You are on page 1of 12

www.kmdstudents.wall.fm rapperlay444@gmail.

com

အဟမ်း..ကျွန်တော် post မရေးတာလဲ ကြာပါပြီ..ဒီနေ့တော့ ရေးပြီဗျာ..Documentation လဲပြီးပြီ


ဆိုတော့ အားနေတာ..ဟီး…:D ဒီတစ်ခါ ရေးမှာကတော့ Bat File တွေအကြောင်းပါ… Bat files
တွေအကြောင်း ကို သိချင် လေ့လာချင်ကြတဲ့ သူငယ်ချင်းများအတွက်ပါ…..ကျွန်တော် သိထားသမျှ
ကို အတတ်နိင်ဆုံး ရှင်းပြသွားမှာပါ..နားမလည်ရင်လဲ ကျွန်တော့်ကို ကိုယ်တိုင်လာမေးလို
့ရပါတယ်..အတတ်နိုင်ဆုံး ရှင်းပြသွားမှာပါ….ကျွန်တော်က အခု လောလောဆယ် မြေနီကုန်း KMD
မှာ IDCS တက်နေပါတယ်.. IDCS-34 ကပါ….:) ကျွန်တော့်ကို ဆက်သွယ်ချင်ရင်တော့
rapperlay444@gmail.com ကို add လိုက်ပါ…ကျွန်တော်က အားလုံးကို
ခင်တတ်ပါတယ်….ကဲ..intro ၀င်နေတာ နဲနဲကြာသွားပြီ…စလိုက်ကြရအောင်… :P

Bat File သင်ခန်းစာ ၁ (Basic Level)

အခြေခံ အဆင့်ကနေ စလိုက်ရအောင်နော်… နားမလည်ရင် လဲ ကျွန်တော့်ကို


ပြန်မေးနိုင်ပါတယ်..နားလည်တဲ့သူကလဲ..နားမလည်တဲ့သူကို comment တွေပေးပြီး
ပြန်ရှင်းပြလိုက်ပါနော်…ကျွန်တော်ကိုယ်တိုင်ကလဲ စာရေးတာကို ၀ါသနာ ပါပေမဲ့ စာရေးဆရာ
မဟုတ်လို့  စာဖတ်သူတို့  ကသိကအောင့် ဖြစ်ရင် ခွင့်လွတ်ပေး ပါ..:)

ကဲစပြီး ဆွေးနွေးကြည့်ပေးပါ့မယ်။

bat မှာ ပါဝင်မှုအများဆုံးနဲ့ အခြေခံ အကျဆုံးလေးတွေကို စပြီးဆွေးနွေးကြည့်ရအောင်

အခြေခံအကျဆုံး command ၃ ခုကတော့

(၁) echo

(၂) @echo off/on နဲ့

(၃) pause စတာတွေဘဲဖြစ်ပါတယ်


www.kmdstudents.wall.fm rapperlay444@gmail.com

ပထမဆုံးအနေနဲ့ ဥပမာလေး တစ်ခုရေးကြည့်ပါမယ်

@echo off

echo Hello, Welcome to www.kmdstudents.wall.fm

pause

အဲဒါလေးကို ဈေးအကြီးဆုံး Windows Tool တစ်ခုဖြစ်တဲ့ notepad မှာ ရေးပြီးတော့ test1.bat


ဆိုပြီးသိမ်းလိုက်ပါ။ :P

ပြီးရင်တော့ Run လိုက်ပါ။ အမဲရောင် Screen ထဲမှာ အောက်မှာ ပြထားတဲ့အတိုင်း


ပေါ်လာလိမ့်မယ်..:)

ခုနက ဥပမာလေးမှာ echo off အစား echo on သုံးပြီးတော့ ဘာများထူးခြားမလဲဆိုတာ အောက်က


Code လေးကိုစမ်းရေးကြည့်ရအောင်

@echo on

echo Hello, Welcome to www.kmdstudents.wall.fm

pause

ပြီးရင်တော့ ခုနကအတိုင်း notepad မှာ ရေးပြီး test2.bat ဆိုပြီးသိမ်းပြီး ပြန် Run လိုက်ပါ…

အောက်မှာ ပြထားတဲ့ အတိုင်း မြင်ရပါလိမ့်မယ်။


www.kmdstudents.wall.fm rapperlay444@gmail.com

အဲလိုမြင်ရပါလိမ့်မယ်။ C:\Documents and Setting\… စတာတွေကတော့ တင်ထားတဲ့ Windows ၊


File ဖွဲ့စည်းပုံတွေပေါ်မူတည်ပြီး ကွဲပြားပါလိမ့်မယ်။

အခု အပေါ်မှာ ခုနကရေးထားတဲ့ Code လေးတွေကို ရှင်းပြပေးပါ့မယ်

ကျွန်တော်တို့ ဒုတိယရေးလိုက်တဲ့ code မှာဆိုရင် @echo on ကိုသုံးလိုက်တဲ့ အတွက် File


ထားရာလမ်းကြောင်းက Program Code တစ်ခါ Run တိုင်းလာပြနေပါတယ်။

အကယ်လို့များ ပထမစစချင်းမှာ ရေးခဲ့တဲ့ @echo off ကို သုံးထားမယ်ဆိုရင်တော့ မည်သည့်


လမ်းကြောင်းကိုမျှမပေါ်စေဘဲနဲ့ ကိုယ်လိုချင်တဲ့ စာသားကို ရှင်းလင်းစွာပေါ်စေမှာဖြစ်ပါတယ်။

အဲဒါကိုကြည့်ချင်းအားဖြင့် @echo on နဲ့ off ရဲ့ ခြားနားချက်ကို သိနိုင်ပြီးတော့ @echo off ကို
သုံးတာ ပိုကောင်းတယ်ဆိုတာကို နားလည်သွားမယ်ထင်ပါတယ်။

နောက်တစ်ဆင့်အနေနဲ့ echo အကြောင်းရှင်းပြပါ့မယ်

ကျနော်တို့ဟာ ရိုးရိုး စာကြောင်းတစ်ကြောင်းလောက် ကို Program Run တုန်းပြချင်တယ်ဆိုရင်


(ဥပမာ ခုနက Program ထဲကလို “Hello, Welcome to www.kmdstudents.wall.fm” ဆိုတဲ့
simple phrase တစ်ခုလောက်ကိုဘဲ ပြချင်တယ်ဆိုရင်တော့ echo ကို ဖော်ပြချင်တဲ့စာသားရှေ့မှာ
ထားပြီးရေးနိုင်ပါတယ်.

အခု pause အကြောင်းရှင်းပြပေးပါမယ်

pause ဆိုတာကတော့ ရပ်တာပါ (အဲဒါကတော့ မင်းပြောမှလား ဆိုပြီးတော့ မပြောလိုက်နဲ့နော်..:P)

batch file ကို run နေရင်းနဲ့ ခဏနားချင်ရင် pause ကို သုံးပါတယ်။ သူ့ကိုသုံးရင် batch file က
ကျနော်တို့ ဆီက key တစ်ခုခု မနှိပ်မချင်း အလုပ်မလုပ်တော့ပါဘူး။ key
www.kmdstudents.wall.fm rapperlay444@gmail.com

တစ်ခုခုနှိပ်လိုက်မယ်ဆိုရင်တော့ သူလုပ်စရာရှိတာဆက်လုပ်သွားပါလိမ့်မယ်။ ခုနက Program ၂


ခုမှာ ဆိုရင်တော့ pause ပြီးတော့ ဘာမှ ဆက်မရေးထားလို့ ဘာအလုပ်မှ ဆက်လုပ်မှာ မဟုတ်ဘဲ
program ကနေ ထွက်သွားမှာဖြစ်ပါတယ်။

pause ကို ထပ်မံနားလည်စေဖို့ အောက်က ဥပမာလေးကို လေ့လာကြည့်ပါမယ်

@echo off

echo Hello Welcome to KMD Computer Centres

pause

echo I am testing pause function

pause

အဲဒါကို အပေါ်က ဥပမာတွေ အတိုင်း Save ပြီး Run ရင်တော့ အဖြေအတိုင်းဖော်ပြပါလိမ့်မယ်

အဲဒီ့ Program လေးကို စမ်းပြီးရင်တော့ pause ကို နားလည်သွားလောက်ပြီထင်ပါတယ်။

အခုနောက်ထပ် နည်းနည်း အဆင့်မြင့်တဲ့ Command တွေကို လေ့လာကြည့်ရအောင်

msg နဲ့ cls အကြောင်းကို အရင်လေ့လာကြည့်ပါမယ်

အရင်အတိုင်း ဥပမာလေးတွေနဲ့ လေ့လာကြည့်ရအောင်

Notepad ကို ပြန်ဖွင့်ပြီးတော့ အောက်က Code လေးတွေကို ရိုက်ထည့်ကြည့်ပါမယ်….


www.kmdstudents.wall.fm rapperlay444@gmail.com

@echo off

echo Hello I am Zin Ko Oo

pause

cls

echo I am testing cls and msg commands

msg * Bye Bye. See you online. My mail is rapperlay444@gmail.com

pause

ပြီးရင်တော့ test3.bat နဲ့ သိမ်းပြီး Run လိုက်ပါ

သူ့ အဖြေကတော့ အောက်ပါအတိုင်းဖြစ်ပါလိမ့်မယ်

(မှတ်ချက်၊၊ ၊၊ ဒီနေရာ ရောက်လို့ အကယ်လို့များ ကျနော်တို့ဟာ သူပြောတဲ့ အတိုင်း key တစ်ခုခုကို


နှိပ်လိုက်မယ်ဆိုရင် program က cls ဆိုတဲ့ command ရဲ့ အလုပ်ကို ဆက်လုပ်မှာ ဖြစ်ပါတယ်။

အဲလို လုပ်မယ်ဆိုရင်တော့ ခုနက ပေါ်ခဲ့တဲ့ Hello I am Zin Ko Oo ဆိုတာကြီးက


ပျောက်သွားမှာဖြစ်ပါတယ်။

ပြီးရင် cls ရဲ့ အောက်က echo ဆိုတဲ့ command အတွက် အလုပ်လုပ်ပါလိမ့်မယ်…key တစ်ခုခုကို
နှိပ်လိုက်တယ်လို့ သဘောထားပြီး ဆက်ကြည့်ကြရအောင်….အခုဆိုရင်တော့ အောက်မှာ ပြထားတဲ့
အတိုင်းဖြစ်နေပါပြီ…
www.kmdstudents.wall.fm rapperlay444@gmail.com

(ဒီစာပေါ်ပြီးတာနဲ့ message box တစ်ခုကျလာပါလိမ့်မယ်)

နားလည်ပါ့မလားတော့မသိဘူး..ကျွန်တော်ကတော့ အတတ်နိုင်ဆုံး တော့ရှင်းပြထားတာပဲ…

အဲဒီ့တော့ cls နဲ့ msg ကို ဘယ်လိုနားလည်လိုက်ပါသလဲ….

အစ်ကို ၊ အစ်မ တို့ ဘယ်လိုနားလည်လဲတော့မသိဘူး ၊ ကျွန်တော်ပြောပြချင်တာကတော

့-cls ဆိုတာရဲ့ အရှည်ကောက်က Clear Screen ပါ (သူငယ်ချင်းတို့ သိကြမှာပါ..:P ၊


ကွန်ပျူတာကိုင်ဖူးရင်တောင် သိပါတယ်) သူက Screen မှာရှိတဲ့ စာသားတွေကို ရှင်းထုတ်
(ဖျက်ထုတ်) ပေးရုံသက်သက်ပါ။

-msg ဆိုတာကတော့ Message ရဲ့ အတိုကောက်ဖြစ်ပြီးတော့ သူက User ကို Message Box
တစ်ခုချပေးတာဖြစ်ပါတယ်။ GUI လေးနဲ့ပေါ့…

နောက်ထပ် Command တွေ အကြောင်းဆက်လေ့လာလိုက်ရအောင်….

အခုတစ်ခါရှင်းပြချင်တာကတော့ rem နဲ့ start ဆိုတာလေးတွေပါ…

အဲဒါတွေကို စမ်းဖို့အတွက် Folder တစ်ခုကို Test ဆိုတဲ့ နာမည်နဲ့ ဆောက်ပေးပါ…

ပြီးရင် အဲဒီ့ထဲကို စိတ်ကြိုက် ပုံတစ်ပုံထည့်ပြီးတော့ testpic ဆိုတဲ့ နာမည်ပေးလိုက်ပါ…


www.kmdstudents.wall.fm rapperlay444@gmail.com

နောက်တစ်ဆင့်အနေနဲ့ Notepad ကို ဖွင့်ပြီး အောက်မှာရှိတဲ့ Coding တွေကို ရိုက်ထည့်ပေးပါ…

@echo off

echo We are testing start and rem

rem title Test4

start testpic.jpg

pause

ပြီးရင်တော့ test4.bat ဆိုပြီး ခုနက Test ဆိုတဲ့ Folder ထဲမှာ save ပြီး Run လိုက်ပါ. အောက်မှာ
ပြထားတဲ့ အတိုင်းမြင်ရပါလိမ့်မယ်။

(key တစ်ခုကို ထပ်နှိပ်လိုက်ရင် ခုနက စိတ်ကြိုက်ရွေးပြီးတော့ ထည့်ထားတဲ့ testpic.jpg ကို


မြင်ရမှာပါ။ ပုံရဲ့ extension ကိုကော ရွေးလိုက်တဲ့ပုံပေါ်မူတည်ပြီး .png ၊ .gif ၊ .jpg
စသည်ဖြင့်ကွဲပါလိမ့်မယ်)

အဲဒါဆိုရင်တော့ အပေါ်က Program ကို နားလည်ပြီထင်ပါတယ်။

-start ဆိုတာကတော့ စိတ်ကြိုက် file တစ်ခုကို ခေါ် run ပေးတာဖြစ်ပါတယ်။ သူ့အနောက်မှာ ဘာမှ
မပါဘဲနဲ့ start သီးသန့် ရေးခဲ့မိရင်တော့ နောက်ထပ် အမည်းရောင် screen ပေါ်လာမှာဖြစ်ပါတယ်။

-rem ဆိုတာက တကယ်တော့ remark ကို ခေါ်တာပါ. ဒါပေမယ့် သူက bat file run နေတုန်းမှာ
မမြင်ရတတ်ပါဘူး. (ဘယ်အချိန်မြင်ရလည်းတော့ ကျွန်တော်လည်းမသိဘူး သိချင်ရင်တော့
ရှာလိုက်ကြပေါ့နော် ပြီးရင်ကျွန်တော့်ကိုလဲ ပြန်ပြောပြနော်..:P)

အခု goto ၊ set နဲ့ if ကို ရှင်းပါတော့မယ်…


www.kmdstudents.wall.fm rapperlay444@gmail.com

အခုမှစလေ့လာသူတွေအတွက် ဒီအပိုင်းက နည်းနည်းစပြီးတော့ ရှုပ်လာမှာဖြစ်လို့သေချာလေး


လိုက်လုပ်ကြည့်စေချင်ပါတယ်။

အောက်မှာပေးထားတဲ့ Code တွေကို Notepad ထဲမှာ ရိုက်ထည့်လိုက်ပါ…

@echo off

echo This is a testing program

echo If you want to see 2+2, type 1 and press enter

echo If you want to see a picture, type 2 and press enter

set /p option=

if ‘%option%’==’1′ goto :math

if ‘%option%’==’2′ start testpic.jpg

:math

echo 2+2

pause

ပြီးရင်တော့ ခုနက Folder ထဲမှာဘဲ test5.bat ဆိုပြီး save ပြီးရင် Run ပါမယ်။

Run လိုက်ရင်တော့ အောက်မှာ ပြထားတဲ့ အတိုင်းပြပါလိမ့်မယ်…

(ဒီအဆင့်ကို ရောက်ရင်တော့ 1 နဲ့ 2 နှစ်ခုထဲက ကြိုက်ရာတစ်ခုကို ရွေးနိုင်ပါတယ်)


www.kmdstudents.wall.fm rapperlay444@gmail.com

(၁ ကိုရွေးမယ်ဆိုရင်တော့ အောက်က 2+2 ဆိုတာကို ပြပေးပါလိမ့်မယ်)

(၂ ကို ရွေးခဲ့မယ်ဆိုရင်တော့ ထည့်ထားတဲ့ စိတ်ကြိုက်ပုံလေးထွက်လာပါလိမ့်မယ်…)

(ပြီးရင်တော့ ထုံးစံအတိုင်း Press any ….. ပါဗျာ )

အပေါ်ကရလာတဲ့ အဖြေကို ကြည့်ပါ ပြီးရင် မူရင်း coding ကို ပြန်ကြည့်ကြည့်ပါ…

goto ရဲ့ အလုပ်လုပ်ပုံကို နားလည်လာပါလိမ့်မယ်။ goto ဆိုတာကတော့ Coding ထဲမှာပါမယ့်


နာမည်တစ်ခုပေးထားတဲ့ program အပိုင်းလေးတစ်ခုဆီကို ညွှန်းချင်ရင်သုံးပါတယ်။

(အခြား Programming Language အနေနဲ့ ဆိုရင် Function တွေ Procedure တွေကို ခေါ်တဲ့
အလုပ်လုပ်ပါတယ်/ သူငယ်ချင်းတို့ သင်ဖူး၊ကြားဖူးမှာပါ.. Procedure call တာလေ..:P)

အပေါ်က Program ထဲမှာဆိုရင် ကျနော်တို့ဟာ :Math ဆိုတာကို သုံးခဲ့တာတွေ့မှာပါ…

အဲဒီ့ Math အောက်မှာ ရေးထားတဲ့ ဟာတွေအားလုံးဟာ Math နဲ့ ဆိုင်တာတွေဖြစ်ပါတယ်။


အဲဒါဆိုရင် goto :Math ဆိုပြီးရေးလိုက်တဲ့ အခါမှာတော့ Program ရဲ့ အလုပ်လုပ်ခြင်းတွေဟာ
Math ဆီကို ရောက်သွားပြီး Math ရဲ့ ကိစ္စတွေကို လုပ်ဆောင်ပါလိမ့်မယ်။ ဒီလောက်ဆို goto
အကြောင်းသိလောက်ပြီထင်ပါတယ်။

(မသိသေးရင် လည်း ပြန်ဖတ်ပေါ့. နားမလည်ရင်တော့ တခြားသူကိုcomment


ပေးပြီးမေးလိုက်နော်…ကျွန်တော် အရည်အချင်းမရှိလို့ ဒီလောက်လွယ်တာကို
နားလည်အောင်မရေးနိုင်တာလို့လည်း သတ်မှတ်လိုက်ပါ။ :P)

ခုနက Coding မှာပါတဲ့ set နဲ့ if ရဲ့အကြောင်းစရှင်းပါတော့မယ်

သူတို့ ၂ ခုကို ရောပြီးရှင်းမှာ ဖြစ်ပါတယ်… နားလည်အောင် သေချာဖတ်ပေးပါနော်...:)

set ဆိုတာကတော့ တစ်ခုခုကို သတ်မှတ်တာပါ


www.kmdstudents.wall.fm rapperlay444@gmail.com

သူ့ကို ရေးရမယ့် တကယ့် Syntax ကတော့

set variable=[string] ဖြစ်ပါတယ်။

ဒါပေမယ့် If နဲ့ တွဲသုံးချင်တဲ့ အခါမျိုးတို့ မှာတော့ set X စသည်ဖြင့် X တစ်လုံးတည်းကို Variable


ကြေငြာလေ့ရှိပါတယ်။ အဲလို ကြေငြာခဲ့တယ်ဆိုရင်တော့ X ထဲကို ကြိုက်တဲ့ Variable
ဝင်လာခွင့်ရှိပါတယ်။

Set အကြောင်းသိချင်ရင်တော့ Run>>cmd>>set /? ဆိုပြီးရိုက်ထည့်လိုက်ပါ.. ပြီးရင်တော့


ကိုယ့်ဟာကိုယ်ဆက်ဖတ်နိုင်ပါတယ်

ခုနက Program ကို ပြန်ဆက်ပါမယ်…

ကျနော် တို့ ခုနက Code ထဲမှာ set /p option= ဆိုပြီးတော့ ရေးခဲ့ပါတယ်

အဲဒါကို set choice ဆိုပြီးတော့ အလွယ်ပြောင်းမြင်ကြည့်ရအောင် (/p ပါရင်ရှုပ်နေမှာဆိုးလို့ပါ..


ပြီးတော့ ကျွန်တော်ကိုယ်တိုင်လဲ သေသေချာချာမသိတော့လို့ ပါ…သိတဲ့သူတွေရှိရင် လဲ
ပြန်ရှင်းပြပေးပါနော်…)

အပေါ်က Program ကို set choice ဆိုပြီး ပြောင်းရေးလိုက်ပြီဆိုပါစို့

ဒါဆိုရင် အကယ်လို့ ကျနော်တို့သာ 1 ကို ရိုက်မယ်ဆိုရင် choice ဆိုတဲ့ variable ထဲကို 1


ဝင်သွားပါလိမ့်မယ်။

ပြီးရင်တော့ ခုနကလိုဘဲ :Math ဆိုတဲ့ အလုပ်ကို ဆက်လုပ်ပါလိမ့်မယ်

အဲဒီ့ ပြင်ရေးလိုက်တာလေးကို အောက်မှာ ပြန်စမ်းရေးကြည့်ရအောင်

set choice

if ‘%choice%’==’1′ goto :math

ဒါဆိုရင်တော့ အကယ်လို့ ကျနော်တို့က 1 လို့ရိုက်ထည့်ရင် choice ထဲကို 1 ၀င်မယ် ပြီးရင်တော့


Math ဆိုတဲ့ function အလုပ်ကို လုပ်ပါလိမ့်မယ်.(if မှာပါတဲ့ % ဆိုတာတွေကိုတော့
ကျွန်တော်ကိုယ်တိုင်လဲ မသိတော့လို့ ချန်လှပ်ထားခဲ့ပါရစေ သိတဲ့သူရှိရင်လဲပြန်ရှင်းပြပေးပါနော်..:D)
အခုက Basic အပိုင်းဆိုတော့ အဲဒါတွေ မသိသေးးလဲ ကိစ္စမရှိသေးပါဘူး….
www.kmdstudents.wall.fm rapperlay444@gmail.com

ဒီလောက်ဆိုရင် if ၊ set နဲ့ goto ကို နားလည်သွားပြီလို့ထင်ပါတယ်

ဟုတ်ပါပြီ အခုအချိန်ထိ ကျနော်ရှင်းလာသမျှအားလုံးဟာ အလွယ်တကာ့ အလွယ်ဆုံး


အခြေခံများဖြစ်ပါတယ်..

Bat File သင်ခန်းစာ ၂ (Advance Level)

ကဲ..အခုလာမှာက ခုနက သင်ခန်းစာရဲ့ အဆက်ပေါ့.. ကိုယ့်ကို ကို Advance Level ရောက်သွားပြီလို


့သဘောထားလိုက်နော်…:P

ကဲ..အခုကနေ စပြီး စဖောပါတော့မယ်.အဲဟုတ်ပါဝူး..စပြောပါတော့မယ်…:D

အခု ကျွန်တော် ပထမဆုံး စပြောချင်တာကတော့ call နဲ့ exit တို့ အကြောင်းဖြစ်ပါတယ်။

အရင်တခေါက်ကလိုဘဲ Notepad ထဲသွားပြီးတော့ အောက်မှာ ရှိတဲ့ Code တွေကို


ရိုက်ထည့်လိုက်ပါ။

@echo off

echo Wow.. I am very sleepy. Now, It’s 2:30 AM.

call call.bat

pause

exit

ပြီးရင်တော့ Folder အသစ်တစ်ခုတည်ဆောက်ပြီး အဲဒါကို adv1.bat ဆိုတဲ့နာမည်နဲ့ သိမ်းလိုက်ပါ။

နောက်တစ်ခါ Notepad ကို ပြန်ဖွင့်ပါ။ ပြီးရင် အောက်မှာ ရှိတဲ့ Code ကို ထပ်ရိုက်ပါ။
www.kmdstudents.wall.fm rapperlay444@gmail.com

@echo off

echo I Love *You* (ဒီ post ကိုဖတ်တဲ့ ကောင်မလေးတွေကို ပြောတာ မဟုတ်ဝူးနော်..:D)

pause

ပြီးရင်တော့ ခုနက Save ထားတဲ့ adv1.bat နဲ့ တူတူ Folder ထဲမှာ call.bat ဆိုတဲ့နာမည်နဲ့ Save
လိုက်ပါ။

နောက်တစ်ဆင့်အနေနဲ့ ပထမရေးထားတဲ့ adv1.bat ဆိုတာကို Run လိုက်ပါ။

အောက်မှာ ပြထားတဲ့ အတိုင်း Screen မှာ ပေါ်လာပါလိမ့်မယ်။

အဲဒါကို ကြည့်ချင်းအားဖြင့် exit က ဘာအလုပ်လုပ်တယ်ဆိုတာ သိမှာပါနော်..

နောက်တစ်ခုအနေနဲ့ call ပါ… call ဆိုတာကတော့ နောက်ထပ် batch file တစ်ခုကို ခေါ်သုံးတာပါ။

ဒီလောက်ဆို call နဲ့ exit အကြောင်းသိလောက်ပြီထင်ပါတယ်။

ကျွန်တော်လဲ အဲလောက်ပဲ သိတာ မို့ လို့  အဲလောက်ပဲတင်ပြပေးလိုက်တာပါ..ဖတ်ပေးတဲ့သူတွေအား


လုံးကိုလဲ ကျေးဇူးတင်ပါတယ်….နောက်ထပ် post ကောင်းကောင်းလေးတွေ ထပ်တင်နိုင်အောင်လဲ
ကြိုးစားသွားမှာပါ…

အားလုံးကို ခင်မင်လျက်..

Zin Ko Oo

You might also like