You are on page 1of 9

မြန်မာနိုင်ငံ

မြန်မာနိုင်ငံ၏ ဒီမိုကရေစီ အသွင်ကူးပြောင်းမှုတွင် ၂၀၁၃ ခုနှစ်သည် ထူးခြားသော နှစ်တစ်နှစ် ဖြစ်လို့နေပြန်ပါသည်။

နယ်ပယ်တချို့တွင် လူ့အခွင့်အရေး အခြေအနေများ တိုးတက်ကောင်းမွန်လာပါသည်။ သို့ရာတွင် စိန်ခေါ်မှုမှာလည်း

အများအပြား ကျန်ရှိနေဆဲပင်ဖြစ်သည်။ နိုင်ငံရေးအကျဉ်းသား အများအပြားကိုလည်း ပို၍ လွှတ်ပေးလိုက်ပြီး

ဖြစ်သည့်တိုင် ၃၀ ခန့်မှာမူ အကျဉ်းကျခံနေရဆဲဖြစ်လေသည်။ ကျယ်ပြန့်သော နိုင်ငံရေး လွတ်လပ်မှုများတွင်လည်း

ခြေလှမ်းကောင်းများ ရှိခဲ့လင့်ကစား မြန်မာနိုင်ငံအား နိုင်ငံတကာ စံများနှင့် ကိုက်ညီလာအောင် ဆောင်ရွက်ရန်

ဆက်လက် လုပ်ဆောင်ရန် လိုအပ်နေပါသေးသည်။ မီဒီယာ လွတ်လပ်ခွင့်၊ အစိုးရ မဟုတ်သောအဖွဲ့အစည်း


မှတ်ပုံတင်ခြင်းတို့နှင့် စပ်လျဉ်းသော ဥပဒေမူကြမ်းများအပေါ် နိုင်ငံတကာနှင့် အရပ်ဘက် လူ့ဘောင်တို့၏

စိုးရိမ်မကင်းဖြစ်မှုများကို လွှတ်တော်က အပြုသဘောဖြင့် တုံ့ပြန်ခဲ့ပါသည်။ သြဂုတ်လတွင် ၁၉၈၈ ခုနှစ် ကျောင်းသား

အရေးအခင်း နှစ်ပတ်လည်ကို ဆင်နွှဲသည့် အဓိက အခမ်းအနားကိုလည်း အစိုးရက ပထမဆုံးအကြိမ်အဖြစ်

ခွင့်ပြုခဲ့ပါသည်။ မြန်မာ့တပ်မတော်မှလည်း ကလေးစစ်သည်ပေါင်း ၂၀၀ ကျော်ကို ထုတ်ပယ်ပေးခဲ့ပါသည်။

၂၀၁၃ ခုနှစ် ဇူလိုင်လတွင် ဗြိတိန်နိုင်ငံသို့ မြန်မာသမ္မတတစ်ဦး၏ ပထမဆုံး ခရီးစဉ်အဖြစ် သမ္မတ ဦးသိန်းစိန်ကို

ဗြိတိနိုင်ငံက ဧည့်ခံကြိုဆိုခဲ့ပါသည်။ အောက်တိုဘာလတွင် ဒေါ်အောင်ဆန်းစုကြည်သည်လည်း နေအိမ်အကျယ်ချုပ်မှ

လွတ်မြောက်လာခဲ့ပြီး ဒုတိယအကြိမ်အဖြစ် ဗြိတိန်နိုင်ငံသို့ လာရောက်ခဲ့ပါသည်။ ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်ကြီး

ဆာ ဒေးဗှစ်(ဒ်) ရစ်ချာ့(ဒ်)(စ်)၊ ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှု ၀န်ကြီး လော့(ဒ်) ဂရီး(န်)၊ နိုင်ငံတကာ ဖွံ့ဖြိုးရေး

ဝန်ကြီး အလယ်(န်) ဒန်ခယ်(န်)၊ အောက်လွှတ်တော်ဥက္ကဌ ဂျော်(န်) ဘားခါး၊ လွှတ်တော်ကိုယ်စားလှယ် အများအပြား

တို့သည်လည်း မြန်မာနိုင်ငံကို ၂၀၁၃ ခုနှစ်အတွင်း လာရောက်ခဲ့ပါသည်။ မြန်မာအစိုးရ ၀န်ကြီးများ၊ တိုင်းရင်းသား

လူမျိုးစုအုပ်စမ
ျုား၊ လွှတ်တော်ကိုယ်စားလှယ်များ၊ နိုင်ငံရေးအကျဉ်းသားဟောင်းများ ဗြိတိန်နိုင်ငံသို့ လာရောက်ခြင်း

ကိုလည်း ကျွန်ုပ်တို့ ကြိုဆိုခဲ့ကြပါသည်။

၂၀၁၃ ခုနှစ်အတွင်း ကျွန်ုပ်တို့၏ ဦးစားပေးကိစရ


္စ ပ်များတွင် နိုင်ငံရေးအကျဉ်းသားများ လွှတ်ပေးရေး၊ နိုင်ငံရေး

လွတ်လပ်ခွင့်များ စွဲမြဲစွာ ပါရှိနေစေရန် ဖိနှိပ်ရာရောက်သော ဥပဒေပြဋ္ဌာန်းချက်များကို ပြင်ဆင်ရေး၊ လူ့အခွင့်အရေး

ဆိုင်ရာ (ကုလသမဂ္ဂ) မဟာဝန်ရှင်တော်မင်းကြီးရုံး (OHCHR) ကို မြန်မာနိုင်ငံတွင် ဖွင့်လှစ်ရေး၊ ရခိုင်ပြည်နယ်

အတွင်း တာရှည်ခံသော အဖြေတစ်ရပ်ကို ဖွေရှာရန် အစိုးရအား ဖိအားပေးခြင်းတို့ ပါဝင်ပါသည်။ ရခိုင်ဒေသသည်

အကြီးအကျယ် စိုးရိမ်မကင်းဖွယ်ဖြစ်နေသော ကိစတ


္စ စ်ရပ်ဖြစ်ပါသည်။ ၂၀၁၃ ခုနှစ်တွင် အကြမ်းဖက်မှုများ ထပ်မံ
ဖြစ်ပွားခဲ့သလို တုံ့ပြန်ကိုင်တွယ်ဖြေရှင်းသော ရဲတပ်ဖွဲ့မှာလည်း ၂၀၁၂ ခုနှစ်ကထက် ပိုမိုကောင်းမွန်လာပါသည်။

မည်သို့ပင်ဆိုစေကာမူ တာရှည်ခံသော အဖြေတစ်ရပ်အတွက်မူ မည်သို့မျှ ခရီးရောက်ခြင်း မရှိသေးသည့်နည်းတူ

ရိုဟင်ဂျာအသိုင်းအ၀ိုင်း အများစုမှာလည်း ခွဲခြားခံနေရဆဲဖြစ်ကာ အခြေခံ အသက်မွေးမှု၊ ကျန်းမာရေး စောင့်ရှောက်


မှုများကို ရယူနိုင်ခြင်း မရှိကြသေးသည့်အပြင် နောက်ထပ်အကြမ်းဖက်မှုနှင့် ရင်ဆိုင်ရမည့် အန္တရာယ်လည်း ရှိနေဆဲ

ပင်ဖြစ်ပါသည်။ အဆိုပါ နောက်ခံအကြောင်းတရားပေါ်တွင် အခြေခံလျက် မတ်လအတွင်းက ကုလသမဂ္ဂ လူ့အခွင့်

အရေး ကောင်စီ၌လည်းကောင်း၊ ကုလသမဂ္ဂအထွေထွေညီလာခံ တတိယကော်မတီ၌လည်းကောင်း ဥရောပသမဂ္ဂက


ကမကထ ပြုသော ဆုံးဖြတ်ချက်များကို ဗြိတိန်နိုင်ငံက ထောက်ခံခဲ့သလို အဆိုပါ လုပ်ငန်းစဉ်တွင် မြန်မာနိုင်ငံက

ပါဝင်ခဲ့မှုကိုလည်း ကြိုဆိုခဲ့ပါသည်။ စစ်မှန်သော တိုးတက်မှုများကို မြန်မာအစိုးရက ဖော်ဆောင်ခဲ့သော ကိစရ


ၥ ပ္မ်ား
အား အသိအမှတ်ပြုထားသလို အဆိုပါ ဆုံးဖြတ်ချက်က ကျန်ရှိနေသေးသော လူ့အခွင့်အရေးဆိုင်ရာ ပြင်းထန်သည့်

စိုးရိမ်မကင်းဖြစ်ရခြင်းများကို အလေးထား ဖော်ပြထားပါသည်။

၂၀၁၅ ခုနှစ် နိုဝင်ဘာလတွင် ကျင်းပမည့် ရွေးကောက်ပွဲများမတိုင်မီ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်အတွက် ၂၀၁၄


ခုနှစ်သည် အဆုံးအဖြတ်ပေးမည့် နှစ်တစ်နှစ်ဖြစ်သလို စိုးရိမ်မကင်းဖြစ်နေရသည့် ကိစရ
္စ ပ်များနှင့် စပ်လျဉ်းပြီး

တိုးတက်မှု ရရှိအောင် လုပ်ဆောင်ရန်မှာ အသက်တမျှ အရေးကြီးလှပါသည်။ ၂၀၁၄ ခုနှစ်မှ အဓိက ဖြစ်စဉ်များတွင်

ငြိမ်းချမ်းရေးဆွေးနွေးပွဲများ နောက်တစ်ကြိမ်ကျင်းပခြင်း၊ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးအတွက် ဆက်လက်


ဆွေးနွေးမှုများ၊ မြန်မာနိုင်ငံက အရှေ့တောင်အာရှ နိုင်ငံများ အသင်း (အာဆီယံ)၏ ဥက္ကဌဖြစ်လာခြင်း၊ နှစ်ပေါင်း ၃၀

အတွင်း မြန်မာနိုင်ငံ၏ ပထမဆုံး သန်းခေါင်စာရင်း ကောက်ယူခြင်းတို့ဖြစ်ပါသည်။ ဆန္ဒပြသူအများအပြားအား

ထောင်သွင်းအကျဉ်းချရန် အသုံးပြုလျက်ရှိသော ငြိမ်းချမ်းစွာ စုဝေးခြင်းနှင့် ငြိမ်းချမ်းစွာ ကန့်ကွက်ဆန္ဒပြခြင်း ဥပဒေ


ကို ပြန်လှန်သုံးသပ်ထားသည့် ဥပဒေမူကြမ်းအား ဥပဒေပြုလွှတ်တော်က အချေအတင်ဆွေးနွေးကြပါလိမ့်မည်။

အလားတူပင် ပြည်တွင်း အစိုးရမဟုတ်သော အဖွဲ့အစည်းများနှင့် စာနယ်ဇင်းအား ထိန်းချုပ်ထားသည့် အငြင်းပွားဖွယ်

ဥပဒေများကိုလည်း ဆွေးနွေးကြပါလိမ့်မည်။ ရခိုင်ပြည်နယ်မှ အခြေအနေမှာလည်း အထိမခံဖြစ်နေသလို အုပ်စက


ွုဲ

အသိုင်းအ၀ိုင်း အချင်းချင်းကြား အကြမ်းဖက်မှုများ ဆက်လက်ဖြစ်ပွားနိုင်သည့် အန္တရာယ်မှာလည်း ကြီးကြီးမားမားပင်

ရှိနေပါသေးသည်။

လူ့အခွင့်အရေးကိစရ
္စ ပ်များနှင့် စပ်လျဉ်းပြီး ပွင့်လင်းစွာ ထိစပ်ဆောင်ရွက်ရေး မူဝါဒကို ဗြိတိန်အစိုးရက ဆက်လက်

ကျင့်သုံးလျက်ရှိပါသည်။ ၂၀၁၄ ခုနှစ်အတွင်း ကျွန်ုပ်တို့၏ ဆောင်ရွက်ချက်များက (လွတ်လပ်စွာ ထုတ်ဖော်ခွင့်၊

လွတ်လပ်စွာ စုဝေးခွင့်၊ လူ့အခွင့်အရေးကို ခုခံကာကွယ်နေသူများအား ကာကွယ်စောင့်ရှောက်ခြင်း၊ နိုင်ငံရေး

အကျဉ်းသားများ လွှတ်ပေးခြင်းတို့အပါအ၀င်) နိုင်ငံရေး လွတ်လပ်ခွင့်များကိုလည်းကောင်း၊ သည်းခံမှုနှင့် အမျိုးစုံ

ကွဲပြားမှုတ့က
ို လက်ခံမှုများတိုးပွားအောင် ဆောင်ရွက်ခြင်းကိုလည်းကောင်း ဆက်လက် အလေးထားသွားပါမည်။

အရပ်ဘက်အခွင့်အရေးများ၊ နိုင်ငံရေး အခွင့်အရေးများဆိုင်ရာ နိုင်ငံတကာ သဘောတူစာချုပ် [အိုင်စီစီပီအာ(ရ်)] ကို

သဘောတူ လက်မှတ်ရေးထိုးရန်၊ ပဋိပက္ခဖြစ်ပွားချိန်တွင် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုကို ကာကွယ်ရေး

ကြေညာချက်ကို လက်မှတ်ရေးထိုးရန်၊ ကလေးစစ်သည်များကို အဆုံးသတ်ရန်တို့အတွက်လည်း မြန်မာအစိုးရနှင့်

ကျွန်ုပ်တို့ ဆက်လက်ဆောင်ရွက်သွားပါမည်။ အလိုအပ်ဆုံးနေရာများတွင် လူသားချင်းစာနာထောက်ထားမှု

အကူအညီများကို ကျွန်ုပ်တို့ ဆက်လက် ဘဏ္ဍာငွေထောက်ပံ့သွားမည်ဖြစ်သလို လူသားချင်းစာနာထောက်ထားမှု

အကူအညီများ ရရှိနိုင်မှု တိုးတက်ကောင်းမွန်လာရေးအတွက်၊ အထူးသဖြင့် ရခိုင်နှင့် ကချင်ပြည်နယ်တို့တွင် ထိုသို့


တိုးတက်ကောင်းမွန်လာရေးအတွက်လည်းကောင်း၊ ရခိုင်ပြည်နယ်မှ အခြေအနေအတွက် ရေရှည်တည်တံ့သော

အဖြေကို ရှာဖွေရန်လည်းကောင်း အစိုးရကို ကျွန်ုပ်တို့ တိုက်တွန်းသွားပါမည်။

လွတ်လပ်စွာဖော်ထုတ်ခွင့်၊ လွတ်လပ်စွာ စုဝေးခွင့်


အသစ်တွေ့ရှိလာရသော လွတ်လပ်ခွင့်များအား လက်ခံယုံကြည်နေသည့် လူ့ဘောင်၏ လက္ခဏာအဖြစ် ကန့်ကွက်

ဆန္ဒပြမှုများကို ၂၀၁၃ ခုနှစ်အတွင်း မြန်မာနိုင်ငံတစ်ဝှန်း၌ ဆက်လက် ကျင်းပနေဆဲဖြစ်ပါသည်။ သြဂုတ်လ ၈ ရက်နေ့

တွင် တက်ကြွလှုပ်ရှားသူများ၊ တိုင်းရင်းသားလူမျိုးစုခေါင်းဆောင်များ၊ အစိုးရ ၀န်ကြီးများ ပါဝင်လျက် ၁၉၈၈ ခုနှစ်

ဒီမိုကရေစီရေး ဆန္ဒပြပွဲများ၏ ၂၅ နှစ်မြောက် အမှတ်တရပွဲကို အဓိကရ လူထုအခမ်းအနားအဖြစ် ပထမဆုံးအကြိမ်

ကျင်းပခဲ့ပါသည်။
မည်သို့ပင်ဆိုစေကာမူ မကောင်းလှသော အဖြစ်များလည်း ရှိနေခဲ့ပါသည်။ သီးခြားစိုးရိမ်မကင်းဖြစ်ဖွယ်တစ်ခုမှာ

ငြိမ်းချမ်းစွာ စုဝေးခွင့်နှင့် ငြိမ်းချမ်းစွာ စီတန်းလမ်းလျှောက်ခွင့် အက်ဥပဒေ၏ ပုဒ်မ ၁၈ နှင့်တကွ နိုင်ငံတကာ စံများနှင့်


ကိုက်ညီမှုမရှိသော အခြား ဥပဒေပြဋ္ဌာန်းချက်များပင်ဖြစ်သည်။ ၂၀၁၃ ခုနှစ်တွင် အဆိုပါ ဥပဒေပြဋ္ဌာန်းချက်အရ

တရားစွဲဆိုခံရသူအများအပြားမှာ အပြစ်ရှိသည်ဟု ၀န်ခံပါက ဒဏ်ငွေအနည်းငယ်ပေးဆောင်ရန် ပြစ်ဒဏ်ချမှတ်ခြင်း

ခံရပြီး အပြစ်မရှိဟု လျှောက်လဲသူများမှာမူ သိသိသာသာ ပိုမိုပြင်းထန်သော ပြစ်ဒဏ်များ ချမှတ်ခြင်းခံခဲ့ရပါသည်။

ဥပမာ ၂၀၁၃ ခုနှစ် နှစ်ဦးတွင် လိုင်ဇာမှ ရန်ကုန်သို့ ဆန့်ကျင် ကန့်ကွက် ချီတက်ရာတွင် ပါဝင်ခဲ့သည့်အတွက်

ကန့်ကွက် ဆန္ဒပြသူ နှစ်ဦးကို ထောင်ဒဏ် ခုနစ်လစီ ပြစ်ဒဏ်ချမှတ်ခဲ့ပါသည်။ နောက်ပိုင်းတွင် ရဲတပ်ဖွဲ့က ကိုယ်

ကာယပိုင်းကိုရော လိင်ပိုင်းအရပါ မတော်မတရားပြုကျင့်ခဲ့သည်ဟု စွပ်စွဲထားသော ဇူလိုင်လအတွင်း မန္တလေးမြိ့ရှိ

ဆန့်ကျင်ဘက်လိင်အသွင်ကို စွဲလန်းသူများ၊ မွေးရာပါလိင်ကို လက်မခံနိုင်သူများအား ဖမ်းဆီးခြင်းကဲ့သို့ အခြေအနေ

မျိုးများတွင် အဆိုပါ ဥပဒေပြဋ္ဌာန်းချက်ကို မဆီလျော်စွာ အသုံးပြုခဲ့ကြပါသည်။ လွတ်လပ်စွာဖော်ထုတ်ခွင့်နှင့် စပ်လျဉ်း

သည့် ဥပဒေပြဋ္ဌာန်းချက်သစ်ကို ပြင်ဆင် ရေးဆွဲနိုင်ရေးအတွက် ဥပဒေပြုပုဂ္ဂိုလ်များ၊ အရပ်ဘက် လူ့ဘောင်၊ မီဒီယာ၊


ဝန်ကြီးဌာနများ၏ စွမ်းရည်ကို မြှင့်တင်ဖော်ဆောင်ရန် လန်ဒန်အခြေစိုက် အစိုးရမဟုတ်သော နိုင်ငံတကာအဖွဲ့အစည်း

တစ်ခုဖြစ်သည့် အပိုဒ် ၁၉ [အာထစ်ခယ်(လ်) နိုင်ထီး(န်)] အဖွဲ့ အား ဗြိတိန်နိုင်ငံက ဘဏ္ဍာငွေထောက်ပံ့ထားပါသည်။

တစ်ကမ္ဘာလုံးနှင့် သက်ဆိုင်သော အခွင့်အရေးများကို အာမခံချက် မလွဲမသွေပေးအပ်နိုင်လာစေရေးအတွက် လက်ရှိ

ဥပေဒပြဋ္ဌာန်းချက်အား ပြန်လှန်သုံးသပ် ပြင်ဆင်ရန် မြန်မာအစိုးရနှင့် လွှတ်တော်အား ကျွန်ုပ်တို့ဆက်လက်တိုက်တွန်း

လျက်ရှိပါသည်။

၂၀၁၃ ခုနှစ်တွင် ကမ္ဘာ့ စာနယ်ဇင်းလွတ်လပ်ခွင့် ညွှန်းကိန်းတွင် ၁၇၉ နိုင်ငံအနက် ၁၅၁ အထိ ၁၈ ဆင့် တက်လာခဲ့

ပါသည်။ နှစ်ပေါင်း ၅၀ အတွင်း ပထမဆုံးအကြိမ်အဖြစ် ပုဂ္ဂလိကပိုင် နေ့စဉ်သတင်းစာများကို ဧပြီလတွင် မြန်မာနိုင်ငံ

တွင် ရရှိလာနိုင်ခဲ့ပေရာ မီဒီယာလွတ်လပ်ခွင့် ဆင့်ကဲဖြစ်စဉ်တွင် နောက်ထပ် ခြေလှမ်းကောင်းတစ်ခု ဖြစ်ခဲ့ပါသည်။

စာနယ်ဇင်းဆရာများ၊ စာတည်းများ၏ လွတ်လပ်သော သထောထားအယူအဆများ ထုတ်ဖော်ပိုင်ခွင့်ကို ကာကွယ်

စောင့်ရှောက်ရန် ရည်ရွယ်သည့် မီဒီယာဥပဒေကို ယာယီစာနယ်ဇင်းကောင်စီက ရေးဆွဲလျက်ရှိပါသည်။ ယင်းကို

၂၀၁၄ ခုနှစ်တွင် လွှတ်တော်က အတည်ပြုလိမ့်မည်ဟု ကျွန်ုပ်တို့ မျှော်လင့်ပါသည်။ မြန်မာနိုင်ငံတွင် အင်တာနက်

ရရှိနိုင်မှုနှင့် အသုံးပြုမှုမှာ အကန့်အသတ်နှင့်သာ ရှိဆဲဖြစ်ပါသည်။ သို့ရာတွင် လူမှုရေးမီဒီယာ စာမျက်နှာများ၌

နိုင်ငံရေးလှုပ်ရှားမှုအပြောင်းအလဲအတွက် အသုံးပြုမှုများတိုးပွားလျက်ရှိလာခဲ့ပါသည်။ ယင်းသို့ တိုးပွားမှုများ


ဆက်လက် ပေါ်ပေါက်နေသည့်အလျောက် လက်တုံ့ပြန်ခြင်း ခံရမည်ကို စိုးရိမ်နေစရာ မလိုဘဲ အသုံးပြုသူများက

မိမိတို့၏ အမြင်များကို ယုံယုံကြည်ကြည် ဖော်ထုတ်နိုင်သည့် ပတ်ဝန်းကျင်တစ်ရပ် ဖန်တီးပေးရန်သာမက အဆိုပါ

ဆွေးနွေးပြောဆိုခြင်းများက အမုန်းပွားစေမည့် အပြောအဆိုများ ပွားများမလာစေရန်ပါ ရည်ရွယ်သော ဥပေဒ

ပြဋ္ဌာန်းချက် ပြုပြင်ပြောင်းလဲမှုများ ရှိလာဖို့ အရေးကြီးလာပါလိမ့်မည်။

နိုဝင်ဘာလတွင် အစ္စလာမ် ပူးပေါင်းဆောင်ရွက်မှုအဖွဲ့ (အိုအိုင်စီ)၏ ခရီးစဉ်အား ကန့်ကွက်သူများအပါအ၀င်

မီဒီယာနှင့် ဆန္ဒပြပွဲများအတွင်း အမုန်းပွားစေမည့်အပြောအဆိမ


ျုားအား အသုံးပြုမှုမှာ စိတ်ပူပန်စရာကောင်းလောက်

အောင် တိုးပွားလာခဲ့ပါသည်။ ဇူလိုင်လအတွင်း ဗြိတိန်နိုင်ငံသို့ လာရောက်ခဲ့စဉ် သမ္မတ ဦးသိန်းစိန်က “နောက်ထပ်

ပေါ်ပေါက်လာမယ့် အကြမ်းဖက်မှုရယ်၊ လူမျိုးရေးမုန်းတီးမှုကို မီးထိုးနေသူတွေရယ်ကို လုံးဝ သည်းခံမည်မဟုတ်”ဟု

လူသိရှင်ကြား ကတိပြုခဲ့ပါသည်။ တာဝန်ရှိသူများအား အာဏာပိုင်များက အရေးယူရန် အားထုတ်မမ


ျှုားအား ကျွန်ုပ်တို့
ကြိုဆိုအပ်ပါသည်။ သို့ရာတွင် လူမျိုးရေး၊ ဘာသာရေး အမုန်းတရားများကို လှုံ့ဆော်နေခြင်းအား ကိုင်တွယ်ရေး

အတွက် ပိုမို အရေးယူဆောင်ရွက်ရန် တိုက်တွန်းအပ်ပါသည်။

လူ့အခွင့်အရေး ခုခံကာကွယ်သူများ

လူ့အခွင့်အရေး ခုခံကာကွယ်သူ (လူ့ခွင့်ခုခံသ)ူ များအတွက် အလုပ်လုပ်ရသော အခြေအနေမှာ များစွာ တိုးတက်

ကောင်းမွန်လာလင်က
့ စား မြန်မာနိုင်ငံမှ အခြေအနေမှာ ခက်ခဲနေဆဲသာဖြစ်ပါသည်။ အထူးသဖြင့် ကျေးလက်လည်း
ပိုဖြစ်၊ ပိုမိုလည်း ဝေးလံသီခေါင်သော ဒေသမှ တက်ကြွသူများအတွက် ဖြစ်ပါသည်။ ဒီဇင်ဘာလ ၁၀ ရက် လူ့အခွင့်

အရေးနေ့တွင် ရန်ကုန်မြို့ရှိ ဗြိတိသျှသံရုံးက မြန်မာနိုင်ငံမှ လူခွင့်ခုခံသူများ၏ အခန်းကဏ္ဍနှင့် အားထုတ်မှုကို ဂုဏ်ပြု

သည့် ဧည့်ခံပွဲတစ်ပွဲကို ကျင်းပခဲ့သလို လူ့ခွင့်ခုခံသူများ၏ အသံများကို ပိုမိုချဲ့ထွင်ပေးနိုင်ရန် အထူး အလေးထား ရေးဆွဲ


ထားသည့် လူအများရှေ့ စကားပြောခြင်း သင်တန်းများကို ပေးအပ်ရန် ဗြိတိသျှ ကောင်စီ၏ ရှေ့ပြေးစမ်းသပ် စီမံချက်

တစ်ရပ်ကို စတင်ခဲ့ပါသည်။

ဗြိတိန်နိုင်ငခ
ံ ရီးစဉ်အတွင်း သမ္မတ ဦးသိန်းစိန်က ၂၀၁၃ ခုနှစ်ကုန်ကို နောက်ဆုံးထားပြီး ကျန်ရှိသော နိုင်ငံရေး

အကျဉ်းသားအားလုံးကို လွှတ်ပေးမည်ဟု လူသိရှင်ကြား ကတိပြုခဲ့ပါသည်။ ဒီဇင်ဘာ ၃၁ ရက်နေ့တွင် သမ္မတ


ဦးသိန်းစိန်က နိုင်ငံရေးအကျဉ်းသားများအားလုံးနှင့်တကွ နိုင်ငံရေးပြစ်မှုများဖြင့် တရားရင်ဆိုင်နေရသူများ အားလုံးကို

လွှတ်ပေးရန် အမိန့်ချခဲ့ပါသည်။ မည်သို့ပင်ဆိုစေကာမူ ဤစာကို ရေးသားနေချိန်တင


ွ် အကျဉ်းကျနေသူ အနည်းဆုံး

အယောက် ၃၀ ကျန်ရှိနေဆဲဖြစ်ပါသည်။ ဤသည်မှာ ဗြိတိန်နိုင်ငံအတွက် ထိပ်ဆုံးမှ ဦးစားပေးတစ်ရပ် ဖြစ်သလို


ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်တွင် ယနေ့အထိ အထင်ရှားဆုံး အောင်မြင်မှုတစ်ရပ်လည်း ဖြစ်ပါသည်။ သို့ရာတွင်

ထင်ရှားသော ရိုဟင်ဂျာ ခေါင်းဆောင်များဖြစ်သည့် ဒေါက်တာ ထွန်းအောင်နှင့် ကျော်လှအောင်တို့၏ အမှုများ

အပါအ၀င် အရေးကြီးသော အမှုများအား မဖြေရှင်းနိုင်မှုက အဆိုပါ လွှတ်ပေးမှုများကို စွန်းထင်းသွားစေခဲပ


့ါသည်။
နိုင်ငံရေးအကျဉ်းသားဟူသော သတ်မှတ်ချက်ကို ပယ်ဖျက်ခထ
ာံးရသော ပုဂ္ဂိုလ်များလည်း အကျဉ်းထောင်ထဲတွင်

ရှိနေဆဲဖြစ်ပါသည်။ အဆိုပါ ကျန်ရှိသော အမှုများကို ဖြေရှင်းရေးအတွက် အစိုးရနှင့် အရပ်ဘက် လူ့ဘောင်တို့ကြား

အပြန်အလှန်ဆွေးနွေးကြရန် ကျွန်ုပ်တို့ တိုက်တွန်းအပ်ပါသည်။ လက်ရှိ နိုင်ငံရေးအကျဉ်းသား စိစစ်ရေး ကော်မတီ


ကဲ့သို့ လက်ရှိအမှုများ၊ အနာဂတ်အမှုအခင်းများကို ပြန်လှန်သုံးသပ်သည့် ယန္တယားတစ်ရပ်ထားရှိရန်လည်း အစိုးရ

အား ကျွန်ုပ်တို့ အားပေးတိုက်တွန်းလျက်ရှိပါသည်။

အစိုးရနှင့် ပူးပေါင်းဆောင်ရွက်မှုကို ကြိုဆိုသော လက္ခဏာအနေဖြင့်အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီ ကော်မတီက

အကျဉ်းထောင်များသို့ သွားရောက်ခြင်းကိုလည်း နှစ်ပေါင်းများစွာ အကြာ၌ ပထမဆုံးအကြိမ်အဖြစ် ဇန္န၀ါရီလတွင်


ပြန်လည် စတင်ခဲ့ပါသည်။ မည်သို့ပင်ဆိုစေကာမူ အကျဉ်းထောင်များအတွင်း နှိပ်စက်ညှဉ်းပန်းသည်ဟုစွပ်စွဲချက်များ

ပေါ်ထွက်နေဆဲလည်း ဖြစ်လေသည်။ အထူးသဖြင့် ပဋိပက္ခဖြစ်ပွားနေသော ဒေသများတွင် ဖြစ်ပါသည်။ ဇူလိုင်လ

အတွင်း လာရောက်ခဲ့စဉ်က နှိပ်စက်ညဥ


ှ်းပန်းမှု ဆန့်ကျင်တိုက်ဖျက်ရေး နိုင်ငံတကာ သဘောတူစာချုပ်ကို

လက်မှတ်ရေးထိုးရန် သမ္မတ ဦးသိန်းစိန်အား နိုင်ငံခြားရေးဝန်ကြီးက တိုက်တွန်းခဲ့ပါသည်။


တရားမျှတမှု ရရှိရေးနှင့် တရားဥပဒေစိုးမိုးရေး

နိုင်ငံရေးခံယူချက်အမျိုးမျိုးရှိကြသည့် ဥပဒေပြုသူများမှာ ပိုမိုကျယ်ပြန့်သော အခန်းကဏ္ဍမှာ ပါဝင်လျက်ရှိနေကြပြီး


လွှတ်တော်အတွင်းတွင် နိုင်ငံရေးအရ အချေအတင်ဆွေးနွေးမှုများကို ဖွင့်ပေးရာတွင် တိုးတက် ခရီးရောက်ခဲ့ပါသည်။

ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သော တရားဥဒေစိုးမိုးရေး လွှတ်တော်ရေးရာ ကော်မတီ၊ မြန်မာနိုင်ငံ အမျိုးသား

လူ့အခွင့်အရေးကော်မတီတို့နှင့် ကျွန်ုပ်တို့ နီးကပ်စွာ ဆက်သွယ်ဆောင်ရွက်လျက်ရှိပါသည်။ ၂၀၁၄ ခုနှစ် ဖေဖော်ဝါရီ


လတွင် လာရောက်သည့် အပြည်ပြည်ဆိုင်ရာ ရှေ့နေအသင်း၏ ခရီးစဉ်အပါအ၀င် ပိုမိုကျယ်ပြန့်သော တရားဥပဒေ

စိုးမိုးရေး စတင်ဆောင်ရွက်ချက်များကိုလည်း ကျွန်ုပ်တို့ ပံ့ပိုးလျက်ရှိပါသည်။ ပိုမိုကျယ်ပြန့်စွာ ညှိနှိုင်းတိုင်ပင်ပြီးနောက်

ပုံနှိပ်ရေးနှင့် ထုတ်ဝေရေး လုပ်ငန်း ဥပဒေကဲ့သို့ ဥပဒေသစ် မူကြမ်းများကို ပြင်ဆင်မှုများကို မြင်ရသည်မှာ အားတက်


ဖွယ် ကောင်းခဲ့ပါသည်။ ၂၀၁၄ ခုနှစ်တွင် လွှတ်တော်က ငြိမ်းချမ်းစွာ စုဝေးခြင်း၊ ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ခြင်း

အက်ဥပဒေကို ပြန်လှန်သုံးသပ်မည်ဖြစ်ရာ ကျွန်ုပ်တို့ အလေးအနက် ကြိုဆိုအပ်ပါသည်။ အရေးကြီးသော လူ့အခွင့်

အရေး နိုင်ငံတကာ စာချုပ်များ၊ အထူးသဖြင့် အိုင်စီစီပီအာ(ရ်)ကို သဘောတူ လက်မှတ်ရေးထိုးရန် မြန်မာ အစိုးရအား


ဆက်လက်တိုက်တွန်းလျက်ရှိသလို ၂၀၁၄ ခုနှစ်တွင် အဆိုပါ လုပ်ငန်းစဉ်အား ကျွန်ုပ်တို့ မည်သို့မည်ပုံ ပံ့ပိုးနိုင်မည်ကို

လတ်တလောတွင် ဆွေးနွေးလျက်ရှိပါသည်။ ရပ်ရွာအသိုင်းအ၀ိုင်းအတွင်း ရဲတပ်ဖွဲ့လုပ်ငန်းဆောင်ရွက်ခြင်း၊ လူထု

ငြိမဝ
် ပ်ပိပြားရေးအတွက် အကောင်းဆုံး လုပ်ထုံးတို့နှင့် စပ်လျဉ်းသော သင်တန်းကို မြန်မာ ရဲတပ်ဖွဲ့ ၀င် ၄,၀၀၀ အား
ပေးအပ်သည့် ဥရောပသမဂ္ဂ၏ ၁၈ လ ကြာ စီမံချက်ကို ဗြိတိန်နိုင်ငံက ထည့်ဝင်ပံ့ပိုးလျက်ရှိပါသည်။ အိုင်ယာလန်

မြောက်ပိုင်းမှ ရဲအရာရှိတစ်ဦးက အိုင်ယာလန်မြောက်ပိုင်း ရဲတပ်ဖွဲ့ မှ ကျွမ်းကျင်သူများနှင့်အတူ ရပ်ရွာ အသိုင်းအ၀ိုင်း

အတွင်း ရဲတပ်ဖွဲ့လုပ်ငန်းဆောင်ရွက်ခြင်း အပိုင်းကို ဦးဆောင်လျက်ရှိသလို ဗြိတိသျှ ရဲအရာရှိ လေးဦးကလည်း လူထု


ငြိမဝ
် ပ်ပိပြားရေး သင်တန်းကို ပို့ချလျက်ရှိပါသည်။ အဆိုပါသင်တန်းကို နိုဝင်ဘာလက စတင်ခဲ့ပြီး နိုင်ငံတစ်ဝှန်းတွင်

နိုင်ငံတကာစံများ ထူထောင်သွားရာ၌ အထောက်အပံ့ဖြစ်စေပါလိမ့်မည်။

လူ့အခွင့်အရေး ချိုးဖောက်မှုများ ရှိနေသည်ဟု ယုံကြည်ထိုက်သော စွပ်စွဲချက်များ ရှိနေသည်အ


့ ခြေအနေ၌ ဇူလိုင်လ

အတွင်းက ရခိုင်ပြည်နယ်တွင် နစက လုံခြုံရေး တပ်ဖွဲ့ များအား ဖျက်သိမ်းလိုက်ခြင်းမှာ ကြိုဆိုအပ်သော ခြေလှမ်း

တစ်လှမ်းဖြစ်ပါသည်။

ပဋိပက္ခနှင့် အရပ်သားများ ကာကွယ်စောင့်ရှောက်ခြင်း

အပိုင်း ၅ ပါ “ဖြစ်ရပ်လေ့လာချက်။ ရိုဟင်ဂျာတို့၏ အတိဒုက”္ခ ကိုလည်း ရှု။

မူစလင်ဆန့်ကျင်ရေး စိတ်ဓာတ်နှင့် အကြမ်းဖက်မှုများ ပျံ့နှံ့လာခြင်းသည် ဗုဒ္ဓဘာသာ အမျိုးသားရေး ၀ါဒီတို့၏ “၉၆၉”


လှုပ်ရှားမှုနှင့် တိုက်ဆိုင်သွားခဲ့ပါသည်။ ယုံကြည်ကိုးကွယ်မှုအချင်းချင်းကြား အပြန်အလှန် ဆွေးနွေးမှု၊ အမျိုးစုံကွဲပြား

နေသော အသိုင်းအ၀ိုင်းများကြား သည်းခံမှုတို့ကို မြှင့်တင် ဖော်ဆောင်သည့် အခြေခံလူတန်းစားများအတွက် စတင်

ဆောင်ရွက်ချက်များကို ဗြိတိန်နိုင်ငံက ဘဏ္ဍာငွေ ဆက်လက်ထောက်ပံ့လျက်ရှိပါသည်။

အတိုင်းအဆအားဖြင့် လျော့သွားသော်လည်း ဇန္န၀ါရီလက ထိုးစစ်ဖြစ်ပွားပြီးနောက် ကချင်လွတ်မြောက်ရေး


တပ်မတော် (ခေအိုင်အေ)နှင့် မြန်မာ့တပ်မတော်တို့ကြားမှာ ပဋိပက္ခမှာ ၂၀၁၃ ခုနှစ်တွင် ဆက်လက်ဖြစ်ပွားနေဆဲ

ဖြစ်ပါသည်။ ၂၀၁၁ ခုနှစ် ဇွန်လအတွင်း ပဋိပက္ခစတင်ဖြစ်ပွားရာမှခန့်မှန်းချေ လူပေါင်း ၁၀၀,၀၀၀ ခန့်မှာ အိုးပစ်

အိမ်ပစ်ထွက်ပြေးနေရဆဲဖြစ်ပါသည်။ ဗြိတိန်နိုင်ငံသည် ကချင်ပြည်နယ်သို့ နှစ်နိုင်ငံ လူသားချင်း စာနာထောက်ထားမှု


အထောက်အပံ့ ပေးအပ်နေသည့် အကြီးဆုံး အလှူရှင်ဖြစ်ပါသည်။ ဇူလိုင်လတွင် နိုင်ငံတကာဖွံ့ဖြိုးရေးဌာန နိုင်ငံတော်

အတွင်းဝန် ဂျပ်စတီး(န်) ဂရီနင်(ဂ်)က အစားအသောက်၊ နေစရာ၊ ရေနှင့် သင့်တင့်သော မိလ္လာစနစ်များ ပေးအပ်ရေး


အတွက် ကချင်ပြည်နယ်မှ လူသားချင်းစာနာထောက်ထားမှု အစီအစဉ်ကို နောက်ထပ် ပေါင်စတာလင် ၁၃.၅ သန်း

ပေးအပ်မည်ဖြစ်ကြောင်း ကြေညာခဲ့ပါသည်။ ခေအိုင်အေ၏ ထိန်းချုပ်မှုအောက်တွင် ရှိနေသော နယ်မြေများအပါအ၀င်

ကချင်ပြည်နယ်ရှိ နယ်မြေဒေသအားလုံးသို့ လူသားချင်းစာနာထောက်ထားမှု အဖွဲ့အစည်းများ အကန့်အသတ်မရှိ


သွားရောက်နိုင်ရန် အမြင့်ဆုံးအဆင့်ရှိ အစိုးရအား ကျွန်ုပ်တို့ ဆက်လက်တိုက်တွန်းလျက်ရှိပါသည်။ ၂၀၁၃ ခုနှစ်

နှစ်ကုန်ပိုင်းတွင် ကုလသမဂ္ဂယာဉ်တန်း အရေအတွက်အနည်းငယ်သည် ခေအိုင်အေ ထိန်းချုပ်ထားသော နယ်မြေများ

သို့ သွားရောက်နိုင်ခဲ့ပါသည်။ နိုဝင်ဘာလတွင် တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ကို ရရှိရန်


နောက်ထပ် အားထုတ်ခြင်းအဖြစ် မြစ်ကြီးနားမြို့၌ ဘက်ပေါင်းစုံပါဝင်သော ဆွေးနွေးပွဲများ ကျင်းပခဲပ
့ါသည်။ အဆိုပါ

ဆွေးနွေးပွဲများမှာ အကျပ်အတည်းကို ထိုးဖောက်ကျော်လွှားနိုင်ခြင်း မရှိခဲ့သော်လည်း ဆက်လက် ညှိနှိုင်းသွားရန်

ဘက်အားလုံးက သဘောတူကြသလို အပစ်အခတ်ရပ်စဲပြီးနောက်တွင် နိုင်ငံရေးအရ အပြန်အလှန်ဆွေးနွေးခြင်း၏


အရေးပါပုံကို လက်ခံခဲ့ကြပါသည်။ မြန်မာနိုင်ငံ၏ လူမျိုးစု အဖွဲ့တိုင်းနှင့် အပစ်အခတ် ရပ်စဲမှု သဘောတူညီချက်

များမှသည် နိုင်ငံရေးအရ အပြန်အလှန်ဆွေးနွေးခြင်းဆီသို့ ဆက်လက်ခရီးရောက်သွားရေးအတွက် ဆောင်ရွက်မှုကို

တိုက်ရိုက် ကူညီပံ့ပိုးလျက်ရှိသော ငြိမ်းချမ်းရေး အလှူရှင်ပံ့ပိုးမှု အဖွဲ့တွင် ဗြိတိန်နိုင်ငံက အဖွဲ့ဝင်တစ်နိုင်ငံဖြစ်ပါသည်။

အိုင်ယာလန်မြောက်ပိုင်းမှ အသိုင်းအ၀ိုင်း အချင်းချင်းကြား ယုံကြည်မှုနှင့် ငြိမ်းချမ်းရေး တည်ဆောက်ခြင်းတွင်


အတွေ့အကြုံရှိသော ကျွမ်းကျင်သူများ၏ ခရီးစဉ်များကို ဗြိတိန်နိုင်ငံက ဘဏ္ဍာငွေ ထောက်ပံ့လျက်ရှိပါသည်။

ကျွန်ုပ်တို့၏ အတွေ့အကြုံများကို မျှဝေရန် သမ္မတရုံး ၀န်ကြီး ဦးအေင်မင်း၊ ဒေါ်အောင်ဆန်းစုကြည်၊ စည်းလုံး

ညီညွတ်သော တိုင်းရင်းသားများ အဖွဲ့ ချုပ်ကောင်စီ၊ ကရင် အမျိုးသား သမဂ္ဂတို့ အပါအ၀င် လက်နက်ကိုင် လူမျိုးစု
အုပ်စုများ လန်ဒန်နှင့် အိုင်ယာလန်မြောက်ပိုင်းသို့ သွားရောက်သည့် ခရီးစဉ်များကိုလည်း ကျွန်ုပ်တို့ စီစဉ်ပေးခဲ့ပြီး

ဖြစ်ပါသည်။

လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုမှာ စိုးရိမ်မကင်းဖြစ်ဖွယ် ရှိနေဆဲပင်။ ထိုကိစ္စအားဆွေးနွေးရန် ယဉ်ကျေးမှုအစဉ်အလာ

အရ တံ့ဆ
ိုင်းမှု၊ ပဋိပက္ခ အမှန်တကယ်ဖြစ်ပွားနေသော ဒေသများသို့ သွားရောက်နိုင်ခြင်းမရှိမှု၊ ခံလိုက်ရသူများ
အတွက် ရည်ညွှန်းလွဲပြောင်းပေးသည့် စနစ်များ မရှိမှုတို့ကြောင့် လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုနှင့် ကျား-မ အခြေခံ

အကြမ်းဖက်မှုတို့၏ အတိုင်းအဆ အပြည့်အ၀ကို မသိနိုင်ကြပေ။ ပုံပြင်ဆန်သော သတင်းများ၊ ခံလိုက်ရသူများအား

အကန့်အသတ်နှင့် တွေ့ရှိရခြင်းများက ထိုသို့သော ကျူးလွန်မှုများမှာ အထူးသဖြင့် ပဋိပက္ခဖြစ်ချိန၊် အကြမ်းဖက်မှု


ဖြစ်ချိန်၊ အိုးပစ်အိမ်ပစ်ထွက်ပြေးရချိန်များတွင် မကြာသေးခင်ကပင် ကျယ်ကျယ်ပြန့်ပြန့် ဖြစ်ပွားလျက်ရှိကြောင်း

ပြဆိုနေခဲပ
့ါသည်။ နိုင်ငံခြားရေး ၀န်ကြီး၏ လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှု ကာကွယ်ရေး စတင်ဆောင်ရွက်ချက်

(PSVI) အစိတ်အပိုင်းအဖြစ် ဗြိတိန်နိုင်ငံသည် ခံလိုက်ရသူများအတွက် တရားစီရင်ရေးကို ရရှိနိုင်မှု တိုးတက်


ကောင်းမွန်လာရေး၊ ရပ်ရွာအသိုင်းအ၀ိုင်းအခြေခံ ကြိုတင်ကာကွယ်မှု ယန္တယားများ ဖော်ဆောင်ရေး၊ ပိုမိုကျယ်ပြန့်

သော ဥပဒေရေးရာ ပြုပြင်ပြောင်းလဲမှု၊ မူဝါဒရေးရာ ပြုပြင်ပြောင်းလဲမှုများ မြှင့်တင်ဖော်ဆောင်သွားရေးတို့အတွက်

စီမံချက်များကို ဘဏ္ဍာငွေထောက်ပံ့လျက်ရှိပါသည်။ နိုင်ငံခြားရေး ၀န်ကြီးက ကုလသမဂ္ဂ အထွေထွေညီလာခံတွင်


စတင်တင်သွင်းခဲ့သော ပဋိပက္ခအတွင်း လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု အဆုံးသတ်ရန် ကတိပြုကြောင်း ကြေညာချက်

အား အတည်ပြု လက်မှတ်ရေးထိုးရန် မြန်မာနိုင်ငံအစိုးရအား ဗြိတိန်နိုင်ငံက ဆက်လက်တိုက်တွန်းလျက်ရှိပါသည်။


လွတ်လပ်စွာ ကိုးကွယ်ခွင့်၊ သို့မဟုတ် လွတ်လပ်စွာ သက်ဝင် ယုံကြည်ခွင့်

လွတ်လပ်စွာ ကိုးကွယ်ခွင့်၊ သို့မဟုတ် လွတ်လပ်စွာ ယုံကြည်ခွင့်ကို ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံတွင် အာမခံချက်


ပေးထားပါသည်။ လက်တွေ့တွင်မူ ဘာသာရေးအရ လူနည်းစုများအပေါ် အစွဲအလမ်းအခြေခံ မလိုမုန်းထားစိတမ
်ျား၊

ခွဲခြားဆက်ဆံမှုများမှာ စိုးရိမ်ဖွယ် ပြဿနာများ ဖြစ်နေဆဲပင်။ ကချင်နှင့် ရခိုင်ပြည်နယ်တို့မှ အကြမ်းဖက်မှုများအတွင်း

ဝတ်ပြုကိုးကွယ်ရာ နေရာများကို တမင်ကလာ ပစ်မှတ်ထားခဲ့ကြသလို မူစလင်အသိုင်းအ၀ိုင်းမှ လူများမှာလည်း


မွေးလက်မှတ်များ ရရှိနိုင်ရေး ပြဿနာများကို ဆက်လက်ရင်ဆိုင်နေရဆဲဖြစ်ပေရာ ကလေးသူငယ်အများအပြားမှာ

နိုင်ငံမဲ့များဖြစ်နေကြသလို ၀န်ဆောင်မှုများကိုလည်း ရယူနိုင်ခြင်း မရှိကြတော့ပေ။ ငါးယောက်ထက် ပိုပြီး စုဝေးခြင်းကို

တားမြစ်ထားသည့် စစ်အုပ်ချုပ်ရေး ဥပဒေ ပုဒ်မ ၁၄၄ ကို ထုတ်ပြန်ထားခြင်းကြောင့် ရခိုင်ပြည်နယ်မှ မူစလင်များမှာ


နေ့စဉ် ၀တ်ပြုရန် စုဝေးခြင်းမှ တားမြစ်ခြင်းခံထားရဆဲ ဖြစ်ပါသည်။ ထိ့အ
ု ပြင် ကုလသမဂ္ဂအထူး ကိုယ်စားလှယ်

ခွင်(န်)ထားနားကလည်း ချင်းပြည်နယ်မှ လူ့အခွင့်အရေး ချိုးဖောက်မှုအတိုင်းအဆမှာ ခြုံငုံပြီး ပြောရလျှင် လျော့ပါး

သွားခဲ့ပြီ ဖြစ်လင့်ကစား သူ နောက်ဆုံး လာရောက်ခဲ့စဉ်အတွင်း ချင်းပြည်နယ်၌ ခရစ်ယာန်ဘာသာဝင်များအပေါ်


ပုံစံတကျ ခွဲခြားဆက်ဆံမှု အတိုင်းအဆတစ်ရပ်ကို ဂရုထားပြောဆိုခဲ့ပါသည်။ ကျွန်ုပ်တို့၏ စီမံချက် ဘဏ္ဍာရေး

ထောက်ပံ့မှုမှတစ်ဆင့် ဗြိတိန်နိုင်ငံသည် မြန်မာနိုင်ငံမှ ကိုးကွယ်ယုံကြည်မှုအချင်းချင်းကြား ဆောင်ရွက်ချက်ကို ပံ့ပိုး

လျက်ရှိပါသည်။

၂၀၁၃ ခုနှစ်အတွင်း နိုင်ငံတစ်လွှားမှ နေရာဒေသ လေး-ငါး နေရာတွင် မူစလင် အသိုင်းအ၀ိုင်းများအပေါ် ပစ်မှတ်ထား


သည့် အကြမ်းဖက်မှုများ ပေါ်ပေါက်လာခြင်းက အလွန်အမင်း စိတပ
်ူပင်စရာကောင်းလှသော ဖြစ်စဉ်များပင်။ မတ်လ

တွင် မန္တလေးတိုင်းဒေသကြီး မိတ္ထီလာမြို့၌ မူစလင် ရတနာဆိုင် ပိုင်ရှင်နှင့် ဗုဒ္ဓဘာသာဝင် ၀ယ်ယူသူတို့ကြား အငြင်း

အခုံ ဖြစ်ပွားပြီးနောက် ၄၃ ဦး သေဆုံးခဲ့ပြီး လူပေါင်း ၁၃,၀၀၀ အိုးပစ်အိမ်ပစ်ထွက်ပြေးခဲ့ကြရပါသည်။ ဧပြီလတွင်


ရန်ကုန်မြို့မှ မိုင် ၄၀ ဝေးသော ဥကံ္ကမြို့၌မူစလင်အမျိုးသမီးတစ်ယောက်က ဘုန်းကြီးတစ်ပါးကို မတော်တဆ ၀င်တိုက်

မိခဲ့ပြီးနောက် လူတစ်ဦး သေဆုံးခဲ့ရပြီး လေး-ငါး-ခြောက်ဦး ဒဏ်ရာ ရခဲ့ပါသည်။ ရှမ်းပြည်နယ် လားရှိုးမြို့တွင် မေလ

က ဗုဒ္ဓဘာသာဝင် အမျိုးသမီးတစ်ဦး သေဆုံးခဲ့ပြီးနောက် မူစလင်ပိုင် အဆောက်အအုံများကို မီးရှို့ဖျက်ဆီးခဲ့ကြပါ


သည်။ ဖြစ်ရပ်အများအပြားတွင် ကြားဝင်ဆောင်ရွက်ခြင်းကိုလည်းကောင်း၊ အကြမ်းဖက်မှု အခြေအနေမဆိုးခင်

စောစောစီးစီး ကာကွယ်ခြင်းကိုလည်းကောင်း ရဲတပ်ဖွဲ့က ပျက်ကွက်ခဲ့သည်မှာ သိသာနေပါသည်။ လွတ်လပ်စွာ

ကိုးကွယ်ခွင့်၊ သို့မဟုတ် လွတ်လပ်စွာ သက်ဝင်ယုံကြည်ခွင့်ကို ခွင့်ပြုရေးအတွက်လည်းကောင်း၊ ရေရှည်တွင် နိုင်ငံ၏


ဒီမိုကရေစီ အသွင်ကူးပြောင်းခြင်းနှင့် ငြိမ်းချမ်းရေးလုပ်ငန်းကို နှောင့်ယှက်ဖျက်ဆီးနိုင်သည့် အန္တရာယ်ရှိသော အသိုင်း

အ၀ိုင်းအချင်းချင်းကြား တင်းမာမှုများကို ကိုင်တွယ်ရေးအတွက်လည်းကောင်း ပိုမို အရေးယူဆောင်ရွက်သွားရန်

အစိုးရအား ကျွန်ုပ်တို့ ဆက်လက်တိုက်တွန်းလျက်ရှိပါသည်။

အမျိုးသမီးများ၏ အခွင့်အရေး
အစိုးရစနစ်ထဲတွင်အမျိုးသမီးများကိုကိုယ်စားပြုမှုနိမ့်ပါးဆဲပင်ဖြစ်သည်။ကုလသမဂ္ဂကျား-မ မညီမျှမှုအညွှန်းက

မြန်မာနိုင်ငံအား ၁၄၈ နိုင်ငံတွင် အဆင့် ၈၀ ၌ ထားရှိပါသည်။ အမျိုးသမီးတပ်မတော်ကိုယ်စားလှယ် နှစ်ဦးကို


မကြာသေးခင်ကပင် ခန့်ထားလိုက်သော်လည်းလွှတ်တော်ကိုယ်စားလှယ်များ ၆ % သာ အမျိုးသမီးများ ဖြစ်ကြပါ

သည်။ ၂၀၁၃-၂၀၂၂ခုနှစ် အမျိုးသမီးများတိုးတက်ရေးအတွက် နိုင်ငံလုံးဆိုင်ရာ မဟာဗျူဟာမြောက်စီမံကိန်းကို

အောက်တိုဘာလတွင် တရားဝင်စတင်ခဲ့ပါသည်။ အဆိုပါစီမံကိန်းက အမျိုးသမီးများ၏အရေးကိစမ


္ဈားအကြောင်း
တစေ့တစောင်းကို တင်ပြရာတွင် ပံ့ပိုးပေးနိုင်မည်ဟုလည်းကောင်း၊ အဓိကကျသော ဆုံးဖြတ်ချက်ချသည့် အခန်း

ကဏ္ဍများတွင် အမျိုးသမီးခေါင်းဆောင်များ ပိုမိုနေရာရလာရေးသို့ ဦးတည်သွားမည်ဟုလည်းကောင်း မျှော်လင့်ရ


ပါသည်။ အက်(ခ်)ရှင်နိတ်(ဒ်)အဖွဲ့နှင့် ဗြိတိသျှကောင်စီတို့မှတစ်ဆင့် မြန်မာ အမျိုးသမီးများ ခေါင်းဆောင်မှုအခန်း

ကဏ္ဍကို ရယူကာ အမျိုးသမီးများ၏အခွင့်အရေးကို မြှင့်တင်ဖော်ဆောင်လျက် အမျိုးသမီးများ၏ ဘ၀ကို ရိုက်ခတ်

လျက်ရှိသော ဆုံးဖြတ်ချက်များတွင် အပြည့်အ၀ ပါဝင်ဆောင်ရွက်နိုင်ရေးကို ထောက်ခံအားပေးလျက်ရှိသည့်

လုပ်ပိုင်ခွင့်အပ်နှင်းပေးသော စီမံကိန်းတစ်ရပ်ကို ကျွန်ုပ်တို့ ဘဏ္ဍာငွေထောက်ပံ့ခဲ့ပါသည်။

ဗြိတိန်နိုင်ငံအစိုးရက မြန်မာနိုင်ငံတွင် ဆောင်ရွက်လျက်ရှိသောလုပ်ငန်း၏ ဗဟိုချက်တွင် အမျိုးသမီးများနှင့်

မိန်းကလေးငယ်များ အမြဲတစေ ရှိနေပါလိမ့်မည်။ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုအပါအ၀င် ဘေးအန္တရာယ်ကျရောက်

လွယ်မှု လျှော့ချခြင်း၊ ဒီမိုကရေစီနည်းကျ အသွင်ကူးပြောင်းမှု၊ ငြိမ်းချမ်းသောအသွင်ကူးပြောင်းမှုများတွင် အမျိုးသမီး


များ၏ ပါဝင်ဆောင်ရက
ွ်မှုကို တိုးမြှင့်ခြင်း၊ ကျား-မ မညီမျှမှုများကို ပြန်ညှိရန် သီးခြားပစ်မှတ်ထား ရေးဆွဲထားသည့်

အစီအစဉ် ချမှတ်ခြင်းနှင့် အခြားကြားဝင်ဆောင်ရွက်ခြင်းများ၊ အမျိုးသမီးများအပေါ် ရိုက်ခတ်လျက်ရှိသော လုပ်ငန်းစဉ်

များ၊ ဆုံးဖြတ်ချက်များတွင် အမျိုးသမီးများ ပိုမို ပါဝင်ပတ်သက်ခြင်းစသည်တို့ပင် ဖြစ်ပါသည်။

လူနည်းစုအခွင့်အရေးများ

မြန်မာနိုင်ငံသည် ကမ္ဘာပေါ်တွင် တိုင်းရင်းသားအရ အမျိုးအမယ်အကွဲပြားဆုံး နိုင်ငံတစ်နိုင်ငံ ဖြစ်သည်။ သို့ရာတွင်

ဝကွက်ချန်ထားမှုမရှိဘဲ အားလုံးပါဝင်ရေး၊ အားလုံးကို လေးစားရေး အစဉ်အလာတစ်ရပ်မှာမူ စိန်ခေါ်မှုတစ်ခု ဖြစ်နေဆဲ


ပင်။ အထူးသဖြင့် မြန်မာနိုင်ငံ၏ တရားဝင်အသိအမှတ်ပြုထားသော တိုင်ရင်းသားအုပ်စု တစ်ခုမဟုတ်သည့် ရခိုင်

ပြည်နယ်မှ ရိုဟင်ဂျာများမှာ မြင်သာလှသော ခွဲခြားဆက်ဆံမှုဒဏ်ကို ခံနေကြရပါသည်။ (အပိုင်း ၅ ပါ “ဖြစ်ရပ်

လေ့လာချက်။ ရိုဟင်ဂျာတို့၏ အတိဒုက”္ခ ကိုလည်း ရှု။)

၂၀၁၄ ခုနှစ်တွင် နှစ်ပေါင်း ၃၀ အတွင်း ပထမဆုံး ဆောင်ရွက်မည့် သန်းခေါင်စာရင်းကောက်ယူမှုကို ပံ့ပိုးပေးသည့်


အနေဖြင့် ဗြိတိန်နိုင်ငံက ပေါင်စတာလင် ၁၀ သန်း ထည့်ဝင်လှူဒါန်းခဲ့ပါသည်။ သန်းခေါင်စာရင်းက ပိုမို ကောင်းမွန်

သော အစိုးရမူဝါဒနှင့် တိုးတက်ကောင်းမွန်သော ၀န်ဆောင်မှုတို့အတွက် သိရှိရန် လိုအပ်သည့် အရေးကြီးသော

ကိန်းဂဏန်း အချက်အလက်များကို ပေးအပ်ပါလိမ့်မည်။ အဆိုပါ ကိန်းဂဏန်းအချက်အလက်များ၏ တိကျမှုအတွက်


အကန့်အသတ်များ၊ ရွေးချယ်ယူရမည့် တိုင်းရင်းသားလူမျိုးများ၏ စာရင်းစသည်တို့နှင့် စပ်လျဉ်းပြီး အခက်အခဲများ

ရှိနေနိုင်မည့် အလားအလာများ ရှိနေသည့်တိုင် သန်းခေါင်စာရင်းမှ ရရှိသော တိုင်းရင်းသားလူမျိုးစုဖြစ်မှုနှင့်စပ်လျဉ်း

သည့် အချက်အလက်များသည် ယခုအချိန်အထိ သိရှိထားသော မြန်မာနိုင်ငံ၏ တိုင်းရင်သားလူမျိုးစု ပါဝင်မှု၊


ယဉ်ကျေးမှုပေါင်းစုံ ဖွဲ့စည်းမှုတို့ထက် ပိုမို တိကျသော အခြေအနေတစ်ရပ်ကို ပေးအပ်ရန်အတွက် ပံ့ပိုးပေးနိုင်ပါ

လိမ့်မည်။

ကလေးသူငယ် အခွင့်အရေး
ကလေးစစ်သည်များ စုဆောင်းမှုနှင့် အသုံးပြုမှုအတွက် ကုလသမဂ္ဂ လုံခြုံရေးကောင်စီ၏ စောင့်ကြည့်ရသည့် စာရင်း

တွင် မြန်မာနိုင်ငံမှာ ပါရှိနေဆဲဖြစ်ပါသည်။ ၂၀၁၂ ခုနှစ် သြဂုတ်လတွင် ကလေးသူငယ်များနှင့် လက်နက်ကိုင် ပဋိပက္ခ

ဆိုင်ရာ ကုလသမဂ္ဂ လုံခြုံရေးကောင်စီ လုပ်ငန်းအဖွဲ့၏ အစိတ်အပိုင်းအဖြစ် ဗြိတိန်နိုင်ငံသည် မြန်မာနိုင်ငံမှ ကလေး


စစ်သည်များ၏ အရေးကိစန
္စှင့် စပ်လျဉ်းသော ဆုံးဖြတ်ချက်တစ်ရပ်ကို သဘောတူညီခဲ့ပါသည်။ နိုင်ငံတွင်းမှ ကုလ
သမဂ္ဂအဖွဲ့အား စစ်စခန်းများ အားလုံးသို့ သွားရောက်ခွင့်ပေးရေး၊ ကလေးစစ်သည်များအား စုဆောင်းရန်အတွက်

မက်လုံးများပေးထားသည်ကို ဖယ်ရှားရေး၊ အသက်စစ်ဆေးမှု ယန္တယားများ ခိုင်မာတောင့်တင်းအောင် ဆောင်ရွက်ရေး


အတွက် မလွဲမသွေဆောင်ရွက်ရန် အဆိုပါ ဆုံးဖြတ်ချက်က မြန်မာနိုင်ငံကို တောင်းဆိုထားပါသည်။ ကုလသမဂ္ဂနှင့်

မြန်မာနိုင်ငံကြား သဘောတူထားသော ၁၈ လတာ လုပ်ငန်းစီမံချက်မှာ ၂၀၁၃ ခုနှစ်တွင် ပြီးဆုံးသွားပြီ ဖြစ်ရာ ယင်းကို

သက်တမ်းတိုးရန် ကျွန်ုပ်တို့ တိုက်တွန်းလျက်ရှိပါသည်။ ထိုကာလအတွင်း ကလေးသူငယ် ၆၀၀ ကျော်ကို လွှတ်ပေးပြီး


ပြန်လည်ပေါင်းစည်ပေးခဲ့ကြောင်း သိရှိရသဖြင့် ယင်းကို ကျွန်ုပ်တို့ ကြိုဆိုအပ်ပါသည်။ သို့ရာတွင် လုပ်စရာများမူ

ကျန်ရှိနေဆဲလည်း ဖြစ်ပါသည်။ စစ်စခန်းများ၊ အစိုးရမဟုတ်သော လက်နက်ကိုင် အုပ်စုများဆီသို့ ရောက်ရှိနိုင်ရေးမှာ

ကန့်သတ်ခံထားရဆဲဖြစ်သလို ကလေးသူငယ်များအား စစ်သားစုဆောင်းခြင်းမှာ နှေးကွေးသွားသည့်တိုင် လုံးဝ


ရပ်ဆိုင်းသွားသည်တော့ မဟုတ်ပေ။ အစိုးရမဟုတ်သော လက်နက်ကိုင်အုပ်စုများက ကလေး စစ်သည်များ အသုံးပြု

သည့် အလေ့အထကို စွန့်လွှတ်ရေးအတွက် အလားတူ အစီအမံကို သဘောတူရန် စိတ်ဝင်စားကြောင်း ပြသထားကြ

သည့်အတွက် ကျွန်ုပ်တို့ အားတက်မိရပါသည်။

You might also like