You are on page 1of 27

Power Electronics အကြောင်း

သိကောင်းစရာများ(အပိုင်း ၁ မှ ၉)

KNOWLEDGE IN POWER ENGINEERING


KPE Engineering Group
(www.facebook.com/powerengineeringkno-
wledge)

Page 1
Power Electronics အကြောင်း သိကောင်းစရာများ(အပိုင်း ၁ မှ ၉)

ကျေးဇူးတင်လွှာ

အားလုံးပဲ မင်္ဂလာပါ။ ကျွန်တော်တို့ Power Engineering Page ကို ၂၀၁၆ လောက်မှ စပြီး ရေးသားခဲ့တာ
အခုဆိုရင် ၃ နှစ်ကျော်လောက် ရှိလာခဲ့ပါပြီ။ Page စတင်တည်ထောင်ချိန်မှစပြီး အခုဆိုရင်
စာဖတ်ပရိသတ်၇၀၀၀နီးပါး ရှိလာခဲ့ပါပြီ။ သင်ဆရာ မြင်ဆရာ ကြားဆရာများ၊ အစဉ်အဆက် အားပေးသော
နည်းပညာမြတ်နိုးသူ ကျောင်းသား၊ ကျောင်းသူများ ဆရာများနှင့်တကွ စာချစ်သူ ပရိသတ်တို့အား
အထူးကျေးဇူးတင်အပ်ပါတယ်။

ဒီ Page ရဲ့ အဓိက ရည်ရွယ်ချက်က Electrical/Electronics ကျောင်းသား၊ ကျောင်းသူများ


နည်းပညာလေ့လာလိုက်စားသူများအတွက် ပေါင်းကူးလေး ပြုလုပ်ပေးချင်တာ ဖြစ်ပါတယ်။ ကျောင်းသား၊
ကျောင်းသူများအနေနဲ့ ကျောင်းမှာ သင်ခဲ့တဲ့ Theory ကို လက်တွေ့ နဲ့ ဆက်စပ်တတ်ပြီး စံနစ်တကျ
လေ့လာတတ်စေဖို့ ရည်ရွယ်ပါတယ်။ ဒါမှမဟုတ် နိုင်ငံခြားမှာ ပညာသင်သွားရောက်မည့်
ကျောင်းသား၊ကျောင်းသူများအနေနှင့်လည်း Power Engineering / Electrical Engineering
ဘာသာရပ်တွေမှာ သူများကျောင်းသား၊ကျောင်းသူများနှင့် ရင်ပေါင်တန်းနိုင်အောင်၊ ကိုယ့်ဘာသာ
လေ့လာနိုင်အောင် လမ်းညွှန်ပေးချင်တဲ့ စေတနာလဲ ပါပါတယ်။

Power Engineering ပညာရပ်ဟာ အလွန်ကျယ်ပြန့် ပြီး နယ်ပယ် ကျယ်ဝန်းပါတယ်။ အခုခေတ်မှာ Power


Engineering ဘာသာရပ်ဟာ Electrical Power (EP) တစ်ခုတည်းမဟုတ်တော့ပဲ Electronics၊ Renewable
System Engineering, IT, Mechatronics နည်းပညာရပ်များနှင့် ပေါင်းစပ်လာကြပါတယ်။ Automation,
Power System Design, Internet of Things (Iot) အစရှိတဲ့ နည်းပညာတွေကို လေ့လာကြည့်ရင်
သိနိုငပ
်ါတယ်။ ဘယ်လောက်ပဲ နည်းပညာတွေကျယ်ပြန့်သည်ဖြစ်စေ၊ အခြေခံနည်းပညာရပ်များကို
စံနစ်တကျလေ့လာခြင်းဖြင့် မည်သည့်ပညာရပ်မျိုးမဆို Self-study လုပ်ပြီး Critical Thinking
(ကြောင်းကျိုးဆက်စပ်စဉ်းစားခြင်း) နဲ့ ကိုယ့်ဘာသာဆက်လက်လေ့လာနိုင်ဖို့ အရေးကြီးပါတယ်။
ကျွန်တော်တို့ Pageရဲ့  ရည်ရွယ်ချက်က စာဖတ်သူ ပရိသတ်များကို Power Engineering ပညာ၇ပ်ကို
စံနစ်တကျ လေ့လာစေလိုခြင်းဖြစ်ပါတယ်။

ဒီစာအုပ်မှာတော့ Power Electronics နည်းပညာနဲ့ ပတ်သက်ပြီး Page မှာ ရေးသားခဲ့တဲ့ အပိုင်း ၁ မှ ၉ အထိ
Power Electronic Device အကြောင်း တွေကို စာချစ်သူများ၏ တောင်းဆိုချက်အရ
စာတွေ့ လက်တွေ့ စုစည်း ရေးသားသွားမှာဖြစ်ပါတယ်။ ဒီစာအုပပ
်ါ အကြောင်းအရာများဟာ Master of
Professional Engineering (University of Sydney-Power) မှာ Reference လုပ်ရတဲ့ Ned Mohan ရဲ့
Power Electronic Converters & Applications ဆိုတဲ့ စာအုပ်ပါ သဘောတရားကို
အခြေခံထားတာဖြစ်ပါတယ်။ ရေးထားတာ အလွန် စံနစ်ကျတဲ့ စာအုပ်ဖြစ်ပါတယ်။ Power Electronics
နည်းပညာဟာ အခုခေတ်မှာ Power Engineering ဘာသာရပ်မှာ မသိမဖြစ်ပညာရပ်ဖြစ်ပါတယ်။ Renewable
Energy Systems (Solar, Wind) တွေ၊ Automation & Control System Engineering၊ Power System

Page 2
Power Electronics အကြောင်း သိကောင်းစရာများ(အပိုင်း ၁ မှ ၉)

Analysis and Design အစရှိတဲ့ ဘာသာရပ်တွေကို လေ့လာနေသူတွေ အတွက်လဲ အလွန်အသုံးဝင်တဲ့


ဘာသာရပ်ဖြစ်ပါတယ်။ လက်တွေ့ မှာလဲ Power Electronics နည်းပညာကို ခေတ်ပေါ် Smart Phones တွေ၊
Auto Pilot Systems၊ Robotics & Artificial Intelligence (AI) တွေမှာ တွေ့ ၇ှိနိုင်ပါတယ်။ ဒီစာအုပ်ဟာ
မြန်မာပြည်မှ ကျောင်းသူ ကျောင်းသားများ၊ နည်းပညာလေ့လာနေသူများအတွက် အကျိုးပြုသော
ပေါင်းကူးတံတားလေးတစ်စင်းဖြစ်မယ်ဆိုရင်ဖြင့် ရေးသားရကျိုးနပ်ပါကြောင်း လေးစားစွာဖြင့်
တင်ပြအပ်ပါတယ်။

မှတ်ချက်။ ။ ဒီစာအုပ်ပါ အကြောင်းအရာများဟာ စာရေးသူ ကိုယ်တိုင် ဖတ်မှတ် လေ့လာအချိန်ယူပြီး


စာတွေ့ လက်တွေ့  အလုပ်ခင
ွ်နဲ့ ဆက်စပ်ပြီး ရေးသားထားခြင်းဖြစ်သည့်အတွက် မိမ
ိ ၏
ိ အမည်ခံပြီး
ကူးယူရေးသားခြင်းတို့ မပြုလုပ်ကြပါရန် လေးစားစွာဖြင့် ပန်ကြားအပ်ပါသည်။ လွတ်လပ်စွာ တဆင့်ပြန်လည်
မျှဝေနိုင်ပါတယ်။

Power Engineering နည်းပညာရှင်များစွာ ပေါ်ထွက်လာနိုင်ကြပါစေ။

ကျေးဇူးတင်လျက်

ကျော်ဇေယျာ(Knowledge in Power Engineering)

BE(Marine Electrical and Electronics Systems, MMU)

MPE(Power Engineering, USYD)

Senior Electrical ASP Level 3 Design Engineer (North Sydney, Australia)

Page 3
Power Electronics အကြောင်း သိကောင်းစရာများ(အပိုင်း ၁ မှ ၉)

Power Electronics အကြောင်း သိကောင်းစရာများ အပိုင်း ၁

Power Engineering ဘာသာရပ်နဲ့ ပတ်သက်ပြီး သိရမဲ့ ဘာသာရပ်တစ်ခုကတော့ Power Electronics


ဘာသာရပ်ပဲဖြစ်ပါတယ်။ Power Electronics နည်းပညာဟာ တကယ်တော့ ယနေ့ခေတ်
တိုးတက်လာတဲ့ နည်းပညာဆိုင်ရာ ပစ္စည်းတွေ အများစုနဲ့ မကင်းနိုင်ပါဘူး။ Robotics ၊ Renewable Energy
Systems, Smart Grid, Automation, HVDC Transmission, Control Systems တွေ အားလုံးဟာ Power
Electronics နည်းပညာနဲ့ ဆက်စပ်နေတာပါ။

Electrical/Electronicsကျောင်းသားတွေ၊နည်းပညာလေ့လာနေသူတွေအတွက်လဲမရှိမဖြစ်သိသင့်တဲ့
ဘာသာရပ်ဖြစ်ပါတယ် ။

ဒါကြောင့် Power Electronics ဘာသာရပ်ကို စာတွေ့ လက်တွေ့ ဆက်စပ်ပြီး ကျွန်တော် လေ့လာခဲ့သမျှ


နားလည်သလောက်အပိုင်းလိုက် ပြန်လည်ရေးသားသွားမှာ ဖြစ်ပါတယ်။

Power Electronics System

Power Electronics နည်းပညာဆိုတာ လိုအပ်တဲ့ desired output တစ်ခုကို ရရှဖ


ို့ အတွက် inputs (Voltage,
Current, frequency) တွေကို switching နည်းပညာ သုံးပြီး စွမ်းအင်ကို ထိရောက်စွာ
ထိန်းချုပ်ပေးတဲ့ နည်းပညာလို့ အလွယ်တကူမှတ်သားနိုင်ပါတယ်။ Closed loop Control System
တစ်ခုလို့ လဲ ဆိုနိုင်ပါတယ်။ ပုံ ၁.၁ မှာ ကြည့်ပါ။

ပုံ ၁.၁ Closed Loop Control System with feedback

Page 4
Power Electronics အကြောင်း သိကောင်းစရာများ(အပိုင်း ၁ မှ ၉)

Power Electronics Vs Linear Electronics System

Linear Electronics System

ကျွန်တော်တို့ ကျောင်းသားဘ၀က Linear Electronics ကို လေ့လာခဲ့ကြပါတယ်။ Linear Components


ပစ္စည်းတွေ အားလုံးဟာ အပူကို ထိန်းချုပ်နိုင်စမ
ွ်းမရှိကြပါဘူး။ ဥပမာ၊ ၊ Linear IC ကို ပဲကြည့်ပါ။ Linear IC
တွေကို ကျွန်တော်တို့ Power Supply တွေ အများစုမှာ သုံးကြ Dပါတယ်။ 7805 IC ဆိုရင် ကျွန်တော်တို့  5V
Power Supply တွေ အများစုမှာ သုံးကြပါတယ်။ 7812 ဆို 12V Supply တွေပေါ့၊ သူတို့ ဟာ
တည်ဆောက်ရလွယ်ကူပြီး ဈေးသက်သာပါတယ်။ သူတို့ ရဲ့ အားနည်းချက်က Electrical Isolation (safety)
အတွက် Line Transformer (50/60Hz frequency) တွေ သုံးရတာမျိုး၊ ပြီးတော့ သူတို့ ဟာ Switching
Device မှာ Power Dissipation လို့ ခေါ်တဲ့ Energy လေ လွင့်မှု များတာ ဖြစ်ပါတယ်။ ပုံ ၁.၂မှာ Linear IC
တစ်လုံးရဲ့ အခြေခံ တည်ဆောက်ပုံကို လေ့ လာနိုင်ပါတယ်။

ပုံ ၁.၂ Linear IC တစ်လုံး၏ အခြေခံတည်ဆောက်ပုံ

ပုံ ၂ ကိုကြည့်ရင် စစချင်း line voltage (230V/50Hz AC) ကို Rectifier လို့ ခေါ်တဲ့ AC to DC converter က
DC အဖြစ်ပြောင်းလဲ ပေးပါတယ်။ ပြီးတော့ သူ့ နောက်က Capacitor နဲ့ line မှာ ပါလာတဲ့ Ripple voltage
တွေကို Filter လုပ်ယူပါတယ်။ ပြီးတော့မှ လိုချင်တဲ့ Voltage တန်ဖိုးရအောင် Transistor နဲ့ On/off
လုပ်ယူပါတယ်။ ဒါကြောင့် သူ့ ရဲ့ output waveform ကို ကြည့်ရင် output voltage ရဖို့ အတွက် input
voltage ကို လျော့ချရပါတယ်။ ဒါကြောင့် Input > Output ဖြစ်ပါတယ်။ ဒါဟာ စွမ်းအင်
ဖြုန်းတီးတာပဲဖြစ်ပါတယ်။ linear IC တွေဟာ current 1A အောက် circuit

Page 5
Power Electronics အကြောင်း သိကောင်းစရာများ(အပိုင်း ၁ မှ ၉)

တွေမှာပဲအသုံးပြုဖို့ သင့်တော်ပါတယ်။ ဒီလို ပြဿနာ တွေကို Power Electronics နည်းပညာနဲ့


ဖြေရှင်းနိုင်ပါတယ်။

Power Electronics System

Power Electronics System (ပုံ ၁.၃) ကိုကြည့်ရင် သူ့ ရဲ့ input voltage (များသောအားဖြင့် DC input
ဖြစ်လေ့ရ)ှိ မှာ Electrical Isoation for Safety အတွက် Line Frequency Transformer (50/60Hz) အစား
High Frequency (normally from 10kHz onwards) transformer သုံးထားပါတယ်။ ဒါကြောင့် Size ရော
Weight ရော သေးငယ်သွားပါတယ်။ ဒုတိယအချက်က On/off Switch အစား High Frequency Switch ကို
သုံးထားတဲ့အတွက် Energy ကို ချွေတာရာရောက်ပါတယ်။ ဥပမာ ၊ ၊ တစ်ချိန်လုံး ဖွင့်ထားတဲ့ မီးလုံးနဲ့ မသုံးရင်
ပိတ်ထား ၊လိုရင် သုံး (ဖွင့်လိုက်ပိတ်လိုက်လုပ်တဲ့ မီးလုံး ၂ လုံးမှာ ဒုတိယမီးလုံးက မီတာခ
သက်သာတယ်ပေါ့ဗျာ။ ပြီးတော့ တတိယအချက်က လိုအပ်တဲ့ အချိန်မှာ waveform shaping
လုပ်နိုင်ပါတယ်။ ဒါကြောင့် DC-AC inverter တွေ ဆိုလာအင်ဗာတာတွေမှာ Power Electronics
နည်းပညာကို အသုံးပြုရပါတယ်။ ဘယ်လို လုပ်သလဲဆိုတာ နောက်အပိုင်းတွေ မှာ
ဆက်လက်တင်ပြသွားပါ့မယ်။ စောစောက Linear IC တွေ နဲ့ ယှဉ်လိုက်ရင် Switching IC တွေဟာ
နောက်ပိုင်း အသုံးများလာကြပါတယ်။ SMPS (Switching Mode Power Supply) လို့ လဲ ခေါ်ကြပါတယ်။

ပုံ ၁.၃ Switching Mode Power Electronic System

Page 6
Power Electronics အကြောင်း သိကောင်းစရာများ(အပိုင်း ၁ မှ ၉)

Power Processor and Power Converter

Power Electronics က ဘာတွေလုပ်ပေးမှာလဲ လေ့လာကြည့်ကြရအောင်။ Power Electronics ပစ္စည်းတွေရဲ့


processed output တွေဟာ အုပ်စုအားဖြင့်

၁။ DC (Constant magnitude )

၂။ DC (Adjustable magnitude)

၃။ AC (Constant Frequency+Adjustable magnitude)

၎။ AC (Adjustable Frequency+Adjustable magnitude) ဆိုပြီး ၄ မျိုးပဲရှိပါတယ်။

Converter တွေကိုတော့ Frequency ပေါ်မူတည်ပြီး

၁။ AC to DC

၂။ DC to AC

၃။ DC to DC

၎။ AC to AC ဆိုပြီး ၄ မျိုး ခွဲခြားနိုင်ပါတယ်။

Converter တွေကို

၁။ Line frequency (naturally Commutated) Converters (50/60Hz switching)

၂။ Switching (Forced Commutated) Converters (High Frequency Switching)

၃။ Resonant and Quasi Resonant Converters- switching at zero voltage /zero current) ဆိုပြီး
လုပ်ဆောင်ပုံပေါ်မူတည်ပြီး ခွဲခြားထားနိုင်ပါတယ်။

အခုဆိုရင် Power Electronics နဲ့ ပတ်သက်တဲ့ အကျိုးကျေးဇူးတွေနဲ့  သဘောတရားတွေကို အကြမ်းဖျင်း


သဘောပေါက်ကြမယ်လို့ ယူဆပါတယ်။

Power Electronics အကြောင်း သိကောင်းစရာ အပိုင်း ၂

ပြီးခဲ့တဲ့ အပိုင်း ၁ မှာ Power Electronics System နဲ့  Linear Electronics System တို့ ရဲ့ ကွာခြား ပုံ ကို
ရေးသားခဲ့ပါတယ်။ အခု ဒီအပိုင်းမှာတော့ Power Electronics မှာ ပါဝင်တဲ့ Devices ပစ္စည်းတွေ အကြောင်းကို

Page 7
Power Electronics အကြောင်း သိကောင်းစရာများ(အပိုင်း ၁ မှ ၉)

ရေးသားသွားပါ့မယ်။ Power Electronics Devices တွေ ရဲ့ အလုပ်လုပ်ပုံ ကို သေချာ သိမှသာ Circuit Design
ကို စနစ်တကျ နားလည်မှာ ဖြစ်ပါတယ်။ ကိုယ်တိုင် ဒီဇိုင်းလုပ်နိုင်မှာဖြစ်ပါတယ်။

Semiconductor Switches
-------------------------------------------
တကယ်တော့ Power Electronics Devices တွေဟာ Semiconductor On/OFF Switches ဖွင့်ပိတ်ခလုတ်
တွေ ပါပဲ။ မီးခလုတ်တွေ လိုပဲ ပေါ့ ။ ဒါပေမဲ့ သူတို့ အလုပ်လုပ်ဖို့ အတွက် သက်ဆိုင်ရာ Frequency Voltage
တွေ နဲ့ လိုအပ်တဲ့ Desired Output ရအောင် Control ထိန်းချုပ်ပေးရပါတယ်။

Power Semiconductor Switches တွေကို Control လုပ်နိုင်မှု ပေါ်မူတည်ပြီး အဓိကအားဖြင့်

၁။Diodes
၂။Thyristors
၃။ Controllable Switches ဆိုပြီး ၃ မျိုး ခွဲခြားနိုင်ပါတယ်။

၁။Diodes -အဖွင့်အပိတ်ကို Power Circuit နဲ့ ထိန်းချုပ်တယ်။


၂။Thyristors- Switch On ဖို့ Control Circuit က ထိန်းချုပ်ပြီး Switch Off ဖို့ Power Circuit နဲ့
လုပ်ဆောင်ရပါတယ်။
၃။ Controllable Switch တွေကိုတော့ Control Circuit နဲ့ ON/OFF လုပ်နိုင်ပါတယ်။

Power Circuit နဲ့ Control Circuit


-----------------------------------------------------
Power Circuit ဆိုတာ Circuit ကို ပေးထားတဲ့ Power Supply ဥပမာ။ ။ 5V/12V/ 240V AC/DC lines တွေ
ဖြစ်ပြီး Control Circuit ကတော့ magnitude အနည်းငယ်ပဲ၇ှိတဲ့ (3.3V/ 5V များသောအားဖြင့်
DC )နဲ့ ထိန်းချုပ်တဲ့ Circuit တွေ ပါပဲ ။

Power Semiconductor Switches တွေထဲမှာ Controllable Switches တွေကို Bipolar Junction


Transistors (BJTs), Metal Oxide Field Effect Transistors (MOSFETs), Gate Turn-Off Thyristors
(GTOs), Insulated Gate Bipolar Transistors (IGBTs) , MOS-Controlled Thyristor (MCTs) ဆိုပြီး
ထပ်မံ ခွဲခြားထားပါတယ်။ အဓိကအားဖြင့် သူတို့ တွေ အားလုံးဟာ အသုံးပြုနိုင် တဲ့ Frequency နဲ့ Voltage
Capability ပေါ်မူတည်ပြီး ခွဲခြားနိုင်ပါတယ်။ ပုံ ၂.၁ မှာ ကြည့်ပါ။

Page 8
Power Electronics အကြောင်း သိကောင်းစရာများ(အပိုင်း ၁ မှ ၉)

ပုံ ၂.၁ Controllable Switches and their Capabilities

ဒါဆို အခု Diodes တွေ အလုပ်လုပ်ပုံကို စလေ့လာကြည့်ရအောင်။

Semiconductor Diodes တွေဟာ Circuit တွေမှာ မရှမ


ိ ဖြစ် အရေး ပါတဲ့ ပစ္စည်း တစ်ခုပါပဲ။ ပုံ ၂.၂ ကို
ကြည့်ရင် သူတို့ ရဲ့ Characteristic Curve နဲ့ Symbol ကို တွေ့ နိုင်ပါတယ်။

သူတို့ မှာ Anode(A)နဲ့ Cathode (K) ဆိုပြီး အစနှစ်ဖက်ရှိပါတယ်။ Anode ကို Positive Power Supply
ပေးပြီး Cathode ကို zero Voltage ပေးရင် Forward Bias လို့ ခေါ်ပါတယ်။ ပြောင်းပြန်ပေးရင်တော့
Negative Bias ပေါ့ဗျာ။ ပုံ ၂.၂ Curve မှာ ကြည့်ရင် ပထမဆုံး Anode ကို positive volt ပေးလိုက်တာနဲ့ Id
(Diode Current ) ဟာ အချိန် အနည်းငယ် (microseconds ) အတွင်းမှာပဲ Diode ကို ဖြတ်ပြီး
စီးဆင်းသွားပါတယ်။ ပံရ
ဲု့ ညာဘက် Curve မှာကြည့်နိုင်ပါတယ်။ Ideal Diode (တကယ်မှာတော့ မရှ-ိ Design
လွယ်ကူစေရန်) တွေမှာတော့ ချက်ချင်း ဆိုသလိုပဲ +0.000001(almost a bit positive bias) Volt
လောက်မှာတင် Id ကို ချက်ချင်း စီးဆင်းခွင့်ပေးလိုက်ပါတယ်။ ဒါကို Ton Time (ခလုပ်ဖင
ွ့် ချိန်)
လို့ သတ်မှတ်နိုင်ပါတယ်။

ကဲအခု ပြောင်းပြန် ပေးကြည့်ပါတယ်။ Anode ကို Negative Bias ပေးတဲ့အခါ Diode ဟာ သူ့ ရဲ့
သတ်မှတ်တဲ့ Voltage မရောက်ခင်အထိ တောင့်ခံထားနိုင်ပါတယ်။ သဘောက ပုံ၂.၂ရဲ့ ဗယ်ဘက် Curve ကို
ကြည့်ရင် Negative Bias (Negative Voltage ) ပေးတဲ့အခါ Negative Id ဟာ ချက်ချင်း မစီးနိုင်ပါဘူး။

Page 9
Power Electronics အကြောင်း သိကောင်းစရာများ(အပိုင်း ၁ မှ ၉)

ဒီလိုဖြစ်အောင် တမင်လုပ်ထားပါတယ်။ Semiconductor အကြောင်း အသေးစိတ်တော့ မရှင်းပြတော့ပါဘူး။


သိချင်ရင် အခြေခံ Diode Electrons အလုပ်လုပ်ပုံကို လေ့လာကြည့်ကြပါ။

ပုံ ၂.၂ (a) Diode Symbol


(b) Diode Characteristic Curve
(c) Ideal Curve (တကယ့်လက်တွေ့ မှာ မဖြစ်နိုင်)

အဲဒီတောင့်ခံနိုင်တဲ့ Volt ကို Reverse Breakdown Voltage လို့ခေါ်ပါတယ်။ အဲဒီထက် ကျော်ပြီး Negative
Bias ပေးမိရင်တော့ Diode ဟာ Id အများကြီးစီးသွားပြီး ကြွသွားပါလိမ့်မယ်။ ဒါဟာ သူ့ ကို Negative Bias မှာ
မလုပ်နိုင်အောင် တားဆီးထားတာပဲဖြစ်ပါတယ်။

ခုဆက်ပြီး စောစောက Positive Bias ပေးရာကနေ ရုတ်တရက် Negative Bias ပေးကြည့်ရအောင်။


ဒီလိုအချိန်မှာ Id ဟာ Curve မှာပြသလို ချက်ချင်း zero မဖြစ်သွားပါဘူး။ တကယ်တမ်းမှာ zero
ရောက်ဖို့ အတွက် reverse recovery time (trr) ကြာပါတယ်။ ပုံ ၂.၃ ကို ကြည့်ပါ။ အကြမ်းဖျင်းပြောရင် ဒီtrr
အနည်းအများပေါ်မူတည်ပြီးCircuitအလုပ်လုပ်ပုံမြန်တာနှေးတာကွာပါတယ်။
ပြီးတော့ ဒီtrr ရြှိ ခင်းအားဖြင့် Diode ရဲ့ reverse အခြေအနေမှာ reverse current စီးစေလို့ reverse voltage
ကို တောင့်ခံပေးထားနိုင်တာပဲဖြစ်ပါတယ်။ magnetic circuit တွေမှာတော့ ဒီ trr Reverse Current ကြောင့်
OverVoltage ဖြစ်စေပါတယ်။

ပုံ ၂.၃ Reverse Recovery Time (trr)

Page 10
Power Electronics အကြောင်း သိကောင်းစရာများ(အပိုင်း ၁ မှ ၉)

Diodeတွေကိုလဲအသုံးပြုပုံအရ...
၁။ Schottky Diode - Forward Voltage Drop (Bias) 0.3V လောက်နဲ့အလုပ်လုပ်တဲ့ Low Voltage circuit
တွေမှာ သုံးပါတယ်။ Blocking Voltage 50-100V ထိ သုံးနိုင်ပါတယ်။
၂။ Fast Recovery Diode- High Frequency circuit တွေမှာ အသုံးပြုတယ်။ trr reverse recovery time
နည်းတဲ့အတွက် အရမ်းမြန်ပြီး Voltage၊ Current ရာကျော် အထိရှိတဲ့ Power Circuit တွေမှာ သုံးနိုင်ပါတယ်။
၃။ Line Frequency Diode- Forward Voltage (0.6V) လောက်မှာ အလုပ်လုပ်ပြီး trr များပါတယ်။
ဒီအမျိုးအစားတွေကိုတော့ Kilo Volt/ KAmps တွေ ထိရှိတဲ့ Power Circuit တွေမှာ သုံးပါတယ်။

Power Electronics အကြောင်း သိကောင်းစရာ အပိုင်း ၃

ပြီးခဲ့တဲ့ အပိုင်း ၂ မှာ Power Electronics နဲ့ ပတ်သက်တဲ့ Semiconductor Diode တွေ အကြောင်းကို
ရေးသားခဲ့ပါတယ်။ အခု နောက်ထပ် Diode နဲ့အလုပ်လုပ်ပုံ ဆင်တူတဲ့ Thyristor အကြောင်းကို
လေ့ လာကြည့်ကြရအောင်။

Thyristor အလုပ်လုပ်ပုံ

Thyristor ရဲ့ သင်္ကေတ ပုံ ၃.၁ ကို ကြည့်ရင် Diode လိုမျိုး Anode (A) နဲ့  Cathode (K) ဆိုတာ ပါတဲ့ အပြင်
သူ့ မှာ Gate (G) ဆိုတဲ့ Pin ပါဝင်လာပါတယ်။ Thyristor ဟာ Diode နဲ့ မတူတာက Switching နဲ့ Control
လုပ်နိုင်တဲ့ ပစ္စည်းတစ်ခုဖြစ်ပါတယ်။

ပုံ ၃. ၁ Thyristor Circuit

Thyristor ကို Diodeလိုမျိုး Anode Cathode ကို Forward Bias ပေးထားရုံနဲ့ အလုပ်မလုပ်နိုင်ပါဘူး။ Current
ဖြတ်မစီးသွားပါဘူး။ Thyristor ရဲ့ Gate pin က နေ logic pulse signal တစ်ခု ( 0->1) ပေးလိုက်တဲ့အခါမှ
သူ့ ရဲ့ Forward Breakdown Voltage ပေးထားမယ်ဆိုရင် Conduction ဖြစ်ပြီး Current (IA)
ဖြတ်စီးသွားနိုင်ပါတယ်။ ပုံ ၃.၂ ကို ကြည့်ပါ။ ဒါဟာ Thyristor Gate Pin ရဲ့ Current Control လုပ်နိုင်စွမ်းပဲ
ဖြစ်ပါတယ်။

Page 11
Power Electronics အကြောင်း သိကောင်းစရာများ(အပိုင်း ၁ မှ ၉)

မှတ်ချက်၊ ၊ 0->1 / 1->0 တစ်စုံ ပေးတာကို Pulse လို့ ခေါ်ပြီး Pulse တွေကို ဆက်တိုက် ပေးတာမျိုးကို Pulse
Train လို့ ခေါ်ပါတယ်။

အခုဆိုရင် Gate pulse ပေးပြီး Thyristor ON လိုက်ပါပြီ၊ အခုအချိန်မှာ Gate Signal ကို
ဖြုတ်လိုက်ပေမဲ့ Thyristor ဟာ ဆက်ပြီး ON state မှာပဲ ရှေ
ိ နမှာပါ။ သူ့ ကို OFF ဖြစ်စေချင်တယ်ဆိုရင် Vak
(Anode to Cathode Voltage)ကို Threshold Level ထက်နည်းအောင် ပေးရပါတယ်။ Reverse Voltage
ပေးလိုက်တယ်ဆိုရင် Diode လိုမျိုး OFF state ဖြစ်သွားပါတယ်။ သတ်မှတ်ထားတဲ့ Reverse Voltage
ထက်ကျော်သွားရင်တော့ Diode လိုမျိုး Thyristor Breakdown ဖြစ်သွားပါလိမ့်မယ်။ ပုံ ၃.၂ရဲ့ Negative Bias
ကို ကြည့်ပါ။

ပုံ ၃.၂ Thyristor Characteristic Curve

ပုံ ၃.၃ မှာတော့ Thyristor အလုပ်လုပ်တဲ့  Waveform ကို ပြထားပါတယ်။ Thyristor ကို AC Voltage
ပေးထားတဲ့အခါ Positive Cycle မှာ စစချင်း Iak=0 ပါ ၊ Vak (Threshold Forward Voltage ) ကျော်မှ Gate
pulse ပေးလိုက်မယ်ဆိုရင် စပြီး IA(Anode to Cathode Current) စီးသွားပါတယ်။ Negative Cycle
ရောက်တဲ့ အခါ Ideal Characteristics အရ IA က ချက်ချင်း Zero ပြန်ဖြစ်သွားမှာပါ။ ပုံ ၃.၃မှာ ကြည့်ပါ။

Page 12
Power Electronics အကြောင်း သိကောင်းစရာများ(အပိုင်း ၁ မှ ၉)

ပုံ ၃.၃ Thyristor Waveform when triggered

ဒါပေမဲ့ တကယ့် Thyristor တွေဟာ Diode လိုမျိုးပဲ Negative Bias ပေးလိုက်တဲ့အခါ ချက်ချင်း Zero
Current ဖြစ်မသွားပါဘူး။ သူ့ မှာ Negative Current တစ်ခု စီးသွားပြီးမှ Zero ကို ရောက်သွားပါတယ်။
ကြာချိန်ကို Trr (Reverse Recovery Time) လို့ ခေါ်ပါတယ်။ ပုံ ၃.၄ ကို ကြည့်ပါ။ Diode လိုပါပဲ။ ဒါပေမဲ့
Diode နဲ့ မတူတာက Thyristor တွေဟာ Negative Bias ပေးတဲ့အခါမှာ Trr ကြာချိန်အပြင် Tq (Turn-off
time Interval) ဆိုတာ ပါလာပါတယ်။ သဘောက Negative Bias ပေးတဲ့အခါ Reverse Current ကြာတဲ့
အချိန်အပြင် Thyristor Voltage zero ကို ပြန်ရောက်ရှိမဲ့ အချိန်ကိုပါ ထည့်ပေးထားပါတယ်။ ဒါဟာ Safety
Reason ကြောင့်ပါ။ တကယ်လို့ Thyristor က လုံလောက်စွာ Off မဖြစ်သေးပဲ Vak ( Forward Bias) ကို
Threshold level ရောက်အောင် ပေးလိုက်တဲ့အခါ Thyristor ဟာ အမြဲတမ်း ON အခြေအနေမှာပဲ
ရောက်ရှိသွားပြီး Thyristor ပျက်စီးသွားနိုင်ပါတယ်။ ဒါကြောင့် Circuit Design စဥ်းစားတဲ့အခါ Tq
ကြာပြီးတဲ့အချိန်ကျမှပဲ Vak ကို ပေးနိုင်ဖို့ လိုပါတယ်။

ပုံ ၃.၄ Reverse Recovery Time (Thyristor)

ဒါကြောင့် Thyristor Circuit တစ်ခုကို Design လုပ်တဲ့အခါ Forward Voltage Drop, Trr, Tq, rate of
change of current (Turn ON), rate of change of voltage( Turn-OFF) စတဲ့ Parameters တွေကိုပါ
ထည့်စဉ်းစားရပါတယ်။

Page 13
Power Electronics အကြောင်း သိကောင်းစရာများ(အပိုင်း ၁ မှ ၉)

Thyristor တွေကိုလဲ အသုံးပြုပုံပေါ်မူတည်ပြီး အဓိက အမျိုးအစား ၃ မျိုး ထပ်ခွဲနိုင်ပါတယ်။

၁။ Phase Controlled Thyristor


Converter Thyristor လို့ လဲခေါ်ပါတယ်။ Line Frequency (50/60Hz) မှာ အလုပ်လုပ်ပါတယ်။ Wave
Shape လုပ်ဖို့ အတွက်ပါ။ AC/DC motor drive တွေနဲ့ HVDC Transmission lines တွေမှာ သုံးပါတယ်။
1000V- 7KV, 4000A လောက်ထိ Handle လုပ်နိုင်ပါတယ်။ 1000V တွေမှာ Vak=1.5V , 5-7kV ဆိုရင်
Vak=3V လောက်နဲ့ Turn On လုပ်နိုင်ပါတယ်။

၂။Inverter Grade Thyristor


ဒီ Thyristor တွေဟာ Tq Time ကို အနည်းဆုံးဖြစ်အောင် ပြုလုပ်ထားပါတယ်။
Turn off time ဟာ 100 microseconds လောက်ပဲ ရှိပါတယ်။2500V 1500A လောက်ထိ Handle
လုပ်နိုင်ပါတယ်။

၃။Light Activated Thyristor


ဒီ အမျိုးအစားတွေကိုတော့ Light pulse နဲ့ အသုံးပြုပြီး Turn On ပြုလုပ်ပါတယ်။ Optical Fibre
တွေနဲ့ တသ
ွဲုံးပါတယ်။ HVDC Transmission တွေမှာ Series Thyristor တွေ (Converter
အဖွင့်အပိတ်လုပ်တဲ့ Valve သဘော) အနေနဲ့ တွေ့ ရမှာပါ။ 4kV, 3kA ထိ Handle လုပ်နိုင်ပါတယ်။ 2V
လောက်နဲ့  Turn On ဖြစ်စေပါတယ်။

အသုံးပြုပုံပေါ်မူတည်ပြီး Thyristor တွေအနေနဲ့ GATE-assisted Turn-off Thyristors(GATTs),


Asymmetrical silicon controlled rectifiers(ASCRs) နဲ့  Reverse-conducting Thyristor (RCTs)
ဆိုပြီးတော့လည်း၇ှိပါသေးတယ်။

Power Electronics အကြောင်း သိကောင်းစရာ အပိုင်း ၎

Desired Characteristics in Controllable Switches

အဓိက အားဖြင့် Ideal Controllable Switch တွေဟာ

၁။OFF State မှာ Current လုံးဝ ဖြတ်မစီးပါဘူး။


၂။ON State မှာ Voltage drop လုံးဝမရှိပါဘူး။
၃။Power Loss လုံးဝ မရှိပါဘူး ။ (ဖြည့်စွက်ချက်)

ဒီလို Ideal Characteristics ရှိတဲ့ Switch တွေဟာ သီအိုရီအရပဲ ဖြစ်နိုင်ပါတယ်။

Page 14
Power Electronics အကြောင်း သိကောင်းစရာများ(အပိုင်း ၁ မှ ၉)

တကယ့်လက်တွေ့ အခြေအနေကို လေ့လာဖို့ အတွက် ပုံ ၄.၁ က Switching Circuit ကို ကြည့်ကြရအောင်။
ပုံ ၄.၁ ရဲ့ Switching circuit model ကို ကြည့်ရင် Switch OFF ဖြစ်နေချိန်မှာ Io က Switch ကို လုံးဝ
မဖြတ်စီးနိုင်ပါဘူး။ဒီအချိန်မှာVd=VTပေါ့။
Switch ON ဖြစ်နေချိန်မှာ IT= Io ပါ၊ Io ဟာ Switch ကို ဖြတ်စီးသွားပါတယ်။ ဒါပေမဲ့ Delay Time
တစ်ခုကြာပြီးမှ ဖော်ပြခဲ့တဲ့ အခြေအနေတွေကို ရောက်ရှိတာဖြစ်ပါတယ်။

ပုံ ၄.၁ Simplified Clamped Inductive Switching Circuit

ပုံ ၄.၂ Wave form ကို ကြည့်ရင် လက်တွေ့ Delay Time ပါဝင်တဲ့ အခြေအနေကို လေ့လာနိုင်ပါတယ်။

ပုံ ၄.၂ Switching waveform & Instantaneous Power Loss

၁။ ON Signal or Positive Bias ပေးလိုက်တဲ့အခါ Switch တစ်ခုဟာ Fully ON State ရောက်ဖို့ အတွက်
Device On Time (Td on) လို အပ်ပါတယ်။ ပြီးတော့ မှ tri လို့ ခေါ်တဲ့ Current Rise Time နဲ့ tfv

Page 15
Power Electronics အကြောင်း သိကောင်းစရာများ(အပိုင်း ၁ မှ ၉)

လို့ခေါ်တဲ့ Voltage falling time ဆိုတဲ့ Vd zero ဖြစ်သွားဖို့ အတွက် အချိန်လို အပ်ပါတယ်။ အဲဒီအချိန် ၂ ခု
ပေါင်းကို (Tc on) Conduction ON Time လို့ ခေါ်ပါတယ်။ ပြီးောက်တာ့ မှ Vd zero ဖြစ်ပြီး Current က Io
ေ၇ာက်ရှိသွားပါတယ်။

၂။OFF Signal or Reverse Bias ပေးလိုက်တဲ့အခါ Switch တစ်ခုဟာ Fully OFF State ကို
ရောက်ဖို့ အတွက် Device Off Time (Td off) လိုအပ်ပါတယ်။ ပြီးတော့မှ trv လို့ ခေါ်တဲ့ Voltage Rise Time
နဲ့ tfi လို့ ခေါ်တဲ့ Current Falling time လို အပ်ပါတယ် ။ ၁ နဲ့ ဆန့် ကျင်ဘက် Io zero ဖြစ်သွားဖို့ ကြာချိန်ပေါ့
။ အဲဒီ trv နဲ့ tfi ၂ ခုပေါင်းကို ( Tc off) Conduction OFF time လို့ခေါ်ပါတယ်။ Voltage က Vd ကို
ရောက်ပြီး Current က zero ဖြစ်သွားတဲ့ အခြေအနေပေါ့ ။

၃။ ဖော်ပြခဲ့တဲ့ ၁ နဲ့  ၂ အခြေနေတွေကြောင့် Switching Power Loss ဖြစ်လာပါတယ်။ ON State မှာ တစ်ခါ


OFF State မှာ တစ်ခါပါ။ ပုံ ၄.၂ အောက်ဆုံးက Waveform ကို ကြည့်ပါ။ Wc (On) Wc (Off) ဆိုပြီး ၂ခု
၇ှိပါတယ်။ ဘယ်လိုရသလဲဆို၇င် Area under triangle ( 1/2*Base*Height) နဲ့ တွက်ထားတာပါ။
Switching Powerloss ကို တွက်ကြည့်ရင် Ps= 1/2Vd*Io*fs* (tc(on)+ tc(off))
Switching loss အပြင် Switch ON ဖြစ်နေချိန်မှာ P(on)= Von * Ion * (ton/T) ဆိုတဲ့ ON State loss
ဆိုတာလဲ ရှိပါတယ်။ OFF ဖြစ်နေချိန်မှာ တော့ Leakage current က အနည်းငယ်မျှသာရှိတဲ့အတွက် Neglect
လုပ်နိုင်ပါတယ်။ ဒီတော့ အနှစ်ချုပ်လိုက်ရင် Switching Device တစ်ခု ရဲ့ Power loss= Switching loss+
ON State loss ဖြစ်သွားပါတယ်။
ဒါကြောင့် Power Switch တစ်ခုကိုေ၇ွးဖို့ အတွက်
1. small Leakage current at OFF State
2. small ON State Voltage to minimise Power loss
3. Ton, Toff time အနည်းဆုံးဖြစ်ရပါမယ်။ ဒါကြောင့် Higher Switching frequency (fs)
နဲ့ အလုပ်လုပ်နိုင်တဲ့ Device ကို ရွေးချယ်ရပါတယ်။
4. dv/dt or di/dt rating မြင့်တဲ့ Device ဖြစ်၇မယ်။ တနည်းအားဖြင့် Voltage နဲ့  Current ပြောင်းလဲမှုကို
ခံနိုင်တဲ့ Device ဖြစ်ရမယ်။ ဒါမှ current voltage limit လုပ်တဲ့ External circuit တွေ အသုံးပြုစရာ
မလိုအပ်မှာ ဖြစ်ပါတယ်။

Power Electronics အကြောင်း သိကောင်းစရာ အပိုင်း ၅

Bipolar Junction Transistors and Monolithic Darlingtons

Bipolar Junction Transistors(BJT) တွေဟာ Power Electronics အသုံးများတဲ့ Switching Devices


တွေထဲက တစ်ခုဖြစ်ပါတယ်။ BJT တွေကို On/Off Switching Circuit တွေနဲ့ Amplifier Circuit တွေမှာလဲ
အသုံးပြုကြပါတယ်။

Page 16
Power Electronics အကြောင်း သိကောင်းစရာများ(အပိုင်း ၁ မှ ၉)

သူ့ ရဲ့  သင်္ကေတ ကို ပုံ ၅.၁ မှာ ပြထားပါတယ်။ Base, Collector, Emitter ဆိုပြီး terminal ၃ ခု ရှိပါတယ်။

ပုံ ၅.၁ Symbol of BJT (NPN)

Steady State I-V curve ကို ပုံ ၅.၂မှာကြည့်ရှုနိုင်ပါတယ်။

ပုံ ၅.၂ i-v Characteristic Curve

ပုံ၅.၃မှာတော့ ideal state ကို ဖော်ပြထားပါတယ်။

ပုံ ၅.၃ Ideal Curve

BJT Switching Device ကို Turn ON ပြုလုပ်ဖို့ အတွက် Control Circuit ကနေ လုံလောက်တဲ့ Base
Current (iB) ပေးဖို့ လိုပါတယ်။

iB ပေးလိုက်တိုင်း Device က Turn ON ဖြစ်မသွားပါဘူး။ iB ဟာ iC (Collector) Current ပေါ်မူတည်ပါတယ်။


ပြီးတော့ hFE လို့် ခေါ်တဲ့ BJT ရဲ့ dc Current gain ပေါ် မူတည်ပါတယ်။

ဆက်သွယ်ချက်က IB > (IC/hFE) ဖြစ်ပါတယ်။

Page 17
Power Electronics အကြောင်း သိကောင်းစရာများ(အပိုင်း ၁ မှ ၉)

hFE (current gain) တန်ဖိုးဟာ BJT Power Transistor တွေမှာ

BJT power transistor တွေ ရဲ့ On State Voltage (VCE(sat)) ဟာ 1-2 Voltage drop ပဲ ရှိရပါတယ်။ ဒါမှ
Conduction Power Loss နဲ မှာပါ။ တကယ့် Ideal Device မှာတော့ Power Loss zero
သတ်မှတ်ကြပါတယ်။

BJT တွေဟာ Current Controlled Device ဖြစ်ပါတယ်။ Voltage အများကြီးပေးစရာမလိုပါဘူး။


လုံလောက်တဲ့ base current ရရင် Turn ON ဖြစ်သွားပါတယ်။ ဒါပေမဲ့ Base Current မပေးတော့ရင်တော့
Turn OFF ပြန်ဖြစ်သွားပါတယ်။ ဒါကြောင့် BJT တွေ Turn ON ဖို့ အတွက် Continuous base current
ပေးထားဖို့ လိုပါတယ်။

Monolithic Darlingtons (MD)

current gain ဟာ hFE ပေါ်မူတည်ပါတယ်။ hFE တန်ဖိုးများလေလေ current gain များလေလေပါပဲ။


ဒါကြောင့် Amplifier circuit တွေမှာ လုံလောက်တဲ့ current gain ရဖို့ BJT
တွေကိုချိတ်ဆက်အသုံးပြုရပါတယ်။ Power Electronics Converters တွေမှာတော့ Darlington ၂ ခု
သို့ မဟုတ် ၃ ခု ချိတ်ဆက်အသုံးပြုကြပါတယ်။

Darlington လို့ ပြောရင် အနည်းဆုံး BJT transistor ၂ ခု ချိတ်ဆက်ကြပါတယ်။ Triple Darlington
ဆိုရင်တော့ transistor ၃ ခု ချိတ်ဆက်ပါတယ်။ ပုံ ၅.၄ မှာ ကြည့်ပါ။

ပုံ ၅. ၄ Monolithic Darlingtons (MD)

Darington transistors တွေဟာ Gain မြင့်ပေမဲ့ သူ့ မှာ အားနည်းချက်က Response ၊ Switching Time
(few hundred nanoseconds to few microseconds) များပါတယ်။ သဘောက Transistor အနည်းဆုံး ၂ခု
လုံး အလုပ်လုပ်ဖို့ လိုအပ်တဲ့ အတွက် ဖြစ်ပါတယ်။

MDs, BJTs တွေဟာ ဈေးကွက်မှာ Voltage rating 1400Volts လောက်နဲ့  Current Ratings ရာဂဏန်း
လောက်ထိ အမျိုးမျိုး ရှန
ိ င
ို ပ
်ါတယ်။

မှတခ
်ျက်။ ။BJT တွေဟာ DC ငircuit/Supply တွေမှာပဲ အသုံးပြုကြပါတယ်။

Page 18
Power Electronics အကြောင်း သိကောင်းစရာများ(အပိုင်း ၁ မှ ၉)

Power Electronics အကြောင်း သိကောင်းစရာ အပိုင်း ၆

Metal-Oxide-Semiconductor-Field-Effect Transistors (MOSFETs)

ပြီးခဲ့တဲ့ အပိုင်းမှာ Bipolar Junction Transistors (BJTs) တွေ အကြောင်းတင်ပြခဲ့ပါတယ်. BJTs တွေဟာ
Current Controlled Device ဖြစ်ပါတယ်။ သဘောက သူ အလုပ်လုပ်ဖို့ အတွက် Base signal တစ်ခုပေးပြီး
Base Current ကို ပြောင်းလဲပေးရပါတယ်။

အခုဒီအပိုင်းမှာတော့ MOSFET တွေအကြောင်းတင်ပြပါရစေ၊ BJT လိုမျိုး pin 3 ခု ရှိပါတယ်။ BJTမှာ Base,
Collector, Emitter နဲ့ ကိုယ်စားပြုပါတယ်။
MOSFET မှာ Gate, Source, Drain (G,D,S) နဲ့ သတ်မှတ်ပါတယ်။ ပုံ ၆.၁ မှာ ကြည့်ပါ။

ပုံ ၆.၁ MOSFET Symbol

BJT နဲ့ မတူတာက MOSFET တွေဟာ Voltage Controlled Device တွေ ဖြစ်ကြပါတယ်။ Gate Voltage
ပြောင်းလဲမှုပေါ်လိုက်ပြီး drain to source current (ID) ပြောင်းလဲပါတယ်။ သူ့ ရဲ့ characteristic curve ကို ပုံ
၆.၂ မှာပြထားပါတယ်။
MOSFET စတင်အလုပ်လုပ်ဖို့ အတွက် Forward Voltage ပေး၇ပါတယ်။ အနည်းဆုံးပေးရတဲ့ Gate to
Source Voltage ကို VGS(threshold) လို့ ခေါ်ပါတယ်။ VGS(th) ကျော်တာနဲ့  MOSFET ဟာ Drain
Current ကို ဖြတ်စီးခွင့်ပြုလိုက်ပါတယ်။ ပုံ ၆.၂ မှာ ရှုပါ။

ပုံ ၆.၂ MOSFET Characteristic Curve

Page 19
Power Electronics အကြောင်း သိကောင်းစရာများ(အပိုင်း ၁ မှ ၉)

ပုံ ၆.၃မှာတော့ Ideal Curve ကို ပြထားပါတယ်။

ပုံ ၆.၃ MOSFET (Ideal Curve)

MOSFET တွေ ဟာ BJT တွေလိုပဲ ON state ဖြစ်ဖို့ အတွက် V(GS) ကို ပေးထားရပါတယ်။ မပေးရင်တော့
OFF state ပြန်ရောက်သွားပါတယ်။

MOSFET တွေ ၇ဲ့ အားသာချက်က Switching time တို ပါတယ်။ few tens of nanoseconds to hundred
nanoseconds လောက်ပဲလိုပါတယ်။ သဘောက BJT တွေထက် response time speed ပိုမြန်ပါတယ်။
ပြီးတော့ Conduction Loss or ON state loss နဲပါတယ်။

MOSFET တွေဟာ BJT တွေထက် Voltage Rating များများခံနိုင်ရည်ရှိပါတယ်။ ဒါပေမဲ့ သူ့ ရဲ့ Voltage
Rating က အများဆုံး 1kV အထိပဲရပါတယ်။ Frequency ကတော့ အများဆုံး 30-100KHZ
လောက်နဲ့ အလုပ်လုပ်နိုင်ပါတယ်။

Gate Source Voltage က Device အမျိုးအစားပေါ်မူတည်ပြီး 5V က နေ 20V လောက်ထိ ပေးနိုင်ပါတယ်။

MOSFET တွေရဲ့ On State Resistance တန်ဖိုးဟာ Positive Temperature Coefficient ဖြစ်တဲ့အတွက်
အပူချိန်မြင့်လာတဲ့အခါ Current မြင့်တက်လာမှုကို ခံနိုင်ရည် ရှိအောင် Parallel ချိတ်ဆက်
အသုံးပြုကြပါတယ်။

Power Electronics အကြောင်း သိကောင်းစရာ အပိုင်း ၇


Gate Turn-Off Thyristors (GTO)

ပြီးခဲ့တဲ့ အပိုင်းတွေ မှာ ဖော်ပြခဲ့တဲ့ BJT MOSFET တို့ ဟာ သူတို့ ကို ON state မှာ ရှေ
ိ နစေဖို့ Gate Pulse
တစ်ခု ပေးထားဖို့ လိုပါတယ်။

GTO တွေကျ တော့ Gate Pulse Signal တစ်ခုပေးလိုက်တာနဲ့  သူ ဟာ Gate Pulse Signal
ဖြုတ်လိုက်သည့်တိုင် ဆက်လက်ပြီး ON State မှာ ရှိနေစေပါတယ်။

Page 20
Power Electronics အကြောင်း သိကောင်းစရာများ(အပိုင်း ၁ မှ ၉)

Thyristor တစ်ခုကို ON State ကနေ OFF State ဖြစ်စေဖို့ အတွက် Gate Pulse
ဖြတ်တောက်ပေးရုံနဲ့ မရပါဘူး။ Anode to Cathode သို့ မဟုတ် Collector to Emitter (IGBT) current ကို
ဖြတ်တောက်ပေးရပါတယ်။ ဒါမှ Thyristor တွေဟာ ON State ကနေ OFF State ကို ရောက်ရှိမှာဖြစ်ပါတယ်။

ဒါပေမဲ့ GTO တွေရဲ့ ထူးခြားချက်က သူတို့ ကို OFF State ဖြစ်စေဖို့ အတွက် Anode to Cathode Current ကို
ဖြတ်တောက်စရာမလိုပဲ ကြီးမားတဲ့ Negative Pulse (Reverse Bias) တစ်ခုပေးရုံနဲ့  ရပါတယ်။ ဘယ်လောက်
ကြီးမားဖို့ လိုသလဲဆိုရင် Anode Current ရဲ့ ၃ ပုံ ၁ ပုံလောက် ရှဖ
ို့ လိုပါတယ်။ Pulse ရဲ့ Duration က
Microseconds လောက်ပဲရှိရုံနဲ့ ရပါတယ်။

GTO ရဲ့ Symbol ကို ပုံ ၇.၁ မှာ ပြထားပါတယ်။

ပုံ ၇.၁ GTO Symbol

ပြီးတော့ သူ့ ရဲ့ i-v curve ကို ပုံ ၇.၂ မှာပြထားပါတယ။်

ပုံ ၇.၂ GTO Characteristic Curve

ပုံ ၇.၃ မှာ ideal Charateristics ကို ဖော်ပြထားပါတယ်။

Page 21
Power Electronics အကြောင်း သိကောင်းစရာများ(အပိုင်း ၁ မှ ၉)

ပုံ ၇.၃ Ideal Curve (GTO)

GTO တွေရဲ့ အားနည်းချက်က Gate Negative Pulse ပေးတဲ့အခါ ကြီးမားတဲ့ Voltage change (dv/dt) ကို
ဖြစ်စေပါတယ်။ dv/dt ဆိုတာ slope Voltage ဖြစ်ပါတယ်။ Circuit တစ်ခုအတွက် Back
EMF=Electromotive Force ကို ဖြစ်စေတဲ့အတွက် Switching Device တွေအတွက် အန္တရာယ်ရှိပါတယ်။
ဒါကြောင့် မို့ Relay Circuit တွေမှာ Flywheel Diode လို့ ခေါ်တဲ(့ dv/dt အချိန်မှာ Negative Current ကို
ပြန်စီးသွားစေမဲ) D
့ iode ကို Power Supply နဲ့  ပြောင်းပြန် ချိတ်ဆက်ထားရပါတယ်။ ဒါကို Inductive Turn
off လို့ ခေါ်ပါတယ်။

လက်ရှိ မှာတော့ GTO တွေ ဟာ Inductive Turn off ကို အသုံးပြုလို့ မရသေးပါဘူး။ ဒါကြောင့် Snubber
Circuit ကို အသုံးပြုရပါတယ်။ ပုံ ၇.၄ မှာ ကြည့်ပါ။ သူ့ မှာ Capacitor Resistor Diode တို့ အဓိက
ပါဝင်ပါတယ်။

ပုံ ၇.၄ Snubber Circuit

ပုံ ၇.၅ကိုကြည့်ရင် Snubber Circuit နဲ့ တွဲ ဖက်အသုံးပြုတဲ့အခါ သူ့ ရဲ့ slope Voltage ဟာ သိသိသာသာ
လျော့ကျသွားတာကို တွေ့မြင်ရမှာပါ။

Page 22
Power Electronics အကြောင်း သိကောင်းစရာများ(အပိုင်း ၁ မှ ၉)

ပုံ ၇.၅ Characteristic Curve with Snubber Circuit

GTO တွေရဲ့ ON State Voltage က (2 to 3 V) လောက်ရှိပါတယ်။ သဘောက တခြား Thyristor တွေထက်
On State Voltage ပိုများပါတယ်။ သူ့ ရဲ့ Switching Speed ကတော့ 1-25 microseconds
လောက်ရှိပါတယ်။

GTO တွေရဲ့ အားသာချက်က Higher Voltage (4.5KV ) နဲ့ Higher Current (few Kiloamps) လောက်ထိ
ခံနိုင်ရည်ရှိပါတယ်။ သူတို့ ရဲ့ Switching Frequency ကတော့ 100Hz ကနေ 10KHz လောက်ထိ
ပေးနိုင်ပါတယ်။

Power Electronics အကြောင်း သိကောင်းစရာ အပိုင်း ၈

Insulated Gate Bipolar Transistors (IGBTs)

ပြီးခဲ့တဲ့ အပိုင်းမှာ Controllable Switches တွေ ဖြစ်တဲ့ BJT, MOSFET, GTO တို့ အကြောင်းကို
ပြောပြခဲ့ပါတယ်။ သူတို့ တွေ ရဲ့ အသုံးဝင်မှုကိုလဲ တင်ပြခဲ့ပါတယ်။ အခု IGBT ရဲ့ အားသာချက်ကတော့
စောစောက ပြောခဲ့တဲ့ Switches တွေရဲ့ ကောင်းတဲ့ အချက်တွေကို
ပေါင်းစည်းတည်ဆောက်ထားတာဖြစ်ပါတယ်။

IGBT တွေရဲ့ သင်္ကေတကို ပုံ ၈.၁ မှာ ဖော်ပြထားပါတယ်။ သင်္ကေတ ၂ မျိုး အသုံးပြုနိုင်ပါတယ်။
တစ်ချို့စာအုပ်တွေမှာ MOSFET သင်္ကေတလို Gate Source Drain
နဲ့ တွေ့ ရသလို၊တစ်ချို့ သင်ရိုးညွှန်းတမ်းတွေမှာ Gate, Collector Emitter ဆိုပြီး GTO, BJT, MOSFET ၃
မျိုးကို ပေါင်းစပ်ပြီး ဆွထ
ဲားတဲ့ သင်္ကေတ Symbol မျိုးကို တွေ့ ရမှာပါ။

Page 23
Power Electronics အကြောင်း သိကောင်းစရာများ(အပိုင်း ၁ မှ ၉)

ပုံ ၈.၁ IGBT Symbols ၂ မျိုး

ပုံ ၈.၂မှာ IGBT ရဲ့ I-v Characteristic curve ကို တွေ့ နိုင်ပါတယ်။

ပုံ ၈.၂ i-v Characteristic Curve (IGBT)

IGBT တွေဟာ MOSFET, GTO, BJT တွေရဲ့ အားသာချက်တွေကို ပေါင်းစပ်ထားတယ်လို့ ပြောခဲ့ပါတယ်။


ဘယ်လို အားသာချက်တွေလဲလေ့လာရအောင်။

IGBT တွေဟာ MOSFET လို Gate Impedance (ခုခ


ု မ
ှုံ) မြင့်မားပါတယ်။ ဒါကြောင့် သူ့ ကို Trigger ပေးပြီး
ON ဖို့ အတွက် စွမ်းအင် သိပ်မလိုအပ်ပါဘူး။
BJT တွေလို IGBT တွေဟာ Blocking Voltage မြင့်မားပြီး On State Voltage (Von) အနည်းငယ်ပေးရုံ (eg.
2-3V in 1000V device) နဲ့အလုပ်လုပ်ပါတယ်။
GTO တွေနဲ့ တူတာကတော့ IGBTတွေဟာ Negative Voltage ကို Block လုပ်နိုင်ပါတယ်။ ပုံ ၈.၃ မှာ သူ့ ရဲ့
Ideal Curve ကို ကြည့်ရင် သိနိုင်ပါတယ်။

Page 24
Power Electronics အကြောင်း သိကောင်းစရာများ(အပိုင်း ၁ မှ ၉)

ပုံ ၈.၃ Ideal Curve(IGBT)

ဒါ့အပြင် IGBT တွေရဲ့ ဖွင့်ချိန် ပိတ်ချိန် (Turn On/ Turn Off ) time ဟာ microseconds
(1us)ပမာဏပဲကြာပါတယ်။ ဒါကြောင့် Switching Power Loss နည်းပါတယ်။
IGBT Module တွေကို Voltage Rating 2-3KV လောက်ထိရှိတဲ့ Circuit တွေမှာ အသုံးပြုနိုင်ပါတယ်။ 1200A
လောက်ထိ ရှန
ိ င
ို ပ
်ါတယ်။

ပုံ၈.၄ IGBT Device (Credit: IXYS)

Power Electronics အကြောင်းသိကောင်းစရာ အပိုင်း ၉

MOS-Controlled Thyristors (MCT)

အခုဒီအပိုင်းမှာတော့ Power Electronic Switch အနေနဲ့ အသစ်ထပ်မံပေါ်ထွက်လာတဲ့ MCT


အကြောင်းတင်ပြပေးပ့ါမယ်။ သူ့ ရဲ့ သင်္ကေတကို ပုံ ၉.၁ မှာ ကြည့်ပါ။ သူ့ မှာ တခြား Electronic Switch
တွေလိုပဲ P-MCT နဲ့ N-MCT ဆိုပြီး ၂ မျိုးရှိပါတယ်။ Control terminal တွေရဲ့ အနေအထားပေါ်မူတည်ပြီး
ခွဲထားတာပါ။ Anode(A) ဘက်မှာ Control လုပ်ရင် P-MCT, Cathode (K)မှာ Control လုပ်ရင် N-MCT ဆိုပြီး
ခွဲခြားနိုင်ပါတယ်။

Page 25
Power Electronics အကြောင်း သိကောင်းစရာများ(အပိုင်း ၁ မှ ၉)

ပုံ ၉.၁ MCT Symbol

သူ့ ရဲ့ i-v characteristics ကို ပုံ ၉.၂ မှာ ပြထားပါတယ်။

ပုံ ၉.၂ i-v Characteristic Curve

သူရဲ့ အားသာချက်က GTO တွေလိုမျိုး ON-state Voltage drop နဲ ပါတယ်။ ပြီးတော့ GTO တွေလိုမျိုး Gate
drive signal ဖယ်ရှားလိုက်သည့်တိုင်အောင် Turn ON ဆက်ဖြစ်နေပါတယ်။

ပြီးတော့ IGBT တွေနဲ့ MOSFET တွေလို Voltage Controlled Device တွေ ဖြစ်ပါတယ်။ Switch Turn ON
ပြုလုပ်ဖို့ အတွက် MOSFET IGBT တွေလောက်ပဲ စွမ်းအင်ပမာဏကို အသုံးပြုပါတယ်။ သဘောက Power
Consumption နည်းပါတယ်။

MCT မှာ တခြား device တွေထက် သာတာရှိပါတယ်။

၁။ Drive Circuit ဟာ GTO တွေထက် ပြို ပီး ရိုး ရှင်းစွာ တည်ဆောက်နိုင်ပါတယ်။ ဘာလို့ လဲဆိုတော့ Turn
OFF လုပ်ဖို့ အတွက် GTO တွေလို ကြီးမားတဲ့ Negative gate current အသုံးပြုစရာ မလိုလို့ ပါပဲ။ ပြီးတော့ 
GTO တွေထက် switching speed ပြို မန်ပါတယ်။ (turn ON, turn OFF time က Microseconds
လောက်ပဲရှိပါတယ်။)

၂။ IGBT တွေထက် သူ့ မှာ ON-state Voltage Drop နည်းပါတယ်။ Voltage rating 1500V, 50A
လောက်အထိ ဈေးကွက်မှာ ရနိုင်ပါတယ်။ 2500-3000V လောက်ထိလဲ Prototype
အနေနဲ့ စမ်းသပ်ထားတယ်လို့ ဆိုပါတယ်။ ဒါပေမဲ့ GTO တွေလC
ို urrent Rating များများ အသုံးမပြုနိုင်ပါဘူး။
အကြောင်းက သူ့ ရဲ့ တည်ဆောက်ထားပုံက ပိုပြီး ရှုပ်ထွေး ခက်ခဲ တဲ့အတွက်ဖြစ်ပါတယ်။

Page 26
Power Electronics အကြောင်း သိကောင်းစရာများ(အပိုင်း ၁ မှ ၉)

အခုဆိုရင် Device တွေ တော်တော်များများ စုံလောက်ပြီလို့ ထင်ပါတယ်။ အခုလို အားသာချက်


အားနည်းချက်တွေ တစ်ခုချင်းစီဘာလို့ ပြောဖို့ လိုသလဲဆိုရင် Device တွေရဲ့ ကွာခြားချက်ကို သိခြင်းအားဖြင့်
Design လုပ်ရာမှာ မှန်ကန်တဲ့ Device ကို ရွေးချယ်နိုင်မှာ ဖြစ်ပါတယ်။

သူ တို့ တွေရဲ့ Power Capability နဲ့ Switching Speed ကွာခြားချက်ကို ပုံ ၉.၃ နဲ့ ၉.၄ မှာ
ဖော်ပြထားပါတယ်။

ပုံ ၉.၃ Power Capability and Switching Speed of Various Types of Switches

ပုံ ၉.၄ Summary of Power Electronic Switches Capabilities

နောက်အပိုင်းများတွင် Converters များအကြောင်း ဆက်လက်ရေးသားသွားပါမည်။ ရွှင်လန်းချမ်းမြေ့ကြပါစေ။

စာဖတ်ပရိသတ်များအား လေးစားစွာဖြင့်

ကျော်ဇေယျာ(Knowledge in Power Engineering)

02/Apr/2018

Page 27

You might also like