You are on page 1of 91

preface

ကျွန်တော် ခရီးသွားနေတာရယ်၊ နေမကောင်းတာရယ်ကြောင့် အများကြီး မရေးနိုင်ပါဘူး။


ဒါပေမယ့်လည်း စာဖတ်သူတွေအတွက် ပြည့်စုံကောင်းမွန်တဲ့ စာတွေကို {echo} အဖွဲ့ကနေပြီးတော့
ကြိုးစားရေးသားထားကြပါတယ်။။ { echo } ရဲ့ ထုံးစံအတိုင်း အင်တာဗျူးကဏ္ဍအတွက် ရွေးချယ်ထားသူကတော့
မကြာသေးခင်က ခြင်းလုံးဂိမ်းကို တီထွင်ထုတ်လုပ်ထားတဲ့ Total Gameplay Studio က ကိုမြင့်ကျော်သူပဲ ဖြစ်ပါတယ်။
အခုလို အင်တာဗျူးဖြေပေးတဲ့အတွက် ကိုမြင့်ကျော်သူကို ကျေးဇူးအထူးပဲ တင်ရှိပါတယ်ခင်ဗျ။

ဒီတစ်လမှာတော့ အထူးသဖြင့် CSS နည်းပညာတွေနဲ့ ပတ်သတ်တဲ့ ဆောင်းပါးနဲ့ Tutorial အဓိက


ပါဝင်တဲ့အတွက်ကြောင့် စာဖတ်ပရိတ်သတ်တွေ အနေနဲ့လည်း နှစ်သက်ကြမယ်လို့ ယုံကြည်ပါတယ်။ ဒါ့အပြင်
Web နဲ့ ပတ်သတ်ပြီး စိတ်ဝင်စားဖွယ်ရာ ဆောင်းပါတွေအပြင် Laravel 4 ကို အသုံးပြုပြီး Application တစ်ခု
တည်ဆောက်ပုံကို Tutorial အနေဖြင့်ပါ ပါဝင်ထားပါတယ်။

အားလုံး စိတ်၏ ချမ်းသာခြင်း ကိုယ်၏ ကျန်းမာခြင်းနဲ့ ပြည့်စုံနိုင်ပါစေခင်ဗျ။

Thiha
table of content

Write Your CSS with LESS Web Assets Organizing Tips

9 16
Interview with Create Note Application
Ko Myint Kyaw Thu with Laravel

24 28
Autoload CSS Best Practices
You Should Follow

43
48
CSS3 Filter Effects CKEDITOR

55 69
Introduction to HTML5

82
echo team

Editor Layout Designer

Thiha Hein Zaw Htet

Proof Reader Website

Echo Team echo.myanmarlinks.net

Facebook Page Email

fb.me/EchoMagazine.mm echo.emagz@gmail.com

{ echo } is the product of


MyanmarLinks Web Development Team
{echo}

echo.myanmarlinks.net 5
{echo}

echo.myanmarlinks.net 6
{echo}

echo.myanmarlinks.net 7
{echo}

echo.myanmarlinks.net 8
Write Your CSS
with LESS

C S S

Thet Paing
Myanmar Links Training Center မှာ Web Development အကြောင်းကို
စတင် လေ့လာကာ Web နဲ့ ပတ်သက်တာမှန်သမျှ စိတ်ဝင်စား၍
လောလောဆယ် PHP ကိုအဓိက အသုံးပြုနေသော Developer ဖြစ်ပြီး CMS
တွေ နဲ့ Website ရေးသားနိုင်ကာ Reborn CMS တွင် Module တစ်ခုစ
နှစ်ခုစ ပါဝင် Develope လုပ်နေသော Myanmar Links Professional Web
Development တွင် လက်ရှိ အလုပ်လုပ်နေ သူတစ်ယောက်ဖြစ်ပါတယ်။
Write Your CSS
with LESS

Website တွေ Web application တွေ အစရှိသဖြင့် ရေးသားကြတဲ့ အခါ ကြည့်ရှုရ အဆင်ပြေအောင် အမြင်လှပအောင်
အတွက် CSS (Cascading Style Sheets) တွေရေးရပါတယ်။ အနည်းအကျဉ်းပဲ ရေးရတယ် ဆိုရင်တောင် အနည်းဆုံး ရာကျော်ပါတယ်။
ထောင်ချီ သောင်းချီလာရင်တော့ ၎င်း CSS တွေကို ထိန်းသိမ်းရတာ လွယ်ကူတော့မှာ မဟုတ်တော့ပါဘူး။ Color လေးပြင်ချင်တာဖြစ်ဖြစ်၊
border တိုးချင်တာပဲ ဖြစ်ဖြစ် လုပ်ရတာ အဆင်ပြေမှာ မဟုတ်ပါဘူး။ ပြီးတော့ တစ်ခုပြင်လိုက်ရင် တခြားဟာတွေမှာ လိုက်ပြင်ရမှာလား
ဒါမှမဟုတ် တစ်ခြားဟာတွေမှာ ပြဿနာများ တက်သွားမလား အစရှိတဲ့ ပြဿနာတွေလည်းရှိပါတယ်။ ပြီးတော့ CSS က Dynamic
မဟုတ်တဲ့ အတွက် ဒီ Code တွေကိုပဲ ထပ်ခါထပ်ခါရေးရပါတယ်။ အဲ့ဒီလိုမျိုးတွေ ရှိလာတဲ့ အတွက် CSS ကို dynamic ပုံစံ အသုံးပြုလို့
ရအောင် CSS preprocessor ကို တီထွင်လာကြပါတယ်။ CSS preprocessor ဆိုတာက CSS Files တွေကို generate ထုတ်ပေးတဲ့
language ပါ။ CSS preprocessor တွေက အများကြီးရှိပါတယ်။ အဲ့ဒီ အထဲမှာတော့ SASS, Stylus, LESS တို့က နာမည်ကြီးတွေပါ။
SASS က Ruby နဲ့ ရေးပြီး၊ Stylus ကတော့ Note.js နဲ့ရေးပါတယ်။ အခု ရေးမယ့် LESS ကတော့ JavaScript နဲ့ရေးတာပါ။ အရင်ကတော့
Ruby နဲ့ ရေးတာ နောက်မှ JavaScript ကိုပြန်ပြောင်းလိုက်တာပါ။ LESS ကို Server-side မှာရော Client-side မှာရော run လို့ရပါတယ်။
Server-side မှာတော့ Node.js ဒါမှမဟုတ် Rhino တို့နဲ့ compile လုပ်ပေးရပါတယ်။ Client-side မှာတော့ Modern Browser ရှိရင် run
လို့ရပါပြီ။ LESS ကို အသုံးပြုပြီး CSS တွေကိုရေးချင်တယ်။ အရင်ကလို CSS တွေ အများကြီး မရေးရတော့ သဘောကျတယ်။ ဒါပေမယ့်
ကိုယ်က JavaScript နဲ့ ပတ်သက်ပြီး ဘာမှ မသိတော့ LESS နဲ့ရေးရင် အဆင်ပြေပါ့မလား လို့စိုးရိမ်ကောင်း စိုးရိမ်နိုင်ပါလိမ့်မယ်။ ဒီကိစ္စနဲ့
ပတ်သက်ပြီး စိတ်မပူပါနဲ့ ။ LESS က အသုံးပြုရ နားလည်ရ လွယ်ကူပါတယ်။ ပြီးတော့ သူ့မှာ Documentation အပြည့်အစုံရှိပါတယ်။
less.js ကို ဒေါင်းပြီး ကိုယ့်အသုံးပြုမယ့် နေရာမှာ ချိတ်ပေးလိုက်ရုံနဲ့ အသုံးပြုလို့ရပါပြီ။

Using LESS
LESS ကို အသုံးပြုပြီး CSS ရေးတော့ မယ်ဆိုရင်တော့ အရင်ဆုံး less.js ကို ဒေါင်းရပါမယ်။

http://lesscss.org/

Site Links ကတော့ lesscss.org ပါ။ ဒေါင်းပြီးရင်တော့ ကိုယ်ရေးမယ့် နေရာမှာ ချိတ်ပေးလိုက်ရင်ရပါတယ်။ ချိတ်ပေးရမယ့်
ပုံစံကတော့ script တွေကို ချိတ်တဲ့ ပုံစံအတိုင်းပါ။
Write Your CSS
with LESS

<script src="less.js" type="text/javascript"></script>

Less ကိုချိတ်ပြီးရင်တော့ ရေးမယ့် CSS file ကိုချိတ်ပေးရပါမယ်။ CSS file ကိုတော့ .css လို့ မရေးဘဲ .less
လို့ပြောင်းပေးရပါမယ်။ ပြီးရင် ချိတ်တာကတော့ အရင်အတိုင်းပါပဲ။ တစ်ခု သိထားရမှာက link rel မှာ stylesheet/css အစား less ကို
ပြောင်းပေးရမှာပါ။

<link rel="stylesheet/less" type="text/css" href="style.less">

ချိတ်ပြီးရင် တော့ Less ကို အသုံးပြုပြီး ရေးလို့ရပါပြီ။ LESS မှာပါတဲ့ syntax တွေကို အသုံးပြုပြီး အနည်းငယ်
ရေးကြည့်ပါမယ်။

Variables
Variables တစ်ခုကို ကြေညာထားပြီးရင် တစ်ခြားနေရာတွေမှာပါ ပြန်လည်အသုံးပြုလို့ရပါတယ်။ ပြင်ချင်ရင်လည်း
တစ်နေရာထဲမှာ ပြင်လို့ရပါတယ်။ ဒါနဲ့ ပတ်သက်ပြီး Code အနည်းငယ် ရေးကြည့်လိုက်ရင် ရှင်းသွားမှာပါ။

@color-black: #000000;
body {
background: @color-black;
}
h2 {
color: @color-black;
}

ဒါဆိုရင်တော့ CSS မှာ output က ဒီလိုမျိုးထွက်လာမှာပါ။

body {
background: #000000;
}
h2 {
color: #000000;
}
Write Your CSS
with LESS

ဆိုလိုတာက Color code ကို နေရာတိုင်းမှာ လိုက်မထည့်တော့ဘဲ တစ်နေရာတည်းမှာထည့်ပြီး အဲ့ဒီ variable


ကိုခေါ်သုံးလိုက်တာပါ။ အဲ့ဒီတော့ နောင်ကျရင် color ကိုပြောင်းချင်ရင် တစ်နေရာမှာပဲ ပြောင်းရတဲ့ အတွက် လွယ်ကူအဆင်ပြေ
သွားပါတယ်။

Mixins
Mixins ကတော့ Function တို့ Class တို့လိုပါ။ အလွယ်နည်းနဲ့ပြောရရင် Code တွေကို အရင်ကြိုရေးထားပြီး ကိုယ်လိုချင်တဲ့
နေရာမှာ ထည့်သုံးလို့ ရပါတယ်။ မြင်သာသွားအောင် Code တွေရေးကြည့်ပါမယ်။

.rounded-corners {
-webkit-border-radius: 3px;
-moz-border-radius: 3px;
-ms-border-radius: 3px;
-o-border-radius: 3px;
border-radius: 3px;
}

.div1{
.rounded-corners;
}
.div2
{
.rounded-corners;
}

ဒါဆိုရင် .div1 နဲ့ .div2 ထဲမှာ

.div1{
-webkit-border-radius: 3px;
-moz-border-radius: 3px;
-ms-border-radius: 3px;
-o-border-radius: 3px;
border-radius: 3px;
}
.div2
{
-webkit-border-radius: 3px;
-moz-border-radius: 3px;
-ms-border-radius: 3px;
-o-border-radius: 3px;
border-radius: 3px;
}
Write Your CSS
with LESS

ဒီလိုမျိုး CSS တွေဝင်သွားမှာပါ။ နောက်တစ်မျိုးက အဲ့ဒီ အထဲမှာထည့်မယ့် value ကိုလည်း ကြိုက်တာ ထည့်လို့
ရအောင်လည်း ရေးလို့ရပါတယ်။ အပေါ်က ရေးထားတာကိုပဲ နည်းနည်းပြောင်းရေးပါမယ်။

.rounded-corners(@radius: 5px) {
-webkit-border-radius: @radius;
-moz-border-radius: @radius;
-ms-border-radius: @radius;
-o-border-radius: @radius;
border-radius: @radius;
}
.div1{
.rounded-corners;
}
.div2
{
.rounded-corners(3px);
}

ဒါဆိုရင် .div1 မှာက

.div1{
-webkit-border-radius: 5px;
-moz-border-radius: 5px;
-ms-border-radius: 5px;
-o-border-radius: 5px;
border-radius: 5px;
}

ဒီ Code တွေဝင် ပြီး .div2 မှာတော့

.div2
{
-webkit-border-radius: 3px;
-moz-border-radius: 3px;
-ms-border-radius: 3px;
-o-border-radius: 3px;
border-radius: 3px;
}
Write Your CSS
with LESS

ဒီလိုမျိုးဝင်မှာပါ။ Class ပုံစံရေးလို့ရတဲ့ အတွက် သုံးရတာ တော်တော် အသုံးဝင်ပါတယ်။ ကိုယ်ပြောင်းချင်သလိုလည်း


ပြောင်းလို့ရပါတယ်။

Nested Rules
Nested Rules ဆိုတာကို နားလည်ရလွယ်အောင် ပြောရရင် inheritance လုပ်ထားတဲ့ selectors တွေကို CSS ရေးတဲ့
အခါ တစ်ခုချင်း ရေးစရာမလိုဘဲ အတွဲလိုက်ရေးလို့ရတာပါ။ မြင်သာအောင် Code အနည်းငယ်ရေးကြည့်ပါမယ်။

HTML Code က ဒီလိုရှိတယ် ဆိုပါစို့။

<div class="div1">
<h2>
Echo Less…
</h2>
<p>This is <span>Echo</span> Less test.</p>
</div>

အရင်က CSS ရေးရင်

.div1 h2 {
font-size: 26px;
font-weight: bold;
}
.div1 p {
font-size : 14px;
}
.div1 p span {
color: #e3e3e3;
}

ဒီလိုမျိုးရေး ရပါတယ်။ LESS မှာတော့

.div1 {
h2 {
font-size: 26px;
font-weight: bold;
}
p {
font-size : 14px;
span { color: #e3e3e3; }
}
}
Write Your CSS
with LESS

ဒီလိုပုံစံ မျိုးပါ။ တစ်ကြောင်းစီ ရေးစရာမလိုတော့ဘဲ အကုန်လုံးကို Inheritance ပုံစံလိုမျိုး ရေးလို့ရပါတယ်။

Operations
LESS ထဲမှာ ပေါင်း၊ နုတ်၊ မြှောက်၊ စား လိုမျိုး Operations တွေလုပ်လို့ရပါတယ်။ ဒါကလည်း ရိုးရိုး တန်းတန်း ပေါင်း၊ နုတ်၊
မြှောက်၊ စား အတိုင်းအသုံးပြုရတာပါ။ ဥပမာအနေနဲ့ ရေးပြပါမယ်။

@width: 50px;

.div1 {
width : @width * 2;
}

ဒီလိုမျိုးပါ။ ဒါဆိုရင်တော့ LESS အကြောင်းကို အနည်းငယ် တီးမိ ခေါက်မိ ဖြစ်လောက်ပါပြီ။ LESS အတွက်
အသုံးပြုလို့ရအောင် ကြိုတင် ရေးထားတဲ့ Elements တွေလည်းရှိပါတယ်။ lesselements.com မှာ သွားရောက် ဒေါင်းနိုင်ပါတယ်။
ဒေါင်းပြီးရင် ၎င်းကို အသုံးပြုလို့ရအောင် အတွက် ချိတ်ပေးရပါတယ်။ အဲ့ဒါကလည်း လွယ်ပါတယ်။ ကိုယ်ရေးနေတဲ့ file ထဲမှာ
ချိတ်ပေးရတာပါ။ အကယ်၍ ကိုယ်က style.css ထဲမှာရေးနေတယ်ဆိုရင် ၎င်း file ထဲမှာ

@import "elements.less";

ဆိုပြီး ချိတ်ပေးလိုက်ရုံဖြင့် ရှိပြီးသား elements တွေကို ခေါ်သုံးလို့ရပြီ။ ၎င်းလိုပဲ အခြား File တွေကို
ကိုယ့်ထဲမှာထည့်သုံးချင်တယ် ဆိုရင် @import နဲ့ ခေါ်သုံးလိုက်ရုံပါပဲ။

LESS မှာ တစ်ခြား သုံးလို့ရတဲ့ function တွေရှိပါသေးတယ်။ http://lesscss.org/#reference မှာကြည့်နိုင်ပါတယ်။

ဒါကြောင့် LESS ကို အသုံးပြုပြီး ကိုယ့်အတွက် လိုအပ်တဲ့ CSS တွေကို အနည်းဆုံးနဲ့ အမြန်ဆုံး ရေးနိုင်ကြပါစေလို့
ဆန္ဒပြုရင်း အဆုံးသတ်လိုက်ပါတယ်။
Web Assets Organizing Tips

a t i o n
t i m i z
dO p
o n t e n
Fr
Li Jia Li
A web addicted who loves everything about web technology.
Arts and design enthusiast.
Core Module developer of RebornCMS.
http://dragonvirus.com
Web Assets Organizing Tips

Website တွေ Web Application တွေ ရေးတဲ့ အခါမှာ Assets (Images, CSS, JS) တွေက မပါမဖြစ်ပါစမြဲပါပဲ။ အဲဒီ Web
Assets တွေကို ကောင်းကောင်း organized မလုပ်တဲ့ အခါကျရင် site ရဲ့ performance ကို ကျစေပါတယ်။ ဥပမာ မလိုအပ်ဘဲ CSS
ဖိုင်တွေ အများကြီးခွဲတာတို့ Image တွေကို size အကြီးသုံးပြီး CSS နဲ့ ချုံ့တာတို့ တွေလုပ်တဲ့ အခါမှာ မလိုအပ်ဘဲ မိမိရဲ့ Web Site တွေ
Web Application တွေကို performance ကျစေနိုင်ပါတယ်။ အခု ဒီ article မှာ Web Assets တွေကို ဘယ်လို organized လုပ်ရမယ်ဆို
တာကို နည်းနည်းလောက် ပြောပြချင်ပါတယ်။

Images
Use Proper Image Size
Image တွေကို သုံးတဲ့အခါမှာ အများအားဖြင့်လုပ်လေ့ရှိတာက တူတဲ့ ပုံတွေဆို ရင် တစ်ပုံတည်းကို ပဲ ချုံ့ပြီး
သုံးလေ့ရှိပါတယ်။ ဥပမာ။ ။ Shopping site တစ်ခု ဆိုပါစို့။ အဲဒီမှာ category page လိုမျိုး ပစ္စည်းတွေစီပြတဲ့ နေရာမှာဆိုရင် ပုံ အသေးကို
ပြရပြီး product detail ကိုရောက်တဲ့ အခါကျရင်တော့ ပုံအကြီးကို ပြပါတယ်။ အဲလိုအခါမျိုးကျရင် လုပ်လေ့ရှိကြတာက category page
မှာ လည်း ပုံအကြီးကို ပဲ ချုံ့ပြီးပြလေ့ရှိတယ်။ အမှန်ဆိုရင်တော့ အဲလိုမလုပ်သင့်ပါဘူး။ စဉ်းစားကြည့်လိုက်လေ single page မှာ ပုံအကြီး
တစ်ခုကို load လုပ်ရတာကိစ္စမရှိပေမယ့် category page မှာ product ၁၀ ခုပြမယ်ဆိုရင် ပုံ အကြီး ၁၀ ခုကို load လုပ်ရမှာဖြစ်တဲ့ အတွက်
performace ကို သိသိသာသာကြီး ကျသွားစေပါတယ်။ အဲဒါကြောင့် ပုံတွေကို လိုအပ်တဲ့ size တွေပဲ တစ်ခုချင်းစီဖြတ်ပြီး သုံးသင့်ပါတယ်။
ဒီနေရာမှာဆိုရင် category page အတွက် ပုံအသေး တစ်ပုံ detail page အတွက် ပုံ အကြီး တစ်ပုံ ထည့်ထားပြီး သုံး သင့်ပါတယ်။ Site
တစ်ခု loading ရဲ့ ၉၅% လောက်က image ကို loading လုပ်ရတာပါ ဒါကြောင့် အဲနေရာမှာ ပုံတွေကို မလိုအပ်ပဲ အကြီးကြီးတွေသုံးတာက
လုံးဝမကောင်းပါဘူး။ နောက်တစ်ခုက mobile တွေအတွက်ပါ။ တကယ်လို့ ကိုယ့် site မှာ banner ပုံ အကြီးကြီး တွေ သုံးထားတယ်ဆိုရင်
mobile အတွက် ပုံ အသေး ထည့်ထားပြီး CSS media queries နဲ့ mobile ဆိုရင် ပုံ အသေးကို အစားထိုးထားသင့်ပါတယ်။

Image Compression
Image ကိုလိုအပ်တဲ့ size သုံးတာနဲ့လည်း မလုံလောက်သေးပါဘူး။ တစ်ချို့ image format တွေမှာ quality မကျဘဲနဲ့
compress လုပ်လို့ရနိုင်ပါတယ်။ Photoshop ထဲမှာဆိုရင် Save for Web နဲ့ သိမ်းသင့်ပါတယ်။ အဲဒီမှာ jpeg ဆိုရင် quality ကို high
လောက် ထိထားလို့ရပါတယ်။ ဒီထက်နည်းသွားရင် တော့ သိပ်ကြည့်မကောင်းတော့ဘူး။
Web Assets Organizing Tips

ဒါမှမဟုတ် လည်း program ထဲမှာ compress လုပ်လို့ရပါတယ်။ PHP မှာဆိုရင် imagejpeg(), imagegif() အစရှိတဲ့ image function
တွေမှာ quality ကို သတ်မှတ်ပေးလို့ရပါတယ်။

imagejpeg($image, $destination, $quality);

ပထမ param အနေနဲ့ image source ကိုထည့်ပါမယ်။ ဒုတိယ က ကိုယ် destination file name ပါ။ တတိယက တော့ quality ပါ။
တကယ်လက်တွေ့မှာ သုံးတဲ့ ပုံစံကတော့ image folder ထဲက original file ကို ဖတ်ပြီး လိုသလို resize လုပ် compress လုပ် ပြီးမှာ
အဲဒီပုံကို cache ရိုက်ပြီး user ကို ပြန်ပြကြတာပါ။

Image Sprites and Icon Fonts


နောက်ပိုင်းမှာ HTTP Request တွေကို လျော့ချဖို့အတွက် image တွေ အားလုံးကို တစ်ပုံတည်းမှာ စုပြီး CSS နဲ့
background-position ပြန်ချိန်ပြီးသုံးကြပါတယ်။ အများအားဖြင့် icon တွေ button image တွေ logo တွေကိုဒါမျိုးသုံးကြပါတယ်။ Exam-
ple အနေနဲ့ အားလုံးနဲ့ ရင်းနှီးပြီးသားဖြစ်တဲ့ Facebook မှာ ဆိုရင် သူ့မှာ သုံးတဲ့ ပုံတွေ smiley icon တွေ share button တွေအားလုံးက
sprite ပုံတစ်ပုံတည်းက ယူသုံးတာပါ။ မယုံရင် ပုံ တစ်ခုခုမှာ inspect element လုပ်ပြီး ကြည့်ကြည့် လိုက်ပါ။ Sprite image တွေကို
သုံးမယ်ဆိုရင် အောက်ကအတိုင်းသုံးပါတယ်။

.icon_user {
background-image: url('img/glyphicon.png');
background-position: 0px -96px;
}

နောက်ပိုင်းမှာ icon တွေကို Sprites ထက်စာရင် Ligature Icon Fonts တွေအနေနဲ့ သုံးကြပါတယ်။ Ligature icon
font ကိုသုံးခြင်းအားဖြင့် SEO အနေနဲ့လည်းကောင်းပါတယ်။ ဘာလို့လဲဆိုတော့ Ligature font တွေက ဥပမာကိုယ်က check လို့ရေးရင်
အမှန်ခြစ် icon လေးပြချင်တယ်လို့သတ်မှတ်ထားရင် ပြပေးပါတယ်။ အရင် က သိထားသလိုမျိုး “a” လို့ရိုက်ရင် အဝိုင်းပုံ၊ “b” လို့ရိုက်ရင်
လေးထောင့်ပုံဆိုပြီး alphabet တွေ နေရာမှာ အစားထိုးထားတဲ့ font တွေမဟုတ်ပါဘူး။ ဒါကြောင့် browser ကဖတ်တဲ့ အခါမှာ text
ပဲဖြစ်တဲ့ အတွက် SEO အတွက်လည်း အဆင်ပြေပါတယ်။

Use Data Url / Inline Images

Data url ဆိုတာဘာကို ပြောတာလဲဆိုတော့ image တွေကို base64 string အနေနဲ့ encode လုပ်ပြီး src ထဲမှာ အဲဒီ
data string ကို ထည့်ပေးလိုက်တာပါ။ အဲလိုထည့်လိုက်တဲ့ အတွက် HTTP Request တစ်ခုလျော့သွားတာတော့ သေချာသွားပါပြီ
ဘာလို့လဲဆိုတော့ image data ကိုက html file ထဲမှာဆိုတော့ သူ့အတွက် request တစ်ခုထပ်ပြီးလုပ်စရာမလိုတော့ပါဘူး။ ပုံ size
ကြီးမယ်ဆိုရင်တော့ data string တော့ ရှည်မှာပေါ့။

<img src="data:image
png;base64,iVBORw0KGgoAAAANSUhEUgAAAAUAAAAFCAYAAACNbyblAAAAHElEQVQI12P4//8/
w38GIAXDIBKE0DHxgljNBAAO9TXL0Y4OHwAAAABJRU5ErkJggg==" alt="Red dot">
Web Assets Organizing Tips

Images တွေကို base64 encoded string ပြောင်းဖို့အတွက် PHP မှာဆိုရင်အောက်ကအတိုင်းရေးနိုင်ပါတယ်။ online မှာလည်း tools
တွေရှိပါတယ်။

$file = 'img/echologo.jpg';
$handler = fopen($file, 'r');
$img = fread($handler, filesize($file));
fclose($handler);
$encoded_img = base64_encode($img);
echo '<img src="data:image/jpg;base64,'. $encoded_img .'" \>';

နောက်ဆုံးအနေနဲ့ တစ်ခုပဲ ပြဿနာရှိတာက ထုံးစံအတိုင်း IE မှာတော့ ကောင်းကောင်းအလုပ်မလုပ်ပါဘူး။

Caching
Browser မှာ static content တွေဖြစ်တဲ့ images, css, js အစရှိတဲ့ အရာတွေကို caching လုပ်ထားတာက လည်း site
performance ကိုတိုင်းတာရာမှာ အဓိကနေရာကနေပါဝင်ပါတယ်။ Caching လုပ်ထားတဲ့ အတွက် user က ပထမ တစ်ကြိမ်မှာပဲ down-
load လုပ်ဖို့လိုပြီး နောက်ပိုင်းမှာဆိုရင် တော့ browser cache ထဲက နေပြန်ပြီးပြမှာဖြစ်တဲ့ အတွက် ပိုပြီးမြန်မှာပါ။ ယေဘုယျအားဖြင့်
တော့ caching လုပ်ဖို့အတွက် အောက်ကအတိုင်းရေးနိုင်ပါတယ်။

$expire = 60 * 60 * 24 * 1;
header('Cache-Control: maxage='.$expire);
header('Expires: '.gmdate('D, d M Y H:i:s', time() + $expire).'
GMT');
header('Last-Modified: '.gmdate('D, d M Y H:i:s').' GMT');

html ထဲမှာဆိုရင်တော့ အောက်ကအတိုင်း meta tag ကိုသုံးပြီးရေးရပါတယ်။

<meta http-equiv="Cache-control" content="public">

Prefetching

Prefetching ဆိုတာကတော့ user နောက်ထပ်သွားနိုင်ချေရှိတဲ့ content တွေကို ကြိုတင် load လုပ်ထားတာပါ။ prefetch
လုပ်ချင်ရင်တော့ link tag ကိုသုံးပြီး လုပ်ပါတယ်။ rel attribute မှာတော့ prefetch ဆိုပြီး ထည့်ပေးရပြီး href မှာတော့ prefetch လုပ်မယ့်
file link ကို ထည့် ပေးရပါတယ်။

<link rel="prefetch" href="img/sprites.jpg">

သူက page loading ပြီးတဲ့ အချိန်မှာ prefetch content တွေကို background မှာ ကြိုတင်သွား ဆွဲထားပြီး browser ထဲမှာ သိမ်းထားတာပါ။
အဲဒီတော့ user က တကယ် အဲဒီ content ကို လိုတယ်ဆိုရင် ကြိုတင် load လုပ်ထားတဲ့ အတွက် တစ်ခါတည်းပြလိုက်ရုံပဲပေါ့။
Web Assets Organizing Tips

Stylesheets (CSS)
CSS ကို ကြည့်ရင်သာဘာမှ မဟုတ်ပေမယ့် တခြား code တွေရေးသလိုပဲ သူ့ကိုလည်း ဂရုစိုက်ပြီး သေချာ organize
လုပ်သင့်ပါတယ်။

Using @import in css is not a good habit


css file ထဲမှာ နောက် file တစ်ခုကို ချိတ်ချင်တဲ့ အခါကျရင် @import ကို သုံးလေ့ရှိပါတယ်။ အဲလိုလုပ်တာက ပြောရရင်
မကောင်းပါဘူး။ ဘာလို့လဲဆိုတော့ import ကို သုံးလိုက်လို့ HTTP Request တစ်ခု လျော့မသွားပါဘူး။ လျော့မသွားတဲ့ အပြင် ကိုယ်ချိတ်
လိုက်တဲ့ css file က size ကြီးတယ်ဆိုရင် သူ့ကို loading လုပ်လို့ မပြီးမချင်း style တွေက ပြမှာမဟုတ်ပါဘူး။ ဥပမာ။ ။ html ထဲမှာ
ချိတ်ထားတာက style.css ဆိုပါစို့။ အဲဒီ style.css ထဲမှာမှ တခြား reset.css အစရှိသဖြင့် ကို @import နဲ့ ထည့်ထားတယ်ဆိုရင် reset.
css ကို loading လုပ်လို့မပြီးမချင်း style.css က လည်း loading မပြီးသေးတဲ့ သဘောဖြစ်နေတဲ့ အတွက် style.css ထဲမှာ ရေးထားတဲ့
style တွေကလည်းပြဦးမှာ မဟုတ်ပါဘူး။ အဲဒီ အတွက် ပိုပြီးတောင် ကြာသွားစေပါတယ်။

Use CSS Preprocessors


အပေါ်မှာ ပြောခဲ့တဲ့ ပြဿနာတွေကို ဖြေရှင်းဖို့ အတွက် CSS Preprocessors တွေကို သုံးသင့်ပါတယ်။ CSS prepro-
cessor တွေကိုသုံးရင် လည်း file တွေကို ခွဲရေးတာပါပဲ။ ဒါပေမယ့် သူက နောက်ဆုံးရှေ့ကိုထုတ်ပေးတဲ့ အခါကျရင် compile လုပ်ပြီးမှ
css file တစ်ခုပဲထုတ်ပေးတာဖြစ်ပါတယ်။ ဒါ့အပြင် CSS preprocessors တွေကိုသုံးရင် variables, mixins, nested blocks နဲ့ in-
heritance စတာတွေကို ပါသုံးလို့ရတဲ့ အတွက် development process ကိုလည်းအများကြီး မြန်ဆန်စေပါတယ်။ CSS preprocessors
တွေထဲမှာ popular အဖြစ်ဆုံးကတော့ LESS, Sass နဲ့ Stylus တို့ပဲဖြစ်ပါတယ်။ CSS preprocessors တွေအကြောင်းသိချင်ရင် သူတို့ရဲ့
သက်ဆိုင်ရာ website တွေမှာ သွားလေ့လာနိုင်ပါတယ်။ ဒီလ {echo} ထဲမှာ လည်း သက်ပိုင်ဦးက Write your CSS with LESS ဆိုတဲ့
ခေါင်းစဉ်နဲ့ ရေးထားပါတယ်။

Write better CSS


CSS ကို ရေးတဲ့ အခါမှာ တော်တော်များများက performance အတွက် သေချာ ဂရုစိုက်ပြီး မရေးဖြစ်ကြပါဘူး။ CSS
ကလည်း ဖြစ်သလိုရေးရင် page render လုပ်တဲ့ အခါမှာ performance ကျစေပါတယ်။ CSS က selector တွေကို ဖတ်တဲ့ အခါမှာ
right to left ကို ဖတ်ပါတယ်။ ဒါကြောင့် မလိုအပ်ဘဲ parent selector တွေထည့်တဲ့ အခါမှာ style apply လုပ်ရမယ့် element ကို
တွေ့ပြီးသားဖြစ်ရဲ့နဲ့ parent တွေကို မလိုအပ်ဘဲ ထပ်ပြီး သွားရှာနေရတဲ့ အတွက် အချိန်အနည်းငယ်ပိုကြာစေနိုင်ပါတယ်။ CSS selec-
tor တွေမှာ ID, Class, Tag, Universal အစဉ်လိုက်အတိုင်း render speed မြန်ပါတယ်။ ဒါကြောင့် အားလုံးထဲမှာ ID က အမြန်ဆုံးပါပဲ။
ဒါကြောင့် ရေးရင် အောက်က လိုမရေးသင့် ပါဘူး။ ID ဆိုတာ တစ်ခုပဲရှိတယ်လို့သတ်မှတ်တဲ့ အတွက် Tag ကို ထည့်လိုက်တဲ့ အခါမှာ
အလကား အလုပ်ပိုလုပ်နေရပါလိမ့်မယ်။

div#content_wrapper {
width: 80%;
}
Web Assets Organizing Tips

File Size

CSS style တွေအားလုံးကို render လုပ်ဖို့က အဲဒီ file ကို အရင် ဆုံး load လုပ်ရမှာ ဖြစ်တဲ့ အတွက် file size ကလည်း
အရေးကြီးပါတယ်။ File Size သေးအောင် ဘာတွေလုပ်လို့ ရမလဲဆိုတော့ code တွေကို ကျစ်ကျစ်လစ်လစ် ဖြစ်အောင် ရေးသင့်ပါတယ်။
style တူတာတွေပေါင်းရေးသင့်ပါတယ်။

ဥပမာ။ ။ ဒီလိုရေးမဲ့အစား

#main_content {
float:left;
background: #f2f2f2;
padding: 10px;
}

#sidebar {
float:left;
background: #000;
padding:10px;
}

ဒီလိုရေးသင့်ပါတယ်။

#main_content, #sidebar {
float:left;
padding:10px;
}

#main_content {
background: #f2f2f2;
}

#sidebar {
background: #000;
}

ဒီမှာက example ပြထားတာက နည်းနေတော့ သိပ်မသိသာသလိုဖြစ်ရင်ဖြစ်နေပါလိမ့်မယ်။ ဒါပေမယ့် သေချာတာကတော့ အောက်က

code က render လုပ်ရင် ပိုမြန် မှာသေချာပါတယ်။ ဘာလို့လဲဆိုတော့ အပေါ်က code အတိုင်းဆိုရင် တူတဲ့ style တွေအတွက် နှစ်ခါ

apply လုပ်ရမှာဖြစ်ပြီး အောက်က code မှာဆို တစ်ခါပဲလုပ်ရမှာပါ။


Web Assets Organizing Tips

#content_wrapper {
margin-top: 10px;
margin-left:15px;
margin-bottom: 20px;
margin-right: 22px;
}

ဒီနေရာမှာ အပေါ်ကလိုရေးမယ့် အစား ပုံစံ အတိုဖြစ်တဲ့ margin: 10px 22px 20px 15px; ဆိုပြီးရေးသင့်ပါတယ်။

#content_wrapper {
margin: 10px 22px 20px 15px;
}

နောက်ဆုံးတစ်ခုက project အားလုံးပြီးသွားပြီဆိုရင် code တွေကို minify လုပ်သင့်ပါတယ်။ minify လုပ်တယ်ဆိုတာက


မလိုအပ်တဲ့ space တွေ new lines တွေကို ဖျက်ပစ်လိုက်တာပါ။ အဲဒီ အတွက် file size ကလည်း သိသိသာသာလျော့သွားပါလိမ့်မယ်။
minify လုပ်ဖို့အတွက် YUI compressor အစရှိတဲ့ tools တွေနဲ့ လုပ်လို့ရပါတယ်။ နောက်ပြီး css file တွေကို အရင် loading လုပ်စေဖို့
အတွက် Head ထဲမှာ ချိတ်သင့်ပါတယ်။

Javascript
Javascript မှာလည်း CSS လိုပါပဲ။ HTTP Request တွေနည်းအောင် file တွေမလိုအပ်ဘဲ အများကြီး ခွဲမရေးသင့်ပါဘူး။
ပြီး တော့ အားလုံးပြီးသွားလို့ production stage ရောက်သွားပြီဆိုရင် minify လုပ်သင့်ပါတယ်။

Use Modular Script Loader

တကယ်လို့ ကိုယ်ရေးတဲ့ project မှာ javascript file တွေပါတဲ့ အခါမှာ RequireJS လိုမျိုး module loader မျိုးကို သုံးသင့်
ပါတယ်။ RequireJS မှာ ဆိုရင် main.js ထဲမှာ require() ဆိုတဲ့ function ကိုသုံးပြီး တခြား script တွေကို load လုပ်ပါတယ်။ html file
ထဲမှာကတော့ require.js တစ်ခုပဲ link လုပ်ထားပါတယ်။

<!DOCTYPE html>
<html>
<head>
<title>My Sample Project</title>
<!-- data-main attribute tells require.js to load
scripts/main.js after require.js loads. -->
<script data-main="scripts/main" src="scripts/require.js"></
script>
</head>
<body>
<h1>My Sample Project</h1>
</body>
</html>
Web Assets Organizing Tips

require(["helper/util"], function(util) {
//This function is called when scripts/helper/util.js is loaded.
//If util.js calls define(), then this function is not fired until
//util’s dependencies have loaded, and the util argument will hold
//the module value for "helper/util".
});

အားလုံးပြီးသွားလို့ production stage ကိုရောက်ပြီဆိုရင်တော့ optimizer ကို သုံးပြီး ရှိသမျှ script တွေအားလုံးကို
တစ်ခုတည်းပေါင်းပြီး minify လုပ်ပေးလိုက်လို့ရပါတယ်။

Web Assets တွေကို Organize လုပ်တဲ့ နည်းလမ်းတွေအများကြီး ရှိတဲ့ အထဲက မှာ တချို့ကို ပြောခဲ့ တာဖြစ်ပါတယ်။
အခုတော့ ဒီလောက်နဲ့ပဲ အဆုံးသတ်လိုက်ပါတော့မယ်။
Interview with
Ko Myint Kyaw Thu

r v i e w
In t e

Soe Thiha Naung


Myanmar Tutorials ရဲ့ Main Contributor တစ်ယောက် Myanmar
Links မှာ Web Development အကြောင်း သင်တဲ့ဆရာ၊
Web Development အကြောင်းနှင့် ပတ်သက်ရင် ဘာဖြစ်ဖြစ်
စိတ်ဝင်စားပြီး Myanmar Links Web Development Team ကို
ဦးဆောင်လှုပ်ရှားနေတဲ့ နည်းပညာသမား တစ်ယောက်

Facebook : /soethihanaung
Website : http://soethiha.me
Interview With
Ko Myint Kyaw Thut

မင်္ဂလာပါ ကိုမြင့်ကျော်သူရေ။ ကျွန်တော် အခုပဲ Chin Lone ဆိုတဲ့ ဂိမ်းကို ဆော့နေတာဗျ။ Graphic အပိုင်းမှာရော An-
imation အပိုင်းမှာပါ အတော်လေး ပြည့်စုံတယ်ဗျ။ အဓိကအားဖြင့် ခြင်းလုံး အားကစားနည်းနဲ့ ပတ်သက်ပြီး လှပတဲ့ ခတ်ကွက်တွေကို
ထည့်သွင်းတဲ့ နေရာမှာ အတော်လေးကို ပြည့်စုံတာ တွေ့ရပါတယ်။ မြန်မာ့ခြင်းလုံးကို ကိုယ်စားပြုနိုင်တဲ့ ဂိမ်းဖြစ်တဲ့အတွက် တကယ့်ကို
ကျေးဇူးတင်ပါတယ်။

ကျွန်တော် ပထမဦးဆုံး မေးလိုတာက ဂိမ်းလောကကြီးထဲမှာ Game Developer တွေအနေနဲ့ အနိမ့်အမြင့် အတက်အကျပေါင်း


မြောက်များစွာကို ဖြတ်ကျော်ကြရတယ်လို့ သိထားပါတယ်။ ကုမ္ပဏီအကြီးကြီးတွေ လက်ဝါးကြီးအုပ်ထားတဲ့ ဈေးကွက်၊ နောက်တော့
သေးသေးလေးတွေပါ ဝင်တိုးလို့ ရလာတဲ့ မိုဘိုင်း ဂိမ်းဈေးကွက်၊ ခိုးကူးဈေးကွက် စသည်ဖြင့် ဈေးကွက်ပေါင်း များစွာမှာ ရှင်သန် ရပ်တည်ဖို့
အင်မတန် ခက်တဲ့ အနေအထားမှာ မြန်မာပြည်မှာ အခြေချထားတဲ့ မြန်မာ Game Developer တစ်ယောက် အနေနဲ့ ဘယ်လို ရပ်တည်
လှုပ်ရှားနေတယ် ဆိုတဲ့ အကြောင်းကို သိချင်ပါတယ်ခင်ဗျ။

ဂိမ်းလောကမှာ ကုမ္ပဏီအကြီးတွေရော၊ အသေးတွေရော အတူတကွ ရှင်သန်နိုင်တဲ့ ရှားရှားပါးပါး ဈေးကွက်တခုပါ။ Indie


တွေဘယ်လိုမှ မရှင်သန်နိုင်တဲ့ movie industry နဲ့ နိုင်းယှဉ်ကြည့်နိုင်ပါတယ်။ နောက်ပြီး ခိုးကူးမှု piracy ရဲ့ ထိခိုက်မှု အတန်အသင့်
ရှိပေမဲ့ consumers pool က အရမ်းကြီးတဲ့အတွက် အခြား music industry တွေလို industry ပျက်လောက်အောင် မထိခိုက်ပါဘူး။
ဒါကလည်း ကောင်းတဲ့အချက် တစ်ခုပါပဲ။ ကမ္ဘာစီးပွားရေးပျက်ကပ် ဆိုက်တုန်းကတောင် game industry မှာဆိုးဆိုးရွားရွား ထိခိုက်တာ
မရှိပါဘူး။ ဒါပေမဲ့ အနိမ့်အမြင့် အတက်အကျတွေ မရှိတာတော့ မဟုတ်ပါဘူး။ ပါရာဒိုင်းအသစ် ပြောင်းတိုင်းမှာ ဂိမ်းလောကကို
တော်တော်ကြီး လှုပ်ရှားစေပါတယ်။ ဥပမာ၊ PC ဈေးကွက်ကနေ Console ဈေးကွက်အကူးမှာ အရင် PC တုန်းက အောင်မြင်ခဲ့တဲ့
ကုမ္ပဏီအကြီးအသေးတွေ အကုန်ကျရှုံးသလို၊ နဂိုက console game ထုတ်တဲ့ အသေးစား ကုမ္ပဏီလေးတွေ အရမ်းအောင်မြင်ပြီး
ကုမ္ပဏီအကြီးတွေ ဖြစ်လာတာမျိုးပါ။ ဒါမျိုးက ဆယ်စုနှစ် တစ်ခုမှာ တခါလောက် ကြုံလေ့ရှိတော့ အရမ်းကို အတက်အကျ မြန်တဲ့ in-
dustry လို့ ပြောလို့ရမယ် ထင်ပါတယ်။ Developers တွေအနေနဲ့လည်း ဒီလို ပါရာဒိုင်းအပြောင်းတွေမှာ လိုက်ပြောင်းဖို့ မလွယ်ပါဘူး။
အများအားဖြင့် ကျရှုံးတဲ့ထဲတော့ ပါသွားတတ်ပါတယ်။ နောက်မှ ပြန်ရုံးထနိုင်တဲ့သူပဲ ဒီ industry မှာ ရှင်ကျန်ခဲ့ပါတယ်။
Interview With
Ko Myint Kyaw Thu

Programmatic Thinking ပိုင်းမှာ Linear Programming တွေနဲ့ Game Development ပိုင်း သွားလို့ မရဘူးလို့ သိထားပါတယ်။
ဒါပေမယ့် အဲဒီလို Non-linear Programming ပုံစံတွေက ဒီမှာ အများအားဖြင့် မသင်ကြပါဘူး။ သူများနိုင်ငံတွေမှာတော့ Alice စသည်ဖြင့်
Non-Linear Programmatic Thinking တွေကို သင်တဲ့ ပုံစံတွေ ရှိပါတယ်။ အဲဒီလို အနေအထားမှာ Game Development ပိုင်းကို
စိတ်ဝင်စားတဲ့သူတွေ အနေနဲ့ ဘယ်လိုပုံစံ သင်ယူသင့်တယ်၊ ဘာတွေ လေ့လာသင့်တယ်ဆိုတာကို လမ်းညွှန်ပေးပါဦး။

Programming thinking ပိုင်းမှာ game development ကအခြား application development နဲ့တော့ အတော်ကွာပါတယ်။
ဒါပေမဲ့ programming concept မိနေမယ်ဆိုရင် အလွယ်တကူ ပြောင်းလို့ရမှာပါ။ အဓိက real-time မှာရေးတတ်ဖို့ လိုအပ်သလို၊ codes
တွေကို class design တွေ data model တွေနဲ့ မစဉ်းစားဘဲ၊ ဇာတ်ကောင်တွေ၊ ဇာတ်လမ်းတွေ ရေးနေတယ်လို့ မြင်တတ်ဖို့ လိုပါလိမ့်မယ်။

ကိုမြင့်ကျော်သူအနေနဲ့ မြန်မာ့ စစ်တုရင်ဂိမ်း၊ အခု ခြင်းလုံးဂိမ်း နောက်တော့ ဆိုက်ကားဆရာ ငပိန်၊ စသည်ဖြင့် မြန်မာမှုဆန်တဲ့ ဂိမ်းတွေ
တစ်ခုပြီး တစ်ခု ဖန်တီးနေတာ တွေ့ရပါတယ်။ ကျွန်တော် အနီးစပ်ဆုံး ကစားဖူးတာကတော့ ခြင်းလုံး ဂိမ်းပေါ့။ အဲဒီ ဂိမ်းအနေနဲ့
မြန်မာမှုဆိုပေမယ့် တစ်ကမ္ဘာလုံးက လူတွေပါ ဆော့လို့ရနိုင်ပါတယ်။ ကျွန်တော့်အမြင်အရ မြန်မာမှုဆန်ဆန်တွေထဲကနေ ဂိမ်းတွေ
ထွက်လာစရာ အများကြီး ရှိသေးတယ်လို့ ထင်ပါတယ်။ မြန်မာတွေအနေနဲ့ ဆော့လို့ ရနိုင်သလို တစ်ကမ္ဘာလုံး အတိုင်းအတာ အနေနဲ့လည်း
ထိုးဖောက်လို့ ရနိုင်စရာတွေ ရှိနေတယ်လို့ မြင်ပါတယ်။ ကိုမြင့်ကျော်သူအနေနဲ့ အဲဒီ ပေါင်းကူးအပေါ်မှာ ဘယ်လို တည်ဆောက်တယ်၊
ဘယ်လို အမြင်တွေရှိတယ်ဆိုတာ သိချင်ပါတယ်။

ကျွန်တော့်အမြင် ကိုယ့်နိုင်ငံရဲ့ national identity ကို စောင့်ရှောက်ဖို့ နိုင်ငံသားတိုင်းမှာ တာဝန်ရှိပါတယ်။ ယဉ်ကျေးမှု


အနုပညာဆိုတာ ဒါ နိုင်ငံတခုရဲ့ national identity ပါပဲ။ သို့သော် တခါးပိတ်ပြီး အိမ်တွင်းအောင်းနေတာကို စောင့်ရှောက်တယ်လို့ မခေါ်ဘူး။
ခေတ်နဲ့ အညီလိုက်လျောညီထွေ မလုပ်နိုင်ရင် ယှဉ်ကျေးမှု တစ်ခုက ပျောက်ကွယ်သွားမှာပဲ။ အခုခေတ်က ဒီဂျစ်တယ် ခေတ်ဖြစ်တာနဲ့
အညီ ယဉ်ကျေးမှု အနုပညာတွေကိုလည်း ဒီဂျစ်တယ် ပြောင်းနိုင်မှ နောင်တခေတ်မှာ ဆက်လက် ရှင်ကျန်နိုင်မယ်လို့ ယုံကြည်ပါတယ်။
ဂိမ်းတွေဟာ အနုပညာတွေကို ထိမ်းသိမ်းဖို့ အကောင်းဆုံး ဒီဂျစ်တယ် ပလက်ဖောင်းတွေပါ။ ဒါကြောင့် ကျွန်တော်တို့ ကုမ္ပဏီကနေပြီး၊
ဒီဘက်နှစ်တွေမှာ မြန်မာမှုပါတဲ့ ဂိမ်းတွေကို ဆက်တိုက်ဆိုသလို ဖြန့်ချိသွားဖို့ ရှိပါတယ်။ ပေါင်းစပ်တဲ့အခါ မူလ လက်ရာတွေ မပျက်စေဖို့
အတော်ကြီး ဂရုစိုက်ရပါတယ်။ ဥပမာ၊ စစ်တုရင်ဂိမ်းတို့၊ ဘုရင့်နောက် အွန်လိုင်းတို့ကို လုပ်တဲ့အခါ ကိုယ်စလုပ်ကတည်းက မှားသွားရင်
garbage in garbage out ဖြစ်မှာစိုးလို့ နားလည်တတ်ကျွမ်းတဲ့သူတွေကို သေချာတိုင်ပင်ပြီးမှ ပြင်ဆင်နေတာပါ။
Interview With
Ko Myint Kyaw Thu

ကိုမြင့်ကျော်သူအနေနဲ့ ဂိမ်းလောကကို ဖြတ်သန်းလာတာ အချိန်အတော်ကြာပြီ ထင်ပါတယ်။ အဲဒီလို ဖြတ်သန်းလာတဲ့


ကာလအတွင်းမှာ ဈေးကွက် အပြောင်းအလဲပေါင်း မြောက်များစွာကိုလည်း တွေ့ကြုံလာရမှာ အသေအချာပါပဲ။ ကျွန်တော် သိလိုတာက
ဈေးကွက်အနေအထားတွေ ဘယ်လို ပြောင်းလဲလာတယ်၊ ဘယ်လို အခြေအနေတွေ ရှိတယ်၊ အခုလက်ရှိအနေအထား ဈေးကွက်က
ဘယ်လိုရှိတယ်ဆိုတာကို သိချင်ပါတယ်။

ကျွန်တော် PC ခေတ်ကို ဖြတ်သန်းခဲ့ပြီ။ နောက်ပြီး console ခေတ်ပေါ့။ အခုနောက်ဆုံးကတော့ ကျွန်တော်တို့ mobile


ခေတ်ကို ရောက်နေပါပြီ။ digital content တွေရဲ့ အကြီးဆုံးဈေးကွက်ကို သိပ်မကြာခင် မိုဘိုင်းက သိမ်းပိုက်တော့မှာပါ။

ကိုမြင့်ကျော်သူအနေနဲ့ မကြာသေးခင်က ဂျပန်နိုင်ငံက ဂိမ်းပြပွဲတစ်ခုမှာ မြန်မာနိုင်ငံ ကိုယ်စားပြုအနေနဲ့ သွားရောက် ပြသခဲ့တယ်လို့


သိရပါတယ်။ အဲဒီလို သွားခဲ့တဲ့ အတွေ့အကြုံကို ပြန်လည် ဝေမျှပေးပါဦး။ ဘယ်လို အခွင့်အလမ်းတွေ ရလာတယ်၊ ဘယ်လို
အခွင့်အလမ်းတွေ ရှိတယ်ဆိုတာ သိချင်ပါတယ်။

ဂျပန်ကို မြန်မာနိုင်ငံ ကိုယ်စားပြုပြီး သွားရောက် ပြသခဲ့တာ အရမ်း ဂုဏ်ယူမိပါတယ်။ ဒါက ကျွန်တော်တို့ Myanmar
game industry ရဲ့ chapter အသစ်လို့ ပြောလို့ရမယ် ထင်တယ်။ နောင်နှစ်တွေဆိုရင် အခြား မြန်မာ game developer တွေအတွက်ပါ
အာရှနဲ့ ဂျပန်ဈေးကွက်တွေမှာ သွားရောက်ပြသဖို့အတွက် အခွင့်အလမ်းအသစ် ဖွင့်ပေးလိုက်တယ်လို့ ပြောလို့ရမယ် ထင်တယ်။ နောက်ပြီး
ကျွန်တော်တို့ နိုင်ငံက ထုတ်တဲ့ ဂိမ်းတွေဟာ နိုင်ငံတကာ level မှာ အများကြီး နိမ့်ကျမနေဘူးဆိုတာကို တွေ့ခဲ့ရပါတယ်။ ဒါကြောင့်
ကျွန်တော်တို့တွေ ပိုပြီး ကြိုးစားအားထုတ်ရင် international level ကိုကောင်းကောင်း သွားလို့ရနေပြီလို့ မြင်တွေ့ခဲ့ရပါတယ်။

အခုလို အချိန်ပေး ဖြေကြားပေးတဲ့ ကိုမြင့်ကျော်သူကို {echo} မဂ္ဂဇင်းမှ ကျေးဇူး အထူးတင်ရှိပါတယ်။


Create Note Application with
Laravel 4

P H P

Nyan Lynn Htut


Myanmar Links Professional Web Development Team မှာ Web
Developer တစ်ယောက်အနေနဲ့ လုပ်ကိုင်နေသူ တစ်ယောက်၊ PHP
Open Source CMS တစ်ခုဖြစ်တဲ့ Reborn CMS ရဲ့ Core Develop-
er တစ်ယောက်၊ REST API နဲ့ Frontend Javascript Application
တွေအကြောင်းကို စိတ်ဝင်စားသူ။

Facebook : facebook.com/nyanlynnhtut
Twitter : @nyanlynnhtut
Github : @nyanlynnhtut
Create Note Application With Laravel 4

ဒီတစ်ပတ် Echo ပရိသတ် အတွက် ကျွန်တော် Tutorial တစ်ခုရေးဖို့ စဉ်းစားမိပါတယ်။ ဘာအကြောင်းအရာကို


ရေးရင် ကောင်းမလဲတွေးရင်းနဲ့ အခုနောက်ပိုင်း PHP Framework လောကမှာ ရေပန်းစားနေတဲ့ Laravel 4 အကြောင်းကို ရေးမယ်လို့
အတွေးရပါတယ်။ ဒါကြောင့် Simple Note Applicaton တစ်ခုကို ရေးမယ်လို့ ဆုံးဖြတ်ပြီးတော့ Echo ပရိသတ်ကြီးအတွက်
တင်ဆက်ပေးလိုက်ပါတယ်။

Step 1
ကျွန်တော်တို့ Application အတွက် လိုအပ်တဲ့ Database Design ကို အရင်ဆုံး စဉ်းစားကြပါမယ်။ Simple Application
တစ်ခုပဲ ဖြစ်တဲ့အတွက် လိုအပ်တဲ့ Data Design ကတော့ တော်တော်လေးကို ရိုးရှင်းပါမယ်။

id [pk, ai]

title [varchar]

content [text]

user_id [int]

created_at [datetime]

updated_at [datetime]

ဒါကတော့ application အတွက် လိုအပ်တဲ့ field တွေပဲ ဖြစ်ပါတယ်။ User Table အတွက်ကတော့ ဒီလိုမျိုးရှိပါမယ်။

id [pk, ai]

username [varchar]

email [varchar]

user_id [int]

password [varchar]

created_at [datetime]

updated_at [datetime]
Create Note Application With Laravel 4

ဒီလိုအပ်တဲ့ Data Table တွေကို ကျွန်တော်တို့အနေနဲ့ PHPMyAdmin ကနေသွားပြီးတော့ ဆောက်ပေးရင်လည်း ရပေမယ့်


Laravel မှာပါတဲ့ migration ကို အသုံးပြုပြီးတော့ ရေးပါမယ်။ Laravel မှာ migration အတွက်လိုအပ်တဲ့ file ကို command line ကနေ
generate လုပ်လို့ရပါတယ်။ ဒီအတွက် terminal ကနေပြီးတော့ project root folder ထဲကိုသွားပါမယ် (Window မှာဆိုရင်တော့ cmd
ကနေပါ)။

php artisan migrate:make –table="user" create_user_table

Terminal ကနေ ဒီ command ကို run လိုက်မယ်ဆိုရင် app/database/migrations folder ထဲမှာ create_user_table ဆိုတဲ့ နာမည်နဲ့
file တစ်ခုရလာပါမယ်။ (file name ရဲ့ အရှေ့မှာတော့ နံပါတ်တွေပါ ပါလိမ့်မယ်)။

<?php

use Illuminate\Database\Schema\Blueprint;
use Illuminate\Database\Migrations\Migration;

class CreateUserTable extends Migration {

/**
* Run the migrations.
*
* @return void
*/
public function up()
{
Schema::table('user', function(Blueprint $table)
{
//
});
}

/**
* Reverse the migrations.
*
* @return void
*/

Create Note Application With Laravel 4

public function down()


{
Schema::table('user', function(Blueprint $table)
{
//
});
}
}

ဒါကတော့ Laravel ကနေ migration လုပ်ဖို့အတွက် ဖန်တီးပေးလိုက်တဲ့ file ပဲဖြစ်ပါတယ်။ ဒီ method နှစ်ခုထဲမှာ ကျွန်တော်တို့ရဲ့
လိုအပ်တဲ့ code တွေကို ရေးပါမယ်။ User Table ကို create လုပ်ချင်တာဖြစ်တဲ့အတွက်ကြောင့် up() method ထဲမှာ user table ကို
create လုပ်တဲ့ code ကိုရေးပါမယ်။ Table create အတွက် Laravel 4 ရဲ့ Schema Library ကို သုံးပါမယ်။

$table->create();
$table->increments(‘id’);
$table->string(‘username’);
$table->string(‘email’);
$table->string(‘password’);
$table->timestamps();

ဒါကတော့ up() method ထဲက Schema::table ဆိုတဲ့ အထဲမှာ ရေးရမှာပါ။ ဒီ code တွေရဲ့အကြောင်းကိုတော့ အသေးစိတ်
မရှင်းပြပေးတော့ပါဘူး။ Laravel documentation ထဲမှာ ရှင်းပြပေးထားတာတွေ ဖြစ်တဲ့အတွက် အဲ့ဒီမှာသွားပြီးတော့
ဖတ်ရှုလေ့လာနိုင်ပါတယ်။

ပြီးသွားရင် down() အတွက်ရေးပါမယ်။ ဒါကြောင့် down() ထဲမှာ ရှိတဲ့ code တွေအားလုံးကို ဖျက်လိုက်ပါ။ ပြီးသွားရင်
table ကို ပြန်ဖျက်တဲ့ ဒီ code line ကို ရေးပါမယ်။

Schema::dropIfExists("user");

ပြီးသွားရင် note table ကို ဖန်တီးရပါဦးမယ်။ ဒါပေမယ့် ကျွန်တော်တို့တွေ note table အတွက် မလုပ်ခင်မှာ အခုလက်ရှိ migration ကို
အရင်စမ်းကြည့်ကြပါမယ်။
Create Note Application With Laravel 4

Terminal ထဲမှာ -

php artisan migrate

ဆိုတဲ့ command ကို run ကြည့်ပါ။ Unknown database ဆိုတဲ့ error ကို တွေ့ရပါမယ်။ ဘာကြောင့်လဲဆိုတော့ ကျွန်တော်တို့တွေ
အနေနဲ့ application အတွက် လိုအပ်တဲ့ database ကို မချိတ်ပေးရသေးလို့ပါ။ ဒီအတွက် အရင်ဆုံး PHPMyAdmin ကနေဖြစ်ဖြစ် da-
tabase အသစ်တစ်ခု ဆောက်ပေးလိုက်ပါ။ ကျွန်တော်ကတော့ name ကို echo_l4 လို့ပေးလိုက်ပါတယ်။ ပြီးရင် app/config/da-
tabase.php file မှာ ကျွန်တော်တို့ရဲ့ setting တွေကို သွားပြောင်းပေးရပါမယ်။ ကျွန်တော်ကတော့ connections=>mysql=>-
database ဆိုတဲ့ နေရာတစ်ခုမှာပဲ ပြောင်းဖို့လိုပါတယ်။ ကျန်တဲ့ setting တွေကအတူတူပဲ ဖြစ်နေတာကြောင့် ပြောင်းစရာမလိုပါဘူး။
database setting ကို မှန်အောင်ချိန်းပြီးပြီဆိုရင်တော့ ခုနက terminal မှာ run ခဲ့တဲ့ command ကို ပြန် run ကြည့်ပါ။ ပြီးသွားရင်PH-
PMyAdmin ကနေ ကျွန်တော်တို့ database ကိုသွားကြည့်ရင် user table နဲ့ migrations table ဆိုတာကို တွေ့ရပါမယ်။ user table
ကတော့ ကျွန်တော်တို့ ဖန်တီးလိုက်တဲ့ table ဖြစ်ပြီးတော့ migrations table ကတော့ Laravel ကနေ Migrations Record အတွက်
ဖန်တီးလိုက်တဲ့ table ပါ။

ပြီးသွားရင် note table အတွက် ဆက်ပြီးတော့ ရေးကြပါမယ်။ အရင်ဆုံး migrate file ထုတ်မယ်။ ပြီးရင်လိုအပ်တဲ့ Sche-
ma Design ကို ရေးမယ်။ ပြီးရင် migration ကို run ပါမယ်။

php artisan migrate:make --table="note" create_note_table

Terminal မှာ ဒီ command ကို run ပြီးတော့ migrate file ထုတ်ပြီးသွားပြီဆိုရင် ဒါကတော့ up() ထဲမှာ ရေးမှာပါ။

$table->create();
$table->increments(‘id’);
$table->string(‘title’);
$table->text(‘content’);
$table->integer(‘user_id’);
$table->timestamps();

ဒါကတော့ down() ထဲမှာပါ။

Schema::dropIfExists("note");
Create Note Application With Laravel 4

ပြီးသွားရင် ကျွန်တော်တို့ migration ကို run လို့ရပါပြီ။

php atrisan migrate

PHPMyAdmin ကနေသွားကြည့်မယ်ဆိုရင် ကျွန်တော်တို့ database မှာ ကျွန်တော်တို့လိုချင်တဲ့ data table တွေရှိနေပြီ ဖြစ်တဲ့အတွက်
Application ကို စပြီးတော့ ရေးလို့ရပါပြီ။

Step 2
Step 2 မှာတော့ ကျွန်တော်တို့တွေ အနေနဲ့ Note အတွက် CRUD တွေကို ရေးသားကြပါမယ်။ ဒီနေရာမှာ
တစ်ခုကြိုပြောချင်တာက Note မှာ ပါတဲ့ user ကို ကျွန်တော်တို့တွေ အသေပဲ ပေးခဲ့ကြပါမယ်။ ဘာလို့လဲဆိုတော့ ကျွန်တော်တို့ Au-
thentication ပိုင်းကို နောက်မှ ရေးသားမှာ ဖြစ်တဲ့အတွက် အခုလောလောဆယ်တော့ User ကို မချိတ်ခဲ့တာပဲ ဖြစ်ပါတယ်။ ဒီအတွက်
အရင်ဆုံးကျွန်တော်တို့တွေ Note အတွက် လိုအပ်တဲ့ Controller နဲ့ Model ကို ရေးကြပါမယ်။

ဒီအတွက် app/controllers ထဲမှာ NoteController ဆိုပြီးတော့ file အသစ်တစ်ခုရယ်၊ app/models ထဲမှာ Note
ဆိုပြီးတော့ file အသစ်တစ်ခုရယ် ဆောက်ပါမယ်။ (ကျွန်တော်ကတော့ လွယ်ကူအောင် HomeController ကို copy ပွားပြီးတော့ အထဲက
မလိုတာတွေကို ဖျက်လိုက်ပါတယ်)

class NoteController extends BaseController {

public function index()


{
return Response::make('Hello World');
}

ပြီးတော့ app/routes.php မှာ ဒီ Note Controller index method အတွက် Route သွားရေးပေးလိုက်ပါတယ်။

Route::get('note', 'NoteController@index');

ပြီးရင် Browser ကနေ http://site_address/public/note ဆိုပြီး ခေါ်ကြည့်ရင် Hello World ဆိုတာကို မြင်ရပါမယ်။ ဒီအထိရပြီ ဆိုရင်
ကျွန်တော်တို့ Controller မှာ လိုတဲ့ action methods တွေကို ရေးပါမယ်။ လိုအပ်မယ့် method တွေကတော့ -
Create Note Application With Laravel 4

index [For All Note Lists] [note]

create [For reate New Note] [note/create]

edit [For Edit the Note] [note/edit/:id]

delete [For Delete the Note] [note/delete/:id]

အနောက်ဆုံးက [] ကွင်းထဲကဟာကတော့ uri ပါ။

public function create()


{
// Make Create Process Here
}

public function edit($id)


{
// Make Edit Process Here
}

public function delete($id)


{
// Make Delete Process Here
}

ပြီးရင် ဒီအတွက်လိုအပ်မယ့် route တွေကို app/routes.php မှာ သွားရေးပေးပါမယ်။

Route::any(‘note/create’, ‘NoteController@create’);

Route::any(‘note/edit/{id}’, ‘NoteController@edit’);

Route::get(‘note/delete/{id}’, ‘NoteController@delete’);
Create Note Application With Laravel 4

ဒါကတော့ နောက်ထပ်ရေးထားတဲ့ action တွေအတွက် လိုအပ်တဲ့ route တွေပါ။ create နဲ့ edit မှတော့ Route::any() ဆိုပြီး
သုံးထားတာကို တွေ့နိုင်ပါတယ်။ ကျန်တဲ့ action တွေအတွက်ကတော့ get နဲ့ရေးထားတာပါ။ ဒါကဘာကြောင့်လဲဆိုတော့ create နဲ့ edit
မှတော့ ကျွန်တော်က GET method ရော POST method 2 ခုလုံးကို သုံးမှာမို့လို့ပါ။

ပြီးရင်တော့ ကျွန်တော်တို့တွေ Model Class ကို ရေးပါမယ်။

class Note extends Eloquent {


/**
* The database table used by the model.
*
* @var string
*/
protected $table = 'note';

Note Model ကတော့ ကျွန်တော်တို့ လောလောဆယ်ရေးမှာ ဒီလောက်ပါပဲ။ Laravel 4 ရဲ့ Eloquent ORM အစွမ်းကြောင့် ဒီလောက်ပဲ
ရေးစရာလိုတာပါ။

ပြီးရင် create action ကို ရေးကြပါမယ်။ ကျွန်တော်တို့ data passing ပေးဖို့လိုတာကတော့ title, con-
tent ပဲရှိပါမယ်။ created_at, updated_at ကတော့ Eloquent ကနေ အလိုအလျောက် ထည့်ပေးသွားပါလိမ့်မယ်။ cre-
ate တွေ edit တွေအတွက် ကျွန်တော်တို့တွေ view file တွေလိုလာပါပြီ။ ဒီအတွက် app/views folder ထဲမှာ note ဆိုတဲ့ fold-
er တစ်ခုအသစ်ဆောက်ပါမယ်။ ပြီးရင် index.blade.php, form.blade.php ဆိုပြီး view file နှစ်ခု အသစ်လုပ်ပါတယ်။
blade.php ဆိုပြီး extension ကို ပေးထားခဲ့တာကတော့ Laravel ရဲ့ Blade Template Engine ကို သုံးမှာ ဖြစ်တဲ့အတွက်ကြောင့်ပါ။
နောက်တစ်ချက်အနေနဲ့က ကျွန်တော်တို့တွေ master layout တစ်ခုကို ဖန်တီးပါမယ်။ အဲ့ဒီအတွက် views ထဲမှာ layouts fold-
er အသစ်တစ်ခုဆောက်ပါ။ ဆောက်ပြီးသွားရင် master.blade.php ဆိုတဲ့ layout file တစ်ခုကို ဖန်တီးပါမယ်။ ပြီးရင် CSS
အတွက်တော့ bootstrap 3 ကို သုံးမှာ ဖြစ်တဲ့အတွက်ကြောင့် Bootstrap site ကနေသွားပြီး down ပါတယ်။ Down ပြီးရင် public fold-
er ထဲကို ကူးထည့်လိုက်ပါ။ bootstarp/dist/css ကို public/css၊ bootstrap/dist/js ကို public/js ပြီးတော့
bootstrap/dist/fonts ကို public/fonts ထဲကို ကူးလိုက်ပါတယ်။

Create Helper File


ဒီနေရာမှာ တစ်ခုဖြတ်ပြီးတော့ ပြောစရာရှိတာက ကျွန်တော်တို့က Bootstrap ကို သုံးတာဖြစ်တဲ့အတွက် Form
ရေးတဲ့နေရာမှာ bootstrap က format အတိုင်းရေးပေးရပါတယ်။ ဆိုလိုတာက wrapping လုပ်ထားတဲ့ div တွေ class name တွေကို
သတ်မှတ်ထားတဲ့အတိုင်း ရေးရပါတယ်။ အဲ့ဒီအတွက် Bootstrap ရဲ့ Form Field ပုံစံကို ထပ်ခါထပ်ခါမရေးအောင်လို့ helper function
ရေးထားပါမယ်။ နောက်ပြီးတော့ From ကို submit လုပ်ရင်လည်း create, edit ဒီ action ထဲကိုပဲ ပြန်လာမှာ ဖြစ်တဲ့အတွက် REQUEST_
METHOD က POST လားဆိုတာကို စစ်ဖို့လိုပါတယ်။ ဒီအတွက် -
Create Note Application With Laravel 4

Input::server(‘REQUEST_METHOD’) == 'POST'

ဒီလိုမျိုး စစ်ပေးရပါတယ်။ ဒါကိုလည်း ရေးရတာလွယ်သွားအောင်လို့ helper function တစ်ခုရေးထားပါမယ်။ ဒီအတွက် helper function
တွေကို ဘယ်နေရာမှာ ရေးထားမလဲဆိုတာကို အရင်ရှင်းပြပေးပါမယ်။ app folder ထဲမှာ helpers.php ဆိုပြီး file တစ်ခုဆောက်လိုက်ပါ။
ဒီထဲမှာ ကျွန်တော်တို့ရဲ့ function တွေကိုရေးပါမယ်။ ဒီ helper file ကို load လုပ်ဖို့ရာအတွက် app/start folder ထဲက global.php
မှာရေးပါမယ်။ ဒီ file ရဲ့ အောက်ဆုံးမှာ ဒီလိုရေးလိုက်ပါတယ်။

/*
|-----------------------------------------------------------------
| Extended Helper Functions for Note Application
|-----------------------------------------------------------------
|
| This is helper functions for Laravel Note Simple Application
| We make Bootstrap Style Form Field
| and is_post() in this helpers file
|
*/
require app_path().'/helpers.php';

app_path() ဆိုတာကတော့ app folder path ပါ။ ပြီးရင် helpers file မှာ function 3 ခုရေးပါတယ်။ ပထမတစ်ခုက text field အတွက်ပါ။
နောက်တစ်ခုကတော့ textarea အတွက်ပါ။ နောက်ဆုံးတစ်ခုကတော့ Request Method ကို စစ်တဲ့ function ပါ။

<?php

if (!function_exists('text_field'))
{
function text_field($name, $label, $value)
{
$ui = '<div class="form-group">';

$ui .= '<div class="form-group">';


$ui .= Form::label($name, $label, array('class' =>
'col-lg-2 control-label'));
$ui .= '<div class="col-lg-10">';
$ui .= Form::text($name, $value, array('class' => 'form-
control'));
$ui .= '</div>';
$ui .= '</div>';
Create Note Application With Laravel 4

return $ui;
}
}

if (!function_exists('textarea_field'))
{
function textarea_field($name, $label, $value)
{
$ui = '<div class="form-group">';

$ui .= '<div class="form-group">';


$ui .= Form::label($name, $label, array('class' =>
'col-lg-2 control-label'));
$ui .= '<div class="col-lg-10">';
$ui .= Form::textarea($name, $value, array('class' =>
'form-control'));
$ui .= '</div>';
$ui .= '</div>';

return $ui;
}
}

if (!function_exists('is_post'))
{
function is_post()
{
return Input::server('REQUEST_METHOD') == 'POST';
}
}

ဒီ helper function တွေကို ရေးပြီးတဲ့ အချိန်မှာ ကျွန်တော်တို့တွေ ဆက်ရေးရမှာက views/layouts/master.blade.php မှာပါ။

<html>
<head>
<title>
Create Note Application With Laravel 4

@section(‘title’)
{{ $site_title }}
:: Note Application
@show
</title>
{{ HTML::style(‘css/bootstrap.min.css’) }}
<style type=”text/css”>
body {
padding-top: 70px;
}
.container {
width: 960px;
margin: 0 auto;
}
</style>
</head>
<body>
<header class=”navbar navbar-inverse navbar-fixed-top bs-docs-
nav” role=”banner”>
<div class=”container”>
<div class=”navbar-header”>
<a href=”{{ url() }}” class=”navbar-brand”>Laravel
Note</a>
</div>
</div>
</header>

<div class=”container row” id=”main-body”>


@yield(‘content’)
</div>

</body>
</html>

ကျွန်တော်တို့တွေရဲ့ action တွေကနေလာမယ့် view တွေက @yield(‘content’) ဆိုတဲ့နေရာမှာ ဝင်လာမှာပါ။ ပြီးသွားရင် လိုအပ်တဲ့
action တွေကို ရေးပါမယ်။
Create Note Application With Laravel 4

Action Index
ဒီ action မှာတော့ database မှာရှိတဲ့ note တွေကို ပြပေးသွားပါမယ်။

public function index()


{
$lists = Note::all();
$site_title = ‘Notes’;

return View::make(‘note.index’, compact(‘site_title’,


‘lists’));
}

ဒါကတော့ index action ပါ။ ဘာမှထွေထွေထူးထူး မပါပါဘူး။ အရင်ဆုံး Note Model ကနေ all() ဆိုတဲ့ method ကိုသုံးပြီး ရှိသမျှ re-
sult အားလုံးကို ယူပါတယ်။ ပြီးတော့ $site_title ဆိုပြီးတော့ Site Title အတွက် ပေးလိုက်ပါတယ်။ နောက်ဆုံးမှာတော့ View::make
ဆိုပြီးတော့ return ပြန်လိုက်ပါတယ်။ action မှာ လိုတာကတော့ ဒီလောက်ပါပဲ။ ပြီးရင် view file ကို ဆက်သွားပါမယ်။

@extends(‘layouts.master’)

@section(‘content’)

@unless($lists->isEmpty())

<table class=”table table-bordered table-striped”>


<tr>
<th>Title</th>
<th>Content</th>
<th width=”15%”>Actions</th>
</tr>
@foreach($lists as $list)
<tr>
<td>{{ $list->title }}</td>
<td>{{ $list->content }}</td>
<td>
<a href=”note/edit/{{ $list->id }}”>Edit</a>
|
<a href=”note/delete/{{ $list->id }}”>Delete</a>
Create Note Application With Laravel 4

</td>
</tr>
@endforeach
</table>

@else
<h4>Note list are empty now!</h4>
@endif

@stop

view file ရဲ့ အပေါ်ဆုံးမှာ layout ကို extend လုပ်ထားပါတယ်။ ဒါက ကျွန်တော်တို့ အနေနဲ့ master ဆိုတဲ့ layout ကို အသုံးပြုမယ်လို့
ပြောလိုက်တာနဲ့ အတူတူပါပဲ။ နောက်တစ်ကြောင်းမှာတော့ ကျွန်တော်တို့တွေ content ဆိုတဲ့ section ကို စပြီလို့ပြောခဲ့ပါတယ်။ section
စပြီးရင် @stop ဆိုတာကို အဆုံးမှာ ထည့်ပေးရပါတယ်။ ကျွန်တော်တို့ကတော့ အောက်ဆုံးမှာ ထည့်ပေးထားပါတယ်။ နောက်ပြီးတော့ @
unless($lists->isEmpty()) ဆိုပြီး ရေးခဲ့ပါတယ်။ unless ဆိုတာကတော့ if not နဲ့ တူပါတယ်။ ဒီ code ကို ဘာသာပြန်ရင် ဒီလိုရပါတယ်။
if(! $lists->isEmpty()) $lists က Empty မဖြစ်ရင် result ကို ပြတဲ့ code ကို လုပ်ပါ။ မဟုတ်ရင်တော့ result မရှိသေးပါဘူးလို့ ပြပါမယ်။
Blade Template အကြောင်းကိုအသေးစိတ် သိချင်ရင်တော့ Laravel Documentation မှာ သွားပြီးတော့ လေ့လာနိုင်ပါတယ်။

Action Create
ဒီ action မှာတော့ ကျွန်တော်တို့တွေ note ကို create လုပ်ကြပါမယ်။ ဒီအတွက် အရင်ဆုံး သူ့အတွက်လိုအပ်တဲ့ form ကို ရေးပါမယ်။

@extends(‘layouts.master’)

@section(‘content’)

{{ Form::open(array(‘url’ => URL::current(), ‘class’ => ‘form-


horizontal’)) }}
<h3>Create New Note</h3>

{{ text_field(‘title’, ‘Title’, $note->title) }}

{{ textarea_field(‘content’, ‘Content’, $note->content) }}


Create Note Application With Laravel 4

<div class=”form-group”>
<div class=”col-lg-offset-2 col-lg-10”>
<button type=”submit” class=”btn btn-default”>Save</button>
</div>
</div>

{{ Form::close() }}

@stop

ဒီနေရာမှာ ကျွန်တော်တို့တွေ ရေးခဲ့တဲ့ helper function တွေထဲက function 2 ခုကို ပြန်ပြီးတော့ သုံးသွားခဲ့ပါတယ်။ View
ပြီးသွားတဲ့နောက်မှာတော့ Controller မှာ ဆက်ရေးရပါမယ်။

public function create()


{
$site_title = ‘Create Note’;
$note = new Note();
if (is_post())
{
$note->title = Input::get(‘title’);
$note->content = Input::get(‘content’);
// Fake user id
$note->user_id = 1;
$note->save();

return Redirect::to(‘note’);
}
return View::make(‘note.form’, compact(‘site_title’,
‘note’));
}

ဒီနေရာမှာ တစ်ခုရှိတာက တကယ်တမ်းဆို Save မလုပ်ခင်မှာ Validation စစ်ပေးရပါမယ်။ ပြီးတော့ Save လုပ်လို့ အဆင်ပြေမပြေကို
ချက်ပြီးတော့ အဆင်ပြေရင် Redirect လုပ်၊ မပြေရင် Error တွေကို View ကို ပေးပေးရပါတယ်။ ဒါကတော့ Tutorial လဲ ဖြစ်နေပြန်
ပြီးတော့ Post လဲ အရမ်းရှည်သွားမှာ စိုးတဲ့အတွက် ဒါတွေကို ဖြုတ်ခဲ့လိုက်ပါတယ်။
Create Note Application With Laravel 4

Action Edit
ဒါကတော့ edit လုပ်မယ့် action ပါ။ view ကတော့ create တုန်းက view နဲ့အတူတူပါပဲ။ method မှာရေးတဲ့ပုံစံပဲ အနည်းငယ်
ကွဲပြားသွားတာပါ။ အဲ့ဒါကလဲ တစ်နေရာထဲပါ။

Create မှာတုန်းက $note = new Note() ဆိုတဲ့နေရာမှာ $note = Note::find($id) ဆိုပြီးပဲ ကွဲပြားသွားပါတယ်။ $id ဆိုတာကတော့
URL ကနေ ပါလာမယ့် Note ရဲ့ id ပါ။ ဒီ method မှာလဲ ကျွန်တော် တစ်နေရာ ချန်ထားခဲ့ပါတယ်။ အဲ့ဒါကတော့ Note Model ကနေ $id
နဲ့ရှာရင် ရမယ့် result က တကယ်ရှိတဲ့ result ဟုတ်မဟုတ်ကို မစစ်ခဲ့တာပါ။ Database ထဲမှာ မရှိတဲ့ id နဲ့သွားရှာရင် Error တက်နေမှာပါ။
ဒီနေရာမှာ မရေးခဲ့တာကတော့ စာဖတ်သူတွေ ကိုယ်တိုင်စမ်းကြည့်လို့ရအောင်ပါ။

Action Delete
Delete action အတွက်တော့ ကျွန်တော်တို့တွေ view ကို ရေးပေးစရာ မလိုတော့ပါဘူး။ ကျွန်တော်တို့ အနေနဲ့ ပေးလိုက်တဲ့ idကို de-
lete လုပ်မယ်၊ ပြီးရင် Index Action ကို Redirect ပြန်မယ်။ Code တွေလဲ များများစားစားမရှိပါဘူး။

public function delete($id)


{
$note = Note::find($id);

if (! is_null($note) )
{
$note->delete();
}

return Redirect::to(‘note’);
}

ဒါဆိုရင် ကျွန်တော်တို့တွေ အနေနဲ့ Note Application ကို CRUD ရပြီ ဖြစ်ပါတယ်။ ကျွန်တော်တို့ ဆက်ရေးဖို့ ကျန်တဲ့ အပိုင်းကတော့
User Register လုပ်တာတွေ၊ Login Logout တွေကျန်ပါမယ်။ User ပြီးသွားမှာသာ Note Create, Edit မှာ တကယ့် User အမှန်နဲ့
ချိတ်ဆက်ပေးရပါမယ်။ အဲ့ဒီကျန်တဲ့ အပိုင်းကိုတော့ နောက်တစ်လ {ECHO} မှာ ဆက်လက် ရေးပေးသွားပါမယ်။ ဒီလတော့ ဒီလောက်နဲ့ပဲ
ရပ်နားထားရင်း နောက်တစ်လမှ ပြန်တွေ့ကြပါမယ်။
Autoload

P H P

Soe Thiha Naung


Myanmar Tutorials ရဲ့ Main Contributor တစ်ယောက် Myanmar
Links မှာ Web Development အကြောင်း သင်တဲ့ဆရာ၊
Web Development အကြောင်းနှင့် ပတ်သက်ရင် ဘာဖြစ်ဖြစ်
စိတ်ဝင်စားပြီး Myanmar Links Web Development Team ကို
ဦးဆောင်လှုပ်ရှားနေတဲ့ နည်းပညာသမား တစ်ယောက်

Facebook : /soethihanaung
Website : http://soethiha.me
Autoload

Require
ကျွန်တော်တို့ အနေနဲ့ PHP Program တွေ ရေးတဲ့ နေရာမှာ အစောပိုင်း ကာလတွေတုန်းက

require

require_once

include

include_once

Require Vs Include
Require နဲ့ include က အလုပ်လုပ်ပုံ အတူတူပါပဲ။ အဓိကအားဖြင့် error ပြတဲ့ ပုံစံမှာ ကွာသွားပါတယ်။ require က
require လုပ်တဲ့ file မတွေ့ဘူးဆိုရင် ရပ်သွားပါတယ်။ include ကတော့ file မတွေ့ရင် warning သာ ပြပြီး script ကို run ပါတယ်။

_once keyword
_once keyword ကတော့ memory ပေါ်မှာ load တစ်ခါ load လုပ်ထားတယ် ဆိုရင် ထပ်ပြီး လုပ်စရာ မလိုတော့ဘူးဆိုတဲ့
အဓိပ္ပါယ်ပါ။

Autoload
Autoload ကတော့ PHP ရဲ့ magic method တစ်ခု ဖြစ်ပါတယ်။ ကျွန်တော်တို့ အနေနဲ့ file တွေ အများကြီးကို re-
quire လုပ်မယ်ဆိုရင် အတော် အလုပ်ရှုပ်ပါတယ်။ MVC လို့ ခေါ်တဲ့ Model သပ်သပ်၊ View သပ်သပ်၊ Controller သပ်သပ် ခွဲခြားပြီး
ရေးကြတဲ့အခါမှာ folder တွေကို ခွဲခြားပြီး ရေးရပါတယ်။ အဲဒီလို ရေးရတဲ့ အပြင် developer ရဲ့ လိုအပ်ချက်အရ ထပ်ဖြည့်တာတွေလည်း
အများကြီး ဖြစ်လာပါတယ်။ အဲဒီလို ဖြစ်လာတဲ့အခါ require နဲ့သာ ရေးမယ်ဆိုရင် အလုပ်အတော် ရှုပ်မှာ ဖြစ်ပါတယ်။ developer အနေနဲ့
Model ဆိုရင် model folder ထဲ Controller ဆိုရင် Controller ထဲ ထည့်လိုက် View ဆိုရင် View ထဲထည့်လိုက်နဲ့ အားလုံးကို လိုက်ပြီး
require လုပ်နေစရာမလိုမှ အဆင်ပြေပါလိမ့်မယ်။ အဲဒီအတွက် require ဆိုတဲ့ method အစား autoload ဆိုတဲ့ magic method ကို
သုံးလာကြပါတယ်။
Autoload

// Cat.php
<?php
class Cat {
function say() {
echo "Meow!";
}
}

// Dog.php
<?php
class Dog {
function say() {
echo "Bark!";
}
}

<?php
function __autoload($classname) {
$filename = $classname . ".php";
if(is_readable($filename)) {
require $filename;
}
}
$cat = new Cat;
$cat->say();
$dog = new Dog;
$dog->say();

အဲဒီလို ရေးမယ်ဆိုရင် __autoload() ကို သုံးပြီး classname နဲ့တူတဲ့ file တွေကို autoload လုပ်ပေးပါလိမ့်မယ်။ require
နဲ့ ရေးမယ်ဆိုရင်

require "Cat.php";

require "Dog.php";
Autoload

ဆိုပြီး ရေးပေးနေရပါလိမ့်မယ်။ ဒါပေမယ့် အဲဒီ php magic method __autoload မှာ ပြဿနာ ရှိတာက __autoload
ဆိုတဲ့ magic method ကို တစ်ခုတည်း သုံးလို့ရပါတယ်။ အဲဒီအတွက် multiple autoload လုပ်ချင်တယ်ဆိုရင် မရတော့ပါဘူး။ PHP
အနေနဲ့ နောက်ပိုင်းမှာ __autoload() ကို deprecated လုပ်သွားဖို့ ရှိပါတယ်။

spl_autoload_register()
__autoload() megic method ရဲ့ အားနည်းချက် တစ်ခုဖြစ်တဲ့ တစ်ခုတည်း သုံးလို့ရတဲ့ ပြဿနာကို ဖြေရှင်းဖို့အတွက်
spl_autoload_register() ဆိုတာကို PHP က သတ်မှတ်ပေးပါတယ်။ ဥပမာ ရေးကြည့် ရအောင်

// controllers/CatController.php
<?php
class CatController {
function say() {
return "Meow!";
}
}

// contoller/DogController.php
<?php
class DogController {
public function say() {
return "Bark!";
}
}

// models/DogModel.php
<?php
class DogModel {
public function count() {
return 5;
}
}

// models/CatModel.php
<?php
class CatModel {
public function count() {
return 3;
}
}
Autoload

// spl.php
<?php
function autoloadModel($className) {
$filename = "models/" . $className . ".php";
if (is_readable($filename)) {
require $filename;
}
}

function autoloadController($className) {
$filename = "controllers/" . $className . ".php";
if (is_readable($filename)) {
require $filename;
}
}

spl_autoload_register("autoloadModel");
spl_autoload_register("autoloadController");

$catctl = new CatController;


$dogctl = new DogController;
$catModel = new CatModel;
$dogModel = new DogModel;

echo "Cat says " . $catctl->say() . ". We have " . $catModel-


>count() . " cats.";
echo "<br />";
echo "Dog says " . $dogctl->say() . ". We have " . $dogModel-
>count() . " dogs.";

spl_autoload_register() အနေနဲ့ MVC Pattern တွေမှာ folder တွေ ကွဲနေတဲ့ အနေအထားအတွက် အများကြီးအထောက်
အပံ့ပေးပါတယ်။

PSR-0

PSR-0 ကတော့ FIG လို့ခေါ်တဲ့ Framework Interoperability Group က သတ်မှတ်လိုက်တဲ့ standard တစ်ခု ဖြစ်ပါတယ်။
autoload ကို ပုံစံမျိုးစုံနဲ့ လုပ်ကြတဲ့အခါ တစ်ခုနဲ့ တစ်ခု စနစ်တွေက မတူကြတော့ပါဘူး။ အဲဒီလို မတူတဲ့အတွက် ပေါင်းစပ်ရလည်း
ခက်ခဲလာပါတယ်။ အဲဒီအတွက် standard တစ်ခု သတ်မှတ်ဖို့ လိုတယ်ဆိုပြီး PSR-0, PSR-1, PSR2 စသည်ဖြင့် သတ်မှတ်ကြပါတယ်။ ဒီ
ဆောင်းပါးနဲ့ Composer ဆိုတဲ့ ဆောင်းပါးကို ပေါင်းပြီး ဖတ်မယ်ဆိုရင် ပြည်စုံသွားပါလိမ့်မယ်။
CSS Best Practices
You Should Follow

C S S

Hein Zaw Htet


ကျွန်တော်ကတော့ ဟိန်းဇော်ထက်ပါ။ MyanmarWebDev.com နဲ့
Echo မှာ စာပုံမှန်ရေးပါတယ်။ Myanmar Links မှာ Web Designer/
Developer တစ်ယောက်အဖြစ် လုပ်ကိုင်နေပါတယ်။
CSS Best Practices
You Should Follow

Language တိုင်းမှာ Best Practices တွေရှိကြပါတယ်။ ဒီနိုဝင်ဘာလအတွက် Echo က CSS Special ဖြစ်တဲ့အတွက်ကြောင့်
CSS Best Practices တွေကို ဖော်ပြပေးချင်ပါတယ်။

Reset CSS
Browser တိုင်းမှာ Web Page အတွက် Default Style တွေပါဝင်ပါတယ်။ User Agent CSS လို့လည်း ခေါ်ကြပါတယ်။
အောက်ကပုံမှာ CSS မပါဘဲ သာမာန် HTML တစ်ခုတည်းကိုပဲ Firefox နဲ့ Chrome မှာ စမ်းပြထားပါတယ်။ Font Size တွေ Padding /
Margin စသည်ဖြင့် သူတို့ရဲ့ Default Value တွေက မတူကြပါဘူး။

ဒီလိုဆိုတော့ ကိုယ်ရေးတဲ့ CSS က Firefox မှာ အဆင်ပြေပေမယ့် Chrome နဲ့လည်း စစ်ရော Margin တွေ Padding
တွေက မတူတော့ဘူးပေါ့။ ဒါ့ကြောင့် အဲဒီ Default Style တွေကို Reset လုပ်ပစ်လိုက်သင့်ပါတယ်။

Universal Reset
ဒီပြဿနာကို အလျှင်အမြန်ဖြေရှင်းနိုင်မယ့် နည်းလမ်းကတော့ အောက်ကအတိုင်းရေးလိုက်တာပါ။

* {
padding: 0;
margin: 0;
}

Reset.css
နောက်နည်းလမ်းတစ်ခုက reset.css သုံးတာပါ။ Reset CSS မှာတော့ Margin တွေ Padding တွေအပြင် Font Size
/ Lineheight တွေကိုပါ Reset လုပ်ပေးထားပါတယ်။ Reset CSS တွေ တစ်ခုမကရှိပါတယ်။ Yahoo ကထုတ်တဲ့ CSS Reset ရှိသလို
တစ်ခြားသူတွေ ထုတ်တဲ့ Reset တွေလည်းရှိပါတယ်။ လူသုံးများတဲ့ Reset.css ကတော့ Eric Meyer CSS Reset ဖြစ်ပါတယ်။
CSS Best Practices
You Should Follow

Normalize.css
Normalize.css မှာက Reset.css လိုမျိုး ရှိသမျှ Default Style တွေအားလုံးကို Reset လုပ်လိုက်တာမဟုတ်ဘဲ
အသုံးဝင်တဲ့ Style တွေကိုတော့ သူ့ Default အတိုင်း ချန်ထားလိုက်ပါတယ်။ ဥပမာ - sup နဲ့ sub လိုမျိုး Element တွေက သူ့ Style
အတိုင်းပဲ ကျန်နေခဲ့ပါတယ်။

အထက်မှာဖော်ပြခဲ့တဲ့ နည်းလမ်း ၃ ခုထဲမှာ ဒုတိယတစ်ခုနဲ့ တတိယတစ်ခုကိုပဲ အသုံးပြုစေချင်ပါတယ်။


CSS Best Practices
You Should Follow

Write Comment
ကိုယ့်ရဲ့ CSS တွေကို ဘယ်အပိုင်းက ဘာလုပ်တယ်ဆိုတာကို Comment ရေးပြီး မှတ်သားထားသင့်ပါတယ်။
နောက်ပိုင်းပြန်ကြည့်တဲ့အခါ အဲဒီ Comment တွေက အထောက်အကူပြုပါတယ်။

/* Header */
.main-header {
background: #ccc;
padding: 20px;
}
/* Footer */
.main-footer {
background: #ccc;
margin: 20px;
}

Readability First in Development


ကိုယ့် Project ကို Development လုပ်နေတုန်းမှာတော့ CSS ရေးတဲ့အခါ ဖတ်လို့အလွယ်ကူဆုံးဖြစ်အောင် ရေးသင့်ပါတယ်။
တစ်ချို့ Developer တွေဆိုရင် CSS Rule တွေကိုလည်း တစ်ကြောင်းတည်းရေးတာ တွေ့ဖူးပါတယ်။ ကိုယ့် Code ကိုယ်တောင် ဖတ်ဖို့ကို
ခက်ခဲပါတယ်။

x
/* Main Header */
.main-header {background: #ccc;font-size: 14px;padding: 20px;}


/* Main Header */
.main-header {
background: #ccc;
font-size: 14px;
padding: 20px;
}

Avoid Deep Selectors


မလိုအပ်ဘဲနဲ့ Selector တွေကို လိုတာထက်ပိုပြီး အဆင့်လိုက်ထပ်ပြီးရေးတာကို ရှောင်သင့်ပါတယ်။
CSS Best Practices
You Should Follow

x
header.main-header .header-nav ul li {
background: #ccc;
font-size: 14px;
padding: 20px;
}


.header-nav li {
background: #ccc;
font-size: 14px;
padding: 20px;
}

Alphabetize Properties
Style Rule တွေရေးတဲ့အခါမှာ A to Z အလိုက်စီပြီးရေးသင့်ပါတယ်။ Rule တွေများလာတဲ့အခါမှာ A to Z စီထားတော့
ကိုယ်ရှာချင်တဲ့ Rule ကို တန်းပြီးတွေ့နိုင်ပါတယ်။

.main-header {
color: #cccccc;
display: block;
font-size: 12px;
font-weight: bold;
float: left;
margin : 10px;
}

Don’t Use @import


CSS File တစ်ခုတည်းမှာ တစ်ခြား CSS File ဖိုင်တွေကို Import လုပ်တဲ့အခါ အားနည်းချက်တွေရှိပါတယ်။

@import 'button.css';
@import 'form.css';

အထူးသဖြင့် Production ပိုင်းမှာ မသုံးသင့်ပါဘူး။ ဒီလိုသုံးတဲ့အခါ Browser က အဲဒီ File တွေကို Cache မလုပ်ပေးပါဘူး။
IE အချို့ Version တွေမှာဆိုလည်း @import ကအလုပ်မလုပ်ပါဘူး။ @import ရဲ့ အားနည်းချက်တွေကို http://www.stevesouders.
com/blog/2009/04/09/dont-use-import/ မှာ လေ့လာနိုင်ပါတယ်။
CSS Best Practices
You Should Follow

Use Short Class and ID Name


Class Name တွေ ID Name တွေပေးတဲ့အခါ နားလည်လွယ်ပြီး အတိုဆုံးဖြစ်အောင်ပေးသင့်ပါတယ်။ နာမည်ကြီး
ရှည်နေလို့မကောင်းပါဘူး။

Use Helper Classes


CSS ရေးတဲ့အခါ float: left, text-align: right အစရှိတဲ့ Rule တွေကို မကြာခဏရေးရပါတယ်။ အဲဒီ Rule တွေကို
လိုအပ်တဲ့နေရာတိုင်းမှာ ထပ်တလဲလဲ ရေးမနေပဲ အောက်ကအတိုင်း သီးသန့် Class တွေသတ်မှတ်ထားသင့်ပါတယ်။

.float-left {
float: left;
}
.text-right {
text-align: right;
}

HTML ဖက်ရောက်မှာသာလျှင် လိုအပ်သလို အပေါ်က Class တွေအသုံးပြုသင့်ပါတယ်။

<div class="main-header float-left"></div>

Use CSS Frameworks


အကောင်းဆုံး Practice တစ်ခုကတော့ CSS Framework ကောင်းကောင်းတစ်ခုကို ရွေးချယ်အသုံးပြုတာပါ။
Website အသေးလေးဆိုရင် ကိုယ်ပိုင်အစအဆုံးရေးရတာ အဆင်ပြေနိုင်ပေမယ့် ၊ ရေးရမယ့် Project က ကြီးလေလေ Code တွေက
ပွလာတတ်ပါတယ်။ Framework သုံးလိုက်ရင် အဲလိုပြဿနာတွေ အဆင်ပြေသွားပါလိမ့်မယ်။ Framework ရွေးချယ်တဲ့အခါ ကိုယ် Project နဲ့
ကိုက်ညီမယ့် Framework (သို့မဟုတ်) နာမည်ကြီး Framework တစ်ခုခုအသုံးပြုသင့်ပါတယ်။

Bootstrap (http://getbootstrap.com)

Foundation (http://zurb.foundation.com)

Pure CSS (http://purecss.io)


CSS Best Practices
You Should Follow

Validate Your CSS


Project တစ်ခုလုံးရေးပြီးပြီဆိုရင်တော့ ကိုရေးထားတဲ့ CSS တွေကို မှန်/မမှန် Validate ပြုလုပ်သင့်ပါတယ်။
ဒီလိုလုပ်ဖို့အတွက် Online Tool တွေအများကြီးရှိပါတယ်။

http://jigsaw.w3.org/css-validator/

http://csslint.net/

Merge & Compress CSS for Production


Develop လုပ်နေတဲ့အချိန်မှာတော့ Readability ကို ဦးစားပေးပြီး ရေးသင့်ပေမယ့် Production ပိုင်းရောက်ရင်တော့ CSS
ဖိုင်တွေအားလုံကို တစ်ဖိုင်တည်း ဖြစ်အောင်ပေါင်းပြီးတော့ Compress ပြုလုပ်သင့်ပါတယ်။

CSS File တွေအားလုံးကို တစ်ဖိုင်းတည်ဖြစ်အောင် ပေါင်းလိုက်တဲ့အတွက် HTTP Request လျော့သွားပါမယ်။ Compress


လုပ်လိုက်တဲ့အခါကျတော့ CSS ထဲကမလိုအပ်တဲ့ Space တွေ Comment တွေ ဖျက်ပေးပြီး တစ်ကြောင်းတည်းဖြစ်အောင်လုပ်ပေးတဲ့အ
တွက် File Size သေးသွားပါတယ်။

Online CSS Compressors

http://cssminifier.com/

http://www.csscompressor.com/

http://refresh-sf.com/yui/

နောက်ထပ် CSS Best Practices တွေအများကြီး ရှိနေနိုင်ပါသေးတယ်။ ရေးတာများလေလေ ဘယ်ဟာကတော့


ဘယ်လိုဖြစ်သင့်တယ်ဆိုတာ သိလာပါလိမ့်မယ်။
CSS3 Filter Effects

C S S

K
Facebook : facebook.com/khaylay
Twitter : @khayusaki
Github : @khay
Website : http://khay.me
CSS3 Filter Effects

အခုနောက်ပိုင်း Mobile applications တွေမှာပါတဲ့ Photo Filter Effects တွေကို သိကြမယ်လို့ ထင်ပါတယ်။ သုံးရတာ
လွယ်ကူသလို အသုံးပြုလိုက်ရင်လည်း နဂိုပုံထက် ပိုပြီးတော့ ကြည့်ကောင်းသွားတာတွေလည်း ရှိပါတယ်။ အစောပိုင်း Instagram, Face-
book, Twipic အပြင် အခုနောက်ပိုင်းမှာဆိုရင် Google+ နဲ့ Apple ရဲ့ iOS7 မှာတောင် Image Editing မှာ Photo Filter တွေပါလာတာကို
တွေ့ရပါတယ်။ အဲ့ဒီလိုပဲ Browser တွေမှာလည်း filter effects တွေအသုံးပြုနိုင်ဖို့အတွက် ၂၀၁၁ ခုနှစ် ဒီဇင်ဘာလ အစောပိုင်းမှာ Filter
Effects 1.0 ထွက်ရှိလာခဲ့ပါတယ်။

Browser တိုင်းမှာ အဆင်ပြေလို့လား?


အားလုံးသိကြတဲ့အတိုင်း developer တွေအနေနဲ့ အမြဲတမ်းစဉ်းစားနေရတာက Browser တိုင်းနဲ့ အဆင်ပြေရဲ့လား
ဆိုတဲ့အချက်ပါပဲ။ တစ်ခုနဲ့ အဆင်ပြေရင် နောက်တစ်ခုမှာ အဆင်မပြေလိုက်။ တစ်ခုမှာ ပုံစံတစ်မျိုးပေါ်နေရင် နောက်တစ်ခုမှာလည်း
နောက်တစ်မျိုး ပေါ်ချင်ပေါ်နေတတ်တာကို တွေ့ရတာလည်း ခဏခဏပါပဲ။ အဲ့ဒီတော့ ကျွန်တော်တို့ အခုအသုံးပြုမယ့် CSS Filters
တွေက ဘယ်လို Browser တွေနဲ့ အဆင်ပြေနိုင်မလဲ ဆိုတာကိုတော့ အောက်က ပုံမှာ တွေ့နိုင်ပါတယ်။

စိတ်မကောင်းစွာနဲ့ပဲ ယခုလက်ရှိ အချိန်အထိကတော့ webkit browser တွေမှာပဲ အသုံးပြုလို့ရသေးတာကို တွေ့ရပါတယ်။


အဲ့ဒါကြောင့် အောက်မှာ ဆက်လက် ပြောပြသွားမယ့် ဥပမာတွေကိုတော့ သတ်မှတ် version ရှိတဲ့ Chrome ဒါမှမဟုတ်ရင် Safari Brows-
er နဲ့ပဲ စမ်းသပ်လို့ရမှာဖြစ်ပါတယ်။

Filter effects တွေဟာဆိုရင် ပုံတွေတင်မကဘဲနဲ့ video တွေ၊ စာတွေနဲ့ canvas တွေမှာပါ အသုံးပြုနိုင်ပါတယ်။
ဒီဆောင်းပါးမှာတော့ ကျွန်တော့်အနေနဲ့ ပုံတွေမှာ effects တွေဘယ်လို ပြောင်းလဲ အသုံးပြုမလဲဆိုတာကို အဓိကထား ပြောပြသွားမှာပါ။
Filter အသုံးပြုဖို့အတွက် filter ဆိုတဲ့ css property တစ်ခုကို သိထားမယ်ဆိုရင် လုံလောက်ပါပြီ။ HTML/CSS တွေကို တစ်ခုချင်း
အသေးစိတ်ပြောပြပေးသွားမှာ မဟုတ်ပါဘူး။ တစ်ခုချင်းစီရဲ့ လုပ်ဆောင်ပုံတွေကိုသာ ဥပမာပုံတွေနဲ့ အဓိကထား ရှင်းပြသွားမှာ
ဖြစ်ပါတယ်။

grayscale
အဖြူ အမည်းနဲ့ ပုံတွေကို မြင်ဖူးကြမယ်ထင်တယ်။ Photoshop မှာဆိုရင် အဲ့ဒီလို ပုံတစ်ခုရဖို့အတွက် Grayscale mode နဲ့
အသုံးပြုရသလိုပဲ ကျွန်တော်တို့ browser မှာ အသုံးပြုနိုင်ဖို့အတွက် grayscale filter ကို အသုံးပြုနိုင်ပါတယ်။
CSS3 Filter Effects

img {
-webkit-filter: grayscale(100%);
}

Percentage နဲ့ အသုံးပြုထားတဲ့ 0% ကနေ 100% အတွင်း မိမိနှစ်သက်ရာ ပြောင်းလဲစမ်းသပ်နိုင်ပါတယ်။ အောက်ကပုံမှာ ဥပမာအနေနဲ့
တွေ့နိုင်ပါတယ်။

Photo Credit : うさぎ


CSS3 Filter Effects

sepia
ဒီတစ်ခေါက်တော့ sepia effects ကို စမ်းကြည့်ပါမယ်။ Grayscale တုန်းကလိုပဲ sepia ဆိုတဲ့ filter property ကို
အသုံးပြုလိုက်ရုံနဲ့ ရရှိမှာ ဖြစ်ပါတယ်။ ရှေးဟောင်းဓာတ်ပုံတွေရဲ့ ပုံစံအတိုင်း အရောင်ကိုလိုချင်တယ်ဆိုရင် sepia ကို အသုံးပြုနိုင်ပါတယ်။

img {
-webkit-filter: sepia(100%);
}

Percentage နဲ့ အသုံးပြုထားတဲ့ 0% ကနေ 100% အတွင်း မိမိနှစ်သက်ရာ ပြောင်းလဲစမ်းသပ်နိုင်ပါတယ်။ အောက်ကပုံမှာ ဥပမာအနေနဲ့
တွေ့နိုင်ပါတယ်။
CSS3 Filter Effects

hue-rotate
Photoshop မှာဆိုရင် ပုံတွေပြုပြင်တိုင်း Hue/Saturation တွေကို အသုံးပြုကြရပါတယ်။ Browser မှာလည်း hue-rotate
ဆိုတဲ့ filter ကို အသုံးပြုပြီး အသုံးပြုနိုင်ပါတယ်။

img {
-webkit-filter: hue-rotate(50deg);
}

အပေါ်နှစ်ခုတုန်းကလိုမျိုး percentage မဟုတ်ဘဲ degree နဲ့ ဖြစ်တဲ့အတွက်ကြောင့် နည်းနည်း ရှုပ်ထွေးနိုင်ပါတယ်။ ဒါပေမယ့်လည်း hue-ro-
tate ကို အသုံးပြုပြီး စိတ်ဝင်စားဖွယ်ရာ ရလဒ်တွေကို ရရှိနိုင်ပါတယ်။ Color wheel တစ်ခုအနေနဲ့ မြင်လိုက်မယ်ဆိုရင် အဆင်ပြေမယ်လို့
ထင်ပါတယ်။ 0deg ဆိုရင် ဘာမှ ပြောင်းလဲမှာမဟုတ်ပေမယ့် နမူနာရေးထားတဲ့ 50deg ဆိုရင်တော့ လိမ္မော်ရောင်သမ်းနေတာကို
သိသိသာသာ တွေ့ရပါလိမ့်မယ်။
CSS3 Filter Effects

Color Wheel ကို နားမလည်တဲ့သူတွေအနေနဲ့ http://colorschemedesigner.


com/ မှာ ကြည့်လိုက်ရင် degree တွေကအစ ရှင်းလင်းသွားပါလိမ့်မယ်။

saturate
အရောင်တောက်တောက်ပပလိုမျိုးနဲ့ color saturation effect တွေလိုချင်တယ်ဆိုရင်တော့ saturate ကို
အသုံးပြုနိုင်ပါတယ်။ ရုပ်ပုံတွေကို ပိုစတာတွေ၊ ကာတွန်းပုံတွေလိုမျိုး effect တွေအတွက်လည်း လုပ်ဆောင်နိုင်ပါတယ်။ Percentage
ပဲ အသုံးပြုရတာဆိုပေမယ့် တခြား grayscale တို့ sepia တို့လိုမျိုးမဟုတ်ဘဲ 100% ထက်များပြီး saturation ကို ချိန်လို့ရပါတယ်။
အရာဝတ္ထုတွေကို လှပအမြင်ဆန်းအောင် လုပ်နိုင်မယ့် effect တစ်ခုလို့လည်း ပြောလို့ရပါတယ်။

img {
-webkit-filter: saturate(200%);
}
CSS3 Filter Effects

invert
ရုပ်ပုံတွေ ပြုပြင်တဲ့အခါ negative effect လိုမျိုး လင်နေတဲ့နေရာတွေ မှောင်သွားအောင်၊ မှောင်နေတဲ့နေရာတွေ
လင်းသွားအောင် ပြုလုပ်ကြဖူးပါလိမ့်မယ်။ Browser မှာလည်း invert ဆိုတဲ့ filter effects ကိုအသုံးပြုပြီး အဆိုပါပုံစံအတိုင်း
ဆောင်ရွက်နိုင်ပါတယ်။

img {
-webkit-filter: invert(100%);
}

အပျော်သဘောအနေနဲ့ Website တစ်ခုမှာဆိုရင်လည်း <body> ရဲ့ style မှာ


-webkit-filter : invert(100%) လို့ Inspect Element နဲ့ပဲဖြစ်ဖြစ်
ထည့်သွင်းကြည့်ပြီး ဘာပြောင်းလဲသွားသလဲဆိုတာကို လေ့လာကြည့်ကြည့်ပါ။
CSS3 Filter Effects

opacity
Opacity ကတော့သိပ်ပြီးထွေထွေထူးထူး ရှင်းပြနေစရာ မလိုဘူးလို့ ထင်ပါတယ်။ အများအားဖြင့် CSS နဲ့ background
တွေကို opacity လျော့ပြီး သုံးခဲ့ကြဖူးပါတယ်။ အခု opacity filter ကလည်း အဲ့ဒီလိုမျိုးပါပဲ။ ဒါပေမယ့် သူကတော့ အပေါ်ကဟာတွေနဲ့
ပြောင်းပြန်၊ အပေါ်ကဟာတွေက များလေ ပြောင်းလေဖြစ်ပေမယ့် သူကတော့ 100% ဆိုရင်တော့ နဂိုပုံအတိုင်းပဲ ရှိမှာ ဖြစ်ပြီး transpar-
ent ဖြစ်စေဖို့ဆိုရင်တော့ အောက်ကို လျော့ချရမှာပဲ ဖြစ်ပါတယ်။

img {
-webkit-filter: opacity(40%);
}

ပုံမှန်အတိုင်း opacity: 0.4 ဆိုပြီးအသုံးနိုင်ပေမယ့် CSS ရဲ့ opacity ကို အသုံးပြုတာနဲ့ အတူတူပဲဆိုပေမယ့် filter opacity က hardware
acceleration ကို အသုံးပြုတဲ့အတွက်ကြောင့် performance အနေနဲ့ ပိုကောင်းတာကို နှိုင်းယှဉ်ထားကြပါတယ်။
CSS3 Filter Effects

blur
Blur ကတော့ ဘာလဲဆိုတာ အသေးစိတ်ရှင်းပြနေစရာတောင် မလိုတော့ဘူးလို့ထင်တယ်။ အခုနောက်ပိုင်း ပုံတွေမှာဆိုရင်
blur effects တွေ နေရာတိုင်းလိုလိုမှာ ပါနေကြပြီ။ Social Media တွေမှာဆိုရင်လည်း profile pic တွေမှာ ကိုယ့်ပုံကိုယ် blur လေးနဲ့မှ
ကြည့်ကောင်းဆိုတာတွေလည်း မြင်ဖူးပါတယ် (ဒါက စကားကြွင်း)။ အရာဝတ္ထုတစ်ခုကို မျက်မှန်တပ်ကြည့်တဲ့အခါ ပါဝါမကိုက်တဲ့အခါ
မြင်ရသလိုမျိုးဆိုရင်တော့ ရှင်းမယ်လို့ထင်တယ်။ အမြင်တွေ ဝေဝါးနေတာပေါ့။ Blur filter မှာတော့ pixels ကို အသုံးပြုရပါတယ်။
ကိုယ်သတ်မှတ်ပေးလိုက်တဲ့ pixels များရင် များသလောက် blur ဖြစ်မှာဖြစ်ပြီး zero ဆိုရင်တော့ ပြောင်းလဲမှာ မဟုတ်ပါဘူး။

img {
-webkit-filter: blur(2px);
}
CSS3 Filter Effects

brightness
ဓာတ်ပုံတွေ ပြင်တဲ့အခါ မှောင်နေတာပဲ ဖြစ်ဖြစ် အလင်းနည်းနေတာပဲ ဖြစ်ဖြစ် အဲ့ဒီလို အချိန်မျိုးဆိုရင် brightness
ကို အသုံးပြုခဲ့ကြပါတယ်။ TV တွေမှာဆိုရင်လည်း brightness control ကို မြင်ဖူးကြမှာပါ။ Brightness ကို အနည်းဆုံးထားလိုက်ရင်
အမည်းရောင်ပဲ မြင်ရမှာ ဖြစ်ပြီး အဲ့ဒီကနေမှ screen ရဲ့ brightness ကို ချိန်ညှိနိုင်ပါတယ်။ အခုလည်း CSS filter ရဲ့ brightness ကို
အသုံးပြုပြီး ဘာလိုတွေ လုပ်နိုင်သလဲဆိုတာ လေ့လာကြည့်ရအောင်။

img {
-webkit-filter: brightness(140%);
}
CSS3 Filter Effects

contrast
Contrast ကိုလည်း TV နဲ့ photo editing တွေမှာ မြင်ဖူးပြီးသား ဖြစ်ပါလိမ့်မယ်။ သူကတော့ ရုပ်ပုံတစ်ခုရဲ့
မှောင်တဲ့အစိတ်အပိုင်းနဲ့ လင်းတဲ့အစိတ်အပိုင်းတို့ကို ထိန်းညှိပေးတာပဲ ဖြစ်ပါတယ်။

img {
-webkit-filter: contrast(200%);
}

အကယ်၍ 0% ပဲထားမယ်ဆိုရင်တော့ brightness တုန်းကလိုပဲ မှောင်မဲနေမှာ ဖြစ်တဲ့အတွက်ကြောင့် စိတ်ဝင်စားဖို့ ကောင်းမှာမဟုတ်ပါဘူး။


ဒါပေမယ့်လည်း သူ့ထက်များတဲ့ percentage တွေကို ကစားပေးရင်းကနေ စိတ်ဝင်စားဖွယ်ရာ အရောင်တွေနဲ့ ရုပ်ပုံတွေကို ရရှိမှာပဲ
ဖြစ်ပါတယ်။
CSS3 Filter Effects

drop-shadow
နောက်ဆုံး တစ်ခုအနေနဲ့ပြောချင်တာကတော့ drop-shadow ပါ။ CSS မှာ box-shadow တွေ သုံးခဲ့ကြဖူးပါတယ်။
နှစ်ခုလုံး ပုံသဏ္ဍာန်ကတော့ အတူတူပါပဲ။ ဒါပေမယ့် Opacity မှာတုန်းက ပြောခဲ့သလိုမျိုး css filter တွေက hardware acceleration
ကို အသုံးပြုတဲ့အတွက်ကြောင့် performance ပိုင်းမှာတော့ box-shadow ထက်စာရင် filter ရဲ့ drop-shadow က ကောင်းမွန်တယ်လို့
ပြောထားကြပါတယ်။

img {
-webkit-filter: drop-shadow(10px 5px 20px #333333);
}

drop-shadow မှာတော့ အပေါ်က နမူနာတွေလိုမျိုး original နဲ့ နှိုင်းယှဉ်မပြထားပါဘူး။ ဒါပေမယ့်လည်း သိသိသာသာကြီးကို


ကွာခြားချက်တွေ့နိုင်ပါတယ်။
CSS3 Filter Effects

အခုလောက်ဆိုရင်တော့ CSS3 filter effects တွေနဲ့ ပတ်သက်ပြီး ပြောစရာလေးတွေ ကုန်သလာက် ဖြစ်နေပါပြီ။ အဲ့ဒီမှာ
မေးစရာ တစ်ချက်ရှိတာက filter တွေက တစ်ခုခြင်းစီပဲ အသုံးပြုလို့ရတာလား? သူတို့အချင်းချင်းကော ပေါင်းတွဲအသုံးပြုလို့မရနိုင်ဘူး
လား? ရပါတယ်။ နမူနာ တစ်ခုအနေနဲ့ ရေးပြပါမယ်။

img {
-webkit-filter: brightness(120%) hue-rotate(140deg)
contrast(130%);
}

အဲ့ဒါဆိုရင် အောက်က ပုံအတိုင်း ရလာပါလိမ့်မယ်။


CSS3 Filter Effects

Filter တွေဟာ တစ်ခုနဲ့ တစ်ခု တွဲဖက်ပြီး အသုံးပြုနိုင်ပါတယ်။

အဲ့ဒီမှာနောက်ထပ်တစ်ခုမေးစရာ ရှိနိုင်ပါသေးတယ်။ ဒီလိုမျိုးကော တစ်ကြောင်းချင်းစီ ရေးလို့မရနိုင်ဘူးလားပေါ့?

img {
-webkit-filter: brightness(120%);
-webkit-filter: hue-rotate(140deg);
-webkit-filter: contrast(130%);
}

ရေးလို့ ရပါတယ်။ ဒါပေမယ့် အောက်ဆုံးမှာ ရေးထားတဲ့ property ကိုပဲ အလုပ်လုပ်သွားပါလိမ့်မယ်။ အပေါ် နမူနာမှာလိုမျိုး
တစ်ကြောင်းထဲမှာ ကိုယ်လိုချင်တဲ့ filter effects တွေကို ပေါင်းရေးမှသာ အားလုံးတွဲဖက်အလုပ်လုပ်မှာ ဖြစ်ပါတယ်။

ဒီထက်ပိုပြီးတော့ filter တွေနဲ့ ပတ်သက်ပြီး သိချင်သေးတယ်ဆိုရင် W3C Filter Effects 1.0 specification မှာ ဖတ်ရှု
လေ့လာနိုင်ပါတယ်။ ဒါ့အပြင် Demo အနေနဲ့ filter တွေကို စမ်းသပ်ကြည့်ချင်တယ်ဆိုရင် html5-demos မှာ စမ်းသပ်နိုင်ပါတယ်။
တခြားသူတွေ စမ်းသပ်ထားတဲ့ CSS3 Filter လက်ရာတွေကိုတော့ CSS Filter မှာ တွေ့မြင်နိုင်သလို Filter တွေနဲ့ အသုံးပြုထားတဲ့ UI
ဆန်ဆန် မြင်တွေ့ချင်တယ်ဆိုရင် samurai ဆိုတဲ့ japan developer တစ်ယောက်ရဲ့ codepen မှာ ကြည့်ရှုနိုင်ပါတယ်။ အဲ့ဒီမှာဆိုရင်
Filter တွေအပြင် တခြား စိတ်ဝင်စားဖွယ်ရာ Flashlight လိုမျိုး နမူနာတွေကိုလည်း လေ့လာနိုင်ပါတယ်။
CKEDITOR

c r i p t
a s
Jav

Yan Naing
All I know is I know nothing.
CKEDITOR

သမိုင်းကြောင်းလေး တစ်ခုကို ပြောပြခွင့်ရမယ်ဆိုရင် WYSIWYG editor တွေရဲ့ သမိုင်းကြောင်းလေးကို အကျဉ်းချုံးလောက်


ပြောပြချင်ပါတယ်။ အခုလိုမျိုး Post တစ်ခုကို Microsoft Word တို့၊ Pagemaker တို့၊ Libre Office တို့လို Text editor တွေမရှိဘဲနဲ့
ရေးဖူးကြမလား မသိဘူး။ တစ်ချိန်ကတော့ ဒီလို Application တွေမရှိခင်မှာ Markdown စနစ်နဲ့ ရေးခဲ့ကြရပါတယ်။ Non-printing
special control code (eg. #, *, >) တွေကို ရှေ့မှာ ခံပြီး ရေးခဲ့ကြရပါတယ်။ ကိုယ် နောက်ဆုံးလိုချင်တဲ့ ပုံစံကို ရေးကတည်းက
တခါတည်း မမြင်ရဘူးပေါ့။ Markdown ကို Render လုပ်ပေးတဲ့ Program တွေကလည်း တစ်ခုစီက ပြတဲ့ ပုံစံချင်းမတူတော့ ပိုဆိုးတာပေါ့။

ဒီလိုပြဿနာတွေကို ဖြေရှင်းနိုင်ဖို့ Bravo ဆိုတဲ့ program တစ်ခုကို Xerox က သူ့ရဲ့ Alto Computer အတွက်
ဖန်တီးလိုက်ပါတယ်။ တစ်ရက်မှာ Xerox ရဲ့ hardware designer ဖြစ်တဲ့ Chuck Thacker ရဲ့ဇနီးဖြစ်သူက Bravo ရဲ့ အလုပ်လုပ်ပုံကို
ကြည့်ပြီး သူအတွေးပေါက်သလိုမေးလိုက်ပါတယ်။ Text တွေကို ကိုယ်မြင်နေရတဲ့အတိုင်း တကယ်ရစေတာကို ပြောတာလားဆိုပြီးတော့ပေါ့။
အဲဒီမေးခွန်းလေးကနေပဲ WYSIWYG ( What You See Is What You Get ) editor တွေဆိုပြီး ဖြစ်ပေါ်လာတာပါ။

ကျွန်တော် အခုရေးချင်တာက WYSIWYG editor တစ်ခုဖြစ်တဲ့ CKEDITOR အသုံးပြုပုံလေးအကြောင်းပါ။ WYSIWYG


editor တွေက အများကြီး ရှိပါတယ်။ အဲဒီထဲကမှ ဘာဖြစ်လို့ CKEDITOR ကို ရွေးပြီး Tutorial ရေးရလဲဆိုတော့ ကျွန်တော် ဒီတစ်ခုပဲ
သေချာသုံးတတ်လို့ပါ။ {Echo} ပရိတ်သတ်ကြီးလည်း ဒီတိုင်း စာထိုင်ဖတ်နေရတာ ပျင်းနေမှာပဲ။ အပျင်းပြေလေး ကျွန်တော်နဲ့အတူတူ
CKEDITOR လေးလိုက်သုံးကြည့်ပါလား။ ပျော်ဖို့ကောင်းပါတယ်။

ဒါပေမယ့် တစ်ခုတော့ကြိုပြီး သတိထားစေချင်ပါတယ်။ CKEDITOR ကို စမ်းတော့မယ် စရေးတော့မယ်ဆိုရင် Chrome


Browser ကို မသုံးဘဲ Firefox ကိုပဲ သုံးစေချင်ပါတယ်။ ဘာလိုလဲဆိုတော့ Chrome က cache တွေမှတ်တာက CKEDITOR မှာ
တော်တော်ဆိုးဆိုးဝါးဝါးကို မှတ်တာမို့လို့ပါ။

Prepare project
CKEDITOR ကို စမ်းသုံးကြည့်ဖို့အတွက် အခက်ခဲဆုံး အပိုင်းဖြစ်တဲ့ Download လုပ်ငန်းစဉ်ကနေစပါမယ်။ Download
Link ကတော့ http://CKEDITOR.com/download ပါ။
CKEDITOR

Package သုံးခုရွေးလို့ရတဲ့အထဲက အလယ်အလတ် လမ်းစဉ်ကို လိုက်ပြီး Standard Package ကိုပဲ ရွေးလိုက်ပါတယ်။


စာဖတ်သူအနေနဲ့လည်း ကိုယ်လိုချင်တဲ့ Package ကို down ပြီးစမ်းကြည့်လို့ရပါတယ်။

CKEDITOR ကို apply လုပ်ဖို့၊ စမ်းသပ်ဖို့အတွက် Project folder လေးတစ်ခုကို ck-test ဆိုတဲ့နာမည်နဲ့
တည်ဆောက်လိုက်ပါတယ်။ ပြီးတော့ ခုနက download လုပ်ထားတဲ့ CKEDITOR ကို ck-test ထဲမှာ extract လုပ်လိုက်ပါတယ်။
တစ်ဆက်တည်းပဲ Project စဖို့အတွက် index.html တစ်ခု ကိုပါ create လုပ်လိုက်ပါတယ်။ ဒါဆိုရင် ဒီ Project စဖို့တွက် ပြည့်စုံသွားပါပြီ။

Starting Project
Project ကို စတော့မယ်ဆိုတော့ ထုံးစံအတိုင်းပဲ index.html ထဲမှာ ရေးနေကျ code တွေကို ရေးလိုက်ပါတယ်။ ပြီးတော့
CKEDITOR ကို စမ်းမှာ ဖြစ်တဲ့အတွက် Textarea လေးတစ်ခုကိုလည်း ထည့်လိုက်ပါတယ်။

<!DOCTYPE html>
<html lang="en">
<head>
<meta charset="UTF-8">
<meta name="robots" content="INDEX, FOLLOW" />
<meta name="viewport" content="width=1024" />
<meta name="description" content="Testing CKEDITOR plugin" />
<meta name="keywords" content="ck, editor, wysiwyg" />

<title>Testing CKEDITOR</title>
</head>
<body>

<textarea name="editor" cols="30" rows="10"></textarea>



</body>
</html>

Browser ကနေခေါ်ကြည့်လိုက်တော့ Textarea လေးတစ်ခုပဲ ရှိနေပါသေးတယ်။

Using CKEDITOR
နောက်တစ်ဆင့်အနေနဲ့ Project ထဲမှာ CKEDITOR ကို apply လုပ်လိုက်ပါမယ်။ ဒီလို apply လုပ်ဖို့အတွက် ckeditor.js ကို
ချိတ်ပေးရမယ်လို့ ပြောထားတဲ့အတွက် CKEDITOR ဆိုတဲ့ folder ထဲမှာရှိနေတဲ့ ckeditor.js ကို index.html ထဲမှာ ချိတ်ပေးလိုက်ပါတယ်။
CKEDITOR

<script type="text/javascript" src="ckeditor/ckeditor.js"></script>

Js ကို ချိတ်ပြီးသွားပြီးဆိုတော့ run ကြည့်လိုက်မယ်ဗျာ။ ဘာများ ထူးခြားသွားမလဲလို့။ Browser ကို refresh


လုပ်လိုက်တော့.. အရင်အတိုင်းပါပဲ။ ဘာမှ မပြောင်းလဲပါဘူး။ ဟုတ်တာပေါ့ ckeditor js ကို ချိတ်ထားတာပဲ ရှိသေးတာကို။ ရေးထားတဲ့
textarea ကို CK သုံးပါမယ်ဆိုပြီး apply လုပ်ထားတာမှ မရှိသေးတာ။

ဒီတော့ Textarea ထဲမှာ CKEDITOR ကို apply လုပ်ဖို့ နည်းလမ်းကို ကြည့်လိုက်တော့ တစ်ခုထက်မက ရှိနေတယ်ဗျ။
ကိစ္စမရှိပါဘူး၊ လောလောဆယ်တော့ အလွယ်ဆုံး၊ အရှင်းဆုံးနည်းလမ်းကို သုံးပြီး Apply လုပ်ကြည့်လိုက်မယ်ဗျာ။

<textarea class='ckeditor' name="editor"></textarea>

ကဲ class မှာ ckeditor လို့ထည့်ပေးလိုက်တာနဲ့ ကျွန်တော့ textarea မှာ CKEDITOR က apply ဖြစ်သွားပြီ။
ဟုတ်မဟုတ်သိရအောင် browser မှာခေါ်ကြည့်လိုက်တော့.

ဒီလိုပေါ်တယ်ဆိုတော့ Ok ပေါ့။ အဲလောက်လွယ်လိမ့်မယ်လို့ မထင်ထားဘူးမို့လား။ class name မှာ ckeditor ဆိုတာကို ထည့်လိုက်ရင်
auto apply လုပ်သွားတဲ့သဘောပါ။

ဒါဆိုရင် ဒီ CKEDITOR ကြီးကို နည်းနည်းလောက် ကလိကြည့်လိုက်ဦးမယ်ဗျာ။ ကျွန်တော်လိုချင်တဲ့အထဲမှာ နောက်ဆုံးက


Question mark ပုံကြီးနဲ့ about CKEDITOR ဆိုတဲ့ဟာမပါဘူး။ အဲဒါကြီးကို ဖြုတ်ပစ်ချင်တာ။ ဒါကို ဘယ်မှာသွားဖြုတ်ရမလဲလို့
လေ့လာကြည့်လိုက်တော့ config ထဲမှာ ပြင်ရမှာဆိုပဲ။ ဒါဆိုလည်း သွားပြင်ကြည့်တာပေါ့ဗျာ။ CKEDITOR ဆိုတဲ့ folder ထဲမှာရှိနေတဲ့
config.js ဆိုတာကို ပြင်မယ်ဆိုပြီး ဖွင့်ကြည့်လိုက်တော့ ကျွန်တော် တွေ့ရတဲ့ code တွေက အောက်မှာ ပြထားတဲ့အတိုင်းပါပဲ။
CKEDITOR

CKEDITOR.editorConfig = function( config ) {


config.toolbarGroups = [
{ name: 'clipboard', groups: [ 'clipboard', 'undo' ]
},
{ name: 'editing', groups: [ 'find', 'selection',
'spellchecker' ] },
{ name: 'links' },
{ name: 'insert' },
{ name: 'forms' },
{ name: 'tools' },
{ name: 'document', groups: [ 'mode', 'document',
'doctools' ] },
{ name: 'others' },
'/',
{ name: 'basicstyles', groups: [ 'basicstyles',
'cleanup' ] },

ရှညသ
်ွားမှာစိုးလို့ comment တွေတော့ ချန်ထားခဲပ
့ါတယ်။ လောလောဆယ်တော့ code တွေက ဘာတွေမန
ှ်းမသိသေးဘူးဗျ။
ထားလိုက်တော့ အဲဒါပြီးမှပဲ လေ့လာတော့မယ်။ ဒါပေမယ့် ကျွန်တော် ဖြုတ်ပစ်ချင်တဲ့ about CKEDITOR ဆိုတဲ့ဟာကတော့

{ name: 'about' }

ပဲဖြစ်လိမ့်မယ်ထင်တယ်။ ဖြုတ်ပြီဗျာ။ ပြီးတော့ Broswer မှာ ပြန် Run ကြည့်လိုက်တယ်။

သိပ်ဟုတ်တာပေါ့ ကျွန်တော်ထင်တာ မှန်သွားပြီဗျ။ ဒါဆိုရင် ဒီ toolbarGroups ကို ဘာလို့ရေးထားတာလဲ၊


ဘာတွေရေးထားလဲဆိုတာကို အနည်းငယ်တော့ ရိပ်မိမယ်လို့ထင်ပါတယ်။ config. ရဲ့နောက်က toolbarsGroup တို့ removeButtons
တို့ဆိုတာက config ရဲ့ options တွေပါ။ ပထမဆုံး အကြောင်း

{ name: 'clipboard', groups: [ 'clipboard', 'undo' ] },

မှာဆိုရင် clipboard ဆိုတဲ့နာမည် တစ်ခုနဲ့ copy တို့ cut တို့ paste တို့ undo တို့ လိုမျိုးတွေပါတဲ့ Group တစ်ခုလုပ်ထားပါတယ်။ အဲဒီ
Code ရေးလိုက်တဲ့အတွက်ကြောင့် အောက်မှာ ပြထားတဲ့ ပုံအတိုင်းပေါ်လာတာ ဖြစ်ပါတယ်။
CKEDITOR

ဒီနေရာမှာ ပြန်ရှင်းပြဖို့ ခက်နေတဲ့ အကြောင်းတစ်ခုရှိတယ်ဗျ။ ဘာလဲဆိုတော့ ဒီ groups ထဲမှာ ရေးထားတဲ့ clip-


board လို undo လိုမျိုး နာမည်တွေကို ဘယ်လိုသိလဲဆိုတာရယ်၊ ဘာတွေရှိတယ်၊ သုံးလို့ရတယ်ဆိုတာကိုပါ။ အဲဒီ name တွေက
list ထုတ်ထားတာမျိုးမရှိပါဘူး။ ဒါကြောင့် ကိုယ်ကိုယ်တိုင် plugins တွေထဲကို ဝင်မွှေကြည့်မှ အဆင်ပြေပါလိမ့်မယ်။ အဲဒီ name
တော်တော်များများကတော့ plugin.js တွေရဲ့ အပေါ်ဆုံးမှာ ပါတတ်ပါတယ်။ ဒါကြောင့် အဲဒါမျိုးတွေပါ လေ့လာချင်တယ်ဆိုရင်တော့
CKEDITOR developer version ကို https://github.com/CKEDITOR/CKEDITOR-dev မှာ download လုပ်ပြီး စမ်းကြည့်ဖို့
အကြံပြုချင်ပါတယ်။

ဒါဆိုရင် အဲဒီ အောက်က ရေးထားတဲ့ Code တွေကို ဆက်ကြည့်ဦးမယ်။

config.removeButtons = 'Underline,Subscript,Superscript';

ကရော။ ဒါကတော့ မလုခ


ျိင်တဲ့ button တွေကို ဖြုတ်လက
ို တ
်ာပါ။ ဘာတွေ ဖြုတ်လက
ို တ
်ာလဲ သိချင်ရင်တော့ ကိယ
ု တ
် င
ို စ
် မ်းကြည်လ
့ က
ိုပေါ့ဗျာ။
ကျွန်တော်ကတော့ စမ်းပြီးသွားပြီ။

ဒီလိုဆိုရင် config ရဲ့ option တွေ ဒိထက်မက ရှိနိုင်သေးတာပေါ့။ ဘာတွေရှိနိုင်သေးလဲလို့ သိချင်တဲ့အတွက် toolsbar-
Group ရဲ့ အပေါ်မှာ console ထုတ်ကြည့်လိုက်ပါတယ်။

console.log(config);

ပြီးတော့ ဒီ console ကို မြင်ရဖို့အတွက် firebug (https://addons.mozilla.org/en-US/firefox/addon/firebug/) ရဲ့


console ကို ဖွင့်ထားလိုက်ပါတယ်။ Browser ကို refresh လုပ်လိုက်တော့ console က ပုံမှာ ပြထားတဲ့အတိုင်း ပေါ်လာပါတယ်။
CKEDITOR

ဒီ console ထဲမှာ ကျွန်တော်တို့ စိတ်ကြိုက်ပြန်ပြင်နိုင်မယ့် Option တွေကို အတိုင်းသား မြင်နေရပါတယ်။ Default lan-
guage ပြောင်းတာတွေ၊ Theme ပြောင်းတာတွေ၊ ကိုယ်သဘောနဲ့ကိုယ် ရေးထားတဲ့ config file ကို သုံးတာတွေ အားလုံးလုပ်လို့ရပါတယ်။
ကိုယ့်ဟာကိုယ် ကလိကြည့်လိုက်ပေါ့။ သဘောကျစရာကောင်းပါတယ်။

ဒိထက်ပိုပြီး CKEDITOR ကို ကလိကြည့်ချင်စိတ်ပေါက်လာတယ်ဗျ။ အဲတော့ ဘယ်လိုကလိရင် ကောင်းမလဲ....။ plugin


ရေးကြည့်လိုက်ရင် ကောင်းမလားပဲနော်။ ပြောနေတာ ကြာပါတယ် စပြီးရေးကြည့်လိုက်မယ်ဗျာ။

Starting Plugin

ရေးမယ်သာပြောတာ။ ဘာ Plugin ရေးရမလဲဆိုတာတောင် မစဉ်းစားရသေးဘူး။ ကျွန်တော် ကျွမ်းကျင်တဲ့အပိုင်းပဲ


ရေးတော့မယ်ဗျာ။ တခြား website တစ်ခုခုက ပုံရဲ့ link ကို ယူပြီး editor ထဲမှာ ပုံထည့်တဲ့ Plugin ရေးမယ်။

သူ့ Plugin ကို ရေးမှာဆိုတော့ သူ့ Rule ကိုတော့ လိုက်နာရမှာပေါ့။ သူ့ရဲ့ rule အရ Folder Structure ကို ပုံမှာ
ပြထားတဲ့အတိုင်း ရှိရမယ်တဲ့။

သူပြထားတဲ့အတိုင်းပဲ plugins ဆိုတဲ့ directory (folder) ထဲမှာ


imgLink ဆိုတဲ့နာမည်နဲ့ folder တစ်ခုဆောက်လိုက်ပါတယ်။ ပြီးတော့ အဲဒီထဲမှာ
plugin.js ကို ဆက်ပြီး create လုပ်လိုက်ပါတယ်။ အဲဒီထဲမှာ ကျွန်တော်ရဲ့ ပထမဆုံး
code ကို စပြီးရေးလိုက်ပါတယ်။

CKEDITOR.plugins.add('imgLink');

Plugin တစ်ခုကို add လုပ်လိုက်တဲ့သဘောပါပဲ။ parameter ကတော့ ကျွန်တော့ရဲ့ Plugin name ပါ။ ခုနက ဆောက်ခဲ့တဲ့
folder name နဲ့လည်း အတူတူပဲ ဖြစ်ရပါမယ်။ ဒီ code အတွက် documentation ကို http://docs.ckeditor.com/#!/api/ckeditor.
plugins-method-add မှာ ကြည့်လို့ရပါတယ်။ documentation က ပြောထားတာက parameter မှာ plugin name အပြင် အဲဒီ plugin
အတွက် definition ကို နောက်ထပ် ဒုတိယ parameter အဖြစ်နဲ့ထည့်ပေးလို့ရသေးတယ်။ definition က object ဖြစ်ရမယ်လို့လည်း
ပြောထားပါသေးတယ်။

ဒီတော့ ကျွန်တော့ရဲ့ Plugin အတွက် definition ကို ဆက်ပြီး ရေးလိုက်ပါမယ်။ CKEDITOR က စပြီး အလုပ်လုပ်တဲ့အချိန်
(initialize လုပ်တဲ့အချိန်) မှာ init ဆိုတဲ့ function ကို editor object parameter ပေးပြီး လှမ်းခေါ်ပါတယ်။ ဒီတော့ သူလှမ်းခေါ်မယ့် init
ဆိုတဲ့ function ကို ရေးထားလိုက်မယ်။
CKEDITOR

init: function(editor) {

}

Adding button

ပြီးတော့ အဲဒီထဲမှာ ဒီ Plugin အတွက် button လေးတစ်ခု ရေးထားလိုက်မယ်။ Button အတွက် ကျွန်တော်ရေးလိုက်တဲ့
code က အောက်မှာ ပြထားတဲ့အတိုင်းပါပဲ။

init: function(editor) {
editor.ui.addButton('ImgLink',{});
},

အခု ဒီထဲမှာ ရေးထည့်လိုက်တဲ့ addButton ဆိုတာလည်း documentation ထဲမှာ ကြည့်ပြီးရေးထားတာပါ။ Documen-


tation မှာပြောထားတာကတော့ addButton() အတွက် name ဆိုတဲ့ ပထမ parameter ရယ် definition ဆိုတဲ့ ဒုတိယ Parameter
ကိုထည့်ပေးရမယ်လို့ပြောထားပါတယ်။ ဒါကြောင့် ImgLink ဆိုတဲ့ name ရယ် object အလွတ်တစ်ခုရယ် ထည့်ပေးလိုက်ပါတယ်။

ဒါလောက်ဆိုရင်တော့ Editor မှာ ကျွန်တော့ရဲ့ Plugin အတွက် button လေးပေါ်လောက်ပြီထင်ပါတယ်။


သွားကြည့်လိုက်ပါဦးမယ်။ ....... Browser ကို Refresh လုပ်ပါတယ်။ ဒီတစ်ခါတော့ ထင်တာမမှန်တော့ဘူးဗျာ။ နဂိုအတိုင်းပဲ ဘာမှ
ပိုပြီးမပါလာဘူး။ ဘာကြောင့်ပါလိမ့်။ config ထဲမှာ သွားထည့်ပေးဦးမယ် ထင်တယ်။ ခုနက ဖြုတ်လိုက်တဲ့ about နေရာမှာ ဒီ plugin
name လေးကို သွားထည့်ကြည့်လိုက်မယ်ဗျာ။

{ name: 'imgLink' },

ပြီးတော့ config ကို console ထုတ်ကြည့်တုန်းက extraPlugins ဆိုတာလေး တွေ့လိုက်တယ်ဗျ။ အဲဒါပါထည့်ပေးဖို့


လိုလိမ့်မယ်။ toolbarGroups ရဲ့ အပေါ်နားလေးမှာလည်း code နောက်ထပ်တစ်ကြောင်း ထည့်လိုက်ပါတယ်။

config.extraPlugins = 'imgLink';

နောက်တစ်ခေါက် Browser ကို refresh လုပ်လိုက်တော့ Button အလွတ်လေးတစ်ခု ပေါ်လာတယ်ဗျ။ ဒါမျိုးလေး။


CKEDITOR

Button တော့ ပေါ်လာပါပြီ။ ဒါပေမယ့် တခြား button တွေမှာကျတော့ သူ့ပုံလေးနဲ့သူ လှတပတလေး။ ပြီးတော့ hover
တင်လိုက်ရင်လည်း သူ့ plugin နာမည်လေးနဲ့။ ကျွန်တော့မှာကျတော့ မပေါ်ဘူးဖြစ်နေတယ်။ ဒါဆိုရင်တော့ addButton ထဲက definition
ထဲမှာ ရေးရဦးမယ် ထင်တယ်။

editor.ui.addButton('ImgLink',{
label: 'Insert Image Link'
});

Browser မှာ ပြန်ခေါ်ကြည့်လိုက်တော့ ပုံမပေါ်သေးပေမယ့် hover တင်လိုက်ရင်တော့ Insert Image Link ဆိုတဲ့ စာလေး
ပေါ်လာတယ်ဗျ။ ဒါဆိုရင် ပုံပေါ်ဖို့ဘယ်လိုလုပ်ရပါ့။

ပုံပေါ်ဖို့အတွက်ဆိုရင် ပုံရှိမှရမှာပေါ့။ Photoshop နဲ့ ၃၂ x ၃၂ ရှိတဲ့ ပုံတစ်ခု create လုပ်ပြီး သူပြောထားတဲ့ folder structure
အတိုင်း images ဆိုတဲ့ folder ထဲမှာ icon.png ဆိုပြီး save လိုက်ပါတယ်။ ပြီးတော့ code လည်း တစ်ကြောင်းထပ်ရေးလိုက်သေးတယ်ဗျ

icon: this.path + 'images/icon.png'

ဆိုပြီးတော့။ Browser မှာ ပြန်သွားကြည့်လိုက်တော့ ကျွန်တော်လိုချင်တဲ့အတိုင်း ဖြစ်သွားပြီဗျ။

OK။ ကိုယ်လိုချင်တဲ့အတိုင်း ဖြစ်လာတော့လည်း ကျေနပ်ဖို့ကောင်းသား။

Adding dialog

ဖြစ်ချင်တာက Button ကို နှိပ်လိုက်ရင် Dialog box တစ်ခုတက်လာချင်တာဆိုတော့ ဆက်ပြီး ရေးရဦးမှာပေါ့လေ။ ဒီတော့
Dialog ပေါ်အောင် ဆိုရင် Dialog တစ်ခုကို Add လုပ်ပေးရမှာပေါ့။

CKEDITOR.dialog.add('linkDialog', function(editor){
return {
title: 'Link Image',
minWidth: '400',
minHeight: '300',
contents: [{
id: 'myTab',
elements: [
{
type: 'html',
html: '<h3>Testing<h3>'
}
]
}]
}
});
CKEDITOR

ဒါကတော့ Dialog တစ်ခုကို add လုပ်လိုက်တဲ့သဘောပါ။ ဒါလည်း documentation ကို ကြည့်ပြီးရေးထားတာပါ။ dialog.
add အတွက် ပေးရတဲ့ Parameter တွေက ပထမ Parameter အနေနဲ့ name ကို ပေးရပါတယ်။ ပြီးတော့ ဒုတိယ Parameter အနေနဲ့
Dialog method ကို ထည့်ပေးရပါတယ်။ function ထဲမှာတော့ Object တစ်ခုကို ရေးပြီး တခါတည်း return ပြန်ပေးလိုက်ပါတယ်။

Dialog add ပြီးသွားပြီဆိုပြီး Button လေးကို သွားမနှိပ်လိုက်ပါနဲ့ဦး။ ဘာလို့လဲဆိုတော့ Button ကို နှိပ်လိုက်ရင် ဒီ Dia-
log ပေါ်ပါလို့မှ မပြောရသေးတာ။ ဒါဆိုလည်း ပြောလိုက်တာပေါ့ဗျာ။ ဒီလို ပြောဖို့အတွက် Command တစ်ခု အရင်ဆုံး လုပ်ပေးရမယ်လို့
ပြောထားတယ်။

editor.addCommand('openDialog', new CKEDITOR.dialogCommand('linkDialog'));

ဒါကြောင့် opanDialog လို့အမည်ရတဲ့ command တစ်ခုကို ပေါင်းထည့်ပေးလိုက်ပါတယ်။ addButton ဆိုတဲ့ code ရဲ့
အပေါ်နားလေးမှာပေါ့။ Code ကို ကြည့်မယ်ဆိုရင် openDialog ဆိုတဲ့ command name နဲ့ command တစ်ခုကို ဖန်တီးပြီး editor ob-
ject ထဲကို ပေါင်းထည့်ပေးလိုက်တယ်ဆိုတာ သိသာပါတယ်။ ဒါပြီးရင်ရပြီလားဆိုတော့ ဘယ်ရဦးမလဲ။ Command ပဲ add ရသေးတာကို
ဘယ် Button ကို နှိပ်ရင် ပွင့်မယ်ဆိုတာကိုလည်း ပြောရဦးမှာပေါ့။ ဒီတော့ ခုနက ကျွန်တော် လုပ်ထားတဲ့ Button မှာ command ရဲ့
name ဖြစ်တဲ့ openDialog ဆိုတာကို သွားပြီးကြေငြာပေးရမှာပေါ့။

editor.ui.addButton('ImgLink',{
label: 'Insert Image Link',
icon: this.path + 'images/icon.png',
command: 'openDialog'
});

Command ဆိုပြီး code တစ်ကြောင်း ထပ်ဖြည့်လိုက်ပါတယ်။ သဘောကတော့ ဒီ button ကို နှိပ်လိုက်ရင်


အပေါ်မှာ ရေးခဲ့တဲ့ command ကို အလုပ်လုပ်မယ် ဆိုတဲ့သဘောပေါ့။ အခုလောက်ဆိုရင်တော့ နှိပ်ကြည့်လိုရလောက်ပြီထင်တယ်။
သွားနှိပ်ကြည့်လိုက်မယ်ဗျာ။
CKEDITOR

ဒါမျိုးလေးပေါ်လာပြီဆိုတော့ မှန်သွားပြီလို့ပြောလို့ရတာပေါ့။

ဒါဆိုရင် Dialog အတွက် ရေးခဲ့တဲ့ code ကို တချက်ပြန်ကြည့်ကြည့်မယ်ဗျာ။ ဘယ် code တွေက ဘာတွေလုပ်တာလဲ
ဆိုတာကို။ return ပြန်ပေးလိုက်တဲ့ Object ထဲက title မှာ ရေးထားတာ ဘယ်အတွက်ဆိုတာက ပုံကို မြင်လိုက်တာနဲ့ သိမှာပါ။ Dia-
log window ရဲ့ title ဆိုပါတော့။ minWidth နဲ့ minHeight ကလည်း အလားတူပါပဲ Dialog window ရဲ့ အနည်းဆုံးရှိရမယ့် width
နဲ့ height ဖြစ်ပါတယ်။ Dialog window ထဲမှာပါမယ့် အကြောင်းအရာ (Content) တွေကိုတော့ contents ဆိုတဲ့ array ထဲမှာ object
တစ်ခုစီအနေနဲ့ ထည့်ရေးပေးရပါမယ်။

Elements ထဲမှာကတော့ Html ရဲ့ element တွေကို ထည့်ရေးလို့ရပါတယ်။ အခု ဒီမှာ စမ်းရေးထားတာက html ရဲ့ p
tag တစ်ခုကိုပဲ စမ်းထားတာပါ။ type မှာ html ထည့်ထားပြီးပြီဆိုရင် html ဆိုတဲ့ property ထဲမှာ html အတိုင်း အကုန်ရေးလို့ရပါတယ်။
လောလောဆယ်တော့ type ထဲမှာ နောက်တစ်မျိုးထည့်ပြီး စမ်းကြည့်လိုက်ဦးမယ်။

id: 'linkField',
type: 'text',
label: 'Link',
'default': 'Insert Image Link',

ခုနက type နဲ့ html properties တွေနေရာမှာ ဒီ Code တွေကို အစားထိုးပြီး စမ်းကြည့်လိုက်ရင် ဘယ်လိုဖြစ်သွားမလဲဆိုတော့။
ကိုယ်တိုင်စမ်းကြည့်လိုက်ပေါ့ ဘာဖြစ်သွားမလဲ။

ဒီထဲမှာထည့်လို့ရတဲ့ property တွေအားလုံးကိုလည်း documentation မှာ ကြည့်လို့ရပါတယ်။

Event
Textbox လေး ရပြီဆိုတော့ ကျွန်တော်လိုချင်တဲ့ Plugin လေး တစ်ပိုင်းတစ ပုံပေါ်လာပြီလို့ ပြောလို့ရပါပြီ။ ဒီလိုဆိုရင် Text-
box ထဲမှာ Image Link ထည့်ပြီး Ok နှိပ်လိုက်ရင် အဲဒီ Link မှာရှိတဲ့ image ကို Text editor ထဲကို ထည့်လိုက်ချင်တာ။ အဲလိုထည့်ဖို့က
“Ok button လေးကိုနှိပ်လိုက်ရင်” ဆိုတဲ့ event ကို ဖမ်းမှ ရမှာဗျ။ ဘယ်လိုဖမ်းကြမလဲ။ လွယ်ပါတယ်။ Dialog definition မှာ onOk
ဆိုတဲ့ event ကို CKEDITOR က ဖန်တီးပေးထားပြီးသားပါ။

onOk: function(e) {
console.log('Clicked!');
}

contents ရဲ့နောက်မှာ , ခံပြီးတော့ ဒီ code လေးကို ရေးလိုက်ရုံပါပဲ။ ကျွန်တော် ရေးထားတာမှန်တယ်ဆိုရင်တော့ con-


sole ထဲမှာ Clicked! ဆိုတာလေး ပေါ်လာမှာပါ။ ..... ကွက်တိပဲ။ မှန်သွားပြီဗျ။ ဒါဆိုရင် နောက်တစ်ဆင့် ဆက်ရေးကြည့်လိုက်မယ်။ Text
field ထဲမှာ ထည့်လိုက်တဲ့ image link ကို console ထုတ်ကြည့်လိုက်မယ်။ ဘယ်လိုထုတ်ကြည့်မလဲဆိုတော့က..
CKEDITOR

console.log(this.getValueOf('myTab', 'linkField'));

ခုနအတိုင်းပဲ ပြန်စမ်းကြည့်လိုက်တယ်။

OK! .. ရသွားပြီ။ ဘာတွေရေးလိုက်လို့ ရသွားလဲဆိုတာ ပြန်ကြည့်ကြည့်ရအောင်ဗျာ။ CKEDITOR ရဲ့ getValueOf ဆိုတဲ့


function မှာ contents ထဲက tab Id ရယ် elements ထဲက element Id ရယ်ကို ထည့်ပေးပြီး ခေါ်လိုက်တဲ့အခါမှာ text field ထဲမှာ ရှိတဲ့
value ကို ပြန်ထုတ်ပေးပါတယ်။ ဒါကြောင့် ကျွန်တော်လိုချင်တဲ့ အဖြေကို ရတာပေါ့။

Inserting
ကဲနောက်ဆုံး အဆင့်ကိုတော့ ရောက်လာပါပြီ။ ဒီနောက်ဆုံး အဆင့်ကို အောက်မှာရေးထားတဲ့ Code လေးတွေနဲ့
အဆုံးသတ်လိုက်မယ်ဗျာ။

var imgLink = editor.document.createElement('img');


imgLink.setAttribute('src', this.getValueOf('myTab',
'linkField'));

editor.insertElement(imgLink);
CKEDITOR

ပုံကို မြင်လိုက်တာနဲ့ OK မှာ စိုပြေပြီဆိုတာ ပြောစရာလိုမယ်မထင်ပါဘူး။

ဒီ Tutorial ရဲ့ Source code မှာတော့ ဒီထက်အများကြီး ပြည့်စုံအောင် ရေးပြထားပါတယ်။ အဲဒါတွေ အကုန် ဒီမှာ
ရေးလိုက်ရင် အရမ်းရှည်သွားမှာ စိုးတဲ့အတွက် Source code ကို ကြည့်ပြီး ဆက်လေ့လာပေးပါလို့ တောင်းပန်ချင်ပါတယ်။ CKEDITOR
ကို ကျွမ်းကျွမ်းကျင်ကျင် အသုံးချနိုင်ဖို့ ဆိုရင် Documentation ကို ကောင်းကောင်းကြီး မွှေနှောက်နိုင်ဖို့ပဲ လိုပါတယ်။ ဒီ Tutorial ကိုတော့
ဒီမှာပဲ ရပ်လိုက်ပါမယ်။
Introduction to HTML5

M L
HT
Nyan Lynn Htut
Myanmar Links Professional Web Development Team မှာ
Web Developer တစ်ယောက်အနေနဲ့ လုပ်ကိုင်နေသူ တစ်ယောက်၊
PHP Open Source CMS တစ်ခုဖြစ်တဲ့ Reborn CMS ရဲ့ Core De-
veloper တစ်ယောက်၊ REST API နဲ့ Frontend Javascript Appli-
cation တွေအကြောင်းကို စိတ်ဝင်စားသူ။

Facebook : facebook.com/nyanlynnhtut
Twitter : @nyanlynnhtut
Github : @nyanlynnhtut
Introduction to HTML5

What is HTML5?
HTML5 ကို ဘယ်လို အသုံးချရသလဲ ဆိုတာကို မပြောပြခင်မှာ ကျွန်တော်တို့အနေနဲ့ HTML5 ဆိုတာ ဘာလဲ ဆိုတာကို
အရင်သိထားသင့်ပါတယ်။ ဒီအတွက် HTML5 ကဘာလဲ ဆိုတာကို အရင်ဦးဆုံး ရှင်းပြပေးသွားပါမယ်။

HTML5 ဆိုတာကတော့ Web Page တွေရေးဆွဲရာမှာ အဓိက အသုံးပြုကြတဲ့ HTML Language ရဲ့ Next Genera-
tion နည်းပညာ တစ်ခုပဲ ဖြစ်ပါတယ်။ HTML4.01, XHTML 1.0, XHTML 1.1 အစရှိတဲ့ ယခင်အသုံးပြုနေကြ HTML Version တွေကို
အဆင့်မြှင့်တင်ထားတဲ့ နည်းပညာတစ်ခုပါ။ အနာဂတ် Web Application တွေကို ရေးဆွဲကြတဲ့အခါမှာ လိုအပ်လာတဲ့ Feature
အသစ်တွေကို ထပ်မံပေါင်းထည့်ပေးထားတဲ့ HTML ရဲ့ နောက်ဆုံးထွက် Version တစ်ခုပဲဖြစ်ပါတယ်။

ဒီနေရာမှာ တစ်ချို့တွေကတော့ HTML5 ဆိုတာ Technology တစ်ခုထဲကို


ခေါ်တာမဟုတ်ဘဲ HTML, CSS3, Javascript API တွေကို စုစည်းထားတဲ့
နည်းပညာ တစ်ခုလို့လည်း ပြောကြပါတယ်။

HTML5 ကို အသုံးပြုဖို့ရာအတွက် ခေတ်ပေါ် Browser တစ်ခုပဲလိုအပ်ပါတယ်။ Mozilla Firefox, Google Chrome, Apple
Safari, Opera အစရှိတဲ့ နာမည်ကြီး browser တွေရဲ့နောက်ပိုင်းထွက်ရှိလာတဲ့ version တွေမှာ HTML5 ကို support လုပ်ကြပါတယ်။
တစ်ခြားနာမည်ကြီး browser တစ်ခုဖြစ်တဲ့ Internet Explorer မှာတော့ version 8 အထိ support မလုပ်သေးပေမယ့်လည်း version
9 မှာတော့ feature တစ်ချို့ကို support လုပ်လာပြီ ဖြစ်ပြီးတော့ version 10 မှာတော့ အပြည့်အ၀ support လုပ်လာပြီ ဖြစ်ပါတယ်။
ဒါ့အပြင် Mobile Device တွေအပေါ်က browser တွေမှာလည်း HTML5 ကို support လုပ်ကြတဲ့ အတွက် HTML5 ကိုအသုံးပြုဖို့ရာ
လက်တွန့်နေရတော့မယ့် အချိန်မဟုတ်တော့ပါဘူး။

HTML5 ထဲက Feature တွေကို သုံးဖို့ရာအတွက် ဘယ် feature တွေကတော့ ဘယ် browser တွေမှာ support လုပ်တယ်
မလုပ်ဘူးဆိုတာကို http://caniuse.com/ မှာသွားရောက်ကြည့်ရှုနိုင်ပါတယ်။
Introduction to HTML5

Why We Choose HTML5


HTML5 ကို ဘာကြောင့် အသုံးပြု လေ့လာသင့်တာလဲဆိုတာကို အခြေခံ အချက်အလက်နှစ်ခုနဲ့ ရှင်းပြပေးသွားပါမယ်။
အဲ့ဒီအချက်အလက်နှစ်ခုကတော့ -

(၁) HTML5 ကို အသုံးပြုပြီးတော့ mobile device တွေအတွက် Application တွေတောင် ရေးသားလို့ ရလာတဲ့အတွက် HTML5 ကို
အသုံးချပြီး mobile application အဆင့်ကိုလည်း ကျွန်တော်တို့ အနေနဲ့ တက်လှမ်းနိုင်တဲ့ အနေအထားမှာ ရှိပါတယ်။

(၂) နောက်တစ်ချက်အနေနဲ့ ပြောရရင် Web Developer တွေအနေနဲ့ OS ပေါ်မှာ တင်ပြီး Run နေကြတဲ့ Application တွေကို Web
ပေါ်တင်ပြီး အသုံးချနိုင်ဖို့ ကြိုးစားလာကြပါတယ်။ တစ်နည်းအားဖြင့် Web based application လို့လည်း ခေါ်နိုင်ပါတယ်။ ထင်ရှားတဲ့
ဥပမာတစ်ခုကို ကြည့်ရရင် Google ကနေ Chrome OS ဆိုပြီး လုပ်ပါတယ်။ Chrome OS ဆိုတာကတော့ Chorme Browser ကို
ပိုမိုအဆင့်မြှင့်ထားတာ ဖြစ်ပါတယ်။ ဒီအတွက် Chrome OS မှာ Run တဲ့ Application တွေအားလုံးက Web ကို အခြေခံပြီးရေးသား
ကြရပါတယ်။ ဒီအတွက် HTML5 ကို အခြေခံထားပြီး ရေးသားကြပါတယ်။

HTML5 မှာ အရမ်းကိုကောင်းမွန်တဲ့ Application Programming Interface(API) တွေလည်း ပါလာပြီးသား ဖြစ်တဲ့အတွက် Mobile Ap-
plication တွေ Web based Application တွေရေးသားနိုင်လာတာလည်း ဖြစ်ပါတယ်။

အရင်က HTML version တွေထက်လည်း Performance ပိုင်းမှာ ပိုကောင်းလာပါတယ်။ အောက်မှာတော့ HTML5 မှာ အသစ်ပါလာတဲ့
feature တွေရဲ့ list ကို ဖော်ပြပေးပါမယ်။

Canvas (2D Drawing API)

Offline and Storage (Application cache, localStorage, sessionStorage, etc..)

Drag and Drop

Audio and Video

Geolocation API

File API

အသစ်ပါလာတဲ့ Tag တွေ၊ ရေးသားနည်း ပြောင်းသွားတဲ့ Tag တွေ၊ ဖယ်ထုတ်ပစ်လိုက်တဲ့ Tag တွေအကြောင်းကို ဆက်ပြောပြသွားမှာပါ
Introduction to HTML5

[1] DOCTYPE

ပထမဆုံး အနေနဲ့ ပြောင်းလဲသွားတာကတော့ DOCTYPE ပဲ ဖြစ်ပါတယ်။ HTML file ရဲ့ Document Type ကို
ကြေငြာပေးတဲ့ Tag တစ်ခုဖြစ်တဲ့ DOCTYPE ကို အရင် HTML မှာတွေတုန်းက အရှည်ကြီးရေးခဲ့ကြရတာ မှတ်မိကြမယ်ထင်ပါတယ်။
ဥပမာ အနေနဲ့ HTML 4.01 မှာရေးတဲ့ ပုံစံကို ကြည့်ကြည့်ပါ။

<!DOCTYPE HTML PUBLIC "-//W3C//DTD HTML 4.01 Transitional//EN"


"http://www.w3.org/TR/html4/loose.dtd">

ဒီစာသားက ကျွန်တော်တို့အတွက် မှတ်သားထားရတာ ခက်ခဲပါတယ်။ ဒါပေမယ့် HTML 5 မှာတော့ မှတ်ထားဖို့ရာ အရမ်းကို


လွယ်ကူသွားပါပြီ။

<!DOCTYPE HTML>

[2] Meta

နောက်ထပ် Tag တစ်ခုကတော့ character encoding ကို ကြေငြာပေးတဲ့ meta tag ပဲ ဖြစ်ပါတယ်။ အရင်က ရေးခဲ့တဲ့
ပုံစံမှာတော့ content တွေ http-equiv တွေ အစရှိသဖြင့် ရေးသားနေရပေမယ့် အခုတော့ အရမ်းကို ရိုးရှင်းသွားပါပြီ။ အောက်က code
နှစ်ကြောင်းကို ယှဉ်ကြည့်ရင် သိသွားမှာပါ။

<meta http-equiv="Content-Type" content="text/html;


charset=utf-8">

<meta charset="UTF-8">

ဒီနေရာမှာ ကျွန်တော်ဖတ်ဖူးတဲ့ မှတ်သားစရာလေး တစ်ခုကို ပြောပြချင်ပါတယ်။


အဲ့ဒါကတော့ ဒီ meta tag ကို title tag မရေးခင်မှာ ရေးပေးရပါတယ်။
ဘာကြောင့်လဲဆိုတော့ XSS attack အတွက် Internet Explorer မှာ
ပြဿနာရှိလို့ပါ။ ဒီ character encoding ကို Page ရဲ့ ပထမဆုံး 512 bytes
အတွင်းမှာ ကြေငြာပေးဖို့လိုတယ်လို့ Rule တစ်ခုအနေနဲ့ သတ်မှတ်ထားတာလည်း
ဖြစ်ပါတယ်။
Introduction to HTML5

[3] link and script

Stylesheet တွေ Script file တွေကို ချိတ်ပေးတဲ့ link tag နဲ့ script tag ကို HTML Developer တွေတိုင်းလိုလို
သုံးကြရပါတယ်။ အရင်က ဒီ tag တွေကို ရေးပေးတဲ့ အခါမှာ type ဆိုတာကို ထည့်ကြေငြာပေးရပါတယ်။

<link rel="stylesheet" type="text/css" href="style.css"


media="all">
<script type="text/javascript" src="script.js"></script>

အခုတော့ ဒီ property ကို မေ့ပစ်လိုက်လို့ ရပါပြီ။ ဘာကြောင့်လဲဆိုတော့ ဒီ type တွေကို default အနေနဲ့ သတ်မှတ်ပေးလိုက်လို့ပဲ
ဖြစ်ပါတယ်။ ဒါက HTML5 ရဲ့ ပုံစံပါ။

<link rel="stylesheet" href="style.css" media="all">


<script src="script.js"></script>

Sectioning Elements

Header and footer


ကျွန်တော်တို့တွေ Web Page တွေကို ရေးသားကြတဲ့အခါမှာ ပုံမှန်အားဖြင့်တော့ header ပိုင်း footer ပိုင်း အစရှိသဖြင့်
ခွဲခြားပြီးရေးကြပါတယ်။ ဒီလိုရေးသားကြတဲ့ အခါမှာလည်း developer အများစုအသုံးပြုကြကတော့ div ကို id name ပေးပြီးတော့
ခွဲခြားကြပါတယ်။ အောက်က Markup လေးကို ကြည့်ကြည့်ပါ။

<div id="header">
....
</div>
<div id="content">
....
</div>
<div id="footer">
.....
</div>
Introduction to HTML5

ID name ကို header, footer အစရှိသဖြင့် developer အများစုက ပေးကြပါတယ်။ ဒါကြောင့်မို့လို့ ဒီ name တွေက stan-
dard တစ်ခုလို ဖြစ်နေတဲ့အတွက် HTML5 မှာတော့ header tag, footer tag ဆိုပြီးတော့ tag အသစ်အနေနဲ့ ထည့်ပေးလိုက်ပါတယ်။
ဒီလိုထည့်ပေးလိုက်ခြင်းအားဖြင့် ကျွန်တော်တို့ code တွေက ကြည့်ရတာ ပိုလို့အဆင်ပြေသွားစေပါတယ်။ အပေါ်မှာ ရေးခဲ့တဲ့ code ကို
HTML5 မှာပြန်ရေးကြည့်မယ်ဆိုရင် ဒီလိုတွေ့ရပါမယ်။

< header>
....
</header>
<div id="content">
....
</div>
< footer>
.....
</footer>

ကြည့်လိုက်တာနဲ့တင် HTML ရဲ့ section တွေကို အလွယ်တကူခွဲခြားပြီး မြင်နိုင်ပါတယ်။ဒီလိုမျိုး Section တွေကို ခွဲခြားဖို့ရာ
အသစ်ပါလာတာ ဒီ Tag နှစ်ခုတည်းတော့ မဟုတ်ပါဘူး။ ဒီအတွက် ကျန်တဲ့ Tag တွေကို ကျွန်တော်တို့ ဆက်လက်လေ့လာကြည့်ကြပါမယ်။

Nav tag

Nav tag ကိုတော့ navigation (menu) area ကို ခွဲခြားတဲ့နေရာမှာ အသုံးပြုနိုင်ပါတယ်။ အရင်က navigation ကို
ရေးသားကြတဲ့အခါမှာ အများစုက -

<ul id="nav">
<li><a href="#">Home</a></li>
<li><a href="#">About</a></li>
<li><a href="#">Blog</a></li>
<li><a href="#">Contact</a></li>
</ul>

ဆိုပြီး ရေးသားကြပါတယ်။ အခုအချိန်မှာတော့ nav tag ကို အသုံးပြုပြီးတော့ navigation section ကို ရှင်းလင်းစွာ ဖော်ပြလို့ရပါတယ်။
ဒီလိုအလေ့အထတွေဟာ သူများရေးသားထားတဲ့ source code ကို ပြန်ပြင်ရတဲ့ အချိန်မျိုးမှာ ကိုယ့်အတွက် နားလည်ရလွယ်ကူဖို့
အထောက်အကူပေးပါတယ်။ HTML5 ရဲ့ ပုံစံအရဆို -
Introduction to HTML5

<nav>
<ul>
<li>…</li>
</ul>
</nav>

Article tag

Blog ယဉ်ကျေးမှု Web ပေါ်မှာ ခေတ်စားလာပြီးတဲ့ နောက်မှာတော့ blog ဆိုတာဟာ Website တိုင်းလိုလိုမှာ
မြင်တွေ့လာရပြီဖြစ်ပါတယ်။ ဒါ့အပြင် Blog သီးသန့် Site တွေလည်း မြောက်မြားစွာ တွေ့လာရမှာပါ။ Blog post တွေအတွက် HTML
Markup ရေးကြတဲ့အခါမှာ အခြေခံအားဖြင့် ဒီလိုပုံစံရှိပါတယ်။

<div class="article">
<h1>This is Title</h1>
<p>This is blog post content</p>
</div>

Post title တွေ post body(content) တွေ publishing date တွေ category တွေအစရှိသဖြင့် ရှိတဲ့ post တစ်ခုကို div တစ်ခုနဲ့
စုပြီးထုပ်ထားကြပါတယ်။ post ဆိုတာမျိုးကလည်း တစ်ခုတည်း မဟုတ်တဲ့အတွက် နောက်ထပ် Post တစ်ခုကိုလည်း ဒီလိုပဲ div
တစ်ခုနဲ့ ထုပ်ထားပါတယ်။ တူညီတဲ့ style တွေအတွက် div ကို class name တစ်ခုပေးကြပါတယ်။ အများစုကတော့ article, post
အစရှိသဖြင့်ပေါ့ဗျာ။အခုတော့ div class=”article” ဆိုတာကြီးကို မေ့လိုက်ပါတော့။ ဒီအစား article ဆိုတဲ့ tag ကို အစားထိုးသုံးလိုက်ပါ။

<article>
<h1>This is Title</h1>
<p>This is blog post content</p>
</article>

ဒီblock နှစ်ခုကို ယှဉ်ကြည့်တဲ့အခါမှာ HTML5 ရဲ့ Markup က developer တွေအတွက် ဖတ်ရှုရတာ ပိုလို့ ရှင်းလင်းပါတယ်။ header,
footer တုန်းကလိုပဲ ဒါဟာ ဘာ area လဲဆိုတာကို ထင်ထင်ရှားရှား မြင်ပါတယ်။
Introduction to HTML5

Aside Tag

Aside tag ကို definition ဖွင့်ဆိုထားတာကတော့ Page ရဲ့ အဓိက content တွေကို ဝန်းရံထားတဲ့ (သို့) ဆက်စပ်နေတဲ့
အစိတ်အပိုင်းကို ခေါ်ဆိုတာလို့ တွေ့ရမှာပါ။ သင့်အနေနဲ့ blog site တွေနဲ့ မစိမ်းဘူးဆိုရင်တော့ အဲ့ဒီ site တွေမှာ တွေ့နေရတဲ့ sidebar
ဆိုတဲ့ အစိတ်အပိုင်း (Popular post တွေ၊ Related post တွေ၊ search box တွေရှိတဲ့နေရာ) ကို aside နဲ့အစားထိုးလိုက်ပါတော့။

<aside>
<h2>Sidebar Widget</h2>
<div class="widget-1">
….
</div>
</aside>

Section tag

Section ဆိုတဲ့ tag ကတော့ နားလည်ရ အနည်းငယ် ခက်ပါတယ်။ ဘာလို့လဲဆိုတော့ ဒီ section tag ကို အသုံးပြုမယ်ဆိုရင်
div tag ကိုမေ့ပစ်ရတော့မှာလား။ ဥပမာအားဖြင့် ကျွန်တော်တို့ရဲ့ page မှာ ဘယ်ဖက်ခြမ်းမှာ content တစ်ကွက်၊ ညာဖက်ခြမ်းမှာ con-
tent တစ်ကွက်နဲ့ 2 column layout တစ်ခုဆိုပါတော့။
Introduction to HTML5

DIV tag ကို အသုံးပြုပြီးတော့ ရေးလိုက်ရင်လည်း ရနေတာကို section နဲ့သုံးမယ်ဆိုတော့ div tag ကိုမေ့လိုက်တော့လို့ ပြောရမလို
ဖြစ်နေပါပြီ။ တကယ်တမ်းမှာတော့ section tag ကို သုံးသင့်တဲ့နေရာတွေ ရှိပါတယ်။ အဲ့ဒါက ဘယ်လို နေရာတွေမှာလဲ ဆိုတော့ ---
ဥပမာအားဖြင့် သတင်း site တစ်ခုဆိုပါတော့။ ဒီလို site မျိုးတွေမှာက အကြောင်းအရာတူညီတဲ့ article တွေကို စုပြီးထားပါတယ်။ Sport
section, local news section, international section အစရှိသဖြင့်ပေါ့။ ဒီနေရာတွေမှာ section tag ကို သုံးသင့်ပါတယ်။

ဒီပုံလေးကို ကြည့်ကြည့်တဲ့အခါမှာ တူညီတဲ့ သတင်း article တွေကို သူ့ section အလိုက် စုပေးထားပါတယ်။

Section ကို ဒီလိုမျိုး အကြောင်းအရာ (category) တူညီတဲ့ အရာတွေကို စုစည်းထားတဲ့ နေရာမှာ သုံးခြင်းဖြင့် ဒါကတော့ ဘာ
အကြောင်းအရာတွေ စုထားတာဆိုတာကို coder တွေအနေနဲ့ ကြည့်ရှုရလွယ်ကူ သွားနိုင်ပါတယ်။
{echo}

Thank You
ယနေ့ခေတ်မှာ Web Industry ရဲ့ ပြောင်းလဲမှုတွေဟာ အရမ်းကို မြန်ဆန်လွန်းလှပါတယ်။ {echo} အနေနဲ့ Web Design, Web De-
velopment နဲ့ပတ်သက်တဲ့ ဆောင်းပါးတွေ ၊ Tutorial တွေကို ရှုထောင့်ပေါင်းစုံကနေ အစွမ်းကုန်ကြိုးစား ဖော်ပြပေးသွားမှာဖြစ်ပါတယ်။
Web Design, Web Development နဲ့ပတ်သက်ပြီး အသက်မွေးဝမ်းကျောင်း ပြုလိုသူတွေအတွက် တစ်ဖက်တစ်လမ်းက
အထောက်အကူပြုစေဖို့ ရည်ရွယ်ပါတယ်။။

သင့်ရဲ့တန်ဖိုးရှိတဲ့အချိန် ခဏတစ်ဖြုတ်ကို {echo} နဲ့ ဖြတ်သန်းပေးလို့ ကျေးဇူးတင်ပါတယ်။

{echo} Magazine ၏ စာမူများ၏ မူပိုင်ခွင့်များသည် မူရင်းစာရေးသူများသာ ပိုင်ဆိုင်ပါသည်။ စာရေးသူ၏


ခွင့်ပြုချက်မရရှိပဲ ထိုစာမူများ (သို့မဟုတ်) ထိုစာမူများ၏ တစိတ်တပိုင်းကို Printed Document အနေဖြင့်
ဖြစ်စေ၊ နဂိုမူလ {echo} ၏ PDF ကို ပုံစံပြောင်းလဲ၍ ဖြစ်စေ၊ တစိတ်တပိုင်းအား ဖြတ်တောက်၍ဖြစ်စေ၊
အခြား Magazine များအတွင်း ပေါင်းစပ်၍ဖြစ်စေ၊ ပြန်လည်ဝေမျှခွင့် ၊ ပြန်လည်ထုတ်ဝေခွင့် မရှိပါ။
အွန်လိုင်းပေါ်တွင် ပြန်လည်ဝေမျှမည် ဆိုပါက နဂိုမူလ Download Link အတိုင်း ဝေမျှကြပါရန်
မေတ္တာရပ်ခံအပ်ပါသည်။

{ echo } © 2013 . http://echo.myanmarlinks.net

echo.myanmarlinks.net 91

You might also like