You are on page 1of 11

ရန်ကုန်မြို့တော်ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးအတွက် အကြံပြုချက်များ

*******************************************************************
၂၀၁၆ ခုနှစ်၊ မေလ(၅)ရက်နေ့ ရန်ကုန်မြို့တော်ခန်းမ၌ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် အစိုးရအဖွဲ့
ဝင်များ၊ မြို့တော်စည်ပင်သာယာရေးကော်မတီနှင့် အရာရှိကြီးများ၊ လွှတ်တော်အမတ်များနှင့်
နယ်ပယ်အသီးသီးမှ ပုဂ္ဂိုလ်များ တက်ရောက်ခဲ့သည့်အခမ်းအနားတွင် ပညာရှင်ဟုဆိုသူများ၏
တင်ပြချက်(၂၂)ချက်အား ထပ်ဆင့်ရှင်းလင်းတင်ပြ အကြံပြု ခြင်း။
၁။ ရေတို၊ ရေရှည်စီမံကိန်းများ။
********************************
ခေတ်အဆက်ဆက်မြန်မာနိုင်ငံနှင့် အိမ်နီးချင်း စင်္ကာပူ၊ မလေးရှား၊ ထိုင်း နိုင်ငံတွေမှာ အစိုးရအဖွဲ့က
ဖွဲ့စည်းပေးထားသော Housing Board Committee များရှိပါတယ်။ မြန်မာပြည်မှာတော့
မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနဆိုတာ ရှိပါတယ်။ အဲ့ဒီလိုအဖွ့အ
ဲ စည်းတွေက အိမ်ရာဖွံ့ဖြိုးရေးကိစ္စများအား
အကောင်အထည်ဖော်ရတာ ဖြစ်ပါတယ်။ ရန်ကုန်တိုင်းအစိုးရနှင့် မြို့တော်စည်ပင်သာယာရဲ့
အလုပ်မဟုတ်ပါဘူး။ မြို့တော်စည်ပင်သာယာရဲ့အလုပ်က အိမ်တွေဆောက်ပြီး စီးပွားရှာတဲ့အလုပ်
လုပ်ရမှာမဟုတ်ပါဘူး။ ယခင်အစိုးရ (၅)နှစ်သက်တမ်းမှာ မှားယွင်းပြီး ဆောင်ရွက်ခွင့်ပြုခဲ့တဲ့ကိစ္စဖြစ်လို့
ယခုတော့ ကြက်နှစ်ကောင်ခွပ်တဲ့အဖြစ် ရောက်နေတာပါ။
မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနနဲ့ ရန်ကုန်မြို့တော်စည်ပင်၊ မန္တလေးမြို့တော်စည်ပင် စသည်ဖြင့်
လုပ်ပိုင်ခွင့်တွေ လုနေကြတဲ့အဖြစ်မျိုးပါ။ မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးကော်မတီကို နိုင်ငံတော်အဆင့်အနေဖြင့်
ဖွဲ့စည်းပြီး၊ မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနက တာဝန်ယူဆောင်ရွက်ရမှာဖြစ်ပါတယ်။
၂။ အိမ်ရာကဏ္ဍ။
******************
တိုက်ခန်းဈေးတွေကျဖို့ဟာ အစိုးရအဖွဲ့အစည်းကပါဝင်ပြီး ငွေကြေးမြှုပ်နှံ၊ အရစ်ကျစနစ်နဲ့
အစိုးဘဏ်အထောက်အပံ့န့လ
ဲုပ်ပါမှ ဖြစ်လာမယ့်ကိစ္စဖြစ်ပါတယ်။ ဆောက်လုပ်ရေးလုပ်ငန်းသုံးပစ္စည်း၊
စက်ရုံများ နှင့်ပတ်သက်၍ ယခုလည်း ပြည်တွင်းစက်ရုံ၊ အလုပ်ရုံတွေရှိပါတယ်။ ပြည်ပကနေတင်သွင်းပြီး
ပြည်တွင်းမှာ Process လုပ်တဲ့စက်ရုံတွေ အများကြီးဖြစ်နေပါပြီ။ ဒီအဆင့်လောက်ပဲလုပ်နိုင်ပြီး
အကျိုးအမြတ်ကလဲနည်း၊ နည်းပညာကလည်းမရှိတဲ့အပြင် ဈေးကွက်ကလဲအလွန်နည်းသေးတာဖြစ်လို့
ရင်းနှီးမြှုပ်နှံမှုတွေကလည်း မလာတာ ဖြစ်ပါတယ်။ နောက်ပြီး MIC ရဲ့ ကြိုးနီစနစ်အရ စာရွက်စာတမ်းတွေကို
ဌာနပေါင်းစုံမှ ထောက်ခံချက်များ တောင်းခံတင်ပြနေရတာလည်း လပေါင်းများစွာချီပြီးကြာနေတော့
ရင်းနှီးမြှုပ်နှံသူတွေဟာ MIC ဆိုရင် ကြောက်နေ ကြတာလည်း ပါပါတယ်။ အကျိုးအမြတ်ရှိပြီး
လုံလောက်တဲ့ဈေးကွက်ရှိရင် တားထားလု့မ
ိ ရပါဘူး။ ရင်းနှီးမြှုပ်နှံသူ တွေက ရောက်လာမှာပါ။
စီးပွားရေးသမားတွေပဲ နည်းလမ်းပေါင်းစုံစဉ်းစားပြီး ဆီလိုအပေါက်ရှာနေကြတာဆိုတော့
တိုက်တွန်းစရာမလိုပါဘူး။ ဘယ်လိုလာချင်အောင် ဖြေလျှော့မှုတွေနဲ့ ကြိုးနီစနစ်တွေ ဖြုတ်ပေးမလဲဆိုတာပဲ
စဉ်းစားပေးဖို့လိုပါတယ်။
၃။ အစိုးရမှစိုက်ထုတ်သော အိမ်ရာစနစ်အစား အစိုးရမှ
*********************************************************
ပံ့ပိုးကူညီသည့်စနစ်သို့။
*************************
ဘဏ်များနဲ့ အစိုးရအဖွဲ့ အစည်းများမှာ ငွေကြေးစိုက်ထုတ်ပြီး အရစ်ကျစနစ်န့လ
ဲုပ်ပေးမယ်ဆိုရင်
တိုက်ခန်းဈေးတွေကျမယ်၊ မြေဈေးတွေ ကျမှာဖြစ်ပါတယ်။ လုပ်ငန်းတွေလည်းအများကြီးဖြစ်ပေါ်လာမှာမို့
အလုပ်အကိုင် အခွင့်အလမ်းတွေလည်း အများကြီး ပေါ်ထွန်းလာမှာဖြစ်ပါတယ်။ တရုတ်ပြည်မကြီးမှာ လွန်ခဲ့တဲ့
အနှစ်(၃၀)လောက်ကတည်းက ၀န်ထမ်းများအား နှစ်ပေါင်းများစွာ သားစဉ်မြေးဆက်၊ အရစ်ကျစနစ်န့၊ဲ
အိမ်ပိုင်ဖြစ်အောင်လုပ်ပေးထားတဲ့ စနစ်တွေရှိနေပါတယ်။
၎။ Housing Financing
*******************************************************
Scheme ခေါ်အိမ်ရာအတွက် ငွေပံ့ပိုးသည့်စနစ်။
***************************************************
ပုဂ္ဂလိကဘဏ်တွေဟာ နှစ်ရှည် အရစ်ကျစနစ်နဲ့ အကောင်အထည်ဖော်နိုင်လောက်အောင်
ငွေကြေးမတောင့်တင်းကြပါဘူး။ နောက်အကြီးမားဆုံး အတားအဆီးကတော့ အတိုးနှုန်းများနေခြင်းပါဘဲ။
ဘဏ်အတိုးနှုန်းများနေခြင်းဟာလည်း အတားအဆီးတစ်ခု ဖြစ်နေပါတယ်။ ဒါကြောင့် ဘဏ်တိုးနှုန်းများကို
လျှော့ချဖို့ အမြန်ဆုံးလိုအပ်နေပါတယ်။
၅။ ရေရရှိရေးနှင့် ရေဖြန့်ဖြူးရေး။
*********************************
စည်ပင်ဌာနမှရေကို အမှန်တကယ်သုံးစွဲခွင့်ရနေတဲ့ ပြည်သူဟာ ရန်ကုန်မြို့မှာ ၅၀% မရှိပါဘူး။
ရေပေးဝေတဲ့ဂါလန် သန်း(၂၀၀)ဆိုတာဟာလည်း သုံးစွဲသူများအမှန်တကယ် သုံးစွဲခွင့်ရနေသည့်ပမာဏမှာ
သန်း(၁၀၀)ကျော်လောက်ပဲ ရှိပါတယ်။ ၆၀% လောက်ပဲရှိပါတယ်။ ၃၀% ကျော် လောက်က
လေလွင့်ဆုံးရှုံးနေပြီး ၆၀% ကျော်လောက်ပဲ အမှန်တကယ်သုံးစွဲမှုရှိပါတယ်။ ရန်ကုန်မြို့လယ်ခေါင်မှာ
လူမသိသူမသိ တရားမ၀င်တူးထားတဲ့ အ၀ီစိတွင်းတွေဟာ လမ်းတိုင်းမှာရှိတဲ့ တိုက်တော်တော်များများရဲ့
အောက်တွေမှာ၊ နောက်ဖေးလမ်းကြားတွေမှာ ရှိနေပါတယ်။ အမှန်တကယ်စာရင်း ကောက်လိုက်ရင်
ဘယ်လောက်ရှိနေမယ်ဆိုတာ တိတိကျကျ ရရှိမှာဖြစ်ပါတယ်။ ဒါကြောင့် ရန်ကုန်မြို့ကြီးဟာ
မြေအောက်ရေများကို စည်းကမ်းမရှိ၊ စနစ်တကျ ခွင့်ပြုချက်မရှိ တူးဖော်ထုတ်ယူသုံးစွဲနေကြတဲ့အတွက်
အန္တရာယ်အဆင့်ကို ရောက်ရှိ လာပြီဖြစ်ပါတယ်။ (ကျွန်တော် လွန်ခဲ့သော(၄)နှစ်ခန့်ကပင် ဆောင်းပါးရေး၍
အသိပေးခဲ့ပြီး ဖြစ်ပါတယ်။ ယနေ့အထိ စိတ်ဝင်တစား ဆောင်ရွက်မှုမရှိသေးပါဘူး။)
၆။ ရေမြောင်းများနှင့်ရေကြီးခြင်း။
*********************************
ရန်ကုန်မြို့လယ်ခေါင်ဒေသတွေဟာ လွန်ခဲ့သော နှစ်(၅၀)ကျော်က တည်ဆောက်ခဲ့သော
ရေနှုတ်မြောင်းများဖြစ်သည့်အတွက် တိုးတက်လာသော အဆောက်အဦ၊ လူဦးရေနှင့်အညီ
တိုးချဲ့ပြုပြင်သင့်ပါတယ်။ အင်္ဂလိပ်ခေတ်က စနစ်တကျ ရေးဆွဲတည်ဆောက်ခဲ့တာဖြစ်တဲ့အတွက် မြန်မာ
အင်ဂျင်နီယာများနဲ့ ပြုပြင်ဆောင်ရွက်လို့ရတဲ့လုပ်ငန်းဖြစ်ပါတယ်။ မည်သည့်ကျွမ်းကျင်ပညာရှင်မှ
မလိုအပ်ပါဘူး။ မြန်မာအင်ဂျင်နီယာများ၊ အတွေ့အကြုံရှိသူများ အများအပြားရှိပါတယ်။
အရေးအကြီးဆုံးအချက်ကတော့ လက်ရှိ မြို့သစ်တွေမှာရှိတဲ့ ရေမြောင်းတွေကို Contour Survey
စနစ်တကျလုပ်ပြီး ရေမြောင်းများ၏ Direction ကို ပုံဖော်ပေးနိုင်တဲ့ Plan ကို ရေးဆွဲပေးဖို့ပဲ လိုအပ်ပါတယ်။
၇။ ရေဆိုးစွန့်ပစ်ရေး။
**************************
နှစ်ပေါင်း(၁၀၀)ကျော်ပြီဖြစ်သော Central Sewer
System (ခေါ်) ဗဟိုစုပေါင်း မိလ္လာပိုက်လိုင်းကြီးဟာ ယနေ့အထိ ရန်ကုန် Down Town (၆)မြို့နယ်အတွက်
ဝန်နှင့်အားမမျှ အသုံးပြုနေရဆဲပင် ဖြစ်ပါတယ်။ ကျန်မြို့နယ်များမှာ နောက်ဖေးလမ်းကြားနှင့် မိမိတို့၏
ခြံဝင်းအတွင်းကျင်းတူး၍ အသုံးပြုနေရသော စနစ်ဖြစ်ပါတယ်။ မကြာခဏပြည့်လျှံ၍ ရေပုတ်စုပ်ယာဉ်ခေါ်ပြီး
စုပ်ရသောဒုက္ခလည်း ကြုံနေရဆဲဖြစ်ပါတယ်။ ကျန်းမာရေးအတွက်လည်း ကောင်းမွန်သော
စနစ်မဟုတ်တဲ့အပြင် မိုးတွင်းရေကြီးရေလျှံဖြစ်ပါက မြစ်ချောင်းများသို့ လျှံ၍မျောပါသွားတဲ့အတွက်
ရေညစ်ညမ်းမှုဖြစ်ပေါ်စေပါတယ်။ ရေဆိုးစွန့်စနစ်အတွက် မဖြစ်မနေရေသန့်စင် တဲ့စနစ်သို့ ပြောင်းလဲပေးနိုင်တဲ့
Treatment System ဖြစ်သော မိလ္လာကန်စနစ်များကို တပ်ဆင်အသုံးပြုရန် မူဝါဒများ
သတ်မှတ်ပေးသင့်ပါတယ်။ ယခုအခါ မိသားစုတစ်အိမ်ထောင်သုံးစနစ်အတွက် ကုန်ကျငွေမှာလည်း
ကျပ်သိန်းဆယ်ဂဏန်းခန့်ဖြင့် ၀ယ်ယူရရှိနိုင်ပြီဖြစ်သဖြင့် ဤစနစ်မျိုးအသုံးပြုပါက
ပတ်ဝန်းကျင်သန့်ရှင်းမှုများလည်း ကောင်းမွန်လာမှာ ဖြစ်ပါတယ်။
၈။ အမှိုက်စွန့်ပစ်ရေး။
***********************
Waste Energy Plant များ တင်ဒါခေါ်ယူထားသော်လည်း အမှိုက်သိမ်းစနစ်အား
ပူးတွဲလုပ်ဆောင်နိုင်မှသာလျှင် တွက်ချေကိုက်မယ့်လုပ်ငန်းမျိုးဖြစ်သဖြင့် တင်ဒါအောင်မြင်ခြင်းသာရှိပြီး
ယနေ့ထိ တည်ဆောက်ရေးလုပ်ရန် အကောင်အထည် မပေါ်နိုင်ဖြစ်နေရပါတယ်။
အမှိုက်သိမ်းဝန်ဆောင်မှုစနစ်တွင်လည်း ကျပ် ၄၅၀/၆၀၀ သာရှိသော (မုန့်ဟင်းခါးတစ်ပွဲဖိုးမျှသော)
တစ်လစာကိုပင် မှန်မှန်ကန်ကန်မပေးသည့် ရပ်ကွက် အချို့နေပြည်သူများ၏ ပူးပေါင်းပါဝင်မှုများ
အားနည်းနေခြင်းဟာလည်း ၀န်ထုတ်ဝန်ပိုးတစ်ခုဖြစ်လျက် ရှိပါတယ်။
၉။ သုသာန်များနှင့် အသုဘရေးရာများ။
****************************************
မြို့ကြီး၊ ပြကြီးများတွင် သေဆုံးသည့်အခါ၌ မြေမြှုပ်ရန်မြေနေရာ အခက်အခဲနှင့် တန်ဖိုးကြီးမြင့်မှုများကြောင့်
မီးသင်္ဂြိုလ်သည့်စနစ်ကိုသာ ကျင့်သုံးကြပြီး ကျေးလက်ဒေသများနှင့် ပြင်ပနယ်မြို့များတွင် စနစ်တကျ
မြေနေရာသတ်မှတ် ဆောင်ရွက်ပေးသင့်ပါတယ်။
၁၀။ ကျောင်းများလိုအပ်ချက်။
*****************************
အထက်တန်းကျောင်းများဟာ ကျွန်တော်တို့ငယ်စဉ်က (၅)တန်းမှစ၍ သတ်မှတ် သင်ကြားရသဖြင့်
မူလတန်းကျောင်းများနှင့် အလယ်တန်းကျောင်းများတွင် ကျောင်းသားအရေအတွက် ပြန့်နှံ့
ဖြန့်ကျက်တဲ့သဘောကို တွေ့ရပါတယ်။ ယခုအခါ ရန်ကုန်မြို့တွင်း အချို့သောမူလတန်းကျောင်းများနှင့်
အလယ်တန်းကျောင်းများတွင် တစ်ကျောင်းလုံးကျောင်းသား အရေအတွက် စုစုပေါင်းမှာ (၁၀၀)ပင်
မကျော်သော ကျောင်းအချို့ရှိတာကို တွေ့ရပါတယ်။ မိဘများဟာ မူလတန်းမှစ၍
အထက်တန်းအောင်သည်အထိ ကျောင်းမပြောင်းရသော အထက်တန်းကျောင်းများ၌သာ
အားကိုးအားထားပြုလာသဖြင့် အချို့သောမူလတန်း ကျောင်းများနှင့် အချို့သောအလယ်တန်းကျောင်းများတွင်
ဆင်းရဲနွမ်းပါးသောကလေးများသာ ပညာသင်ကြား လျက်ရှိသည်ကို ကိုယ်တိုင်တွေ့ခဲ့ရခြင်း ဖြစ်ပါတယ်။
မြို့သစ်ရပ်ကွက်များတွင်ရှိသော မူလတန်းကျောင်းနှင့် အလယ်တန်းကျောင်းများမှာ
စာသင်ဆောင်မလုံလောက်မှုများရှိပြီး မိုးတွင်းအခါရေပတ်လည်ဝိုင်းလျက် တစ်ခါတစ်ရံ
ရေကြီးသောကျောင်းများလည်း ရှိနေသေးကြောင်း ကိုယ်တိုင်မြင်တွေ့သိရှိခဲ့ရပါတယ်။ စာသင်ဆောင်များ
တိုးချဲ့ဆောက်လုပ်ပေးရန် လိုအပ်နေခြင်းဖြစ်ပါတယ်။ ထိ့ေ
ု ကြာင့် အထက်တန်းကျောင်းများအား
ယခင်စနစ်ဟောင်း အတိုင်း ပဉ္စမတန်းမှ စတင်သင်ကြားသည့်စနစ်သို့ ပြန်လည်ပြုပြင်ရန် ပညာရေးဌာနမှ
တာဝန်ရှိသူများနှင့် သုံးသပ်ဆွေးနွေးသင့်ကြောင်း အကြံပြုအပ်ပါတယ်။
၁၁။ ကျောင်းပို့ကျောင်းကြိုစနစ်။
********************************
ကျောင်းကြို/ပို့စနစ်တွင်လည်း နာမည်ကြီးအထက်တန်းကျောင်းများတွင် ကျောင်းဝင်းအတွင်း
မော်တော်ယာဉ်ဝင်/ထွက်၍ ရသော်လည်း ယာဉ်ဝင်ခွင့်များပိတ်ထားခြင်း၊ ပိုင်ရာဆိုင်ရာဖြင့်
ယာဉ်ဝင်ခွင့်ရသည့်ကားများမှာလည်း ကျောင်းတွင်းကျောက်ချ၍ ရပ်နားထားခြင်းများရှိပြီး
အချို့သောကိုယ်ပိုင်ကား များနှင့် ကျောင်းကြို/ပို့ကားများ ၀င်ခွင့်ကဒ်မရှိသောကြောင့် လမ်းဘေးတွင်
အတင်အချလုပ်ရခြင်းကြောင့် ယာဉ်ကြောကျပ်တည်းစေခြင်းဖြစ်ပါတယ်။ ပဉ္စမတန်းကျောင်းသားအရွယ်မှာ
အကြို/အပို့ကျောင်းကားဖြင့် စိတ်ချလက်ချထည့်ပေးနိုင်သောအရွယ်ဖြစ်၍
ယာဉ်ကြောကျပ်တည်းမှုဖြစ်စေသော ကျောင်းများတွင် ကိုယ်ပိုင် ကားများ ကြို/ပို့လုပ်ခြင်းအားပိတ်ပင်၍
ကျောင်းကားများဖြင့်သာ စနစ်တကျစီစဉ်၍ ကြို/ပို့ လုပ်ပေးသင့်ကြောင်း ထိုင်းနိုင်ငံ၊
ဘန်ကောက်မြို့လယ်တွင်ရှိသော နာမည်ကြီးကျောင်းတစ်ကျောင်းရဲ့ ဆောင်ရွက်မှုအား နမူနာကိုးကား၍
အကြံပြုလိုပါတယ်။
၁၂။ ရန်ကုန်မြို့လမ်းမကြီးများ။
*******************************
ရန်ကုန်မြို့တွင်းသို့ အနီးကပ်ဆုံးချဉ်းကပ်ဝင်ရောက်နေသော အဓိက ၀င်ပေါက်ကြီးများမှာ -
(၁) ပြည်လမ်းမကြီးမှ အင်းစိန်လမ်းနှင့် ပြည်လမ်းပေါင်း၍ ၀င်ရောက်ခြင်း။
(၂) ကမ္ဘာအေးဘုရားလမ်းအတိုင်း ၀င်ရောက်ခြင်း။
(၃) တာမွေလမ်းမှ သိမ်ဖြူလမ်းအတိုင်း ၀င်ရောက်ခြင်း။
(၄) အထက်/အောက် ပုဇွန်တောင်လမ်းမှ ၀င်ရောက်ခြင်း။
(၅) မဟာဗန္ဓုလတံတားမှဆင်း၍ မဟာဗန္ဓုလလမ်းအတိုင်း ၀င်ရောက်ခြင်း။
(၆) ကြည့်မြင်တိုင်၊ ကမ်းနားလမ်းမှ ၀င်ရောက်ခြင်း။
(၇) အထက်/အောက် ကြည့်မြင်တိုင်လမ်းမှ ၀င်ရောက်ခြင်း။
(၈) ဗဟိုလမ်းမှ ဗဟိုအမျိုးသမီးဆေးရုံလမ်းအတိုင်း ၀င်ရောက်ခြင်း။¬
(၉) ဦးဝိစာရလမ်း၊ ရွှေတိဂုံဘုရားလမ်းမှ ၀င်ရောက်ခြင်း စသည်ဖြင့် ရှိပါတယ်။
ရန်ကုန်မြို့တွင်းသို့ ၀င်ရောက်ရန် Elevate Way ကောင်းကင်လမ်းဖောက်လုပ်ရန်
မလိုအပ်သေးဟုဆိုချင်ပါတယ်။ သိ့ေ
ု သာ် မြို့ပတ်ရထားလမ်းအား အဆင့်မြင့် Elevate Way
ကောင်းကင်လမ်းဖောက်လုပ်ပေးမည်ဆိုပါက ပို၍ အဆင်ပြေစေမှာဖြစ်ပါတယ်။ ဘက်(စ်)ကား
လမ်းကြောင်းတစ်လျှောက် ယာဉ်လိုင်းများထပ်လျက်ရှိပြီး တစ်စီးနှင့် တစ်စီး အလုအယက်အပြိုင်အဆိုင်
မောင်းနှင်ခြင်း၊ အချိန်ကြာမြင့်စွာ လူအတင်အချလုပ်၍ ယာဉ်ကြောပိတ်ခြင်းများ ဖြစ်ပေါ်စေပါတယ်။
မြို့တွင်းအ၀င်လိုင်းကားများအား လျှော့ချနိုင်ရန် အဆင့်(၃)ဆင့်ခွဲ၍ ပတ်လမ်းများဖြင့် ဆောင်ရွက်သင့်ပါတယ်။
(က) မြို့တွင်းပတ်လမ်း
*************************
မြို့တွင်း (၆)မြို့နယ်အပြင် ပုဇွန်တောင်၊ မင်္ဂလာတောင်ညွန့်၊ ဗဟန်း စသည့်မြို့နယ်များတွင်လည်း
ယာဉ်ကြောပိတ်လျက်ရှိခြင်းကြောင့် -
(၁) အင်းစိန်လမ်းနှင့် ပြည်လမ်းနှစ်လမ်းပေါင်း၍ ၀င်ရောက်လာသော ဘက်(စ်)ကားများအား ဗိုလ်ချုပ်လမ်း
အထိ ၀င်ရောက်ခွင့်မပြုပဲ ဗိုလ်ချုပ်လမ်းထောင့်နှင့် ပြည်လမ်းထောင့် မင်းရဲကျော်စွာလမ်းထိပ်ရှိ ယခင်
ကားအရာင်း ကားဝယ်စခန်းအား ယာဉ်ရပ်နားစခန်းအဖြစ် သတ်မှတ်ပေးသင့်ပါတယ်။
(၂) ကမ္ဘာအေးဘုရားလမ်းအတိုင်း ၀င်ရောက်လာသော ဘက်(စ်)ကားများအား ကန်တော်ကြီးထောင့်တွင်
ရှိသော ယခင်ငါးပြတိုက်ဟောင်းနေရာတွင် ယာဉ်ရပ်နားစခန်းအဖြစ် သတ်မှတ်ပေးသင့်ပါတယ်။
(၃) တာမွေ၊ ဗညားဒလလမ်းမှ သိမ်ဖြူလမ်းအတိုင်းဝင်ရောက်လာသောကားများအား ကန်တော်ကြီးပတ်လမ်း၊
မြန်မာနိုင်ငံဆရာဝန်များ အသင်းတိုက်ရှေ့၊ ရိုးရာလက်ဝှေ့ရုံရှေ့တွင် မြေနေရာကျယ်ဝန်းသဖြင့်
ယာဉ်ရပ်နားစခန်း အဖြစ် သတ်မှတ်ထားရှိသင့်ပါတယ်။
(၄) အထက်/အောက် ပုဇွန်တောင်လမ်းမှဝင်ရောက်လာသော ဘက်(စ်)ကားများ၊ ဒေါပုံ၊ သာကေတမှ
ပုဇွန်တောင်တံတားဖြတ်၍ ၀င်ရောက်လာသောကားများအား အထက်ပုဇွန်တောင်လမ်းပေါ်ရှိ မီးရထား
ကျောက်ပုံဆိပ်နေရာအား စနစ်တကျရှင်းလင်း၍ ယာဉ်ရပ်နားစခန်းအဖြစ် သတ်မှတ်ထားရှိသင့်ပါတယ်။
(၅) ရှုခင်းသာလမ်းမှ မဟာဗန္ဓုလတံတားအား ဖြတ်၍၀င်ရောက်လာသော ဘက်(စ်)ကားများအား မဟာဗန္ဓုလ
တံတားအဆင်းတွင်ရှိသော အစိုးရဌာနပိုင် ယာဉ်ရပ်နားရေးစခန်းအား ပြန်လည်အသုံးပြုသင့်ပါတယယ်။
(၆) ကြည့်မြင်တိုင်၊ ကမ်းနားလမ်းမှဝင်ရောက်လာသော ဘက်(စ်)ကားများနှင့် အထက်/အောက် ကြည့်မြင်တိုင်
လမ်းမှဝင်ရောက်လာသောဘက်(စ်)ကားများနှင့် ဗဟိုလမ်းတစ်လျှောက်မှဝင်ရောက်လာသော ဘက်(စ်)ကား
များမှာ သခင်မြပန်းခြံပတ်လည်အား ယာဉ်ရပ်နားစခန်းမှ မြို့တွင်းသို့ လက်ဝဲရစ်၊ လက်ယာရစ်အဖြစ်
ယာဉ်လိုင်း တစ်လိုင်းတည်းသာ ကုန်းလမ်းပို့ဆောင်ရေးလုပ်ငန်း (သိ့မ
ု ဟုတ်) အများပိုင်ကုမ္ပဏီတစ်ခုမှ
တာဝန်ယူ ပြေးဆွဲစေသင့်ပါသည်။
(ခ) မြို့တွင်းအ၀င်
********************
အထက်ဖော်ပြပါ Bus Terminal များသို့ မြို့နယ်အသီးသီးမှ ၀င်ရောက်ရာလမ်းကြောင်း မီးရထားမြို့
ပတ်လမ်းနှင့်အပြိုင် ရှေးယခင်ကစီမံကိန်းချ၍ ဖောက်လုပ်ရန်လျာထားခဲ့ရာ ကားပတ်လမ်း မြေနေရာအတွင်း
ကျူးကျော်အိမ်ရာများနှင့် မီးရထားဝန်ထမ်းအရာရှိများ ဝေခြမ်းရေးလုပ်၍ ငှားရမ်းစားသောက် နေသော
မြေနေရာများအား ပြန်လည်ရှင်းလင်းသိမ်းယူပြီး ကားပတ်လမ်းအဖြစ် အမြန်ဆုံး အကောင်အထည်ဖော်
ဆောက်လုပ်သင့်ပါတယ်။ ၎င်းပတ်လမ်းဆောက်လုပ်ပြီးစီးပါက မြို့နယ်အသီးသီးရှိ
ဘူတာနှင့်အနီးဆုံးနေရာတွင် ယာဉ်ရပ်နားစခန်းများ တည်ဆောက်ပေးပြီး ၎င်းစခန်းများမှ ထွက်ရှိသော
ဘက်(စ်)ကားများအား အထက်ဖော်ပြပါ အပိုဒ်(က)တွင်ရှိသော မြို့တွင်း Bus Terminal များတွင်
ဂိတ်ဆုံးရပ်နားရမည် ဖြစ်ပါတယ်
(ဂ) မြို့သစ်များသို့ ပတ်လမ်း
************************************
အထက်ဖော်ပြပါအပိုဒ်(ခ)တွင် ဖော်ပြခဲ့ပြီးသော မြို့နယ်အသီးသီးရှိ ဘူတာနှင့်အနီးဆုံးနေရာတွင်ရှိသော
ယာဉ်ရပ်နားစခန်းများမှ မြို့စွန်မြို့ဖျားသို့ ပြန်လည်ပြေးဆွဲစေသည့် တတိယမြောက်ပတ်လမ်းအား
ဖော်ဆောင်ပေးသင့်ပါတယ်။
ရန်ကုန်မြို့တွင် ကားအစီးရေ(၃)သိန်းကျော်ခန့်သာရှိပါတယ်။ အိမ်နီးချင်းနိုင်ငံများရှိ မြို့တော် ဘန်ကောက်၊
ကွာလာလမ်ပူ၊ ဟိုချီမင်း၊ ဟနွိုင်း၊ ဖနွမ်းပင်၊ ဂျာကာတာ စသည်တို့တွင်ရှိသော (၁၀)ဆ၊ အဆ(၂၀)ထက်မက
များပြားသည့် ကားအစီးရေအား နှိုင်းယှဉ်ဖော်ပြရမည်ဆိုလျှင် ယာဉ်ကြောကျပ်တည်းမှုအား ဖြေရှင်းရန် တခြား
နည်းလမ်းကာင်းများစွာ ရှိနေပါတယ်။ အချို့လမ်းသွယ်များမှာ ဖြတ်လမ်းများဖြစ်၍ Cross Cut
ဖြတ်ထွက်၍ရသော လမ်းသွယ်များဖြစ်ပြီး ၎င်းလမ်းသွယ်များအား Upgrade လုပ်ပေးခြင်းနှင့်
မြို့သစ်ဒေသများတွင်ရှိသော လမ်းကျယ် ကြီးများအား ယာဉ်လိုင်းများတိုးချဲ့ပြေးဆွဲနိုင်ရန် Upgrade
တိုးချဲ့ဆောက်လုပ်ပေးခြင်းများ အချိန်တိုအတွင်း အမြန်ဆုံးအကောင်အထည်ဖော်ပေးမည်ဆိုပါက
မြို့သစ်များတွင် ယာဉ်ကြောကျပ်တည်းမှုမှာလည်း လျော့ကျ သွားမှာ ဖြစ်ပါတယ်။
ယာဉ်ကြောကျပ်တည်းမှုရဲ့ အခြားအကြောင်းများဖြစ်သော ကျူးကျော်ဈေးဆိုင်ခန်းများ၊ စည်းကမ်းမဲ့
ဆိုက်ကားဂိတ်များ၊ လမ်းဆုံးလမ်းခွတွင် လူအတင်အချလုပ်၍ အချိန်ကြာမြင့်စွာ လူခေါ်ခြင်းများ
စသည်တို့ကိုလည်း တစ်ပြေးညီရှင်းလင်းဆောင်ရွက်ရန် လိုအပ်ပါတယ်။ ထိုင်းနိုင်ငံ ဘန်ကောက်မြို့၊
ဗီယက်နမ်နိုင်ငံ ဟိုချီမင်းမြို့ များတွင်လည်း လမ်းဘေးဈေးသည်များ ရှိပါတယ်။
၎င်းလမ်းဘေးဈေးသည်များအား စနစ်တကျစီမံဆောင်ရွက် ပေးထားသော နည်းစနစ်များလည်း ရှိပါတယ်။
ကျွန်တော် အရှေ့ပိုင်းခရိုင်အတွင်းမှ ရန်ကုန်တိုင်းလွှတ်တော် ကိုယ်စားလှယ်များကိုလည်း အကြံပြုပြောပြခဲ့ပြီး
ဖြစ်ပါတယ်။ အမြန်ဆုံးအကောင်အထည်ဖော် ဆောင်ရွက်ရန် နည်းလမ်းကောင်း နမူနာများ၊
အိမ်နီးချင်းနိုင်ငံများ၏ လုပ်ကိုင်ပုံစနစ်များအား ဗဟုသုတအဖြစ်လည်း တင်ပြထားပြီး ဖြစ်ပါတယ်။ ထိုသို့
အကောင်အထည်ဖော် ဆောင်ရွက်ရန် ရန်ကုန်တိုင်းဒေသကြီးအစိုးရ၏ တိကျခိုင်မာသော ညွှန်ကြားချက်များ၊
အရေးယူမှုစည်းမျဉ်းများ၊ လုပ်ထုံးလုပ်နည်းများအား ထုတ်ပြန်ပေးရန် လိုအပ်နေပြီ ဖြစ်ပါတယ်။
ခုံးကျော်တံတားများ၊ စီးပွားရေးဇုန်များ၊ ကောင်းကင်လမ်းများ အရေးပေါ်တည်ဆောက်ရန် မလိုအပ်သေးဟု
ပြောလိုပါတယ်။ စနစ်တကျ စီမံခန့်ခွဲရန်သာ အရေးတကြီးလိုအပ်နေပြီး လမ်းကြောင်းထပ်နေသော
လိုင်းကားများ မြို့တွင်းစုပြုံတိုးဝင်မှုအား အထက်ဖော်ပြပါ အဆင့်(၃)ဆင့် (အပိုဒ်-က၊ခ၊ဂ)ဖြင့် လျှော့ချရန်
လိုအပ်ကြောင်း ယခင်အစိုးရလက်ထက်တွင် တင်ပြခဲ့ပြီးဖြစ်ပါတယ်။ ဌာနများပေါင်းစပ်၍ လက်တွေ့စမ်းသပ်
အကောင်အထည် ဖော်ရန်သာ လိုအပ်ပါကြောင်းအကြံပြုအပ်ပါတယ်။ ၎င်းအပြင် ဘက်(စ်)ကားဂိတ်များအား
စနစ်တကျ ဂိတ်အစ-အဆုံးနေရာများ စီစဉ်ဆောင်ရွက်ပေးရန်လိုအပ်ပြီး ကားမှတ်တိုင်များကိုလည်း
လမ်းဘေးချ၍ရပ်နိုင်ရန် စနစ်တကျ တည်ဆောက်ပေးရန်လည်း လိုအပ်လျက်ရှိနေပါတယ်။ အကျဉ်းချုံး၍
ရေးရခြင်းဖြစ်ပြီး အသေးစိတ်ဖော်ပြချက်အား သီးသန့်ဆက်လက်ဖော်ပြသွားမှာ ဖြစ်ပါတယ်။
၁၃။ အဝေးပြေးဂိတ်များနှင့် လက်လီလက်ကားဈေးများ။
*********************************************************
အဝေးပြေးဂိတ်တစ်ခုအဖြစ် အရှေ့ပိုင်းခရိုင် အတွင်း အမှတ်(၂)လမ်းမကြီးတစ်လျှောက်
အကောင်းဆုံးနေရာလည်းဖြစ်ပြီး ကုန်ကျစရိတ်အသက်သာဆုံး နေရာဖြစ်သော
အမှတ်(၇)လမ်းဆုံရာနေရာတွင်ရှိသော စည်ပင်သာယာရေးဌာနပိုင် ဧက(၅၀)ရှိတဲ့ မစိုမွေးမြူရေး
ငါးကန်နေရာအား အကောင်အထည်ဖော်ဆောင်ရွက်ခြင်းအားဖြင့် ၀င်ငွေလည်းတိုး၍ အမှတ်(၃)လမ်းမပေါ်တွင်
ရှိသော ယာဉ်ကြောကျပ်တည်းမှုကိုလည်း (၅၀%)လျော့ကျသွားစေမည် ဖြစ်ပါတယ်။ ၎င်းအပြင်
အရှေ့ပိုင်းခရိုင်နေ ခရီးသွားပြည်သူများမှ မင်္ဂလာဒုံ၊ အောင်မင်္ဂလာအဝေးပြေးဂိတ်သို့
သွားရောက်ရခြင်းအားလည်း လျော့ကျ သွားစေနိုင်သဖြင့် မြောက်ဥက္ကလာလမ်းမကြီးတစ်လျှောက်
ယာဉ်ကြောပိတ်ဆို့မှုအားလည်း အမြန်ဆုံးလျော့ကျ စေမှာ ဖြစ်ပါတယ်။
၁၄။ စက်မှုလက်မှုပြင်ဆင်ရေးနေရာများ Technical Services and
****************************************************************************
Workshops။
****************
စည်းကမ်းစနစ်တကျ စံချိန်စံညွှန်းများဖြင့် ဖွင့်လှစ်လုပ်ကိုင်သော Workshop များမှာအလွန်နည်းပါးပြီး
ယာဉ်ကြောကျပ်၍ လူနေထူထပ် သော လမ်းများပေါ်တွင် Workshop ငယ်လေးများ
အစီအရီဖွင့်လှစ်ခွင့်ပြုထားခြင်းဟာ စည်ပင်သာယာရေးဌာနရဲ့ စနစ်တကျကိုင်တွယ်မှု
အားနည်းချက်ဖြစ်ပါတယ်။ နေပြည်တော်ကဲ့ သိ့ေ
ု သာ ယာဉ်ရပ်နားစခန်းအနီး ယာဉ်စက်ပြင် စခန်းနှင့်
ယာဉ်ရောင်းဝယ်ရေးစခန်းအား ဖွင့်လှစ်ရောင်းချလုပ်ကိုင်ခွင့် မြေနေရာသတ်မှတ်ပေးရန်လည်း
လိုအပ်လျက်ရှိနေပေတယ်။ အမှတ်(၇)မြို့ရှောင်လမ်းပေါ်တွင် နိုင်ငံတော်မြေသိမ်းမိန့်ဖြင့် သိမ်းဆည်းထားသော
မြေအများအပြားရှိ၍ လယ်ပိုင်ရှင်များအား ထိုက်သင့်သောမြေယာလျော်ကြေးပေး၍
ယာဉ်ကြောပိတ်ဆို့စေသည့် မြို့နယ်အသီးသီးတွင်ရှိသော Workshop များအား ပြောင်းရွှေ့ဖွင့်လှစ်ရန်
အကောင်အထည်ဖော် ဆောင်ရွက်မည် ဆိုပါက အဖိုးနည်းဝန်ပါ အလုပ်ရုံငယ်လေးများလည်း
အဆင်ပြေစေမည်ဖြစ်ပါတယ်။
၁၅။ သယ်ယူပို့ဆောင်ရေး။
***************************
အပိုဒ်(၁၂)တွင် ဖော်ပြခဲ့ပြီးဖြစ်သော လက်ရှိမြို့ပတ်ရထားလမ်းနှင့်အပြိုင် မော်တော်ကားလမ်းအား
အမြန်ဆုံးဖောက်လုပ်၍ ရထားဘူတာနှင့်အနီးစပ်ဆုံးသော နေရာများတွင် ဘက်(စ်)ကား
ဂိတ်ဆုံးယာဉ်ရပ်နားစခန်းများအား ဆောက်လုပ်အကောင်အထည်ဖော်ပေးခြင်းအားဖြင့်
ရထားနှင့်ဘက်(စ်)ကား အလွယ်တကူ ပြောင်းလဲစီးနင်းနိုင်ခြင်း၊ ခရီးသွားများ အဆင်ပြေချောမွေ့စေ၍
ရထားစီးခရီးသည်များ တိုးလာမည် ဖြစ်ပြီး ဘက်(စ်)ကားလမ်းကြောင်းရှည်ကြီးများလည်း
လျှော့ချနိုင်မည်ဖြစ်တဲ့အပြင် ယာဉ်လမ်းကြောင်းများထပ်၍ ပြေးဆွဲနေခြင်းကြောင့် ယာဉ်ကြောထပ်သည့်
ပြဿနာလည်း လျော့နည်းသွားမှာ ဖြစ်ပါတယ်။
(၁၆) ရန်ကုန်မြို့ဈေးများ။
*************************
မြို့သစ်များတွင် ဈေးများရှိသော်လည်း လိုအပ်ချက်များရှိနေသေးသည်မှာ မှန်ပါတယ်။ သို့သော်
ထိုဈေးများတွင် ဈေးဧရိယာအတွင်း ရောင်းချသူနည်းပါးပြီး ဈေးပြင်ပလမ်းဘေးတွင် ထွက်၍
အပြိုင်အဆိုင်ရောင်းချနေခြင်းကြောင့် လမ်းကြောင်းပိတ်၍ ယာဉ်ကြောပိတ်ဆို့မှုဖြစ်နေသည့် ဆိုးကျိုးများ
ဖြစ်ပေါ်လျက်ရှိပါတယ်။ အချို့သော ဈေးများမှာ ဈေးဧရိယာအတွင်း ရေမြုပ်၍နေခြင်း၊ စနစ်တကျ
ကွန်ကရိခင်းမထားခြင်းများကြောင့် အဆင်ပြေသော လမ်းဘေးသို့တက်၍ ဈေးရောင်းနေခြင်းကိုလည်း
တင်ပြအကြံပြု အပ်ပါသည်။
(၁၇) အလုပ်အကိုင်နှင့် စက်မှုကဏ္ဍ။
*************************************
စက်မှုဇုန်မြေနေရာများ ရန်ကုန်မြို့အနှံ ယခင်အိုးအိမ်ဦးစီးဌာနမှသာ အကောင်အထည်ဖော်ခဲ့ပြီး ပုဂ္ဂလိက
ကုမ္ပဏီအနေဖြင့် ဇေကမ္ဘာကုမ္ပဏီရဲ့ မင်္ဂလာဒုံရှိ ရန်ကုန်စက်မှုဇုန်နှင့် ရွှေသံလွင်ကုမ္ပဏီရဲ့
လှိုင်သာယာနယ်မြေတွင်ရှိသော စက်မှုဇုန်(၂)ခုသာလျှင် ပုဂ္ဂိုလ်ကလုပ်ကိုင်ခွင့်ပေးခြင်း ဖြစ်ပါတယ်။
၎င်းကုမ္ပဏီပိုင်မြေများ ဈေးကြီးတာမှန်သော်လည်း အဓိကအားဖြင့် ယခင်အိုးအိမ်ဦးစီးဌာနမှ ချထားပေးသော
နိုင်ငံတော်စီမံကိန်းဖြင့် အကောင်အထည်ဖော်သည့် မြေကွက်များသည် အမှနတ
် ကယ် လုပ်ကိုင်မည့်
လုပ်ငန်းရှင်များ လျောက်ထားခဲ့သော်လည်း ၀ယ်ယူခွင့်မရရှိပဲ အစိုးရဌာန အကြီးအကဲများနှင့်
ပတ်သက်သူများနှင့် ၄င်းတို့ကိုယ်တိုင် ဝေခြမ်းရေးလုပ်၍ ဈေးပေါပေါဖြင့် ရရှိထားသောကြောင့် ပြန်လည်
ရောင်းချခြင်းမရှိပဲ အငှားချထားခြင်းနှင့်အချို့မှာ ဈေးကောင်းစောင့်၍ ရောင်းချရန်စီစဉ်နေခြင်း များကြောင့်
၄၀%နှုန်းခန့်သော စက်မှုမြေများမှာ အကောင်အထည်ဖော်ဆောင်နိုင်မှုမရှိပဲ အမှန်တကယ်ရင်းနှီးမြှုပ်နှံမည့်
သူများအား ၀န်ထုပ်ဝန်ပိုးဖြစ်စေလျက် ရှိပါတယ်။ ၄င်းအပြင် စက်မှုဇုန်များအား အကောင်အထည်
ဖော်ရာတွင်လည်း စနစ်တကျလုပ်ငန်းအမျိုးအစားများခွဲ၍ သတ်မှတ်ဇုန်အတွင်း သတ်မှတ်လုပ်ငန်းများသာ
လုပ်ကိုင်ရမည်ဟူသော စည်းမျဉ်းများ ချမှတ်ဆောင်ရွက်ခဲ့ခြင်း မရှိသောကြောင့် လုပ်ငန်းမျိုးစုံ
ရောပြွှမ်းတည်ဆောက်ထားသောဇုန်များ များပြားလျက်ရှိပြီး အခြားမလိုလားအပ်သော အန္တရာယ်နှင့်
ဆိုးကျိုးများ၊ ပတ်ဝန်းကျင်အား ထိခိုက်စေမှုများ၊ သဘာဝဘေးအန္တရာယ် ကျရောက်စေမှုများကို
ဖြစ်ပေါ်စေလျက်ရှိပါတယ်။ သိ့ပ
ုါ၍ စနစ်တကျစက်မှုဇုန်များ အကောင်အထည်ဖော်၍ အမှန်တကယ်
လုပ်ကိုင်မည့်သူများအား စက်ရုံ၊ အလုပ်ရုံများ တည်ဆောက်ပြီး လုပ်ငန်းလုပ်ကိုင်ရင်နှီးမြှုပ်နှံ လုပ်ကိုင်စေပြီးမှ
မြေယာပိုင်ဆိုင်ခွင့် ပြုပေးသောစနစ်ကို အကောင်အထည်ဖော်ပေးပါက အချောင်သမားမြေဦးသူများ
ပပျောက်သွားမည် ဖြစ်ပါတယ်။
(၁၈) သမိုင်းအမွေအနှစ်များထိန်းသိမ်းခြင်း။
********************************************
သမိုင်းဝင်နှင့် ဘာသာရေး အဆောက်အဦများဟုဆိုရာ ရှေ့ဟောင်း ဘာသာရေးအဆောက်အဦများအနီး
ပတ်ဝန်းကျင်တွင် အဆိုပါအဆောက်အဦအား ထိခိုက်ပျက်စီးစေနိုင်သော အင်ဂျင်နီယာဆိုင်ရာ
ရေကြောမြေကြောဆိုင်ရာ စစ်ဆေးမှုများနှင့် မှတ်ချက်ပေးအတည်ပြုမှုများ ရယူ ဆောင်ရွက်သင့်ပါတယ်။
အချို့သော ဘာသာရေး၊ အဆောက်အဦများမှာ ရှေးဟောင်းအဆောက်အဦများ မဟုတ်ပဲ
တပ်မတော်အစိုးရခေတ်တွင် ဘာသာရေးနှင့် နိုင်ငံရေး ရောယှက်ကာ အစီအမံများပြုလုပ်၍ တည်ထားသော
အဆောက်အဦများဖြစ်၍ ပတ်ဝန်းကျင်ဖွံ့ဖြိုးတိုးတက်ရေးအတွက် အဟန့်အတားဖြစ်စေသော ကန့်ကွက်မှုမျိုး
မဖြစ်ပေါ်စေရေးအတွက် အင်ဂျင်နီယာကောင်စီရဲ့ နည်းပညာပိုင်းဆိုင်ရာ သဘောထား မှတ်ချက်များရယူ၍
ခွင့်ပြုသင့်သည်များ ခွင့်ပြုစေခြင်းနှင့် တားမြစ်သင့်သည်များအား တားမြစ်စေခြင်းတို့ ဆောင်ရွက်
စေသင့်ပါတယ်။
(၁၉) ရန်ကုန်မြို့တိုးချဲ့ခြင်း။
******************************
သိမ်းဆီးမြေယာကိစ္စများမှာ အသေးစိတ်လေ့လာသုံးသပ်သင့်သော ကိစ္စဖြစ်ပါတယ်။ မြေသိမ်းမိန့်ဥပဒေအရ
လယ်ယာလုပ်ကိုင်သူများအား ဥပဒေအရ လျော်ကြေးပေးရမည်ဖြစ် ပါတယ်။ ၄င်းအပြင် (၆)လအတွင်း
စီမံကိန်းများဆောင်ရွက် အကောင်အထည်ဖော်ရမည်ဖြစ်ပါတယ်။ သိ့ေ
ု သာ် လျော်ကြေးလည်းမပေး၊
စီမံကိန်းများလည်း အကောင်အထည်မဖော်သဖြင့် လယ်သမားများမှ ပြန်လည်ဝင်ရောက်လုပ်ကိုင်သည်မှာ
ယခင်အစိုးရသက်တမ်းပြီးချိန်ထိ နှစ်ပေါင်း(၂၅)နှစ်ကျော် ရှိပြီး ဖြစ်ပါတယ်။ အချို့သော လယ်မြေများအား
အဆင့်မြင့်လယ်မြေအဖြစ် ကုမ္ပဏီကြီးများအား ခွဲတမ်းချ၍ စက်မှုလယ်ယာလုပ်ငန်းများ
အကောင်အထည်ဖော်ဆောင်ရွက်စေခဲ့ပါတယ်။ ၄င်းနောက် ယခင်ဦးသိန်းစိန် အစိုးရ လက်ထက်တွင်
မြေယာလျော်ကြေးကိစ္စများပေါ်ပေါက်လာ၍ အသီးသီးဆန္ဒပြတောင်းဆိုမှုများကြောင့်
မူလလယ်ယာမြေပိုင်ရှင်များအား ကုမ္ပဏီများမှ ညှိနှိုင်း၍ လျော်ကြေးငွေအသီးသီး ပေးချေပြီးဖြစ်ကြောင်း
သိရှိရပါတယ်။ အချို့သော လယ်မြေများမှာလည်း လယ်သမားများမှ နှစ်ပေါင်း(၂၅)နှစ်ကျော်
ဆက်လက်လုပ်ကိုင်လျက် ရှိခြင်းကြောင့် ဥပဒေကြောင်းအရ ပိုင်ရေးပိုင်ခွင့်ရှိသည်ဟု ယုံကြည်သဖြင့်၊
ကာလပေါက်ဈေးဖြင့် လက်လွှဲရောင်းချ၍ ဆက်လက်လယ်ယာလုပ်ကိုင်လျက်ရှိသူများ ရှိသကဲ့သို့
လယ်ယာလုပ်ငန်းမလုပ်ကိုင်ပဲ စီးပွားဖြစ်ခြံခတ်၍ ဈေးကောင်းရမည်အထင်ဖြင့် ထိုင်စောင့်နေသူများလည်း
ရှိပါတယ်။ လယ်ယာမြေများဖြစ်သဖြင့် အခြားနည်းပြောင်းလဲ သုံးစွဲလိုပါကလည်း နိုင်ငံတော်မှ
စည်းမျဉ်းစည်းကမ်းများ သတ်မှတ်ချက်ရှိပါသဖြင့် အခြားနည်းပြောင်းလဲ သုံးစွဲလိုပါကလည်း နိုင်ငံတော်မှ
စည်းမျဉ်းစည်းကမ်းများ သတ်မှတ်ချက်ရှိပါသဖြင့် မွေးမြူရေး/လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်း
ဝန်ကြီးဌာန၏ လုပ်ထုံးလုပ်နည်းများအတိုင်း လိုက်နာဆောင်ရွက်ရန်သာရှိ၍ ရန်ကုန်တိုင်းအစိုးရအနေဖြင့်
စနစ်တကျ လေ့လာဆင်ခြင်သုံးသပ်၍ ဆောင်ရွက်သင့်ကြောင်း အကြံပြုတင်ပြလိုပါတယ်။
(၂၀) တိုးချဲ့ရန်ရွေးချယ်သော နေရာများအတွက် စနစ်တကျပုံစံရေးဆွဲခြင်း။
**************************************************************************
မြို့သစ်များတည်ဆောက်ရန် ရေးဆွဲအကောင်အထည်ဖော်ရာတွင် ယခင်အိုးအိမ်ဦးစီးဌာနမှ
ဆောင်ရွက်ခဲ့သောပုံစံမျိုး မဖြစ်သင့်ပဲ One Stop Services ဧရိယာတစ်ခုအဖြစ် နိုင်ငံတကာမြို့သစ်များ
တည်ဆောက်လျက်ရှိသည့်ပုံစံအား အတုယူ တည်ဆောက်သင့်ပါတယ်။ အထူးသဖြင့် မြန်မာနိုင်ငံဟာ
အာဆီယံနိုင်ငံ တစ်ခုဖြစ်သဖြင့် အာဆီယံနိုင်ငံ အသိုင်းအ၀ိုင်းအတွင်း လေ့လာသုံးသပ်ပြီး
မြန်မာနိုင်ငံသားများ၏ ရိုးရာဓလေ့ထုံးစံများအား ဦးစားပေးအလေးထား၍ ပေါင်းစပ်ပုံဖော်
တည်ဆောက်သင့်ပါတယ်။ မြို့သစ်တစ်ခုတည်ဆောက်ရာတွင် သက်ဆိုင်ရာ ဌာနအသီးသီးနှင့်
ဆက်စပ်လျက်ရှိသော လုပ်ငန်းသဘာဝနှင့် လုပ်ထုံးလုပ်နည်းများအား စနစ်သစ်နိုင်ငံတကာစံနှုန်းများနှင့်
ပြောင်းလဲသုံးသပ်ဆောင်ရွက် အကောင်အထည်ဖော်သင့်ပါတယ်။ အနှစ်(၂၀)(၃၀)အတွင်း ဖြစ်ပေါ်လာမည့်
အနာဂတ်လိုအပ်ချက်များအား ထည့်သွင်းစဉ်းစားဆောင်ရွက်ရမည့် အပြင်
ရာသက်ပန်အနာဂတ်လိုအပ်ချက်များ၊ လျာထားချက်များအားလည်း တစ်ပါတည်း ထည့်သွင့်စဉ်းစား
တွက်ချက်ရမည် ဖြစ်ပါတယ်။
(၂၁) အများပြည်သူတို့အတွက် လိုအပ်ချက်များကိုဖြည့်ဆည်းသော၊
*********************************************************************
မြန်မာလူမျိုးတို့ဂုဏ်ယူနိုင်သောမြို့သစ်။
********************************************
မြေဈေးကြီးမြင့်မှုပြဿနာမှာ တတိယအဆင့် ကမ္ဘာ့နိုင်ငံအသီးသီးမှ ရင်ဆိုင်နေရသော ပြဿနာတစ်ခုဖြစ်ပြီး
တိုင်းပြည်ဖွံ့ဖြိုးတိုးတက်မှု၊ ပြည်သူများ၏ စီးပွားရေးဝင်ငွေကောင်းမှုအပေါ်တွင် မူတည်၍ မြို့ပြများတွင်
ရင်ဆိုင်ကြုံတွေ့ရမြဲဖြစ်သော ပြဿနာတစ်ရပ်ဖြစ်၍ မည်သို့သော စည်းကမ်းသတ်မှတ်ချက်များနှင့်
ထိန်းသိမ်း၍ စနစ်တကျဆောင်ရွက်သွားမည်ဟူသော စီမံချက်များ ချမှတ်အကောင်အထည်ဖော်ရန်သာ လိုအပ်
ပါတယ်။ ယခင်အစိုးရအဆက်ဆက် ထိုသို့အနာဂတ်စီမံချက်များအား ကြိုတင် သုတေသနပြုလုပ်၍
စီမံချက်များ မရေးဆွဲခဲ့ခြင်းကို ပြုပြင်၍ မဖြစ်မနေအကောင်အထည်ဖော်ဆောင်ရွက်သင့်ကြောင်း
အကြုံပြုအပ်ပါတယ်။
(၂၂) မြေအသုံးချမှုပုံစံနှင့် စီးပွားရေးအဆောက်အအုံတို့ဖြန့်ဖြူးမှု။
****************************************************************
ယခုလက်ရှိအခြေအနေမှန်အား တင်ပြရလျှင် မြို့သစ်များနှင့် ရန်ကုန်မြို့ပေါ် မြို့နယ်များတွင်
ဒေသအလိုက်စီးပွားရေး အချက်အချာကျသောနယ်မြေများ သဘာဝအလျောက် အခြေအနေ
ဖန်တီးပေးမှုများကြောင့် ပေါ်ထွန်းပြီးဖြစ်ပါတယ်။ ဥပမာ-မြေနီကုန်း-စမ်းချောင်းလမ်း၊ ကမာရွတ်-
လှည်းတန်းလမ်းဆုံနှင့်ရှစ်မိုင်း၊ သမိုင်းလမ်းဆုံ၊ ကမ္ဘာအေး၊ ရွှေဂုံတိုင်လမ်းဆုံ၊ ပါရမီ၊ ချော်တွင်းကုန်း၊
ကမ္ဘာအေးဘုရားနယ်မြေတ၀ိုက်နှင့် မြောက်ဥက္ကလာ-မယ်လမုဘုရား၊ အ၀ိုင်းလမ်းဆုံ စသည်ဖြင့်
ဒေသအသီးသီးတွင် စီးပွားရေးဇုန်များ အစီအရီ စနစ်တကျမရှိသော၊ စည်းကမ်းတကျမရှိသော
နယ်မြေများအဖြစ် မြို့နယ်တိုင်း၊ ဒေသတိုင်းတွင် ဖြစ်တည်လျက်ရှိပါတယ်။ ၄င်းဒေသတွင်း အနေအထားအား
စနစ်တကျ၊ စည်းကမ်းတကျနှင့် ခေတ်မီဖွံ့ဖြိုးတိုးတက်စေရန် မြှင့်တင်ပေးခြင်းလုပ်ငန်းအား ဦးစားပေး
ဆောင်ရွက်သင့်သည်ဟု အကြံပြုတင်ပြလိုပါတယ်။ အထူးစီးပွားရေးဇုန်များ ဖော်ထုတ်ခြင်းမှာ ကောင်းမွန်သော
စီမံချက်ဖြစ်သော်လည်း အချိန်ယူတည်ဆောက်ရခြင်းနှင့် ဖွံ့ဖြိုးတိုးတက်ရန်အချိန်ပေးရခြင်းများ ရှိမည်ဖြစ်
ပါတယ်။ တပ်မတော်နှင့် ၀န်ကြီးဌာနပိုင်မြေများအားလည်း မိမိကိုယ်ပိုင်များကဲ့သို့ ဖက်တွယ်မထားပဲ
အများပြည်သူအကျိုးငှာ အကျိုးရှိရှိအသုံးချနိုင်မည်ဖြစ်ပြီး ကောင်းမွန်သော၊ စနစ်ကျသော၊
ခေတ်မီဖွံ့ဖြိုးတိုးတက်စေနိုင်သော၊ ပြည်သူလူထုအပေါ်ကျရောက်နေသော ၀န်ထုပ်ဝန်ပိုးများအား လျှော့ချပေး
နိုင်သော အခြေအနေကို ဖန်တီးပေးနိုင်ရန် ဌာနအသီးသီးမှ ပူးပေါင်းဆောင်ရွက်သင့်ပါတယ်။
ကျွန်တော့် အကြံပြုချက်များသည် ပြည်ပအတွေ့အကြုံနှင့် လေ့လာဆည်းပူးထားသော သူတေသန
များပေါ်တွင် အခြေခံ၍ အကြံပြုထားခြင်းဖြစ်ပြီး သက်ဆိုင်ရာဘာသာရပ်နယ်ပယ်အသီးသီးမှ ပညာရှင်များ
အတွေ့အကြုံရှိသူ ပုဂ္ဂိုလ်များနှင့် ပူးပေါင်၍ အကျိုးအပြစ်ဆင်ခြင်တွေးဆဆွေးနွေး အကောင်အထည်ဖော်
ကြပါလျင် နိုင်ငံတကာတန်းဝင်သော မြို့တော်ကြီးတစ်ခုဖြစ်လာမည် ဖြစ်ပါကြောင်းတင်ပြအပ်ပါတယ်

You might also like