက် အလဲထိုးရန် နောက်ထပ် မြှားတစ်စင်းကို
ကျွန်တော်ပစ်လိုက်သည်။

“နင်ရဲ့ ကွန်ပျူတာသင်တန်းကို အဲ့ဒီကောင်က လာပြီး ပို့တယ်


ကြိုတယ်ဆို... ကဲ... အဲဒါရောကြည်ပြာ... ကဲ... အဲဒါရော”

“ဟုတ်တယ်လေ.... အဲဒီမွေးနေ့ လက်ဆောင်ပေးတဲ့နေ့က လာတာ


ငါ့မွေးနေ့က ဇွန်လ ၂၆ရက်နေ့... အဲဒီနေ့မှ သူလာတာ... အဲဒီနေ့က
မွေးရက်ပဲတိုက်တာ မွေးနေ့က မတိုက်ဘူး ကြားသပတေးနေ့ဖြစ်နေတယ်...
ဘာဖြစ်လဲ... အဲဒီစကားက ဘယ်သူ့ဆီကလာတယ်ဆိုတာ ငါသိတယ်...
ရဲဝင်း”

typing - ကောင်းဆိုး Page 293


နီကိုရဲ မကြည်ပြာနှင့် ချစ်ခြင်း၏ဒုတိယနဂ္ဂတစ်များ
“အေး ဟုတ်တယ်၊ မြမိုလ်ပဲ။ ဘာဖြစ်လဲ အဲဒါ...။ ဒီမှာ ကြည်ပြာ
နင်ရိုးသားရင်... ဒါမှမဟုတ် ဒီကောင်ရိုးသားရင် အဲဒီမွေးနေ့လက်ဆောင်ကို
ငါတို့ရှေ့မှာ အထူးသဖြင့် ငါရှေ့မှာ ပေးသင့်တယ်။ နင်န့င
ဲါဟာ
ချစ်သူဆိုတာကို သူသတိထားသင့်တယ်။ သူက မရိုးသားဘူးဘဲထား၊
သူ့ပေးရင် နင်က ငါ့ကို ပြောရမယ်၊ အခုဟာက... ဟား... သွားစမ်းပါကွာ...
လုံးဝမရိုးသားဘူး၊ ဒီကောင် ငါတို့အုပ်စုထက
ဲိုဝင်လာတာ... မြမိုလ်ကို
မဟုတ်ဘူးကြည်ပြာ... လုံးဝမဟုတ်ဘူး”

ကျွန်တော့်စကားဆုံးတော့ ကြည်ပြာက ဘာမှပြန်မပြော...


ဒေါသဖြင့် တစ်ဘက်သို့လှည့်သည်။ ကြည်ပြာ့ရင်သည် မြင့်မောက်ကာ
နေ၏။ ကျွန်တော့်စကားသံတွေကလည်း ထိန်းထားမရနိုင်တော့ဘဲ
ကျယ်လောင်ကာသွားသည်။ ကျွန်တော်တို့နှစ်ယောက်သည် ဒေါသဖြင့်
တစ်ယောက်တစ်ဘက်စီလှည့်ကာ စက္ကန့်အတော်များများ ငြိမ်သက်၍
နေကြသည်။ ကျွန်တော်က ကန်ရေပြင်မှ လှိုင်းကြက်ခပ
ွ်များကို
ငေးကာနေခဲ့သည်။

“ကဲ... ရဲဝင်း”

ကြည်ပြာက ကျွန်တော့်ကို ပြောရင်း သူ့ဘယ်ဘက်လက်တွင်


ဝတ်ထားသော နာရီကိုဖြုတ်ကာ ရှေ့မှကန်ရေပြင်ထဲ လွှင့်ကာပစ်လိုက်၏။
ကျွန်တော်ငေးကြောင်ကာ တားခွင့်မရလိုက်။ ကန်ရေပြင်လှိုင်းခွပ်ထမ
ှဲာ
နာရီကဝဲလွင့်ကာ စွပ်ကနဲမြုပ်သွား၏။

“ကျေနပ်ပြီလား... ကျေနပ်လား... မြမိုလ်ဘာကြောင့် ပြောတယ်


ဆိုတာ ငါသိတယ်ရဲဝင်း.. သူက စနိုဖီ... အို... အဲဒီကောင်ကို
ကြိုက်နေတာ... သူပြောတဲ့စကားကို နင်က... ငါ လဲသေလိုက်”

typing - ကောင်းဆိုး Page 294


နီကိုရဲ မကြည်ပြာနှင့် ချစ်ခြင်း၏ဒုတိယနဂ္ဂတစ်များ
ကျွန်တော်အံ့သြကာ ကြည်ပြာ့မျက်နှာကို ငေးကြည့်နေမိသည်။
ကြည်ပြာ့မျက်နှာသည် ဒေါသ၊ မာန်မာနကြောင့် မာထန်ကာနေ၏။
ကြည်ပြာ့ လက်ကောက်ဝတ်ကလေးမှာ ဘာမှမရှိတော့။ ကြည်ပြာက
မျက်နှာကို ဖျတ်ခနဲ လွှဲသွားသည်။ ကျွန်တော့်ရင်ထတ
ွဲင် အရာအားလုံး
ဟာလာဟင်းလင်းဖြစ်ကာ အားလုံးကြေပျက်သွား၏။ ကျွန်တော့်ဒေါသ
ပူလောင်မှု၊ နာကျင်မှုတို့သည် ကန်ရေပြင်လှိုင်းကြက် ခွပ်ထက
ဲို “စွပ်”ခနဲ
မြုပ်သွားသော နာရီကလေးလိုပင်... အားလုံး ပျောက်ကယ
ွ်သွားသည်။
ကျွန်တော် ကြည်ပြာ့လက်ကလေးကို ဆုပ်ကိုင် ကာထားလိုက်၏။
ကြည်ပြာက မရုန်း။ ဒေါသဖြင့်သာ အသက်ရှူသံ ပြင်းထန်လျှက်
အခြားဘက်သို့ မျက်နှာကို လွှဲကာထားသည်။

“ကြည်ပြာ... ငါ... ဟိုလေ... အေးပါဟ... ဟား...


ငါသဘောပေါက်ပြီ ကြည်ပြာ... အေးပါဟာ... ငါ... အစိုးရိမ်လန
ွ်သွားတာ...
ဘာမှမဟုတ်ဘူးဆိုပြီးတာပါပဲဟာ... ငါ... ငါလေ နင့်ကို သိပ်ချစ်တာပဲ
သိလား”

“....................”

ကြည်ပြာ့ထံမှ ဘာစကားမှ မကြားရပါ။ အသက်ရှူသံက


တဖြည်းဖြည်း တိုးလျော့ကာသွား၏။ အလကား... မြမိုလ်နဲ့ ငါ
သဝန်ကြောင်မိတာပဲ နေမှာ...။ ဒါဘာမှမဟုတ်ဘူး... ဒီကောင်က မြမိုလ်ရဲ့
သဝန်တိုစိတ်ကို ကြည်ပြာ့ကို တန်ဆာခံလုပ်ပြီး စမ်းနေတာရော
မဖြစ်နိုင်ဘူးလား။ ကျွန်တော် ကန်ရေပြင်ကိုငေးကာ ကြည်ပြာ့
လက်ကလေးကို ကိုင်ထားရင်း ပျော်ရွှင်ကာသွားသည်။ ကျွန်တော့်
ရင်ထဲတွင် ခုနက စက္ကန့်အတောအတွင်းရှိခဲ့သော ပူလောင်နာကျည်းသော

typing - ကောင်းဆိုး Page 295


နီကိုရဲ မကြည်ပြာနှင့် ချစ်ခြင်း၏ဒုတိယနဂ္ဂတစ်များ
ဒေါသနှင့် စိုးရိမ်မှုများ လုံးဝမရှိတော့။ အကြောင်းအရာကလေး
တစ်ခုကြောင့် ကျွန်တော့်ခံစားချက်သည် အံ့သြဖွယ်ကောင်းလှစွာ
ပြောင်းလဲသွားသည်ကို ကျွန်တော် သိနေခဲ့သည်။ ပြင်းထန်သော
ပူလောင်စိုးရိမ်မှုကြီး လုံးဝမရှိတော့သည်အတွက် ရရှိလိုက်သော
ငြိမ်းချမ်းမှုမှာ ပြောမပြတက်အောင်ကို အရသာရှိနေသည်။ ကျွန်တော်
ကြည်ပြာ့လက်ကို တင်းတင်းဖျစ်ညှစ်လိုက်၏။ ကြည်ပြာက မရုန်း..
ငြိမ်ကာနေသည်။ ကျွန်တော် ကန်ရေပြင်ကို ငေးရင်းက မျက်စေ့ကို
မှေးမှိတ်ကာ ချက်ချင်းရရှိလာသော ရင်ထဲမှခံစားမှုကို ခံစားနေခဲ့သည်။
ကျွန်တော်ကြည်ပြာ့ကို သိပ်ချစ်သည်။ ကျွန်တော်သိပ်ချစ်ရပါသော
ကြည်ပြာသည် ကျွန်တော့်နံဘေးတွင် ရှိနေသည်။ ကြည်ပြာ၏
သွေးသားလည်ပတ်နေသော လက်ကလေးကို ဆုပ်ကိုင်ထားသူမှာ
ဘယ်သူမှ မဟုတ်၊ ကျွန်တော်သာဖြစ်၏။ ကျွန်တော်က ကြည်ပြာ့
လက်ကလေးကို ပိုသိသာစေရန် ဖွဖွကလေးပွတ်သပ်နေပါသည်။

ကျွန်တော့်ရင်သည် ငြိမ်းအေးနေရာမှ တစ်စစခုန်၍ လာ၏။


ကျွန်တော်မျက်စေ့ကိုဖွင့်ကာ ကြည်ပြာ့ကို ငေးလိုက်သည်။ ကန်ရေ
နောက်ခံနှင့် ငွေရောင်လဲ့နေသော ကြည်ပြာ့နှာတံကလေး... နှုတ်ခမ်း
ချွန်ချွန်... အစိမ်းရောင်၊ ပန်းနုရောင်များ သွယ်ယှက်ကာနေသည့်
ပါးပြင်နုနု...။ ကြည်ပြာရယ်... မင်းဟာ ငါ့ပထမဦးဆုံး အနမ်းတွေခြေချရာ
သက်တန့်ပါးပြင်နဲ့ ငါမလိုချင်တဲ့ အပြစ်တွေပိုင်ဆိုင်ရာ... ငါ့ရဲ့
ကဗျာတစ်ပုဒ်။ ပြီးတော့ မင်းဟာ ငါ့အိပ်မက်ခိုးမ။ လမ်းလျှောက်တက်တဲ့
ခေတ်ပေါ်ကဗျာ...။ မင်းနဲ့ငါ့ ဝုန်းဒိုင်းကြဲခဲ့တဲ့ ဒေါသတွေကို မြို့အစွန်
တစ်နေရာရာမှာ သွားလွှင့်ပစ်လိုက်စမ်းပါ။ ပြန်လာရင်... မင်းကို
ဂုဏ်ပြုတဲ့အနေနဲ့ တို့စကားပြောကြရအောင်...။

typing - ကောင်းဆိုး Page 296


နီကိုရဲ မကြည်ပြာနှင့် ချစ်ခြင်း၏ဒုတိယနဂ္ဂတစ်များ
ထိုစဉ်... ကန်တော်ကြီးအပြင်ဘက်လမ်းမမှ မီးသတ်ကား
သုံးလေးစီး ဥသြဆွဲကာ မောင်းနှင်းသွားကြသံကို ကြားရသည်။
မြို့တစ်နေရာရာမှ မီးလောင်နေပြီထင်တယ်။ ကျွန်တော်က ကြည်ပြာနှင့်
ပြန်ပြေလည်သွားပြီဖြစ်သည်။ ကြည်ပြာက မီးသတ်ကားများကို ငြိမ်သက်
နေရာမှ ခေါင်းထောင်ကာကြည့်၏။ ကျွန်တော် ကြည်ပြာ့လက်ကို
ကိုင်ထားရင်း... နောက်လက်တစ်ဘက်ဖြင့် ပုခုံးကလေးကို လှမ်းဖက်
လိုက်သည်။ ကြည်ပြာက... ကျွန်တော့်ကို လှည့်ကြည့်ကာ ပခုံးပေါ်မှ
ကျွန်တော့်လက်ကို ဖြုတ်ကာ နံဘေးနားသို့ချ၏။

“နင်ကလည်းဟာ... ငါသိပါပြီဟာ... နင်ဘာမှမဟုတ်ရင် ပြီးရော


ငါစိုးရိမ်လို့...”

“မီးလောင်နေတယ်ဟ”

“ဘာဖြစ်လဲ... အဝေးကြီး... ဟိုဘက်ကိုသွားတာ”

ကြည်ပြာနှင့် ကျွန်တော်တစ်ယောက်နှင့် တစ်ယောက်ကြည့်ကာ


ပြိုင်တူရယ်လိုက်ကြသည်။

“သွားကြမယ်လေဟာ... ပြန်ကြမယ်...”

“နေပါဦးလေ... နင်ကလည်း... အခုမှ နှစ်နာရီတောင်


မထိုးသေးဘူး...”

ကြည်ပြာက ယောင်ကာ လက်ကောက်ဝတ်ကလေးကို ငုံ့ကြည့်၏။


ထို့နောက် ပြိုင်တူရယ်လိုက်ကြပြန်သည်။ ကြည်ပြာက ရယ်ပြီးမှ နှုတ်ခမ်းကို
ဆွဲဆန့်ကာကာမဲ့သည်။ ဘာမှမဟုတ်သည်ကိစ္စအတွက် နာရီတစ်လုံး
ဆုံးသွားသည်ကို မကျေနပ်သည့် သဘောဟုထင်သည်။

typing - ကောင်းဆိုး Page 297


နီကိုရဲ မကြည်ပြာနှင့် ချစ်ခြင်း၏ဒုတိယနဂ္ဂတစ်များ
“ဘယ်နှစ်နာရီရီဟာ... ပြန်မယ်... ဒါမှမဟုတ် တစ်နေရာရာ
သွားမယ်... ဒီမှာ မထိုင်ချင်တော့ဘူး...”

“ဘယ်သွားမှာလဲ... ရေခဲမုန့်စားမလို့လား... ကုန်းပေါ်မှာ


စား/ဖျော်ကဖွင့်တဲ့ဆိုင်က မရှိတော့ဘူးဟ၊ ဒီမှာပဲနေပါဟာ...”

“ရေခဲမုန့်တဲ့... မစားပါဘူး... ဒါပေမယ့် ဒီမှာတော့ မထိုင်ချင်


တော့ဘူး”

“ဒါဆိုရင်... ဘယ်သွားမလဲ... ကဲ...”

ကြည်ပြာက မတ်တပ်ထရပ်ပြီး ခဏစဉ်းစားသည်။ ဘာကိုမှ


စဉ်းစားရဟန်မတူ... မျက်မှောင်ကိုကျုံ့သည်။ ကျွန်တော်ကတော့
ငြိမ်းချမ်းကာ နွေးထွေးလာနေသော ခံစားမှုအပေါ်တွင် တစ်ကိုယ်လုံးကို
ဖြေလျော့ကာထား၏။ ကြည်ပြာ ဘာပဲလုပ်လုပ် လိုက်လျော့ဖို့အဆင်သင့်
ရှိနေသည်။ ကြည်ပြာက မျက်မှောင်ကိုဖြုတ်ကာ ပြုံးလိုက်သည်။

“အတွဲသွားချောင်းရအောင်ဟာ...”

“ဘာ....”

“လူများအတွဲကို လျှောက်ကြည့်ကြရအောင်လို့ ပြောတာ...


လဲသေလိုက်”

ကြည်ပြာက ကျွန်တော့်ကို မျက်စောင်းဒိုင်းကနဲထိုးရင်း ပြောသည်။


ကျွန်တော် ကြည်ပြာပြန်လည် ရွှင်မြူးလာပုံကိုကြည့်ကာ ရင်ထမ
ှဲာ
ပျော်၍သွားသည်။

“နင်ကလည်းဟာ... လူများကို ဒုက္ခမပေးပါနဲ့... မဟုတ်တာ”

typing - ကောင်းဆိုး Page 298


နီကိုရဲ မကြည်ပြာနှင့် ချစ်ခြင်း၏ဒုတိယနဂ္ဂတစ်များ
“အပျော်ပဲလေဟာ... ဘာဖြစ်လဲဟာ... အဝေးကကြည့်မှာပဲဟာ
ထိုင်နေရတာ ပျင်းစရာကြီးဟာ...၊ နင်မလိုက်လဲနေခဲ့ ငါကတော့
လျှောက်ကြည့်မှာပဲ...”

ကြည်ပြာသည် လုပ်ချင်တာကို လုပ်လိုက်ရမှ ကျေနပ်တက်သော


မိန်းကလေးဆိုတာကို ကျွန်တော် ကောင်းကောင်းသိပါသည်။ ပြီးတော့ သူ
ကြည်နူးရွှင်မြူးလာသော စိတ်ကလေးကို ဒီအတိုင်းထားချင်သဖြင့်
မထချင်သော်လည်း သဘောတူကာ ထဖို့ပြင်ရသည်။ ကြည်ပြာက
ကျွန်တော့်ကို စောင့်မနေတော့ဘဲ ထွက်ကာသွား၏။ ကျွန်တော်
ကမန်းကတမ်း ကြည်ပြာ့နောက်သို့ ပြေးကာလိုက်ခ့ရ
ဲ သည်။ ကျွန်တော်တို့
ကန်တော်ကြီး ပတ်လမ်းကလေးအတိုင်း လျှောက်လာခဲ့ကြသည်။
ကြည်ပြာက ပတ်လမ်းနံဘေးကို ကျော့ပေးကာ ကန်ရေရိပ်ဘက်သို့
မျက်နှာပြုကာ ထိုင်နေသော ချစ်သူစုံတွဲများရှိသည့် ခုံတန်းနောက်သို့
ရောက်လျှင် ခေတ္တာရပ်ကာကြည့်သည်။ ထိုစကားပြောနေသော ချစ်သူများ
ဖြစ်သည့်အခါ နှာခေါင်းကိုရှုံ့ကာ ဆက်လျှောက်သည်။

“ကြည်ပြာ... ဒီအတွဲတွေက အလကားပဲဟာ၊ နင်ကြည့်ချင်ရင် ဟို


အပေါ်ဘက် ဂုံးကလေးပေါ်သွားမယ်လေ...၊ နင်ကလည်းဟာ ဒီနေ့မှ
ကြံကြံဖန်ဖန် အတွဲချောင်းချင်ရတယ်လို့... ဘာမှမဟုတ်တာကို...”

“ဘာပဲဖြစ်ဖြစ် အပျော်ပဲဟာ... ထိုင်နေရတာပျင်းတယ်ဟ၊


ထိုင်နေရတာကမှအလကား...၊ တချို့အတွဲတွေဆို ရန်ဖြစ်ကြတာဟ
သိလား...၊ ရယ်ရတယ်...၊ တချို့ကျတော့လည်း ထမင်းချိုင့်ကိုဖွင့်ပြီး
ခွံ့ကျွေးနေကြတာ...”

typing - ကောင်းဆိုး Page 299


နီကိုရဲ မကြည်ပြာနှင့် ချစ်ခြင်း၏ဒုတိယနဂ္ဂတစ်များ
“ရန်ဖြစ်တာ.. ခုနက... ငါတို့လိုပေါ့ဟ၊ နေပါဦး... နင်က
ဘယ်တုန်းက အတွဲတွေကို သွားကြည့်ဖူးတာလဲ”

“ဟဲ့... နင်ပြောတာ ဒီဂုံးကလေးပေါ်လားရဲဝင်း...”

“ဘယ်တုန်းက ကြည့်ဖူးတာလဲဆို...”

“ဒီလိုပဲပေါ့ဟာ...”

ကြည်ပြာက ကျွန်တော့်ကို လှည့်မကြည်ဘဲပြောရင်း ဂုံးကလေး


ပေါ်သို့ တက်သွားသည်။ ကျွန်တော်နောက်မှ လိုက်တက်ရ၏။
ဂုံးကလေးပေါ်ရောက်ပြီး သစ်ပင်အုပ်များကိုတွေ့တော့ ကြည်ပြာက
ကျွန်တော့်ကို လှည့်ကာ လက်ညိုးကလေးကို နှုတ်ခမ်းတွင် ကပ်ကာ
ပြော၏။ ပြီးတော့ ခြေသံမကြားရပါပဲ ခြေကို ဖော့ကာဖြေးဖြေးကြွ၍
လျှောက်သည်။ ကျွန်တော်ကြည်ပြာ့ပုံစံကိုကြည့်ကာ ရယ်ချင်သွားသည်။
တော်တော်ကြည့်ချင်နေတယ် ပေါ့လေ။ ပထမတွတ
ဲ စ်တက
ွဲို ပုဏ္ဏရိပ်ပင်
အစပ်က ခုံတွင်တွေ့၏။ ယောက်ျားက အသက်ခပ်ကြီးကြီး အမျိုးသမီး
ကလည်း ၃၅နှစ်လောက်ရှိပြီ။ ကာကူလေတာကိုထုတ်ကာ ဘာတွေ
တွက်ချက်နေကြမှန်းမသိ။ ကြည်ပြာက နှာခေါင်းကိုရှုံ့ပြီး ပြောင်ပြကာ
ဆက်လျှောက်ကြသည်။

ဒုတိယတစ်တွဲ တွေ့ပြန်သည် သစ်ပင်ပင်စည်ကိုမှီကာ


ထိုင်နေကြခြင်းဖြစ်သည်။ ကောင်လေးက လိမ္မ်ာသီးကို အခွံခွာ နေသည်။
အခွံခွာပြီးတော့ ကောင်မလေးကိုမကျွေး၊ သူ့ချည်စားပစ်၏။ ကောင်မလေး
က လိမ္မ်ာခွံကိုယူကာ နှာခေါင်းနှင့် တေ့ပြီးရှူသည်။ ကြည်ပြာက
မဲ့လိုက်ကာ...

typing - ကောင်းဆိုး Page 300


နီကိုရဲ မကြည်ပြာနှင့် ချစ်ခြင်း၏ဒုတိယနဂ္ဂတစ်များ
“ကောင်မလေးကိုတောင် မကျွေးဘူး”

“ကောင်မလေးက မကြိုက်လို့နေမှာပေါ့ဟေ၊ သူ့ ရည်စားအကြောင်း


သူသိမှာပေါ့”

“ကြိုက်ကြိုက် မကြိုက်ကြိုက် ကျွေးသင့်တယ်”

ကြည်ပြာက မျက်နှာကိုမဲ့ကာ မှတ်ချက်ချရင်း ဆက်လျှောက်သည်။


ကြည်ပြာမှာ တရားမျှတချင်စိတ်ကလေးတော့ ရှိသားပဲဟု တွေးကာ
နောက်မှလိုက်ခဲ့သည်။ တတိယအတွဲကို တွေ့တော့ မိန်းကလေးက
နှုတ်ခမ်းနီကို ပြင်ဆိုးနေပြီး ဆံပင်ကို သပ်ရပ်အောင်ပြုပြင်သည်။
ကောင်လေးက စီးကရက်ထုတ်ကာ မီးညှိနေ၏။

“နောက်ကျသွားပြီ”

ကြည်ပြာက ကျွန်တော့်ကို လှည့်မကြည့်ဘဲ သူ့မှတ်ချက်နှင့်


သူဆက်ကာလျှောက်သည်။ နောင်ထပ်တစ်တက
ွဲို တွေ့သည်။
ကောင်လေးက ကောင်မလေးရင်ခွင်ထဲ လဲကျနေတာ ကောင်မလေးက
အလိုက်သင့် ဖက်ကာထား၏။ ကျွန်တော်တို့ သစ်ပင်ကိုကယ
ွ်ကာ
သတိအနေအထားဖြည်းဖြည်းနှင့် ကျွန်တော်တို့ဂုံးကလေးကအတွင်းပိုင်းကို
ရောက်လာနေပြီ ဖြစ်သည်။

“ဟင်း... အိပ်များပျော်နေကြလားမသိဘူး၊ ခဲန့ေ


ဲ တာင်ထုချင်တယ်၊
လာ... မစွံဘူး ရှေ့ဆက်သွားမယ်...”

“ဘာမှ မရှိတော့ပါဘူးဟာ... ဒီပေါ်မှာ သစ်ရိပ်ကအေးနေတာ


ပဲနော်... ငါတို့ ခဏတိုင်ရအောင်လေဟာ...”

typing - ကောင်းဆိုး Page 301


နီကိုရဲ မကြည်ပြာနှင့် ချစ်ခြင်း၏ဒုတိယနဂ္ဂတစ်များ
“နေစမ်းပါ... ငါကြည့်ချင်ပါတယ်ဆိုမှ... ရှေ့မှာရှိဦးမယ် လာ...
လာ...”

ကြည်ပြာက ဆက်လျှောက်ရင် ပန်းခြံနောက်နှင့် ချောင်းကလေး


တွေထဲမှာ အတွဲကိုရှာသည်။ ကျွန်တော်တို့ရောက်နေသည့် နေရာမှာ
ဂုံးဆင်းလမ်းလှေကားထစ်များက မရှိ။ ဂုံးအမြင့်တွင် ပေါက်နေသော
သစ်ပင်များ မညီညာသောမြေများနှင့် ချောက်ကြီးလိုဖြစ်နေသည်။
ဂုံမှဆင်းမည်ဆိုလျှင် ဟိုတစ်ဘက်ကို လျှောက်ရမည်ဖြစ်သည်။ ကြည်ပြာက
ဂုံးအဆင်းချောက်အစပ်တွင် ပေါက်နေသော သစ်ပင်ကြီးတစ်ပင်၏
ပါးပြင်ထနေသော သစ်မြစ်ကြီးပေါ်တွင် အသာထိုင်ချကာ ဟိုဟို
ဒီဒီရှာသည်။ ဘယ်အတွဲမှမတွေ့...။ ကျွန်တော်ဆေးပေါ့လိပ်ကို မီးညှိကာ
အားရပါးရဖွာရင်း ဒီနေရာမှာပဲ ကြည်ပြာ့တို ခဏလောက်ထိုင်ဖို့
ပြောမည်ဟု စဉ်းစားနေသည်။

“ဟော... ဟဲ့... ရဲဝင်း ရှုး... အောက်မှာ... အောက်မှာဟ”

ကြည်ပြာက သစ်မြစ်ကို လက်ထောက်ကာ ချောက်အောက်သို့


ခေါင်းကို ငုံ့ပြူထက်ကာကြည့်ရင်း လေသံတိုးတိုးဖြင့် ဆိုသည်။ ကျွန်တော်
ကြည်ပြာ့ဘေးဝင်ထိုင်ကာ ငုံ့ကြည့်တော့ ပခုံးပေါ်တွင် လက်တစ်ဘက်
တင်ထားသော ကောင်မလေး၏ ပခုံးတစ်ပိုင်းတစ်စကို တွေ့ရသည်။
ကြည်ပြာက ထိုနေရာကကြည့်၍ မမြင်ရသဖြင့် ပင်စည်ကိုပတ်ကာ
ဟိုဘက်ကိုပြေးသည်။ ကျွန်တော်ကြည့်နေရင်း ပခုံးပေါ်မှလက်က ပခုံးကို
ဆွဲယူလိုက်သဖြင့် မြင်နေရသော ပခုံးတစ်ခြမ်း လှစ်ခနဲပျောက်ကာသွား၏။
ကျွန်တော်လည်း ကြည်ပြာကြည့်သည်ဘက်သို့ ပြေးရသည်။

“ကောင်းကောင်းမမြင်ရဘူးဟ၊ ပင်စည်နဲ့ ကွယ်နေတော...”

typing - ကောင်းဆိုး Page 302


နီကိုရဲ မကြည်ပြာနှင့် ချစ်ခြင်း၏ဒုတိယနဂ္ဂတစ်များ
ထိုစုံတွဲက ချောက်အစပ်မှာ ပေါက်နေသည့် သစ်ပင်ကြီး၏
အမြစ်ကြားတွင် ထိုင်နေခြင်းဖြစ်သည်။ ချောက်က မတ်စောက်လန
ွ်းလှ
သဖြင့် ဘယ်နေရာကဆင်းကြပါလိမ့်ဟု ကျွန်တော် စဉ်းစားနေမိသည်။
ကျွန်တော်တို့ရပ်နေသည့်အပေါ်နှင့် သူတို့ဝင်နေသော သစ်မြစ်ကြားသည်
ခြောက်ပေလောက် နိမ့်မည်ဟုထင်သည်။

“ဒီအတွဲက မဆိုးဘူးဟ၊ နေရာကောင်းကောင်းရှာတက်တယ်”

“အေးဟာ... ငါကြည့်ချင်တာ... ပခုံးတစ်ဖက် မရှိတော့ဘူးဟ၊


နေရာရှာဟာ... ဟယ်... ရဲဝင်း... ရဲဝင်း... ဒီမှာ...”

ကြည်ပြာက ပင်စည်ကိုပုတ်၍ ပြသည်။ ကျွန်တော်မော့ကြည့်တော့


ပင်စည်ကိုပတ်ကာပေါက်နေသော နွယ်ပင်ကိုတွေ့ရ၏။ နွယ်ပင်အလုံးက
ကျပ်ပြားစေ့လောက်ရှိမည်။ ဖြောင့်တန်းနေသော ပင်စည်ကိုပတ်၍ နွယ်က
ဟိုးသစ်ပင်ထိပ်ဖျားသို့ တိုးဝင်သွား၏။ ကြည်ပြာပြောပုံက ထိုနွယ်ကို
ကိုင်ကာ ပင်စည်ကိုကပ်ပြီး အောက်သို့ငုံ့ကြည့်ရန်ဖြစ်သည်။ သို့သော်
နွယ်အားလုံးက ကိုင်မည့်နေရာလောက်တွင် တစ်ဖက်သို့ ပတ်ကာနေသဖြင့်
မလွယ်လှ...။ ပင်စည်ကိုခွရအောင်ကလည်း ပင်စည်ကစည်ပိုင်းလုံးခန့်
ရှိသည်။

“မလွယ်ဘူး ကြည်ပြာ ထားလိုက်ပါဟာ...”

“ရပါတယ်ဟ၊ နွယ်ကိုကိုင်ပြီး ငုံ့ကြည့်ရင်ရတယ်... ရော့နင်


ငါ့ကိုကိုင်ပေထား...”

ကြည်ပြာသည် လုပ်ချင်မိလျှင် လုပ်လိုက်ရမှ ကျေနပ်လေ့ရှိသည့်


ဗီဇအတိုင်း ဘာကိုမှ မငဲ့တော့ဘဲ သူ့လယ်သာစလင်းဘက်(ခ)အိတ်ကို

typing - ကောင်းဆိုး Page 303


နီကိုရဲ မကြည်ပြာနှင့် ချစ်ခြင်း၏ဒုတိယနဂ္ဂတစ်များ
ကျွန်တော့်ထံ လှမ်းပေးကာ ဖိနပ်ကိုချွတ်ပြီး ပါးပြင်းမြစ်ပေါ်တက်ကာ
နွယ်ပင်ကို လှမ်းကာဆွဲသည်။

“ဟဲ့... ရဲဝင်း ငါ့ခြေထောက်ကို ကိုင်ပေးထားလေဟာ...”

ကြည်ပြာ့အော်သံကြောင့် ကျွန်တော်က ပင်စည်မှာကပ်ပြီး ကြည်ပြာ့


ခြေထောက်ကကလေးများကို ခြေမျက်စေ့မှထိန်းကာ ကိုင်ပေးထားရ၏။
ကြည်ပြာက နွယ်ပင်ကိုလှမ်းကိုင်ကာ ပင်စည်မှာ ကိုယ်ကိုလိမ့်ကာ
ကွေ့ပတ်ကြည့်နေ၏။

“သေသေချာချာကိုင်ထားနော်ကြည်ပြာ...”

ကြည်ပြာက ခေါင်းကိုညိတ်ကာ ငုံ့ကြည့်နေ၏။ တော်တော်ဆိုးတဲ့


ကြည်ပြာပဲဟု ကျွန်တော်တွေးရင်း ပျော်လာသည်။ အတွက
ဲ တော့မသိ
ကျွန်တော်တို့နှစ်ယောက်ကိုသာ တစ်စုံတစ်ယောက်ကမြင်လျှင် အားရပါးရ
ရယ်မှာ သေချာသည်။ ကျွန်တော်က စလင်းဘက်(ခ)ကို လွယ်ကာ
ကြည်ပြာ့ ခြေထောက်ကိုကိုင်... ကြည်ပြာက နွယ်ကြိုးကိုခိုကာ ပင်စည်ကို
ကွေ့ပတ်ပြီး ငုံ့ကြည့်... တကယ့်ရယ်စရာကြီး။ တကယ်တော့
မိန်းကလေးတစ်ယောက် အတွဲချောင်းသည်ဆိုသည်မှာ မဖြစ်သင့်သော
အဖြစ်မျိုးသာဖြစ်သည်။ သို့သော်... ကြည်ပြာသည် သူစိတ်ချလက်ချ
ယုံကြည်ခွင့်ရသော သူက အမြဲစိတ်ဆိုးနေနိုင်နေကြဖြစ်သော ကျွန်တော်နှင့်
အတူရှိခိုက် သူ့စိတ်ထဲရှိသည့် ကိစ္စကို ဘာမှမငဲ့ဘဲ အပျော်သဘော
လျှောက်လုပ်ခြင်းသာဖြစ်သည်။ ကြည်ပြာက အောက်ကိုငုံ့ကြည့်နေရင်းက
ခြေထောက်ကိုလှုပ်သည်။

“ခဏပြန်ဆင်းဦးမယ်ဟ... ညောင်းတယ်”

typing - ကောင်းဆိုး Page 304


နီကိုရဲ မကြည်ပြာနှင့် ချစ်ခြင်း၏ဒုတိယနဂ္ဂတစ်များ
ကြည်ပြာ့ကို အသားထိန်းကာချပေးရသည်။ ကြည်ပြာ
အောက်ရောက်တော့ ကိုယ်ကိုကွေးကာ လက်သီးကလေးများ ဆုပ်ရင်း
အသံမထွက်ဘဲရယ်သည်။

“ဘာလုပ်နေကြလို့လဲဟ... ဟင်”

“အလကား... ဘာမှမဟုတ်ဘူး... ငါတို့ကြည်ပုံကို သဘောကျပြီး


ပျော်လို့... ရယ်ရတယ်နော်... ရဲဝင်း”

“အေး... နင်ငါ့ကို ခဏထိန်းပေးထားဟာ၊ ငါကြည့်ဦးမယ်”

ကျွန်တော် အမြစ်ပေါ်တက်ပြီး နွယ်ကြိုးကို လှမ်းဆွဲသည်။


ကြည်ပြာက ကျွန်တော့်ခြေထောက်ကို ကိုင်ကာပေးထားရ၏။ ငုံ့ကြည့်တော့
အတွဲကိုခေါင်းတည့်တည့်မှ မြင်ရသည်။ ပခုံးကိုဖက်ထားပြီး ခေါင်းချင်း
ပူးကာ ထိုင်နေကြသည်။ ထို့နောက် ခေါင်းချင်းခွေ့ကာ ပျော်နေကြပြန်သည်။
နောက် ပခုံးချင်းတိုက်ကြပြန်သည်။ ထို့နောက် လူချင်းခွာလိုက်ကြသည်။
ကျွန်တော် အတွဲကိုငေးရင်း ကိုယ့်အဖြစ်ကို သဘောကျသွားသည်။
ပြုတ်ကျလို့ကတော့ မလွယ် တလိမ့်ခေါက်ကွေး လိမ့်ကာ ဟိုးဂုံးအောက်ထိ
ကျသွားနိုင်သည်။ အမြစ်ပျဉ်းကြီးများ ကြားထဲသို့ ကျသွားလျှင်လည်း
မလွယ်...။ နွယ်ကြိုးကိုကိုင်ထားရသော လက်ကနာ၍ လာသည်။
ကိုယ်ကိုပတ်ကာ ကွေးထားရသဖြင့် ခါးကလည်း ညောင်းသေး၏။
ကြာပြာထိန်းပေးထားသော ခြေထောက်ကလည်း ပင်စည်နှင့် ပတ်တိုက်
နေသဖြင့် နာလာသည်။ ကျွန်တော်ပြန်ဆင်းဖို့ ခြေထောက်ကိုလှုပ်ရသည်။
အတွဲက စကားပြောနေ၏။ နေပေ့စေ ဘာမှမဟုတ်။ သတိနှင့်ထားပြီး
ခက်ခက်ခဲခဲဆင်းရသည်။ ကြည်ပြာက ထိန်းပေးပါသည်။

typing - ကောင်းဆိုး Page 305


နီကိုရဲ မကြည်ပြာနှင့် ချစ်ခြင်း၏ဒုတိယနဂ္ဂတစ်များ
“ဘာမှမဟုတ်တာဟာ၊ သူဘာသာထိုင်နေတာပဲ... မမြင်ရလို့
ကြည့်ချင်နေတာ ဘာမှမဟုတ်ဘူး... တော်ပြီဟာ...”

“ရဲဝင်းကလည်း ငါခဏကြည့်ဦးမယ်ဟာ... ထိန်းပေးထား”

ကြည်ပြာက ကလေးဆိုးလိုပင် အပင်မြစ်ပေါ်တက်ရပ်ပြန်သည်။


ကျွန်တော် ကြည်ပြာ့ခန္ဓာကိုယ်ကို ထိန်းပေးကာ ခြေထောက်ကို
ကိုင်းထားရင်း သက်ပြင်းကို ချမိသည်။ အခုချိန်ဆိုရင်တော့ လွင်မာတို့က
ကျွန်တော်တို့အတွက် စိုးရိမ်နေကြလိမ့်မည်။ ကျွန်တော်တို့က အတွဲ
ချောင်းလျှက်ရှိ၏။ မနေ့က ဒီလိုအချိန်မှာ ကျွန်တော်ဒေါသထွက်နေခဲ့သည်။
ပေါက်ကွဲနေခဲ့သည်။ အခုကြတော့လည်း အတွဲချောင်းနေကြသည်။

“ဟယ်... ဟော... ဟော.... ဟဲ့တော့.... ကျွတ်.... အံမယ်”

ငုံ့ကာကြည့်နေသော ကြည်ပြာ့ထံမှ အသံထက


ွ်ကာလာ၏။
မော့ကြည့်တော့ ကြည်ပြာ့ ပခုံးလေးကိုသာမြင်ရသည်။ မြင်ရသည့် ပခုံးက
ကြုံ့ကာကြုံ့ကာသွား၏။ မျက်နှာကိုတော့ မမြင်ရ။ ပင်စည်နှင့်
ကွယ်ကာနေသည်။ ကြည်ပြာဘာကိုများ တွေ့နေသနည်း။ အတွက

ဘာတွေဖြစ်ကုန်ပြီနည်း။

“ဟော... ဟယ်.. အဟင်း... အဲတော့...”

“ကြည်ပြာ... ကြည်ပြာ”

ကြည်ပြာက ကျွန်တော့်ခေါ်သံတိုးတိုးကို လှည့်မကြည့်တော့၊


အာမေဋိတ်သံမျိုးစုံသာ ထွက်၍နေသည်။ ကျွန်တော်လည်း ကြည့်ချင်
လာ၏။ ကြည်ပြာ့ကိုဆင်းခိုင်း၍တော့ ရမည်မထင်၊ ကျွန်တော်
ကြည်ပြာ့ခြေထောက်ဖျားကိုကိုင်ထားရင်း ပင်စည်ကို ခေါင်းဖြင့်ကွေ့ကာ

typing - ကောင်းဆိုး Page 306


နီကိုရဲ မကြည်ပြာနှင့် ချစ်ခြင်း၏ဒုတိယနဂ္ဂတစ်များ
မြင်ရလိုမြင်ရငြားကြည့်သည်။ အတွဲက ဘာတွေဖြစ်ကုန်ပြီနည်း။
ပခုံးတချက်ရိပ်ခနဲ ပင်စည်မှပေါ်လာပြီး ပြန်ပျောက်ကာသွား၏။ တောက်...
ငါကြည့်တုန်းကတော့ ထိုင်နေကြသည်။ ကျွန်တော် ကြည့်လိုဇောဖြင့်
ခေါင်းကို ပင်စည်ဘက် အထွက်တွင် ကြည်ပြာ့ကို ကိုင်ပေးထားသော
ခြေထောက်များ လွတ်ကာထွက်သွား၏။ ခြေထောက်လတ
ွ်သွားသည့်
အတွက် ကြည်ပြာသည် နွယ်ကြိုးကို ကိုင်ထားရာမှ ကိုယ်ကလည်ထက
ွ်
သွားကာ ဂုံးနှင့် လွတ်သွားပြီး ချောက်အစပ်တွင် တန်းလန်းကြီး
ဖြစ်သွားသည်။

“အား.. ရဲဝင်း... ရဲဝင်း... အမလေး... ရဲဝင်းရေ... နင် ဘာဖြစ်လို့


လွှတ်... အား... ဟဲ့... ငါ့ကို ဆွဲ... ဆွဲ... ရဲဝင်း”

“ကြည်ပြာ... ကြည်ပြာ”

ကျွန်တော်တို့အော်သံတွေ ဆူညံသွားကြသည်။ ကျွန်တော်


လှမ်းဆွဲသော်လည်း ကြည်ပြာ့ခန္ဓာကိုယ်သည် ချိန်သီးလို လှုပ်ရမ်းနေသဖြင့်
မမိ။ ကျွန်တော်ကလည်း ချောက်အစပ်မှာမို့ ရှေ့ကို တိုး၍မရတော့။
ကြည်ပြာသည် နွယ်ကြိုးကိုကိုင်လျှက် တန်းလန်းဖြစ်နေကာ ကြောက်လန့်
တကြားအော်နေသည်။ အောက်မှအတွဲလည်း လန့်ဖြုန့်ကာ ဝုန်းကနဲ
မတ်တပ်ရပ်ပြီး မော့ကြည့်တော့... မထင်မှတ်စွာ ကြည်ပြာ့ကို
တန်းလန်းကြီးတွေ့ရသဖြင့် ကြောင်နေကြသည်။

“ကြည်ပြာ... ကြည်ပြာ... ကိုင်ထား... ကိုင်ထား... မလွှတ်နဲ့...


ခြေထောက်ကို ငါ့ဘက်ခတ်... ငါ့ဘက်ကိုခတ်လိုက် ငါမမှီဘူး”

typing - ကောင်းဆိုး Page 307


နီကိုရဲ မကြည်ပြာနှင့် ချစ်ခြင်း၏ဒုတိယနဂ္ဂတစ်များ
“မရဘူး... အား... ငါပြုတ်ကျတော့မယ် ရဲဝင်း... လုပ်ကြပါဦး...
အား...”

ကျွန်တော်လှမ်းဆွဲသော်လည်း ကြည်ပြာ့ခြေထောက်များကို မမှီ၊


ကြည်ပြာသည် ကြောက်လွန်းသဖြင့် မျက်စိကိုစုံမှိတ်ကာ နွယ်ကြိုးကို
ခိုထားရင် ငယ်သံပါအောင်အော်နေသည်။ အတွမ
ှဲ ကောင်လေးက
သတိရကာ အပေါ်သို့ ကုတ်ကပ်တက်လာပြီး ပင်စည်မှ နွယ်ကြိုးကို
ကိုင်ကာ ပင်စည်ကို ခြေဖြင့်ကန်ထားရင်း ကြည်ပြာ့လက်ကို လှမ်းကာဆွဲ၏။

“အစ်မ လက်ကိုလွှတ်လိုက်... ကျွန်တော်ကိုင်ထားတယ်...


လွှတ်လိုက်”

“ဟင့်အင်း မလွှတ်ဘူးကျလိမ့်မယ်... အား... ရဲဝင်း... ဟဲ့ ရဲဝင်း”

“ကြည်ပြာ မကြောက်နဲ့... ခြေထောက်ကို ဒီဘက်ပေး နင်မကျတော့


ဘူး၊ မကြောက်နဲ့”

ကြည်ပြာသည် လေထဲတွင် လွတ်နေသော ခြေထောက်ကို


ကျွန်တော့်ရင်ဘတ်နှင့် ထိသွားသဖြင့် အကြောက်သက်သာကာ အော်သံ
တိတ်သွားသည်။ ကျွန်တော့်ရင်ဘတ်ကို ကန်ကာနင်းရင်း နွယ်ကြိုးမှ
လက်ကိုလွှတ်ပြီး အတွဲမှလူ၏ လက်ကိုကိုင်သည်။ ကျွန်တော်က
ကိုယ်ကိုနောက်လှန်ကာ ဒူးကိုကွေးရင်း ထိုင်ချရ၏။ ကြည်ပြာ့
ခြေထောက်များကို ရင်ဘတ်ဖြင့်ပင့်ကာ တင်ပေးရသည်။ ကြည်ပြာ့ကိုယ်
ချောက်ထဲမှလွတ်သည်နှင့် အတွဲမှလူက လက်ကိုလွှတ်လိုက်သည်။
ကြည်ပြာသည် အိကနဲ ကျွန်တော့် ရင်ဘတ်ပေါ်ခြေထောက်ဖြင့်နင်းလျှက်

typing - ကောင်းဆိုး Page 308


နီကိုရဲ မကြည်ပြာနှင့် ချစ်ခြင်း၏ဒုတိယနဂ္ဂတစ်များ
ငုတ်တုတ်ကျသည်။ ကြည်ပြာ ရုတ်တရက် မထနိုင် ကြောက်ရံွ့ ကာ
တစ်ကိုယ်လုံးတုန်ကာနေ၏။

“ကြည်ပြာ... ကြည်ပြာ... နင်ဘာမှမဖြစ်ဘူး... အား... ထ... ထ


ငါ့ကိုယ်ပေါ်က ထလိုက်ဦး”

ကျွန်တော့်စကားသံကို ကြားတော့မှ ကြည်ပြာသည် ကျွန်တော့်


ဗိုက်ပေါ်မှ ဝုန်းကနဲထရပ်သည်။

“အဲဒါ နင်... နင်... အသုံးမကျလို့ရဲဝင်း... နင်လုပ်တာ၊ နင် ငါ့ကို


သေအောင်သတ်တာ...”

“ဟ... မဟုတ်ဘူးကြည်ပြာ... ငါက....”

ကြည်ပြာသည် ကြောက်ရွံ့ထိတ်လန့်မှု မပြေသေးသည့် မျက်နှာ


ပေါ်တွင် ဒေါသကအစင်းလိုက် အရာထင်ကာနေသည်။ ကြည်ပြာသည်
ဖိနပ်ကို ကောက်စီးကာ သူ့စလင်းဘက်(ခ)ကို ကောက်လယ
ွ်လိုက်ပြီး
ချာကနဲ လှည့်ထွက်သွား၏။

“သူက ဘယ်လိုဖြစ်ပြီး အပေါ်မှာရောက်နေတာလဲ”

သစ်ပင်ပေါ်မှခုန်ချပြီးကာစ ကြည်ပြာ့ကို တက်ဆွဲပေးသူက


မေးသည်။ ကျွန်တော်ဘာပြောရမယ်မှန်းမသိ၊ ဒီကိစ္စကြီးကို သွားပြောလို့
မကောင်း လှည့်ထွက်သွား၏။

“ဒီလိုပဲပေါ့ဗျာ၊ တစ်ခါတစ်လေ... ဒီလိုဖြစ်တက်တာပဲ... ကျေးဇူးပဲ


သွားမယ်နော်...”

typing - ကောင်းဆိုး Page 309


နီကိုရဲ မကြည်ပြာနှင့် ချစ်ခြင်း၏ဒုတိယနဂ္ဂတစ်များ
“ဟာ... အစ်ကို ခဏ... အစ်ကို့ရင်ဘတ်က ခြေရာကြီးကို
ခါလိုက်ဦး”

ကျွန်တော်လှည့်အထွက်မှာ လှမ်းအော်လိုက်သောအသံကြောင့်
အောက်ကိုငုံ့ကြည့်တော့ ကျွန်တော်၏ ခပ်နမ
ွ်းနွမ်းကော်လံလည်ကတုံး
အင်္ကျီရင်ဘတ်တွင် ကြည်ပြာကန်၍ နင်းထားသော ခြေရာကြီးကို
တွေ့ရသည်။ ရှက်ပြီး ဒေါသရော ကြောက်ရံွ့ စိတ်နှင့်ပါ ထွက်သွားသည့်
ကြည်ပြာ့နောက်ကို ကမန်းကတန်း ပြေးလိုက်ရင်း ကြုံသလိုပင်...
ရင်ဘတ်ပေါ်က ကြည်ပြာ့ခြေရာကိုခါချရသည်။ ဖုန်းမှုန့်နှင့် မြေကြီးစများ
မဟုတ်ဘဲ၊ ဖိနပ်ခြေဆီတို့ဖြင့်ပေသော ခြေရာဖြစ်သည့်အတွက် ခါချပွတ်ချ၍
မပျောက် မတက်နိုင်လှမ်းကြည့်တော့ ကြည်ပြာက ဂုံးဆင်းလှေကားမှ
ပြေးဆင်းနေသည်။

“ကြည်ပြာ... ကြည်ပြာ... နေပါဦးဟ... ကြည်ပြာရေ...”

ကျွန်တော့်ခေါ်သံကို ကြားသော်လည်း ကြည်ပြာသည်


အရှိန်ကိုလည်း မလျော့။ နောက်ကိုလည်း လှည့်မကြည့်တော့ဘဲ...
ကန်တော်ကြီးထဲမှ ကားလမ်းမထွက်ပေါက်ဆီသို့ မပြေးရုံအမည် ထွက်သွား
လေသည်။

“ကားပေါ်ရောက်တဲ့အထိ... ငါ တောင်းပန်တာ မရဘူးဟသိလား၊


လူတွေကလည်း ဒေါသထွက်နေတဲ့ ကြည်ပြာ့ကိုကြည့်လိုက်၊ ငါ့ရင်ဘတ်မှာ
ပေနေတဲ့ ကြည်ပြာ့ခြေရာကြီးကို ကြည့်လိုက်နဲ့... နားမလည်ကြဘူး
ပေါ့ဟ... အဲဒီနေ့က တကယ့်ထုံစံအတိုင်း၊ ငါ့အပြစ်ပေါ့ဟာ”

typing - ကောင်းဆိုး Page 310


နီကိုရဲ မကြည်ပြာနှင့် ချစ်ခြင်း၏ဒုတိယနဂ္ဂတစ်များ
ကျွန်တော် စကားဆုံးသွားသော်လည်း သူငယ်ချင်းများက
ကျွန်တော့်ကို ငေးကာကြည့်နေကြသည်။ ကျွန်တော့်စကားကို တစ်ယောက်
မှ နားထောင်ပြိး မရယ်မောကြ၊ ရယ်စရာဆိုလျှင် ရှေ့ဆုံးမှ
အသံထွက်လေ့ရှိသော ယဉ်ယဉ်သိန်းနှင့် မိုးမိုးမျက်နှာတွင်လည်း ရယ်စရာ
အရိပ်အယောင်မရှိသည့်အပြင်... ယဉ်ယဉ်သိန်းက သက်ပြင်းကိုချကာ
ကျွန်တော့်ကို ရီဝေစွာငေး ကြည့်နေသည်။ လွင်မာ့ကို ကြည့်လိုက်
တော့လည်း ထိုနည်းတူဖြစ်သည်။ ကျွန်တော် တိတ်ဆိတ်ငြိမ်သက်စွာ
ငေးနေသော သူငယ်ချင်းများကို ကြည့်ကာအံ့သြသွားရ၏။

“နင့်တို့ ဘာဖြစ်ကြတာလဲ... ဘာတုန်းဟ...”

ကျွန်တော့်အမေးစကားကြောင့် လွင်မာက ကျွန်တော့်ကို


ငေးနေရာမှ တစ်ဘက်သို့လှည့်ကာ သက်ပြင်းကိုချသည်။ ယဉ်ယဉ်သိန်းနှင့်
မိုးမိုးက လွင်မာ့ကို ကြည့်လိုက်ကြသည်။ ဒီကောင်တွေ ဘာဖြစ်နေတာလဲ!
ကျွန်တော်ပြောပြနေသော တစ်နေ့က ကြည်ပြာနှင့်ဖြစ်ခ့သ
ဲ ည့်ကိစ္စကို
ရယ်လည်းမရယ်... ဘာမှလည်းဝင်မပြောဘဲ ကျွန်တော့်ကို ဘာ့ကြောင့်
ငေးမောနရသနည်း။ လွင်ဦးကတော့ ထုံးစံအတိုင်း ဘာမှမပြောဘဲ
စီးကရက်ကိုဖွာ၍နေသည်။

“ရဲဝင်း... အဲဒီနေ့က ကြည်ပြာနဲ့ အဆင်ပြေခဲ့လား!”

“အေးလေ... ကြည်ပြာကနာရီကို လွှင့်ပစ်လိုက်တာဟ၊ ပြီးတော့


သူသင်တန်းကို စနိုဖီလာတယ်ဆိုတာကလည်း...”

စကားမဆုံးမှီ လွင်မာက မျက်လွှာကိုချကာ ခေါင်းကိုဘယ်ညာ


ခါရမ်းလိုက်သဖြင့် ကျွန်တော်စကားကို ရပ်ထားလိုက်ရသည်။

typing - ကောင်းဆိုး Page 311


နီကိုရဲ မကြည်ပြာနှင့် ချစ်ခြင်း၏ဒုတိယနဂ္ဂတစ်များ
ဘာများပါလိမ့် သူငယ်ချင်းတွေနဲ့ ကျွန်တော်အကြားမှာ တစ်ခုခုတော့
လွဲမှားနေဟန်ရှိသည်။ ကျွန်တော့် သူငယ်ချင်းများ၏ မျက်နှာကို
လျှောက်ကြည့်တော့ ကျွန်တော့်ကို တစ်ယောက်မှ မျက်လုံးအဆုံမခံကြ၊
မျက်လွှာချသူကချ၊ တစ်ဘက်သို့ လှည့်ကာသွားသူကသွားနှင့် ပြီးတော့
တစ်ယောက်မှ မျက်နှာမကောင်းကြ။

“နင့်တို့ ဘာဖြစ်နေကြတာလဲ!.. ဘယ်သူဘာဖြစ်လို့လဲ!”

သူငယ်ချင်းများက တစ်ယောက်မှမဖြေကြ၊ ယဉ်ယဉ်သိန်းနဲ့ မိုးမိုးက


လွင်မာ့ကို လှမ်းခိုးကြည့်လိုက်ကြသည်ကို ကျွန်တော်တွေ့ရ၏။ လွင်မာက
စိတ်မသက်သာစွာဖြင့် ကျွန်တော်နှင့် မျက်နှာချင်းဆိုင်လိုက်သည်။

“ရဲဝင်း... ငါပြောတဲ့ စကားကို သေသေချာချာနားထောင်ဟာ...


မနေ့က ငါတို့ ကြည်ပြာနဲ့တွေ့တော့ ကြည်ပြာကို မေးကြည့်ကြတယ်...
အဲဒီတော့... ကြည်ပြာကဟုတ်တယ်... တဲ့။ အဲဒါ...”

“အေးလေ... ဟုတ်တယ်လေ... ကြည်ပြာက အဲဒီနာရီကို


ရေထဲလွှင့်ပစ်လိုက်ပြီ... ပြီတော့... စနိုဖီကလာတယ်ဆိုတာလည်း...”

“မဟုတ်ဘူးရဲဝင်း... နင်ဟုတ်တာနဲ့... ကြည်ပြာပြောတဲ့ ဟုတ်တယ်


က မတူဘူး၊ ဒီကောင် ကြည်ပြာ့ကို ကြိုက်တယ်ဆိုတာဟုတ်တယ်...
ပြီးတော့ အဲဒီကောင်က ကြည်ပြာ့ကို ချစ်တယ်လို့ ဖွင့်ပြောပြီးပြီတဲ့...”

“ဘာ...!!!”

လွင်မာ့စကားကြောင့် ကျွန်တော် အသိဉာဏ်သည် ဟင်းလင်းဖြစ်


သွားခဲ့သည်။ ရုတ်တရက် ဘာပြောရမှန်းမသိ။ သူငယ်ချင်းများအားလုံးက
ကျွန်တော့်ကို ငေးကာကြည့်နေကြ၏။ ဒီကောင်က ကြည်ပြာ့ကို

typing - ကောင်းဆိုး Page 312


နီကိုရဲ မကြည်ပြာနှင့် ချစ်ခြင်း၏ဒုတိယနဂ္ဂတစ်များ
ကြိုက်တယ်လို့ ဖွင့်ပြောပြီးပြီဆိုပါလား!။ ကျွန်တော် ရုတ်တရက်
ဝမ်းသာသွား၏။ ကျွန်တော် ထိုကိစ္စကိုဖွင့်ပြောတော့ ဘယ်သူမှမယုံကြ၊
ယခု ကျွန်တော့် ခန့်မှန်းချက်နှင့် စွပ်စွဲချက်က လုံးဝကွက်တိ
မှန်သွားပြီဖြစ်သည်။ စနိုဖီခွေးရုပ် ကျွန်တော်တို့ဆီဝင်လာပုံ၏ မရိုးသားမှုကို
အားလုံးသိသွားကြပြီ။

“ဟား... ဟား... ဟား.... ငါမပြောဘူးလား! အစကတည်းက


ဒီကောင် ဘာအကြံနဲ့လာတယ်ဆိုတာကို... ငါပြောတုန်းက နင်တို့က ငါ့ကို
မနာလိုစိတ်နဲ့ပြောတာ... သဝန်ကြောင်တာ... အောက်တန်းကျတဲ့စိတ်နဲ့
ဒီကောင့်အပေါ် တွေးနေတာဆို... ဒီကောင်လိုချင်တာ မြမိုလ်ဆို ကဲ...
အခုတော့ သိပြီမဟုတ်လား! ဟား... ဟား... ဟား... ငါက ကဗျာဆရာ
ပါဟ၊ လူတစ်ယောက်ရဲ့မျက်လုံးဟာ ရိုးသားမရိုးသားဆိုတာကို
မြင်လိုက်တာနဲ့ သိတယ်... ငွေကြေးနည်းနည်းရှိတာ... စကားပြောကောင်း
တာနဲ့... ရုပ်ချောတာကို နင်တို့ကသွားအထင်ကြီးတာကိုး... အခု
ဒီကောင်ဘာလည်းဆိုတာနင်တို့ သိသွားပြီမဟုတ်လား...! ကဲ”

ကျွန်တော် ပျော်ရွှင်ကျေနပ်အားရစွာဖြင့်... ကျွန်တော်၏ ကြိုတင်


ခန့်မှန်းမှုအပေါ် ဂုဏ်ယူစွာဖြင့် ပြောချလိုက်သော်လည်း သူငယ်ချင်းများက
ကျွန်တော့်စကားသံ ရယ်သံများတွင် အမှုအရာပြောင်းလဲမသွားကြ၊
ကျွန်တော့်ကို ဒီအတိုင်းပင် ငေးကြည့်နေကြသည်။ ကျွန်တော်တစ်ဦးတည်း
ထားခဲ့သော ယုံကြည်ချက်သည် အခုတော့ အားလုံးသိလောက်သော
အမှန်တရားတစ်ခု ဖြစ်လာပြီဖြစ်သည်။ လမင်းကို နှလုံးသားနှင့်
တစ်တန်းထည်းကျအောင် ချိန်ကာပစ်ခဲ့သော ကျွန်တော့်စကားသည်
ကံကောင်းထောက်မစွာ သေချာစွာ လမင်းကို ထိမှန်သွားခဲ့ပြီဖြစ်သည်။

typing - ကောင်းဆိုး Page 313


နီကိုရဲ မကြည်ပြာနှင့် ချစ်ခြင်း၏ဒုတိယနဂ္ဂတစ်များ
“အဲဒါပဲဟ... လူတစ်ယောက်ရိုးသားမှုရှိမရှိဟာ မြင်ရတွေ့ရတဲ့
ရုပ်အခြေအနေတွေပေါ်မှာ မူတည်တာမဟုတ်ဘူး၊ ရိုးသာမှုဆိုတာ
စိတ်ကဖြစ်တဲ့အရာ... ခဏတော့ လိမ်လိုရတာပေါ့... ကြာကြာတော့
မရဘူး။ ဒီကောင် ငါတို့အုပ်စုထဲကို ဝင်လာပုံကိုကကြည့်ပါလား...
ဘယ်လောက် ရဲတင်းသလဲ! သူလုပ်ချင်တာကို လုပ်လို့ရကိုရမယ်ဆိုတဲ့
ပုံစံမျိုးနဲ့ ဟင်း... ဟင်း... အဲဒါပဲ... သူ့လမ်းသူ သွားပြီဟေ့”

“ရဲဝင်း... ငါတို့ပြောတဲ့... စကားကို ဆုံးအောင်နားထောင်ဦးဟာ”

ကျွန်တော် ပျော်ရွှင်စွာပြောနေသည်ကို လွင်မာကို မှုန်ကုပ်ကုပ်ဖြင့်


လှမ်းကာတား၏။ လွင်မာ့ကို ခပ်ဆဆကြည့်ကာ... ဆေးပေါ့လိပ်ကို
မီးညှီဖွာရှိုက်ပြီး... ပြုံးရင်း... ခေါင်းကိုအသာညိတ်ပြလိုက်သည်....။

“ကဲ... ဘာပြောမလဲ ပြောစမ်း။”

“နင့်စကားမှန်တယ်ဆိုတာကို... ငါတို့အားလုံး အခုမှပဲသိတယ်။


နင်ပြောတုန်းက ငါတို့ ဒီကောင့်အပေါ်ယုံကြည်ပြီး နင့်ကို အော်ခ့တ
ဲာ၊
ပြောခဲ့တာ.. ပြောခဲ့တာတွေ...”

“ရပါတယ်ဟာ... ဒါ... ဒီလိုပဲပေါ့... ကိစ္စမရှိပါဘူး။”

“အမှားနဲ့အမှန်ဆိုတာ ရုတ်တရက်မြင်လို့ရတဲ့အရာမှ မဟုတ်တာ”

“ဟုတ်တယ်... ရဲဝင်း၊ တင်အောင်ဇော်ထိုက် ဆိုတ့ေ


ဲ ကာင်က
လူချောသလောက်... တော်တော်သစ္စာမရှိတ့ေ
ဲ ကာင် လူမှုရေး
စည်းကမ်းဖေါက်တဲ့ကောင်... ငါတို့တော့ အရမ်းကိုအံ့သြတာပဲ”

မိုးမိုးကပင် စိတ်မသက်မသာဖြင့် ဝင်ကာပြောရင်း ကျွန်တော့်ကို


မဝံ့မရဲလှမ်းကာငေး၏။ အမှန်တရား.. တို့မည်သည် ခေတ္တတော့

typing - ကောင်းဆိုး Page 314


နီကိုရဲ မကြည်ပြာနှင့် ချစ်ခြင်း၏ဒုတိယနဂ္ဂတစ်များ
အသံတိတ်ရစမြဲဖြစ်၏။ သို့သော်... နောက်ဆုံး ဓမ္မနှင့်အဓမ္မယှဉ်လာလျှင်
ဓမ္မက အနိုင်ရမြဲဟူသော လောက၏အမှန်တရားကို ကျွန်တော် ပျော်ရွှင်စွာ
ခံစားနေမိသည်။ အခုတော့ သူငယ်ချင်းအားလုံး၏ အလယ်တွင်
စနိုဖီခွေးရုပ်သည် သူ၏ တင်အောင်ဇော်ထိုက်ဆိုသည့် ခပ်ချောချော
ကြည့်ကောင်းသော ဆွဲဆောင်မှုအပြည့်ပါသည့် မျက်နှာကွာကျသော
စနိုဖီခွေးရုပ်မျက်နှာ ပေါ်လာလေပြီ။

“အေး... တစ်နေ့မှာ နင်တို့သိလာကြမယ်ဆိုတာ ငါယုံကြည်


ပြီးသား... ငါ အဲဒီနေ့ကိုပဲစောင့်နေတာ... အမှန်တရားဆိုတာ
ချိန်းဆိုထားတဲ့အချိန်ထက် နည်းနည်းနောက်ကျပြီးမှ ရောက်လာတက်တဲ့
သူရဲကောင်းတဲ့... ကဗျာဆရာတစ်ယောက်က ရေးဘူးတယ်ဟ...”

“အေးပေါ့ဟာ... ငါတို့လည်း အားလုံးလက်လန


ွ်ကုန်မှ သိရတော့
စိတ်မကောင်ဘူး ကြည်ပြာကလည်းမမိုက်ဘူးဟာ... ဒီလိုကောင်မျိုးကို
ဘာမှစဉ်းစားနေစရာမလိုဘူး၊ ပါးမရိုက်ရင်တောင် မောင်းထုတ်ပစ်လိုက်ဖို့ပဲ
ရှိတာ... နင်ကရော ဘယ်လိုဆုံးဖြတ်မှာလဲရဝ
ဲ င်း... နင်ကဘာဖြစ်လို့
ဒီကိစ္စကိုသိမှ အူမြူးနေရတာလဲ!...”

ယဉ်ယဉ်သိန်း၏ ဒေါသနှင့် အမေးစကားကြောင့် ကျွန်တော်


ကြောင်ကာသွား၏။ ကျွန်တော်က ဘာကိုဆုံးဖြတ်ရမှာလဲ!။ ပျော်ရွှင်
နေသည့်အမှုအရာကို ခေတ္တရပ်ကာ ဒေါသထွက်နေကြသော သူငယ်ချင်း
များကို နားမလည်သလို ငေးကြည့်နေမိသည်။

“ကဲ... ရဲကြီး၊ မင်းမရှင်းသေးဘူးဆိုတာ ငါသိတယ်၊ မင်းဘာကြောင့်


ပျော်နေတယ်ဆိုတာလည်း ငါသိတယ်၊ ငါပြောပြမယ်၊ မနေ့က လွင်မာက
ကြည်ပြာ့ကို အားလုံးသွားမေးတယ်... မေးတော့ ကြည်ပြာက ဝန်ခံတယ်။

typing - ကောင်းဆိုး Page 315


နီကိုရဲ မကြည်ပြာနှင့် ချစ်ခြင်း၏ဒုတိယနဂ္ဂတစ်များ
ဒီကောင် နာရီလက်ဆောင်ပေးတာရော၊ သူ့သင်တန်းကို နေ့တိုင်း
လာတာရော... သူ့ကို မွေးနေ့မှာ... ချစ်တယ်လို့ ဖွင့်ပြောဖို့ ကြိုးစားပေမယ့်
မပြောခဲ့ရဘူး၊ ပြောလို့မထွက်လို့တဲ့... အခု ကြည်ပြာက ဒီကောင့်ကို
စဉ်းစားပါရစေဦးလို့ ပြောနေတယ်တဲ့၊ မင်းထင်ထားသလို ကြည်ပြာက
ဒီကောင်ရဲ့မရိုးသားမှုကိုသိပြီး ဒီကောင့်ကို ရှောင်သွားတာမဟုတ်ဘူး”

“ဘာ... ဘာပြောတယ်... ကြည်ပြာက... ဒီ... ဒီကောင့်ကို...


ကြည်ပြာက...”

လွင်ဦးစကားကြောင့် ကျွန်တော်အသိဉာဏ်သည် ရုတ်ခနဲလွင့်ကာ


ပျောက်သွားခဲ့၏။ မျှော်လင့်ထင်မှတ်မထားတာနှင့် တွေ့လိုက်ရသဖြင့်
အသိစိတ်သည် တစ်ကိုယ်လုံးနှင့်လွတ်ကာ ဘာကိုမှဦးတည်ရာမရ
ဖြစ်သွားခဲ့သည်။

“ဟုတ်တယ်ရဲဝင်း...။ ကြည်ပြာက ငါ့ကိုမေးတယ် သူဘာလုပ်ရမလဲ


တဲ့!...”

“ဟ... လွင်မာ... သူဘာလုပ်ရမလဲဆိုတာ မေးရသလား!... ဒါဟာ


မေးခွန်းမှမဟုတ်တာ... သူဘာလုပ်ရမလဲဆိုတာ သူမသိဘူးလား!”

လွတ်သွားသောအသိဉာဏ်သည် ဒေါသဟူသော အသိစိတ်ဖြင့်


ကျွန်တော့်ခန္ဓာကိုယ်ထဲသို့ ဝုန်းကနဲ ဝင်ရောက်ကာလာသဖြင့် ကျွန်တော်
အသံကျယ်ကျယ်ဖြင့် အော်ကာပြောလိုက်သည်။ သူငယ်ချင်းအားလုံး
တိတ်သွားကြသည်။ လွင်မာက ကျွန်တော့်ကို မရဲတရဲကြည့်ကာ
ဆက်ပြောသည်။

typing - ကောင်းဆိုး Page 316


နီကိုရဲ မကြည်ပြာနှင့် ချစ်ခြင်း၏ဒုတိယနဂ္ဂတစ်များ
“ဟုတ်ပါတယ်... ဒါပေမယ့်... ဟာ... ဒီလိုရဝ
ဲ င်း... ကြည်ပြာက
ဒီကောင့်ကို ငါတို့အားလုံးထက် ပိုပြီးအထင်ကြီးနေတယ်၊ ပြီးတော့... နင့်ကို
... နင့်ကို သူကပြောတယ်...။ သူနဲ့ နင်နဲ့ ချစ်သူဆိုပေမယ့် တစ်ကယ်တန်း
တော့ သူကနင့်ကို သံယောဇဉ်ရှိခဲ့တာ၊ သနားခဲ့တာ... အဲဒါကို အချစ်လို့
ထင်ခဲ့တယ်။ သူတက္ကသိုလ်စမတက်ခင်ကတည်းက လိုချင်ခ့တ
ဲ့ဲ ချစ်သူဟာ
နင်လိုလူမဟုတ်ဘူးတဲ့ သူနင့်ကို မချစ်ဘူးတဲ့ ဒါပေမယ့် နင်ဟာ သူ့အတွက်
သံယောဇဉ်အရှိဆုံး အခင်ဆုံး”

ကျွန်တော် ဝုန်းကနဲထရပ်ကာ စားပွဲခုံကိုလက်ဖြင့် အားရပါးရ


ရိုက်ပစ်လိုက်သည်။ ကျွန်တော့်မျက်စေ့ထတ
ွဲင် ဘာကိုမျှမမြင်တော့။
ကျွန်တော် နှလုံးသားသည် နာကျင်ရလွန်းသဖြင့် တင်းကြပ်ယိုင်န့က
ဲာ
လာ၏။

“ကြည်ပြာဘယ်မှာလဲ... ငါကြည်ပြာနဲ့တွေ့ချင်တယ်”

ကျွန်တော် ကြည်ပြာရှိရာသို့ လာခဲ့သည်။ သူငယ်ချင်းများ


အားလုံးက... ကျွန်တော့်ကို ဒေါသမကြီးဖို့၊ အရာရာကို အကောင်းဆုံး
ဖြစ်အောင် ဆုံးဖြတ်ဖို့၊ ကြည်ပြာ့ကိုနားလည်အောင်ပြောဖို့၊ တတွက်တက
ွ်
မှာခဲ့သော်လည်း ကျွန်တော့်ရင်ထဲ အသိထမ
ှဲာ ဘာမှမရှိ၊ ကျွန်တော့်
တစ်ကိုယ်လုံးသည် တောင့်တင်းလျှက်ရှိသည်။ ဒေါသကြောင့် ဆူဝေ
ပေါက်ကွဲလျှက်ရှိသည်။ နားကျည်းမှုကြောင့် တဆတ်ဆတ်တုန်ယင်
နေခဲ့သည်။ ဒဏ်ရာအကြီးအကျယ်ရလာသော တိရစ္ဆာန်ကြီးတစ်ကောင်
သွေးစိမ်းရှင်ရှင်ထွက်နေသော သူ့ခန္ဓာကိုယ်ကို သူ့ဝပ်ကျင်းကလေးထဲသို့
ရောက်အောင် တရွတ်တိုက်ဆွဲခေါ်နေသလို ကျွန်တော် ကြည်ပြာရှိရာသို့
လာခဲ့သည်။ လွင်ဦးပြောခဲ့သလို ကြည်ပြာသည် ဘာဆုံးဖြတ်ရမှန်းမသိဘဲ

typing - ကောင်းဆိုး Page 317


နီကိုရဲ မကြည်ပြာနှင့် ချစ်ခြင်း၏ဒုတိယနဂ္ဂတစ်များ
စိတ်ကစားပြီးပြောတာဟူသော မှတ်ချက်မှာ လုံးဝမဟုတ်နိုင်ဟု ကျွန်တော်
သိသည်။ သူတက္ကသိုလ်စတက်ကတည်းက လူလိုချင်သည့် ချစ်သူသည်
ကျွန်တော်မဟုတ်တဲ့။ သူ ကျွန်တော့်ကိုမချစ်... တဲ့။ တွေးရင်း ရင်ဘတ်
ထဲက အောင့်ကာလာ၏။ ထိုနာကျင်မှုကြောင့် ကျွန်တော် ပကတိ
အရေပြားထဲက သွေးများစိမ့်ပြီးထွက်ကျလာတော့မလားဟုပင် ထင်ရသည်။
ကျွန်တော် ကြည်ပြာ့ကို ဘယ်လောက်ချစ်ခ့ရ
ဲ သလဲ...။ ဘယ်လောက်
သံယောဇဉ်ကြီးခဲ့ရသလဲ...။ ဘယ်လောက်တန်ဖိုးထား မြတ်နိုးခဲ့ရသလဲ။
ခုနှစ်လုံးလုံးချစ်ခဲ့မြတ်နိုးခဲ့ တန်ဖိုးထားခဲ့သော ဖြစ်ရပ်များသည်
တဝုန်းဝုန်းဖြင့် ကျွန်တော့်ရင်ထဲတွင် ပေါက်ကွဲနေခဲ့သည်။ ကြည်ပြာ
ဘယ်မှာလဲ...။ ရေငတ်နေသူတစ်ဦး ရေရှာသလို... ကျွန်တော် ကြည်ပြာ့ကို
ပူလောင်ပြင်းထန်စွာ ရှာဖွေနေခဲ့သည်။ ဘွဲ့နှင်းသဘင်ရှေ့ကိုရောက်တော့
ကြည်ပြာသည် လွင်မာတို့ပြောသည့်နေရာမှာပင် ကျွန်တော့်ကို
ကျောပေးကာထိုင်လျှက်ရှိသည်။ လွင်မာပြောခဲ့သလိုပင် ဘွ့န
ှဲင်းသဘင်
နံဘေးက ခုံပြာတန်းကလေးမှာ ကြည်ပြာရှိနေသည်။ ကျွန်တော့်ရင်သည်
နင့်ကနဲနာသွားသည်။

ကျွန်တော် ကြည်ပြာ့နံဘေး ဝင်ထိုင်လိုက်တော့ ကြည်ပြာက


ဆတ်ခနဲလှည့်ကာကြည့်၏။ ကြည်ပြာ၏ ကျွန်တော်တပ်မက် နှစ်သက်
မြတ်နိုးရပါသော အညိုရောင် မျက်ဝန်းများသည် ငြိုးရိပ်မိကာ မှိုင်းမှုန်
နေကြသည်။ ထိုမျက်ဝန်းထဲတွင် တုန်လှုပ်ခြင်း၊ ကြောက်လန့်ခြင်း၊
စိုးရိမ်ခြင်း... တို့နေရာမလပ်ရှိနေကြသည်ကို ကျွန်တော်မြင်လိုက်ရပါသည်။
ကြည်ပြာ့နံဘေးတွင် ထိုင်ပြီးသည့်အထိ ကျွန်တော် ဘာစကားမှ
ထွက်မလာ...။ ကျွန်တော့်ရင်တစ်ခုလုံးနှင့် အတွေးအားလုံးသည်
ကျွန်တော်မသိသော မထိန်းချုပ်နိုင်သော... အရှိန်ဖြင့် တဝုန်းဝုန်းတဒိုင်းဒိုင်း

typing - ကောင်းဆိုး Page 318


နီကိုရဲ မကြည်ပြာနှင့် ချစ်ခြင်း၏ဒုတိယနဂ္ဂတစ်များ
လှုပ်ရှားလည်ပတ်လျှက် ရှိသည်။ ကျွန်တော့် အသိဉာဏ်ထမ
ှဲာ
ဘာစကားလုံးမှ မရှိ။ ကျွန်တော် ပင့်သက်ကို အားရှိသမျှဆွဲတင်ကာ
ဝိညာဉ်ထဲ လည်ပတ်နေသောအရှိန်ကို ဆွဲကာမပြီး ရပ်တန့်ပစ်လိုက်ရင်း...
စကားလုံးတစ်လုံးကို အန်ချလိုက်သည်။ ထိုစကားလုံးသည်... “ကြည်ပြာ”
ဟူသော အသံတစ်သံပင်ဖြစ်ပါသည်။ သို့သော် ကြည်ပြာက ကျွန်တော်ကို
လှည့်မကြည့်၊ ပထမ ကျွန်တော့်ကို မျက်နှာလွှဲ သွားသောနေရာကိုပင်
ငိုင်ကာငေးလျှက် ကြည့်ကာနေ၏။ ကျွန်တော် အားတင်းကာ
အန်ချလိုက်သော “ကြည်ပြာ” ဆိုသည့် အသံတစ်သံတည်းနှင့်ပင်
ကျွန်တော် ကြည်ပြာ့ကို ဘယ်လောက်ချစ်ခဲ့သည်ဆိုသည်ကို ကြည်ပြာ
ယုံယုံကြည်ကြည်နှင့် သိဖို့ကောင်းပါသည်။ ကျွန်တော်ခေါင်းကို
မော့ကြည်ကာ မလှုပ်မယှက်ရှေ့ကို ငေးကာ ထိုင်နေသည်။ ကြည်ပြာ၏
မျက်ဝန်းထဲမှ မျက်ဆံနက်များသည် ကျွန်တော့်ထံမှမရှိ၊ ကြည်ပြာ၏
ဖြောင့်စင်းဝင်းမွတ်နေသော နှာတံကလေးက နေရောင်နောက်ခံတွင်
တည်ငြိမ်လင်းလက်ကာ နေ၏။ ကြည်ပြာ့နဖူးအစပ်တွင် နေရောင်ကြောင့်
အနီရောင်ဖြစ်နေသော ဆံစကလေးများက တွတ
ဲ က
ျွဲလာနေသည်။
ကြည်ပြာ့ပါးပြင်ပေါ်တွင် အစိမ်းနှင့် အနီရောင် သွေးကြောမျှင်ကလေး
များက အရင်တုန်းကလိုပင် ယှက်သန်းလျှက်ရှိနေကြသည်။ ကြည်ပြာသည်
သူ့လက်ချောင်းကလေးများကို ပေါင်းပေါ်တွင် မလှုပ်မယှက်
တင်ကာထား၏။ သွယ်လျ၍ နွေးထွေးနေလေ့ရှိသော ကြည်ပြာ့လက်မောင်း
ကလေးပေါ်မှာ ကျောက်ဆေးထိုးထားသည့် ဒါဏ်ရာကြီးနှစ်ခုကလည်း
ငြိမ်လျက်ရှိသည်။ ကြည်ပြာ့လည်တိုင်ရှေ့ အရေပြားကလေးကတော့
တဖျတ်ဖျတ်တုန်ကာ ရှေ့နောက်ရွေ့လျားနေ၏။ ကြည်ပြာသည်
အသက်ရှင်နေသည်။ သို့သော်... ထိုရင်ခုန်သံထတ
ွဲင် ကျွန်တော်မရှိ။

typing - ကောင်းဆိုး Page 319


နီကိုရဲ မကြည်ပြာနှင့် ချစ်ခြင်း၏ဒုတိယနဂ္ဂတစ်များ
ကျွန်တော် ကြည်ပြာ့ကို တမေ့တမောငေးပြီးတော့... ကျွန်တော့် စိတ်သည်
ပြောင်းသွားခဲ့သည်။ အဆမတန် ပေါက်ကွဲနေသော ဒေါသသည်
ငြိမ်သက်သွားခြင်းမဟုတ်ဘဲ... ကျွန်တော့်ရင်ထဲတွင် အစိုင်းအခဲဖြစ်ကာ
မာခဲသွားကြသည်။ ကြည်ပြာ့ကို မတွေ့ရခင်တစ်လျှောက်လုံး ရင်ထတ
ွဲင်
တဝုန်းတဒိုင်းဒိုင်းဖြစ်ကာ ပေါက်ကွဲနေခဲ့သော စကားလုံးများသည်
ကျွန်တော့်စိတ်ထဲမှ... နှုတ်ဖျားမှ တစ်လုံးမှထုတ်၍မရတော့။ ကျွန်တော့်
ရင်ထဲတွင်ရှိနေသော ဒေါသသည် ချက်ချင်းပင် ဝမ်းနည်းခြင်း
ဖြစ်သွားခဲ့သည်။ ထိုဝမ်းနည်းခြင်းသည် ကြည်လင်နေသော မိုးကောင်းကင်
ပေါ်တွင် ရုတ်တရက်ရောက်လာသော မိုးသားတိမ်ရိပ်လိုကြည့်နေရင်း
တစ်ကိုယ်လုံး စိမ့်ပျံတက်လာသည်။ ကျွန်တော်လည်း ကြည်ပြာ့လိုပင်
မြက်ခင်းကို ကြည့်ကာ ငိုင်သွား၏။ ကျွန်တော့် မျက်ဝန်းထဲတွင်
မြက်ပင်များကိုမမြင် အားလုံးဝေဝါးလျှက်ရှိသည်။

“ကြည်ပြာ...”

စကားပြောမည်ဟု ရည်ရွယ်ကြိုးစားခြင်းမရှိဘဲ ကျွန်တော့်ထံမှ


ထွက်လာခဲ့သော အသံဖြစ်သည်။ ကြည်ပြာက ခန္ဓာကိုယ်ကို အနည်းငယ်
လှုပ်လိုက်သော်လည်း ကျွန်တော့်ဘက်သို့ မျက်နှာလှည့်မလာခဲ့။

“နင်... လွင်မာ့ကို ပြောခဲ့တာတွေဟာ အားလုံးအမှန်တွေချည်း


ပဲလား၊ နင့်ကို စနိုဖီကချစ်တယ်လို့ ဖွင့်ပြောတာ... နင်ကစဉ်းစားဦးမယ်လို့
ပြောခဲ့တာ... နင်... နင်ငါ့ကို မချစ်...”

ကျွန်တော် ဆက်ပြော၍မရတော့၊ ကြည်ပြာ့မျက်နှာကိုလည်း


မော့မကြည့်ဖြစ်ခဲ့။ ကြည်ပြာ့ထံမှ သက်ပြင်းချသံကိုကြားရသည်။ ကျွန်တော်
မြက်ခင်းကိုငေးကာနေရင်း ကြည်ပြာ့ထံမှ တစ်စုံတစ်ရာ တုန့်ပြန်မှုကို

typing - ကောင်းဆိုး Page 320


နီကိုရဲ မကြည်ပြာနှင့် ချစ်ခြင်း၏ဒုတိယနဂ္ဂတစ်များ
မျှော်လင့်နေခဲ့သည်။ ပထမဦးဆုံး ကျွန်တော် မျှော်လင့်နေခဲ့သည့်အသံမှာ
ကြည်ပြာ၏ လဲသေလိုက်... ဆိုသည့် အသံပင်ဖြစ်သည်။ ဒါမှမဟုတ်
ငါလည်း စိတ်ပေါက်ပေါက်နဲ့ပြောမိတာ နင်က ဘာဖြစ်လာရတာလဲ
ရဲဝင်း...။ ဒါမှမဟုတ်....။

သို့သော် ကြည်ပြာ့ထံမှ ဘာစကားတစ်ခန


ွ်းကိုမျှ ကျွန်တော်မကြား။
ကြည်ပြာကလည်း ဘာကိုမှပြန်မပြော...။ တိတ်ဆိတ်ခြင်းသည်
တစ်စုံတစ်ရာသောအသံကို သူ့ကိုယ်ပေါ်တွင် ထင်ရှားအောင် တင်ပြနိုင်ရန်
အတွက် စကားသံကို ကျယ်လောင်တိကျစွာ ဖော်ပြပေးနိုင်ရန်အတွက်
တိတ်ဆိတ်နေခဲ့သော်လည်း ဘာစကားသံကိုမျှ ကျွန်တော်မကြားရ။
တိတ်ဆိတ်ခြင်းသည် ဝန်ခံခြင်း... ဆိုသည့် ဥပဒေသည် ကျွန်တော့်ရင်ထဲကို
အသိတရားအဖြစ်ရောက်လာကာ ကျွန်တော့်ခံစားမှုသည် ဆို့ကာ
ကြပ်ခဲလာသည်။ တိတ်ဆိတ်ခြင်းသည် ဝန်ခံခြင်းဖြစ်သည်ဆိုသည့်
ဥပဒေသမှာ တော်တော်တရားမျှတမှုမရှိသည့် အဖြစ်ဆိုတာကို ကျွန်တော်
အခုမှသိရသည်။ မတရားမှုတစ်ခုကို ကျူးလွန်ခ့သ
ဲူသည် သူ၏မတရားမှုကို
ဘာတစ်ခွန်းမှ ထုတ်ဖော်ဝန်ခံခြင်းမပြုဘဲ အခက်အခဲမရှိစွာ တိတ်တဆိတ်
နေလိုသည်တဲ့လား...။ အဲဒါကို ကျွန်တော်တို့က နားလည်လက်ခံပေးရ
မှာလား...။ ဒါမှမဟုတ် မရိုးသားသူတစ်ယောက်သည် အမှန်တရားနှင့်
တွေ့ဆုံရင်ဆိုင်ရသည့်အခါ ဘာမှမပြောနိုင်တော့သည် ခက်ခဲ
တင်းကြပ်သောဝေဒနာကို အမှန်တရားရှိသူဘက်မှာ နားလည်စာနာကာ
လက်ခံပေးရမှာလား...။ ဘာပဲဖြစ်ဖြစ် ကြည်ပြာကတော့ ကျွန်တော်
မေးသည့် စကားကို တိတ်ဆိတ်ခြင်းနှင့်ပင် ဝန်ခံပြီးပြီဖြစ်သည်။

typing - ကောင်းဆိုး Page 321


နီကိုရဲ မကြည်ပြာနှင့် ချစ်ခြင်း၏ဒုတိယနဂ္ဂတစ်များ
“ကောင်းပြီကြည်ပြာ... ငါနင့်ကို သိပ်အံ့သြတယ်၊ စနိုဖီကိုတော့
ချီုးကျူးတယ်။ နင့်ကို ဘာဖြစ်လို့ အံ့သြတာလဲဆိုတော့ နင့်မှာ
ချစ်သူဆိုတာရှိနေရက်နဲ့ တစ်ခြားယောက်ျားတစ်ယောက်ရဲ့ ကမ်းလှမ်းချက်
ကို စဉ်းစားပါရစေဦး... ဆိုတဲ့အတွက်ပဲ...”

ကြည်ပြာက ကျွန်တော့်ဘက်သို့ မျက်နှာငယ်ကလေးနှင့် လှည့်ကာ


ကြည့်သည်။ ကျွန်တော်ပြုံးပြလိုက်ပါသည်။ ကျွန်တော် မှတ်မိသရွေ့ဆိုလျှင်

ထိုအပြုံးသည် တော်တော်ရင်နာခဲ့ရသော အပြုံးတစ်ခုသာဖြစ်သည်။

“စနိုဖီကိုတော့ ငါချီးကျူးတယ်... ငါခုနှစ်လုံးလုံး ချစ်သူအဖြစ်နဲ့


နင့်အနားမှာ နေခဲ့ပြီးတာတောင်မှ ငါမရနိုင်ခဲ့တဲ့ နင့်အချစ်ကို ခဏကလေးနဲ့
ရအောင်ယူသွားနိုင်တဲ့ အတွက်ပဲ... ငါက နင့်အနားမှာ တစ်လျှောက်လုံး
နေခဲ့ပေမယ့် အချစ်ဆိုတာကို နင်ဘယ်လို လိုချင်မှန်းမသိခ့ဘ
ဲူးကြည်ပြာ၊
ငါချစ်တက်သလို... ငါ ချစ်ချင်သလိုသာ နင့်ကိုချစ်ခ့တ
ဲာ... ငါ
ကဗျာဆရာပါကြည်ပြာ သိပ်လှတဲ့ ပန်းတစ်ပွင့်ကိုတွေ့ရင် အဲဒီပန်းကလေး
ကို သေသေချာချာကြည့်ရင်းက အဲဒီပန်းပွင့်နဲ့ ဘာမှမဆိုင်တဲ့ နင့်ကို
ရှိပြီးသားထက် ထပ်ထပ်ချစ်တက်တဲ့ ဒုက္ခကြောင့် ငါဘယ်လောက်
ကြေကွဲနေရတယ်... ဝမ်းနည်းနေရတယ်လို့ နင်ထင်သလဲ ကြည်ပြာ...”

“.........................................................”

“အဆိုးဆုံက... အဆိုးဝါးဆုံးက... ငါ... ငါ သိပ်အားငယ်တယ်


ကြည်ပြာရယ်”

ကျွန်တော် မျက်ရည်ဝဲလာခဲ့သည်ကို ဝန်ခံပါသည်။ ထိုမျက်ရည်


သည် ကျွန်တော် မြတ်နိုးစွာချစ်ခဲ့သော်လည်း ကျွန်တော့်အပေါ်တွင်

typing - ကောင်းဆိုး Page 322


နီကိုရဲ မကြည်ပြာနှင့် ချစ်ခြင်း၏ဒုတိယနဂ္ဂတစ်များ
ထင်မှတ်မထားခဲ့ပါပဲ လုံးဝမချစ်ခဲ့သော ကြည်ပြာ့အတွက်မဟုတ်ဘဲ
ထိုကြည်ပြာ့ကို မြတ်မြတ်နိုးနိုးချစ်ခဲ့မိသော ကျွန်တော့်ကို ကျွန်တော်
ဝမ်းနည်းသွားသည့်အတွက်သာ ဖြစ်ပါသည်။

“ရဲဝင်း... နင်... ငါ့ကို မုန်းလိုက်ပါတော့ဟာ...”

ကြည်ပြာ့ထံမှ ထွက်လာသောစကားကြောင့် ကျွန်တော် မျက်ရည်ဝဲ


နေသော မျက်လုံးများဖြင့် ကြည်ပြာ့ကို ဝုန်းကနဲ့ ရင်ဆိုင်လိုက်သည်။
ကျွန်တော် ရင်ဆိုင်ချင်သော ကြည်ပြာ့မျက်နှာ တစ်ခြားဘက်ရောက်မသွား
ရအောင် ကြည်ပြာ့ပခုံးကို တင်းကြပ်စွာဆွဲကိုင်ကာ ဆုပ်ထားလိုက်၏။

“ကြည်ပြာ... နင်... နင် ငါ့ကို အဲဒီလိုအနိုင်မကျင့်နဲ့... ငါ့ကို


မစော်ကားနဲ့ နင်သိပ်လိုချင်နေတဲ့ကိစ္စကြီးကို ငါ့ဆီက အဲဒီလို
လွယ်လွယ်ကလေးနဲ့ မတောင်းနဲ့။ ငါ နင့်ကို ဘယ်တော့မှ မမုန်းဘူး၊
နင့်အပေါ်မှာ ထားခဲ့တဲ့ ငါ့အချစ်ကို ငါအမြဲတမ်းတန်းဖိုးထားတယ်
မှတ်ထား။ အေး ငါ့ကို မုန်းရမှာနင်ပဲ... အဲဒီအပြင်ကို ကျူးလွန်ရမှာက
နင်ပဲကြည်ပြာ ငါမဟုတ်ဘူး”

ကျွန်တော် ရူးသွပ်ပေါက်ကွဲစွာ အော်ဟစ်ပစ်လိုက်သည်။ ကြည်ပြာ


သည် ကျွန်တော့်စကားဆုံသည်နှင့် အံကိုကြိတ်ကာ ခေါင်းကို ငုံ့ချ
ပစ်လိုက်၏။ ကျွန်တော် အသက်ရှူနှုန်းတွေမြန်ကာ ရင်ကနိမ့်ချည်းမြင့်ချည်း
ဖြစ်ကာ မောနေသည်။ သို့သော် ထိုခဏတွင် ကျွန်တော့်တစ်ကိုယ်လုံးမှာ
ရှိသည့် သွေးကြောသေးသေးကလေးတွေကအစ တောင့်တင်းကာ
အားအင်းအပြည့် ရှိနေခဲ့သည်။ ကြည်ပြာနှင့် ကျွန်တော့်ကိစ္စတွင်
အမှန်တရားသည် ကျွန်တော်ဘက်တွင်ရှိနေသည်ဟူသော မာနသည်
ကျွန်တော် ကြည်ပြာ့အပေါ်ထားခဲ့သမျှ ဖြူစင်ခြင်း၊ မြတ်နိုးခြင်း၊ စေတနာ၊

typing - ကောင်းဆိုး Page 323


နီကိုရဲ မကြည်ပြာနှင့် ချစ်ခြင်း၏ဒုတိယနဂ္ဂတစ်များ
ဂရုဏများပေါ်တွင် ခိုင်ခိုင်မာမာကြီးကို တည်ရှိနေခဲ့သည်။ ထိုမာနနှင့်ပင်
ကျွန်တော်သည် အရူးသွပ်ဆုံး မိုက်မဲမှုတစ်ခုကိုလုပ်ဖို့ သတ္တိရှိခြဲ့ ခင်း
ဖြစ်သည်။

“ကြည်ပြာ နင်အခု သိပ်စိတ်ညစ်နေတယ်မဟုတ်လား၊ နင်န့င


ဲါနဲ့
ခုထိ တရားဝင်ချစ်သူဆိုတဲ့ အသိတရားကို နင့်ခံစားမှုနဲ့ လွတ်လပ်မှုကို
ဒုက္ခဖြစ်နေတာမဟုတ်လား...၊ စိတ်ချပါကြည်ပြာ... နင့်ပြဿနာကို
ငါဖြေရှင်းပေးပါ့မယ်... နင့် နဲ့ ငါဟာ အခုချိန်ကစပြီး သူငယ်ချင်းလို့ သဘော
ထားလိုက်”

ကျွန်တော့်စကားကြောင့် ကြည်ပြာက အံ့သြစွာကျွန်တော့်ကို


မော့ကြည့်သည်။ ထိုမော့ကြည့်သည်အကြည့်တွင် ကျေးဇူးတင်သည့်
အရိပ်အရောင်ကလေး မပါသည့်အတွက် ကြည်ပြာ့ကို ကျေးဇူးတင်ရ
ပါသည်။

“အေး... သူငယ်ချင်းပေမယ့် ဘယ်လိုသူငယ်ချင်းမျိုးလဲဆိုတာ


နင့်ကို ချစ်ဖို့ ခွင့်တောင်းထားတဲ့ သူငယ်ချင်း... စနိုဖီလိုပေါ့။ ငါဟာ နင့်ရဲ
ချစ်သူအဖြစ်ကနေ စနိုဖီနဲ့ နင့်အချစ်ကိုတန်းတူတောင်းတဲ့ လူတစ်ယောက်
အဖြစ်ကို ငါလျော့ချပေးမယ်။ ငါဘာကြောင့် အဲဒီလို လုပ်ရသလဲဆိုတော့
နင့်ခံစားမှုကို နင့်ရွေးချယ်မှုကို လွတ်လပ်စေချင်လို့၊ နင့်သိက္ခာ၊ နင့်ဣနြေ္ဒ၊
နင့် မိန်းကလေးတစ်ယောက်ဘဝရဲ့တန်ဖိုးမှာ အမဲစက်မစွန်းစေချင်လို့”

ကြည်ပြာသည် မျက်နှာငယ်ကလေးဖြင့် ကျွန်တော်ကို ငေးကာ


မျက်ရည်ဝဲလာ၏။ အမြဲတမ်းမာနဖြင့် ရွှင်ပျနေတက်သော... ဘာကိုမှ
ဆတ်ဆတ်ထိမခံ ခုခံရန်တွေ့တက်သော... သူ့ကို ထိခိုက်သည့်စကား
တစ်ခွန်းကို ကြားရသည်နှင့် ဝုန်းကနဲ မျက်နှာတင်းမာတက်သော

typing - ကောင်းဆိုး Page 324


နီကိုရဲ မကြည်ပြာနှင့် ချစ်ခြင်း၏ဒုတိယနဂ္ဂတစ်များ
ကြည်ပြာသည် မျက်နှာငယ်ကလေးဖြင့် ကျွန်တော့်ကို ငေးနေခဲ့သည်။
မာနကြီးလွယ်သလောက်၊ စိတ်ဆိုးပြေလွတ်သော... ဒေါသဖြစ်လယ
ွ်
သလောက် ခွင့်လွှတ်တက်သော စိတ်၊ ပြောင်းအလဲမြန်လန
ွ်းသည့်
ကြည်ပြာသည် ကျွန်တော့်ဘယ်စကားကိုမှ ဒေါသမဖြစ်... မာနမကြီး
ခွင့်မလွှတ် စိတ်ဆိုးမပြေဘဲ တင်းခံလျှက်ရှိသည်။

“ငါလည်း စနိုဖီလိုပဲ နင့်ကို ချစ်ခွင့်တောင်းပါတယ်... ငါနင့်ကို


သိပ်ချစ်တယ်ကြည်ပြာ... စနိုဖီကလည်း ဒီစကားကိုပဲ ပြောပါလိမ့်မယ်
ဒါပေမယ့် အဲဒီစကားနှစ်ခွန်းဟာ စကားလုံးချင်းတူပေမယ့် အနက်အဓိပ္ပာယ်
သိပ်ကွာခြားတယ်ဆိုတာ နင်ယုံပါ၊ ငါထပ်ပြောခဲ့မယ် ကြည်ပြာ။ ခွင့်ပြုပါ...
ဒါမှမဟုတ်... ခွင့်လွှတ်ပါ... ငါနင့်ကို သိပ်ချစ်တယ် ကြည်ပြာ...”

ကျွန်တော့်စကားကြောင့် သူငယ်ချင်းများက အလန့်တကြား


ငေးကြည့်လိုက်ကြသည်။ လွင်မာက မျက်မှောင်ကျုံ့ကာ စဉ်းစားရင်း မဲ့ကာ
ခေါင်းကိုခါ၏။ မြမိုလ်က ခုံတန်းကလေးတွင် ထိုင်နေရာမှ ဝုန်းကနဲ
ထရပ်ကာ...

“ဒါ လုံဝအဓိပ္ပာယ်မရှိဘူး ကိုရဲဝင်း၊ ဟိုကောင်ကစော်ကားတာ


နောက်ဆုတ်ချင်းဆုတ် သူပဲဆုတ်ရမှာ... ကိုရဝ
ဲ င်းဘက်က ဘာမှကို
မလိုဘူး”

“အေးလေဟာ ရဲဝင်းကလည်း... အဓိပ္ပာယ်မရှိတာ... နင်လုပ်ပုံက


မဟုတ်သေးပါဘူးဟာ... ငါတို့သဘောမတူဘူး... ကြည်ပြာ့ကို ပြောမယ်...
ဒါပဲ”

typing - ကောင်းဆိုး Page 325


နီကိုရဲ မကြည်ပြာနှင့် ချစ်ခြင်း၏ဒုတိယနဂ္ဂတစ်များ
မိုးမိုးစကားကြောင့် ကျွန်တော်လည်း ထိုင်နေရာက ထကာ
သူငယ်ချင်းများရှေ့တွင် ရပ်ရင်း ဖျောင်းဖျရသည်။

“လမင်းဟာ ကြည့်နေရင်းနေရင်းကနေ သန်းခေါင်ယံဘက်ကို


ပါသွားသလိုပေါ့ဟာ ငါအလျော့ပေးခဲ့တာ အများကြီးအဓိပ္ပာယ်ရှိပါတယ်၊
ပြီးတော့ ငါ့ကို ကြည်ပြာစွန့်လွှတ်လိုက်တာမှမဟုတ်တာ၊ စနိုဖီန့င
ဲါ
အခွင့်အရေးတန်းတူရှိနေသေးတာပဲ... နင်တို့ ငါ့ကိုနားလည်တယ်ဆိုရင်
ကြည်ပြာ့ကို ဘာမှသွားမပြောကြပါနဲ့... ငါ့ ဆုံဖြတ်ချက်အတိုင်း ကြည်ပြာ့ရဲ့
ရွေးချယ်မှုကို စောင့်ကြတာပေါ့...”

“ဟယ်... ရဲဝင်း... ကြည်ပြာ သူ့ဘဝအတွက် ဦးနှောက်ကိုသုံးပြီး


ရွေးသွားရင် ဘယ်နဲ့လုပ်မလဲ”

ယဉ်ယဉ်သိန်းစကားကို ဘယ်သူမှပြန်မဖြေကြပါ။ ယဉ်ယဉ်သိန်းက


သူငယ်ချင်းများ တစ်ယောက်စီ၏ မျက်နှာများကို လျှောက်ကြည့်နေခဲ့သည်။

“ ကဲ... ရဲဝင်း... နောက်ဆုံး ကြည်ပြာနဲ့နှင် ဘာတွေ သဘောတူခဲ့


သလဲ...”

“ဒီလိုလွင်မာ... မနက်ဖြန်မှာ ငါနဲ့စနိုဖီက Eco ကင်တင်းမှာ


တစ်ယောက်တစ်ဘက်စီမှာ ရှိနေမယ်၊ နေ့လည်-၁နာရီကစပြီး ထိုင်ကြမှာ...
ကြည်ပြာက သူရွေးချင်တဲ့ဘက်ကိုသွား... ဒါပဲ”

“ကြည်ပြာက အဲဒါကို သဘောထူသလား...”

“ဘာမှမဖြေဘူးလေ... ဘာမှလည်းမပြောဘူး... သဘောတူလို့


နေမှာပေါ့”

typing - ကောင်းဆိုး Page 326


နီကိုရဲ မကြည်ပြာနှင့် ချစ်ခြင်း၏ဒုတိယနဂ္ဂတစ်များ
“မဟုတ်သေးပါဘူး ရဲဝင်းရာ... ငါတော့ နင်ပြောတာတွေ လုပ်ခ့တ
ဲာ
တွေကို လုံးဝနာမလည်ဘူး”

“ငါ ကြည်ပြာ့ကို ဘယ်လိုအခြေအနေမျိုးမှာပဲဖြစ်ဖြစ် နားလည်


ပေးနိုင်တယ် လွင်မာ... အဲဒါပဲ... အဲဒီအတွက် နင်တို့ငါ့ကို
နားမလည်ကြဘူး ဆိုရင်လည်း ငါနင်တို့ကို ဘာမှအပြစ်မပြောဘူး”

“ရဲဝင်းရယ်... နင်က အပ်နဲ့တွင်းရမယ်ကိစ္စကို ပေါက်ဆိန်နဲ့


ပေါက်တာပဲ... မတော်လို့ ကြည်ပြာဟိုဘက်ပါသွားရင် ဘယ့်န့လ
ဲုပ်မလဲ...”

မိုးမိုးစကားက ကျွန်တော့်၏ အကြီးမားဆုံးစိုးရိမ်မှုကို တိုက်ရိုက်


ထိသည်။ ကျွန်တော် ခဏတော့မွှန်ထူကာသွား၏။ သို့သော် ကျွန်တော်
ယုံယုံကြည်ကြည်ပင် ရင်ကိုကော့ကာ ပြန်ဖြေခဲ့သည်။

“ငါ့ဘက်မှာ အမှန်တရားရှိတယ်မိုးမိုး... သူန့ပ


ဲ တ်သက်လို့ ငါ
ဘယ်လောက် ခွင့်လွှတ်နားလည်းပေးတယ်ဆိုတာကို ကြည်ပြာသိတယ်...
ပြီးတော့ ကြည်ပြာနဲ့ငါက ခုနှစ်နှစ်ချစ်သူဖြစ်ခဲ့တ့လ
ဲူတွေ ငါ့ဘက်က အရာရာ
သာတယ် ငါဘာမှ ရင်မဆိုင်ရဲစရာမရှိဘူး”

ထိုစဉ် ကျွန်တော်တို့ထိုင်နေကြသော လိုင်ဗရီရှေ့ ခရေပင်ထိုင်ခုံ


ဝိုင်းသို့ လွင်ဦးဝင်လာသည်။ အားလုံးကတွေ့ခ့လ
ဲား... ဟု ဝိုင်းမေးကြ၏။

“တွေ့ခဲ့တယ်ရဲကြီး... ဒီကောင်အခု သိပ္ပံကဲင်တင်းထဲက


လက်ဖက်ရည်ဆိုင်မှာ ရှိတယ်၊ ငါအားလုံးပြောပြတော့... သူကလည်း မင်းနဲ့
တွေ့ချင်ပါတယ်တဲ့”

typing - ကောင်းဆိုး Page 327


နီကိုရဲ မကြည်ပြာနှင့် ချစ်ခြင်း၏ဒုတိယနဂ္ဂတစ်များ
သူငယ်ချင်းများအားလုံးက ထိုင်ရာမှထလိုက်ကြသည်။ ကျွန်တော်
သူငယ်ချင်းများကိုကြည့်ကာ ရင်ထဲမှကျေနပ်သွားတာတော့ အမှန်ပင်
ဖြစ်သည်။

“သူငယ်ချင်း... နင်တို့မလိုက်ခဲ့ကြနဲ့ဟာ... ငါ... သူန့န


ှဲစ်ယောက်
တည်း အေးအေးဆေးဆေးစကားပြောချင်တာ... နေခဲ့ကြဟာနော်...”

“ဟား... ကိုရဲဝင်းကလည်း သူတောင်မှ အရှက်မရှိဘဲ


လာတွေ့ရဲသေးတာ မြမိုလ်တို့က ဘာဖြစ်လို့မလိုက်ရမှာလဲ!... လိုက်မယ်...”

မြမိုလ်မျက်နှာတွင်ရှိနေသော တက်ကြွသည့် မုန်းတီးမှုကိုကြည့်ကာ


မနေ့ကတွေ့ခဲ့သော ကြည်ပြာ့မျက်နှာပေါ်မှ နွမ်းယဲ့ဖျော့တော့သည်
အကြည့်ကို သတိရသည်။ အချစ်ကိုဘေးဖယ်၍ ပြောမည်ဆိုလျှင်
မြမိုလ်သည် ကြည်ပြာ့ထက် ကိုယ်လုံးကိုယ်ပေါက်ရော... မျက်နှာကျပုံပါ
ပို၍ကြည့်ကောင်းတာ အမှန်ပင်ဖြစ်သည်။ စနိုဖီခွေးရုပ်သည် ကြည်ပြာ့ထက်
လည်းပို၍ ကြည့်ကောင်းသော ဘာပြဿနာမှလည်းမရှိသော...
သူ့ကိုလည်း အခွင့်အရေးပေးခဲ့သော မြမိုလ်ကိုမရွေးဘဲ အဘယ့်ကြောင့်
ကြည်ပြာ့ကို ရွေးရသနည်း။ တွေးကြည့်ရင်း ကျွန်တော်ကြောထဲစိမ့်ဝင်ကာ
သွား၏။ ကြည်ပြာသည် မြမိုလ်ထက် သူ့အတွက် အရာရာလွယ်ကူနေခဲ့တာ
သေချာသည်။

“မဟုတ်ဘူးမြမိုလ်... ကျွန်တော်တို့ အခုချိန်က သိပ်အရေးကြီးလို့ပါ၊


ကျွန်တော့်အနေနဲ့ သူ့ကို ကျွန်တော်နဲ့ ပတ်သက်ပြီး ဘာသက်ရောက်မှုမှ
မရှိစေချင်လို့ပါ၊ ပြီးတော့ နှစ်ယောက်တည်း လွတ်လွတ်လပ်လပ်
စကားပြောချင်လို့”

typing - ကောင်းဆိုး Page 328


နီကိုရဲ မကြည်ပြာနှင့် ချစ်ခြင်း၏ဒုတိယနဂ္ဂတစ်များ
“ဘယ်လိုပဲဖြစ်ဖြစ် ရဲဝင်း၊ နင်ခေါ်ခေါ် မခေါ်ခေါ်... ငါတို့ကတော့
လိုက်မှာပဲ... ဒါပဲ...”

စိတ်အနုဆုံး အားအနာတက်ဆုံး ယဉ်ယဉ်သိန်းကပင် ပြတ်သားစွာ


ပြောနေသဖြင့် ကျွန်တော်လက်လျှော့လိုက်ရ၏။

“ကဲ ကောင်ပြီး ဒါပေမယ့် နင်တို့ ငါ့တို့စကားပြောမယ့်ဝိုင်းမှာတော့


မထိုင်နဲ့ဟာ.. တစ်ခြားဝိုင်းမှာထိုင်ကြ...”

ကျွန်တော့်ဆုံးဖြတ်ချက်ကို လိုက်နာကာ သူငယ်ချင်းများနှင့်အတူ


ထွက်လာခဲ့သည်။ လွင်ဦးက လမ်းတစ်လျှောက်လုံး ဒေါသနှင့်
စကားမပြောဖို့ ကျွန်တော့်ကို တတွတ်တွတ်သတိပေးသည်။ အားလုံး
လျော့ခဲ့ပြီးသည့် လူတစ်ယောက်အနေဖြင့် စနိုဖီအပေါ်မှာ ဘာရယူဖို့မှ
မရှိတော့ခဲ့ပြီးသည့် မရှိတော့ကြောင်း လွင်ဦးကိုပြောပြတော့ လွင်ဦးက
နားလည်သည်ဟု ပြောပြီး ကျွန်တော့်ပခုံးကို တင်းကြပ်စွာ ဖက်ထားရင်း
လမ်းလျှောက်လာခဲ့ကြ၏။ သိပ္ပံကဲင်းတင်းထဲကိုရောက်တော့ စနိုဖီက
စားပွဲတစ်လုံးတွင် အေးဆေးစွာထိုင်ကာ နက်(စ်)ဘလက်တစ်ခက
ွ်ကို
သောက်နေသည်။ ကျွန်တော့်ကို လှမ်းတွေ့တော့ ဘာမှမဖြစ်သလိုပင်
လှမ်းပြုံးကာ လက်ပြသည်။ လွင်မာတို့ထံမှ ဆဲသံတစ်ချက်နှင့် ပွစိပစ
ွိ
အသံတွေ ထွက်လာကြသည်။

“ကဲ... လွင်ဦး... သူတို့နဲ့ ဒီခုံမှာပဲထိုင်နေကွာ... ငါပဲသွားတွေ့လိုက်


မယ်”

ကျွန်တော် စနိုဖီခုံတွင် မျက်နှာချင်းဆိုင်နေရာမှ ဝင်ထိုင်လိုက်သည်။


စနိုဖီက အနားမှဖြတ်သွားသော စားပွဲထိုးကို လက်ဖက်ရည်ချိုကျတစ်ခက
ွ်

typing - ကောင်းဆိုး Page 329


နီကိုရဲ မကြည်ပြာနှင့် ချစ်ခြင်း၏ဒုတိယနဂ္ဂတစ်များ
လှမ်းကာမှာ၏။ ကျွန်တော်သောက်တက်လေ့ရှိသော လက်ဖက်ရည်ချိုကျ
ကို သူမှတ်မိသည် အလေးထားသည်ဆိုသည့်သဘော... ။ ထို့နောက်
ရှေ့တွင်ချထားသော မာဘိုရိုစီးကရက်ဗူးမှ တစ်လိပ်လှမ်းယူကာ ကျွန်တော့်
ကိုပေးသည်။ ကျွန်တော်ပြုံးကာ လက်ကာပြတော့ နှုတ်ခမ်းတွင် တပ်ကာ
ဇစ်ပိုမီးခြစ်ကို ဖြောင်းကနဲဖွင့်၍ မီးညှိသည်။ စနိုဖီ၏ ဇစ်ပိုမီးခြစ်သံကြောင့်
ကျွန်တော့်ရင်ထဲတွင် နင့်ကာ နာသွားခဲ့သည်။ စနိုဖီခွေးရုပ်ပုံစံက
ကြည်ပြာ့ကို ကျွန်တော်ပြောသမျှကို တိတ်ဆိတ်ခြင်းနင့် ဝန်ခံမည့်ပုံစံမျိုး
မဟုတ်။ ကျွန်တော်ပြောသလောက် ကျွန်တော့်ကို ပြန်စကားပြောမည့်
ပုံစံဖြစ်သည်။ ထို့အပြင် စနိုဖီခွေးရုပ်က ကျွန်တော် သူရှေ့မှာ
ရောက်နေသည့်အတွက်... ဘာမှတုန်လှုပ်ခြင်းမရှိ။ အထူး တလည်
စိတ်ဝင်စားခြင်းလည်းမရှိ။ Chess ထိုးခါနီး အရုပ်စီနေသည့်
ပြိုင်ဘက်တစ်ယောက်လောက်အနေနှင့်ပင် ကျွန်တော့်ကို စိတ်ဝင်စား
အာရုံစိုက်ခြင်းမရှိ။ သက်သက်သာသာဖြင့် အေးအေးလူလူသာရှိသည်။
သူ့တွင် ကျွန်တော်ချစ်ရပါသော မကြည်ပြာကိုလုယူဖို့ အကြီးအကျယ်
ကြိုးစားနေသည့်ပုံစံ လုံးဝမရှိ။ သို့မဟုတ် နိုင်မည်ဟု လုံးဝ
ယုံကြည့်ထားသည့် ပွဲတစ်ပွဲကို ကစားဖို့ရောက်လာသည့် လူတစ်ယောက်
လိုပင် ငြိမ်းချမ်းစွာရှိနေခဲ့သည်။ ဘယ်လိုယုံကြည်မှုမျိုးဖြင့် စနိုဖီခွေးရုပ်
တည်ငြိမ်နေသည်ဆိုတာကို ကျွန်တော် နားမလည်ခ့တ
ဲာ အမှန်ပင်
ဖြစ်သည်။

“ကဲ.... ကျွန်တော်တို့ စကားစကြရအောင်... ကျွန်တော်


ကြည်ပြာနဲ့ မနေကတွေ့လို ကိစ္စအားလုံးကို သိပြီးပါပြီ... ဘယ်လိုဖြစ်ကြ
တာလဲဗျာ”

typing - ကောင်းဆိုး Page 330


နီကိုရဲ မကြည်ပြာနှင့် ချစ်ခြင်း၏ဒုတိယနဂ္ဂတစ်များ
ကျွန်တော့်စကားကို အပြုံးဖြင့်နားထောင်နေသော စနိုဖီက
ကျွန်တော့်စကားဆုံးတော့ အပြုံးနှင့်ပင် ကျွန်တော့်ကို စကားပြန်ပြောသည်။

“ဟုတ်တယ်ဗျာ... ကိုရဲဝင်းသိပြီးသားဆိုတော့ ကျွန်တော်


ကြည်ပြာ့ကို ချစ်တယ်လို့ဖွင့်ပြောပြီးပါပြီ...”

ဆေးပေါ့လိပ်ငွေ့များကို မှုတ်ထုတ်ရင်း သူ့ဆံပင်ကို သပ်တင်ကာ


အပြုံးဖြင့် အထစ်အငေါ့မရှိ ကျွန်တော့်မျက်နှာကိုကြည့်ကာ ရည်ရည်မန
ွ်မန
ွ်
ပြောသည်။

“ကြည်ပြာနဲ့ကျွန်တော်နဲ့က ချစ်သူတွေလေ... အဲဒါကို ခင်ဗျားလည်း


သိနေခဲ့တာပဲ”

“ဟုတ်ပါတယ်... ကျွန်တော်စသိတ့ေ
ဲ န့ကတည်းက သိခ့တ
ဲာပါ။
ကျွန်တော် ကိုရဲဝင်းရဲ့ပိုင်ဆိုင်မှုကို တစ်ကြိမ်မှ မနှောက်ယှက်ခ့ပ
ဲါဘူး။
ကြည်ပြာ့ကို သိပ်ချစ်လို့သာ ပြောခဲ့တာပါ။ မိန်းကလေးတစ်ယောက်ကို
ချစ်တဲ့အခါ ချစ်တယ်လို့ပြောခွင့်တော့ ကျွန်တော့်မှာ ရှိလိမ့်မယ်
ထင်ပါတယ်...”

“သြော်...”

ကျွန်တော် ခေါင်းတဆတ်ဆတ်ငြိမ့်ကာ တင်အောင်ဇော်ထိုက်ကို


ငေးနေမိသည်။ ယောက်ျားတစ်ယောက်အနေနှင့် တော်တော်ကြည့်ကောင်း
သည်။ ဆွဲဆောင်မှုရှိသည့် ရုပ်ရည်ကိုငေးနေမိသည်။ ယောက်ျားကောင်းတို့
မည်သည်မှာ... ကြင်နာတက်သော စိတ်လည်းရှိနေ၏။ အနစ်နာခံနိုင်သော
စိတ်လည်းရှိရ၏။ သူတစ်ပါး၏ အကျိုးကို ဆောင်ရက
ွ်လိုသောစိတ်လည်း
ရှိရ၏။ ဤအင်္ဂါသုံးရပ်နှင့် ပြည့်စုံလျှင် ယောက်ျားကောင်းဖြစ်၏... ဆိုသော

typing - ကောင်းဆိုး Page 331


နီကိုရဲ မကြည်ပြာနှင့် ချစ်ခြင်း၏ဒုတိယနဂ္ဂတစ်များ
ဆရာဦးရွှေအောင်၏ စာပုဒ်ကို သတိရသည်။ အခုကျွန်တော်သည်
အင်မတန်ကြောက်စရာကောင်းသော ယောက်ျားတစ်ယောက်နှင့် တွေ့နေ
ရသည့်အခါ ယောက်ျား ကောင်းပီသစွာ အဘယ်ကြောင့် အနစ်နာမခံနိုင်ရ
မည်နည်း။ ကြင်နာသော စိတ်မထားနိုင်ရမည်နည်း။ သူ့အကျိုးကို
ဆောင်ရွက်လိုသော စိတ်အဘယ်ကြောင့်မရှိရမည်နည်း။

“ကိုရဲဝင်းတို့ကတော့ အံ့သြနေမှာပါ။ ကျွန်တော် ရှင်းပြပါရစေဦး၊


ဘယ်ယောက်ျားလေးပဲဖြစ်ဖြစ်ပေါ့ဗျာ၊ ကိုယ်သဘောကျတဲ့ မိန်းကလေးမှာ
ချစ်သူရှိတယ်ဆိုရင်... မေ့ပစ်ပြီး နောက်ဆုတ်သွားကြာတာပါပဲ။
နောက်တစ်ယောက် အသစ်ရှာကြတာပါပဲ။ ကျွန်တော် ကြည်ပြာ့အပေါ်
ထားတဲ့အချစ်က အဲဒီလိုမဟုတ်ဘူးဗျာ... ကိုရဝ
ဲ င်းရှိနေမှန်းသိရက်နဲ့
ကျွန်တော် ကြည်ပြာ့ကို လုံးဝမေ့ပစ်လို့မရခဲ့ဘူး။ ကျွန်တော့် စွလ
ဲ န်းမှုကို
လျော့လိုကိုမရဘူး။ ကျွန်တော် အဲဒီလောက်အထိ ကြည်ပြာ့ကိုချစ်တာပါ”

ကျွန်တော် ဘာမှမပြောနိုင်... စနိုဖီကိုသာ ငေးကြည့်နေမိသည်။

“အဲဒီစကားက... ကြည်ပြာ့ကို အကောင်းဆုံးချည်းဖွ့သ


ွဲားနိုင်တဲ့
စကားပဲ ဖြစ်ရမယ် ကိုတင်အောင်ဇော်ထိုက်”

“ဟာဗျာ... ဒီလိုပါ။ မြမိုလ်လေ... ကိုရဝ


ဲ င်းသိပါတယ်၊ မြမိုလ်က
ယောက်ျားလေးတစ်ယောက်အတွက် ကြည်ပြာ့ထက်လည်း ပိုလှပါတယ်၊
ပြီးတော့ ချစ်သူလည်းမရှိဘူးလေ... ကျွန်တော့်အပေါ် သဘောထားလည်း
ကိုရဲတို့သိပါတယ်... ဒါပေမယ့် ကျွန်တော် သူကိုဘယ်လိုမှ ချစ်လို့မရဘူး
ကျွန်တော် ကြည်ပြာ့လို သူ့ကို ချစ်လို့မရခဲ့ဘူး... ဒါကြောင့် နောက်ဆုံးမှာ
အန္တရာယ်များမှန်သိပေမယ့် ကြည်ပြာ့ကိုပဲ ရွေးခဲ့တာပါ”

typing - ကောင်းဆိုး Page 332


နီကိုရဲ မကြည်ပြာနှင့် ချစ်ခြင်း၏ဒုတိယနဂ္ဂတစ်များ
“ဒီစကားကတော့ မရုန်းနိုင်တော့တဲ့ ကြည်ပြာ့ကို ထိထိမိမိ
ပစ်လိုက်နိုင်တဲ့ စကားမျိုးပါပဲ”

“ဟာ... ကိုရဲဝင်းကလည်းဗျာ...”

စနိုဖီကပြုံးကာ စီးကရက်ကိုဖွာသည်။ သူထံက စကားတွေအကုန်


ကြားပြီးပြီးချင်း ကျွန်တော်ကြည်ပြာ့အတွက် အရမ်းကိုစိုးရိမ်သွားခဲ့သည်။

ကဗျာဆရာတစ်ယောက် စာရေးဆရာတစ်ယောက် အနေနှင့်


ကျွန်တော် အားလုံးကို သဘောပေါက်သွားပြီဖြစ်သည်။ စနိုဖီသည်
ဒီစကားသည် အရင်းအနှီးကြီးစွာနှင့် ပြောရသည့်စကားဖြစ်ကြောင်း ထို
စကားကို အားလုံးသိသွားသည်နှင့် သူသည် အရှက်ရကာ အားလုံး၏
စွဲချက်အောက်တွင် အလူအလဲခံရမည်ဖြစ်ကြောင်း သူ့သိက္ခာကိုရင်းကာ
တန်ဖိုးတကြီးပြောရသည့်စကားကို ကြည်ပြာလုံးဝ ယုံကြည်စေချင်ကြောင်း
ပြောမည်။ မြမိုလ်ကို ပထမမျှော်လင့်ချက်ပေးပြီး မြမိုလ်သူ့ကို ပြန်လိုက်
ရောမှ မြမိုလ်ကိုမချစ်ဘဲ သူချစ်တာကြည်ပြာဟု ဖွင့်ပြောခဲ့ခြင်းဖြစ်ရမည်။
ကြည်ပြာ ချစ်သူဖြစ်သူ ကျွန်တော်နှင့်သူသည် ရုပ်ရည်၊ အဆင့်အတန်း
မည်မျှကွာကြောင်း ကြည်ပြာသိလောက်သည့် အချိန်မှစ၍ သူကြည်ပြာ့ကို
ကြိုးစားခဲ့တာဖြစ်ရမည်။ သူအားလုံးရှေ့တွင် တင်ထားခဲ့သော သိက္ခာကို
ရင်း၍... မြမိုလ်ကိုငြင်း၍... ချစ်သည်ဟူသော စကားကို ကြည်ပြာ
ဘယ်လိုလုပ် ငြင်းဆန်နိုင်မည်နည်း။ သူ့အပေါ်တွင် ကြည်ပြာတိတ်တဆိတ်
ထားခဲ့သော အထင်ကြီးခြင်း၊ ရင်ခုန်ခြင်းကလည်း ရှိနေဟန်တူပါသည်။
အတော်ပိရိသေသပ်သော... တစ်စုံတစ်ရာ ချို့ယွင်းချက်မရှိသော
ယုံကြည်လွယ်ပြီး ငြင်း၍မရနိုင်သော ကြိုးစားမှုပါကလား!။ ထို့ကြောင့်
ကြည်ပြာသည် ပုံစံပျက်ကာ မူပြောင်းနေခဲ့သည်။ တိတ်တဆိတ် ငြိမ်သက်

typing - ကောင်းဆိုး Page 333


နီကိုရဲ မကြည်ပြာနှင့် ချစ်ခြင်း၏ဒုတိယနဂ္ဂတစ်များ
နေခဲ့သည်။ မနေ့က ကျွန်တော်နှင့်တွေ့တော့ ဘာကိုယုံကြည်စွာ ရွေးချယ်ရ
ကောင်းမှန်း မသိလောက်အောင် တွေဝေမှိန်ဖျော့နေခဲ့ရသည်။
ဒီလောက် စနစ်တကျ ပိပိရိရိကြံစည်တက်တဲ့ ယောက်ျားတစ်ယောက်ဟာ
ကြည်ပြာ့ကို တကယ်ချစ်တာရော ဟုတ်ရဲ့လား!... ဟု ကျွန်တော်
တွေးမိကာ ကြည်ပြာ့အတွက်စိတ်ပူခြင်းသာဖြစ်ပါသည်။

“ဟုတ်ပါပြီ... ထားပါ။ ကျွန်တော်အခုသုံးယောက်စလုံးအတွက်


အဆင်ပြေမယ့် အစီအစဉ်ကိုစီစဉ်ထားပါတယ်။ ခုချိန်မှာ ကြည်ပြာနဲ့
ကျွန်တော်ဟာ ချစ်သူတွေမဟုတ်ကြတော့ပါဘူး... သူငယ်ချင်းတွေပါ”

“ခင်ဗျာ...!!”

စနိုဖီကမျက်မှောင်ကိုကျုံ့ကာနားမလည်နိုင်စွာ ဖြင့် ဦးခေါင်းရှေ့သို့


တိုးကာလာ၏။ ကျွန်တော်ပြုံးလိုက်သည်။

“ဒီလို ကိုတင်အောင်ဇော်ထိုက်... ကြည်ပြာ့ကို ကျွန်တော်က


ချစ်သူနေရာကနေသူငယ်ချင်းအဖြစ်ပြောင်းလဲပစ်လိုက်ပါတယ်၊ ခင်ဗျားလိုပဲ
ချစ်တယ်လို့ပြောထားတဲ့သူငယ်ချင်းပါ၊”

“ဟာဗျာ...”

ကျွန်တော့်စကားဆုံးတော့ စနိုဖီအားနားသွားသလို ဟာဗျာ... ဟု


ရေရွက်ရင်း ပြုံးသည်။ သူ့မျက်လုံးထဲတွင် လင်းလက်သွားသည်ကို
ကျွန်တော် လှမ်းတွေ့လိုက်ပါသည်။

“အဲဒီတော့ ကျွန်တော်တို့နှစ်ယောက်စလုံးကို ကြည်ပြာရွေးတဲ့


အခါမှာ အခြေအနေတူတစ်ခုမှာ ရွေးခွင့်ရတာပေါ့၊ ကြည်ပြာ့အတွက်
တစ်ခုခုကို ကျူးလွန်ရတဲ့ပစ်ချက်ကနေလွတ်သွားတာပေါ့ဗျာ...”

typing - ကောင်းဆိုး Page 334


နီကိုရဲ မကြည်ပြာနှင့် ချစ်ခြင်း၏ဒုတိယနဂ္ဂတစ်များ
စနိုဖီက သေသေချာချာစဉ်းစားကာ “ကျေးဇူးပါပဲဗျာ...” ဟုပြောရင်း
နောက်ထပ်စီးကရက်တစ်လိပ်ကိုမီးညှိသည်။ ကျွန်တော့် ရင်ထတ
ွဲင် တစ်စစ
မောလာကာဝမ်းနည်းလာ၏။ သို့သော် ကျွန်တော် အားတင်းထားပါသည်။

“မနက်ဖြန်မှ ကျွန်တော်တို့နှစ်ယောက် အီကိုကဲင်တင်းမှာ ဟိုဘက်


အစွန်းဆုံးကဆိုင်နဲ့ ဒီဘက်အစွန်းဆုံးက ဆိုင်မှာထိုင်ကြမယ်။ ကျွန်တော်က
မြကျွန်းသာဘက်ကဆိုင်မှာထိုင်မှာပါ။”

“ဟုတ်ကဲ့ခင်ဗျာ”

“နေ့လည် ၁ နာရီပေါ့၊ ကြည်ပြာက သူရွေးချင်တ့လ


ဲူဆီကို
လာလိမ့်မယ်၊ ဒီကိုကဲင်တင်းက ရှည်လည်းရှည်လည်းကွေ့နေတော့
ကျွန်တော်တို့ တစ်ယောက်နဲ့ တစ်ယောက်မြင်ကြရမှာ မဟုတ်ပါဘူး၊
ကိုတင်အောင်ဇော်ထိုက် သဘောတူရဲ့လား!”

“တူပါတယ်ဗျာ... တူပါတယ်၊ ကိုရဲဝင်းစီစဉ်တာကောင်းပါတယ်”

စနိုဖီခွေးရုပ်က ရွှင်ရွှင်မြူးမြူးပိုဖြစ်လာသည်။ စိတ်အားထက်သန်စွာ


သူ့လက်ချောင်းများကို အချင်းချင်းချိုးလိုက်၏။ ကျွန်တော် ပင့်သက်ကို
ရှိုက်ထုတ်ကာ ကျန်နေသေးသော စကားများကို မြန်မြန်ပြောရသည်။
ဘယ်သူမှမရှိတဲ့နေရာမှာ ငါခြေပစ်လက်ပစ်ကို နားချင်နေပြီ ကြည်ပြာရယ်။

“သဘောတူရင်... နောက်စည်းကမ်းတစ်ချက် ကျန်သေးတယ်


ဒီနေ့ရောမနက်ဖန် ၁ နာရီ ကြည်ပြာမလာခင်အထိ ကျွန်တော်တို့
နှစ်ယောက်ဘယ်သူမှ ကြည်ပြာကို သွားမတွေ့ရဘူး... သူရွေးချယ်တဲ့
အတိုင်းပဲ ကျွန်တော်တို့ခံစားကြမယ်...”

“OK... ကိုရဲဝင်း”

typing - ကောင်းဆိုး Page 335


နီကိုရဲ မကြည်ပြာနှင့် ချစ်ခြင်း၏ဒုတိယနဂ္ဂတစ်များ
စနိုဖီက ၀မ်းသာအားရပြောရင်း လက်ကြားထဲတွင်ညှပ်ထားသော
စီးကရက်ကို နှုတ်ခမ်းတွင် ကောက်တပ်ကာ ဇစ်ပိုမီးခြစ်ကို ဖြောင်းကနဲ
ဖွင့်ကာ မီးညှိသည်။ ကျွန်တော်လည်း ပင်းပန်းလွန်းစွာဖြင့် ဂျက်ကမ္ဘာ
ဆေးပေါ့လိပ်ကို နှုတ်ခမ်းတွင်တပ်လိုက်၏။ မီးညှိပြီးကာစ စနိုဖီက
ဖြောင်းကနဲထပ်ဖွင့်ကာ ကျွန်တော့်ကို မီးညှိရန် ရှေ့သို့ကုန်းပေးသည်။
ကျွန်တော် လိုလိုချင်ချင်ပင် မီးညှိကာ ဆေးပေါ့လိပ်ကို အားရပါးရ
ဖွာရှိုက်လိုက်သည်။ ဆေးလိပ်ငွေ့တွေကြားမှာ ကျွန်တော်တို့ မျက်ဝန်းချင်း
ဆုံကြသည်။ အလိုပြည့်ကာ ပျော်နေသည့် မျက်ဝန်းနှင့် ၀မ်းနည်း
တိုးတိတ်စွာ ကြေကွဲနေသောမျက်ဝန်းတို့ တွေ့ဆုံ လိုက်ကြသည်။

‘‘အင်း... ခင်ဗျားက ကျွန်တော်နဲ့ စတွေ့တော့လည်း မီးတစ်တို့န့ပ


ဲ
စတွေ့ကြတယ် အခု ခွဲရမယ်ဆိုတော့လည်း မီးတစ်တို့န့ပ
ဲပေါ့ဟုတ်လား!’’

ကျွန်တော့်စကားဆုံးတော့ တင်အောင်ဇော်ထိုက်က အားရပါးရ


ခေါင်းကို နောက်လှန်ကာ ရယ်သည်။ ကျွန်တော် မရယ်နိုင်ပါ။ သူ့ကို
ပြုံးပြီးကြည့်နေရုံပဲ တတ်နိုင်ပါသည်။

‘‘စိတ်ချပါဗျာ... ကြည်ပြာရွေးတဲ့လူဟာ ခင်ဗျားပဲဆိုရင်....


ကျွန်တော် ကျေကျေနပ်နပ်နဲ့ လမ်းခွဲထွက်သွားမှာပါ... စိတ်ချပါ’’

ထိုစကားသည် ကျွန်တော့်ကို သတိပေးသည့် စကားလည်း


ဖြစ်နိုင်ပါသည်။ ကျွန်တော်တို့နှစ်ယောက် စေ့စပ်ဆွေးနွေးပြွဲ ပီးဆုံးသွား
သဖြင့် စနိုဖီက ခုံမှထသည်။ ကျွန်တော်လည်း သူငယ်ချင်းများရှိရာခုံသို့
ပြန်လာခဲ့သည်။

typing - ကောင်းဆိုး Page 336


နီကိုရဲ မကြည်ပြာနှင့် ချစ်ခြင်း၏ဒုတိယနဂ္ဂတစ်များ
‘‘ရဲဝင်း... နင်ကဘာမှမပြောလဲ ဘာဖြစ်လို့ သူကချည်းပဲ စကားတွေ
ပြောနေရတာလဲ ! သူပြောတဲ့စကားကို နင်ကာ ဘာမှ နားထောင်နေစရာ
မလိုဘူးရဲဝင်း’’

‘‘အေးလေ.. အားရပါးရတောင် ရယ်နေလိုက်သေးတယ် နင်က


သူ့ကိုဘာတွေများ ရယ်စရာတွေ သွားပြောနေလို့လဲ!...တောက်....!
ကြည့်လို့ကို မရတာဟာ... တကယ်ပဲ’’

‘‘ကဲပါဟာ.. ဘာမှမဟုတ်ပါဘူး... ထားလိုက်ကြပါတော့... ဒါငါတို့


ဆွေးနွေးတာပဲ.. အခုကိစ္စအားလုံး ပြီးသွားပြီး၊ မနက်ဖြန်ကိုပဲ စောင့်ရတော့
မှာ.. ကဲ... သူငယ်ချင်းတို့.. ငါအရမ်း ပင်ပန်းနေပြီးဟာ ငါသွားတော့မယ်...’’

ကျွန်တော့်ကို ဂရုနာဒေါသောဖြင့် ၀ိုင်းကြည်နေကြသော


သူငယ်ချင်းများ အားလုံးကို ကျွန်တော် ကြောခိုင်းလိုက်သည်။ ကျွန်တော်
တစ်လှမ်းချင်းလှမ်းလျှောက်ထွက်ခဲ့သည်။ ကျွန်တော့်တစ်ကိုယ်လုံးသည်
အသံစိုးစီမှ မမြည်ပဲ တိတ်တဆိတ် ကြေကွဲနေသည်ဟု... ကျွန်တော်
ထင်သည်။ ထိုညက... လမင်းကိုမတွေ့ရ။ လမင်းသည် ညရည်တက်ပဲ
နောက်ကျခဲ့လေသလား.... တစ်ခုခုနှင့်ပဲ ဖုံးကွယ်ခံထားရသဖြင့် ကျွန်တော်
မြင်နေရသော ကောင်းကင်ပေါ်တွင် ရှိမနေတာလား... ကျွန်တော်မသိ။
မိုးနှောင်း ဆောင်းဦးစသဖြင့် မိုးကလည်း အကုန်တပ် မဆုတ်သေး၊
ဆောင်းကလည်း သူနေရာကို သူအရင်ရောက်သဖြင့် ရာသီဥတုသည်
စေးပျစ်ထိုင်းမှိုင်းကာ ကောင်းကင်က မြူနှင့် မိုးတိမ်နှစ်ခု စလုံးကို
လက်ခံထားသဖြင့် မှောင်မိုက်မှုန်မွဲကာနေသည်။ စိုထိုင်းသော
အေးစိမ့်မှုအောက်တွင် ညသည် တစ်စတစ်စနက်၍နက်၍လာသည်။
ညဦးပိုင်း အိမ်မှလူတွေ မအိပ်သေးခင်တုန်းကလည်း ကျွန်တော်

typing - ကောင်းဆိုး Page 337


နီကိုရဲ မကြည်ပြာနှင့် ချစ်ခြင်း၏ဒုတိယနဂ္ဂတစ်များ
လူတွေကြားထဲမနေရ။ လက်ဖက်ရည်ဆိုင် ထွက်ထိုင်တော့လည်း...
တစ်ခြားသူများမှာ အဖေါ်အသီးသီးနဲ့ စကားပြောကာ... ရယ်ကာ မောကာ
ရှိနေသည်။ ကျွန်တော်ခံစား၍ မရတော့သဖြင့် ရှေ့တည့်တည့်
လမ်းမကိုသာ ငေးနေလိုက်သည်။ ခဏကြာတော့ ကျွန်တော်ထိုင်နေသည့်
ခုံရှေ့သို့ ကောင်းမလေးနှင့် ကောင်လေးစုံတွဲ ၀င်ထိုင်သည်။ ကျွန်တော့်
ထက် (၅)နှစ်လောက် ငယ်ကြမည်ထင်သည်။ ကောင်မလေးက
နွားနို့ကိုသောက်ကာ ကောင်လေးက လက်ဖက်ရည်ကို မှာသည်။ ပြီးတော့
လက်ကလေးတွေကို ဆိုင်ထဲကလူတွေမမြင်အောင် ဆုပ်ကိုင်ထားကြ၏။
ပြီးတော့ ဘာမှမဟုတ်ပဲ တစ်ယောက်နှင့်တစ်ယောက်ကြည့်ကာ ပြုံးနေကြ
သည်ကို ကျွန်တော် ငေးနေမိသည်။ ပျော်စရာကြီးပါလား...! ခဏ
ကြာတော့ ကောင်မလေးက စကားတွေပြောသည်။ ကောင်လေးက
ထုံးစံအတိုင်း ခေါင်းကိုညိတ်လိုက် စီးကရက်ကို ဖွာလိုက်....။
ကောင်မလေးက စကားတတွတ်တွတ်...... စကားတွေများလိုက်တာ
ကြည်ပြာ အတိုင်းပါလားလို့ တွေးမိတော့ ရင်ထန
ဲ င့်သွား၏။ နောက်တော့
အသံတွေပိုကျယ်လာကြသည်။

‘‘သွားစမ်းပါ ငါ့ကို လိုက်နေတဲ့ကောင်တွေကအများကြီး နင့်ကို


သနားလို့ချစ်တာ...’’ ကောင်မလေးက ပြုံးကာ မဲ့ကာဖြင့်အော်သည်။
ကောင်လေးက စီးကရက်ကို ဟန်ပါပါဖြင့် သောက်ရင်းပြန်မေးသည်။

‘‘ဘာဖြစ်လို့သနားတာလဲ!...’’

ကောင်မလေးက ခဏစဉ်းစားပြီး... ‘‘ချစ်လို့ပေါ့ဟ...’’ဟု ဖြေသည်။


‘‘နင့်ဟာကလည်နေတာဘဲ’’ ဟု ကောင်မလေးကို စသည်။ ပြီးတော့
နှစ်ယောက်စလုံး တခွီးခွီးရယ်ကြပြန်သည်။ ကျွန်တော်ငေးကြည့်ရင်း

typing - ကောင်းဆိုး Page 338


နီကိုရဲ မကြည်ပြာနှင့် ချစ်ခြင်း၏ဒုတိယနဂ္ဂတစ်များ
ရင်ထဲမှာ နင့်ကာလာ၏။ ကျွန်တော်လက်ဖက်ရည်ဖိုးရှင်းကာ ဆိုင်ထမ
ှဲ
ထွက်လာသည်။ သို့သော် ကျွန်တော် ဘယ်ကိုသွားရမှန်းမသိ။ အိမ်ကို
လည်း မပြန်ချင်၊ အိမ်မှာ မအိပ်ကြသေးသည့် လူတွေကြားထဲတွင်
ကျွန်တော်မနေချင် ဖြစ်နိုင်လျှင်ဘယ်သူမှ မှရှိသော နေရာမှာ နေချင်သည်။
ဒါနှင့်ပင် မထိုင်စဖူး လမ်းဘေးအုတ်ခုံပေါ်မှာ တက်ထိုင်ကာ လမ်းသွား
လမ်းလာများကို ငေးနေခဲ့သည်။ မိုးကုန်စ သီတင်းကျွတ်လဖြစ်သဖြင့်
လူတွေက ဘာမှမဟုတ်ပဲ လမ်းထွက်ကြသည်ကို ငေးကာနေမိသည်။
အခုတော့ ကျွန်တော့်စိတ်ကြိုက် ကမ္ဘာတစ်ခြမ်းက လူတွေအားလုံးအိပ်ကာ
တိတ်ဆိတ်နေကြသည်။ တိတ်ဆိတ်မှုနှင့် ညအမှောင်ကို ကျွန်တော်
အဓိပ္ပါယ်မဲ့ ငေးမောကာနေခဲ့သည့်။ ကျွန်တော့်စိတ်တွေ မတည်ငြိမ်မှန်း
လူခြေတိတ်ပြီး ညနက်လာမှ ပိုသိရသည်။ ကျွန်တော့် စိတ်သည်
တစ်နေရာတည်းမှာ အတည်မနေ... လျင်မြန်သော အရှိန်ဖြင့် ဟိုမှ .... ဒီမှ
ရွှေ့နေကြ၏။

ကျွန်တော်သည် ကြည်ပြာဘယ်လိုစဉ်းစားနေလဲ! ငါလိုပဲ


မှောင်ထဲမှာ ငေးနေမလား! အိပ်ပဲနေမလားတွေးလိုက်၊ သူငယ်ချင်းတွေ...
ငါ့အကြောင်း... ကြည်ပြာ့အကြောင်း ဘာပြောနေကြမလဲ တွေးလိုက်။
ကျွန်တော်မြကျွန်းသာမှာ ထိုင်နေပုံ၊ ကြည်ပြာရောက်မလာပုံတို့ကို
တွေးလိုက်။ ပြီးတော့ထိတ်လန့်ကာ ကြည်ပြာနှင့်ကျွန်တော် ဖြတ်သန်းခဲ့
ဘူးသည့်နှစ်များ အဖြစ်အပျက်များထဲမှ ကြည်ပြာကျွန်တော့်ကို သနားမည့်
ကိစ္စ၊ ကြည်ပြာ ကျွန်တော့်ကို နားလည်လာမည့်ကိစ္စတွေကို တွေးကာ
ကြည်ပြာကျွန်တော့်ဆီလာမှာပါဟု တွေးလိုက် ကြည်ပြာနားမလည်ခဲ့
သော.... ကြည်ပြာကျွန်တော့်ကို မကျေနပ်ခ့ေ
ဲ သာ ကိစ္စတွေကို တွေးကာ
ကြည်ပြာ့အတွေးကို ယူဆချက်ကို ထိတ်လန်လ
ို့က်နှင့် ထိုအတွေးများက

typing - ကောင်းဆိုး Page 339


နီကိုရဲ မကြည်ပြာနှင့် ချစ်ခြင်း၏ဒုတိယနဂ္ဂတစ်များ
တစ်ခုမဆုံးခင် တစ်ခုထဲသို့ ရောက်သွားကာ ထိုတစ်ခုမဆုံးခင်
နောက်တစ်ခုကပ်လာပြီး ထိုအတွေးနှင့် ကျွန်တော် အမှောင်ကို
ငေးရင်းပါသွားပြန်သည်။ ကျွန်တော် စိတ်မတည်ငြိမ်သည့် ဝေဒနာကို
ခံစားရင်းကြောက်ရွံ့ကာ လာသဖြင့်၊ ငါရွေးခဲ့တ့လ
ဲ မ်းက မှားပြီဟုတွေးကာ
ထိုင်နေရာမှ မတ်တပ်ထရပ်မိပြန်သည်။ တကယ်ဆို ဒါဟာ ဘာမှ
ငါသဘောထားကြီးရမည့် ကိစ္စမဟုတ်ဘူး သူငယ်ချင်းတွေရှေ့မှာ ဒီကိစ္စကို
ဖွင့်ချပြ။ အားလုံးရဲ့ သဘောတူညီချက်နဲ့ ဟိုကောင်ကို မောင်းထုတ်....
ဒါဆိုရင် ကြည်ပြာဟာ ငါ့ချစ်သူပဲ။ သူငါ့ကို ချစ်တာမချစ်တာ အသာထား
ကြည်ပြာဟာ ငါ့စိတ်ထဲမှာ ပိုင်ဆိုင်ထိသိခွင့်ရနေတဲ့ ငါ့ချစ်သူပဲ၊
ဟုတ်တယ်.... ငါဆုံးဖြတ်တာ မှားသွားပြီး၊ ငါဟာ ကြည်ပြာ့ကို
အဆုံးရှုံးမခံနိုင်ဘူး၊ ငါကြည်ပြာနဲ့ ခွဲရရင် ရူးမှာပဲ။ ငါ... မနေတတ်ဘူး။
မနက်ဖြန်ကြရင် ကြည်ပြာ့ကို အရင်သွားတွေ့ပြီး အစီစဉ်ပျက်ပြီ.... နင်ဟာ
ငါ့ချစ်သူပဲလို့ ပြောမယ်။ သူငယ်ချင်းတွေကို အကူအညီတောင်းမယ်။
အားလုံးကလည်းအကူအညီ ပေးမှာပဲ။

ကျွန်တော်အတွေးဖြင့် မတ်တပ်ရပ်နေရာမှထိုင်ကာ စိတ်လှုပ်ရှားစွာ


အသက်ရှူ မြန်လာပြန်သည်။ ဟုတ်တယ်... ဒီအတိုင်းပဲလုပ်ရမယ်။
ကြည်ပြာ့ကို အဆုံးအရှူံး မခံနိုင်ဘူး။ ကျွန်တော်စိတ်သက်သာရာရကာ
သက်ပြင်းချရင်းပြန်ထိုင်သည်။ ဆေးပေါ့လိပ်ကို မီးညှိကာ ဖွာသည်။
ကျွန်တော့်ရှေ့လမ်းဘေးမီးတိုင်မှာ တစ်ဖက်မှ အမှောင်ကို ကျီးကြည့်
ကြောင်ကြည့် ကြည့်သည်။ ပြီးတော့ တိုးတိုးရယ်ကာ မှောင်ထမ
ှဲာ ပြုံးသည်။
ဆေးပေါ့လိပ်ငွေများ ထုတ်လိုက်၏။ ထို့နောက် တည်ငြိမ်စပြုသွားသော
စိတ်တွင်အတွေးက ပေါ်လာပြန်သည်။ မဟုတ်သေးဘူးလေး... ဒါငါ
အကောင်းဆုံးနည်းလမ်းကို ရွေးပြီး ငါကိုယ်တိုင် စီစဉ်ပြီးလုပ်ထားတာ...။ ငါ့

typing - ကောင်းဆိုး Page 340


နီကိုရဲ မကြည်ပြာနှင့် ချစ်ခြင်း၏ဒုတိယနဂ္ဂတစ်များ
အစီအစဉ်ကို ဖျက်ရင် ကြည်ပြာကရော လက်ခံပါ့မလား၊ စနိုဖီကရော.....။
ထားပါ။ ငါကရော ယောက်ျားကောင်းတစ်ယောက်ပီသပါ့မလား..။
ကြည်ပြာ့ကို ငါခုနစ်နှစ်ကျော် ချစ်ခဲ့တယ်... ငါဘယ်လောက်သူက
ို့ ချစ်တယ်
ဆိုတာ ကြည်ပြာအသိဆုံးပဲ၊ ငါချစ်ခဲ့တာ သစ္စာမှန်ရင် ကြည်ပြာငါ့ကို
အစအဆုံး နားလည်းပြီး ငါ့ကိုပဲရွေးမှာပေါ့။ ငါ့ချစ်ခြင်း မေတ္တာဟာ
အနိုင်ရကို.... ရ ရမယ်။ ငါ့အမှန်တရားဟာ မနက်ဖြန်မှာ ငါ့ဘက်မှာကို
ရှိရမယ်....။ ငါဘာကြောင့် တုန်လှုပ်နေရမှာလဲ။ မနက်ဖြန် ဒီအတိုင်းကို
ဖြစ်ရမယ်။ ဟား.... စနိုဖီဟာ ငါထက်ရုပ်ကလည်း ပြောစရာမရှိအောင်ကို
ချောတယ်။ ယောက်ျားလည်း ပီးသတယ် (အရပ်အမောင်းကောင်းကောင်း
နှင့် ကြည့်ကောင်းသော ခန္ဓာကိုယ်ကို ဆိုလိုသည်) ငွေကြေးကလည်း
ချမ်းသာတယ်။ ဘယ်မိန်းကလေးဖြစ်ဖြစ် ငါနဲ့ ဒီကောင့်ကို ယှဉ်ရွေးဆို
ဒီကောင့်ကိုပဲ ရွေးမှာပဲ၊ ကြည်ပြာထက်ချောတဲ့ မြမိုလ်ကတောင်
ဒီကောင့်ကို ကြိုက်သေးတာ..... ကြည်ပြာကလည်း ဒီကောင့်ကိုပဲ
ရွေးမှာပဲ.....။ကြည်ပြာက သူ့ကို မကြိုက်ရင် လာပြော ကတည်းက ငါ့မှာ
ရည်းစားရှိတယ်ဟဲ့ဆိုပြီး နားရင်းတီးမှာပေါ့၊ အခုတော့....။ ဟာ.... ဒုက္ခပါပဲ။
ကြည်ပြာက သူ့ဘက်ကိုပါနေတာ သိသာတယ်၊ ငါ...... ဘာလုပ်ရမလဲ။
ကျွန်တော့်နှလုံးသားသည် ပြန်လည်ကာ ပူကျွမ်းလာပြန်သည် ကျွန်တော်
တစ်ကိုယ်လုံး ထိုင်မရ ထမရ ဖြစ်လာရပြန်သည်။

ကျွန်တော်ကိုယ်တိုင်ရွေးချယ်ခဲ့သော အဖြစ်များနှင့် ထိုညတွင်


သုံးဦးရှိသည့်အနက် ကျွန်တော်အပင်ပန်းဆုံးဖြစ်ပါလိမ့်မည်။ စနိုဖီကလည်း
တစ်ခုခုကို အပိုင်တွက်ကာ စိတ်ငြိမ်သူမို့ သူ့တက
ွ်ကိန်းနှင့် သူ အခုလောက်
ဆိုလျှင် အိပ်ပျော်နေလောက်ပြီ ဖြစ်လိမ့်မည်။ ကြည်ပြာကလည်း
သူကိုယ်တိုင်က ဆုံးဖြတ်ရမည့်သူဖြစ်သည့်အတွက် တစ်ခုခုကို ဆုံးဖြတ်ကာ

typing - ကောင်းဆိုး Page 341


နီကိုရဲ မကြည်ပြာနှင့် ချစ်ခြင်း၏ဒုတိယနဂ္ဂတစ်များ
ငြိမ်းချမ်းစွာ အိပ်ပျော်နေလောက်ပြီးဖြစ်လိမ့်မည်။ ကျွန်တော်တစ်ဦးတည်း
သည် ခွင့်လွှတ်ခြင်းနှင့် အနိုင်ယူခြင်းကြားထဲတွင် အစိုးရိမ်ကြီးစွာ
ဘာတစ်ခုမှ စိတ်အတည်မကျဘဲ တုန်လှုပ်ခြောက်ခြားနေရသည်။
ကောင်းကင်ကို မော့ကြည့်တော့ ခုနက ရှာမတွေ့သော လမင်းသည်
ဝင်းဝင်းပပကြီးကို လင်းထိန်လျှက်ရှိသည်။ မိုးသားတိမ်အနည်းအကျဉ်း
ကောင်းကင်တွင်ရှိနေပြီး နှင်းမြူခပ်ပါးပါးဖုံးနေသည့်အတွက် လမင်းသည်
မကြာခဏ အဖြူရောင်ထုထည်လုံးပြီး ဖြစ်ဖြစ်ကာ သွားတတ်သည်။
ကျွန်တော် မတည်ငြိမ်သောစိတ်နှင့် တည်ငြိမ်သော လမင်းကြီးကို ငေးကာ
ဝမ်းနည်းလာရင်း ‘‘နွေဦး’’ ထဲတွင်ပါသည့် ဆရာဖေါ်ဝေး၏ ကဗျာကို
သတိရသည်။

ခုလိုညမျိုးဆို

လပြည့်ဝန်းကိုဓားနဲ့ပေါက်

သွေးငေါက်တောက်လက်နဲ့ခံယူ

ရိုင်မူးစွာချစ်သူရဲ့အမုန်း

သင့်တစ်ကိုယ်လုံးခြစ်ရှသွားတော့မယ်....။

ဟုတ်တယ်ကြည်ပြာ... ငါ .... အခုညမှာ လပြည့်ဝန်းကို ဓားနဲ့


ပေါက်နေမိတယ်။ ဒါပေမဲ့ သွေးထွက်တော့ ငါ့နှလုံးသားက ထွက်တာပါ။
လမင်းကို ဓားစိုက်ပြီး ငါ့နှလုံးသားက ငါ့နှစ်လုံးသားက သွေးငေါက်ငေါက်
ထွက်တာပါ၊ နှလုံးသားထွက်တဲ့သွေးဆိုတာ အဝေးကြီးကို လွင့်စင်
စီးကျတာမဟုတ်ပါဘူး မကြည်ပြာ...။ ဝိညာဉ်ထက
ဲိုသာ စီးကျတာပါ။
ကျွန်တော်ဝမ်းနည်းကြေကွဲသော အကြည့်ဖြင့် လမင်းကို ဘယ်လောက်

typing - ကောင်းဆိုး Page 342


နီကိုရဲ မကြည်ပြာနှင့် ချစ်ခြင်း၏ဒုတိယနဂ္ဂတစ်များ
ငေးနေမိသည်မသိ၊ တစ်ကိုယ်လုံး အေးစက်ချမ်းစိမ့်လာမှ သတိရကာ
အိပ်ရာထဲဝင်ရသည်၊ ခန္ဓာကိုယ်တစ်ခုလုံး နွမ်းနယ်နေသော်လည်း
ကျွန်တော်အိပ်မရ၊ အိပ်မရလေ ၀ဋ်ဒုက္ခကကြီးမားလေဖြစ်ပြီး.... ၀ဋ်ဒုက္ခ
ကြီးမားသော အတွေးများကြားပင် ဘယ်လိုမှ အိပ်ရန်ကြိုးစား၍ မရသဖြင့်
ထိုညသည် ကျွန်တော့်ဘ၀တွင် ၀ဋ်ဒုက္ခအကြီးမားဆုံး ညများစွားထဲမှ
အဆုံးဝါးဆုံးညတစ်ညသာ ဖြစ်သည်။ တိတ်ဆိတ်ကြီးစွာသော အိပ်မ
ရသည့် ကျွန်တော့်ညထဲသို့ ဘယ်နေရာမှန်မသိသော ဟိုးအဝေးမှ
သီးချင်းသံတစ်သံလွင့်ပါး၍ လာသည်။ အေးစိမ့်စပြုနေသော ဆောင်းဥတု၏
နံနက်အာရုဏ်တက်တွင် လွင့်ထွက်လာသော ရောင်တော်ဖွင့်သီးချင်း၏
တီးလုံးသံကအစ အာရုဏ်ဦးနှင့် လိုက်ဖက်လန
ွ်းလှသဖြင့် ကျွန်တော်
နားထောင်နေမိသည်။ သီးချင်းသံကို နားထောင်ရင်းနှင့် ကျွန်တော့
စိတ်သည် ငြိမ်သက်စပြုလာသည်။ ဘဒ္ဒကမ္ဘာတွင် ပွင့်သော ဘုရားငါးဆူ၏
ဂုဏ်တော်တို့ကို နားထောင်းရင်း ကိလေသာဖြင့် တရံမလပ်ပူလောင်
ပေါက်ကွဲနေသော ကျွန်တော့်စိတ်အစဉ်သည် ငြိမ်သက်ကာ သွားလေ
သည်။ ကျွန်တော့်အသိတရားအတွင်းသို့ အသိစိတ်ပြန်ဝင် လာသော
ခဏတာတွင် အိပ်ချင်စိတ်က ရှိနေသေးသဖြင့် ကျွန်တော် ဘာကိုမှ
မတွေးမိဘဲ ပြန်ကာမှိန်းလိုက်သော်လည်း ထိုခဏမှာပင် အိပ်ခြင်းဖြင့်
အဆက်ပြတ်သွားသော ကျွန်တော့်ဘဝကို ပြန်သတိရသွား သဖြင့်
ပထမအိပ်ရာနိုးထခါစ ဘာခံစားမှုမှ မရှိသော နှလုံးသားသည်
ဗြုန်းကနဲဆို့ကာ ပူသွား၏။ ထိုအပူသည် ပူပြီးသည့်အချိန်မှ ပြန်လည်
ပျောက်သွားအောင် ကျွန်တော် ကြိုးစား၍မရတော့။ ကျွန်တော် အိပ်ရာမှ
လူးလဲထကာ..... ချက်ချင်းပင်ကျောင်းသို့ သွားဖို့ပြင်ဆင်ရသည်။ အချိန်ကို
ကြည့်တာ့ ဆယ့်တစ်နာရီထိုးပြီး ဆယ်မိနစ်၊ ကျွန်တော် စိတ်ဆင်းရဲစွာ ဖြင့်

typing - ကောင်းဆိုး Page 343


နီကိုရဲ မကြည်ပြာနှင့် ချစ်ခြင်း၏ဒုတိယနဂ္ဂတစ်များ
စောင်းဆိုင်းရသည်၊ အချိန်များကို အိပ်စက်ခြင်းက အတော် ဖြုန်းတီး
ပေးလိုက်သဖြင့် ကျေးဇူးတင်ရပါသည်။ ကျွန်တော်ကျောင်းရှေ့ မှတ်တိုင်
ဆင်းပြီး အဓိပတိလမ်းကို လျှောက်လာရင်း... ကြည်ပြာသည်။
ကျွန်တော့်ကို ဘယ်နည်းနှင့်မှ မငြင်းဟု ယုံကြည်၍လာသည်။ ကျွန်တော်
ကျောင်းထဲကို ရောက်လာသဖြင့် ကျွန်တော်အတွက် ကျွန်တော်ဘက်က
အားရှိစရာနှင့် နီးနီးကပ်ကပ် နေလိုက်ရသဖြင့် စိတ်ဓါတ်တက်ကြွခြင်းလည်း
ဖြစ်နိုင်သည်။ ကျွန်တော် ဘွဲ့နှင်းသဘင်ခန်းမကြီးကို အဓိပတိလမ်းထပ်မှ
နေ၍ မှုန်းငေးငေးကြည့်ရင်း ခိုင်မာယုံကြည်စွား လမ်းလျှောက်ဝင်လာ
ခဲ့သည်။ ခြေလှမ်းလှမ်းရတာ... လက်လွှဲရတာ... လွယ်အိတ်ကြိုးကို
ပြန်မတင်ရတာ.... ဆေးပေါ့လိပ်မီးညှိရတာကအစ မာန်ပါသည်။
အရာအားလုံး ကြောင့်ကျခြင်းမရှိဘဲ ပကတိ ယုံကြည်မှုဖြင့် ကျောင်းထဲကို
လှမ်းဝင်ခဲ့သည်။ ကြည်ပြာသည် ကျွန်တော်ချစ်သူသာဖြစ်သည်။
မည်သူ့ချစ်သူမှ မဟုတ်၊ ကြည်ပြာသည် ကျွန်တော်ကလွဲ၍ မည်သူ့ကိုမှ
ချစ်လိမ့်မည်ဟု ကျွန်တော်မထင်။ လိုင်ဗရီရှေ့ရောက်တော့ ဆယ်နှစ်နာရီ
ငါးမိနစ်ရှိပြီ၊ ကြည်ပြာတစ်ယောက်တည်း မပါဘဲ ကျွန်တော့်
သူငယ်ချင်းအုပ်စုကို အားလုံးတွေ့ရသည်။

‘‘ကိုရဲဝင်း... မကြည်ပြာတစ်ယောက်တည်း အတန်းထဲမှာ


ထိုင်နေတယ်... မြမိုလ်တို့လည်း ကိုရဲဝင်းကို ပေးထားတဲ့ ကတိအတိုင်း
ဘာစကားမှ သွားမပြောဘူး။ ဟိုအကောင့်ကိုတော့ ခုဏက science
ကဲင်တင်းထဲမှား ခဏလှစ်ခနဲတွေ့လိုက်တယ်... စနိုဖီခွေးရုပ်အင်္ကျီနဲ့၊
ကိုရဲဝင်း... ဘာမှ စိတ်မပူနဲ့သိလား’’

typing - ကောင်းဆိုး Page 344


နီကိုရဲ မကြည်ပြာနှင့် ချစ်ခြင်း၏ဒုတိယနဂ္ဂတစ်များ
‘‘ဟုတ်တယ်ကိုရဲဝင်း၊ မကြည်ပြာက ရှင့်ဆီကိုပဲလာမှာ... ဘာမှ
စိုးရိမ်မနေနဲ့ ယုယုတို့ စကားမပြောပေမယ့် သိတယ်၊ သူ့ပုံစံအရမ်း
ခံစားနေရပုံပဲ...။ ရှင့်ဆီပဲလာမှ.... စိတ်ချ....’’

ကျွန်တော့်သူငယ်ချင်းအရင်းများက ဘာမှ မပြောကြဘဲနေကာ


မြမိုလ်နှင့် ယုယုက ကျွန်တော့်ကို စိတ်အားထက်သန်စွာ ဖြင့် အားပေးသည်။
ကျွန်တော်လက်သီးကို ကျစ်ကျစ်ပါအောင်ဆုပ်ထားလိုက်၏။

‘‘ဟုတ်ကဲ့... ကျေးဇူးပါပဲ... ကဲ.... ငါ... မြကျွန်းသာကို


သွားတော့မယ်....’’

‘‘ရဲကြီး အခုမှ ဆယ်ျနှစ်နာရီပဲရှိသေးတာ... ငါတို့လည်း မင်းကို


စောင့်နေတာ.... ဘာမှ မစားရသေးဘူ...၊ ယဉ်ယဉ်သိန်းကကွာ သူသိ
တယ်.... မင်းလာမှာမဟုတ်ဘူးဆိုပြီး စိုးရိမ်တကြီး ပြောနေလို့ ငါတို့မင်းကို
စောင့်နေကြတာ...’’

‘‘ယဉ်ယဉ်သိန်း က...’’

ကျွန်တော် ယဉ်ယဉ်သိန်းဘက်လှမ်းကြည့်ကာ တအံ့တသြ


ပြောမိသည်။ ဧကန္တ ကျွန်တော်သူငယ်ချင်းတွေလည်း ကျွန်တော့်ကိစ္စ
အတွက် အတော်တွေးကြစဉ်စားကြပုံပေါ်သည်။ ကျွန်တော်ကျေနပ်သွား၏။
နှစ်ပေါင်းများစွာ ခင်မင်းပျော်ရွှင်ခဲ့သော သံယောဇဉ်သည် သူငယ်ချင်းများ
ကိုပင် ပေးနိုင်သည်ဆိုလျှင်... ကြည်ပြာကို လည်းပေးနိုင်မှာ သေချာပါ
သည်။

“ငါလာမှပေါ့ဟ... ဘယ်လိုမလာဘဲနဲ့နေရမှာလဲ!”

typing - ကောင်းဆိုး Page 345


နီကိုရဲ မကြည်ပြာနှင့် ချစ်ခြင်း၏ဒုတိယနဂ္ဂတစ်များ
ကျွန်တော် ယဉ်ယဉ်သိန်းခေါင်းကို လှမ်းပုတ်ကာ ဝမ်းသာ
ကြည်နူးစွာ ပြောလိုက်သည်။ ရန်ကုန်တက္ကသိုလ်နှင့် သူငယ်ချင်းများ
အားလုံး ကျွန်တော့်ဘက်မှာ ရှိနေမှန်းသိရသဖြင့် ကျွန်တော်ဝမ်းသာကာ
ရင်ထဲတွင် ပူနေသော အပူကြီး အတော်အေးငြိမ်းသွားရ၏။

ကျွန်တော့်စိတ်ထဲတွင် လုံးဝဆာလောင်ခြင်း မရှိသော်လည်း


သူငယ်ချင်းခေါ်သည့် ကဲင်တင်းသို့လိုက်ရန် ကျွန်တော်သဘောတူပြီး
ထွက်လာခဲ့သည်။ အခုမှ ဆယ်နှစ်နာရီဆယ်သုံးမိနစ်ပဲ ရှိသေးသည်။
မုန့်ဟင်းခါးတစ်ပွဲနှင့်တစ်ဝက်တိတိစားပြီး ဟင်းရည်ကို ခေါင်းမဖေါ်ပဲ
သောက်နေသော ယဉ်ယဉ်သိန်းကို ကျွန်တော်ငေးကြည့်နေမိသည်။
သူငယ်ချင်းများ ကျွန်တော့်အလာကိုစောင့်ရင်း တော်တော်ဆာနေကြတန်
တူ၏။ ကျွန်တော်ကတော့ မနက်အိမ်ကဘာမှစားမလာခဲ့သည့်တိုင်
အသုပ်တစ်ပွဲကိုပင်မကုန် ဗိုက်ထဲမှမဆာ... ဘာမှလဲ စားချင်စိတ်မရှိ
နာရီကို ကြည့်ကာစိတ်စောနေခဲ့သည်။ ကြည်ပြာက အတန်းထဲမှာ
တစ်ယောက်တည်းထိုင်ကာ ငိုင်နေတယ်ဆိုပါကလား! ကြည်ပြာ ဘာတွေ
စဉ်းစားနေမလဲ! ဘာတွေခံစားနေမလဲ! ကျွန်တော်တို့ အတူဖြတ်သန်းခဲ့ကြ
သော ခုနှစ်နှစ်ဆိုသည့်ကာလသည် ကျွန်တော့်ကို ကူညီဖို့ကြည်ပြာ့
စိတ်ထဲကို ရောက်နေပြီဖြစ်သည်။ တစ်ဘဝလုံးကျန်သည့် ကိစ္စတွေအားလုံး
ရှုံးချင်ရှုံးပါစေ ဒီတစ်ခုတော့ အနိုင်ပေးပါ... ဟု ဘယ်သူ့ကိုမှန်းမသိ
ကျွန်တော် ဆုတောင်းနေမိသည်။ နာရီကိုကြည့်တော့ ၁၂.၅၀ ....။
ကျွန်တော် ထိုင်နေရာမှထလိုက်သည်။

“တစ်နာရီထိုးတော့မယ်... ငါသွားမယ်... သူငယ်ချင်း”

“ငါ့တို့လည်းလိုက်မယ်လေဟာ...”

typing - ကောင်းဆိုး Page 346


နီကိုရဲ မကြည်ပြာနှင့် ချစ်ခြင်း၏ဒုတိယနဂ္ဂတစ်များ
“ဒီတစ်ခုတော့ ငါ့ကိုခွင့်ပေးပါဟာ... ငါတစ်ယောက်တည်း
ကြည်ပြာ့ကို စောင့်ချင်လို့ပါဟာနော်... ၊ နင်တို့ပြီးတော့ လိုက်ခ့ေ
ဲ လဟာ
ဟုတ်လား...!”

ကျွန်တော်လှည့်ကာထွက်လာခဲ့သည်။ သူငယ်ချင်းများ ကျွန်တော့်


နောက်တွင် ကျန်ခဲ့ကြသည်။ ကျွန်တော့်နောက်ကျောကို ကြည့်ကာ
သူတို့ထင်မြင်ချက်တွေကိုဘဲ အလုအယက်ပြောနေကြမလား! ဒါမှမဟုတ်...
ကျွန်တော့်ကိုဘဲ ဂရုဏဖြင်စွာငေးနေကြမလား! ကျွန်တော်မသိ။ ကျွန်တော်
ကတော့ ကြည်ပြာ့ကိုချိန်းထားသည့် Ecoကဲင်တင်းမှ မြကျွန်းသာကဖီးကို
ထွက်လာခဲ့သည်။ ကျွန်တော်ဝင်ထိုင်တော့ စားပွထ
ဲိုးကလေးက
ဘာမှမရှိသောခုံကို အဝတ်စုတ်ဖြင့်သုတ်ရင်းပြုံးပြကာ ဝမ်းတီးချိုကျလား
အကို... ဟုမေးသည်။ ကျွန်တော်ခဏစဉ်းစားလိုက်သည်။

“ဟုတ်တယ် ဝမ်းတီးချိုကျ၊ ကော်ဖီခါးခါးတစ်ခက


ွ်...”

“ဗျာ...!”

စားပွဲထိုးကလေးက ကျွန်တော့်ကို အံ့သြစွာကြည့်သည်။ ကျွန်တော့်


ကျော်ကာ အဝေးသို့လှမ်းကြည့်သေး၏။

“ဝမ်းတီးချိုကျ၊ ကော်ဖီခါးခါးဟုတ်လားအစ်ကို”

“အေး... ဟုတ်တယ်... ကော်ဖီကခါးခါး...”

စားပွဲထိုးကလေးက ကျွန်တော့်ကို မျက်လုံးပြုးကာကြည့်၏။


တစ်ယောက်တည်းလာပြီးလက်ဖက်ရည်နှင့် ကော်ဖီမှာသည့်အတွက်
အံ့သြကာ မယုံနိုင်ဖြစ်နေပုံရသည်။

“ဟုတ်ပါတယ်ညီလေးရဲ့၊ ကိုယ့်ကောင်မလေးလာမှာမို့လို့၊ နှစ်ခက


ွ်”

typing - ကောင်းဆိုး Page 347


နီကိုရဲ မကြည်ပြာနှင့် ချစ်ခြင်း၏ဒုတိယနဂ္ဂတစ်များ
ကောင်လေးကပြုံးကာထွက်သွားပြီး ဆိုင်ထက
ဲိုလှမ်းအော်သည်။
ကျွန်တော်ပျော်ရွှင်စွာဖြင့် အခြားစာပွဲဝိုင်းတွေကို ကြည့်သည်။
ကြည်ပြာသည် ကျွန်တော့်ဆီကိုလာကိုလာရမည်။ မမြင်ရသော်လည်း
စနိုဖီခွေးရုပ် ထိုင်နေမည့်နေရာကို ကျွန်တော်လှမ်းကာကြည့်မိသည်။
ကြည်ပြာသည် ကျွန်တော့်စားပွဲသို့ရောက်လာသောအခါ အငွေ့
တစ်ထောင်းထောင်းထနေသော သူကြိုက်တက်သည့် ကော်ဖီခါးခါးကို
တွေသည့်အခါ ကျွန်တော့်ကို တအံ့တသြကြည့်မည်။ ကျွန်တော်က ပြုံးကာ
နင် ငါ့ဆီကိုလာမယ်ဆိုတာ ငါသိနေတယ်ကြည်ပြာ၊ အဲဒါကြောင့်
မှာထားတာဟုပြောမည်။ ကြည်ပြာက လဲသေလိုက်ဟု အော်ကောင်း
အော်မည်... သို့သော်ကျွန်တော်တို့ ပျော်ရွှင်ဖွယ်ရာ ရယ်မောကြရလိမ့်မည်။
အငွေ့တထောင်းထောင်းထနေသော ကော်ဖီနှင့် လက်ဖက်ရည်ခက
ွ်နှစ်ခက
ွ်
စားပွဲပေါ်ရောက်လာသည်။ ကျွန်တော်... သဘောကျကာ ပြုံးလိုက်သည်။
ကျွန်တော်ကြည်ပြာဝင်လာမည့် ပထဝီဌာနကော်ရစ်တာသည် ကျွန်တော်
ထိုင်နေသည်ကို ပထဝီဌာနကော်ရစ်တာမှ တွေ့သွားကာ ခါးထောက်
ကြည့်ပြီး မဲ့ပြုံးပြုံးချင်လည်းပြုံးလိမ့်မည်။ ကျွန်တော်မသိရအောင်
အနောက်မှလျှောက်လာကာ ကျွန်တော့်ကျောကို ဖုန်းကနဲ
အမြင်ကပ်ကပ်နှင့် ရိုက်ချင်လည်းရိုက်မည်။ ကျွန်တော့်အတွေးနှင့်
ကျွန်တော်ပျော်သွားကာ ဆေးပေါ့လိပ်ကို မီးညှိကာ မီးခိုးတွေမှုတ်ထုတ်ရင်း
ပေါင်ကိုလှုပ်ကာစောင့်နေမိသည်။ နာရီကို ကြည့်တော့ ၁-နာရီဆယ်မိနှစ်...
ကြည်ပြာလိုင်ဗရီရှေ့လောက် ရောက်နေပြီထင်သည်။ ကြည်ပြာ့တို့ (ULB)
နှင့်လိုင်ဗရီရှေ့သည် ဆယ်မိနစ်တော့ လမ်းလျှောက်ရတက်သည်။
ကျွန်တော့်ရှေ့တွင် ရှိသော လက်ဖက်ရည်ချိုကျကိုမှုတ်ကာ တစ်ငုံ့
သောက်လိုက်သည်။ လက်ဖက်ရည်သည် မြွေတစ်ကောင်၏ ဦးခေါင်းလို

typing - ကောင်းဆိုး Page 348


နီကိုရဲ မကြည်ပြာနှင့် ချစ်ခြင်း၏ဒုတိယနဂ္ဂတစ်များ
ကျွန်တော့်အစာရည်မျိုလမ်းကြောင်းထဲ တိုးကာဝင်သွား၏။ ကြည်ပြာ့
အတွက် ကျွန်တော်မှာထားသောကော်ဖီခွက်သည် အငွေ့တထောင်းထောင်း
ထနေတုန်းပင်ဖြစ်၏။ စာပွဲထိုးကလေးက ကျွန်တော့်ကို လှမ်းကြည့်ကာ
ပြုံးပြသဖြင့် ပြန်ပြုံးကာပြလိုက်ရသည်။ မြကျွန်းသာသည် လူသိပ်မများဘဲ
တိတ်ဆိတ်နွေးထွေးကာနေလေသည်။ ကျွန်တော့်နောက်ကျောမှာ တစ်စုံ
တစ်ရာဖြင့် ချိန်ရွယ်ခံထားရလို့ ဖြစ်နေသည်။ ကျွန်တော်စိတ်မဖြောင့်...။
ကြည်ပြာသည် ပထဝီ ဌာနကွေ့မှဘွားကနဲပေါ်လာမည်။ ထို့နောက်
သူလာရာလမ်းကို... ကျောပေးကာနေသော ကျွန်တော့်ကို တွေ့သည့်အခါ
ဒေါသဖြစ်ပြီး ဟိုတစ်ဘက်ကို လှည့်ထွက်သွားလျှင်ရော...။ ကြည်ပြာသည်
စိတ်အပြောင်းအလဲမြန်သော မိန်းကလေးတစ်ဦးသာဖြစ်သည်။ အရာရာ
သူ့ကို ဦးစားပေးမှ သဘောတူသည်ဆိုတာကို ကျွန်တော် သိသည်။
ပြီးတော့ ကြည်ပြာလာနေပြီးလားဟု ကျောပေးကာ တထိတ်ထိတ်
စောင့်ရသည်ထက်စာလျှင် ကြည်ပြာ လာရာလမ်းကို တည့်တည့်ကြည့်ကာ
စောင့်ရသည်က ပို၍စိတ်ချမ်းသာမည်။ ကြည်ပြာကော်ရစ်တာကို
ကွေ့လိုက်သည်နှင့် ကျွန်တော်လှမ်းတွေ့ရမည်။ တစ်မိနစ်ခန့်ကြည်ပြာ
လာနေတာကို စောမြင်ရလျှင်လည်း ကျွန်တော့် စိတ်လှုပ်ရှားမှုအပူအပင်
တစ်မိနစ်ရော့သည် မဟုတ်လား!...။

ကျွန်တော် ကျောပေးထားရာမှ မျက်နှာချင်းဆိုင်ဘက်သို့ ရွေ့လိုက်


ရသဖြင့် ကော်ဖီခွက်နှင့် လက်ဖက်ရည်ခက
ွ်ကိုပါ နေရာပြောင်းလိုက်
ရသည်။ ချစ်သူကို တည့်တည့်ကြိုတော့ ရောဘာဖြစ်သေးလဲ! ကြည်ပြာနှင့်
ကျွန်တော်သည် အိုက်တင်ခံနေမည့်သူတွေမှမဟုတ်တာ...။ နာရီကို
ကြည့်တော့ တစ်နာရီခွဲရှိတော့မည်၊ ကျွန်တော်နည်းနည်းတုန်လှုပ်သွား၏။
သို့သော် ကြည်ပြာသည်လည်း နာရီကိုကြည့်ကာ ဘာကို ဆုံးဖြတ်ရမှန်း

typing - ကောင်းဆိုး Page 349


နီကိုရဲ မကြည်ပြာနှင့် ချစ်ခြင်း၏ဒုတိယနဂ္ဂတစ်များ
မသိဘဲ ရှိနေပုံပေါ်သည်။ ကြည်ပြာသည် ကျွန်တော်ထံလာဖို့၌ တစ်နာရီ
ဆယ်မိနစ်လောက်မှာ အတန်းထဲကထမည်။ သို့မဟုတ် ဆရာမ
ဝင်နေသဖြင့် အားနာထက်သော ကြည်ပြာ ထရခက်နေတာလည်း
ဖြစ်နိုင်သည်။ ကျွန်တော်ရှေ့က ကြည်ပြာ့အတွက် မှားထားသော
ကော်ဖီခွက်သည် မလိုင်များပေါလောဖြင့် ငြိမ်သက်ကာအငွေ့သေနေပြီ
ဖြစ်သည်။ ကော်ရီတာတွင် ဘွားကနဲပေါ်ကာ ထွက်လာသူသည်
ကြည်ပြာ... မဟုတ်။ ကျွန်တော်သည် ကြည်ပြာလာမည့်လမ်းကို
ကြည့်ရလွန်းသဖြင့် ကော်ရစ်တာမှ လျှောက်လာသူတစ်ယောက်ကိုမှမတွေ့
AE 15 နှင့် 17 ဘက်ကိုလည်းတစ်ယောက်မှမလွတ်...။ ပထဝီဌာန
နံဘေးရေစင်ကြီးမှ ရေတွေလျှံကာကျနေသည်။ ကျွန်တော့်ထံကြည်ပြာ
ရောက်မလာ... ၂ နာရီ ၃၅ မိနစ်ကျော်သွားပြီ။ ကြည်ပြာ့အတွက်
မှာထားသော ကော်ဖီခွက်သည် ပစ်ခဲအေးစက်ကာ ကြောက်မက်ဖယ
ွ်ရာ
ငြိမ်သက်နေသည်။ မိုးတိမ်ကင်းရှင်းသော ဆောင်းဦးစနေရောင်သည်
ကြည်ပြာ့အတွက်မှာထားသော ကော်ဖီခွက်ထမ
ှဲာ အလျားလိုက် တိုးငြိ
တွယ်ကာ လှဲလျောင်းနေ၏။ ကြည်ပြာသည် ဘယ်သူ့ထံကိုမှ မလာတော့ဘဲ
စိတ်ပေါက်ပေါက်ဖြင့် ဒေါသဖြစ်ကာ အိမ်ကိုများပြန်သွားပြီးလား!
ဒါမှမဟုတ်...။ ကျွန်တော်ကော်ရစ်တာကို နောက်ဆုံးအကြိမ်
လှမ်းကြည့်လိုက်ပြီး နေရာပြောင်းကာ ကျောပေးထိုင်နေလိုက်သည်။
ကျွန်တော့် တစ်ကိုယ်လုံး အပြင်းအထန် တုန်လှုပ်လျက်ရှိသည်။
ကြည်ပြာသည် ဟိုတစ်ဘက်မှာရှိသော စနိုဖီဆီကိုများ ရောက်သွား
ပြီလား!... အတွေးသည်ပူလောင်စွာဖြင့်ရင်ကိုပင့်ကာ ထိုးဆောင့်သည်။
ကျွန်တော့်တစ်ကိုယ်လုံး ချွေးတွေစိမ့်ပြန့်ကာ ထွက်လာ၏။ တစ်ကိုယ်လုံး
ပူကျွမ်းကာနေသည်။ ကျွန်တော့် လက်ဖဝါးများ ချွေးစေးတို့ဖြင့်

typing - ကောင်းဆိုး Page 350


နီကိုရဲ မကြည်ပြာနှင့် ချစ်ခြင်း၏ဒုတိယနဂ္ဂတစ်များ
စိုထိုင်းကာနေ၏။ ကျွန်တော် တစ်လျှောက်လုံး မြတ်နိုးတန်ဖိုးထားခဲ့သော...
အရှုံးပေးမှုများစွာဖြင့် ချစ်ခဲ့သော... နားလည်မှုပေါင်းများစွာဖြင့်
တည်ဆောက်ခဲ့သောအချစ်သည်... အခုလိုဘာမှမဟုတ်ဘန
ှဲင့် ပျက်စီး
သွားပြီးလား!။ ဟင့်အင်း...။ ကျွန်တော့် ကိုယ့်ကိုယ်ကို ကျွန်တော်
ငြင်းသည်။ ကံတရားဆိုတာကိုငြင်းသည်။ အခြေအနေကို ငြင်းသည်။
ကျွန်တော့်အရပ် ငါးပေကို ကျွန်တော်ငြင်းသည်... ကျွန်တော်၏ 62lb ကို
ကျွန်တော်ငြင်းသည်။ ကျွန်တော်တည်ရှိနေမှုကို ကျွန်တော်ငြင်းသည်။
ကျွန်တော် ကြည်ပြာ့အပေါ်ထားခဲ့သည့် ချစ်ခြင်းမေတ္တာမှ တစ်ပါးအားလုံးကို
ငြင်းသည်။ အားလုံး အရာအားလုံး...။

“ရဲဝင်း...”

ကျွန်တော်လှည့်မကြည့်ပါ။ မျက်ရည်ဝဲနေသော... မျက်ဝန်းကို


အရင်ပုတ်ခတ်ကာ မျက်ရည်ကို ဆယ်ရ၏။ တုန်ယင်ကာ တင်းတောင့်
နေသော ခန္ဒာကိုယ်ကို အသိတရာထည့်ကာ ပထမလှုပ်ရှားဖို့
သတိပေးရ၏။ ကျွန်တော့်ရှေ့တွင် ကော်ဖီခွက်သည် မြင်မကောင်း
လောက်အောင် အေးစက်ပစ်ခဲနေပြီဖြစ်သည်။ ကျွန်တော်လှည့်ကြည့်တော့
သူငယ်ချင်းများက စိတ်မကောင်းစွာ ရပ်ရင်း ကျွန်တော့ကို ငေးနေကြသည်။
စားပွဲနားလျှောက်လာသော လွင်မာက ကောင်ဖီခက
ွ်ကို ကြည့်ကာ
မျက်နှာလွှဲသွား၏။ မိုးမိုးနှင့် ယဉ်ယဉ်သိန်းက နှုတ်ခမ်းကို ကိုက်သည်။
မြမိုလ်က မဲ့ကာ တခြားဘက်သို့လှည့်သည်။

“ရဲကြီး.... တို့ပြန်ကြရအောင်ကွာ....”

“.......................................”

typing - ကောင်းဆိုး Page 351


နီကိုရဲ မကြည်ပြာနှင့် ချစ်ခြင်း၏ဒုတိယနဂ္ဂတစ်များ
“ဟုတ်တယ်ရဲဝင်း... နင်းဘာမှ ဝမ်းနည်းနေစရာမလိုဘူး...
နင့်ဘက်မှာ ငါတို့ရှိတယ်... ငါတို့ဘယ်တော့မှ ကြည်ပြာကို မဆက်ဆံ
တော့ဘူး၊ ကြည်ပြာ့ကို ငါတို့အခင်ဆုံးသူငယ်ချင်းဘဝက စွန့်လွှတ်လိုက်
ကြပြီ”

“........မာ.....ကြည်ပြာက....”

ကျွန်တော်စကားမပြောရတာ ကြာတာတစ်ကြောင်း၊ ရင်ထတ


ွဲင်
ဆို့ကြပ်နေသည်ကတစ်ကြောင်းကြောင့် စကားသံမထွက်၊ လွင်မာက မဲ့ကာ
ဆတ်ခနဲမျက်နှာကို တခြားဘက်သို့လှည့်သည်။

“ဟုတ်တယ်ရဲဝင်း ကြည်ပြာ... ဟိုကောင်န့ပ


ဲါသွားပြီး၊ ငါတို့နဲ့
တွေ့ခဲ့တယ်... ဟိုကောင်က ကြည်ပြာ့လက်ကို ကိုင်လို့... ထားလိုက်စမ်း
ပါဟာ... ပျော်ကြပါစေ”

ကျွန်တော့်ရင်သည် ပွင့်ထွက်သွားသည်ဟု ထင်ရလောက်အောင်ကို


အဆုံးမဲ့နာကျင်သွားရသည်။ ကျွန်တော် တုန်လှုပ်နာကျင်စွာ ထရပ်ပြီး
သူငယ်ချင်းများကို ရင်ဆိုင်လိုက်သည်။ သူငယ်ချင်းများက တစ်ယောက်မှ
ကျွန်တော့်ကို မကြည့်ကြ။ ဒေါသဖြစ်သော... စိတ်မကောင်းသော၊
ဝမ်းနည်းသော၊ နာကြည်းသော မျက်နှာများဖြင့် ကျွန်တော့်မျက်ဝန်းနှင့်
လွတ်ရာနေရာများသို့ အသီးသီးငေးကာ နေကြသည်။

“လွင်မာ... ခုဏက နင်တို့ဆုံးဖြတ်ချက်ကို ငါသဘောမတူဘူး၊


ကြည်... ကြည်ပြာကို တစ်ယောက်တည်း ပစ်ထားလို့မဖြစ်ဘူး၊
ဒီကောင် ဘယ်လောက် ပိပိရိရိလည်တယ်... ဘယ်လောက် အညှာအတာ
ကင်းမဲ့တယ်ဆိုတာကို ငါတို့အားလုံးသိတယ်။ ငါက ကြည်ပြာ့အနားမှာ

typing - ကောင်းဆိုး Page 352


နီကိုရဲ မကြည်ပြာနှင့် ချစ်ခြင်း၏ဒုတိယနဂ္ဂတစ်များ
နေခွင့် မရှိတော့ဘူး၊ ငါ... ငါကြည်ပြာ့ကို သိစိတ်ပူတယ်ဟာ... ကြည်ပြာ
အနားမှာ နင်တို့ ဆက်ရှိနေမှကို ဖြစ်မယ်။ နေကို နေပေးရမယ်။ နင်တို့ငါ့ကို
ကတိပေးဟာ။”

သူငယ်ချင်းအားအားလုံးက နွေးထွေးငြင်သာသော အကြည်ဖြင့်


ကျွန်တော့်ကို လှမ်းကြည်နေကြသည်။ ကော်ဖီနှင့် လက်ဖက်ရည်ဖိုး
စားပွဲပေါ်မှာ လှမ်းတင်လိုက်ရင်း ကျွန်တော်လှည့်ထက
ွ်ခ့သ
ဲ ည်။ ကျွန်တော့်
ခြေလှမ်း အတော်ဝေးဝေးရောက်သည်အထိ သူငယ်ချင်းများထံမှ ဘာသံမှ
ထွက်မလာ....။ ဒါဆိုလျှင်... ကျွန်တော်နောက်ဆုံးပြောခဲ့သော စကားကို
သူငယ်ချင်းများ အားလုံးတိတ်ဆိတ်စွာဖြင့် ဝန်ခံသဘောတူ ကြဟန်
တူသည် ကျွန်တော်နာကျင်စွာပြုံးရင်း ဆေးပေါ့လိပ်ကို မီးညှိကာ အားရပါးရ
ဖွာရှိုက်ပစ်လိုက်၏။ ကျွန်တော် ခေါင်းငိုက်စိုက်ချကာ လျှောက်လာခဲ့သည်။
စနိုဖီနှင့် ကြည်ပြာသည် တစ်ယောက်လက်ကို တစ်ယောက်ကိုင်ကာ
ဘယ်ကို ရောက်သွားကြပြီနည်း။ ကြည်ပြာနှင့် ကျွန်တော် ချစ်သူစဖြစ်စဉ်က
ကျွန်တော် မြတ်နိုးစွာ ဆုပ်ကိုင်ခွင့်ရဖို့ အကြီးအကျယ်ကြိုးစား ခဲ့ရဖူးသော
ကြည်ပြာလက်ကလေးသည် တခြားတစ်ယောက်လက်ထဲသို့ လွယ်လွယ်
ကူကူ ပါသွားခဲ့ပြီဖြစ်သည်။ ပူလောင်လှသော ထိုအတွေးကြောင့် ကျွန်တော့်
ခန္ဓာကိုယ် ထဲတွင် ကျွန်တော် မဟုတ်သော ကျွန်တော်တစ်ယောက်သည်
တသိမ့်သိမ့်ငိုကျွေးလျှက်ရှိသည်။

ကြည်ပြာ....

ငါငိုနေတယ်ကြည်ပြာ....။ သာမန်လူတွေလို မျက်ရည်နဲ့ ငိုတာမျိုး


မဟုတ်ပါဘူ။ ချစ်တတ်သူတွေငိုသလို နှလုံးသားနဲ့ ငိုတာပါ။ ဒါပေမယ့်
ငါရွေးခဲ့တဲ့အဖြစ်ပါ။ ငါဖြတ်သန်းမှုကို ငါယုံကြည်တယ်။ အခုတော့ ငါဟာ

typing - ကောင်းဆိုး Page 353


နီကိုရဲ မကြည်ပြာနှင့် ချစ်ခြင်း၏ဒုတိယနဂ္ဂတစ်များ
မင်းဒေါသတွေက ဖြစ်ချခဲ့ဘူးတဲ့ အချိန်အခါကို ရောက်ပြီလေ။
မချစ်မနှစ်သက်သူနဲ့ နှစ်ပေါင်းများစွာ ပိပိရိရိနေပေးခဲ့ဖူးတဲ့ နင့်ရဲ့စေတနာကို
ငါ... အမှတ်တရကို ချီးကျူးပါ့မယ်။ အမြဲတမ်းလည်း သတိရနေပါမယ်။
ကြည်ပြာရယ်... တကယ်တော့ ဖြူစင်သန့်ရှင်းသူပါ၊ မင်းချစ်သူနောက်...
မင်းလိုက်သွားတဲ့ကိစ္စကို သစ္စာမဲ့တယ်လို့ ငါ မသုံးရက်ပါဘူး။ သစ္စာဆိုတာ
က ရှိချင်တဲ့သူအတွက်မှ သစ္စာဖြစ်တာပါ။ မင်းဟာ သံယောဇဉ်ကြီးတတ်တဲ့၊
ရိုးသားပျော်ရွှင်တတ်၊ ချစ်ခင်တွယ်တာတတ်၊ ခွင့်လွှတ်နားလည်တတ်တဲ့
သူပါ။ မင်းဟာ သူငယ်ချင်းတွေရဲ့အသည်းနှလုံး... ပျားတွေက
ပျားဘုရင်မကို ချစ်ကြသလို သူငယ်ချင်းတွေက မင်းကို ဝိုင်းချစ်ကြတယ်၊
ကန်ရေပြင်ဟာ ကြာပန်းကို ဂုဏ်ယူပြီး ပင့်မြှောက်ထားသလို သူငယ်ချင်း
တွေက မင်းကို ဂုဏ်ဖေါ်ပေးတတ်ကြတယ်။ ခိုပြာရောင်ကြယ်ကလေးတွေ
လမင်းကို ဝန်းရံထားကြသလို သူငယ်ချင်းတွေက မင်းကို ဝန်းရံထား
ကြတယ်။ မင်းဟာ ငါတို့အားလုံးရဲ့ နူးညံ့တဲ့ ရေခိုးရေငွေ့တွေနဲ့
ပွင့်တဲ့ပန်းပွင့်။ မင်းဟာ ငါတို့အားလုံးပျော်ရွှင်မှု စီးကြောင်းထဲက ရွှေငါးလေး၊
အလင်းရောင်က ညပိုးကောင်ကလေးတွေကို ဆွဲဆောင်နိုင်သလို မင်းက
သူငယ်ချင်းကို ဆွဲဆောင်နိုင်ခဲ့တဲ့သူပါ။ အခုဆို... မင်းရဲ့ချစ်သူရော...
သူငယ်ချင်းတွေအားလုံးပါ မင်းရှိနေတဲ့ဘက်ကို စုရုံးရောက်ရှိသွားပြီး။ ငါတို့
အရင် ပျော်ခဲ့ကြဖူးတဲ့ နေရာမှာ ငါရယ်... နှလုံးသားပုံ ကွက်လပ်ကလေး
တစ်ခုရယ် ကျန်ရစ်ခဲ့တယ်။ အဲဒီကွက်လပ်ကလေးထဲမှာ... ငါနေမယ်။
အသက်ရှင်အောင်၊ ခံစားတတ်အောင် ကြိုးစားပြီး နေပါ့မယ်။ နင်တို့အားလုံး
မရှိတော့တဲ့ အဲဒီ နှလုံးသားကွက်လပ်ကလေးထဲမှာ ငါပန်းတွေစိုက်မယ်။
အားလုံးကို အမှတ်တရ ငါ့အလွမ်းတွေကို သတိတရပေါ့။ သူငယ်ချင်းတွေ
ချန်ထားခဲ့ကြတဲ့ ရနံ့၊ အထိအတွေ့၊ ပျော်စရာ၊ ရယ်သံ၊ စကားလုံးတွေ...

typing - ကောင်းဆိုး Page 354


နီကိုရဲ မကြည်ပြာနှင့် ချစ်ခြင်း၏ဒုတိယနဂ္ဂတစ်များ
အဖြစ်အပျက်တွေနဲ့ စိုက်ရမှာဆိုတော့ ငါစိုက်တဲ့ ပန်းတွေဟာ မင်းနဲ့
တူချင်တူမယ်... ယဉ်ယဉ်သိန်းနဲ့တူမယ်၊ မိုးမိုး၊ လွင်ဦးတို့န့တ
ဲူချင်ရင်လည်း
တူမယ်....။ ဒါမှမဟုတ် လွင်မာနဲ့။ ကြည်ပြာရေ အောင်နိုင်ခြင်းအား
ပျော်ရွှင်စရာကောင်းသလို... ဆုံးရှုံးမှုကလည်း ကျေနပ်စရာတော့
ကောင်းပါရဲ့။ ဘာမှ မရသူဟာ အားလုံးကို ရနိုင်သူဆိုတာကို ယုံကြည်ပြီး
အရာအားလုံးကို ငါပေးခဲ့ပါပြီ။ ငါပေးသမျှ မင်းထပ်ရဦးမယ်ဆိုရင်....
နောင်ဘဝများစွာအထိပါ ပေးဆပ်နေချင်ပါသေးတယ်။ ငါ့လက်ခုပ်
တစ်ဖေါင်စာ အမြင့်ဆီက ငါ့အိပ်မက်ဟောင်းတွေကို.... လွှတ်ချလိုက်
တယ်...။ အားလုံးတစ်စစီ ကြေမွလို့ အဲဒီ စက္ကန့်နက္ခတ်န့ယ
ှဲဉ်ပွင့်ခ့တ
ဲ့ဲ
ပန်းတွေ မှန်သမျှ ဝတ်ရည်ခမ်းကို ခမ်းရမယ်။ နံဘေးမှ ကားတစ်စင်း
ဝေါကနဲ အရှိန်ပြင်းပြင်း ဖြတ်မောင်းသွားတော့မှ ကျွန်တော်အသိ
ပြန်ဝင်ကာလာတယ်။ ကျွန်တော် လှည်းတန်းထိပ်ကို ရောက်နေပြီဖြစ်သည်။
ကျွန်တော့အသိတရားထဲတွင် ကျွန်တော် တစ်ယောက်ထဲ အကြီးအကျယ်
စကားတွေ ပြောနေသည်ကို ကျွန်တော် တိတ်ဆိတ် ငြိမ်သက်စွာ
နားတောင်နေခဲ့သဖြင့် အရားအားလုံးနှင့် အဆက်ပြတ်ကာသွားခြင်းဖြစ်၏။း
အခုမှ ကျွန်တော်တို့နှစ်ယောက် တစ်ယောက်တည်းဖြစ်သွားကြကာ
ကျွန်တော့်အဖြစ်ကို ပြန်သတိရသည်။ ကျွန်တော်ချစ်ရပါသော ကြည်ပြာ
သည် တခြားတစ်ယောက်၏ ချစ်သူဖြစ်သွားပြီ။ ကျွန်တော် ခုနစ်နှစ်လုံးလုံး
ချစ်သူလို ရင်းနှီးခွင့် ရခဲ့သောဘူး သူတစ်ယောက်သာဖြစ်သည်။ ကျွန်တော်
အချိန်များစွာ ရခဲ့ပါသည်။ အခြေအနေများစွာလည်းရခဲ့ပါသည်။ သို့သော်
ကျွန်တော် အားလုံး ညံ့ဖျင်းခဲ့သည်။ ကျွန်တော်သည် ပြဿနာကို
သွေးအေးအေးဖြင့် ရင်ဆိုင်ကာ အဖြေကို တည်တည်ငြိမ်ငြိမ်ဖြင့် ရအောင်
ကြိုစားနေရသည်။ ဆုံးရှုံးသူတို့နောက်ဆုံး ဆောင်ရက
ွ်လေ့ရှိသည့်

typing - ကောင်းဆိုး Page 355


နီကိုရဲ မကြည်ပြာနှင့် ချစ်ခြင်း၏ဒုတိယနဂ္ဂတစ်များ
အလုပ်ကို လုပ်နေခြင်းလည်းဖြစ်သည်။ ကျွန်တော်သိပ်ချစ်ခ့ရ
ဲ သော
ချစ်သူတစ်ယောက်မရှိတော့ဘဲ လောကကို ဆက်လက်ရင်ဆိုင်ဖို့
ကျွန်တော စတင် ကြိုးပမ်းခြင်းလည်းဖြစ်၏။ ကျွန်တော့်မှာ ရုပ်ရည်မရှိ၊
ငွေကြေးမရှိ၊ ဆွဲဆောင်မှုမရှိ၊ အရပ်ငါးပေ ရုပ်ကမထူးမခြား နှလုံးသားက
ကဗျာဆရာ၊ အရားအားလုံး သဘာဝကျ ပါသည်။ ထိုအခြေအနေများမှာ
ကျွန်တော့်ကံကြောင့်သာ ဖြစ်သည်ဆိုတာကို ကျွန်တော်သိသည်။
လွန်လေပြီးသော အတိတ်ဘ၀က ပြုမိခဲ့သော ကံများ၏ အရိပ်ဖော်မှု
အတိုင်း စည်းကမ်းအတိုင်း ကျွန်တော်သည် အရာအားလုံး ချို့တဲ့ကာ
ချစ်သူ၏ စွန့်ပစ်ခံရသော ကြီးမားသည့် အပူသောကကို ယခု ခံစာနေခဲ့
ရခြင်းသာဖြစ်သည်။ ကျွန်တော်သည် အရိုးတွေတောင်လိုပုံခြဲ့ ပီဖြစ်သော
အတိတ်ဘဝများစွာတုန်းက သီလနည်းခဲ့ပုံပေါ်သည်။ ဒါနကလည်း
ရှိပုံမပေါ်။ ဘာဝနာကတော့ ပြောမနေနဲ့တော့။ ထိုသို့ မကောင်းခဲ့သော
ကံ၏ အင်မတန် ကုသိုလ်ကံကောင်းခဲ့သော လူနှစ်ယောက်နှင့် ယှဉ်ပြိုင်ကာ
ရှုံးနိမ့်ခဲ့ရသည့် ဒုက္ခကို ပြင်းထန်စွာ ခံစားနေရခြင်းဖြစ်သည် မဟုတ်ပါလား။
ကျွန်တော့်ကို လူတစ်ယောက်က ဝင်တိုက်ကာ ဘုကြည့်ကြည့်သွားသဖြင့်၊
ဒုတိယအကြိမ် ပတ်ဝန်းကျင်ကို သတိပြန်ထားတော့ လှည်းတန်းဈေးထိပ်
ပလက်ဖောင်းတွင် ကျွန်တော် လမ်းလျှောက်နေခြင်းကို သတိထားမိ၏။ ရှိ
ပေ့စေ။ ရာသီဥတုပွင့်လင်းစ ဆောင်းညနေရီ ပလက်ဖောင်းပေါ်တွင်လူတွေ
အော်ဟစ်ရှုပ်ထွေးကာ ဆူညံလျက်ရှိသည်။ တချို့သူတွေက ရယ်မောကာ
စကားပြောကာ ငေးကြည့်ကာ လက်လျှောက်နေကြသည်။ ပလက်ဖောင်း
ပေါ်မှာ ခင်းထားသည့် ဆိုင်တွေကလည်းအစုံ၊ ကျွန်တော်ဝမ်းနည်းအားငယ်
နေသဖြင့် လူတွေကြားထဲမှာ နေရတာကို လုံးခြုံသလိုလို ခံစားမိသည်။

typing - ကောင်းဆိုး Page 356


နီကိုရဲ မကြည်ပြာနှင့် ချစ်ခြင်း၏ဒုတိယနဂ္ဂတစ်များ
ပလက်ဖောင်းပေါ်က လူတွေက ကျွန်တော့်ကို ပြင်းပြင်းထန်ထန်
အသည်းကွဲ လာသူဟု မသိကြဘဲ ပုံမှန်ပင် တိုးဝှေ့သွားနေကြ၏။

ပလက်ဖောင်းပေါ်က လူတွေကိုငေးရင်း လျှောက်ရင်း လူ


တစ်ယောက်ကို သွားတွေ့သည်။ ခေါင်းကိုအောက်သို့ ငုံ့ချထားသည်။
လက်တစ်ဘက်က တောင်ဝှေးကို ဆုပ်ကိုင်ကာ အားပြုထောက်ထားပြီး
လက်တစ်ဘက်က သောက်ရေခွက်ခန့်ရှိသော ကြေးခွက်ကလေးကို
ကိုင်မြှောက်ကာ ဦးခေါင်းပေါ်တင်ထားသည်။ ထိုကြေးခွက် ကလေးသည်
ညနေရီဦးစ နေရောင်တွင် ဝင်းလက်ကာနေ၏။ ကျွန်တော်အနားကို
ရောက်တော့ သူ့ထံမှတီးတိုးရေရွတ်သံကို ဆူညံနေသော လူသံ၊
ကားသံတို့ကြားမှ ဖောက်တွင်းကာ ကျွန်တော်ကြားရသည်။ သူ့အသံမှာ
အသက်ခြောက်ဆယ်ကျော် လူကြီးတစ်ဦး တုန်ယင်နေသော အသံ
ဖြစ်သောကြောင့် မကွဲပြားသော်လည်း ဘုရားစာများကို ရွက်ဆိုနေမှန်းတော့
ကျွန်တော်သိသည်။ ကုသိုလ်ကံနည်းပါးလှသူအဖြစ် ကျွန်တော့်ကိုယ်
ကျွန်တော် ခါးသီးနာကျင်စွာခံစားနေရသည့် ဒုက္ခကြောင့်၊ ကျွန်တော်
ရင်ထဲတွင် စေတနာသည် ချက်ချင်းကို ပြီးမြောက်အောင်မြင်သွား၏။
အရင်ဘဝက နည်းခဲ့သော ဒါန... သီလ... တို့ကြောင့် ကျွန်တော်သည်
ချစ်သူကို စွန့်လွှတ်ခဲ့ရခြင်းဖြစ်သည်ဟု ဆုံးဖြတ်ထားသဖြင့် ယခု
စွန့်လွှတ်ခဲ့ရသော ချစ်သူကို တစ်ချိန်ချိန်မှာ ပြန်ရဖို့သည်....
ကျွန်တော် ဘယ်ဘက်က အိတ်ကပ်ထန
ှဲိုက်ကာ ပိုက်ဆံကို
ဆွဲထုတ်လိုက်၏။ ဆယ်တန်တစ်ရွက်နှင့် ငါးကျပ်တန်တစ်ရက
ွ် ဖြစ်သည်။
ကျွန်တော့်မှာ ကျန်သမျှပိုက်ဆံအကုန်လည်းဖြစ်၏။ ကျွန်တော့်အတွက်
အပြန်ကားခ တစ်ဆယ်ချန်ကာ ငါးကျပ်ကို လှူလိုက်မည်။
ကျွန်တော်အဖိုးကြီးရှေ့သို့ ခပ်သွက်သွက်လျှောက်လာကာ ကိုင်မြှောက်

typing - ကောင်းဆိုး Page 357


နီကိုရဲ မကြည်ပြာနှင့် ချစ်ခြင်း၏ဒုတိယနဂ္ဂတစ်များ
ထားသော ကြေးခွက်အတွင်းသို့ ထည့်လိုက်ပြီး ဘာဆုကိုမှမတောင်းဘဲ
ကျေနပ်ပေါ့ပါးစွာဖြင့် ကျွန်တော်လှမ်းထွက်လာခဲ့သည်။ စိတ်ထတ
ွဲင်
ကြည်လင်သွားသော ခံစားမှုကို ပီတိဖြစ်ကာ ဘယ်ဘက်လက်ထမ
ှဲ
ပိုက်ဆံကို အိတ်ကပ်ထဲထည့်ရန် ကြည့်လိုက်သည်။ ဘုရား။ သွားပြီ။
ကျွန်တော့်လက်ထဲတွင်ကျန်ခဲ့သော ပိုက်ဆံမှာ ဆယ်တန်မဟုတ်။
ငါးကျပ်တန်ဖြစ်နေသည်။ လှည်းတန်းမှ သင်္ကန်းကျွန်းအထိ ကား ၂ -
ဆင့်စီးရမည်ဖြစ်သောကြောင့် ကျွန်တော် ငါးကျပ်နှင့်ပြန်၍မရ။
ကျွန်တ်ာရပ်ကာ တွေဝေသွားပြီး အဖိုးကြီး၏ ကြေးခွက်ထက
ဲို လှမ်းကာ
ကြည့်လိုက်တော့ ကျွန်တော် ထည့်ခဲ့သော ဆယ်တန်သည် ကြေးခွက်ထမ
ှဲာ
ထောင်၍နေသည်။ ကျွန်တော် ဆုံးဖြတ်ခဲ့တာလည်း ငါးကျပ်သာလှူရန်
ဖြစ်သည်။ ကျွန်တာ် ဆုံးဖြတ်ကာ အဖိုးကြီးထံ ပြန်လျှောက်လာခဲ့ရသည်။
ဆယ်တန်ကို ပြန်ယူကာ ငါးကျပ်တန်ကို ထည့်ရမည်။ ကြေးခွက်ထတ
ွဲင်
ထောင်နေသော ကျွန်တော့်ဆယ်တန်ကို လှမ်းယူကာ ငါးကျပ်တန်ကို
ပြန်ထည့်ရန် လက်အသွားတွင်...

“ဟေ့ကောင်... ဘာလုပ်တာလဲကွ”

အဖိုးကြီးခေါင်းငုံ့နေရာမှ ဆတ်ကနဲ ခေါင်းထောင်ကာ ကျွန်တော့်ကို


မေးသဖြင့် ကျွန်တော် ကြောင်ကာသွား၏။ ကျွန်တော်လက်ထတ
ွဲင်
ကိုင်ထားသော ဆယ်တန်နှင့်ငါးကျပ်တန်ကို ကြည့်ကာ သူကြေးခွက်ကို
နောက်ဆုတ်လိုက်သည်။

“ဟို... အဘ... ကျွန်တော် ပိုက်ဆံထည့်တာ မှားသွားလို့ အဲဒါ”

“ဟေ့ကောင်... လုပ်မနေနဲ့ မင်းငါ့ခွက်ထက


ဲ ပိုက်ဆံကို နှိုက်တာ
မဟုတ်လား!”

typing - ကောင်းဆိုး Page 358


နီကိုရဲ မကြည်ပြာနှင့် ချစ်ခြင်း၏ဒုတိယနဂ္ဂတစ်များ
“မင်းလက်ထဲမှာ ငါ့ခွက်ထဲက ပိုက်ဆံ... မင်းနှိုက်တာ”

အဖိုးကြီးက ငုတ်တုတ်ထိုင်နေရာမှ တောင်ဝှေးကို အားပြု၍


ဝုန်းကနဲ ထရပ်ကာ အော်သည်။ ကျွန်တော် ပြောင်းလဲသွားသော
အခြေအနေကြောင့် ဘာပြောရမှန်းမသိ၊ ကြောင်ငေးကာ ကြည့်နေမိသည်။
အဖိုးကြီး၏ စူးဝါးသော အော်သံကြောင့် ပလက်ဖောင်းပေါ်တွင်
သွားနေကြသော လူများက ရပ်တန့်ကာ ကျွန်တော်တို့ကို ကြည့်ကြသည်။

“မဟုတ်ဘူး အဘ... ကျွန်တော် ဆယ်တန်နဲ့ ငါးကျပ်တန်”

“ဟေ့ကောင်... အပိုတွေ ပြောမနေနဲ့ မင်းငါ့ခက


ွ်ထက
ဲ ပိုက်ဆံကို
နှိုက်တာ... မင်းခြေသံကို ငါနားထောင်နေတာကွ၊ ငါလို လမ်းဘေးက လူရဲ့
ပိုက်ဆံကိုတောင် မင်းနှိုက်ရသလား!”

အဖိုးကြီးက ဒေါသတကြီး အော်ဟစ်လိုက်ကာ သူ့လက်ထဲတွင်


ကိုင်းထားသော တောင်ဝှေးကို ကိုင်မြှောက်ကာ ကျွန်တော့်ကို
ရိုက်ဖို့ရွယ်သဖြင့် ကျွန်တော် ထိတ်လန့်ကာသွားသည်။

“မဟုတ်ဘူးအဘ... ကျွန်တော်.... ကျွန်တော်...”

“ဟေ့ကောင်... အဲဒီပိုက်ဆံကို အခုထည့်... အခုပြန်ထည့် ငါရိုက်ချ


လိုက်ရမလား! မင်း... အခုထည့်”

ပိုက်ဆံနှစ်ရွက်ကိုကိုင်ကာ ဘာပြောရမှန်း မသိတော့သည့်


ကျွန်တော့် ဦးခေါင်းပေါ်တွင် အဖိုးကြီး၏ ကြုံလှီသေကွေးလှသော
လက်ထဲမှ တောင်ဝှေးက ဝဲကာနေသည်ကို လူတွေက တိုးဝှေ့ကာ
ကြည့်နေကြ၏။ ကျွန်တော်ဘာမှ မမြင်ရတော့ဘဲ လက်ထမ
ှဲပိုက်ဆံများကို
လွှတ်ချကာ လူအုပ်ကြားထဲမှ တိုးထွက်လာခဲ့သည်။ ကျွန်တော့်

typing - ကောင်းဆိုး Page 359


နီကိုရဲ မကြည်ပြာနှင့် ချစ်ခြင်း၏ဒုတိယနဂ္ဂတစ်များ
နောက်ကျောတွင် နားမလည်နိုင်သော မျက်လုံးပေါင်းများစွာ
စိုက်ဝင်နေကြပါလိမ့်မည်။ ကျွန်တော် ညနေရီထတ
ွဲင် အဆုံးအစမဲ့
ကြေကွဲကာ သွားလေသည်။ ဆိုးဝါးပြင်ထန်လှသော ဒုတိယအဖြစ်ကြောင့်
ရင်အစပ်သည် ဆို့ကြပ်ကာ မျက်ရည်ဝဲလာ၏။ ကျွန်တော့်သဒ္ဓါတရားလည်း
ပျက်သွားခဲ့ပြီ။ ကြည်ပြာ့ကို သံသရာတစ်နေရာရာမှာ ပိုင်ဆိုင်ခွင့်ရနိုင်ဖို့
ကြုံခဲ့သော ဒါနသည် အဆုံးတိုင်လွဲမှားသွားခဲ့သည်။ ငါဟာ တော်တော်
ကံဆိုးတဲ့ လူပါလား!... အကြိမ်ကြိမ်အားတင်းခဲ့သော်လည်း

ထိုစကားလုံသည် ကျွန်တာ့်ရင်ထဲရှောင်ဖယ်ခါချ၍ မရတော့လောက်


အောင်ပင် စိုက်စိုက်ကျလာခဲ့သည်။ ကျွန်တော့်ဘဝသည် ရစရာ
မရှိတော့လောက်အောင်ကို ပျက်ဆီးသွားခဲ့ပြီဟု ကျွန်တော်ထင်သည်။
ကြည်ပြာနှင့်အတူဆိုလျှင် ကြည်ပြာသည် ထိုအဖြစ်ကိုကြည့်ကာ
ကျွန်တော့်ကို အော်ဟစ်ရန်တွေ့ဦးမည်။ ဒေါသထွက်ကာပြောဆိုဦးမည်။
ကျွန်တော်ကလည်း ကျွန်တော့်စိတ်ကူးကို မရရအောင်ရှင်းပြရဦးမယ်။
အခုတော့....။

ကျွန်တော့်တစ်ကိုယ်လုံးသည် အားရှိပါးရှိကိုင် အရိုက်ခံထားရ


သကဲ့သို့ နာကျင်၍နေသည်။ ဘယ်ကိုသွားနေမိမှန်းလည်းမသိတော့။
ဘာမှန်လည်း မသိတော့။ ကျွန်တော့်ထံမှာ ဘာမှလည်းမရှိတော့။
ထိုသို့... ချစ်ခဲ့ရပါသော... မကြည်ပြာ

typing - ကောင်းဆိုး Page 360


နီကိုရဲ မကြည်ပြာနှင့် ချစ်ခြင်း၏ဒုတိယနဂ္ဂတစ်များ

မကြည်ပြာနှင့် ကလေး
လူတစ်ယောက်အတွက်... ကိုယ်ချစ်ကိုရှာခြင်းသည် ရူးမိုက်ခြင်း
မိမိကိုယ်မိမိ ယုံကြည်မှုလွန်ကဲ့ခြင်းသာဖြစ်ပြီ။ သူချစ်ကိုရှာခြင်းသည်
သူရဲဘောကြောင်ခြင်း၊ မိမိ၏ဘဝခံစားချက်ကိုလိမ်ညာခြင်း မိမိကိုယ်မိမိ
ယုံကြည်မှုနည်းပါးခြင်းသာ ဖြစ်သည်။ တစ်ယောက်နှင့် တစ်ယောက်
မရေရာမှုများကို လက်ခံခြင်းနှင့် မိမိရော သူတစ်ပါးကိုပါ ယုံကြည်မှု
လွန်ကဲခြင်းသာ ဖြစ်သည်။ တကယ်တော့ “အချစ်”ဆိုသည်မှာ သိစိတ်၏
ခဏတာရူးသွပ်မှုနှင့် မသိစိတ်၏ စိတ်လိုလက်ရရနိုင်သော ထင်မြင်ချက်
နှစ်ခု အေးစက်စွာ ခပ်မြူးမြူး တွေ့ဆုံသည့် တဒင်္ဂသာလျှင်ဖြစ်သည်။
ချစ်သူနှင့်အတူချစ်ခဲ့သည်ဟူသော သက်တမ်းသည် အသေအချာ ဆန်းစစ်
မည်ဆိုလျှင် ထိုတဒင်္ဂများ၏ ပြတ်တောက်မှုကို သတိမပြုမိဘဲ ဆက်၍
ထင်ခဲ့မိသည် အသိစိတ်၏လှည့်စားမှုသာဖြစ်ပါသည်။ ထိုတဒင်္ဂများသည်
တစ်ခုနှင့်တစ်ခု ပတ်သက်နေသော်လည်း တစ်ခုနှင့်တစ်ခု တာဝန်တော့
မယူ၊ သင့်လက်ထဲတွင်ယခုရှိနေသော တဒင်္ဂပျက်စီးသွားသည်နှင့်
ရှေ့တွင်ရှိခဲ့ပြီးသည့် တဒင်္ဂများစွာသည် ပြိုလဲပျက်စီးသွားနိုင်သည်။
သို့မဟုတ် ရပ်တန့််ငြိမ်သက်သွားတက် ကြသည်။ အချစ်သည် တဒင်္ဂကသာ
ပိုင်ဆိုင်ရတက်သော ခံစားမှု အစုအဝေးဖြစ်ပြီး တဒင်္ဂတည်းနှင့် ဆုံးရှုံးသွား
နိုင်သော အရာလည်း ဖြစ်သည်။ အနုပညာရှင်အတော်များများသည်
“အချစ်” ဆိုသည့်စကားလုံး၏နောက်တွင် မရခဲ့သမျှ၏ ဆိုးကွက်များနှင့်
ရခဲ့သမျှတို့၏ ကောင်းကွက်များကို အစီအစဉ်တစ်ခုလုပ်ကာ ရေးတက်
ကြပြီး အချစ်ကို အဓိပ္ပာယ်ဖွင့်လေ့ရှိကြသည်။ ထို့ကြောင့် အချစ်၏နောက်မှ
လိုက်လာသော စကားလုံးများသည် ပရမ်းပတာဖြစ်လျှက်ရှိကာ

typing - ကောင်းဆိုး Page 361


နီကိုရဲ မကြည်ပြာနှင့် ချစ်ခြင်း၏ဒုတိယနဂ္ဂတစ်များ
အချစ်၏အဓိပ္ပာယ်သည် ခေတ်ကာလအခြေအနေကိုလိုက်၍ ပြောင်းလဲ
တက်သော ခြောက်ခြား ထိတ်လန့်ဖွယ်ရာ တစ္ဆေတစ်ကောင် (သို့မဟုတ်)
တန်ခိုးဣထိပ္ပါတ်နှင့် ပြည့်စုံသည် ကြော့ကြော့ရှင်း နတ်သမီးဖြစ်လျက်
ရှိသည်။ မည်သို့ပင်ဖြစ်စေ အချစ်သည် ရုတ်တရက်ရလာသော
စကားလုံများ အသေအချာတွေးတော စဉ်းစားယူထားသော စကားလုံး
များ၏ ပူးပေါင်းမှုကို အာသာငမ်းငမ်းထက် မျိုချနေဦးမည့် သတ္တဝါဆိုး
တစ်ကောင်သာဖြစ်သည်။ ငြီးငွေ့ဖွယ်ရာကောင်းသော ကိန်ဂဏန်းများကိုပင်
အခြေအနေနှင့် အဆန်းတကျယ်လုပ်ကာ လှည့်စားတက်လေ့ရှိသော
နာရီတစ်လုံး၏ စက်ဝိုင်းထဲတွင်ပိတ်မိနေသော လက်တံတိုနှင့် လက်တံရှည်
တို့လိုပင် အချစ်သည် လူများကို ကြုံတွေ့နေကြ အဖြစ်အပျက်
အဟောင်းများနှင့်ပင် ခံစားမှုတွင် ဆန်းကျယ်ထိတ်လန့်ဖယ
ွ်ရာ ဂဏှာမငြိမ်
ဖြစ်အောင် ဆက်လုပ်နေဦးမယ်သာ ဖြစ်သည်။ သင့်ကိုယ်သင်ချစ်တက်
သည်ဟု ယူဆနေလျှင်သော်လည်းကောင်း၊ သင်သည် အခြားလူ
တစ်ယောက်က ချစ်လာနိုင်မည်... လူတစ်ယောက်ဖြစ်နိုင်သည်ဟု
ယူဆနေလျှင်သော် လည်းကောင်း.. သင်နှင့်အခြားတစ်ယောက်တို့
တွေ့ဆုံကာ အချစ်ကို နားလည်သွားနိုင်သည်ဟု ယူဆနေလျှင်သော်
လည်းကောင်း... ထိုအယူအဆများအတွက် ဘာမှမရေးမိမပြောမိစေဘဲ
အချိန်ကာလ၏ တိကျသော ဆုံးမမှုကို ခံယူဖို့သင့်သည်။ သို့မဟုတ်လျှင်...
ချစ်ချင်စိတ်နှင့် အချစ်ခံချင်စိတ်အကြားတွင် လူးလားခေါက်တုန့်
ပြေးလွှားနေသော သင့်အတွေ့အကြုံများ ယုံကြည်မှုများသည် သတိထား
ကြည့်တက်သည့် ခံစားမှုတွင် ပန်းတစ်ပွင့်လို ပွင့်လာလေ့ရှိပြီး သာယာ
ယစ်မူးတက်၊ ကိုးကွယ်ယုံကြည်တက်သောစိတ်တွင် ပြောင်းလဲလယ
ွ်သော
စကားလုံးတစ်လုံးအဖြစ် မတည်မငြိမ်ယိမ်းထိုး နေပေလိမ့်မည်။

typing - ကောင်းဆိုး Page 362


နီကိုရဲ မကြည်ပြာနှင့် ချစ်ခြင်း၏ဒုတိယနဂ္ဂတစ်များ
ဤသို့ဖြင့် “အချစ်”သည် ရာစုနှစ်အဆက်ဆက် အသက်ရှင်နေဦးမည်ဖြစ်ပြီး
ထိုသို့ အသက်ရှင်သန်နိုင်ရန်အတွက် လူငယ်လူရွယ်တိုင်း၏ ချစ်တက်သော
နှလုံးသားများကလည်း ငြီးငွေ့ဖွယ်ရာ ကောင်းလောက်အောင် တက်တက်
ကြွကြွ ပူဇော်ပနေလိမ့်ဦးမည် ဖြစ်သည်။ အခုတော့ကျွန်တော်သည်
“အချစ်” ဆိုသည်ကို ထိုသို့နားလည်သည့် လူတစ်ယောက်... (သို့မဟုတ်)
ထိုသို့ နားလည်သည်ဆိုခြင်းကို မယုံကြည်တော့သော လူတစ်ယောက်သာ
ဖြစ်သည်။
သို့သော်... ကျွန်တော်တစ်ခုခုကိုတော့ ကျေနပ်နေခဲ့သည်။
လူသည်... ခံစားမှုနှင့်ပတ်သက်လျှင် အတွေ့အကြုံကို လက်ခံရာ၌
ဤသို့ပင် မိမိ၏နားလည်မှုကို အဆီထုတ်... အသားစား ဖုတ်ကျင်း
သင်္ဂြုလ်တက်သည့် သတ္တဝါမဟုတ်ပါလား!....။ တိတ်ဆိတ်ခြင်းသည်...
ထက်မြက်လှသော သူ၏ဓားတစ်ချောင်းဖြင့် ပေါ်လာသော အသံမှန်သမျှကို
ဖြတ်တောက်ပစ်ရန် ညထဲတွင် တိတ်ဆိတ်စွာ စောင့်ဆိုင်းနေသည်။
ကျွန်တော်ရေးလက်စ ဝတ္ထုကို ဆက်ရေး၍ မရတော့သဖြင့် မကျေမနပ်
ဖြစ်ကာ စာရေးစာပွဲတွင် ငြိမ်သက်နေခဲ့သည်။ လရောင်က တခြား
အိမ်များ၏ အမိုးပေါ်တွင် ရွှန်းလဲ့ငြိမ်းမြစွာလင်းနေသည်။ ညလေတိုက်သည့်
အခါ သစ်ပင်အုပ်များ ယိမ်းလှုပ်သွားလျှင် အမှောင်သည် ငြိမ်သက်နေရာမှ
ရုတ်ခနဲ လွင့်ကာထလှုပ်တက်သည်။ ကျွန်တော်သည် သက်ပြင်းကိုချရင်း
ရေးလက်စစာမှုကို ပြန်ဖတ်မကြည့်တော့ဘဲ မီးကိုမှိတ်ကာ ဆေးပေါ့လိပ်ကို
ဖွာရင်း အမှောင်ထဲတွင် ထိုင်နေလိုက်သည်။ အိပ်လို့မပျော်သေးမှန်း
ကျွန်တော်ကိုကျွန်တော် သိနေသဖြင့် အိပ်ရာထဲသို့ မဝင်မိသေး။
ဘာ့ကြောင့် ကျွန်တော်စာရေးရင်း ဆက်ရေး၍မရတော့သနည်း။ ကျွန်တော့်
ရင်ထဲတွင် မယုံကြည်မှုတစ်ခုက ကျွန်တော်ရေးချမည့် စကားလုံးများကို

typing - ကောင်းဆိုး Page 363


နီကိုရဲ မကြည်ပြာနှင့် ချစ်ခြင်း၏ဒုတိယနဂ္ဂတစ်များ
နှောက်ယှက်ဖျက်ဆီးနေခဲ့သည်။ ကျွန်တော့်ရေးရမည့် ကိစ္စက အချစ်နှင့်
ပတ်သက်သည်။ အချစ်နှင့်ပတ်သက်၍ ကျွန်တော့်ရင်ထတ
ွဲင် ရှိနေသော
ယုံကြည်မှုက တော်တော်ပြင်းထန်ပြီး ကြမ်းတမ်းနေခဲ့သည်။ ကျွန်တော်
ရေးရမည့် စကားလုံးများက အချစ်နှင့်ပတ်သက်သော နွ့ေ
ဲ ပျာင်းမှု၊ လှပမှု၊...။
ကြည်ပြာသည် ကျွန်တော့်အတွေးထဲဝင်လာသည်။ သို့သော် ဟိုးယခင်
ကလို ရင်ခုန်လှိုက်ဖိုသော ဝမ်းနည်းကြေကွဖ
ဲို့ကောင်းသော တုန်လှုပ်
ချောက်ချားဖို့ကောင်းသော ခံစားမှုများနှင့်တော့ မဟုတ်တော့ အဖြစ်အပျက်
များသည် သူ့အဓိပ္ပာယ် သူ့ဆုံဖြတ်ချက်နှင့်သူ ကျွန်တော်အတွေးထဲတွင်
ရှိနေခြင်းသာ ဖြစ်ပါသည်။ ပြီးတော့ ငြိမ်သက်စွာ ရပ်တန့်နေခြင်းသာ
ဖြစ်ပါသည်။ ကြည်ပြာနှင့်ပတ်သက်၍ ကျွန်တော်အတိတ်သည် စိတ်ထဲတွင်
အရှိန်တစ်စုံတစ်ရာမရှိတော့။ ထိုသို့ တည်ငြိမ်သွားစေရန်အတွက် ခက်ခစ
ွဲာ
ကျွန်တော် ကြိုးစားခဲ့ရသည်။

ကြည်ပြာနှင့် လမ်းခွဲကာစဆိုလျှင် ကျွန်တော်သည် အလူးအလဲ


အပြိုပြိုအကွဲကွဲ... ရူးသွားမလားဟု ထင်ရတာလည်းအကြိမ်ကြိမ် ဖြစ်သည်။
ကြည်ပြာနှင့် ကျွန်တော့်ကို ချစ်သူဟု သိထားကြသူများက ကြည်ပြာနှင့်
စနိုဖီကို တွေ့သည့်အခါ.... နားမလည်စွာဖြင့် ကျွန်တော့်ကို လာမေးသည့်
အခါတွင် ကျွန်တော် ခက်ခဲပင်ပန်းဆင်းရဲစွာ ခံစားခဲ့ရသည်။ ကျွန်တော်
သူငယ်ချင်းများအားလုံးကို ရအောင်ရှောင်သည်။ တွေ့သည့်အခါတွင်လည်း
ကြည်ပြာ၏ ဘာကိစ္စကိုမှ မပြောရန် တောင်းပန်ရ၏။ ကြည်ပြာနှင့် စနိုဖီကို
ကျောင်းထဲတွင် လှမ်းတွေ့လိုက်ရသည့် အခါမျိုးဆိုလျှင် ကျွန်တော့်
မျက်လုံးများ ပြာဝေကာ တစ်ကိုယ်လုံး တဆတ်ဆတ်တုန်လာတတ်သည်။
ကျွန်တော်ထွက်ပြေးခဲ့သည်။ ကြည်ပြာ့ထံမှ... သူငယ်ချင်းများထံမှ
ကျွန်တော် ချစ်ခြင်းမေတ္တာထံမှ...။ သို့သော် စပြေးကာစကမလွတ်။

typing - ကောင်းဆိုး Page 364


နီကိုရဲ မကြည်ပြာနှင့် ချစ်ခြင်း၏ဒုတိယနဂ္ဂတစ်များ
အကြိမ်ကြိမ် ပြန်မိနေမြဲ။ ထွက်ပြေးသွားသော ကျွန်တော့်ကို ပြန်မိသည့်
အခါ.... ခံစားမှုများက နှစ်ဆတိုးပြီး နှိပ်စက်ကြမြဲ။ ကျွန်တော်
ပြန်ထွက်ပြေးမြဲ။

နောက်ဆုံးတော့ အချိန်နှင့် ကာလသည် ကျွန်တော့်ခံစားမှုများကို


အားလျော့အောင် ပြုပြင်ပေးခဲ့ကြသဖြင့် ကျွန်တော် တစ်စတစ်စထွက်ပြေး၍
လာခဲ့သည်။ နောက်ဆုံးနှစ် စာမေးပွဲဖြေပြီးနောက် ကျွန်တော့်ကို နှိပ်စက်
စရာ ဝေဝေဆာဆာ ပေါပေါများများကြီးကို ရှိနေသော ရန်ကုန်တက္ကသိုလ်
ကို ကျောခိုင်းလိုက်ရသည်။ ကျွန်တော့်ကို သတိရအောင်ဆွပေးကြမည့်
သူငယ်ချင်းတွေနဲ့လည်း ကွဲသွားကြသည်။ ထို့နောက် တစ်နှစ်ခန့်
ကြာသွားပြီး ကျွန်တော် ပြန်တည်ငြိမ်စပြုလာခဲ့သည်။ ထိုသို့ မတည်ငြိမ်ခင်
ကာလာအတွင်း ကျွန်တော့်ထွက်ပေါက်အရ ကျွန်တော် အပြင်းအထန်လုပ်ခဲ့
မိသော ကိစ္စတစ်ခုမှာ စာဖတ်ခြင်းပင် ဖြစ်ပါသည်။ ပထမတော့ ကျွန်တော့်
ရင်ထဲတွင် ရှိနေသော ပူလောင်မှုကြီးကို သက်သာရာသက်သာကြောင်း
စာကြောင်းကလေး စားလုံးကလေး တစ်ကြောင်းတလေရမလားဟု
အားကိုတကြီး ဖတ်ခဲ့ခြင်းဖြစ်၏။ ရှာတွေသည့်အခါ ကျွန်တော်သည်
ထိုစာကြောင်းဖြင့် မျောပါသွားသည်။ ထိုစာကြောင်းဖြင့် နှစ်သိမ့်နိုင်ခ့သ
ဲ ည်။
မတွေ့သည့်အခါ တွေ့အောင်ထပ်ဖတ်သည်။ နောက်ဆုံးတော့ ကျွန်တော်
လိုချင်တာကို တွေ့သည်ဖြစ်စေ မတွေ့သည်ဖြစ်စေ ကျွမ်းကျင်လှသော
စာရေးဆရာများ၏ ခေါ်ရာနောက်သို့ ကျွန်တော်ပါသွားခဲ့သည်ကသာ
များလေသည်။ ယခုအချိန်ကလည်း ကျွန်တော်တို့ စာပေလောကကြီးတွင်
ဆူညံသော အသံများဖြင့် Realism. Emotionalist. Expressionism.
Modern. Post-Modem စသည့်ဖြင့် ပေါက်ကြွဲ မည်ဟီးပြီး တရှိန်ထိုး
တိုးတက်နေသော အချိန်ဖြစ်သဖြင့် အတော်စိတ်ဝင်စားစရာကောင်းသော

typing - ကောင်းဆိုး Page 365


နီကိုရဲ မကြည်ပြာနှင့် ချစ်ခြင်း၏ဒုတိယနဂ္ဂတစ်များ
အကြောင်းအရာများက ကျွန်တော့်ကို ဆွဲခေါ် နှစ်သိမ့်ထားကြပြန်၏။
ဆရာထင်လင်း၏ The Outsider ထဲမှ ဘာကိုမှ ကြီးကြီးကျယ်ကျယ်
မခံစားရသော မားဆိုး၏ စရိုက်ကို ကျွန်တော် အားကျသည်။ ဆရာ
သစ္စာနီနှင့် ဆရာမောင်ချောနွယ်တို့၏ ဝတ္ထုနှင့်ကဗျာများက ကျွန်တော့်ကို
တစ်ခုခုပြသပေးသည်။ ဆရာနေမျိုးနှင့် ဆရာကြူးနစ်တို့၏ ဝတ္ထုတွေက
တစ်စုံတစ်ရာသောခံစားမှုကို ခိုင်မာစေသည်။ ဆရာဇော်ဇော်အောင်နှင့်
ဆရာမောင်မောင်ဇေယျတို့ ဆောင်းပါးတွေက အသိဉာဏ်ကို ပြောင်းလဲ
ပစ်ခဲ့ကြသည်။ ကျွန်တော်နဲ့ကြည်ပြာချစ်သူတွေဖြစ်ကြသည်။ ကြည်ပြာက
နောက်တစ်ယောက်ကို ပြောင်းချစ်သွားသည်။ ကျွန်တော်အသည်းတွေ
ဘာတွေ ကွဲသောအခါ ကျွန်တော်တစ်ခါမှ မသိဘူးသူများက (ထိုစာရေး
ဆရာများကို ဆိုလိုသည်။) ကျွန်တော့်ကို အဆုံးထိကြေကွမ
ဲ သွားအောင်
နှစ်သိမ့်ပေးခဲ့ကြသည်။ မည်သို့မျှဆက်စပ်၍ မရသော... စိတ်၏ အပြောင်း
အလဲများဖြစ်သော်လည်း လူ့ဘဝသည် ထိုသို့ ဖြစ်တက်ကြောင်းကို
ကျွန်တော်ရိပ်မိစပြုလာသဖြင့် သိပ်မအံ့သြတော့။ ဆရာသစ္စာနီက
“မတော်တစ်ဆ အသဲကွဲရာမှ ခြေချော်လက်ချော် ကဗျာဆရာဖြစ်လာသူ...”
သူ့ကိုယ်ရေးအတ္ထုပ္ပတ္တိထဲတွင် ရေးထားခဲ့ဖူးသည်။ ကျွန်တော်တိတ်တိတ်
ကလေး အကြီးအကျယ်အားကျပြီး ထောက်ခံလိုက်သည်။ အသည်းကြွဲ ပီး
နောက်ပိုင်း မင်းဘာတွေလုပ်နေသလဲ! ဟု တစ်စုံတစ်ယောက်က
ကျွန်တော့်ကို မေးလာလျှင် ကျွန်တော်ရေးသမျှ ဝတ္ထုနှင့်ကဗျာသည်
မဂ္ဂဇင်းမှာပါလာဖို့ကြိုးစားသည်။ အရပ်နည်းနည်းရှည်လာဖို့ ဆုတောင်း
သည်ဟု ကျွန်တော်ဖြေရမည်ဖြစ်သည်။ ထိုနှစ်ချက်စလုံးသည် ကြည်ပြာကို
ဆန့်ကျင်ဖို့ အမြဲကြိုးစားနေခဲ့သော ကျွန်တော်အတွင်းစိတ်သာဖြစ်သည်။
အရပ်ကတော့ ထုံစံအတိုင်းရှည်မလာ၊ ဆုတောင်းမပြည့်။ သို့သော်

typing - ကောင်းဆိုး Page 366


နီကိုရဲ မကြည်ပြာနှင့် ချစ်ခြင်း၏ဒုတိယနဂ္ဂတစ်များ
ကျွန်တော့်စာမူတွေကတော့ သုံးလတစ်ကြိမ်နှုန်းလောက် မဂ္ဂဇင်းများမှာ
ပါလာလေ့ရှိ၏။ အကြိမ်ပေါင်းမြောက်များစွာ အပါယ်ခံခ့ရ
ဲ သော ကျွန်တော့်
ကဗျာများ၊ ဝတ္ထုများအတွက် စိတ်ဓာတ်မကျဘဲ မဆုတ်မနစ် ရေးခဲ့သည့်
တစ်ခုတည်းသောအင်အားမှာ အသည်းကွဲသည့်နေရာမှ ဖြာထွက်လာသော
ခံစားချက်တစ်ခုဆိုသည်ကို ကျွန်တော်သိပါသည်။ ကျွန်တော့်နှလုံးသားမှ
ခံစားချက်၊ မျှော်လင့်ချက်၊ အတွေး၊ သိမြင်မှုအားလုံးတို့သည် ခုနှစ်နှစ်ထိထိ
ကြည်ပြာ့ထံတွင် စူးနစ်ကာ ဘာကိုမှမသိတော့ သတိမထားတော့
လောက်အောင် ချစ်ခဲ့သည်။ ကျွန်တော့်နှလုံးသားသည် တစ်ကမ္ဘာလုံးတွင်
ရှိနေသော အရာဝတ္ထုများထဲမှ ကြည်ပြာဟူသော ဆုံမှတ်ကလေးတစ်ခု
တည်းတွင် စူးစိုက်နေခဲ့သည်။ ထိုနေရာမှ ရုတ်တရက် အဖယ်ခံလိုက်
ရသောအခါ မခံရပ်နိုင်သော အားအင်ဖြင့် ကျွန်တော့်နှလုံးသားသည်
တစ်ကမ္ဘာလုံးတွင်ရှိသည့် အရာဝတ္ထုများထံသို့ လွင့်ထက
ွ်ကာသွား၏။ ထိုသို့
ရောက်ရှိသွားသော အရာဝတ္ထုတိုင်းထံတွင် ဖြေသိမ့်စရာတစ်ခုခု
ရလိမ့်နိုးဖြင့် အပြီးတွယ်ကပ် နေလေ့ရှိသည်။ နှစ်ပေါင်းများစွာ အာရုံ
တစ်ခုထဲတွင် စူးစိုက်ခဲ့ဖူးသော ကျွန်တော့်နှလုံးသားသည် ကမ္ဘာထဲမှ
အရာဝတ္ထုအသီးသီးထံသို့ ရောက်သွားအခါ ခံစားမှု အားကောင်းစွာရနေပြီ
ဖြစ်သည်။

ပန်းပွင့်၊ လမင်း၊ မိုးရေစက်၊ မိုးတိမ်၊ ပင်လယ်၊ နာရီ၊ အပြုံး၊ လိပ်ပြာ၊


ည၊ နံနက်ခင်း၊ ညနေရီ၊ တိတ်ဆိတ်မှု၊ အမှောင်၊ ဆောင်းနှင်းပွင့်၊
နွေ၏သစ်ရွက်ဝါဝါများ၊ စီးကရက်ငွေ့၊ စကားလုံးများ၏ လှည့်စားမှု၊
လမ်းဘေးမီးတိုင်တွင် အုံခဲနေသော ပိုးကောင်ကလေးများ၊ ပန်သီး၊
လေအေးစက်၊ ခွေးဟောင်သံ၊ မိန်းမ၊ ဂီတ၊ ကဗျာ၊ ခပ်ညံ့ညံ့ရုပ်ရှင်
တစ်ကား၊ ဇာတ်သိမ်းမပါသောဝတ္ထု၊ ပိုက်ဆံ၊ ဓာတ်ဆီ၊ အထီးကျန်ခြင်း၊

typing - ကောင်းဆိုး Page 367


နီကိုရဲ မကြည်ပြာနှင့် ချစ်ခြင်း၏ဒုတိယနဂ္ဂတစ်များ
ပန်းချီ၊ အရောင်လွင့်ကစ ဂျင်းဘောင်းဘီတစ်ထည်၊ မပြောဖြစ် လိုက်သော
စကားလုံးများ၊ ပြောပြီးမရောက်ခဲ့သော စကားလုံးများ၊ အတွေးထဲသို့
မရောက်လာသေးသော ကဗျာတစ်ပုဒ်နှင့် အတွေးထဲတွင် ပျက်စီးသွားသော
ကဗျာတစ်ပုဒ်၊ ကိုယ်မရေးနိုင်တဲ့ဝတ္ထု၊ သူတို့ရေးပြီး ကိုယ်ကြိုက်ခ့ရ
ဲ သော
စကားလုံးများ......။

အရားအားလုံးထံမှ အလင်းအမှောင်ကို ကျွန်တော်ရရှိခ့သ


ဲ ည်။
ကိုင်းဖျားတွင် ဖျတ်ဖျတ်လူးနေသော အစာငမ်းသည့် ငါးတစ်ကောင်ထံ
မှလည်း စကားလုံးတစ်လုံး ထွက်ကျလာတက်သည်ကို ကျွန်တော်
ကြုံခဲ့ဖူးသည်။ ညဘက်တွင်ဟောင်သော ခွေးဟောင်သံကလည်း
ကျွန်တော့်ကိုအတွေးတစ်ခု ပေးချင်ပေးတက်သည်။ လိပ်ပြာမဖြစ်ခင်
အိပ်ပျော်နေသော ပိုးတုံးကောင်ကလေး၏ အိပ်မက်ကိုလည်း ကျွန်တော်
သိချင် သိနေတက်၏။ ကျွန်တော့်နှလုံးသားသည် တစ်စုံတစ်ခုကို
ပြင်းထန်စွာခံစားလိုက်ရသဖြင့် အရာအားလုံးအပေါ်တွင် လွယ်လယ
ွ်ကူကူ
ကိုယ်ချင်းစာ ခံစားတက်လာသည်။ စာတွေအများကြီးဖတ်ပြီးတော့
စကားတွေအများကြီး ပြောချင်သည်။ အထီးကျန်နေသည့်စိတ်တွင်
ဘယ်သူနှင့်မှ စကားမပြောတက်တော့သဖြင့် ကျွန်တော့်မှာ စာရေးရန်သာ
ရှိတော့သည်။ ဤသို့ဖြင့် ကျွန်တော်သည် နေရာအသီးသီးမှ ပြန်ရောက်လာ
ကြသော နှလုံးသား၏ သိနားလည်းမှုတို့ကို အသိအမှတ်ပြုသည့်အနေဖြင့်
စကားလုံးများအဖြစ် ထိန်းသိမ်းကာ ဝါကျအဖြစ် တည်ဆောက်ရသည်။
ကျွန်တော်ရေးသည့် ဝတ္ထုထဲတွင် ကျွန်တော်ချစ်သည် ကြည်ပြာ
မဟုတ်တော့၊ အရာအားလုံးဖြစ်၏။ သစ္စာဖောက်သည်လည်း စနိုဖီ
မဟုတ်တော့၊ သစ္စာဖောက်များသာဖြစ်သည်။ ကျွန်တော်သည်ပင်လျှင်
ကျွန်တော်မဟုတ်တော့ တစ်ဦးဦးသာဖြစ်သည်။ ကျွန်တော်သည် တစ်ခါမှ

typing - ကောင်းဆိုး Page 368


နီကိုရဲ မကြည်ပြာနှင့် ချစ်ခြင်း၏ဒုတိယနဂ္ဂတစ်များ
မကြုံဖူးသည့် အဖြစ်အပျက်များကိုလည်း စနစ်တကျ နားလည်ကာ
ရေးတက်သွားသည်။ ကြုံခဲ့ဖူးသည့်ကိစ္စ သေးသေးကလေးကိုလည်း
အဆင်ပြေအောင်ချဲ့ကားတက်လာသည်။ ဤသို့ဖြင့် ကျွန်တော်သည် ဝတ္ထု
(၅)ပုဒ်၊ ကဗျာ(၈)ပုဒ်ခန့်ပါပြီးသွားသော စာရေးဆရာ (မိမိကိုယ်မိမိ
ထင်သည့်) တစ်ယောက်ဖြစ်လာခဲ့သည်။

ကျွန်တော်နေ့စဉ်သွားနေသော နေရာကလည်း ရန်ကုန်တက္ကသိုလ်


မပာုတ်တော့။ ထိုင်သည့်နေရာကလည်း ဂျပ်ဆင်နံဘေး၊ ဘွဲ့နှင်းသဘင်
နံဘေး၊ လိုင်ဗရီရှေ့နှင့်မြကျွန်းသာကဲင်တင်းမဟုတ်တော့။ ကျွန်တော်နေ့စဉ်
သွားနေရာက ၃၃လမ်း၊ ထိုင်ဖြစ်သည်က လေထန်ကုန်း၊ ကျွန်တော့်
မိတ်ဆွေများကလည်း ယဉ်ယဉ်သိန်း၊ မိုးမိုး၊ လွင်မာ၊ လွင်ဦး၊ ဇော်မင်းထွေး
တို့ မဟုတ်ကြတော့။ မျိုးဆွေးသန်း၊ ခက်မာ၊ မင်းဝေမော်၊ ကြွက်နီတို့
ဆရာဒီတို့ ဖြစ်လာကြသည်။ ကျွန်တော်တို့ နေ့စဉ်တွေ့ဆုံကာ လူ့ဘဝ၏
အခက်အခဲများကို ရယ်ကြမောကြသည်။ ကိုယ်ကြိုက်သောကဗျာနှင့်
ဝတ္ထုကို ဆွေးနွေးကြသည်။ ကိုယ်နှစ်သက်သော ဆောင်းပါးအကြောင်းကို
ငြင်းခုံကြသည်။ ကိုယ်ရေးဖြစ်သော ကဗျာများကို ပြကြ မဂ္ဂဇင်းကို
ပို့ကြရသည်။ ဤသို့ဖြင့် ကျွန်တော်သည် အရာရာကို မပြတ်လေ့လာကာ
ခံစားချက် လွယ်လွယ် ရင်းနှီးထားတတ်သူ တစ်ဦးဖြစ်ခ့သ
ဲ ည်။ ကျွန်တော်
လေထန်ကုန်းသို့ စတင်ရောက်သည့်အခါ ကျွန်တော့မိတ်ဆွေမှာ ပန်းချီ
မျိုးညွန့်ဟု ခေါ်သော မောင်ဒီဖြစ်ပါသည်။ အသက်(၅၀)ကျော်ခန့်ရှိပြီး
အသားညိုညို၊ မျက်နှာမှာ အရေးအကြောင်းများများ၊ စကားပြောလျှင်
တစ်လုံးချင်း အေးအေးဆေးဆေး ရိုးရိုးကြီးပြောတတ်သော အတွေ့အကြုံ
အတော်များခဲ့ဟန်တူသည့် ခေတ်ပေါ် ပန်းချီဆရာကြီးတစ်ဦးဖြစ်၏။ သူနှင့်
ကျွန်တော်အတူထိုင်ဖြစ်ခဲ့ခြင်းမှာ ထိုမြစ်ခြေသားပန်းချီဆရာကြီးသည်

typing - ကောင်းဆိုး Page 369


နီကိုရဲ မကြည်ပြာနှင့် ချစ်ခြင်း၏ဒုတိယနဂ္ဂတစ်များ
ကျွန်တော်နှင့်အတူ သင်္ကန်းကျွန်းတွင်နေသောကြောင့် ညဦးအိမ်ပြန်
ကြလျှင် အတူပြန်ကြလေ့ရှိသောကြောင့် စာရေးဆရာ တစ်ယောက်နှင့်မှ
မိတ်ဆွေမရှိပဲ လေထန်ကုန်းသို့ ရောက်လာသည့်အခါတွင်
ကျွန်တော့်ကို နွေးထွေးစွာ ကြိုတတ်လေ့ရှိသောကြောင့် ဖြစ်ဟန်တူပါသည်။
ကျွန်တော်နှင့် ပန်းချီဆရာကြီးသည် ညနေစောင်း၍ လေထန်ကုန်း
ပိတ်ချိန်တွင် ပန်းဆိုးတန်း အောက်လမ်းသို့လျှောက်၊ ၃၉ဘတ်(စ်)ကား
စီးကာ အိမ်သို့ပြန်ကြလေ့ရှိသည်။ တစ်ခါတစ်ရံလည်း အညောင်းအညာ
ပြေစေရန် ကန်တော်ကြီးကိုပတ်ပြီး တာမွေအထိ လမ်းလျှောက်ရင်း
စကားတပြောပြောနှင့် ပြန်တတ်ကြသည်။ စကားပြောလျှင် မှန်မှန်ရိုးရိုး
တိုးတိုးပြောတတ်သော ပန်းချီဆရာကြီးသည် တစ်ခါတစ်ရံ ကျွန်တော့်
ပုခုံးကိုဖက်ကာ လျှောက်တတ်သည်။ သူပြောသည့်စကားသံမှာ တိုးလွန်း
သဖြင့် နံဘေးနားက ဖြတ်သွားသည့် ကားသံကြောင့် မကြားရသည့်
အခါတွင် ကျွန်တော်သူကို အားနာကာ ခေါင်းငြိမ့်ရသည်လည်းရှိ၏။
ပန်းဆိုးတန်းမှ ဘတ်(စ်)ကားပတ်စီးကြသည့်အခါ ပန်းချီဆရာကြီးကာ
နောက်ပိုင်းမှ ခုံအလွတ်များကို မဦးတတ်၊ ရှေ့ပိုင်းကခုံကိုသာ အရလုပြီး
ဦးတတ်သည်။ ကျွန်တော်ကတော့ လွယ်လွယ်ပင်တွေ့သည့် ခုံကို
ထိုင်ပစ်လိုက်တာများသည်။

“ရှေ့ဆုံးကခုံကို ဦးတော့ အသက်ဝဝရှူရတာပေါ့၊ နောက်ပိုင်းမှာ


ရှိတဲ့လူဆိုတာ ရှေ့ကလူတွေအသက်ရှုပြီး ပြန်ထုတ်လိုက်တဲ့ လေကို
လုရှူရတာ.... ကျန်းမာရေးနဲ့မကိုက်ညီဘူး” ဟု ဆုံးမတတ်သည့် ပန်းချီ
ဆရာကြီးဖြစ်သည်။ ကျွန်တော်ကတော့ ပြူတင်းပေါက်မှာ ထိုင်ရလျှင်
ဘာလေပဲဖြစ်ဖြစ် သိပ်အရေးမကြီးဟု သဘောထားခဲ့သည်။ သူ့ပန်းချီဆဖ
ွဲို့
စာမူလာအပ်သည့်အခါတွင်လည်းကောင်း၊ ကျွန်တော့်ကဗျာကလေး၊

typing - ကောင်းဆိုး Page 370


နီကိုရဲ မကြည်ပြာနှင့် ချစ်ခြင်း၏ဒုတိယနဂ္ဂတစ်များ
ဝတ္ထုကလေးပါ၍ စာမူခရလျှင်လည်းကောင်း ကျွန်တော်တို့ စီးကရက်တွေ
ဘာတွေသောက်၊ မုန့်ဟင်းခါးတွေဘာတွေစား၊ လက်ဖက်ရည်
သောက်တတ်ကြပြီး များသောအားဖြင့်တော့ လက်ဖက်ရည်တစ်ခက
ွ်နှင့်
လမ်းစရိတ်ကို ချန်ကာ ပြန်ရသည်ကများသည်။ ထိုနေ့က ကျွန်တော်
လေထန်ကုန်းကဖီးမှာ အတော်ကြာကြာထိုင်ဖြစ်ခ့သ
ဲ ည်။ လက်ဖက်ရည်
ခွက်မှာ ရေနွေးကြမ်းဘယ်နှစ်ကြိမ် ထည့်သောက်ခ့လ
ဲ ည်း မသိ၊
လက်ဖက်ရည်နံ့ပင် မရချင်တော့၊ လေးထန်ကုန်းတွင် ဆူညံအော်ဟစ်ကာ၊
ရယ်မောကာ၊ ဒေါသထွက်ကာ၊ စာပေဆွေးနွေးနေကြသော စာရေးဆရာ
များလည်း ပြန်သွားကြပြီးဖြစ်သည်။ ကျွန်တော်နှင့်သူသာ စကားကောင်းပြီး
ကျန်ရစ်ခဲ့ကြသည်။ ကျွန်တော်နှင့်သူတစ်ခါက ပန်မဂ္ဂဇင်းတွင် ရေးခဲ့ဖူးသည့်
“သူငယ်တော်”ဆိုသော ဝတ္ထုအကြောင်းကို ပြောမိသဖြင့် ထိုဝတ္ထုသည်
Expressionsm ဖြင့်ရေးခဲ့သော ဝတ္ထုဖြစ်ကြောင်း၊ ထိုစဉ်က Expressionsm
ကို လူတွေသဘော မပေါက်သေးသဖြင့် သနားကာ စေတနာဖြင့်ရေးခဲ့ခြင်း
ဖြစ်ကြောင်း Expressionsm ကို နားမလည်ကြသည့် အနုပညာသမားများ
အတွက် သည်းမခံနိုင်ဖြစ်ကာ ရေးရသော ဝတ္ထုလည်းဖြစ်ကြောင်း ရှင်းလင်း
ပြောပြနေသဖြင့် စကားတော်တော်နှင့် မပြတ်ခြင်းလည်းဖြစ်သည်။

“အနုပညာသမားတစ်ယောက်ဟာ ဒေါသဖြစ်ရင်လည်း စေတနာနှင့်


ယှဉ်တဲ့ဒေါသပဲဖြစ်တတ်တယ်ကွ၊ အနုပညာသမားအတွက် ဝမ်းနည်းစရာပဲ
ဖြစ်ဖြစ်၊ ပျော်စရာပဲဖြစ်ဖြစ် စေတနာက ပါကိုပါရတယ်”

နောက်ဆုံးတွင် ကိုမျိုးသိန်းနှင့် အငယ်လေးတို့၏ မှုန်ကုပ်ကုပ်


မျက်နှာများကို ကြည့်ကာ သူတို့ဒေါသကတော့ စေတနာနှင့်ယှဉ်မည့်ပုံ
မပေါ်ဟု ဆုံးဖြတ်ကာ ပြန်ဖို့ထကြသည်။ နောက်ဆုံးအကြိမ်ရေးနွေးကြမ်းကို

typing - ကောင်းဆိုး Page 371


နီကိုရဲ မကြည်ပြာနှင့် ချစ်ခြင်း၏ဒုတိယနဂ္ဂတစ်များ
ငှဲ့သောက်ပြီး ထရပ်လိုက်ချိန်တွင် ၀ဋ်ကျွတ်ပြီ ဟူသော မျက်နှာနှင့်
လှမ်းကြည့်သော လေထန်ကုန်း ပိုင်ရှင်ညီအစ်ကိုနှစ်ယောက်၏ စေတနာကို
ကျော်ခိုင်းကာ ကျွန်တော်တို့ ဘားလမ်းထဲမှဖြတ်၍ ပန်းဆိုးတန်းသို့
လမ်းလျှောက်ခဲ့ကြ၏။ ကောင်းကင်သည် အပြာရောင်လုံးဝပျောက်ကယ
ွ်
ကာ နီယွန်မီးတွေ၊ ကားသံ၊ အော်ဟစ်ဆူညံနေသည့် လူတွေကြားထဲမှ
ပန်းချီဆရာ၏ သူငယ်တော်သည် အိပ်မောကျနေတုန်းဖြစ်၏၊ ကိန္ဒရီမ
ကလည်း နို့ချိုကိုတိုက်ကာ လရောင်သည် ပင်လယ်ပြင်ကို ဖြာကျနေ
ခဲ့သည်။ ကျွန်တော်တို့လူတွေကို ငေးရင်း သူငယ်တော်ဝတ္ထုအကြောင်းကို
ပြော လမ်းလျှောက်ခဲ့ကြသည်။ မြို့တော်ခန်းမနားရောက်သည့်အခါ
ဘယ်ဘက်ခြမ်း လူကူးမျဉ်းကြားထိပ်မှ ကက်ဆက်ကောင်းကောင်းဖွင့်ကာ
ထီရောင်းသော ထီဆိုင်က ထီလက်မှတ်များကိုပင် ဖြုတ်သိမ်းနေပြီ
ဖြစ်သည်။ ကျွန်တော်တို့ စကားတစ်ပြောပြောဖြင့် ထီဆိုင်နံဘေးမှ
ကွေ့လျှောက်ခဲ့ကြပြီး ၃၅ လမ်းထိပ်အရောက် နှစ်ဦးစလုံးပြောစရာ
စကားရပ်ကာ လမ်းကလေးထဲသို့ ချိုးဝင်လိုက်ကြသည်။ တစ်နေ့လုံး
လေထန်ကုန်းတွင် သောက်လာသော ရေနွေးကြမ်းများကြောင့်
ကျွန်တော်တို့ အပေါ့သွားချင်နေသဖြင့် မှောင်ရိပ်ကျသော နေရောလေးကို
ရွေးကာ ဝင်ရပ်လိုက်ကြသည်၊ စကားစပြတ်သွားကာ တိတ်ဆိတ်နေသည့်
အချိန်တွင် ကျွန်တော့်နောက်မှ အောင်မြင်ခန့်ညားသော အသံကြီးတစ်သံ
ထွက်လာ၏။

“ဟေ့... ရပ်လိုက်ကြ၊ ကိုယ့်ကိစ္စကိုယ်ရပ်လိုက်ကြ၊ ကဲဒီမှာ


နှစ်ယောက်ဟေ့၊ ကဲ... လာကြ ကိုယ့်လူတို့... ရုံးခန်းကို လိုက်ခြဲ့ က”

typing - ကောင်းဆိုး Page 372


နီကိုရဲ မကြည်ပြာနှင့် ချစ်ခြင်း၏ဒုတိယနဂ္ဂတစ်များ
ရုတ်တရက်အသံကြောင့် ကျွန်တော်တို့ လှည့်ကြည့်လိုက်သည့်အခါ
အရပ်ပုပု ဂင်တိုတို ရင်ဘတ်တွင် ရွှေဆွဲကြိုး ဆွထ
ဲာသော စွပ်ကျယ်
အင်္ကျီနှင့် လူတစ်ယောက်က ကျွန်တော်တို့နှစ်ယောက်ကို လက်ညှိုးထိုးကာ
အော်နေခြင်းဖြစ်၏။ ကျွန်တော်ဘာမှန်းမသဲကွဲ။ နားမလည်။ ဆရာဒီ
ကလည်း နားလည်ဟန်မတူသဖြင့် လုံချည်ကို အသာချကာ

“ဘာများလဲခင်ဗျာ... ဘာဖြစ်လို့လဲ”

“ဘာမှမဖြစ်ဘူး၊ ဒီနားမှာ အပေါ့သွားလို့ဖမ်းတာ... ဟေ့ကောင်


မင်းသူတို့ကို ရုံးခန်းလိုက်ပို့... ရုံးခန်းမှာ ဆရာရှိတယ်”

သူတို့စကားများကြောင့် ကျွန်တော် စိတ်ညစ်ကာသွားသည်။


ယောင်ယမ်းပြီး လှည့်ကြည့်တော့ ထုံးသုတ်ပြီးကာစ တိုက်နံရံဖြူဖြူတွင်
“ဤနေရာတွင် အပေါ့ မသွားရ ” ဟူသော စကားလုံးများကို တွေ့လိုက်ရ၏။

“မဟုတ်ဘူးလေ... ကျွန်တော်တို့က...”

“ကဲ... လာ နီကိုရဲ ဘာမှပြောမနေနဲ့ လိုက်သွားကြတာပေါ့ကွာ


ကျွန်တော်တို့ လိုက်ခဲ့ပါ့မယ်”

၃၅ လမ်းထဲမှ စည်ပင်သာယာရုံးသို့ ခေါ်သွားသည့်လူနောက်


လျှောက်လိုက်လာခဲ့ရသည်။ ရုံးရှေ့ရောက်တော့ လက်တန
ွ်းလှည်းများနှင့်
ကတ္တရာပုံးများ စီထပ်နေသည့် လူများကို တွေ့ရသည်။

“ဆရာရှိလား ဟေ့.... ဒီမှာ... နောက်ဆုံးလူနှစ်ယောက်


လာပို့တာလို့၊ ကဲ.... သွားအထဲမှာ ဆရာနဲ့တွေ့လိုက်”

ကျွန်တော်တို့ ရုံးထဲဝင်လိုက်တော့ အထဲမှာ ဘယ်သူ့ကိုမှ မတွေ့ရ၊


File များ၊ စာရွက်စာတမ်းများ ရှိနေသော လူမရှိတော့သည့်

typing - ကောင်းဆိုး Page 373


နီကိုရဲ မကြည်ပြာနှင့် ချစ်ခြင်း၏ဒုတိယနဂ္ဂတစ်များ
စားပွဲသုံးလေးလုံးနှင့် ဘုရားစင်အောက်တွင် မှန်အုပ်ထားသော စားပွဲရှည်
တစ်လုံးကိုသာ တွေ့ရ၏။ တစ်ခါမှ မဖြစ်ဘူးသည့် ကိစ္စအတွက် ကျွန်တော်
ရှက်ကာ အတော်ညစ်နေသောလည် ဆရာဒီက ဘုရားစင်ရှေ့တွင်
ပန်းချီဦးသောင်းဟန် ဆွဲထားသည့် ဘုရားပုံတော်ကို မျက်မှောင် ကြုံ့ကာ
အသေအချာကြည့်ကာနေ၏၊ ကောင်းစွာမမြင်ရသဖြင့် လက်ဝါးကိုကာကာ
ရှေ့သို့ပင် တိုးကြည့်နေပေသည်။ ကျွန်တော်တို့ကို ခေါ်လာသူက
ရုံးခန်းအတွင်း ဝင်သွားပြီး ခဏကြာတော့ပြန်ထက
ွ်လာသည်။ ဆရာ
လာလိမ့်မယ် ဒီမှာထိုင်စောင့်နေကြ... ဟု ကျွန်တော်တို့ကို လှည့်ပြောရင်း
အပြင်မှ သူ့မိတ်ဆွေကို ပြန်တော့မယ်ဟု နှုတ်ဆက်နေ၏၊။ မင်းပြန်ဖို့
နှုတ်ဆက်တာ ဘယ်နှစ်ခါရှိနေပြီလဲ ဟု တစ်ယောက်က ပြန်ပေးသည်။
လမ်းထိပ်မှာ လူနှစ်ယောက်မိလာလို့ ပြန်လာပို့ရတာကွ ဟု... ပြန်ဖြေရင်း
ရယ်မောထွက်သွားသည်။ အော်.... တော်တော်ကံဆိုးသည့် အဖြစ်ပါ
လား....။ ထိုလူနှင့် ကျွန်တော်တို့သာ သုံးမိနစ်လောက်ခြားလျှင်
အဖမ်းခံရမှာ မဟုတ်ဟု ကျွန်တော်တွေးတော နေခဲ့သည်။ ၃၅လမ်းထဲမှ
ဖြတ်လျှောက်ကြသော လူများကို ငေးကြည့်ကာ... ရယ်မောသံတစ်စ
နှစ်စကို ကြားတော့ လွတ်လပ်မှုကို အားကျသွား၏။ ကျွန်တော်တို့
ထိုင်နေသည့် အခန်းထဲသို့ မည်သူမျှမရောက်သေး။ ဆယ်မိနစ်ခန့်
ကျွန်တော်တို့ တိတ်တဆိတ်ထိုင်စောင့်ပြီးမှ အသက် ၄၅ နှစ်ခန့်
လူတစ်ယောက်ဝင်လာသည်။ စြပ္က်ယ္အက်ႌကုိ ဝတ္ကာထား၏။
အိပ်နေရာမှ ထလာခဲ့ရသဖြင့် ဒေါသအနည်းငယ်လည်း ထွက်နေပုံရသည်။
ခုနကလူ ပြောသွားသော ဆရာဆိုတာ ဖြစ်လိမ့်မည်ဟုထင်သည်။

“ဟင်း... အချိန်မတော်မှဟုတ်လား... အင်း... အင်း...


ဘယ်နေရာက မိတာလဲ!”

typing - ကောင်းဆိုး Page 374


နီကိုရဲ မကြည်ပြာနှင့် ချစ်ခြင်း၏ဒုတိယနဂ္ဂတစ်များ
“ဒီ ၃၅ လမ်းထိပ်ကပါပဲခင်ဗျာ...”

“အော... စည်ပင်သာယာရုံးရှိတဲ့လမ်းထဲမှာကို ခင်ဗျားတို့က


လုပ်ချင်တာလုပ်တယ်ပေါ့ ဟုတ်လား!”....

“နည်းနည်းပါးပါးတော့ ဂရုစိုက်ကြဦးဗျာ....။ ကြော်ငြာတွေလည်း


ကပ်ထားတယ် သတိ လည်းပေးထားရဲ့နဲ့”

မကျေမနပ်မျက်နှာဖြင့် အံဆွဲကိုဖွင့်ကာ စာအုပ်တစ်အုပ်ကိုယူသည်။


ဆရာဒီကဘာမှမပြောဘဲ ခဏငြိမ်သွား၏။ ကျွန်တော်ကတော့ ဘာမှ
ပြောချင်စိတ်မရှိတော့ ဒီညကို စိတ်ထမ
ှဲလွှတ်ချထားလိုက်သည်။
ဖြစ်ချင်တာဖြစ်စေတော့ဟု သဘောထားလိုက်၏။ သူ့စည်းကမ်းအရဆိုလျှင်
ကျွန်တော် ရိပ်မိသလောက်က ဒါဏ်ငွေဆောင်ရမည် ဖြစ်သည်။
ကျွန်တော်တို့ နှစ်ယောက်စလုံးမှ လမ်းစရိတ်ကလွဲ၍ ငွေပိုတစ်ကျပ်မှမပါ။
ဒါဏ်ငွေမဆောင်နိုင်လျှင် ဘာဖြစ်မည်နည်း...။

“ဟုတ်ကဲ့... ကျွန်တော့်တို့လည်း အန္တရာယ်ကို မလွယ်နိုင်တာနဲ့”

“လမ်းဆုံတွေ... ပလက်ဖောင်းဘေးတွေမှာ နှစ်ကျပ်နဲ့ ရွှေ့ပြောင်း


နိုင်တဲ့ အိပ်သာတွေချပေးထားတယ်... မတွေ့ကြဘူးလား! ခင်ဗျားတို့
ဘာဆင်ခြေမှပေးမနေကြနဲ့... ခင်ဗျားတို့ကြောင့် အဆောက်အဦးတွေ
ဘယ်လောက်ထိခိုက်တယ်မှတ်သလဲ”

ဆရာဆိုသူက တင်းမာသည့် မျက်နှာထားဖြင့် ကျွန်တော်တို့


နှစ်ယောက်ကို ကြည့်ကာဆူသည်။ ဆရာဒီက ယို့ယို့ကလေးထိုင်နေရာမှာ
ဝမ်းသားအားရပြော၏။

typing - ကောင်းဆိုး Page 375


နီကိုရဲ မကြည်ပြာနှင့် ချစ်ခြင်း၏ဒုတိယနဂ္ဂတစ်များ
“ကျွန်တော်က မြောင်းထဲကို သွားတာပါ၊ ဒီကောင်က အဆောက်
အအုံကို ပန်းတာ...”

ကျွန်တော်ဆရာဒီစကားကြောင့် ရုတ်တရက်အံ့သြကာ လှမ်းကြည့်


လိုက်သည်။ ဆရာဒီမျက်နှာက ရိုးရိုးပင် သူပြောသည့်အတိုင်း ဟုတ်ခဲ့
သော်လည်း ဒီလိုအဖမ်းခံနေရသည့်အချိန်တွင် ထိုစကားကို ဘာ့ကြောင့်
ပြောရသနည်း။ ကျွန်တော်အရမ်းစိတ်ညစ်ကာသွား၏။

“ကဲ... လုပ်မနေကြနဲ့... ဘယ်နေရာပဲဖြစ်ဖြစ် အတူတူပဲ...


ဘာမှမထူးဘူး“

“ဟုတ်ပါတယ် ဒါပေမယ် အဖြစ်မှန်ကို ပြောပြတာပါ ကျွန်တော်က


ရေမြောင်း၊ ရေမြောင်းဆိုတော့ ရေကစီးသွားတဲ့အခါမှာ”

“ဟာ တော်ပါ့တော့ ဆရာဒီရာ... ဘာပဲဖြစ်ဖြစ်ပေါ့၊ လုပ်မနေနဲ့


တော့...”

ကျွန်တော်စိတ်တိုတိုနဲ့ ဝင်အော်လိုက်၏။ တော်တော်မလွယ်သည်


ပန်းချီဆရာပါလား! ကျွန်တော်ရုတ်တရက် ကြည်ပြာ့ကို သွားသတိရသည်။
ကျွန်တော်ဝဋ်လည်ပြီထင်သည်။ ကျွန်တော်က ကြည်ပြာ့နေရာကို
ရောက်ကာ ဆရာဒီက ကျွန်တော့်နေရာတွင်ရှိနေ၏။ ကျွန်တော်ကြည်ပြာ့ကို
နည်းနည်းကိုယ်ချင်းစာမိသွားသည်။ သူ့တုန်းက ဒါမျိုးတွေအများကြီး
ခံခဲ့ရတာ ငါကအခုမှတစ်ခုတည်းဟု တွေးရင်းစိတ်ကိုအားတင်းရ၏။

“ကဲ... အဲဒီတော့ ဒါဏ်ငွေဆောင်သွားကြ နောက်တစ်ခါသတိထား


လမ်းဘေးမှာ အိမ်သာတွေရှိနေတာပဲ... ဟုတ်လား!”

typing - ကောင်းဆိုး Page 376


နီကိုရဲ မကြည်ပြာနှင့် ချစ်ခြင်း၏ဒုတိယနဂ္ဂတစ်များ
“ဟုတ်ကဲ့... ဒါပေမယ့် ခင်ဗျာ... ဒီလိုပါ။ ကျွန်တော်က ပန်းချီဆရာ၊
စာရေးဆရာဒီပါ... သူက ကဗျာဆရာနီကိုရပ
ဲါ။ ကျွန်တော်တို့က ပန်းချီ
ဆရာ၊ ကဗျာဆရာဆိုတော့ ငွေသိပ်မရွှင်ပါဘူး ခင်ဗျာ...”

ဆရာဆိုသူက ဆရာဒီကိုမော့ကာကြည့်သည်။ အက်ႌေကာ္လံ


လည်ကတုံးလက်ပြတ်ခပ်နွမ်းနွမ်း အိတ်ကပ်ထမ
ှဲာ ဘောလ်ပင်ကလေး
တစ်ချောင်းထိုးထားသော ဆရာဒီ၏မျက်နှာမှ အရေးအကြောင်း အတွန့်
စင်းကြီးများကို ခဏငေးပြီးသက်ပြင်းကိုချသည်။ ဒေါသ၏ အရိပ်အယောင်
အတော်ကျသွားတာကို ကျွန်တော်တွေ့ရ၏။ ဆရာဒီကသူ၏ နာမည်ကျော်
ပျက်လုံးရိုးရိုးကြီးများဖြင့် ဆရာဆိုသူကို ငေးကာကြည့်ရင်း...

“ဒဏ်ငွေက ဘယ်လောက်လဲခင်ဗျာ”

“သုံးရာ... တစ်ယောက်ကို သုံးရာ”

“နှစ်ယောက်ဆိုတော့ ခြောက်ရာပေါ့၊ ကျွန်တော်တို့မှ အဲဒီလောက်


ငွေမပါဘူး ခင်ဗျာ... တကယ့်ကို မရှိကြတာပါ...”

ဆရာဒီစကားကြောင့် ဆရာဆိုသူက မျက်နှာကိုလွှဲကာ ဘောင်ချာ


စာအုပ်ကိုလှန်ပြီး မှင်ခံတစ်ရွက်ကိုညှပ်သည်။ ကျွန်တော်ကတော့ ဘာမှကို
ဝင်မပြောချင်တော့၊ ဒါဏ်ငွေဆောင်ရမည့် ငွေကိုထား နှစ်ယောက်
ပေါင်းတောင် ကျွန်တော်တို့မှာငါးဆယ်မရှိ။

“ကဲ... ကဲ... အဲဒါဆိုရင်လည်း နှစ်ယောက်ကို တစ်ယောက်စာပဲ


ဆောင်သွားကြ”

“ကျွန်တော်တို့မှာ နှစ်ယောက်စာ သုံးရာလည်းမပါပါဘူးခင်ဗျာ၊


လျော့ပါဦးဖြစ်နိုင်ရင် လျော့ပေးပါခင်ဗျာ..”

typing - ကောင်းဆိုး Page 377


နီကိုရဲ မကြည်ပြာနှင့် ချစ်ခြင်း၏ဒုတိယနဂ္ဂတစ်များ
“ဟား... ဘောင်ချာတစ်စောင်ကို သုံးရာဗျာ... နှစ်ယောက်
တစ်စောင်တော့ ဖြတ်မှကို ရမှာ...”

“တကယ်မပါကြတာပါ၊ ကျွန်တော့်တို့က ငွေရွှင်တ့လ


ဲူတန်းစားတွေ
မဟုတ်ပါဘူး... လျော့ပေးပါခင်ဗျာ...”

“ခက်တာပဲ... ကဲ... ဒါဆိုရင်လည်းရော့ ဘောင်ရာ တစ်စောင်ဖြတ်


အောက်နားမှာ ငွေမပါ၍ ပါသ၍ ဆောင်ခဲ့ပါသည်လို့ ရေးပြီးရင်
မှတ်ပုံတင်တွေထားခဲ့ကြ၊ နောက်နေ့ လာဆောင်ဟုတ်ပြီလား!”

ဆရာဒီက ဘာမှမပြောတော့ပဲ... ဘောင်ချာကို ကောက်ယူကာ


အေးဆေးသေချာစွာရေးပါ၏။ ကျွန်တော့်လှမ်းကြည့်တော့ သူ့လိပ်စာ
အပြည့်အစုံကို အသေအချာရေးနေသည်။ ကျွန်တော့်ကိုပေးတော့
နီကိုရဲဆိုသည့်နာမည်နှင့် ကျန်တာတွေကို စိတ်ထဲရှိတာ ရေးပစ်လိုက်သည်။

“ကျေးဇူးပါပဲ... ကျွန်တော်တို့နှစ်ယောက် တစ်ရာ့ငါးဆယ်


ဒါဏ်ဆောင်ပါ့မယ်... ခင်ဗျာ...”

“တစ်ရာ့ငါးဆယ်... တစ်ရာ့... ကဲကဲ... ဆောင်ခြဲ့ က၊ ပေးခဲ့ရတယ်”

“အဲဒီလိုပါခင်ဗျာ... အဲဒီ တစ်ရာ့ငါးဆယ်ကို ကျွန်တော်တို့မှာ


အခုမပါ... ပါဘူး... နောက်နေ့မှလာဆောင်ပါရစေ... ကျွန်တော်လက်မှတ်
ထိုးထားပြီးပါပြီ...”

“ဟား... ကဲ... ကြွကြတော့၊ သွားကြတော့၊ ဒုက္ခပါလား!


နောက်နေ့ကိုလာလည်းပေးမနေနဲ့တော့၊ ပေးမယ့်လူတွေလဲ မဟုတ်ပါဘူး၊
သွားကြတော့”

typing - ကောင်းဆိုး Page 378


နီကိုရဲ မကြည်ပြာနှင့် ချစ်ခြင်း၏ဒုတိယနဂ္ဂတစ်များ
ဆရာဆိုသူက စိတ်ပျက်ပျက်ဖြင့် ဘောင်ချာစာအုပ်ကိုဆယ
ွဲူကာ
အံဆွဲထဲပစ်ထည့်ရင်းထရပ်ကာ အော်သည်။ ဆရာဒီက မလျော့သေး။

“စိတ်ချပါခင်ဗျာ...၊ ကျွန်တော်တို့နှစ်ယောက်စလုံး လက်မှတ်ထိုးပြီး


၁၅၀ ဆောင်မည်လို့ရေးပြီးပါပြီ၊ ကျွန်တော်တို့ လက်မှတ်ကို ကျွန်တော်တို့
တာဝန်ယူပါတယ်... မနက်ဖြန် လေးနာရီနဲ့ ငါးနာရီကြားကိုရောက်အောင်
လာစောင်ပါ့မယ်”

ဆရာဆိုသူသည် ဘာမှမပြောတော့၊ ကျွန်တော်တို့နှစ်ယောက်ကို


လှည့်၍လည်းမကြည့်တော့ဘဲ... သူ့အခန်းထဲသို့ လျင်မြန်စွာ ဝင်သွားသည်။
ကျွန်တော်တို့ ရုံးအပြင်ကိုထွက်လိုက်တော့ ကမ်းနားလမ်းဘက်မှ
အေးမြသောလေသည် နဖူးမှချွေးစေးများကို ဝမ်းသာအားရတိုးဝှေ့၏။
ကျွန်တော့်ဘဝတွင် ပထမဦးဆုံးခံစားခဲ့ဖူးသော စိတ်ရောလူပါ လွတ်လပ်မှု
ဖြစ်ပါသည်။ နောက်တစ်နေ့တွင် ဆရာဒီက ဖြစ်ရပ်မှန်မှုခင်းတွင် မောင်ဒီနှင့်
ဖြစ်ရပ်မှန်ဟူသော ကျွန်တော်တို့အဖြစ်အပျက်ကို ဆောင်ပါးတစ်ပုဒ်
အိမ်မှရေးလာပြီး ပေးကာ ရသောစာမူခဖြင့် ၃၅ လမ်းရုံးသို့ သွားကြသည်။
ဆရာဆိုသူက ကျွန်တော်တို့ကို အံ့သြကာရယ်ရယ် မောမောဖြင့်
ဒါဏ်ငွေကိုယူရင်း....

“ခင်ဗျားလောက် ဈေးဆစ်တော်တဲ့လူ ကျွန်တော့်ဘဝမှာ တစ်ခါမှကို


မတွေ့ဖူးဘူး... ဟုပြောသည်။”

ထိုဖြစ်ရပ်ကြောင့် ကျွန်တော်ကြည်ပြာ့ကို အတော်ပြန်သတိရသွား


သည်ကိုဝန်ခံပါသည်။ ထိုကိစ္စသည် ကြည်ပြာနှင့် လမ်းခွဲခြဲ့ ပီးကတည်းက
နှစ်နှစ်ကျော် ကျွန်တော်ထံရောက်မလာခဲ့သော လွဲချော်မှု မတော်မတည့်
ကိစ္စတစ်ခုသာဖြစ်သည်။ ကျွန်တော်သည် ကြည်ပြာနှင့် လမ်းခြွဲ ပီး

typing - ကောင်းဆိုး Page 379


နီကိုရဲ မကြည်ပြာနှင့် ချစ်ခြင်း၏ဒုတိယနဂ္ဂတစ်များ
ကတည်းက မတော်မတည့်ဖြစ်ရပ်များနှင့်ပါ ဝေးနေရတာ ကြာခဲ့ပြီဖြစ်သည်။
နောက်နေ့ လေထန်ကုန်းရောက်သွားတော့ ဆရာဒီလျှောက်ပြောထား
သဖြင့် လူတွေအတော်များများက ကျွန်တော်တို့အဖြစ်ကို သိနေကြသည်။
ပန်းချီအကြောင်း ဆောင်းပါးတွေရေးသည့် ဆရာမစန်းစန်းတင်ကလည်း
မေး၏။ ဒေါ်မေငြိမ်း၊ ခက်မာနှင့် မျိုးဆွေသန်းတို့ကဟားကြသည်။
ဟန်သစ်အဖွဲ့မှ ကိုတင်ကိုအောင်တို့ ကိုသန်းထိုက်တို့ကလည်း “မင်းက
Buildingကို ပန်းတဲ့ကောင်ဆိုဟု” ဆိုကြသည်။ ကျွန်တော် အတော်ကြာ
မေ့ထားသော ရယ်သံတွေဟားသံတွေနှင့် ပြန်ဆုံရသော ပြွဲ ဖစ်သည်။
ဘာပဲဖြစ်ဖြစ် ထိုကိစ္စကြောင့် စာရေးဆရာအတော်များများက ကျွန်တော့်ကို
နီကိုရဲဟု သိသွားကြပြီး စရင်းနောက်ရင်းခင်မင်သွားခဲ့ကြ၏။ အင်း
ချစ်ရပါသော ကိုဒီဟု ရေးရမလိုဖြစ်နေခဲ့သည်။

အခုလည်း ကျွန်တော် လေထန်ကုန်းသို့သွားရန် ရေးပြီးသော


ပြင်ပြီးသော အပါယ်ခံထားရသော စာမှုများကို လွယ်အိတ်ထဲထည့်ကာ
ထွက်လာခဲ့သည်။ ညနေ ၃ နာရီခန့်ဖြစ်ပြီး ဇဝနမှတ်တိုင်မှ ၃၉ဒေဝူးကား
စီးကာ ပန်းဆိုးတန်းမှာဆင်း... စာအုပ်တန်းကိုလျှောက် စာအုပ်တွေဘာတွေ
ဝင်ကြည့်ကာ... ၃၃လမ်းကို လျှောက်နေခြင်းသည် နေ့စဉ်လုပ်နေကြ
ဝတ္ထရားတစ်ခုသာဖြစ်သည်။ ညနေမြို့ထဲသို့ ထွက်သည့်အတွက်
ကျွန်တော်တို့ ဇဝနမှတ်တိုင်မှ စီးလျှင်ပင် ဒေဝူးကားများကို ချောင်ချောင်
ချိချိဖြင့် နေရာထိုင်စရာရာကာ သက်သက်သာသာ စီးသွားရလေ့ ရှိသည်။
ပထမကားကို ထိုင်ခုံမရှိတော့သဖြင့် ကျွန်တော်လွှတ်ပေးလိုက်ပြီး
ဒုတိယကားကျမှ တက်သည်။ ထိုင်ခုံသုံးလေးခုံထတ
ွဲင် နှစ်ယောက်ထိုင်ခုံကို
မရွေးဘဲတစ်ဦးတည်း လွယ်လွယ်လပ်လပ်စီးနိုင်ရန် တစ်ယောက်ထိုင်ခုံကို
ရွေးပြီးစီးခဲ့သည်။ ပြတင်းပေါက်နေရာရသော ခရီးသည်များ၏ အပန်းဖြေမှု

typing - ကောင်းဆိုး Page 380


နီကိုရဲ မကြည်ပြာနှင့် ချစ်ခြင်း၏ဒုတိယနဂ္ဂတစ်များ
ထုံးစံအတိုင်း ကျွန်တော်ပတ်ဝန်ကျင်တွေ့ရသော ကြည့်စရာလူများ၊
ကားများ၊ ဆိုင်ခန်းများ၊ ဆိုင်ဘုတ်များကိုဖက်ကာ တွေးချင်ရာတွေးပြီး
လိုက်လာခဲ့သည်။ ကျွန်တော်တို့ကားကလည်း မြို့ထဲတက်မည့်လူကို
အေးအေး ဆေးဆေးစောင့်ကာ မောင်းလာခဲ့သဖြင့် တာမွေကျော်သည့်အခါ
လူအတော်ရပြီး မတ်တပ်ရပ်သူတွေပါ ရှိလာခဲ့သည်။ မင်္ဂလာဈေးမှတ်တိုင်
ရောက်တော့ပျက်နေသော ၃၉ဘတ်(စ်)ကားတစ်စင်းကြောင့် လူတော်တော်
များများရလိုက်သဖြင့် ကားကကြပ်၍သွားသည်။ ကျွန်တော်လည်း
ညာဘက်မှာ ကြပ်နေသော လူတွေကို လုံးဝလှည့်မကြည့်တော့ဘဲ
ပြုတင်းပေါက်ကို ငေးကာလိုက်လာခဲ့သည်။ လူတွေကိုငေးရင်း ဝတ္ထုတစ်ပုဒ်
အကြောင်းကို ကျွန်တော်စဉ်းစားလာခဲ့သည်။ ကျောင်းတုန်းက
သူငယ်ချင်းများနှင့် ကြုံခဲ့သည့်ကိစ္စလေးတစ်ခုကိုရေးဖို့စိတ်ကူးမိသည်။
ကိုယ်ရေးချင်သည့် ကိစ္စကလေးများကို တွေးရင်းဆင်ရင်း သူငယ်ချင်းများ
အကြောင်းကို တွေးကာမတွေ့ရတာကြာသဖြင့် (သတိရကာကြာသဖြင့်)
သတိရကာလွမ်းသွား၏။ ကျောင်းပြီသွားကြတော့ လက်ထမ
ှဲာလှုတ်ပြီး
ကြမ်းပေါ်ကို ပစ်ချလိုက်သည့် အံ့စာတုံးများလိုပင် ကျွန်တော်တို့
လိမ့်ချင်ရာဘက် လိမ့်ထွက်သွားခဲ့သည်။ ပြန်မဆုံကြတော့ ဘယ်သူတွေ
ဘာဖြစ်ကုန်ပြီးနည်း။

လွင်ဦးနှင့်မိုးမိုးတို့လည်း အိမ်ထောင်ကျသွားကြပြီဟု သိရသည်။


ကြည်ပြာရော... ကျောင်းမှခွဲပြီးကာစ ခြောက်လလောက်တုန်းကတော့
ကြည်ပြာ့ထံမှသတင်းကိုကြုံသော သူငယ်ချင်းများက တွေ့သည့်အခါ
သတင်းပို့သွားကြသဖြင့် ကျွန်တော် သိရသေးသည်။ ကြည်ပြာသည်
စာမေးပွဲမဖြေခင်ပင် စနိုဖီခွေးရုပ်နှင့် ပြဿနာတွေဘာတွေဖြစ်ကာ
ပြတ်သွားသည်ဟု ကျွန်တော်ကြားရသည်။ ကျွန်တော်ဖြစ်စေချင်သည်

typing - ကောင်းဆိုး Page 381


နီကိုရဲ မကြည်ပြာနှင့် ချစ်ခြင်း၏ဒုတိယနဂ္ဂတစ်များ
အချိန်သည်လည်း တစ်ချိန်မှာတော့ ရောက်လာတာပဲဖြစ်သည်။ ကြည်ပြာ
ကျွန်တော့် စေတနာ ကျွန်တော့်တန်ဖိုးကို နားလည်သွားပြီလား!
ကြည်ပြာသည် ထိုသို့နားလည်ကာ ကျွန်တော့်ကို ပြန်ဆက်သွာ ဦးမလားဟု
ဆယ်ခါဆယ့်ငါးခါလောက်စိတ်ကူး ကြည့်မိတာကိုတော့ ဝန်ခံပါသည်။
သို့သော် ထိုကတည်းက ဘာသံမှမကြားရတော့၊ နောက်တော့၊
ကျွန်တော်လည်းကြည်ပြာ့ကို မေ့သွားသည်။ ထိုတစ်ချိန်တုန်းက
တစ်ဘဝလုံးမေ့လို့မှ ရပါတော့မလားဟု ထင်ခ့ရ
ဲ လောက်အောင် ပြင်းထန်
သော ဒါဏ်ရာများသည်လည်း တရားတော်အတိုင်းပင် မှိန်ဖျော့ကာ
ကျန်ရစ်ခဲ့၏။ တကယ်တော့ ကြည်ပြာ့ကို လုံးဝမေ့လျော့သွားခြင်းတော့
မဟုတ် ကြည်ပြာနှင့် ထပ်မတွေ့တော့သည့်အတွက် အကြောင်းအရာ
သစ်တွေ မရတော့သည့်အခါ ခံစားစိတ်သည် အကြောင်းအရာ
ဟောင်းများ၏ ကြေကွဲလွမ်းဆွတ်မှုကို အတော်ကြာကြာ ခံစားနေရသေး
သော်လည်း နောက်ဆုံးတွင် ငြီးငွေ့ကာ ပစ္စုပ္ပန်ဖြစ်ရပ်များပေါ်မှ
စိတ်ဝင်စားစရာ နောက်သို့ပါလာခြင်းသာဖြစ်သည်။ ထိုသို့ဖြစ်ခြင်းကိုပင်
ဖြေလျော့ခြင်း မေ့လျော့ခြင်းကို ခေါ်ပုံရသည် မဟုတ်လား!။
တစ်ခါတစ်ရံတိုက်ဆိုင်သည့် ဖြစ်ရပ်ကလေးများနှင့် တွေ့ရသည့်အခါ
ရုတ်တရက် သတိရမိတက်ပြီး အတွေးထဲအမျှင်တန်းချင် တန်းနေတက်
သေးသည်။ သို့သော် ဝမ်းနည်းခြင်း၊ ကြေကွဲခြင်း၊ မဖြစ်တော့ဘဲ သတိရခြင်း
သက်သက်သာ ဖြစ်ခဲ့သည်။ မကြည်ပြာရေ... မင်းဘာတွေ လုပ်နေသလဲ!
မင်းနဲ့မတွေ့ရတာ ၂ နှစ်ကျော်ပြီ ဟိုအရင်ကအတိုင်းပဲ ဆိုရင်တော့...
မင်းဟာမချစ်တက်သေးဘူး။

ကျွန်တော်... တွေးကာပြုံးမိသည်။ ထိုစဉ် မဆလာစက်ကို


ကားကွေ့သောကြောင့် မတ်တပ်ရပ်နေသည့် လူအုပ်က ကျွန်တော့်

typing - ကောင်းဆိုး Page 382


နီကိုရဲ မကြည်ပြာနှင့် ချစ်ခြင်း၏ဒုတိယနဂ္ဂတစ်များ
ညာဘက်ပခုံးပေါ် ပိကျလာသည်။ ကားပြန်မတည့်မတ်မခြင်း ကျွန်တော်
သည်းခံရ၏။ သို့သော် ကျွန်တော်ညာဘက်ပခုံးပေါ်သို့ ပိကျလာသည့်
အရာက လက်လည်းမဟုတ်၊ ပေါင်လည်းမဟုတ်၊ ခါးလည်းမဟုတ်
ပျော့ပျော့စိစိကြီး ဖြစ်နေသဖြင့် အသာလှည့်ကြည့်မိတော့ ကိုယ်ဝန်သည်
တစ်ယောက်၏ စူထွက်နေသော ဝမ်းဗိုက်တစ်ခုသာဖြစ်သည်။ ကျွန်တော်
မျက်နှာချက်ချင်းပြန်လွဲလိုက်ရ၏။ အင်း... ကိုယ်ဝန်နဲ့ မိန်းကလေးကိုလည်း
ဘယ်သူမှ နေရာမဖယ်ပေးကြတော့ပါလား။ လူတွေလည်း ဘာတွေ
ဖြစ်ကုန်ပြီ မသိ။ ကျွန်တော်ကရော နေရာဖယ်ပေးနိုင်သလား!။
ပန်းဆိုးတန်အထိ စီးရဦးမှာဆိုတော့ ခရီးကအတော်လိုသေးသည်။ ပြီးတော့
ဒေဝူးကားဖြစ်သဖြင့် ကျွန်တော် ဒုက္ခကမသေး၊ လူချောင်နေလျှင် ကိစ္စမရှိ
လူကြပ်လျှင် အပေါ်တန်းကို ကြပ်နေသည့် လူတွေကြားထဲမှာ ဆုပ်ကိုင်မိဖို့
မလွယ်။ ကိုယ့်ဘဝနဲ့ ကိုယ်ပါပဲလေ ဟုတွေးကာ ထမပေးနိုင်သည့်အတွက်
စိတ်ထဲမှာ အားနာကာ ကျွန်တော်ပခုံးနဲ့ထိနေသော ပျော့ပျော့စီစီဗိုက်၏
ပိုင်ရှင်ကို ဘာရယ်မဟုတ် မော့ကြည့်မိသည်။

ဟိုက်...!!။ သွားပြီ။... ကြည်ပြာ....။ ထိုဗိုက်သည် ကြည်ပြာ


ဖြစ်သည်။ ကျွန်တော်ပြောဝေကာသွားသည်။ ကြည်ပြာက ကျွန်တော့်ကို
မမြင် သူ့ဗိုက်ကို ရှေ့သို့ကော့ကာနှင့် လက်တန်းကို ဆုပ်ကိုင်ထားရင်း
မျက်နှာကိုမော့ကာထား၏။ ခုနှစ်နှစ် ချစ်ခဲ့ရသော ရည်စားဦးကို ဗိုက်ကြီးနဲ့
တွေ့လိုက်ရသောအခါ လည်ချောင်းထဲမှ ပန်းသီးတစ်လုံး တစ်နေသလိုလို
အခံရခက်လှသည်။ အမည်မဖေါ်တက်သော ခံစားမှုနှင့် တစ်ခုခုကို
ဆုံးရှုံးသွားဟု ခံစားလိုက်ရပြီး ရင်ထဲမှာ ကျင်ရှနာကျင်ထူပူသွားသည်။
ကျွန်တော်ဘာလုပ်ရမလဲ ကြည်ပြာငုံ့ကြည့်လျှင် ကျွန်တော်ကို တွေ့သွား
တော့မည်။ ကျွန်တော်ကြည်ပြာ့ဗိုက်ကိုကြောက်ရံွ့ ထိတ်လန့်စွာ ဖြင့်

typing - ကောင်းဆိုး Page 383


နီကိုရဲ မကြည်ပြာနှင့် ချစ်ခြင်း၏ဒုတိယနဂ္ဂတစ်များ
မထိစေရန် ပခုံးကိုအတင်းကြုံ့ကာထားရင်း ချွေးပြန်ကာလာသည်။
ဘာလုပ်ရမလဲ!... ငါဘာလုပ်ရမလဲ!။ အကောင်းဆုံးကတော့ ကြည်ပြာ့ကို
နေရာဖယ်ပေးလိုက်ဖို့ပဲ ဖြစ်သည်။ ပထမတစ်ခါကလည်း ကြည်ပြာ့ကို
ချစ်သူနေရာကဖယ်ပေးလိုက်ရပြီးပြီ... အခုလည်း! ကျွန်တော် ဝုန်းကနဲ
ထရပ်လိုက်သည်။ ကြည်ပြာက လူဆင်းပြီအထင်နှင့် လှမ်းကြည့်သည့်အခါ
ကျွန်တော့်ကိုတွေ့သွားပြီဖြစ်သည်။

“ဟယ်... ရဲဝင်း...”

“....................”

ကျွန်တော် လည်ချောင်းတွင်တစ်နေသော ပန်းသီးကြောင့်


ဘာစကားသံမှ ထွက်၍မရ၊ ကြည်ပြာ့ကို ခေါင်းငြိမ့်ပြကာနေရာကို ပြရင်း
ဘေးထွက်ရပ်လိုက်ရသည်။

“ဟယ်... ကျေးဇူးပဲ... နင်ဘယ်လဲ!... နင်ကလည်းတွေ့တာတောင်


နှုတ်မဆက်ဘူး....”

“ငါ... ဟို... မတွေ့လိုဟ... အခုမှ...”

“အော်... အေး... အေး... ဟဲ့.... နင် ယဉ်ယဉ်သိန်းနဲ့တွေ့သေးလား!


လွင်မာရော... ဟိုကောင်တွေကတော့ အိမ်ထောင်ကျသွားပြီဟ မိုးမိုး
တို့လေ”

ကြည်ပြာက သူ့ဗိုက်ကိုသတိထား၍ ထိုင်ချလိုက်ရင်း ခန္ဓာကိုယ်ကို


အဆင်ပြေအောင်ငုံ့၍ စီစဉ်ရင်း ဝမ်းသာအားရမေးသည်။ ကြည်ပြာ့ကို
တွေ့တော့ တကယ့်ကိုဝမ်းသာအားရဖြစ်ကာ ကြည်ပြာ့မျက်နှာက
ကြည်လင်ရှင်းသန်လျှက်ရှိသည်ကို ကျွန်တော်ငေးကာနေမိသည်။

typing - ကောင်းဆိုး Page 384


နီကိုရဲ မကြည်ပြာနှင့် ချစ်ခြင်း၏ဒုတိယနဂ္ဂတစ်များ
“ယဉ်ယဉ်သိန်းက ယူတော့မှာဟ၊ ဇော်မင်းထွေးနဲ့ပဲ... ဟယ်...
နင်ရော… နင် မသက်ဇွန်!...”

ကြည်ပြာက ကျွန်တော့်ကို မော့ကြည့်ကာ ဝမ်းသာအားရ


စကားပြောရင်းမေးသည်။ ကျွန်တော့်အသိဉာဏ်ထက
ဲို ဘာစကားသံမှ
ရောက်မလာသဖြင့်... ဘာမှန်းမသိလိုက်... ကျွန်တော်ကြည်ပြာ့ကို
လက်လွယ်စပယ် ငေးနေမိခဲ့သည်။

“ဘာ... ဘာလဲဟင်..!”

“မသက်ဇွန်လေ... ဆံပင်အရှည်ကြီးနဲ့၊ နင် တောင်မှ သူ့ဆံပင်


တွေကို သဘောကျတယ်လို့ပြောတဲ့ မသက်ဇွန်ဟာ...”

“သြော်... အေး... သိတယ်... ဘာဖြစ်လို့လဲ!”

“အေး... မသက်ဇွန်... ငါတို့အိမ်နားကိုပြောင်းလာတာသိလား!


ဟယ်... သူက ကလေးနှစ်ယောက်နဲ့ဟ၊ အကြီးက မိန်ကလေး
ရှစ်နှစ်တောင်ရှိပြီ ကျောင်းတက်ကတည်းက ကလေးက လေးငါးနှစ်
ရှိနေရောပေါ့၊ အဲဒါ ကျောင်းတုန်းကငါတို့ကို အပျိုလို့ ပြောတာ...
သူ့ကို ဘဲတွေဘာတွေ လိုက်သေးတာလေဟာ... နင်မှတ်မိလား”

“အင်း... အင်း...”

“အခုမှသိရတာ... အပျိုတဲ့သူက... သိလား”

ကျွန်တော်သည် ကိုယ့်ကိုကိုယ် ဘတ်(စ်)ကားစီးနေသည်ဟု မထင်


တော့ ရန်ကုန်တက္ကသိုလ်ထဲ ပြန်ရောက်သွားသည်ဟု ထင်သည်။
ကြည်ပြာသည် အရင်ကလိုပင်ဘာမှ မပြောင်းလဲ! ကျွန်တော်နဲ့ သူနဲ့
ကြားတွင် ဘာမှမဖြစ်ခဲ့သလိုထင်သည်။ ရန်ကုန်တက္ကသိုလ်ထဲ မဟုတ်တာ

typing - ကောင်းဆိုး Page 385


နီကိုရဲ မကြည်ပြာနှင့် ချစ်ခြင်း၏ဒုတိယနဂ္ဂတစ်များ
တောင် အသက်နှစ်နှစ်ကျော် ပြန်ငယ်ကာ ကြည်ပြာ့န့က
ျွဲန်တော် ကားအတူ
စီးနေရသည်ဟု ထင်မိသည်။ ကြည်ပြာသည် စကားတွေကို
တတွတ်တွတ်ဖြင့် မော့ကာ မော့ကာပြောနေသည်။ ကြည်ပြာ့မျက်နှာက
ရွှင်းမြူးကာ ပျော်နေသည်။ ဘယ်ဘက်ပေါ်က မှ့စ
ဲိမ်းစိမ်းကလေးက
လှုတ်လျက်ပါးချိုင့်ရာကလေးတွေ စကားပြောလျှင် ထင်လျှင် အပေါ်
နုတ်ခမ်းကလေးက ပြည့်ဖြိုးကာ အရင်ကထက်ပိုပြီး သွေးကြောကလေးတွေ
ပိုရဲကာနေသည်။ ကြည်ပြာ့လက်မောင်းတွေက အရင်ကလို သွယ်သယ
ွ်
လျလျမဟုတ်တော့၊ ပြည့်ဖြို့ကာ ဝင်းအိနေ၏။ နောက်ကြည်ပြာ၏ကျွန်တော်
တမေ့တမောငေးနေရာမှ ကြည်ပြာ့ဗိုက်ကို သွားမြင်သည်။ ကျွန်တော်
အသိတရားကို ဝုန်းကနဲ ပြန်ဝင်လာပြန်၏။

“မမွန်ရွှေနဲ့တော့ ဗိုလ်ချုပ်ဈေးမှာ တစ်ခါတွေ့သေးတယ်... အပျိုကြီး


ပဲတဲ့၊ နင့်ကိုတောင် မေးသေးတယ်... ဟယ်... မြမိုလ်က စစ်ဗိုလ်နဲ့
စေ့စပ်လိုက်တာ သတင်းစာထဲမှာ နင်ဖတ်လိုက်ရလား...! ဟဲ့... ရဲဝင်း”

“အင်း... အင်း... ငါမသိဘူးဟ၊ ငါ ဘယ်သူန့မ


ှဲကို မတွေ့တော့
တာ...”

“လဲသေလိုက်... ယုယုက KMD မှာပဲ ကွန်ပျူတာ ဆရာမပြန်ဖြစ်


နေတယ်... ငါလည်းကွန်ပျုတာတွေ အလကားပါပဲဟာ... အကုန်ပဲ
ဟုတ်တယ်... ဟဲ့... ဟဲ့... နင်ကရောဘယ်လဲ!”

“ငါ... ငါ... မြို့ထဲဟ... နင်ကရော...”

typing - ကောင်းဆိုး Page 386


နီကိုရဲ မကြည်ပြာနှင့် ချစ်ခြင်း၏ဒုတိယနဂ္ဂတစ်များ
ကြည်ပြာက ဘာမှပြန်မဖြေသေးဘဲ ဘယ်ဘက်လက်တွင်
ကိုင်ထားသော ခေါက်ထီး ပိုက်ဆံအိတ်နှင့် စာအုပ်တစ်အုပ်ကြားမှ
ဇီးထုပ်ကို ယူကာစား၏။

“ငါက ဇီးထုပ်တွေတောင်စားတာဟ သိလား! တော်သေးတာပေါ့


အချဉ်အငံပိုစားချင်လာတာပဲ... နင်ကဘယ်လဲဆို...”

“မြို့ထဲ... ပါဟာ...”

“မြို့ထဲ... ဟဲ့... ငါလည်းမြို့ထဲဟ၊ အိုဂျီနဲ့ သွားပြမလို့၊ ငါ့အဒေါ်အိမ်


ဝင်ပြီး ခေါ်တာဟ... ဘယ်သူမှ မအားကြတာနဲ့ပဲ ထွက်လာတာ...
ပထမတော့ ကားငှားစီးမလို့ဘဲ... ကားကချောင်တာနဲ့ တက်လိုက်တာ
မင်္ဂလာဈေးကျတော့ကြပ်ရော... နင်ဇီးထုပ် စားဦးမလား! ငါ့ဟောက်ျား
ကတော့ ကားငှားပေါ့ဟာ... ဒါပေမယ့် နှမြောတယ်ဟ၊ ဟဲ့ နင်ဖြစ်ရ့လ
ဲား!
သေသေချာချာလည်းကိုင်ထားဦး... ဒီကိုကိုင် ဒီမှာဒီမှာ ကျောင်းပြီးကတည်း
က သူငယ်ချင်းတွေလည်း မဆုံကြတော့ပါဘူးဟာ နင်ရော...
ဘာလုပ်နေလဲရဲဝင်း”

ကြည်ပြာသည် ဇီးထုပ်ကိုစားလိုက်၊ စကားကို ပြောလိုက်၊ ဗိုက်ဖုံး


အင်္ကျီကို ဆွဲချလိုက်၊ ကျွန်တော့်ကိုလက်ကိုင်စရာနေရာပြလိုက်ဖြင့်
ပျော်ရွှင်သက်သာစွာ ရှိနေသည်။ ကျွန်တော့်ရင်ထတ
ွဲင် ဘာတွေ
ဖြစ်နေသည်ကို သတိထားမိပုံမပေါ်၊ သတိထားစရာလည်း မလိုတော့ဟု
ထင်ဟန်တူပါသည်။ ကြည်ပြာသည်လိုလိုချင်ချင်ပေါ့ပေါ့ပါးပါးပင်
ကျွန်တော့်ကို စကားပြော၍လာခဲ့သည်။

“နင်ဘာလုပ်နေလဲဆို... ဟဲ့... ရဲဝင်း... အော်ထီးကလည်း!”

typing - ကောင်းဆိုး Page 387


နီကိုရဲ မကြည်ပြာနှင့် ချစ်ခြင်း၏ဒုတိယနဂ္ဂတစ်များ
“စာရေးနေတယ်...”

“စာရေး... ဘယ်ရုံးမှာလဲ၊ ကြာပြီလား!”

“စာရေးမဟုတ်ဘူးဟ၊ စာရေးဆရာ... စာရေးတာဝတ္ထုရေးတာ...!!”

ကြည်ပြာ ကျွန်တော့်ကို တအံ့တသြမော့ကြည့်ကာ မျက်မှောင်ကျုံ့


၍ နှုတ်ခမ်းကိုမဲ့သည်။ပြီးတော့ မျက်စောင်းကို ဒိုင်းကနဲထိုးပြန်၏။

“ဝတ္ထုရေးတာတဲ့... အလုပ်မဟုတ်တ့ဟ
ဲာကို... တစ်ခုခုလုပ်ပေါ့ဟဲ့
သေချာမယ့်တစ်ခုခုကိုပြောတာ... စာရေးတာတဲ့...”

ကျွန်တော် ကားပေါ်မှ ဆင်းမှကို ဖြစ်တော့မည်။ ကြည်ပြာ့ကို


ဆက်လည်းမမြင်ချင် စကားလည်းမပြောချင်တော့၊ ကျွန်တော်သည်
ဘာကြောင့်ကြည်ပြာလို လွယ်လွယ်ကူကူ ပေါ့ပေါ့ပါးပါးစကား မပြောနိုင်ရ
တာလဲဆိုတာကို တွေး၍မရအောင် ဖြစ်နေခဲ့သည်။ ကျွန်တော်
လည်မျိုနှင့်အသိစိတ်ထဲတွင် အရာများစွာသည် ကြပ်ခဲဆို့ငင်လျက်
ရှိနေသည်။ ချစ်ဖူးသူနှင့် အချစ်ခံခဲ့ရဖူးသူတို့ ပြန်လည်တွေ့ဆုံပွဲတွင်
ချစ်ခဲ့ဖူးသူသည် ထိုသို့ဖြစ်မြဲလား!။

“နင်ဘယ်မှာဆင်းမှာလဲ... ကြည်ပြာ”

“မဂိုလမ်းကိုသွားမှာဟ အိုဂျီနဲ့ သွားပြရမှာလေ... အမလေး


အိုဂျီကလည်း ရက်ချိန်းယူပြီး ခုကတည်းက ပိုက်ဆံကြိုပေးရတာ
ကိုယ့်လူနာမဟုတ်ရင် ဆေးရုံမှာဂရုမစိုက်ကြဘူးတဲ့ဟ၊ ဒီလကုန်ထဲ
မွေးမှာလို့ ဆရာမကပြောထာပဲ... တစ်ပတ်တစ်ခါသွားစစ်ရတာ...မိုးမိုးတို့
ယဉ်ယဉ်သိန်းတို့နဲ့တွေ့ရင် အိမ်လာဦးလို့ ပြောလိုက် နင်ဆင်းတော့
မလို့လား!”

typing - ကောင်းဆိုး Page 388


နီကိုရဲ မကြည်ပြာနှင့် ချစ်ခြင်း၏ဒုတိယနဂ္ဂတစ်များ
“အေး... သွားမယ်နော်... ကြည်ပြာ...”

ကျွန်တော်မကြားချင်သော စကားများမြင်ကွင်းများနှင့် ဝေးရာသို့


ရောက်ရန်၊ အတင်းတိုးထွက်လိုက်ရသည်။ ဒီကားပေါ်က အမြန်ကို
ခုန်ချပြေးထွက်သွားချင်ပြီ။ လူတွေကြားထဲညှပ်နေသဖြင့် ဘယ်နေရာ
ရောက်နေသလဲမသိတော့၊ ဘယ်နေရာဖြစ်ဖြစ်ရပ်တာနှင့်ကို ခုန်ဆင်းရ
တော့မည်။ တောက်! တိုက်တိုက်ဆိုင်ဆိုင်ကွာ ... ကျွန်တော်သည်
ဘယ်သူ့ကိုမုန်းရမယ့်မသိ ဒေါသဖြစ်နေခဲ့သည်။ ထိုဒေါသဖြင့် လူတွေကို
အတင်းတိုးကာ အပေါက်ဝနား ရောက်အောင်လာခဲ့ရသည်။ ကားရပ်
သည်နှင့် ထိုကားပေါ်မှ ပထမဆုံးခုန်ချမည့်သူသည် ကျွန်တော်သာ
ဖြစ်ရမည်။ ကားက တဖြည်းဖြည်းရပ်ကာသွား၏။ ကျွန်တော်
အတင်းတိုးကာ ထွက်လိုက်သည်။ စပါယ်ယာက ထားနေသည့်ကြားမှာပင်
ကျွန်တော်ဘာကိုမှသတိမရတော့ဘဲ အတင်းခုန်ချလိုက်၏။ ပြင်ပလေနှင့်
ထိတွေ့လိုက်သည်နှင့် အရာရာလွတ်မြောက်သွားသူလို ကျွန်တော်
ခံစားရသည်။ သို့သော် ကျွန်တော်ပခုံးပေါ်သို့ လက်တစ်ဖက်ရောက်ကာ
လာသည်။ လှည့်ကြည့်တော့ယာဉ်ထိန်းရဲ။ လှမ်းကြည့်တော့ မီးပ္ပိုင့်...။
ဟိုက်!။ သွားပြီ။

“ကဲ... ကဲ... လာ ညီလေး... မင်းက ငါ့ရှေ့တည့်တည့်မှခုန်ချတာကို


ငါတစ်ယောက်လုံး ရပ်နေတာကွာ... သွားသွား တို့ကားပေါ်တက်”

စိန်ပေါလ်မီးပ္ပိုင့်တစ်ဖက် ပလက်ဖောင်းတွင် ရပ်ထားသော


ရိမ်ဂျားကား အပြာရောင်ကြီးထံသို့ ကျွန်တော့်ကို ယာဉ်ထိန်းရဲတစ်ဦးက
ခေါ်သွားခဲ့သည်။ ကျွန်တော်ဘာမှပြောမနေတော့ဘဲ ရိမ်းဂျာကားကြီးပေါ်
တက်ထိုင်ကာ အိတ်ထဲမှဆေးပေါ့လိပ်ကို ထုတ်ကာအားရပါးရဖွာကာ

typing - ကောင်းဆိုး Page 389


နီကိုရဲ မကြည်ပြာနှင့် ချစ်ခြင်း၏ဒုတိယနဂ္ဂတစ်များ
ငိုင်နေမိသည်။ ကျွန်တော်သည် အဖမ်းခံရသည်ကိုလည်း ဘာမှမဖြစ်တော့၊
ကျွန်တော့်ထံတွင် ဘာခံစားမှုမှ မရှိတော့သလိုဖြစ်နေသည်။ ကားပေါ်မှာ လူ
လေးငါးယောက်သာပါသည်။ ကျွန်တော်ဘယ်သူ့ကိုမှလည်း လှည့်မကြည့်
ဘာမှလည်းမခံစားရ၊ ကျွန်တော့်မှာ ဒါဏ်ငွေဆောင်စရာ ပိုက်ဆံမရှိသည့်
ကိစ္စကိုလည်းသတိမရတော့... လွယ်အိတ်ထမ
ှဲ စာမူများနှင့် ၃၃လမ်း
ကိုလည်း မေ့သွားပြီဖြစ်သည်။

ကားပေါ်မှာ ကျွန်တော့်လိုပင် အဖမ်းခံထားရသော လူကြီးတစ်ဦးက


အခုစိန်ပေါလ်မှတ်တိုင်မှာ လာဖမ်းကြခြင်းမဟုတ်၊ လှည့်ကင်းတာဝန်ကျ
ယာဉ်ထိန်းရဲတစ်ဦးကို လာခေါ်ခြင်းဖြစ်ပြီး ကျွန်တော်က ကံဆိုးကာ
ယာဉ်ထိန်းရဲရှေ့တည့်တည့် ခုန်ချခဲ့သဖြင့် ဖမ်းကြောင်း ပြောပြနေ၏။
ကျွန်တော် ဘာမှပြန်မပြောမိ။ လှည့်ကင်း... ဆိုသဖြင့် ကြည်ပြာနှင့်
ဖြစ်ခဲ့ဖူးသော... ကိစ္စကို ပြန်သတိရသည်။ အခုတော့...။ ကျွန်တော်သာ
ပထမကားကို လွှတ်မပေးဘဲ စီးလာခဲ့မည်ဆိုလျှင် ကြည်ပြာနှင့်လည်း
ဆုံမည်မဟုတ် ကြည်ပြာနှင့်မဆုံလျှင်... မီးပ္ပိုင့်တွင် မဆင်းမိ၍
အဖမ်းခံရမည်လည်း မဟုတ် အခုတော့...။ သို့သော် ကျွန်တော့်စိတ်ထတ
ွဲင်
ဒေါသလည်းမရှိ၊ စိတ်ဓါတ်ကျခြင်းလည်းမရှိ၊ ဘာကိုမှလည်း ဂရုမစိုက်
ချင်တော့ အားကုန်သာ အီလည်လည်ဖြစ်နေသော ခံစားမှုသာရှိသည်။
ကြည်ပြာနှင့် ဗိုက်ဖုံးအင်္ကျီကို မျက်စေ့ထဲပြန်မြင်လိုက်လျှင် ကျွန်တော့်
ရင်ထဲတွင် တစ်ခုခုသည့် လှစ်ခနဲအဝေးသို့ ရောက်သွားသလိုကြီး
ခံစားရသည်။ တစ်ခုခုကို ပေးလိုက်ရသလိုမျိုး ကျွန်တော့်ထံမှ
တစ်စုံတစ်ရာကို လုယူသွားသလိုမျိုး ခံစားချက်သာဖြစ်သည်။ ကြည်ပြာ့ကို
ကိုယ်ဝန်ကြီးနှင့်ဟု တစ်ယောက်ယောက်ကလာပြောလျှင် ကျွန်တော်
ဒီလောက်ခံစားရမည်မထင်။

typing - ကောင်းဆိုး Page 390


နီကိုရဲ မကြည်ပြာနှင့် ချစ်ခြင်း၏ဒုတိယနဂ္ဂတစ်များ
ကျွန်တော့်ကို ဖမ်းလာသောကားကြီးက သီဟရုပ်ရှင်ရံနံဘေးက
၃၉လမ်းကြားထဲတွင် ပုန်း၍ရပ်ကာ သီဟရုံရှေ့မှ ဖြတ်ကူးသူ လေးငါးဦးကို
စောင့်ဖမ်းကြသည်။ ခဏကြာတော့လူတွေသိကုန်သဖြင့် လမ်း၃၀ ဘက်သို့
မောင်းလာပြန်သည်၊ ကားပေါ်တွင်ပါသော လူတွေက ပွစိပစ
ွိဖြင့်
ရုံနောက်ကျမည်၊ ချိန်းထားတာလွဲမည် စသည်ဖြင့် မကျေမနပ်ဖြစ်နေ
ကြသည်။ ထို့နောက် ဗိုလ်ချုပ်ဈေးရှေ့ ဂုံးတံထားအောက်တွင် ဖမ်းကြ
ဆီးကြ၊ ထွက်ပြေးကာလိုက်ခေါ်ကြ ဖြစ်ကြပြန်သည်။ ကျွန်တော်ကတော့
ဘာစကားကိုမှ ပြောချင်စိတ်မရှိတော့ဘဲ သူတို့ကို ငေးကာပါလာခဲ့သည်။
ထို့နောက် ဗိုလ်ချုပ်ဈေးရှေ့မှကွေ့ကာ သိမ်ကြီးဈေးဘက်မောင်းကြပြန်၏။
ထုံစံအတိုင်း လူတွေမမြင်ရအောင် လမ်းကြားထဲမှာရပ်ကာ ဖမ်းကြ
ဆီးကြပြန်သည်။ ကားပေါ်မှာ တဖြည်းဖြည်းလူများလာကာ ဘေးတန်းများ
ပြည့်လာပြီး အလယ်တန်းတွင်ပင် တစ်ယောက်၊ နှစ်ယောက် ထိုင်နေ၏။

“မိလာပြန်ပြီ... မိလာပြန်ပြီ”

ကားပေါ်မှ လူတစ်ယောက်ကအော်သည်။ အပေါက်ဝနား


ထိုင်နေကြသူများက ရိမ်းဂျားကားပေါ်ဖမ်းမိ၍ တက်လာသူများကို ဆွတ
ဲ င်
ပေးကြသည်။ ယောက်ျားနှစ်ယောက်ကထရပ်ကာ ခြေနင်းခုံမှတက်လာ
သူကို တစ်ယောက်တစ်ဖက်စီကိုင်၍ ဆွဲတင်လိုက်ကြသည်။ ဟား....။
ကြည်ပြာ!!။ ကျွန်တော်ခံစားမှုတွေ ထင်မှတ်မထားဘဲ ဝုန်းကနဲ
ပူထူသွားပြန်သည်။ ကြည်ပြာကလည်း ကားပေါ်ရောက်ရောက်လာခြင်း
ကျွန်တော်ကိုတွေ့သွားသည်။ အဖြစ်ကဆိုးလှပါကလား!။ ကျွန်တော်
ဘာလိုမှ ကြည်ပြာနှင့်သူ့ဗိုက်ကို ရှောင်၍ မရတော့ဘူးတဲ့လား!။

typing - ကောင်းဆိုး Page 391


နီကိုရဲ မကြည်ပြာနှင့် ချစ်ခြင်း၏ဒုတိယနဂ္ဂတစ်များ
“ဟယ်... ရဲဝင်... ရဲဝင်း... နင်လဲအဖမ်းခံရတယ်.... ဟုတ်လား....!
ဟား... ဟား... ဟား... ဒုက္ခပါပဲဟာ... နင်န့င
ဲါနဲ့ကလည်း! ဟားဟား...
ငါလည်းမသိဘူးဟ၊ လမ်းဖြတ်ကူးတော့ ဖမ်းတာပဲ... ကိုယ်ဝန်ကြီးနဲ့
တောင်ဟာ... နော်... ဟဲ့.... နင်ကို ဘယ်မှာဖမ်းမိတာလဲ!”

“ကားပေါ်က ဆင်းဆင်းချင်ပဲဖမ်းတာ.... ကဲ.... လာလာ ကြည်ပြာ


ဒီမှာလာထိုင်...”

ကျွန်တော့်နေရာကို ထပေးရပြန်၏။ ကြည်ပြာက ဘာမှမပြောဘဲ


ဝင်ထိုင်သည် ကျွန်တော်က ကြည်ပြာရှေ့ကအလယ်တန်းမှာ ထိုင်ရသည်။
ကြည်ပြာ ကျွန်တော့်ကို နားမလည်သလိုကြည့်သည်။

“ကားပေါ်ကဆင်းဆင်းချင်း... ဟုတ်လား!”

“အေးဟ... ငါက မှတ်တိုင်အောင့်မေ့လို့ဆင်းတာ... မီးပ္ပိုင့်မှာကိုး”

ကြည်ပြာက ဝမ်သာအားရ ရယ်သည်... ကျွန်တော်တို့ကားက


ထွက်လာပြန်၏။ ကြည်ပြာသည် ကျွန်တော့်ကိုကြည့်ကာ ရယ်ရင်း
အံ့သြနေခဲ့သည်။

“နင်နဲ့ငါနဲ့တွေ့လိုက်ရင်း ဒီလိုချည်းပဲဟနော်... ရယ်ရတယ် အဲဒါက


အရေးမကြီးဘူးငါ အိုဂျီနဲ့ မပြရသေးဘူးဟ ဒုက္ခပါပဲဟာ တော်ကြာ
ဆေးခန်းက ပိတ်သွားရင်... ပြီးရော... ဟဲ့... ရဲဝင်း ဒီဟာက ကြာမှာလား!”

“သိဘူးဟ၊ လူတော့ပြည့်နေပါပြီ... အခု မောင်းတာ တရားရုံးလား


မသိဘူး”

“တရားရုံဟုတ်လား!...”

typing - ကောင်းဆိုး Page 392


နီကိုရဲ မကြည်ပြာနှင့် ချစ်ခြင်း၏ဒုတိယနဂ္ဂတစ်များ
“ဒါဏ်ရိုက်ရုံတင်ပါဟာ... တရားသူကြီးရှေ့မှာ ရိုက်ရတာ...
မဖမ်းပါဘူး”

ကြည်ပြာ တိတ်ကာ ကားပေါ်ကလူတွေကို လျှောက်ကြည့်သည်။


ကျွန်တော်လည်း စိတ်ကိုလျော့ထားသူမို့ ကြည်ပြာ့မျက်နှာကို ငေးကာ
ကြည့်ရင်းတွေးမိသည်။ ကြည်ပြာ့မျက်နှာသည် အံ့သြစရာကောင်းလောက်
အောင်ကို စင်ကြယ်ရိုးသားလျှက်ရှိသည်။ ကြည်ပြာသည် အဖမ်းခံရ
သော်လည်း ကျွန်တော့်ကိုတွေ့သဖြင့် စိတ်ပျက်မနေတော့။ ကျွန်တော့်လို
ဘာမှန်းမသိသည့် ခံစားမှုလည်း ကြည်ပြာ့တွင်မတွေ့ရ။ ကြည်ပြာ့
မျက်နှာတွင် ခင်မင်ခြင်း၊ ပျော်ရွှင်ခြင်းနှစ်ခုကိုသာ တွေ့ရသည်။ ကြည်ပြာ၏
အညိုရောင်မျက်ဝန်းများသည် ခင်မင်ဖြူစင်ခြင်းဖြင့် လင်းလက်နေခဲ့
ကြသည်။

ကြည်ပြာနှင့် ကျွန်တော် အခုအခြေအနေကလည်း ဖြူစင်စွာ


ခင်မင်ခြင်းအပြင် ဘာမှလုပ်၍မရတော့။ ကြည်ပြာသည် ကျွန်တော်နှင့်
မည်သို့ပင်ဖြစ်ခဲ့စေ အခုချိန်တွင် ယောက်ျားရှိပြီးကိုယ်ဝန်သည်မိန်းကလေး
တစ်ယောက်ဖြစ်သည်။ ကျွန်တော် ကြည်ပြာနှင့် ဝေးကွာခဲ့ပြီးသည့်
အချိန်များတွင် နားကျည်းမုန်းတီးခြင်း၊ ဒေါသနှင့်ပူလောင်ခြင်း၊ ငါခံလိုက်ရ
လေခြင်းဆိုသည့် ကြေကွဲခြင်းတို့ဖြင့် ခံစားမွန်းနစ်ခ့ရ
ဲ သော်လည်း
ကြည်ပြာကတော့ ကျွန်တော့်အပေါ် ဘာမှထားရှိခ့ဟ
ဲ န်မတူ။ ကျွန်တော်
ကြည်ပြာ့အပေါ် ဖြူစင်ရိုးသားစွာ ခွင်လွှတ်နိုင်ခ့ပ
ဲါရဲ့လား!။ အခုကြည်ပြာ
ကျွန်တော့်အပေါ် ခင်သလိုရော ခင်နိုင်ဖို့ စိတ်ထားနိုင်ခ့ပ
ဲါရဲ့လား!။
ကျွန်တော်တွေးရင်းတွေးရင်းနှင့် အမြင်ရှင်းလာသည်။ ကျွန်တော်ကြည်ပြာ့
ကို စတွေ့ကတည်းက ချစ်ခဲ့သည်။ ချစ်သူအဖြစ် တစ်လျှောက်လုံး

typing - ကောင်းဆိုး Page 393


နီကိုရဲ မကြည်ပြာနှင့် ချစ်ခြင်း၏ဒုတိယနဂ္ဂတစ်များ
နေခဲ့ရသည်။ ကျွန်တော်သည် ကြည်ပြာ့ကို မိတ်ဆွေလို သူငယ်ချင်းလို
တစ်ခါမှ မမြင်ဘူးခဲ့။ အခု ကျွန်တော်မြင်နေရသော ကြည်ပြာသည်
ကျွန်တော်တစ်ခါမှ မမြင်ဖူးခဲ့သော ကြည်ပြာသာ ဖြစ်ပါသည်။ ကျွန်တော်
ကျေနပ်ကြည်နူးစွာဖြင့် အခုမှမြင်ဖူးသော ကြည်ပြာ့ကို ကြည့်ကာ
ငေးနေမိသည်။

“အဖမ်းခံရတော့လည်း ကောင်းတာပေါဟာ... နင်န့င


ဲါ အေးအေး
ဆေးဆေး စကားပြောရတာပေါ့”

“အေးဟ... ဒီနေ့မမှီတော့လည်း နောက်နေ့မှသွားပြတာပေါ့ဟာ


နောက်နေ့ဆိုရင်တော့...”

“တော်ပြီ... “ကက” ပဲငှားတော့မယ်... ဟုတ်တယ်... “ကက”ပဲ”

ကြည်ပြာက ပြောပြီးရယ်သည်။ ရိမ်းဂျားကားကြီး ယမ်းကာ


လှုပ်သည့်အခါ ဘရိတ်ဆောင့်ဖမ်းသည့်အခါ ခလယ်တန်းတွင် ယိမ်းလှုပ်
ယိုင်နဲ့သွားတက်သော ကျွန်တော့်ကို ကြည်ပြာက ပခုံးကိုလှမ်းကိုင်ကာ
ထိန်းပေး၏။ ကြည်ပြာသည် သူပြောခဲ့သလိုပင် ကျွန်တော်သည်
သူ၏အခင်ဆုံးသူငယ်ချင်းဆိုတာ အရမ်းကို သေချာသွားပြီဟု ကျွန်တော်
ကြည်နူးစွာတွေးလိုက်မိ၏။

“အေးပေါ့ဟာ... “ကက”ပဲ ငှားစီသွားပါ၊ ဒါနဲ့... နင့်အမျိုးသားက


ဘာဖြစ်လို့ ပါမလာတာလဲ! သူကဘာလုပ်တာလဲ!”

“နယ်ထွက်နေလို့ဟ.... သိပ်မကြာပါဘူး၊ သူက ကုမ္မဏီထောင်ထား


တယ်လေ နှမ်းတို့၊ ပဲတို့ နိုင်ငံခြားကိုတင်တာ... မဆိုးပါဘူး၊ သူက ဂရုစိုက်ပါ

typing - ကောင်းဆိုး Page 394


နီကိုရဲ မကြည်ပြာနှင့် ချစ်ခြင်း၏ဒုတိယနဂ္ဂတစ်များ
တယ်ဟာ... အခုပစ္စည်းသွားဝယ်နေတာ... နယ်မှာလေ ဟဲ့... ရဲဝင်း
နင်လည်း တစ်ခုခုလုပ်ဦး”

ကျွန်တော်ဘာမှ ပြန်မပြောဘဲ ပြုံးကာပြလိုက်သည်။ ကျွန်တော်တို့


ကားက ၃၈လမ်းအောက်ဘက်ကို ဆူးလေဝိုင်းကို ပါတ်ကာဆင်း၏။
ဖမ်းကြလိမ့်ဦးမည်ထင်သည်။ ၃၈လမ်းထဲမှာ ကားကိုရပ်ထားခဲ့သည်။

“ဟယ်... ရဲဝင်း... ငါတို့ပိုက်ဆံပေးပြီး ဆင်းရင်မရဘူးလား!


မေးကြည့်ဟာ... ရရင်သွားကြမယ်၊ လျှောက်လိုက်နေရတာ မမိုက်ဘူးဟ၊
ကားက အရမ်းခုန်တာပဲ ငါ့ဗိုက်က လှုပ်တယ်ဟ!”

ကျွန်တော် မျက်လုံးပြူးကာ ကားပေါ်တွင်ပါလာသော ယာဉ်ထိန်း


ရဲမေကို မေးရသည်။ မရကြောင်းဖြေ၏။ တရားရုံးမှာသာ ဒါဏ်ငွေဆောင်
ရမည်၊ ဒီတစ်နေရာပြီးလျှင် သွားကြမည်တ့။ဲ ကြည်ပြာက နှုတ်ခမ်းကို
မဲ့သည်။

“သိပ်ကြာတာပဲ ဘာမှန်းကိုမသိဘူး၊ အော်... ဟဲ့ ရဲဝင်း နှင့်အတွက်


ငါပေးမယ်နော်သိလား! နင်ဘာမှမပူနဲ့ နင်ရောအဆင်ပြေရဲ့လား!”

“ဒီလိုပါပဲဟာ...”

“အေးဟာ... ငါလည်း ကျောင်းတက်ရတာကိုပဲ ပျော်တယ်... အခု


မမိုက်ဘူးဟ... ကျောင်းသားဘဝတုန်းက အပျော်ဆုံးပဲသိလား!”

ကျွန်တော်ဘာမှ ပြန်မပြောဘဲ ကြည်ပြာ့ကိုသာငေးနေခဲ့သည်။


ကြည်ပြာလည်း သူ့စကားမှားသွားကြောင်းသိသွားသဖြင့် တိတ်နေပြီး
ကျွန်တော့်ကို တောင်းပန်သလိုကြည့်သည်။ ကျွန်တော်ရုတ်တရက်မျက်ရည်
ဘာကြောင့်မှန်းမသိဝဲကာလာသည်။ သို့သော် ကျွန်တော်သည် အရာရာကို

typing - ကောင်းဆိုး Page 395


နီကိုရဲ မကြည်ပြာနှင့် ချစ်ခြင်း၏ဒုတိယနဂ္ဂတစ်များ
ပြောင်းလဲနိုင်သည့် ခံစားမှုကို အခုပင်ရရှိထားသည် မဟုတ်လား!
ကြည်ပြာက ကျွန်တော့်ကိုမျက်နှာလွှဲကာ ကားပေါ်မှအောက်သို့ ငေးနေ
သည်။ ကျွန်တော်ဆေးပေါ့လိပ်ကို မီးညှီကာဖွာနေလိုက်သည်။

“ဟယ်... ရဲဝင်း... ဟိုမှာအသုပ်ဟ၊ ငါဗိုက်ဆာတယ်ဟ ဗိုက်ကလေ


သိလား... သိပ်ဆာတာပဲ... ကလေးရှိလို့တဲ့ဟ အမေက၊ ခဏစားပြီးရင်
ခဏပဲ... ပြန်ဆာတာ... ခဏခဏစားရတယ်ဟ၊ ချဉ်ချဉ်ငံငံကိုဆို
မရဘူးသိလား!”

ကျွန်တော် ယာဉ်ထိန်းရဲမေကို ပြောကာ ဆင်းဝယ်ပေးရ၏။


ယာဉ်ထိန်း ရဲမေက ကြည်ပြာ့ဗိုက်ကိုကြည့်ကာ ပြုံးရင်း သဘောတူသည်။
နာရီဝက်လောက် ကြာဦးမည်ဟုဆိုသည်။ ကျွန်တော် အောက်သို့ဆင်းကာ
အသုပ်ဝယ်ပေးရသည်။ ကြည်ပြာ ဘာကြိုက်သည်ဆိုတာကို ကျွန်တော်
သိပါသည်။ ကြည်ပြာသည် အသုပ်ဆိုလျှင် ကြာဇံနှင့် ခေါက်ဆက
ွဲိုရော၍
စားတက်သည်။ ပဲပြားတစ်ခုလောက် ထည့်တက်သည်။ ပြီးတော့
အချဉ်ရည်များများ ငရုပ်သီးစပ်စပ်၊ ငံငံ၊ ပြီးလျှင် ငရုတ်သီးစိမ်းအတောင့်နှင့်
ကြက်သွန်ဖြူကိုလည်း ထည့်စားတက်သည်။ ငရုပ်သီးစိမ်းတောင့်ကိုတော့
ကြည်ပြာ့ ပန်ကန်ထဲထည့်ပေးကာ ကြက်သန
ွ်ဖြူကိုတော့ ကျွန်တော်ပဲ
ကိုင်လာခဲ့သည်။ ကြည်ပြာ့ကို လှမ်းပေးတော့ ကြည်ပြာက
ကျွန်တော့်ကိုပြုံးကာ ကြည့်သည်။

“နင်မှတ်မိသေးသားပဲ၊ ဟဲ့... နင်ကရော... မစားဘူးလား!”

“ငါမဆာဘူးဟ၊ နင်ပဲစား”

typing - ကောင်းဆိုး Page 396


နီကိုရဲ မကြည်ပြာနှင့် ချစ်ခြင်း၏ဒုတိယနဂ္ဂတစ်များ
ကြည်ပြာက ပြုံးကာ အသုပ်ကိုအားရပါးရစားသည်။ ကျွန်တော်က
ကြက်သွန်ဖြူနွှာပေးကာ ကြည်ပြာ့ပန်ကန်ထဲထည့် ကာပေးရ၏။ ကြည်ပြာ
သည် ကျွန်တော့်ကို အတော်အားနာနေဟန်တူသည်။ ရပါတယ် ရတယ်ဟ
စသည်ဖြင့် ကျွန်တော် ကြက်သွန်ဖြူထည့်ပေးတိုင်း ပြောသည်။ ကျွန်တော်
အခုရရှိသော ကြည်နူးမှုမျိုးကို ဟိုအရင်က တစ်ခါမှ မရခဲ့ဘူးပါ။
အလျင်တုန်းက ကြည်ပြာစားသည့်အသုပ်ထဲကို ကြက်သန
ွ်ဖြူ နွှာပေးခဲ့ဖူး
သော်လည်း စားသူသည် ကျွန်တော်ချစ်ရသူတစ်ဦး ဖြစ်သဖြင့် အခုလောက်
တော့ မကြည်နူးခဲ့ရ။ အခုတော့ ကျွန်တော် ကြက်သန
ွ်ဖြူနွှာပေးသူသည်
ကျွန်တော်ဖြူစင်စွာခင်မင်ရသော မိန်ကလေးသာဖြစ်သည်။

“စားလို့ကောင်းတယ်မဟုတ်လား! ဝရော ဝရဲ့လား ကြည်ပြာ...”

“ကောင်းတယ်ဟ၊ ဝတယ်၊ ဗိုက်ကနည်းနည်းပဲဆာတာ...


ကောင်းတယ်”

ကျွန်တော် ပန်းကန်ဆင်းပေးတော့ ကြည်ပြာက ပိုက်ဆံကိုအတင်း


လှမ်းကာပစ်ချပေး၏။ ကျွန်တော်ပေးမည်ဆိုတာမရ။

“ဟဲ့... ရဲဝင်း... ဆေးလိပ်... ဆေးလိပ်... နင့်ဖို့စီးကရက်ဝယ်ခ့ဥ


ဲီး”

ကျွန်တော်ပျော်ရွှင်စွာဖြင့် စီးကရက် နှစ်လိပ်ဝယ်လိုက်သည်။


ပြန်တက်လာပြီး ကြည်ပြာ့ကို ပိုက်ဆံတွေ ပြန်ပေးပြီးသည်အထိ ကားက
မထွက်သေး၊ ကျွန်တော် စီးကရက်ကိုဖွာကာ ကြည်ပြာ့ကို ပြုံးပြီး
ကြည့်နေခဲ့သည်။ ကြည်ပြာကလည်း ကျွန်တော့်ကို ကြည့်တိုင်း
မျက်လုံးချင်းဆုံတိုင်း ပြုံးပြုံးပြ၏။ ကျွန်တော်တို့ ပြောစရာစကားမရှိတော့ဘဲ
ကားကြီးအထွက်ကို စောင့်နေခဲ့ကြသည်။ ကားပေါ်မှာလူတွေများလာသဖြင့်

typing - ကောင်းဆိုး Page 397


နီကိုရဲ မကြည်ပြာနှင့် ချစ်ခြင်း၏ဒုတိယနဂ္ဂတစ်များ
စကားသံတွေပိုဆူလာသည်။ ဒီတစ်ခါဖမ်းမိဖို့တော်တော်ကြာနေပါ့လား!။
ကျွန်တော် တစ်ခြားဘက်ကို ငေးကာတွေးရင်း ရင်ထတ
ွဲင် ရယ်ချင်နေသည်။
ပြီးတော့ ပျော်လည်းပျော်နေသလိုလိုရှိသည်။ နောက်ဆုံးကျမှ ကျွန်တော်
ထူးခြားစွာခံစားနေရသော ခံစားမှုကိုသွားတွေ့သည်။ ကျွန်တော့် စိတ်နှလုံး
ထဲတွင် ခံစားမှုအားလုံး လွတ်လပ်နေခြင်းပင်ဖြစ်သည်။ ဘယ်အတွေး
ဘယ်ခံစားမှုအဖြေကြောင့် ကျွန်တော့်စိတ်နှလုံးသည် ဒီလောက်လတ
ွ်လပ်၍
အမှီအခိုကင်းနေမှန်း ကျွန်တော်မသိ၊ သို့သော် ခံစားနေရသည်။
ထိုပီတိသည် တော်တော်ငြိမ်းချမ်းသည်ဟု ကျွန်တော်သိနေသည်။
ကျွန်တော့်ရင်ထဲတွင် လေးပင် ထုံမှိုင်းနေသော အချစ်နှင့် ပတ်သက်သည့်
ခံစားမှုများသည် နံနက်ခင်းနေရောင်ခြည်လို တဒင်္ဂအတွင်း ရှင်းရှင်း
လင်းလင်းကို ဝင်းပသွားခဲ့ကြသည်။ ထိုစဉ်...

“ရဲဝင်း... ဟဲ့... ဟဲ့... ရဲဝင်း”

ကြည်ပြာ့အလန့်တကြားအော်သံကြောင့် ကျွန်တော်ကြည်နူးနေရာမှ
လှည့်ကြည့်တော့ ကြည်ပြာက ခေါင်းကိုငုံ့ကာ သူ့ဗိုက်ကြီးကို လက်နှစ်ဖက်
ဖြင့် အုပ်ကိုင်ရန် ရွယ်ကာထားသည်။

“ဘာဖြစ်တာလဲ ကြည်ပြာ... ဘာဖြစ်တာလဲ!”

“လှုပ်တာဟ၊ အထဲက ကလေးလှုပ်တာ... ထင်တယ်... ဟော


ဟော”

ကြည်ပြာက ပြုံးကာငုံ့ကြည့်နေရင်း ပြောသည်။ ကျွန်တော်


ကြည်ပြာ့ဗိုက်ကြီးကို ငေးနေမိသည်။ အော်... ကြည်ပြာဟာ ဒီလကုန်

typing - ကောင်းဆိုး Page 398


နီကိုရဲ မကြည်ပြာနှင့် ချစ်ခြင်း၏ဒုတိယနဂ္ဂတစ်များ
လောက်မှာ မိခင်ဖြစ်တော့မယ့် မိန်းကလေးတစ်ယောက်ပဲ... ဒါ့ကြောင့်
သူ့မျက်နှာဟာ မေတ္တာနဲ့ကြည်ပြီး ကြည့်လိုကောင်း နေတာနေမှာပေါ့။

“အား... ရဲ.... အား... ရဲဝင်းရေ... ရဲဝင်း”

ရုတ်တရက်ကြည်ပြာက စူးစူးဝါးဝါးထကာအော်သည်။ ကျွန်တော်


ထိတ်လန့်ကာသွား၏။ ကားပေါ်မှာ လူများကလည်း ကြည်ပြာကို
လှည့်ကြည့်လိုက်ကြသည်။ ကြည်ပြာသည် စူးစူးဝါးဝါးအော်ပြီး ဗိုက်ကို
တအံ့တသြ ငုံ့ကြည့်နေကာရပ်သွားပြန်သည်။

“ကြည်ပြာ... ဘာဖြစ်တာလဲ!... ဘာဖြစ်လို့လဲ!... နင်ဗိုက်က...”

“အား... အား အမလေး အမေရေ... အမလေး... ရဲဝင်း အားနာ


တယ်... နာတယ်... ရဲဝင်းရေလုပ်ပါဦး”

ကြည်ပြာသည် ရုတ်တရက် စူးစူးဝါးဝါးထအော်ကာ လက်တစ်ဖက်


က ဗိုက်ကိုဖိရင်း ကျန်လက်တစ်ဖက်က ကျွန်တော်ပခုံးကို ဆုပ်ကိုင်ကာ
လှမ်းဆွဲသည်။ ကျွန်တော်ရုတ်တရက်ယိုင်ကာ ကြည်ပြာ့ဗိုက်ပေါ်
လက်ထောက်မိ၏။ ကြည်ပြာက သိပုံမပေါ် ကိုယ်ခန္ဓာကိုယ်တန
ွ့်ကာ
ဆက်၍အော်နေသည်...။ ကားပေါ်မှလူတွေလည်း ကြည်ပြာ့အော်သံ
ကြောင့် ထိတ်လန့်ကာ ဝိုင်းအုံလာကြ၏။

“ဟဲ... ဗိုက်ကနေ့စေလစေ့ကြီးလား! ဘယ်လိုလဲ!”

“သမီးဗိုက်နာတာလား!... ဟုတ်လား!...”

“ဟာ... ဒုက္ခပဲ... ဗိုက်နာတာတဲ့”

typing - ကောင်းဆိုး Page 399


နီကိုရဲ မကြည်ပြာနှင့် ချစ်ခြင်း၏ဒုတိယနဂ္ဂတစ်များ
“ရဲဝင်းရေ... အား... နာတယ်... အမေရေ... နာလိုက်တာ...
ဆရာမ... ဆရာဝန်... ရဲဝင်းငါ့ကို ဆေးခန်းအား”

“ကြည်ပြာ... ကြည်ပြာ... ဒုက္ခပဲ... ကြည်ပြာငါရှိတယ်သတိထား”

ကျွန်တော်လူတွေကြားထဲ အတင်းဝင်ကာ ကြည်ပြာ့ကိုအော်ကာ


သတိပေးရ၏။ ဘာလုပ်ရမှန်းလဲမသိတော့။ တစ်ကိုယ်လုံး ထူပူကာ
သွားသည်။ ကြည်ပြာ့အော်သံက အဆက်မပြတ်ဖြစ်ကာလာ၏။

“ဟဲ့... ဟဲ့ ကိုယ်ဝန်က မွေးချင်နေပြီ... အထဲက ကလေးက


လှုပ်နေပြီ ဆေးရုံးသာပို့ကြ”

ကျွန်တော် ဘာမှပြောမနေတော့ဘဲ ကြည်ပြာ့ကို ဝိုင်းမက


အောက်သို့ ချရသည်။ ယာဉ်ထိန်းရဲများကလည်း ရုတ်တရက်အခြေအနေ
ကြောင့် ဘာမှမပြောကြာတော့ဘဲ အသံတိတ်နားလည်သော ခွင့်လွှတ်လိုက်
ကြ၏။ အောက်ရောက်သည့်အခါ ကြည်ပြာသည် ကျွန်တော့်လက်မောင်း
သေးသေးကလေးကို အားရပါးရဆုပ်ကိုင်ကာ အော်ဟစ်နေသဖြင့်
ကျွန်တော်ပါ ယိုင်လဲမသွားစေရန် မနဲထိန်းကာထားရသည်။

“ကြည်ပြာသတိထား... ငါရှိတယ်... သတိထား... နာလား!”

“အမလေးနာလိုက်တာ... ရဲဝင်း... နာတယ်ဟ... အား... သေပါပြီ”

ယာဉ်ထိန်းရဲတစ်ဦးက ကားတစ်စင်းငှားပေးသည်။ ကြည်ပြာ့ကို


ပွေ့ကာတွဲကာ ကားနောက်ခန်းထဲထည့်ပေးလိုက်ပြီး ဆေးရုံကို
မောင်းခဲ့ကြသည်။ ကြည်ပြာကို ကားခန်းထဲမှာ ချွေးသီးချွေးပေါက်ကျကာ
တွန့်လိမ်နေ၏။ အော်သံကလည်းမျိုးစုံသည်။ ကျွန်တော်ကလည်း
သတိထား ငါရှိတယ်ဆိုတာကလွဲ၍ ဘာမှမပြောတက်။

typing - ကောင်းဆိုး Page 400


နီကိုရဲ မကြည်ပြာနှင့် ချစ်ခြင်း၏ဒုတိယနဂ္ဂတစ်များ
“ရဲဝင်း... အမလေး... သေပါပြီနာလိုက်တာဟယ်... နာလိုက်တာ
တောက်!... ဆေးရုံကို မြန်မြန်... ငါသေမယ်ထင်တယ် အား အမေရေ”

ကြည်ပြာသည် နှုတ်ခမ်းကို အံကြိတ်၍ ကိုက်ခါထားသည်။


မျက်ရည်ရော ချွေးတွေပါမျက်နှာမှာ ရွှဲကာနေ၏။ ကျွန်တော့်လက်ကို
အားကိုတကြီးဆုပ်ကိုင်ထားရင်း ဗိုက်ကိုအရှေ့သို့ကော့ထိုးရင်း တအား
ငြီးသည်။ ထဘီလည်းကျွတ်နေပြီ။ ကြည်ပြာသည် ပေါင်များကို ဒူးထောင်၍
အစွမ်းကုန် ချဲကာ ထားသည်။ ဒုက္ခပဲမွေးချင်ပြီနဲ့ တူတယ်။

“ရဲဝင်း... ငါမရတော့ဘူးမွေချင်ပြီနဲ့တူတယ်... မွေးချင်နေပြီဟ”

“ဟာ... ဒုက္ခပဲ... ကားပေါ်မှဟ... ခဏလေးဟာ... အောင့်ထား


နော်... ကြည်ပြာ... ငါလည်းဘာမှမတက်နိုင်ဘူး! ကားဆရာ မြန်မြန်
မောင်းပေးပါဗျာ... လုပ်ပါ... ကြည်ပြာသတိထား”

ကြည်ပြာသည် ငြီးရင်းတွန့်လိမ်ရင်းဖြင့် အံကိုကြိတ်ကာ


နာကျင်သည့် ဒါဏ်ကိုခံနေရသည်။ နာလွန်းသည့်အခါတွင် အသံပြဲကြီးဖြင့်
ထကာအော်တက်သည်။ ကျွန်တော့်တစ်ကိုယ်လုံးတွင် ချွေးတွေလဲရွှဲနေပြီ။
ဘယ်ကို ရောက်လို့ဘယ်ကို မောင်းနေမှန်းလဲမသိတော့။ ကျွန်တော်
ထူပူကာ ဝိညာဉ်တွေဘာတွေဘယ်ရောက်ကုန်ပြီ မသိတော့။ ကြည်ပြာ့
အော်သံဟစ်သံက ကျွန်တော့်ကိုမွှန်ထူကာ ဘာမှ မစဉ်းစားတက်အောင်
ဖြစ်စေသည်။ ကျွန်တော့်တစ်ကိုယ်လုံး ချွေးတွေရွှဲ ကာနေ၏။

“ကားဆရာ... မြန်မြန်မောင်းပါဗျာ... မရောက်သေးဘူးလား!


ကြည်ပြာ အားတင်းထားနော်... စိတ်တင်းထားရောက်တော့မှာ”

typing - ကောင်းဆိုး Page 401


နီကိုရဲ မကြည်ပြာနှင့် ချစ်ခြင်း၏ဒုတိယနဂ္ဂတစ်များ
ကြည်ပြာသည် တဟင်းဟင်းဖြင့် မောကာနေသည်။ ကြည်ပြာ့
အသက်ရှုသံသည် ချောင်းဆိုးသံနီးပါးကို ကျယ်ကာနေ၏။ ကြည်ပြာက
မျက်နှာကို လိမ်ကာရှုံ့ထားရမှာ နည်းနည်းဖျော့ကျကာ သက်သာသွားပုံ
ပေါ်သည်။

“ကြည်ပြာ... သက်သာလား...! ကြည်ပြာ...”

ကြည်ပြာသည် အောက်နှုတ်ခမ်းကို ဖိကိုက်ကာအံကို တင်းတင်း


ကြိတ်ထားရင်းက ခေါင်းကိုငြိမ့်ကာပြသည်။ ဗိုက်နာတာ သက်သာသွားပုံ
ပေါ်၏။ ကြည်ပြာ့မျက်နှာတွင် ချွေးစေးတွေသီးသီးထကာနေသည်။
ကျွန်တော့် လွယ်အိတ်ထဲတွင် ထည့်ထားသော ကြည်ပြာ့လက်ကိုင်ပုဝါနှင့်
ပိုက်ဆံအိတ်ကို သတိရကာ လက်ကိုင်ပုဝါကိုထုတ်ပြီး ကြည်ပြာ့နဖူးမှ
ချွေးစေးများကို သုတ်ပေးရသည်။ ကြည်ပြာသည် ကျွန်တော့်ကို
မျက်လုံးဖွင့်ကာ ကြည့်ပြီး ပြန်မှိတ်သွား၏။ ကျွန်တော့်လက်များကိုတော့
အားကိုတကြီး ဆုပ်ကိုင်ညှစ်ထားသည်။

“ကြည်ပြာဘာမှ အားမငယ်နဲ့နော်... ရောက်တော့မှာ ငါလည်း


ရှိတယ် သိလား”

ကြည်ပြာက ခေါင်းကိုအသာငြိမ့်ကာပြ၏။ ကျွန်တော် စိတ်သက်သာ


သွားပြီး သက်ပြင်းကိုချရသည်။ နဖူးမှစီးကျလာသော ချွေးကို သိသာ
သိလိုက်ရသည် လှမ်းမသုပ်အား၊ ကားကလည်းမြန်မြန်မောင်းနေသည်။
ဆေးရုံကို ရောက်ဟန်မတူသေး...။ ကြည်ပြာသည် တဟင်းဟင်းဖြင့်
ရင်ကိုပင့်ကာပင့်ကာ အမောကိုဖြေ၍နေသည်။

typing - ကောင်းဆိုး Page 402


နီကိုရဲ မကြည်ပြာနှင့် ချစ်ခြင်း၏ဒုတိယနဂ္ဂတစ်များ
“အား... ရဲဝင်း... အာ အမလေး... နာတယ်... သေပါပြီ
အမေရေ...”

ကြည်ပြာကငြိမ်နေရာမှ ရုတ်တရက်ထကာ အော်ပြန်သည်။


ဗိုက်ကိုကော့ကာ ဒူးကိုမြှောက်လိုက်သဖြင့် ကြည်ပြာ့နံဘေးတွင် အပန်းဖြေ
နေသော ကျွန်တော့်အပေါ် နောက်ခန်းဆိုဖာပေါ်မှ ဗိုက်ကော့အားကြောင့်
ရုတ်တရက်ပြုတ်ကျလာသော ဒူးကကျလာသဖြင့် ကျွန်တော်ဒူးထောက်
ထားရာမှ ဖင်ထိုင်ရက်လဲသော ဒရိုင်ဘာထိုင်ခုံနှင့် ကြည်ပြာ ပေါင်လုံးကြီး
အကြား ညှင်ကာနေသေး၏။

“အမလေး... နာလိုက်တာ... နာလိုက်တာ... နာလိုက်တာ အမေ


ရေ... ရဲဝင်း... ရဲဝင်း အား”

“ကြည်ပြာ... ငါရှိတယ်... အား တင်းထား... ငါ... ရှိ”

ငါရှိတယ်သာဆိုသည် နာ၍ အားယူကာ ကန်ထားသော ကြည်ပြာ့


ပေါင်ကို ရုတ်တရက်ဖယ်၍မရ၊ အတော်မယူရသည်။ ကျွန်တော်ပြန်
ဒူးထောက်သည့် အချိန်တွင် ကားကကွေ့ရန်ရပ်လိုက်သဖြင့် ပြန်လဲ
ပြန်သည်။

“ဆေးရုံဝကိုရောက်ပြီ... ရောက်ပြီ ကိုယ့်ဆရာ”

ကားဆရာက ဆေးရုံထဲမှထွက်လာသောကားကို ခဏစောင့်ကာ


အရှိန်ဖြင့်ကွေ့ကာ ဝင်သည်။ ကျွန်တော်ထ၍မရသေး... ကားရပ်လိုက်
တော့မှ ထ၍ရသည်။

“ဆေးရုံကို ရောက်ပြီ... ရောက်ပြီဟ... ခဏလေး”

typing - ကောင်းဆိုး Page 403


နီကိုရဲ မကြည်ပြာနှင့် ချစ်ခြင်း၏ဒုတိယနဂ္ဂတစ်များ
ကျွန်တော်ကားတံခါးကို ဆွဲဖြင့်ဖွင့်ကာ ဆေးရုံထဲ သွေးရူးသွေးတန်း
ဝင်ကာပြေးသွားရင်း တွေ့ရသည့် ဆရာမလက်ကိုဆက
ွဲာ အထိတ်တလန့်
အော်ရသည်။

“ဆရာမ... ကလေး... ကလေးမွေးဖို့၊ ဗိုက်ကြီးသည် ကားပေါ်မှာ


ကားပေါ်မှာ ဆရာမ... မွေးချင်နေပြီ”

ဆရာမက ကျွန်တော့်ကို မျက်မှောင်ကြုံ့ကာ အေးဆေးဆေးပင်


ကြည့်ကာ ဘယ်မှာလဲ!...ဟု မေးသည်။ ကျွန်တော်က ဆေးရုံရှေ့တွင်
ရပ်ထားသောကားကို အရေးတကြီး လက်ညိုးထိုးကာပြရ၏။ အမှန်တော့
ပြစရာပင်မလိုပါ။ ကြည်ပြာ၏ အမလေး အဘလေးအော်သံနှင့်
ကျွန်တော့်နာမည်ကို အော်သံကို အတိုင်းသားကြားနေရသည်။ ဆရာမက
ခပ်အေးအေးပင် ကားနားလျှောက်သွားကာ ပွင့်ဟနေသော ကားတံခါးမှ
အတွင်းသို့ ငုံ့ကာကြည့်၏။ ကျွန်တော် အရေးတကြီးအားကိုးစွာ
ဆရာမနားတွင် ရပ်ရင်းအော်ရသည်။

“ဆရာမ... လုပ်ပါ... မွေးချင်နေပြီတဲ့... လုပ်ပါဦးဆရာမရယ်”

“သိတယ်... စကားမရှည်နဲ့ ခုမှအရေးတကြီးလာမလုပ်နဲ့ ဘာမှ


ကြိုကြိုတင်တင်မရှိဘူး... ဟိုမှာကသေတော့မယ် ရေမွှာတွေပေါက်နေပြီ”

“ဗျာ...!! ပေါက်ကုန်ပြီဟုတ်လား!”

“သွား... စကားကြောမရှည်နဲ့၊ စိတ်ပျက်ဖို့ သိပ်ကောင်းတာပဲ


သွား... ဒီကနေ ပြေး... ဟိုဘက်အကွေ့က အခန်းထဲကိုသွားပြော
ထမ်းစင်ယူလာခဲ့လို့... သွား... သွား”

typing - ကောင်းဆိုး Page 404


နီကိုရဲ မကြည်ပြာနှင့် ချစ်ခြင်း၏ဒုတိယနဂ္ဂတစ်များ
ကျွန်တော် ဆရာမပြရာဘက်သို့ ပြေးရပြန်သည်။ ဆရာမက
ကြည်ပြာရှိရာ ကားနောက်ပိုင်းသို့ ငုံ့ကာဝင်သွား၏။ ဘာပဲဖြစ်ဖြစ်
စိတ်အေးရပြီး ကြည်ပြာဘာမှမဖြစ်ပါစေနဲ့၊ ဆရာမက အသည်းအသန်ဖြစ်မှ
ဆေးရုံသို့ရောက်လာသည်ကို ဒေါသဖြစ်ကာ ကျွန်တော့်ကို ဟောက်နေခြင်း
ဖြစ်သည်။ ကျွန်တော့်တို့ ထမ်းစင်နှင့်ရောက်လာကြပြီး ကြည်ပြာ့ကို
ထမ်းစင်ပေါ်မကာ တင်ကြရသည်။ ကြည်ပြာက အံကိုကြိတ်ကာ
အော်နေဆဲ။

“အမလေး... နော်... နာလိုက်တာ... ရဲဝင်းရေ... အား... အမေရေ”

“ကြည်ပြာ... ကြည်ပြာ... ဆေးရုံကိုရောက်ပြီလေ... ဆေးရုံဟ


သိလား”

“ကဲ... ဟိုကလည်း အခုမှ အသံပြဲနဲ့ အော်မနေနဲ့။ ရှင်ကရော


ဘာလုပ်မှာလဲ... ကျွန်မတို့က ရှင့်ကို ရှောင်ရမှာလား၊ လူနာကို မွေးခန်းထဲပို့
ရမှာလား!”

ဆရာမ၏ ဟိန်းသံဟောက်သံကြောင့် ကြည်ပြာ့နံဘေးမှ ကျွန်တော်


ဖယ်လိုက်ရသည်။ ကြည်ပြာသည် အော်ရင်းဟစ်ရင်းနှင့်ပင် ပါသွား၏။
ကျွန်တော်သတိရကာ ကြည်ပြာ့တို့ နောက်မှခပ်သွက်သက
ွ် လိုက်ရသည်။
ဆေးရုံမှ လူများက ကြည်ပြာ့အော်သံကြောင့် ဝိုင်းကာကြည့်နေကြသည်။
လှေးကားသုံးထစ်ကိုတက်ကြပြီး ညာဘက်သို့ချိုးသည်။ ကြည်ပြာ့ကို
တောက်လျှောက် သယ်သွားကြပြီး အခန်းတစ်ခန်းထဲဝင်သွားကာ
တံခါးကိုပိတ်လိုက်၏။ ကျွန်တော်တံခါးဝတွင် မောလျရင်ခုန်စွာ
ရပ်လိုက်ရသည်။ မွေးခန်းဆိုတာဖြစ်လိမ့်မည် ထင်သည်။ ကြည်ပြာ့
အော်သံကိုလည်း မကြားရတော့။ ကျွန်တော်ပင်ပန်းစွာ သက်ပြင်းကိုချရင်း

typing - ကောင်းဆိုး Page 405


နီကိုရဲ မကြည်ပြာနှင့် ချစ်ခြင်း၏ဒုတိယနဂ္ဂတစ်များ
လျှောက်ကြည့်တော့ ထိုင်ခုံများတွင် မိန်းမသုံးလေးဦးနှင့် ယောက်ျား
နှစ်ယောက် ကျွန်တော့်ကို ကြည့်နေကြသည်။ ဆေးရုံရနံ့ကိုလည်း
အခုမှပင်သတိပြုမိ၏။ တော်ပါသေးသည်။ ကြည်ပြာသည် ဆေးရုံကို
အမှီတော့ ရောက်ခဲ့သည်။ ကျွန်တော် ပင်ပန်းတိတ်ဆိတ်စွာ ထိုင်ခုံတွင်
ထိုင်ချလိုက်သည်။ ဒီနေ့ ဘာတွေဖြစ်ခဲ့သနည်း။ အခုမှသတိရသည်။
ကြည်ပြာ့အိမ်ကိုအကြောင်းကြားရမည်။ တော်ပါသေးသည် ကြည်ပြာ့အိမ်
ဖုန်းနံပါတ်ကို ကျွန်တော် အလွတ်ရနေတုန်းပင်ဖြစ်၏။

“အစ်ကို ဖုန်းဘယ်မှာဆက်လို့ရမလဲ!... ကျွန်တော်အိမ်ကို


အကြောင်းကြားချင်လို့...”

“ဖုန်းလား! မသိဘူးခင်ဗျာ... ဒီအခန်းထဲမှာတော့မရှိဘူး၊ ဟိုဘက်မှာ


ထင်တယ်...”

ကျွန်တော် ဖုန်းဆက်ရန်အထတွင်... တံခါးပွင့်လာကာ ဆရာမ


တစ်ယောက် ထွက်ကာလာ၏။ ခုနက ကျွန်တော့်ကို ဟောက်ခ့ေ
ဲ သာ
ဆရာမပင်ဖြစ်သည်။

“ဟိုကောင်... လာဦး... သေသေချာချာနားထောင်... ကလေး


ကလည်း သားဦး... ရှင့်မိန်းမက မွေးချိန်လွန်နေပြီ၊ ပြီးတော့ အားကလည်း
ကုန်နေတယ်... အဲဒီတော့ ရှင့်မိန်းမကို ခွဲမွေးမှရမယ်... သဘောထူလား!”

“ဗျာ...!! အား တီချယ်အဲဒါ ကျွန်တော့်မိန်းမ....”

“စကားကြောမရှည်နဲ့လေ... ခွဲမွေးမှရမှာ... အဲဒါသဘောတူလား!


မြန်မြန်ပြော... တူရင်ဟောဒီမှာ လက်မှတ်ထိုး...”

typing - ကောင်းဆိုး Page 406


နီကိုရဲ မကြည်ပြာနှင့် ချစ်ခြင်း၏ဒုတိယနဂ္ဂတစ်များ
ဆရာမကစာရွက်တစ်ရွက်ကိုပေးသည်။ ကျွန်တော်ရှင်းပြခွင့်လည်း
မရ၊ ဘာမှလည်းမဆုံးဖြတ်တက်၊ အတွေ့အကြုံကလည်းမရှိသဖြင့်
ဘာပြောရမှန်း မသိတော့။ ပြီးတော့ ကျွန်တော်က သူ့ယောက်ျားလည်း
မဟုတ်၊ ဘာလုပ်ရမလဲ! ကျွန်တော် လက်မှတ်ထိုးလိုက်လို့ တစ်ခုခု
ဖြစ်သွားရင်ရော... မထိုးလို့တစ်ခုခုဖြစ်သွားရင်ရော...

“ဟို... ဆရာမ ခွဲမွေမှရမှာလား! ဗိုက်ကိုခွဲရမှာလား!”

“ခက်ပါလား! ကိုမိချောင်းရဲ့၊ ကျွန်မတို့ သာသာ ဘာကိုပဲခွဲခွဲ


သဘောတူရင်... ဟောဒီမှာ လက်မှတ်ထိုး၊ စိတ်ရှုတ်ဖို့သိပ်ကောင်းတာပဲ”

ကျွန်တော် ဘောလ်ပင်ကို ဆွဲထုတ်ကာ ဘာလုပ်ရမှန်းမသိ


လက်မှတ်ထိုးဖို့ ဆုံးဖြတ်ပြီးသော်လည်း ထိုး၍မရ၊ ကြည်ပြာ့ယောက်ျား
နာမည်ကို ကျွန်တော်မသိ၊ စိတ်ကလှုပ်ရှားလွန်းသဖြင့် ဘာရေးချရမှန်း
မဆုံးဖြတ်တက်၍ ဘောလ်ပင်ကိုလှည့်ကာ... ဘာမှရေးမချနိုင်
ဖြစ်နေသည်ကို ဆရာမက ကြည့်ကာအော်ပြန်သည်။

“အမလေး... တော့... ဝိဇ္ဇာချဲ့နေလိုက်တာ... လုပ်နေလိုက်တာ


ထိုးထိုးကိုယ်တော်.. ဒုက္ခ... ပဲ”

ဘာနာမည်မှန်မသိတော့သဖြင့် ဘာရေးချရမှန်း ဘယ်လိုခြစ်ချလိုက်


ရမှန်း ရှာမရသည့်အတွက် ဖြစ်ချင်ရာဖြစ်စေတော့ဟု သဘောထားကာ
ကျွန်တော့် လက်မှတ်ကိုပင် ခပ်သွက်သွက်ထိုးချလိုက်ရသည်။ ဆရာမက
မျက်စောင်းကိုထိုး မျက်နှာကိုမဲ့ကာ စာရွက်ကိုဖြန်းကနဲ နေအောင်လု
ယူသွား၏။ တံခါးမှမဝင်ခင် ပြန်လှည့်ကာ...

typing - ကောင်းဆိုး Page 407


နီကိုရဲ မကြည်ပြာနှင့် ချစ်ခြင်း၏ဒုတိယနဂ္ဂတစ်များ
“ပြီးပြီရောဆို လျှောက်သွားမနေနဲ့... လူနာက အရေးကြီးတယ်၊
ဒီမှာပဲနေ”

ကျွန်တော် စိတ်ပန်းလူပန်းကာ ထိုင်ခုံမှာ အားအင်ကုန်သွားသူလို


ထိုင်ချလိုက်သည်။ ကျွန်တော် ဘာကိုမှ မစဉ်းစားချင်တော့၊ ကြည်ပြာဘာမှ
မဖြစ်ပါစေနဲ့ဟုသာ ဆုတောင်းရသည်။ အပြင်မှာ မှောင်ရီသန်းဖို့အတွက်
ညနေရီ နေလုံးက တစ်စစ ညိုကာလာနေပြီ။ ကြုံခဲ့ရသည့်အဖြစ် အပျက်
တွေကို ပြန်တွေးကာ ရယ်ရမလို၊ ငိုရမလို အံ့သြရမလို ဖြစ်နေသည်။
သူငယ်ချင်းတွေသိလျှင် ထုံးစံအတိုင်း အံ့သြကာ ရယ်ကြဦးမယ်။
ကြည်ပြာနှင့်ပတ်သက်လျှင် ဘာမှထပ်မံမကြုံတွေ့နိုင်တော့ဟု ထင်ထား
ခဲ့သော ကျွန်တော်သည် ကြုံမယ့်ကြုံတော့လည်း ထုံးစံအတိုင်း အသည်း
အသန်ဖြစ်သည်။ ကျွန်တော်ချစ်ခဲ့သော ကျွန်တော် မုန်းတီးနာကျည်း
ခဲ့သော... ကျွန်တော်ရိုးသားစွာ ခင်မင်ခဲ့ရသော ကြည်ပြာသည် အခန်းထဲမှာ
ဘာတွေဖြစ်နေသည်မသိရ။ ကျွန်တော် ၃၃-လမ်းကို ထွက်ခ့သ
ဲ ည်။
ဒေဝူးကားစီး၏။ ကြည်ပြာနှင့်တွေ့သည်။ ဆင်းတော့ အဖမ်းခံရသည်။
ရင်ထဲမှာမကောင်း၊ လည်ချောင်းထဲမှာ ပန်းသီးနင် ကြည်ပြာထပ်အဖမ်းခံရ။
အခု ဆေးရုံပေါ်မှာ...။ တန်ခိုးအတော်အသင့်ရှိသော နတ်တစ်ပါးပါးကပဲ
နောက်နေသလားဟု တွေးမိကာ ဘာမှမရှိသော အခန်းထဲမှာ
လျှောက်ရှာနေမိသည်။ တန်ခိုးရှိသောနတ်ကိုတော့ မတွေ့ရ။ ကျွန်တော့်ကို
ဟိန်းဟောက်သော ဆရာမအရေးတကြီး ထွက်လာကာ အရေးတကြီး
ပြန်ဝင်သွားပြန်၏။ ကြည်ပြာ ဘာဖြစ်နေပြီလဲ၊ ကြည်ပြာ့ဗိုက်ကြီးကို
ခွဲချလိုက်ပြီလား၊ ကျွန်တော်စိုးရိမ်သွားပြန်သည်။ စိုးရိမ်ခြင်း၊ တုန်လှုပ်ခြင်း၊
အံ့သြခြင်းတို့ဖြင့် ကျွန်တော်အချိန်အတ်ာကြာ အကျဉ်းကျလျှက်ရှိသည်။

typing - ကောင်းဆိုး Page 408


နီကိုရဲ မကြည်ပြာနှင့် ချစ်ခြင်း၏ဒုတိယနဂ္ဂတစ်များ
ထို့နောက် ထိုဆရာမပြန်ထွက်လာကာ တံခါးဝမှနေ၍ ကျွန်တော့်ကို
ခပ်တည်တည်ကြည့်သည်။

“မွေးပြီ... ဘာလေးမွေးလည်းသိချင်လား”

“ဗျာ...!!”

“မွေးပြီလို့... ရှင်က ဘာလိုချင်တာလဲ! ဘာမွေးလည်းသိလား!”

ကျွန်တော် မဖြေတက် ဆရာမကို ငေးနေမိ၏။ ဘာမှမလိုချင်။


ဘာဖြေရမှန်းလည်းမသိ။ ကျန်လူများက ကျွန်တော့်ကို ကြည့်နေ၏။

“ဘာပဲဖြစ်ဖြစ်ပါ... ရပါတယ်”

ကျွန်တော့်စကားကြောင့် ဆရာမက စိတ်ပျက်သွားပုံရ၏။


ကျွန်တော့်ကို အရူးတစ်ယောက်လို့ကြည့်ကာ မဲ့ရွဲ့ပြီး ခေါင်းကိုခါသည်။

“ဘယ်လိုကောင်မှန်းကိုမသိထာ... တကယ်ပဲ ရှားတယ်၊ ယောက်ျား


လေး ယောက်ျားလေး... ဒီနေ့မွေးတဲ့ ဆယ်ရှစ်ယောက်မှာ
ရှင်တစ်ယောက်ပဲပါတာ သိလား၊ ကလေးရော အမေရော ကျန်းမာရေး
ကောင်းတယ်”

ယောက်ျားလေးဆိုသဖြင့် ကျွန်တော်နှင့်အတူ ထိုင်စောင့်နေသူ


များက ဝမ်းသာကြ၏။ ကျွန်တော့်ကို အားကျကာကြည့်ကြသည်။
သူတို့မျက်နှာတွေက ပြုံးကာနေကြသည်။

“ကိုယ်လက်အင်္ဂါစုံလားမေးဦးလေ...”

မိန်မကြီးတစ်ဦးက ကျွန်တော့်ကို ကပ်ကာပြော၏။ ကျွန်တော်


လှည့်ကြည့်ကာ

typing - ကောင်းဆိုး Page 409


နီကိုရဲ မကြည်ပြာနှင့် ချစ်ခြင်း၏ဒုတိယနဂ္ဂတစ်များ
“ဆရာမ... အင်... အင်္ဂါတဲ့... အဲဒါ...”

“စုံတယ်... စုံတယ် အကုန်ပါတယ်၊ အဲဒီကလေးက ရှင်နဲ့


တူရင်တော့ အရူးကလေးပဲနေမှာပဲ”

ဆရာမက မဲ့မဲ့ရွဲ့ရွဲ့ပြောရင်း ရယ်ကာ ကျွန်တော့်ကို မျက်စောင်း


ထိုးပြီးပြန်ဝင်သွား၏။ အထူထိုင်စောင့်နေသူများက ကျွန်တော့်ကို ဝိုင်းကာ
ချီးကျူးကြ၏။ ယောက်ျားလေးမွေးတာ အလွန်ရှားကြောင်း ပြောပြသည်။

“ဆယ့်ရှစ်ယောက်ထဲမှာ ခင်ဗျားပဲပါတာ... ကံကောင်းပါတယ်ဗျာ...


ကျွန်တော်ကလည်း ယောက်ျားလေးလိုချင်တာ… မိန်းကလေး မွေးပြီးပြီဗျ!”

“အေးဟဲ့၊ ယောက်ျားလေးတစ်ယောက်မွေးပြီးရင် ဆက်မွေး


တက်တာ၊ နောက်မွေးရင်လည်း ယောက်ျားလေးပဲနေမှာ...”

“ဒါဆို... ကျွန်တော့် မိန်းမမွေးပါစေဗျာ...၊ ဒါဆို ခင်ဗျားသားက


ကြာသပတေးသားပေါ့နော် ကျွန်တော်လည်း ကြာသပတေးသားပဲ
လိုချင်တာ”

ကျွန်တော် ဘာပြန်ပြောရမှန်းမသိ၊ ဘာမှလည်း မပြောတက်၊


ခံစားမှုက အီလည်လည်၊ ဘာမှရှင်းပြနေလို့လည်းမရသဖြင့် ကြိတ်ကာ
ခံနေရ၏။ ထိုစဉ်ဆရာမနှင့် ထဘီအနီ ဆရာမတစ်ယောက် ထွက်လာ
ပြန်သည်။

“လာ... လာ... ဒီမှာ ကိုယ့်ကလေးတော့ ကိုယ်လာကြည့်၊ ကလေး


ကြည့်ချင်တယ် ဘာတယ်လည်းမပြော၊ ထူးပေါ့ဆန်းပါပေ့၊ ကိုယ်တော်
လာလာကြည့်၊ ပြီးရင် ဘုန်းကြီးသွားဝတ်သိလား၊ ဒီလောက် သမာဓိကောင်း
နေတာ...”

typing - ကောင်းဆိုး Page 410


နီကိုရဲ မကြည်ပြာနှင့် ချစ်ခြင်း၏ဒုတိယနဂ္ဂတစ်များ
ထိုင်စောင့်နေသူတွေအားလုံး ဆရာမထံ ပြုံတိုးသွားသဖြင့်
ကျွန်တော် နောက်မှ ကျန်ရစ်ခဲ့သည်။ နောက်တော့မှ သူတို့က
တောင်းပန်ကာ ဖယ်ပေးကြ၏။ ကျွန်တော်လည်း ဘာမှန်းမသိ ဆရာမ
အနှီးထဲကို ငုံ့ကြည့်တော့ ကျွန်တော် တစ်ခါမှ မမြင်းဘူးသည့်
အချိုးအစားနှင့် လူသေးသေးကလေးကို တွေ့ရသည်။ လက်သီးကလေး
များကို ဆုပ်လျှက်၊ မျက်လုံးများကို မှိတ်လျှက်၊ ပါးစပ်ကလှုပ်လှုပ်ရွရွ
တွန့်ကွေးလျှက်။ ဆရာမက အနှီးကိုပြန်ကာထုတ်လိုက်သည်။

“ကလေးနံပါတ်- ၁၈ ကြားလား၊ မှတ်လည်းထားဦး... ဘာသံမှကို


မထွက်တော့ပါလား၊ ခွဲထားတဲ့ လူနာထက်တောင် ငြိမ်နေသေးလားဟင်း
ဟင်း”

“ကလေးလေးက ချစ်စရာလေးဟဲ့... မျက်ခုံးမျက်လုံး


သိပ်ကောင်းတာပဲ... ဆံပင်ကလည်းကောင်းပ၊ အသားတော့ညိုမယ်”

“ဟာဗျာ”

“ဟုတ်တယ်ဗျ၊... အသားညိုပေမယ့် ညိုချောချောမယ့်ကောင်ဗျ၊


မဆိုးပါဘူး၊ ကလေးက ခင်ဗျားနဲ့ ပိုတူတယ်”

“ဟာဗျာ... မဟုတ်တာ... ခင်ဗျားကလဲ... မဟုတ်ဘူးဗျ မဟုတ်ဘူး”

ကျွန်တော် အပြင်းအထန်ငြင်းလိုက်သော စကားကြောင့် ဝိုင်းပြော


သူများက ကျွန်တော့်ကို ကြောင်ငေးကာ ကြည့်နေကြသည်။ ကျွန်တော်
ဘာပြောရမှန်းမသိ၊ ရမ်းသန်ပြီး ဒီကလေးကဘယ်လိုလုပ် ကျွန်တော်နဲ့
တူနိုင်မှာတဲ့လဲ!...။ ကျွန်တော်ဘာမှမပြောဘဲ လှည့်ကာထွက်ခ့သ
ဲ ည်။
လူတွေဟာ တစ်ဦးနဲ့တစ်ဦး မသိတဲ့နောက်လည်းတွေ့မှာ မဟုတ်တဲ့

typing - ကောင်းဆိုး Page 411


နီကိုရဲ မကြည်ပြာနှင့် ချစ်ခြင်း၏ဒုတိယနဂ္ဂတစ်များ
ခဏကလေးတောင်မှ ညာနေကြတာပဲဟုတွေးမိသည်။ ဖုန်းဆက်ခွင့်
တောင်းကာ ကြည်ပြာတို့ အိမ်ကို ဖုန်းဆက်ရသည်။ ကြည်ပြာ့အမေက
ကိုင်၏။ ကျွန်တော်ပြောပြတော့ သဘောမပေါက်။

“အေး... အေး... မင်းသူငယ်ချင်းမမွေးသေးဘူးကွယ့်၊ ဒီလကုန်


ဆိုလားပဲ ဗိုက်သွားပြတယ်... ဘာမှာမလို့လဲ့!”

“မဟုတ်ဘူးအန်တီ... ကြည်ပြာမွေးပြီ အခုဆေးရုံပေါ်မှာ


ကျွန်တော်နဲ့ တွေ့ပြီးမွေးတာ... ယောက်ျားလေး... တဲ့”

“ဘာ! မင်းနဲ့တွေ့ပြီး မွေးတာဟုတ်လား!... ဘယ်လို...!”

ကျွန်တော် ဇာတ်ရည်လယ်အောင်ရှင်းပြတော့မှ ဆူညံကာ


သွားကြသည်။ အခုလာမယ်ဟုဆိုသည်။ ကျွန်တော်ကို စောင့်နေပေးပါဟု
ကြည်ပြာ့အမေကမှာသည်။ ထူးခြားရင် ဖုန်းထပ်ဆက်ပါ။ ကျွန်တော်
ဖုန်းခွက်ကိုချကာ အကြာကြီးငြိမ်နေမိသည်။ အခန်းထဲကိုလည်း ပြန်မဝင်
ချင်၊ ခုနက မိန်းမတွေနှင့် ထပ်မတွေ့ချင် ဆရာမကိုလည်း ထပ်ရင်မဆိုင်ချင်
တော့။ ကြည်ပြာ နေကောင်းလျှင်ပြီးရော....။ ကျွန်တော် မီးတွေ
လင်းလာသော ကားလမ်းမကို ငေးကြည့်နေမိရင်း ဘာကိုတွေးနေရမှန်းမသိ
ဖြစ်နေခဲ့သည်။ သေချာတာကတော့ ကြည်ပြာသည် ကျွန်တော့်ကို
အမှတ်တရဖြစ်သွားလိမ့်မည်။ ခုနှစ်နှစ်ချစ်ခ့ရ
ဲ တာထက် ဒီနေ့သည်ပို၍
အမှတ်တရ ကြည်နူးစရာအမှတ်တရ။ မိန်းမများသည် ပထမမွေးရသည့်
သားဦးအကြောင်းကို မကြာခဏပြောလေ့ရှိကြသည်။ ဘယ်နှစ်ရက်
ဗိုက်နာတာ... ဘယ်လိုမွေးရတာ သူ့သားမလိမ်မာ၍ ဆုံးမလျှင်လည်း
ကြည်ပြာသည် ထိုစကားကိုဒေါသဖြင့် ပြောလိမ့်ဦးမည်။ ရည်းစားဦးထက်
သားဦးမွေးခြင်းသည်ပို၍ မမေ့နိုင်သော မိန်းကလေးတို့၏ အမှတ်တရ

typing - ကောင်းဆိုး Page 412


နီကိုရဲ မကြည်ပြာနှင့် ချစ်ခြင်း၏ဒုတိယနဂ္ဂတစ်များ
ဖြစ်သည်။ ထိုသို့ ပြောတိုင်း၊ တွေးတိုင်း ဆိုဆုံးမတိုင်း ကြည်ပြာသည်
ကျွန်တော့်ကို သတိရနေလိမ့်မည်ဟု ကျွန်တော်ထင်သည်။ ကြည်ပြာနှင့်
ကျွန်တော်ကြုံတွေ့ရင်ဆိုင်ခဲ့ရသော လွဲချော်မှုများစွာထဲတွင် အခုလေ
ွဲ ချာ်
မှုကို ကြည်ပြာကျေးဇူးအတင်ဆုံး အမှတ်ရဆုံး ဖြစ်နေလိမ့်မည်။
ကျွန်တော့်ကြောင့် ကြည်ပြာ အကြိမ်များစွာ ဒုက္ခခံခ့ရ
ဲ သော်လည်း
ဤလွဲချော်မှုတစ်ခုတည်းသာနှင့်ပင် ကြည်ပြာသည် ကျန်သည့် ဒုက္ခများကို
ခွင့်လွတ်ကျေနပ်နိုင်လိမ့်မည်ဟု ကျွန်တော်ထင်သည်။ ကျွန်တော်တွေးရင်း
ပီတိဖြစ်ကာလာ၏။ ရင်ထဲမှာ ပျော်ရွှင်ကာ ပင်ပန်းရသမျှကို ပျောက်ကယ
ွ်
သွားသည်။ ကြည်ပြာ နေကောင်းပါစေဟု လှိုက်လှိုက်လှဲလှဲကျေနပ်စွာ
ဆုတောင်းပေးလိုက်သည်။

ထိုစဉ် ဆူဆူညံညံဖြင့် ကြည်ပြာ့အမေရောက်လာသည်။


ကျွန်တော့်ကိုတွေ့တော့ အပြေးအလွှား အမောတကောမေးသည်။

“သား... ရဲဝင်း... သမီး... သမီးလေး...”

“OK တယ် အန်တီ၊ သားလေးမွေးတာ... ကြည်ပြာ့လည်း


နေကောင်း တယ် အင်္ဂါလည်းစုံတယ် အခန်းအမှတ်လား ကလေး
အမှတ်လား ၁၈...တဲ့”

ကြည်ပြာအမေက ကျွန်တော့်လက်ကို လွှတ်ချကာ အခန်းထဲသို့


ပြေးဝင်သွား၏။ ကျွန်တော်လစ်မှဖြစ်တော့မည်၊ တော်ကြဟိုဆရာမနဲ့
တွေ့လျှင် အမှန်တိုင်းသိလျှင် ကျွန်တော့်ကို ရယ်ကြမှာသေချာသည်။
လစ်မှ။ ကျွန်တော်ပေါ့ပါးစွာ လှေကားထစ်များကို အဆင်းတွင်..။

typing - ကောင်းဆိုး Page 413


နီကိုရဲ မကြည်ပြာနှင့် ချစ်ခြင်း၏ဒုတိယနဂ္ဂတစ်များ
“သား... သား... သားလေးတဲ့၊ ကြည်ပြာမွေးတာသားလေးတဲ့
သား... သား” ဟုအော်လာသော လူကြီးတစ်ယောက် ပြေးကာတက်လာပြီး
ဆင်းလားသော ကျွန်တော့်ကို ဝင်ကာတိုက်သွား၏။ လူပုံကထွားထွား
ဗိုက်ရွှဲရွှဲ... အသက်က လေးဆယ်ကျော်လောက်ရှိမည် လက်မှာလည်း
အမွှေးကြီးတွေ ပေါက်ကာနေ၏။ ကျွန်တော်လှေကားမှ ပြုတ်ကျ
မသွားရအောင် မနည်းထိမ်းလိုက်ရသည်။ ထိုလူကြီးကတော့ သိဟန်မတူ။
တသားသားဖြင့် လှေကားကိုပြေးကာတက်သွား၏။ ကြည်ပြာ့
ယောက်ျားပင်ဖြစ်လိမ့်မည်။ ကျွန်တော့် စိတ်ထဲတွင် ဖေါ်မပြနိုင်သော
ဝေဒနာက ပေါ်ကာလာ၏။ ကြည်ပြာ့ ယောက်ျားက ထွားလှပါသလား!
အသက်ကလည်းကြီးလှပြီ...။

ကျွန်တော့်ရင်ထဲတွင် ခုနက ရရှိထားသော ပျော်ရွှင်မှုကလေးများ


ပျောက်သွားကာ ဘာမှန်းမသိဖြစ်သွားပြန်သည်။ ကျွန်တော် စိတ်ရှုပ်ထွေး
စွာဖြင့် လှေကားထစ်ကလေးများကို ပြေးဆင်းကာ ဆေးရုံကြီးကို
ကျောခိုင်းလိုက်သည်။ ကျွန်တော်နောက်တွင် ကလေးမွေးသည့်
ဆေးရုံသည် မီးတထိန်ထိန် လူသံတညံညံဖြင့် ကျန်ရစ်ခ့၏
ဲ ။
ကျွန်တော်သက်ပျင်းကို လေးငါးခါထပ်ကာချရသည်။ ကြည်လင်မှုက
ပျောက်သွားကာ ဘာကြောင့်မှန်းမသိ ဝမ်းနည်းကာ လာပြန်၏။ ပြီးမှာ
အိတ်ကပ်ထဲတွင် ကျွန်တော်ဝယ်ခဲ့သော စီကရက်ကို သတိရကာ
ထုတ်ကြည့်တော့ တစ်လိပ်ကသောက်မရအောင် ပျက်စီးသွားပြီး
တစ်လိပ်ကတော့ ပျော့ခွေကာနေသဖြင့် ဆွဲဆန့်ကာ မီးညှိပြီးအားရပါးရ
ဖွာပစ်လိုက်သည်။ ကျွန်တော့်ရင်ထဲတွင် ဘာတွေဖြစ်နေပြန်သနည်း။
အခုမှသတိရသည်။ ကျွန်တော့် လွယ်အိတ်ထတ
ွဲင် ကြည်ပြာ့ ပိုက်ဆံအိတ်၊
ထီးနှင့် အိုဂျီစာအုပ်တို့ ကျန်ခဲ့သည်။ အခုပြန်မပေးချင်တော့

typing - ကောင်းဆိုး Page 414


နီကိုရဲ မကြည်ပြာနှင့် ချစ်ခြင်း၏ဒုတိယနဂ္ဂတစ်များ
နောက်မှပြန်ပေးတော့မည်။ ကျွန်တော်ခေါင်းငိုက်စိုက်ချကာ ဆေးရုံရှေ့တွင်
ရပ်ထားသော ကားများရှေ့မှ ဖြတ်လျှောက်လာခဲ့သည်။ ကျွန်တော့်
ရင်ထဲတွင် တမျိုးကြီးကို ခံစားနေရသည်...။ ခုနကလို ကြည်လင်းခြင်း
မရှိတော့ ရှုတ်ထွေးနောက်ကြည့်ကာ အရာရာသည် ဆုံးရှုံးသွားသလို
ဝမ်းနည်းစရာလို ဖြစ်နေခဲ့သည်။ ကျွန်တော်... ဘာမှ အင်အားမရှိတော့ဘဲ
ခေါင်းငိုက်စိုက်ကိုကျသွားခဲ့သည်။ ထိုစဉ်... ကျွန်တော့်လက်ကို ဖျတ်ခနဲ
လှမ်းဆွဲသည်ကို ခံလိုက်ရသည်။

“ကိုယ့်ဆရာ... ဘယ်နှယ်လဲ! အခုတော့ မြင်တောင်မမြင်တော့


ဘူးလား!”

အံ့သြစွာ လှည့်ကြည့်တော့ ကျွန်တော်တို့ငှားလာသော “ကက”


ကားဆရာ!။ သွားပြီ။

“ဘယ်လိုလဲမွေးပြီးခဲ့ပြီလား! ဘာလေးမွေးလဲ!”

ကားဆရာက ပြုံးကာ ဒရိုင်ဘာနေရာတွင်ထိုင်ရင်း ကျွန်တော့်


လက်ကို မလွှတ်တမ်း ဖမ်းဆွဲကာမေးသည်။

“ယောက်ျားလေးတဲ့...”

“ဟား... ခင်ဗျားကံကောင်းတာပေါ့! ကျုပ်တော့ကောင်းကောင်း


စားရတော့မယ်ထင်တယ်... ဟုတ်လား!... ဟားဟား... ကျေးဇူးကလေး
ဘာလေးတောင် မတင်တော့ဘူးလား! ကျုပ်မှာ နောက်က ဆိုဖာကို
ဆေးလိုက်ရတာဗျာ ဒါပေမယ့် ကိစ္စမရှိပါဘူး... ကလေးမွေးတာက
ကံကောင်းတက်ပါတယ် ကျုပ်လည်းမိန်းမနဲ့ ကလေးတွေန့ပ
ဲ
ကိုယ်ချင်းစာတယ် တစ်ခါကျုပ်ကားပေါ်မှာ အဲဒီလို ဖြစ်သွားပြီးတော့

typing - ကောင်းဆိုး Page 415


နီကိုရဲ မကြည်ပြာနှင့် ချစ်ခြင်း၏ဒုတိယနဂ္ဂတစ်များ
ထီပေါက်တာဗျာ ငါးသောင်းဆု၊ကဲ... အိမ်ပြန်ပြီး ပစ္စည်းတွေဘာတွေ
ယူဦးမှာမဟုတ်လား! တက်”

ကျွန်တော်ဘာမှ ပြန်မပြောနိုင်ဘဲ ကားဆရာကို ငေးကာကြည့်နေ


မိသည်။ ကားဆရာကပြောချင်တာပြောပြီး ဘာသံမှမထွက်သော
ကျွန်တော့်ကို သတိထားမိသွားကာ သေသေချာချာကြည့်သည်။

“ခင်ဗျားဘာဖြစ်လို့လဲ! ခင်ဗျားမိန်းမရော... ခင်ဗျားမိန်းမ


ဘာဖြစ်လို့လဲ!”

ကျွန်တော့်ကို အထိတ်တလန့်ဖြင့်မေးသည်။ ကျွန်တော် သက်ပြင်း


ချကာ ခေါင်းကို ခါပြလိုက်သည်။

“ဘာမှမဖြစ်ပါဘူး... ဘာမှမဖြစ်ဘူး.. ကားခက ဘယ်လောက်ပေးရ


မှာလဲ!”

“စောင့်ရတာကို ဒီကိုလာတာရော... အိမ်ပြန်ပြီး ဒီပြန်လာမှာရောကို


တော့ ငါးရာတော့ပေးပေါ့ဗျာ... နာရီနဲ့ပဲယူတာပါ”

“ကဲ... ဒီပြန်မလာတော့ဘူး အိမ်ကိုပဲမောင်းတော့...”

ကျွန်တော်ပြောပြီး ရှေ့ခေါင်းမှာကွေ့ကာ ရှေ့ခန်းတံခါးကို ဆွဖ


ွဲင့်ပြီး
အားအင်ချိနဲ့စွာ အရုပ်ကြိုးပြတ်ထိုင်ချလိုက်ရသည်။ ကားဆရာက ကားကို
စက်မနိုးသေးဘဲ ကျွန်တော့်ကို နားမလည်နိုင်စွာ ငေးကြည့်နေသည်။

“ခင်ဗျားမိန်းမ ဘာမှမဖြစ်ဘူးဆိုတာ ဟုတ်ရဲ့လားဗျာ...


ဘာဖြစ်နေတာ လဲ”

typing - ကောင်းဆိုး Page 416


နီကိုရဲ မကြည်ပြာနှင့် ချစ်ခြင်း၏ဒုတိယနဂ္ဂတစ်များ
“ဟာ... ဘာမှ မဖြစ်ဘူးဗျာ... သူနေကောင်းပါတယ်... ဒါပေမယ့်
အဲဒါ ကျွန်တော့်မိန်းမ မဟုတ်ဘူးဗျာ... ကျွန်တော့်မိန်းမ မဟုတ်ဘူး”

“ဗျာ...!!”

ကားဆရာက အံ့သြကာကျွန်တော့်ဘက်ကို ငုံ့ကိုင်းကာ


ပါးစပ်များကို ဖွင့်ဟလျက် ခေါင်းတိုးကာလာသည်။

“ဟုတ်တယ်... အဲဒါ ကျွန်တော့်မိန်းမမဟုတ်ဘူး... ဒီလိုဗျာ


ဖြစ်ပုံက.................................................”

ထိုနေ့သည် နေပူ၍ လေတိုက်ခတ်သော ကြာသပတေးနေ့


ဖြစ်လေသည်။ ထို့ထက်ပို၍ ပြောရလျှင် ထိုကြာသပတေးနေ့သည်
မနက်ပိုင်းတွင် လက်တွေ့ရှိသည် နေ့တစ်နေ့ဖြစ်ပြီး လက်တွေ့ ဆင်းပြီးသော
အခါ အတန်းတက်ချင် စိတ်မရှိသော တက္ကသိုလ်ကျောင်းသား တို့၏
ထုံးစံအတိုင်း...............................

ဤသို့
ချစ်
ခဲ့

ပါ
သော
မကြည်ပြာ။

typing - ကောင်းဆိုး Page 417

You might also like