You are on page 1of 50

ရွှေ ရွှေ

ဝါ ၀ါ

ရောင် ရောင်

တော် တော်

လှန် လှန်

ရေး ရေး

၅ ၅

နှစ် နှစ်

ပြည့် ပြည့်

သြရသ

ရဲရင့်သက်ဇွဲ
1
၂၇ စက်တင်ဘာ ၂၀၁၂
ချစ်သောမေမေနှင့်ပြည်သူလူထုကြီးအား

ဦးထိပ်ထားလျက် .......

ရွှေဝါရောင်တော်လှန်ရေးကြီး ( ၅ ) နှစ်ပြည့်တင
ွ်
အသက်စွန့် 

သွားကြသောရဟန်းသံဃာတော်များ ကျောင်းသား ပြည်သူ

လူထုကြီးအား ဦးညွှတ်ဂုဏ်ပြုပူဇော်သော .........

ဒေါင်းသင်္ကန်းတို့ အလံနှင့်ရွှေဝါရောင်ခံစားချက်များ

ကဗျာစာအုပ်အား ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့ ကြီး၏ နိုင်ငံတကာ

လူ့ အခွင့်အရေးကြေညာစာတမ်း အပိုဒ် ၁၉ အရ တရားဝင်

ထုတ်ဝေ ဖြန့် ချိသည်။

မူပိုင် - ရဲရင့်သက်ဇွဲ

မျက်နှာဖုံးနှင့်အဖွင့်ကဗျာ ...- သြရသ

စာအုပ်အပြင်အဆင် - ရဲရင့်

2
ကဗျာရဲ့  နူးညံ့သိမ်မွေ့ သော အစိပ္ပာယ် ဖော်နိုင်
စွမ်းကြောင့် လွပ်လပ် မှုမရှိတဲ့ လူ့  အသိုင်း
အ၀ိုင်းတွေ မှာ ကဗျာ လက်နက် ကိုသုံးပြီး
ကိုယ်ပိုင် လွပ်လပ်မှု လေးများ ရှာကြံ ထွင်ယူ
ရတာဟာ အဖိနှိပ်ခံ လူသား အားလုံး သိကြ မှာပါ။
တနည်းအားဖြင်ဆိုရရင် ကဗျာဆရာ
ဆရာမများဟာ ဖိနှိပ် ချုပ်ချယ် တဲ့ အာဏာပိုင်တွေ
နဲ့  ဉာဏ်ခြင်း ယှဉ်ပြိုင် ဖို့  အမြဲ စိမ်ခေါ်
နေတယ်လို့  ဆိုနိုင် ပါတယ်။
4
SAFFRON REVOLUTION

ေ နွေ နှာ င်း ၀ သ န် ရဲ့  မှာ တ မ်း ရှ ည်

(အောင်ဝေး)

တံတားအောက်မှာ မြစ်ရေတွေ စီးဆင်းသွားခဲ့ကြပြီ။

ညတုန်းက ဟိုးအဝေးကြီး ဥရောပမှာနေတဲ့ “ရဲရင့်သက်ဇ“ွဲ က၊ အစ်ကိုရေ…


ကျနော့်ကဗျာစာအုပ်အတွက် အမှာစာလုပ်ပါဦး ဆိုပြီး၊ အွန်လိုင်းပေါ်ကနေလှမ်းသတိ

ပေးသည်။ မစ်ရှီဂန်ညက၊ အေးအေးနွေးနွေးကလေး နက်လာနေသည်။ အိမ်အပြင်မှာ

လေညင်းတိုးနေသလား။ ကျနော် မှန်ပြတင်းပေါက်ကနေ လှမ်းကြည့်လိုက်တော့၊


သစ်ပင်မှောင်မှောင်တွေ မိုးတိုးမတ်တတ်။သစ်ရွက်တွေ နားရွက်မခတ်။

ဟော…သိတ်တောင်မကြာလိုက်။ နားထောင်နေတဲ့ အာရ်အက်ဖ်အေရေဒီယိုက၊


ဒေါ်အောင်ဆန်းစုကြည်ရဲ့ အမေရိကန်ခရီးစဉ်အကြောင်းလွှင့်နေတုန်းပဲ၊ ရုတ်ဆို
မိုးစက်မိုးပေါက်တွေ ပြတင်းပေါက်မှန်တွေကို တဖျန်းဖျန်းလာရိုက်ပါလေရော။

ဒီမှာ နွေက ကုန်တော့မယ့်ဆဆ


ဲ။ အခုလို မိုးသည်းသည်းသွန်သွန်ရွာချလိုက်တော့၊
အိမ်ထဲမှာထိုင်နေတဲ့ စိတ်ကလေးက ဘယ်ဆီလွမ်းမိ တမ်းမသိ ဖြစ်လို့ သွားပါတယ်။ ဒီမှာ
ဆိုတာက မိုးက အစိုးရတာမဟုတ်။ ရွာချင်တဲ့အချိန်ရွာတာ။ ဆောင်းဦး၊
ဆောင်းနှောင်းမှာလည်း မိုးကရွာရင် ရွာတာပဲ။ နွေဦး၊နွေနှောင်းမှာလည်း
မိုးကရွာချင်ရွာတာပဲ။ ရွာပြန်ရင်လည်း အမုန်းရွာတာကလား။ အခုဟာကတော့ နွေ

ကုန်ခါနီးမှာ ပုန်ကန်ပြီးရွာတဲ့မိုး။ သူပုန်မိုး။ အို…တကယ့်ကို နွေနှောင်းဝသန်ပါပဲလား။

ဒီမှာ စက်တင်ဘာက နွေနှောင်းရာသီ။ အမိတိုင်းပြည်ကလေးမှာတော့ စက်တင်ဘာက


မိုးရာသီစစ်စစ်။ ဒီက စက်တင်ဘာညချမ်း အေးချမ်းသလောက်၊ ကျနော့်တိုင်းပြည်အဝေးက၊
စက်တင်ဘာညချမ်းတွေကော အေးချမ်းပါ့ မလား။ အသည်းစိုင်မှာ နာခံခက်တဲ့ နေ
့စဆ
ွဲိုးတွေ၊ ကျနော်တို့ ရဲ့ စက်တင်ဘာမှာ၊

ကျနော်တို့ ပြည်သူတွေ အလိုမတူဘ၊ဲ ရေးထိုးခဲ့ကြတယ်။ကျနော်တို့ ပြည်သူအားလုံးဟာ


စက်တင်ဘာ(၁၈)ရက်ဆိုရင် မုန်းတယ်။ ဒီနေ့ ဒီရက်စွဲကို ပြက္ခဒိန်ပေါ်ကနေ
ကျနော်တို့ ဖယ်ထုတ်ပစ်ချင်တယ်။လွန်ခဲ့သော(၂၄)နှစ်က၊ အဲဒီလို စက်တင်ဘာလမှာ၊
စက်တင်ဘာ(၁၈)ရက်နေ့ မှာ၊ စစ်တပ်ကအာဏာသိမ်းခဲ့တာ မဟုတ်လား။
စက်တင်ဘာနှင်းဆီတွေ တင့်ကားဘီးအောက်မှာ မွမေ
ွ ကြခဲ့တာပေါ့ ။

5
စစ်တပ်က အာဏာသိမ်းလိုက်တဲ့အတွက်၊ရှစ်လေးလုံးအရေးတော်ပုံမြစ်မကြီးရဲ့ 

ရေစီးအဟုန်တုံ့ သွားရတယ်။ မြင်းကို ဇက်ခွံ့ လိုက်သလိုပ။ဲ မြစ်ဟာ ဇက်ခွံ့ ခံလိုက်ရပေါ့ ။


ဒါပေမဲ…
့ ။

ရာဇ၀င်အရိုင်းမခံတဲ့ မြစ်မကြီးဟာ၊ အခြေအနေတစ်မျိုးပြောင်းပြီး၊ မြစ်ငယ် မြစ်နုတွေ


အများအပြားကွဲမြွှာထွက်ပြီး ဆက်လက်ခွဲဖြာစီးဆင်းခဲ့တယ်လေ။ ဆိုပါတော့…
အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်ဟာ မြစ်ငယ်တစ်စင်း။
လူ့ ဘောင်သစ်ဒီမိုကရက်တစ်ပါတီဆိုတာ မြစ်နုတစ်သွယ်။ နောက်ထပ် ဆိုပါ

ဦးတော့၊ မကဒတ( ABSDF ) လို့ ခေါ်တဲ့ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ


ဒီမိုကရက်တစ်တပ်ဦး(ကျောင်းသားတပ်မတော်) ကလည်း မြစ်ငယ် မြစ်နု
တစ်ခုပဲမဟုတ်လား။တစ်ချိန်မှာ၊ မြစ်ငယ် မြစ်နုတွေအားလုံး၊ မြစ်မကြီးတစ်ခုအဖြစ်
အင်နဲ့ အားနဲ့ ပြန်လည်ပေါင်းစည်းလာမယ့် အနေအထားတစ်ရပ်ကို ကျနော်တို့ 

ပြည်သူတွေ မျှော်လင့်စောင့်စားနေခဲ့ကြတယ်။ မြစ်ငယ် မြစ်နု အသီးသီးဟာ


အကျဉ်းထောင်တွေထဲကို ဖြတ်သန်းစီးဆင်းခဲ့ကြတယ်။ ယက္ခကုမ္ဘန်အထပ်ထပ်၊
ခြံတံခါးသော့ခတ်ထားတဲ့နေအိမ်အကျယ်ကြီးထဲမှာ ဖြတ်သန်းစီးဆင်းခဲ့ရတယ်။

ငှက်ဖျားပိုးနဲ ဝ
့ါးပိုးမျှစ်စား၊ တောကြမ်းတောင်နက်တဲ့ နယ်စပ်က ကတုတ်ကျင်းတွေထဲ

ဖြတ်သန်းစီးဆင်း၊ မြစ်ငယ်တစ်စင်းချင်း၊ မြစ်နုတစ်သွယ်ချင်း၊ ဘ၀တွေ၊ အသက်တွေ


ရင်းနှီးပေးဆပ်ခဲ့ကြပြီ။ ဘယ်အချိန်မှာများဒီမြစ်ငယ် မြစ်နုတွေအားလုံး၊တစည်းတလုံးတည်းနဲ
မဟာနဒီ

မြစ်မကြီးတစ်ခုအဖြစ်ကို ပြန်လည်ရောက်ရှိလာပါ့ မလဲ။ မျှော်လင့်ပေါ့ ။

မျှော်လင့်တော့ ချစ်သူ။

နယ်စပ်မှာ န၀တစစ်အစိုးရကလက်နက်ကိုင်အင်အားစုတစ်ခုချင်းစီကိုချဉ်းကပ်ပြီး၊

ငြိမ်းချမ်းရေးကမ်းလှမ်းလိုက်တော့၊ ငြိမ်းချမ်းရေးကို အသက်လောက်မြတ်နိုးတဲ့

သူပုန်တွေ အပစ်အခတ်ရပ်စဲလိုက်ကြတယ်။အပစ်ရပ်လိုက်တော့ ဘာဖြစ်သလဲ။

န၀တ၊ နောင် နအဖ စစ်အစိုးရက လက်နက်ကိုင်တော်လှန်ရေးသမားတွေ

အပေါ် အပြတ်ရစ်တော့တာပဲပေါ့ ။ အပစ်ရပ်တော့ အပြတ်ရစ်ခံရပြီပေါ့ ။

ပြည်တင
ွ်းမှာ စစ်အာဏာရှင်အစိုးရက အကျဉ်းထောင်တံခါးတွေကို ခဏခဏ

6
ဖွင့်လိုက်ပိတ်လိုက်လုပ်တယ်။ လူတိုင်းဟာ နရသိန်အိပ်မက်တွေကိုယ်စီနဲ့ ။ ပြည်တင
ွ်းက
နိုင်ငံရေးဟာ အကြမ်းမဖက်၊ လက်နက်မကိုင်၊ အဖမ်းခံနိုင်ငံရေးဖြစ်တယ်။

တစ်နည်းအားဖြင့် နရသိန်ပေါ်လစ်တစ် ဆိုပါတော့။ နိုင်ငံရေးတက်ကြွ လှုပ်ရှားသူ

မှန်သမျှ စစ်အစိုးရက ဖမ်းဆီးနှိပ်စက် ထောင်ချနေတဲ့ခေတ်။ ဗမာပြည်အကျဉ်း

ထောင်တွေဟာအကြမ်းမဖက်တော်လှန်ရေးတက္ကသိုလ်တွေဖြစ်လာတယ်။

အဲဒီ တက္ကသိုလ်တွေကနေ၊ ဆေးသားရဲရဲတင်ထားတဲ့ ဓားကောင်းဓားထက်တွေ


ထွက်လာတယ်။ တူသား ပေသားကျနေတဲ့သံမဏိနှလုံးသားတွေ ထွက်လာတယ်။
ငယ်ရွယ်နုပျိုတဲ့ သူပုန်မျိုးဆက်သစ်တွေ ထွက်လာတယ်။

စစ်အာဏာရှင်စနစ်ကို အပြီးအပိုင်မြေမြှုပ်သင်္ဂြိုဟ်ပစ်မယ်ဆိုတဲ့ ယုံကြည်ချက်တွေ

နဲ့ ပေါ့ ။ ယုံကြည်ချက်ကတော့ ဘယ်တော့မှ မသေ။

ရှစ်လေးလုံးအရေးတော်ပုံကြီး(၁၉)နှစ် ပြည့်တဲ့ အချိန်မှာတော့၊ အဲဒီမသေတဲ့ယုံကြည်

ချက်ကပဲ၊ နောက်ထပ်အရေးတော်ပုံအသစ်တစ်ခုကိုမွေးဖွားပေးလိုက်ပါတယ်။

ဒါကတော့ ၂၀၀၇ စက်တင်ဘာ ရွှေဝါရောင်တော်လှန်ရေးပါပဲ။

ဒီတစ်ခါမှာတော့၊ အရေးတော်ပုံရဲ့ ဦးဆောင်မှုအခန်းကဏ္ဍက ပြောင်းလဲသွားခဲ့ပြီ။၁၉၈၈


တုန်းကအရေးတော်ပုံကို ကျောင်းသားတွေက ဦးဆောင်ခဲ့တယ်။ ဒီတစ်ခါမှာတော့ ၂၀၀၇
ဟာ၊ သံဃာတွေ ဦးဆောင်ခဲ့တာပါ။ သံဃာတွေ ဦးဆောင်လို့ ဒါကို
သံဃတော်လှန်ရေးလို့ ခေါ်လို့ မရပါဘူး။ ဒါဟာ လူထုတော်လှန်ရေး

ပဲ။ လူထုအရေးတော်ပုံပ။ဲ ဒါကို ရွှေဝါရောင်တော်လှန်ရေး လို့ ပ၊ဲ တစ်ကမ္ဘာလုံးက


ခေါ်ခဲ့ကြတာပါ။ ၂၀၀၇ အခင်းအကျင်းက ရှင်းရှင်းလင်းလင်းကလေးပါ။
ဒေါ်အောင်ဆန်းစုကြည်က နေအိမ်အကျယ်ချုပ်ကျနေဆဲ။
မင်းကိုနိုင်တို့ တစ်အုပ်စုလုံးအကျဉ်းထောင်ထေ
ဲ ရာက်သွား။ အင်န်အယ်လ်ဒီ က

လည်း ခြေချုပ်ကျနေတုန်း။ ဒီအချိန်မှာ သံဃာတွေက ( ၁၉၈၈ တုန်းက စစ်တပ်က


အာဏာသိမ်းခဲ့တ)ဲ့ စက်တင်ဘာ(၁၈)ရက်နေ့ မှာ၊ နအဖ စစ်အစိုးရကို စတင်တိုက်ပေ
ွဲ ခ်ါပြီး
လမ်းပေါ်ထွက်လာခဲ့ကြတာပါပဲ။

စက်တင်ဘာ(၂၄)နဲ (့ ၂၅)ရက်တွေမှာ၊ အထွေထွေသပိတ်ကြီးဆင်နွှဲနိုင်တဲ့အထိ


တိုက်ပအ
ွဲ ရှိန်ကဒီရေမြင့်သစ် တက်ခဲ့တာပါ။ ဒါပေမဲ့ စက်တင်ဘာ(၂၆) ကစပြီး နအဖ
စစ်အစိုးက သံဃာနဲ့ လူထုကို ရက်ရက်
7
စက်စက် အကြမ်းဖက်ချေမှုန်း၊ ဘုန်းကြီးကျောင်းတွေကို အဓမ္မ၀င်ရောက် စီးနင်းတိုက်ခိုက်၊
မြင်မြင်သမျှဖမ်းဆီးထောင်ချ၊ မဟုတ်မမှန် လုပ်ကြံ ပြီး သတင်းစာရှင်းလင်းပွေ
ဲ တွလုပ်တော့

တာပဲမဟုတ်လား။

စက်တင်ဘာဟာ သံဃသွေးနဲ့ စွေးစွေးနီခဲ့တယ်။ အသည်းနာ ကမ္ဘာမကြေတဲ့ ချင်းချင်းရဲရဲ

စက်တင်ဘာပါပဲ ရွှေဝါရောင်ရေ...။

အခုတော့ ရွှေဝါရောင်တော်လှန်ရေး(၅)နှစ်ပြည့်ခဲ့ပြီ။

ကျနော်တို့ မမေ့နိုင်ကြသေးပါဘူး။ မေ့လို့ လည်း မရပါဘူး။

အဲဒီလို မမေ့နိုင်တဲ့သူတွေထဲမှာ ရဲရင့်သက်ဇွဲ လည်းပါတယ်။

ကျနော်တို့ ရွှေဝါရောင်တော်လှန်ရေးကြီးဆင်နွှဲကြတဲ့အချိန်က၊ သူ(ရဲရင့်သက်ဇ)ွဲ က ဂျပန်မှာ။

ဂျပန်နိုင်ငံရောက် မြန်မာ့အရေးလှုပ်ရှားသူတွေနဲ့ ထပ်တူ၊


သူ့ ရင်ထဲမှာလည်း ရွှေဝါရောင်နာကျင်မှုတွေအပြည့်။

အခုတော့ သူက ဆေးကုသခံဖို့ ဖင်လန်နိုင်ငံကိုရောက်ရှိနေပါတယ်။


ဘယ်နေရာရောက် ရောက်သူ့ ရင်ထဲက ရွှေဝါရောင်နာကျင်မှုတွေက ဘယ်တော့မှ မပျောက်။

အခု သူက ရွှေဝါရောင်တော်လှန်ရေး(၅)နှစ်ပြည့်အထိမ်းအမှတ်အဖြစ်၊ သူရေးခဲ့တဲ့ ရွှေဝါရောင်

ခံစားမှုတွေကိုစုပြီး၊ ကဗျာစာအုပ်ကလေးထုတ်မလို့ တဲ့၊ အဲဒါ ကိုအောင်ဝေး


အမှာစာရေးပေးပါတဲ့လေ။ ခက်တာပဲ သက်ဇရ
ွဲာ။ တကယ်က သူ အမှာစာတောင်းရမှာက၊
ရွှေဝါရောင်တော်လှန်ရေးမှာဦးဆောင်ခဲ့တဲ့၊ ဒါမှမဟုတ် တက်ကြွစွာပါဝင်ခဲ့တဲ့ သံဃာတစ်ပါးပါး

ဆီကပဲ ဖြစ်သင့်တာပါ။ ကျနော်ကဘာကောင်မှ မဟုတ်။

ပြည်တင
ွ်းက တချို့ ပုဂ္ဂိုလ်တွေစွပ်စသ
ွဲ လို၊ ကြောက်လို့ ပြည်ပကိုထွက်ပြေးတဲ့

သူတွေထဲက တစ်ယောက်သာပဲ။ ဘာကောင်မှ မဟုတ်။ သမိုင်းကဆုံးဖြတ်လိမ့်မည်။

မစ်ရှီဂန်နွေညချမ်းကတော့၊ မိုးရေနူးပြီးစိုအိနေပါပြီ။ ဘယ်သူ မျက်ရည်ကျနေတာလဲ။


အိမ်အပြင်မှာ စက်တင်ဘာမိုးကလည်း မတိတ်သေး။ စိတ်ထဲက မကျေမနပ်
လွမ်းဆွတ်နာကျင်လာသည်။

ဘာကိုလ။ဲ ဘယ်သူ့ ကိုလ။ဲ

ဆရာမောင်စွမ်းရည်ရေးခဲ့သလို “ ဘောင်းဘီသာချွတ်၊ မချွတ်သေနတ်“ ဆိုတဲ့၊


8
အရပ်သားအစိုးရ ဆိုတာကိုလား။ ဒီအစိုးရကိုယုံကြည်မျှော်လင့်ပြီး လက်ခံပေါင်းသင်းနေတဲ့

သူတွေကိုလား။ မနေ့ တစ်နေ့  တုန်းကတော့ ပြည်တော်ပြန်တွေကို သံပုံးတီးလွှတ်ကြသည်။

ဒီနေ့ တော့ ရှစ်ဆယ့်ရှစ်တွေကို ဆန္ဒပြနေကြဲ ပြန်ပြီ။

ကိုယ့်အချင်းချင်းတွေချည်း တိုက်ခိုက်နေကြပါလား။

အရပ်သား(စစ် )အစိုးရကို ဘေးမဲ့ပေးထားလိုက်ကြပြီလား။

ကျနော်တို့ ကို အယုံသင


ွ်းနေပြီ။ ကျနော်ကတော့၊ ဒေါ်အောင်ဆန်းစုကြည်နဲ့ မတူ၊
သမ္မတဦးသိန်းစိန်ကိုလည်း မယုံ။ သူ့ အစိုးရကိုလည်း မယုံ။
ပြည်တင
ွ်းမှာ ပြောင်းလဲနေပြီဆိုတာကိုလည်း ကျနော် မယုံ။

ရဲရင့်သက်ဇွဲကိုတော့ ပြည်သူ့ ဘက်က ရပ်တည်တဲ့ ကဗျာဆရာမို့ ၊ ယုံကြည်လို့ ၊


ဒီအမှာစာကိုရေးပေးလိုက်ပြီ။

သူ ရောက်နေတာက…ဖင်လန်။

ကိုယ် ရောက်နေတာက…အမေရိကန်။

အိုဘယ်…
့ နွေနှောင်းဝသန်ရယ်။ ။

အောင်ဝေး

(စက်တင်ဘာ ၁၈-၂၀၁၂)

9
ဆရာမ မေငြိမ်း

ရဲရင့်သက်ဇဆ
ွဲိုတဲ့ နာမည်ကို ကြားရင် ကျမ အမြဲ တွေးလိုက်မိတာက
အံ့သြစရာ ကောင်းလောက်အောင်ကို ကဗျာနဲ့ ရှင်သန်နေထိုင်သူ ဆိုတဲ့
ဝိသေသ နဲ့ပါ၊ ဟုတ်ပါတယ်၊ အမြဲတမ်း ကဗျာ နဲ့။
အထူးသဖြင့် မြန်မာ့နိုင်ငံရေးကို အမြဲ ရင်ထဲ ထည့် ခံစားထားတဲ့
ကဗျာတွေတွေနဲ့ပဲ ကျမ သူ့ကို အမြဲ တွေ့ရတာပါ၊ ခု သူက ရွှေဝါရောင်
သံဃာ့တော်လှန်ရေးအကြောင်း ကဗျာတွေ ရေးထားသမျှ ကဗျာ ပေါင်းချုပ်
စာအုပ် ကလေး တအုပ် လုပ်မယ်ဆိုတော့လည်း ကျမက ထူးပြီး မအံ့သြ
တော့ပါဘူး၊ သူက ကျမကို အမှာစာလေး ရေးပေးပါတဲ့၊ တကယ်က ကျမ
ကိုယ်တိုင် ကဖြင့် ကဗျာတပုဒ် အနိုင်နိုင် ရေးထွက်သူ၊ သူ့လို
ကဗျာသန္ဓြေွ အောင်သူ မဟုတ်၊ ဒီတော့ ကျမက သူ့ရဲ့ လေးနက်တည်ငြိမ်တဲ့
ကဗျာဖန်တီးမှုတွေအတွက် အလေး အမြတ် ပြုရုံမှ တပါး၊
အထူးတခြားပြောစရာ မရှိပါ၊ ပြီးတော့ ကျမက ကဗျာ ဆိုတာ--- ပြီးတော့
အနုပညာဆိုတာ -- ရိုးသားမှု၊ ရဲရင့်မှု၊ တောက်ပမှု နဲ့ ယုံကြည်ခံစားမှုသာ
လိုတယ်လို့ ခံယူတဲ့သူ ဖြစ်တဲ့အခါ-- ရဲရင့်သက်ဇဟ
ွဲာ ကျမအတွက်တော့
ပီပီသသ ကဗျာဆရာ၊ အဲဒီအခါ သူ့ကဗျာတွေဟာလည်း သူ့အလိုလို ပကတိ
တန်ဖိုးနဲ့ တောက်ပ ထည်ဝါပြီးသား ဖြစ်လိမ့်။

မေငြိမ်း

စာရေးဆရာ။

၁၉-ဝ၉-၂ဝ၁၂၊

10
……. ခံစားချက်များ ကဗျာစုသို့ 

လိုရမယ်ရ

သင်္ကန်း

မြင့်မြတ်သော ၀တ်ရုံတော်။

ရွှေဝါရောင်

သာသနာ ထွန်းပမှု။

စက်တင်ဘာ

ကဗျာတွေ မုန်တိုင်းထတဲ့ လ။

ကျနော်တို့  နှလုံးသားထဲမှာ

ထာဝရ ကိန်းဝပ် စံပယ်တော်မူနေမှာ။

၅ ရောင်ခြယ် အလံများရဲ့ 

ချီတက်ရာ လမ်းကြောင်းများ

တရားကို ဓမ္မနဲ့  ပြဌာန်းခဲ့မှုများ။

မောင်လွမ်းဏီ

၂၆ - ၉ - ၂၀၁၂

11
ဘားမားတူဒေးအယ်ဒီတာချုပ် ကိုမြင့်လှိုင်

ရဲရင့်သက်ဇဆ
ွဲိုတဲ့ ကလောင်အမည်ကို လွန်ခဲ့တဲ့ ဆယ်နှစ်ခန့်က စတင် ရင်းနှီးခဲ့ပါတယ်။
ရဲရင့်သက်ဇွဲ ဆိုတဲ့ ကလောင်အမည်ကို မရင်းနှီးမီ ကိုသက်လင်းဆိုတဲ့ ဂျပန်က အာဟာရစာစောင်
အယ်ဒီတာကို စတင် သိကျွမ်းခဲ့ပါတယ်။ ဆယ်နှစ်ဆယ်မိုး ကြာတဲ့အထိ သူနဲ့ ကျွန်တော်နဲ့ လူချင်း
ကိုယ်တိုင်ကိုယ်ကျ တခါမှ မဆုံဆည်းခဲ့ပါ။ တဦးနဲ့ တယောက် လူချင်း မတွေ့ဆုံကြသေးပေမယ့်
ကျွန်တော်တို့နှစ်ဦးဟာ နှလုံးသား၊ ခံယူချက်၊ ရပ်တည်ချက် တသားထည်း တထပ်တည်း
တနေရာထဲမှာ အမြဲ အတူရှိနေခဲ့ကြပါတယ်။

အဘဦးတင်မိုး ဂျပန်ကို ရောက်တော့ ကိုစိုးဝင်းရှိန်တို့ အိမ်မှာ တည်းပါတယ်။ အဲဒီအချိန်က


အာဟာရ စာကြည့်တိုက်ကို ကိုစိုးဝင်းရှိန်တို့ ဆက်လက် လုပ်ကိုင်နေပြီး အာဟာရစာစောင်ကို
ကိုသက်လင်းတို့အဖွဲ့ က ဆက်လက် ထုတ်ဝေနေချိန် ဖြစ်ပါတယ်။ ဂျပန်ရောက်နေတဲ့
အဘဦးတင်မိုးက ဂျပန်ကမိတ်ဆွေတွေအကြောင်း ပြောပြတော့ ကိုသက်လင်းအမည်ကို
ကြားမိပါတယ်။ နောက် ကိုသက်လင်းက ကျွန်တော့်ဆီ ဖုန်း လှမ်း ဆက်ပါတယ်။ အဲဒီအချိန်က
Burma Today ကို အားလုံး စတင် အာရုံစိုက်လာကြတဲ့

အချိန် ဖြစ်ပါတယ်။

၂၀၀၃ ခုနှစ်မှ စတင်ကာ ပြောဆို သိကျွမ်းလာကြပြီးတဲ့နောက် ရဲရင့်သက်ဇန


ွဲ့ ရန်နိုင်ထွန်း
(လွတ်မြောက်နယ်မြေ - ကိုရီးယား) တို့ဟာ Burma Today ရဲ့
ပင်တိုင်ကဗျာဆရာတွေ ဖြစ်လာပါတယ်။ စာ၊ ကဗျာ၊ မီဒီယာ၊ နိုင်ငံရေး စတဲ့ သံယောဇဉ်တွေနဲ့
ရစ်ပတ်လာခဲ့ကြတဲ့ ရင်းနှီးမှုတွေအကြား ယုံကြည်တဲ့ အလုပ်ကို (ဘယ်နေရာ ရောက်နေနေ၊
ဘယ်လို အခက်ကြုံကြုံ) တစိုက်မတ်မတ် လုပ်ကိုင်နေခဲ့၊ လုပ်ကိုင်နေသူ ဖြစ်ခြင်းဟာ
ရဲရင့်သက်ဇရ
ွဲ့ ထူးခြားချက် ပါ။ သူ့ရဲ့ နောက်ထပ် ထူးခြားချက်တခုကတော့ ပုံစံမျိုးစုံနဲ့
ကြုံတွေ့ရတတ်တဲ့ လောကဓံလှိုင်းတွေကို တည်ကြည် ခိုင်မာတဲ့ သူ့ ယုံကြည်ချက်တွေနဲ့
ကြံ့ကြံ့ခံ ဖြတ်သန်းနိုင်ခြင်း ဖြစ်ပါတယ်။

ရဲရင့်သက်ဇွဲ ဟာ တော်လှန်ရေးကဗျာ၊ နိုင်ငံရေးကဗျာတွေ ရေးတဲ့ ကဗျာဆရာ ဖြစ်ပါတယ်။


ခေတ်စနစ်ကို ထင်ဟပ်တဲ့၊

12
သူ့ယုံကြည်ချက်နဲ့ ပြည်သူတွေရဲ့ ဝေဒနာကို ထပ်ဟပ်တဲ့
ကဗျာတွေ ရေးသားသူ ဖြစ်ပါတယ်။ ဒီကနေ့ ခေတ် ကဗျာဆရာတွေ
အများဆုံး ရေးသားတဲ့ လွတ်လပ်တဲ့ ကဗျာပုံစံနဲ့ ကဗျာ ရေးဖွဲ့ သူ ဖြစ်ပါတယ်။
၁၉၈၀ လွန် ခေတ်တွေက ကျွန်တော်တို့ ရူးသွပ် ခံစားခဲ့တဲ့ ကဗျာရေးဖွဲ့ တဲ့ ပုံစံကို
ကဗျာချစ်သူတွေ၊ မိတ်ဆွေတွေ၊ ခေတ်စနစ်တွေရဲ့
စမ်းသပ်မှုတွေကို ကျော်ဖြတ်ကာ ရဲရဲကြီး မှတ်ကျောက်တင်ခံနိုင်တဲ့
ကဗျာဆရာ ဖြစ်ပါတယ်။

ရဲရင့်သက်ဇွဲဟာ ဗုဒ္ဓဘာသာရဲ့ အဆိုအမိန့်တွေကို ကောင်းကောင်း နားလည်တဲ့


အစ္စလာမ်ဘာသာဝင်တဦး ဖြစ်ပါတယ်။ အစ္စလာမ်ဘာသာဝင်တွေဟာ
အစွန်းရောက်တတ်တယ်လို့ ယူဆလေ့ ရှိကြပါတယ်။ သို့သော်လည်း သူနဲ့
ကျွန်တော်တို့နဲ့အကြားမှာ ကိုးကွယ်တဲ့ ဘာသာကို အခြေခံတဲ့ သဘောကွဲလမ
ွှဲု
လုံးဝ မရှိခဲ့သလို ဖြစ်ပေါ်တတ်တဲ့ မတူညီမှုတွေကို ကြိမ်ဖန်များစွာ တသွေးထည်း
တသားထည်း ကျော်ဖြတ်နိုင်ခဲ့ကြပါတယ်။

ရဲရင့်သက်ဇွဲဟာ ပါကင်စဲန်ရောဂါရှင်တဦး ဖြစ်ပါတယ်။ ပါကင်စဲန်ရောဂါကို


အလွယ်ဆုံး ဥပမာနဲ့ ပြောရရင် ဟဲဗီးဝိတ် လက်ဝှေ့ကျော်
မိုဟာမက်အလီ ဖြစ်နေတဲ့ ရောဂါလို့ ပြောနိုင်ပါတယ်။ ရောဂါရှင်ဟာ
သူ့ရဲ့အကြောတွေကို ရံဖန်ရံခါ (သိ)ု့ အမြဲလိုလို ခက်ခက်ခခ
ဲ
ထိန်းကျောင်းရတတ်ပါတယ်။ အဲဒီလို ရောဂါရှင်တဦး ဖြစ်နေသော်လည်း
ရဲရင့်သက်ဇွဲဟာ သူ့ဇနီးနဲ့ သားသမီးရဲ့ ၀န်တာတွေ၊ စာပေ၊ တော်လှန်ရေး၊
နိုင်ငံရေးနဲ့ လူမှုရေးတာဝန်တွေကိုမပျက်မကွက်ထမ်းဆောင်နေသူ ဖြစ်ပါတယ်။

ရဲရင့်သက်ဇွဲမှာ ကဗျာစာအုပ် ထုတ်လိုတဲ့ ဆန္ဒ ပြင်းပြင်းပြပြ ရှိပါတယ်။


အဲဒီ ပြင်းပြတဲ့ ဆန္ဒကိုလည်း မဖြစ်ဖြစ်အောင် အကောင်အထည် ဖော်ပါတယ်။
ပြင်းပြတဲ့ ဆန္ဒရဲ့ စေ့ဆော်မှုအတိုင်း ရဲရင့်သက်ဇွဲ ကဗျာစာအုပ်တွေကို
13
ဖန်တီးပါတယ်။ ဖန်တီးမှုတွေကို ခံစားသူ၊ ဖတ်ရှုသူများက ခံစား ဖတ်ရှု ဝေဖန်
သုံးသပ်ကြပါတယ်။ လူတစ်ကိုယ် အကြိုက်တစ်မျိုးဆိုသလို ရဲရင့်သက်ဇရ
ွဲ့
ကဗျာတွေကို နှစ်ခြိုက်သူ ရှိသလို သဘောမကျသူတွေလည်း ရှိကြမှာပါ။

ကျွန်တော်ကတော့ သူ့ကဗျာအားလုံးကို နှစ်ခြိုက်ပါတယ်။

လေးစားလျက်

မြင့်လှိုင်

အယ်ဒီတာ

Burma Today

စက်တင်ဘာ ၁၇ ရက်၊ ၂၀၁၂ နေ့လည် ၁၂ နာရီ ၅၁ မိနစ်

နယူးယောက်မြို့

14
စကားစမြည်

ရဲရင့်အောင်

ရွှေဝါရောင်အဆင်းနဲ့စက်တင်ဘာ ပန်းခင်းကြီးဟာ ၅ နှစ်


သက်တမ်း ပြည့်ခဲ့ပေမယ့် သူ့ရင်ထဲမှာတော့ ငွားငွားစွင့်စင
ွ့်ပင
ွ့်လန်းတုန်း၊
တင့်ဆန်းတုန်း … ။

‘‘ရွှေဝါရောင်လှိုင်းများ တလိမ့်လိမ့်တက်လို့၊ လူမဆန်စွာ


ရက်စက်မှုတွေကရွှေရောင်တွေကို မမှောင်မိုက်စေဘူး’’ (ဒေါင်းသင်္ကန်းတို့ရဲ့
အလံ)

မေတ္တာပို့သံတွေက တော်လှန်ရေးဆန်ဆန်ဘဝဂ်ညံခ့တ
ဲ ယ်။
ဒီတရားဓမ္မတွေဟာ ကမ္ဘာတခွင်ပတ်၊ သူ့ရင်ခင
ွ်ထဲ ဖြတ်လာခဲ့တာ တကယ့်ကို
ရဲရရ
ဲ င့်ရင့်ရှင်သန်တုန်း၊ တိုက်ပွဲဝင်တုန်း …။

‘‘ဒါဟာ … ငရဲပွက်သံ သွေးပျက်သံ မဟုတ်၊


ကျောင်းသား ပြည်သူရဟန်းရှင်လူတို့ရဲ့ ရဲရင့်တဲ့
တိုက္ပေ
ွဲ ခ်ါသံ ဖြစ်တယ်’’ (မှောက်ကျသွားတဲ့ စက်တင်ဘာ ညနေခင်းထဲမှာ)

သံဃာ့မြေမှာ မိစ္ဆာ ဒိဋ္ဌိတွေကထုံးလိုချေ ရေလိုနှောက်ခ့ေ


ဲ ပမယ့်
သာသနာ့စွမ်းပကားဟာ သူ့ရင်ဘတ်မှာ မြင့်မြင့်မားမားရုန်းကြွတုန်း၊
လက်ခမောင်းခတ်တုန်း …။

‘‘လှေခွက်ချည်းကျန် အလံမလှ၊ဲ ဒေါင်းသင်္ကန်းတို့ရဲ့ သာသနာ့အလံလေမှာ


ဝဲနေဦးမှာ အမှန်ပ’ဲ ’ (ဒေါင်းသင်္ကန်းတို့ရဲ့ အလံ)

15
ရွှေဝါရောင်ဒီလှိုင်းဟာသွေးစီးကြောင်းတွေ၊ ခြင်းခြင်းနီ မုန်တိုင်းတွေအဖြစ်
သူ့နှလုံးအိမ်မှာ ကြွားကြွားဝံ့ဝံ့ရိုက်ခတ်တုန်း၊ အားကောင်းတုန်း …။

‘‘ရွှေဝါရောင်ဒီလှိုင်းများ ရိုက်ခတ်လာပုံက၊ ဟောဒီ


ရင်ဘတ်တွေတောင်မှကျောက်သား ကျောက်ဆိုင်လို
မာကျောမနေနိုင်တော့ဘူး’’ (ရင်ကွဲနာ)

ကမ္ဘာမကြေ ကဗျာတေးသွားတွေကိုဟစ်အော်ပြီး လူရမ်းကား


မိစ္ဆာ စစ်ဘီလူးတွေနဲ့ ပြဒါးတလမ်း သံတလမ်း ကြံ့ကြံ့ခံ
ရပ်တည်နေကြသူတွေ၊ပြည်သူတွေဆီ နှလုံးသား အပ်နှံနေသူတွေကို
ရဲရင့်သက်ဇွဲက ကဗျာတွေနဲ့ အလေးပြုထားလေရဲ့…။

‘‘တကယ်တော့ … သူ့ရဲ့ လက်ဖဝါးပေါ်မှာ တဆတ်ဆတ် တုန်ခါနေတာ


သူ့နှလုံးသားမဟုတ်ဘူး၊
စွန့်လွှတ်ပေးဆပ်သူများရဲ့ နှလုံးသားသာ ဖြစ်နေတော့တယ်’’ (ကြက်ဥအရောင်
တိမ်တောင်သဖွယ)်

သစ္စာအားဖြင့်

ရဲရင့်အောင်
သြစတြေးလျား

16
လူတိုင်းလူတိုင်းဟာ ကိုယ့်ယုံကြည်ချက်နဲ့ ကိုယ်ပေ
ဲ လ။
ယုံကြည်ချက်တူသူတွေ စုစည်းမိကြတော့ အရောင်တူငှက်တွေ

လို့  ငါက ဆိုလိုက်ချင်တယ် ။

ရွှေဝါရောင်တော်လှန်ရေးကြီးဟာ မပြီးဆုံးသေးသော ငါတို့ ရဲ့ 

တိုက္ပေ
ွဲ တွကို သွေးသစ်လောင်းပေးခဲ့တာဖြစ်တယ်။

သံဃာတော်တွေရဲ့  သတ္တိနဲ့သွေးဟာ ငါတို့ ချစ်တဲ့ ဧရာဝတီ

မြစ်ကြီးလို အရေးပါတယ်။ ငါတို့ ခေတ်ရဲ့  ဒေါင်းအာဇာနည်

ဘာမထီတွေကို ငါအစဉ်တစိုက် ဦးခိုက်ရင်းနဲ့  ငါ့ နှလုံးသွေးနဲ့ 

ရေးတဲ့ ကဗျာတေးတွေနဲ့  ပူဇော်လိုက်တယ်။

17
ကျေးဇူးကြီးလှပါတယ် ..... အရှင်ဘုရားတို့ 

ရောက်လာပါပြီ
ငါတို့ အား တစ္ဆေတကောင်လို
ချောက်လှန့် သောနေ့ ရက်များ
သွေးစွန်းလက်များရဲ့ 
အကြင်နာကင်းမဲ့သမှု့ 
ဟောဒီမှာ နာကာအိခန်းဂျီး
အသက်နဲ့ လဲပြခဲ့လေတယ် ....။

တကယ်တော့ ဒီလဟာ
ငါးပါးသာမက
သံဃာစင်ပါမှောက်တ့လ

နတ်လူသာဓုခေါ်စေသော်ဝ်
ကြေးစည်သံ ပျောက်တ့လ

တဖုန်းဖုန်း တ၀ုန်းဝုန်းရိုက်သံဟာ
ဗုဒ္ဒဘာသာ မြန်မာနိုင်ငံကြီးရဲ့ 
အုန်းမောင်းခေါက်သံ အလား …..

မကြားဝံ့မနာသာ ယုတ်ရင့်ကြမ်းတမ်း
အပယ်လားမယ့်လမ်းမှာ
တုတ်တပျက် သေနတ်အလက်လက်နဲ့ 
ငရဲသားများရှေ့ မှောက်
ဦးမညွှတ် ဦးမငိုက်
မင်းတို့ ထက်မိုက်တယ်
ပြည်သူအတွက်တိုက်တယ်
ဒကာတို့ 
:)
18
အတ္တာဟိ အတ္တနော နာထော
အပ္ပမာဒေန သမ္ဗာဒေန တရားများနဲ့ 
နိုးထကြလော …….

ရွှေဝါရောင်တွေရဲ့ 
သွေးချင်းချင်းနီတဲ့လမ်းမှာ
တို့ မေတ္တာစွမ်း ကမ္ဘာလွှမ်း ငြိမ်းချမ်းကြပါစေ
လူအချင်းချင်းနှိပ်စက်ချင်း ကင်းဝေးကြပါစေ
အသံတွေ …. အသံတွေ …. အသံတွေ
ပဌာန်းရွတ်ပွဲလို အသံမစဲ ရွတ်ကြဟေ့
ကမ္မ၀ါဖတ်သလိုမျိုး မရပ်မနားရွတ်ဖတ်ကြဟေ့
အဲသလို ရွတ်ဖတ်ရင်း အသက်စန
ွ့် ခြဲ့ ကတာပါ
အဲသလို ရွတ်ဖတ်ရင်း ထောင်ထရ
ဲ င်ကော့ဝင်ခြဲ့ ကတာပါ
ကျေးဇူးကြီးလှပါတယ် …. အရှင်ဘုရားတို့  …..။

ရွှေဝါရောင်တော်လှန်ရေးကြီး ၅ နှစ်ပြည့်ကို
ငါ …တမ်းတပူဇော်နေတုန်း
မန္တလေးက ဘုန်းဘုန်းတို့ 
သမတကြီးကိုထောက်ခံကြောင်းဆန္ဒထုတ်ဖော်ပုံကို မြင်ရတော့
(သံတူကြောင်းကွ)ဲ
လွန်ခဲ့တဲ့ ၅နှစ်က သံဃာတော်အရှင်မြတ်တွေရဲ့ 
စွန့် လွှတ်ပေးဆပ်မှုကို ပြည်သူတွေ
ပြန်ပြောင်းသတိရကောင်းစေတဲ့အတွက်
မချစ်သော်လည်း အောင့်ကာနမ်းလိုက်တယ်
အရှင်ဘုရားတို့ လည်း ကျေးဇူးကြီးလှပါတယ် …..။

ရဲရင့်သက်ဇွဲ
၀၂၀၉၂၀၁၂
19
မှောက်ကျသွားတဲ့ စက်တင်ဘာညနေခင်းထဲမှာ

စက်တင်ဘာရဲ့ ညနေခင်းတခု
ပက်ပက်စက်စက် မှောက်ကျသွားပုံများ
ရေဒီယိုထဲက မိစ္ဆာတို့ရဲ့ နတ်ဆိုးထိုးသံတွေ
လမ်းများပေါ်ကို
နှလုံးသားတွေထဲကို
ဖိတ်စင်လင
ွ့်ကျလာသည်အထိ .....။

ကမ္ဘာမကြေ တေးသံဟာ
မှောက်ကျသွားတဲ့ ညနေခင်းထဲမှာ
တောက်တောက်ပပနဲ့ အလျှံတညီးညီး

“လက်ချင်းချိတ်ထားကြ”
“ကြောချင်းကပ်ထားကြ”
“အရှုံးမပေးဘူးကွ”
“လမ်းတွေပိတ်ထားကြ”
“သစ်ပင်တွေ လှဲထားကြ”
“သပိတ်စခန်းတွေကို အခိုင်အမာ ကာကွယ်ကြ”
“ရရင်ရ မရရင်ချ”
ဒါဟာ..... ငရဲပွက်သံ သွေးပျက်သံမဟုတ်
ကျောင်းသား ပြည်သူ ရဟန်းရှင်လူတို့ရဲ့
ရဲရင့္တဲ့ တိုက္ပေ
ွဲ ခ်ါသံဖြစ်တယ် .....။

မှောက်ကျသွားခဲ့တဲ့
စက်တင်ဘာရဲ့ညနေခင်းတခုဟာ
အော်ဂလီဆန်စရာ
ငါတို့ရဲ့ အနာဂတ်တွေအပေါ်မှာ
20
ငါတို့ရဲ့ မျိုးဆက်တွေအပေါ်မှာ
ငါတို့ရဲ့ နိုင်ငံတော်အပေါ်မှာ
ကပ်ရောဂါဆိုးတခုလို အမြစ်တွယ်နေချိန်မှာ
ငါတို့တတွေရဲ့ ညီညွတ်ရေးဆိုတာကလည်း
မျက်မမြင်ပုဏ္ဏားခြောက်ယောက် ဆင်စမ်းသလိုမျိုး
*အိပ်ရေးမဝသေးတဲ့ ဝက်ဝဝကြီးလို
ဒီယိုင် ဟိုထိုး ကိုယ်ကျိုးနည်းစရာချည်းသာပ .....။

ရဲဘော်တို့ရေ .....
အဆုံးသတ်တိုက်ပွဲထဲမှာ
ဂမ်ဘာရီကို မေ့ထားလိုက်
ဘန်းကီမွန်းကို မေ့ထားလိုက်
ပြည်ပအကူအညီတွေ မေ့ထားလိုက်
သင်တို့ရဲ့ ပြင်းပြတဲ့ စိတ်ဆန္ဒကိုသာ
ယုံကြည်ချက်လေးပေါ်တင်ပြီး ပစ်လိုက်စမ်းပါ၊
မှောက်ကျသွားတဲ့ စက်တင်ဘာညနေခင်းထဲမှာ
လွတ်မြောက်ခြင်းတေးသံနဲ့ သမိုင်းသစ်ကိုဖင
ွ့်လှစ်ကြမယ်.....။ ။

(* ကဗျာဆရာတိုက်မောင်း၏ ‘ကုလားထိုင်စိုက်ပျိုးရေး’ ကဗျာမှ စာသား)


ရဲရင့်သက်ဇွဲ

21
အလွမ်းသင့် ကျိန်စာမြစ်ထဲက ပန်းတပွင့်၏ အတ္ထုပ္ပတ္တိ

မေမေ
ဒုက္ခကို အရောင်ဆိုးထားတဲ့ ခေတ်ပျက်ကြီးထဲမှာ
ကျနော်ဟာ အမေ့ရဝ
ဲ့ န်ထုပဝ
် န်ပိုးကြီးပါ၊
အမေပြောနေကြစကား
မိဘကျေးဇူး မသိတတ်တာလေးကလွဲလို့ 
အလွန်လိမ္မာတဲ့သား ၊ မှတ်မှတ်ရရမှတ်သားရင်း
တိတ်ဆိတ်စွာ သားကောင်အနံ့ ကိုရတဲ့
မုဆိုးတယောက်ရဲ့ စိတ်လူပ်ရှားမှုမျိုးနဲ့ 
နူတ်ဆက်ခခ
ွဲာ
အနာဂတ်သစ်တွေရှိမယ့်နေရာ
ထွက်ခွာသွားပေါ့ ။

နှစ်ဆယ့်တနှစ် တဲ့
အလွမ်းသင့်ကျိန်စာမြစ်ထဲမှာ
အကြိမ်ကြိမ်နစ်လို့
အိမ်ပြန်ချင်တဲ့ စိတ်မှာ
ကျနော်တမ်းတ
မေမေ့ အမည်နာမတခုသာ
ကြယ်ကြွေတွေကြားမှာ
သားတွေရဲ့  ကံကြမ္မာ
မေမေ့ရဲ့ ၀ဠ်ကြွေးတွေများလား
ငမိုက်သားများက်ု ခွင့်လွှတ်ပ ။
22
မေမေ
အိပ်မပျော်တဲ့ ညများမှာ
ကောင်းကင်ကိုမော့ကြည့်
ကြယ်တွေကို ရည်တွက်ရင်း
လရဲ့မျက်နှာပြင်မှာ
သားတွေရဲ့ ပုံရိပ်ကိုရှာ
ဆွေးမြေ့စွာကြေကွဲ
အိပ်မက်တွေက သတိတရနဲ့
မေမေ့အပေါ် လဲပြိုပိကျ
ကျနော့်အပေါ်လဲပြိုပိကျ ။

မေမေရေ
ပြန်လည်ကြားယောင်မိပေါ့
(သူပုန်မိခင်တရား ၂၁နှစ်ကြာလည်းမခါး)
သူရေ
ဲ ကာင်းတို့ရဲ့ အမွေ
တဘ၀မှာ တခါသာ သေ
သားရေ
တဘ၀မှာ တခါသာသေသတဲ့
အားကြီးတဲ့ ရန်သူရှေ့မှာ

23
နှမ်းတစေ့လောက်တောင်
အကြောက်တရားနဲ့ မဖောက်ပြားလေနဲ့
မေမေ့ကို ဖမ်းဆီးနှိပ်စက်
အဲဒီအတွက်လည်း စိတ်မပူနဲ့
မတရားတဲ့ အမိန့်အာဏာဟူသမျှ
တာဝန်အရ ဖီဆန်ကြရမှာပဲ မဟုတ်လား ။

နှစ်ဆယ့်တနှစ်လုံးလုံး
ဗေဒါပန်းထုံး နှလုံးမူပြီး
စောင့်ခဲ့ရတာပါ
အခုမှတော့
သန်းခေါင်ထက် ညဉ့်မနက်တော့ပါဘူး
သန်းခေါင်ထက် ညဉ့်မနက်တော့ပါဘူး ။

ရဲရင့်သက်ဇွဲ

24
“အပ်ကြောင်းထပ်နေတဲ့ ဓာတ်ပြားတချပ်ရဲ့  ”

ဘယ်လိုနည်းနဲ့ မှ
ခွင့်လွှတ်နိုင်စရာ
အကြောင်းမရှိတော့ဘူး
ဒင်းတို့ တတွေရဲ့ 
လည်ချောင်းသွေးနဲ့ 
ငါ ခြေဆေးလိုက်ချင်တယ် ၊

ဝေသာလီပြည် ဘီလူးစီးတော့
မေတ္တာသုတ်နဲ့  အောင်နိုင်ပေမယ့်
တံပိုးခရာသံတွေအဖြစ် ပြောင်းသွား
ဗမာပြည် စစ်ဘီလူးစီးတာ
တာတွေပါတယ် ၊
မေတ္တာသုတ်နဲ့ တင်မလုံလောက်တဲ့အချိန်
တကမ္ဘာလုံးက
မည်သို့ ပင်ဖြစ်စေ
ဘုန်းကြီးတစ္ဆေကို
အတုံ့ အလှည့်များအတွက်
ကမ္မ၀ါဖတ်ပြဘို့ 
ဒီကမ္ဘာမှာ
ကြိုးစားနေကြတယ် ၊
ငါတို့  အသက်ရှင်နေထိုင်တယ်
ငါတို့  အသက်ရှင်နေထိုင်တယ်
ကျုပ်တို့ အတွက်မှာတော့
ငါတို့  အသက်ရှင် နေ ထိုင်
အပ်ကြောင်းထပ်နေတဲ့
ကြတယ်
ဓာတ်ပြားတချပ်ရဲ့  နာကျည်းမှုထဲ
ဥတုသုံးပါးလုံးရဲ့  ပေးဆပ်မှုတွေပါတယ် ။
ပေဖြစ်တုန်းကအိပ်မက်
ပိုင်ရှင်မဲ့သွားတဲ့ ဖိနပ်ကလေးများရဲ့ 
အနာဂတ်အတွက်
ကြေကွဲပုံရိပ်များ ပါတယ်
တူတလက်ရဲ့  သမိုင်းဟာ
နက်နက်ရှိုင်းရှိုင်း အမြစ်တွယ်နေတဲ့
အရင်းအနှီးများစွာနဲ့ 
အလျော်အစားတွေပါတယ်။
စောင့်နေလေရဲ့ ၊
စွန့် လွှတ်စွန့် စားသွားသူများရဲ့ 
အရိုးတွန်သံတွေဟာ
ရဲရင့်သက်ဇွဲ
ပွသ
ဲိမ်းတိုက်ပအ
ွဲ တွက်
25
လာမယ့်ဘေးပြေးတွေ့ 

ရောက်လာမယ့် အဓမ္မ နေ့ ရက်များအတွက်


ဇာတ်တူသား စားသူများရဲ့ 
အလိုတူ အလိုပါတွေက
မိုးတွင်းဖားတွေလို
သူခိုးသေဖော်ညှိကြ ။

ဟောဒီ
တို့ ချစ်တဲ့မြေပေါ်မှာ
မတရားမှုများ
အားကောင်းမောင်းသန် ၊
လိမ်ညာလှည့်ဖျားမှုများ
အားကောင်းမောင်းသန် ၊
နှစ်ထောင့်တဆယ် နှပ်ကြောင်းများ
အားကောင်းမောင်းသန် ၊
နှစ်ထောင့်တဆယ် အက်ကြောင်းများ
အားကောင်းမောင်းသန် ၊

ယုံကြည်ချက် သံမဏိ ဓါးသွား


နှစ်ကာလများထဲမှာ
ဟိုတိမ်း ဒီယိမ်း
ဒေ၀ဒတ်ရဲ့ ဇာတ်သိမ်းမျိုး လာမယ့်ဘေးပြေးတွေ့ ရုံပါပဲ ၊
ဒီရေ ဒီမြေပေါ်မှာ ကြောက်မွှေးပါ
ဒီလိုလူတွေနဲ့ အတူ ဇာဂနာနဲ့ နှုတ်ရမှာပါပဲ၊
အသက်ရှင်ခဲ့ ရတော့
အကောင်းဆုံးကိုမျှော်လင့် ရဲရင့်သက်ဇွဲ (၂၀၀၉
အဆိုးဆုံးအတွက်လည်း
အောက်တိုဘာ ၂)
အသင့်ပြင်ထားကြ
တပ်လှန့် သံကြားတယ် 26
“ကမ်းကုန်သွားပြီ”

ဗမာနိုင်ငံသမိုင်းမှာ
မကြုံဘူးတဲ့
အရိုင်းအစိုင်းတို့ ခင်းတဲ့ဇာတ်
ကမ်းကုန်သွားပြီ ၊

ဗမာ့ရာဇ၀င်ထဲက
ရှင်ဘုရင်တွေလက်ထက်မှာလဲ
မရှိခဲ့ဘူး ၊

ကျွန်ဇာတ်သင
ွ်းအုပ်ချုပ်
နယ်ချဲ့ ယုတ်တို့  လက်ထက်မှာလည်း
မရှိခဲ့ဘူး ၊

ရိုင်းစိုင်းကြမ်းကြုတ်
ဖက်ဆစ်တို့ ရဲ့ အုပ်ချုပ်မှုအောက်မှာလည်း
မရှိခဲ့ဘူး ၊

လောကပါလတရားများကွယ်ပျောက်
လွတ်လပ်ပြီး ဆယ်နှစ်တာကာလ
အလင်းတံခါးပေါက်တွေ ပျောက်ဆုံး
ဒီမိုကရေစီအစမှာလည်း
အပယ်လားမယ့် လောက်ကောင်တွေ
မရှိခဲ့ဘူး ၊
အာဏာမစင်အိုင်မှာ တရုန်းရုန်းနဲ့ 
အခုတော့
ကမ်းကုန်နေပုံများ
သာသနာတော်ရဲ့ သမိုင်းလဲ
သွေးစွန်းခဲ့ရပြီ ခွင့်လွှတ်နိုင်စရာမရှိတော့လောက်အော
ရာဇ၀င်တွေလဲ ရိုင်းခဲ့ရပြီ င်
ရဟန်းသံဃာ ကျောင်းသားပြည်သူ ကမ္ဘာမကြေတေးသံသာ
အာဇာနည်အပေါင်းတို့ ရဲ့ အသက်တွေ တတိုင်းပြည်လုံးပျံ့ နှံ့ လို့ ၊
ကြွေကျ မြေခရလေပြီ ၊ အလှည့်ကျရင် မနွဲ့ ကြစတမ်းပေါ့ကွာ ။
27
အမှန်တရားတို့  မှောက်ကျသွားခဲ့ပြီးနောက်

ဒီလမ်း ဒီစခန်းမှာ
ဘယ္သူက သူရေ
ဲ ကာင်းလည်း
ဘယ်သူက ဗီလိန်လဲ
ဘယ်သူက ဘယ်သူ့ ကို
ဘယ်သူက ဘယ်သူ့ ကို
စွခ
ျဲက်တင်ရမှာတဲ့လဲ
ရိုက်ချက်ကပြင်းတယ် ။

ဖွတ်ဖွတ်ညက်ညက်ကြေနေတဲ့
ဟောဒီ မြေဟာ
တို့ ပိုင်တဲ့မြေ
အဲဒီမြေမှာ
လူသားခြင်းစာနာမှု ဆိုတဲ့ စကား
လိမ်လည်လှည့်ဖျားတတ်သူတို့ ရဲ့ နှုတ်ဖျား
ဝေါဟာရအသစ်များလား
ငါတို့ မှာ နာကျည်းကြေကွရ
ဲ ပေါ့ ။

တကယ်တော့
သူတို့  သူမ ကို
အသေသတ်ခဲ့ကြတယ်
သူမကို တခါသတ်တိုင်း
သူတို့  နိုင်ငံတကာအလယ်မှာ

28
အကြိမ်ကြိမ်အခါခါ သေရတယ် ။
တရားမျှတမှုတို့  ပျက်သုဉ်းလာတဲ့အခါ
ကမ္ဘာမြေဟာ နာကျင် ဆွံ့ အ
ဘုရားသခင်အလိုတော်ရတော့မဟုတ်ဘူး ။

မျှော်လင့်ထားတဲ့အတိုင်
ဇာတ်သိမ်းက ဇာတ်နာလွန်းလှတယ်
အားကြီးသူတို့ ရ့ဲ ကိုယ်ကျိုးကြည့်မှုမှာ
တရားစီရင်ရေးကို စောင့်ရှောက်တဲ့
နတ်သမီးခမျာ
အကြိမ်ကြိမ်အခါခါ ရေတိမ်နစ်ရရတယ်၊
ဆန္ဒပြ၊ အစည်းအဝေး၊ ဆင်ဖိုစီယမ်၊ ကွန်းဖရန့်စ်
လုပ်ထုံးလုပ်နည်းတွေကြားမှာ
အငြင်းပွားစရာတွေ များများလာတယ်၊
တိုင်းပြည်ကတော့ ရင်ဘတ်စည်တီး
ခေတ်ကြီးကတော့
အမှန်တရားတို့ မှောက်ကျသွားတဲ့ခါ
ဝေသာလီပြည် ဘီလူးစီးသလိုပ ။

ရဲရင့်သက်ဇွဲ

29
ဒေါင်းသင်္ကန်းတို့ရဲ့အလံ

ဘယ်လိုဖြေသိမ့်မလဲ
အသက်ရှင်နေရတာကို
လိပ်ပြာမလုံသလိုမျိုး...

အထိမ်းအမှတ်နေ့တွေ
တဖြည်းဖြည်းများလာ
ဆူးတွေတချောင်းပြီးတချောင်း
ငါ့ ကိုယ်ထဲကို တိုးဝင်လာ...

ပေးဆပ်နေရတာတွေ
အောင်ပွဲနဲ့ဝေးနေရတာတွေ
ဘယ်သူက ဘယ်သူ့ကို အပြစ်ဖို့ မှာလဲ ...

ပြည်တင
ွ်းက လမ်းတွေအပေါ်မှာတော့ အဖြစ်အပျက်တွေက
ရွှေဝါရောင်လှိုင်းများ ငါတို့ရဲ့ ဆုံးဖြတ်ချက်တွေကို
တလိမ့်လိမ့်တက်လို့ -- ပိုခိုင်မာစေခဲ့ပြီ --
လူမဆန်စွာ ရက်စက်မှုတွေက
ရွှေရောင်တွေကို လှေခွက်ချည်းကျန် အလံမလှဲ
မမှောင်မိုက်စေဘူး -- ဒေါင်းသင်္ကန်းတို့ရဲ့
သာသနာ့အလံ လေမှာဝဲနေဦးမှာအ
ရိုင်းစိုင်းလွန်းတဲ့ မှန်ပဲ ၊ ၊
ပက်စက်လွန်းတဲ့
ယုတ်မာလွန်းတဲ့ ရဲရင့်သက်ဇွဲ
ခိုင်းနှိုင်းသုံးနှုန်းစရာစကားလုံး ၂၀၀၇
ရှာမတွေ့တော့ဘူး --

30
စစ်အုပ်စုကို
ပျော့ပျော့ပြောင်းပြောင်းနဲ့
ဆက်ဆံရေးကောင်းနေခဲ့တဲ့
နိုင်ငံအချို့တောင်မှ
ပြန်လည်သုံးသပ်
ဆုံးဖြတ်ချက်တွေ ပြောင်းကုန်ကြပြီ
(ဂျပန်နိုင်ငံအပါအဝင်ပေါ့)

နာကာအိခန်းဂျီးစံ ရေ
ဗမာပြည်သူပြည်သားတို့ရဲ့
ဒုတိယအကြိမ်
အမျိုးသားလွတ်မြောက်မှုသမိုင်းတကွေ့မှာ
အမှတ်တရ မှတ်တိုင်စိုက်ထူ
ခင်ဗျားလိုလူကို
ဗမာသာမက ကမ္ဘာသူကမ္ဘာသားအားလုံးကပါ
ဦးညွှတ် ဂုဏ်ပြုနေမှာ အသေအချာပါပဲ ။

အခုတော့
အေးချမ်းသာယာတဲ့ ဘုံဘဝဆီကို
*ဂျွန်လင်နွန် ရဲ့
Imagine သီချင်းသံပွေ့ဖက်ခေါ်ဆောင်ရာ
မိုးရေစက်တွေကြားမှာ
အားလုံးကိုနှုတ်ဆက် ထွက်ခွာသွားပေဦးတော့ ။

(နာကာအိခန်ဂျီးစံအပေါ် ဘုရားသခင်ရဲ့
ကောင်းချီးမင်္ဂလာအပေါင်း ကျရောက်ပါစေ)
၈ အောက်တိုဘာ ၂ဝဝ၇ ဈာပနအခမ်းအနားတွင်
ရေးဖွဲ့ပါသည်။
ရဲရင့်သက်ဇွဲ
31
“နာကာအိခန်းဂျိစ”ံ

လွမ်းလွမ်းဆွတ်ဆွတ်
မိုးစက်တွေကြားက
ကြေကွရ
ဲိပ်တို့ စွန်းထင်းနေတဲ့
မျက်ဝန်းများရဲ့ မျက်ရည်တာရိုး
ဘယ်သူတွေကများ ရိုက်ချိုးခဲ့တာလဲ ။

နာကာအိခန်းဂျီးစံ ရေ
သတင်းစီးဆင်းမှုရဲ့မြစ်ဟာ
အကန့်အသတ် အတားအဆီး
နယ်နမိတ် မရှိတော့ပါဘူး
ခင်ဗျား ပြောပြောနေတဲ့
‘တခုခုဖြစ်နေတဲ့နေရာကို
ဘယ်သူမှ မသွားချင်ပဲဖြစ်နေမယ်ဆိုရင်
တယောက်ယောက်ကတော့
သွားဘို့လိုလိမ့်မယ် æဆိုတဲ့စကား
အသက်နဲ့လဲပြခဲ့တာလား ။

နာကာအိခန်းဂျိးစံ ရေ
ကမBာ့မိသားစုကြီးတခုလုံးက
ခင်ဗျား အသက်နဲ့လဲပြီး
ပေးခဲ့တဲ့သတင်းကို
တုန်တုန်လှုပ်လှုပ်နဲ့
လက်ခံယူကြရပါပြီ

32
လွတ်ငြိမ်းချမ်းသာခွင့်

ရူးသွပ်သွားတော့မယ့်အတိုင်း
ထင်ရာစိုင်းလိုက်ချင်မိတယ်
၂၀၁၂ အတွက် ဆွဲလိုက်တဲ့ဖဲ
မျှော်လင့်ချက်အကုန်လုံးလွသ
ွဲားတယ်
တောက်ခေါက်သံ တချက် အံထွက်လာတယ်
ဝေဒနာ အခင်းအကျင်း
ရိုက်ချက်ကပြင်းတယ်
ခံစားမှု အတိုင်းအတာကို
ဘယ်အရာနဲ့ များ နှိုင်းကာပြရပါ့

ကမ္ဘာ့ လူကြီး လူကောင်းများ


ခင်ဗျားတို့ ရဲ့  ထောက်ခံမှုကို
ခင်ဗျားတို့  အလေးပြုပါ
ခင်ဗျားတို့  ဂုဏ်ယူပါ၊ လက်ခမောင်းခတ်ပါ
ခင်ဗျားတို့  လေးလေးနက်နက် လက်ခုပ်တီးပါ။
ပြီးရင် ချူံးပွခ
ျဲငိုပါ ။

ဟုတ်ကဲ့ ....
ပြည်သူတယောက်အနေနဲ့ 
ခင်ဗျား ဘာလုပ်ချင်ပါသလဲ မေးလာခဲ့ရင်

အဲ့ဒီ မသတီစရာ မျက်နှာတွေကို


ဖြတ်ရိုက်ချင်လိုက်တာ
လက်ကုန်ပ.ဲ ....။

ရဲရင့်သက်ဇွဲ ၀၄၀၁၂၀၁၂ ၄း၄၈ အေအမ်

33
“ခရီးသည်”


တစတစနဲ့ ပြိုကွဲကျလာ

အေးမြမြဝတ်ရုံကို
ဆွဲယူသိမ်းရုပ်
တိမ်အုပ်နောက်ကိုဝင်သွားတယ် ။

အရုဏ်
တရွေ့ရွေ့နဲ့
နေ့တနေ့ရဲ့အစကို ဆွဲယူလာခဲ့
နေ
ပူပူလောင်လောင် သူ့ရဲ့အရောင်ကို
ကမ္ဘာမြေပြင်အရောက်ပို့လိုက်တယ် ။

အဲဒီလို ... ညတွေ နေ့တွေ


သံသရာအဆက်ဆက်
မျှော်လင့်ချက်တွေနဲ့ ခရီးဆက် ရူးသွပ်သော အတွေးအခေါ်များ
အသက်ရှင်လိုသူများ လွှင့်ပစ်ခဲ့ပါ

အဆင်ကွဲ မဲပြာပုဆိုးများ လွှင့်ပစ်ခဲ့ပါ မြေကြီးရဲ့ သားသမီးများ


ယုံကြည်မှုတွေတည်ဆောက် မြေကြီးထံပြန်မသွားခင်ကြားမှာ
အဲဒီအောက်က သံသယများ လွှင့်ပစ်ခဲ့ပါ သမိုင်းပေးတာဝန် ကြေပွန်စေဘို့
ပုဆိုးခြုံထဲက တို့လက်များနဲ့ ခေတ်တခေတ်ကို
လက်သီးပုန်းများ လွှင့်ပစ်ခဲ့ပါ သစ်စေမယ် ။
သင်္ကြန်အမြှောက်ဆံများ လွှင့်ပစ်ခဲ့ပါ
ရာဇဝင်ထဲမှာယစ်မူး
ရဲရင့်သက်ဇွဲ
34
ယုတ်သေးပွဲ ကြည့်ရအောင်

အနုပညာ သုခုမသဘင်
ရုပ်သေးစင်ခေတ်
တိမ်မြုပ်ပျောက်ကွယ်လုနီးပါး
ဖြစ်နေရတာ ၀မ်းနည်းစရာ …။

ဂလိုဘယ်လိုက်ဇေးရှင်းခေတ်မှာ
ကမ္ဘာဟာ ရွာကြီးတခုဖြစ်လာ
အဲဒီရွာကြီးထဲက
ငါတို့  မြန်မာအပိုင်မှာ
မြတ်နိုးစရာ ရုပ်သေးစင်မဟုတ်တဲ့
ယုတ်သေးတခေတ် အသစ်ပေါ်ပြီ ….

ကြပ်ပြေးနေပြည်တော်
လွှတ်တော် ဇတ်ရုံတော်အသစ်ကြီးမှာ
ခြိမ့်ခြိမ့်သသ
ဲ ဆင်နွှဲ
ကဲ … လာ …..
ယုတ်သေးပွဲ ကြည့်ရအောင် ……။

ရဲရင့်သက်ဇွဲ
၁၅၀၂၂၀၁၁ေ
35
တွန်းနှိုးရသော ဇာတိမာန် နဲ့  သွေးပေါင်ချိန်ကျသော
ရွှေဝါရောင်နေ့ ရက်များ

အုတ်သော်သောင်းနင်းပါပဲ
ဘုရားစင်ပေါ် စစ်ဖိနပ်တက်တယ်
စက်တင်ဘာလဲ ငရဲပွက်တယ်
ငါတို့  ရင်ခွဲ ဆားနဲ့ ပက်တယ်…
ဒါနဲ့ များတောင်မှ ငါတို့ တတွေဟာ
မနိုင်၍သည်းခံရခြင်းသည်လည်းကောင်းများနဲ့ 
ရသေ့ စိတ်ဖြေ ကမ္ဘာမကြေ … ကမ္ဘာမကြေ
အော်သာ အော်နေ အော်သာ အော်နေကြရင်း
သောက်ရှက်မရှိတဲ့ မျက်ခွက်ကြီးတွေကို
မနက်တိုင်းဆေးကြော အသက်ရှင်နေသေးတာ အော့နှလုံးနာစရာပ …..။

လူတွေ ရုန်းရင်းဆန်ခတ်
ခြေထောက်တွေ သစ္စာဖောက်မဖြစ်ဘို့ အရေး
လမ်းမများ တအုန်းအုန်းညာသံပေးလာ
အမှန်တရားရေ နင်လည်းပြေးပေးဦးတော့
ဟိုတဖက် သည်တဖက် မျှော်လင့်ချက်မဲ့ ငေးမော
အစိမ်းပုတ်ရောင် တိမ်တောက်တောထဲမှာ
ရိုက်သံ နှက်သံ အော်သံ ဟစ်သံ ဆဲသံ ဆိုသံ တွေကြား
ရွှေဝါရောင်တွေ လက်လက်ထနေတုန်း
အေးမြတဲ့မေတ္တာလရောင် ဟာ သွေးပေါင်ချိန်ကျနေတယ် ……။

ငါ … ငိုတယ် …
ဘာသာတရားအသီးသီးတို့ ရဲ့  ဘုရားသခင်တွေကို တိုင်တယ်ပြီးတော့
သမ္မာကျမ်းစာပါ ကမ္ဘာပျက်မယ့်နေ့ ဟာ
မှားယွင်းရောက်လာသလား ထာဝရဘုရားကို ငါ မေးရဦးမယ် ၊

36
မိတ်ဆွေကြီး နာကာအိခန်းဂျီး ရေ
ခင်ဗျားအသေအချာ တွေ့ လိုက်ရတဲ့ မြင်ကင
ွ်းကို
ခင်ဗျားအသေအချာ ရိုက်လိုက်ရတဲ့ရက်စက်မှုကို
ခင်ဗျားပြောနေကြစကား … ကမ္ဘာကြီးရဲ့ တနေရာရာမှာ
တခုခုဖြစ်နေပီဆိုရင် တယောက်ယောက်တော့ ရောက်အောင်သွားရမယ် ဆိုတာကို
ခင်ဗျားအသက်နဲ့  သက်သေပြခဲ့တာလား
သွေးစက်စက်နဲ့  ဦးခေါင်းတော်များ မားမားမတ်မတ်
ဘာမထီ ဒါဟာ ဗမာပြည်တဲ့ဟေ့
တို့ မေတ္တာစွမ်း ကမ္ဘာလွှမ်း ငြိမ်းချမ်းကြပါစေ
ဘုရားစင်ပေါ်က စစ်ဖိနပ်
ငါ့ မျက်နှာကို လှမ်းဟတ်တယ် ။

ဒါပါပဲ …. ရွှေဝါရောင်အရေးတော်ပုံကြီး
လေးနှစ်ပြည့်တဲ့အခါ
သံတိုင်နောက်က မှတ်တမ်းများကိုဖတ်ရတဲ့အခါ
အမှောင်လှိုင်းထဲက သူရေ
ဲ ကာင်းတို့တိုင်းပြည် ဖတ်ရတဲ့အခါ
“ဦးဝင်းတင်နဲ့ မေးခွန်းများ” အီးဘွတ် ဖတ်ရတဲ့အခါ
ဘိက္ခူမာတာ ဒေါ်ရှု၊ သံဃာတော်များနှင့် သီလရှင်များကို
ထောင်ဝင်စာ ပေးပို့နေသူအကြောင်း ကြားသိ ဖတ်မှတ်ရတဲ့အခါ
ဇာတိမာန်တွေ ဟုန်းဟုန်းထ
နာကျည်းမှုတွေ ဟုန်းဟုန်းထ
အများပြည်သူတို့ ရဲ့  အက်ကွဲသံများ
လူအချင်းချင်း နှိပ်စက်ခြင်း
ကင်းဝေးကြပါစေ ဟုန်းဟုန်းထ …..။

37
ကြောက်ခမန်းလိလိ ဟုန်းဟုန်းထပုံများ
ဘုန်းဘုန်းတို့ ရေ …..
တရားချပါဦး တရားပြပါဦး
တိုတောင်းတဲ့လူ့ ဘ၀မှာ
ကောက်ရိုးမီးလို ဟုန်းဟုန်းမထမိစေဘို့ 
ရွှေဝါရောင်လို ဟုန်းဟုန်းတောက်စေဘို့  …….။

(ရွှေဝါရောင်တော်လှန်ရေးကြီး လေးနှစ်ပြည့်သို )့

ရဲရင့်သက်ဇွဲ
၀၅၀၉၂၀၁၁
၂း၄၁အေအမ်

38
ကလိယုဂ်

ကလိယုဂ်တဲ့
ခေတ်ဆိုး ခေတ်ပုပ်
ခေတ်ယုတ်ကြီးထဲမှာ
သေသော်မှတည့် သြော် ကောင်း၏ လို့ 
အမျက်ဖြေ အလင်္ကာတေး တစနဲ့ 
ငါတို့ ရဲ့  ဘ၀တွေကို
ချွေးမသိပ်လို ။

နာဂစ်မုန်တိုင်းအပြီး
အသက်ရှင် ကျန်ရစ်သူ
အမယ်အို တဦးရဲ့ုစကားလို
ကံဆိုးလို့ အသက်ရှင် ကျန်ခဲ့ရသူတွေပါ တဲ့
အဲဒီလို စကားမျိုးနဲ့ 
ခေတ်ကြီးကို
စကားနာ မထိုးလို ။

တောမီးတွေလောင်တော့
တောကြောင်တွေ လက်ခမောင်းခတ်ကြ
နေရာလိုသူတွေက အလုအယက်
နေရာရှာကြ ပြည်သူတို့ ရဲ့ အောင်ပွဲဟာ
ကြာကြာဝါးမယ့် သွားများ ကလိယုဂ်ခေတ်ကြီးကို
ပူးပြီး ပေါင်းပြီး တိုက်မည့်
ဖေါက်ခွဲပြစ်ခဲ့ပေါ့ ။
သူရေ
ဲ ကာင်းယောင်ယောင်များ
မှန်းချက် နဲ့  နှမ်းထွက်မကိုက်
ကိုယ့်ထိုက် နဲ့  ကိုယ့် ကံ ရဲရ
ဲ င့်သက်ဇွဲ

ပြည်သူလူထုကြီးရဲ့ တံတွေးခွက်မှာ (စက်တင်ဘာ၂၀၁၀)


ပက်လက်သာအမျောခံကြပေတော့
39
(အလိုတူခြင်း မတူခြင်းတွေကို ရပ်ခံပြီးငြင်းမနေတော့ပါဘူး
ကိုယ်ဘာလုပ်ရမယ်ဆိုတာ ကိုယ့်ကိုယ်ကိုယ် သိကြဘို့ ပါပဲ။)

ကြက်ဥအရောင် တိမ်တောင်သဖွယ်

ထူထဲတဲ့ မျက်မှန်အောက်က
ရီဝေတဲ့မျက်ဝန်းအစုံဟာ
မရေရာ မသေချာတဲ့အနာဂတ်ကို
သေချုာလိုစိတ်နဲ့ 
ငေးမျှော်ကြည့်နေချိန်မှာ
သူ့ ရဲ့ နှလုံးသားက
သူ့ ရဲ့ လက်ဖ၀ါးအပေါ်မှာ
တဆတ်ဆတ် တုန်ခါနေတော့တယ် …။

ငါ့လက်အပေါ်မှာ အသက်ပျောက်ခဲ့ရတဲ့
သူငယ်ချင်းများ
ငါ့ ရှေ့မှောက်မှာ ဒဏ်ရာဗလပွနဲ့ မငိုက်သောဦးခေါင်း
ရွှေဝါရောင်များ
ငါ့ ရှေ့ မှောက်မှာ ယုံကြည်ချက်ကို ဘ၀နဲ့ ရင်း နရသိန်အတွင်း
ရင်ကော့ဝင်ရောက်သွားသူများ
သင်တို့ အားလုံးရဲ့  စွန့် လွှတ်ပေးဆပ်မှုဟာ
နိပါတ်တော်တွေထဲက ဘုရားလောင်းတွေရဲ့ 
စွန့် ကြီးခြင်းမျိုးထက် နိမ့်ကျမှုမရှိကြောင်း
ငါတို့  ကောင်းကောင်းသိကြတယ် …။

40
ငါတို …

ဘယ်ကလောက်များ ရှက်စရာကောင်းလိုက်သလဲ
စကားလုံးတွေနဲ့ သာ နှစ်သိမ့်နိုင်ခဲ့ကြလို့ 
သင်တို့  ခွင့်မလွှတ်ကြပါနဲ့ 

ရန်သူကို နာကျည်းမုန်းတီးစိတ်ဟာ
တိုင်းပြည်အကျိုးနဲ့ ယှဉ်လာတဲ့အခါ
ငါတို့ ရဲ့ ပုဂ္ဂလိက ခံစားချက်များ
ခေတ္တခဏ ချထားခဲ့ပါ
အမေစုကို ၀န်းရံအားပေး
ပြည်သူနဲ့ တသားတည်းရပ်တည်ပေးရမှာ …။

တကယ်တော့  သူ့ ရဲ့ လက်ဖ၀ါးပေါ်မှာ


တဆတ်ဆတ် တုန်ခါနေတာ
သူ့ နှလုံးသားမဟုတ်ဘူး
စွန့် လွှတ်ပေးဆပ်သူများရဲ့ 
နှလုံးသားသာ ဖြစ်နေတော့တယ် …။

ရဲရင့်သက်ဇွဲ
၂၃၁၁၂၀၁၁
။မနက်၆း၀၆

41
ဒီလိုမျိုး … ရှင်သန်ခဲ့ကြ
အမေရေ
ဝေးလွင့်ခြင်း ရဲ့ 
ခြေရာတွေထဲမှာ
တိကျတဲ့ အနာဂတ်အတွက်
အိပ်မက်တွေပါတယ် ။

အမေရေ
သွေးနဲ့ စိုက်ခဲ့တဲ့
နှင်းဆီခင်း
ရဲရင့်ခြင်းရဲ့  သင်္ကေတ
ဆူးခက်တွေနဲ့ 
လှပ မွှေးမြနေခဲ့ ။

အမေရေ
မနာလိုသူတွေ
အုံနဲ့  ကျင်းနဲ့ 
ပိတ်ဆို့ တားဆီး
အမုန်းတရားက
အလျှံ တငြီးငြီး တောက်လောင် လို့ ။

အမေရေ
ပကတိ အရှိတရား
ရေသောက်မြစ်များကတော့
ခေတ်တိုင်းရဲ့ 
မျိုးဆက်တိုင်းမှာ
ရှင်သန်ကြတယ် ။ ရဲရင့်သက်ဇွဲ ၁၃ အောက်တိုဘာ ၂၀၁၀

42
ဒေ၀ဒတ်တွေ ကတဲ့ဇာတ်

ကမ္ဘာဦးကနေ ယနေ့ ခေတ်အထိ


အာဏာစက်နဲ့  ချေဖျက်
ကြေပျက်သွားတဲ့ 
ဓမ္မစက်ဆိုတာမရှိ
လူတိုင်းက သိကြပါတယ် အမေ ….။

ဘာသာ သာသနာကို ဖျက်ဆီး


သံဃာတော်တွေကို သတ်ပီးမှတော့
ရွှေစလွယ် ငွေစလွယ်
ပိတ်ဖြူစင်ကြယ်ဝတ်ဆင်
ရွှေထီး ငွေထီးဆောင်း
သွေးစွန်းလက်နဲ့ 
ဘုရားတည် ကျောင်းဆောက်
သနားလောက်စရာ သတ္တ၀ါတွေရယ်
ကိုယ့်အလှည့်ကျတော့လည်း
အံကြိတ်ခံကြစမ်းပေါ့ကွယ် …..။

အာဏာနဲ့ ဖိနှိပ်အုပ်ချုပ်တဲ့ တိုင်းပြည်ဟာ


အတိတ် ပစ္စုပ္ပန် အနာဂတ်
အဲဒီ သုံးရပ်စလုံးမှာ တည်မြဲခြင်း မရှိဆိုတာ
ဘုရားဟော ဒေသနာတော်တွေအရ
ဗုဒဝ
္ဓ င် အဖြစ်အပျက် အစုံအလင်ထဲမှာ
ဇာတ် နိပါတ်တော်တွေထဲမှာ
အကျိုး အပြစ် အဆိုး အညစ်တွေ ရှိရဲ့ မဟုတ်လား အမေ …..။

ဘုန်းကြီးတစ္ဆေ ထက်ဆိုးတဲ့ ကောင်တွေမို့ 


ဒင်းတို့  … ဒေ၀ဒတ်ဇာတ်တော်ကြီးကို
ကမ္မ၀ါသာမက
မြိုင်မြိုင်ဆိုင်ဆိုင် ကနေကြပေါ့ …..။
ဘယ်ဘာသာနဲ့ မှ ခ၀ါချလို့ လဲမရ
အမေရေ …..
အခုတော့ ရဲရင့်သက်ဇွဲ ၁၆ ၁၂ ၂၀၁၀

43
ဝိဥာဉ်နီတို့  ပေးတဲ့လက်ဆောင်

ယုံကြည်ပါ ရဲဘော်တို့ 
နှစ်တနှစ် ကုန်ဆုံးသွားတိုင်း
ဟောဒီ နှလုံးသားတွေ
နာကျင်ကြေကွဲ တမ်းတ
အသက်စွန့် သွားတဲ့ ရဲဘော်တွေကို
သတိတရ ရှိနေမိတယ် …..။

ယုံကြည်ပါ ရဲဘော်တို့ 
တကမ္ဘာ မခြားသေးပါဘူး
အနှစ်နှစ်ဆယ်ကျော် ကာလမှာ
အပြောင်းအလဲတွေ များတဲ့ကြား
ငါတို့ ခေတ်ရဲ့  သွေးစွန်းနှစ်များ
ဟောင်းမသွားဘူး ပြောင်းမသွားဘူး …..။

ယုံကြည်ပါ ရဲဘော်တို့ 
ရဲဘော်တို့ ရဲ့ စွန့် လွှတ်ပေးဆပ်မှုအပေါ်
ငါတို့  ဘယ်တော့မှ သစ္စာမဖေါက်ဘူး
ရဲဘော်တို့ ရဲ့ စွန့် လွှတ်ပေးဆပ်မှုအပေါ်
ငါတို့  ဘယ်တော့မှ သစ္စာမမဲ့ဘူး
ရဲဘော်တို့ ရဲ့ စွန့် လွှတ်ပေးဆပ်မှုအပေါ်
ငါတို့  ဘယ်တော့မှ အမြတ်မထုတ်ဘူး
မပြီးဆုံးသေးသော တိုက်ပွဲ
ငါတို့  ဆက်လက်ဆင်နွှဲမယ် …..။

44
ရဲဘော်တို့ 
သင်တို့ ရဲ့ 
ယုံကြည်ချက် မျှော်လင့်ချက်
အန္တိမ ပန်းတိုင်
မယိုင်မလဲ ခိုင်မြဲသော
သံမဏိစိတ်ဓာတ်များ
ငါတို့  အားလုံး ထပ်တူထပ်မျှ
နှစ်သစ်ကို သယ်ဆောင်သွားမှာပ …..။

ယုံကြည်ပါ ရဲဘော်တို့ 
သင်တို့ ပေးတဲ့ နှစ်သစ်လက်ဆောင်
အဆိုးအကောင်း အကျိုးအကြောင်း
ညီညွတ်ရေးသာ အရေးကြီးကြောင်း
ညီညွတ်ရေးတရား နားမခါးစေကြောင်း
မညီညွတ်တဲ့အခါ
ဟင်္သာကိုးသောင်း ပျက်စီးကြောင်းတရား
ငါတို့  အသက်နဲ့ ထပ်တူ မှတ်သားနာယူပါ့မယ် .....၊

အသင်တို့ ၏ သွေးစွန်းစကား
ရင်ဝယ်ထားလျက်
ဒီမိုကရေစီရလျင် အမျှဝေမည်
စစ်အာဏာရှင်စနစ် မုချ ကျဆုံးစေရမည် …..။
(အသက်စွန့် သွားသောရဲဘော်အပေါင်း၏ ယုံကြည်ချက်အလံကို
ခိုင်ခိုင်မြဲမြဲလွှင့်ထူတိုက်ပဝ
ွဲ င်လျက်)
ရဲရင့်သက်ဇွဲ
45
ရင်ကွဲနာ

အချိန်ကာလတွေကို ကျော်လွှားပြီး
ရွှေဝါရောင်ဒီလှိုင်းများ
ရိုက်ခတ်လာပုံက
ဟောဒီ ရင်ဘတ်တွေတောင်မှ
ကျောက်သား ကျောက်ဆိုင်လို
မာကျောမနေနိုင်တော့ဘူး ။

အသက်တချောင်း
ထောင်းကနဲပြတ်တောက်
အမေ့ရဲ့  မျက်ရည်တပေါက်ဟာ
ဗိုလ်အောင်ကျော် ကိုဗဟိန်း မှသည်
ကျော်ကိုကို တို့ အထိ
“မြင်းခွာတချက်ပေါက်ရင်
မီးဟုန်းဟုန်းတောက်စေရမည်။”
ခေတ်တွေကတော့
ထပ်တူထပ်မျှသာပ ။

သမိုင်းကမဆုံးဘူး
မျိုးဆက်တွေ မတုန်းဘူး
ရာဇ၀င်ရေးအရ
မြေလှန်ကြည့်ရင်
ရဲရဲနီဆွေး
46
တိုင်းပြည်ရဲ့  ရင်သွေးတွေကို တွေ့ ရမယ် ၊
တစိမ့်စိမ့် စီးယိုကျသွေး
သာသနာ့ အာဇာနည်တို့ ရဲ့ 
မေတ္တာဓါတ်ကိုတွေ့ ရမယ် ။

ခင်ဗျားတို့ ချစ်တဲ့မြေကို
(ခင်ဗျားတို )့
အာရုံခံကြည့်လိုက်ပါ
ရဟန်းရှင်လူ ပြည်သူလူထုကြီးရဲ့ 
အံကြိတ်ကြုံးဝါး
တက်(တောက်)ခေါက်သံများ ကြားရမယ်
ကမ္ဘာမကြေတေးသံများ ကြားရမယ် ။
ဒီမိုကရေစီ ရမှ အမျှဝေပါ ကြားရမယ်။
ငါတို့ ရဲ့  အနာဂတ်အိပ်မက်များကို ကြားရမယ် ။
ရိုက်သတ်လို့ တောင်မသေ
အာဇာနည်တွေ နေတဲ့တိုင်းပြည် ကြားရမယ် ။
နအဖစစ်အုပ်စုရဲ့ 
အကြောက်တရားနဲ့  သွေးလေချောက်ချားနေတာ ကြားရမယ်။

47
အဖြစ်အပျက် တခုလုံးမှာ
တို့ မေတ္တာစွမ်း ကမ္ဘာလွှမ်း
အေးချမ်းကြပါစေ ကြားရမယ် ။

တို့ မေတ္တာစွမ်း ကမ္ဘာလွှမ်း


အေးချမ်းကြပါစေ ကြားရမယ် ။

တို့ မေတ္တာစွမ်း ကမ္ဘာလွှမ်း


အေးချမ်းကြပါစေ ကြားရမယ် ။

ရဲရင့်သက်ဇွဲ
၀၆၊ ၀၉၊ ၂၀၀၉

48
တရားသောစစ်

ဘာသာတရားတို့ ရဲ့ 
သွန်သင်ဆုံးမမှုတွေ မျက်ကွယ်မပြုခဲ့ဘူး ။

တရားနှင့်ဓါး
အားနှစ်အားတွင်
တရားကိုချစ် ဓါးကိုပြစ်အံ့
စစ်ကို ငါတို့ မုန်းပါသည် ။

ကြိုက်နှစ်သက်ခဲ့ဘူးတယ်
ရန်သူ လက်ကုန် ရက်စက်ပုံတွေ မကြုံခင်အထိ ။
အခုတော့ .... အခုတော့

တရားနှင့်ဓါး
အားနှစ်အားတွင်
တရားကိုမြဲ ဓါးကိုဆအ
ွဲံ့
စစ်ကို ငါတို့  နိုင်အောင်တိုက်ပါမည် ။

ရဲရင့်သက်ဇွဲ
49
ဤဒေါင်းသင်္ကန်းတို့ အလံနှင့်ရွှေဝါရောင်ခံစားချက်

များ ကဗျာစာအုပ်တင
ွ်ဖော်ပြထားသော ကဗျာများ

အားလုံးနီးပါးသည် ဂျပန်နိုင်ငံတင
ွ်ထုတ်ဝေလျက်ရှိ

သောအာဟာရစာစောင်တင
ွ်ဖေါ်ပြခဲ့ပြီးသောကဗျာ

များဖြစ်သည့်အပြင်မျက်နှာဖုံးမှာလည်းအာဟာရစာစောင်တွ
င်သုံးခဲ့ပြီးသားပုံအားပြန်လည်အသုံးပြုထားပါသည်။

၁၀နှစ်ကျော်အတူလက်တခ
ွဲ့ကြသောအာဟာရလုပ်ဖော်

ကိုင်ဖက်များအားသတိတရမှတ်တမ်းတင်အပ်ပါသည်။

မည်သူရှိရှိ မရှိရှိ ခေတ်ကြီးကစီးဆင်းနေမှာဖြစ်သလို

အာဟာရသည်လည်းဆက်လက်ရှင်သန်စီးဆင်နေဦးမှာအ

သေအခြာပင်ယုံကြည်လျက်........

ကိုမိုးကြီးကိုမြင့်နိုင်ကိုသိန်းဌေး ကိုအောင်နိုင်ကျော်

ကိုဂ်ိဳးကိုရေ
ဲ အာင်ကိုဂျိုကာကိုကျော်ဇေယျကျော်ကျော်ထန
ွ်း
နှင့်တကွ အာဟာရ၀ိုင်းတော်သား/သူများအားလုံးအား

နှုတ်ခွန်းဆက်သလိုက်ပါတယ်။ (ရဲရင့်သက်ဇ)ွဲ
50

You might also like