You are on page 1of 25

www.mmcybermedia.

com

1
www.mmcybermedia.com
အောင်သင်း

လက်ခံလိုက်စမ်းပါ

တကယ့်အနုပညာ

စာအုပ်စာတမ်း စာနယ်ဇင်းခွင့်ပြုအမှတ်

[၉၃၃/၂၀၀၀(၁၁)]

စာအုပ်စာတမ်းမျက်နှာဖုံးခွင့်ပြုအမှတ်

[၉၃၆/၂၀၀၀(၁၂)]

ကယ်ရီကေးချား

စောမင်းဝေ

ဒီဇိုင်း

ဖေညွန့်ဝေ

ပုံနှိပ်ခြင်း

ပထမအကြိမ်

(၁၀၀၀)

ထုတ်ဝေခြင်း

ဒီဇင်ဘာ၊ ၂၀၀၀

စာအုပ်ချုပ်

ကိုမြင့်

ဒေါ်ရွှေအိမ်(၀၁၂၉၉)၊ ထိုင်းလင်းစာပေတိုက်

အမှတ်(၃)၊ အောင်သိဒ္ဓိလမ်း၊ စော်ဘွားကြီးကုန်း၊

အင်းစိန်၊ ရန်ကုန်မြို့မှ ထုတ်ဝေ၍

ဒေါ်ခင်လ(ှ မြဲ ၀၁၅၇၈)၊ စာပေလောကပုံနှိပ်တိုက်

အမှတ် ၁၇၃၊ ၃၃လမ်း၊ ရန်ကုန်မြို့တွင်

မျက်နှာဖုံးနှင့် အတွင်းစာသားများ ပုံနှိပ်သည်။

®®®®®®®®

2
www.mmcybermedia.com

မှတ်တမ်း

တကယ့်အနုပညာ နှင့် လက်ခံလိုက်စမ်းပါ စာမူများကို ၁၉၉၇ ခုနှစ် မေလနှင့် သြဂုတ်လများတွင် အသံသွင်းခွေအဖြစ်


ဦးစွာထုတ်လုပ်ခဲ့ပါသည်။

ယခု ၂၀၀၀ ပြည့်နှစ် ဒီဇင်ဘာလတွင် ပထမအကြိမ် ထုတ်ဝေခြင်းဖြစ်ပါသည်။

®®®®®®®®®®

(၁)

တကယ့်အနုပညာ

ကျွန်တော်တို့ အသံသွင်းစာအုပ်ဆိုတာ မြန်မာပြည်မှာတော့ ပထမဦးဆုံးပေါ်ခြင်းပေါ့လေ။ ဒီဥစ္စာလဲပဲ ကျွန်တော့်စိတ်ကူး


မဟုတ်ပါဘူး။ ကျွန်တော်တို့ စာပေလောက ဦးမျိုးညွန့်ပေါ့လေ၊ သူကနေပြီးတော့ စိတ်ကူးပေါက်တာ။ အဲဒီမှာသူက ဘာပြောလဲဆိုတော့
ဆရာတဲ့ မကြာသေးမီက ဖြူးမိတ်ဆွေများ စာကြည့်သင်းမှာ ဆရာပြောသွားတဲ့ စကားလေးဟာ တော်တော်ကောင်းပါတယ်တဲ့၊
အဲဒီစကားလေးကို တစ်ပြည်လုံးကြားရင် ပိုကောင်းမယ်ထင်တယ် ဆရာတဲ့၊ စာအုပ်အဖြစ်နဲ့လည်း လုပ်ချင်လုပ်ပေါ့တဲ့၊ နောက်မှလုပ်ပေါ့၊
ဒါပေမယ့် ကျွန်တော် ကက်ဆက်နဲ့ အသံသွင်းစာအုပ်ဆိုပြီးတော့ ဖြန့်ချင်တယ်ဆရာတဲ့၊ နောက်ပြီးတော့ စာအုပ်ထက်ပိုပြီး ကက်ဆက်က
ပြန့်တယ်ဆိုတာ ဆရာသဘောပေါက်ပါလိမ့်မယ်တဲ့၊ ဘာကြောင့်လဲဆိုတော့ ရွာတစ်ရွာမှာ တစ်ရွာလုံးပေါင်းလို့မှ မဂ္ဂဇင်းလေးငါးအုပ်
မရှိရင်တောင်မှ ကက်ဆက်ကတော့ဖြင့် သုံးခုလောက်တော့ရှိကြတယ်၊ ဘက်ထရီလေးတွေနဲ့ ဖွင့်ကြတယ်လေဆရာ၊ အဲဒီတော့
အဲဒီလိုပြန့်သွားရင် ကောင်းမလားလို့ စိတ်ကူးပေါက်ပါတယ်၊ နောက်ပြီးတော့ စာအုပ်လောက်လဲ ဈေးမကြီးနိုင်ဘူးဆရာ၊
ကက်ဆက်တစ်ခွေမှ ဘာမှသိပ်မကျနိုင်ဘူး၊ ဆိုလိုတာက ဆရာတဲ့၊ အဲဒီတော့ စာအုပ်တွေလောက်တောင်မှ ဈေးမကြီးဘူးဆိုတော့
ဆရာဒါလေးက ပိုကောင်းလိမ့်မယ်ထင်တယ်တဲ့ ဆိုတာနဲ့ ကိုင်းလေ၊ စမ်းကြည့်ကြတာပေါ့ ဆိုပြီး ကျွန်တော်လဲ သဘောတူလိုက်ပါတယ်။
ဒါကကျွန်တော်တို့ ဒီအသံသွင်းစာအုပ်ပေါ်ပေါက်လာရတဲ့ အကြောင်းရင်းကို ကျွန်တော် အစီရင်ခံတာပါ။

ကျွန်တော့်အနေနဲ့ကလဲပဲ ကျွန်တော့်ရဲ့ ပရိသတ်များသိကြပါလိမ့်မယ်။ ကျွန်တော် အနယ်နယ်မှာ စာပေဟောပြောပွဲတွေ


လုပ်တယ်၊ အဲဒီလုပ်တဲ့ အခွေတွေကို အသံဖမ်းကြတယ်၊ အဲဒါကို တစ်ဆင့် တစ်ဆင့် ကူးယူပြီးတော့ မြို့တွေရွာတွေမှာ
သူတို့မိတ်ဆွေအချင်းချင်း ဖြန့်ပြီးနားထောင်ကြတယ်။ တချို့ဆိုလို့ရှိရင် ကျွန်တော်တို့ အဝေးပြေးကားကြီးပေါ်မှာတောင်မှ
ခရီးသည်တွေကို ဖွင့်ပြကြတယ်။ ခရီးသည်တွေကလဲ နှစ်သက်ကြတယ်လို့ ကျွန်တော်သိရတယ်။ ကျွန်တော်ကစပြီး ပြောခဲ့တာက
ပရိသတ်နဲ့ပြောရတာ။ ပရိသတ်ရဲ့တုန့်ပြန်မှုပေါ့၊ ရယ်တာတွေ၊ မောတာတွေ၊ လက်ခုပ်တီးတာတွေ အဲဒါမျိုးတွေ
ဘာတွေကြားရတာပေါ့လေ။ ဒီမှာကတော့ ကျွန်တော် အခန်းလေးထဲမှာ မီးလေးမှိန်မှိန်နဲ့ ရှေ့မှာ မိုက်ကရိုဖုန်းတစ်လုံးရှိတယ်၊ ပြီးတော့မှ
နားကြပ်ကြီးလိုပေါ့ဗျာ၊ ခင်ဗျားတို့လဲ ဓာတ်ပုံထဲတွေ့ဖူးပါလိမ့်မယ်။ လေယာဉ်သူရဲကောင်းလိုလို ဘာလိုလိုနဲ့။ အဲဒါခေါင်းစွပ်ပြီး
ကျွန်တော်တစ်ယောက်တည်း ပြောနေရတာဆိုတော့ ပရိတ်သတ်လည်း မပါတော့ ပြောရတာတော့ တစ်မျိုးကြီးပဲ၊ အတွေ့အကြုံက။
သို့သော် ကျွန်တော်ကြိုးစားပြီးတော့ ကျွန်တော်ပြောပါ့မယ်။

ပထမဆုံး ကျွန်တော်ပြောမယ့် အကြောင်းအရာက စာကြည့်သင်းယဉ်ကျေးမှု မြန်မာပြည်မှာ လွှမ်းမိုးလာဖို့ပါပဲ။

ခုဆိုလို့ရှိရင် မြန်မာပြည်မှာ လက်ဖက်ရည်ဆိုင်ယဉ်ကျေးမှု သိပ်ကြီးတယ်။ ဘယ်နားကြည့်လိုက်ကြည့်လိုက်


လက်ဖက်ရည်ဆိုင်ရှိတယ်။ လက်ဖက်ရည်ဆိုင်က ကက်ဆက်သံတွေဟာ ရှောင်လို့မလွတ်အောင် များတယ်။ ဒါမြို့တွေမှာပေါ့လေ။
တောတွေမှာတော့ မရှိသေးဘူးပေါ့။ အဲဒီမှာ လူငယ်တွေ အများကြီးအချိန်ကုန်ကြတယ်။ ကျွန်တော့်စိတ်ထဲမှာ အဲဒီလက်ဖက်ရည်ဆိုင်
ယဉ်ကျေးမှု မြန်မာပြည်မှာပြန့်နေသလို စာကြည့်သင်းတွေများ ဒီလောက်ထိအောင်ပေါ်ပေါက်လာရင် စာကြည့်သင်းယဉ်ကျေးမှု
ပြန့်လာရင် ဘယ်လောက်ကောင်းမလဲဆိုတဲ့ စိတ်မျိုးနဲ့ ကျွန်တော် ဒီစကားကို ပြောခြင်းဖြစ်ပါတယ်။

ကိုင်း၊ ပထမဆုံးစာကြည့်တာတွေ ဘာတွေ စာကြည့်သင်းတွေကို ခဏထားလိုက်ဦး။ ကျွန်တော်တို့လူဟာ တိရစ္ဆာန်ထက်


ဘာကြောင့် သာသွားသလဲ။ သာသွားတဲ့ အချက်ကြီးတွေကို စဉ်းစားရအောင်။ စဉ်းစားလိုက်တဲ့အခါ ပထမဦးဆုံး အရေးကြီးတာက
ဘာလဲဆိုတော့ ဘာသာစကားပဲ။ တကယ်လို့သာ ဘာသာစကားဆိုတာ ပေါ်မလာလို့ရှိရင် လူဟာ တိရစ္ဆာန်နဲ့ အတူတူပဲ ဖြစ်နေမှာပဲ။
ဘာကြောင့်လဲဆိုတော့ ဘာသာစကားရှိတဲ့အတွက်ကြောင့် ကိုယ့်အတွေ့အကြုံကို သူများကို ပြန်ပြောနိုင်တယ်။

တိရစ္ဆာန်ကျတော့ ဘာသာစကားမရှိတော့ ပြန်မပြောနိုင်ဘူး။ ဥပမာ ခွေးတစ်ကောင်က မီးခဲတက်နင်းမိတယ်၊ ပူတယ်။ ကိန်


ကိန် ကိန် ဆို ထွက်ပြေးတာဒါပဲ။ ကျန်တဲ့ခွေးကို မီးခဲဆိုတာ ပူတယ်ဟေ့လို့ သူမပြောနိုင်ဘူး။ အဲဒီတော့ ကျန်တဲ့ခွေးကလဲ
မီးခဲတက်နင်းပြီးတော့ ကိန် ကိန် ကိန်ကိန် ဆိုထွက်ပြေး။ အဲဒီတော့ ကမ္ဘာဦးကခွေးဟာ ဒီကနေ့အထိ ကိန် ကိန် ကိန် ကိန် နဲ့ပဲ

3
www.mmcybermedia.com
မီးခဲတက်နင်းပြီး သူကိုယ်တိုင်တွေ့မှပဲ သိတော့တယ်။ အဲဒီတော့ လူမှာကျတော့ ကိုယ့်အတွေ့အကြုံကို ကိုယ်ပြန်ပြောနိုင်တယ်။
အဲဒီကိုယ့်အတွေ့အကြုံကို ကိုယ်ပြောတဲ့ဥစ္စာမှာ ဆိုကြပါစို့။

အဲဒီခွေးတစ်ကောင်ဟာ ခွေးတစ်ကောင်ရဲ့အတွေ့အကြုံချည်းဆိုရင် သိပ်ပြီးတော့ကျဉ်းမြောင်းတာပေါ့။ သူ့တစ်သက်တာ


အတွေ့လေးပဲ တွေ့မှာပေါ့နော်။ လူတစ်ယောက်မှာလဲပဲ တကယ်လို့ ဘာသာစကားသာမရှိလို့ရှိရင် ကိုယ့်တစ်သက်တာလေးရဲ့
အတွေအကြုံကို ကိုယ့်ဘာသာကိုယ်တွေ့လာမှာပေါ့နော်။ ဒါပဲရှိမှာပေါ့နော်။ ခုတော့ ဘာသာစကားရှိတော့ ဘာလဲဆိုတော့
သူ့အတွေ့အကြုံကို ကျွန်တော်တို့က ပြန်ယူနိုင်တယ်၊ ကိုယ့်အတွေ့အကြုံကို သူများကို ပြန်ပြောနိုင်တယ်၊ ပြန်ပြောနိုင်တဲ့အတွက်ကြောင့်
သူများရဲ့ အတွေ့အကြုံကို ကိုယ့်အတွေ့အကြုံအဖြစ် သိခွင့်ရတဲ့အတွက်ကြောင့် လူ့လောကကြီးက ခွေးတွေနဲ့ တိရစ္ဆာန်တွေနဲ့မတူဘဲနဲ့
ဒီလောက်ထိအောင် တိုးတက်လာတာဆိုတာ ကျွန်တော်တို့ တစ်ထစ်ချ ပြောလို့ရတယ်။

စဉ်းစားကြည့်လို့ရှိရင် ပညာသင်တယ်ဆိုတာကိုက ဘာလဲ။ ကျွန်တော်တို့ အတွေ့အကြုံလက်ဆင့်ကမ်းသွားတာပဲ။


အတွေ့အကြုံ လက်ဆင့်ကမ်းတယ်ဆိုတာက ဥပမာဆိုကြပါစို့။ အောက်ဆီဂျင်ဆိုတာကို လဗွိုင်းဆီးယားဆိုတဲ့ ပုဂ္ဂိုလ်က တွေ့တယ်။
အဲဒီအောက်ဆီဂျင်ကို ဘယ်လို ထုတ်ဖော်တယ်ဆိုတာ သူကိုယ်တိုင်တွေ့တယ်။ တွေ့တော့ အဲဒီတွေ့တဲ့ဥစ္စာကို လက်ဆင့်ကမ်းလိုက်တဲ့
အတွက်ကြောင့်မို့လို့ သူ့လောက်မပင်ပန်းဘဲနဲ့ ကျွန်တော်တို့က စာသင်ခန်းထဲက ကလေးတွေ ဒီနေ့နားလည်သွားပြီ။ အဲဒီအောက်ဆီဂျင်
ကို ထုတ်လို့ တတ်သွားကြပြီ။ အဲဒီလိုပဲ ကျန်တဲ့ပညာရပ်တွေအကုန်လုံးမှာ အတွေ့အကြုံလက်ဆင့်ကမ်းသွားတဲ့အတွက်ကြောင့် မို့လို့
လူ့လောကကြီး ဒီလောက်မြင့်လာတာ။ အဲဒီသဘောကို ကျွန်တော်တို့ အသေအချာ အခြေခံကိုနားလည်လို့ရှိရင် အခု
ကျွန်တော်ပြောမယ့်ဥစ္စာကို ဆက်ပြီးတော့ အလေးအနက် ပိုပြီးထားပါလိမ့်မယ်။

ကုန်ကုန်ပြောရရင်ခင်ဗျား။ မြတ်စွာဘုရားသခင် လေးအသင်္ချေနဲ့ ကမ္ဘာတစ်သိန်း ပါရမီဖြည့်ပြီးတော့ ဒုက္ကရစရိယာ


ခြောက်နှစ်လောက်ကျင့်လာတဲ့ သစ္စာလေးပါးကို ကိုင်း အခု ဆရာတော်တွေ၊ သမားတော်တွေ၊ ရဟန်းတော်တွေ မလိုက်နာရဘူးလား။
ကျင့်ကြံတောကော နိဗ္ဗာန်မရောက်ဘူးလား။ အဲဒီလို ရောက်သွားတဲ့ ဝိမုတ္တိပေါ့၊ ရောက်သွားတဲ့ လွတ်မြောက်သွားတဲ့ ပုဂ္ဂိုလ်ကြီးတွေ
ပေါ်လာတယ်၊ ဘယ်သူ့ကြောင့်လဲဆိုတော့ လေးသင်္ချေနဲ့ကမ္ဘာတစ်သိန်း ပါရမီဖြည့်ခဲ့တဲ့ မြတ်စွာဘုရားသခင်ရဲ့ ပညာ၊ ခုနကပြောခဲ့တဲ့
ဒုက္ကရစရိယာက ခြောက်နှစ်ကျင့်ခဲ့ရတဲ့ သစ္စာလေးပါး၊ အဲဒီဥစ္စာကို ဒါဟာ ကျွန်တော်တို့ ဘာသာစကားရှိလို့ဆိုတာ တစ်ထစ်ချ
ပေါ်လွင်လာတယ်။ ကောင်းပြီ၊ အဲဒီဘာသာစကားရှိတဲ့အတွက်ကြောင့် ဘာသာစကားရှိရုံလေးနဲ့တင် ဒါလောက်မဟုတ်သေးဘူး။
ဘယ်လိုဖြစ်သွားလဲဆိုတော့ အဲဒီဘာသာစကားကို စာနဲ့ပြန်ရေးနိုင်တယ်။ ဟော စာဆိုတဲ့ဥစ္စာ သေချာစဉ်းစားကြည့်လို့ရှိရင်
ကျွန်တော်တို့ အင်မတန်အံ့သြဖို့ကောင်းတယ်။

ဒါကြောင့်မို့လို့ စာဖတ်တယ်ဆိုတဲ့ ကိစ္စဟာ အကောက်ကလေးတွေ၊ အကွေးကလေးတွေပေါ့လေ။ မျဉ်းကြောင်းကလေးတွေ၊


ဝလုံးကလေးတွေ အဲဒါကို ကြည့်ပြီးတော့ အသံပြန်ထွက်လိုက်တဲ့အခါကျလို့ရှိရင် စကားပြန်ဖြစ်သွားတာပဲ။ အဲဒီတော့ကာ အဲဒီစာနဲ့
တစ်ဆင့်တစ်ဆင့် လက်ဆင့်ကမ်းလိုက်တဲ့ အခါကျတော့ ဟိုးသမိုင်းကလူတွေရဲ့ အတွေ့အကြုံတွေကို ကျွန်တော်တို့ရတယ်။
မင်းတုန်းမင်းကြီးလက်ထက်က ပြောခဲ့တဲ့စကားတွေကို ဖတ်လို့ရတယ်။ အဲဒီလိုဖတ်လို့ရတော့ ကျွန်တော်တို့က လူအစဉ်အဆက်က
ဥစ္စာကို ဒီစာနဲ့ ယူလာရတယ်ဆိုတာ ပေါ်လာတယ်။

ဒါကြောင့် စာပေ၊ အဲဒီစာပေရှိခြင်းသည် စာပေရှိလိုက်ခြင်းသည် တိုင်းပြည်အတွက် တိုးတက်ဖို့ ဖြစ်တယ်။ အဲဒီစာပေကို


အားထုတ်ခြင်း၊ စာကြည့်သင်းတွေ ဘာတွေ အားထုတ်လိုက်ခြင်းဟာလဲ တိုင်းပြည်ရဲ့ တိုးတက်မှု လူမျိုးရဲ့တိုးတက်မှုတွေ ဖြစ်လာတယ်။

အဲဒီတော့ ဆိုကြပါစို့။ တိုင်းပြည်တွေကို ထားလိုက်ဦးတော့ဗျာ။ ကျေးရွာတွေမှာ ကြည့်စမ်းကြည့်ပါ။ ကျေးရွာအချင်းချင်းမှာ


ခုနင်က စာသင်ကျောင်းရှိတဲ့ရွာနဲ့ စာသင်ကျောင်းမရှိတဲ့ရွာ တိုးတက်မှုဘယ်လောက်ကွာသွားသလဲ။ သိပ် သိသာတယ်နော်။ အဲဒီဥစ္စာ
စာသင်ကျောင်း မရှိတော့ဘူးဆိုလို့ရှိရင် အဲဒီရွာရဲ့တိုးတက်မှုဟာ သိပ်နှေးကွေးတယ်။ စာသင်ကျောင်းလေးရှိလာပြီ ဆိုလို့ရှိရင်
သိပ်တိုးတက်လာတယ်။ ဒါကြောင့်မို့လို့ ကျေးရွာလူကြီးတွေဟာ ကိုယ့်ရွာမှာစာသင်ကျောင်းလေးရှိအောင် ကြိုးစားကြတယ်။
ဟိုအရင်တုန်းကတော့ တကယ်လို့ ဘုန်းတော်ကြီးကျောင်းမရှိလို့ရှိရင် သူတို့မှာ ကျက်သရေ အင်မတန်မဲ့တယ်။ ဒီထက်ပိုပြီး
နောက်တစ်ဆင့်မြင့်ရင် စေတီလေးတစ်ဆူရှိနိုင်ရင် ပိုကောင်းတယ်လို့ တွက်ကြတယ်။ ခုချိန်မှာတော့ ဘယ်နဲ့လဲဆိုတော့ အဲဒါတွေနဲ့
ပေါင်းပြီးတော့ စာသင်ကျောင်းလေး တစ်ကျောင်းဖြစ်အောင် ကြိုးစားကြတယ်။ မူလတန်းကျောင်းကနေ အလယ်တန်းကျောင်း၊
အလယ်တန်းကျောင်းကနေ အထက်တန်းကျောင်းဖြစ်အောင် ကျေးရွာလူကြီးတွေက သိပ်ကြိုးစားကြတယ်။ အဲဒီလို ကြိုးစားတဲ့
အတွက်ကြောင့်မို့လည်း ကျေးရွာတွေမှာ တိုးတက်ဖွံ့ဖြိုးလာပါတယ်။ ဒါပေမယ့်လို့ နောက်တစ်ဆင့်တက်ဖို့လို့ ကိစ္စ။

ကျောင်းသွားပြီ၊ စာတတ်ပြီ၊ သေစာရှင်စာတတ်ရင် ပြီးရောလား။ ဖတ်တတ်ရင်ပြီးရောလား။ အဲဒီလိုမဟုတ်ဘဲနဲ့


စာတတ်တဲ့ဥစ္စာသည် ရှေးရှေးကလူတွေရဲ့ အတွေ့အကြုံကို ဖလှယ်ဖို့လို့ စာတတ်ထားရတာပါဆိုတာကို သိလို့ရှိရင် အဲဒီလို ဖလှယ်နိုင်တဲ့
နေရာဌာနက ဘာလဲဆိုတော့ စာကြည့်သင်းပေါ့။ အဲဒီစာကြည့်သင်းကို ဖန်တီးမှ ကလေးတွေမှာ ဒီအလိမ္မာတရားတိုးလာပြီးတော့
စုဝေးစရာနေရာလေးရှိလာတယ်။ စုဝေးစရာနေရာလေးသည် လက်ဖက်ရည်ဆိုင်မဟုတ်ဘူး။ စာကြည့်သင်း။ အဲဒီစာကြည့်သင်းမှာ

4
www.mmcybermedia.com
စုဝေးပြီး ပြောတဲ့အခါကျတော့ ကျန်တဲ့လက်ဖက်ရည်ဆိုင်မှာ ပြောတာထက် ပိုပြီးတန်ဖိုးရှိတဲ့စကားတွေ ပြောလာမှာပေါ့။ စိတ်ကူးကလဲ
တန်ဖိုးရှိတဲ့စိတ်ကူးတွေ ဖြစ်လာမှာပေါ့။ အဲဒါကြောင့်ကျွန်တော်က စာကြည့်သင်းပေါ်ပေါက်ဖို့လို့ လိုအပ်တယ်လို့ ကျွန်တော်ပြောချင်တာ။

အဲဒီတော့ ကောင်းပြီ။ အခုဖြစ်နေတာက ကလေးတွေက စာကြည့်အသင်းသွားချင်တယ်။ မရှိဘူး။ ကလေးတွေက


ကျောင်းနေတယ်၊ ပညာတတ်တယ်။ လေးတန်းအောင်တယ်၊ ရှစ်တန်းအောင်တယ်၊ ၁၀တန်းအောင်တယ်ပေါ့။ ပြီးတော့
၁၀တန်းအောင်ပြီးတော့ ဘာဖြစ်သလဲဆိုတော့ ပြီးသွားပြီ။ ဆက်ဖတ်စရာစာအုပ်မရှိတော့ဘူး။ ကုန်ကုန်ပြောလိုက်မယ်၊ တက္ကသိုလ်က
ဘွဲ့ရပြီးတဲ့ကလေးတွေတောင်မှ ဘွဲ့ရပြီးတော့ပညာတတ်တယ်၊ ကိုယ့်မြို့ပြန်သွားလိုက်တယ်၊ ဘာစာဖတ်မလဲဆိုတော့
ဘာမှမရှိတော့ဘူး။ အဲဒီမှာ စာကြည့်သင်းမှမရှိဘဲနဲ့။ စာအုပ်တွေကလဲ ဈေးခေါင်ခိုက်နေတဲ့ကိစ္စ။ အဲဒီတော့ စာကြည့်သင်းလေး
ရှိမယ်ဆိုရင် ဒီကလေးတွေအတွက်လည်း ဘယ်လောက်ကောင်းလာမလဲ၊ ဒါကို ကျွန်တော်ပြောချင်တာပါ။ ဘယ်လောက်အရေးကြီးတယ်
လို့ ကျွန်တော်ပြောချင်တာပါ။ ဘယ်လောက်ထိအောင် အရေးကြီးသလဲဆိုတဲ့ဥစ္စာ ကျွန်တော်တစ်ခုပြောမယ်နော်။ ပညာတိုးတက်မှု
ပညာဖွံ့ဖြိုးမှုဟာ တိုင်းပြည်နဲ့ လူမျိုးအတွက်ကို ဘယ်လောက်အရေးကြီးသလဲဆိုတော့

ကုန်းဘောင်ရွှေပြည်ဆိုတဲ့စာအုပ်၊ ဒေါက်တာတိုးလှဆိုတာ ပြုစုတာပါ။ အဲဒီစာအုပ်ထဲက တစ်နေရာကလေးကို ဖတ်ပြပါရစေ။


ဒီနေရာမှာ ကျွန်တော်ပြောချင်တာက ဘာကိုပြောချင်တာလဲဆိုတော့ ဂျပန်နဲ့ မြန်မာတိုးတက်မှုရဲ့အကြောင်းလေးကို ယှဉ်ပြချင်တာပါ။
ကျွန်တော်ကိုယ်တိုင် ယှဉ်ပြတာထက် ဒီအကြောင်းကို သုတေသနလုပ်ထားတဲ့ ဒေါက်တာတိုးလှရေးတဲ့ အလောင်းမင်းတရားကြီး၏
ကုန်းဘောင်ရွှေပြည်ဆိုတဲ့ စာအုပ်ထဲက ဖော်ပြချင်ပါတယ်။ ဒေါက်တာတိုးလှဟာ အလွန်ကျေးဇူးတင်ဖို့ကောင်းတဲ့ပုဂ္ဂိုလ်ပါ။ ကျွန်တော်
သူ့စာအုပ်ကလေးကိုပဲ ဖတ်ဖူးပါတယ်။ လူကိုမတွေ့ဖူးပါဘူး။ သူရေးထားတာက

မင်းတုန်းမင်းသည် မေဂျီနန်းမရမီ ၁၆နှစ်မျှ ကြို၍နန်းတက်ခဲ့သူဖြစ်ပြီး စက်ရုံအလုပ်ရုံတည်ထောင်သည့် ပြုပြင်ပြောင်းလဲရေးကို


၁၈၅၈ လောက်မှ စတင်ဆောင်ရွက်ခဲ့သောကြောင့် မေဂျီထက် ၁၀နှစ်စော၍ စတင်လုပ်ဆောင်နိုင်ခဲ့သည်ကို တွေ့ရပါသည်။
နှစ်နိုင်ငံလုံး၏ အရင်းမူလတူညီသောအချက်မှာ နယ်ချဲ့စနစ်အန္တရာယ်ကို စိုးရွံ့၍ အမျိုးသားလွတ်လပ်ရေးဆုံးရှုံးမည်ကို
မလိုလားကြခြင်း ဖြစ်သည်။ ကျန် ပင်မအခြေခံတူညီသော်လည်း အကောင်အထည်ဖော် ဆောင်ရွက်မှုတွင်ကား အစစအရာရာ
ကွာခြားလာခဲ့သည်။ မေဂျီဘုင်သည် ၁၈၆၈ ခုနှစ် နန်းတက်လာသောအခါ ပြည်သူ့သဘောထားဆန္ဒကို လေးစားခြင်း၊
နိုင်ငံခြားတိုင်းပြည်များနှင့် ဆက်ဆံရေးတိုးတက်စေခြင်းနှင့် အသိပညာကို ကျယ်ပြန့်နက်ရှိုင်းစွာ ရှာဖွေခြင်းတို့အပေါ်
အခြေခံသော သစ္စာတော်ငါးချက်အဓိဋ္ဌာန်ကို ထုတ်ပြန်ပြဋ္ဌာန်းခဲ့သည်။ ၁၈၇၀ပြည့်နှစ်တွင် ပဒေသရာဇ်စနစ်ကို
ဖျက်သိမ်းခဲ့သည်။

အဲဒီတော့ အဲဒီမှာ သူကဘာလုပ်သလဲဆိုတော့ နိုင်ငံခြားကိုပညာတော်သင်တွေ လွှတ်တယ်။ ဒါပေမယ့် ပညာတော်သင်


လွှတ်တာမှာ မင်းတုန်းမင်းကြီးက သူ့ထက် ၁၀နှစ်စောတယ်၊ သို့သော်လဲပဲ မင်းတုန်းမင်းကြီိးလွှတ်တဲ့ဥစ္စာက ဘာကိုသာလျှင်
အရေးကြီးသလဲဆိုတော့ စက်မှုပညာထွန်းကားဖို့၊ နောက်ပြီးတော့ ကျွန်တော်တို့လက်နက်စက်ရုံပေါ့၊ အဲဒါမျိုးတွေ ထွန်းကားဖို့လို့
အတွက်ကို သူက ဦးတည်ပြီး လွှတ်တယ်။ ဂျပန်က အဲဒီလိုမဟုတ်ဘူး။ ပညာတွေအကုန်လုံး ရသမျှ ပညာမျိုးစုံအောင် လွှတ်တယ်။ ဟိုက
၆၀၀ ကျော်လွှတ်တယ်။ ယောက်ျားရော မိန်းမရော အခြေခံပညာကစလွှတ်တယ်။ အဲဒါနဲ့တစ်ပြိုင်တည်းမှာ ဂျပန်ပြည်မှာ
မူလတန်းကျောင်းတွေ တစ်ပြည်လုံး ဖွင့်ပစ်လိုက်တယ်။ ဖွင့်လိုက်တော့ နောက်ဆုံးပိတ် တိုးတက်တာကျတော့ ဘယ်လောက်
ကွာသွားသလဲ ဆိုလို့ရှိရင် အခုတွေ့တဲ့အတိုင်းပဲ။ ကျွန်တော်တို့နဲ့ ဂျပန်နဲ့။ အဲဒီတော့ သူက ဒေါက်တာတိုးလှက ဘယ်လိုဆိုသလဲဆိုတော့
နိဂုံးချုပ်ထားတဲ့အထဲမှာ

အချုပ်၏အချုပ်မှာ အမျိုးသားစိတ်ဓာတ် မထွန်းကားသေးခြင်းကြောင့်ပင်ဖြစ်၏။ တစ်နည်းအားဖြင့် ပြုပြင်ပြောင်းလဲရေးကို


အမျိုးသားရေးလုပ်ငန်း၊ အမျိုးသားရေးအသိတို့ဖြင့် မတိုင်းတာမူဘဲ ပဒေသရာဇ်၏ ထီးနန်း စည်းစိမ် ခိုင်မြဲရေး
ကျားကန်နိုင်ဖို့သာလျှင် မူတည်ချက်ချမှတ် အကောင်အထည် ဖော်သွားခြင်းကြောင့် ဖြစ်သည်။ အမျိုးသားစိတ်ဓာတ်နှင့်
အမျိုးသားရေးအသိရှိရန်မှာ ဦးစွာ ပဒေသရာဇ်၏အဆောက်အအုံကို ဖြိုဖျက်ချရပါမည်။ မင်းတုန်းနှင့် သီပေါတို့က ဤအချက်ကို
နားလည်သဘောမပေါက်ခဲ့ကြချေ။ သဘောပေါက်သည့်တိုင်အောင်လည်း ပဒေသရာဇ် အာဏာအခွင့်အရေးများကို
စွန့်လွှတ်လိုကြမည် မဟုတ်ချေ။ ဤသည်တို့ကပင် ပြုပြင်ရေးများကို မအောင်မြင်စေခြင်း ဖြစ်တော့သည်။

ကိုင်း၊ မေဂျီဘုရင်လက်ထက်မှာ ဂျပန်နိုင်ငံမှာ ပြုပြင်ပြောင်းလဲရေးတွေ အကြီးအကျယ်ဖြစ်တော့ ရင်ဆိုင်ပြီးတိုက်ခိုက်နိုင်တဲ့


စစ်တပ်ကြီးတွေ ဖြစ်ခဲ့တယ်။ ခုထက်ထိလဲ သိပ်တိုးတက်ခဲ့တယ်။ စီးပွားရေးကအစ ကျွန်တော်တို့က ၁၀နှစ်စောပါလျက်နှင့်
နောက်ကျကျန်ရစ်ခဲ့တာ ပညာရေးကြောင့် နောက်ကျခဲ့တယ်ဆိုတာ ထင်ရှားမလာဘူးလား။

အဲဒီတော့ ကျွန်တော်ပြောချင်တာက မင်းတုန်းမင်းကြီးလက်ထက်က ဒီလိုလုပ်ခဲ့တဲ့အမှားကို ကျွန်တော်တို့က ခုထက်ထိ ပြန်ပြီး


ဒီအတိုင်းပဲနေဦးမလား။ ပညာတိုးတက်အောင် မလုပ်ကြတော့ဘူးလား။ နိုင်ငံတော်အစိုးရက လုပ်တာလေးနဲ့တင် ကျွန်တော်တို့က
နေမှာလား။ ဒါကို ကျွန်တော်တို့ စဉ်းစားရတော့မယ်။ ကျွန်တော်တို့မြန်မာပြည်ကိုလဲ ပြန်ပြီးစဉ်းစားကြည့်ရအောင်။

5
www.mmcybermedia.com
မြန်မာပြည်ကြီးဟာ အဲဒါနဲ့ ပညာရေးမှာ သိပ်မကောင်းလို့ ကျွန်ဖြစ်ရော။ ဒါပေမယ့် စစ်ကြီးဖြစ်လိုက်တော့ အဲဒါ ပညာရေးက
ပျက်သွားရော။ စစ်ကြီးပြီးတဲ့အခါကျတော့ လွတ်လပ်ရေးရအောင် ကြိုးစားကြတယ်။ ဟုတ်လား။ လွတ်လပ်ရေးရပြီးတဲ့အခါကျတော့
ပြည်တွင်းစစ်ကဖြစ်လာတယ်။ ပြည်တွင်းစစ် ဖြစ်လာလိုက်တဲ့အခါကျတော့လည်း တောတွင်းက လက်နက်ကိုင် အဖွဲ့အစည်းတွေကရော
ဆိုတော့ ရှိပြီးသား မူလတန်းကျောင်းကလေးတွေကိုတောင် ဖျက်ပစ်တယ်။ ဘာပညာရေးပေးလဲဆိုတော့ သူတို့က မာ့စ်(က်) ဝါဒမှအပ
တခြားပညာရေးဆိုတာ ဘာမှမရှိဘူး။ အဲဒါတတ်လို့ရှိရင် တိုးတက်တယ်၊ ဖွံဖြိုးတယ်၊ အဲဒီလိုနဲ့ အနုမောဒနာလုပ်ကြတဲ့ ဥစ္စာ
နောက်ဆုံးပိတ်ကျတော့ ဘာမှ မတတ်ဘဲနဲ့ ကိစ္စပြီးသွားတယ်။

အဲဒီတော့ ကျွန်တော်ပြောချင်တာက ကျွန်တော်တို့ဟာ ကိုင်း၊ ဒီတိုင်းပဲ နေတော့မလား။

ကောင်းပြီ။ ဒီကနေဆက်ပြီးတော့ ပြောလိုက်တဲ့အခါကျ အဲဒီဥစ္စာလေးကို ကျွန်တော်တို့က တည့်မတ်သွားအောင်


လုပ်ပေးရမယ်။ ကျွန်တော်တို့ ကလေးတွေကအစနော်။ သူတို့ကို ဒီလူဆိုတဲ့ဥစ္စာက ကောင်းတာရယ်၊ မကောင်းတာရယ် တစ်ခုခုတော့
လုပ်နေတာကိုး၊ အဲဒီတော့ မကောင်းတာ ဒီဘုရားဟောတဲ့ စကားလဲ ရှိပါတယ်ခင်ဗျာ။ ပါပသ္မိံ ရမတိမနော ဆိုတာ စိတ်ဟာမကောင်းမှုမှာ
မွေ့လျော်တယ်တဲ့၊ ကိုယ့်ဘာသာကိုယ် ပြန်တွက်ကြည့်ပေါ့။

ကျွန်တော်တို့လဲပဲ အလကားနေရင်းစိတ်ကူးနေတုန်း ကိုယ့်စိတ်ကိုပြန်ပြီး ချောင်းဖမ်းကြည့်ပါလား။ မကောင်းတာက


များပါတယ်။ ကျွန်တော်လဲ ဒီလိုပါပဲ။ အပြင်မှာလဲပဲ ဒီလိုပဲ အချိန်အားလပ်လို့ရှရင် ဒီကောင်းတာလုပ်မလား၊ မကောင်းတာ လုပ်မလားဆို
မကောင်းတာဘက်ကို ပိုညွှတ်ပြောင်းလွယ်တယ်။ ကောင်းတာဘက်ကိုကျ နောက်ကျတယ်၊ ရောက်ခဲတယ်။

ဒါကြေင့်မို့လို့ ကျွန်တော်က စာကြည့်သင်းလေးရှိလိုက်တဲ့အခါကျ ကောင်းတဲ့ဘက်ကို ရောက်လာလိမ့်မယ်လို့ ကျွန်တော်


ကျေးရွာတွေအတွက်ပါ ကျွန်တော်ပြောပေးရတာပါ။ နောက်ပြီးတော့ လူငယ်တွေမှာလည်းပဲ ဒီဆရာကြီးပီမိုးနင်းရေးထားခဲ့တဲ့အထဲက
ဖတ်ပြချင်ပါသေးတယ်။ အခု ဆယ်တန်းမှာလဲ ပြဋ္ဌာန်းချက်ထဲမှာပါပါတယ်။ အဲဒီ ဆယ်တန်းပြဋ္ဌာန်းချက်ကလေးတွေဟာထဲက
ကျွန်တော်ပြောပြမှာပါ။ အဖိုးတန်သောအားလပ်ချိန်ကလေးများ ဆိုတာပါ။ အဲဒီထဲမှာ ဆရာကြီးက ဘယ်လိုရေးထားသလဲဆိုတော့

တန်ဖိုးမဖြတ်နိုင်သောစက္ကန့်၊ မိနစ် ဟူသောရတနာတို့ကို ဖမ်းဆီးယူငင်အသုံးပြုတတ်သူတို့သည် တောတောင်၌ သတ္ထုကို


လည်၍ ရှာသောသူထက် ကြီးပွားမည်ကား မည်သူမျှ မငြင်းနိုင်ချေ။

ဟုတ်တယ်။ ကျွန်တော်တို့ အချိန်ကို အသုံးချပြီးတော့ တိုးတက်အောင်လုပ်ကြည့်ရင် တောတောင်မှာ သတ္ထုရှာတာထက်


ပိုပြီးကြီးပွားနိုင်တယ်ဆိုတာကို ကျွန်တော် ကောင်းကောင်းလက်ခံတယ်။ ဘာကြောင့်လဲဆိုတော့ လူငယ်တချို့ဟာ ကျောက်စိမ်းလုပ်ဖို့လို့
ဆိုပြီး ဖားကန့်ကိုသွားတယ်။ ဟိုဘက်က မိုင်းရှူးတို့ မိုးကုတ်တို့ကိုသွားကြတယ်။ အဲဒီမှာ ပတ္တမြားတို့ ဘာတို့ပေါ့လေ။
ကျောက်အောင်သွားတဲ့လူတွေ ဘာတွေက တစ်ထောင်တစ်ယောက် ရှိတာမဟုတ်ဘူး။ ဒါပေမယ့် အဲဒီကနေ ငှက်ဖျားဖြစ်ပြီး ပြန်လာတာ။
ရောဂါရပြီးပြန်လာတာ။ ဒီအတိုင်းဒုက္ခရောက်ပြီးပြန်လာတာ ပိုများတယ်။ အဲဒီကိုသွားမယ့်အစား လူငယ်တွေဟာ
ကိုယ့်ပတ်ဝန်းကျင်မှာရှိတဲ့ လုပ်ငန်းတွေထဲကနေ ကိုယ့်အချိန်ကိုယ်အသုံးချပြီး ယူလို့ရှိရင် ပိုပြီးတော့ရနိုင်တယ် ဆိုတာလေးကို
ကျွန်တော် သဘောပေါက်စေချင်တယ်။ အဲဒီလို လုပ်တတ်ဖို့လို့က စာဖတ်တတ်မှ၊ စာဖတ်မှ၊ ဗဟုသုတရှိမှ အဲဒါဖြစ်တာ။ အဲဒီတော့
ပီမိုးနင်းက ဘယ်လိုဆက်ရေးသလဲဆိုတော့

ထိုသို့ပေါ့လျော့သောသူသည် ဆင်းရဲသောအခါ ကံကိုယိုးမယ်ဖွဲ့၏။ လူမတန်လို့ ကံကိုချတော့လည်း မတန်သောလူကို မ


စခြင်းငှာမစွမ်းနိုင်သဖြင့် ထိုသူမျိုးကို ကံသည် လက်ပိုက်ကာ ဝမ်းနည်းလျက် ကြည့်၍သာ နေရလေသည်။

လူမတန်လို့ ကံချတယ်တဲ့၊ မတန်တဲ့လူကိုလဲ ကံက မ မနိုင်ဘူး၊ လက်ပိုက်ကြည့်နေရာပါ။ အဲဒီဥစ္စာကို လူငယ်တွေရဲ့ စိတ်ထဲမှာ


အသည်းနှလုံးထဲမှာ စွဲစွဲလမ်းလမ်းထားဖို့လိုပါတယ်။

အဲဒီနည်းအားဖြင့် အားလပ်တဲ့အချိန်လေးတွေကို စာကြည့်သင်းမှာကုန်ဆုံးစေချင်တယ်။ အဲဒါကြောင့်မို့လို့ ကျွန်တော်


ပြောရတာပါ။ ကိုင်း ဆက်လိုက်ကြဦးစို့။

အခုဆိုပါတော့ ကမ္ဘာကျော် ပုဂ္ဂိုလ်ကြီးတွေရဲ့အကြောင်း၊ ကားမတ်ကဘယ်လို၊ လီနင်ကဘယ်လို၊ အေဗရာဟင်လင်ကွန်းက


ဘယ်လို၊ ဗိုလ်ချုပ်အောင်ဆန်းက ဘယ်လို အစရှိသည်အားဖြင့် ကျွန်တော်တို့ပြောကြတယ်။ ဦးသန့်က ဘယ်လိုလို့ ပြောကြတယ်။ အဲဒီ
ကျွန်တော်တို့က ကမ္ဘာကျော်ပုဂ္ဂိုလ်ကြီးတွေအကြောင်းကိုပဲ ပြောတယ်။ အဲဒီပုဂ္ဂိုလ်ကြီးတွေက စာကြည့်တိုက်ထဲမှာ
အချိန်ကုန်ခဲ့တယ်ဆိုတာ ဘယ်သူမှ ထည့်ပြီးရေးကြီးခွင်းကျယ် လုပ်မပြောကြဘူး။ ကားမတ်ဆိုလို့ရှိရင် စာကြည့်တိုက်ထဲမှာ တစ်နေကုန်
တစ်နေခန်းထိုင်တာ၊ သိပ်ဆာတဲ့ အချိန်မှာ ပါလာတဲ့ ပေါင်မုန့်ကလေးတစ်လုံးစား၊ ရေသောက်ပြီးတစ်နေကုန်ထိုင် စာကြည့်တာ။
နေ့တိုင်းနေ့တိုင်းလာတာ။ ကိုင်း ဦးသန့်ဆိုလဲ အဲဒီစာကြည့်တိုက်ထဲက ထွက်တာမဟုတ်ဘူး။ ဗိုလ်ချုပ်အောင်ဆန်းဆိုလဲ
စာသိပ်ဖတ်ခဲ့တာ။ အေဘရာဟင်လင်ကွန်းဆိုလို့ရှိရင် စာတောင်မတတ်ဘူး။ အဲဒီအတတ်တဲ့ကြားထဲကနေ နောက်ပိုင်းကျတော့မှ
စာတကယ်ဖတ်လာတော့ ဟိုစာကိုမတတ်တဲ့၊ ၁၆နှစ်ရှိမှ စာသင်ရတဲ့ဘဝကနေပြီးတော့ နောက်ဆုံး သမ္မတကြီး လာပြီးတော့ဖြစ်တာ။
ကိုင်း အဲဒီလူတွေဟာဘယ်ကပေါ်လာမလဲ ဆိုတဲ့အခါကျတော့ ခုနင်ကပြောသလိုပေါ့လေ၊ ရုတ်တရက် တစ်ခါတည်း

6
www.mmcybermedia.com
ကောင်းကင်ဘုံကနေ ကျလာတာမှမဟုတ်ဘဲ၊ ဘုရားသခင်က ဖန်ဆင်းလိုက်တာမှမဟုတ်ဘဲနဲ့၊ သူတို့ကိုယ်သူတို့ ဖန်ဆင်းယူရတာ။
ဘယ်လိုဖန်ဆင်းသလဲဆိုတော့ စာကြည့်တိုက်ထဲမှာ ဖန်ဆင်းတာ။ အဲဒီတော့ စာကြည့်တိုက်မရှိဘဲနဲ့ အဲဒီလူပုဂ္ဂိုလ်တွေက ဘယ်တော့မှ
ကမ္ဘာမကျော်နိုင်ဘူး။ အဲဒီပုဂ္ဂိုလ်တွေရဲ့ ခုနကအကျိုးစီးပွားကိုလဲ ဘယ်တိုင်းပြည်ကမှ ခံစားရမယ်မဟုတ်ဘူး။
ဘယ်တိုင်းပြည်ကပဲကြည့်ကြည့် တိုးတက်တဲ့တိုင်းပြည်ကို ကြည့်လို့ရှိရင် စာကြည့်တိုက်တွေ ဖွံ့ဖြိုးနေတာကိုတွေ့ရလိမ့်မယ်။ အဲဒီတော့
ကျွန်တော်ကလဲ တိုင်းပြည်လောက်ထိအောင် မပြောပါဘူး။ ကျွန်တော် အဖျင်းဆုံးကျေးရွာလေးတွေမှာ ရပ်ကွက်လေးတွေမှာ
မြို့နယ်လေးတွေမှာ အဲဒီလိုစာကြည့်တိုက်မရှိလို့ရှိရင် ကိုယ့်အရပ် ကိုယ့်ရွာမှ ခုနင်ကပြောသလို လူချွန်၊ လူမွန်၊ လူကောင်း
စွမ်းဆောင်နိုင်တဲ့သူ ထွက်လာဖို့လို့ နည်းတယ်။ ဒါကြောင့်မို့လို့ စာကြည့်တိုက်သည် လူချွန် ပုဂ္ဂိုလ်ကျော်တို့ရဲ့အခြေခံဖြစ်တယ်ဆိုတော့
အဲဒီ အခြေခံရေမြေကို ကောင်းအောင် လုပ်မပေးရင် တိုင်းပြည်မတိုးတက်နိုင်ဘူး၊ လူမျိုးမတိုးတက်နိုင်ဘူး၊ ကိုယ့်သားကိုယ့်သမီး
ကိုယ့်ရပ် ကိုယ့်ရွာကလူငယ်တွေ မတိုးတက်နင
ိုဘူးဆိုတဲ့ ဥစ္စာကို ခိုင်ခိုင်မာမာ သဘောပေါက်ဖို့လိုတယ်လို့ ကျွန်တော်ပြောချင်ပါတယ်။

အဲဒီတော့ လူကြီးတွေကကျတော့ဖြစ်နေတာ၊ ကျွန်တော်လဲ ဗုဒ္ဓဘာသာပါ။ ဒါပေမယ့် ကျွန်တော်တို့ မြန်မာပြည်မျာ ဖြစ်နေတဲ့


လူကြီးတွေက ဘုန်းကြီးရှေ့မှာ ရေစက်ချပြီးလှူလိုက်ရမှ ကုသိုလ်ရတယ်ထင်တယ်ဗျား။ အဲဒီလို ရေစက်မချရင် ကုသိုလ်မရဘူး
အောက်မေ့တယ်။ အဲဒီတော့ လူငယ်များ စာကြည့်သင်းအတွက် ခင်ဗျာ၊ ကျွန်တော်တို့ကို မဂ္ဂဇင်းလေး တစ်လတစ်စောင်တော့
ထည့်ပေးပါ။ အဲဒီမဂ္ဂဇင်းက လေးငါးဆယ်ကျပါတယ် ဘာတယ်ဆိုလို့ရှိရင်မလှူချင်ဘူး။ ဒါကုသိုလ်ရတဲ့ကိစ္စလို့ မအောက်မေ့ဘူး။
တကယ်ဆိုတော့ ကိုယ့်ဘာသာကိုယ်ကျတော့ ဒီလူငယ်တွေ အနာဂတ်ကောင်းချင်ရင် ဘာလုပ်ရမလဲ။ အဲဒီလို
စာကြည့်သင်းတွေလုပ်ပေးရမယ်။ ဒီဥစ္စာကို ကျွန်တော်တို့ အရေးကြီးပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ လူငယ်တွေနဲ့ အနာဂတ်လဲ
ဖြစ်ပါတယ်။

ကိုင်း လူကြီးတွေ ပြန်စဉ်းစားရအောင်။ ကျွန်တော်တို့ ကိုယ့်ကိုယ်ကို ကျတော့သွားလှူ၊ လှူလိုက်တာမှ လှူရုံတင်မကသေးဘူး၊


ဘန္တေအရှင်ဘုရား၊ မယံ တပည့်တော်တို့သည်၊ သံသာရဝဋဒုက္ခမောစနတ္ထာယ၊ သံသရာဝဋ်ဆင်းရဲမှ ထွက်မြောက် ဘာညာနဲ့ပေါ့ကွယ်
စသည်ဖြင့် ရွတ်ပြီးတော့ ဆုတောင်းတဲ့အခါကျတော့ အမျှဝေတဲ့အခါကျတော့ ဘယ်ထိအောင်ပါသလဲ အကယ်၍ ဘဝတစ်ပါးသို့
ပြောင်းသွား၍ ဤကောင်းမှုကုသိုလ်ကို မေ့လျော့သည်ရှိသော် ယမမင်းသည်လည်း သက်သေအဖြစ် တည်ပါစေသတည်း ဆိုတော့ ကိုင်း
ကြည့်စမ်းပါဦး၊ ဟို ယမမင်းတောင် လှမ်းပြီးသက်သေထားပြီး အမျှဝေတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဒီကောင်းမှုကို မေ့သွားခဲ့ရင်
သံသရာမှာရဖို့ ကိုင်း ကိုယ့်အတွက်ကျတော့ လုပ်လိုက်ကြတာ။ ဒီဘဝအတွက်တောင် မဟုတ်ဘူး၊ သံသရာအတွက်တောင် လှမ်းပြီး
လုပ်လိုက်သေးတယ်။

ကိုင်း ကိုယ်ချစ်တဲ့သားတွေ သမီးတွေ၊ ကိုယ့်ရပ်ကွက်က လူငယ်လေးတွေ အဲဒီလူငယ်လေးတွေ တိုးတက်ဖို့လို့အတွက်


စာကြည့်သင်းကို ပိုက်ဆံလှူတဲ့ဥစ္စာမှာတော့ ရေစက်မချကောင်းဘူးလို့ ထင်သလား၊ ရေစက်ချပါ။ ဒါလဲ ကုသိုလ်ပါ။ ဘယ်ဆရာတော်ကို
သွားလျှောက်ကြည့်ကြည့် စာကြည့်သင်းကို စာအုပ်လှူတဲ့ဥစ္စာဘုရား၊ ရေစက်ချလို့ရသလားလို့ မေးကြည့်ရပါတယ်။
တချို့အဘုန်းကြီးတွေက ဆိုလို့ရှိရင် ရေစက်ချဖို့ မလိုဘူးတောင်ပြောတယ်။ ထားပါတော့။ ကျွန်တော်ပြောချင်တာက စာကြည့်သင်းကို
လှူတဲ့ဥစ္စာမှာ လူငယ်တွေကလည်း သိပ်ပြီးတော့ လူငယ်တွေရဲ့အတွက် လူကြီးတွေကပံ့ပိုးဖို့ လိုအပ်ပါတယ်လို့ ကျွန်တော်
ပြောချင်ပါတယ်။ အဲဒီမှာ ကျွန်တော် ကျေးရွာတွေနဲ့ပက်သက်လို့ အလေးပေးပြီး ကျွန်တော်ပြောချင်တာ၊ စာကြည့်သင်း
ထောင်လိုက်ကြရော။ ထောင်လိုက်ပြီးတော့ ဖြစ်တတ်တဲ့သဘာဝလေးတွေက အဲဒီစာကြည့်သင်းကို ကမကထလုပ်တဲ့လူရှိတယ်။
နှစ်ယောက် ရှိမယ်။ သုံးယောက်ရှိမယ်၊ လေးယောက် ငါးယောက်ရှိမယ်။ တကယ် ခိုင်ခိုင်မာမာလုပ်နေတဲ့ ဥစ္စာ တစ်ယောက်ရှိတယ်
ဆိုပါတော့။ အဲဒီ တစ်ယောက်က နောက်ဆုံးပိတ်မှာ အလုပ်ရသွားတယ်၊ မိန်းမယူသွားတယ်။ တခြားရွာ၊ တခြားမြို့ တစ်ခြားရပ်ကွက်ကို
ပြောင်းသွားလိုက်တယ်ဆိုရင် ဒီစာကြည့်သင်းက ဘယ့်နှယ်ဖြစ်သလဲဆိုတော့ဂရုစိုက်မယ့်လူ မရှိဘူး။ မရှိတဲ့အခါမှာ စာအုပ်က
ဟိုလူကယူသွားလိုက်၊ ဒီလူကယူသွားလိုက်နဲ့ အဲဒီလို ဖြစ်ပြီးသွားလိုက်တဲ့အခါကျတော့ စာကြည့်သင်းက ပျက်သွားရော။ အဲဒီတော့
စာကြည့်သင်းအတွက်ကို လခစားတစ်ယောက် ထားလောက်အောင်ကလည် ကိုယ့်မှာ ရံပုံငွေကလဲမရှိ၊ အဲဒီတော့ ကျွန်တော်
အကြံဉာဏ်ပေးချင်တာကတော့ ရွာထဲမှာရှိတဲ့ ဘုန်းတော်ကြီးကျောင်းတွေ ဘုန်းတော်ကြီးကျောင်းမှာ အဲဒီလောကီဘက်ကိုလည်းပဲ
တတ်နိုင်သလောက် ထောက်ပံ့ပေးတယ်၊ လောကုတ္တရာကိုလဲ လုပ်တယ်ဆိုတဲ့ ဆရာတော်တွေ ဦးပဉ္ဇင်းတွေ ရှိတတ်ပါတယ်၊
အဲဒီဆရာတော်တွေကို အမှူးပြုပြီးတော့ ဘုန်းကြီးကျောင်းမှာ စာကြည့်တိုက်ကလေးတစ်နေရာလုပ်ရင် အဲဒီမှာ ကွင်းပြင်ကလေးကလဲရှိ
အကွက်ကလေးကလဲရှိ အဲ အဲဒီအထဲမှာ ဆရာတော်ကများကြီးမှူးပြီးတော့ လုပ်လို့ရှိရင် ပိုပြီးတော့ ခိုင်မြဲနိုင်တယ်လို့ ကျွန်တော်စိတ်ထဲမှာ
ထင်မိပါတယ်။ အဲဒီတော့ ကျွန်တော်တို့ အရင်တုန်းကလဲပဲ ဆရာတော်ကြီးများက ပညာရေးကို ဒီလိုပဲ မြှင့်ခဲ့ရတာပဲ။

အင်္ဂလိပ်ခေတ်တုန်းကဆိုရင် ကျွန်တော်တို့ အဲဘုန်းတော်ကြီးကျောင်းနဲ့ စာသင်ကျောင်းနဲ့ တွဲထားတာပေါ့။


ကျွန်တော်ဆိုလို့ရှိရင် အဲဒီဘုန်းတော်ကြီးကျောင်းနဲ့ စာသင်ကျောင်းနဲ့ တွဲဖက်ကျောင်းမှာနေခဲ့ရတာပဲ။ တောင်တွင်းမြို့မှာ
မိုးထိဆိုတဲ့ကျောင်းမှာ ဆရာတော်ကြီး ကြီးမှူးတဲ့ ကျောင်းမှာ နေခဲ့ရတာပါ။ ဦးစန္ဒိမာဆိုတာ ကြီးမှူးတဲ့ကျောင်း၊ အဲဒီမှာပဲ
ကျွန်တော်ပညာသင်ကြားခဲ့ရပါတယ်။ အဲဒီတော့ ပြောချင်တာက ရှေးခေတ် အင်္ဂလိပ်ခေတ်တုန်းကလဲပဲ လောကီပညာ အဲ

7
www.mmcybermedia.com
အတန်းပညာဆိုပါတော့ အဲဒါကိုရအောင်လို ဆရာတော်ကြီးများကူညီသလို အခုလဲပဲ သာသနာဘက်က ဆရာတော်ကြီးများက
စာကြည့်သင်းလေးများဖြစ်အောင် ကူညီပေးလို့ရှိရင် ပိုပြီးတော့ ဖြစ်လာနိုင်လိမ့်မယ်လို့ ကျွန်တော့်စိတ်ထဲမှာ ထင်မိပါတယ်။

အဲဒီတော့ အဲဒီလိုဖြစ်နေဖို့လို့အတွက်ကို ဘုန်းကြီးကျောင်းမှာ တစ်ခုကောင်းတာ ဘာကောင်းလဲဆိုလိုက်တဲ့အခါကျတော့


ကျွန်တော်တို့ဘေးမှာ ကစားကွင်းလေးတွေ ဘာလေးတွေ ရှိတတ်တယ်။ ကစားကွင်းလေးတွေ ဘာလေးတွေရှိတဲ့အခါကျတော့
ဘာဖြစ်လာလဲဆိုလို့ရှိရင် ကလေးတွေလာပြီးတော့ ကစားလို့ရတယ်။ အဲဒီလိုကလေးတွေလာပြီးတော့ ကစားလို့ရတာဟာ
သိပ်တန်ဖိုးရှိတယ်လို့ ကျွန်တော်ထင်တယ်။ အဲဒီကလေးတွေကို တဖြည်းဖြည်းနဲ့ စာကြည့်သင်းထဲကိုရောက်အောင် ကျွန်တော်တို့
ခေါ်ယူမယ်။ အဲဒီလိုခေါ်ယူခြင်းအားဖြင့် အဲဒီကလေးတွေဟာ တစ်ဆက်တည်းနဲ့ စာပေကိုဝါသနာပါလာရင် အလိမ္မာတိုးလာမယ်။
အဲဒီတော့ ဒီကလေးကိုလဲပဲ စည်းရုံးရမှာပဲ။ ဒီကလေးဆိုလိုက်တဲ့ဥစ္စာ သူတို့မှာ ပြီးတော့ဒီနေရာမှာ ကလေးနဲ့လူကြီးနဲ့ ကွာပုံလေးကို
ကျွန်တော် နည်းနည်း ထည့်ပြောချင်သေးတယ် ခင်ဗျ။ ဒီ ကျွန်တော်တို့ ဥပါဒ်၊ ဌီ၊ ဘင် ဘာညာ အစရှိတဲ့ ကျွန်တော်တို့
ဗုဒ္ဓဘာသာဖြစ်စေ၊ တခြားဘာသာဖြစ်စေ သိပါတယ်။ ဟို ဖြစ်ပျက် ဖြစ်ပျက်ဆိုတဲ့ သဘောဟာ ကျွန်တော်တို့ တစ်ကိုယ်လုံးမှာရှိတဲ့
ရုပ်ဝတ္ထုပစ္စည်းတွေပေါ့လေ။ အင်္ဂလိပ်လိုဆိုရင်တော Cell ဆဲလ်လို့ ခေါ်တာပေါ့လေ။ မြန်မာလိုဆိုရင်တော့ကလာပ်စည်းပဲ ခေါ်ခေါ်ပေါ့။
အဲဒီ ရုပ်ဝတ္ထုတွေဟာ ဖြစ်တယ်ပျက်တယ်၊ ဖြစ်တယ် ပျက်တယ်၊ အဲဒီ ဖြစ်တာနဲ့ ပျက်တာရဲ့ ကြားထဲမှာ ခဏကလေးဟာလေးကို
တည်တယ်လို့ ခေါ်တာပေါ့လေ။ ဥပါဒ်ရယ်၊ ဌီရယ်၊ ဘင်ရယ်လို့ ဆိုကြပါတယ်။

အဲဒီတော့ ဖြစ်ပျက် ဖြစ်ပျက်က ကျွန်တော်တို့လဲ ဖြစ်ပျက် ဖြစ်ပျက်ပဲ။ အဲကလေးတွေကျတော့ကော ကလေးတွေလဲ


ဖြစ်ပျက်ဖြစ်ပျက်ပဲ၊ ဒါပဲ ဒါပေမယ့်လို့ ကလေးတွေနဲ့ ကျွန်တော်တို့နဲ့ ကွာတာက ကလေးတွေက ဖြစ်ဖြစ် ဖြစ်ဖြစ် ပျက်၊ ဖြစ်ဖြစ် ဖြစ်ဖြစ်
ပျက်၊ အဲဖြစ်တာက လေးငါးခုလောက်ရှိမှ ပျက်တာကတစ်ခုရယ်။ အဲဒါကြောင့်မို့လို့ ကလေးတွေက ဘယ့်နှယ်ဆိုတော့
အကြီးကမြန်လာတယ်။ သူက ကြီးထွားခြင်းအဟုန်ကြီးတယ်။ အဲဒီတော့ ကျွန်တော်တို့ နောက်ကျတော့မှ ဖြစ်ဖြစ်ဖြစ် ပျက်၊ နောက်
ဖြစ်ဖြစ် ပျက်၊ နောက်ကျ ဖြစ်ပျက်၊ နောက်ကျ ဖြစ်ပျက် ပျက်ဖြစ်၊ ပျက်ပျက် ဖြစ်ဖြစ်၊ ပျက် ပျက် ပျက် ပျက်ဆိုတော့ သေရောပေါ့ဗျာ
ဒါပါပဲ။ နောက်ဆုံးပိတ်ကျတော့။

အဲဒီတော့ ဒီ ကျွန်တော်တို့ကလေးတွေက ဖြစ်တာက မြန်တဲ့အခါကျ သူက ဘာဖြစ်လာလဲဆိုလို့ရှိရင် ကြီးထွားမှုရှိတယ်။


ကြီးထွားမှု အဟုန်ကောင်းတယ်။ ပြီးတော့ ခွန်အားက တိုးတယ်။ ခွန်အားက တိုးတဲ့အခါကျ သူတို့မှာ အင်္ဂလိပ်လိုဆိုရင်တော့
extraenergy လို့ ခေါ်တာပေါ့လေ။ အားအပိုတွေ သူတို့မှာရှိတယ်။ အဲဒီ အားအပိုတွေရှိလို့မို့လို့ ဒီအားအပိုက အမြဲတမ်းထုတ်နေရတယ်။
အားထုတ်တယ်လို့ဆိုတာ အဲဒီကနေလာတာ။ အဲဒီအားက ဘယ်လို လာထုတ်သလဲဆိုတော့ ရွစိ ရွစိဖြစ်တာပေါ့လေ။ ဥပမာ ဆိုပါတော့
ကလေးတွေ ဆိုလို့ရှိရင် တစ်ယောက်မှ အငြိမ်မနေဘူးခင်ဗျ။ အငြိမ်နေတဲ့ကလေးတွေ့လို့ရှိရင် ငြိမ်ငြိမ်ကလေးနေလို့ရှိရင် အဲဒီကလေး
နေမကောင်းဘူးလို့သာ အောက်မေ့ပေတော့။ မကျန်းမာလို့သာ အောက်မေ့ပေတော့။ ပုံမမှန်ဘူး။ အဲဒါကလေးဟာ ရွစိရွစိကို
ဖြစ်နေရမယ်။

ဒါကြောင့်မို့လို့ ကျွန်တော် အတန်းထဲဘာထဲမှာ၊ ကိုယ်ငယ်ငယ်တုန်းကလဲ ပြန်စဉ်းစားကြည့်ကြပေါ့ဗျာ။ ခပ်ငယ်ငယ်ကလေးဘဝ


အတန်းထဲမှာ အလီတိုင်တယ်ဆိုပါတော့။ ၁၂တစ်လီ ၁၂၊ နောက်က ကလေးတွေက ၊ ရှေ့ကကလေးတိုင်လိုက် နောက်ကလဲ လိုက်ဆို။
၁၂တစ်လီ ၁၂၊ ၁၂ ငါးလီ ၆၀၊ ၁၂ငါးလီ ၆၀၊ နောက်က ကောင်တွေက တစ်ကိုယ်လုံးမော်တာတပ်သလို ယမ်းနေတာ၊
လိုက်ဆိုတယ်ဆိုပေမယ့်လို့ အဲဒီမှာ ဘာပြုလို့ မော်တာတပ်သလိုယမ်းနေသလဲ ဆိုတဲ့အခါကျတော့ အဲဒီအားတွေမှာ အဲဒါရှိတော့
သူတို့က ကစားရတာ။ မကစားလို့ကိုမရဘူး။ အမြဲတမ်းကို ရွစိရွစိဖြစ်နေရတယ်။ အဲဒီတော့ ကလေးတွေ ကစားတဲ့ဥစ္စာဟာ
မှန်မှန်ကန်ကန် ဖြစ်အောင်၊ ကစားတတ်အောင် ကလေးတွေကို စည်းနဲ့ကမ်းနဲ့ ကစားနိုင်အောင် အဲဒီလို လုပ်ပေးတာကလဲပဲ
ကျွန်တော်တို့ အင်မတန် အရေးကြီးပါတယ်။ ဒါကြောင့် ကျွန်တော်ကစားကွင်းကို ဒီထဲမှာ ထည့်ပြီး ပြောခြင်းဖြစ်ပါတယ်။

အဲဒီကလေးတွေ ကစားတဲ့အခါမှာ ဥပမာဘောလုံးကစားတယ်၊ ထုပ်စည်းတိုးတယ်၊ ဂျင်ပေါက်တယ်၊ ကလေးတွေလုပ်ထားတဲ့


ဥပဒေတွေက တစ်ပုံကြီးနော်။ ကလေးတွေက သူ့ဥပဒေနဲ့ သူ့စည်းကမ်းနဲ့ သူ ကစားတာ။ ရမ်းကစားလို့ရတာ မဟုတ်ဘူး။
ဥပမာဆိုပါတော့၊ ဂျင်ပေါက်တယ်ဆိုရင် စည်းဝိုင်းဝိုင်းလိုက်တယ်။ အဲဒီ ဂျင် အပြင်ထွက်လို့ရှိရင် ဘယ်လိုပေါ့။ ဒါတွေ
စည်းကမ်းတွေရှိတယ်။ အခုဆိုရင် ကလေးတွေကစားတာ ကျွန်တော်သတိထားထားကြည့်ပါတယ်။ ဥပမာဆိုကြပါစို့။
ဂျင်ပေါက်လိုက်တယ်။ ပေါက်လိုက်တဲ့အဲဒီဂျင်ကို အောက်မကျဘဲနဲ့ လက်ထဲတင်ပြန်လည်အောင်လုပ်နိုင်တယ်။ စွတ်စဗတ်ဆိုလား
စွတ်စပေါ့ဆိုလား ကျွန်တော်လဲ မသိပါဘူးဗျာ။ သူတို့ဝေါဟာရတွေ ကောင်းကောင်းမသိပါဘူး။ အဲ အဲဒီကောင်ဆိုရင် ဒါ
စွတ်စဗတ်ဆိုပါတော့၊ အဲဒီလိုဆိုလိုက်တဲ့ဥစ္စာ ဘယ်သမ္မတကမှ လုပ်ခဲ့တဲ့ဥပဒေမဟုတ်ဘူး၊ ကလေးတွေ သူတို့ဘာသာ သူတို့
ဘယ်လိုလုပ်ထားမှန်းမသိတဲ့ဥပဒေ။ ဒါပေမယ့် အဲဒီဥပဒေဟာ ခုထက်ထိ တည်နေတယ်ဗျား။ ခိုင်မြဲနေတယ်။ ခုထက်ထိ ဘယ်သူမှလဲပဲ
ဖျက်လို့ မရဘူး။ ဘာဖြစ်လို့တုန်းဆိုတော့ ဖျက်မရတာ ရေးမထားတော့ ဖျက်လို့ မရဘူးပေါ့ဗျာ။ ရေးထားတဲ့ဥပဒေသာ ဖျက်လို့ရတာကိုး။
မရေးတဲ့သူ့ဥပဒေလေးနဲ့ သူ လိုက်နာတယ်။ ကိုင်း ဒီကိစ္စ ဘယ်လောက်ကောင်းသလဲ။ ကိုယ်ဆွဲတဲ့ဥပဒေလေးကို ကိုယ်လိုက်နာလာတဲ့
အကျင့်ကလေးနဲ့ ကစားတဲ့အခါမှာ တစ်ယောက်နဲ့ တစ်ယောက် ရန်မဖြစ်ဘဲနဲ့ ကစားတာတွေ အဲဒီလိုဖြစ်ရတာဟာ ကစားနည်းကနေ
ပေါ်လာတာ။ အဲဒီလိုကလေးတွေ အများနဲ့ စုပေါင်းပြီး နေတတ်အောင် ကျင့်ပေးဖို့ဟာ အဲဒီ အားကစားပဲ။ အဲဒီအားကစားကို

8
www.mmcybermedia.com
ကျွန်တော်တို့ သိပ်အားပေးဖို့လိုတယ်။ ဆိုကြပါစို့။ အဲဒီအားကစားနဲ့ တကွ ခုနတုန်းကပြောတဲ့ စည်းကမ်းကို လိုက်နာခြင်းနဲတ
့ ကွ
ဘာပါလာသေးလဲ ဆိုတော့ တာဝန်ယူတတ်ခြင်း ပါလာတယ်။ တာဝန်ယူတတ်ခြင်းပါလာတယ်ဆိုတာက ဘောလုံးကန်တယ်။
ဂိုးစောင့်တယ်။ အဲ ဂိုးစောင့်တာ ဂိုးကို မရှူးအောင် တာဝန်၊ သူကတစ်ဖက်က ဂိုးမဝင်အောင် ကာကွယ်ပေးရမယ်။ တစ်ဖက်ကလဲ
ဂိုးရအောင် အသေအလဲကြိုးစားမယ်။ ကလေးတွေကြိုးစားတဲ့အခါမှာ ဂိုးစောင့်နေတဲ့ကလေးဟာ ဟိုမှာညီပေါ့။ ဟိုက
ဂိုးရှူးမယ့်အကောင်က အကိုပေါ့။ တစ်ဖက်စီဘောလုံးကန်ကြတဲ့အထဲ ပါပြီဆိုပါတော့။

အစ်ကိုကလဲ သြော်ငါ့ညီလေး ဂိုးစောင့်နေရှာတယ် ဆိုပြီးတော့ ငါ့ညီလေးအတွက်ဆိုပြီး မရှူးဘဲနေတာမဟုတ်ဘူး။


အသေအလဲရှူးတာ။ အစ်ကိုရှူးတဲ့ ဘောလုံးကို ညီကလဲ အသေအလဲဖမ်းတာ။ ပြီးတော့မှ လဲကွဲသွားလို့ရှိရင် ဒူးပြဲသွားလို့ရှိရင်
အဲဒီဒူးကိုသွားပြီးတော့ အကိုလုပ်တဲ့သူက သေချာတယုတယသွေးဆေးလေး သိပ်ပြီးတော့ တယုတယ အိမ်ထမ်းခေါ်ချင်ခေါ်မယ်။
ဒါပေမယ့် ဘောလုံးကန်နေတုန်းမှာတော့ တစ်ပြားသားမှ အလျှော့မပေးဘူး။ အဲဒီတော့ သူ့လူကိုယ့်လူမခြားဘဲနဲ့ တာဝန်သိတဲ့စိတ်၊
ကိုယ်ထားတဲ့ စည်းကမ်းကို ကိုယ်လိုက်နာတဲ့စိတ်၊ အဲဒီလိုညီညီညွတ်ညွတ် ကစားတတ်တဲ့ အလေ့အကျင့်၊ ပြီးတော့ ရှုံးတာနိုင်တာမှာ
တစ်ယောက်နဲ့တစ်ယောက် သဘောထားကြီးအောင် လုပ်တတ်တဲ့အကျင့်၊ ဘယ်ကရတုန်းဆိုတော့ အားကစားကနေရတာ။
ဒါကြောင့်မို့လို့ ကျွန်တော်က အားကစားနဲ့ ခုနတုန်းက စာကြည့်သင်းကို ဆက်ပစ်ချင်တာ။ ကောင်းပြီ။

အဲဒီကလေးတွေက စာကြည့်သင်းကိုလာပြီ ဆိုပါတော့။ အဲဒီတော့ စာကြည့်သင်းတည်ထောင်မယ့် လူတွေကလဲ


အဲဒါကိုသတိထားဖို့ လိုအပ်တယ်။ ဘာကြောင့်ကလေးတွေဟာ သတိထားဖို့ လိုအပ်သလဲဆိုတာ ကျွန်တော်တစ်ခုဆက်ပြီးတော့
ပြောလိုက်ချင်ပါတယ်။ အဲဒါ ဆိုကြပါစို့ဗျာ။ အသက် ၆၀နဲ့ ၆၅ ရှိတယ်ဆိုတဲ့လူနှစ်ယောက် ဘာမှမကွာဘူး။ ၆၅နှစ်ထက်တောင် ၆၀ က
တော်ချင်တော်နေဦးမယ်။ ၆၀နဲ့ ၆၅နှစ် ဘာမှမကွာဘူး။ အဲဒီလိုပဲ ၄၀နဲ့ ၄၅ နှစ်ကော ကွာလား။ ဆိုတော့ ဘာမှမကွာဘူး။

ဒါပေမယ့် ပြန်စဉ်းစားကြည့်။ ကလေးတွေမှာ အသက်နှစ်နှစ်နဲ့ လေးနှစ်ဆို တော်တော့်ကို ကွာတယ်။ နှစ်နှစ်သားကလေးနဲ့


လေးနှစ်သားကလေးနဲ့ စကားပြောတာ၊ စဉ်းစားတာ၊ လုပ်တာ ကိုင်တာကအစ သိပ်ကွာပါတယ်။ ဒါကြောင့်မို့လို့ ကျွန်တော်
စိတ်ပညာများမှာဆိုတဲ့ ဥစ္စာ လူ့တစ်သက်မှာ အသိဉာဏ်အဖွံ့ဖြိုးဆုံး အတိုးတက်ဆုံးပေါ့။ အဖွံ့ဖြိုးဆုံးကာလဟာ အဲဒီနှစ်နှစ်နဲ့
လေးနှစ်ကြားဟာ အဖွံ့ဖြိုးဆုံးပဲ။ တစ်သက်မှာ နောက်ထပ်ပြီး အဲဒီအဟုန်လောက် ဘယ်သောအခါမှ ပြန်မရနိုင်တော့တဲ့ အဲဒီ
နှစ်နှစ်အတွင်းကလေးဟာ သိပ်စကားပြောတယ်။ အဲဒီတော့ ကလေးတွေရဲ့ တိုးတက်မှုဟာ မြန်နေတဲ့အချိန်မှာ ကျွန်တော်တို့က
အဲဒီမြန်တာကို အသုံးချတတ်ဖို့လိုတယ်။ ဆိုကြပါစို့။ ကျွန်တော် ဒီထက်ဆက်ပြောရမယ်ဆိုလို့ရှိရင် ၁၀နှစ်နဲ့ ၁၅နှစ်
ဘယ်လောက်ကွာတုန်းဆိုတော့ ငါးနှစ်ပဲကွာတယ်။ ခုနင်တုန်းက အသက်၆၀နဲ့ ၆၅နှစ်လဲ ၅နှစ်ပဲကွာတာပဲ။ ဒါပေမယ့် ၁၀နှစ်သားနဲ့
၁၅နှစ်သား ဘယ်လောက်ကွာသွားလဲ။ အဲဒီတော့ ၅ တန်းကလေးသည် ခုနက ၁၀တန်းကလေးကို မမှီဘူး။ သိပ်ကွာနေတယ်။ အဲဒီတော့
ကျွန်တော်ပြောချင်တာက အဲဒီထဲမှာ ကစားနေတဲ့ ကိစ္စက ရောက်လာလို့ရှိရင် ဒီကောင်က ၁၀တန်းရောက်လာပြီ။ လူကြီးဖြစ်လာပြီ။
အဲဒီကျပြီဆိုလို့ရှိရင် စာကြည့်သင်းအတွက်လဲ အသုံးဝင်လာနိုင်ပြီ၊ ရပ်ကွက်အတွက်လဲ အသုံးဝင်လာနိုင်ပြီ၊ သို့မဟုတ်ရင် ရပ်ကွက်ကို
လှလှကြီးဒုက္ခပေးနိုင်ပြီ။ အဲဒီလို ဒုက္ခပေးမလား၊ ရပ်ကွက်ကို အသုံးဝင်အောင် ဖြစ်လာမလား။ အဲဒီဥစ္စာဖြစ်ဖို့လို့ကိစ္စဟာ
အဲဒီခုနကပြောတဲ့ ဆယ်နှစ်သားလေး ငါးတန်း၊ ခုနက ကစားနေတဲ့ ဘောလုံးကန်နေတဲ့ကောင်လေး။ ဂျင်ပေါက်နေတဲ့ကောင်လေး။
အဲဒီကောင်လေးကို ဖြည်းဖြည်း ဖြည်းဖြည်း သိမ်းသွင်းခြင်းအားဖြင့် ကျွန်တော်တို စာကြည့်သင်းကို ရောက်လာအောင် လုပ်ဖို့လိုတယ်။
အဲဒီ စာကြည့်သင်းမှာ ကလေးတွေအတွက် ဘာလုပ်ပေးရမလဲဆိုတော့ ကလေးတွေ ကြိုက်တတ်တဲ့ စာအုပ်ထားပေးရမှာပေါ့။ ဥပမာ
ရုပ်ပြစာအုပ်ကလေးတွေ၊ ကလေးတွေကြိုက်တတ်တဲ့စာအုပ်တွေ အများကြီးပါပဲ။ ရှိပါတယ်။ အဲဒီရုပ်ပြစာအုပ်ကလေးထဲက
အရုပ်ကလေးတွေ အလုအယက် တစ်ယောက်တစ်ယောက် ဖတ်ကြတယ်။ ခေါင်းချင်းဆိုင်ပြီး ဖတ်ကြတယ်။ အဲဒီလို ဖတ်တဲ့ဥစ္စာကို
ပီတိနဲ့ ဖြစ်ပြီးနေတတ်ဖို့ ကျွန်တော်တို့ကလိုတယ်။ အခု ကျွန်တော်တို့က အမြဲတမ်း ခေတ်ကြီးကိုကောင်းစေချင်တယ်
ကောင်းစေချင်တယ်ပြောတယ်။ ကလေးတွေ အတွက်ကျတော့ ဘာမှ လုပ်မပေးချင်ဘူးဆိုတော့ ဒါ အဓိပ္ပါယ်မရှိတဲ့ကိစ္စ။ ကလေးတွေကို
ကျောင်းသွားပြီးရော ဒါပဲ။ ဟဲ့ ကျောင်းတက်ဟ၊ လုပ်ပြီးပြီးရော ဒါပြီးရောလား။ ကိုင်း ကျောင်းတက်ပြီး ပြီးရတာမှ မဟုတ်ဘဲနဲ့၊
ကျောင်းအားတဲ့အချိန်ကျ ဒီကလေးတွေ ဘယ်လိုလုပ်မလဲ၊ ကျန်တဲ့ အချိန်ကလေးမှာလဲ အဲဒီလို သူတို့ပျော်စရာ ရွှင်စရာလေးတွေ
ဖြစ်အောင် ကျောင်းဆိုတဲ့ဥစ္စာ မလွှဲသာလို့ တက်ကြရတဲ့ကိစ္စပဲ။ ခပ်ငယ်ငယ်က အဲ ကျွန်တော်တို့လဲ ငယ်ငယ်က သိပ်သွားချင်တာမှ
မဟုတ်တဲ့ဥစ္စာ၊ ဒီ မသွားချင် သွားချင်နဲ့ သွားဆိုလို့ သွားလိက
ုရင်းကနေ ပညာက ပြီးတော့မှ သိလာတာ။ ပထမပိုင်းတုန်းက
လူကြီးကြောက်လို့ သွားရတာ၊ စိတ်ညစ်ညစ်နဲ့ သွားရတာပဲ။

အဲဒီတော့ ခုနက ရုပ်ပြစာအုပ်ကလေးတွေကျတော့ ဘယ်သူကမှ ခိုင်းတာမဟုတ်ဘဲနဲ့ သူတို့ ဘာသာသူတို့ ကြည့်လာမယ့်ကိစ္စ။


ဘယ်လောက်ကောင်းတဲ့ကိစ္စလဲ။ ကျွန်တော်တို့က အဲဒါအတွက် ပိုက်ဆံအကုန်မခံချင်ဘူးလား။ အဲဒါအတွက်ကို ကျွန်တော်တို့က
လူကြီးတွေက အာရုံမပြုချင်ဘူးလား။ ကျွန်တော်တို့ ဒါစဉ်းစားဖို့လိုတယ်။

အဲဒီတော့ ဒီကလေးတွေ အဲဒီလို အသုံးဝင်လာဖို့ နောင်အခါ ကြီးပြင်းလာတဲ့အခါမှာ အသုံးဝင်လာဖို့လို့ စာကြည့်သင်းမှာ


အခြေခံဖို့လိုတယ်လို့ ကျွန်တော်ပြောချင်ပါတယ်။ တစ်ခါ အဲဒီတော့ကလေးတွေက အကြီးမြန်တဲ့အတွက်ကြောင့်

9
www.mmcybermedia.com
အကြီးမြန်တဲ့ကလေးတွေကို ကျွန်တော်တို့က စာကြည့်သင်းထဲ ရောက်လာအောင်ခေါ်၊ အဲဒီအားကားကနေ တစ်ဆင့်လာပစေ။
ခုနတုန်းက အားကစားကွင်းကနေ သူတို့ကို ကာယဖွံ့ဖြိုးမှုကို ပေးလိမ့်မယ်။ အဲဒီဥစ္စာအတွက်တော့ ကျွန်တော်တို့ သိပ်လိုပါတယ်။

အဲဒီတော့ ကောင်းပြီ။ ဒီစာကြည့်သင်းရှိတဲ့အတွက်ကြောင့် ဘယ်လိုအကျိုးကျေးဇူးရှိသလဲဆိုတာ ကျွန်တော်ပြောချင်တယ်။


အရေးအကြီးဆုံးကတော့ ကျွန်တော်စောစောပိုင်းက ပြောခဲ့သလိုပဲ သူများပညာကိုယ့် ပညာဖြစ်တာပေါ့။ သူများတွေ့အကြုံ
ကိုယ့်အတွေ့အကြုံဖြစ်တာပေါ့ ဟုတ်လား။ မြန်မာစကားတစ်ခုရှိတယ်။ လူလိမ္မာတို့သည် တစ်ပါးသူရဲ့ အမှားကနေပြီးတော့ သင်ခန်းစာ
မယူတတ်ကြကုန်။ အဲဒီတော့ ကျွန်တော်တို့ စာဖတ်တယ်ဆိုတာဟာ သူများရဲ့အတွေ့အကြုံကို ကိုယ့်အတွေ့အကြုံဖြစ်အောင်၊
သူများအမှားကို ကိုယ်ဆက်မမှားရအောင်၊ သူများအလိမ္မာတရားကို ကိုယ့်အလိမ္မာတရားဖြစ်အောင် အဲဒီလိုလုပ်တာဆိုတော့
စာကြည့်တဲ့ဥစ္စာ အဖက်ဖက်က ဆိုင်တာ။ အသိပညာဖွံ့ဖြိုးမှုနည်းတယ်ဆိုတဥ
ဲ့ စ္စာ ကုန်ကုန်ပြောမယ် ကျွန်တော်မြန်မာပြည်မှာ၊
ကျေးလက်တောရွာတွေမှာ ကျန်းမာရေးနဲ့ပက်သက်တဲ့ အသိပညာနည်းတဲ့အတွက်ကြောင့် ဒီရောဂါဖြစ်နေလို့လဲ ရောဂါဖြစ်နေမှန်းမသိ၊
ဒီဆေးစားလို့ရှိရင် ဒီလိုဒုက္ခရောက်တတ်မှန်းလဲမသိ၊ အဲဒီလိုနဲ့ ဖြစ်ကြတာတွေအများကြီး။ ဥပမာ အင်း အိုင် ခလှည့်
ဘာညာဆိုတာမျိုးတွေ၊ ပယောဂဆရာတွေ ဒါတွေနဲ့ပက်သက်ပြီး သာမန်အားဖြင့် စိတ်ကယောက်ကယက်ကလေးဖြစ်တာဟာ
တကယ်လို့ စိတ်ရောဂါ အထူးကုဆေးရုံမှာ ပြလိုက်လို့ရှိရင် ပြီးရဲ့သားနဲ့ သူက တစ်ခါတည်း ပယောဂပါဆိုပြီး ရိုက်လိုရိုက်၊ နှက်လိုနှက်
ပိုဆိုးကုန်တာတွေ၊ လက်လွန်ကုန်တာတွေ၊ အဲဒါမျိုးတွေက ခဏခဏ ကြားရတယ်။ တစ်ခါတစ်ရံ ဘိုးတော်ယောင်ယောင်
ဘာယောင်ယောင် လာသွားတာတွေ။

အဲဒီလို ကျန်းမာရေးကစပြီးတော့ အသိပညာမဲ့သွားတဲ့အခါကျတော့ ဘယ်ကောင်းတော့မလဲ။ ဒါကြောင့်မို့လို့


ကျွန်တော်ပြောတာ၊ စာကြည့်သင်းမှာ ဒီနေ့ထွက်နေတဲ့မဂ္ဂဇင်းစာအုပ်တွေထဲက သိစရာတွေ ဆင်ခြင်စရာတွေ အဲဒါတွေ ရနိုင်တယ်။
အဲဒီတော့ ဒီကျန်းမာရေးတင်ပဲလား ဆိုလိုက်တဲ့အခါကျ မဟုတ်ဘူး။ ကိုင်း ဘာသာရေးကို သိချင်သလား။ ဘာသာရေးနဲ့ပက်သက်တဲ့
တကယ့်မှန်ကန်တဲ့ဘာသာရေး၊ မှန်ကန်တဲ့အတွေးအခေါ်ဖြစ်အောင် စာအုပ်ပဲ။ အဲ နောက်တစ်ခါ စိုက်ပျိုးရေးပညာကို လိုချင်သလား၊
စာအုပ်ပဲ၊ ကိုယ်တိုင်သွားနေဖို့မလိုပါဘူး။ အဲဒီစာအုပ်တွေကို ကြည့်ပြီးတော့သွားမှာပေါ့။ အခုဆိုလို့ရှိရင် ကျွန်တော်တို့ ဗွီဒီယိုတွေဟာ
တောနယ်လေးတွေမှာကအစ ဗွီဒီယိုရုံကလေးတွေ ရှိလာတယ်။ ကြည့်လာတယ်။ ဒါဆိုလို့ရှိရင် ဘာပဲပြောနေနေ ဗွီဒီယိုရုပ်ရှင်တွေ
ဘာတွေ ဗွီဒီယိုကားတွေ ဘာတွေ ရုံတွေဘာတွေ တောနယ်မှာရှိလာတာ အင်မတန် တိုးတက်လာတဲ့ လက္ခဏာ။ ကောင်းလဲ
ကောင်းတယ်၊ ဘာကြောင့်ဆိုတော့ ကျေးရွာလူထု၊ တောနယ်လူထုတွေ ဗဟုသုတဖြစ်တယ်။ အတွေးအခေါ်ကောင်းတယ်။
ဥပမာဆိုပါတော့ ရန်ကုန်မှာရှိတဲ့ မော်တော်ယာဉ်တွေ ဘယ်လိုသွားကြတယ်၊ ဘယ်လိုမောင်းကြတယ် ဆိုတဲ့စနစ်ကိုသိတယ်။
ရွှေတိဂုံဘုရားကြီးနဲ့ပက်သက်တာကို သိနိုင်တယ်။ ဆူးလေဘုရားကို သိနိုင်တယ်။ တိရစ္ဆာန်ရုံအကြောင်းကို သိနိုင်တယ်။
မြင်ရတယ်ပေါ့လေ။ အဲဒါတွေ ရန်ကုန်တက္ကသိုလ်ဆိုတဲ့ဥစ္စာကို တောကနေပြီးတော့လှမ်းမြင်လို့ရတယ်။ ဒါပေမယ့်လို့ သူက
စာပေမဟုတ်ဘူး။ အဲဒီဟာကလည်း မြင်ရတာပြုရတာဆိုတော့ သူက ဇာတ်လမ်းနဲ့ ဘာနဲ့ အချစ်နဲ့ ဇာတ်လိုက်မင်းသားနဲ့ မင်းသမီးနဲ့
လူကြမ်းနဲ့ ငိုရတာ ရယ်ရတာပေါ့။ ရသတွေနဲ့ ဘာတွေနဲ့ဆိုတော့ အဲဒီဘက်မှာ မျောသွားတဲ့အတွက်ကြောင့်မို့လို့ ခုနက
အတွေးအခေါ်ဘက်မှာကျတော့ သိပ်ပေးနိုင်မဟုတ်ဘူး။ သူက ဘာရလဲဆိုတော့ ဥပမာ တောကလေးမလေးတွေက မြို့ကလိုပဲ
အင်္ကျီလေးတွေ ဝတ်တတ်လာတယ်၊ စကပ်လိုမျိုးဝတ်ချင်လာတယ်။ အဲဒီတော့ အဝတ်အစားတွေဘက်မှာ၊ အတုအပတွေ ဘက်မှာ
သူက အဲဒီဘက်ကို ပိုပြီးတော့ ညွှတ်ပြောင်းသွားတယ်။ စာကြည့်သင်းကျတော့ စာကျတော့ အဲဒီလိုမဟုတ်တော့ဘူး။ သူက
အလိမ္မာတရား၊ အသိတရားကိုပါ ပေးလာတယ်။ ဒါကြောင့်မို့လို့ စာကြည့်သင်းလုပ်လိုက်တဲ့ ကိစ္စဟာ ခုနက အသိပညာ၊
အတွေးအခေါ်ပညာပါ တိုးပါတယ်။ နောက်ပြီးတော့ ဘယ်လိုစာအုပ်မျိုးကို ဖတ်ရမယ်ဆိုတာ ဖတ်ရင်းဖတ်ရင်းကနေ မုဆိုးစိုင်သင်
ဆိုတာလို ဖြစ်လာတတ်ပါတယ်။

နောက်တစ်ခုက အဲဒီစာကြည့်သင်းမှာ ဒီလိုလုပ်ထားတာကို စာကြည့်သင်းခေါင်းဆောင်တဲ့လူငယ်တွေက အဲဒီကလေးတွေကို


မင်းတို့ ကြည့်ရှုစောင့်ရှောက်ပါ၊ ကိုယ့်ညီလေးတွေလို ကိုယ့်ညီမလေးတွေလို အဲဒီဆယ်နှစ်သားလေးတွေကိုချစ်ပါ။ မေတ္တာထားစမ်းပါ။
အဲဒီလို ထားပြီးတော့ သူတို့ကို စောင့်ရှောက်လာလို့ရှိရင် သူတို့ အလိုလိုနေရင်းနဲ့ အစ်ကိုကြီးတို့ ဦးလေးတို့ အစ်မတို့ အစရှိသည်အားဖြင့်
ရိုသေလာလိမ့်မယ်။ အဲဒီသူတို့ ရိုသေလာတဲ့အခါကျတော့ ဘယ်လောက်ထိအောင် တန်ဖိုးရှိသလဲဆိုလို့ရှိရင် ကိုယ်ပါ
လူကြီးဖြစ်လာတယ်။ လူကြီးဖြစ်လာတော့ ကိုယ့်ကိုယ်ကျင့်တရားကို ထိန်းသိမ်းလာတာပေါ့။ ကျေးရွာမှာရှိတဲ့ လူငယ်တွေကိုလဲ
ပြောချင်တာက မင်းတို့ကနေပြီးတော့ ထုပ်ဆီးတိုးချင်ရင် စည်းကလေးဆွဲပေးတာလေးတွေ၊ ဘောလုံးကန်ချင်ရင် ဂိုးတိုင်ကလေး
လုပ်ပေးတာလေးတွေ အဲဒါမျိုးလေးတွေကအစ လုပ်ပြီးပေး။ သူတို့ကို ကန်ပုံကန်နည်း ဘယ်လိုကန်ရတယ်ဆိုတာ သင့်ပြပြီးတော့ပေး။
နောက်ပြီးတော့ ရုပ်ပြစာအုပ်တွေ ဘာတွေ လာဖတ်လို့ရှိရင် သူတို့မသိလို့ရှိရင် အစ်ကို ဒီဥစ္စာ ဘယ်လိုဖတ်ရသလဲဆိုလို့ရှိရင်သင်ပေး။
ညီလေး ဒီစာအုပ်မဖတ်နဲ့က၊ွ ဟောဒီစာအုပ်ကလေးကိုဖတ်၊ ဒီစာအုပ်ကလေးက ပိုကောင်းတယ်ဆိုပြီး ညွှန်ပေးလိုက်။ အဲဒီလို
ပေးရင်းပေးရင်းကနေပြီးတော့ အဲဒီ ကလေးရဲ့ရှေ့မှာ မင်းကိုယ်မင်း ထိန်းသိမ်းလာမယ်၊ ဘာကြောင့်လဲဆိုတော့ သူတို့က မင်းကို
လူကြီးလို သဘောထားတော့ မင်းက ကလေးလုပ်လို့မဖြစ်တော့ဘူး၊ အဲဒီနည်းအားဖြင့် တစ်ယောက်ကိုတစ်ယောက်လဲ

10
www.mmcybermedia.com
အပြန်အလှန်ကျေးဇူးပြုနိုင်တယ်။ ဒါကြောင့်မို့လို့ ကလေးတွေကို အဲဒီစာကြည့်သင်းထဲကိုခေါ်ပါ။ သူတို့ကြိုက်တတ်တဲ့
စာအုပ်ကလေးကိုလဲ ထားပေးပါ။ ခုနကပြောတဲ့ ကစားကွင်းကလေးတွေကိုလဲ လုပ်ပေးပါလို့ ရှေ့က ပြောခဲ့ခြင်းဖြစ်တယ်။

ဥပမာဆိုကြပါစို့၊ မြို့ပြသာယာအောင်လို့ လမ်းဖောက်ပေးတယ်၊ ပန်းခြံတွေလုပ်ပေးတယ်၊ ကန်တွေ ဘာတွေ တူးပေးတယ်၊


ရေသွားရေလာကောင်းအောင်လုပ်ပေးတယ်။ အဲဒီလို လုပ်ပေးသလို လုပ်ပေးတဲ့အတွက်ကြောင့်မို့လို့ မြို့လူထုမှာ ဖွံ့ဖြိုးအောင်ကတော့
စာကြည့်သင်းပေါ့၊ စာကြည့်သင်းမဖွံ့ဖြိုးဘဲနဲ့ ဘယ့်နှယ်လုပ် တိုးတက်တဲ့နေရာဖြစ်မလဲ။ အဲဒီတော့ အသိအလိမ္မာသူတို့ တိုးလာလေလေ၊
တိုးလာလေလေ မြို့ပြမှာ ငြိမ်းချမ်းရေးသာယာရေးအတွက်ကို ကူညီတဲ့ဟာတွေ ပေါ်လာလေလေ ဖြစ်လာမှာပေါ့။
ဘယ်သူ့လက်ထက်တုန်းက ဘယ်ဆေးရုံဆေးခန်းကြီး ပေါ်ပေါက်ခဲ့တယ်၊ ဘယ်သူ့လက်ထက်မှာတုန်းက ဘယ်ဓမ္မာရုံကြီး
ပေါ်ပေါက်ခဲ့တယ်၊ ဘယ်သူ့လက်ထက်မှာတုန်းက ဘယ်ကစားကွင်းကြီးဟာ သူဦးဆောင်ပြီး လုပ်သွားတာဆိုတာ အဲဒါကို
တို့လက်ထက်မှာ အဲဒါမျိုးဖြစ်ဖြစ် ဖြစ်သွားအောင်ပေါ့လေ။ ကြိုးစားပမ်းစား တာဝန်ခံတွေ ဥက္ကဋ္ဌပဲဖြစ်ဖြစ်၊ အတွင်းရေးမှူးပဲဖြစ်ဖြစ်ပေါ့လေ။
သို့မဟုတ် စစ်ဘက် အရပ်ဘက် အမှုထမ်းပဲ ဖြစ်ဖြစ်ပေါ့။ လုပ်သွားလို့ရှိရင် သူတို့ ဂုဏ်ယူကြတယ်။

ဘယ်သူ့လက်ထက်မှာပေါ့လေ။ တစ်ခါတစ်ရံမှာ ဓာတ်ပုံနဲ့ စာတန်းတွေ ဘာတွေထိုးလို့ပေါ့။ အုတ်မြစ်ချတာ ဘယ်သူပါ


အစရှိသည်အားဖြင့်ပေါ့၊ အဲဒီလိုလုပ်ကြတယ်။ အဲဒီလိုလုပ်လိုက်တဲ့အတွက်ကြောင့်မို့လို့ ရပ်ရွာသာယာလာပါတယ်ဆိုရင် ကိုင်း၊
စာကြည့်သင်းကြီးတစ်ခု ပေါ်ပေါက်လာတဲ့အခါမှာ ဆိုရင်ကော မကောင်းနိုင်ဘူးလား၊ စာကြည့်သင်းကြီးပေါ်ပေါက်လာမယ်ဆိုလို့ရှိရင်
ဒီဟာ ဘယ်သူ့လက်ထက်က ဘယ်ဥက္ကဋ္ဌကြီးလက်ထက်ကဆိုပြီး ကမ္ဗည်းတင်လောက်အောင် လုပ်ချင်တဲ့စိတ်မျိုး ကျွန်တော်တို့
ပေါ်ပေါက်လာဖို့လဲ လိုပါတယ်။

ဘာကြောင့်ကျွန်တော်ဒီလိုပြောရသလဲဆိုလို့ရှိရင် ကျွန်တော်ဟာ ဟိုးခပ်ငယ်ငယ်ပေါ့လေ၊ ဒီ အသက်၂၀မပြည့်ခင်ပေါ့၊


အဲဒီလောက်မှာတုန်းက ကျွန်တော် သရက်မြို့မှာ ခဏနေခဲ့ရဖူးပါတယ်။ အဲဒီသရက်မြို့မှာ EUA ဆိုတဲ့ စာကြည့်သင်းတစ်ခု ရှိခဲ့ဖူးတယ်။
အဲဒီ Education Uplift Association ဆိုတာ အဲဒီမှာမှ ပညာမြှင့်တင်ရေးအဖွဲ့ဆိုပါတော့၊ အဲဒီအဖွဲ့မှာ စာကြည့်တိုက်ရှိတယ်။
စာကြည့်တိုက်မှာ အင်္ဂလိပ်စာအုပ်တွေကလဲ အများကြီးပဲ။ ကျွန်တော်တို့က အဲဒီတုန်းက အင်္ဂလိပ်လို ကောင်းကောင်းမဖတ်နိုင်ပါဘူး။
အဲဒီတော့ မြန်မာစာအုပ်တွေကတော့ဖြင့် အဲဒီမှာ ကျွန်တော်ဖတ်ခဲ့တဲ့ဥစ္စာ ရှိသမျှအကုန်လုံး ကျမ်းကြီးတွေကအစ ကြိုးစားပမ်းစား
ရသမျှဖတ်တယ်၊ ခုနက သရက်မြို့က EUA ဆိုတဲ့ စာကြည့်သင်းက ယူလိုက်တဲဥ
့ စ္စာတွေဟာ ကျွန်တော်တက္ကသိုလ်မှာ
ဆရာဖြစ်လာတဲ့အခါကျတော့ အဲဒီစာအုပ်တွေကို ပြန်ပြီးတော့ ဖတ်စရာမလိုတော့ဘူး။ အမှန်က တက္ကသိုလ်ရောက်မှ ဖတ်ရမယ့်ကိစ္စ။
ကျွန်တော့်မှာ ဖတ်ပြီးသားတွေ ဖြစ်နေတယ်။ ကျွန်တော်ကျောင်းဆရာဘဝမှာ လုပ်ကိုင်စားခဲ့တဲ့ အထဲထဲမှာ ပြောတာဆိုတာ
ကျွန်တော့်ဗဟုသုတထဲမှာ အဲဒီပညာပြန့်ပွားရေးအသင်းရဲ့ ပညာမြှင့်တင်ရေးအသင်းရဲ့ ကျေးဇူးအင်မတန်ပါပါတယ်။ ဒါကြောင့်
လူတစ်ယောက်ကို ပေးလိုက်နိုင်တဲ့ဥစ္စာဟာ စာကြည့်သင်းက အထောက်အပံ့အများကြီးပေးတဲ့အတွက်ကြောင့် လူကြီးတွေကလဲပဲ
ဝိုင်းဝန်းပြီးကူညီကြလို့ရှိရင် ပိုပြီးရှင်သန်လာပါလိမ့်မယ်။ အဲဒီလူငယ်တွေ အသိဉာဏ်မတိုးတက်သမျှ ကာလပတ်လုံး
တိုင်းပြည်မဖွံ့ဖြိုးနိုင်ဘူးလို့ ကျွန်တော်ပြောချင်ပါတယ်။

ဒီတစ်နေ့တုန်းကပဲ ထွက်တဲ့ သရဖူ အဲ သင့်ဘဝမဂ္ဂဇင်းမှာ ထင်တယ်၊ ဟုတ်တယ်။ သင့်ဘဝမဂ္ဂဇင်းမှာ


ခင်မောင်သန်း(စိတ်ပညာ) ဆိုတာ ဆရာဦးခင်မောင်သန်းရေးတဲ့ ဆောင်းပါးလေးတစ်ပုဒ် ပါလာပါတယ်။ အဲဒီထဲမှာ ဂျပန်ပြည်မှာရှိတဲ့
ဝန်ကြီးချုပ်တစ်ယောက်ကို မေးလိုက်တဲ့အခါကျတော့ အဲဒီဝန်ကြီးချုပ်ကပေါ့လေ၊ ဂျပန်ပြည်ဟာ ဒီလောက်ထိအောင် ဘာကြောင့်
တိုးတက်လာသလဲဆိုတော့ တစ်ခွန်းတည်းပဲ ဖြေတယ်။ ဟိုက ကျွန်တော်တို့ ပညာရေးကောင်းလို့ပါပဲ။ ပညာရေးစနစ် ကောင်းလို့ပါပဲတဲ့။
အဲဒီတော့ ပညာရေးစနစ်ကောင်းမှ တိုင်းပြည်တိုးတက်မယ်ဆိုတဲ့ဥစ္စာကို ကျွန်တော်တို့ မျက်ခြည်မပြတ် သိဖို့လိုပါတယ်။ အဲဒီတော့
ပညာရေးကောင်းတယ်ဆိုလိုက်တဲ့ ဥစ္စာကို ပညာရေးဆိုတာ ကျောင်းနေမှ ပညာရေးမဟုတ်ဘူး။ စာကြည့်တိုက်ထားတာလဲ ပညာရေးပဲ။
သူများတိုင်းပြည် တိုးတက်တဲ့တိုင်းပြည်တွေမှာ ကျွန်တော်မရောက်ဖူးပါဘူးနော်။ နိုင်ငံခြားကို၊ ဒါပေမယ့်လို့ သူတို့ကို ကျွန်တော်
မေးတဲ့အခါမှာ ကျွန်တော် စာကြည့်တိုက်စနစ်ကို သေချာမေးတယ်၊ အဲဒီမှာစာကြည့်တိုက်ကလူကို သွားပြီးတော့ပြောတယ်၊ ပြောတဲ့
သူလိုချင်တယ်ဆိုတဲ့စာအုပ် ဟို ကျွန်တော်သေချာ မေးကြည့်တဲ့အခါကျတော့ ပြန်ပြောပြတာပေါ့။ ဘယ်လောက်ကောင်းတဲ့
စနစ်ဆိုတော့ခင်ဗျားက ဥပမာ စာအုပ်တစ်အုပ်ကို လိုချင်တယ်၊ လိုချင်လို့သွားပြီးတော့ ငှားတယ်ဆိုပါတော့။ အဲဒီစာအုပ်က
နည်းနည်းရှားတဲ့စာအုပ်မျိုးဖြစ်နေရင် အဲဒီမှာမရှိဘူးဆိုရင် ကျွန်တော်တို့ ဗဟိုစာကြည့်တိုက်မှာရှိပါတယ်။ အဲဒီဟာ
ကျွန်တော်ငှားပေးပါ့မယ်။ ခင်ဗျားဖတ်ချင်ရင်ရပါတယ်။ ကျွန်တော်အကြောင်းကြားပေးပါ့မယ် ဆိုပြီးတော့ နှစ်ရက်သုံးရက်လောက်
ရှိလို့ရှိရင် လူကြီးမင်းလိုချင်တဲ့စာအုပ် ရောက်ပါပြီ။ စာရောက်လာတယ်။ ခင်ဗျားသွားယူ။ ရတယ်၊ ကိုင်း၊ အဲဒီတော့ အဲလောက်တင်ပဲလား
ဆိုတော့ မဟုတ်သေးဘူးဗျတဲ့၊ တစ်ခါတစ်ရံမှာ သိပ်ရှားပါးတဲ့စာအုပ်တွေ အဲဒီတုန်းက မိတ္တူကူးစက်မပေါ်သေးဘူး။ တစ်ခါတစ်ရံမှာ
သုတေသနအတွက် သိပ်လိုအပ်တဲ့ ကိစ္စမျိုးဖြစ်နေတယ်ဆိုရင်တဲ့ အင်္ဂလန်ကနေပြီးတော့ အမေရိကမှာရှိတဲ့ စာအုပ်ကို မှာယူတယ်။
ပြီးတော့မှ အဲဒီသက်ဆိုင်ရာကိုပေးတယ်။ အဲလောက်ထိအောင်တောင် လုပ်ပေးတယ်။ အဲဒီတော့ ဒီတိုင်းပြည် မတိုးတက်ဘဲ နေမလား၊
ကျွန်တော်ပြောချင်တာက ဒီလူတွေ ပညာတတ်လာတဲ့အခါကျတော့ ဘာဖြစ်လဲဆိုတော့ တိုင်းပြည်တိုးတက်လာတာပေါ့။
ကျွန်တော်တို့က တိုင်းပြည်တစ်ပြည်တိုးတက်တယ် ဆိုတဲ့ဥစ္စာ၊ ဘယ်ဟာက တိုးတက်တာတုန်း။ လူက တိုးတက်တာပဲ။

11
www.mmcybermedia.com
ဘာကတိုးတက်မှာတုန်း။ သစ်ပင်တွေပေါက်လာအောင်၊ စပါးတွေ ပေါက်လာအောင် စိုက်နိုင်တယ်ဆိုတာ လူကစိုက်တာပဲ။ လူက
အရေးကြီးတာပဲ။ အဲဒီတော့ ကျွန်တော်တို့က တကယ်လို့ ကိုယ့်ရပ်ကိုယ့်ရွာကိုချစ်တယ်ဆိုရင် ကိုယ့်အမျိုးသားကိုချစ်တယ်ဆိုရင်
ကိုယ့်တိုင်းပြည်ကို ချစ်တယ်ဆိုရင် လူငယ်တွေကို ချစ်ရလိမ့်မယ်။ လူတွေကို ပိုချစ်ရလိမ့်မယ်။ ကိုယ့်တိုင်းပြည်ကြီးကိုချစ်ပါတယ်
ဆိုတာဟာ ငါနိုင်ငံရေးစိတ်ရှိတယ်။ တိုင်းပြည်ကို ချစ်တယ်ဆိုပြီးတော့ ဧရာဝတီမြစ်ကြီးကို သွားဖက်နမ်းနေလို့လဲ ဖြစ်တာမဟုတ်ဘူး။
ရိုးမတောင်တန်းကြီးကိုသွားပြီးတော့ ကုန်းနမ်းနေလို့လဲ ဖြစ်တာမဟုတ်ဘူး။ ချစ်တယ်ဆိုတာ ဘယ်သူ့ကိုချစ်ရမှာလဲ လူကိုချစ်ရမှာ။
လူကိုမချစ်ဘန
ဲ့ ဘယ်နှယ့်လုပ် တိုင်းပြည်ကိုချစ်မလဲ။ လုမရှိဘဲနဲ့ ဒီတိုင်းပြည်ဘာအဓိပ္ပာယ်ရှိမလဲ။ လူမရှိရင် တိုင်းပြည်မရှိဘူး။ လူရှိမှ
တိုင်းပြည်ရှိတယ်။ လူတိုးတက်မှ တိုင်းပြည်တိုးတက်တယ်။ ဒါ့ပြင် ကျန်တဲ့ဥစ္စာတွေ ဘယ်လောက်တိုးတက်နေနေ၊ သစ်ပင်တွေ
သူ့ဘာသာသူ၊ မြက်တွေ သူ့ဘာသာသူ ပေါက်နေတာ ပေါက်နေမှာပေါ့။ ဘာဖြစ်လဲ။ အဲဒါတိုင်းပြည်တဲ့လား၊ အဲလိုမှမဟုတ်ဘဲနဲ့ ခုဥစ္စာက
ဒီလူတွေကို ရှိရမှာ။ တိုင်းပြည်မှာ ရှင်သန်စေချင်လို့ရှိရင် လူတွေကို တိုးတက်အောင်လုပ်ရမှာ။

အဲဒီတော့ ခုနတုန်းက ဒီဂျပန်ပြည် တိုးတက်လာတဲ့ဥစ္စာ ဘာကြောင့်တိုးတက်လဲဆိုတဲ့အခါကျ အမျိုးသားလှုပ်ရှားမှုအနေနဲ့


လုပ်ပစ်တာ။ ဂျပန်ဘုရင်ကိုယ်တိုင်က မေဂျီဘုရင်ကိုယ်တိုင်ကနေပြီးတော့ အဲဒီဟာကို အမျိုးသား လှုပ်ရှားမှုအသွင်နဲ့ ဖြစ်လာအောင်ကို
လုပ်ပစ်တာ။ ဆိုလိုတာက ကျွန်တော်တို့ အခု အားကစားလှုပ်ရှားမှုတွေလုပ်လိုက်တယ်။ အမျိုးသားတိုးတက်မှု ဖြစ်အောင်
လုပ်လိုက်တယ်။ အမျိုးသားလှုပ်ရှားမှုအသွင်ကို ရောက်အောင်လုပ်လိုက်တယ်။ ကျွန်တော်တို့ကလဲ ပညာရေးကို အမျိုးသားအသိစိတ်နဲ့
လုပ်ရမယ်။

မင်းတုန်းမင်းကြီးရဲ့လက်ထက်မှာ မအောင်မြင်ခဲ့တဲ့ဥစ္စာ ခုနကပြောတဲ့ တိုင်းပြည်ရဲ့ ပညာတော်သင်လွှတ်တယ်၊ ဒါပေမယ့်


ခုနကပြောတဲ့ အမျိုးသားလှုပ်ရှားမှု၊ အမျိုးသားအသိစိတ်ကြီးနဲ့ လွှတ်တာမဟုတ်ခဲ့ဘူး။ အဲဒီတော့ နောက်ကလှုပ်ရှားမှုက ပါမလာဘူး။
ပါမလာတဲ့အခါကျ နောက်ပြီးတော့ သူကိုယ်တိုင်ကလဲလေ ဟိုဟာပေါ့။ ပုဂံမင်းလက်ထဲကနေပြီးတော့ ထီးနန်းကို
လုယူထားရတာဆိုတော့ သူ့အဖို့မှာလဲ ပြဿနာ။ သူ့ထီးနန်းခိုင်မြဲရေးကို ကြိုးစားပမ်းစား လုပ်နေရသေးတာကိုး။ အဲဒီတော့
ကျွန်တော်တို့က ဒါကို သင်ခန်းစာယူရမှာပေါ့။ အဲဒီတော့ အမျိုးသားပညာရေးလှုပ်ရှားမှုလုပ်တဲ့အခါမှာ တက္ကသိုလ်နဲ့ပက်သက်တာ
အစိုးရကလုပ်လိမ့်မယ်။ မူလတန်းကျောင်းတွေ၊ အထက်တန်းကျောင်းတွေ၊ အလယ်တန်းကျောင်းတွေ အစိုးရက လုပ်လိမ့်မယ်။
အဲဒီတော့ အစိုးရက လုပ်နေရင် ပြီးတာပဲဆိုပြီးတော့ တို့ကျန်တာလုပ်ဖို့မလိုဘူး၊ ပညာရေးကို သူနဲ့ပစ်ထားလိုက်ရောလားဆိုတော့
ဘယ်ဟုတ်မလဲ။ ခုနက စာကြည့်သင်း ကိုယ့်တစ်ရပ်တစ်ရွာ တစ်ပိုင်တစ်နိုင်လုပ်ကြရမှာပေါ့။ ကျွန်တော်တို့ တစ်ပိုင်တစ်နိုင်မှာကို
ဆိုပါတော့။ ဒီအသီးဆိုလို့ရှိရင်လဲ နွေစပါး၊ မိုးစပါး အစရှိသဖြင့် စိုက်သလို အဲဒီစိုက်လို့မို့လို့ နွေစပါး မိုးစပါး ပေါ်လာလို့မို့လို့
ဒီစားနပ်ရိက္ခာပေါ်လာသလို၊ ကျွန်တော်တို့မှာလဲပဲ ကျောင်းကပေးလိုက်တဲ့အသိဉာဏ် အဲဒီကျောင်းက ပေးလိုက်တဲ့ပညာ။
အဲဒီကလေးတွေက ဖွံ့ဖြိုးလာပြီးတော့ နောက်ထပ်ပြီးတော့ စာကြည့်သင်းကို ကျွန်တော်တို့က လုပ်မပေးသင့်ဘူးလား။

ပြန်စဉ်းစားလို့ရှိရင် ကျွန်တော်တို့က အခုဆိုလို့ရှိရင်တောင်မှ အမှန်အတိုင်းပြောလို့ရှိရင် ကမ္ဘာနဲ့စာလိုက်လို့ရှိရင်


ကျွန်တော်တို့က အချိန်က တော်တော်နောက်ကျနေပြီ။ အဲဒီနောက်ကျတဲ့ကိစ္စကြီးကို နောက်ကျတော့လဲ နောက်ကျပြီး
နေလိုက်တာပေါ့ကွာလို့ ဆိုပြီးတော့နေမလား။ ကျွန်တော်တို့ကဆက်ပြီး တစ်ပြည်လုံး အမျိုးသားလှုပ်ရှားမှုကြီးအဖြစ်နဲ့
စာကြည့်သင်းကြီးတွေ မလုပ်ချင်ဘူးလား။ အဲဒီလို ဖွံ့ဖြိုးအောင် မလုပ်သင့်ဘူးလား။ ကျွန်တော်တို့စရတော့မယ်။ ကျွန်တော်တို့
အချိန်ကျပြီ။ အဲဒီတော့ ချက်ချင်းတော့ဖြင့် တိုင်းပြည်ကြီး တိုးတက်သွားမှာ မဟုတ်ဘူးပေါ့။ ပညာရေးဆိုတဲ့ဥစ္စာ ရေရှည်စဉ်းစားရတာ။
စာကြည့်တယ်၊ စာဖတ်တယ်ဆိုတာဟာလည်း ရေရှည်လုပ်ရတာ။ ဒီကနေ့ပဲ စာကြည့်သင်းထောင်ပြီးရော နောက်တစ်နေ့ရောက်တဲ့အခါ
ကျ ကျေးရွာကြီးဖွံ့ဖြိုးလာတာမျိုး ဘယ်လိုမှ ဖြစ်လို့မရဘူး။ ဒါပေမယ့် တဖြည်းဖြည်း တဖြည်းဖြည်း တစ်စ တစ်စ လုပ်ယူရတာ။ အဲဒီတော့
အဲဒီလုပ်တဲ့ကိစ္စမှာ ကျွန်တော်ပြောချင်တာက ကိုယ့်သား ကိုယ့်သမီး ကိုယ့်ရင်သွေးကို လူပီသလာအောင်၊ ဖွံ့ဖြိုးလာအောင်
အသိဉာဏ်တိုးတက်လာအောင် လုပ်တဲ့ဥစ္စာဟာလဲ ကျန်းမာရေးလိုပဲ အရေးကြီးတယ်ဆိုတာကို ကျွန်တော်တို့မမေ့ကြဖို့လိုပါတယ်။
အဲဒီလုပ်တဲ့အခါမှာလည်း စာကြည့်သင်းကို ဇွဲရှိရှိနဲ့လုပ်ဖို့လိုပါတယ်။ အခုဆိုလို့ရှိရင် ကျွန်တော်တို့ ဝမ်းသာစရာကောင်းတာလေးတစ်ခက

ဒီစာကြည့်သင်းလေးတွေပေါ့လေ။ နယ်တွေမှာ တော်တော်များများလေးပေါ်ပေါက်လာတာ တော်တော်လေး ဝမ်းသာဖို့ကောင်းပါတယ်။
ဥပမာ ဖြူးမြို့မှာဆိုလို့ရှိရင် မိတ်ဆွေများစာကြည့်သင်း၊ ဟို ကညွှတ်ကွင်းမှာလည်း ကျွန်တော်သွားပြီး ဟောပြောခဲ့ပါတယ်။
အဲဒီမှာဆိုလို့ရှိရင်လည်းပဲ လောကပြတင်းစာကြည့်သင်း၊ အဲဒီလိုပေါ့လေ။ မြို့ကြီးတွေမှာလည်း ရှိပါတယ်။ အဲဒီလိုစာကြည့်သင်းလေးတွေ
ပေါ်လာတာနဲ့အတူ ဘာပေါ်လာလဲဆိုတော့ ဒီစာကြည့်သင်းက ကလေးငယ်တွေက အင်မတန်တက်ကြွကြတဲ့အခါ သူတို့ကြိုက်တဲ့
ဝတ္ထုတွေ၊ သူတို့ကြိုက်တဲ့ ကဗျာတွေ၊ သူတို့ကြိုက်တဲ့စာတွေနဲ့ ပက်သက်ပြီးတော့ ဆုလက်ဆောင်တွေပေါ့ ဂါရဝလက်ဆောင်ဆိုကြပါစို့၊
လာပြီးတော့ပေးကြတယ်၊ ဆရာတို့ကို ကျေးဇူးတင်ပါတယ် အစရှိသည်အားဖြင့် သူတို့ပြောကြတယ်ပေါ့။ ဒါဟာဆိုလို့ရှိရင်လဲပဲ
အင်မတန်ကောင်းတဲ့ လက္ခဏာပါပဲ။

သို့သော် အဲဒီမှာ ကျွန်တော် သတိထားမိတာပေါ့လေ။ သူတို့ဟာ ဒီကနေ့ထွက်ပေါ်ပြီးတော့နေတဲ့ မဂ္ဂဇင်းတွေကို ဖတ်ပြီးတော့


အဲဒီမဂ္ဂဇင်းတွေထဲမှာပါတဲ့ ဝတ္ထုကဗျာဆိုတဲ့ စာပေလောက်မှ ရသစာပေ ဆိုပါတော့လေ။ အဲဒီဟာတွေထဲမှာ တော်တော်များများလေး
ပျော့်မွေ့ပြီးတော့နေကြတာ တွေ့ရတယ်။ သိပ်စိတ်ဝင်စားတာကို တွေ့ရတယ်။ သို့သော်လည်းပဲ ဘာလဲဆိုတော့ သမိုင်းနဲ့ပက်သက်တဲ့

12
www.mmcybermedia.com
ကိစ္စဆိုပါတော့၊ တခြားသိပ္ပံနဲ့ ပက်သက်တဲ့ကိစ္စ၊ ကမ္ဘာဗဟုသုတနဲ့ ပက်သက်တဲ့ကိစ္စ၊ အဲဒါမျိုးတွေဘက်မှာ အားနည်းနေသေးတယ်လို့
ကျွန်တော်ထင်တယ်။ ကျွန်တော့်စိတ်ထဲမှာဖြစ်စေချင်တာက ဥပမာ တကယ့်ပုဂ္ဂိုလ်ကျော် ပုဂ္ဂိုလ်တော်တို့ရဲ့ အတ္ထုပ္ပတ္တိလို
ဟာမျိုးကြီးတွေ။ အဲဒါမျိုးတွေကို စာကြည့်တိုက်မှာ ကြည့်ရကောင်းမှန်း သိလာစေချင်တယ်။ ကျွန်တော်စိတ်ကူးမဲ့ ဖန်တီးထားတဲ့ ဝတ္ထုတို့၊
ဇာတ်လမ်းတို့၊ အဲဒီလောက်မှာတင် ကျွန်တော်က တင်းတိမ်မနေဘဲနဲ့ ဒီထက်ပိုပြီးကောင်းတဲ့ စာပေတွေဘက်ဆီ ရောက်စေချင်တယ်။
ဒီကလေးဘဝမှာ ကျွန်တော်တို့က ရုပ်ပြတွေ၊ ကျွန်တော်တို့လဲ ဒီလိုပဲပေါ့။ ကလေးဘဝမှာ ရုပ်ပြလေးတွေဖတ်တယ်၊ ဝတ္ထုလေးတွေ
ဖတ်တယ်။ အဲဒီကနေ နောက်တစ်ဆင့်ကျတော့ အရွယ်ကလေးရောက်လာတော့ အချစ်ဝတ္ထုတွေ ဖတ်တယ်။ အဲဒီကနေ
နောက်ပြီးတော့မှ တစ်ခါတည်း ခုနင်က အတွေးအခေါ်လေးတွေပါတဲ့ ဝတ္ထုကို ဖတ်ချင်တယ်။ အဲဒီကနေ ပြီးတော့မှ
ဆောင်းပါးလေးတွေကို ဖတ်ရင်း ဖတ်ရင်းကနေ ပြီးတော့မှ ဒီဆောင်းပါးကို ဖတ်ရင်းကနေ ဒါဖြင့် ဘယ်သူရေးတာပဲ အဲဒီစာရေးဆရာဟာ
ဘယ်သူပဲဆိုပြီးတော့ စာရေးဆရာကို စောင့်ဖတ်တယ်ဆိုတဲ့ စိတ်မျိုးပေါ်လာတယ်။

ပြောချင်တာက အဲဒီစာဖတ်တာက တဖြည်းဖြည်း တဖြည်းဖြည်း ရင့်ကျက် ရင့်ကျက်လာရမယ်။ အဲဒီရင့်ကျက်လာတဲ့


အချိန်အခါမှာ ဖတ်စရာစာအုပ်ကလဲ ရှိလာရမှာပေါ့။ ရင့်ကျက်လာတဲ့ အချိန်အခါမှာလဲ နောက်ဆုံး ငယ်ငယ်ကတည်းက မဂ္ဂဇင်းနဲ့
ဝတ္ထုဖတ်လိုက်တဲ့ ဥစ္စာဟာ ကြီးသည်အထိ မဂ္ဂဇင်း ဝတ္ထုဖတ်တာကလွဲလို့ ကျန်တာဘာမှမဖတ်တော့ဘူး။ အဲဒီဝတ္ထုကလွဲလို့လဲပဲ
ဆောင်းပါးတောင် ဖတ်ရကောင်းမှန်းမသိဘူး ဆိုရင်တော့ဖြင့် ဒီဥစ္စာ ရင့်ကျက်တဲ့ လက္ခဏာအသွင်ကို မဆောင်တော့ဘူးပေါ့။ အဲဒီတော့
စာကြည့်သင်းတွေကိုလဲပဲ ကျွန်တော်ပြောချင်တာက အဲဒီလို စာအုပ်မျိုးတွေကို ထားပေးစေချင်ပါတယ်။ အထူးသဖြင့်
ကျွန်တော်အခုတစ်လောအတွင်းမှာ ကလေးတွေရဲ့အဖို့မှာ အင်မတန်ခေါင်းပါးနေတဲ့ ဗဟုသုတဟာသမိုင်းလို့ ကျွန်တော်ထင်တယ်။ ဒါဖြင့်
သမိုင်းကလဲပဲ ကျောင်းက စာသင်ပေးနေတာ သမိုင်းတွေသင်ပေးနေတာပဲ မဟုတ်ဘူးလားလို့ ပြောစရာရှိပါတယ်။ ဒါပေမယ့်
ကျောင်းမှာသင်ပေးနေတဲ့ဥစ္စာ ကလေးတွေလေ့လာနေပုံက ကွက်ကျော်လေ့လာနေတာ။ ဥပမာ အလောင်းမင်းတရားကြီးကို
ကြည့်လိုက်မယ်။ ခုနှစ်တော့ ဘုရင့်နောင်ပါစရာအကြောင်း ရှိတယ်။ အခုနှစ်ကတော့ဖြင့် မင်းတုန်းမင်းလက်ထက် နိုင်ငံခြားဆက်ဆံရေး
ပါစရာအကြောင်းရှိတယ်။ အဲဒီလိုပေါ့လေ။ ပါလောက်တဲ့ဥစ္စာတွေ ကွက်ပြီးတော့ ဆရာတွေကလဲပဲသင်တယ်။ အဲဒီထဲက
ပါလောက်တဲ့ဟာပဲ ကျောင်းသားကလဲ ကြည့်တယ်။ စာမေးပွဲအတွက်ပဲထုတ်တော့ ဒီကလေးတွေမှာ သမိုင်းဆိုတာ ဘာလဲဆိုတဲ့
အသိစိတ်မရှိတော့ဘူး။ အဲဒီလိုဖြစ်နေတော့ ဒီ ဆိုကြပါစို့။ ဘယ်ရှင်ဘုရင်ဟာ ဘယ်နှစ်ခုနှစ်မှာ နန်းတက်တယ် ဆိုတာမျိုးလောက်သာ
သူတို့က အရေးကြီးနေတယ်။ အဲဒီရှင်ဘုရင်ကဘာလုပ်ခဲ့လဲ။ အဲဒီလို လုပ်တဲ့အတွက် ဘာအကျိုးသက်ရောက်မှုတွေ
နောင်အခါဖြစ်လာသလဲ ဆိုတာကျတော့ သူတို့မသိတော့ဘူး။ အဲဒီတော့ ဘာလဲဆိုတော့ အကျိုးအကြောင်း ဆက်စပ်ပြီးတော့ သိခြင်း၊
အကျိုးအကြောင်းဆက်စပ်ပြီး သင်ခန်းစာယူခြင်းဆိုတဲ့ အဆင့်ကို ရောက်မလာတော့ဘူး။ တကယ်ဆိုတော့ သမိုင်းဆိုလိုက်တဲ့ဥစ္စာဟာ
ဖြစ်တဲ့ပျက်တဲ့နေ့ရက်လောက်ကို သင်ထားဖို့ လုပ်ထားတာမှမဟုတ်ဘဲ။ စာမေးပွဲအတွက် လုပ်တာမှ မဟုတ်ဘဲ။
ကိုယ့်တိုင်းကိုယ့်ပြည်အတွက်ကို ဗဟုသုတရအောင် သင်ခန်းစာယူရအောင် သင်ရတဲ့ကိစ္စ။ အဲဒီတော့ အဲဒီလို စာအုပ်မျိုးတွေလဲ
ကျွန်တော်တို့ ထားသင့်ပါတယ်။ အားကျလောက်တဲ့ပုဂ္ဂိုလ်ကျော်တွေ ဘာတွေရဲ့ အတ္ထုပ္ပတ္တိတွေထိအောင် တက်လှမ်းနိုင်အောင် ထားဖို့
သင့်တယ်လို့ ကျွန်တော်စ
ိ့တ်ထဲ ယူဆပါတယ်။

အဲဒီတော့ ဆိုကြပါစို့။ ခုနက ဒေါက်တာတိုးလှရေးတဲ့ ကုန်းဘောင်ရွှေပြည်ဆိုတဲ့ စာအုပ်ဆိုလို့ရှိရင် ကျွန်တော်ဖတ်ပြီးတော့


ခုနက မင်းတုန်းမင်းကြီးဟာ မေဂျီခေတ်ထက် ၁၀နှစ်စောခဲ့ပါလျက်သားနဲ့ ဆိုတော့ ကိစ္စဟာ ကျွန်တော် အမှန်အတိုင်းပြောတာပါ။
ကျွန်တော့်ရင်ထဲ နင့်သွားတယ်။ ဥပမာဆိုပါတော့၊ ကျွန်တော်ရုပ်ရှင်ကြည့်တယ်၊ ဗွီဒီယိုကြည့်တယ်ဆိုပါတော့။
လွမ်းစရာကောင်းတဲ့အခါတွေမှာ ရင်နင့်တာပေါ့။ ရင်နင့်တယ်ဆိုပေမယ့်လို့ ကျွန်တော်က ကျွန်တော်ရင်နင့်တဲ့ဥစ္စာ အဲဒီမှာ ခဏတဖြုတ်ပဲ
နင့်တာ။ အဲဒီမင်းသမီးကို သနားလိုက်တာ၊ မင်းသားကို သနားလိုက်တာ။ ကျွန်တော်အဲဒီစာအုပ်ကို ဖတ်ပြီး ရင်နင့်တာကျတော့
ကိုယ့်ကိုယ်ကို သနားတာ။ ကိုယ့်အမျိုးသားတစ်ခုလုံးကို ကျွန်တော်သနားတာ။

ကိုင်း၊ ကျွန်တော် နိဂုံးချုပ်ပါရစေတော့။ အခု ကျွန်တော် အနုပညာအကြောင်းကို ပြောတော့မယ်။ တကယ့်အနုပညာ


အကြောင်းကို ပြောချင်တာပါ။ ခုနက ဝတ္ထုတို့ ဘာတို့ဆိုတာလဲ အနုပညာပေါ့နော်။ ပန်းချီပန်းပု ဆိုတာလဲ အနုပညာပဲ။
အဲဒီပန်းပုရုပ်တုကြီးတွေများ တကယ်ကောင်းလားဆိုရင် ကောင်းလိုက်တဲ့ရုပ်တု၊ တကယ့်ကို ပကတိ အသက်ဝင်ပြီး လှုပ်များ
လှုပ်ရှားလိုက်တော့ မလိုလိုပဲ။ စကားများ ဆိုလိုက်တော့မလိုဘဲ။ အဲဒီရုပ်တုကိုကြည့်ရင်းကနေ အနုပညာရှင်ကို သိပ်ပြီးချီးကျူးကြတယ်။
ကောင်းပါပေတယ်၊ ပြောင်မြောက်ပါပေတယ်ပေါ့နော်။ အနုပညာ။ အဲဒီလိုရုပ်တုကြီးတွေ ထုလိုက်တဲ့အနုပညာကို ကြည့်ပြီးတော့
မေ့နေတဲ့ဥစ္စာ။ ကျွန်တော်တို့ တကယ့်အနုပညာဟာ ကိုယ့်ကိုယ်ကို လူပီသအောင် ထုနိုင်တာမှ၊ ယောက်ျားပီသအောင် ထုနိုင်တာမှ
တကယ့်အနုပညာဆိုတာကို ကျွန်တော်တို့ကမေ့နေကြတယ်။ ကျွန်တော်တို မြတ်စွာဘုရားရှင်ကို ဥပမာပေးရအောင် ဆိုရင်နော်။
သူ့မှာကျတော့ သူ့ကိုယ်သူ လူပီသလာအောင် ဥတ္တမပုရိသလို့ခေါ်တဲ့ ယောက်ျားမြတ်ကြီး ပီသလာအောင် ထုလိုက်တာဟာ
ဘယ်လောက်ထိအောင် ကောင်းလိုက်သလဲဆိုတော့ လေးသင်္ချေနဲ့ ကမ္ဘာတစ်သိန်း ပါရမီဖြည့်ခဲ့တယ်နော်။ ဒီပင်္ကရာဘုရားရှေ့မှာ
ပထဝီမြေပြင်မှာ အလျားမှောက်ပြီးတော့ ဒီပင်္ကရာဘုရားလျှောက်စေဖို့လို့ တံတားဆောက်ခဲ့တဲ့ သုမေဓာဘဝတုန်းက ဆိုလို့ရှိရင်
ဘုရားတပည့်တော်ဟာ အရှင်ဘုရားကဲ့သို့ သဗ္ဗေညုတဉာဏ်ကိုရတဲ့ ဘုရားအဖြစ်ကို ပါရမီဖြည့်ပါ့မယ်ဘုရား ဆိုပြီး

13
www.mmcybermedia.com
ယောက်ျားကောင်းပီပီ အဓိဋ္ဌာန်ချပြီး သူ့ကိုယ်သူ ထုလိုက် လုပ်လိုက်တဲ့ဥစ္စာ လေးသင်္ချေနဲ့ ကမ္ဘာတစ်သိန်းရှိတော့မှ သူ့ရည်မှန်းချက်ကြီး
အောင်မြင်တယ်။ အခုတော့ဖြင့်ရင် ကျွန်တော်တို့ဟာ သြော် တကယ့်ဥတ္တမပုရိသ အစိန္တေယျမကြံကောင်း မကြံအပ်လောက်သည်
ထိအောင် မြင့်မြတ်သောပုဂ္ဂိုလ်ကြီးပါ့လားလို့ ကျွန်တော်တို့မှာ သူမရှိတဲ့ အချိန်အခါမှာတောင်မှ ကျွန်တော်တို့ ရှိခိုးနေရတယ်။
ပန်းတင်နေရတယ်၊ ရှိခိုးပန်းတင်ရမှာပေါ့။ သူမရှိတော့တဲ့အချိန်အထိ သူ့တရားတွေက ကျွန်တော်တို့ကို စောင့်ရှောက်နေတယ်
မဟုတ်လား။ ကျွန်တော်တို့ လောကကြီးကို စောင့်ရှောက်နေတယ် မဟုတ်လား။ အဲဒီလိုပဲ ကျွန်တော်တို့ဟာ မြတ်စွာဘုရားနဲ့
မတုကောင်း မနှိုင်းကောင်းလို့မို့လို့ မပြောသော်လည်း ကျွန်တော်တို့ဟာ ကိုယ့်ကိုယ်ကို လူပီသလာအောင် ကိုယ့်သား
ကိုယ့်သမီးလေးတွေကို လူပီသလာအောင်၊ သမီးကောင်း သမီးမြတ်ဖြစ်အောင်၊ သားကောင်းသားမြတ်ဖြစ်အောင်၊ လောကတစ်ခွငက
ို
စောင့်ရှောက်ချင်တဲ့စိတ်မျိုး ပေါ်ပေါက်လာအောင် ကျွန်တော်တို့ အနုပညာအဖြစ်နဲ့ ဖန်တီးပေးမယ်ဆိုရင် ရုပ်တုလုပ်ပေးမယ်ဆိုရင်
ပိုပြီးတော့ မကောင်းပေဘူးလား။ ဒါဟာ တကယ့်အနုပညာလောက၊ အနုပညာကြီးကို ဖန်တီးတဲ့အနေနဲ့ မြန်မာပြည်တစ်ပြည်လုံးမှာ
ခုနက ပညာဖွံ့ဖြိုးအောင် အမျိုးသားစိတ်နဲ့ မျိုးချစ်စိတ်နဲ့ လှုပ်ရှားလာအောင် စာကြည့်သင်းများ ဖန်တီးကြပါစို့။ ထူထောင်ကြပါစို့။
ကျွန်တော်တို့ တကယ့်အနုပညာဟာ လောကကိုဝင်ပြီးတော့ ဖန်တီးကြပါစို့လို့ပြောရင်း၊ ကျွန်တော် အားလုံးကိုတိုက်တွန်းရင်း
နိဂုံးချုပ်ပါတယ်။

@@@@@@

(၂)

လက်ခံလိုက်စမ်းပါ

ကျွန်တော်တို့ အခုဟောပြောပွဲသို့မဟုတ် အသံသွင်းစာအုပ်ပေါ့လေ၊ အဲဒီစာအုပ်ကို ကျွန်တော် အခုပြန်စီစဉ်တဲ့အခါ


စာပေလောကကိုမျိုးညွန့်၊ သူ့ရဲ့ တိုက်တွန်းချက်အရ ပြုလုပ်ခြင်းဖြစ်ပါတယ်။ အမှန်အတိုင်းပြောရလို့ရှိရင် စီးပွားရေးသဘောအရ
ပြောရမယ်ဆိုလို့ ရှိရင် စာအုပ်ထုတ်ဝေလို့ သိပ်သေချာတာမျိုးမဟုတ်ဘူး။ ဖြစ်ချင်ဖြစ်မယ် မဖြစ်ချင်မဖြစ်ဘူး။ သို့ပေမယ့်လို့ ဆရာရေ၊
ကျွန်တော်တို့ တစ်ခုခုလုပ်ကြရအောင်၊ တိုင်းပြည်အတွက် လူမျိုးအတွက်၊ လူငယ်တွေအတွက် တစ်ခုခုလုပ်ကြရအောင် ဘာကြောင့်
တစ်ခုခုလုပ်ကြသလဲဆိုတော့ ဆရာရေ၊ ကျွန်တော်ကလဲ လူငယ်တွေကို အင်မတန် စိတဝ
် င်စားတယ်။ ကျွန်တော်တို့လဲ လူငယ်တွေကို
အင်မတန် စိတ်ဝင်စားတယ်။ ဘာကြောင့်လဲဆိုတော့ ကျွန်တော်တို့ လူငယ်တွေကိုပဲ အားကိုးကြရမှာကိုး။ ဆိုလိုက်တော့ လူကြီးတွေကို
အထင်သေးလို့ ပြောတာမဟုတ်ပါဘူး။ လူကြီးဆိုတာက လေးသုညရောက်ရင် ဆေးရုံဝရောက်နေပြီ။ သေတော့မှာတွေ၊ အဲဒါကြောင့်
ကျွန်တော်တို့က လူငယ်တွေကို အားကိုးရတာပါ။ လူငယ်တွေကို အားကိုးတယ် အားထားတယ်ဆိုတော့ အောင်သင်းက လူငယ်တွေကို
ချစ်လွန်းလို့ မထင်နဲ့။ အောင်သင်းကိုယ် အောင်သင်း ချစ်ရသေးတာကိုး။ ဘာကြောင့်လဲဆိုတော့ လူငယ်တွေက အဟုတ် မဟုတ်လို့
မိုက်မဲလို့ ရှိရင် ကျွန်တော့်မှာ အသက်ကြီးမှ တောက်ပြေးရ မြောက်ပြေးရ စားရ သောက်ရမဲ့ မဖြစ်ချင်ဘူး။ ဒါကြောင့် ကျွန်တော်က
လူငယ်တွေကို လိမ္မာစေချင်တယ်။ ကြောင်းကျိုးရေးရာ သိစေချင်တယ်။ ဒါကြောင့် ကျွန်တော် လူငယ်တွေကိုပြောရတာပါ။ ဒါပေမဲ့
ကျွန်တော်လူငယ်တွေကိုပြောတဲ့အခါ ဒီအခွေမှာတော့ဖြင့် မင်းနဲ့ငါနဲ့ ပြောမှာ၊ ကျွန်တော့်အတန်းထဲမှာ ကျွန်တော်စာသင်ခန်းထဲမှာ
ပြောတဲ့အတိုင်း ပြောတော့မှာ။

အဲဒါကြောင့် ကျွန်တော့်အခွေကို လူကြီးတွေက နားထောက်မိလို့ ရှိရင် မင်းတွေ ငါတွေနဲ့ စာသင်ခန်းခဲမှာ ဆုံးမတဲ့သဘော


လေသံမျိုးပါလာလို့ရှိရင် လူကြီးအတွေအနေနဲ့က သြော် အောင်သင်းဟာ သူ့သားသမီးမြေးတွေကို ဆုံးမနေတာပါကလား။ တို့တွေနဲ့
မဆိုင်ပါ့လား။ ငါတို့တစ်တွေက observer လို့ခေါ်တဲ့ လေ့လာသူတွေ အဖြစ်နားထောင်ကြပါလို့ လူကြီးတွေကို
ကျွန်တော်ပြောချင်ပါတယ်။

ကောင်းပါပြီ။ ခုအချိန်ကစပြီး ကျွန်တော် လူငယ်တွေကို ဆရာလုပ်ခွင့်ပြုပါ။ ကျွန်တော် ကျောင်းဆရာပါနော်။


ကျောင်းဆရာဆိုတာက အင်မတန် ခက်ခဲပါတယ်။ တွေ့လိုက်လို့ရှိရင် ဆုံးမချင်တာချည်းပဲ။ သူတို့က အကျင့်ကြီးပါလာတာ။
ဒါကြောင့်မို့လို့ ကျောင်းဆရာများ ပထမ ဆရာဖြစ်စ ဆိုလို့ရှိရင် သူက ကျောင်းသားကစပြီး ဆရာဖြစ်လာတာဆိုတော့ သူကရုတ်တရက်
မပြောဝံ့ဘူး။ မပြောဝံ့တော့ သူကိုယ်တိုင်က B.A.,B.Sc အောင်လာတာတောင်မှ အခန်းထဲကို ရောက်လို့ရှိရင် ဘယ်ကျောင်းသားကများ
ကချိကချောက်မေးလိုက်မလဲလို့ လန့်နေတာ။ ခြောက်တန်းကျောင်းသားတောင် သူက လန့်တန့်တန့် ဖြစ်နေတယ်။ အဲ တောက်ကျလို့
ကျောင်းဆရာ အသက်လေး ငါး ခြောက်နှစ် ရှိလာတော့မှ သူ့ကိုယ်သူ ပိုင်နိုင်လာတယ်။ ဟဲ့ကောင်လေးဟာနော် နားရွက်လိမ်လိုက်၊
ဆံပင်တွေဆွဲလိုက်၊ ဗိုက်လိမ်ဆွဲလိုက် နောက်တစ်ခါဆို နင့် ဆရာကြီးရုံးခန်းပို့မယ်။ အဲ ကျောင်းသားတွေထက် သူ့ကိုယ်သူ
တကယ်တတ်တယ်လို့ တကယ်ယုံကြည်လာတယ်။ အဲဒါမှ ကျောင်းဆရာလုပ်သက် ဆယ့်လေးငါးနှစ်ရှိလာတဲ့အခါကျတော့ မြင်သမျှ
လူထက် သူက တတ်တယ်လို့ ထင်သဗျား။ မတွေ့လိုက်နဲ့ တွေ့လိုက်ရင် တန်းပြီးဆရာလုပ်ချင်တာပဲ။ နေစမ်းပါဦး၊ ခင်ဗျားပြောတဲ့ဟာ
ကျုပ်သိပါတယ်၊ ဒီလိုက စလာတာ။ အဲဒီကနေ ဒါကြောင့်မို့လို့ ကျောင်းအုပ်ဆရာကြီးတွေ ဘာတွေများ ပင်စင်ယူသွားပြီးလို့
သမဝါယမဥက္ကဋ္ဌဖြစ်ရင် မချောင်ဘူးသာ အောက်မေ့ပေတော့။ သွားပြီ။ ခင်ဗျားက အစည်းအဝေးမှာ တစ်ခုခုလေးပြောမယ်လို့

14
www.mmcybermedia.com
မထလိုက်နဲ့ ထလိုက်တာနဲ့ အဲဒီ သမဝါယမ ဥက္ကဋ္ဌကျောင်းအုပ်ဆရာကြီးက နေစမ်းပါဦး၊ မင်းပြောမှာ ငါနားလည်ပါတယ်၊
ထိုင်စမ်းပါဆိုတာနဲ့ ငုတ်တခနဲထိုင်လိုက်တော့ ရွှေဝါဆပ်ပြာလေးတောင် မတောင်းဝံ့ဘူး။

ကျွန်တော်ပြောချင်တာက ကျွန်တော်က ကျောင်းဆရာ ရောဂါပါ။ ဒါကြောင့်တကယ်လို့ ဆရာလုပ်တဲ့အသံပါနေလို့ရှိရင်


ခွင့်လွှတ်ပါလို့ ကျွန်တော်ပြောချင်ပါတယ်။ To know all is to forgive all. အားလုံးကိုသိခြင်းသည် ခွင့်လွှတ်ခြင်းပဲတဲ့။ သိလေလေ
ခွင့်လွှတ်နိုင်လေပဲ။ စိဉ္ဇမာနကနေ မြတ်စွာဘုရားရှင်ကို တောင်ပြောမြောက်ပြောပြောတော့ မြတ်စွာဘုရားရှင်က
ဘာကြောင့်ခွင့်လွှတ်ရသလဲဆိုတော့ သြော် လူဆိုတာ အရူးတွေပါလားဆိုတာအစအဆုံးသိနေတော့ သူက ဘာပြောစရာရှိသလဲ၊
ခွင့်လွှတ်နိုင်တာပေါ့. စိတ္တဇဆေးရုံမှာ လူနာတစ်ယောက်က ရောက်သွားလို့ရှိရင် တောင်ပြောမြောက်ပြောနဲ့ပြောတော့ ဘာတုန်းကွ၊
ဒီအကောင်က ဘောင်းဘီနဲ့ နံကထိုင်နဲ့ နောက်က ကောင်မတွေ တစ်ထွေးကြီးနဲ့ဆိုတော့ ဒေါက်တာအုန်းမောင်က ဘာပြောမှာလဲ။
ခွင့်လွှတ်မှာပေါ့။ သူကအရူးဆိုတာ သိနေတာကိုး။ အဲလိုပဲ။ ကျွန်တော်တကယ်လို့ပြောတဲ့အါမှာ ကလေးတွေကို ပြောတဲ့အခါမှာ
ကျောင်းဆရာလေသံ လူကြီးလေသံပါသွားလို့ရှိရင် စိဉ္ဇမာနကို မြတ်စွာဘုရားရှင်က ခွင့်လွှတ်သလို၊ ဒေါက်တာအုန်းမောင်က
စိတ်ရောဂါဝေဒနာရှင်တစ်ယောက်ကို ခွင့်လွှတ်သလို ကျွန်တော့်ကိုခွင့်လွှတ်ပါလို့ ပြောပါရစေ။

ကိုင်း၊ ဒီအချိန်ကစပြီး ကျေင်းသားလူငယ်တွေကို ကျွန်တော်ပြောခင်တယ်။ ကျောင်းသားဟုတ်မဟုတ် လူငယ်တွေကိုပေါ့။


ပြောချင်တာက ဘာလဲဆိုလို့ရှိရင် အရေးအကြီးဆုံးက စကားတစ်ခွန်းတည်းရယ်။ လွယ်လွယ်လေးရယ်။ အဲဒါ ဘာလဲဆိုတော့
မင်းလက်ခံလိုက်စမ်းပါ။ ဒါပဲ။

မင်းလက်ခံလိုက်စမ်းပါဆိုတော့ ဘာကိုပြောရမလဲဆိုတော့ ငါကလဲ ငယ်ရာကကြီးလားတာကိုကွ။ ကြီးလာတဲ့အခါကျတော့


ငါကလဲ မင်းတို့ ငါ့ဓာတ်ပုံတွေကို တွေ့ဖူးပါလိမ့်မယ်။ ရုပ်က တော်တော်နာတယ်။ ရုပ်ဆိုးတယ်ပေါ့ကွာ။ တို့လူငယ် အထူးသဖြင့်
လူပျိုပေါက်စအရွယ်မှာ တို့စိတ်ထဲမှာ စိတ်မကောင်းဆုံးစာ အရုပ်ဆိုးခြင်းပဲကွ။ ရုပ်ချောချင်ကြတယ်လေ၊ ဒါပေမယ့် ချောမှ မချောဘဲ
တတ်နိုင်ကြသလား မင်း။

ကောင်းပြီ။ လောကကြီးမှာနော်၊ ရွေးချယ်ခွင့်ရှိတာ ရှိတယ်။ ရွေးချယ်ခွင့်မရှိတာ ရှိတယ်။ ဥပမာဆိုကြပါစို့။ မင်းက စားပွဲပေါ်မှာ


တင်ထားတဲ့ ပစ္စည်းတစ်ခုကို တွေ့တယ်၊ မင်းယူချင်ရင်လဲရတယ်၊ မယူချင်ရင်လဲ ရတယ်၊ မင်းရွေးနိုင်တယ်။ လက်ဖက်ရည်ဆိုင်ကို
သွားတယ်။ ဟိုကလာမေးတယ်။ ဆရာကော်ဖီလား၊ လက်ဖက်ရည်လားလို့မေးတယ်။ အအေးလား၊ အပူလားလို့ မေးတယ်။
မင်းရွေးနိုင်တယ်။ ကိုင်း၊ ကောင်းပြီ။ မင်းအဖေအမေက မွေးလာတဲ့ကိစ္စ မင်းရွေးလာတာလား။ ကိုင်းပြန်စဉ်းစား။ ရွေးလို့ရသလား၊ မရဘူး။
မင်း ရုပ်ကြီးက မျက်ပေါက်ကျဉ်းတယ်၊ မျက်ရစ်ကလည်း မပါဘူး။ နှာခေါင်းကလည်း တိုသေးတယ် အသားကလဲ မည်းသေးတယ်။ ကိုင်း
မင်းရွေးလို့ရသလား။ ဒီအတိုင်းကြီးပါလာတာ မင်းဘယ်လိုလုပ်ရွေးမလဲ။ သို့မဟုတ် အဲလိုမဟုတ်ဘဲနဲ့ မျက်လုံးလေးကလဲ လှတယ်၊
ကောင်မလေးတွေဆိုရင်လဲ ဒီလိုပေါ့၊ မျက်လုံးလေးက လှတယ်။ ပုလဲတစ်လုံးရွဲတစ်လုံးလှတယ်။ ကိုင်း ရွေးတာလား၊ သူလိုချင်လို့
လုပ်ထားတာလား၊ အသားဖြူတယ်၊ ကြည်တယ်၊ စင်တယ်၊ ကိုင်း ဒါရွေးတာလား၊ သူ့ဘာသာသူ ဖြစ်လာတာ။ အဲဒါကို မင်းရွေးလို့
ရသလား။ ရွေးလို့မရဘူးဆိုလို့ရှိရင် မင်းလက်ခံလိုက်ပါ။

ကောင်းပြီ။ ဘာဖြစ်လို့လက်ခံလိုက်ပါလို့ ပြောသလဲဆိုတဲ့အခါကျတော့ ကိုယ်ရုပ်ဆိုးနေတဲ့ဟာကို ကြည့်ပြီး အားငယ်နေမှာစိုးလို့


ပြောတာ။ ငါကဖြင့် သူတို့လောက် အသားမဖြူဘူး၊ အသားကလည်းမည်းလိုက်တာ။ ငါကဖြင့် သူတို့လောက်နှာခေါင်းကလဲ မလှဘူး။
မျက်လုံးကလည်း မလှဘူး။ အဲလိုဖြစ်ပြီးအားငယ်နေလိမ့်မယ်။ အဲဒီလို အားငယ်နေတဲ့အချိန်ကာလပတ်လုံးမှာ မင်းအတွက်
ဒုက္ခတွေချည်းပဲ မှတ်ပါ။ ဆိုလိုတဲ့အဓိပ္ပါယ်က ကိုယ့်မှာ ရွေးချယ်ခွင့် မရှိခဲ့ဘဲနဲ့ ရလာတဲ့ကိစ္စကို လက်ခံလိုက်ပါလို့ ငါပြောချင်တာ။
ကောင်းပြီ ငါကရုပ်လှတဲ့လူတွေနဲ့ ရုပ်ချောတဲ့သူတွေရဲ့ ဘဝကိုယှဉ်ပြီး ငါပြောတော့မယ်။ ငါကိုယ်တိုင်ခံစားခဲ့ရတာနော်။
ငါ့ရုပ်ကလဲမင်းတို့ ဓာတ်ပုံထဲဘာထဲ တွေ့ဖူးလိမ့်မယ်။ တချို့ ဟောပြောပွဲတို့ ဘာတို့ မှာတွေ့ဖူးပါလိမ့်မယ်။ ငါ့ရုပ်ကလဲ
တော်တော်နာတဲ့ရုပ်။ ကိုယ့်ဘာသာကိုယ် သိတာပေါ့။ ငယ်ငယ်ကတည်းက သိခဲ့တာ။ ဘာကြောင့်လဲဆိုတော့ ငါခပ်ငယ်ငယ်မှာ
ရုပ်ချောတဲ့ကောင်တွေနဲ့ တွဲခဲ့ဖူးတယ်လေ။ အဲဒီမှာပြောလိုက်ရဦးမယ်ကွာ၊ ရှက်စရာလည်းကောင်းပါရဲ့၊ သင်ခန်းစာယူစရာလဲ
ကောင်းပါရဲ့။ နှစ်မျိုးစလုံးကောင်းတာပေါ့။

ငါသွားတွဲမိတာ ဘယ်သူနဲ့ သွားတွဲမိသလဲဆိုတော့ တို့ တောင်တွင်းကြီးမှာ အထွယ်တဲ့။ သူ့နာမည်က အထွယ်တဲ့၊


အထွယ်ဆိုတာ သူက တရုတ်ကပြား၊ ဒါပေမယ့် တရုတ်လို တစ်လုံးမှမတတ်တဲ့ ကပြားပါ။ ဒီကောင်က အလကားပါ။ မြန်မာအစစ်ပဲ။
သူရွေးချယ်ခွင့်မရှိဘဲ တရုတ်ထဲရောက်သွားတဲ့အထွယ်။ နာမည်က ခင်မောင်ထွေးတဲ့၊ လေတပ်ထဲမှာ ဗိုလ်မှူးအဖြစ်နဲ့
တာဝန်ထမ်းဆောင်ပြိးတော့မှ သထုံနားဆီမှာ ဟယ်လီကော့ပတာ ပျက်ပြီး သူကျဆုံးသွားရှာတယ်။ ဒီကောင်နဲ့ ငါနဲ့ ကျောင်းသားဘဝမှာ
သိပ်တွဲတယ်။ အဲဒီကောင်ကလဲ မင်းချောသလားမမေးနဲ့၊ ရုပ်က ချောတဲ့အပြင် အသားအရေကလဲ တောက်နေတာ။ တောင်တွင်းကြီးမှာ
မောင် ရသေးတယ်ဗျား။ ကာယဗလမောင်ဗျ၊ ကိုယ်လုံးကိုယ်ပေါက်ကလှသလား မမေးနဲ့။ သူ အဲဒီတုန်းက သူ့ ကိုယ်ကာယကို
ပြနေတဲ့အချိမ်မှာပဲ ကျောက်ဖြူသားကျောက်ဆစ်ရုပ်တုကို ကြည့်ရသလိုကို လှနေတာ။ အဲဒီဟာ ထားဦးတော့။ ဒီကောင်က
စိတ်ရင်းကလဲ သိပ်ကောင်းတဲ့ကောင်။ အထူးသဖြင့် စိတ်ရင်းကောင်းတဲ့အပြင် ကောင်းတာ ဘာလဲဆိုတော့ သူ့ကိုကြည့်ရတဲ့ဟာ

15
www.mmcybermedia.com
ရယ်လို့ရှိရင်လေ အပြည့်ရယ်တာ။ ရယ်ပုံက ကိုအောင်သင်းရာ ဟားဟားဟားဟား ဆိုပြီး ပါးစပ်ကြီးကိုဖြဲ အပြည့်ရယ်တာ။ အဲဒီဥစ္စာ
ဘယ်လို ချစ်ဖို့ ကောင်းမှန်းမသိဘူး။

ငါကလဲ အဲဒီကောင်နဲ့မှ သွားတွဲမိသဗျာ။ တွဲမိတာ အရေးမကြီးဘူး။ သူကလဲ ငါ့ကို တော်တော့်ကိုခင်ပါတယ်။ ငါက အဲဒီတုန်းက
နည်းနည်းလေး ဆင်းရဲချို့တဲ့ တဲ့သဘော ရှိတယ်ကွာ။ လက်ဖက်ရည်သောက်ပြီဆိုလို့ရှိရင် လက်ဖက်ရည်ဆိုင်မှာ ငါက
အမှန်အတိုင်းပြောလို့ရှိရင် သိပ်မထိုင်နိုင်ဘူး။ သူကဇွတ်လာခေါ်တယ်။ တစ်ခါတစ်ရံ ဘယ်လောက်တောင် ဖြစ်သလဲဆိုလို့်ရှိရင်
လက်ဖက်ရည်ဆိုင်က သူ့အိမ်နဲ့ ငါ့အိမ်ကြားမှာရှိတယ်။ အဲဒါ ငါ့အိမ်ကိုကျော်လာပြီး ခေါ်သေးတာ။ ကိုအောင်သင်းလာဗျာ၊
လက်ဖက်ရည်သောက်၇အောင် လို့ ခေါ်ပြီး တော့ နောက်ပြန်သွားရသေးတယ်။ အဲလောက်ထိအောင် သူကလဲ ငါ့အပေါ် ခင်မင်ပါတယ်။
တော်တော်။ ခုပြန်ပြော ခုကျေးဇူးတင်ပါတယ်။ ကွယ်လွန်သွားရှာပြီ၊ အထွယ်တဲ့။ ခင်မောင်ထွေး။ အင်မတန် ကျေးဇူးတင်ဖို့
ချစ်ဖို့ကောင်းတဲ့ ကောင်ပါ။

အဲဒါနဲ့သူက လာလာပြီးခေါ်တော့ သိပ်ခင်တဲ့အခါကျ သူနဲ့တွဲတွဲပြီး နေတဲ့အခါကျတော့ ပထမဦးဆုံးစပြီး သတိထားမိတာက


ဘယ်မှာလဲဆိုတော့ တို့တောင်တွင်းကြီးကနေ မကွေးကို ကားစီးတဲ့အခါမှာ အဲဒီတန
ုးက မော်တော်ကားတွေက ခုလို လူထိုင်ခုံတွေ
ဘာတွေ ညာတွေမပါသေးဘူး။ မပါသေးခင်မှာ ထိုင်လိုက်တော့ စကယ်ယာက နေရာလေးဘာလေးလုပ်ပေးပြီဆိုလို့ရှိရင် သူ့ကို
အရင်ပေးသဗျ။ ဟာ လာလာလာ ဆရာလေး၊ အစ်ကိုကြီး ဒီမှာထိုင်။ ငါ့ကျတော့ မင်း လူစာရင်းတောင်မသွင်းဘူး။ ဟာ ဟာ
အတူတူလာတဲ့လူချင်း ပထမဆုံး စ သတိထားမိတာ။ နောက်ကျတော့ ခဏ ခဏ သတိထားမိတယ်။ ရုပ်ချောတဲ့လူကို လောက က
ပိုမျက်နှာသာပေးပါလားဆိုတာ ငါ့စိတ်ထဲမှာ သိစိတ်ကလား မသိစိတ်ကလား အပြောတတ်ဘူး။ ငါသတိထားမိတာ။ အဲဒါနဲ့
တစ်နေ့ရောက်တော့ မကွေးမှာ တို့က ရုပ်ရှင်ကြည့်ကြရော။ ကြည့်ကြတော့ အဲဒီခေတ်က ဒီလက
ွို၊ ဟိုးရှေ့ဆုံးက ငါးမူးတန်း၊ နောက်
သုံးမတ်တန်း၊ နောက် တစ်ကျပ်တန်း၊ နောက် တစ်ကျပ်ခွဲတန်း။ အဲတော့ကား သူနဲ့ငါက ရုပ်ရှင်ကြည့်တော့ တစ်ကျပ်ခွဲတန်းက
ကြည့်တာပေါ့လေကွာ။ တစ်ကျပ်ခွဲတန်းကကြည့်တော့ တစ်ကျပ်ခွဲတန်းဆိုတာ ဟိုးနောက်ဆုံးတန်းဆိုတော့ တို့ကလဲပဲ အဲ
ရှေ့ဆုံးတန်းမှာ ထိုင်လိုက်တယ်။ ထိုင်လိုက်တာ ဘာကြောင့်လဲဆိုတော့ တစ်ကျပ်တန်းနဲ့ တစ်ကျပ်ခွဲတန်းမှာ ကာထားတဲ့ ဒီ
ဝန်းထရံကလေး ဆိုပါစို့ကွာ။ စည်းရိုးလေးရှိတယ်။ အဲဒီစည်းရိုးလေးပေါ်မှာ ခြေထောက်တင်ပြီး ကြည့်ရတာ ဇိမ်ကျတာကိုး။

အဲဒါနဲပ အသာထိုင်ပြီးကြည့်တော့ ရှေ့ဆုံးတန်းမှာ သူနဲ့ငါနဲ့ နှစ်ယောက်တည်း နောက်ပိုင်းမှာလဲ လူက သိပ်များများမရှိဘူး။


တစ်ကျပ်ခွဲတန်းက လူသိပ်များများမရှိဘူးပေါ့ကွာ။ အဲလိုကြည့်နေတုန်း ငါက သတိထားကြည့်တော့ ကြည့်နေရင်းကနေ
သဘောပေါက်လိုက်ပြီးတော့ ဘာပြောလိုက်သလဲဆိုတော့၊ ဟေ့ကောင် ခင်မောင်ထွေး ငါနဲ့မင်းနဲ့ပေါင်းရတာ တော်တော်နာတယ်နော်၊
အနာခံပေါင်းလာရတာ ခုမှ ကြာမှ သိလာတော့တယ်ဆိုတော့ ဟိုကောင်က နည်းနည်း မျက်နှာ ရဲခနဲ ဖြစ်သွားတယ်။

ကိုအောင်သင်း ခင်ဗျား အဲလို မပြောပါနဲ့ဗျာ၊ တစ်ယောက်နဲ့တစ်ယောက် အနာခံပေါင်းရမှာ၊ ခင်ဗျား ဘာနာနေလို့လဲတဲ့။


ပြောမယ်ဆိုလို့ရှိရင် ရုတ်တရက် ခုန လက်ဖက်ရည်ဖိုး၊ ဘာညာ၊ ဒါမျိုးတွေ ဖြစ်ချင်ဖြစ်မှာပေါ့။

ငါပြောနေတဲ့ အဓိပ္ပာယ်က မင်းက ရုပ်ဖြောင့်တယ်။ ငါက ရုပ်မဖြောင့်ဘူး၊ မဖြောင့်တဲ့အခါကျတော့ မင်းနဲ့လိုက်တော့ ငါက


ပိုပိုနာနေတယ်။ ဘယ်လောက်နာလဲဆိုတာ မင်းကြည့်၊ အဲဒီမှာ တစ်ကျပ်တန်းကဝင်လာတဲ့ကောင်မတွေ ဝင်လာတဲ့အခါမှာ
ကြည့်စမ်းကြည့်၊ အဲဒီကောင်မတွေ ဆယ်ယောက်ဝင်လာရင် မင်းကို ရှစ်ယောက်ကြည့်တယ်။ ငါ့ကိုမကြည့်ဘူး၊ ကြည့်စမ်း၊ ကြည့်ဆို။

ဟာ ခင်ဗျားကလဲ၊ တောက်တီးတောက်တဲ့၊ ဟေ့ကောင် မင်း ကြည့်ကွာလို့ မင်းစကားများမနေနဲပလို့၊ ဘယ်လောက်


ငါနာလဲဆိုတာ မင်းကို ငါပြောပြမယ်ဆိုတာ ကြည့်တဲ့အခါ ဘယ်နှယ့်ဖြစ်လဲဆိုတော့ မိန်းကလေးဆယ်ယောက်ဝင်လာလို့ရှိရင်
ရှစ်ယောက်က ငါ့ကိုကျော်သွားတယ်၊ သူ့ပဲကြည့်တယ်။ နှစ်ယောက်လောက ငါ့ကိုမတော်တဆကြည့်သွားတယ်။
ကြည့်ပြီးသွားကြတဲ့အခါကျ ဘယ့်နှယ်ဖြစ်သလဲဆိုလို့ရှိရင် နံရံကို ဘောလုံးပိတ်မှန်လိုက်သလို ထုံးဆို ပြန်သွားပြီးတော့ အဲမှာ
ခင်မောင်ထွေးပဲ စိုက်ကြည့်သွားတယ်။ တွေ့လား။ ဘယ်လောက်ငါနာတယ်ဆိုတာ သိလား။ ငါတို့လူပျိုအရွယ်မှာ ကောင်မတွေက
ဂရုစိုက်တဲ့ဟာ အခံချင်ဆုံးကွ။ အဲဥစ္စာ မင်းနဲ့ငါ ပေါင်းလိုက်တဲ့အခါကျတော့ ကြည့်သမျှ ကောင်မတွေက မင်းချည်းကြည့်ကြတယ်ဗျလို့၊
မင်းတော့ သဘောကျတယ်၊ ငါချည်း နာနာနေတဲ့အခါကျတော့ မင်းတွက်ကြည့်စမ်းလို့၊ မင်းနဲ့ငါ ပေါင်းရတာ
မနစ်နာဘူးလားဆိုတဲ့အခါကျတော့ အဲဒီအထွယ်ဆိုတဲ့ကောင် ခင်မောင်ထွေးဆိုတဲ့ကောင် ရယ်လိုက်တာလေ၊ ပါးစပ်ကနေ ပါးစပ်ကြီး
တစ်ခါတည်း နားရွက်နှစ်ဖက် စိုက်သွားရလောက်အောင်ပေါ့၊ အုန်းသီးခြောက်ကို ဓားနဲ့ ဟက်လိုက်တဲ့အတိုင်းပဲ၊ ရယ်ပြီးတော့။

ဟားဟားဟားဟား။ ခင်ဗျားဗျာတဲ့၊ တောက်တီးတောက်တဲ့ ခင်ဗျားပြောတယ်။ ထည့်တွက်မနေနဲ့၊ ကျုပ်ပြောမယ်။


ကျုပ်ကိုကျုပ်လဲ သတိမထားမိဘူး။ ခင်ဗျားကိုလဲ သတိမထားမိဘူး။ ထားစမ်းပါဗျာတဲ့။ ကျုပ်စိတ်ထဲမှာ ခင်ဗျားကို ကျုပ်ရုပ်ဆိုးသလား၊
ချောသလားဆိုတာ ထည့်ကို မစဉ်းစားမိဘူးတဲ့။ ဟော သိပ်သတိထားဖို့လိုလာပြီနော်။ ခင်မောင်ထွေး ပြောသွာားတယ်နော်။ ခင်ဗျားကို
ကျုပ်ရုပ်ဆိုးသလား၊ ချောသလားဆိုတာ ထည့်ကို မစဉ်းစားမိဘူးတဲ့။ ဟုတ်တယ်။ ဒီမှာ ဘာပေါ်လာသလဲဆိုလိုက်တဲ့အခါကြတော့။
မေတ္တာဓာတ်နဲ့ အတွင်းစိတ်ရင်းသည် ရုပ်ထက် အရေးကြီးဆုံးဆိုတာ ပေါ်မလာဘူးလား၊ ကောင်းပြီ။ မင်းတို့ကို မင်းတို့ တွက်ရအောင်။
မင်းတို့ အဖေအမေ ရုပ်ချောသလား၊ ရုပ်ဆိုးသလားဆိုတာ မင်းတို့ စဉ်းစားမိရဲ့လား။ ကောင်းပြီ၊ မင်းအဘိုးအဘွားကို မချစ်ဘူးလား။

16
www.mmcybermedia.com
ချစ်တယ်။ မင်း အဖေအမေကို မချစ်ဘူးလား၊ ချစ်တယ်။ ကောင်းပြီ ရုပ်ချောသလား ရုပ်ဆိုးသလားဆိုတာ စဉ်းစားမိဖူးသလား။ ဟ
အဖေက ဒေါသကြီးတယ်၊ တစ်ခါတလေ ရိုက်တတ်တယ်။ သို့မဟုတ် အမေက စိတ်တိုတတ်တယ်။ အဖေက သည့်ခံတယ်။ ကိုင်း
ဘာကိုပဲ မင်းလှမ်းတွက်သလဲ။ သူ့စိတ် သူ့မေတ္တာဒါပဲ မတွက်ဘူးလား။ ဟော ဒါကြောင့် မင်းတို့ကိုပြောချင်တာက မင်းရုပ်ဆိုးသလား၊
လက်ခံလိုက်ပါ။ ရုပ်ဆိုးတယ်ဆိုတာကို။ ဒါပေမယ့်လို့ ရုပ်ဆိုတဲ့ ဥစ္စာသည် ခဏတာဆိုတာလဲ လက်ခံလိုက်ပါ။

ကောင်းပြီ။ ဆက်ပြီး ရုပ်ဆိုးတဲ့ဟာကိုပြောရဦးမယ်။ ဆက်ပြီးတော့။ ရုပ်ဆိုးလို့မို့ မင်းစိတ်ထဲမှာ ဝမ်းနည်းနေတာလား၊


မနည်းနဲ့နော်၊ လောကွကြီးတစ်ခုလုံးမှာတဲ့ ဒီကမ္ဘာကြီးကို ဖန်တီးနေတာ ရုပ်ဆိုးတဲ့လူတွေ ဖန်တီးထားတာတဲ့ဗျား။ ဘာကြောင့်လဲဆိုတော့
ပြောရဦးမယ်။ မင်းပတ်ဝန်းကျင်ကို မင်းသတိထားကြည့်နော်။ မင်းကလေးတွေတောင်မှ လှမ်းပြီးချီလို့ရှိရင် ရုပ်ချောတဲ့ကလေးကို
အရင်ချီချင်တယ်နော်။ မင်း၊ ဟယ်လှလိုက်တာဟဲ့၊ ဘယ်သူ့ကလေးတုန်းဟဲ့၊ လာပါဦး၊ အန်တီ့ဆီကိုလာပါဦး၊ အမလေး မမဆီကို
လာပါဦး၊ ဦးလေးဆီကို လာပါဦးနဲ့ ရုပ်ချောတဲ့ကလေးကိုခေါ်တာ။ ရုပ်ဆိုးတဲ့ကလေးကျရင် သြော် သူဘယ်သူ့သားလဲ၊ သြော် အင်းအင်း
ပြီးသွားရော။ ကိုင်း ဟိုအကောင်က ချီတာမခံရဘူး၊ ရုပ်ဆိုးတဲ့ကောင်က၊ ရုပ်ချောတဲ့ကလေးကျ ချက်ချင်းလှမ်းခေါ်တာ။ ကိုင်း
ကွာမလာပေဘူးလား။ အဲတော့ ရုပ်ဆိုးတဲ့ကလေးရဲ့ စိတ်ထဲမှာ လောကကြီးက ငါ့ကို သိပ်မပျူငှာဘူးဆိုတာလေး သူ့မှာဖြစ်လာတယ်။
ဖြစ်လာတော့ ဘာလုပ်လဲ၊ သိပ်အရေးကြီးလာပြီနော်၊ သတိထားနော်၊ ကောင်လေးတွေ၊ ကောင်မလေးတွေ သတိထား။ အဲကျ
ဘာဖြစ်လာလဲဆိုတော့ လောကကြီးကသူ့ကိုမခေါ်ရင် လောကကြီးက ခေါ်ချင်အောင် ငါလုပ်ရမယ်ဆိုတဲ့စိတ်မျိုးလေး သူ့ကိုသူမသိဘဲနဲ့၊
သူ့ကိုသူမသိလိုက်ဘဲနဲ့ ကြိုးစားလာတယ်။

အဲဒီတော့ သူကဘာလုပ်လာလဲဆိုရင် ဗဟုသုတရှိအောင် လုပ်လာရတယ်။ စကားပြောကောင်းအောင် လုပ်လာရတယ်။


နောက်ထပ် ပြောလိုက်မယ်ဆိုလို့ရှိရင် အိမ်မှာ အကူအညီရအောင် ပန်းပင်ရေလောင်းပေးတယ်။ ဘာကြောင့်လဲဆိုတော့ သူဟာ
ရုပ်ကလေးက နည်းနည်းဆိုးတော့ မိဘတွေ၊ ပတ်ဝန်းကျင်တွေက ချစ်အောင်လုပ်လာရတယ်။ သူ့ကိုယ်သူမသိလိုက်ဘူးနော်။
unconcious mind၊ သူ့ဟာသူ မသိဘဲနဲ့ လှုပ်ရှားလိုက်တယ်။ အဲဒီလို လှုပ်ရှားရင်းလှုပ်ရှားရင်းကနေပြီးတော့မှ ဘာပြုလို့လဲဆိုတော့
ရုပ်ဆိုးတဲ့ကလေးက ရုပ်ချောတဲ့ကလေးနဲ့၊ ရုပ်ချောတဲ့ကလေးက အလွယ်တကူ ပတ်ဝန်းကျင်က လက်ခံလိုက်တော့ သူက ဒီအတိုင်း
လိုက်သွားတယ်။ လောကကြီးက သူ့ကို ရင်ခွင်ထဲသွင်းလိုက်တော့ သူက လောကရဲ့မျက်နှာကို မမြင်လိုက်ရတော့ဘူး။
ရုပ်ဆိုးတဲ့ကလေးက ကျတော့ လောကကြီးက သူ့ကို ရုတ်တရက် လက်မခံတော့ ခပ်လှမ်းလှမ်းလေးက နေရတယ်။ နေရတော့ သူက
လောကကြီးမျက်နှာကို လှမ်းမြင်ရတယ်။ အဲဒီမှာ သူတို့ချင်း ကွာသွားတယ်။ လောကမျက်နှာကို လှမ်းမြင်လိုက်ရတဲ့အခါကျတော့
လောကကြီးရဲ့ မျက်နှာဟာ ဘယ်လိုဟာလဲဆိုတာ သတိထားမိပြီးတော့ လောကကြီးကြိုက်တတ်တာကို သူကကြိုးစားတယ်။
အဲဒီလိုကြိုးစားရင်းနဲ့ နေပြီးတော့မှ သူ့ရဲ့ပင်ကိုယ်အရည်အချင်းလေးက တက် တက် တက် တက်လိုက်လာတယ်။ အဲဒီတော့  ကောင်းပြီ။
အပေါ်ယံ ရုပ်ဆိုးခြင်း ချောခြင်းဆိုတဲ့ကိစ္စနဲ့ အတွင်းဗီဇစိတ် (သို့မဟုတ်) ပညာချောခြင်းနဲ့ ဘယ်ဟာကွာသွားသလဲဆိုတော့
မင်းဘယ်လောက်ရုပ်ချောသလဲ ချောစမ်းပါ။ ကောင်းပြီ။ မိန်းကလေးတစ်ယောက်ဆိုပါတော့။ လှလိုက်တာ၊ အောင်မယ်လေး
သိပ်လှတာပဲ၊ ကိုယ်လုံးကိုယ်ပေါက်ကလေးကလဲ ၃၇၊ ၂၁၊ ၃၇ ဂစ်တာရှိတ်၊ ဒါပေမယ့်လို့ အသက်လေးဆယ်ကျော်သွားတဲ့အခါကျတော့
ဟော ၃၇၊ ၄၇၊ ၃၇ သွားပြီ။ ပီပါရှိတ် နဲ့ ဂစ်တာရှိတ်က ပြောင်းသွားတာ။ ပြီးသွားပြီလေ။ လောကကြီးမှာ သူဟာ နိဂုံးသတ်သွားပြီ။
မဟုတ်ဘူးလား။ ပညာကျတော့ အဲလိုနေသလား။ အဲဒီမှာ ငါက ဆက်ပြောလိုက်ချင်သေးသဗျာ။ မင်းတို့ကို စကားစပ်မိလာလို့ပါ။
လူတွေကနော် မင်းပြန်တွက်ကြည့်ကြ။ ခဏတစ်ဖြုတ်လှတဲ့ကိစ္စမှာ ၃၇၊ ၂၁၊ ၃၇ ကျတော့ လှအောင်ကြိုးစားလိုက်ကြတာ။
ယောက်ျားလေးတွေကလည်း သူတို့ ကိုယ်လုံးကိုယ်ပေါက်တွေကိုပေါ့လေ။ လက်မောင်းကြီးတွေက ကြွက်သားကြီးတွေ အဖုဖုနဲ့
ထုထုပြီးခရာချင်စာအောင် ဆိုတာမျိုးတွေပေါ့လေ။ သိပ်ကြိုးစားတာပဲ၊ ဒါပေမယ့် အဲဒါကို ကြိုးစားတာနော်။ မွေးကတည်းကစပြီး
သင်္ချိုင်းကုန်းအထိ သုံးနေရတဲ့ ဦးနှောက်ဖွံ့ဖြိုးမှုကျတော့ မကြိုးစားကြဘူး။ မခက်ဘူးလား။ မင်းတို့ ဒါဟာ စကားစပ်မိလို့
ပြောလိက
ုတာပါ။ မင်းတို့စဉ်းစားကြဖို့ ပြောတာပါ။

မိန်းကလေးဘယ်လောက်ပဲလှလှ နောက်ဆုံးပိတ်ကျတဲ့အခါကျတော့ ခုန ဂစ်တာရှိတ်ကနေ ပီပါရှိတ်ဖြစ်သွားတာ၊ အဲတော့


ဒါပေမယ့် မိန်းကလေးတွေကျတော့ သူတို့စိတ်ထဲမယ် ပျိုရွယ်နေစဉ်မှာ ဂစ်တာရှိတ်ဖြစ်အောင် ကြိုးစားကြတာပဲ။
ယောက်ျားကလေးတွေကျတော့လဲ အဲဒီလိုပဲ။ အဲတေော့ မင်းတို့ အသိဉာဏ်ပညာက ပိုအရေးကြီးတယ်ဆိုတာလေးကို
စကားဖြတ်ပြီးပြောလိုက်တာပါ။ ကောင်းပြီ။ ခုနင်က စကားပေါ့ကွာ။ ရုပ်ဆိုးတယ် လှချင်တယ်။ ယောက်ျားလေးဖြစ်စေ မိန်းကလေးဖြစ်စေ
လှချင်တာပဲ။ ဒါပေမယ့်လို့ အဲဒီလှတဲ့ဥစ္စာကို မမက်ဘူးလားဆိုတော့ မက်တာပဲ။ ယောက်ျားလေးလဲ မက်တာပဲ၊ မိန်းကလေးလဲ
မက်တာပဲ။ အဲတော့ ခုနင်က ပြောတဲ့အခါကျ၊ သြော် လောကကြီးဟာ ငါကရုပ်မလှလို့ ဝင်ခွင့်မရဘူး။ အဲတော့ ငါဘာရှာရရင်ကောင်းမလဲ
ဆိုတာ စဉ်းစားတော့ အဲဒီမှာ သူက ပညာဆိုတဲ့သဘော၊ အတွေးအခေါ်ဆိုတဲ့သဘော၊ သို့မဟုတ်လို့ရှိရင်လဲပဲ လောကကို
စွမ်းဆောင်နိုင်တဲ့သဘော၊ လောကကို ကူညီချင်တဲ့သဘော။ အဲဒီဥစ္စာတွေ သွားစဉ်းစားတာ။

အဲ၊ စဉ်းစားတဲ့အခါကျတော့မှ သူဟာ ဘာဖြစ်လာလဲဆိုတော့ တဖြည်းဖြည်းနဲ့ သူက လောကရဲ့ ရင်ခွင်ထဲကို


အမှတ်မထင်ရောက်လာတယ်။ ရောက်လာတော့ကာ၊ သူရောက်ပုံရောက်နည်းက သင်္ခါရသိပ်ဆန်တဲ့ ချက်ချင်း ပျောက်ပျက်တတ်တဲ့
ရုပ်လှတဲ့အနေနဲ့ ဝင်တာမဟုတ်ဘူး။ မဝင်ဘဲနဲ့ ဘာနဲ့ ဝင်လာလဲဆိုတော့ ရုပ်ဆိုးတဲ့လူတစ်ယောက်အနေနဲ့။ သို့သော် လောကကို

17
www.mmcybermedia.com
အထောက်အပံ့ပေးနိုင်တဲ့၊ လောကကို ကူညီနိုင်တဲ့၊ ပတ်ဝန်းကျင်ကို ကူညီနိုင်တဲ့အသွင်နဲ့ သူကရောလာတယ်။
စကားပြောကောင်းလာတယ်။ အတွေးအခေါ် အစဉ်းအစားတို့ ပိုကောင်းလာတယ်။ ဗဟုသုတရှိလာတယ်။ အဲဒါနဲ့
ဝင်လာတဲ့အခါကျတော့ ခုနင်က အတွေးအခေါ် ဗဟုသုတ လောကကို အကူအညီပေးနိုင်ခြင်း၊ လောကကို အထောက်အပံ့ပေးနိုင်ခြင်း၊
ပတ်ဝန်းကျင်ကို အကူအညီပေးနိုင်ခြင်းဆိုတဲ့ ဥစ္စာနဲ့ ခုနင်က ရုပ်လှတာနဲ့ ဘာဆိုင်တော့လဲ။ ရုပ်လှတော့ ပတ်ဝန်းကျင် ဘာဖြစ်လဲ။
ဘာမှမဖြစ်ဘူး။ သူ့ဘာသာလှတာရှိတာကို ဟိုကောင်က ရုပ်ဆိုးပေမယ့်လို့ အဲဒီဟာတွေ ဖန်တီးနိုင်လာတဲ့အခါကျ သူ့ကို လောကက
ပိုပြီး ကြည်ဖြူစွာလက်ခံလာတယ်။ ဒါပေမယ့် ထာဝရတည်တာကျတော့ ရုပ်လှခြင်းပြုခြင်းဆိုတာကြီးက ဟိုးနောက်ဆုံးရောက်သွားတယ်။
ဘာဖြစ်လို့လဲဆိုတော့ သူကပြီးသွားတာကိုး။ ရုပ်ဆိုးသွားတာကိုး။

နှစ်ဆယ်ကျော်အစိတ်ပိုင်းမှာ အရွယ်တော် တစ်ဆိတ်ဟိုင်းတော့ စိတ်တိုင်းကျတောင်မှ မရတော့ဘူးဆိုတာမျိုး ဖြစ်သွားတာ။


အသက်လေးဆယ်ကျော်တဲ့အခါကျတော့ သွားပြီ။ ပါးရေနားရေတွေ တွန့်ကုန်ပြီ။ ဘာရှိသေးလို့တုံး။ ဘာမှမရှိတော့ဘူး။ ဒါပေမယ့်လို့
အဲဒီအချိန်မှာ ရုပ်ဆိုးတဲ့အကောင်က သူဆည်းပူးထားတဲ့ပညာရပ်တွေက အကျိုးပြုလေ။

အဲသလိုဖြစ်လာတဲ့အခါ သူက လောကကြီးထဲမှာအသုံးဝင်လာတာပေါ့၊ ဟုတ်လား။ တို့မြန်မာပြည်မှာ ပြန်ပြီးကြည့်စမ်းကြည့်


ပေါ့နော်။

ရုပ်ချောတဲ့လူဆိုတာ ၁ ရာခိုင်နှုန်းတောင်မရှိဘူး။ ကောင်းပြီ။ အဲဒီကနေ ပြန်ပြီးစဉ်းစားလိုက်တဲ့အခါကျတော့ အမယ်


ကမ္ဘာနဲ့တောင်ချီလာပြီနော်။ ကြီးကြီးကျယ်ကျယ်စွတ်ပြောလိုက်ရဦးမှာ။ အမေရိကန်ပြည်မှာတဲ့ သမ္မတကြီးတွေ ၃၇ ယောက်။ ခုတော့
လေးဆယ်လောက်ဖြစ်သွားပလားမသိဘူး။ ငါဖတ်တုန်းကတော့ ၃၇ ယောက်ပေါ့လေကွာ။ အဲဒီ ၃၇ ယောက်လောက်ရှိတဲ့ အထဲမှာတဲ့
ရုပ်ချောတဲ့သမ္မတက ငါးယောက်လောက်ပါဖူးတယ်တဲ့။ အဲဒီငါးယောက်ကိုတဲ့ အမေရိကန်ပြည်သူတွေကို ပြန်ပြိးတော့
ဓာတ်ပုံကိုပြပြီးတော့တဲ့ သူဘယ်သူလဲလို့ မေးတဲ့အခါမှာ သမ္မတတော့ ဖြစ်ခဲ့ဖူးတယ်ထင်တယ်လို့ ပြောတယ်။ နာမည်တော့ မသိဘူးတဲ့။
ဟာ၊ ဟုတ်လား။ မေးကြည်တဲ့ဥစ္စာ ၁၀၀ မှာ ၉၉ ယောက် မသိဘူး။ နောက်ဆုံးပိတ်ကျတော့ သမ္မတကြီးငါးယောက်လောက်ကို
မေးကြည့်လိုက်တဲ့အခါကျတော့ ဒေါက်ခနဲ ဒေါက်ခနဲ ပြောနိုင်တယ်တဲ့။ သူကဘယ်သူ၊ သူကဘယ်ဝါ ပြောနိုင်တယ်တဲ့။ အဲဒါက
ဘယ်သူတွေလဲဆိုတာ ကြည့်လိုက်တဲ့အခါကျတော့ အီဗရာဟင်လင်ကွန်းတဲ့၊ ဂျက်ဖာဆင်တဲ့၊ ဂျော့ဝါရှင်တန်တဲ့။ အဲလိုဟာမျိုးတွေ
အကုန်လုံးပြောနိုင်တယ်။ အဲဒီ သမ္မတတွေ အကုန်လုံးဟာတဲ့ တစ်ယောက်မှ ရုပ်မချောဘူးတဲ့။

အဲဒီတော့ ကမ္ဘာလောကကြီးကို ဖန်တီးတဲ့အထဲမှာတဲ့ ရုပ်ဆိုးတဲ့လူနဲ့ ရုပ်ချောတဲ့လူတွေ ယှဉ်လိုက်လို့ရှိရင်


ကမ္ဘာကြီးတစ်ခုလုံးက ရုပ်ဆိုးတဲ့လူတွေ ဖန်တီးထားတဲ့ လောကကြီးတဲ့။ အဲဒါဗျား။ ပေါ့တီးပေါ့ဆ ပြောတာမထင်နဲ့။ သေသေချာချာကို
သုတေသနလုပ်ပြီး ပြောထားတဲ့စကားဗျား။

ကိုင်း၊ ကောင်းပြီ။ ရုပ်ဆိုးတော့၊ ရုပ်ချောတော့ ဘာဖြစ်တုန်း။ ဆက်ပြောလိုက်ကြဦးမယ်။ ရုပ်ချောတာနဲ့ ရုပ်ဆိုးတာ


ဘာကွာသွားသလဲဆိုတဲ့အခါကျတော့ ပထမတစ်ချက်က ရုပ်ဆိုးတဲ့လူက သူက လောကကြီးက သူ့ကို အသာတကြည်လက်မခံဘူး။
အဲတော့ဝင်ခွင့်ရအောင် လုပ်ရတယ်။ အမယ်၊ စကားစပ်မိလို့ ပြောရဦးမယ်။ မင်းတို့ မိန်းမလျာတွေ တွေ့မှာပေါ့။ မိန်းမလျာတွေမို့လို့
မင်းတို့အထင်မသေးလိုက်နဲ့နော်။ အားကောင်းမောင်းသန်ယောက်ျားတွေက ဒီကောင် ဒီဟာတွေက အခြောက်တွေ ဘာညာ
သွားမလုပ်လိုက်နဲ့နော်။ မင်းတို့ထက် အစွမ်းအစအများကြီးရှိတာတွေ ရှိတယ်နော်။ သူတို့က သူတို့ခမျာမှာ အခြောက်လို့လဲ
အခေါ်ခံရသေးတော့ သူတို့ခမျာတွေ လောကကြီးကိုဝင်ခွင့်ရဖို့ တော်တော့်ကို ကြိုးစားရရှာတာ။ ဘယ်လောက်ထိအောင်
ကြိုးစားရတယ်ထင်သလဲ။ မင်းတို့ အခြောက်လောက် မုန့်ဟင်းခါးချက်တတ်မလား၊ မင်း အခြောက်လောက် အလှပြင်တတ်သလား၊ ဟင်း၊
သွားမလုပ်နဲ့နော်။ တကယ်တော်တာနော်။ သူတို့က အဲဒီအဘက်ဘက်က အိမ်အလှပြင်နည်းကအစ ပန်းထိုးနည်းကအစ
သူတို့တတ်နိုင်အောင် သူတို့ကို အသိအမှတ်ပြုအောင် ကြိုးစားကြတယ်။ ဘာလို့လဲဆိုတော့ သူတို့မှ handycap ခေါ်တာပေါ့။
အင်္ဂလိပ်လိုဆိုရင်တော့ တစ်ပန်းနိမ့်ကျတာ။

သူတို့ဘဝလေးက ဒီလိုကွ၊ မိန်းမလျာဖြစ်နေတာ ဖြစ်ချင်လု့ ဖြစ်တာမဟုတ်ဘူး၊ သူတို့မှာ ရွေးချယ်ခွင့်မရှိဘူး။


ဒီယောက်ျားဟော်မုန်း မိန်းမဟော်မုန်း ရှိတယ်ကွာ။ မင်းယောက်ျားဖြစ်နေရင်လည်း မင်းမှာ မိန်းမဟော်မုန်းပါတယ်ကွာ၊ ဟော
မိန်းမဖြစ်နေလဲ ယောက်ျားဟော်မုန်းပါတယ်ကွာ၊ အဲဒီဥစ္စာက ဥပမာဆိုပါတော့။ ယောက်ျားဟော်မုန်းက ၂၀ရာခိုင်နှုန်း၊ မိန်းမဟော်မုန်းက
၈၀ ဆိုရင် မိန်းမဖြစ်သွားရော။ ဒါပေမယ့်လို့ မိန်းမဟော်မုန်းက ၂၀ ယောက်ျားဟော်မုန်းက ၈၀ ဆိုပြန်တော့လည်း ဦးအောင်သင်းမှာ
ယောက်ျားဖြစ်သွားတာပေါ့။ သို့သော်လည်းပဲ ဘယ်နှယ့်ဖြစ်သလဲ ဆိုတော့ ယောကျာ်းဟော်မုန်းက ၆၀၊ မိန်းမဟော်မုန်းက ၄၀ ဆိုတော့
သူက ဟော်မုန်းက မမျှမတ ဖြစ်တဲ့အခါကျတော့ ယောက်ျားပင်ဖြစ်နေသော်လည်း မိန်းမဟော်မုန်း အငွေ့လေးကပါနေတော့ သူတို့ခမျာ
ဒီဘဝ gene ပေါ့ကွာ။ ဗီဇလေးကြောင့်ဖြစ်လာရတာ။ ဖြစ်လာရတော့ သူတို့ ညံ့တယ်လို့ သွားမထင်လိုက်နဲ့နော် မင်းတို့။ ကြိုးစားမှု
ဝီရိယမှာ မင်းတို့ထက် ကြီးနိုင်တယ်။ ကြီးတောင် ကြီးတယ်လို့ ငါပြောချင်တယ်ကွာ၊ ဘာလို့လဲဆိုတော့ မင်းက
ယောက်ျားစစ်စစ်ဖြစ်နေတဲ့ အခါကျ လောကကြီးက အလွယ်တကူပဲ ယောက်ျား၊ ဟိုမှာက ယောက်ျားကလဲ လက်မခံ၊ မိန်းမကလည်း
လက်မခံ အဲဒီလိုဖြစ်နေတော့ သူတို့ခမျာမှာ အရည်အချင်းမီအောင် သိပ်ကြိုးစားရရှာတာ။ ဒါကြောင့်မို့လို့ မင်းတို့ပြောတဲ့

18
www.mmcybermedia.com
အခြောက်လို့ခေါ်တဲ့ မိန်းမလျာတွေမှာတော့ မင်းတို့ထက် အများကြီးတော်တဲ့ အရည်အချင်းတွေရှိနေတယ်ဆိုတာ
အသိအမှတ်ပြုထားတော့။ အခုဆက်ပြောချင်တာက အဲဒီမိန်းမလျာ၊ ယောက်ျားလျာဆိုတာ ငါပြောချင်တာမဟုတ်ဘူး။
ပြောချင်တဲ့အဓိပ္ပါယ်က ရုပ်ဆိုးတယ်။ ပတ်ဝန်းကျင်က လက်မခံဘူး။ လောကကြီးကလက်မခံဘူး။ သူက ဘာလုပ်ရလဲ
ဘာလုပ်ရလဲဆိုတဲ့အခါကျ သူက အဲဒီလောကကြီးက လက်ခံအောင် အစွမ်းကုန်ကြိုးစားရပြီး ကြိုးစားတဲ့အခါကျ အဖက်ဖက်မှာ
တော်အောင်ကြိုးစားတယ်။ စကားပြောကောင်းအောင် ကြိုးစားတယ်။ ပညာတတ်အောင် ကြိုးစားတယ်။ ငါကွာ နာမည်တွေဖွင့်ပြောလို့
မကောင်းလို့ပါ။ မင်း ထားပါတော့။ သူတို့ကိုလဲ အားနာပါတယ်။ စွတ်ပြောလိုက်ဦးမယ်။ ဒီမြန်မာပြည်မှာရှိတဲ့ ဆရာဝန်ကြီးတွေရှိတယ်။
specialist တွေရှိတယ်။ အဲဒီဥစ္စာတွေက တစ်ယောက်မှ ရုပ်ချောတာ ငါ သိပ်မတွေ့ဖူးဘူး။ အဲ တကယ်ကိုလုပ်ခဲ့တာ။ သူတို့ဘာလို့လဲ
ဆိုတော့ သူတို့ကိုယ်သူတို့ သူတို့ရဲ့ မသိစိတ်က တွန်းပို့ထားတာ။

အဲဒီတော့ ခုနင်က ပြောသလိုပေါ့လေ။ ရုပ်ဆိုးတဲ့ကလေးတွေ က သူတို့ကိုယ်သူတို့ သိပ်တော်အောင်ကြိုးစားရတယ်။


ကြိုးစားရတဲ့အခါကျ ဘာဖြစ်လဲဆိုတော့ တို့အဖက်ဖက်မှာ သိပ်ထူးချွန်သွားတယ်။ သူတို့ကို လောကက လက်ခံလာအောင် လုပ်ရတယ်။
ဘာကြောင့် လောာာ လက်ခံလာအောင် လုပ်ရသလဲဆိုတော့ အရေးကြီးပြီနော်။ သတိထားနော်။ သူတို့ဘဝကို သူတို့ လက်ခံလိုက်လို့ပဲ။
သူတို့ဘဝကို သူတို့ လက်မခံဝံ့ဘူးလား။ သမီး၊ ကောင်မလေး၊ ညည်းရုပ်ဆိုးရင် လက်မခံဝံ့ဘူးလား။ ငါအရုပ်ဆိုးတယ်ဆိုတာကို
လက်မခံဝံ့ဘူးလား။ အဲဒီလက်မခံဘဲနဲ့ ငါ့ခမျာ အရုပ်ဆိုးရှာတယ်။ ငါ့ခမျာ သနားပါတယ်။ အဲဒီလိုလုပ်နေမှာလား။ မင်းကကော
နေစမ်းပါဦး ငါ့ရုပ်ကြီးက အသားမည်းတယ်။ ကျောက်ပေါက်မှတ်ကလဲပါလိုက်သေးတယ်။ ရုပ်ဆိုးတယ်။ အဲဒီဥစ္စာ
မင်းကဝမ်းနည်းနေမှာလား။ ဝမ်းနည်းနေ သေလိုက်ပေါ့က။ွ ဒါပေါ့၊ သေပေါ့။ လူလုပ်မနေနဲ့ သေ၊ သေပြီးရော။ မသေချင်လို့
မင်းလောကကြီးမှာ အောင်မြင်ချင်လို့ရှိရင် အဲဒါ လက်ခံလိုက်ပါ။

@@@

ကောင်းပြီ၊ ငါရုပ်ဆိုးတယ်။ လောကကြီးက လက်မခံဘူး။ ကောင်းပြီ၊ ငါချမယ်။ အဲဒီစိတ်မျိုးမင်းရှိလို့ရှိရင်


မင်းအောင်မြင်လာမှာပဲ။ အဲဒီတော့ မင်းကိုယ်မင်း ပြန်စဉ်းစားကြည့်ပေါ့။ ဒီကနေ နောက်တစ်ဆင့်တက်တော့မယ်နော်။
တစ်ဆင့်တက်တော့မယ်နော်။ သူကကောင်းပြီ။ မင်းကျောင်းနေဖူးသလား၊ ကျောင်းမနေနိုင်ဘူးလား၊ ကောင်းပြီ၊ မင်းမိဘက
ဆင်းရဲသလား၊ ကျောင်းမထားနိုင်ဘူးလား၊ လက်ခံလိုက်ပေါ့။ လက်မခံနိုင်ဘဲနဲ့ မင်းကိုယ်မင်း သြော်သူများတွေမှာ ကျောင်းနေနိုင်တယ်။
ငါ့မှာ ကျောင်းမနေနိုင်ဘူးလို့ မင်းဝမ်းနည်းနေမယ့်ကောင်လား။ နေရင် သွားပေါ့။ ပြီးပြီလေ။ သွားလေ မင်းဘဝပြီးသွားပြီ။ ကိစ္စတုံးသွားပြီ။
ကောင်းတာကတော့ ကိုယ့်ဘာသာသတ်သေလိုက်။ အကောင်းဆုံးပေါ့ကွာ။ ဒါပါပဲ။ မသေချင်ဘူးလား၊ ဆက်ချ။ ဘာကြောင့်လဆ
ဲိုတော့
သတ္တိနည်းတဲ့သူတွေ လောကကြီးက သိပ်မလိုချင်ပါဘူးကွာ။ သိပ်ဝမ်းမနည်းနေပါနဲ့၊ မင်းသေသွားလို့ ဘယ်သူမှ ဝမ်းနည်းနေမှာ
မဟုတ်ဘူး။

ငါ ခဏခဏပြောခဲ့ဖူးပါတယ်။ ဟုတ်လား၊ သံချွန်တစ်ခုကို သစ်သားပေါ်ရိုက်ထည့်လိုက်၊ ဒိုင်းဆို ရိုက်ထည့်လိုက်တယ်။


သစ်သားထဲမှာ သံချွန်ဝင်သွားတာပေါ့။ ဘာကြော့်လဲဆိုတဲ့အခါကျတော့ သံချွန်က မာတယ်လေ။ သစ်သားက ပျော့တယ်လေ။
ပျော့တော့ကို သံချွန်နေဖို့အတွက်ကို သစ်သားက နေရာဖယ်ပေးလိုက်ရတယ်။ မင်းပျော့ရင် ဖယ်ပေးလိုက်ပေါ့။ သူများနေလိမ့်မယ်၊
မင်းသေပေါ့ကွ၊ ဒါပါပဲ။

မင်း ဆင်းရဲသလား၊ ဆင်းရဲတာကို လက်ခံလိုက်ပါ။ မင်းကျောင်းမနေနိုင်ဘူးလား၊ မနေနိုင်တာကို လက်ခံလိုက်ပါ။ အဲဒီ


မနေနိုင်တဲ့ကြားထဲက ငါ ဘာဆက်လုပ်မလဲဆိုတာ ဆက်စဉ်းစားပါ။ ပြောချင်တဲ့အဓိပ္ပာယ်က တစ်ချက်တည်းရယ်။ မင်း
ပစ္စက္ခအခြေအနေ ပကတိအခြေအနေကို လက်ခံလိုက်စမ်းပါ။ အသိအမှတ်ပြုလိုက်စမ်းပါ။ ငါညံ့ရင် ညံ့တယ်ဆိုတာ လက်ခံလိုက်စမ်းပါ။
လက်ခံပြီးတော့မှ အဲဒီညံ့တာကို ဘယ်လိုတော်အောင်လုပ်မလဲဆိုတာ ကိုစဉ်းစားပါ။ ဒါအရေးကြီးတယ်။ ငါပြောတဲ့ခေါင်းစဉ် မှတ်မိလား။
လက်ခံလိုက်စမ်းပါ။

မင်းရုပ်ဆိုးသလား၊ ရုပ်ဆိုးတာ လက်ခံလိုက်ပေါ့။ မင်းဆင်းရဲသလား၊ ဆင်းရဲတာလက်ခံလိုက်ပေါ့။ ပညာမတတ်ဘူးလား၊


လက်ခံလိုက်ပါ။ တတ်အောင်လုပ်မယ်ဆိုပြီး ဆက်လုပ်ရမယ်။ လောကကြီးမှာနော် လက်ခံရတယ်နော်။ အဲဒီလက်ခံနိုင်အောင်
ကြိုးစားတယ်ဆိုတာ သတ္တိနော်။ အင်္ဂလိပ်လိုဆိုရင်တော့ moral courage လို့ခေါ်တယ်။ မြန်မာလိုဆို စိတ်အားသတ္တိ။

တို့မြန်မာပြည်မှာ ဘယ်လောက်ထိအောင် ဖြစ်နေသလဲဆိုရင် ငါက တစ်ခါတလေကျ စိတ်မကောင်းဘူး။ ခုပြောလိုက်ရဦးမယ်။


စာမေးပွဲမှာ ကလေးတွေက ခိုးချတယ်။ ဆရာမကို လာဘ်ထိုးပြီးတော့ လုံချည်ပေးပြီးတော့ ကိတ်မုန့်ပေးပြီးတော့ အောင်ဖို့လို့
ကြိုးစားတယ်။ အဲဒီကောင်တွေဟာ လောကမှာ ကြီးပွားမယ့်ကောင်တွေ မဟုတ်ဘူး။ ဘာကြောင့်လဲဆိုတော့ သူတို့ရဲ့ အခြေအနေကို
ပကတိအခြေအနေကို လက်မခံနိုင်တဲ့ အကောင်တွေ၊ ဟန်ဆောက်ချင်တဲ့အကောင်တွေ မဟုတ်တမ်းတရားနည်းနဲ့ ကိုယ့်ဘာသာကိုယ်
position ရဖို့ ကြိုးစားတဲ့အကောင်တွေ၊ ဘဝမှာ မကောင်းနိုင်ဘူး။ ကိစ္စမရှိဘူး။

အဲဒီအကောင်တွေက အောက်ကျနောက်ကျဖြစ်မယ့်အကောင်တွေ၊ မနှမြောဘူး။ ပြီးလို့ရှိရင် သူများခိုင်းတာ


ခံရမယ့်အကောင်တွေ။ ဘာကြောင့်လဲဆိုတော့ လောကကြီးမှာ ကိုယ့်ကိုယ်ကို ခိုင်းရတယ်ကွ။ ကိုယ့်ကိုယ်ကို မခိုင်းလို့ရှိရင်၊ ငယ်ငယ်မှာ

19
www.mmcybermedia.com
ကိုယ့်ကိုယ်ကို မခိုင်းရင် သူများခိုင်းတာခံရတတ်တယ်။ အဲဒီကောင်တွေက သူများခိုင်းတာ ခံရမယ့်အကောင်တွေ၊ မနှမြောပါဘူး။
ဘာလို့လဲဆိုတော့ လောကကြီးမှာ အသုံးမကျတဲ့ကောင်တွေ စောစောသေပြီးသွားတာပဲ။ အရေးမကြီးပါဘူး၊ မနှမြောနဲ့။

ဒါပေမယ့်လို့ သူများသေ သေပါစေပေါ့။ မင်းမသေနဲ့။ သူများညံ့ ညံ့ပါစေပေါ့။ မင်းမညံ့နဲ့။ မင်းကိုမင်းလက်ခံနိုင်အောင်ကြိုးစား။


ကောင်းပြီ။ ကြိုးစားပေတော့။ ဆရာရယ် ဘယ်ဟာကြိုးစားရမှာလို့ မေးစရာရှိတယ်။

ဒေါက်တာ ကျော်စိန်၊ သိပ်တော်တဲ့ ပုဂ္ဂိုလ်နော်၊ ငါအင်မတန်လေးစားတယ်နော်။ ဒေါက်တာကျော်စိန်ရေးတဲ့


သင့်ဘဝအတွက်တာ အသုံးချစိတ်ပညာ ဆိုတဲ့အထဲထဲမှာပါတဲ့ စကားလေးတစ်ပိုဒ်ကို ငါပြောချင်တယ်။ အဲဒါဘာလဲဆိုတော့
အစားထိုးအောင်မြင်မှုတဲ့။ ဟာ လာပြီနော်။ ကောင်းပြီ၊ ငါမင်းတို့ကို စောစောကပြောခဲ့ပြီးပြီ။ ငါ့ရုပ်ကြီးက နာတယ်လို့
ပြောခဲ့တယ်မဟုတ်လား။ အဲဒါငါက ဇာတ်လိုက်မင်းသားထိုးပက်လက်လန်လိုက် သေလိုက်။ အဲဒီ့ထဲမှာ နာပြီးတော့မှ
နှုတ်ခမ်းသွေးထွက်အောင် အထိုးခံပြီးတော့မှ ငါ အဲဒီမှာ ရုပ်ရှင်ထဲပါမှာပေါ့။ ငါမလုပ်နိုင်ဘူး။

ဒေါက်တာကျော်စိန်က ဘာပြောတယ်ထင်သလဲ။ မင်းဟာတဲ့ တစ်စုံတစ်ခုသော အကြောင်းကြောင့် မအောင်မြင်ဘူးဆိုလို့ရှိရင်


အစားထိုးပြီးတော့ အောင်မြင်စရာတွေ အများကြီး ရှိပါတယ်တဲ့။ မင်းဟာ အသံမကောင်းလို့မို့ အဆိုတော်မဖြစ်နိုင်ဘူးဆိုရင်တဲ့
အကောင်းဆုံး သီချင်းရေးဆရာဖြစ်နိုင်ပါတယ်တဲ့။ အကောင်းဆုံးစန္ဒရားဆရာ ဖြစ်နိုင်ပါတယ်တဲ့။ အဲလို အစားထိုးပါတဲ့။

ဟုတ်တယ်၊ လောကမှာ မင်း အဆိုတော်ဖြစ်ချင်တယ်၊ မင်းအသံက ဘဲသံထွက်နေတော့ ဘယ့်နှယ်လုပ်မလဲ၊ ဂတ်ဂတ်


ဂတ်ဂတ်နဲ့ ဖြစ်နေတော့ ဟင် လောကမှာ အသံရယ်၊ ဆံရယ်၊ ဉာဏ်ရယ်၊ ကံရယ်တဲ့ တုလို့မရဘူးတဲ့။ ဆံပင်ဆိုတဲ့ဟာကလဲ
ဆံလုံးတုတ်ချင်တုတ်တာ၊ သေးချင်သေးတာ။ ဆံပင်က ပျော့ချင်ပျော့တာ၊ ကြမ်းချင် ကြမ်းတာ။ ဒါလုပ်လို့ မရဘူးတဲ့။

ကိုင်း ငါက ဆိုကြပါစို့။ အသံကောင်းချင်တယ်တဲ့၊ ကောာင်းမှ မကောင်းဘဲ ဘယ့်နှယ်လုပ်မလဲ၊ ကိုင်း ဘယ်လိုလုပ်မလဲ။


အဲဒီဥစ္စာမျိုး ငါ အသံမကောင်းဘူးတဲ့။ အစားထိုးမှာပေါ့။ ငါအကောင်းဆုံးသီချင်းရေးဆရာ ဖြစ်အောင် လုပ်မှာပေါ့။ အကောင်းဆုံး
ဂီတဆရာ ဖြစ်အောင်လုပ်မှာပေါ့။

လောကကြီးမှာ အစားထိုးပြီးတော့ အောင်မြင်စရာနေရာတွေ အများကြီး ရှိပါတယ်တဲ့၊ မင်းတို့ သတိထားနော်။ အဘက်ဘက်မှာ


မင်းကြိုးစားချင်လို့ရှိရင် နေရာတကာမှာ တံခါးပွင့်နေတာတွေ ရှိပါတယ်။ အဲဒီအတွက် ကို ကြိုးစားစမ်းပါ အခုကြည့်စမ်း။ ကလေးတွေ
စာမေးပွဲမှာ ခိုးဖြေတယ်။ ဘာလုပ်တယ်ဆိုတော့ အဲဒီဥစ္စာ ဘာလဲဆိုလို့ရှိရင် ကိုယ့်ကိုယ်ကို မကြည့်ဝံ့တဲ့ ကောင်တွေ။ လုပ်ပေါ့။
အမှန်အတိုင်း။ ဒါဖြင့်ဆရာရယ် တစ်ချို့လူတွေကတော့ ခိုးဖြေပြီး အောင်နေကြတာ၊ ဘယ့်နှယ်လုပ်မလဲဆိုတော့ ငါလဲ မတတ်နိုင်ဘူး
အဲဒါတော့။ သို့သော် မင်းကိုယ်မင်း စဉ်းစားဖို့လို့ ငါပြောတာ။ အဲဒီ ခိုးဖြေတဲ့ကောင်တွေက ဘယ်တော့မှ ရေရှည်မှာ ကြီးပွားမဲ့ကောင်တွေ
မဟုတ်ဘူး ဆိုတာတော့ ငါပြောဝံ့တယ်။

ကိုင်း တို့ တစ်ခါ ပြန်ပြီးတော့ ပြန်ကောက်ကြရအောင်။ ဟိုးရှေးရှေးပိုင်းကပြောခဲ့တဲ့ဥစ္စာ မင်းတို့ ပြန်မှတ်မိလိမ့်မယ်နော်။


ဒီရုပ်ကလဲနာတယ်။ တစ်ယောက်ကချောတယ်၊ ချောတော့ အခွင့်အရေးလွယ်လွယ်နဲ့ရတယ်။ တစ်ယောက်ကျတော့ ရုပ်ကဆိုးပါရဲ့။
ဒါပေမယ့်လို့ လောကကြီးကို ချဉ်းကပ်နိုင်အောင် ကြိုးစားတော့ သူက ပညာတို့ ဘာတို့ ညာတို့ အဲဒီဘက်မှာ တော်အောင်လို့
ကြိုးစားလို့ဆိုတာ ပြောခဲ့ဖူးတာ မှတ်မိတယ်နော်။ ကောင်းပြီ၊ ဟော တို့ပြန်တွက်ရေအောင်။

အင်္ဂုလိမာလဆိုတာ ကြားဖူးမှာပေါ့။ လူတွေကို အကုန်လုံး လက်ညှိုးတွေ လျှောက်ဖြတ်ခဲ့တာ။ အင်္ဂုလိမာလ ဆိုတာက ပါဠိလို


ဟိန္ဒူလိုဆိုရင် အင်္ဂုလိမားလ်။ အဂုင်္လိ ဆိုတာ လက်ညှိုး၊ မားလ်ဆိုတာ ပန်းကုံး၊ လက်ညှိုးပန်းကုံးဆွဲတဲ့လူဆိုတဲ့ အဓိပ္ပါယ်ရှိတယ်။ အဲဒီမှာ
သာမန်လူ့ဘဝတုန်းက လက်ညှိုးတွေ လိုက်ဖြတ်တဲ့ကိစ္စဟာ အကုန်လုံးဖြတ်တော့ ငါ့အဖေကို လက်ညှိုးဖြတ်တယ်၊ အမေကို
လက်ညှိုးဖြတ်တယ်၊ ဦးလေးကို လက်ညှိုးဖြတ်တယ် ဆိုပြီး သူ့အပေါ် အညှိုးကြီးလိုက်ကြတာ ပြောမနေနဲ့တော့။ ဘယ်လောက်ထိအောင်
အညှိုးကြီးလဲဆိုလို့ရှိရင် သူသွားပြီး ဆွမ်းခံထွက်တဲ့အခါမှာ ခဲနဲ့ပေါက်တာနဲ့၊ တုတ်နဲ့ပစ်တာနဲ့ ဒုက္ခကို ရောက်ရော။ သွေးထွက်သံယိုနဲ့
ပြန်လာတော့ မြတ်စွာဘုရားရျင်က သူ့ကို ခုနင်ကပြောတဲ့ မိခင်များကို ပဋိသန္ဓေ သားဖွားတဲ့အခါမှာ သက်သက်သာသာ
ဖွားနိုင်အောင်ဆိုပြီး အင်္ဂုလိမာလသုတ်ကို ပေးလိုက်တဲ့အခါကျမှ ဒါဟာ လူတိုင်းနဲ့ဆိုင်တဲ့ကိစ္စဖြစ်လာပြီး ဘယ်မိန်းမမဆို
မျက်နှာမြင်ရတော့မယ်။ ကိုယ့်အမေလဲ မျက်နှာမြင်ရမယ်ဆိုတော့ အဲတော့မှ ဆွမ်းတွေ ဝိုင်းလောင်းကြတယ်။ ကြည့်စမ်း။
ကျန်တဲ့နေရာမှာ ဘယ်လောက်ညံ့ညံ့ အဲဒီသုတ်ကလေးပေးလိုက်တာနဲ့ အကုန်လုံးရဲ့ချစ်ခြင်းကို ခံလာရတယ်။ ကြည့်စမ်းနော်
အစားထိုးအောင်မြင်မှုတွေနော်။

ကျန်တဲ့နေရာမှာ မအောင်မြင်ဘူးလေ၊ သူ အဲဒီနေရာမှာအောင်မြင်မလာဘူးလား။ အဲတော့ ဆက်ပြီး တစ်ခါပြောလိုက်မယ်


ဆိုရင် ခုနင်က အရုပ်ဆိုးတဲ့သူတွေက အောင်မြင်တယ်၊ ရုပ်ချောတဲ့လူတွေကျတော့ လောက က အလွယ်တကူ လက်ခံတယ်ဆိုတာ
အဲဒီမှာ ရုပ်ချောတဲ့မိန်ကလေးတွေ ကြပ်ကြပ်သတိထား။ သူတို့ကို လောကကြီးက သိပ်အလိုလိုက်တယ်။ အလိုလိုက်တဲ့အခါကျ
အလိုလိုက်တဲ့အတွက်ကြောင့်မို့လို့ ခုနင်ကပြောတဲ့ ရောင့်တက်တယ်နော်။ တော်ရုံတန်ရုံနဲ့ စိတ်ကောက်တတ်တယ်။ မိန်းကလေး
တော်တော်ချောပြီဆိုရင်နော် စိတ်ကောက်တတ်တယ်နော် သတိထား။

20
www.mmcybermedia.com
အဲဒီဥစ္စာနဲ့ ပက်သက်လို့ ငါက ပြောလိုက်ရဦးမယ်ဗျာ။ ငါ့အတွေ့အကြုံတွေကို။ မိန်းကလေးတွေက ချော့လို့ရှိရင် တော်တော်
အလိုလိုက်ရတယ်ကွာ၊ ငါလဲစိတ်ညစ်ပါတယ်။ ငါက တက္ကသိုလ်ကျောင်းမှာ ဆရာဖြစ်လာတဲ့အခါကျ ပျော်ပွဲစားထွက်ပြီဆိုလို့ရှိရင်၊
ဖြတ်ပြောရဦးမယ်၊ ပျော်ပွဲစားထွက်တယ်ဆိုတာ မင်းတို့ စဉ်းစားကြည့်လေ။ ပျော်ပွဲစားထွက်တယ်ဆိုတာ မင်း အခက်အခဲတွေ့မှ
ပျော်ပွဲစားလို့ကောင်းတာ။ ကိုင်း တို့ ၁၅ယောက်လောက် ၂၀ လောက်စုပြီး ပျော်ပွဲစားရအောင်ဟေ့ဆိုရင် ဒံပေါက်အထုပ်
နှစ်ဆယ်ပို့လိုက်၊ လာကွာ အခန်းထဲမှာ ဇိမ်နဲ့စားလိုက်ရအောင်ဆိုပြီး ပျော်ပွဲစားဖြစ်သလား။ မဖြစ်တော့ဘူး။ ဘယ်လိုအခါမှ
ပျော်ပွဲစားဖြစ်တုန်း။ တောထဲသွားရတာ၊ သွားပြီးတော့မှ ဟဲ့ကောင်တွေ ထင်းရှာကွ၊ ဟိုကောင်က အင်ဖက်ခူးကွ၊ ပန်းကန်က
လောက်မှာမဟုတ်ဘူး၊ ဟဲ့ တို့ပါလာတဲ့ ဟိုကြက်သားဟင်း ဒီမှာချလေ၊ အဲဒီမှာ နွေးရမှာနဲ့၊ ပဲဟင်းက ဘယ်လိုကျိုရမှာနဲ့၊ ဟိုကောင်က
မီးမွှေး၊ ဒီကောင်က မီးမွှေး၊ ဟိုကောင်က ထင်းရှာ၊ အဲဒီမှာ အင်ဖက်တက်ခူးတဲ့ကောင်က တက်ခူးနေတုံးမှာ ပုရွက်ဆိတ်ကိုက်လို့
(သို့မဟုတ်) ခါချဉ်ကိုက်လို့ အမယ်လေး ဟာ ခါချဉ်တွေ၊ ခါချဉ်တွေဆို ဆင်းလာလို့ရှိရင် ဟာ ဟိုကောင်၊ အဲဒါပျော်စရာ၊
အခက်ခဲပါတယ်လေ၊ ပျော်စရာကောင်းတယ်၊ ဘာလို့လဲဆိုတော့ အခက်အခဲပါလို့။

အခက်အခဲမပါလို့ရှိရင် သင်ခန်းစာပြောရဦးမယ်။ အခက်အခဲမပါရင် လောကကြီးမှာ ပျော်စရာမကောင်းဘူးနော်။ မင်းတို့ အဲဒါ


သတိထားကြ။ အခက်အခဲကို သိပ်မကြောက်နဲ့နော်။ မင်းတို့ လောကကြီးကို ပျော်အောင် လုပ်ပေးထားတဲ့ ကိစ္စကြီးတွေနော်။ ကိုင်း
ထားလိုက်ပါတော့။ ဒါ စကားစပ်မိလို့ ပြောလိုက်တာ။ အဲဒီကနေပြီးတော့မှ စားကြတဲ့အခါကျတော့ ဥပမာ အင်ဖက်ထဲမှာ ထည့်တယ်။
ရော့ ကြက်သားဟင်း၊ ရော့ ပဲဟင်း၊ ထည့်ပေးလိုက်ပြီ။ ထည့်ပေးလိုက်တဲ့အခါကျတော့ အဲဒီရုပ်ချောတဲ့ မိန်းကလေးရဲ့ လက်ထဲ
ခုနင်ကပြောတဲ့ ကိုယ့်ကိုယ်ကို အလိုလိုက်ခံထားရတဲ့ မိန်းကလေးရဲ့ လက်ထဲမှာ ကြက်သားဟင်း ထည့်ပေးလိုက်တယ်။ သို့ပေမယ့်
အင်ဖက်က အပေါက်ဖြစ်နေလို့ အောက်ကို ယိုကျတဲ့အခါကျတော့ ဟော သူက စိတ်ကောက်ပြီ။ သာမန်ယောက်ျားလေးတစ်ယောက်ရဲ့
ဖက်ထဲမှာ အဲဒီ ကြက်သားဟင်းထည့်လိုက်တော့ ဖိတ်ကျသွားတော့ ဟိုကောင်က ဘာလုပ်လဲ။ ဟာဟာ ဖိတ်ကုန်ပြီကွ၊ ဖိတ်ကုန်ပြီ။
လုပ်စမ်းပါဦး၊ လုပ်စမ်းပါဦး။ ဟာ ထည့်ဦးကွ။ တော်ပြီတော်ပြီ။ ယူသွားကွာ။ ဟာကွာ မင်း မင်း ငါ ဟာ၊ ပြီးသွားပြီ။

အဲဒီလိုဖက်မျိုး ခုနင်ကပြောတဲ့ ရုပ်ချောတဲ့ ကလေးမလေး spoiled ခေါ်တာပေါ့။ လောကကြီးမှာ အလိုလိုက်ခံထားရလိ့


ရောင့်တက်နေတဲ့ ကလေးမလေးရဲ့လက်ထဲမှာ ရောက်သွားလိုက်တော့ ဘာဖြစ်သွားမလဲ။ အမယ်လေး၊ ဟွန်း ဖက်ကြိးကလဲ
အပေါက်ကြီး၊ နေပါစေ၊ တော်ပြီ၊ မစားတော့ဘူး၊ သူ့သူငယ်ချင်းက ခေါ်တယ်။

“မြရယ်၊ လာပါဟယ်၊ စားပါဟယ်”

“တော်ပါပြီ၊ နေပါစေ မစားတော့ဘူး”

“စားပါဟယ်၊ လာပါ”

“တော်ပါပြီ”

အဲဒါထိ အရေးမကြီးသေးဘူးနော်။

“ကြက်သားဟင်းက စားဖူးသားပဲ” ဆိုတော့ ကျန်တဲ့လူတွေ အဲဒီမှာ ဦးစီးခေါင်းဆောင်လုပ်သွားရတဲ့ဆရာ


သိပ်သတိထားရတယ်။ မြမြက စိတ်ကောက်နေပြီ။ သတိထားရတယ်။

“ဟဲ့ နုနု၊ မြမြကော”

“ဟိုမှာဆရာ၊ ထမင်းမစားဘူးလို့ ပြောနေတယ်”

“ဟဲ့ မြမြ၊ လာစားလေ”

“နေပါစေဆရာ၊ သမီးမစားတော့ဘူး”

“ဟာ လာစမ်းပါဆိုမှပဲ၊ ကောင်မလေးကလဲ၊ ဒီမယ် ငါလဲ မစားရသေးဘူး၊ လာစမ်းပါဆိုမှ လာပါ၊ နင်နဲ့ငါ စားရအောင်လို့ပါ၊ လာ
ငါခွံပေးရမလား” ဘာညာဆိုတော့

“ဟာဆရာကလည်း၊ နေပါစေ”

ဆရာက

“အဲ၊ ရော့ပါ စားစမ်းပါဆိုမှ” အဲတော့မှ သူကပြန်ပြိးစိတ်ပြေသွားတယ်။ နို့မဟုတ်လို့ရှိရင် သူတစ်ယောက်ကြောင့် ပျော်ပွဲစားကြီး


ပျက်တော့မှာ၊ ကိုင်း၊ ကြည့်စမ်း၊ ဘယ်လောက်ကြောက်ဖို့ကောင်းသလဲ။ ဘယ်လောက် စိတ်ညစ်ဖို့ကောင်းသလဲ။

လှတဲ့အတွက်ကြောင့် လောကကြီးကို ဖျက်ဆီးထားခြင်းခံရသော၊ အလိုလိုက်ထားခြင်းခံရသော မိန်းကလေး၊


လှတဲ့မိန်းကလေးတွေ၊ လှတဲ့ကောင်လေးတွေ စိတ်ကိုပါလှအောင်ကြိုးစားနော်။ ရုပ်ကလေးလှလို့ လောကကြီးက
အလိုလိုက်တဲ့အတွက်ကြောင့် ပျက်စီးသွားတာမျိုး ဘယ်တော့မှ မဖြစ်စေနဲ့၊ သတိထားပါ၊ ကောင်းပြီ။ ဒီကနေ ဆက်လိုက်တော့ ခုနင်က

21
www.mmcybermedia.com
ပြောခဲ့ဖူးတယ်။ ပြောခဲ့ပြီးပြီ။ ရုပ်ဆိုးတဲ့သူတွေက သူတို့ကိုသူတို့ ကြိုးစားတယ်။ ရုပ်လှတဲ့သူတွေကလဲ သူတို့မှာ
အလိုလိုက်ခံရတယ်ဆိုတော့ ကောင်းပြီ ရုပ်လတ
ှဲ့ကောင်လေးတွေ ကောင်မလေးတွေကို ပြောလိုက်ချင်တယ်။ ရုပ်ဆိုးတဲ့သူတွေတောင်မှ
သူတို့ကိုယ်သူတို့ ကြိုးစားပြီး ဖြစ်အောင်လုပ်တာနော်။ မင်းတို့က လောကကြီးမှာ အလိုလိုက်ခံရပြီးသားနော်။ ရုပ်ဆိုးတဲ့သူတွေ
ဘာနဲ့တူသလဲဆိုတော့ ရုပ်ဆိုးတဲ့သူတွေက စွယ်စုံမပါတဲ့ ဆင်တွေနဲ့တူတယ်။ အဲဒါကို ဟိုင်းလို့ခေါ်တယ်။ အစွယ်နှစ်ချောင်းပါလို့ရှိရင်
စွယ်စုံလို့ခေါ်တယ်။ အစွယ်တစ်ဖက်တည်းပါတယ်ဆိုလို့ရှိရင် တယ် လို့ ခေါ်တယ်။ အစွယ်နှစ်ဖက်လုံးမပါဘူးဆိုလို့ရှိရင်
ဟိုင်းလို့ခေါ်တယ်။ အဲဒီဟိုင်းဆင် ဘယ်လိုဟာမျိုးလဲဆိုတော့ သူက အစွယ်နှစ်ဖက်လုံးမပါတော့ သူ့ကိုယ်သူ ဘာလုပ်ရသလဲဆိုတော့
သူ့ကိုယ်သူ နှာမောင်းကို သန်အောင်လုပ်ရတယ်။ သိပ်သန်တယ်နော် နှာမောင်းက။ စွယ်စုံဆင်နဲ့ဟိုင်းဆင် တောထဲမှာ တွေ့ပြီဆိုလို့ရှိရင်
စွယ်စုံဆင်က ပြေးထိုးလိုက်ပြီဆိုလို့ရှိရင် ဟိုင်းက ဘာလုပ်သလဲဆိုလို့ရှိရင် အဲဒီစွယ်စုံဆင်ရဲ့ အစွယ်ကိုဖမ်းပြီးဖျတ်ဆို နှာမောင်းနဲ့
လိမ်ချိုးပစ်လိုက်တာ သေပြီဟိုကောင်။ အစွယ်ကျိုးသေရောပေါ့။ ဆင်မှာ အစွယ်ဆိုတာ အထက်သွားကပေါက်တဲ့အံစွယ်ပဲကွ။
သေပြီပေါ့။ ကိစ္စပြတ်သွားပြီ။ အဲဒီဟိုင်းဆင်က နှာမောင်းဘယ်လောက်သန်သလဲဆိုလို့ရှိရင် ငါ သစ်ဖက်က လုပ်သားတွေက
ပြောပြလို့သိရတာ။ တောထဲမှာတဲ့ ကျွန်တော်တို့ ခိုင်းတဲ့ဆင်တွေ ဘာတွေများတဲ့ တောထဲမှာ ဆင်ရိုင်းဟိုင်းနဲ့တွေ့ပြီဆိုလို့ရှိရင်
ကျွန်တော်တို့ဆင်တွေကတော့ ဆရာရယ်တဲ့ လွတ်အောင်တော့ပြေးတာပေါ့။ ပြေးပေမယ့်လို ဟိုကလိုက်ပြီးတော့ နှာမောင်းနဲ့
ရိုက်လိုက်ပြီဆိုလို့ရှိရင် အရှိုးထင်ကျန်ရစ်ခဲ့တယ်။ ကိုင်း၊ ဆင်မှာ အရှိုးထင်တယ်ဆိုလို့ရှိရင် မင်းပဲ စဉ်းစားကြည့်တော့။
ဘယ်လောက်သန်တဲ့ဥစ္စာ။ အဲဒီတော့ ရုပ်ဆိုးတဲ့သူတွေက ဘာနဲ့တူသလဲဆိုလို့ရှိရင် သူတို့မှာ အစွယ်မပါတော့ ဟိုင်းဆင်လို
ကျန်တဲ့အပိုင်းမှာ ထက်မြက်အောင်လုပ်လာတယ်၊ ကောင်းပြီ။ သူတို့က ဟိုင်းဆင်လို ဖြစ်လို့ နှာမောင်းကို ထက်မြက်အောင်
လုပ်တဲ့အခါကျတော့ မင်းတို့ ရုပ်ချောတဲ့ကလေးတွေ ပြန်တွက်ကြည့်နော်။ ရုပ်ဆိုးတဲ့ကလေးတွေ လက်ခံနိုင်အောင်ကြိုးစား။ ကောင်းပြီ။
ရုပ်ချောတဲ့ကလေးတွေက လောကကြီးက အလိုလိုက်ထားတော့ မင်းတို့တွေက နည်းနည်းပျက်စီးတယ်နော်။ သတိထားနော်။ မင်းတို့
စိတ်ကောက်တတ်တယ်နော်။ အလွယ်တကူ ရတယ်လို့ ထင်တယ်နော်။ အဲဒါ သတိထား။ ပြန်ဖြစ်အောင်လုပ်။
ဖြစ်အောင်လုပ်တယ်ဆိုတဲ့အခါကျ မင်းတို့ ရုပ်ချောတဲ့လူတွေက လုပ်ချင်ရင် သူတို့ထက်ပိုပြီးတော့ ပိုတောင်တစ်ပန်းသာသေးတယ်။
အဲဒါဂရုစိုက်။ ဘာလဲဆိုတော့ မင်းတို့ကို တစ်ခုပြောချင်တာက ရုပ်ဆိုးတဲ့သူရော ရုပ်ချောတဲ့သူရော လောကကြီးမှာ မင်းတို့
တကယ်လုပ်ချင်ရင် တကယ်ဖြစ်နိုင်တယ်။ တကယ်ကြိုးစားရင် တကယ်ဖြစ်နိုင်တယ်ဆိုတဲ့ အကြောင်းကိုငါပြောခဲ့ပြီ။ အဲဒီမှာ
ယောအတွင်းဝန် ဦးဖိုးလှိုင်နဲ့ တို့ မင်းတုန်းမင်းကြီးက ယောအတွင်းဝန် ဦးဖိုးလှိုင်ကို မေးတယ်တဲ့။ ဖိုးလှိုင်တဲ့ မရှိတာထက်
မသိတာခက်တယ်ဆိုတာ ဟုတ်သလားဟဲ့တဲ့။ မှန်ပါဘုရား၊ ဟုတ်ပါတယ်ဘုရား။ မသိတာထက် ခက်တာ ရှသေးသလားဆိုတော့
ရှိပါတယ်ဘုရားတဲ့၊ ဘာလဲဟဲ့ဖိုးလှိုင်ဆိုတော့ မလုပ်တာပါ ဘုရားတဲ့။ ဖိုးလှိုင် ဘာကြောင့်မလုပ်တာဟာ ပိုခက်သလဲဆိုတော့ မသိတာလဲ
သိအောင်လုပ်ရင် သိပါတယ်ဘုရား၊ မရှိတာလည်း ရှိအောင်လုပ်လို့ရှိရင် ရှိပါတယ်ဘုရား၊ မလုပ်တာကတော့ ဘာမှ မဖြစ်နိုင်တော့ပါဘူး
ဘုရားတဲ့၊ ဒါကြောင့်မို့လို့ မလုပ်တာ အခက်ဆုံးပါဘုရားတဲ့၊ မရှိတာထက် အသိတာ ခက်ပါတယ်။ မသိတာထက် မလုပ်တာ
ခက်ပါတယ်ဘုရား ဆိုတော့ မင်းတုန်းမင်းကြီးက သြော် မောင်မင်းရဲ့စကား ပညာရှိရဲ့အဖြေ ပီသပါပေတယ် ဆိုပြီးတော့ လက်ဝတ်တော်
လက်စွပ်တစ်ကွင်းချွတ်ပြီးတော့ ချက်ချင်ပေးသနားတော်မူတယ်တဲ့။ ဒါငါကြားဖူးတာနော်။ အဲဒီတော့ ပြောချင်တဲ့ဥစ္စာက မင်းတို့လဲပဲ
ရုပ်ဘယ်လောက်ပဲချောနေနေ ပိုက်ဆံဘယ်လောက်ပဲ ရှိနေနေ မလုပ်တာဟာ ဘာမှမဖြစ်နိုင်ဘူးဆိုတာ သဘောပါက်။ အဲဒီတော့
ခုနင်ကပြောခဲ့ပြီ။ ရုပ်ဆိုးတဲ့သူတွေ လောကကြီးကနေပြီး မျက်နှာသာမပေးတဲ့သူတွေ လောကကြီးမှာ ကြီးပွားလာရတယ်။
ထွန်းကားလာရတယ်။ လောကကြီးတစ်ခုလုံးကို အရုပ်ဆိုးတဲ့လူတွေက ဖန်တီးသွားတယ်။ အဲဒါတွေကို ပြောခဲ့ပြီးပြီ။ မြန်မာပြည်မှာပဲ
ကြည့်ကြည့်၊ ကမ္ဘာ့သမိုင်းမှာပဲကြည့်ကြည့်နော်။ ကမ္ဘာမှာ သိပ်ထင်ရှားခဲ့တဲ့ ဆိုကရေးတီးဆိုလို့ရှိရင် ရုပ်ဆိုးလွန်းလို့မို့လို့ သမိုင်းမှာ
တင်ယူရတဲ့လူ။ တကယ့်ကိုရုပ်ကြီးက တော်တော်ဆိုးတာ။ ဒီ ငါတို့လောက်နီးနီးပဲဆိုပါတော့။ ရုပ်ဆိုးတာက အဲဒီလောက်ဆိုးခဲ့တာ။
ဒါပေမယ့်လို့ ယနေ့ထိ သူ့သမိုင်းမှာ ကောင်းကောင်းထင်ကျန်နေခဲ့တယ်။ အဲဒီတော့ ဘာကြောင့်လဲဆိုတော့ သူကလုပ်ခဲ့လို့ပဲ။
အစားထိုးအောင်မြင်မှု ရှာခဲ့လို့ပဲ။ အဲဒီတော့ ရုပ်ချောတဲ့ကလေးတွေ နော် မင်းတို့ဆက်ပြီးတော့ မကြိုးစားလို့ရှိရင် နောက်ဆုံးပိတ်ကြတော့
သူများခိုင်တာ ခံရမှာပဲဆိုတာ သဘောပေါက်။

အီဒီကနေ တစ်ဆင့်တက်လိုက်တဲ့အခါကျတော့ ကောင်းပြီ။ ဆင်းရဲတဲ့သူနဲ့ ချမ်းသာတဲ့သူတို့ တွက်လိုက်ကြရအောင်။


စောစောတုန်းက ပြောခဲ့တဲ့အထဲမှာ ဆင်းရဲတယ်။ ဆင်းရဲတော့ ကျောင်းမနေနိုင်ဘူး။ ကျောင်းမနေနိုင်တော့ ငါဟာ ကျောင်းမနေနိုင်ဘူး၊
ငါဟာ ဆင်းရဲချို့တဲ့တယ်၊ ပညာမရှိဘူးဆိုတာ အဲဒါ လက်ခံလိုက်ပါလို့ ငါပြောခဲ့တယ်။ အဲဒီလိုပဲ ပိုက်ဆံရှိတဲ့ ကလေးတွေကလဲ
ပြန်ပြီးစဉ်းစားဖို့က ငါဟာ ကျောင်းနေနိုင်တယ်၊ ပိုက်ဆံရှိတယ်၊ ဒါပေမယ့် ငါဟာ ကျောင်းပြေးနေတယ်၊ ငါဟာ လက်ဖက်ရည်ဆိုင်မှာ
အချိန်ကုန်နေတယ်၊ ငါဟာ စာမေးပွဲမှာ ခိုးချတယ်၊ ဆရာတွေကို လက်ဆောင်ပေးပြီးတော့ အောင်အောင်လုပ်နေတယ်၊ လက်ခံလိုက်ပါ။
လက်မခံတော့ ဘာဖြစ်တုန်း၊ ဘာမှမဖြစ်ဘူး။ မင်း နောက် ကျွန်ဖြစ်မှာပေါ့။ သူများခိုင်းတာခံရမှာပေါ့။ ဒါပါပဲ။ မင်းအဖေပိုက်ဆံရှိတယ်။
ကိစ္စမရှိဘူး။ မင်းလက်ထက်ကျ ကုန်မှာပဲ။ မင်းအဖေပိုက်ဆံကုန်ပြီးတော့ ကျောင်းထားနေသရွေ့ ကာလပတ်လုံး အကုန်ကုန်မှာပဲ။ အဲဒါ
မင်းလက်ထက်ကျလို့ရှိရင် သွားမှာပဲ။ အဲဒါ သားသမီးလက်ထက်ကျတော့မှ ပစ္စည်းတွေ ပျက်စီးတယ်ဆိုတဲ့ဟာ အဲဒါတေါ ပြောတာ။
အဲဒီတော့ ကျောင်းနေနိုင်တယ်ဆိုလို့ရှိရင် သူများတစ်ပန်းမသာဘူးလား။ ခုနတုန်းက ဆင်နဲ့ ဥပမာပြောရမယ်ဆိုလို့ရှိရင် စွယ်စုံဆင်နဲ့

22
www.mmcybermedia.com
မတူပေဘူးလား။ ကောင်းပြီ။ မင်းက စွယ်စုံဆင်၊ ပြီးတော့ကျမှ ဟိုင်းဆင်က ထရိုက်လိုက်လို့ အရှိုးထတာ ခံနေရတဲ့
ဆင်မျိုးဖြစ်နေဦးမယ်။

ကောင်းပြီ၊ ပြန်တွက်လိုက်တော့ ပိုက်ဆံရှိတော့ မင်းက အဲဒီပိုက်ဆံကို ဘယတွေလုပ်နေလဲ။ ပိုက်ဆံနဲ့ မင်း အချိန်တွေကို


ဘယ်လိုဖြုန်းလေသလဲ အဲဒါ ပြန်စဉ်းစားပေါ့။ မင်းတို့ကို ငါသတိပေးလိုက်မ်ာနော်။ အင်္ဂလပ
ိစကားလေး တစ်ခုရှိတယ်။ Life os made up
of time ဘဝဆိုတာ အချိန်နဲ့ ဖွဲ့ထားတာတဲ့။ မင်းအသက်ဘယ်လောက်ရှိပြီလဲ။ ၁၆ နှစ် အဲဒါအချိန်ကွ။ အချိန်မပါဘဲနဲ့ ဘဝမဖြစ်ဘူး။
အူဝဲဆို ခေက်ခနဲသေသွားလို့ရှိရင် ဘဝမရှိတော့ဘူး။ ဘာလို့လဲဆိုလို့ရှိရင် အချိန်မှ မရှိလိုက်ပဲကိုးကွ။

အဲတော့ ဘဝဆိုတာ အချိန်ကိုပြောတာ။ ဘဝကို မင်းတန်ဖိုးထားသလား။ ထားရင် မင်းအချိန်ကို တန်ဖိုးထား။ မင်းအချိန်ပေါင်း


များစွာကို ဘယ်မှာသုံးနေလဲ။ လက်ဖက်ရည်ဆိုင်မှာလား။ လူတစ်ယောက်ရဲ့ စိတ်နေ စရိုက်ကို သိချင်ရင်တဲ့ သူ့အားလပ်တဲ့အချိန်တွေကို
ဘယ်လို သုံးနေလဲ ဆိုတာကို ကြည့်ပါတဲ့။ အဲဒီကောင်က သူအားလပ်တဲ့အချိန်မှာ လက်ဖက်ရည်ဆိုင်မှာကုန်နေလို့ရှိရင်တဲ့
အဲဒီကောင်ဟာ လက်ဖက်ရည်ဆိုင်ယဉ်ကျေးမှု၊ လက်ဖက်ရည်ဆိုင်က ကောင်ပဲဖြစ်မယ်။

အခု ပိုပြီးသတိထားရတယ်။ သူတို့က ပိုက်ဆံရှိတော့ လက်ဖက်ရည်ဆိုင်မဟုတ်တော့ဘူး။ ဘယ်ရောက်သွားသလဲ ဆိုတော့


ကာရာအိုကေတို့ဘာတို့ ညာတို့ ငါမသိတဲ့ ဟာတွေပေါ့ကွာ။ ငါလဲ မရောက်ဖူးပါဘူး။ အဲဒီမှာအချိန်ကုန်သွးတယ်။ ပြောလိုက်ရဦးမယ်။
မင်းပိုက်ဆံရှိလာရင်နော်၊ များလာရင်နော် ပေါတောတော ဖြစ်လာတတ်တယ်။ မင်းတို့သတိထားကြ။ ငါကိုယ်တိုင် မိုးကုတ်မှာ
ရောက်သွားတဲ့အခါတုန်းက မိုးကုတ်မှာ ဆင်းဆင်းရဲရဲနဲ့ လုပ်ရင်းကနေ ကျောက်အောင်လာတဲ့ကောင်လေး တစ်ယောက် နှစ်ယောက်ကို
တွေ့ဖူးတယ်။ ဘာလုပ်တယ်ထင်တုန်း။ အဲဒီ ကာရာအိုကေတဲ့၊ ဟိုနတ်စင်ပေါက်စလောက်ရှိတဲ့စင်ကလေးပေါ်မှာ ကောင်မလေးတွေ
ကနေတဲ့ဥစ္စာကို သွားပြီး နှစ်ရာတန်တွေကို အမယ်လေး ပန်းကုံးသီပြီး စွပ်ပေးတဲ့ဥစ္စာ၊ ငါထင်တယ်၊ သောင်းချီပြီးကုန်လိမ့်မယ်ထင်တယ်။
အဲဒီနေ့ညမှာ သူတို့ တစ်ယောက်ကို တစ်ယောက် ဒါနဲ့ဒီကောင်လေးတွေကို မေးကြည့်တော့ မင်းတို့ကွာလို့ လာစမ်းပါဦးကွာဆိုပြီး ငါက
ခေါ်မေးကြည့်တော့ တစ်ညတစ်ညမှာ သောင်းချီကုန်လိမ့်မယ် ထင်တယ်လို့၊ ဟာ ဆရာရယ်တဲ့ သောင်းလောက်ကတော့တဲ့ ဆိုတော့
သေရာပေါ့ကွာ၊ ငါက ဘာဆက်ပြောတော့မလဲ။

အဲဒီမှာ မင်းဆက်စဉ်းစားကြည့်တော့။ သူ့ဘဝရည်မှန်းချက် မူလတုန်းက ဘယ်လောက်ကြီးလဲဆိုတာ မှန်းလို့ရတယ်။


သိပ်ကြီးမှာပေါ့ သူဌေးဖြစ်အောင်၊ ချမ်းသာအောင်၊ ဘယ်လိုဖြစ်အောင်၊ ဘာဖြစ်အောင် လောကကြီးမှာ ဘာလုပ်မယ်၊ ညာလုပ်မယ်
ဒါတွေ အများကြီးရှိခဲ့မှာပေါ့။ ဒါပေမယ့် ကြည့်စမ်း၊ ပိုက်ဆံချမ်းသာသွားတဲအ
့ ခါကျတော့ ကြည့်စမ်း၊ ချမ်းသာခြင်းရဲ့ဒဏ်ကို မခံနိုင်ဘူး၊
လူတော်များများဟာနော် ဆင်းရဲခြင်းရဲ့ဒဏ်ကို ခံနိုင်တယ်နော်။ ချမ်းသာခြင်းရဲ့ဒဏ်ကို မခံနိုင်ဘူး။ တို့မြန်မာပြည်ကို
ပြန်စဉ်းစားကြည့်ပေါ့။ ဟိုးအရင်တုန်းက သခင်တွေ ဘာတွေ ဆိုတဲ့ဥစ္စာ။ ဒို့ဗမာအစည်းအရုံးကလူတွေဟာ ဆင်းရဲတုန်းကတော့
တိုင်းပြည်ကိုတစ်ကယ်ချစ်ပြီး တကယ်ကို မျိုးချစ်စိတ်နဲ့လုပ်ခဲ့တာနော်။ နောက်ပိုင်းချမ်းသာလာတော့ ပေါက်ကရဖြစ်ကုန်တယ်။
အဲဒီသခင်တွေ ငါကိုယ်တိုင် မျက်စိနဲ့မြင်ခဲ့ရလို့ ငါပြောတာ။ ဘာလို့လဲဆိုတော့ အာဏာမရှိဒဏ်ကို သူတို့ခံနိုင်တယ်လေ။ အာဏာဒဏ်ကို
မခံနိုင်ဘူး။ ချမ်းသာတဲ့ဒဏ်ကို မခံနိုင်ဘူး။ အဲဒီတော့ မင်းတို့ကောင်လေးတွေ စောစောတုန်းက ပြောသလိုပေါ့နော်။ သူများဆီကနေ
သင်ခန်းစာယူကြ။ မင်းတို့က ရုပ်ချောတဲ့ဒဏ်ကို ခံနိုင်အောင်ကြိုးစားကြ။ ဆင်းရဲတဲ့ကောင်က သူ့ဒဏ်နဲ့သူ ပြီးပြီးသားဆိုတော့ အဲဒီဥစ္စာ
ကြိုးစားပမ်းစားခံပြီးတက်လာလိမ့်မယ်။ ဆင်းရဲတဲ့ကောင်က သူ့ဘာသာကြိုးစားပြီး အောင်မြင်လာလိမ့်မယ်။ အဲ မင်း
ချမ်းသာတဲ့ဒဏ်ကတော့မင်း ခံရတော့မယ်။ တော်ကြာမှ မင်းဒုက္ခရောက်တော့မှ အမလေးထအော်လို့ မရဘူးဗျ၊ မင်းတို့ အဲဒါစဉ်းစားကြ။
အဲဒီကောင်လေးတွေလဲပဲ ရုပ်ချောတဲ့ကောင်မလေးတွေနော် ကြပ်ကြပ်သတိထားနော်။ မိန်းကလေး ဘယ်လောက်ချောနေနေနော်
စိတ်ရင်းက မကောင်းဘူး ကောက်တတ်ပြုတတ်တယ်။ ဘာညာဆိုလို့ရှိရင် အဲဒီ နောက်ဆုံးပိတ်ကျတော့ လင်မယားနှစ်ယောက်
ဖြစ်လာတဲ့အခါကျတော့လင်မယားအချင်းချင်း တစ်ယောက်နဲ့တစ်ယောက် ကြည့်ကြတဲ့အခါမှာ ရုပ်ကို မေ့နေကြတာ။
စိတ်ရင်းကောင်းတယ် မကောင်းဘူးဆိုတာပဲ ကြည့်တာ။ အဲမိန်းမက အိမ်မှာ ထမင်းကောင်းကောင်းချက်ကျွေးရဲ့လား။
ဟင်းကောင်းကောင်းချက်ကျွေးလား ဒါကိုကြည့်တာ။ ကျန်တဲ့ဥစ္စာတွေ အကုန်ပြီး။ ဒါကြောင့်မို့လို့ တချို့ ရုပ်ချောပါတယ် ဆိုတဲ့
ကောင်တွေ မိန်းမက ကွာသွားတယ်ဆိုတာ ဒါပဲ။ အဲဒီတော့ ဒါ အိမ်ထောင်ရေးတွေပါကွာ။ လျှောက်ပြောရတော့ မကောင်းလဲ
မကောင်းပါဘူး။ ကိုယ့်ဉာဏ်နဲ့ ကိုယ်ချဲ့ပြီးစဉ်းစားကြပေါ့။ ပြောချင်တဲ့အဓိပ္ပာယ်က လောကကြီးက မင်းတို့ကို
ပေးလိုက်တဲ့အခွင့်အရေးကို အသုံးချကြ။ အသုံးမချနိုင်လို့ရှိရင်တော့ တို့အဓိပ္ပာယ် မရှိတော့ဘူး။ အဲတော့ တစ်ခုတော့ပြောချင်တာက
ရုပ်ချောတဲ့ကလေးတွေကို အဆုံးအမပေးတာနော်။ ဘာပြုလိုပလဲဆိုတော့ ရုပ်ဆိုးတဲ့ကလေးတွေကို အဆုံးအမပေးရုံတင်မကဘူး။
ရုပ်ချောတဲ့ကလေးတွေကိုလည်း နည်းနည်းငါက သတိပေးရတာကိုး။ အဲဒီ ရုပ်ချောတဲ့ကလေးတွေနဲ့ ပက်သက်လို့
သင်ခန်းစာယူဖို့ကျတော့ ငါက ဘာကိုသွားသတိရသလဲဆိုလို့ရှိရင် နော်။

ဟိုး မြတ်စွာဘုရားရှင်လက်ထက်တုန်းက မဟာဒုက်ဆိုတာ မင်းတို့ ကြားဖူးလိမ့်မယ်။ သိပ်ဆင်းရဲအားကြီးလို့ မဟာဒုက်တဲ့။


သူဟာ ဟိုးတစ်ဘဝတုန်းက သူက ဘာဖြစ်လဲ့သလဲဆိုတော့ သိပ် ဆင်းရဲလွန်းအားကြီးလို့ ဘုရားရှင်ကို ဆွမ်းကပ်ချင်တာတောင်
မကပ်နင
ိုဘူး။ ကပ်နိုင်တော့ သူ့ခမျာ သူများအိမ်မှာ ကျွန်လုပ်ပြီးတော့ ဆန်လေးတွေ ရှာရတယ်။ လင်မယားနှစ်ယောက်လုံး
ငါးကြင်းလေးနှစ်ကို တံငါဆီမှာသွားပြိး ကူညီပြီးလုပ်တဲ့အခါမှာကျတော့မှ ငါးကြင်းလေးတွေရခဲ့တော့၊ အဲဒီ ငါးကြင်းသားလေးနဲ့

23
www.mmcybermedia.com
ဆွမ်းကပ်ခဲ့ရတယ်။ အဲဒါနဲ့ မြတ်စွာဘုရားရှင်လက်ထက်ရောက်တဲ့အခါကျတော့ သူတို့က ဘာလာဖြစ်သလဲဆိုတော့ ခု ဂေါတမ
မြတ်စွာဘုရားပေါ့။ သူ့လက်ထက်ရောက်တဲ့အခါကျတော့ အဲဒီမဟာဒုက် ဘာလာဖြစ်သလဲဆိုလို့ရှိရင် သူဌေးမကြီးတစ်ယောက်ရဲ့
ဝမ်းထဲမှာ ဝင်စားတဲ့ မောင်ပန်ဒိ၊ မောင်ပန်ဒိဖြစ်လာတယ်။ ဖြစ်တဲ့အခါကျတော့ သူအရွယ်ရောက်လာတဲ့အခကျတော့
ခေါင်းခွေ့ပြီးပူဆာတယ်။ သူ သာမဏေပြုချင်တယ် ဘာညာဆိုတော့ ဖအေမအေကလည်း အင်မတန်ချစ်တဲ့သား၊ ကဲ
သားပြုချင်ရင်ပြုပါတော့ဆိုပြီးထားပေးလိုက်တော့ ကျွန်တော်ခုနစ်ရက်ပဲနေပါ့မယ်။ အဲလိုထားလိုက်တဲ့အခါမှာ သူ့ရဲ့ ဥပဇ္ဈာယ်ဆရာ၊
ဥပဇ္ဈာယ်ဆရာဆိုတာ မင်းတို့ နားလည်အောင် ပြောမယ်ဆိုလို့ရှိရင်ခုခေတ်ဆို guardian ပေါ့ကွာ၊ အနီးကပ်ကြီးကြပ်တဲ့သူ။ သူက
ဘယ်သူလဲဆိုလို့ရှိရင် ရှင်သာရိပုတ္တရာကိုယ်တော်ကြီး၊ အဲဒါနဲ့ ခုနစ်ရက်ပြည့်တော့ သူလူထွက်တော့မယ်၊
လူထွက်တော့မယ်ဆုတဲ့အခါကျတော့ ကိုင်း ပန်ဒိရေ သွားရအောင်၊ မင်းအိမ်ပြန်မယ် ဆိုလိုက်တဲ့အခါကျတော့ပြန်တာပေါ့ ဘုရား၊
ရှင်သာရိပုတ္တရာကိုယ်တော်ကြီးက ရှေ့က၊ သူက နောက်က၊ အဲဒီမှ လယ်ကွင်းတွေထဲက ဖြတ်ပြန်လာတော့ လယ်ကွင်းတွေကလဲ
စိမ်းလို့စိုလို့၊ ဖုန်းတုံးလုံးတုံး တန်ဆောင်မုန်း ဆိုတာမျိုးပေါ့၊ ဟုတ်လား၊ စိမ်းစိမ်းစိုစို လယ်ကွင်းကြီးတွေထဲ ဖြတ်ပြီးလာတာပေါ့။
ရှင်သာရိပုတ္တရာကိုယ်တော်ကြီးကလဲ ရှေ့က နေပြီး သင်္ကန်းတော်ကြီး လွင့်လွင့် လွင့်လွင့်နဲ့ နောက်က ကိုရင်ကလေးကလဲ သင်္ကန်းလေး
မနိုင့်တနိုင်နဲ့ ရှင်ပန္ဒိက လိုက်လာတော့ သူဌေးသားဆိုတော့ လယ်တွေ ယာတွေ မမြင်ဘူးရှာဘူး။ အရှင်ဘုရား၊ ဒါဘာလဲဘုရား
ဆိုလိုက်တော့ လှည့်ကြည့်လိုက်တော့ လယ်ကွင်းတွေကွဲ့၊ ဒီဟာကောဘာလဲဘုရားရေမြောင်းကိုတွေ့တယ်၊ ကွယ် အဲဒါ ရေမြောင်းလို့
ခေါ်တယ်ကွဲ့၊ အဲဒီရေမြောင်းက ဘာပြုလို့ လုပ်တာလဲဘုား၊ ကွယ် ရေကို လိုရာရောက်အောင်လို့ မြောင်းဖောက်ပေးတာပေါ့၊ အဲဒီလို
မြောင်းဖောက်လိုက်တဲ့အခါကျတော့ ရေက လိုရာကို ရောက်လားဘုရား၊ ရောက်တာပေါ့သားရယ်၊ အရှင်ဘုရား၊ ရေထဲမှာ စိတ်ရှိလား၊
ဟင်၊ ရှင်သာရိပုတ္တရာကိုယ်တော်ကြီးက ဘယ်ရှိမလဲကွယ် ဆိုလိုက်တော့မှ ရှင်ပန္ဒိစိတ်ထဲ စဉ်းစားတာ သြော် စိတ်မရှိတဲ့ ရေတောင်မှ
မြောင်းသွယ်လို့ လိုရာရောက်နိုင်သေးရင် စိတ်ရှိတဲ့ငါဟာ ဘာကြောင့် တစ်မဂ်တစ်ဖိုလ် မရောက်ဘဲ နေရမလဲလို့ သူစဉ်းစားတယ်။ အဲဒါနဲ့
ဆက်ပြီး ထွက်လာလိုက်တော့ မုဆိုးကြီးတစ်ယောက်က မြားလေးတွေကို မီးကင်ပြီးတော့ မျက်စိလေးတစ်ဖက်မှိတ်ပြီး ဖြောင့်နေတယ်။
အရှင်ဘုရား အဲလူကြီးဘာလုပ်တာလဲဘုရား၊ ကွယ်၊ မြားဖြောင့်တာပေါ့ကွယ်၊ ဘာဖြစ်လို့ ဖြောင့်တာလဲဘုရား၊ ကွယ်၊ လိုရာပြေးအောင်လို့
ပေါ့ကွဲ့၊ အရှင်ဘုရား အရှင်ဘုရား၊ အဲဒီ မြားထဲမှာ စိတ်ရှိသလားဘုရား၊ ဘယ်ရှိမလဲကွယ်၊ အဲဒီတော့မှ ကိုရင်းပန္ဒိ၊ ရှင်ပန္ဒိက
စဉ်းစားတယ်။ စိတ်မရှိတဲ့ မြားတောင်မှ မီးပေးပြီး ဖြောင့်နိုင်လို့ လိုရာရောက်နိုင်သေးရင် စိတ်ရှိတဲ့ငါဟာ ဘာကြောင့်
တစ်မဂ်တစ်ဖိုလ်မရောက်ရမလဲလို့ စဉ်းစားတော့ ရှင်သာရိပုတ္တရာက ကိုရင်လေး စဉ်းစားတာ အကုန်လုံးသိနေတယ်။ ဆက်ပြီးလာတော့
လမ်းလျှောက်ရင်း လျှောက်ရင်းကနေ ပြီးတော့ တစ်နေရာရောက်တော့ လူကြီးတစ်ယောက်က သစ်တုံးကြီးတစ်တုံးကို ဒုံ ဒုံနဲ့
တစ်ခါတည်း ဓားမကြီးနဲ့ ရွေနေတာတွေ့တော့ အရှင်ဘုရား၊ အဲလူကြီးဘာလုပ်နေတာလဲဘုရား၊ ကွယ် သစ်ရွေတာလို့ခေါ်တယ်ကွယ့်၊
ဘာဖြစ်လို့ရွေတာလဲဘုရား၊ သစ်တုံးက ကောက်တယ်ကွယ့်၊ အဲဒီလိုရွေလိုက်တော့ အဲဒီ သစ်တုံးကြီးက ဖြောင့်လား၊
ဖြောင့်တာပေါ့သားရဲ့၊ အရှင်ဘုရား အဲဒီသစ်တုံးကြီးမှာ စိတ်ရှိလားဟင်၊ ဘယ်ရှိမလဲကွယ့်၊ စိတ်မရှိတဲ့သစ်တုံးတောင်မှ မျဉ်းပေးပြီး
ဖြောင့်လို့ ရွေလို့ရသေးလို့ရှိရင် ပန္ဒိရယ် စိတ်ရှိတဲ့ငါဟာ ဘာလို့ တစ်မဂ်တစ်ဖိုလ် မရောက်ရမှာလဲလို့ သူ့စိတ်ထဲစဉ်းစားတော့
အရှင်ဘုရား၊ အရှင်ဘုရား တပည့်တော် စိတ်ရှိတယ်ဘုရား၊ တပည့်တော် ကျောင်းပြန်ပါရစေဘုရား၊ တပည့်တော် အရှင်ဘုရားတို့လို
နိဗ္ဗာန်ရောက်ချင်တယ်ဘုရား၊ မျက်မှောက်ပြုချင်တယ်ဘုရား၊ ကျောင်းပြန်ပါရစေ ဆိုလိုက်တဲ့အခါကျတော့မှ အေး၊ မင်းပြန်ချင်လဲပြန်ပေါ့၊
လာပြန်လှည့်ကြစို့။

ကျောင်းပြန်ရောက်တော့ကိုင်း၊ အဲဒီမှာ တရားကိုပေးတယ်။ သူ့အတွက်လိုအပ်တဲ့ ကမ္မဋ္ဌာန်းကိုပေး၊ အဲဒါလေး ကို ဂရုစိုက်


ဘယ်မှ စိတ်ကိုမရောက်စေနဲ့၊ ဘယ်မှ မရောက်စေနဲ့၊ ကိုယ့်စိတ်ကို ဂရုစိုက်၊ ကိုယ့်စိတ်ကလေး ဘယ်သွားတယ်ဆိုတာ ဂရုစိုက်၊
သတိမှတ်ထား၊ ကိုင်း ကါ ဆွမ်းခံသွားဦးမယ်ဆိုတော့ အရှင်ဘုရား၊ ဆွမ်းခံသွားမှာလားဘုရား၊ အေး သွားမှာပေါ့ကွယ်၊ အရှင်ဘုရား
ဆွမ်းခံသွားရင် တပည့်တော်ကို ဟို ဟို ငါးကြင်းသားလေးပါအောင်ခံခဲ့နော်ဘုရား၊ အေးကွယ် ရချင်လဲရမှာပေါ့ လူလေးရယ်၊ ပန္ဒိရယ်၊ မင်း
ငါးကြင်းသားတွေ ဘာတွေ စိတ်မရောက်ပါနဲ့၊ အဲဒီငါပြောတဲ့ အထဲမှာ၊ ကမ္မဋ္ဌာန်းထဲမှာ အာရုံထားစမ်းပါ။ ငါးကြင်းသားတွေ ဘာတွေ
ဘေးဖယ်ထားစမ်းပါ။ ထားပစ်ခဲ့တဲ့အခါကျတော့ ကလေးလေးက အာရုံပြုလိုက်တဲ့ဥစ္စာ၊ ပါရမီက ပါနေတော့ သောတပတ္တိမဂ်၊တစ်မဂ်၊
သဂဒါမိ၊ အနာဂါမိမဂ်၊ တတိယမဂ် ပြီးတော့ နောက်ဆုံးပိတ် အရဟတ္တမဂ်ကို ရောက်ခါနီးတော့ ဆဲဆဲ ဆဲဆဲ ဆဲဆဲလေးမှာ ဖြစ်နေတုန်း၊
ရှင်သာရိပုတ္တရာကိုယ်တော်ကြီးက ဆွမ်းခံကနေ ပြန်လာတော့ မြတ်စွာဘုရားရှင်က လှမ်းကြည့်လိုက်တဲ့အခါမှာ ဒီကလေးဟာ
အရဟတ္တမဂ်ဆိုက်တော့မယ်၊ သို့သော်လည်း ငါ့သားသာရိပုတ္တရာပြန်ရောက်လာလို့ ချိုးချိုးချွတ်ချွတ် အသံကြားရလို့ရှိရင်ဖြင့်
ဒီကလေးဟာ အာရုံပျက်ရချည်ရဲ့ သို့သော်လည်း ဒီကလေးကိုကြည့်ပြိး ငါ့သားသာရိပုတ္တရာ အပြင်မှာရပ်ပြီးနေရလို့ ရှိရင်လဲ
သမ္ဗနသဏ္ဍုတ်ပွတ်လို့ခေါ်တဲ့ ရဟန်းတို့ရဲ့ ဣနြေ္ဒပျက်ရချည်ရဲ့ ဆိုပြီးတော့ မြတ်စွာဘုရားရှင်က ကျောင်းပရဝဏ် အဝကနေပြီးတော့မှ
ရှင်သာရိပုတ္တရာကိုကြိုတယ်၊ ကြိုပြီးတာ့ မြတ်စွာဘုရားရှင်ကိုမြင်တော့ အရှင်သာရိပုတ္တရာ ဦးခိုက်ပြီး ကန်တော့လိုက်တဲ့အခါကျတော့မှ
သာရိပုတ္တရာ ဆွမ်းကွမ်းများမျှရဲ့လား ဆိုပြီးတော့ စကားလေး ပဋိသန္ဓေပြုတာနဲ့ သူက တရားလေးဘာလေးကို ဆွေးနွေးလိုက်တော့
တရားတစ်ထုံး နှစ်ထုံး၊ အဲဒီတရားတစ်ထုံးတစ်ဖွဲ့ပြေးသွားလိုက်တဲ့အပြေးလိုက်မှာ ဘုရားရှင်ကလဲပဲ မေးလိုက်တဲ့ဟာကို
ရှင်သာရိပုတ္တရာမထေရ်မြတ်ကြီးလက တစ်ထုံးတစ်ဖွဲ့လဲပြေးရော ခုနင်က ပန္ဒိတ ဆိုတဲ့ သာမဏေလေးလဲ အရဟတ္တမဂ်ကို
ဆိုက်သွားတယ်တဲ့။

24
www.mmcybermedia.com
ပြောချင်တာက ကောင်လေးတွေ ကောင်မလေးတွေ မင်းတို့ ရုပ်ဆိုးတဲ့ ကလေးတွေကလဲ မင်းတို့ရဲ့အခြေအနေကို
လက်ခံလိုက်စမ်းပါ။ ဆင်းရဲတယ်ဆိုလဲ လက်ခံလိုက်စမ်းပါ။ ပညာမတတ်ဘူးဆိုရင်လဲ လက်ခံလိုက်စမ်းပါ။ အဲဒါ လက်မခံဘဲနဲ့
လောကကြီးကို မနာကျည်းစမ်းပါနဲ့၊ ပတ်ဝန်းကျင်ကို မမုန်းတီးစမ်းပါနဲ့။ ကိုယ့်ဘဝကို ဝမ်းမနည်းစမ်းပါနဲ့။ အဲဒီကနေ
နောက်တစ်ဆင့်တက်ပြီး ကြိုးစားစမ်းပါ။ အဲဒီအပြင် ရုပ်ချောတဲ့ကလေးတွေ၊ ပန်ဝန်းကျင်က မျက်နှာသာပေးတဲ့ကလေးတွေကလဲပဲ
ဘယ်လိုစဉ်းစားရမလဲဆိုတော့ ငါတို့ဟာ ရုပ်ဆိုးတဲ့သူတွေတောင်မှ အောင်မြင်နေလို့ရှိရင် ငါတို့ဘာလို့ မအောင်မြင်နိုင်ရမှာလဲ၊
စိတ်မရှိတဲ့ရေတောင်မှ မြောင်းသွယ်လို့ လိုရာရောက်နိုင်သေးရင် စိတ်ရှိတဲ့ငါဟာ ဘာကြောင့် တစ်မဂ်တစ်ဖိုလ် မရောက်ဘဲ
နေနိုင်ရမလဲဆိုတဲ့ ရှင်ပန္ဒိရဲ့ အကြံအစည်ကို ရုပ်ဆိုးတဲ့ သူတွေတောင် လောကကြီးကို အောင်မြင်နိုင်သေးရင် ရုပ်လှတဲ့ငါတို့ဟာ
လောကကြီးကို ဘာကြောင့် မအောင်မြင်နိုင်ရမလဲဆိုတဲ့ စိတ်နဲ့ ကြိုးစားကြစမ်းပါ။ အားထုတ်ကြစမ်းပါ။ လောကကြီးကို
ရင်ဆိုင်ကြစမ်းပါလို့ ပြောရင်း နိဂုံးချုပ်လိုက်ပါတယ်။

အောင်သင်း

25

You might also like