You are on page 1of 44

ဒုက္ခတောင်တန်း

မြန်မာနိုင်ငံမှ လက်ပံတောင်း သတ္တုတွင်းတွင် လူ့အခွင့်အရေးချိုးဖောက်မှုများ ဆက်လက်ရှိနေခြင်း


အပြည်ပြည်ဆိုင်ရာ လွတ်ငြိမ်းချမ်းသာခွင့် အဖွဲ့သည် တက်ကြွလှုပ်ရှားသူပေါင်း၊
ထောက်ခံအားပေးသူပေါင်း ၇ သန်းကျော် ပါဝင်သော ကမ္ဘာတဝန်းလုံး လူ့အခွင့်အရေးကို
ရရှိခံစားနိင်စေရန် ကြိုးပမ်းလှုံ့ဆော်နေသည့် အဖွဲ့ ဖြစ်သည်။

ကျွန်ုပ်တို့၏ မျှော်မှန်းချက်မှာ လူသားတိုင်း ကုလသမဂ္ဂ၏ လူ့အခွင့်အရေး


ကြေညာစာတမ်းပါအခွင့်အရေးများနှင့် အခြားသော နိုင်ငံတကာ လူ့အခွင့်အရေးစံနှုန်းများကို
ရရှိခံစားနိုင်စေရန် ဖြစ်သည်။

ကျွန်ုပ်တို့သည် အစိုးရ၊ နိုင်ငံရေးအယူဝါဒ၊ စီးပွားရေးအကျိုးအမြတ်နှင့် ဘာသာရေး တို့မှ


ကင်းလွတ်သောအဖွဲ့တစ်ခု ဖြစ်ပြီး အဓိကရန်ပုံငွေအဖြစ် အဖွ့ဝ
ဲ င်ကြေးနှင့် လှူဒါန်းငွေများဖြင့်
ရပ်တည်နေသော အဖြွဲ့ ဖစ်သည်။

© အပြည်ပြည်ဆိုင်ရာလွတ်ငြိမ်းချမ်းသာခွင့် အဖွဲ့ ၂ဝ၁၇


ဤအစီရင်ခံစာပါအကြောင်းအရာများသည် Creative Commons အရ လိုင်စင်ယူထားပါသည်။ မျက်နှာဖုံးဓာတ်ပုံ- ဆည်တည်းရွာမှ အမျိုးသမီးများ လက်ပံတောင်းတောင်ကိုကြည့်နေပုံ။
(ရည်ညွှန်းချက်ပေးခြင်း၊ စီးပွားဖြစ်မဟုတ်ခြင်း၊ ဆင့်ပွားအကျိုးအမြတ်မရှိခြင်းနှင့် မူပိုင်-အပြည်ပြည်ဆိုင်ရာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့
အပြည်ပြည်ဆိုင်ရာ ၄.ဝ) https://creativecommons.org/licenses/by-nc-nd/4.0/legalcode
နောက်ထပ်သိလိုပါက မိမိတို့၏ ဝက်ဆိုက် www.amnesty.org
မှ ခွင့်ပြုချက်များ စာမျက်နှာတွင် ကြည့်ပါ။
ပြည်ပြည်ဆိုင်ရာလွတ်ငြိမ်းချမ်းသာခွင့် အဖွဲ့ မဟုတ်ပဲ အခြားမူပိုင်ခွင့် ပိုင်ရှင်တစ်ဦးဦးကို
ပထမအကြိမ် - ၂ဝ၁၇
ပြည်ပြည်ဆိုင်ရာ လွတ်ငြိမ်းချမ်းသာခွင့် လီမီတက် မှ ထုတ်ဝေသည်။
Peter Benenson House, 1 Easton Street
London WC1X 0DW, UK

အညွှန်း - ASA ၁၆/ ၅၅၆၄ / ၂ဝ၁၇


မူရင်း-အင်္ဂလိပ်ဘာသာ

amnesty.org
မာတိကာ

၁။ အကျဉ်းချုပ် 4

နည်းလမ်းများ 7

၂။ နောက်ခံသမိုင်း 11

၂.၁ မုံရွာစီမံကိန်း- အဓိကအချက်များ 11

၂.၂ မုံရွာ စီမံကိန်းတွင် ပါဝင်လုပ်ကိုင်လျက်ရှိသော ကုမ္ပဏီများ 12

၂.၃ အပြည်ပြည်ဆိုင်ရာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့၏ ၂၀၁၅ ခု အစီရင်ခံစာပါ အဓိက တွေ့ရှိချက်များနှင့်


အကြံပြုချက်များ 14

၃။ အဓမ္မ ဖယ်ရှားခံရမည့် အန္တရာယ် ဆက်ရှိနေခြင်း 17

၎။ သဘာဝပတ်ဝန်းကျင်နှင့် ဘေးအန္တရာယ်ကင်းရှင်းရေးဆိုင်ရာ အထူးစိုးရိမ်ရချက်များ 25

၎.၁ ၂၀၁၅ ရေကြီးမှုများ 26

၎.၂ ၂၀၁၅-၂၀၁၆ အတွင်း ညစ်ညမ်းသောရေဆိုးများ လျှံထွက်ခြင်း 28

၎.၃ လယ်သမားများအတွက် သတင်းအချက်အလက်မရရှိခြင်းနှင့် ပြန်လည်ပြင်ဆင်ကုစားပေးချက်များ


မရှိခြင်း 31

၅။ သတ္တုတွင်းများကို ဆန့်ကျင်နေသူများအား ဆက်လက် နှောက်ယှက်ဖိနှိပ်မှု 34

၅.၁ ငြိမ်းချမ်းစွာ ဆန္ဒပြသူများကို အရေးယူ အပြစ်ပေးခြင်း 35

၅.၂ နိုင်ငံတော်လုံခြုံရေးတပ်ဖွဲ့များ၏ အကြမ်းဖက်မှုအပေါ်တာဝန်ခံမှု မရှိခြင်း 37

၆။ နိဂုံးနှင့် အကြံပြုချက်များ 39

ဒုက္ခတောင်တန်း
မြန်မာနိုင်ငံမှ လက်ပံတောင်း သတ္တုတွင်းတွင် လူ့အခွင့်အရေးချိုးဖောက်မှုများ ဆက်လက်ရှိနေခြင်း
အပြည်ပြည်ဆိုင်ရာလွတ်ငြိမ်းချမ်းသာခွင့် အဖွဲ့ 3
၁။အကျဉ်းချူပ်

ရာစုနှစ်တဝက်ခန့် အထီးကျန်နေခဲ့ပြီးနောက် မြန်မာနိုင်ငံတွင် နိုင်ငံရေးနှင့် စီးပွားရေး အပြောင်းအလဲများ


ဖြစ်ပေါ်ခဲ့သည်။ ၂၀၁၁ ခုနှစ်မှ စတင်ခဲ့သော စစ်အာဏာရှင်စနစ်မှ အရပ်သားအစိုးရသို့ အပြောင်းအလဲက ၂၀၁၆
ခုနှစ်တွင် ဒေါ်အောင်ဆန်းစုကြည်နှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် တက်ရောက်လာသည်ကို တွေ့မြင်ခ့ရ
ဲ သည်။
မူဝါဒအပြောင်းအလဲများ ချမှတ်လုပ်ဆောင်လာရာ အစိုးရက ယခင်အစိုးရလက်ထက်က စတင်ခဲ့သော
စီးပွားရေးပြုပြင်ပြောင်းလဲမှုများကို ပိုမိုတိုးမြှင့်လုပ်ဆောင်ရန်နှင့် နိုင်ငံခြားရင်းနှီးမြုပ်နှံမှုများတိုးတက်ရရှိအောင်
လုပ်ဆောင်ရန် ကတိပြုခဲ့သည်။

ဤကာလအတွင်းမှာပင် အစိုးရ၏ ပြုပြင်ပြောင်းလဲမှုများကို တုံ့ပြန်သည့်အနေနှင့် အနောက်နိုင်ငံ အစိုးရများက ယင်းတို့


ချမှတ်ထားသော ပိတ်ဆို့အရေးယူမှုများကို ဖယ်ရှားပေးခဲ့ပြီး မြန်မာနိုင်ငံတွင် စီးပွားရေးလုပ်လိုသော ကုမ္ပဏီများအပေါ်
ကန့်သတ်မှုများကိုလည်း ဖြေလျော့ပေးခဲ့သည်။ ၂၀၁၆ စက်တင်ဘာလက သမ္မတအိုဘားမားနှင့်
ဒေါ်အောင်ဆန်းစုကြည်တို့ အိမ်ဖြူတော်တွင် တွေ့ဆုံအပြီးတွင် ကျန်ရှိနေသေးသော အမေရိကန်၏
ပိတ်ဆို့အရေးယူမှုများ အားလုံးကို ဖယ်ရှားပေးခဲ့သည်။

အစိုးရက နိုင်ငံခြားရင်းနှီးမြုပ်နှံမှုများ ဝင်လာစေချင်သော ကဏ္ဍတစ်ခုမှာ သတ္တုတွင်း ကဏ္ဍဖြစ်သည်။ မြန်မာနိုင်ငံတွင်


တွင်းထွက် သယံဇာတများ ပေါကြွယ်သော်လည်း ယင်း ကဏ္ဍမှာ ဖွံ့ဖြိုးမှုနောက်ကျန်နေဆဲ ဖြစ်သည်။ ယင်းကဏ္ဍတွင်
ရင်းနှီးမြုပ်နှံမှုများ သည်မြန်မာနိုင်ငံ၏ လူမှုရေးနှင့် စီးပွားရေးအကျိုးအမြတ်များ ဖြစ်ပွားလာနိုင်သော
အလားအလာရှိပါသည်။ သို့ရာတွင် တွင်းထွက်သယံဇာတတူးဖော်သော လုပ်ငန်း၊ အထူးသဖြင့် သတ္တုတွင်း
လုပ်ငန်းကြီးများသည် လူ့အခွင့်အရေးချိုးဖောက်မှုများ ဖြစ်စေနိုင်သော အန္တရာယ်လည်း ရှိနေပါသည်။
ယင်းလုပ်ငန်းကြီးများမှာ မြေယာများသိမ်းဆည်းရန် လိုအပ်ခြင်းနှင့် သတ္တုမိုင်းများကြောင့် ထွက်ပေါ်လာသော
အန္တရာယ်ဖြစ်နိုင်သည့် ဘေးထွက်ပစ္စည်းများကို စနစ်တကျစီမံခန့်ခွဲရန်လိုအပ်ခြင်းကြောင့် ဖြစ်သည်။
အန္တရာယ်ရှိနိုင်သည်ဆိုသည်မှာ သီအိုရီသက်သက်မဟုတ်ပါ။ ၂၀၁၄ ခုနှစ်မှာ စပြီး အပြည်ပြည်ဆိုင်ရာ
လွတ်ငြိမ်းချမ်းသာခွင့် အဖွဲ့ကြီးသည် စစ်ကိုင်းတိုင်း ၊ မုံရွာရှိ မြန်မာနိုင်ငံ၏ အကြီးဆုံး သတ္တုမိုင်းကြီးနှင့် ဆက်စပ်နေသော
လူ့အခွင့်အရေး ချိုးဖောက်မှုများနှင့် တရားမဝင်လုပ်ဆောင်မှုများအကြောင်း မှတ်တမ်းပြုစုခဲ့ပါသည်။

ုံရွာစီမံကိန်းတွင် လက်ပံတောင်း၊ စပါယ်တောင်နှင့် ကြေးစင်တောင် သတ္တုမိုင်းများနှင့် မိုးကြိုးဆာလ်ဖြူရစ်


အက်စစ်စက်ရုံတို့ ပါဝင်သည်။ ၂၀၁၀ ခုနှစ်မှစပြီး ယင်းသတ္တုတွင်းများကို တရုတ်နိုင်ငံမှ ဝမ်ပေါင်သသတ္တုတွင်းလီမိတက်
နှင့် မြန်မာ့တပ်မတော်ပိုင် မြန်မာစီးပွားရေးဦးပိုင်လီမိတက် နှင့် အမှတ် (၁) သတ္တုတွင်းလုပ်ငန်းတို့က
ဖက်စပ်လုပ်ကိုင်လာခဲ့သည်။ ဦးပိုင်လီမိတက်သည် မြန်မာ့စစ်တပ်အပိုင်ဖြစ်ပြီး အမေရိကန်အစိုးရ၏
စီးပွားရေးပိတ်ဆို့အရေးယူမှု စာရင်းတွင်ပါဝင်ခဲ့ဖူးသော ကုမ္ပဏီ တစ်ခု ဖြစ်သည်။

၂၀၁၄-၂၀၁၅ ခုနှစ်အတွင်း တစ်နှစ်တာ အချိန်ယူ လေ့လာစုံစမ်းချက်များအရ မုံရွာစီမံကိန်းတွင်


အတင်းအဓမ္မနှင်ထုတ်မှုများ၊ ဒေသခံများ၏ ကျန်းမာရေး အန္တရာယ်ဖြစ်စေနိုင်သော သဘာဝပတ်ဝန်းကျင်
ထိမ်းသိမ်းစောင့်ရှောက်မှုအားနည်းချက်များ၊ သတ္တုတွင်းများကို ဆန္ဒပြသောသူများအား ရံဖန်ရံခါ
ရက်စက်စွာဖိနှိပ်မှုများအပါအဝင် လူ့အခွင့်အရေးချိုးဖောက်မှုများ ရှိနေကြောင်း အပြည်ပြည်ဆိုင်ရာ
လွတ်ငြိမ်းချမ်းသာခွင့်အဖြွဲ့ ကီးက ဖော်ထုတ်ခ့သ
ဲ ည်။ ဤဖော်ထုတ်ချက်များကို ၂၀၁၅ ဖေဖေါ်ဝါရီလက “စီးပွားရေး

ဒုက္ခတောင်တန်း
မြန်မာနိုင်ငံမှ လက်ပံတောင်း သတ္တုတွင်းတွင် လူ့အခွင့်အရေးချိုးဖောက်မှုများ ဆက်လက်ရှိနေခြင်း
အပြည်ပြည်ဆိုင်ရာလွတ်ငြိမ်းချမ်းသာခွင့် အဖွဲ့ 4
တံခါးဖွင့်ခြင်းလား၊ မြန်မာကြေးနီစီမံကိန်းမှ လုပ်ငန်းကြီးများ၏ ရာဇဝတ်မှုများ နှင့် ချိုးဖောက်မှုများ” အမည်ဖြင့်
အစီရင်ခံစာထုတ်ပြန်ခြဲ့ ပီး ဖြစ်သည်။၁1

လက်ပံတောင်းသတ္တုတွင်းကို ဝမ်ပေါင်သတ္တုကုမ္ပဏီ၏ ကုမ္ပဏီခွဲဖြစ်သော မြန်မာ ဝမ်ပေါင်သတ္တုတွင်း


ကြေးနီလီမိတက်က လုပ်ကိုင်လျက်ရှိသည်။ ၂၀၁၆ ခုနှစ်မေလတွင် မြန်မာဝမ်ပေါင်က လက်ပန်တောင်းသတ္တုတွင်းမှ
ကြေးနီများ ပထမဆုံးအကြိမ် စတင်ထုတ်လုပ်နေပြီဖြစ်ကြောင်းကြေညာခဲ့ရာ ရွာသားများ၏ ဆန္ဒပြမှုများ
ထပ်မံဖြစ်ပွားခဲ့သည်။ ၂၀၁၆ ခုနှစ် ဇွန်လတွင် အပြည်ပြည်ဆိုင်ရာ လွတ်ငြိမ်းချမ်းသာခွင့်အဖွ့က
ဲ မုံရွာသို့
လေ့လာသူများစေလွှတ်၍ အခြေအနေတိုးတက်မှု ရှိမရှိ၊ ဒေသခံများ ဆက်လက်ပြီး လူ့အခွင့်အရေး
ချိုးဖောက်ခံနေရခြင်းများ ရှိမရှိ စုံစမ်းစေခဲ့သည်။ ယင်းလေ့လာစုံစမ်းချက်အရ အခြေအနေများ
တိုးတက်ကောင်းမွန်လာခြင်းမရှိသေးသလို လက်ပန်တောင်းသတ္တုတွင်းနှင့်ဆက်စပ်နေသော ဆိုးရွားသည့်
လူ့အခွင့်အရေးချိုးဖောက်မှုများကိုလည်း ကိုင်တွယ်ဖြေရှင်းပေးခြင်းမရှိသေးသည်ကို တွေ့ခ့ရ
ဲ သည်။

ထောင်ပေါင်းများစွာသောလူများ နေရပ်မှ အဓမ္မနှင်ထုတ်ခံရမည့် အန္တရာယ်ဆက်ရှိနေခြင်း

သတ္တုတွင်း၏ အနီးတဝိုက်တွင်နေထိုင်နေကြသော ရာပေါင်းများစွာသော မိသားစုများမှာ ၎င်းတို့၏နေအိမ်များ၊


လယ်ယာမြေများမှ အတင်းဖယ်ရှားခံရနိုင်သည့် အန္တရာယ်နှင့် ဆက်လက်ရင်ဆိုင်နေရဆဲဖြစ်သည်။ မြန်မာဝမ်ပေါင်
ကုမ္ပဏီက သတ္တုတွင်း၏ အဝန်းအဝိုင်းကို နောက်ထပ် ဧက နှစ်ထောင်ခန့် တိုးချဲ့ရန်လိုနေသေးကြောင်း
ပြောထားသည်။ ယင်းသို့တိုးချဲ့လျှင် ထိခိုက်နိုင်သည့် လူများအားလုံးနှင့် အလေးအနက် ဆွေးနွေးညှိနှိုင်းမှုများ
ပြုလုပ်ခ့သ
ဲ ည်ဟု ကုမ္ပဏီက ပြောသော်လည်း အမှန်တကယ် မဟုတ်ကြောင်းတွေ့ရသည်။ ဥပမာ
အဆိုးဆုံးထိခိုက်ခံရနိုင်သည့် ရွာလေးရွာမှ လူများကို ဆွေးနွေးပွဲများတွင် လုံးဝမထည့်သွင်းခဲ့ပေ။ ယင်းရွာသားများမှာ
လယ်ယာမြေများဆုံးရှုံးခြင်း၊ ၎င်းတို့ဆန္ဒနှင့် ဆန့်ကျင်ပြီး နေရာသစ်တစ်ခုတွင် ပြောင်းရွှေ့နေထိုင်ရခြင်း များနှင့်
ရင်ဆိုင်နေရသည်။

သဘာဝပတ်ဝန်းကျင်စီမံခန့်ခွဲမှုဆိုင်ရာ လစ်ဟာချက်များနှင့် ကျန်းမာရေးနှင့် သက်မွေးဝမ်းကျောင်းမှုဆိုင်ရာ


အန္တရာယ်များဆက်ရှိနေခြင်း

မြန်မာဝမ်ပေါင်သည် လက်ပံတောင်းသတ္တုတွင်း၏ သဘာဝပတ်ဝန်းကျင်ကို ထိခိုက်နိုင်မှုများကို ပြည့်စုံစွာ


လေ့လာဆန်းစစ် ထားခြင်းမရှိသည့်အတွက်လည်း အနီးပတ်ဝန်းကျင်တွင် နေထိုင်ကြသူများအတွက်
အန္တရာယ်ရှိနေပါသည်။ ဤသတ္တုတွင်းကြီးမှာ မြေငလျင်များနှင့် ရေကြီးမှုများ ဖြစ်နိုင်သော ဒေသတွင်
တည်ရှိသည့်အတွက် ယင်းအန္တရာယ်များမှာ လွန်စွာကြီးမားပါသည်။ ဤဘေးအန္တရာယ်တမျိုးမျိုး ဖြစ်လာလျှင်
သတ္တုတွင်းမှ ဓာတ်ပစ္စည်းများပါဝင်နေသည့် စွန့်ပစ်ပစ္စည်းများ ပတ်ဝန်းကျင်သို့ ပြန့်နှံ့ရောက်ရှိသွားနိုင်ပါသည်။ ယင်းသို့
ဖြစ်လာလျှင် မမျှော်မှန်းနိုင်သော ဆိုးကျိုးများ ဖြစ်စေနိုင်ကြောင်း မြန်မာဝမ်ပေါင်က အသိအမှတ်ပြုထားပြီး ဖြစ်သည်။
ယင်းအန္တရာယ်ဖြစ်နိုင်ချေကို ၂၀၁၅ သြဂုတ်လက ရေကြီးမှုကြီးဖြစ်စဉ်က တွေ့ခဲ့ရသည်။ တာတမံဖြင့်
ကာဆီးထားသော်လည်း ရေများမှာ သတ္တုတွင်းအတွင်းသို့ ဝင်ရောက်သွားခဲ့သည်။ ယင်းဖြစ်စဉ်တွင်
သတ္တုတွင်းအတွင်းမှ ဓာတ်ပစ္စည်းများ အပြင်သို့ လုံးဝထွက်မသွားအောင် ကာကွယ်နိုင်ခဲ့သည်ဟု မြန်မာဝမ်ပေါင်က
ပြောသော်လည်း သက်သေအထောက်အထား တစုံတရာ မပြခဲ့ပါ။

နောက်ထပ်ဖြစ်ရပ်တစ်ခုကလည်း သတ္တုတွင်းကို စီမံခန့်ခွဲပုံနှင့် ပတ်သက်ပြီး လေးလေးနက်နက်မေးခွန်းထုတ်စရာ


ဖြစ်လာသည်။ သတ္တုတွင်းမှ အန္တရာယ်ရှိနိုင်သည့် စွန့်ပစ်ပစ္စည်းများထွက်ရှိခြင်းကို ကုမ္ပဏီက တားဆီးခြင်း
မပြုနိုင်ခဲ့ကြောင်း ၂၀၁၅ ခုနှစ် နိုဝင်ဘာလတွင် အပြည်ပြည်ဆိုင်ရာ လွတ်ငြိမ်းချမ်းသာခွင့်အဖွ့က
ဲ မှတ်တမ်းပြုစုခ့သ
ဲ ည်။
ယင်းအချိန်က သတ္တုတွင်းနှင့် မီတာ ၅၀၀ ခန့်အကွာအဝေးတွင်တည်ရှိသည့် ဝက်မှေးရွာသားများက သတ္တုတွင်း၏
စည်းရိုးတလျှောက်တူးဖော်ထားသော တူးမြောင်းမှ ရေများ လျှံထွက်နေသည်ကို တွေ့ခဲ့ကြသည်။ လယ်သမားများက
ဒေသအာဏာပိုင်များနှင့် မြန်မာဝမ်ပေါင်ကုမ္ပဏီကို ဆယ်ရက်အတွင်း အကြောင်းကြားခဲ့သော်လည်း ရေများက ၎င်းတို့၏
လယ်ကွင်းများအတွင်းသို့ နောက်ထပ် ရက်သတ္တပတ်အတော်များများဆက်ပြီး စီးဝင်နေခဲ့သည်ဟု လယ်သမားတစ်ဦးက

1
၁ ရှုရန်- အပြည်ပြည်ဆိုင်ရာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ အစီရင်ခံစာ “စီးပွားရေး တံခါးဖွင့်ခြင်းလား၊ မြန်မာကြေးနီစီမံကိန်းမှ လုပ်ငန်းကြီးများ၏
ရာဇဝတ်မှုများ နှင့် ချိုးဖောက်မှုများ” (Index: ASA 16/003/2015), available at: https://www.amnesty.org/en/documents/asa16/0003/2015/en/

ဒုက္ခတောင်တန်း
မြန်မာနိုင်ငံမှ လက်ပံတောင်း သတ္တုတွင်းတွင် လူ့အခွင့်အရေးချိုးဖောက်မှုများ ဆက်လက်ရှိနေခြင်း
အပြည်ပြည်ဆိုင်ရာလွတ်ငြိမ်းချမ်းသာခွင့် အဖွဲ့ 5
ပြောပြသည်။ ယင်းရေများကြောင့် ၎င်းတို့ စိုက်မျိုးထားသော ဂျုံနှင့် ပဲခင်းများပျက်စီးရကြောင်း လယ်သမားတစ်ဦးက
ယခုက့သ
ဲို့ ပြောပြသည်။

“အပင်တိုင်း ပျက်စီးတာပေါ့၊ အားလုံးသေကုန်တယ်။ ရေဝင်တ့ေ


ဲ နရာတိုင်းက အပင်တွေ သေတယ်။
တဖြေးဖြေးချင်းသေတာ၊ ဆယ်ရက်လောက် ကြာတယ်။ အပင်တွေက ပထမ ညှိုးသွားပြီး
နောက်တော့သေကုန်တယ်။”

၂၀၁၆ ဇွန်လတွင် အပြည်ပြည်ဆိုင်ရာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့မှ လေ့လာသူများက ရေများလျှံထွက်ခဲ့သည်ဟု


ရွာသားများပြောပြသော နေရာနှစ်နေရာမှ မြေနမူနာများ ယူခဲ့သည်။ ယင်း မြေနမူနာများကို ယူကေနိုင်ငံ
အိတ်စီတာမြို့ရှိ ဂရင်းပိစ် ဓာတ်ခွဲခန်းတွင် စမ်းသပ်စစ်ဆေးခဲ့သည်။ ရလဒ်အဖြေကို သဘာဝပတ်ဝန်းကျင်ဆိုင်ရာ
သိပ္ပံပညာရှင်တစ်ဦးက ခွဲခြမ်းစိတ်ဖြာ လေ့လာခဲ့သည်။ ၎င်းက စွန့်ထွက်ရေများသည် အန္တရာယ်ရှိနိုင်သော
ဓာတ်ပစ္စည်းများ ပါဝင်နေရန် “ဖြစ်နိုင်ချေများစွာ” ရှိသည်ဟု ကောက်ချက်ချပါသည်။

“မြေနမူများအရ ရေတွေလျှံထွက်လာတဲ့အချိန် တူးမြောင်းထဲမှာ ရှိနေတဲ့ ရေဆိုးတွေထဲမှာ


သတ္တုဓာတ်ပစ္စည်းတွေ တော်တော်မြင့်မြင့်မားမား ပါနေပါတယ်။ အထူးသဖြင့်တော့ အာဆင်းနစ်၊ ကြေးနီနဲ့ ခဲ
ဓာတ်တွေပါ။ အဲဒါက သတ္တုတွင်းက ရေတွေမှာ ညစ်ညမ်းနေပြီး ရေထဲက သတ္တုဓာတ်ပစ္စည်းတွေ
ထွက်နေတယ်ဆိုတာက အများကြီး ဖြစ်နိုင်ပါတယ်။”

အစိုးရကရော ဝမ်ပေါင်ကပါ လယ်သမားများကို မည်သည့်အကြောင်းကြောင့် ရေများ လျှံထွက်ကျခဲ့သည်ကို


ရှင်းမပြခဲ့သလို၊ ရေဆိုးများတွင် မည်သည့်ဓာတ်များပါဝင်နေသည်၊ ကျန်းမာရေးအတွက် အန္တရာယ်ရှိနိုင် မရှိနိုင်
ဆိုသည်များကိုလည်း ပြောမပြခဲ့ပေ။ ရေဆိုးများကို သန့်စင်သွားအောင် ရှင်းလင်းဖယ်ရှားပေးခြင်း မရှိသလို သီးနှံများ
ဆုံးရှုံးခြင်းအတွက်လည်းလျော်ကြေးမပေးခဲ့ပေ။

ငြိမ်းချမ်းစွာ ဆန္ဒပြမှုများကို ဖိနှိပ်ခြင်း

သတ္တုမိုင်းကို စီမံလုပ်ကိုင်ပုံများအပေါ် မုံရွာစီမံကိန်းဧရိယာတဝိုက်တွင်နေထိုင်နေကြသော လူများက လုံးဝကြေနပ်မှု


မရှိကြပေ။ လယ်ယာမြေဆုံးရှုံးခြင်းများက ၎င်းတို့၏ စိုက်ပျိုးရေးနှင့် သက်မွေးဝမ်းကြောင်းမှုများ ဆုံးရှုံးပြီး အနာဂတ်ဘဝ
အခြေအနေ မရေရာမှုများနှင့် ရင်ဆိုင်ကြရသည်။ သဘာဝပတ်ဝန်းကျင် ပျက်စီးပြီး ၎င်းတို့၏ မိသားစုများ
ကျန်းမာရေးဆိုးဝါးထိခိုက်မှုနှင့် ရင်ဆိုင်ရမည့် အန္တရာယ်များကိုလည်း စိုးရိမ်ကြသည်။ အစိုးရက
ကုမ္ပဏီနှင့်ဒေသခံများအကြားက ကွဲလွဲမှုများကို ဖြေရှင်ပေးမည်ဟု ကတိပြုထားသည်။ သို့ရာတွင် မုံရွာစီမံကိန်းကို
ဆန့်ကျင်သူ ရွာသားများနှင့် တက်ကြွလှုပ်ရှားသူများသည် ဖမ်းဆီးအရေးယူခံရမည့် အန္တရာယ်နှင့်
ဆက်ရင်ဆိုင်နေရဆဲဖြစ်သည်။ မြန်မာဝမ်ပေါင်နှင့် အာဏာပိုင်များက ရာဇဝတ်ဥပဒေပါ ပုဒ်မ ၁၄၄ ကို
ဆက်အသုံးပြုနေဆဲဖြစ်သည်။ ဤပုဒ်မအရ တရားသူကြီးက ဧရိယာတစ်ခုကို ကန့်သတ်နယ်မြေအဖြစ်
သတ်မှတ်ပြဌာန်းပြီး ဝင်ထွက်ခွင့် ကန့်သတ်နိုင်ပါသည်။ အပြည်ပြည်ဆိုင်ရာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့၏ ၂၀၁၅ ခုနှစ်
အစီရင်ခံစာအတွက် လေ့လာချက်အရ အာဏာပိုင်များက ဤပုဒ်မကို အသုံးပြု၍ သတ္တုမိုင်း နှစ်ခု အနီးရှိ ဧရိယာကို
ကန့်သတ်နယ်မြေအဖြစ် သတ်မှတ်ပြီး ကုမ္ပဏီများရှေ့တွင် ဆန့်ကျင်ဆန္ဒပြသော ရွာသားများကိုလည်း တရားစွဲဆို
အေရးယူခ့ေ
ဲ ကြာင်းတွေ့ရသည်။ ၂၀၁၆ ခုနှစ်တွင်လည်း ဤပုဒ်မကို ဆက်သုံးနေသေးကြောင်းတွေ့ရသည်။ ဥပမာ
စပါယ်တောင်နှင့်ကြေးစင်တောင် သတ္တုတွင်း၏ ဂိတ်အဝ ဆန္ဒပြပွဲတွင် ပါဝင်ခ့ေ
ဲ သာ ရွာသား သုံးဦးမှာ
ကန့်သတ်နယ်မြေအတွင်း ဝင်ရောက်မှုဖြင့် တရားစွဲဆိုခံခဲ့ရပါသည်။

နိဂုံးနှင့် အကြံပြုချက်များ

လူ့အခွင့်အရေးနှင့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ စိုးရိမ်ရသောအချက်များကို ဖြေရှင်းမပေးနိုင်သေးခင်နှင့် နောက်ထပ်


ချိုးဖောက်မှုများကို တားဆီးနိုင်သော လုပ်ငန်းစဉ်များ မချမှတ်နိုင်သေးခင် သတ္တုတွင်းလုပ်ငန်းများကို ရပ်တန့်ထားပါရန်
မြန်မာအစိုးရအား အပြည်ပြည်ဆိုင်ရာလွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့မှ တိုက်တွန်းအပ်ပါသည်။

အထူးအားဖြင့် အပြည်ပြည်ဆိုင်ရာလူ့အခွင့်အရေးဥပဒေအရ ကာကွယ်စောင့်ရှောက်ပေးသည့် လုပ်ငန်းစဉ်များ


မရှိသေးမီ မြန်မာဝမ်ပေါင်က ရွာသားများကို ၎င်းတို့၏နေအိမ်များနှင့် လယ်ယာမြေများမှ နှင်ထုတ်ခြင်းများ
နောက်ထပ်မပြုလုပ်အောင် အစိုးရအနေနှင့် တားဆီးပေးရန်၊ မြန်မာဝမ်ပေါင်နှင့် ၎င်း၏ဖက်စပ် ကုမ္ပဏီများ အနေနှင့်

ဒုက္ခတောင်တန်း
မြန်မာနိုင်ငံမှ လက်ပံတောင်း သတ္တုတွင်းတွင် လူ့အခွင့်အရေးချိုးဖောက်မှုများ ဆက်လက်ရှိနေခြင်း
အပြည်ပြည်ဆိုင်ရာလွတ်ငြိမ်းချမ်းသာခွင့် အဖွဲ့ 6
သဘာဝပတ်ဝန်းကျင်ကို အန္တရာယ်ဖြစ်စေနိုင်သော ၎င်းတို့၏ စီမံလုပ်ဆောင်မှုများတွင် လိုအပ်ချက်များကို
ပြင်ဆင်လုပ်ကိုင်စေရန်၊ အဆောက်အဦများ ဆောက်လုပ်ရာတွင်လည်း နောက်ဆုံး ပုံစံကို လူထုကို အသိပေးချပြရန်၊
သဘာဝပတ်ဝန်းကျင်၊ လူမှုရေးနှင့် လူ့အခွင့်အရေးဆိုင်ရာ သက်ရောက်မမ
ျှုားကို ပြည့်စုံလုံလောက်စွာ ဆန်းစစ်
အကဲဖြတ်ချက်များပြုလုပ်ပြီး ထိခိုက်ခံရမည့် လူထုနှင့် အကြေအလည်ဆွေးနွေး စေရန် လုပ်ဆောင်ပေးရမည်။

၂၀၁၅ ခုနှစ်က ဝက်မှေးရွာတွင် ဖြစ်ခ့ေ


ဲ သာ ရေဆိုးများစိမ့်ထွက်ခြင်း အကြောင်းရင်းနှင့် ယင်း၏ အကျိုးဆက်၊ ၂၀၁၅
ခုနှစ်က ရေကြီးရေလျှံမှု၏ သက်ရောက်မှုများကို ဝမ်ပေါင်သတ္တုကုမ္ပဏီနှင့် ဦးပိုင်လီမိတက်တို့က စုံစမ်းဖော်ထုတ်၍
တွေ့ရှိချက်များကို ထုတ်ပြန်ပေးသင့်ပါသည်။ ပတ်ဝန်းကျင်ရှိ ထိခိုက်ခံရမည့် လူထုနှင့် စစ်မှန်သောဆွေးနွေးမှုများ
ပြုလုပ်၍ လူ့အခွင့်အရေးနှင့် သဘာဝပတ်ဝန်းကျင်ထိခိုက်မှု အန္တရာယ်များကို မဖြေရှင်းနိုင်သေးချိန်တွင်
စီမံကိန်းဧရိယာကိုတိုးချဲ့ခြင်း၊ လက်ပံတောင်း သတ္တုတွင်းတွင် အဆောက်အဦ ဆောက်လုပ်ခြင်းများ
ရပ်ဆိုင်းထားပါမည်ဟု စီမံကိန်းကို လုပ်ကိုင်နေသော ကုမ္ပဏီနှစ်ခုစလုံးက လူသိရှင်ကြား ကြေညာရန်။

ပို၍ ကျယ်ပြန့်သော လုပ်ငန်းစဉ်အဖြစ် မြန်မာအစိုးရသည် သတ္တုတူးဖော်ခြင်းလုပ်ငန်းကဲ့သို့ ကြီးမားသော


စီမံကိန်းကြီးများကို ထိန်းသိမ်း ကွပ်ကွဲနိုင်ရေးအတွက် ဥပဒေရေးရာမူဘောင်များအား ကောင်းအောင် ဆောင်ရွက်ရန်
လိုပါသည်။ ထို့အပြင် အဓမ္မဖယ်ရှားမှုများကို တားမြစ်ခြင်းနှင့် လုံလောက်သောနေထိုင်စရာ ရပိုင်ခွင့် ဆိုင်ရာ
နိုင်ငံတကာစံနှုန်းများကို အခြေခံ၍ လယ်ယာမြေသိမ်းဆည်းခြင်းနှင့် ပတ်သက်သော ပြည့်စုံလုံလောက်သည့်
မူဘောင်များ ထားရှိရန်၊ ဒေသခံပြည်သူများ ခံစားခဲ့ရပြီးသော လူ့အခွင့်အရေးချိုးဖောက်မှုများအတွက် ထိရောက်သည့်
ကုစားဖြေရှင်းချက်များ ပေးအပ်နိုင်ရေးကို အစိုးရရော ဝမ်ပေါင်ကုမ္ပဏီကပါ လုပ်ဆောင်ပေးရန်လိုပါသည်။

မြန်မာနိုင်ငံတွင် လုပ်ကိုင်နေသော စီးပွားရေးလုပ်ငန်းကြီးများက ပတ်သက်နေသော လု့အခွင့်အရေး


ချိုးဖောက်မှုများသည် မုံရွာစီမံကိန်းတစ်ခုတည်းတွင် တွေ့ရသည် မဟုတ်ပါ။ ကုမ္ပဏီများကို စည်းကမ်းသတ်မှတ်ပြီး
ထိခိုက်ခံစားရသော လူ့အသိုင်းအဝိုင်းကို အကာအကွယ်ပေးရန် မြန်မာအစိုးရက မစွမ်းဆောင်နိုင်ခြင်းနှင့်
ယင်းသို့ပြုလုပ်ရန် ဆန္ဒမရှိခြင်း၊ တဖန် နိုင်ငံခြားကုမ္ပဏီများကလည်း ယင်းအချက်ကို အခွင့်ကောင်းယူ
အသုံးချနေခြင်းများကဲ့သို့ စိုးရိမ်စရာကောင်းလှသော ဥပမာများကို တက်ကြွလှုပ်ရှားသူများနှင့်
အစိုးရမဟုတ်သောအဖွ့အ
ဲ စည်းများက ထုတ်ဖော်ထောက်ပြခဲ့ကြပြီးဖြစ်သည်။

မြန်မာနိုင်ငံတွင် လုပ်ငန်းများလုပ်ကိုင်နေသော၊ သို့မဟုတ် လုပ်ကိုင်ရန်ပြင်ဆင်နေသော


နိုင်ငံခြားကော်ပိုရေးရှင်းများသည် ၎င်းတို့၏ ရင်းနှီးမြုပ်နှံမှုများကြောင့် လူ့အခွင့် အရေးချိုးဖောက်မှုများ မဖြစ်စေရန်၊
လူ့အခွင့်အရေး ချိုးဖောက်မှုများတွင် ပါဝင်ပတ်သက်မှုမရှိစေရန် သတိထားရမည့် တာဝန်ရှိပါသည်။ အရေးပါသော
ပထမခြေလှမ်းမှာ မြန်မာနိုင်ငံတွင်လုပ်ဆောင်ရန် စီစဉ်ထားသည့် စီးပွားရေးလုပ်ငန်းများတွင် အပြည်ပြည်ဆိုင်ရာ
စီးပွားရေးနှင့် လူ့အခွင့်အရေးစံချိန်များနှင့် ညီညွတ်အောင် လူ့အခွင့်အရေးဆိုင်ရာ သတိနှင့် စောင့်ကြည့်မှုများ
ချမှတ်ပြုလုပ်ရန် ဖြစ်သည်။ တရုတ်အပါအဝင် မြန်မာနိုင်ငံတွင်လာရောက် ရင်းနှီးမြုပ်နှံနေသော နိုင်ငံခြားကုမ္ပဏီများ၏
ဌာနေအစိုးရများသည်လည်း ၎င်းတို့နိုင်ငံသားကုမ္ပဏီများက လုပ်ငန်းများ မစတင်မီ လူ့အခွင့်အရေးဆိုင်ရာ
အလေးထားစောင့်ကြည့်မှုများ ပြုလုပ်ရမည်ဆိုသော လိုအပ်ချက်ကို ချမှတ်ထားရမည်။

နည်းလမ်းများ
ယခု အစီရင်ခံစာမှာ ၂၀၁၅ ဖေဖေါ်ဝါရီလက အပြည်ပြည်ဆိုင်ရာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့က
ထုတ်ပြန်ခ့သ
ဲ ည့် “စီးပွားရေး တံခါးဖွင့်ခြင်းလား၊ မြန်မာကြေးနီစီမံကိန်းမှ လုပ်ငန်းကြီးများ၏ ရာဇဝတ်မှုများ နှင့်
ချိုးဖောက်မှုများ” အစီရင်ခံစာ၏ အဆက်ဖြစ်သည်။

အပြည်ပြည်ဆိုင်ရာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့မှ လေ့လာသူများသည် ၂၀၁၆ ခုနှစ် ဇွန်လတွင် မြန်မာနိုင်ငံသို့


သွားရောက်၍ “စီးပွားရေး တံခါးဖွင့်ခြင်းလား၊ မြန်မာကြေးနီစီမံကိန်းမှ လုပ်ငန်းကြီးများ၏ ရာဇဝတ်မှုများ နှင့်
ချိုးဖောက်မှုများ” အစီရင်ခံစာထဲတွင် ထောက်ပြထားသော မုံရွာသတ္တုတွင်းစီမံကိန်းနှင့် ပတ်သက်ပြီး
လူ့အခွင့်အရေးဆိုင်ရာ စိုးရိမ်ရသည့် ကဏ္ဍသုံးရပ်ကို အာဏာပိုင်များ သို့မဟုတ် ကုမ္ပဏီများမှ
တစုံတရာအရေးယူဆောင်ရွက်ခြဲ့ ခင်း ရှိမရှိ စုံစမ်းခဲ့ပါသည်။ ယင်းကဏ္ဍသုံးရပ်မှာ အဓမ္မရွှေ့ပြောင်းခံရမည့်

ဒုက္ခတောင်တန်း
မြန်မာနိုင်ငံမှ လက်ပံတောင်း သတ္တုတွင်းတွင် လူ့အခွင့်အရေးချိုးဖောက်မှုများ ဆက်လက်ရှိနေခြင်း
အပြည်ပြည်ဆိုင်ရာလွတ်ငြိမ်းချမ်းသာခွင့် အဖွဲ့ 7
အန္တရာယ်များဆက်ရှိနေခြင်း၊ ရွာသားများ၏ ကျန်းမာရေးကို ထိခိုက်နိုင်သည့် သဘာဝပတ်ဝန်းကျင် ညစ်ညမ်းမှု နှင့်
ဆန္ဒပြသူများကို ဆက်လက်ဖိနှိပ်နေမှုတို့ ဖြစ်သည်။

လေ့လာသူများသည် လက်ပံတောင်း၊ စပါယ်နှင့် ကြေးစင်တောင် သတ္တုမိုင်းများတည်ရှိရာ စစ်ကိုင်းအတွင်းရှိ


မုံရွာခရိုင်သို့ သွားရောက်ခြဲ့ ပီး သတ္တုတွင်းကြောင့် ထိခိုက်ခံခဲ့ရသည့် ရွာပေါင်း ရှစ်ရွာမှ လူ ၃၅ ဦးကို တွေ့ဆုံ
မေးမြန်းခဲ့သည်။ ထို့အပြင် ယင်းတို့ထဲမှ ရွာလေးရွာမှ လူပေါင်း ၆၅ ဦးခန့်နှင့် အုပ်စုလိုက် ဆွေးနွေးပွဲ လေးခု
ပြုလုပ်ခ့ပ
ဲါသည်။ တစ်အုပ်စုစီတွင် လူပေါင်း ၁၀ ယောက်မှ ၂၅ ယောက်အထိ ပါဝင်ပါသည်။ ယင်း
အုပ်စုလိုက်ဆွေးနွေးပွဲများတွင် တစ်ဦးချင်းစီတွေ့ဆုံမေးမြန်းခဲ့သော ၃၅ ဦးထဲမှ ၂၈ ဦး ပါဝင်ပါသည်။

လေ့လာသူများသည် စည်ပင်သာယာရေး၊ မြို့နယ်နှင့် ဒေသဆိုင်ရာ အရာရှိများ၊ ပြည်ထောင်စုလွှတ်တော်


ကိုယ်စားလှယ်များ၊ တက်ကြွလှုပ်ရှားသူများ၊ ရှေ့နေများ၊ အစိုးရမဟုတ်သောအဖွဲ့အစည်းများမှ
ကိုယ်စားလှယ်များ၊ အလုပ်သမားများနှင့် မန္တလေး၊ မုံရွာ၊ နေပြည်တော်နှင့် ရန်ကုန် မြို့များတွင်
တွေ့ဆုံမေးမြန်းခဲ့သည်။

သတ္တုစီမံကိန်းကို ဆန့်ကျင်သော လှုပ်ရှားတက်ကြွသူများနှင့် ရွာသားများကို ရဲက ဖမ်းဆီးအရေးယူခံရမည့်


အန္တရာယ်ဆက်ရှိနေသည့်အတွက် မေးမြန်းခဲ့သူများ၏ အမည်များကို ယခုအစီရင်ခံစာတွင် ဖော်ပြမထားပါ။

သဘာဝပတ်ဝန်းကျင်ထိခိုက်မှုနှင့် ပတ်သက်၍ ၂၀၁၅ အကုန်က လက်ပံတောင်းသတ္တုတွင်းမှ


အရည်များစိမ့်ထွက်ခဲ့သော ဝက်မှေးရွာအနားမှ မြေနမုနာများကိုလည်း ရယူခဲ့သည်။ ယင်းနမူနာများကို
ယူကေနိုင်ငံ အိတ်စီတာမြို့ရှိ ဂရင်းပိစ်ဓာတ်ခွဲခန်းတွင် စမ်းသပ်ခ့သ
ဲ ည်။

ထို့အပြင်၂၀၁၅ သြဂုတ်လတွင် ဖြစ်ပွားခဲ့သော ရေကြီးမှုများ မဖြစ်ခင်နှင့် ဖြစ်ပွားနေချိန်အတွင်း မုံရွာခရိုင်အား


ဂြိုဟ်တုမှ ရိုက်ယူထားသော ဓာတ်ပုံများကိုလည်း အပြည်ပြည်ဆိုင်ရာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့မှ
ရယူလေ့လာခဲ့သည်။ ဂရင်းပိစ်ဓာတ်ခွဲခန်း၏ စမ်းသပ်မှု အဖြေများနှင့် ဂြိုဟ်တုဓာတ်ပုံများကို
သဘာဝပတ်ဝန်းကျင်ဆိုင်ရာ သိပ္ပံပညာရှင်တစ်ဦးအား မျှဝေ၍ ၎င်း၏ ပညာရှင်အမြင်ကိုလည်း ရယူခ့သ
ဲ ည်။

အပြည်ပြည်ဆိုင်ရာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့သည် မြန်မာဝမ်ပေါင်ကုမ္ပဏီမှ ထုတ်ပြန်ထားသော သတ္တုတွင်းကို


စီမံခန့်ခွဲမှုနှင့်ဆိုင်သော စာရွက်စာတမ်း အချက်အလက်များကိုလည်း လေ့လာခဲ့သည်။

လေ့လာသူများသည် ၎င်းတို့ရောက်ရှိနေချိန်အတွင်း မြန်မာဝမ်ပေါင်မှ တာဝန်ရှိသူများနှင့် တွေ့ဆုံခွင့်ပြုရန်


တောင်းခံခ့ေ
ဲ သ်ာလည်း တုံ့ပြန်ချက်မရခဲ့ပါ။ ထို့အပြင် အပြည်ပြည်ဆိုင်ရာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့သည်
မြန်မာဝမ်ပေါင်၏ မိခင်ကုမ္ပဏီဖြစ်သည့် ဝမ်ပေါင်သတ္တုကုမ္ပဏီကိုလည်း ၂၀၁၆ ဧပြီလနှင့် ဇွန်လများတွင်
လည်းကောင်း၊ ၂၀၁၇ ခုနှစ် ဇန်နဝါရီလတွင် လည်းကောင်း စာရေးသား၍ ယခုအစီရင်ခံစာပါ တွေ့ရှိချက်များကို
မျှဝေရန်နှင့် ၎င်းတို့၏ နောက်ဆုံးပြုလုပ်ခဲ့သည့် သဘာဝပတ်ဝန်းကျင်နှင့် လူမှုရေးသက်ရောက်မှု
အကဲဖြတ်ချက်နှင့် ၎င်းတို့က လက်ပန်တောင်းသတ္တုတွင်းတွင် လုပ်ငန်းများ ပြန်စနေခြင်းနှင့် ပတ်သက်သော
အချက်အလက်များကို တောင်းခံခဲ့သည်။ လေ့လာသူများသည် မုံရွာတွင်ရှိနေစဉ် ဒေသတွင်းမှ
အဆက်အသွယ်များ၏ လုံခြုံရေးအတွက် ဦးပိုင်ကုမ္ပဏီနှင့် တွေ့ဆုံဖို့ကိုမူ မတောင်းခံခဲ့ပါ။

အပြည်ပြည်ဆိုင်ရာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့က နောက်ပိုင်းတွင် ဦးပိုင်ကုမ္ပဏီထံ စာရေးသား၍


အချက်အလက်များတောင်းခံခ့ပ
ဲါသည်။ ဦးပိုင်ကုမ္ပဏီကလည်း လေ့လာသူများနှင့် နောက်တစ်ပတ်အကြာတွင်
တွေ့ဆုံမည့်အကြောင်း ပြန်ကြားလာခဲ့သည်။ လေ့လာသူများမှာ မြန်မာနိုင်ငံတွင် အခြေစိုက်သူများ မဟုတ်သဖြင့်
ယင်းကဲ့သို့ အချိန်တိုအတွင်း သွားရောက်ရန် မဖြစ်နိုင်ခ့ပ
ဲါ။ ထို့ကြောင့် တယ်လီဖုန်းမှ တဆင့်ဆွေးနွေးရန်
အပြည်ပြည်ဆိုင်ရာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့က အဆိုပြုခဲ့ပါသည်။ သို့သော် ဦးပိုင်ဘက်မှ
အကြောင်းမပြန်ကြားခဲ့ပါ။ အထက်ပါ ကုမ္ပဏီများဘက်မှ အကြောင်းပြန်ကြားချက်များကိုလည်း ယခုအစီရင်ခံစာတွင်
ထည့်သွင်းထားပြီး နောက်ဆက်တွဲတွင်ဖော်ပြထားပါသည်။၂2

2 ၂
၂၀၁၆ မေလ ၂ရက် ရက်စွဲ ဝမ်ပေါင် ကုမ္ပဏီစာ။ ၂၀၁၆ သြဂုတ် ၅ ရက်စွဲ ဦးပိုင် ကုမ္ပဏီစာ။

ဒုက္ခတောင်တန်း
မြန်မာနိုင်ငံမှ လက်ပံတောင်း သတ္တုတွင်းတွင် လူ့အခွင့်အရေးချိုးဖောက်မှုများ ဆက်လက်ရှိနေခြင်း
အပြည်ပြည်ဆိုင်ရာလွတ်ငြိမ်းချမ်းသာခွင့် အဖွဲ့ 8
လေ့လာသူများအနေနှင့် ၎င်းတို့ တွေ့ဆုံမေးမြန်းခဲ့သော မြန်မာနိုင်ငံတွင်းနှင့် အခြားနေရာအသီးသီးမှ ပုဂ္ဂိုလ်များ၊
နည်းလမ်းအမျိုးမျိုးဖြင့် အကူအညီပေးခဲ့သူများကို ကျေးဇူးတင်ပါသည်။ ဒေါက်တာ အလန်တင်ဂေးနှင့်
ဂရင်းပိစ်ဓာတ်ခွဲခန်းမှ ဝန်ထမ်းများကိုလည်း ကျေးဇူးတင်ကြောင်းဖော်ပြအပ်ပါသည်။

ဒုက္ခတောင်တန်း
မြန်မာနိုင်ငံမှ လက်ပံတောင်း သတ္တုတွင်းတွင် လူ့အခွင့်အရေးချိုးဖောက်မှုများ ဆက်လက်ရှိနေခြင်း
အပြည်ပြည်ဆိုင်ရာလွတ်ငြိမ်းချမ်းသာခွင့် အဖွဲ့ 9
ဒုက္ခတောင်တန်း
မြန်မာနိုင်ငံမှ လက်ပံတောင်း သတ္တုတွင်းတွင် လူ့အခွင့်အရေးချိုးဖောက်မှုများ ဆက်လက်ရှိနေခြင်း
အပြည်ပြည်ဆိုင်ရာလွတ်ငြိမ်းချမ်းသာခွင့် အဖွဲ့ 10
နောက်ခံသမိုင်း

မြန်မာနိုင်ငံသည် ရေနံ၊ သဘာဝဓာတ်ငွေ့နှင့် အဖိုးတန်ကျောက်မျက်များအပါအဝင် တွင်းထွက်သယံဇာတများ


အထူးကြွယ်ဝသော်လည်း သယံဇာတတူးဖော်ထုတ်လုပ်ရေးကဏ္ဍမှာ ရင်းနှီးမြုပ်နှံမှုအားနည်းခြင်းနှင့်
နည်းပညာချို့တဲ့ခြင်းများကြောင့် မထွန်းကားခဲ့ပေ။ သို့သော် နိုင်ငံအတွင်း နိုင်ငံရေးနှင့် စီးပွားရေးပြုပြင်ပြောင်းလဲမှုများ
ဖြစ်ပေါ်လာအပြီးတွင် နိုင်ငံတကာ ရေနံ၊ သဘာဝဓာတ်ငွေ့နှင့် သတ္တုတွင်းကုမ္ပဏီများက
မြန်မာနိုင်ငံတွင်လာရောက်လုပ်ကိုင်ရန် ပိုမိုစိတ်ဝင်စားမှုရှိလာသဖြင့် ယင်းအခြေအနေမှာ ပြောင်းလဲသွားရန်
အလားအလာရှိနေပါသည်။

တွင်းထွက်တူးဖော်ထုတ်လုပ်သည့်လုပ်ငန်းတွင် နိုင်ငံခြားရင်းနှီးမြုပ်နှံမှုများက မြန်မာနိုင်ငံသို့ လူမှု စီးပွား


အကျိုးအမြတ်များကို ဆောင်ယူလာပေးနိုင်သည့် အလားအလာများရှိပါသည်။ တစ်ဖက်တွင်လည်း
တွင်းထွက်ထုတ်ယူသည့်လုပ်ငန်းသည် မြေယာများသိမ်းပိုက်ရယူရန်လိုအပ်ခြင်းနှင့် စနစ်တကျစီမံလုပ်ကိုင်ရန်
လိုအပ်သည့် အန္တရာယ်ရှိသည့် စွန့်ပစ်ပစ္စည်းများလည်း ထွက်ပေါ်လာတတ်ခြင်းတို့ကြောင့် လူ့အခွင့်အရေးများကို
ထိပါးစေနိုင်သည့် အန္တရာယ်လည်း ရှိပါသည်။

၂.၁ မုံရွာစီမံကိန်း - အဓိက အချက်များ


မြန်မာနိုင်ငံ အနောက်မြောက်ပိုင်း စစ်ကိုင်းတိုင်းဒေသကြီး မုံရွာခရိုင်တွင် ကြေးနီသတ္တုသိုက်ကြီးလေးခု ရှိပါသည်။
၎င်းတို့သည် ချင်းတွင်းမြစ်ဝှမ်းလွင်ပြင် အတွင်းမှ ထိုးထွက်နေသော တောင်တန်းများတွင် တည်ရှိနေကြသည်။၃3
ယင်းသတ္တုသိုက်များကို လက်ပံတောင်း စီမံကိန်းနှင့် စပါယ်တောင်နှင့် ကြေးစင်တောင် စီမံကိန်းဆိုသော
ဆက်စပ်နေသည့် လုပ်ငန်းနှစ်ခုဖြင့် တူးဖော်ထုတ်လုပ်လျှက်ရှိပါသည်။ လက်ပံတောင်း ကြေးနီသိုက်မှာ လေးခုအနက်
အကြီးဆုံးဖြစ်ပြီး ကြေးနီရုင
ိး စုစုပေါင်း၏ ၇၅ ရာခိုင်နှုန်း ရှိနေသည်။ ဤကြေးနီသိုက်မှ တစ်နှစ်ကို ကက်သုတ်ကြေးနီ
တန်ချိန်တစ်သိန်းအထိ ထွက်ရှိမည်ဟု ခန့်မှန်းထားသည်။၎4 လက်ပံတောင်း ကြေးနီသိုက် တူးဖော်ခြင်းလုပ်ငန်းကို
၂၀၁၁ ခုနှစ်တွင် စတင်ခြဲ့ ပီး သတ္တုမိုင်းကို တည်ဆောက်ဆဲဖြစ်သော်လည်း ၂၀၁၆ မေလတွင် ကြေးနီများ
စတင်ထုတ်လုပ်ခဲ့သည်။၅ 5
ကျန် သတ္တုသိုက် သုံးခုမှာ တစ်ခုနှင့်တစ်ခု ကပ်လျက်တည်ရှိပြီး စပါယ်တောင်နှင့်
ကြေးစင်တောင်စီမံကိန်းအဖြစ် ၁၉၇၈ ခုနှစ်ကတည်းက စတင်ထုတ်လုပ်ခဲ့သည်။၆6 သတ္တုတွင်းများနှင့် အနီးတဝိုက်
ငါးကီလိုမီတာအတွင်းတွင် ရွာပေါင်း ၂၆ ရွာရှိပြီး လူပေါင်း ၂၅၀၀၀ ခန့်နေထိုင်လျက်ရှိသည်။ ဤရွာများတွင်
နေထိုင်သူအများစုမှာ စိုက်ပျိုးရေးဖြင့် အသက်မွေးကြသည်။၇ 7

3 ၃
Knight Piésold Consulting မြန်မာ ဝမ်ပေါင် ကြေးနီသတ္တုတူးဖေါ်ရေးလုပ်ငန်း လီမီတက်၊ လက်ပံတောင်းကြေးနီ စီမံကိန်း၊ သဘာဝပတ်ဝန်းကျင်နှင့်
လူမှုစီးပွားဆိုင်ရာလေ့လာအကဲဖြတ်ချက်(Knight Piésold ESIA)။ မျက်နှာဖုံးအညွှန်း PE701-00022/13, Rev. 6, January 2015, p 176 PE701-00022/13, Rev. 6, January
2015, p 176
4 ၎
Knight Piésold ESIA ဇန်နဝါရီ ၂၀၁၅၊ စာ ၁-၃
5 ၅
မြန်မာ ဝမ်ပေါင်၊ Mr. Chen Defang ဥက္ကဌ၊ ဝမ်ပေါင်သတ္တုတူးဖေါ်ရေးလုပ်ငန်း ထံမှပေးစာ။ CSR အစီရင်ခံစာ ၂၀၁၅-၁၆၊မေ ၁၇၊ စာ ၁၇။
http://www.myanmarwanbao.com.mm/images/stories/wanbao-pdfs/csr_2016_update.pdf
6 ၆
အိုင်ဗင်ဟိုး သတ္တုတူးဖေါ်ရေးလုပ်ငန်း လီမီတက်။၂၀၀၂ (မေ၂၀၊ ၂၀၀၃) ဒီဇင်ဘာ ၃၁ နှစ်ကုန်၊ နှစ်ပတ်လည် အချက်အလက်များ ပြန်လည်ပြင်ဆင်ခြင်း ပုံစံ။ စာ ၂၂။
7 ၇
Knight Piésold ESIA ၊ မေ ၂၀၁၄၊ စာ ၁၁၇-၁၁၉

ဒုက္ခတောင်တန်း
မြန်မာနိုင်ငံမှ လက်ပံတောင်း သတ္တုတွင်းတွင် လူ့အခွင့်အရေးချိုးဖောက်မှုများ ဆက်လက်ရှိနေခြင်း
အပြည်ပြည်ဆိုင်ရာလွတ်ငြိမ်းချမ်းသာခွင့် အဖွဲ့ 11
သတ္တုတွင်း တည်ဆောက်ခ့ခ
ျဲိန်တွင် လူထောင်ပေါင်းများစွာ မြေယာနှင့် မြေယာကို လုပ်ကိုင်ခွင့်ဆုံးရှုံးခဲ့ရသည် (ဓာတ်ပုံ - အပြည်ပြည်ဆိုင်ရာ
လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့၊ ၂၀၁၆)

၂.၂ မုံရွာ စီမံကိန်းတွင် ပါဝင်လုပ်ကိုင်လျက်ရှိသော ကုမ္ပဏီများ


၂၀၁၀ ခုနှစ်မှ စတင်၍ တရုတ်အခြေစိုက် ဝမ်ပေါင်သတ္တုတွင်းလီမိတက် (ဝမ်ပေါင်သတ္တုတွင်း) သည် ၎င်း၏
ကုမ္ပဏီခွဲများမှ တဆင့်မြန်မာနိုင်ငံမှ မြန်မာ့စီးပွားရေးဦးပိုင်လီမိတက်နှင့် နိုင်ငံပိုင် အမှတ် (၁) သတ္တုတွင်းလုပ်ငန်း

တို့နှင့် ဖက်စပ်ပူးပေါင်း၍ သတ္တုတွင်းနှစ်ခုကို တူးဖော်လုပ်ကိုင်လျက်ရှိသည်။၈8 လက်ရှိ ထုတ်လုပ်မှု ခွဲဝေခံစားခွင့်


သဘောတူညီချက် (၂၀၁၃ ဇူလိုင်တွင် ပြန်လည်ပြင်ဆင်ထားသည်) အရ ဝမ်ပေါင်သတ္တုကုမ္ပဏီနှင့် ဦးပိုင်တို့က
အကျိုးအမြတ်၏ ၄၉ ရာခိုင်နှုန်း၉ 9 နှင့်ကျန် ၅၁ ရာခိုင်နှုန်းကို မြန်မာအစိုးရကို ကိုယ်စားပြုသော အမှတ် (၁)
သတ္တုတွင်းလုပ်ငန်းက ရရှိသည်။၁၀ 10

ဝမ်ပေါင်သတ္တုတွင်းက လုံးဝပိုင်ဆိုင်သော လက်ခွဲကုမ္ပဏီ မြန်မာဝမ်ပေါင်ကြေးနီသတ္တုတွင်းလီမိတက် (မြန်မာဝမ်ပေါင်)


က လက်ပံတောင်း သတ္တုတွင်းကို တူးဖော်လုပ်ကိုင်သည်။ ဝမ်ပေါင်၏ အခြားကုမ္ပဏီခွဲတစ်ခုဖြစ်သည့်
မြန်မာယန်စီကြေးနီလီမိတက်က စပါယ်တောင်နှင့် ကြေးစင်တောင်တို့ကို တူးဖော်လုပ်ကိုင်သည်။
ဝမ်ပေါင်သတ္တုကုမ္ပဏီ၏ မိခင်ကုမ္ပဏီမှာ လက်နက်ထုတ်လုပ်ရေးနှင့် သတ္တုတူးဖော်ရေးလုပ်ငန်းများ လုပ်ကိုင်နေသော
တရုတ်အစိုးရပိုင် NORINCO ကုမ္ပဏီဖြစ်သည်။၁၁.11

မြန်မာ့စီးပွားရေးဦးပိုင်လီမိတက်ကို စစ်အစိုးရက ၁၉၉၀ တွင် တည်ထောင်ခြဲ့ ပီး အခွန်ပေးဆောင်ရခြင်းမှ


ကင်းလွတ်ခွင့်ရထားသည်မှာ ၂၀၁၁ ခုနှစ် ပြုပြင်ပြောင်းလဲရေးများ စတင်ချိန်အထိ ဖြစ်သည်။၁၂12 စစ်အစိုးရက
ဦးပိုင်ကုမ္ပဏီကို နိုင်ငံခြားရင်းနှီးမြုပ်နှံမှု ကန်ထရိုက်များ ဦးစားပေးရစေခဲ့ပြီး၊ ဦးပိုင်သည် ကျောက်မျက်လုပ်ငန်း၊
စီးကရက်ထုတ်လုပ်သည့် လုပ်ငန်းများကို လက်ဝါးကြီးအုပ် လုပ်ကိုင်ခွင့် ရနေခဲ့သည်။၁၃13

8 ၈
UMEHL ကို မြန်မာ့စီးပွားရေးဦးပိုင် လီမီတက် (သို့) ဦးပိုင်လီမီတက် အဖြစ် သိကြသည်။ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိမ်းသိမ်းရေးဝန်ကြီးဌာန၊ နိုင်ငံခြားဖက်စပ်
http://www.mining.gov.mm/ME-1/1.ME-1/details.asp?submenuID=11&sid=753# (last accessed 9 October 2016.)
9 ၉
သတင်းများအရ အကျိုးအမြတ်၏ ၁၉% ကို UMEHL ကရပြီး ၃၀%ကို မြန်မာဝမ်ပေါင်ကရမည်ဟုဆိုသည်။ ဥပမာ ရှု- https://www.dvb.no/news/commission-approves-
contract-giving-govt-larger-share-of-laptadaung-profits/29945 and http://www.reuters.com/article/2014/05/19/us-mynamar-mine-chinese-
idUSBREA4I08420140519
10 ၁၀
သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိမ်းသိမ်းရေးဝန်ကြီးဌာန၊နိုင်ငံခြားဖက်စပ် http://www.mining.gov.mm/ME-1/1.ME-1/details.asp?submenuID=11&sid=753#
(last accessed 9 October 2016.)
11 ၁၁
နိုရင်ကို ကုမ္ပဏီ (တရုတ်မြောက်ပိုင်းစက်မှုလုပ်ငန်းအုပ်စုကော်ပိုရေးရှင်း CNGC) ကို အသေးစိတ်လေ့လာမှုကို အပြည်ပြည်ဆိုင်ရာငြိမ်းချမ်းရေးသတင်းအချက်အလက်ဌာန
ဲ ည်။ ‘တရုတ်မြောက်ပိုင်းစက်မှုလုပ်ငန်းအုပ်စုကော်ပိုရေးရှင်း (CNGC) နှင့်ဆိုင်သော လေ့လာချက်စာတမ်း’ -
(IPIS) နှင့် အိုမီဂါဖောင်ဒေးရှင်းတို့က ၂၀၁၄ ခုနှစ်တွင် ပြုလုပ်ခ့သ
(၂၀၁၄ အောက်တိုဘာ) တွင်ရှုhttps://omegaresearchfoundation.org/sites/default/files/uploads/Publications/Working%20paper%20on%20CNGC,%202014.pdf
12 ၁၂
နှစ်စဉ်ထိပ်တန်းအခွန်ဆောင်သူများစာရင်းအရ အခွန်များတိုးတက်ရနေသည်၊ အေးသီတာကျော်၊ မြန်မာတိုင်းမ်စ် (၂၂ မတ် ၂၀၁၆)
http://www.mmtimes.com/index.php/business/19586-annual-list-of-top-taxpayers-shows-payments-rising.html (၂၂ ဒီဇင်ဘာ ၂၀၁၆ က နောက်ဆုံးကြည့်ရှုခ့)ဲ
13 ၁၃
“မြန်မာ့စီးပွားရေးပြုပြင်ပြောင်းလဲမှုနှင့် စီးပွားရေးလုပ်ငန်းကြီးများ” (အောင်မင်းနှင့် တိုရှီဟီရို ကူဒို)၊ စာမျက်နှာ ၁၅၅၊ H. Lim နှင့် Y. Yamada တို့တည်းဖြတ်ပြီး၊ ဂျပန်ပြည်ပ
ကုန်သွယ်ရေးအဖွဲ့နှင့် ဖွံ့ဖြိုးဆဲစီးပွားရေးအင်စတီကျု တို့ထုတ်ဝေသည်. ဘန်ကောက်သုတေသနဌာနအစီရင်ခံစာ - မြန်မာနိုင်ငံ၏
ကမ္ဘာ့စီးပွားရေးအတွင်းပေါင်းစည်းဝင်ရောက်လာခြင်း - အလားအလာနှင့် အခွင့်အလမ်းများမှ http://www.ide.go.jp/English/Publish/Download/Brc/13.html

ဒုက္ခတောင်တန်း
မြန်မာနိုင်ငံမှ လက်ပံတောင်း သတ္တုတွင်းတွင် လူ့အခွင့်အရေးချိုးဖောက်မှုများ ဆက်လက်ရှိနေခြင်း
အပြည်ပြည်ဆိုင်ရာလွတ်ငြိမ်းချမ်းသာခွင့် အဖွဲ့ 12
ဝမ်ပေါင်သတ္တုကုမ္ပဏီ
(NORINCO မှပိုင်သည်)

မြန်မာဝမ်ပေါင် မြန်မာယန်စီ
ကြေးနီသတ္တုတွင်းလီမီတက် ကြေးနီလီမိတက်
(မြန်မာဝမ်ပေါင်) (မြန်မာယန်စီ)

လက်ပံတောင်း သတ္တုတွင်းကို စပါယ်တောင်နှင့်


တူးဖော်လုပ်ကိုင် ကြေးစင်တောင်တို့ကို
တူးဖော်လုပ်ကုင
ိ

မြန်မာ့စီးပွားရေးဦးပိုင် နှင့်
အမှတ်(၁) သတ္တုတွင်းလုပ်ငန်း
ဖက်စပ်စီမံကန
ိး

ယနေ့အချိန်အထိ ဦးပိုင်လီမိတက်သည် မြန်မာနိုင်ငံ၏ အကြီးဆုံး ကုမ္ပဏီကြီးတစ်ခုဖြစ်ပြီး ဘဏ်လုပ်ငန်း၊


ကမ္ဘာလှည့်ခရီးသည်လုပ်ငန်း၊ သယ်ယူပို့ဆောင်ရေးလုပ်ငန်း နှင့် ဘီယာချက်လုပ်ငန်းများ လုပ်ကိုင်လျှက်ရှိသည်။၁၄ 14

ဦးပိုင်သည် သတ္တုတွင်းနှစ်ခုတွင် ပါဝင်လုပ်ကိုင်လျှက်ရှိသလို ယင်းသတ္တုတွင်းများ အတွက် လိုအပ်သော


ဆာလဖြူရစ်အက်စစ် ထုတ်လုပ်ပေးသည့် မိုးကြိုးစက်ရုံကိုလည်း ပိုင်ဆိုင်ပါသည်။၁၅ 15

ဦးပိုင်ကုမ္ပဏီသည် မကြာမီကာလအတွင်းတွင်မှ စ၍ ပွင့်လင်းမြင်သာမှုပိုရှိလာသည်။ ဦးပိုင်ကို လက်ရှိ နှင့် အငြိမ်းစား


တပ်မတော်အရာရှိများ ပိုင်ဆိုင်ကြောင်း ကျယ်ကျယ်ပြန့်ပြန့်သိထားကြသော်လည်း ၂၀၁၆ ခုနှစ် မတ်လတွင်
ဦးပိုင်ကုမ္ပဏီကို ရန်ကုန်စတော့အိတခ
်ျိန်းတွင် စာရင်းတင်ထားလိုကြောင်း ကြေညာချိန်ကျမှ ၎င်းအား ပိုင်ဆိုင်မှုပုံစံကို
တရားဝင်ထုတ်ပြန်လာခဲ့သည်။၁၆16 မြန်မာ့စီးပွားရေး ဦးပိုင်လီမိတက်ကို ရှယ်ယာရှင် နှစ်မျိုးနှစ်စားက ပိုင်ဆိုင်ကြသည်။
အစု “အေ” ရှယ်ယာများကို ကာကွယ်ရေးဝန်ကြီးဌာနနှင့် ကာကွယ်ရေးပစ္စည်း ဝယ်ယူရေး ညွှန်ကြားရေးမှူးရုံးက
ပိုင်ဆိုင်ပြီး အစု “ဘီ” အမျိုးအစားရှယ်ယာများကို “တပ်မတော်သားများ၊ စစ်မှုထမ်းဟောင်းများ၊ တပ်ရင်း တပ်ဖွ့မ
ျဲားနှင့်
စစ်မှုထမ်းဟောင်းများပိုင် အဖွဲ့အစည်းများ” က ပိုင်ဆိုင်ကြသည်။၁၇ 17

14 ၁၄
PricewaterhouseCoopers မှ ၂၀၁၅ ဇူလိုင်လတွင် ထုတ်ဝေသော မြန်မာ့စီးပွားရေးလမ်းညွှန် စာမျက်နှာ ၁၅၊ ဤနေရာတွင် ဖတ်ရှုနိုင်သည်
http://download.pwc.com/mm/gobig/index.html#featured-insights
15 ၁၅
အရေးပေါ် ဘေးအန္တရာယ်ကင်းရှင်းရေးအကြောင်းများကြောင့် စက်ရုံကို ကန်ကုံးရွာမှ ချက်ခြင်းနေရာရွှေ့ပေးပါရန် အစိုးရကို အပြည်ပြည်ဆိုင်ရာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့က
တိုက်တွန်းခဲ့သည်။ အပြည်ပြည်ဆိုင်ရာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့၏ ၂၀၁၆ ဇူလိုင် ၂၀ ရက်နေ့က ထုတ်ပြန်ချက် - မြန်မာ - ကျန်းမာရေးစိုးရိမ်ရချက်များ နောက်ကွယ်မှ
ဆာလဖြူရစ်အက်စစ်စက်ရုံကို နေရာရွှေ့ရမည် https://www.amnesty.org/en/latest/news/2016/07/myanmar-relocate-sulphuric-acid-factory/ စီးပွားရေးအတွက်
တံခါးဖွင့်ထားခြင်း အစီရင်ခံစာ စာမျက်နှာ ၇၇ ရှိ ဥပဒေအထက်တွင် ရှိနေခြင်း - ဦးပိုင်ကုမ္ပဏီလီမိတက်၏ ဆာလဖြူရစ်အက်စစ်စက်ရုံ ကိုလည်းရှု
16 ၁၆
၂၀၁၆ ဧပြီလ ၁ ရက်နေ့ထုတ် မြန်မာတိုင်းမ်စ် သတင်းစာပါ Clare Hammond ၏ ဆောင်းပါး၊ စစ်တပ်ပိုင် ဦးပိုင်လီမိတက်က အများပိုင်ကုမ္ပဏီဖြစ်လာရန် လျှောက်ထားခြင်း
http://www.mmtimes.com/index.php/business/19799-military-owned-mehl-applies-to-become-public-company.html (၂၀၁၆ စက်တင်ဘာ ၂၃ က
နောက်ဆုံးကြည့်ရှုခ့သ
ဲ ည်)
17 ၁၇
၂၀၁၆ ဧပြီလ ၁ ရက်နေ့ထုတ် မြန်မာတိုင်းမ်စ် သတင်းစာပါ Clare Hammond ၏ ဆောင်းပါး၊ စစ်တပ်ပိုင် ဦးပိုင်လီမိတက်က အများပိုင်ကုမ္ပဏီဖြစ်လာရန် လျှောက်ထားခြင်း
http://www.mmtimes.com/index.php/business/19799-military-owned-mehl-applies-to-become-public-company.html (၂၀၁၆ စက်တင်ဘာ ၂၃ က
နောက်ဆုံးကြည့်ရှုခ့သ
ဲ ည်)

ဒုက္ခတောင်တန်း
မြန်မာနိုင်ငံမှ လက်ပံတောင်း သတ္တုတွင်းတွင် လူ့အခွင့်အရေးချိုးဖောက်မှုများ ဆက်လက်ရှိနေခြင်း
အပြည်ပြည်ဆိုင်ရာလွတ်ငြိမ်းချမ်းသာခွင့် အဖွဲ့ 13
၂၀၀၃ ခုနှစ်မှစ၍ ဦးပိုင်ကုမ္ပဏီသည် စစ်တပ်နှင့် ဆက်စပ်နေသော အခြားအဖွ့အ
ဲ စည်းများ၊ လူပုဂ္ဂိုလ်များနှင့် အတူ
အမေရိကန်အစိုးရ၏ ဒဏ်ခတ်အရေးယူထားသော စာရင်းတွင် ပါဝင်ခ့သ
ဲ ည်။ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်
အစိုးရတက်လာပြီးသည့်နောက် ၂၀၁၆ ခုနှစ် အောက်တိုဘာလတွင် အမေရိကန်က ယင်း ပိတ်ဆို့အရေးယူထားမှုများကို
ပြန်ရုပ်သိမ်းပေးခဲ့သည်။၁၉18 “နိုင်ငံရေးပြုပြင်ပြောင်းလဲရေးနှင့် ကျယ်ပြန့်သော စီးပွားရေးတိုးတက်ဖံြွ့ ဖိုးမှုများ
ဖြစ်လာစေရေး အရပ်သားအစိုးရနှင့် မြန်မာပြည်သူများ၏ ကြိုးပမ်းမှုများကို အထောက်အကူပြုရန် ယင်း
ပိတ်ဆို့အရေးယူမှုများကို ရုပ်သိမ်းပေးမည်ဖြစ်ကြောင်း” အမေရိကန်အစိုးရက ရှင်းပြခဲ့သည်။

မုံရွာစီမံကိန်း - ရက်စွဲစဉ်
၁၉၇၈ - မြန်မာအစိုးရပိုင် အမှတ်(၁) သတ္တုတွင်းလုပ်ငန်းက စပါယ်တောင်နှင့်ကြေးစင်တောင် သတ္တုတွင်းကို စတင်
တူးဖော်လုပ်ကိုင်သည်။

၁၉၉၆ - ကနေဒါ သတ္တုတွင်းကုမ္ပဏီ အိုင်ဗင်ဟိုးသတ္တုတွင်းလီမိတက်၏ လက်ခွဲတစ်ခုဖြစ်သော


အိုင်ဗင်ဟိုးမြန်မာဦးပိုင်လီမိတက်က မြန်မာ့သတ္တုလုပ်ငန်း အမှတ်(၁)နှင့် စီမံကိန်းကို စတင်ဖက်စပ်လုပ်ကိုင်သည်။
(အိုင်ဗင်ဟိုးသတ္တုတွင်းက ယခု တာကွိုက်ဟေးရီဆို့စ် အဖြစ်အမည်ပြောင်းထားသည်။)

၁၉၉၆-၉၇ - စပါယ်တောင်နှင့် ကြေးစင်တောင်သတ္တုမိုင်းအတွက် အစိုးရက လယ်ယာမြေများကို နိုင်ငံပိုင် ပြုလုပ်သည်။

၂၀၀၇ - စပါယ်တောင်နှင့် ကြေးစင်တောင် သတ္တုတွင်းအတွက် အက်ဆစ်များ ထုတ်လုပ်ပေးရန်


မိုးကြိုးဆာလ်ဖြူရစ်အက်ဆစ် စက်ရုံကို ကန်ကုန်းကျေးရွာနံဘေးတွင် ဦးပိုင်လီမိတက်က တည်ဆောက်ခ့သ
ဲ ည်။
၂၀၁၀ - မုံရွာစီမံကိန်းကို ဝမ်ပေါင်နှင့် ဦးပိုင်တို့က စတင်ရယူ လုပ်ကိုင်သည်။

၂၀၁၁ - လက်ပံတောင်း သတ္တုတွင်းကို စတင် တူးဖော်သည့် လုပ်ငန်းများစတင်သည်။

နိုဝင်ဘာ ၂၀၁၂ - မုံရွာစီမံကိန်း၏ သက်ရောက်မှုများကို လေ့လာစုံစမ်းရန် မြန်မာသမ္မတက လက်ပံတောင်းလေ့လာစုံစမ်းရေး


ကော်မရှင်ကို ဖွ့စ
ဲ ည်းခဲ့သည်။

မတ် ၂၀၁၃ - မုံရွာ စီမံကိန်းနှင့် ပတ်သက်ပြီး လက်ပံတောင်းကော်မရှင်က အစိုးရနှင့် ကုမ္ပဏီများ လုပ်ဆောင်ရန်


အကြံပြုချက်များကို ထုတ်ပြန်ခ့သ
ဲ ည်။ ယင်းတို့အထဲတွင် ကုမ္ပဏီများက ၎င်းတို့ သိမ်းယူခ့ေ
ဲ သာ မြေများအတွက်
ကာလပေါက်ဈေးနှင့် လျော်ကြေးပေးရန်ဆိုသော အချက်ပါဝင်သည်။ စီမံကိန်းကို ပွင့်လင်းမြင်သာစွာ လုပ်ကိုင်ရန်နှင့်
စီမံကိန်းကြောင့် ထိခိုက်ခံရသူများနှင့် ဆွေးနွေးညှိနှိုင်းရန်လည်း ကော်မရှင်က တိုက်တွန်းခဲ့သည်။၁၉19
မေ ၂၀၁၆ - မြန်မာဝမ်ပေါင်က လက်ပံတောင်းတွင် ကြေးနီထုတ်လုပ်မှု စတင်သည့်အတွက် ထိခိုက်ခံရသော လူများက
ငြိမ်းချမ်းစွာ ဆန္ဒပြခဲ့သည်။

၂.၃ အပြည်ပြည်ဆိုင်ရာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့၏ ၂၀၁၅ ခု

အစီရင်ခံစာပါ အဓိက တွေ့ရှိချက်များနှင့် အကြံပြုချက်များ


အပြည်ပြည်ဆိုင်ရာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့၏ ၂၀၁၅ ခု အစီရင်ခံစာ “စီးပွားရေး တံခါးဖွင့်ခြင်းလား” တွင်
မုံရွာစီမံကိန်းသည် စတင်လုပ်ကိုင်ချိန်မှစပြီး ပိုင်ရှင်အဆင့်ဆင့်ပြောင်းလဲခ့သ
ဲ ည့်ကာလအတွင်း ပွင့်လင်းမြင်သာမှု
ကင်းမဲ့ခြင်းနှင့် လူ့အခွင့်အရေးချိုးဖောက်မှုများ ဆိုးဆိုးဝါးဝါး ရှိခြဲ့ ခင်းတို့ကို ထောက်ပြခဲ့ပါသည်။

အစီရင်ခံစာတွင် အစိုးရပိုင်း၊ ပြည်တွင်းနှင့် နိုင်ငံခြားကုမ္ပဏီများပါဝင် ပတ်သက်နေသော


လူ့အခွင့်အရေးချိုးဖောက်မှု အမျိုးမျိုးကို မှတ်တမ်းတင်ထောက်ပြခဲ့သည်။ တွေ့ရှိချက်များမှာ -

18 ၁၈
အမေရိကန် ဘဏ္ဍာရေးဌာန၏ ၂၀၁၆ အောက်တိုဘာ ၇ ရက်နေ့ နေ့စွဲပါ ကြေညာချက်၊ မြန်မာနိုင်ငံအပေါ်ချမှတ်ထားသော ပိတ်ဆို့အရေးယူမှု အစီအစဉ်ကို ဘဏ္ဍာရေးဌာန
ရပ်ဆိုင်းခြင်း၊ https://www.treasury.gov/resource-center/sanctions/Programs/Documents/burma_fact_sheet_20161007.pdf
19 ၁၉
လက်ပံတောင်းစုံစမ်းလေ့လာရေးကော်ရှင်၏ အပြီးသတ်အစီရင်ခံစာ (မတ်လ ၂၀၁၃)၊ အလွတ်ဘာသာပြန်ထားသော အစီရင်ခံစာ အပြည်ပြည်ဆိုင်ရာ
လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ မှတ်တမ်းတွင် ရှိ

ဒုက္ခတောင်တန်း
မြန်မာနိုင်ငံမှ လက်ပံတောင်း သတ္တုတွင်းတွင် လူ့အခွင့်အရေးချိုးဖောက်မှုများ ဆက်လက်ရှိနေခြင်း
အပြည်ပြည်ဆိုင်ရာလွတ်ငြိမ်းချမ်းသာခွင့် အဖွဲ့ 14
 သတ္တုတွင်းနှစ်ခုအတွက် နေရာပေးရန် ထောင်ပေါင်းများစွာသောလူများကို အစိုးရက နေရပ်မှ အဓမ္မ
ဖယ်ရှားခဲ့သည်။ ယင်းလုပ်ရပ်ကို နိုင်ငံခြားကုမ္ပဏီများက သိရှိပြီး အချို့ ကိစ္စများတွင် ၎င်းတို့ ကိုယ်တိုင်
ပါဝင်လုပ်ဆောင်ခ့သ
ဲ ည်။ နောက်ထပ် ထောင်နှင့်ချီသောလူများ နေရပ်မှ ဖယ်ရှားခံရမည့် အန္တရာယ်
ဆက်ရှိနေသေးသည်။

 သတ္တုတွင်းများနှင့် ဆာလ်ဖြူရစ်အက်ဆစ်စက်ရုံတို့၏ သဘာဝပတ်ဝန်းကျင်အပေါ်ထိခိုက်မှုများကို စနစ်တကျ


လေ့လာသုံးသပ်ထားခြင်း၊ စီမံခန့်ခွဲခြင်းမရှိသည့်အတွက် ဒေသခံများ၏ အသက်မွေးမှုနှင့် ကျန်းမာရေးကို
ရေရှည်အတွက် ထိခိုက်စေနိုင်ပါသည်။

 သတ္တုတွင်းများကို ဆန့်ကျင်ကန့်ကွက်သော ဒေသခံများမှာ ရဲများ၏ အင်အားအလွန်အကျွံသုံးပြီး


နှိပ်ကွပ်မှုကိုခံရသည်။ ၂၀၁၂ ခုနှစ်တွင် မြန်မာရဲများက နိုင်ငံတကာဥပဒေကို ချိုးဖောက်ပြီး
မီးလောင်လွယ်သော အဖြူရောင်ဖော့စဖရပ်ပါသည့် လက်နက်ခဲယမ်းများ အသုံးပြုခဲ့သည့်
အတွက်ငြိမ်းချမ်းစွာ ဆန္ဒပြသူများ ဒဏ်ရာဆိုးဆိုးဝါးဝါးရခဲ့သည်။ အဖြူရောင်ဖော့စဖရပ်ပါသည့်
လက်နက်ခဲယမ်းများအသုံးပြုခြင်းသည် ညှဉ်းပမ်းနှိပ်စက်မှုမြောက်ပါသည်။ ယင်းတိုက်ခိုက်မှု တချို့တဝက်ကိုြ
မန်မာဝမ်ပေါင် ကုမ္ပဏီ ခြံဝင်းအတွင်းမှ ပြုလုပ်ခဲ့ခြင်းဖြစ်သည်။

 လက်ပံတောင်းလေ့လာစုံစမ်းရေးကော်မရှင်က သတ္တုတွင်းများ၏ သက်ရောက်မှုများကို စစ်ဆေး၍


ထုတ်ပြန်ခ့ေ
ဲ သာ အကြံပြုချက်များကိုလည်း အကောင်အထည်ဖော်ခြဲ့ ခင်း မရှိပေ။

 ဝမ်ပေါင်သတ္တုကုမ္ပဏီနှင့် ဦးပိုင်လီမိတက်တို့က ကနေဒါကုမ္ပဏီ အိုင်ဗင်ဟိုးသတ္တုလုပ်ငန်းလီမိတက် (ယခု


တာကွိုက်ဟေးရီဆို့စ် အဖြစ်အမည်ပြောင်းထားသည်)ထံမှ မုံရွာစီမံကိန်းကို မည်က့သ
ဲို့ ရယူခဲ့သလဲ ဆိုသော
အချက်မှာ ပွင့်လင်းမြင်သာမှု မရှိပါ။ ယင်းအရောင်းအဝယ်သည် ချမှတ်ထားသော ပိတ်ဆို့အရေးယူမှု
စည်းကမ်းများကို ချိုးဖောက်ရာ ရောက်နိုင်ပါသည်။၂၀20

မြေများသိမ်းဆည်းခြင်းနှင့် သဘာဝပတ်ဝန်းကျင်ကို ကာကွယ်စောင့်ရှောက်ခြင်းများအတွက် အစိုးရက ၂၀၁၁ ခုနှစ်မှ


စတင်၍ ဥပဒေဆိုင်ရာအပြောင်းအလဲများ လုပ်ပေးခဲ့သော်လည်း ယင်းတို့မှာ လုံလောက်မှု မရှိဟု အပြည်ပြည်ဆိုင်ရာ
လွတ်ငြိမ်းချမ်းသာခွင့်အဖွ့က
ဲ သုံးသပ်ပါသည်။

စီးပွားရေးလုပ်ငန်းများအတွက် မြေယာများကို ရယူသိမ်းဆည်းမှုများနှင့် ဆက်စပ်သော အဓမ္မဖယ်ရှားခံရခြင်း၊


လူ့အခွင့်အရေး ချိုးဖောက်ခံရခြင်းများအတွက် လူထုမှာ အကာအကွယ် မရနိုင်ကြသေးပေ။ အပြည်ပြည်ဆိုင်ရာ
လွတ်ငြိမ်းချမ်းသာခွင့်အဖွ့က
ဲ မြန်မာအစိုးရ၊ ပတ်သက်နေသော ကုမ္ပဏီများနှင့် အခြားအစိုးရများကို အကြံပြုချက်များ
အများအပြားပြုလုပ်ခဲ့ပါသည်။၂၁21

မြန်မာအစိုးရအနေနှင့် မုံရွာသတ္တုတွင်းများတွင် နောက်ထပ်လူ့အခွင့်အရေးချိုးဖောက်မှုများ မဖြစ်ပေါ်စေရန်နှင့်


လူ့အခွင့်အရေး ချိုးဖောက်မှုများ ခံစားခဲ့ရပြီးသော လူများအတွက် ထိရောက်သော ပြန်လည်ကုစားပေးချက်များ
ပေးအပ်နိုင်အောင် ဆောလျင်စွာ အရေးယူဆောင်ရွက်ရန် အပြည်ပြည်ဆိုင်ရာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့က
တိုကတ
်ွန်းပါသည်။ လက်ပံတောင်း ကြေးနီစီမံကိန်းကိုလည်း ထိခိုက်နစ်နာသော ပြည်သူများနှင့် ညှိနှိုင်းဆွေးနွေး၍
လူ့အခွင့်အရေးနှင့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ စိုးရိမ်စရာ အခြေအနေများကို ကိုင်တွယ်ဖြေရှင်းပြီးချိန်အထိ
ရပ်ဆိုင်းထားသင့်သည်ဟု အပြည်ပြည်ဆိုင်ရာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့က သုံးသပ်ပါသည်။ မြန်မာနိုင်ငံတွင်
လာရောက် စီးပွားရေးလုပ်ကိုင်နေကြသော နိုင်ငံခြား စီးပွားရေးလုပ်ငန်းများသည်လည်း ကုလသမဂ္ဂ၏ စီးပွားရေးနှင့်
လူ့အခွင့်အရေးဆိုင်ရာ လမ်းညွှန်ချက်အပါအဝင် နိုင်ငံတကာ စံချိန်စံညွှန်းများနှင့် ညီညွတ်စွာ လုပ်ဆောင်နိုင်ရန်

သင့်လျော်သော စောင့်ကြည့်ကြီးကြပ်မှုများထားရှိရန် တိုက်တွန်းပါသည်။၂၂22 မြန်မာနိုင်ငံတွင် စီးပွားရေးလုပ်ငန်းများ


သွားရောက်လုပ်ကိုင်မည့် ကုမ္ပဏီများ၏ မိခင်နိုင်ငံ အစိုးရများအနေနှင့်လည်း ယင်းကုမ္ပဏီများ မြန်မာနိုင်ငံတွင်

20 ၂၀
ရှုရန်- စီးပွားရေး တံခါးဖွင့်ခြင်းလား၊ စာ- ၇ ၊ ဤအစီရင်ခံစာတွင် ၎င်းပါကိစ္စရပ်များအား ထပ်မံထည့်သွင်းမထားပါ။
21 ၂၁
ရှုရန်- စီးပွားရေး တံခါးဖွင့်ခြင်းလား၊ စာ ၁၂၆-၁၃၀
22 ၂၂
ကုလသမဂ္ဂလူ့အခွင့်အရေးမဟာမင်းကြီးရုံးမှ ထုတ်ဝေသော စီးပွားရေးနှင့် လူ့အခွင့်အရေးဆိုင်ရာ လမ်းညွှန်ချက်စည်းမျဉ်းများ - ကုလသမဂ္ဂ၏ “ကာကွယ်၊ လေးစား၊
ပြုပြင်ကုစား” မူပေါင်ကို အကောင်အည်ဖော်ခြင်း (၂၀၁၁)၊ UN Doc HR/PUB/11/04, ကြည့်ရှုနိုင်သော အွန်လိုင်းစာမျက်နှာ
www.ohchr.org/Documents/Publications/GuidingPrinciplesBusinessHR_EN.pdf (UN Guiding Principles).

ဒုက္ခတောင်တန်း
မြန်မာနိုင်ငံမှ လက်ပံတောင်း သတ္တုတွင်းတွင် လူ့အခွင့်အရေးချိုးဖောက်မှုများ ဆက်လက်ရှိနေခြင်း
အပြည်ပြည်ဆိုင်ရာလွတ်ငြိမ်းချမ်းသာခွင့် အဖွဲ့ 15
ရင်းနှီးမြုပ်နှံမှု လုပ်ငန်းများမစတင်ခင် သင့်လျော်သော ဂရုစိုက်စောင့်ကြည့်မှုများ ထားရှိမှုကို လိုအပ်ချက်တစ်ရပ်အဖြစ်
လုပ်ဆောင်စေရန် အပြည်ပြည်ဆိုင်ရာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့က တိုက်တွန်းပါသည်။

ဒုက္ခတောင်တန်း
မြန်မာနိုင်ငံမှ လက်ပံတောင်း သတ္တုတွင်းတွင် လူ့အခွင့်အရေးချိုးဖောက်မှုများ ဆက်လက်ရှိနေခြင်း
အပြည်ပြည်ဆိုင်ရာလွတ်ငြိမ်းချမ်းသာခွင့် အဖွဲ့ 16
၃။ အဓမ္မ ဖယ်ရှားခံရမည့်
အန္တရာယ် ဆက်ရှိနေခြင်း

လက်ပံတောင်းသတ္တုတွင်းကို တည်ဆောက်ရာတွင် အဓမ္မဖယ်ရှားမှုများအကြောင်း အပြည်ပြည်ဆိုင်ရာ


လွတ်ငြိမ်းချမ်းသာခွင့်အဖွ့၏
ဲ ၂၀၁၅ ခုနှစ်က ထုတ်ပြန်ခဲ့သော အစီရင်ခံစာ “စီးပွားရေး တံခါးဖွင့်ခြင်းလား၊
မြန်မာကြေးနီစီမံကိန်းမှ လုပ်ငန်းကြီးများ၏ ရာဇဝတ်မှုများ နှင့် ချိုးဖောက်မှုများ”တွင်အသေးစိတ်ဖော်ပြထားသည်။
အဓမ္မဖယ်ရှားမှုများကြောင့် ဆန္ဒပြမှုများဖြစ်လာခဲ့ပြီး ဒေသခံပြည်သူများနှင့် အစိုးရအကြား၊ သတ္တုတွင်းကို
လုပ်ကိုင်နေသော မြန်မာဝမ်ပေါင်ကုမ္ပဏီ၊ ဦးပိုင်လီမိတက်တို့အကြား ယုံကြည်မှုများ ပျက်ပြားသွားခဲ့သည်။

ဖြစ်ရပ်တစ်ခုတွင် အစိုးရက ရွာသားများအား တမင်လှည့်ဖြားခဲ့သည်။ ၂၀၁၀ ခုနှစ် ဒီဇင်ဘာလက


ဒေသခံအာဏာပိုင်များက ရွာသားများကို စက်ယန္တရားများ ၎င်းတို့၏ လယ်ယာမြေများအပေါ် ဖြတ်သန်းသွားမည်ဖြစ်ရာ
သီးနှံပျက်စီးမှုများအတွက် လျော်ကြေးပေးမည်ဟု ပြောကြားခဲ့ကြောင်း ရွာသားများက အပြည်ပြည်ဆိုင်ရာ
ဲို ပြောပြကြသည်။၂၃23 လယ်ယာမြေများ သိမ်းဆည်းမည်၊ ရွာသားများကို ဖယ်ရှားမည်ဟူ၍
လွတ်ငြိမ်းချမ်းသာခွင့်အဖွ့က
လုံးဝမပြောခဲ့ပေ။ ၂၀၁၁ ခုနှစ်တွင် မြန်မာဝမ်ပေါင်က ၎င်းတို့ လယ်ယာမြေများ အပေါ်တွင် သတ္တုတွင်းကို
စတင်ဆောက်လုပ်သည့် အချိန်တွင်မှ လယ်သမားများက အဖြစ်မှန်ကို သိခဲ့ရသည်။

မြန်မာဝမ်ပေါင်က သတ္တုတွင်းကို ဆက်လက်တိုးချဲ့လုပ်ကိုင်နေသည့်အတွက် နောက်ထပ် ထောင်ချီသော လူများ


၎င်းတို့၏ မြေယာများမှ အဓမ္မဖယ်ရှားခံရမည့် အန္တရာယ်နှင့် ဆက်ရင်ဆိုင်နေရပါသည်။ လက်ပံတောင်း သတ္တုတွင်းသည်
လုံးဝရွှေ့ပြောင်းရသည့် ဇီးတော၊ ဆည်တည်း၊ ကန်တောနှင့် ဝက်မှေးရွာ လေးရွာအပါအဝင် ရွာပေါင်း ၃၀မှ မြေယာ
စုစုပေါင်း ၆၇၈၅ ဧကကို သိမ်းယူရန်လိုအပ်နေပါသည်။၂၄24 ၂၀၁၄ ခုနှစ် ဒီဇင်ဘာလတွင် ဆန္ဒပြသူတစ်ဦးကို ရဲများက
ပစ်သတ်ခြဲ့ ပီးသည့်နောက် မြန်မာဝမ်ပေါင်က သတ္တုတွင်းလုပ်ကွက်ဧရိယာကို တိုးချဲ့နေခြင်းကို
ရပ်နားထားမည်ဖြစ်ကြောင်း ကြေညာခဲ့သည်။ သို့သော် လယ်ယာမြေဧက ၂၀၀၀ ခန့်နှင့် ရွာလေးရွာကို ရယူရန်
လိုအပ်နေဆဲဖြစ်သည်။၂၅25

23 ၂၃
အပြည်ပြည်ဆိုင်ရာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ အင်တာဗျူးများ၊ မြန်မာ၊ ၁၉ မတ် ၂၀၁၆
24 ၂၄
စီးပွားရေး တံခါးဖွင့်ခြင်းလား၊ စာ- ၂၁
25 ၂၅
မြန်မာဝမ်ပေါင်၊ စီးပွာရေးလုပ်ငန်းကြီးများ၏လူမှုရေးဆိုင်ရာတာဝန်ခံမှု (CSR) အစီရင်ခံစာ ၂၀၁၅-၁၆၊ ၁၇ မေ ၂၀၁၆၊ စာမျက်နှာ၎
http://www.myanmarwanbao.com.mm/images/stories/wanbao-pdfs/csr_2016_update.pdf

ဒုက္ခတောင်တန်း
မြန်မာနိုင်ငံမှ လက်ပံတောင်း သတ္တုတွင်းတွင် လူ့အခွင့်အရေးချိုးဖောက်မှုများ ဆက်လက်ရှိနေခြင်း
အပြည်ပြည်ဆိုင်ရာလွတ်ငြိမ်းချမ်းသာခွင့် အဖွဲ့ 17
နေရာမှ နှင်ထုတ်ခံရခြင်းများ ရက်စွဲမှတ်တမ်း
၂၀၁၁ - သတ္တုတူးဖော်ရေးလုပ်ငန်းများ စတင်ချိန်တွင် မြန်မာဝမ်ပေါင်က ပထမဆုံးအကြိမ် နေအိမ်များ
မြေယာများမှ လူများကို အဓမ္မဖယ်ရှားခဲ့သည်။

ဇူလိုင် - အောက်တိုဘာ ၂၀၁၄ - ဒေသခံများနှင့် ဆက်ဆံရေး ကောင်းမွန်လာစေရန် ရည်ရွယ်၍


မြန်မာဝမ်ပေါင်က “စီမံကိန်းကြောင့် ထိခိုက်နစ်နာရသော ရွာသားတိုင်း မြန်မာဝမ်ပေါင် အုပ်ချုပ်ရေးအဖွဲ့နှင့်
တစ်ဦးချင်းစီ ဆွေးနွေးညှိနှိုင်းခွင့်ရခဲ့သည်” ဟုဆိုပါသည်။

ဒီဇင်ဘာ ၂၀၁၄ - မြန်မာဝမ်ပေါင်က ၎င်းတို့၏ လုပ်ကွက်ဧရိယာကို တိုးချဲ့ရန် သီးနှံစိုက်ခင်းများကို


မြေတူးစက်နှင့် ထိုးကော်ခဲ့သည်။ ဆန္ဒပြသူများနှင့် ရဲများ ထိပ်တိုက်တွေ့မှုတွင် ရဲက ပစ်ခတ်၍ မိုးကြိုးပြင်ရွာက
ဒေါ်ခင်ဝင်းသေဆုံးခဲ့သည်။ မြန်မာဝမ်ပေါင်က သတ္တုတွင်းလုပ်ကွက်နေရာ တိုးချဲ့မှုကို ရပ်ဆိုင်းထားခဲ့သည်။

မေ ၂၀၁၆ - မြန်မာဝမ်ပေါင်က လယ်ယာဧက ၂၀၀၀ နှင့် ရွာလေးရွာမှ အိမ်ပေါင်း ၁၄၁လုံးကို ရယူသိမ်းပိုက်ရန်


ရည်ရွယ်ချက် ဆက်ရှိနေသေးကြောင်း ကြေညာခဲ့သည်။ သို့သော် မည်သည့် အချိန်တွင်သိမ်းယူမည်၊ မည်ကဲ့သို့
သိမ်းယူမည် ဆိုသော အသေးစိတ်အချက်များကို ထုတ်ပြောခြင်းမရှိပေ။

ဒုက္ခတောင်တန်း
မြန်မာနိုင်ငံမှ လက်ပံတောင်း သတ္တုတွင်းတွင် လူ့အခွင့်အရေးချိုးဖောက်မှုများ ဆက်လက်ရှိနေခြင်း
အပြည်ပြည်ဆိုင်ရာလွတ်ငြိမ်းချမ်းသာခွင့် အဖွဲ့ 18
လက်ပံတောင်းကြေးနီသတ္တုတွင်းကို ၂၀၁၆ ခုနှစ် ဖေဖေါ်ဝါရီလ ၂၀ ရက်နေ့က တွေ့ရစဉ်။ အဝါရောင်မျဉ်းများက သတ္တုမိုင်း၏
ဧရိယာကို ပြနေပြီး လိမ္မော်ရောင် အကွက်များက (ESIA တွင်ဖော်ပြထားသည့် အချက်အလက်များအရ) သတ္တုမိုင်းကို
တိုးချဲ့မည့်ဧရိယာကို ပြနေပါသည်။ ဤဓာတ်ပုံရိုက်ကူးချိန်တွင် သတ္တုမိုင်း၏ ဧရိယာမှာ ၂၁ စတုရန်းမိုင်ခန့်ရှိပြီး နောက်ထပ် ၉
စတုရန်းမိုင်ခန့် တိုးချဲ့မည်ဖြစ်သည်။ ယင်းသို့တိုးချဲ့ရာတွင် တိုးချဲ့မည့် ဧရိယာအတွင်းရှိ ရွာပေါင်းလေးရွာ ဖယ်ရှားပေးရမည် ဖြစ်သည်။

ဤတွေ့ရှိချက်များအပေါ် အခြေခံ၍ မြန်မာဝမ်ပေါင်နှင့် ဦးပိုင်ကုမ္ပဏီတို့သည် ထိခိုက်နစ်နာမည့် လူများနှင့်


နေရာမှဖယ်ရှားခြင်း၊ ပြန်လည်နေရာချပေးခြင်း၊ လျော်ကြေးပေးခြင်းစသည်တို့ကို အကြေအလည် ဆွေးနွေးညှိနှိုင်းသည့်
လုပ်ငန်းစဉ်များ မရှိသေးမီ ဒေသခံများကို ၎င်းတို့၏ နေအိမ်များနှင့် လယ်ယာမြေများပေါ်မှ နောက်ထပ်ဖယ်ရှားခြင်း

ဒုက္ခတောင်တန်း
မြန်မာနိုင်ငံမှ လက်ပံတောင်း သတ္တုတွင်းတွင် လူ့အခွင့်အရေးချိုးဖောက်မှုများ ဆက်လက်ရှိနေခြင်း
အပြည်ပြည်ဆိုင်ရာလွတ်ငြိမ်းချမ်းသာခွင့် အဖွဲ့ 19
မလုပ်ပါဟု အတိအလင်းထုတ်ဖော်ကြေညာရန် အပြည်ပြည်ဆိုင်ရာ လွတ်ငြိမ်းချမ်းသာခွင့်အဖွ့က

အကြံပြုတိုက်တွန်းပါသည်။၂၆26
၂၀၁၅ ခုနှစ် ဇွန်လတွင် ထုတ်ပြန်သော သဘာဝပတ်ဝန်းကျင်နှင့် လူမှုဘဝအပေါ်သက်ရောက်မှုများ
အကဲဖြတ်လေ့လာချက်တွင် မြန်မာဝမ်ပေါင်က ဒေသခံလူထု၏ စိုးရိမ်မှုများကို ဖြေရှင်းပေးရန် နောက်ထပ်
ဆွေးနွေးညှိနှိုင်းမှုများ ပြုလုပ်ခဲ့သည်ဟုဖော်ပြထားသည်။၂၇27 ၂၀၁၄ ခုနှစ် ဒုတိယနှစ်ဝက်အတွင်း ပြုလုပ်ခ့ေ
ဲ သာ
ယင်းဆွေးနွေးညှိနှိုင်းမှုများတွင် ယခင်က မလုပ်ခ့ဖ
ဲူးသော ကုမ္ပဏီ၏ အကြီးတန်းမန်နေဂျာများက ဦးဆောင်၍
တစ်အိမ်တက်ဆင်းလိုက်လံ ဆွေးနွေးခဲ့သည်ဟု မြန်မာဝမ်ပေါင်က ဆိုသည်။

“သက်ရောက်မှုများရှိလာမည့် ရွာသားများအားလုံးနှင့် ထိရောက်စွာ ဆွေးနွေးနိုင်ရန်မှာ ရွာများတွင် အုပ်စုလိုက်


ဆွေးနွေးပွဲများ သက်သက်နှင့် မလုံလောက်တော့ပေ။ တစ်အိမ်တက်ဆင်း လိုက်လံ၍ မျက်နှာချင်းဆိုင်
ဆွေးနွေးစကားပြောရန် လိုအပ်လာသည်။ ထို့ကြောင့် စီမံကိန်းကြောင့် ထိခိုက်မှုရှိသည့် ရွာသားအားလုံး
မြန်မာဝမ်ပေါင် ခေါင်းဆောင်များနှင့် တစ်ဦးချင်းစီ ဆွေးနွေးနိုင်ခဲ့သည်။” ၂၈ 28

ယင်းဆွေးနွေးပွဲများ၏ ရလဒ်အဖြစ် မြန်မာဝမ်ပေါင်က ၎င်းတို့ ထောက်ပံ့ရေး အစီအစဉ်တစ်ရပ်ကို ရေးဆွဲနိုင်ခ့သ


ဲ ည်ဟု
ဆိုသည်။ ယင်းအစီအစဉ်မှာ မြေယာဆုံးရှုံးသွားသော ရွာသားသည် လျော်ကြေးကို လစဉ် ထောက်ပံ့ကြေးပုံစံဖြင့်
ရရှိရန်ဖြစ်သည်။ (လျော်ကြေးပေးရခြင်းမှာ ထိခိုက်နစ်နာသူ အားလုံးကို ကုမ္ပဏီက သတ္တုတွင်း တွင်
အလုပ်မပေးနိုင်သည့်အတွက် ဖြစ်သည်။)၂၉29 မြေယာဆုံးရှုံးခဲ့သူ သို့မဟုတ် ဆုံးရှုံးရန်ရှိသူများအနက် အများစု (ကျေးရွာ
၃၅ ရွာမှ ၈၃ ရာခိုင်နှုန်း) က ၂၀၁၆ ခုနှစ် မေလ အရောက်တွင် လျော်ကြေးကို လက်ခံခြဲ့ ကသည်ဟု မြန်မာဝမ်ပေါင်က
ဆိုသည်။၃၀30

ဤအချက်က မြန်မာဝမ်ပေါင်နှင့် ဒေသခံများအကြား ဆက်ဆံရေး တိုးတက်ကောင်းမွန်လာမှု သက်သေအဖြစ်


မှတ်ယူသင့်ပြီး ကုမ္ပဏီက လူမှုရေးအရ လုပ်ပိုင်ခွင့် လိုင်စင် ရခဲ့ပြီဟု ဆိုနိုင်ကြောင်း မြန်မာဝမ်ပေါင်က ပြောသည်။၃၁ 31
သို့သော် စီမံကန်းကို ဆက်လက်ကန့်ကွက်နေသူ “အနည်းစုကလေး” က “စစ်မှန်သော ဆွေးနွေးမှုလုပ်ရန် ကျွန်ုပ်တို့၏
ဲ ည်။၃၂ 32
ကမ်းလှမ်းချက်” ကို ငြင်းဆိုခ့သ

ဝမ်ပေါင်၏ ပြောကြားချက်များကို ယင်းကုမ္ပဏီက ထုတ်ပြန်သော အချက်အလက်များ၊ မှတ်တမ်းများ၊


ဒေသခံပြည်သူများနှင့် တွေ့ဆုံမေးမြန်းချက်များနှင့် အပြည်ပြည်ဆိုင်ရာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့က
တိုက်ဆိုင်လေ့လာခဲ့သည်။

မိမိတို့၏တွေ့ရှိချက်အရ ဝမ်ပေါင်ကုမ္ပဏီ၏ ပြောကြားချက်များမှာ မမှန်ကန်ပဲ၊ ထိခိုက်နစ်နာသူ


အားလုံးနှင့် ထိတွေ့ပြောဆိုခြဲ့ ခင်းမရှိရုံမက လယ်ယာမြေ သိမ်းဆည်းခံရသူ
အများအပြားကိုလည်း ဆွေးနွေးညှိနှိုင်းရာတွင် မထည့်သွင်းခဲ့ကြောင်းတွေ့ရသည်။

26 ၂၆
ရှုရန်- စီးပွားရေး တံခါးဖွင့်ခြင်းလား၊ စာ ၂၁
27 ၂၇
မြန်မာ ဝမ်ပေါင်က ဤသတင်းအချက်အလက်များကို ဇွန် ၂၀၁၅ တွင်ထုတ်သော ESIA ၏ နောက်ဆုံးအစီရင်ခံစာတွင်ထုတ်ပြန်ခ့သ
ဲ ည်။
http://www.myanmarwanbao.com.mm/en/year-2015/53-june-2015/135-final-version-of-esia-report.html, its CSR report, available at:
http://www.myanmarwanbao.com.mm/images/stories/wanbao-pdfs/csr_2016_update.pdf which was released in May 2016, and a letter to Amnesty
International, sent in May 2016.
28 ၂၈
မြန်မာ ဝမ်ပေါင် ၂၀၁၅-၁၆ CSR Report ၊ ၁၇ မေ ၂၀၁၆၊ စာ ၁၉
29 ၂၉
လျော်ကြေးမှာ လစဉ် အမေရိကန်ဒေါ်လာ ၇၀မှ ၁၆၀ အထိ သိမ်းဆည်းထားသော မြေယာပမာဏအလိုက်ဖြစ်သည်။ ဤလျော်ကြေးကို စီမံကိန်းကာလ (ခန့်မှန်းခြေ နှစ် ၃၀
သို့မဟုတ် မိုင်းတွင်းတွင် အလုပ်အကိုင်များရရှိသည်အထိ)တလျောက်လုံးတွင် ပေးအပ်သွားမည်ဟုပြောသည်။ မြန်မာ ဝမ်ပေါင် ၂၀၁၅-၁၆ CSR Report ၊ ၁၇ မေ ၂၀၁၆၊ စာ ၁၃
30 ၃၀
မြန်မာ ဝမ်ပေါင် ၂၀၁၅-၁၆ CSR Report ၊ ၁၇ မေ ၂၀၁၆၊ စာ ၁၃
31 ၃၁
မြန်မာ ဝမ်ပေါင် ၂၀၁၅-၁၆ CSR Report ၊ ၁၀ မေ ၂၀၁၆၊ http://www.myanmarwanbao.com.mm/en/our-latest-news.html
32 ၃၂
မြန်မာ ဝမ်ပေါင် သတင်းထုတ်ပြန်ချက်၊ ၁၀ မေ ၂၀၁၆၊ http://www.myanmarwanbao.com.mm/en/our-latest-news.html

ဒုက္ခတောင်တန်း
မြန်မာနိုင်ငံမှ လက်ပံတောင်း သတ္တုတွင်းတွင် လူ့အခွင့်အရေးချိုးဖောက်မှုများ ဆက်လက်ရှိနေခြင်း
အပြည်ပြည်ဆိုင်ရာလွတ်ငြိမ်းချမ်းသာခွင့် အဖွဲ့ 20
ချန်ထားခံခဲ့ရသူများတွင် လယ်ယာမြေဆုံးရှုံးရနိုင်သည့် လယ်ပိုင်ရှင်များ၊ လယ်ယာမြေပေါ်အမှီပြု အလုပ်လုပ်နေရသည့်
လယ်ယာမဲ့များ နှင့် လုံးဝရွှေ့ပြောင်းခံရမည့် ရွာလေးရွာမှ ပြည်သူများ ပါဝင်သည်။ ၂၀၁၆ ခုနှစ် မေလတွင်
ယင်းရွာလေးရွာတွင် ဆက်လက်နေထိုင်လျှက်ရှိသော အိမ်ထောင်စုပေါင်း ၁၄၁ စုရှိသည်ဟု မြန်မာဝမ်ပေါင်က
ပြောပါသည်။၃၃ 33
မြန်မာဝမ်ပေါင်ကိုယ်တိုင် ထုတ်ပြန်သော မှတ်တမ်းများတွင်လည်း ကုမ္ပဏီသည် ထိခိုက်နစ်နာသူအားလုံးနှင့်
ဆွေးနွေးညှိနှိုင်းခဲ့ခြင်း မပြုကြောင်းဖော်ပြထားသည်။ ၂၀၁၅ ဇန်နဝါရီလက ထုတ်ပြန်သော သဘာဝပတ်ဝန်းကျင်နှင့်
လူမှုစီးပွားအပေါ်သက်ရောက်မှုလေ့လာချက် (ESIA) တွင် ကုမ္ပဏီသည် ၂၀၁၄ ခုနစ
ှ်အတွင်း ရွာပေါင်း ၂၇ ရွာမှ
ဒေသခံများနှင့် တစ်အိမ်တက်ဆင်း ဆွေးနွေးမှုများ ပြုလုပ်ခ့သ
ဲ ည်၊ သို့သော် ရွာ ၈ ရွာတွင်မူ
အစုလိုက်ကျေးရွာစည်းဝေးပွဲမျိုးသာ လုပ်ခ့ေ
ဲ ကြာင်း ဖော်ပြထားသည်။ ဤသည်မှာ ကုမ္ပဏီကိုယ်တိုင်က
“လူအစုအဝေးကြီးနှင့် ကျေးရွာလူထု အစည်းအဝေးမျိုး သက်သက်ဖြင့် မလုံလောက်ကြောင်း” ဝန်ခံထားလျှက်နှင့်
ဖြစ်သည်။၃၄34 ESIA အစီရင်ခံစာတွင် မည်သည့်အတွက်ကြောင့် ယင်းရွာရှစ်ရွာတွင် တစ်အိမ်တက်ဆင်း ဆွေးနွေးပွဲများ
မလုပ်နိုင်ခဲ့သည်ကို ဖော်ပြမထားပါ။၃၅ 35

ယင်းအစီရင်ခံစာထဲတွင် မြန်မာဝမ်ပေါင်က ၂၀၁၄ ဆွေးနွေးပွဲများအတွင်း တစ်အိမ်တက်ဆင်းရော၊ ကျေးရွာလူထု


အစည်းအဝေးများတွင်ပါ စုစုပေါင်း လူ ၁၀၃၂ ဦးနှင့် ဆွေးနွေးခဲ့ပြီး ယင်းတို့အားလုံမှာ မြေပိုင်ရှင်များဖြစ်ကြသည်ဟု
ဖော်ပြထားသည်။ ယင်းလူဦးရေ မှာ မြေယာများ သိမ်းဆည်းခံရပြီးသူများ ဖြစ်စေ၊ ကုမ္ပဏီက ဆက်လက်သိမ်းယူမည့်
အစီအစဉ်ကြောင့်ဖြစ်စေ ဆိုးဆိုးဝါးဝါးထိခိုက်ခံရမည့် လူဦးရေစုစုပေါင်း၏ အနည်းငယ်မျှသော အစိတ်အပိုင်လေးသာ
ဖြစ်ပေသည်။ ဒေသခံအာဏာပိုင်များနှင့် ဦးပိုင်ကုမ္ပဏီတို့၏ စာရင်းကောက်ယူမှုအရ စီမံကိန်းပြီးစီးချိန်တွင် စီမံကိန်း၏
သက်ရောက်မှုကို ခံရမည့် လူဦးရေမှာ ၁၆၆၉၄ ဦးရှိပါသည်။၃၆36 ၎င်းတို့အထဲတွင် တော်တော်များများမှာ
လယ်ပိုင်ရှင်များ မဟုတ်ကြပဲ လယ်ယာမြေကို မှီခိုနေရသည့် သူရင်းဌားများ၊ မြေယာကို ကျွဲနွား စားကျက်အဖြစ်
မှီခိုနေရသူများနှင့် အခြားမြေယာကို အမှီပြုလုပ်စားနေကြရသူများဖြစ်သည်။

ထို့အပြင် အထက်တွင်ဖော်ပြခဲ့သည့်အတိုင်း အချို့ရွာများမှာ ဝမ်ပေါင်ကုမ္ပဏီ၏ ဆွေးနွေးညှိနှိုင်းမှုများတွင် မပါဝင်ပဲ


လုံးဝ ချန်ထားခံခဲ့ရသည်။ ကံတော၊ ဆည်တည်း၊ ဝက်မှေးနှင့် ဇီးတောရွာများတွင် တစ်ဦးချင်းစီဖြစ်စေ
ကျေးရွာဆွေးနွေးပွဲများဖြစ်စေ ပြုလုပ်ခဲ့သည်ဟူသော မှတ်တမ်း သဘာဝပတ်ဝန်းကျင်နှင့် လူမှုစီးပွားအပေါ်
သက်ရောက်မှုအစီရင်ခံစာတွင် မတွေ့ရပါ။၃၇ 37 ယင်းအချက်ကို အပြည်ပြည်ဆိုင်ရာ လွတ်ငြိမ်းချမ်းသာခွင့်အဖွ့က
ဲ ၂၀၁၆
ခုနှစ်တွင် ယင်းဒေသအတွင်းပြုလုပ်ခ့သ
ဲ ည့် တွေ့ဆုံမေးမြန်းခြင်းများကလည်း အတည်ပြုပေးခဲ့ပါသည်။
အပြည်ပြည်ဆိုင်ရာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့က လေ့လာသူများသည် ဆည်တည်း၊ ဝက်မှေးနှင့် ဇီးတောရွာများမှ ၂၄
ယောက်ပါ အုပ်စုအင်တာဗျူး အပါအဝင် ရွာသား ၃၇ ဦးနှင့်တွေ့ဆုံမေးမြန်းခဲ့ပါသည်။ ယင်းရွာများမှ လူများမှာ
လယ်ယာမြေများသာမက နေအိမ်ပါ ဆူံးရှုံးရမည့် အနေအထားရှိနေသဖြင့် သတ္တုမိုင်းကြောင့်
အဆိုးဝါးဆုံးထိခိုက်ခံရသူများအထဲတွင် ပါဝင်ပါသည်။ ၎င်းတို့အား ဆွေးနွေးမှုတွင် မပါဝင်စေပဲ ချန်ထားခဲ့ခြင်းသည်
မြန်မာဝမ်ပေါင်က “သတ္တုစီမံကိန်းကြောင့် ထိခိုက်နစ်နာသူ အားလုံးနှင့် တစ်အိမ်တက်ဆင်းဖြစ်စေ၊
ကျေးရွာအစည်းအဝေးများဖြင့် ဖြစ်စေ ဆွေးနွေးညှိနှိုင်းခဲ့သည်” ဟုပြောဆိုနေသော အချက် မှားယွင်းကြောင်း
ထောက်ပြနေပါသည်။၃၈38

၂၀၁၄ ခုနှစ်တွင် နိုင်ငံခြားသားများ ရွာကိုရောက်လာခဲ့ကြောင်း၊ သို့သော် ၎င်းတို့က ဝမ်ပေါင်ကုမ္ပဏီ၏


ကိုယ်စားလှယ်များမဟုတ်ဟု ဆိုပြီး မည်သူ့အတွက် အလုပ်လုပ်ပေးနေသည်ဆိုသည်ကိုလည်း မပြောကြောင်း
ဇီးတောရွာသားတစ်ယောက်က ဆိုသည်။၃၉ 39
၎င်းတို့က ရွာကို နှစ်ကြိမ်လာပြီး ယင်းအချိန်က ရွာတွင်ရှိနေသော
လူများနှင့် ဘုန်းကြီးကျောင်းတွင် ဆွေးနွေးကြသည်။ နှစ်ကြိမ်လုံးတွင် အမျိုးသား အမျိုးသမီး ဆယ်ဦးခန့်စီ

33 ၃၃
မြန်မာ ဝမ်ပေါင် ၂၀၁၅-၁၆ CSR Report ၊ ၁၇ မေ ၂၀၁၆၊ စာ ၉၊ http://www.myanmarwanbao.com.mm/images/stories/wanbao-pdfs/csr_2016_update.pdf
34 ၃၄
မြန်မာ ဝမ်ပေါင် ၂၀၁၅-၁၆ CSR Report ၊ ၁၇ မေ ၂၀၁၆၊ စာ ၁၉
35 ၃၅
Knight Piésold, ESIA ဇန်နဝါရီ ၂၀၁၅၊ စာ ၂၂၁-၃
36 ၃၆
Knight Piésold, ESIA မေ ၂၀၁၄၊ နောက်ဆက်တွဲအမှတ် T ၊ စာ -၁၁
37 ၃၇
အင်္ဂလိပ်လိုဖော်ပြသော ရွာအမည်များမှာ ကွဲပြားနိုင်ပါသည်။ ကိုးကားသောအရင်းမြစ်တွင် စာလုံးပေါင်းကွဲပြားသည်ကလွဲ၍ ဤအစီရင်ခံစာတွင် ထိုအမည်များကိုသာ
ဖေါ်ပြသွားပါမည်။
38 ၃၈
မြန်မာ ဝမ်ပေါင် ၂၀၁၅-၁၆ CSR Report ၊ ၁၇ မေ ၂၀၁၆၊ စာ ၁၉
39 ၃၉
ယင်းနိုင်ငံခြားသားများမှာ မြန်မာဝမ်ပေါင်က ငှားရမ်းထားသော အကြံပေးလုပ်ငန်းတစ်ခုမှ ဖြစ်နိုင်ပါသည်။ သို့သော် ၎င်းတို့၏ လိပ်စာကတ်နှင့် အခြားအထောက်အထားများ
မထားခဲ့သဖြင့် ၎င်းတို့မည်သူမည်ဝါမှန်း ရွာသားများက မသိခြဲ့ ကပါ။

ဒုက္ခတောင်တန်း
မြန်မာနိုင်ငံမှ လက်ပံတောင်း သတ္တုတွင်းတွင် လူ့အခွင့်အရေးချိုးဖောက်မှုများ ဆက်လက်ရှိနေခြင်း
အပြည်ပြည်ဆိုင်ရာလွတ်ငြိမ်းချမ်းသာခွင့် အဖွဲ့ 21
တက်ရောက်ခဲ့သည်ဟု ဆိုသည်။ ယင်းနိုင်ငံခြားသားများက ရွာသားများနှင့် မြန်မာဝမ်ပေါင်အကြား
စေ့စပ်ညှိနှိုင်းပေးလိုသည်ဟု ပြောကြားခဲ့ကြသည်ဟု ဆိုပါသည်။ ဇီးတောရွာသားက -

“ဒေသခံတွေရဲ့ အခက်အခဲတွေကို မေးပြီး ဝမ်ပေါင်ကလူတွေနဲ့ တွေ့ဖို့ စီစဉ်ပေးမယ်လို့ပြောတယ်။ သူတို့နှစ်ခေါက်လာတယ်၊ ဒါပေမယ့် ရွာက


သတင်းအချက်အလက်တွေ လာယူတဲ့ ပုံမျိုးပါပဲ။” ၄၀40

သတ္တုတွင်းတဝိုက် ဖြစ်စဉ်အခြေအနေကို နှစ်များစွာ လေ့လာစောင့်ကြည့်နေခဲ့သူ ဝက်မှေးရွာသားနှစ်ဦးက ၂၀၁၄


ဲ ကြာင်း လေ့လာသူများကို ပြောပြသည်။၄၁
ခုနှစ်အတွင်း ကုမ္ပဏီမှ ကိုယ်စားလှယ်တစ်ဦး ရွာသို့ လာရောက်ခ့ေ 41

ယင်းပုဂ္ဂိုလ်က ကြိုတင်အကြောင်းကြားခြင်းမရှိပဲ ရောက်လာခြင်းဖြစ်ပြီး ရွာတွင်အစည်းအဝေးပြုလုပ်ခ့သ


ဲ ည်။
ရွာသားအများစုကို တစ်နာရီကျော်ကြာ စကားပြောပြီး ရွာမှထွက်ပေးကြဖို့ စည်းရုံးပြောဆိုသွားခဲ့သည်ဟု ဆိုသည်။
ဲါ။၄၂42
ရွာသားများနှင့် တစ်ဦးချင်းစီ တွေ့ဆုံဆွေးနွေးမှုများ မပြုလုပ်ခ့ပ

မြန်မာဝမ်ပေါင်က အထက်တွင်ဖော်ပြခဲ့သော ထောက်ပံ့ရေးအစီအစဉ်ကို လုံးဝရွှေ့ပြောင်းပေးရမည့် ရွာများထဲမှ တစ်ခု


ဖြစ်သော ဆည်တည်းရွာမှ ရွာသားများနှင့် ဆွေးနွေးညှိနှိုင်းမှုများအပြီးတွင် စတင်ပြုလုပ်ခဲ့သည်ဟု ဆိုသည်။၄၃43
အပြည်ပြည်ဆိုင်ရာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့မှ လေ့လာသူများက ဆည်တည်းရွာတွင် ရွာသား ၂၄ဦး နှင့်တွေ့ဆုံခြဲ့ ပီး
ရွာသား ၅ဦးနှင့်လည်း သီးသန့်တွေဆုံမေးမြန်းမှုများပြုလုပ်ခ့ပ
ဲါသည်။သို့ရာတွင် မြန်မာဝမ်ပေါင်မှ မည်သူ
တစ်ဦးတစ်ယောက်မှ ရွာကိုလည်း ရောက်မလာခဲ့၊ ရွာသားများကိုလည်း ဆွေးနွေးပွဲများသို့ ဖိတ်ကြားခဲ့ခြင်းမရှိဟု
ဲ ည့် ရွာသားအားလုံးက ပြောပြခဲ့သည်။၄၄
အပြည်ပြည်ဆိုင်ရာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့နှင့်တွေ့ဆုံခ့သ 44

မန်မာဝမ်ပေါင်က ဆည်တည်းရွာမှ ပြောင်းရွှေ့ရန် သဘောတူထားပြီးသော ရွာသားသုံးဦးကို ကျေးရွာတစ်ခုလုံး၏


ကိုယ်စားလှယ်အဖြစ် သတ်မှတ်ပြီး အခြားမည်သူနှင့်မျှ ပြောဆိုဆွေးနွေးခြင်း မပြုခဲ့ဟု ရွာသားတစ်ယောက်က
ပြောပြသည်။

“စီမံကိန်းက ရွာနဲ့ဆွေးနွေးချင်တယ်ဆိုရင် ရွာကိုလာပြီး ကျွန်တော်တို့နဲ့ ဆွေးနွေးသင့်တာပေါ့။


တကယ်တမ်းကျတော့ သူတို့ရွေးထား ခန့်ထားတဲ့ လူတွေနဲ့ပဲ သူတို့က စကားပြောချင်တာ။”
အခြားရွာသားတစ်ယောက်ကလည်း “ကုမ္ပဏီနဲ့ ဘာအစည်းအဝေးမှ မလုပ်ခဲ့ရပါဘူး။ ဘယ်အစိုးရ၊ ဘယ် ဦးပိုင်၊
ဘယ် ဝမ်ပေါင်မှ ဒီကို မလာဘူး” ဟု ဆိုသည်။ ၄၅45

မြန်မာဝမ်ပေါင်၏ ESIA အစီရင်ခံစာထဲတွင် ရွာလုံးကျွတ်ပြောင်းရွှေ့ပေးရမည့် ရွာလေးရွာကိုလည်း ဖော်ပြထားခြင်းမရှိ၊


ရွာသားတိုင်းကိုလည်း ဆွေးနွေးတိုင်ပင်ခြဲ့ ခင်းရှိကြောင်း မဖော်ပြထား၊ အပြည်ပြည်ဆိုင်ရာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့က
ယင်းရွာများမှ ရွာသားများကို တွေ့ဆုံမေးမြန်းခဲ့ရာတွင်လည်း မည်သည့် တစ်အိမ်တက်ဆင်းဆွေးနွေးမှုမှ မရှိခ့ေ
ဲ ကြာင်း
အတည်ပြုခဲ့ချိန်တွင် မြန်မာဝမ်ပေါင်က ရွာသားအားလုံးနှင့် ဆွေးနွေးခဲ့သည်ဟု မည်သည့်အတွက်ကြောင့်
ပြောနိုင်ပါသလဲဟု အပြည်ပြည်ဆိုင်ရာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့က မေးမြန်းခဲ့ပါသည်။ မြန်မာဝမ်ပေါင်က မည်သို့မျှ
တုံ့ပြန်ဖြေကြားခြင်း မပြုခဲ့ပါ။ ၂၀၁၄ ခုနှစ်က ဝက်မှေးရွာသို့ သွားရောက်ခ့သ
ဲူများမှာ မည်သူမည်ဝါ ဖြစ်ပါသနည်းဟူသော
အမေးကိုလည်း ပြန်လည်ဖြေကြားခြင်း မရှိခဲ့ပါ။

၂၀၁၄ ခုနှစ် အကုန်ကတည်းက ဒေသခံများနှင့် နောက်ထပ်ဆွေးနွေးမှုများ မရှိခဲ့တော့ကြောင်း


မြန်မာဝမ်ပေါင်ကိုယ်တိုင်က ဝန်ခံထားပါသည်။ အပြည်ပြည်ဆိုင်ရာ လွတ်ငြိမ်းချမ်းသာခွင့်အဖွ့၏
ဲ လေ့လာချက်များ အရ
နေအိမ်နှင့် လယ်ယာမြေ ဆုံးရှုံးမှုနှင့် ရင်ဆိုင်နေရသည့် လူများ ရာပေါင်းများစွာကို ဆွေးနွေးပွဲများမှ ချန်လှပ်
ထားခဲ့သည်။ ၂၀၁၆ ခုနှစ်မေလတွင် ကုမ္ပဏီက ရွာလေးရွာအပါအဝင် ကျန်ရှိနေသေးသော မြေယာများကို သိမ်းယူရန်
ရည်ရွယ်ချက်ရှိကြောင်း ကြေညာခဲ့သည်။၄၆46 သို့သော် အသေးစိတ်ကို ထုတ်ပြောခြင်းမရှိပဲ အပြည်ပြည်ဆိုင်ရာ
လွတ်ငြိမ်းချမ်းသာခွင့်အဖွ့က
ဲ စကားပြောဆိုခ့ေ
ဲ သာ ဆည်တည်း၊ ဝက်မှေးနှင့် ဇီးတောရွာမှ ရွာသားများကလည်း

40 ၄၀
အပြည်ပြည်ဆိုင်ရာလွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့က ဇီးတောရွာတွင် လူပေါင်း ၁၀ ဦးကို တွေ့ဆုံမေးမြန်းခဲ့သည်။ မြန်မာဝမ်ပေါင်သည် ၎င်းတို့ရွာတွင် တစ်ဦးချင်းစီ
ဆွေးနွေးမှုများလုံးဝ မပြုလုပ်ခ့ဟ
ဲု အားလုံးက အတည်ပြုပြောကြသည်။ ၂၀၁၆ ဇွန်လ ၁၃ ရက်နေ့တွင် ပြုလုပ်ခ့ေ
ဲ သာတွေ့ဆုံမေးမြန်းမှုများ။
41 ၄၁
အစည်းအဝေး ဘယ်နှစ်ကြိမ်ပြုလုပ်ခ့သ
ဲ လဲ ဆိုသည့်အပေါ် ရွာသားတစ်ဦးနှင့် တစ်ဦး၏ အဖြေများမတူကြပါ။ တစ်ယောက်က တစ်ကြိမ်လုပ်ခ့သ
ဲ ည် ဟုပြောပြီး
နောက်တစ်ယောက်က သုံးကြိမ်ဟု ဆိုသည်။ လာရောက်သူမှာ တရုတ်လူမျိုးတစ်ဦးဖြစ်ပြီး “လော်ဆွန်” ဟူသောအမည်မျိုး ရှိပြီး မြန်မာဝမ်ပေါင်တွင် “အာဏာအရှိဆုံးလူ” ဟု
ရွာသားများက ပြောသည်။
42 ၄၂
မြန်မာ ဝမ်ပေါင် ၂၀၁၅-၁၆ CSR Report ၊ ၁၇ မေ ၂၀၁၆၊ စာ ၁၉
43 ၄၃
စာကို အပြည်ပြည်ဆိုင်ရာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့မှ မှတ်တမ်းတင်ထား
44 ၄၄
အပြည်ပြည်ဆိုင်ရာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့မှ လေ့လာသူများက ၁၃ဇွန် ၂၀၁၅တွင် ဇီးတောရွာမှ အရွယ်ရောက်ပြီးသောရွာသား ၂၄ယောက်နှင့်တွေဆုံမေးမြန်ခြဲ့ ပီး
ထိုအထဲမှ ၅ယောက်နှင့် တဦးချင်းစီ တွေဆုံမေးမြန်ခ့သ
ဲ ည်။
45 ၄၅
အပြည်ပြည်ဆိုင်ရာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ အင်တာဗျူးများ၊ မြန်မာ၊ ၁၃ ဇွန် ၂၀၁၆
46 ၄၆
မြန်မာ ဝမ်ပေါင် ၂၀၁၅-၁၆ CSR Report ၊ ၁၇ မေ ၂၀၁၆၊ စာ- ၎

ဒုက္ခတောင်တန်း
မြန်မာနိုင်ငံမှ လက်ပံတောင်း သတ္တုတွင်းတွင် လူ့အခွင့်အရေးချိုးဖောက်မှုများ ဆက်လက်ရှိနေခြင်း
အပြည်ပြည်ဆိုင်ရာလွတ်ငြိမ်းချမ်းသာခွင့် အဖွဲ့ 22
မြေယာများ မည်သည့်အချိန်တွင် သိမ်းယူခံရမည်၊ ၎င်းတို့၏ အနာဂတ်မည်ကဲ့သို့ ဖြစ်လာမည်ကို မသိရှိကြောင်း
ပြောပြကြသည်။

မြေယာများ ရယူသိမ်းဆည်းခြင်းမှ ဖြစ်ပေါ်လာသော နေအိမ်နှင့် လယ်ယာမြေများမှ ဖယ်ရှားပေးရခြင်းများတွင်


သက်ဆိုင်သူများကို သတင်းအချက်အလက်များ ပေးရမည်ဟု နိုင်ငံတကာ လူ့အခွင့်အရေးဥပဒေက ဆိုသည်။
ဖယ်ရှားခြင်းများ မပြုလုပ်မီ ထိခိုက်နစ်နာသူများနှင့် စစ်မှန်စွာဆွေးနွေးညှိနှိုင်းပြီး ဖြစ်နိုင်သမျှ အခြားနည်းလမ်းများကို
ရှာဖွေရမည်ဟုလည်း ပြဌာန်းထားသည်။၄၇ 47
သို့သော် ယင်းလိုအပ်ချက်များကို ရွာလေးရွာတွင် လုပ်ဆောင်ခဲ့ပြီး၊
ဆွေးနွေးပွဲများ ပြုလုပ်ခဲ့သည်ဆိုသော မြန်မာဝမ်ပေါင်၏ ကြေညာချက်များမှာလည်း လွဲမှားနေသည့်အတွက်
အခြားရွာများ အများအပြားတွင်လည်း မလုပ်ဆောင်ခဲ့ဟု ယူဆနိုင်စရာရှိပါသည်။ နေအိမ်များ လယ်ယာမြေများ
ဆုံးရှုံးရနိုင်သည့် လူများနှင့် မြန်မာဝမ်ပေါင်က လုံလောက်သော ဆွေးနွေးညှိနှိုင်းမှုများ မပြုလုပ်ခဲ့ပါ။ ၎င်းတို့အား
မြေယာသိမ်းဆည်းခြင်း လုပ်ငန်းစဉ်နှင့် ပတ်သက်၍ တိကျသော သတင်းအချက်အလက်ကိုလည်း မပေးခဲ့ပါ။
ထို့အတွက်ကြောင့် ကုမ္ပဏီက စီမံကိန်းဧရိယာတိုးချဲ့သည့်အခါ ရွာသားများမှာ ၎င်းတို့၏ နေရာမှ အဓမ္မဖယ်ရှားခံရမှုနှင့်
ရင်ဆိုငြ် ကရပါသည်။၄၈48

ဒုက္ခတောင်တန်း
မြန်မာနိုင်ငံမှ လက်ပံတောင်း သတ္တုတွင်းတွင် လူ့အခွင့်အရေးချိုးဖောက်မှုများ ဆက်လက်ရှိနေခြင်း
အပြည်ပြည်ဆိုင်ရာလွတ်ငြိမ်းချမ်းသာခွင့် အဖွဲ့ 23
ဖိအားပေးပြီး လျော်ကြေးလက်ခံစေခဲ့သလား။

၂၀၁၄ ခုနှစ်က ဒေသခံများနှင့်တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်အပြီးတွင် မြေယာဆုံးရှုံးရသော အိမ်ထောင်စုများကို


ရက်ရောသောလျော်ကြေးပေးမှုများ ပြုလုပ်ခ့သ
ဲ ည်ဟု မြန်မာဝမ်ပေါင်က ဆိုသည်။ ယင်းလျော်ကြေးမှာ
သိမ်းယူသောမြေ ပမာဏကိုလိုက်၍ တစ်လလျင် ဒေါ်လာ ၇၀ မှ ၁၆၀ အထိ အမျိုးမျိုး ဖြစ်သည်။ ကုမ္ပဏီက
ယင်းလျော်ကြေးများကို နှစ် ၃၀ ဟု ခန့်မှန်းထားသော စီမံကိန်းကာလတလျောက် ပေးသွားမည်၊ သို့မဟုတ်
သတ္တုတွင်းတွင် အလုပ်အကိုင်များ ပေးနိုင်သည်အထိ ပေးသွားမည်ဟု ဆိုသည်။၄၉49

ဒေသခံအများစုက ယင်းလျော်ကြေး (ဝမ်ပေါင်က ထောက်ပံ့ရေးအစီအစဉ်ဟု ခေါ်သည်) ကို လက်ခံရန်


သဘောတူခဲ့ခြင်းက ကုမ္ပဏီအနေနှင့် ထိခိုက်မှုရှိသော ဒေသခံများ၏ ထောက်ခံမှုကို ရလာပြီဖြစ်ကြောင်း
သက်သေတစ်ရပ်ဟု မြန်မာဝမ်ပေါင်က ပြောပါသည်။၅၀50

သို့သော် လျော်ကြေးပေးသည့် အစီအစဉ်က မည်သို့ပင်ကောင်းသည်ဟု ဆိုနိုင်စေကာမူ လူထုက


လျော်ကြေးလက်ခံလိုက်ခြင်းကို စီမံကိန်းဟာ ထောက်ခံမှုအဖြစ် ကောက်ချက်ဆွဲခြင်းမှာ မှားယွင်းပါသည်။
မြေယာဆုံးရှုံးသွားရသူများက ၎င်းတို့၏ မိသားစု စားဝတ်နေရေးအတွက် ဝင်ငွေရလမ်းကို လက်ခံရန်
သဘောတူလိုက်ခြင်း ဖြစ်နိုင်သည်၊ သို့သော် ၎င်းတို့က စီမံကိန်းဆက်ရှိနေခြင်းကို သဘောတူထောက်ခံသည်ဟု
မဆိုနိုင်ပေ။ လူအများကို ၎င်းတို့လုပ်ကိုင်နေသော မြေယာပေါ်မှ အတင်းနှင်ထုတ်ခြဲ့ ပီး ၎င်းတို့၏
သက်မွေးဝမ်းကျောင်းမှုကို လုယူလိုက်ပြီးနောက် လျော်ကြေးပေးခြင်းသည် လုပ်ရပ်အမှားကို ပြင်ဆင်ရန်
အနိမ့်ဆုံးအဆင့် ဆောင်ရွက်ပေးရမည့် လုပ်ငန်းစဉ်ဖြစ်သည်။

၎င်းအပြင် လျော်ကြေးပေးမည့် အစီအစဉ်ကို လက်ခံရန် မိသားစုများကို ကာလတစ်ခုအထိ ဖိအားပေးခဲ့ကြောင်း


ကုမ္ပဏီ ကိုယ်တိုင်က ဝန်ခံထားပါသည်။ သက်ဆိုင်ရာ ကျေးရွာမှ လူ စုစုပေါင်း၏ ၇၀ ရာခိုင်နှုန်းက လျော်ကြေးကို
လက်ခံရန် သဘောတူမှ လျော်ကြေးကို ထုတ်ပေးမည် ဖြစ်သည်။ ကုမ္ပဏီက အောက်ပါအတိုင်း ဖော်ပြခဲ့သည်။

“ရွာတစ်ရွာက ထောက်ပံ့ကြေးပေးမည့်အစီအစဉ်ကို လက်ခံကြောင်း စဉ်းစားပေးနိုင်ရန်အတွက် ယင်းရွာမှ


ထိခိုက်နစ်နာသူ အနည်းဆုံး ၇၀ ရာခိုင်နှုန်းက ထောက်ပံ့ကြေးကို လက်ခံမည်ဟု သဘောတူရမည်ဖြစ်ကြောင်း
စည်းကမ်းချက်တစ်ခု ထားရှိခဲ့သည်။ ယင်း စည်းကမ်းချက်ကို နောက်ပိုင်းတွင် ဖြေလျော့ပေးခဲ့သော်လည်း
ဤအချက်ကို ရွာသားများအား ဆွေးနွေးပွဲများတွင်ပါဝင်လာစေရန် နည်းလမ်းတစ်ခု အဖြစ်သုံးစွဲနိုင်ခဲ့သည်။” ၅၁ 51

ထိခိုက်နစ်နာသူ အများစုက ထောက်ပံ့ကြေးအစီအစဉ်ကို လက်ခံရန်သဘောမတူခဲ့လျှင် လျော်ကြေးငွေကို


မရနိုင်ဟု လူများကို ပြောကြားခဲ့ခြင်းမှာ စိုးရိမ်စရာ အခြေအနေဖြစ်ပါသည်။ သဘောတူရန် ဆန္ဒမရှိသူများအပေါ်
ကြီးမားသော ဖိအားများ ရှိသွားနိုင်ပါသည်။

47 ၄၇
စီးပွားရေး၊ လူမှုရေးနှင့် ယဉ်ကျေးမှုတိုင်ရာအခွင့်အရေးများကော်မီတီ။ အထွေထွေမှတ်ချက် ၇- အဓမ္မပြောင်းရွှေ့ခြင်း (၁၆ကြိမ်မြောက်ဆွေးနွေးပွဲ၊ ၁၉၉၇) အပိုဒ် ၁၄ နှင့် ၁၆
48 ၄၈
မြန်မာ ဝမ်ပေါင် ၂၀၁၅-၁၆ CSR Report ၊ ၁၇ မေ ၂၀၁၆၊ စာ- ၎
49 ၄၉
မြန်မာ ဝမ်ပေါင် ၂၀၁၅-၁၆ CSR Report ၊ ၁၇ မေ ၂၀၁၆၊ စာ ၁၃
50 ၅၀
မြန်မာ ဝမ်ပေါင်၏ အဆိုအရ မြေယာဆုံးရှုံးရသူလူအများစု (ကျေးရွာ ၃၅ခုမှ ၃၅%) က မေ၂၀၁၆တွင် ဤလျော်ကြေးကိုလက်ခံခ့သ
ဲ ည်ဟုဆိုသည်။ မြန်မာ ဝမ်ပေါင် ၂၀၁၅-၁၆
CSR Report ၊ ၁၇ မေ ၂၀၁၅-၁၆၊ စာ ၁၃
51 ၅၁
မြန်မာ ဝမ်ပေါင် ၂၀၁၅-၁၆ CSR Report ၊ ၁၇ မေ ၂၀၁၆၊ စာ ၂၀

ဒုက္ခတောင်တန်း
မြန်မာနိုင်ငံမှ လက်ပံတောင်း သတ္တုတွင်းတွင် လူ့အခွင့်အရေးချိုးဖောက်မှုများ ဆက်လက်ရှိနေခြင်း
အပြည်ပြည်ဆိုင်ရာလွတ်ငြိမ်းချမ်းသာခွင့် အဖွဲ့ 24
၎။ သဘာဝပတ်ဝန်းကျင်နှင့်
ဘေးအန္တရာယ်ကင်းရှင်းရေးဆို
င်ရာ အထူးစိုးရိမ်ရချက်များ

သဘာဝပတ်ဝန်းကျင် ထိခိုက်မှုအပိုင်းကို အသေအချာစီမံလုပ်ဆောင်ခြင်း မပြုနိုင်လျှင် သတ္တုတွင်းတူးဖော်သည့်


လုပ်ငန်းများမှာ လူ့အခွင့်အရေးကို ထိခိုက်နိုင်ပါသည်။ လက်ပံတောင်းသတ္တုတွင်းတွင် အစိုးရက ကုမ္ပဏီများကို
ထိန်းကွပ်ရန် ပျက်ကွက်ခဲ့သည်။ အကျိုးဆက်အားဖြင့် သတ္တုတွင်း၏ ဒီဇိုင်းပုံစံနှင့် စီမံခန့်ခွဲမှုတို့အကြား ကြီးမားသော
လစ်ဟာချက်များ ရှိခ့ပ
ဲါသည်။

၂၀၁၅ ခုနှစ်က သဘာဝပတ်ဝန်းကျင်ရေးရာ ကျွမ်းကျင်သူ ဒေါက်တာအလန်တင်ဂေးက မြန်မာဝမ်ပေါင်ရဲ့


သဘာဝပတ်ဝန်းကျင်နဲ့ လူမှုစီးပွားအပေါ် သက်ရောက်မှုလေ့လာဆန်းစစ်ချက် (ESIA) မူကြမ်းကို အပြည်ပြည်ဆိုင်ရာ
လွတ်ငြိမ်း ချမ်းသာခွင့်အဖွဲ့ အတွက် လေ့လာခဲ့ရာမှာ အရေးတကြီး လိုအပ်ချက်များ အများအပြား ပါဝင်နေကြောင်း
တွေ့ခ့ရ
ဲ သည်။ ယင်းလိုအပ်ချက်များကို ၂၀၁၅ ခုနှစ်က ထုတ်ပြန်ခ့ေ
ဲ သာ “စီးပွားရေး တံခါးဖွင့်ခြင်းလား၊
မြန်မာကြေးနီစီမံကိန်းမှ လုပ်ငန်းကြီးများ၏ ရာဇဝတ်မှုများ နှင့် ချိုးဖောက်မှုများ” အစီရင်ခံစာတွင်
် ဖ်ာပြထားသည်။၅၂52 သဘာဝပတ်ဝန်းကျင်ကို ထိခိုက်နိုင်သည့် အန္တရာယ်ကလည်း ဆိုးဆိုးဝါးဝါးရှိသည်။
အေသးစိတေ
သတ္တုမိုင်းမှ ထွက်လာသော အက်ဆစ်နှင့် အခြားသတ္တုပစ္စည်းများသည် ဒေသခံများ မှီခိုနေရသော မြစ်ချောင်း
ကန်များနှင့် မြေအောက်ရေ အရင်းအမြစ်များကို ထိခိုက်စေနိုင်သည်။ လက်ပံတောင်းသတ္တုတွင်းနှင့် အနီးအနားမှ
ကျေးရွာများအကြားတွင်လည်း ကြားခံဇုန်ဟူ၍ မရှိပါ။ မုံရွာဒေသသည် မြေငလျင်၅၃ 53 နှင့်ရေကြီးရေလျှံမှုများ
ဖြစ်နိုင်သောဒေသဖြစ်ပြီး နှစ်ခုစလုံးကလည်း သတ္တုတွင်းကို ထိခိုက်ပျက်စီးပြီး အန္တရာယ်ရှိနိုင်သည့် စွန့်ပစ်ပစ္စည်းများ
ပြန့်နှံ့သွားစေနိုင်ပါသည်။

အပြည်ပြည်ဆိုင်ရာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့က အစီရင်ခံစာ ထုတ်ပြန်ခြဲ့ ပီး လအတန်ကြာသည့်အချိန် ၂၀၁၅


ဇွန်လတွင် မြန်မာဝမ်ပေါင်က ၎င်း၏ သဘာဝပတ်ဝန်းကျင်နှင့် လူမှုစီးပွားအပေါ်သက်ရောက်မှု လေ့လာဆန်းစစ်ချက်
ဲ ည်။၅၄54 မြန်မာဝမ်ပေါင်က အပြည်ပြည်ဆိုင်ရာ
ESIA နောက်ဆုံးမူကို ကုမ္ပဏီ ဝက်ဆိုက်တွင် တင်ခ့သ
လွတ်ငြိမ်းချမ်းသာခွင့်အဖွ့ထ
ဲံသို့ စာရေးပြီး ၎င်းတို့၏ လေ့လာဆန်းစစ်ချက်ကို ကာကွယ် ပြောကြားခဲ့သည်။

52 ၅၂
ရှုရန်- စီးပွားရေး တံခါးဖွင့်ခြင်းလား၊ စာ- ၈၆
53 ၅၃
မုံရွာသည် အထက်တွင်ဖော်ပြခဲ့သည့်အတိုင်း မြေငလျင်များလှုပ်ခတ်နိုင်သည့် ဒေသဖြစ်သည်။ အမေရိကန်ဘူမိသိပ္ပံအဖွဲ့ (USGS) ၏ စာရင်းမှတ်တမ်းများတွင်
ရှာကြည့်သောအခါ ၁၉၇၃ ခုနှစ်မှ ၂၀၁၃ ခုနှစ်အထွင့် လက်ပံတောင်းသတ္တုမိုင်းတည်ရှိရာနေရာမှ ၂၀၀ ကီလိုမီတာအတွင်း ငလျင် ၄၀၆ ကြိမ်လှုပ်ဖူးကြောင်းတွေ့ရသည်။
ယင်းတို့အထဲတွင် ပြင်းအား ၇ ရှိ ငလျင်တစ်ကြိမ်၊ ၆.၈ တစ်ကြိမ်နှင့် ၅.၀ မှ ၅.၉ အကြားရှိ ငလျင်ပေါင်း ၄၄ ကြိမ် လှုပ်ခ့သ
ဲ ည်ဟု တွေ့ရသည်။ ၂၀၁၃ ဇူလိုင်လ ၂၀ ရက်နေ့တွင်
ပြင်းအား ၄.ရ ရှိငလျင်တစ်ခု လက်ပံတောင်းမှ အနောက်တောင်ဘက် ၇၀ ကီလိုမီတာအကွာတွင်လှုပ်သွားခဲ့သည်။ သတ္တုတွင်းနှင့် အနီးဆုံးတွင်လှုပ်သွားသော ငလျင်များမှာ ၃.၆
ကီလိုမီတာတွင် လှုပ်သွားသော ပြင်းအား ၄ ရှိ ငလျင်နှင့် ၉.၁ ကီလိုမီတာအကွာတွင် လှုပ်သွားသော ၄.၁ ပြင်းအားရှိ ငလျင်တို့ ဖြစ်သည်။
54 ၅၄
Knight Piésold, ESIA ဇန်နဝါရီ ၂၀၁

ဒုက္ခတောင်တန်း
မြန်မာနိုင်ငံမှ လက်ပံတောင်း သတ္တုတွင်းတွင် လူ့အခွင့်အရေးချိုးဖောက်မှုများ ဆက်လက်ရှိနေခြင်း
အပြည်ပြည်ဆိုင်ရာလွတ်ငြိမ်းချမ်းသာခွင့် အဖွဲ့ 25
“ယခု ESIA မှာ မြန်မာနိုင်ငံတွင် ပထမဆုံးပြုလုပ်သော လေ့လာဆန်းစစ်ချက်ဖြစ်ပြီး မြန်မာအစိုးရနှင့်
သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ကျွမ်းကျင်သူများက ၁၈ လကြာ လေ့လာဆွေးနွေးသုံးသပ်မှုများ ပြုလုပ်ခြဲ့ ပီးနောက် ၂၀၁၅
ခုနှစ် မတ်လတွင် အစိုးရက အတည်ပြုခဲ့သည်။ ယင်း ESIA တွင် ကြီးမားသော လစ်ဟာချက်များနှင့် အားနည်းချက်များ
ဲို့ချခဲ့သည်ကို ကျွန်ုပ်တို့ နားမလည်နိုင်ပါ။” ၅၅55
ပါဝင်နေသေးကြောင်း သင်တို့ဘက်က ကောက်ချက်မည်က့သ

မြန်မာဝမ်ပေါင်၏ ESIA နောက်ဆုံးမူ ကို သုံးသပ်လေ့လာပေးရန် ၂၀၁၆ ခုနှစ်တွင် အပြည်ပြည်ဆိုင်ရာ


လွတ်ငြိမ်းချမ်းသာခွင့်အဖွ့က
ဲ ဒေါက်တာအလန်တင်ဂေးကို ပြောကြားခဲ့သည်။ ပြီးခဲ့သည့် မူကြမ်းတွင် အပြည်ပြည်ဆိုင်ရာ
လွတ်ငြိမ်းချမ်းသာခွင့်အဖွ့က
ဲ ထောက်ပြခဲ့သော ချွတ်ယွင်းအားနည်းချက်များကို ယခုနောက်ဆုံးမူတွင်လည်း
ဖြေရှင်းမထားကြောင်း တွေ့ရသည်ဟု ဒေါက်တာတင်ဂေးက အကြောင်းပြန်ခဲ့သည်။
ယင်းချွတ်ယွင်းအားနည်းချက်များကို အသေးစိတ် လေ့လာသုံးသပ်ထားချက်များကို ၂၀၁၆ ဇွန်လတွင် မြန်မာဝမ်ပေါင်ကို
ပေးအပ်ခ့ေ
ဲ သ်ာလည်း ကုမ္ပဏီဘက်မှ အကြောင်းမပြန်ခ့ပ
ဲါ။

သဘာဝပတ်ဝန်းကျင်ဆိုင်ရာ အန္တရာယ်များနှင့်ပတ်သက်၍ မြန်မာဝမ်ပေါင်၏ ချဉ်းကပ်မှုတွင် ကြီးမားသော


ချွတ်ယွင်းချက်များရှိနေခြင်းအပေါ် မီးမောင်းထိုးပြနေသော မကြာသေးခင်က ဖြစ်ရပ်နှစ်ခုကို အပြည်ပြည်ဆိုင်ရာ
လွတ်ငြိမ်းချမ်းသာခွင့်အဖွ့၏
ဲ လေ့လာချက်က တွေ့ရှိခ့ပ
ဲါသည်။ ယင်းတို့မှာ ၂၀၁၅ သြဂုတ်လက ဖြစ်ခ့ေ
ဲ သာ ရေကြီးမှုနှင့်
၂၀၁၅ အကုန်၊ ၂၀၁၆ နှစ်ဆန်းမှာဖြစ်ခဲ့တဲ့ သတ္တုတွင်းက ရေဆိုးတွေ စိမ့်ထွက်မှုတို့ ဖြစ်သည်။ ယင်းဖြစ်စဉ်များ
ဖြစ်ပွားခဲ့သော နေရာများသို့ အပြည်ပြည်ဆိုင်ရာ လွတ်ငြိမ်းချမ်းသာခွင့်အဖွ့က
ဲ ၂၀၁၆ ခုနှစ် ဇွန်လတွင်သွားရောက်၍
ကုမ္ပဏီ၏ အရေးယူဆောင်ရွက်မှုများနှင့် ယင်းဖြစ်ရပ်များ၏ လူ့အခွင့်အရေးအပေါ် သက်ရောက်မှုများကို
လေ့လာဆန်းစစ်ခ့သ
ဲ ည်။

၎.၁။၂၀၁၅ ရေကြီးမှုများ
လက်ပံတောင်းသတ္တုတွင်း၏ အရှေ့ဖက်အစွန်းသည် ချင်းတွင်းမြစ်ဝှမ်းလွင်ပြင်အတွင်း ကျရောက်နေသည်။၅၆56
အလွန်ကြီးမားသော ကျောက်ဆိုင်ကျောက်တုံးကြီးများ၅၇57 နှင့် ကြေးနီတူးဖော်ရာတွင်သုံးသည့်
အက်ဆစ်လောင်းထားသည့် မြေစာပုံများ၅၈ 58 ကို ရေကြီးရေလျှံနိုင်သော ဒေသတွင် လူနေအိမ်များနှင့် အနီးတဝိုက်တွင်
ထားရှိခြင်း၏ အန္တရာယ်ကြီးပုံကို မြန်မာဝမ်ပေါင်က အသိအမှတ်ပြုထားသည်။ အန္တရာယ်မှာ နှစ်ပိုင်းရှိပါသည်။ တစ်ခုမှာ
လျှံတက်လာသော ရေများ သတ္တုတွင်းအထဲ ဝင်ရောက်လျှင် အန္တရာယ်ရှိသည့် ပစ္စည်းများ ရေနှင့်အတူ
ပြန့်နှံ့သွားနိုင်ခြင်းဖြစ်သည်။၅၉59 အခြားအချက်မှာ သတ္တုမိုင်းက ရေကြီးရေလျှံမှု တားဆီးရန် တာတမံများ၊
ဆည်များကာရံထားခြင်းဖြင့် ချင်းတွင်းမြစ်ရေကို ထွက်ပေါက်ကျဉ်းသွားစေပြီး ရေကြီးရေလျှံမှုများ မကြာခဏနှင့်
ပို၍ဆိုးဝါးစွာ ဖြစ်ပေါ်နိုင်သော အခြေအနေ ရောက်သွားနိုင်ခြင်းဖြစ်သည်။၆၀60

ယင်းသို့ အန္တရာယ်ရှိနိုင်ကြောင်းကို ၂၀၁၅ ခုနှစ်တွင်ထင်ရှားစွာတွေ့ခ့ရ


ဲ သည်။ ဇူလိုင်လနှောင်းပိုင်းမှ စ၍ မိုးသည်းထန်စွာ
ရွာသွန်းမှုကြောင့် နိုင်ငံအနှံ့အပြား ရေကြီးမှုများ ဖြစ်ခ့ရ
ဲာ မုံရွာတွင်လည်း ချင်းတွင်းမြစ်ရေကြီးခဲ့သည်။
အပြည်ပြည်ဆိုင်ရာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့က သတ္တုတွင်းဧရိယာတစ်ဝိုက်ကို ရိုက်ယူထားသော DigitalGlobe အဖွဲ့မှ
ဂြိုဟ်တုဓာတ်ပုံများကို လေ့လာမှု တစ်ခု ပြုလုပ်ခဲ့သည်။ ရေကြီးမှုများ မဖြစ်သေးခင် ၂၀၁၂ ခုနှစ် စက်တင်ဘာ ၂၃
ဲ သာ ပုံများနှင့် ၂၀၁၅ သြဂုတ်လ ၆ ရက်နေ့က ပုံများကို နှိုင်းယှဉ်လေ့လာခဲ့သည်။၆၁
ရက်နေ့က ရိုက်ယူခ့ေ 61
ပုံများတွင်

55 ၅၅
မြန်မာဝမ်ပေါင်က လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ထံ စာနှစ်စောင် ပေးပို့ခ့သ
ဲ ည်။ ၂၀၁၆ မေလ ၂ ရက်နေ့က နောက်ဆုံးပေးပို့လာသောစာကို ယခုအစီရင်ခံစာတွင်
နောက်ဆက်တွဲအဖြစ်ဖော်ပြထားသည်။ ၂၀၁၆ ခုနှစ် ဇန်နဝါရီလ ၂၉ ရက်နေ့ရက်စွဲဖြင့် ပို့ခ့ေ
ဲ သာ စာကို စီးပွားရေးအတွက် တံခါးဖွင့်ထားသည် အစီရင်ခံစာ၏ စာမျက်နှာ ၆၀
တွင်ဖော်ပြထားပါသည်။
56 ၅၆
Knight Piésold ESIA ဇန်နဝါရီ ၂၀၁၅၊ စာ- ၁၇၆
57 ၅၇
လက်ပံတောင်းစီမံကိန်းမှ တစ်နှစ်လျှင် စွန့်ပစ်ကျောက်တုံး တန် သန်း ၃၀ ခန့်ထွက်ရှိမည်ဟု ခန့်မှန်းထားသည်။ မှန်းဆထားသည် သတ္တုမိုင်း၏ သက်တမ်း အနှစ် ၃၀
အတွင်းတွင် စွန့်ပစ်ပစ္စည်း တန်ပေါင်း သန်းတစ်ထောင်ခန့်ထွက်ရှိမည် ဖြစ်သည်။ Knight Piésold ESIA ဇန်နဝါရီ ၂၀၁၅၊ စာ-i (အထွေထွေ အကျဉ်းချုပ်) တွင် ရှု၊
58 ၅၈
ESIA က ကြေးနီထုတ်မြေစာဖျော်ကန်နှစ်ခု (HLP1 နှင့် HLP2) ၏ အခြေခံ ဒီဇိုင်းပုံစံကို အသေးစိတ်ဖော်ပြထားသည်။ တစ်ခုစီက နေရာယူထားသော ဧရိယာမှာ
၃.၄၆စတုရန်းကီလိုမီတာ ရှိပြီး (စုစုပေါင်း ၆.၉၂စက) အမြင့်မှာ ၈၄ မီတာ ရှိသည်။ သတ္တုမျညးစတင်ထုတ်လုပ်ပြီး ၁၄ နှစ်အကြာတွင် ပြုလုပ်မညိ့ တတိယမြောက် မြေစာဖျော်ကန်
HLP3 ၏ အတိုင်းအတာကိုမူ ဖော်ပြမထားပါ။ ဖျော်ကန်တစ်ခုစီ၏ ဧရိယာနေရာယူထားသော ပမာဧမှာ ကမ္ဘာ့စံနှုန်းနှင့်ကြည့်လျှင် လွန်စွာကြီးမားနေပြီး ကမ္ဘာပေါ်တွင်
အကြီးဆုံးများထဲတွင် ပါဝင်နိုင်သည်။ ထို့ကြောင့် စိမ်ခေါ်ချက်တစ်ခုမှာ မုန်တိုင်းနှင့် ရေကြီးမှုများဖြစ်ပေါ်လာလျှင် ယင်းဖျော်ကန်များထဲမှ လျှံထွက်လာမည့် ပမာဏကြီးမားသည့်
ရေများကို မည်က့သ
ဲို့ ပြုလုပ်မည်၊ ထိန်းသိမ်းမည် ဆိုသည့်အချက် ဖြစ်သည်။ Knight Piésold ESIA ဇန်နဝါရီ ၂၀၁၅၊ စာ- ၁၆၆ ကိုရှု
59 ၅၉
Knight Piésold ESIA ဇန်နဝါရီ ၂၀၁၅၊ စာ- ၂၂၆
60 ၆၀
Knight Piésold ESIA ဇန်နဝါရီ ၂၀၁၅၊ စာ- ၂၁၉
61 ၆၁
DigitalGlobe ၏ လက်ပံတောင်းသတ္တုတွင်းအနီး ရေလျှံမှုပေါ် လက်တလော အကဲဖြတ်ချက်၊ ၂၀ သြဂုတ် ၂၀၁၅

ဒုက္ခတောင်တန်း
မြန်မာနိုင်ငံမှ လက်ပံတောင်း သတ္တုတွင်းတွင် လူ့အခွင့်အရေးချိုးဖောက်မှုများ ဆက်လက်ရှိနေခြင်း
အပြည်ပြည်ဆိုင်ရာလွတ်ငြိမ်းချမ်းသာခွင့် အဖွဲ့ 26
သတ္တုတွင်း၏ ရေဆိုးစွန့်ပစ်ကန်များကို ရေများဖုံးလွှမ်းနေပြီး ရေပြင်ကြီးမှာ အနောက်မြောက်ဖက် သတ္တုတွင်းက
စွန့်ထုတ်ပစ္စည်းများ စုပုံထားမည်ဟု သတ်မှတ်ထားသောနေရာနှင့် အနာဂတ်တွင်တူးဖော်မည့်
သတ္တုတွင်းများနေရာအထိ ဖုံးလွှမ်းနေကြောင်း တွေ့ရှိရသည်။ မြစ်နှင့် သတ္တုတွင်းအကြားတွင် တည်ရှိသော
ရွာအများအပြားမှာလည်း ရေကြီးနေသည်ကို တွေ့ရှိရသည်။

၂၀၁၅ခုနှစ်က မိုးကြီးမှုကြောင့် မြန်မာနိုင်ငံအနှံ့အပြားတွင် ရေကြီးရေလျှံမှုများ ကြီးကြီးမားမား ဖြစ်ခ့သ


ဲ ည်။ ၂၀၁၅ သြဂုတ်လ ၆ ရက်နေ့တွင်
ပုံထဲတွင်တွေ့ရသည့်အတိုင်း ချင်းတွင်းမြစ်ရေ လျှံတက်၍ သတ္တုတွင်းနှင့် မြစ်အကြားရှိ နေရာများကို ရေဖုံးလွှမ်းသွားခဲ့သည်။ လက်ရှိသတ္တုတွင်း
ဧရိယာအတွင်းရှိ အကွက်ငယ်လေးတစ်ကွက်တွင်လည်း ရေများမြုပ်နေသည်ကို တွေ့ရသည်။ ရေကြီးနေသော ဝက်မှေးနှင့် ကန်တော်ကျေးရွာများမှာ
သတ္တုတွင်းကို နောက်ထပ်ချဲ့မည့် ဧရိယာအတွင်းတွင် ရှိနေပါသည်။

မြန်မာဝမ်ပေါင်က ရေလျှံမှုမှာ မှန်းထားသည်ထက် ပိုမြင့်ခြဲ့ ပီး သတ္တုတွင်းကို အကာအကွယ်ပေးရန်


ဲ ည်ဟု ဆိုသည်။၆၂
တည်ဆောက်ထားသော ယာယီတာတမံကို ကျော်လွန်စီးဝင်ခ့သ 62
ထို့နောက် ကုမ္ပဏီ၏
“စွန့်ထွက်ရေ သုံည မူဝါဒနှင့်အညီ” သတ္တုတွင်းထဲမှ ထိုရေများကို အနားပတ်လည်ရှိ လယ်ယာမြေများထဲသို့
စီးဝင်ရောက်ရှိမသွားရန်လည်း ကာကွယ်နိုင်ခ့သ
ဲ ည်ဟု မြန်မာဝမ်ပေါင်က ပြောပါသည်။ ထို့ကြောင့် သတ္တုတွင်းဧရိယာ
ပြင်ပနေရာများသို့ အန္တရာယ်ရှိနိုင်သော ပစ္စည်းများရောက်ရှိမသွားအောင် တားဆီးနိုင်ခ့သ
ဲ ည်ဟု ဆိုပါသည်။
အပြည်ပြည်ဆိုင်ရာလွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့က ဝမ်ပေါင်၏ အဆိုကို ထောက်ခံပေးမည့် အချက်အလက်များ ပေးပါရန်
တောင်းဆိုခဲ့သော်လည်း အကြောင်းပြန်ကြားချက်မရခဲ့ပါ။

အထက်တွင်ဖော်ပြခဲ့သည့်အတိုင်း ဝမ်ပေါင်ကုမ္ပဏီ၏ ESIA ကလည်း သတ္တုတွင်း၏ ရေကြီးမှုကာကွယ်ရေး


အရံအတားများသည် ရေကြီးမှုကို ပိုဆိုးဝါးသွားစေနိုင်ကြောင်း ထောက်ပြထားခဲ့ပါသည်။မြန်မာဝမ်ပေါင်က
လောလောဆယ် ယာယီတာတမံတစ်ခုကိုဆောက်လုပ်ထားပြီး အပြီးသတ်ဆောက်လုပ်မည့် တမံမှာ လက်ရှိတမံထက်
ပို၍မြင့်ပါသည်။၆၃63 အချို့နေရာများတွင် တမံမှာ နိမ့်လွန်း၍ ရေများ သတ္တုတွင်းအတွင်း မဝင်ရောက်နိုင်အောင်
တားဆီးနိုင်ခြင်းမရှိပါ။ သို့သော် တမံကြောင့် ရေကြီးမှုများ ပိုဆိုးလာစေနိုင်သော အန္တရာယ် ရှိနေဆဲဖြစ်ပါသည်။
သိပ္ဗံနည်းကျ အချက်အလက် အထောက်အထားများ မပြနိုင်ကြသေည်လည်း ဒေသခံလူများကြားတွင်လည်း

62 ၆၂
မြန်မာ ဝမ်ပေါင် ၂၀၁၅-၁၆ CSR Report ၊ ၁၇ မေ ၂၀၁၆၊ စာ- ၇၇
63 ၆၃
မြန်မာ ဝမ်ပေါင် ၂၀၁၅-၁၆ CSR Report ၊ ၁၇ မေ ၂၀၁၆၊ စာ- ၇၇

ဒုက္ခတောင်တန်း
မြန်မာနိုင်ငံမှ လက်ပံတောင်း သတ္တုတွင်းတွင် လူ့အခွင့်အရေးချိုးဖောက်မှုများ ဆက်လက်ရှိနေခြင်း
အပြည်ပြည်ဆိုင်ရာလွတ်ငြိမ်းချမ်းသာခွင့် အဖွဲ့ 27
ဤအတိုင်းပင် ကျယ်ကျယ်ပြန့်ပြန့် မှတ်ယူထားကြသည်။ ဥပမာ ဝက်မှေးရွာမှ အသက်အရွယ်ကြီး
အမျိုးသားကြီးတစ်ဦးက ယခုက့သ
ဲို့ ပြောသည် -

“ဒီလိုမျိုး ရေကြီးတာ တစ်ခါမှမတွေ့ဖူးဘူး။ မြေကြီးတွေကို ပုံထားပြီး ခြောက်ပေလောက်မြင့်တဲ့


တံတိုင်းကြီးလုပ်ထားတော့ ရေက အပြင်ကို စီးမထွက်နိုင်တော့ဘူးပေါ့။ အဲဒီတော့ ရွာတွေဘက် လှည့်ပြီး
စီးဝင်ကုန်ရော။” ၆၄64

သတ္တုတွင်း၏ ရေကြီးမှုကာကွယ်ရေး အရံအတားများတည်ဆောက်ခြင်းက ရေကြီးမှုတွေ ပိုဆိုးသွားစေမလားဆိုသည်ကို


လေ့လာဆန်းစစ်မှုပြုလုပ်ခြဲ့ ခင်းရှိမရှိ အပြည်ပြည်ဆိုင်ရာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့က မြန်မာဝမ်ပေါင်ကို
မေးမြန်းခဲ့သော်လည်း ယခု အစီရင်ခံစာကို ထုတ်ဝေချိန်အထိ အကြောင်းပြန်ကြားချက်မရခဲ့ပါ။ ၆၅65

၎.၂။ ၂၀၁၅ -၂၀၁၆ အတွင်း ညစ်ညမ်းသောရေဆိုးများ

လျှံထွက်ခြင်း
လက်ပံတောင်းသတ္တုမိုင်း အဝန်းအဝိုင်းတလျှောက် မြန်မာဝမ်ပေါင်က ၂ မီတာခန့်နက်သော တူးမြောင်းကို
တူးထားခဲ့သည်။ ဤရေမြောင်း၏ ရည်ရွယ်ချက်မှာ “စွန့်ထွက်ရေ သုံည မူဝါဒနှင့်အညီ စီမံကိန်းအတွက်
ဌားရမ်းအသုံးပြုနေသော ဧရိယာအထဲမှ မည်သည့် ရေမျိုး၊ အရည်မျိုးမှ အပြင်သို့ စီးမထွက်စေရန်” ဖြစ်သည်။၆၆ 66

ယင်းသို့ တူးမြောင်းရှိရန် လိုအပ်ချက်မှာ ရှင်းပါသည်။ ESIA တွင် သတ္တုတွင်း စတင်လည်ပတ်ပြီဆိုပါက


“သတ္တုတွင်းထဲမှ၊ စွန့်ပစ်ကျောက်တုန်းများမှ၊ ကြေးနီသန့်စင်ရာ မြေပုံများမှ စိမ့်ထွက် စီးထွက်လာသော ရေဆိုးများ”
သည် “အန္တရာယ်ကြီးကြီးမားမား” ဖြစ်စေနိုင်ကြောင်း ဖော်ပြထားသည်။၆၇67

လက်ပံတောင်းသတ္တုတွင်းကို ပတ်လည်ဝိုင်းရံထားသော ရေမြောင်းနှင့် အနောက်မှ တာတမံ၊ ယင်းနေရာမှ ရေများစတင် လျှံထွက်လာသည်ဟု


ရွာသားများက ပြောသည်။ (ဓာတ်ပုံ - အပြည်ပြည်ဆိုင်ရာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့၊ ၂၀၁၆)

64 ၆၄
အပြည်ပြည်ဆိုင်ရာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ အင်တာဗျူး၊ မြန်မာ၊ ၁၂ ဇွန် ၂၀၁၆
65 ၆၅
မြန်မာ ဝမ်ပေါင်သို့ အပြည်ပြည်ဆိုင်ရာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့မှ ပေးစာ၊ ၁၅ ဇွန် ၂၀၁၆
66 ၆၆
မြန်မာ ဝမ်ပေါင် ၂၀၁၅-၁၆ CSR Report ၊ ၁၇ မေ ၂၀၁၆၊ စာ- ၇၆
67 ၆၇
Knight Piésold, ESIA ဇန်နဝါရီ ၂၀၁၅၊ ဇယားအမှတ် ၇.၅၊ စာ ၂၂၄-၆

ဒုက္ခတောင်တန်း
မြန်မာနိုင်ငံမှ လက်ပံတောင်း သတ္တုတွင်းတွင် လူ့အခွင့်အရေးချိုးဖောက်မှုများ ဆက်လက်ရှိနေခြင်း
အပြည်ပြည်ဆိုင်ရာလွတ်ငြိမ်းချမ်းသာခွင့် အဖွဲ့ 28
၂၀၁၅ ခုနှစ် နိုဝင်ဘာလတွင် တူးမြောင်းမှ ရေများ လျှံထွက်လာနေသည်ကို ဝက်မှေးရွာမှ လယ်သမားများက
တွေ့ခ့သ
ဲ ည်။ လယ်သမားများက ဒေသအာဏာပိုင်များနှင့် မြန်မာဝမ်ပေါင်ကုမ္ပဏီကို ဆယ်ရက်အတွင်း
အကြောင်းကြားခဲ့သော်လည်း ရေများက ၎င်းတို့၏ လယ်ကွင်းများအတွင်းသို့ နောက်ထပ် ရက်သတ္တပတ်
အတော်များများ ဆက်ပြီး စီးဝင်နေခဲ့သည်ဟု လယ်သမားတစ်ဦးက ပြောပြသည်။၆၈ 68
GoogleEarth မှ ရရှိသော
ဂြိုဟ်တုဓာတ်ပုံများအရ ရေလျှံထွက်နေသည်မှာ အစောဆုံး ၂၀၁၅ နိုဝင်ဘာလ ၁၄ ရက်နေ့ဖြစ်ပြီး နောက်ဆုံးအဖြစ်
၂၀၁၆ ဇန်နဝါရီလ ၁၁ ရက်နေ့ဟု တွေ့ရသည်။ ၂၀၁၆ ခုနှစ် ဖေဖေါ်ဝါရီလ ၂၀ ရက်နေ့တွင် နောက်တစ်ကြိမ်ရရှိသော
ဓာတ်ပုံတွင်မူ ရေလျှံနေသည်ကို မတွေရ
့ တော့ပေ။

၂၀၁၆ ခုနှစ် ဇန်နဝရီလ ၁၁ ရက်နေ့က ဂြိုဟ်တုမှ ရိုက်ကူးခဲ့သော ဓာတ်ပုံတွင် သတ္တုတွင်း၏ စည်းရိုးတလျှောက်တွင်ရှိသော ရေမြောင်းမှ
ရေများလျှံထွက်ပြီး ဝက်မှေးရွာဘက်သို့ စီးဆင်း သွားနေသည်ကို တွေ့ရသည်။ (ဓာတ်ပုံ - GoogleEarth နှင့် Digital Globe)

လယ်သမားများထံတွင် ယင်းအချိန်က ရိုက်ကူးခဲ့သည်ဆိုသော ဓာတ်ပုံများရှိရာ ယင်းပုံများထဲတွင် ရေမြောင်းမှ ရေများ


စိုက်ပျိုးထားသော လယ်ယာမြေထဲ စီးဝင်နေသည်ကို တွေ့ရသည်။ လယ်သမားတစ်ဦးက ယင်းရေများကြောင့် ၎င်းတို့
စိုက်မျိုးထားသော ဂျုံနှင့် ပဲခင်းများပျက်စီးရကြောင်း ပြောပြသည်။ လယ်သမား ငါးဦး၏ စိုက်ခင်းများ
ထိခိုက်ပျက်စီးခဲ့ရသည်ဟု ဆိုသည်။

“အပင်တိုင်း ပျက်စီးတာပေါ့၊ အားလုံးသေကုန်တယ်။ ရေဝင်တ့ေ


ဲ နရာတိုင်းက အပင်တွေ သေတယ်။
တဖြေးဖြေးချင်းသေတာ၊ ဆယ်ရက်လောက် ကြာတယ်။ အပင်တွေက ပထမ ညှိုးသွားပြီး
နောက်တော့သေကုန်တယ်။”၆၉69

68 ၆၈
အပြည်ပြည်ဆိုင်ရာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ အင်တာဗျူး၊ မြန်မာ၊ ၁၂ ဇွန် ၂၀၁၆
69 ၆၉
အပြည်ပြည်ဆိုင်ရာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ အင်တာဗျူး၊ မြန်မာ၊ ၁၂ ဇွန် ၂၀၁၆

ဒုက္ခတောင်တန်း
မြန်မာနိုင်ငံမှ လက်ပံတောင်း သတ္တုတွင်းတွင် လူ့အခွင့်အရေးချိုးဖောက်မှုများ ဆက်လက်ရှိနေခြင်း
အပြည်ပြည်ဆိုင်ရာလွတ်ငြိမ်းချမ်းသာခွင့် အဖွဲ့ 29
ရေလျှံထွက်နေမှုကို လယ်သမားတစ်ဦးက ၂၀၁၅ နိုဝင်ဘာလတွင် ရိုက်ကူးထားသော ဓာတ်ပုံ၊ ဓာတ်ပုံတင
ွ် သတ္တုမိုင်းဧရိယာအစပ်တလျှောက်
တူးထားသော ရေမြောင်းမှ လျှံထွက်နေသည်ကို တွေ့နိုင်သည်။

၂၀၁၆ ဇွန်လတွင် အပြည်ပြည်ဆိုင်ရာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့မှ လေ့လာသူများက လျှံထွက်လာသော ရေများကြောင့်


ထိခိုက်မှုရှိခ့သဲ ည်။၇၀ 70 နှိုင်းယှဉ်ကြည့်နိုင်ရန် အနီးအနားမှ
ဲ ည်ဆိုသော နေရာနှစ်နေရာမှ မြေနမူနာများ ယူခ့သ
ရေဆိုးများမထိမိသော မြေနမူနာကိုလည်း ၎င်းတို့ကယူလာခဲ့သည်။ ယင်း မြေနမူနာများကို ယူကေနိုင်ငံ အိတ်စီတာမြို့ရှိ
ဂရင်းပိစ်ဓာတ်ခွဲခန်းတွင် စမ်းသပ်စစ်ဆေးခဲ့သည်။ ရလဒ်အဖြေကို သဘာဝပတ်ဝန်းကျင်ဆိုင်ရာ သိပ္ပံပညာရှင်
ဒေါက်တာအလန်တန်ဂေးက ခွဲခြမ်းစိတ်ဖြာလေ့လာခဲ့သည်။ ဒေါက်တာတင်ဂေးက စွန့်ထွက်ရေများသည်
အန္တရာယ်ရှိနိုင်သော ဓာတ်ပစ္စည်းများ ပါဝင်နေရန် “ဖြစ်နိုင်ချေများစွာ” ရှိသည်ဟု ကောက်ချက်ချပါသည်။

“မြေနမူများအရ ရေတွေလျှံထွက်လာတဲ့အချိန် တူးမြောင်းထဲမှာ ရှိနေတဲ့ ရေဆိုးတွေထဲမှာ


သတ္တုဓာတ်ပစ္စည်းတွေ တော်တော်မြင့်မြင့်မားမား ပါနေပါတယ်။ အထူးသဖြင့်တော့ အာဆင်းနစ်၊ ကြေးနီနဲ့ ခဲ
ဓာတ်တွေပါ။ အဲဒါက သတ္တုတွင်းကရေတွေမှာ ညစ်ညမ်းနေပြီး ရေထဲက သတ္တုဓာတ်ပစ္စည်းတွေ
ထွက်နေတယ်ဆိုတာက အများကြီး ဖြစ်နိုင်ပါတယ်။”၇၁ 71

ပျက်စီးသွားသော သီးနှံများကို လယ်သမားများက သိမ်းဆည်းမထားခဲ့သဖြင့် လေ့လာသူများက နမူနာ မယူခဲ့နိုင်ပါ၊


ထို့အပြင် မြေသားနမူနာများကလည်း ရေဆိုးများက သီးနှံများအပေါ်သက်ရောက်မှုကို အတည်ပြုမပေးနိုင်ခဲ့ပါ။ သို့သော်
ဒေါက်တာတင်ဂေးက - “မြေသားက ညစ်ညမ်းနေပြီဆိုရင် ဒါက သီးနှံကြီးထွားနှုန်းကို ထိခိုက်စေတယ်၊ သီးနှံတွေကို
ပျက်စီးစေတယ်၊ ဒါကြောင့် မြေနဲ့ရေ ညစ်ညမ်းတဲ့ ဒေသတွေမှာ နေရတဲ့ လယ်သမားတွေရဲ့ ဘဝတွေကိုလည်း
ထိခိုက်စေပါတယ်။ သီးနှံတွေက ဓာတ်ပစ္စည်းတွေ ပါနေတယ်လို့ ယူဆခံရရင် အဲဒီသီးနှံကို ရောင်းချနိုင်ဖို့လည်း
လယ်သမားအတွက် အခက်တွေ့စေနိုင်ပါတယ်။ ဒီနည်းနဲ့ တစ်ဦးချင်းစီအပေါ် သက်ရောက်မှုတွေက
ကြီးမားနိုင်ပါတယ်။”၇၂72

တူးမြောင်းသည် ရေလျှံမှုမှ ကာကွယ်ရအောင် ဆောက်ထားသော တာတမံတွင် အဆုံးသတ်ပြီး


တမံလမ်းကြောင်းတလျှောက်ဖောက်လုပ်ထားသည်ဟု ဒေါက်တာတင်ဂေးက ထောက်ပြသည်။ ဓာတ်ပုံများအရ တမံကို
စွန့်ပစ်ကျောက်တုံးများဖြင့် တည်ဆောက်ထားသည်ဟု ယူဆရသည်။ ယင်းသို့ ဖြစ်လျှင် စွန့်ပစ်ကျောက်တုံးများ

70 ၇၀
ဤမြေနမူများမှာ မီတာ၂၀၀အကွာရှိ ရေတွေလျှံထွက်လာတဲ့အချိန် တူးမြောင်းထဲမှာ ရှိနေသည့် မြေသားများကယူထားခြင်းဖြစ်သည်။
71 ၇၁
ဒေါက်တာ အလန်တင်ဂေး မှတ်ချက်၊ ၁၉ သြဂုတ် ၂၀၁၆
72 ၇၂
ဒေါက်တာ အလန်တင်ဂေး မှတ်ချက်၊ ၁၉ သြဂုတ် ၂၀၁၆

ဒုက္ခတောင်တန်း
မြန်မာနိုင်ငံမှ လက်ပံတောင်း သတ္တုတွင်းတွင် လူ့အခွင့်အရေးချိုးဖောက်မှုများ ဆက်လက်ရှိနေခြင်း
အပြည်ပြည်ဆိုင်ရာလွတ်ငြိမ်းချမ်းသာခွင့် အဖွဲ့ 30
ကိုယ်တိုင်က မိုးရေများဖြင့် ထိတွေ့စီးကျပြီး သတ္တုဓာတ်များဖြင့် ရေကို ညစ်ညမ်းစေသော အခြေအနေမျိုး
ဖြစ်လာနိုင်စေပါသည်။ တာတမံအတွက် အသုံးမပြုမီ ကျောက်တုံးများကို ၎င်းတို့တွင်ပါဝင်နေသော သတ္တုဓာတ်များကို
စစ်ဆေးသင့်သည်ဟု ဒေါက်တာတင်ဂေးက ကောက်ချက်ချသည်။

အပြည်ပြည်ဆိုင်ရာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့က မြန်မာဝမ်ပေါင်ကို ယင်း ရေလျှံထွက်မှုအကြောင်း ဆက်သွယ်


မေးမြန်းခဲ့သော်လည်း ယခုအစီရင်ခံစာ ထုတ်ပြန်ချိန်အထိ တုံ့ပြန်ချက်မရရှိခ့ပ
ဲါ။

၎.၃။ လယ်သမားများအတွက် သတင်းအချက်အလက်မရရှိခြင်းနှင့်

ပြန်လည်ပြင်ဆင်ကုစားပေးချက်များ မရှိခြင်း
ESIA က ယင်းကဲ့သို့ အဖြစ်အပျက်မျိုး ဖြစ်လာလျှင်မြန်မာဝမ်ပေါင်အနေနှင့် မည်ကဲ့သို့ တုံ့ပြန်လုပ်ဆောင်သင့်သည်
ဆိုခြင်းကို ဖော်ပြမထားပေ။ အန္တရာယ်ကို လျော့ပါးစေရန် မည်သည့် ရေဆိုးမျိုးမှ သဘာဝပတ်ဝန်းကျင်ထဲ
ရောက်မသွားစေရ ဟုသာဖော်ပြထားပြီး ရေများလျှံထွက်လာလျှင် ကုမ္ပဏီအနေနှင့် မည်ကဲ့သို့ လုပ်ဆောင်ရန်
စီစဉ်ထားသည်ဆိုသည့် အပိုင်းကိုမူ တိတ်ဆိတ်နေခဲ့သည်။၇၃ 73 အနားပတ်ဝန်းကျင်မှ ပြည်သူများအပေါ်
ဖြစ်လာနိုင်သည့် အန္တရာယ်ကို ချင့်တွက်လျှင် ယင်းမှာ ကြီးလေးသည့် ချွင်းချန်ထားချက်ဖြစ်သည်။

လူ့အခွင့်အရေးကို လေးစားလိုက်နာရန်တာဝန်မှာ ကုမ္ပဏီတိုင်းသည် “မိမိတို့၏ လုပ်ဆောင်မှုကြောင့်


လူ့အခွင့်အရေးများ ထိခိုက်နစ်နာရမည့် ကိစ္စရပ်များကို ရှောင်ကြဉ်ရန်နှင့် ထိခိုက်နစ်နာမှုများရှိလာပါက
ကိုင်တွယ်ဖြေရှင်းပေးရန်လိုအပ်သည်။”၇၄74 ဤတာဝန်ကို ယူနိုင်ရန်အတွက် ကုမ္ပဏီများအနေနှင့်
“မိမိတို့လုပ်ဆောင်ချက်ကြောင့်ဖြစ်စေ၊ မိမိတို့နှင့် ဆက်နွယ်ဖြစ်ပွားမှုကြောင့် ဖြစ်စေ ဖြစ်ပေါ်လာသော လူ့အခွင့်အရေး
75
ထိခိုက်မှုများကို ပြန်လည်ပြင်ဆင် ကုစားပေးရန် အစီအစဉ်များ” ထားရှိသင့်သည်။၇၅ သို့ရာတွင် မတော်တဆဖြစ်မှု
တစ်ခုခုဖြစ်လာလျှင် မည်က့သ
ဲို့ တုံ့ပြန်ဆောင်ရွက်ပေးမည်ဟု မြန်မာဝမ်ပေါင် က ကြိုတင်အသိပေးထားခြင်းမရှိသည့်
အပြင် ရေလျှံထွက်လာသည့် ဖြစ်ရပ်တွင် ကုမ္ပဏီ၏ တုံ့ပြန်ဆောင်ရွက်ချက်က ပို၍ ဆိုးသွားစေပါသည်။

ရေလျှံထွက်မှုကြောင့် မိမိတို့လယ်ယာမြေများ ထိခုက


ိပျက်စီးရသည် ဆိုသော လယ်သမားငါးဦးအနက် တစ်ဦးကို
အပြည်ပြည်ဆိုင်ရာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့က တွေ့ဆုံမေးမြန်းခဲ့သည်။ ၎င်းနှင့် အခြားလယ်သမားများက
ရေလျှံထွက်နေသည့်အကြောင်း မြန်မာဝမ်ပေါင်ကို ၂၀၁၅ နိုဝင်ဘာလတွင် အကြောင်းကြားခဲ့အပြီးတွင် ကုမ္ပဏီက
် ည်ဟု ဆိုသည်။၇၆76 ယင်းဝန်ထမ်းများက ရေလျှံထွက်နေသည့် ဧရိယာကို
ဝန်ထမ်းများကို ရွာသို့စေလွှတ်လိုကသ
တိုင်းထွာ၊ ပျက်စီးသွားသော သီးနှံပမာဏကို တွက်ချက်ပြီး လယ်သမားများကို ၎င်းတို့ ဆုံးရှုံးမှုအတွက် လျော်ကြေး
ပေးမည်ဟု ကတိပြုသွားခဲ့သည်။

၂၀၁၆ ခုနှစ် ဇန်နဝါရီလတွင် ထိခိုက်နစ်နာခဲ့ရသော လယ်သမား ငါးဦးက ရေလျှံထွက်မှုအကြောင်း ဒေသဆိုင်ရာနှင့်


နိုင်ငံတော် အာဏာပိုင်များထံ စာရေးအကြောင်းကြားခဲ့သည်။၇၇ 77 ဧပြီလတွင် ဒေသဆိုင်ရာ အာဏာပိုင်အဖွဲ့ တစ်ဖွဲ့
(မြို့နယ် လယ်ယာမြေ စီမံခန့်ခွဲမှု ကော်မီတီ) က ယင်းဒေသသို့ လာရောက်ခဲ့သည်။ ယင်းအချိန်မှစ၍ အစိုးရဘက်မှရော
ကုမ္ပဏီဘက်ကပါ အဆက်အသွယ်မလုပ်တော့သလို လျော်ကြေးလည်း လုံးဝမရတော့ဟု လယ်သမားများက
ဆိုပါသည်။

အစိုးရကရော ဝမ်ပေါင်ကပါ လယ်သမားများကို မည်သည့်အကြောင်းကြောင့်ရေများ လျှံထွက်ကျခဲ့သည်ကို


ရှင်းမပြခဲ့သလို၊ ရေဆိုးများတွင် မည်သည့်ဓာတ်များပါဝင်နေသည်၊ ကျန်းမာရေးအတွက် အန္တရာယ်ရှိနိုင် မရှိနိုင်
ဆိုသည်များကိုလည်း ပြောမပြခဲ့ပေ။ ရေဆိုးများကို သန့်စင်သွားအောင် ရှင်းလင်းဖယ်ရှားပေးခြင်း မရှိသလို သီးနှံများ

73 ၇၃
Knight Piésold, ESIA ဇန်နဝါရီ ၂၀၁၅၊ စာ ၂၁၉
74 ၇၄
ကုလသမဂ္ဂ၏ စီးပွားရေးလုပ်ငန်းနှင့် လူ့အခွင့်အရေးဆိုင်ရာစည်းမျဉ်းများ။ စဉ်းမျဉ်း ၁၃ (က)
75 ၇၄
ကုလသမဂ္ဂ၏ စီးပွားရေးလုပ်ငန်းနှင့် လူ့အခွင့်အရေးဆိုင်ရာစည်းမျဉ်းများ။ စဉ်းမျဉ်း ၁၅
76 ၇၆
အပြည်ပြည်ဆိုင်ရာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ အင်တာဗျူးများ၊ မြန်မာ၊ ၁၂ ဇွန် ၂၀၁၆
77 ၇၇
စာကို ခရိုင်အဆင့် အထွေထွေအုပ်ချုပ်ရေးမှုး၊ စစ်ကိုင်းတိုင်းဝန်ကြီးချုပ်နှင့် မြန်မာနိုင်ငံတော် သမ္မတထံသို့ ၂၇ ဇန်နဝါရီ ၂၀၁၆ တွင်ပို့ခ့။ဲ
အပြည်ပြည်ဆိုင်ရာလွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ မှတ်တမ်းတွင်ရှိ။

ဒုက္ခတောင်တန်း
မြန်မာနိုင်ငံမှ လက်ပံတောင်း သတ္တုတွင်းတွင် လူ့အခွင့်အရေးချိုးဖောက်မှုများ ဆက်လက်ရှိနေခြင်း
အပြည်ပြည်ဆိုင်ရာလွတ်ငြိမ်းချမ်းသာခွင့် အဖွဲ့ 31
ဆုံးရှုံးခြင်းအတွက်လည်း လျော်ကြေးမပေးခဲ့ပေ။ မြန်မာဝမ်ပေါင်က ၂၀၁၅ ခုနှစ်က ထုတ်ပြန်သော
ကော်ပိုရေးရှင်းများက လူမှုရေးအပိုင်းတာဝန်ယူမှုဆိုင်ရာ (CSR) အစီရင်ခံစာတွင်လည်း ရေလျှံထွက်ခြင်းအကြောင်း
ဖော်ပြခဲ့ခြင်းမရှိပေ။

ရေလျှံထွက်ခြင်းဖြစ်ရပ်သည် သတ္တုတွင်းကို စီမံခန့်ခွဲခြင်းအပိုင်းနှင့် ကုမ္ပဏီများနှင့် အစိုးရတို့က နောက်ဆက်တွဲ


တုံ့ပြန်ပုံနှင့် ပတ်သက်ပြီး လေးနက်သော မေးခွန်းများ ထွက်ပေါ်လာစေခဲ့ပါသည်။ ဘာကြောင့်ဖြစ်ခဲ့ပါသလဲ။
မတော်တဆဖြစ်မှုလား ရေရှည်ဖြစ်နိုင်တဲ့ ပြဿနာတစ်ခုလား။ အရည်ထဲတွင် မည်သည့်အရာများ ပါဝင်နေပါသလဲ၊
ကျန်းမာရေးအတွက် အန္တရာယ်ရှိနိုင်သလား၊ ရှိရင် ဘယ်လိုအရာမျိုးလဲ။ အာဏာပိုင်များက ယင်း ရေလျှံထွက်မှုကို
မည်သည့်အတွက်ကြောင့် စုံစမ်းစစ်ဆေးမှုမလုပ်ပါသလဲ၊ အရည်ထဲတွင် ပါဝင်နေသော အရာများကို
မည်သည့်အတွက်ကြောင့် ထုတ်ဖော်မပြောပါသလဲ။

စိမ့်ထွက်သောအရည်များက ကျန်းမာရေးအတွက် အန္တရယ်ရှိချင်မှ ရှိနိုင်မှာဖြစ်သော်လည်း မရှိနိုင်ဘူးဟု တစ်ထစ်ချ


မမှတ်ယူသင့်ပေ၊ သီးနှံများသေဆုံးကုန်သည်ကို ကြည့်ခြင်းဖြင့် စိတ်ပူစရာကောင်းပြီး စုံစမ်းစစ်ဆေး သင့်ပါသည်။

ရေလျှံထွက်မှုက ESIA ၏ အားနည်းချက်တစ်ရပ်ကိုလည်း ဖော်ပြနေသည်။ အထူးသဖြင့် ပတ်ဝန်းကျင် ညစ်ညမ်းမှု


ဲို့ဆောင်ရွက်မည်၊ ဒေသခံအာဏာပိုင်များနှင့် မည်ကဲ့သို့
ဖြစ်ပေါ်လာလျှင် မြန်မာဝမ်ပေါင်အနေနှင့် မည်က့သ
သတင်းအချက်အလက် ဝေမျှမည်၊ လယ်ယာမြေများနှင့် သီးနှံများပျက်စီးမှု ရှိပါက မည်ကဲ့သို့ သန့်ရှင်းရေး လုပ်ငန်းများ
လုပ်ဆောင်ပေးမည်၊ နစ်နာသူများအတွက် လျော်ကြေးကို မည်သို့ဆောင်ရွက်ပေးမည်ဆိုသော အချက်များကို
ဖော်ပြထည့်သွင်းထားခြင်း မရှိပေ။ နောက်ဆုံးတွင် ယခု ရေလျှထ
ွံက်မှု ဖြစ်ရပ်က သတ္တုမိုင်းကို
တူးဖော်လုပ်ကိုင်နေသော လုပ်ငန်းများအပေါ် ဒေသဆိုင်ရာ အစိုးရ၏ စောင့်ကြည့် ကြီးကြပ်နိုင်စွမ်းအားနည်းမှု ကိုလည်း
ပြသနေပါသည်။

လက်ပံတောင်းသတ္တုတွင်းနှင့် ပတ်သက်ပြီး ပြည့်စုံလုံလောက်သော သဘာဝပတ်ဝန်းကျင်ဆိုင်ရာ


လေ့လာအကဲဖြတ်ချက်တစ်ရပ် မြန်မာဝမ်ပေါင်က မလုပ်နိုင်ခြဲ့ ခင်းသည် သတ္တုတွင်း ပတ်ဝန်းကျင်တွင် နေထိုင်ကြသော
ပြည်သူများ၏ လုံခြုံရေးအတွက် အန္တရာယ်ရှိစေနိုင်သည်ဟု အပြည်ပြည်ဆိုင်ရာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့က
မှတ်ယူပါသည်။ ယင်းဒေသသည် မြေငလျင်များနှင့် ရေကြီးရေလျှံမှုများ ဖြစ်နိုင်သောဒေသ ဖြစ်သော်လည်း ရွာများနှင့်
အက်ဆစ်ပါသည့် စွန့်ပစ်ပစ္စည်းများနှင့် လုပ်ကိုင်နေရသော သတ္တုတွင်းအဆောက်အဦများအကြားတွင်
ကြားခံနယ်မြေလည်း မထားရှိပါ။ သတ္တုတွင်းမှ အန္တရာယ်ရှိနိုင်သော စွန့်ပစ်ပစ္စည်းများ ထွက်ရှိပြန့်နှံ့သွားလျှင်
“အန္တရာယ်ကြီးမားသည့် ဆိုးကျိုးများ” ဖြစ်ပေါ်လာနိုင်ကြောင်း ကုမ္ပဏီကိုယ်တိုင်က ဝန်ခံထားပြီးဖြစ်သည်။၇၈78

အပြည်ပြည်ဆိုင်ရာလွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့၏ ၂၀၁၅ ခုနှစ်က ထုတ်ပြန်ခ့ေ


ဲ သာ အစီရင်ခံစာ ထွက်ပြီးချိန်မှ စ၍
မြန်မာဝမ်ပေါင်အနေနှင့် ESIA ကို ပြန်လည်သုံးသပ်၍ မိမိတို့ထောက်ပြခဲ့သော အားနည်းချက်များကို ပြင်ဆင်ရန်
အချိန်များစွာရခဲ့ပါသည်။ သို့ရာတွင် ယင်းသို့ပြုလုပ်ခဲ့ကြောင်း လူသိရှင်ကြားပြောဆိုခြဲ့ ခင်း အပြည်ပြည်ဆိုင်ရာ
လွတ်ငြိမ်းချမ်းသာခွင့်အဖွ့အ
ဲား စာဖြင့် တုံ့ပြန်ခဲ့ခြင်းမျိုးမရှိခ့ပ
ဲါ။ မရှိယုံမက အပြည်ပြည်ဆိုင်ရာ
လွတ်ငြိမ်းချမ်းသာခွင့်အဖွ့၏
ဲ တွေ့ရှိချက်များကို ပယ်ချပြီး ယင်းတို့၏ ESIA မှာ နိုင်ငံတကာ အဆင့်အတန်းနှင့်
ကိုက်ညီပါသည်ဟု ဆက်လက်ပြောဆိုနေပါသည်။ အန္တရာယ်ကြီးများဖြစ်လာနိုင်သော အခြေအနေကို စဉ်းစား၍
အားနည်းချက်များကို ပြုပြင်ရန် မြန်မာဝမ်ပေါင်၊ ဦးပိုင် ကုမ္ပဏီနှင့် အစိုးရတို့က အမြန်ဆုံး ဆောင်ရွက်သင့်ပါသည်။

78 ၇၈
အမေရိကန် ကျန်းမာရေးနှင့် လူသားဝန်ဆောင်မှုလုပ်ငန်းဌာန၊ အဆိပ်အတောက်ဖြစ်စေနိုင်သော ပစ္စည်းများနှင့် ရောဂါ မှတ်တမ်းအေဂျင်စီ၏ ဆာလဖါထရိုင်အောက်ဆိုက်နှင့်
ဆာလဖြူရစ်အက်စစ်တို့၏ အဆိပ်အတောက်ဖြစ်နိုင်မှုမှတ်တမ်း (ဒီဇင်ဘာ ၁၉၉၈) စာမျက်နှာ ၅

ဒုက္ခတောင်တန်း
မြန်မာနိုင်ငံမှ လက်ပံတောင်း သတ္တုတွင်းတွင် လူ့အခွင့်အရေးချိုးဖောက်မှုများ ဆက်လက်ရှိနေခြင်း
အပြည်ပြည်ဆိုင်ရာလွတ်ငြိမ်းချမ်းသာခွင့် အဖွဲ့ 32
မိုးကြိုး ဆာလ်ဖြူရစ် အက်ဆစ်စက်ရုံ
အပြည်ပြည်ဆိုင်ရာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့၏ ၂၀၁၅ ခုနှစ်
အစီရင်ခံစာတွင် မုံရွာစီမံကိန်း၏ အခြားအစိတ်အပိုင်းများမှ
သဘာဝပတ်ဝန်းကျင်နှင့် ပတ်သက်ပြီး အထူးစိုးရိမ်စရာများကို
အထောက်အထားများဖြင့် ဖော်ပြခဲ့ပါသည်။ တစ်ခုမှာ
ကြေးနီသတ္တုတွင်း နှစ်ခုအတွက် အက်ဆစ်များ
ထုတ်လုပ်ပေးနေသော မိုးကြိုးဆာလ်ဖြူရစ်အက်ဆစ်
စက်ရုံဖြစ်ပါသည်။ ယင်းစက်ရုံကို မြန်မာ့စီးပွားရေးဦးပိုင်
လီမိတက်က ပိုင်ဆိုင်ပါသည်။ စက်ရုံမှာ
ကံကုန်းရွာအစွန်တွင်ရှိပြီး စာသင်ကျောင်းတစ်ခုနှင့် မီတာ ၅၀
ခန့်အကွာတွင်ရှိသည်။ စက်ရုံတဝိုက်တွင် လယ်ယာခင်းများ
ရှိပါသည်။ နိုင်ငံတကာ လုပ်ထုံးလုပ်နည်းအရ
အန္တရာယ်ရှိနိုင်သော ဓာတုပစ္စည်းများ ထုတ်လုပ်သည့်
စက်ရုံနှင့် လူထုအကြားတွင် ကြားခံနယ်မြေတစ်ခု ထားရှိရပါသည်။ ဆာလ်ဖြူရစ်အက်ဆစ်နှင့် ထိတွေ့မိလျှင် အရေပြား၊ မျက်လုံး၊ အသက်ရှုလမ်းကြောင်းနှင့်
အစာအိမ်နှင့် အူလမ်းကြောင်းတို့ ထိခိုက်နိုင်ပါသည်။၇၉79

စက်ရုံနှင့် နီးကပ်စွာနေထိုင်ရသဖြင့် ခံစားရမှုများကို ဒေသခံများက အပြည်ပြည်ဆိုင်ရာ လွတ်ငြိမ်းချမ်းသာခွင့် အဖွဲ့ကို ၂၀၁၄ ခုနှစ် နှင့် ၂၀၁၆ ခုနှစ်များတွင်
တိုင်ကြားပြောပြခဲ့ကြသည်။ ဥပမာ စက်ရုံမှ ထွက်ပေါ်လာသော အနံ့ဆိုးသည့် အငွေ့များကြောင့် ရွာသားများ ချောင်းဆိုခြင်း၊ မျက်ရည်များထွက်ခြင်းတို့
ခံစားကြရသည်ဟု ဆိုသည်။ စက်ရုံနှင့် ကပ်လျက်ရှိသော ယာခင်းများတွင်လည်း စက်ရုံမှ ထွက်သော အငွေ့များကြောင့် သီးနှံများပျက်စီးကြရသည်ဟု
ဆိုပါသည်။၈၀80 ရွာသားများက စက်ရုံကို ရွှေ့ပြောင်းပေးရန် အကြိမ်ကြိမ်တောင်းဆိုခြဲ့ ကပြီး ဒေသခံအာဏာပိုင်များကလည်း ထောက်ခံခ့သ
ဲ ည့်အတွက် ၂၀၁၆ ခုနှစ်
မေလက စက်ရုံကို နောက်ထပ်လိုင်စင်အသစ် တိုးမပေးပဲ ထားခဲ့သည်။ ယခုလောလောဆယ် အစိုးရမဟုတ်သည့် ကျွမ်းကျင်သူများက စက်ရုံ၏ ကျန်းမာရေးနှင့်
သဘာဝပတ်ဝန်းကျင်အပေါ် သက်ရောက်မှုများကို အကဲဖြတ်ချက်ကို စောင့်ဆိုင်းနေဆဲ ဖြစ်သည်။၈၁ 81
ယင်းအခြေအနေရှိနေသော်လည်း စက်ရုံကို ပို၍မြင့်မားသည့်
အာဏာပိုင်အဖြွဲ့ ဖစ်သည့် စက်မှုဝန်ကြီးဌာနက ထုတ်ပေးသော လိုင်စင်ဖြင့် ဆက်လက် လည်ပတ်လျှက်ရှိသည်။ ဝန်ကြီးဌာနက စက်ရုံ၏ လိုင်စင်ကို ၂၀၁၆ ခုနှစ်
အောက်တိုဘာလက တိုးပေးခဲ့သည်။၈၂82

၂၀၁၆ ခုနှစ် ဇူလိုင်လ ၄ ရက်နေ့တွင်


အပြည်ပြည်ဆိုင်ရာ
လွတ်ငြိမ်းချမ်းသာခွင့်အဖွ့က
ဲ ဦးပိုင်ကုမ္ပဏီသို့
စာရေးသား၍ မိမိတို့ စိုးရိမ်ရသော
အချက်များကိုပြောပြခဲ့သလို၊ စက်ရုံကို
ချက်ခြင်းနေရာရွှေ့ပြောင်းပေးရန်
မြန်မာအစိုးရကိုလည်း တိုက်တွန်းခဲ့သည်။
၂၀၁၆ ခုနှစ် သြဂုတ်လတွင် ဦးပိုင်ကုမ္ပဏီ၏
ဦးဆောင်ညွှန်ကြားရေးမှူးက စာပြန်ကြားပြီး
အပြည်ပြည်ဆိုင်ရာ
လွတ်ငြိမ်းချမ်းသာခွင့်အဖွ့၏

လေ့လာတွေ့ရှိချက်များကို
မေးခွန်းထုတ်ခဲ့သည်၊ စက်ရုံသည်
နိုင်ငံတကာစံချိန်စံညွှန်းများနှင့် အညီ
လုပ်ကိုင်လည်ပတ်နေကြောင်းလည်း
ဖော်ပြခဲ့သည်။၈၃ 83
၎င်းက စက်ရုံသည် ISO
14001 လက်မှတ် ရထားသည်ဟုလည်း
ဆိုပါသည်။

စက်ရုံက အန္တရာယ်ရှိနိုင်သည့် ဓာတုပစ္စည်းများကို ထုတ်လုပ်နေသော်လည်း ယင်းကို


လူရာပေါင်းများစွာနေထိုင်နေသည့် အိမ်ရာများနှင့် နီးကပ်စွာတွင်ဆောက်လုပ်ထားပြီး ရွာမှ
အထက်တန်းကျောင်းနှင့်လည်း မီတာ၅၀ပင် မကွာဝေးသော နေရာတွင် တည်ရှိပါသည်။
(ဓာတ်ပုံ - GoogleEarth နှင့် Digital Globe ၂၀၁၅)

ISO 14001 စံချိန်စံညွှန်းဆိုသည်မှာ အဖွဲ့အစည်းတစ်ခုခုက မိမိတို့သဘောဆန္ဒအလျှောက် သဘာဝပတ်ဝန်းကျင်ကို စနစ်တကျစီမံခန့်ခွဲပါမည်ဟူသော


စနစ်တစ်ရပ်ကို လက်ခံကျင့်သုံးခြင်းဖြစ်သည်။ ယင်းအဖွဲ့အစည်းက အမှန်တကယ် သဘာဝပတ်ဝန်းကျင်စောင့်ရှောက်ရေး လုပ်ကိုင်သလားဆိုသည်ကို စောင့်ကြည့်
အကဲဖြတ်ခြင်းမရှိပေ။ ဦးပိုင်အဖွဲ့က အိုင်အက်စ်အို လက်မှတ်ရထားသည်ဆိုခြင်းမှာ ယင်းကုမ္ပဏီသည် လက်တွေ့တွင် သဘာဝပတ်ဝန်းကျင် ညစ်ညမ်းမှုကို
ကာကွယ်တားဆီးရန် လုံလောက်သော အစီအမံများ ချမှတ်လုပ်ဆောင်နေသည်ဟု ဆိုလိုခြင်းမဟုတ်ပေ။ သဘာဝပတ်ဝန်းကျင် ညစ်ညမ်းမှုနှင့်
အနားတွင်နေထိုင်သူများ၏ ကျန်းမာရေးကို ဆိုးဆိုးဝါးဝါးထိခိုက်မှုများ ဖြစ်ပေါ်စေနိုင်သော အန္တရာယ်ရှိသည့် ပစ္စည်းများထုတ်လုပ်နေသော စက်ရုံကို
ဆက်လက်လည်ပတ်နေခြင်းဖြင့် ဦးပိုင်ကုမ္ပဏီသည် ကန်ကုန်းရွာသားများ၏ ကျန်းမာစွာနေထိုင်နိုင်ခွင့် အခွင့်အရေးကို ဆက်လက် ချိုးဖောက် နေခြင်းဖြစ်သည်။
စက်ရုံကို ချက်ခြင်းရွှေ့ပြောင်းရန် မြန်မာအစိုးရက အမိန့်ထုတ်ပြန်ရပါမည်။

79 ၇၉
အမေရိကန် ကျန်းမာရေးနှင့် လူသားဝန်ဆောင်မှုလုပ်ငန်းဌာန၊ အဆိပ်အတောက်ဖြစ်စေနိုင်သော ပစ္စည်းများနှင့် ရောဂါ မှတ်တမ်းအေဂျင်စီ၏ ဆာလဖါထရိုင်အောက်ဆိုက်နှင့်
ဆာလဖြူရစ်အက်စစ်တို့၏ အဆိပ်အတောက်ဖြစ်နိုင်မှုမှတ်တမ်း (ဒီဇင်ဘာ ၁၉၉၈) စာမျက်နှာ ၅
80 ၈၀
အပြည်ပြည်ဆိုင်ရာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ အင်တာဗျူးများ၊ မြန်မာ၊ ၂၆ မတ် ၂၀၁၆
81 ၈၁
ဆားလင်းကြီးမြို့နယ် ဖွံ့ဖြိုးတိုးတက်ရေး ကော်မတီ ဥက္ကဌ ဦးကိုကိုနိုင်နှင့် အပြည်ပြည်ဆိုင်ရာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ အင်တာဗျူး၊ မြန်မာ ၁၁ ဇွန် ၂၀၁၆
82 ၈၂
စာကို အပြည်ပြည်ဆိုင်ရာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့မှ မှတ်တမ်းတင်ထား
83 ၈၃
ဦးပိုင်ကုမ္ပဏီမှ စာ၊ ၅ သြဂုတ် ၂၀၁၆၊ နောက်ဆက်တွဲတွင် ရှု။

ဒုက္ခတောင်တန်း
မြန်မာနိုင်ငံမှ လက်ပံတောင်း သတ္တုတွင်းတွင် လူ့အခွင့်အရေးချိုးဖောက်မှုများ ဆက်လက်ရှိနေခြင်း
အပြည်ပြည်ဆိုင်ရာလွတ်ငြိမ်းချမ်းသာခွင့် အဖွဲ့ 33
၅။ သတ္တုတွင်းများကို
ဆန့်ကျင်နေသူများအား
ဆက်လက် နှောက်ယှက်ဖိနှိပ်မှု

အပြည်ပြည်ဆိုင်ရာလွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့၏ အစီရင်ခံစာ “စီးပွားရေးအတွက်တံခါးဖွင့်ထားတယ်” တွင်


အသေးစိတ်ဖော်ပြခဲ့သည့်အတိုင်း လူ့အခွင့်အရေးလှုပ်ရှားသူများနှင့် လက်ပံတောင်းနှင့် စပါယ်တောင် ကြေးစင်တောင်
သတ္တုတွင်းများ အနီးတွင် နေထိုင်သော ပြည်သူများသည် သတ္တုမိုင်းများကြောင့် နေရပ်မှ အဓမ္မဖယ်ရှားခံရမှုများ၊
သက်မွေးဝမ်းကျောင်း ဆုံးရှုံးမှုများကို ကြာမြင့်စွာကပင် ဆန္ဒပြနေခဲ့သည်။ ငြိမ်းချမ်းစွာ ဆန္ဒပြမှုများကို ရဲများက အင်အား
အဆမတန်သုံး၍နှိမ်နင်းခြင်း၊ ဆန္ဒပြသူများကို ဖမ်းဆီးအရေးယူခြင်းများ ပြုလုပ်ခဲ့သည်။၈၄ 84

အပြည်ပြည်ဆိုင်ရာလွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့၏ မကြာသေးခင်က လေ့လာတွေ့ရှိချက်များကလည်း သတ္တုတွင်းများကို


ဆန့်ကျင်သူများကို ဖိနှိပ်မှုများ ဆက်ရှိနေသေးကြောင်းတွေ့ရသည်။ တဖက်တွင်လည်း အပြည်ပြည်ဆိုင်ရာ
လွတ်ငြိမ်းချမ်းသာခွင့်အဖွ့၏
ဲ “စီးပွားရေးအတွက် တံခါးဖွင့်ထားတယ်” အစီရင်ခံစာတွင် ဖော်ပြခဲ့သည့် ရဲများ၏
အလွန်အကျွအ
ံ င်အားသုံးမှုများကို အရေးယူ အပြစ်ပေးခြင်း မရှိသေးပေ။

84 ၈၄
ရှုရန်- စီးပွားရေး တံခါးဖွင့်ခြင်းလား၊ စာ- ၄၁ နှင့် စာ- ၅၆

ဒုက္ခတောင်တန်း
မြန်မာနိုင်ငံမှ လက်ပံတောင်း သတ္တုတွင်းတွင် လူ့အခွင့်အရေးချိုးဖောက်မှုများ ဆက်လက်ရှိနေခြင်း
အပြည်ပြည်ဆိုင်ရာလွတ်ငြိမ်းချမ်းသာခွင့် အဖွဲ့ 34
ရာဇဝတ်ကျင့်ထုံး ဥပဒေ ပုဒ်မ ၁၄၄ ကို အသုံးပြုခြင်း
အပြည်ပြည်ဆိုင်ရာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့၏ ၂၀၁၅ ခုနှစ်က အစီရင်ခံစာအတွက် လေ့လာသုတေသနပြုခဲ့ရာတွင်
မြန်မာအာဏာပိုင်များသည် ရာဇဝတ်ကျင့်ထုံး ဥပဒေပုဒ်မ ၁၄၄ ကိုအသုံးပြု၍ သတ္တုတွင်းနှစ်ခုအနီးသို့ သွားလာခွင့်
ကန့်သတ်ခဲ့သည်ကို တွေ့ရသည်။ ဥပမာ အာဏာပိုင်များက ယင်းပုဒ်မကို အသုံးပြု၍ လက်ပံတောင်း
သတ္တုတွင်းအတွက် လယ်သမားများကို ၎င်းတို့၏ လယ်မြေပေါ်မှ ဖယ်ရှားခဲ့သလို လယ်မြေများပေါ်တွင်
ဲ ည်။၈၅85
ထွန်ယက်ရန်ကြိုးစားသူများ၊ ဆန္ဒပြပွဲတွင်ပါဝင်သူများကိုလည်း တရားစွဲဆိုခ့သ

ရာဇဝတ်ကျင့်ထုံးဥပဒေပုဒ်မ ၁၄၄ တွင် တရားသူကြီးများက ကန့်သတ်နေရာတစ်ခုခုသို့ ခွင့်ပြုချက်မရှိပဲ မည်သူမျှ


ဝင်ရောက်ခြင်းမပြုရန် တားဆီးနိုင်သည်။ ပုဒ်မ ၁၄၄ ထုတ်ပြန်တားမြစ်ထားမှုကို ဆက်လက်အသက်ဝင်နေစေရန်
နှစ်လတစ်ကြိမ် သက်တမ်းတိုးရသည်။ ကန့်သတ်ချက်ကို လိုက်နာရန် ပျက်ကွက်သူများသည် ပုဒ်မ ၁၈၈
(ပြည်သူ့ဝန်ထမ်းက ဥပဒေနှင့်အညီ ပေးသော အမိန့်ကို မနာခံခြင်း )၊ ပုဒ်မ ၁၄၁ နှင့် ၁၄၃ (တရားမဝင် စုဝေးခြင်း)၊
ပုဒ်မ ၄၄၇ (ကျော်နင်းခြင်း) တို့အရ တရားစွဲဆို အရေးယူခံရနိုင်သည်။၈၆86

၅.၁။ ငြိမ်းချမ်းစွာ ဆန္ဒပြသူများကို အရေးယူ အပြစ်ပေးခြင်း

“ကျွန်မက လျော်ကြေးတောင်းနေတာ ခြောက်နှစ်ရှိပြီဆိုတော့ ကျွန်မကို သိနေကြပြီး


ပစ်မှတ်ထားတော့တာပေါ့။”
၈၇ 87
ဒေါ်မာချို၊ သုံရွာ

၂၀၁၆ ခုနှစ် ဇွန်လ ၆ ရက်နေ့တွင် သုံရွာမှ ရွာသူနှစ်ဦးသည် ၎င်းတို့အား ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၄၂၇
(ပျက်စီးနစ်နာစေသော အကျိုးဖျက်ဆီးမှု ) နှင့် ဥပဒေပုဒ်မ ၅၀၀ (အသရေဖျက်မှု) တို့ဖြင့် တရားစွဲဆိုထားကြောင်း
ဆားလင်းကြီးမြို့နယ်တရားရုံးမှ စာရရှိခဲ့သည်။၈၈ 88
ဒေါ်မာချိုနှင့် မစန္ဒာတို့နှစ်ဦးသည် ပြီးခဲ့သည့် တစ်လခန့်က
အခြားရွာသား ၂၀၀ ခန့်နှင့်အတူ လက်ပံတောင်း သတ္တုတွင်းတွင် ကြေးနီများစတင်တူးဖော်ခြင်းကို
ကန့်ကွက်ဆန္ဒပြပွဲတွင် ပါဝင်ခြဲ့ ကသည်။ အပြည်ပြည်ဆိုင်ရာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့နှင့် တွေ့ဆုံမေးမြန်းမှုတွင်
ဒေါ်မာချိုက ရွာသားများမှာ ၎င်းတို့ဆုံးရှုံးသွားသော လယ်မြေများအတွက် ရရှိသည့် လျော်ကြေးမလုံလောက်မှုကို
၈၉ 89
ကန့်ကွက်ဆန္ဒပြ ခဲ့ကြခြင်းဖြစ်သည်ဟု ဆိုသည်။ သတ္တုတွင်း၏ ဂိတ်ဝ မရောက်ခင်မီတာ ၄၀၀ ခန့်တွင် ရဲများက
ဆန္ဒပြသူများကို ပိတ်ဆို့တားဆီးခဲ့ကြသည်ဟု ဒေါ်မာချိုက ပြောပြသည်။ ဒေါ်မာချိုနှင့် မစန္ဒာနှစ်ဦးစလုံးက
ဆန္ဒပြပွဲသည် ငြိမ်းချမ်းပြီး ကုမ္ပဏီ၏ မည်သည့်ပစ္စည်းမှလည်း ပျက်စီးခြင်းမရှိဟု ဆိုသည်။ အပြည်ပြည်ဆိုင်ရာ
လွတ်ငြိမ်းချမ်းသာခွင့်အဖွ့အ
ဲ နေနှင့်လည်း ၎င်းတို့ ပြောကြားချက်နှင့် ဆန့်ကျင်သော အထောက်အထား
တစုံတရာမတွေ့ခဲ့ရပါ။

85 ၈၅
ရှုရန်- စီးပွားရေး တံခါးဖွင့်ခြင်းလား၊ စာ- ၁၇ နှင့် စာ-၅၆
86 ၈၆
ဥပမာ - စီးပွားရေး တံခါးဖွင့်ခြင်းလား၊ စာ-၁၇ နှင့် ကုလသမဂ္ဂအထူးကိုယ်စားလှယ် ငါးဦးက မြန်မာနိုင်ငံတွင် လူ့အခွင့်အရေးလှုပ်ရှားသူများ၊ စီးပွားရေးနှင့်
လူမှုရေးအခွင့်အရေးများကို ကာကွယ်မြှင့်တင်ရန် ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်သူများကို ဆက်လက်ပစ်မှတ်ထာညးနေခြင်းနှင့် ပတ်သက်၍ အလျင်အမြန်အရေးယူဆောင်ရွက်ရန်
တောင်းဆိုချက်ကို ၂၀၁၃ သြဂုတ်လ ၂၃ ရက်နေ့က ဂျီနီဗာမြို့ရှိ ကုလသမဂ္ဂရုံးနှင့် အခြားအစိုးရဆိုင်ရာ အဖွဲ့အစည်းများသို့ မြန်မာနိုင်ငံအမြဲတန်း ကိုယ်စားလှယ်ရုံးမှ ပြန်ကြားစာ
https://spdb.ohchr.org/hrdb/24th/Myanmar_16.08.13_(10.2013).pdf
87 ၈၇
အပြည်ပြည်ဆိုင်ရာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ အင်တာဗျူးများ၊ မြန်မာ၊ ၁၁ ဇွန် ၂၀၁၆
88 ၈၈
အပြည်ပြည်ဆိုင်ရာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ အင်တာဗျူးများ၊ မြန်မာ၊ ၁၁ ဇွန် ၂၀၁၆
89 ၈၉
အပြည်ပြည်ဆိုင်ရာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ အင်တာဗျူးများ၊ မြန်မာ၊ ၁၁ ဇွန် ၂၀၁၆

ဒုက္ခတောင်တန်း
မြန်မာနိုင်ငံမှ လက်ပံတောင်း သတ္တုတွင်းတွင် လူ့အခွင့်အရေးချိုးဖောက်မှုများ ဆက်လက်ရှိနေခြင်း
အပြည်ပြည်ဆိုင်ရာလွတ်ငြိမ်းချမ်းသာခွင့် အဖွဲ့ 35
တရားစွဲဆိုရခြင်း၏ အကြောင်းရင်းက မရှင်းလင်းသလို ဆင့်ခေါ်စာတွင်လည်း အသေးစိတ်အချက်အလက်များ
ဖော်ပြမထားပါ။၉၀90 ပြစ်မှုထင်ရှားကြောင်းတွေ့ရလျှင် အမျိုးသမီး နှစ်ဦးတို့သည် ထောင်ဒဏ်လေးနှစ်အထိ
ကျခံရနိုင်ဖွယ် ရှိနေပါသည်။ ယခုအစီရင်ခံစာ ထုတ်ပြန်ချိန်အထိ အမျိုးသမီးများ နောက်ထပ် အချက်အလက်ဘာမှ
မသိရသေးပါ။

စပါယ်တောင်နှင့် ကြေးစင်တောင် သတ္တုတွင်းအတွက် လယ်မြေများဖယ်ရှားပေးလိုက်ရသဖြင့်


လျော်ကြေးတောင်းဆိုနေသော လယ်သမားများသည်လည်း တရားစွဲဆိုအရေးယူမှုနှင့် ဆက်လက်ရင်ဆိုင်နေရဆဲ
ဖြစ်သည်။၉၁ 91 ၂၀၁၅ မေလက လူ ၅၀ ခန့်က စပါယ်တောင်နှင့် ကြေးစင်တောင်သတ္တုတွင်း၏ ပင်မဂိတ်အနီးတွင်
ဆန္ဒပြခဲ့အပြီးတွင် ယင်းသတ္တုတွင်းကို လုပ်ကိုင်နေသောမြန်မာယန်စီကုမ္ပဏီ (ဝမ်ပေါင်သတ္တုကုမ္ပဏီ၏ လက်ခွဲ) က
မိုးခိုင်ဦး၊ တင့်အောင်စိုးနှင့် သော်တာအောင်တို့ သုံးဦးကို အမှုဖွင့်တိုင်ကြားခဲ့သည်။၉၂92 ကုမ္ပဏီက ၎င်းတို့သည် ပုဒ်မ
၁၄၄ ထုတ်ပြန်တားမြစ်ထားသောနေရာကို ကျူးကျော်ဝင်ရောက်ခြဲ့ ပီး သတ္တုတွင်း၏ ပင်မဂိတ်ကို ပိတ်ဆို့ခ့သ
ဲ ည်ဟု
ဲ ည်။၉၃ 93 ယင်းသုံးဦးအနက် နှစ်ဦးမှာ ဆန္ဒပြပွဲကို ဦးဆောင်စီစဉ်သူများ ဖြစ်ပြီး တစ်ဦးမှာ မြန်မာယန်စီကုမ္ပဏီ၏
စွပ်စွဲခ့သ
ဒေသခံဝန်ထမ်းဖြစ်သည်။ ၎င်းတို့က ဂိတ်ဝကိုပိတ်ဆို့ခြင်း၊ ကုမ္ပဏီပိုင်မြေပေါ် ကျူးကျော်ဝင်ရောက်ခြင်းမပြုခဲ့ဟု
ငြင်းဆိုထားပါသည်။

၎င်းတို့က သူတို့သည် သတ္တုတွင်းဧရိယာအတွင်းသို့ ဝင်ရောက်ခြင်းမရှိပဲ ရွာသားများ ဝင်ရောက်သွားလာခွင့်


ရနေကျဖြစ်သည့် ခြံစည်းရိုးကာထားသည့်နေရာ အပြင်ဖက်တွင်သာနေခဲ့ကြောင်း အပြည်ပြည်ဆိုင်ရာ
လွတ်ငြိမ်းချမ်းသာခွင့်အဖွ့က
ဲို ပြောပြကြသည်။ ယင်းနေရာတွင် ကားရပ်နားကွင်းရှိပြီး ရွာသားများ ရေခပ်သည့်
ရေပိုက်ရှိသည့် နေရာလည်း ဖြစ်သည်ဟု ဆိုသည်။ သုံးဦးစလုံးက ယင်းနေရာကို ဝင်ရောက်ခွင့်တားမြစ်ထားသည်
ဆိုခြင်းကို မသိရှိကြောင်း၊ သတိပေး ဆိုင်းဘုတ်လည်း လုံးဝမရှိကြောင်း ပြောကြသည်။ ကံကုန်းရွာမှ မိုးခိုင်ဦးက

“တရားရုံးရောက်မှ အဲဒီနေရာကို ပုဒ်မ ၁၄၄ ထုတ်ထားတာ သိရတယ်။ ရဲကော တခြားဘယ်သူကမှ


၉၄ 94
ကျွန်မတို့ကို သတိမပေးခဲ့ဘူး” ဟု ဆိုပါသည်။

ပုဒ်မ၁၄၄ နှင့်ပတ်သက်ပြီး အသိပေးထားခြင်းမရှိကြောင်းကို ရွာသားများအား တရားစွဲဆိုသော အချိန်တွင်


ဆွေပန်းခိုင်ရွာအုပ်ချုပ်ရေးမှူး ဦးဇော်ဋ္ဌေးက အတည်ပြုပြောကြားခဲ့သည်။ ရွာသားများဆန္ဒပြခဲ့သော နေရာကို
ကန့်သတ်ထားကြောင်း အသိပေးစာကို မရရှိခ့ဟ
ဲု သူက တရားရုံးတွင် အစစ်ခံခ့သ
ဲ ည်။ “ကျွန်တော်ကျေးရွာ
အုပ်ချုပ်ရေးမှူးအဖြစ် သုံးနှစ်လုပ်ကိုင်ခဲ့သည့်အချိန်အတွင်း ယင်းနေရာကို ပုဒ်မ ၁၄၄ ထုတ်ပြန်ထားကြောင်း
အသိပေးသောစာ ယနေ့အထိ မရရှိခ့ဘ
ဲူးပါ။ ယခုတရားရုံးကို ရောက်မှ ယင်းသို့ထုတ်ထားကြောင်းသိရပါသည်” ဟု
ဦးဇော်ဋ္ဌေးက ရုံးတော်ကို ပြောကြားခဲ့သည်။၉၅ 95

၂၀၁၆ ခုနှစ် ဇွန်လတွင် ရွာသားသုံးဦးကို ရာဇသတ်ကြီး ဥပဒေ ပုဒ်မ ၄၄၇ (ကျော်နင်းခြင်း)၊ ၁၄၃
(တရားမဝင်အစုအဝေးတွင် ပါဝင်ခြင်း)၊ နှင့် ၃၄၁ (မတရားချုပ်နှောင်ခြင်း)တို့ဖြင့် အပြစ်ရှိကြောင်း
ဆားလင်းကြီးမြို့နယ်တရားရုံးက အမိန့်ချခဲ့သည်။၉၆ 96
တရားရုံးက ၎င်းတို့အား ဒဏ်ငွေ ကျပ်တစ်သောင်းခွဲ
ပေးဆောင်ရန် သို့မဟုတ်ပါက ထောင်ဒဏ် ၅၂ ရက်ကျခံရန် ပြစ်ဒဏ်ချမှတ်ခ့သ
ဲ ည်။ ရွာသားများက ပြစ်ဒဏ်ကို
ဲ ည်။၉၇
အယူခံဝင်ခ့သ 97
သတ္တုတွင်း အလုပ်သမား သော်တာအောင်ကိုလည်း မြန်မာယန်စီက ၂၀၁၆ ခုနှစ် ဇွန်လမှစ၍
လစာမပေးပဲ အလုပ်မှ ရပ်နားလိုက်သည်ဟု ၎င်းက အပြည်ပြည်ဆိုင်ရာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ကို
ပြောပြပါသည်။၉၈98

90 ၉၀
ဆားလင်းကြီးမြို့နယ်တရားရုံးမှ စာ၊ ၆ ဇွန် ၂၀၁၆၊ အပြည်ပြည်ဆိုင်ရာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ မှတ်တမ်းတင်ထား
91 ၉၁
နောက်ခံသမိုင်း အတွက်၊ ရှုရန်- စီးပွားရေး တံခါးဖွင့်ခြင်းလား၊ စာ-၁၅
92 ၉၂
အပြည်ပြည်ဆိုင်ရာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့မှ လူသုံးယောက်စလုံးအား အင်တာဗျူးခဲ့ပါသည်၊ မြန်မာ၊ ၁၀ ဇွန် ၂၀၁၆
93 ၉၃
ဆားလင်းကြီးမြို့နယ်တရားရုံှးက ၂၀၁၆ ခုနှစ် ဇွန်လ ၁ရက်နေ့တွင် အမှုအမှတ် ၄၂၂/၂၀၁၅ အပေါ်ချမှတ်ခ့ေ
ဲ သာ အမိန့်၊ အပြည်ပြည်ဆိုင်ရာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့တွင်
အလွတ်ဘာသာပြန်ဆိုထားချက် မှတ်တမ်းအဖြစ်ရှိ
94 ၉၄
အပြည်ပြည်ဆိုင်ရာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ အင်တာဗျူးများ၊ မြန်မာ၊ ၁၀ ဇွန် ၂၀၁၆
95 ၉၅
ဆားလင်းကြီး မြို့နယ်တရားရုံးတွင် ၂၀၁၆ ခုနှစ် မတ်လ ၂၅ ရက်နေ့က ဦးဇော်ဋ္ဌေး၏ သက်သေထွက်ဆိုချက်
96 ၉၆
ဆားလင်းကြီးမြို့နယ်တရားရုံှးက ၂၀၁၆ ခုနှစ် ဇွန်လ ၁ရက်နေ့တွင် အမှုအမှတ် ၄၂၂/၂၀၁၅ အပေါ်ချမှတ်ခ့ေ
ဲ သာ အမိန့်၊ အပြည်ပြည်ဆိုင်ရာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့တွင်
အလွတ်ဘာသာပြန်ဆိုထားချက် မှတ်တမ်းအဖြစ်ရှိ
97 ၉၇
ရွာသားများက ဒဏ်ငွေဆောင်ခြဲ့ ပီး အယူခံဆက်ဝင်ခ့သ
ဲ ည်။ အယူခံကို ခရိုင်တရားရုံးက ၂၀၁၆ ခုနှစ် ဇူလိုင်လတွင် ပယ်ချခဲ့သည်။ ၂၀၁၆ ခုနှစ် ဒီဇင်ဘာလတွင်
စစ်ကိုင်းတိုင်းတရားရုံးက ဒဏ်ငွေပမာဏကို လျော့ပေါ့ပေးခဲ့သော်လည်း ရွာသားများ၏ အယူခံကို ပယ်ချခဲ့သည်။
98 ၉၈
အပြည်ပြည်ဆိုင်ရာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ အင်တာဗျူး၊ မြန်မာ၊ ၁၀ ဇွန် ၂၀၁၆

ဒုက္ခတောင်တန်း
မြန်မာနိုင်ငံမှ လက်ပံတောင်း သတ္တုတွင်းတွင် လူ့အခွင့်အရေးချိုးဖောက်မှုများ ဆက်လက်ရှိနေခြင်း
အပြည်ပြည်ဆိုင်ရာလွတ်ငြိမ်းချမ်းသာခွင့် အဖွဲ့ 36
ယခုဖော်ပြခဲ့သော အမှုနှစ်မှုအပြင် အရေအတွက်မသိရသော လူအများအပြားလည်း ယခင်က ဆန္ဒပြမှုများတွင်
ပါဝင်ခ့သ
ဲ ဖြင့် ရာဇဝတ်မှုဖြင့် တရားစွဲဆိုခံနေရသည်။ စုစုပေါင်းအရေအတွက်ကို မသိနိုင်ပါ။ ၂၀၁၆ ခုနှစ် ဇွန်လအတွင်း
အပြည်ပြည်ဆိုင်ရာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့က စကားပြောဆိုခဲ့ရသော ရွာအသီးသီးမှ လူပုဂ္ဂို လ်အများအပြားက
၎င်းတို့ ယခင်က ဆန္ဒပြမှုများတွင် ပါဝင်ခ့သ
ဲ ဖြင့် ၎င်းတို့အား တရားစွဲဆိုထားခြင်း ရှိမရှိ ကိုလည်းကောင်း၊ စွဲဆိုထားသော
အမှုများ ရုပ်သိမ်းပေးလိုက်ပြီလား ဆိုခြင်းကိုလည်းကောင်း အတိအကျ မသိရဟုပြောပြကြသည်။

ဥပမာ ဆည်တည်းရွာသူတစ်ဦးက ပြောသည်မှာ

“ကျွန်မတို့အားလုံးကို တရားစွဲဆိုခံထားရတယ်၊ ဒါပေမယ့် ဆင့်ခေါ်စာတော့ တစ်ခါမှ မလာသေးဘူး။ ကျွန်မရော


ကျွန်မယောက်ျားပါဆို စွဲချက်က ၂၀ ကျော်တယ်၊ ဒါပေမယ့် တစ်ခါမှ တရားရုံး မရောက်ရသေးဘူး။ သူတို့က
နာမည်သိနေတဲ့ လူတိုင်းကို တရားစွဲတော့တာပဲ”၉၉99

လူတစ်ဦးတစ်ယောက်ကို တရားစွဲဆိုထားခြင်းရှိမရှိ အသေအချာမသိရခြင်းကို နိုင်ငံရေးရည်ရွယ်ချက်ဖြင့် စွဲဆိုသော


အမှုမျိုးတွင် အများဆုံးဖြစ်လေ့ရှိကြောင်း လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့က တွေ့ရှိခဲ့ရသည်။၁၀၀ 100
နိုင်ငံတကာ
လူ့အခွင့်အရေးဥပဒေအရ ရာဇဝတ်မှုနှင့် တရားစွဲဆိုခံရသူတိုင်းသည် ၎င်းတို့အပေါ်စွဲချက်အမျိုးအစားနှင့်
မည်သည့်အတွက်ကြောင့်စွဲဆိုရသည်ဆိုသော အချက်တို့ကို စောလျင်စွာ အသေးစိတ် သိရှိခွင့်ရှိသည်ဟု
ပြဌာန်းထားသည်။၁၀၁ 101
စွဲချက်များကို စာဖြင့်ရေးသား ပြောပြရမည်ဖြစ်ပြီး နှုတ်ဖြင့်ပြောဆိုခ့လ
ျှဲင်လည်း
စာဖြင့်အတည်ပြုပေးရမည်။၁၀၂ 102

တစ်ချိန်တည်းမှာပင် သတ္တုတွင်းများကို ဆန့်ကျင်ရာတွင် ဦးဆောင်နေသူများဟု အသိများသူများသည် စောင့်ကြည့်မှုကို


ဆက်လက်ခံနေရသည်။ ဥပမာ လက်ပံတောင်းမိုင်းနှင့် အနီးရှိရွာမှ တက်ကြွလှုပ်ရှားသူ
ခေါင်းဆောင်အမျိုးသမီးတစ်ဦးက ၂၀၁၆ ခုနှစ်မေလက ၎င်းထံသို့ အစိုးရမဟုတ်သည့် နိုင်ငံတကာအဖွ့အ
ဲ စည်းမှ လူများ
လာရောက် တွေ့ဆုံသွားအပြီးတွင် ရဲသတင်းတပ်ဖွဲ့မှ သူ့ထံ တစ်ပတ်ကြာနေ့စဉ်လာရောက်ပြီး အဲန်ဂျီအိုမှ
လာသွားသူများ မည်သူဖြစ်သည်ကို မေးမြန်းခဲ့သည်ဟု ဆိုပါသည်။၁၀၃ 103
လက်ပံတောင်းကို လာရောက်သူတိုင်းကို
မှတ်တမ်းတင်ပြီး ပြန်သတင်းပို့ရသည်ဟု ရဲအရာရှိများက သူ့ကို ပြောပြခဲ့ကြသည်။ ၂၀၁၆ ခုနှစ် ဇွန်လက
အပြည်ပြည်ဆိုင်ရာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့မှ လေ့လာသူများ ရွာတစ်ရွာကို သွားရောက်ခ့အ
ဲ ပြီးတွင်လည်း
ရဲအထူးသတင်းတပ်ဖွ့မ
ှဲ အရာရှိများ ယင်းရွာသို့ သွားရောက်ပြီး ရောက်လာသော နိုင်ငံခြားသားများမှာ
မည်သူမည်ဝါဖြစ်သည်၊ မည်သည့်အတွက်ကြောင့်လာကြသည်ဆိုသည်ကို မေးမြန်းခဲ့ပါသည်။

၅.၂။ နိုင်ငံတော်လုံခြုံရေးတပ်ဖွ့မ
ျဲား၏ အကြမ်းဖက်မှုအပေါ်တာဝန်ခံမှု

မရှိခြင်း
အပြည်ပြည်ဆိုင်ရာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့၏ ၂၀၁၅ ခုနှစ်အစီရင်ခံစာတွင် သတ္တုတွင်းကို
ဆန့်ကျင်ကန့်ကွက်နေသော အများအားဖြင့် ငြိမ်းချမ်းစွာ ဆန္ဒပြသူများကိုရဲများက အင်အားအလွန်အကျွံသုံး၍
နှိပ်ကွပ်သည့်အကြောင်း ဖော်ပြခဲ့သည်။ သတ္တုတွင်းနှင့်အနီးတဝိုက်ရှိ မြေယာများပေါ်မှ ရွာသားများကို
အတင်းအဓမ္မဖယ်ရှားနေမှုကို ကန့်ကွက်ဆန္ဒပြပွဲတွင် ပါဝင်ခ့သ
ဲ ည့် ရွာသူမကြီး ဒေါ်ခင်ဝင်းမှာ ရဲများက ပစ်ခတ်မှုကြောင့်
၂၀၁၄ ဒီဇင်ဘာလ ၂၂ ရက်နေ့က သေဆုံးခဲ့သည်။၂၀၁၂ ခုနှစ် နိုဝင်ဘာလကလည်း
သံဃာတော်အများအပြားပါဝင်သည့် ဆန္ဒပြနေသူများကို ရဲက မီးစုန်းအဖြူဓာတ်ပါဝင်သည့် လက်ပစ်ဗုံးများဖြင့်
ပစ်ခတ်တိုက်ခိုက်ခ့သ
ဲ ည်။ လူပေါင်း ၁၀၀ကျော်ဒဏ်ရာရခဲ့ပြီး အချို့မှာ မီးလောင်ဒဏ်ရာဆိုးဆိုးဝါးဝါးရခဲ့ပြီး အချို့မှာ

99 ၉၉
အပြည်ပြည်ဆိုင်ရာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ အင်တာဗျူး၊ မြန်မာ၊ ၁၂ ဇွန် ၂၀၁၆
100 ၁၀၀
အပြည်ပြည်ဆိုင်ရာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ “ထုတ်ဖော်မှုအသစ်များနှင့် ဖိနှိပ်မှုအဟောင်းများ ”မြန်မာနိုင်ငံတွင် နိုင်ငံရေးအရ ဖမ်းဆီး
ထောင်ချနေမှု သံသရာအဆုံးသတ်ရေး (အညွှန်း- ASA 16/3430/2016) ၂၄ မတ် ၂၀၁၆၊ စာ ၂၈
101 ၁၀၁
လူမှုရေးနှင့် နိုင်ငံရေး အခွင့်အရေးများဆိုင်ရာ အပြည်ပြည်ဆိုင်ရာသဘောတူညီချက် (ICPR) ပုဒ်မ ၁၄(၃)(က)
102 ၁၀၂
ကုလသမဂ္ဂ လူ့အခွင့်အရေးကော်မီတီ၊ အထွေထွေမှတ်ချက် အမှတ် ၃၂၊ ပုဒ်မ ၁၄၊ တရားရုံးများ ခုံရုံးများရှေ့မှောက်တွင် တန်းတူညီမျှရှိရေးနှင့် မျှတသော တရားစီရင်မှု
ရပိုင်ခွင့်၊ UN Doc. CCPR/C/GC/32 (2007
103 ၁၀၃
အပြည်ပြည်ဆိုင်ရာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ အင်တာဗျူး၊ မြန်မာ၊ ဇွန် ၂၀၁၆

ဒုက္ခတောင်တန်း
မြန်မာနိုင်ငံမှ လက်ပံတောင်း သတ္တုတွင်းတွင် လူ့အခွင့်အရေးချိုးဖောက်မှုများ ဆက်လက်ရှိနေခြင်း
အပြည်ပြည်ဆိုင်ရာလွတ်ငြိမ်းချမ်းသာခွင့် အဖွဲ့ 37
တစ်သက်လုံး မသန်မစွမ်းဖြစ်သွားခဲ့ရသည်။ လုံခြုံရေးတပ်ဖ့က
ွဲ ဆန္ဒပြသူများကို ဤကဲ့သို့ မီးစုံးအဖြူဓာတ်နှင့်
တိုက်ခိုက်ခြင်းမှာ နိုင်ငံတကာဥပဒေအရ တားမြစ်ထားသော နှိပ်စက်ညှင်းပမ်းမှု မြောက်ပါသည်။၁၀၄104

ယခုအချိန်အထိ လယ်သူမကြီး ဒေါ်ခင်ဝင်းသေဆုံးမှုနှင့် မီးစုန်းအဖြူနှင့်တိုက်ခိုက်မှုများတွင် ပါဝင်ပတ်သက်ခ့သ


ဲူ မည်သူ
တစ်ဦးတစ်ယောက်မျှ အရေးယူခြင်းမခံရသေးပါ။၁၀၅ 105
နှိပ်စက်ညှင်းပမ်းမှုမှာ နိုင်ငံတကာဥပဒေအရ
ရာဇဝတ်မှုမြောက်ပြီး မြန်မာအာဏာပိုင်များအနေနှင့် ယင်းသို့ နှိပ်စက်ညှင်းပမ်းမှု စွပ်စွဲချက်များရှိလာပါက
စုံစမ်းစစ်ဆေးပြီး ကျူးလွန်သည်ဟု ယူဆနိုင်သူများကို အရေးယူရန် တာဝန်ရှိ ပါသည်။ တိုက်ခိုက်ခံရသူများသည်လည်း
လျော်ကြေးနှင့် အခြားကုစားပေးမှုများ လုံးဝ မရရှိခ့ပ
ဲါ။ မိမိတို့၏ အခွင့်အရေးများနှင့် လွတ်လပ်မှုတို့ ချိုးဖောက်ခံရသော
မည်သူမဆို ထိရောက်သော လျော်ကြေးနှင့် ပြန်လည်ကုစားခွင့်တို့ရရှိရန် နိုင်ငံတော်အနေနှင့် ဆောင်ရွက်ပေးရမည်ဟု
နိုင်ငံတကာလူ့အခွင့်အရေး ဥပဒေက ဆိုထားပါသည်။

ဒေါ်ခင်ဝင်းသေဆုံးမှုနှင့် ပတ်သက်၍ မြန်မာနိုင်ငံအမျိုးသား လူ့အခွင့်အရေးကော်မရှင်က စုံစမ်းစစ်ဆေးမှု တစ်ခု


ဲ ည်။၁၀၆ 106 ရဲများက လူကို
ပြုလုပ်ပြီး တွေ့ရှိချက်များကို ၂၀၁၅ ဇန်နဝါရီလ ၁၅ ရက်နေ့တွင် ထုတ်ပြန်ခ့သ
သေစေနိုင်လောက်သောလက်နက်များ မသုံးပဲ လူစုခွဲနိုင်ရန် မလုပ်ခြဲ့ ခင်းက ဒဏ်ရာများ ရရှိစေခဲ့သည်ဟု ကော်မရှင်က
ကောက်ချက်ချခဲ့သည်။ ပစ်ခတ်မှုကြောင့် ဒေါ်ခင်ဝင်းသေဆုံး ရခြင်းဖြစ်ပြီး ယင်းပစ်ခတ်မှုကို ရဲတပ်ဖွ့မ
ှဲ
စုံစမ်းစစ်ဆေးသင့်သည်ဟုလည်း ကော်မရှင်က ဖော်ပြခဲ့သည်။နောက်ဆုံးတွင် ကော်မရှင်က
“လက်ပံတောင်းတောင်ကြေးနီစီမံကိန်းနှင့် စပ်လျဉ်းသော လုပ်ငန်းများကို ဆောင်ရွက်ရာတွင် လုံခြုံရေး
ဆိုင်ရာကိစ္စရပ်များအား အဘက်ဘက်မှ အပြန်အလှန် သုံးသပ်၍ ထိခိုက်နစ်နာဆုံးရှုံးမှုများ ထပ်မံမဖြစ်ပေါ်အောင်
အကောင်အထည်ဖော်ဆောင်ရွက်သင့်ကြောင်း” အကြံပြုခဲ့သည်။ မြန်မာနိုင်ငံအမျိုးသား လူ့အခွင့်အရေး ကော်မရှင်၏
၁၀၇ 107
အဆိုအရ ဤအကြံပြုချက်များနှင့်ပတ်သက်၍ အဓိပ္ပယ်ပြည့်ဝသော တိုးတက်မှုမရှိသေးပေ။

ဤဖြစ်ရပ်နှစ်ခုက မြန်မာလုံခြုံရေးတပ်ဖွ့မ
ျဲားက ကျူးလွန်သော လူ့အခွင့်အရေးချိုးဖောက်မှုများကို
အရေးယူအပြစ်ပေးခံရခြင်းမှ ကင်းလွတ်နေသော ဓလေ့တစ်ခုစွဲမြဲစွာရှိနေခြင်းကို ပြသနေပါသည်။
နိုင်ငံတကာဥပဒေအရ ရာဇဝတ်မှုမြောက်သော ပြစ်မှုများအပါအဝင် ယခင်နှင့် ယခု လူ့အခွင့်အရေး ချိုးဖောက်မှုများကို
ကျူးလွန်ခဲ့သူ အများစုမှာ ဥပဒေကြောင်းအရ အရေးယူခံရခြင်းမရှိကြပါ။ လူ့အခွင့်အရေးချိုးဖောက်မှုများကို
စုံစမ်းစစ်ဆေး၍ ကျူးလွန်သူများကို တာဝန်ခံစေရန် ပျက်ကွက်ခြင်းသည် ယင်းကဲ့သို့ ကျူးလွန်မှုများကို
ပြစ်ဒဏ်ပေးခြင်းမှ ဆက်လက်ကင်းလွတ်နေမယ်ဆိုသော စိတ်ပူစရာ သတင်းစကား ပါးလိုက်သကဲ့သို့ ဖြစ်စေပါသည်။
ထို့အပြင် ခံရသူများနှင့် ၎င်းတို့၏ မိသားစုများကိုလည်း အမှန်တရား၊ တရားမျှတမှုနှင့် ပြန်လည်ကုစားမှုရပိုင်ခွင့်
အခွင့်အရေးများကို ငြင်းပယ်ရာရောက်ပြီး ၎င်းတို့၏ အခွင့်အရေးများကို ဒုတိယအကြိမ် လုယူခံရသလို ဖြစ်စေပါသည်။

ငြိမ်းချမ်းစွာဆန္ဒပြမှုများမှာ လက်ပံတောင်းသတ္တုတွင်း၏ သဘာဝပတ်ဝန်းကျင်အပေါ်ထိခိုက်မှုများနှင့်


မြေယာသိမ်းဆည်းခံရမှုများအပေါ် ရွာသားများ၏ သဘာဝကျသော စိုးရိမ်ပူပန်မှုများမှ ဖြစ်ပေါ်လာခြင်း ဖြစ်သည်။
သို့ရာတွင် နိုင်ငံတကာစံချိန်စံညွှန်းများနှင့်အညီ ယင်းစိုးရိမ်မှုများကို စစ်မှန်သော ဆွေးနွေးညှိနှိုင်းမှုများ ဖြင့်ဖြေရှင်းခြင်း၊
လူအများ၏ အဓမ္မနှင်ထုတ်ခံရခြင်းမှ ကင်းလွတ်ပိုင်ခွင့်များကို အာမခံခြင်းပြုလုပ်ရမည့်အစား အာဏာပိုင်များနှင့်
ကုမဏ
္ပီများသည် ဆွေးနွေးညှိနှိုင်းခြင်းနည်းလမ်းကို မသုံးပဲ ရဲတပ်ဖွဲ့ကို အသုံးပြု၍ တားဆီးဟန့်တားခြင်းများ
ဆက်လက်ပြုလုပ်နေဟန် ရှိပါသည်။

104 ၁၀၄
စီးပွားရေး တံခါးဖွင့်ခြင်းလား၊ စာ- ၄၁
105 ၁၀၅
ဒေါ်ခင်ဝင်းဆွေမျိုးများ၏ ရှေ့နေနှင့် အင်တာဗျူး၊ ၂၂ ဒီဇင်ဘာ ၂၀၁၆
106 ၁၀၆
၂၀၁၄ ဒီဇင်ဘာလ ၂၂ ရက်နေ့က ဆားလင်းကြီးမြို့နယ်ရှိ လက်ပံတောင်းကြေးနီစီမံကိန်းတွင် ဖြစ်ပွားခဲ့သော ရုန်းရင်းဆန်ခတ်ဖြစ်မှုများနှင့်ပတ်သက်ပြီး
မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်၏ စုံစမ်းစစ်ဆေးချက်အပေါ် သတင်းထုတ်ပြန်ချက် အမှတ် ၁/၂၀၁၅။ ဤနေရာတွင် ဖတ်ရှုနိုင်သည်
http://www.mnhrc.org.mm/en/2015/01/myanmar-national-human-rights-commission-press-statement-on-the-inquiry-of-riots-of-22nd-december-2014-at-
latpadaungtaung-copper-mine-project-in-salingyi-township/
107 ၁၀၇
မြန်မာအမျိုးသားလူ့အခွင့်အရေးကော်မရှင်က ဒေါ်ခင်ဝင်း အမှုနှင့်ပတ်သက်ပြီး နောက်ဆုံးအခြေအနေကို ဝက်ဆိုက်ပေါ်တင်ခ့သ
ဲ ည်
http://www.mnhrc.org.mm/en/activity-no-3-2016-protection-daw-khin-win/ ။ ၂၀၁၇ ခုနှစ်ဖေဖေါ်ဝါရီလ ၁ ရက်နေ့က အပြည်ပြည်ဆိုင်ရာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ထံ
မြန်မာလူ့အခွင့်အရေးကော်မရှင်က ပေးပို့လာသော အီးမေးလ်တွင် ပြည်ထဲရေးဝန်ကြီးဌာနက ပစ်ခတ်မှုတွင် ပါဝင်ပတ်သက်ခ့ေ
ဲ သာ ရဲတပ်ဖွ့ဝ
ဲ င်များကို အရေးယူထားကြောင်း
ကော်မရှင်ထံအကြောင်းကြားခဲ့သည်ဟု ဖော်ပြထားသော်လည်း နောက်ထပ်အချက်အလက်များ မဖော်ပြခဲ့ပါ။

ဒုက္ခတောင်တန်း
မြန်မာနိုင်ငံမှ လက်ပံတောင်း သတ္တုတွင်းတွင် လူ့အခွင့်အရေးချိုးဖောက်မှုများ ဆက်လက်ရှိနေခြင်း
အပြည်ပြည်ဆိုင်ရာလွတ်ငြိမ်းချမ်းသာခွင့် အဖွဲ့ 38
၆။ နိဂုံးနှင့် အကြံပြုချက်များ

အပြည်ပြည်ဆိုင်ရာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့၏ နောက်ဆုံးသုတေသနပြုချက်အရ လက်ပံတောင်းသတ္တုတွင်းနှင့်


အနီးတွင်နေထိုင်ကြသော ရာပေါင်းများစွာသော လူများသည် ၎င်းတို့၏ လယ်ယာမြေများပေါ်မှ ဖယ်ရှားခံရမည့်
အန္တရာယ်နှင့် ဆက်လက်ရင်ဆိုင်နေရပြီး ရွာလေးရွာမှ လူများမှာ နေအိမ်များမှပါ ဖယ်ရှားခံရမည့် အခြေအနေ
ရှိနေပါသည်။ ထို့အပြင် ယင်းဒေသ အတွင်းနေထိုင်သော လူထောင်ပေါင်းများစွာမှာလည်း ရေကြီးမှုနှင့်
ငလျင်ဒဏ်ခံရနိုင်သော ဧရိယာအတွင်း တည်ရှိနေသည့် လက်ပံတောင်းသတ္တုတွင်းကို မြန်မာဝမ်ပေါင်ကုမ္ပဏီ၏
ပြည့်စုံလုံလောက်သော စီမံခန့်ခွဲမှုမရှိသည့်အတွက် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ဘေးအန္တရာယ်ရှိနေပါသည်။
သတ္တုတွင်းအတွက် သဘာဝပတ်ဝန်းကျင်နှင့် လူမှုစီးပွားဆိုင်ရာ လေ့လာအကဲဖြတ်ချက် (ESIA) မှာလည်း
အခြေခံကျသော လစ်ဟာချက်များနှင့် အားနည်းချက်များ ပါဝင်နေပြီး မြန်မာဝမ်ပေါင်က ယင်းအချက်များကို ဖြေရှင်း
ကိုင်တွယ်ခြင်း မရှိသေးပါ။

လူ့အခွင့်အရေးနှင့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ စိုးရိမ်မှုများကို မဖြေရှင်းနိုင်မချင်း အစိုးရအနေနှင့်


လက်ပံတောင်းသတ္တုတွင်းကို ဆက်လက်မတူးဖော်ပဲ ရပ်နားထားသင့်သည်ဟု ၂၀၁၅ ခုနှစ်တွင် အပြည်ပြည်ဆိုင်ရာ
လွတ်ငြိမ်းချမ်းသာခွင့်အဖွ့က
ဲ ကောက်ချက်ချခဲ့သည်။ ယင်း လူ့အခွင့်အရေးနှင့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ
စိုးရိမ်ရချက်များကို ဖြေရှင်းခြင်းမရှိသေးသော်လည်း ၂၀၁၆ ခုနှစ်တွင် သတ္တုတွင်းမှ ကြေးနီများ စတင်တူးဖော်
နေပြီဖြစ်သည်။ ယင်းစိုးရိမ်ချက်များကို ကိုင်တွယ်ဖြေရှင်းနေချိန်အတွင်း သတ္တုတွင်းတူးဖော်ခြင်း လုပ်ငန်းများကို
ရပ်ဆိုင်းထားပါရန် အပြည်ပြည်ဆိုင်ရာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့က ထပ်မံတိုက်တွန်းပါသည်။

လက်ပံတောင်းနှင့် စပါယ်တောင်နှင့်ကြေးစင်တောင် သတ္တုတွင်းများတွင် လူ့အခွင့်အရေးချိုးဖောက်မှုများကို တားဆီးရန်


နှင့် လူ့အခွင့်အရေးချိုးဖောက်မှုများ ခံစားရပြီးသော လူများအတွက် ထိရောက်သော ကုစားချက်များ ပေးအပ်ခြင်းကို
ဆောလျင်စွာ ဆောင်ရွက်ပေးပါရန် မြန်မာအစိုးရအား အပြည်ပြည်ဆိုင်ရာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့က ထပ်မံ
တိုက်တွန်း ပါသည်။ သတ္တုတွင်းစီမံကိန်းကို ကန့်ကွက်ပြီး ငြိမ်းချမ်းစွာ ဆန္ဒပြပွဲများတွင် ပါဝင်သော ရွာသားများကို
ပြင်းထန်သော ဥပဒေများ အသုံးပြု၍ နှောက်ယှက်ခြင်း၊ တရားစွဲဆိုခြင်းများကို ရပ်တန့်ရန်

ပို၍ ကျယ်ပြန့်သော လုပ်ငန်းစဉ်အဖြစ် မြန်မာအစိုးရသည် သတ္တုတူးဖော်ခြင်းလုပ်ငန်းကဲ့သို့ ကြီးမားသော


စီမံကိန်းကြီးများကို ထိန်းသိမ်းကွပ်ကဲနိုင်ရေးအတွက် ဥပဒေရေးရာမူဘောင်များအား ကောင်းအောင် ဆောင်ရွက်ရန်
လိုအပ်ပါသည်။ ထို့အပြင် အဓမ္မဖယ်ရှားမှုများကို တားမြစ်ခြင်းနှင့် လုံလောက်သောနေထိုင်စရာ ရပိုင်ခွင့် ဆိုင်ရာ
နိုင်ငံတကာစံနှုန်းများကို အခြေခံ၍ လယ်ယာမြေသိမ်းဆည်းခြင်းနှင့် ပတ်သက်သော ပြည့်စုံလုံလောက်သည့်
မူဘောင်များ ထားရှိရန်၊ ဒေသခံပြည်သူများ ခံစားခဲ့ရပြီးသော လူ့အခွင့်အရေးချိုးဖောက်မှုများအတွက် ထိရောက်သည့်
ကုစားဖြေရှင်းချက်များ ပေးအပ်နိုင်ရေးကို အစိုးရကော ဝမ်ပေါင်ကုမ္ပဏီကပါ လုပ်ဆောင်ပေးရန်

မြန်မာနိုင်ငံတွင် စီးပွားရေးလုပ်ငန်းများ လုပ်ကိုင်နေသော၊ သို့မဟုတ် လုပ်ကိုင်ရန်စီစဉ်နေသော


နိုင်ငံခြားကုမ္ပဏီများအနေနှင့် မိမိတို့၏ ရင်းနှီးမြုပ်နှံမှုများက လူ့အခွင့်အရေးချိုးဖောက်မှုများ မဖြစ်ပေါ်စေရန်
တာဝန်ရှိပါသည်။ နိုင်ငံခြား စီးပွားရေးလုပ်ငန်းများ အားလုံးသည် မြန်မာနိုင်ငံတွင် လုပ်ဆောင်ရန် စီစဉ်လျက်ရှိသည့်
၎င်းတို၏ စီးပွားရေးလုပ်ငန်းများတွင် နိုင်ငံတကာ စံချိန်စံနှုန်းများနှင့်အညီ လူ့အခွင့်အရေးကို စောင့်ကြပ်ထိန်းသိမ်းမှု
ပါဝင်စေရန် လုပ်ဆောင်သင့်ပါသည်။ မြန်မာဝမ်ပေါင်၏ မိခင်နိုင်ငံဖြစ်သော တရုတ်အပါအဝင် မြန်မာနိုင်ငံတွင်

ဒုက္ခတောင်တန်း
မြန်မာနိုင်ငံမှ လက်ပံတောင်း သတ္တုတွင်းတွင် လူ့အခွင့်အရေးချိုးဖောက်မှုများ ဆက်လက်ရှိနေခြင်း
အပြည်ပြည်ဆိုင်ရာလွတ်ငြိမ်းချမ်းသာခွင့် အဖွဲ့ 39
ရင်းနှီးမြုပ်နှံကြသော ကုမ္ပဏီများ၏ မိခင်နိုင်ငံများမှ အစိုးရများက ၎င်းတို့နိုင်ငံများက ကုမ္ပဏီများအာလုံး လူ့အခွင့်အရေး
စောင့်ကြပ်ထိန်းသိမ်းရေး ချမှတ်လုပ်ဆောင်ကြရန် ကြပ်မတ်ကြရပါမည်။

မြန်မာအစိုးရသို့ အကြံပြုချက်
အောက်တွင်ဖော်ပြထားသော အကြံပြုချက်များကို အကောင်အထည်ဖော်ရန် ဝန်ကြီးဌာနအတော်များများနှင့်
ပါလီမန်တို့၏ ဝိုင်းဝန်းလုပ်ဆောင်ချက်များ လိုအပ်ပြီး အချို့ကိစ္စများတွင် ဝန်ကြီးဌာနများ၏ ပေါင်းစုလုပ်ဆောင်မှုများ
လိုအပ်ပါသည်။

 လက်ပံတောင်းသတ္တုတွင်း တည်ဆောက်မှုများကို နောက်ထပ်မပြုလုပ်တော့ပဲ ချက်ခြင်းရပ်တန့်၍


စီမံကိန်းကြောင့် ဖြစ်ပေါ်လာရသော လူ့အခွင့်အရေးနှင့် သဘာဝပတ်ဝန်းကျင် ထိခိုက်မှုများအပေါ်
စိုးရိမ်ရချက်များကို ထိခိုက်နစ်နာရသည့် ပြည်သူအားလုံးနှင့် စစ်မှန်သောဆွေးနွေးဖြေရှင်းမှုများ
ပြုလုပ်မပြီးမချင်း စီမံကိန်းကို ရပ်ထားရန်

 နိုင်ငံတကာ လူ့အခွင့်အရေးဥပဒေအရ လိုအပ်သော အကာအကွယ်ပေးသည့် လုပ်ငန်းစဉ်များ


မချမှတ်ရသေးခင် အဓမ္မဖယ်ရှားမှုများကို ရပ်ဆိုင်းပြီး နောက်ထပ်ဖယ်ရှားမှု များမပြုလုပ်ရန်

 သတ္တုတွင်းဧရိယာအတွင်း ထုတ်ပြန်ထားသော ပုဒ်မ ၁၄၄ ကိုရုပသ


ိမ်းရန်

 ဝမ်ပေါင်သတ္တုကုမ္ပဏီနှင့် ၎င်း၏ ဖက်စပ်ကုမ္ပဏီများကို လက်ပံတောင်းသတ္တုတွင်း၏ ESIA တွင်ရှိနေသော


အားနည်းချက်များကို ပြင်ဆင်၍ အဓိက အဆောက်အဦများ၏ နောက်ဆုံး ဒီဇိုင်းပုံစံများကို အများပြည်သူ
လေ့လာနိုင်ရန် ထုတ်ပြန်စေပြီး သဘာဝပတ်ဝန်းကျင်၊ လူမှုဘဝနှင့် လူ့အခွင့်အရေးဆိုင်ရာ သက်ရောက်
ထိခိုက်မှုများကို ဒေသခံများနှင့် တိုင်ပင်ဆွေးနွေးပြီး ပြည့်စုံစွာပြန်လည်သုံးသပ်စေရန်

 မြန်မာယန်စီကို စပါယ်တောင်နှင့်ကြေးစင်တောင် သတ္တုတွင်းတွင် လက်ရှိဖြစ်နေသော ပတ်ဝန်းကျင်


ညစ်ညမ်းမှုကို အပြည့်အဝလေ့လာဆန်းစစ်ပြီး သန့်စင်အောင်လုပ်စေရန်၊ ယင်းလုပ်ငန်းစဉ်များကို
ပွင့လ
် င်းမြင်သာစွာ လုပ်ကိုင်ပြီး လွတ်လပ်သော စောင့်ကြည့်မှုရှိစေရန်နှင့် နည်းပညာပိုင်းအရ ဖြစ်နိုင်သမျှ
မြန်မြန်ပြီးစီးစေရန်၊ လက်ပန်းတောင်းသတ္တုမိုင်းကို ဆက်လက်မလုပ်ကိုင်မီ စပါယ်တောင်နှင့်ကြေးစင်တောင်
စီမံကိန်းကြောင့် ဖြစ်ပေါ်ခဲ့သော ဆိုးကျိုးများကို အရင် ဖြေရှင်းပေးစေရန်

 ဦးပိုင်ကုမ္ပဏီလီမိတက်ကို ၎င်းတို့၏ မိုးကြိုးဆာလဖြူရစ်အက်ဆစ်စက်ရုံအား လူနေအိမ်ခြေများနှင့်


အနည်းဆုံးဝေးကွာရမည့် အန္တရာယ်ကင်းသည့်နေရာသို့ အရေးတကြီး ရွှေ့စေရန်၊ ယင်းသို့
ရွှေ့ပြောင်းမှုကိုလည်း မလုပ်ကိုင်မီ၊ လုပ်နေစဉ်နှင့် လုပ်ပြီးနောက် ထားရှိမည့် ဘေးအန္တရာယ်ကင်းရှင်းရေး
အစီအစဉ်များအားလုံးကို ထုတ်ပြန်ကြေညာစေရန်၊ လတ်တလောကာလအတွင်း
ကြိုတင်ကာကွယ်ထားသည့်အနေဖြင့် စက်ရုံလုပ်ငန်းများကို ရပ်တန့်ထားစေရန်

 ၂၀၁၂ခုနှစ် နိုဝင်ဘာလ ၂၉ ရက်နေ့က ငြိမ်းချမ်းစွာဆန္ဒပြနေသူများကို မီးလောင်စေသော


အဖြူရောင်မီးစုန်းလက်နက်များ အသုံးပြုပြီး တိုက်ခိုက်ခဲ့သူများနှင့် ဤတိုက်ခိုက်မှုတွင် ရဲတပ်ဖွ့ဝ
ဲ င်များကို
အကူအညီပေးခဲ့သူများကို စုံစမ်းဖော်ထုတ်၍ မျှတသောတရားစီရင်မှုဆိုင်ရာ နိုင်ငံတကာ စံနှုန်းများနှင့်အညီ
တရားစွဲဆိုအရေးယူရန်

 ငြိမ်းချမ်းစွာ ဆန္ဒပြနေသူများအပေါ် ရဲများက အင်အားအလွန်အကျွံသုံးခဲ့သည်ဆိုသော ဖြစ်ရပ်များကို


လွပ်လပ်၍ ဘက်မလိုက်သော ပြည့်စုံလုံလောက်သည့် စုံစမ်းစစ်ဆေးမှုများပြုလုပ်၍ တာဝန်ရှိသူများကို မျှ
တသော တရားစီရင်မှုဆိုင်ရာ နိုင်ငံတကာ စံနှုန်းများနှင့်အညီ အရေးယူရန်၊ ဖမ်းဆီးထိန်းသိမ်းမှုများ
ပြုလုပ်စဉ်နှင့် လူစုခွဲရသော လုပ်ငန်းစဉ်များအတွင်း အင်အားသုံးခြင်းနှင့် လက်နက်အသုံးပြုခြင်း စသော
ရဲများအသုံးပြုသော နည်းလမ်းများကို အသေးစိတ် ပြန်လည်သုံးသပ်၍ နိုင်ငံတကာစံနှုန်းများနှင့်
ညီညွတ်အောင်ပြုလုပ်ရန်၊ ပြည်သူ့ရဲတပ်ဖွဲ့ ရဲချုပ်ကို ညွှန်ကြားရန်

ဒုက္ခတောင်တန်း
မြန်မာနိုင်ငံမှ လက်ပံတောင်း သတ္တုတွင်းတွင် လူ့အခွင့်အရေးချိုးဖောက်မှုများ ဆက်လက်ရှိနေခြင်း
အပြည်ပြည်ဆိုင်ရာလွတ်ငြိမ်းချမ်းသာခွင့် အဖွဲ့ 40
 ငြိမ်းချမ်းစွာ ဆန္ဒပြခြင်း၊ စုဝေးခြင်းများတွင် ပါဝင်သော၊ စည်းရုံးလှုပ်ရှားသော သူများအပေါ် စွဲဆိုထားသော
စွဲချက်များကို ချက်ခြင်းရုပ်သိမ်းပြီး မိမိတို့၏လူ့အခွင့်အရေးကို ငြိမ်းချမ်းစွာ အသုံးပြုခဲ့ရုံဖြင့်
ဖမ်းဆီးထောင်ချခံနေရသူများ အားလုံးကို ပြန်လွှတ်ပေးရန်

 ထိခိုက်နစ်နာရသူများအားလုံး ထိရောက်သော ပြန်လည်ကုစားပေးမှုနှင့် နစ်နာကြေးများရရှိစေရန် အတွက်


ဆောင်ရွက်ပေးရန်၊ နစ်နာကြေးဆိုရာတွင် လယ်ယာများနှင့် နေအိမ်များပျက်စီးရသူများနှင့်
ရဲများလက်ချက်ကြောင့် ဒဏ်ရာရသူများအတွက် လျော်ကြေးငွေများ၊ ဆေးဝါးကုသမှု လိုအပ်သူများအတွက်
ဆေးဘက်ဆိုင်ရာ အကူအညီ၊ ပတ်ဝန်းကျင် ညစ်ညမ်းမှုအတွက် ပြန်လည်သန့်စင်ပေးခြင်းနှင့် လုံလောက်သော
ပြန်လည်နေရာချထားပေးခြင်းတို့ ပါဝင်သည်။

 အဓမ္မဖယ်ရှားခြင်းကိုတားမြစ်သော ဥပဒေပြဌာန်းချက်များကို ချမှတ်၍လိုက်နာကျင့်သုံးခြင်း၊ ကုလသမဂ္ဂ၏


ဖွံ့ဖြိုးမှုအခြေခံ၍ဖြစ်ပေါ်လာသော ဖယ်ရှားခြင်းများနှင့် နေရာပြောင်းရွှေ့ရခြင်းများအတွက်
အခြေခံစည်းမျဉ်းများနှင့် လမ်းညွှန်ချက်များ အပါအဝင် နိုင်ငံတကာ လူ့အခွင့်အရေး စံချိန်စံညွှန်းများနှင့်
ကိုက်ညီသော အကာအကွယ်များကိုချမှတ်၍ ဖယ်ရှားခြင်းများမပြုလုပ်မီ မဖြစ်မနေလုပ်ဆောင်စေရန်

 တွင်းထွက် တူးဖော်ထုတ်လုပ်သော စက်မှုလုပ်ငန်းများကြောင့် ရေထု၊ လေထုနှင့် မြေကြီး ညစ်ညမ်းမှုမှ


လူအများအား အကာအကွယ်ရရန် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ အကာအကွယမ
်ျားကို အရေးတကြီး တိုးမြှင့်
ချမှတ်ရန်၊ သဘာဝပတ်ဝန်းကျင်အပေါ်ထိခိုက်မှုများကို လွတ်လပ်စွာအကဲဖြတ်၍ စောင့်ကြည့်နိုင်ရေးအတွက်
လိုအပ်ပါက နိုင်ငံတကာ၏ ပူးပေါင်းဆောင်ရွက်မှုနှင့် အကူအညီများကိုရယူပြီး သဘာဝသယံဇာတနှင့်
ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာန၏ နည်းပညာစွမ်းရည်ကို မြှင့်တင်ရန်

 လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်၊ ငြိမ်းချမ်းစွာစုဝေးခွင့်နှင့်သင်းပင်းဖွဲ့စည်းခွင့်တို့ကို ချိုးဖောက်သော


ရာဇဝတ်ကျင့်ထုံးဥပဒေပါ ပြဌာန်းချက်များ၊ ငြိမ်းချမ်းစွာစုဝေးခွင့်နှင့် စီတန်းလှည့်လည်ခွင့်ဥပဒေတို့အပါအဝင်
ဥပဒေအားလုံးကို ရုပ်သိမ်းခြင်း သို့မဟုတ် ပြန်လည်သုံးသပ်ပြင်ဆင်ခြင်း၊ ယင်းဥပဒေများနှင့် အခြားသော
ဥပဒေများကို နိုင်ငံတကာ လူ့အခွင့်အရေး စံနှုန်းများနှင့် ညီညွတ်အောင်ပြုလုပ်ရန်၊ ယင်းဥပဒေများကို
နိုင်ငံတကာ စံနှုန်းများနှင့် ညီညွတ်အောင်ပြန်လည် ပြင်ဆင်နေဆဲကာလတွင် ယင်းဥပဒေပါပြဌာန်းချက်များဖြင့်
မည်သူ တစ်ဦးတစ်ယောက်ကိုမျှ ဖမ်းဆီးခြင်း ထိန်းသိမ်းခြင်းမပြုလုပ်ရန်

 လူ့အခွင့်အရေးကာကွယ်သူများနှင့် ငြိမ်းချမ်းစွာ လှုပ်ရှားကြသူများကို ဖိနှိပ်သော ဥပဒေများကို အသုံးပြု၍


ရာဇဝတ်မှုဖြင့်ခြိမ်းခြောက်ခြင်း၊ ခွဲခြားဆက်ဆံခြင်း၊ နှောက်ယှက်ခြင်း များမပြုလုပ်စေခြင်း၊ ၎င်းတို့၏ အရေးပါ၍
ဥပဒေနှင့်ညီညွတ်သော လုပ်ငန်းများကို အန္တရာယ်ကင်းရှင်းစွာ လုပ်ကိုင်နိုင်ခွင့်ရရှိစေရေး နှင့်

 စီပွားရေး၊ လူမှုရေးနှင့် ယဉ်ကျေးမှု အခွင့်အရေးများဆိုင်ရာ အပြည်ပြည်ဆိုင်ရာ သဘောတူစာချုပ်၊ လူမှုရေးနှင့်


နိုင်ငံရေး အခွင့်အရေးများဆိုင်ရာ အပြည်ပြည်ဆိုင်ရာ သဘောတူစာချုပ်၊ ညှင်းပမ်းနှိပ်စက်ခြင်းနှင့် အခြား
ရက်စက်သော၊ လူ့ဂုဏ်သိက္ခာညှိုးနွမ်းစေသော အပြစ်ပေးခြင်းများကို ဆန့်ကျင်သော သဘောတူစာချုပ်နှင့်
အခြားဆက်နွယ်နေသော စာချုပ်များတွင် ပါဝင်လက်မှတ်ရေးထိုးရန်

ကုမ္ပဏီများသို့ အကြံပြုချက်
 ထိခိုက်နစ်နာမှု ရှိနိုင်မည့် ပြည်သူများနှင့် စစ်မှန်သော ဆွေးနွေးမှုများပြုလုပ်၍ လူ့အခွင့်အရေးနှင့်
သဘာဝပတ်ဝန်းကျင်ဆိုင်ရာ စိုးရိမ်ချက်များကိုဖြေရှင်း၍ မပြီးမချင်း လက်ပံတောင်းသတ္တုတွင်း၏
စီမံကိန်းဧရိယာကို တိုးချဲ့ခြင်း၊ အဆောက်အဦများ ဆောက်လုပ်ခြင်းကို ရပ်ဆိုင်းမည်ဟု
ဝမ်ပေါင်သတ္တုကုမ္ပဏီနှင့် ၎င်း၏ ဖက်စပ် ဦးပိုင်ကုမ္ပဏီနှင့် အမှတ် (၁) မြန်မာ့သတ္တုတွင်းလုပ်ငန်း တို့က
လူသိရှင်ကြားကြေညာရန်

 ဝမ်ပေါင်သတ္တုကုမ္ပဏီသည် ၎င်းတို့၏ ESIA တွင်ရှိနေသော အားနည်းချက်များကို ပြင်ဆင်၍ အဓိက


အဆောက်အဦများ၏ နောက်ဆုံး ဒီဇိုင်းပုံစံများကို ထုတ်ပြန်ပြီး သဘာဝပတ်ဝန်းကျင်၊ လူမှုဘဝနှင့်

ဒုက္ခတောင်တန်း
မြန်မာနိုင်ငံမှ လက်ပံတောင်း သတ္တုတွင်းတွင် လူ့အခွင့်အရေးချိုးဖောက်မှုများ ဆက်လက်ရှိနေခြင်း
အပြည်ပြည်ဆိုင်ရာလွတ်ငြိမ်းချမ်းသာခွင့် အဖွဲ့ 41
လူ့အခွင့်အရေးဆိုင်ရာ သက်ရောက်ထိခိုက်မှုများကို ဒေသခံများနှင့် တိုင်ပင်ဆွေးနွေးပြီး ပြည့်စုံစွာပြန်လည်
သုံးသပ်ရန်။

 ဝမ်ပေါင်သတ္တုကုမ္ပဏီသည် ၂၀၁၅ ခုနှစ်က ဖြစ်ခ့ေ


ဲ သာ ရေကြီးမှုများနှင့် ဝက်မှေးရွာ တွင်ရေဆိုးများ
စိမ့်လျှံထွက်ခြဲ့ ခင်းတို့ ဖြစ်ရသော အကြောင်းအရင်းများနှင့် သက်ရောက်မှုများကို စုံစမ်းစစ်ဆေး၍
တွေ့ရှိချက်များကို ထုတ်ပြန်ရန်

 မြန်မာယန်စီသည် စပါယ်တောင်နှင့်ကြေးစင်တောင်သတ္တုတွင်းတွင် လက်ရှိ နှင့် ယခင်က


လုပ်ကိုင်ခဲ့မှုများကြောင့် ဖြစ်ပွားခဲ့သော ဆိုးကျိုးများကို ဒေသခံများနှင့် တိုင်ပင်ဆွေးနွေး၍ ပြုပြင်
ပြင်ဆင်ပေးသင့်သည်။

 ကုလသမဂ္ဂ၏ စီးပွားရေးနှင့် လူ့အခွင့်အရေးဆိုင်ရာ လမ်းညွှန်ချက်များနှင့်အညီ ကုမ္ပဏီတိုင်းသည်


လူ့အခွင့်အရေးနှင့် ပတ်သက်၍ အလေးထား စောင့်ကြည့်သည့် လုပ်ငန်းစဉ်များကို ချမှတ်ထားသင့်သည်။

တရုတ်အစိုးရသို့အကြံပြုချက်
 မုံရွာစီမံကိန်းနှင့် ပတ်သက်ပြီး လူ့အခွင့်အရေး ချိုးဖောက်မှုများကို ဝမ်ပေါင်သတ္တုကုမ္ပဏီ၏ ကုမ္ပဏီခွဲများက
ပါဝင်ပတ်သက်မှုများ အတွက် ပြန်လည်ကုစားပေးပြီး လျော်ကြေးများ ပေးစေရန် ဝမ်ပေါင်ကုမ္ပဏီနှင့် ချက်ခြင်း
ဆွေးနွေးရန် နှင့်

 တရုတ်နိုင်ငံမှ ကုမ္ပဏီများနှင့် တရုတ်တွင် ရုံးချုပ်အခြေစိုက်သော ကုမ္ပဏီများအား ၎င်းတို့၏ ကမ္ဘာတဝန်း


လုပ်ကိုင်လျှက်ရှိသော လုပ်ငန်းများတွင် လူ့အခွင့်အရေးကို ဂရုထားလိုက်နာစေရန်အတွက် ဥပဒေရေးရာနှင့်
မူဝါဒရေးရာ ပြုပြင်ပြောင်းလဲမှုများ ဖော်ဆောင်ရန်၊ မြန်မာနိုင်ငံတွင် သွားရောက်ရင်းနှီးမြုပ်နှံ
လုပ်ငန်းများလုပ်ကိုင်မည့် ကုမ္ပဏီတစ်ခုသည် မသွားရောက်မီ လူ့အခွင့်အရေးကို ပို၍ဂရုထားလိုက်နာပါမည်
ဆိုသော တာဝန်ခံမှုကို မလုပ်မနေရ လုပ်ဆောင်စေရန်

ဒုက္ခတောင်တန်း
မြန်မာနိုင်ငံမှ လက်ပံတောင်း သတ္တုတွင်းတွင် လူ့အခွင့်အရေးချိုးဖောက်မှုများ ဆက်လက်ရှိနေခြင်း
အပြည်ပြည်ဆိုင်ရာလွတ်ငြိမ်းချမ်းသာခွင့် အဖွဲ့ 42
အပြည်ပြည်ဆိုင်ရာ လွတ်ငြိမ်းချမ်းသာခွင့်အဖွ့သ
ဲ ည်
လူ့အခွင့်အရေးများအတွက် ကမ္ဘာတဝန်း
လှုပ်ရှားမှုကြီး တစ်ရပ်ဖြစ်သည်။
လူတစ်ဦး မတရားပြုကျင့်ခံရခြင်းသည်
လူတိုင်းကို ထိခိုက်စေခြင်း ဖြစ်သည်။

ဆက်သွယ်ရန် လက်တွဲပါဝင်ရန်

info@amnesty.org www.facebook.com/AmnestyGlobal

+44 (0)20 7413 5500 @AmnestyOnline


ဒုက္ခတောင်တန်း
မြန်မာနိုင်ငံမှ လက်ပံတောင်း သတ္တုတွင်းတွင်
လူ့အခွင့်အရေးချိုးဖောက်မှုများ ဆက်လက်ရှိနေခြင်း
၂၀၁၆ ခုနှစ်မေလတွင် မြန်မာနိုင်ငံ၏ အကြီးဆုံး ကြေးနီသတ္တုတွင်းမှ ထုတ်လုပ်မှုများ ပထမဆုံးအကြိမ် စတင်ခ့သ
ဲ ည်။
စတင်ထုတ်လုပ်ကြောင်းကြေညာလိုက်သည်နှင့် ဒေသခံများ၏ ကန့်ကွက်ဆန္ဒပြမှုများလည်း ဖြစ်ပေါ်ခဲ့သည်။

ယခုအစီရင်ခံစာတွင် လက်ပံတောင်းကြေးနီသတ္တုတွင်းတွင် လက်ရှိဖြစ်ပေါ်နေသော လူ့အခွင့်အရေးအခြေအနေများကို


လေ့လာတင်ပြထားပါသည်။ သတ္တုတွင်းကို တူးဖော်ထုတ်လုပ်နေသည့် ဝမ်ပေါင်သတ္တုကုမ္ဗဏီ၏ ကုမ္ဗဏီခွဲက
လက်ရှိသတ္တုတွင်း၏ ဧရိယာကို တိုးချဲ့ရန် ရည်ရွယ်ထားသဖြင့် လူရာပေါင်းများစွာ ၎င်းတို့၏နေအိမ်များနှင့် လယ်ယာမြေများ
ဆုံးရှုံးရမည့် အနေအထားရှိနေပါသည်။ ကုမ္ဗဏီသည် သတ္တုတွင်း၏ သဘာဝပတ်ဝန်းကျင်ကို ထိခိုက်နိုင်မှုများကို
ပြည့်စုံစွာလေ့လာဆန်းစစ်ထားခြင်းမရှိသည့်အတွက်လည်း အနီးပတ်ဝန်းကျင်တွင် နေထိုင်ကြသူများအတွက်
အန္တရာယ်ရှိနေပါသည်။ ဤသတ္တုတွင်းကြီးမှာ မြေငလျင်များနှင့် ရေကြီးမှုများ ဖြစ်နိုင်သော ဒေသတွင်တည်ရှိသည့်အတွက်
ယင်းအန္တရာယ်များမှာ လွန်စွာကြီးမားပါသည်။ ဤဘေးအန္တရာယ်တမျိုးမျိုးဖြစ်လာလျှင် သတ္တုတွင်းမှ
ဓာတ်ပစ္စည်းများပါဝင်နေသည့် စွန့်ပစ်ပစ္စည်းများ ပတ်ဝန်းကျင်သို့ ပြန့်နှံ့ရောက်ရှိသွားပြီး မမျှော်မှန်းနိုင်သော ဆိုးကျိုးများ
ဖြစ်စေနိုင်ပါသည်။

ထို့အပြင် မြန်မာအာဏာပိုင်များသည် လက်ပံတောင်းသတ္တုတွင်းနှင့် အနီးအနားမှ စပါယ်တောင်နှင့် ကြေးစင်တောင်


သတ္တုတွင်းများကို ကန့်ကွက်နေသည့်ရွာသားများကို ဖိနှိပ်သည့် ဥပဒေများ အသုံးပြု၍ ဆက်လက်နှောက်ယှက်နေဆဲဖြစ်သည်။

ယခုအစီရင်ခံစာမှာ အပြည်ပြည်ဆိုင်ရာလွန်ငြိမ်းချမ်းသာခွင့်အဖွ့၏
ဲ ၂၀၁၅ ခုနှစ်က ထုတ်ဝေခဲ့သော
“စီးပွားရေးတံခါးဖွင့်ထားသည် - ကြေးနီသတ္တုတွင်းမှ စီးပွားရေးလုပ်ငန်းများ၏ ရာဇဝတ်မှုများနှင့် ဖိနှိပ်မှုများ” အစီရင်ခံစာ၏
အဆက်ဖြစ်သည်။ လူ့အခွင့်အရေးဆိုင်ရာ စိုးရိမ်ရချက်များကို ဖြေရှင်း၍ မပြီးမီ သတ္တုတွင်းမှ လုပ်ငန်းများကို
ရပ်ဆိုင်းထားပါရန်လည်း ယခုအစီရင်ခံစာက မြန်မာအစိုးရကို တိုက်တွန်းထားပါသည်။

အညွှန်း - ASA ၁၆/ ၅၅၆၄ / ၂ဝ၁၇


ဖေဖေါ်ဝါရီလ ၂ဝ၁၇
မူရင်း-အင်္ဂလိပ်ဘာသာ

amnesty.org

You might also like