Professional Documents
Culture Documents
ညချမ်းချိန်ခါဝယ် (ဒေါ်ခင်မျိုးချစ်)
ညချမ်းချိန်ခါဝယ် (ဒေါ်ခင်မျိုးချစ်)
ညချမ်းချိန်ခါဝယ်
ဒေါ်ခင်မျိုးချစ်
1
ညချမ်းချိန်ခါဝယ်
ဟု ပါးစပ်က တိုးတိုးရွတ်ရင်း ဆေးလိပ်ခွက် လက်နှင့် တိုက်ချလိုက်ရာ "ခလွမ် ... " ဟူသော အသံ နှင့်
တစ်ဖက်ခုတင်ခု
"ဟပ်ချိုး ... ခွီး ... ခွီး ... တကတဲမှပဲတော်၊ ဆေးလိပ်ပြာတွေ မှောက်ကျကုန်ပါပြီ"
ဟူသော မရွှေခင်၏ အသံ ပေါ်လာလေသည်။
ကိုထွေးမောင်သည်
"အိုး ... ဆောရီး ခင်၊ အိပ်ပျော်ပြီလား၊ လန့်နိုးသွားသလား"
ဟု လက်နှိပ်ဓာတ်မီးကို စမ်းရင်း လူးလဲထလေသည်။
3
ညချမ်းချိန်ခါဝယ်
"ကောင်းသားပဲ"
ထမင်းစား စားပွဲကလေးပေါ်တွင် ရေနံဆီ လေမီးဖို လေတရှဲရှဲ မြည်နေသည်။ ကိုထွေးမောင် သည်
ဆေးလိပ်ကို ဇိမ်နှင့် ဖွာရင်း စားပွဲပေါ် လက်ထောက်ကာ ရေနွေးအိုးကို ကြည့်နေသည်။ မရွှေခင် ကား
ကြောင်အိမ် ထဲက ကော်ဖီဘူး၊ နို့ဆီ၊ သကြား၊ လက်ဖက်ရည် ပန်းကန်များ ထုတ်ကာ စားပွဲ ပေါ်တွင် ချ
သည်။
"အရည်ကလာပ်ချည်းတော့ မဖြစ်သေးဘူး၊ အဖတ်ကလာပ်လည်း ပါဦးမှ"
ဟု ကိုထွေးမောင်က ပြောလိုက်သည်။
"ခင်ကော မစားဘူးလား"
"စားမှာပေါ့၊ သူ့ကို လုပ်ပေးနေရတဲ့ဥစ္စာ၊ ရော့ ... ဟောဒီမှာ ငါးပိ အသားကလေး"
"ငါးပိများ တယ်အရသာရှိတယ်နော်၊ ဘာနဲ့မှ မလဲနိုင်ဘူး။ နိုင်ငံခြားသွားနေရရင် ငါးပိ မရှိရင် အခက်ပဲ"
"တစ်ခါ ကိုထင်ဖတ်လား ... ဘယ်သူလား ရေးတဲ့ ကဗျာတစ်ပုဒ်ထဲမှာ မတွေ့ဘူးလား၊ ငါးပိနှင့် လည်း
ဝေးသော ကြောင့် ... ဆိုတာ"
စားသောက်ပြီးလျှင် ပန်းကန်များကို စားပွဲပေါ်မှာပင် ရေစိမ်ကာ ဆောင်းနှင့် အုပ်ထားခဲ့ပြီး အိပ်ခန်း ထဲ
ပြန်သွား ကြသည်။ စာရေးစားပွဲတွင် နှစ်ယောက်သား မျက်နှာချင်းဆိုင်ကာ ဆေးလိပ်များ ဖွာနေ ကြသည်။
ဒေါ်ခင်မျိုးချစ်
"ကိုထွေးလည်း ဒီလိုပဲ၊ ငယ်ငယ်က ဆယ်တန်းတုန်းက သင်ခဲ့ဖူးတဲ့ ဒစ်ကင်း ရေးတဲ့ မျှော်တလင့် လင့် ၀တ္ထု
ကို ပြန်ဖတ်နေတာ။ မနက်ကျတော့ မထနိုင်မှာစိုးလို့ အိပ်ရာထဲ ၀င်ရတာပဲ။ ကိုထွေးတို့ မှာလည်း
အေးအေးဆေးဆေး စာဖတ်နေနိုင်ဖို့ရာကို တကယ့်စည်းစိမ်ကြီးများ တောင့်တသလို တောင့်တ နေရ
တော့တာပဲ"
"ဒါတော့ ကိုယ် ကြိုက်ရာ၊ ကိုယ်ပျော်ရာ စည်းစိမ်ပေါ့ လေ ... ဒါဖြင့် အိပ်ချင်လာအောင် အပြင် ဘက်
ခြံထဲထွက် တစ်ပတ် လမ်းလျှောက်မလား၊ အခု မိုးတိတ်သွားပြီ"
"ကောင်းသားပဲ"
"ဒါဖြင့် ... သားလေး တစ်ယောက်တည်း မှောင်ထဲ နိုးရင် ကြောက်နေမယ်၊ မီးအိမ် ထွန်းထားခဲ့ မယ်"
5
ညချမ်းချိန်ခါဝယ်
7
ညချမ်းချိန်ခါဝယ်
"အိပ်ကြမှပဲ မဖြစ်ဘူး"
ဟု သဘောတူ ပြောကြကာ အိပ်ရာဝင်ကြရသည်။
မရွှေခင်သည် အိပ်ရာပေါ်တွင် လျောင်းနေရသော်လည်း အိပ်လို့ မပျော်တော့ချေ။ မြို့ငယ်ကလေး တွင်
အစားအသောက် စရိတ် ချောင်လည်စွာ နေရပုံ၊ ရန်ကုန်မြို့ စရိတ်ကြီးပုံ၊ မြို့ငယ်ကလေးတွင်
အလုပ်နည်းလှ၍ အချိန်တွေ ပိုနေပုံ၊ ရန်ကုန်မြို့၌ကား ... သွားလာရသည့် အချိန်က မနည်းကုန်ရုံ မက
ကိုထွေးမောင်မှာ အလုပ်တစ်ဖက်နှင့် ကျောင်းတက်ရ၊ မရွှေခင်မှာလည်း အလုပ်သွားရ၊ အိမ်မှာ
ချက်ရပြုတ်ရ၊ တစ်နေ့လုံးတွင် နာရီဝက်မျှ မနားရ။ ပင်ပန်းလေစွတကား။ ဒါဖြင့် မြို့ငယ် ပြန်သွားပြီး
နေမလား ဆိုတော့လည်း မနေချင်။
၎နှစ် ... ၄နှစ် ... ကသီလင်တနှင့် တရွတ်ဆွဲလာခဲ့ရတဲ့ ၄နှစ်။ တော်ပါသေးရဲ့ ... လူတွေက
ပျော်ပျော်နေတတ်လို့။ နာဖျားခြင်း မရှိ။ ကျန်းမာ ကြပေလို့ပဲ။ တစ်ခါ တစ်ခါ ပင်ပန်းလွန်းအားကြီး ပြန်တော့
စိတ်တိုလိုက်တာလည်း လွန်ရော ... မရွှေခင် စိတ်တိုလေ အလုပ်တွေ ကျုံးလုပ်လေ ဖြစ်၍ တစ်ခါ
စိတ်တိုလျှင် ခြံထဲ မြက်တွေ ရှင်းသည်။ ထင်းတွေ ခွဲပြီးသည်။ အလုပ်ကြမ်းဟူသရွေ့ ပြီးသည်။
မောလာသည့်အခါ လူသေလို အိပ်ပစ်လိုက်သည်။
9
ညချမ်းချိန်ခါဝယ်
ခွေယိုင်ပန်းလျ
ဗုံးဗုံးကျလည်း
မျက်ရည်စကို
သုတ်စမ်း ဆို၍
ကိုယ့်ကိုယ်ကိုယ်သာ
အားပေးကာနှင့်
မသာနှလုံး၊ မချိပြုံး၍
ဟုံးစုံးမာန၊ တက်ကာကြွသည်
ငါက မထီ မရွံ့တည်း။ ။
ရှုံးနိမ့်လျှောကျ
မြေ၀ယ်ခလည်း
မာနထန်ပြင်း
စစ်ရေးခင်းသည်
စိတ်တင်း မလျှော့စတမ်းတည်း။
စာရေးသူ - ဒေါ်ခင်မျိုးချစ်
11