You are on page 1of 11

https://petmaya.

com/13-eye-opening-facts-about-foods

အစားအစာပုံ သဏ္ဍာန်၏ ပစ္စုပ္ပန် နှ င့် လုံ းဝကွဲပြားခြားနားသော အတိတ်ပုံ စံ များ

သစ်သီး ၊ ဟင်းသီးဟင်းရွက်နှ င့် တချ ို့သောအစားအစာများ၏ ယခင်ပုံ သဏ္ဍာန်သည် ယခု လက်ရှိပုံ နှ င့် လုံ းဝ
ပြောင်းလဲပါသည်။ နေ့တို င်းစားနေသော တချ ို့အစာများတွင် စိတ်ဝင်စားဖွယ် သမို င်းအပြောင်းအလဲများရှိ
ခဲ့ ပါသည်။ လူ သိနည်းသော အစားအစာပြောင်းလဲပုံ ကို ကြည့်ကြပါစို့

အရင်တု န်းက အဆိပ်ရှိသောသခွားသီး

ရှေ းတု န်းက သခွားသီး (သို့) တောသခွားသီးသည် အဆိပ်ရှိသောကြောင့် စားသုံ းရန် မတင့်တော်၍ အိနိ္ဒယနို င်ငံ သား
များသည် ဆေးအဖြစ် အသုံ းပြုကြသည်။ လက်ရှိသခွားသီး၏ မျ ိုးရို းဗီဇကို ပြုပြင်ထားပြီးခြင်းဖြစ်ပြီး
ယခင်ထက် ပို ရှ ည်လျားပြီး အရည်များသည်။ ကယ်လို ရီနည်းတဲ့ အတွက် ကို ယ်အလေးချိန်လျော့ လို သူ များ နှ င့်
သင့်တော်သည်။
ခရမ်းရောင်မဟု တ်ပဲ အဆူ းရှိသောခရမ်းသီး

အရင်တု န်းက ခရမ်းသီးသည် အရွက်မှ ထွက်လာသောဥ နှ င့်တူ သည်။ ဒါကြောင့် အင်္ဂ လိပ်လို Eggplant အပင်ဥ
ခေါ်သည်။ အရောင်သည်လည် း အဖြူရောင်၊ အပြာရောင်၊ အဝါရောင်စသဖြင့် အမျ ိုးမျ ိုးရှိသည်။ ပုံ သဏ္ဍာန်လည်း
မတူ ပါ အဝို င်း၊ ကြက်ဥပုံ စံ ဖြင့် ဆူ းများနှ င့် ကို င်းတွင်ပြည့်နှ က်နေသည်။
ခရမ်းချည်သီးကို တချိန်တု န်းက အဆိပ်ရှိသောပန်းသီးဟု ခေါ်သည်

၁၇၀၀ ပြည့်နှ စ်တွင် ဥရောပတို က်သားများသည် ခရမ်းချည်သီးမစားရဲကြပါ အဆိပ်ရှိသော ပန်းသီးဟု ခေါ်ကြ


သည်။ တီဘီရောဂါကြောင့် သေဆုံ းသူ လူ ချမ်းသာများသည် ဤအသီးကို စားခြင်းကြောင်းသေဆုံ းသည်ဟု
ထင်မြင်ကြသည်။ တကယ်တော့ ခဲပန်းကန်ပေါ်တင်ထားသည့် ခရမ်းချည်သီးမှ ထွက်သော အချည်အက်စစ်သည်
ခဲနှ င့်ပေါင်းစပ်လို က်သောအခါ ဖြစ်ပေါ်လာသော အဆိပ်ကြောင့်သာဖြစ်သည်။
နို င်ငံ ရေးကြောင့် မု န်လာဥနီအရောင်သည် လိမ္မော်ရောင်အဖြစ်သို့ ပြောင်းလဲခြင်း

အရင်တု န်းက မု န်လာဥသည် အဖြူရောင်နှ င့် ခရမ်းရောင်ရှိသည်။ ရှေ းစကားအရ ဟော်လန်နို င်ငံ ၏နို င်ငံ ရေးကြောင့်
မု န်လာဥရောင်ပြောင်းရခြင်းဖြစ်သည်ဟု ဆို သည်။ William of Orange ခေါ် တော်လှ န်ရေးခေါင်းဆောင်၏ မိသားစု
အရောင်သည် လိမ္မော်ရောင်ဖြစ်သောကြောင့် သူ့အား ဂု ဏ်ပြုသည့်အနေဖြင့် ဟော်လန်ဥယျာဉ်မှူးများသည်
မု န်လာဥနီကို လိမ္မော်ရောင်ဖြစ်အောင် ပျ ိုးထောင်ကြသည်။ လူ ကြိုက်များသောအရောင်ဖြစ်၍ တခြားရောင်
များ ယခု ခေတ်တွင် မျ ိုးပျောက်သွားပါသည်။
အရင်တု န်းက ပြောင်းဖူ းသည် စား၍မရပါ

လေ့ လာတွေ့ရှိချက်အရ ပြောင်းဖူ း၏ ရှေ းပုံ စံ မှ ာ မက္ကဆီကို နို င်ငံ ၏ ချုံ နွယ်ဝင် Teosinte တစ်မျ ိုးဖြစ်သည်။ အစေ့
အလွန်နည်းပါးပြီး အလယ်တောင့်မာကျော၍ ဖယ်ထု တ်ရခက်ခဲသည်။ စားနို င်စရာလုံ းဝမရှိပါ။ ယခု အခါတွင် ကြီး
ထွားလွယ်ပြီး အရသာကောင်းသည့် ပြောင်းဖူ းကို မျ ိုးစိတ်ရွေးချယ်ပြီး ပြုပြင်ပြောင်းလဲ မျ ိုးဖောက်ခြင်း
ကြောင့်ဖြစ်ပေါ်လာခြင်းဖြစ်သည်။
အစေ့ ရှိသော ငှ က်ပျောသီး
တောရို င်းငှ က်ပျော၏အတွင်းအသားနည်းပြီး အစေ့ များသဖြင့် စားစရာ သိပ်မရှိပါ။ ယနေ့ ငှ က်ပျောသီးသည်
တောငှ က်ပျောနှ စ်မျ ိုးပေါင်းစပ်ပျ ိုးထောင်ထားခြင်းဖြစ်သည်။ အစေ့ သေးပြီး အာဟာရတန်ဖို းမြင့်မားသော
အရသာရှိသည့် အသီးဖြစ်လာသည်။

သေးငယ်သောပန်းသီး

ယနေ့အခါစားနေသည့် ပန်းသီး၏ ဘို းဘေးများသည် တောရို င်းပန်းသီးများဖြစ်သည်။ အံ့ ဩစရာကောင်းသည်မှ ာ


ပန်းသီးတစ်ပင်တွင် အရောင်မတူ အရွယ်အစားမတူ အရသာမတူ သည့် အသီးများ စု ထွက်ခြင်းဖြစ်သည်။ နှ စ်၄၀၀၀
ကျော်ကြာ ပန်းသီးကို ဈေးကွက်၏လို အပ်ချက်နှ င့် ကို က်ညီသော အရွယ်အစား နှ င့် အရသာကို ရရှိရန် မျ ိုးရို းဗီဇ
များကို ပြုပြင်ပြောင်းလဲခဲ့ သည်။
အစေ့ ကြီးပြီး အသီးသေးသော ထောပတ်သီး

တောရို င်းထောပတ်သီးသည် အသီးသေးငယ်ပြီး အစေ့ ကြီးသောကြောင့် အသားအနည်းငယ်သာရှိပြီး အခွံ မာ


သည်။ ၁၀ လုံ းလောက်ခွဲမှ ရရှိသော အသားသည် ယခု တွေ့ရှိရသော ထောပတ်သီး တစ်လုံ းလောက်သာရှိသည်။
ချယ်ရီသီးလောက် အရွယ်အစားရှိ မက်မွန်သီး

ရှေ းတု န်းက မက်မွန်သီးသည် ချယ်ရီသီး အတို င်း အရွယ်အစားနှ င့် စားသုံ းနို င်နည်းအတူ တူ ဖြစ်သည်။ ရှေ းခေတ်
တရု တ်ပြည်၏ ပထမဆုံ းတင်သွင်းသော အသီးဖြစ်သည်။ နှ စ်ပေါင်းတစ်ထောင်ကျော်ကြာ မျ ိုးကောင်းရွေးချယ်
ပြီး ပြုပြင်ပြောင်းလဲမှုများပြုလု ပ်ခဲ့ ခြင်းကြောင့် အရည်ရွှမ်းသော မက်မွန်သီးအကြီးကြီးဖြစ်လာသည်။
အရသာခါးသော ဖရဲသီး

ဖရဲသီးသည် လွန်ခဲ့ သောနှ စ်ပေါင်း ၅၀၀၀ ကျော်က အီဂျစ်ပြည်တွင် စတင်တွေ့ရှိရပါသည်။ သေးငယ်ပြီး အလွန်ခါး
သည်။ အသားအရောင်သည်လည်း အနီအနည်းငယ်သာရှိပြီး အရောင်မှိန်သည်။ အစေ့ များပြီး အသားနည်းသည်။
နှ စ်လရှ ည် ပျ ိုးကောင်းများရွေးချယ်ပေါင်းစပ် စို က်ပျ ိုးမှုကြောင့် လက်ရှိဖရဲသီးသည် အခွံ ပါးပြီး နီရဲသောအရောင်နှ င့်
အရည်များရွှမ်းလဲ့ နေသည်။

You might also like