You are on page 1of 43

vlxka':trm

jynfolcspfaom
tEkynmonfrsm;
owif;BuD;onfh

rif;orD;raxG;av;

jynfolcspfaomtEkynmonfrsm; tzGJU
https://www.facebook.com/groups/647233945371254/
aus;Zl;rSwfwrf;

- ပြည်သူချစ်သော Aနုပညာသည်များ Aဖွဲ့ facebook Group ကို Uီးမောင်မောင်သန်းက စတင်ထူထောင်ပြီး


လူထုဒေါ်Aမာရဲ့ ပြည်သူချစ်သော Aနုပညာသည်များ (စတုတ္ထAကြိမ် ပုံနှိပ်ခြင်း) စာAုပ်ကို scan
ဖတ်ပေးခဲ့ပါတယ်။

- ယခု မျက်နှာဖုံးမှ မထွေးလေး ပန်းချီပုံဟာ Uီးဝင်းဖေ ရေးဆွဲခဲ့တဲ့ပုံ ဖြစ်ပါတယ်။


ပြည်သူချစ်သောAနုပညာသည်များ စာလုံးကတော့ စတုတ္ထAကြိမ် ပုံနှိပ်ခြင်း စာAုပ်မှ ယူထားခြင်း ဖြစ်ပါတယ်။

- ယခု pdf စာAုပ်က စာလုံးပေါင်း သတ်ပုံကို စတုတ္ထAကြိမ် ပုံနှိပ်ခြင်းမူAတိုင်းပဲ ထားပါတယ်။

--- * * * ---
လူထုဒေါ်အမာ၏ ပြည်သူချစ်သောအနုပညာသည်များ သတင်းကြီးသည့်မင်းသမီးမထွေးလေး

မာတိကာ
မထွေးလေး အက .............................................................................................................. 4

မထွေးလေး ငှက်ညည်း........................................................................................................ 5

မထွေးလေးနှင့် ကျားကိုတုတ် ................................................................................................ 6

မထွေးလေး၏ ရုပ် .............................................................................................................. 7

သူ့ဘဝ...........................................................................................................................14

ကိုဘိုးကွန်း၏ မန်ကျည်းငုတ်တို တဘောင်သီချင်း......................................................................19

ဆရာကွန်း၏ (ကိုဒါသ သေခါနီး) မပဋာ မှာတမ်း .......................................................................20

မောင်သောန ငိုချင်း ...........................................................................................................22

အပျိုတော် မသုံကြီး ...........................................................................................................25

မထွေးလေး ဦးစိန်ကတုံး၊ ဦးစိန်ခိုတို့နှင့် တွဲကစဉ်က ၂ ပါးသွား သီချင်း .........................................32

အလှူပွဲများတွင် ဆိုသည့် ၈၀ ပေါ် တေးထပ်.........................................................................33

မင်္ဂလာဆောင်တွင် ဆိုသည့် ရတု .......................................................................................35

ထိုင်ဆို ရိုးရိုးတေးထပ် .....................................................................................................36

ဒေါ်ထွေးလေး၏ ကြာသီချင်း ............................................................................................37

ဆရာဉာဏ် နောက်ပိုး သီချင်း ...........................................................................................38

မထွေးလေး၏ လောကတန်ဆောင်ဘုရား ကျောက်စာ ................................................................39

1 | PDF by jynfolcspfaomtEkynmonfrsm; … tzGJU v.1.0 – February, 2015


လူထုဒေါ်အမာ၏ ပြည်သူချစ်သောအနုပညာသည်
ပညာသည်များ သတင်းကြီးသည့်မင်းသမီးမထွေးလေး

< ပုံ ၁ - ပန်းချီပုံ - ကိန္နရီကနေ ပုံ >

owif;BuD;onfh
rif;orD;raxG;av;
"မင်းသမီး ဆိုတာ မထွေးလေးတို့မှ တကယ့် မင်းသမီး ပီပေတာ ကလား" ဟူ၍ မထွေးလေးကို သိမှီလိုက်သည့်
သဘင်ပညာသည်တိုင်းက ချီးကျူးရသော မင်းသမီး မထွေးလေးမှာ... မန္တလေး သဘင်ခေတ် အနှစ် ၁၀၀ ၌
မယင်းတော်တ၊ို့ မဆင်ခိုးတို့၊ မကွမ်းငုံတို့ ပေါ်ခဲ့ပြီးသည့်နောက် တခေတ်တင
ွ် ပေါ်လာသည့် မင်းသမီး
ဖြစ်ပါသည်။

မန္တလေးအနှစ် ၁၀၀ သဘင်ခေတ်ကို အကြမ်းအားဖြင့် ၄ပိုင်းမျှ ပိုင်း၍ ကြည့်လျှင် မန္တလေး


မြို့တည်နန်းတည် မင်းတုန်း မင်းတြားနှင့် သားတော် သီပေါမင်းတို့ ခေတ်တင
ွ် နန်းတွင်း အီနောင်ဇာတ်၊
ရာမဇာတ် စသည်တို့ကို ကပြသည့် မယင်းတော်တို့၊ မကွမ်းငုံတို့၊ မဆင်ခိုးတို့၏ ခေတ်ကို မန္တလေး ပထမ
သဘင်ခေတ်၊ သို့မဟုတ် ရတနာပုံ သဘင်ခေတ်ဟု ခေါ်နိုင်ပါသည်။

မထွေးလေးတို့၊ ဆရာပုတို့ ခေတ်ကို မန္တလေး ဒုတိယ သဘင်ခေတ်ဟု ခေါ်နိုင်ပါသည်။ မြခြေကျင်း


ငွေမြိုင်တို့၊ ဩဘာသောင်းတို့၊ လေဘာတီမြရင်တို့၏ ခေတ်ကို မန္တလေး တတိယ သဘင်ခေတ်ဟု
ခေါ်နိုင်ပါသည်။ ယခု စစ်ပြီးကာလ ပန်တျာခေတ်ကို မန္တလေး စတုတ္ထ သဘင်ခေတ်ဟု ခေါ်နိုင်ပါသည်။

ပထမ သဘင်ခေတ်၌ မယင်းတော်တို့ ကျော်လှသည် လူကြိုက်များလှသည်ဟု ကြားဘူးပါသည်။


ယင်းတော်မြို့ကို အပိုင်စားရသူ ဖြစ်သည့် ယင်းတော်မလေးကို လူတွေက ချစ်စနိုးနှင့် မယင်းတော်ဟု
ခေါ်ခြင်းဖြစ်သည်။ သူ့ခေတ်နှင့် သူ့အခါ ကြိုက်ကြလွန်းသဖြင့် မယင်းတော်တို့များ လူ မဆိုထားနှင့်
"ယင်းတော်မလေး ပေါက်တဲ့ သေး၊ ကြက်သားဟင်းစော် မွှေး" သည်ဟူ၍ ပြောစမှတ် ရှိသည်ဟု ဆိုပါသည်။

မင်းသမီး မကြေးမျှင်မှာလည်း

"မသွေမရှောင်၊ တဖေတမောင်၊ ရနောင်လေ တယ်လို့ ဆိုး၊ ဆင်ခိုးလေး ကျမ၊ မရမက သူက ခိုး" ဟူ၍
ရနောင်မင်း သူ့ကို အနိုင်ကျင့်လိုက်ပုံများကို သီဆ၍
ို ကပြသည့်အခါ ပွဲကြည့် ပရိသတ်က မကြေးမျှင် ဟုပင်
မခေါ်တော့၊ "မဆင်ခိုး" ဟူ၍၄င်း "ဆင်ခိုးမလေး" ဟူ၍၄င်း ခေါ်ဆိုပြီး နှစ်ခြိုက်စွာ ကြည့်ရှုကြသည်ဟု
ဆိုပါသည်။

2 | PDF by jynfolcspfaomtEkynmonfrsm; … tzGJU v.1.0 – February, 2015


လူထုဒေါ်အမာ၏ ပြည်သူချစ်သောအနုပညာသည်များ သတင်းကြီးသည့်မင်းသမီးမထွေးလေး

မယင်းတော်တို့ ဆင်ခိုးမလေးတို့ ခေတ်အပြီးတွင် မထွေးလေးတို့ ပေါ်လာသည်။ မထွေးလေးသည်


ပထမပိုင်း၌ မြေဝိုင်းနှင့် ကသည်။ နောက်ပိုင်း၌ မြေဝိုင်းမှ ဇာတ်ခုံပေါ် ကိုဘိုးကွန်းနှင့် အတူ တက်လာသည်။
ထို့ကြောင့် မြေဝိုင်းမှ ဇာတ်စင်အတက် စပ်ကူးမတ်ကူး ကာလတွင် ကခဲ့သူ၊ ဇာတ်စင်နှင့် ဇာတ်သဘင်ကို
တီထွင် သွားကြသူများ ဖြစ်ပါသည်။

ကျွန်မတို့က မထွေးလေးတို့ ခေတ်ကို မသိမှီ လိုက်ပါ၊ မထွေးလေး မရှိသည့်နောက် ဒုတိယ ကမ္ဘာစစ်


မတိုင်မီက မန္တလေး တတိယ သဘင်ခေတ် ကိုသာ သိမှီပါသည်။ သို့သော် ကျွန်မတို့ သိမှီသည့် သဘင်
တခေတ်လုံးမှ မင်းသမီးတိုင်းက "မမထွေး၊ အမေထွေး၊ မေမေထွေး" စသဖြင့် သဘင်ပညာနှင့် ဆိုင်လျှင်
သူသာလျှင် စံနမူ၊ သူသာလျှင် ဆရာ၊ သူ့ ပညာရိပ်ကို ခိုလှုံ ကပြရပါသည် ဆိုသော စကားမျိုးကိုချည်း ပြောသံ
ကြားရပါသည်။ ထိုစကားကို ဖိုးစိန်တို့၊ အောင်ဗလတို့က စ၍ မြိန်မြိန်ရှက်ရှက်ကြီး ပြောဆိုကြသည် ကိုလည်း
ကြားဘူးပါသည်။

စစ်ပြီးခေတ် မန္တလေး စတုတ္ထ သဘင်ခေတ်တွင်ကား အမေထွေး အက၊ အမေထွေး အမူအရာ၊


အမေထွေး ထမီနားခတ်ပုံ စသည်များကို ပြောသံ မကြားရတော့၍ အမေထွေး၏ ဩဇာ တိုက်ရိုက် စူးရှမှုကား
မရှိတော့။ သို့ရာတွင် မန္တလေး ပန်တျာကျောင်း၌ အက နည်းပြနေသည့် ဆရာမကြီး ဒေါ်ဩဘာသောင်းမှာ
အမေထွေးကို မှီသူ၊ အမေထွေးထံ၌ တပည့်ခံ နည်းယူဘူးသူ၊ အမေထွေး၏ ဟန်ကလေးများနှင့် အကကို
ကြိုးစား အတုယူခဲ့သူ ဖြစ်၍ ဒေါ်ဩဘာသောင်း သင်ကြားပေးသဖြင့် နာမည် ကျော်ကြားနေသော မခင်စိန်၊
အမာစိန်၊ နွဲ့နွဲ့စန်းတို့မှ အစ မန္တလေး ပန်တျာထွက်များ အားလုံး အမေထွေး ဩဇာ ဒေါ်ဩဘာသောင်းမှ
တဆင့် ဝင်လျက်ပင် ရှိနေပါသေးသည်။

မထွေးလေးသည် မင်းသမီးတယောက် အနေနှင့် စွယ်စုံသူ ဖြစ်ပါသည်။ သဘင်ပညာသည် တဦး


ကျော်သည်ဆိုလျှင် ယုတ်စွာ့အဆုံး တခုကောင်း ရှိရပါသည်။ မထွေးလေးတို့ သိပ်ကျော်ခြင်းမှာ တခုမက
စွမ်းသည့် အရည်အသွေးတွေ ရှိသောကြောင့် ဖြစ်ပါသည်။

မထွေးလေး အက၊ မထွေးလေး ဟန်အမူအယူ၊ မထွေးလေး ဇာတ်စီးပုံမျိုးကား ယနေ့အထိ သူ့ကိုမှီသူ


မပေါ်သေး၊ နောင်လည်း ပေါ်ဖို့မလွယ် ဟူ၍ သဘင်ရည် ဝသူတိုင်းက ဝန်ခံကြသည်။

3 | PDF by jynfolcspfaomtEkynmonfrsm; … tzGJU v.1.0 – February, 2015


လူထုဒေါ်အမာ၏ ပြည်သူချစ်သောအနုပညာသည်များ သတင်းကြီးသည့်မင်းသမီးမထွေးလေး

မထွေးလေး အက

မင်းသမီးများ အကနှင့် ပတ်သက်၍ မထွေးလေးသည် 'မထွေးလေးက' ဟူ၍ ကိုယ်ပိုင် အက


သတ်သတ်မှတ်မှတ် တီထွင်နိုင်သည့် မင်းသမီး ဖြစ်သည်။ ဗမာ အကပညာတွင် ကိုယ်ပိုင်မူ ဟူ၍
တီထွင်နိုင်သူမှာ များများ မရှိ၊ မိန်းမထဲမှ မထွေးလေး၊ ယောက်ျားထဲမှ ဦးစိန်ကတုံးနှင့် ကိုရာပြတ် တို့သာ
ရှိသည်ဟူ၍ သဘင်ပညာသည် တို့၏ ပြောစမှတ် ရှိသည်။ မထွေးလေး အကများသည် အဆစ်ကျိုးလှသည့်
အပြင် မထွေးလေး၌ သူများ တု၍ မရ၊ လိုက်၍ မမှီသော အချက်တချက် ရှိသည်။ ထိုအချက်မှာ ဟန်အမူအရာ
မင်းသမီးကဲ ပါလှခြင်း၊ နွဲ့နွဲ့နောင်းနောင်း ရှိလွန်းခြင်း၊ ကိုယ်နေလက်ထား လှပလွန်းခြင်း၊ အနေအထိုင်
တတ်လှခြင်းပင် ဖြစ်ပါသည်။

မထွေးလေးကို ဇာတ်ခုံပေါ်၌ ကြည့်လိုက်မည်ဟု ဆိုလျှင် က မနေသည့် အခါ ဖြစ်လင့်ကစား


သူရပ်နေပုံ၊ သူထိုင်နေပုံ၊ သူစကားပြောနေပုံ များက မင်းသမီးကဲ အလွန်ပါသည်။ မင်းသမီးမှင်
အလွန်ကောင်းသူ ဖြစ်ပါသည်။ ဘာကမှ သူက ရိုးရိုးကြီး မလုပ်တော့။ ဥပမာ ဇာတ်ခုံပေါ်၌ မတ်တတ်
ရပ်နေသည် ဆိုပါစို့၊ မင်းသား အပါးတွင် ရပ်ရသည် ဖြစ်စေ၊ လူပြက် အပါးတွင် ရပ်သည် ဖြစ်စေ၊ ရပ်နေလျှင်
မထွေးလေးက ဘယ်တော့မှ ခြေစုံမရပ်၊ မတ်မတ်ကြီးလည်း မနေ၊ ခြေတဖက်ကို ဖနောင့်က ကြွ၍
ဒူးကိုညွှတ်ပြီး ကိုယ်ကလေးကို ယို့၍ ထားပြီးမှ ခေါင်းကလေးကပါ မော့၍ ရပ်သည်။ ထို့ကြောင့်
သူ့အမူအရာသည် ထောင့်ထောင့်အောင့်အောင့် မိုးတိုးမတ်တတ်ကြီး မနေ၊ နွဲ့နွဲ့နောင်းနောင်းနှင့်
မခို့တယို့ကလေး ဖြစ်နေသည်။ မထွေးလေးသည် သူ့ရင်ကလေးကို အမြဲတမ်း ချီ၍ ထားသည်။ ရင်ကလေး
ချီထားသောကြောင့် မထွေးလေး လှုပ်ရှား သွားလာပုံများသည် ရုပ်သေး မင်းသမီး ရုပ်ကလေးနှင့် တူသလားဟု
အောက်မေ့ရသည်။ သို့သော် ဤသို့လည်း မတူပါ၊ မထွေးလေး၏ ကိုယ်ပိုင်ဟန်ကလေး တမျိုးသာလျှင်
ဖြစ်ပါသည်။

မထွေးလေး၏ ကကြိုးများ အနက် ကိန္နရာကသည် အလွန် ကျော်ပါသည်။ သဘင် ပညာသည်ကြီး


အားလုံးက တညီတညွတ်တည်း ပြောပြချက်အရ မထွေးလေး၏ ကိန္နရာကမျိုး ဘယ်သူမှ မကတတ်ကြတော့
ဟူ၍ သိရပါသည်။

မထွေးလေးသည် မယ်ရဋ္ဌ၊ မနောဟရီ၊ ဒွေးမယ်နော် ဟူ၍ ခေါ်ကြသည့် ကိန္နရီ ငွေတောင်ပြည်


ပြန်ခဏ်း ကိန္နရီဇာတ်ကို ကတတ်သည်။

ယခုကာလ မင်းသမီးများလည်း ကိန္နရာကများ ကကြပါ၏၊ သို့သော် ၄င်းတို့ ကသည်မှာ လက်တွင်


ငှက်တောင်ပံ တပ်၍ထားပြီး လက်ဝါးခါ ပြနေခြင်းသာ ဖြစ်သည်။ အလွန်ဆုံး ကတတ်လှပါသည် ဆိုမှ ကိန္နရာ

4 | PDF by jynfolcspfaomtEkynmonfrsm; … tzGJU v.1.0 – February, 2015


လူထုဒေါ်အမာ၏ ပြည်သူချစ်သောအနုပညာသည်များ သတင်းကြီးသည့်မင်းသမီးမထွေးလေး

အဆင်းလောက် သာလျှင် ကတတ်ကြသည်။ မထွေးလေး ကသည့် ကိန္နရာကမှာ ကိန္နရာကလေး အထက်သို့


ပျံတက်တော့မည် ရှိသည့်အခါ၌ ကိန္နရာ ရင်ခွဲက ဟု ခေါ်သော အတောင်ပံကို အရှိန်ယူ၍ ခတ်ပျံဟန်
ခတ်ကသည့် အက ဖြစ်၍ ဟန်မှာ တကယ် ထပျံတော့မည့် ငှက်ကဲ့သို့ ရှိပြီး အလွန် ကြည့်ကောင်းသည်။

မထွေးလေး ကိန္နရာ ပျံမည် ရှိသည့်အခါ သီဆိုသည့် သီချင်းကလေး ရှိပါသေးသည်၊ ထိုသီချင်းများကို


ငှက်ကျူး ဟူ၍ ၄င်း၊ ငှက်ညည်း ဟု၎င်း ခေါ်သည်။

မထွေးလေး ငှက်ညည်း

"ဖီလာ မြောင်ကာ ဆီးပါလို့၊ တောင်ကြီးရယ် ညိုညို၊ အလွမ်းငယ်ပို၊ လေချိုရယ်မှ သွေးတယ်


သွေးတယ်၊ သွေးတယ် သွေးတယ်၊ သွေးတယ် သွေးတယ်လေး... တော့ အဝေး။

"ဟို ကမ်းပါးယံ တောင်ထက်က မယ်ဇက်ကယ့် ခေါ်ယောင်၊ ရွှေဖိုးခေါင် လွမ်းအောင် ခုနော်၊


လွမ်းချင်းငယ်ဖေါ်၊ ကြွေးကြော်သံရင့်၊ ကျူးတယ် ကျူးတယ်၊ ကျူးတယ် ကျူးတယ်၊ ကျူးတယ်
ကျူးတယ် လေး... တော့ အဝေး။

"သစ်ဆင့် သဇင်, ဂမုန်းအင် သဇင်လှိုင်ပျံ့ မွှေးတယ် မွှေးတယ်၊ မွှေးတယ် မွှေးတယ်၊


မွှေးတယ် မွှေးတယ် လေး... တော့ အဝေး။

"ယောက်ဖ ခွေးခေါ်၊ ယောက်ဖ ခွေးခေါ်... ဖိုးခေါင်ကျော်၊ ကြင်ဖော်မဲ့လျငယ်၊ ဆွေးတယ်


ဆွေးတယ်၊ ဆွေးတယ် ဆွေးတယ်၊ ဆွေးတယ် ဆွေးတယ် လေး... တော့... အဝေး"

< ပုံ ၂ - ဓာတ်ပုံ - ကိန္နရာ အဆင်အယင်နှင့် မထွေးလေး ပုံ >

ငှက်ညည်း တပိုဒ်ဆုံးလျှင် ဆိုင်း တချက်ဝင်၍ တောတီးပေးသည်၊ ထိုအတောနှင့် မထွေးလေးက ထ၍


ပျံမည့်နှယ်၊ ပျံနေလေသည့်နှယ်၊ ဆင်းလာမည့်နှယ် ကသည်။ သီချင်း ၄ ပိုဒ် ဆုံးသည့်အခါ ဆိုင်းက
ကြိုးတီးပေးပြီး ကြိုးနှင့်တခါ ကပြန်သည်။

5 | PDF by jynfolcspfaomtEkynmonfrsm; … tzGJU v.1.0 – February, 2015


လူထုဒေါ်အမာ၏ ပြည်သူချစ်သောအနုပညာသည်များ သတင်းကြီးသည့်မင်းသမီးမထွေးလေး

ဇာတ်လမ်းတွင် ပုဏ္ဏားက ကိန္နရာ လည်ချောင်းသွေးနှင့် ယဇ်ပူဇော်မည် ဆိုသောကြောင့် လင်သည်


မင်းသား စစ်ထွက်နေခိုက် သားငယ်ပစ်ပြီး ပုဏ္ဏားရန်မှ လွတ်ကင်းစေရန် ငွေတောင်ပြည် ပြန်ပြေးရမည့်
အခဏ်း၌ ကိန္နရာက ကခြင်း ဖြစ်သည်။ ကသည့်အခါ ငွေတောင်ပြည် ပြန်အံ့ငှါ ဇာတ်သေတ္တာ ၂ လုံး
ဆင့်ထားသည့် အပေါ်သို့ ကိန္နရာ ရင်ခွဲ တောင်ပံခတ် အကဖြင့် ပျံတက်လိုက်၊ သားကို မပစ်ခဲ့ရက်၍
လှည့်ကြည့်လိုက်၊ ရင်ခတ်ပျံ၍ ဝဲပြန် ဆင်းလာလိုက်၊ ပုဏ္ဏားက လိုက်ပြန်သည်၌ သေဘေးကြောင့်
ပျံပြေးလိုက်နှင့် ကသည်။ မထွေးလေးသည် အသက် ၄၀ ကျော်သည့်တိုင် ဇာတ်သေတ္တာ ၂ လုံးဆင့်ကို ကရင်း
ပျံဝဲ တက်နိုင်သည်၊ ကရင်း ပျံဝဲ ဆင်းနိုင်သေးသည်။

ကိန္နရာ ပျံတော့မည် ဆိုသည့်အခါ မထွေးလေးက ခေါင်း၌ ကိန္နရာခေါင်း စည်းပုံကို ဆောင်းပြီး


လက်တွင် ငှက်မွေးကလေးများနှင့် ကိန္နရာတောင် ၂ ခုကို တပ်ထားသည်။ ပုဝါကို ခါးစည်း၍ ကိုယ်ရှေ့ပိုင်းတွင်
ကိန္နရာအုပ် တပ်ပြီး နောက်ပိုင်း၌ ခြူလုံးကလေးများ ချိတ်ဆွဲထားသော ကိန္နရာမြီး တပ်ထားလေသည်။

မထွေးလေး ကိန္နရာ ကသည့်အခါ လှည့်၍ ကြည့်လိုက်သည့် ငှက်ကြည့် သဏ္ဍာန်၏ လည်တိုင်


ထားပုံမှာ အလွန်လှ၍ တကယ် ငှက်ကလေးလားဟု ထင်မှတ်ရသည်။

မထွေးလေးနှင့် ကျားကိုတုတ်

မထွေးလေးနှင့် ကိုဘိုးကွန်းတို့သည် ရွှေဖျဉ်းကြီး၊ ရွှေဖျဉ်းငယ် မင်းညီနောင် ဇာတ်ကိုလည်း ကတတ်သည်။


ထိုဇာတ်၌ မထွေးလေးက မယ်ဥ လုပ်သည်။ မယ်ဥကို ကျားချီခဏ်း၌ ကျားပါးစပ်တွင် မထွေးလေး
ကိုယ်ကလေး ကော့၍ ပါသွားပုံမှာ အလွန် သရုပ်ပါပြီး အလွန် တူသည်၊ အလွန် ကြည့်ကောင်းသည်ဟု
ပြောကြပါသည်။ ကျားကိုတုတ် ဆိုသူကလည်း ကျားလုပ်ရာတွင် ရှာမှရှားသူ၊ သူ့နောက်တယောက်
ထပ်မပေါ်သူ ဖြစ်ပါသည်။ ကျားခေါင်းကို စွပ်၍ ကျားရေကို ဝတ်လျက် ကျားလုပ် ထွက်လာပြီး ရက်ကန်း
စင်ပေါ်က မင်းသမီးကို ဆွဲရန် ချောင်းနေပုံ၊ ရက်ကန်း စင်ပေါ်မှ မယ်ဥကို ဝင်ဆွဲပုံ၊ ချီမ သွားပုံ၊ မယ်ဥကို
မစားသေးဘဲ ကစားနေပုံများမှာ အလွန်ကောင်း အလွန်တူသည်၊ မထွေးလေးကလည်း ကျားအချီခံပုံ
အလွန်ကောင်းသည်၊ အမူအရာဖြင့် ရှားပါသည်ဟု ပြောယူရသည့် အခဏ်း ဖြစ်သည်။

6 | PDF by jynfolcspfaomtEkynmonfrsm; … tzGJU v.1.0 – February, 2015


လူထုဒေါ်အမာ၏ ပြည်သူချစ်သောအနုပညာသည်များ သတင်းကြီးသည့်မင်းသမီးမထွေးလေး

မထွေးလေး၏ ဟန်ပန် အမူအရာများနှင့် ပတ်သက်၍ သူ့နောက်မှ ပေါ်သည့် မင်းသမီးတွေက


သူ့အတုမျိုး ရအောင် အများကြီး ကြိုးစားကြသည်။ သို့သော် မထွေးလေး အတိုင်းဘဲဟု ပြောနိုင်အောင်
အတူလုပ်၍ မရကြဘဲ ရှိပါသည်။

မထွေးလေး၏ ထမီနားခတ်ပုံကိုပင် အတူလုပ်၍ မရအောင် ရှိသည်။ ဥက္ကလာအေးကြည်သည်


မထွေးလေး ဟန်ကလေးမျိုး ထမီနားဆွဲ၍ မေးထိုးသည့်အခါ တူသည်ဟု ပြောကြသည်။ ဩဘာသောင်း ရင်ချီ
ထားပုံနှင့် ထမီနား ခတ်ပုံမှာ မထွေးလေး၏ ဟန်ကလေးမျိုးဟု ဆိုကြသည်။

ထမီနား ခတ်ပုံနှင့် ပတ်သက်၍ ဒေါ်ဩဘာသောင်းက မထွေးလေး၏ ထမီနား ခတ်ပုံမှာ အလွန်လည်း


ယဉ်သည်၊ အလွန်လည်း အကဲပါသည်၊ ယခုခေတ် ရန်ကုန် မင်းသမီးများသည် ထမီနားကြီး ၂ တောင်လောက်
ရှည်အောင် တပ်၍ ကနေကြသည်။ ဤမျှ ရှည်လျားသည့် ထမီနားကြီးကို ခတ်က၍ မရတော့ ဝဲအောင်လုပ်ပြီး
ကရသည်၊ ဝဲအောင် လုပ်ရသည့်အခါ ခြေထောက်ကို ကား၍ ဒူးကို ဖြဲပြီး ဝဲနေအောင် လုပ်ယူရသည်။ ထမီ
ဝဲစေခြင်းသည် ထမီနား ခတ်သလို မလှ၊ မင်းသမီး ကရာနောက်သို့ ထမီနားကြီး ဝဲလိုက် လာသဖြင့်
မျက်စိရှုပ်ခြင်း၊ ခြေထောက်ကား ဒူးဖြဲ ဝဲရသဖြင့် အရုပ်ဆိုးခြင်းများပင် ဖြစ်စေသေးသည်၊ မထွေးလေး၏
ထမီနား ခတ်ပုံမှာ ခြေထောက်ဖြင့် ထမီအနားကို နောက်မှနေ၍ ခတ်ပြီး ပင့်ကခြင်း ဖြစ်၍ လှသည်၊
ခတ်လိုက်သည့် ထမီနားကို လက်ဖျားကလေးနှင့် ဖမ်းကောက်ခြင်း ဖြစ်၍လည်း ယဉ်သည်။ မထွေးလေးသည်
ပတ်မချက်နှင့် မလွတ်အောင် ခြေခတ်နိုင်သည့် မင်းသမီးလည်း ဖြစ်သည်ဟု ပြောပါသည်။

မထွေးလေး၏ ရုပ်

မထွေးလေးမှာ အကကောင်းပြီး အမူအရာရော ပါသည့် မင်းသမီးသာလည်း မဟုတ်သေး၊ ရုပ်ကလည်း


ချောသေး၍ သူ့ရုပ်တွင် မျက်လုံးက ထူးထူးကဲကဲ ဖမ်းစားနိုင်စွမ်း ရှိသည့် မင်းသမီး ဖြစ်ပါသည်။

မထွေးလေးမှာ ကိုယ်လုံးကိုယ်ပေါက် အလွန်လှသည်၊ အရပ်မှာ လုံးတန် ရပ်တန်၊ အသား


လတ်လတ်နှင့် မိန်းမချော မိန်းမလှ ဖြစ်သည်။ ခြေကလေး လက်ကလေး သေးသွယ်သည်။ မဟာနဖူး ထား၍
နှာခေါင်းပေါ်၌ မှဲ့ကြီးတလုံး ရှိသည်။ နှာတံပေါ်၍ မျက်လုံးက အထူးလှပြီး မျက်အိမ် မို့မို့နှင့် သမင် မျက်လုံးမျိုး
ဖြစ်ပါသည်။ ရွာစား စိန်ဗေဒါကြီး၏ ဇနီး မင်းသမီး ဒေါ်စိန်မေကမူ မထွေးလေး၏ ပညာရည်ကို ချီးကျူးသလို
ရုပ်ရည်ကိုလည်း အထူး ချီးကျူးသည်၊ အမူအရာကိုလည်း အင်မတန် ချီးကျူး ပြောဆိုပါသည်။ ဒေါ်စိန်မေက
မထွေးလေးတို့ လှသည်မှာ အလှ အင်္ဂါရပ်တွေ စုံစုံညီညီနှင့် လှသည့် မိန်းမဖြစ်သည်။ နဖူးကျပုံ၊ နားနောက်က

7 | PDF by jynfolcspfaomtEkynmonfrsm; … tzGJU v.1.0 – February, 2015


လူထုဒေါ်အမာ၏ ပြည်သူချစ်သောအနုပညာသည်များ သတင်းကြီးသည့်မင်းသမီးမထွေးလေး

ဆံပင်နေပုံ ဆံအိတ်ကျပုံက အစ လှသည်၊ ကိုယ်လုံး ကိုယ်ပေါက်ကလည်း အလွန်လှသည့် မိန်းမ ဖြစ်သည်။


အသံကလည်း ချိုသည်၊ သူ့အလှတကာ ထဲတွင် အထူးကဲဆုံးမှာ မျက်လုံးဖြစ်၍ သူ့မျက်လုံးဒဏ်ကို ခံနိုင်သူ
ရှားလိမ့်မည်ဟု ပြောပြပါသည်။

< ပုံ ၃ - ဓာတ်ပုံ - အဟူဂျာ ဓာတ်ပုံတိုက်က ရိုက်ရောင်းသည့် မထွေးလေးပုံ >

ဒေါ်စိန်မေနှင့် မထွေးလေးတို့သည် တခါက ဧည့်ခံပွဲ တခု၌ အတူ သီချင်းဆိုဘူးသည်။ ထိုစဉ်က


မထွေးလေးက သီချင်းဆိုသည့် နေရာမှ နေ၍ "မစိန်ရေ ကြည့်နော်၊ ဟိုနား ထိုင်နေတဲ့ နားခံတော်မင်း ငါ့ အနား
ရောက်လာအောင် ငါ ဒီကနေပီး လုပ်လိုက်မယ်"ဟု ရယ်၍ ပြောပြီး မျက်လုံးနှင့် ခေါ်ယူလိုက်ရာ၊
နားခံတော်မင်းသည် ထိုင်ရာမှ တကယ်တမ်း ထ,လာသည်ကို ကြုံရဘူးသည်။ မိန်းမက လှလည်းလှ၊
တတ်လည်းတတ်၊ ဆော့လည်း ဆော့၍ သူနှင့်တွေ့လျှင် ဘယ်ယောက်ျားမှ မတိမ်းမပ်ဘဲ မနေနိုင်အောင်
ဖြစ်ရသည်။ သူ့ကို ယောက်ျားတွေ အရူးအမူး ဘာ့ကြောင့် စွဲရသည်ကို သူ့ တခါကြည့်ဘူးလျှင်တော့
သဘောပေါက်နိုင်ပါသည်။

မထွေးလေးနှင့် ကိုဘိုးကွန်းတို့ အကြောင်းပါ ကြသည့်အခါ မင်းသား ကိုဘိုးကွန်းမှာ လူပျို မဟုတ်ပေ၊


မယားကြီး ရှိလေသည်။ ဤကိစ္စကို မယားကြီးက သိသည့်အခါ ပွဲကရင်း မင်းသမီးနှင့် ငြိခြင်းမျှလောက်
သဘောထားပြီး မင်းသား၏ အရပ်သူ ဇနီးက ခပ်အေးအေးပင် နေသည်။ တနေ့သော် မထွေးလေး
ပွဲကသည်ကို မယားကြီးက လာ၍ ကြည့်သည်။ ပွဲကြည့်မိ၍ မထွေးလေးကို မြင်သည့် အခါတွင်ကား
ပွဲလယ်ခေါင်မှာပင် "ကျုပ်ဆီတော့ ပြန်လာတော့မှာ မဟုတ်ပါဘူးတော့" ဟုဆို၍ အော်ငိုပြီး တက်သွားသည်ဟု
ဒေါ်စိန်မေက ပြောပြပါသည်။

မထွေးလေးမှာ အသံကောင်းကြီး မဟုတ်ပါ။ သို့သော် အဆိုတတ်သူ ဖြစ်ပါသည်။ ထို့ကြောင့်


အသံကောင်းကြီး မဟုတ်ဘဲနှင့် တပွဲလုံးကို သူ့အသံက လွှမ်းသွားအောင် ဆိုနိုင်ပါသည်။ ထို့ပြင် သူ့ဖာသာ
ဆိုရုံသာ ဆိုတတ်သည် မဟုတ်သေး၊ သူများကိုလည်း ဆိုတတ်အောင် သင်ပေးနိုင်သည့် မင်းသမီး ဖြစ်ပါသည်။

ယောက်ျား မင်းသမီးကြီး အောင်ဗလတို့၊ အငြိမ့် မင်းသမီး ဩဘာသောင်းတို့မှာ အသံ မရှိသည့်


မင်းသမီးများ ဖြစ်ကြသည်။ အသံ မရှိဘဲနှင့် သီဆို၍ ရအောင် မည်သို့ ဆိုရသည်ကို မထွေးလေးက
သင်ပေးသည်။ အောင်ဗလ ငိုသည့်အခါ သံမှန်နှင့် မငိုဘဲ ဆစ်ကြီးသံနှင့် အငိုခိုင်းသူမှာ မထွေးလေးပင်
ဖြစ်သည်။

8 | PDF by jynfolcspfaomtEkynmonfrsm; … tzGJU v.1.0 – February, 2015


လူထုဒေါ်အမာ၏ ပြည်သူချစ်သောအနုပညာသည်များ သတင်းကြီးသည့်မင်းသမီးမထွေးလေး

မထွေးလေးသည် သီချင်း အဆိုတတ်သည်နှင့် အတူ အပြောပါမှုကလည်း အလွန် အရေးရောက်


ပါသည်။

မင်းသမီး လုပ်လျှင် လူ့ဘဝကို ချေးခါး အူမ သိရန် လိုသလို ဘဝသရုပ်ကို ဖော်တတ်ဖို့လည်း


လိုပါသည်။ မထွေးလေးသည် ဘဝသရုပ်ကို ပါးစပ်ဖြင့် ၄င်း၊ ဟန်အမူအရာဖြင့် ၄င်း ကွက်စေ့ ဖော်နိုင်စွမ်းသူ
ဖြစ်သည်။

မထွေးလေး ဇာတ်ကွက် ဇာတ်လမ်း ဖော်သည့်အခါ ပြောပေါက် ဆိုပေါက်က အလွန်ကျ၍


အလွန်လည်း ကောင်းသည့် အပြောမျိုးကို ပြောနိုင်သည်။

မထွေးလေး ကသည့် လွမ်းခဏ်းတွေမှာ ငိုချင်းတွေ အများကြီး ဆို၍ ငိုနေသည် မဟုတ်ပါ။ အလွန်ဆုံး


ဆိုလှပါသည် ဆိုမှ ၃ ပုဒ်မျှ ရှိသည်။ သို့သော် ပြောငိုဟု ခေါ်သည့် အပြောနှင့် ငိုချင်းမျိုးကား ၄ ပုဒ်လောက်
ငိုသည်။ မထွေးလေး ပြောပုံ၊ အသံနေ အသံထားနှင့် လေယူ လေသိမ်းမှာ ကြည့်ရသည့် ပရိသတ်၏ ရင်ထဲ၌
လှပ်လှပ် လှပ်လှပ် ဖြစ်လာပြီး တကယ် လွမ်းလာ စေပါသည်။ မထွေးလေးက သူ့ ရင်ထဲမှ တကယ်
လှိုက်လှိုက်လှဲလှဲ ရှိသည့် အရှိုက် အပင့်ကလေးများဖြင့် ပြောဆိုခြင်း ဖြစ်၍ ဇာတ်ခုံပေါ်တွင် အတူတူ
ကနေကြသူချင်းသော်မှ မနေနိုင် မျက်ရည်ကျရလေသည်။

မင်းသမီး ဖြစ်စေ၊ မင်းသား ဖြစ်စေ အသံကောင်းသူ ဆိုလျှင် ငိုချင်းကို နားထောင်၍ ကောင်းအောင်


ငိုနိုင်ကြသည်။ သို့သော် ပွဲကြည့်သူ၏ ရင်ထဲ၌ တကယ် လွမ်း၍ လာအောင်၊ လှိုက်လာအောင် လုပ်သည့်
ပညာမှာ အသံနှင့် မဆိုင်ပေ။ လေတည် လေထား လေယူ လေသိမ်း အရှိုက် အပင့် အဖြတ် အတောက် အခိုက်
အမဲ့နှင့် ဆိုင်သည်။ မထွေးလေးက ပွဲကြည့်၏ ရင်ထဲ အဟုတ် လွမ်းလာအောင် အသံနှင့် ပြုစားနိုင်စွမ်းသူ
ဖြစ်သည်။

မထွေးလေး ကတတ်သည့် ဇာတ်များအနက် ပဋာစာရီ ဇာတ်၌ သားအငယ် စွန်ချီ၍ သားအကြီး


ရေနစ်သည့် အခဏ်းတွင် သား ၂ ယောက်လုံး ဆုံးသဖြင့် လွမ်းတသော မိခင် အဖြစ်နှင့် မထွေးလေး ပူပုံ
ဖမ်းသည့်အခါ မထွေးလေး၏ အပြောအဆို၊ အရှိုက်အမဲ့၊ အသယ်အပိုးများ ကောင်းလွန်းသဖြင့် ဇာတ်ခုံပေါ်တွင်
အတူ က,နေကြသူများပင် မနေနိုင်၊ မျက်ရည် ကျရသည်ဟု ပြောစမှတ် ရှိပါသည်။

သားအငယ် ငှက်စွန်ချီ၍ သားအကြီး ရေနစ်သည့်အတွက် ပရိဒေဝမီး တောက်သည့် မိခင် အဖြစ်၌


မထွေးလေး ပြောငို ဆို၍ ငိုသည့် သီချင်းကလေး တပုဒ်မှာ...

9 | PDF by jynfolcspfaomtEkynmonfrsm; … tzGJU v.1.0 – February, 2015


လူထုဒေါ်အမာ၏ ပြည်သူချစ်သောအနုပညာသည်များ သတင်းကြီးသည့်မင်းသမီးမထွေးလေး

"အမေလေး... ငါကြုံတွေ့ရ ရင်ငွေ့ လှုံရယ်လေ၊ မျက်နှာရွှေစင် ကြေးမုံပြင် ထင်တရေး၊


မှန်ပုံပြင် မေမြင်သေးလို့၊ မေလေးငယ်မှ မယ့်ရှင်၊ ခေါ်သံလိုသား အမေ့နား ကြားကာငယ်ထင်၊
မိခင်ဖြေလို့ ပြေနိုင်ဘဲ၊ ဘယ်တိတ်နိမိတ် ဘယ်အရိပ်လဲ တဆိတ်ကမှ မပြ၊ အမေလေးရဲ့ ထုံးဆံခွေ
ရေမှာချလို့ ဆုံးစငယ်မှ တိုင်တိုင်၊ မမြင်လုံးလုံး လမ်းစ,ငယ် တုံးလို့ ဆုံးရှာလေ၊ မွေးအမေ ငါ
အူကွဲရချီတော့မယ် မောင်ရဲ့ မူပုလဲလေ အေး... ဟေ့" ဟူ၍ ဖြစ်သည်။

မထွေးလေး၏ ပညာရည်နှင့် ပတ်သက်၍ ဇာတ်ဆရာ ဦးဘိုးစိန် ပြောဘူးသည့် စကားတစ်ရပ်မှာ


"အမေထွေး ငိုတဲ့ ငိုချင်းမျိုး ခုနေ ငိုပြယင် ဆိုင်းသမားက တီးလုံးမှတ်လို့ လိုက်တီးလိမ့်မယ်" ဟူ၍ ဖြစ်သည်။

အဓိပ္ပါယ်မှာ အမေထွေးသည် အသံကို အလွန် နိုင်နင်းသည့် မင်းသမီး ဖြစ်သဖြင့် ငိုချင်းပင်


ဖြစ်လင့်ကစား သူ ထည့်ချင်သည့် အသံများ ထည့်၍ ငိုနိုင်သူ ဖြစ်သည်။ ထို့ကြောင့် သူငိုသွားသည့် ငိုချင်း
တပုဒ်သည် အခြား မင်းသမီး မင်းသားတို့ သမရိုးကျ ငိုနေကျ အသံများနှင့် အများကြီး ခြားနားလိမ့်မည်။
ဤအသံမျိုးနှင့် ငိုသည်ကော ဟူ၍ ဆိုင်းဆရာက မကြားဘူးလေသောကြောင့် သီချင်း အသံသစ်၊
တီးလုံးတီးကွက် အသစ်အဆန်းဟု ထင်မှတ်သဖြင့် ထိုအသံကို လိုက်တီးနေမိလိမ့်မည်ဟု ပြောခြင်း
ဖြစ်ပါသည်။

မထွေးလေး ခင်းသည့် ပဋာဇာတ်၌ သား ၂ ယောက်လုံးကလည်း သေ၊ လင်သည်ကလည်း


မြွေပေါက်သဖြင့် ဆုံးပြန်သောကြောင့် သားသေ လင်ဆုံး လူလုံး မလှမပဖြင့် မိဘရပ်ထံ ပြန်၍လာသည်၊
မိဘတို့၏ မြို့အဝင်၌ ရပ်ရွာထဲမှ အသိ အဘိုးကြီး ၂ ဦးနှင့် လမ်းတွင် တွေ့သည်၊ တွေ့သည့်အခါ ပဋာက...

"ဘကြီးတို့ ဘယ်က လာကြသတုံး၊ အမေတို့ အဖေတို့ နေကောင်းကြရဲ့ မှုတ်လား" ဟု မေးသည်။


အသိများက...

"ဟဲ့ - အမယ် နင် ပဋာ မဟုတ်လား နင်ဘာမှ မသိဘူးပနော်... "

"ဘာတုံး ဘကြီးရဲ့ မသိပါဘူး အမေတို့ အဖေတို့ နေကောင်းကြရဲ့ မှုတ်လားတော့"

"အော် - ပဋာ - ပဋာ ဒို့ အခု အသုဘက မီးသင်္ဂြိုဟ်ပြီး ပြန်လာခဲ့တာ၊ မနေ့ညက လေကြီးမိုးကြီး ကျလို့
တိုက်ပြိုတာနဲ့ နင့်အမေရော၊ နင့်အဖေရော၊ နင့် မောင်ကလေးရော ၃ ယောက်စလုံး တိုက်ပိ သေရှာကြတယ်၊
ဟောဟိုက မီးခိုးဟာ သူတို့ ၃ ယောက်ကို မီးသင်္ဂြိုဟ်ခဲ့တဲ့ မီးခိုးဘဲကွဲ့"

10 | PDF by jynfolcspfaomtEkynmonfrsm; … tzGJU v.1.0 – February, 2015


လူထုဒေါ်အမာ၏ ပြည်သူချစ်သောအနုပညာသည်များ သတင်းကြီးသည့်မင်းသမီးမထွေးလေး

"ဘယ့်နှယ်... ? ဘာဖြစ်တယ် ဘကြီး- ?"ဟု ပဋာစာရီ မထွေးလေးက မေးရုံသာ မေးတော့ပြီး မီးခိုးတွေ


ဆီသို့ ကြည့်လိုက်၊ အဘိုးကြီး ၂ ဦး မျက်နှာကို ကြည့်လိုက်နှင့် လုပ်ရင်း အလုံးဆို့လာသလို မျက်လုံးက ပြူး၍
ပြူး၍ လာသည်။ ထို့နောက် မျက်ရည်တွေ တကယ်တမ်း အပေါက် အပေါက် ကျလာသည်။ အဘိုးကြီး ၂ ဦးက
"ဟဲ့... ပဋာ သတိထားပါကွယ်"ဟု အဆိုလိုက်တွင်ကား "ဘာတုံး"ဟု ပဋာက မျက်ရည် တန်းလန်းနှင့်
ပြုံးစေ့စေ့ လုပ်လာပြီး စိတ်ဖောက်ပြန်စ ပြုလာသည်။

ထို့နောက်တွင် အဘိုးကြီး ၂ ဦးကို တို့လား ဆိတ်လားနှင့် သစ္စာထားလိုထား၊ ပေါက်ကရ


အရူးသီချင်းတွေ ဆို၍ ကလိုက၊ လူပြက်တွေကို ပုဆိုး လိုက်ချွတ်လိုချွတ်၊ နှပ်နှင့် ပက်လိုပက်
သွက်သွက်ခါအောင် ရူးတော့သည်။ မထွေးလေး၏ ရူးခဏ်း အမူအရာမှာ ကောင်းလွန်းလှ၍ ဘယ်လို လူမျိုးမှ
မခံနိုင်ဘဲ ရင်ထုမနာ ဖြစ်ကြရသည်။

ရူးနေရာမှ အဘိုးကြီးတွေက ဖျောင်းဖျ၍ ချော့မော့သည့်အခါ "ကျွန်မ သတိရပါတယ်ရှင်"ဟု ဆိုကာ


ကျကျနန ငိုချင်းများ ဆို၍ အဟုတ် ငိုပြန်သည်။ မထွေးလေး၏ ရူးလိုက် ငိုလိုက် အခဏ်းသည် တပွဲလုံး
သိမ့်သိမ့်ခါမျှ ခံစားရသော အခဏ်း ဖြစ်သည်။ နောက်ဆုံးတွင် မထွေးလေးက ဘောင်ရာဆောင်ဒင် တိုက်မှ
ဝယ်၍ ဝတ်ဆင်ထားသည့် အသားကပ် ဘောင်းဘီသာ ချန်လျက် ထမီကို ချွတ်ပစ်လိုက်ကာ ကားလိပ်ထဲ
ဝင်ပြေးသည် အထိ ရူးပြသွားလေသည်။ ထိုအခဏ်းကို ကာလသားတွေက ကြိုက်လိုက်သည်မှာလည်း
ပြောစရာမရှိ ဖြစ်တော့သည်။

သို့သော် မထွေးလေး ကသည့် ပဋာစာရီ ဇာတ်မှာ ထမီချွတ်ပြပြီး ကားထဲ ဝင်ပြေးသောကြောင့်


ယခုကာလ အရင်းရှင် နိုင်ငံများ၌ ပေါ်နေသည့် ခုနစ်လွှာ အကလို ကာလသားမြှူက သက်သက်မျိုးနှင့်
ကျော်ခြင်းကား မဟုတ်ပါပေ။ ပဋာစာရီ ဇာတ်၌ ပညာသည် မထွေးလေးက ပွဲကျ အခဏ်းတွေ အများကြီး
လုပ်ခဲ့သည်။

သဌေးသမီး ပဋာသည် အိမ်တွင် ခိုင်းစေနေသည့် ကျွန်ဒါသနှင့် ချစ်ကြိုက်နေလေသည်။ ပဋာသည်


လူကြီးမိဘတွေ အိပ်ပျော်ချိန်၌ ကျွန်ဒါသနှင့် ချစ်တင်းနှော၍ချည်း နေသည်ဟူ၍ မိခင်ကြီးက သတင်းရသည်။
ထို့ကြောင့် ပဋာ ဒါသထံ မသွားနိုင်စေရန် ညအချိန်၌ အလုပ်ပေးထားမှ ဖြစ်မည်ဟု ဆိုကာ မထွေးလေး ဇာတ်မှ
နာမည်ကြီးလှသည့် အပျိုတော် မသုံကြီးက မိခင်လုပ်၍ သမီး ပဋာမထွေးလေးကို ညအိပ်ရာဝင်၌
အနင်းခိုင်းလေသည်။

"ဟဲ့ သမီး အမေ့ကို နင်းစမ်းဟဲ့" ဟု ဆိုလေသောအခါ ပဋာမထွေးလေးက-

11 | PDF by jynfolcspfaomtEkynmonfrsm; … tzGJU v.1.0 – February, 2015


လူထုဒေါ်အမာ၏ ပြည်သူချစ်သောအနုပညာသည်များ သတင်းကြီးသည့်မင်းသမီးမထွေးလေး

"ရွေတညာ၊ ဖျော်ဖြေဗွေကြော့၊ မန်းမြေချာဝယ်၊ လွမ်းသာထွေလို့၊ ဖန်ရွှေစာငယ်၊ မူရာပိုဖွဲ့


ဆိုယောင်မှား"
ဟူသော ရွေတညာ ယိုးဒယားနှင့် အမေကို နင်းပေးသည်။ ရွေတညာကို ပထမ စည်းလေးနှင့် တီးပေးသည်။
နောက် စည်းချက်နှင့် တီးပေးသည်။ မထွေးလေးက စည်းချက်နှင့် အမေ့ ကိုယ်ပေါ်၌ နင်းရင်း ကလေသည်။
ကရင်းတွင် သမီးရူးပေါပေါ သရုပ်မျိုး ပေါ်အောင် ဖော်လေသည်။ ရွေတညာ တပိုဒ် ဆုံးသွားသဖြင့် "အမေ -
အိုမေ့" ဟု ပဋာက ခေါ်ကြည့်သည်။ အမေ့ထူးသံ မလာသဖြင့် အမေ အိပ်ပျော်လေပြီဟု အောက်မေ့ပြီး
မောင်းတဲတွင် အိပ်နေသည့် ဒါသထံ သွားလေသည်။

ဒါသမှာ သဌေးအိမ်တွင် ခိုင်းစေခြင်း ခံရသူ ဖြစ်လေရာ သဌေးသမီးက ချစ်ပါသည်၊ ကြိုက်ပါသည်


ဆိုသော်လည်း မဝံ့မရဲ ဖြစ်နေရှာသည်။ ဤတွင် ပဋာမှာ ကိုဒါသ ဖျင်းပုံ အပုံကို မချင့်မရဲ နိုင်လှသဖြင့်...

"စီးပွားသွယ် အရှည်ထောက်ပါလို့၊ ရည်းစားသယ် ဖေတယောက်ကိုဖြင့်၊ သေမလောက်


ချစ်ပါတယ်။

သဘောရှိတာဖြင့်၊ ပြောမိတာ ပြန်မဖျက်ပါနှင့်၊ အသက်ကို ဂရံထဲမှာ၊ လွှဲအပ်ပါမယ်။

ပေါင်းပါ ပေါင်းပါလို့ နှင်းသော်လည်း၊ ကောင်းတာကို ခေါင်းခါလို့ ငြင်းလှချည့်၊ ဖျင်းပါဘိ


ပျို့သက်လှယ်ရယ်၊ ခက်တယ်ရှင့် ခုပုံများ။

အကြည်ရယ်နှောင်၊ အနီထောင် ပုံတရှိလိုပါ့၊ အံစာကို လှုပ်နယ်၍ မကြည့်ပါနဲ့တော့၊


လက်ရှိငွေ အကုန်တင်၍၊ ပေါရွှင်ရွှင် ဩဝင်၍ တိုက်တဲ့အောင်၊ ဆယ်အိမ်မှာ ရွယ်ချိန်တဲ့ အခိုက်ကိုရှင်၊
အု.ိ .. ကိုဒါသရဲ့ ထိုးလိုက်ပါလား"

ဟူသော သီချင်းဖြင့် ပဋာမထွေးလေးက ကိုဒါသကို ဆွပေးသည်။ ထွက်ပြေးကြပါစို့ရဲ့ ဟုလည်း


သွေးဆောင်သည်။ ထိုအခိုက် အမေနိုးပြီး "ပဋာရေ - ငါ့နင်းပေး နေရာက ဘယ်ရောက်သွား သတုံး"ဟု မေးသံ
ကြားသည့်အခါ 'စံစပယ်'ဟု ရွေတညာ ဒုတိယ အပိုဒ်ကို မောင်းတဲတွင်းမှ ဆိုပြီး ပြေးလာခဲ့သည်။ ဆိုင်းက
'ဂျိ'ဟု အတီးလိုက် အမေ့ပေါ် ခုန်တက်ပြီး ဖြစ်နေပြီး "စံစပယ်... .... သည်ဝယ်သာခု ညာညီရွယ်၊ ဘုံလယ်
ဘွေငယ်မှာ... "ကို ဆို၍ ဆိုင်းချက်နှင့် နင်းရင်း ကပြန်သည်။ ဤတပိုဒ် အဆုံး မအေကြီး လုံးလုံး အိပ်ပျော်၍
အသွားတွင်မှ ကိုဒါသကို ခေါ်၍ ထွက်ပြေးကြလေသည်။

12 | PDF by jynfolcspfaomtEkynmonfrsm; … tzGJU v.1.0 – February, 2015


လူထုဒေါ်အမာ၏ ပြည်သူချစ်သောအနုပညာသည်များ သတင်းကြီးသည့်မင်းသမီးမထွေးလေး

အခုကာလ မင်းသမီးတွေများ မထွေးလေး နင်းရင်း ကသလောက်မှ ကြည့်ကောင်းအောင်


မကတတ်ဘူးဟု မထွေးလေး ကြည့်ရဘူးသူ တွေက ဆိုပါသည်။

ကိုဒါသ မြွေပေါက်၍ သေသဖြင့် သားအကြီးနှင့် သားအငယ်ကို ချီ၍လာပြီး သားအကြီးနှင့်


ချောင်းဖြတ်အကူးတွင်လည်း မထွေးလေးက ရွှေရင်ဘောင် ယိုးဒယားနှင့် ဖြတ်ကူးလေသည်။

မထွေးလေး ကသည့် ပဋာစာရီမှာ ကောင်းလွန်း၍ ဦးဘိုးကွန်းနှင့် တွဲကသည့် ခေတ်ကလည်း


ဤဇာတ်ကို ကခဲ့သည်။ အီကင်း ကိုမောင်ကြီးနှင့် တွဲကသည့် ခေတ်တွင်လည်း ဤဇာတ်ကိုပင် ပရိသတ်က
ပွဲတောင်းလွန်း၍ အကြိမ်ကြိမ် ကရသည်။ က ရလွန်းသဖြင့် တကြိမ်တွင်ကား အီကင်း ကိုမောင်ကြီးက
ပဋာစာရီကဖြင့် ကရပါပေ့၊ ဒါ့ကြောင့် ဦးဘိုးကွန်းလဲ သေခဲ့ပြီ၊ ငါလဲ အသက်တိုမှာ ထင်ပါရဲ့ ဟူ၍ပင်
ပြောဘူးသေးသည်။ ကိုမောင်ကြီး မရှိသည့်နောက်၊ မင်းသား ဗျန်ကျနှင့် တွဲကတော့လည်း ပဋာစာရီမှာ
ပွဲတောင်းဆဲပင် ရှိသည်။

လွမ်းစရာ ရှိသည့် အခါ၌ မထွေးလေးက စကားဖြင့် လွမ်းခြင်း၊ ပြောငိုနှင့် လွမ်းခြင်း၊ ငိုချင်းဆို၍


လွမ်းခြင်း ဟူ၍ အမျိုးမျိုး လွမ်းအောင် လုပ်နိုင်သည်။

အချို့ မင်းသမီးများသည် လင်နှင့် ကွဲခဏ်း၊ တပင်တိုင် တပါးသွား လွမ်းခဏ်းများ၌ "အို


ဖော်ကွာဝေးသူမို့ ဆွေးပူလိမ့်မယ်၊ မြင်တော်လာစမ်းပါလှည့် နန်းနေညွန့်နွယ်" ဆိုသည့် သီချင်းများလောက်နှင့်
လင်ကွဲခဏ်း ဖော်ကြသည်။ မထွေးလေးတို့ကမူ ဖော်ကွာဝေးကိုပင် ရိုးရိုး မဆိုလိုက်သေးဘဲ ပြောငို ခြေဆင်း
တပုဒ်လောက် ရှေ့က ခင်းပေးသေးသည်။

"မေကညာ- မှေးကာ မစက်နိုင်ဘု၊ လင် ရတနာ တဖေ ဝေးကွာတဲ့ အချက်ရယ်ကြောင့်၊


အဆွေးဗျာပါတွေ ဖက်ပါလို့၊ ရတက်ပွေလှိုင်၊ မှေးကာမှ မစက်နိုင်ဘု မျက်ရေ-တွေ အိုင်။ ။
ကတောင်ခြောက်ကယ်နဲ့၊ တောင်မြောက် သည်မယ်မြှော်လို့၊ နေဝင်ကျော် အချိန်ကျရင်ပ၊ ဗျာရတွေ
မဆည်နိုင်ဘု၊ နှစ်လီပြိုင် မျက်ရည်ကသာ ကျမိပါတော့၊ မှန်းဆ, ခုမြှော်ပါသကိုနော်ရှင်၊ တမ်း...
တ,ခုသော်။ ။ မငိုပေါင် ကြိတ်ကာခဲပေမဲ့၊ ဗဟိုဆောင် ရိပ်ကြာထဲမှာလ၊ နှစ်လိပ်ပြာ ခွဲခဲ့ရတာက အပျို့
အပျိုမော်၊ သို့ကလိုနော်ရှင့် အဆောင်ဆောင်ကြငှန်း။ အကို့ - အကို ရယ်လို့ ခေါ်မိပါသတော့
ကယောင် ကယမ်း။ ။ မှန်းဆကာ မြှော်၊ တမ်းတတဲ့သူ တော် မပေါ်လာလို့၊ တသော်တာ မြှော်ရှာသည့်
အရေးရယ်နှင့်၊ ဇော်ကညာမှာရှင်၊ လျော်စွာနှင့်ဖြင့် မအေးနိုင်ဘု...
အု.ိ .. ဖော်ကွာဝေးသူမို့၊ ဆွေးပူလိမ့်မယ်၊ မြင်တော်လာစမ်းပါလှည့် နန်းနေညွန့်နွယ်... " ဟူ၍
ခြေဆင်းတခု လှလှကြီး ဆိုလိုက်ပြီးမှ ဖော်ကွာဝေးကို ကောက်ဆိုတတ်သည်။

13 | PDF by jynfolcspfaomtEkynmonfrsm; … tzGJU v.1.0 – February, 2015


လူထုဒေါ်အမာ၏ ပြည်သူချစ်သောအနုပညာသည်များ သတင်းကြီးသည့်မင်းသမီးမထွေးလေး

ထို့ပြင် မထွေးလေး ဆိုတတ်သည့် တပါးသွား လင်ကွဲ အလွမ်း သီချင်းကလေး တပုဒ်မှာ...

မထွေးလေး တပါးသွား (အလွမ်း) လင်ကွဲ

"အု.ိ .. ကြော့ ကြော့ ဆုံးမယ်၊ ကေသွယ်ရော့ရား၊ မောင် မောင် သနားသင့်တယ်၊


(အဝိုင်းပတ်ပျိုး)

အို လေ လေ ကြော့ဆုံး ကြော့ဆုံးမေ၊

ဆိုင်းကဆို။ ။(ယောင်ပွရေ လူလှရေ)၂၊


(ကေသွယ် ရော့ရားရယ်၊ သက်ထားရယ် ညာဘွားရယ်) ၂။

မောင်မောင် သနားသင့်တယ်၊ တယောက်ထဲ အိုလေ့လေ ဖော်မပါ၊ ဖော်မပါ၊ ဖော်မပါ၊


တယောက်ထဲ အို လေ့ လေ ဖော်မပါ၊ ဖော်မပါ၊ ဖော်မပါ၊ သွားပါရ ဝေးမြေ၊ ဝေးမြေတာ ဝေးမြေတာ၊
ကံမခိုင်တယ်၊ ကျွန်မ ကံက မခိုင်တယ်၊ သံတိုင်ကိုရှင် အိမ်ပင် ဆောက်စေတော့၊ သံတိုင်ကြီးကို နော်
ရှင်၊ အို လေ အိမ်ပင် ဆောက်စေတော့၊ ကံမှောက်ရင်၊ ကံ လေး လေး လေး လေး လေး မှောက်ရင်၊
ကံမှောက်ရင်ကျိုး၊ ကံမှောက်ရင် ကျိုး... ။

(ကြုံတဲ့ဖူးစာ တော်၊ ကံကလွဲ၊ ကံကလွဲ၊ ကံကလွဲ) ၂၊ တဆွဲရွှေ ပုလဲငွေ၊ ပုလဲငွေ တဆွဲရွှေ၊


မယ့်အားတော် သေအောင် ကျေအောင်၊ မောင့်ဓားစိန်မြှောင်၊ ရွှေရင်ဝသို့၊ သာ မကာထောင်
သတ်လှည့်မောင်" ဟူ၍ ဖြစ်ပါသည်။

သူ့ဘဝ

မထွေးလေးမှာ အမျိုးအနွယ်အားဖြင့် မင်းမျိုးမင်းနွယ် ဖြစ်၍ မထွေးလေး လှူခဲ့သော လောကတန်ဆောင်


ဘုရား၏ ကျောက်စာ၌ မထွေးလေးမှာ ဘိုးတော်ဘုရား၏မြေး ကသည်းမင်းသား မင်းသီဟနှင့် ဒေါ်မမကြီးတို့၏
သမီး ဖြစ်သည်ဟု ဖော်ပြထားပါသည်။

14 | PDF by jynfolcspfaomtEkynmonfrsm; … tzGJU v.1.0 – February, 2015


လူထုဒေါ်အမာ၏ ပြည်သူချစ်သောအနုပညာသည်များ သတင်းကြီးသည့်မင်းသမီးမထွေးလေး

၁၂၂၉ ခုမွေး၊ အင်္ဂါသမီး မထွေးလေး၏ အမည်ရင်းမှာ ခင်ထွေး ဖြစ်၍ ဗောဓိကုန်း ဇာတိ ဖြစ်သည်။
ငယ်စဉ်က သီပေါမင်း၏ မိဖုရား အစ်မတော် စုဘုရားကြီးနှင့် ညီမတော် စုဘုရားလတ် တို့ထံ၌ ခစားခဲ့ရသည့်
အပျိုတော် ဖြစ်သည်။ အပျိုတော်များတွင် မထွေးလေးမှာ အငယ်ဆုံး ဖြစ်သောကြောင့် နန်းတွင်းက ချစ်စနိုး၍
'ထွေးလေး'ဟု ခေါ်ကြသည်။

မထွေးလေး၏ ဦးခေါင်း ညာဖက် ချိုစောင်း၌ အမာရွတ်ကြီးတခု ရှိသည်။ ထိုအမာရွတ်မှာ မထွေးလေး


ငယ်စဉ်က အတွင်းတော်၌ ခစားရစဉ် သီပေါမင်း၏ မိဖုရား စုဘုရားလတ်က စတိလက်ကောက်များ
ဝတ်ထားသည့် သူ့လက်ကောက်ဝတ်နှင့် ခေါင်းခေါက်သောကြောင့် ခေါင်းပြဲသွားပြီး ရသည့်ဒဏ်ရာ ဖြစ်သည်။
သူနှင့် အတူနေသည့် တပည့်တပန်းများက သူ့ကို အလေးစား နည်းသည်ဟု ထင်သည့်အခါ မထွေးလေးက
သူတို့ အတွင်းတော်၌ ခစားရစဉ်က အလွန်လေးစားရ ကြောက်ရွံ့ ရိုသေရကြောင်း၊ တခါက
အစ်မတော်ဘုရားကို နင်းပေး နေရသဖြင့် စုဘုရားလတ်က ခေါ်တော်မူသည်ကို မကြားမိဘဲ ရှိရာ
စုဘုရားလတ်က ၂ ခွန်းဆင့်၍ ခေါ်ရပါမို့လားဟု မထွေးလေး၏ ခေါင်းကို လက်ကောက်များနှင့် ခေါက်သဖြင့်
ဤသေရာပါ အမာရွတ် ရရှိခဲ့ရကြောင်း၊ စုဘုရားလတ်သည် အလွန် စိတ်ခက်ထန်သည့် မိဖုရား ဖြစ်ကြောင်းနှင့်
တပည့်များကို အမာရွတ် ပြပြီး ပြောပြတတ်လေသည်။

မထွေးလေးသည် အတွင်းတော်ခေါ် မိဖုရားများ အပါး၌ ခစားခဲ့ရသူ ဖြစ်၍ မင်းသမီးများသဖွယ်


နေထိုင်သည်။ ဘယ်တော့ကမှ ဒူး ၂ လုံးကို ချဲ၍ မထိုင်၊ အမြဲတမ်း ဒူးကလေး ၂ လုံးကို စေ့ပြီးမှ ထိုင်လေ့
ရှိသည်။ ထို့ပြင် သူ့ခေါင်းကို သူ့ဖာသာ မဖြီး၊ သူတပါး အဖြီးခိုင်းသည်၊ ပိုက်ဆံကိုလည်း သူ့ဖာသာ ဘယ်တော့မှ
လက်နှင့်ကိုင်၍ မသုံးတတ်၊ သူ့တွင် ပွဲကရ၍ ပိုက်ဆံရသည်၊ ဘယ်လောက် ရသည်လည်း သူမသိ၊ သူလည်း
ပိုက်ဆံကို မသိမ်းပေ။

မထွေးလေးသည် အတွင်းတော်၌ ကခဲ့သည်။ သည့်နောက် မိန်းကလေး အများကို ဖျက်ဆီးသွားသည့်


အာဏာ အလွဲသုံးစားခဲ့သူ ရနောင် မောင်တုတ်၏ အဖျက်ဆီးကို ခံရရှာသည်။ ရနောင် မောင်တုတ်သည်
ထိုခေတ်က ကျော်ဆိုသည့် မင်းသမီးတွေကို စုပြီး သိမ်းပိုက်ထားသည်။ ထို့ကြောင့် မထွေးလေးသည်
မောင်တုတ်နှင့် နေရစဉ် ကိန္နရာမ မမယ်၊ မဆင်ခိုး၊ မကွမ်းငုံ၊ မယင်းတော်တို့ထံက သဘင်ပညာကို
ဆည်းပူးသည်၊ သင်ယူသည်။ မောင်တုတ် မင်းပြစ် သင့်သည့်အခါ ခင်ထွေးသည် ရွှေဘိုဘက် ထွက်ပြေးပြီး
ရွှေဘို အရှေ့ဘက်ရှိ သွေတ္ထိ ဆိုသော ရွာ၌ ပုန်းနေသည်။ ထိုစဉ် သီပေါ ဘုရင်မင်းမြတ်၏ သားဦး (နောက်တွင်
နတ်ရွာစံ သွားသည့်) သားတော်ကြီး မွေးဖွားသဖြင့် ဧယာဉ်ကျူး ခိုင်းရန် လိုက်ရှာခေါ်မှ မန္တလေး နန်းတော်တွင်း
ပြန်ရောက်လာသည်။ နန်းတော်တွင်း၌ သဘင်ပညာ ရှိသောကြောင့် ကိုဘိုးကွန်းနှင့် တွဲ၍ စင်တော်ကလေး
မင်းသမီးအဖြစ် ခေတ္တ ကသေးသည်။ သီပေါမင်း ပါတော်မူပြီးမှ ကိုဘိုးကွန်းနှင့် တွဲ၍ ဇာတ်မင်းသမီး
ဖြစ်လာသည်။

15 | PDF by jynfolcspfaomtEkynmonfrsm; … tzGJU v.1.0 – February, 2015


လူထုဒေါ်အမာ၏ ပြည်သူချစ်သောအနုပညာသည်များ သတင်းကြီးသည့်မင်းသမီးမထွေးလေး

စကားစပ်မိကြသည့် အခါ အမေထွေးက "ရနောင်ဆိုတာ မဲမဲ တုတ်တုတ်ကြီး၊ ဘီလူးကြီး ကြည့်တော့၊


ငါက ၁၄နှစ်သမီး ရှိသေးတယ်၊ ဆင်ဖြူတော် ကြိုပွဲမှာ သူက ကောက်တာ၊ သူ့မကြိုက်ဘူး ဆိုရင် သတ်မှာပေါ့၊
အမေ အဖေကလဲ မပြောဝံ့ဘူး။ လက်ကောက်တွေများ တတောင်ဆစ် အထိ ဝတ်ပေးထားတယ်။ လေးလွန်းလို့
ချွတ်ပါရစီလို့ ပြောတော့ ဓားကြည့်လို့ ပြောတယ်။ လူသတ်မှုတို့ ဘာတို့ တရားစီရင်ရာမှာ ငါ့ကို ယောက်ျားလို
ဝတ်ပြီး ဆင်ပေါ် တင်ခေါ်သွားတယ်၊ လိုက်ရတယ်။ ငါငိုယို တောင်းပန်လို့ သတ်မဲ့လူ ၃ ယောက်လောက်
လွတ်ဖူးတယ်။ ရနောင်ကို တောပုပွဲက ကပ်ဖိ ဖမ်းလာတာ" ဟု သူ့ဘဝ ရှေးဟောင်း နှောင်းဖြစ်များကို
ပြန်ပြောတတ်သည်။ ကရင်းက ကိုဘိုးကွန်းနှင့် အကြောင်းပါသည်။

မထွေးလေးသည် အနုပညာ စွမ်းရည် ထူးခြားသည့် ပညာရှင် ဖြစ်၍ ပညာနှင့် ပတ်သက်ပြီး


ဟိုးဟိုးကျော်သူ ဖြစ်ပါသော်လည်း အိမ်ထောင်ရေးတွင်ကား ကံမကောင်း ရှာပေ။ သူ့တသက်၌ ရနောင်
မောင်တုတ်ပါနှင့် အိမ်ထောင် ၄ ဆက် ကျရရှာသည်။ ၄ ဆက်အနက် အီကင်း ကိုမောင်ကြီးသာ လူလွတ်
ဖြစ်လေသည်။ အီကင်း ကိုမောင်ကြီး မထွေးလေးနှင့် အကြောင်းပါသည့် အခါ ကိုမောင်ကြီးမှာ မက္ခရာမင်းသမီး
ထိပ်တင်မလေးနှင့် ကွာခဲ့ပြီး ဖြစ်သည်။ ကိုမောင်ကြီးက ထိပ်တင်မလေးနှင့် ကွဲလာပြီး ဆိုင်းဆရာ ဆရာဘ
အိမ်၌ လာနေသည်။ ထိုစဉ် မထွေးလေး မုဆိုးမနှင့် တွဲကရာမှ မထွေးလေးနှင့် အကြောင်းပါကြခြင်း ဖြစ်သည်။
ကျန် ၃ ယောက်မှာ သားကြီး မယားကြီး ရှိသူများ ဖြစ်ကြသည်။

ကိုဘိုးကွန်းနှင့် မထွေးလေးတို့ တွဲသည့်အခါ သဘင်ပညာတွင် အလွန်ပြည့်ဝ အလွန်


အထက်တန်းကျသည့် ကိုဘိုးကွန်းက မထွေးလေးကို ဇာတ်လိုက် ဇာတ်ဆောင် ကောင်းအောင် သွန်သင်နိုင်
စွမ်းသည်။ မထွေးလေးသည် ရုပ်သေး မင်းသမီး ဆရာပုကိုလည်း အလွန်ချစ်ခင် လေးစား၍ သူပွဲအားသည့်နေ့
ဆရာပု ရုပ်သေး ရှိသည်ဆိုလျှင် တံဘက်ကို ခေါင်းမြီးခြုံပြီး ဆရာပု ရုပ်သေး သွားကြည့်သည်။

မထွေးလေးက သူ့ကို သူ့ထက် ကြီးသူများက 'မိန်းကလေး' ဟု ခေါ်မှ ကြိုက်သည်၊ ဆရာပုက


မထွေးလေးကို 'မိန်းကလေး'ဟု ခေါ်၍ မထွေးလေးက ဆရာပုကို 'မောင်ကြီး' ဟု ခေါ်သည်။

ကိုဘိုးကွန်းနှင့် မထွေးလေးတို့ တွဲ၍ ကသည့်အခါ အလွန် နာမည်ကျော်ကြား လူကြိုက်များလာပြီး


အနှစ် ၂၀ လောက် တွဲက သွားကြရသည်။ ထို့နောက် ကိုဘိုးကွန်းမှာ ပွဲကရင်း ငါးသိုင်းချောင်း
လေးမျက်နှာတွင် ဖျား၍ အနိစ္စ ရောက်ခဲ့သည်။

ကိုဘိုးကွန်းမှာ မန္တလေး အရှေ့ဘက်ရှိ ကျောက်မီး ရွာသားဖြစ်၍ ဖိုးစိန်နှင့် အောင်ဗလတို့၏


ကန့်ကူလက်လှည့် ဆရာမှာ ကိုဘိုးကွန်းနှင့် မထွေးလေး ဖြစ်သည်။ ဖိုးစိန်နှင့် အောင်ဗလတို့ကို

16 | PDF by jynfolcspfaomtEkynmonfrsm; … tzGJU v.1.0 – February, 2015


လူထုဒေါ်အမာ၏ ပြည်သူချစ်သောအနုပညာသည်များ သတင်းကြီးသည့်မင်းသမီးမထွေးလေး

ကလေးအရွယ်က စ၍ ကိုဘိုးကွန်းတို့ မထွေးလေးတို့က သင်ပေးခဲ့သည်။ ဖိုးစိန်နှင့် အောင်ဗလမှာ


ငယ်လှသေးသဖြင့် ကရာ ခုန်ရာတွင် ပုဆိုး ထမီ မြဲစေရန် လက်ကိုင်ပုဝါနှင့် ခါးစည်းပေးပြီး သင်ရသည်။
တခါတရံ မထွေးလေးတို့ ကိုဘိုးကွန်းတို့က မန္တလေး အရှေ့ဘက်ရှိ လက်ကောင်းရွာ၏ အရှေ့ဘက်က
ဂုံတောရွာ၌ ဖိုးစိန်နှင့် အောင်ဗလတို့ကို ဗုံရှည်နှင့် သင်ပေးသည်ဟု သိမှီသူတို့က ပြောပါသည်။

၁၂၇၅ ခုနှစ်တွင် မန္တလေးမြို့ ကွမ်းခြံရပ်၌ အောင်ဗလ သေရှာသည့်အခါ မထွေးလေးက တက်မတတ် ငိုသည်။


"ဖေကွန်းရဲ့ အသဲ ရွှေလည်ဆွဲ သေပွဲ ကျွန်မ ကြုံရပါပကော" ဟူ၍လည်း ဆိုသည်။ ဤတွင် ဆရာပုက
"မိန်းကလေးရယ်၊ အောင်ဗလ သေလို့ ဒါလောက် ငိုရင်ဖြင့် ငါသေတဲ့အခါ မိန်းကလေး ဘယ့်နှယ် ငိုပါ့မယ်" ဟု
ပြော၍ ချော့မော့သည်။ ၁၂၇၆ ခုနှစ်တွင် ဆရာပု သေရှာပြန်သည်။ မန္တလေး ကွမ်းခြံ အက္ကပတ်လက်ကြား
တိုက်တွင် ရုပ်သေး မင်းသမီး ဆရာပု၏ ရုပ်အလောင်းကို ပြင်ထားသည်။ အလောင်းစင် ကုတင်ခြေရင်း၌
ဆရာပု၏ မင်းသမီး ရုပ်ကလေးပါ ချိတ်ဆွဲ၍ ထားသည်။

ဆရာပု သေသည်ကြား၍ မထွေးလေး ပြေးလာပြီး "မောင်ကြီး ဒီအဖြစ် ကျွန်မ မကြည့်ရက်ပါဘူး" ဟု


ပြော၍ လူးလှိမ့် ငိုလေသည်။ ထို့နောက် အလောင်းစင်တွင် ချိတ်၍ ထားသည့် ဆရာပု၏ ရုပ်သေး မင်းသမီး
ရုပ်ကလေးကို မထွေးလေးက ဖြုတ်ယူသွားလေသည်။

မထွေးလေး၏ သီချင်းတပုဒ်၌ "၁၂ နှစ်သမီးက သည်ပညာ" ဟု ထည့်ဆိုဘူးသဖြင့် ငယ်ငယ်ကပင်


ကခဲ့၍ ၁၄ နှစ် သမီးတွင် ရနောင် မောင်တုတ်၏ ကောက်ယူခြင်း ခံရဟန် တူပါသည်။

မထွေးလေးသည် အသက် ၁၂ နှစ်သမီးမှ အသက် ၆၀ နား အထိ သဘင်ပညာနှင့် အသက်မွေး၍


သွားရာ၌ မင်းသား ကိုဘိုးကွန်းနှင့် အနှစ် ၂၀လောက် တွဲ၍ ကသွားသည့် အချိန်သည် အကျော်ဆုံး ကာလ၊
ငွေအရဆုံး ကာလ၊ နာမည်အကြီးဆုံး ကာလ ဖြစ်ဟန် ရှိပါသည်။

မင်းသား ကိုဘိုးကွန်းမှာ ရုပ်လှသူ မဟုတ်၊ အသားညိုညိုနှင့် ကျောက်ပေါက်မာများ ရှိသူလည်း


ဖြစ်သည်။ ထို့ကြောင့် သူ့ရုပ်ရည်နှင့် လိုက်ဖက်လှသော မင်းကုသ ဇာတ်မျိုးကို ၄င်း၊ ဒါသ ဇာတ်မျိုးကို ၄င်း၊
ဗျတ်ဝိ ဗျတ္တ ဇာတ်မျိုးကို ၄င်း ကပြတတ်သည်။

ကိုဘိုးကွန်းတို့ ခေတ်က မင်းသားသည် ယခုခေတ်လို ကသည် မဟုတ်၊ ဟန်မျှလောက် ပြုလုပ်၍


သီချင်းဆိုပြီးလျှင် မင်းသားက အများအားဖြင့် လက်ပိုက်၍ နေသည်၊ မင်းသမီးသာလျှင် ကလေသည်။
ထို့ကြောင့် ကိုဘိုးကွန်းသည် အကကောင်း မင်းသား ဟူ၍ ပြောမဖြစ်ပေ။

17 | PDF by jynfolcspfaomtEkynmonfrsm; … tzGJU v.1.0 – February, 2015


လူထုဒေါ်အမာ၏ ပြည်သူချစ်သောအနုပညာသည်များ သတင်းကြီးသည့်မင်းသမီးမထွေးလေး

သို့သော် ခုန်လား ပေါက်လား မကသည်မှ လွဲ၍ ဇာတ်ဆောင်ရာ၊ ဇာတ်လိုက်ရာ၊ ဇာတ်ကို


သယ်ရာတွင်ကား ကိုဘိုးကွန်းသည် အပြောအဆို အငိုများ တကယ်တော်သူ ဖြစ်လေသည်။ ဖိုးစိန်ကို
ကိုဘိုးကွန်းက ကန့်ကူလက်လှည့် သင်ပေးခဲ့၍ ဖိုးစိန်သည် ကိုဘိုးကွန်းထံမှ သဘင်ပညာကို အရယူနိုင်သူ
ဖြစ်သည်ဟု ပြောစမှတ် ရှိလေသည်။ မထွေးလေး အပြောအငို၊ အဆိုကောင်းလှသည် ဆိုရာ၌လည်း
ကိုဘိုးကွန်း၏ အသင်အပြကြောင့် ဖြစ်သည်ဟု ဆိုရပေမည်။

ကိုဘိုးကွန်းနှင့် မထွေးလေးတို့ ကခဲ့ကြသည့် ဗျတ်ဝိ ဗျတ္တ ဇာတ်၌ ကိုဘိုးကွန်းက ဗျတ်ဝိ လုပ်၍


မထွေးလေးက မအိုဇာ လုပ်ပြီး ကကြသည့်အခါ ကိုဘိုးကွန်းက...

"မမလေးကို ချစ်ပါတဲ့အာရုံ၊ ရွှေမြင့်မိုရ် တတောင်လုံးကို တုံး မှတ်လို့ခုန်။

မအိုဇာလေးက ကျုပ်ကိုမြှော်။ ခုနစ်စဉ်ကြယ်ပြောင် လျှိုးတယ်၊ ကိုးရက်လပေါ်။


မြှော်သာမြှော်ရ ပေါ်လာနိုင်ဘဲ၊ ဝိသာခါ ရွှေကြယ်မြတ်ကယ် မွန်းမတ်လို့ပါတဲ့ လွဲ"

ဟု ပြောပြီး မအိုဇာထံ ဝင်သည်။ ထိုအခါ ဘုရင့်တပ်တွေက အပြင်မှ ဝိုင်း၍ထားသည်။ ဤတွင် ဗျတ်ဝိ


ကိုဘိုးကွန်းက...

"မရှောင်သာ မောင်တခါ ဘယ်လို ထွက်ရပါ့၊ ခက်ကြပြီ မယ်အိုဇာရဲ့၊ ပြေးစရာလမ်း။

ဆက်ရက်ကယ်ပြိုင်၊ လက်နက်ကိုင် ပင်တိုင်ညှပ်ပါလို့၊ မယွင်းအစဉ် တင်းတမင် ကြပ်စေဖို့၊


ဝင်းပြင် မြင်းဆင်တပ် ပတ်လို့ရယ်၊ ခေါင်းဖြတ်မယ့် စခန်းပါကလာ့ (အမယ်မင်း) သောင်းတပ်နဲ့ဖမ်း"

"ငါဟဲ့ယောက်ျား၊ ပင်တိုင်ကိုညှပ်၊ မြင်းဆင်ပတ်လို့မို့၊ ဆယ့်ကိုးတပ် ထားစေတော့၊ အားရှိတဲ့


စွမ်းဟုန်၊ တသဝေ မကြောက်၊ ခြေကထောက်လို့၊ လွတ်လောက်အောင် ခုန်ရော့မယ်၊ မြေဝသုန်
စောင်းရော့လဟယ်"
ဟု ဆို၍ တပ်တွေနှင့် ဝိုင်းထားခြင်းမှ ခုန်ထွက် လွတ်မြောက် သွားလေသည်။ ဤအဖြစ်ကို သိလေသော်
မြို့ဝန်တပ်များက ဉာဏ်ကူ၍ ဖမ်းတော့သည်။ ဤအခါ၌...

"ဗျတ်ဝိ ဗျတ်ဝိ၊ အတပ်သိပါပေါ့၊ သတ္တိလူစွမ်း၊ သမီး အဖေ အပြီးသေစေဖို့၊ မီးနေသည်


ထမီနဲ့အုပ်ပြီးတော့၊ တကြိမ် ကျွန်ုပ်မလွတ်အောင် မြို့ဝန်က ဖမ်းယူပေါ့၊ မြူနှမ်းတလုံး တိမ်းခွါကာ

18 | PDF by jynfolcspfaomtEkynmonfrsm; … tzGJU v.1.0 – February, 2015


လူထုဒေါ်အမာ၏ ပြည်သူချစ်သောအနုပညာသည်များ သတင်းကြီးသည့်မင်းသမီးမထွေးလေး

သွေမဖယ်နိုင်ဘု၊ ရှိမ်းဆာယာ အခြေပြယ်တာကြောင့်၊ ဖေဘယ်မှာ ပုန်းရပါ့၊ တကိုယ်လုံး လေးလို့ကုန်


(အမယ်လေး) ဆေးအထုံ ပျက်ပါပေါ့" ဟု ဆို၍ အဖမ်းခံလေသည်။

ကိုဘိုးကွန်း ကသည့်အခါ မင်းသားဝတ် ပလာအင်္ကျီ၊ ပလာပုဆိုးနှင့် ရွှေကျင်ခတ် ပုဝါကို ပေါင်း၍


သနပ်ခါးကိုလည်း ပါလေရုံမျှ လိမ်းသည်ဟု ဆိုသည်။

ကိုဘိုးကွန်းတို့ မပေါ်မီက မန္တလေး မြေဝိုင်း ခေတ်ဦးတွင် မြေဝိုင်းမင်းသား ကိုမြဒင်၊ ကိုကျီးညိုနှင့်


ဆရာမွှန်း စသူတို့ ရှိကြသည်။

ကိုဘိုးကွန်းနှင့် မထွေးလေးသည် အရိဋ္ဌနှင့် ပေါလတို့ ဇာတ်ကို ကသည့်အခါ ကားလိပ် ၆ ခုလောက်၊


မြို့ရိုးကား တခုလောက်နှင့် လသာ မီးအိမ်များနှင့်ပင် ကသည်။ ကိုဘိုးကွန်း သီဆိုသည့် "သား မောင်စိန်
ဒြပ်ကြီးသူက ဓာတ်မီးနှင့် ကတော့ရှာ" ဟူသည့် သီချင်းကို ထောက်သဖြင့် ဖိုးစိန် တော်တော်ကလေး
နာမည်ရမှ ရန်ကုန်မှ ဓာတ်မီးဝယ်ပြီး ဆရာကိုဘိုးကွန်းထံ ပို့ပေး၍ လသာမှန်အိမ်မှ ဓာတ်မီးပြောင်းပြီး ကဟန်
ရှိလေသည်။

ကိုဘိုးကွန်းမှာ စောင်းတီးလည်း ကောင်းလှသည်ဟု သိရပါသည်။ ကိုဘိုးကွန်း မထွေးလေးနှင့်


တွဲစဉ်က သီဆိုခဲ့သည့် သီချင်း တပုဒ်မှာ...

ကိုဘိုးကွန်း၏ မန်ကျည်းငုတ်တို တဘောင်သီချင်း

"မန်ကျည်းငုတ်တို ရွက်နုပေါက်ခါမှ၊ ချဉ်ရေသောက်ကြစို့ ခင်ထွေးရယ်၊ အောက်ပြေက


ငါးထွေသား ဆားနယ်ခဲ့မယ်၊ ဖိုခနောက်ကယ်တဲ့ သုံးလုံးတယ်၊ ဖျဉ်းပက်ပက်နဲ့ ထည့်ပါကွယ်၊
ခင်ထွေးပြင်ကာချက်ရင် ဟင်းမြက်လှတယ်။

တနည်းထုတ်ဆိုကာ၊ တွက်ရှု၍ မကြာကောက်ရမှာဖြင့်၊ မန်ကျည်းငုတ်တိုဟာ ရွက်နုတခါ


ပေါက်ပြန်ပါပေါ့၊ သဘင်တွေ နောက် ကဖို့ နယ်အဝေး လယ်ကြပေတော့၊ ချဉ်ရေသောက်ကြစို့
မယ်ထွေးရယ်၊ နောက်ပဝေကလို ရွှေငွေမရှားရအောင်၊ အောက်ပြေက ငါးထွေသား ဆားနယ်ခဲ့မယ်၊
သုံးလုံးတယ်တဲ့ ဖိုခနောက်ကတော့၊ ဟိုမြောက်က တောင်တော်မန္တလာ ရန်ကင်း ငဲ့ပြင်၊ ကန်နန္ဒာမင်း
ဖျဉ်းပက်ပမာကဲ့သို့၊ ဟင်းမြက်စရာ စံရာမြေ မန်းတွင်မှ၊ နန္ဒာရေခန်းတော့ တဘောင်တိတ် အလိုကဖြင့်၊
တောင်ရိပ်ခိုကြတော့ သာသနာတဝက်တွင်မှ၊ ဒါယကာတဆက် အသစ် အကုန်မြှော်ကြပါတော့၊

19 | PDF by jynfolcspfaomtEkynmonfrsm; … tzGJU v.1.0 – February, 2015


လူထုဒေါ်အမာ၏ ပြည်သူချစ်သောအနုပညာသည်များ သတင်းကြီးသည့်မင်းသမီးမထွေးလေး

အရာရာမြွက်ပြီးတော့ ဖွင့်စကားကုန် မဖော်ပါရစေနှင့်၊ ဆရာသက် မြင့်ဘုံပေါ်က ညဥ့်ရုံတော် လွှမ်းကြ


မင်းကြီးများ" (ဆရာသက်ကြီး ဆိုင်းကို ဆင့်ခြင်းဖြစ်သည်။)

ဟူ၍ ဖြစ်ပါသည်။ သက္ကရာဇ် ၁၂၆၆ ခုနှစ်တွင် မန္တလေးမြို့ အရှေ့ဘက်ရှိ အောင်မင်္ဂလာ ကန်နှင့် မဟာနန္ဒာ
ကန်ကြီး ၂ ကန်ကို ဗြိတိသျှ အစိုးရက ရေများ ဖောက်ထုတ်ပြီး လယ်တွေ လုပ်ပစ်ခဲ့သည်။ ဤတွင်
မန်ကျည်းငုတ်တို ရွက်နုပေါက်ခါမှ ဆိုသော တဘောင်နှင့် အညီ မယ်ဥတောင်တော်၊ မန္တလေးတောင်၊
ရန်ကင်းတောင် တောင် ၃ လုံး ဖိုခနောက်ဆိုင် အနီးက မန္တလေးမြို့၌ ဗမာမင်းတဆက် ပြန်၍ လာမည်၊
မြှော်ကြစို့ ဟူသော သဘော သီဆိုသည့် ကိုလိုနီသမား ဆန့်ကျင်ရေး အမျိုးသား လွတ်လပ်ရေး သီချင်း
ဖြစ်ပါသည်။

ကိုဘိုးကွန်းနှင့် မထွေးလေးတို့ ခင်းတတ်သည့် ဇာတ် တဇာတ်မှာ ကိုဒါသနှင့် ပဋာတို့ ဇာတ် ဖြစ်သည်။


ထိုဇာတ်ကို ခင်းသည့်အခါ မြွေကိုက်ခံရသည့် ကိုဒါသမှာ မြွေဆိပ်တက်၍ သတိမေ့လိုက်၊ မြွေဆိပ်ပြယ်၍
သတိရလိုက် ရှိသည်။ နောက်ဆုံး ကိုဒါသက သူသေမည် မချွတ်ဟု သိသဖြင့် သူ့မိန်းမ ပဋာမှာ
ငယ်ရွယ်သေးသူ ဖြစ်၍ သူမရှိသည့်နောက် အိုးအိမ်သစ် ထူရစ်ဖို့ ခွင့်ပြု၍ ကိုဘိုးကွန်း မှာကြားပုံ တခုမှာ...

ဆရာကွန်း၏ (ကိုဒါသ သေခါနီး) မပဋာ မှာတမ်း

"ရွှေပုလဲစီ မြဒါလီရယ်...
ပါပြီ ဝဋ်ဟောင်း၊ ဖူးရွှေစာ သည်သာပေါင်းစေဖို့ အကြောင်းပါစ၊ ကြမ္မာခ၊ ကြုံရမောင့်ကို၊
ရွှေတောင်ကြီး ပြိုသည့်နှယ်၊ မောင့်ကိုရှုအုံး၊ ဆင်ဂမုန်းရဲ့၊ သက်ဆုံးခုကွယ် တိုင်တော့တယ်
လေတည့်မှ... တိုင်တော့တယ်... ။

အော်... တပင်လဲမူ တပင်ထူတဲ့ လူတို့ဓမ္မတာ၊ ကာမဂုဏ်ညွှတ်၊ မောင်သည်ဝဋ် ခွင့်လွှတ်ပါရဲ့၊


နုလဲနုနယ်၊ ငယ်လဲငယ်သေး၊ နှမလေး နောက်ရေးကိုမြှော်၊ နောက်ကြင်ဖော်နဲ့၊ ကော်ရော်သုံးကြိမ်၊
ငြိမ်ငြိမ်သက်သက်၊ ခြေလက်ဆုပ်နယ်၊ မှုကြီးငယ်၊ မဖွယ်မလှစ်၊ လှတပါးရယ် မမှားရစ်ပါနဲ့ မောင်ချစ်လို့
မှာခဲ့မယ်၊ မောင်ကြီးနဲ့သာ ဖူးရွှေစာ သည်သာပေါင်းဖို့ အကြောင်းတော် ဆုံပေါ့ကွယ်"

(ဗျတ်ဝိ ဗျတ္တဇာတ်၌ မအိုဇာကို မှာရာတွင်လည်း ဤသီချင်းကို ဆိုတတ်သည်။)

20 | PDF by jynfolcspfaomtEkynmonfrsm; … tzGJU v.1.0 – February, 2015


လူထုဒေါ်အမာ၏ ပြည်သူချစ်သောအနုပညာသည်များ သတင်းကြီးသည့်မင်းသမီးမထွေးလေး

ပဋာစာရီ ရူးသည့် အခဏ်း၌ မထွေးလေး ဆိုသည့် သီချင်းကလေး တပုဒ်ကို မင်းသမီး


ဒေါ်ဩဘာသောင်းက ဆို၍ ပြပါသည်။ သူ့သီချင်းမှာ တောင်ယံတော ယိုးဒယားကို ခပ်တည်တည် အစပြု၍
တည်လိုက်သည်။ အဟုတ်မှတ်၍ ပရိသတ်က နားထောင် နေမိသည့်အခါ ဖောက်သွားပြီ၊ ပန်းမြိုင်လယ်
ရောက်သွားလေသည်။ ပန်းမြိုင်လယ် ယိုးဒယား ဖိန်းချားကြီးကို တကယ် ဆိုလေမည်လား မှတ်၍
နားထောင်မိရာ၊ လောင်ပန်း ဂမုန်းအင်လေတည့်မှ ဟု ကြိုးတပုဒ် ကူးသွား ပြန်သည်။ ထိုကြိုးကိုလည်း အဆုံး
မချဘဲ ထံတျာကို ကောက်ဆို ပြန်သည်။ သူ့အရူးသီချင်းမှာ သီချင်းကြီး သီချင်းခံ အပုဒ်ပေါင်း များစွာကို
ရောမွှေထားသည့် သီချင်းဖြစ်၍ ရှေးသီချင်း ဟင်းလေးအိုးလေလောဟု မှတ်ထင်ရခိုက် မင်္ဂလာရယ်မှ
မဏ္ဍိုင်လေဟု နတ်သံ စလာပြန်သည်။ ပြီးမှ နတ်သံပစ်တော့မည် လိုလိုနှင့် သံဆန်း တပုဒ်ကို ကောက်ဆို
လိုက်သည်။ ဆိုရာက မူးသားမတ်သား ရာ့တပါးနှင့်ဟု အသံရော ဟန်ရော ချက်ချင်း ပြောင်းသွားပြီး ဘုရင်
ထွက်တော်မူဟန် လုပ်လာသည်။ ပြီးမှ ဖောက်ပြီး ဘုရင်ရူးလို ကသည်။ ကနေရင်းက မွေးတော့မလို ဖွားတော့
မလိုလို ခါးဆီက ကျင်တင်တင်၊ ရင်ဆီက အောင့်တောင့်တောင့် ဟူသော အဆိုဖြင့် မိခင်လောင်း တဦး၏ ပုံပန်း
ဆောင်လေပြန်သဖြင့် ဇာတ်ရံများက အထိတ်တလန့်နှင့် ပြာရီးပြာရာ မီးနေခန်း ပြင်မည့်ဆဲဆဲ၌ ကျွန်တော်လေ
ရွှေပြုံးသား ဟု နတ်ဝင်သည်မ, ဖြစ်သွားပြီး နတ်ကတော်က, ကပြန်သည်။

ဒေါ်ထွေးလေးသည် သီချင်းကြီး သီချင်းခန့်ကို ထုံးလိုမွှေ ရေလိုနှောက် နိုင်ကြောင်း၊ ရုပ်တူနာမ်တူ


အလွန် လုပ်တတ်သူ ဖြစ်ကြောင်း၊ ရုပ်ပြောင်းရုပ်ခွာ အလွန်ကောင်း အလွန်ပိကြောင်းကို ဤအရူးသီချင်း
တပုဒ်ဖြင့် သူ့အရည်အသွေးကို ဖေါ်ရင်း ပရိသတ် ရယ်ရ မောရ သနားရအောင် ကသွားသည်ဟု
ပြောပြပါသည်။

မထွေးလေး၏ အရူးသီချင်း တပုဒ်

"တောင်တောင်ယံ တောရယ်က... ပန်းမြိုင်လယ်... သာနယ်ဗွေ ခါနွေဆန်း၊ လောင်ပန်း


ဂမုံးအင်လေတည့်မှ အိုလေလေ အိုလေလေ ထံတျာတေရှင်၊ ယဉ်မူဆေးလေး၊ သေးသေး သွယ်သွယ်၊
စုံသာမြိုင်လယ်၊ လွမ်းမပြေလို့ နှင်းယွန်းသာ ဟေမန်၊ ဆဒ္ဒန်လေ အိုင်သာလေ ရွှေကြာငြီးလို့၊
ကောင်းခြီးသင်္ခါ၊ ကောင်းခြီးသင်္ခါ ထောင်ရောင်နေ စိန်ချယ် သာတင့်ဆုံးသာပ၊ ပြည်ကုန်းဘောင်သာတဲ့
ရွေတညာ၊ ဖေါ်ကွာဝေး၊ ညှင်းလေကသွေး၊ ဘယ်ကျေး ဘယ်ကျေးငယ်သိ သိမ့်မှုံဝေ၊ မြန်မြေနယ်
ဇမ္ဗူဘောင်၊ လျှံငွေချယ် ခြူအရောင်၊ ရွှန်းရွှန်းလင်း၊ ရွှန်းရွှန်းလင်း၊ အဆင်းငါးဖြာ မင်္ဂလာမှ
မဏ္ဍိုင်လေ... တခိုင်လုံးရွှေ... ညှင်းလေ ဆော်မြူး၊ မူးသားမတ်သား ရာ့တပါးနဲ့ စော်ဘွားစော်ခံ၊
ဘွေဥကင် ဘုံပျံဝယ်၊ ညီလာခံ ခညောင်းလို့ မူးမတ်ပေါင်း စုံလင်ပါပေါ့ဗျား ငါး- ငါး- ငါး၊ ဗျား ငါး- ငါး-
ငါး၊ ခါးဆီက ကျင်တင်တင်၊ ရင်ဆီရယ်က အောင့်တောင့်တောင့်၊ (အမယ်လေး မွေးတော့မှာ ထင်ပါရဲ့)
မစောင့်နိုင်တဲ့ ဣနြေ္ဒရယ်... (ဟဲ့ လုပ်ကြပါအုံးဟဲ့ အခန်းကာကြပါဟဲ့) ကျွန်တော်လေ ရွှေပြုံးသား၊

21 | PDF by jynfolcspfaomtEkynmonfrsm; … tzGJU v.1.0 – February, 2015


လူထုဒေါ်အမာ၏ ပြည်သူချစ်သောအနုပညာသည်များ သတင်းကြီးသည့်မင်းသမီးမထွေးလေး

ကျွန်တော်လေ၊ ကျွန်တော်လေ ရွှေပြုံးသား၊ ကျွန်တော်လေ၊ ကျွန်တော်လေ၊ ကျွန်တော်လေ


ရွှေပြုံးသား... အရီးတုတ်ကယ် ဒီကိုလာ ပေးစမ်းပါ လက်ဖက်တရိုး... "

ကိုဘိုးကွန်းနှင့် မထွေးလေးတို့ ခင်းလေ့ရှိသည့် ဇာတ်တခုမှာ မယ်ရဋ္ဌနှင့် မောင်သောနတို့ဇာတ် ဖြစ်၍


ကိန္နရီမယ်ရဋ္ဌက ငွေတောင်ပြည် ပြန်ရမည် ရှိသည့်အခါ ကိုဘိုးကွန်းက မယ်ရဋ္ဌကို ရန်ထောင်သည့်
ငိုချင်းကလေး တပုဒ်မှာ -

မောင်သောန ငိုချင်း

"အပျက်ဉာဏ် တမင်မဆွလာနဲ့၊ တသက်ပန် ကြင်ဘုရာ့ ရယ်လို့၊ နင် စ ပါလို့ ဆိုခဲ့တယ်။

ယုတ်မာတဲ့ သဘောတွေနဲ့၊ ဟုတ်ရာကို ပြောတော့မပေါ့၊ သောန ကိုယ်အီလို့၊ မောင်သောနကို


ကိုယ်အီလို့၊ ပျိုမဒီ လင်ငယ်နဲ့ မွေ့ချင်ရော့သလား၊ ငိုပစီ ကြင်လည်တဲ့ဖေ့ကို၊ မင်း... မင်း…
မေ့တော့မယ်။

အားနာစရာ ကျွန်ုပ်ပြောပါရစေအုံး၊ သားပါမှာ အဟုတ်ကို နှမျောလွန်းလို့၊ ဒုက္ခော ဒုက္ခောနဲ့


နေရစ်မယ်၊ သွေလှစ် မဖယ်ပါနဲ့ ငှက်မိုက်ဆိုး။

(ရွှေပွဲလာကို ကန်တော့ပြီး ဒင့်ကိုဖြင့် ဆဲပါရစေအုံး၊) ရှက်ခွဲကာ နင်တကယ်ဆော့ချင်လို့၊


ဖက်တွဲကာ လင်ငယ်နဲ့ ကမြော့မှာကြောင့်၊ တကယ် မပေါ့သပါ့ မကြေပြီ အပူနဲ့ အမျက်တိုက်လို့
တိုးတာလား၊ ဘယ်တော့ကမှ လင်အတည် မယူနဲ့တော့ ဟဲ့… သဘောက်မ ငှက်မိုက်အမျိုး" ဟူ၍
ဖြစ်ပါသည်။

မထွေးလေးသည် ကိုဘိုးကွန်းနှင့် အနှစ် ၂၀ ကျော် တွဲကပြီး ကိုဘိုးကွန်း သေဆုံးသည့်အခါ အီကင်း


ကိုမောင်ကြီးနှင့် တွဲကသည်။ အီကင်း ကိုမောင်ကြီးနှင့် တွဲကရင်း နဖူးစာ ဆုံပြန်၍ ကိုမောင်ကြီးနှင့်
အကြောင်းပါ ပြန်သည်။

အီကင်း ကိုမောင်ကြီးနှင့် တွဲစက မထွေးလေး ပွဲငှားခမှာ သုံးပုံ တပုံလောက် အထိ


လျောကျသွားသည်။ နောင်တွင်မှ တဖြည်းဖြည်း ပြန်၍ တက်လာသည်။ ပွဲလိုက်ရာ၌ ဦးဘိုးကွန်း ကြေးကို

22 | PDF by jynfolcspfaomtEkynmonfrsm; … tzGJU v.1.0 – February, 2015


လူထုဒေါ်အမာ၏ ပြည်သူချစ်သောအနုပညာသည်များ သတင်းကြီးသည့်မင်းသမီးမထွေးလေး

မမှီသော်လည်း ကိုမောင်ကြီးမှာ ဘုရားနှင့် တရားနှင့် နေ၍ ဥပုသ်စောင့်သူ ဖြစ်သည်၊ အသောက်အစား


အကစား မရှိ၊ ထို့ကြောင့် ရသမျှငွေများ စုမိပြီး ပစ္စည်းများ ကြွယ်ဝ ချမ်းသာလာသည်။

ဦးဘိုးကွန်းနှင့် နေစဉ်ကမူ လင်ရော မယားရော ဖဲရိုက်ကြလွန်း၍ ပိုက်ဆံ တပြားမှ မစုမိကြ။


မထွေးလေး၏ မောင်အကြီး ဦးဘိုးကြီးကပါ မထွေးလေးတို့နှင့် အတူဝင်၍ ဖဲရိုက်သေး ဖြုန်းတီးသေးသည်။

ဦးဘိုးကွန်းနှင့် နေစဉ်က ပွဲက၍ ရသည့် ငွေကြေးအပြင် တပည့်တပန်းများက ကန်တော့သည့်


ပစ္စည်းကချည်း တနှစ်တနှစ် အပုံကြီး ရှိလေသည်။ ဖိုးစိန်တို့၊ အောင်ဗလတို့ကလည်း မန္တလေး လာတိုင်း၊
တွေ့တိုင်း ဆုံတိုင်း ကန်တော့သည်၊ စိန်ကတုံးကလည်း ကန်တော့သည်။ ကန်တော့ရာတွင် ဝတ်စုံများအပြင်
ရေမွှေး တပုလင်း ၁၇ိ - ၁၈ိ တန်များပင် ပါသည်။

အီကင်း ကိုမောင်ကြီးနှင့် အကြောင်းပါ၍ နှစ်တွေလတွေ ကြာသည့်အခါ ဇာတ်ဆရာ ကိုဖိုးစိန်က


"ဦးလေးကိုလေ အစကများ အမေ့ကို ယူရမလားလို့ ခဲနဲ့တောင် ထုချင်တယ်၊ ခုမှ ဦးလေးကို ကျွန်တော်
ကျေးဇူးတင်ရမှန်း သိတယ်၊ အမေ့ကို ဘုရားနဲ့ ကျောင်းနဲ့ ဖြစ်အောင် ဦးလေး လုပ်တာပါ" ဟူ၍ ဦးမောင်ကြီး၏
သီလ သမာဓိနှင့် စေတနာကို ကျေနပ်ကြောင်း ပြောဘူးသည်၊ အီကင်း ဦးမောင်ကြီးကမူ သူတို့
အိမ်သားများအား "သူအရင် သေရင်တော့ ငါက ဘုန်းကြီး လုပ်မှာပါ၊ ငါအရင် သေရင်တော့ နင်တို့ အစ်မက
နောက်အိမ်ထောင် ပြုအုံးမှာဘဲ" ဟု ပြောဘူးသည်။

အီကင်း ကိုမောင်ကြီးမှာ ကိုဘိုးကွန်း၏ တပည့်အရင်း ဖြစ်သည်။ ကိုဘိုးကွန်း အနိစ္စ ရောက်သည့်အခါ


မထွေးလေးက မင်းသား မရှိ၍ သူ့ခင်ပွန်း၏ တပည့်ကို ခေါ်ပြီး တွဲခြင်းဖြစ်သည်။ ကိုမောင်ကြီးမှာ ကိုဘိုးကွန်းလို
မဟုတ်၊ ရုပ်ချောသည်၊ ဖြူဖြူခန့်ခန့်ကြီး ဖြစ်လေသည်။ ပညာမှာကား ကိုဘိုးကွန်းလို မတော်ပေ။ ကိုဘိုးကွန်းမှာ
သဘင်ပညာတွင် အလွန်ပြည့်သည့် မင်းသားပါပေ။

ပွဲကြည့်သူများကမူ မထွေးလေးသည် အီကင်း ကိုမောင်ကြီးနှင့် တွဲသည့်အခါ၌ ပို၍


ကောင်းသေးသည်ဟု ပြောတတ်ကြသည်။ အီကင်း ကိုမောင်ကြီးနှင့် တွဲကသည့် အခါ၌ အီကင်း
ကိုမောင်ကြီးသည် ပစ္စည်း အစုအဆောင်း ကောင်းသူ ဖြစ်သည့်အတွက် မထွေးလေးတို့တွင် ပစ္စည်းဥစ္စာ
ပေါများလာသည်။

ထို့ကြောင့် ကျောင်းတကာ ကျောင်းအမ အမည်ခံ၍ မန္တလေးမြို့ မန္တလေးတောင်၏ အနောက်ဖက်


တောင်ခြေ သစ်ဆိမ့်တိုက်ကြီး အတွင်း၌ အသားကျောင်းကြီး တကျောင်း ဆောက်လုပ် လှူဒါန်းကြသည်။

23 | PDF by jynfolcspfaomtEkynmonfrsm; … tzGJU v.1.0 – February, 2015


လူထုဒေါ်အမာ၏ ပြည်သူချစ်သောအနုပညာသည်များ သတင်းကြီးသည့်မင်းသမီးမထွေးလေး

ကျောင်းကြီး ဆောက်နေစဉ် ၁၂၈၁ ခုနှစ်၌ စဥ့်ကိုင်ပွဲက အပြန် အီကင်း ကိုမောင်ကြီးမှာ ငှက်ဖျားမိ၍


ကွယ်လွန် အနိစ္စ ရောက်ပြန်သည်။ ဤတွင် မထွေးလေးသည် အတိသံဝေဂ ရပြီး မောင်လည် နှမလည် စုံညီစွာ
ရှာဖွေ စုဆောင်းထားခဲ့သည့် ပစ္စည်းများကို မသုံးစွဲဘဲ ထိုကျောင်းတိုက်ကြီး၏ အရှေ့ဖက် မလှမ်းမကမ်း
မန္တလေး တောင်ခြေမှာပင် လောကတန်ဆောင် ဘွဲ့တော်ချီ၍ မြေစိုက် စေတီတဆူ ကျောက်တံတိုင်း ခတ်ပြီး
တည်ထား လှူဒါန်းပြန်သည်။ ဘုရားအမ မုဆိုးမ မထွေးလေး၏ လောကတန်ဆောင် စေတီတွင် စေတီ၏
မြောက်ဖက်၌ ကျောက်စာတခု အခိုင်အမာ စိုက်ထူလျက် ကျောက်စာတိုက်နှင့် ထားရှိခဲ့သည်ကိုလည်း
တွေ့ရပါသည်။

အီကင်း ကိုမောင်ကြီးက မထွေးလေးကို "မမ" ဟုပင် ခေါ်သည်။ ကျောက်ဆည်နယ် စဥ့်ကိုင်


ဆည်တော်သို့ ပွဲကသွားကြ၍ အပြန်တွင် တဇာတ်လုံး ဖျားကြသည်။ ငှက်ဖျားဟု ထင်ရသည်။
မထွေးလေးလည်း ဖျားသည်။ အီကင်း ကိုမောင်ကြီးမှာ ထိုအဖျားရောဂါနှင့်ပင် ၁၂၈၁ ခုနှစ်တွင်
သေဆုံးရှာသည်။

"စဥ့်ကိုင်ဆည်တော်၊ ရပ်အမော်သို့၊ ဇာတ်တော်ကြီးနှင့် ခရီးလွှင့်သော်၊ မသင့်အာဟာရာ၊


စားမိတာကြောင့်၊ ကုန်ဖျားနာ၍၊ မရဏာလမ်း၊ စုတိမြန်းသည်၊ ဘုရားတည်တာကမှ
မစောင့်လေသတော၊ သေပုံစော"
ဟူ၍ စာရေးဆရာ ကိုဘိုးသာ ရေးစပ်ပေးသည့် တေးတပုဒ် မထွေးလေးက အီကင်း ကိုမောင်ကြီး
သေဆုံးသည့်အကြောင်း သီချင်းသီ၍ ဆိုဘူးပါသည်။

< ပုံ ၄ - ဓာတ်ပုံ - အီကင်းကိုမောင်ကြီးနှင့် မထွေးလေးတို့ ကောင်းမှု၊ သစ်ဆိမ့်တိုက် အတွင်းမှ ၇ဘုံရှိသော ပြာဿာဒ်နှင့်
ကျောင်းကြီး ၁၃၂၁ ခုနှစ်က တွေ့ရပုံ၊ ယခု မရှိတော့ပြီ >

မထွေးလေးနှင့် ကိုဘိုးကွန်းတို့ မန္တလေးမြို့တွင် နေထိုင်သွားသည့် နေရာမှာ ၈၂ လမ်းနှင့် ၃၄ လမ်း


အုတ်တန်းဒေါင့် ဆုံရာမှ တထပ်တိုက် ကလေးတွင် ဖြစ်ပါသည်။ ယခု ထိုတိုက်ကလေး မရှိတော့ပါ။
စစ်ပြီးသည့်နောက် ဖျက်၍ အခြား တိုက်တလုံး ဆောက်လုပ်ထားပါပြီ။ ကိုမောင်ကြီးနှင့် မထွေးလေးတို့
နေခဲ့သည့် နေရာမှာ ထိုတိုက်နှင့် မနီးမဝေး၊ ကယ်လီကျောင်း အနောက်ဖက်ရှိ ထီးဝင်းထဲတွင် ဖြစ်ပါသည်။

< ပုံ ၅ - ဓာတ်ပုံ - မန္တလေး တောင်ခြေရှိ မထွေးလေး ကောင်းမှု လောကတန်ဆောင် ဘုရား >

24 | PDF by jynfolcspfaomtEkynmonfrsm; … tzGJU v.1.0 – February, 2015


လူထုဒေါ်အမာ၏ ပြည်သူချစ်သောအနုပညာသည်များ သတင်းကြီးသည့်မင်းသမီးမထွေးလေး

မထွေးလေးသည် စာတတ်သည် မဟုတ်ပါ။ အနည်းအပါးမျှကို နန်းတော်ထဲ၌ နေခဲ့စဉ်က မိဖုရားက


သင်ပေးသည်။ သို့သော် မိဖုရားမှာ စိတ်ထန်လွန်းသူ ဖြစ်၍ အရိုက်အနှက် ခံရပြီး ကြောက်ရလွန်းသောကြောင့်
စာမတတ်ခဲ့ဟု ဆိုပါသည်။

မထွေးလေးသည် စာမတတ်သော်လည်း သဘင်နားရှိသူ ဖြစ်သဖြင့် သီချင်းတက်သည့် အခါ အသံကို


သူကိုယ်တိုင် ပတ္တယား တီး၍ တက်ယူသည်။ စာကိုမူ အတွင်းမှ စာထောက်သူ စာပိုးသူများ ထားလေသည်။
မထွေးလေး ကသည့်အခါ တပည့်တယောက်က ကားကြားမှ နေ၍ သီချင်း စာသားကို အသံမဲ့ ထောက်ပိုး
ပေးရသည်။ မထွေးလေးက အသံထည့်၍ ဆိုသည်။

မထွေးလေး စာမတတ်သဖြင့် ကားကြားထဲမှ စာပိုးခံသည့် နည်းတူ စာတတ်သော်လည်း


မထွေးလေးလို စာပိုးခံသူ အခြား သဘင်သည် တဦး ရှိသေးသည်။ ၄င်းမှာ ဇာတ်ဆရာ ဦးဖိုးစိန် ဖြစ်လေသည်။
ဤသို့ စာပိုးခံမှုနှင့် ပတ်သက်၍ ဦးဖိုးစိန် ပြောဘူးသည်မှာ "စာပိုးခံသူသည် စာရေးဆရာထက် ပညာ ၂
ဆလောက် ပြည့်မှ စာပိုးခံရသည်။ ထို့ကြောင့် ငါ့တုပြီး စာပိုးခံဖို့ စိတ်မကူးကြနှင့်၊ စာရအောင် ကျက်ကြ" ဟူ၍
ဖြစ်လေသည်။ ကားကြားမှ အသံမပါဘဲ သီချင်းသားကို အထောက်ခံသည် ဆိုခြင်းမှာ အကယ်၍
ထောက်ပေးသည့် သီချင်းစာသားကို ကနေသူက မကြားခဲ့လျှင် သူ့ဖာသာ သူ့စကား ထည့်ပြီး သီချင်းလုပ်၍
ဆိုသွားနိုင်လောက်အောင် ပညာပြည့်သူ ဖြစ်ရသည်ဟု ဆိုလိုခြင်း ဖြစ်လေသည်။ ဤစကားမှာ မှန်လည်း
မှန်လှသည်။ စာပိုးခံသည့် ပညာသည်မှန်း ဓာတ်သိ လက်တဆုပ်ကသာ သိကြ၍ ပွဲကြည့်
အထောင်အသောင်းက မသိဘဲ ဟန်မပျက် သီဆိုနိုင်သူများ ဖြစ်လေရာ ၄င်းတို့ ကိုယ်နှိုက်က တကယ်
ပညာပြည့်သူများ ဖြစ်၍သာ ဤသို့စာပိုး ခံဝံ့ခြင်း ဖြစ်သည်မှာ ထင်ရှားပါသည်။

အပျိုတော် မသုံကြီး

မထွေးလေးနှင့် တွဲဖက် ကပြသူများတွင် ကျားကိုတုတ် ကျော်ကြားသလို အပျိုတော် မသုံကြီးကလည်း


ကျော်ကြားလှသည်။

မသုံကြီးသည် အက အလွန်ကောင်းသူ ဖြစ်ပြီး မင်းသမီး မထွေးလေးလို လှသည့် အကမျိုးသာ


မဟုတ်ဘဲ အပျိုတော် ဖြစ်သမို့ ကကြိုးအစုံ ကလေသဖြင့်၊ သူ့အကမှာ အလွန်ပွဲကျ အလွန် ပရိသတ်
ကြိုက်သည့် အကမျိုး ဖြစ်သည်။

25 | PDF by jynfolcspfaomtEkynmonfrsm; … tzGJU v.1.0 – February, 2015


လူထုဒေါ်အမာ၏ ပြည်သူချစ်သောအနုပညာသည်များ သတင်းကြီးသည့်မင်းသမီးမထွေးလေး

မထွေးလေးနှင့် သေမှခွဲ၍၊ မသုံကြီး မရှိတော့မှ မထွေးလေးက အပျိုတော် မအေးညိုကို သူ့နေရာ၌


ဝင်စေခဲ့သည်။ မထွေးလေးဇာတ် က,သည် ဆိုလျှင် ထိုခေတ်က မင်းသား မင်းသမီးတွေက ပွဲအားသည် ဖြစ်စေ
ပွဲက,ရင်း ဖြစ်စေ အချိန်ရလျှင် ရသလို ပညာအတု ယူကြရန် ဇာတ်စင်ပေါ် တက်၍ ကြည့်ကြစမြဲ ဖြစ်သည်။
သို့ဖြစ်ရာတွင် အက,ကို အတုယူလိုသူများ ဖြစ်ကြသည့် ငွေမြိုင်တို့၊ အောင်မြသင်းတို့၊ ဩဘာသောင်းတို့၊
ဥက္ကလာအေးကြည်တို့၊ စိန်လေဒီ၊ စိန်မေရီတို့၊ ကြင်ယုံတို့ ဆိုပါလျှင် အပျိုတော် မသုံကြီး က,သည့် အခါ၌
မထွေးလေး က,စဉ် ငေးစိုက်နေအောင် ကြည့်ရ အတုယူရသလို ငေးစိုက်ကြည့်ပြီး အတုခိုးကြရသည်။
မသုံကြီးမှာ ဇာတ်လိုက်ရာတွင်လည်း အလွန်ကောင်းသူ ဖြစ်သည်။

လူပြက် ဦးစကားဝါ၊ ဦးပိန်ညှော် တို့မှာ မထွေးလေး၏ ဇာတ်မှ တွဲဖက်များ ဖြစ်ကြသည်။

ဒေါ်ထွေးလေးသည် အီကင်း ကိုမောင်ကြီး ကွယ်လွန် အနိစ္စ ရောက်ပြီးသည့် နောက်တွင်လည်း


သဘင် အလုပ်ကို မစွန့်နိုင်ရှာ၊ ရုပ်သေးမှ ဇာတ်ခုံ ပြောင်းလာသည့် မင်းသား ကိုစိန်ခို၊ မင်းသား စိန်ကတုံး၊
ရုပ်သေးမင်းသား ဆရာဉာဏ်၊ မင်းသား အောင်စီဗလ စသူတို့နှင့် တွဲဖက်၍ က,ရှာသေးသည်။
ဤအတောအတွင်းမှာပင် အလှူများ မင်္ဂလာဆောင်များ၌ နေ့ဧည့်ခံ သဘောနှင့် စန္ဒယား ထိုင်ဆိုများလည်း
လိုက်၍ ဆိုသေးသည်။ ဒေါ်ထွေးလေးသည် သူကိုယ်နှိုက်က သဘင်ပညာ ပြည့်လှသည့် အနုပညာသည်
ဖြစ်လေသောကြောင့် ပညာနှင့် ပတ်သက်၍ အလုပ် လုပ်ကြစို့ဟု ဆိုသည့်အခါ အသက် ၅၀ ကျော် အရွယ်ပင်
ဖြစ်လင့်ကစား အိုမင်းရင့်ရော်ခြင်းသည် ပွဲကြည့်၏ အာရုံ၌ မြင်စတွင်သာ တည်လိုက် ရှိလိုက်ပြီး ခဏကလေး
အတွင်းမှာပင် ပျောက်ကွယ် သွားရလျက် သူ့အနုပညာရည်တွင် ပွဲကြည့်အား နစ်မျောကုန်စေနိုင်သူ
ဖြစ်ပါသည်။

ဒေါ်ထွေးလေး အသက် ၅၄ နှစ် အရွယ်တွင် စိန်ကတုံးနှင့် တွဲက,စဉ်က ရတနာပုံ ကိုဘအေး


ရေးပေးသည့် ၂ ပါးသွား သီချင်း တပုဒ်၌...

"ကြာဆန်ဆန် မျက်လုံးနဲ့ ပြုံးပြုံးကလေးကြည်၊ အဲဒါကြောင့်၊ လင်ကတုံးရဲ့ မုန်းပါနဲ့ အတည်" ဟု ဆို၍


ဒေါ်ထွေးလေးက ကြာမျက်လုံး ကလေးများ၊ ကြာမျက်ခုံး ကလေးများနှင့် ပရိသတ်ကို နှဲ့သေးသည်။ အသက်
၅၀ ကျော်ကြီးပေမင့် ဒေါ်ထွေးလေး မျက်လုံးများက အဟုတ်လှ၊ အဟုတ်ညု၊ အဟုတ်ညှို့၍ တဖက်သားကို
ဆွဲခါနိုင်သေးသည် ဖြစ်သဖြင့် ပရိသတ်က သဘောကျပြီး "ထပ်လုပ်ပါအုံးဗျို့" ဟု အကြိမ်ကြိမ် ခိုင်းကြသည်။
သီချင်း ဤနေရာသို့ ရောက်လျှင် ၁၀ ခါထက်မနဲ ပြန်ဆိုရ ပြန်လုပ်ရသည်။

ဤအရွယ်ကြီးပေမင့် ဒေါ်ထွေးလေးက သူ့ကို ၂ ပါးသွား၌ မင်းသားများက ခေါ်သည့်အခါ


ယဉ်ယဉ်ကျေးကျေး လေးလေးစားစား ခေါ်မှ ကြိုက်သည်။ ၂ ပါးသွားတော့မည်ဟု မင်းသမီး မင်းသား ၂

26 | PDF by jynfolcspfaomtEkynmonfrsm; … tzGJU v.1.0 – February, 2015


လူထုဒေါ်အမာ၏ ပြည်သူချစ်သောအနုပညာသည်များ သတင်းကြီးသည့်မင်းသမီးမထွေးလေး

ယောက် ထွက်၍ လာကြလျှင် မင်းသားက "ထားလေး ထိပ်ခေါင်တင်၊ မိမိလေး (သို့မဟုတ်) နှမလေး" ဟု


ခေါ်လိုက်လျှင် ဒေါ်ထွေးလေးက...

၂ ပါးသွား အက

"တေးအဆိုရော အက,ရော၊ အသံကောင်းရှင့်၊ ဉာဏ်ကောင်း ပြည်ကကျော်၊ နန်းသုံး(လေ)


ထင်ပေါ် သဘင်ကျော်၊ ရာမ အီနောင် ခွဲတတ်ပါရဲ့၊ အကဲထိုက်တဲ့ သူဟာမို့ ပျော်ရွှင်ရန်အရေး
ပျော်ရွှင်ရန်အရေး၊ ထွေးအပျို တယောက်၊ သွေးမမြောက်လေသတော်၊ ကလေး ဆံတောက်တွေ
အပေါ်၊ ထောက်မြှော် ထောက်မြှော်ပါကြောင်း၊ နောက်ပေါ် သဘင်တကာကို မစောင်းရှင့်၊ ကျော်သူ့
မော်သူ့ နောက်ထ သဘင်အပေါ်၊ လှပျိုအပေါင်းတို့ ကျမလို ကောင်းပါစေလို့ အောက်မေ့ပါရဲ့တော်"

ဟူသည့် ကိုယ်ရည်သွေး ပါသော အထကလေးကို ကောက်၍ ဆိုတတ်သည်၊ ပြီးမှ သစ္စာထား ၂ ပါးသွားခြင်း၊


ပြည်တည်ခြင်းများ ပြုတတ်သည်။ ဒေါ်ထွေးလေးက သူသည် ရာမဇာတ်နှင့် အီနောင်ဇာတ်ကို ခွဲခြားနိုင်သည့်
မင်းသမီးဟု ဆိုပါသည်။ ဤအဆိုမှာ သူ့သဘင်ရည် ဘယ်အထိ ရှိသည်ကို လှစ်ဟသည့် ကိုယ်ရည်သွေးချက်
ဖြစ်ပါသည်။ ရာမဇာတ်နှင့် အီနောင်ဇာတ်များမှာ နှစ်ဇာတ်စလုံး နန်းတွင်းဇာတ်များ ဖြစ်ကြသော်လည်း အက
အဆို အပြောများ တခုနှင့် တခု မတူကြဘဲ သူ့မူနှင့်သူ ရှိကြသည်။

ရာမဇာတ်တွင် သူ့အခန်းနှင့်သူ က,ကြသည့်အခါ တကယ့် ယိုးဒယားများ မူအတိုင်း ခြေမကြွဘဲ


ကကြရသည်၊ လက်ကောက်ဝတ် အဆစ်၊ တဒေါင်ဆစ်၊ မေး၊ ခါး၊ ဒူးဆစ်များ ကသော်လည်း ခြေက ဖနောင့်
မြေနှင့် ထိထားပြီး ကရသည်၊ အီနောင်ကမှာ ခြေကြွပြီး အခုန်အပျံများနှင့် ကသည်၊ အဆိုတွင်လည်း
အီနောင်သံက တမျိုး၊ ရာမသံက တမျိုးစီ ဖြစ်သည်။ ထို့အတူ အပြောတွင်လည်း အီနောင်ပြောနှင့် ရာမပြော
မတူပေ။ အီနောင်မှာ ဣန္ဒာဝံသတို့ အပြောမျိုး စကားနုနှင့် ပြောသည်။

ဒေါ်ထွေးလေးက သူသည် နန်းတွင်းကို သိမှီခဲ့သူ ဖြစ်ပြီး အီနောင်နှင့် ရာမ နန်းတွင်း ဇာတ်ကြီးများကို


ကနိုင်သူ ကွဲကွဲပြားပြား တတ်မြောက်သူ ဖြစ်သည်ဟု ဆိုပြီး သဘင်ရည်ဝကြောင်း ကိုယ်ရည်သွေးခြင်း
ဖြစ်ပါသည်။

ထိုစဉ်က ပွဲတပွဲကလျှင် တညကို ပွဲငှားခ ၁၀၀ိ ပေးရသည်။ ထို ၁၀၀ိ ထဲမှ ဒေါ်ထွေးလေးကို ၃၀ိ
ခွဲပေးပြီး ကျန် ၇၀ိ ကိုမှ ဇာတ်သူဇာတ်သားများနှင့် ဆိုင်းက ခွဲယူကြရသည်။ ဒေါ်ထွေးလေးက သူပိုင်ဇာတ်
မထောင်တော့ဘဲ ခြေကောက် သဘောမျိုး လိုက်ကနေသည်။ သို့သော် သူနှင့် တွဲရသည့် ဇာတ်မှာ သူ့နာမည်
သူ့အရှိန်အစော် ပေါ်တွင် မှီ၍ ကရသည်သာ ဖြစ်သောကြောင့် ကိုစိန်ခိုက ဖြစ်စေ၊ ကိုစိန်ကတုံးက ဖြစ်စေ၊

27 | PDF by jynfolcspfaomtEkynmonfrsm; … tzGJU v.1.0 – February, 2015


လူထုဒေါ်အမာ၏ ပြည်သူချစ်သောအနုပညာသည်များ သတင်းကြီးသည့်မင်းသမီးမထွေးလေး

"မမက အကြော်တွေ စားပြန်ပြီ ညကျ အသံဝင်ရင် ခက်ပါလိမ့်မယ်" ဟူ၍ ၄င်း၊ "မမက မိုးအုံ့ရက်နဲ့ ရေချိုးပြန်ပြီ၊
ဖျားနေရင် ပွဲရက်တွေနဲ့ ခက်အုံးမယ်၊ သူကဖျားတော့ ကိစ္စမရှိဘူး၊ ကျုပ်တို့က သူ့မှီ စားရတာ။ သူမကနိုင်ရင်
ငတ်မယ်" ဟူ၍ ၄င်း ပြောကြရခြင်း ဖြစ်ပါသည်။

ဆိုင်းဆရာ ဆရာဘကြီး၊ ဦးထွန်းအိုင်တို့၏ စန္ဒယားအဖွဲ့နှင့် ဒေါ်ထွေးလေး ထိုင်ဆို လိုက်သည့်အခါ


အလှူ့ရှင် မင်္ဂလာ့ရှင်များက ဒေါ်ထွေးလေး အပေါ် အလွန်ကျေနပ် နှစ်သက်ကြသည်။ မကျေနပ်ဘဲလည်း
မရှိနိုင်။ ဒေါ်ထွေးလေးမှာ အဆိုပိုင်သူ အဆိုနပ်သူ အဆိုတတ်သူလည်း ဖြစ်ပြီး သီချင်းကြီး သီချင်းခန့်ကို
စောင်းနှင့်တကွ တီးနိုင် ဆိုနိုင်သူ ဖြစ်သည့်အပြင် ဤအလှူ ဤမင်္ဂလာအတွက် ရေးစပ်ထားသည့် ရတုများ၊
တေးထပ်များ၊ ရှစ်ဆယ်ပေါ်များကိုပါ သီဆို ချီးမြှင့်နိုင်သူ မဟုတ်ပါလော။ ထို့ကြောင့် မထွေးလေးကို အလှူ့ရှင်
မင်္ဂလာ့ရှင်က နေ့လည်တွင်လည်း ထိုင်ဆိုဖြင့် ဧည့်ခံစေသည်။ ညတွင်လည်း ဇာတ်ဖြင့် က၍ ဧည့်ခံစေသည်။
အသက် ၆၀ နား နီးနေသည့် မထွေးလေး ထိုင်မသိမ်း အင်္ကျီနှင့် ပွဲကထမီကို ဝတ်၍ ထွက်လာပြီ ဆိုလျှင် ပွဲမှာ
အုတ်အုတ် အုတ်အုတ်နှင့် လှုပ်သွားပြီး "၁၆နှစ် သမီးနဲ့ မလဲဘူးဟေ့၊ အပျိုလေးနဲ့ မလဲဘူးဟေ့" ဟု
အော်သံများ ထွက်လာတတ်သည်။ မထွေးလေးကလည်း 'ကြာသီချင်း' မျိုးကို ဆိုသေးသည်။

အီကင်း ဦးမောင်ကြီး မရှိသည့်နောက် မထွေးလေးက ရှိပစ္စည်းနှင့် ဘုရားတဆူ တည်လေရာ ဘုရားမှာ


တည်ရင်းတန်းလန်း ငွေကုန်နေသဖြင့် လက်ဝတ်လက်စားများကို ထုခွဲ ရောင်းချရသည်။ တခါတွင်
သီပေါစော်ဘွား စောအုံကြာဆီ သွား၍ သူ့လက်စွပ်ကို စော်ဘွားက ဝယ်ပါရန် စော်ဘွားကတော်
စောမြအေးကြည်ကို အပြောခိုင်းသဖြင့် စောမြအေးကြည်က ကူပြော ပေးလိုက်ရသေးသည်။ သို့နှင့်လည်း
ဘုရား အပြီးမသတ်၍ ဆိုင်းတန်းရုံတွင် ပွဲသွင်းပြီး ဘုရား အပြီးသတ် စေရေးအတွက် အလှူငွေရှာသည်။

အမေထွေး၏ အလှူပွဲ ဖြစ်သမို့ မန္တလေးမြို့ရှိ သဘင်ပညာသည်တွေ အားလုံးက ဘုရား


တည်ရန်အတွက် တတ်နိုင်သမျှ အလှူငွေလည်း လာထည့်ကြသည်။ အလှူပွဲမို့ လူကိုယ်တိုင်လည်း
လာကပေးကြသည်။

တန်းမရှိ ငါးမူးဖြင့် ရုံသွင်း ကကြရာ၌ ပထမညတွင် အမေထွေးက ဆရာဉာဏ်ကြီးနှင့် တွဲကသည်။


ဆရာဉာဏ်ကြီးမှာ ရုပ်သေးမင်းသား ဖြစ်သည်။ ဇာတ်မင်းသား မဟုတ်၍ မကတတ်။ မင်းသားလုပ် ထွက်ရမည်
ဆို၍ ရင်ဖုံးအင်္ကျီ ခေါင်းပေါင်းကြီးနှင့် ထွက်လာသည်။ ထိုညက ဦးစိန်ခိုနှင့် မြခြေကျင်း မငွေမြိုင်က တတွဲ
ထွက်ကသည်။ လူပြက်များတွင် ဦးချစ်ဖွယ်ကြီးနှင့် ကိုဓာတ်စိန်တို့ ပါကြ၍ ရုပ်သေးထဲမှ ဆရာရှံကြီးက
မင်းသားကြီး လုပ်သည်။ ရုပ်သေးမင်းသား ဆရာရှံက သနပ်ခါးလိမ်း ထွက်လာသည့် အခါ ဦးချစ်ဖွယ်ကြီးက
ဆရာရှံကြီးကို ကြည့်၍ ရယ်သည်။ ဆရာရှံက "မရယ်ပါနဲ့၊ မင်းထက်တော့ ငါက သာပါတယ်" ဟု ပြောသဖြင့်
ပရိသတ်က ရယ်မောရ ပြန်သည်။ ထိုညက ပဒုမ ပေါင်တိုဇာတ် ခင်းပြီး ဆရာဉာဏ်ကြီးနှင့် ဆရာရှံတို့က

28 | PDF by jynfolcspfaomtEkynmonfrsm; … tzGJU v.1.0 – February, 2015


လူထုဒေါ်အမာ၏ ပြည်သူချစ်သောအနုပညာသည်များ သတင်းကြီးသည့်မင်းသမီးမထွေးလေး

အသားယူ ကကြ၊ ဇာတ်သယ်ကြရာ ပညာတော်သူချည်း ဖြစ်ကြသောကြောင့် အလွန်ကောင်းသဖြင့်


ကြည့်လိုက်ရသည့် ပရိသတ်က မေ့မရအောင် ရှိလေသည်။

အမေထွေးသည် သစ်ဆိမ့်တိုက် အနီးမှ လောကတန်ဆောင် ဘုရား ရေစက်ချသည့် အခါတွင်လည်း


အလှူငွေ ရှာစဉ်ကကဲ့သို့ပင် ဇာတ်တွေ ရုပ်သေးတွေ ဆိုင်းတွေက လာကူကြ ကပေးကြသဖြင့် ကြုံရခဲ
ကြည့်ရခဲသည့် ဇာတ်သဘင် ညွန့်ပေါင်း ပွဲကြီးပွဲကောင်းတခု ဖြစ်ခဲ့လေသည်။

ထိုပွဲကို ဒေါ်ထွေးလေးက

"တန်ဆောင်းအမ ခင်ထွေး မဟာကုသလာ၊ လေသာလျှိုးလို့ ငြိုးချက်ထန်၊ ဂျိုလိမ်ကျွဲလို


ဇွဲကသန်၊ နံပိန်မင်းသား စဉ်းစားရန်၊ အတန်အတန် အဖန်ဖန် ရည်အမှန် ညစဉ်ကြံ၊ စဉ်းစားပါ မင်းသား
မောင်ဖိုးဉာဏ် -

ငါးဆယ်ကျော် အမယ်ကြီးရှင့်၊ ဘယ်နည်းမင်ပြန်၊ စိန်ရွှေငွေ လှူပြီးကွဲ့ မောင်မောင်ရင်ဉာဏ်၊


လာနော်၊ ဆရာကတော် အမိလို သဏ္ဍာန်၊ အမလို သဏ္ဍာန် စဉ်းစားပါ မင်းသားမောင်ဖိုးဉာဏ်" ဟု
သီချင်းဆိုသည်။

မစိန်သုံတို့က ဆရာဉာဏ်ကို မင်းသားခေါင်း ပေါင်းပေးပြီး အကခိုင်း၍ ဆရာဉာဏ်က


ဒေါ်ထွေးလေးနှင့် တွဲကရာ၌ အမေထွေးက ဆိုသည့် သီချင်း ဖြစ်သည်။

အီကင်း ဦးမောင်ကြီး အနိစ္စ ရောက်သည့်အခါ သဘင်သည် လောကမှ လူများက ဒေါ်ထွေးလေး


အိမ်ထောင်သစ် ပြုခြင်းပြုလျှင် ဆရာဉာဏ်နှင့် ပြုစေချင်ကြသည်။ ဆရာဉာဏ်ကလည်း စိတ်ပါသည့်
လက္ခဏာ၊ သို့သော် ဒေါ်ထွေးလေးက မင့်ကလေးတွေနဲ့ ယူလို့ ဖြစ်ပါ့မလားကွယ်ဟု ဆိုကာ ငြင်းလေသည်။
သူ့နဖူးစာမှာ ဇီးကန် တောင်ပြုံး သူကြီးနှင့်မှ ဆုံတော့သည်။

စင်စစ် ဒေါ်ထွေးလေးမှာ ငယ်ကတည်းက ထီးထဲနန်းထဲ ကြီးလာသဖြင့် တကြောင်း၊ သူ့မျိုးရိုးက


မင်းနံ့စိုးနံ့ မကင်း၍ တကြောင်း၊ သူသည် သူများ အယုယခံ၍သာ နေတတ်သည်။ သူ့ဖာသာ
လွတ်လွတ်လပ်လပ် ရပ်တည်တတ်ရှာပုံ မပေါ်။ ဘာမဆို သူ့ကို သူများက ဂရုစိုက်ရ၊ ယုယရလေသည်။ သူကမူ
မင်းသမီးလေးလို ကလေးငယ်လေးလို သူများ အကြောင့်ကြ ခံ၍သာ နေလေသည်။

29 | PDF by jynfolcspfaomtEkynmonfrsm; … tzGJU v.1.0 – February, 2015


လူထုဒေါ်အမာ၏ ပြည်သူချစ်သောအနုပညာသည်များ သတင်းကြီးသည့်မင်းသမီးမထွေးလေး

ထို့ကြောင့်လည်း အိမ်ထောင်ရေး ကံမကောင်းရှာ၍ တအိမ်ထောင်ပြီး တအိမ်ထောင်


ပျက်စီးရသည့်အခါ ဒေါ်ထွေးလေးမှာ အသက် ၅၀ ကျော် အရွယ် သူ့ဝမ်း သူကျောင်းနိုင်သူ တယောက်
ဖြစ်ပါလျက် အမှီခို ကင်းသူတဦး အနေဖြင့် တဦးတယောက်တည်း ဘဝကို မရုန်းကန်လို၊ သူသည်
ဘဝကြင်ဖော်ကို ရလိုသေးသည်။ သူ့ကို ကြောင့်ကြမည့်သူ ယုယမည့်သူ ရှိစေလိုသေးသည်။ ထို့ကြောင့်
နောက်အိုး နောက်အိမ် ထူရန် စဉ်းစားပြန်ခြင်း ဖြစ်သည်။

ဒေါ်ထွေးလေး၏ တပည့်တပန်းများနှင့် ဆွေမျိုး မိတ်သင်္ဂဟများကမူ ထိုအရွယ်ကျမှ နောက်အိုး


နောက်အိမ် မထူစေချင်ကြတော့။ ထို့ကြောင့် အီကင်း ဦးမောင်ကြီး သေရှာသည်၌ ဇာတ်ဆရာ ကိုဖိုးစိန်က
"အမေ ဘာမှ မပူနဲ့၊ ကျွန်တော် အမေ့ကို လယ်ဝယ်ပေးမယ်၊ အမေ အေးအေးစားနေ" ဟူ၍ ပြောရှာသည်။
သားထောက် သမီးခံလည်း မရှိ၊ တယောက်တည်း ရီးတီးယောင်တောင် ဖြစ်နေရှာသော ဒေါ်ထွေးလေးကို
သူကိုးကွယ်သည့် မန္တလေး တောင်ခြေမှ သစ်ဆိမ့်တိုက် ဆရာတော်က "တကာမကြီး ကျောင်းလာနေလှည့်"
ဟုခေါ်၍ တရားဓမ္မနှင့် မွေ့လျော်စေချင်သည်။

ဒေါ်ထွေးလေး ခမျာတွင် သီလရှင် ဘဝလည်း ကူးနိုင်သည် မဟုတ်၊ "မမရဲ့ လိုက်ပါအုံး၊ အမေရဲ့


လာပါအုံး" ဟု သဘင်နယ်မှ လူများက ခေါ်ပြန်သည့်အခါ မက,ဘဲ မဆိုဘဲ မနေနိုင်သေး၊ က,ပြန်
ဆိုပြန်တော့လည်း ပရိသတ်က မက်မကုန်မှန်း သိနေသေးသဖြင့် ဆရာ ဘုန်းတော်ကြီး ကျောင်းတွင်
"အေးအေး သီတင်းသီလ စောင့်ပြီး" မနေရကုန်၍ ဘုန်းတော်ကြီးနှင့် မလှမ်းမကမ်း မြောက်ပြင်တွင်
အိမ်တလုံးငှါး၍ နေထိုင်သည်။

ထိုစဉ် စစ်ကိုင်း အလှူတခုက ထိုင်ဆို စန္ဒယားနှင့် ခေါ်၍ လိုက်သွားရာမှ အင်းဝ တံတားဦးမှ


ဇီးကန်တောင်ပြုံး သူကြီး ဦးကြာညို ဆိုသူနှင့် တွေ့လာခဲ့သည်။ ဦးကြာညိုက ချစ်လှပါသည်၊
ကြိုက်လှပါသည်ဟု ဆိုခြင်းကို ဒေါ်ထွေးလေးက ယုံစား၍ ဇီးကန်တောင်ပြုံး သူကြီးနှင့် အကြောင်းဆက်
ပေါင်းဖက်ပြီး တံတားဦးသို့ ရှိပစ္စည်း အကုန်ယူ၍ လိုက်သွားလေသည်။

သူကြီး ဦးကြာညိုတွင် သူကြီးကတော် အရီးဆောင်း ဟူ၍ ရှိသည်။ ဦးကြာညိုနှင့် ၃နှစ်ခန့်


ပေါင်းရသည်။ ထိုအချိန်မှ စ၍ အက, အဆိုကို လုံးဝ စွန့်လွှတ်လိုက်သည်။ ဒေါ်ထွေးလေး အသက် ၆၀
အရွယ်တွင် တံတားဦး၌ အနိစ္စရောက်၍ မြင်းဝန် သုသာန်တွင် သင်္ဂြိုဟ်သည်။

ဒေါ်ထွေးလေး၏ဂူ မြင်းဝန် သုသာန်တွင် ရှိသည်ဆို၍ ဓာတ်ပုံကလေး ရိုက်ထည့်ရန် လိုက်ရှာရင်း


တံတားဦးမှ သိမှီသူ လူကြီးသူမများကို မေးသည့်အခါ ဒေါ်ထွေးလေး အလောင်းကို ဂူသွင်း မြှုပ်နှံခြင်း မရှိပါ၊

30 | PDF by jynfolcspfaomtEkynmonfrsm; … tzGJU v.1.0 – February, 2015


လူထုဒေါ်အမာ၏ ပြည်သူချစ်သောအနုပညာသည်များ သတင်းကြီးသည့်မင်းသမီးမထွေးလေး

ဒေါ်ထွေးလေး၏ ဘဝနိဂုံးသည် သူထင်စားခဲ့သလို မြတ်နိုး ယုယမည့်သူ လက်၌ အဆုံးသတ်ရရှာခြင်း


ဟုတ်ဟန် မတူပါဟု ပြောပြလိုက်ကြပါသည်။

သူကြီး ဦးကြာညိုသည် မထွေးလေးကို ပစ္စည်းမက်၍ ယူခြင်းဖြစ်ပြီး မယားငယ် အဖြစ်နှင့် ပေါင်းခြင်း


ဖြစ်သည်ဟု တံတားဦးမှ သက်ကြီးရွယ်အိုတို့က ပြောကြပါသည်။ ဒေါ်ဩဘာသောင်းတို့ မထွေးလေး၏
အသုဘ သွားကြသည့်အခါ သူကြီး ကတော်ကြီးက ငွေဖလားကြီး တလုံးဖြင့် အသုဘတွင် ထိုင်ပြီး ငွေကူခံ
နေသည်ကို တွေ့ခဲ့ရ၍ ဒေါ်ဩဘာသောင်း တို့က စိတ်မချမ်းသာသောကြောင့် ငွေကူပင် မပြုခဲ့၊ ယခုမှ
ငါ့ဆရာအား နောက်ဆုံး ကျေးဇူးသိမှု မပြုရလေခြင်းဟု တသက်လုံး စိတ်မကောင်း ဖြစ်ရသည်ဟု
ဒေါ်ဩဘာသောင်းက ပြောပြပါသည်။

31 | PDF by jynfolcspfaomtEkynmonfrsm; … tzGJU v.1.0 – February, 2015


လူထုဒေါ်အမာ၏ ပြည်သူချစ်သောအနုပညာသည်များ သတင်းကြီးသည့်မင်းသမီးမထွေးလေး

မထွေးလေး ဦးစိန်ကတုံး၊ ဦးစိန်ခိုတို့နှင့် တွဲကစဉ်က ၂ ပါးသွား သီချင်း

(ရတနာပုံဆရာအေး ရေးသည်)

ခြေဆင်း။ ။ “တရားပလ္လင် ဘုံသီရိမှာဖြင့်၊ ၂ ပါးဘုရင် စုံအညီ ရှိစဉ်က၊ ဂုဏ်သရေကြီးခဲ့ပါတဲ့ ထွေးခင်မယ်၊


အဆန်းအပြား လိုရင်တတ်ပါရဲ့၊ စန္ဒယားအဆိုပင် မလပ်ပါ၊ ပြေခွင်လယ်၍၊ နေရှင်နယ် မြို့တော်မန်းမှာ၊
ဆန်းခဲ့ပါမယ်။

(ငါးဆယ်ကျော် သက္ကရာဇ်အဝင်၊ ဘုရားအမ ကျောင်းအမ ခေါ်သင့်ပေပြီ)၂ အရိုးဖြူ စိပ်ပုတီးနဲ့


ငြီးငွေ့ပါလို့ နေဘို့တော်ပြီ၊ သို့ပေမဲ့လဲ မဖြေနိုင်သည်၊ အသက်အရွယ်ကြီးတော့ မှီးရသည်၊ သိကြား မ,လို့
ရခဲ့သည်၊ ဝမ်းမြောက်ဝမ်းသာ ရှိပါပြီ၊ သား လင်ကလေးနဲ့ တွေ့ရသည်၊ အမေထွေးက ပွေ့ကာချီ၊
လောကွတ်ကောင်းရင် ပေါင်းသင့်ပြီ၊ လင်ကတုံးရဲ့ မမုန်းနဲ့ အတည်။ ယုံယုံ ကြည်ကြည် ပေါင်းပါအတည်၊
ကောင်းပါသည်၊ အမျိုးမှန်သည်၊ အဘိုးတန်သည်၊ ရေလျှော်ခံ နန်းသုံးခင်ထွေးမဒီ။

(ကြာလေ ကောင်းလေ မဟောင်းနိုင်ပါပြီ၊ အဆက်ကလေး မျက်နှာပေးကြည်၊ ယဉ်ကျေးသည်


ထွေးခင်ယဉ်ကျေးသည်... )၂ ကြာဆန်ဆန် မျက်လုံးက ပြုံးပြုံးကလေးကြည်၊ အဲဒါကြောင့် လင်ကတုံးရဲ့
မုန်းပါနဲ့ အတည်။ ယုံယုံ ကြည်ကြည် ပေါင်းပါအတည် ကောင်းပါသည်၊ အမျိုးမှန်သည်၊ အဘိုးတန်သည်၊
အကောင်းဆုံးမို့ ရေလျှော်ခံ နန်းသုံးခင်ထွေးမဒီ။

(ရှေ့သွားနောက်လိုက် သိုက်မြိုက်ပေသည်၊ အိုဘာလင်ကားနဲ့၊ တို့လင်မယားက ဘုရားဖူး


လယ်အုံးမည်)၂ ၊ (စောစောလာ၊ မိုးချုပ်မှပြန်)၂ ၊ ဇာတ်ထဲက လာရင်လေ၊ ပညာတွေ ရပြီ။ အရပ်ထဲက
လာရင်လေ၊ အမေ သင်ကာပြမည်၊ (အရိုးအဆန်း ဟူသမျှ၊ စာကုမ္ပဏီ နေရှင်နယ်လို့ အားလုံး သုံးကြသည်)၂ ။
ယုံယုံ ကြည်ကြည်၊ အောက်မြန်မာပြည်၊ အထက်မြန်မာပြည်၊ အဆန်းဆုံးမို့ နန်းသုံးခင်ထွေးမဒီ” ။

(၁၂၈၃ - ခုနှစ်တွင် ဦးးစိန်ကတုံး၊ ဦးစိန်ခိုတို့နှင့် တွဲစဉ်က ဆိုသည့် သီချင်းဖြစ်သည်။ အမေထွေးမှာ


အောင်စီဗလနှင့်ပင် တွဲဘူးသေးသည်။ )

32 | PDF by jynfolcspfaomtEkynmonfrsm; … tzGJU v.1.0 – February, 2015


လူထုဒေါ်အမာ၏ ပြည်သူချစ်သောအနုပညာသည်များ သတင်းကြီးသည့်မင်းသမီးမထွေးလေး

အလှူပွဲများတွင် ဆိုသည့် ၈၀ ပေါ် တေးထပ်

(ရေးသူ ဦးဘိုးသာ)

“ဟိုရှေးတပေါင် သွယ်ဝယ်ဖွဲ့၊
တကယ်တကယ့် ဆိုရေးကြုံ၊
စပယ်စပယ့် အိုလေးရုံရယ်၊
ဆင့်တုံ ရင့်တုံ ပွင့်ကုန်ဆဲ။
မပန်ထိုက်သမို့ အမတန်အမြိုက်သို့၊
အမှန်ဆိုက်ဖို့ ပျိုတို့မောင်မှာ၊
ကူးတို့ရွှေဖောင် ပန်းပြတ်ကြုံခိုက်နဲ။
တခို့ငွေတောင် နန်းမြတ်ဘုံနှင့် လွဲ။ ။

ရတု
မြကက္ကုသာ၊ စောဗုဒ္ဓါနှင့်၊ ကောဏာဂမန၊ ကဿပဟု၊ ဂေါတမဘုရား၊ ဤလေးပါးတို့၊
ပွင့်ငြားတုံပြီး၊ ငုံတန်ကြီးဟု၊ မိတည်းဘဂဝါ၊ ဖူးရငှါဖို့၊ ကေသာကိုဖြီး၊ သီလဆီးသည်၊ လှူကြီးဒါန၊
နောင်ကြွေးချသည်၊ ပုဗ္ဗ မုဉ္ဇ ပရ ညီလှလေ၊ ကံ့ကော်တည့်အောင်ပွဲ၊ ကျွတ်ဆုခဲ။

သားရတနာလှ ရွှေကြိုးသွယ်ကို၊
အသရေမညှိုးဘွယ် လျှံပြို့ကဲ၊
အမွေတမျိုးဝယ် ခံဘို့ကြဲလို့၊
သဟဲပြုကြ ကုသလာ။
သမီးကျော့မူ ဖေါ့အူထွား၊
စိန်သားမြမြ၊ နားသမင်္ဂလာ။
ပိတ်ခါမှောင်ဆို့၊ အဝိဇ္ဇာရှောင်သမို့၊ ရိပ်သာညောင်ညို့၊ အပရာခွင်မှာ၊
ဘဂဝါအရှင် ထံတော်ပါး၌၊
တရားယူဆ၍ ဘဝရှောင်သွေ၊
မဂ်လမ်းချူမယ့် အခြေ။

33 | PDF by jynfolcspfaomtEkynmonfrsm; … tzGJU v.1.0 – February, 2015


လူထုဒေါ်အမာ၏ ပြည်သူချစ်သောအနုပညာသည်များ သတင်းကြီးသည့်မင်းသမီးမထွေးလေး

မကြားစဖူးဘိ၊ တရားအထူးညှိ၊ ဘုရားအမှူးရှိ၊ မြတ်သံဃေကို၊


အရပ်ရပ်မကျန်ချေ လှူဒါန်းရန်နှင့်လေး။

ကြုံရန်အခွင့်ပ၊ ဘုံပျံပလ္လင့်ကြွ၊ တငုံကျန်ပွင့်အလှ၊ သခင့် ပရမေကို၊


အသင့်ပုံသေ၊ တွေ့ကြောင်းရည်လို့လေး” ။

လူပြက်တွေက "စပယ်တဲ့ လေးရုံ၊ အပွင့်ရယ်ကုန်၊ တငုံကျန်ပါသေးရဲ့၊ ပျိုတို့မောင် ရွှေယောင်ကြီး၊


ခေါင်းဖီးခဲ့လေး"

ကက္ကုသံ၊ ကောဏာဂုံ၊ ကဿပ၊ ဂေါတမ ၄ ဆူ ပွင့်ပြီးပြီ၊ တငုံ ကျန်သေးတာက အရိမေတ္တေးယျ


ဘုရား၊ လက်ဦးစွာ ဖူးတွေ့ရဘို့ လှူကြ တန်းကြတာကလား" စသဖြင့် ပြောပေးကြသည်။ အလှူနေ့လယ်
ဧည့်ခံချိန်တွင် စန္ဒယားနှင့် ထိုင်ဆို ဆိုသည့် ၈၀ ပေါ် တေးထပ်ဖြစ်သည်။

34 | PDF by jynfolcspfaomtEkynmonfrsm; … tzGJU v.1.0 – February, 2015


လူထုဒေါ်အမာ၏ ပြည်သူချစ်သောအနုပညာသည်များ သတင်းကြီးသည့်မင်းသမီးမထွေးလေး

မင်္ဂလာဆောင်တွင် ဆိုသည့် ရတု

ဇေယျတု မင်္ဂလာ၊ သတင်းငယ်ဖြာ၊ မင်္ဂလာသီရိ၊ ကျက်သရေရှိပေ့၊ နတ္ထိကင်းကွာ၊ ဘေးဘယာလည်း


ဝေးစွာဝေးစွာ့၊ ရှောင်လွဲ လက်ထပ် လက်ထပ်ပွဲ။

တေးထပ် - အရည်တူ ရွှေနှစ်ညွန့်၊


ဂဟေကွန့် ဆက်ကာ၊
ရှေအဓွန့် မပျက်ပါသည်၊
သက်တရာရှည်ဘို့။
ကျူ ယုန် ငုံး ကပ္ပဌီလို၊
မြတ်နှစ်လီ ပေါင်းမယ့်နှစ်ကိုယ့်။ ။
ဝိဝါဟ ဆင်ယင်သာ၊ မင်္ဂလာ မချို့၊
ပြင်အာကာ တခို့၊
နေလသို့ ကြည်ကြည်။
ရတနာ ရွှေမိုး၊
စွေဖြိုးလို့ တိုးလိမ့် တည်တည်။
ခြေမညှိုး တာအရှည်မှာ၊
ပမာချီ တင်ပြတော့၊
မဉ္စက ဓနဉ္စရာ၊
ဘွားသည့်သည်းခြာ၊
ပုဏ္ဏနှင့် ဝိသာခါလို၊
သိစရာ တူဆုံးပလေး။

35 | PDF by jynfolcspfaomtEkynmonfrsm; … tzGJU v.1.0 – February, 2015


လူထုဒေါ်အမာ၏ ပြည်သူချစ်သောအနုပညာသည်များ သတင်းကြီးသည့်မင်းသမီးမထွေးလေး

ထိုင်ဆို ရိုးရိုးတေးထပ်

(ဆရာရှံရေးသည်)

မင်္ဂလာ အခမ်းအနား တွင်ဖြင့်၊


လမ်းမမှား ရှေးအစဉ်၊
စန္ဒယားနှင့် တေးသဘင်၊
ထွေးခင်ခင် ပါမှ။
အလှူလက်ထပ်၊ စရပ် ကျောင်းအရာရာမှာ၊
ပြာသာဒ် တန်ဆောင်းတကာ မကျန်၊
ရွှေနားဆင်ချင်ကြ။
ဂုဏ်ထူးတံဆိပ် တက်နေရောင်လို၊
အထက်ပြေဘောင် သီတလ၊
ကျက်သရေဆောင် အမည်ရဘို့၊
အတည်ပထမ ကျော်ခဲ့တာ။
သံအ သကြောင် ဂေါ်နာကင်းသူမို့၊
အဖော် သဟာမင်း ရွှေနားပန်ဆင်ရာ။
မျက်ခုံးမျက်စ လက်အက မပါသည်၊
ရှက်စရာ့ဟာ ခင်မေရွံ့လို့၊
သဘင်အညွန့် တည်ကြည်စွာ၊
နားကလိမ္မာ။
ဇရာဖြစ်လို့ ကာတစ်က မပါသည်၊
မဟာဓမ္မရာဇ် ရာဇာ တော်သုံးပါရှင့်လေး။

(ဤတေးထပ်ကို အမေထွေးက ပွဲကရာမှာ မဆို၊ စန္ဒယား ထိုင်ဆိုမှာ ဆိုသည်။)

36 | PDF by jynfolcspfaomtEkynmonfrsm; … tzGJU v.1.0 – February, 2015


လူထုဒေါ်အမာ၏ ပြည်သူချစ်သောအနုပညာသည်များ သတင်းကြီးသည့်မင်းသမီးမထွေးလေး

ဒေါ်ထွေးလေး၏ ကြာသီချင်း

“မြရည်နန္ဒာ၊ အိုင်မှာ ရေခင်း ကြည်လင်စွာ၊ ကြည်လင်စွာ၊ ကြာသီချင်း ထွင်ကာ၊ ဒုမ္မာတိ


ပြန့်လှိုင်ရာ၊ ချစ်ကြတာ၊ နှစ်ကကြာ၊ ခေတ်သမယ အခါက အတိတ်ဟာ တနဲ၊ နှစ်ရှည်လရှည်
စွဲကြလေသမျှ၊ မေတ္တာ ကရုဏာ၊ မုဒိတာ ဥပေက္ခာ ပါဠိစာအညွှန်း၊ တရာစွန်းတယ် ကိုးဆယ်ဖြာ၊
နိုင်ငံတကာမွှေးလို့ ခင်ထွေး ကျော်ခဲ့တာ၊ ငါးရာနှစ်ဆယ့် ရှစ်မေတ္တာ။

“သွားပုံကလေးက ကြာမူပါပါ၊ လာပုံကလေးက ကြာမူပါပါ၊ ခေါင်းကုတ်တာ ကြာ၊


လက်လှုပ်တာ ကြာ၊ မျက်နှာချိုသွေးသည့် ကြာ၊ လက်ကိုက်လို့ ငေးတဲ့ ကြာ၊ ဟော ကိုရဲ့၊ ဟော
မောင်ရဲ့၊ တီတီတာတာခရာ၊ ပလီပလာစွာ၊ ကျောင်းတကာ ကြိုက်တဲ့ ကြာ၊ အံကြိတ်ကာနေ လာနော်
မထိနဲ့၊ ငါ အော်မိလိမ့် တခါ၊ ဒေါသဖြစ်လဲ ကြာ၊ သီချင်း ကြာ၊ အလင်း ကြာ၊ ခင်ထွေးဟန်က ကြာ၊
ညောင်းလေသဏ္ဌာန် ချောင်းဟန့်သံက ကြာ၊ ပြုံးစိစိကလေး ခင်ထွေး ကြာ။

“သီတာ သီတာ မြသား၊ ကြာ ကြာ ကြာ ငါးပါး၊ ကမ်းနား ကမ်းနား ဝန်းကျင်၊ ငွေသဲပြင်တည့်မှ
ပျော်တည့် ပျော်ချင်ဖွယ်၊ ပရိယေသန ဝမ်းစာ၊ ခက်တယ် မညည်းသာဘု၊ သက်ရွယ်ကြီးခါမှ
ကလီကမာ၊ ကလေးတွေ တုကာ မြန်မာအသင်းပိုင်တို့က ကြာသီချင်းခိုင်း၊ ရိုင်းတယ်လို့လဲ မနေသာ၊
ကြာတကာ့ကြာပေါ်မှာ အမည်မွှေးလို့ မောက်စေဖို့၊ ထမီကလေး မြှောက်မြှောက်ပြီးတော့ စွန်တောင်
ကောက်တဲ့ကြာ” (လူပြက်တွေက ထမီကလေး မြှောက်မြှောက်ပြီးတော့ ရှူရှူးပေါက်တဲ့ကြာဟု
ပြောင်ဆိုကြသည်။)

ဤသီချင်းကို ဆို၍ အသက် ၅၀ ကျော် မထွေးလေးက အမူအရာ အမျိုးမျိုး လုပ်ပြသည့်အခါ ပွဲကြည့်


ပရိသတ်ကြီးထဲမှာ "ဒီဖက် လှည့်ပါအုံးဗျို့" ဆိုသော အသံများ တဝေါဝေါ ထွက်လေ့ ရှိပါသည်။

37 | PDF by jynfolcspfaomtEkynmonfrsm; … tzGJU v.1.0 – February, 2015


လူထုဒေါ်အမာ၏ ပြည်သူချစ်သောအနုပညာသည်များ သတင်းကြီးသည့်မင်းသမီးမထွေးလေး

ရုပ်သေးမင်းသား ဆရာဉာဏ်ကြီးက မထွေးလေး ပိုးသည်ဆို၍ မထွေးလေး ဆိုသည့် ဆရာဉာဏ်


နောက်ပိုးသီချင်း တပုဒ်လည်း ရှိပါသေးသည်။

ဆရာဉာဏ် နောက်ပိုး သီချင်း

ဆို - မထွေးလေး။ ရေး - နန်းတော်ရှေ့ဆရာတင်။

“အော်... ကြားရပြန်ပြီ အမှန်တည်၊ ခင်မေထွေးကို အဝေးက ပိုးကြသည်၊ မသတီ၊


အမည်လင်းရပါသော် တခါနော်၊ အနာပေါ် ဒုတ်ကျသလို၊ သူ့ခမျာ ရှိတော့၊ မနေနိုင် မထိုင်နိုင်၊
ကြိုက်ရှာလွန်းလို့ သူပလီ၊ လူရည်မလယ်ယောင် ရှုတည်ကြီးနဲ့ ဆောင်သည် (ရှက်လှသည်၊
ရှက်လှသည်)၂ ၊ ကိုဆီပုံးလို့ အမည်ပေးမည်၊ မန္တလေး ရန်ကုန် ကျော်ပေ့စီ၊ ဘိုးဉာဏ်ရှင့်အတည်၊
ပိုးလွန်းလို့ ချဉ်သည်။

“လူဟန်ကို ကြည့်ပါ့အတည်၊ ပလူပျံသလို ရှိလှသည်၊ အိမ်ကိုလာလို့ နေ့ရော ညရောအတည်၊


ကြားပြင်းကပ်သည်၊ ချစ်တယ် ကြိုက်တယ် ပြောတာများပြီ။

“သူ့ရုပ်က ကြာဟန်ပလီ၊ လေးငါးခြောက်လ ကြာပြီ၊ ပျိုထွေးကို ကိုလေးကြံစည်၊ တော်ပါပေ့


ငါရီချင်သည်၊ ကြည့်စမ်းပါ့ မကြံအပ် မကြံစည်၊ ငါးဖောင်ရိုးက အချောင်ပိုးချင်သည်၊
ရုပ်သေးဆရာကတော် လုပ်ပါတဲ့၊ ပါဝါထုတ်လို့ လာနှူး၊ ဘုရားကျမ်းစူး သူလာကျိန်၊ လူပိန်
ကိုလေအိုးရယ်က အမျိုးမျိုးနဲ့ တိုးတိုး သူ စသည်။

“ဇရာဒုဗ္ဗလ အရွယ်အိုချိန်မီ၊ သံယောဇဉ် ရှာပါနဲ့အတည်၊ ခင်ထွေးမေပျို တောင်းပန်လိုက်မည်၊


ကိုဘိုးဉာဏ်ရယ် နားထောင်စေချင်သည်” ။

(ဆရာဉာဏ်ကြီးမှာ ကိုဘိုးကွန်း၏ တပည့် ရုပ်သေးမင်းသားနှင့် စာရေးဆရာ ဖြစ်သည်။)

38 | PDF by jynfolcspfaomtEkynmonfrsm; … tzGJU v.1.0 – February, 2015


လူထုဒေါ်အမာ၏ ပြည်သူချစ်သောအနုပညာသည်များ သတင်းကြီးသည့်မင်းသမီးမထွေးလေး

< ပုံ ၆ - ဓာတ်ပုံ - မထွေးလေး၏ လောကတန်ဆောင် ဘုရားမှ ကျောက်စာဂူ >

မထွေးလေး၏ လောကတန်ဆောင်ဘုရား ကျောက်စာ

၁၂၈၁ ခု၊ ရတုမာသ၊ ဖဂ္ဂုနအခါ ကျောင်းတကာ ဦးမောင်ကြီး၊ ရန်မီးမရဏ၊ ညှဉ်းပန်းခသဖြင့်၊


ဘဝကတ္တား၊ ကွယ်ခြားကာလ၊ ကျောင်းအမ မခင်ထွေးသည်၊ မြော်တွေးစေ့မြေ့၊ ကြံအောက်မေ့ မိသည်ကား၊
နသန္တိ ပုတ္တာ တာဏာယ၊ နာပိတာနာပိ ဗန္ဓဝါ၊ အန္တကေနဓိ ပန္နဿ၊ နတ္ထိရာတီ သုတာကေတာ၊ ဤသို့လာသည်၊
ဒေသနာလေးနက်၊ နလေးချက်ဖြင့်၊ မိန့်မြွက်တော်မူခဲ့သော၊ ဘုရားစကားတော်ကို၊ တအော်လဲလဲ၊ အမြဲရိုးရင်း၊
နှလုံးသွင်းလျက်၊ သေခြင်းတရားကို၊ သားနှင့်အဘ၊ တကွမျိုးပေါင်း၊ ခင်ပွန်းကောင်းတို့သည်၊ ပုန်းအောင်းခိုလှုံရာ
မဟုတ်ချေ၊ ခေမာဝရ၊ နိဗ္ဗာနသာ၊ ပုန်းရာဧကန်၊ မှန်ပေတမင့်ဟု အသင့်ပိုက်ကျုံး၊ နှလုံးစွဲယူ
မိသဖြင့်လည်းကောင်း၊ လောကီချမ်းသာ ဥစ္စာဟူသည်၊ မျက်လှည့်သည်နှင့်၊ လျှပ်ခြည်အရောင်၊
တိမ်တောင်သဘွယ်၊ ပျောက်ကွယ် တတ်စွာ၊ တသက်လျာဟု၊ ယထာဘူတ၊ မုက္ချတိတိ၊ ဟုတ်တိုင်း
သိသဖြင့်လည်းကောင်း၊ အတိဗလဝ သဒ္ဓါ၊ ထက်သန်စွာဖြင့်၊ ကျောင်းတကာရှိစဉ်၊ ယ္ခင် ကြံစည်ရင်းဖြစ်သော
ကုသိုလ်ကို၊ ပြုလိုသော အာသာ၊ သမ္မာဆန္ဒ အားကြီးလှကြောင့်၊ ၁၂၈၂ ခုနှစ် တပို့တွဲလဆန်း ၁၀ရက်
ကြာသပတေးနေ့၊ နံနက် ၁၀ နာရီခွဲ အချိန်တွင်၊ ဘိနပ်တော် အချင်း (၂၆ င်္၁ိ) ဉာဏ်တော် ၃၇င်္ ရှိ၊
လောကတန်ဆောင် စေတီတော် မြတ်စွာဘုရားကြီးကို၊ ကာဆီး ဝိုက်သိုင်း၊ တံတိုင်းမီးတားနှင့်တကွ၊ ကျောင်း၏
ပြုပ္ပါ၊ ရှေ့မျက်နှာနှိုက်၊ ဗြဟ္မာ နတ်လူ၊ သုံးဘုံသူတို့၊ ကြည်ဖြူကော်ရော်၊ ပူဇော် စိမ့်သောငှာ၊ တည်ထား
ကိုးကွယ်ရာ၊ အသပြာပေါင်း (၈၀၀၀) ကျော်၊ ယင်းသို့ အရပ်ရပ်၊ ရုံးပေါင်းလတ်သော်၊ နှစ်သောင်းကျော်သော
ရတနာ အသပြာတို့ကို၊ တွယ်တာမက်မော၊ နှမြော နှစ်သက်၊ ငဲ့မကွက်ဘဲ၊ ဖိုလ်မဂ်ထီးဖြူ၊ ရှစ်စင်းထူ၍၊
နိဗ္ဗူကြငှန်း၊ ရွှေမြို့နန်းဝယ်၊ စံမြန်းအံ့ငှာ၊ မဟာကုသလ၊ ဉာဏ သမ္ပယော၊ အာရုံပြောလျက်၊ စိတ်ဇောထက်မြက်၊
သဒ္ဓါလက်ဖြင့်၊ ရက်ရက်မညှိုး၊ ကုသိုလ်မျိုးကို၊ စိုက်ပျိုးကြဲမြုပ်ပါသတည်း၊ ဤသို့ယခု၊ အစုစုဖြင့်၊ ပြုပြုသမျှပရိကံ၊
အာနိသံသ၊ ကျိုးဖလတို့ကို၊ ဘဝတကွေ့၊ ပြောင်းရွေ့ခန္ဓာ၊ ကျောင်းတကာနှင့်၊ ဆရာမိဘ၊ ဘိုးဘွားကလျှင်၊
စ၍မလပ်၊ လူရပ်တည်တည်၊ နတ်ပြည်ခြောက်ရွာ၊ ဗြဟ္မာနှစ်ဆယ်၊ အပါယ်လေးဘုံ၊ ကြိုက်ကြုံသမျှ၊ ထလဇ၊
ဇလဇ၊ အာကာသစာရီ၊ ထိုဤမလပ်၊ လောကဓာတ်ကို၊ အမှတ်တရ၊ ပြည့်ကုံငအောင်၊ အမျှအကျွန်ဝေပါ၏၊
အကျွန်ဝေတိုင်း၊ ဆုတ်ဆိုင်းမဲ့စွာ၊ ဝမ်းသာအင်ဖြိုး၊ လူတရိုးနှင့်၊ မြေစိုးရေစိုး၊ ထက်မိုးကောင်းကင်၊ ပဲ့တင် ချေးချေး၊
တော်သံကြွေးလျက်၊ နောင်ရေးမျှော်ရှု၊ သဒ္ဓါမှုဖြင့်၊ သာဓုခေါ်ကြ ပါစေသေဝ်။ ။ တက်ထွန်းမင်္ဂလာ၊
မော်ကွန်းသာပိမ့်၊ ရတနာခေါင်ထိ၊ တုမရှိသည့်၊ မုနိမြတ်စွာ၊ စောသတ္ထာ၏၊ သာသနာဂိုဏ်း၊ စဉ်ဆက်လှိုင်း၍၊
မြန့်တိုင်းကြက်သရေ၊ ကွန့်ရွှန်းဝေသား၊ အောင်မြေအမရ၊ တည်ဘန်သသည့်၊ မင်းများဥက္ကဋ္ဌ်၊ ဘိုးတော်နတ်၏၊
မြေးမြတ်သကျ၊ မင်းသီဟနှင့်၊ နှမအိမ်ရှင်၊ ဝတ်ငါးအင်ဖြင့်၊ ကြင်စလျားနီး၊ မမကြီးတို့၊ မညီးရင်သွေး၊
ဂုဏ်ပြန့်မွှေးသား၊ ခင်ထွေးမည်ရ၊ ကျောင်းအမလျှင်၊ ဗုဒ္ဓသာသနေ၊ လယ်ကောင်းမြေထက်၊ များထွေရတနာ၊

39 | PDF by jynfolcspfaomtEkynmonfrsm; … tzGJU v.1.0 – February, 2015


လူထုဒေါ်အမာ၏ ပြည်သူချစ်သောအနုပညာသည်များ သတင်းကြီးသည့်မင်းသမီးမထွေးလေး

အသပြာကို၊ တွယ်တာမကွက်၊ သဒ္ဓါလက်ဖြင့်၊ ဖိုလ်မဂ်ရွယ်ကိုး၊ ကုသိုလ်မျိုးကို၊ စိုက်ပျိုးတည်ထောင်၊


ကျောင်းဆောင်ဆောင်နှင့်၊ ခြောက်ရောင်ရှိန်ငြိ၊ အစိန္တိ၏၊ နိမ္မိတဖျား၊ ကိုယ်တော်ဘွားမှ၊ များပြားစုံစီ၊ မွေသရီတို့၊
နေတည်ကိန်းဝပ်၊ စေတီမြတ်ကို၊ နတ်လူဗြဟ္မာ၊ ဖူးစိမ့်ငှါလျှင်၊ ကောင်းစွာတည်ထ၊ ပြည့်ကုံင၍၊
လောကတန်ဆောင်၊ ငါးမာရ်အောင်ဟု၊ အခေါင်တံဆိပ်၊ ဘွဲ့ပုံနှိပ်လျက်၊ မြကျောက်ထက်ဝယ်၊ အက္ခရာငွေဝန်း၊
သံပိုင်းညွှန်းသည်၊ မြင့်ကျွန်းကမ္ဘာ တည်ကြောင်းတည်း။

(မူရင်း)

< ပုံ ၇ - ပန်းချီပုံ - >

40 | PDF by jynfolcspfaomtEkynmonfrsm; … tzGJU v.1.0 – February, 2015

You might also like