You are on page 1of 858

သုံးနိုင်ငံခေတ်

အခန်း (၁) မက်မွန်ပန်းခြံတွင် သူရဲကောင်းသုံးဦးတို့ သွေးသောက်ဖွဲ့ ခြင်း ၊ သူပုန်တို့ အား


တုန်လှုပ်စေခဲ့သော အောင်နိုင်မှုတစ်ခု

ကောင်းကင်ဘံေ
ု အာက်ဝယ် နယ်ပယ်တို့ ကွဲကြပြီးနောက် ပြန်စုစည်းကြပြီး အချိန်ကာလတစ်ခုကြာသော်
စုစည်းထားသော နယ်ပယ်တို့ အစိတစ
ိတ်အမြွှာမြွှာပြန်ကွဲကြပြန်သည်။ ဤသည်ကား
ရှေးယခင်ကတည်းက ဖြစ်လာခဲ့သော ဓမ္မတာပင်တည်း။ ကျိုးမင်းဆက်အုပ်ချုပ်မှု ယိုင်နဲ့လာသောအခါ
ကြီးမားသော နိုင်ငံကြီးသည် ပြည်နယ်ခုနှစ်ခု ကွဲသွားကာ အချင်းချင်း စစ်မက်ဖြစ်ပြီးသော် ချင်ပြည်နယ်
အနိုင်ရပြီး ချင်မင်းဆက် တည်ထောင်ခဲ့လေသည်။ သို့ သော် ချင်မင်းတို့ ခေတ်ကုန်သောအခါဝယ် ချူ နှင့်
ဟန် ဟူသော နှစ်နိုင်ငံ ပေါ်လာပြန်လေ၏ ။ ထိုနှစ်နိုင်ငံ စစ်ခင်းကြပြန်ရာ ဟန်တို့ က အနိုင်ရပြီး
ဟန်ခေတ်သို့ ကူးပြောင်းလာခဲ့သည်။

ဟန်ခေတ်အစ ကား လယ်သမားမျိုးရိုးမှ ဆင်းသက်လာခဲ့သည့် "လျူဘန်း"(Liu Bang) ဟု အမည်ရှိသော


ပုဂ္ဂိုလ်သည် ချင်တို့ ကို ပုန်ကန်ရာမှ အောင်နိုင်ခဲ့ပြီး ဘီစီ ၂၀၂ တွင် ပြိုင်ဘက်ဖြစ်သော ချူနိုင်ငံကို
အောင်မြင်ကာ တစ်နိုင်ငံလုံးကို စုစည်းနိုင်ခဲ့လေ၏ ။ ဟန်မင်းဆက်တို့ အစဉ်အဆက် အုပ်ချုပ်လာကာ

1
နှစ်ပေါင်းနှစ်ရာကြာသော် "ဝမ်မန်"(Wang Mang) ခေါင်းဆောင်သည့် သူပုန်ထလေသည်။ သို့သော်လည်း
"လျူရွှီး"(Liu Xiu) သည် သူပုန်တို့ ကို နှိမ်နှင်းကာ နိုင်ငံကို ပြန်တည်ငြိမ်အောင် လုပ်ဆောင်နိုင်ခဲ့လေသည်။
ဤသို့ဖြင့် နောက်ထပ် နှစ်နှစ်ရာတိုင် ဧကရာဇ် "ရှန်" (Xian) လက်ထက်မတိုင်ခင်အထိ ဟန်ခေတ်ကြီး
အေးဆေးတည်ငြိမ်ခဲ့လေသည်။ ဧကရာဇ် "ရှန်"(Xian) လက်ထက်တွင်ကား နိုင်ငံသုံးခြမ်းကွဲကာ
နောင်အခါ သမိုင်းဝယ် "သုံးနိုင်ငံခေတ်" ဟု သမှုတ်ကြမည့် စစ်မက်တို့လွှမ်းသော ခေတ်ပင် ဖြစ်သည်။

သို့ရာတွင် အုပ်ချုပ်မှု လစ်ဟင်းမှုပြဿနာတို့ကား ဧကရာဇ် "ရှန်"(Xian) မတိုင်မီ မင်းနှစ်ပါးဖြစ်သည့်


ဧကရာဇ် "ဟွမ"် (Huan) နှင့် "လင်း"(Ling) ဟူသော ဘုရင်နှစ်ပါး လက်ထက်တွင် စတင်ခဲ့လေ၏ ။

ဧကရာဇ် "ဟွမ"် (Huan) ကား မှူးကြီးမတ်ရာတို့၏ အကြံကို နားမထောင်၊ အာဏာတို့ကို


နန်းတွင်းအပါးတော်မြဲ (ကုန်းကုန်း) တို့ကိုသာ လွှဲထားလေသည်။ ထိုဘုရင်လွန်သော် ဧကရာဇ် "လင်း"
(Ling) နန်းတက်လေသည်။ ထိုမင်း၏ အကြံပေးနှစ်ဦးကား စစ်သူကြီး "ဒိုဝ"ု (Dou Wu) နှင့်
အကြံပေးအရာရှိ "ချန်ဖန်"(Chen Fan) တို့ ဖြစ်လေသည်။ ထိုသန
ှူစ်ဦးတို့ သည်
ကုန်းကုန်းတို့တန်ခိုးအာဏာကြီးနေသည်ကို မလိုလားသဖြင့် ထိုကန
ုးကုန်းတို့ကို ဖြုတ်ချရန်
ကြံစည်လေ၏ ။ သို့ သော်လည်း ထိုအကြံသည် အကြီးဆုံးရာထူးရထားသော ကုန်းကုန်းဖြစ်သည့်
"ချောင်ကျဲ"(Cao Jie) နားသို့ ရောက်လေသော် "ဒိုဝ"ု (Dou Wu) နှင့် "ချန်ဖန်"(Chen Fan) တို့
အသတ်ခံရကာ နန်းတော်ဝယ် ကုန်းကုန်းတို့၏ ဩဇာကား ကြီးမားသည်ထက် ကြီးမားလာလေသည်။

အေဒီ ၁၆၈ ၊ စတုတ္ထမြောက်လ၏ လပြည့်ည တစ်ညဝယ် ဧကရာဇ် "လင်း"(Ling) သည်


နန်းဆောင်ခန်းမခန်းသို့ ဝင်ရာ အခန်းထောင့်တစ်ရာမှ လေတိုက်ခတ်နေသည်ကို ခံစားလိုက်ရ၏ ။
ထို့အပြင် ပလ္လင်ထက်တွင် ကြီးမားသော မြွေမည်းကြီးတစ်ကောင် ရစ်ခွေနေသည်ဟု ဆိုသည်။ ဧကရာဇ်
"လင်း"(Ling) သည် လန့်ကာ လဲကျသွားပြီး သူ့အနီးအပါးမှ အစောင့်တို့ က ဘုရင်ကို
သူ၏အိပ်ယာနန်းဆောင်အတွင်း ခေါ်ဆောင်သွားလေသည်။ အခြားအပါးတော်မြဲတို့
ယောက်ယက်ခတ်နေချိန်တွင် မြွေလည်း ပျောက်ကွယသ
်ွားသည်ဟု ဆို၏ ။

ထို့နောက် လျပ်စီး၊ မိုးကြိုး လက်ကာ လေအပြင်းအထန်တုက


ိပြီး ညဥ့်သန်းခေါင်တိုင်အောင်
မိုးအသည်းအထန်ရွာသွန်းလေ၏ ။ နှစ်နှစ်ကြာသော် မြို့တော်ဖြစ်သည့် လော့ရန်တွင်
ငလျင်လှုပ်သည့်အပြင် ကမ်းခြေတို့ တွင် ရေကြီးကာ ထိုအနီးတစ်ဝိုကရ
ှ်ိ လူတို့ သည် ရေနှင့်အတူ
မျောပါကုန်သည်။ ထို့အပြင် အခြားသော နိမိတ်တို့လည်း ဖြစ်ပေါ်လေရာ ဧကရာဇ် "လင်း"(Ling) သည်
မှူးမတ်တို့ကို စည်းဝေးစေကာ ထို ပြဿနာတို့၏ အကြောင်းအရင်းကို မေးလေ၏ ။

2
အကြံပေး အမတ်ကြီး "ချိုင်ယ"ုံ (Cai Yong) သည် ဤကဲ့သို့ ရဲဝံ့စွာ လျှောက်တင်လေသည် - "ထို
နိမိတတ
့ို ဖြစ်ရခြင်း အကြောင်းအရင်းကား တိုင်းရေးပြည်ရေးတွင် မိဖုရား၊ နန်းတွင်းအပါးတော်မြဲတို့
ဝင်ရှုပ်သောကြောင့် ဖြစ်သည်" ဟု ဆိုသည်။

ထိုစကားကိုကြားသော် ဧကရာဇ် "လင်း"(Ling) သည် သက်ပြင်းချသည်ကို ပလ္လင်နောက်ကွယ်တင


ွ်ရှိသော
ကုန်းကုန်း "ချောင်ကျဲ"(Cao Jie) က သတိပြုမိသည်။ အခွင့်အရေးရသောအခါ "ချောင်ကျဲ"(Cao Jie)
သည် သူ့အပေါင်းအပါတို့နှင့် ပူးပေါင်းကြံစည်ပြီး "ချိုင်ယုံ"(Cai Yong) ကို ရာထူးမှ ဆွဲချကာ
သူ့နေအိမ်တွင် အကျယ်ချုပ် ချုပ်ထားလေသည်။

ထိုအဖြစ်အပျက်ပြီးနောက် ကုန်းကုန်းတို့ သည် ပို၍ရဲဝံ့လာလေသည်။ ထိုအထဲမှ အာဏာအရှိဆံုး


ကုန်းကုန်း ဆယ်ဦးတို့ သည် "ပုံမှန် အပါးတော်မြဲ ၁၀ ဦး" ဟူသော အဖွဲ့ကို ဖွဲ့ကာ နန်းတွင်းဝယ်
အာဏာအကြီးဆုံး ဖြစ်ခဲ့လေသည်။ ထို ဆယ်ဦးတို့ကား "ကျန်းရန်"(Zhang Rnag) ၊
"ကျောက်ကျုံး"(Zhao Zhong) ၊ "ချန်ခွမ်း"(Cheng Kuan) ၊ "တွမ်ကွေး"(Duan Gui) ၊ "ဖုန်းရွှီ"(Feng Xu)
၊ " ကော်ရှန်း"(Guo Sheng) ၊ "ဟုံလန်"(Hou Lan) ၊ "ကျန်ဆော်"(Jian Suo) ၊ "ချောင်ကျဲ"(Cao Jie) နှင့်
"ရှယင
ွ်"(Xia Yun) တို့ ဖြစ်သည်။

ထိုအထဲတွင် "ကျန်းရန်"(Zhang Rang) သည် အာဏာရလာပြီး ဘုရင်၏ ချီးမြောက်မှု၊ ပ, စားပေးမှုကိုကို


ခံရလေသည်။ ဘုရင်၏ အကြံပေးဖြစ်လာကာ ဘုရင်က "မွေးစားအဖေ" ဟုခေါ်ရသည်အထိ
အာဏာကြီးလာလေ၏ ။ ထို့အတူ တိုင်းပြည်သည်လည်း ဆုတ်ယုတသ
် ည်ထက် ဆုတ်ယုတ်လာကာ
ပုန်ကန်မှုမီးစမီးန တောက်လောင်ရန် အရှိန်ယူနေချေပြီ။

ထိုအချိန်တွင် ကျွိလု ပြည်နယ်အတွင်း ကျန်း မျိုးရိုး၌ "ကျန်းကျွယ်"(Zhang Jue) ၊ "ကျန်းဘ"(Zhang Ba)


"ကျန်းလျန့်"(Zhang Liang) မည်သော ညီနောင်သုံးဦး ရှိလေသည်။ အကြီးဆုံး ဖြစ်သော "ကျန်းကျွယ်"
(Zhang Jue) သည် ဆေးပညာကို လေ့လာနေသူတစ်ဦး ဖြစ်သည်။ တစ်နေ့ "ကျန်းကျွယ်" (Zhang Jue)
တောအုပ်ထဲသွားသောအခါ ဖြူဝင်းသော အသားအရည်၊ တောက်ပြောင်သော မျက်လုံးရှိသည့်
တုတ်ကောက်ကိုင်ဆောင်ထားသော အဘိုးအို တစ်ဦးကို တွေ့လေသည်။ ထိုအဘိုးအိုက သူ့ကို ဂူအတွင်း
ခေါ်ဆောင်သွားပြီးလျှင် အတွဲသုးံ တွဲပါသည့် "ကောင်းကင်ဘ"ုံ စာအုပ်ကို ပေးလေသည်။

အဘိုးအိုမှ "ဒီ စာအုပ်က ငြိမ်းချမ်းမှုအတွက် အရေးပါတဲ့ စာအုပ်ပဲ။ ဒီစာအုပ်ကို အသုံးချပြီးတော့


လောကကို ပြောင်းလဲနိုင်သလို လူသားတွေကိုလည်း ကယ်နိုင်တယ်။ ဒါပေမယ့် ကိုယက
်ျိုးအတွက်
အသုံးချရင်တော့ ဒုကေ
ၡ ရာက်လိမ့်မယ်" ဟု ဆိုလေသည်။

"ကျန်းကျွယ်"(Zhang Jue) သည် အဘိုးအိုထံမှ စာအုပ်ကို ရိုသေစွာယူပြီး ထိုအဘိုးအိုနာမည်ကို မေးရာ


အဘိုးအိုက "ငါက တောင်ကျွန်းမှာနေတဲ့ သူတော်စင် ဖြစ်တယ်" ဟုဆိုပြီး ပျောက်ကွယ်သွားလေ၏ ။

3
"ကျန်းကျွယ်"(Zhang Jue) လည်း ထိုစာအုပ်ကို လေ့လာကာ နောင်အခါတွင် လေကို ခိုင်းစေနိုင်ပြီး
မိုးရွာအောင် လုပ်နိုင်သော အစွမ်းရသွားသည်ဆို၏ ။ အေဒီ ၁၈၄ တွင် တိုင်းပြည်အတွင်း
ရောဂါကပ်ဘေးတို့ ဖြစ်လေရာ "ကျန်းကျွယ်"(Zhang Jue) က လူအပေါင်းတို့အား ဆေးများကို မျှဝေခဲ့ရာ
ထို အစွမ်းထက်သော ဆေးများကြောင့် "ဉာဏ်ပညာကြီးကျယ်သော ဆရာသခင်" ဟု ခေါ်ကြလေသည်။
ထို့အပြင် တပည့်များကို မွေးထုတ်ပြီး အနယ်နယ် အရပ်ရပ်သို့ စေလွှတ်ကာ လူတို့ ကို ကူညီစေသဖြင့်
တိုင်းပြည်အတွင်းဝယ် နာမည်ကြီးလာလေသည်။

"ကျန်းကျွယ်"(Zhang Jue) သည် သူ၏ တပည့်တပန်းများကို စတင်ဖွဲ့စည်းလေသည်။ သူသည်


သောင်းနှင့်ချီသော တပည့်များနှင့် ဋ္ဌာနခွဲပေါင်း ၃၆ ခုခွဲခဲ့လေသည်။ အဖွဲ့ခွဲတစ်ခု၏ ခေါင်းဆောင်တိုင်းကို
စစ်မက်ဆိုင်ရာ စစ်သြူ ကီးအဖြစ် ခန့်အပ်လေ၏ ။ ထိုသူတို့ သည် "အပြာရောင်ရှိသော
ကောင်းကင်ဘံသ
ု ည် နိဌိတံခဲ့လေပြီ။ ရွှေရောင်ကောင်းကင်ဘံ၏
ု အစကနဦးဖြစ်လေပြီ" ဟု
ကောလာဟလများ လွှင့်လေသည်။ ထို အသစ်ဖြစ်သော ကောင်းကင်ဘုံသည် အဖွဲ့ဝင်တို့ အပေါ်
ကောင်းမှုမင်္ဂလာတို့ ဆောင်ကြဉ်းနိုင်မည်ဟု ဝါဒဖြန့်ကာ လူတို့ ကို ယုံကြည်အောင် စည်းရုံးကြလေသည်။
ထိုနှစ်ကို ပထမနှစ်ဟုသတ်မှတ်ကာ အဖွဲ့ဝင်တို့ အိမ်တွင် အဖွဲ့အစည်း၏ အမှတအ
် သားများကို
ချိတ်စေလေသည်။

"ကျန်းကျွယ်"(Zhang Jue) ၏ နောက်လိုက်နောက်ပါ များလာသည်နှင့်အမျှ သူ့ရည်ရွယခ


်ျက်လည်း
ကြီးမားလာလေသည်။ နိုင်ငံကို ပိုင်ဆုင
ိချင်စိတ် ကြီးမားသည်ထက် ကြီးလာသည်။ သူ၏
လက်အောက်ခံတစ်ဦးဖြစ်သော "မာယွမ်ရ"ိ (Ma Yuanyi) ကို နန်းတွင်းမှ ကုန်းကုန်းတို့ထံ
တန်စိုးလက်ဆောင်တို့ ပေးအပ်စေလေသည်။

4
သူ့ညီတို့ ကို "ကျန်းကျွယ်"(Zhang Jue) က "ငါတို့ အတွက် အခက်ခဲဆုံးက ထောက်ခံမှုကို ရဖို့ပဲ။ အခု
ငါတို့ က အဲ့ခက်ခဲတဲ့အရာကို ရခဲ့ပြီ။ ဒီလိုအခွင့်အရေးမျိုး လက်လွတမ
် ခံသင့်ဘူး" ဟု ဆိုလေသည်။

ထို့နောက် ထိုညီနောင်သုံးဖော်သည် ဖော်ပြပါအတိုင်း စတင် ပြင်ဆင်ကြလေသည်။ အဝါရောင်အလံနှင့်


အမှတတ
်ံဆပ
ိများ လုပ်စေကာ လက်ရှိအစိုးရကို တော်လှန်ရန်အတွက် ရက်ကောင်းရက်သာ
ရွေးလေသည်။ ထို့နောက် "ကျန်းကျွယ်"(Zhang Jue) သည် အလိုတူကြံရာပါဖြစ်သော ကုန်းကုန်း "ဖုန်းရွှ"ီ
(Feng Xu) ထံ စာတစ်စောင် ပို့လေ၏ ။ စာပို့သောသူသည် ကုန်းကုန်းထံမပေးပဲ
နန်းတော်လက်သို့အပ်လိုက်လေရာ ဘုရင်မှ စစ်ဗိုလ်ချုပ် "ဟဲကျင်း" (He Jin) ကို ဆင့်ခေါ်ပြီး ထိုကိစ္စကို
ဖြေရှင်းခိုင်းလေသည်။ "မာယွမ်ရ"ိ (Ma Yuanyi) ကို ခေါင်းဖြတ်သတ်ကာ ကုန်းကုန်းနှင့်
အပေါင်းအပါတို့ကို ထောင်တွင်း အကျဉ်းချလိုက်သည်။

အကြံမအောင်မြင်သဖြင့် ကျန်းညီနောင်တို့သည် လူသလ


ူ က်နက်စုစည်းကာ ပုန်ကန်ကြတော့သည်။
"ကျန်းကျွယ်"(Zhang Jue) က "ကောင်းကင်ဘုံ အရှင်သခင်" ဟူသော ဘွဲ့နာမည်ဖြင့်လည်းကောင်း၊
"ကျန်းဘ"(Zhang Ba) က "မြေ အရှင်သခင်" ဟုလည်းကောင်း၊ "ကျန်းလျန်"(Zhang Liang) က
"လူသားတို့ အရှင်သခင်" ဟုလည်းကောင်း ဘွဲ့နာမည် အသီးသီးတပ်ကာ ပုန်ကန်လေသည်။ သူတို့ သည်
အောက်ပါ စကားတို့ ကို ပြောကာ လူတို့ ကို ဆွဲဆောင်လေသည်။

"ဟန်ခေတ်၏ ကံကြမ္မာသည်ကား ညှိုးမှိန်ခဲ့လေပြီ။ နောက်တစ်ခေတ်ကို ဦးဆောင်ရန် အရည်အချင်း


ရှိသော သူရဲကောင်း ပေါ်လာခဲ့ပြီ။ ကောင်းကင်ဘုံ၏ အလိုဆန္ဒအရ မှန်ကန်ဖြောင့်မတ်သော လမ်းကို
လျှောက်ကာ ငြိမ်းချမ်းမှုကို ရအောင် လုပ်ကြလော့" ဟူ၍ဖြစ်သည်။

"ကျန်းကျွယ်(Zhang Jue) " ကို ထောက်ခံသူတို့၏ အင်အားလည်း မသေးလှ။ နေရာတိုင်းလိုလိုမှာပင်


လူတို့ သည် အဝါရောင်ခေါင်းစည်းကို ချည်နှောင်ကာ "ကျန်းကျွယ်"(Zhang Jue) ၏ သူပုန်တပ်အတွင်းသို့
ဝင်ကြကုန်သည်။ များမကြာမီပင် "ကျန်းကျွယ်"(Zhang Jue) ၌ စစ်တပ်အင်အား ငါးသိန်းခန့် ရှိလာကာ
သူ့တပ်ကြီးကို ဘုရင့်တပ်မတော်မှ ကြောက်ရသည်အထိ ဖြစ်၏ ။

ဘုရင့်တပ်မတော်စစ်ဗိုလ်ချုပ်ဖြစ်သော "ဟဲကျင်း"(He Jin) သည် အဝါရောင်သူပုန်တို့ ကို တိုကရ


် န်
ပြင်ဆင်မှုများ လုပ်ခဲ့လေသည်။ တိုင်းသူပြည်သားတိုင်း အဝါရောင်သူပုန်တို့ ကို တိုကထ
်ုတ်ရမည် ဟူသော
အမိန့်ကို ထုတ်ပြန်စေသည်။ ထိုအချိန်ဝယ် ဘုရင့်တပ်မတော် စစ်သူကြီးများ ဖြစ်ကြသော "လုကျီ"(Lu Zhi)
၊ "ဟွမ်ဖူစုန့်"(Huangfu Song) နှင့် "ကျူကျွင်း"(Zhu Jun) တို့ကို စစ်ကြောင်းသုံးကြောင်းခွဲကာ
ချီတက်စေလေသည်။

5
ထိုအချိန်ဝယ် "ကျန်းကျွယ်"(Zhang Jue) သည် သူ့စစ်တပ်ကို ဦးဆောင်ကာ တိုင်းပြည်၏
အရှေ့မြောက်ပိုင်းတွင်ရှိသော ယိုကျိုးပြည်နယ်သို့ ချီလေသည်။ ယိုကျိုးပြည်နယ် နယ်စားကား
မင်းဆွေမင်းမျိုးဖြစ်သည့် "လျူရန်"(Liu Yan) ဖြစ်သည်။ ရန်သူတို့ ချီတက်လာသည်ဟု သတင်းကြားသော
"လျူရန်"(Liu Yan) သည် စစ်ဗိုလ် "ကျိုးကျင်း"(Zhou Jing) ကို ခေါ်ကာ တိုင်ပင်၏ ။

"ကျိုးကျင်း"(Zhou Jing) က "သူတို့ စစ်တပ်က များပြီး ကျွန်တော်တို့ဘက်က အင်အားနည်းနေတယ်။


ရန္သေ
ူ တွကို တွန်းလှန်ဖို့ ဒီထက်မက အင်အားလိုအပ်လို့ လူသလ
ူ က်နက် စုဆောင်းသင့်တယ်"
ဟုဆိုသည်ကို "လျူရန်"(Liu Yan) ကသဘောတူပြီး သူပုန်တို့ ကို တွန်းလှန်ရန် ပြည်သူတို့၏
အင်အားလိုအပ်ကြောင်းကို စာများကပ်ကာ ကြော်ငြာလေသည်။ ထိုကြော်ငြာကို စိတ်အားထက်သန်သော
လူတစ်ယောက်ရှိသည့် ကျိုးပြည်နယ်၏ မြို့နယ်လေးတစ်ခုတွင်လည်း ကပ်ထားလေသည်။

ထိုသူသည်ကား သာမန်နှယ်နှယ်ရရ စာကြမ်းပိုး တစ်ဦးမဟုတ်ပဲ စာပေကို မွေ့လျော်သူ ဖြစ်ပေသည်။


သူသည်ကား လွတ်လွတ်လပ်လပ်နေတတ်ကာ သနားကြင်နာတတ်သူ ဖြစ်လေသည်။
စကားနည်းသောသူဖြစ်ပြီး စိတ်ခံစားချက်တို့ ကို တည်ငြိမ်သောမျက်နှာပေါ်တွင် မြင်ရခဲသည်။
အရပ်ရှည်သောသူဖြစ်ပြီး နားရွက်လည်း ရှည်ကာ နားရွက်သည် ပခုံးထိရောက်သည် ဆို၏ ။
သူ့လက်တို့ သည်လည်း ဒူးအောက်တိုင်အောင် ရှည်သည်ဟု ဆိုသည်။ ထို့အတူ ကြီးမားသော
မျက်လုံးများရှိပြီး ဝင်းဝါသော အသားအရည်ရှိသူ ဖြစ်သည်။

သူသည်ကား ဟန်မင်းဆက်၏ လေးယောက်မြောက် ဧကရာဇ်"ကျင်း"(Jing) ၏သားဖြစ်သူ ကျုံးရှန်း၏


"ရှန"် (Sheng) မင်းသား ၏ အမျိုးအနွယမ
ှ် ဆင်းသက်လာသူ ဖြစ်သည်။ သူ့နာမည်ကား "လျူဘေ့"(Liu
Bei) ဖြစ်သည်။ လွန်ခဲ့သော နှစ်ပေါင်းများစွာက သူ့ဘိုးဘေးတို့ သည် ထိုနယ်၏
အုပ်ချုပ်သူများဖြစ်ခဲ့လေသည်။ သို့ သော်လည်း အကြောင်းတစ်ခုကြောင့် ရာထူးကျကာ
ထိုမိသားစုအဆက်အနွယ်တို့သည် ဆင်းရဲသည်ထက် ဆင်းရဲလာ၏ ။ "လျူဘေ့"(Liu Bei) ၏ ဖခင်
"လျူဟုန်"(Liu Hong) သည် စာပေပညာရှင်ဖြစ်သည့်အပြင် တရားမျှတသော
မင်းမှုထမ်းကောင်းဖြစ်လေသည်။ သို့သော်လည်း ငယ်ငယ်ရွယ်ရွယ်နှင့် သေဆုံးခဲ့သောကြောင့်
အမေတစ်ခု၊ သားတစ်ခုသာ ကျန်ခဲ့လေသည်။ ထို့ကြောင့် "လျူဘေ့"(Liu Bei) သည် အမေကို
စောင့်ရှောက်ရသဖြင့် ဘေးပတ်ဝန်းကျင်က သူ့အား မိဘကို သိတတ်လိမ္မာသော သားအဖြစ်
သတ်မှတ်ကြလေသည်။

ထိုအခါဝယ် သူတို့ ၏ မိသားစုကား ဆင်းရဲမွဲတေနေသာ အချိန်ဖြစ်၏ ။ "လျူဘေ့"(Liu Bei) သည်


ကောက်ရိုးဖိနပ်၊ မြက်ဦးထုပ်များကို ရောင်းချကာ အသက်မွေးရလေသည်။ သူတို့ အိမ်ကား ကျိုးပြည်နယ်
မြို့တော်နှင့်နီးသော ရွာလေးတစ်ရွာ၌ဖြစ်သည်။ အိမ်အနီးတွင် ကြီးမားသော မာဘယ်ရီပင် ရှိ၏ ။

6
ထိုအပင်ကို အဝေးမှကြည့်သော် အကိုင်းအခက်များသည် လှည်းခေါင်မိုးနှင့် ခပ်ဆင်ဆင် တူသည်ဟူ၏ ။
ထိုအပင်ကို ကြည့်ကာ ဗေဒင်ဆရာတစ်ဦးသည် ထိုအပင်အနီးရှိ အိမ်မှ တိုင်းသိပြည်သိ ပုဂ္ဂိုလ်တစ်ဦး
ပေါ်လိမ့်မည်ဟု ပြောခဲ့သည် ဆို၏ ။

"လျူဘေ့"(Liu Bei) သည် ကလေးဘဝတွင် အခြားကလေးများနှင့် ထိုအပင်အောက်၌ ကစားသော အခါ


အပင်ပေါ်သို့ တက်၍ "ငါက ကောင်းကင်ဘုံရဲ့ သားဖြစ်ပြီး ဒီအပင်ဟာ ငါ့ရဲ့ စီးတော်ယာဉ်ပဲ" ဟု
ဆိုလေ့ရှိသည်ဟုဆိုသည်။ ဤသည်ကို သူ့ဦးလေးမြင်သောအခါ ထိုသူငယ်သည် နောင်တစ်ချိန်ဝယ်
ကြီးမြတ်သောသူဖြစ်မည်ဟု မှန်းဆပြီး "လျူဘေ့"(Liu Bei) တို့ မိသားစုကို ကူညီပေးခဲ့သည်။

"လျူဘေ့"(Liu Bei) အသက်ဆယ့်ငါးနှစ်ရှိသော အခါ သူ့အမေမှ ပညာသင်လတ


ွှ်လုက
ိလေသည်။
အချိန်ကာလတစ်ခုအထိ "လျူဘေ့"(Liu Bei) သည် "ကျန်းရွှမ်း"(Zheng Xuan) နှင့် "လုကျီ"(Lu Zhi)
တို့အောက်ဝယ် တပည့်အနေနှင့် ပညာသင်ခဲ့လေသည်။ ထိုကာလအတွင်း ပညာသင်ဖက်ဖြစ်သော
"ကုန်းစွန်းကျန့်"(Gongsun Zan) နှင့် သူငယ်ချင်း ဖြစ်ခဲ့သည်။

7
ထိုအဝါရောင်သူပုန်တို့ ထကြွသော အချိန်ဝယ် "လျူဘေ့"(Liu Bei) သည် အသက် နှစ်ဆယ့်ရှစ်နှစ်ရှိပြီ
ဖြစ်သည်။ သူပုန်တို့ ထကြောင်းကို "လျူဘေ့"(Liu Bei) ဖတ်ရပြီး သက်ပြင်းချလိုက်လေ၏ ။ ထိုအခါဝယ်
သူ့အနောက်မှ ကျယ်လောင်သော အသံတစ်ခု ကြားလိုက်လေသည်။

"ဒီမယ် နောင်ကြီး၊ ကိုယ့်တိုင်းပြည်ကိုယ် ဘာမှ မကူညီနိုင်ရင် သက်ပြင်းချပြီး ဘာလုပ်မှာလည်း"

ထိုအသံကြားသော် နောက်လှည့်ကြည့်သောအခါ သူ့ အရပ်အမောင်းနီးပါး ရှိကာ


ကျားသစ်နှင့်တူသောခေါင်း၊ ကြီးမားသောမျက်လုံး၊ ချွန်သောမေး၊ ကျားနှင့်တေ
ူ သာ နှုတ်ခမ်းမွှေးတို့ ရှိသော
လူကို တွေ့လေသော် "လျူဘေ့"(Liu Bei)မှ နာမည်မေးရာ ထိုသူက

"ကျွန်တော့်နာမည်က "ကျန်းဖေး"(Zhang Fei) လို့ ခေါ်တယ်။ နေတာကတော့ ဒီနားပဲ။


လယ်တစ်ကွက်ရှိတယ်။ အရက်နဲ့ အသားရောင်းတယ်။ ကျွန်တော်က အရည်အချင်းရှိတဲ့ သူတွေနဲ့
မိတေ
် ဆွဖြစ်ချင်တာ၊ ခင်ဗျားက စစ်သားခေါ်တဲ့ ကြော်ငြာကို ဖတ်ပြီး သက်ပြင်းချတာ မြင်လို့ ခင်ဗျားကို
လှမ်းပြောတာ" ဟု ဆိုလေသည်။

လျူဘေ့(Liu Bei) : "ကျွန်တော်ကတော့ မင်းဆွေမင်းမျိုးထဲကပါပဲ။ နာမည်ကတော့ "လျူဘေ့"(Liu Bei)ပါ။


ကျွန်တော်က ဒီသူပုန်တွေကို နှိမ်နှင်းပြီး တိုင်းပြည်ကို ကျေးဇူးဆပ်ချင်ပေမယ့်လည်း အားမတန်
မာန်လျှော့ရတာပေါ့ဗျာ"

ကျန်းဖေး(Zhang Fei) : "ကျုပ်မှာ နည်းလမ်းရှိပါတယ်။ ခင်ဗျားနဲ့ ကျွန်တော်တို့ နှစ်ယောက် စစ်သားတွေ


စုပြီး ဘာလုပ်နိုင်မလဲ ကြည့်ကြည့်တာပေါ့"

ထိုစကားသည် "လျူဘေ့"(Liu Bei) ကို စိတ်ဝင်စားသွားစေသည်။ သူတို့ နှစ်ဦးသည်


စားသောက်ဆိုင်တွင်ထိုင်ကာ အစီအစဉ်ကို ဆွေးနွေးနေခိုက် အရပ်မြင့်၊ အရွယ်အစားကြီးမားသော
သူသည် ဆိုင်အတွင်းသို့ဝင်လာကာ အရက်မှာလိုက်လေသည်။ ထိုသူမှ

"မြန်မြန်လပ
ု၊ ကျုပ်က အခုမြို့ထဲသွားပြီး စစ်တပ်ထဲ စာရင်းပေးပြီး အမှုထမ်းမလို့ " ဟုဆိုလေသည်။

ထိုသူကို "လျူဘေ့"(Liu Bei) က လှည့်ကြည့်လိုက်ရာ ထိုသူ၏ မျက်နှာသည် ပန်းသီးကဲ့သို့ နီနေပြီး


ရှည်လျားသော မှုတ်ဆိတ်မွှေးနှင့် ဇာမဏီကဲ့သို့ မျက်လုံး များရှိသည်ကို သတိပြုမိသည်။ ခြုံပြောရသော်
ထိုသူသည် လေးစားလောက်ဖွယ်ကောင်းသော မျက်နှာသွင်ပြင်ရှိလေသည်။ "လျူဘေ့"(Liu Bei) သည်
ထိုသူထိုင်ရာ စားပွဲအနီးသို့ သွားကာ ထိုသူ့ နာမည်ကို မေးရာ ထိုလူမှ

"ကျွန်တော့်နာမည်က "ကွမ်းယွီ"(Guan Yu)၊ ဇာတိကတော့ အရှေ့ဘက်နားက မြစ်နားကပဲ၊ ကျုပ်မြို့မှာ


ချမ်းသာ၊ ဩဇာရှိပြီး ယုတမ
်ာကောက်ကျစ်တ့လ
ဲူတစ်ယောက်ကို ကျုပ်သတ်လုက
ိတဲ့အတွက်
ဝရမ်းပြေးဖြစ်ခဲ့ရပြီး ငါးနှစ်လောက် တိမ်းရှောင်နေခဲ့တယ်။ အခုတော့ ဒီမှာ စစ်တပ်ထဲဝင်မလို့ လာတာ"

ထိုအခါ "လျူဘေ့"(Liu Bei) မှ "ကွမ်းယွ"ီ (Guan Yu)ကို သူ့အကြံကို ပြောရာ သူတို့သုံးဦးလုံး


ထိုအချင်းအရာကို ဆွေးနွေးရန် "ကျန်းဖေး"(Zhang Fei) ပိုင် လယ်ကွကထ
်ဲသို့သွားကြလေသည်။

8
ကျန်းဖေး(Zhang Fei) : "အိမ်နောက်က ဥယာဉ်ထဲမှာ မက်မွန်ပင်တွေက ပန်းတွေ ပွင့်နေပြီ၊
နက်ဖြန်ကျရင် ကျွန်တော်တို့ သုံးယောက်စလုံး ကျွန်တော်တို့ ရည်မှန်းချက်တွေကို ကောင်းကင်နဲ့
မြေကြီးကို တိုင်တည်ပြီး ကျွန်တော်တို့ သုံးယောက်သွေးသောက်ညီနောင်ဖွဲ့ ရအောင်"

ဤသည်ကို "လျူဘေ့"(Liu Bei) ရော "ကွမ်းယွ"ီ (Guan Yu) ပါ သဘောတူကြလေသည်။

နောက်တစ်နေ့တွင် သူတို့ သုံးဦးသည် စားပွဲတစ်ခုပြင်ကာ အမဲသား၊ မြင်းသား၊ အရက်တို့ တင်ပြီး


အမွှေးတိုင်ထွန်းကာ အောက်ပါသစ္စာစကားကို ဆိုကြလေသည်။

" အကျွန်ုပ်တို့ "လျူဘေ့"(Liu Bei) "ကွမ်းယွ"ီ (Guan Yu) နှင့် "ကျန်းဖေး"(Zhang Fei) တို့သည်
မတူညီသော မိသားစုတို့ တွင် မွေးလာခဲ့သော်လည်း ယခု သွေးသောက်ညီနောင်ဖွဲ့ ပါမည်။ တစ်ဦးဦးက
ဘေးအန္တရာယ်ကျရောက်လျှင် ကယ်တင်မည်ဖြစ်ပြီး ဒုက္ခတွေ့လျှင် ကူညီမည် ဖြစ်သည်။
အကျွန်ုပ်တို့သည် တိုင်းပြည်ကို ကာကွယ်ပြီး ပြည်သူတို့ ကို စောင့်ရှောက်မည်ဟု သစ္စာဆိုပါသည်။
တစ်နှစ်တည်း၊ တစ်လတည်း၊ တစ်ရက်တည်း မမွေးခဲ့သော်လည်း တစ်နှစ်တည်း၊ တစ်လတည်း၊
တစ်ရက်တည်း သေဆုံးချင်ပါသည်။ ကောင်းကင်နှင့်မြေကြီးတို့က အသိသက်သေဖြစ်ပြီး ဤကတိသစ္စာကို
ချိုးဖောက်ခဲ့သည်ရှိသော် ဘေးအန္တရာယ်တွေ့ပါစေသား"

ထိုသို့ သစ္စာပြုပြီးနောက် အသက်အကြီးဆုံးဖြစ်သော "လျူဘေ့"(Liu Bei) ကို ကျန်နှစ်ဦးက


အရိုအသေပေးကြလေသည်။ ထို့နောက် ရွာသားများကို ဖိတ်ခေါ်ကာ အမဲသားနှင့် ကျွေးမွေးလေသည်။
လူပေါင်းသုံးရာခန့်သည် မက်မွန်ဥယာဉ်အတွင်း ပျော်ပွဲရွှင်ပွဲကျင်းပကြလေသည်။

နောက်တစ်ရက်တွင် လက်နက်များလုပ်ရန် ပြင်ဆင်လေသည်။ သို့သော် သူတို့ သုံးဦးအတွက် စီးစရာ


မြင်းမရှိသေးပေ။ မကြာမီပင် မြင်းကုန်သည်နှစ်ဦးတို့ သည် ရွာအတွင်းသို့ မြင်းများနှင့် ဝင်လာလေသည်။

"လျူဘေ့"(Liu Bei) က "ဒါက ငါတို့ကို ကောင်းကင်ဘုံက ကူညီတာပဲ" ဟုဆိုလေသည်။

ညီနောင်သုံးဦးတို့ သည် မြင်းကုန်သည်များကို သွားကြိဆိုလေသည်။ ထိုမြင်းကုန်သည်တို့သည် "ကျုံးရှန်း"


မှ "ကျန်းရှီဖင်"(Zhang Shiping) နှင့် "စူရွှမ်း"(Su Shuang) တို့ ဖြစ်သည်။ သူတို့ သည် နှစ်တိုင်း
မြောက်ပိုင်းသို့ သွားကာ မြင်းဝယ်ကြသော်လည်း ယခုအခါ အဝါရောင်သပ
ူုန်တို့ ရန်ကြောင့် မြောက်ပိုင်းကို
မသွားနိုင်ပဲ ပြန်လှည့်လာရခြင်းဖြစ်သည်။ ညီနောင်သုးံ ဦးတို့သည် မြင်းကုန်သည်နှစ်ဦးကို
လယ်ကွက်သို့ ခေါ်ကာ အရက်တိုက်ပြီးနောက် "လျူဘေ့"(Liu Bei) က သူ့အစီအစဉ်ကို ပြောလေသည်။
"ကျန်းရှီဖင်"(Zhang Shiping) နှင့် "စူရွှမ်း"(Su Shuang) တို့ လည်း ၎င်းကိုကြားလျှင်
ဝမ်းမြောက်ဝမ်းသာပင် မြင်းနှီးကုန်း ငါးရာ၊ ရွှေငွေ ငါးရာ အောင်စ အပြင် လက်နက်သွန်းလုပ်ရန်
ပေါင်ပေါင်း တစ်ထောင့်ငါးရာ ရှိသော သံတို့ ကို လက်ဆောင်ပေးလိုက်လေသည်။

9
ညီနောင်သုံးဦးတို့ သည် ကျေးဇူးအလွန် တင်ကြလေ၏ ။ ထို့နောက် ပန်းပဲဆရာကို ခေါ်ကာ လက်နက်များ
သုံးလုပ်စေသည်။ "လျူဘေ့"(Liu Bei) အတွက် ရှေးဟောင်း ဓားနှစ်လက်၊ "ကွမ်းယွီ"(Guan Yu)
အတွက်မူ "အစိမ်းရောင် နဂါးဓား" ဟုခေါ်သော လက်ကိုင်ရှည်သော၊ ကောက်သော အသွားရှိသည့်
ပေါင်တစ်ရာ့နှစ်ဆယ် ရှိသော ဓားတစ်လက်၊ "ကျန်းဖေး"(Zhang Fei) ကမူ ဆယ်ပေခန့်ရှိသော
အသွားနှစ်ခွနှင့် "မြွေလ"ှံ စသည်ဖြင့် အသီးသီးရလေသည်။ ထို့ အပြင် ကိုယခ
်ျပ်တစ်ခုစီနှင့်
ခေါင်းဆောင်းတစ်ခုစီ သွန်းလုပ်စေသည်။

လက်နက်များ သွန်းလုပ်ပြီးသောအခါ စစ်သား ငါးရာခန့်စုပြီး စစ်ဗိုလ် "ကျိုးကျင်း"(Zhou Jing) ထံ


သွားလေသည်။ "ကျိုးကျင်း"(Zhou Jing) မှတစ်ဆင့် "လျူရန်"(Liu Yan) နှင့် တွေ့ပြီးနောက်
မိတဆ
် က်ကြရာ "လျူဘေ့"(Liu Bei) က မင်းမျိုးမင်းနွယ်မှ ဆင်းသက်လာကြောင်း ပြောသဖြင့် "လျူရန်"
(Liu Yan) က "လျူဘေ့"(Liu Bei) ကို လေးစားသမှုနှင့် ဆက်ဆံလေသည်။

သူပုန်ထဲမှ ခေါင်းဆောင်ဖြစ်သော "ချန်ယွမ်ကျိ"(Cheng Yuanzhi) သည် အင်အား ငါးသောင်းရှိသော


တပ်ကြီးနှင့် ချီတက်လာသော အခါ "လျူရန်"(Liu Yan) က "ကျိုးကျင်း"(Zhou Jing) နှင့် "လျူဘေ့" (Liu
Bei)တို့ကို အင်အား ငါးရာရှိသော တပ်ကို ခေါင်းဆောင်ကာ ချီတက်စေ၏ ။ "တရှင်း" တောင်ခြေတွင်
တပ်နှစ်ဖက် မျက်နှာချင်းဆိုင်တွေ့ကြလေသည်။ သူပုန်တို့ သည် ခေါင်းတွင် အဝါရောင်ခေါင်းစည်းများ
ဝတ်ဆင်ထားကြသည်။

"လျူဘေ့"(Liu Bei) သည် ရှေ့ဆံုး မှ ချီတက်ပြီး "ကွမ်းယွီ"(Guan Yu) က ဘယ်၊ "ကျန်းဖေး"(Zhang Fei)
က ညာတွင် နေပြီး ချီတက်ကြသည်။ "လျူဘေ့"(Liu Bei) မှ ချီတက်လာသော သူပုန်တပ်တို့ကို
"မြင်းပေါ်ကဆင်းပြီး လက်နက်ချပါလား" ဟုဆိုလေသည်။

ဤသည်ကို ရန်သူ့ ခေါင်းဆောင်ဖြစ်သော "ချန်ယွမ်ကျိ"(Cheng Yuanzhi) ကြားသော အခါ


စိတဆ
ိုးမာန်ဆိုး ဖြင့် စစ်သူကြီးတစ်ဦးဖြစ်သော "တန်မောင်"(Deng Mao) ကို ချီတက်ရန်
အမိန့်ပေးလိုက်သည်။ "တန်မောင်"(Deng Mao) ချီတက်လာသည်ကို "ကျန်းဖေး"(Zhang Fei) မှ ဆီးပြီး
သူ၏ လှံဖြင့် ထိုးလိုက်ရာ နှလုံးကို ထိပြီး မြင်းပေါ်မှ ပြုတ်ကျသွားလေသည်။ ထိုအခါ "ချန်ယွမ်ကျိ"(Cheng
Yuanzhi) သည် "ကျန်းဖေး"(Zhang Fei) ကို သတ်ရန်အလို့ ငှာ ရှေ့သို့ ထွကလ
်ာသည်။ သို့သော်လည်း
"ကွမ်းယွ"ီ (Guan Yu) က ထွက်လာပြီး "ချန်ယွမ်ကျိ"(Cheng Yuanzhi) ကို သူ၏ အစိမ်းရောင်ဓားရှည်ဖြင့်
ခုတလ
ိုက်ရာ "ချန်ယွမ်ကျိ"(Cheng Yuanzhi) မှာ ကာကွယ်ချိန်ပင်မရလိုက်၊ ကိုယ်ခန္ဓာပင်
နှစ်ပိုင်းပြတ်သွားသည် ဟူ၏ ။

ခေါင်းဆောင်မရှိတော့သောအခါ သူပုန်တို့ သည် လက်နက်တို့ကို ပစ်ထားပြီး ထွက်ပြေးကြလေသည်။


ထောင်ပေါင်းများစွာတို့ လက်နက်ချကြရာ ထိုတိုက်ပွဲသည် ဘုရင့်တပ်အတွက် ပြီးပြည့်စုံသော အောင်မြင်မှု
ဖြစ်ခဲ့လေသည်။ မြို့သို့ ပြန်ရောက်သော အခါ "လျူရန်"(Liu Yan) က ထိုသူတို့ ကို ကြိုဆိုပြီး ဆုအသီးသီး

10
ပေးအပ်လေသည်။ နောက်တစ်ရက်တွင် "ချင်ကျိုး" ပြည်နယ်မှ မြို့စား "ကုန်းကျင်း"(Gong Jing) ထံမှ
စာရောက်လာသည်။ သူပုန်တို့ သည် ထိုပြည်နယ်၏ မြို့တော်ကို ဝန်းရံထားပြီ ဖြစ်၍ စစ်ကေ
ူ တာင်းခံသော
စာပင် ဖြစ်သည်။

ထိုသတင်းကို ကြားသည်နှင့် "လျူဘေ့"(Liu Bei) က သွားရန် ပြင်လေသည်။

"လျူဘေ့"(Liu Bei) ၏ ကိုယ်ပိုင် စစ်တပ်အပြင် "ကျိုးကျင်း"(Zhou Jing) ၏ စစ်သား ငါးထောင် လည်း


ပါဝင်လေသည်။ စစ်ကူရောက်လာသည်ကို မြင်သော သူပုန်တို့သည် မြို့ကို ဖိ၍တိုက်ရာ
စစ်ကတ
ူ ပ်တို့သည် သူပုန်တို့၏ ထိုးစစ်ကို မခံနိုင်ပဲ မြို့နှင့် ဆယ်မိုင်ခန့် ဝေးသော နေရာတွင်
စခန်းချလေသည်။

လျူဘေ့(Liu Bei)က "ရန်သူက များပြီး ငါတို့က အင်အားနည်းတယ်။ ဒါကြောင့် နည်းဗျူဟာနဲ့ တိုက်မှသာ


အောင်နိုင်မယ်" ဟု သူ့ညီတို့ ကို ပြောသည်။

ထိုအခါ "ကွမ်းယွ"ီ (Guan Yu) နှင့် "ကျန်းဖေး"(Zhang Fei) တို့သည် တပ်သားအချို့နှင့်


တောင်ကုန်းနောက်ကွယ်တွင် နေရာယူပြီး ရန်သက
ို ချောင်းတိုက်ရန် ကြံသည်။ ရန်သူတို့
ရောက်လာသောအခါ မောင်းဖြင့်အချက်ပေးပြီး ပင်မတပ်နှင့်ပေါင်းကာ ရန်သက
ို ပေါင်းတိုက်မည်ဖြစ်သည်။

ပြင်ဆင်မှုများ ပြုလုပ်ပြီးနောက် "လျူဘေ့"(Liu Bei) သည် တပ်သားအချို့ကို ဦးဆောင်ပြီး


သူပုန်တပ်တို့နှင့် တိုက်လေသည်။ ထို့နောက် တပ်ဆုတ်ဟန် ယောင်ဆောင်ကာ "ကွမ်းယွ"ီ (Guan Yu)
နှင့် "ကျန်းဖေး"(Zhang Fei) တပ်တို့ ကင်းဝပ်နေရာသို့ မျှားခေါ်သွားသည်။ ထိုတောင်ကုန်း
အရောက်တွင် "လျူဘေ့"(Liu Bei) တပ်အပြင် စစ်ကူတပ်တို့ ပါ လျပ်တပြက်ဝင်တုက
ိသဖြင့် သူပုန်တပ်တို့
အထိနာကာ "ချင်ကျိုး" မြို့တွင်းသို့ ဆုတ်ခွာကြလေသည်။ ဆုတခ
်ွာသော သူပုန်တို့ ကို နယ်စား
"ကုန်းကျင်း"(Gong Jing) ၏ တပ်မှ တိုကရ
်ာ သူပုန်တို့ ပြုတ်ပြုတ်ပြုန်းလေသည်။ "ချင်ကျိုး" သည်
သူပုန်အန္တရာယ်မရှိတော့ပေ။

အောင်ပွဲခံပြီးနောက် စစ်ဗိုလ် "ကျိုးကျင်း" သည် "ယိုကျိုး" သို့ ပြန်ရန်ပြင်ရာ လျူဘေ့(Liu Bei) က

" "ကွမ်ကျုံး" မှာ "ကျန်းကျွယ်"(Zhang Jue) ရဲ့ သူပုန်တပ်တွေကို ဘုရင့်တပ်မတော် စစ်ဗိုလ် "လုကျီ"(Lu
Zhi) က အပြင်းအထန် ခုခံနေရတယ်လို့ သတင်းရတယ်။ "လုကျီ"(Lu Zhi) က ငါ့ဆရာ ဖြစ်တဲ့အတွက်
သူ့ကို သွားကူညီရဦးမယ်" ဟုဆိုကာ "လျူဘေ့"(Liu Bei) သည် "ကျိုးကျင်း"(Zhou Jing) နှင့်
ခွဲခွာခဲ့သည်။ ညီနောင်သုံးဦးတို့ သည် "ကွမ်ကျုံး" သို့ သွားလေသည်။ "လုကျီ"(Lu Zhi) သည်
တပည့်ဟောင်းဖြစ်သော "လျူဘေ့"(Liu Bei) ကို ဝမ်းပန်းတသာ ကြိုဆိုလေသည်။

ထိုအချိန်တွင် "ကျန်းကျွယ်"(Zhang Jue) ဘက်မှ စစ်သား ငါးသောင်း နှင့် "လုကျီ"(Lu Zhi) ဘက်မှ
စစ်သား ငါးသောင်းတို့ ထိပ်တိုက် တွေ့ကြပြီး အရှုံးအနိုင် မကွဲသေးပေ။ "လုကျီ"(Lu Zhi) မှ

11
"လျူဘေ့"(Liu Bei) ကို "ငါက ဒီမှာ ရန်သူတွေကို ခုခံနိုင်သေးတယ်။ ဒါပေမယ့် "ယင်ချွမ်း" မှာ ရှိတဲ့
"ဟွမ်ဖူစုန့်"(Huangfu Song) နဲ့ "ကျူကျွင်း"(Zhu Jun) တို့တပ်တွေ အခြေအနေသိဖို့အတွက် ငါ့ဆီက
စစ်သား တစ်ထောင် ယူပြီး သွားကြည့်၊ ပြီးမှ ငါတို့တပ်တွေပေါင်းပြီး ရန်သူကို တိုကထ
်ုတမ
် ယ်" ဟု
ပြောလိုက်သည်။

ထို့နောက် "လျူဘေ့"(Liu Bei) သည် "ယင်ချွမ်း" သို့ အလျင်အမြန်ချီတက်လေသည်။ ထိုအချိန်ဝယ်


"ယင်ချွမ်း" တွင် ဘုရင့်တပ်မတော်က အနိုင်ရနေပြီ ဖြစ်သည်။ သူပုန်တပ်တို့ သည် "ချန်ရှဲ" သို့
ဆုတ်ခွာသွားကြသည်။ "ဟွမ်ဖူစုန့်"(Huangfu Song) မှ "ကျူကျွင်း"(Zhu Jun) ကို "ရန်သူတွေဟာ
မြက်ခင်းပြင်ပေါ်မှာ စခန်းချထားတာ ဖြစ်တဲ့အတွက် မီးကို သုံးပြီး ရန်သက
ို တိုကရ
် မယ်" ဟု ဆိုလေသည်။

ထိုညဝယ် ဘုရင့်တပ်တို့သည် ရန်သူတို့ ကို လျပ်တပြက်ဝင်တိုက်လေသည်။ ဘုရင့်တပ်တို့သည်


ရန်သစ
ူ ခန်းကို မီးရှို့ပြီး ဖျက်စီး၏ ။ ထိုည၌ လေကလည်း တိုက်လေရာ မီးတောက်မီးလျံတို့သည်
ဘဝဂ်သို့ တိုင်အောင် တက်လေသည်။ ရန်သူတို့ သည် အလစ်ခံရသဖြင့် ဘာမှမပြင်ဆင်နိုင်ခဲ့ပဲ
ဝရုန်းသုန်းကား ထွက်ပြေးကြလေသည်။

တိုက်ပွဲသည် အရုဏ်တက်ချိန်တိုင် တိုကြ် ကလေသည်။ ခေါင်းဆောင်ဖြစ်သော "ကျန်းဘ"(Zhang Ba) နှင့်


"ကျန်းလျန့်"(Zhang Liang) တို့သည် ထွကေ
် ပြးလွတ်မြောက်သွားသည်။ သို့ သော်လည်း လမ်းတွင်
သူတို့ ကို ရင်ဆိုင်မည့် တပ်တစ်တပ်က အဆင်သင့်စောင့်နေလေသည်။ ထိုတပ်၏ ခေါင်းဆောင်ကား
သာမန်အရပ်အမောင်း၊ သေးငယ်သောမျက်လုံး၊ ရှည်လျားသော မှုတဆ
ိတတ
့ို ရှိသော သူဖြစ်သည်။
ထိုသူကား မြင်းတပ်ဗိုလြ် ဖစ်သော "ချောင်ချောင်း"(Cao Cao) ပင် ဖြစ်သည်။ သူ့အဖေသည် "ချောင်စုန့် "
(Cao Song) ဖြစ်သည်။ "ချောင်" မျိုးရိုး စစ်စစ်သော်ကား မဟုတ်၊ "ချောင်စုန့် "(Cao Song) သည် "ရှဟ"ို
(Xiahou) မျိုးရိုးမှ ဆင်းသက်လာသူဖြစ်ပြီး နန်းတွင်းကုန်းကုန်း "ချောင်တန်"(Cao Teng) က
မွေးစားခဲ့သဖြင့် "ချောင်"(Cao) မျိုးရိုး နာမည် ယူခဲ့ခြင်း ဖြစ်သည်။

"ချောင်ချောင်း"(Cao Cao) သည် ငယ်စဉ်က အမဲလိုက်ခြင်း၊ ဂီတ၊ ကခုန်ခြင်းတို့ဖြင့် မွေ့လျော်သူ


ဖြစ်သည်။ သူသည် ဉာဏ်ပညာထက်ပြီး ကောက်ကျစ်သူ ဖြစ်သည်။ ၎င်းကို သူ့ဦးလေးမှ သူ့အဖေထံ
တိုင်ပြောလေသည်။ "ချောင်ချောင်း"(Cao Cao) က သူ့ဦးလေးကို လက်စားခြေရန်
အခွင့်အခါချောင်းနေခဲ့သည်။ တစ်နေ့သော် "ချောင်ချောင်း"(Cao Cao) က သူ့ဦးလေး လာသောအခါ
မြေကြီးပေါ်သို့ချော်လဲကာ ဒဏ်ရာရချင် ယောင်ဆောင်လေသည်။ သူ့ဦးလေးမှ ထိုအချင်းအရာကို မြင်ပြီး
သူ့အကို ("ချောင်ချောင်း"(Cao Cao) အဖေ) ကို သွားပြောလေသည်။ အဖေ လာသောအခါ

12
အကောင်းပတိဖြစ်နေသော "ချောင်ချောင်း"(Cao Cao) ကို မြင်လေလျင် သူ့အဖေက "မင်း
ဦးလေးပြောတော့ မင်း ဒဏ်ရာရနေတယ်ဆ"ို ဟုမေးရာ

"ချောင်ချောင်း"(Cao Cao) မှ "ကျွန်တော် ဒဏ်ရာ မရပါဘူး။ ဦးလေးက ကျွန်တော့်အပေါ်


အမြင်စောင်းနေပုံရတယ်။ အဖေ့ကို လိမ်ပြောလိုက်တာလား မသိဘူး " ဟု ပြန်ပြောလေသည်။

ထို အချိန်မှစပြီး "ချောင်ချောင်း"(Cao Cao) အဖေသည် သူ့ညီမှ သူ့သားအကြောင်း တိုင်ပြောလာလျှင်


ဂရုမပြုတော့ပေ။

ဤသို့ဖြင့် ထိုလူငယ်သည် အထိန်းအကွပ်မရှိ၊ ရမ်းကားချင်တိုင်း ရမ်းကာ ကြီးပြင်းလာခဲ့သည်။


"ချောင်ရွှမ်း"(Qiao Xuan) ဟုအမည်ရှိသော သူတစ်ဦးသည် "ချောင်ချောင်း"(Cao Cao) ကို ဤသို့
ပြောခဲ့သည်။ "သူပုန်ထလာတဲ့ အခါ သူပုန်တွေကို နှိမ်နှင်းနိုင်ပြီး ငြိမ်းချမ်းအောင်လုပ်နိုင်သူက
မင်းကိုယ်တိုင်ပဲ"

"နန်ရန်" မှ "ဟဲယ"ုံ (He Yong) ဆိုသူကလည်း "ဟန်မင်းဆက်က ပျက်သုဉ်းတော့မယ်။ နောက် နိုင်ငံကို


ဦးဆောင်နိုင်မဲ့ တစ်ဦးတည်းသောသူက "ချောင်ချောင်း"(Cao Cao) ပဲ" ဟု ဆိုလေသည်။ ထို့အပြင်
"ချောင်ချောင်း"(Cao Cao) သည် "ရုနန်" တွင် "ရွှီရှောင်း"(Xu Shao) ဟူသော သူထံတွင်
ဗေဒင်မေးခဲ့ဖူးသည် ဆို၏ ။ "ရွှီရှောင်း"(Xu Shao) က "ငြိမ်းချမ်းတဲ့ခေတ်မှာတော့ သင်ဟာ
စွမ်းဆောင်နိုင်တဲ့ သူတစ်ဦးဖြစ်ပြီး စစ်ပွဲကာလအတွင်းမှာတော့ ဗျူဟာကြွယ်တဲ့ သူရဲကောင်း
တစ်ဦးဖြစ်မယ်" ဟု ဆိုခဲ့လေသည်။ ထိုအကြောင်းတို့ ကို ကြားသော "ချောင်ချောင်း"(Cao Cao) သည်
အလွန်ပီတိ ဖြစ်လေသည်။

အသက်နှစ်ဆယ်အရွယ်တင
ွ် "ချောင်ချောင်း"(Cao Cao) သည် ပညာသင်ပြီးခဲ့ပြီး စစ်ဗိုလ်အနေဖြင့်
စစ်မှုဝင်ထမ်းခဲ့သည်။ "ချောင်ချောင်း"(Cao Cao) သည် မင်းမှုထမ်းဖြစ်သော အခါ ပြစ်မှုကျူးလွန်သူ
မည်သူကို မဆို အပြစ်ပေးသည်။ တစ်ခါသော် ကုန်းကုန်း "ကျန်းဆော်"(Jiang Suo) ၏ ဦးလေးဖြစ်သူ
သည် ဓားကိုင်ကာ ရမ်းကားသဖြင့် "ချောင်ချောင်း"(Cao Cao) က ဖမ်းပြီး အပြစ်ပေးခဲ့လေသည်။
"ချောင်ချောင်း"(Cao Cao) ၏ နာမည်သည်လည်း ကြီးလာခဲ့သည်။ မကြာမီပင် "တွန်ချွီး" မြို့စားအဖြစ်
ခန့်အပ်ခြင်းခံရသည်။

အဝါရောင်သူပုန်တို့ သောင်းကျန်းသော အခါဝယ် "ချောင်ချောင်း"(Cao Cao) သည် စစ်ဗိုလ်အဆင့်


ဖြစ်နေပြီဖြစ်ပြီး စစ်သားငါးထောင်ကို ထိန်းကွပ်ရသူ ဖြစ်သည်။ သူပုန်တပ်တို့နှင့် လမ်းတွင် မမျှော်လင့်ပဲ
တွေ့ခြင်းဖြစ်ပြီး သူပုန်တပ်တို့ ကို ချေမှုန်းနိုင်ခဲ့သည်။ သို့သော်လည်း ခေါင်းဆောင် "ကျန်းဘ"(Zhang Ba)

13
နှင့် "ကျန်းလျန့်"(Zhang Liang) တို့ ထွကေ
် ပြးလွတေ
် မြာက်သွားရာ ထိုသတ
ူ့ို နောက်ကို "ချောင်ချောင်း"
(Cao Cao) လိုက်လေသည်။

ထိုအချိန်တွင် "လျူဘေ့"(Liu Bei) နှင့် သူ့ညီနှစ်ဦးတို့သည် "ယင်ချွမ်း" သို့ ရောက်လာခဲ့သည်။


သို့သော်လည်း စစ်ပွဲကား ပြီးသွားခဲ့လေပြီ။ ထို့ကြောင့် ညီနောင်သုံးဦးတို့သည် လာရာလမ်းအတိုင်း
ပြန်ရာ တစ်နေရာအရောက်တွင် စစ်သားအချို့က ထောင်သားကို ဖမ်းသွားသည်ကို တွေ့လိုက်ရသည်။
အနီးကပ်သွားသော် ထိုထောင်သားကား အခြားမဟုတ်၊ "လျူဘေ့"(Liu Bei) ၏ ဆရာဖြစ်သူ "လုကျီ" (Lu
Zhi) ဖြစ်နေသည်။ အကြောင်းကို မေးသော် "လုကျီ"(Lu Zhi) က "ငါ ရန်သူတွေကို အောင်မြင်ခါနီးမှာ
"ကျန်းကျွယ်"(Zhang Jue) က မှော်အတတ်တွေ သုံးလိုက်တဲ့အတွက် ရှုံးသွားခဲ့တယ်။ နန်းတွင်းက
ကုန်းကုန်း "ကျော်ဖုန်း"(Zhuo Feng) ကို လွှတြ် ပီး ရှုံးနှိမ့်မှုကို စုံစမ်းစေတယ်။ ကုန်းကုန်းက ငါ့ကို
လာဘ်တောင်းတာကို ငါက မပေးတဲ့အတွက် စစ်ပွဲရှုံးတာဟာ ငါ့အပြစ်ဆိုပြီး ဘုရင်ကို
လျှောက်တင်လုက
ိလို့ "တုန်ကျိုး"(Dong Zuo) က ငါ့ဆီကို လူလတ
ွှ်ပြီး လာဖမ်းစေတာ ဖြစ်တယ်" ဟု
ပြောလေသည်။

ထိုအခါ "ကျန်းဖေး"(Zhang Fei) က ဒေါသထွက်ပြီး အစောင့်များကို သတ်ကာ "လုကျီ"(Lu Zhi) ကို


လွှတ်ရန် ပြင်၏ ။ "လျူဘေ့"(Liu Bei)မှ အလျင်စလို မလုပ်ရန် တားလိုက်လေသည်။

ညီနောင်သုံးဦးတို့ သည် "ကွမ်ကျုံး" သို့ မသွားတော့ပဲ "ကျိုး" ပြည်နယ်သို့ သွားလေသည်။ နှစ်ရက်အကြာ


လမ်းခရီးတွင် တောင်ကုန်းတစ်ခု၌ မိုးကြိုးပစ်ချသည်ကို တွေ့လိုက်ရသည်။ ထိုနေရာတွင် ဘုရင့်တပ်နှင့်
အဝါရောင်သူပုန်တို့ စစ်ဖြစ်နေကြပြီး ဘုရင့်တပ်ဘက်မှ အရေးနှိမ့်နေခဲ့သည်။ ရန်သူတို့ ၏ အလံပေါ်တွင်
"ကောင်းကင်ဘုံ၏ အရှင်သခင်" ဟူသော စာတမ်းကို ချိတ်ဆွဲထားလေသည်။

လျူဘေ့မှ "ငါတို့ "ကျန်းကျွယ်"(Zhang Jue) ကိုတိုက်ကြမယ်" ဟု ဆိုကာ တိုက်ပွဲအတွင်းတို့


ဝင်လေသည်။

ထိုအချိန်တွင် သူပုန်တပ်သည် "တုန်ကျိုး"(Dong Zhuo) ၏ တပ်များကို အောင်နိုင်နေချိန်ဖြစ်သည်။


"လျူဘေ့"(Liu Bei) တို့ ညီနောင်သုံးဦး စစ်ပွဲအတွင်း ဝင်လာခြင်းသည် ရန်သူကို အာရုံများသွားစေကာ
တပ်ဆုတ်သွားစေလေသည်။ ညီနောင်သုံးဦးတို့ သည် "တုန်ကျိုး"(Dong Zhuo) နှင့်အတူ စစ်စခန်းသို့
လိုက်သွားလေသည်။

"တုန်ကျိုး"(Dong Zhuo) - "မင်းတို့က ဘယ်တပ်ကလည်း?"

14
ညီနောင်သုံးဦးတို့ က မည်သည့်တပ်ကမှ မဟုတ်ကြောင်း ပြောရာ တုန်ကျိုးသည် ကယ်ဖူးသည့်
ကျေးဇူးကိုမျှမထောက်၊ "လျူဘေ့"(Liu Bei) တို့ ညီနောင်ကို ရိုင်းပျစွာ ဆက်ဆံလေသည်။ "လျူဘေ့"(Liu
Bei) က တည်ငြိမ်စွာ နေသော်လည်း "ကျန်းဖေး"(Zhang Fei) ကား အလွန့် အလွန် စိတ်တုေ
ိ နခဲ့သည်။

"ကျန်းဖေး"(Zhang Fei) - "ကျုပ်တို့က သူ့ကိုလဲ ကယ်ရသေး၊ သူက ငါတို့ကို


ကောင်းကောင်းမဆက်ဆံဘူး၊ ဒီလုလ
ိုမျိုး သေမှပဲ ငါ့ဒေါသ ပျောက်မယ်" ဟုဆိုကာ ဓားကို ဆွဲလျက်
"တုန်ကျိုး"(Dong Zhuo) ရှိရာ ရွက်ဖျင်တဲဘက်သို့ သွားလေသည်။

15
အခန်း(၂) "ကျန်းဖေး"(Zhang Fei) မှ အစိုးရအမှုထမ်းကို ကြိမ်ဖြင်ရ
ို့က်ခြင်း ၊ "ဟဲကျင်း"(He Jin)
သည် ကုန်းကုန်းတို့ အား ရှင်းရန် ကြံခြင်း

"တုန်ကျိုး"(Dong Zhuo) သည် လင်းထောင်(Lintao) ပြည်နယ်၏ အနောက်မြောက်ပိုင်းတွင်


ကြီးပြင်းလာခဲ့သူဖြစ်သည်။ ဟယ်တုံးမြို့စားဖြစ်သော "တုန်ကျိုး"(Dong Zhuo) သည် မောက်မာပြီး
မာနထောင်လွှားသူဖြစ်သည်။ အကယ်၍သာ "လျူဘေ့"(Liu Bei) နှင့် "ကွမ်းယွ"ီ (Guan Yu) တို့ သည်
ဒေါသထွက်နေသော "ကျန်းဖေး"(Zhang Fei) ကို မတားခဲ့သော် ထိုနေ့သည် "တုန်ကျိုး"(Dong Zhuo)
အတွက် နောက်ဆုံးနေ့ဖြစ်မည် မုချ။

"လျူဘေ့"(Liu Bei) : “သူက အစိုးရက ခန့်ထားတဲ့ အမှုထမ်းလေ၊ ငါတို့က ဘာမို့ လို့ ဆုံးဖြတ်ချက်ချပြီး
သတ်ရမှာလည်း?”

"ကျန်းဖေး"(Zhang Fei) : “ဒီလုလ


ိုမျိုးအောက်မှာ အမှုထမ်းရမှာ ခါးသီးလွန်းလှတယ်။ အစ်ကိုတို့ နေရင်
နေခဲ့၊ ကျွန်တော်ကတော့ တခြားနေရာသွားမယ်။”

"လျူဘေ့"(Liu Bei) : “ငါတို့ သုံးယောက်က သေအတူ၊ ရှင်မကွာပဲလေ။ သွားတော့လည်း


အတူတူသွားကြတာပေါ”့

"လျူဘေ့"(Liu Bei) စကားကိုကြားသော် "ကျန်းဖေး"(Zhang Fei) လည်း ကျေနပ်သွားလေသည်။


ထို့နောက် ညီအကိုသုံးဦးတို့သည် "ကျန်းဘ"(Zhang Ba) နှင့် တိုက်နေသော "ကျူကျွင်း"(Zhu Jun)
ဘက်သို့ သွားကာ ကူညီလေသည်။ ထိုအချိန်ဝယ် " ချောင်ချောင်း"(Cao Cao) သည်
"ဟွမ်ဖူစုန့်"(Huangfu Song") လက်အောက်တွင်ရှိပြီး ချွီရန်တွင် "ကျန်းလျန့်"(Zhang Liang) ၏
စစ်တပ်နှင့် တိုကပ
်ွဲအကြီးအကျယ်ဖြစ်နေလေသည်။

"ကျန်းဘ"(Zhang Ba) တွင် တပ်သား ရှစ်သောင်းကျော်ရှိလေသည်။ သူပုန်တို့သည် တောင်ကုန်းတို့၏


အစွန်အဖျားတွင် တပ်စွဲထားကြသည်။ တပ်နှစ်တပ်တို့ ရင်ဆိုင်ကြရာဝယ် "ကျန်းဘ"(Zhang Ba) မှ
စစ်ဗိုလ်တစ်ဦးဖြစ်သော "ကောက်ရှန်း"(Gao Sheng) ကို လွှတလ
ိုကရ
်ာ "လျူဘေ့"(Liu Bei) မှ
"ကောက်ရှန်း"(Gao Sheng) ကို "ကျန်းဖေး"(Zhang Fei) နှင့် ရင်ဆိုင်စေသည်။ တစ်ခဏအကြာ
စစ်ထိုး ပြီးနောက် "ကျန်းဖေး"(Zhang Fei) က "ကောက်ရှန်း"(Gao Sheng) ကို
ဒဏ်ရာရစေခဲ့သည်။ထိုအခါ "လျူဘေ့"(Liu Bei) က တပ်သားများကို ချီတက်ရန်
အမိန့်ပေးလိုက်လေသည်။

16
"ကျန်းဘ"(Zhang Ba) သည် မြင်းထက်ဝယ် ဆံနွယ်တို့ကို ဖြေလိုက်ပြီး ဓားကို ကျစ်ကျစ်ဆုတ်ကိုင်ကာ
ဂါထာမန္တန်တို့ ကို ရွတ်ဆိုလေ၏ ။ မကြာမီပင် ကောင်းကင်ကြီး မည်းသွားကာ လေအပြင်းအထန်တုက
ိပြီး
မိုးကြိုးလျက်စီးတို့ လက်လေသည်။ ထိုအခါ တုန်လှုပ်ချောက်ချားနေသော ဘုရင့်တပ်တို့ ကို တိုကရ
်ာ
ဘုရင့်တပ် ရှုံးလေသည်။

ထိုအချင်းအရာကို "ကျူကျွင်း"(Zhu Jun) နှင့် "လျူဘေ့"(Liu Bei) တို့ ဆွေးနွေးကြသည်။

"ကျူကျွင်း"(Zhu Jun) : "ကျန်းဘ"(Zhang Ba) က မှော်အတတ်တွေ သုံးတယ်။ နက်ဖြန်ကျရင် အဲ့မှော်ကို


တန်ပြန်ကာကွယ်ဖို့ ဝက်နဲ့ဆိတ်တွေကို သတ်ပြီး သွေးတွေကို ရန်သူစစ်သားတွေရဲ့ ကိုယမ
ှ်ာ လိမ်းကျံရင်
အဲ့မှော်အစွမ်းကို ပယ်ဖျက်နိုင်တယ်

ထို့နောက် အထက်ပါအတိုင်း ပြုပြီးသော် "ကွမ်းယွ"ီ (Guan Yu) နှင့် "ကျန်းဖေး"(Zhang Fei) တို့သည်
စစ်သားတစ်ထောင်စီနှင့် တောင်ကုန်းတို့၏ နောက်ကွယ်တွင်ပုန်းကာ ရန်သူအလာကို စောင့်နေသည်။
နောက်တစ်ရက်တွင် သူပုန်တို့ သည် ဗုံကိုတီး ကာ တိုက်ပွဲအတွက် ထွကလ
်ာသည်ကို "လျူဘေ့"(Liu Bei)
က စောင့်နေခဲ့သည်။ စစ်တပ်ချင်း ထိပ်တိုက်တွေ့သောအခါဝယ် "ကျန်းဘ"(Zhang Ba) သည်
မှော်အစွမ်းတို့ ကို သုံးပြန်လေသည်။ "လျူဘေ့"(Liu Bei)မှ တပ်ဆုတ်ပြီး ပုန်းအောင်းနေသော
စစ်တပ်ဘက်စီသို့ မျှားခေါ်သွားလေသည်။ ထို့နောက် စစ်သားတို့ ရုတ်တရတ်ထွက်လာပြီး
ရန်သစ
ူ စ်သားတို့ကို အမှိုက်သရိုက်၊ တိရစ္ဆာန်သွေးတို့ဖြင့် ပက်ဖြန်းလေရာ "ကျန်းဘ"(Zhang Ba) ၏
မှော်အစွမ်းပျောက်သွားပြီး လေတို့ရပ်သွားကာ ရာသီဥတုလည်း ပုံမှန် ဖြစ်သွားလေသည်။

"ကျန်းဘ"(Zhang Ba) သည် သူ့အစွမ်းကို တန်ပြန်ကာကွယ်နိုင်ကြောင်းသိကာ


စစ်တပ်ပြန်ဆုတ်ရန်ပြင်လေသည်။ သို့သော်လည်း အခါနှောင်းသွားခဲ့ချေပြီ။ သူပုန်တပ်၏
ဘေးဘယ်ညာကို "ကွမ်းယွ"ီ (Guan Yu) နှင့် "ကျန်းဖေး"(Zhang Fei) တို့ က တိုက်သည်။
အနောက်ဘက်ကို "လျူဘေ့"(Liu Bei) နှင့် "ကျူကျွင်း"(Zhu Jun) တို့က တိုက်လေရာ သူပုန်တပ်တို့
အကြီးအကျယ်အရေးနှိမ့်လေသည်။ "လျူဘေ့"(Liu Bei) သည် "ကျန်းဘ"(Zhang Ba) ကို အဝေးမှ
မြားဖြင့် လှမ်းပစ်ရာ "ကျန်းဘ"(Zhang Ba) ၏ လက်ကိုသာ ထိမှန်ခဲ့ပြီး "ကျန်းဘ"(Zhang Ba) သည်
ရန်ချန်မြို့အတွင်းသို့ ဆုတ်ခွာပြီးနောက် မြို့ကို "ကျူကျွင်း"(Zhu Jun) ၏ စစ်တပ်က ဝန်းရံခဲ့လေသည်။

မကြာမီပင် "ဟွမ်ဖူစုန့် "(Huangfu Song) ၏ သတင်းကို ကြားရသည်။ "ဟွမ်ဖူစုန့် "(Huangfu Song)


သည် စစ်ပွဲများတွင်အောင်မြင်ပြီး "တုန်ကျိုး"(Dong Zhuo) မှာမူ အရေးမလှသဖြင့် "တုန်ကျိုး"(Dong
Zhuo) ၏ အာဏာကို "ဟွမ်ဖူစုန့် "(Huangfu Song) ထံ လွှဲအပ်ခြင်း ခံရသည်ဟူ၏ ။
"ဟွမ်ဖူစုန့်"(Huangfu Song) သည် "ကျန်းကျွယ်"(Zhang Jue) ရှိရာ မရောက်ခင်မှာပင်
"ကျန်းကျွယ်"(Zhang Jue) သည် သေဆုံးခဲ့လေပြီ။ "ကျန်းလျန့်"(Zhang Liang) သည် သူ့အစ်ကို၏

17
စစ်တပ်ထံသွားကာ စစ်ကူခဲ့သော်လည်း တိုက်ပွဲခုနှစ်ပွဲဆက်တိုက်နိုင်ခဲ့သော "ဟွမ်ဖူစုန့်"(Huangfu Song)
၏ စစ်တပ်ကို မယှဉ်နိုင်ခဲ့ပေ။ မကြာမီပင် သူပုန်တို့ အရေးနှိမ့်လေသည်။ ချွီရန်တုက
ိပွဲတွင်
"ကျန်းလျန့်"(Zhang Liang) ကျသွားခဲ့သည်။ "ကျန်းကျွယ်"(Zhang Jue) ၏ အလောင်းကို နေပြည်တော်
လော့ရန်ကို ပို့ ပြီးနောက် ခေါင်းကို ဖြတ်ကာ မြို့ပြင်တွင် ပြထားစေ၏ ။ များစွာသော သူပုန်တို့
လက်နက်ချကြသည်။ "ဟွမ်ဖူစုန့် "(Huangfu Song) သည် စစ်ရထားဗိဘိုလ်ချုပ်ရာထူးနှင့်
ကျိကျိုးပြည်နယ်အုပ်ချုပ်သူအဖြစ် ရာထူးတိုးမြင့်ခြင်း ခံခဲ့ရသည်။

"ဟွမ်ဖူစုန့်"(Huangfu Song) သည် သူ့မိတ်ဆွေများအပေါ် မေ့တတ်သူ မဟုတ်ပေ။


တန်ခိုးဩဇာရသည်နှင့် မတရားစွပ်ဆွဲကာ အဖမ်းခံရသော "လုကျီ"(Lu Zhi) အတွက်
အသနားခံစာတင်ပေးခဲ့ပြီး နဂိုရာထူးကို ပြန်ရစေခဲ့သည်။ " ချောင်ချောင်း"(Cao Cao) သည်လည်း
သူ့ထမ်းဆောင်မှုအတွက် ရာထူးတက်ကာ ကျိနန်မြို့စားအဖြစ် ခန့်အပ်ခြင်း ခံရသည်။

ထိုသတင်းများကို ကြားသော် "ကျူကျွင်း"(Zhu Jun) သည် ရန်ချန်မြို့ကို အပြင်းအထန်တုက


ိလေသည်။
သူပုန်တပ်တို့ ပြိုကွဲရန် အရိပ်အရောင်သန်းနေချေပြီ။ ထို့နောက် "ကျန်းဘ"(Zhang Ba) ၏
လက်အောက်ငယ်သားတစ်ဦးဖြစ်သော "ရန်ကျန်း"(Yan Zheng) သည် ကိုယ့်ခေါင်းဆောင်ကိုယ်
သတ်ကာ ခေါင်းကိုဖြတ်ပြီး လက်နက်ချအညံ့ခံလေသည်။ ထိုနေရာတွင် သူပုန်တို့ ကင်းစင်သွားကြောင်းကို
"ကျူကျွင်း"(Zhu Jun) သည် အထက်သို့ သတင်းပို့ ခဲ့သည်။

သို့သော်လည်း အဝါရောင်သူပုန်တို့ သည် အမြစ်မပြတ်သေးပေ။ သူပုန်သုံးဦးဖြစ်သည့်


"ကျောက်ဟုန်"(Zhao Hong) ၊ "ဟန်ကျုံး"(Han Zhong) နှင့် "စွန်းကျုံး"(Sun Zhong) တို့သည်
လူသူအင်အားသုံးသောင်းခန့် စုစည်းကာ "ကျန်းကျွယ်"(Zhang Jue) အတွက် လက်တန
ု့်ပြန်မည်ဟု
ဆိုလျက် ဓားပြတိုက်ခြင်း၊ လူသတ်ခြင်းတို့ ကို လုပ်လေသည်။

18
နန်းတော်မှ "ကျူကျွင်း"(Zhu Jun) ကို ဦးဆောင်စေပြီး သူပုန်တို့ ကို နှိမ်နင်းစေသည်။ "ကျူကျွင်း"(Zhu
Jun) သည် သူပုန်တို့ တပ်စွဲထားသော ဝမ်ချန်မြို့သို့ ချီတက်လေသည်။ "ကျူကျွင်း"(Zhu Jun) နှင့်
"ဟန်ကျုံး"(Han Zhong) တပ်တို့ ထိပ်တိုက်တွေ့လေသည်။ "လျူဘေ့"(Liu Bei) တို့ ညီနောင်သုးံ ဦးကို
မြို့၏ အနောက်တောင်ဘက်ကို တိုကေ
် စပြီး "ကျူကျွင်း"(Zhu Jun) ကမူ မြင်းသည်တော်နှစ်ထောင်ကို
ဦးဆောင်ကာ အခြားတစ်ဖက်မှ ဝင်တိုက်လေသည်။ ထိုအခါ သူပုန်တို့ သည် မြို့ကျတော့မည်အထင်နှင့်
မြို့ထဲသို့ ဝင်ရာ တပ်နှစ်တပ်၏ ကြားပိတည
ှ်ပ်တိုက်ခြင်းခံရလေသည်။ မြို့တွင်း၌
အစာရေစာပြတ်လပ်သော် သူပုန်တို့ သည် လက်နက်ချရန်ကမ်းလှမ်းလာခဲ့သော်လည်း "ကျူကျွင်း"(Zhu
Jun) က ငြင်းပယ်လိုကေ
် လ၏ ။

"လျူဘေ့"(Liu Bei) : "ဟန်မင်းဆက်ကို တည်ထောင်ခဲ့တဲ့ "လျူဘန်း"(Liu Bang) တောင်မှ


လက်နက်ချလာတဲ့ ရန်သူတွေကို ခွင့်လွှတေ
် သးတာ၊ ခင်ဗျားက ဘာကြောင့်ငြင်းလိုက်တာလဲ?"

"ကျူကျွင်း"(Zhu Jun) : "အခြေအနေတွေက မတူတော့ဘူး ၊ အရင်ခေတ်က


နိုင်ငံတွင်းမငြိမ်မသက်ဖြစ်နေပြီး အုပ်ချုပ်မဲ့သူ မရှိဘူး။ ဒါကြောင့် လက်နက်ချရင်လက်ခံခဲ့တာလေ။
အခုတော့ နိုင်ငံက စည်းရုံးနေခဲ့ပြီ၊ ဒီသူပုန်တွေပဲ သောင်းကျန်းနေတာ၊ လက်နက်ကုင
ိသောင်းကျန်းတုန်းက
သောင်းကျန်းပြီး အရေးမလှတော့မှ လက်နက်ချတာကို လက်ခံမယ်ဆို မသင့်လျော်ဘူး"

"လျူဘေ့"(Liu Bei) : "သူပုန်တွေ လက်နက်ချတာကို လက်မခံတာတော့ ထားပါ၊ ဒါပေမယ့် မြို့ကို


အထပ်ထပ်ဝန်းရံထားတာ သူပုန်တွေက အသေခံတိုကမ
် ယ်ဆို အပျက်အစီး၊ အဆုံးအရှုံးများမှာပဲလေ၊
နောက်ပြီး မြို့တွင်းမှာ ပြည်သူလူထုတွေ အများကြီးရှိသေးတယ်။ ကျွန်တော်တို့ဘက်က
မြို့ကိုတစ်ဘက်ကိုပဲ တိုကြ် ပီး ကျန်တဲ့တပ်တွေကို ခဏဆုတ်စေပြီး သူပုန်တွေ တိုကခ
ိုက်လိုစိတ်မရှိပဲ
ထွက်ပြေးတဲ့အထိစောင့်ရင် မကောင်းပေဘူးလား"

"ကျူကျွင်း"(Zhu Jun) သည် ထိုအကြံကို လက်ခံလိုက်လေသည်။ ထို့နောက် ခန့်မှန်းသည့်အတိုင်း


"ဟန်ကျုံး"(Han Zhong) ခေါင်းဆောင်သောသူပုန်တို့ ပြေးကြသည်။ "ဟန်ကျုံး"(Han Zhong)
အသတ်ခံရပြီး သူပုန်တို့ တပ်ကဲသ
ွားလေသည်။ သို့ သော် "ကျောက်ဟုန"် (Zhao Hong) နှင့်
"စွန်းကျုံး"(Sun Zhong) ခေါင်းဆောင်သော သူပုန်တို့ ရောက်လာရာ လက်နက်အင်အားမမျှသဖြင့်
ဘုရင့်တပ် ဆုတေ
် လပြီး သူပုန်တို့ ဝမ်ချန်မြို့ကို သိမ်းလိုက်ပြန်သည်။

"ကျူကျွင်း"(Zhu Jun) သည် မြို့မှ သုံးမိုင်အကွာတွင် စခန်းချကာ သူပုန်တို့ ကို တိုကရ


် န် ပြင်ဆင်သည်။
ထိုအချိန်တွင် အရှေ့ဘက်မှ စစ်ကူတပ်တစ်တပ်ရောက်လာသည်။ ထိုတပ်ကို ဦးဆောင်သူကား

19
မျက်နှာမြင်ကျယ်ကျယ်၊ တုတ်ခိုင်ကြီးမားသော ကိုယ်ခန္ဓာရှိသြူ ဖစ်သည်။ ထိုသူ့ နာမည်ကား
"စွန်းကျန့်"(Sun Jian) ဖြစ်သည်။ ဝူပြည်နယ် ဖူချွန်းမြို့ ဇာတိဖြစ်ပြီး သမိုင်းတွင်နာမည်ကြီးခဲ့သည့်
စစ်သေနာပတိ "ဆွန်ဇု"(Sun Tzu) ၏ မျိုးနွယ်မှ ဆင်းသက်လာသူ ဖြစ်သည်။

"စွန်းကျန့်"(Sun Jian) ဆယ့်ခုနှစ်နှစ်အရွယ် သူ့အဖေနှင့်အတူ ချန်ထန်မြစ်သို့သွားရာ


ပင်လယ်ဓားပြတို့နှင့် တွေ့လေသည်။ ထို့နောက် "စွန်းကျန့်"(Sun Jian) သည် ဓားကိုဆွဲကိုင်ပြီး
ကမ်းစပ်ဘက်သို့ ပြေးသွားကာ ပုန်းအောင်းနေသောသူတို့ကို ခေါ်လေဟန် ဟစ်အော်လေသည်။
ပင်လယ်ဓားပြတို့သည် ကူညီမည့်သူတို့ လာမည်ထင်ကာ ထွက်ပြေးလေ၏ ။ ထို့ အပြင် "စွန်းကျန့်"(Sun
Jian) သည် ပင်လယ်ဓားပြတစ်ဦးကို သတ်လိုကေ
် သးသည်။ ထို့နောက် အမှုထမ်းလုပ်ရန်
ထောက်ခံခြင်းခံရသည်။

ထို့နောက် "စွန်းကျန့်"(Sun Jian) သည် မြို့စား၊ ရွာစားတို့နှင့်ပေါင်းကာ တပ်သားတစ်ထောင်ခန့်


စုစည်းပြီး အင်အားတစ်သောင်းခန့်ရှိသည့် ရွှီချန် တွင် ထကြွသော သူပုန်တို့ ကို နှိမ်နင်းခဲ့လေသည်။
ထို့နောက် အမတ်ဖြစ်သည့် "ကျန်းမင်"(Zhang Min) ၏ "စွန်းကျန့်"(Sun Jian) ၏ လုပ်ဆောင်မှုကို
နန်းတွင်းသို့ လျှောက်တင်လေရာ ရန်တု၊ ရွှီရီ နှင့် ရှဖီတို့ ၏ မြို့စားအဖြစ် ရာထူးတိုးခြင်း ခံရသည်။

အဝါရောင်သူပုန်တို့ ထကြွသောအခါဝယ် "စွန်းကျန့်"(Sun Jian) သည် သူ့ဒေသမှ လူငယ်လူရွယ်တို့ ကို


စုစည်းကာ တပ်သားထောင့်ငါးရာခန့် စုပြီး သူပုန်ထကြွရာ အရပ်သို့ လာကာ
ဘုရင့်တပ်ကိုကူညီခဲ့လေသည်။

"ကျူကျွင်း"(Zhu Jun) သည် "စွန်းကျန့်"(Sun Jian) ကို ကြိုဆိုပြီး ဝမ်ချန်မြို့၏ တောင်တံခါးကို


တိုက်စေသည်။ "လျူဘေ့"(Liu Bei) နှင့် "ကျူကျွင်း"(Zhu Jun) ကမူ မြောက်ဘက်နှင့် အနောက်ဘက်ကို
တစ်ပြိုင်တည်း တိုက်လေသည်။ သို့ သော်အရှေ့တခ
ါံးကိုမူ မတိုကပ
်ဲ သူပုန်တပ်တို့ ထွကေ
် ပြးရန်
လမ်းကြောင်းချန်ထားခဲ့သည်။ "စွန်းကျန့်"(Sun Jian) ဘက်မှ မြို့ကို ပထမဆုံးဖောက်ဝင်နိုင်ခဲ့ပြီး
"စွန်းကျန့်"(Sun Jian) သည် သူ့ဓားဖြင့် သူပုန် နှစ်ဆယ်ခန့်ကို သုတသ
် င်ခဲ့သည်။ သူပုန်ခေါင်းဆောင်
"ကျောက်ဟုန်"(Zhao Hong) သည် မြင်းစီးကာ "စွန်းကျန့်"(Sun Jian) ဘက်သို့ ဦးတည်လာရာ
"စွန်းကျန့်"(Sun Jian) နှင့် ဓားချင်း ယှဉ်ထိုးကြသည်။ "ကျောက်ဟုန်"(Zhao Hong) ကို မြင်းပေါ်မှ
ကျအောင်လုပ်ခဲ့ပြီး "စွန်းကျန့်"(Sun Jian) ထိုမြင်းကို စီးကာ ရန်သူတို့ကို တိုကေ
် လသည်။

သူပုန်တို့ သည် မြောက်ဘက်သို့ပြေးရာ "လျူဘေ့"(Liu Bei) နှင့် တွေ့သော်လည်း မတိုက်ပဲ


ပြေးလေသည်။ "လျူဘေ့"(Liu Bei) သည် မြားဖြင့်ပစ်ရာ ရန်သူ့ ခေါင်းဆောင် "စွန်းကျုံး"(Sun Zhong)
ကို ထိမှန်ပြီး လဲကျသွားလေသည်။ နောက်ဆုံးတွင် သူပုန်တို့ လက်နက်ချလေသည်။ သူပုန်ရန်တို့
ကင်းရှင်းသွားခဲ့လေသည်။

20
"ကျူကျွင်း"(Zhu Jun) သည် မြို့တော် လော့ရန်သို့ ပြန်ရောက်သောအခါ မြင်းပျံတပ်ဗိုလ်ချုပ်
ရာထူးတိုးခံရပြီး ဟဲနန်၏ မြို့စားအဖြစ် ချီးမြှင့်ခြင်းခံရလေသည်။ "ကျူကျွင်း"(Zhu Jun) သည်လည်း
သူတထူး၏ ကျေးဇူးကို မေ့တတ်သူမဟုတ်၊ တိုက်ပွဲအတွင်း "လျူဘေ့"(Liu Bei) နှင့် "စွန်းကျန့်"(Sun Jian)
တို့၏ စွမ်းဆောင်မှုကို ဘုရင့်နားတော်သို့ လျှောက်လေသည်။

"စွန်းကျန့်"(Sun Jian) သည် အဆက်အသွယ်လည်းရှိ၊ ဩဇာရှိသောသူတို့ နှင့် ရင်းနီးလေရကား


မကြာခင်ပင် ချန်ဆားမြို့၏ အုပ်ချုပ်သူအဖြစ် ရာထူးတိုးခြင်းခံရလေသည်။ "လျူဘေ့"(Liu Bei) မှာမူ
"ကျူကျွင်း"(Zhu Jun) မှ ထောက်ခံပေးသော်လည်း အပစားပေးခြင်းမခံရ။

တစ်နေ့သော် "လျူဘေ့"(Liu Bei) သည် နန်းတွင်းအမတ် "ကျန်းကျွင်း"(Zhang Jun) နှင့် တွေ့ရာ


သူ့အဖြစ်ကို ပြောပြလေသည်။ "ကျန်းကျွင်း"(Zhang Jun) သည် တအံ့တဩဖြစ်ကာ ဘုရင့်ထံ
တင်လျှောက်လေသည်။

"အဝါရောင်ခေါင်းစည်းသူပုန်တို့ ထကြွသည်မှာ နန်းတွင်းဝယ် ကုန်းကုန်းတို့ အုပ်ချုပ်မှုအပိုင်းတွင်


ဝင်နှောက်၍ ဖြစ်ရလေသည်၊ ထိုသူတို့ သည် ၎င်းတို့နှင့်ဆက်နွယ်သူတို့ ကိုသာ ချီးမြှောက်ပြီး
ဆန့်ကျင်သတ
ူ့ို ကို ဒဏ်ပေးစေသည်၊ သို့ဖြစ်၍ ထိုကုန်းကုန်း ဆယ်ဦးတို့ကို သေဒဏ်ချမှတ်ပြီး
ချီးမြှောက်ထိုကသ
်ူတို့ ကို ချီးမြှောက်ပါမှ တိုင်းပြည်အမှန်တကယ် တည်ငြိမ်နိုင်ပေလိမ့်မည်။"

ထိုအခါ ကုန်းကုန်းတို့သည် အပြင်းအထန်ဆန့်ကျင်ပြီး "ကျန်းကျွင်း"(Zhang Jun) သည် ဘုရင်ကို


အာခံသည်ဟုဆိုကာ အစောင့်တပ်သားတို့ကို ခေါ်ပြီး "ကျန်းကျွင်း"(Zhang Jun) ကို အပြင်ဘက်သို့
ဆွဲထုတ်သွားစေခဲ့သည်။ ထို့နောက် ကုန်းကုန်းတို့သည် အစည်းအဝေးလုပ်ကာ တစ်ဦးမှ "သူပုန်တွေကို
နှိမ်နင်းတဲ့နေရာမှာ ပါဝင်ခဲ့ပြီး ချီးမြောက်မှု မရဘူးဆိုရင် မကျေမနပ်ဖြစ်ကြမှာပဲ" ဟုပြောလိုက်ရာ

အရေးအရာမရောက်သောသူတို့ ကို ရာထူးတိုးပေးရန် စာရင်းလုပ်လေသည်။ ထိုစာရင်းထဲတွင်


"လျူဘေ့"(Liu Bei) လည်း ပါဝင်ခဲ့သည်။ "လျူဘေ့"(Liu Bei) ကို အန်ရှီးမြို့၏ မြို့စားအဖြစ်ခန့်အပ်ခြင်း
ခံရသည်။ ထိုအခါ "လျူဘေ့"(Liu Bei) သည် လူအယောက် နှစ်ဆယ်ကျော်လောက်သာ ချန်ထားပြီး
သူစုဆောင်းထားသော စစ်သားတို့ကို ကိုယ့ရ
် ပ်ကိုယ့်ရွာသို့ ပြန်စေခဲ့သည်။

ညီအကိုသုံးဦးတို့ သည် တိတြ် ငိမ်အေးဆေးသောအန်ရှီးတွင် နေကြကာ အေးချမ်းသော ဘဝကို


ဖြတ်သန်းခဲ့လေသည်။ လေးလကြာသော် နန်းတော်မှ လူလတ
ွှ်ကာ မြို့စား၊ ရွာစားတို့၏ အုပ်ချုပ်မှုကို
လိုက်လံ စစ်ဆေးစေသည်။ အချို့သော မြို့စားတို့ ရာထူးချခံရလေသည်။ ထိုအခြင်းအရာကို ကြားသော်
"လျူဘေ့"(Liu Bei) သည် ထိုရာထူးကျမည့်အထဲ ပါလေမလားဟု စိုးရိမ်လေသည်။ မကြာမီပင်

21
"တုပျောင်း"(Du Biao) ဟူသော စစ်ဆေးရေးအရာရှိသည် အန်းရှီသို့ ရောက်လာသည်။ ထိုသူကို
"လျူဘေ့"(Liu Bei) သွားကြိုဆိုရာ ထိုသူသည် မြင်းပေါ်မှ မဆင်း၊ ကြာပွတ်ကို ကိုင်ကာ ဝှေ့ရမ်းလေသည်။
ထိုအခါ "ကွမ်းယွ"ီ (Guan Yu) နှင့် "ကျန်းဖေး"(Zhang Fei) တို့ အပြင်းအထန် ဒေါသထွကေ
် လသည်။

ထို့နောက် "တုပျောင်း"(Du Biao) သည် ထိုင်ခုံတွင် ထိုင်ပြီး "လျူဘေ့"(Liu Bei) ကို ရပ်ထားစေကာ
အချိန်အတန်ကြာမှ စကားစလေသည်။

"တုပျောင်း"(Du Biao) : "မြို့စားက ဘယ်ဇာတိ၊ ဘယ်မျိုးနွယ်ကလဲ?"

"လျူဘေ့"(Liu Bei) : "ကျွန်တော်က ကျုံးရှန်းက မင်းသားရှန်ရဲ့ မျိုးနွယ်က ဆင်းသက်လာသူဖြစ်ပါတယ်၊


သူပုန်တွေတော်လှန်တဲ့အချိန်မှာ ကျိုးပြည်နယ်အတွင်း တိုက်ပွဲသုံးဆယ်မှာ ပါဝင်ခဲ့ပြီး
စစ်မှုထမ်းခဲ့တဲ့အတွက် ဒီမြို့မှာ အုပ်ချုပ်သူအနေနဲ့ ချီးမြောက်ခြင်း ခံခဲ့ရပါတယ်"

"တုပျောင်း"(Du Biao) : ခင်ဗျား မျိုးရိုးအကြောင်းကော၊ တိုက်ပွဲမှာ ပါခဲ့တာကော လိမ်ပြောတာပဲ ဖြစ်မှာ၊


နန်းတွင်းက ခင်ဗျားလို မျိုးရိုးနိမ့်တဲ့လူတွေကို ရာထူးထုတ်ဖို့ ကျုပ်ကို လွှတ်လုက
ိတာ"

"လျူဘေ့"(Liu Bei) သည် တစ်ဦးတည်း မကျေမနပ်ရေရွတ်ကာ လက်အောက်ငယ်သားတို့ကို


ခေါ်ကာတိုင်ပင်လေသည်။ လက်အောက်ငယ်သားတို့ က "ဒါက စစ်ဆေးရေးအရာရှိက
တန်စိုးလက်ဆောင်လုခ
ျိင်လို့ ပြောတာ" ဟုဆိုကြလေလျှင်

"လျူဘေ့"(Liu Bei) : "ကျုပ် လူတစ်ဦးတစ်ယောက်ဆီကမှ မတရားသဖြင့် ငွေမယူခဲ့ဖူးဘူး၊ ဘယ်လိုလုပ်


လာဘ်ထိုးဖို့ ပိုကဆ
်ံရှိနိုင်မှာလဲ?"

22
နောက်တစ်ရက်တွင် အခန်းတစ်ခန်းဝယ် စစ်ဆေးရေးအရာရှိသည် လက်အောက်ငယ်သားအမှုထမ်းတို့ကို
ခေါ်စေကာ သူတို့သခင်သည် ပြည်သူလူထုကို နှိပ်စက်ကြောင်း ဝန်ခံစေသည်။ "လျူဘေ့"(Liu Bei) သည်
ထိုအခန်းသို့ဝင်ကာ ဖြေရှင်းရန် ကြိုးစားသော်လည်း တံခါးစောင့်တို့ က ပေးမဝင်ချေ။

ထိုအချိန်ဝယ် "ကျန်းဖေး"(Zhang Fei) သည် စိတ်ညစ်ညစ်နှင့်အရက်သောက်ကာ ရေချိန်ကိုက်နေသည်။


ထို့နောက် မြင်းစီးပြီး စစ်ဆေးရေးအရာရှိ တည်းခိုရာနေရာနားဝယ် လူအိုတချို့ ငိုယိုနေသည်ကို တွေ့ပြီး
အကြောင်းအရင်းကို မေးရာ စစ်ဆေးရေးအရာရှိသည် ဝန်ထမ်းအချို့ကို ခေါ်ပြီး "လျူဘေ့"(Liu Bei) သည်
မြို့ကို တရားသဖြင့် မအုပ်ချုပ်ပါ ဟု အဓမ္မဝန်ခံစေသည်ကို မိမိတို့ က လာ၍အသနားခံသည်ကို
အထဲသို့ပေးမဝင်၊ တံခါးစောင့်မှ ရိုက်နှက်ခြင်းကို ခံရသဖြင့် ငိုယိုရခြင်းဖြစ်သည်ဟု ဖြေလေသည်။

ထိုအခါ "ကျန်းဖေး"(Zhang Fei) သည် အလွန်အမင်းဒေါပွကာ မျက်လုံးများပြူးပြီး အံကြို ကိတ်ကာ


တံခါးစောင့်တို့ ကို တွန်းဖယ်လျက်အခန်းထဲသို့ ဝင်သွားလေသည်။ အခန်းထဲတွင် စစ်ဆေးရေးအရာရှိ
"တုပျောင်း"(Du Biao) သည် ခုံပေါ်တွင်အခန့်သားထိုင်နေပြီး အောက်တွင် အမှုထမ်းအချို့
ဒူးထောက်နေသည်ကို တွေ့လိုက်ရသည်။

"ကျန်းဖေး"(Zhang Fei) : "လူတွေကို နှိပ်စက်တဲ့ ဓားပြ၊ မင်း ငါဘာလဲသိလား?"

စစ်ဆေးရေးအရာရှိ ဘာမှပြန်မပြောနိုင်ခင် "ကျန်းဖေး"(Zhang Fei) သည် ထိုသူ၏ ဆံပင်ကိုဆွဲကာ


အပြင်ဘက်သို့ ခေါ်သွားပြီး တိုင်တစ်တိုင်တွင်ချည်၍ ကြိုးတုပ်ပြီး ကြိမ်ဖြင့်ရိုကေ
် လသည်။

"လျူဘေ့"(Liu Bei) သည် စိတ်ပျက်ပျက်နှင့်တစ်ယောက်တည်း ထိုင်နေရာ အပြင်မှ အော်သံကြား၍


ဘာဖြစ်သလဲဟု မေးရာ "ကျန်းဖေး"(Zhang Fei) သည် လူတစ်ယောက်ကို ချည်နှောင်ကာ
ရိုကေ
် နခြင်းဖြစ်ကြောင်းပြောကြသဖြင့် အပြင်သို့ အလျင်အမြန်ထွက်သွားပြီး "ကျန်းဖေး"(Zhang Fei) ကို
အဘယ်ကြောင့် ထိုသို့ ပြုမူသနည်းဟု မေး၏ ။

"ကျန်းဖေး"(Zhang Fei) : "ဒီလုလ


ိုမျိုးကို သေအောင် မရိုက်လို့ ဘာလုပ်ရမှာလဲ?"

"တုပျောင်း"(Du Biao) : "ကျေးဇူးရှင်ကြီး၊ ကျွန်တော့ကို ကယ်ပါခင်ဗျာ"

"လျူဘေ့"(Liu Bei) သည် နဂိုကပင် သနားကြင်နာတတ်သူ ဖြစ်သည့်အလျောက် ထိုအရာရှိကို


လွှတ်ခိုင်းစေသည်။ ထိုအချိန်တွင် "ကွမ်းယွ"ီ (Guan Yu) ရောက်လာကာ

"ကွမ်းယွ"ီ (Guan Yu) : "အစ်ကိုကြီးက တိုက်ပွဲမှာ စွမ်းစွမ်းတမံနဲ့ ဂုဏ်ထူး ဆောင်ခဲ့တာတောင်


ဒီလိုရာထူးလေးပဲရတဲ့အပြင် ဒီလုေ
ိ ကာင်မျိုးရဲ့ အဆော်ကားခံရသေးတယ်၊ ဒီလိုရှုပ်ပွပေတေတဲ့ ချုံပုတ်ဟာ
ဇာမဏီငှက်နဲ့ မတန်ပါဘူး၊ ဒီလူကိုသတ်ပြီးတော့ ကျွန်တော်တို့ ကိုယ့်ဒေသကိုယ် ပြန်ပြီး
အခွင့်ကောင်းအခါကောင်းကို စောင့်ကြရအောင်"

23
"လျူဘေ့"(Liu Bei) သည် စစ်ဆေးရေးအရာရှိ၏ တံဆိပ်တုံးကို လည်ပင်းတွင်ဆဲေ
ွ စပြီး "အကယ်၍
ခင်ဗျားဟာ ပြည်သူတွေကို အန္တရာယ်ပေးမယ်ဆိုရင် ခင်ဗျားကို တကယ်လာသတ်မယ်၊ အခုတော့
ခင်ဗျားအသက်ကို ချမ်းသာပေးလိုက်မယ်၊ ခင်ဗျား တံဆိပ်တုံးကိုလည်း ပြန်ယသ
ွူား၊ ကျုပ်တို့လည်း
သွားတော့မယ်"

ထို့နောက် စစ်ဆေးရေးအရာရှိသည် တင်ကျိုးမြို့စားထံသွားကာ တိုင်တန်းလေသည်။ ထို့နောက်


"လျူဘေ့"(Liu Bei) တို့ညီနောင်သုံးဦးကို ဖမ်းဝရမ်းထုတ်လိုက်သည်။ ထိုအချိန်ဝယ် "လျူဘေ့"(Liu Bei)
တို့သည် တိုကက
်ျိုးသို့ သွားပြီး "လျူဟူ"(Liu Hu) ဆီတွင် ခိုလှုံနေခဲ့သည်။

ထိုအချိန်ဝယ် ကုန်းကုန်းဆယ်ဦးတို့သည် အရာအားလုံးကို ချုပ်ကိုင်ထားခဲ့ပြီ။ သူတို့ အပေါင်းအပါတို့ကို


ရာထူးတိုး မြောက်စားပြီး ဆန့်ကျင်သူတို့ ကို ရာထူးထုတ်စေသည်။ ထိုရာထူးပြုတ်သောအထဲဝယ်
စစ်သြူ ကီးနှစ်ဦးဖြစ်သော "ဟွမ်ဖူစုန့် "(Huangfu Song) နှင့် "ကျူကျွင်း"(Zhu Jun) တို့သည်လည်း
ပါသွားခဲ့သည်။ ကုန်းကုန်းထဲတွင် " ကျောက်ကျုံး"(Zhao Zhong) သည်
မြင်းပျံတပ်ဗိုလ်ချုပ်ရာထူးပေးအပ်ခြင်းခံရပြီး "ကျန်းရန်"(Zhang Rang) သည် နေပြည်တော်တွင်
လယ်ကွက်အများဆုံးပိုင်ဆိုင်သူ ဖြစ်ခဲ့သည်။ အုပ်ချုပ်မှုယန္တယားလည်း တဖြည်းဖြည်း
ယိုင်နဲ့လာလေသည်။

ချန်ဆားတွင် "အိုရှင်း"(Ou Xing) ကလည်းကောင်း၊ ယွီရန်တင


ွ် "ကျန်းကျွ"ီ (Zhang Ju) နှင့်
"ကျန်းချွန်း"(Zhang Chun) တို့ ကလည်းကောင်း အသီးသီး ပုန်ကန်ကြလေသည်။
ပုန်ကန်မှုသတင်းတို့ သည် ဆောင်းရာသီတွင်ကျသော နှင်းပွင့်အလား များလာခဲ့သော်လည်း
ကုန်းကုန်းတို့သည် ထိမ်ချန်ထားခဲ့သည်။ တစ်နေ့သော် ဧကရာဇ်သည် ဥယာဉ်တော်ဝယ်
ကုန်းကုန်းတို့နှင့် ပျော်ပွဲရွှင်ပွဲကျင်းပနေရာ နန်းရင်းဝန် "လျူထောင်"(Liu Tao) ညှိုးငယ်စွာဖြင့်
ရောက်လာရာ ဘုရင်မှ ဘာဖြစ်သနည်းဟု မေးလေသည်။

"လျူထောင်"(Liu Tao) : "အရှင်မင်းကြီး၊ တိုင်းပြည်ဟာ ရုန်းရင်းဆန်ခတ် ဖြစ်နေတဲ့အချိန်မှာ


ဘယ်လိုလို့များ ပျော်ပွဲရွှင်ပွဲ ကျင်းပနေနိုင်ရတာလည်း?"

"ဘုရင်" : "အကုန်ကောင်းတယ်ဆို၊ ဘာများ ဖြစ်နေလို့လဲ?"

"လျူထောင်"(Liu Tao) : "နေရာတိုင်းမှာ သူခိုးဓားပြတွေပေါ်နေပြီး မြို့ထဲမှာ သောင်းကျန်းနေကြပြီ။


ဒါတွေအကုန်လုံးဟာ တိုင်းပြည်ကို ရောင်းစား၊ ပြည်သေ
ူ တွကို ဒုက္ခြ ဖစ်အောင်လုပ်၊
သစ္စာစောင့်သိတဲ့အမှုထမ်းတွေကို ဖိနှိပ်ပြီး အထက်ကို လိမ်ညာနေတဲ့ ကုန်းကုန်းတွေကြောင့်ပဲ၊ အခုဆို

24
အရာရှိ၊အရာထမ်းကောင်းတွေ မကျန်တော့ဘူး၊ အုပ်ချုပ်မှုကလည်း လှစ်ဟင်းနေခဲ့ပြီ။
ကံဆိုးမိုးမှောင်ကျမှုက ကျွန်တော်တို့မျက်လုံးရှေ့မှာပဲ"

ထိုအခါ ကုန်းကုန်းတို့သည် ဦးထုပ်တို့ ကို ချွတ်ကာ ဘုရင့်ခြေဖဝါးအောက်တွင် ပြားပြားမှောက်လျက်


"ဝန်မင်း "လျူထောင်"(Liu Tao) က ကျွန်တော်မျိုးတို့ ကို မကြည်ဖြူဘူး၊
ကျွန်တော်တို့အသက်ကိုချမ်းသာပေးပါ၊ ကိုယ့်လယ်ကွက်ကိုယ် ပြန်သွားပါတော့မယ်၊
ကျွန်တော်တို့ငွေထဲက စစ်သုံးစရိတေ
် တွ လှူပေးပါ့မယ်" ဟုဆိုလေသည်။

ထိုအခါ ဘုရင်သည် ဒေါသဖြင့် "လျူထောင်"(Liu Tao) ဘက်သို့ လှည့်ကာ "မောင်မင်းမှာလည်း


လက်အောက်ငယ်သားတွေရှိတာပဲ၊ ငါ့လက်အောက်ငယ်သားတွေကို ဘာလို့ သည်းမခံနိုင်ရတာလဲ?"
ဟုဆိုပြီး အစောင့်တို့ကိုခေါ်ကာ "လျူထောင်"(Liu Tao) ကိုဆွဲပြီး သတ်ရန်အမိန့်ပေးလိုက်သည်။

ထိုအချိန်တွင် "ဘုရင်မင်းမြတ်နဲ့ စကားပြောပြီးတဲ့အချိန်ထေ


ိ စာင့်ကြဦး"
ဟူသောအသံတစ်သံပေါ်ထွကလ
်ာပြီး လူတစ်ယောက်ဝင်လာလေသည်။ ထိုသူသည်ကား အတွင်းဝန်
"ချန်တန်"(Chen Dan) ဖြစ်သည်။

"ချန်တန်"(Chen Dan) : "အရှင်မင်းကြီး၊ ဘာအပြစ်နဲ့ "လျူထောင်"(Liu Tao) ကို သေဒဏ်ပေးမှာလဲ?

ဘုရင်: "သူက ငါကိုယ်တော်ရဲ့ အမှုထမ်းတွေကို မကောင်းပြောတဲ့အပြင် ငါကိုယ်တော်ကိုလည်း


ဆော်ကားခဲ့တယ်"

"ချန်တန်"(Chen Dan) : "အရှင်မင်းကြီး၊ ဖြစ်နိုင်မယ်ဆိုရင် တစ်နိုင်ငံလုံးကလူတွေက ကုန်းကုန်းတွေကို


အစိမ်းစားချင်လောက်အောင် မုန်းကြတယ်၊ ဒါတောင် အရှင်မင်းကြီးက သူတို့ က မိဘအနေနဲ့
ဆက်ဆံတယ်။ နောက်ပြီး ကုန်းကုန်း "ဖုန်းရွှီ"(Feng Xu) ဟာ အဝါရောင်သူပုန်တွေနဲ့
အလိုတူကြံရာပါတွေ၊ ဒီကိစ္စကို မစုံစမ်းရင် တိုင်းပြည်ပျက်စီးလိမ့်မယ်"

ဘုရင်: " "ဖုန်းရွှ"ီ (Feng Xu) နဲ့ ပတ်သတ်ပြီး သက်သေမရှိဘူး။ မောင်မင်းဆိုလိုချင်တာက


ကုန်းကုန်းဆယ်ဦးထဲမှာ သစ္စာရှိတဲ့လတ
ူ စ်ယောက်မှ မရှိဘူးတဲ့လား?"

"ချန်တန်"(Chen Dan) သည် ရာဇပလ္လ္လင်ခြေရင်းကို ခေါင်းဖြင့်တိုက်ကာ မရွေ့ပဲ နေလေသည်။ ထိုအခါ


ဘုရင်မှ "ချန်တန်"(Chen Dan) နဲ့ "လျူထောင်"(Liu Tao) တို့ကို ဆွဲခေါ်သွားစေကာ
အချုပ်ချထားစေသည်။ ထိုညဝယ် ထိုသန
ှူစ်ဦးအသတ်ခံခဲ့ရသည်။

25
ကုန်းကုန်းတို့သည် ချန်ဆားတွင်ရှိသော "စွန်းကျန့်"(Sun Jian) အား "အိုရှင်း"(Ou Xing)
ခေါင်းဆောင်သော သူပုန်တို့ကို နှိမ်နင်းစေသည်။ နှစ်လအတွင်း၌ပင် "စွန်းကျန့်"(Sun Jian) သည်
သူပုန်တို့ ကို အောင်နိုင်ပြီး ဝူချန်မြို့စားအဖြစ် ခန့်အပ်ခြင်းခံရသည်။

ထို့အပြင် ယိုကျိုးမှ "လျူယွီ"(Liu Yu) သည် "ကျန်းကျွ"ီ (Zhang Ju) နှင့် "ကျန်းချွန်း"(Zhang Chun)
ခေါင်းဆောင်သော သူပုန်တို့ကို တိုကရ
် န် ပြင်ဆင်သည်။ တိုက်ကျိုးမှ "လျူဟူ"(Liu Hu) သည်
"လျူယွ"ီ (Liu Yu) ထံ "လျူဘေ့"(Liu Bei) ကို မိတ်ဆက်ပေးသည်။ "လျူယွီ"(Liu Yu) သည်
"လျူဘေ့"(Liu Bei) ကို စစ်ဗိုလ်အနေနှင့်ခန့်အပ်ပြီး ရန်သတ
ူ့ို ကို နှိမ်နင်းစေသည်။ "ကျန်းချွန်း"(Zhang
Chun) သည် ရက်စက်သူဖြစ်သဖြင့် သူ့လက်အောက်ငယ်သားတို့ မခံနိုင်ပဲ သူ့ကိုသတ်ကာ ဘုရင့်တပ်ထံ
အညံ့ခံလေသည်။ ထို့နောက် "ကျန်းကျွ"ီ (Zhang Ju) လည်း စစ်ရှုံးပြီး ကိုယ့်ကိုယ်ကို
သတ်သေသွားခဲ့သည်။

ယွီရန်တွင် သူပုန်တို့ ကင်းစင်သွားရာ "လျူဘေ့"(Liu Bei) ၏ စွမ်းဆောင်ချက်တို့ကြောင့်


ရာဇဝတ်သားအဖြစ်မှ ကင်းလွှတ်ခွင့်ရသွားကာ ရှမီ၏ အုပ်ချုပ်သူအဖြစ် ခန့်အပ်ခြင်းခံရသည်။ ထို့ နောက်
"ကုန်းစွန်းကျန့်"(Gongsun Zan) သည် "လျူဘေ့"(Liu Bei) ကို ထောက်ခံပေးသဖြင့် ဖင်ယွမ(် Pingyuan)
မြို့စားအဖြစ် ရာထူးတိုးခြင်းခံရလေသည်။ ထိုမြို့သည် အလွန်စည်ပင်သာယာသောမြို့ ဖြစ်လေသည်။
"လျူယွ"ီ (Liu Yu) သည်လည်း ဗိုလ်ချုပ်အဖြစ် ရာထူးတိုးခြင်း ခံခဲ့ရသည်။

အေဒီ ၁၈၉ တွင် ဧကရာဇ် "လင်း"(Ling) သည် မကျန်းမမာ ဖြစ်ကာ "ဟဲကျင်း"(He Jin)
ကိုဆင့်ခေါ်စေသည်။ "ဟဲကျင်း"(He Jin) သည် သာမန် သားသတ်သမားမိသားစုလေးမှ
ဆင်းသက်လာသူဖြစ်သည်။ နောက်ပိုင်းတွင် သူ့ညီမသည် မိဖုရားဖြစ်လာခဲ့ပြီး "လျူပျန်း"(Liu Bian)
ဟုမည်သော သားတစ်ဦး ထွန်းကားလေသည်။ နောက်ပိုင်းတွင် "ဟဲ"(He) မိဖုရားကြီးဖြစ်လာခဲ့ပြီး
အစ်ကြို ဖစ်သူ "ဟဲကျင်း"(He Jin) သည်လည်း စစ်တပ်ရာထူးတွင်အမြင့်ဆုံးဖြစ်သည့်
စစ်ဗိုလ်ချုပ်သေနာပတိ ဖြစ်လာလေသည်။

ထို့အပြင် ဘုရင်သည် အင်မတန်ချောမောလှပသော "ဝမ်"(Wang) မျိုးရိုးရှိသည့် အမျိုးသမီးကို


ကြိုက်ခဲ့ဖူးလေသည်။ ထိုအမျိုးသမီးမှ "လျူရှန်း"(Liu Xian) ဟူသော သားတစ်ဦးဖွားမြင်သည်။ "ဟဲ"(He)
မိဖုရားကြီးသည် ထိုအမျိုးသမီးကို မနာလိုဖြစ်ကာ အဆိပ်ခတ်သတ်ခဲ့လေသည်။ ကျန်ရစ်ခဲ့သောကလေးကို
ဘုရင့်မယ်တော်ဖြစ်သော "တုန်း"(Dong) မိဖုရားက စောင့်ရှောက်ခဲ့လေသည်။

"တုန်း"(Dong) မိဖုရား သည် သူစောင့်ရှောက်လာခဲ့သည့် "လျူရှန်း"(Liu Xian) ကို ပစားပေးပြီး


အိမ်ရှေ့မင်းသားအဖြစ်ထားရန် သူ့သားကို တိုက်တွန်းသည်။ ဘုရင်သည်လည်း ထိုကလေးကို
အင်မတန်ချစ်ကာ ရာထူးဆက်ခံစေလိုသည်။ သို့သော်လည်း "ကျန်းဆော်"(Jian Suo) ကုန်းကုန်းသည် "
"လျူရှန်း"(Liu Xian) ကို နန်းတင်မယ်ဆိုရင် "ဟဲကျင်း"(He Jin) ကို သတ်မှရမယ်" ဟု ပြောလေသည်။

26
ဘုရင်သည် အနောက်ပန်းခြံရှိ အစောင့်တပ်ရှစ်ဖွဲ့ တို့ ကို "ကျန်းဆော်"(Jian Suo) အား ဦးဆောင်စေကာ
"လျူပျန်း"(Liu Bian) ကိုထောက်ခံသူတို့ကို စုံစမ်းစေသည်။ ထို့နောက် "ဟဲကျင်း"(He Jin) အား
နန်းတော်ထဲသို့ ဆင့်ခေါ်စေသည်။ သို့သော် "ဟဲကျင်း"(He Jin) မရောက်ခင်၌ပင် ဘုရင်
နတ်ရွာစံလေသည်။

"ဟဲကျင်း"(He Jin) သည် နန်းတွင်းဂိတ်ပေါက်သို့ရောက်သော် စစ်သူကြီးဖြစ်သော "ဖန်ရင်"(Pan Yin) က


"ဒါက ခင်ဗျားကို ရှင်းဖို့ ကုန်းကုန်း "ကျန်းဆော်"(Jian Shuo) ရဲ့အကြံဖြစ်နိုင်တယ်" ဟုသတိပေးလိုက်ရာ
"ဟဲကျင်း"(He Jin) သည် သူနေရာ အိမ်သို့ ပြန်ပြီး သူ့ဘက်ပါမည့် ဝန်ထမ်းတို့ကို ခေါ်စေလျက်
ကုန်းကုန်းတို့ကို ဘယ်နည်းဘယ်ပုံဖြင့် ရှင်းရမည်ကို တိုင်ပင်ကြလေသည်။

ထိုအထဲတွင် လူတစ်ဦးသည် ထိုအကြံကို ဆန့်ကျင်ပြီးပြောလိုက်လေသည်။

"နန်းတော်ထဲမှာ ကုန်းကုန်းတွေ ဩဇာရှိလာခဲ့တာ "ချုံး"(Chong) ဘုရင်နဲ့ "ကျီ"(Zhi)


ဘုရင်လက်ထက်ထဲကဆို နှစ်ပေါင်းတစ်ရာကျော်ခဲ့ပြီ။ ကျွန်တော်တို့က ဘယ်လိုများဖြေရှင်းနိုင်မှာလဲ?
ဒီလိုတိတ်တဆိတ်အစည်းအဝေးလုပ်တာတောင် သူတို့ မသိအောင် ဖုံးဖိထားနိုင်မှ တော်ကာကျမယ်၊
နို့ မို့ဆို အပေါင်းအပါတွေရဲ့ တစ်မိသားစုလုံးအသတ်ခံရနိုင်တယ်"

"ဟဲကျင်း"(He Jin) သည် ထိုအသံထွက်လာရာသို့ ကြည့်လေရာ ပြောသူမှာ "ချောင်ချောင်း"(Cao Cao)


ဖြစ်နေသည်ကို တွေ့ရသည်။

ထိုအခါ "ဟဲကျင်း"(He Jin) သည် အလွန်ဒေါသထွက်ပြီး

"မင်းလိုလူမျိုးက အုပ်ချုပ်မှုအကြောင်း ဘာနားလည်လို့ လဲ" ဟုပြန်ပြောလေသည်။

ထိုသို့ ရှုပ်ထွေးနေချိန်ဝယ် "ဖန်ရင်"(Pan Yin) က

"ဘုရင် နတ်ရွာစံသွားခဲ့ပြီ။ ကုန်းကုန်းတွေက ဒါကိုလျှို့ဝှက်ထားကြတာ၊ နောက်ပြီး


ဘုရင့်အမိန့်စာအတုလုပ်ပြီး စစ်သေနာပတိကို နန်းတွင်းထဲကို ခေါ်ပြီး လုပ်ကြံပြီးတော့ "ရှန်"(Xian)
မင်းသားကို နန်းတင်ဖို့ ပြင်နေကြတာ"

ထိုအချိန်တွင်ပင် နန်းတွင်းမှာ "ဟဲကျင်း"(He Jin) ကို အခေါ်လွှတ်သော စာထပ်ရောက်လာလေသည်။

"ချောင်ချောင်း"(Cao Cao) : "ခုလက်ရှိပြဿနာက ဘယ်သူ့ကို နန်းတင်မလဲဆိုတာပဲ၊ ကျန်တဲ့


သစ္စာဖောက်တွေကိစ္စကို နောက်မှ ရှင်းလို့ ရတယ်"

"ဟဲကျင်း"(He Jin) : "ဘယ်သူတွေ ကျုပ်ကို ထောက်ခံပြီး "လျူပျန်း"(Liu Bian) မင်းသားကို


နန်းတင်မလဲ?"

ထိုအခါ အတွင်းဝန်ဟောင်း "ယွမ်ဖုံး"(Yuan Feng) ၏ သားဖြစ်သော စစ်သူကြီး "ယွမ်ရှောက်"(Yuan


Shao) မှ

27
"ကျွန်တော့်ကို စစ်သား ငါးထောင်သာပေးပါ၊ အဲ့စစ်သားတွေကို ဦးဆောင်ပြီး နန်းတော်ထဲဝင်ပြီးတော့
မှန်ကန်တဲ့မင်းသားကို ဘုရင်အဖြစ်တင်မြှောက်၊ ကုန်းကုန်းတွေကို ရှင်းပြီး အစိုးရအဖွဲ့ သန့်ရှင်းသွားအောင်
လုပ်မယ်၊ ဒါမှ တိုင်းပြည်လဲ အေးချမ်းမှာ" ဟု ပြောလေသည်။

"ဟဲကျင်း"(He Jin) သည် "ယွမ်ရှောက်"(Yuan Shao) အား နန်းတွင်းအစောင့်တပ် ငါးထောင်ကို


ဦးဆောင်စေပြီး "ဟဲယုံ"(He Yong) ၊ "ရွှန်းယွီ"(Xun Yu) ၊ "ကျန့်ထိုင"် (Zheng Tai)
စသောအမတ်တို့အပြင် အခြားသော မှူးကြီးမတ်ရာ သုံးဆယ်ကျော်နှင့်အတူ နန်းတွင်းသို့ ဝင်လေသည်။

နန်းတော်ထဲသို့ ရောက်ပြီးနောက် သူတို့ သည် နတ်ရွာစံသွားသော ဘုရင်ဟောင်းကို


အခေါင်းထဲသို့တွင်းကာ "လျူပျန်း"(Liu Bian) ကို နန်းတင်လေသည်။ ဘိသိက်ခံပြီးနောက်ဝယ်
"ယွမ်ရှောက်"(Yuan Shao) သည် ကုန်းကုန်း "ကျန်းဆော်"(Jian Suo) ကို ဖမ်းဆီးရန် ရှာဖွေလေသည်။
"ကျန်းဆော်"(Jian Suo) သည် ကြောက်လန့်ကာ ဥယျာဉ်တော်အတွင်းရှိ အပင်ငယ်ကြားတွင်
ပုန်းအောင်းနေသည်။ သို့သော်လည်း ကုန်းကုန်း ဆယ်ဦးထဲမှ တစ်ဦးဖြစ်သော "ကောက်ရှန်း"(Gao
Sheng) က တွေ့ပြီး သတ်လုက
ိလေသည်။ "ကျန်းဆော်(Jian Suo) လက်အောက်ရှိ
အစောင့်တပ်များလည်း လက်နက်ချကုန်သည်။

"ယွမ်ရှောက်"(Yuan Shao) မှ "ကုန်းကုန်းအဖွဲ့တွေ ပြိုကွဲကုန်ပြီ၊ ဒီအချိန်ဟာ တခြားကုန်းကုန်းတွေကိုပါ


ရှင်းဖို့ အသင့်တော်ဆုံး အချိန်ပဲ" ဟု ပြောလေသည်။

"ကျန်းရန်"(Zhang Rang) အပါအဝင် အခြား ကုန်းကုန်းတို့သည် မိမိတို့ အန္တရာယ်ကျတော့မည်ကို


သိမြင်သဖြင့် "ဟဲ"(He) မိဖုရားထံ အပြေးသွားကာ

"မိဖုရားကြီးရဲ့ အစ်ကိုကို သတ်ဖို့ ကြံစည်တဲ့သူဟာ "ကျန်းဆော်"(Jian Suo) တစ်ဦးတည်းပါ၊


ကျွန်တော်မျိုးတို့ မပါပါဘူး၊ အခု "ယွမ်ရှောက်"(Yuan Shao) ရဲ့အကြံကြောင့် သေနာပတိကြီးက
ကျွန်တော်မျိုးတို့ ကို သတ်ဖို့ လုပ်နေပါပြီ၊ ကယ်တော်မူပါ" ဟု တောင်းပန်လေသည်။

မကြာသေးမီကပင် သားဖြစ်သူ ဘုရင်ဖြစ်လာသော "ဟဲ"(He) မိဖုရားသည် ကုန်းကုန်းတို့ကို ကာကွယ်ရန်


ကတိပေးလိုက်ကာ "ဟဲကျင်း"(He Jin) ကို ခေါ်စေပြီး

"အစ်ကိုနဲ့ ကျွန်မဟာ မျိုးရိုးနှိမ့်တဲ့ မိသားစုက ဆင်းသက်လာခဲ့တာ၊ ကုန်းကုန်းတွေရဲ့ ကျေးဇူး အများကြီး


ရှိခဲ့တယ်၊ "ကျန်းဆော်"(Jian Suo) က သေသွားခဲ့ပြီပဲလေ၊ တခြားမဆိုင်တဲ့သူတွေကိုပါ
သတ်ဦးမလို့ လား?" ဟု ဆိုလေလျှင် "ဟဲကျင်း"(He Jin) ကလည်း မသတ်ပါဟု
ခံဝန်ကတိပေးလိုက်လေသည်။

28
ထို့နောက် "ဟဲကျင်း"(He Jin) သည် သူ့လက်အောက်ငယ်သားတို့ကို

"နန်းတွင်းသစ္စာဖောက် "ကျန်းဆော်"(Jian Suo) ဟာ သေသွားခဲ့ပြီမို့လို့ သူ့မိသားစုဝင်တွေကို


အပြစ်ပေးပြီးရင်ပြီးပြီ၊ တခြားလူတွေကို မသတ်တော့ဘူး" ဟုပြောလေသည်။

"ယွမ်ရှောက်"(Yuan Shao) : "ကျူပင်ခုတ၊် ကျူငုတပ


်ါမကျန် ရှင်းရမှာပါ၊ နို့မို့ဆို နောက်ပိုင်းမှာ
ဒုက္ခပေးလာနိုင်တယ်"

"ဟဲကျင်း"(He Jin) : "ဒါ ငါ ဆုံးဖြတ်ပြီးပြီ၊ ဘာမှ ထပ်မပြောကြနဲ့တော့"

ရက်အနည်းငယ်ကြာသော် "ဟဲကျင်း"(He Jin) နှင့်အပေါင်းအပါတို့ ရာထူးတိုးခြင်း ခံရလေသည်။

ထိုအခါ "တုန်း"(Dong) မိဖုရား သည် ကုန်းကုန်း "ကျန်းရန်"(Zhang Rang) နှင့်အဖွဲ့ကို ခေါ်စေကာ


တိုင်ပင်လေသည်။

"တုန်း"(Dong) မိဖုရား : " "ဟဲကျင်း"(He Jin) ရဲ့ညီမကို နန်းတွင်းထဲခေါ်လာခဲ့တာက ငါပဲ၊ ခုတော့


သူ့သားက ဘုရင်ဖြစ်ပြီး အမတ်တွေအကုန်လုံးက သူ့ဘက်ပါနေကြပြီ။ သူ့ဩဇာ မသေးတော့ဘူး၊ ငါတို့
ဘယ်လိုလုပ်ကြမလဲ?"

"ကျန်းရန်"(Zhang Rang) : "မိဖုရားက တိုင်းပြည်ကို နောက်ကွယက


် ကြိုးကိုင်သင့်ပါတယ်၊ အရင်ဘုရင်ရဲ့
သားဖြစ်တဲ့ "ရှန်"(Xian) မင်းသားကို ရာထူးကြီးကြီး ပေးစေပြီး မိဖုရားကြီးရဲ့ အစ်ကိုဖြစ်တဲ့ ဦးရီးတော်
"တုန်းချုံး"(Dong Cong) ကိုလည်း စစ်တပ်ထဲမှာ ရာထူးကြီးကြီး ပေးစေပြီး ကျွန်တော်မျိုးတို့ကို
အသုံးချပါ"

ထိုအကြံကို "တုန်း"(Dong) မိဖုရား လက်ခံကာ နောက်တစ်ရက် အစည်းအဝေးတွင် "ရှန်"(Xian) မင်းသား


ကို "ချန်လျူ မင်းသား" ဟူသော ဘွဲ့နှင့် "တုန်းချုံး"(Dong Cong) ကိုမူ "မြင်းပျံတပ် စစ်သူကြီး" ရာထူး
ခန့်အပ်လိုက်လေသည်။ ထို့အပြင် တိုင်းရေးပြည်ရာတွင် ကုန်းကုန်းတို့ကို ပါဝင်စေပြန်သည်။

၎င်းကို "ဟဲ"(He) မိဖုရားသိလေလျှင် စားသောက်ပွဲ ပြင်ဆင်စေကာ "တုန်း"(Dong) မိဖုရားကို ဖိတ်ခေါ်ပြီး


တည်ခင်းကျွေးမွေးလေသည်။ ထို့ နောက် စားပွဲဝယ် "ဟဲ"(He) မိဖုရားထကာ အရက်ခွက်ကို
"တုန်း"(Dong) မိဖုရားထံ လှမ်းပေးရင်း

"ကျွန်မတို့ နှစ်ဦးဟာ နိုင်ငံ့ရေးရာတွေကို ဝင်စွက်ဖက်ဖို့ရာ မသင့်လျော်ပါဘူး၊ ဟန်ခေတ်အစတုန်းက


"လွီ"(Lu) မိဖုရားကြီးက တိုင်းပြည်ရေးရာကို ဝင်စွက်ဖက်ခဲ့လို့ သူရော၊ သူ့မိသားစုဝင်တွေပါ
သေဒဏ်ပေးခံခဲ့ရတဲ့ သာဓက ရှိခဲ့တယ်မဟုတ်လား၊ ဒါကြောင့် ကျွန်မတို့လည်း နန်းတွင်းထဲမှာပဲနေပြီး

29
တိုင်းပြည်အရေးတွေကို မှူးကြီးမတ်ရာတွေနဲ့ လွှဲပေးမှသာ သင့်လျော်မှာပေါ့၊ "တုန်း"(Dong) မိဖုရားလည်း
အဲ့လိုကျင့်သံုး မယ်လို့ မျှော်လင့်ပါတယ်" ဟုပြောလေ၏ ။

ထိုစကားသည် "တုန်း"(Dong) မိဖုရားကို စိတ်ဆိုးသွားစေပြီး

"နင်တောင် "ဝမ်"(Wang) အမျိုးသမီးကို အဆိပ်ခတ်သတ်ခဲ့တယ် မဟုတလ


်ား၊ အခုတော့ နင့်သားက
ဘုရင်ဖြစ်ပြီး အစ်ကိုက ဩဇာကြီးနေပြီဆိုတော့ ဒီစကားပြောထွက်လာတာပေါ့။ နင့်အစ်ကိုကို
ငါသတ်ချင်ရင် လွယ်လွယ်လေး၊ ငါ့လက်လှုပ်သလောက်ပဲ ရှိတယ်" ဟုပြောလေသည်။

"ဟဲ"(He) မိဖုရား : "ကျွန်မက ရှင့်ကို တိုကတ


်ွန်းရုံသက်သက်ပဲကို ဘာလို့ ဒီလောက်
ဒေါသထွကရ
် တာလည်း?"

"တုန်း"(Dong) မိဖုရား : "သားသတ်သမားရဲ့ သမီးက နန်းတွင်းကိစ္စတွေကို ဘယ်နားလည်နိုင်မလဲ?"

ဤသို့ဖြင့် ရန်ပွဲသည် ကြီးမားလာခဲ့ပြီး ကုန်းကုန်းတို့ က ထိုမိဖုရားနှစ်ဦးကို ဖြောင်းဖျကာ ရန်ပွဲကို


ပြီးစေခဲ့သည်။

ထိုညဝယ် "ဟဲ"(He) မိဖုရား သည် သူ့အစ်ကိုကို ဆင့်ခေါ်ကာ အဖြစ်အပျက်တို့ ကို ပြောပြပြီး


တိုင်တန်းလေသည်။ "ဟဲကျင်း"(He Jin) လည်း အမတ်တို့ကို ဆင့်ခေါ်ပြီး ဆွေးနွေးကြပြီးနောက်
နောက်တစ်ရက်ဝယ် အောက်ပါအမိန့် ကို ထုတြ် ပန်စေလေသည်။

" "လျူရှန်"(Liu Xian) ၏ မွေးစားမိခင်ဖြစ်သော "တုန်း"(Dong) မိဖုရားသည် နန်းတွင်းတွင်


နေထိုင်ရန်မကိုက်ညီသဖြင့် မိမိ၏ မွေးရပ်ဇာတိဖြစ်သော ဟဲကျန့်သို့ ချက်ချင်းပြန်ရန်
အမိန့်ထုတ်လိုက်သည်"

ထို့နောက် ဦးရီးတော် "တုန်းချုံး"(Dong Chong) ကို ရာထူးမှ ချရန်လူလွှတ်စေသည်။ "တုန်းချုံး"(Dong


Chong) သည် ပြေးပေါက်မရှိသဖြင့် ကိုယ့်ကိုယ်ကို သတ်သေခဲ့လေသည်။ "တုန်းချုံး"(Dong Chong) ၏
မိသားစုဝင်တို့ သည်လည်း အစောင့်တို့ ၏ မောင်းထုတ်ခြင်းခံရလေသည်။

အားကိုးရာပြုတ်သွားခဲ့သော ကုန်းကုန်း "ကျန်းရန်"(Zhang Rang) နှင့် "တွမ်ကွေး"(Duan Gui) တို့သည်


"ဟဲ"(He) မိဖုရား ၏ မောင်နှင့်အမေတို့ ထံ တန်စိုးလက်ဆောင်များစွာပို့ ဆက်လေရာ "ဟဲ"(He) မိဖုရား
၏ကာကွယ်မှုကို ရပြီး အရှိန်အဝါကြီးလာပြန်သည်။

ထိုနှစ်ခြောက်လပိုင်းတွင် "ဟဲကျင်း"(He Jin) ၏လက်အောက်ငယ်သားတို့သည် "တုန်း"(Dong) မိဖုရားကို


အဆိတ်ခပ်သတ်လိုက်လေသည်။ မိဖုရား၏ အလောင်းကို မြို့တော်သို့ ပြန်သယ်လာပြီး တော်ဝင်မိသားစု

30
သင်္ချိုင်းတွင် မြှုပ်နှံလေသည်။ ထိုအသုဘအခမ်းအနားကျင်းပသောနေ့တွင် "ဟဲကျင်း"(He Jin) သည်
နေမကောင်းဟုအကြောင်းပြကာ ဈာပန မတက်ပဲနေလေသည်။

တစ်နေ့သော် စစ်သူကြီး "ယွမ်ရှောက်"(Yuan Shao) သည် "ဟဲကျင်း"(He Jin) ထံရောက်လာပြီး

"ကုန်းကုန်း "ကျန်းရန်"(Zhang Rang) နဲ့ "တွမ်ကွေး"(Duan Gui) ဟာ မိဖုရားကို ခင်ဗျားသတ်တယ်ဆိုပြီး


ကောလာဟာလတွေ ဖြန့်နေကြပြီ၊ သူတို့ ကို မရှင်းရင် ခင်ဗျား ဒုက္ခရောက်လိမ့်မယ်။ အခုအချိန်မှာ
ခင်ဗျားကို ထောက်ခံတဲ့ စစ်သူကြီးတွေ၊ မှူးမတ်တွေအများကြီးရှိတယ်၊ ဒါကြောင့် အချိန်မဆွဲပဲ
အခွင့်အရေးကို အသုံးချမှ တော်ကာကျမယ်" ဟုပြောလေသည်။

သို့သော် "ဟဲကျင်း"(He Jin) က "စဉ်းစားပါရစေဦး" ဟု ပြန်ပြောလိုက်သည်။

ထိုသူနှစ်ဦးတို့ ပြောသောစကားကို ကျွန်တစ်ဦးသည် ကြားသွားကာ "ဟဲကျင်း"(He Jin) ၏ ညီ


"ဟဲမြောင်"(He Miao) ထံ သတင်းပို့လေ၏ ။ "ဟဲမြောင်"(He Miao) သည် နန်းတွင်းထဲသို့ ဝင်ပြီး
ညီမဖြစ်သူ "ဟဲ"(He) မိဖုရားနှင့်တွေ့ပြီး

"စစ်သူကြီးဆိုတာ ဘုရင့်အတွက် အရေးအပါဆုံးသူပဲ၊ ဒါပေမယ့် "ဟဲကျင်း"(He Jin) က


မစဉ်းစားမဆင်ခြင်ပဲနဲ့ သတ်ဖို့ဖြတ်ဖို့ပဲ ကြံနေတယ်၊ ကုန်းကုန်းတွေကို ခိုင်လုံတဲ့
သက်သေ၊အထောက်အထား မရှိပဲ သတ်လိုက်ရင် နောက်ထပ်ပုန်ကန်မှုတွေ ဖြစ်လာနိုင်တယ်" ဟု
ပြောလေသည်။

မကြာမီပင် "ဟဲကျင်း"(He Jin) ရောက်လာပြီး သူ့အကြံကို မိဖုရားအား ပြောလေရာ မိဖုရားက

"ကုန်းကုန်းတွေဟာ ဟိုးအရင်ထဲက နန်းတော်ထဲမှာ ခစားလာတဲ့ သူတွေ၊ သူတို့ သခင်သေပြီးလို့ မကြာခင်


သူတို့ ကိုပါ သတ်တယ်ဆိုရင် ကြားလို့မှ မသင့်တော်ပေဘူး" ဟု ဆိုကာ ကန့်ကွက်လေသည်။

"ဟဲကျင်း"(He Jin) သည် နန်းတော်မှ ပြန်ထွကလ


်ာရာ "ယွမ်ရှောက်"(Yuan Shao) မှ ဘယ်လိုလဲဟု
မေးရာ

"ဟဲကျင်း"(He Jin) : မိဖုရားက လက်မခံဘူး၊ ဘယ်လိုလပ


ုမလဲ

"ယွမ်ရှောက်"(Yuan Shao) : သူလက်ခံတာမခံတာ ပဓာန မဟုတပ


်ါဘူး၊ စစ်တပ်ကို အသုံးချပြီး
ရှင်းလိုက်ရင် ပြီးတာပဲ

"ဟဲကျင်း"(He Jin) : ဒါက အကြံကောင်းပဲ

ပြီးနောက် "ဟဲကျင်း"(He Jin) သည် စစ်တပ်တို့ကို နေပြည်တော်သို့ ချီရန် အမိန့်ထုတ်စေသည်။

31
၎င်းကို အကြံပေးဖြစ်သော "ချန်လင်း"(Chen Lin) က ကန့်ကွက်လေသည်။

"ဒီဟာကို သေချာ မစဉ်းစားပဲ မလုပ်သင့်ဘူး ၊ ဒီလိုကိစ္စလေးမှာ ကိုယ့်စိတ်ကိုယ် မထိန်းနိုငရ


် င် ဘယ်လိုလပ
ု
ကိစ္စကြီးတွေလုပ်နိုင်မလဲ? လက်အောက်မှာ စစ်တပ်ရှိပြီး လုပ်ချင်တာလုပ်လို့ ရတယ်ဆိုပေမယ့်
ဒီလိုလုပ်ရင် ဆံပင်တစ်ပင်ကုရ
ှိင်းဖို့အတွကန
်ဲ့ မိုးကြိုးပစ်ချသလို၊ အပ်နဲ့ထိုးရင်ရမဲ့အရာကို ဆောက်နဲ့
ထွင်းသလို ဖြစ်နေမှာပေါ့၊ ဒီလို စစ်တပ်ကို နန်းတော်ထဲ ခေါ်ရင် ဆိုးကျိုးကလွဲလို့ တခြားမရှိဘူး "

"ဟဲကျင်း"(He Jin) က "ဒါက စာကြမ်းပိုးတစ်ယောက်ရဲ့ အမြင်သက်သက်ပဲ" ဟု ဆိုကာ ပြုံးလေသည်။

ထို့နောက်လူတစ်ဦးသည် လက်ခုတ်လက်ဝါးတီးကာ ရယ်ပြီး

"ဒီလောက်လွယ်တဲ့ကစ
္စိလေး ဖြေရှင်းတာကို ဘာလို့ ကြီးကြီးကျယ်ကျယ်စကားတွေ ပြောနေကြတာလဲ"
ဟုဆိုလေသည်။

ထိုအသံရှင်သည်ကား "ချောင်ချောင်း"(Cao Cao) ဖြစ်သည်။

32
အခန်း(၃) ဥယျာဉ်ခြံဝယ် "တုန်ကျိုး"(Dong Zhuo) နှင့် "တင်းယွမ"် (Ding Yuan) တို့
အငြင်းပွားကြခြင်း။ "လီစ"ု (Li Su) မှ "လွီပ"ု (Lu Bu) အား လာဘ်ထိုးခြင်း

"ချောင်ချောင်း"(Cao Cao) ပြောသည်မှာ အောက်ပါအတိုင်း ဖြစ်သည်။

"ကုန်းကုန်းတွေပြဿနာက နှစ်ပေါင်းကြာရှည်ခဲ့ပြီ၊ ဒါပေမယ့် အဓိကပြဿနာက အဲ့ကန


ုးကုန်းတွေကို
အခွင့်ထူးခံဖြစ်အောင် ခွင့်ပြုထားတဲ့ ဘုရင်တွေကြောင့်ပဲ၊ ဒါကြောင့် အဓိကအရင်းအမြစ်ကို ရှင်းရင်
တော်ပြီပေါ့။ ဘာလို့ များ နယ်ပယ်အသီးသီးက စစ်တပ်တွေကို ခေါ်နေရသေးတာလဲ? အဲ့လိုဆို
အကြံအစည် ပေါက်ကြားနိုင်ပြီး ဒုက္ခရောက်လိမ့်မယ်"

"ဟဲကျင်း"(He Jin) သည် "ချောင်ချောင်း"(Cao Cao) ကို ကြည့်ပြီး မဲ့ပြုံးပြုံးကာ

"ဒါဆို မင်းမှာလည်း မင်းအကြံနဲ့မင်းရှိမှာပေါ့" ဟုထေ့ပြောလိုက်သည်။

"ချောင်ချောင်း"(Cao Cao) သည်

"လောကကြီးကို အမိက
ု အ
် မှောင်အတိဒုက္ခရောက်အောင်လုပ်မယ့် အဓိကတရားခံက "ဟဲကျင်း(He Jin)
ပဲ" ဟုဆိုကာ ဆွေးနွေးပွဲမှ ထွကသ
်ွားလေသည်။

ထို့နောက် "ဟဲကျင်း"(He Jin) သည် အနယ်နယ်အရပ်ရပ်ရှိ စစ်တပ်တို့ထံ စစ်ချီရန်


သဝဏ်လွှာပို့လေသည်။

ဤနေရာတွင် ရှေ့အခန်းတွင်ပါခဲ့သည့် "တုန်ကျိုး"(Dong Zhuo) အကြောင်းပြောရန် လိုလာချေပြီ။


"တုန်ကျိုး"(Dong Zhuo) သည် အဝါရောင်သူပုန်တို့ နှင့် ရင်ဆိုင်စဉ်အခါက စစ်ရှုံးခဲ့သဖြင့်
အပြစ်ပေးခံရမည် ဖြစ်သော်လည်း ကုန်းကုန်းဆယ်ဦးတို့ အား လာဘ်ထိုးလေရာ အပြစ်ဒဏ် မခံရတော့ပေ။
နောက်ပိုင်းတွင် မြို့တော်ရှိ အာဏာရှိအသိုင်းအဝိုင်းတို့၏ အဆက်အသွယ်နှင့် ရာထူးအဆင့်ဆင့်
တက်လာခဲ့လေရာ ထိုအချိန်တွင် သူသည် ရှီးကျိုးအနောက်ပိုင်းဒေသ၏ အုပ်ချုပ်သူ ဖြစ်နေပြီဖြစ်ပြီး
တပ်သားနှစ်သန
ိးကို အုပ်ချုပ်ရသော စစ်ဗိုလ်ဖြစ်နေချေပြီ။ "တုန်ကျိုး"(Dong Zhuo) သည်
အကျင့်မကောင်းသူ၊ သစ္စာမဲ့သူတစ်ဦးဖြစ်သည်။ သူသည် မြို့တော်မှ စစ်တပ်များကို စေလွှတ်ရန်
စာရသောအခါ အခွင့်ကောင်းကြုံလေပြီဟု ဝမ်းပန်းတသာဖြင့် စစ်ချီရန်ပြင်လေသည်။ ရှီကျိုးကို
သမက်ဖြစ်သူ "နူဖူ"(Niu Fu) အား လွှဲပေးပြီး စစ်သူကြီးလေးဦးဖြစ်သည့် "လီကျွယ်"(Li Jue) ၊
"ကော်စီ"(Guo Si) ၊ "ကျန်းကျိ"(Zhang Ji) ၊ "ဖန်ချိုး"(Fan Chou) တို့နှင့်အတူ လော့ရန်သို့
ချီတက်လေသည်။

33
ထိုအခါ "တုန်ကျိုး"(Dong Zhuo)၏ သမက်လည်းဖြစ်၊ အကြံပေးလည်းဖြစ်သော "လီရ"ု (Li Ru) သည်

"စစ်ချီတက်ဖို့ အမိန့်စာလာပေမယ့် မသေချာမရေရာတာတွေရှိနေသေးတယ်၊ ဒါကြောင့် ကျွန်တော်တို့


စစ်ချီရမယ့်ရည်ရွယ်ချက်ကို စာပို့ ပြီးမှ စစ်ချီရန်သင့်တယ်"

ဟု အကြံပေးလေသည်။

ထိုအကြံကို လက်ခံကာ "တုန်ကျိုး"(Dong Zhuo) သည် "ဟဲကျင်း"(He Jin) ထံ အောက်ပါစာကို


ပို့ လိုက်သည်။

"တိုင်းပြည် မတည်မငြိမ်ဖြစ်နေသည်မှာ အတွင်းဆောင်၌အမှုထမ်းကြသော ကုန်းကုန်း "ကျန်းရန်"(Zhang


Rang) နှင့် အပေါင်းအပါတို့ကြောင့် ဖြစ်သည်ကို ကျွန်တော်မျိုး သိပါသည်။ အခုသည်ကား ထိုကိစ္စတို့ ကို
ရှင်းရန်အချိန်ကောင်းဖြစ်ပြီး အသင်၏အမိန့်နှင့် ကုန်းကုန်းတို့ကို ရှင်းရန်
နေပြည်တော်သို့ချီတက်လာပါတော့မည်"

ထိုစာကို "ဟဲကျင်း"(He Jin) က လက်အောက်ငယ်သားတို့ကို ပြလေသည်။

ထိုအခါ ဝန်ကြီး "ကျန်းထိုင်"(Zheng Tai) က

"သူက ကြမ်းကြုတ်တဲ့သတ္တဝါပဲ၊ အဲ့သူလာရင် တခြားလူတွေကို ဒုက္ခရောက်စေလိမ့်မယ်"


ဟုပြောလေသည်။

သို့သော် "ဟဲကျင်း"(He Jin) က

"ခင်ဗျားက သိပ်ကြောက်တတ်၊ စိုးရိမ်တတ်တယ်၊ ကိစ္စကြီးတွေကို လုပ်ဆောင်နိုင်မှာမဟုတ်ဘူး။" ဟု


ခွန်းတုန့်ပြန်သည်။

"လုကျီ"(Lu Zhi) ကလည်း

34
"ဒီလူကို ကျွန်တော်သိတာ ကြာခဲ့ပြီ၊ အပြင်ပန်းက လိမ္မာချေငံနေပေမယ့် အတွင်းမှာတော့ ဝံပလွေလို
ကောက်ကျစ်တဲ့ နှလုံးသားရှိတယ်၊ သူ မြို့တော်ကို ချီတက်လာရင် ပြဿနာဖြစ်ရုံကတပါး
တခြားကောင်းကျိုး မရှိုဘူး" ဟု ဆိုကာ ကန့်ကွက်သည်။

"ဟဲကျင်း"(He Jin) သည် လက်အောက်ငယ်သားတို့ အကြံပေးသည်ကို ခေါင်းမာစွာဖြင့် လက်ခံခြင်းမပြု။


ထို့ကြောင့် "ကျန်းထိုင်"(Zheng Tai) ၊ "လုကျီ"(Lu Zhi) နှင့် အခြားအမတ်တစ်ဝက်ကျော်နီးပါး ရာထူးမှ
နှုတထ
်ွက်ကုန်လေသည်။ "ဟဲကျင်း"(He Jin) သည် ရှန်ချီရေအိုင်အနီးတွင် စခန်းချထားသော
"တုန်ကျိုး"(Dong Zhuo) အား ကြိုဆိုလေသည်။ ထိုအကြောင်းကို ကုန်းကုန်း "ကျန်းရန်"(Zhang Reng)
နှင့် အပေါင်းအပါတို့ ကြားလေလျှင်

"ငါတို့ လက်ဦးမှုအရင် မယူနိုင်ရင် "ဟဲကျင်း"(He Jin) က ငါတို့ ကို သတ်ပေတော့မည်" ဟု ဆိုလေသည်။

ထို့နောက် ကြေးစားလူသတ်သမား အယောက်ငါးဆယ်ကို ငှားရမ်းကာ မိဖုရားစံရာ နန်းတော်အဆောင်၏


တံခါးနားဝယ် ပုန်းခိုစေသည်။ ထို့ နောက် ကုန်းကုန်းတို့သည် မိဖုရားထံ အခစားဝင်ကာ အောက်ပါအတိုင်း
အသနားခံကြသည်။

"သေနာပတိကြီးသည် လက်နက်လူသူတို့ ကို စုစည်းကာ အကျွန်တော်မျိုးတို့ကို သတ်ရန် ကြံနေပါပြီ၊


ကယ်တော်မူပါ"

"ဒါဆို မင်းတို့ ကျူးလွန်တဲ့ အမှားတွေကို သူ့ဆီသွားပြီး ဝန်ခံလက


ို ေ
် လ"

"အကယ်၍ သူ့ဆီသွားခဲ့လျှင် အကျွန်တော်မျိုးတို့ အား အပိုင်းပိုင်းခုတ်သတ်မည်မှာ မလွဲဧကန်ဖြစ်သည်။


မိဖုရားကြီးက သူ့အား အမိန့်တော်ဖြင့် အခစားဝင်စေပြီး ဖြောင်းဖျမှသာ ကျွန်တော်မျိုးတို့ ချမ်းသာရာ
ရပါမည်။ ထိုသို့ မဟုတ်မူကား မိဖုရား၏ ရှေ့တော်မှောက်ဝယ် သေရုံမှ တပါး အခြားမရှ"ိ

ထိုအခါ "ဟဲ"(He) မိဖုရားသည် "ဟဲကျင်း"(He Jin) အား အခစားဝင်ရန် စာချွန်တော်ပို့စေသည်။


"ဟဲကျင်း"(He Jin) လည်း နန်းတော်သို့ သွားမည်ပြုရာ အကြံပေး "ချန်လင်း"(Chen Lin) မှ

"ဒါက ကုန်းကုန်းတွေရဲ့အကြံ ဖြစ်ဖို့ များတယ်၊ သွားဖို့ မသင့်တော်ဘူး " ဟု တားလေသည်။

"ဟဲကျင်း"(He Jin) : "ဒါက ငါ့ညီမဖြစ်တဲ့ မိဖုရားက ခေါ်တာလေ၊ ဘာများ ဒုကေ


ၡ ရာက္စရာလဲ?"

"ယွမ်ရှောက်"(Yuan Shao) : "ကျွန်တော်တို့အကြံဟာ ပေါက်ကြားသွားပြီ၊ ဒါကြောင့် သွားမယ်ဆိုရင်


တိုက်ခိုက်ဖို့ပြင်ရမယ်"

"ချောင်ချောင်း"(Cao Cao) : "ကုန်းကုန်းတွေကို အပြင်ထွကလ


်ာခိင
ုးရမယ်"

35
"ဟဲကျင်း"(He Jin) : "ငတုံးတွေ၊ ငါ့လို တိုင်းပြည်ရဲ့စစ်တပ်ကို ချုပ်ကိုင်ထားတဲ့သူကို သူတို့က
ဘာလုပ်နိုင်မှာမို့တုန်း"

"ယွမ်ရှောက်"(Yuan Shao) : "အကယ်၍ သွားမယ်ဆိုလည်း ကာကွယ်တဲ့အနေတဲ့ ကျွန်တော်တို့ ပါ


လိုက်ခဲ့မယ်"

ထို့နောက် "ယွမ်ရှောက်"(Yuan Shao) နှင့် "ချောင်ချောင်း"(Cao Cao) တပ်သား ငါးရာစီစုဝေးကာ


"ဟဲကျင်း"(He Jin) နှင့်အတူ အစောင့်အနေနှင့် လိုကသ
်ွားလေသည်။ "ယွမ်ရှောက်"(Yuan Shao) ၏ ညီ
"ယွမ်စု"(Yuan Shu) ကမူ ချပ်ဝတ်တန်ဆာတို့ ဝတ်ဆင်ကာ တပ်သားအချို့ကို ဦးဆောင်၍
နန်းတော်အပြင်ဘက်၌ စောင့်နေသည်။

"ဟဲကျင်း"(He Jin) သည် မိဖုရားစံရာ နန်းဆောင်သို့ရောက်ခါနီးတွင် နန်းတွင်းအမှုထမ်းတို့က


"ဟဲကျင်း"(He Jin) တစ်ဦးတည်းကိုသာ ပေးဝင်သဖြင့် နောက်လိုက်ပိုလ်ပါတို့ သည် ကျန်ရစ်ခဲ့လေသည်။

"ဟဲကျင်း"(He Jin) သည် နန်းဆောင်ထဲသို့ ဝင်ရာ အပေါက်ဝအရောက်ဝယ် ကုန်းကုန်း


"ကျန်းရန်"(Zhang Rang) ၊ "တွမ်ကွေး"(Duan Gui) နှင့် အခြားသူတို့ ဝန်းရံခြင်းကို ခံလိုက်ရသည်။
ထို့နောက် "ကျန်းရန်"(Zhang Rang) မှ

" တုန်း(Dong) မိဖုရားဟာ ဘာအပြစ်ရှိလို့ သတ်စေခဲ့တာတုန်း? နောက်ပြီး နိုင်ငံ့မိခင်ဖြစ်တဲ့ သူ့


ဈာပနအခမ်းအနားကိုလည်း ခင်ဗျားမလာခဲ့ဘူး ၊ မင်းအခုရှိနေတဲ့ အဆင်အ
့ တန်းဆိုတာ ငါတို့
ကျေးဇူးအများကြီးပါတယ်၊ ဒါတောင် မင်းက ငါတို့ကို လုပ်ကြံချင်တယ်၊ ဘယ်သူက မှန်ပြီး ဘယ်သူက
မှားတယ်လို့ မင်းထင်လဲ?" ဟု ပြောလေသည်။

ထိုအခါ "ဟဲကျင်း"(He Jin) သည် ပြေးရန်ကြံသော်လည်း တံခါးများအားလုံး ပိတ်ထားခဲ့ချေပြီ။ ထို့နောက်


လူသတ်သမားတို့ ပေါ်လာကာ "ဟဲကျင်း"(He Jin) ကို သတ်လိုကေ
် လသည်။

"ယွမ်ရှောက်"(Yuan Shao) နှင့် "ချောင်ချောင်း"(Cao Cao) တို့သည်


အချိန်အတန်ကြာစောင့်နေခဲ့သော်လည်း "ဟဲကျင်း"(He Jin) ကား ပေါ်မလာ။ သို့နှင့် "ဟဲကျင်း"(He Jin)
ကို အပြင်မှ လှမ်းခေါ်ကြသည်။ ထိုအခါ နံရံ၏ တစ်ဖက်မှ စောင့်နေသောသူတို့ အနီး အရာဝတ္ထုတစ်ခု
ကျလာသည်။ ထိုအရာကား "ဟဲကျင်း"(He Jin) ၏ခေါင်း ဖြစ်နေသည်။ ထို့ နောက် "ဟဲကျင်း(He Jin)
သည် ပုန်ကန်ရန်ကြံစည်သောကြောင့် သေဒဏ်ပေးလိုက်ခြင်းဖြစ်သည်၊ သူ၏ ကြံရာပါများကိုမူ အပြစ်မှ
လွတ်ငြိမ်းခွင့်ပေးမည်" ဆိုသော အမိန့်ကို ထုတြ် ပန်လိုက်သည်။

ထိုအခါ "ယွမ်ရှောက်"(Yuan Shao) သည်

36
"သေနာပတိကြီးကို ကုန်းကုန်းတွေက လုပ်ကြံလိုက်တာ၊ ငါနဲ့အတူလိုက်ပြီး လက်တုန့်ပြန်ချင်သူတွေ
ငါ့နောက် လိုကခ
်ဲ့ကြ" ဟု အော်လိုက်သည်။

ထိုအခါ "ဟဲကျင်း"(He Jin) ၏ စစ်သူကြီးတစ်ဦးဖြစ်ခဲ့သော "ဝူခွမ်း"(Wu Kuang) သည် ဂိတ်ကို


မီးရှို့ လေသည်။ "ယွမ်စ"ု (Yuan Shu) သည်လည်း စစ်သည်တို့ ကို ဦးဆောင်ကာ အသက်အရွယ်၊
ရာထူးမရွေးပဲ နန်းတော်ရှိ ကုန်းကုန်းတို့ကို သုတ်သင်လေသည်။ "ယွမ်ရှောက်"(Yuan Shao) နှင့်
"ချောင်ချောင်း"(Cao Cao) တို့သည် နန်းတော်၏ အတွင်းပိုင်းသို့ ထိုးဖောက်ဝင်သွားသည်။
ကုန်းကုန်းလေးဦးဖြစ်သော "ကျောက်ကျုံး"(Zhao Zhong) ၊ "ချန်ခွမ်း"(Cheng Kuang) ၊ "ရှယွင်"(Xia
Yun) နှင့် "ကော်ရှန်း"(Guo Sheng) တို့သည် ထွကေ
် ပြးသော်လည်း အဖမ်းခံရပြီးနောက်
အသတ်ခံရလေသည်။ ရှို့မီးတို့ သည် တစ်စထက်တစ်စကြီးလာကာ အဆောက်အအုံတို့ ကိုပါ
မီးစွဲလေသည်။

ကုန်းကုန်းဆယ်ဦးထဲမှ အခြား လေးဦးဖြစ်သော "ကျန်းရန်"(Zhang Rang) ၊ "တွမ်ကွေး"(Duan Gui) ၊


"ချောင်ကျဲ"(Cao Jie) နှင့် "ဟိုလန်"(Ho Lan) တို့ ကမူ မိဖုရား၊ "ပျန်း"(Bian) ဘုရင်နှင့် ချန်လျူ
မင်းသားတို့ ကို ခေါ်ကာ မြောက်နန်းဆောင်သို့ ပြေးလေသည်။

ရာထူးမှ အနားယူခဲ့သော "လူကျီ"(Lu Zhi) သည် နန်းတွင်း၌ ပဋ္ဋိပက္ခဖြစ်သည်ကို ကြားလေလျှင်


ချပ်ဝတ်တန်ဆာဝတ်၊ လှံကိုကိုင်ပြီး တိုက်ရန် ပြင်လေသည်။ ထို့နောက် "တွမ်ကွေး"(Duan Gui) က
မိဖုရားကို ခေါ်ပြီး ပြေးရန်ကြံသည်ကို တွေ့လေလျှင်

"သစ္စာဖောက်၊ မင်း ဘာကြောင့် မိဖုရားကို ဆွဲခေါ်ရတာလဲ" ဟုဆိုရာ ကုန်းကုန်းလည်း ပြေးလေသည်။

ထို့နောက် "လုကျီ"(Lu Zhi) သည် မိဖုရားကို လုံခြုံရာအရပ်သို့ ခေါ်သွားခဲ့သည်။

စစ်သြူ ကီး "ဝူခွမ်း"(Wu Kuang) သည် တစ်နေရာအရောက်တွင် ဓားကိုင်ထားသော "ဟဲမြောင်"(He Miao)


ကို တွေ့လေရာ

"ကိုယ့်အစ်ကိုကို ပြန်လုပ်ကြံတဲ့ကောင်၊ မင်းလည်း တခြားသူတွေနဲ့ အတူသေစေ့မယ်" ဟုပြောကာ


သတ်ရန် ဟန်ပြင်သည်။

"ဝူခွမ်း"(Wu Kuang) အပြင် အခြားသူတို့ လည်း ဝန်းရံကာ သတ်သဖြင့် "ဟဲမြောင်"(He Miao)


သေလေသည်။ "ယွမ်စု"(Yuan Shu) သည် ကုန်းကုန်းတို့၏ မိသားစုဝင်များကိုပါ
တစ်ယောက်မချန်သတ်လေရာ များစွာသော သူတို့ သေကြလေသည်။

37
"ချောင်ချောင်း"(Cao Cao) မှာမူ မီးတို့ ကို လိုက်ငြိမ်းသတ်နေသည်။ ထို့ နောက် "ဟဲ"(He) မိဖုရားကို
စီမံခန့်ခွဲစေရန် တောင်းပန်ပြီးသော် မင်းသားနှင့် ဘုရင်တို့ ကို ခေါ်သွားသော ကုန်းကုန်း
"ကျန်းရန်"(Zhang Rang) နောက်သို့ လိုက်ရန်လလ
ွှူတ်စေသည်။ ထိုအချိန်ဝယ် "ကျန်းရန်"(Zhang Rang)
နှင့် "တွမ်ကွေး"(Duan Gui) တို့သည် ဘုရင်နှင့် မင်းသားကို ခေါ်ကာ
ပေမန်တောင်ကန
ုးရောက်သည်အထိ မရပ်မနား ခရီးနှင်လေသည်။ အချိန်ကား
သုံးချက်တီးခန့်ရှိပြီဖြစ်သည်။ ထိုအခိုက် သူတို့ နောက်မှ အသံများ ကြားလေရာ ဟဲနန်မှ တပ်မှူး
"မင်ကုံး"(Min Gong) ဖြစ်နေသည်။ "ကျန်းရန်"(Zhang Rang) သည် ပြေးပေါက်ပိတ်ကာ အနီးရှိ
မြစ်ထသ
ဲ့ို ခုန်ချ၍ ထိုမြစ်၌ပင် ရေနစ်သေလေသည်။

ကလေးနှစ်ဦးတို့ သည် ဘာဖြစ်လို့ဖြစ်မှန်းပင်မသိ၊ ကြောက်အားလန့်အားနှင့် မြစ်အနီးရှိ


မြက်ပင်ရှည်တို့တွင် နေကာ ပုန်းနေ၏ ။ စစ်သားတို့သည် ဘုရင်နှင့် မင်းသားကို ရှာပါသော်လည်း မတွေ့။
ထိုကလေးနှစ်ဦးတို့ သည် လေးချက်တီးတိင
ုအောင် ထိုနေရာ၌ပင် ပုန်းအောင်းနေသဖြင့်
နှင်းရည်တို့စိုစွတ်ပြီး ဗိုကဆ
်ာလောင်နေခဲ့ပြီ။ သူတို့နှစ်ဦးသည် တစ်ယောက်လက်ကို တစ်ယောက်
ဆုပ်ကိုင်ထားကာ လာခေါ်မည့်သူကို စောင့်မျှော်နေလေသည်။

အတန်ကြာသော် မင်းသား"ရှန"် (Xian) က

"ဒီလိုနေရင်တော့ မဖြစ်သေးဘူး၊ အပြင်ထွက်မှဖြစ်မယ်" ဟုဆိုလေသည်။

သို့နှင့်၎င်းတို့နှစ်ဦးသည် တစ်ဦးနှင့်တစ်ဦးမကွဲစေရန် အင်္ကျီစအချင်းချင်း ချီကာ မြစ်ကမ်းဘေးမှ


တက်လာခဲ့သည်။ ညမှောင်မှောင်၌ ချုံနွယ်ပိတ်ပေါင်းကြားဝယ် သွားပါသော်လည်း ဘာမှမမြင်ရချေ။

38
ဤသို့မျှော်လင့်ချက်မဲ့နေချိန်တွင် ထောင်သောင်းမကရှိသော ပိုးစုန်းကြူးတို့ သည် ဧကရာဇ်အရှေ့၌
ပေါ်လာလေသည်။ မင်းသား"ရှန်"(Xian) က

"ဒါ ကောင်းကင်ဘုံက ကူညီလိုက်တာပဲ" ဟု ဆိုလေသည်။

ကလေးနှစ်ဦးတို့ သည် ပိုးစုန်းကြူးတို့နောက် လိုကရ


် င်း လူသွားလမ်းမပေါ် ရောက်သွားလေသည်။
ခြေများညောင်းကိုက်ကာ ထပ်မလျှောက်နိုင်လောက်သည်အထိ လမ်းလျှောက်ခဲ့ပြီးနောက် လမ်းဘေးတွင်
ကောက်ရိုးပုံတွေ့လေရာ သူငယ်နှစ်ဦးတို့သည် ထိုကောက်ရိုးပုံ၌ပင် တိုးဝှေ့ကာ အိပ်ရလေသည်။

ထိုကောက်ရိုးပုံမှာ ထိုအနီးရှိ လယ်ကွကတ


်ွင်ရှိသော လယ်သမားပိုင်သည့်ကောက်ရိုးဖြစ်သည်။
လယ်သမားကြီးသည် အိပ်နေစဉ် အိပ်မက်ထဲ၌ တောက်ပသော နေလုံးကြီးနှစ်ခုသည်
သူ့အိမ်ပေါ်ကျလာသည်ဟု မြင်မက်လေသည်။ ထိုအိပ်မက်ကြောင့် နိုးထလာရာ အပြင်သို့ထွက်ပြီး
ကြည့်လေသော် ကောက်ရိုးပုံအနီးတွင် တောက်ပသောအလင်းရောင်ကို မြင်လိုက်၍ သွားလေရာ
ကလေးနှစ်ဦးကို မြင်လေသည်။ ထိုအခါ လယ်သမားက

"သူငယ်တို့၊ ဘယ်အိမ်ကလဲ" ဟု မေးလေရာ ဘုရင်သည် စကားပင်မပြောနိုင်၊


ကြောက်လွန်း၍တုန်လှုပ်နေခဲ့သည်။ ထိုအခါ မင်းသားက

"ဤသူသည်ကား တိုင်းပြည်၏ ဘုရင်ပင်ဖြစ်ပြီး ကျွန်တော်သည် သူ့ညီ ချန်လျူမင်းသား ဖြစ်ပါတယ်" ဟု


ဖြေလေသည်။

ထိုအခါ လယ်သမားက အရိုအသေပြုပြီး

"ကျွန်တော်မျိုးနာမည်က "စွေလျဲ"(Sui Lie) ဖြစ်ပါတယ်။ ကျွန်တော့်အစ်ကို "စွေရီ"(Sui Yi) က အရင်က


အတွင်းဝန်အဖြစ်အမှုထမ်းခဲ့ပါတယ်။ ဒါပေမယ့် ကုန်းကုန်းတွေကို မုန်းတဲ့အတွက် ရာထိုးကနှုတထ
်ွက်ပြီး
ဇာတ်မြှုပ်နေရခြင်း ဖြစ်တယ်" ဟု ပြောလေသည်။

ထို့နောက် လယ်သမားသည် ကလေးနှစ်ယောက်ကို လယ်ထဲသို့ ခေါ်သွားပြီး အစာရေစာ


ကျွေးမွေးဧည့်ခံလေသည်။

ထိုအချိန်တွင် "မင်ကုံး"(Min Gong) သည် "တွမ်ကွေး"(Duan Gui) ကို လိုကဖ


် မ်းပြီး ဖမ်းမိသော်

"ဘုရင် ဘယ်မှာလဲ" ဟု မေးရာ

"တွမ်ကွေး"(Duan Gui) က "သူပျောက်သွားတယ်၊ မသိဘူး" ဟု ပြန်ဖြေလေသည်။ "မင်ကုံး"(Min Gong)


သည် "တွမ်ကွေး"(Duan Gui) ကို သတ်ကာ ခေါင်းကို မြင်းလည်ပင်းတွင်ချိတဆ
်ွဲလိုကသ
် ည်။ ထို့နောက်

39
စစ်သားတို့ကို စေလွှတ်ကာ နေရာအနှံ့လိုက်ရှာစေသည်။ သူကုယ
ိတုင
ိလည်း လိုက်ရှာရာ ဘုရင်နှင့်
မင်းသားတို့ ရှိရာ လယ်ကွက်အနီး ရောက်လာလေသည်။ "စွေလျဲ"(Sui Lie) သည် မြင်းပေါ်မှ
ခေါင်းကိုမြင်သော် မေးခွန်းအတန်ငယ်မေးပြီး ကျေနပ်သောအခါမှ "မင်ကုံး"(Min Gong) ကို ဘုရင်နှင့်
ပေးတွေ့လေသည်။ ထိုအခါ "မင်ကုံး"(Min Gong) က

"တိုင်းပြည်က အုပ်ချုပ်သူမရှိလို့ မဖြစ်ဘူး။ ဒါကြောင့် အရှင်မင်းကြီး နန်းတော်ကိုအမြန်ပြန်မှဖြစ်မယ်" ဟု


ဆိုလေသည်။

ထို့နောက် "မင်ကုံး"(Min Gong) သည် ဘုရင်နှင့် မင်းသားကို ဆောင်ကြဉ်းသွားလေသည်။ လယ်ကွကမ


ှ်
တစ်မိုင်ခန့်သွားပြီးသော် ခေါင်းဆောင်များနှင့် စစ်သားရာချီရှိသည့် တပ်ကို တွေ့လိုက်လေသည်။
ထိုတပ်တို့ကို ဦးဆောင်လာကြသူတို့ ကား အတွင်းဝန် "ဝမ်ယွင"် (Wang Yun) ၊ စစ်သူကြီး
"ရန်ပြောင်"(Yang Biao) ၊ လက်ဝဲတပ်စစ်သူကြီး "ချွန်းယွီချုံး"(Chungyu Qiong) ၊
လက်ယာတပ်စစ်သူကြီး "ကျောက်မန်"(Zhao Meng) ၊ အနောက်ဘက်တပ်စစ်သူကြီး "ပေါက်ရှင်း"(Bao
Xin) နှင့် အလယ်တပ်စစ်သူကြီး "ယွမ်ရှောက်"(Yuan Shao) တို့ ဖြစ်သည်။ ထိုသူတို့ သည် ဘုရင်နှင့်
မင်းသားကို မြင်လျှင် မျက်ရည်ကျမတတ် ဝမ်းပန်းတသာ ကြိုဆိုလေသည်။

ထို့နောက် ကုန်းကုန်း "တွမ်ကွေး"(Duan Gui) ၏ ခေါင်းကို လူတစ်ဦးအားအရင်ယသ


ွူားစေပြီး
မြို့တော်တွင် ပြထားစေသည်။

ဘုရင်နှင့် မင်းသားတို့ကို မြင်းကောင်းကောင်းပေါ်တင်ပေးကြကာ မြို့တော် လော့ရန်သို့


ခရီးဆက်ကြလေသည်။

လမ်းခရီး ဆက်၍ မကြာမီပင် နေလုံးကိုတိမ်ဖုံးထားသောအလံတို့ကို ကိုင်ဆောင်ထားသော စစ်တပ်ကြီးကို


တွေ့လိုက်ရာ အမတ်တို့ သည် သရဲတွေ့သည့်အလား မျက်နှာများ ဖြူဖတ်ဖြူရော်ဖြစ်သွား၏ ။ ဘုရင်လည်း
လန့်သွားလေသည်။ "ယွမ်ရှောက်"(Yuan Shao) မှ ရှေ့သို့ သွားပြီး

"ဘယ်သူလဲ" ဟု မေးလိုက်သည်။

ထိုအခါမှ ထိုတပ်ထဲမှ ခေါင်းဆောင်ထက


ွ်လာပြီး

"ဒီထဲမှာ ဘုရင်ရှိလား" ဟု မေး၏ ။

ဘုရင်သည် စကားတုန့်ပြန်ရန်ကြောက်နေချေရာ ချန်လျူမင်းသားက ရှေ့သို့ ထွက်ပြီး

"သင် ဘယ်သူလ"ဲ ဟု မေးလေသည်။

40
ထိုအခါမှ ထိုသူက

"ကျွန်တော်က ရှီကျိုးပြည်နယ်အုပ်ချုပ်တဲ့ "တုန်ကျိုး"(Dong Zhuo) ပါ" ဟု ပြောလေသည်။

"ရှန"် (Xian) မင်းသား : "ဘုရင့်ကို ကာကွယ်ဖို့လာတာလား၊ အန္တရာယ်ပေးဖို့လာတာလား?"

"တုန်ကျိုး"(Dong Zhuo) : "ကာကွယဖ


ို့လာတာပါ"

"ရှန"် (Xian) မင်းသား : "ဒါဆို ဘုရင်က မျက်စိရှေ့မှောက်မှာ ရှိနေတာကို ဘာဖြစ်လို့


အရိုအသေမပေးရတာတုန်း?"

ထိုအခါမှ "တုန်ကျိုး"(Dong Zhuo) သည် မြင်းပေါ်မှ အလျှင်အမြန်ဆင်းကာ အရိုအသေပြုလေသည်။


ထိုအချိန်မှသာ "ရှန"် (Xian) မင်းသား က တလေးတစားဆက်ဆံလေသည်။ "ရှန"် (Xian) မင်းသား ၏
သွက်လက်မှု၊ အရည်အချင်းကို မြင်လေလျှင် "တုန်ကျိုး"(Dong Zhuo) ၏ စိတဝ
် ယ် ဘုရင်ထက်
မင်းသားကို ဦးစားပေးချင်လာခဲ့သည်။

ထိုရက်တွင်ပင် နန်းတော်သို့ ပြန်ရောက်ပြီး မိဖုရားကြီးနှင့် တွေ့လေသည်။

အရှုပ်အထွေးများပြီးသွားသော်လည်း ပဋ္ဋိပက္ခများကြားဝယ် ရှေးမင်းစဉ်မင်းဆက်က လက်ဆင့်ကမ်းခဲ့သည့်


ဘုရင့်တံဆိပ်တုံးပျောက်သွားခဲ့သည်။

"တုန်ကျိုး"(Dong Zhuo) သည် သူ၏ တပ်တို့ နှင့်အတူ အရံအတားမရှိ၊ မြို့တော်၌ စခန်းချလေသည်။


စစ်သားများစွာတို့ သွားသွားလာလာဖြစ်နေသည်ကို မြင်ရသော ပြည်သူတို့၏ စိတ်ဝယ်

41
စိုးရိမ်ကြောင့်ကြလျက်ရှိသည်။ သို့ သော်လည်း "တုန်ကျိုး"(Dong Zhuo) သည် ဂရုမစိုက်၊ နန်းတော်ထဲသို့
ဝင်သွား၊ ထွက်လာနှင့် လုပ်နေခဲ့သည်။

ထို့ကြောင့် အနောက်ပိုင်းတပ်စစ်သူကြီး "ပေါက်ရှင်း"(Bao Xin) က "တုန်ကျိုး"(Dong Zhuo) ၏


အပြုအမူတို့ ကို "ယွမ်ရှောက်"(Yuan Shao) အား

"ဒီလူက တစ်ခုခု အကြံထုတ်နေတာဖြစ်မယ်၊ မြို့တော်က နှင်မှ ဖြစ်မယ်" ဟု ပြောလေသည်။

"အစိုးရအဖွဲ့တွေပြန် တည်ငြိမ်သွားတဲ့အထိ ခဏစောင့်ပါဦး" ဟု "ယွမ်ရှောက်"(Yuan Shao) က


ပြန်ပြောသည်။

သို့နှင့် "ပေါက်ရှင်း"(Bao Xin) က ထိုအကြောင်းကို အတွင်းဝန် "ဝမ်ယွင"် (Wang Yun) ကို ပြောရာ
"နောက်မှ ဆွေးနွေးကြရအောင်" ဟူသည့်အဖြေသာ ရလေသည်။

ထိုအခါ "ပေါက်ရှင်း"(Bao Xin) သည် ရာထူးမှထွက်ကာ မြို့တော်မှ ခွာပြီး ထိုင်ရှန်းတောင်တွင်


သွားနေထိုင်လေသည်။

"တုန်ကျိုး"(Dong Zhuo) သည် "ဟဲကျင်း"(He Jin) နှင့် "ဟဲမြောင်"(He Miao) တို့အောက်ဝယ်


အမှုထမ်းခဲ့သော် စစ်သည်တို့ ကို သူ့လက်အောက်ဝင်ရန် သိမ်းသွင်းခဲ့သည်။ ထို့ နောက်
သူ့အကြံပေးဖြစ်သော "လီရ"ု (Li Ru) အား ဘုရင်ကို နန်းချပြီး ချန်လျူမင်းသားကို နန်းတင်ရန်အကြံကို
တိုင်ပင်သည်။

"လီရ"ု (Li Ru) : "ခုလက်ရှိအစိုးရဟာ ခေါင်းပြတ်နေသလိုပဲ ဦးဆောင်မဲ့သူမဲ့နေတယ်၊ ဒါကြောင့် ဒီအကြံ


သင့်တော်တယ်။ နက်ဖြန်ကျရင် အမတ်တွေကို ဝမ်မင်ဥယျာဉ်တော်မှာ စုဝေးစေပြီး ဒီကိစ္စကို ပြောပါ။
မနာခံရင် သတ်ပစ်ပါ။ ဒါဆို အကြံအောင်မှာပါ"

သို့နှင့် နောက်ရက်တွင် "တုန်ကျိုး"(Dong Zhuo) သည် စားပွဲသောက်ပွဲတည်ခင်းကာ အမတ်တို့ကို


ဖိတြ် ကားစေသည်။ အရာရှိအရာခံတို့ လည်း "တုန်ကျိုး"(Dong Zhuo) ကို ကြောက်သဖြင့်
လာရလေသည်။ စားပွဲသောက်ပွဲဝယ် "တုန်ကျိုး"(Dong Zhuo) သည် ဓားကိုကိုင်ဆောင်ထားသည်။
အရက်ဝိုင်တို့ ကို ဧည့်သည်တို့ ကို တည်ခင်း ကျွေးမွေးပြီး ဂီတတို့ဖြင့် ဖျော်ဖြေစေသည်။ ထို့နောက်
"တုန်ကျိုး"(Dong Zhuo) က ဂီတကို ခေတ္တရပ်နားစေကာ

"ကျုပ် ပြောစရာရှိပါတယ်၊ အားလုံးပဲ နားထောင်ကြပါ" ဟု ဆိုလေသည်။

ဥယျာဉ်အတွင်းရှိ လူအားလုံးသည် သူပြောမည့်စကားကို အာရုံစိုက်စွာ နားထောင်နေသည်။

ထိုအခါမှ "တုန်ကျိုး"(Dong Zhuo) က

42
"ဘုရင်ဆိုတာ အကုန်လုံးရဲ့သခင်ပဲ။ အကယ်၍ သူဟာ လေးစားစရာ၊ အားကိုးစရာမကောင်းဘူးဆိုရင်
ရှေးဘုရင်မင်းမြတ်တွေရဲ့အရိုက်အရာကို ဆက်ခံဖို့ မသင့်လျော်ပေဘူး၊ အခုလက်ရှိဘရ
ု င်ဟာလည်း
ပျော့ညံ့တဲ့သြူ ဖစ်တယ်။ အရည်အချင်းအရာမှာ ချန်လျူမင်းသားကို မမှီဘူး။ ဒါကြောင့် ဘုရင်ကို ရာထူးက
အနားယူစေပြီး ချန်လျူမင်းသားကို နန်းတင်စေမယ်၊ ခင်ဗျားတို့ကော ဘယ်လုထ
ိ င်လ?ဲ " ဟု မေးလေသည်။

အသံများသည် အပ်ကျသံပင်ကြားရလောက်အောင် တိတဆ


ိတ်သွားကြသည်။ "တုန်ကျိုး"(Dong Zhuo)
ကို ဆန့်ကျင်ကာ အတိုက်အခံလုပ်ပြီး ပြောမည့်သူ ထွကမ
် လာ။ သို့သော် ခဏအကြာတွင် လူတစ်ဦးသည်
မတ်တပ်ရပ်ကာ စားပွဲကို မှောက်လိုက်ပြီး အသံကျယ်ကြီးနှင့် စကားပြောလိုက်လေသည်။

"မဖြစ်ဘူး၊ မဖြစ်ဘူး။ ခင်ဗျားက ဘာမို့ လို့ ဒီစကားပြောထွက်တာလဲ။ လက်ရှိဘုရင်ဟာ


အရင်ဘရ
ု င်ရဲ့သားတော်ပဲ၊ နောက်ပြီးဘာအပြစ်မှလည်း မလုပ်ခဲ့သေးဘူး။ အဲ့ဒါကို
ဘာလို့ များနန်းချရမှာတုန်း။ ခင်ဗျားက ပုန်ကန်ဖို့ ကြံနေတာလား"

ဤစကားကို ပြောလိုက်သူမှာ ဘင်ကျိုးပြည်နယ်ကို အုပ်ချုပ်သူ "တင်းယွမ်"(Ding Yuan) ဖြစ်သည်။

"တုန်ကျိုး"(Dong Zhuo) သည် "တင်းယွမ"် (Ding Yuan) ကို စေ့စေ့ကြည့်ပြီး

"ကျုပ်နောက်လိုက်မဲ့သေ
ူ တွဟာ အသက်ချမ်းသာရာရမှာဖြစ်ပြီး ကျုပ်စကားကို မနာခံရင်သေမှာဖြစ်တယ်"
ဟု ပြောလိုက်သည်။

"တုန်ကျိုး"(Dong Zhuo) သည် ဓားကိုဆွဲထုတ်လိုကြ် ပီး "တင်းယွမ်"(Ding Yuan) ကို ထိုးရန် ပြင်သည်။
သို့သော် အကြံပေး "လီရ"ု (Li Ru) သည် "တင်းယွမ်"(Ding Yuan) နောက်တွင် ရပ်နေသော
အန္တရာယ်ရှိပုံပေါ်သည့် "တင်းယွမ်"(Ding Yuan) ၏ နောက်လိုက်ကို တွေ့လိုက်သည်။ ထိုသသ
ူ ည်
ပုဆန
ိပုံစံအသွားပါသော လှံပုံစံလက်နက်တစ်မျိုးကို ကိုင်ဆောင်ထားပြီး ဒေါသထွကေ
် နသော
မျက်လုံးများနှင့် စူးစိုက်ကြည့်နေလေသည်။

သို့နှင့် "လီရ"ု (Li Ru) က

"ဒီဟာက စားသောက်ပွဲပါ။ တိုင်းရေးပြည်ရေးဆိုတာ နောက်မှ၊ မနက်ဖြန်မှ ဆွေးနွေးလို့ ရတယ်။" ဟု


ဝင်ပြောကာ ဖျန်ဖြေလေသည်။

အခြားသောသူတို့ ကလည်း "တင်းယွမ်"(Ding Yuan) ကို စိတ်ပြေအောင်ချော့မော့ပြီး ထွက်သွားစေသည်။

ထိုအခါ "တုန်ကျိုး"(Dong Zhuo) သည်

"ကျွန်တော် ခုနက ပြောတာ မမှန်ဘူးလား" ဟု မေးလေသည်။

43
ထိုအခါ "လုကျီ"(Lu Zhi) က

"ရှန်မင်းဆက်ခေတ်တုန်းက ဧကရာဇ်"ထိုင်ကျား"(Tai Jia) က အရည်အချင်းညံ့ဖျင်းခဲ့တဲ့အတွက် ဝန်ကြီး


"ရီရင်"(Yin Yin) ဟာ ဘုရင်ကို ရာထူးဖြုတ်ပြီး ထုံနန်းတော်မှာထားစေပြီး ဘုရင်က ကိုယ့်ကိုယက
ို
ပြန်ပြင်တော့မှ ရာထူးပြန်ပေးခဲ့တယ်။ ဒီဟန်ခေတ်မှာလည်း ရှေးက ဘုရင်ဖြစ်တဲ့ ချန်ရီ(Changyi) ဟာ
နန်းတက်ပြီးနှစ်ဆယ့်ခုနှစ်ရက်အတွင်းမှာ အမှားတွေအများကြီးလုပ်ခဲ့တဲ့အတွက် စစ်သူကြီး
"ဟော်ကွမ်း"(Huo Guang) ဟာ ဘုရင်ကို ရာထူးချစေခဲ့တယ်။ ရှေးခေတ်က ဒီလိုမျိုး
သာဓကတွေရှိခဲ့တယ်။ အခုလက်ရှိဘုရင်ဟာ ငယ်ရွယ်ပေမယ့် သနားကြင်နာတတ်ပြီး
ပြည်သူကိုချစ်ပြီးတော့ အရည်အချင်းလည်းရှိပါတယ်။ ဘုရင်ဖြစ်ပြီးနောက်ပိုင်း အမှားလည်း မလုပ်ခဲ့ပါဘူး။
အသင်ဟာ ရှေ့တန်းတပ်ရဲ့စစ်သူကြီးဖြစ်ပြီး အုပ်ချုပ်မှုဆုင
ိရာကို တာဝန်ယူရတဲ့ မှူးကြီးမတ်ရာ မဟုတ်ဘူး၊
ဒါ့အပြင် အုပ်ချုပ်ရေးအပိုင်းမှာလည်း အတွေ့အကြုံမရှိခဲ့ဖူးဘူး။ ရှေးခေတ်က "ရီရင်"(Yin Yin) နဲ့
"ဟော်ကွမ်း"(Huo Guang) လို လုပ်နိုင်ဖို့ ဆိုတာ မဖြစ်နင
ိုဘူး ။ ဆိုရိုးစကားတစ်ခွန်းရှိပါတယ်....
"ရီရင်"(Yin Yin) လို လူမျိုးသာလျှင် "ရီရင်"(Yin Yin) လို လုပ်နိုင်မှာဖြစ်တယ်၊ ဒါကို အခြားသူက
တုပပြီးလုပ်ရင် ပုန်ကန်တာနဲ့ မခြားပါဘူး"

ဟု ပြောလေသည်။

"တုန်ကျိုး"(Dong Zhuo) သည် ဒေါသထွကက


်ာ ဓားကိုဆွဲပြီး "လုကျီ"(Lu Zhi) ကို ခုတ်ရန်ပြင်သည်။
သို့သော် ဝန်ကြီး "ချိုင်ယ"ုံ (Cai Yong) နှင့် "ဖန်ဘ"ို (Peng Bo) တို့က

"ဝန်ကြီး "လုကျီ"(Lu Zhi) ဟာ တိုင်းပြည်ကို လမ်းပြခေါင်းဆောင်နေသူ ဖြစ်ပါတယ်၊ ဒါကြောင့်


သူ့ကိုသတ်လိုကရ
် င် တစ်နိုင်ငံလုံးကလူတွေဟာ မကျေမနပ်ဖြစ်ကြမှာပါ" ဟု ပြောကာ
တားမြစ်ခဲ့လေသည်။

ထို့နောက် "ဝမ်ယွင"် (Wang Yun) က

"ဒီလိုမျိုးကိစ္စကြီးတွေကို စားသောက်ပွဲမှာ ဆွေးနွေးဖို့ မဖြစ်နိုင်ပါဘူး။ ဒါကြောင့် နောက်တစ်ခါမှ


တိုင်ပင်ကြရအောင်" ဟု ဆိုသည်။

သို့နှင့် လာကြသော ဧည့်သည်တို့ သည်လည်း အလျှိုလျှိုပင် ပြန်ကြကုန်သည်။

"တုန်ကျိုး"(Dong Zhuo) သည် ဧည့်သည်တို့ ကို ဂိတ်အပေါက်ထိ လိုကပ


ို့ပြီး ရပ်နေစဉ်
ချပ်ဝတ်တန်ဆာဝတ်ကာ လှံလက်နက်တစ်မျိုးကို ကိုင်ဆောင်ထားသည့်သတ
ူ စ်ဦးသည် မြင်းစီးကာ
သွားသွားလာလာပြုနေသည်ကို တွေ့လိုက်သည်။ သို့နှင့် "လီရ"ု (Li Ru) အား ထိုသူဘယ်သူနည်းဟု
မေးသည်။ "လီရ"ု (Li Ru) က

44
"သူက "လွီပု"(Lu Bu) ဖြစ်ပြီး "တင်းယွမ်"(Ding Yuan) ရဲ့ မွေးစားသားဖြစ်ပါတယ်။ အရှင်၊ သူ့ကို
သတိထားရမယ်" ဟု ဆိုသည်။

နောက်တစ်ရက်တွင် "တင်းယွမ်"(Ding Yuan) သည် စစ်တပ်အင်အားအနည်းငယ်နှင့် ချီတက်လာပြီး


"တုန်ကျိုး"(Dong Zhuo) ကို စစ်တိုက်ရန် စိန်ခေါ်သည်။ နှစ်ဖက်သော စစ်တပ်တို့
မျက်နှာချင်းဆိုင်တွေ့ကြလေသည်။

ထိုအထဲတွင် အရှေ့ဆံုး တွင်ရှိနေသော "လွီပ"ု (Lu Bu) သည် အပေါ်လွင်ဆုံးဖြစ်နေသည်။ ခေါင်းစည်းကို


ရွှေရောင်ခေါင်းစည်း စည်းထားကာ ခေါင်းစည်းသည် ဇာမဏီငှက်၏ အမြီးသဏ္ဍာန်တလူလန
ှူင့်
လွင့်နေသည်။ ထို့အပြင် ရွှေရောင်ချပ်ဝတ်တန်ဆာတို့ကို ဝတ်ထားသေးသည်။ သူသည် လှံကို ကိုင်ကာ
သူ့သခင်ဖြစ်သော "တင်းယွမ်"(Ding Yuan) အနီးတွင် ရပ်နေသည်။

ထို့နောက် "တင်းယွမ်"(Ding Yuan) သည် ရှေ့သို့ ထွက်လာပြီး "တုန်ကျိုး"(Dong Zhuo) ကို


လက်ညှိုးထိုးကာ

"အရင်က ကုန်းကုန်းတွေ အာဏာကြီးပြီးတော့ ပြည်သူတွေ ဆင်းရဲတွင်းနက်ခဲ့တယ်၊ အခုတော့ ခင်ဗျားက


ဘုရင်ကိုတောင် ရာထူးဖြုတ်ပြီး ဘုရင်သစ်ကို နန်းတင်မယ်ကြံတယ်။ ဒါက ပုန်ကန်မှုကြီးပဲ" ဟု
ဆိုလေသည်။

"တုန်ကျိုး"(Dong Zhuo) စကားပြန်မပြောနိုင်မီပင် "လွီပ"ု (Lu Bu) က "တုန်ကျိုး"(Dong Zhuo) ကို


တိုက်လေရာ "တုန်ကျိုး"(Dong Zhuo) ထွက်ပြေးလေသည်။ "တင်းယွမ်"(Ding Yuan) ၏
စစ်တပ်အနိုင်ရကာ "တုန်ကျိုး"(Dong Zhuo) သည် ဆယ်မိုင်ခန့်ဆုတ်ခွာပြီး စခန်းချကာ
လက်အောက်ငယ်သားတို့ ကို ခေါ်၍ တိုင်ပင်သည်။

"တုန်ကျိုး"(Dong Zhuo): "ဒီ"လွီပ"ု (Lu Bu) က အင်မတန်ထူးချွန်တယ်၊ "လွီပ"ု (Lu Bu) သာ ငါ့ဘက်မှာ
ရှိမယ်ဆိုရင် တစ်လောကလုံးကိုတောင် အာခံရဲပါရဲ့"

"လီစု"(Li Su): "သခင်ကြီး၊ "လွီပု"(Lu Bu) နဲ့ ကျွန်တော်ဟာ တစ်ရပ်တည်းတစ်ရွာတည်းသားချင်းတွေ


ဖြစ်တ့အ
ဲ တွက် သူ့အကြောင်းကောင်းကောင်းသိပါတယ်။ သူဟာ လက်ရုံးရည်မှာ
ဘက်မတူအောင်ထူးချွန်သူဖြစ်ပေမယ့် နှလုံးရည်ညံ့ဖျင်းသူဖြစ်ပါတယ်။ ဒါကြောင့် သူဟာ
စည်းမျဉ်းတွေဘာတွေ စောင့်ထန
ိးမယ့်သူမဟုတ်ပဲ အခွင့်သာတဲ့ဘက်ကိုလိုကမ
် ယ့်လူစားမျိုးဖြစ်ပါတယ်၊
ကျွန်တော်မျိုးရဲ့စကားပြောစွမ်းရည်နဲ့ သူ့ကို အရှင့်ဘက်ပါလာအောင် သိမ်းသွင်းပါမယ်"

"တုန်ကျိုး"(Dong Zhuo): "သူ့ကို ဘာကိုအသုံးချပြီး ဆွဲဆောင်မှာတုန်း"

45
"လီစု"(Li Su): "သခင်ကြီးဆီမှာ မြင်းတကာ့မြင်းထဲမှာ အကောင်းဆုံးမြင်းလို့ ဆိုနိုင်တဲ့ "ယုန်နီ"လို့
အမည်ရှိတဲ့ မြင်းရှိတယ်မဟုတ်လား။ အဲ့မြင်းရယ်၊ ရွှေငွေအပြင် ပုလဲတွေကို အသုံးချရမှာပေါ့၊ ဒါဆို သူဟာ
သေချာပေါက် "တင်းယွမ်"(Ding Yuan) ကို သစ္စာဖောက်ပြီး ကျွန်တော်တို့ ဘက်ပါလာမှာ ဖြစ်တယ်။"

ထိုအခါ "တုန်ကျိုး"(Dong Zhuo) မှ သူ့အကြံပေး "လီရ"ု (Li Ru) ကို မေးလိုက်သည်။

"မင်းကော ဘယ်လုထ
ိ င်လ"ဲ

"လီရ"ု (Li Ru): "မြင်းတစ်ကောင်နဲ့ တစ်နိုင်ငံလုံးကိုရနိုင်မယ်ဆို အဲ့မြင်းကို စတေးတန်စတေးရပါမယ်"

သို့နှင့် "လီစု"(Li Su) ကို သူတောင်းဆိုသည့်အတိုင်း ပေးပြီးလျှင် "လွီပု"(Lu Bu) ထံသွားစေသည်။

"လီစု"(Li Su) သည် "လွီပု"(Lu Bu) စခန်းချရာအရပ်သို့ သွားပြီး အစောင့်ကို

"မင်းတို့ စစ်သူကြီး"လွီပ"ု (Lu Bu) ကို သူ့မိတေ


် ဆွဟောင်းက လာတွေ့တယ်လို့ ပြောလိုက်ပါ" ဟု
ဆိုသည်။ "လွီပု"(Lu Bu) ထွကလ
်ာသော်

"အစ်ကိုကြီး၊ မတွေ့တာကြာပြီ၊ ကျန်းမာလို့ သာပါစ" ဟုဆိုကာ အရိုအသေပြုလိုက်သည်။ "လွီပု"(Lu Bu)


ကလည်း အရိုအသေပြုကာ

"မတွေ့တာအတော်ကြာပြီ၊ အခုဘယ်မှာ နေပြီးဘာလုပ်နေတုန်း" ဟု ပြန်မေးလိုက်သည်။

"ကျွန်တော်က အခုစစ်တပ်မှာ စစ်သူကြီးအနေနဲ့ အမှုထမ်းနေပါတယ်၊ နောင်ကြီးလည်း


စစ်တပ်ထဲမှာဆိုတဲ့သတင်းကြားတော့ ဝမ်းသာလို့ မဆုံးဘူးဗျာ၊ အခု ကျွန်တော်က နောင်ကြီးကို
မြင်းကောင်းတစ်ကောင် လက်ဆောင်လာပေးတာဗျ၊ ဒီမြင်းက တစ်ရက်ကုမ
ိုင်ငါးရာခရီးသွားနိုင်ပြီး
မြစ်ဖြတ်ကူးတာတို့၊ တောင်တက်တာတို့ကို မြေပြန့်မှာသွားနေတဲ့အလားသွားနိုင်တယ်၊ မြင်းနာမည်က
"ယုန်နီ"လို့ ခေါ်တယ်၊ နောင်ကြီးလိလ
ု မ
ျူိုးနဲ့ ထိုက်တန်တဲ့မြင်းပေါ့ဗျာ"

"လွီပု"(Lu Bu) သည် မြင်းကိုကြည့်ကာ နှစ်သက်သဖြင့်

"ဒီလိုမြင်းမျိုးကို လက်ဆောင်လာပေးတော့ ကျွန်တော်ဘာများ လုပ်ပေးရမလဲ"

"ဘာမှ လုပ်ပေးစရာ မလိုပါဘူး၊ ဒီလိုပဲ လက်ဆောင်အနေနဲ့ လာပေးတာပါ"

ထို့နောက်နှစ်ဦးသား အရက်သောက်ကြလေသည်။ ပြီးနောက် "လီစ"ု (Li Su) မှ

"ကျွန်တော်တို့နှစ်ဦးက အချင်းချင်းသိပ်မတွေ့ဖြစ်ပေမယ့် နောင်ကြီးရဲ့အဖေကို အမြဲတွေ့တယ်ဗျာ"

46
"ခင်ဗျား မူးနေပြီ၊ ကျွန်တော့်အဖေက သေသွားတာ ကြာခဲ့ပြီလေ"

"မဟုတ်ဘူး ၊ ကျွန်တော်က ခင်ဗျား မွေးစားအဖေ"တင်းယွမ"် (Ding Yuan) ကို ပြောတာ"

"အင်း၊ ကျွန်တော်က သူနဲ့အတူရှိနေခဲ့ပေမယ့် အခြေအနေအရပါ၊ နေချင်တယ်ရယ်လို့ တော့


မဟုတ်ပါဘူး"

"နောင်ကြီးရဲ့အရည်အချင်းဟာ ကောင်းကင်ထက်မြင့်ပြီး ပင်လယ်ကြီးထက်နက်ရှိုင်းပါတယ်၊


နောင်ကြီးရဲ့နာမည်ကို ကြားရင် ဘယ်သူမှ ဦးမညွှတ်ပဲမနေရဲပါဘူး၊ အောင်မြင်ကျော်ကြားမှု၊
ချမ်းသာကြွယ်ဝမှု၊ ရာထူးဂုဏ်သိမ်ဆိုတာ နောင်ကြီးအတွကပ
်ဲ၊ ဘာလို့ များ
သူများရဲ့လက်အောက်ခံအဖြစ်နေရမှာတုန်း"

"အင်း.....ကျွန်တော်နဲ့သင့်တော်မယ့်သခင်ရှိရင်ပေါ့လေ"

"လိမ္မာတဲ့ငှက်ဟာ ကောင်းတဲ့သစ်ကိုင်းကိုသာ ရွေးပြီးနားတယ်၊ ဒီလိုပဲ ပညာရှိတဲ့သူဟာလည်း


ထိုက်တန်တဲ့သခင်ကို ရွေးချယ်တယ်။ အခွငအ
့် ရေးလာရင် အဲ့အခွင့်အရေးကို
လက်ဆုတ်လက်ကိုင်ထားနိုင်ရမယ်၊ အဲ့လိုမှမဟုတ်ပဲ နောင်တရတဲ့အချိန်မှာဆို တအားနောက်ကျသွားခဲ့ပြီ"

"ခင်ဗျားလဲ စစ်မှုထမ်းဆိုတော့ အရာရှိတွေထမ


ှဲာ ဘယ်သူက အရဲရင့်ဆံုး လဲ"

"ကျွန်တော်ကတော့ဗျာ....."တုန်ကျိုး"(Dong Zhuo) ကလွဲရင် တခြားလူတွေကို ရှိတယ်လို့ တောင်


မထင်ပါဘူး၊ သူဟာ ချီးမြောက်ထိုက်သူကို ချီးမြောက်သူဖြစ်တယ်၊ သူဟာ
သေချာပေါက်အာဏာရှိသူဖြစ်လာနိုင်တယ်"

"ကျွန်တော် သူ့ဆီမှာ အမှုထမ်းနိုင်ဖို့ မျှော်လင့်မိပါတယ်၊ ဒါပေမယ့် မဖြစ်နိုင်ဘူး"

ထိုအခါ "လီစု"(Li Su) မှ ပါလာသော ရွှေငွေ၊ ပုလဲတို့ ကို ထုတက


်ာပြလိုက၍
် "လွီပ"ု (Lu Bu) က

"ဒါကဘာလဲ။ ဘာသဘောလဲ"

"အစောင့်တွေကို အပြင်မှာ နေခိုင်းလိုက်ပါ"

ထို့နောက် "လီစု"(Li Su) ကပင် ဆက်၍

"တုန်ကျိုး(Dong Zhuo) က နောင်ကြီးရဲ့ ရဲစွမ်းသတ္တိကို လေးစားခဲ့တာကြာပြီ။ ဒီရတနာတွေက


နောင်ကြီးအတွက် သူ ပေးခိုင်းလိုက်တာပါ၊ မြင်း"ယုန်နီကလဲ သူပေးလိုက်တာပဲဗျ"

"ဒီလိုတောင် ပေးတယ်ဆိုတော့ ကျွန်တော်ဘာများ လုပ်ပေးရမလဲ"

"ကျွန်တော့်လိုလူမျိုးတောင် စစ်သူကြီးရာထူးအထိရောက်တယ်ဆိုတော့ နောင်ကြီးလိုလူသာဆို


ရာထူးအကြီးကြီးရမှာဗျ"

47
"သူ့ကို ဘာမှပြန်လုပ်ပေးနိုင်တာ မရှိလို့ စိတ်မကောင်းပါဘူး"

"နောင်ကြီး လုပ်ပေးနိုင်တာ တစ်ခုရှိပါတယ်၊ အင်မတန်လွယက


်ူတ့က
ဲိစ္စလေးပါ၊ ဒါပေမယ့် အဲ့ဒါကို
နောင်ကြီး လုပ်ချင်မှာ မဟုတ်ဘူး"

ထိုအခါ "လွီပု"(Lu Bu) သည် အချိန်အတန်ကြာ စဉ်းစားပြီးနောက်

"ကျွန်တော် "တင်းယွမ"် (Ding Yuan) ကို သတ်ပြီး သူ့စစ်သားတွေကို "တုန်ကျိုး"(Dong Zhuo)


ဘက်ပါအောင် လုပ်ပေးမယ်ဗျာ၊ အဲ့ဒါ ဘယ်လိုသဘောရတုန်း"

"အဲ့လိုဆိုရင်တော့ အကောင်းဆုံးပဲပေါ့၊ ဒါပေမယ့် ဒီလုက


ိစ္စတွေက အချိန်မနှောင့်နှေးသင့်ဘူး "

ထို့နောက် "လွီပ"ု (Lu Bu) သည် ၎င်းကို ပြုလုပ်မည်ဟု ကတိပေးလိုကက


်ာ "လီစု"(Li Su) လည်း
ထွက်သွားခဲ့လေသည်။

ထိုညနှစ်ချက်တီး အချိန်ဝယ် "လွီပု"(Lu Bu) သည် ဓားကိုကိုင်ကာ "တင်းယွမ်"(Ding Yuan) ရှိရာ


ရွကဖ
်ျင်တဲသို့သွားလေသော် "တင်းယွမ"် (Ding Yuan) သည် ဖယောင်းတိုင်ထွန်းတာ စာဖတ်နေသည်ကို
တွေ့လိုက်ရသည်။ "တင်းယွမ်"(Ding Yuan) က "လွီပု"(Lu Bu) ကို မြင်လျှင်

"ငါ့သား၊ ဘာကိစ္စရှိလို့ လဲ"

"ကျုပ်က ရဲရင့်တဲ့ သူရဲကောင်းတစ်ယောက်ပဲ၊ ခင်ဗျားလိုလူမျိုးရဲ့သားဖြစ်ချင်တယ်လို့ မထင်နဲ့ "

"ဘာလို့ ရုတ်တရတ်ပြောင်းလဲသွားရတာတုန်း"

"လွီပု"(Lu Bu) သည် ပြန်မဖြေ၊ ဓားနှင့်ပိုင်းလိုက်ရာ "တင်းယွမ်"(Ding Yuan) ခေါင်း မြေသို့ ကျလေသည်။

ထို့နောက် "လွီပ"ု (Lu Bu) သည် အမှုထမ်းတို့ကိုခေါ်ကာ

"ဒီလိုဟာ တရားမရှိတဲ့သူမို့ လို့ သတ်လိုက်တာ၊ ငါ့နောက်လိုက်ချင်သူတွေနေခဲ့၊ မလိုက်ချင်သူတွေ


ထွက်သွားကြ" ဟု ပြောလေသည်။

လူအများစုထွက်ပြေးသွားကြသည်။ နောက်တစ်ရက်တွင် "လွီပု"(Lu Bu) သည် ခေါင်းပြတ်ကိုယူကာ


"လီစု"(Li Su) နှင့် သွားတွေ့သည်။ "လီစ"ု (Li Su) မှတစ်ဆင့် "တုန်ကျိုး"(Dong Zhuo) နှင့် တွေ့လေရာ
အရက်၊စားစရာတို့ဖြင့် ဧည့်ခံလေ၏။ ထို့နောက် "တုန်ကျိုး"(Dong Zhuo) မှ

"ခင်ဗျား ဒီကိုလာတာကို ပေါက်ခါစမြက်ပင်က နူးညံ့တ့န


ှဲင်းရည်ကျတာကို ကြိုဆိုသလိုပဲ ကြိုဆိုပါတယ်" ဟု
ပြောသည်။ ထို့နောက် "လွီပု"(Lu Bu) ကို ရွှေချပ်ဝတ်တန်ဆာနှင့် ပိုးထည်အင်္ကျီတို့ ကို ပေးလေသည်။

48
သို့နှင့် "တုန်ကျိုး"(Dong Zhuo) ၏ ဩဇာအာဏာသည် ကြီးမားသည်ထက်ကြီးမားလာသည်။ သူ့ညီ
"တုန်းမင်"(Dong Min) ကို ဟူပြည်နယ်အုပ်ချုပ်ရေးတာဝန်ခံရာထူးနှင့် ဘယ်တောင်ပံစစ်တပ်
စစ်သြူ ကီးရာထူးကိုလည်းကောင်း၊ "လွီပု"(Lu Bu) ကိုမူ လော့ရန်မြို့စား၊ မြို့တော်အစောင့်တပ်မှူး၊
မြင်းတပ်စစ်သူကြီးရာထူးကိုလည်းကောင်း၊ သူကိုယ်တိုင်ကမူ အလုပ်ဆိုင်ရာဝန်ကြီး၊ စစ်သူကြီးချုပ်၊
အရှေ့ပိုင်းတပ်စစ်သူကြီး စသောရာထူးများ ရခဲ့သည်။ အကြံပေး"လီရ"ု (Li Ru) ကလည်း
မကြာခဏဆိုသလို ဘုရင်ကို နန်းချရန်တိုက်တန
ွ်းသည်။

ထို့နောက် "တုန်ကျိုး"(Dong Zhuo) သည် မှူးကြီးမတ်ရာတို့ ကိုခေါ်စေကာ


စားသောက်ပွဲတည်ခင်းလေသည်။ ထို့နောက် ထိုပွဲ၌ စစ်သားအနည်းငယ်ကို "လွီပု"(Lu Bu) အား
ဦးဆောင်စေပြီး အဆင်သင့်စောင့်ထားစေသည်။ မကြာခင်၌ပင် ပုံမှန်စားသောက်ပွဲတို့နှင့်မခြား၊
စားစရာတို့ကို တည်ခင်းကျွေးမွေးလေသည်။

ထို့နောက် "တုန်ကျိုး"(Dong Zhuo) သည် ရုတ်တရတ်ထပြီး ဓားကိုဆွဲကာ

"ကျုပ်တို့အထက်မှာရှိတဲ့ ဘုရင်ဟာ ပျော့ညံ့ပြီး သူ့တာဝန်ကို ထမ်းဆောင်နိုင်မယ့်သူမဟုတ်ဘူး၊


ဒါကြောင့်ရှေးတုန်းက "ရီယင်"(Yi Yin) နဲ့ "ဟော်ကွမ်း"(Huo Guang) တို့လိုပဲ ကျုပ်ဟာ ဘုရင်ကို
"ဟုန်နုံ"(Hongnong) မင်းသားဆိုတဲ့ဘွဲ့ကို ပေးစေပြီး ချန်လျူမင်းသားကိုတော့ နန်းတက်စေမယ်။ ကျုပ်ကို
ဆန့်ကျင်တ့သ
ဲူတွေဟာ သေဒဏ်ပေးခံရမှာဖြစ်တယ်။"

ထိုအခါ "ယွမ်ရှောက်"(Yuan Shao) မှ

"ဧကရာဇ်မင်းမြတ်ဟာ ဘာအပြစ်မှ မကျူးလွန်ခဲ့ဘူး။ ဒါကို ခင်ဗျားက သူ့ကိုနန်းချမယ်ဆိုရင် တိုင်းပြည်ကို


ပုန်ကန်သလိုပဲ" ဟု ပြောလေသည်။

"တုန်ကျိုး"(Dong Zhuo) : "တိုင်းပြည်က ငါ့လက်ထဲမှာရှိတယ်။ ငါလုပ်ချင်တဲ့အရာကို မင်းက


ဆန့်ကျင်ချင်တယ်.....ငါ့ဓားကို အသွားမရှိဘူးထင်လို့ လား"

"ယွမ်ရှောက်"(Yuan Shao) : "ခင်ဗျားဓားက ထက်ကောင်းထက်မယ်၊ ဒါပေမယ့် ကျုပ်ဓားက ဘယ်တော့မှ


မတုံးဘူး"

ထိုသူနှစ်ဦးတို့သည် အမတ်တို့ကြားဝယ် မျက်နှာချင်းဆိုင်တွေ့ကြလေသည်။

49
အခန်း(၄) ဘုရင် နန်းချခံရကာ ချန်လျူမင်းသား ဘုရင်ဖြစ်လာခြင်း။ "ချောင်ချောင်း"(Cao Cao) က
"တုန်ကျိုး"(Dong Zhuo) အား ဓားလက်ဆောင်ပေးခြင်း

"တုန်ကျိုး"(Dong Zhuo) သည် "ယွမ်ရှောက်"(Yuan Shao) အား သတ်ရန် ဟန်ပြင်ရင် "လီရ"ု (Li Ru) မှ

"ကိစ္ဓကြီးအကြောင်း ဆွေးနွေးနေတဲ့အချိန်မှာ မသတ်သင့်ပါဘူး" ဟု ဝင်တားလိုက်လေသည်။

"ယွမ်ရှောက်"(Yuan Shao) လည်း ဓားကိုကိုင်လျက်ပင် ညီလာခံမှထွက်ကာ အရှေ့ဂိတမ


ှ် တစ်ဆင့်
ကျိကျိုးပြည်နယ်သို့ ပြန်လေသည်။

ထို့နောက် "တုန်ကျိုး"(Dong Zhuo) သည် "ယွမ်ရှောက်"(Yuan Shao) ဦးလေးတော်သူ ကာကွယ်ရေးဝန်


"ယွမ်ဝေ"(Yuan Wei) အား

"ခင်ဗျားတူက အမူအယာမယဉ်ကျေးဘူး၊ ဒါပေမယ့် ခင်ဗျားမျက်နှာနဲ့ ကျုပ် သူ့ကို ခွင့်လွှတ်လိုကမ


် ယ်၊
ကျုပ်အကြံကိုကော ခင်ဗျား ဘယ်လိုမြင်တုန်း" ဟု မေးလေသည်။

"ယွမ်ဝေ"(Yuan Wei) : "သင့်လျော်လျောက်ပတ်တဲ့အကြံဖြစ်ပါတယ်"

"တုန်ကျိုး"(Dong Zhuo) : "ဒါကိုကန့်ကွက်တဲ့သရ


ှူိရင် ဘယ်သူ့ ကိုပဲဖြစ်ဖြစ် စစ်တပ်စည်းကမ်းအတိုင်း
အရေးယူမယ်"

အမတ်တို့ သည်လည်း ကြောက်ကြောက်နှင့်ပင် သဘောသူလိုက်လျောပါမည်ဟု ဝန်ခံကတိပေးကာ


စားသောက်ပွဲလည်း ပြီးဆုံးသွားခဲ့သည်။

ထို့နောက် "တုန်ကျိုး"(Dong Zhuo) သည် ဝန်ကြီး "ကျိုးပိ"(Zhou Bi) နှင့် စစ်သူကြီး "ဝူချုံ"(Wu Qiong)
တို့အား "ယွမ်ရှောက်"(Yuan Shao) အပေါ် ဘယ်လြို မင်သနည်းဟု မေး၏ ။

"ကျိုးပိ"(Zhou Bi) : "သူဟာ လူအများအောင် ဒေါသထွက်အောင် လုပ်ခဲ့ပါတယ်၊ ဒါပေမယ့်


လက်ရှိမှာတော့ သူ့ကို အလျင်စလိုအပြစ်ပေးဖို့ မသင့်လျော်ပါဘူး။ "ယွမ်"(Yuan) မိသားစုတွေဟာ
မျိုးဆက်လေးဆက်တိုင်အောင် နန်းတော်ရဲ့အုပ်ချုပ်မှုအပိုင်းမှာ အမှုထမ်းခဲ့ကြသူတွေဖြစ်တဲ့အတွက်
သူတို့ အပေါ် မှီခိုသူတွေ၊ သူတို့ မိတ်ဆွေတွေဟာ နိုင်ငံအဝန်းမှာ အမြောက်အများရှိပါတယ်၊
သူတို့ အကူအညီနဲ့ ပေါင်းပြီး ပုန်ကန်မယ်ဆိုရင် ဟွာရှန်းတောင်အရှေ့ဘက်ပိုင်းက နယ်မြေတွေ
အဆုံးရှုံးခံရမှာ အမှန်ပါပဲ။ ဒါကြောင့် "ယွမ်ရှောက်"(Yuan Shao) ကို ခွင့်လွှတြ် ပီး ရာထူးတစ်ခု
ပေးလိုက်ရင် သူလည်း ကျေနပ်ပြီး ဆန့်ကျင်ဖီလာလုပ်တော့မှာ မဟုတ်ပါဘူး"

50
"ဝူချုံ"(Wu Qiong) : "ယွမ်ရှောက်"(Yuan Shao) က တိတ်တဆိတ်ကြံစည်တတ်ပေမယ့်
ဆုံးဖြတ်မှုအပိုင်းမှာ အားနည်းသူဖြစ်တဲ့အတွက် မှုလောက်စရာလူမဟုတ်ပါဘူး၊ ဒါကြောင့် သူ့ကို
ရာထူးတစ်ခုပေးလိုက်ရင် သင်ဟာ ခွင့်လွှတတ
် တ်သူဆိုပြီး နာမည်ကောင်းရနိုင်ပါတယ်"

သို့နှင့် "တုန်ကျိုး"(Dong Zhuo) သည် ထိုအကြံတို့ ကို လိုကန


်ာကာ "ယွမ်ရှောက်"(Yuan Shao) ကို
ဘိုဟိုင်မြို့ဝန်အဖြစ် ခန့်အပ်လိုက်လေသည်။

ကိုးလမြောက်လ၊ ပထမဆုံးရက်တွင် ဧကရာဇ်ကို ညီလာခံခန်းမသို့ လာရန်ဖိတေ


် စပြီးနောက်
မှူးကြီးမတ်ရာတို့ ၊ လူစုံတက်စုံ ရောက်သောအခါ "တုန်ကျိုး"(Dong Zhuo) သည် လူအများဘက် လှည့်ပြီး

"အခုလက်ရှိ ဧကရာဇ်ဟာ အရည်အချင်းမရှိတဲ့အတွက် ဒီတိုင်းပြည်ကို အုပ်ချုပ်ဖို့


မသင့်လျော်တ့သ
ဲူဖြစ်တယ်၊ ဒါကြောင့် အခု ကျုပ် ထုတြ် ပန်တဲ့ အမိန့်စာကို နားထောင်ကြပါ" ဟု ဆိုပြီး
"လီရ"ု (Li Ru) အား အောက်ပါအမိန့်စာကို ဖတ်ခိုင်းစေသည်။

"ဧကရာဇ်ဟောင်း"လင်း"(Ling) သည် တိုင်းပြည်ကို တာဝန်ကျေစွာအုပ်ချုပ်ပြီးနောက် နတ်ရွာစံခဲ့လေပြီ။


ကောင်းကင်ဘံ၏
ု ချီးမြောက်မှုကြောင့် "ပျန်း"(Bian) မင်းသားသည် ဘုရင်ဖြစ်လာခဲ့သော်လည်း
အရည်အချင်းညံ့ဖျင်းလေသည်။ ထို့အပြင် လူအများလေးစားမှုကို ခံရသူမဟုတ်ပဲ တာဝန်လည်း
မကျေသူဖြစ်သည်။ "ဟဲ"(He) မိဖုရားကြီးသည် သားဖြစ်သူကို ကောင်းစွာမသွန်သင်မဆုံးမခဲ့သည့်အတွက်
ဤသို့ဖြစ်ရခြင်းဖြစ်သည်။ "တုန်း"(Dong) မိဖုရားလည်း မည်သည့်အကြောင်းကြောင့်မှန်းမသိ၊ ရုတတ
် ရတ်
သေဆုံးခဲ့သည်။ လူတို့ ပြဿနာကြောင့် ကောင်းကင်နှင့်မြေကြီးတို့ မငြိမ်မသက်ဖြစ်ရသည်။

တစ်ဖက်၌ကား "လျူရှန"် (Liu Shan) - ချန်လျူမင်းသားသည် တရားမျှတသူဖြစ်ပြီး ရုပ်အချင်းအင်္ဂါလည်း


တင့်တယ်သူဖြစ်သည်။ ထို့အပြင်အကျင့်သိက္ခာကောင်းသူလည်း ဖြစ်ကာ ပြောသောစကားတို့ သည်
အမြဲပင်မှန်ကန်သော စကား ဖြစ်၏ ။ ထို့ကြောင့် ထိုသသ
ူ ည် ဟန်မင်းဆက်တို့၏ ရာထူးကို
ဆက်ခံသင့်ပေသည်

ယခုမှ စ၍ လက်ရှိဘုရင်အား "ဟုန်နုံ"(Hongnong) မင်းသားဘွဲ့ ပေးစေပြီး "ဟဲ"(He) မိဖုရားအား


ရာထူးမှချစေ

ထို့နောက် ချန်လျူမင်းသားသည် ပြည်သူလူထုတို့အကျိုးကို ထောက်ထားသောအားဖြင့်


ဧကရာဇ်ရာထူးဆက်ခံရန် တောင်းပန်အပ်ပါသည်"

ထိုစာဖတ်စေပြီးနောက် "တုန်ကျိုး"(Dong Zhuo) သည် အခြားသောအမတ်တို့ နှင့်အတူ ဘုရင်ကို


ပလ္လင်ပေါ်မှ အောက်သို့ဆင်းလာစေကာ မြောက်ဘက်သို့မျက်နှာမူစေပြီး ဒူးထောက်စေ၍
ဘုရင်မဟုတ်တော့ကြောင်း ထင်ရှားစေသည်။ ထို့အတူ "ဟဲ"(He) မိဖုရားအားလည်း

51
မိဖုရားအဆောင်အယောင်တို့ ကို ချွတ်စေကာ နောင်ချမှတ်မည့်အမိန့်ကို စောင့်ခိုင်းထားလေသည်။
မိဖုရားရော၊ ဘုရင်ပါ သည်းထန်စွာငိုကြွေးကြလေရာ မြင်ရသောသူအပေါင်းတို့ စိတ်မကောင်းဖြစ်ကြသည်။

ထို့နောက် အမတ်တစ်ဦးသည် မကျေနပ်မှုကို "တုန်ကျိုး(Dong Zhuo) ကြောင့် ဖြစ်ရလေတယ်"


နှုတြ် ဖင့်ထုတ်ဖော်ကာ ရှေးကအမတ်တို့ ညီလာခံဝင်ရာတွင်ကိုင်လေ့ရှိသည့် ဆင်စွယ်ဖြင့်လုပ်ထားသော
တုတ်ပြားဖြင့် "တုန်ကျိုး"(Dong Zhuo) အား ရိုကမ
် ည်ကြံသည်။ "တုန်ကျိုး"(Dong Zhuo) က
ရှောင်တိမ်းကာ ထိုသူကို သေဒဏ်ပေးလိုက်လေသည်။ ထိုသူသည် အသက်ဝိညာဉ်သည်
ခန္ဓာမှထွက်သည်အထိ ကြောက်ရွံ့မှုတစိုးတစိမှ မပြခဲ့။ ထိုသူ့ နာမည်ကား "တင်းကွမ်"(Ding Guan)
ဖြစ်သည်။

ထို့နောက် ချန်လျူမင်းသားသည် ပလ္လင်ပေါ်တက်ကာ ချီးမွမ်းထောပနာပြုမှုများ ခံယသ


ူ ည်။ အရင်ဘရ
ု င် --
လက်ရှိ ဟုန်နုံမင်းသားကိုမူ မယ်တော်ဖြစ်သော မိဖုရားနှင့် နန်းတွင်းအပျိုတော်တစ်ဦးဖြစ်သော
"ထန်"(Tang) အမျိုးသမီးတို့ နှင့် အတူ နန်းဆောင်တစ်ခုထဲတွင် အကျယ်ချုပ် ချုပ်နှောင်ထားခဲ့သည်။

ဤသည်ကား ငယ်ရွယ်သော ဘုရင်သည် ခြောက်လကြာမျှသာ အုပ်စိုးခဲ့ရသော သနားဖွယ်ရာ


ဖြစ်ရပ်ပေတည်း။ ဘုရင်အသစ်နာမည်ကား "လျူရှန"် (Liu Xian) ဖြစ်ပြီး လင်း(Ling) ဘုရင်၏
ဒုတိယသားဖြစ်သည်။ ထိုအချိန်ဝယ် "လျူရှန"် (Liu Xian) သည် ကိုးနှစ်ရှိပြီဖြစ်ပြီး အပယ်ခံနန်းဆောင်ဝယ်
စံနေရရှာသော ဘုရင်ဟောင်းထက် ငါးနှစ်ငယ်လေသည်။ သို့နှင့် အေဒီ ၁၉၀ နှစ်အစ တွင်အုပ်ချုပ်မှုပုံစံ
ပြောင်းခဲ့လေသည်။

ဝန်ကြီးချုပ်ဖြစ်လာပြီးနောက်ဝယ် "တုန်ကျိုး"(Dong Zhuo) သည် ဂုဏ်အရှိန်အဝါကြီးလာသည်နှင့်အမျှ


ပို၍လည်း မောက်မာလာသည်။ ဘုရင်ထံအခစားဝင်လျှ င်လည်း ကြို၍အကြောင်းကြားခြင်းမပြု၊
တံခါးမရှိဓားမရှိ ဝင်ထက
ွ်လေသည်။ ညီလာခံသို့ လည်း အချိန်မှန်မတက်၊
နန်းတွင်းညီလာခံသို့ ဝင်ပြန်လျှ င်လည်း ဖိနပ်စီးကာ လက်နက်ကိုင်ပြီး ဝင်လေသည်။ ထို့ အပြင်
တစ်နိုင်ငံလုံးတွင် အချမ်းသာဆုံးသူ ဖြစ်လာခဲ့သည်။

52
အကြံပေး "လီရ"ု (Li Ru) မှလည်း ပြည်သူလူထုမှ "တုန်ကျိုး"(Dong Zhuo) အပေါ်
အထင်အမြင်ကြီးစေရန် လူအများကြားဝယ် နာမည်ကြီးသော ပုဂ္ဂိုလ်တို့ကို နန်းတော်သို့ခေါ်ပြီး
ချီးမြောက်စေသည်။ "ချိုင်ယ"ုံ (Cai Yong) သည် အရည်အချင်းရှိသူဖြစ်သည်ဟု ကြားသိသောအခါ
"တုန်ကျိုး"(Dong Zhuo) သည် သူ့ထံ အခစားဝင်ရန် ခေါ်သည်။ "ချိုင်ယ"ုံ (Cai Yong) သည်
မသွားပဲနေသဖြင့် "တုန်ကျိုး"(Dong Zhuo) က တစ်မသ
ိားစုလုံးကို သတ်မည်ဟု ခြိမ်းခြောက်လိုက်သည်။
ထိုအခါမှသာ "ချိုင်ယ"ုံ (Cai Yong) လက်လျှော့ပြီး အမှုဝင်ထမ်းလေသည်။ "တုန်ကျိုး"(Dong Zhuo) သည်
ထိုသူ့ အပေါ် အလွန်ကောင်းသည်။ တစ်လအတွင်း ရာထူးသုံးခါ တိုးပေးသည်။ "ချိုင်ယ"ုံ (Cai Yong) သည်
မကြာမီမှာပင် ဝန်ကြီး ဖြစ်လာသည်။ ဤသည်ကား ရက်စက်သော "တုန်ကျိုး"(Dong Zhuo) ၏
ရက်ရောမှုတို့ ပင်တည်း။

ထိုအချိန်ဝယ် ဘုရင်ဟောင်းသည် သူ၏မယ်တော်၊ အပျိုတော်တစ်ဦးတို့ နှင့် အတူတူ နေရာမှ


နေ့စဉ်သံုး ဆောင်ရသည့် ထမင်း၊ ဟင်းလျာတို့ သည် တဖြည်းဖြည်းလျော့နည်းလာခဲ့သည်။
ဘုရင်ငယ်လေးသည် သည်းမခံနိုင်ပဲ ငိုလေသည်။ တစ်ခါသော် ဘုရင်ဟောင်းသည် ဟိုဟုဒ
ီဒီ
တွေးတောကာ အောက်ပါ ကဗျာကိုစပ်ခဲ့လေသည်။

"နွေဦးနှင့် ပေါက်သစ်စ မြက်တို့

ပျံလွှားငှက်တို့ ကား ပျော်ရွှင်စွာပျံသန်းကြကုန်ပြီ

ခရီးသွားတို့သည် ချောင်းငယ်လေး၌ ခဏရပ်နားကြသည်

ထိုသူတို့ ၏ မျက်လုံးဝယ် နွေဦး၏ ပွင့်သစ်စအလှကို မြင်ရပေသည်

ငါမူကား ခေါင်မိုးကိုသာ ငေးနေရ၏

တစ်ချိန်က ငါ၏ အမိုးအကာသဖွယ်ဖြစ်ခဲ့သော နန်းတော်ကြီး

ငါ တရားမျှတမှုအောက်ဝယ် ကာကွယ်ပေးခဲ့ရသောသူတို့

ဤသို့ပင် အကျိုးမရှိစွာ ငြိမ်ငြိမ်သက်သက်နှင့် အချိန်တို့ကို ကုန်လန


ွ်စေတော့မည်လား"

ထိုဘုရင်ဟောင်းကို စောင့်ကြပ်ရသော သူတစ်ဦးသည် "တုန်ကျိုး"(Dong Zhuo) အား ထိုကဗျာကို


ပြလိုက်လေသည်။

"တုန်ကျိုး"(Dong Zhuo) : "သူ့မုန်းတီးမှုကို ကဗျာနဲ့ ဖော်ပြတာပေါ့လေ၊ ရှင်းပစ်ဖို့ အကြောင်းပြချက်


ရတာပေါ့လေ"

53
ထို့နောက် "လီရ"ု (Li Ru) နှင့် လူဆယ်ဦးတို့ ကို ဘုရင်ဟောင်းထံ လွှတေ
် စသည်။ အချုပ်ခံထားရသူ
သုံးဦးတို့သည် "လီရ(ု Li Ru) လာသောအခါ၌ နန်းဆောင်၏ အပေါ်ထပ်ဝယ် ရှိနေခဲ့သည်။
ဘုရင်ဟောင်းသည် "လီရ"ု (Li Ru) လာသည်ဟု ကြားလျှင် တုန်လှုပ်ခြောက်ချားသွားလေသည်။

ထို့နောက် "လီရ"ု (Li Ru) သည် အဆိပ်ခပ်ထားသော အရက်ပုလင်းကို ဘုရင်ဟောင်းအားပေးလိုက်သည်။


ဘုရင်ဟောင်းက ဘာသဘောနှင့်နည်းဟု မေးလေလျှင် "လီရ"ု (Li Ru) က

"နွေဦးဆိုတာ ပျော်ပျော်ရွှင်ရွှင်နဲ့ အရက်ဝိုင်းဖွဲ့ရတဲ့ အချိန်မဟုတ်ပေလား၊ ဒါကြောင့် ဝန်ကြီးချုပ်က


အသက်ရှည်စေမယ့် အရက်ပုလင်းကို ဆက်သစေလိုက်ခြင်းဖြစ်ပါတယ်" ဟု ဖြေသည်။

ထိုအခါ "ဟဲ"(He) မိဖုရားမှ

"အကယ်၍ ဒါသာ ဒီလောက်ကောင်းတဲ့အရက်ဆိုမောင်မင်းလည်း သောက်သင့်တာပေါ့" ဟု


ဝင်ပြောလိုက်လေသည်။

ထိုအရာ "လီရ"ု (Li Ru) သည်

"မသောက်ဘူးလား" ဟု မေးကာ သူနှင့်အတူပါလာသော ဓားကိုင်ထားသည့်လူတို့ကို ခေါ်လိုက်ကာ

"အရက်ကို ရွေးမလား။ ဓားကိုရွေးမလား" ဟု မေး၏ ။

ထိုအခါ အပျိုတော် "ထန်"(Tang)အမျိုးသမီးမှ

"သူတို့အစား ကျွန်မ သောက်ပါရစေ.... အမေနဲ့သားကို ချမ်းသာပေးလိုက်ပါ" ဟု ပြောသည်။

"လီရ"ု (Li Ru) မှ

"သူတို့အစား သေရအောင် ဘာမို့ လို့ လဲ" ဟု ဆိုကာ အရက်ခွက်ကို မိဖုရားကြီးအား ပေးသည်။

မိဖုရားကြီးသည် သူ့အစ်ကို "ဟဲကျင်း"(He Jin) ကို တိုင်တည်ကာ မသောက်ပဲနေသည်။ သို့နှင့်


အရက်ခွက်ကို မင်းသားအား ပေးလေသည်။ မင်းသားက "မယ်တော်ကို နှုတ်ဆက်ပါရစေ" ဟု ဆိုကာ
အောက်ပါစာသားတို့ကို ရွတ်ဆိုခဲ့လေသည်။

"ကောင်းကင်နှင့် မြေကြီးတို့ ပြောင်းလဲခဲ့ပြီ

ဪ! နေနှင့်လတို့သည်လည်း ဦးတည်ရာမဲ့ခဲ့ချေပြီ

အရင်က လူအများကို အုပ်ချုပ်သူဖြစ်ခဲ့သော်လည်း ယခုမူ အခန်းကျဉ်းဝယ် ချောင်ပိတ်ခံရသည်

သစ္စာမဲ့သော ဝန်ကြီးတစ်ဦးကြောင့် ငါ သေရပေတော့မည်

54
အရာအားလုံးကို ဆုံးရှုံးခဲ့ချေပြီ....နောင်တကြောင့် ကျသော မျက်ရည်မှတပါးအခြားမရှိတော့...."

ထို့နောက် "ထန်"(Tang) အမျိုးသမီးမှလည်း

"ကောင်းကင်ပင်ပြိုပြို၊ မြေကြီးသော် ကွဲကွဲ

ဧကရာဇ်၏ အထိန်းတော် ကျွန်ုပ်သည် မင်းမြတ်နှင့်အတူဆိုလျှင် သေရွာသို့ပင် လိုကေ


် ပမည်

သို့တည်းမဟုတ်ပဲ ခွဲရသော် ဖြေဆည်နိုင်မည် မဟုတ်"

ဟု ဆိုကာ တစ်ဦးကိုတစ်ဦး ဖက်လျက် ငိုကြွေးလေသည်။

"လီရ"ု (Li Ru): "ဝန်ကြီးချုပ်က ကျုပ်ဆီက သတင်းကို စောင့်နေတယ်။ ခင်ဗျားတို့ ဒီလို


အလွမ်းသယ်နေရင် ကျုပ်အတွက် အချိန်ပုပ်တယ်"

"ဟဲ"(He) မိဖုရား: "သူပုန်တွေက ငါတို့ကို သေကြောင်းကြံတယ်၊ ကောင်းကင်က ငါတို့ ကို စွန့်ပစ်ခဲ့ပြီ။


ဒါပေမယ့် မောင်မင်းလည်း မောင်မင်းပြုသမျှကံကို တန်ပြန်ခံရမှာပါ" ဟု ဆိုလေရာ "လီရ"ု (Li Ru) သည် ပို
ဒေါသထွက်လာပြီး မိဖုရားကို ပြတင်းပေါက်မှ ပစ်ချလိုကေ
် လသည်။ အစောင့်တို့ ကို "ထန်"(Tang)
အမျိုးသမီးအား လည်ပင်းညစ်သတ်စေပြီး ဘုရင်ဟောင်းကိုမူ အဆိပ်တိုက်လုက
ိလေသည်။ ထို့နောက်
ထိုသူသုံးဦးတို့ကို သတ်ပြီးပြီဖြစ်ကြောင်း "တုန်ကျိုး"(Dong Zhuo) ထံ သတင်းပို့ လိုက်လေသည်။

ထိုအချိန်မှစ၍ "တုန်ကျိုး"(Dong Zhuo) ၏ အပြုအမူတို့ သည် ပိုမို ရဲတင်းလာသည်။ မိဖုရားတို့ကိုလည်း


အလေးမထား၊ နန်းတော်ထဲတွင် ညအိပ်ချင်အိပ်တတ်သည်။ တခါတရံ ဘုရင့်ပလ္လင်ပေါ်၌ပင်
အိပ်တတ်လေသည်။ တစ်ခါသော် သူသည် စစ်သားတို့ကို ဦးဆောင်ကာ ရန်ချန်သို့ သွားပြီး
နှစ်စဉ်နွေဦးကောက်ရိတ်သိမ်းပွဲပြုလုပ်ရန်အတွက်ဟုဆိုကာ လူစုစေသည်။ ထို့ နောက် ထိုလတ
ူ့ို ကို
ဝန်းရံစေကာ လူသတ်ပွဲကျင်းပလေသည်။ လူပေါင်းတစ်ထောင်ကျော်ကို သတ်ကာ အမျိုးသမီးတို့ကို
ဖမ်းဆီးလေသည်။ မြို့တော်လော့ရန်သို့ပြန်ရောက်သော် သူပုန်တို့ ကို နှိမ်နှင်းလာခြင်းဖြစ်ကြောင်း
လုပ်ကြံဇာတ်လမ်းဖြန့်စေသည်။ ထို့ နောက် ခေါင်းတို့ ကို မြို့ရိုးအောက်တွင် မြှုပ်စေပြီး အမျိုးသမီးတို့ကို
စစ်သားများက ခွဲဝေယူကြလေသည်။

စစ်သြူ ကီးတစ်ဦးဖြစ်သော "ဝူဖု"(Wu Fu) သည် ထိုအခြင်းအရာကို မနှစ်မြို့သဖြင့် "တုန်ကျိုး"(Dong Zhuo)


ကို လုပ်ကြံရန် အခွင့်အခါကောင်းကို စောင့်စေခဲ့သည်။ သူသည် နန်းတွင်းသို့ ဝင်တုင
ိး
ဓားမြောင်တစ်လက်ကို ဖွက်သွားလေ့ရှိသည်။ တစ်ရက်သော် "တုန်ကျိုး"(Dong Zhuo) အား ဓားနှင့်
ထိုးရန်ကြံလေသည်။ သို့သော် "တုန်ကျိုး"(Dong Zhuo) က သိသွားပြီး "လွီပု"(Lu Bu) လာသည်အထိ
"ဝူဖ"ု (Wu Fu) ကို ချုပ်ထားခဲ့လေသည်။

55
"တုန်ကျိုး"(Dong Zhuo) : "မင်းကို ဘယ်သူက ပုန်ကန်ခင
ိုးတာလဲ"

"ဝူဖ"ု (Wu Fu) : "ခင်ဗျားက မင်းသားလည်းမဟုတ်၊ ကျုပ်ကလည်း ခင်ဗျားရဲ့ ဝန်ကြီးမဟုတ်၊ ဘာကြောင့်


ပုန်ကန်မှုလို့ ခေါ်ရမှာလဲ? ခင်ဗျားရဲ့အပြစ်တွေကို စီလို့ ရမယ်ဆိုရင် ဟိုးကောင်းကင်ထိတောင်
တက်သွားလိမ့်မယ်၊ လူတိုင်းက ခင်ဗျားကို သတ်ချင်နေတာ၊ ဖြစ်နိုင်မယ်ဆိုရင် ခင်ဗျား ခြေလက်တွေကို
မြင်းလေးကောင်နဲ့ ဆွဲပြီး အပိုင်းပိုင်းဖြစ်အောင် လုပ်ပြီး တစ်လောကလုံး ကျေနပ်သွားစေ့မယ်"

ထို့နောက် "တုန်ကျိုး"(Dong Zhuo) သည် အစောင့်တို့ကို ခေါ်ကာ "ဝူဖု"(Wu Fu) အား


အပြင်သို့ ဆွဲထုတေ
် စပြီး သေဒဏ်ပေးစေလိုက်သည်။

နောက်ပိုင်းတွင်မူ "တုန်ကျိုး"(Dong Zhuo) သည် အမြဲလိုလို ကိုယ်ရံတော်နှင့် သွားလာတော့သည်။


ဘိုဟိုင်မြို့မှ "ယွမ်ရှောက်"(Yuan Shao) သည် "တုန်ကျိုး"(Dong Zhuo) ၏ လုပ်ရပ်တို့ ကို
ကြားသောအခါ အတွင်းဝန် "ဝမ်ယွင"် (Wang Yun) ထံ လျှို့ဝှက်စာတစ်စောင်ပေးလိုက်သည်။

"တုန်ကျိုး(Dong Zhuo) ဟာ ကောင်းကင်ရဲ့ဆန္ဒကို ချိုးဖောက်ပြီးတော့ ကိုယ့မ


် င်းကိုတောင် နန်းချခဲ့တယ်။
သာမန်လူတွေက သူ့ကိုမတော်လန
ှ်ဝံ့ဘူး၊ ဒါက နားလည်ပေးလို့ ရပါတယ်။ ဒါပေမယ့် ခင်ဗျားကကော
သူ့ရဲ့ လွန်ကျူးမှုတွေကို မသိကျိုးကျွံပြုနေတော့မှာလား၊အဲ့လိုဆို ဘယ်လိုလို့ တာဝန်ကျေပွန်တ့၊ဲ
သစ္စာရှိတဲ့ ဝန်ကြီးတစ်ဦး ဖြစ်နိုင်မှာလဲ? ကျွန်တော်က တော်လှန်ဖို့ စစ်တပ်ကြီးတစ်ခု ပြင်ထားပြီးပါပြီ၊
ဒါပေမယ့် တစ်ယောက်တည်း မစဝံ့ဘူး၊ ဒါကြောင့် သူ့ကို လုပ်ကြံဖို့ အခွင့်ကောင်းရှာပါ၊ ခင်ဗျားက
စစ်တပ်ကို သုံးပြီး တော်လှန်မယ်ဆိုရင် ခင်ဗျားကို ကူဖို့ အဆင်သင့်ပဲ"

ထိုစာရောက်လာသောလည်း "ဝမ်ယွင်"(Wang Yun) သည် "တုန်ကျိုး"(Dong Zhuo) ကို လုပ်ကြံရန်


အခွင့်မတွေ့ပေ။

တစ်နေ့တွင် နန်းတွင်း၌ "ဝမ်ယွင်"(Wang Yun) သည် သူ၏ လုပ်ဖော်ကိုင်ဘက်တို့အား "ဒီနေ့


ကျွန်တော့် မွေးနေ့ဖြစ်တဲ့အတွက် ဒီနေ့ညနေမှာ ကျွန်တော့်အိမ် ကြွရောက်ဖို့ ဖိတ်ခေါ်ပါတယ်" ဟု
ပြောလေရာ အမတ်တို့လည်း လာပါမည်ဟု ကတိပြုကြသည်။

ညနေစောင်းတွင် "ဝမ်ယွင"် (Wang Yun) အိမ်၌ လူတို့ စုဝေးကြသောအခါ "ဝမ်ယွင်"(Wang Yun) သည်
မျက်နှာကို အုပ်ကာ ငိုလေသည်။ ထိုအခါ ဧည့်သည်တို့က မွေးနေ့တွင် အဘယ်ကြောင့် ငိုရပါသနည်းဟု
မေးလေလျှင်

"ဝမ်ယွင်"(Wang Yun) : "ဒီနေ့က ကျွန်တော့် မွေးနေ့မဟုတပ


်ါဘူး၊ ခင်ဗျားတို့ ကို ဘာအကြောင်းအရာပဲ
မရှိပဲ ခေါ်ရင် "တုန်ကျိုး"(Dong Zhuo) က သံသယဝင်မှာ စိုးလို့ပါ၊ ဒီလူဟာ ဧကရာဇ်ကိုစော်ကားပြီး
လုပ်ချင်ရာ လုပ်တဲ့အတွက် တိုင်းပြည်က ပြိုကွဲလုမတတ် ဖြစ်နေပြီ။ ဟိုးအရင်က ချင်ဘုရင်ကို နှိမ်နှင်း၊

56
ချူပြည်ကို အောင်နင
ိုခဲ့တဲ့ ဟန်ခေတ်အစကို ပြန်တွေးမိတယ်၊ ဟန်ခေတ်မှာ ဒီလိုမျိုး "တုန်ကျိုး"(Dong
Zhuo) က တိုင်းပြည်ကို ထင်ရာစိုင်းလိမ့်မယ်လို့ ဘယ်သူ ထင်ခဲ့ပါ့မလဲ၊ ဒါကြောင့် ငိုရခြင်း ဖြစ်ပါတယ်"

အခြားသော အမတ်တို့လည်း "ဝမ်ယင


ွ်"(Wang Yun) နှင့်အတူ ငိုကြလေသည်။

ထိုအခိုက် ဧည့်သည်ထဲမှတစ်ဦးဖြစ်သော "ချောင်ချောင်း"(Cao Cao) သည် လိုက်မငိုပဲ


လက်ခုပ်လက်ဝါးတီးကာ ရယ်လေသည်။

"ချောင်ချောင်း"(Cao Cao) : "ခင်ဗျားတို့ တတွေ အရုဏ်တက်အထိ၊ နောက် မိုးလင်းက


ညအထိငိုနေလည်း "တုန်ကျိုး"(Dong Zhuo) က သေသွားမယ် ထင်လား"

"ဝမ်ယွင်"(Wang Yun): "ဟန်ခေတ်ကောင်းစဉ်က ခင်ဗျား ဘိုးဘွားဘီဘင်တွေအပေါ်


တိုင်းပြည်ကျေးဇူးတွေ အများကြီး ရှိခဲ့တယ်၊ ခု ခေတ်ကြီး ပျက်တော့မယ်၊ ဒါကို ရယ်နိုင်သေးသလား"

"ချောင်ချောင်း"(Cao Cao) : "ကျုပ် ရယ်တယ်ဆိုတာ လူတစ်ယောက်ကိုတောင် မသတ်နိုင်လို့ ငိုနေတဲ့


ခင်ဗျားတို့ ရဲ့ ရူးသွပ်မှုကို ရယ်တာ၊ ကျုပ်ဟာ ဘာအရည်အချင်း မယ်မယ်ရရမှ မရှိပေမဲ့လည်း
အဲ့လူခေါင်းကို ဖြတ်ပြီး မြို့ရိုးမှာချိတ်ပြီးတော့ လူတွေကို ပြနိုင်အောင် လုပ်ပြမယ်"

ထိုအခါ "ဝမ်ယွင်"(Wang Yun) သည် ထိုင်နေရာမှ ထကာ "ချောင်ချောင်း"(Cao Cao) နား


သွားလေသည်။ ထိုအခါ "ချောင်ချောင်း"(Cao Cao) မှ စကားကို ဆက်သည်။

"ဒီရက်တွေမှာ ကျွန်တော် "တုန်ကျိုး"(Dong Zhuo) အပေါ် ရိုကျိုးတယ်ဆိုတာ သူ့ကို သတ်ဖို့


အခွင့်ကောင်းကို ရှာနေတာ၊ အခု သူက ကျွန်တော့်ကို ယုံနေပြီဖြစ်တ့အ
ဲ တွက် တခါတရံမှာ သူ့ကို
အလစ်အငိုက်ဖမ်းနိုင်တယ်၊ ခင်ဗျားဆီမှာ ရတနာခုနှစ်မျိုးနဲ့စီခြယ်ထားတဲ့ ဓားရှိတယ်မဟုတ်လား၊
အဲ့ဓားကို ကျွန်တော့်ကို ငှားလိုက်၊ အဲ့ဓားနဲ့ နန်းတော်ထဲဝင်ပြီး သူ့ကို လုပ်ကြံမယ်၊ နောက်ပိုင်း
ကျုပ်သေသေရှင်ရှင် အရေးမကြီးဘူး"

57
"ဝမ်ယွင်"(Wang Yun) : "အဲ့လိုသာ လုပ်နိုင်ရင် လောကကြီးအတွက် ကောင်းချီးမင်္ဂလာပဲပေါ့"

သို့နှင့် "ဝမ်ယွင"် (Wang Yun) သည် ရေခွက်တွင် ရေထည့်ကာ "ချောင်ချောင်း"(Cao Cao) ကို
ကမ်းပေးလိုက်ပြီး သစ္စာဆိုစေသည်။ ထို့နောက် ရတနာဓားကို ထုတက
်ာ "ချောင်ချောင်း"(Cao Cao) အား
ပေးလိုက်သည်။ ဧည့်သည်တို့ လည်း အလျှိုလျှို ပြန်ကုန်သည်။

နောက်တစ်ရက်တွင် "ချောင်ချောင်း"(Cao Cao) သည် နန်းတွင်းသို့ ဝင်ကာ ဝန်ကြီးချုပ်ကို ရှာသည်။


"ဝန်ကြီးချုပ် ဘယ်မှာလဲ" ဟု အစောင့်တို့ကို မေးရာ အစောင့်တို့က ဧည့်ဆောင်တင
ွ်ရှိကြောင်း
ဆိုလေသည်။ "ချောင်ချောင်း"(Cao Cao) သည် ဧည့်ဆောင်ထဲဝင်သွားရာ "တုန်ကျိုး"(Dong Zhuo) သည်
အလွန်ကျယ်သော ခုံပေါ်တွင် အခံ့သား ထိုင်နေသည်ကို တွေ့လိုက်သည်။ "လွီပု"(Lu Bu) သည်
"တုန်ကျိုး"(Dong Zhuo) ဘေးတွင် ရှိသည်။

"တုန်ကျိုး"(Dong Zhuo) : "ဒီအချိန်ကြီး ဘာကိစ္စရှိလို့လဲ"

"ချောင်ချောင်း"(Cao Cao) : "ကျွန်တော့်မြင်းက အခြေအနေမကောင်းပဲ နှေးနေလို့ ပါ"

ထိုအခါ "တုန်ကျိုး"(Dong Zhuo) သည် "လွီပု"(Lu Bu) ဘက် လှည့်ကာ

"အနောက်ဘက်အရပ်က မြင်းကောင်းတွေ ရောက်လာတယ်၊ မင်းသွားပြီးတော့ မြင်းကောင်းတစ်ကောင်ကို


ရွေးပြီး သူ့အတွက် လက်ဆောင်ပေးလိုက"် ဟု ပြောလိုက်သည်

သို့နှင့် "လွီပု"(Lu Bu) ထွကသ


်ွားသည်။

"ချောင်ချောင်း"(Cao Cao) သည် 'ဒီသစ္စာဖောက်တော့ သေတော့မယ်' ဟု တွေးလေသည်။


"တုန်ကျိုး"(Dong Zhuo) ကို ဓားနှင့် ထိုးရန်ကြံသော်လည်း "တုန်ကျိုး"(Dong Zhuo) သည်
ခွန်အားအင်မတန်ကြီးမှန်း သိသဖြင့် တစ်ချက်တည်းနှင့် ကိစ္စပြီးမပြီး မသေမချာသဖြင့် မလှုပ်ရှားရဲပေ။
ထို့နောက် "တုန်ကျိုး"(Dong Zhuo) သည် အဝလွန်သူ ဖြစ်သဖြင့် အကြာကြီး မထိုင်နိုင်ပဲ
မျက်နှာကိုတစ်ဖက်သို့ မူပြီး လဲလျောင်းလိုက်သည်။ "ချောင်ချောင်း"(Cao Cao) သည်
အခွင့်ကောင်းဝင်ချေပြီဟု တွေးကာ ဓားကိုထုတက
်ာ ကျစ်ကျစ်ပါအောင် ကိုင်ထားလေသည်။
"ချောင်ချောင်း"(Cao Cao) မှ ဓားဖြင့် ထိုးမည်အလုပ်တွင် "တုန်ကျိုး"(Dong Zhuo) အပေါ်သို့
မော့်ကြည့်လုက
ိရာ ကြေးမုံမှန်၌ ဓားကိုင်ထားသော "ချောင်ချောင်း"(Cao Cao) ကို တွေ့လိုက်ရသဖြင့်
ချက်ချင်းလှည့်ကာ

"ချောင်ချောင်း(Cao Cao)၊ မင်း ဘာလုပ်တာလဲ" ဟု ပြောလိုက်လေသည်။ ထိုအခိုက်မှာပင် "လွီပု"(Lu Bu)


သည် မြင်းတစ်ကောင်ကို ဆွဲခေါ်လာသည်။

သို့နှင့် "ချောင်ချောင်း"(Cao Cao) သည် ဒူးထောက်ကာ

58
"ကျွန်တော် အဖိုးတန်ဓားတစ်ချောင်းရလာလို့ ဆက်သမလို့ပါ" ဟု ဆိုလေသည်။

"တုန်ကျိုး"(Dong Zhuo) ကလည်း ထိုဓားသည် ဓားကောင်းဖြစ်သဖြင့် ယူလုက


ိလေသည်။ ထို့နောက်
ဓားကို "လွီပ"ု (Lu Bu) အား ပေးလိုက်သည်။ ထို့ နောက် "ချောင်ချောင်း"(Cao Cao) သည် မြင်းကို
အစမ်းစီးပါရစေဟု ဆိုသဖြင့် "တုန်ကျိုး"(Dong Zhuo) က ခွင့်ပြုလိုက်လေရာ "ချောင်ချောင်း"(Cao Cao)
သည် မြင်းကို စီးပြီး အရှေ့ဘက်အရပ်သို့ ထွက်သွားသည်။

"လွီပု"(Lu Bu) : "ကျွန်တော်ဝင်လာတဲ့အချိန်တန


ုးက အဲ့လက
ူ အဖေ့ကို ဓားနဲ့ရွယြ် ပီး
ထိုးမယ့်ဟန်ကြံနေပုံပဲ၊ နောက်မှ အခြေအနေမဟန်မှသာ ဓားကို ပေးပြီး ပြေးသွားတာ နေမယ်"

"တုန်ကျိုး"(Dong Zhuo) : "ငါလည်း သူ့ကို သံသယ ဝင်နေတာ"

ထိုအချိန်တွင် "လီရ"ု (Li Ru) ဝင်လာကာ

"ချောင်ချောင်း(Cao Cao) ဟာ မြို့တော်မှာ သူ့မိသားစုတွေမရှိဘူး၊ ဒါပေမယ့် သူ ဒီနားမှာပဲ နေတယ်၊


အဲ့ကိုလူတွေလွှတြ် ပီး သူ့ကို ရှာစေပါ၊ အကယ်၍ သူဟာ သဘောရိုးနဲ့ ဓားကို လက်ဆောင်ပေးတာဆို
လာလိမ့်မယ်၊ ဒါပေမယ့် သူ ဆင်ခြေတွေပေးရင်တော့ ဖမ်းလိုက်ပါ" ဟု ပြောလေသည်။

ထို့နောက် ထောင်မှူးလေးဦးကို "ချောင်ချောင်း"(Cao Cao) ဆီ လွှတလ


ိုကသ
် ည်။ "ချောင်ချောင်း"(Cao
Cao) သည် မရှိတော့သည်မှာ ကြာခဲ့ပြီ။ ထို့နောက် ထိုလေ
ူ လးဦးတို့ ပြန်လာကာ

"ချောင်ချောင်း(Cao Cao) ဟာ သူနေတဲ့အိမ်ကို မပြန်ပဲ အလောတကြီးနဲ့ အရှေ့ဘက်ဂိတ်က


ထွက်သွားပါတယ်။ အရှေ့ဂိတ်ရဲ့အစောင့်တပ်မှူးက သူ့ကို မေးတော့ သူက ဝန်ကြီးချုပ်အမိန့်လို့ ပြောပြီး
မြင်းကို ကဆုန်စိုင်းစီးပြီး ထွက်သွားပါတယ်" ဟု ပြောသည်။

"လီရ"ု (Li Ru) : "ဒါဟာ သူ့လိပ်ပြာသူ မလုံပဲ ပြေးသွားတာ၊ လုပ်ကြံတယ်ဆုတ


ိာ သေချာတယ်"

"တုန်ကျိုး"(Dong Zhuo) : "ငါက သူ့ကို တအား ယုံခဲ့တာ" ဟု ဒေါသတကြီးနှင့်ဆိုလေသည်။

"လီရ"ု (Li Ru) : "သူနဲ့ အတူကြံတဲ့ အပေါင်းအပါတွေ ရှိဦးမယ်၊ သူ့ကို ဖမ်းမိမှ သိရမယ်"

ထို့နောက် အနယ်နယ်အရပ်ရပ်တွင် "ချောင်ချောင်း"(Cao Cao) ပုံကို ချိတ်ကာ


ဖမ်းဝရမ်းထုတ်လုက
ိသည်။ ဖမ်းမိလျှ င် ဆုကြေးကြီးကြီးနှင့် ရာထူးကြီးကြီးပေးမည် ဟု ကြေညာသည့်အပြင်
ကာကွယသ
် ည့်သူများကိုလည်း သူနှင့် အတူအပြစ်ဒဏ်ခံရမည်ဟု ဆိုသည်။

"ချောင်ချောင်း"(Cao Cao) သည် သူ့မွေးရပ်မြေဖြစ်သည့် ချောင်ပြည်နယ်သို့ အပြင်းခရီးနှင်သည်။


ကျုံးမိုသို့ ရောက်သောအခါ အစောင့်တို့က "ချောင်ချောင်း"(Cao Cao) မျက်နှာကို မှတ်မိသည့်အတွက်

59
ဖမ်းပြီး ချုပ်ထားကာ မြို့တော်ဝန်ထံ ခေါ်သွားသည်။ "ချောင်ချောင်း"(Cao Cao) သည် သူ့ကိုယ်သူ
"ဟွမ်ဖူ"(Huang Fu) ဟု ခေါ်သော ကုန်သည်ဖြစ်ကြောင်း လိမ်လည်ပြောသည်။ မြို့တော်ဝန်သည်
"ချောင်ချောင်း"(Cao Cao) ရုပ်နှင့် စာရွက်ထဲမှ ပုံကိုတိုက်ကာ စစ်ဆေးပြီး တွေးနေသည်။

ပြီးနောက် "ကျုပ် မြို့တော်မှာ ရှိတုန်းက ခင်ဗျားကို "ချောင်ချောင်း"(Cao Cao) ဖြစ်မှန်းသိတယ်၊ ဘာလို့


လိမ်ရတာလဲ" ဟု မေးသည်။

ထို့နောက် မြို့တော်ဝန်က "ချောင်ချောင်း"(Cao Cao) ကို အကျဉ်းချထားစေပြီး နောက်ရက်တွင်


မြို့တော်သို့ပို့မည်ဟု ဆိုသည်။ ထို့ နောက် သူ့စစ်သားတို့ကို အစားအစာနှင့် ဆုကြေးငွေအချို့
ပေးလေသည်။

ထိုညသန်းခေါင်ယံတွင် မြို့တော်ဝန်သည် ယုံကြည်ရသော သူတစ်ဦးကို လွှတ်စေပြီး "ချောင်ချောင်း"(Cao


Cao) အား သူ့ထံ ခေါ်လာစေသည်။ ထို့ နောက်

"သူများတွေပြောတော့ ဝန်ကြီးချုပ်က ခင်ဗျားအပေါ် ကောင်းကောင်းဆက်ဆံတယ်ဆု၊ိ ခင်ဗျားက ဘာလို့


သတ်ဖို့ ကြံရတလဲ" ဟု မေးလေသည်။

"ချောင်ချောင်း"(Cao Cao) : "ငှက်သေးတွေက ငှက်ကြီးတွေ ဘယ်လောက်ပျံနိုင်တယ်ဆိုတာ


ဘယ်လိုသိပါ့မလဲ၊ ကျုပ်က ခင်ဗျားအတွက် ဆုကြေးအတွက်မြို့တော်ပို့ မယ့် အကျဉ်းသားဖြစ်နေပြီပဲ၊
ဘာကြောင့် အပိုတွေ မေးနေရတာလဲ"

ထိုအခါ မြို့တော်ဝန်က သူ့လက်အောက်ငယ်သားတို့ ကို အပြင်ထွက်စေကာ "ကျုပ်ကို အမြင်မမှားပါနဲ့၊


ကျွန်တော်က ပိုကဆ
်ံမက်တဲ့သူမဟုတ်ပါဘူး၊ ကျွန်တော်အမှုထမ်းမယ့် ထိုကတ
် န်တဲ့သခင်ကို
ရှာမတွေ့သေးလို့ပါ" ဟု ပြောသည်။

"ချောင်ချောင်း"(Cao Cao) : "တိုင်းပြည်က ကျုပ်ဘိုးဘေးတွေအပေါ် ကျေးဇူးရှိခဲ့တယ်။ တိုင်းပြည်ကို


ကျေးဇူးပြန်မဆပ်ရင် ကျုပ်ဟာ တိရစ္ဆာန်နဲ့ မခြားတော့ဘူး၊ "တုန်ကျိုး"(Dong Zhuo) လက်အောက်မှာ
နေခဲ့တယ်ဆုတ
ိာ သူ့ကိုသတ်ဖို့ အခွင့်ကောင်းရှာဖို့ နေတာ၊ ဒါပေမယ့် သူ့ကို မလုပ်ကြံနိုင်ခဲ့ဘူး၊
ဒါဟာလည်း ကောင်းကင်ရဲ့ ဆန္ဒပါပဲလေ"

"ခင်ဗျားက ဘယ်သွားဖို့ လုပ်တာတုန်း"

"ကျုပ် မွေးရပ်ပြည်နယ်ကို ပြန်မလို့ ၊ အဲ့ကိုရောက်ရင် လူစုပြီး အဲ့အမတ်ဆိုးကို တော်လှန်ဖို့လုပ်မယ်၊ ဒါက


ကျွန်တော့်အကြံပဲ"

ထိုအခါ မြို့ဝန်သည် "ချောင်ချောင်း"(Cao Cao) ကို လွှတေ


် ပးကာ မြင့်မြတ်သောနေရာတွင်ထိုင်စေပြီး
အရိုအသေပြုကာ

60
"ကျွန်တော့်နာမည်က "ချန်ကုန်း"(Chen Gong) ပါ၊ မိသားစုနဲ့ အမေအိုကြီးကတော့ တုန်းကျွင်းပြည်နယ်ရဲ့
အရှေ့ဘက်မှာ နေပါတယ်။ ခင်ဗျားရဲ့ သစ္စာရှိမှုနဲ့အမှန်တရားကြောင့် ကျွန်တော်က ဒီရုံးကို စွန့်ပြီး
ခင်ဗျားနောက် လိုက်ခဲ့မယ်" ဟု ဆိုသည်။

"ချောင်ချောင်း"(Cao Cao) သည် ထိုအခြေအနေပြောင်းလဲမှုကြောင့် ဝမ်းသာသွားသည်။ "ချန်ကုန်း"(Chen


Gong) သည် သူတို့ ခရီးသွားရန်အတွက် ပိုက်ဆံအချို့ကိုကို ယူပြီး "ချောင်ချောင်း"(Cao Cao) အား
အဝတ်လဲစေသည်။ ထို့ နောက်တစ်ဦးစီသည် ဓားတစ်ချောင်းစီနှင့် ချောင်ပြည်နယ်သို့ ခရီးဆက်လေသည်။

သုံးရက်အကြာတွင် သူတို့ နှစ်ဦးသည် ချန်ကောင်းသို့ရောက်သည်။ ထိုအခါ "ချောင်ချောင်း"(Cao Cao)


သည် ကြာပွတ်နှင့် သစ်တောဘက်သို့ ညွှန်ကာ

"အဲ့ဘက်မှာ ကျုပ်အစ်ကိုရဲ့ သွေးသောက်ညီဖြစ်တဲ့ "လွီပေါ်ရှဲ့"(Lu Baoshe) နေတယ်၊ အဲ့ကိုသွားပြီး


ကျွန်တော့် မိသားစုအခြေအနေမေးပြီးတော့ တစ်ညတာတည်းခိုရအောင်" ဟု ပြောသည်။

"ချန်ကန
ုး"(Chen Gong) : "ကောင်းသားပဲ"

သို့နှင့် ထိုနေရာသို့သွားကာ လယ်ကွက်အပေါက်ဝမှ ဝင်သွားကြသည်။

"လွီပေါ်ရှဲ့"(Lu Boshe) က သူတို့ ကို ကြိုဆိုပြီး "ချောင်ချောင်း"(Cao Cao) အား

"အစိုးရက မင်းကို ဖမ်းမိန့်ထုတ်ထားတယ်လို့ ကြားတယ်။ မင်းအဖေကတော့ ချန်လျူမှာ ပုန်းနေတယ်၊


ဘယ်လိုဖြစ်တာတုန်း" ဟု မေးလေသည်။

"ချောင်ချောင်း"(Cao Cao) : "ဒီလူမကယ်ရင် ကျွန်တော်တော့ သေတာ ကြာပြီ" ဟု ဆိုသည်။

ထိုအခါ "လွီပေါ်ရှဲ့"(Lu Boshe) က "ချန်ကန


ုး"(Chen Gong) ကို ဦးညွှတြ် ပီး

"ခင်ဗျားက ချောင်မျိုးရိုးရဲ့ ကျေးဇူးရှင်ကြီးပါပဲ၊ ကျွန်တော့်တဲစုတ်လေးမှာ ကိုယ့်အိမ်လိုသဘောထားပြီး


နေပါ၊ ခင်ဗျားအတွက် နေရာထိုင်ခင်းပြင်ပေးပါ့မယ်" ဟု ပြောသည်။

ထို့နောက် "လွီပေါ်ရှဲ့"(Lu Boshe) သည် အိမ်ထဲသို့ ခဏဝင်သွားပြီး ပြန်ထွက်လာကာ

"အိမ်မှာ အရက်ကုန်နေပြီ၊ ရွာထဲမှာ သွားယူလိုက်ဦးမယ်" ဟု ဆိုကာ မြည်းကို စီးပြီး


အပြင်ထွက်သွားသည်။

61
"ချောင်ချောင်း"(Cao Cao) နှင့် "ချန်ကုန်း"(Chen Gong) တို့သည် အချိန်ကြာမြင့်စွာ ထိုင်စောင့်နေသည်၊
ထို့နောက် အိမ်နောက်ဖေးမှ ဓားသွေးသော အသံကို ကြားလေသည်။

ထိုအခါ "ချောင်ချောင်း"(Cao Cao) က "ချန်ကုန်း"(Chen Gong) ကို

"သူက ကျုပ်ဦးလေးအရင်းမဟုတ်ဘူး၊ သူအပြင်ထွက်သွားတာက အကြောင်းတစ်ခုခုရှိရမယ်၊ အဲ့အသံကို


သွားနားထောင်ရအောင်" ဟု ဆိုလေသဖြင့် နှစ်ဦးသား အိမ်နောက်ဖေးသို့ ချဉ်းကပ်သွားသည်။
ထိုအခိုက်တွင် အနောက်မှ "မသတ်ခင် ကြိုးနဲ့တုပ်ရမယ်" ဟူသော အသံကို ကြားလိုက်ရာ
"ချောင်ချောင်း"(Cao Cao) က

"ကျုပ်ထင်တဲ့အတိုင်းပဲ၊ ကျုပ်တို့ အရင်မလှုပ်ရှားရင် သူတို့ က ကျုပ်ကိုသတ်တော့မှာ" ဟု ဆိုသည်။

ထို့နောက်သူတို့ နှစ်ဦးသည် အထဲသို့ ဝင်ပြီး ယောက်ျားမိန်းမပါမချန်၊ အိမ်သားစုစုပေါင်း ရှစ်ဦးကို


သတ်လိုက်သည်။ ထို့နောက် အိမ်အတွင်းသို့ ရှာသောအခါဝယ် မီးဖိုဆောင်တွင် ဝက်ပေါ်ရန်အဆင်သင့်
ဝက်ကို ကြိုးတုတထ
်ားသည်ကို တွေ့ရသည်။

"ချန်ကန
ုး"(Chen Gong) : "ခင်ဗျားက သံသယကြီးလွန်းတယ်၊ ကျုပ်တို့ လူကောင်းကို မှားသတ်မိပြီ"

"ချောင်ချောင်း"(Cao Cao) နှင့် "ချန်ကုန်း"(Chen Gong) တို့သည် ချက်ချင်းပင် မြင်းစီးကာ


ထွက်ခွာလေသည်။ လမ်းတွင် အရက်အိုးနှစ်အိုး၊ သစ်သီးနှင့် အသီးအရွက်တို့ကို သယ်လာသော
"လွီပေါ်ရှဲ့"(Lu Boshe) ကို တွေ့လေသည်။

"လွီပေါ်ရှဲ့"(Lu Boshe) : "ဘယ်သွားကြမလို့လဲ"

"ချောင်ချောင်း"(Cao Cao) : "ရာဇဝတ်သားတွေက သူများအိမ်မှာ အကြာကြီးနေရင်မကောင်းဘူး"

"လွီပေါ်ရှဲ့"(Lu Boshe) : "ဒါပေမယ့် ငါ မင်းတို့အတွက် အိမ်ကလူတွေကို ဝက်သတ်ခိုင်းထားတယ်လေ၊


ကျုပ် ဧည့်ဝတ်မကျေလို့လား။ ငါနဲ့ ပြန်လိုက်ခဲ့ပါ"

"ချောင်ချောင်း"(Cao Cao) သည် စကားမပြန်ပဲ မြင်းကို စီးသွားသည်။ သို့သော် ရုတ်တရတ် ဓားကို


ဆွဲလိုက်ပြီး "လွီပေါ်ရှဲ့"(Lu Boshe) ဆီသွားကာ

"ဟိုမှာ ဘယ်သူလာနေလည်းမသိဘူး" ဟု ဆိုသည်။

"လွီပေါ်ရှဲ့"(Lu Boshe) နောက်လှည့်ကြည့်သောအခါတွင် "ချောင်ချောင်း"(Cao Cao) က "လွီပေါ်ရှဲ့"(Lu


Boshe) ကို ဓားဖြင့် ထိုးလိုက်လေသည်။

"ချန်ကန
ုး"(Chen Gong) လန့်သွားလေ၏ ။

62
"ချန်ကန
ုး"(Chen Gong) : "ကျုပ်တို့ ခုဏက အမှားက မလုံလောက်သေးလို့ ဆက်မှားတာလား"

"ချောင်ချောင်း"(Cao Cao) : "အကယ်၍ သူအိမ်ပြန်ရောက်လို့ သူ့အိမ်သားတွေကို သတ်သွားမှန်းသိရင်


သူက ခွင့်လွှတ်မယ်ထင်လား? သူက အစိုးရကို အကြောင်းကြားပြီး ငါတို့နောက်လိုက်စေရင်
ငါတို့ အသတ်ခံရမှာပေါ့"

"ချန်ကန
ုး"(Chen Gong) : "ဘယ်လိုပဲဖြစ်ဖြစ် ဒီလုသ
ိ တ်တာက မှားတယ်"

"ချောင်ချောင်း"(Cao Cao) : "လောကကြီးက ငါ့ကို သစ္စာမဖောက်ခင် ငါက လောကအပေါ် အရင်


သစ္စာဖောက်မှာပဲ"

"ချန်ကန
ုး"(Chen Gong) သည် ဘာမှပြန်မပြောတော့ချေ။ လရောင်နှင့် ခရီးဆက်ကြပြီးနောက်
တည်းခိုရာနေရာရောက်သောအခါ အနားယူကြသည်။ မြင်းတို့ကို အစာကျွေးပြီးနောက်
"ချောင်ချောင်း"(Cao Cao) က အရင်အိပ်နှင့်လေပြီ။ "ချန်ကုန်း"(Chen Gong) ကား မအိပ်နိုင်သေး။

'သူ့ကို ရိုးသားဖြောင့်မတ်သူထင်လို့ ကယ်ပြီးတော့ သူ့နောက်လိုက်ခဲ့တယ်၊ ဒါပေမယ့် သူဟာ ဝံပုလွေလို


ကောက်ကျစ်တဲ့သူပဲ။ ငါ သူ့ကို လွှတေ
် ပးလိုကရ
် င် နောင်အခါမှာအန္တရာယ်ရှိလာနိုင်တယ်'

ဤသို့ဖြင့် "ချန်ကုန်း"(Chen Gong) သည် "ချောင်ချောင်း"(Cao Cao) အား သတ်ရန် ကြံစည်လေသည်။

63
အခန်း(၅) ချောင်ချောင်း(Cao Cao) သည် အင်အားကြီးနယ်စားတို့ ထံ ချဉ်းကပ်ခြင်း။
ညီအစ်ကိုသုံးယောက်တို့ "လွီပ"ု (Lu Bu) နှင့် ရင်ဆိုင်ခြင်း

"ချန်ကန
ုး"(Chen Gong) သည် "ချောင်ချောင်း"(Cao Cao) ကို လုပ်ကြံရန် ကြံစည်သော်လည်း
ပြန်စဉ်းစားသည်။

'ငါ သူနဲ့ လိုက်တာဟာ မှန်ကန်တာတွေ လုပ်ဖို့ပဲ။ အခု သူ့ကို သတ်လိုက်ရင် ဒါက ငါ့အမှားဖြစ်သွားပြီ၊
လူတွေက ရံှု့ ချလိမ့်မယ်၊ ဒီတော့ တိတတ
ိတ်ဆိတ်ဆိတ်ပဲ သွားတာ ကောင်းပါတယ်'

သို့နှင့် နေမထွက်ခင် အိပ်ရာမှထကာ မြင်းစီးပြီး သူ့ရပ်သူ့ ရွာဖြစ်သည့် တုန်းကျွင်းသို့ ခရီးနှင်လေသည်။

"ချောင်ချောင်း"(Cao Cao) နိုး၍ ခရီးသွားဖော်ကို မတွေ့သောအခါ

'ငါ မနေ့က တစ်ကိုယ်ကောင်းဆန်တဲ့ စကားတွေပြောမိတဲ့အတွက် "ချန်ကုန်း"(Chen Gong) က ငါ့ကို


ရက်စက်တတ်သူလို့ ထင်သွားလို့ ထွက်သွားတာနေမယ်၊ ငါလည်း ငါ့ခရီးငါ ဆက်ရဦးမယ်' ဟု တွေးသည်။

ထို့နောက် "ချောင်ချောင်း"(Cao Cao) သည် ချောင်ပြည်နယ်သို့ ခရီးဆက်ပြီး ရောက်သောအခါ


သူ့အဖေနှင့် တွေ့ကာ မိသားစုပိုင်ပစ္စည်းတို့ကို ရောင်းချပြီး ထိုပိုက်ဆံဖြင့် စစ်တပ်စုဆောင်းမည် ဟု
ပြောသည်။ သူ့အဖေမှ

"ငါတို့ ပိုင်ဆိုင်တာတွေက သိပ်မရှိဘူး၊ အဲ့တော့ ဘာမှ သိပ်လပ


ုလို့ ရမှာ မဟုတ်ဘူး၊ ဒါပေမယ့် ဒီနားမှာ
အကျင့်သိက္ခာကောင်းပြီး ချမ်းသာတဲ့ "ဝေဟုန်"(Wei Hong) ဆိုတဲ့သရ
ှူိတယ်၊ သူ့အကူအညီရရင်တော့
အောင်မြင်နိုင်မယ်" ဟု ဆိုသည်။

သို့နှင့် စားသောက်ပွဲတစ်ခု ပြင်ဆင်ကာ "ဝေဟုန်"(Wei Hong) ကို ဖိတ်ခေါ်လိုက်သည်။ ထိုပွဲတွင်


"ချောင်ချောင်း"(Cao Cao) မှ

"ဟန်တိုင်းပြည်ကြီးဟာ ဘုရင်ကို ဆုံးရှုံးခဲ့ပြီ၊ "တုန်ကျိုး"(Dong Zhuo) ဟာ အင်မတန်ရက်စက်တဲ့


အုပ်ချုပ်သူဖြစ်တယ်၊ မင်းသားအပေါ်တောင် ကောင်းကောင်းဆက်ဆံသူမဟုတ်ပဲ ပြည်သလ
ူထုတွေအပေါ်
ပိုတောင် ဆိုးသေးတယ်၊ ကျွန်တော်က တိုင်းပြည်ကြီးကို နဂိုအတိုင်းဖြစ်အောင်
ပြန်တည်ထောင်ချင်ပါတယ်၊ ဒါပေမယ့် ကျွန်တော်တစ်ဦးတည်းရဲ့ ခွန်အားနဲ့ မဖြစ်နိုင်ဘူး ၊ ဒါကြောင့်
သူဌေးမင်းကို ချဉ်းကပ်ရတာပါ" ဟု ဆိုသည်။

64
"ဝေဟုန်"(Wei Hong) : "ကျွန်တော်လည်း ဒါကို ဆန္ဒရှိခဲ့တာ ကြာပါပြီ၊ ဒါပေမယ့် ဒီလပ
ုငန်းကြီးကို
လုပ်မယ့် သင့်လျော်သက
ို မတွေ့သေးလို့ပါ၊ ခင်ဗျားသာ ဒါကို လုပ်မယ်ဆိုရင်
ကျွန်တော့်စည်းစိမ်အကုန်လံုး ကို လှူရလှူရ ပံ့ပိုးပေးပါမယ်"

ဤသည်ကား သတင်းကောင်းပင်ဖြစ်လေသည်။ ထို့ နောက် စစ်သားခေါ်စာတို့ကို နေရာအနှံ့


ချိတ်လေသည်။ လူပေါင်းများစွာတို့ ကို စုစည်းပြီး "သစ္စာနှင့် သိက္ခာ " ဟုစာတန်းရေးထားသောအလှံကို
ကိုင်ဆောင်ကြသည်။ များစွာသောလူတို့ သည် "တုန်ကျိုး"(Dong Zhuo) ကို ဆန့်ကျင်ရန်အတွက်
တပ်ထဲသို့ မိုးပေါက်ပမာ ဝင်ကြလေသည်။

တစ်ရက်တွင် ရန်ဖင်မှ "ယွဲကျင်း"(Yue Jing) နှင့် ကျွီးလျူမှ "လီတျန်"(Li Dian) တို့ ရောက်လာသည်။
ထိုသူနှစ်ဦးတို့သည် "ချောင်ချောင်း"(Cao Cao) လက်အောက်ခံအရာရှိအဖြစ် တာဝန်ပေးခြင်းခံရသည်။
"ချောင်ချောင်း"(Cao Cao) လက်အောက်တွင် အမှုထမ်းသည့် ကျန်တစ်ဦးကား ချောင်ပြည်နယ်မှ
"ရှဟုတ
ွိန်း"(Xiahou Dun) ဖြစ်သည်။ သူသည် နာမည်ကြီးစစ်သူကြီး "ရှဟိုရင်"(Xiahou Ying) ၏ မျိုးရိုးမှ
ဆင်းသက်လာသူဖြစ်သည်။ ငယ်စဉ်ကတည်းကပင် လှံနှင့် တင်းပုတတ
့ို ကိုင်တတ်အောင်
လေ့ကျင့်ထားလေသည်။ အသက်ဆယ့်လေးနှစ်အရွယ၌
် လူတစ်ဦးလက်အောက်တွင် အလုပ်လုပ်စဉ်က
သူ့သခင်ကို အခြားလူတစ်ယောက်က မချေမငံပြောသဖြင့် ထိုသက
ို သတ်ခဲ့ရာမှ ဝရမ်းပြေးဖြစ်ပြီး
အချိန်ကာလအတန်ကြာ ဇာတ်မြှုပ်နေခဲ့သည်။ ယခုသော် သူ၏ ညီဝမ်းကွဲ "ရှဟိုယွမ်"(Xiahou Yuan)
နှင့်အတူ အမှုလာထမ်းခဲ့သည်။ တစ်ဦးစီတွင် စစ်သားတစ်ထောင်စီ ပါလာသည်။ "ချောင်ချောင်း"(Cao Cao)
၏ အဖေမှာ မူလက "ရှဟ"ို (Xiahou) မျိုးရိုးပင်ဖြစ်သည့်အတွက် ပြောရမည်ဆိုလျှင် "ချောင်ချောင်း"(Cao
Cao) နှင့် မျိုးရိုးတူညီသည်ဟု ဆိုနိုင်သည်။

ရက်အနည်းငယ်ကြာသော် "ချောင်ချောင်း"(Cao Cao) ၏ ညီဝမ်းကွဲနှစ်ဦးဖြစ်သည့် "ချောင်ရန်"(Cao Ran)


နှင့် "ချောင်ဟုန်"(Cao Hong) တို့သည်လည်း စစ်တပ်တစ်ထောင်စီနှင့် ရောက်လာသည်။
ထိုသူနှစ်ဦးတို့သည် မြင်းစီးကျွမ်းကျင်သမ
ျူားဖြစ်သည်။

သို့နှင့် သူဌေးကြီး "ဝေဟုန်"(Wei Hong) သည် သူပိုင်ပစ္စည်းတို့ဖြင့် စစ်ပွဲအတွက် အဝတ်အထည်၊


လက်နက်၊ အလံ စသည်တို့ကို ဝယ်လေသည်။

"ယွမ်ရှောက်"(Yuan Shao) သည် "ချောင်ချောင်း"(Cao Cao) ထံမှ တော်လှန်ရန်


အကြောင်းကြားစာရောက်သောအခါ သူ၏ စစ်တပ်တို့ကို သုံးသောင်းပြည့်အောင် စုကာ ဘိုဟိုင်(Bohai)

65
မှတစ်ဆင့် ချောင်(Qiao)သို့ ချီတက်လေသည်။ ထို့နောက်အနယ်နယ်အရပ်ရပ်မှ နယ်စား၊ မြို့စားတို့ထံ
အောက်ပါစာကို ပေးပို့သည်။

"ချောင်ချောင်း(Cao Cao) နှင့် အခြားသူတို့ သည် တာဝန်သိစိတ်ဖြင့် "တုန်ကျိုး"(Dong Zhuo) ကို


တိုက်တော့မည်။ "တုန်ကျိုး"(Dong Zhuo) သည်ကား ကောင်းကင်နှင့်မြေကြီးကို ဆန့်ကျင်သူဖြစ်ပြီး
မင်းသားကို ထိခိုကေ
် စသူဖြစ်သည်။ နန်းတွင်းကို ရှုပ်ထွေးစေပြီး ပြည်သူလူထုကို ဖိနှိပ်သူဖြစ်သည်။
ရက်စက်ကြမ်းကြုတ်သူဖြစ်ပြီး ပြစ်မှုတို့ ကား လက်ချိုး၍ပင် မ ရေတွက်နိုင်။ ယခုသော်ကား စစ်တပ်တို့ ကို
တိတ်တဆိတ် စုဆောင်းပြီး ထိုသူကိုတော်လှန်ရန် အချိန်ကျရောက်လေပြီ။ မသူတော်ကို ရှင်းပြီး
တိုင်းပြည်ကို ပြန်လည် တည်ငြိမ်စေမည်။ ထို့ကြောင့် စစ်သားများ စုဆောင်းကြပါ"

များစွာသော နယ်စားတို့ သည် ထိုစာကို ရလျှင် စစ်တပ်တို့ကို စုဆောင်းကြသည်။ ထိုသူတို့သည်ကား

၁။ နန်ရန်မြို့စား - "ယွမ်စု"(Yuan Shu)

၂။ ကျိကျိုးနယ်စား - "ဟန်ဖူ"(Han Fu)

၃။ ယွီကျိုးနယ်စား - "ခုန်ကျိုး"(Kong Zhou)

၎။ ရန်ကျိုးနယ်စား - "လျူတိုက"် (Liu Dai)

၅။ ဟဲနေမြို့စား - "ဝမ်ခွမ"် (Wang Kuang)

၆။ ချန်လျူမြိုစား - "ကျန်းမြောင်"(Zhang Miao)

၇။ တုန်းကျွင်းမြို့စား - "ချောင်မောင်"(Qiao Mao)

၈။ ရှန်းရန်မြို့စား - "ယွမ်ရီ"(Yuan Yi)

၉။ ကျိပေမြို့စား - "ပေါက်ရှင်း"(Bao Xin)

၁၀။ ပေဟိုင်မြို့စား - "ခုန်ရ"ုံ (Kong Rong)

၁၁။ ကွမ်းလင်မြို့စား - "ကျန်းချောင်"(Zhang Chao)

၁၂။ ရွှီကျိုးနယ်စား - "ထောင်ချန်"(Tao Qian)

၁၃။ ရှီလျန်မြို့စား - "မာထန်"(Ma Teng)

၁၄။ ပေဖင်မြို့စား - "ကုန်းစွန်းကျန့်"(Gongsun Zan)

၁၅။ ရှန်းတန်မြို့စား - "ကျန်းရန်"(Zhang Yang)

66
၁၆။ ချန်ဆားမြို့စား - "စွန်းကျန့်"(Sun Jian)

၁၇။ ဘိုဟိုင်မြို့စား - "ယွမ်ရှောက်"(Yuan Shao)

ထိုတပ်တစ်တပ်စီ၏ စစ်တပ်အင်အားတို့ သည် တစ်သောင်းမှ သုံးသောင်းအထိ အစားစား ရှိလေသည်။


ထိုတပ်ကြီးတို့ သည် မြို့တော် လော့ရန်သို့ ချီတက်ကြသည်။

ပေဖင်မြို့စား "ကုန်းစွန်းကျန့်"(Gongsun Zan) သည် တပ်သားတစ်သောင်းခွဲနှင့် မြို့တော်သို့ ချီတက်စဉ်


ဖင်ယမ
ွ်မြို့ကလေးမှ ဖြတ်သွားလေသည်။ ထိုစဉ် မယ်ဘယ်ရီပင်အနားဝယ်
အဝါရောင်အလံတို့ကိုကိုင်ဆောင်ထားသော တပ်စုသေးလေးကို တွေ့လိုက်သည်။
အနီးသို့ ရောက်သောအခါမှ ထိုတပ်ခေါင်းဆောင်မှာ "လျူဘေ့"(Liu Bei) ဖြစ်နေသည်။

"နောင်ကြီး၊ ဒီမှာ ဘာလုပ်နေတာလဲ"

"ခင်ဗျားက ကျွန်တော့်ကို ရာထူးအတွက် ထောက်ခံခဲ့လို့ အခု ဒီမြို့လေးရဲ့ မြို့စားဖြစ်နေတာလေ၊ အခု


ခင်ဗျားက စစ်ချီတာ ဒီကဖြတ်မယ်ကြားလို့ လာနှုတ်ဆက်တာ"

ကုန်းစွန်းကျန့်(Gongsun Zan) သည် "လျူဘေ့"(Liu Bei) ၏ ညီနှစ်ဦးကို လက်ညှိုးညွှန်ကာ

"သူတို့ က ဘယ်သူတွေတုန်း"

"သူတို့ က ကျွန်တော့်ရဲ့ သွေးသောက်ညီနှစ်ဦးဖြစ်ပါတယ်၊ 'ကွမ်းယွ'ီ (Guan Yu) နဲ့ "ကျန်းဖေး"(Zhang Fei)


လို့ ခေါ်ပါတယ်"

"ခင်ဗျားနဲ့အတူ အဝါရောင်သပ
ူုန်တွေကို တိုက်တာလား"

"ကျွန်တော့်ရဲ့အောင်မြင်မှုဟာ အဓိကကတော့ သူတို့ ကြောင့်ပါပဲ"

67
"သူတို့က ဘယ်ဌာနမှာ အမှုထမ်းတာလဲ"

"ကွမ်းယွ(ီ Guan Yu) က မြင်းစီးလေးပစ်သမား ဖြစ်ပြီး ကျန်းဖေး(Zhang Fei) က


ခြေလျင်တပ်သားဖြစ်ပါတယ်"

"ဒါက လူတော်တွေကို အသုံးမချတတ်တာပဲ"

ထို့နောက် ကုန်းစွန်းကျန့်(Gongsun Zan) သည် သက်ပြင်းချကာ စကားကို ဆက်သည်။

"တစ်တိုင်းပြည်လုံးက လူတွေက တုန်ကျိုး(Dong Zhuo) ကို သတ်ဖို့ စုဝေးနေကြပြီ။ ခင်ဗျားလည်း ဒီဘာမှ


အသုံးမဝင်နဲ့ နေရာကို စွန့်ပြီး ကျုပ်တို့နဲ့အတူပေါင်းပြီး ဟန်တိုင်းပြည်ကို တည်ငြိမ်အောင် လုပ်ကြရင်
မကောင်းဘူးလား"

"ကျွန်တော် လိုကေ
် တာ့လိုက်ချင်ပါတယ်"

ထိုအခါ "ကျန်းဖေး"(Zhang Fei) က ဝင်၍ သူ့အစ်ကိုနှစ်ဦးကို

"ကျွန်တော် ဟိုတစ်ခါတည်းက အဲ့တန


ုကျိုး(Dong Zhuo) ကို သတ်လိုက်ရင် ဒီလိုဖြစ်လာမှာ မဟုတ်ဘူး "
ဟု ဝင်ပြောလေသည်။

"ကွမ်းယွ"ီ (Guan Yu) : "သွားမယ်ဆိုလည်း အထုတ်အပိုးတွေပြင်ကြရအောင်"

သို့နှင့် ညီအစ်ကိုသုံးဦးတို့ သည် မြင်းတပ်သားအနည်းငယ်နှင့် "ကုန်းစွန်းကျန့်"(Gongsun Zan) ၏


တပ်နှင့်အတူ လိုကပ
်ါချီတက်လေသည်။

ထို့နောက် နယ်စားတို့သည် မြို့တော်အနီး၌ စုဝေးကြလေသည်။ ထိုသူတို့ စခန်းချလိုက်သည်မှာ


မိုင်ခုနှစ်ဆယ်ကျော်ထိ ရှည်လျားလေသည်။ လူအကုန်စုဝေးပြီးသောအခါ "ချောင်ချောင်း"(Cao Cao)
သည် မြင်း၊ နွားတို့ ကို ပူဇော်ပသရန် သတ်စေသည်။ ထို့နောက် နယ်စားတို့နှင့်အတူ စစ်ဗျူဟာချရန်
အစည်းအဝေးထိုင်လေသည်။

"ဝမ်ခွမ"် (Wang Kuang) : "ကျုပ်တို့က အခုဒေ


ီ နရာမှာ အကုန်စုပြီးပြီဆိုတော့ ဒီအဖွဲ့တွေကို
ဦးဆောင်မယ့် ခေါင်းဆောင်ကို ရှာရမယ်"

"ချောင်ချောင်း"(Cao Cao) : "ယွမ်မိသားစုတွေဟာ မျိုးဆက်လေးဆက်တိုင်အောင် နန်းတွင်းမှာ


အမှုထမ်းလာကြပြီး သူတို့ ကို ထောက်ခံသူတွေနဲ့ မိတ်ဆွေတွေဟာ နေရာအနှံ့ မှာ ရှိတယ်၊ ဒီလိုမျိုးရိုးက
ဆင်းသက်လာသူဖြစ်တဲ့ 'ယွမ်ရှောက်'(Yuan Shao) ကို ခေါင်းဆောင်အဖြစ် တင်မြောက်ရင်
သင့်တော်မယ်"

68
"ယွမ်ရှောက်"(Yuan Shao) သည် ထိုခေါင်းဆောင်ရာထူးကို မယူဟု အကြိမ်ကြိမ်ငြင်းသော်လည်း
အခြားသူတို့က ဝိုင်းတိုက်တွန်းကြသည်နှင့် နောက်ဆုံးတွင် သဘောတူလုက
ိလေသည်။

နောက်ရက်တွင် အထပ်သုံးထပ်ရှိသော စင်မြင့်ကို ဆောက်ကာ ထိုစင်၌ အဖွဲ့ အသီးသီး၏ အလံကို


စိုကထ
်ူသည်။ ထို့နောက် စစ်တပ်အလံနှင့် ခေါင်းဆောင်တံဆိပ်တုံးတို့ ကို ပြုလုပ်သည်။

အကုန်လုံးအဆင်သင့်ပြင်ပြီးသော် "ယွမ်ရှောက်"(Yuan Shao) အား အဆောင်အယောင်တို့ ကို


ဝတ်စေကာ ဓားကို ကိုင်စေပြီး ထိုစင်ပေါ်သို့ တက်စေသည်။ ထိုစင်မှ နေ၍ အောက်ပါ သစ္စာစကားကို
ဆိုလေသည်။

"ဟန်တိုင်းပြည်တွင် ဘုရင်၏ အုပ်ချုပ်မှုအာဏာ လျော့နည်းသည်ကို အခွင့်ကောင်းယူကာ တုန်ကျိုး(Dong


Zhuo) သည် ထင်တိုင်းကြဲနေသည်။ ထို့ ကြောင့် အကျွန်ုပ် ယွမ်ရှောက်(Yuan Shao) နှင့်
အပေါင်းအပါတို့သည် တိုင်းပြည်အကျိုးအလို့ ငှာ စစ်တပ်ကို ပြင်ဆင်ခဲ့ခြင်းဖြစ်သည်။ အရိုးကြေကြေ၊
အရေခန်းခန်း သစ္စာတော်ကို ထမ်းရွကပ
်ါမည်။ ကိုယက
်ျိုးအတွကမ
် ဖြစ်စေရ၊ အကယ်၍ ဤသစ္စာကို
ချိုးဖောက်ခဲ့သည်ရှိသော် ချိုးဖောက်သူသာလျှင်မက သူ၏ မျိုးဆက်တစ်ခုလုံး ဒုက္ခရောက်ပါစေ၊
ကောင်းကင်နှင့်မြေကြီးတို့က အသိသက်သေအနေနှင့် ရှိပါစေသား"

ထိုသို့ စကားဆိုပြီးနောက် "ယွမ်ရှောက်"(Yuzn Shao) နှင့် အခြားသောသူတို့ သည် နှုတ်ခမ်းမှ သွေးကို


ဖောက်ကာ သစ္စာတည်စေမည်ဟု ကတိကဝတ်ပြုကြသည်။

ထိုအခမ်းအနားပြီးနောက် "ယွမ်ရှောက်"(Yuzn Shao) နှင့် အခြားသောနယ်စားတို့သည်


"ယွမ်ရှောက်"(Yuzn Shao) ၏ ရွက်ဖျင်တဲသို့ သွားကြသည်။ တပ်၏ ခေါင်းဆောင်ဖြစ်သည့်
"ယွမ်ရှောက်"(Yuzn Shao) ကို အမြတ်ဆုံး ထိပ်နေရာတွင်ထားပြီး အခြားသောသူတို့ သည် ရာထူးနှင့်
အသက်အလိုက် နေရာယူကြသည်။ ထို့နောက် အရက်တို့ ဖြင့် တည်ခင်းလေသည်။

"ချောင်ချောင်း"(Cao Cao) : "ကျွန်တော်အရင်ဆုံးပြောချင်တာကတော့ အခုရွေးလိုက်တဲ့


ခေါင်းဆောင်ကြီးစကားကို နာခံကြဖို့ ပါပဲ၊ နောက်ပြီး အချင်းချင်း ပြိုင်ဆုင
ိမှုတွေ၊ မနာလိုမှုတွေ မရှိရပါဘူး"

"ယွမ်ရှောက်"(Yuan Shao) : "ကျွန်တော်က အားနည်းချက်လေးတွေရှိပေမယ့်လည်း


ခေါင်းဆောင်အဖြစ်အရွေးခံရတဲ့အတွက် အမိန့်ကို ကောင်းကောင်းလုပ်ဆောင်နိုင်သူကို ဆုပေးပြီး
ချိုးဖောက်သူကို အပြစ်ပေးရမှာပါပဲ။ တိုင်းပြည်ဥပဒေနဲ့ တပ်စည်းကမ်းကိုတော့ လိုကန
်ာကြပါ"

အခြားသောသူတို့ ကလည်း လိုက်နာပါမည်ဟု ဝန်ခံသည်။ ထို့နောက် "ယွမ်ရှောက်"(Yuzn Shao) မှ


ဆက်ပြောသည်။

69
"ကျွန်တော့်ညီ ယွမ်စု(Yuan Shu) ကို စားနပ်ရိက္ခာပို့ဖို့အတွက် တာဝန်ပေးစေမယ်၊ ဒါပေမယ့် လက်ရှိမှာ
တပ်ဖွဲ့တစ်ဖွဲ့ က စီမြစ်နားသွားပြီး ရန်သူကို တိုကဖ
ို့ လိုတယ်၊ အခြားတပ်တွေကတော့ မူလနေရာမှာပဲ
တပ်စွဲကြပါ"

"စွန်းကျန့်"(Sun Jian) က ထိုတာဝန်ကို ယူမည်ဟု ဆိုလေသည်။

"ယွမ်ရှောက်"(Yuzn Shao) : "ခင်ဗျားက တိုက်ရည်ခိုကရ


် ည်ကောင်းတဲ့အတွက် ဒီအလုပ်နဲ့
သင့်တော်တယ်"

"စွန်းကျန့်"(Sun Jian) ၏ အဖွဲ့သည် စီမြစ်တံတားသို့ ချီတက်လေသည်။ ထိုနေရာမှ အစောင့်သည်


မြို့တော်ရှိ ဝန်ကြီးချုပ်ထံ ရန်သူတို့ချီတက်လာကြောင်း အမြန်သတင်းပို့စေသည်။

"တုန်ကျိုး"(Dong Zhuo) သည် ထိုရာထူးတည်မြဲကတည်းက အပျော်အပါးနှင့်သာ နေ, နေခဲ့ပြီး


တိုင်းရေးပြည်ရာကို ဂရုမပြုခဲ့ချေ။ ထိုသတင်းသည် အကြံပေး"လီရ"ု (Li Ru) ထံရောက်သွားသောအခါ
သူ့သခင်ထံအမြန်သွားပြီး တိုင်ပင်ရန် အစည်းအဝေးလုပ်စေသည်။

"လွီပု"(Lu Bu) : "အဖေ၊ ဘာမှမပူနဲ့၊ အဲ့နေရာကို ကျွန်တော်သွားပြီးတော့ သူပုန်တွေကို နှိမ်နှင်းပြီး


သူတို့ ရဲ့ခေါင်းတွေကို မြို့ရိုးမှာ ချိတထ
်ားစေမယ်"

"တုန်ကျိုး"(Dong Zhuo) : "ငါ့သားအကူအညီနဲ့ ဆို ငါအေးဆေးအိပ်နိုင်ပြီ"

ထို့နောက် လူတစ်ယောက်မှ ဝင်၍ပြောသည်။

"ဒါက နွားသတ်တဲ့ဓားနဲ့ ကြက်သတ်ဖို့လုပ်သလိုပဲ၊ စစ်သူကြီးကိုယ်တိုင်သွားစရာမလိုပါဘူး၊


ဒီသူပုန်တွေကို ကျွန်တော်ရှင်းလိုက်ရင် ရပြီ၊ ဒီလူတွေကို ရှင်းတာလောက်ကတော့ အိတ်ကပ်ထဲက
ပစ္စည်းထုတ်သလောက်ပါပဲ"

"တုန်ကျိုး"(Dong Zhuo) သည် ထိုအသံရှင်ကို ကြည့်လိုက်ရာ ထောင်ထောင်မောင်းမောင်းနှင့်လူကို


တွေ့လိုက်သည်။ ထိုသူမှာ ကွမ်းရှီအရပ်မှ "ဟွရ"ှုံ (Hua Xiong) ဖြစ်သည်။ "တုန်ကျိုး"(Dong Zhuo) သည်
"ဟွရှုံ"(Hua Xiong) ၏ စကားကို သဘောကျကာ မြင်းတပ်စစ်သူကြီးအဖြစ်ခန့်အပ်လိုက်ပြီး စစ်သား
၅၀၀၀၀ ပေးကာ စေလွှတ်လိုက်သည်။ "ဟွရှုံ"(Hua Xiong) နှင့်အတူ အခြားစစ်သူကြီးသုံးဦးဖြစ်သည့်
"လီစု"(Li Su)၊ "ဟူကျန့်"(Hu Zhen) နှင့် "ကျောက်ချန်"(Zhao Cen) တို့သည် စီမြစ်ဆီသို့
ချီတက်ကြသည်။

မဟာမိတ်တပ်ပေါင်းစုတင
ွ်ရှိသည့် "ပေါက်ရှင်း"(Bao Xin) သည် "စွန်းကျန့်"(Sun Jian)
အောင်မြင်မှုရမည်ကို မလိုလားချေ။ ထို့ နောက် သူသည် သူ့ညီဖြစ်သည့် "ပေါက်ကျုံး"(Bao Zhong) ကို

70
စစ်သားသုံးထောင်နှင့် လွှတ်ပြီး "စွန်းကျန့်"(Sun Jian) ထက်အရင် ရန်သန
ှူင့် ရင်ဆုင
ိစေသည်။
"ဟွရှုံ"(Hua Xiong) သည် သံချပ်ကာ မြင်းတပ် ငါးရာနှင့် ချီတက်လာသောအခါ "ပေါက်ကျုံး"(Bao Zhong)
သည် ကြောက်ကာ ပြေးလေ၏ ။ "ဟွရှုံ"(Hua Xiong) သည် "ပေါက်ကျုံး(Bao Zhong)
နောက်သို့ လိုက်ကာ ဓားနှင့် ခုတလ
ိုက်သည်။ "ပေါက်ကျုံး"(Bao Zhong) သေသောအခါ သူ၏
တပ်သားတို့ လည်း လက်နက်ချကုန်သည်။ ရန်သူ့ ခေါင်းကို မြို့တော်သို့ပို့လိုက်သောအခါ "ဟွရ"ှုံ (Hua
Xiong) သည် စစ်သြူ ကီးချုပ်အဖြစ် ရာထူးတိုးခြင်းခံရသည်။

"စွန်းကျန့်"(Sun Jian) တွင် စစ်သူကြီးလေးဦးပါလာလေသည်။ ထိုသူတို့ သည် အသွားတွင်


သံကွင်းအရစ်ပုံစံပါသည့်လံန
ှင့် မြွေခေါင်းသဏ္ဌာန်ဓားကို ကိုင်ဆောင်သည့် ထူရင်းမှ "ချန်ဖ"ူ (Cheng Pu)၊
သံကြိမ်ကို ကိုင်သည့် လင်လင်းမှ "ဟွမ်ကိုင"် (Huang Gai) ၊ အလွန်လေးလံသော ဓားကိုကိုင်ဆောင်သည့်
လင်းကျီမှ "ဟန်တန်"(Han Dang) နှင့် ဓားနှစ်လက်နှင့် ဝူကျွ င်းမှ "ကျူမောင်"(Zu Mao) တို့ဖြစ်သည်။

"စွန်းကျန့်"(Sun Jian) သည် ငွေခမောက် ခရမ်းရောင်ခေါင်းပတ်ကို ပတ်ထားသည်။ ရှေးခေတ် သံနှင့်


လုပ်ထားသော ဓားကောင်းကို ကိုင်ထားပြီး မြင်းကောင်းမြင်းသန့်ကို စီးထားသည်။ "စွန်းကျန့်"(Sun Jian)
သည် စီမြစ်တံတားကို ကာကွယေ
် နသူတို့ထံသွားကာ

"လူဆိုးကို အားပေးအားမြောက်လုပ်နေတဲ့ကောင်တွေ၊ လက်နက်ချကြစမ်း" ဟု ပြောလေသည်။

"ဟွရှုံ"(Hua Xiong) သည် "ဟူကျန့်"(Hu Zhen) အား တပ်သား ငါးထောင်ပေးကာ "စွန်းကျန့်"(Sun Jian)
နှင့် တိုက်စေသည်။ ထိုအခါ "ချန်ဖ"ူ (Cheng Pu) ထွက်လာပြီး "ဟူကျန့်"(Hu Zhen) နှင့်
ဓားရေးယှဉ်ကြသည်။ အကွက်အနည်းငယ်ခန့်တိုက်ပြီးသော် "ဟူကျန့်"(Hu Zhen) ကို သတ်လိုက်သည်။
ထို့နောက် "စွန်းကျန့်"(Sun Jian) သည် စစ်တပ်အား ရန်သက
ို တိုက်ရန် အမိန့်ပေးလိုက်သည်။
သို့သော်လည်း "ဟွရှုံ"(Hua Xiong) ၏ တပ်သည် ခံတပ်မှ နေ၍ ကျောက်တုံးတို့ ဖြင့် ပစ်သဖြင့်
လျန်တုန်းသို့ တပ်ဆုတ်ပြီး စခန်းချသည်။ "စွန်းကျန့်"(Sun Jian) သည် တိုက်ပွဲအောင်မြင်ကြောင်း
"ယွမ်ရှောက်"(Yuan Shao) ထံ သတင်းပို့ လိုက်သည်။ ထို့အတူ "ယွမ်စု"(Yuan Shu) ထံ
စားနပ်ရိက္ခာ တို့ အလျင်အမြန်လုအ
ိ ပ်ကြောင်း တောင်းခံသည်။

71
သို့သော် "ယွမ်စ"ု (Yuan Shu) ၏ လက်အောက်ခံတစ်ဦးက

"စွန်းကျန့်(Sun Jian) က အရှေ့ဘက်က ကျားဆိုပြီး နာမည်ကြီးတယ်၊ အကယ်၍ သူသာ တုန်ကျိုး(Dong


Zhuo) ကို နှိမ်နှင်းလိုက်နိုင်ရင် သူက အာဏာကြီးသွားပြီး ဝံပုလွေနေရာမှာ ကျားရောက်သွားသလိုဖြစ်မှာပဲ။
ဒါကြောင့် သူ့ကို ရိက္ခာမပို့ နဲ့။ သူ့ကိစ္စနဲ့သူသွားပါစေ" ဟု ပြောလေသည်။

"ယွမ်စု"(Yuan Shu) သည် ထိုစကားကို နားထောင်ပြီး ရိက္ခာမပို့ပဲနေသည်။ "စွန်းကျန့်"(Sun Jian) ၏


စစ်သားတို့သည် ဆာလောင်သောအခါ အမိန့်ကို မနာခံပဲ ဆန့်ကျင်ကြသည်။

ထိုသတင်းသည် ရန်သူတို့ဘက်သို့ ပေါက်ကြားသွားလေရာ "လီရ"ု (Li Ru) မှ "ဟွရှုံ"(Hua Xiong) အား

"ငါတို့ ဒီညမှာ "စွန်းကျန့်"(Sun Jian) ကို နှစ်ဖက်ညှပ်ပြီး တိုကရ


် မယ်" ဟု ပြောသည်။

"ဟွရှုံ"(Hua Xiong) လည်း ထိုအကြံကို လက်ခံပြီး တိုက်ရန်ပြင်ဆင်သည်။ ညဘက်တွင် "ဟွရှုံ"(Hua


Xiong) ၏ တပ်သည် လမ်းကြိုလမ်းကြားမှ "စွန်းကျန့်"(Sun Jian) တပ်နောက်ပိုင်းသို့သွားကာ
သန်းခေါင်ယံတွင် နှစ်ဖက်ပိတ်တိုက်လေသည်။ "စွန်းကျန့်"(Sun Jian) သည် သံချပ်ကာကို ဝတ်ဆင်ကာ
ထွက်လာပြီး "ဟွရှုံ"(Hua Xiong) နှင့် လက်ရုံးရည်ချင်း ယှဉ်ကြသည်။ မကြာမီပင် "လီရ"ု (Li Ru) က
တပ်စခန်းတို့ကို မီးရှို့စေသည်။

ထို့နောက် "စွန်းကျန့်"(Sun Jian) ၏ တပ်ပျက်ကာ ပြိုကွဲသွားသည်။ "စွန်းကျန့်"(Sun Jian) ၏


နံဘေးတွင် "ကျူမောင်"(Zu Mao) သာ ကျန်လေသည်။ ထိုသူနှစ်ဦးတို့သည် ရန်သူ့ တပ်မှ
ထိုးဖောက်၍ထွက်ကြသည်။ "ဟွရှုံ"(Hua Xiong) ကလည်း ထိုသူတို့နောက်သို့ အသည်းအသန်
လိုက်သည်။ "စွန်းကျန့်"(Sun Jian) သည် မြင်းပေါ်မှ နေ၍ ကျန်သော မြားသုံးချောင်းဖြင့်
လှမ်းပစ်သော်လည်း ပထမ နှစ်ချောင်း လွဲသွားသည်။ နောက်ဆုံးတစ်ချောင်းကို ပစ်မည်ဟု လေးကို
တင်လိုက်ရာ အားများသွားသဖြင့် လေးကြိုးသွားသည်။

ထိုအခါ "ကျူမောင်"(Zu Mao) က

"သခင်ရဲ့ ခရမ်းရောင် ခေါင်းစည်းကို ရန်သူတွေက အလွယ်တကူမှတ်မိမှာပဲ၊ ဒါကြောင့် ကျွန်တော့်ကို ပေးပါ၊


ကျွန်တော်ဝတ်မယ်" ဟု ဆိုသည်။

ထို့နောက် "စွန်းကျန့်"(Sun Jian) သည် သူ့ ခမောက်ကို ပေးလိုက်ပြီးနောက် နှစ်ဦးသား


မတူညီသောလမ်းကို သွားကြသည်။ ရန်သူတို့ ကလည်း ခရမ်းရောင်ခေါင်းဆောင်းရှိသက
ိုသာ
"စွန်းကျန့်"(Sun Jian) ဖြစ်သည်ဟု အထင်နှင့် ထိုသေ
ူ နာက်သာ လိုက်ကြသည်။

"ကျူမောင်"(Zu Mao) သည် တောအုပ်အတွင်းသို့ ဝင်ပြေးသည်။ ရန်သူတို့ကလည်း လိုက်ရာ


နောက်ဆုံးတွင် ဝိုင်းမိပြီး မြားဖြင့် ပစ်ကြသည်။ ထိုအခါ "ကျူမောင်"(Zu Mao) သည် ဓားနှစ်ချောင်းကို

72
ဆွဲထုတ်ပြီး "ဟွရ"ှုံ (Hua Xiong) ကို သတ်မည်ပြုသည်။ သို့သော် "ဟွရှုံ"(Hua Xiong) လက်ဦးကာ
"ကျူမောင်"(Zu Mao) ကို ခုတ်လိုက်လေသည်။ "ဟွရှုံ"(Hua Xiong) နှင့် "လီရ"ု (Li Ru) တို့သည်
ထွက်ပြေးသောတပ်ကို လိုကလ
်ံတိုက်ပြီးနောက် ခံတပ်ဘက်သို့ ပြန်လည် တပ်ဆုတ်လေသည်။

ပြီးနောက် "စွန်းကျန့်"(Sun Jian) သည် "ချန်ဖူ"(Cheng Pu) ၊ "ဟွမ်ကိုင"် (Huang Gai) ၊


"ဟန်တန်"(Han Deng) တို့နှင့် ပြန်တွေ့သည်။ "စွန်းကျန့်"(Sun Jian) သည် "ကျူမောင်"(Zu Mao)
သေဆုံးမှုအတွက် စိတ်မကောင်းဖြစ်လေ၏။ ထိုစစ်ရှုံးမှုသတင်းကို "ယွမ်ရှောက်"(Yuan Shao) ကြားသော်
မြို့စား၊နယ်စားတို့ ကို အစည်းအဝေးပြုလုပ်ရန်ခေါ်လိုက်သည်။ "ကုန်းစွန်းကျန့်"(Gongsun Zan) သည်
နောက်ဆုံးမှ ရောက်လေသည်။ လူစုံသောအခါ "ယွမ်ရှောက်"(Yuan Shao) မှ

"စစ်သူကြီး ပေါက်ရှင်း(Bao Xin) ရဲ့ညီဟာ အမိန့်ကို မနာခံပဲ ရန်သူကို သွားတိုက်တဲ့အတွက်


အသတ်ခံရခြင်းဖြစ်တယ်၊ အခု "စွန်းကျန့်"(Sun Jian) က စစ်ရှုံးပြန်ပြီ၊ ဒါကြောင့် ဘယ်လိုလုပ်ကြမလဲ" ဟု
မေးသည်။

အကုန်လုံး တိတ်ဆတ
ိသွားကြသည်။

"ယွမ်ရှောက်"(Yuan Shao) သည် တစ်ယောက်ချင်းဆီကို စေ့စေ့စပ်စပ်ကြည့်ရာ


"ကုန်းစွန်းကျန့်"(Gongsun Zan) နောက်တွင် လူသုးံ ဦးရပ်နေသည်ကို သတိပြုမိသည်။
ထိုသူသုံးဦးတို့သည် ပြုံးနေလေသည်။

"ယွမ်ရှောက်"(Yuan Shao) : "သူတို့က ဘယ်သူတွေတုန်း"

"ကုန်းစွန်းကျန့်"(Gongsun Zan) : "သူကတော့ ဖင်ယွမ်မြို့စား လျူဘေ့(Liu Bei) ပါ၊


တစ်မိုးတည်းအောက်မှာ ကျွန်တော်နဲ့အတူ တစ်ဆရာထဲအောက်မှာ ပညာရည်နို့ စို့ခဲ့တဲ့
ညီအစ်ကိုလိုခင်တဲ့ သူပါပဲ"

"ချောင်ချောင်း"(Cao Cao) : "အဝါရောင်သူပုန်တွေကို ဆန့်ကျင်ခဲ့တ့သ


ဲူကလည်း သူပဲမလား"

"ကုန်းစွန်းကျန့်"(Gongsun Zan) : "ဟုတ်ပါတယ်"

ထိုအခါ "လျူဘေ့"(Liu Bei) သည် သူ၏ မျိုးရိုးနှင့် တာဝန်ထမ်းဆောင်ခဲ့မှုတို့ ကို ပြောလေသည်။

"ယွမ်ရှောက်" : "သူက မင်းမျိုးမင်းနွယဆ


ိုရင် သူ့ကို ခုံနေရာပေးသင့်တာပေါ့"

သို့သော်လည်း "လျူဘေ့"(Liu Bei) က ငြင်းသည်။

"ယွမ်ရှောက်"(Yuan Shao) : "ဒါက ခင်ဗျားရဲ့အရှိန်အဝါနဲ့ ရာထူးကြောင့်မဟုတ်ပဲ


မင်းဆွေမင်းမျိုးဖြစ်တဲ့အတွက် ခုံပေးတာမို့ လို့ လက်ခံပါ"

73
သို့နှင့် "လျူဘေ့"(Liu Bei) လည်း လက်ခံကာ အနှိမ့်ဆံုး နေရာတွင် ထိုင်လေသည်။ သူ၏ ညီနှစ်ဦးကမူ
အနောက်တွင် မတ်တပ်ရပ်နေသည်။

ထိုအစည်းအဝေးကျင်းပနေချိန်တွင် ကင်းစောင့်သူဝင်လာပြီး "ဟွရှုံ"(Hua Xiong) သည် လာရောက်ကာ


ဓားချင်းယှဉ်ထိုးရန် စိန်ခေါ်နေကြောင်း သတင်းပို့ သည်။

"ယွမ်ရှောက်"(Yuan Shao) : "ဘယ်သူသွားပြီး တိုက်ချင်သလဲ"

ထိုအခါ "ယွမ်စု"(Yuan Shu) လက်အောက် မှ နာမည်ကြီးစစ်သူကြီးဖြစ်သည့် "ယွီရှဲ့"(Yu She) သည်


သွားပါမည်ဟု ပြောကာ ထွက်သွားလေသည်။ "ယွီရှဲ့"(Yu She) ထွက်သွားပြီး သိပ်ပင်မကြာလိုက်၊
"ယွီရှဲ့"(Yu She) သေဆုံးသွားပြီဖြစ်ကြောင်းသတင်းရောက်လာသည်။ ထိုအခါ လူအပေါင်းတို့
တုန်လှုပ်ကြကုန်သည်။

"ဟန်ဖူ"(Han Fu) : "ကျွန်တော့်လက်အောက်မှာ "ပန်ဖုန်း"(Pan Feng) လို့ခေါ်တဲ့


သူရဲကောင်းတစ်ယောက်ရှိပါတယ်၊ သူသာဆို "ဟွရှုံ"(Hua Xiong) ကို သတ်နိုင်ပါတယ်"

သို့နှင့် "ပန်ဖုန်း"(Pan Feng) ထွက်သွားသည်။ သူသည်လည်း "ဟွရ"ှုံ (Hua Xiong) နှင့် ချပြီး မကြာလိုက်၊
အသတ်ခံရပြန်သည်။

"ယွမ်ရှောက်"(Yuan Shao) : "ကျုပ်အားကိုးရတဲ့ စစ်သူကြီး "ဝင်ချို"(Wen Chou) နဲ့ "ရန်လျန်"(Yan


Liang) မရှိလို့ ပေါ့။ ရှိရင် ဒီဟွရ(ှုံ Hua Xiong) လောက်ကို မှုစရာမလိုဘူး"

ထိုအခါ အဆုံးအစွန်တွင် ရပ်နေသော သူတစ်ဦးသည်

"ကျွန်တော်သွားပြီး ဟွရ(ှုံ Hua Xiong) ရဲ့ ခေါင်းကို ယူလာခဲ့မယ်" ဟု ပြောသည်။

လူအားလုံး၏ အကြည့်သည် ထိုသထ


ူံရောက်သွားသည်။ ထိုသူကား အခြားမဟုတ်၊ "ကွမ်းယွီ"(Guan Yu)
ပင် ဖြစ်သည်။

"ယွမ်ရှောက်"(Yuan Shao) : "သူက ဘယ်သူတန


ုး"

ထိုအခါ "ကုန်းစွန်းကျန့်"(Gongsun Zan) မှ ဝင်၍ "လျူဘေ့"(Liu Bei) ၏ ညီ "ကွမ်းယွ"ီ (Guan Yu)


ဖြစ်ကြောင်း ပြောသည်။

"ကုန်းစွန်းကျန့်"(Gongsun Zan) : "သူက လျူဘေ့(Liu Bei) လက်အောက်က မြင်းစီးမြားပစ်တပ်သားပါ"

"ယွမ်စု"(Yuan Shu) : "ဘာ! ဒါ ကျုပ်တို့ကို စော်ကားတာပဲ၊ ရာရာစစ သာမန်စစ်သားလေးကများ


ရန်သဘ
ူ က်က စစ်သြူ ကီးနဲ့ ယှဉ်ချင်တယ်တဲ့လား"

74
"ချောင်ချောင်း"(Cao Cao) : "စိတ်အေးအေးထားပါ၊ သူက ဒီလောက် ပြောနေရင် သူ့စွမ်းရည်ကို
ကြည့်ရမှာပေါ့၊ သူမအောင်မြင်ရင်လည်း နောက်မှ အပြစ်ပေးလို့ရတာပဲ"

"ယွမ်ရှောက်"(Yuan Shao) : "ဒီလိုလူကို လွှတလ


ိုကရ
် င် ဟွရ(ှုံ Hua Xiong) က ကျုပ်တို့ ကို ရယ်မှာပေါ့"

"ချောင်ချောင်း"(Cao Cao) : "ဒီလူ့ရုပ်ရည်က သာမန်လူရုပ်ရည်မျိုးမဟုတ်ဘူး၊ ရန်သူ့ ဘက်က သူ့ကို


သာမန်မြားပစ်သမားလို့ ဘယ်ထင်ပါ့မလဲ"

"ကွမ်းယွ"ီ (Guan Yu) : "ကျုပ်ရှုံးခဲ့ရင် ကျုပ်ခေါင်းကို ဖြတ်လိုက ဖြတ်နိုင်တယ်"

ထိုအခါ "ချောင်ချောင်း"(Cao Cao) သည် အရက်ကို မီးဖြင့်အပူပေးကာ ခွက်ထဲသို့ ထည့်ပြီး


"ကွမ်းယွ"ီ (Guan Yu) ထံ ပေးသည်။

"ကွမ်းယွ"ီ (Guan Yu) : "ထားထားလိုက်၊ ခဏနေ ကျုပ် ပြန်လာမှာပဲ"

ထို့နောက် "ကွမ်းယွ"ီ (Guan Yu) သည် လှံကိုကိုင်ပြီး မြင်းစီးကာ ထွက်သွားလေသည်။


ရွကဖ
်ျင်တဲအတွင်းမှလူတို့သည် ကျယ်လောင်သော ဗုံသံတို့ကို ကြားလိုက်သည်။ ထို့ပြင်
ကောင်းကင်ကြီးပြိုကျမတတ်၊ မြေကြီးအက်ကွဲမတတ်၊
တောင်ကြီးယိမ်းယိုင်လုမတတ်ဖြစ်စေလောက်အောင် ကျယ်လောင်သောအသံတို့ကို ကြားရလေသည်။
လူအကုန်လုံး ကြောက်ရွံ့ကုန်သည်။ မကြာမီပင် "ကွမ်းယွ"ီ (Guan Yu) ပြန်လာကာ လက်ထဲမှ "ဟွရှုံ"(Hua
Xiong) ၏ ခေါင်းကို နယ်စားတို့ရှေ့တွင် ပစ်ပြလိုက်လေသည်။ ၎င်းကို မြင်သော် "ချောင်ချောင်း"(Cao Cao)
သည် အင်မတန် စိတ်လပ
ှုရှားသွားလေသည်။

"ကျန်းဖေး"(Zhang Fei) : "တွေ့လား၊ ကျုပ်အစ်ကိုက ဟွရ(ှုံ Hua Xiong) ကို သတ်လိုကြ် ပီ၊
ဘာကိုစောင့်နေတာလဲ၊ အခုပဲ ခံတပ်ကိုတိုက်ပြီး ချီတက်ကြရအောင်"

"ယွမ်စု"(Yuan Shu) : "ငါတို့လို အရာရှိတွေကို မြို့စားလက်အောက်က လူက လာပြောရဲတယ်၊ အဲ့လူကို


အပြင်ကို ဆွဲထုတ်သွားကြစမ်း"

"ချောင်ချောင်း"(Cao Cao) : "သူတို့ တာဝန်ကို ကျေအောင်လပ


ုဆောင်ခဲ့တာကို ထည့်စဉ်းစားပေးပြီး
ငဲ့ညှာလိုက်ပါ"

ထို့နောက် "ချောင်ချောင်း"(Cao Cao) သည် "ကုန်းစွန်းကျန့်"(Gongsun Zan) အား


ထိုညီနောင်သုံးဦးတို့ ကို သူတို့ ၏ ရွက်ဖျင်ဆသ
ီ့ို ခေါ်သွားစေသည်။ "ချောင်ချောင်း"(Cao Cao) သည်
စိတေ
် ဖြဖျောက်စေသည့်အနေဖြင့် ထိုညီနောင်သုံးဦးထံ အရက်နှင့် အသားတို့ကို လက်ဆောင်
တိတ်တဆိတ်ပို့စေသည်။

75
"ဟွရှုံ"(Hua Xiong) ၏ သတင်းကို ကြားသောအခါ "လီရ"ု (Li Ru) စိတ်ဓာတ်ကျသွားလေသည်။
ထို့နောက် ထိုသတင်းကို သူ့သခင်ထံ အောက်ပါစာကို ပို့လိုက်သည်။

"ယခု စစ်သူကြီးကို ဆုံးရှုံးသွားသဖြင့် သူပုန်တို့ ၏ အင်အား ကြီးမားလာသည်၊ ယွမ်ရှောက်(Yuan Shao)


သည် သူပုန်ခေါင်းဆောင်ဖြစ်သည်။ သူ့ဦးလေး "ယွမ်ဝေ"(Yuan Wei) မှာ
မြို့တော်ကာကွယ်ရေးတပ်မှူးဖြစ်သည်။ အကယ်၍ သူ့ဦးလေးလည်း သူ့ဘက်ပါသွားလျှင်
ကျွန်တော်တို့ဘက်အရေးမလှ ဖြစ်နိုင်သည်။ ထို့ကြောင့် အရင် လက်ဦးအောင် ရှင်းသင့်သည်။"

"တုန်ကျိုး"(Dong Zhuo) သည် ထိုစာကို လက်ခံပြီး သူ၏ စစ်သူကြီးနှစ်ဦးဖြစ်သည့် "လီကျွယ်"(Li Jue)


နှင့် "ကော်စ"ီ (Guo Si) ကို စစ်သားငါးရာနှင့်တကွ "ယွမ်ဝေ"(Yuan Wei) ၏ အိမ်တော်ကို ဝန်းရံစေပြီး
အိမ်အတွင်းရှိ လူတို့ ကို အသတ်အရွယ်မရွေး သတ်စေသည်။ ထို့နောက် "ယွမ်ဝေ"(Yuan Wei) ၏
ခေါင်းကို မြို့တံခါးဝ၌ ချိတ်ထားစေသည်။

ထို့နောက် "တုန်ကျိုး"(Dong Zhuo) သည် စစ်သားနှစ်သိန်းကို တပ်နှစ်တပ်ခွဲကာ ချီတက်စေသည်။


"လီကျွယ်"(Li Jue) နှင့် "ကော်စ"ီ (Guo Si) ကို စစ်သား ငါးသောင်းပေးကာ စီမြစ်ခံတပ်ကို
ကာကြယေ
် စသည်။ သူကိုယ်တိုင်မှာမူ စစ်သား တစ်သိန်းခွဲနှင့် ဟူလောင်ခံတပ်၌ စခန်းချသည်။ သူနှင့်အတူ
"လီရ"ု (Li Ru) ၊ "လွီပု"(Lu Bu) ၊ "ဖန်ချိုး"(Fan Chou) နှင့် "ကျန်းကျိ"(Zhang Ji) တို့ ပါဝင်သည်။

ဟူလောင်ခံတပ်သည် လော့ရန်မှ ဆယ့်ငါးမိုင်ဝေးသည်။ ထိုခံတပ်သို့ရောက်သည်နှင့် "လွီပု"(Lu Bu) ကို


စစ်သားသုံးသောင်းပေးကာ ခံတပ်အပြင်တွင် စောင့်ကြပ်စေပြီး သူကိုယ်၌မူ အတွင်းတွင် စခန်းချလေသည်။

ထိုသတင်းသည် "ယွမ်ရှောက်"(Yuan Shao) ထံ ရောက်သွားသောအခါ နယ်စားတို့ ကိုခေါ်စေပြီး


မည်သို့ မည်ပုံလုပ်ရမည်ကို တိုင်ပင်ကြသည်။

"ချောင်ချောင်း"(Cao Cao) : "သူတို့ သာ ခံတပ်ကို သိမ်းလိုက်ရင် ကျွန်တော်တို့တပ်ကို နှစ်ဖက်က


ဝင်တုက
ိလို့ ရမယ်၊ ဒါကြောင့် ခံတပ်မသိမ်းခင် တုန်ကျိုး(Dong Zhuo) ရဲ့ စစ်တပ်ကို လမ်းမှာ တိုက်ရမယ်"

သို့နှင့် "ဝမ်ခွမ်"(Wang Kuang) ၊ "ချောင်မောင်"(Qiao Mao) ၊ "ပေါက်ရှင်း"(Bao Xin) ၊ "ယွမ်ရိ"(Yuan


Yi) ၊ "ခုန်းရုံ"(Kong Rong) ၊ "ကျန်းရန်"(Zhang Yang) ၊ "ထောင်ချန်"(Tao Qian) နှင့်
"ကုန်းစွန်းကျန့်"(Gongsun Zan) တို့ ဦးဆောင်သည့် တပ်ရှစ်တပ်ကို ဟူလောင်ခံတပ်သို့သွားရန်
စေလွှတ်လုက
ိသည်။ ထိုတပ်တို့အနက် "ဝမ်ခွမ်း"(Wang Kuang) ၏ တပ်အရင်ရောက်သွားပြီး "လွီပု"(Lu
Bu) ၏ စစ်တပ်နှင့် ရင်ဆိုင်ရသည်။ "လွီပု"(Lu Bu) သည် "ယုန်န"ီ မြင်းစီးကာ တောက်ပစွာ
ဝတ်ဆင်ထားသည်။

"ဝမ်ခွမ"် (Wang Kuang) : "ဘယ်သူ သူနဲ့ စီးချင်းထိုးချင်သလဲ"

76
ထိုအခါ ဟဲနေမှ စစ်သူကြီးတစ်ဦးဖြစ်သည့် "ဖန်ယွဲ့ "(Fang Yue) ထွကလ
်ာကာ "လွီပ"ု (Lu Bu) နှင့်
ရင်ဆုင
ိသည်။ ငါးကွက်ခန့်တိုက်ပြီးသော် "လွီပု"(Lu Bu) လှံစာမိ၍ "ဖန်ယွဲ့"(Fang Yue) သေလေသည်။
ထိုအခြင်းအရာကို မြင်သောအခါ "ဝမ်ခွမ်"(Wang Kuang) ၏ စစ်သားတို့ သည်
ကြောက်အားလန့်အားဖြင့် ထွကေ
် ပြးကြကုန်သည်။ "လွီပု"(Lu Bu) သည် ထွက်ပြေးသော
စစ်သားနောက်သို့ တရကြမ်းလိုက်သတ်သည်။ ကံကောင်းထောက်မစွာဖြင့် များမကြာမီပင်
"ချောင်မောင်"(Qiao Mao) နှင့် "ယွမ်ရ"ိ (Yuan Yi) တပ်တို့ ရောက်လာကာ ဒဏ်ရာရနေသော
"ဝမ်ခွမ"် (Wang Kuang) ကို ကယ်လိုက်သည်။ "လွီပု"(Lu Bu) လည်း စစ်တပ် ပြန်ဆုတ်သွားသည်။
ထိုတပ်သုံးတပ်၏ ဆုံးရှုံးမှုလည်း မသေးလှသဖြင့် ဆယ်မိုင်အကွာသို့ဆုတ်ခွာကာ စခန်းချသည်။
ထို့နောက် ကျန်သော ခေါင်းဆောင်တို့ လည်း ရောက်လာကာ တိုင်ပင်ကြပြီးနောက် "လွီပ"ု (Lu Bu) သည်
ပြိုင်ဘက်ကင်းသည့်လစ
ွူမ်းကောင်းဖြစ်ကြောင်း အသိအမှတ်ပြုရသည်။

ထိုသို့ စိတ်ဓာတ်ကျစွာ ထိုင်နေကြစဉ် "လွီပု"(Lu Bu) သည် ထပ်ရောက်လာကာ စိန်ခေါ်ပြန်သည်။


ထိုအခါ တပ်ဖွဲ့ရှစ်ခု၏ခေါင်းဆောင်တို့သည် အသီးသီးနေရာယူကာ "လွီပ"ု (Lu Bu) ၏ တပ်နှင့်
ရင်ဆုင
ိလေသည်။ ထို့နောက် "မြို့စားကျန်းရန်"(Zhang Yang) လက်အောက်ရှိ "မုရွှင်း"(Mu Shun)
ဟူသောစစ်သူကြီးသည် "လွီပု"(Lu Bu) အား တိုက်သည်။ သိပ်ပင်မကြာလိုက်၊ "လွီပု"(Lu Bu) က
ထိုသူ့ကို သတ်လိုကသ
် ည်။ "ခုန်းရု"ံ (Kong Rong) လက်အောက်မှ "ဝူအန်းကော်"(Wu Anguo)
သည်လည်း တင်းပုတ်ကိုင်၍ ထွက်လာကာ "လွီပ"ု (Lu Bu) နှင့် ရင်ဆိုင်သည်။
ဆယ်ကွက်ခန့်တိုက်ပြီးသော် "ဝူအန်းကော်"(Wu Anguo) သည် "လွီပ"ု (Lu Bu) ၏ အားကို မခံနိုင်သဖြင့်
တင်းပုတ်လွတ်ကျသွားသည်။ ထိုသို့ တင်းပုတလ
်ွတ်ကျသည်နှင့် ပြေးလေ၏။
ခေါင်းဆောင်ရှစ်ဦးတို့ ကလည်း လာကယ်ကြသဖြင့် "လွီပု"(Lu Bu) လည်း တပ်ဆုတ်သွားသည်။
မဟာမိတ်တပ်တို့လည်း ဆုတ်ခွာပြီး အစည်းအဝေးလုပ်ပြန်သည်။

"ချောင်ချောင်း" (Cao Cao) : "ဘယ်သူမှ လွီပ(ု Lu Bu) ကို မယှဉ်နိုင်ဘူး၊ ကျွန်တော်တို့ တခြား
ခေါင်းဆောင်တွေကိုပါခေါ်ပြီး နည်းလမ်းကောင်း စဉ်းစားရအောင်၊ အကယ်၍ လွီပု(Lu Bu) ကိုသာ
ဖယ်ရှားနိုင်ရင် တုန်ကျိုး(Dong Zhuo) ကို သတ်ဖို့ဆိုတာ မခဲယဉ်းဘူး"

ထိုအချိန်တွင် "လွီပု"(Lu Bu) ထပ်ရောက်လာကာ စိန်ခေါ်ပြန်သည်။ ခေါင်းဆောင်တို့ လည်း ထွက်ကာ


ရင်ဆုင
ိရပြန်သည်။ ဤတစ်ကြိမ်တွင် "ကုန်းစွန်းကျန့်"(Gongsun Zan) ထွက်ကာ "လွီပ"ု (Lu Bu) နှင့်
တိုက်လေသည်။ "ကုန်းစွန်းကျန့်"(Gongsun Zan) သည် လှံကုက
ိုင်ကာ "လွီပု"(Lu Bu) နှင့်
အကွက်အနည်းငယ်ခန့်တိုက်ပြီးသော် အခြေအနေ မဟန်သဖြင့် ပြေးလေ၏။ "လွီပု"(Lu Bu) ကလည်း
နောက်မှ လိုက်လေသည်။ "လွီပ"ု (Lu Bu) ၏ မြင်းသည် အလွန်လျင်မြန်သည့် မြင်းဖြစ်သဖြင့်
တခဏအတွင်းပင် မီသွားကာ လှံနှင့် ထိုးမည်ပြုသည်။ ထိုအခါ

77
"မျိုးမစစ်ကောင်၊ ရန်မြို့က ကျန်းဖေး(Zhang Fei) က မင်းကို စောင့်နေတယ်" ဟု ဆိုကာ "လွီပု"(Lu Bu)
ကို တိုက်သည်။

ထိုအခါ "လွီပု"(Lu Bu) သည် "ကုန်းစွန်းကျန့်"(Gongsun Zan) နောက် မလိုက်တော့ပဲ


"ကျန်းဖေး"(Zhang Fei) နှင့် တိုက်လေသည်။ အကွက်ငါးဆယ်ခန့် ဖလှယ်ပြီးသော်လည်း အနိုင်အရှုံး
မသဲကွဲသေး။ ထိုအခါ "ကွမ်းယွီ"(Guan Yu) သည် စိတမ
် ရှည်စွာဖြင့် သူ့၏ နဂါးလှံကို ကိုင်ကာ "လွီပု"(Lu
Bu) ကို ဝင်တိုက်သည်။ နှစ်ယောက်တစ်ယောက် တိုက်ကာ အကွက်သုံးဆယ်ထပ်တိုက်သော်လည်း
"လွီပု"(Lu Bu) ကို မနိုင်သေး။

သို့နှင့် "လျူဘေ့"(Liu Bei) သည် ဓားနှစ်ချောင်းကို ကိုင်ကာ "လွီပု"(Lu Bu) ကို ဝင်တုက
ိလေသည်။
ထိုညီနောင်သုံးဦးနှင့် "လွီပု"(Lu Bu) တစ်ဦး အပြင်းအထန်တိုက်ကြလေသည်။ ထိုတိုက်ပွဲကို တပ်ဖွဲ့ ရှစ်ဖွဲ့မှ
သူရဲကောင်းတို့ က အံ့အားသင့်စွာ မှင်သက်ကြသည်။

သို့သော်လည်း သုံးယောက်တစ်ယောက်ဖြစ်သည့်အတွက် မကြာမီပင် "လွီပု"(Lu Bu)


အားလျော့လာသည်။ "လွီပု"(Lu Bu) သည် "လျူဘေ့"(Liu Bei) ကို တိုက်မယောင် ဟန်ပြင်လိုက်သည်။
ထို့နောက် "လျူဘေ့"(Liu Bei) ရှောင်လိုကေ
် သာအခါ လှံကို ရုတသ
ိမ်းပြီး ဆုတ်ခွာသွားလေသည်။

သို့တည်းမဟုတ် ညီနောင်သုံးဦးတို့ က "လွီပု"(Lu Bu) ကို လွှတ်ပေးလိုက်လေသလား? မည်သို့ပင်ဖြစ်စေ


"လွီပု"(Lu Bu) တပ်ဆုတ်သွားသောအခါ တပ်ရှစ်တပ်မှ စစ်သားတို့သည် "လွီပု"(Lu Bu) တပ်နောက်သို့
လိုက်တိုက်လေသည်။ ထိုတပ်၏ ထိပ်ဆုံးတွင်ကား "လျုဘေ့"(Liu Bei) တို့ ညီအစ်ကိုသုံးဦးပင် ဖြစ်သည်။

78
အခန်း(၆) မြို့တော်ကို မီးရှို့ ခြင်း။ "စွန်းကျန့်"(Sun Jian) ၏ သစ္စာပျက်ပြားခြင်း

"ကျန်းဖေး"(Zhang Fei) သည် ရန်သူ့ နောက်သို့ တရကြမ်းလိုက်သွားသော်လည်း


ရန်သူ့ ခံတပ်နားအရောက်တွင် ရန်သူတို့က အပေါ်မှ မြားဖြင့်ပစ်ခြင်း၊ ကျောက်တုံးတို့ တွန်းချခြင်းတို့
ကြောင့် ခံတပ်ကို မထိုးဖောက်နိုင်ပဲ ပြန်လှည့်ခဲ့ရသည်။ ခေါင်းဆောင်ရှစ်ဦးတို့ သည်
စခန်းသို့ပြန်ရောက်ကြသောအခါ ညီနောင်သုံးဦးတို့၏ စွမ်းဆောင်မှုကို ဂုဏ်ပြုကြ၏။ ထို့နောက်
စစ်ပွဲအောင်မြင်မှုသတင်းကို "ယွမ်ရှောက်"(Yuan Shao) ထံ သတင်းပို့ လိုက်ရာ "ယွမ်ရှောက်"(Yuan
Shao) က "စွန်းကျန့်"(Sun Jian) အား ချက်ချင်းပင် စစ်ချီစေသည်။

ထိုအခါ "စွန်းကျန့်"(Sun Jian) သည် "ချန်ဖ"ူ (Cheng Fu) နှင့် "ဟွမ်ကိုင်"(Huang Gai) တို့နှင့်အတူ
"ယွမ်စု"(Yuan Shu) ၏ စစ်စခန်းသို့သွားလေသည်။ ထိုသို့ ရောက်သော် "စွန်းကျန့်"(Sun Jian) သည်
တုတ်ဖြင့် မြေကြီးကို ထုလုက
ိကာ

"တုန်ကျိုး(Dong Zhuo) နဲ့ ကျုပ်နဲ့က ဘာကိုယ်ရေးကိုယ်တာရန်ညှိုးမှ မရှိခဲ့ဘူး။ ဒါတောင် ကျုပ်က


အသက်ကို စွန့်ပြီး စစ်တိုက်ရတာ၊ ဒီလိုတိုက်တာဟာ တိုင်းပြည်ကြီးအတွက်လည်း ဖြစ်သလို ခင်ဗျားတို့
ယွမ်မိသားစုအကျိုးကြောင့်လည်း ပါတယ်။ ဒါကိုတောင် ကျုပ် စားနပ်ရိက္ခာပို့ခိုင်းတာကို ခင်ဗျားက
မပို့ ဘူး၊ ဒါကြောင့် ကျုပ် စစ်ရှုံးခဲ့ရတာ၊ ဒီကိစ္စကို ဘယ်လိုများ ဖြေရှင်းမလဲ" ဟု မေးလေသည်။

"ယွမ်စု"(Yuan Shu) သည် ကြောက်ကြောက်လန့်လန့်ဖြင့် ပြောစရာစကားမရှိပဲ ဖြစ်နေ၏။ ထို့ နောက်


"စွန်းကျန့်"(Sun Jian) ကျေနပ်စေရန်အလို့ငှာ "ယွမ်စ"ု (Yuan Shu) သည် ကုန်းတိုက်ခဲ့သောသူကို
သေဒဏ်ပေးစေလိုက်သည်။ ထိုအချိန်တွင်ပင် လူတစ်ဦးဝင်လာကာ "စွန်းကျန့်"(Sun Jian) အား
လူတစ်ယောက် ရှာနေကြောင်း ပြောသည်။

"စွန်းကျန့်"(Sun Jian) လည်း သူ့စခန်းသူပြန်သွားသောအခါ သူ့ကို လာရှာသောလူကား


"တုန်ကျိုး"(Dong Zhuo) လက်အောက်မှ စစ်သူကြီး "လီကျွယ်"(Li Jue) ဖြစ်နေသည်။

"ခင်ဗျား ဘာကိစ္စနဲ့ လာတာလဲ"

"ကျွန်တော်တို့သခင်ကြီးက ခင်ဗျားကို အရမ်းလေးစားတာဗျ၊ ဒါကြောင့် ကျုပ်ကို ဒီကို လွှတြ် ပီး


မဟာမိတ်ဖွဲ့ စေတာ။ သူက သူ့သမီးကို ခင်ဗျားသားနဲ့ လက်ဆက်စေပြီး မိသားစုနှစ်ခု
ဆွေမျိုးတော်ချင်တာဗျ"

"ဘာ! သူပုန် တုန်ကျိုး(Dong Zhuo) ကများ....ရာရာစစ....ဖြစ်နိုင်ရင် ကျုပ်က သူ့ကိုရော၊ သူ့ရဲ့


မျိုးဆက်ကိုးဆက်လုံးကိုပါ သတ်ချင်တာ၊ ဒါကို ခင်ဗျားက အမျိုးတော်ဖို့ ပြောတယ်။ ခင်ဗျားကို

79
သတ်ချင်ပေမယ့် မသတ်ပဲလွှတ်လိုကမ
် ယ်။ ခင်ဗျား ကျုပ်ရေ
ှ့က မြန်မြန်သာထွက်သွား၊ မဟုတ်ရင်
ခင်ဗျားကို သတ်ပြီး အရိုးကို အမှုန့်ကြိတ်ပြီးတော့ အသားကို နှုတ်နှုတ်စင်းမိလိမ့်မယ်"

"လီကျွယ်"(Li Jue) သည်လည်း အလျင်အမြန်ပင် ထွက်သွားလေသည်။ ထို့နောက် သူ့သခင်ထံသွားကာ


"စွန်းကျန့်"(Sun Jian) က ရိုင်းပျစွာ ပြောလိုက်ကြောင်း ပြောသည်။ "တုန်ကျိုး"(Dong Zhuo) က
ဘာလုပ်သင့်သည်ကို "လီရ"ု (Li Ru) နှင့် တိုင်ပင်လေသည်။

"လီရ"ု (Li Ru) : "လွှီပုရဲ့ စစ်ရှုံးမှုဟာ ကျွန်တော်တို့ စစ်တပ်တွေရဲ့ တိုက်ခိုက်လုစ


ိတ်ကို
လျော့နည်းသွားစေခဲ့တယ်၊ ဒါကြောင့် မြို့တော်ကို ပြန်ပြီး ဧကရာဇ်ကို ချန်အန်းကို ပြောင်းခိုင်းရင်
သင့်တော်မယ်၊ အခု လမ်းမှာ ကလေးတွေက ဒီလိုမျိုးကဗျာကို ဆိုနေကြတယ်

'အနောက်ဘက်မှ ဟန်တိုင်းပြည်၊ အရှေ့ဘက်တွင်လည်း ဟန်တိုင်းပြည်

ချန်အန်းတွင် ရှိသော ဘုရင်သည် ပူပင်စရာ မလိုတော့'

ဒီကဗျာကို သေသေချာချာတွေးကြည့်မယ်ဆိုရင် လက်ရှိအဖြစ်အပျက်နဲ့ တိုက်ဆုင


ိနေတာ တွေ့ရမယ်၊
ပထမစာကြောင်းရဲ့ အဓိပ္ပာယ်ကတော့ ဟန်ခေတ်ကို စတည်ခဲ့တဲ့ ဘုရင် လျူဘန်း(Liu Bang) ဟာ
အနောက်ဘက်မှာရှိတဲ့ ချန်အန်းကို မြို့တော်အဖြစ်တည်ခဲ့တာ မင်းဆက်ဆယ့်နှစ်ဆက် ကြာခဲ့ပါတယ်၊
ကျန်စာကြောင်းတစ်ဝက်ကတော့ ဟန်ခေတ်မတည်ငြိမ်ခဲ့စဉ်က ပြန်တည်ငြိမ်အောင်လုပ်ခဲ့တဲ့ ဘုရင်
လျူရှုပ(် Liu Xiu) ဟာ မြို့တော်ကို လော့ရန်ပြောင်းခဲ့ပြီးနောက် လော့ရန်မှာ မင်းဆက်ဆယ့်နှစ်ဆက်
ကြာခဲ့ပြန်တယ်၊ အခု သူပုန်တွေထကြွတာဟာ ကောင်းကင်ဘုံက အစက ပြန်စစေဖို့
အခွင့်အရေးပေးလိုက်သလိုပဲ။ ဒါကြောင့် ချန်အန်းကို မြို့တော်အဖြစ်သတ်မှတ်လိုကရ
် င် ဘာမှ
ပူပန်စရာရှိတော့မှာ မဟုတ်ဘူး "

"တုန်ကျိုး"(Dong Zhuo) : "မင်းရှင်းပြမှပဲ ငါနားလည်တော့တယ်၊ အဲ့လိုမပြောရင် ဘာမှသိမှာမဟုတ်ဘူး"

80
ထို့နောက် "တုန်ကျိုး"(Dong Zhuo) သည် "လွီပု"(Lu Bu) ကို ခေါ်ကာ လော့ရန်သို့ ပြန်လေသည်။
ပြီးနောက် "တုန်ကျိုး"(Dong Zhuo) က မှူးကြီးမတ်ရာတို့ကို ခေါ်ကာ

"ဘုရင်တွေဟာ လော့ရန်မှာ နှစ်ပေါင်းနှစ်ရာလောက် စံပြီးနောက် ဒီနေရာမှာ ဆက်နန်းစံဖို့


မသင့်လျော်တော့ဘူး၊ ဒါကြောင့် မြို့တော်ကို ချန်အန်းကို ပြောင်းကြရမယ်၊ အကုန်လုံးအထုတ်အပိုးပြင်ပြီး
ခရီးထွက်ဖို့ ပြင်ကြပါ"

ထိုအခါ အတွင်းဝန် "ရန်ပြောင်း"(Yang Biao) က

"ဒီဆုံးဖြတ်ချက်ကို ပြန်သုံးသပ်ဖို့တောင်းဆိုပါတယ်၊ ချန်အန်းမှာရှိတဲ့ အဆောက်အဦးတွေက


ပျက်စီးနေပါပြီ၊ ဒါကြောင့် ဒီလော့ရန်မှာရှိတဲ့ နန်းတော်တွေ၊ ဘုရင့်သင်္ချိုင်းတွေ စွန့်လွှတ်ပြီးသွားဖို့ဆိုတာ
မဖြစ်နိုင်ပါဘူး၊ ပြည်သူလူထုတွေလည်း ရုတရ
်ုတ်သဲသဲဖြစ်နိုင်တယ်၊ ပြည်သူတွေကို
စိုးရိမ်ကြောင့်ကြအောင်လုပ်ဖို့လွယ်ပေမယ့် စိတ်ချမ်းသာအောင် လုပ်ဆောင်ဖို့က ခက်တယ်။" ဟု
ပြောသည်။

စစ်သြူ ကီးဖြစ်သူ "ဟွမ်ဝမ်"(Huang Wan) ကလည်း

"ရှုပ်ထွေးတဲ့ခေတ်ကာလ(အေဒီ ၂၃-၂၅) တုန်းက "ဖန်ချုံး"(Fan Chong) နဲ့ တခြားသူပုန်တွေဟာ ဟာ


ချန်အန်းကို မီးရှို့ဖျက်စီးခဲ့ပြီးနောက် အဲ့နေရာမှာ နေတဲ့လူမရှိသလောက်ပဲ၊ ဒါကြောင့် ဒီမြို့တော်ကြီးကို
စွန့် ပြီး မြို့စုတ်လေးမှာ သွားနေဖို့ဆိုတာ မှားပါတယ်" ဟု ကန့်ကွက်လေသည်။

"တုန်ကျိုး"(Dong Zhuo) : "ဒီမြို့ခံတပ်အရှေ့ဘက်မှာက ပုန်ကန်မှုတွေအမြောက်အများရှိတယ်၊


နောက်ပြီး နိုင်ငံအနှံ့ မှာ သူပုန်တွေထနေတယ်၊ ချန်အန်းမြို့ကိုတော့ ယောင်ဟန်တောင်နဲ့
ဟန်ကူခံတပ်တို့ က ကာရံထားတယ်၊ ဒါ့အပြင် အိမ်ဆောက်ပစ္စည်းတွေပေါတဲ့ လုံယုန
ိဲ့လည်း နီးတဲ့အတွက်
လပိုင်းအနည်းငယ်အတွင်းမှာ နန်းတော်တွေ၊ အိမ်တွေကို ပြန်ဆောက်နိုင်မှာပဲ၊ ဒါကြောင့် ဘယ်သူမှ
ထပ်မကန့်ကွက်ကြနဲ့တော့"

သို့သော်လည်း အလုပ်သမားဝန်ကြီးဖြစ်သော "ရွှင်းရွှမ်း"(Xun Shuang) သည် ပြည်သူလူထုကို


စိတဒ
်ုက္ခဖြစ်စေလိမ့်မည်ဟုဆိုကာ ကန့်ကွက်လေသည်။ ထိုအခါ "တုန်ကျိုး"(Dong Zhuo) က

"တစ်တိုင်းပြည်လုံးအတွက်လုပ်တာ ဘာလို့ လက်တစ်ဆုပ်စာလူလေးအတွက် ငဲ့ညှာနေရမှာလည်း" ဟု


ပြန်ပြောသည်။

"တုန်ကျိုး"(Dong Zhuo) သည် သူ၏ အိပ်ဆောင်အတွင်းဝင်ရန်သွားစဉ် အမတ်နှစ်ဦးကို တွေ့သည်။


ထိုသူတို့ ကား "ကျိုးပိ"(Zhou Bi) နှင့် "ဝူချုံ"(Wu Qiong) တို့ဖြစ်သည်။ "တုန်ကျိုး"(Dong Zhuo) က
ဘာကိစ္စရှိသလဲဟု မေးရာ "ကျိုးပိ"(Zhou Bi) က

81
"ကျွန်တော်တို့က မြို့တော်ပြောင်းတာကို ကန့်ကွက်တ့အ
ဲ ကြောင်း ပြောမလို့ လာတာပါ" ဟု ပြောသည်။
ထိုအခါ "တုန်ကျိုး"(Dong Zhuo) သည်

"အရင်က မင်းတို့ ငါ့ကို ပြောလို့ ငါ ယွမ်ရှောက်(Yuan Shao) ကို အပြစ်မပေးပဲ ရာထူးတောင် ပေးခဲ့တာ၊
အခုတော့ သူက ပုန်ကန်ပြီ၊ မင်းတို့လည်း သူနဲ့ အလိုတူကြံရာပါပဲ ဖြစ်ရမယ်" ဟု ဆိုပြီး အစောင့်တို့ကို
ခေါ်ကာ ဆွဲထုတေ
် စ၍ သတ်စေသည်။ ထို့ နောက် မြို့တော်ပြောင်းမည်ဆိုသောအမိန့် ကို
ချက်ချင်းထုတ်ပြန်စေသည်။

"လီရ"ု (Li Ru) မှ "တုန်ကျိုး"(Dong Zhuo) အား

"ကျွန်တော်တို့ အခု ပိုက်ဆံနဲ့ အစားအစာတွေ နည်းနေတယ်၊ ဒီလော့ရန်မှာ သူဌေးတွေအများကြီးရှိတယ်၊


ဒါကြောင့် သူတို့ ဆီက ပစ္စည်းဥစ္စာတွေယူစေပြီး ဒါက သူပုန်တွေ လက်ချက်လို့ ဝါဒဖြန့်လိုက်ရင်
အတော်ပဲ" ဟု ပြောသည်။

သို့နှင့် "တုန်ကျိုး"(Dong Zhuo) သည် စစ်သားငါးထောင်ကို ရန်သူတပ်၏ စေလွှတ်ကာ


အဆောင်အယောင်၊အလံတို့ကိုကိုင်စေလျက် လော့ရန်ရှိ သူဌေးသူကြွယ်တို့အား သတ်စေပြီး
စည်းစိမ်ဥစ္စာတို့ ကို အဓမ္မယူလေ၏။ ထို့ နောက် "တုန်ကျိုး"(Dong Zhuo) ၏ စစ်သြူ ကီးနှစ်ဦးဖြစ်သည့်
"လီကျွယ်"(Li Jue) နှင့် "ကော်စ"ီ (Guo Si) တို့ သည် လူတို့ ကို ဖမ်းဆီးကာ ချန်အန်းသို့
ခေါ်ဆောင်သွားလေသည်။ အမျိုးသမီးတို့ကိုမူ အဓမ္မပြုကျင့်ကြသည်။ လမ်းတွင် များစွာသောလူတို့
သေကြလေသည်။

လော့ရန်မြို့မှ မထွကခ
်ွာခင် "တုန်ကျိုး"(Dong Zhuo) ၏ နောက်ဆုံးအမိန့်သည်ကား တစ်မြို့လုံးရှိ အိမ်၊
နန်းတော်၊ ဘုံကျောင်း ရှိရှိသမျှတို့ ကို မီးရှို့ဖျက်စီးစေခဲ့ခြင်းပင်ဖြစ်သည်။ အရာအားလုံးတို့ကို
မီးတောက်ကြီးက မြိုသွားခဲ့လေပြီ။ တစ်ချိန်ကစည်ကားခဲ့သော မြို့တော်ကြီးကားပြာပုံကြီး ဖြစ်ခဲ့ပြီ။

ထို့အပြင် "တုန်ကျိုး"(Dong Zhuo) သည် "လွီပု"(Lu Bu) အား ရှေးဘုရင်တို့ ၏ အုတ်ဂူကို ဖောက်စေကာ
မြှုပ်နှံထားသောရွှေ၊ငွေ၊ရတနာတို့ ကို ယူစေ၏။ သာမန်စစ်သားတို့ကလည်း သူကြွယတ
့ို ၏အုတ်ဂူတို့ကို
တူးပြီး ရတနာများ ယူကြသည်။ သို့ နှင့် "တုန်ကျိုး"(Dong Zhuo) သည် ချန်အန်းသို့ ထွက်ခွာသွားခဲ့သည်။
(အေဒီ ၁၉၀)

လော့ရန်ကို စွန့်ခွာသွားကြသောအခါ စီမြစ်ကမ်းခံတပ်ကို ကာကွယ်နေသော စစ်သူကြီး "ကျိုးချန်"(Zhuo


Cen) ကလည်း ထိုခံတပ်မှ တပ်ဆတ
ုသွားလေရာ ထိုခံတပ်ကို "စွန်းကျန့်"(Sun Jian) က
သိမ်းယူလိုက်သည်။ "လျူဘေ့"(Liu Bei) နှင့် သူ့ညီတို့ကလည်း ဟူလောင်ခံတပ်ကို
သိမ်းလိုက်လေသည်။

82
"စွန်းကျန့်"(Sun Jian) သည် မြို့တော်ဟောင်းသို့ အလျင်အမြန်သွားသော်လည်း
သူရောက်သွားသောအခါ မြို့တော်ကား မီးခိုးတလူလူနှင့် ဖြစ်နေခဲ့သည်။ လူပင်မဆိုထားနှင့်၊
ခွေးတစ်ကောင်၊ ကြောင်တစ်မြီးမှ မရှိတော့။ "စွန်းကျန့်"(Sun Jian) သည် စစ်သားတို့အား မီးကို
ငြိမ်းသက်စေသည်။ ထို့နောက် မဟာမိတ်တပ်ပေါင်းစု၏ ခေါင်းဆောင်အသီးသီးတို့ သည်
နေရာယူစခန်းချကြသည်။

"ချောင်ချောင်း"(Cao Cao) သည် "ယွမ်ရှောက်"(Yuan Shao) ဆီသွားကာ

"တုန်ကျိုး(Dong Zhuo) က အနောက်ဘက်ကို ပြေးသွားပြီ၊ အခုကျွန်တော်တို့လည်း သူ့နောက်လိုက်ပြီး


တိုက်ရမယ်၊ ဘာလို့ မတိုက်ပဲ ဒီမှာ ငြိမ်နေကြတာလဲ" ဟု မေး၏။

"စစ်သူကြီးတွေကော၊ စစ်သားတွေပါ ပန်းနေကြပြီ၊ အခုသွားတိုက်လည်း ဘာမှ ထူးလာမှာ မဟုတ်ဘူး "

"တုန်ကျိုး(Dong Zhuo) က နန်းတော်ကြီးကို မီးရှို့ပြီး ဘုရင်ကို ဖမ်းသွားပြီ၊ ပြည်သူလူထုတွေကလည်း


ဘယ်သူ့ ကို ယုံကြည်ကိုး စားရမှန်းမသိတော့ဘူး ၊ ဒါကြောင့် သစ္စာဖောက် တုန်ကျိုး(Dong Zhuo)
နောက်ကို လိုကြ် ပီး သတ်နိုင်လုက
ိရင် ပြည်သူရဲ့ အားပေးမှုကို ရနိုင်တယ်"

သို့သော်လည်း အခြားသော် ခေါင်းဆောင်တို့က စစ်ကို ထပ်မရှည်ချင်ကြတော့။ ထိုအခါ


"ချောင်ချောင်း"(Cao Cao) က

"အသုံးမကျတဲ့လူတွေနဲ့ ကိစ္စကြီးကို ဆွေးနွေးနေလည်း အလကားပဲ" ဟု ပြောကာ ထွက်သွားလေသည်။

ထို့နောက် သူ၏ စစ်သူကြီးခြောက်ဦးဖြစ်သော "ရှဟိုတွန်း"(Xiahou Dun) ၊ "ရှဟိုယွမ"် (Xiahou Yuan) ၊


"ချောင်ရန်"(Cao Ren) ၊ "ချောင်ဟုန"် (Cao Hong) ၊ "လီတျန်"(Li Dian) နှင့် "ယွဲကျင်း"(Yue Jing)
တို့ကို ခေါ်ကာ စစ်သားတစ်သောင်းကို ဦးဆောင်ပြီး "တုန်ကျိုး"(Dong Zhuo) နောက်ကို လိုက်လေ၏။

"တုန်ကျိုး"(Dong Zhuo) သည် လမ်းခုလပ် ယင်းယန်သို့ သို့ရောက်သောအခါ မြို့စား "ရွှီရုံ"(Xu Rong)


က ကြိုဆိုလေသည်။ "လီရ"ု (Li Ru) က "တုန်ကျိုး"(Dong Zhuo) အား

"ကျွန်တော်တို့နောက်ကို ရန်သူတွေလိုကန
ိုင်လာခြေရှိတယ်၊ ဒါကြောင့် ဒီမြို့စားကို ဒီနားတစ်ဝိုကမ
ှ်ာ
တိတ်တဆိတ်စောင့်ပြီး ရန်သူလာရင် တိုကခ
ိုင်းရမယ်။ ပြီးတော့ သူတို့ ထွက်မပြေးနိုင်အောင် လုပ်ရမယ်၊
ဒါဆို တခြားတပ်တွေလည်း လိုက်လာရဲတော့မှာ မဟုတ်ဘူး" ဟု ပြောသည်။

ထိုအခါ "တုန်ကျိုး"(Dong Zhuo) သည် "လွီပု"(Lu Bu) အား နောက်တန်းတွင် နေခိုင်းခဲ့ပြီး


စောင့်ကြပ်စေသည်။ များမကြာမီပင် "ချောင်ချောင်း"(Cao Cao) ၏ စစ်တပ် ရောက်လာသည်ကို
မြင်သောအခါ "လွီပု"(Lu Bu) က "လီရ"ု (Li Ru) အကွက်ကျော်မြင်တတ်သည်ကို သဘောကျပြီး
ရယ်လေသည်။ ထို့နောက် "ချောင်ချောင်း"(Cao Cao) နှင့် တိုကရ
် န်ပြင်သည်။

83
"ချောင်ချောင်း"(Cao Cao) သည် အရှေ့သို့ ထွကလ
်ာကာ

"သူပုန်တွေ၊ ပြန်ပေးဆွဲသမားတွေ၊ ပြည်သူတွေကို ညှင်းဆဲတ့သ


ဲူတွေ၊ ဘယ်သွားမလို့ တုန်း" ဟု
အော်ပြောသည်။

"လွီပု"(Lu Bu) က

"သစ္စာဖောက်ကများ၊ ဘာတွေလာပြောနေတာတုန်း" ဟု ပြန်ပြော၏။

"ချောင်ချောင်း"(Cao Cao) ၏ တပ်ဘက်မှ "ရှဟိုတွန်း"(Xiahou Dun) ထွက်လာကာ "လွီပ"ု (Lu Bu) နှင့်
တိုက်သည်။ တိုက်၍သိပ်ပင် မကြာလိုက်၊ "လီရ"ု (Li Ru) ဦးဆောင်သောတပ်က ဝင်လာပြီး
"ချောင်ချောင်း"(Cao Cao) တို့ကို တိုကေ
် လ၏။ ထို့ အပြင် "လွီပ"ု (Lu Bu) ဘက်မှ "ကော်စ"ီ (Guo Si) ၏
တပ်ဝင်ရောက်လာပြန်ကာ "ချောင်ရန်"(Cao Ren) နှင့် တိုကသ
် ည်။ သုံးဘက်သုံးတန်မှ အတိုက်ခံရသဖြင့်
"ချောင်ချောင်း"(Cao Cao) ၏ စစ်တပ်မှာ အင်အားမမျှဖြစ်ကာ တပ်ဆုတ်ရလေ၏။ "ချောင်ချောင်း"(Cao
Cao) ၏ တပ်သည် ယင်းရန်ဘက်သို့ ဆုတေ
် လသည်။

"ချောင်ချောင်း"(Cao Cao) တပ်သည် တောင်တစ်တောင်၏ တောင်ခြေအနီးသို့ ရောက်သောအခါ


ညနှစ်ချက်တီးခန့်ရှိပြီ။ ထိုအနီးအနား၌ပင် စခန်းချကာ စားသောက်ရန်ပြင်ကြ၏။ သို့သော်လည်း
အသင့်စောင့်နေသော "ရွှီရ"ုံ (Xu Rong) ၏ တပ်ဝင်လာကာ တိုက်ခိုကေ
် လသည်။ "ချောင်ချောင်း"(Cao
Cao) သည် အလျင်အမြန်ပင် မြင်းစီးကာ ထွက်ပြေးသော်လည်း "ရွှီရုံ"(Xu Rong) နှင့်
တည့်တည့်တိုးသည်။ သို့နှင့် တခြားတစ်ဖက်သို့လှည့်ရှောင်သော်လည်း "ရွှီရ"ုံ (Xu Rong) က
မြားဖြင့်ပစ်ရာ "ချောင်ချောင်း"(Cao Cao) ၏ ပုခုံးကို ထိမှန်သည်။ "ချောင်ချောင်း"(Cao Cao) မှာ
စိုကေ
် နသောမြားကို မနှုတ်အား၊ အသက်ဘေးမှလတ
ွ်ရန် မြင်းဖြင့် တရကြမ်းပြေးလေသည်။
တောင်ကိုကျော်သွားသောအခါ မြက်ရိုင်းကြားတွင် ပုန်းနေသော စစ်သားနှစ်ဦးသည်
ရုတတ
် ရတ်ထွက်လာပြီး "ချောင်ချောင်း"(Cao Cao) ၏ မြင်းကို ဒဏ်ရာရအောင်လုပ်လိုက်သဖြင့်
"ချောင်ချောင်း"(Cao Cao) မြင်းပေါ်မှ ကျလေ၏။ မြင်းပေါ်မှ ကျလာသော "ချောင်ချောင်း"(Cao Cao) ကို
စစ်သားတို့က ဝန်းရံကာ ဖမ်းလိုက်သည်။

ထိုအခိုက်မှာပင် ဓားကိုင်၍မြင်းစီးလာသောလူတစ်ဦးသည် ထိုစစ်သားတို့ ကို သတ်ကာ


"ချောင်ချောင်း"(Cao Cao) ကို ကယ်လိုကသ
် ည်။ ထိုသူကား "ချောင်ဟုန"် (Cao Hong) ပင်တည်း။
"ချောင်ချောင်း"(Cao Cao) မှ အောက်ပါအတိုင်းပြောသည်။

"ငါ့ညီရေ၊ ငါတို့ မရတော့ဘူး၊ ငါ့ကိုထားခဲ့ပြီး မင်းအသက်လွတ်အောင်သာ ပြေးပေတော့"

"သခင်ကြီး၊ ကျွန်တော့် မြင်းကို စီးပြီးပြေးပါ၊ ကျွန်တော်က ခြေလျင်သွားမယ်"

"ရန်သူ့ တပ်တွေလာရင် မင်းဘယ်လိုလပ


ုမလည်း"

84
"လောကကြီးမှာ ချောင်ဟုန်(Cao Hong) ဆိုတဲ့ ကျွန်တော်မျိုးမရှိလည်း ဘာမှမဖြစ်ပေမယ့်
သခင်ကြီးမရှိလို့ တော့ မဖြစ်ဘူး"

"အကယ်၍ ငါ မသေခဲ့ရင် မင်းရဲ့ ကျေးဇူးကို မမေ့ဘူး "

သို့နှင့် "ချောင်ချောင်း"(Cao Cao) သည် မြင်းစီးကာ ပြေးသည်။ "ချောင်ဟုန်"(Cao Hong) ကလည်း


သံချပ်ကာတို့ကို ချွတ်ကာ မြင်းနောက်မှ လိုက်လေသည်။ နံနက်လေးနာရီခန့်တွင် ထိုသူနှစ်ဦးတို့သည်
ရေစီးသန်သော ချောင်းအနီးသို့ ရောက်သည်။ ထိုအခိုက်မှာပင် ရန်သတ
ူ့ို လည်း ပေါ်လာသည်။ ထိုအခါ
"ချောင်ချောင်း"(Cao Cao) က

"ငါတော့ သွားပြီ၊ ဒါက ငါ့ကံပဲ" ဟု ပြောလေသည်။

"ချောင်ဟန
ု"(Cao Hong) ကား "ချောင်ချောင်း"(Cao Cao) ကို မြင်းပေါ်မှ ဆင်းစေပြီး ကုန်းပိုးကာ
ချောင်းကို ဖြတ်လေ၏။ ရန်သူ့ စစ်သားတို့သည် တစ်ဖက်မှနေ၍ မြားတို့ဖြင့် ပစ်ခတ်လေသည်။
ကံသီစွာဖြင့် မြားတို့က သူတို့ ကို မထိ။ အရုဏ်တက်တော့မည်၊ သူတို့ နှစ်ဦးသည်ကား
နောက်ဆယ်မိုင်ခန့်ခရီးဆက်ကာ ချောက်ကမ်းပါးတစ်ခုနားအရောက်ဝယ် အနားယူကြသည်။
ထိုအချိန်တွင်ပင် "ရွှီရ"ုံ (Xu Rong) သည်လည်း သူ၏ စစ်တပ်တို့ နှင့်အတူရောက်လာကာ
"ချောင်ချောင်း"(Cao Cao) တို့ကို ဝန်းရံရန် ဟန်ပြင်သည်။ ထိုအခိုက်မှာပင် "ငါ့သခင်ကို မထိနဲ့" ဟူသော
အသံနှင့်အတူ "ရှဟုတ
ွိန်း"(Xiahou Dun) ပေါ်လာသည်၊ "ရှဟုတ
ွိန်း"(Xiahou Dun) သည် "ရွှီရ"ုံ (Xu
Rong) ကို သတ်လိုက်ရာ "ရွှီရ"ုံ (Xu Rong) ၏ တပ်သားတို့သည်လည်း ထွက်ပြေးသွားလေ၏။
သူတို့ သည် ကျန်ရစ်သော စစ်သားလေး ငါးရာလောက်နှင့် လော့ရန်သို့ ပြန်လေသည်။

85
"စွန်းကျန့်"(Sun Jian) သည် လော့ရန်မြို့တွင် မီးငြိမ်းသတ်ပြီးသောအခါ မြို့အတွင်းတွင်
စခန်းချလေသည်။ ထိုညဝယ် "စွန်းကျန့်"(Sun Jian) သည် နဂါးကြယ်စ(ု Draco Constellation)
ကိုကြည့်ကာ

"ဘုရင်ရဲ့ကြယ်က မှေးမှိန်နေတာကိုး၊ ဒါကြောင့် အကျင့်မကောင်းတဲ့ဝန်ကြီးတက်လာပြီး


သူ့လက်ချက်ကြောင့် လူတွေလည်း အိုးမဲ့အိမ်မဲ့ဖြစ်၊ မြို့တော်လည်း ပြာပုံဖြစ်နေပြီ" ဟု တစ်ဦးတည်း
ရေရွတည
် ည်းတွားသည်။ တိုင်းပြည်အတွက် ယူကျုံးမရဖြစ်ကာ မျက်ရည်ကျသည်။

ထိုအချိန်တွင်ပင် စစ်သားတစ်ဦးဝင်လာပြီး ရေတွင်းပျက်တစ်ခုထဲမှ


တောက်ပသောအရောင်များထွက်နေကြောင်း သတင်းလာပို့သည်။

ထိုအခါ "စွန်းကျန့်"(Sun Jian) သည် သူ့လူအချို့ကို မီးတုတ်ကိုင်စေ၍ ရေတွင်းထဲသို့


ဆင်းကြည့်စေသည်။ မကြာမီပင် ရေတွင်းထဲမှ အမျိုးသမီးတစ်ဦး၏ အလောင်းကို ဆယ်ထုတလ
်ာသည်။
ထိုအမျိုးသမီးသေဆုံးခဲ့သည်မှာ ရက်ပေါင်းများစွာကြာခဲ့ပုံဖြစ်သဖြင့် ပုတ်ပွနေချေပြီ။ ထိုအလောင်း၏
လည်ပင်းတွင် အထုတ်တစ်ခု ချိတ်ဆဲထ
ွားသည်။ ထိုအထုတထ
်ဲဝယ်
အနီရောင်သေတ္တာလေးတစ်လံုး တွေ့သည်။ ထိုသေတ္တာလေးကို ဖွင့်သော်အခါ အထဲတွင် တံဆပ
ိတုံးကို
တွေ့သည်။ ထိုတံဆပ
ိတုံးကား ကျောက်စိမ်းဖြင့်ပြုလုပ်ထားပြီး ထိပ်တွင် နဂါးငါးကောင် ရစ်ပတ်နေဟန်
ထုထွင်းထားသည်။ အောက်ဘက်ထောင့်တစ်နေရာတွင်မူ ရွှေဖြင့် ကွပ်ထားသည်။
တံဆိပ်တုံးမျက်နှာပြင်တွင် စာလုံးရှစ်လုံးထွင်းထားပြီး ထိုစာလုံး၏အဓိပ္ပာယ်မှာ အောက်ပါအတိုင်းဖြစ်သည်။

"ငါသည်ကား ကောင်းကင်ဘုံ၏ အမိန့်တော်ကို ရရှိသူဖြစ်သည်။ ငါ၏ အချိန်သည် ကြာရှည်ပြီး


စည်ပင်ပါစေ။"

"စွန်းကျန့်"(Sun Jian) သည် ထိုအရာကို သူ၏ စစ်သြူ ကီးလည်းဖြစ်၊ အကြံပေးလည်းဖြစ်သော


"ချန်ဖ"ူ (Cheng Pu) ကို ပြရာမှ ဧကရာဇ်၏ ဘုရင့်အမိန့် တံဆိပ်တုံးဖြစ်မှန်းသည်လေ၏။

"ချန်ဖ"ူ (Cheng Pu) : "ဒီတံဆိပ်တုံးက သူ့သမိုင်းရှိတယ်ဗျ၊ ဟိုးအရင်တုန်းက ပျန်းဟဲ(Bian He)


ဆိုတဲ့လူဟာ ကျင်းတောင်ပေါ်တက်တော့ ကျောက်တုံးတစ်တုံးတွေ့ပြီး အဲ့ကျောက်တုံးကို ချူနိုင်ငံဘုရင်ကို
ဆက်သခဲ့တယ်၊ ဘုရင်က အဲ့ကျောက်တုံးကို ခွဲလိုကတ
်ဲ့အခါ အထဲက ကျောက်စိမ်းထွက်လာခဲ့တယ်၊
နောက်ပိုင်း အဲ့ကျောက်စိမ်းက ချင်နိုင်ငံကို ရောက်သွားခဲ့ပြီး ချင်ဘုရင် ရှီဟွမ်းတီရဲ့ ဝန်ကြီးချုပ် လီစီ(Li Si)
က အဲ့ကျောက်စိမ်းကို သုံးပြီးတော့ တံဆပ
ိတုံးလုပ်စေခဲ့တယ်။ နှစ်နှစ်အကြာမှာ ချင်ဘုရင်က
တုန်းထင်ရေအိုင်ကို သွားတော့ အဲ့မှာ မုန်တိုင်းတိုက်တယ်၊ အဲ့ဒါနဲ့ ဘုရင်က နတ်တွေကို ပူဇော်တဲ့အနေနဲ့
တံဆိပ်တုံးကို ရေထဲပစ်ချလိုက်တာ မုန်တိုင်းက ချက်ချင်းရပ်သွားတယ်လို့ ဆိုကြတယ်၊ ဆယ်နှစ်အကြာမှာ
ဘုရင်က ဟွာရင်းကို ရောက်တော့ အဘိုးအိုတစ်ဦးက ဘုရင့်အစောင့်တစ်ဦးကို တံဆပ
ိတုံးလာပေးပြီး
ပျောက်သွားတယ် လို့ ပြောကြတယ်။ ဒီလိုနဲ့ တံဆပ
ိတုံးက ချင်ကို ပြန်ရောက်လာခဲ့တယ်။

86
နောက်ပိုင်းမှာ ချင်ဘရ
ု င်ရဲ့ မြေးက အဲ့တံဆိပ်တုံးကို ဟန်တုင
ိးပြည်ကို တည်ထောင်တဲ့ဘုရင်ဖြစ်တဲ့
လျူဘန်း(Liu Bang) ကို ပေးခဲ့တယ်၊ နှစ်နှစ်ရာကြာပြီးနောက် သူပုန်တွေထတဲ့အချိန် - နောက်ပိုင်း
သူပုန်တွေကို ဖမ်းမိတော့ ဘုရင့်မယ်တော်က သူပုန်ကို အဲ့ကျောက်စိမ်းတံဆိပ်တုံးနဲ့ ပေါက်ရာမှာ
တံဆိပ်တုံးပဲ့သွားပြီး ရွှေနဲ့ ပြန်ကွပ်ခဲ့ရတယ်။ ဒီလိုနဲ့ အဲ့တံဆိပ်တုံးကို ဘုရင်အဆက်ဆက်
လက်ဆင့်ကမ်းလာခဲ့တာ အရင်ဘုရင်လက်ထက်တိုင်အောင်ပါပဲ။

ကျွန်တော်သိရသလောက်တော့ အရင် ကုန်းကုန်းတွေအရေးအခင်းတုန်းက အဲ့တံဆပ


ိတုံး ပျောက်ခဲ့တယ်၊
အခုတော့ သခင်ကြီးနဲ့ ထိုကတ
် န်လို့ ဒီတံဆိပ်တုံးကို ရတာဖြစ်တယ်၊ ဒါကြောင့် ဒီမြောက်ပိုင်းမှာ မနေပဲ
ရန်စီမြစ်ရဲ့ တောင်ဘက်မှာရှိတဲ့ ချန်ဆားကိုသာ အမြန်ပြန်ပါတော့"

"စွန်းကျန့်"(Sun Jian) : "ငါလည်း အဲ့လိုပဲ တွေးနေတာ၊ မနက်ဖြန်ကျရင် နေမကောင်းဘူးလို့


အကြောင်းပြပြီး ပြန်မယ်"

ထိုသူနှစ်ဦးတို့ပြောကြသည်ကို စစ်သားအချို့သိကြသည်။ ထိုစစ်သားတို့ အနက် တစ်ဦးသည်


ဤသည်ကား အခွင့်ကောင်းဟုထင်ကာ "ယွမ်ရှောက်"(Yuan Shao) ကို သွားပြောလေရာ
ဆုကြေးငွေပေးခြင်းခံရ၏ ။ ထို့နောက် "ယွမ်ရှောက်"(Yuan Shao) သည် ထိုသက
ို သူ့စခန်းအတွင်းဝယ်
ခေါ်ထားလိုက်သည်။

နောက်တစ်နေ့ဝယ် "စွန်းကျန့်"(Sun Jian) သည် "ယွမ်ရှောက်"(Yuan Shao) ထံလာကာ


အောက်ပါအတိုင်း ဆိုသည်။

"ကျွန်တော် နေမကောင်းလို့ ချန်ဆားကို ပြန်ခွင့်ပြုပါ"

"ဟားဟား....ခင်ဗျားရောဂါကို ကျုပ်သတ
ိ ယ်၊ ရောဂါနာမည်က ဘုရင့်တံဆိပ်တော်လို့ ခေါ်တယ်မလား"

ထိုစကားသည် "စွန်းကျန့်"(Sun Jian) ကို လန့်သွားစေသော်လည်း ဣနြေ္ဒဆည်လိုက်ကာ

"ဘာလို့ ဒီလိုပြောရတာတုန်း"

"စစ်တပ်ဆိုတာ တိုင်းပြည်ကို ကာကွယ်ဖို့ ပဲ၊ တံဆပ


ိတော်က တိုင်းပြည်ကြီးနဲ့ သက်ဆိုင်တယ်၊ ဒါကြောင့်
ရခဲ့ရင်တောင် ခေါင်းဆောင်ဖြစ်တဲ့ ကျုပ်လက်ထဲအပ်ရမယ်မဟုတ်လား၊ ဒါမှ တုန်ကျိုး(Dong Zhuo) ကို
ရှင်းပြီးသွားရင် အဲ့တံဆိပ်တုံးကို ဘုရင်မင်းမြတ်ကို ပြန်ဆက်သရမယ်လေ၊ ခင်ဗျားက ဘာလို့ ဖွက်ပြီး
ပြေးဖို့ ပြင်နေရတာတုန်း"

"တံဆိပ်တံုး က ဘယ်လိုလပ
ု ကျွန်တော့်လက်ထဲ ရောက်နိုင်ရပါ့မလဲ"

"ကျုပ်ကြားသလောက်ကတော့ ရေတွင်းထဲက ရတယ်ဆု"ိ

87
"ကျွန်တော့်ဆီမှာ တကယ်မရှိပါဘူး၊ ဘာလို့ အတင်းစစ်နေရတာလဲ"

"ပေးရင်ပေး၊ မပေးရင် ခင်ဗျားအတွက် ကောင်းကျိုးမရှိဘူး"

ထိုအခါ "စွန်းကျန့်"(Sun Jian) သည် ကောင်းကင်ပေါ်သို့ လက်ညှိုးညွှန်ကာ

"အကယ်၍ ထိုတံဆပ
ိတုံးသည် ကျွန်ုပ်ဆီမှာ ရှိပြီး ဖွက်ထားခဲ့သော် ကျွန်ုပ်၏ ဇာတ်သိမ်းမကောင်းပါစေနှင"့်
ဟု ကျိန်ဆုသ
ိ ည်။ ထိုအခါ အခြားသောခေါင်းဆောင်တို့ ကလည်း ဤသို့ သစ္စာဆိုလျှင် "စွန်းကျန့်"(Sun
Jian) ယူထားမည်မှာ မဖြစ်နိုင်ကြောင်းပြောကြသည်။

ထိုအခါ "ယွမ်ရှောက်"(Yuan Shao) က သူ့ကို သတင်းလာပေးသော စစ်သားကို ခေါ်စေပြီး

"ခင်ဗျား အဲ့တံဆိပ်တုံးကို ရေတွင်းထဲက ထုတ်တန


ုးက ဒီလူလည်း ရှိတယ်မဟုတ်လား" ဟု မေးသည်။

ထိုအခါ "စွန်းကျန့်"(Sun Jian) သည် ဒေါသထွကက


်ာ ရှေ့သို့ ထွက်လာပြီး ထိုစစ်သားကို
သတ်မည်ပြုသည်။ သို့သော်လည်း "ယွမ်ရှောက်"(Yuan Shao) က ဓားကိုဆွဲလုက
ိပြီး

"ခင်ဗျား အဲ့စစ်သားကို တစ်ခုခုလုပ်ရင် ကျုပ်ကို ထိပါးသလိုပဲ" ဟု ဆိုသည်။

"စွန်းကျန့်"(Sun Jian) ၏ နောက်တွင် စစ်သူကြီး "ချန်ဖ"ူ (Cheng Pu) ၊ "ဟွမ်ကုင


ိ"(Huang Gai) နှင့်
"ဟန်တန်"(Han Dang) တို့ ရှိနေပြီး "ယွမ်ရှောက်"(Yuan Shao) နောက်ရှိ "ရန်လျန်"(Yan Liang) နှင့်
"ဝင်ချို"(Wen Chou) တို့ ကလည်း တိုက်ရန်အသင့် ပြင်ထားသည်။ သို့ သော်လည်း အခြားသော
ခေါင်းဆောင်တို့က အချိန်မီဝင်ဖျန်ဖြေကြရာ ရန်ပွဲမဖြစ်တော့ချေ။ သို့နှင့် "စွန်းကျန့်"(Sun Jian) လည်း
သူ့ဒေသဆီသို့ ပြန်သွားလေ၏။

"ယွမ်ရှောက်"(Yuan Shao) ကား မကျေနပ်သေးချေ။ ကျင်ကျိုးနယ်စား "လျူပြောင်း"(Liu Biao) ထံ


စာပို့ ကာ "စွန်းကျန့်"(Sun Jian) ပြန်ရာလမ်းတွင် တားစေပြီး တံဆိပ်တုံးကို ယူစေသည်။

ထိုအချိန်၌ပင် "ချောင်ချောင်း"(Cao Cao) ၏ စစ်ရှုံးမှုသတင်းရောက်လာသည်။ ထိုအခါ


"ယွမ်ရှောက်"(Yuan Shao) သည် လူအချို့ကို လွှတက
်ာ ကြိုဆိုစေသည်။ ထို့ပြင် "ချောင်ချောင်း"(Cao
Cao) ကို နှစ်သိမ့်ရန်အတွက် စားသောက်ပွဲများပါ ပြင်ထားစေသည်။ ထိုစားပွဲဝယ် "ချောင်ချောင်း"(Cao
Cao) သည် ဝမ်းနည်းစွာဖြင့် အခြားသော ခေါင်းဆောင်များကို အောက်ပါအတိုင်းပြောသည်။

"ကျွန်တော့်ရဲ့ ရည်ရွယ်ချက်က ပြည်သူတွေအတွက်ပဲဗျ၊ အကယ်၍ လူကြီးမင်းတို့သာ ကူမယ်ဆို


အကြံအောင်မှာ အမှန်ပဲ။ ကျွန်တော့်အစီအစဉ်က ယွမ်ရှောက်(Yuan Shao) ရဲ့တပ်က "မုန့် ချင်း"(Meng
Ching) ကို သိမ်း၊ ကျွန်တော့်တပ်က ချန်ကောင်ကို သိမ်း၊ပြီးတော့ တခြားတပ်တွေက

88
စွမ်းကျောက်(Suanzao) ကို ဝန်းရံ၊ "ယွမ်စ"ု (Yuan Shu) တပ်က တန်ရှီနဲ့ ရှီလင်တို့ကို သိမ်းပြီး ဝူခံတပ်ကို
တိုက်၊ ပြီးရင်တပ်တွေက ကိုယ့်နေရာမှာ ကိုယ်တပ်စွဲပြီး တိုက်စရာတောင်လိုမှာ မဟုတ်ဘူး။ အဲ့လိုသာဆို
ဒီမဟာမိတ်တပ်ရဲ့ အင်အားကြီးတာကို ရန်သူကို ပြနိုင်မှာ အမှန်ပဲ။ ဒါဆိုရင် တခြားလူတွေလည်း
တုန်ကျိုး(Dong Zhuo) ကို တိုကဖ
ို့ ကျွန်တော်တို့ဘက်က ပါလာရင် အောင်နိုင်မှုဆုတ
ိာ
ကျွန်တော်တို့အတွကပ
်ဲပေါ့။ ဒါပေမယ့် တစ်ယောက်နဲ့ တစ်ယောက် မယုံကြည်မှုတွေ၊
တာဝန်မယူမှုတွေကြောင့် ဒီလုရ
ှိုံးရတာ ကျွန်တော်အရှက်ရလို့ မဆုံးဘူး။"

သို့သော်လည်း အခြားသော နယ်စားတို့ က မည်သို့ မှ ပြန်မပြောကြချေ။ ထိုအခါ "ချောင်ချောင်း'(Cao


Cao) သည် ယုံကြည်မှုကင်းမဲ့လေပြီဟုသိကာ သူ့စစ်တပ်တို့ ကို ဦးဆောင်ပြီး ရန်ကျိုးသို့ သွားလေသည်။

ရန်ကျိုးနယ်စား "လျူတိုက"် (Liu Dai) သည် တုန်းကျွင်းမြို့စား "ချောင်မောင်"(Qiao Mao) ထံမှ


ဆန်စပါးတို့ကို ချေးငှားရာ မပေးသဖြင့် သတ်လိုက်ကာ စစ်တပ်တို့ကိုလည်း ယူလိုက်သည်။
"ယွမ်ရှောက်"(Yuan Shao) သည်လည်း မဟာမိတ်တပ်စုပြိုကွဲတော့မည်ကို သိသဖြင့် အရှေ့ဘက်သို့
ထွက်သွားလေသည်။

"စွန်းကျန့်"(Sun Jian) သည် အပြန်လမ်းတွင် ကျင်ကျိုးပြည်နယ်ကို ဖြတ်ရသည်။ ကျင်ကျိုးနယ်စား


"လျူပြောင်း"(Liu Biao) သည်ကား မင်းဆွေမင်းမျိုးဖြစ်ကာ ရှန်ရန်မြို့ဇာတိဖြစ်သည်။ သူသည်
ငယ်ရွယ်စဉ်ကတည်းကပင် နာမည်ကြီးပုဂ္ဂိုလ်တို့ နှင့် ရင်းနှီးခဲ့သည်။ သူနှင့် သူ၏ အဆိုပါမိတေ
် ဆွတို့ကို
ဉာဏ်ပညာကြီးသူရှစ်ဦးဟု တင်စားခေါ်ဝေါ်ကြသည်။ အခြား ခုနှစ်ဦးတို့ကား

၁။ ရုနန်မှ "ချန်ရှန်"(Chen Xiang)

၂။ ရုနန်မှ "ဖန်ပန်"(Fan Pang)

၃။ လွီထင်မှ "ခုံးယွီ"(Kong Yu)

၎။ ဘိုဟိုင်မှ "ဖန်ခန်"(Fan Kang)

၅။ ရှန်ရန်မှ "တန်ဖ"ူ (Tan Fu)

၆။ ရှန်ရန်မှ "ကျန်းကျန့်"(Zhang Jian)

၇။ နန်ရန်မှ "ချန်ကျိ"(Cen Zhi) တို့ဖြစ်သည်။

ထို့အပြင် "လျူပြောင်း"(Liu Biao) တွင် နာမည်ကြီးလက်အောက်ငယ်သား သုံးဦးရှိသည်။ ရန်ဖင်မှ


"ခွိုင်လျန်"(Kuai Liang) နှင့် "ခွိုင်ယွဲ့ "(Kuai Yue) ၊ ရှန်ရန်မှ "ချိုင်မောင်"(Cai Mao) တို့ ဖြစ်သည်။

89
"လျူပြောင်း"(Liu Biao) သည် "ယွမ်ရှောက်"(Yuan Shao) ထံမှ စာရသောအခါ "ခွိုင်ယွဲ့"(Kuai Yue) နှင့်
"ချိုင်မောင်"(Cai Mao) တို့ကို စစ်သားတစ်သောင်းပေး၍ လွှတ်ပြီး "စွန်းကျန့်"(Sun Jian)
လာရာလမ်းတွင် စောင့်စေသည်။ "စွန်းကျန့်"(Sun Jian) လာသောအခါ တိုက်ခိုက်ရန်
အဆင်သင့်ပြင်ထားသည်။

"စွန်းကျန့်'(Sun Jian) ရောက်လာသောအခါ

"ဘာလို့ စစ်တပ်ကြီးနဲ့ ဒီလိုလမ်းပိတထ


်ားတာလည်း" ဟု မေး၏။

"ခွိုင်ယွဲ့ "(Kuai Yue) : "ခင်ဗျားက ဟန်တုင


ိးပြည်ရဲ့အမှုထမ်းဖြစ်ပြီးတော့ ဘာလို့ ဘုရင့်တဆ
ိံပ်တော်ကို
ဖွကထ
်ားရတာတုန်း၊ အဲ့တံဆိပ်တံုး ကို ပေးရင် လမ်းဖယ်ပေးမယ်"

ထိုအခါ "စွန်းကျန့်"(Sun Jian) သည် ဒေါသထွကက


်ာ စစ်သူကြီး "ဟွမ်ကုင
ိ"(Huang Gai) ကို
ချီတက်စေသည်။ တစ်ဖက်မှ "ချိုင်မောင်"(Cai Mao) သည် ဓားကိုင်ကာ ထွက်လာသည်။ ခဏမျှ
တိုက်ပြီးသော် "ဟွမ်ကုင
ိ "် (Huang Gai) သည် သူ၏ သံကြိမ်ဖြင့် "ချိုင်မောင်"(Cai Mao) ကို ရိုက်လုက
ိရာ
"ချိုင်မောင်"(Cai Mao) ပြေးလေ၏။ "စွန်းကျန့်"(Sun Jian) လည်း ရန်သစ
ူ စ်တပ်ကို ထိုးဖောက်ကာ
တရကြမ်းခရီးနှင်သည်။

သို့သော်လည်း ဘင်ခရာတို့ ၏ အသံနှင့်အတူ စစ်တပ်ကြီးတစ်တပ် ချီတက်လာသည်။ ထိုစစ်တပ်ကို


ဦးဆောင်လာသူကား "လျူပြောင်း"(Liu Biao) ဖြစ်သည်။ "စွန်းကျန့်"(Sun Jian) သည် "လျူပြောင်း"(Liu
Biao) ထံသွားကာ

"ယွမ်ရှောက်(Yuan Shao) စကားကို ဘာလို့ ယုံရတာလည်း၊ ကျွန်တော်တို့က နယ်ချင်းကပ်ရပ်ပဲကို


ဘာလို့ တိုက်ရတာတုန်း" ဟု မေးသည်။

"နိုင်ငံ့ရတနာကို ယူထားတယ်ကြားလို့ ပါ၊ အဲ့ဟာကို ပြန်ပေးစေချင်တယ်"

"အကယ်၍ ကျွန်တော်ယူထားရင် အသေဆိုးနဲ့သေရပါစေ"

"ခင်ဗျားကို ယုံစေချင်ရင် ခင်ဗျားကို စစ်ဆေးခွင့်ပြုပါ"

"ဘာလို့များ ကျုပ်ကို ဒီလုလ


ိာပြောနေတာတာတုန်း"

သို့နှင့် "စွန်းကျန့်"(Sun Jian) သည် "လျူပြောင်း"(Liu Biao) ၏ တပ်ကို ထိုးဖောက်ကာ ပြေးလေသည်။


နောက်မှ "ချိုင်မောင်"(Cai Mao) နှင့် "ခွိုင်ယွဲ့ "(Kuai Yue) တို့က လိုက်တိုက်ခိုက်သည်။

90
အခန်း(၇) ယွမ်ရှောက်(Yuan Shao) နှင့် ကုန်းစွန်းကျန့်(Gongsun Zan) တို့ စစ်ဖြစ်ခြင်း။
စွန်းကျန့်(Sun Jian) သည် လျူပြောင်း(Liu Biao) ကို တိက
ုခြင်း။

"စွန်းကျန့်"(Sun Jian) သည် အိမ်ပြန်ရာလမ်းဝယ် ရန်သတ


ူ့ို ၏ ဝန်းရံခြင်းခံခဲ့ရသည်ကို ရှေ့တစ်ခန်းတွင်
ဖော်ပြခဲ့ပြီးဖြစ်သည်။ "စွန်းကျန့်"(Sun Jian) သည် စစ်သားထက်ဝက်ခန့်ဆုံးရှုံးခဲ့သော်လည်း
စစ်သြူ ကီးများဖြစ်သော "ချန်ဖ"ူ (Cheng Pu)၊ "ဟွမ်ကိုင်"(Huang Gai) နှင့် "ဟန်တန်"(Han Dang) တို့၏
အကူအညီဖြင့် လွတ်မြောက်လာခဲ့သည်။ သို့နှင့် "စွန်းကျန့်"(Sun Jian) သည် ရန်စီမြစ်ကြီး၏
အရှေ့တောင်ဘက်တွင်ရှိသော သူ၏မြို့ဖြစ်သည့် ချန်ဆားသို့ ပြန်ရောက်သွားသည်။ ထိုအချိန်မှစကာ
"စွန်းကျန့်"(Sun Jian) နှင့် "လျူပြောင်း"(Liu Biao) တို့ သည် ပေါ်ပေါ်ထင်ထင်ပင် ရန်သမ
ျူား ဖြစ်ခဲ့ကြ၏။

"ယွမ်ရှောက်"(Yuan Shao) သည် ဟဲနေတွင် ရှိနေခဲ့၏။ သူ့စစ်သားတို့အတွက် အစားအစာလိုအပ်သဖြင့်


ကျိကျိုးနယ်စား "ဟန်ဖူ"(Han Fu) ထံမှ ချေးငှားလေသည်။ ထိုအခါ "ယွမ်ရှောက်"(Yuan Shao) ၏
အကြံပေးဖြစ်သော "ဖုန်ကျိ"(Peng Ji) မှ

"သခင်ကြီးဟာ လက်ရှိနယ်စားတွေထဲမှာ အင်အားအကြီးဆုံးပဲလေ၊ ဘာလို့ သူများဆီက မှီခိုနေရမှာတုန်း?


ကျိကျိုးပြည်နယ်က ကျယ်ပြန့်ပြီး စားနပ်ရိက္ခာ ပေါကြွယ်ဝတယ်၊ အဲ့ဒေသကို သိမ်းလိုက်ရောပေါ့" ဟု
ပြောသည်။

"အင်း.... ငါ့မှာ အကြံကောင်းမရှိသေးလို့"

"ဒါမှမဟုတ် ဒီလိုလပ
ုပါလား၊ တစ်ဖက်လှည့်နဲ့ သခင်ကြီးက အကူအညီပေးမယ်ပြောပြီး
ကုန်းစွန်းကျန့်(Gongsun Zan) ကို ကျိကျိုးနယ်စား ဟန်ဖူ(Han Fu) နဲ့ တိုက်ခိုင်းလိုက်။ အဲ့အခါမှာ
"ဟန်ဖူ"(Han Fu) လည်း ဘာမှမတတ်နိုင်ပဲ သခင်ကြီးဆီမှာ လာပြီး လက်နက်ချရလိမ့်မယ်၊ ဒါဆို
လက်တစ်ချောင်းတောင် မလှုပ်ရပဲ ပြည်နယ်တစ်ခုကို သိမ်းပိုက်နိုင်မှာပါ"

91
ထို့နောက် "ယွမ်ရှောက်"(Yuan Shao) သည် ကျိကျိုးပြည်နယ်ကို တိုကြ် ပီး ခွဲယူကြမည်ဟေ
ူ သာ စာကို
"ကုန်းစွန်းကျန့်"(Gongsun Zan) ထံ ပို့လိုက်သည်။ "ကုန်းစွန်းကျန့်"(Gongsun Zan) ကလည်း
ကူညီမည်ဟု သဘောတူလိုက်၏။ တစ်ချိန်တည်းမှာပင် "ယွမ်ရှောက်"(Yuan Shao) က "ဟန်ဖ"ူ (Han Fu)
ထံ "ကုန်းစွန်းကျန့်"(Gongsun Zan) လာတိုက်မည်ဟူ၍ အကြောင်းကြားလိုက်သည်။

ထိုအခါ "ဟန်ဖူ"(Han Fu) သည် အကြံပေး "ရွှင်းချန်"(Xun Chang) နှင့် "ရှင်းဖင်"(Xin Ping) တို့ထံမှ
အကြံဉာဏ်တောင်းသည်။

"ရွှင်းချန်"(Xun Chang) : "ပေဖင်မြို့စား ကုန်းစွန်းကျန့်(Gongsun Zan) မှာ အင်အားကြီးတဲ့


စစ်တပ်ကြီးရှိတယ်။ အကယ်၍ သူသာ လာတိုက်ရင် ကျွန်တော်တို့ဘာမှ လုပ်နိုင်မှာမဟုတ်ဘူး၊
အထူးသဖြင့် လျူဘေ့(Liu Bei) နဲ့ သူ့ညီတွေရဲ့အကူအညီပါ, ပါလာရင်ပေါ့။ လက်ရှိမှာ ယွမ်ရှောက်(Yuan
Shao) က တခြားသူတွေထက် သာနေပြီး သူ့လက်အောက်မှာလည်း နာမည်ကြီး စစ်သူကြီးတွေရှိတယ်၊
ဒါကြောင့် သူ့ကို ဒီပြည်နယ်ကို လာအုပ်ချုပ်ခိုင်းပြီး ကူညီစေရင် အကောင်းဆုံးပဲပေါ့။ ယွမ်ရှောက်(Yuan
Shao) က သခင့်ကို ကောင်းကောင်းဆက်ဆံမှာပါ။ နောက်ပြီး အဲ့လိုသာဆို ကုန်းစွန်းကျန့်(Gongsun Zan)
ရန်ကို ကြောက်စရာမလိုတော့ဘူး"

"ဟန်ဖူ"(Han Fu) သည် ထိုအကြံကို လက်ခံကာ "ယွမ်ရှောက်"(Yuan Shao) ထံ စာပို့လိုက်သည်။


သို့သော် စစ်သူကြီး "ကန်ဝူ"(Geng Wu) သည် ကန့်ကွက်သည်။

"ယွမ်ရှောက်(Yuan Shao) က စစ်တပ်ကြီးပေမယ့် စားနပ်ရိက္ခာအတွကက


် ကျွန်တော်တို့နယ်ကို
မှီခိုနေရတာ၊ ဥပမာပြောရရင် အမေ့လက်ထဲမှာ ရှိနေတဲ့ မွေးကင်းစကလေးလိုပဲ။
နို့ ရည်ကိုသာဖြတ်လိုကရ
် င် ကလေးက သေသွားမှာပဲ။ ဘာလို့များ ကိုယ့်ပြည်နယ်ကို သူများလက် ဝ,
ကွက်အပ်ရမှာတုန်း။ ဒါက သိုးလှောင်အိမ်ထဲကို ကျားခေါ်သွင်းလိုက်တာနဲ့ ဘာမှမခြားဘူး"

"ငါ့အပေါ်မှာ ယွမ်မိသားစုရဲ့ ကျေးဇူးတွေ အများကြီးရှိတယ်၊ နောက်ပြီး ယွမ်ရှောက်(Yuan Shao) ရဲ့


အရည်အချင်းက ငါ့ထက်အများကြီးသာတယ်။ ဘာလို့ များ မနာလိုဖြစ်နေရမှာတုန်း။ သင့်လျော်သူကို
အုပ်ချုပ်စေရမှာပေါ့"

ထိုအခါ "ကန်ဝူ"(Geng Wu) သည် သက်ပြင်းချကာ

"ကျိကျိုးတော့ သွားပါပြီ" ဟု ဆိုလေ၏။

ထိုသတင်းသည် ပြန့်သွားလေရာ "ဟန်ဖူ"(Han Fu) လက်အောက်မှ အရာရှိသုံးဆယ်ကျော်တို့ ရာထူးမှ


နှုတထ
်ွက်ကြကုန်သည်။ သို့သော်လည်း အရာရှိနှစ်ဦးဖြစ်သော "ကန်ဝူ"(Geng Wu) နှင့်
"ကွမ်းချွန်း"(Guan Chun) တို့ သည် ပုန်းအောင်းနေကြပြီး "ယွမ်ရှောက်"(Yuan Shao) အလာကို
စောင့်နေခဲ့သည်။

92
ရက်အနည်းငယ်ကြာသောအခါ "ယွမ်ရှောက်"(Yuan Shao) သည် စစ်သားတို့နှင့်အတူ ကျိကျိုးသို့
ဝင်လာသည်။ ထိုအခါ "ကန်ဝူ"(Geng Wu) နှင့် "ကွမ်းချွန်း"(Guan Chun) တို့သည် ဓားမြောင်ကိုယ်စီနှင့်
"ယွမ်ရှောက်"(Yuan Shao) အား သတ်မည်ပြု၏။ သို့ သော်လည်း "ယွမ်ရှောက်"(Yuan Shao) ၏
စစ်သြူ ကီးနှစ်ဦးဖြစ်သော "ရန်လျန်"(Yan Liang) နှင့် "ဝင်ချို"(Wen Chou) တို့က လုပ်ကြံသူနှစ်ဦး၏
ခေါင်းကို ဖြတ်လိုက်သည်။ သို့နှင့်ပင် "ယွမ်ရှောက်"(Yuan Shao) သည် ကျိကျိုးပြည်နယ်မြို့တော်
ကျိကျိုးမြို့အတွင်း ဝင်ရောက်လာခဲ့သည်။

"ယွမ်ရှောက်"(Yuan Shao) မြို့ထဲရောက်သည်နှင့် ပထမဆုံးလုပ်သည်ကား "ဟန်ဖ"ူ (Han Fu) ကို


ရာထူးကြီးကြီး ခန့်အပ်ခြင်းပင်ဖြစ်သည်။ သို့သော် ထိုရာထူးကား နာမည်ခံမျှသာဖြစ်ပြီး
အဓိကအုပ်ချုပ်မှုကို "ယွမ်ရှောက်"(Yuan Shao) ၏ အကြံပေးလေးဦးဖြစ်သော "ထျန်ဖုန်း"(Tian Feng) ၊
"ကျွရ
ီ "ှို (Ju Shou) ၊ "ရွှီယု"ိ (Xu You) နှင့် "ဖုန်ကျိ"(Peng Ji) တို့ က တာဝန်ယူကြသည်။
ထိုလေးဦးတို့သည် ပြည်နယ်အုပ်ချုပ်မှုအာဏာကို တဖြည်းဖြည်းရလာကာ "ဟန်ဖူ"(Han Fu) အတွက်
နေရာပင်မရှိတော့။ ထိုအခါ "ဟန်ဖူ"(Han Fu) သည် အလုံးစုံကို စွန့်လွတက
်ာ ချန်လျူမြို့စား
"ကျန်းမြောင်"(Zhang Miao) ထံတင
ွ် ခိုလှုံလေသည်။

ထိုသို့ "ယွမ်ရှောက်"(Yuan Shao) ကတိပျက်သည်ကို "ကုန်းစွန်းကျန့်"(Gongsun Zan) ကြားသော်


သူ့ညီ "ကုန်းစွန်းယွဲ့"(Gongsun Yue) ကို လွှတက
်ာ ကျိကျိုးပြည်နယ်ကို ခွဲဝေပေးရန်
တောင်းဆိုစေသည်။ ထိုအခါ "ယွမ်ရှောက်"(Yuan Shao) က

"ခင်ဗျား အစ်ကိုကို ကိုယတ


ိုင်လာခိုင်းလိုက်ဗျာ၊ သူနဲ့ ဆွေးနွေးစရာရှိလို့ " ဟု ပြောသဖြင့်
"ကုန်းစွန်းယွဲ့"(Gongsun Yue) လည်း ပြန်လေသည်။

လမ်းတစ်ဝက်တွင် စစ်သားတို့ထွက်လာပြီး

"ငါတို့ က ဝန်ကြီးချုပ်တုန်ကျိုး(Dong Zhuo) လက်အောက်က အစောင့်တပ်ပ"ဲ ဟု အော်ကာ


"ကုန်းစွန်းယွဲ့"(Gongsun Yue) တို့ အဖွဲ့ကို တိုက်သည်။ "ကုန်းစွန်းယွဲ့"(Gongsun Yue) သည် မြားမှန်ပြီး
သေဆုံးလေသည်။ ထိုအဖွဲ့မှ လွတေ
် မြာက်သူအချို့သည် ထိုအကြောင်းကို "ကုန်းစွန်းကျန့်"(Gongsun
Zan) ထံ ပြောသည်။ "ကုန်းစွန်းကျန့်"(Gongsun Zan) သည် ဒေါသထွက်ကာ

"ယွမ်ရှောက်(Yuan Shao) က ငါ့ကို ကျိကျိုးပြည်နယ်ကို တိုကခ


ိုင်းပြီးတော့ သူက
အဲ့ပြည်နယ်ကိုတစ်ဖက်လှည့်နဲ့သိမ်းသွားတယ်။ နောက်ပြီး ငါ့ညီကို လူလတ
ွှ်ပြီး သတ်ခိုင်းပြီးတော့
တုန်ကျိုး(Dong Zhuo) ကပဲ သတ်ခိုင်းသလိုနဲ့ အကွက်ဆင်တယ်၊ ငါ့ညီအတွက် လက်တုန့်ပြန်ကို
ပြန်ရမယ်" ဟု ကြိမ်းမောင်းသည်။

93
ထို့နောက် "ကုန်းစွန်းကျန့်"(Gongsun Zan) သည် စစ်သားတို့ကို စုဝေးကာ တိုကရ
် န် ပြင်လေသည်။
ထိုသတင်းကို ကြားသော "ယွမ်ရှောက်"(Yuan Shao) ကလည်း စစ်တပ်ကို စေလွှတ်လုက
ိသည်။
ထိုတပ်ဖွဲ့နှစ်ဖွဲ့တို့ သည် ဖန်မြစ်ကို ထိုးထားသော ကျဲချောင်တတ
ာံး၏ တစ်ဖက်တစ်ချက်စီတွင်
နေရာယူထားကြသည်။ ထိုစစ်ပွဲကို ကျဲချောင်စစ်ပွဲ (Battle of Jieqiao - 界橋之戰) ဟု ခေါ်ကြသည်။

"ကုန်းစွန်းကျန့်"(Gongsun Zan) သည် တံတားတစ်ဖက်မှ နေ၍

"ခင်ဗျားက ကျုပ်ကို လှည့်စားခဲ့တာပဲ" ဟု ဆိုသည်။

ထိုအခါ "ယွမ်ရှောက်"(Yuan Shao) ထွက်လာပြီး

"ဟန်ဖူ(Han Fu) က သူနဲ့ အုပ်ချုပ်ဖို့ မတန်လို့ သူ့ပြည်နယ်ကို ကျုပ်ကို ပေးတာ ခင်ဗျားနဲ့


ဘာဆိုင်တုန်း"

"ခင်ဗျားက အရင်က သစ္စာရှိပြီး လူအများလေးစားခံရတဲ့အမှုထမ်းဆိုပြီး နာမည်ကြီးခဲ့လို့ ကျုပ်တို့ က


ခင်ဗျားကို မဟာမိတ်တပ်ပေါင်းစုရဲ့ခေါင်းဆောင်လုပ်စေခဲ့တာ၊ အခုတော့ မြေခွေးလို
ကောက်ကျစ်ယုတ်မာတဲ့လြူ ဖစ်နေမှန်းသိရတယ်၊ ခင်ဗျား လောကကြီးကို ဘယ်လိုမျက်နှာပြမလဲ"

ထိုအခါ "ယွမ်ရှောက်"(Yuan Shao) သည် ဒေါသကြီးစွာ

"ဘယ်သူ သူ့ကို ဖမ်းမလဲဟေ့" ဟု မေးသည်။

ချက်ချင်းပင် "ဝင်ချို"(Wen Chou) သည် လှံကုက


ိုင်ကာ ထွက်သွားသည်။ တစ်ဖက်မှလည်း
"ကုန်းစွန်းကျန့်"(Gongsun Zan) သည် ရန်သူဘက်သို့ မြင်းစီးလာကာ "ဝင်ချို"(Wen Chou) နှင့်
ရင်ဆုင
ိသည်။ အချင်းချင်းဆယ်ကွက်ခန့်ဖလှယ်ပြီးသော် "ဝင်ချို"(Wen Chou) ၏ အစွမ်းအစကို
မြင်သောအခါ အခြေအနေမဟန်သည်နှင့် "ကုန်းစွန်းကျန့်"(Gongsun Zan) ပြေးလေသည်။ "ဝင်ချို"(Wen
Chou) သည် နောက်မှ လိုကသ
် ည်။ "ကုန်းစွန်းကျန့်"(Gongsun Zan) ၏ စစ်သြူ ကီးလေးဦးတို့သည်
"ဝင်ချို"(Wen Chou) ကို တားသည်။ သို့သော်လည်း "ဝင်ချို"(Wen Chou) က တစ်ဦးကိုသတ်လိုက်ရာ
ကျန်သုံးဦးတို့က ထွက်ပြေးသွားသည်။ "ဝင်ချို"(Wen Chou) သည် နောက်မှ တရကြမ်း လိုက်လေရာ
"ကုန်းစွန်းကျန့်"(Gongsun Zan) သည် တောင်ကြားသို့ ထွက်ပြေးရသည်။

"ကုန်းစွန်းကျန့်"(Gongsun Zan) သည် တရကြမ်းပြေးလေရာ ပုခုံးပေါ်မှ လေးနှင့်မြားတို့ ကျကုန်သည်။


ခေါင်းပေါ်မှ ခေါင်းဆောင်းခမောက်လည်း ကျသွားခဲ့သည်။ ချည်နှောင်ထားသောဆံပင်တို့လည်း
ပြေလျော့ကုန်ပြီ။ နောက်ဆုံး မြင်းမှာ ပန်းသွားပြီး လဲကျသွားရာ "ကုန်းစွန်းကျန့်"(Gongsun Zan) လည်း
မြင်းပေါ်မှ ကျသွားကာ တောင်ခြေနားသို့ တလိမ့်ခေါက်ကွေးကျသွားသည်။

94
နောက်မှ "ဝင်ချို"(Wen Chou) ကလည်း တဖြည်းဖြည်းမှီလာချေပြီ။ "ကုန်းစွန်းကျန့်"(Gongsun Zan)
သည် ကြောက်လန့်တကြားနှင့် တောင်ခြေမှ အပေါ်သို့ တွယတ
် က်ရန်ပြင်သည်။

ထိုအချိန်မှာပင် မျက်ခုံးမွေးထူထူ၊ မျက်လုံးကြီးကြီး၊ ကျယ်ပြန့်သောမျက်နှာနှင့် မေးရိုးကြီးသော


လူငယ်တစ်ဦးသည် ထွက်လာကာ "ဝင်ချို"(Wen Chou) နှင့် တိုက်သည်။ ထိုသူတို့ နှစ်ဦးသည်
အကွက်ငါးဆယ်ခန့်တိုက်သော်လည်း အနိုင်အရှုံးမသဲကွဲချေ။ ထိုအခိုက်မှာပင် "ကုန်းစွန်းကျန့်"(Gongsun
Zan) စစ်တပ်ရောက်လာရာ "ဝင်ချို"(Wen Chou) ပြေးလေသည်။ ထိုလူငယ်ကား "ဝင်ချို"(Wen Chou)
နောက် မလိုက်။ "ကုန်းစွန်းကျန့်"(Gongsun Zan) သည် ထိုလူငယ်ကိုမည်သူနည်းဟု မေးလျှင်
ထိုလူငယ်သည် ဦးညွှတ၍
် အရိုအသေပြုကာ

"ကျွန်တော်က ချန်ရှန်းက ကျောက်ယွင(် Zhao Yun) ပါ။ ပထမဆုံး ယွမ်ရှောက်(Yuan Shao)


လက်အောက်မှာ အမှုထမ်းခဲ့ပါတယ်၊ ဒါပေမယ့် သူက သစ္စာရှိသူမဟုတ်ပဲ ပြည်သူလူထုအပေါ်
ကောင်းတဲ့သူ မဟုတ်ဘူး ။ ဒါကြောင့် သူ့ဆီကနေ ထွက်ခဲ့ပြီးတော့ ခင်ဗျားဆီမှာ အမှုထမ်းဖို့ ရှာတာပါ။
အဲ့နောက် ဒီနေရာမှာ မမျှော်လင့်ပဲ တွေ့တာပါ" ဟု ပြောသည်။

ထိုအခါ "ကုန်းစွန်းကျန့်"(Gongsun Zan) သည် ပျော်ရွှင်သွားပြီး စခန်းသို့ ပြန်ကာ နောက်စစ်ပွဲတိုက်ရန်


အစီအစဉ်များ ဆွဲလေ၏။

နောက်တစ်ရက်တွင် "ကုန်းစွန်းကျန့်"(Gongsun Zan) သည် စစ်တပ်ကို ဘယ်တောင်ပံ၊ ညာတောင်ပံ


နှစ်ကြောင်းခွဲလိုက်သည်။ ထို့ နောက် အလယ်တွင် မြင်းဖြူစီးထားသော စစ်သားငါးထောင် ကိုထားသည်။
"ကုန်းစွန်းကျန့်"(Gongsun Zan) သည် မြင်းဖြူတပ်ကို ဦးဆောင်သူဖြစ်သဖြင့် မြင်းဖြူတပ်စစ်သြူ ကီးဟု
နာမည်ကြီးခဲ့သူဖြစ်ပြီး မြောက်ပိုင်းမှ ရန်သတ
ူ့ို ကို ဖိန့် ဖိန့်တုန်ကြောက်စေခဲ့သူဖြစ်သည်။

95
"ယွမ်ရှောက်"(Yuan Shao) ဘက်တွင် စစ်သူကြီး "ရန်လျန်"(Yan Liang) နှင့် "ဝင်ချို"(Wen Chou)
တို့သည် မြားတပ်သားတစ်ထောင်စီ ဦးဆောင်ကာ ချီတက်ကြသည်။ ထိုမြားတပ်တို့ကို နှစ်ဖွဲ့ခွဲထားကာ
ဘယ်ဘက်မှ တပ်သည် "ကုန်းစွန်းကျန့်"(Gongsun Zan) တပ်၏ ညာကို ပစ်၊ ညာဘက်တပ်သည်
တစ်ဘက်ရန်သူ၏ ဘယ်ကို ပစ်လေသည်။ အလယ်တွင်မူ "ချွီရ"ီ (Qu Yi) ဦးဆောင်သော
မြားသမားရှစ်ရာရှိပြီး ခြေလျင်တပ်နှင့်မြင်းတပ် စုစုပေါင်းတစ်သောင်းခန့်ရှိသည်။ "ယွမ်ရှောက်"(Yuan
Shao) မှာမူ တပ်၏ နောက်ဘက်တွင် နေရာယူထားသည်။

ထိုစစ်ပွဲတွင် "ကုန်းစွန်းကျန့်"(Gongsun Zan) ဘက်သို့စတင်ဝင်ရောက်လာသော "ကျောက်ယွင"် (Zhao


Yun) ပါဝင်သည့်တိုက်ပွဲဖြစ်သည်။ သို့သော်လည်း "ကျောက်ယွင"် (Zhao Yun) ၏ သစ္စာရှိမှုကို
မယုံကြည်သဖြင့် တပ်၏နောက်ဆုံးဘက်တွင်သာ နေရာပေးထားသည်။ တပ်ဦးကို ဦးဆောင်သမ
ှူာ
"ရန်ကွမ်း"(Yan Guang) ဖြစ်ပြီး "ကုန်းစွန်းကျန့်"(Gongsun Zan) မှာမူ ပင်မတပ်ကို ဦးဆောင်သည်။

မနက်မှသည် ညနေအထိ ဗုံတို့ ကို တီးကြသည်။ သို့ သော် "ယွမ်ရှောက်"(Yuan Shao) စစ်တပ်ကား
တုတ်တုတ်ပင်မလှုပ်။ သို့နှင့် "ရန်ကွမ်း"(Yan Guang) သည် တစ်ဖက်ရန်သူကို တိုကရ
် န် အနားသို့
ချဉ်းကပ်လေသည်။ တစ်ဖက်မှ "ချွီရီ"(Qu Yi) နှင့် စစ်တပ်သည် "ရန်ကွမ်း"(Yan Guang) အလာကို
စောင့်နေပြီး လာသည်နှင့် မြားတို့ဖြင့် ပစ်လေသည်။ "ရန်ကွမ်း"(Yan Guang) သည်
အငိုကခ
်ံလိုက်ရသဖြင့် တပ်ဆုတ်ရန်ကြံသော်လည်း "ချွီရီ"(Qu Yi) ထွက်လာကာ "ရန်ကွမ်း"(Yan Guang)
ကို သတ္လိုကေ
် လ၏။

သို့နှင့်ထိုတိုက်ပွဲတွင် "ကုန်းစွန်းကျန့်"(Gongsun Zan) ၏ စစ်တပ်ရှုံးသွားသည်။


"ကုန်းစွန်းကျန့်"(Gongsun Zan) ၏ ဘယ်၊ညာ တောင်ပံတို့ကား တစ်ဖက်မှ "ရန်လျန်"(Yan Liang) နှင့်
"ဝင်ချို"(Wen Chou) တို့ ၏ မြားဖြင့်အဆက်မပြတ် ပစ်သဖြင့် ရှေ့ပြေးတပ်ကိုပင် မကယ်နိုင်ခဲ့ချေ။ သို့နှင့်
"ချွီရီ"(Qu Yi) သည် တစ်ဖက် ရန်သူ၏ တပ်ကို ထိုးဖောက်လာသည်။ ၎င်းကို မြင်သောအခါ
"ကုန်းစွန်းကျန့်"(Gongsun Zan) ပြေးလေသည်။ "ချွီရ"ီ (Qu Yi) ကလည်း နောက်မှ လိုကသ
် ည်။
"ကုန်းစွန်းကျန့်"(Gongsun Zan) ကို မီလုဆဲဆဲတွင် "ကျောက်ယွင"် (Zhao Yun) သည် လှံကုက
ိုင်၍
ထွက်လာကာ "ချွီရီ"(Qu Yi) နှင့် တိုကေ
် လသည်။ ခေတ္တမျှတိုက်ပြီးသော် "ကျောက်ယွင"် (Zhao Yun)
လက်ချက်ဖြင့် "ချွီရ"ီ (Qu Yi) မြေပေါ်သို့ လဲကျသွားသည်။

ထို့နောက် "ကျောက်ယွင"် (Zhao Yun) သည် ရန်သူ့ တပ်များကို တိုကေ


် လရာ စစ်ပွဲ၏
ရေစီးကြောင်းပြန်ပြောင်းသွားခဲ့သည်။ ထိုသို့ "ကျောက်ယွင်"(Zhao Yun) တိုက်နေသည်ကို တွေ့သော
"ကုန်းစွန်းကျန့်"(Gongsun Zan) သည် ပြန်လှည့်လာသည်။ နောက်ဆုံးရလဒ်ကား
"ကုန်းစွန်းကျန့်"(Gongsun Zan) ၏ အနိုင်ပင်တည်း။

96
"ယွမ်ရှောက်"(Yuan Shao) သည် "ချွီရ"ီ (Qu Yi) တပ်၏ အောင်မြင်မှုကို ကြားသဖြင့် အကြံပေး
"ထျန်းဖုန်း"(Tian Feng) အပြင် ကိုယ်ရံတော်အနည်းငယ်တို့နှင့် ထွက်လာကာ သူ့တပ်
အောင်မြင်မှုရနေသည်ကို ကြည့်လေသည်။ ထို့နောက် "ယွမ်ရှောက်"(Yuan Shao) သည် ရယ်မောကာ

"ဟာဟား၊ ကုန်းစွန်းကျန့်(Gongsun Zan) က အရည်အချင်းမရှိတဲ့လူပ"ဲ ဟု ပြောသည်။

ထိုသို့ ပြောနေစဉ်ပင် သူ့ရှေ့တွင် ရုတတ


် ရတ် "ကျောက်ယွင"် (Zhao Yun) ပေါ်လာသည်။
အစောင့်တို့ သည် မြားပစ်ရန်ပြင်သော်လည်း ပစ်ချိနပ
် င်မရလိုက်။ "ကျောက်ယွင်"(Zhao Yun)
လက်ချက်ဖြင့် တစ်ဦးပြီးတစ်ဦး ကျသွားသည်။ အခြားသော စစ်သားတို့ လည်း ထွက်ပြေးကြကုန်သည်။
"ကုန်းစွန်းကျန့်"(Gongsun Zan) ၏ စစ်တပ်သည် "ယွမ်ရှောက်"(Yuan Shao) ကို တဖြည်းဖြည်း
ဝန်းရံလာခဲ့သည်။ ထိုအခါ "ထျန်းဖုန်း"(Tian Feng) က

"သခင်ကြီး၊ နောက်တန်းကို တပ်ပြန်ဆုတ်ပါ" ဟု ပြောသည်။

"ယွမ်ရှောက်"(Yuan Shao) သည် ခမောက်ကို မြေပေါ်သို့ ပစ်ချကာ

"ရဲရင့်တ့လ
ဲူက ဘယ်တော့မှ တိုက်ပွဲကနေ ထွက်မပြေးဘူး" ဟု ပြောသည်။

ထိုစကားကြောင့် "ယွမ်ရှောက်"(Yuan Shao) ၏ တပ်သားတို့ အားတက်ကာ ရွပ်ရွပ်ချွံချွံတုက


ိလေသဖြင့်
"ကျောက်ယွင်"(Zhao Yun) ကား ရန်သူ့ စစ်တပ်ကို အလွယ်တကူ မထိုးဖောက်နိုင်တော့ချေ။ မကြာမီပင်
"ယွမ်ရှောက်"(Yuan Shao) ၏ စစ်ကတ
ူ့ို ရောက်လာလေရာ "ကုန်းစွန်းကျန့်"(Gongsun Zan) တပ်
အရေးမလှသဖြင့် "ကျောက်ယွင"် (Zhao Yun) မှာ "ကုန်းစွန်းကျန့်"(Gongsun Zan) ကို ဘေးလွှတ်ရာသို့
ခေါ်သွားသည်။ ထို့နောက် တံတားကို ကူးလေသည်။ "ယွမ်ရှောက်"(Yuan Shao) တပ်သည်လည်း
နောက်မှ လိုက်သည်။ "ကုန်းစွန်းကျန့်"(Gongsun Zan) ဘက်မှ စစ်သားတို့သည် "ယွမ်ရှောက်"(Yuan
Shao) စစ်တပ်၏တိုက်ခိုကမ
ှ်ုကြောင့် တံတားပေါ်မှ ကျကာ ရေနစ်သေဆုံးကုန်ကြသည်။

"ယွမ်ရှောက်"(Yuan Shao) သည် ကိုယ်တုင


ိစစ်ချီလာကာ ထွက်ပြေးသော "ကုန်းစွန်းကျန့်"(Gongsun
Zan) နောက်သို့ လိုက်သည်။ နှစ်မိုင်ခန့်လိုက်ပြီးသော် တောင်နောက်ကွယ်တို့ မှ

97
ရုတတ
် ရတ်အော်သံကြားလိုက်ရပြီး "လျူဘေ့"(Liu Bei) ၊ "ကွမ်းယွ"ီ (Guan Yu) နှင့် "ကျန်းဖေး"(Zhang
Fei) တို့ ဦးဆောင်သော စစ်တပ် ပေါ်လာသည်။

ဖင်ယမ
ွ် တွင်ရှိနေခဲ့သော ထိုညီနောင်သုံးဦးတို့သည် "ယွမ်ရှောက်"(Yuan Shao) နှင့်
"ကုန်းစွန်းကျန့်"(Gongsun Zan) တို့စစ်ဖြစ်သောသတင်းကို ကြားသဖြင့် "ကုန်းစွန်းကျန့်"(Gongsun
Zan) ကို ကူညီရန်အလို့ငှာ ရောက်လာကြခြင်းဖြစ်သည်။ ထိုညီနောင်သုံးဖော်တို့ သည်
လက်နက်ကိုယ်စီကိုင်ကာ "ယွမ်ရှောက်"(Yuan Shao) ကို တိုကရ
် န် ဟန်ပြင်ရာ "ယွမ်ရှောက်"(Yuan
Shao) မှာ ကိုယ်မှ ဝိညာဉ်သည် ကောင်းကင်ဘုံသို့ ရောက်သွားသကဲ့သို့ ကြောက်လန့်သွားသည်။
လက်မှကိုင်ထားသော ဓားလည်း လွတ်ကျသွားလေ၏။ ထို့နောက် "ယွမ်ရှောက်"(Yuan Shao)
ပြေးလေသည်။ "ကုန်းစွန်းကျန့်"(Gongsun Zan) စစ်တပ်သည် "ယွမ်ရှောက်"(Yuan Shao) နောက်သို့
တံတား၏တစ်ဖက်ရောက်သည်အထိ လိုက်ပြီးနောက် ဆက်မလိုက်တော့ပဲ စခန်းချလေသည်။

"ကုန်းစွန်းကျန့်"(Gongsun Zan) နှင့် "လျူဘေ့"(Liu Bei) တို့ အပြန်အလှန်နှုတ်ဆက်ကြပြီးနောက်


"ကုန်းစွန်းကျန့်"(Gongsun Zan) က

"ခင်ဗျားတို့ သာ လာမကူရင် ကျွန်တော်တို့ အခြေအနေဟန်မယ် မထင်ဘူး" ဟု ပြောသည်။

"လျူဘေ့"(Liu Bei) နှင့် "ကျောက်ယွင"် (Zhao Yun) တို့သည်လည်း သိကျွမ်းကြပြီး ညီအစ်ကို အရင်းပမာ
ရင်းနှီးသွားကြသည်။ ထိုစစ်ပွဲတွင် "ယွမ်ရှောက်"(Yuan Shao) ရှုံးသွားသည်။ "ကုန်းစွန်းကျန့်"(Gongsun
Zan) လည်း အရဲစွန့် ကာ မတိုက်ရဲတော့။ နှစ်ဦးနှစ်ဖက်လုံးသည် တစ်လကျော်ခန့် စစ်မဖြစ်ကြတော့ပဲ
ကာကြယေ
် ရးကိုသာ အလေးထား၍ လုပ်ကြလေသည်။ ထိုစစ်ပွဲသတင်း သည် မြို့တော်ချန်အန်းရှိ
"တုန်ကျိုး"(Dong Zhuo) နားထံ ပေါက်ကြားသွားသည်။ ထိုအခါ အကြံပေး "လီရ"ု (Li Ru) က
အောက်ပါအတိုင်း ပြောသည်။

"ယွမ်ရှောက်(Yuan Shao) နဲ့ ကုန်းစွန်းကျန့်(Gongsun Zan) ဟာ ဖန်မြစ်နားမှာ စစ်ဖြစ်ခဲ့ကြတယ်၊ ဒါကို


သခင်ကြီးက ဘုရင့်အမိန့်တော်ဆိုပြီး သူတို့နှစ်ဦးကြားဝင်ပြီး စစ်ပြေငြိမ်းအောင် ဖျန်ဖြေပေးလိုက်ရင်
နှစ်ဦးနှစ်ဖက်လုံးက သခင်ကြီးကို ထောက်ခံကြမှာ ဖြစ်တယ်"

"အင်း... ဒီအကြံကောင်းတယ်"

ထို့နောက် "တုန်ကျိုး"(Dong Zhuo) သည် သံတမန်နှစ်ဦးကို စေလွှတ်လုက


ိသည်။ ထိုသံတမန်နှစ်ဦးတို့
မြစ်ဝါမြစ်၏ မြောက်ဘက်ကို ရောက်သောအခါဝယ် "ယွမ်ရှောက်"(Yuan Shao) သည် သူ့စခန်းမှ
မိုငသ
်ုးံ ဆယ်အကွာမှ နေ၍ သံတမန်တို့ ကို ကြိုဆိုပြီး ဘုရင့်အမိန့်ကို ရိုသေစွာပင် လက်ခံသည်။

98
ထို့နောက် ထိုနှစ်ဦးတို့သည် "ကုန်းစွန်းကျန့်"(Gongsun Zan) ထံ သွားကာ အမိန့်တော်ကို
ထုတ်ပြန်သည်။ ထိုအခါ "ကုန်းစွန်းကျန့်"(Gongsun Zan) သည်လည်း တပ်ကို ပြန်ခေါက်သွားခဲ့သည်။

ထို့နောက် "ကုန်းစွန်းကျန့်"(Gongsun Zan) သည် "ကျောက်ယွင"် (Zhao Yun) နှင့်အတူ "လျူဘေ့"(Liu


Bei) တို့ ညီနောင်သုံးဦးကို နှုတဆ
် က်ကြလေသည်။ "ကျောက်ယွင"် (Zhao Yun) က "လျူဘေ့"(Liu Bei)
ကို ဤသို့ပြောသည်။

"ကျွန်တော်က အရင်က ကုန်းစွန်းကျန့်ကို အာဇာနည်သူရဲကောင်းကြီးလို့ ထင်ခဲ့တာ။ အခုတော့


အထင်နဲ့အမြင် တက်တက်စင်အောင် လွဲပါပြီကော၊ သူလည်း ယွမ်ရှောက်(Yuan Shao) နဲ့
ထူးမခြားနားပါပဲ"

"ဒါပေမယ့် ခင်ဗျားက လောလောဆယ် သူ့လက်အောက်မှာ အမှုထမ်းနေတယ်လေ၊ ကျုပ်တို့


တစ်နေ့နေ့တော့ ပြန်တွေ့ဦးမှာပါ"

ဤသို့နှင့်ပင် အသီးသီးကိုယ့်အရပ်သို့ ပြန်ကြလေသည်။

နန်ရန်မှ "ယွမ်စု"(Yuan Shu) သည် သူ့အစ်ကို ကျိကျိုးပြည်နယ်အတွင်း ဝင်လာသည်ကို


သတင်းကြားသောအခါ သူ့အစ်ကိုထံမှ မြင်းတစ်ထောင်ပေးရန်တောင်းလေသည်။ "ယွမ်ရှောက်"(Yuan
Shao) ကလည်း ငြင်းလိုက်သည်။ သို့နှင့် ညီအစ်ကိုနှစ်ဦးတို့ မတင့်မသင့်ဖြစ်ကြသည်။ ထို့ နောက်
"ယွမ်စု"(Yuan Shu) သည် ကျင်ကျိုးနယ်စား "လျူပြောင်း"(Liu Biao) ထံမှ ဆန်ရေစပါးတို့ကို
တောင်းခံပြန်သည်။ "လျူပြောင်း"(Liu Biao) က မပေးချေ။ ထိုအခါ "ယွမ်စု"(Yuan Shu) သည်
မစားရသောအမဲ၊ သဲနှင့်ပက်ရန်အလို့ ငှာ "လျူပြောင်း"(Liu Biao) ကို စစ်ခင်းရန် "စွန်းကျန့်"(Sun Jian)
အား အောက်ပါစာကို ပို့ လိုက်သည်။

"အရင်က လျူပြောင်း(Liu Biao) က ခင်ဗျားကို လမ်းပိတ်ပြီးတိုက်ခဲ့တာက ကျွန်တော့်အစ်ကုရ


ိဲ့
ပယောဂတွေ အများကြီးပါတယ်။ အခုသတ
ူ့ို နှစ်ဦးက ရန်စီမြစ်ရဲ့အရှေ့တောင်ဘက်မှာရှိတဲ့
ခင်ဗျားအုပ်ချုပ်တဲ့ နယ်မြေကို သိမ်းဖို့ ကြံနေကြတယ်။ ကျုပ်က ကျုပ်အစ်ကိုကို တိုက်မယ်၊ ခင်ဗျားက
လျူပြောင်း(Liu Biao) ကိုတိုက၊် ပြီးရင် ကျွန်တော်က ကျိကျိုးကိုယူမယ်၊ ခင်ဗျားက
ကျင်ကျိုးပြည်နယ်ကိုယ"ူ

"စွန်းကျန့်"(Sun Jian) သည် ထိုစာကို ဖတ်ပြီးသော်

99
"အဲ့ လျူပြောင်း(Liu Biao) ကို ငါ သည်းမခံနိုင်တော့ဘူး၊ ငါ့အပြန်လမ်းကိုလည်း ပိတ်ခဲ့သေးတယ်၊
ဒီလိုတိုက်မယ့် အခွင့်အရေးကို လက်လွှတလ
ိုက်ရင် နောက် ဘယ်တော့မှ တိုကန
ိုင်မှာလဲ" ဟု ဆိုသည်။

ထို့နောက် လက်အောက်ရှိ အမှုထမ်းတို့ကို ခေါ်ကာ တိုင်ပင်ကြသည်။

"ချန်ဖ"ူ (Cheng Pu) : "ယွမ်စု"(Yuan Shu) က မယုံရဘူး၊ သူက အလွန်ကောက်ကျစ်တယ်"

"စွန်းကျန့်"(Sun Jian) : "ငါ လက်စားချေဖို့က အဓိကပဲ၊ သူ ငါ့ကိုကူတာ မကူတာ မရေးမကြီးဘူး"

ထို့နောက် "ဟွမ်ကိုင်"(Huang Gai) အား မြစ်ကို ဖြတ်ကူးရန် သင်္ဘောများ ပြင်စေသည်။ ထို့နောက်


သင်္ဘောပေါ်တွင် မြင်း၊ စားနပ်ရိက္ခာ၊ လက်နက် စသည်တို့ကို တင်ဆောင်ကာ စစ်တိုက်ထွကေ
် လသည်။

ထိုသတင်းသည် "လျူပြောင်း"(Liu Biao) ထံ ရောက်သွားရာ အကြံပေးတို့ ၊ သူရဲကောင်းတို့ကို


စုရုံးစေသည်။ ထို့နောက် "ခွိုင်လျန်"(Kuai Liang) က စိတေ
် အးအေးထားရန် ပြောပြီး

"စစ်သူကြီး ဟွမ်ကျူ(Huang Zu) ကို ကျန်းရှစစ်တပ်ရဲ့ ခေါင်းဆောင်အနေနဲ့ထားပြီး ဦးဆောင်ခိုင်းပါ၊


သခင်ကြီးကတော့ ရှန်းရန်က စစ်တပ်တွေနဲ့ သူ့ကို အကူအညီပေးပါ၊ မြစ်ကို ဖြတ်ပြီးလာရတဲ့
စွန်းကျန့်(Sun Jian) က ဒီကို ရောက်ရင် ခွန်အား ဘယ်လောက်များ ကျန်မှာမို့ လဲ"

ဟု ပြောသည်။ ထိုအခါ "လျူပြောင်း"(Liu Biao) သည်လည်း ထိုအကြံအတိုင်းပင် စစ်တပ်ကြီးကို


ပြင်ဆင်စေသည်။

ဤနေရာတွင် "စွန်းကျန့်"(Sun Jian) ၏ အကြောင်းကို ပြောရန် လိုလာသည်။ "စွန်းကျန့်"(Sun Jian)


တွင် ဝူအမျိုးအနွယ်မှလာသော အမျိုးသမီးတစ်ဦးနှင့် လက်ဆက်ပြီး သားလေးဦးဖွားမြင်သည်။
ထိုသားလေးဦး၏ နာမည် (အကြီးဆုံးမှ အငယ်ဆုံး) အစဉ်လိုက်ကား "စွန်းချဲ့"(Sun Ce) ၊ "စွန်းချွမ်"(Sun
Quan) ၊ "စွန်းရီ"(Sun Yi) နှင့် "စွန်းခွမ"် (Sun Kuang) တို့ဖြစ်သည်။ ထို့ အပြင် ပထမဇနီး၏
ညီမနှင့်လည်း လက်ထပ်ထားရာ ထိုဒတ
ိုယဇနီးမှ သားတစ်ဦး၊ သမီးတစ်ဦး မွေးသည်။ သားနာမည်မှာ
"စွန်းလန်"(Sun Lang) ဖြစ်ပြီး သမီးမှာ "စွန်းရန်"(Sun Ren) ဖြစ်သည်။ ထိုမျှမက ယွီမိသားစုထံမှ
မွေးစားထားသော မွေးစားသားတစ်ဦး ရှိသေးသည်။ ထိုသားအမည်မှာ "စွန်းဟူ"(Sun Hu) ဖြစ်သည်။

"စွန်းကျန့်"(Sun Jian) တွင် "စွန်းကျင့်"(Sun Jing) ဟု အမည်ရှိသော ညီတစ်ဦးလည်း ရှိသည်။

"စွန်းကျန့်"(Sun Jian) သည် စစ်တိုက်ထက


ွ်သောအခါဝယ် ညီဖြစ်သူသည် "စွန်းကျန့်"(Sun Jian) ၏
သားခြောက်ဦးနှင့်အတူရပ်ကာ

100
"တုန်ကျိုး(Dong Zhuo) ကမှ အမှန်တကယ် တိုင်းပြည်ကို ချုပ်ကိုင်နေတဲ့လူ၊ တခြားနယ်စားတွေကလည်း
ကိုယ့်ပြည်ကိုယ့်နယ်တွေမှာ သူတလူငါတစ်မင်း မင်းမူနေကြတယ်၊ အဲနယ်တွေနဲ့စာရင်
ကျွန်တော်တို့ဒေသက အေးချမ်းပါတယ်။ ဒါကြောင့် ကိစ္စတစ်ခု မပြုလုပ်ခင် အရင်တွေးပါလို့ ပြောပါရစေ"
ဟု ဆိုသည်။

"စွန်းကျန့်"(Sun Jian) : "ငါ့ညီ၊ ဘာမှ ထပ်မပြောနဲ့တော့၊ တစ်နိုင်ငံလုံးကလူတွေကို ငါ့အစွမ်းသိအောင်


ပြရမယ်၊ နောက်ပြီး ငါ့ဒဏ်ရာအတွက် လက်စားမချေရတော့ဘူးတဲ့လား"

ထိုအခါ အကြီးဆုံးသားဖြစ်သော "စွန်းချဲ့"(Sun Ce) မှ

"အဖေ၊ သွားကိုသွားရမယ်ဆိုရင် ကျွန်တော်ပါ လိုက်ခဲ့မယ်" ဟု ပြောသည်။

သို့နှင့် သားအဖ နှစ်ဦးတို့ ဖန်ခိုမြို့ကို တိုကရ


် န် စစ်တိုက် ထွကခ
်ဲ့ကြသည်။

"ဟွမ်ကျူ"(Huang Zu) သည် မြစ်ကမ်းတစ်လျှောက်တွင် လေးမြားတပ်တို့ကို ချထားပြီး သင်္ဘော


ဆိုက်ကပ်လာသည်နှင့် မြားတို့ဖြင့် ပစ်စေသည်။ "စွန်းကျန့်"(Sun Jian) သည် သူ၏ စစ်သားတို့ကို
မြားမထိစေရန် အကာအကွယ် ယူခိုင်းသည်။ သို့နှင့် သင်္ဘောတို့ သည် မြစ်ကမ်းနားဝယ် ဟိုဟုဒ
ီဒီသွားကာ
အချိန်ကုန်စေခဲ့သည်။ သုံးရက်ခဲ့ကြာသောအခါ ကမ်းပေါ်မှ စစ်တပ်၏ မြားတို့ ကုန်ခဲ့လေပြီ။ ထိုအခါမှ
"စွန်းကျန့်"(Sun Jian) သည် မိမိ ရရှိသောမြားတို့ဖြင့် ပြန်ပစ်ရာ "ဟွမ်ကျူ"(Huang Zu) ၏တပ်
တပ်ဆုတ်သွားရသည်။ "စွန်းကျန့်"(Sun Jian) သည် စစ်ကြောင်းသုံးကြောင်းခွဲကာ ဘေးနှစ်ဖက်တွင်
"ချန်ဖ"ူ (Cheng Pu) နှင့် "ဟွမ်ကုင
ိ"(Huang Gai) ကို ဦးဆောင်စေပြီး အလယ်တွင် "ဟန်တန်"(Han
Dang) ကို ဦးဆောင်စေသည်။ "ဟွမ်ကျူ"(Huang Zu) မှာ အခြေအနေမဟန်သဖြင့် ဖန်ခိုမြို့ကို စွန့်ပြီး
တန်းချန်မြို့သို့ ပြေးလေသည်။

"ဟွမ်ကိုင"် (Huang Gai) ကို သင်္ဘောတို့ အား ထိန်းထားစေပြီး "စွန်းကျန့်"(Sun Jian) ကိုယ်တုင
ိမှာမူ
"ဟွမ်ကျူ"(Huang Zu) နောက် လိုကသ
် ည်။ "စွန်းချဲ့"(Sun Ce) လည်း သူ့အဖေဘေးတွင်
လိုက်ပါလာခဲ့သည်။ "ဟွမ်ကျု"(Huang Zu) သည် အခြားစစ်သြူ ကီးနှစ်ဦးဖြစ်သော "ကျန်းဟွေ့"(Zhang
Hui) နှင့် "ချန်ရှန်း"(Chen Sheng) တို့နှင့်အတူ ထွကလ
်ာကာ

"ချန်ဆားက သူပုန်တွေ၊ ဘာလို့ ဘုရင့်ဆွေမျိုးတော်ပိုင်တဲ့နယ်မြေကို ကျူးကျော်ရတာတုန်း" ဟု ဆိုသည်။

ထို့နောက် "ကျန်းဟွေ့"(Zhang Hui) သည် စီးချင်းယှဉ်ထိုး ရန်စိန်ခေါ်ရာ တစ်ဖက်မှ "ဟန်တန်"(Han


Dang) ထွက်လာပြီး တိုက်ကြသည်။ အကွက်သုံးဆယ်ခန့်တိုက်ပြီးသော် "ကျန်းဟွေ့"(Zhang Hui)
အခြေအနေမဟန်သည်ကို တွေ့သော "ချန်ရှန်း"(Chen Sheng) သည် ထွကလ
်ာသည်။ ထိုအခါ
"စွန်းကျန့်"(Sun Jian) သည် "ချန်ရှန်း"(Chen Sheng) မြားဖြင့် လှမ်းပစ်လေရာ ထိမှန်ပြီး မြင်းပေါ်မှ

101
ပြုတ်ကျလေသည်။ ၎င်းကို မြင်သော "ကျန်းဟွေ့"(Zhang Hui) သည် အာရုံထွေပြားသွားပြီး
ကိုယ့်ကိုယ်ကိုပင် မကာကွယ်နိုင်တော့၊ "ဟန်တန်"(Han Dang) လက်ချက်ဖြင့် သေလေသည်။
ထိုအခြင်းအရာကို မြင်သော "ဟွမ်ကျူ"(Huang Zu) သည် မြင်းကို ကဆုန်စိုင်းစီးကာ ပြေးလေသည်။
"စွန်းကျန့်"(Sun Jian) သည် ရန်သူကို ဟန်မြစ်ရောက်သည်အထိ လိုကတ
ိုကေ
် လ၏။

"ဟွမ်ကျူ"(Huang Zu) သည် စစ်ရှုံးသွားသောစစ်သားတို့နှင့်အတူ "လျူပြောင်း"(Liu Biao) ထံ သွားကာ

"ကျွန်တော့်စစ်သားတွေက စွန်းကျန့်(Sun Jian) ကို မခုခံနိုင်ပါဘူး" ဟု ပြောသည်။

ထိုအခါ "ခွိုင်လျန်"(Kuai Liang) ကို ခေါ်ပြီး အကြံတောင်းသည်။

"ခွိုင်လျန်"(Kuai Liang) : "ကျွန်တော်တို့ စစ်သားတွေက ကြောက်နေပြီဖြစ်တ့အ


ဲ တွက် စစ်တိုက်ဖို့
မဝံ့ရဲတော့ဘူး၊ ဒါကြောင့် ကာကွယ်ရေးကိုပဲ အဓိကထားပြီး "ယွမ်ရှောက်"(Yuan Shao) ရဲ့အကူအညီ
တောင်းခံရမယ်"

"ချိုင်မောင်"(Cai Mao) : "ဒါက အသိဉာဏ်မရှိပဲ ပြောတာပဲ၊ ရန်သူက အပေါက်ဝရောက်နေပြီ၊ ဒါကို


ကျွန်တော်တို့က ဘာမှမလုပ်ပဲ ငုတ်တတ
ုထုင
ိနေရမှာလား? ကျွန်တော့်ကို စစ်တပ်ပေးပါ၊
ကျွန်တော်ကိုယ်တုင
ိသွားပြီး ရန်သက
ူို တိုကမ
် ယ်။"

သို့နှင့် "ချိုင်မောင်"(Cai Mao) ကို စစ်သားတစ်သောင်းပေးလိုက်ရာ "ချိုင်မောင်"(Cai Mao) သည်


ရှန်တောင်ကုန်းပေါ်သို့သွားလေသည်။

"ချိုင်မောင်"(Cai Mao) လာသည်ကို မြင်သောအခါ "စွန်းကျန့်"(Sun Jian) သည်

"သူက လျူပြောင်း(Liu Biao) ရဲ့ယောက်ဖပဲ၊ ဘယ်သူ သူ့ကိုဖမ်းမလည်း" ဟု မေးသည်။

ထိုအခါ "ဟန်ဖူ"(Cheng Pu) ထွက်လာပြီး "ချောင်မောင်"(Cai Mao) နှင့် တိုက်သည်။ သိပ်ပင်မကြာလိုက်၊


"ချိုင်မောင်"(Cai Mao) သည် ရှန်းရန်မြို့သို့ ပြေးလေသည်။ "စွန်းကျန့်"(Sun Jian) ၏ စစ်တပ်ကား
တစ်ဖက်ရန်သူကို တိုကရ
်ာ အလောင်းတို့ သည် တောင်လပ
ိုံနေခဲ့၏။

"ခွိုင်လျန်"(Kuai Liang) : "စစ်စည်းကမ်းအရ စစ်ရှုံးလာတဲ့ ချိုင်မောင်(Cai Mao) ကို အပြစ်ပေးရပါမယ်။


စစ်ရှုံးတာက သူ့ရဲ့စွမ်းဆောင်နိုင်စွမ်းမရှိလို့ ဖြစ်ရတာ"

သို့သော်လည်း "လျူပြောင်း"(Liu Biao) သည် ကြင်စဇနီးလေး၏ မျက်နှာနှင့် ယောက်ဖတော်ကို


အပြစ်မပေးချေ။

102
"စွန်းကျန့်"(Sun Jian) သည် ရှန်းရန်မြို့ကို ဝန်းရံကို မြို့ကို နေ့တိုင်းတိုက်လေသည်။ တစ်ရက်သော်
လေပြင်းတိုက်သဖြင့် အလံတစ်ခုသည် မြေပေါ်သို့ ကျသွားသည်။ ထိုအခါ "ဟန်တန်"(Han Dang) က

"ဒါ နိမိတ်မကောင်းဘူး၊ ကျွန်တော်တို့ တပ်ပြန်ဆုတ်ရအောင်" ဟု ဆိုသည်။

"စွန်းကျန့်"(Sun Jian) : "ဒီမြို့ကို မကြာခင်သိမ်းနိုင်တော့မယ်၊ လေလေးတိုက်တာလောက်၊


အလံလေးကျတာလောက်နဲ့ တပ်ဆတ
ုစရာလား"

သို့နှင့် အကြံကို လက်မခံပဲ မြို့ကိုသာ သည်းသည်းမည်းမည်း တိုက်လေသည်။

ရှန်းရန်မြို့အထဲတွင် "ခွိုင်လျန်"(Kuai Liang) မှ "လျူပြောင်း"(Liu Biao) ကို ဤသို့ ပြောသည်။

"မနေ့ညက နက္ခတ်တာရာတွေကြည့်တော့ စွန်းကျန့်(Sun Jian) နယ်မြေဘက်ကို ကြယ်ကြွေတာ


တွေ့လိုက်တယ်၊ တွက်ချက်ကြည့်လုက
ိတော့ ဒါဟာ စွန်းကျန့်(Sun Jian) ကျဆုံးမယ့် နိမိတ်ဖြစ်နေတယ်"

ထို့နောက် "ခွိုင်လျန်"(Kuai Liang) သည် "ယွမ်ရှောက်"(Yuan Shao) ထံမှ စစ်ကူတောင်းစေသည်။

သို့နှင့် "လျူပြောင်း"(Liu Biao) လည်း စစ်ကူတောင်းသည့်စာရေးလိုက်သည်။ ထို့နောက် ရန်သူ့ တပ်ကို


ဖောက်ပြီး ထိုစာကို မည်သူသွားပို့ မည်နည်းဟု မေးရာ ခွန်အားကြီးသောသူရဲကောင်းတစ်ဦးဖြစ်သည့်
"လူကုံး" (Lu Gong) က သွားပို့ မည်ဟဆ
ိုသည်။ ထိုအခါ "ခွိုင်လျန်"(Kuai Liang) က ဤသို့ ပြောသည်။

"ခင်ဗျား စာသွားပို့မယ်ဆို ကျွန်တော့် အကြံနားထောင်၊ လေးသည်တော်ငါးရာနဲ့ ရန်သူ့ တပ်ကို


ထိုးဖောက်ပြီး ရှန်တောင်ကန
ုးမှာ နေရာယူ၊ ပြီးရင် တောင်ကုန်းပေါ်ကနေ ရန်သူကို တိုကဖ
ို့
ကျောက်တုံးကြီးတွေပြင်ဆင်၊ လေးသမားတစ်ရာကို အဲ့မှာ နေရာယူခိုင်းထား။ ပြီးရင် ရန်သူတွေကို ပစ်၊
အောင်မြင်ရင် မီးရှူးနဲ့အချက်ပေးလိုက်၊ ကျုပ်တို့ မြို့ထဲကတပ်တွေ ထွကလ
်ာတိုက်မယ်။ အကယ်၍
ရန်သက
ူ နောက်ကနေမလိုက်ဘူးဆိုရင်တော့ ဘာမှမလုပ်နဲ့၊ မြန်မြန်သာသွား။ ဒီညက လမိုက်ညဖြစ်တော့
ညဘက်မှာစထွက်တော့။"

ပြင်ဆင်စရာတို့ကို ပြင်ဆင်ပြီးသည်နှင့် "လူကုံး"(Lu Gong) သည် အရှေ့တံခါးပေါက်မှ


တိတ္တဆိတ္ထြကေ
် လသည်။

"စွန်းကျန့်"(Sun Jian) သည် သူ၏ရွကဖ


်ျင်တဲအတွင်း ရှိနေစဉ် လူစုတစ်စု မြင်းစီးကာ မြို့ထဲမှ
ထွက်သွားကြောင်းကြားလေရာ မြင်းသည်တော် သုံးဆယ်နှင့် ချက်ချင်းလိုက်လေသည်။ ထိုအချိန်ဝယ်
"လူကုံး"(Lu Gong) သည် ထောင်ချောက်တို့ ကို ပြင်ဆင်ထားပြီး ဖြစ်သည်။ "စွန်းကျန့်"(Sun Jian) သည်
ရှေ့ဆံုး မှ ဦးဆောင်ပြီး "လူကုံး"(Lu Gong) ကို မီလုဆဲဆဲတွင် လက်နက်ချရန်အော်သည်။ "လူကုံး"(Lu
Gong) သည် ပြန်လှည့်လာကာ "စွန်းကျန့်"(Sun Jian) နှင့် တိုကမ
် ယောင်နှင့် ပြန်လှည့်သွားသည်။

103
"စွန်းကျန့်"(Sun Jian) လည်း နောက်မှလိုက်ရာ တောင်ကုန်းပေါ်သို့ရောက်သွားသောအခါ
မျက်ခြည်ပြတ်သွားသည်။ ထို့နောက် ရုတ်တရတ် အသံအကျယ်ကြီးကြားလိုက်ရပြီး တောင်ကုန်းပေါ်မှ
ကျောက်တုံးများ လိမ့်ကျလာသည်။ အသင့်နေရာယူထားသော မြားသမားတို့ကလည်း ပစ်ခတ်ကြသည်။
"စွန်းကျန့်"(Sun Jian) သည် မြားဒဏ်ရာအပြင် ကျောက်တုံးပိသွားကာ သေဆုံးခဲ့လေသည်။
သေဆုံးချိန်တွင် "စွန်းကျန့်"(Sun Jian) အသက်မှာ သုံးဆယ့်ခုနှစ်နှစ်သာရှိသည်။

"စွန်းကျန့်"(Sun Jian) နှင့်အတူပါလာသော မြင်းသည်တော်တို့ သည်လည်း အကုန်အသတ်ခံရသည်။


ထို့နောက် "လူကုန်း"(Lu Gong) သည် အကြံအောင်ပြီဖြစ်ကြောင်း မီးရှူးဖြင့် အချက်ပြလိုက်ရာ
ရှန်းရန်မြို့မှ "ဟွမ်ကျူ"(Huang Zu) ၊ "ခွိုင်ယွဲ့"(Kuai Yue) နှင့် "ချိုင်မောင်"(Cai Mao) တို့သည်
စစ်တပ်သုံးတပ်ဖြင့် ထွက်လာတိုက်ရာ ချန်ဆားစစ်တပ် အလစ်ခံရလေသည်။

"ဟွမ်ကိုင"် (Huang Gai) သည် စစ်ဖြစ်သောအသံကိုကြားသဖြင့် သင်္ဘောမှ စစ်သားတို့ကို ဦးဆောင်၍


ချီတက်ရာ လမ်းတွင် "ဟွမ်ကျူ"(Huang Zu) နှင့် တွေ့သည်။ "ဟွမ်ကျူ"(Huang Zu) နှင့် တိုက်ပြီးနောက်
"ဟွမ်ကျူ"(Huang Zu) ကို ဖမ်းလိုက်နိုင်သည်။

"ချန်ဖ"ူ (Cheng Pu) လည်း ခေါင်းဆောင်သေဆုံးသောသတင်းဆိုးကို "စွန်းချဲ့"(Sun Ce) ထံ


သွားပြောရန်အပြူ၊ ရန်သူ့တပ်ကို ထိုးဖောက်ထွက်သောအခါ ရန်သူ့ဘက်မှ "လူကုံး"(Lu Gong)
နှင့်တွေ့ကာ "လူကုံး"(Lu Gong) ကို သတ်လိုကသ
် ည်။ တိုက်ပွဲသည် မိုးသောက်ယံအထိ ကြာလေသည်။
ထို့နောက် နှစ်ဖက်လုံး တပ်ဆတ
ုကြသည်။

"စွန်းချဲ့"(Sun Ce) သည် သူ့အဖေသေဆုံးကြောင်း ကြားသောအခါ ငိုလေသည်။

"စွန်းချဲ့"(Sun Ce) : "အဖေရဲ့အလောင်းတောင် မကောက်နိုင်ပဲနဲ့ ဘယ်လိုမျက်နှာနဲ့ အိမ်ပြန်ရမလဲ"

"ဟွမ်ကိုင"် (Huang Gai) : "ကျွန်တော်တို့ ရန်သူ့စစ်သူကြီး ဟွမ်ကျူ(Huang Zu) ကို ဖမ်းမိထားနဲ့။


သူ့ကိုအသုံးချပြီး သခင်ကြီးရဲ့အလောင်းနဲ့ လဲဖို့ တောင်းရင် ရနိုင်ပါတယ်"

"ဟွမ်ကိုင"် (Huang Gai) စကား မဆုံးမီပင် "ဟွမ်ကျိ"(Huang Ji) ဟူသော အမှုထမ်းက

"ကျွန်တော် ဟိုးအရင်တည်းက လျူပြောင်း(Liu Biao) နဲ့သိတယ်။ ဒါကြောင့် သံတမန်အနေနဲ့


သွားပြောပေးပါ့မယ်" ဟု ဆိုသည်။

"စွန်းချဲ့"(Sun Ce) ကလည်း သဘောတူလိုက်သည်။

"ဟွမ်ကျိ"(Huang Ji) သည် "လျူပြောင်း"(Liu Biao) ထံသွားပြီး ငြိမ်းချမ်းရေးအတွက် ဆွေးနွေးသည်။

104
"လျူပြောင်း"(Liu Biao) : "အလောင်းကို အခေါင်းထဲမှာ အဆင်သင့်ထည့်ထားပြီးပြီ၊ ခင်ဗျားတို့ ဘက်က
ဟွမ်ကျူ(Huang Zu) ကို သာပြန်လွှတ်ရင် ပို့ပေးဖို့အသင့်ပဲ၊ နောက်နောင် တစ်ဦးနဲ့တစ်ဦး
စစ်မတိုက်တော့ဘူး"

"ဟွမ်ကျိ"(Huang Ji) လည်း "လျူပြောင်း"(Liu Biao) ကို ကျေးဇူးတင်ပြီးနောက် ပြန်ရန် လှေကားမှ


ဆင်းမည်အလုပ်တွင် "ခွိုင်လျန်"(Kuai Liang) ရောက်လာကာ

"မဖြစ်ဘူး....မဖြစ်ဘူး။ ကျွန်တော်ပြောတာ နားထောင်ဦး။ ပထမဆုံး ဒီလူကို သေဒဏ်ပေးလိုက်ပြီး


ကျွန်တော့်အကြံကို နားထောင်ပါ" ဟု ဝင်ပြောသည်။

105
အခန်း(၈) ဝမ်ယွင(် Wang Yun) ၏ မဟာစီမံကိန်း

"ခွိုင်လျန်"(Kuai Liang) ပြောသည်မှာ ဤသို့ဖြစ်သည်။

"အခု စွန်းကျန့်(Sun Jian) က သေသွားခဲ့ပြီ။ သူ့သားတွေကလည်း ငယ်ငယ်လေးတွေရှိသေးတယ်။


ဒီအခွင့်အရေးကို အသုံးချပြီးတော့ ချန်ဆားကို ဝင်တိုက်သင့်တယ်။ အခုအချိန်မှာ အလောင်းကို ပြန်ပေးပြီး
ငြိမ်းချမ်းရေးယူလိုက်ရင် ရန်သူကို အင်အားကြီးအောင် အချိန်ပေးလိုက်သလိုပဲ။ နောင်အချိန်မှာ
အဲ့ရန်သူက ကျင်ကျိုးကို ပြန်လာတိုက်လမ
ိ့်မယ်"

"ငါက ဘာလို့ ဟွမ်ကျူ(Huang Zu) ကို လက်လွတ်ခံရမှာတုန်း"

"ပြည်နယ်တစ်ခုရဖို့ အတွက် စစ်ရှုံးပြီး သုံ့ပန်းဖြစ်သွားတဲ့ စစ်သူကြီးကို လက်လွတခ


်ံလိုက်ပါလား"

"ဒါပေမယ့် သူက ငါ့အတွက် ခင်မင်ရင်းနှီးရတဲ့သူငယ်ချင်း မိတ်ဆွေလေ၊ အဲ့လုလ


ိုပ်တာ မှားတယ်"

သို့နှင့်ပင် "စွန်းကျန့်"(Sun Jian) ၏အလောင်းကို တစ်ဖက်သို့ ပြန်ပို့ ပေးခဲ့ပြီး နှစ်ဦးနှစ်ဖက်


ငြိမ်းချမ်းရေးယူခဲ့လေသည်။ "စွန်းကျန့်"(Sun Jian) ကို ချွဲ့မြေပြန့်တွင် မြှုပ်နှံခဲ့သည်။
ဈာပနအခမ်းအနားပြီးသော် "စွန်းချဲ့"(Sun Ce) သည် စစ်တပ်ကို ဦးဆောင်ကာ အိမ်သို့ ပြန်လေသည်။
"စွန်းချဲ့"(Sun Ce) သည် အသက်ငယ်သော်လည်း ချန်ဆားကို ကောင်းကောင်းအုပ်ချုပ်နိုင်ခဲ့သည်။
ရိုကျိုးမှုနှင့် ရက်ရောတတ်မှုတို့ ကြောင့် သူ့လက်အောက်တွင် သူရဲကောင်း၊ ပညာရှိတို့ ဝင်ကာ
အမှုထမ်းကြလေသည်။

မြို့တော် ချန်အန်းတွင် "တုန်ကျိုး"(Dong Zhuo) သည် "စွန်းကျန့်"(Sun Jian) ၏ သေဆုံးမှုအကြောင်းကို


ကြားလျှင်

"ငါ့ကို ဒုကေ
ၡ ပးနိုင်မယ့် မိစ္ဆာတစ်ကောင်ကတော့ ဇီဝိန်ချုပ်သွားရှာပြီ" ဟု ဆိုသည်။

ထို့နောက် "စွန်းကျန့်"(Sun Jian) ကျန်ရစ်ခဲ့သော သားသမီးတို့ကို မေးရာ အကြီးဆုံးသားမှာ


ဆယ့်ခုနှစ်နှစ်သာ ရှိသေးသည်ဆုသ
ိ ဖြင့် ငယ်သေးသဖြင့် အန္တရာယ်မပေးနိုင်သေးဟူသော အတွေးဖြင့်
စိတခ
်ျလက်ချပင် နေလေသည်။

"တုန်ကျိုး"(Dong Zhuo) ၏ မောက်မာမှုတို့ သည်ကား အရင်ကထက်အဆပေါင်းများစွာ ဆိုးရွားလာသည်။


ညီဖြစ်သူ "တုန်မင်"(Dong Min) ကို ဟွာကျိုးမြို့စား ရာထူးအပြင် ဘယ်တောင်ပံတပ်၏
စစ်သြူ ကီးရာထူးလည်း ပေးလေသည်။ တူဖြစ်သူ "တုန်ဟွမ်"(Dong Huang) ကိုမူ နန်းတွင်းတွင်

106
အမှုထမ်းစေကာ နန်းတော်အစောင့်တပ် တပ်မှူးရာထူး ပေးလေသည်။ ထို့ပြင် သူ၏ ဆွေမျိုးသားချင်း
ကြီးကြီးငယ်ငယ် မည်သူကိုမဆို မြှောက်စားလေ၏။

ထို့ပြင် မြို့တော်မှ မိုင်ရှစ်ဆယ်ဝေးသောအရပ်တွင် မေဝေါ်ဟုခေါ်သော မြို့တော်ချန်အန်းနှင့်


တစ်ထေရာတည်းတူသော မြို့သစ်တစ်ခု ဆောက်စေသည်။ လူပေါင်းနှစ်သိန်းခွဲတို့ ကို အသုံးချကာ
ထိုမြို့သစ်ကို တည်စေသည်။ ထိုမြို့ဝယ်သိုလှောင်ထားသော ပစ္စည်းတို့ မှာ နှစ်နှစ်ဆယ်အထိ
ဖူလံန
ှိုင်သည် ဆို၏။ ထို့ပြင် အလှဆုံး၊အချောဆုံး အမျိုးသမီးရှစ်ရာကို ရွေးချယ်ကာ ထိုမြို့တွင်
နေစေသည်။ "တုန်ကျိုး"(Dong Zhuo) ၏ ကြွယ်ဝမှုကား တွက်ချက်၍ပင် မရနိုင်။ သူ၏ မိသားစုဝင်များ၊
လက်အောက်ငယ်သားတို့ သည် ထိုမြို့သစ်၏ လေးပုံတစ်ပုံကို နေရာယူထားကြသည်ဟု ဆိုသည်။

"တုန်ကျိုး"(Dong Zhuo) သည် ထိုမြို့ကို တစ်လတစ်ခေါက်မျှသွားသည်။ သွားသည့်အခါတိုင်း


ရှင်ဘရ
ု င်တိုင်းခန်းလှည့်လည်သကဲ့သို့ ရံရွေတော်၊ ကိုယ်ရံတော်၊ အမတ်တို့ကို ခြံရံကာ သွားလေသည်။

တစ်ခါသော် ထိုမြို့သို့မသွားမီ သူ၏ချမ်းသာကြွယ်ဝမှု၊ ခမ်းနားမှုတို့ ကို ပြရန် လူအများတို့ ကို


ဖိတြ် ကားစေပြီး အစားအသောက်တို့ ဖြင့် ဧည့်ခံကျွေးမွေးသည်။ ထိုအခိုက်တွင် မြောက်ပိုင်းမှ သူပုန်တို့
လက်နက်ချသဖြင့် ထိုသူပုန်တို့ ကို မြို့တော်ခေါ်လာသည်ဟု သတင်းရောက်လာသည်။ "တုန်ကျိုး"(Dong
Zhuo) သည် ထိုသူပုန်တို့ ကို ရှေ့မှောက်သို့ခေါ်စေကာ အချို့ကို ခြေဖြတ်စေသည်၊ အချို့ကို
လက်ဖြတ်စေသည်၊ အချို့သောသူတို့၏ မျက်လုံးတို့ကို ထိုးဖောက်စေသည်၊ အချို့ကိုမူ
လျာကိုဖြတ်စေ၏။ အချို့သောသူတို့ကိုမူ ပွကပ
်ွက်ဆေ
ူ နသော ရေနွေးအိုးတွင် ထည့်ကာ သတ်စေသည်။
နာကျင်သောကြောင့် အော်သောအသံတို့ ကား ကောင်းကင်သို့တိုင် တိုက်လေသည်။ "တုန်ကျိုး"(Dong
Zhuo) အနီးရှိ နန်းတွင်းသူတို့ က ထိုအခြင်းအရာကို မြင်သောအခါ ကြောက်လွန်း၍ မူးမေ့ကန
ုသည်။
"တုန်ကျိုး"(Dong Zhuo) ကား စကားပြောရင်း ပြုံးကာရယ်လျက်နှင့် ဘာမှမဖြစ်သည့်အလားပင်.......

107
တစ်ရက်တွင် မှူးကြီးမတ်ရာတို့နှင့် အတူ လိုင်းနှစ်လုင
ိးစီကာ ထိုင်ကြပြီး စားသောက်ပွဲ ကျင်းပကြသည်။
အချိန်အနည်းငယ်ကြာသော် ခန်းမဆောင်ထဲသို့ "လွီပ"ု (Lu Bu) ဝင်လာပြီး "တုန်ကျိုး"(Dong Zhuo)
နားကပ်ကာ တီးတိုးပြောသည်။ ထိုအခါ "တုန်ကျိုး"(Dong Zhuo) သည် ပြုံးကာ

"သူက အရင်တည်းက အဲ့လိုပဲ၊ ဝန်ကြီးကျန်းဝမ်(Zhang Wan) ကို အပြင်ဆွဲထုတ်သွားကြစမ်း" ဟု


ဆိုသည်။

အကုန်လုံးလန့်သွားကြသည်။ ခဏကြာသော် လူတစ်ယောက်သည် အဖုံးဖုံးထားသော


ဟင်းခွက်ပန်းကန်တစ်ခုကို ကိုင်ကာ ဝင်လာသည်။ ထို့နောက် ထိုအဖုံးကို ဖွင့်ကာ ဧည့်သည်များဘက်သို့
ပြလိုက်သည်။ ပန်းကန်ပေါ်တွင် "ကျန်းဝမ်"(Zhang Wan) ၏ ခေါင်းဖြစ်သည်။ အမတ်အားလုံး သေမတတ်
ကြောက်ရွံ့ သွားကြလေသည်။ "တုန်ကျိုး"(Dong Zhuo) က ပြုံးလျက် စကားဆိုသည်။

"မကြောက်ပါနဲ့၊ ဝန်ကြီးကျန်းဝမ်(Zhang Wan) က ယွမ်စု(Yuan Shu) နဲ့ ပေါင်းပြီး ကျုပ်ကို


သတ်မလို့ ကြံနေတာ၊ အဲ့ကြံစည်တ့အ
ဲ ကြောင်းရေးထားတဲ့စာက အကြောင်းကြောင်းကြောင့်
ကျုပ်သားလက်ထဲ ရောက်သွားတော့ သက်သေရှိပြီမို့ လို့ သူ့ကို သတ်ပြီးအပြစ်ပေးလိုက်တာ။
ခင်ဗျားတို့ ကတော့ ဘာမှ ကြောက်စရာအကြောင်းမရှိပါဘူး"

အမတ်ကြီးတို့ သည် အလျင်အမြန်ပင် စားဝိုင်းမှ ထွကခ


်ွာကြကုန်သည်။ ထိုအမတ်တို့ ထဲမှ
တစ်ဦးသည်ကား အတွင်းဝန် "ဝမ်ယွင"် (Wang Yun) ဖြစ်သည်။ သူသည် ဝမ်းနည်းစွာတွေးတောရင်းဖြင့်
အိမ်သို့ ပြန်လာသည်။ ထိုညသည် လသာသောညဖြစ်လေရာ "ဝမ်ယွင"် (Wang Yun) သည်
တုတ်ကောက်ကိုကိုင်ကာ သူ့ခြံထဲတွင် လမ်းလျှောက်ထွက်လေသည်။ ထို့နောက် နွယ်ပင်တို့အနားဝယ်
မတ်တပ်ရပ်ကာ ကောင်းကင်ကြီးကို ငေးမောကြည့်ရင်း စိတ်မကောင်းကြီးစွာ မျက်ရည်တို့ ကျလာသည်။
ရုတတ
် ရတ် လူလျှောက်လမ်းအနီးတွင် အသံတစ်သံကြားလိုက်ရပြီး သက်ပြင်းချသော အသံကုပ
ိါ
ကြားလိုက်သဖြင့် သွားကြည့်သောအခါ အိမ်တော်မှ ကချေသည်တစ်ဦးဖြစ်သော "သောင်းချမ်"(Diao
Chan) ဖြစ်နေသည်။

(မှတ်ချက် - Diao Chan ကို တျောက်ချမ် ဟု ပြန်လျှင် မူရင်းအသံထွက်နှင့် ပို၍နီးစပ်သော်လည်း


မြန်မာပရိသတ်တို့သည်ကား သောင်းချမ်ဟေ
ူ သာ အသံနှင့် ပိုရင်းနှီးသဖြင့် သောင်းချမ်ဟသ
ုာ
ဘာသာပြန်ပါမည်။)

ထိုမိန်းကလေးကို ငယ်ငယ်တည်းမှ အိမ်တော်သို့ ခေါ်လာခဲ့ပြီး အဆိုနှင့်အကတို့ကို သင်စေခဲ့သည်။


ယခုအခါ အသက်နှစ်ဆယ့်တစ်ရှိနေပြီဖြစ်ပြီး အလှသွေးကြွယေ
် နသောအချိန်ဖြစ်သည်။

108
ချောမောသည့်အပြင် ဉာဏ်ရည်ထက်မြတ်သော အမျိုးသမီးဖြစ်သည်။ "ဝမ်ယွင်"(Wang Yun) သည်
သူ့ကို အစေခံတစ်ဦးကဲ့သို့ သဘောမထား၊ သမီးအရင်းပမာ ချစ်ခင်လေသည်။

"ဝမ်ယွင်"(Wang Yun) သည် "သောင်းချမ်"(Diao Chan) သက်ပြင်းတချချဖြစ်နေသည်ကို


ခဏတာမျှကြည့်ပြီးနောက် ရုတတ
် ရတ် လှမ်းခေါ်လိုက်သည်။

"ဟေ့....သူငယ်မ....ခိုးကြောင်ခိုးဝှက်နဲ့ ဘာလုပ်ဖို့ ကြံနေတာတုန်း"

ထိုအခါ "သောင်းချမ်"(Diao Chan) သည် ရုတတ


် ရတ်လန့်သွားကာ ဒူးထောက်ပြီး

"ကျွန်တော်မျိုးမက ဘယ်လုမ
ျိား မဟုတ်တာလုပ်ရဲမှာတုန်း" ဟု ဆိုသည်။

"ဒါဆို ဘာလို့ အမှောင်ထဲမှာ တစ်ယောက်တည်းရပ်ပြီး သက်ပြင်းချနေရတာတုန်း"

"ကျွန်တော်မျိုးမ ရင်ထဲက အကြောင်းအရာတွေကို ဖွင့်ပြောလို့ ရပါမလား"

"အကုန်သာပြောပါ။ ဘာမှ ထိမ်ချန်မထားနဲ့"

"သခင်ကြီးက ကျွန်တော်မျိုးမလို အစေခံလေးကို မေတ္တာနဲ့ ကောင်းကောင်းဆက်ဆံပါတယ်၊ ဒါ့အပြင်


အဆိုအကတောင် သင်ပေးခဲ့တယ်။ ကျေးဇူးတွေ များလွန်းလှတဲ့အတွက် သခင့်အတွက် အသက်
အသေခံခဲ့ရင်တောင် သခင့်ကျေးဇူးရဲ့ တစ်ထောင်ပုံတစ်ပုံတောင် ဆပ်နိုင်ဦးမှာမဟုတ်ဘူး ။ အခုတလော
သခင်ကြီးဟာ တိင
ုးပြည့်အရေးအတွက် မျက်မှောင်ကြုံ့ ပြီး စိတ်မကောင်းဖြစ်ပုံပေါ်နေတာကို
သတိထားမိပါတယ်၊ ဒါပေမယ့် ကျွန်တော်မျိုးမဟာ နိမ့်ကျတဲ့အစေခံမို့ လို့ သခင်ကြီးကို မမေးဝံ့ပါ၊
ဒီညနေမှာ သခင်ကြီးက အရင်ကထက်ပိုပြီး စိတည
် စ်နေတာ မြင်ရတဲ့အတွက် ကျွန်တော်မျိုးမလည်း
စိတမ
် ကောင်းဖြစ်ပြီး သက်ပြင်းချမိတာပါ။ ကျွန်တော်မျိုးမသာ သခင့်အတွက် အသုံးဝင်မယ်ဆိုရင်
အခါတစ်သောင်းသေသည့်တိုင်အောင် နောက်မတွန့် ပါဘူး"

109
ထိုအခါ "ဝမ်ယွင်"(Wang Yun) သည် ရုတ်တရတ်အကြံတစ်ခုပေါ်လာကာ တုတ်ကောက်ကို မြေပြင်နှင့်
ခေါက်လိုကြ် ပီး

"ဟန်တိုင်းပြည်ရဲ့အနာဂတ်က မင်းအပေါ် အများကြီးမူတည်နေလိမ့်မယ်လို့ ဘယ်သူထင်ပါ့မလဲ။ ငါနဲ့


လိုက်ခဲ့" ဟု ဆိုသည်။

"သောင်းချမ်"(Diao Chan) သည်လည်း "ဝမ်ယွင်"(Wang Yun) နှင့် အတူ အိမ်အတွင်းသို့


လိုက်သွားသည်။ "ဝမ်ယွင်"(Wang Yun) သည် အိမ်အတွင်းရှိ အစေခံတို့ကို အပြင်ထွကေ
် စလျက်
"သောင်းချမ်"(Diao Chan) ကို ခုံမြင့်ပေါ်တွင် ထိုင်စေကာ ခါးကိုညွှတြ် ပီး အရိုအသေပေးလေသည်။
ထိုအခါ "သောင်းချမ်"(Diao Chan) သည် ကြောက်လန့်ကာ ထိုင်ခုံမှ ပြန်ထပြီး အဘယ်ကြောင့်
ထိုသို့ ပြုမူရကြောင်း မေးသည်။ ထိုအခါ "ဝမ်ယင
ွ်"(Wang Yun) သည်

"ဟန်တိုင်းပြည်ရဲ့ ပြည်သူလူထုတွေကို သနားပါ" ဟု ဆိုကာ မျက်ရည်တို့ ကျလာသည်။

"သခင်ကြီး၊ ကျွန်တော်မျိုးမ ပြောပြီးခဲ့ပါပြီကော....သခင့်အတွက်ဆို ဘာဖြစ်ဖြစ် လုပ်ပေးမယ်လို့"

"ဝမ်ယွင်"(Wang Yun) သည် ဒူးထောက်ပြီး အောက်ပါအတိုင်းပြောသည်။

"လူတွေက သေကြေပျက်စီးကြရတော့မယ်၊ မင်းသားနဲ့ တခြားအမတ်တွေလည်း ဘယ်တော့


အန္တရာယ်ကျရောက်မလဲဆိုတာ မသိနိုင်ဘူး။ မင်းတစ်ယောက်တည်းသာ ဒါတွေမဖြစ်အောင်
ကယ်တင်နိုင်မယ်။ တုန်ကျိုး(Dong Zhuo) က ဘုရင်ကိုတောင် နန်းချချင်နေပြီ။ ငါတို့အမတ်တွေထမ
ှဲာ
သူ့ကို တားနိုင်တဲ့လူတစ်ယောက်မှ မရှိဘူး။ သူ့ဆီမှာ မွေးစားသားတစ်ယောက်ရှိတယ်။
လက်ရုံးရည်အရာမှာ ပြိုင်စံရှားအောင် တော်တဲ့လူပဲ။ ဒါပေမယ့် သားအဖနှစ်ယောက်လုံးက မိန်းမချောဒဏ်
မခံနိုင်ဘူး၊ အဲ့တော့ ငါက သူတို့ရဲ့အဲ့ပျော့ကွက်ကို အသုံးချပြီး ငါ့ရဲ့ မဟာစီမံကိန်းကို လုပ်ဆောင်မယ်။
ပထမဆုံး မင်းကို လွီပု(Lu Bu) နဲ့ လက်ဆက်စေမယ်ဆိုပြီး စကားကမ်းလှမ်းလိုက်မယ်၊ ပြီးရင် မင်းကို
တုန်ကျိုး(Dong Zhuo) ဆီကို ပို့လိုက်မယ်၊ မင်းက အခွင့်အခါကြုံတိုင်း သားအဖနှစ်ဦးကို ရန်တိုက်ပေးပါ၊
နောက်ဆုံး လွီပ(ု Lu Bu) က သူ့မွေးစားအဖေကို သတ်လိုကရ
် င်တော့ ပြီးပြီပဲ။ အားလုံး
မင်းအပေါ်မူတည်တယ်၊ ဒါကို လုပ်မလား"

"ကျွန်တော်မျိုးမက အသက်ပင်သေသေ၊ အရေပင်ခန်းခန်း၊ သခင့်အကျိုးတော်အတွက်ဆို အကောင်းဆုံး


လုပ်ဆောင်ပါမယ်"

"ဒီကြံစည်မှုသာ ပေါက်ကြားသွားရင် ငါတို့တော့ အသက်ခံရမယ်"

"စိတမ
် ပူပါနဲ့၊ ကျွန်တော်မျိုးမ နှုတ်မလုံခဲ့ရင် ဓားပေါင်းများစွာလက်ချက်နဲ့ သေဆုံးပါစေ"

"ကျေးဇူးပဲ။ တကယ် ကျေးဇူးတင်ပါတယ်"

110
ထို့နောက် "ဝမ်ယွင"် (Wang Yun) သည် ဘိုးဘွားပိုင်ရနနာဖြစ်သည့် ပုလဲများစွာတို့ကို အသုံးချကာ
ရွှေဖြင့်သွန်း၍ပုလဲဖြင့် တန်ဆာဆင်ထားသော ခေါင်းဆောင်းကို "လွီပု"(Lu Bu) ထံ
လက်ဆောင်ပေးပို့လိုက်သည်။ ထိုအခါ "လွီပု"(Lu Bu) သည် "ဝမ်ယွင"် (Wang Yun) ကို
ကျေးဇူးတင်သဖြင့် "ဝမ်ယွင"် (Wang Yun) ၏ အိမ်ရောက်လာသည်။ ထိုအခါ "ဝမ်ယွင"် (Wang Yun)
သည် အစားကောင်းအသောက်ကောင်းတို့ဖြင့် တည်ခင်းပြီး "လွီပု"(Lu Bu) အား မြင့်မြတ်သောနေရာတွင်
ထိုင်စေသည်။

"ကျွန်တော်က ဝန်ကြီးချုပ်လက်အောက်က အမှုထမ်းဖြစ်ပြီး ခင်ဗျားကတော့ နိုင်ငံရဲ့ဝန်ကြီးပဲဗျာ.... ဘာလို့


ဒီလိုလက်ဆောင်ပေးရတာလဲ"

"ဘာလို့လဲဆိုတော့ လောကကြီးမှာ ခင်ဗျားကို ယှဉ်နိုင်မယ့် သူရဲကောင်းမရှိလို့ပါ။ ကျွန်တော်ဆိုတဲ့


ဝမ်ယင
ွ်(Wang Yun) က ရာထူးအဆင့်အတန်းကို အရိုအသေပေးတာမဟုတ်၊ အစွမ်းအစရှိတဲ့လက
ို
လေးစားလို့ လက်ဆောင်ပေးရတာပါ"

ထိုစကားတို့သည် "လွီပု"(Lu Bu) ကို အင်မတန် ပျော်ရွှင်သွားစေသည်။ "ဝမ်ယွင်"(Wang Yun)


အရက်တိုကရ
် င်းဖြင့် ဆက်လက်ကာ မြှောက်ပင့်စကားတို့ ကို ဆိုလေသည်။ "လွီပ"ု (Lu Bu) သည်ကား
ရယ်ကာမောကာနှင့် အိမ်ရှင်ပေးသောအရက်တို့ကို အားပါးတရသောက်သည်။ ထို့နောက်
"ဝမ်ယွင်"(Wang Yun) သည် ဘေးပတ်ဝန်းကျင်၌ အစေအပါးတို့ကို အပြင်သို့ ထွကေ
် စပြီး
အနည်းငယ်သာ ထားသည်။ "လွီပု"(Lu Bu) အရက်ရေချိန်ကိုက်သောအခါ တွင် "ဝမ်ယွင"် (Wang Yun)
က

"သူ့ကို ဝင်လာခိုင်းချေ" ဟု ဆိုလိုက်သည်။

ထိုအခါ ဘေးတွင် ရံရွေတော်နှစ်ဦးနှင့်အတူ အလယ်မှ လှလပ


ှ ပဖြင့် အဖြူရောင်ဝတ်ဆင်ထားသော
"သောင်းချမ်"(Diao Chan) ထွက်လာသည်။

"သူက ဘယ်သူလ"ဲ

"သူက ကျွန်တော့် မွေးစားသမီး သောင်းချမ်(Diao Chan) ပါ။ ကျွန်တော့်သမီးကို ခင်ဗျားနဲ့


ရင်းနှီးစေချင်လို့ ပါ"

ထို့နောက် "ဝမ်ယွင"် (Wang Yun) သည် "သောင်းချမ်"(Diao Chan) ကို အရက်ငှဲ့ခိုင်းလိုက်သည်။


ထိုအခိုက်တွင် "သောင်းချမ်"(Diao Chan) နှင့် "လွီပ"ု (Lu Bu) တို့ အကြည်ခ
ျ့င်းဆုံလေသည်။

"ဝမ်ယွင်"(Wang Yun) သည် မသိကျိုးကျွံပြုကာ စကားဆိုသည်။

111
"စစ်သူကြီးကို ကျွန်တော့်သမီးက အရက်ထပ်သောက်ပါဦးလို့ ဆိုတယ်ဗျ....ကျွန်တော်တို့ တစ်အိမ်လုံးက
ခင်ဗျားအပေါ်မှီနေရတာပါ"

"လွီပု"(Lu Bu) သည် "သောင်းချမ်"(Diao Chan) အား မက်တပ်ရပ်နေရာမှ ထိုင်ရန်ဆုသ


ိ ည်။
"သောင်းချမ်"(Diao Chan) က ထိုအခန်းထဲမှ ပြန်ထွကခ
်ျင်ဟန် ပြုမူလေသည်။ ထိုအခါ "ဝမ်ယွင်"(Wang
Yun) မှ ဝင်၍ ဤနေရာမှာပင် ခဏနေသင့်ကြောင်း၊ ဧည့်သည်မှာ သူ၏ သူငယ်ချင်းကောင်းဖြစ်ကြောင်း
စသည်ဖြင့် ပြောဆိုလေသည်။ ထိုအခါမှသာ "သောင်းချမ်"(Diao Chan) က သူ၏ သခင်အနားဝယ်
ရိုကျိုးစွာထိုင်သည်။

"လွီပု"(Lu Bu) သည် အရက်ကို တစ်ခွက်ပြီးတစ်ခွက်သောက်နေသော်လည်း အကြည့်သည်ကား


"သောင်းချမ်"(Diao Chan) ထံမှ မခွာ။ "ဝမ်ယွင"် (Wang Yun) မှ

"ကျွန်တော့်မွေးစားသမီးကို ခင်ဗျားအိမ်တော်မှာ အလုပ်လုပ်ဖို့ လက်ဆောင်ပေးမယ်ဆို


ခင်ဗျားလက်ခံမလား" ဟု မေးသည်။ ထိုအခါ "လွီပု"(Lu Bu) သည် ထကာ

"ဒီလိုဆိုရင်တော့ ခင်ဗျားကို ကျေးဇူးအလွန်တင်မိမှာပဲ" ဟုဆိုသည်။

"ကျွန်တော် ရက်ကောင်းရက်သာရွေးပြီး သူ့ကို ခင်ဗျားအိမ်တော်ပို့ ပေးပါ့မယ်"

ထို့နောက် "လွီပ"ု (Lu Bu) ပြန်ရန် အချိန်တန်သဖြင့် "ဝမ်ယွင"် (Wang Yun) မှ ဤသို့ ပြောသည်။

"ကျွန်တော်က ခင်ဗျားကို ကျွန်တော့်အိမ်မှာပဲ တညတာနေခိုင်းစေချင်ပါတယ်။ ဒါပေမယ့် အဲ့လိုဆို


ဝန်ကြီးချုပ်က တစ်မျိုးထင်နိုင်တယ်"

သို့နှင့် "လွီပု"(Lu Bu) သည် "ဝမ်ယွင"် (Wang Yun) အား ကျေးဇူးတင်စကား ပြောပြီးနောက်
ထွက်ခွာသွားလေသည်။

ရက်အနည်းငယ်ကြာသော် နန်းတော်ထဲ၌ "လွီပု"(Lu Bu) မရှိသောအခါတွင် "ဝမ်ယွင"် (Wang Yun) သည်


"တုန်ကျိုး"(Dong Zhuo) ထံသွားကာ

"ဝန်ကြီးချုပ်ခင်ဗျား၊ စိတ်မရှိဘူးဆိုရင် ကျွန်တော့်အိမ်မှာ ထမင်းစားကြွပါ" ဟု ဆိုသည်။ "တုန်ကျိုး"(Dong


Zhuo) ကလည်း

"ခင်ဗျားသာဖိတ်ရင် ကျုပ် ချက်ချင်းလာစားမယ်" ဟု ပြန်ပြောသည်။

"ဝမ်ယွင်"(Wang Yun) သည် ကျေးဇူးတင်စကားပြောပြီးနောက် အိမ်သို့ပြန်ကာ တစ်နိုင်ငံလုံးတွင်


အကောင်းဆုံးဟုဆိုနိုင်သည့် အစားအစာတို့ကို ဝယ်စေသည်။ ထို့ နောက် အခန်းကို

112
လှအောင်ပြင်ထားစေပြီး ဝန်ကြီးချုပ် ထိုင်မည့်နေရာကို လှပစွာ ခင်းကျင်းထားလေသည်။ နောက်ရက်
ညနေတွင် ဝန်ကြီးချုပ်ရောက်လာသောအခါ "ဝမ်ယွင်"(Wang Yun) သည် အပေါက်ဝမှ ဆီးကြိုသည်။
"တုန်ကျိုး"(Dong Zhuo) တွင် ကိုယရ
်ံတော်တစ်ရာပါလာလေသည်။ ခန်းမဆောင်သည်ကား
ကိုယ်ရံတော်တို့ ဖြင့် ပြည့်သွားသည်။ "တုန်ကျိုး"(Dong Zhuo) သည် မြင့်သော နေရာတွင် ထိုင်ပြီး
အောက်တွင်ကိုယရ
်ံတော်တို့ က ဘယ်ညာလိုင်းနှစ်လိုင်း ခွဲ၍ နေရာယူထားသည်။ ပထမသော်
"ဝမ်ယွင်"(Wang Yun) သည်လည်း အောက်ဘက်တွင် ထိုင်နေလေရာ နောက်တွင်မှ "တုန်ကျိုး"(Dong
Zhuo) က သူ့ဘေးတွင် စားပွဲခင်းကာ ထိုင်စေသည်။ "ဝမ်ယင
ွ်"(Wang Yun) မှ ဤသို့ ပြောသည်။

"ဝန်ကြီးချုပ်ရဲ့ ကိုယ်ကျင့်တရားက တောင်ကြီးလိုပဲ မြင့်မားလှပါတယ်။ ဟိုးအရင်က လူတွေတောင် မှီနိုင်မှာ


မဟုတ်ဘူး"

"တုန်ကျိုး"(Dong Zhuo) သည် ပြုံးသည်။ ထို့ နောက် စားပွဲတို့တည်ခင်းပြီး အတီးအမှုတ်တို့ ဖြင့်


ဖျော်ဖြေစေသည်။ "ဝမ်ယွင်"(Wang Yun) သည် "တုန်ကျိုး"(Dong Zhuo) ကို မြှောက်ပင့်ပြီးရင်း
မြှောက်ပင့်လေသည်။ အချိန်အတန်ကြာ၍ အရက်အတော်အတန်သောက်ပြီးကြသော် "တုန်ကျိုး"(Dong
Zhuo) ကို အခန်းအတွင်းသို့ ဖိတ်ခေါ်သည်။ "တုန်ကျိုး"(Dong Zhuo) ကလည်း သူ့ကိုယ်ရံတော်တို့ကို
အပြင်၌ပင် စောင့်ခိုင်းစေကာ အထဲသို့ဝင်သည်။

ထို့နောက် "ဝမ်ယွင"် (Wang Yun) သည် အရက်ကရားကို ကိုင်ကာ အောက်ပါအတိုင်းပြောသည်။

"ကျွန်တော် ငယ်ငယ်တည်းက နက္ခတ်တာရာတွေကို လေ့လာခဲ့ပါတယ်။ ကျွန်တော်


ကြည့်ရသလောက်ကတော့ ဟန်ခေတ်ကြီးရဲ့ သက်တမ်းက သိပ်ရှည်မှာ မဟုတ်တော့ဘူး။ ဝန်ကြီးချုပ်ရဲ့
လုပ်ဆောင်မှုတွေက တစ်လောကလုံးကိုတောင် အုပ်ချုပ်နိုင်လောက်ပါတယ်၊ ဟိုးရှေးယခင်က
အရည်အချင်းရှိတဲ့လူတွေက ဘုရင်ရာထူးကို ယူသလိုမျိုးပေါ့"

"ကျုပ် ဒီလောက်တော့ ဘယ်မျှော်လင့်ရဲပါ့မလဲ"

"ဟိုးရှေးခေတ်တည်းက မကောင်းတဲ့လူတွေရဲ့ ရာထူးကို ကောင်းတဲ့လူက အစားထိုးခဲ့ကြတာမဟုတ်လား။


ကိုယ်ကျင့်တရားမရှိတ့လ
ဲူက ရှိတဲ့လက
ို မယှဉ်နိုင်ဘူးလေ။ ဘယ်သူက ကံတရားရဲ့အလိုဆန္ဒကို
ရင်ဆုင
ိနိုင်ပါ့မလဲ"

"အကယ်၍ ကျုပ်သာ ကောင်းကင်ဘုံရဲ့ ဆန္ဒကို ခံယူရပြီး အဲ့လိုရာထူးရခဲ့ရင် ခင်ဗျားကို ပထမဆုံး


ပစားပေးပါ့မယ်"

ထိုအခါ "ဝမ်ယွင်"(Wang Yun) သည် "တုန်ကျိုး"(Dong Zhuo) ကို ခါးညွတ်ကာ အရိုအသေပေးသည်။

113
ထို့နောက် မီးတို့ကို ထိန်ထန
ိထွန်းစေကာ အစောင့်တို့ ကို အပြင်သို့ထွက်စေ၍ ကညာပျိုလေးတို့အား
ဟင်းတို့ကို ဆက်သစေလေသည်။ ထို့နောက် "ဝမ်ယွင"် (Wang Yun) က ဤသို့ပြောသည်။

"ပုံမှန်ဂီတပညာရှင်တွေရဲ့ ဖျော်ဖြေမှုတွေကို ဝန်ကြီးချုပ်က မြင်ဖူးနေကျဆိုတော့ ရိုးနေမှာပါ။ ဝန်ကြီးချုပ်ကို


ကျေနပ်အောင် ဖျော်ဖြေစေမယ့် အိမ်စေမိန်းကလေးတစ်ဦးရှိပါတယ်"

"ကောင်းတာပေါ့"

ထို့နောက် ကန့်လန့်ကာကို ဖွင့်လာကာ အတွင်းမှ "သောင်းချမ်"(Diao Chan) ထွက်လာပြီး


ကပြဖျော်ဖြေလေသည်။ ထိုအကပြီးသွားသောအခါ "တုန်ကျိုး"(Dong Zhuo) က "သောင်းချမ်"(Diao
Chan) ကို ရှေ့မှောက်ကို ခေါ်စေလိုက်သည်။ "တုန်ကျိုး"(Dong Zhuo) သည် "သောင်းချမ်"(Diao Chan)
၏ အလှနှင့် ကျက်သရေရှိမှုတို့ ကို မြင်ကာ နှစ်သက်သွားသည်။

"သူက ဘယ်သူတန
ုး"

"သူက ကချေသည်လေးပါ၊ သောင်းချမ်(Diao Chan) လို့ ခေါ်ပါတယ်"

"သူ သီချင်းကော ဆိုတတ်လား"

ထိုအခါ "ဝမ်ယွင်"(Wang Yun) က "သောင်းချမ်"(Diao Chan) ကို သီချင်းဆိုစေသည်။ "တုန်ကျိုး"(Dong


Zhuo) သည် အားရစွာဖြင့် ထိုကချေသည်လေးကို ချီးမွမ်းသည်။ "ဝမ်ယွင်"(Wang Yun) သည်
"သောင်းချမ်"(Diao Chan) အား "တုန်ကျိုး"(Dong Zhuo) ထံ အရက်ခွက်ငှဲ့စေသည်။ "တုန်ကျိုး"(Dong
Zhuo) က "သောင်းချမ်"(Diao Chan) ၏ အသက်ကို မေးသည်။

"ကျွန်တော်မျိုးမက နှစ်ဆယ့်တစ် ရှိပါပြီ"

ထိုအခါ "ဝမ်ယွင်"(Wang Yun) က မတ်တပ်ရပ်ကာ ဤသို့ ပြောသည်။

"ဝန်ကြီးချုပ်က စိတ်မရှိဘူးဆိုရင် ကျွန်တော်က ဒီကချေသည်လေးကို ဆက်သပါ့မယ်"

"ဒီလိုဆိုရင်တော့ ကျေးဇူးတင်မဆုံးအောင် ရှိနေမှာပဲ"

"သူမသာ ဝန်ကြီးချုပ်ရဲ့ အစေခံဖြစ်မယ်ဆိုရင် ဒါသူ့ရဲ့ကံကောင်းမှုပါပဲ"

"တုန်ကျိုး"(Dong Zhuo) သည် "ဝမ်ယွင"် (Wang Yun) ကို ကျေးဇူးအလွန်တင်လေ၏။ ထို့နောက်


"သောင်းချမ်"(Diao Chan) ကို တင်ဆောင်သွားရန် ထမ်းယာဉ်ပြင်စေသည်။ မကြာမီပင် "တုန်ကျိုး"(Dong
Zhuo) ပြန်လေရာ "ဝမ်ယွင"် (Wang Yun) ကလည်း "တုန်ကျိုး"(Dong Zhuo) နှင့် အတူ
အိမ်တော်သို့ လိုက်ပါသွားသည်။

114
"ဝမ်ယွင်"(Wang Yun) အိမ်ပြန်ရာ လမ်းတစ်ဝက်အရောက်တွင် လှံကိုကိုင်လျက် မြင်းနီကို စီးလာသော
"လွီပု"(Lu Bu) နှင့် တွေ့သည်။ "ဝမ်ယင
ွ်"(Wang Yun) ကို တွေ့သည်နှင့် "လွီပု"(Lu Bu) သည်
ချက်ချင်းလာကာ လည်ကပ
ုကိုဆွဲကိုင်ပြီး ဒေါသဖြင့် မေးသည်။

"ခင်ဗျားပြောတော့ သောင်းချမ်(Diao Chan) ကို ကျုပ်ကို ပေးမယ်ဆို၊ အခု ဘာလို့ ဝန်ကြီးချုပ်ကို


ပေးလိုက်တာတုန်း၊ ဒါ ကျုပ်ကို အရူးလုပ်တာလား"

"ဒီမှာ စကား ပြောလို့ မကောင်းဘူး၊ ကျွန်တော့် အိမ်လိုက်ခဲ့ပါ။ ရှင်းပြပါ့မယ်"

သို့နှင့် နှစ်ယောက်သား အိမ်သို့ သွားပြီး နောက် "ဝမ်ယင


ွ်"(Wang Yun) သည် "လွီပု"(Lu Bu) အား
ဤသို့ပြောသည်။

"ဘာလို့ စစ်သြူ ကီးက ကျွန်တော့်အပြစ်လို့ ထင်ရတာတုန်း"

"ခင်ဗျားက သောင်းချမ်(Diao Chan) ကို ဝန်ကြီးချုပ်အိမ်လိုက်ပို့တယ်လို့ လူတွေ ပြောသံကြားလို့ ၊ ဒါက


ဘာအဓိပ္ပာယ်တုန်း"

"ခင်ဗျား အထင်လွဲလည်း အထင်လွဲစရာပါပဲ။ မနေ့က နန်းတော်မှာ ဝန်ကြီးချုပ်က ကျွန်တော့်အိမ်မှာ


ပြောစရာစကား ရှိတယ်ဆိုတော့ ကျွန်တော်ကလည်း သူလာတဲ့အခါမှာ ပြင်ဆင်စရာရှိတာ ပြင်ထားတာပေါ့။
စားပွဲမှာ သူက ဒီလိုပြောတယ်ဗျ။

'ခင်ဗျားအိမ်မှာ သောင်းချမ်(Diao Chan) ဆိုတဲ့ မိန်းကလေးကို ကျုပ်သား လွီပု(Lu Bu) ကို ပေးမယ်ဆိုပြီး
ပြောထားတာ ရှိတယ်မဟုတ်လား၊ ကောလာဟာလလို့ ထင်ပေမယ့် ဟုတ်လား မဟုတ်လားမေးကြည့်တာ၊
တကယ်ဆိုရင်တော့ သူ့ကိုမြင်ချင်တယ်'

ကျွန်တော်က သူ့ကို ဘယ်ဖီဆန်နိုင်ပါ့မလဲ။ အဲ့တော့ သောင်းချမ်(Diao Chan) ကို


ခေါ်ထုတ်လုက
ိရတာပေါ့၊ နောက်တော့ သူက သောင်းချမ်(Diao Chan) ကို ခေါ်သွားပြီး စစ်သြူ ကီးနဲ့
ပေးစားမယ်လို့ ဆိုလို့ ထည့်ပေးလိုက်တာပါ၊ ကျွန်တော်က သူ့ကို ဘယ်တားနိုင်ပါ့မလဲ"

115
"ခင်ဗျား မမှားပါဘူး၊ ကျွန်တော် ခင်ဗျားကို အထင်လွဲမိတာ တောင်းပန်ပါတယ်"

"မင်္ဂလာဝတ်စုံတွေကို ကျွန်တော် ခင်ဗျားဆီပို့ ပေးလိုက်ပါ့မယ်"

"လွီပု"(Lu Bu) သည် ကျေးဇူးတင်စကားဆိုပြီး ထွက်သွားသည်။ နောက်ရက်


နန်းတော်ထဲသို့ ရောက်သောအခါ အကြောင်းအရင်းမှန်ကို သိသော်လည်း ဘာမှမကြားနိုင်တော့။
ထို့နောက် နန်းဆောင်အတွင်းသွားကာ ရံရွေတော်တို့ကို "သောင်းချမ်"(Diao Chan) အကြောင်း
မေးသည်။ တစ်ဦးက ဝန်ကြီးချုပ်သည် ယမန်နေ့ မိန်းကလေးတစ်ဦးကို ခေါ်လာရာ ယခုထိ အိပ်ရာမှ
မထသေးဟု ဆိုသည်။ ထိုအခါ "လွီပ"ု (Lu Bu) သည် ဒေါသမိုးမွှန်ကာ "တုန်ကျိုး"(Dong Zhuo)
အိပ်ရာအခန်းအတွင်းသို့ ခိုးဝင်သွားသည်။

ထိုအချိန်တွင် "သောင်းချမ်"(Diao Chan) သည် အိပ်ယာနိုးနေပြီဖြစ်ပြီး ပြတင်းပေါက်အနီးဝယ်


ဆံပင်တို့ ကိုပြင်နေသည်။ သူမသည် အပြင်ဘက်ရှိ ရေကန်မှ လူတစ်ဦး၏ အရိပ်ကုေ
ိ တွ့လိုက်သည်။
ထိုအရိပ်မှ ခေါင်းဆောင်းသဏ္ဍာန်ကို မြင်လေရာ "လွီပ"ု (Lu Bu) ၏ ခေါင်းဆောင်းဖြစ်မှန်း သိလေသည်။
ထို့ကြောင့် သူမသည် မျက်မှောင်ကိုကျုံ့ကာ သက်ပြင်းတတွေတွေချလျက် ပဝါကိုကုင
ိပြီး
မျက်ရည်သတ
ုသည့်ဟန် ပြုလေသည်။ "လွီပု"(Lu Bu) သည် မတ်တပ်ရပ်ကာ အကြာကြီး ကြည့်နေ၏။

ထို့နောက် "လွီပ"ု (Lu Bu) သည် "တုန်ကျိုး"(Dong Zhuo) ထံအခစားဝင်ရာ "တုန်ကျိုး"(Dong Zhuo) က
ကိစ္စအကြောင်းထူးတစ်စုံတရာ ရှိပါ၏လောဟု မေးလျှင် "လွီပု"(Lu Bu) က "မရှိဘူး" ဟု
တုံးတိတိပြန်ဖြေလေသည်။ "လွီပု"(Lu Bu) သည် "တုန်ကျိုး"(Dong Zhuo) နံနက်စာစားနေခိုက်
နံဘေးတွင် ရပ်နေသည်။ ထိုအခါ ကန့်လန့်ကာ နောက်ကွယ်မှ အမျိုးသမီးတစ်ဦးသည် သူ့ကို
ကြည့်နေသည်ဟု ခံစားမိ၍ "လွီပ"ု (Lu Bu) က သူချစ်ရသူ "သောင်းချမ်"(Diao Chan) ဟု ထင်ကာ
လှည့်ကြည့်သည်။ ထိုအခါ "လွီပ"ု (Lu Bu) ၏ ထူးဆန်းသောအမူအရာကို မြင်လျှင် "တုန်ကျိုး"(Dong
Zhuo) မသင်္ကာဖြစ်လေသည်။ "တုန်ကျိုး"(Dong Zhuo) မှ

"မင်း ဘာမှ လုပ်စရာမရှိဘူးဆို သွားလို့ ရပြီ" ဟု ပြောလိုက်သည်။

သို့နှင့် "လွီပု"(Lu Bu) မှာ မသွားချင်သွားချင်နှင့် သွားရသည်။

"တုန်ကျိုး"(Dong Zhuo) သည်ကား သူ၏အသစ်စက်စက်မယားချောချောလေးမှ လွဲပြီး


ဘာကိုမျှအာရုံမလာတော့။ တစ်လကျော်မျှ တိုင်းပြည်အရေးကို လျစ်လျူရှူထားသည်။ ပျော်ရွှင်မှုဘက်သာ
အာရုံထားတော့သည်။ "တုန်ကျိုး"(Dong Zhuo) သည် "သောင်းချမ်"(Diao Chan) ကို မိမိအနားမှ မခွာပဲ

116
နေစေသည်။ "သောင်းချမ်"(Diao Chan) ကလည်း "တုန်ကျိုး"(Dong Zhuo) ၏ အလိုဆန္ဒအလုံးစုံတို့ ကို
လိုက်လျောလေရာ "တုန်ကျိုး"(Dong Zhuo) ၏ နှစ်သက်ခြင်းခံရလေသည်။

တစ်ရက်တွင် "လွီပု"(Lu Bu) သည် သူ့ မွေးစားအဖေကို သာကြောင်းမာကြောင်းမေးရန် အခန်းအတွင်းသို့


ဝင်လာသည်။ "တုန်ကျိုး"(Dong Zhuo) ကား အိပ်ပျော်နေပြီး "သောင်းချမ်"(Diao Chan) မှာ
အိပ်ယာထက်ဝယ်ထိုင်နေသည်။ "သောင်းချမ်"(Diao Chan) သည် "လွီပု"(Lu Bu) ကို မြင်လျှင်
လက်ညှိုးတစ်ချောင်းကို မိမိ၏နှလုံးကို ညွှန်ပြပြီး လက်ညှိုးတစ်ဖက်က "တုန်ကျိုး"(Dong Zhuo) ကို
ညွှန်ကာ မျက်လုံးမှ မျက်ရည်များကျလာလေသည်။ ၎င်းကိုမြင်သော "လွီပု"(Lu Bu) ကား
အသည်းကွဲမတတ်ခံစားရလေ၏။ ထိုအချိန်တွင် "တုန်ကျိုး"(Dong Zhuo) သည် အိပ်ရာမှ ထလာပြီး
"လွီပု"(Lu Bu) က "သောင်းချမ်"(Diao Chan) ကို ကြည့်နေသည်ကို မြင်လိုက်လေလျှင်

"ငါ့အချောအလှလေးကို မင်းက ကြိုက်ရဲတယ်" ဟု အော်ငှေါက်ကာ လွှတလ


ိုကသ
် ည်။ ထို့ ပြင်

"ဒီကောင့်ကို ဘယ်တော့မှ အထဲပေးမဝင်နဲ့" ဟု အစောင့်တို့ ကို ပြောလိုက်လေသည်။

"လွီပု"(Lu Bu) သည် အင်မတန်ဒေါသထွက်ပြီး အိမ်သို့ ပြန်သွားသည်။ လမ်းတွင် အကြံပေး "လီရ"ု (Li Ru)
နှင့် တွေ့ရာ ဖြစ်ကြောင်းကုန်စင်ကို ပြောလိုက်လေသည်။ "လီရ"ု (Li Ru) သည်
သူ့သခင်ထံအမြန်သွားကာ

"သခင်ကြီး၊ တိုင်းပြည်ကို အုပ်ချုပ်ချင်ရင် ဘာကြောင့် အပြစ်လေးတစ်ခုနဲ့ စစ်သူကြီးကို မာန်မဲရတာလဲ။


အကယ်၍ သူသာ ပုန်ကန်ရင် သွားပြီပဲ" ဟု ဆိုသည်။

"ဒါဆို ဘယ်လိုလပ
ုရမလဲ"

"မနက်ဖြန် သူ့ကို ခေါ်ပြီး ကောင်းကောင်းမွန်မွန်ဆက်ဆံပါ၊ လက်ဆောင်တွေဘာတွေ ပေးလိုက်ရင်


သူလည်း စိတေ
် ပြသွားမှာပါ"

နောက်ရက်ဝယ် "တုန်ကျိုး"(Dong Zhuo) သည် "လွီပု"(Lu Bu) ကို ခေါ်ပြီး

"မနေ့က ငါပြောတာ နည်းနည်းလွန်သွားတယ်၊ စိတ်မရှိပါနဲ့။ ငါ့ကို ခွင့်လွတပ


်ါ" ဟု ဆိုသည်။

ထို့နောက် "လွီပ"ု (Lu Bu) အား ရွှေသုံးရာအောင်စနှင့် အထည်လပ


ိ နှစ်ဆယ်တို့ကို
လက်ဆောင်ပေးသည်။ သို့နှင့် နှစ်ဦးသားပြန်ပြေလည်သွားကြသည်။ "လွီပု"(Lu Bu) သည်
"တုန်ကျိုး"(Dong Zhuo) နှင့် အတူရှိနေခဲ့သော်လည်း စိတ်ကား "သောင်းချမ်"(Diao Chan) ဆီ၌ပင်။

117
ထို့နောက် "တုန်ကျိုး"(Dong Zhuo) သည် နန်းတော်ထဲသို့ ဝင်ကာ ဘုရင်နှင့် တွေ့သည်။
"တုန်ကျိုး"(Dong Zhuo) သည် ဘုရင်နှင့် စကားစမြည်ပြောနေခိုက် "လွီပု"(Lu Bu) သည်
အပြင်သို့ ထွက်ပြီး "တုန်ကျိုး"(Dong Zhuo) အိမ်တော်သို့ သွားသည်။ အိမ်တော်ဝတွင် မြင်းကိုချီကာ
လှံကို ကိုင်လျက် အထဲဝင်သွားပြီး "သောင်းချမ်"(Diao Chan) နှင့် တွေ့သည်။ "သောင်းချမ်"(Diao Chan)
က သူမသည် ပန်းခြံထဲသို့သွားမည်ဖြစ်ကြောင်း၊ "လွီပု"(Lu Bu) ကို အရင်သွားခိုင်းကာ မိမိနောက်မှ
လိုက်လာမည်ဖြစ်ကြောင်း ပြောသည်။ "လွီပ"ု (Lu Bu) ကလည်း ပန်းခြံအတွင်း အရင်သွားနှင့်ကာ
"သောင်းချမ်"(Diao Chan) ကို စောင့်နေသည်။

အချိန်အတန်ကြာသောအခါ "သောင်းချမ်"(Diao Chan) ပေါ်လာသည်။ "သောင်းချမ်"(Diao Chan) ကား


လပေါ်မှ နတ်သမီးတစ်ပါးနှယ် လှချေ၏။

ထို့နောက် "သောင်းချမ်"(Diao Chan) သည် ငိုကာ

"ကျွန်မဟာ ဝန်မင်းရဲ့ သမီးအရင်း မဟုတ်ပေမယ့် ဝန်မင်းက သမီးအရင်းလိုပဲ ဆက်ဆံခဲ့ပါတယ်၊ သူက


ကျွန်မကို စစ်သူကြီးနဲ့ ပေးစားမယ်လို့ ဆိုတဲ့အချိန်မှာ ကျွန်မဘဝဟာ ပြီးပြည့်စုံသွားခဲ့ပြီလို့ ထင်ခဲ့ပါတယ်။
ဒါပေမယ့်လည်း ဝန်ကြီးချုပ်က ကျွန်မကို သိမ်းပိုက်သွားခဲ့တယ်၊ အမှန်ကတော့ ကိုယ့က
ိုယ်ကို
သတ်သေမလို့ပါ၊ ဒါပေမယ့် ရှင့်ကို မြင်ပြီး ဒီစကားတွေ ပြောပြီးမှပဲ သေမယ်လို့ ဆုံးဖြတ်ပြီး
အောင့်အီးနေခဲ့တာပါ။ ကျွန်မစကားတွေအမှန်ဖြစ်ကြောင်း သက်သေပြတဲ့အနေနဲ့ ရှင့်ရှေ့မှာ သေပြမယ်"
ဟု ဆိုသည်။

ထို့နောက် အနီးရှိ ရေကန်အတွင်း ခုန်ချရန် ဟန်ပြင်သည်။ ထိုအခါ "လွီပ"ု (Lu Bu) က ဆွဲလိုက်ပြီး
သူ့ရင်ခွင်ထဲဝယ် ထွေးပိုက်လိုက်သည်။

"ငါ သိပါတယ်။ မင်း ခံစားနေရတာကို အမြဲသိနေခဲ့ပါတယ်။ ဒီလိုနှစ်ယောက်စကားပြောဖို့


အခြေအနေမပေးခဲ့လို့ သာပေါ့"

"ကျွန်မက ဒီဘဝမှာတော့ ရှင့်ဇနီးမဖြစ်နိုင်တော့ဘူး။ နောင်ဘဝဆိုတာ ရှိသေးရင်ဖြင့် ဇနီးမောင်နှံ


တော်ကြတာပေါ့"

"မင်းကို ဒီတစ်သက် လက်မထပ်ရင် ငါက ကိုယ့က


ိုယ်ကို သူရဲကောင်းလို့ မခံယူထိုက်တော့ဘူး"

"အို၊ တစ်ရက်ဆိုတာတစ်နှစ်ပမာ ကြာရှည်လန


ွ်းတယ်လို့ ထင်ရပါတယ်၊ သနားပါ! ကျွန်မကို ကယ်တင်ပါ၊
သခင်"

"အခုတွေ့ဖို့ အချိန်ခဏပဲ ရတယ်။ အကြာကြီးရှိနေရင် အဘိုးကြီး ရိပ်မိသွားလိမ့်မယ်၊ ဒါကြောင့် ဒီမှာ


အကြာကြီး ရှိနေလို့မဖြစ်ဘူး "

118
"သောင်းချမ်"(Diao Chan) သည် "လွီပု"(Lu Bu) ကို မှီလျက်

"ရှင် အဲ့သူခိုးအဘိုးကြီးကို ကြောက်နေရင် ကျွန်မ နောက်ရက် နေထွက်တာတောင် မြင်ရမှာ မဟုတ်ဘူး"


ဟု ဆိုသည်။

"ငါ့ကို စဉ်းစားဖို့ အချိန်နည်းနည်းပေးပါ"

ထို့နောက် "လွီပ"ု (Lu Bu) သည် လှံကို ကိုင်လျက် ပြန်ရန် ပြင်သည်။

"သောင်းချမ်"(Diao Chan) က

"ဒီလိုအပြင်လောကနဲ့ အဆက်အသွယ်မရှိတဲ့ နေရာလိုမျိုးမှာတောင် ကျွန်မက ရှင့်ရဲ့ ရဲရင့်မှုတွေ၊


စွမ်းအားတွေအကြောင်းကြားရတယ်။ ရှင်က တခြားလူတွေထက် သာတဲ့လူ မဟုတ်လား။ ဘာလို့ သူများ
လက်အောက်မှာ ငြိမ်နေရတာတုန်း" ဟု ပြောကာ မျက်ရည် ကျပြန်သည်။

ထိုအခါ "လွီပု"(Lu Bu) ၏ မျက်နှာတွင် ရှက်ယောင်သမ်းသွားပြီး လှံကို အနီးတွင်ထောင်လျက်


နောက်ပြန်လှည့်ကာ "သောင်းချမ်"(Diao Chan) ကို ရင်ခွင်ထသ
ဲ့ို ဆွဲသွင်းလိုက်ပြီး နှစ်သိမ့်သည်။
ဤသို့နှင့် ချစ်သူနှစ်ဦးမှာ တစ်ဦးကိုတစ်ဦးဖက်ကာ နှုတ်ဆက်စကား မဆိုနိုင်ပဲ ရှိနေကြသည်။

"တုန်ကျိုး"(Dong Zhuo) သည် "လွီပု"(Lu Bu) ပျောက်နေသည်ကို သတိပြူမိသဖြင့် နန်းတော်မှ


အမြန်ထွက်လာကာ အိမ်သို့ ပြန်လာသည်။ အိမ်ရှေ့တွင် "လွီပု"(Lu Bu) ၏ နာမည်ကြီးမြင်း "ယုန်န"ီ
ချိတ်ထားသည်ကို တွေ့လိုက်ရာ အစောင့်တို့ ကို မေးသော် "လွီပု"(Lu Bu) အထဲဝင်သွားကြောင်း
ပြောသည်။ "တုန်ကျိုး"(Dong Zhuo) သည် နောက်လိုကတ
ို့ကို ထားခဲ့ကာ
တစ်ဦးတည်းအခန်းဆောင်ထဲဝင်သွားလေသည်။ "လွီပု"(Lu Bu) ကို မတွေ့၊ "သောင်းချမ်"(Diao Chan)
ကို ခေါ်သည်၊ အသံမကြား။ သို့နှင့် အိမ်အကူတို့ ကို မေးမြန်းလေရာ ပန်းခြံအတွင်း
ဝင်သွားကြောင်းပြောသည်။

"တုန်ကျိုး"(Dong Zhuo) သည် ပန်းခြံအတွင်းဝင်သွားရာ ချစ်သူနှစ်ဦးကြည်နူးနေသည်ကို တွေ့လိုက်ရာ


ဒေါသဖြင့် အော်လိုက်ရာ နှစ်ဦးသားလန့်သွားကြသည်။"လွီပ"ု (Lu Bu) သည် "တုန်ကျိုး"(Dong Zhuo)
ဖြစ်မှန်း သိသောအခါ ပြေးလေသည်။ "တုန်ကျိုး"(Dong Zhuo) ကလည်း "လွီပု"(Lu Bu)
ထောင်ထားသော လှံကို ကိုင်လျက် နောက်မှလိုကသ
် ည်။ "လွီပ"ု (Lu Bu) မှာ အရပ်ရှည်သူဖြစ်ပြီး
"တုန်ကျိုး"(Dong Zhuo) မှာ ဝပြီးပုသြူ ဖစ်သောကြောင့် နောက်မှ လိုကေ
် သ်ာလည်း မမှီချေ။
"တုန်ကျိုး"(Dong Zhuo) သည် လက်တွင်ကိုင်ထားသောလှံဖြင့် "လွီပု"(Lu Bu) ကို လှမ်းပစ်ရာ"လွီပု"(Lu
Bu) က ရှောင်လိုက်သောကြောင့် မထိပဲ မြေ၌စိုက်သွားသည်။ "တုန်ကျိုး"(Dong Zhuo) က လှံကို
ကောက်ယူ၍ဆက်လိုက်သည်။ ထိုအချိန်ဝယ် "လွီပု"(Lu Bu) သည် အဝေးသို့ ရောက်နေပြီဖြစ်သည်။

119
သို့သော် "တုန်ကျိုး"(Dong Zhuo) က ဆက်လိုက်ပြီး ပန်းခြံဂိတ်အဝအရောက်တွင် တစ်ဖက်မှ
ပြေးလာသောလူတစ်ဦးနှင့် တိုက်မိပြီး လဲကျသွားလေသည်။

120
အခန်း(၉) "လွီပ"ု (Lu Bu) မှ "တုန်ကျိုး"(Dong Zhuo) ကို သတ်ခြင်း။ "လီကျွယ်"(Li Jue)
မြို့တော်ကို တိုက်ခြင်း။

"တုန်ကျိုး"(Dong Zhuo) နှင့် အချင်းချင်း တိုက်မိသောသူကား သူ၏ အယုံကြည်ရဆုံး အကြံပေးဖြစ်သော


"လီရ"ု (Li Ru) ပင် ဖြစ်သည်။ နှစ်ဦးလုံး တိုကမ
ိပြီး လဲကျသွားသော်လည်း "လီရ"ု (Li Ru) သည်
"တုန်ကျိုး"(Dong Zhuo) ကို ထူလုက
ိပြီး စာကြည့်ခန်းထဲသို့ ဝင်ကာ ထိုင်ပြီး စကားပြောကြသည်။

"မင်းက လာပြီး ဘာလုပ်တာတုန်း"

"ကျွန်တော် ဒီနားကဖြတ်သွားတော့ သခင်ကြီးက သူ့သားကို ရှာဖို့


ပန်းခြံထဲဝင်သွားတယ်ဆိုတဲ့အကြောင်းကြားလိုက်ရပါတယ်။ နောက် လွီပ(ု Lu Bu) က
ရုတတ
် ရတ်ပြေးထွက်လာပြီး သခင်ကြီးက သူ့ကိုသတ်ဖို့လုပ်တယ်လို့ အော်ပြီး ထွက်သွားတဲ့အတွက်
ကျွန်တော်က သူ့အစား တောင်းပန်ဖို့ အလျင်အမြန်ဝင်လာရင်း သခင်ကြီးနဲ့ တိုက်မိတာပါ။
တောင်းပန်ပါတယ်၊ ကျွန်တော် သေသင့်ပါတယ်"

"ဟိုကောင်! ငါပိုင်တဲ့မိန်းကလေးနဲ့ ဖောက်ပြန်နေတာကို ငါက ဒီအတိုင်းကြည့်နေရမှာလား။ သူ့ကို


ငါ့လက်နဲ့ ကိုယတ
ိုင်သတ်မှ ဖြစ်မယ်"

"အဲ့လိုဆို သခင်ကြီးက အမှား ကျူးလွန်မိပါလိမ့်မယ်။ ဒါက တကယ်တော့ ခေါင်းစည်းကြိုးကို ဖြတ်စေတဲ့


သာဓကလိုပါပဲ။ ဟိုးရှေးခေတ်က ဧည့်သည်တွေအများကြီး စုဝေးတဲ့ စားသောက်ပွဲမှာ ခေါင်းစည်းကြိုးတွေ
ဖြတ်စေတဲ့ အကြောင်းကို သိမှာပါ။ အဲ့စားသောက်ပွဲမှာ ချူနိုင်ငံ "ကျွမ်း"ဘုရင် (King Zhuang of Chu) က
စစ်သြူ ကီး "ကျန်းရှုံ"(Jiang Xiong) ဟာ မိဖုရားကြီးအပေါ်အခွင့်အရေးယူတာကို ခွင့်လွှတ်ခဲ့ပါတယ်။
နောက်ပိုင်း အဲ့ဘုရင်ကို ချင်နိုင်ငံတပ်တွေ ဝန်းရံတိုက်တော့မဲ့အချိန်မှာ အဲ့စစ်သူကြီးကပဲ
ကယ်ထုတ်ခဲ့တာပဲ။ တကယ်တော့ သောင်းချမ်(Diao Chan) ဆိုတာ အိမ်စေသာသာဖြစ်ပြီး လွီပု(Lu Bu)
ကတော့ သခင်ကြီးရဲ့ အယုံကြည်ရဆုံး သူငယ်ချင်းဖြစ်တဲ့အပြင် အတော်ဆုံး စစ်သူကြီးလည်း ဖြစ်ပါတယ်။
ဒါကို အသုံးချပြီး အဲ့မိန်းကလေးကို သူ့ကို ပေးလိုက်မယ်ဆိုရင် သခင့်ရဲ့ ကြင်နာမှုအပေါ် သူက
ကျေးဇူးပြန်ဆပ်ပါလိမ့်မယ်၊ ဒါကြောင့် ပြန်စဉ်းစားသုံးသပ်ပါလို့ ပြောချင်ပါတယ်။"

(ချူနိုင်ငံ "ကျွမ်း"ဘုရင် (King Zhuang of Chu) သည် ရှေးခေတ် တရုတ်ပြည်


နွေဦးဆောင်းဦးခေတ်ကာလအတွင်း နန်းတက်ခဲ့သောဘုရင်ဖြစ်သည်။ တစ်ခါသော် ထိုဘရ
ု င်သည်
သူရဲကောင်းတို့ကို စုဝေးပြီး နန်းတော်ဥယျာဉ်ဝယ် စားသောက်ပွဲကျင်းပသည်။ ထိုစားသောက်ပွဲတွင်
ဘုရင်၏ မိဖုရားကို တိတ်တခိုးချစ်နေသော အသက်ငယ်ရွယ်သည့်စစ်သူကြီး "ကျန်းရှုံ"(Jiang Xiong)
လည်း တက်ရောက်သည်။ ရုတ်တရတ် လေပြင်းတိုက်ကာ မီးအိမ်တို့ ငြိမ်းကာ မှောင်အတိကျသွားလေ၏။
၎င်းကို "ကျန်းရှုံ"(Jiang Xiong) သည် အခွင့်ကောင်းယူကာ သူကြိုက်သော မိဖုရားထံ သွား၍ ပွေ့ဖက်ခြင်း၊
ကိုယ်ထိလက်ရောက် ကျူးလွန်ခြင်း ပြုသည်။ ထိုအခါ မိဖုရားကလည်း ရုန်းသဖြင့် တရားခံကို

121
မဖမ်းလိုက်နိုင်သော်လည်း တရားခံ ခေါင်းမှ ခေါင်းစည်းကို ဖြုတ်လိုက်ကာ ဖြဲလုက
ိသည်။ ထို့နောက်
ဘုရင်အား တရားခံကို ရှာကာ အပြစ်ပေးရန် ပြောလေသည်။ ဘုရင်က တရားခံကို မရှာစေပဲ အခြားသော
လူတို့ ကိုပါ မီးကိုပြန်မထွန်းမီ ခေါင်းစည်းကြိုးကို ဖြုတ်ကာ ဖြဲကြရန် အမိန့်ပေးလိုက်သည်။ ထိုအခါ
"ကျန်းရှ"ုံ (Jiang Xiong) သည် ဘုရင်ခွင့်လွှတ်နိုင်မှုအပေါ် ကျေးဇူးတင်သွားလေ၏။ နောက်ပိုင်းတွင်
ထိုဘုရင်ကို ရန်သတ
ူ ပ်တို့က ဝန်းရံခဲ့သောအခါ "ကျန်းရှ"ုံ (Jiang Xiong) ကပင် ကယ်ထုတ်ခဲ့လေသည်။)

-----ဤကား "လီရ"ု (Li Ru) ပြောသော ခေါင်းစည်းကြိုးဖြတ်စေသည့် သာဓကပင်တည်း။-----

"တုန်ကျိုး"(Dong Zhuo) သည် အချိန်အတန်ကြာ စဉ်းစားနေခဲ့သည်။ ပြီးမှ

"မင်း ပြောတာ မှန်တယ်၊ ငါ ဒီကိစ္စကို သေချာ စဉ်းစားရမယ်" ဟု ပြောသည်။

သို့နှင့် "လီရ"ု (Li Ru) လည်း ကျေနပ်သွားပြီး ပြန်ထွက်သွားသည်။

ထို့နောက် "တုန်ကျိုး"(Dong Zhuo) သည် သူ၏ အခန်းဆောင်ထဲသို့ ဝင်ကာ "သောင်းချမ်"(Diao Chan)


ကို ခေါ်စေပြီး

"ခုနက လွီပ(ု Lu Bu) နဲ့ ဘာလုပ်နေတာတတုန်း" ဟု မေးသည်။

ထိုအခါ "သောင်းချမ်"(Diao Chan) သည် ငိုယုက


ိာ

"ကျွန်တော်မျိုးမှ ပန်းခြံထဲမှာနေပြီး ပန်းတွေအလှကို ခံစားနေတဲ့အချိန်မှာ သူက ရုတတ


် ရတ်
ရောက်လာပါတယ်။ ကျွန်တော်မျိုးမကလည်း ကြောက်ကြောက်နဲ့ ပြေးပါတယ်၊ သူက သူ့လိုလူကို
မြင်တာနဲ့ ဘာလို့ ပြေးရလဲဆြို ပီး နောက်ကလိုက်ပါတယ်၊ သူ့လက်ထဲမှာ တစ်ချိန်လုံး လှံကြီးကို
ကိုင်ထားတော့ ကျွန်တော်မျိုးမက သူ့ကို မကောင်းတဲ့လလ
ို့ ထင်ပြီး ကျွန်မကို မတရားကြံမယ်အထင်နဲ့
ကျွန်တော်မျိုးမလည်း ရေကန်ထဲခုန်ချပြီး ကိုယ့်ကုယ
ိကို သတ်သေဖို့ လုပ်ပါတယ်၊ ဒါကို သူက

122
ကျွန်တော်မျိုးမကို ဆွဲလိုက်ပြီး ဖက်လိုက်တဲ့အတွက် အကူအညီမဲ့ဖြစ်နေတဲ့အချိန်မှာ
ကံကောင်းထောက်မစွာနဲ့ သခင်ကြီးရောက်လာပြီး ကျွန်တော်မျိုးမကို ကယ်ခဲ့တာပါ" ဟု ပြောသည်။

"အကယ်၍ မင်းကို သူ့ဆီ ပေးလိုက်ရင်ကော"

"ကျွန်တော်မျိုးမလို အစေခံက ဘာအပြစ်များ ကျူးလွန်မိလို့လဲ။ ဒီလိုမျိုး လက်အောက်ငယ်သားကို


ပေးတာခံရရင် ကျွန်တော်မျိုးမရဲ့ ဂုဏ်ပျက်သွားမှာပေါ့။ အဲ့အစား သေတာကမှ တော်ဦးမယ်"

ထို့နောက် "သောင်းချမ်"(Diao Chan) သည် နံရံပေါ်တွင် ချိတ်ထားကို ဓားကိုဆဲယ


ွူပြီး ကိုယ့်ကိုယ်ကို
သတ်သေရန်ပြုသည်။ ထိုအခါ "တုန်ကျိုး"(Dong Zhuo) က ဓားကို လုကာ "သောင်းချမ်"(Diao Chan) ကို
ဖက်လိုက်ပြီး

"ငါက အပြောင်အပျက်အနေနဲ့ ပြောတာပါ" ဟု ပြောသည်။

"သောင်းချမ်"(Diao Chan) သည် "တုန်ကျိုး"(Dong Zhuo) ၏ ထွေးပိုက်မှုအောက်ဝယ် ခေါင်းကိုငုံ့ လျက်


ငိုသည်။

"ဒါ လီရ(ု Li Ru) လက်ချက်ပဲ နေမယ်။ သူက လွီပု(Lu Bu) ကို ပစားပေးလွန်းတယ်၊ ဒါ
သူအကြံပေးတာမှန်း ကျွန်တော်မျိုးမ သိတယ်၊ သူက သခင်ကြီးရဲ့ ဂုဏ်သရေကိုလည်း ဂရုစိုက်သူ
မဟုတ်သလို ကျွန်မရဲ့ ဘဝကိုလည်း အလေးထားမှာ မဟုတ်ဘူး။ ဖြစ်နိုင်ရင် သူ့ကို အစိမ်း
ဝါးမြိုလိုက်ချင်တယ်"

"ငါက မင်းကို စွန့်လွတန


ိုင်မယ်လို့ မင်း ထင်လား"

"သခင်ကြီးက ကျွန်တော်မျိုးမကို မြတ်နိုးပေမယ့်လည်း ကျွန်တော်မျိုးမက လွီပု(Lu Bu) ရန်ကို


ကြောက်တဲ့အတွက် ဒီမှာ မနေဝံ့တော့ပါဘူး"

"ငါတို့ မနက်ဖြန်ကျရင် မေဝေါ်ကို သွားမယ်လေ၊ နှစ်ယောက်လုံး ဘာကိုမှ ဂရုမစိုကပ


်ဲ
ပျော်ပျော်ရွှင်ရွှင်နေကြတာပေါ့"

ထိုအခါ "သောင်းချမ်"(Diao Chan) သည် မျက်ရည်တို့ကို သုတက


်ာ "တုန်ကျိုး"(Dong Zhuo) အား
ကျေးဇူးတင်ကြောင်း ပြောသည်။

နောက်ရက်တွင် "လီရ"ု (Li Ru) သည် "လွီပု"(Lu Bu) ကိုယ်စား အသနားခံရန် "တုန်ကျိုး"(Dong Zhuo)
ထံ ရောက်လာသည်။

"သခင်ကြီး၊ ဒီနေ့ဟာ သာယာတဲ့ နေ့ပါပဲ"

123
"သူနဲ့ငါဟာ အဖေနဲ့သားဆိုတဲ့ ဆက်နွယ်မှုရှိတယ်။ ဒါကြောင့် သူ့ကို သတ်လို့ မဖြစ်ဘူး။ ဒါပေမယ့် ငါ
သူ့အပြစ်ကို ဗွေမယူတော့ဘူး၊ မင်းလည်း သူ့ကို စိတ်ကျေနပ်အောင် ပြောပြလိုက်ပါ"

"သခင်ကြီးက မ, ဘက်လိုက်ပြီး မိုကဘ


် က်ပါတာတော့ မဟုတ်ပါဘူးနော်"

"မင်းဆိုရင်ကော မင်းဇနီးကို တခြားလူကို ပေးမှာလား။ ဒီအကြောင်းကို ဘာမှ ထပ်မပြောနဲ့တော့။


ဘာမှမပြောတာ အကောင်းဆုံးပဲ။"

သို့နှင့် "လီရ"ု (Li Ru) သည် ခန်းဆောင်မှ ထွကလ


်ာပြီး အပြင်သို့ ရောက်သောအခါ ကောင်းကင်ကြီးကို
မော့်ကြည့်လျက်

"ငါတို့ တော့ သေနေ့စေ့ပြီပဲ။ ဪ၊ အဲ့မိန်းကလေးလက်ချက်နဲ့ သေရတော့မှာပါလား" ဟု


ရေရွတေ
် လသည်။

သို့နှင့် မေဝေါ်သို့ ခရီးထွကရ


် န် အမိန့်ထုတ်လိုကြ် ပီးနောက် အမှုထမ်းတို့သည် လူစုကာ
"တုန်ကျိုး"(Dong Zhuo) ကို လိုကပ
ို့ရသည်။ "သောင်းချမ်"(Diao Chan) သည် သူ၏ ဝေါယာဉ်ပေါ်မှ
လူအုပ်ကြားရှိ "လွီပု"(Lu Bu) ကို လှမ်းမြင်လိုက်သည်။ ချက်ချင်းပင် မျက်လွှာ ချလိုက်ကာ
ဝမ်းနည်းသည့်ဟန်ဆောင်လေသည်။ မေဝေါ်သို့သွားမည့် လူစုလေ
ူ ဝးကြီးကား မြင်ကွင်းမှပင်
မမြင်ရလောက်အောင် ဝေးကွာသွားခဲ့လေပြီ၊ မြင်းပေါ်ရှိ "လွီပု"(Lu Bu) သည် စိတ်ပျက်လက်ပျက်နှင့်ပင်
အစောက လူအုပ်ကြီးထွက်သွားသောအခါ တထောင်းထောင်းထနေသော ဖုန်ကိုသာ ငေးကြည့်နေမိသည်။
ရင်ထတ
ွဲင် ဝမ်းနည်းကြေကွဲမှုတို့ ပြည့်လျှံနေသည်။

"စစ်သူကြီးက ဝန်ကြီးချုပ်နဲ့ အတူမလိုက်သွားပဲ ဘာလို့ အဲ့မှာပဲ ငိုင်နေပြီး သက်ပြင်းချနေရတာတုန်း"

စကားပြောသူမှာ "ဝမ်ယွင"် (Wang Yun) ဖြစ်သည်။

"ကျွန်တော် ခုတလောနေမကောင်းလို့ အိမ်ထဲမှာပဲ နေရတာကြာပြီ၊ ဒါကြောင့် ခင်ဗျားနဲ့ မတွေ့ဖြစ်တာ၊


ဒါပေမယ့် ဒီနေ့က ဝန်ကြီးချုပ် ထွကခ
်ွာမှာမို့ မတက်မဖြစ် တက်ရမယ်ဆိုလို့ လာတာဗျ။ ခင်ဗျားက
ဒီလိုကြုံတန
ုးကြုံခိုက်မှာ ဘာလို့ သက်ပြင်းတွေချနေတာတုန်း"

"ခင်ဗျားရဲ့ သမီးကြောင့်ပေါ့ဗျာ"

"ဝမ်ယွင်"(Wang Yun) သည် ပျော်ရွှင်မှုကို မျက်နှာတွင် မပေါ်စေရန် ချုပ်တည်းလိုက်ပြီး

"အချိန်အဲ့လောက်တောင် ကြာနေပြီ၊ သူက ခင်ဗျားကို ကျုပ်သမီးနဲ့ လက်မဆက်ပေးသေးဘူးလား" ဟု


မေးသည်။

"အဲ့အဘိုးကြီးက သူ့ကို ချစ်သွားတယ်လေ"

124
"ဒါ မဖြစ်နိုင်တာပဲ"

ထိုအခါ "လွီပု"(Lu Bu) သည် ဇာတ်လမ်းအကြောင်းအရာကို ပြန်ပြောင်းပြောပြသည်။ "ဝမ်ယင


ွ်"(Wang
Yun) ကလည်း တိတ်ဆတ
ိစွာပင် နားထောင်ပြီး အချို့နေရာ အရောက် တွင် ဒေါသထွက်ဟန်ဖြင့်
မြေပြင်ကို ခြေဖြင့် ဆောင့်သည်။ အချိန်အတန်ကြာသောအခါမှ "ဝမ်ယင
ွ်"(Wang Yun) က

"သူ အဲ့လောက် လူမဆန်လိမ့်မယ်လို့ ကျုပ်မထင်မိဘူး " ဟု ပြောသည်။

ထို့နောက် "လွီပု"(Lu Bu) လက်ကို ဆွဲလိုက်ကာ

"ကျွန်တော့်အိမ်မှာ ဒီကိစ္စကို ဆွေးနွေးကြတာပေါ့" ဟု ဆိုသည်။ ထို့နောက် နှစ်ဦးသားတို့သည်


အခန်းတစ်ခုဝယ် အစားအသောက်တို့ သုံးဆောင်ပြီးသော် "လွီပု"(Lu Bu) မှ ပန်းခြံအတွင်း ဖြစ်ခဲ့သော
ပြဿနာကို ပြောသည်။

"သူက ကျွန်တော့်သမီးကို ဖျက်စီးပြီးတော့ ခင်ဗျားဇနီးကို ခိုးသွားတယ်၊ သူ့ကို လူအများက


လှောင်ပြောင်ကြလိမ့်မယ်။ သူ့ကို မလှောင်တဲ့လူတွေက ကျုပ်တို့နှစ်ယောက်ကို လှောင်ကြမယ်။
ကျွန်တော်ကတော့ အသက်ကြီးပြီး အစွမ်းအစလည်းမရှိ၊ ဘာမှ လုပ်နိုင်သူမဟုတ်တဲ့အတွက်
သနားကရုဏာသက်ကြလိမ့်မယ်။ စစ်သူကြီးကတော့ သူရဲကောင်းတစ်ဦး၊ ပြောရမယ်ဆိုရင်
တစ်လောကလုံးမှာ အစွမ်းဆုံးလူ၊ ဒီလိုလူမျိုးက သူ့ဇနီးလောင်းကို သူများလုတာခံရတယ်ဆိုရင်
သူတစ်ပါးရဲ့ လှောင်ပြောင်မှုကို ခံရမှာ အမှန်ပဲ"

ထိုအခါ "လွီပု"(Lu Bu) သည် ဒေါသထွကက


်ာ စားပွဲခုံကို ထု၍အော်လေသည်။

"ကျွန်တော် မေ့သွားတယ်၊ ကျွန်တော်အဲ့လုမ


ျိုးမပြောသင့်ဘူး။ စိတမ
် ဆိုးပါနဲ့"

"အဲ့လူကို ကျုပ်ကိုယ်တုင
ိသတ်မယ်လို့ သစ္စာဆိုတယ်၊ ဒါမှသာ ကျုပ်အရှက်မရမှာ"

"မဟုတ်ဘူး ။ အဲ့လိုမပြောပါနဲ့။ အဲ့လိုဆို ကျွန်တော်နဲ့ ကျွန်တော့်မိသားစု ဒုက္ခရောက်လိမ့်မယ်"

"လူတော်ဆိုတာ သူများလက်အောက်မှာ အကြာကြီးမနေဘူး"

"ခင်ဗျားလိုလူမျိုးက ဝန်ကြီးချုပ်ထက် ပိုကြီးတဲ့သူ အောက်မှာ ရှိသင့်တယ်

125
"ကျုပ် အဲ့လူကို သတ်တာကတော့ ကိစ္စမရှိပါဘူး။ ဒါပေမယ့် ပြောရရင် သူနဲ့ကျုပ်က
သားအဖတော်တယ်ဆိုတော့ အဲ့လိုပြုမူရင် တစ်လောကလုံးက ကျုပ်ကို ကဲ့ရဲ့လမ
ိ့်မယ်"

"ခင်ဗျား နာမည်က လွီပု(Lu Bu)၊ သူက တုန်ကျိုး(Dong Zhuo) လေ။ နောက်ပြီး သူ ခင်ဗျားကို လှံနဲ့
ပစ်လုက
ိတန
ုးက သူ့စိတ်ထဲမှာ သားအဖသံယောဇဉ်ဆိုတာရော ရှိရဲ့လား"

"ခင်ဗျား ဒါကို မထောက်ပြရင်ကျုပ် သတိထားမိမှာ မဟုတ်ဘူး"

"ဝမ်ယွင်"(Wang Yun) သည် သူ၏စကား အကျိုးသက်ရောက်ပုံကို မြင်ကာ ဆက်ပြောသည်။

"ဒါက ဟန်တုင
ိးပြည်ကို ပြန်လည်ဆောက်တည်တဲ့အတွက် သစ္စာရှိတဲ့လုပ်ရပ်ပါပဲ။ နောက်ပြီး ခင်ဗျားကို
သမိုင်းမှာ သူရဲကောင်းဆိုပြီး မှတတ
် မ်းတင်ကြမှာပဲ။ အကယ်၍ တုန်ကျိုး(Dong Zhuo) ကိုသာ ကူညီခဲ့ရင်
ခေတ်အဆက်ဆက်ကလူတွေက ခင်ဗျားကို သစ္စာဖောက်ဆိုပြီး ပြောကြလိမ့်မယ်"

"လွီပု"(Lu Bu) သည် ထိုင်ရာမှ ထကာ "ဝမ်ယင


ွ်"(Wang Yun) ကို အရိုအသေပြုလိုက်ပြီး

"ကျုပ် ဆုံးဖြတ်ပြီးပြီ၊ ခင်ဗျား ဘာမှ မစိုးရိမ်နဲ့တော့" ဟု ပြောသည်။

"ဒါပေမယ့် လုပ်ကြံမှုမအောင်ရင် ဒုက္ခရောက်လိမ့်မယ်"

ထိုအခါ "လွီပု"(Lu Bu) သည် ဓားမြောင်ကိုထုတက


်ာ လက်ကို အနည်းငယ်လှီးလိက
ုြ် ပီး သွေးဖြင့်
သစ္စာဆိုသည်။ "ဝမ်ယွင်"(Wang Yun) သည် ဒူးထောက်ကာ ကျေးဇူးတင်လေသည်။

"ဒါဆို ဟန်တိုင်းပြည်ရဲ့ လူတွေ သေခဲ့တာက အချည်းနှီးမဟုတ်တော့ဘူး။ ခင်ဗျားဟာ သူတို့ ရဲ့


ကျေးဇူးရှင်ပါပဲ။ ဒါပေမယ့် ဒီကစ
္စိပေါက်ကြားလို့ မဖြစ်ဘူး။ ဘယ်လိုလပ
ုရမလဲဆိုတာ ကျုပ် ခင်ဗျားကို
အကြံပေးပါ့မယ်"

သို့နှင့် "လွီပု"(Lu Bu) လည်း ထွက်သွားသည်။

"ဝမ်ယွင်"(Wang Yun) သည် သူယြုံ ကည်ရသော လုပ်ဖော်ကိုင်ဘက်နှစ်ဦးဖြစ်သည့် ဝန်ကြီး


"ရှီစွန်းရေ"(Shisun Rui) နှင့် စစ်သူကြီး "ဟွမ်ဝမ်"(Huang Wan) တို့ကို ခေါ်လိုက်သည်။

"ရှီစွန်းရေ"(Shisun Rui) : "အခုအချိန်က အချိန်ကောင်းပဲ၊ ဘုရင်မင်းမြတ်က နေမကောင်းပျောက်တာ


မကြာသေးဘူး။ မေဝေါ်ကို လူတစ်ယောက်လွှတ်ပြီး တုန်ကျိုး(Dong Zhuo) ကို မြို့တော်ပြန်လာအောင်
လုပ်ရမယ်။ အဲ့အချိန်မှာ ကျုပ်တို့ က တုန်ကျိုး(Dong Zhuo) ကို သတ်ဖို့ ဘုရင့်ဆက
ီ အမိန့်ရအောင်
လုပ်ရမယ်၊ ဒါက အကောင်းဆုံး အကြံပ"ဲ

126
"ဟွမ်ဝမ်"(Huang Wan) : "ဒါပေမယ့် မေဝေါ်ကို ဘယ်သူ့ကို လွှတမ
ှ်ာတုန်း"

"ရှီစွန်းရေ"(Shisun Rui) : "နန်းတွင်းတပ် စစ်သူကြီး လီစ(ု Li Su) ကို လွှတရ


် င်ကောင်းမယ်၊ သူက လွီပ(ု Lu
Bu) နဲ့ တစ်နယ်တည်းသားလေ။ နောက်ပြီး သူက သူ့ကို ပစားမပေးလို့ ဝန်ကြီးချုပ်ကို အခဲမကျေဘူးလို့
ကြားတယ်။ သူသာသွားရင် အကြံအောင်ဖို့ သေချာသလောက်ပဲ"

"ဝမ်ယွင်"(Wang Yun) : "ကောင်းပြီ။ ဒီအကြံကို လွီပု(Lu Bu) လက်ခံမလားတော့ မေးကြည့်တာပေါ့"

သို့နှင့် "လွီပု"(Lu Bu) ကို တိုင်ပင်သောအခါ "လွီပု"(Lu Bu) က သူအရင်က သူ၏ပထမမွေးစားအဖေကို


သတ်လိုက်ခြင်းမှာ "လီစု"(Li Su) ၏ တိုက်တွန်းမှုဖြစ်ကြောင်း ပြောသည်။

"လွီပု"(Lu Bu) : "သူသာ မကူညီဘူးဆိုရင် ကျုပ်သူ့ ကို သတ်မယ်"

ထို့ကြောင့် "လီစု"(Li Su) ကို ခေါ်စေပြီး ရောက်လာသောအခါ "လွီပု"(Lu Bu) က

"အရင်တုန်းက ခင်ဗျားက ကျုပ်ကို တင်းယွမ်(Ding Yuan) ကို သတ်ခိုင်းပြီး တုန်ကျိုး(Dong Zhuo)


လက်အောက်မှာ အမှုထမ်းခိုင်းခဲ့တယ်။ အခုတော့ တုန်ကျိုး(Dong Zhuo) ဟာ
ဘုရင့်အပေါ်ကောင်းတဲ့သူမဟုတ်တဲ့အပြင် တိုင်းသူပြည်သားတွေအပေါ်လည်း ရက်စက်သူဖြစ်တယ်၊
ဒါကြောင့် သူ့ကို လူရောနတ်ပါ မုန်းကြတယ်။ ခင်ဗျား မေဝေါ်ကို သွားပြီးတော့ ဘုရင်က ဝန်ကြီးချုပ်ကို
ဆင့်ခေါ်စေတယ်လို့ ပြောပြီး တုန်ကျိုး(Dong Zhuo) ကို ခေါ်ခဲ့။ သူလာရင် သူ့ကို သတ်မယ်။
ခင်ဗျားကလည်း သစ္စာရှိတယ်ဆိုပြီး ရာထူးကောင်းကောင်းပေးတာ ခံရမယ်။ ဒါကို ခင်ဗျား လုပ်မလား" ဟု
မေးသည်။

"ကျွန်တော် သူ့ကို သတ်ချင်တာကြာခဲ့ပြီ။ ဒါပေမယ့် ကူညီမယ့်လူမရှိသေးလို့ သာပေါ့။ ခင်ဗျားသာ


ကူညီမယ်ဆို ကျွန်တော်က နှောင့်နှေးနေမှာ မဟုတ်ဘူး"

ထို့နောက် "လီစု"(Li Su) သည် မြားကိုနှစ်ပိုင်းချိုးလိုက်ကာ သစ္စာတည်စေသည်။

"ဝမ်ယွင်"(Wang Yun) : "အကြံအောင်ရင် ဂုဏ်ထူးဆောင်ရာထူးဟာ ခင်ဗျားအတွက်ပဲ"

နောက်ရက်တွင် "လီစု"(Li Su) သူ့ကိုယ်ကို ဘုရင်မင်းမြတ်၏ သံတမန်ဟု ကြေညာကာ


လူအနည်းငယ်နှင့်အတူ မေဝေါ်သို့သွားသည်။ "တုန်ကျိုး"(Dong Zhuo) ရှေ့သို့ ရောက်သောအခါ ဘုရင်မှ
မည်သည့်အမိန့် ထုတ်စေသနည်းဟု မေးသည်။

127
"ဘုရင်မင်းမြတ်ဟာ ပြန်ကျန်းမာလာပြီဖြစ်တဲ့အတွက် နန်းတော်မှာ ဝန်ကြီးတွေနဲ့ တွေ့ပြီးတော့
ဘုရင့်ရာထူးကို ဝန်ကြီးချုပ်လက်ထဲအပ်ပြီး နန်းဆင်းမလို့ပါ။ ဒါကြောင့် ဝန်ကြီးချုပ်ကို မြို့တော်
ခေါ်စေတာပါ"

"ဒီအကြံက ဝမ်ယွင်(Wang Yun) ကကော ဘယ်လို သဘောရတုန်း။"

"ဝမ်ယွင်(Wang Yun) က အခမ်းအနားကျင်းပဖို့ စင်တွေတောင် ဆောက်ပြီးပါပြီ၊ သခင်ကြီးအလာကို


စောင့်နေတာပါ"

"မနေ့က အိပ်မက်မှာ နဂါးတစ်ကောင်က ငါ့ခန္ဓာကိုယ်ကို ပတ်ခွေထားတယ်လို့ အိပ်မက်မက်တယ်၊ အခု


ဝမ်းသာစရာ သတင်းကြားရပြီ။ ဒီအခွင့်အရေးကို လက်လွှတခ
်ံလို့ မဖြစ်ဘူး "

ထို့နောက် "တုန်ကျိုး"(Dong Zhuo) သည် သူ၏ အယုံကြည်ရဆုံး စစ်သူကြီးလေးဦးတို့ကို မြို့ကို


စောင့်ကြပ်သည်။ "လီကျွယ်"(Li Jue) ၊ "ကော်စ"ီ (Guo Si) ၊ "ဖန်ချိုး"(Fan Chou) နှင့် "ကျန်းကျိ"(Jiang Ji)
တို့သည် ဝက်ဝံပျံအလှံကိုင်သော စစ်သားသုံးထောင်နှင့် မေဝေါ်ကို စောင့်ကြပ်လေသည်။
"တုန်ကျိုး"(Dong Zhuo) သည် နောက်ရက်တွင် ခရီးထွက်ရန်ပြင်သည်။

"တုန်ကျိုး"(Dong Zhuo) : "ငါသာ ဘုရင်ဖြစ်ရင် မင်းကို မြို့တော်အပိုင်းရဲ့ စစ်သူကြီးအဖြစ်


ရာထူးတိုးပေးမယ်"

"လီစု"(Li Su) : "ကျေးဇူးတင်ပါတယ် ခင်ဗျား"

ပြီးနောက် "တုန်ကျိုး"(Dong Zhuo) သည် အသက်ကိုးဆယ်အရွယ်ရှိသော သူ၏အမေအိုကြီးကို


သွားနှုတ်ဆက်သည်။

"ငါ့သား၊ ဘယ်သွားမလို့လဲ"

"ဘုရင့်အာဏာလွှဲတာကို သွားလက်ခံမလို့ ၊ အမေမကြာခင် ဘုရင့်မယ်တော် ဖြစ်တော့မယ်"

"အမေ ဒီရက်ပိုင်း ရင်ထမ


ှဲာ နေလို့မကောင်းဘူး၊ ဒါမကောင်းတဲ့ နိမိတ်ပဲ"

"တိုင်းပြည်ရဲ့ မိခင်ဖြစ်မယ့်သူအတွက် ဒီနိမိတေ


် တွက ဖြစ်တတ်ပါတယ်"

ထို့နောက် "တုန်ကျိုး"(Dong Zhuo) သည် မထွက်ခင် "သောင်းချမ်"(Diao Chan) အား

"ငါသာ ဘုရင်ဖြစ်ရင် မင်းက မိဖုရားပဲ" ဟု ပြောသည်။

"သောင်းချမ်"(Diao Chan) က ရိုကျိုးစွာ ကျေးဇူးတင်စကားဆိုသည်၊ သို့ သော်လည်း ရင်ထတ


ွဲင်ကား
"တုန်ကျိုး"(Dong Zhuo) ၏ နိဂုံးမှန်း သိနှင့်လေသဖြင့် ကျိတ်၍ဝမ်းမြောက်လေသည်။

128
သို့နှင့် "တုန်ကျိုး"(Dong Zhuo) သည် အခြံအရံတို့ နှင့်အတူ မြို့တော်သို့ ခရီးထွကေ
် လသည်။
ဆယ်မိုင်ခန့် မရောက်ခင်မှာပင် လှည်းဘီးကျိုးသွားသဖြင့် မြင်းစီးပြီး ခရီးဆက်သည်။
နောက်ဆယ်မိုင်ခန့်အရောက်တွင် ထိုမြင်းသည် လဲကျသွားသည်။ "တုန်ကျိုး"(Dong Zhuo) သည်
ထိုအခြင်းအရာတို့သည် ဘာကို ဆိုလုသ
ိ နည်းဟု "လီစု"(Li Su) အား မေးသည်။

"ဒါက သခင်ကြီးက ဟန်ရဲ့ ဘုရင်ဖြစ်မယ့်နိမိတပ


်ါပဲ။ အရာအားလုံးကို အသစ်ပြောင်းစေမယ့် နိမိတ်ပါ၊
ရတနာလှည်းပေါ်မှာ ထိုင်ရပြီး ရွှေမြင်းကို စီးရမယ်လို့ ဆိုလုတ
ိာပါ"

ထိုအဖြေကို "တုန်ကျိုး"(Dong Zhuo) သည် အလွန်နှစ်ခြိုက်သွားသည်။ ဒုတယ


ိ ရက် ခရီးတွင်
လေပြင်းတို့တိက
ုခတ်ကာ ကောင်းကင်သည်ကား မြူတို့ဖြင့် အုံ့ ဆိုင်းနေသည်။

"ဒါကကော ဘာအဓိပ္ပာယ်တုန်း"

"နဂါး(ဘုရင်) ရာထူးကို ဆက်ခံမှာဆိုတော့ သခင်ကြီးအလာမှာ တောက်ပတဲ့အလင်းရောင်နဲ့


ရေခိုးရေငွေ့တွေက နိမိတ်ပြတာပါ"

"တုန်ကျိုး"(Dong Zhuo) တွင် သံသယအလျင်းမရှိတော့ပြီ။ မြို့တော်တို့ရောက်သောအခါ


ဂိတေ
် ပါက်ဝတွင် အမတ်တို့ စုံလင်စွာ သူ့ကို ကြိုဆိုကြသည်။ သို့သော် "လီရ"ု (Li Ru) ကားမရှိ၊
နေမကောင်းသဖြင့် အိပ်ယာမှ မထနိုင်ဟု ဆိုသည်။ သူ၏ အိမ်တော်အတွင်းသို့ ဝင်သောအခါ "လွီပု"(Lu
Bu) မှလာပြီး ဘုရင့်ရာထူးဆက်ခံမည်ဖြစ်၍ ဝမ်းမြောက်စကားဆိုသည်။

"ငါ ပလ္လင်ပေါ်မှာ ထိုင်ရရင် မင်းက တစ်တိုင်းပြည်လုံးက တပ်တွေကို ကွပ်ကရ


ဲ စေမယ်"

ထိုည "တုန်ကျိုး"(Dong Zhuo) အိပ်နေစဉ် မြို့အတွင်းမှ ကလေးငယ်များ ဆော့ကစားကာ ဆိုနေသော


ကဗျာသံသည် ပျံ့လွှင့်လာသည်။

'လယ်ကွင်းထဲမှ မြက်စိမ်းစိမ်းလေး၊ ယခုသော်ကား စိမ်းစိုလတ်ဆတ်လျက်ရှိချေသည်။

နောက်ဆယ်ရက်အကြာတွင်ကား ဓားပင် ကျန်တော့မည်မဟုတ'်

ထိုကဗျာသည် နိမိတ်မကောင်းသည့်ဟန်ပေါ်သော်လည်း "လီစု"(Li Su) ကပင်

"ဒါက လျူ(Liu) မျိုးရိုးပျက်သုဉ်းပြီး တုန်(Dong) တွေ ကောင်းစားမယ့် နိမိတ်ပါ" ဟု ဆိုလေသည်။

129
နောက်ရက်မနက် "တုန်ကျိုး"(Dong Zhuo) သည် ညီလာခံတက်ရန် ပြင်ဆင်ပြီးနောက် လမ်းတွင်
တာအိုဝါဒရဟန်းတစ်ပါးနှင့် တွေ့သည်။ ထိုသူသည် အမည်းရောင်အင်္ကျီဝတ်ဆင်ထားပြီး
အဖြူရောင်ခေါင်းဆောင်းဆောင်းထားသည်။ လက်တွင် တုတက
ိုင်ထားပြီး တုတ်တင
ွ် ပိတ်စကပ်ထားကာ
တရုတ်လို "ပါးစပ်" ဟူသောစာလုံးကို အပေါ်တွင်တစ်ခု၊ အောက်တွင်တစ်ခု ရေးဆွဲထားသည်။

"တုန်ကျိုး"(Dong Zhuo) က မည်သည့်နိမိတ်နည်းဟု မေးပြန်ရာ၊ "လီစု"(Li Su) က


မည်သည့်နိမိတ်မှမဟုတ်၊ ထိုသူကား အရူးဖြစ်ကြောင်းဆိုပြီး အစောင့်တို့ကို ထိုသအ
ူား
ဆွဲခေါ်သွားစေသည်။

(မှတ်ချက်။ ပါးစပ်နှစ်ခု၊ တုတ်ချောင်းတစ်ချောင်းနှင့် ပိတ်စဟူသော တရုတ်စာလုံးတို့ကို


ပေါင်းစပ်လုက
ိလျှ င် "လွီပု"(Lu Bu) ၏ နာမည် ရသည်။)

"တုန်ကျိုး"(Dong Zhuo) သည် လမ်းတွင် အမတ်တို့ နန်းတွင်းအဆောင်အယောင်တို့ ဖြင့်


တန်းစီနေကြသည်။ "လီစု"(Li Su) သည် "တုန်ကျိုး"(Dong Zhuo) ၏ လှည်း ဘေးမှ ဓားကိုင်လျက်
လျှောက်သည်။ နန်းတော်၏ မြောက်တံခါးသို့ရောက်သောအခါ "တုန်ကျိုး"(Dong Zhuo) ၏
ကိုယ်ရံတော်တို့ ကို အပြင်တွင် စောင့်စေပြီး အယောက်နှစ်ဆယ်ကျော်ခန့်သာ အထဲဝင်ခွင့်ပြုသည်။

အထဲသို့ရောက်သောအခါ "ဝမ်ယွင"် (Wang Yun) နှင့် အခြားအမတ်တို့ သည် လက်နက်ကိုယ်စီကိုင်ကာ


ရပ်နေကြသည်။

"သူတို့က ဘာလို့ လက်နက်ကုင


ိထားကြတာတုန်း"

"လီစု"(Li Su) ကား ဘာမှမပြော၊ လှည်းယာဉ်ကိုသာ ရေ့သ


ှို့ တွန်းလိုက်သည်။ "ဝမ်ယွင"် (Wang Yun) မှ
ရုတတ
် ရတ် အော်လိုက်သည်။

"သူပုန်လာပြီဟေ့၊ အာဏာပါးကွက်သားတွေ ဘယ်ရောက်နေတုန်း"

ထိုအသံကြားလိုက်ပြီးသည်နှင့် လှံကုင
ိထားသောစစ်သားတို့ ထွက်လာကာ "တုန်ကျိုး"(Dong Zhuo) ကို
တိုက်သည်။ "တုန်ကျိုး"(Dong Zhuo) သည် သူဝတ်ဆင်လေ့ရှိသော သံချပ်ကာ ဝတ်မလာသဖြင့်
လှံတစ်ချောင်းသည် သူ၏ ရင်ကို ဖောက်သွားသည်။ "တုန်ကျိုး"(Dong Zhuo) သည် လှည်းပေါ်မှ ကျကာ
အသံကျယ်လှောင်စွာဖြင့်

"လွီပု(Lu Bu) ဘယ်မှာလဲ" ဟု သူ့သားကို ခေါ်သည်။ ထိုအခါ "လွီပု"(Lu Bu) သည်


ရုတတ
် ရတ်ရောက်လာကာ

130
"ဘုရင့်အမိန့်နဲ့ သူပုန်ကို သတ်ဖို့ ရောက်လာပြီ" ဟု ဆိုပြီး သူ၏လှံနှင့် "တုန်ကျိုး"(Dong Zhuo)
လည်ပင်းကို ထိုးစိုကက
်ာ သတ်လုက
ိသည်။ "လီစု"(Li Su) သည် "တုန်ကျိုး"(Dong Zhuo)
ခေါင်းကိုဖြတ်ကာ ချိတ်ဆွဲထားစေသည်။

"လွီပု"(Lu Bu) သည် ဘယ်လက်တွင် လှံကုက


ိုင်ကာ ညာလက်ဖြင့် ဘုရင့်အမိန့် တော်ကို ထုတလ
ိုက်ပြီး

"ဘုရင်မင်းမြတ်မိန့် ဆိုသည်မှာ သစ္စာဖောက် "တုန်ကျိုး"(Dong Zhuo) ကို သေဒဏ်ပေးရန်ဖြစ်သည်။


အခြားသူများ မပါ" ဟု ဆိုသည်။ ထိုအထဲတွင်ရှိသော သူအားလုံးက

"ဘုရင်မင်းမြတ် သက်တော်ရာကျော်ရည
ှ်ပါစေ" ဟု အော်ကြသည်။

ထို့နောက် "တုန်ကျိုး"(Dong Zhuo) ၏ လက်ရုံးတစ်ဆူဖြစ်သော "လီရ"ု (Li Ru) ကို ရှာစေသည်။


"လီစု"(Li Su) ကိုယတ
ိုင်သွားကာ ရှာသည်။ ထိုအခိုက်တွင်ပင် ဂိတ်အနီးမှ အော်သံကြားရပြီးနောက်
အိမ်အစေတစ်ဦးက "လီရ"ု (Li Ru) ကို ကြိုးတုတြ် ပီး ခေါ်လာသည်။ "ဝမ်ယွင်"(Wang Yun) က "လီရ"ု (Li
Ru) ကို ဈေးအတွင်းတွင် သတ်စေရန် အမိန့်ပေးလိုက်သည်။

"တုန်ကျိုး"(Dong Zhuo) ၏ ခေါင်းကို လူစည်သောနေရာတွင် ပြထားစေသည်။ သူ၏ ခန္ဓာကိုမူ


အစောင့်တို့ က တုတ်စိုက်ကာ မီးထွန်းလေသည်။ လမ်းသွားလမ်းလာတို့ သည် ထိုခေါင်းနှင့် ခန္ဓာတို့ ကို
ခြေထောက်ဖြင့် နင်းကြလေသည်။

"ဝမ်ယွင်"(Wang Yun) သည် "လွီပု"(Lu Bu)၊ "ဟွမ်ဖူစုန့် "(Huangfu Song) နှင့် "လီစု"(Li Su) တို့ ကို
မေဝေါ်သို့လွှတ်ကာ ဖျက်စီးစေသည်။ "လီကျွယ်"(Li Jue) ၊ "ကော်စီ"(Guo Si) ၊ "ဖန်ချိုး"(Fan Chou) နှင့်
"ကျန်းကျိ"(Jiang Ji) တို့သည် သူတို့ သခင်သတင်းကို ကြားသောအခါ စစ်သားတို့ကိုခေါ်ပြီး
လျန်ကျိုးပြည်နယ်သို့ ပြေးလေသည်။

မေဝေါ်သို့ရောက်သည်နှင့် "လွီပ"ု (Lu Bu) ပထမဆုံးလုပ်သည့်အလုပ်ကား "သောင်းချမ်"(Diao Chan) ကို


သွားခေါ်ခြင်းပင်တည်း။ ထို့နောက် ထိုစစ်သားတို့ သည် တုန်(Dong) မိသားစုတစ်စုလုံးကို သတ်သည်၊
"တုန်ကျိုး"(Dong Zhuo) ၏ အမေအိုကြီးကိုပင် မချန်ချေ။ "တုန်ကျိုး"(Dong Zhuo) ၏ ညီ
"တုန်မင်"(Dong Min) နှင့် တူဖြစ်သူ "တုန်ဟမ
ွ်"(Dong Huang) တို့၏ ခေါင်းကို လူအများရှေ့ ဈေးတွင်
ပြထားစေသည်။ မေဝေါ်တွင် အဖမ်းခံခဲ့ရသော အမျိုးသမီးပေါင်းများစွာကို လွှတေ
် ပးလိုကသ
် ည်။
"တုန်ကျိုး"(Dong Zhuo) ၏ ပိုင်ဆိုင်မှုအားလုံးကို သိမ်းလိုက်သည်။ အောင်စလေးငါးသိန်းခန့်ရှိသော ရွှေ၊
သန်းချီသော ငွေကြေး၊ ပုလဲ၊ ကျောက်၊ ပိုးထည်၊ သားရေ၊ သိုးမွေး နှင့်အစားအစာတို့ ကို ရလေသည်။

အောင်မြင်မှုသတင်းကို ပို့သောအခါ "ဝမ်ယွင"် (Wang Yun) သည် စစ်သားတို့ကို အစားအစာတို့ဖြင့်


ကျွေးမွေးကာ အောင်ပွဲခံစေသည်။ ဝန်ကြီးများခန်းမတွင် စားသောက်ပွဲကျင်းပပြီး အမတ်တို့ကို

131
ဖိတြ် ကားသည်။ ထို့နောက် အချင်းချင်း ဂုဏ်ပြုကြလေသည်။ ထိုအချိန်တွင် "တုန်ကျိုး"(Dong Zhuo) ၏
အလောင်းကို ဈေးတွင် ပြထားသည့်အပေါ် လူတစ်ဦးက စိတ်မကောင်းစွာဖြင့် ငိုနေကြောင်း လာပြောသည်။

"တုန်ကျိုး(Dong Zhuo) က သေသွားပြီပဲ၊ သူသေတာ အကုန်ပျော်နေရမှာ၊ ဘယ်သူက


ဝမ်းနည်းနေရတာတုန်း"

ထို့နောက် "ဝမ်ယွင"် (Wang Yun) သည် ထိုငိုသောသူကို သူ့ထံခေါ်လာရန် အမိန့်ထုတ်လိုကသ


် ည်။
ထိုသူသည်ကား နန်းတွင်းသမိုင်းမှတတ
် မ်းတင်သူ "ချိုင်ယုံ"(Cai Yong) ပင်ဖြစ်သည်။ "ဝမ်ယွင်"(Wang
Yun) မှ "ချိုင်ယုံ"(Cai Yong) ကို ဒေါသဖြင့် စကားဆိုသည်။

"တုန်ကျိုး(Dong Zhuo) က သူပုန်မို့လို့ သေဒဏ်ပေးလိုက်တာကို တစ်တိုင်းပြည်လုံးက


ဝမ်းမြောက်နေကြတာ ခင်ဗျားက ဒီတိုင်းပြည်ရဲ့ ဝန်ကြီးဖြစ်ပြီး ဘာလို့ သစ္စာဖောက်အတွက် ငိုနေတာတုန်း"

"ကျွန်တော်က အရည်အချင်းမရှိပေမယ့်လည်း ဘယ်ဟာအမှား၊ ဘယ်ဟာ အမှန်ဆိုတာတော့


ခွဲတတ်ပါသေးတယ်။ ကျွန်တော်က တိုင်းပြည်ကို ကျောခိုင်းပြီး တုန်ကျိုး(Dong Zhuo) ကို
ထောက်ခံခဲ့သူမဟုတ်ပါဘူး။ ဒါပေမယ့် ကျွန်တော့်အပေါ်မှာ သူ့ကျေးဇူးတွေရှိတဲ့အတွက်
သူသေသွားတဲ့အပေါ် စိတ်မကောင်းမဖြစ်ပဲ မနေနိုင်ဘူး ။ ကျွန်တော်အပြစ်ကြီးမှန်းသိပါတယ်၊ ဒါပေမယ့်
အကျိုးအကြောင်းကို ဆင်ခြင်သုံးသပ်ပေးပါ၊ အပြစ်ပေးတဲ့အနေနဲ့ ကျွန်တော့်ခြေကို ဖြတ်ရင်ဖြတ်လိုက်ပါ၊
ခေါင်းနဲ့လက်ပဲ ကျန်ပါစေ၊ ဒီလက်နဲ့ ဟန်နိုင်ငံရဲ့သမိုင်းကို မှတ်တမ်းတင်ပြီး အပြစ်ကို ပေးဆပ်သွားပါမယ်"

("တုန်ကျိုး"(Dong Zhuo) က "ချိုင်ယံ"ု (Cai Yong) ကို မြောက်စားသည့်အကြောင်းကို အခန်း(၄) တွင်


ဖော်ပြခဲ့ပြီးဖြစ်သည်။)

ထိုအခါ လူအပေါင်းတို့က ကရုဏာသက်ကာ "ချိုင်ယ"ုံ (Cai Yong) ကို မသတ်ရန် တောင်းပန်ကြသည်။


နန်းတော်အစောင့်တပ်မှူး "မာမိတ"ိ (Ma Midi) က ဤသို့ပြောသည်။

"ချိုင်ယ"ုံ (Cai Yong) က ပညာရှိလို့ နာမည်ကြီးပြီး ခန့်ညားထည်ဝါတဲ့သမိုင်းကို ရေးနိုင်သူဖြစ်တယ်။


ဒါကြောင့် ဒီလိုလူမျိုးကို မစဉ်းစားမဆင်ခြင်ပဲ သတ်မိန့်ချတာဟာ မသင့်တော်ပါဘူး"

သို့သော်လည်း ထိုစကားတို့ သည်ကား အချည်းနှီးပင်။ "ဝမ်ယင


ွ်"(Wang Yun) က

"ဟိုးလွန်ခဲ့တဲ့နှစ်တစ်ရာကျော်က ဝူဘရ
ု င်(Emperor Wu) ဟာ စီးမာချန်(Sima Qian) ကို မသတ်ပဲနဲ့
သမိုင်းပြုစုစေခဲ့တယ်၊ ဒါကြောင့် သူရေးခဲ့တဲ့ မဟုတ်မမှန်တဲ့သမိုင်းဟာ ဒီနေ့ခေတ်အထိရှိနေခဲ့တယ်၊
ဒါကြောင့် ချိုင်ယ(ုံ Cai Yong) ကိုသာ လွှတ်ပေးလိုက်ရင် သူက ငယ်ရွယ်တဲ့ မင်းသားနဲ့
ကျုပ်တို့အမတ်တွေ မကောင်းကြောင်းကို ရေးတော့မှာပဲ" ဟု ပြောလေသည်။

132
တောင်းပန်သော်လည်း မရသည်နှင့် "မာမိတ"ိ (Ma Midi) သည် ရာထူးမှ နှုတ်ထက
ွ်သွားသည်။ ထို့နောက်
သူ၏ လုပ်ဖော်ကိုင်ဖက်တို့ကို

"ဝမ်ယွင်(Wang Yun) က အနာဂတ်ကို ကြိုမတွေးတတ်ဘူးလား၊ လူတော်ဆိုတာ


တိုင်းပြည်ရဲ့ရတနာဖြစ်ပြီး ဥပဒေဟာ တိုင်းပြည်အတွက် လိုအပ်တဲ့အရာဖြစ်တယ်၊ လူတော်ဆိုတဲ့ ရတနာကို
ဖယ်ရှားပြီး ဥပဒေကို အလေးမမူတာဟာ တိုင်းပြည်ပျက်မြန်အောင် လုပ်သလိုပဲ" ဟု ပြောသည်။

ထိုသူ ပြောသကဲ့သို့ပင် "ဝမ်ယွင"် (Wang Yun) သည်ကား မှားသော်လည်း မပြင်ချေ။ "ချိုင်ယ"ုံ (Cai
Yong) ကို ထောင်သွင်းအကျဉ်းချစေပြီးနောက် ဆွဲကြိုးဆွဲကာ သတ်သေစေသည်။ ထိုခေတ်က
များစွာသောလူတို့ သည် "ချိုင်ယုံ"(Cai Yong) သေဆုံးမှုအပေါ် ဝမ်းနည်းမဆုံး ရှိကြလေ၏။

"တုန်ကျိုး"(Dong Zhuo) သေဆုံးပြီးနောက် ပြေးသွားကြသော စစ်သူကြီးလေးဦးဖြစ်သည့် "လီကျွ ယ်"(Li


Jue) ၊ "ကော်စီ"(Guo Si) ၊ "ဖန်ချိုး"(Fan Chou) နှင့် "ကျန်းကျိ"(Zhang Ji) တို့သည် လျန်ကျိုးပြည်နယ်
ရှန်ရှီးအရပ်တွင် စခန်းချကြသည်။ ထို့နောက် နန်းတော်သို့ ငြိမ်းချမ်းရေးသဝဏ်လွှာပို့သည်။ သို့သော်
"ဝမ်ယွင်"(Wang Yun) က လက်မခံချေ။

"ဒီလူလေးယောက်လုံးက တုန်ကျိုး(Dong Zhuo) ရဲ့ နောက်လိုက်နောက်ပါတွေပဲ၊ ဒါကြောင့်


ဒီလိုကမ်းလှမ်းတာကို လက်မခံဘူး"

ဆတ်သားသည် ပြန်သွားကာ ထိုအကြောင်းကို ပြောသဖြင့် ထိုသေ


ူ လးဦးအတွက် ပြေးရုံမှတပါး
အခြားမရှိပြီ။

သို့သော်လည်း သူတို့ ၏ အကြံပေး "ကျာရွှ"ီ (Jia Xu) မှ

"လက်နက်တွေပစ်ပြီး ဒီအတိုင်းပြေးလို့ကတော့ တစ်နေ့နေ့တစ်ချိန်ချိန်တော့ အဖမ်းခံရမှာပဲ။


ဒီလိုအဖမ်းခံမယ့်အစား ရှန်ရှီးလူတွေကို စုရုံးပြီးတော့ မြို့တော်ကိုတိုက်ပြီး ဝန်ကြီးချုပ် တုန်ကျိုး(Dong
Zhuo) အတွက် လက်စားချေတာကမှ တော်ဦးမယ်။ အောင်မြင်ရင် နန်းတွင်းနဲ့ တိုင်းပြည်ကို
ထိန်းချုပ်နိုင်မှာဖြစ်ပြီး ကျရှုံးရင်တော့ ထွကေ
် ပြးလို့ ရသေးတယ်" ဟု ပြောသည်။

ထိုအကြံကို လက်ခံလိုက်ကြသည်။ ထို့နောက် "ဝမ်ယွင"် (Wang Yun) သည် ထိုနယ်ကိုတုက


ိရန်
ကြံနေကြောင်း ကောလာဟာလတို့လွှင့်ကာ စစ်သားတို့ ကို စုဆောင်းလေသည်။ စစ်သားတစ်သိန်းခန့်
စုမိသော် ထိုစစ်သားတို့ ကို လေးပိုင်းပိုင်းပြီး တပ်အားလုံးတို့ သည် မြို့တော် ချန်အန်းသို့ ချီတက်ကြသည်။
လမ်းတွင် "တုန်ကျိုး"(Dong Zhuo) ၏ သားမက်ဖြစ်သော "နူဖူ"(Niu Fu) နှင့် တွေ့သည်။ "နူဖ"ူ (Niu Fu)
သည်လည်း သူယောက္ခမအတွက် လက်စားချေရန် ရှီလျန်မှ စစ်သားငါးထောင်ကို ဦးဆောင်ကာ

133
ချီတက်လာခြင်းဖြစ်သည်။ သို့နှင့် "နူဖ"ူ (Niu Fu) သည် ထိုတပ်ပေါင်းစု၏ ရှေ့ပြေးတပ်
စစ်သြူ ကီးဖြစ်သွားသည်။

ထိုသတင်းကို "ဝမ်ယင
ွ်"(Wang Yun) ကြားသော် "လွီပ"ု (Lu Bu) ကို ခေါ်ကာ တိုင်ပင်သည်။

"လွီပု"(Lu Bu) : "ကြွက်တွေကတော့ အများကြီးပဲ၊ ဒါပေမယ့် ဘယ်လောက်များများ စိုးရိမ်စရာမရှိပါဘူး"

"လွီပု"(Lu Bu) နှင့် "လီစု"(Li Su) သည် သူပုန်တို့ ကို နှိမ်နှင်းရန် ပြင်ကြသည်။ "လီစု"(Li Su) သည်
"နူဖ"ူ (Niu Fu) နှင့် ရင်ဆုင
ိပြီး "နူဖ"ူ (Niu Fu) ရှုံးကာ တပ်ဆုတ်သွားသည်။ သို့သော်လည်း "နူဖ"ူ (Niu Fu)
သည် ညဘက်အလစ်ဝင်တိုက်သဖြင့် "လီစ"ု (Li Su) မမျှော်လင့်ပဲ ခံလုက
ိရကာ ဆယ်မိုငအ
် ကွာသို့
တပ်ဆုတ်ရသည်။

ထိုစစ်ရှုံးမှုသတင်းပို့လိုက်သောအခါ "လွီပု"(Lu Bu) သည် ဒေါသထွကက


်ာ

"ခင်ဗျားက ကျုပ်ရဲ့ လူစွမ်းကောင်းဆိုတဲ့ ဂုဏ်သတင်းကို ဖျက်လိုကသ


် လိုပဲ၊ နောက်ပြီး စစ်တပ်ရဲ့
တိုက်ခိုက်ချင်စိတ်ကိုပါ လျော့သွားစေတယ်" ဟု ဆိုပြီး "လီစု"(Li Su) ကို သတ်ကာ ခေါင်းကို
စခန်းချရာနေရာ၏ အပေါက်ဝတွင် ချိတ်ထားသည်။

နောက်ရက်တွင် "လွီပု"(Lu Bu) သည် စစ်တပ်ကို ဦးဆောင်ကာ "နူဖ"ူ (Niu Fu) နှင့် တိုက်သည်။
"နူဖ"ူ (Niu Fu) တပ် မခံနိုင်ပဲ ပြေးရလေသည်။ "နူဖ"ူ (Niu Fu) သည် သူ ယုံကြည်ရသောသူဖြစ်သည့်
"ဟူချီအာ"(Hu Chier) ကို ခေါ်ကာ အကြံတောင်းသည်။

134
"လွီပု(Lu Bu) ကို ကျွန်တော်တို့ စစ်တပ်နဲ့ ယှဉ်ဖို့ဆိုတာ မဖြစ်နိုင်ဘူး၊ ဒါကြောင့်
ဟိုစစ်သူကြီးလေးယောက်ကို ထားခဲ့ပြီးတော့ လူအနည်းငယ်နဲ့ တိတ်တဆိတ်ပြေးရင် ကောင်းမယ်"

သို့နှင့် ထိုသစ္စာဖောက်နှစ်ဦးတို့ သည် ညဘက်တွင် လူခြောက်ဦးနှင့်အတူ ပြေးလေသည်။ လမ်းခရီး၌


မြစ်တစ်ခုကို ဖြတ်သောအချိန်တွင် "ဟူချီအာ"(Hu Chier) စိတတ
်ွင် လောဘတို့ ဝင်ရောက်လာကာ
"နူဖ"ူ (Niu Fu) ကိုသတ်လိုကြ် ပီး ခေါင်းကို "လွီပု"(Lu Bu) ထံ သွားအပ်လေသည်။ "လွီပု"(Lu Bu) သည်
ဖြစ်ကြောင်းကုန်စင်ကို မေးရာ "ဟူချီအာ"(Hu Chier) နှင့် လိုကပ
်ါလာသူတစ်ဦးက
အမှန်အတိင
ုးပြောလိုက်သဖြင့် "လွီပု"(Lu Bu) သည် နှစ်ကြိမ်သစ္စာဖောက်ခဲ့သည့် "ဟူချီအာ"(Hu Chier)
ကို သတ္လိုကေ
် လသည်။

"လွီပု"(Lu Bu) သည် ရန်သူတပ်တို့ ကို တိုကရ


်ာ "လီကျွယ်"(Li Jue) ၏ တပ်နှင့် ရင်ဆိုင်သည်။
"လီကျွယ်"(Li Jue) သည် "လွီပ"ု (Lu Bu) ကို မယှဉ်နိုင်သဖြင့် ဆယ့်ငါးမိုင်အကွာ တောင်ခြေတစ်ခုနားတွင်
စခန်းချကာ အစည်းအဝေးပြုလုပ်သည်။

"လီကျွယ်"(Li Jue) : "လွီပု(Lu Bu) က ရဲရင့်ပေမယ့် နှလုံးရည်ရှိသူမဟုတ်တဲ့အတွက် သူ့ကို ရင်ဆိုင်ဖို့


မခက်လှဘူး ။ ကျုပ်တပ်တ သူ့ကို ထွက်တိုက်အောင် ဆွဲခေါ်မယ်၊ သူထွကတ
ိုက်ရင် စစ်သူကြီး
ကော်စီ(Guo Si) က နောက်ကတိုက်။ ပြီးတော့ စစ်သူကြီး ဖန်ချိုး(Fan Chou) နဲ့ "ကျန်းကျိ"(Jiang Ji) က
တခြားလမ်းကနေ ချန်အန်းကို တိုက။် ဒါဆို ဝမ်ယွင(် Wang Yun) ရော လွီပ(ု Lu Bu) ပါ ရှုံးမှာပဲ"

ထိုပြောသည့်အတိုင်းပင် "လီကျွယ်"(Li Jue) ၏ တပ်သည် "လွီပု"(Lu Bu) တပ်ကို မျှားခေါ်သွားပြီး


တောင်ပေါ်သို့ ပြေးကာ တောင်ပေါ်မှ မြားဖြင့် ပစ်ခြင်း၊ ကျောက်တုံးတို့ ကို တွန်းချခြင်းပြုလုပ်သည်။
"လွီပု"(Lu Bu) တပ် မထိုးဖောက်နိုင်ပေ၊ ထိုအခိုက်တွင် တပ်မြီးကို "ကော်စ"ီ (Guo Si) က
ဝင်တုက
ိကြောင်း သတင်းရောက်လာသည်။ ရက်အနည်းငယ်ကြာသည့်တိုင် သူပုန်တပ်မှာ
ထိုနည်းဗျူဟာကို သုံးရာ "လွီပ"ု (Lu Bu) မှာ မည်သည့်တပ်ကို တိုကရ
် မည်မသိသလို
ထိုးဖောက်နိုင်ခြင်းလည်း မပြုနိုင်ခဲ့ပေ။ စစ်သားတို့ က မောပန်းလျက် ရှိချေပြီ။ ထိုအချိန်တွင်
ဆတ်သားတစ်ဦးရောက်လာပြီး မြို့တော်ကို ရန်သူတို့က ဝန်းရံထားပြီဖြစ်ကြောင်း သတင်းပို့ သည်။

ထိုအခါ "လွီပု"(Lu Bu) သည် မြို့တော်သို့ ချက်ချင်းပြန်လည


ှ့်ရန် အမိန့်ထုတ်သည်။ တပ်ဆတ
ုသည့်
"လွီပု"(Lu Bu) ကို "လီကျွယ်"(Li Jue) နှင့် "ကော်စ"ီ (Guo Si) တို့ က ဝိုင်းတိုက်ကြသည်။ "လွီပု"(Lu Bu)
တပ်၏ ဆုံးရှုံးမှုကား မနည်းလှ။

135
ချန်အန်းမြို့သို့ရောက်သော် သူပုန်တို့ က မြို့ကို ဝန်းရံထားနှင့်လေပြီ။ "လွီပု"(Lu Bu) က
တိုက်သော်လည်း အကျိုးမရှိတော့ပေ။ "လွီပု"(Lu Bu) သည် စစ်ရှုံးမှုကြောင့် ဒေါသထွကေ
် လသဖြင့်
လက်အောက်ငယ်သားတို့ သည် ရန်သူ့ ထံ ခိုလှုံကြသည်။ မြို့အတွင်းမှ "တုန်ကျိုး"(Dong Zhuo)
လက်အောက်ခံဖြစ်ခဲ့သော "လီမန်"(Li Meng) နှင့် "ဝမ်ဖန်"(Wang Fang) တို့သည် မြို့ပြင်ရှိသူပုန်တို့ ကို
ကူညီကာ မြို့ဂိတက
ို တိတတ
် ဆိတ်ဖွင့်လိုက်သဖြင့် သူပုန်တို့ မြို့ထဲထိ ဝင်ရောက်လာသည်။ "လွီပု"(Lu
Bu) သည် မြင်းစစ်သည် လေးငါးရာဖြင့် မြို့ထဲဝင်ကာ "ဝမ်ယွင်"(Wang Yun) ကို ခေါ်သည်။

"အခြေအနေမဟန်တော့ဘူး ၊ ကျွန်တော်နဲ့ အတူ လုံခြုံရာကို လိုကခ


်ဲ့ပါ"

"အကယ်၍ ကံကောင်းခဲ့ရင်တော့ ကျုပ် ရည်ရွယတ


်ဲ့အတိုင်း တိုင်းပြည်ကို ပြန်ထူထောင်နိုင်မယ်။ အဲ့လုမ
ှိ
မဟုတ်ရင် သေတာမှ ကောင်းဦးမယ်။ ခံတပ္ရဲ့တစ္ဖက္မွာရွိတဲ့ ဘုရင့္ကုေ
ိ ထာက်ခံတဲ့တပ်တွေကို ကျုပ်က
ကျေးဇူးတင်တယ်လို့ ပြောလိုက်ပါ။ နောက်ပြီး တိုင်းပြည်ကိုလည်း အမှတရ
် ကြပါ"

"လွီပု"(Lu Bu) သည် "ဝမ်ယွင"် (Wang Yun) ကို အကြိမ်ကြိမ်အခါခါ ခေါ်သော်လည်း "ဝမ်ယင
ွ်"(Wang
Yun) သည် မလိုက်ချေ။ ထိုအချိန်တွင် တစ်မြို့လုံး၌ မီးလောင်ကျွ မ်းနေချေပြီ။ ထို့ကြောင့် "လွီပု"(Lu Bu)
သည် တပ်ဆုတ်ကာ "ယွမ်စု"(Yuan Shu) ခိုလရ
ှုံ န်သွားလေသည်။

"လီကျွယ်"(Li Jue) နှင့် "ကော်စ"ီ (Guo Si) တို့ သည် လက်အောက်ငယ်သားတို့ကို ထင်တိုင်းကြဲစေသည်။
သူပုန်တို့ သည် ဓားပြတိုက်ခြင်း၊ ပြည်သူတို့ ကို သတ်ခြင်းတို့ ပြုကြသည်။ မှူးမတ်ဗိုလပ
်ါ များစွာတို့လည်း
သေဆုံးကုန်သည်။ ဝန်ကြီး "ချုံးဖူ"(Chong Fu) ၊ "လုခွေ"(Lu Kui) နှင့် "ကျိုးဟွမ"် (Zhou Huan) တို့
အသတ်ခံရကာ စစ်သြူ ကီး "ချွေးလျဲ"(Cui Lie) နှင့် "ဝမ်ချင်"(Wang Qin) တို့သည် သူပုန်တို့ ကို
တိုက်ကာ တိုက်ပွဲတွင် ကျလေသည်။

ထိုအချိန်တွင် သူပုန်တို့ သည် နန်းတွင်းအထိရောက်နေခဲ့ပြီ။ နန်းတွင်းသူ၊ နန်းတွင်းသားတို့သည်


ဘုရင်အား ထိုပုန်ကန်မှုကို ရပ်စေရန် တောင်းပန်ကြသည်။ ဘုရင့်ထီးတော်မိုး အနီးထံ "လီကျွယ်"(Li Jue)
နှင့် "ဖန်ချိုး"(Fan Chou) တို့ ရောက်လာကာ

"ဘုရင်မင်းမြတ် သက်တော်ရာကျော် ရှည်ပါစေ" ဟူ အော်လေသည်။

"အချင်းတို့ ၊ ကျွန်ုပ်၏ ဆင့်ခေါ်မှုမခံရပဲ မြို့တော်အတွင်းဝင်လာရသည်မှာ အဘယ်ကြောင့်နည်း"

"ဘုရင်မင်းမြတ်ရဲ့ ဝန်ကြီးချုပ်ဖြစ်တဲ့ တုန်ကျိုး(Dong Zhuo) ကို ဝမ်ယွင(် Wang Yun) က


သတ်လိုက်တဲ့အတွက် လက်စားချေရန်အလို့ ငှာ ရောက်လာရခြင်းဖြစ်ပါသည်။ ဝမ်ယွင်(Wang Yun)
ကိုသာ ကျွန်တော်မျိုးတို့ လက် အပ်မည်ဆိုလျှင် ကျွန်တော်မျိုးတို့ တပ်ဆုတ်ပါမည်"

136
ထိုအချိန်တွင် "ဝမ်ယွင"် (Wang Yun) သည် ဘုရင့်အပါးတော်၌ ရှိသည်။ သူပုန်တို့ ၏ ထိုစကားကို
ကြားလျှင် "ဝမ်ယွင"် (Wang Yun) က

"ဒီအကြံက တိုင်းပြည်အတွက် လုပ်ခဲ့တာဖြစ်ပေမယ့် လူဆိုး လူမိုက်တွေက နန်းတော်ထိ ရောက်လာခဲ့ပြီ။


အရှင်မင်းကြီး၊ ကျွန်တော်မျိုးကို ဆုံးရှုံးတာ ဘာမှမပြောပလောက်ပါဘူး၊ ကျွန်တော်မျိုး ပဲ
သူတို့ ဆီသွားလိုက်မယ်"

ဘုရင်သည်ကား ဝမ်းနည်းတွေဝေပြီး မည်သို့ မှ မဆိုနိုင်ချေ။ ထိုအချိန်တွင် "ဝမ်ယွင"် (Wang Yun) သည်


အနောက်ဘက်မှ ထွကလ
်ာကာ

"ဝမ်ယွင်(Wang Yun) က ဒီမှာပဲဟေ့"

"ကျုပ်တို့ သခင်ကြီးက ဘာအပြစ်များ ကျူးလွန်ခဲ့လို့ သတ်လိုက်တာတုန်း"

"သူ့အပြစ်တွေကို ထပ်စီထားလို့ရမယ်ဆိုရင် ကောင်းကင်အထိရောက်မှာဖြစ်ပြီး ဖြန့်ပြီးထားနိုင်မယ်ဆိုရင်


တစ်လောကလုံးကိုတောင် ဖုံးလွှမ်းနိုင်တယ်။ သူသေတဲ့နေ့က တစ်မြို့လုံး ဝမ်းမြောက်ဝမ်းသာနဲ့
ပျော်ပွဲဆင်တဲ့နေ့ပဲ။ ဒါ မင်းတို့ လည်း သိကြမှာပါ"

"ဒါဆို သူ့အပြစ်ရှိတယ်ပဲထားဦးတော့၊ ကျုပ်တို့ အသနားခံတုန်းကကော ဘာလို့ ခွင့်မလွှတ်တာတုန်း"

"သူပုန်တွေ၊ ဘာလို့ စကားရှည်နေတာတုန်း။ ကျုပ်က သေဖို့ အသင့်ပ"ဲ

သို့နှင့် "ဝမ်ယွင"် (Wang Yun) သည် ပြဿဒ်၏ လှေကားတွင် အသတ်ခံရသည်။

ဘုရင်၏ ခြေတော်ရင်းဝယ် သစ္စာရှိသောအမတ်တစ်ဦး အသတ်ခံခဲ့ရချေပြီ။ ထို့နောက် ထိုသပ


ူုန်တို့ သည်
"ဝမ်ယွင်"(Wang Yun) ၏ မိသားစုကုပ
ိါ သတ်လေသည်။ လူအများတို့ စိတ်မကောင်းကြီးစွာဖြစ်ကြသည်။

သူပုန်တို့ သည် အချင်းချင်း ဤသို့ ပြောကြသည်။

"မြို့တော်ကို ရောက်လာပြီးတော့မှ ဘုရင်ကိုပါ သတ်လိုက်ရင် ကိစ္စကြီး အောင်မြင်သွားမှာ မဟုတ်လား"

137
အခန်း(၁၀) "မာထန်"(Ma Teng) သည် ဘုရင်ကို ကယ်ရန် ကြိုးပမ်းခြင်း။ "ချောင်ချောင်း"(Cao
Cao) သည် သူ့အဖေအတွက် လက်စားချေခြင်း။

ရှေ့အခန်းတွင် သူပုန်ခေါင်းဆောင်နှစ်ဦးဖြစ်သည့် "လီကျွယ်"(Li Jue) နှင့် "ကော်စ"ီ (Guo Si) တို့ သည်
"ရှန"် (Xian) ဧကရာဇ်ကို သတ်ရန်ကြံစည်ကြလေသည်။ သို့ သော်လည်း
အခြားခေါင်းဆောင်နှစ်ဦးဖြစ်သည့် "ကျန်းကျိ"(Zhang Ji) နှင့် "ဖန်ချိုး"(Fan Chou) တို့က
ကန့်ကွက်ကြသည်။

"မဟုတ်ဘူး ၊ ဒီအချိန်မှာ ဘုရင်ကို သတ်လိုက်ရင် တိုင်းသူပြည်သားတွေက လက်ခံမှာ မဟုတ်ဘူး၊ သူ့ကို


အာဏာပေးချင်ယောင်ဆောင်လိုက်၊ ပြီးရင် မြို့တော်ချန်အန်းကို ငါတို့ခြေ၊
ငါတို့ လက်ဖြစ်အောင်လုပ်ရမယ်။ နောက်ပိုင်း ဘုရင်ကို ထောက်ခံသူတွေကို ရှင်းပြီးမှသာလျှင် သူ့ကို
သတ်ဖို့ ကြံရမှာ ဖြစ်တယ်။ ဒီလိုဆုရ
ိ င်တော့ တိုင်းပြည်ကြီးက ငါတို့လက်ထဲမှာပဲပေါ့"

သို့နှင့် ဘုရင်ကို မသတ်တော့ချေ။ ဘုရင်သည် ပြဿာဒ်မှနေကာ မိန့်ဆိုသည်။

"အသင်တို့၊ ဘာလို့ နေနေသေးတာတုန်း။ ဝမ်ယွင(် Wang Yun) ကို သတ်ပြီးပြီမဟုတ်လား၊


စစ်တပ်တွေကို ပြန်ဆုတခ
ိုင်းတော့လေ"

"ကျွန်တော်မျိုးတို့ က တိုင်းပြည်အပေါ် ကောင်းကျိုးပြုခဲ့တဲ့အတွက် ရာထူးတိုးမြင့်တာလိုချင်ပါတယ်"

"ဘာရာထူးတွေ လိုချင်လို့ လဲ"

သို့နှင့် သူပုန်တို့သည် သူတို့ လိုချင်သော အရာအသီးသီးကိုရေးကာ ဘုရင်ကို ပေးလိုက်သည်။


ဘုရင်မှာလည်း နီးရာဓားကို ကြောက်ရသဖြင့် သူပုန်တို့ကို ရာထူးတိုးပေးရလေသည်။

"လီကျွယ်"(Li Jue) သည် မြင်းပျံတပ်စစ်သူကြီးရာထူး၊ ချီရန်မြို့စား၊


မြို့တော်ကာကွယ်ရေးတပ်ခေါင်းဆောင်၊ နန်းတော်ကြီးကြပ်ရေးမှူး စသောရာထူးတို့ အပြင် စစ်တပ်ကို
ထိန်းချုပ်နိုင်သည့် အာဏာတို့ကို ရသည်။

"ကော်စီ"(Guo Si) မှာမူ နောက်တန်းတပ်၏ စစ်သြူ ကီး၊ မေရန်မြို့စား၊ နန်းတော်ကြီးကြပ်ရေးမှူးနှင့်


စစ်တပ်အာဏာတို့ကို ရသည်။

"ဖန်ချိုး"(Fan Chou) မှာမူ ညာတောင်ပံတပ်စစ်သူကြီးရာထူးနှင့် ဝါညမ်မြို့စားအဖြစ် ခန့်အပ်ခြင်းခံရသည်။

"ကျန်းကျိ"(Zhang Ji) သည်လည်း မြင်းပျံတပ်စစ်သူကြီးရာထူးအပြင် ဖင်ရန်မြို့စားအဖြစ်


ချီးမြှောက်ခြင်းခံရလေသည်။

138
"လီမန်"(Li Meng) နှင့် "ဝမ်ဖန်"(Wang Fang) တို့သည် အတွင်းမှ မြို့တံခါးတို့ကို ဖွင့်ပေးသဖြင့်
နန်းတော်တပ်မှူးအဖြစ် ခန့်အပ်ခြင်းခံရသည်။

ထိုရာထူးတို့ ချီးမြင့်ခံရပြီးနောက် "လီကျွယ်"(Li Jue) နှင့် "ကော်စီ"(Guo Si) တို့သည် ဘုရင်ကို


ကျေးဇူးတင်ကာ ချန်အန်းမြို့၏ ရပ်ကွက်တစ်ခုဖြစ်သော ရွှင်းနွန်တွင် စခန်းချသည်။ အခြားသော
သူပုန်ခေါင်းဆောင်တို့သည်လည်း ရာထူးပေးအပ်ခြင်းခံရသဖြင့် ကျေနပ်သွားကြသည်။ မြို့တော်ကား
သူပုန်တို့ ၏ ဖျက်စီးမှုရန်မှ လွတ်မြောက်သွားခဲ့ပြီ။

"တုန်ကျိုး"(Dong Zhuo) ၏ နောက်လိုကတ


့ို သည် ထိုသို့ အောင်မြင်ခဲ့သော်လည်း သူတို့ ၏
ခေါင်းဆောင်ဟောင်းကြီး၏ ကျေးဇူးကို မမေ့ပေ။ "တုန်ကျိုး"(Dong Zhuo) ၏ အလောင်းကို ပြန်ရှာကာ
သင်္ဂြိုဟ်ရန် ကြံသော်လည်း အလောင်း၏ အစအနတို့ သာ ရှာတွေ့သည်။ သို့နှင့် ပန်းပုသမားတို့ကို
"တုန်ကျိုး"(Dong Zhuo) ၏ ပုံအတိုင်း သစ်သားဖြင့် ပန်းပုထုစေပြီး ထိုအရုပ်ကို
အဖိုးတန်သောအခေါင်းထဲသွင်းကာ မြှုပ်ရန် ကြံသည်။ ရက်ကောင်းရက်သာရွေးပြီး
ဈာပနပြုလုပ်သော်လည်း ထိုရက်တွင် မိုးကြိုးမုန်တိုင်းကျကာ မြေပြင်ကို ရေအတိ ဖုံးသွားစေသည် ဟူ၏။
အခေါင်းမှာ အစိတစ
ိတ်အမွှာမွှာကွဲသွားပြီး ကျန်သော ခန္ဓာကိုမူ မိုးကြိုးပစ်ချခြင်း ခံရလေ၏။

ဒုတိယအကြမ် ဈာပနလုပ်ရန် ကြံပြန်ရာ ပထမအတိုင်းပင် ဖြစ်ပြန်၏။ တတိယအကြမ်တွင်ကား


မြေကြီးသည်ပင် လက်မခံတော့ချေ။ မိုးကြိုးတို့ကို ထိုအလောင်းကို လုံးဝလောင်ကျွမ်းသွားစေခဲ့ပြီ။
ကောင်းကင်ကြီးသည်ကား "တုန်ကျိုး"(Dong Zhuo) အပေါ် အလွန်စိတ်ဆိုးနေခဲ့ပြီဟု ဆိုနိုင်သည်။

139
ယခုအခါ "လီကျွယ်"(Li Jue) နှင့် "ကော်စ"ီ (Guo Si) တို့သည် အစစ်အမှန်အာဏာကို
ချုပ်ကုင
ိထားကြသည်။ လူတို့ ကို ဖိနှိပ်ခြင်း၊ နန်းတွင်းမှလူတို့ကို ဖြုတ်ကာ သူတို့ လူနှင့် အစားထိုးခြင်း
စသော အလုပ်တို့ကို လုပ်လေသည်။ ထိုလူတို့ ကို ဘုရင်အား အချိန်ပြည့်စောင့်ကြည့်စေသဖြင့် ဘုရင့်အား
အရွကေ
် တ်ာရစေသည်။ ထိုသို့ပင် ရာထူးတိုးခြင်း၊ ဖြုတ်ခြင်းတို့ကို ထင်သလိုပင် လုပ်နေကြသည်။ သူတို့
နာမည်ကြီးစေရန် "ကျူကျွင်း"(Zhu Jun) ကို နန်းတော်တွင် အမှုထမ်းရန် ပြန်ခေါ်ကာ
အတွင်းဝန်ရာထူးပေးလေသည်။

တစ်နေ့သော် ပင်ကျိုးနယ်နှင့် ရှီလျန်မြို့တို့ကို အပိုင်စားရသော "မာထန်"(Ma Teng) သည်


"ဟန်ဆွေ"(Han Sui) နှင့် ပူးပေါင်းကာ သူပုန်တို့ ကိုတိုက်ထုတ်ပြီး ဘုရင့်ကိုကယ်တင်မည်ဟု
ကြွေးကြော်ကာ စစ်တပ်တစ်သန
ိးဖြင့် မြို့တော်ကို ချီတက်လာသည်။

အနောက်ဘက်ရှိ ခေါင်းဆောင်တို့သည် စစ်တုက


ိရန် စီမံကိန်းတို့ရေးဆွဲပြီးကြပြီ။ "မာထန်"(Ma Teng)
နှင့် "ဟန်ဆွေ"(Han Sui) တို့သည် မြို့တော်သို့ လူလွှတ်ကာ သူတို့ ကို ကူညီမည့်သူကို ရှာသည်။
သူတို့ အား ကူညီမည့် မြို့တော်မှ သူသုံးဦးကား အမတ် "မာယွီ"(Ma Yu) ၊ "ချုံးရှောင်"(Chong Shao) နှင့်
စစ်သြူ ကီး "လျူဖန်"(Liu Fan) တို့ ဖြစ်သည်။ ဤသို့ နှင့် အတွင်းအပြင်ပေါင်းကာ သူပုန်တို့ ကို
သုတ်သင်ရန် ကြံကြသည်။ ထိုသုံးဦးတို့ ၏ အကူအညီဖြင့် "မာထန်"(Ma Teng) သည် ဘုရင်ထံမှ
"အနောက်ဘက်ကို အောင်နိုင်သော စစ်သြူ ကီး" ဟူသော ရာထူးကို ရကာ "ဟန်ဆွေ"(Han Sui) မှာမူ
"အနောက်ဘက်ကို ကာကွယ်သော စစ်သူကြီး" ဟူ၍ ဘုရင်ထံမှ တိတ်တဆိတ် ရာထူးတိုးခြင်းခံရသည်။
သို့နှင့် ထို သူနှစ်ဦးတို့ သည် စစ်တပ်တို့ ကို ဦးဆောင်ကာ မြို့တော်သို့ ချီတက်လာသည်။

140
သူပုန်တို့ ဘက်မှ ခေါင်းဆောင်လေးဦးသည်လည်း အစည်းအဝေးထိုင်ကာ တိုင်ပင်ကြသည်။ အကြံပေး
"ကျာရွှ"ီ (Jia Xu) မှ ပြောသည်။

"ရန်သူတွေက အဝေးကြီးက ချီတက်လာတာဖြစ်တဲ့အတွက် ကျွန်တော်တို့က မြို့ကို လုံခြုံအောင်ပဲ


လုပ်ပြီးတော့ ကာကွယ်ရမယ်။ ဒီလုဆ
ို သူတို့ ရက်တစ်ရာလောက် ဝန်းရံပြီးရင် ရိက္ခာကုန်တာနဲ့
ပြန်သွားရမှာပဲ၊ အဲ့အချိန်မှ ဝင်တိုက်ရင် အကောင်းဆုံးပဲ"

"လီမန်"(Li Meng) နှင့် "ဝမ်ဖန်"(Wang Fang) တို့က ထကာ ပြောသည်။

"ဒီအကြံက မကောင်းဘူး။ ကျုပ်တို့ နှစ်ယောက်ကို စစ်သားတစ်သောင်းသာပေး။ အဲ့ခေါင်းဆောင်တွေကို


သတ်ပြီး သူတို့ ခေါင်းကို ယူလာပြမယ်"

"အဲ့လိုဆို အရှုံးနဲ့ ရင်ဆိုင်ရမှာပဲ"

"ကျုပ်တို့ရှုံးရင် ကျုပ်တို့ အသေခံမယ်၊ နိုင်ရင်တော့ ခင်ဗျား ခေါင်းပြတ်ဖို့တာ ပြင်ထား"

ထိုအခါ "ကျာရွှီ"(Jia Xu) သည် "လီကျွ ယ်"(Li Jue) နှင့် "ကော်စ"ီ (Guo Si) အားအောက်ပါအတိုင်း
ပြောသည်။

"မြို့တော်က မိုင်ခုနှစ်ဆယ်အကွာမှာ ကျိုးကျီတောင်ကုန်းရှိတယ်၊ အဲ့နေရာမှာ လမ်းတွေကကျဉ်းပြီး


သွားရလာရ ခက်ခဲတယ်၊ စစ်သြူ ကီး ကျန်းကျိ(Zhang Ji) နဲ့ ဖန်ချိုး(Fan Chou) ကို အဲ့နေရာမှာ
တပ်စွဲစေပြီး လီမန်(Li Meng) နဲ့ ဝမ်ဖန်(Wang Fang) ကို ကူညီစေပါ"

ထိုအကြံကို လက်ခံလိုက်ပြီး ထိုနေရာတွင် ခြေလျင်တပ်နှင့် မြင်းတပ် စုစုပေါင်းတစ်သောင်းခွဲကို


စခန်းချစေသည်။ "လီမန်"(Li Meng) နှင့် "ဝမ်ဖန်"(Wang Fang) တို့ သည် စိတ်ဓာတ်တက်ကြွစွာဖြင့်
ထွက်သွားကာ မြို့တော်မှာ မိုင်ကိုး ဆယ်အကွာဝယ် စခန်းချသည်။

ထို့နောက် အနောက်ဘက်မှ ချီတက်လာကြသော "မာထန်"(Ma Teng) နှင့် "ဟန်ဆွေ"(Han Sui) တို့ ကို
"လီမန်"(Li Meng) နှင့် "ဝမ်ဖန်"(Wang Fang) တို့က တပ်ခင်းကာ အဆင်သင့်စောင့်နေသည်ကို
တွေ့လိုက်သည်။ "မာထန်"(Ma Teng) နှင့် "ဟန်ဆွေ"(Han Sui) တို့သည် တပ်ရေ
ှ့သို့ ထွက်ကာ
သူပုန်တို့ အား လက်ညှိုးညွှန်ပြီး

"ဒါတွေက သစ္စာဖောက်တွေပဲ။ သူတို့ ကို ဘယ်သူ ဖမ်းမလည်းဟေ့" ဟု မေးသည်။

141
မကြာမီပင် ငယ်ရွယ်နုပျိုသော စစ်သူကြီးတစ်ဦးသည် လှံကို ကိုင်ကာ မြင်းကောင်းမြင်းလှကို စီးလျက်
ထွက်လာသည်။ ထိုသူသည်ကား "မာထန်"(Ma Teng) ၏ သား "မာချောင်း"(Ma Chao) ဖြစ်ပြီး
ထိုအချိန်တွင် အသက် တစ်ဆယ့်ခုနှစ်နှစ်ရှိပြီ ဖြစ်သည်။

"မာချောင်း"(Ma Chao) သည် ငယ်ရွယ်သော်လည်း သတ္တိရှိပြီး ရဲဝံ့ သူ ဖြစ်သည်။

"ဝမ်ဖန်"(Wang Fang) သည် ရန်သူဘက်မှ ငယ်ရွယ်သော စစ်သူကြီး ထွက်လာသည်ကို မြင်သော်အခါ


ဒေါသထွက်ပြီး ရှေ့သို့ ထွက်ကာ "မာချောင်း"(Ma Chao) နှင့် တိုက်လေသည်။ တိုက်ပြီး သိပ်ပင်မကြာ၊
"မာချောင်း"(Ma Chao) ၏ လှံက တစ်ဖက်ရန်သူကို ဖောက်သွားသည်။ "မာချောင်း"(Ma Chao) သည်
အနောက်ဘက်သို့ ပြန်လှည့်ရန် ပြင်ရာ "လီမန်"(Li Meng) သည် ရုတတ
် ရတ်ထွက်လာပြီး
တိုက်ပွဲတွင်ကျသွားသော သူ၏ လုပ်ဖော်ကိုင်ဘက်အတွက် လက်စားချေရန် ပြုသည်။

"မာချောင်း"(Ma Chao) ကား "လီမန်"(Li Meng) ကို မြင်ဟန်မပေါ်၊ သို့သော်လည်း သူ့အဖေမှ

"နောက်မှာ ရန်သလ
ူာနေတယ်" ဟု လှမ်းအော်ကာ သတိပေးသည်။

"မာထန်"(Ma Teng) ပြောနေချိန်တွင်ပင် "မာချောင်း"(Ma Chao) က "လီမန်"(Li Meng) ကို ဖမ်းကာ


သူ့မြင်းပေါ်သို့ တင်လိုက်ပြီဖြစ်သည်။ စင်စစ်သော် "မာချောင်း"(Ma Chao) ကား ရန်သူကို
မမြင်ခြင်းမဟုတ်၊ မမြင်ချင်ဟန်ဆောင်ကာ ရန်သူ၏ အငိုကက
ို စောင့်နေခြင်းပင် ဖြစ်သည်။

ဖြစ်ပုံက ဤသို့ တည်း။ "လီမန်"(Li Meng) သည် "မာချောင်း"(Ma Chao) နောက်မှ လိုက်ကာ
"မာချောင်း"(Ma Chao) ကို လှံနှင့် ထိုးလိုက်သည်၊ ၎င်းကို "မာချောင်း"(Ma Chao) က ရှောင်လုက
ိပြီး
သန်မာသောလက်မောင်းတို့ဖြင့် "လီမန်"(Li Meng) ကို ဆွဲကာ သုံ့ပန်းအနေဖြင့် ဖမ်းလိုက်လေသည်။
ခေါင်းဆောင်မဲ့သွားသော စစ်တပ်တို့ သည်ကား အရပ်မျက်နှာ ပေါင်းစုံသို့ ပြေးကြသည်။ "မာထန်"(Ma
Teng) နှင့် "ဟန်ဆွေ"(Han Sui) တို့က နောက်မှလိုက်ကာ တိုက်သဖြင့် အနိုင်ရသည်။ ထို့ နောက်
ခံတပ်တစ်ခုကို သိမ်းကာ စခန်းချပြီး "လီမန်"(Li Meng) ကို သတ်စေကာ ခေါင်းကို ချိတဆ
်ွဲထားလေသည်။

142
"လီကျွယ်"(Li Jue) နှင့် "ကော်စ"ီ (Guo Si) တို့ သည် အပြောကြီးသော စစ်သူကြီးနှစ်ဦးတို့
တစ်ဖက်ရန်သူတပ်၏ လူငယ်တစ်ယောက် လက်ချက်ဖြင့် သေဆုံးသည်ကို ကြားရသောအခါ "ကျာရွှ"ီ (Jia
Xu) ၏ အကြံသည် မှန်ကန်ကြောင်း သဘောပေါက်သွားသည်။ ထိုအကြံကိုပင် လက်ခံကာ ခံစစ်သာ
နေရန်ပြုပြီး ရန်သူနှင့် ယှဉ်မတိုက်တော့ပေ။

"ကျာရွှ"ီ (Jia Xu) ခန့်မှန်းသည့်အတိုင်းပင် နှစ်လကြာသော် ရှီလျန်စစ်တပ်သည်


စားနပ်ရိက္ခာ မလောက်သည်နှင့် ခေါင်းဆောင်တို့က တပ်ဆုတ်ရန် ကြံကြသည်။ ထိုအချိန်လောက်တွင်ပင်
"မာယွီ"(Ma Yu) ၏ အစေခံတစ်ဦးသည် သစ္စာဖောက်ကာ နန်းတွင်းမှ အရာရှိသုံးဦးတို့သည်
အနောက်ဘက်မှ လာတိုက်သော ရန်သူတို့ နှင့် ပူးပေါင်းသည့်အကြောင်းကို သတင်းပို့ လိုက်သည်။ ထိုအခါ
"လီကျွယ်"(Li Jue) နှင့် "ကော်စ"ီ (Guo Si) တို့ သည် ထိုပူးပေါင်းသူ သုံးဦးလုံးနှင့် သူတို့၏
အိမ်သအ
ိုမ်သားများကိုပါ ဖမ်းစေကာ လူပုံအလယ်တွင် ခေါင်းဖြတ်သတ်စေသည်။ ထို့နောက်
ထိုသူသုံးဦး၏ ခေါင်းတို့ ကို မြို့တော်၏ အရှေ့တခ
ါံးတွင် ချိတ်ထားလေသည်။

အစာရေစာ မရှိတော့သည့်အပြင် မြို့တွင်းမှ ကူညီမည့်သတ


ူ့ို သေဆုံးကြသောအခါ "မာထန်"(Ma Teng)
နှင့် "ဟန်ဆွေ"(Han Sui) တို့အဖို့ တပ်ဆုတ်ရန်မှတပါး အခြားမရှိလေပြီ။ တပ်ဆုတ်သည်နှင့်
ရန်သဘ
ူ က်မှ "ကျန်းကျိ"(Zhang Ji) က "မာထန်"(Ma Teng) ကိုတိုက်ကာ "ဖန်ချိုး"(Fan Chou) က
"ဟန်ဆွေ"(Han Sui) နောက် လိုကသ
် ည်။ "မာထန်"(Ma Teng) ၏ စစ်တပ်ကား အလူးအလဲခံရသည်။
"မာချောင်း"(Ma Chao) ၏ အပြင်းအထန် ခုခံမှုကြောင့်သာ ရန်သူတို့က နောက်မှ ဆက်မလိုကေ
် တာ့ချေ။

"ဖန်ချိုး"(Fan Chou) သည် အခြားတပ်နောက်ကို လိုကရ


်ာ "ဟန်ဆွေ"(Han Sui) သည် ရဲရင့်စွာ ရှေ့သို့
ထွက်လာပြီး

"ကျွန်တော်နဲ့ ခင်ဗျားနဲ့က တစ်ရွာတည်းသားချင်းတွေပဲဗျာ၊ ဘာလို့ ဒီလို တိုကရ


် တာတုန်း"

"ကျုပ်က ကျုပ် ခေါင်းဆောင်ရဲ့အမိန့် ကို နာခံရမယ်"

"ကျွန်တော်က ဒီလိုလုပ်တာ တိုင်းပြည်ကြီးအတွက်ပါ၊ ဘာလို့များ ဒီလိုလိုက်တိုက်ရတာလဲ"

ထိုအခါ "ဖန်ချိုး"(Fan Chou) သည် "ဟန်ဆွေ"(Han Sui) ကို မတိုက်တော့ပဲ မြင်းကို


နောက်ပြန်လှည့်စေကာ သူ့တပ်တို့ ကိုလည်း ပြန်ဆုတ်စေသည်။ ၎င်းကို "လီကျွယ်"(Li Jue) ၏
တူမြင်သွားပြီး ပြန်ရောက်သော် သူ့ဦးလေးကို တိုင်တန်းသည်။ "လီကျွယ်"(Li Jue) က ဒေါသထွက်ပြီး
စစ်တပ်တစ်တပ် စေလွှတ်ကာ ထိုစစ်သူကြီးကို သတ်ရန်ပြုသည်။ ထိုအခါ "ကျာရွှ"ီ (Jia Xu) က ဝင်ပြီး

143
"အခုအချိန်မှာ လူတွေ မတည်ငြိမ်သေးဘူး၊ ဒါကြောင့် စစ်ထပ်ဖြစ်ရင် အန္တရာယ်များတယ်၊ ဒီအစား
ဖန်ချိုး(Fan Chou) ကို စားသောက်ပွဲတစ်ခုမှာ ဖိတြ် ပီး အဲ့မှာပဲ အမိန့် မနာခံမှုနဲ့ ကွပ်မျက်လိုကပ
်ါ" ဟု
ပြောသည်။

ထိုအကြံကို "လီကျွ ယ်"(Li Jue) က လက်ခံကာ "ဖန်ချိုး"(Fan Chou) နှင့် "ကျန်းကျိ"(Zhang Ji) ကို
စားသောက်ပွဲသို့ ဖိတ်သည်။ အနှီပုဂ္ဂိုလ် နှစ်ဦးကလည်း ဝမ်းသာအားရပင် လာသည်။
စားသောက်ပွဲအလယ်တင
ွ် "လီကျွယ်"(Li Jue) မှ ရုတ်တရတ် "ဖန်ချိုး"(Fan Chou) အား

"ခင်ဗျား ဘာလို့ ဟန်ဆွေ(Han Sui) နဲ့ ပူးပေါင်းတာတုန်း၊ သစ္စာဖောက် ဖြစ်နေပြီပေါ့" ဟု ပြောသည်။

"ဖန်ချိုး"(Fan Chou) သည် ရုတ်တရတ် အံ့အားသင့်သွားပြီ။ မည်သို့ မှ ပြန်မပြောနိုင်ခင်တွင်ပင်


ဓား၊ပုဆိန်တို့ ကိုင်ထားသော ကြေးစားလူသတ်သမားတို့ ပေါ်လာကာ "ဖန်ချိုး"(Fan Chou) ၏ ခေါင်း
စားပွဲခုံအောက် ရောက်သွားသည်။ "ကျန်းကျိ"(Zhang Ji) သည် အလွန်အမင်း ထိတ်လန့်ကာ မြေပေါ်သို့
လဲကျသွားသည်။

ထိုအခါ "လီကျွယ်"(Li Jue) က "ကျန်းကျိ"(Zhang Ji) ကို ထူလုက


ိပြီး

"ဖန်ချိုး(Fan Chou) က သစ္စာဖောက်မို့ လို့ သတ်လိုက်တာ၊ ခင်ဗျားကတော့ ကျုပ်


မဟာမိတ်ဖြစ်တဲ့အတွက် ဘာမှမပူပါနဲ့" ဟု ပြောသည်။

ထို့နောက်တွင်ကား "တုန်ကျိုး"(Dong Zhuo) ပြီးနောက် အသစ်တက်လာသော "လီကျွယ်"(Li Jue) ကို


ရင်ဆုင
ိဝံ့သူ မရှိတော့ချေ။ တစ်ဖက်တွင်မူ "လီကျွယ်"(Li Jue) သည် "ကျာရွှီ"(Jia Xu) ၏
အကြံပေးချက်အတိုင်း တိုင်းသူပြည်သားတို့အရေးကို လုပ်ဆောင်လေရာ မြောက်များစွာသောလူတို့ သည်
သူတို့ အား ထောက်ခံသည်။ နိုင်ငံရေးအခြေအနေ ကောင်းလာပြီး အစိုးရလည်း ပြန်တည်ငြိမ်လာသည်။

သို့သော်လည်း ပြဿနာအသစ်တစ်ခု ပေါ်လာခဲ့သည်။ ချင်ကျိုးပြည်နယ်တွင် အဝါရောင်သူပုန်တို့


ပေါ်လာပြန်ပြီဟူသော သတင်းပင် ဖြစ်သည်။ ထိုသူပုန်တို့ သည် လုယက်ခိုးဆိုးကြလေသည်။

ဝန်ကြီး "ကျူကျွင်း"(Zhu Jun) က ထိုသူပုန်တို့ ကို နှိမ်နှင်းနိုင်မည့်သက


ို သိသည်ဟုဆုသ
ိ ည်။
မည်သူလည်းဟု မေးလျှင်

"ဒီသူပုန်တွေကို ချောင်ချောင်း(Cao Cao) ကို အမိန့်ပေးပြီး တိုက်ခိုင်းမှ ရမယ်၊ မဟုတ်ရင်တော့ ရှုံးမှာပဲ"


ဟု ပြန်ဖြေသည်။ "လီကျွယ်"(Li Jue) က

"သူက ဘယ်မှာတုန်း" ဟု မေးသည်။

144
"သူက လက်ရှိမှာ တုန်းကျွင်းမြို့စားပါ၊ သူ့လက်အောက်မှာ စစ်တပ်အများကြီးရှိပြီး
သူ့ကိုသာအမိန့် ပေးလိုက်ရင် သူပုန်တွေကို ဖြိုခွင်းနိုင်မှာပါ"

သို့နှင့် ဆတ်သားတစ်ဦးစေလွှတ်ကာ "ချောင်ချောင်း"(Cao Cao) နှင့် ကျိပေမြို့စား "ပေါက်ရှင်း"(Bao Xin)


တို့အား သူပုန်တို့ကို နှိမ်နှင်းရန် အမိန့်ထုတ်လိုက်သည်။ "ချောင်ချောင်း"(Cao Cao) သည် နန်းတော်မှ
အမိန့်ကို ရသည်နှင့် ရှိုရန်ရှိ သူပုန်တို့ ကို တိုကရ
် န် ပြင်သည်။ "ပေါက်ရှင်း"(Bao Xin) သည် ရန်သူ့ တပ်ကို
ထိုးဖောက်ကာ တိုကေ
် သ်ာလည်း စစ်ပွဲတစ်ခုတွင် ကျသွားသည်။ "ချောင်ချောင်း"(Cao Cao) ကား
ရန်သတ
ူ့ို ကို တိုကရ
်ာ ရန်သူတစ်သောင်းခန့် လက်နက်ချကြသည်။ "ချောင်ချောင်း"(Cao Cao) သည်
ထိုအညံ့ခံသူတို့ကို လှည်းဖြင့်တင်သည်။ "ချောင်ချောင်း"(Cao Cao) ၏ တပ် ရောက်လေရာတိုင်းတွင်
ရန်သတ
ူ့ို က လက်နက်ချကာ သူ့တပ်အတွင်း ဝင်ကြသည်။ သုံးလအကြာတွင်
ထောင်ပေါင်းများစွာသောလူတို့ သူ၏ တပ်အတွင်း ဝင်လေသည်။

ထိုလူတို့ ထဲတွင် အရဲရင့်ဆုံးနှင့် ခွန်အားကြီးသောလူတို့ ကိုသာ ရွေးချယ်ပြီး ချင်ကျိုးစစ်တပ်ဖွဲ့ ကာ


ကျန်သောလူတို့ ကို အိမ်သို့ ပြန်စေပြီး လယ်စိုက်စေသည်။ "ချောင်ချောင်း"(Cao Cao) ၏
အောင်မြင်မှုတို့ကြောင့် သူ၏ ဂုဏ်သတင်းတို့ကား နေ့စဉ်နှင့်အမျှကြီးမားလာသည်။ သူ၏ အောင်မြင်မှုကို
မြို့တော် ချန်အန်းသို့ သတင်းပို့ လိုက်သောအခါ "အရှေ့ဘက်ကို စောင့်ကြပ်သော စစ်သူကြီး"
ဟူသည့်ရာထူး ပေးအပ်ခြင်း ခံရသည်။

သူ၏ ပင်မတပ်စခန်း ရန်ကျိုးတွင် "ချောင်ချောင်း"(Cao Cao) သည် နှလုံးရည်ရှိသူများ၊


လက်ရုံးရည်စွမ်းသူများကို စုဆောင်းလေရာ လူများစွာတို့ သူ၏လက်အောက်တွင် ဝင်ကာ
အမှုထမ်းကြသည်။

(ရန်ကျိုးပြည်နယ်ကို "လျူတိုက်"(Liu Dai) အုပ်ချုပ်ခဲ့သော်လည်း နောက်ပိုင်းတွင် သူသည်


"ချောင်ချောင်း"(Cao Cao) ထံ အညံ့ခံလိုက်ရာ "ချောင်ချောင်း"(Cao Cao) သည် ထိုပြည်နယ်ကို သူ၏
ပင်မစခန်းအဖြင့် အသုံးချသည်။)

ဉာဏ်ပညာကြီးသည်ဟု ကျော်ဇောသော ရန်ကျိုးပြည်နယ်သား တူဝရီးနှစ်ဦးဖြစ်သည့် "ရွှင်ယ"ွိ (Xun Yu)


နှင့် "ရွှင်ယိုး"(Xun You) တို့ သည် တစ်ချိန်တည်းတွင်ပင် "ချောင်ချောင်း"(Cao Cao) ထံလာကာ
အမှုထမ်းသည်။ ဦးလေးဖြစ်သူ "ရွှင်ယ"ွိ (Xun Yu) သည် တစ်ချိန်က "ယွမ်ရှောက်"(Yuan Shao)
လက်အောက် တွင် အမှုထမ်းဖူးလေသည်။

"ချောင်ချောင်း"(Cao Cao) သည် "ရွှင်ယွိ"(Xun Yu) အမှုထမ်းသည်ကို ဝမ်းသာအားရဖြင့်

"ရွှင်ယ(ွိ Xun Yu) က ငါ့အတွက်တော့ ကျန်းလျန်(Zhang Liang) ပဲ" ဟု ပြောလေသည်။

145
(မှတခ
်ျက်။ ။ "ကျန်းလျန်"(Zhang Liang) သည် ဟန်ခေတ်တည်ထောင်ခဲ့သော ဘုရင် "လျူဘန်း"(Liu
Bang ၏ အကြံပေးဖြစ်သည်။ ဟန်ခေတ်အစောပိုင်း သူရဲကောင်းသုံးဖော်တွင် တစ်ဦးဖြစ်ပြီး မင်းဆရာဟူ၍
ခေါ်ဝေါ်ခြင်းခံရသူဖြစ်သည်။)

"ချောင်ချောင်း"(Cao Cao) သည် "ရွှင်ယွိ"(Xun Yu) ကို စစ်သူကြီးရာထူးပေးသည်။

တူဖြစ်သူ "ရွှင်ယိုး "(Xun You) သည် စွမ်းရည်ထက်မြက်သည်ဟု နာမည်ကြီးသူဖြစ်ပြီး


မြို့တော်လော့ရန်တွင် ရှိစဉ်က နန်းတော်ဝယ် အမှုထမ်းဖူးသည်။ နောက်ပိုင်းတွင်မူ ရာထူးမှနှုတ်ထက
ွ်ကာ
ကိုယ့်ပြည်နယ်သို့ ပြန်လာနေခဲ့ခြင်းဖြစ်သည်။ "ရွှင်ယိုး "(Xun You) ကိုမူ စစ်တပ်လေ့ကျင့်ရေးမှူး
တာဝန်ပေးလေသည်။

"ရွှင်ယွိ"(Xun Yu) သည် "ချောင်ချောင်း"(Cao Cao) အား ပြောသည်။

"ကျွန်တော်သိသလောက်တော့ ရန်ကျိုးမှာ ပညာရှိတစ်ဦးရှိတယ်၊ ဒါပေမယ့် သူအခု ဘယ်သူ့ ဆီမှာ


အမှုထမ်းလည်းမပြောတတ်ဘူး"

"သူက ဘယ်သူတုန်း"

"ရန်ကျိုး အရှေ့ပိုင်းမှာနေတဲ့ ချန်ယ(ွိ Cheng Yu) ပါ"

"အင်း၊ ငါလည်း သူ့သတင်း ကြားဖူးတယ်"

သို့နှင့် လူတစ်ဦးကို စေလွှတ်ကာ "ချန်ယ"ွိ (Cheng Yu) အား ဖိတေ


် ခ်ါစေသည်။ သို့သော် ထိုအချိန်တွင်
"ချန်ယ"ွိ (Cheng Yu) သည် အိမ်တွင်မရှိ၊ တောင်ကန
ုးပေါ်တွင် စာပေလေ့လာနေသည်ဆို၏။
နောက်ပိုင်းတွင်မူ "ချောင်ချောင်း"(Cao Cao) ထံ ရောက်လာသည်။

146
"ချန်ယ"ွိ (Cheng Yu) သည် သူငယ်ချင်းဖြစ်သူ "ရွှင်ယွိ"(Xun Yu) အား ပြောသည်။

"ကျွန်တော့်အရည်အချင်းနဲ့ ခင်ဗျား ထောက်ခံပေးတာ မထိုက်တန်ပါဘူး။ ခင်ဗျားနဲ့ တစ်ရွာတည်းသား


ကောကျား(Guo Jia) ကို မေ့နေပြီလား"

"ဟုတ်တယ်၊ သူ့ကို ခေါ်ဖို့ သတိမရလိုက်ဘူး "

သို့နှင့် "ချောင်ချောင်း"(Cao Cao) အား "ကောကျား"(Guo Jia) ကို ဖိတ်ခေါ်စေသည်။

"ကောကျား"(Guo Jia) သည် "ချောင်ချောင်း"(Cao Cao) နှင့် တိုင်းရေးပြည်ရာတို့ကိုဆွေးနွေးပြီးသော်


မင်းဆွေမင်းမျိုးတစ်ဦးဖြစ်သည့် "လျူရဲ့"(Liu Ye) အား ဖိတ်ခေါ်စေသည်။ "လျူရဲ့"(Liu Ye) မှတစ်ဆင့်
နာမည်သတင်းကြားနှင့်ပြီးသူနှစ်ဦးဖြစ်သော ရှန်ရန်မှ "မန်ချုံ"(Man Chong) နှင့် ဝူချန်မှ "လူချန်"(Lu Qian)
တို့ကို ဖိတ်ခေါ်သည်။ ထိုသူနှစ်ဦးနှင့်အတူ ချန်လျူမှ "မောင်ကျဲ"(Mao Jie) ဆိုသူလည်း
အမှုလာထမ်းလေသည်။

ထို့အပြင် နာမည်ကြီးလူတစ်ဦးသည် စစ်တပ်ရာဂဏန်းခန့်ကို ဦးဆောင်ကာဝင်ရောက်အမှုထမ်းသည်။


ထိုသူမှာ ထိုင်စန်းမှ "ယွီကျင်"့ (Yu Jin) ဖြစ်သည်။ လေးအတတ်၊ မြင်းစီးခြင်းအတတ်တို့ တွင်
ကျွမ်းကျင်သူဖြစ်သဖြင့် စစ်တပ်ကြီးကြပ်ရေးမှူးရာထူးပေးအပ်ခြင်း ခံရသည်။

နောက်တစ်ရက်တွင် "ရှဟိုတွန်း"(Xiahou Dun) သည် လူတစ်ဦးကို "ချောင်ချောင်း"(Cao Cao) ထံ


ခေါ်လာသည်။

"သူက ဘယ်သူတန
ုး"

"သူက ချန်လျူကပါ၊ တျန်ဝေ(Dian Wei) လို့ ခေါ်ပါတယ်၊ အရဲရင့်ဆုံး၊ အသန်မာဆုံးလူဖြစ်ပါတယ်၊


အရင်က ကျန်းမြောင်(Zhang Miao) လက်အောက်မှာ အမှုထမ်းခဲ့ပေမယ့် သူ့လူတွေနဲ့
အချင်းချင်းရန်ဖြစ်ပြီးတော့ လူဆယ့်နှစ်ယောက်လောက်ကို လက်ဗလာနဲ့ပဲ သတ်ခဲ့ပါတယ်။ နောက်တော့
တောထဲတောင်ထဲမှာ ထွက်ပြေးတိမ်းရှောင်နေခဲ့တယ်၊ ကျွန်တော် အမဲလိုက်ထက
ွ်တုန်းက
စမ်းချောင်းနားမှာ သူက ကျားတစ်ကောင်ကို လိုကေ
် နတာမြင်တော့ သူ့ကို ကျွန်တော်နဲ့ အတူ စစ်မှုထမ်းဖို့
ခေါ်လာတာပါ"

"အင်း၊ ငါနားလည်ပြီ။ သူက သာမန်လမ


ူ ဟုတ်ဘူး။ ကြည့်ရတာလည်း
အလွန်ခွန်အားကြီးမယ့်ပုံပေါက်တယ်"

147
"ခွန်အားကတော့ ကြီးပါတယ်၊ တစ်ခါက သူ့သူငယ်ချင်းအတွက် လက်စားချေဖို့
လူတစ်ယောက်ကိုသတ်ပြီး အဲ့လေ
ူ ခါင်းကို လက်မှာကိုင်ပြီး ဈေးထဲမှာ လျှောက်သွားတာ
လူတွေအများကြီးမြင်ကြပေမယ့် ဘယ်သူမှ သူ့နားမကပ်ရဲဘူး။ နောက်ပြီး သူက လှံနှစ်လက်ကို
ကိုင်ပါတယ်၊ တစ်လက်စီက ပေါင်တစ်ရာ့နှစ်ဆယ်လေးပါတယ်"

"ချောင်ချောင်း"(Cao Cao) သည် ထိုအစွမ်းကိုပြခိုင်းလေသည်။ "တျန်ဝေ"(Dian Wei) သည်


လှံတို့ ကိုကိုင်ကာ ဟိုဟိုဒီဒီသွားပြီး အစွမ်းပြသည်။ ထို့ နောက် စစ်သားတစ်စုတို့ သည်
အင်မတန်ကြီးမားသောအလံကို မလဲအောင် ဝိုင်းတွန်းနေကြသည်ကို တွေ့သောအခါ သူသည်
လမ်းဖယ်ရန်အော်လိုက်ပြီး လေပြင်းတိုက်နေသော်လည်း ထိုအလှံကြီးကို
လက်တစ်ဖက်တည်းနှင့်ပင်ကိုင်ကာ မလဲအောင် ထိန်းလိုက်သည်။ ထိုအခါ "ချောင်ချောင်း"(Cao Cao) က

"ဒါက ဒုတယ
ိ အဲ့လိုင(် E Lai) ပဲ" ဟု ပြောသည်။

("အဲ့လိုင်(E Lai) သည် ခွန်အားဗလကြီးသူအဖြစ် နာမည်ကြီးခဲ့သူဖြစ်ပြီး ရှန်ခေတ်


နောက်ဆုံးဘုရင်ကျိုး(King Zhou) ၏ စစ်သူကြီးဖြစ်သည်။)

ထို့နောက် "တျန်ဝေ"(Dian Wei) ကို ရာထူးပေးသည့်အပြင် လှပသောအဝတ်အထည်နှင့်


မြင်းကောင်းမြင်းလှတို့ လက်ဆောင်ပေးသည်။

"ချောင်ချောင်း"(Cao Cao) သည် လူတော်တို့ကို သူ့ထံလာရန် အားပေးသည်။ ထို့ကြောင့်


သူ့လက်အောက်တွင် များစွာသောအကြံပေးနှင့် စစ်သူကြီးတို့ စုဝေးကြလေသည်။ "ချောင်ချောင်း"(Cao
Cao) ၏ ဂုဏ်သတင်းကား အရှေ့ဘက်တစ်လွှားကျော်စောခဲ့သည်။

ထိုအချိန်တွင် "ချောင်ချောင်း"(Cao Cao) အဖေ "ချောင်စုန့်"(Cao Song) သည် ပဋ္ဋိပက္ခတို့ ကင်းဝေးရာ


လန်ရဲ့တွင် နေထိုင်သည်။ "ချောင်ချောင်း"(Cao Cao) သည် မိသားစုတို့ နှင့်အတူနေချင်ရကား
ထိုင်ရှန်းမြို့စား "ရင်းရှောက်"(Ying Shao) ထံစာပို့ကာ သူ့အဖေအား ရန်ကျိုးသို့ခေါ်လာစေသည်။
"ချောင်စုန့် "(Cao Song) သည် သူ့သားထံမှ စာကို ဝမ်းပန်းတသာဖတ်ကာ တစ်မိသားစုလုံးသွားရန်
ပြင်ဆင်သည်။ မိသားစုအယောက် လေးဆယ်ခန့်ရှိပြီး အစေခံတစ်ရာခန့်ရှိလေသည်။

သူတို့ သည် လမ်းခရီးတွင် ရွှီကျိုးနယ်ကို ဖြတ်ရသည်။ ရွှီကျိုးနယ်စား ထောင်ချန်(Tao Qian) သည်


နာမည်ကြီးသော "ချောင်ချောင်း"(Cao Cao) နှင့် မိတ်ဆွေဖြစ်ချင်သူဖြစ်ပြီး မိတေ
် ဆွဖြစ်ရန်
အခွင့်မသာခဲ့ချေ။ သို့သော်လည်း "ချောင်ချောင်း"(Cao Cao) ၏ မိသားစုသည် သူ၏နယ်အတွင်းမှ
ဖြတ်သွားသည့်သတင်းကို ကြားသောအခါ "ထောင်ချန်"(Tao Qian) သည် သွားကြိုဆိုကာ

148
သူ၏အိမ်တော်တွင် နှစ်ရက်ခဲ့တည်းစေပြီး ဧည့်ခံသည်။ ဧည့်သည်တို့ ပြန်ကြသောအခါဝယ် သူတို့ အား
စောင့်ရှောက်ရန် စစ်သူကြီး "ကျန်းခိုင်"(Zhang Kai) နှင့် စစ်သားငါးရာကို ထည့်ပေးလိုက်သည်။

ထိုအချိန်သည် နွေအကုန် ဆောင်းဦးအကူးဖြစ်သည်။ ဟွာဖေးအရပ်သို့ အရောက်တွင်


မိုးကြီးလေကြီးကျသဖြင့် ခဏနားရသည်။ ထိုအနီးအနားတွင် နားခိုစရာမှာ ဘုံကျောင်းအပျက်ပင်ရှိသည်။
ပင်မဆောင်တွင် "ချောင်စုန့်"(Cao Song) မိသားစုတို့ က နေရာယူပြီး ဘေးနှစ်ဖက်တွင် စစ်သားတို့ကို
နေစေသည်။ စစ်သားတို့ မှာ မိုးရေတို့ စိုကုန်သဖြင့် မကျေမနပ်ဖြစ်ကြသည်။ ထို့နောက် "ကျန်းခိုင"် (Zhang
Kai) သည် သူလက်အောက်မှလူတို့ ကိုခေါ်ကာ

"ငါတို့ က အရင်က အဝါရောင်သပ


ူုန်တွေပဲ၊ မတတ်သာလို့သာ ထောင်ချန်(Tao Qian) ဆီမှာ
အညံ့ခံခဲ့တာ။ ခုတော့ ပွပေါက်တိုးပြီ။ ဒီညသုံးနာရီမှာ ချောင်မိသားစုကို သတ်ပြီး သူတို့ပါလာတဲ့
ရတနာတွေယူပြီးတော့ တောထဲတောင်ထဲမှာ ထွက်ပြေးပုန်းရှောင်ရင် ကောင်းမယ်" ဟု ပြောသည်။

အခြားသူတို့ကလည်း သဘောတူလိုက်ကြသည်။

ညဘက်အထိ မိုးကား မစဲသေး။ "ချောင်စုန့် "(Cao Song) သည် မိုးမုန်တိုင်းတိတ်မည့်အချိန်ကို ထိုင်ကာ


စောင့်နေသည်။ ထိုအချိန်တွင် ဘုံကျောင်းအနောက်ဘက်မှ ခြေသံတို့ကြားသဖြင့် ညီဖြစ်သူ
"ချောင်တ့"ဲ (Cao De) သည် ဓားကိုင်ပြီး သွားကြည့်ရာ အသတ်ခံရသည်။ "ချောင်စုန့်"(Cao Song) သည်
သူ၏ ဇနီးတစ်ဦးကို လက်ဆွဲကာ ဘုံကျောင်းအနောက်ဘက်မှ ပြေးရန်ပြင်သည်။ သို့သော်လည်း
ထိုအမျိုးသမီးသည် ဝသူဖြစ်၍ ကျဉ်းမြောင်းသောတံခါးတို့မှ မထွကန
ိုင်ချေ။ သို့နှင့် နှစ်ဦးသား
ဘေးဘက်ရှိ အိမ်အသေးလေးဝယ် ပုန်းနေကြသည်။ သို့သော်လည်း ရန်သူတို့က မြင်သွားကာ
အသတ်ခံလိုက်ရလေသည်။

မြို့စား "ရင်းရှောက်"(Ying Shao) သည်လည်း ထွကေ


် ပြးကာ "ယွမ်ရှောက်"(Yuan Shao) ထံ
သွားခိုလှုံသည်။ လူသတ်သမားတို့သည် ဘုံကျောင်းကို မီးရှို့ပြီးနောက် ဟွိုင်မြစ်၏
တောင်ဘက်သို့ ပြေးလေသည်။

အချို့သောသူတို့ သည် လွတေ


် မြာက်သွားပြီး "ချောင်ချောင်း"(Cao Cao) ထံသွားကာ ပြောသည်။
"ချောင်ချောင်း"(Cao Cao) သည် ထိုသတင်းကိုကြားသော် ငိုကာ မြေပေါ်သို့ အရုပ်ကြိုးပြတ်
လဲကျသွားသည်။ အခြားသောသူတို့က ဝိုင်းထူပေးလေသည်။ "ချောင်ချောင်း"(Cao Cao) သည်
အံကိုကြိတ်ကာ

149
"ထောင်ချန်(Tao Qian) ရဲ့လူတွေက ငါ့အဖေကို သတ်လိုကတ
်ာပဲ၊ သူနဲ့ ကျုပ် လျှောက်တဲ့လမ်း
မတူတော့ဘူး၊ ငါ ရွှီကျိုးကို လောကကြီးက ပျောက်ကွယ်သွားအောင် လုပ်ရမယ်။ ဒါမှသာ ဒီဒေါသကို
ဖြေသိမ့်နိုင်မှာ" ဟု ဆိုသည်။

"ချောင်ချောင်း"(Cao Cao) သည် ပင်မတပ်စခန်းနှင့် ကျွမ်းချန်၊ ဖန်ရှ နှင့် တုန်းကျွင်းအရပ်တို့ ကို


ကာကွယရ
် န် "ရွှင်ယ"ွိ (Xun Yu) နှင့် "ချန်ယွိ"(Cheng Yu) လက်အောက်တွင် စစ်သားသုံးသောင်းခန့်
ထားခဲ့သည်။ ပြီးလျှင် ကျန်သောစစ်တပ်တို့ ကို ဦးဆောင်ကာ "ရှဟိုတွန်း"(Xiahou Dun) ၊ "ယွီကျင်"့ (Yu
Jin) ၊ "တျန်ဝေ"(Dian Wei) တို့နှင့်အတူ စစ်ချီထွကသ
် ည်။ "ချောင်ချောင်း"(Cao Cao) ၏အမိန့်အရ
သိမ်းပိုက်ရရှိသော မြို့ရှိ လူအကုန်လုံးတို့ အား သတ်ဖြတ်လေသည်။

ကျိုကျန်းမြို့စား "ပျန်းရန်"(Bian Rang) သည် "ထောင်ချန်"(Tao Qian) နှင့် မိတ်ဆွေကောင်းဖြစ်သည်။


သူသည် ရွှီကျိုးနယ်အန္တရာယ်ကျရောက်တော့မည်ကို ကြားသောအခါ စစ်သားငါးထောင်ကို ဦးဆောင်ပြီး
"ထောင်ချန်"(Tao Qian) ကို ကူညီရန်ထွကလ
်ာသည်။ ၎င်းကိုသိသော "ချောင်ချောင်း"(Cao Cao) သည်
ဒေါသထွက်ကာ "ရှဟိုတွန်း"(Xiahou Dun) ကို စေလွှတ်ပြီး "ပျန်းရန်"(Bian Rang) ကို
သတ်စေလိုက်သည်။

ထိုအချိန်တွင် "ချန်ကုန်း"(Chen Gong) သည် တုန်းကျွင်းတွင် အမှုထမ်းနေပြီး "ထောင်ချန်"(Tao Qian)


နှင့်လည်း ရင်းနှီးသူဖြစ်သည်။ "ချန်ကန
ုး"(Chen Gong) သည် "ချောင်ချောင်း"(Cao Cao) က
ပြည်သူတို့ ကိုပါ သတ်မည်ဟူသောသတင်းကို ကြားသောအခါ သူနှင့် ခရီးသွားဖော်ဖြစ်ခဲ့သည့်
"ချောင်ချောင်း"(Cao Cao) ကို သွားတွေ့သည်။ "ချောင်ချောင်း"(Cao Cao) သည် "ချန်ကုန်း"(Chen
Gong) လာရသောအကြောင်းကိုသိကာ တွေ့ရန် လက်မခံဖို့ ကြံသောလည်း ရှေးက "ချန်ကန
ုး"(Chen
Gong) ၏ ကျေးဇူးရှိခဲ့ဖူးသည်ကို အမှတ်ရကာ လက်ခံတွေ့ဆုံသည်။

"ခင်ဗျားက ရွှီကျိုးပြည်နယ်ကို ချီတက်တာဟာ ခင်ဗျားအဖေအတွက် လက်စားချေဖို့လို့ ပြောကြတယ်။


ဒါကြောင့် ဒီကိုလာခဲ့တာပါ။ နယ်စား ထောင်ချန်(Tao Qian) ဟာ ကြင်နာသနားတတ်တဲ့လေ
ူ ကာင်း
ဖြစ်တယ်။ သူဟာ သူ့ကိုယ်ကျိုးအတွက်နဲ့ သူများကို ဒုကေ
ၡ ပးမယ့္လူ မဟုတ္ဘူး။ နောက်ပြီး
ခင်ဗျားရဲ့အဖေဟာ ကျန်းခိုင်(Zhang Kai) လက်ချက်နဲ့ သေခဲ့တာဖြစ်ပြီး ထောင်ချန်(Tao Qian) က
အပြစ်မဲ့ပါတယ်။ နောက်ပြီး ဘာအပြစ်မှမရှိတာက ပြည်သူလူထုတွေပါ။ သူတို့ ကို သတ်မယ်ဆုတ
ိာ
မကောင်းတဲ့အကြံပဲ၊ ဒါကြောင့် ပြန်စဉ်းစားပါလို့ ပြောချင်ပါတယ်"

"ခင်ဗျားက အရင်က ကျုပ်ကို ထားခဲ့ပြီး အခုမှ ပြန်လာရဲသေးတယ်။ ထောင်ချန်(Tao Qian) က


ကျုပ်တစ်မိသားစုလုံးကို သတ်ခဲ့တာ။ ကျုပ်က သူ့ရဲ့အသည်းနှလုံးကိုတောင် ဆွဲဆတ
ုလုက
ိချင်တယ်၊
ခင်ဗျားက ခင်ဗျား သူငယ်ချင်းအတွက် ပြောချင်ရာသာပြော။ ကျုပ်က မကြားသလိုပဲ နေမယ်"

150
သို့နှင့် ငြိမ်းချမ်းမှု ကမ်းလှမ်းခြင်း ကျရှုံးခဲ့သည်။ "ချန်ကုန်း"(Chen Gong) သည် သက်ပြင်းချကာ
ထွက်လာသည်။

"ကျုပ်တော့ ထောင်ချန်(Tao Qian) ဆီသွားပြီး သူ့မျက်နှာတောင် မကြည့်ရဲတော့ဘူး"

ထို့နောက် "ချန်ကုန်း"(Chen Gong) သည် ချန်လျူမြို့သို့သွားကာ "ကျန်းမြောင်"(Zhang Miao)


လက်အောက်တွင် အမှုထမ်းသည်။

"ချောင်ချောင်း"(Cao Cao) ၏ စစ်တပ်ကား စစ်ချီရာ လမ်းတစ်လျှောက်တွင် တွေ့သမျှ လူတို့ ကို


သတ်ကာ ထိုနေရာတွင်ပင် ထိုသူတို့၏ သင်္ချိုင်းဖြစ်စေသည်။

"ထောင်ချန်"(Tao Qian) သည် ထိုသတင်းကို ကြားသော် ကောင်းကင်ကြီးကို မော့်ကြည့်ကာ

"ကျုပ် အရင်က ဘာအပြစ်များ လုပ်မိလို့ ကျုပ်ပြည်သေ


ူ တြ ဒုကေ
ၡ ရာက်နေရပါလိမ့်" ဟု ရေရွတ်သည်။

ထို့နောက် လက်အောက်ငယ်သားတို့ ကို ခေါ်ကာ တိုင်ပင်သည်။ အမှုထမ်းတစ်ဦးဖြစ်သည့်


"ချောင်ပေါက်"(Cao Bao) က

"ရန်သူတွေက ဒီကို ချီတက်လိုကေ


် နပြီ၊ ဒီအတိုင်းငုံ့ခံနေလို့တော့ မဖြစ်ဘူး။ ပြန်တိုက်မှပဲ ရမယ်" ဟု
ဆိုသည်။

ထိုအခါ "ထောင်ချန်"(Tao Qian) သည် စစ်မထွက်ချင်သော်လည်း ထွက်ရသည်။ အဝေးမှ


"ချောင်ချောင်း"(Cao Cao) ၏ ကြီးမားသောတပ်ကြီး ချီတက်လာသည်ကို မြင်ရသည်။
ထိုစစ်တပ်အလယ်တင
ွ် ကြီးမားသော အဖြူရောင် အလံကြီးထောင်ထားကာ အလံပေါ်တွင် "ကလဲ့စား"
ဟူသော စာလုံးကို ရေးထားသည်။

"ချောင်ချောင်း"(Cao Cao) သည် စစ်တပ်ရေ


ှ့ထွက်လာကာ "ထောင်ချန်"(Tao Qian) ကို
ဆဲရေးတိုင်းထွာသည်။ "ထောင်ချန်"(Tao Qian) သည်လည်း ရှေ့သို့ ထွက်လာပြီးနောက်
"ချောင်ချောင်း"(Cao Cao) အား အရိုအသေပြုပြီးသော်

"ကျွန်တော်က ခင်ဗျားနဲ့ မိတ်ဆွေဖွဲ့ချင်ခဲ့တာပါ။ ဒါကြောင့် ကျန်းခိုင(် Zhang Kai) ကို လွှတြ် ပီး
ခင်ဗျားမိသားစုကို စောင့်ရှောက်စေခဲ့တာ။ ဒါပေမယ့် သူ့ရဲ့ သူပုန်အကျင့် မပျောက်သေးမှန်း ကျုပ်
မသိခဲ့ဘူး။ ဒါကြောင့် ဒီကစ
္စိက ကျွန်တော့်အပြစ်မဟုတ်ပါဘူး" ဟု ပြောသည်။

"အဘိုးကြီး၊ ခင်ဗျားက ကျုပ်အဖေကို သတ်လိုကတ


်ာ။ ခုတော့ ပေါက်ကရတွေ လျှောက်ပြောပြန်ပြီ"

151
ထို့နောက် "ချောင်ချောင်း"(Cao Cao) သည် "ထောင်ချန်"(Tao Qian) အား မည်သူဖမ်းမည်နည်းဟု
မေးသည်။ ထိုအခါ "ရှဟိုတွန်း"(Xiahou Dun) ထွက်လာသည်။ "ထောင်ချန်"(Tao Qian) သည်လည်း
တပ်နောက်သို့ပြန်ဝင်သွားသည်။ "ရှဟုတ
ွိန်း"(Xiahou Dun) သည် နောက်မှလိုက်ရာ "ချောင်ပေါက်"(Cao
Bao) နှင့် ရင်ဆိုင်သည်။ သို့သော် ထိုအချိန်တွင် လေပြင်းမုန်တိုင်းတိုက်လေရာ နှစ်ဖက်စလုံး
တပ်ဆုတ်လိုကရ
် သည်။

"ထောင်ချန်"(Tao Qian) သည် မြို့တွင်းသို့ဝင်ကာ အရာရှိတို့ ကို ခေါ်ပြီး အစည်းအဝေးပြုလုပ်သည်။


"ထောင်ချန်"(Tao Qian) သည် ဤသို့ ပြောသည်။

"ရန်သူဘက်က တပ်က အင်အားကြီးလွန်းတယ်။ ကျုပ်သာ အဖမ်းခံလုက


ိရင် သူက ကျုပ်ကိုပဲ
လက်စားချေမှာ ဖြစ်ပြီး ပြည်သူတွေကတော့ လုံခြုံမှာပဲ"

လူတစ်ဦးက အောက်ပါအတိုင်း ဝင်ပြောသည်။

"နယ်စားမင်းက ဒီနယ်ကို အုပ်ချုပ်လာတာ နှစ်ပေါင်းကြာခဲ့ပြီ၊ လူတွေရဲ့ ချစ်ခင်မှုကိုလည်း ခံရတယ်။


ရန္သေ
ူ တွဘယ်လောက် အင်အားကြီးပါစေ၊ ဒီမြို့ရိုးကြီးကိုတော့ မထိုးဖောက်နိုင်ပါဘူး၊ နယ်စားမင်းရော၊
အခြားလူတွေရော ကာကွယ်ကြရင်ပေါ့။ ကျွန်တော် ချောင်ချောင်း(Cao Cao) ကို သေရင် မြေမြှုပ်စရာ
နေရာမရှိအောင် လုပ်နိုင်မယ့် အကြံရှိပါတယ်"

ထိုစကားကို ကြားသော် လူအပေါင်းတို့ အံ့ဩသွားကြပြီး ၎င်းအကြံကို ဝိုင်းမေးကြသည်။

152
အခန်း(၁၁) လျူဘေ့(Liu Bei) သည် ပေဟိုင်မှ ခုံးရုံ (Kong Rong) ကို ကယ်တင်ခြင်း။ လွီပ(ု Lu Bu)
မှ ချောင်ချောင်း(Cao Cao) ကို တိုက်ခြင်း

"ချောင်ချောင်း"(Cao Cao) ကို အနိုင်တုက


ိနိုင်ကြောင်း ရဲရဲဝံ့ ဝံ့ပြောသူမှာ "မီကျူ"(Mi Zhu) ဖြစ်သည်။
သူသည် တုန်းဟိုင်ရှိ ချမ်းသာသော ကုန်သည်မျိုးရိုးမှ ဆင်းသက်လာသူဖြစ်ပြီး လော့ရန်တွင်
ကုန်ရောင်းခြင်းအမှုပြုသည်။ တစ်နေ့သော် ကုန်သွယရ
်ာ လမ်းတွင် အင်မတန်ချောမောသော မိန်းမပျိုကို
တွေ့သည်။ ထိုအမျိုးသမီးက သူနှင့်အတူ ခရီးတစ်လျှောက် လိုက်ပါလိုကြောင်းပြောလေရာ "မီကျူ"(Mi
Zhu) ကလည်း ခွင့်ပြုလေသည်။ "မီကျူ"(Mi Zhu) က ထိုအမျိုးသမီးကို သူထိုင်သောနေရာတွင် ထိုင်ရန်
ဖယ်ပေးသည်။ ထိုအမျိုးသမီးက "မီကျူ"(Mi Zhu) ကို အတူတူထိုင်ရန် ခေါ်သောအခါ "မီကျူ"(Mi Zhu)
က အတူတူထိုင်သော်လည်း ထိုအမျိုးသမီးကို လှည့်၍ပင် မကြည့်ချေ။ လိုရာခရီးသို့ ရောက်သောအခါ
ထိုအမျိုးသမီးသည် "မီကျူ"(Mi Zhu) အား ကျေးဇူးတင်စကား ပြောပြီး ထွက်ခွာခါနီးတွင်

"ငါက တောင်ဘက်က မီးနတ်ဖုရားပဲ။ ငါက နတ်ဘုရားရဲ့အမိန့်နဲ့ မင်းအိမ်ကို


မီးလောင်တိုက်သွင်းဖို့ လာခဲ့တာ။ ဒါပေမယ့် မင်းရဲ့အပြုအမူ၊ အကျင့်စာရိတ္တကြောင့် မင်းကို
ဒီလိုပြောပြတာဖြစ်တယ်။ ဒီည မင်းအိမ်ကို ငါလာမှာ ဖြစ်တဲ့အတွက် အိမ်ကိုအမြန်ပြန်ပြီး
အဖိုးတန်ပစ္စည်းတွေ ယူပါ" ဟု ပြောကာ ပျောက်ကွယ်သွားသည်။

ထိုအခါ "မီကျူ"(Mi Zhu) သည်လည်း အိမ်သို့ အမြန်ပြန်ပြီး အိမ်မှ အဖိုးတန်ပစ္စည်းတို့ ကို


ထုတ်ယူလေသည်။ ထိုညတွင်ပင် မီးဖိုချောင်မှ မီးစလောင်ကျွမ်းရာ တစ်အိမ်လုံးကို ဝါးမြိုသွားသည်။
ထိုအချိန်မှစ၍ "မီကျူ"(Mi Zhu) သည် သူ၏ ဥစ္စာဓနတို့ကို မရှိဆင်းရဲသားများကို ပေးကမ်းခြင်း၊
ရောဂါဖြစ်သတ
ူ့ို ကို ကုသပေးခြင်းတို့ကိုသာ ပြုလေသည်။ "ထောင်ချန်"(Tao Qian) သည်လည်း
"မီကျူ"(Mi Zhu) ကို သူ၏လက်အောက်ဝယ် ရာထူးတစ်နေရာပေးကာ ခန့်အပ်ထားခဲ့သည်။

153
"မီကျူ"(Mi Zhu) ပြောသည်မှာ ဤသို့ ဖြစ်သည်။

"ကျွန်တော် ပေဟိုင်ကိုသွားပြီး မြို့စား ခုံးရုံ(Kong Rong) ဆီမှာ စစ်ကူတောင်းပါမယ်။


နောက်တစ်ယောက်က ချင်ကျိုးကိုသွားပြီး နယ်စား "ထျန်းခိုင်း"(Tien Kai) ဆီမှာ အကူအညီတောင်းပါ။
အဲ့နှစ်နေရာက ရောက်လာတဲ့စစ်တပ်တွေကို ချောင်ချောင်း(Cao Cao) လည်း ခံနိုင်မှာမဟုတ်ပါဘူး"

"ထောင်ချန်"(Tao Qian) သည် ထိုအကြံကို လက်ခံကာ စာနှစ်စောင်ကုေ


ိ ရးသည်။ ထို့နောက်
"ချန်တန်"(Chen Deng) ဟုခေါ်သောသူက ချင်ကျိုးကို သွားမည်ဟုဆိုသဖြင့် ထိုသက
ိုပင် ချင်ကျိုးကို
လွှတ်လိုက်သည်။ "မီကျူ"(Mi Zhu) မှာမူ မြောက်ဘက်သို့ သွားသည်။ စစ်ကူမရောက်ခင်အတွင်းတွင်
"ထောင်ချန်"(Tao Qian) နှင့် စစ်သူကြီးတို့သည် မြို့မကျစေရန် တောင့်ခံထားရမည်ဖြစ်သည်။

"ခုံးရုံ"(Kong Rong) သည် လုပြည်နယ် ချွီဖူးဇာတိဖြစ်ပြီး တရုတ်ပညာရှိ ကွန်ဖြူးရှပ်မျိုးရိုးမှ


ဆင်းသက်လာကာ ရေတွက်သော် အဆက်နှစ်ဆယ်မြောက်ဖြစ်သည်။ "ခုံးရု"ံ (Kong Rong) သည်
ငယ်စဉ်ကပင် ဉာဏ်ကောင်းသည်၊ ထက်မြက်သည်ဟု ကျော်ကြားသည်။ သူ ဆယ်နှစ်အရွယ်တွင် ဟဲနန်
မြို့စား "လီယင်"(Li Ying) ထံသွားသည်။ သို့သော် တံခါးစောင့်က ပေးမဝင်ချေ။ ထိုအခါ "ခုံးရုံ"(Kong
Rong) က

"ကျွန်တော်က ဝန်ကြီး လီယင်(Li Ying) နဲ့ ရင်းနှီးတဲ့မိတ်ဆွေတွေပါ" ဟု ပြောသောအခါမှ တံခါးစောင့်က


ဖွင့်ပေးသည်။

အထဲသို့ရောက်သော် "လီယင်"(Li Ying) က "ခုံးရု"ံ (Kong Rong) အား အဘယ်ကြောင့်


ရင်းနှီးသည့်မိတ်ဆွေဟု ပြောရသနည်းဟု မေးသည်။

"ကျွန်တော့်ဘိုးဘေးဘီဘင် ဖြစ်တဲ့ ကွန်ဖြူးရှပ်နဲ့ ခင်ဗျားရဲ့ ဘိုးဘေးဘီဘင်ဖြစ်တဲ့ လောက်ဇူတို့ က


အချင်းချင်း သိကျွမ်းခဲ့ကြတယ်ဆုေ
ိ တာ့ ကျွန်တော်တို့ နှစ်ယောက်ကလည်း အချင်းချင်း မိတေ
် ဆွအဖြစ်
သတ်မှတ်နိုင်တာပေါ့" ဟုပြောသည်။

"လီယင်"(Li Ying) သည် ထိုသင


ူ ယ် အချက်ကျကျ ပြန်ဖြေနိုင်သည့်အပေါ် အံ့ဩသွားသည်။

ထိုအချိန်တွင် ဝန်ကြီး "ချန်ဝေ"(Chen Wei) ရောက်လာရာ "လီယင်"(Li Ying) က


ထိုသူငယ်အကြောင်းကို ပြောပြသည်။

"ဒီ သူငယ်ကတော့ ဩချလောက်ပါရဲ့"

"ငယ်ငယ်က တော်တဲ့သူက ကြီးလာလည်း လူတော်ဖြစ်မယ်ဆိုတာ မသေချာပါဘူး"

154
ထိုအခါ "ခုံးရု"ံ (Kong Rong) မှ ဝင်၍

"ဝန်မင်းပြောပုံအရဆိုရင် ဝန်မင်းက ငယ်ငယ်က တော်ခဲ့တာပေါ့နော်" ဟု ပြောလေရာ အမတ်နှစ်ဦးတို့


ရယ်မောကြကာ

"ဒီကလေးက နောင်တစ်ချိန်မှာ မှူးမတ်ဖြစ်လာမယ့် ကလေးပဲ" ဟု ဆိုသည်။

"ခုံးရု"ံ (Kong Rong) သည် ထိုအကြောင်းတို့ ကြောင့်ပင် ငယ်စဉ်ကတည်းက ကျော်ကြားသည်။


ကြီးပြင်းလာသော် နန်းတွင်းတပ်မှူးအဖြစ် တာဝန်ထမ်းဆောင်ပြီးနောက် ပေဟိုင်မြို့စားအဖြစ်
ခန့်အပ်ခံရသည်။ ထိုမြို့တွင် "ခုံးရုံ"(Kong Rong) သည် သူ၏ဧည့်ဝတ်ကျေပွန်မှုတို့ကြောင့်
နာမည်ကြီးလေသည်။ "ခုံးရု"ံ (Kong Rong) ပြောလေ့ရှိသော စကားတစ်ခွန်းမှာ
အောက်ပါအတိုင်းဖြစ်သည်။

"အခန်းတစ်ခုလုံးမှာ သူငယ်ချင်းတွေအပြည့်နဲ့၊

ခြကေ
် တွမှာလည်း အရက်အပြည့်၊

ဒါက ငါနှစ်ခြိုက်တဲ့ ဘဝပါပဲ"

"ခုံးရု"ံ (Kong Rong) သည် ပေဟိုင်တွင် ခြောက်နှစ်တာဝန်ထမ်းခဲ့ပြီးကာ လူအပေါင်းတို့က သူ့ကို


ချစ်ခင်ကြသည်။ "မီကျူ"(Mi Zhu) ရောက်လာသောအချိန်တွင် "ခုံးရု"ံ (Kong Rong) သည် ထုံးစံအတိုင်း
သူ၏မိတ်ဆွေအပေါင်းအသင်းတို့ နှင့် ဧည့်ခန်းတွင်ရှိနေသည်။ စာပို့ သူကလည်း
အလျင်အမြန်ဝင်လာသည်၊ "ခုံးရု"ံ (Kong Rong) က အကြောင်းအရာကို မေးရာ "မီကျူ"(Mi Zhu) က
"ထောင်ချန်"(Tao Qian) ထံမှ စာကိုပြကာ စစ်ကူ တောင်းခံသည်။

"မင်းသခင်နဲ့ ငါနဲ့က သူငယ်ချင်းကောင်းတွေ။ ငါ့မှာ သွားကူပေးရမယ့်ဝတ္တရားရှိတယ်။ ဒါပေမယ့် ငါက


ချောင်ချောင်း(Cao Cao) နဲ့လည်း ရန်ငြှိုးမရှိတဲ့အတွက် ပထမဆုံး သူ့ကို စစ်ပြေငြိမ်းဖို့ စာပို့ လိုက်မယ်။
လက်မခံဘူး ဆိုရင်တော့ စစ်ကူလွှတ်ပေးပါ့မယ်"

155
"ချောင်ချောင်း(Cao Cao) က ငြိမ်းချမ်းရေး ကမ်းလှမ်းတာကို လက်ခံမှာမဟုတ်ဘူး၊ သူကသူ့အစွမ်းနဲ့
မာန်တက်နေတာ"

"ခုံးရုံ"(Kong Rong) သည် ငြိမ်းချမ်းရေးကမ်းလှမ်းသည့်စာကို ရေးသည့်အပြင် စစ်တပ်တို့ ကိုလည်း


ပြင်ဆင်စေသည်။ ထိုအချိန်တွင်ပင် အင်အားတစ်သောင်းရှိသောအဝါရောင်သူပုန်တို့ သည် ပေါ်လာကာ
ပေဟိုင်တွင် သောင်းကျန်းကြသည်။ ထိုသူပုန်တို့ ကိစ္စကို အရင်ရှင်းရမည်ဖြစ်၍ "ခုံးရုံ"(Kong Rong) သည်
စစ်ချီတက်သည်။ သူပုန်ခေါင်းဆောင် "ကွမ်းဟိုင"် (Guan Hai) သည် အရှေ့သို့ ထွကလ
်ာကာ

"ဒီမြို့က ကောက်ပဲသီးနှံဖြစ်ထွန်းတဲ့အတွက် ဆန်စပါးလှည်းတစ်ထောင်လောက်ကို တတ်နိုင်တယ်၊


အဲ့ဒါကို ပေးပါ၊ ပေးရင် တပ်ပြန်ဆုတ်မယ်၊ မပေးရင်တော့ မြို့ရိုးကို ဖြိုပြီးတော့ လူတွေကို သတ်ပစ်မယ်" ဟု
ဆိုသည်။

"ငါက ဟန်တိုင်းပြည်က အမှုထမ်းဖြစ်တဲ့အတွက် ဒီမြေကို ကာကွယ်ရမယ့် တာဝန်ရှိတယ်။ မင်းတို့


သူပုန်တွေကို အလကားကျွေးထားမယ် ထင်လား"

"ကွမ်းဟိုင"် (Guan Hai) သည် မြင်းကို ကျာပွတ်နှင့်ရိုက်ပြီး ဓားကိုင်ကာ ရှေ့သို့ ထွက်လာသည်။


"ခုံးရုံ"(Kong Rong) ၏ စစ်သြူ ကီးတစ်ဦးဖြစ်သည့် "ကျုံးပေါက်"(Zong Bao) သည် ဓားကို ကိုင်ကာ
ထွက်လာသည်။ အချင်းချင်းတိုက်ပြီး သိပ်မကြာ၊ "ကျုံးပေါက်"(Zong Bao) အသတ်ခံလိုက်ရသည်။
စစ်သားတို့သည်လည်း ကြောက်ပြီး မြို့တွင်းသို့ ဝင်ကြသည်။ သူပုန်တို့ သည် မြို့ကို ဝန်းရံကာ
လေးဘက်လေးလံမှ တိုကေ
် လသည်။ "ခုံးရု"ံ (Kong Rong) သည် အင်မတန် စိတ်ဓာတ်ကျသွားသည်။
"မီကျူ"(Mi Zhu) သည်လည်း သူ၏အကြံအောင်ရန် အခွင့်အရေးမရှိတော့သည်ကို မြင်သောအခါ
စကားတို့ဖြင့် မဖော်ပြနိုင်လောက်အောင် စိတ်ဓာတ်ကျသွားလေသည်။

မြို့ရိုးပေါ်မှမြင်ကွင်းကား ဝမ်းနည်းစရာပင်၊ သူပုန်တို့ ၏ အင်အားကား ကြီးမားလှသည်။ တစ်နေ့သော်


"ခုံးရုံ"(Kong Rong) သည် မြို့ရိုးပေါ်တွင် ရပ်နေစဉ် လူတစ်ဦးသည် လှံကုက
ိုင်လျက် မြင်းစီးကာ
ရန်သူ့ တက်ကိုထိုးဖောက်ပြီး မြို့တံခါးအနီးရောက်လာသည်။ တံခါးနားရောက်သော် တံခါးဖွင့်ပေးရန်
ပြောသည်။

သို့သော် တံခါးစောင့်တို့ က လူစိမ်းကို တံခါးမဖွင့်ပေးချေ။ ထိုအခါ ထိုလူအနီးသို့


သူပုန်တို့ ဝန်းရံလာကြပြန်ရာ ထိုလူက သူပုန်ဆယ့်နှစ်ဦးလောက်ကို သတ်လိုကသ
် ည်။ ၎င်းကိုမြင်သောအခါ
"ခုံးရုံ"(Kong Rong) သည် တံခါးဖွင့်ရန် အမိန့်ပေးလိုက်သည်။ ထိုသူသည် အထဲရောက်လာသောအခါ

156
မြင်းပေါ်မှဆင်းပြီး လှံကိုထောင်လိုက်ကာ မြို့ရိုးပေါ်သို့ တက်လာပြီး မြို့စားအား ရိုရိုသေသေဖြင့်
စကားပြောသည်။

"ကျွန်တော့် နာမည်က ထိုက်ရှီချီ(Taishi Ci) ပါ။ လိုင်ဟမ


ွ်နယ်သားပါ။ မြောက်ပိုင်းကနေ အမေကိုကြည့်ဖို့
ပြန်လာတဲ့အခါ မြို့စားကြီးရဲ့မြို့ကို သူပုန်တွေဝန်းရံထားတယ်လို့ ကြားတဲ့အတွက် အမေက
သူ့အပေါ်ကောင်းခဲ့တြဲ့ မို့စားကို သွားကူပေးဖို့ ပြောလို့ ရောက်လာခဲ့တာပါ"

ဤသည်ကား အားတက်စရာပင်။ "ခုံးရုံ"(Kong Rong) သည် "ထိုကရ


ှ်ီချီ"(Taishi Ci) ကို
မတွေ့ဖူးသော်လည်း သူ၏ ဂုဏ်သတင်းကို ကြားနှင့်ပြီးဖြစ်သည်။ "ထိုက်ရှီချီ"(Taishi Ci) သည်
အခြားတစ်နေရာ ရောက်နေစဉ်က "ခုံးရုံ"(Kong Rong) သည် မြို့မှမိုင်အနည်းငယ်အကွာတွင်နေသော
"ထိုက်ရှီချီ"(Taishi Ci) ၏ အမေကို ခေါ်ကာ လိုလေသေးမရှိအောင် စောင့်ရှောက်ခဲ့ဖူးသည်။
ထိုမိန်းမအိုကြီးသည် ကျေးဇူးကိုပြန်ဆပ်ရန် သူ့သားကို လွှတလ
ိုကြ် ခင်းဖြစ်သည်။

"ခုံးရုံ"(Kong Rong) သည်လည်း ကျေးဇူးတင်ကာ "ထိုက်ရှီချီ"(Taishi Ci) ကို လေးစားစွာ ဆက်ဆံသည်။


အဝတ်အစား၊ သံချပ်ကာ၊ မြင်းနှီးကုန်းနှင့် မြင်းတို့ကို လက်ဆောင်အဖြစ်ပေးသည်။

"ကျွန်တော့်ကို စစ်သားတစ်ထောင်ပေးပါ၊ ရန်သူတွေကို တိုက်ထုတေ


် ပးပါ့မယ်"

"မင်းက သူရဲကောင်းဖြစ်ပေမယ့် ရန်သူတွေက အင်အားများလွန်းတယ်။ ဒီလုစ


ွိတ်ဝင်သွားရင်
မိုကမ
်ဲရာကျတယ်"

"ကျွန်တော့်အမေက ကျေးဇူးကို ပြန်တုန့် ပြန်ဖို့ လွှတ်လိုက်တာပါ။ အကယ်၍ သူပုန်တွေကို


မနှိမ်နှင်းနိုင်ခဲ့ရင် အမေ့ကို ဘယ်လိုမျက်နှာပြရမလဲ၊ နိုင်ရင်လည်းနိုင်၊ မနိုင်ရင် သေတာမှ တော်ဦးမယ်"

"ငါကြားတာတော့ လျူဘေ့(Liu Bei) က လောကမှာ သူရဲကောင်းတွေထဲကတစ်ယောက်၊ အကယ်၍


သူ့အကူအညီသာရရင် သူပုန်တွေကို တိုက်နိုင်တယ်။ ဒါပေမယ့် ဘယ်သူ့ကို လွှတြ် ပီး
စစ္ကေ
ူ တာင်းခိုင်းရမလဲ မသိဘူး "

"မြို့စားမင်း စာကို ရတာနဲ့ တစ်ပြိုင်နက် သွားပို့ ပေးပါ့မယ်"

ထိုအခါ "ခုံးရုံ"(Kong Rong) သည်လည်း စစ်ကေ


ူ တာင်းခံသည့်စာကို ရေးကာ "ထိုက်ရှီချီ"(Taishi Ci) ကို
ပေးလိုက်သည်။

"ထိုက်ရှီချီ"(Taishi Ci) သည် ကိုယခ


်ျပ်အင်္ကျီဝတ်ဆင်ကာ လေးကိုချိတ်၊ဓားကိုင်လျက် မြင်းစီးပြီး
ထွက်သွားသည်။ ထွက်လာသော "ထိုက်ရှီချီ"(Taishi Ci) ကို ရန်သူတို့က တိုက်ရန် ဝန်းရံလာသည်။

157
သို့သော် "ထိုက်ရှီချီ"(Taishi Ci) သည် ရန်သူတို့ကိုတိုက်ပြီး နောက်ဆုံးတွင်
ထိုးဖောက်ထွက်သွားနိုင်ခဲ့သည်။

ရန်သူ့ ခေါင်းဆောင် "ကွမ်းဟိုင"် (Guan Hai) သည် ထိုသတင်းကိုကြားသော် "ထိုကရ


ှ်ီချီ"(Taishi Ci)
နောက်ကို မြင်းသည်တော်အနည်းငယ်နှင့်လိုက်သည်။ မကြာခင်တွင်ပင် "ထိုက်ရှီချီ"(Taishi Ci) ကို
ဝန်းရံလုက
ိမိသည်။ "ထိုက်ရှီချီ"(Taishi Ci) သည် လေးကိုကိုင်လျက်ပစ်ရာ ရန်သူတို့ တစ်ဦးပြီးတစ်ဦး
လဲကျသွားသည်။ မည်သူမှ "ထိုက်ရှီချီ"(Taishi Ci) အနီးသို့ မကပ်ရဲတော့ချေ။

သို့နှင့် "ထိုက်ရှီချီ"(Taishi Ci) သည် "လျူဘေ့"(Liu Bei) ထံ အမြန်သွားသည်။ ဖင်ယွမ်သို့ရောက်သော်


"ထိုက်ရှီချီ"(Taishi Ci) က လာရသည့်အကြောင်းကိုပြောကာ "လျူဘေ့"(Liu Bei) အား "ခုံးရုံ"(Kong
Rong) ထံမှ စာကိုပေးလိုက်သည်။

"မင်းက ဘယ်သူတန
ုး"

"ကျွန်တော်က လိုင်ဟွမ်က ထိုက်ရှီချီ(Taishi Ci) ပါ။ မြို့စား ခုံးရု(ံ Kong Rong)


နဲ့အမျိုးတော်စပ်သူမဟုတသ
် လို သူ့လက်အောတ်ကလူလဲ မဟုတ်ပါဘူး။ သူ့ကျေးဇူးတွေရှိခဲ့လို့
လာကူပေးတာပါ။ အဝါရောင်သူပုန်တွေက သူ့မြို့ကို ဝန်းရံထားတဲ့အတွက် ဘယ်သူ့ အကူအညီမှမရပဲ
မကြာခင် မြို့ပျက်ပါတော့မယ်။ သခင်ကြီးဟာ ကိုယ်ချင်းစာ၊ တရားမျှတပြီး လူတွေကို ကူညီတတ်သူလို့
နာမည်ကျော်ကြားတဲ့အတွက် ရန်သူတွေကို ထိုးဖောက်ထွကလ
်ာပြီး အကူအညီတောင်းခံတာပါ"

ထိုအခါ "လျူဘေ့"(Liu Bei) သည် ပြုံးကာ

"ဒီလောကမှာ လျူဘေ့(Liu Bei) ရှိတယ်ဆိုတာ သူသိတယ်ပေါ့" ဟု ပြောသည်။

ထို့နောက် "လျူဘေ့"(Liu Bei) သည် "ကွမ်းယွ"ီ (Guan Yu) ၊ "ကျန်းဖေး"(Zhang Fei) တို့နှင့်အတူ
စစ်သားသုံးထောင်နှင့် စစ်တိုက်ထွကေ
် လသည်။ သူပုန်ခေါင်းဆောင် "ကွမ်းဟိုင်"(Guan Hai) သည်
စစ်ကတ
ူ ပ်သေးသေးလေးရောက်လာသည်ကို မြင်သော် နိုင်မည်အထင်နှင့် သူ့စစ်တပ်တို့ကို
ဦးဆောင်ကာတိုက်သည်။

ညီအစ်ကိုသုံးဦးတို့ နှင့် "ထိုက်ရှီချီ"(Taishi Ci) သည် ရှေ့သို့ ထွက်လာကာ "ကွမ်းဟိုင်"(Guan Hai) နှင့်
ရင်ဆုင
ိသည်။ "ထိုက်ရှီချီ"(Taishi Ci) သည် တိုက်ရန်အဆင်သင့်ဖြစ်သောအချိန်တွင် "ကွမ်းယွ"ီ (Guan Yu)
သည် ထွက်သွားနှင့်ပြီ။ သိပ်ပင်မကြာ၊ "ကွမ်းယွ"ီ (Guan Yu) သည် သူ၏လှံဖြင့် ရန်သူ့ ခေါင်းဆောင်ကို
သတ်လိုက်သည်။

158
"ကျန်းဖေး"(Zhang Fei)၊ "ထိက
ု ရ
ှ်ီချီ"(Taishi Ci) နှင့် "လျူဘေ့"(Liu Bei) တို့သည်လည်း
ရှေ့သို့ ထွက်ကာ တိုက်ကြသည်။ သူပုန်တို့ သည် ကျားအုပ်ထဲရောက်သွားသော သိုးငယ်အလား
အလူးအလဲခံရသည်ကို မြို့စားမြင်လိုက်သည်။ သူပုန်တို့ အရေးမလှသည်ကို မြင်သောအခါ
မြို့စားကလည်း မြို့တွင်းမှတပ်ကို ထွက်တိုက်ရန် အမိန့် ပေးလိုက်လေသည်။
ရန်သတ
ူ ပ်ဖွဲ့တို့ ပြိုကွဲသွားကြပြီး များစွာသော သူပုန်တို့ လက်နက်ချကြသည်၊ အခြားသော သူပုန်တို့မှာ
ထွက်ပြေးသွားကြလေသည်။

အောင်နိုင်သတ
ူ့ို ကို မြို့တွင်း၌ ပျော်ပွဲရွှင်ပွဲ၊ စားပွဲသောက်ပွဲတို့ တည်ခင်းကာ ကြိုဆိုကြသည်။ ထို့နောက်
"မီကျူ"(Mi Zhu) အား "လျူဘေ့"(Liu Bei) နှင့် တွေ့စေသည်။ "မီကျူ"(Mi Zhu) က
ဖြစ်သမျှအကြောင်းတို့ ကို ပြောကာ အကူအညီတောင်းခံသည်။ ထိုအခါ "လျူဘေ့"(Liu Bei) က
ဤသို့ပြောသည်။

"နယ်စား ထောင်ချန်(Tao Qian) ဟာ ကြင်နာသနားတတ်တဲ့လြူ ဖစ်တယ်။ သူက ဘာအပြစ်မှမရှိပဲနဲ့


ဒီလိုအတိုက်ခံရတာ သနားစရာကောင်းတယ်"

"ခုံးရုံ"(Kong Rong) က ဝင်ပြောသည်။

"ခင်ဗျားက မင်းဆွေမင်းမျိုးပဲ။ ခု ချောင်ချောင်း(Cao Cao) က သူ့အင်အားကို အသုံးချပြီး လူတွေကို


ထိခိုက်အောင်လုပ်နေတယ်။ ခင်ဗျား ကျုပ်နဲ့ အတူလိုက်ပြီး တိုက်ပါလား"

"ကျွန်တော် မငြင်းဝံ့ပါဘူး၊ ဒါပေမယ့် ကျွန်တော့်စစ်တပ်က အင်အားသေးတဲ့အတွက် သတိနဲ့


လှုပ်ရှားရပါမယ်"

"ကျုပ်က ကျုပ်သင
ူ ယ်ချင်းမို့လို့ ကူတာ ဖြစ်ပေမယ့်လည်း တကယ်တော့ ဒါဟာ တရားမျှတတဲ့အလုပ်ပဲ၊
ခင်ဗျားက မတရားတာကိုတော့ လက်ပိုက်ကြည့်နေမယ် မထင်ပါဘူး"

"ဒါဆို ခင်ဗျားအရင် သွားနှင့်ပါ၊ ကျွန်တော် ကုန်းစွန်းကျန့်(Gongsun Zan) ဆီ သွားပြီး စစ်သားနဲ့


မြင်းတွေ နည်းနည်း ချေးငှားလိုက်ပါဦးမယ်၊ ပြီးရင်တော့ ချက်ချင်းလာခဲ့ပါ့မယ်"

"ခင်ဗျား ကတိကိုတော့ မဖျက်ပါဘူးနော်"

"ရှေးပညာရှိ တစ်ဦးက ပြောခဲ့ဖူးတယ်....လူတိုင်းက သေကြမှာ ဓမ္မတာပဲ၊ ဒါပေမယ့် အဲ့လူမှာ


သစ္စာဆိုတာမရှိရင် အသက်ရှင်နေလည်း ဘာထူးမှာလဲ....ကျွန်တော် စစ်ကူရသည်ဖြစ်စေ၊ မရသည်ဖြစ်စေ
လာကိုလာခဲ့ပါ့မယ်"

သို့နှင့် ထိုအစီအစဉ်ကိုပင် လက်ခံလိုကြ် ကသည်။ "မီကျူ"(Mi Zhu) သည် ထွကခ


်ွာရန်ပြင်ပြီး "ခုံးရု"ံ (Kong
Rong) သည်လည်း စစ်ချီထွက်ရန် ပြင်သည်။ "ထိုက်ရှီချီ"(Taishi Ci) ကလည်း

159
"အခုတော့ မြို့လည်း အန္တရာယ်ကင်းသွားခဲ့ပြီ။ ရန်ကျိုးနယ်စား လျူယောင်(Liu Yao) က ကျွန်တော့်ကို
ခေါ်တယ်ဆိုလို့ သွားလိုက်ပါဦးမယ်" ဟု ပြောကာ နှုတ်ဆက်ပြီး ထွက်ခွာသွားသည်။

"ခုံးရုံ"(Kong Rong) သည် "ထိုက်ရှီချီ"(Taishi Ci) အား ဆုလာဘ်တို့ ပေးသော်လည်း "ထိုက်ရှီချီ"(Taishi


Ci) က လက်မခံချေ။ "ထိုက်ရှီချီ"(Taishi Ci) ကလည်း သူ့အမေ သွားကြည့်သည်၊ သူ့အမေကား
ကျေးဇူးကို ပြန်ဆပ်နိုင်လိုက်၍ ဝမ်းသာသွားခဲ့သည်။ ထို့နောက် "ထိုက်ရှီချီ"(Taishi Ci) သည် ရန်ကျိုးသို့
ထွက်ခွာသွားသည်။

"လျူဘေ့"(Liu Bei) သည် သူ၏ သူငယ်ချင်း "ကုန်းစွန်းကျန့်"(Gongsun Zan) ကို သွားတွေ့ကာ


ရွှီကျိုးကို သွားပြီး ကူမည့်အကြောင်းကို ပြောသည်။

"ချောင်ချောင်း(Cao Cao) နဲ့ ခင်ဗျားနဲ့က ရန်သူတွေမှ မဟုတ်တာ၊ ဘာလို့များ သူများအတွက်နဲ့


စစ်ချီထွက်မှာလည်း"

"ကျုပ်ကတိပေးပြီးပြီ၊ သစ္စာကို ဖျက်လို့ မဖြစ်ဘူး "

"ကျုပ် မြင်းနဲ့ စစ်သား နှစ်ထောင် ချေးလိုက်ပါ့မယ်"

"နောက်ပြီး ကျောက်ယွင်(Zhao Yun) ကိုလည်း ကျုပ်နဲ့ ထည့်ပေးလိုက်ပါ"

၎င်းကို "ကုန်းစွန်းကျန့်"(Gongsun Zan) က လက်ခံလိုက်သည်။ "လျူဘေ့"(Liu Bei) ၏ စစ်တပ်ကြီးတွင်


ရှေ့တန်းတွင် နေရာယူပြီး ငှားရမ်းလာသော စစ်သည်တို့ သည်ကား "ကျောက်ယွင"် (Zhao Yun) နှင့်အတူ
နောက်တန်းတွင် နေရာယူကာ ချီတက်ကြသည်။

ထိုအတွင် "မီကျူ"(Mi Zhu) သည် မြို့သို့ပြန်ရောက်ပြီး "လျူဘေ့"(Liu Bei) နှင့် "ခုံးရုံ"(Kong Rong)
တို့သည် စစ်ကူဖြင့် လာမည်ဖြစ်ကြောင်း ပြောသည်။ "ချန်တန်"(Chen Deng) သည်လည်း ပြန်လာကာ
"ထျန်းခိုင"် (Tien Kai) မှလည်း စစ်ကူဖြင့် လာမည်ဖြစ်ကြောင်းဆိုသည်။ ထိုသတင်းတို့သည်ကား
"ထောင်ချမ်"(Tao Qian) အတွက် စိတ်အေးစေသည်။

သို့သော်လည်း ထိုစစ်ကူတို့ သည်ကား "ချောင်ချောင်း"(Cao Cao) တပ်၏ အင်အားကိုကြောက်ရွံ့ကာ


ထိပ်တိုက်မရင်ဆိုင်ကြပဲ အဝေးမှ တောင်ကုန်းပေါ်တွင်သာ တပ်စွဲထားကြသည်။ "ချောင်ချောင်း"(Cao Cao)
သည် တစ်ဖက်မှ စစ်ကူတို့ရောက်လာမှန်းသိ၍ သူ့တပ်ကိုခွဲကာ စစ်ကူတပ်တို့ကို တိုကေ
် စသည်။
ထို့ကြောင့် မြို့ကိုတိုက်ခိုက်ခြင်းကို နှောင့်နှေးသွားစေခဲ့သည်။

160
"လျူဘေ့"(Liu Bei) သည်လည်း ရောက်လာပြီး "ခုံးရုံ"(Kong Rong) နှင့် တွေ့ရာ "ခုံးရုံ"(Kong Rong) မှ

"ရန်သူက အင်မတန် အင်အားကြီးတယ်။ ချောင်ချောင်း(Cao Cao) က သူ့တပ်တွေကို


ကောင်းကောင်းကွပ်ကဲနိုင်တယ်၊ သထိထားရမယ်၊ ရန်သက
ို မတိုက်ခင် သေချာလေ့လာပြီးမှ တိုက်ရမယ်"
ဟုပြောသည်။ "လျူဘေ့"(Liu Bei) မှ

"ကျွန်တော် ကြောက်တာက မြို့တွင်းမှာ စားနပ်ရိက္ခာပြတ်မှာကိုပဲ၊ စစ်သားတွေ


အကြာကြီးခုခံနိုင်မှာမဟုတ်ဘူး ၊ ကျွန်တော့်စစ်သားတွေကို ခင်ဗျားလက်အောက်မှာ ခဏထားထားမယ်၊
ကျွန်တော်က ကျန်းဖေး(Zhang Fei) နဲ့အတူ ရန်သူတွေကို ထိုးဖောက်ပြီး မြို့ထဲကို ဝင်ပြီးတော့
ထောင်ချန်(Tao Qian) နဲ့ တိုင်ပင်ရမယ်"

ထိုအကြံကို "ခုံးရု"ံ (Kong Rong) က လက်ခံလိုက်သည်။ ထို့နောက် သူနှင့် "ထျန်းခိုင်"(Tien Kai)


တို့သည် ကျွဲချိုပုံဗျူဟာ ခင်းကာ တစ်ဖက်စီတွင် "ကွမ်းယွ"ီ (Guan Yu) ၏ တပ်နှင့် "ကျောက်ယွင"် (Zhao
Yun) တပ်တို့က အားဖြည့်ထားသည်။

ထိုအချိန်တွင် "လျူဘေ့"(Liu Bei) နှင့် "ကျန်းဖေး"(Zhang Fei) တို့ သည် စစ်သားတစ်ထောင်ဖြင့်


ရန်သူ့ တပ်ကို ထိုးဖောက်ရန်ပြင်သည်။ ရန်သူ့ တပ်ဖျားသို့ရောက်သော် ဆိုင်းသံဗုံသံတို့ နှင့်အတူ
ပင်လယ်ရေကဲ့သို့ များပြားသော ရန်သူ့ တပ် ရောက်လာသည်။ ထိုတပ်ကို ခေါင်းဆောင်လာသူမှာ
"ယွီကျင်"့ (Yu Jin) ဖြစ်သည်။ "ယွီကျင်"့ (Yu Jin) သည် မြင်းပေါ်မှ

'အရူးတွေ၊ ဘယ်ကိုသွားကြမလို့ လဲ" ဟု မေးသည်။

"ကျန်းဖေး"(Zhang Fei) သည် ကြားသော်လည်း မကြားဟန်ပြုကာ မည်သို့ မှမပြော။ ရှေ့သို့ ထွကလ


်ာပြီး
"ယွီကျင်"့ (Yu Jin) နှင့် တိုကေ
် လသည်။ အချိန်အနည်းငယ်ခန့်တိုက်ပြီးသော် "လျူဘေ့"(Liu Bei) သည်
သူ့ဓားနှစ်လက်ကိုမြှောက်လိုက်ပြီး စစ်သားတို့ ကို တိုကရ
် န် အချက်ပြလိုက်သည်။ သို့နှင့် "ယွီကျင်"့ (Yu
Jin) ကို တိုကထ
်ုတန
ိုင်လိုက်သည်။ "ကျန်းဖေး"(Zhang Fei) က "ယွီကျင်"့ (Yu Jin) နောက် လိုကေ
် လရာ
ဤသို့ဖြင့် မြို့တံခါးအနီးသို့ ရောက်သွားသည်။

မြို့ရိုးပေါ်မှ လူတို့သည် အောက်ဘက်မှ "ဖင်ယွမ်မှ လျူဘေ့(Liu Bei)" ဟူသော အလှံအဖြူကို


မြင်သောအခါ ဝမ်းသာအားရဖြင့် မြို့တံခါးကို ဖွင့်ပေးကြသည်။ "လျူဘေ့"(Liu Bei) ကို "ထောင်ချန်"(Tao
Qian) သည် "လျူဘေ့"(Liu Bei) ၏ အပြုအမှု၊ ပြောဆိုမှုတို့ ကို မြင်လျှင် အင်မတန်လေးစားသွားသည်။
ထို့နောက် "ထောင်ချန်"(Tao Qian) သည် "မီကျူ"(Mi Zhu) မှတစ်ဆင့် "လျူဘေ့"(Liu Bei) အား
နယ်စားတံဆိပ်တုံးပေးစေသည်။ "လျူဘေ့"(Liu Bei) သည် လန့်ကာ

"ဒါက ဘာအဓိပ္ပာယ်တုန်း" ဟု မေးသည်။

161
"ထောင်ချန်"(Tao Qian) : "တိုင်းပြည်အနှံ့မှာ ဒုက္ခတွေရောက်နေကြတယ်၊ ဘုရင်ရဲ့ ဩဇာဟာလည်း
သက်ရောက်မှုမရှိတော့ဘူး၊ ခင်ဗျားဟာ မင်းဆွေမင်းမျိုးဖြစ်တဲ့အတွက် ဘုရင့်အာဏာပြန်တည်မြဲအောင်
လုပ်ဆောင်ဖို့ လိုအပ်တယ်၊ ကျုပ်က အသက်ကြီးနေပြီ၊ ဒါကြောင့် ကျုပ်ရာထူးကို ခင်ဗျားကို လွှဲပေးပြီးရင်
အနားယူတော့မယ်၊ ကျုပ်တောင်းဆိုတာကို မငြင်းပါနဲ့၊ ပြီးရင် ဒီအကြောင်းကို နန်းတော်ကိုလည်း
တင်ပြလိုက်ပါ့မယ်"

"လျူဘေ့"(Liu Bei) သည် ထိုင်ရာမှ ထကာ "ထောင်ချန်"(Tao Qian) ကို အရိုအသေပေးပြီး

"ကျွန်တော်က မင်းဆွေမင်းမျိုးပေမယ့် စွမ်းဆောင်မှုဆိုတာလည်း များများစားစားမရှိခဲ့သလို


ကိုယ်ကျင့်တရားလည်း ကောင်းတယ်မဟုတ်ပါဘူး၊ ဒါကြောင့် ကျွန်တော့်ရဲ့ လက်ရှိရာထူးကိုတောင်
ကျွန်တော်နဲ့ သင့်လျော်ပါရဲ့လားလို့ တွေးနေရတာပါ။ နယ်စားမင်းကို လာကူရတာဟာ
တရားမျှတမှုဘက်က ပါချင်တဲ့အကြောင်းကြောင့်ပါပဲ။ နယ်စားက ကျွန်တော့်ကို အကျိုးလိုလို့
ညောင်ရေလောင်းတဲ့လူလို့ထင်လို့များ ဒီလိုပြောတာများလား။ အကယ်၍ အဲ့လုအ
ိ တွေးမျိုးရှိခဲ့ရင်
ဘုရားသခင်က ကျွန်တော့်ကို မကူညီပါစေနဲ့" ဟု ပြောသည်။

"ထောင်ချန်"(Tao Qian) : "ဒါက ဒီအဘိုးကြီးရဲ့ စိတ်ထဲရင်ထဲက စေတနာပါ"

"ထောင်ချန်"(Tao Qian) က အကြိမ်ကြိမ် သူ၏ရာထူးကိုယူရန် တိုက်တွန်းသော်လည်း "လျူဘေ့"(Liu Bei)


ကလည်း အကြိမ်ကြိမ် ငြင်းဆိုသည်။ ထိုအချိန်တွင် "မီကျူ"(Mi Zhu) ရောက်လာကာ

"ရန်သူတွေက မြို့ရိုးကို ဝန်းရံလာပြီ။ သူတို့ကို တိုက်ထုတ်ဖို့ တစ်ခုခု လုပ်ရမယ်၊ ဒီကိစ္စကို နောက်မှ


ဆွေးနွေးလည်းရတယ်" ဟု ပြောသည်။

"လျူဘေ့"(Liu Bei) : "ကျွန်တော် ချောင်ချောင်း(Cao Cao) ကို စစ်တပ်ပြန်ဆတ


ုတာ တိုက်တွန်းတဲ့စာ
ရေးကြည့်ပါဦးမယ်၊ ငြင်းဆိုရင်တော့ ကျွန်တော်တို့ ဝိုင်းတိုက်ကြတာပေါ့"

ထို့နောက် ထိုစာ "ချောင်ချောင်း"(Cao Cao) ထံ မရောက်ခင် စစ်မတိုက်ကြရန် မဟာမိတ်တပ်တို့ကို


အမိန့်စာပို့စေသည်။

ထိုစာ "ချောင်ချောင်း"(Cao Cao) ထံ ရောက်သောအခါဝယ် "ချောင်ချောင်း"(Cao Cao) သည်


အစည်းအဝေးပြုလုပ်နေသော အချိန်ဖြစ်သည်။ စာကိုရလျှင် ဖွင့်၍ဖတ်လိုကရ
်ာ "လျူဘေ့"(Liu Bei) ထံမှ
စာဖြစ်နေသည်။ စာထဲတင
ွ် သပ်ရပ်သောစာလုံးများဖြင့် အောက်ပါအတိုင်းရေးထားသည်။

"ဟိုအရင်တခါ စစ်ပွဲမှာ တွေ့ခဲ့ပြီးကတည်းက ကျွန်တော်လည်း ခင်ဗျားဆီ မလာဖြစ်တာနဲ့ မတွေ့ဖြစ်ပါဘူး၊


ခင်ဗျားအဖေ သေဆုံးခဲ့ရတာဟာ ကျန်းခိုင(် Zhang Kai) ကြောင့်တာ ဖြစ်ပြီး ထောင်ချန်(Tao Qian) မှာ

162
တာဝန်မရှိပါဘူး။ အခုအချိန်မှာ သူပုန်တွေလည်း ထနေပြီး တုန်ကျိုး(Dong Zhuo)
လက်အောက်ခံတွေကလည်း မြို့တော်မှာ ထင်တိုင်းကြဲနေတယ်။ ဒါကြောင့် ခင်ဗျားအနေနဲ့
ကိုယ်ရေးကိုယ်တာရန်ငြိုးအစား တိုင်းရေးပြည်ရေးကိုရှေးရှုပြီး ရွှီကျိုးကို တိုက်တာ ရပ်တန့်ပြီးတော့
တိုင်းပြည်ကို ကယ်ဖို့ တောင်းပန်ပါတယ်။ ဒီလိုဆို တစ်တုင
ိးပြည်လုံး ဝမ်းသာကြမှာပါ"

"ချောင်ချောင်း"(Cao Cao) သည် စာကိုဖတ်ကာ

"ဒီ လျူဘေ့(Liu Bei) က ဘာမို့လို့ လဲ။ စာရေးထားတာ ကျုပ်ကို သရော်သယောင်နဲ့ ရေးထားသေးတယ်"


ဟု ဒေါသဖြင့် ပြောလေသည်။

ထို့နောက် "ချောင်ချောင်း"(Cao Cao) သည် စာလာပို့ သော ဆတ်သားကို သတ်ရန်အမိန့်ပေးပြီး


မြို့ကိုတိုက်စေသည်။ သို့သော် "ကောကျား"(Guo Jia) က ဝင်တားသည်။

"လျူဘေ့(Liu Bei) က အဝေးကနေ စစ်ကူလာပို့ တာပါ၊ ဒါကြောင့် စစ်မတိုက်ခင်မှာ ယဉ်ကျေးသမှုနဲ့


စာအရင်ပို့တာပါ။ ဒီလို ဒေါသနဲ့ မပြုမူပဲ ကောင်းကောင်းစာပြန်လိုက်ပါ၊ အဲ့လိုမှ သူစိတေ
် အးသွားပြီး
အဲ့အချိန်မှ မြို့ကို ဝင်တိုက်ရင် အောင်နိုင်ပါတယ်"

ထိုအကြံသည် သင့်လျော်သဖြင့် "ချောင်ချောင်း"(Cao Cao) သည် ဆတ်သားကို မသတ်ပဲထားကာ


ပြန်စာစောင့်စေသည်။ ထိုအချိန်တွင်ပင် မြင်းသည်တော်တစ်ဦးဝင်လာကာ သတင်းလာပို့ သည်။
ထိုသတင်းကား အောက်ပါအတိုင်းပင်ဖြစ်သည်။

"လွီပု(Lu Bu) က ရန်ကျိုးကို ကျူးကျော်နေပါပြီ။ လက်ရှိမှာ ပုရန်မြို့ကို သိမ်းထားပါတယ်။ ကျန်တဲ့


မြို့သေးလေးသုံးခုဖြစ်တဲ့ ကျွမ်းချန်၊ ဖန်ရှနဲ့ တုန်းကျွင်းတို့ကို အပြင်းအထန်တိုက်တာ
ခံနေရပါတယ်"ဝမ်းသာအားရကြိုဆိုပြီး စားသောက်ပွဲဖြင့် ဧည့်ခံလေသည်။ စစ်သားတို့ ကိုလည်း
ကျွေးမွေးသည်။

"လီကျွယ်"(Li Jue) နှင့် "ကော်စ"ီ (Guo Si) တို့ မြို့တော်ကို တိုကခ


ိုက်အောင်မြင်သွားသောအခါ၌
"လွီပု"(Lu Bu) သည် "ယွမ်စု"(Yuan Shu) လက်အောက်ထံ သွားသည်။ သို့သော် "ယွမ်စု"(Yuan Shu)
က သူ့ကို လက်မခံချေ။ သို့နှင့် "ယွမ်ရှောက်"(Yuan Shao) ထံ သွားခိုလှုံသည်။ "ယွမ်ရှောက်"(Yuan
Shao) က လက်ခံပြီး "လွီပု"(Lu Bu) အား ချန်ရှန်းမှ "ကျန်းရန်"(Zhang Yan) ကို တိုကခ
ိုင်းသည်။
သို့သော် "လွီပု"(Lu Bu) ၏ မာနနှင့် ခက်ထန်မှုတို့ ကြောင့် အခြား စစ်သူကြီးတို့နှင့် မသင့်မတင့်ဖြစ်ကာ
"ယွမ်ရှောက်"(Yuan Shao) က "လွီပု"(Lu Bu) ကို သတ်ရန်ပြင်သည်။ ထိုအခြင်းအရာမှ လွတရ
် န်
"လွီပု"(Lu Bu) သည် ရှန်းတန်မြို့စား "ကျန်းရန်"(Zhang Yang) ထံ သွားခိုလံသ
ှု ည်။

"လွီပု"(Lu Bu) မြို့တော်မှ ထွကသ


်ွားကတည်းက "လွီပု"(Lu Bu) ၏ မိသားစုကို ကာကွယ်ခဲ့သော
"ဖန်စ"ု (Pang Shu) ဆိုသူရှိသည်။ ထိုအကြောင်းကို "လီကျွယ်"(Li Jue) နှင့် "ကော်စ"ီ (Guo Si) တို့

163
သိသွားကြသော် ဒေါသထွက်ကာ "ဖန်စ"ု (Pang Shu) ကို သေဒဏ်ပေးလိုက်သည်။ ထို့နောက် "လွီပု"(Lu
Bu) ကိုလည်း သေဒဏ်ပေးရန် "ကျန်းရန်"(Zhang Yang) ထံ အမိန့်စာပို့လိုက်သည်။ ထိုအခါတွင်လည်း
"လြီပု"(Lu Bu) ထြကေ
် ပြးရပြန်ပြီး ချန်လျူမြို့စား "ကျန်းမြောင်"(Zhang Miao) လက်အောက်တွင်
အမှုထမ်းသည်။

"လွီပု"(Lu Bu) ရောက်သောအချိန်သည် "ကျန်းမြောင်"(Zhang Miao) ၏ ညီက "ချန်ကုန်း"(Chen Gong)


ကို လာမိတ်ဆက်ပေးသည့်အချိန်ဖြစ်သည်။ "ချန်ကန
ုး"(Chen Gong) က "ကျန်းမြောင်"(Zhang Miao)
ကို အောက်ပါအတိုင်းပြောသည်။

"တိုင်းပြည်မှာ အကွဲအပြဲတွေစနေပြီ၊ သူရဲကောင်းတွေက ရတဲ့နယ်တွေကို သိမ်းကုန်ကြပြီ၊


မြို့စားမင်းလည်း အင်အားလည်းတောင့်တင်း၊ ရိက္ခာတွေလည်း ရှိတ့လ
ဲူမျိုးက ဘာမှမသိမ်းဘူးဆို
မထူးဆန်းပေဘူးလား၊ ချောင်ချောင်း(Cao Cao) က သူ့နယ်မှာ စစ်သားတွေ သိပ်မချန်ပဲနဲ့ အရှေ့ဘက်ကို
စစ်ချီထွက်သွားခဲ့ပြီ။ လွီပ(ု Lu Bu) က ဒီခေတ်ဒီအခါရဲ့ လူတော်တစ်ဦးပဲ၊ ခင်ဗျားနဲ့ သူနဲ့သာ ပေါင်းပြီး
ရန်ကျိုးကို သိမ်းလိုက်ရင် အဲ့နောက်ပိုင်းမှာ တိုင်းပြည်ကြီးကို သိမ်းဖို့ပါ လုပ်ဆောင်နိုင်မှာ"

"ကျန်းမြောင်"(Zhang Miao) သည် ထိုစကားကို ကြားသောအခါ ကျေနပ်ပြီး စမ်းကြည့်ရန်


စစ်ချီတက်စေသည်။ မကြာမီပင် "လွီပ"ု (Lu Bu) သည် ကျွမ်းချန်၊ ဖန်ရှနှင့် တုန်းကျွင်းတို့မှလွဲ၍
ရန်ကျိုးနှင့်အနီးတစ်ဝိုက်တို့ ကို သိမ်းပိုက်အောင်မြင်ခဲ့သည်။ ထိုမြို့သုံးမြို့ကိုလည်း မကျအောင်
"ရွှင်ယ"ွိ (Xun Yu) နှင့် "ချန်ယွီ"(Cheng Yu) တို့က အလူးအလဲခုခံနေရသည်။ "ချောင်ချောင်း"(Cao Cao)
၏ ညီ "ချောင်ရန်"(Cao Ren) သည် ရန်သူတို့ ကို ခုခံသော်လည်း မနိုင်ချေ၊ သို့နှင့် "ချောင်ချောင်း"(Cao
Cao) ထံ စာပို့ကာ စစ်ကူ တောင်းရလေသည်။

ထိုသတင်းသည်ကား "ချောင်ချောင်း"(Cao Cao) အတွက် အင်မတန် အနှောင့်အယှက်ဖြစ်စေသည်။

"ချောင်ချောင်း"(Cao Cao) : "ငါ့ပြည်နယ်သာ ဆုံးရှုံးသွားရင် ပြန်စရာနေရာ မရှိတော့ဘူး။ တစ်ခုခု


လုပ်မှဖြစ်မယ်"

"ကောကျား"(Guo Jia) : "အကောင်းဆုံးကတော့ လောလောဆယ် လျူဘေ့(Liu Bei) နဲ့


ငြိမ်းချမ်းရေးယူလိုက်ပြီးတော့ ရန်ကျိုးကို ပြန်ဖို့ပဲ"

ထို့နောက် "ချောင်ချောင်း"(Cao Cao) သည် "လျူဘေ့"(Liu Bei) အား


ငြိမ်းချမ်းရေးသဝဏ်လွှာပို့စေပြီးနောက် တပ်တို့ကို ပြန်ဆုတ်စေသည်။ ထိုသတင်းသည် "ထောင်ချန်"(Tao
Qian) အတွက် မင်္ဂလာရှိသောသတင်းပင်ဖြစ်သည်။ "ထောင်ချန်"(Tao Qian) သည်
စစ်ကလ
ူာသောသူတို့ ကို ရွှီကျိုးမြို့အတွင်းသို့ခေါ်ကာ စားသောက်ပွဲတည်ခင်းသည်။

164
စားသောက်ပွဲပြီးနောက် သူ့ရာထူးကို "လျူဘေ့"(Liu Bei) ယူရန် တိုကတ
်ွန်းပြန်၏။ "လျူဘေ့"(Liu Bei)
ကို အမြင့်ဆုံးနေရာတွင် ထားစေပြီး အရိုအသေပေးကာ

"ကျွန်တော်က အသက်ကြီးပြီ။ ကျွန်တော့်သားနှစ်ယောက်ကလည်း ဒီလိုအရေးကြီးတဲ့ရာထူးကို


ဆက်ခံနိုင်မှာမဟုတ်ဘူး။ ခင်ဗျားကတော့ မင်းဆွေမင်းမျိုးလည်းဖြစ်တယ်၊
ကိုယ်ကျင့်တရားကောင်းတဲ့အပြင် အရည်အချင်းရှိသူလည်းဖြစ်တယ်။ ခင်ဗျားသာ ကျုပ်ရာထူးကို
ယူလိုက်ရင် ကျွန်တော် အေးအေးဆေးဆေးအနား ယူနိုင်ပါပြီ" ဟု ပြောသည်။

"လျူဘေ့"(Liu Bei) : "ဒါက မှန်ကန်တဲ့ကိစ္စမို့လို့ ၊ နောက်ပြီး မြို့စား ခုံးရုံ(Kong Rong) ကလည်း


အကူအညီတောင်းခဲ့လို့ ရောက်လာခဲ့တာပါ၊ အခု ရွှီကျိုးက လုံခြုံသွားခဲ့ပြီ။ ဒီမြို့ကို
ကျွန်တော်အုပ်ချုပ်လိုက်ရင် တစ်လောကလုံးကလူတွေက ကျွန်တော့်ကို ကောက်ကျစ်တ့လ
ဲူလို့
ပြောကြလိမ့်မယ်"

"မီကျူ"(Mi Zhu) : "ခင်ဗျား မငြင်းပါနဲ့တော့၊ ဟန်တိုင်းပြည်ကြီးက ပြိုကွဲလုမတတ်ဖြစ်နေပြီ။ အခုအချိန်က


ပြန်လည်ထူထောင်ရမယ့်အချိန်ပဲ။ ဒီဒေသက လူဦးရေများပြီး ဆန်ရေစပါး ပေါကြွယ်ဝတယ်၊ ခင်ဗျား
အုပ်ချုပ်ဖို့ သင့်လျော်တဲ့နေရာဖြစ်တယ်"

"လျူဘေ့"(Liu Bei) : "ဒါပေမယ့် ကျွန်တော် လက်မခံနိုင်ဘူး "

"ချန်တန်"(Chen Deng) : "နယ်စားကြီး ထောင်ချန်(Tao Qian) က ကျန်းမာရေးချို့တဲ့နေပြီ။


နယ်ကိုကောင်းကောင်းမအုပ်ချုပ်နိုင်တော့တဲ့အတွက် သူတောင်းဆိုတာကို လက်ခံလိုက်ပါ"

"လျူဘေ့"(Liu Bei) : "ယွမ်စု(Yuan Shu) လည်း အမတ်မျိုးရိုးကနေ ဆင်းသက်လာတာပဲ၊


မျိုးဆက်သုံးဆက်မှာ နန်းတွင်းရာထူးကြီးလေးကြိမ်တောင် ထမ်းဆောင်ခဲ့ကြတယ်။ သူ့ကိုပဲ
ဒီတာဝန်ပေးလိုက်ပါလား"

"ခုံးရုံ"(Kong Rong) : "ယွမ်စု(Yuan Shu) က အုတ်ဂူထဲက နှစ်ချို့နေတဲ့အရိုးခြောက်လိုပဲ၊


စကားထဲထည့်ပြောဖို့တောင် မတန်ဘူး။ ဒါက မိုးကောင်းကင်က ပေးတဲ့အခွင့်အရေးပဲ။ ဒါကိုလက်မခံရင်
နောက် ခင်ဗျား နောင်ရရလို့ဆုံးမှာ မဟုတ်ဘူး "

"ခုံးရုံ"(Kong Rong) က ထိုသို့ ပြောသော်လည်း "လျူဘေ့"(Liu Bei) က ငြင်းမြဲငြင်းသည်။

"ထောင်ချန်"(Tao Qian) သည် ငိုကာ

"ခင်ဗျား ဒါကို လက်မခံရင် ကျုပ်သေရင်တောင် စိတ်ဖြောင့်ဖြောင့်နဲ့ မျက်လုံးပိတ်နိုင်မှာ မဟုတ်ဘူး " ဟု


ဆိုသည်။

"ကွမ်းယွ"ီ (Guan Yu) : "အစ်ကိုကြီး၊ သူပြောတာကို လက်ခံသင့်တယ်"

165
"ကျန်းဖေး"(Zhang Fei): "ဘာလို့ စွတ်ငြင်းနေတာတုန်း၊ ကျွန်တော်တို့ က ဒီမြို့က
အဓမ္မသမ
ိးတာမဟုတ်ဘူး ၊ သူကပေးလို့ လက်ခံတာပဲ"

"လျူဘေ့"(Liu Bei) : "ခင်ဗျားတို့အားလုံးတိုက်တွန်းတာက မှားတယ်"

"လျူဘေ့"(Liu Bei) လက်မခံသည့်အဆုံးတွင် "ထောင်ချန်"(Tao Qian) က

"ဒါဆိုလည်း ရှောင်ဖေ(Xiao Pei) မှာပဲ စခန်းချပြီး နေပေးပါ။ မြို့သေးလေးဆိုပေမယ့် အဲ့ကနေ


တစ်နယ်လုံးကို စောင့်ကြည့်လို့ ရတယ်" ဟုဆိုသည်။

အကုန်လုံးက ဝိုင်းတိုက်တွန်းသည့်အဆုံးတွင် "လျူဘေ့"(Liu Bei) လည်း ထိုအကြံကို လက်ခံလိုကသ


် ည်။
အောင်ပွဲခံသည့်အခမ်းအနားပြီးဆုံးသွားချေပြီ။ နှုတ်ဆက်ရန်အချိန်တန်ပြီ။ "ကျောက်ယွင"် (Zhao Yun)
သည်လည်း နှုတ်ဆက်ပြီး ပြန်သွားသည်။ "ခုံးရုံ"(Kong Rong) နှင့် "ထျန်းခိုင်(Tien Kai) တို့လည်း
နှုတဆ
် က်ကာ သူတို့ မြို့သို့ အသီးသီးပြန်သွားကြသည်။

"လျူဘေ့"(Liu Bei) နှင့် ညီနှစ်ဦးတို့သည် ရှောင်ဖေတွင် စတည်းချသည်။ ပထမဆုံး လုံခြုံရေးအတွက်


ပြုလုပ်ပြီး နောက်တွင် ပြည်သူတို့ စိတ်အေးစေရန် ကျေညာချက်ထုတြ် ပန်သည်။

ထိုအချိန်တွင် "ချောင်ချောင်း"(Cao Cao) သည် သူ့နယ်သို့သူ ပြန်ချီတက်နေပြီ။ "ချောင်ရန်"(Cao Ren)


သည် "ချောင်ချောင်း"(Cao Cao) နှင့် တွေ့ပြီး

"လွီပု(Lu Bu) က အင်အားကြီးလွန်းတယ်။ နောက်ပြီး သူ့မှာ အကြံပေး ချန်ကန


ုး(Chen Gong) ရှိနေပြီ၊
မြို့သုံးမြို့ကလွဲပြီး ရန်ကျိုးပြည်နယ်ကို လက်လွှတလ
ိုက်ရပြီ" ဟု ဆိုသည်။

"ချောင်ချောင်း"(Cao Cao) : "လွီပ(ု Lu Bu) က ခွန်အားပဲကြီးတာ၊ ကြံရည်ဉာဏ်ရည်မရှိဘူး။ ဒါကြောင့်


သူ့ကို ကြောက်စရာမလိုဘူး"

"လွီပု"(Lu Bu) သည် "ချောင်ချောင်း"(Cao Cao) ပြန်လာသည်ကို သိသောအခါ လက်အောက်မှ


စစ်သြူ ကီးနှစ်ဦးဖြစ်သည့် "ရွှဲ့ လန်"(Xue Lan) နှင့် "လီဖန်"(Li Fang) တို့ကိုခေါ်ကာ ရန်ကျိုးပြည်နယ်ကို
ထိန်းစေသည်။

"ငါက မင်းတို့ အစွမ်းပြမယ့် အချိန်ကို စောင့်နေတာ၊ စစ်သားတစ်သောင်းနဲ့ မြို့ကိုထိန်းထား၊ ငါက


ကိုယ်တိုင် ချောင်ချောင်း(Cao Cao) ကို သွားတိုက်မယ်"

ထိုစစ်သူကြီးနှစ်ဦးတို့ ကလည်း လက်ခံလိုက်ကြသည်။

အကြံပေး "ချန်ကုန်း"(Chen Gong) သည် အလောသုံးဆယ်ဖြင့်ရောက်လာကာ

166
"စစ်သူကြီး၊ ဘယ်သွားမလို့ တုန်း" ဟု မေးသည်။

"ပုရန်မှာ စစ်စခန်းချမလို့"

"စစ်သူကြီး၊ အမှားလုပ်မိနေပြီ၊ စစ်သူကြီး တာဝန်ပေးထားတဲ့လူနှစ်ဦးဟာ မြို့ကိုစောင့်ကြပ်ဖို့ မဖြစ်နိုင်ဘူး ။


တောင်ဘက်စွန်းစွန်းမိုင်ခြောက်ဆယ်အကွာလောက်မှာ ထိုင်ရှန်းတောင်ရှိတယ်၊ အဲ့နေရာမှာ တပ်ပုန်းချပြီး
ချောင်ချောင်း(Cao Cao) ကိုတိုက်ရင် အသင့်လျော်ဆုံးပဲ။ ချောင်ချောင်း(Cao Cao) က အလောတကြီးနဲ့
ချီတက်လာမှာပဲ၊ သူ့စစ်သည်တစ်ဝက်လောက် အဲ့နေရာကို ကျော်သွားရင် သူ့ကို ဝင်တိုက်နိုင်ပြီ"

"ကျုပ်က ပုရန်ကို သိမ်းပြီး လုပ်စရာရှိတာလုပ်မယ်။ ခင်ဗျားက ကျုပ်အကြံကို ဘယ်လိုခန့်မှန်းနိုင်မှာလဲ"

သို့နှင့် "လွီပု"(Lu Bu) သည် "ရွှဲ့ လန်"(Xue Lan) အား ရန်ကျိုးကို စောင့်ကြပ်ခိုင်းပြီးနောက်
ထွက်ခွာသွားသည်။

"ချောင်ချောင်း(Cao Cao)" သည် ထိုင်ရှန်းတောင်အနီးရောက်လာသောအခါ "ကောကျား"(Guo Jia) မှ


ရန်သတ
ူ့ို ခြုံခိုတိုက်နိုင်သဖြင့် သတိထားသင့်ကြောင်းပြောသည်။ "ချောင်ချောင်း"(Cao Cao) က
ရယ်မောကာ

"လွီပု(Lu Bu) အကြောင်းက လူတွေ သိတဲ့အတိုင်းပဲ။ "ရွှဲ့လန်"(Xue Lan) လိုလူကိုတောင်


မြို့စောင့်ခိုင်းထားတာ။ လွီပု(Lu Bu) က ဒီနေရာမှာ ကင်းပုန်းတွေထားမယ်ဆိုတာ မဖြစ်နိုင်ဘူး၊
ချောင်ရန်(Cao Ren) ကို ရန်ကျိုးကို သိမ်းခိုင်းပြီး ငါက ပုရန်ကို တိုကရ
် င်ကောင်းမယ်" ဟု ပြောသည်။

ပုရန်တွင် "ချန်ကုန်း"(Chen Gong) သည် ရန်သူတို့ ချဉ်းကပ်လာကြောင်းသိသောအခါ

"ရန်သူတွေက ခရီးအရှည်ကြီးချီတက်လာတဲ့အတွက် မောနေပြီ။ ဒါကြောင့် သူတို့အနားမရခင်


လက်ဦးမှုယူမှဖြစ်မယ်" ဟု ပြောသည်။ သို့သော် "လွီပု"(Lu Bu) က

"ကျုပ်လို မြင်းသည်တော်က ဘယ်သူ့ ကိုမှမကြောက်ဘူး၊ သွားချင်သွားမယ်၊ လာချင်လာမယ်။


ချောင်ချောင်း(Cao Cao) လောက်ကို ကြောက်စရာလား။ သူ စခန်းချပါစေဦး။ သူ့ကို နောက်မှ
သွားတိုက်မယ်" ဟု ပြောသည်။

"ချောင်ချောင်း"(Cao Cao) သည် ပုရန်အနီးသို့ ရောက်သောအခါ စခန်းချလေသည်။ နောက်ရက်တွင်


စစ်သြူ ကီးတို့နှင့်အတူ စစ်တပ်ကို ဖြန့်ခင်းသည်။ "ချောင်ချောင်း"(Cao Cao) သည် မြင်းပေါ်မှနေ၍
ရန်သူ့ အလာကို စောင့်နေသည်။

167
မကြာမီပင် "လွီပု"(Lu Bu) ရောက်လာကာ စက်ဝိုင်းပုံဗျူဟာခင်းကျင်းထားသည်။ "လွီပု"(Lu Bu) သည်
ရှေ့ဆံုး တွင်ရှိပြီး နောက်တွင် သန်မာသောစစ်သူကြီးရှစ်ဦးရှိသည်။ ထိုရှစ်ဦးတို့မှာ မာရီမှ
"ကျန်းလျောင်"(Zhang Liao) ၊ သူ့နောက်တွင် "ဟောင်မန်"(Hao Meng) ၊ "ချောင်ရှင်း"(Cao Xing) နှင့်
"ချန်လျန်"(Cheng Lian) ၊ ပြီးလျှင်ဟွရင်မှ "ကျန်းပါ"(Zang Ba) ၊ သူ့နောက်တွင်တွင်မူ "ဝေရွှီ"(Wei Xu)
၊ "Song Xian"(စုန့် ရှန်) နှင့် "ဟိုချန်"(Ho Cheng) တို့ရှိသည်။ စစ်သားစုစုပေါင်းကား
ငါးသောင်းခန့်ရှိသည်။

ဗုံတို့ ကိုတီးပြီးနောက် "ချောင်ချောင်း"(Cao Cao) သည် ရန်သူကို လက်ညှိုးညွှန်ကာ

"မင်းနဲ့ငါနဲ့က ရန်ငြိုးမရှိပဲနဲ့ ကျုပ်နယ်မြေကို ဘာလို့ တိုကရ


် တာတုန်း" ဟု ပြောသည်။

"လွီပု"(Lu Bu) : "ဟန်တိုင်းပြည်ကြီးက လူတွေအားလုံးပိုင်ဆုင


ိတဲ့အရာပဲ။ ဘာလို့
ခင်ဗျားနယ်မြေလို့ ပြောနိုင်တာတုန်း"

ထို့နောက် "လွီပ"ု (Lu Bu) သည် "ကျန်းပါ"(Zang Ba) အား ရှေ့သို့ ထွကက
်ာ စိမ်ခေါ်စေသည်။
"ချောင်ချောင်း"(Cao Cao) ဘက်မှ "ယွဲ့ကျင်"့ (Yue Jin) ထွက်လာသည်။ ထိုသူနှစ်ဦးတို့သည်
လှံကိုယ်စီဖြင့် အကွကသ
်ုံးဆယ်ခန့်တိုက်ပြီးသော်လည်း အရှုံးအနိုင်မပေါ်ချေ။ ထို့နောက်
"ရှဟုတ
ွိန်း"(Xiahou Dun) ထွက်လာသည်၊ "လွီပ"ု (Lu Bu) ဘက်မှလည်း "ကျန်းလျောင်"(Zhang Liao)
ထွက်လာကာ လေးဦးတိုက်ကြလေသည်။

"လွီပု"(Lu Bu) သည် ဒေါသထွကက


်ာ သူ၏လှံကုက
ိုင်ပြီး တိုက်ရန် ဝင်လာသည်။ "လွီပု"(Lu Bu)
လာသည်မြင်သည်နှင့် "ရှဟိုတွန်း"(Xiahou Dun) နှင့် "ယွဲ့ကျင်"့ (Yue Jin) တို့ ပြေးလေသည်။ "လွီပု"(Lu
Bu) ကလည်း နောက်မှလိုက်သည်။ ထိုတစ်ရက်တာအတွက် "ချောင်ချောင်း"(Cao Cao) ဘက်မှ
ရှုံးနှိမ့်သွားကာ ဆယ်မိုင်အကွာခန့်တပ်ဆုတ်ပြီး စခန်းချသည်။ "လွီပု"(Lu Bu) လည်း တပ်ကိုစုကာ
ပြန်လည
ှ့်သွားသည်။

ထို့နောက် "ချောင်ချောင်း"(Cao Cao) သည် စစ်သူကြီးတို့ကို စည်းဝေးကာ အကြံတောင်းသည်။

"ယွီကျင်"့ (Yu Jin) : "ဒီနေ့ တောင်ကုန်းပေါ်ကနေ ပုရန်အနောက်ဘက်က ရန်သူတွေကို လှမ်းမြင်ရတယ်။


ရန္သေ
ူ တွရှိပေမယ့် လူနည်းတယ်။ ဒီညသွားတိုကရ
် င် ရန်သူတွေက သိပ်အများကြီးရှိမှာမဟုတ်လို့
အောင်မြင်နိုင်တယ်၊ ဒီည ရန်သူစခန်းကိုသိမ်းပြီးတော့ လွီပု(Lu Bu) ကို ကြောက်သွားအောင် လုပ်ရမယ်။
ဒါက အကောင်းဆုံးနည်းပဲ"

"ချောင်ချောင်း"(Cao Cao) လည်း ထိုသို့ပင် တွေးသည်။ "ချောင်ချောင်း"(Cao Cao) သည် သူနှင့်အတူ


စစ်သြူ ကီးခြောက်ဦးဖြစ်သော "ချောင်ဟန
ု"(Cao Hong) ၊ "လီတျန်"(Li Dian) ၊ "မောင်ကျဲ"(Mao Jie) ၊

168
"လုချန်"(Lu Qian) ၊ "ယွီကျင်"့ (Yu Jin) နှင့် "တျန်ဝေ"(Dian Wei) တို့နှင့်အတူ စစ်တပ်နှစ်သောင်းကို
ဦးဆောင်ကာ တိတ်တဆိတ် ချီတက်လေသည်။

"လွီပု"(Lu Bu) သည်ကား သူ၏စခန်းတွင် အောင်ပွဲခံနေသည်။ "ချန်ကန


ုး"(Chen Gong) မှ

"ခံတပ်အနောက်ပိုင်းက အရေးကြီးတယ်။ ရန်သူတွေ လာတိုက်နိုင်တယ်" ဟု သတိပေးသည်။

"ဒီနေ့ရှုံးသွားပြီပဲ။ သူတို့ လာတိုက်မှာ မဟုတ်ပါဘူး"

"ချောင်ချောင်း(Cao Cao) က အရည်အချင်းရှိတဲ့ ခေါင်းဆောင်တစ်ဦးဖြစ်တယ်။ သူနဲ့တိုက်ရင်


သတိထားမှ တန်ကာကျမယ်"

ထို့ကြောင့် ထိုနေရာကို စောင့်ကြပ်ရန် စစ်သူကြီး "ကောက်ရွှန်း"(Gao Shun) ၊ "ဝေရွှီ"(Wei Xu) နှင့်


"ဟိုချန်"(Hou Cheng) တို့ကို လွှတလ
ိုကသ
် ည်။

မှောင်စပြုသောအချိန်တွင် "ချောင်ချောင်း"(Cao Cao) သည် ရန်သူ့ စခန်းနားရောက်ကာ


လေးဘက်လေးလံမှ လျက်တပြက်တိုက်လေသည်။ ခုခံသူတို့သည် မခုခံနိုင်ကြပဲ ထွကေ
် ပြးသဖြင့်
ခံတပ်ကျသည်။ လေးချက်တီးအချိန်ခန့်တွင် တစ်ဖက်ရန်သူရောက်လာသဖြင့် "ချောင်ချောင်း"(Cao Cao)
ထွက်တိုက်ရာ စစ်တပ်ကို ဦးဆောင်လာသူမှာ "ကောက်ရွှန်း"(Gao Shun) ဖြစ်သည်။ ထို့ နောက်
အရုဏ်တက်ချိန်အထိ တိုကြ် ကပြန်သည်။ ထိုအချိန်တွင် အနောက်ဘက်မှ ဗုံသံတို့ကို ကြားလိုက်ရပြီး
"လွီပု"(Lu Bu) လာသည်ဟု ကြားလေလျှင် "ချောင်ချောင်း"(Cao Cao) သည် ဆက်မတိုက်တော့ပဲ
ပြေးလေသည်။

"လွီပု"(Lu Bu) ဦးဆောင်ကာ "ကောက်ရွှန်း"(Gao Shun) ၊ "ဝေရွှီ"(Wei Xu) နှင့် "ဟိုချန်"(Hou Cheng)
တို့က နောက်မှလိုကသ
် ည်။ "ချောင်ချောင်း"(Cao Cao) ၏ စစ်သူကြီးနှစ်ဦးဖြစ်သော "ယွီကျင်"့ (Yu Jin)
နှင့် "ယွဲ့ကျင်"့ (Yue Jin) တို့က နောက်မှလိုက်လာသော ရန်သူတို့ကို တိုကေ
် သ်ာလည်း
ကြာကြာမခုခံနိုင်ချေ။ "ချောင်ချောင်း"(Cao Cao) သည် မြောက်ဘက်သို့ပြေးသွားသည်။
တောင်ကုန်းနောက်ကွယ်မှ "ကျန်းလျောင်"(Zhang Liao) နှင့် "ကျန်းပါ"(Zang Ba)
တို့ထွက်လာကာတိုက်သည်။ ထိုသူနှစ်ဦးနှင့်ရင်ဆိုင်ရန် "လုချန်"(Lu Qian) နှင့် "ချောင်ဟုန"် (Cao Hong)
ကို လွှတလ
ိုကသ
် ည်။ သို့ သော် ရှုံးသွားပြန်သည်။

"ချောင်ချောင်း"(Cao Cao) သည် အနောက်ဘက်သို့ ပြေးပြန်သည်။ ထိုနေရာတွင်လည်း "လွီပ"ု (Lu Bu)


၏ စစ်သူကြီးလေးဦးဖြစ်သော "ဟောင်မန်"(Hao Meng) ၊ "ချောင်ရှင်း"(Cao Xing) ၊ "ချန်လျန်"(Cheng
Lian) နှင့် "စုန့်ရှန်း"(Song Xian) တို့က အသင့်စောင့်နေသည်။

169
အခြေအနေမဟန်တော့။ "ချောင်ချောင်း"(Cao Cao) သည် ရန်သူတို့ ကို ဖောက်ထွကရ
် န်
ကြိုးစားသော်လည်း ရန်သူဘက်မှ မြားဖြင့်ပစ်သည်။ ထိုအခါ "ချောင်ချောင်း"(Cao Cao) သည်
ကြောက်လန့်စွာဖြင့်

"ဘယ်သူ ငါ့ကို ကယ်နိုင်မလဲ" ဟု ဆိုလေသည်။

ထိုအခါ "တျန်ဝေ"(Dian Wei) သည် သူ၏ လှံနှစ်ချောင်းကို ကိုင်ကာ

"သခင်၊ ဘာမှမစိုးရိမ်နဲ့ " ဟု ပြောသည်။

ထို့နောက် "တျန်ဝေ"(Dian Wei) သည် လှံနှစ်ချောင်းကို ချကာ ပုဆန


ိအထုတတ
် စ်ထုတ်ကို ယူကာ
သူ့နောက်လိုက်တို့အား

"ရန်သူတွေ ခြေဆယ်လှမ်းအကွာရောက်ရင် ငါ့ကိုပြော" ဟု ဆိုသည်။

ထို့နောက် မြားတို့ကို အလေးမမူပဲ ရန်သူ့ ကြားထဲသို့ ဝင်သွားသည်။ ရန်သူတို့ က


အနီးကပ်လာသောအခါ "တျန်ဝေ"(Dian Wei) ၏ နောက်လိုက်တို့ က

"ခြေဆယ်လမ
ှ်း" ဟု အော်လေသည်။

"တျန်ဝေ"(Dian Wei) က "နောက်ခြေငါးလှမ်းအလိုမှာ ထပ်ပြော" ဟု ဆိုသည်။

"ခြေငါးလှမ်း!!"

ထိုအခါ "တျန်ဝေ"(Dian Wei) သည် အိတ်ထဲမှ ပုဆိန်တို့ဖြင့် ရန်သူတို့ကို ပေါက်လေသည်။


ပုဆန
ိတိုင်းသည် ရန်သူအယောက်တိုင်းကို ထိမှန်သည်။ လွဲသွားသည်ဟူ၍ မရှိချေ။

ရန်သဆ
ူ ယ်ဦးခန့် သေဆုံးသွားပြီး အခြားသူတို့ ထွက်ပြေးသွားသောအခါ "တျန်ဝေ"(Dian Wei) သည်
မြင်းကို ချက်ချင်းစီးကာ လှံနှစ်ချောင်းကိုပြန်ကိုင်ပြီး ရန်သူတို့ကို တိုကေ
် လသည်၊ တစ်ဦးတစ်ယောက်မှ
သူ့ကို မယှဉ်နိုင်ချေ။ သို့နှင့် "ချောင်ချောင်း"(Cao Cao) ကို ရန်သူနှင့် ဝေးရာသို့ ခေါ်သွားနိုင်ခဲ့သည်။
"ချောင်ချောင်း"(Cao Cao) နှင့် စစ်သူကြီးတို့သည် သူတို့ စခန်းသို့ ပြန်ရောက်သွားသည်။

ညနေစောင်းအချိန်တွင် ဆူဆည
ူံညံအသံတို့ ကြားလိုက်ရပြီး "လွီပု"(Lu Bu) ကိုယ်တိုင်
ဦးဆောင်လာသော စစ်တပ်ကြီးရောက်လာသည်။ "လွီပ"ု (Lu Bu) သည် လှံကိုကိုင်လျက်

"ချောင်ချောင်း၊ သူပုန်၊ မပြေးနဲ့" ဟု အော်လေသည်။

170
အကုန်လုံး ရပ်တန့်သွားကြပြီး တစ်ဦးမျက်နှာတစ်ဦး ကြည့်ကြသည်။ စစ်သားတို့သည်
ပင်ပန်းနွမ်းနယ်နေပြီ၊ မြင်းတို့လည်း ပန်းကုန်ပြီ။ စစ်သားတို့ ၏ ရင်ဝယ်
အကြောက်တရားကိန်းအောင်းလာခဲ့ပြီး ခိုကိုးရာကို မြင်လိုမြင်ငြား ရှာကြလေသည်။

171
အခန်း(၁၂)"ထောင်ချန်"(Tao Qian) က ရွှီကျိုး နယ်စားရာထူးကို “လျူဘေ့”(Liu Bei) အား (၃)
ကြိမ်တိုင်တိုင် ကမ်းလှမ်းခြင်း။

“လွီပ”ု (Lu Bu) ထံမှ ရန်ကျိုး ကို “ချောင်ချောင်း”(Cao Cao) က ပြန်လည်သိမ်းပိုက်ခြင်း။

ရှေ့အခန်းတွင် “ချောင်ချောင်း”(Cao Cao) အသက်ဘေးကြုံနေသည်ကို ဖော်ပြခဲ့ပြီးဖြစ်သည်။


ထိုစဉ် “ရှဟုတ
ွိန်း”(Xiahou Dun) စစ်ကူရောက်လာသည်။ “ချောင်ချောင်း”(Cao Cao) ကို
လိုကလ
်ံဖမ်းဆီးနေသော “လွီပု”(Lu Bu) တပ်များကို တားဆီးလိုက်နိုင်ပြီး ညနေစောင်းထိ
ဆက်လက်တိုက်ခိုက်ကြသည်။ မိုး သည်းထန်စွာ ရွာပြီး အရာအားလုံး ရေလွှမ်းသွားသလို
အလင်းရောင်လည်း နည်းလာသဖြင့် တိုက်ပွဲကို ရပ်နားလိုက်သည်။ “ချောင်ချောင်း”(Cao Cao)
စခန်းပြန်ရောက်သော် “တျန်ဝေ”(Dian Wei) ၏စွမ်းဆောင်မှုအတွက် ရက်ရောစွာ ဆုချပြီး
ရာထူးတိုးမြှင့်ပေးလိုက်သည်။

“လွီပု”(Lu Bu) စခန်းပြန်ရောက်သော် အကြံပေး “ချန်ကန


ုး”(Chen Gong) ကို ခေါ်ယူသည်။
“ချန်ကုန်း”(Chen Gong) က “ပုရန် မှာ ထျန်း မျိုးနွယ် မိသားစု ရှိတယ်။ သူတု့က

အင်အားတောင့်တယ် ၊ ချမ်းသာတယ်။ သူတု့ထ
ိဲက တစ်ယောက်ကို “ချောင်ချောင်း”(Cao Cao)
ဆီသွားခိုင်းပြီး အရှင်ရဲ့ ခက်ထန်ကြမ်းတမ်းပုံတွေကြောင့် ပြည်သူတွေက မုန်းတီးနေကြတယ် ၊
အခု “ကောက်ရွှန်း”(Gao Shun) တစ်ယောက်ပဲ မြို့စောင့်ကျန်မှာမို့ အမြန်လာကယ်တင်ပေးပါ
လို့ လီဆယ်ပြီး ပြောခိုင်းလိုက်ပါ။ “ချောင်ချောင်း”(Cao Cao) မြို့ထဲ ဝင်လာရင် မီးနဲ့တိုကရ
် င်
တိုက် ၊ မဟုတ်ရင် ချုံခိုတုက
ိမယ်။ ဒါဆိုရင် “ချောင်ချောင်း”(Cao Cao) အစွမ်းက လောကကို
အုပ်စိုးနိုင်မယ်ဆိုရင်တောင် ဒီတစ်ခါ မုချသေရပါလိမ့်မယ်။” ဟု အကြံပေးသည်။

“လွီပု”(Lu Bu) က အစီအစဉ်ကို သဘောကျပြီး အကောင်အထည်ဖော်တော့သည်။

“ချောင်ချောင်း”(Cao Cao) သည် အရှုံးနှင့်ရင်ဆိုင်ရပြီး မည်သု့ဆ


ိ က်လက်တိုက်ခိုက်ရမည်
မဆုံးဖြတ်နိုင်ချိန် ထိုစာကို တွေ့သော် “ကောင်းကင်က ငါ့အား ပုရန် ကို ပေးလေပြီ” ဟု
ကြွေးကြော်လေသည်။ စာတွင် အတွင်းမှ ကူညီမည့်အကြောင်း ၊ အမှန်တရား ဟူသော စာလုံးကို
အဖြူရောင်အလံပေါ်တွင် ရေးသားလွှင့်ထူထားမည်ဖြစ်ကြောင်း ပါရှိသည်။ ထိ့ေ
ု ကြာင့်
ဆက်သားကို ရက်ရက်ရောရောဆုချပြီး တိုက်ခိုက်ရန် ပြင်ဆင်သည်။

ထိုစဉ် “လျူရဲ”့ (Liu Ye) ရောက်လာပြီး ““လွီပု”(Lu Bu) က ဦးနှောက်မရှိပေမယ့်


“ချန်ကုန်း”(Chen Gong) က ကောက်ကျစ်စဉ်းလဲတယ်။ ဒီစာက မယုံသင့်ပါဘူး။

172
အရှင်သတိထားပါ။ သွားမယ်ဆိုရင်တောင် စစ်တပ် ၃ ပုံ ၁ ပုံ ကို အရင်ဝင်ပါစေ ၊ ကျန်တပ်တွေကို
အပြင်က အသင့်စောင့်ခိုင်းပါ။” ဟု သတိပေးသည်။

“ချောင်ချောင်း”(Cao Cao) က အကြံကို လက်ခံသည်။ သိ့န


ှုင့် ပုရန် ရောက်သော် အလံများက
တလူလူလွင့်နေသည်။ အနောက်ဖက်တခ
ါံးတွင် စာတန်းရေးထိုးထားသည့်
အဖြူရောင်အလံများကို တွေ့ရသည်။

ထိုနေ့ နေ့လယ်တွင် မြို့တံခါးပွင့်လာပြီး “ကောက်ရွှန်း”(Gao Shun) က ရှေ့တန်းတပ်မှူး ၊


“ဟိုချန်”(Hou Cheng) က နောက်တန်းတပ်မှူးအဖြစ် ဦးဆောင်ပြီး စစ်တပ် ၂ တပ်
ထွကလ
်ာသည်။ ၎င်းတို့ကို တိုက်ခိုကရ
် န် “ချောင်ချောင်း”(Cao Cao) က “တျန်ဝေ”(Dian Wei)
ကို စေလွှတသ
် ည်။ တေ့တေ့ဆိုင်ဆုင
ိ တိုက်ခိုကြ် ခင်းမရှိ ၊ ပြန်လည်ဆုတ်ခွာသွား၍
“တျန်ဝေ”(Dian Wei) သည် ဆွဲတံတားနားအထိ လိုက်လခ
ျံဉ်းကပ်သွားသည်။ ထိုစဉ် မြို့ထဲမှ
စစ်သားအချို့က ထျန်း မျိုးနွယ်ဟဆ
ိုကာ “ချောင်ချောင်း”(Cao Cao) ကို “နာရီတစ်ချက်တီး တွင်
မောင်းထု၍ အချက်ပေးမည် ၊ အချက်ပေးသည်နှင့် တိုက်ခိုကပ
်ါ။ တံခါးများဖွင့်ထားမည်။”
ဟုရေးသားထားသော စာကို ပေးအပ်သည်။

“ချောင်ချောင်း”(Cao Cao) က ဝဲဖက်တွင် “ရှဟိုတွန်း”(Xiahou Dun) ၊ ယာဖက်တင


ွ်
“ချောင်ဟုန်”(Cao Hong) ခြံရံပြီး “ရှဟုယ
ွိမ်”(“ရှဟိုယွမ”် (Xiahou Yuan)) ၊ “လီတျန်”(Li Dian) ၊
“ယွဲကျင့်”(Yue Jing) တိ့န
ှုင့်အတူ တပ်မကို ဦးစီးကာ မြို့တွင်းဝင်သည်။

“လီတျန်”(Li Dian) က မြို့တွင်းသို့ ကိုယ်တိုင်မဝင်သင့်ကြောင်း ပြောသော်လည်း


“ချောင်ချောင်း”(Cao Cao) က လက်မခံပေ။ သို့နှင့် အနောက်ဖက်တံခါးရောက်သော်
ဖွင့်ထားသည့်အတွက် ဝင်ခဲ့ကြသည်။

တိတ်ဆိတ်ခြောက်ကပ်နေသော မြို့ကို မြင်သော် “ချောင်ချောင်း”(Cao Cao) သည်


လှည့်စားခံရကြောင်း ဟု သိသဖြင့် နောက်ဆုတရ
် န် အမိန့်ပေးသည်။ ထိုစဉ် အချက်ပြဗုံး
ပေါက်ကွဲကာ အရပ် ၄ မျက်နှာက ဗုံသံ မောင်းသံတ့က
ို နားစည်ကဲမ
ွ တတ် ကြားရတော့သည်။
အရှေ့နှင့် အနောက်မှ Zhang Liao နှင့် “ကျန်းပါ”(Zang Ba) ဦးဆောင်သော “လွီပု”(Lu Bu)
တပ်များ ရောက်လာသည်။

“ချောင်ချောင်း”(Cao Cao) မြောက်ဖက်သို့ ပြေးသော် Hao Meng နှင့် Cao Xing က


ပိတ်ဆ့ထ
ိုားသည်။ တောင်ဖက်ပြေးသော် “ကောက်ရွှန်း”(Gao Shun) နှင့် “ဟိုချန်”(Hou Cheng)
ကို ရင်ဆိုင်ရသည်။ “တျန်ဝေ”(Dian Wei) သည် ပိတ်ဆု့ထ
ိားသော တပ်များကို

173
ဖောက်ထွက်သည်။ ဆွဲတံတားနားရောက်သော် သူ့နောက်တွင် “ချောင်ချောင်း”(Cao Cao)
ကိုမတွေ့ရသဖြင့် ချက်ချင်းပြန်လှည့်သည်။ “လီတျန်”(Li Dian) နှင့်တွေ့သော်

“အရှင် ဘယ်မှာလဲ။”

“ငါလည်း ရှာနေတာ၊”

“ဒါဆို စစ်ကူတွေသွားခေါ်ပါ။ အရှင်ကို ငါဆက်ရှာမယ်။” ဟုဆိုကာ နေရာစုံရှာသော်လည်း


မတွေ့ပေ။ ပြန်ထက
ွ်လာသော် “ယွဲကျင်”့ (Yue Jing) နှင့်တွေ့သည်။

“မြို့ထဲမှာ ၂ ခါရှာပြီးပြီ။ အရှင့်ကိုမတွေ့ဘူး။”

“ဒါဆို တူတူဝင်ပြီးဆက်ရှာကြမယ်။” ဟု “ယွဲကျင့်”(Yue Jing) ကဆိုသည်။ ဗုံးသံကြားသော်


“ယွဲကျင့်”(Yue Jing) မြင်းက ကြောက်လန့်နေ၍ “တျန်ဝေ”(Dian Wei) တစ်ယောက်တည်း
ပြန်ဝင်သည်။ မီးခိုးမီးလျှံများကြားမှ မရရအောင် ဝင်ကာ ဆက်လက်ရှာဖွေသည်။

ထိုစဉ် “ချောင်ချောင်း”(Cao Cao) သည် “တျန်ဝေ”(Dian Wei) က သူ့ကို ထား၍


ပြေးသွားသည်ဟုထင်ကာ မြောက်ဖက်တခ
ါံးဆီ ပြေးလေသည်။ လမ်းတွင် သုံးခွလံက
ှိုင်ရင်း
သူ့ဆီပြေးလာသော “လွီပု”(Lu Bu) ကိုတွေ့လေသော် မျက်နှာကို အုပ်ကာ ပြေးပြန်သည်။
“လွီပု”(Lu Bu) က အမှီလိုက်ပြီး ခေါင်းဆောင်းကို လှံဖြင့် ပုတ်ကာ ““ချောင်ချောင်း”(Cao Cao)
ဘယ်မှာလဲ” ဟုမေးသည်။ “ချောင်ချောင်း”(Cao Cao) က အရှေ့က မီးခိုးရောင်မြင်းကို ညွှန်ကာ
““ချောင်ချောင်း”(Cao Cao) အဲဒီမှာ” ဟုဖြေလိုက်သည်။ “လွီပု”(Lu Bu) လည်း ထိုမြင်းနောက်သို့
အပြေးလိုက်လေသည်။

“ချောင်ချောင်း”(Cao Cao) လည်း စိတ်သက်သာရာရကာ အရှေ့တံခါးဆီပြေးလေသည်။ ထိုတွင်


“တျန်ဝေ”(Dian Wei) နှင့် တွေ့သည်။ “တျန်ဝေ”(Dian Wei) သည် သူ၏သခင်ကို ကာကွယ်ရင်း
လမ်းတလျှောက် မြင်သမျှတိုကခ
ိုက်လေသည်။ မီးသည်လည်း အလျှံတညီးညီးနှင့်
မြေပြင်တစ်ခုလုံးလောင်ကျွမ်းနေသည်။ “တျန်ဝေ”(Dian Wei) က လှရ
ှံည်ဖြင့် လမ်းရှင်းကာ
မီးခိုးတွင်းကြားတိုးဝင်လျက် “ချောင်ချောင်း”(Cao Cao) ကို လမ်းရှင်းပေးသည်။
တံခါးအောက်မှဖြတ်စဉ် မီးစွဲနေသော သစ်သားချောင်းပြုတ်ကျလာပြီး “ချောင်ချောင်း”(Cao Cao)
လက် ၊ ဆံပင်နှင့် မုတ်ဆိတ်တို့ မီးစွဲလောင်လေသည်။ မြင်းသည်လည်း မီးစွဲသဖြင့်
“တျန်ဝေ”(Dian Wei) က ပြန်လှည့်လာကာ ကယ်ဆယ်သည်။ ကံကောင်းစွာပင်
“ရှဟိုယမ
ွ်”(Xiahou Yuan) လည်းရောက်လာသဖြင့် “ချောင်ချောင်း”(Cao Cao) ကို

174
သူ၏မြင်းပေါ်တင်ကာ စခန်းပြန်လေသည်။ ညနေစောင်းအထိ တိုက်ပွဲမှာ ပြင်းထန်လျက်
ရှိနေသေးသည်။

“ချောင်ချောင်း”(Cao Cao) ၏တဲစခန်းတွင် ဗိုလ်ပါများ စုဝေးကာ သူ့ဒဏ်ရာအတွက်


စိုးရိမ်နေကြသည်။ “ချောင်ချောင်း”(Cao Cao) သတိရလာကာ သူလွတ်လာပုံကိုတွေးမိပြီး
ရယ်လေသည်။

“ငါ ဒီအရူးရဲ့ထောင်ချောက်ထဲ ဝင်မိသွားတယ်။ ငါ လက်တံြု့ ပန်ရမယ်။ ငါ မီးလောင်ပြီး သေပြီလို့


သတင်းလွှင့်လုက
ိပါ။ သူ ဒီသတင်းကြားရင် လာတိုက်ခိုက်လိမ့်မယ်။ အဲ့ကျမှ Maling
တောင်ကုန်းကနေ ချုံခိုတိုကမ
် ယ်။”

“သင့်မြတ်လပ
ှါတယ်။” ဟု Guo Jia က ထောက်ခံသည်။

သို့နှင့် သတင်းလွှင့်လေသော် “လွီပု”(Lu Bu) ယုံကြည်ပြီး ရန်သူစခန်းဆီ တပ်ချီလာသည်။


Maling တောင်ကုန်းကို လွန်သည်နှင့် ဗုံသံများကြားရကာ “ချောင်ချောင်း”(Cao Cao) ၏
တပ်များက သူ့ကို ဝိုင်းထားလိုက်သည်။ “လွီပ”ု (Lu Bu) လည်း အကျအဆုံးများစွာဖြင့် ပုရန် သို့
ဆုတခ
်ွာခဲ့ရပြီး တိုက်စစ်မပြုနိုင်တော့ဘဲ မြို့ကိုသာ အခိုင်အလုံပြုနေတော့သည်။

ထိုနှစ်တင
ွ် ဖျက်ပိုးကောင်များကြောင့် စိုက်ခင်းများ ပျက်စီးကာ အငတ်ဘေးဆိုကေ
် လသည်။
“ချောင်ချောင်း”(Cao Cao) က ကျွမ်းချန် သို့ ရွှေ့ပြောင်းရပြီး “လွီပု”(Lu Bu) က ရှန်ရန် ကို
ချီတက်သည်။ သိ့န
ှုင့် တိုကပ
်ွဲရပ်တန့်သွားလေသည်။

ရွှီကျိုး တွင် အသက် ၆၀ ကျော်ပြီဖြစ်သော နယ်စား "ထောင်ချန်"(Tao Qian) သည်


ရုတ်တရက်အပြင်းအထန်ဖျားနာလာသဖြင့် “မီကျူ”(Mi Zhu) ကိုခေါ်ကာ
ရှေ့အစီအစဉ်များအတွက် တိုင်ပင်သည်။ “မီကျူ”(Mi Zhu) က ““ချောင်ချောင်း”(Cao Cao)
ဆုတခ
်ွာသွားတာဟာ ရန်ကျိုး ကို သူ့ရန်သူတွေ ဝင်သိမ်းလို့ပါ။ အခုအငတ်ဘေးကြောင့်
ခေတ္တစစ်ပြေငြိမ်းထားတယ်။ နွေဦးရောက်ရင် “ချောင်ချောင်း”(Cao Cao) ဟာ
မုချပြန်လာတိုက်လိမ့်မယ်။ အရင်တခါ “လျူဘေ့”(Liu Bei) ရာထူးကို ငြင်းတာ အရှင်က
ကျန်းမာသန်စွမ်းနေလိ့ပ
ုါ။ အခု အရှင် နာမကျန်းဖြစ်နေတာကို အကြောင်းပြပြီး သူ့ကို ရာထူးလွှဲရင်
သူမငြင်းနိုင်တော့ပါဘူး။” ဟု လျှောက်တင်သည်။

သို့နှင့် ရှောင်ဖေ သို့ စာပို့ကာ “လျူဘေ့”(Liu Bei) နှင့် ညီ ၂ ယောက်ကို အခေါ်လွှတ်သည်။


ချက်ချင်းပင် "ထောင်ချန်"(Tao Qian) ထံ ဝင်စေသည်။ "ထောင်ချန်"(Tao Qian)က “အသင့်ကို
ခေါ်ယူရတဲ့အကြောင်းက ကျွန်ုပ်က အခုအလွန်မမာလို့ အချိန်မရွေး ဘဝကူးရနိုင်တယ်။ ဟန်

175
တိုင်းပြည်ဟာ အရာရာထက် ပိုအရေးပါ ပါတယ်။ ဒါကြောင့် ဒီနယ်ကို အုပ်ချုပ်ပါ ၊
နယ်စားရာထူးကို လက်ခံပေးပါ။ ဒါမှ ကျွန်ုပအ
် သေဖြောင့်နိုင်မယ်။” ဟုဆိုလေသည်။

“အသင့်တွင် သား ၂ ယောက်ရှိတယ်လေ ၊ သူတ့က


ို ဘာလို့ မလွှဲပေးတာလဲ။” ဟု “လျူဘေ့”(Liu
Bei) က မေးသော်

“သူတို့ ၂ ယောက်ဟာ ညံ့ပါတယ်။ သူတု့က


ို အသင်ကြည့်ရှုစောင့်ရှောက်လိမ့်မယ်လို့
ကျွန်ုပ်ယုံပါတယ်။ ဒါပေမဲ့ သူတို့ကို အုပ်ချုပ်ရေးအာဏာ မအပ်နှင်းပါနဲ့။” ဟုဖြေကြားလေသည်။

တဖန် “လျူဘေ့”(Liu Bei) က “ကျွန်ုပ်လည်း အဲ့လောက် မစွမ်းပါဘူး” ဟုဆိုသော်


"ထောင်ချန်"(Tao Qian)က “သင့်ကို လူတစ်ယောက်က ကူညီပါလိမ့်မယ်။ Beihai က Sun Qian
ပါ။” ထို့နောက် “မီကျူ”(Mi Zhu) ဖက်လှည့်ကာ ““လျူဘေ့”(Liu Bei) ဟာ ခေတ်ရဲ့
အထင်ရှားဆုံးပုဂ္ဂိုလ်ဖြစ်လို့ သူ့ကို ကောင်းကောင်းခစားပါ” ဟု ဆိုပြီးနောက် ကွယ်လွန်လေသည်။

အသုဘအခမ်းအနားပြီးသော် “လျူဘေ့”(Liu Bei) ထံ နယ်စားအဆောင်အယောင်များ


အပ်နှင်းလေသည်။ “လျူဘေ့”(Liu Bei) က လက်မခံပေ။ နောက်ရက်များတွင်
နယ်သူနယ်သားများက ငိုယိုကာ နယ်စားအဖြစ် အုပခ
်ျုပ်ရန် တောင်းပန်ကြလေသည်။ ညီ ၂
ယောက်ကပါ တိုက်တွန်းလေရာ နောက်ဆုးံ တွင် အုပ်ချုပ်ရေးအာဏာကို လက်ခံလိုက်လေသည်။
Sun Qian နှင့် “မီကျူ”(Mi Zhu) တို့ကို အကြံပေးခန့်ကာ Chen Deng ကို
အတွင်းရေးမှူးခန့်လေသည်။ ၎င်း၏တပ်ကိုလည်း ရှောင်ဖေ မှ ရွှီကျိုး မြို့သို့ ရွှေ့သည်။ ပြည်သူများ
စိတ်အေးချမ်းမှုရစေမည့် ကြေညာချက်များကိုလည်း ထုတ်ပြန်ပေးသည်။
သဂြိုလ်အခမ်းအနားများလည်း တက်ရောက်သည်။ လွန်လေသော နယ်စားမင်းကို
မြစ်ဝါမြစ်အနီးတွင် မြှုပ်နှံသည်။ သူ၏သေတမ်းစာကို ရုံးတော်ကို တင်သွင်းသည်။

ထိုသတင်းကို ကျွမ်းချန် ရှိ “ချောင်ချောင်း”(Cao Cao) ကြားသော် ဒေါသဖြင့် “ငါ


လက်တုံ့မပြန်လိုက်နိုင်ဘူး။ အဲဒီ “လျူဘေ့”(Liu Bei) က မြားတစ်ချက်မပစ်ဘဲ
နယ်သိမ်းပိုက်သွားပြီ။ သူ့ကိုသတ်ပြီး "ထောင်ချန်"(Tao Qian)အလောင်းကို တူးမယ်။
အဖေ့အတွက် လက်စားချေရမယ်။” ဟု ကြုံးဝါးလေသည်။ ထိ့ေ
ု နာက် ရွှီကျိုး ကို တိုကခ
ိုက်ရန်
စစ်ပြင်တော့သည်။

သို့သော် အကြံပေး “ရွှင်ယိ”ွ (Xun Yu) က “ဘိုးဘေးတွေဖြစ်တဲ့ “လျူဘန်း”(Liu Bang) နဲ့


"လျူရှုပ"် (Liu Xiu) တိ့ဟ
ုာ တစ်နိုင်ငံလုံးကို မအုပ်စိုးနိုင်ခင်မှာ သူတ့ရ
ိဲု့နေရာကို ခြေကုတယ
်ူပြီး
ခိုင်မာအောင်နေကြတယ်။ သူတု့ဟ
ိာ တစ်ဆင့်ပြီး တစ်ဆင့် အောင်မြင်လာတယ်။ ဒါကြောင့်လည်း
အခက်အခဲများစွာကြားကနေ အောင်မြင်ခဲ့တာဖြစ်တယ်။ အရှင်…အရှင်ဟာ ရန်ကျိုး နဲ့

176
မြစ်ဝါမြစ်မှာ အခိုင်အမာနေရပါမယ်။ ဒီနေရာတွေဟာ တစ်နိုင်ငံလုံးမှာ
ဗျူဟာအမြောက်ဆုးံ ဒေသတွေ ဖြစ်ပါတယ်။ အကယ်၍ ဒီမှာ တပ်အများကြီးထားခဲ့ရင်လည်း
ရွှီကျိုး ကိမ
ု အောင်မြင်နိုင်ပါဘူး။ တပ်နည်းနည်းပဲချန်ခဲ့ရင်လည်း “လွီပု”(Lu Bu)
သိမ်းပိုက်တာခံရနိုင်ပါတယ်။ မြွေပါလည်းဆုံး ၊ သားလည်းဆုံး ဖြစ်ခဲ့ရင် အရှင် ဘယ်မှာ
အခြေစိုက်တော့မလဲ။ ရွှီကျိုး က အလွတ်မဟုတ်ပါဘူး။ "ထောင်ချန်"(Tao Qian) မရှိတော့ပေမဲ့
“လ်ဴေဘ့”(Liu Bei) က လူထေ
ု ထာက်ခံမှုနဲ့ အုပ်ချုပ်နေတယ်။ သူ့လူတွေက သူ့ကို
အသေခံကာကွယ်ကြမှာပဲ။ ရွှီကျိုး ကို ရတယ်ထားဦး ၊ ရန်ကျိုး ကို လက်လွှတ်ရရင် မတန်ပါဘူး။
အရှင် ပြန်လည်သုံးသပ်ပါ။” ဟု လျှောက်တင်တယ်။

“ချောင်ချောင်း”(Cao Cao) က “ဒီလိုချိန်မှာ စစ်သားတွေကို စစ်မတိုက်ခိုင်းဘဲ နေတာတော့


မသင့်ဘူးထင်တယ်။”

“ရွှင်ယွိ”(Xun Yu) က “ဒါဆိုရင် “ချန်ချန်”(Chen Cheng), ရင်ချွမ်း, ရုနန်


အရှေ့ပိုင်းနယ်လေးတွေကို တိုကပ
်ါ။ အဝါရောင်သပ
ူုန်လက်ကျန် “ဟဲရ”ီ (He Yi) နဲ့
“ဟွမ်ရှောင်”(Huang Shao) တိ့က
ု ရိက္ခာ ၊ ရတနာတွေ ရသလောက် စုဆောင်းနေကြတယ်။
သူတု့က
ို တိုကခ
ိုက်ရတာ လွယပ
်ါတယ်။ သူတု့က
ို တိုကခ
ိုက်ပြီး ရိက္ခာဖြည့်လိုက်ပါ။ ဒါကို
မှူးမတ်တွေနဲ့ ပြည်သူတွေကလည်း သဘောကျပါလိမ့်မယ်။”

ထိုအစီအစဉ်ကို “ချောင်ချောင်း”(Cao Cao) လွန်စွာသဘောကျကာ စတင်ပြင်ဆင်တော့သည်။


ကျွမ်းချန် ကို စောင့်ရန် “ရှဟိုတန
ွ်း”(Xiahou Dun) နှင့် “ချောင်ရန်”(Cao Ren) တိ့က
ို ထားပြီး
တပ်မကို ကိုယတ
ိုင်ဦးဆောင်ကာ “ချန်ချန်”(Chen Cheng) ကိုသမ
ိးပိုကသ
် ည်။ နောက် ရုနန် နှင့်
ရင်ချွမ်း သို့ ချီတက်သည်။

177
အဝါရောင်သပ
ူုန်ခေါင်းဆောင် “ဟဲရီ”(He Yi) နဲ့ “ဟွမ်ရှောင်”(Huang Shao) တိ့က

“ချောင်ချောင်း”(Cao Cao) ချီတက်လာသည်ကိုသိသော် ရင်ဆိုင်ရန် ပြင်ဆင်သည်။
ဆိတေ
် တာင်ကုန်းတွင် ရင်ဆိုင်မိကြသည်။ သူပုန်တို့မှာ အင်အားကြီးသော်လည်း စည်းကမ်းနှင့်
စုဖွဲ့မှု မရှိပေ။ “ချောင်ချောင်း”(Cao Cao) က မြားနှင့် လေးစစ်သည်တို့ ကို ပစ်ခတ်စေသည်။
“တျန်ဝေ”(Dian Wei) ကို ရှေ့ထွကက
်ာ စိန်ခေါ်စေသည်။ အဝါရောင်သပ
ူုန်ဖက်က
ဒုတိယတန်းစား စစ်သည်ကို ၃ ချက်မြောက်နှင့်ပင် နှိမ်နင်းခဲ့သည်။ အနိုင်နှင့်အတူ ချီတက်ကာ
ဆိတေ
် တာင်ကုန်းကို သိမ်းပိုက်မိသည်။

နောက်နေ့တွင် “ဟွမ်ရှောင်”(Huang Shao) ကိုယ်တုင


ိ ဦးဆောင်လာသည်။
အဝါရောင်ခေါင်းစည်းနှင့် အစိမ်းရောင်ဝတ်စုံ ဝတ်ဆင်ထားပြီး သံဆူးတင်းပုတ်ကိုင်ထားသော
လူတစ်ယောက် ထွက်လာကာ အော်ဟစ်စိန်ခေါ်သည် “ငါ့နာမည် “ဟဲမန်”(He Man) ၊ ဘယ်သူ
ငါနဲ့တိုကရ
်ဲသလဲ။”

“ချောင်ဟုန်”(Cao Hong) လည်း အော်ဟစ်ရင်း ဓားကိုင်ကာ မြင်းပေါ်က ခုန်ချလာသည်။


နှစ်ဦးသား မီးကုန်ယမ်းကုန်တုက
ိခိုကြ် ကသည်။ အချက် ၅၀ မျှရောက်လာသော်လည်း
အနိုင်အရှုံးမပေါ်ပေ။ ထိုစဉ် “ချောင်ဟုန”် (Cao Hong) က ရှုံးဟန်ဆောင်ကာ ဆုတ်ပြေးသည်။
“ဟဲမန်”(He Man) လိုက်လာသော် လှည့်ခုတသ
် ည်။ နောက်တစ်ချက်ထပ်ခုတ်ရာ “ဟဲမန်”(He
Man) သေလေသည်။

တပြိုင်နက်တည်းတွင် “လီတျန်”(Li Dian) က အဝါရောင်သူပုန်များကြားထဲသို့


တဟုန်ထိုးပြေးဝင်ကာ သူပုန်ခေါင်းဆောင် “ဟွမ်ရှောင်”(Huang Shao) ကို ဖမ်းဆီးသည်။
သူပုန်များလည်း ခြေဦးတည့်ရာပြေးတော့သည်။ ကျန်ရစ်ခဲ့သော ရိက္ခာ ၊ ရတနာတိ့မ
ှုာ
များပြားလှပေသည်။

ကျန်သုပုန်ခေါင်းဆောင် “ဟဲရီ”(He Yi) သည် မြင်းသည်တော်များနှင့် Kobei တောင်တန်းဆီ


ပြေးလေသည်။ လမ်းတွင် အမည်မသိလူတစ်ဦးက ပိတ်ဆ့ထ
ိုားသည်။ သူသည်
ကိုယခ
် န္ဓာတောင့်တင်းပြီး ခါးအတုတမ
ှ်ာ ဆယ်ထွာပင်ရှိသည်။ လက်တင
ွ် ဓားရှည်ကုင
ိထားသည်။
“ဟဲရီ”(He Yi) က လှံဖြင့်ပြေးဝင်လာသည်။ ရင်ဆိုင်အတွေ့မှာပင် “ဟဲရီ”(He Yi) ကို
လက်ဖြင့်ချုပ်ထားလိုကသ
် ည်။ ကျန်သူများလည်း ကြောက်ရွံ့ကာ
အသာတကြည်အဖမ်းခံလေသည်။

ထိုစဉ် “တျန်ဝေ”(Dian Wei) သည် သူပုန်များကို လိုကဖ


် မ်းရင်း ရောက်လာသည်။ လူစိမ်းက
ထွကန
ှ်ုတ်ဆက်သည်။

178
“တျန်ဝေ”(Dian Wei): “မင်းက သူပုန်လား။”

လူစိမ်း : “သူပုန်တွေ ရာနဲ့ချီပြီးတော့ ဖမ်းထားတယ်။”

“တျန်ဝေ”(Dian Wei): “ဒါဆို ဘာလို့ ခေါ်မပြသလဲ။”

လူစိမ်း : “ငါ့လက်က ဓားကို လုနိုင်ရင် ပြမယ်လေ။”

“တျန်ဝေ”(Dian Wei) လည်း စိတ်တိုကာ တိုကခ


ိုက်သည်။ ၂ နာရီကြာသည်အထိ
အနိုင်အရှုံးမပေါ်ပေ။ ခဏနားပြီး ညနေစောင်းအထိ ဆက်လက်တိုက်ခိုက်ကြပြန်သည်။ မြင်းများ
ခြေကုန်လက်ပန်းကျသွား၍ ထပ်မံရပ်နားလိုက်ကြသည်။ ထိုသတင်းကို “တျန်ဝေ”(Dian Wei)
၏လူများက “ချောင်ချောင်း”(Cao Cao) ထံသတင်းပိ့သ
ု ည်။ ဝမ်းသာစွာဖြင့် တိုကပ
်ွဲကိုပင်
လာရောက်ကြည်ရ
ှု့သည်။

နောက်နေ့တွင် အဆိုပါလူစိမ်းက မြင်းစီးထွကလ


်ာသည်။ မြင်သည်နှင့်
မိမိလက်အောက်အမှုထမ်းစေရန် ကြံသည်။ “တျန်ဝေ”(Dian Wei) ကို ရှုံးဟန်ဆောင်ခိုင်းသည်။

“တျန်ဝေ”(Dian Wei) လည်း မြင်းစီးထွက်လာကာ အချက် ၃၀ မျှ တိုကခ


ိုက်ကြသည်။ ထိ့ေ
ု နာက်
လှည့်၍ မိမိတပ်ဖက်ပြေးလေသည်။ လူစိမ်းက လိုကလ
်ာသော်လည်း မြားတို့ဖြင့်
တားဆီးထားသည်။

“ချောင်ချောင်း”(Cao Cao) လည်း တစ်မိုင်ခွဲဆုတ်ခွာကာ ထောင်ချောက်တွင်းတူးထားကာ


ချိတ်နှင့်စစ်သည်တို့ကို ကင်းပုန်းဝပ်ခိုင်းထားသည်။

နောက်နေ့တွင် “တျန်ဝေ”(Dian Wei) သည် မြင်းသည်တော် ၁၀၀ နှင့်လာလေသည်။


ထိုလစ
ိုမ်းထွက်လာသော် ရှုံးချင်ယောင်ဆောင်ကာ ပြေးသည်။ ထိုလစ
ိုမ်းမှာ လိုကဖ
် မ်းရင်း
ထောင်ချောက်တင
ွ်းထဲ ကျလေသည်။ သူ့ကိုကြိုးတုတ် ဖမ်းဆီးကာ “ချောင်ချောင်း”(Cao Cao) ထံ
ခေါ်လာသည်။

179
“ချောင်ချောင်း”(Cao Cao) သည် တွေ့တွေ့ချင်း တဲထမ
ှဲ ပြေးထွက်လာကာ ကြိုးများကို
ကိုယတ
ိုင်ဖြေပေးလေသည်။ သူ့ကို အဝတ်အစားဝတ်ဆင်စေပြီး ထိုင်ရန်နေရာပေးကာ
ဘဝဇာတ်ကြောင်းမေးမြန်းသည်။

“ငါ့နာမည်က “ရွှီချူ”(Xu Chu) ၊ Qiao မျိုးနွယ်ပါ။ သူပုန်ထကြတော့ ငါနဲ့ ငါ့အမျိုး ၁၀၀ လောက်က
ခံတပ်ဆောက်ပြီး ကာကွယ်ကြတယ်။ တစ်နေ့ သူခိုးတွေလာတော့ ခဲလုံးကြီးတွေ
အဆင်သင်ရ
ှိ့တာနဲ့ ထုပစ်တာ တစ်ယောက် တစ်ချက်ပဲ။ အဲလိုနဲ့ ထွက်ပြေးသွားကြတယ်။
နောက်နေ့ ပြန်ရောက်လာတယ်။ အဲ့အချိန်မှာ ငါတိ့က
ု ဆန်နည်းနေလို့ နွားထီးတွေနဲ့
လဲလုက
ိတယ်။ ဒါပေမဲ့ နွားထီးတွေကို သူတ့မ
ို ထိန်းနိုင်ဘူး။ ငါက အမြီးကနေဆွဲပြီး
ထိန်းပလိုကတ
် ယ်။ သူတု့လ
ိ ည်း အံ့သြသွားပြီး ထပ်ဒုက္ခမပေးတော့ဘူး။”

“ချောင်ချောင်း”(Cao Cao): “သင့်အစွမ်းကို ကြားသိရပါပြီ။ ငါ့တပ်ထဲဝင်မလား။”

“ရွှီချူ”(Xu Chu) : “အဖြစ်ချင်ဆုးံ ဆန္ဒပါဗျာ”

သို့နှင့် “ရွှီချူ”(Xu Chu) နှင့် အဖွဲ့ သည် “ချောင်ချောင်း”(Cao Cao)


လက်အောက်ခိုဝင်လုက
ိသည်။ “ချောင်ချောင်း”(Cao Cao) က “ရွှီချူ”(Xu Chu) ကို
စစ်သူကြီးရာထူးပေးပြီး ရက်ရောစွာ ဆုချသည်။ သူပုန်ခေါင်းဆောင် ၂ ယောက်ကို
ကွပ်မျက်ခြင်းဖြင့် ရုနန် ၊ ရင်ချွမ်း မှာ အေးချမ်းသွားသည်။

“ချောင်ချောင်း”(Cao Cao) ဆုတ်ခွာလာပြီး ကျွမ်းချန် ရောက်သော် “ရှဟုတ


ွိန်း”(Xiahou Dun)
နှင့် “ချောင်ရန်”(Cao Ren) တိ့က
ု ကြိုဆိုနေသည်။ သူလျှိုများပြောကြားချက်အရ “လွီပု”(Lu Bu)
ရဲ့ စစ်သူကြီးတွေဖြစ်သော “ရွှဲ့ လန်”(Xue Lan) နှင့် “လီဖန်”(Li Fang) တိ့ဟ
ုာ ရှိသမျှတပ်နှင့်
အနီးအနားရွာများမှ ခိုးယူလယ
ု က်နေရာ ရန်ကျိုး မြို့မှာ အစောင့်တပ်မရှိကြောင်း သတင်းပိ့သ
ု ည်။
“ချောင်ချောင်း”(Cao Cao) ကို ချက်ချင်းတိုကခ
ိုက်စေချင်နေကြသည်။

“ချောင်ချောင်း”(Cao Cao) ကလည်း အနိုင်ရစစ်သည်များကို ဦးဆောင်ကာ


မြို့ကိုတိုကရ
ိုက်ချီတက်သည်။ မျှော်လင့်မထား၍ “ရွှဲ့ လန်”(Xue Lan) နှင့် “လီဖန်”(Li Fang)
တိ့သ
ု ည် တပ်အနည်းငယ်ဖြင့်သာ ခုခံနိုင်သည်။ “ရွှီချူ”(Xu Chu) က ၎င်းတို့ ၂ ယောက်ကို
ဖမ်းဆီးကာ “ချောင်ချောင်း”(Cao Cao) ထံ ဆက်သလိုကြောင်း လျှောက်သည်။
တာဝန်ပေးလိုက်သော် ပြေးထွကက
်ာ လှံပုဆိန်ကိုင်ထားသော “လီဖန်”(Li Fang) ကို
ဒုတိယအချက်တွင်ပင် သတ်နိုင်ခဲ့သည်။ “ရွှဲ့ လန်”(Xue Lan) က ပြန်လည်ဆုတ်ခွာသော်လည်း
ဆွဲတတ
ာံးကို “လီတျန်”(Li Dian) က သိမ်းထားပြီဖြစ်၍ ကျွီရဲ့ သို့ ပြေးစဉ် “လုချန်”(Lu Qian) က
သူ့ကို မြားဖြင့် သတ်နိုင်ခဲ့သည်။ သိ့န
ှုင့် ရန်ကျိုး ကို ပြန်လည်သိမ်းပိုက်နိုင်ခဲ့သည်။

180
ဆက်လက်၍ ပုရန် ကိုသမ
ိးရန် Cheng Yu က အဆိုပြုသည်။ ရှေ့တန်းတွင် “တျန်ဝေ”(Dian
Wei) နှင့် “ရွှီချူ”(Xu Chu) ၊ ဝဲဖက်တွင် “ရှဟိုတွန်း”(Xiahou Dun), “ရှဟိုယွမ”် (Xiahou Yuan) ၊
ယာဖက်တွင် “လီတျန်”(Li Dian), “ယွဲကျင့်”(Yue Jing) ၊ နောက်ဖက်တင
ွ် “ယွီကျင့်”(Yu Jin),
“လုချန်”(Lu Qian) ၊ ဗဟိုတွင် “ချောင်ချောင်း”(Cao Cao) ကိုယတ
ိုင်ဦးစီးကာ ချီတက်သည်။

“ချောင်ချောင်း”(Cao Cao) တပ်များ ပုရန် အနားရောက်သော် “လွီပု”(Lu Bu) က


ထွကတ
ိုက်ရန်ပြင်သည်။ “ချန်ကုန်း”(Chen Gong) က တားသော်လည်း လက်မခံပေ။ “ရွှီချူ”(Xu
Chu) က သူနှင့်တိုကရ
် န် ပြေးလာသည်။ အချက် ၂၀ ကျော်သည်အထိ အဖြေမပေါ်ပေ။
“ချောင်ချောင်း”(Cao Cao) က ““လွီပု”(Lu Bu) ကို တစ်ယောက်ချင်းမနိုင်နိုင်ဘူး” ဟု
သုံးသပ်ကာ “တျန်ဝေ”(Dian Wei) ကိုစေလွှတသ
် ည်။ မကြာမီ ဝဲဖက်က “ရှဟိုတွန်း”(Xiahou
Dun), “ရှဟိုယွမ်”(Xiahou Yuan) ၊ ယာဖက်က “လီတျန်”(Li Dian), “ယွဲကျင်”့ (Yue Jing)
ဝင်တိုက်လေသည်။ ၆ ယောက် ၁ ယောက်သည် “လွီပ”ု (Lu Bu)
လိုလအ
ူ တွက်ပင်များလွန်းလှသည်။ ထိ့ေ
ု ကြာင့် မြင်းကိုလည
ှ့်ကာ မြို့ဆီ ပြေးလေသည်။

သိ့ေ
ု သာ် ထျန်း မိသားစုက “လွီပ”ု (Lu Bu) ရှုံးလာသည်ကြို မင်သော် ဆွဲတံတားကို
ချမပေးတော့ပေ။ “လွီပု”(Lu Bu) က အော်ဟစ်သော် သူတို့က “ငါတို့ “ချောင်ချောင်း”(Cao Cao)
ဖက် ပြောင်းပြီ” ဟု ပြန်အော်လေသည်။ “ချန်ကုန်း”(Chen Gong) သည် အရှေ့တံခါးမှ
“လွီပု”(Lu Bu) မိသားစုကို ခေါ်ကာ ထွကေ
် ပြးလာသည်။

သိ့န
ှုင့် ပုရန် သည် “ချောင်ချောင်း”(Cao Cao) လက်ဝယ်ရောက်လာခဲ့သည်။ ထျန်း
မိသားစုကိုလည်း အရင်အပြစ်များကို ယခုစမ
ွ်းဆောင်ချက်နှင့် သင်ပုန်းချေလိုက်သည်။ ထိုစဉ်
“လျူရဲ့”(Liu Ye) က ““လွီပ”ု (Lu Bu) က ထိန်းမရတဲ့ တိရစ္ဆာန်ပဲ။ သူ့ကို လွှတထ
်ားရင်

181
အန္တရာယ်များတယ်။ ခု ချေမှုန်းပစ်ရမယ်။” ဟုဆိုလေသည်။ “ချောင်ချောင်း”(Cao Cao) သည်
“လျူရဲ”့ (Liu Ye) ကို ပုရန် ကို စောင့်ခိုင်းကာ “လွီပု”(Lu Bu) ရှိရာ Dingtao သို့ လိုက်လေသည်။

“လွီပု”(Lu Bu), “ကျန်းမြောင်”(Zhang Miao) နှင့် “ကျန်းချောင်”(Zhang Chao) တို့က


မြို့တွင်းတွင် တပ်စွဲထားသည်။ “ကောက်ရွှန်း”(Gao Shun) နှင့် အခြားစစ်သူကြီးများက
ရိက္ခာရှာထွက်ကြသည်။ “ချောင်ချောင်း”(Cao Cao) တပ်များသည် ရောက်ရှိလာပြီး
ရက်ပေါင်းများစွာမတိုကခ
ိုက်သေးဘဲ ၁၅ မိုင်အကွာတွင် တပ်စွဲနေသည်။ ရိတသ
ိမ်းချိန်ဖြစ်၍
သူ၏တပ်သားများကို ရိက္ခာအလိ့င
ှုာ ဂျုံရိတ်ခိုင်းလေသည်။ “လွီပု”(Lu Bu) ၏သူလျှိုများက
“ချောင်ချောင်း”(Cao Cao) ၏ ရိက္ခာဂိုထောင်မှာ သစ်တောအနီးတွင်ရှိကြောင်းပြောလေသော်
မီးရှို့တိုကခ
ိုက်လိုသော်လည်း ချုံခိုတိုက်ခိုက်မည်ကို စိုးရိမ်နေသည်။

“ချောင်ချောင်း”(Cao Cao) က ““လွီပု”(Lu Bu) က ချုံခိုတုက


ိခိုက်မှာကို ကြောက်နေတာ။ အဲ့မှာ
အလံတွေထောင်ထားပြီး သူ့ကို လှည့်စားမယ်။ စခန်းနားက တာရိုးအရှည်ကြီးနောက်မှာ ပုန်းပြီး
သူ့ကို ချုံခိုတုက
ိရမယ်။” ဟု တွေးသည်။ ထိ့ေ
ု နာက် တပ်သားအားလုံးကို ပုန်းအောင်းစေကာ
ရိက္ခာဂိုထောင်တွင် ရိက္ခာသိုလှောင်ထားသည် ဟုထင်စေရန် လယ်သမားများကို
ဖြတ်သန်းသွားလာစေသည်။

“လွီပု”(Lu Bu) က မြင်သမျှကို “ချန်ကုန်း”(Chen Gong) ကို ပြောပြသည်။ “ချန်ကုန်း”(Chen


Gong) က ““ချောင်ချောင်း”(Cao Cao) က သိပ်ဉာဏ်များတယ်။ မလှုပရ
ှ်ားလေနဲ့။” ဟု
အကြံပေးသည်။ “လွီပ”ု (Lu Bu) က လက်မခံ ၊ “မီးနဲ့တိုကမ
် ယ် ၊ သူ့တပ်ပုန်းတွေကိုပါ
မီးရှို့ပစ်မယ်။” ဟုဆုေ
ိ လသည်။

နောက်နေ့နံနက်တွင် “လွီပု”(Lu Bu) သည် ရိက္ခာဂိုထောင်ကို မီးတင်ရှို့လေသည်။


တစ်ယောက်မှထက
ွ်ပြီး မီးမငြှိမ်းသဖြင့် အံ့သြနေစဉ် ဗုံသံကြို ကားရကာ “ချောင်ချောင်း”(Cao Cao)
တပ်များ ထွကလ
်ာတော့သည်။ အချက်ပြဗုံးများ ပေါက်ကွဲပြီးနောက် “ရှဟုတ
ွိန်း”(Xiahou Dun),
“ရှဟိုယမ
ွ်”(Xiahou Yuan), “ရွှီချူ”(Xu Chu), “တျန်ဝေ”(Dian Wei), “လီတျန်”(Li Dian) နှင့်
“ယွဲကျင့်”(Yue Jing) တပြိုက်နက် ထွကလ
်ာကာ တိုက်ခိုက်တော့သည်။ “လွီပ”ု (Lu Bu)
လည်းရှုံးနိမ့်ကာ လွတ်ရာပြေးရတော့သည်။ “ယွဲကျင်”့ (Yue Jing)က မြားဖြင့် “လွီပု”(Lu Bu)
၏စစ်သူကြီးတစ်ဦးဖြစ်သူ Cheng Lian ကိုသတ်လိုက်သည်။ “လွီပု”(Lu Bu) တပ်များ ၃ပုံ ၂ပုံခန့်
ကျဆုံးခဲ့ရသည်။ ကျန်တပ်များက “ချန်ကုန်း”(Chen Gong) ကို သတင်းပိ့ရ
ုာ မြို့ကိုပစ်၍
ဆုတခ
်ွာခိုင်းသည်။

182
သိ့န
ှုင့် “ချန်ကုန်း”(Chen Gong) နှင့် “ကောက်ရွှန်း”(Gao Shun) တို့သည် “လွီပု”(Lu Bu)
မိသားစုနှင့်အတူ Dingtao ကို စွန့်ခဲ့ကြသည်။ “ချောင်ချောင်း”(Cao Cao) မြို့တွင်းဝင်လာသော်
မည်သည့်ခုခံမှုမျှ မကြုံရတော့ပေ။ “ကျန်းချောင်”(Zhang Chao) က မိမိကိုယ်ကို မီးနှင့်
အဆုံးစီရင်သွားသည်။ “ကျန်းမြောင်”(Zhang Miao) က “ယွမ်စု”(Yuan Shu)
ထံထက
ွ်ပြေးသွားသည်။

ဤသို့ဖြင့် အရှေ့မြောက်ဒေသတစ်ခုလုံး “ချောင်ချောင်း”(Cao Cao)


လက်အောက်ကျရောက်သွားတော့သည်။ “ချောင်ချောင်း”(Cao Cao) သည် ချက်ချင်းပင်
ပြည်သူတို့ ကို စိတ်အေးချမ်းစေပြီး မြို့ကို ပြန်လည်တည်ဆောက်ကာ
ကာကြယေ
် ရးတိုးမြှင့်လေသည်။

“လွီပု”(Lu Bu) သည် သူ၏စစ်သြူ ကီးများနှင့်ပြန်တွေ့သည်။ “ချန်ကုန်း”(Chen Gong) လည်း


လာရောက်ပူးပေါင်းသည်။ “လွီပု”(Lu Bu) က “ငါ့မှာ တပ်အနည်းငယ်ပဲကျန်တယ်။ ဒါပေမဲ့
“ချောင်ချောင်း”(Cao Cao) ကိုသတ်ဖို့တော့ လုံလောက်ပါသေးတယ်။” ဟုကြုံးဝါးလေသည်။

*Silver~K~*

183
အခန်း(၁၃) "လီကျွယ်"(Li Jue) နှင့် "ကော်စ"ီ (Guo Si) တို့ စီးချင်းထိုးကြခြင်း။ ဧကရာဇ်သည်
အန်းရီတွင် မြို့တော်သစ် တည်ဆောက်ခြင်း

ရှေ့တစ်ခန်းတွင် "လွီပု"(Lu Bu) ၏ ရှုံးနိမ့်မှုအကြောင်း၊ တင်းထောင်တွင်


စစ်တပ်စုဆောင်းခြင်းအကြောင်းတို့ ကို ဖော်ပြခဲ့ပြီးဖြစ်သည်။ "လွီပု"(Lu Bu) သည် သူ၏
လက်အောက်ငယ်သားတို့ ကို စုစည်းပြီးသောအခါ "ချောင်ချောင်း"(Cao Cao) နှင့်
နောက်တစ်ကြိမ်စစ်ပွဲနွှဲရန် လုံလောက်ပြီဟု ယူဆလေသည်။ အကြံပေး "ချန်ကုန်း"(Chen Gong) မှ
"လွီပု"(Lu Bu) အား ဤသို့ ပြောသည်။

"ချောင်ချောင်း(Cao Cao) က လက်ရှိမှာ အင်အားတအားကြီးနေတယ်၊ ဒါကြောင့် သူနဲ့မတိုက်ခင်


စစ်တပ်ကို တစ်နေရာရာမှာ နားစေဖို့ နေရာရှာရမယ်"

"ယွမ်ရှောက်(Yuan Shao) ဆီ သွားရင်ကော?"

"အရင် အခြေအနေကို စုံစမ်းကြည့်ပါဦး"

"လွီပု"(Lu Bu) ကလည်း သဘောတူလိုက်သည်။

"ချောင်ချောင်း"(Cao Cao) နှင့် "လွီပ"ု (Lu Bu) တို့၏ စစ်ပွဲသတင်းသည် ကျိကျိုးအထိရောက်သွားသည်။


"ယွမ်ရှောက်"(Yuan Shao) ၏ အကြံပေးဖြစ်သူ "ရှန်ဖေ"(Shen Pei) မှ

"လွီပု(Lu Bu) က သားရဲတိရစ္ဆာန်လုပ


ိဲ။ သူသာ ရန်ကျိုးကို ရသွားရင် အဲ့ပြည်နယ်ကို သူပဲ
အပိုင်စီးလိုက်တော့မှာ။ ဒါကြောင့် သူ့ကို ချေမှုန်းထားသင့်တယ်" ဟု ပြောသည်။

ထို့ကြောင့် "ယွမ်ရှောက်"(Yuan Shao) သည် "လွီပု"(Lu Bu) ကို တိုကရ


် န် "ရန်လျန်"(Yan Liang) ကို
စစ်သည် ငါးသောင်းပေးကာ စေလွှတ်လုက
ိသည်။ သူလျှိုတို့မှတစ်ဆင့် "လွီပု"(Lu Bu) သည်
ထိုအကြောင်းကိုကြားလျှင် "ချန်ကုန်း"(Chen Gong) ကို ခေါ်ပြီး တိုင်ပင်သည်။ ထိုအခါ "ချန်ကုန်း"(Chen
Gong) မှ

"ဟိုတစ်လောကမှ ရွှီကျိုးကို စအုပ်ချုပ်တဲ့ လျူဘေ့(Liu Bei) ဆီမှာ အကူအညီ တောင်းကြည့်ပါ" ဟု


ပြောသည်။ သို့နှင့် "လွီပု"(Lu Bu) လည်း "လျူဘေ့"(Liu Bei) ထံအကူအညီသွားတောင်းသည်။

"လျူဘေ့"(Liu Bei) : "လွီပု(Lu Bu) က ပြိုင်စံရှားတဲ့ သူရဲကောင်းပဲ။ သူ့ကို ကြိုဆိုကြရအောင်"

184
သို့သော် "မီကျူ"(Mi Zhu) က ပြင်းပြင်းထန်ထန် ကန့်ကွကသ
် ည်။

"မီကျူ"(Mi Zhu) : "သူက ရက်စက်ပြီး သွေးဆာနေတဲ့ တောရိုင်းတိရစ္ဆာန်သာသာပဲ ရှိတယ်"

"လျူဘေ့"(Liu Bei) : "ဒါပေမယ့် သူ ရန်ကျိုးကို ဝင်တိုက်လို့ ဒီရွှီကျိုးပြည်နယ် ဘေးကင်းသွားခဲ့တာလေ။


ဒီလို အကူအညီလာတောင်းတာ သူက ငါတို့ ရန်သူ ဖြစ်မလာနိုင်ပါဘူး"

"ကျန်းဖေး"(Zhang Fei) : "အကိုကြီး က သဘောထားကောင်းလွန်းတယ်။ အဲ့လုဆ


ိုရင်တောင်မှ
သတိတော့ ထားသင့်တယ်"

"လျူဘေ့"(Liu Bei) သည် အခြားခေါင်းဆောင်နှစ်ဦးနှင့်အတူ မြို့ပြင်ဆယ်မိုင်သို့ထွက်ကာ "လွီပု"(Lu Bu)


အား ကြိုဆိုသည်။ ထို့ နောက် အိမ်တော်ထဲသို့ ဝင်ကာ စကားစမြည်ပြောကြသည်။

"လွီပု"(Lu Bu) : "ကျွန်တော်နဲ့ ဝမ်ယွင်(Wang Yun) တို့ က တုန်ကျိုး(Dong Zhuo) ကို သတ်ခဲ့ပြီးနောက်
လီကျွယ်(Li Jue) နဲ့ ကော်စ(ီ Guo Si) တို့ကြောင့် ကျွန်တော် ဒုက္ခရောက်ခဲ့တယ်။ ဟိုမှာသောင်တင်လိုက်၊
ဒီမှာသောင်တင်လိုက် ဖြစ်နေခဲ့ပြီး ဟွာစန်းတောင်အရှေ့ဘက်က မြို့စား၊ နယ်စားတွေက ကျွန်တော့်ကို
လက်မခံခဲ့ဘူး ။ ချောင်ချောင်း(Cao Cao) က ဒီရွှီကျိုးပြည်နယ်ကို လာတိုက်တော့ ခင်ဗျားက ကူညီခဲ့တယ်၊
ကျွန်တော်ကလည်း ချောင်ချောင်း(Cao Cao) ရဲ့ ရန်ကျိုးပြည်နယ်ကို ဝင်တိုက်ပြီး တစ်ဖက်တစ်လမ်းက
ကူခဲ့တယ်လို့ ဆိုနိုင်တာပဲလေ။ ဒါပေမယ့် ကျွန်တော့်လက်အောက်က စစ်သြူ ကီးတွေ၊ စစ်သားတွေ
အများကြီး ဆုံးရှုံးခဲ့မယ်လို့ မထင်ခဲ့ဘူး။ ဒါကြောင့် အခု ကျွန်တော်တို့ နှစ်ယောက်ပူးပေါင်းပြီး
အိပ်မက်တွေကို အကောင်အထည်ဖော်ရအောင်"

"လျူဘေ့"(Liu Bei) : "နယ်စား ထောင်ချန်(Tao Qian) သေဆုံးသွားတော့ သူ့ရာထူးကို ဆက်ခံမယ့်သူ


မရှိတာနဲ့ ကျွန်တော်က ယာယီဆက်ခံခဲ့တာ၊ အခုတော့ စစ်သြူ ကီးက ဒီကို ရောက်လာပြီဆိုတော့
ကျွန်တော့်ရာထူးကို စစ်သူကြီးကို လွှဲပေးပါရစေ"

185
ထိုအခါ "လွီပု"(Lu Bu) သည် "လျူဘေ့"(Liu Bei) ကမ်းပေးလာသော နယ်စားတံဆိပ်တံုး ကို
ယူမည်ပြုသော်လည်း "လျူဘေ့"(Liu Bei) အနောက်မှ "ကွမ်းယွီ"(Guan Yu) နှင့် "ကျန်းဖေး"(Zhang Fei)
တို့၏ ဒေါသထွက်နေသော မျက်လုံးတို့ ကို မြင်လိုက်ရာ ဣနြေ္ဒဆည်ကာ ပြုံးလိုက်ပြီး

"ကျွန်တော်က တိုက်ရေးခိုက်ရေးမှာပဲ ကျွမ်းကျင်တာပါ၊ ဒီလိုနယ်မျိုးကို မအုပ်ချုပ်နိုင်ပါဘူး" ဟု


ပြောလေသည်။

"လျူဘေ့"(Liu Bei) မှ အကြိမ်ကြိမ်တိုက်တွန်းလေရာ "ချန်ကုန်း"(Chen Gong) မှ ဝင်၍

"ကျွန်တော်တို့ က အရိပ်နေနေ၊ အခက်ချိုးချိုးမလုပ်ပါဘူး၊ မစိုးရိမ်ပါနဲ့၊ နယ်စားမင်း" ဟု ပြောသည်။

"လျူဘေ့"(Liu Bei) လည်း ဘာမှ ဆက်မပြောတော့ချေ။ ထို့နောက် "လွီပု"(Lu Bu) အတွက်


စားသောက်ပွဲတို့ကို တည်ခင်းကာ ကျွေးမွေးသည်။

နောက်ပိုင်း အဆင်ပြေသောတစ်ရက်ဝယ် "လွီပု"(Lu Bu) သည် "လျူဘေ့"(Liu Bei) အား ပြန်ဖိတ်ကာ


ကျွေးမွေးသည်။ ထို့နောက် "လျူဘေ့"(Liu Bei) အားအတွင်းဆောင်ထဲသို့ ခေါ်ရာ "ကွမ်းယွီ"(Guan Yu)
နှင့် "ကျန်းဖေး"(Zhang Fei) တို့လည်း အတူလိုက်ပါကြသည်။ အထဲတွင် "လွီပ"ု (Lu Bu) မှ သူ့ဇနီးနှင့်
သမီးတို့ကို "လျူဘေ့"(Liu Bei) အား အရိုအသေပေးစေသည်။ "လျူဘေ့"(Liu Bei) မှလည်း
ယဉ်ကျေးစွာဆက်ဆံလေသည်။ "လွီပု"(Lu Bu) မှ

"ညီငယ်၊ အဲ့လောက်ရိုရိုသေသေ ယဉ်ယဉ်ကျေးကျေးပြောစရာမလိုဘူး" ဟု ဆိုသည်။

ထိုစကားကို "ကျန်းဖေး"(Zhang Fei) ကြားလျှင် "လွီပ"ု (Lu Bu) အား မျက်ထောင့်နီဖြင့် စိုကြ် ကည့်ကာ

186
"ခင်ဗျားက ဘာမို့လို့ ကျုပ်တို့ အကိုကြီးကို ညီငယ်လို့ ခေါ်ရတာတုန်း? သူက ရွှေသစ်ကိုင်းက
ကျောက်စိမ်းသစ်ရွက်၊ မင်းဆွေမင်းမျိုးတစ်ယောက်ပဲ။ လာစမ်း။ ခင်ဗျားနဲ့ ကျုပ် အကွက်သုံးရာလောက်
တိုက်ရအောင်" ဟု ပြောသည်။

"လျူဘေ့"(Liu Bei) သည် ဒေါသထွကေ


် နသော "ကျန်းဖေး"(Zhang Fei) ကို ကြည့်လိုက်သည်။
"ကွမ်းယွ"ီ (Guan Yu) ကလည်း ညီဖြစ်သူအား အပြင်ထွက်စေသည်။ ထို့ နောက် "လျူဘေ့"(Liu Bei) မှ

"ကျွန်တော့်ညီက အရက်နည်းနည်းမူးနေလို့ အပြောအဆိုမတတ်တာ သူ့ကိုယ်စား ကျွန်တော်ကပဲ


တောင်းပန်ပါတယ်" ဟု ဆိုသည်။

"လွီပု"(Lu Bu) သည် ဘာမျှ ပြန်မဖြေပဲ ခေါင်းကိုသာ ညိတ်လိုက်သည်။ မကြာမီပင် "လျူဘေ့"(Liu Bei)
တို့ ပြန်ရန် ပြင်သည်။

"လွီပု"(Lu Bu) မှ ဧည့်သည်တို့ ကို အပြင်သို့ လိုက်ပို့ သည့်အချိန်တွင် "ကျန်းဖေး"(Zhang Fei) သည်
လက်နက်ကို ကိုင်လျက်

"လွီပု(Lu Bu)၊ ခင်ဗျားနဲ့ ကျုပ် စီးချင်းတိုကြ် ကရအောင်" ဟု အော်ပြောသည်။

"လျူဘေ့"(Liu Bei) လည်း "ကွမ်းယွ"ီ (Guan Yu) အား "ကျန်းဖေး"(Zhang Fei) ကို ထိန်းစေသည်။
နောက်ရက်တွင် "လွီပု"(Lu Bu) သည် ထိုနယ်မှ ထွကခ
်ွာမည်ဖြစ်ကြောင်း လာပြောသည်။

"လွီပု"(Lu Bu) : "နယ်စားမင်းက ကျွန်တော့်ကို သဘောထားကြီးကြီးနဲ့ လက်ခံခဲ့ပေမယ့် နယ်စားရဲ့


ညီတော်တွေက ကျွန်တော့်အပေါ် အမြင်ကြည်ပုံမရဘူး။ ဒါကြောင့် ကျွန်တော် တခြားနေရာကို
ထွက်ခွာပါတော့မယ်"

"လျူဘေ့"(Liu Bei) : "စစ်သူကြီး ဒီလိုသာ ထွက်သွားရင် ကျွန်တော့်အပြစ်ဖြစ်သွားမှာပေါ့။ ကျွန်တော့်ညီ


ရိုင်းပျသွားတာ တောင်းပန်ပါတယ်။ လက်ရှိမှာတော့ ကျွန်တော်အရင်က နေခဲ့တဲ့ ရှောင်ဖေမှာ
သွားနေပါလား? အဲ့နေရာလေးက ကျဉ်းပေမယ့် မြို့နဲ့နီးတယ်၊ စစ်သူကြီးလိုအပ်တာတွေကို ကျွန်တော်
ထောက်ပံ့ပေးပါ့မယ်"

"လွီပု"(Lu Bu) လည်း ကျေးဇူးတင်ကာ လက်ခံလိုက်သည်။ သူသည် သူ့စစ်သားတို့ကို ဦးဆောင်ကာ


ထိုနေရာတွင် စခန်းချသည်။ ထို့နောက် "လျူဘေ့"(Liu Bei) သည် "ကျန်းဖေး"(Zhang Fei) ကို ခေါ်ကာ
ဖြောင်းဖျပြောဆိုသည်။ "ကျန်းဖေး"(Zhang Fei) လည်း ထိုကိစ္စနှင့် ပတ်သတ်ပြီး
မည်သို့ မျှမပြောတော့ချေ။

187
"ချောင်ချောင်း"(Cao Cao) သည် ဟွာစန်းတောင်၏ အရှေ့ဘက်တစ်လွှားကိုသိမ်းခဲ့သည်။
နန်းတော်မှလည်း သူ့ကို သစ္စာရှိစစ်သူကြီးဘွဲ့နှင့် ဖေးထင်နယ်စားဘွဲ့တို့ ပေးအပ်ခဲ့သည်။ ထိုအချိန်တွင်
"လီကျွယ်"(Li Jue) သည် နန်းတော်တွင် ခြယ်လှယ်နေသည်။ သူသည် သူ့ကိုယ်သူ စစ်တပ်ရေးရာတွင်
အမြင့်ဆုံးရာထူးဖြစ်သည့် သေနာပတိရာထူးကို ယူထားပြီး "ကော်စ"ီ (Guo Si) မှာမူ ဒုတိယအမြင့်ဆုံး
စစ်သြူ ကီးချုပ်ဖြစ်လေသည်။ သူတို့ သည် ထိုကဲ့သို့ ထင်တိုင်းကြဲနေသော်လည်း မည်သူမှ အာမခံရဲပေ။

နန်းတွင်းတပ်မှူး "ရန်ပြောင်း"(Yang Biao) နှင့် ဝန်ကြီး "ကျူကျွင်း"(Zhu Jun) တို့သည် ဘုရင်နှင့်


တိတ်တဆိတ်တွေ့ဆုံကာ အောက်ပါအတိုင်း ပြောကြသည်။

"လက်ရှိမှာ ချောင်ချောင်း(Cao Cao) က စစ်သားနှစ်သိန်းအပြင် သူ့လက်အောက်မှာ


တော်တ့စ
ဲ စ်သူကြီးတွေ၊ အကြံပေးတွေ ရှိနေပြီ။ သူ့အကူအညီသာရရင် အခုလက်ရှိ နန်းတွင်းကို
ချုပ်ကုင
ိနေတဲ့အဖွဲ့ ကို ရှင်းနိုင်မယ်"

ဘုရင် : "ငါကိုယ်တော်လည်း သူတို့ ထင်တိုင်းကြဲနေတဲ့အပေါ် စိတမ


် ကြည်ဖြစ်နေတာ၊ သူတို့ ကို
ရှင်းထုတ်နိုင်ရင် အကောင်းဆုံးပဲ"

"ရန်ပြောင်း"(Yang Biao) : "ကျွန်တော်မျိုးမှာ လီကျွယ်(Li Jue) နဲ့ ကော်စ(ီ Guo Si) တို့ကို
ရန်တုက
ိပေးမယ့် အကြံရှိတယ်။ သူတို့ နှစ်ယောက်အချင်းချင်းတိုက်ပြီး အင်အားနည်းသွားမှ
ချောင်ချောင်း(Cao Cao) ကို လာတိုက်ခိုင်းရမယ်"

ဘုရင် : "ဘယ်လို အကြံတုန်း"

"ရန်ပြောင်း"(Yang Biao) : "ကော်စ(ီ Guo Si) ရဲ့ဇနီး ချုံအမျိုးသမီး ဟာအင်မတန် သဝန်တိုတတ်တယ်။


ဒါကို အသုံးချပြီး သူတို့ကို ရန်တုက
ိစေမယ်"

188
ထို့နောက် ထိုအကြံကို လုပ်ဆောင်ရန် ဘုရင့်ထမ
ှံ လျှို့ဝှက်အမိန့်တော်ကို ရလေသည်။
"ရန်ပြောင်း"(Yang Biao) ၏ ဇနီးသည် အကြောင်းပြချက်တစ်ခုဖြင့် ချုံအမျိုးသမီးထံသွားကာ

'ရှင်သိလား။ ရှင့်ယောက်ျားနဲ့ လီကျွ ယ်(Li Jue) ရဲ့ မိန်းမနဲ့ ဖောက်ပြန်နေတယ်လို့ ကောလာဟလတွေ


ထွက်နေတယ်။ "လီကျွယ်"(Li Jue) ကလည်း အဲ့ဟာကို သိလျက်နဲ့ ရှင့်ယောက်ျားကို ဒုက္ခပေးဖို့
ဘာမှမပြောပဲ နေနေပုံပဲ။ ရှင် တစ်ခုခု လုပ်သင့်တယ်လို့ ထင်တယ်" ဟု ပြောသည်။

ချုံအမျိုးသမီးလည်း အံ့ဩသွားကာ

"ဪ.....ဒါကြောင့် သူ ခုတလော အိမ်ပြန်လာတာ နောက်ကျတာကိုး။


အဲ့လိုမျိုးအရှက်ရစရာကိစ္စတွေလပ
ုနေမယ်လို့ မထင်ခဲ့ဘူး ။ ရှင်မပြောရင် ကျွန်မ ဘာမှသမ
ှိာ မဟုတ်ဘူး။
ဒါကို တားမြစ်ရမယ်" ဟု ဆိုသည်။

သို့နှင့် "ရန်ပြောင်း"(Yang Biao) ၏ အမျိုးသမီးလည်း ထွက်ခွာသွားသည်။ ချုံအမျိုးသမီးမှ သူ့ကို


ကျေးဇူးတင်စကားပြောလေသည်။

ရက်အနည်းငယ်ကြာသော် "ကော်စ"ီ (Guo Si) သည် "လီကျွယ်"(Li Jue) အိမ်တော်တွင် ထမင်းစားရန်


ပြင်သည်။ ထိုအခါ ချုံအမျိုးသမီးက မသွားစေလိုသည်နှင့်

"အဲ့လီကျွယ်(Li Jue) က သူ့စိတ်ထဲ ဘာတွေရှိလည်း ဘာမှမပြောနိုင်ဘူး ။ ရှင်တို့နှစ်ယောက်က


ရာထူးအဆင့်ချင်း တူတာမဟုတ်ဘူး။ သူက ရွင့္ကို ဒုကေ
ၡ ပးရင် ဘယ်လိုလုပ်မလဲ" ဟု ဆိုသည်။

ထိုစကားကို " ကော်စ"ီ (Guo Si) က အလေးမထားပဲ ထွကသ


်ွားလေသည်။ ထိုညနေတွင် "လီကျွယ်"(Li
Jue) ၏ အိမ်တော်မှ လက်ဆောင်များပို့ လာသည်။ ချုံအမျိုးသမီးသည် ထိုလက်ဆောင်ထဲမှ စားစရာတွင်
အဆိပ်ခပ်ကာ သူ့ယောက်ျားထံပို့ သည်။ "ကော်စီ"(Guo Si) မှ စားမည်အပြုတွင် ချုံအမျိုးသမီးမှ

"အပြင်က လာတဲ့အစားအသောက်တွေကို ပရမ်းပတာ မစားသင့်ဘူး၊ ခွေးတစ်ကောင်ကို


အရင်ကျွေးကြည့်ပါလား" ဟု ဆိုသည်။

"ကော်စီ"(Guo Si) ကလည်း ထိုအတိုင်းစမ်းလေရာ ခွေးသေသွားသည်။ ထိုအချိန်မှစ၍ "ကော်စီ"(Guo Si)


သည် သူ့လုပ်ဖော်ကိုင်ဘက်ကို သံသယဝင်တော့သည်။

တစ်နေ့သော် "လီကျွယ်"(Li Jue) သည် နန်းတော်မှအပြန် "ကော်စ"ီ (Guo Si) အား ခေါ်ကာ
ကျွေးမွေးပြန်သည်။ "ကော်စ"ီ (Guo Si) အိမ်သို့ ပြန်ရောက်သောအခါ ဗိုကန
်ာလေသည်။ ထိုအခါ
သူ့ဇနီးက "ဒါ အဆိပ်ပဲနေမှာ" ဟုပြောပြီး ဆေးတို့ တိုက်ကျွေးရာ သက်သာသွားသည်။ "ကော်စ"ီ (Guo Si)
သည် ဒေါသထွက်ကာ

189
"ငါတို့ ဒီလောက် အတူတူတိုက်ခဲ့၊ အတူတူ ကူခဲ့တာ၊ အခုတော့ သူက ငါ့ကို ထိခိုကေ
် စချင်တယ်။ ငါသာ
လက်ဦးမှုမရယူရင် ဒုက္ခရောက်တော့မှာ" ဟု ပြောသည်။

ထို့နောက် "ကော်စ"ီ (Guo Si) သည် အစောင့်တို့ အား အရေးပေါ်စုဆောင်းမှု ပြုလုပ်သည်။

ထိုအကြောင်းကို "လီကျွယ်"(Li Jue) ကြားလျှင်

"ကော်စီ(Guo Si) က မဟုတ်တာ ကြံနေတယ်" ဟု ဆိုတာ အစောင့်တို့ ကို စုဆောင်းပြီး "ကော်စ"ီ (Guo Si)
ကို တိုကရ
် န်ပြင်သည်။ နှစ်အိမ်ထောင်လုံးသည် အစောင့်တပ်ဖွဲ့ တစ်သောင်းဆီနှင့် ခိုက်ရန်ဖြစ်ပွားကြသည်။
ထိုရန်ပွဲသည် ကြီးသထက်ကြီးလာရာ လူတို့ ကိုပါ ထိခိုက်ကုန်သည်။

ထို့နောက် "လီကျွယ်"(Li Jue) ၏ တူ "လီရှန်"(Li Xian) သည် နန်းတော်ကို ဝန်းရံကာ ဘုရင်နှင့်


မိဖုရားတို့ကို လှည်းဖြင့် ဆောင်ကြဉ်းပြီး "ကျာရွှ"ီ (Jia Xu) နှင့် "ကျောလင်း"(Zuo Lin) တို့ကို
စောင့်ကြပ်စေသည်။ နန်းတွင်းသူနန်းတွင်းသားတို့ကိုမူ ခြေကျင်သာ လျှောက်စေသည်။
အနောက်တံခါးအရောက်ဝယ် "ကော်စ"ီ (Guo Si) ၏ စစ်သားတို့ ထွကလ
်ာကာ မြားတို့ဖြင့် ပစ်သည်။
လူများစွာ သေဆုံးလေသည်။ နောက်ပိုင်းတွင် "လီကျွ ယ်"(Li Jue) ၏ စစ်တပ်ရောက်လာသောအခါမှ
တစ်ဖက်တပ် နောက်ဆုတ်သွားသည်။

ထိုဘုရင်ပါသော လှည်းသည် နန်းတွင်းမှ ထွကလ


်ာပြီး နောက်ဆုံး "လီကျွယ်"(Li Jue) ၏
စခန်းသို့ရောက်သည်။ "ကော်စီ"(Guo Si) ၏ စစ်တပ်တို့သည် နန်းတော်ကို ဖျက်စီးခြင်း၊ ကျန်ရစ်သော
အမျိုးသမီးတို့ကို တပ်စခန်းထံ ဖမ်းဆီးခြင်းတို့ ပြုသည်။ ထို့နောက် နန်းတော်ကို မီးရှို့လေသည်။

"ကော်စီ"(Guo Si) သည် ဘုရင်၏ နေရာကို သည်လျှင် "လီကျွယ်"(Li Jue) အား တိုက်သည်။
ထိုမိသားစုနှစ်ခု၏ ပဋ္ဋိပက္ခကြားဝယ် ဘုရင် ဒုက္ခရောက်လေသည်။

"ကော်စီ"(Guo Si) ရောက်လာသော် "လီကျွ ယ်"(Li Jue) ၏ စစ်တပ်နှင့် တိုက်သည်။


အခြေအနေမဟန်သည်နှင့် "ကော်စ"ီ (Guo Si) တပ်ဆုတ်သည်။ "လီကျွယ်"(Li Jue) သည် သူ့တူကို
နန်းတွင်းမှဘုရင်၊ မိဖုရားနှင့် အခြံအရံတို့အား မေဝေါ်သို့ ပို့ စေသည်။ စားနပ်ရိက္ခာတို့ပြတ်လပ်လေရာ
ဘုရင်မှ "လီကျွယ်"(Li Jue) ထံ ဆန်ငါးစီးတိုက်၊ ကျွဲသားငါးသေတ္တာပို့ ရန်မှာသည်။ ထိုအခါ "လီကျွယ်"(Li
Jue) မှ ဒေါသတကြီးဖြင့်

"နန်းတော်က မနက်ရောညပါ အစာရနေပြီ မဟုတ်လား။ ဘာလို့ ထပ်တောင်းရတာလဲ?" ဟု ဆိုပြီး


ညံ့ဖျင်းသောဆန်နှင့် မကောင်းသောအသားတို့ကို ပို့သည်။ ဘုရင့်အပေါ် စော်ကားမှုပင်တည်း။

သို့သော် နန်းတွင်းဝန်ကြီး "ရန်ချီ"(Yang Qi) မှ

190
"လီကျွယ်က မကောင်းပေမယ့် လက်ရှိအခြေအနေအရ သည်းခံလိုက်ပါ" ဟု ပြောသဖြင့် ဘုရင်လည်း
မည်သို့ မျှ မဆိုသော်လည်း မျက်ရည်တို့ ကျလာလေသည်။

ထိုအချိန်ဝယ် မြင်းသံ၊ ဗုံသံတို့ ကြားရာ ဘုရင်မှ မည်သူနည်းဟု မေးလျှင် "ကော်စ"ီ (Guo Si)
ဖြစ်ကြောင်းပြောကြသဖြင့် စိတ်ညစ်ရပြန်သည်။

"လီကျွယ်"(Li Jue) သည် "ကော်စ"ီ (Guo Si) နှင့် ရင်ဆိုင်ရန် ထွကသ


်ွားသည်။ "လီကျွယ်"(Li Jue) မှ
ဤသို့ပြောသည်။

"ခင်ဗျားကို ကျုပ် ကောင်းကောင်းဆက်ဆံခဲ့တာ ကျုပ်ကို ဘာလို့ သတ်ဖို့ လုပ်ရတာတုန်း"

"ခင်ဗျားက သူပုန်လေ....ဘာလို့ မသတ်ရမှာတုန်း"

"ငါက ဘုရင်ကို စောင့်ရှောက်နေတဲ့လူ....ဘာလို့ သူပုန်လို့ ပြောရတာတုန်း"

"ခင်ဗျားက ဘုရင်ကို အဓမ္မခေါ်သွားခဲ့တာ၊ ဒါကို စောင့်ရှောက်တယ်လို့ ခေါ်လား?"

"ဘာလို့ စကားတွေ များနေတာလဲ။ စီးချင်းထိုးပြီး နိုင်တဲ့လူက ဘုရင်ကို စောင့်ရှောက်ကြေးလုပ်ရအောင်"

ထိုနှစ်ဦးတို့ သည် တိုက်ကြသော်လည်း အနိုင်အရှုံးမပေါ်ချေ။ ထို့နောက် "ရန်ပြောင်း"(Yang Biao)


ရောက်လာကာ

"ရပ်လိုက်ကြ။ ကျွန်တော် ငြိမ်းချမ်းရေးဆွေးနွေးဖို့ လာတာ" ဟု ပြောရာ နှစ်ဖက်စလုံးရပ်တန့်သွားသည်။

ထို့နောက် ထို့နောက် "ရန်ပြောင်း"(Yang Biao) ၊ "ကျူကျွင်း"(Zhu Jun) နှင့်


အခြားအမှုထမ်းခြောက်ဆယ်တို့ သည် "ကော်စ"ီ (Guo Si) ၏စခန်းသို့သွားရာ
အကုန်လုံးအကျဉ်းချခြင်းခံလိုက်ရသည်။

"ကျွန်တော်တို့က သဘောရိုးနဲ့လာတာ၊ ဒီလိုဆက်ဆံခံရတယ်"

"ကော်စီ"(Guo Si) : "လီကျွယ်(Li Jue) က ဘုရင်ကို ချုပ်ထားတယ်ဆိုတော့ ငါက မင်းမှုထမ်းတွေကို


ချုပ်ထားမှဖြစ်မယ်"

"ရန်ပြောင်း"(Yang Biao) : "ဒါက ဘာသဘောတုန်း၊ တစ်ယောက်က ဘုရင်ကို ဖမ်းရင်


နောက်တစ်ယောက်က အမှုထမ်းတွေကို ဖမ်းထားမယ်။ ခင်ဗျားက ဘာလိုချင်တာတုန်း"

ထိုအခါ "ကော်စီ"(Guo Si) သည် ဒေါသထွက်ကာ ဓားကိုဆွဲရန်လပ


ုရာ စစ်သူကြီး "ရန်မ"ီ (Yang Mi)
မှဝင်၍ မသတ်ရန်ပြောသည်။ ထိုအခါ "ကော်စ"ီ (Guo Si) သည် "ရန်ပြောင်း"(Yang Biao) နှင့်

191
"ကျူကျွင်း"(Zhu Jun) တို့ ကို လွှတေ
် ပးလိုကေ
် သ်ာလည်း ကျန်သော်သူတို့ကို
ဆက်လက်ချုပ်နှောင်ထားသည်။

"ရန်ပြောင်း"(Yang Biao) မှ "ကျူကျွင်း"(Zhu Jun) အား

"ကျုပ်တို့က နန်းတော်ရဲ့ အမှုထမ်းတွေဖြစ်လျက်နဲ့ ဘုရင့်အတွက် ဘာမှမလုပ်ပေးနိုင်ခဲ့ဘူး။ ကျုပ်တို့


အသက်ရှင်လည်း အလကားပဲ" ဟု ပြောပြီး နှစ်ဦးလုံး ငိုယိုကြသည်။ "ကျူကျွင်း"(Zhu Jun) သည်
အိမ်ပြန်ရောက်ပြီးနောက် မကြာမီပင် နေမကောင်းဖြစ်ကာ သေဆုံးသွားသည်။

ထိုအိမ်ထောင်နှစ်ခုတို့၏ ရန်ပွဲကား မပြီးဆုံးသေးချေ၊ နေ့တိုင်းလိုလို တိုကြ် ပီး သုံးလတိုင်ကြာခဲ့သည်၊


လူတို့ လည်း သေကျေကုန်သည်။

"လီကျွယ်"(Li Jue) သည် မှော်ပညာတို့ကို အားကိုးလာသည်၊ မှော်ဆရာတို့ကို ခေါ်စေကာ ဗုံတို့ ကို


တီးပြီး တစ္ဆေ၊ သရဲတို့ကို ခေါ်သည်။ "ကျာရွှီ"(Jia Xu) သည် "လီကျွယ်"(Li Jue) အား
ထိုသို့ မလုပ်ရန်ပြောသော်လည်း နားမဝင်တော့ချေ။

"ရန်ချီ"(Yang Qi) သည် ဘုရင်အား ဤသို့လျှောက်တင်သည်။

"ကျာရွှ(ီ Jia Xu) ဟာ လီကျွ ယ်(Li Jue) ရဲ့ မိတ်ဆွေပေမယ့် အရှင်မင်းကြီးအပေါ်တော့ သစ္စာရှိပုံပေါ်တယ်"

များမကြာမီ "ကျာရွှီ"(Jia Xu) ရောက်လာသည်။ ဘုရင်မှ အောက်ပါအတိုင်းမိန့်သည်။

"တိုင်းပြည်ကို သနားသောအားဖြင့် ငါကိုယေ


် တ်ာကို မကူနိုင်ဘူးလား"

"ဒါက ကျွန်တော်မျိုးလုပ်ချင်တဲ့ ဆန္ဒပါ၊ ကျွန်တော်မျိုး တစ်ခုခုကြံစည်ပေးပါ့မယ်"

ထိုအချိန်တွင် "လီကျွယ်"(Li Jue) ရောက်လာကာ

"ကော်စီ(Guo Si) က သူ့တာဝန်ကို မလုပ်ဆောင်တာတဲ့အပြင် မှူးမတ်တွေကို ဖမ်းထားတယ်၊ နောက်ပြီး


အရှင်မင်းကြီးကိုပါ လုပ်ကြံချင်ပုံပဲ။ ကျွန်တော်မျိုးကြောင့်သာ မဟုတ်ရင် အရှင်မင်းမြတ်လည်း
အဖမ်းခံရမှာ" ဟု ပြောရာ ဘုရင်မှ "လီကျွယ်"(Li Jue) အား ကျေးဇူးတင်စကားပြောသည်။

နောက် "ဟွမ်ဖူလ"ီ (Huangfu Li) အခစားဝင်သောအခါ ဘုရင်သည် "ဟွမ်ဖူလ"ီ (Huangfu Li) သည်
"လီကျွယ်"(Li Jue) နှင့် တစ်နယ်တည်းသားဖြစ်သည့်အပြင် စကားပြောကောင်းသူဖြစ်သည့်အတွက်

192
ငြိမ်းချမ်းရေးညှိနှိုင်းစေရန် တာဝန်ပေးလိုက်သည်။ "ဟွမ်ဖူလ"ီ (Huangfu Li) လည်း သဘောတူလိုက်ပြီး
"ကော်စီ"(Guo Si) ထံသွားသည်။ "ကော်စ"ီ (Guo Si) မှ

"လီကျွယ်(Li Jue) ဘက်ကသာ ဘုရင်ကို ပြန်လွှတ်ရင် ကျုပ်ကလည်း မင်းမှုထမ်းတွေကို လွှတေ


် ပးမယ်"
ဟု ပြောသည်။

ထို့နောက် "ဟွမ်ဖူလီ"(Huangfu Li) သည် "လီကျွယ်"(Li Jue) ထံသွားကာ အောက်ပါအတိုင်းပြောသည်၊

"ကျွန်တော်ကလည်း ရှီလျန်ကပဲ၊ ဘုရင်မင်းမြတ်ရဲ့အမိန့်နဲ့ ငြိမ်းချမ်းရေးလုပ်ဆောင်ဖို့ လာခဲ့တာ၊


ကော်စီ(Guo Si) ကတော့ ငြိမ်းချမ်းရေးကမ်းလှမ်းတာကို လက်ခံတယ်။ ခင်ဗျားဘက်ကကာ?"

"ကျုပ် လွီပ(ု Lu Bu) ကို တိုကထ


်ုတ်ပြီး တိုင်းပြည်တာဝန်ကို ထမ်းလာတာ လေးနှစ်ရှိပြီ။
နိုင်ငံငြိမ်းချမ်းနေတာက ကျုပ်ကြောင့်ဆိုတာ တစ်လောကလုံးသိတယ်။ ဟို သူခိုးက အမှုထမ်းတွေကို
ဖမ်းပြီး ကျုပ်ကို ဆန့်ကျင်ရဲတယ်။ အဲ့ကောင်ကို ကျုပ်လက်နဲ့ကိုယ်တိုင်သတ်မယ်လို့ သစ္စာဆိုထားတယ်။
ကျုပ်စစ်တပ်ကို ကြည့်ကြည့်။ အဲ့သူပုန်ရဲ့ စစ်တပ်ကို မနိုင်စရာအကြောင်းမရှိဘူး"

"ဟိုးအရင်က ဟိုရီ(Hou Yi) ဆိုတဲ့လဟ


ူာ သူ့မြားအစွမ်းနဲ့ မာနတက်ပြီး တခြားလူတွေကို ဂရုမစိုကပ
်ဲ
သူတစ်ဦးတည်းအုပ်ချုပ်ခဲ့တယ်။ သူလည်း နောက်ပိုင်းတော့ ကျရှုံးသွားခဲ့တာပဲ။ နောက်ပြီး
အင်မတန်တန်ခိုးဩဇာကြီးခဲ့တဲ့ တုန်ကျိုး(Dong Zhuo) ကို လွီပု(Lu Bu) က သတ်နိုင်ခဲ့တာ
ခင်ဗျားကိုယ်တွေ့ပဲလေ။ ဒါကြောင့် စစ်တပ်ရှိရုံနဲ့ လုံခြုံမှုရှိတယ်လို့ မဆိုနိုင်ဘူး။ အခုခင်ဗျားက
နန်းတော်ရဲ့ဘွဲ့တွေ၊တံဆိပ်တွေ ရထားတဲ့စစ်သူကြီးတစ်ဦး၊ နောက်ပြီး ခင်ဗျား ဆွေမျိုးတွေကလည်း
ရာထူးတွေအသီးသီးရှိကြတယ်။ ကော်စီ(Guo Si) က မှူးမတ်တွေကို ဖမ်းထားတယ်ဆုတ
ိာ မှန်တယ်။
ပြောရရင်တော့ ခင်ဗျားလည်း ဘုရင်မင်းမြတ်ကို ဖမ်းချုပ်ထားတာ မဟုတ်လား၊ သူ့ထက်တောင်
ခင်ဗျားလုပ်ရပ်က ဆိုးရွားတယ်လို့ မထင်ဘူး လား"

ထိုအခါ "လီကျွယ်"(Li Jue) သည် ဒေါသဖြင့် ဓားကိုဆွဲကာ

"ဘုရင်က ကျုပ်ကိုအရှက်ခွဲဖို့ ခင်ဗျားကို လွှတလ


ိုကတ
်ာလား" ဟု ပြောသည်။ စစ်သူကြီး "ရန်ဖုန်း"(Yang
Feng) မှဝင်၍

"ကော်စီ(Guo Si) က အသက်ရှင်လျက်ရှိသေးတယ်။ ဘုရင့်အမိန့်ပို့သူကို သတ်လိုကရ


် င် သူ ခင်ဗျားကို
စစ်ကျေညာဖို့ အကြောင်းပြချက်ရှိသွားမယ်။ ပြီးရင် ကျန်တဲ့မြို့စား၊နယ်စားတွေပါ စစ်ထဲဝင်ပါလာလိမ့်မယ်"
ဟု ပြောသည်။

193
"ကျာရွှ"ီ (Jia Xu) သည်လည်း "လီကျွယ်"(Li Jue) ကို ဖြောင်းဖျလေရာ စိတ်ပြေသွားသည်။ ထို့ နောက်
"ဟြမ္ဖူလ"ီ (Huangfu Li) ကို လႊတေ
် ပးလိုကသ
် ည်။

"ဟွမ်ဖူလ"ီ (Huangfu Li) သည် အပြင်သို့ထွက်ကာ ကျယ်လောင်စွာဖြင့်

"လီကျွယ်(Li Jue) က ဘုရင့်အမိန့်တောင် မနာခံတော့ဘူး။ နောက်ပိုင်း ဘုရင်ကို သတ်ပြီး သူကိုယ်တိုင်


မင်းလုပ်တော့မှာ" ဟု အော်လေသည်။ ဝန်ကြီး "ဟူမြောင်"(Hu Miao) သည် "ဟွမ်ဖူလီ"(Huangfu Li)
အား

"အဲ့ဒါတွေ မပြောနဲ့၊ ကိုယ့်စကားကြောင့် ကိုယ်ပဲ ဒုကေ


ၡ ရာက်မယ်" ဟု ပြောသည်။ "ဟွမ်ဖူလ"ီ (Huangfu
Li) မှ

"ခင်ဗျားလည်း နန်းတွင်းအမှုထမ်းမဟုတ်လား။ ဘာလို့ သူပုန်ကို ထောက်ခံတာလဲ? ဘုရင် ဒုကေ


ၡ ရာက်ရင်
အမတ်တွေလည်း သေရမှာပဲ။ လီကျွ ယ်(Li Jue) လက်ချက်နဲ့ သေရင်လည်း သေပါစေတော့" ဟု
ပြန်ပြောသည်။

ထို့နောက် "ဟွမ်ဖူလီ"(Huangfu Li) သည် ဆဲရေးတိုင်းထွာလေသည်။ ထိုအကြောင်းကို ဘုရင်ကြားသော်


"ဟွမ်ဖူလ"ီ (Huangfu Li) ကို ရှီလျန်သို့ ပြန်လွှတလ
ိုကသ
် ည်။

"လီကျွယ်"(Li Jue) ၏ စစ်သားတစ်ဝက်ကျော်မှာ ရှီလျန်နယ်သားများဖြစ်သည်။ ထို့ ပြင် မြောက်ပိုင်းမှ


လူမျိုးစုအချို့လည်း ပါဝင်သည်။ "ဟွမ်ဖူလ"ီ (Huangfu Li) သည် "လီကျွ ယ်"(Li Jue) မှာ
သူပုန်ဖြစ်သည်ဟူသောသတင်းကို လွှင့်လေရာ "လီကျွယ်"(Li Jue) ၏ စစ်သားတို့
စိတဓ
်ာတ်ကျလေသည်။

ထိုအခါ "လီကျွယ်"(Li Jue) သည် "ဟွမ်ဖူလ"ီ (Huangfu Li) အား ဖမ်းရန် စစ်သူကြီး "ဝမ်ချန်"(Wang
Chan) ကို စေလွှတ်သည်။ ထိုစစ်သူကြီးသည် တရားမျှတသောသူဖြစ်၍ "ဟွမ်ဖူလ"ီ (Huangfu Li) ကို
မဖမ်းပဲ ပြန်လာကာ ရှာမတွေ့ကြောင်း ပြောသည်။

"ကျာရွှ"ီ (Jia Xu) သည်လည်း မြောက်ပိုင်းသားတို့ ကို ချဉ်းကပ်ကာ

"ဘုရင်က ခင်ဗျားတို့ သူ့အပေါ် သစ္စာရှိမှန်းသိတယ်။ ဒါကြောင့် ခင်ဗျားတို့ စစ်မတိုက်ပဲ


ကိုယ့်နယ်ကိုယ်ပြန်ရင် ဆုလာဘ်တွေပေးမယ်လို့ မိန့်တော်မူတယ်" ဟု ဆိုလေသည်။

ထိုမြောက်ပိုင်းသားတို့သည်ကား သူတို့ကို "လီကျွယ်"(Li Jue) မှ လခမပေးသဖြင့်


မုန်းတီးနေကြပြီးဖြစ်သည်။ "ကျာရွှ"ီ (Jia Xu) ၏ ထိုစကားကိုကြားသည်နှင့် စစ်တပ်မှ
ထွက်ခွာသွားကြသည်။

194
ထို့နောက် "ကျာရွှီ"(Jia Xu) သည် ဘုရင်အား ဤသို့ အကြံပေးသည်။

"လီကျွယ်(Li Jue) က အလိုရမ္မက်ကြီးတဲ့လူ၊ သူ့ကိုသာ ရာထူးကြီးကြီးပေးလိုက်ရင်


အောက်ခြေလွတ်သွားလိမ့်မယ်"

ထိုအခါ ဘုရင်သည် "လီကျွ ယ်"(Li Jue) ကို အစစ်အမှန် သေနာပတိရာထူးကိုပေးလိုကသ


် ည်။ ထိုအခါ
"လီကျွယ်"(Li Jue) သည် အင်မတန်ဝမ်းသာသွားပြီး မှော်ဆရာတို့ကျေးဇူးကြောင့်
ရာထူးတက်သည်အထင်နှင့် ထိုသတ
ူ့ို ကို ဆုချီးမြှင့်ပြီး စစ်တပ်ကိုကား မေ့လျော့နေခဲ့သည်။ ထိုအခါ
စစ်သြူ ကီး "ရန်ဖုန်း"(Yang Feng) သည် မကျေမနပ်ဖြစ်ကာ စစ်သူကြီး "စုန်းကော်"(Song Guo) ကို

"ကျုပ်တို့က ရန်သရ
ဲူ့ထောင်ချောက်ကျောက်တုံးတွေ၊ မြားတွေကြားမှာ အသက်နဲ့ရင်းပြီး လုပ်ရတာ၊
ဆုပေးတော့ ဟိုဘာမှမဟုတ်တဲ့ မှော်ဆရာတွေကို ပေးတယ်" ဟု ပြောသည်။

"သူ့ကိုတိုက်ပြီး ဘုရင်ကို ကယ်ကြရအောင်"

"ခင်ဗျားက အထဲက အချက်ပြတာနဲ့ ကျုပ်အပြင်ကတိုက်မယ်"

ထို့ညနှစ်ချက်တီးအချိန်တွင် "လီကျွ ယ်"(Li Jue) အားတိုက်ရန်ပြင်သည်။ သို့သော်လည်း ထိုသတင်းကား


"လီကျွယ်"(Li Jue) ထံပေါက်ကြားသွားခဲ့ပြီ။ "စုန်းကော်"(Song Guo) ကို ဖမ်းပြီး သတ်လိုက်သည်။
"ရန်ဖုန်း"(Yang Feng) သည် အပြင်ဘက်တွင် စောင့်နေစဉ် "လီကျွယ်"(Li Jue) ကိုယ်တုင
ိရောက်လာရာ
နှစ်ဦးနှစ်ဖက်လုံး လေးချက်တီးအချိန်ထိတိုက်ကြသည်။ ထို့ နောက် "ရန်ဖုန်း"(Yang Feng) သည်
ရှန်ပြည်နယ်သို့ ထွက်ပြေးသွားသည်။

ထိုအချိန်တွင် "လီကျွယ်"(Li Jue) ၏ စစ်တပ်ကား "ကော်စီ"(Guo Si) ၏ ထိုးစစ်ကြောင့်


အင်အားချိနဲ့နေပြီ။ ထို့ အပြင် "ကျန်းကျိ"(Zhang Ji) သည် စစ်တပ်ကြီးကို ဦးဆောင်ကာ ထိုတပ်ဖွဲ့တို့ ကို
ငြိမ်းချမ်းရေးယူစေရန် စန်းရှီမှ ချီတက်လာပြီဖြစ်သည်။ "ကျန်းကျိ"(Zhang Ji) သည်
ငြိမ်းချမ်းရေးမလိုချင်သော အဖွဲ့ကို တိုက်မည်ဟု ကျေညာလေရာ "လီကျွယ်"(Li Jue) သည်
"ကျန်းကျိ"(Zhang Ji) ထံ လူလတ
ွှ်ပြီး စစ်ပြေငြိမ်းမည်ဖြစ်ကြောင်းပြောသည်။ "ကော်စီ"(Guo Si) လည်း
ထိုနည်းတူပင် ဖြစ်သည်။

သို့နှင့် ထိုအဖွဲ့နှစ်ခုတို့၏ ပြဿနာ ငြိမ်းချုပ်သွားသည်။

"ကျန်းကျိ"(Zhang Ji) သည် ဘုရင်အား လော့ရန်အနီးရှိ ဟုန်နုန်သို့ ပြောင်းစံရန် အကြံပြုသည်။


ဘုရင်ကလည်း

195
"ငါကိုယ်တော် အရှေ့ဘက်ကို ပြန်သွားချင်တာ ကြာပြီ" ဟု ဆိုလေသည်။

"ကျန်းကျိ"(Zhang Ji) ကို မြင်းပျံတပ် စစ်သူကြီးရာထူးပေးကာ ချီးမြှောက်လေသည်။ "ကျန်းကျိ"(Zhang Ji)


သည် ဘုရင်နှင့် နန်းတွင်းအတွက် လိုအပ်သည်တို့ ကို လုပ်ပေးသည်။ "ကော်စီ"(Guo Si) သည်
မှူးမတ်တို့ကို လွှတေ
် ပးလိုက်ပြီး "လီကျွယ်"(Li Jue) ကလည်း အမတ်တို့ ကို အရှေ့ဘက်သို့
ပြောင်းရန်ပြင်သည်။ ထို့နောက် "လီကျွယ်"(Li Jue) လိုက်ပါသောအစောင့်ထဲတွင်
သူ၏အစောင့်တို့ ကိုထည့်လိုကသ
် ည်။

ရှင်းဖုန်းရှိ တံတားတစ်ခုနားဝယ် စစ်တပ်တို့က လမ်းကို ပိတ်ထားသည်။ ထိုစစ်တပ်မှ လူတို့ က

"ဘယ်သူလဲ" ဟု မေးသည်။

ထိုအခါ "ရန်ချီ"(Yang Qi) သည် အရှေ့သို့ ထွကလ


်ာပြီး

"နန်းတွင်းက လှည်းလာတာ။ ဘယ်သူ လမ်းပိတရ


်ဲတာလဲ?" ဟု ပြောသည်။

ထိုအခါ လမ်းပိတ်ထားသော စစ်တပ်၏ ခေါင်းဆောင်နှစ်ဦးက

"စစ်သူကြီး ကော်စ(ီ Guo Si) က ဒီတံတားကို ရန်သူတွေ မလာအောင် စောင့်ကြပ်ခိုင်းထားလို့၊ ဘုရင်က


ဒီမှာဆိုရင် သူ့ကို မြင်မှသာလျှင် ဖြတ်သန်းခွင့်ပေးမယ်" ဟု ဆိုသည်။

ထိုအခါ ဘုရင်သည် လှည်းမှ လိုကက


်ာကို ဖွင့်ကာ

"ငါ ကိုယ်တော်တိုင် ဒီမှာရှိတာ ဘာလို့ လမ်းမဖယ်ကြတာတုန်း" ဟု ဆိုသည်။

ထိုအခါမှသာ ထိုစစ်သားတို့က "ဘုရင်မင်းမြတ် သက်တော်ရာကျော်ရှည်ပါစေ" ဟု ဆိုပြီး


လမ်းဖယ်ပေးလိုက်သည်။ ထိုအကြောင်းကို "ကော်စ"ီ (Guo Si) အား သတင်းပို့လျှင် "ကော်စ"ီ (Guo Si)
သည် စိတ်ဆိုးမာန်ဆိုးဖြင့်

"ငါက ကျန်းကျိ(Zhang Ji) ထက်အရင် ဘုရင်ကို ထိန်းသိမ်းထားပြီး မေဝေါ်ကို ပို့မလို့ ။ မင်းတို့က ဘာလို့
သွားစေလိုက်တာလည်း?" ဟု ဆိုကာ ထိုခေါင်းဆောင်နှစ်ဦးကို သတ်လိုကေ
် လသည်။ ထို့ နောက်
"ကော်စီ"(Guo Si) သည် စစ်တပ်ကို ပြင်ကာ သူကိုယ်တိုင် လိုကေ
် လသည်။ ဘုရင့်တပ်ကို မှီခါနီးတွင်
"လှည်းကို ရပ်လိုက"် ဟု အော်ပြောသည်။

ထိုအခါ ဘုရင်က

"မြေခွေးဂူက ထွက်လာပြန်တော့ အခု ကျားခံတွင်းထဲရောက်တော့မယ်" ဟု ပြောလေသည်။

196
သူပုန်တို့ ရောက်လာသဖြင့် ဘာလုပ်ရ၊ ဘာကိုင်ရမှန်းမသိဖြစ်နေချိန်တွင် ဆိုင်းသံ၊ ဗုံသံတို့ ဖြင့်
အင်အားတစ်ထောင်ခန့်ရှိသော စစ်တပ်တစ်တပ် ထွကေ
် ပ်ါလာသည်။ ထိုစစ်တပ်၏ အလံတွင်
ဟန်စစ်သူကြီး ရန်ဖုန်း(Yang Feng) ဟု ရေးထားသည်။ "ရန်ဖုန်း"(Yang Feng) သည် "လီကျွ ယ်"(Li Jue)
ကို ရှုံးသွားပြီးနောက် ထွကေ
် ပြးသွားခဲ့သည်။ ယခုသော် ဘုရင် ခရီးထွက်သည့်သတင်းကိုကြားသဖြင့်
ဘုရင့်ကို ကာကွယ်ရန် ရောက်လာခြင်းဖြစ်သည်။

"ကော်စီ"(Guo Si) ၏ စစ်သူကြီး "ချွေးယု"ံ (Cui Yong) သည် ရှေ့သို့ထွက်လာသည်။ ထိုအခါ


"ရန်ဖုန်း"(Yang Feng) မှ

"ရွှီဟမ
ွ်(Xu Huang) ဘယ်မှာလဲ" ဟု အော်လိုက်သည်။

အော်လုက
ိသည်နှင့် အနောက်ဘက်မှ ပုဆိန်ကိုင်ထားသော လူတစ်ဦးထွက်လာကာ "ချွေးယုံ"(Cui Yong)
ကို သတ်လိုကသ
် ည်။ ထို့ နောက် "ကော်စီ"(Guo Si) ကိုလည်း အနိုင်တိုက်လိုက်သည်။ ရှုံးသွားသော
စစ်တပ်သည် ခုနှစ်မိုင်အကွာခန့်သို့ တပ်ဆုတ်သွားသည်။

ဘုရင်မှ "ရန်ဖုန်း"(Yang Feng) အား

"ပြောင်မြောက်တဲ့ စွမ်းဆောင်ချက်ပဲ၊ ငါကိုယ်တော်ကို အသင် စစ်သူကြီးကယ်ခဲ့တာပဲ" ဟုဆိုလေသည်။

"ရန်ဖုန်း"(Yang Feng) လည်း အရိုအသေပြုကာ ကျေးဇူးတင်သည်။ ထို့ နောက် ဘုရင်သည် ရန်သူကို


တိုက်ထုတ်လိုက်သော သူရဲကောင်း၏နာမည်ကို မေးရာ "ရွှီဟွမ"် (Xu Huang) သည် ဘုရင့်ရေ
ှ့မှောက်သို့
ရောက်လာသည်။ ဘုရင်လည်း "ရွှီဟွမ်"(Xu Huang) ၏ စွမ်းဆောင်ချက်ကို အသိအမှတ်ပြုလေသည်။

"ရန်ဖုန်း"(Yang Feng) သည် ဘုရင်ကို စောင့်ကြပ်ကာ ဟွားရင်သို့ ရောက်သော်


ခရီးတစ်ထောက်နားသည်။ ထိုအရပ်ရှိ စစ်သူကြီး "တွမ်ဝေ"(Duan Wei) က အဝတ်အစားနှင့် စားစရာတို့
ထောက်ပံ့သည်။ ဘုရင်သည် "ရန်ဖုန်း"(Yang Feng) ၏ ရွက်ဖျင်တဲတွင် အိပ်လေသည်။

နောက်တစ်ရက်တွင် "ကော်စ"ီ (Guo Si) ရောက်လာကာ ဘုရင်စခန်းချသောနေရာကို ဝန်းရံသည်။


"ရွှီဟမ
ွ်"(Xu Huang) သည် ကူညီရန်ပြင်သော်လည်း "ကော်စ"ီ (Guo Si) ၏ တပ်သည် ဘုရင့်ကို
ဝန်းရံထားပြီးဖြစ်သည်။ ထိုအချိန်တွင် အရှေ့တောင်ဘက်မှ လူတစ်ဦးသည် လာရောက်ကူညီသည်၊ ထိုလူ၏
အကူအညီနှင့်အတူ "ရွှီဟွမ်"(Xu Huang) တိုကေ
် လရာ ရန်သတ
ူ့ို ကို အနိုင်ရသည်။

197
ထိုလာကူသူမှာ ဘုရင်၏ ဦးလေး သို့ မဟုတ် ဦးရီးတော် "တုန်းချန်"(Dong Cheng) ဖြစ်သည်။ ဘုရင်သည်
သူ၏ဦးလေးကို မြင်လေလျှင် စိတ်မကောင်းဖြစ်မှုတို့ ကို တွေးကာ ငိုသည်။ ထိုအခါ "တုန်းချန်"(Dong
Cheng) က

"အရှင်မင်းကြီး၊ သတ္တိရှိရှိနေပါ၊ ကျွန်တော်ရော ရန်ဖုန်း(Yang Feng) ရောဟာ လီကျွ ယ်(Li Jue) နဲ့
ကော်စီ(Guo Si) ကို တိုက်ထုတ်ဖို့ သစ္စာဆိုထားပါတယ်" ဟု ပြောသည်။

ဘုရင်လည်း အရှေ့ဘက်သို့မြန်မြန် ချီတက်စေရာ နောက်ဆုံးတွင် ဟုန်နုံသို့ ရောက်သည်။ "ကော်စီ"(Guo


Si) သည် တပ်ပြန်ဆုတ်ရာ လမ်းတွင် "လီကျွယ်"(Li Jue) နှင့် တွေ့သည်။

"ကော်စီ"(Guo Si) : "ဟွာစန်းတောင်ကို ရောက်ပြီး အရှေ့ဘက်ကိုရောက်သွားရင် သူတို့ က


အနယ်နယ်အရပ်ရပ်ကို စာပို့ပြီး ငါတို့ကို တိုက်စေလိမ့်မယ်။ ငါတို့အတွက် အန္တရာယ်ရှိလာနိုင်တယ်"

"လီကျွယ်"(Li Jue) : "ချန်အန်းကို ကျန်းကျိ(Zhang Ji) က သိမ်းထားတယ်။ ငါတို့ သတိထားရမယ်။


ငါတို့ နှစ်ယောက် ဟုန်နုံကို ပေါင်းတိုက်၊ ဘုရင်ကို သတ်ပြီး တိုင်းပြည်ကို တစ်ဝက်စီ ခွဲကြရအောင်"

"ကော်စီ"(Guo Si) လည်း ထိုအကြံကို လက်ခံလိုက်ပြီး သူတို့ နှစ်ဦး၏ တပ်ကို ပေါင်းစည်းလိုက်သည်။


ထို့နောက် ဟုန်နုံကို ချီတက်ပြီး လမ်းတစ်လျှောက်ရှိ မြို့ရွာတို့တွင် ခိုးဆိုးလုယက်လေသည်။
ထိုသတင်းကို "ရန်ဖုန်း"(Yang Feng) နှင့် "တုန်းချန်"(Dong Cheng) တို့ကြားသော် နောက်ပြန်လှည့်ပြီး
တုန်းကျန့်တွင် စစ်ဆင်ရန်ပြင်သည်။

"လီကျွယ်"(Li Jue) နှင့် "ကော်စ"ီ (Guo Si) တို့ ၏ တပ်ကား ကြီးမားပြီး ဘုရင့်တပ်အား
အင်အားနည်းလှသည်။ "ရန်ဖုန်း"(Yang Feng) နှင့် "တုန်းချန်"(Dong Cheng) တို့ မှာ ဘုရင်နှင့် မိဖုရားကို
ကာကွယရ
် န်သာ အလူးအလဲကြိုးပမ်းရသည်။ ထို့ကြောင့် နောက်ဆုံးတွင် သူပုန်တို့ ဟုန်နုံကို
ဖျက်စီးလိုက်သော်လည်း ဘုရင်ကို ဘေးကင်းရာ ရှန်ပေသို့ ပို့ ဆောင်နိုင်ခဲ့သည်။

သူပုန်စစ်သူကြီးတို့ သည် ဘုရင့်နောက်ထပ်လိုက်ရန် ဟန်ပြင်ကြသောအခါ "ရန်ဖုန်း"(Yang Feng) နှင့်


"တုန်းချန်"(Dong Cheng) တို့ သည် အားမတန်မာန်လျှော့ပြီး သူပုန်တို့ နှင့် ငြိမ်းချမ်းရေးရယူရန်
ကမ်းလှမ်းသည်၊ တစ်ချိန်တည်းတွင်ပင် အဖြူရောင်လှိုင်းသူပုန်အဖွဲ့ ခေါင်းဆောင်ဖြစ်သည့် "ဟန်ရှန်"(Han
Xian) ၊ "လီယွဲ့ "(Li Yue) ၊ "ဟူချိုင်"(Hu Cai) တို့ကို ဆက်သွယက
်ာ အကူအညီတောင်းသည်။
ထိုအဖြူရောင်လှိုင်းသူပုန်အဖွဲ့ သည် အဝါရောင်သူပုန်တို့ ၏ အခွဲဖြစ်ခဲ့ပြီး "လီယွဲ့"(Li Yue) သည်
တစ်နိုင်ငံလုံးရှိ သူပုန်တို့ နှင့် အဆက်အသွယ်ရှိသည်။

198
ထိုသူသုံးဦးလုံး၏ အပြစ်တို့ ကို မယူသည့်အပြင် ရာထူးပေးမည်ဟု မက်လုံးပေးသဖြင့်
အဖြူရောင်လှိုင်းသူပုန်တို့ က ပူးပေါင်းရန် သဘောတူသည်။ သို့ နှင့် ဘုရင့်တပ်အင်အားပြန်ကြီးလာကာ
ဟုန်နုံကို သိမ်းနိုင်သည်။

"လီကျွယ်"(Li Jue) နှင့် "ကော်စ"ီ (Guo Si) တို့ သည် မြို့များရွာများကိုတိုက်ကာ အသက်ကြီးသူတို့ ကို
သတ်ပြီး ငယ်ရွယ် သန်မာသူတို့ ကို စစ်ထဲဝင်စေသည်။ ထိုသူတို့ ကို စစ်တိုက်သောအခါ ရှေ့တန်းတွင်
ထားကာ တိုက်စေသည်။ ထိုစစ်တပ်ဖွဲ့ကို အသေခံစစ်တပ်ဖွဲ့ ဟု ခေါ်သည်ဆို၏။

"လီကျွယ်"(Li Jue) နှင့် "ကော်စ"ီ (Guo Si) တပ်ကား ကြောက်ခမန်းလိလိ အင်အားကြီးသည်။


အဖြူရောင်လှိုင်းတပ်ဖွဲ့ တို့ နောက်မှလိုက်လာသောအခါ အင်္ကျီနှင့် အဖိုးတန်ပစ္စည်းတို့ ကို
လမ်းတွင်ကြဲထားစေသည်။ သူပုန်ဟောင်းတို့ကား ရတနာတို့ကိုမြင်သော် မကောက်ပဲ မနေနိုင်ကြချေ။
ထိုအချိန်ဝယ် "ကော်စီ"(Guo Si) ၏ တပ်က ဝင်တိုက်လေရာ အဖြူရောင်လှိုင်းတပ် အထိနာလေသည်။
ထို့ကြောင့် "ရန်ဖုန်း"(Yang Feng) နှင့် "တုန်းချန်"(Dong Cheng) တို့သည် ဘုရင်ကို မြောက်ပိုင်းသို့
ခေါ်သွားသည်။ "လီကျွယ်"(Li Jue) နှင့် "ကော်စ"ီ (Guo Si) တို့လည်း နောက်မှ လိုကြ် ကသည်။

"လီယွဲ့ "(Li Yue) : "အန္တရာယ်ကျရောက်နေပါပြီ၊ အရှင်မင်းကြီး မြင်းစီးပြီး အရင်တမ


ိးရှောင်နှငပ
့်ါ"

"ဘုရင်" : ငါ့ နောက်လိုက်တွေကို ထားခဲ့ပြီး မသွားနိုင်ဘူး "

ထို့နောက် သူပုန်တို့ကို အပြင်းအထန်ခုခံကြသည်။ ထိုတိုကပ


်ွဲတွင် အဖြူရောင်လှိုင်းအဖွဲ့ ခေါင်းဆောင်
"ဟူချိုင်"(Hu Cai) အသတ်ခံရသည်။

ရန်သတ
ူ့ို လည်း နီးကပ်လာရာ ဘုရင်သည် လှည်းပေါ်မှ ဆင်းပြီး ခြေလျင်လျှောက်ရသည်။ "ရန်ဖုန်း"(Yang
Feng) နှင့် "တုန်းချန်"(Dong Cheng) တို့ သည် ဘုရင်ကို မြစ်ဝါမြစ်၏ ကမ်းစပ်အထိလုက
ိပို့ သည်။
"လီယွဲ့ "(Li Yue) သည် ကမ်းတစ်ဖက်ကူးရန် လှေတစ်စီး ပြင်ထားသည်။

ရာသီဥတုမှာ အင်မတန်အေးပြီး ဘုရင်နှင့်မိဖုရားကား ခိုကခ


ိုက်တုန်အောင် ချမ်းနေသည်။ မြစ်ကမ်းသို့
ရောက်သွားသော် မြစ်ကမ်းမှာ မြင့်လွန်း၍ လှေရှိရာသို့ မဆင်းနိုင်ချေ။ ထိုအခါ "ရန်ဖုန်း"(Yang Feng) မှ
မြင်းထိန်းကြိုးဖြင့် ဘုရင်နှင့် မိဖုရားတို့ ကို ချည်နှောင်ကာ အောက်သို့ ချရန် အကြံပြုသည်။ ထိုအချိန်တွင်
မိဖုရား၏ အစ်ကို "ဖူတဲ့"(Fu De) သည် သေနေသော စစ်သားတို့ထံမှ ပိုးထည်စတို့ ကို ရလေရာ
ထိုပိုးထည်တို့ဖြင့် ချီပြီး ဘုရင်နှင့်မိဖုရားကို အောက်သို့ချသည်။ "လီယွဲ့"(Li Yue) သည်
ဓားကိုနံဘေးတွင်ထောင်ကာ လှေတွင် နေရာယူသည်။ "ဖူတ့"ဲ (Fu De) သည် မိဖုရားကို ကုန်းပိုးပြီး
လှေပေါ်သို့ ပို့ ဆောင်သည်။

199
လှေသည် သေးလွန်းသဖြင့် အကုန်လုံးကို တင်ဆောင်ရန် မဆန့်ချေ။
လှေပေါ်သို့ မလိုက်ပါနိုင်သောသူတို့ သည် ကြိုးကိုဆြွဲ ကသည်၊ သို့ သော်လည်း "လီယွဲ့ "(Li Yue) က
ထိုသူတို့ ကို ဓားဖြင့် ခုတ်လိုက်လေသည်။ လူများစွာတို့ အလုအယက် ထိုလှေပေါ်တက်ရန်
ကြိုးပမ်းကြသည်။ အချို့မှာ လှေကို လက်တို့ ဖြင့် ဆွဲထားရာ ထိုလက်တို့ ကို ဖြတ်ခဲ့ရသည်။

တစ်ဖက်ကမ်းသို့ ရောက်သော် ဘုရင့်ဘက်တော်သားတို့ မှာ ဆယ့်နှစ်ယောက်ခန့်သာ ကျန်တော့သည်။


"ရန်ဖုန်း"(Yang Feng) သည် နွားလှည်းကို တွေ့ရာ ဘုရင်နှင့် မိဖုရားတို့ ကို တရန်သို့ ပို့ စေသည်။
ထိုနေရာတွင် စားစရာလည်းမရှိ၊ နေရသည့်နေရာမှာလည်း အိုဟောင်းစုတ်ပဲ့နေသော အိမ်လေးဖြစ်သည်။
ရွာသားတို့က ကောက်ပဲသီးနှံဖြင့် လုပ်ထားသောအစားအစာကို ပေးသော်လည်း ထိုအစာသည် မြိုချရန်ပင်
ခက်ခဲလွန်းသည်။

နောက်ရက်တွင် ဘုရင်သည် သူ့ကို စောင့်ရှောက်သောသူတို့ ကို ရာထူးများပေးသည်။ "လီယွဲ့"(Li Yue)


အား မြောက်ဘက်ကုေ
ိ အာင်နိုင်သော စစ်သူကြီးဟူ၍လည်းကောင်း၊ "ဟန်ရှန်"(Han Xian)
ကိုအရှေ့ဘက်ကိုအောင်နိုင်သော စစ်သူကြီးဟူ၍လည်းကောင်း ဘွဲ့ပေးသည်။

နောက်ရက်တွင် မှူးမတ်နှစ်ဦးရောက်လာသည်။ ထိုသူတို့ကား "ရန်ပြောင်း"(Yang Biao) နှင့် ဝန်ကြီး


"ဟန်ရုံ"(Han Rong) တို့ဖြစ်သည်။ "ဟန်ရုံ"(Han Rong) မှ သူ၏လုပ်ဖော်ကိုင်ဘက်အား

"သူပုန်တွေက ငါ့စကားကို ယုံကြမှာပဲ။ ခင်ဗျားက ဘုရင်ကို စောင့်ရှောက်ပါ။ ငါတော့ အသက်ကိုရင်းပြီး


ငြိမ်းချမ်းမှုကို လုပ်လို့ ရမလား ကြိုးစားကြည့်မယ်" ဟု ဆိုပြီးနောက် ထွက်သွားသည်။

ဘုရင်သည် "ရန်ဖုန်း"(Yang Feng) ၏ ရွက်ဖျင်တဲတင


ွ် အချိန်အတန်ကြာ အနားယူသည်။
"ရန်ပြောင်း"(Yang Biao) မှ ဘုရင်အား အန်းရီကို မြို့တော်အဖြစ် သတ်မှတ်ရန်အကြံပေးသည်။
ထိုနေရာသို့ ရောက်သောအခါဝယ် ထိုနေရာတွင် အဆောက်အအုံဟ၍
ူ မရှိ၊ ကွကလ
် ပ်ကြီးဖြစ်နေသည်။
ထိုနေရာကို လုံခြုံမှုအတွက် ဆူးကြိုးပါသော ထရံတို့ ဖြင့် ကာရံရသည်။ ထိုအထဲတွင် ဘုရင်နှင့်
အမှုထမ်းတို့သည် နေကြပြီး အပြင်ဘက်တွင်မူ စစ်သားတို့က စခန်းချလေသည်။

ထိုအချိန်တွင် "လီယွဲ့ "(Li Yue) နှင့် အပေါင်းအပါတို့၏ သရုပ်မှန်ပေါ်လာသည်။ ဘုရင်ကို ခြယ်လှယ်ပြီး


သူတို့ အား ဆန့်ကျင်သူတို့ ကို အပြစ်ပေးသည်။ ထို့အပြင် ဘုရင်အား မကောင်းသောအစားအစာ၊
အရက်တို့ ကို ဆက်သလေသည်။ ထိုမျှမက မကောင်းသောသူတို့ ကို ရာထူးပေးစေပြီး ထိုသူတို့သည်ပင်
နှစ်ရာခန့်ရှိလာသည်။ မှူးမတ်တံဆိပ်တံုး မလုပ်နိုင်သဖြင့် သတ္တုတို့ကို ပုံစံသွင်းကာ တံဆိပ်တုံးအနေနှင့်
ထားလေသည်။ နန်းတွင်းကား ဤမျှအထိ နိမ့်ကျခဲ့သည်။

200
"ဟန်ရုံ"(Han Rong) သည် "လီကျွယ်"(Li Jue) နှင့် "ကော်စ"ီ (Guo Si) ထံသွားပြီး ငြိမ်းချမ်းမှုယူရန်
ဆွဲဆောင်ရာ နောက်ဆုံးတွင် ထိုသပ
ူုန်နှစ်ဦးတို့ က နန်းတွင်းသူ၊ နန်းတွင်းသားနှင့် မှူးမတ်တို့ကို
လွှတ်ပေးရန် သဘောတူလိုကသ
် ည်။

ထိုနှစ်တွင် စားနပ်ရိက္ခာပြတ်လပ်မှုဖြစ်လေရာဒုက္ခအကြီးအကျယ်ရောက်သည်။ သို့သော် ဟဲနေမြို့စား


"ကျန်းရန်"(Zhang Yang) နှင့် ဟဲတန
ုးမြို့စား "ဝမ်ရ"ီ (Wang Yi)တို့ က နန်းတွင်းသို့ အဝတ်အစား၊
စားစရာတို့ကို ထောက်ပံ့သဖြင့် အနည်းငယ်သက်သာရာရခဲ့သည်။

"တုန်းချန်"(Dong Cheng) နှင့် "ရန်ဖုန်း"(Yang Feng) တို့သည် လော့ရန်ရှိ နန်းတော်တို့ကို ဘုရင်


ပြန်ပြောင်းရွေှ့ရန်အတွက် ပြုပြင်သည်။ ၎င်းကို "လီယွဲ့ "(Li Yue) က ကန့်ကွကသ
် ည်။

"တုန်းချန်"(Dong Cheng) : "လော့ရန်က ဟိုးအရင်ကတည်းကမြို့တော်ပဲလေ၊ အန်းရီက မြို့သေးလေး။


ဒီလိုပြောင်းတာ ဖြစ်သင့်ပါတယ်"

"လီယွဲ့ "(Li Yue) : "ခင်ဗျားတို့ ပြောင်းချင်ပြောင်း၊ ကျုပ်ကတော့ ဒီမှာပဲနေရစ်ခဲ့မယ်"

သို့သော်လည်း မြို့ပြန်ပြောင်းရန် ဘုရင့်ထမ


ှံ ခွင့်ပြုချက်ရလေရာ "လီယွဲ့ "(Li Yue) သည် "လီကျွယ်"(Li
Jue) နှင့် "ကော်စ"ီ (Guo Si) တို့ထံ စာပို့ပြီး ပူးပေါင်းကာ ဘုရင်ကို ဖမ်းမည်ကြံသည်။ သို့သော်လည်း
ထိုအကြံပေါက်ကြားသွားပြီး ဘုရင့်လယ
ူုံတို့ က ဘုရင်ကို တိတတ
် ဆိတ်ခေါ်ကာ
ကျိကွမ်းတောင်ကုန်းသို့ ပြေးရန် ပြင်သည်။ "လီယွဲ့ "(Li Yue) သည် ထိုသတင်းကြားသော်
သူ၏နောက်လိုက်တို့ကို မစောင့်တော့ပဲ တစ်ဦးတည်း နောက်မှလိုက်သည်။

ဘုရင့်လှည်းသည် ထိုတောင်ကုန်းနားအရောက်တွင် အသံတစ်ခုထွကလ


်ာသည်။

"လှည်းကိုရပ်လိုက်၊ လီကျွ ယ်(Li Jue) နဲ့ ကော်စ(ီ Guo Si) ရောက်လာပြီ"

ထိုအသံသည် ဘုရင်ကို တုန်လပ


ှုသွားစေပြီး တောင်ကုန်းတစ်ခုလုံးတွင် မီးတို့ထိန်ထိန်လင်းသွားအခါ
ပို၍ကြောက်လန့်သွားသည်။

201
အခန်း(၁၄)

“ချောင်ချောင်း”(Cao Cao) က နန်းတော်ကို ရွှီချန် သို့ ပြောင်းရွှေ့ခြင်း ၊ ရွှီကျိုး ကို “လွီပ”ု (Lu Bu)
က ညဖက်ဝင်ရောက်စီးနင်းခြင်း။

ရှေ့အခန်းတွင် “လီယွဲ့ ”(Li Yue) က “လီကျွယ်”(Li Jue) နှင့် “ကော်စ”ီ (Guo Si) ရောက်လာပြီး ဘုရင်ကို
လာဖမ်းကြောင်း လိမ်ညာအော်ဟစ်သည်ဟု ဖော်ပြခဲ့လေပြီ။ သို့သော် “ရန်ဖုန်း”(Yang Feng) က
“လီယွဲ့ ”(Li Yue) ၏အသံကို မှတ်မိပြီး “ရွှီဟွမ်”(Xu Huang) ကို ထွကတ
ိုက်စေသည်။
ပထမအချက်တွင်ပင် “လီယွဲ့”(Li Yue) ကျလေသည်။ အဖြူရောင်လှိုင်းသူပုန်များလည်း ကစဥ့်ကလျား
ပြေးလေသည်။ ဤသို့ဖြင့် ဘုရင်နှင့်အဖွဲ့ သည် Zhiguan တောင်တန်းပေါ်သို့ အန္တရာယ်ကင်းစွာ
ရောက်သွားသည်။ ဟဲနေ မြို့စား “ကျန်းရန်”(Zhang Yang) က ရိက္ခာနှင့် အခြားလိုအပ်သည်များ
မြောက်မြားစွာ ထောက်ပံ့ပေးပြီး ဘုရင်ကို Zhidao သို့ လိုကလ
်ံပို့ဆောင်ပေးသည်။ ထို့ကြောင့် ဘုရင်က
“ကျန်းရန်”(Zhang Yang) ကို စစ်သူကြီးချုပ်ရာထူးခန့်လေသည်။ “ရန်ဖုန်း”(Yang Feng) က
သူ၏စစ်တပ်ကို လော့ရန် အရှေ့မြောက်အရပ်သို့ ရွှေ့ပြောင်းပြီး ရဲဝမ် ၌ တပ်စွဲထားသည်။

မြို့တော် လော့ရန် ထဲဝင်ရောက်လာခဲ့ကြသည်။ မြို့တွင်းတွင် မြင်မြင်သမျှ အပျက်အစီးချည်းပင်။


နန်းဆောင်များ ၊ ခန်းမများမှာ မီးသင့်ထားပြီး လမ်းများမှာလည်း ချုံနွယ် မြက်တို့ ပေါက်နေပြီး
အပျက်အစီးပုံများဖြင့် ပိတ်ဆို့နေသည်။ နန်းဆောင်များ၏ အမိုးများလည်း ပျက်စီးနေပြီး တံတိုင်းများမှာ
ပြိုကျနေသည်။ သို့နှင့် နန်းတော်အသေးစားတစ်ခု ဆောက်လုပ်လိုကြ် ကပြီး ဆူးချုံပုတ်များ ၊
နွယမ
်ျားကြားမှပင် ဘုရင်ကို ဂါရဝပြုကြသည်။ ခေတ်ကာလမှာ ကြွယ်ဝချမ်းသာသည့်အခြေအနေမှ
ပြန်လည်တည်ဆောက်ရေးအခြေသို့ လျော့ကျခဲ့လေသည်။ (၁၉၆ အေဒီ)

ဤနှစ်တင
ွ်ပင် အငတ်ဘေးကြုံလေသည်။ လော့ရန် ပြည်သူများမှာ ရာ ဂဏန်းမျှသာ ကျန်တော့သည်။
စားစရာမရှိ၍ သစ်ခေါက်များကို ခွာကာ စားရတော့သည်။ သစ်ဥသစ်ဖုတ့န
ှိုင့် အဆာဖြေရသည်။
မီးသင့်နေသောတံတိုင်းများ ပြိုကျ၍ လူအမြောက်အများ သေရပြန်သည်။ ဟန်ခေတ်နေဝင်ချိန်တွင်
ဤအဖြစ်မှာ အဆိုးဝါးဆုံးပင်။

နန်းတွင်းတပ်မှူး “ရန်ပြောင်း”(Yang Biao) က ဘုရင်ကို ဂါရဝပြုပြီး “ကျွန်တော့်ကို ပေးထားတဲ့ အမိန့်ကို


ပြီးပြတ်အောင် မလုပ်ဆောင်ရသေးပါဘူး။ “ချောင်ချောင်း”(Cao Cao) က အခု ဟွာရှန်း
တောင်အရှေ့ဘက်မှာ အင်အားအလွန်တောင့်တင်းပါတယ်။ သူ့ကို အကူအညီတောင်းတာ သင့်လျော်ပြီး
သူကလည်း နန်းတော်ကို ကူညီပါလိမ့်မယ်။” ဘုရင်က သင့်တော်သလို ဆောင်ရွက်ရန် အမိန့်ချသည်။

202
သို့နှင့် အမိန့်စာကို “ချောင်ချောင်း”(Cao Cao) ဆီ ပိ့ေ
ု စသည်။ တချိန်တည်းတွင် ဘုရင် မြို့တော် လော့ရန်
ကို ပြန်သည်ကြားသော် “ချောင်ချောင်း”(Cao Cao) က အကြံပေးများကို ခေါ်ယူသည်။ “ရွှင်ယိ”ွ (Xun Yu)
က “လွန်ခဲ့တဲ့ နှစ် ၈၀၀ က ကျိုး နိုင်ငံကျဆုံးချိန်မှာ “ရှန”် (Xiang) မင်းသားကို နယ်စား “ဝင်” Wen က
ကူညီပေးခဲ့တယ်။ မြို့စားနယ်စားအကုန်လုံးက သူ့ဖက်က ရပ်ခဲ့ကြတယ်။ ဒီလိုနဲ့ ကျင်း တိုင်းပြည်ကို
ထူထောင်နိုင်ခဲ့တယ်။ ဟန် တိုင်းပြည်ထူထောင်သူ “လျူဘန်း”(Liu Bang) ကလည်း ချူ နိုင်ငံပျက်ချိန်မှာ
“ရီ”(Yi) ဧကရာဇ် ဈာပနာကို တက်ရောက်ပြီး လူထုထောက်ခံမှု ရခဲ့တယ်။ အခု “ရှန”် (Xiang) ဧကရာဇ်ဟာ
စစ်ဘေးရှောင်နေရတယ်။ သူ့ကို အရင်လို အဆောင်အယောင်တွေ ပြန်ရအောင် သွားပြီး ကူညီမယ်ဆိုရင်
အားလုံးရဲ့ထောက်ခံမှုကိုရဖို့ အခွင့်အရေးပါ။ အရှင် အမြန်မဆောင်ရွကရ
် င် တခြားသူဦးသွားပါလိမ့်မယ်။”

“ချောင်ချောင်း”(Cao Cao) လည်း ချက်ချင်းပင် စစ်ပြင်သည်။ ထိုစဉ် ဘုရင်ဆက်သားရောက်လာပြီး


“ချောင်ချောင်း”(Cao Cao) ဆန္ဒနှင့်ကိုက်ညီသော အမိန့်စာကို လက်ခံရရှိသည်။

လော့ရန် မှာ အရာရာပျက်စီးနေသည်။ တံတိုင်းများမှာ ပြိုကျနေပြီး ပြန်ပြင်ရန်လည်း အစီအစဉ်မရှိကြပေ။


“လီကျွယ်”(Li Jue) နှင့် “ကော်စီ”(Guo Si) ရောက်လာမည်ဆုေ
ိ သာ သတင်းများ ၊
ကောလာဟလများလည်း ပျံ့နေရာ စိုးရိမ်မှုများကြီးစိုးနေသည်။ ဘုရင်က စိုးရိမ်စွာဖြင့်
"“ဘယ်လုလ
ိုပ်ကြမလဲ။ ရန္သေ
ူ တွက နီးနေပြီ ၊ “ချောင်ချောင်း”(Cao Cao) ဆီကလည်း ဘာမှ
သတင်းမကြားရဘူး။" ဟု “ရန်ဖုန်း”(Yang Feng) ကိုမေးသည်။ “ရန်ဖုန်း”(Yang Feng) နဲ့ “ဟန်ရှန်”(Han
Xian) တို့က "ကျွန်တော်တို့ အရှင့်အတွက် အသက်ပေးပြီး တိုက်ခိုက်သွားမှာပါ။" ဟု ပြောကြသည်။ ဒါပေမဲ့
“တုန်းချန်”(Dong Cheng) က “ခံတပ်အနေအထားက အားနည်းပြီး စစ်တပ်အင်အားကလည်း
နည်းပါးပါတယ်။ အနိုင်ရဖို့ မမျှော်လင့်နိုင်ဘဲ ရှုံးမယ်ဆို ဘာလုပ်မှာပါလဲ။ ဟွာရှန်း တောင် အရှေ့ဘက်ကို
ရွှေ့ပြောင်းတာက ပိုမိုသင့်လျော်ပါလိမ့်မယ်။" ဟုဆိုသည်။

ဘုရင်လည်း သဘောတူပြီး ခရီးချက်ချင်းထွက်ခဲ့ကြသည်။ မြင်းမလုံလောက်၍ အချို့မှူးမတ်များမှာ


ခြေကျင်လိုကြ် ကရသည်။ တံခါးမှထွက်လျှ င်ထွက်ခြင်းပင် ဖုန်တလုံးလုံးထအောင် အပြင်းနှင်လာသော

203
စစ်တပ်တစ်တပ်ကို တွေ့လေသည်။ ဘုရင်နှင့် မိဖုရားတိ့မ
ှုာ ထိတ်လန့်နေကြသည်။ ထိုစဉ်
မြင်းစီးသူရဲပေါ်လာကာ “ချောင်ချောင်း”(Cao Cao) ၏ဆက်သားဖြစ်ကြောင်း ပြောလေသည်။

ထို့နောက် ဘုရင့်မြင်းလှည်းနားသွားကာ အရိုအသေပေး၍ “စစ်သြူ ကီး “ချောင်ချောင်း”(Cao Cao) ဟာ


အမိန့်တော်အတိုင်း စစ်တပ်အားလုံးနဲ့ ချီတက်လာပါပြီ။ ဒါပေမဲ့ ဒီသတင်းကို ကြားတော့ “လီကျွယ်”(Li Jue)
နဲ့ “ကော်စီ”(Guo Si) တို့က မြို့တော်ကို ချီတက်လာပါတယ်။ ဒါကြောင့် “ရှဟိုတွန်း”(Xiahou Dun) ကို
အရင်လတ
ွှ်လိုက်တာပါ။ အခု “ရှဟိုတန
ွ်း”(Xiahou Dun) နဲ့အတူ သူရဲကောင်းတွေနဲ့ လက်ရွေးစင်စစ်သား
၅၀ ပါပါတယ်။ သူတို့က အရှင်ကို ကာကွယ်ပေးကြမှာပါ။” ဟု ဆိုသည်။

ထိုအခါ ကြောက်ရွံ့ မှုများပျောက်သွားကြသည်။ ထို့နောက် “ရှဟိုတွန်း”(Xiahou Dun) နဲ့တပ်


ရောက်လာသည်။ “ရှဟုတ
ွိန်း”(Xiahou Dun) ၊ “တျန်ဝေ”(Dian Wei) နှင့် “ရွှီချူ”(Xu Chu) တို့ကို
ဘုရင်က ဝမ်းမြောက်စွာ ကြိုဆိုလေသည်။ ထိုစဉ် ကြီးမားသောတပ်တစ်တပ်ချီလာသည်ဆို၍ ဘုရင်က
“ရှဟုတ
ွိန်း”(Xiahou Dun) ကို စုံစမ်းစေသည်။ “ချောင်ချောင်း”(Cao Cao) ၏ ခြေလျင်တပ်ဖြစ်ပေသည်။
မကြာမီ “ချောင်ဟုန်”(Cao Hong) ၊ “လီတျန်”(Li Dian) နှင့် “ယွဲကျင်”့ (Yue Jng) တို့သည်လည်း
ရောက်လာပြီး ဘုရင်ကို အရိုအသေပေးသည်။

“ချောင်ဟန
ု”(Cao Hong) က “အစ်ကိုကြီးက ရန်သူတွေချဉ်းကပ်လာတယ်ကြားပြီး
စစ်တပ်မလုံလောက်မှာစိုးလို့ စစ်ကူထပ်လွှတ်လိုက်တာပါ။” ဟုဆိုသော် ဘုရင်က ““ချောင်ချောင်း”(Cao
Cao) ကမှ တကယ်ယြုံ ကည်အားကိုးလို့ရတယ်။” ဟု မိန့်လေသည်။

ထို့နောက် ဆက်လက်ချီတက်ရန် အမိန့်ပေးသည်။ “ချောင်ဟုန”် (Cao Hong) က ဦးဆောင်ချီတက်သည်။


ထိုစဉ် ရန်သူများလျင်မြန်စွာချဉ်းကပ်လာပြီဟု ကင်းထောက်တစ်ယောက်ပြီးတစ်ယောက်
သတင်းလာပိ့သ
ု ည်။ ဘုရင်က “ရှဟိုတွန်း”(Xiahou Dun) ၏တပ်ကို တစ်ဝက်ခွဲကာ ရန်သက
ိုတုက
ိခိုက်ရန်
စေလွှတ်သည်။ “ရှဟိုတွန်း”(Xiahou Dun) နှင့် “ချောင်ဟုန်”(Cao Hong) တို့သည် ရှေ့တွင် မြင်းတပ် ၊
နောက်တွင် ခြေလျင်တပ်ထားကား တောင်ပံ ၂ ဖက်မှ တိုက်ခိုက်သည်။ အစွမ်းကုန်တိုက်ခိုက်ကြပြီး
“လီကျွယ်”(Li Jue) နှင့် “ကော်စ”ီ (Guo Si) တပ်များကို နှိမ်နင်းလိုက်သည်။ ရန်သူ တစ်သောင်းကျော်
ကျဆုံးသွားသည်။ ထို့နောက် “ရှဟိုတန
ွ်း”(Xiahou Dun) နှင့် “ချောင်ဟုန်”(Cao Hong) တို့က ဘုရင်ကို
လော့ရန် ပြန်ရန် တောင်းပန်ပြီး “ရှဟိုတွန်း”(Xiahou Dun) က မြို့ကိုစောင့်ကြပ်လေသည်။

နောက်နေ့တွင် “ချောင်ချောင်း”(Cao Cao) က သူ၏စစ်တပ်ကြီးကို ဦးဆောင်ကာ ရောက်လာလေသည်။


ဘုရင်၏ ရှေ့မှောက် အခစားဝင်သော် ဘုရင်က မတ်တတ်ရပ်စေကာ သူ၏ဘေးတွင်နေစေပြီး
ကျေးဇူးတင်စကားပြောသည်။

“ချောင်ချောင်း”(Cao Cao) က “အရှင့်ရဲ့ ဖော်ရွေရက်ရောမှုအတွက် ဝမ်းမြောက်လှပါတယ်။ ပုန်ကန်သူ ၂


ယောက်ရဲ့ ယုတ်မာမှုက မဖော်ပြနိုင်လောက်အောင်ပါပဲ။ ကျွန်တော့်မှာ စစ်သည်ကောင်း ၂ သိန်းရှိတယ်။

204
သူတ့က
ို အရှင်မင်းကြီးနဲ့ ထီးနန်းကို ကောင်းကောင်းကာကွယ်ပေးနိုင်ပါတယ်။ အခုအချိန်က တိုင်းပြည်ကို
ကာကွယဖ
ို့ အရေးကြီးလှပါတယ်။” ဟုလျှောက်တင်သည်။

“ချောင်ချောင်း”(Cao Cao) ကို ကြီးကျယ်စွာ ဂုဏ်ပြုလေသည်။ မြို့တော်ခရိုင်၏တပ်မှူး တနည်းအားဖြင့်


ကာကြယေ
် ရးဝန်ကြီး ခန့်အပ်ပြီး တံဆိပ်တုံးပေးအပ်လေသည်။

“လီကျွယ်”(Li Jue) နှင့် “ကော်စ”ီ (Guo Si) တိ့က


ု ခရီးပန်းလာသော်လည်း “ချောင်ချောင်း”(Cao Cao) ကို
ချက်ချင်းတိုက်လိုကြသည်။ သို့သော် အကြံပေး Jia Xu က “အနိုင်ရဖို့ မျှော်လင့်ချက်မရှိဘူး။ သူ့မှာ
စစ်သားကောင်းတွေရော သူရဲကောင်းတွေရော ရှိတယ်။ လက်နက်ချအညံ့ခံတာမှ
လွတ်ငြိမ်းချမ်းသာခွင့်ရနိုင်မယ်။” ဟုဆိုသည်။

“လီကျွယ်”(Li Jue) က အကြံပေးချက်ကို စိတ်ဆိုးစွာဖြင့် စစ်သားတွေကို စိတ်ဓာတ်ပျက်ပြားအောင်


လုပ်နေတာလား ဟုအော်သည်။ နောက် ဓားကိုဆွဲထုတ်ကာ သတ်ရန်ပြင်သည်။ တခြားမှူးမတ်များက
ဝင်တားသည်။ ထိုညတွင် Jia Xu သည် စခန်းမှ ခိုးထွက်ကာ ဇာတိရွာကို ပြန်လေသည်။

မကြာမီ သူပုန်များက စစ်တုက


ိရန် ပြင်လေသည်။ “ချောင်ချောင်း”(Cao Cao) က “ရွှီချူ”(Xu Chu) ၊
“ချောင်ရန်”(Cao Ren) နှင့် “တျန်ဝေ”(Dian Wei) တို့ဦးဆောင်လျက် မြင်းစီးစစ်သည် ၃၀၀
စေလွှတ်သည်။ ခေါင်းဆောင်၃ဦးဟာ ရန်သူ့တပ်ဆီ တဟုန်ထိုးပြေးလိုက် ပြန်ဆတ
ု လ
ိုကန
ှ်င့်
စစ်တပ်အနေအထားပြင်ပြီးသည်အထိ ပြုလုပ်နေသည်။

ထို့နောက် “လီကျွ ယ်”(Li Jue) ၏တူများဖြစ်သော “လီရှန”် (Li Xian) နှင့် “လီပျယ်”(Li Bie) တို့
ရှေ့တက်လာကြသည်။ “ချောင်ချောင်း”(Cao Cao) ဖက်မှ “ရွှီချူ”(Xu Chu) ထွက်လာကာ “လီရှန”် (Li
Xian) ကိုခုတ်သတ်သည်။ “လီပျယ်”(Li Bie) မှာ လွန်စွာကြောက်လန့်ကာ မြင်းကုန်းနှီးမှ ပြုတ်ကျသည်။
သူလည်း အသတ်ခံရလေသည်။ အောင်နိုင်သူ “ရွှီချူ”(Xu Chu) မှာ ခေါင်းပြတ် ၂ လုံးကိုင်ကာ
သူ့ဖက်ပြန်လေသည်။ “ရွှီချူ”(Xu Chu) က “ချောင်ချောင်း”(Cao Cao) ကိုဆက်သလေသော် “မင်းက
ငါ့အတွက် “ဖန်းခွိုင်”(Fan Kuai) ပါပဲ။” ဟု ချီးကျူးလေသည်။ (“ဖန်းခွိုင”် (Fan Kuai) ဆိုသည်မှာ
ဟန်တိုင်းပြည်ထူထောင်သူ “လျူဘန်း”(Liu Bang) ၏ စစ်သူကြီးဖြစ်သည်။)

ထို့နောက် “ရှဟိုတွန်း”(Xiahou Dun) နှင့် “ချောင်ဟုန်”(Cao Hong) တို့က တောင်ပံတစ်ဖက်စီနှင့်


ဗဟိုတွင် “ချောင်ချောင်း”(Cao Cao) ဦးဆောင်ကာ ချီတက်သည်။ သူပုန်များရှုံးနိမ့်ကာ
ထွက်ပြေးရလေသည်။ “ချောင်ချောင်း”(Cao Cao) ကိုယ်တိုင် ဓားကိုင်ကာ လိုက်ဖမ်းလေသည်။
ညရောက်သည်အထိ လိုက်လံသတ်ဖြတ်လေသည်။ သူပုန်သောင်းချီကျဆုံးပြီး မြောက်များစွာ
လက်နက်ချလေသည်။ “လီကျွယ်”(Li Jue) နှင့် “ကော်စ”ီ (Guo Si) တိ့မ
ှုာ အနောက်ဖက်သို့

205
ခွေးပြေးပြေးရလေသည်။ မည်သည့်နေရာတွင်မျှ ခိုလှုံခွင့်မရ၍ တောင်တန်းများပေါ်ပြေးရကာ
တောအုပ်ထဲတွင် ပုန်းရလေသည်။ “ချောင်ချောင်း”(Cao Cao) တပ်သည် ပြန်လာကာ မြို့တော်အနီးတွင်
စခန်းချလေသည်။

“ရန်ဖုန်း”(Yang Feng) နှင့် “ဟန်ရှန”် (Han Xian) တိ့က


“ချောင်ချောင်း(Cao Cao) က အကျိုးဆောင်နိုင်ခဲ့ပြီ။ အာဏာက သူ့ဆေ


ီ ရာက်လိမ့်မယ်။ ငါတိ့အ
ု တွက်
နေရာမရှိတော့ဘူး။”

ဟု တစ်ယောက်ကိုတစ်ယောက် ဆိုလေသည်။ ထို့ကြောင့် သူပုန်များကို လိုကဖ


် မ်းမည်ဟု
အကြောင်းပြကာ ထွကခ
်ွာခဲ့ပြီး တလျန် တွင် စခန်းချလေသည်။

တစ်နေ့မှာ ဘုရင်က “ချောင်ချောင်း”(Cao Cao) ကို အခေါ်လွှတ်ရန် ဆက်သားလွှတ်သည်။


“ချောင်ချောင်း”(Cao Cao) က ဆက်သားမှာ သိသိသာသာကျန်းမာနေပြီး ကျန်သမ
ျူားအားလုံးမှာ
ဆာလောင်နေဟန်ပေါ်နေရခြင်းကို နားမလည်နိုင်ဖြစ်နေသည်။ ထိုအကြောင်းမေးမြန်းသော် အနှစ် ၃၀ လုံး
ခြိုးခြံကာ မဖြစ်စလောက်သာ စားခြင်းကြောင့် ဟုဖြေလေသည်။

“ချောင်ချောင်း”(Cao Cao): “ဘယ်ဌာနကို ကိုင်တယ


ွ်ပါသလဲ။”

ဆက်သား: “ဘာသာတရားကိုင်းရှိုင်းပြီး ရိုးသားလို့ မြှောက်စားခံရတဲ့ ဘွဲ့ရတစ်ယောက်ပါ။ အရင်က Yuan


Shao နဲ့ “ကျန်းရန်”(Zhang Yang) လက်အောက်မှာ လုပ်ဖူးပါတယ်။ အခု ဘုရင်ပြန်ရောက်လို့ ဒီကို
လာခဲ့တာပါ။ အခု အတွင်းရေးမှူးထဲက တစ်ယောက်ပါ။ Dingtao နယ်ခံဖြစ်ပြီး “တုန်းကျောက်”(Dong
Zhao) လို့ ခေါ်ပါတယ်။”

“ချောင်ချောင်း”(Cao Cao) က နေရာမှထကာ “မင်းအကြောင်းကြားဖူးတယ်။ တွေ့ဆုရ


ံ တာ
ပျော်ရွှင်မိပါတယ်။” ဟု ဝမ်းမြောက်စွာဆိုလေသည်။ ထို့နောက် ဝိုင်မှာပြီး “ရွှင်ယွိ”(Xun Yu) ကို ခေါ်ကာ
မိတဆ
် က်ပေးသည်။ စကားပြောနေစဉ် လူတစ်ခု အရှေ့အရပ်သို့ သွားနေကြောင်း သတင်းလာပိ့သ
ု ည်။
“ချောင်ချောင်း”(Cao Cao) က စုံစမ်းရန် အမိန့်ပေးသော်လည်း “တုန်းကျောက်”(Dong Zhao) က
ချက်ချင်းသိကာ “သူတ့က
ို အဖြူရောင်အလံသူပုန်ခေါင်းဆောင်ဟောင်း “ရန်ဖုန်း”(Yang Feng) နဲ့
“ဟန်ရှန်”(Han Xian) ပါ။ အရှင်လာလို့ သူတု့ထ
ွိက်ပြေးတာပါ။” ဟုဆိုသည်။

“ချောင်ချောင်း”(Cao Cao): “သူတို့ ငါ့ကိုမယုံတာလား။”

“တုန်းကျောက်”(Dong Zhao): “အရှင် ဂရုစိုက်စရာမလိုတဲ့သေ


ူ တွပါ။”

“ချောင်ချောင်း”(Cao Cao): ““လီကျွ ယ်”(Li Jue) နဲ့ “ကော်စ”ီ (Guo Si) တိ့က
ု ရော”

206
“တုန်းကျောက်”(Dong Zhao): “လက်သည်းမရှိတဲ့ ကျားနဲ့ တောင်ပံမဲ့တဲ့ ငှက်လိုပါပဲ။
ကြာကြာမပြေးနိုင်ပါဘူး။ သူတ့က
ိုလ
ိ ည်း ဂရုစိုက်စရာမလိုပါဘူး။”

“ချောင်ချောင်း”(Cao Cao) က သူ့ဧည့်သည်နှင့် အတွေးတူသဖြင့်


တိုင်းပြည်အကြောင်းစဆွေးနွေးလေသည်။ “တုန်းကျောက်”(Dong Zhao) က “အခုသပ
ူုန်တွေကို
နိုင်လုက
ိတော့ အရှင်က အကျိုးထူးဆောင်လုက
ိပြီ။ ဒါပေမဲ့ မှူးမတ်တွေက တမျိုးမြင်ပြီး
အမြင်ကြည်မှာမဟုတ်ဘူး။ အရှင် ဒီမှာ မနေသင့်ဘူး ။ မြို့တော်ကို ရွှီချန် ကို ပြောင်းပါ။ သိ့ေ
ု သာ် လော့ရန်
ကို မြို့တော်ပြုထားတာက တရားဝင်ဖြစ်ပြီး လူတိုင်းက အေးချမ်းသာယာဖို့ မျှော်လင့်နေကြတယ်။
မြို့တော်ထပ်ရွှေ့ရင် သူတ့မ
ို ကျေမနပ်ဖြစ်မှာပဲ။ အရှင်ဆုးံ ဖြတ်ပါ” ဟုဆိုသော် “ချောင်ချောင်း”(Cao Cao)
က သူ့လက်ကို လှုပ်ယမ်းကာ “ငါ့အကြံနဲ့ တထပ်တည်းပဲ” ဟုဆိုလေသည်။

“ချောင်ချောင်း”(Cao Cao): “ဒါပေမဲ့ တလျန် က “ရန်ဖုန်း”(Yang Feng) အန ရ


္တာယ်နဲ့ မှူးမတ်တွေ
ရှိသေးတယ်လေ။”

“တုန်းကျောက်”(Dong Zhao): “ဒါကလွယ်ပါတယ်။ “ရန်ဖုန်း”(Yang Feng) ကိုစာရေးပြီး


ချွေးသိပ်လိုက်ပါ။ မှူးမတ်တွေကုေ
ိ တာ့ ဒီမှာ စားစရာတောင်မရှိလို့
အစားအသောက်ပေါတဲ့နေရာရွှေ့မယ်လို့သာ ပြောလိုက်ပါ။ သူတ့လ
ို က်ခံပါလိမ့်မယ်။”

“ချောင်ချောင်း”(Cao Cao) ဆုံးဖြတ်ပြီးသော် “တုန်းကျောက်”(Dong Zhao) ပြန်ရန်ပြင်သည်။


“ချောင်ချောင်း”(Cao Cao) ကနောက်တဖန်လက်ကို ကိုင်ကာ နောက်ထပ် တိုင်းပြည်ရေးရာနဲ့ပတ်သက်ပြီး
အကြံပေးပါရန် တောင်းဆိုသည်။ “တုန်းကျောက်”(Dong Zhao) က ကျေးဇူးတင်ကြောင်းပြောကာ
ထွက်ခွာသည်။ ထိ့ေ
ု နာက် “ချောင်ချောင်း”(Cao Cao) နှင့် အကြံပေးတို့က မြို့တော်ပြောင်းရန်
တိတ်တဆိတ်ဆွေးနွေးကြသည်။

207
ထိုစဉ် တချိန်က နက္ခတ်ပညာရှင်ဖြစ်သော နန်းတွင်းအကြံပေး “ဝမ်လ”ီ (Wang Li) က
နန်းတွင်းရေးရာမှတတ
် မ်းရေးသူ “လျူချိုင်”(Liu Cai) ကို ကြယ်တာရာနက္ခတ်တု့အ
ိ ရ ဟန်တိုင်းပြည်၏
အရှိန်အဝါမှာ ကုန်ဆုံးလုပြီဖြစ်ပြီး ကျင်း နှင့် ဝေ တိုင်းတို့ ပြန်လည်အားကောင်းကာ
အုပ်ချုပ်သူအသစ်ပေါ်လိမ့်မည်ဟု ဆိုသည်။ ထို့နောက် နန်းတွင်းသို့ လျှို့ဝှက်စာ ပို့လေသည်။ စာမှာ
“အရာအားလုံးဟာ ကောင်းကင်ရဲ့ အလိုအရပဲ။ အခု ဓာတ်ကြီး ၅ ပါးဖြစ်သော သစ်သား ၊ မီး ၊ မြေ ၊ သတ္တု ၊
ရေ တို့ဟာ ဖရိုဖရဲဖြစ်နေတယ်။ မြေက မီးကို တိုကခ
ိုက်တယ်ဆိုတာ ဝေ က ဟန် ကို တိုကခ
ိုက်တာပါ။
ဟန်တိုင်းပြည်ကို ဆက်ခံမှာက ဝေ ပါ။” လိ့ဆ
ိုတယ်။

“ချောင်ချောင်း”(Cao Cao) ကြားသော် “ဝမ်လ”ီ (Wang Li) ဆီ လူလတ


ွှ်ကာ “မင်းသစ္စာရှိမှန်းသိပါတယ်။
ဒါပေမဲ့ ကောင်းကင်ရဲ့အလိုကို သိပြီးရင်တော့ နည်းနည်းပါးစပ်ဟလေ ကောင်းလေပဲ။” ဟုဆုေ
ိ စသည်။
ထို့နောက် “ရွှင်ယွိ”(Xun Yu) နှင့် တိုင်ပင်သည်။ “ရွှင်ယိ”ွ (Xun Yu) က “ဟန် ရဲ့သင်္ကေတက မီး ၊
အရှင်က မြေပါ။ ရွှီချန် ဟာလည်း မြေဓာတ်ကြီးစိုးပါတယ်။ ဒါကြောင့် အရှင်အနာဂတ်ကို ရွှီချန် မှာ
ဆုံးဖြတ်မှာပါ။ မီးက မြေကို နိုင်နိုင်ပါသေးတယ်။ ဒီတော့ အချိန်စောင့်ဖို့ပဲ လိုပါတယ်။” လို့ရှင်းပြတယ်။

ဤသို့ဖြင့် “ချောင်ချောင်း”(Cao Cao) လည်းစိတ်ဆုံးဖြတ်ပြီး နောက်နေ့နန်းတော်တွင် “လော့ရန် က


ကန္တာရသာသာဖြစ်ပြီး ပြန်လည်တည်ထောင်လို့မရသလို ရိက္ခာပိ့ရ
ု တာလည်း ခက်ခဲတယ်။ ရွှီချန်
ဟာဆိုရင် အစဉ်အလာရှိတဲ့မြို့ဖြစ်ပြီး စားနပ်ရိက္ခာ ကြွယ်ဝတယ်။ လော့ရန် နဲ့လည်း နီးတယ်။
မြို့တော်အင်္ဂါရပ်နဲ့ ပြည့်ဝလို့ ရွှီချန် ကို ရွှေ့ဖို့ အရဲစွန့်လျှောက်တင်ပါတယ်။” ဟုဆိုလေသည်။

ဘုရင်ကလည်း မလွန်ဆန်နိုင်သလို မှူးမတ်တွေကလည်း ကိုယ်ပိုင်အကြံမပေးနိုင်လောက်အောင်


ဆွံ့ အနေကြသည်။ ထိ့ေ
ု ကြာင့် ပြောင်းရွှေ့ရန် ရက်သတ်မှတ်ကြသည်။ “ချောင်ချောင်း”(Cao Cao) က
ခရီးစဉ်ကို ဦးဆောင်သည်။ အနည်းငယ်မျှသွားမိသော် ဗုံသံများကြားရပြီး “ရန်ဖုန်း”(Yang Feng) နှင့်
“ဟန်ရှန်”(Han Xian) တိ့က
ု လမ်းကို ပိတ်ဆို့ထားလေသည်။ သူတ့ေ
ို ရှ့တွင် “ရွှီဟွမ”် (Xu Huang)
ရပ်နေပြီး ““ချောင်ချောင်း”(Cao Cao) က ဘုရင်ကို ဖမ်းသွားလေပြီ။” ဟုအော်လေသည်။

“ချောင်ချောင်း”(Cao Cao) လည်းရှေ့ထွကြ် ပီး “ရွှီဟမ


ွ်”(Xu Huang) ကို သေချာကြည့်သည်။
ရန်သပ
ူ င်ဖြစ်လင့်ကစား လွန်စွာလေးစား သဘောကျလေသည်။ ထို့ကြောင့် “ရွှီချူ”(Xu Chu) ကို
စေလွှတ်ကာ တိုက်စေသည်။ အချက် ၅၀ ကျော်မျှ ယှဉ်ကြသော်လည်း အနိုင်အရှုံးမပေါ်ချေ။
“ချောင်ချောင်း”(Cao Cao) က မောင်းတီးကာ နောက်ဆုတ်စေသည်။ စခန်းရောက်သော် “သူပုန် ၂
ယောက်ချည်းဆို တိုင်ပင်စရာမလိုပေမဲ့ “ရွှီဟွမ်”(Xu Huang) က သူရဲကောင်းပဲ။ သူ့ကို အင်အားနဲ့
အနိုင်မယူချင်ဘူး။ ငါ့ဖက်ပါစေချင်တယ်။” ဟုဆိုသည်။

ထိုအခါ “မန်ချုံး”(Man Chong) ထွက်လာပြီး “မစိုးရိမ်ပါနဲ့။ သူနဲ့စကားပြောကြည့်ပါမယ်။ ညကျ


အယောင်ဆောင်ပြီး သူတု့စ
ိ ခန်းကို သွားမယ်။ သူနဲ့စကားပြောပြီး စိတယ
ိုင်လာအောင် လုပ်ပါ့မယ်။”
ဟုပြောသည်။ ထိုညတွင် “မန်ချုံး”(Man Chong) က အယောင်ဆောင်ကာ “ရွှီဟွမ်”(Xu Huang)
ဆီသွားလေသည်။

208
“ရွှီဟမ
ွ်”(Xu Huang) မှာ သံချပ်ဝတ်ထားဆဲပင်ဖြစ်သည်။ “မန်ချုံး”(Man Chong) က ပြေးဝင်ကာ

“မန်ချုံး”(Man Chong): “ငါတိ့က


ွုဲသွားကတည်းက နေကောင်းတယ်မလား သူငယ်ချင်း…”

“ရွှီဟမ
ွ်”(Xu Huang) က အံ့သြစွာဖြင့် ထခုန်ကာ မျက်နှာကိုစေ့စေ့ကြည့်ပြီး

“ရွှီဟမ
ွ်”(Xu Huang): ““တျန်ဝေ”(“တျန်ဝေ”(DIAN WEI)) က “မန်ချုံး”(Man Chong) မလား။ ဒီမှာ
ဘာလုပ်နေတာလဲ။”

“မန်ချုံး”(Man Chong): “အခု “ချောင်ချောင်း”(Cao Cao) လက်အောက်မှာ ၊


မင်းကိုဒီနေ့စစ်မျက်နှာမှာတွေ့တော့ စကားပြောချင်လို့ အရဲစွန့်လာတာ။”

“ရွှီဟမ
ွ်”(Xu Huang) က တဲအတွင်းခေါ်သည်။

“မန်ချုံး”(Man Chong): “မင်းလို သတ္တိရှိပြီး အရဲစွန့ရ


်ဲတာ လောကမှာ မရှိသလောက်ပဲ။ ဘာလို့
ဒီသူပုန်တွေကို ခစားနေတာလဲ။ ငါ့အရှင်က လောကမှာ အထင်ရှားဆုံး ၊ ပြီးတော့ တော်တဲ့သူတွေ
ရဲရင့်တ့သ
ဲူတွေကို မြှောက်စားတယ်။ မင်းရဲ့သတ္တိကို သူဒီနေ့လေးစားသွားတယ်။ ဒါကြောင့် ငါ့ကိုလွှတ်ပြီး
မင်းကိုခေါ်ခိုင်းတာ။ အမှောင်ထဲကထွက်ပြီး အရှင့်ရဲ့ ကြီးကျယ်တဲ့လပ
ုငန်းတွေမှာ ပါဝင်ရအောင်လား။”

“ရွှီဟမ
ွ်”(Xu Huang) က ကြာမြင့်စွာ စဉ်းစားကာ သက်ပြင်းချပြီး

“ရွှီဟမ
ွ်”(Xu Huang): “ငါ့အရှင်တွေ ရှုံးမယ်ဆိုတာသိပါတယ်။ ဒါပေမဲ့ သူတု့န
ိ့ဲ
ကောင်းတူဆိုးဖက်နေခဲ့တော့ မစွန့်ခွာချင်ဘူး ။”

“မန်ချုံး”(Man Chong): “ငှကဟ


်ာ သစ်ပင်ကို ရွေးချယ်သလို နောက်လိုက်ကောင်းဟာလည်း
ခေါင်းဆောင်ကို ရွေးချယ်ပါတယ်။ သင့်တော်တ့ေ
ဲ ခါင်းဆောင်ကို တွေ့တာကို လက်လွှတရ
် င်
မိုကရ
်ာကျမယ်။”

“ရွှီဟမ
ွ်”(Xu Huang): “မင်းပြောသလို လုပ်ပါမယ်။”

“မန်ချုံး”(Man Chong): “ဒါဆို သူပုန် ၂ ယောက်ရဲ့ ခေါင်းကို မိတ်ဆက်လက်ဆောင်အဖြစ်


မဆက်သချင်ဘူးလား။”

“ရွှီဟမ
ွ်”(Xu Huang): “နောက်လိုက်က ဆရာကိုပြန်သတ်ဖို့ဆုတ
ိာ အလွန်မှားပါတယ်။ ငါမလုပ်ဘူး။”

“မန်ချုံး”(Man Chong): “မှန်ပါတယ်။ မင်းက တကယ့်လူကောင်းပဲ။”

ထို့နောက် “ရွှီဟွမ်”(Xu Huang) သည် သူ၏မြင်းစီးသမားအနည်းငယ်ကိုသာခေါ်ကာ ထွက်ခွာခဲ့လေသည်။


ထိုသတင်း “ရန်ဖုန်း”(Yang Feng) ဆီရောက်သော် မြင်းစီးသမား ၁၀၀၀ ဖြင့် လိုကဖ
် မ်းလေသည်။

209
သို့သော် ထောင်ချောက်တွင်းကျလေသည်။ တစ်တောင်လုံး မီးထိန်ထိန်လင်းလာကာ “ချောင်ချောင်း”(Cao
Cao) တပ်များကို တွေ့ရလေသည်။ “ဒီမှာ စောင့်နေရတာကြာပြီ။ ထွကမ
် ပြေးနဲ့” ဟု “ချောင်ချောင်း”(Cao
Cao) ကအော်လေသည်။

“ရန်ဖုန်း”(Yang Feng) လည်း လုံးဝအံ့သြသွားပြီး ဆုတ်လေသည်။ သို့သော် အဝိုင်းခံရသည်။


“ဟန်ရှန်”(Han Xian) ကလာကယ်ရင်း တိုကပ
်ွဲဖြစ်လေသည်။ “ရန်ဖုန်း”(Yang Feng)
လွတ်သွားသော်လည်း “ချောင်ချောင်း”(Cao Cao) က ဖရိုဖရဲဖြစ်နေသော တပ် ၂ တပ်ကို
ဆက်တိုက်လေသည်။ သူပုန်မြောက်များစွာ အညံ့ခံသော် ခေါင်းဆောင် ၂ ယောက်လည်း
ကိုယ်တိုင်မရပ်တည်နိုင်၍ “ယွမ်စ”ု (Yuan Shu) ဆီခိုလှုံလေသည်။

“ချောင်ချောင်း”(Cao Cao) လည်းစခန်းပြန်ရောက်သော် “ရွှီဟွမ”် (Xu Huang) ကို ချီးမြောက်လေသည်။


ထို့နောက် မြို့တော်သစ်ဆီ ဆက်လက်ချီတက်ကြသည်။ ရွှီချန် ရောက်သော် နန်းဆောင်များ ၊ ခန်းမများ ၊
ဘုရားကျောင်းနှင့် ပူဇော်ရန်နေရာများ ၊ လယ်ကွင်းများနှင့် ရုံးခန်းများ ဆောက်လုပြ် ကလေသည်။
တံတိုင်းများလည်း ပြုပြင်ပြီး စပါးကျီများလည်း ဆောက်ကာ အရာရာမှာ စနစ်တကျဖြစ်သွားသည်။

ထို့နောက် “ချောင်ချောင်း”(Cao Cao) တို့ကို ဆုများချီးမြှင့်လေသည်။ “တုန်းချန်”(Dong Cheng) နှင့်


အခြား ၁၃ ယောက်တို့ကို သူကောင်းပြုလေသည်။ အကျိုးဆောင်ခဲ့သူများကို ချီးမြှင့်ပြီး အပြစ်ရှိသအ
ူ ချို့ကို
အပြစ်ပေးလေသည်။ အရာရာမှာ “ချောင်ချောင်း”(Cao Cao) ဆုံးဖြတ်ချက်ပင်ဖြစ်သည်။

ထို့နောက် သူ့ကုယ
ိသူ နန်းရင်းဝန် ၊ Regent Marshal (စစ်ဖက်ဆိုင်ရာ ရာထူးအကြီးဆုံးပုဂ္ဂိုလ်) နှင့် ဝူဖင်
အုပ်ချုပ်သူ အဖြစ်ခန့်အပ်လေသည်။

“ရွှင်ယ”ွိ (Xun Yu) နန်းတွင်းအကြံပေး ၊ အတွင်းဝန်ချုပ်

“ရႊင္ယ”ို (Xun You) ကာကြယေ


် ရးဝန်ကြီး

“ကောကျား”(Guo Jia) သာသနာရေးဝန်ကြီး

“လျူရဲ”့ (Liu Ye) အလုပ်သမားဝန်ကြီး

“မောင်ကျဲ”(Mao Jie) စိုက်ပျိုးရေးဝန်ကြီး ၊ “မောင်ကျဲ”(Mao Jie) နှင့်အတူ “ရန်ကျွင်း”(Ren Jun)


စစ်တပ်လယ်မြေများနှင့် ရိက္ခာ ဂိုထောင် ကြီးကြပ်

“ချန်ယ”ွီ (Cheng Yu) တုန်းဖင် အုပ်ချုပ်သူ

“တုန်းကျောက်”(Dong Zhao) လော့ရန် တရားသူကြီး

“မန်ချုံး”(Man Chong) ရွှီချန် တရားသူကြီး

210
“Xiahou Dun”( ရှဟုတ
ွိန်း) ၊ “ရှဟိုယွမ်”(Xiahou Yuan) ၊ “ချောင်ရန်”(Cao Ren) ၊ “ချောင်ဟုန်”(Cao
Hong) ၊

“လုချန်”(Lu Qian) ၊ “လီတျန်”(Li Dian) ၊ “ယွဲကျင်”့ (Yue Jng) ၊ Yu Jin နှင့် “ရွှီဟွမ်”(Xu Huang)
စစ်သြူ ကီးများ

“ရွှီချူ”(Xu Chu) နှင့် “တျန်ဝေ”(Dian Wei) မြို့တော်ခရိုင် စစ်သူကြီးများ

တို့အဖြစ် ခန့်အပ်လေသည်။ အကျိုးဆောင်ခဲ့သူတိုင်းကို အသိအမှတ်ပြုလေသည်။

ထို့နောက် “ချောင်ချောင်း”(Cao Cao) သည် တစ်မိုးအောက်တစ်ယောက်ဖြစ်လာသည်။


သဝဏ်လွှာမှန်သမျှ “ချောင်ချောင်း”(Cao Cao) မှတဆင့်သာ ဘုရင်ဆီရောက်လေသည်။
တိုင်းပြည်ရေးရာများကို “ချောင်ချောင်း”(Cao Cao) က သူ၏အဆောင်တွင် အကြံပေးအားလုံးခေါ်ကာ
ဆွေးနွေးလေသည်။

“ချောင်ချောင်း”(Cao Cao) က ““လျူဘေ့”(Liu Bei) ရဲ့ စစ်တပ်က ရွှီကျိုး မှာ ၊ သူက


ပြည်နယ်အုပ်ချုပ်ရေးဆက်လုပ်နေတယ်။ “လွီပု”(Lu Bu) က “လျူဘေ့”(Liu Bei) ဆီခိုလှုံနေပြီး Xiaopei
မှာ နေရာပေးထားတယ်။ သူတို့ ၂ ယောက်သာ ပူးပေါင်းရင် ငါ့နေရာက စိုးရိမ်စရာပဲ။ ဒါကို
ဘယ်လိုကာကွယ်ရမလဲ” ဟုမေးသည်။ “ရွှီချူ”(Xu Chu) က ထကာ “ကျွန်တော့်ကို လက်ရွေးစင်စစ်သည်
၅ သောင်းပေးပါ။ ခေါင်း ၂ လုံး လုံး ဆက်သပါမယ်။” ဟုဆိုလေသည်။

“ရွှင်ယ”ွိ (Xun Yu) က “စစ်သူကြီးက သတ္တရ


ှိပါပေတယ်။ ဒါပေမဲ့ အခုအခြေအနေအရ
မြို့တော်ပြောင်းထားတော့ စစ်တိုက်လို့မရသေးဘူး။ လှည့်ကွက်တစ်ခုတော့ရှိတယ်။ အခု “လျူဘေ့”(Liu
Bei) က တရားဝင်အုပ်ချုပ်ဖို့ အမိန့်မထွက်သေးဘူး။ အရှင်က နန်းရင်းဝန်အနေနဲ့
သူ့ကုတ
ိ ရားဝင်ခန့်လိုက်ပါ။ တခါတည်းမှာ “လွီပု”(Lu Bu) ကိုသတ
ုသင်ဖို့ အမိန့်ပ့လ
ိုက
ိပါ။ ဒါဆိုရင်
သူ့ဖက်က သူရဲကောင်းတစ်ယောက် ဆုံးရှုံးသွားလိမ့်မယ်။ ဒါမှမဟုတ် “လွီပု”(Lu Bu) က
သူ့ကုသ
ိ တ်နိုင်လိုက်မယ်။ သူတ့အ
ို ချင်းချင်းသတ်ဖြတ်စေပါမယ်။” ဟု အကြံပေးသည်။
“ချောင်ချောင်း”(Cao Cao) က သဘောတူပြီး “လျူဘေ့”(Liu Bei) ကို အရှေ့အရပ်ကို အောင်နိုင်သော
စစ်သြူ ကီး ၊ ရီချန် အုပ်ချုပ်သူ ၊ ရွှီကျိုး နယ်စား စသဖြင့် ခန့်အပ်လေသည်။

ရွှီကျိုး တွင် “လျူဘေ့”(Liu Bei) က မြို့တော်အပြောင်းအလဲကို ကြားသော် ဂုဏ်ပြုလွှာပို့ရန်ပြင်နေစဉ်


နန်းတွင်းမှ ဆက်သားရောက်လာသည်။ ရာထူးပေးအပ်သည့်အမိန့်စာ ပေးပြီးသော်
လျှို့ဝှက်စာကိုပါပေးလေသည်။

211
“လျူဘေ့”(Liu Bei) က အိပ်ဆောင်မသွားမီ မှူးမတ်များနှင့် လျှို့ဝှက်စာပါအကြောင်းအရာတို့ကို
ဆွေးနွေးလေသည်။

“ကျန်းဖေး”(Zhang Fei): ““လွီပ”ု (Lu Bu) ကိုသတ်လို့ အပြစ်မဖြစ်ပါဘူး။ သူက လူဆိုးတစ်ယောက်ပဲ။”

“လျူဘေ့”(Liu Bei): “ဒါပေမဲ့ သူက ငါ့ဆီလာခိုလှုံတာလေ။ သတ်လု့ဘ


ိ ယ်ဖြစ်မလဲ။ ဒါ မသင့်တော်ဘူး။”

“ကျန်းဖေး”(Zhang Fei): “သူက လူကောင်းဆိုရင်တော့ ဒီကိစ္စက ခက်ခဲတာပေါ့။”

“လျူဘေ့”(Liu Bei) က နှုတ်ဆိတ်နေလေသည်။

နောက်နေ့တွင် “လွီပ”ု (Lu Bu) က ရောက်လာကာ ဂုဏ်ပြုသည်။ “လျူဘေ့”(Liu Bei) ကလည်း


ကျေးဇူးတင်ကြောင်းပြန်ပြောသည်။ ထိုစဉ် “လွီပု”(Lu Bu) ကိုသတ်ရန် “ကျန်းဖေး”(Zhang Fei) က
ဓားဆွဲထုတ်သည်ကို မြင်သော် အလျင်အမြန်ကြားဝင်ကာ တားရသည်။ “လွီပ”ု (Lu Bu) က အံ့သြကာ

“လွီပု”(Lu Bu): “ဘာလို့ ငါ့ကို သတ်ချင်ရတာလဲ။”

“ကျန်းဖေး”(Zhang Fei): “မင်းက အကျင့်မကောင်းလို့ “ချောင်ချောင်း”(Cao Cao) က မင်းကို သတ်ဖို့


ငါ့အစ်ကိုကိုပြောတယ်။”

“လျူဘေ့”(Liu Bei) က “ကျန်းဖေး”(Zhang Fei) ကို ထွကသ


်ွားရန် အကြိမ်ကြိမ်အော်သည်။ ထိ့ေ
ု နာက်
“လွီပု”(Lu Bu) ကို သီးသန့်ခန်းကို ခေါ်သွားကာ အကြောင်းစံရ
ှုင်းပြပြီး လျှို့ဝှက်စာကို ပြသည်။ “လွီပု”(Lu
Bu) က ငိုကြွေးကာ “ဒါ ငါတု့န
ှိစ်ယောက်ကို ရန်တိုက်ပေးတာ။” ဟုဆိုလေသည်။ “လျူဘေ့”(Liu Bei) က
“စိတမ
် ပူပါနဲ့ အစ်ကိုကြီးရာ ၊ ဒီလိုမသင့်တော်တဲ့လုပ်ရပ်ကို ကျွန်တော်မလုပ်ပါဘူး။” ဟုဆိုသည်။ “လွီပု”(Lu
Bu) က အကြိမ်ကြိမ်ကျေးဇူးတင်လေသည်။ “လျူဘေ့”(Liu Bei) က ညနေထိ နေစေပြီး
သေရည်သောက်လိုက် စကားပြောလိုက် နေကြသည်။

ထို့နောက် “ကွမ်းယွ”ီ (Guan Yu) နှင့် “ကျန်းဖေး”(Zhang Fei) တိ့က


ု “ဘာလို့ မသတ်တာလဲ။”
ဟုမေးသော် ““ချောင်ချောင်း”(Cao Cao) က “လွီပု”(Lu Bu) ကိုကြောက်လို့ ငါတို့ ၂ ယောက်ကို
ရန်တုက
ိတာ။ ပြီးမှ သူဝင်လာပြီး အမြတ်ထုတ်လိမ့်မယ်။ တခြားအကြောင်းမှမရှိတာ။” ဟုဖြေလေသည်။
“ကွမ်းယွ”ီ (Guan Yu) က သဘောတူသော်လည်း “ကျန်းဖေး”(Zhang Fei) က “ငါတိ့က
ို
နောင်ကျဒုက္ခမပေးအောင်တော့ နှင်ထုတ်ထားချင်တယ်။” ဟုဆိုပြန်သော် “ဒါ မြင့်မြတ်တ့သ
ဲ ေ
ူ တြ
လုပ်တဲ့အလုပ် မဟုတ်ဘူး။” ဟုဆုက
ိာ ပိတပ
် င်သည်။

သို့နှင့် ဆက်သားကို ညွှန်ကြားချက်ကို အချိန်ယူလုပ်ရမည် ဟူသော စာဖြင့် ပြန်လွှတ်လိုက်လေသည်။


သို့သော် ဆက်သားက “ချောင်ချောင်း”(Cao Cao) နှင့်တွေ့သော် “လျူဘေ့”(Liu Bei) က “လွီပ”ု (Lu Bu)
ကို မသတ်ဖို့ အာမခံထားကြောင်း ပြောလေသည်။

212
“ချောင်ချောင်း”(Cao Cao): “ဒါဆို အစီအစဉ်ပျက်ပြီပေါ့။ ဘာဆက်လုပ်မလဲ။”

“ရွှင်ယ”ွိ (Xun Yu): “နောက်ထပ် လှည့်ကွက်တစ်ခု ကျန်ပါသေးတယ်။”

“ချောင်ချောင်း”(Cao Cao): “ဆိုပါဦး။”

“ရွှင်ယ”ွိ (Xun Yu): ““ယွမ်စု”(Yuan Shu) ဆီကို “လျူဘေ့”(Liu Bei) က နန်းတော်ကို Huai မြစ်တစ်ဝိုက်
တောင်ပိုင်းဒေသတွေကို နှိမ်နင်းလိုကြောင်း လျှို့ဝှက်စာပို့လာတယ် လို့ စာပို့လုက
ိပါ။ “ယွမ်စု”(Yuan Shu)
စိတတ
ိုပြီး တိုက်ခိုက်လိမ့်မယ်။ အဲ့ကျမှ “လျူဘေ့”(Liu Bei) ကို “ယွမ်စု”(Yuan Shu) ကို နှိမ်နင်းဖို့
အမိန့်ပေးလိုက်ပါ။ ၂ ယောက်သားတိုက်ခိုက်နေတုန်း “လွီပု”(Lu Bu) က သစ္စာဖောက်ပြီး
အမြတ်ထုတလ
ိမ့်မယ်။”

“ချောင်ချောင်း”(Cao Cao) လည်း သဘောကျကာ “ယွမ်စ”ု (Yuan Shu) ကို ဖမ်းရန် “လျူဘေ့”(Liu Bei)
ကို အမိန့်ပေးသည်။ စာရသော် “လျူဘေ့”(Liu Bei) က Mi Zhu ကို ခေါ်သည်။

Mi Zhu: “ဒါ လှည့်ကွက်ပါ။”

“လျူဘေ့”(Liu Bei): “သိပေမဲ့ မင်းမိန့်ကို လွန်ဆန်လို့မရဘူး။”

သို့နှင့် စစ်ပြင်သည်။

“စွန်းချန်”(Sun Qian): “ယုံကြည်ရတဲ့တစ်ယောက်ကို မြို့စောင့် ထားဖို့ လိုပါမယ်။”

“ကွမ်းယွ”ီ (Guan Yu): “ငါ စောင့်မယ်။”

“လျူဘေ့”(Liu Bei): “မင်းကို တောက်လျောက်လိုအပ်မှာ။ မင်းမရှိလို့ မဖြစ်ဘူး။”

“ကျန်းဖေး”(Zhang Fei): “ဒါဆို ငါစောင့်မယ်။”

“လျူဘေ့”(Liu Bei): “မဖြစ်နိုင်ဘူး။ မင်းကသောက်ပြီးရင် စစ်သားတွေကို မချေမငံပြောမယ်။


ရိုကန
ှ်က်မယ်။ ပြီးတော့ စိတ်မြန်ပြီး ဘယ်သူ့အကြံမှ နားမထောင်ဘူး။ အမြဲစိတ်ပူနေရလိမ့်မယ်။”

“ကျန်းဖေး”(Zhang Fei): “ဒါဆိုရင် အရက်မသောက်ဘူး။ မရိုက်ဘူး။ အကြံပေးရင် နားထောင်မယ်။”

“လျူဘေ့”(Liu Bei): “နှလုးံ က လာတာမဟုတ်ဘဲ ပါးစပ်ဖျားလေးတင် ပြောမှာကို ကြောက်တယ်။”

“ကျန်းဖေး”(Zhang Fei): “အစ်ကိုကြီးနဲ့ လိုကလ


်ာတာ နှစ်ပေါင်းများပြီ။ ခုထိအယုံအကြည်မပျက်စေခဲ့ဘူး။
ဘာလို့ ခုကျ မယုံကြည်ရတာလဲ။”

“လျူဘေ့”(Liu Bei): “ဒီလိုပေမဲ့ စိတ်မချနိုင်ဘူး။ အကြံပေး “ချန်တန်”(Chen Deng) ကို ကူညီခိုင်းမယ်။


ဒါမှ မမှားမှာ။”

213
“ချန်တန်”(Chen Deng) ကလည်း လိုလားစွာ သဘောတူသည်။ ဤသြို့ ဖင့် မြင်းစီးနှင့် ခြေလျင် စစ်သည် ၃
သောင်းသည် ရွှီကျိုး မှ ထွကခ
်ွာကာ နန်ရန် ကို ချီတက်ခဲ့သည်။

ဤသတင်းကို “ယွမ်စု”(Yuan Shu) ကြားသော် ပြန်လည်တိုက်ခိုက်ရန်ပြင်ဆင်သည်။ စစ်သည် ၁ သိန်းကို


“ကျီလင်”(Ji Ling) အောက်တွင် ထားကာ တိုက်စေသည်။ တပ် ၂ တပ်သည် Xuyi တွင် ဆုံလေသည်။
“လျူဘေ့”(Liu Bei) ၏တပ်သည် သေးငယ်သဖြင့် တောင်တန်းကို နောက်ခံပြုကာ စမ်းချောင်းဘေးတွင်
စခန်းချလေသည်။

“ကျီလင်”(Ji Ling) သည် ဟွာစန်းအရှေ့ပိုင်းသားဖြစ်ပြီး အသွား ၃ ဖက်ပါဓားကို ကိုင်လေသည်။


စခန်းချပြီးနောက် ရှေ့ထွက်ကာ

“ကျီလင်”(Ji Ling): ““လျူဘေ့”(Liu Bei) ၊ ဒီနယ်ကို ကျူးကျော်ဝံ့သလား”

“လျူဘေ့”(Liu Bei): “အကျင့်ပျက်နယ်စားကို နှိမ်နင်းဖို့ နန်းတွင်းက အမိန့်ချတယ်။ ဆန့်ကျင်ရင်


အပြစ်ပေးခံရမယ်။”

“ကျီလင်”(Ji Ling) လည်း စိတ်တိုကာ ရှေ့ထွက်လာသည်။ “ကွမ်းယွ”ီ (Guan Yu) က ထွက်လာပြီး


တိုက်ခိုက်သည်။ အချက် ၃၀ ယှဉ်ပြီးသည်အထိ မည်သူမျှအသာမရပေ။ “ကျီလင်”(Ji Ling) က
အနားယူရန် တောင်းဆိုသဖြင့် “ကွမ်းယွ”ီ (Guan Yu) လည်း ပြန်လာကာ စောင့်ဆိုင်းသည်။ ထို့နောက်
“ကျီလင်”(Ji Ling) က “ရွှင်ကျန်း”(Xun Zheng) ကို စေလွှတ်သည်။

“ကွမ်းယွ”ီ (Guan Yu): ““ကျီလင်”(Ji Ling) ကိုလာခိုင်းလိုက်ပါ။ သူနဲ့ စာရင်းရှင်းရမယ်။”

“ရွှင်ကျန်း”(Xun Zheng): “မင်းလိုနာမည်မရှိတ့သ


ဲ န
ဲူ့ ငါတို့စစ်သြူ ကီး တိုက်ဖို့မတန်ဘူး။”

“ကွမ်းယွ”ီ (Guan Yu) လည်း စိတ်တိက


ုာ ပထမအချက်တွင်ပင် “ရွှင်ကျန်း”(Xun Zheng) ကျလေသည်။
ဤသို့ဖြင့် “ကျီလင်”(Ji Ling) ရှုံးကာ Huaiyin မြစ်က
် မ်းနားထိ ဆုတသ
်ွားပြီး စိန်ခေါ်သမျှ
ငြင်းဆန်လေသည်။ သို့သော် ညတိုင်း “လျူဘေ့”(Liu Bei) ၏ စခန်းလာ၍ ဆဲရေးရာ အများစုမှာ
အသတ်ခံရလေသည်။ သို့နှင့် စစ်တပ် ၂ ခု ရင်ဆိုင်လျက်ရှိသည်။

“လျူဘေ့”(Liu Bei) ထွက်သွားပြီးနောက် ရွှီကျိုး မှာ “ကျန်းဖေး”(Zhang Fei) က “ချန်တန်”(Chen Deng)


ကို အုပ်ချုပ်ရေးတာဝန်ခံခန့်ကာ စစ်တပ်ရေးရာကို သူကုယ
ိတုင
ိကိုင်တွယ်သည်။ ထို့နောက်
မှူးမတ်အားလုံးကို ခေါ်ကာ “နက်ဖြန်ကစပြီး သေရည်မသောက်ဖို့ အစ်ကိုကြီးက တားသွားတယ်။
ဒါကြောင့်မို့ ဒီနေ့ တဝသောက်ကြ။” လို့ဆုတ
ိ ယ်။ အားလုံး သောက်ရန် မတ်တတ်ရပ်ကြသည်။ ထိုစဉ်
“ချောင်ပေါက်”(Cao Bao) က ကောင်းကင်က တားမြစ်ထား၍ မသောက်ပါ ဟု ငြင်းဆန်သော်

214
“ကျန်းဖေး”(Zhang Fei) က တစ်ခွက်မသောက်မနေရ အတင်းတိုက်သည်။ “ချောင်ပေါက်”(Cao Bao)
လည်း ကြောက်သဖြင့် သောက်ရသည်။

ယခု “ကျန်းဖေး”(Zhang Fei) မှာ လွန်မင်းစွာ သောက်ပြီး သေရည်မူးနေပြီဖြစ်သော်လည်း


ဧည့်သည်အားလုံးကို ထပ်မံသောက်စေသည်။ “ချောင်ပေါက်”(Cao Bao) က ငြင်းဆန်သော်လည်း
အတင်းသောက်စေပြန်သည်။ ဆက်လက်ငြင်းဆန်သဖြင့်

“ကျန်းဖေး”(Zhang Fei): “အမိန့်ကို ဖီဆန်ရင် ကြိမ်ဒဏ် အချက် ၁၀၀ သတ်မှတ်မယ်။”

“ချန်တန်”(Chen Deng) ကဝင်ရောက်တားမြစ်သော်

“ကျန်းဖေး”(Zhang Fei): “မင်းတို့ အရပ်ဖက်အမတ်တွေ ကိုယ့်ကိစ္စကိုယ် လုပ်ပါ။ ဝင်မစွကပ


်ါနဲ့။”

တောင်းပန်ရုံမှအပ မရှိတော့သဖြင့် “ချောင်ပေါက်”(Cao Bao) က

“ချောင်ပေါက်”(Cao Bao): “ငါ့သမက်မျက်နှာမြင်ရင်တော့ အရှင်ခွင့်လွှတမ


ှ်ာပါ။”

“ကျန်းဖေး”(Zhang Fei): “ဘယ်သူလဲ။”

“ချောင်ပေါက်”(Cao Bao): ““လွီပု”(Lu Bu)”

“ကျန်းဖေး”(Zhang Fei): “မင်းကို တကယ်ရိုကဖ


ို့ အစီအစဉ်မရှိဘူး။ ဒါပေမဲ့ ငါ့ကို “လွီပ”ု (Lu Bu) နဲ့
ခြိမ်းခြောက်ရင်တော့ မင်းကို “လွီပု”(Lu Bu) ကိုရိုက်တဲ့အမှတ်နဲ့ ရိုက်မယ်။”

ဧည့်သည်များက ဝိုင်းတားကြသော်လည်း “ချောင်ပေါက်”(Cao Bao) မှာ အချက် ၅၀ အရိုက်ခံရသည်။


အခြားသူများက ဝိုင်းဝန်းတောင်းပန်၍ ကျန်အချက်များကို ပလပ်လိုက်သည်။

အရိုကခ
်ံရသော “ချောင်ပေါက်”(Cao Bao) မှာ သူအစော်ကားခံရတာကို “လွီပ”ု (Lu Bu) ကို တိုင်သည်။
တခါတည်းတွင် “လျူဘေ့”(Liu Bei) မရှိ၍ “ကျန်းဖေး”(Zhang Fei) အမူးမပြေခင် ရုတ်တရက်
ဝင်ရောက်တိုကခ
ိုကရ
် န်လည်း အကြံပေးသည်။ “လွီပ”ု (Lu Bu) က Chen Gong ကို တိုင်ပင်သည်။ Chen
Gong က သဘောတူသော် မြင်းစီးစစ်သည် ၅၀၀ နှင့် ဝင်တိုက်သည်။ နောက်က တပ်မကို Chen Gong
နှင့် Gao Shun တိ့က
ု ဦးဆောင်သည်။

Xiaopei သည် ၁၅ မိုင်မျှသာ ဝေးကွာပြီး ည ၄ ချက်တီးတွင် ချီတက်လာ၍ မည်သည့်ကင်းစောင့်မျှ


မမြင်ချေ။ ထိ့ေ
ု နာက် တံတုင
ိးနားကပ်ကာ ““လျူဘေ့”(Liu Bei) ရဲ့ လျှို့ဝှက်ဆက်သားလာတယ်။”
ဟုအော်သည်။ တံတိုင်းပေါ်မှ သူများမှာ “ချောင်ပေါက်”(Cao Bao) ၏လူများဖြစ်ရာ “ချောင်ပေါက်”(Cao
Bao) က ဆင်းကြည့်ပြီး တံခါးဖွင့်ပေးသည်။ “လွီပု”(Lu Bu) အချက်ပေးသည်နင
ှ့် စစ်သားတို့မှာ
အော်ဟစ်ကာ ဝင်ကြသည်။

215
ထိုစဉ် “ကျန်းဖေး”(Zhang Fei) မှာ သေရည်မူးပြီး သူ့အခန်းတွင် အိပ်နေသည်။ ကျေးကျွန်များက
လာနှိုးကြပြီး “လွီပု”(Lu Bu) ဝင်လာကြောင်း လျှောက်သည်။ “ကျန်းဖေး”(Zhang Fei) သည် သံချပ်ကို
အလောတကြီးဝတ်ကာ သူ၏လက်စွဲတော် လှံပုဆိန်ကို ကိင
ုစွဲသည်။ မြင်းပေါ်တက်နေစဉ်မှာပင် ရန်သူမှာ
နီးကပ်လာသည်။ အမူးမပြေသေးသည့်အတွက် ကောင်းမွန်စွာ မတိုက်ခိုကန
ိုင်ပေ။ ထို့ကြောင့် အစောင့် ၁၈
ယောက်ကို ခေါ်ကာ အရှေ့တံခါးမှ ထွကေ
် ပြးလေသည်။ “လျူဘေ့”(Liu Bei) ၏မိသားစုမှာ
ကံကြမ္မာအလိုအတိုင်းသာဖြစ်တော့သည်။

“ချောင်ပေါက်”(Cao Bao) က “ကျန်းဖေး”(Zhang Fei) တွင် နောက်လိုကအ


် နည်းငယ်သာပါပြီး
အမူးမပြေသေးသည်ကုသ
ိသော် လိုကဖ
် မ်းလေသည်။ “ကျန်းဖေး”(Zhang Fei) က သူ့ကိုမြင်သော်
စိတဆ
ိုးစွာဖြင့် တိုက်ခိုက်သည်။ အချက်အနည်းငယ်မျှတိုက်ပြီးသော် “ချောင်ပေါက်”(Cao Bao)
မှာပြေးလေသည်။ “ကျန်းဖေး”(Zhang Fei) က လိုက်လတ
ိုံကခ
ိုက်ရာ “ချောင်ပေါက်”(Cao Bao)
နောက်ကျောတွင် ဒဏ်ရာရလေသည်။ “ချောင်ပေါက်”(Cao Bao) ၏မြင်းက သူ့သခင်ကို
ကျုံးအတွင်းခေါ်သွားလေရာ ရေနစ်သေလေသည်။

မြို့အပြင်ရောက်သည်နှင့် “ကျန်းဖေး”(Zhang Fei) က တပ်များကို ပြန်စုကာ တောင်ဘက်ကို


ဦးတည်သွားလေသည်။

“လွီပု”(Lu Bu) က အံ့အားသင့်နေသောမြို့သူမြို့သားတိ့က


ို ချွေးသိပ်ကာ မြို့ကို တည်ငြိမ်စေသည်။
“လျူဘေ့”(Liu Bei) စံအိမ်ကို မည်သမ
ျှူမနှောင့်ယှက်စေရန် အစောင့်ချထားပေးသည်။

“ကျန်းဖေး”(Zhang Fei) သည် နောက်လိုကအ


် နည်းငယ်ဖြင့် Xuyi ရှိ “လျူဘေ့”(Liu Bei)
စခန်းသို့ရောက်လေသည်။ အကြောင်းစုံပြောပြီးသော် အားလုံးစိတ်ညစ်ညူးသွားကြသည်။

“လျူဘေ့”(Liu Bei): “အနိုင်ရတိုင်းလည်း အောင်ပွဲပဲခံနေလို့ မရသလို ရှုံးနိမ့်တိုင်းလည်း ငိုကြွေးနေလို့


အပိုပဲ။”

“ကွမ်းယွ”ီ (Guan Yu): “ငါတို့ အစ်မတော်တွေရော…”

“ကျန်းဖေး”(Zhang Fei): “မြို့မှာ ကျန်ခဲ့တယ်။”

“လျူဘေ့”(Liu Bei) မှာ ခေါင်းညိတ်ကာ တိတဆ


ိတေ
် နသည်။ “ကွမ်းယွီ”(Guan Yu) က
“မင်းမြို့ကိုစောင့်မယ်ဆိုတုန်းက ဘာကတိပေးခဲ့သလဲ။ ငါတို့အစ်ကိုကြီးက ဘာအမိန့ေ
် ပးခဲ့လ။ဲ အခု
မြို့လည်းဆုံးပြီ။ အစ်မတော်တွေလည်း အတူတူပဲ။” ဟုဆူလေသည်။

“ကျန်းဖေး”(Zhang Fei) မှာ နောင်တရ၍ မဆုံးတော့ပေ။ သူ၏ ဓားကို ဆွဲထုတ်ကာ သတ်သေရန်


ပြင်တော့သည်။

216
အခန်း(၁၅) "ထိုက်ရှီချီ"(Taishi Ci) သည် မင်းသားငယ်နှင့် တိုက်ခြင်း။ "စွန်းချဲ့"(Sun Ce) သည်
ကျားဖြုဘုရင်ကို တိုက်ခြင်း

ရှေ့တစ်ခန်းတွင် "ကျန်းဖေး"(Zhang Fei) သည် သူ့ကိုယ်သူ သတ်သေရန်ပြုကြောင်း ဖော်ပြခဲ့သည်။


သို့သော်လည်း "လျူဘေ့"(Liu Bei) မှ "ကျန်းဖေး"(Zhang Fei) လက်ကိုဆဲက
ွာ ဓားကို လုလုက
ိပြီး
မြေကြီးပေါ်သို့ ပစ်ချလိုက်ကာ

"ညီအကိုဆိုတာ ကိုယ့လ
် က်၊ကိုယ့်ခြေလိုပဲ၊ မိန်းမဆိုတာကတော့ အဝတ်တန်ဆာလိုပဲလို့ ဆိုကြတယ်။
အဝတ်ဆိုတာ ပြဲသွားရင် ပြင်လို့ ရသေးတယ်၊ လက်တွေ၊ခြေတွေကျိုးသွားရင် ဘယ်လိုပြန်ဆက်မှာလဲ?
ငါတို့ သုံးယောက်ဟာ မက်မုံပန်းခြံမှာ တစ်နေ့တည်း တစ်ရက်တည်းသေမယ်လို့ သစ္စာဆိုထားတယ်လေ။
မြို့ဆုံးရှုံးသွားခဲ့တာမှန်တယ်၊ ငါ့ဇနီးတွေနဲ့ ကလေးတွေလည်း သေဆုံးကောင်းသေဆုံးသွားလိမ့်မယ်။
ဒါပေမယ့် ရွှီကျိုးက နဂိတ
ု ည်းက ငါတို့ပိုင်တာမှ မဟုတ်တာ၊ နောက်ပြီး လွီပု(Lu Bu) က ငါ့မိသားစုတွေကို
သတ်မှာထက် ထိန်းသိမ်းထားမှာ ပိုဖြစ်နိုင်တယ်၊ မင်း အမှားလုပ်မိတယ်ဆိုပေမယ့် ကိုယ့်ကိုယက
ို
သတ်သေလောက်အောင် ပြင်းထန်လို့လား" ဟု ပြောသည်။

ထို့နောက် "လျူဘေ့"(Liu Bei) သည် ငိုကျွေးလေသည်။ ကျန်ညီနှစ်ဦးကလည်း သနားကာ


မျက်ရည်ကျသည်။

"လွီပု"(Lu Bu) သည် ရွှီကျိုးနယ်ကို သိမ်းလိုက်သည့်အကြောင်းကို "ယွမ်စ"ု (Yuan Shu) ကြားသော်


"လွီပု"(Lu Bu) ထံ လက်ဆောင်ပဏ္ဏာတို့ ပို့စေကာ "လျူဘေ့"(Liu Bei) ကို တိုကရ
် န် တိုကတ
်ွန်းသည်။
ထိုလက်ဆောင်တို့ကား စားနပ်ရိက္ခာ လှည်းငါးသောင်းတိုက်၊ မြင်းကောင်ရေ ငါးရာ၊
ရွှေငွေအောင်စတစ်သောင်းနှင့် ပိုးထည်စ တစ်ထောင်တို့ ဖြစ်သည်။ "လွီပု"(Lu Bu) ကလည်း
ထိုလက်ဆောင်တို့ကို လက်ခံကာ "ကောက်ရွှန်း"(Gao Shun) ကို စစ်သားငါးသောင်းပေးကာ
ချီတက်စေသည်။ "လျူဘေ့"(Liu Bei) သည် ထိုသတင်းကို ကြားသော် တပ်သားတို့ကို ဦးဆောင်ပြီး ရွှီရီမှ
ကွမ်းလင်သို့ ထွက်ပြေးတိမ်းရှောင်သည်။

သို့သော်လည်း "ကောက်ရွှန်း"(Gao Shun) သည် "ကျီလင်"(Ji Lin) ထံသွားကာ "ယွမ်စု"(Yuan Shu)


ထံမှ လက်ဆောင်ကို တောင်းသည်။ သို့ သော် "ကျီလင်"(Ji Lin) မှ

"လောလောဆယ် နယ်စားက အပြင်ထက


ွ်သွားတယ်၊ နောက်မှ ဒီအကြောင်းကို ပြောပေးမယ်" ဟု
ဆိုသဖြင့် "ကောက်ရွှန်း"(Gao Shun) လည်း ဘာလုပ်ရမည် မသိသည်နှင့် "လွီပု"(Lu Bu) ထံ
ပြန်သွားသည်။

မကြာမီပင် "ယွမ်စု"(Yuan Shu) ဆီမှ စာရောက်လာသည်။ ထိုစာတွင်

217
"ကောက်ရွှန်း(Gao Shun) က လျူဘေ့(Liu Bei) ကို သွားတိုက်ပေမယ့် လျူဘေ့(Liu Bei) စစ်တပ်က
မပြိုကွဲသေးတဲ့အတွက် ပြောထားတဲ့အတိုင်း လက်ဆောင်မပေးနိုင်ပါဘူး" ဟု ဆိုထားသည်။

ထိုအခါ "လွီပု"(Lu Bu) သည် ဒေါသထွကြ် ပီး "ယွမ်စု"(Yuan Shu) ကို တိုက်ရန်ပြင်သည်။ သို့သော်လည်း
အကြံပေး "ချန်ကန
ုး"(Chen Gong) မှဝင်၍

"ယွမ်စု(Yuan Shu) ကို မတိုက်သင့်ဘူး၊ သူက ရှိုချွန်းနယ်ကိုပိုင်ပြီး ကြီးမားတဲ့စစ်တပ်ရှိပြီး


နောက်ခံအင်အားလည်း ကောင်းတယ်။ ကျွန်တော်တို့လက်ရှိအနေအထားနဲ့ သူ့ကို ယှဉ်နိုင်မှာ
မဟုတ်သေးဘူး။ အဲ့အစား လျူဘေ့(Liu Bei) ကို ရှောင်ဖေမှာ နေစေပြီး အခွင့်အခါသင့်ရင် သူ့ကို
ယွမ်စု(Yuan Shu) နဲ့ တိုက်ခိုင်းရမယ်၊ နောက်ပိုင်း ယွမ်စ(ု Yuan Shu) ရော၊ ယွမ်ရှောက်(Yuan Shao)
ရော ကျသွားရင်တော့ ခင်ဗျားက အင်အားကြီးတဲ့လူ ဖြစ်လာမှာ" ဟု ဆိုသည်။

ထိုအကြံအတိုင်းပင် "လွီပု"(Lu Bu) က "လျူဘေ့"(Liu Bei) ထံ စာပို့ လိုက်သည်။

"လျူဘေ့"(Liu Bei) ထွက်ပြေးပြီးနောက်တွင် "ယွမ်စ"ု (Yuan Shu) သည် ကွမ်းလင်ကို တိုက်ပြီး


"လျူဘေ့"(Liu Bei) ၏ စစ်တပ်တစ်ဝက်ကျော်ကို သေဆုံးစေခဲ့သည်။ "လွီပု"(Lu Bu) ထံမှ
စာရောက်သောအခါ "လျူဘေ့"(Liu Bei) သည် ၎င်းကို လက်ခံရန် ကြံသော်လည်း သူ့ညီနှစ်ဦးက
"လွီပု"(Lu Bu) ကို မယုံတော့ချေ။ "ကွမ်းယွ"ီ (Guan Yu) နှင့် "ကျန်းဖေး"(Zhang Fei) မှ

"ဒီလို သစ္စာမရှိတဲ့လူက ဒီလိုမျိုးကမ်းလှမ်းတယ်ဆိုတာ သူ့မှာ အကြံတစ်ခုခု ရှိလို့ နေမယ်" ဟု ပြောသည်။

"လျူဘေ့"(Liu Bei) : "အဲ့လို ကောင်းကောင်းဆက်ဆံလာတော့လည်း သူ့ကို မယုံပဲ မနေနိုင်ဘူး"

218
သို့နှင့် "လျူဘေ့"(Liu Bei) သည် ရွှီကျိုးသို့ ပြန်သွားလေသည်။ "လွှီပု"(Lu Bu) သည် သူ့ကို
မယုံမည်စိုးသဖြင့် "လျူဘေ့"(Liu Bei) ၏ ဇနီးနှစ်ဦးဖြစ်သော "ကန်း"(Gan) အမျိုးသမီးနှင့် "မီ"(Mi)
အမျိုးသမီးတို့ကို လွှတ်ပေးလိုက်သည်။ ထိုအမျိုးသမီးတို့ က "လျူဘေ့"(Liu Bei) အား "လွှီပ"ု (Lu Bu)
သည် သူတို့ အပေါ် ကောင်းကောင်းဆက်ဆံကြောင်း ပြောလေသည်။ "လျူဘေ့"(Liu Bei) မှ
သူ့ညီနှစ်ဦးကို

"သူက ငါ့မိသားစုတွေကို ထိခိုက်အောင် လုပ်မှာ မဟုတ်ဘူး ဆိုတာ ငါသိတယ်" ဟု ပြောသည်။

"ကျန်းဖေး"(Zhang Fei) သည် မကျေနပ်သဖြင့် သူ့အစ်ကိုတို့နှင့်အတူ မြို့ထဲသို့ မဝင်ပဲ "လျူဘေ့"(Liu


Bei) ၏ ဇနီးနှစ်ဦးကိုသာ ရှောင်ဖေသို့ ခေါ်သွားသည်။

"လွီပု"(Lu Bu) : "တကယ်တော့ ကျွန်တော်က မြို့ကို မသိမ်းချင်ပါဘူး။ ဒါပေမယ့် ခင်ဗျားညီရဲ့


အပြုအမူတွေကြောင့် မြို့ကို စောင့်ရှောက်လိုက်ရတာ"

"လျူဘေ့"(Liu Bei) : "ကျွန်တော် ဟိုးအရင်ထဲက ဒီမြို့ကို ခင်ဗျားလက်ထဲအပ်ချင်ခဲ့တာ

ထို့နောက် "လွီပ"ု (Lu Bu) သည် မြို့ကို "လျူဘေ့"(Liu Bei) အား ပြန်အပ်ရန်ပြုသော်လည်း
"လျူဘေ့"(Liu Bei) က လက်မခံချေ။ ထိုအကြောင်းကို "လျူဘေ့"(Liu Bei) ၏ ညီနှစ်ဦးကြားလေသော်
စိတမ
် ကောင်းဖြစ်ကြသည်။

"လျူဘေ့"(Liu Bei) : "ကံကြမ္မာက ဒီလိုဖန်လာတော့လည်း ဘယ်တတ်နိုင်မလဲ"

ထို့နောက် "လွီပ"ု (Lu Bu) သည် အစားအစာနှင့် လက်ဆောင်တို့ကို ပေးလေရာ နှစ်ဦးနှစ်ဖက်


သင့်မြတ်သွားကြပြန်သည်။

လုကျန့်မြို့စား "လုကန်း"(Lu Gang) ကို "စွန်းချဲ့"(Sun Ce) က တိုက်ခိုက်အောင်မြင်လေသော်


"ယွမ်စု"(Yuan Shu) က "စွန်းချဲ့"(Sun Ce) ကို ခေါ်ပြီး အောင်ပွဲခံလေသည်။

"စွန်းချဲ့"(Sun Ce) သည် သူ၏အဖေသေဆုံးပြီးနောက် ကိုယြ့် မို့ကိုပြန်ကာ လက်အောက်ငယ်သားတို့ကို


စုရုံးသည်။ သို့သော်လည်း သူ့အမေ၏မောင်ဖြစ်သူနှင့် အလျင်ရွှီကျိုးနယ်စားဟောင်း "ထောင်ချန်"(Tao
Qian) တို့ ရန်ဖြစ်ကြရာ "စွန်းချဲ့"(Sun Ce) သည် သူ့အမေမိသားစုကို ချွ့သ
ဲ့ို သွားစေပြီး သူကိုယ်တိုင်မှာမူ
"ယွမ်စု"(Yuan Shu) လက်အောက်တွင် အမှုထမ်းသည်။ "ယွမ်စု"(Yuan Shu) ကလည်း "စွန်းချဲ့"(Sun
Ce) ကို မြောက်စားသည်။

"ယွမ်စု"(Yuan Shu) : "ငါ့မှာသာ ဒီလိုသားမျိုးရှိရင် သေပျော်ပြီ"

219
"ယွမ်စု"(Yuan Shu) သည် "စွန်းချဲ့"(Sun Ce) ကို စစ်သူကြီးအဖြစ်ခန့်အပ်ပြီး အရပ်ရပ်သို့ စေလွှတ်ကာ
စစ်တုက
ိစေခဲ့သည်။

စားသောက်ပွဲပြီးနောက် "စွန်းချဲ့"(Sun Ce) သည် သူ့ရွက်ဖျင်တဲသို့မပြန်ပဲ လရောင်အောက်တွင်


လမ်းလျှောက်ကာ

"ငါ့အဖေက သူရဲကောင်း တစ်ဦးဖြစ်ခဲ့ပေမယ့် ငါကတော့ ဘာမှမဟုတ်တဲ့လတ


ူ စ်ယောက်ဖြစ်နေပါလား" ဟု
မြည်တမ်းကာ ငိုလေသည်။

ထိုအချိန်တွင်ပင် လူတစ်ဦးသည် ရယ်မောကာ ထွကလ


်ာသည်။

"စွန်းချဲ့(Sun Ce) ၊ ဘာဖြစ်တာလဲ၊ မင်းအဖေကတော့ ငါ့ကို အသုံးချခဲ့တယ်။ မင်းကတော့


ငါ့ကိုဘာမှမပြောပဲ ဘာလို့ ဒီမှာလာငိုနေတာလဲ?"

ထိုအသံရှင်မှာ "စွန်းကျန့်"(Sun Jian) လက်အောက်တွင်အမှုထမ်းခဲ့သော "ကျူကျီ"(Zhu Zhi) ဖြစ်သည်။


"စွန်းချဲ့(Sun Ce) သည်လည်း အငိုရပ်ကာ နှစ်ဦးလုံး တစ်နေရာတွင် ထိုင်လိုက်သည်။

"ကျွန်တော်က ကျွန်တော့်အဖေခြေရာကို မနင်းနိုင်တာ စိတ်မကောင်းလို့ပါ"

"ဘာလို့ သူများလက်အောက်မှာ နေရတာလဲ? တန်းရန်ကို သိမ်းပြီးတော့ ယွမ်စု(Yuan Shu)


အရိပ်အောက်က လွတေ
် အာင်လုပ်ပြီး လုပ်ငန်းကြီးတွေ ဆောင်ရွက်ပါ"

ထိုသူ နှစ်ဦးတို့ စကားပြောနေစဉ်တွင် လူတစ်ယောက်ရောက်လာသည်။

"ကျွန်တော်လည်း ခင်ဗျားတို့ ကို ကူညီပါရစေ"

ထိုသူသည်ကား "ယွမ်စု"(Yuan Shu) ၏ အကြံပေးတစ်ဦးဖြစ်သူ "လွီဖန်"(Lu Fan) ဖြစ်သည်။


သူတို့ သုံးယောက်လုံး ထိုင်ကာ တိုင်ပင်ကြသည်။

"လွီဖန်"(Lu Fan) : "ယွမ်စ(ု Yuan Shu) က စစ်တပ်မပေးမှာပဲ စိုးရိမ်ရတာ"

"စွန်းချဲ့(Sun Ce) : "ကျုပ်အဖေပေးခဲ့တဲ့ ဘုရင့်တံဆိပ်တုံးရှိတယ်၊ အဲ့ဟာကို အသုံးချလို့ရနိုင်တယ်"

"ကျူကျီ"(Zhu Zhi) : "ယွမ်စ(ု Yuan Shu) က အဲ့ရတနာကို လိုချင်နေတာ၊ အဲ့ဟာကို ငါးစာလုပ်ရင်


သူလာဟပ်မှာပဲ"

220
ထိုသုံးယောက်တို့ သည် တိုင်ပင်ကာ အသေးစိတ်စီမံကြသည်။

ရက်အနည်းငယ်ကြာသော် "စွန်းချဲ့(Sun Ce) သည် "ယွမ်စု"(Yuan Shu) နှင့် သွားတွေ့သည်။


ဝမ်းနည်းသော ပုံစံဖြင့် "စွန်းချဲ့(Sun Ce) သည်

"ကျွန်တော် အဖေ့အတွက်တောင် လက်စားမချေနိုင်ခဲ့ဘူး၊ အခု ရန်ကျိုးနယ်စား လျူရောင်(Liu Yao) ဟာ


ကျွန်တော့်ဦးလေးနဲ့ ကျွန်တော့်အမေတို့ကို ဖိနှိပ်နေတယ်၊ ဒါကြောင့် ချွ့က
ဲိုသွားပြီး သူတို့ ကို
သွားကယ်ဖို့အတွက် စစ်တပ်ထောင်ဂဏန်းအနည်းငယ်လောက် လိုချင်ပါတယ်။ အာမခံပစ္စည်းအနေနဲ့
ဘုရင့်တံဆိပ်တုံးကို အပ်ထားပါရစေ" ဟု ပြောသည်။

"မင်းမှာ တံဆပ
ိတုံးတကယ်ရှိလားဆိုတာ ငါ ကြည့်ပါရစေ၊ အဲ့ဟာကို ငါမလိုချင်ပေမယ့် ငါ့လက်ထဲကို
အပ်ထားခဲ့လို့ရပါတယ်။ မင်းလက်ထဲကို စစ်သားသုံးထောင်နဲ့ မြင်းငါးရာချေးပေးလိုက်မယ်။ နောက်ပြီး
မင်းရာထူးက အဲ့အစစ်သားပမာဏကို မထိန်းနိုင်သေးတဲ့အတွက် သူပုန်တွေကို နှိမ်နှင်းတဲ့စစ်သူကြီးဆိုပြီး
ရာထူးတိုးပေးလိုက်မယ်"

ထိုအခါ "စွန်းချဲ့(Sun Ce) သည် "ယွမ်စု"(Yuan Shu) ကို ကျေးဇူးတင်ကာ စစ်သားတို့ကို ဦးဆောင်ပြီး
အသစ်ရသော အကြံပေးနှစ်ဦးအပြင် သူ့အဖေ၏လက်အောက်ရှိ အမှုထမ်းများဖြစ်သော "ကျူကျီ"(Zhu
Zhi) ၊ "လွီဖန်"(Lu Fan) ၊ "ချန်ဖူ"(Cheng Pu) ၊ "ဟွမ်ကိုင"် (Huang Gai) ၊ "ဟန်တန်"(Han Dang) နှင့်
အခြားသူတို့နှင့်အတူ ချီတက်သည်။

"စွန်းချဲ့(Sun Ce) သည် လင်းရန်သို့ ရောက်သော် ရုပ်ရည်ချောမောသော လူငယ်တစ်ဦးက


ဦးဆောင်လာသော စစ်တပ်တစ်တပ်က တွေ့လိုက်သည်။ ထိုလူငယ်မှာ ရှူချန်မှ "ကျိုးယွီ"(Zhou Yu)
ဖြစ်သည်။

"စွန်းကျန့်"(Sun Jian) သည် "တုန်ကျိုး"(Dong Zhuo) နှင့် တိုကစ


် ဉ်အခါက ရှူချန်တွင် မိသားစုတို့ နှင့်
နေခဲ့ဖူးသည်။ "စွန်းချဲ့(Sun Ce) နှင့် "ကျိုးယွ"ီ (Zhou Yu) မှာ အသက်အတူတူ၊ လအားဖြင့်
နှစ်လသာကွာသဖြင့် လူငယ်အချင်းချင်းရင်းနှီးခဲ့ပြီး သွေးသောက် ညီအကိုဖွဲ့ ခဲ့သည်။ "စွန်းချဲ့(Sun Ce)
ကား "ကျိုးယွ"ီ (Zhou Yu) ထက် အသက်အတန်ငယ်ကြီးသဖြင့် အကိုကြီးအရာ ဖြစ်ခဲ့သည်။ ယခုမှာ
"ကျိုးယွ"ီ (Zhou Yu) သည် "စွန်းချဲ့(Sun Ce) ဦးလေးဆီသွားရန် ပြင်စဉ် လမ်း၌တွေ့ကြခြင်းပေတည်း။

သို့နှင့် "စွန်းချဲ့(Sun Ce) သည် သူ၏အကြံတို့ကို သူ့ညီကို ပြောလေရာ "ကျိုးယွ"ီ (Zhou Yu) က

"ကျွန်တော်တ
့ စ်ဘဝလုံးကို ရင်းပြီးတော့ အကြံအစည်ထမြောက်အောင် ကူညီပေးပါ့မယ်" ဟု ဆိုသည်။

"မင်းပါ ရောက်လာပြီဆုေ
ိ တာ့ အကြံအစည်အောင်လန
ီုးနီးပါပဲ"

221
ထို့နောက် "စွန်းချဲ့"(Sun Ce) သည် "ကျိုးယွ"ီ (Zhou Yu) ကို "ကျူကျီ"(Zhu Zhi) ၊ "လွီဖန်"(Lu Fan)
တို့နှင့် မိတဆ
် က်ပေးသည်။

"ကျိုးယွီ"(Zhou Yu) : "ကွမ်းလင်က ကျန်းနှစ်ဦးကို သိလား။ သူတို့ အကူအညီနဲ့ ဆို အစ်ကုရ


ိဲ့
အကြံအစည်အောင်နိုင်တယ်

"စွန်းချဲ့"(Sun Ce) : "ကျန်းနှစ်ဦးဆိုတာ ဘယ်သူတွေတုန်း"

"ကျိုးယွီ"(Zhou Yu) : "သူတို့ က ဒီအနားမှာ နေပြီး ဉာဏ်ကြီးရှင်တွေလို့ နာမည်ကြီးတယ်။


သူတို့ နာမည်တွေက "ကျန်းကျောက်"(Zhang Zhao) နဲ့ "ကျန်းဟုန်"(Zhang Hong) ဖြစ်တယ်။
သူတို့ ရဲ့အကူအညီတောင်းခံကြည့်ပါလား"

ထိုအခါ "စွန်းချဲ့"(Sun Ce) သည် အချိန်မနှောင့်နှေးစေပဲ စာတို့လက်ဆောင်တို့ပို့ကာ သူ့ထံ


အမှုထမ်းရန် ဖိတေ
် ခ်ါသည်။ သို့သော် နှစ်ဦးလုံးက ငြင်းလိုက်သည်။ ထိုအခါ "စွန်းချဲ့"(Sun Ce)
ကိုယ်တိုင်သွားကာ ခေါ်ပြန်သည်။ အကြိမ်ကြိမ်အခါခါ တောင်းဆိုပြီးသည့်နောက်တွင်မှ ထိုသူနှစ်ဦးထံမှ
ကူညီမည်ဟူသော ကတိကို ရခဲ့သည်။ "စွန်းချဲ့"(Sun Ce) သည် ထိုသူနှစ်ယောက်ကို စစ်သူကြီး၊
အကြံပေးရာထူးပေးလိုက်သည်။

ထို့နောက် ရန်ကျိုးပြည်နယ်ကိုတိုက်ရန် အစီအစဉ်ဆွဲကြသည်။ နယ်စား "လျူရောင်"(Liu Yao) သည်


တုန်းလိုင်အရပ်တွင်ရှိနေပြီး သူသည် ရန်ကျိုးနယ်စား "လျူတိုက"် (Liu Dai) နှင့် ညီအစ်ကိုတော်သည်။
ရန်ကျိုးပြည်နယ် ရှိုချွန်းမြို့တွင် နှစ်ပေါင်းများစွာအုပ်ချုပ်ခဲ့သော်လည်း "ယွမ်စု"(Yuan Shu) ၏
စစ်ဆင်မှုကြောင့် မြစ်ဝါမြစ်၏ အရှေ့တောင်ဘက်သို့ ထွက်ပြေးခဲ့ရသည်။ သူသည် ချွဲ့သို့ ရောက်လာခဲ့ပြီး
လင်းရန်တွင် "ဝူကျင်း"(Wu Jing) နှင့် တိုက်နေသည်။

222
"စွန်းချဲ့"(Sun Ce) ချီတက်လာသော သတင်းကို ကြားသည့်အခါ "လျူရောင်"(Liu Yao) သည်
စစ်သြူ ကီးတို့ကို ခေါ်ကာ စည်းဝေးစေသည်။ စစ်သူကြီး "ကျန်းရင်"(Zhang Ying) မှ ဤသို့ ပြောသည်။

"ကျွန်တော် စစ်တပ်ကို ဦးဆောင်ပြီး နူကျူမှာ စခန်းချပြီး ရန်သူတွေ မလာနိုင်အောင် ပိတ်ထားမယ်"

သို့သော်လည်း လူတစ်ဦးမှ ဝင်၍

"ရှေ့တန်းတပ်ကို ကျွန်တော် ဦးဆောင်ပါရစေ" ဟု ပြောရာ အားလုံး၏ အကြည့်သည်


ထိုသူ့ ထံရောက်သွားသည်။ ထိုသူမှာ ပေဟိုင်မှ "ခုန်းရုံ"(Kong Rong) ကို ကယ်ခဲ့ပြီးနောက်
"လျူရောင်"(Liu Yao) လက်အောက်တွင် အမှုလာထမ်းသော "ထိုက်ရှီချီ"(Taishi Ci) ဖြစ်သည်။

"လျူရောင်"(Liu Yao) : "မင်းက အသက်ငယ်သေးတဲ့အတွက် ဒီတာဝန်ကို ထမ်းဆောင်လို့ မဖြစ်ဘူး ။


ငါ့နားမှာနေပြီး အမိန့်ကိုစောင့်နေပါ"

ထိုအခါ "ထိုက်ရှီချီ"(Taishi Ci) တစ်ယောက် စိတ်ပျက်လက်ပျက်ဖြစ်သွားသည်။

"ကျန်းရင်"(Zhang Ying) သည် နူကျူတွင် တပ်စွဲပြီး "စွန်းချဲ့"(Sun Ce) ရောက်လာသောအခါ


ထိပ်တိုက်ရင်ဆိုင်လေသည်။ "စွန်းချဲ့"(Sun Ce) ဘက်မှ "ဟွမ်ကိုင်"(Huang Gai) ထွက်လာကာ
"ကျန်းရင်"(Zhang Ying) နှင့် တိုကသ
် ည်။ သို့သော် သိပ်ပင်မကြာလိုက်၊ "ကျန်းရင်"(Zhang Ying) ၏
ခံတပ်မှာ မီးလောင်သဖြင့် တပ်ဆုတ်ရသည်။ "စွန်းချဲ့"(Sun Ce) ကလည်း နောက်မှ သဲကြီးမဲကြီးဖိတိုက်ရာ
"ကျန်းရင်"(Zhang Ying) သည် တောင်ကုန်းဘက်သို့ ထွကေ
် ပြးလေသည်။

ထိုရန်သူ့ စခန်းကို မီးရှို့သည့်သူနှစ်ဦးမှာ ရှိုချွန်းမှ "ကျန်းချင်"(Jiang Qin) နှင့် ကျိုကျန်းမှ


"ကျိုးထိုက်"(Zhou Tai) တို့ ဖြစ်သည်။ သူတို့နှစ်ဦးသည် အလျှင်က မြစ်ဝါမြစ်တစ်လျှောက်တွင်
သောင်းကျန်းခဲ့သော ဓားပြများဖြစ်ကြပြီး နောက်ပိုင်းတွင် "စွန်းချဲ့"(Sun Ce) လက်အောက်၌
ခိုလံခ
ှဲု့ကြသည်။

ရန်သူ့ စခန်းကိုသိမ်းပြီးနောက် "စွန်းချဲ့"(Sun Ce) သည် ရန်သူဘက်မှ အညံ့ခံသော


စစ်သားလေးထောင်တို့ ကို သူ့တပ်ထဲတွင် အမှုထမ်းစေပြီး ရှန်ထင်သို့ ချီတက်သည်။

"ကျန်းရင်"(Zhang Ying) သည် စစ်ရှုံးကာ ပြန်သွားသဖြင့် "လျူရောင်"(Liu Yao) မှ သူ့ကို


သတ်မည်လုပ်သော်လည်း အခြားသူများက ဝိုင်းဝန်းတောင်းပန်ကြသဖြင့် မသတ်ပဲ လင်းလင်သို့
လွှတ်လိုက်သည်။ "လျူရောင်"(Liu Yao) သည် ရန်သူတို့ကို ကိုယတ
ိုင်ကိုယ်ကျတိုက်ရန်

223
တောင်ကုန်းတစ်ခု၏ တောင်ဘက်တွင် တပ်စွဲထားသည်။ "စွန်းချဲ့"(Sun Ce) သည် အခြားတစ်ဖက်တွင်
တပ်စွဲထားလေသည်။

ထို့နောက် "စွန်းချဲ့"(Sun Ce) သည် ထိုအနီးအနားရှိသူတို့အား

"ဟန်မင်းဆက်ခေတ်နှောင်းတည်ထောင်သူ လျူရှုပ်(Liu Xiu) ၏ ဘုရားကျောင်း ဤအနီးအနားတွင်


ရှိပါ၏လော" ဟု မေးရာ အရပ်သားတို့ ကလည်း တောင်ကန
ုး၏တောင်ဘက်တွင် ရှိကြောင်းပြောသည်။

"စွန်းချဲ့"(Sun Ce) : "ကျုပ် မနေ့က လျူရှုပ(် Liu Xiu) က ကျုပ်ကုေ


ိ ခ်ါတယ်လို့ အိပ်မက်မက်လို့ ။
အဲ့ဒါကြောင့် သူ့ဘုရားကျောင်းကိုသွားမလို့ "

"ကျန်းကျောက်"(Zhang Zhao) : "ရန်သူက အဲ့တစ်ဖက်မှာရှိတာ မသွားပါနဲ့"

"စွန်းချဲ့"(Sun Ce) : "အဲ့ဝိညာဉ်က ငါ့ကို ကာကွယ်ပေးလိမ့်မယ်။ ဘာများကြောက်စရာရှိလ?ဲ "

ထို့နောက် "စွန်းချဲ့"(Sun Ce) သည် သံချပ်ကိုဝတ်ကာ မြင်းစီးပြီးနောက် အစောင့်ဆယ့်နှစ်ဦးနှင့်အတူ


ထွက်ခွာသွားသည်။ ထိုတောင်ကုန်းရှိ ဘုရားကျောင်းသို့ရောက်သော် အမွှေးတိုင်ထွန်းကာ
ဆုတောင်းကြသည်။

"စွန်းချဲ့"(Sun Ce) : "ကျွန်ုပ် စွန်းချဲ့(Sun Ce) သည် ဤအကြံအစည်အောင်မြင်ခဲ့သည်ရှိသော်


ဤဘုရားကျောင်းကိုပြန်လည်ပြုပြင်ပြီး လေးရာသီပတ်လုံး စားစရာတို့ ဆက်သပါမည်"

ပြီးနောက်တွင်မှူ "စွန်းချဲ့"(Sun Ce) သည် မြင်းစီးပြီး တောင်ထိပ်မှနေကာ ရန်သူတို့ကို


သွားထောက်လှမ်းမည်ဟု ဆိုသဖြင့် လက်အောက်ငယ်သားတို့ က ကန့်ကွက်ကြသည်။ သို့ သော်လည်း
ခေါင်းမာသော "စွန်းချဲ့"(Sun Ce) ကို မတားနိုင်ကြချေ။

တစ်ဖက်တပ်မှ လူတို့ သည် တောင်ကုန်းမှ မြင်းစီးသူတို့ ကို တွေ့လိုက်ရာ "လျူရောင်"(Liu Yao) မှ

"ဒါ စွန်းချဲ့(Sun Ce) က ငါတို့ ကို လာထောက်လှမ်းတာပဲ၊ ဒါပေမယ့် အပြင် မထွက်နဲ့" ဟု ဆိုသည်။

"ထိုက်ရှီချီ"(Taishi Ci) : "ဒါ စွန်းချဲ့(Sun Ce) ကို ဖမ်းဖို့အခွင့်ကောင်းပဲ။ ဘယ်သူ ငါနဲ့ လိုကမ
် လဲ"

တစ်ယောက်မှ ပေါ်မလာကြ။ တစ်ယောက်သော မင်းမှုထမ်းကမူ "ထိုက်ရှီချီ"(Taishi Ci) သည်


ရဲဝံ့ သောသူဖြစ်သဖြင့် သူနှင့်လုက
ိမည်ဟုဆိုကာ လိုက်သွားသည်။ အခြားသူတို့မှာ ထိုသူနှစ်ဦးကို
ပြက်ရယ်ပြုကြသည်။

224
"စွန်းချဲ့"(Sun Ce) သည် ထောက်လှမ်းပြီးနောက် နောက်သို့ပြန်လှည့်ရန်ပြင်စဉ် "ရပ်လိုက်စမ်း" ဟူသော
အသံတစ်သြံ ကားလိုက်သည်။

"စွန်းချဲ့"(Sun Ce) လှည့်ကြည့်လိုက်သော် မြင်းစီးလာသော လူနှစ်ဦးကိုတွေ့သဖြင့်


လှံကိုအသင့်အနေထား ထားလိုက်သည်။

"ထိုက်ရှီချီ"(Taishi Ci) : "ဘယ်သူက စွန်းချဲ့(Sun Ce) လည်း"

"စွန်းချဲ့"(Sun Ce) : "ခင်ဗျားက ဘယ်သလ


ူ ည်း"

"ထိုက်ရှီချီ"(Taishi Ci) : " ကျုပ်က လိုင်ဟွမ်က ထိုက်ရှီချီ(Taishi Ci) ၊ စွန်းချဲ့(Sun Ce) ကို
ဖမ်းမလို့လာတာ"

"စွန်းချဲ့"(Sun Ce) : "စွန်းချဲ့(Sun Ce) ဆိုတာ ကျုပ်ပဲ။ ခင်ဗျားတို့နှစ်ယောက်လုံး လာခဲ့၊ ခင်ဗျားတို့ကို


ကြောက်ရင် ကျုပ်ကိုယ်ကျုပ် စွန်းချဲ့(Sun Ce) လို့ မခေါ်ဘူး"

"ထိုက်ရှီချီ"(Taishi Ci) : "ခင်ဗျားရော ခင်ဗျားနောက်လိုကပ


်ါ တက်လာရင်တောင် ကျုပ် မဖြုံဘူး"

ထို့နောက် "ထိုက်ရှီချီ"(Taishi Ci) သည် ထွကလ


်ာပြီး တိုက်လေသည်။ "စွန်းချဲ့"(Sun Ce) ကလည်း
ပြန်တုက
ိ သ
် ည်။ အကွက်ငါးဆယ်ခန့်တိုက်ပြီးသော်လည်း ဘယ်သူသာမှန်း မသိသေးချေ။ "စွန်းချဲ့"(Sun
Ce) ၏ လက်အောက်ငယ်သားတို့သည် ထိုတိုက်ပွဲကိုကြည့်ပြီး အံ့ဩကာ အချင်းချင်း
တီးတိုးပြောဆိုကြသည်။ "ထိုက်ရှီချီ"(Taishi Ci) သည် ရန်သူ၏ လှံမှာ ဟာကွက်မရှိသည်ကို
တွေ့လိုက်သဖြင့် ပရိယာယ်သုံးရန်ကြံသည်။ ထို့ နောက် "ထိုက်ရှီချီ"(Taishi Ci) သည် ထွကေ
် ပြးရန်
ဟန်ဆောင်သည်။ "စွန်းချဲ့"(Sun Ce) ကလည်း "တိုက်ပွဲက ပြေးတဲ့လူက သူရဲဘောကြောင်တဲ့လူပဲ"
ဟုဆိုကာ နောက်မှ လိုကသ
် ည်။

"ထိုက်ရှီချီ"(Taishi Ci) မှ ဤသို့ တွေးသည်။

'သူ့ကို ဖမ်းလိုက်နိုင်ရင်တောင် သူ့နောက်မှာ ဆယ့်နှစ်ယောက်ရှိသေးတယ်။ အဲ့ဒီတော့ အဲ့လူတွေလက်ထဲ


ပြန်ပါသွားမှာပဲ။ ဒီတော့ သူ့ကို တစ်နေရာရာကို အရင်မျှားခေါ်ပြီးမှ ဖမ်းဖို့လုပ်ရမယ်'

"စွန်းချဲ့"(Sun Ce) ကို မျှားခေါ်ပြီး မြေပြန့်တစ်နေရာအရောက်တွင် နောက်သို့လှည့်ကာတိုက်လေသည်။


နှစ်ဦးသားအကွက်ငါးဆယ်ခန့်ထပ်တိုက်သော်လည်း သရေဖြစ်နေသည်။ "စွန်းချဲ့"(Sun Ce) သည်
"ထိုက်ရှီချီ"(Taishi Ci) အား လှံဖြင့်ထိုးရာ လှံကို လက်မောင်းအောက်တင
ွ် ရှိုလိုကြ် ပီး ရှောင်လိုက်သည်။

225
ထိုနည်းတူပင် "စွန်းချဲ့"(Sun Ce) ကလည်း ရန်သူ၏ လှံကို ရှောင်လုက
ိလေသည်။ ထိုသန
ှူစ်ဦးလုံး
ဒဏ်ရာမရသော်ငြားလည်း မြင်းပေါ်မှ ကျသွားသည်။ မြေကြီးပေါ်တွင် နှစ်ဦးသား လက်ရုံးရည်ချင်း
ယှဉ်ကြပြန်သည်။ "စွန်းချဲ့"(Sun Ce) သည် "ထိုက်ရှီချီ"(Taishi Ci) နောက်ကျောမှ လှံတုေ
ိ လးကို
ကိုင်လိုက်သည်။ "ထိုက်ရှီချီ"(Taishi Ci) ကလည်း "စွန်းချဲ့"(Sun Ce) ၏ ခေါင်းဆောင်းကို
ဖယ်လိုက်သည်။ "စွန်းချဲ့"(Sun Ce) သည် သူကုင
ိထားသော လှံဖြင့် "ထိုက်ရှီချီ"(Taishi Ci) ကို
ထိုးမည်ပြုရာ "ထိုက်ရှီချီ"(Taishi Ci) သည် လက်ထဲမှ ခမောက်ဖြင့် ပြန်ကာလိုက်သည်။

ထိုအချိန်တွင်ပင် အော်သံတို့ကြားလိုက်ရကာ "လျူရောင်"(Liu Yao) သည် စစ်သားတစ်ထောင်တို့ ကို


ဦးဆောင်ကာ ရောက်လာသည်။ "ထိုက်ရှီချီ"(Taishi Ci) သည် လှံကုက
ိုင်ပြီး မြင်းပေါ်တက်သည်။
"စွန်းချဲ့"(Sun Ce) ၏ မြင်းကိုလည်း "ချန်ဖ"ူ (Cheng Pu) မှ ယူဆောင်လာလေသည်။ ထို့နောက်
စစ်သားအနည်းငယ်နှင့် စစ်သားတစ်ထောင်တို့ တိုက်ကြသည်။ သို့သော်လည်း များမကြာမီမှာပင်
"ကျိုးယွ"ီ (Zhou Yu) ဦးဆောင်သော စစ်ကူတို့ရောက်လာပြီးနောက်ဝယ် နှစ်ဦးနှစ်ဖက်လုံး
တပ်ပြန်ဆုတ်ကြသည်။

နောက်တစ်ရက် နံနက်တွင် "စွန်းချဲ့"(Sun Ce) သည် စစ်သားတို့ကို ဦးဆောင်ပြီး


ရန်သူ့ တပ်စခန်းတို့သွားကာ စိန်ခေါ်သည်။ တပ်နှစ်ဖက် ထိပ်တိုက်တွေ့ကြသည်။

"စွန်းချဲ့"(Sun Ce) သည် "ထိုက်ရှီချီ"(Taishi Ci) ဆီမှရသောလှံတိုလေးကို သူ၏လှံတွင်ချိတ်ကာ


အရှေ့ဆံုး တွင် ထားစေပြီး စစ်သားတို့အား

"ဒီလှံတိုပိုင်ရှင်ဟာ ထွက်ပြေးသွားတာ မဟုတ်ရင် အသတ်ခံလိုက်ရပြီထင်တယ်" ဟု အော်စေသည်။

တစ်ဖက်မှလည်း "စွန်းချဲ့"(Sun Ce) ၏ ခမောက်ကို ဝှေ့ရမ်းကာ

"စွန်းချဲ့(Sun Ce) ခေါင်းက ဒီမှာဟေ့" ဟု အော်ကြသည်။

ထို့နောက် နှစ်ဦးနှစ်ဖက် သူသာသည်၊ ငါသာသည် ကြွားဝါကြသည်။

မကြာမီပင် "ထိုက်ရှီချီ"(Taishi Ci) ထွက်လာကာ "စွန်းချဲ့"(Sun Ce) အား အသေတိုကြ် ကမည်ဟု


စိန်ခေါ်ရာ "စွန်းချဲ့"(Sun Ce) လည်း လက်ခံလိုက်သည်။

သို့သော် "ချန်ဖ"ူ (Cheng Pu) မှ

"သခင်က ဒါလေးနဲ့ အနှောင့်အယှက်မခံပါနဲ့၊ ကျွန်တော် ရှင်းပါ့မယ်" ဟုဆိုကာ ရှေ့သို့ ထွက်လာသည်။

226
"ထိုက်ရှီချီ"(Taishi Ci) : "ခင်ဗျားလိုလူလောက်ကို မမှုဘူး၊ ခင်ဗျားသခင်ကို ထွက်လာခိုင်းလိုက်ပါ"

"ချန်ဖ"ူ (Cheng Pu) သည် ထိုစကားကြောင့် ပိုဒေါသထွက်သွားကာ နှစ်ဦးသားတိုက်ကြပြီး


အကွက်သုံးဆယ်ခန့်တိုက်ပြီးသော် "လျူရောင်"(Liu Yao) မှ တိုက်ပွဲကို ရပ်စေလိုက်သည်။

"ထိုက်ရှီချီ"(Taishi Ci) : "ဘာလို့တိုက်ပွဲကို ရပ်ခိုင်းလိုက်တာလဲ။ ကျွန်တော် ဟိုလူ့ ကိုဖမ်းမိတော့မှာ"

"လျူရောင်"(Liu Yao) : "ဘာလို့ လည်းဆိုတော့ ချွဲ့ ကို ကျိုးယွ(ီ Zhou Yu) သိမ်းသွားပြီ။ ချန်ဝ(ူ Chen Wu)
က ငါတို့ ကို သစ္စာဖောက်သွားတယ်။ ငါတို့ပြန်စရာမရှိတော့ဘူး ။ ဒီတော့ မော့လင်ကို သွားပြီးတော့
"ရွှဲလ"ိ (Xue Li) နဲ့ "ကျဲရ"ုံ (Ze Rong) တို့ရဲ့ အကူအညီယူရမယ်"

သို့နှင့် "လျူရောင်"(Liu Yao) တပ်ဆုတ်ခဲ့ရသည်။

ထို့နောက် "ကျန်းကျောက်"(Zhang Zhao) သည် "စွန်းချဲ့"(Sun Ce) အား

"ရန်သူတွေက ကျိုးယွီ(Zhou Yu) ကြောင့် အင်အားနည်းနေပြီ။ ကျွန်တော်တို့ ညဘက်


လျပ်တပြက်ဝင်တုက
ိသင့်တယ်" ဟု အကြံပေးသည်။

"စွန်းချဲ့"(Sun Ce) သည် တပ်ကို ငါးဖွဲ့ ခွဲပြီး ရန်သူ့စခန်းကို တိုကက


်ာ အောင်နိုင်လေသည်။
ရန်သတ
ူ့ို လည်း အရပ်မျက်နှာအသီးသီးတို့ထွကေ
် ပြးကုန်ကြသည်။ "ထိုက်ရှီချီ"(Taishi Ci) သည်လည်း
အင်အားများသော ရန်သက
ို မခုခံနိုင်သဖြင့် မြင်းသည်တော်တစ်ကျိပ်ဖြင့် ကျင်းရှန်သို့
ထွက်ပြေးတိမ်းရှောင်သည်။

ယခုအခါ "စွန်းချဲ့"(Sun Ce) လက်အောက်တွင် "ချန်ဝ"ူ (Cheng Wu) ပါ ရောက်လာခဲ့ပြီ။ "ချန်ဝ"ူ (Cheng
Wu) သည် သာမန်အရပ်အမောင်းရှိပြီး အသားညိုညစ်ညစ်ဖြင့် နီရဲသောမျက်လုံးတို့ ရှိသည့်
ထူးဆန်းသောသူဖြစ်သည်။ သို့သော်လည်း "စွန်းချဲ့"(Sun Ce) က သူ့ကို ရှေ့တန်းတပ်ကို
ဦးဆောင်စေကာ "ရွှဲလ"ိ (Xue Li) ကို တိုက်စေသည်။ ရှေ့တန်းတပ်ခေါင်းဆောင်အနေနှင့် "ချန်ဝ"ူ (Cheng
Wu) သည် မြင်းသည်တော်တစ်ဒါဇင်ဖြင့် ရန်သူ့ တပ်ကို ထိုးဖောက်ကာ ရန်သူအယောက်တစ်ရာခန့်ကို
သတ်နိုင်လုက
ိသည်။ "ရွှဲလ"ိ (Xue Li) သည် ကာကွယ်ရေးကိုသာဦးစားပေးပြီး ထွက်မတိုက်ချေ။

"စွန်းချဲ့"(Sun Ce) သည် ထိုမြို့ကို တိုက်နေစဉ် "လျူရောင်"(Liu Yao) နှင့် "ကျဲရုံ"(Ze Rng) တို့က
နူကျူကို တိုကေ
် နသည်ဟူသော သတင်းကြောင့် "စွန်းချဲ့"(Sun Ce) သည် ထိုရန်သန
ှူစ်ဦးကို
သွားရင်ဆိုင်ရလေသည်။

"စွန်းချဲ့"(Sun Ce) : "ကျုပ်က ဒီမှာပဲ။ ခင်ဗျားတို့ လက်နက်ချရင် အကောင်းဆုံးပဲ"

227
ထို့နောက် "လျူရောင်"(Liu Yao) ဘက်မှ "ယွီမ"ီ (Yu Mi) ဟူသော စစ်သြူ ကီးထွက်လာသည်။
သုံးကွက်ခန့်ချပြီးနောက် "စွန်းချဲ့"(Sun Ce) က "ယွီမီ"(Yu Mi) ကို ဖမ်းလိုက်သည်။ ထိုသူကိုကယ်ရန်
"ဖန်နန်"(Fan Neng) ထွက်လာသည်။ သို့သော်လည်း "စွန်းချဲ့"(Sun Ce) ဘက်မှ စစ်သားတို့က
"နောက်မှာ ရန်သရ
ှူိတယ်" ဟု အော်ရာ "စွန်းချဲ့"(Sun Ce) က လှည့်ပြီး ကျယ်လောင်စွာ
အော်လုက
ိလေသဖြင့် "ဖန်နန်"(Fan Neng) မှာ လန့်ပြီး မြင်းပေါ်မှကျကာ မြေကြီးနှင့် ခေါင်းထိပြီး
သေလေသည်။ "စွန်းချဲ့"(Sun Ce) သည် သူဖမ်းလာသော "ယွီမ"ီ (Yu Mi) ကို မြေကြီးပေါ်ပစ်ချလိုက်ရာ
"ယွီမီ"(Yu Mi) လည်း သေလေသည်။ ရန်သူနှစ်ဦးအနက် တစ်ဦးမှာ အသတ်ခံရ၍သေပြီး တစ်ဦးမှာ
လန့်သောကြောင့် သေသွားခဲ့သည်။ ထိုအချိန်မှစ၍ "စွန်းချဲ့"(Sun Ce) ကို "မင်းသားငယ်" ဟု
ခေါ်ဝေါ်ကြလေသည်။

"လျူရောင်"(Liu Yao) စစ်ရှုံးခဲ့လေသည်။ စစ်သားများစွာတို့ လက်နက်ချကြသည်။


အသတ်ခံရသောစစ်သားတို့မှာ တစ်သောင်းကျော်ရှိသည်။ "လျူရောင်"(Liu Yao) မှာ
ယွီကျန်းသို့ ပြေးသွားပြီး "လျူပြောင်း"(Liu Biao) လက်အောက်တွင် ခိုလှုံသည်။

"စွန်းချဲ့"(Sun Ce) ၏ နောက်တစ်ကွကမ


ှ်ာ မော့လင်ကို တိုက်ခြင်းပင်ဖြစ်သည်။ ထိုသို့အရောက်တွင်
ရန်သူ့ ခေါင်းဆောင် "ရွှဲလိ"(Xue Li) ကို လက်နက်ချစေသည်။ ထိုအချိန်တွင် မြားတစ်စင်းက
ရုတတ
် ရတ်ထွက်လာကာ "စွန်းချဲ့"(Sun Ce) ၏ ဘယ်ဘက်ပေါင်ကိုစိုက်သွားပြီး မြင်းပေါ်မှ ကျသွားသည်။
ထို့နောက် "စွန်းချဲ့"(Sun Ce) ကို စခန်းသို့ပြန်ခေါ်ကာ မြားကိုထုတ်ပြီး ဆေးတို့ ကိုတိုက်ကျွေးသည်။

228
"စွန်းချဲ့"(Sun Ce) သည် သူ၏ကျန်းမာရေးအခြေအနေဆိုးရွားနေသည်ဟု ဝါဒဖြန့်စေလိုကြ် ပီး
စစ်သားတို့ကို ဝမ်းနည်းခြင်းအထိမ်းအမှတ်တို့ပြုလုပ်စေသည်။ ထို့နောက် ရွက်ဖျင်တဲတို့ကိုလည်း
ဖယ်ရှားလိုက်သည်။ "ရွှဲ့လိ"(Xue Li) ၊ "ကျန်းရင်"(Zhang Ying) နှင့် "ချန်ဟန်"(Chen Heng) တို့သည်
ညဘက်တိတတ
် ဆိတ်တုက
ိရန်ပြင်သော်လည်း အသင့်စောင့်နေသော ရန်သူတို့လက်ချက်ခံလိုက်ရသည်။

"စွန်းချဲ့"(Sun Ce) သည် ရုတ်တရတ်ထွကလ


်ာကာ "စွန်းချဲ့(Sun Ce) က ဒီမှာအကောင်းကြီးရှိသေးတယ်"
ဟု ဆိုကာ တိုက်လေသည်။ သူ၏ရုတ်တရတ်ပေါ်လာမှုက ရန်သူတို့ကို ကြောက်လန့်သွားစေသည်။
"စွန်းချဲ့"(Sun Ce) က ရန်သတ
ူ့ို ကို မသတ်ရန် အမိန့်ပေးသော်လည်း နောက်ကျသွားခဲ့သည်။
"ကျန်းရင်"(Zhang Ying) သည် "ချန်ဝူ"(Chen Wu) ၏ လှံစာမိသွားသည်။ "ချန်ဟန်"(Chen Heng) မှာမူ
"ကျန်းချင်"(Jiang Qin) ၏ မြားမှန်ပြီး သေဆုံးသွားသည်။ ခေါင်းဆောင် "ရွှဲလိ"(Xue Li) လည်း
အသတ်ခံလိုက်ရသည်။ သို့နှင့် "စွန်းချဲ့"(Sun Ce) သည် မော့လင်ကို သိမ်းနိုင်လိုက်သည်။

ထို့နောက် "ထိုက်ရှီချီ"(Taishi Ci) ရှိသည့် ကျန်းရှန်ကို စစ်သားတို့ အား ချီတက်စေသည်။


"ထိုက်ရှီချီ"(Taishi Ci) သည် စစ်သားနှစ်ထောင်တို့ဖြင့် သူ့သခင်အတွက် လက်စားချေရန်စောင့်နေသည်။
"စွန်းချဲ့"(Sun Ce) သည် "ထိုက်ရှီချီ"(Taishi Ci) အား အရှင်ဖမ်းရန် "ကျိုးယွ"ီ (Zhou Yu) နှင့်
တိုင်ပင်သည်။

"ကျိုးယွ"ီ (Zhou Yu) : "မြို့ကို သုံးမျက်နှာကတိုက်ပြီး အရှေ့ဂိတက


ိုတော့ အလွတထ
်ားထားပါ။
မြင်းရောလူပါ ပန်းသွားတဲ့အခါမှာ ထိုက်ရှီချီ(Taishi Ci) ကို ဖမ်းဖို့ နေရာတစ်နေရာမှာတော့ ခြုံခိုတိုက်ဖို့
စစ်သားတွေထားထားပါ။"

မြို့ကို ဝန်းရံပြီးတစ်ညသော် "စွန်းချဲ့"(Sun Ce) သည် "ချန်ဝ"ူ (Cheng Wu) အား မြို့ကို မီးရှို့စေသည်။
ထိုအခါ "ထိုက်ရှီချီ"(Taishi Ci) သည် အရှေ့တခ
ါံးမှ ထွကက
်ာ ပြေးလေရာ "စွန်းချဲ့"(Sun Ce) ကလည်း
နောက်မှလိုက်သည်။ ဆယ့်ငါးမိုင်ခန့်လိုက်ပြီးနောက် ဆက်မလိုက်တော့ချေ။ "ထိုက်ရှီချီ"(Taishi Ci) သည်
ကျောက်တုံးတို့ဖြင့် ဝန်းရံထားသော နေရာအရောက်တွင် တစ်ဖက်ရန်သူတို့ထွက်လာကာ
အဖမ်းခံလိုက်ရသည်။

"ထိုက်ရှီချီ"(Taishi Ci) ကို ဖမ်းလိုက်ကြောင်း သိသော "စွန်းချဲ့"(Sun Ce) သည် သူ့ရှေ့သို့


ခေါ်လာစေသည်။ ထို့နောက် ကြိုးတို့ကိုဖြည်စေပြီး ကိုယ်ရုံအင်္ကျီကို "ထိုက်ရှီချီ"(Taishi Ci) ကို
ပေးလိုက်သည်။

"စွန်းချဲ့"(Sun Ce) : "ခင်ဗျားက သူရဲကောင်းတစ်ယောက်မှန်း ကျုပ်သိခဲ့တယ်။ ခင်ဗျားလိုလူမျိုးကို


လျူရောင်(Liu Yao) လို တီကောင်က အသုံးချတာမတန်ဘူး ၊ ဒါကြောင့် သူစစ်ရှုံးခဲ့တာ

229
"ထိုက်ရှီချီ"(Taishi Ci) သည် "စွန်းချဲ့"(Sun Ce) ၏ ရင်းနှီးဖော်ရွေမှု၊ ကောင်းမွန်စွာဆက်ဆံမှုတို့ ကြောင့်
လက်နက်ချလိုက်သည်။

"စွန်းချဲ့"(Sun Ce) : "ခင်ဗျားသာ ကျုပ်ကို ဖမ်းနိုင်ခဲ့ရင် သတ်လိုကမ


ှ်ာလား?"

"ထိုက်ရှီချီ"(Taishi Ci) သည် ပြုံးကာ

"ဘယ်သိနိုင်မလဲ" ဟု ပြောသည်။

"စွန်းချဲ့"(Sun Ce) သည် ရယ်မောပြီး ရွက်ဖျင်တဲတွင် "ထိုက်ရှီချီ"(Taishi Ci) အား စားစရာတို့ဖြင့်


တည်ခင်းကျွေးမွေးသည်။

"ထိုင်ရှီချီ"(Taishi Ci) : "ကျွန်တော့်ကို ယုံကြည်ရင် ခဏလွှတ်ပေးပါ၊ ကျွန်တော်အရင်နယ်စားရဲ့


စစ်သားဟောင်းတွေကို ခေါ်ပြီး ပြန်လာအမှုထမ်းပါ့မယ်

"စွန်းချဲ့"(Sun Ce) : "ဒါ ကျုပ်လပ


ုချင်တဲ့အရာပဲ။ မနက်ဖြန်နေ့လည်တော့ အရောက်ပြန်လာခဲ့ပါ

"ထိုက်ရှီချီ"(Taishi Ci) ကလည်း သဘောတူပြီးနောက် ထွကခ


်ွာသွားသည်။ အခြားစစ်သူကြီးတို့က
"ထိုက်ရှီချီ"(Taishi Ci) ပြန်လာတော့မည် မဟုတ်ကြောင်းပြောကြသည်။

"စွန်းချဲ့"(Sun Ce) : "သူက ယုံကြည်ရသူဖြစ်ပြီး သူ့စကားကို ချိုးဖောက်မှာတော့ မဟုတ်ဘူး။

သို့သော်လည်း မည်သမ
ှူ "ထိုက်ရှီချီ"(Taishi Ci) ကို မယုံကြချေ။

နောက်ရက်တွင် ဂိတ်တဲအရှေ့တင
ွ် ဝါးချောင်းဖြင့် အချိန်ကိုမှတ်လေသည်။ အရိပ်က
ညနေဘက်သို့ပြသည့်အချိန်တွင်မှာပင် "ထိုက်ရှီချီ"(Taishi Ci) သည် စစ်သားတစ်ထောင်နှင့်
ပေါ်လာသည်။ "စွန်းချဲ့"(Sun Ce) မှာ အင်မတန်ဝမ်းမြောက်သွားပြီး တခြားစစ်သူကြီးတို့ကလည်း
"စွန်းချဲ့"(Sun Ce) လူရွေးမမှားကြောင်း အသိအမှတ်ပြုလိုက်ရသည်။

ထို့နောက် "စွန်းချဲ့"(Sun Ce) သည် စစ်တပ်ဖြင့် တောင်ဘက်သို့ ချီတက်လေသည်။ သူ၏ရန်သူတို့က


လက်နက်ချလိုက်သည်ကများ၏။ မကြာမီမှာပင် မြစ်ဝါမြစ်၏အရှေ့တောင်ဘက်သည်
သူ့ပိုင်နက်ဖြစ်သွားသည်။ ထို့အပြင် ပြည်သူတို့အတွက်ကိုပါ လုပ်ဆောင်လေရာ "စွန်းချဲ့"(Sun Ce) ကို
ထောက်ခံသူများပြားလာသည်။

အရင်က "စွန်းချဲ့"(Sun Ce) စစ်တပ်လာလျှင် လူတို့ ထွက်ပြေးကြသည်။ လူတို့ ၏ အိုးအိမ်စည်းစိမ်တို့ ကို


မဖျက်စီးရ ဟူသော စည်းမျဉ်းကိုထုတလ
ိုကရ
်ာ နောက်ပိုင်းတွင် ပြည်သူတို့က "စွန်းချဲ့"(Sun Ce)
၏တပ်ကို ဝမ်းပန်းတသာကြိုဆိုကြ၏။ "လျူရောင်"(Liu Yao) လက်အောက်တွင် အမှုထမ်းခဲ့သော

230
စစ်သားတို့ကိုလည်း ကောင်းကောင်းဆက်ဆံသည်။ "စွန်းချဲ့"(Sun Ce) စစ်တပ်တွင်
ဝင်ရောက်လိုသမ
ျူားကို ဝင်စေသည်၊ မဝင်လိုသူတို့ ကို ပြန်လွှတ်ပေးသည်။ သို့နှင့် လူအများ၏
လေးစားမှုကိုခံရကာ "စွန်းချဲ့"(Sun Ce) ၏ အင်အားတောင့်တင်းလာခဲ့သည်။

"စွန်းချဲ့"(Sun Ce) သည် သူ့ညီ "စွန်းချွမ်"(Sun Quan) အပါအဝင် သူ့မိသားစုတို့ကို "ကျိုးထိုက်"(Zhou


Tai) နှင့်အတူ ချွဲ့ တွင်ထားခဲ့သည်။ ထို့နောက် တောင်ပိုင်းရှိ ဝူကျွင်းသို့ချီတက်သည်။

ထိုအချိန်တွင် ဝူကျွင်း၌ ကိုယ့်ကုယ


ိကို အရှေ့ဝူ၏ ဘုရင်ဟု သမုတ်သော "ရန်ပိုင်ဟူ"(Yan Baihu) သို့
အဖြူရောင်ကျား အုပ်စိုးနေခဲ့သည်။ သူ၏ စစ်တပ်တို့ကို ဝူချန်နှင့် ကျာရှင်တို့တွင် စခန်းချစေသည်။
"စွန်းချဲ့"(Sun Ce) လာကြောင်း သိလျှင် သူ၏ညီ "ရန်ယ"ွီ (Yan Yu) အား စစ်တပ်ဦးဆောင်စေကာ
"စွန်းချဲ့"(Sun Ce) နှင့် တိုကေ
် စသည်။

ထိုစစ်တပ်နှစ်တပ်တို့သည် မေပယ်(Maple) တံတားအနီးတွင် တွေ့ကြသည်။ "ရန်ယီ"ွ (Yan Yu) က


ထွက်ကာ စိန်ခေါ်သည်။ "စွန်းချဲ့"(Sun Ce) ကလည်း စိန်ခေါ်မှုကို လက်ခံလိုက်သည်။

"ကျန်းဟုန်"(Zhang Hong) : "ခေါင်းဆောင်ဆိုတာ စစ်တပ်တစ်ခုလုံးရဲ့အချက်အချာဖြစ်တဲ့အတွက်


သူပုန်လောက်လေးနဲ့ ဒီလိုအရဲမစွန့်သင့်ပါဘူး။ ကိုယ့်ကိုယက
ို တန်ဖိုးထားပါ"

"စွန်းချဲ့"(Sun Ce) : "ကျုပ်က စစ်သားတွေလို အရဲမစွန့်ရင် သူတို့ က ကျုပ်အမိန့်ကို


ဘယ်နာခံချင်ပါ့မလဲ"

သို့သော်လည်း "စွန်းချဲ့"(Sun Ce) က "ဟန်တန်"(Han Dang) ကို ထွကက


်ာတိုက်စေသည်။
"ဟန်တန်"(Han Dang) တံတားအနီးသို့ ရောက်သွားချိန်တွင် "ကျန်းချင်"(Jiang Qin) နှင့် "ချန်ဝူ"(Chen
Wu) တို့က လှေကလေးဖြင့် တံတားအောက်မှ ဖြတ်သွားသည်။ မြစ်ကမ်းဘက်က မြားတို့ ကျသော်လည်း
"ရန်ယ"ွီ (Yan Yu) ကို သဲသမ
ဲမဲတိုက်သည်။ "ရန်ယွီ"(Yan Yu) ထွက်ပြေးသောအခါ "ဟန်တန်"(Han
Dang) က နောက်မှလိုက်ကာ တိုက်သည်။ "ရန်ယွီ"(Yan Yu) သည် မြို့အတွင်းသို့ ဝင်သွားသည်။

"စွန်းချဲ့"(Sun Ce) သည် သုံးရက်တိုင်တိုင် ဝူကျွင်းကို ကြည်းကြောင်းရော၊ ရေကြောင်းကပါ


တိုက်သော်လည်း မြို့တွင်းမှ ရန်သူတို့ထွက်မလာချေ။ မြို့ရိုးပေါ်မှ ရန်သူသည် လက်တန်းကိုကိုင်လျက်
အောက်ရှိ "စွန်းချဲ့"(Sun Ce) စစ်တပ်တို့ အကြောင်း မကောင်းပြောနေရာ "ထိုက်ရှီချီ"(Taishi Ci) က
"အဲ့လူလက်ကို ထိအောင်ပစ်မယ်" ဟု ဆိုကာ မြားဖြင့် ပစ်လိုက်ရာ ထိုသူ၏လက်ကို ထိလေသည်။

ထိုအကြောင်းကို "ရန်ပိုင်ဟ"ူ (Yan Baihu) ကြားလေလျှင်

231
"ဒီလိုခေါင်းဆောင်တွေရှိတဲ့ စစ်တပ်ကို ဘယ်လိုရင်ဆုင
ိရမလဲ" ဟု ဆိုလေသည်။

ထို့နောက် သူ့ညီကို "စွန်းချဲ့"(Sun Ce) ထံလွှတြ် ပီး ငြိမ်းချမ်းရေးကမ်းလှမ်းသည်။

"ခင်ဗျား အစ်ကိုက ဘာဖြစ်ချင်တာလဲ"

"ဒီပြည်နယ်ကို ခင်ဗျားနဲ့ အတူလက်တွဲပြီး အုပ်ချုပ်မယ်လို့ ဆိုပါတယ်"

"ကြွက်စုတက
် များ၊ ငါနဲ့တစ်တန်းထဲနေချင်တယ်?"

"စွန်းချဲ့"(Sun Ce) သည် ထိုသတ


ံ မန်ကို သတ်ရန် အမိန့်ပေးလိုက်သည်။ "ရန်ယွီ"(Yan Yu) ကလည်း
ဓားကိုဆွဲကာ ပြန်ခုခံမည်ပြုသည်။ သို့သော် "စွန်းချဲ့"(Sun Ce) က လက်ဦးကာ "ရန်ယီ"ွ (Yan Yu) ကို
သတ်ပြီးနောက် ခေါင်းကို သူ့အစ်ကိုထံ ပို့လိုက်သည်။ "ရန်ပိုင်ဟ"ူ (Yan Baihu) သည်
အခြေအနေမဟန်သဖြင့် မြို့ကို စွန့်ကာ အရှေ့ဘက်ရှိ ယွီဟန်သို့ သွားသည်။ လမ်းတစ်လျှောက်တွင်
ပြည်သူတို့ ၏ အစားအစာ၊ ပစ္စည်းတို့ ကို လုယက်လေသည်။ သို့ သော် "လင်ချောင်း"(Ling Cao)
ဆိုသောသူက ထိုလယ
ု က်မှုကို တားနိုင်ခဲ့သည်။ သို့နှင့် "ရန်ပိုင်ဟ"ူ (Yan Baihu) သည် ခွိုင်ကျီသို့
ပြေးသည်။

"လင်ချောင်း"(Ling Cao) နှင့် သူ့လူတို့သည် "စွန်းချဲ့"(Sun Ce) ကို သွားတွေ့ရာ "စွန်းချဲ့"(Sun Ce) မှ
သူတို့ ၏စွမ်းဆောင်မှုကို အသိအမှတ်ပြုကာ ဆုပေးသည်။ ထို့နောက် မြို့ဝါမြစ်ကို ဖြတ်ကျော်ကြသည်။

ကျားဖြူ "ရန်ပိုင်ဟူ"(Yan Baihu) သည် စစ်တပ်တို့ကိုစုရန်ပြင်သော်လည်း "ချန်ဖ"ူ (Cheng Pu)


၏တိုက်ခိုကမ
ှ်ုကြောင့် ပြိုကွဲသွားပြန်သည်။ ခွိုင်ကျီမြို့စား "ဝမ်လန်"(Wang Lang) သည် "ရန်ပိုင်ဟ"ူ (Yan
Baihu) ကို အကူအညီပေးရန် ရည်ရွယ်သည်။သို့သော်လည်း "ဝမ်လန်"(Wang Lang) ၏
လက်အောက်ငယ်သားတို့ က

"မလုပ်သင့်ဘူး။ စွန်းချဲ့(Sun Ce) က သူရဲကောင်း၊တရားမျှတသူဆိုပြီး နာမည်ကြီးတယ်။ ကျားဖြူကတော့


သူပုန်သာသာပဲ။ သူ့ကိုဖမ်းပြီးတော့ စွန်းချဲ့(Sun Ce) နဲ့ ငြိမ်းချမ်းရေးယူရင် ပိုသင့်တော်ပါတယ်" ဟု
ဆိုကြသည်။

သို့သော်လည်း "ဝမ်လန်"(Wang Lang) ကလည်း လက်မခံချေ။ ထိုကန့်ကွက်သူ "ယွီဖန်"(Yu Fan) ကို


ပါးစပ္ပိတေ
် စလိုက်သဖြင့် "ယွီဖန်"(Yu Fan) လည်း စိတ်မကောင်းခြင်းကြီးစွာဖြင့် ထွကခ
်ွာသွားသည်။
ထို့နောက် "ဝမ်လန်"(Wang Lang) သည် "ရန်ပိုင်ဟ"ူ (Yan Baihu) နှင့် သွားပူးပေါင်းသည်။

232
သို့နှင့် "စွန်းချဲ့"(Sun Ce) ရောက်လာပြီး တပ်ဖွဲ့တို့ ရင်ဆိုင်ကြသည်။

"စွန်းချဲ့"(Sun Ce) : "ကျုပ်တပ်က စစ်သားကောင်းတွေချည်းပဲ။ နောက်ပြီး ကျုပ်ရဲ့ရည်ရွယ်ချက်က


ဒီပြည်နယ်ကို ငြိမ်းချမ်းစေဖို့၊ ခင်ဗျားက ဘာလို့ သူပုန်ကို အကူအညီပေးရတာလဲ?"

"ဝမ်လန်"(Wang Lang) : "မင်းရဲ့ လောဘက အတောမသတ်နိုင်ပြီဘူး။ ဝူကျွင်းကိုသိမ်းပြီးရင်


ငါ့မြို့ကိုတောင် သိမ်းဖို့ ကြံဦးမှာမလား၊ ရန်မျိုးရိုးအတွက် လက်စားချေရမယ်"

၎င်းသည် "စွန်းချဲ့"(Sun Ce) ကို ဒေါသထွကသ


်ွားစေသည်။

ထို့နောက် "ထိုက်ရှီချီ"(Taishi Ci) ထွက်လာကာ "ဝမ်လန်"(Wang Lang) နှင့် ရင်ဆိုင်သည်။ မကြာမီ


"ဝမ်လန်"(Wang Lang) ဘက်မှ "ကျိုးရှင်း"(Zhou Xin) ထွကလ
်ာပြီး တစ်ဖက်မှ "ဟွမ်ကုင
ိ"(Huang Gai)
ထွက်လာသည်။ ထိုသို့ နှစ်ဦးနှစ်ဖက်တိုကေ
် နချိန်တွင် "ဝမ်လန်"(Wang Lang) ၏ တပ်နောက်ပိုင်းကို
ရန်သတ
ူ ချို့က ဝင်တုက
ိလေသည်။ ထိုသူတို့ကား "ကျိုးယွ"ီ (Zhou Yu) နှင့် "ချန်ဖ"ူ (Cheng Pu)
တို့ဖြစ်သည်။ အခြေအနေမကောင်းသောကြောင့် "ဝမ်လန်"(Wang Lang) ၊ "ရန်ပိုင်ဟ"ူ (Yan Baihu) နှင့်
"ကျိုးရှင်း"(Zhou Xin) တို့သည် မြို့တွင်းသို့ ဝင်သွားကြသည်။

"စွန်းချဲ့"(Sun Ce) ကလည်း မြို့ကို လေးဖက်လေးလံမှ ဝန်းရံကာ အပြင်းအထန်တုက


ိသည်။
"ဝမ်လန်"(Wang Lang) သည် မြို့တံခါးကိုဖွင့်ကာ ရန်သူတို့ကို တိုကရ
် န်ကြံသော်လည်း "ရန်ပိုင်ဟ"ူ (Yan
Baihu) က ကန့်ကွက်သည်။

"ရန်ပိုင်ဟူ"(Yan Baihu) : "ရန်သူတွေ စားနပ်ရိက္ခာကုန်ပြီးပြန်ထွက်သွားတဲ့အချိန်အထိတော့ ငါတို့တွေ


တောင့်ခံထားရမယ်"

လေးကို "ဝမ်လန်"(Wang Lang) က လက်ခံလုက


ိသည်။ ရက်အတန်ကြာသည်အထိ
မြို့ကိုဝန်းရံသော်လည်း မြို့မကျချေ။

အစည်းအဝေးတွင် "စွန်းချဲ့"(Sun Ce) ၏ ဦးလေးဖြစ်သူ "စွန်းကျင့်"(Sun Jing) က

"ဒီလောက်ရွပ်ရွပ်ချွံချွံခုခံနေရင် သူတို့ ကို တိုကဖ


ို့ဆိုတာ မလွယ်ဘူး။ ဒါပေမယ့် သူတို့ ရဲ့ စားနပ်ရိက္ခာကို
ဆယ်မိုင်အကွာ ချားတုမှာ သိုလှောင်ထားတယ်၊ အကောင်းဆုံးကတော့ သူတို့မမျှော်လင့်ထားတဲ့
အဲ့နေရာကိုတိုက်ရမယ်" ဟုဆိုသည်။

"စွန်းချဲ့"(Sun Ce) : "ဦးလေးရဲ့ အကြံအစည်နဲ့ ဆို သူပုန်တွေကို တိုက်ထုတ်နိုင်တယ်"

233
ထို့နောက် ဂိတ်အသီးသီးတို့ တွင် စစ်သားများရှိနေဟန် မီးတို့ထွန်းညှိကာ အလံတို့ကို ထားထားစေပြီး
ပင်မစစ်တပ်ကမူ တောင်ဘက်သို့ ချီတက်သည်။

"ကျိုးယွ"ီ (Zhou Yu) : "သခင်ထွက်သွားတာ သိရင် မြို့ထဲကလူတွေက ထွက်လာနိုင်တယ်၊ ဒါကြောင့်


ဒီအတွက် ပြင်ဆင်ထားရမယ်"

"စွန်းချဲ့"(Sun Ce) : "ငါ့ပြင်ဆင်မှုပြီးပြီ။ မြို့ကိုဒီည သိမ်းနိုင်မယ်"

သို့နှင့် စစ်တပ်ထွက်ခွာခဲ့သည်။ "ဝမ်လန်"(Wang Lang) သည် ရန်သူတို့ ထွက်ခွာသည့်အကြောင်းကို


ကြားရာ မြို့ရိုးပေါ်မှနေ၍ အခြေအနေကို ကြည့်သည်။ မြို့အောက်ရှိ တစ်ဖက်ရန်သူတို့၏ မီးကား
ထိန်ထိန်လင်းနေသဖြင့် မည်သို့ လုပ်ရမည်ကို တွေဝေသွားသည်။

"ကျိုးရှင်း"(Zhou Xin) : "သူက တကယ်သွားပြီ။ ဒါက တမင်ဉာဏ်ဆင်ထားတာ။ သူတို့ နောက်လိုက်ပြီး


တိုက်ရအောင်"

"ရန်ပိုင်ဟူ"(Yan Baihu) : "သူသွားတာ ချားတုကိုတိုက်ဖို့ဖြစ်မှာ။ သူတို့ နောက်ကိုလုက


ိပြီး တိုက်ရင်
သင့်လျော်မယ်"

"ဝမ်လန်"(Wang Lang) : "ဒီနေရာက ခံတပ်ပဲ။ ဒီမြို့ကို ကာကွယ်မှဖြစ်မယ်။


ခင်ဗျားတို့ နှစ်ယောက်သွားကြ။ ကျုပ်ဒီမှာ နေခဲ့မယ်"

သို့နှင့် "ရန်ပိုင်ဟ"ူ (Yan Baihu) နှင့် "ကျိုးရှင်း"(Zhou Xin) တို့သည် စစ်သားငါးထောင်ဖြင့်


ရန်သူ့ နောက်လိုက်သွားရာ တစ်ချက်တီးအချိန်ခန့်တွင် မြို့မှခုနှစ်မိုင်အကွာသို့ရောက်သည်။ အရှေ့တင
ွ်
ထူထပ်သောသစ်တောသာ ရှိတော့သည်။ ရုတ်တရတ် ဗုံခရာအသံတို့ကြားလိုက်ရကာ တစ်ဖက်ရန်သူတို့
ပေါ်လာသည်။ "ရန်ပိုင်ဟူ"(Yan Baihu) သည် ကြောက်လန့်သွားပြီး ပြေးရန်ပြင်သည်။ ရုတ်တရတ်
"စွန်းချဲ့"(Sun Ce) ပေါ်လာသဖြင့် "ကျိုးရှင်း"(Zhou Xin) က တိုက်ရန်ပြင်သော်လည်း "စွန်းချဲ့"(Sun Ce)
လှံစာမိကာ သေလေသည်။ "ရန်ပိုင်ဟ"ူ (Yan Baihu) မှာ ထွက်ပြေးလွတ်မြောက်သွားပြီး
ယွီဟန်သို့ ရောက်သွားသည်။

"ဝမ်လန်"(Wang Lang) သည်လည်း စစ်ရှုံးမှုသတင်းကို ကြားပြီးနောက် ကမ်းစပ်ဘက်သို့ထွကေ


် ပြးရာ
ခွိုင်ကျီကို "စွန်းချဲ့"(Sun Ce) ရလေသည်။

ရက်အနည်းငယ်အကြာတွင် လူတစ်ဦးသည် ကျားဖြူဘုရင်၏ ခေါင်းကို ယူလာကာ "စွန်းချဲ့"(Sun Ce) ထံ


ဆက်သသည်။ ထိုသူကား လေးထောင့်ပုံမျက်နှာ၊ ကြီးမားသောပါးစပ်နှင့် အရပ်ရှည်သော "တုန်းရှီ"(Dong

234
Xi) ဖြစ်သည်။ "စွန်းချဲ့"(Sun Ce) သည် ထိုသူ့ ကို စစ်သူကြီးရာထူးပေးလိုက်လေသည်။ သို့ နှင့်
အရှေ့တောင်အရပ်တွင် ငြိမ်းချမ်းမှုရခဲ့သည်။

ထို့နောက် "စွန်းချဲ့"(Sun Ce) သည် ဦးလေးဖြစ်သူ "စွန်းကျင့်"(Sun Jing) ကို မြို့ကို အုပ်ချုပ်စေပြီး
"ကျူကျီ"(Zhu Zhi) ကို ဝူကျွင်းမြို့စားအဖြစ်ပေးအပ်ကာ သူနေထိုင်ရာ တောင်ဘက်သို့ ပြန်လေသည်။

"စွန်းချဲ့"(Sun Ce) မရှိစဉ် သူပုန်အချို့တို့သည် ရွှမ်းချန်ကိုတိုက်သည်။ "ကျိုးထိုက်"(Zhou Tai) သည်


သူပုန်တို့ ကို တိုကေ
် လသဖြင့် "စွန်းချွမ်"(Sun Quan) မှာ ဘာမှမဖြစ်သော်လည်း "ကျိုးထိုက"် (Zhou Tai)
ကိုယ်တိုင်မှာမူ သူပုန်တို့ လက်ချက်ဖြင့် ဒဏ်ရာအပြင်းအထန်ရသွားသည်။ "စွန်းချဲ့"(Sun Ce) ပြန်လာပြီး
၎င်းကို ကြားသိလေလျှင် စိတ်မကောင်းကြီးစွာဖြစ်လေသည်။

"တုန်းရှီ"(Dong Xi) : "ကျွန်တော် အရင်က ဒဏ်ရာအပြင်းအထန်ရခဲ့တန


ုးက ယွီဖန်(Yu Fan) ဆိုတဲ့လူ
ညွှန်ပေးတဲ့ သမားတော်ဆီသွားတာ လဝက်အတွင်းသက်သာခဲ့တယ်"

"စွန်းချဲ့"(Sun Ce) : "သူက ခွိုင်ကျီက ယွီဖန်(Yu Fan) လား"

"တုန်းရှီ"(Dong Xi) : "ဟုတတ


် ယ်။ အဲ့လုေ
ိ ခ်ါကြတယ်"

"စွန်းချဲ့"(Sun Ce) : "သူက ပညာရှိအမှန်ပဲ။ သူ့ကို ငါ့လက်အောက်မှာ အမှုထမ်းစေချင်တယ်"

ထို့နောက် လူလတ
ွှ်ပြီး "ယွီဖန်(Yu Fan) ကို ဖိတ်ကြားစေကာ ထိုသမားတော်အကြောင်းမေးမြန်းသည်။

"ယွီဖန်"(Yu Fan) : "အဲ့သမားတော်က ချောင်က ဟွားထော်(Hua Tuo) ပါ။


ဆေးပညာအရာမှာတစ်ဖက်ကမ်းခပ်အောင် တော်ပါတယ်။ ကျွန်တော် သူ့ကို ပင့်လာပါ့မယ်"

ထို့နောက် နာမည်ကြီးသမားတော် "ဟွားထော်"(Hua Tuo) ရောက်လာသည်။ "ဟွားထော်"(Hua Tuo)


မှာ မုတ်ဆိတ်မွေးရှည်ရှည်နှင့် သူတော်စင်နှင့်ပင် တူနေသည်။ ထို့နောက် "ဟွားထော်"(Hua Tuo) ကို
ကြိုဆိုပြီး လူနာကြည့်စေသည်။

"ဟွားထော်"(Hua Tuo) : "ဒါက မခက်ခဲပါဘူး"

ထို့နောက် "ဟွားထော်"(Hua Tuo) သည် ဆေးတို့ပြင်ဆင်ရာ တစ်လအတွင်းပင်


ရောဂါပျောက်လေသည်။

ထို့နောက် "စွန်းချဲ့(Sun Ce) သည် သူပုန်တို့ ကို အမြစ်ပြတ်နှိမ်နှင်းလိုက်သည်။ သို့နှင့် "စွန်းချဲ့(Sun Ce)
သည် အရင်ဝူပြည်နယ်ပိုင်ခဲ့သည့် နယ်မြေတို့ကို ပြန်သိမ်းနိုင်ခဲ့သည်။ ထို့နောက် သူ၏လုပ်ဆောင်မှုကို

235
နန်းတော်သို့တင်ပြကာ "ချောင်ချောင်း"(Cao Cao) နှင့် နားလည်မှု ယူလိုက်သည်။ ထို့နောက်
"ယွမ်စု"(Yuan Shu) ဆီမှ ဘုရင့်တံဆိပ်တုံးကို ပြန်တောင်းသည်။

"ယွမ်စု"(Yuan Shu) က အကြောင်းအမျိုးမျိုးပြပြီး တံဆိပ်တုံးကို ပြန်မပြေးပဲနေသည်။ ထို့နောက်


လက်အောက်ငယ်သားသုံးဆယ်ခန့်ကိုခေါ်ကာ အစည်းအဝေးပြုလုပ်သည်။ ထိုအထဲတွင် အကြံပေး
"ရန်တကျန်း"(Yang Dajiang) နှင့် အခြားစစ်သူကြီးများဖြစ်ကြသော "ကျန်းရွှင"် (Zhang Xun) ၊
"ကျီလင်"(Ji Ling) ၊ "ချောင်ရေ"(Cao Rui) ၊ "လေပေါက်"(Lei Bao) နှင့် "ချန်လန်"(Chen Lan)
တို့ပါဝင်သည်။

"ယွမ်စု"(Yuan Shu) : "စွန်းချဲ့(Sun Ce) က ငါ့ဆီက စစ်တပ်ငှားရမ်းသွားခဲ့ပြီး အခုတော့ သူက


တောင်ဘက်မှာ သခင်ဖြစ်နေပြီ။ အခုတော့ သူအပ်ထားတဲ့ပစ္စည်းကို ပြန်လာတောင်းတယ်။ သူ့ကို
ဘယ်လိုချေမှုန်းရမလဲ?"

"ရန်တကျန်း"(Yang Dajiang) : "လောလောဆယ်တော့ သူက မြစ်ဝါမြစ်ကို အကာအကွယ်ယြူ ပီး


အင်အားကြီးနေတဲ့အတွက် ဘာမှလုပ်လို့ မရသေးဘူး။ လက်ရှိမှာတော့ လျူဘေ့(Liu Bei) ကို
အရင်ချေမှုန်းပြီးမှသာ စွန်းချဲ့(Sun Ce) ကို တိုကရ
် မှာဖြစ်တယ်။ ကျွန်တော့်မှာ လျူဘေ့ကို ရှင်းဖို့
အကြံရှိပါတယ်"

236
အခန်း (၁၆)
မြို့တံခါးတွင် “လွီပ”ု (Lu Bu) မြားစွမ်းပြခြင်း ၊
ယွီ မြစ်တွင် “ချောင်ချောင်း”(Cao Cao) အရှုံးနှင့်ရင်ဆိုင်ရခြင်း။

အကြံပေး “ရန်တကျန်း”(Yang Dajiang) တွင် “လျူဘေ့”(Liu Bei) ကို ဖယ်ရှားရန် နည်းလမ်းရှိလေသည်။


“ယွမ်စု”(Yuan Shu) က မေးသော် “ရှောင်ဖေ မှာ တပ်စွဲနေတဲ့ “လျူဘေ့”(Liu Bei) ကို
အသာလေးဖမ်းနိုင်ပါတယ်။ ဒါပေမဲ့ အနီးအနားမှာ “လွီပု”(Lu Bu) က အခိုင်အမာတပ်စွဲနေတယ်။ အရှင်က
သူ့ကို ကတိပျက်ထားတာကို သူက မကျေနပ်ရင် “လျူဘေ့”(Liu Bei) ကို ကူညီလိမ့်မယ် လို့ ငါထင်တယ်။
ဒီတော့ “လျူဘေ့”(Liu Bei) ကို တိုက်နေတုန်း သူဝင်မပါအောင် လက်ဆောင်တွေ ပေးလိုက်ပါ။ နောက်မှ သူနဲ့
စာရင်းရှင်းမယ်။ ဒါဆို ရွှီကျိုး ကို အရှင်ပိုင်ပါပြီ။” ဟု “ရန်တကျန်း”(Yang Dajiang) က ပြောသည်။
သိ့န
ှုင့် ပြောင်းဆန် လှည်း ၂ သိန်းနှင့် စာကို “ဟန်ရင်”(Han Yin) ကြီးကြပ်၍ ပို့စေသည်။ “လွီပ”ု (Lu Bu) လည်း
များစွာကျေနပ်အားရကာ ဆက်သားကို ကောင်းမွန်စွာ ဧည့်ခံလေသည်။ “လွီပ”ု (Lu Bu) ၏ အနှောင့်အယှက်
ကင်းပြီဟုယဆ
ူ ကာ ရှောင်ဖေ သို့ စစ်သည် ၁ သိန်းစေလွှတ်သည်။ စစ်သူကြီး “ကျီလင်”(Ji Ling)
ဦးဆောင်လျက် “လေပိ”ု (Lei Bo) နှင့် “ချန်လန်”(Chen Lan) တို့ စစ်သူကြီး ၂ ဦးလည်း ပါဝင်သည်။

ဤသတင်းကို “လျူဘေ့”(Liu Bei) ကြားသော် မှူးမတ်များကို ခေါ်ယူသည်။ “ကျန်းဖေး”(Zhang Fei) က


မဆိုင်းမတွ ပြန်တိုကခ
ိုကရ
် န် ပြောသည်။ သိ့ေ
ု သာ် “စွန်းချန်”(Sun Qian) က “ငါတို့ အင်အားကနည်းတယ်။
“လွီပ”ု (Lu Bu) ကို အကြောင်းစုံပြောပြပြီး အကူအညီတောင်းရမယ်။” ဟုဆိုသော် “ကျန်းဖေး”(Zhang Fei) က
“အဲ့ကောင်က ကူလိမ့်မယ်ထင်သလား။” ဟုပြန်ပြောသည်။

“လျူဘေ့”(Liu Bei) က “စွန်းချန်”(Sun Qian) အကြံအတိုင်း “လွီပ”ု (Lu Bu) ထံစာရေးသည်။ စာမှာ “ကျွန်ုပ်
ဒီနေရာမှာ ရှိနေတာဟာ အသင့်ရဲ့ အမိန့ေ
် ကြာင့်ပါ။ ဒီရာထူးကို ပြန်ရတာဟာလည်း အသင့်ရဲ့
ကောင်းကင်တမျှကြီးမားသော ကြင်နာမှုကြောင့်ပါ။ အခု “ယွမ်စု”(Yuan Shu) က လက်စားချေဖို့ စစ်တပ်ကို
စေလွှတလ
ိုက်ပါပြီ။ အသင် မကူညီရင် ဒီနေရာ ပျက်စီးတော့မှာပါ။ မြို့ကို ကာကွယ်ဖို့ စစ်တပ်
အမြန်လွှတ်ပေးမယ်ဆိုရင်ဖြင့် အတိုင်းမသိ ဝမ်းမြောက်မိမှာပါ။” ဟူ၍ ပါရှိသည်။
စာရသော် “လွီပ”ု (Lu Bu) က “ချန်ကုန်း”(Chen Gong) ကို ခေါ်ကာ “ခုနကတင် “ယွမ်စ”ု (Yuan Shu) ဆီက
“လျူဘေ့”(Liu Bei) နဲ့ကိစ္စ ဝင်မပါဖို့ လက်ဆောင်နဲ့ စာရတယ်။ အခု “လျူဘေ့”(Liu Bei) ဆီက
စစ်ကူတောင်းတဲ့စာရောက်လာတယ်။ ငါ့အမြင်ကတော့ “လျူဘေ့”(Liu Bei) က ငါ့ကို ဒုက္ခမပေးနိုင်ဘူး။
“ယွမ်စု”(Yuan Shu) ကတော့ “လျူဘေ့”(Liu Bei) ကိုနိုင်ပြီး ဟွာစန်းတောင်တဝိုက်က ခေါင်းဆောင်တွေနဲ့
ပူးပေါင်းလိုက်ရင် မြောက်ပိုင်းအင်အားစုက သိပ်နီးကပ်လာလိမ့်မယ်။ ဒီလောက်ခေါင်းဆောင်တွေအများကြီးကို
ငါတွန်းလှန်နိုင်မှာ မဟုတ်လို့ အိပ်လု့ေ
ိ တာင်ရမယ်မထင်ဘူး။ ဒီတော့ “လျူဘေ့”(Liu Bei) ကို ကူမယ်။ ဒါ
ငါ့အတွက် ပိုကောင်းတယ်” ဟု ဆိုလေသည်။

237
ရှောင်ဖေ ကိုချီတက်လာသော “ယွမ်စု”(Yuan Shu) စစ်တပ်သည် မြန်နိုင်သမျှ မြန်မြန် ချီတက်လာသည်။
“လျူဘေ့”(Liu Bei) ၏ တပ်သား ၅ ထောင်ကလည်း မြို့ပြင်တွင် ရဲရင့်သောအသွင်ဆောင်ကာ
စစ်ရေးပြနေသည်။ သတင်းကောင်းတစ်ခုမှာ “လွီပု”(Lu Bu) ရောက်ရှိလာရန် မဝေးတော့ ဟူသောသတင်းပင်။
“လွီပ”ု (Lu Bu) မှာ အနောက်တောင်ဖက် မိုင်ဝက်အကွာတွင် စခန်းချနေသည်။ “ကျီလင်”(Ji Ling) ကြားသော်
“လွီပ”ု (Lu Bu) ကတိဖျက်ကြောင်း စာရေးကာ ကန့်ကွကသ
် ည်။ “လွီပ”ု (Lu Bu) က “နှစ်ယောက်လုံး
ကျေနပ်အောင် ငါလုပ်တတ်ပါတယ်။” ဟု ပြုံးကာ ရေရွတ်လေသည်။

ထိ့ေ
ု နာက် “လျူဘေ့”(Liu Bei) နှင့် “ကျီလင်”(Ji Ling) တိ့က
ို ညစာစားပွဲတက်ရောက်ရန် ဖိတ်လိုက်သည်။
“လျူဘေ့”(Liu Bei) က သွားရန်ပြင်သည်။ သိ့ေ
ု သာ် ညီ ၂ ယောက်က တားသည်။ “လျူဘေ့”(Liu Bei) က “ငါ
သူ့ကို ကောင်းကောင်းဆက်ဆံခဲ့တော့ ငါ့ကို ရန်ပြုမှာ မဟုတ်ပါဘူး။” ဟုဆုသ
ိ ည်။ ထိ့ေ
ု နာက် ညီ ၂
ယောက်နှင့်အတူ မြင်းစီးကာ သွားလေသည်။
“လွီပ”ု (Lu Bu) စခန်းရောက်သော် “လွီပ”ု (Lu Bu) က “အခု ငါ မင်းကို အန္တရာယ်ကြားကနေ အထူးတလည်
ကြိုးစားပြီး ကယ်တင်ထားတာ။ မင်းအလှည့်ရောက်ရင်လည်း ကူညီဖို့ မမေ့ပါနဲ့။” ဟုဆုေ
ိ လသည်။
“လျူဘေ့”(Liu Bei) က ကျေးဇူးတင်ကာ နေရာတွင် ထိုင်သည်။ “ကွမ်းယွီ”(Guan Yu) နှင့် “ကျန်းဖေး”(Zhang
Fei) တိ့က
ု ယခင်အတိုင်း သက်တော်စောင့်နေရာယူလေသည်။

ထိုစဉ် “ကျီလင်”(Ji Ling) ကို ဖိတ်ခေါ်သံကြားသော် “လျူဘေ့”(Liu Bei) လည်း ကြောက်လန့်ကာ


မတ်တတ်ထသည်။ “လွီပ”ု (Lu Bu) က “မင်းတို့ ၂ ယောက်နဲ့ သီးသန့်ဆွေးနွေးချင်လို့ ဖိတ်ထားတာ” ဟုဆုက
ိာ
ပြန်ထိုင်စေသည်။ “လျူဘေ့”(Liu Bei) လည်း စိတ်မသက်မသာနှင့် ပြန်ထိုင်ရလေသည်။ မကြာမီ “ကျီလင်”(Ji
Ling) ဝင်လာသည်။ “လျူဘေ့”(Liu Bei) ကို တွေ့သော် စိတရ
ှ်ုပ်တန
ွ့ ဆ
်ုတ်ကာ ပြန်ရန်ပြင်သည်။ သိ့ေ
ု သာ်
အစောင့်များက တားကာ “လွီပ”ု (Lu Bu) က သူ့ကို ကလေးကဲ့သို့ တဲအတွင်းသို့ ဆွဲခေါ်လာလေသည်။
“ကျီလင်”(Ji Ling): “မင်း ငါ့ကို သတ်မလိ့လ
ုား။”
“လွီပ”ု (Lu Bu): “မသတ်ပါဘူးကွာ။”

238
“ကျီလင်”(Ji Ling): “ဒါဆို “လျူဘေ့”(Liu Bei) ကို သတ်မှာလား။”
“လွီပ”ု (Lu Bu): “အဲလိုလည်း မဟုတ်ပါဘူး။”
“ကျီလင်”(Ji Ling): “ဒါဆို ဘာသဘောလဲ။”
“လွီပ”ု (Lu Bu): ““လျူဘေ့”(Liu Bei) နဲ့ ငါနဲ့က ညီနောင်တွေ ၊ အခု စစ်သူကြီးက သူ့ကိုလာဖမ်းတော့ ငါက
လာကယ်ရတာပေါ့။”
“ကျီလင်”(Ji Ling): “ဒါဆို ငါ့ကုသ
ိ တ်လိုက်။”
“လွီပ”ု (Lu Bu): “အဓိပ္ပာယ်မရှိလိုကတ
်ာ။ ငါ့ဘဝတစ်လျှောက်မှာ ရန်ဖြစ်တာတွေ စစ်တိုကတ
်ာတွေ
မနှစ်သက်ခဲ့ဘူး။ ငြိမ်းချမ်းရေးကိုပဲ လိုလားတာ။ အခုလည်း မင်းတို့ ၂ ယောက်ကြား ဖျန်ဖြေပေးမလို့။”
“ကျီလင်”(Ji Ling): “ဒါဆို ဘယ်လိုလုပ်ဖို့ စဉ်းစားထားသလဲ။”
“လွီပ”ု (Lu Bu): “ကောင်းကင်ရဲ့အလိုအတိုင်းလုပ်ဖို့ နည်းတစ်ခုရှိပါတယ်။”
ထိ့ေ
ု နာက် “လွီပ”ု (Lu Bu) က “ကျီလင်”(Ji Ling) ကို တဲထဲဆွဲခေါ်လာပြီး “လျူဘေ့”(Liu Bei)
ဆီခေါ်သွားသည်။ နှစ်ဦးသားအပြန်အလှန် သံသယစိတ်ဖြင့် ကြည့်နေကြသည်။ “လွီပ”ု (Lu Bu) က သူတို့ ၂
ဦးကြားတွင် ဝင်ထိုင်ပြီး “လျူဘေ့”(Liu Bei) ကို ညာဖက်တင
ွ်ထားသည်။
သိ့န
ှုင့် ညစာစားပွဲစတင်သည်။ အချိန်အတော်ကြာသည်အထိ တိတ်ဆိတ်နေသည်။ “လွီပ”ု (Lu Bu) က
စတင်ကာ “မင်းတို့ ၂ ယောက်ဟာ ငါ့စကားကို နားထောင်ပြီး ခိုက်ရန်ဖြစ်ပွားတာကို ရပ်ကြမယ်လို့
ငါမျှော်လင့်တယ်။” ဟုဆိုသည်။

“လျူဘေ့”(Liu Bei) က စကားမပြန်ပေ။ “ကျီလင်”(Ji Ling) က “ငါ့အရှင် အမိန့်ကို နာခံပြီး “လျူဘေ့”(Liu Bei)
ကိုဖမ်းဖို့ စစ်သည် ၁ သိန်းနဲ့ ထွက်လာတာ။ မပြေငြိမ်းနိုင်ဘူး ။ တိုက်ကို တိုကရ
် မယ်။” ဟုဆိုသည်။ ထိုအခါ
“ကျန်းဖေး”(Zhang Fei) က “ဘာ” ဟုအော်ကာ ဓားကိုဆွဲထတ
ုရင်း “ငါတို့က အင်အားနည်းရင် နည်းမယ်။
မင်းတိ့က
ိုတော့ ကလေးသာသာပဲ သဘောထားတယ်။ အဝါရောင်သပ
ူုန် ၁ သန်းကိုတောင် တိုကလ
်ာတာ
မင်းတိ့က
ု ဘာမို့လ့လ
ိဲု။” ဟု ကြိမ်းဝါးသည်။

“ကွမ်းယွ”ီ (Guan Yu) က သူ့ကို တိတ်တိတ်နေခိုင်းပြီး “စစ်သူကြီး “လွီပ”ု (Lu Bu) အရင်ပြောပါစေ။ ပြီးမှ
တိုက်ခိုက်ရင်လည်း နောက်မကျသေးပါဘူး။” ဟုဆိုသည်။
“လွီပ”ု (Lu Bu) က “နှစ်ဖက်လုံး ပြေငြိမ်းကြပါလို့ တောင်းဆိုပါတယ်။ မင်းတို့ကို တိုက်ခွင့်မပြုနိုင်ဘူး။”
ဟုဆိုသည်။
ယခုဆိုလျှင် တစ်ဖက်က “ကျီလင်”(Ji Ling) သည်လည်း မကျေမနပ်နှင့် ဒေါသထွက်နေသည်။
“ကျန်းဖေး”(Zhang Fei) ကလည်း စစ်တိုက်ချင်နေသည်။ နှစ်ဖက်စလုံးက သဘောတူမည့်ပုံမပေါ်ချေ။
ထိုစဉ် “လွီပ”ု (Lu Bu) က သူ၏ သုံးခွလှံကို သယ်ခဲ့ရန် နောက်လိုက်များကို အမိန့်ပေးသည်။ “လွီပု”(Lu Bu)
သည် သူ၏ ညာဖက်တွင် သိမ့်မွေ့ဟန်ရှိသော်လည်း ကြောက်မက်ဖွယထ
ိရောက်သော လှံကို
တင်းတင်းဆုပ်ကုင
ိထားလေသည်။ ထိုအရာကိုမြင်သော် ဧည့်သည် ၂ ယောက်မှာ စိတ်မသက်မသာဖြစ်ပြီး
သွေးဆုတ်သွားသည်။

239
ထိ့ေ
ု နာက် “လွီပု”(Lu Bu) က လှံကို မြို့တံခါးအလွန်တွင် စိုက်ထူစေပြီး “မြို့တံခါးဟာ ဒီကနေ ခြေလှမ်း ၁၅၀
ဝေးတယ်။ အကယ်၍ ငါ့သုံးခွလှံရဲ့ ဝဲဖက်လှံခေါင်းထိပ်ကို မြားနဲ့ထိအောင် ပစ်နိုင်ရင် ၂ ယောက်လုံး
တပ်ဆုတ်ရမယ်။ လွဲခဲ့ရင် မင်းတိ့သ
ွုားပြီး ချက်ချင်းစစ်ပြင်ပါ။ ငါပြောတာကို လက်မခံရင်တော့ ငါက
ထိပ်တိုက်ရင်ဆိုင်မှာပဲ။” ဟုဆိုသည်။
“ကျီလင်”(Ji Ling) က “ဒီလောက်အကွာအဝေးက ပစ်မှတ်သေးသေးလေးကို ထိအောင်
ဘယ်သူမှမပစ်နိုင်ပါဘူး” ဟု တွေးကာ သတောတူလုက
ိသည်။ “လျူဘေ့”(Liu Bei) ကလည်း လက်ခံသည်။
သိ့န
ှုင့် အားလုံးပြန်ထိုင်ကာ သေရည်သောက်ကြသည်။ အတော်အတန်သောက်ပြီးသော် “လွီပ”ု (Lu Bu) က
လေးနှင့် မြားတောင်းသည်။ “လျူဘေ့”(Liu Bei) က ထိစေရန် တိတ်တဆိတ်ဆုတောင်းနေသည်။
“လွီပ”ု (Lu Bu) က ဝတ်ရုံလက်မောင်းစကို ဆွဲတင်ကာ မြားကိုသေချာစွာတင်ပြီး လေးကြိုးကို အဆုံးထိဆွဲသည်။
လေးမှာ လခြမ်းကွေးကဲ့သို့ ကွေးညွတ်သည့်နည်းတူ “လွီပ”ု (Lu Bu) ပါးစပ်မှလည်း အာမေဋိတ်တချို့
လွတထ
်ွက်သွားသည်။ လေးကြိုးမှာ တွမ်ခနဲ မြည်သွားပြီး မြားမှာ ကြယ်ကြွေသကဲ့သို့ ပြေးထွက်သွားသည်။
ပစ်မှတ်ကို တည့်တည့်ထမ
ှိန်လေသည်။ အားလုံးက အော်ဟစ်ချီးကျူးကြလေသည်။
“လွီပ”ု (Lu Bu) က သူ၏အောင်မြင်မှုအတွက် ကျယ်လောင်စွာ ရယ်မောလေသည်။ လေးကို ပြန်ချရင်း
ဧည့်သည် ၂ ယောက်ကို ပခုံးပုတ်ကာ “ကောင်းကင်ရဲ့ အလိုပေပဲ။ မင်းတို့ စစ်ပြေငြိမ်းကြတော့။”
ဟုဆိုလေသည်။

ထိ့ေ
ု နာက် စစ်သားများကို သေရည်ခွကြ် ကီးများသယ်ဆောင်စေကာ အားလုံးသောက်ကြသည်။ “လျူဘေ့”(Liu
Bei) သည် စိတ်ထဲတင
ွ် ကံကောင်းလှသည် ဟု တွေးနေသည်။ “ကျီလင်”(Ji Ling) မှာ ဘာမှမပြောနိုင်ပဲ
ခေါင်းညိတေ
် နလေသည်။
“ကျီလင်”(Ji Ling) က “စစ်သူကြီးအမိန့က
ို မလွန်ဆန်နိုင်ပါဘူး။ ငါ့ကိုပြန်ခွင့်ပြုပါ။ ငါ့အရှင်က ယုံပါ့မလား ၊

240
ဘာပြောမလဲတော့မသိဘူး။” ဟုဆိုသည်။ “လွီပ”ု (Lu Bu) က “ငါ စာ ၁ စောင်ရေးပြီး သက်သေခံပေးပါမယ်။”
ဟုဆိုသည်။ အကြိမ်အနည်းငယ်ထပ်မံသောက်သုံးကြပြီးနောက် “ကျီလင်”(Ji Ling) ကစာကို ယူကာ
ပြန်လေသည်။
“လျူဘေ့”(Liu Bei) တို့ပြန်သော် “လွီပု”(Lu Bu) က “ငါ ဒီနေ့မင်းကို ကူခဲ့တာ မမေ့ပါနဲ့။”
ဟုထပ်မံသတိပေးသည်။ “လျူဘေ့”(Liu Bei) ကကျေးဇူးတင်ကာ ပြန်ခဲ့သည်။ နောက်နေ့တွင်
စခန်းများဖျက်ကာ တပ်ဆုတ်ခဲ့ကြသည်။

“ကျီလင်”(Ji Ling) လည်း ပြန်ရောက်သော် အကြောင်းစုံရာတင်လျှောက်သည်။ “ယွမ်စ”ု (Yuan Shu) မှာ


လွန်စွာစိတဆ
ိုးကာ ““လွီပု”(Lu Bu) က ငါ့လက်ဆောင်တွေအတွက် ကျေးဇူးဆပ်လိုက်တာပေါ့လေ။
ငါကိုယ်တုင
ိဦးဆောင်ပြီး သူတို့ ၂ ယောက်လုးံ နဲ့ စာရင်းရှင်းမယ်။” ဟုမြည်ကြွေးလေသည်။
“ကျီလင်”(Ji Ling) က “သတိထားပါ အရှင်။ “လွီပ”ု (Lu Bu) က သူရဲကောင်းတိုင်းလိုလိုထက် ရဲရင့်တယ်။
သန်မာတယ်။ နယ်မြေအကျယ်ကြီးကိုလည်း ပိုင်ထားတယ်။ သူနဲ့ “လျူဘေ့”(Liu Bei) ဟာ အင်အားကြီးတဲ့
အတွဲအဖက်မို့လို့ ဖြိုခွင်းရခက်တယ်။ တခြားနည်းလမ်းရှိပါတယ်။ “လွီပ”ု (Lu Bu) ရဲ့ကြင်ယာတော် Yan
ကတော်မှာ အရွယ်ရောက်နေပြီဖြစ်တဲ့ သမီးတစ်ယောက်ရှိတယ်။ အရှင့်သားနဲ့ လက်ဆက်စေပြီး “လွီပ”ု (Lu Bu)
နဲ့ မဟာမိတ်ဖွဲ့လိုက်ပါ။ ဒါဆိုရင် “လွီပ”ု (Lu Bu) က အရှင့်ရဲ့ ရန်သူကို သတ်ပေးရမယ့်တာဝန်ရှိသွားပြီ။”
ဟုဆိုသည်။

“ယွမ်စု”(Yuan Shu) က လက်ခံကာ လက်ဆောင်များနှင့်အတူ “ဟန်ရင်”(Han Yin) ကို စေလွှတ်သည်။


“ဟန်ရင်”(Han Yin) က “လွီပု”(Lu Bu) ကိုတွေ့သော် “ငါ့အရှင်က သင့်အိမ်တော်နဲ့ မင်္ဂလာလမ်းခင်းကာ
ဟိုယခင်က Qin နဲ့ Jin ပြည်တု့လ
ို ဘယ်တော့မှမပျက်ပြားမယ့် မဟာမိတ်ဖွဲ့ လိုပါတယ်။” ဟုပြောသည်။
“လွီပ”ု (Lu Bu) သည် ထိုအစီအစဉ်ကို များစွာသဘောမကျပေ။ သို့သော် Yan ကတော်နှင့်
တိုင်ပင်ရန်သွားလေသည်။ “လွီပု”(Lu Bu) တွင် မိန်းမ ၂ ယောက်နှင့် မယားငယ် ၁ ယောက်ရှိလေသည်။ ဦးစွာ
ရန် ကတော်ကို လက်ထပ်ပြီး တရားဝင်မိန်းမဖြစ်သည်။ ထို့နောက် “သောင်းချန်”(Diao Chan) ကို
မယားငယ္အျဖစ္ယေ
ူ လသည်။ ရှောင်ဖေ တွင်နေထိုင်စဉ် “ချောင်ပေါက်”(Cao Bao) ၏သမီး ချောင် ကတော်ကို
ယူလေသည်။ ချောင် ကတော်မှာ ငယ်စဉ်ကပင်ဆုံးပါးသွားပြီး ကလေးအဖတ်မတင်ပေ။ “သောင်းချန်”(Diao
Chan) တွင်လည်း ကလေးမရှိပေ။ ထို့ကြောင့် “လွီပု”(Lu Bu) တွင် ဤသမီးတစ်ယောက်သာ ရှိပြီး
လွန်စွာချစ်ခင်လေသည်။
ရန် ကတော်နှင့်တိုင်ပင်သော်
ရန် ကတော်: “Yuan မျိုးနွယ်တွေက ဟွိုင်မြစ်တဝိုကက
ို ကြီးစိုးထားတာ နှစ်အတော်ကြာပြီ။ သူတို့မှာ
စစ်တပ်အကြီးကြီးလည်းရှိတယ်။ ချမ်းလည်း ချမ်းသာတယ်။ တစ်နေ့ကျ Yuan တစ်ယောက်ယောက်သာ
ဘုရင်ဖြစ်ရင် ငါတို့သမီးက မိဖုရားခေါင်ကြီးဖြစ်လိမ့်မယ်။ နေပါဦး ၊ “ယွမ်စု”(Yuan Shu) မှာ သား
ဘယ်နှစ်ယောက် ရှိတာလဲ။”
“လွီပ”ု (Lu Bu): “ဒီတစ်ယောက်ပဲ။”

241
Yan ကတော်: “ဒါဆိုရင် လက်ခံသင့်တယ်။ ငါတိ့သ
ု မီး မိဖုရားခေါင်ကြီးမဖြစ်တောင် ရွှီကျိုး အတွက်
မဟာမိတ်အသစ်ရမယ်။”

“လွီပ”ု (Lu Bu) လည်း သဘောတူကာ ဆက်သားကို ရက်ရောစွာ ဆက်ဆံသည်။ “ဟန်ရင်”(Han Yin) လည်း
သတင်းကောင်းသယ်ကာ ပြန်လေသည်။ ထို့နောက် မင်္ဂလာလက်ဖွဲ့ များနှင့်အတူ “ဟန်ရင်”(Han Yin) က
သတိ့သ
ု မီးမိသားစုထံ သွားသည်။ ကောင်းမွန်စွာ ဧည့်ခံကြိုဆိုကြလေသည်။
နောက်နေ့တွင် “ချန်ကန
ုး”(Chen Gong) သည် ဆက်သားဆီသွားသည်။ အပြန်အလှန်ဂါရဝပြုပြီးနောက်
ထိုင်ကာ စကားပြောကြသည်။ ကျေးကျွန်များကို ထွက်စေပြီးနောက်
“ချန်ကုန်း”(Chen Gong): “ဒီမင်္ဂလာပွဲကို အကြောင်းပြုပြီး “ယွမ်စု”(Yuan Shu) နဲ့ “လွီပ”ု (Lu Bu) ကို
မဟာမိတ်ဖွဲ့ စေပြီး “လျူဘေ့”(Liu Bei) ခေါင်းကို ပြတ်စေမှာ ဘယ်သူ့ အကြံလဲ။”
“ဟန်ရင်”(Han Yin) က ကြောက်လန့်စွာ
“ဟန်ရင်”(Han Yin): “ဒီသတင်းမပြန့်စေဖို့ ငါဆုတောင်းပါတယ်။”
“ချန်ကုန်း”(Chen Gong): “လျှို့ဝှကထ
်ားမှာပါ။ ဒါပေမဲ့ နှောင့်နှေးနေရင်တော့ တခြားလူတွေ သိသွားနိုင်တယ်။
သိသွားရင် မအောင်မြင်နိုင်တော့ဘူး။”
“ဟန်ရင်”(Han Yin): “ဘာလုပ်ရင် ကောင်းမလဲ။”
“ချန်ကုန်း”(Chen Gong): ““လွီပု”(Lu Bu) ကိုတွေ့ပြီး သတိ့သ
ု မီးကို မြန်မြန်ပ့ဖ
ို့ ပြောလိုကမ
် ယ်။”
“ဟန်ရင်”(Han Yin): “ဒီကိစ္စအောင်မြင်ရင် အရှင်က မင်းကို ကောင်းကောင်းဂုဏ်ပြုမှာပါ။”
“ချန်ကုန်း”(Chen Gong) လည်း ပြန်လာပြီး “လွီပု”(Lu Bu) ကိုသွားတွေ့သည်။
“ချန်ကုန်း”(Chen Gong): “အရှင့်သမီးနဲ့ “ယွမ်စ”ု (Yuan Shu) သားနဲ့ မင်္ဂလာဆောင်မယ်ဆို။
ဘယ်တော့လည်းဆိုတာ မသိရသေးပါလား။”
“လွီပ”ု (Lu Bu): “မဆုံးဖြတ်ရသေးပါဘူး။”
“ချန်ကုန်း”(Chen Gong): “မင်္ဂလာလက်ဖွဲ့ပိ့ခ
ျိုန်နဲ့ မင်္ဂလာဆောင်ချိန်ကြားကာလ ကြာမြင့်ချိန်ကို
သတ်မှတ်ထားတဲ့စည်းမျဉ်းတွေ ရှိပါတယ်။ မင်းမျိုးမင်းနွယ်တွေက ၁ နှစ် ၊ မှူးမတ်တွေက နှစ်ဝက် ၊
အရာရှိတွေက သုံးလ နဲ့ သာမန်လူတွေက တစ်လပါ။”
“လွီပ”ု (Lu Bu): ““ယွမ်စ”ု (Yuan Shu) အတွက်ဆိုရင် သူ့လက်ထဲမှာ ဧကရာဇ်တံဆပ
ိတော် ရှိနေပြီ။ တစ်နေ့မှာ
ဘုရင်နေရာရောက်မှာ အသေအချာပဲ။ ဒါဆိုရင် မင်းမျိုးမင်းနွယထ
်ုံးစံကို သုံးရမယ်ထင်တယ်။”
“ချန်ကုန်း”(Chen Gong): “မဟုတ်ဘူး ။”
“လွီပ”ု (Lu Bu): “ဒါဆို မှူးမတ်ထုံးစံလား။”
“ချန်ကုန်း”(Chen Gong): “အဲဒါလည်း မဟုတ်ဘူး။”
“လွီပ”ု (Lu Bu): “ဒါဆို အရာရှိထုံးစံလား။”
“ချန်ကုန်း”(Chen Gong): “အဲဒါလည်း မဟုတ်ပြန်ဘူး။”
“လွီပ”ု (Lu Bu) က ရယ်မောကာ
“လွီပ”ု (Lu Bu): “သာမန်လထ
ူုံးစံအတိုင်းလုပ်ဖို့ ပြောတာတော့ မဟုတပ
်ါဘူးနော်။”

242
“ချန်ကုန်း”(Chen Gong): “မဟုတ်ပါဘူး။”
“လွီပ”ု (Lu Bu): “ဒါဆို ဘာကိုဆိုလိုချင်တာလဲ။”

“ချန်ကုန်း”(Chen Gong): “အခုလို မှူးမတ်တွေ အကြီးအကျယ်ပြိုင်ဆိုင်နေကြတဲ့အချိန်မှာ တခြားလူတွေက


ဒီမင်္ဂလာဆောင်ကို မနာလိုနေလိမ့်မယ်။ မင်္ဂလာရက်နောက်ကျလေလေ ချောင်းမြောင်းတိုက်ခိုက်ခံရပြီး
သတိ့သ
ု မီးအဖမ်းခံရဖို့ အခွင့်အရေးများလေလေပဲ။ ငါ့အမြင်ကတော့ ငြင်းလိုက်ရင် ပိုကောင်းမယ်။ ဒါပေမဲ့
လက်ခံလိုက်ပြီဆိုတော့ တခြားနယ်စား ၊ မှူးမတ်တွေမသိခင် နှောင့်နှေးခြင်းမရှိ ချက်ချင်း ရှိုချွန်း ကို ပိ့ေ
ု ဆာင်ပါ။
ဟိုရောက်မှ နေရာတစ်ခုငှားပြီး မင်္ဂလာရက်မရောက်ခင်အထိ စောင့်ဆိုင်းလို့ရပါတယ်။ ဒီလိုမှပဲ
ရှုံးနိမ့်မယ့်အခြေအနေကို ရှောင်လွှဲနိုင်မှာပါ။”

“လွီပ”ု (Lu Bu): “မင်းပြောတာ မှန်တယ်။”


ထိ့ေ
ု နာက် အတွင်းဆောင်သ့ဝ
ို င်ကာ သတို့သမီးကို ချက်ချင်းပိ့ေ
ု ဆာင်မည့်အကြောင်း ၊ အဝတ်အစား
အသုံးအဆောင်တို့ အမြန်ပြင်ဆင်ပေးရန် မိန်းမကို ပြောသည်။ ထို့နောက် မြင်းကောင်းများကို
ကိုယ်တိုင်ရွေးချယ်ကာ မင်္ဂလာလှည်းကို ပြင်ဆင်စေသည်။ စောင့်ကြပ်ပ့ေ
ို ဆာင်မည့်အဖွဲ့ တွင် “ဟန်ရင်”(Han
Yin) နှင့် “လွီပု”(Lu Bu) ၏စစ်သူကြီးများဖြစ်သော “စုန်းရှန”် (Song Xian) နှင့် “ဝေရွှီ”(Wei Xu) တိ့ပ
ုါဝင်သည်။
သီချင်းများတီးမှုတ်ရင်း စတင်ထက
ွ်ခွာကြသည်။

ထိုအချိန်တွင် “ချန်တန်”(Chen Deng) ၏အဖေ “ချန်ကွေး”(Chen Gui) သည် ဘဝနေဝင်ချိန်ကို


စောင့်ဆိုင်းနေသော သူ ဖြစ်သည်။ သီချင်းသံကြား၍ မေးသော် ကျေးကျွန်များက အကြောင်းကို ပြောပြသည်။
“သူတ့ေ
ို တွ ‘သူစိမ်းအထက်ကဆွေမျိုး’ ဗျူဟာကို သုံးတော့မယ်။ “လျူဘေ့”(Liu Bei) တော့ အန္တရာယ်ရှိပြီ။”
ဟုရေရွတသ
် ည်။
သိ့န
ှုင့် အိုမင်းနုံးချိနေသော်လည်း “လွီပု”(Lu Bu) ထံသွားသည်။
“လွီပ”ု (Lu Bu): “အဘယ်အကြောင်းနဲ့ ရောက်လာပါသလဲ။”
“ချန်ကွေး”(Chen Gui): “မင်းသေပြီကြားလို့ ဝမ်းနည်းလိ့လ
ုာတာပါ။”
“လွီပ”ု (Lu Bu): “ဘယ်သူပြောလိ့လ
ဲု။”
“ချန်ကွေး”(Chen Gui): “တချိန်က “လျူဘေ့”(Liu Bei) ကိုသတ်မယောင်နဲ့ “ယွမ်စ”ု (Yuan Shu) ဆီက
လက်ဆောင်ယူပြီး လှည့်ကွကသ
်ုံးပြီး ရှောင်ထွက်သွားတယ်။ အခုချက်ချင်းပဲ မင်္ဂလာပွဲကို စီစဉ်ပြီး မင်း သမီးကို
ထိန်းထားဖို့ ကြံတယ်။ နောက်အကွကက
် ရှောင်ဖေ ကို တိုကမ
ှ်ာပဲ။ ဒါပြီးရင် မင်းကဘယ်လိုဖြစ်မလဲ။ နောင်မှာ
သူတ့က
ို ဆန်ဆိုဆန် ၊ စစ်ကဆ
ိုစစ်ကူ ဘာတောင်းတောင်းပေးရမှာ။ ပေးရင်လည်း မင်းအဆုံးသတ်ကနီးပြီ။
ငြင်းရင်လည်း ဆွေမျိုးတာဝန်မကျေပွန်တာအကြောင်းပြပြီး တိုက်လု့ရ
ိ တယ်။ နောက်ပြီး “ယွမ်စ”ု (Yuan Shu) က
ဘုရင်ဖြစ်ချင်တာ ၊ သူ သူပုန်ထရင် မင်းကအလိုလို သူပုန်မိသားစုဖြစ်သွားပြီ။ လူအများက လက်ခံမှာ
မဟုတ်ဘူး။”

243
“လွီပ”ု (Lu Bu) မှာများစွာစိတ်အနှောင့်အယှက်ဖြစ်သွားသည်။
“လွီပ”ု (Lu Bu): “ငါ “ချန်ကုန်း”(Chen Gong) လှည့်စားတာခံရပြီ။”
ထိ့ေ
ု နာက် “ကျန်းလျောင်”(Zhang Liao) ကို အလောတကြီးစေလွှတက
်ာ ၁၀ မိုင်မျှရောက်နေပြီဖြစ်သော
မင်္ဂလာလှည်းကိုပြန်ခေါ်စေသည်။ ပြန်ရောက်သော် “ဟန်ရင်”(Han Yin) ကို ထောင်ထဲထည့်သည်။
သတိ့သ
ု မီးအသုံးအဆောင်များ မပြည့်စုံသေး၍ မင်္ဂလာမဆောင်နိုင်သေးပါ ဟု “ယွမ်စ”ု (Yuan Shu) ထံ
စာပို့လိုကသ
် ည်။

“ချန်ကွေး”(Chen Gui) က “ဟန်ရင်”(Han Yin) ကို မြို့တော် ရွှီချန် ဆီပ့ေ


ို စချင်သော်လည်း “လွီပ”ု (Lu Bu) က
တွန့ဆ
်ုတေ
် နသည်။ ထိုစဉ် “လျူဘေ့”(Liu Bei) က အကြောင်းထူးမရှိဘဲ စစ်သားနှင့်
မြင်းများစုဆောင်းနေကြောင်း သတင်းကြားလိုက်ရသည်။ “သူ့အလုပ်သူလုပ်တာပဲ ၊ အံ့သြစရာမဟုတ်ပါဘူး။”
ဟု တွေးမိသော်လည်း “စုန်းရှန်”(Song Xian) နှင့် “ဝေရွှီ”(Wei Xu) တို့က ရောက်လာပြီး “အရှင့်အမိန့အ
် တိုင်း
ဟွာစန်းတောင်ကို သွားပြီး မြင်း ၂၀၀ ဝယ်ခဲ့ပါတယ်။ အပြန်မှာ ရှောင်ဖေ နယ်စပ်ရောက်တော့ ဓားပြတိုက်ခံရပြီး
တဝက်ကျော်ပါသွားတယ်။ ဓားပြတွေက တကယ်တော့ “ကျန်းဖေး”(Zhang Fei) နဲ့ သူ့လူတွေလို့ ကြားပါတယ်။”
ဟုဆိုလေသည်။
“လွီပ”ု (Lu Bu) လည်းလွန်စွာဒေါသထွက်ကာ ရှောင်ဖေ ကို ချီတက်လေသည်။ “လျူဘေ့”(Liu Bei) ကြားသော်
စစ်တပ်ပြင်လျက် ထွက်တွေ့သည်။ စစ်တပ် ၂ ခု ရင်ဆိုင်မိကြသည်။ “လျူဘေ့”(Liu Bei) က ရှေ့ထွက်ကာ

“လျူဘေ့”(Liu Bei): “အစ်ကိုကြီး ၊ ဘာလို့ ကျွန်တော့်ဆီ စစ်ချီလာတာပါလဲ။”


“လွီပ”ု (Lu Bu): “မင်းကို အန္တရာယ်တင
ွ်းကနေ ကယ်ထားတာ။ မင်းက ငါ့မြင်းတွေကို ဘာလိ့ခ
ိုးရတာလဲ။”
“လျူဘေ့”(Liu Bei): “မြင်းလိုချင်လို့ မြင်းတွေကို ဝယ်ခိုင်းထားရုံပါ။ အစ်ကိုကြီးမြင်းတွေ ယူရဲပါ့မလား။”
“လွီပ”ု (Lu Bu): “မင်းညီ “ကျန်းဖေး”(Zhang Fei) က ငါ့မြင်း ၁၅၀ ခိုးသွားတယ်။ မင်းက လူစား လုပ်ခိုင်းတာပဲ။”
“ကျန်းဖေး”(Zhang Fei) က လှံကိုင်ရင်း ရှေ့ထွက်ကာ
“ကျန်းဖေး”(Zhang Fei): “ဟုတ်တယ်။ မင်းရဲ့ မြင်းကောင်းတွေ ငါခိုးတာ။”
“လွီပ”ု (Lu Bu): “သူခိုး…မင်း ငါ့ကို အမြဲမချေမငံဆက်ဆံတယ်။”
“ကျန်းဖေး”(Zhang Fei): “ဟုတ်တယ်။ မင်းမြင်းတွေကို ယူတော့ မင်းက စိတ်ဆိုးတယ်။
ငါ့အစ်ကုရ
ိ့ဲ နယ်ကိုသမ
ိးတုန်းက မင်းအသံမထွက်ဘူး။”

“လွီပ”ု (Lu Bu) လည်းဒုန်းစိုင်းကာ တိုက်ရန်ပြင်သည်။ “ကျန်းဖေး”(Zhang Fei) လည်းရှေ့ထွက်လာသည်။


သူရဲကောင်း ၂ ယောက်လည်း အဆင်အခြင်မဲ့တုက
ိခိုက်ကြပြီး အချက် ၁၀၀ အထိ မည်သမ
ျှူအသာမရချေ။
ညီအတွက် စိုးရိမ်သော “လျူဘေ့”(Liu Bei) က လျင်မြန်စွာ မောင်းတီးကာ တပ်ဆုတ်စေသည်။
“လျူဘေ့”(Liu Bei) က ညီကိုခေါ်ကာ ဆူပူသည်။
“လျူဘေ့”(Liu Bei): “မြင်းတွေ ဘယ်မှာလဲ။”

244
“ကျန်းဖေး”(Zhang Fei): “ဘုရားကျောင်းတွေနဲ့ နန်းဆောင်တွေမှာ”
“လျူဘေ့”(Liu Bei) က ဆက်သားတစ်ယောက်ကို ခေါ်ကာ ခိုးထားသောမြင်းများပြန်ပေးပြီး စစ်ပြေငြိမ်းရန်
ကမ်းလှမ်းသည်။ “လွီပု”(Lu Bu) က လက်ခံလိုသော်လည်း “ချန်ကုန်း”(Chen Gong) ကကန့်ကွကသ
် ည်။
““လျူဘေ့”(Liu Bei) ရှိနေရင် အရှင့်အတွက် ပြဿနာတွေထပ်တက်နေမှာပဲ။” ဟုဆိုသည်။ ထို့ကြောင့်
ငြင်းပယ်ကာ မြို့ကို ပိုမို ဖိတိုကသ
် ည်။

“လျူဘေ့”(Liu Bei) က Mi Zhu နှင့် “စွန်းချန်”(Sun Qian) ကိုခေါ်ကာ တိုင်ပင်သည်။


“စွန်းချန်”(Sun Qian): ““ချောင်ချောင်း”(Cao Cao) မကြိုက်တဲ့ တစ်ဦးတည်းသောသူက “လွီပ”ု (Lu Bu) ပဲ။
မြို့ကိုစွန့ခ
်ွာပြီး “ချောင်ချောင်း”(Cao Cao) ထံ ခိုလံမ
ှု ယ်။ သူ့ဆီက စစ်ကေ
ူ တာင်းပြီး “လွီပု”(Lu Bu)
ကိုနှိမ်နင်းမယ်။”
“လျူဘေ့”(Liu Bei): “ငါတိ့ဆ
ုတ်ခွာရင် ဘယ်သူဦးဆောင်မလဲ။”
“ကျန်းဖေး”(Zhang Fei): “ကျွန်တော် အကောင်းဆုံးကြိုးစားပါမယ်။”

သိ့န
ှုင့် “ကျန်းဖေး”(Zhang Fei) ရှေ့မှ ဦးဆောင်ကာ “ကွမ်းယွ”ီ (Guan Yu) က နောက်ကို ကာကွယ်လျက်
အလယ်တွင် “လျူဘေ့”(Liu Bei) နေသည်။ လသာသာအောက်တင
ွ် မြောက်ဖက်တံခါးမှ ထွက်ခဲ့ကြသည်။
“စုန်းရှန်”(Song Xian) နှင့် “ဝေရွှီ”(Wei Xu) တိ့၏
ု တပ်များနှင့် တွေ့သော်လည်း “ကျန်းဖေး”(Zhang Fei) က
တိုက်ထုတ်ကာ အခက်အခဲမရှိထွကခ
်ွာနိုင်ခဲ့သည်။ “ကျန်းလျောင်”(Zhang Liao) က
လိုက်လံဖမ်းဆီးသော်လည်း “ကွမ်းယွ”ီ (Guan Yu) ကို မကျော်နိုင်ပေ။ “လွီပ”ု (Lu Bu) မှာ မကျေနပ်သော်လည်း
ကိုယတ
ိုင်လိုကလ
်ံမဖမ်းဆီးပေ။ မြို့တွင်းသို့ ဝင်ကာ တည်ငြိမ်အောင်လုပ်၍ Gao Shun ကို
မြို့စားခန့်လိုက်သည်။
“လျူဘေ့”(Liu Bei) သည် ရွှီချန် နား ချဉ်းကပ်လာပြီး မြို့ပြင်တွင် စခန်းချလေသည်။ ထိုစဉ် “စွန်းချန်”(Sun
Qian) က “ချောင်ချောင်း”(Cao Cao) ထံသွားကာ အကျိုးကြောင်းပြောပြသည်။ “ချောင်ချောင်း”(Cao Cao) က
ဖော်ရွေစွာ ဖိတ်ခေါ်လေသည်။

“လျူဘေ့”(Liu Bei) သည် ညီ ၂ ယောက်ကို စခန်းတွင် ထားခဲ့ကာ “စွန်းချန်”(Sun Qian) နှင့် Mi Zhu
တိ့န
ှုင့်အတူ “ချောင်ချောင်း”(Cao Cao) ကိုဝင်တွေ့သည်။ “ချောင်ချောင်း”(Cao Cao) က လေးစားစွာ
ကြိုဆိုသည်။ ထိ့ေ
ု နာက် “လွီပ”ု (Lu Bu) အကြောင်း တဖန်ပြောကြသည်။ “သူမှာ အမှားအမှန်မရှိဘူး။ ငါတို့
ညီအစ်ကို ၂ ယောက် သူ့ကို အတူတူတိုကြ် ကမယ်။” ဟု “ချောင်ချောင်း”(Cao Cao) ကပြောလေသည်။

“လျူဘေ့”(Liu Bei) မှာ များစွာ ဝမ်းမြောက်လေသည်။ ထိ့ေ


ု နာက် ညစာစားပွဲကို ကျင်းပသည်။
“ရွှင်ယွိ”(Xun Yu) က “အရှင် သတိလစ်တဲ့အချိန်မှာ “လျူဘေ့”(Liu Bei) က အရှင်ကို ပျက်စီးစေလိမ့်မယ်။
သူ့ကို ရှင်းလင်းထားသင့်တယ်။ သူက သိပ်ကို သူရဲကောင်းဆန်လွန်းတယ်။” ဟု အကြံပေးသည်။
“ချောင်ချောင်း”(Cao Cao) က နှုတ်ဆိတေ
် နလေသည်။ ထိုစဉ် “ကောကျား”(Guo Jia) ရောက်လာသော် “ငါ့ကို
“လျူဘေ့”(Liu Bei) ကိုသုတ်သင်ဖို့ အကြံပေးနေတယ်။ ဘယ်လိုသဘောရလဲ။” ဟုမေးသော်

245
“ကောကျား”(Guo Jia) က “မသင့်တော်ပါ အရှင်။ မင်းက အခု လူတွေကို ဖိနှိပ်ခံဘဝကနေ
လြတေ
် မြာက်စေတယ်လို့ ကျော်ကြားနေတယ်။ မှန်ကန်ပြီး အကျင့်ကောင်းမွန်မှသာ မြင့်မြတ်သူတ့ရ
ိဲု့
ထောက်ခံမှုကို ရမယ်။ သူတု့မ
ိ ထောက်ခံမှာကိုသာ အရှင်စိုးရိမ်ရမှာပါ။ အခု “လျူဘေ့”(Liu Bei) က
သူရဲကောင်း ၊ သူက လာခိုလံတ
ှုာကို သတ်ပစ်မယ်ဆိုရင် လူကောင်းတွေကို ခြောက်ခြားစေပြီး အကြံပေးတွေရဲ့
ရင်ထဲမှာ အကြောက်တရားကြီးစိုးသွားမယ်။ ဒါဆိုရင် အရှင် အကူအညီလိုတော့ ဘယ်လိုလုပ်မလဲ။
အန္တရာယ်တစ်ခုကိုတော့ ဖယ်ရှားနိုင်ပါရဲ့ ၊ ကိုယ့ပ
်ုံရိပ်ကျဆင်းမယ်ဆိုရင်တော့ ဒါဟာ ပျက်စီးခြင်းပေပဲ။
သေချာသုံးသပ်ဖို့လိုပါတယ်။” ဟု လျှောက်တင်လေသည်။

“ချောင်ချောင်း”(Cao Cao) က “ငါ့အတွေးနဲ့ တထပ်တည်းပဲ။” ဟုဝမ်းမြောက်စွာ ဆိုလေသည်။ ထိ့ေ


ု နာက်
“လျူဘေ့”(Liu Bei) ကို ယွီကျိုးနယ်စား ခန့်အပ်ရန် ဘုရင်ကို တင်ပြသည်။ "ချန်ယွီ"(Cheng Yu) က ထပ်မံ၍
““လျူဘေ့”(Liu Bei) က သူများလက်အောက်မှာ အမြဲနေမယ့်လူမျိုးမဟုတ်ဘူး။ တချိန်ချိန်မှာ ထိပ်ကို
ရောက်မှာပဲ။ သူ့ကို ရှင်းလင်းထားသင့်တယ်။” ဟုဆိုသည်။ “ချောင်ချောင်း”(Cao Cao) က “အခုချိန်က
လူတော်တွေကို ကောင်းကောင်းအသုံးချရမယ့်အချိန်ပဲ။ လူတစ်ယောက်အတွက်နဲ့ နာမည်ပျက်မခံနိုင်ဘူး။
“ကောကျား”(Guo Jia) နဲ့ ငါနဲ့ အတွေးတူတယ်။” ဟုပြန်ပြောလေသည်။

“ချောင်ချောင်း”(Cao Cao) က “လျူဘေ့”(Liu Bei) ကို ဆန့်ကျင်သည့်အကြံအားလုံးကို ငြင်းပယ်သည်။


ထိ့ေ
ု နာက် စစ်သား ၃ ထောင်နှင့် ဆန်လှည်း ၁ သောင်းပေးကာ ယွီကျိုးကို ချီစေသည်။ “လျူဘေ့”(Liu Bei)
အလုပ်မှာ ရှောင်ဖေ ကိုပြန်ပြီး သိမ်းပိုက်ကာ သူ၏အရင်တပ်သားများနှင့် ပေါင်းစည်း၍ “လွီပ”ု (Lu Bu)
ကိုတိုက်ရန်ဖြစ်သည်။

“လျူဘေ့”(Liu Bei) သည် ယွီကျိုးရောက်သော် “လွီပု”(Lu Bu) ကို တိုကရ


် န်ပြင်နေသော “ချောင်ချောင်း”(Cao

246
Cao) ကို သတင်းပိ့သ
ု ည်။ ထိုစဉ် သတင်းဆိုးရောက်လာသည်။ နန်ရန်ကိုတုက
ိခိုကရ
် န်သွားသော
“ကျန်းကျိ”(Zhang Ji) သည် မြားဒဏ်ရာဖြင့် သေဆုံးသွားပြီး သူ၏တူ “ကျန်းရှို့ ”(Zhang Xiu) က စစ်တပ်ကို
ဆက်ခံကာ “ကျာရွှီ”(Jia Xu) ကိုဗျူဟာမှူးတင်မြှောက်ထားသည်။ “လျူပြောင်း”(Liu Biao) နှင့် ပူးပေါင်းကာ
ဝမ်ချန်တွင် စခန်းချနေသည်။ သူတ့က
ို မြို့တော်ကို တိုကခ
ိုကြ် ပီး ဘုရင့်လူဖြစ်ချင်နေကြသည် ဟုဆုေ
ိ လသည်။
“ချောင်ချောင်း”(Cao Cao) လည်းဝေခွဲမရဖြစ်နေသည်။ သူတို့ကို နှိမ်နင်းသော် “လွီပ”ု (Lu Bu) က မြို့တော်ကို
ဝင်တိုကမ
် ည်ကို ကြောက်ရသည်။ ထိ့ေ
ု ကြာင့် “ရွှင်ယ”ွိ (Xun Yu) ကိုအကြံတောင်းသည်။ ““လွီပ”ု (Lu Bu) မှာ
မူဝါဒခိုင်ခိုင်မာမာမရှိဘူး။ သူ့အတွက် အကျိုးရှိမယ်ထင်ရင် လုပ်တာပဲ။ ဒီတော့ သူ့ကို ရာထူးတိုးပေးပြီး
ဘွဲ့ နည်းနည်းထပ်တိုးပေးလိုကပ
်ါ။ “လျူဘေ့”(Liu Bei) နဲ့ စစ်ပြေငြိမ်းခိုင်းလိုက်ပါ။ ဒါဆို တောင်ဖက်က
စိတ်ပူစရာမလိုတော့ဘူး။” ဟုဆိုလေသည်။

“ချောင်ချောင်း”(Cao Cao) လည်း သဘောကျကာ နန်းတွင်းအမတ် “ဝမ်ကျဲ”(Wang Ze) ကို ရွှီကျိုး


သိ့ေ
ု စလွှတ်သည်။ တရားဝင်အမိန့်ပြန်စာနှင့် စစ်ပြေငြိမ်းလွှာတိ့က
ို ပေးပိ့သ
ု ည်။ တချိန်တည်းတွင်
“ကျန်းရှို့ ”(Zhang Xiu) အန္တရာယ်ကို ရင်ဆိုင်ရန် ပြင်ဆင်လေသည်။ အဆင်သင့်ဖြစ်သော် စစ်သည် ၁
သိန်းခွဲကို စစ်ကြောင်း ၃ ကြောင်းခွဲကာ ချီတက်စေသည်။ “ရှဟုတ
ွိန်း”(Xiahou Dun) က ရှေ့တန်းတပ်မှူးအဖြစ်
ဦးဆောင်ကာ ယွီမြစ်နားတွင် စခန်းချလေသည်။
“ကျာရွှီ”(Jia Xu) သည် “ကျန်းရှို့ ”(Zhang Xiu) ကို ခုခံလည်းအချည်းနှီးသာဖြစ်ကြောင်း ၊ သို့ဖြစ်၍ အညံ့ခံရန်
စည်းရုံးပြောဆိုနိုင်ခဲ့သည်။ သိ့န
ှုင့် “ကျန်းရှို့ ”(Zhang Xiu) က “ကျာရွှီ”(Jia Xu) ကို “ချောင်ချောင်း”(Cao Cao)
ထံစေ့စပ်ရန် လွှတလ
ိုက်သည်။ “ချောင်ချောင်း”(Cao Cao) လည်း “ကျာရွှီ”(Jia Xu) ၏သွက်လက်ပြီး
စကားပြောကောင်းပုံကို များစွာသဘောကျ ကျေနပ်ကာ သူ့ဖက်ပါရန် ဆွဲဆောင်တော့သည်။ “ကျာရွှ”ီ (Jia Xu)
က “အရင်က “လီကျွယ်”(Li Jue) ကို ခစားခဲ့ပြီး နောင်အပြစ်ပြုမိတယ်။ အခု “ကျန်းရှို့ ”(Zhang Xiu) က
င့ါအကြံကို တောင်းခံနေတော့ သူ့ကိုစွန့ခ
်ွာဖို့ မသင့်ဘူး။” ဟု အဖြေပေးသည်။

“ကျာရွှီ”(Jia Xu) လည်းပြန်သွားပြီး နောက်နေ့တွင် သူ့အရှင်ကို “ချောင်ချောင်း”(Cao Cao) ထံခေါ်သွားသည်။


“ချောင်ချောင်း”(Cao Cao) သည်လွန်စွာရက်ရောလေသည်။ စစ်တပ်ကို ၃ မိုင်အကွာတွင် ထားခဲ့ပြီး
တပ်အနည်းငယ်ဖြင့် မြို့တွင်းဝင်သည်။ “ကျန်းရှို့ ”(Zhang Xiu) က ဧည့်ခံပွဲများ နေ့စဉ်ကျင်းပပေးပြီး
“ချောင်ချောင်း”(Cao Cao) မှာ ပျော်မွေ့နေလေသည်။
တစ်ရက်တွင် “ချောင်ချောင်း”(Cao Cao) စိတ်ကြည်နေပြီး မြို့ထဲတွင် သီချင်းဆိုသောမိန်းကလေးများ ရှိသလား
ဟု အစောင့်များကို မေးသည်။ တူဖြစ်သူ “ချောင်အားမင်”(Cao Amin) က “မနေ့ညနေက
နန်းဆောင်တစ်ဆောင်မှာ အလွန်လပ
ှ ချောမောတဲ့ အမျိုးသမီးတစ်ဦးတွေ့ပါတယ်။ “ကျန်းရှို့ ”(Zhang Xiu) ရဲ့
ဦးလေး “ကျန်းကျိ”(Zhang Ji) ရဲ့အမျိုးသမီးလို့ဆိုပါတယ်။ နှစ်လိုဖွယ်ကောင်းသူတစ်ယောက်ပါ။”
ဟုလျှောက်တင်လေသည်။
“ချောင်ချောင်း”(Cao Cao) လည်းတပ်မက်စွာ အခေါ်လွှတ်စေသည်။ အမှန်တကယ်ပင်
အလှရှင်တစ်ဦးဖြစ်လေသည်။ “ချောင်ချောင်း”(Cao Cao) က သူ့နာမည်မေးသော် ကျိုးမျိုးနွယ်ဖြစ်ပြီး
“ကျန်းကျိ”(Zhang Ji) ရဲ့မိန်းမပါ ဟုဖြေလေသည်။

247
“ချောင်ချောင်း”(Cao Cao): “ငါဘယ်သူလဲ သိသလား။”
အလှပဂေး: “နန်းရင်းဝန်ရဲ့ နာမည်ကို ကြားဖူးတာကြာပါပြီ။ အရှင်ကို ဂါရဝပြုခွင့်ရတာ ဝမ်းမြောက်လှပါတယ်။”
“ချောင်ချောင်း”(Cao Cao): “မင်းအတွက်ကြောင့် “ကျန်းရှို့ ”(Zhang Xiu) အညံ့ခံတာကို လက်ခံလိုက်တာ။
မဟုတ်ရင် သူ့ကို သတ်ပြီးပြီ။”
အလှပဂေး: “ဟုတ်ပါတယ်။ ကျွန်မအသက်ကို အရှင်သာပိုင်စိုးပါတယ်။ ဒီအတွက်လည်း ပျော်ရွှင်မိပါတယ်။”
“ချောင်ချောင်း”(Cao Cao): “မင်းကို မြင်ရတာ နတ်ပြည်ရောက်သွားသလိုပဲ။ ဒါပေမဲ့
ပိုကောင်းတာတစ်ခုရှိသေးတယ်။ အခုဒီမှာနေပြီး မြို့တော်ပြန်ရင် ငါနဲ့လိုကခ
်ဲ့ပါ။ ဘယ်လိုသဘောရသလဲ။”
အလှပဂေး: “ဒါပေမဲ့ ကျွန်မပျောက်တာကြာသွားရင် “ကျန်းရှို့ ”(Zhang Xiu) ကစုံစမ်းနေပြီး
အတင်းတွေပြောကြလိမ့်မယ်။”
“ချောင်ချောင်း”(Cao Cao): “မင်းသဘောတူရင် နက်ဖြန် မြို့ကထွက်မယ်။”
သူလည်း သဘောတူသည်။ သိ့ေ
ု သာ် မြို့တော်ကို ချက်ချင်းမပြန်သေးဘဲ “ချောင်ချောင်း”(Cao Cao) တဲတွင်
နေလေသည်။ “တျန်ဝေ”(Dian Wei) ကအထူးသက်တော်စောင့်အဖြစ် စောင့်လေသည်။ ထိုရက်များတွင်
“ချောင်ချောင်း”(Cao Cao) တစ်ဦးတည်းနှင့်သာ တွေ့လေသည်။

သိ့ေ
ု သာ် “ကျန်းရှို့ ”(Zhang Xiu) က ထိုသတင်းကိုကြားပြီး အရှကရ
် လေသည်။ “ကျာရွှီ”(Jia Xu)
ကိုတိုင်ပင်သော် “သူ့ဖက်က မလှုပရ
ှ်ားမချင်း လျှို့ဝှက်ထားပါ။” ဟုဆိုသည်။ သိ့န
ှုင့် လျှို့ဝှက်စွာ
စီစဉ်ကြလေသည်။
နောက်နေ့တွင် “ချောင်ချောင်း”(Cao Cao) တဲကိုသွားကာ “အညံ့ခံတဲ့တပ်တွေက ထွကေ
် ပြးပြန့်ကျဲနေတော့
အရှင့စ
် ခန်းအလယ်မှာ စုထားရင် သင့်လျော်ပါမယ်။” ဟုဆိုလေသော် “ချောင်ချောင်း”(Cao Cao) ကခွင့်ပြု၍
“ကျန်းရှို့ ”(Zhang Xiu) က သူ၏စစ်တပ်ကို စခန်းလေးခုသို့ ရွှေ့လေသည်။ သိ့ေ
ု သာ် “ချောင်ချောင်း”(Cao Cao)
၏ အထူးသက်တော်စောင့် “တျန်ဝေ”(Dian Wei) မှာ ရဲရင့်သလို အစွမ်းထက်သောကြောင့်
ကြောက်မက်ဖွယ်ကောင်းလေသည်။ သူ့ကိုတိုက်ခိုက်ရန် “ဟူကျွဲ့အာ”(Hu Juer) နှင့်တိုင်ပင်လေသည်။
“ဟူကျွဲ့အာ”(Hu Juer) သည်လည်း လူသန်တစ်ဦးပင်ဖြစ်သည်။ ပေါင် ၆၀၀ ကို မနိုင်ပြီး တစ်နေ့လျှင် မိုင် ၂၀၀
ပြေးနိင
ုလေသည်။ သူက ““တျန်ဝေ”(Dian Wei) မှာ ကြောက်စရာကောင်းတာက လှံပုဆန
ိ ၂ လက်ပဲ။ သူ့ကို
စားပွဲဖိတ်ပြီး မူးအောင်တိုက်လိုက်မယ်။ အပြန်မှာ လိုကသ
်ွားပြီး သူ့လက်နက်တွေခိုးထားလိုက်မယ်။ ဒါဆို
သူ့ကိုကြောက်စရာမလိုတော့ဘူး ။” ဟုဆိုလေသည်။
သိ့န
ှုင့် ပြင်ဆင်စရာများပြင်ဆင်ပြီးသော် စီစဉ်ထားသည့်အတိုင်းလုပ်လေသည်။ ထိုညတွင် “ချောင်ချောင်း”(Cao
Cao) က Zhou ကတော်နှင့် ညစာစားနေစဉ် လူသံမြင်းသံများကြား၍ မေးသော် ညကင်း ဟုဖြေသဖြင့်
ကျေနပ်သွားသည်။

ည ၂ ချက်တီးတွင် ဆူညံသံများထပ်ကြားသော် မီးလန့်သည်ဟု သတင်းပြို့ ကသည်။


“စစ်သားတစ်ယောက်ယောက် မတော်တဆ မီးတုတ်လွတ်ကျတာနေမှာ ၊ စိုးရိမ်စရာမရှိဘူး။” ဟုဆိုလေသည်။

248
သိ့ေ
ု သာ် မကြာမီပင် မီးမှာ အဖက်ဖက်သို့ ပြန့်နှံ့လာလေသည်။ “ချောင်ချောင်း”(Cao Cao) က “တျန်ဝေ”(Dian
Wei) ကို ခေါ်သော်လည်း ပုံမှန်နိုးကြားသော သူမှာ သေရည်ရစ်၍ လဲလျောင်းနေချေပြီ။

သိ့ေ
ု သာ် အဆက်မပြတ်တီးခတ်နေသော မောင်းများနှင့် ဗုံများကြောင့် လန့်နိုးကာ ထခုန်လိုက်သည်။ ရန်သူမှာ
နီးကပ်လာပြီး လက်စွဲတော် လှံပုဆန
ိက ပျောက်ဆုံးနေသည်။ လျင်မြန်စွာ အနီးရှိတပ်သား၏ဓားကို ဆွဲကာ
ပြေးထွက်သွားသည်။ တံခါးတွင် လှရ
ှံည်ကိုင်ထားသူတစ်စုကို တွေ့လေသည်။ ပြေးဝင်၍ ခုတ်လေရာ
အယောက် ၂၀ ထက်မနည်းကျဆုံးလေသည်။ အခြားသူများမှာ နောက်ဆုတသ
်ွားသည်။ လှံများဖြင့်တော့
ဆက်လက်တိုက်ခိုက်နေသေးသည်။ သံချပ်မပါသဖြင့် များမကြာမီပင် နေရာအနှ့တ
ွံင် ဒဏ်ရာရလေသည်။
သိ့တ
ိုင် ဓားကျိုးသည်အထိ ဆက်လက်တိက
ုခိုက်နေသည်။ ဓားကို လွှင့်ပစ်ပြီး စစ်သား ၂ ယောက်ကို ကိုင်မကာ
ရန်သူများထံပစ်ခြင်းဖြင့် ဆက်လက်တိက
ုပြန်ရာ ရန်သူများမှာ အနားမကပ်ဝံ့တော့ပေ။ ထို့ကြောင့်
မြားများဖြင့်ဆက်လက်ပစ်ခတ်သည်။ မြားများသည်းထန်စွာ ကျရောက်သော်လည်း တံခါးတွင်
ဆက်လက်ကြံ့ကြံ့ခံထားသည်။ ထိုစဉ် အချို့က နောက်ဖက်မှ ဝင်ကာ လှံရှည်ဖြင့် နောက်ကျောကို ထိုးလေရာ
“တျန်ဝေ”(Dian Wei) မှာ ကျယ်လောင်စွာအော်ဟစ်ရင်း လဲကျလေသည်။ ဒဏ်ရာမှ သွေးများ
ဒလဟောထွက်ပြီးနောက် သေလေသည်။ သူသေသွားသည့်တိုင် မည်သူမျှ တံခါးမကြီးမှ မဝင်ဝံ့ပေ။

“ချောင်ချောင်း”(Cao Cao) မှာ “တျန်ဝေ”(Dian Wei) ကိုယြုံ ကည်စွာဖြင့် အနောက်တံခါးမှ ပြေးလေသည်။


“ချောင်အားမင်”(Cao Amin) က ခြေကျင်လိုကေ
် လသည်။ ထို့နောက် မြားတစ်စင်းမှာ “ချောင်ချောင်း”(Cao
Cao) လက်မောင်းကို မှန်ပြီး မြင်းကို မြားသုံးစင်းမှန်လေသည်။ ကံကောင်းစွာပင် မြင်းမှာ မြင်းကောင်းဖြစ်သဖြင့်
Yu မြစ်ကမ်းဆီအထိ သခင်ကို ပိ့ေ
ု ဆာင်ပေးလေသည်။ လိုက်လံဖမ်းဆီးသူများမှာ မှီလာပြီး
“ချောင်အားမင်”(Cao Amin) အသတ်ခံရသည်။ “ချောင်ချောင်း”(Cao Cao) မှာ
မြစ်တစ်ဖက်ကမ်းအရောက်တွင် မြင်းမျက်လုံးကို မြားထပ်မှန်သဖြင့် လဲကျလေသည်။ “ချောင်ချောင်း”(Cao Cao)
၏သားအကြီးဆုံး “ချောင်အန်”(Cao Ang) က သူ့မြင်းကို ပေးကာ ပြေးစေသည်။ “ချောင်အန်”(Cao Ang)
မှာလည်း မြားမှန်ကာ သေလေသည်။ “ချောင်ချောင်း”(Cao Cao) မှာလွတ်မြောက်သွားပြီး သူ၏တပ်များနှင့်
တွေ့လေသည်။

“ရှဟိုတန
ွ်း”(Xiahou Dun) လက်အောက်ရှိ “ယွီကျင်”့ (Yu Jin) စစ်သားများသည်
တောကြောင်လက်ခမောင်းခတ်ကာ ပြည်သူတု့ထ
ိံမှ ခိုးယူလုယက်ကြလေသည်။ Yu Jin က သူ့စစ်တပ်ဖြင့်
များစွာသုတ်သင်ပစ်လေသည်။ ထိ့ေ
ု နာက် ပြည်သူများကို ကာကွယ်ကာ နှစ်သိမ့်ပေးလေသည်။
ထြကေ
် ပြးသွားသူများက “ချောင်ချောင်း”(Cao Cao) ကိုတွေ့သော် Yu Jin ကသစ္စာဖောက်ကာ
သူတ့က
ိုတုက
ိ ္ခိုကေ
် ကြာင်း တိုင်တန်းသည်။ “ချောင်ချောင်း”(Cao Cao) ကအံ့သြကာ “ရှဟိုတွန်း”(Xiahou Dun)
၊ “ရွှီချူ”(Xu Chu) ၊ “လီတျန်”(Li Dian) နှင့် Yue Jing တိ့အ
ုား Yu Jin ကိုတိုက်ရန် စေခိုင်းသည်။

"ယွီကျင့်"(Yu Jin)သည် “ချောင်ချောင်း”(Cao Cao) နှင့်သူ့နောက်လိုက်များချဉ်းကပ်လာသည်ကြို မင်သော်

249
တိုက်ခိုက်မှုကိုရပ်စဲ၍ စခန်းချလေသည်။ အရာရှိတစ်ယောက်က ““ယွီကျင့်”(Yu Jin) စစ်သားတွေက
မင်းသစ္စာဖောက်တယ်လို့ ပြောကြတာ။ မဖြေရှင်းဘဲ ဘာလို့ စခန်းအရင်ချတာလဲ။” ဟုမေးသော် "ယွီကျင်"့ (Yu
Jin)က “ရန်သူတွေက ငါတိ့ေ
ု နာက်ကနေလိုက်လာတာ နီးနေပြီ။ ခံစစ်ပြင်မှရမယ်။ မဟုတ်ရင်
ခံနိုင်မှာမဟုတ်ဘူး။ ရှင်းပြဖိ့က
ု အရေးမကြီးပါဘူး။ ခံစစ်က အရေးကြီးတယ်။” ဟုဖြေလေသည်။
ခံစစ်စခန်းဆောက်ပြီး မကြာမီပင် “ကျန်းရှို့ ”(Zhang Xiu) က တိုက်ခိုက်လေသည်။ Yu Jin ကိုယ်တိုင်
မြင်းစီးထွက်ကာ ရင်ဆိုင်သည်။ “ကျန်းရှို့ ”(Zhang Xiu) နောက်ဆတ
ုရသည်။ Yu Jin ၏အခြားစစ်သူကြီးများက
Yu Jin ကိုယ်တိုင် ရဲဝံ့စွာတိုက်ခိုက်သည်ကိုမြင်သော် ဝိုင်းဝန်းတိုက်ခိုက်ကြရာ “ကျန်းရှို့ ”(Zhang Xiu)
ရှုံးလေသည်။ အတော်ဝေးသည်အထိ လိုကလ
်ံတိုက်ခိုက်ကြလေရာ “ကျန်းရှို့ ”(Zhang Xiu) တပ်အားလုံးနီးပါး
ကျလေသည်။ အနည်းငယ်မျှသောတပ်ဖြင့် "လျူပြောင်း"(Liu Biao) ထံပြေးရလေသည်။

“ချောင်ချောင်း”(Cao Cao) တပ်များပြန်လည်စုစည်းပြီး ခေါင်းဆောင်များ စုဝေးကြသည်။ ထိုအခါမှ Yu Jin က


“ယွီကျင့်”(Yu Jin) စစ်သားများအကြောင်းနှင့် တိုကခ
ိုကရ
် သည့်အကြောင်းရင်းကို တင်ပြလေသည်။ “ဘာလို့
စခန်းမချခင် အရင်ရှင်းမပြတာလဲ” ဟုမေးသော် “ယွီကျင်”့ (Yu Jin) က ယခင်ကအတိုင်းပင် ရှင်းပြသည်။
“ချောင်ချောင်း”(Cao Cao) က “ခေါင်းဆောင်ကောင်းတစ်ယောက်ဟာ
အခက်အခဲတွေကြားရောက်နေတဲ့အချိန်မှာ ပထမဆုံးအတွေးက ဟန်ချက်ညီထိန်းနိုင်ပြီး
ခံစစ်ခိုင်မာအောင်လုပ်ဖို့ပဲ ဖြစ်ရမယ်။ အမှားကျူးလွန်မိရင် ခေါင်းရှောင်နေမယ့်အစား ကိုယ့်အပြစ်ကိုယ်
တာဝန်ခံရဲရမယ်။ အခု “ယွီကျင်”့ (Yu Jin) ဟာ အရှုံးကနေ အနိုင်ကိုတောင် ပြောင်းလဲခဲ့မှတော့ ဘယ်သူကများ
သူ့ကို အပြစ်ပေးနိုင်တော့မလဲ။” ဟုချီးကျူးလေသည်။

“ယွီကျင့်”(Yu Jin) ကို ရွှေသံချပ်ဝတ်အင်္ကျီဆုချကာ ရီရှိုအုပ်ချုပ်သူ ခန့်လေသည်။ “ရှဟိုတွန်း”(Xiahou Dun)


ကိုမူကား စစ်သားများစည်းကမ်းမရှိ၍ ဆူလေသည်။
ထိ့ေ
ု နာက် လွန်လေသူ သူရဲကောင်း “တျန်ဝေ”(Dian Wei) အတွက် ပူဇော်လေသည်။ “ချောင်ချောင်း”(Cao
Cao) ပင်လျှ င် သည်းထန်စွာငိုကြွေးကာ ကြီးကျယ်စွာ ဂုဏ်ပြုလေသည်။ ထို့နောက် မှူးမတ်များဖက်လှည့်ကာ
“ငါ့ရဲ့ သားကြီး သေတာတောင် ဒီလောက်ဝမ်းမနည်းရပါဘူး။ “တျန်ဝေ”(Dian Wei) အတွက် ငါငိုရတယ်။”
ဟုဆရ
ှိုာသည်။ အားလုံးမှာလည်း စိတ်မကောင်းနိုင်ပေ။ ပြီးနောက် နန်းတွင်းပြန်ရန် အမိန့်ချလေသည်။

နန်းတွင်းအမိန့်ကို သယ်ဆောင်သွားသော အမတ် “ဝမ်ကျဲ”(Wang Ze) မှာ ရွှီကျိုး ရောက်သော် အမိန့်စာကို


ဖတ်ကြားသည်။ စာအရ “လွီပ”ု (Lu Bu) ကို အရှေ့အရပ်ကို အောင်နိုင်သော စစ်သြူ ကီးဘွဲ့ ပေးကာ တံဆိပ်တုံးပါ
အပ်နှင်းလေသည်။ သီးသန့်စာကိုပါ အပ်နှင်းပြီးနောက် ဝန်ကြီးချုပ်ကပါ ဂုဏ်ပြုလိုက်ကြောင်း ဆက်သားက
ပြောသည်။ “လွီပ”ု (Lu Bu) များစွာကျေနပ်လေသည်။
ထိ့ေ
ု နာက် “ယွမ်စ”ု (Yuan Shu) ထံမှ ဆက်သားလာလေသည်။ သူက “ကျွန်ုပ်အရှင်ရဲ့ ဘုရင်အဖြစ်ကြေညာဖို့
အစီအစဉ်က ရှေ့ဆက်နေပါပြီ။ နန်းတော်ကိုလည်း တည်ဆောက်ပြီးစီးနေပြီး မိဖုရားခေါင်နှင့် မောင်းမတိ့က
ို

250
အမြန်ရွေးချယ်မှာဖြစ်ပါတယ်။ Huai မြစ်တောင်ဖက်ကိုလည်း လာမှာပါ။ သတို့သမီးကို လက်ခံဖို့
ငံ့လင့်နေပါတယ်။” ဟုဆုသ
ိ ည်။

“လွီပ”ု (Lu Bu) က “ဒီသူပုန်က လွန်လခ


ျှည်လား။” ဟုအော်ကာ ဆက်သားကို သတ်စေသည်။ “ဟန်ရင်”(Han
Yin) ကိုမူ အကျဉ်းချစေသည်။ နန်းတွင်းသို့ ကျေးဇူးတင်လွှာရေးကာ “ဟန်ရင်”(Han Yin) နှင့်အတူ ပို့စေသည်။
“ချောင်ချောင်း”(Cao Cao) ကိုလည်း သူ၏နေရာတည်မြဲရေးမှာ သေချာမှုရှိ မရှိ မေးမြန်းရန် စာပြန်လိုက်သည်။
စာကို “ချန်တန်”(Chen Deng) နှင့် ပေးခိုင်းလေသည်။

“ချောင်ချောင်း”(Cao Cao) မှာ မင်္ဂလာပွဲပျက်သည့်အတွက် ကျေနပ်နေပြီး “ဟန်ရင်”(Han Yin) ကို


ဈေးနေရာတွင် ကွပ်မျက်ရန် အမိန့်ပေးလေသည်။
“ချန်တန်”(Chen Deng) က “ချောင်ချောင်း”(Cao Cao) ကို ““လွီပု”(Lu Bu) က ရက်စက်တယ် ၊ ညံ့ဖျင်းတယ် ၊
အတွေးတိမ်တယ်။ ကြာကြာအသက်ရှင်လေလေ ၊ ဆိုးလေလေ ဖြစ်လိမ့်မယ်။” ဟု တီးတိုးဆိုလေသည်။
“ချောင်ချောင်း”(Cao Cao) က ““လွီပု”(Lu Bu) အကြောင်း ကောင်းကောင်းသိတယ်။ သူက
ကောက်ကျစ်တဲ့စိတ်နဲ့ ဝံပုလွေပ။ဲ သူ့ကို ကြာကြာအစာကျွေးထားရင် ခက်လမ
ိ့်မယ်။ မင်းတို့ သားအဖကြောင့်
မဟုတ်ရင် ငါ အခြေအနေအရပ်ရပ်ကို သိမှာ မဟုတ်ဘူး။ သူ့ကရ
ှိုင်းဖို့ မင်းတို့ ငါ့ကို ကူရမယ်။” ဟုဆိုလေသည်။
“ချန်တန်”(Chen Deng) က “အရှင်အလိရ
ှိုတဲ့အရာကို ကူညီပေးပါမယ်။” ဟုဖြေလိုက်သည်။
ဆုလာဘ်အဖြစ် “ချန်ကွေး”(Chen Gui) အတွက် နှစ်စဉ် ဆန်လှည်း ၂ ထောင်နှင့် “ချန်တန်”(Chen Deng) ကို
ကွမ်းလင်အုပ်ချုပ်သူ ခန့်လေသည်။ “ချန်တန်”(Chen Deng) က ပြန်ရန် နှုတဆ
် က်သော် “ချောင်ချောင်း”(Cao
Cao) က လက်ကိုကုင
ိကာ “အရှေ့ပိုင်းအရေးတွေအတွက် မင်းကို အားကိုးမယ်။” ဟုဆိုလေသည်။

“ချန်တန်”(Chen Deng) လည်း ခေါင်းညိတ်လိုကသ


် ည်။ “လွီပ”ု (Lu Bu) ဆီပြန်ရောက်သော် အခြေအနေကို
မေးမြန်းသည်။
“ချန်တန်”(Chen Deng): “ငါ့ကို Guangling အုပ်ချုပ်သူခန့်ပြီး ငါ့အဖေကို ရက်ရက်ရောရော ချီးမြှင့်လုက
ိတယ်။”
“လွီပ”ု (Lu Bu): “ငါ့အတွက်ကျ ရွှီကျိုး ကိုမတောင်းခဲ့ဘဲ မင်းအတွက်မင်းပဲတောင်းခဲ့တယ်။ မင်းအဖေက
မင်္ဂလာပွဲဖျက်ပြီး “ချောင်ချောင်း”(Cao Cao) ကို ကူခိုင်းတယ်။ အခုကျ ငါက ဘာမှမရတော့ဘူး။
မင်းအဖေလိမ်တာခံလိုက်ရပြီ။”

“ချန်တန်”(Chen Deng) ကို ဓားထောက်ကာ ခြိမ်းခြောက်လေသည်။ “ချန်တန်”(Chen Deng) ကရယ်ကာ


“ချန်တန်”(Chen Deng): “အို စစ်သူကြီး ၊ အလိမ်လယ
ွ်လိုက်တာ။”
“လွီပ”ု (Lu Bu): “ငါ…အလိမ်လွယတ
် ယ်?”
“ချန်တန်”(Chen Deng): “ငါ “ချောင်ချောင်း”(Cao Cao) ကိုတွေ့တော့ ပြောလိုကတ
် ယ်။ “လွီပ”ု (Lu Bu) ဟာ
ကျားနဲ့တူတယ်။ ကျားကို အစာဝအောင်မကျွေးရင် လူကိုစားလိမ့်မယ် ဆိုတော့ သူကရယ်တယ်။ “မဟုတ်ဘူး။
မြေခွေးတွေနဲ့ ယုန်တွေမကုန်သေးခင် သူရဲကောင်းကို စွန်ရဲလို ဆက်ဆံရမယ်။ ဗိုက်ဆာမှ အသုံးချလိ့ရ
ု မယ်။

251
ဗိုက်ပြည့်ရင် ပျံပြေးသွားလိမ့်မယ်။” လိ့ေ
ု ပြာတော့ ငါက ဘယ်သူတွေက မြေခွေးတွေနဲ့ ယုန်တွေလဲ လိ့ေ
ု မးတော့
“Huai မြစ်တောင်ပိုင်းက “ယွမ်စ”ု (Yuan Shu) ၊ တောင်ပိုင်းနယ်က Sun Ce ၊ ကျိကျိုး က “ယွမ်ရှောက်”(Yuan
Shao) ၊ ကျင်ကျိုး က “လျူပြောင်း”(Liu Biao) ၊ ရီကျိုးက Liu Zhang နဲ့ ဟန်ကျုံးက “ကျန်းလူ”(Zhang Lu)”
လိ့ေ
ု ဖြတယ်။”
“လွီပ”ု (Lu Bu) က ဓားကိုပစ်ချကာ “သူ ငါ့ကို နားလည်တယ်” ဟုဆိုလေသည်။
ထိုစဉ် “ယွမ်စ”ု (Yuan Shu) က ရွှီကျိုး သို့ရောက်ရှိလာကြောင်း သတင်းရောက်လာသည်။ “လွီပု”(Lu Bu) မှာ
များစွာ ခြောက်ချားသွားလေသည်။

*Silver~K~*

252
အခန်း(၁၇) "ယွမ်စ"ု (Yuan Shu) သည် တပ်ခုနှစ်တပ်ခွဲကာ စစ်ချီခြင်း၊ "ချောင်ချောင်း"(Cao Cao)
နှင့် စစ်သူကြီးသုံးဦးတို့ ပူးပေါင်းခြင်း

ဟွိုင်မြစ်၏တောင်ဘက်သည် ကောက်ပဲသီး နှံကြွယ်ဝပြီး ထိုနယ်ပယ်ကြီးကို အပိုင်စားရသော


"ယွမ်စ"ု (Yuan Shu) ကား အင်မတန်မှ ဩဇာရှိလေသည်။ "စွန်းချဲ့"(Sun Ce) ထံမှရသော
ဘုရင့်တံဆပ
ိတုံးရှိသည့်အတွက်လည်း မာနထောင်လွှားကာ ဘုရင်ပြုရန်ကြံလေသည်။
တစ်ရက်သော် လက်အောက်ငယ်သားတို့ ကို စုရုံးကာ

"ဟန်မင်းဆက် တည်ထောင်ခဲ့တဲ့ဘုရင်ဟာလည်း စစချင်းမှာ


သာမန်အမှုထမ်းအဆင့်သာရှိခဲ့တယ်၊ ဒါပေမယ့် နောက်ပိုင်းမှာ ဘုရင်ဖြစ်လာတယ်။
ဒီမင်းဆက်ဟာနှစ်ပေါင်းလေးရာတောင် ကြာရှည်လာခဲ့ပြီး ပျက်စီးစပြုနေပြီ။ ဥပဒေစိုးမိုးမှုဆုတ
ိာ
မရှိတော့ဘူး။ ငါ့မိသားစုတွေကတော့ ဆွေစဉ်မျိုးဆက်လေးဆက်တိုင်တိုင်
ကြီးမြင့်တဲ့ရာထူးတွေမှာ တာဝန်ထမ်းဆောင်ခဲ့ပြီး လူအများရဲ့လေးစားမှုကို ခံရတယ်။ ဒါကြောင့်
ငါက ကောင်းကင်ကြီးရဲ့အလိုအရ တိုင်းပြည်ကိုအုပ်ချုပ်ရင်ကောင်းမလားလို့ ကြံမိတယ်။
မင်းတို့ရော ဘယ်လို ထင်ကြလဲ?" ဟု မေးသည်။

သို့ သော်လည်း လက်အောက်ခံတစ်ဦးဖြစ်သော "ရန်ရှန်"(Yan Xiang) မှ

"ဒီလိုမလုပ်သင့်ပါဘူး။ ရှေးယခင်က ကျိုးမင်းဆက်တဲ့ဘိုးဘေးဖြစ်တဲ့ ဘုရင်"ဝင်"(Wen) ဟာ


ဌာနတွေအများကြီးကို ချုပ်ကိုင်ထားခဲ့ပေမယ့်လည်း သစ္စာရှိရှိနဲ့ ရှန်မင်းလက်အောက်မှာ
အမှုထမ်းခဲ့တယ်။ ဒါက သူဟာ တိုင်းပြည်ရဲ့သုံးပုံနှစ်ပုံကို ထိန်းချုပ်နိုင်တဲ့အချိန်မှာ
အဲ့လိုသစ္စာရှိခဲ့တာပါ။ သခင်ကြီးရဲ့မျိုးရိုးက ဂုဏ်သရေရှိပါတယ်၊ ဒါပေမယ့် အရင်ကျိုးမင်းဆက်ကို
မမှီသေးဘူး။ ဟန်မင်းဆက်က ဩဇာယုတေ
် လျာ့နေပေမယ့် ရှန်ခေတ်ကလို ဘုရင်ကို
ဖြုတ်ချလောက်အောင် မဆိုးရွားသေးပါဘူး" ဟုပြောကာ ကန့်ကွကေ
် လသည်။

ထိသ
ို့ု ပြောသည်ကို "ယွမ်စု"(Yuan Shu) က မကျေနပ်ပေ။

"ယွမ်စ"ု (Yuan Shu) : "ငါတို့ ယွမ်မိသားစုတွေက ဘုရင်"ရွှန်း"(Shun) ရဲ့မျိုးရိုးဖြစ်တဲ့


"ချန်"(Chen)မျိုးရိုးက ဆင်းသက်လာတာ။ ဂြိုလ်တွေနက္ခတ်တွေကို ကြည့်ပြန်ရင်လည်း
မြေကြီး(Chen) က မီး(Liu) တွေကို အစားထိုးမယ်လို့ ဆိုတယ်။ ဒါ့အပြင်
'ဟန်တွေကုအ
ိ စားထိုးမယ့်သူက နက်နဲတ့သ
ဲူဖြစ်မယ်' ဆိုတဲ့ တဘောင်လည်းရှိတယ်။ ငါ့နာမည်က

253
'မြင့်မားတဲ့လမ်း' လို့ အဓိပ္ပာယ်ရတော့ ဒါနဲ့ကိုကေ
် နတယ်။ နောက်ပြီး ငါက
ဘုရင့်တံဆပ
ိတုံးကိုရထားတာဆိုတော့ ငါသာ ဘုရင်မလုပ်ရင် ကောင်းကင်ကြီးနဲ့
သွေဖယ်နေမှာပေါ့။ ဘယ်သမ
ှူ မဆန့်ကျင်နဲ့ တော့။ ဆန့်ကျင်သူက သေဒဏ်နဲ့ အပြစ်ပေးမယ်"

ထို့ နောက် "ယွမ်စု"(Yuan Shu) သည် သူ့ကိုယသ


်ူ ဘုရင်ဟု သမုတ်ကာ
ဘုရင့်အဆောင်အယောင်အတိုင်း ဝတ်စားလေသည်။ ထို့ အပြင် "ဖုန်းဖန်"(Feng Fang) ၏
သမီးကို မိဖုရားမြောက်ကာ သူ့သားကိုလည်း အိမ်ရှေ့အရာ ပေးလေသည်။ ထို့နောက်
သူ့သားနှင့် "လွီပု"(Lu Bu) ၏ သမီးတို့ ကိုလည်း လက်ဆက်ရန် ကမ်းလှမ်းလေသည်။

သို့ သော်လည်း ထိုသို့ လွှတလ


ိုက်သော သံတမန်သေဆုံးသည်ကိုသိသောအခါ "ယွမ်စု"(Yuan
Shu) သည် ဒေါသထွက်ကာ "ကျန်းရွှင်"(Zhang Xun) ကို ခေါင်းဆောင်အဖြစ်ခန့်အပ်ပြီး
စစ်သားနှစ်သိန်းကျော်ဖြင့် ရွှီကျိုးသို့ ချီတက်စေသည်။ ထိုစစ်တပ်တင
ွ်
ခေါင်းဆောင်ခုနှစ်ယောက်ပါသော တပ်ဖွဲ့ ခုနှစ်ခုပါဝင်သည်။ ထိုစစ်သူကြီးခုနှစ်ယောက်တို့ကား
"ကျန်းရွှင်"(Zhang Xun) ၊ "ချောင်ရေ"(Cao Rui) ၊ "လေပို"(Lei Bo)၊ "ဟန်ရှန်"(Han Xian) ၊
"ချန်ကျိ"(Chen Ji) ၊ ""ချန်လန်"(Chen Lan) နှင့် "ရန်ဖုန်း"(Yang Feng) တို့ ဖြစ်သည်။
စစ်သူကြီးတစ်ဦးစီကို မြို့တစ်မြို့စီ တိုက်စေသည်။

ထို့ နောက် ရန်ကျိုးနယ်စား"ကျင်းရှန"် (Jin Shang) ကို စားနပ်ရိက္ခာ တို့ပေးရန်


တာဝန်ပေးသော်လည်း ငြင်းဆန်သဖြင့် သတ်လိုက်လေသည်။ ထို့ နောက် လိုအပ်သည်တို့ ကို
ကူညီရန် "ကျီလင်"(Ji Ling) ကို အကူတပ်အနေဖြင့် ခန့်အပ်ထားသည်။ "ယွမ်စု"(Yuan Shu)
ကိုယတ
ိုင်ကမူ "လီတန်"(Li Deng) ၊ "လျန်ကန်း"(Liang Gang) နှင့် "ယွဲကျို"(Yue Jiu) ဟု
ခေါ်သော စစ်သြူ ကီးသုံးဦးနှင့်အတူ စစ်သားသုံးသောင်းကို ဦးဆောင်ကာ ချီတက်လေသည်။

ရွှီကျိုးကို "ကျန်းရွှင"် (Zhang Xun) က တိုက်မည်ဖြစ်ပြီး ကျန်သောမြို့များဖြစ်သည့် ရှောင်ဖေ၊


ရီတု၊ လန်ရဲ့၊ ကျဲရှီ၊ ရှဖီ နှင့် လန်ရဲ့တို့ ကို အခြားစစ်သူကြီးတို့က
တိုကမ
် ည်ဖြစ်သည်။ထိုစစ်တပ်တို့ သည် တစ်ရက်ကို မိုင်နှစ်ဆယ်နှုန်းဖြင့် ချီတက်လာသည်။
ထိုသတင်းကို "လွီပု"(Lu Bu) သည် သူ၏အထောက်တော်များမှ တဆင့်ကြားလေရာ
လက်အောက်ခံတို့ကိုခေါ်ကာ တိုင်ပင်သည်။

254
"ချန်ကုန်း"(Chen Gong) : "ဒီလို ဒုက္ခရောက်တာဟာ ချန်သားအဖနှစ်ဦးဟာ နန်းတော်က
ဆုလာဘ်တွေကို မက်လို့ ဖြစ်ရတာပါ။ သူတို့ နှစ်ဦးကိုသတ်ပြီး ခေါင်းကို ယွမ်စ(ု Yuan Shu)
ဆီကုသ
ိာ ပို့လိုကရ
် င် သူ့တပ်ကို ပြန်ခေါက်သွားမှာပါ"

ထိုအခါ "လွီပု"(Lu Bu) သည် ထိုသန


ှူစ်ဦးကို ဖမ်းလိုက်စေသည်။

သားဖြစ်သူ "ချန်တန်"(Chen Deng) က ပြုံးကာ

"ဘာများ ကြောက်စရာရှိလဲ? အဲ့တပ်ခုနှစ်တပ်က ပြိုကွဲခါနီးကောက်ရိုးပုံပမာပဲ" ဟု ဆိုသည်။

"လွီပု"(Lu Bu) : "ဒါဆို ဒီဟာကို ရင်ဆိုင်နိုင်မယ့်နည်းရှိရင် မင်းတို့ ကို လွှတ်ပေးမယ်"

"ကျွန်တော်ပြောတာသာ နားထောင်ရင် ဒီပြည်နယ်က အေးချမ်းမှာသေချာပါတယ်"

"မင်းအကြံကို အရင်နားထောင်ရအောင်"

"ယွမ်စ(ု Yuan Shu) တပ်တွေက များပေမယ့် ဒါတွေက ကျီးတစ်အုပ်လိုပဲ ခေါင်းဆောင်မရှိဘူး ။


ဒါ့အပြင် ယုံကြည်မှုလည်း မရှိဘူး။ ဒီနေရာက အစောင့်တွေနဲ့တင် ရန်သူကို တွန်းလှန်နိုင်မယ့်
နည်းရှိတယ်၊ အဲ့အကြံမအောင်မြင်ခဲ့ရင်တောင် မြို့ကိုကာကွယ်နိုင်မယ့်အပြင်
ရန်သူကိုပါဖမ်းနိုင်မယ့်အကြံရှိပါသေးတယ်"

"နားထောင်ကြည့်တာပေါ့"

"ရန်သူတွေထဲက ဟန်ရှန်(Han Xian) နဲ့ ရန်ဖုန်း(Yang Feng) ဟာ


ဟန်ခေတ်ရဲ့မင်းမှုထမ်းဟောင်းတွေဖြစ်ပြီး ချောင်ချောင်း(Cao Cao) ဆီက ပြေးလာလို့သာ
ယွမ်စ(ု Yuan Shu) ဆီမှာ ခိုလှုံနေတာ၊ သူတို့ က ယွမ်စ(ု Yuan Shu) အပေါ်ကျေနပ်တာ
မဟုတ်ဘူး ၊ နန်းတော်က စာတစ်စောင်နဲ့တင် သူတို့ ကို ကျွန်တော်တို့ ဘက်ပါအောင်

255
လုပ်နိုင်မယ်၊ နောက်ပြီး လျူဘေ့(Liu Bei) ရဲ့အကူအညီကုပ
ိါ ရယူမယ်ဆိုရင် ရန်သူတွေကို
သေချာပေါက် တွန်းလှန်နိုင်မှာပါ"

["ဟန်ရှန်"(Han Xian) သည် အဖြူရောင်လှိုင်းသူပုန်ခေါင်းဆောင်ဖြစ်ခဲ့ပြီး "ရန်ဖုန်း"(Yang Feng)


မှာ "လီကျွ ယ်"(Li Jue) လက်အောက်မှ စစ်သူကြီးဖြစ်သည် --- အခန်း(၁၃) တွင်ရှူ]

"လွီပု"(Lu Bu) : "စာကို မင်းကိုယ်တုင


ိသွားပို့ရမယ်"

၎င်းကို "ချန်တန်"(Chen Dang) က လက်ခံသည်၊ ထို့ နောက်


နန်းတော်သို့သဝဏ်လွှာပို့ လိုကြ် ပီးနောက် ယွီကျိုးမှ "လျူဘေ့"(Liu Bei) ထံ စစ်ကူတောင်းသည်။
ထို့ နောက် "ချန်တန်"(Chen Dang) သည် "ဟန်ရှန်"(Han Xian) လာရာလမ်းတွင်
သွားစောင့်နေသည်။ "ဟန်ရှန်"(Han Xian) သည် "ချန်တန်"(Chen Dang) ကိုမြင်လျှင်

"ခင်ဗျား ဒီမှာ ဘာလုပ်နေတာလဲ။ ခင်ဗျားက လွီပု(Lu Bu) ဘက်က မဟုတလ


်ား" ဟု မေးသည်။

"ချန်တန်"(Chen Dang) : "ကျုပ်က လွီပ(ု Lu Bu) လက်အောက်မှာ အမှုထမ်းနေတာ မဟုတ်ပဲ


ဟန်ဘုရင်အောက်မှာအမှုထမ်းတဲ့ ဘုရင့်ဘက်တော်သားဖြစ်တယ်။ ခင်ဗျားကတော့ အခု
သစ္စာဖောက်လက်အောက်ကို ရောက်နေပါလား၊ ခင်ဗျားအရင်က ဘုရင်မင်းမြတ်ကို
ကာကွယခ
်ဲ့တဲ့လူလေ။ အခု ဒါကို အခွင့်ကောင်းယူပြီး ဘုရင့်ဘက်မှာ အမှုလာထမ်းပါလား"

"ဟန်ရှန"် (Han Xian) သည် သက်ပြင်းချလိုက်ကာ

"အခွင့်အရေးရှိရင်တော့ ပြန်လုပ်ချင်တာပေါ့" ဟုဆိုလေသည်။

ထိုအခါ "ချန်တန်"(Chen Dang) သည် "လွီပု"(Lu Bu) ထံမှ စာကို ထုတ်ကာပြလိုက်သည်။


စာကိုဖတ်ပြီးနောက် "ဟန်ရှန်"(Han Xian) သည်

"အင်း။ သိပြီ။ ခင်ဗျား သခင်ဆြီ ပန်ပြောလိုက၊် ကျုပ်နဲ့ ရန်ဖုန်း(Yang Feng) က


ခင်ဗျားတို့ဘက်ကနေ ယွမ်စု(Yuan Shu) ကို ကူတိုက်ပေးမယ်လို့။
ကျုပ်တို့ အချက်ပြမီးလွှတ်လုက
ိရင် ခင်ဗျားတို့တပ်ချီတက်လာခဲ့" ဟု ပြောလိုက်သည်။

ထို့ နောက် "ချန်တန်"(Chen Dang) သည်လည်း ပြန်ကာ "လွီပု"(Lu Bu) ကို ပြောသည်။
"လွီပု"(Lu Bu) သည် သူ၏ တပ်ဖွဲ့ငါးသောင်းကို ငါးဖွဲ့ခွဲကာ မြို့ငါးမြို့သို့ စေလွှတလ
ိုက်သည်။

256
"ကောက်ရွှန်း"(Gao Shun) မှ ရှောင်ဖေတွင် "ချောင်ရေ"(Qiao Rui) နှင့်လည်းကောင်း၊
"ချန်ကုန်း"(Chen Gong) သည် ရီတုတွင် "ချန်ကျိ"(Chen Ji) နှင့်လည်းကောင်း၊
"ကျန်းလျောင်"(Zhang Liao) နှင့် "ကျန်းပါ"(Zhang Ba) တို့ သည် လန်ရဲ့တွင် "လေပို"(Lei Bo)
နှင့်လည်းကောင်း၊ "စုန်းရှန်"(Song Xian) နှင့် "ဝေရှူ"(Wei Xu) တို့ သည် ကျဲရှီတွင်
"ချန်လန်"(Chen Lan) နှင့်လည်းကောင်း၊ "လွီပ"ု (Lu Bu) ကိုယတ
ိုင်မှာမူ
ရန်သူ၏ပင်မတပ်ဖြစ်သော "ကျန်းရွှင်"(Zhang Xun)ကို တိုကရ
် န် ချီတက်သည်။ ရွှီကျိုးမြို့ကိုမူ
စစ်သားအနည်းငယ်နှင့်လွှဲထားလိုက်သည်။

"လွီပု"(Lu Bu) သည် မြို့ပြင်ဆယ်မိုင်အကွာတွင် စခန်းချသည်။ "ကျန်းရွှင်"(Zhang Xun) မှာမူ


"လွီပု"(Lu Bu) ကို မယှဉ်နိုင်မှန်းသိသဖြင့် မတိုက်ပဲ ခုနှစ်မိုင်အကွာတွင် စခန်းချကာ
စစ်ကူစောင့်လေသည်။

ထိုည နှစ်ချက်တီးအချိန်တွင် "ဟန်ရှန်"(Han Xian) နှင့် "ရန်ဖုန်း"(Yang Feng)


တို့ ရောက်လာကြပြီး ကတိထားသည့်အတိုင်း မီးဖြင့်အချက်ပေးလိုကရ
်ာ "လွီပ"ု (Lu Bu) ၏
စစ်တပ်ရောက်လာပြီး တစ်ဖက်ရန်သူတို့ ကို ရှုပ်ထွေးသွားစေသည်။ ထို့ ကြောင့်
"ကျန်းရွှင်"(Zhang Xun) မှာ အလူးအလဲခံရပြီး ထွကေ
် ပြးရလေသည်။ "လွီပု"(Lu Bu) ကလည်း
နံနက်လင်းသည်အထိ နောက်မှလိုကရ
်ာ လမ်းတွင် "ကျီလင်"(Ji Ling) ၏
စစ်တပ်နှင့်ထိပ်တိုကေ
် တွ့ပြီးတိုက်လေသည်။ ထိုသို့ တိုကေ
် နစဉ်မှာပင် "ဟန်ရှန်"(Han Xian) နှင့်
"ရန်ဖုန်း"(Yang Feng) တို့ က "လွီပ"ု (Lu Bu) ဘက်မှ ဝင်တိုက်ရာ "ကျီလင်"(Ji Lin)
ထြကေ
် ပြးရသည်။

257
"လွီပု"(Lu Bu) လည်း နောက်မှ လိုက်သည်။ သို့ သော်လည်း နောက်မှ
ကြီးမားသောတပ်ဖွဲ့ တစ်ဖွဲ့ ပေါ်လာသည်။ ထိုတပ်ဖွဲ့တွင် အလံတို့ ကို နဂါး၊ဇာမဏီ တို့အပြင်
နေ၊လပုံသဏ္ဌာန်အလံတို့ဖြင့် တန်ဆာဆင်ထားသည်။ ၎င်းတပ်ကို ဦးဆောင်လာသူမှာ
"ယွမ်စ"ု (Yuan Shu) ကိုယ်တုင
ိဖြစ်သည်။ "လွီပု"(Lu Bu) သည် စီးချင်းတိုက်ရန်စိမ်ခေါ်လေရာ
"လွီပု"(Lu Bu) ဘက်မှ စစ်သူကြီး "လီတန်"(Li Deng) ထွကလ
်ာကာ "လွီပု"(Lu Bu) နှင့်
တိုကသ
် ည်။ သို့ သော်လည်း သုံးကွက်ခန့်တိုကြ် ပီးနောက် "လီတန်"(Li Deng) ၏
လက္ဒဏ္ရာရကာ လက္မွလွံလြတ္က်ျပီး ထြကေ
် ပြးလေသည်။

ထိုထက
ွ်ပြေးသောတပ်ကို "လွီပု"(Lu Bu) မှ နောက်မှလိုကတ
ိုက်သည်။ "ယွမ်စ"ု (Yuan Shu) ၏
တပ် အဝေးသို့ မရောက်မီပင် "ကွမ်းယွီ"(Guan Yu) ၏ စစ်တပ် ပေါ်လာသည်။

"ကွမ်းယွီ"(Guan Yu) : "သစ္စာဖောက်၊ အခုထက်ထိ မသေသေးဘူးလား"

"ယွမ်စ"ု (Yuan Shu) သည် ကြောက်လန့်တကြားဖြင့် ပြေးရာ ဟွိုင်မြစ်၏


တစ်ဖက်သို့ ပြန်ရောက်သွားသည်။

သို့ နှင့် တိုက်ပွဲအောင်မြင်ခဲ့ပြီးနောက် "လွီပု"(Lu Bu) သည် "ကွမ်းယွီ"(Guan Yu)၊


"ရန်ဖုန်း"(Yang Feng) ၊ "ဟန်ရှန်"(Han Xian) တို့ နှင့်အတူ မြို့အတွင်း၌အောင်ပွဲခံသည်။
ထို့ နောက် စစ်သူကြီးနှင့် စစ်သားတို့ကို ဆုလာဘ်များပေးသည်။ "ကွမ်းယွီ"(Guan Yu) သည်
ယွီကျိုးသို့ပြန်သွားသည်။ "ဟန်ရှန်"(Han Xian) ကို ရီတု၏မြို့တော်ဝန်အဖြစ်လည်းကောင်း၊
"ရန်ဖုန်း"(Yang Feng) ကို လန်ရဲ့၏မြို့တော်ဝန်အဖြစ်လည်းကောင်း ခန့်အပ်ခြင်းခံရလေသည်။

ထိုသန
ှူစ်ဦးတို့ ကို ရွှီကျိုးတွင်ပင် နေစေမလား ဟူသော အတွေးဖြစ်လာသည်။ သို့သော်
"ချန်ကွေး"(Chen Gui) မှ

"သူတို့ ကို ဟွာရှန်းတောင်ရဲ့ အဲနေရာတွေမှာပဲ နေရာပေးလိုက်ပါ။ နောက်ပိုင်းကျရင်


အဲ့နေရာတွေကို ပိုင်ဆိုင်ရမှာပဲ" ဟု ဝင်ပြောသည်။

ထို့ ကြောင့် ထိုသန


ှူစ်ဦးတို့ ကို ထိုမြို့သို့ သာ ပို့ လိုကသ
် ည်။

ထိုအခါ "ချန်တန်"(Chen Deng) မှ သူ့အဖေကို တိတတ


် ဆိတ်မေးလေသည်။

258
"ဘာလို့ သူတို့ ကို အဲ့မြို့တွေကို ပို့စေတာလည်း။ သူတို့က ကျွန်တော်တို့ နဲ့ ပေါင်းပြီး လွီပ(ု Lu
Bu) ကို လုပ်ကြံကောင်းလုပ်ကြံနိုင်မှာ"

"ဒါပေမယ့် အကယ်၍ သူတို့သာ လွီပ(ု Lu Bu) ဘက်ပါသွားရင် ကျားကို


တောင်ပံတပ်ပေးလိုက်သလိုဖြစ်သွားမှာပေါ့"

ထိုအခါမှသာလျှင် "ချန်တန်"(Chen Deng) မှ ကျေနပ်သွားသည်။

"ယွမ်စ"ု (Yuan Shu) သည် သူ့မြို့သို့ ပြန်ရောက်လျှင် လက်စားချေရန်အတွက် "စွန်းချဲ့"(Sun Ce)


ဆီမှ စစ်တပ်ကို ချေးငှားပေးရန် တောင်းသည်။

"စွန်းချဲ့"(Sun Ce) : "ဒီလူက ဘုရင့်တံဆပ


ိတုံးကို ရပြီး ဘဝင်မြင့်ပြီးတော့ သူ့ကိုယသ
်ူ
ဘုရင်သတ်မှတ်နေတယ်။ ဖြစ်နိုင်ရင် ငါကိုယ်တုင
ိတောင် သူ့ကို တိုက်လိုက်ချင်တယ်"

သို့ နှင့် "စွန်းချဲ့"(Sun Ce) မှ စစ်တပ်ကို မချေးငှားပဲ နေသည်။

"ယွမ်စ"ု (Yuan Shu) : "ဒီနို့နံ့မစင်သေးတဲ့ကောင်လေးက ငါ့ကိုဆန့်ကျင်ရဲတယ်?


တခြားလူတွေကို မတိုက်ခင် သူ့ကို အရင်ရှင်းမယ်"

သို့ သော်လည်း အကြံပေး "ရန်တကျန်း"(Yang Dajiang) က ကန့်ကွကသ


် ဖြင့် မတိုကေ
် တာ့ချေ။

အကူအညီမပေးဟု ငြင်းလိုကေ
် သာ "စွန်းချဲ့"(Sun Ce) သည် လုံခြုံမှုအတွက် ကျန်းခိုတွင်
စစ်တပ်ချထားစေသည်။ မကြာမီပင် "ချောင်ချောင်း"(Cao Cao) ထံမှ "စွန်းချဲ့"(Sun Ce) ကို
ခွိုင်ကျိမြို့စားအဖြစ်ခန့်အပ်ကာ "ယွမ်စု"(Yuan Shu) ကို တိုက်စေရန် အမိန့်ရောက်လာသည်။
"စွန်းချဲ့"(Sun Ce) သည် လက်အောက်ခံတို့ကိုခေါ်ကာ တိုင်ပင်သည်။

"ကျန်းကျောက်"(Zhang Zhao) : "ယွမ်စု(Yuan Shu) ဟာ မကြာသေးခင်ကမှ


စစ်ရှုံးသွားခဲ့ပေမယ့်လည်း သူ့အင်အားက ကြီးသေးတယ်။ ဒါကြောင့် ချောင်ချောင်း(Cao Cao) ကို
ဟွိုင်မြစ်တစ်ဖက်ကမ်းကနေတိုက်စေပြီး ကျွန်တော်တို့က ဒီဘက်က ညှပ်ပြီးတိုက်မယ်ဆိုရင်
ယွမ်စ(ု Yuan Shu) သေချာပေါက် ရှုံးမှာပါ။ အကယ်၍ ကျွန်တော်တို့ အတိုက်ခံရရင်တောင်
ချောင်ချောင်း(Cao Cao) ဆီက အကူအညီယူနိုင်ပါတယ်"

ထိုအကြံကို လက်ခံလုက
ိပြီး "ချောင်ချောင်း"(Cao Cao) ထံ စာပို့ လိုကသ
် ည်။

259
"ချောင်ချောင်း"(Cao Cao) သည် "စွန်းချဲ့"(Sun Ce) ထံမှ ထိုစာရသည့်အပြင် "ယွမ်စု"(Yuan
Shu) ၏စစ်တပ်အစာရေစာနည်းသည့်သတင်းကိုပါကြားလေရာ အခွင့်အခါသင့်ပြီဟု ယူဆသဖြင့်
"ချောင်ရန်"(Cao Ren) အား မြို့တော်ကို စောင့်ကြပ်စေပြီး စစ်တပ် တစ်သိန်းခုနှစ်သောင်းနှင့်
ချီတက်လေသည်။ ထို့ နောက် "စွန်းချဲ့"(Sun Ce) ၊ "လျူဘေ့"(Liu Bei) နှင့် "လွီပု"(Lu Bu)
တို့ ထံမှ စစ်ကူတောင်းလိုက်သည်။

ထိုစစ်တပ်ကြီးကို ဦးစွာကြိုဆိုသူမှာ "လျူဘေ့"(Liu Bei) ဖြစ်သည်။ "လျူဘေ့"(Liu Bei) သည်


ယွီကျိုးနယ်စပ်မှ ကြိုပြီး နှုတ်ဆက်စကားတို့ ဆိုကြပြီးနောက် "ချောင်ချောင်း"(Cao Cao) ၏
ရွက်ဖျင်တဲသို့ ဝင်လေသည်။

ထို့ နောက် "လျူဘေ့"(Liu Bei) မှ ခေါင်းပြတ်နှစ်လုံးကို ထုတြ် ပလေသည်။

ထိုအခါ "ချောင်ချောင်း"(Cao Cao) က တအံ့တဩဖြင့်

"ဒါတွေက ဘာတုန်း"

"ဟန်ရှန(် Han Xian) နဲ့ ရန်ဖုန်း(Yang Feng) ရဲ့ ခေါင်းတွေပါ"

"ဘယ်လိုဖြစ်တာလဲ?"

"သူတို့ ကို ရီတုနဲ့ လန်ရဲ့ကို အုပ်ချုပ်စေပေမယ့် သူတို့က သူတို့စစ်သားတွေ ပြည်သူတွေကနေ


ပစ္စည်းတွေလယ
ု က်တာကို ခွင့်ပြုခဲ့တယ်၊ ဒါကြောင့်လူတွေက မကျေနပ်ပဲ တိုင်တန်းကြလို့
ကျွန်တော်က သူတို့နှစ်ယောက်ကို ဖိတ်ပြီး အကြမ်းရည်ပန်းကန်လုံးကိုမှောက်ပြီး
အချက်ပေးလိုက်တဲ့အချိန်မှာ ကျွန်တော့်ညီနှစ်ယောက်က သူတို့ ကို သတ်လိုက်တာပါ။
ကျွန်တော့်အမှားအတွက် တောင်းပန်ပါတယ်"

"ဒါ ကောင်းတာလုပ်တာပဲ။ ဘာတောင်းပန်စရာလိုလဲ"

ထို့ နောက် "ချောင်ချောင်း"(Cao Cao) က "လျူဘေ့"(Liu Bei) ကို ချီးမွမ်းလေသည်။

ထိုစစ်တပ်တို့ သည် "လွီပု"(Lu Bu) ၏ ရွှီကျိုးနယ်ပယ်အနီးသို့ ရောက်သောအခါ "လွီပု"(Lu Bu)


မှထွက်လာကာ ကြိုဆိုသည်။ "ချောင်ချောင်း"(Cao Cao) သည် "လွီပု"(Lu Bu)
တော်ကြောင်းကောင်းကြောင်းပြောကာ လက်ဝဲတပ်စစ်သူကြီးရာထူးပေးပြီး

260
နန်းတော်သို့ရောက်လျှင် တရားဝင် စစ်မှုထမ်းရာထူးပေးမည်ဟု ကတိပေးသည့်အတွက်
"လွီပု"(Lu Bu) မှာ သဘောအကျကြီးကျလေသည်။

ထို့ နောက် စစ်တပ်သုံးခုကို "ချောင်ချောင်း"(Cao Cao) မှ အလယ်တပ်၊ "လွီပ"ု (Lu Bu) လက်ဝဲ
နှင့် "လျူဘေ့"(Liu Bei) ကို လက်ယာတွင်ထားကာ ချီတက်သည်။ "ရှဟိုတွန်း"(Xiahou Dun)
နှင့် "ယွီကျင့်"(Yu Jin) တို့သည် ရှေ့ပြေးတပ်ခေါင်းဆောင်များဖြစ်ကြသည်။

"ယွမ်စု"(Yuan Shu) ဘက်တင


ွ် "ချောင်ရေ"(Qiao Rui) ဦးဆောင်သော စစ်သားငါးသောင်းတို့ က
ရှေ့ပြေးတပ်အဖြစ်ရှိသည်။ထိုတပ်ဖွဲ့ နှစ်ခုတို့သည် ရှိုချွန်းမြို့၏မြို့ရိုးအနီးတွင်တွေ့ကြသည်။
"ရှဟိုတန
ွ်း"(Xiahou Dun) နှင့် "ချောင်ရေ"(Qiao Rui) တို့တိုကြ် ကရာ တတိယအလှည့်တွင်
"ချောင်ရေ"(Qiao Rui) တိုကပ
်ွဲကျပြီး သူ့စစ်သည်တို့ သည်လည်း
မြို့တွင်းသို့ ထွကေ
် ပြးကြလေသည်။

ထို့ အပြင် "စွန်းချဲ့"(Sun Ce) ၏စစ်တပ်က ရေကြောင်းဖြင့်


အနောက်ဖက်မှတိုက်မည်ဟူသောသတင်းတို့ရောက်လာသည်။ "ချောင်ချောင်း"(Cao Cao) က
မြောက်ဘက်၊ "လွီပု"(Lu Bu) မှ အရှေ့၊ "လျူဘေ့"(Liu Bei) မှ တောင်ဘက်တွင်နေ၍
ရှိုချွန်းမြို့ကို ဝိုင်းတိုက်ကြသည်။

ထိုအခါ "ယွမ်စု"(Yuan Shu) သည် လက်အောက်ငယ်သားတို့ကိုခေါ်၍ စည်းဝေးလေသည်။

"ရန်တကျန်း"(Yang Dajiang) : "ရှိုချွန်းက မိုးခေါင်ရေရှားခဲ့တာ နှစ်ပေါင်းများစွာကြာခဲ့ပြီ။


လူတွေလည်း ငတ်ပြတ်ကုန်ပြီ။ စစ်သားတွေကို ထပ်လွှတ်လုက
ိရင် လူတွေကို ဒေါသဖြစ်စေပြီး
အောင်မြင်မှု မသေချာပဲဖြစ်မယ်။ ဒါကြောင့် စစ်ကူမပို့ တော့ပဲ ရန်သူတွေ
စားနပ်ရိက္ခာ ပြတ်လပ်တဲ့အထိ ခုခံခိုင်းထားပါ။ ပြီးနောက်မှာတော့ သခင်ကြီးက အစောင့်တွေနဲ့
ဟွိုင်မြစ်တစ်ဖက်ကမ်းကို ပြောင်းပါ။ ဒီလိုဆို ရန်သူတွေရန်က လွတ်မြောက်နိုင်ပါမယ်"

ထို့ ကြောင့်ပင် "လီတန်"(Li Deng) ၊ "ယွဲကျို"(Yue Jiu) ၊ "လျန်ကန်း"(Liang Gang) နှင့်


"ချန်ကျိ"(Chen Ji) တို့ကို စစ်သားတစ်သိန်းဖြင့် ရှိုချွန်းကို စောင့်ကြပ်ရန် လွှတ်လိုက်သည်။
ကျန်သောစစ်သားတို့ ကိုမူ ရှိုချွန်းတစ်ဖက်ကမ်းသို့ ပြောင်းစေသည်၊ စစ်သားတို့ တင်မက၊
ယွမ်မိသားစုပိုင်ဆိုင်သမျှ ပစ္စည်းဥစ္စာတို့ ကိုပါ ပြောင်းရွေှ့လေသည်။

261
"ချောင်ချောင်း"(Cao Cao) ၏ စစ်သားတစ်သိန်းခုနှစ်သောင်းတို့သည် နေ့စဉ်နေ့တိုင်း
စားနပ်ရိက္ခာ များစွာလိုအပ်သည့်အပြင် ထိုဒေသတွင် အစာရေစာပြတ်လပ်နေသဖြင့် မြို့ကို
မြန်မြန်သိမ်းနိုင်ရန်လုပ်ဆောင်သည်။ ကာကွယသ
်ူတို့ဘက်ကမူ မြို့မကျအောင်သာ
ခုခံလေသည်။ တစ်လခန့်ပြင်းပြင်းထန်ထန်တိုက်သော်လည်း မြို့ကမကျသေး၊ "စွန်းချဲ့"(Sun Ce)
ထံမှ စားနပ်ရိက္ခာ တို့ပေးရန် တောင်းဆိုရသည်။ ပုံမှန်အစားအစာ မပေးနိုင်သောအခါ
စားနပ်ရိက္ခာ သယ်ယူပို့ ဆောင်ရေးတာဝန်ခံ "ရန်ကျွင်း"(Ren Jun) နှင့် ဂိုထောင်ကြီးကြပ်ရေးမှူး
"ဝမ်ဟ"ို (Wang Hou) တို့ သည် မည်သို့လုပ်ရမည်ကို "ချောင်ချောင်း"(Cao Cao) ထံ ဝင်ကာ
မေးကြသည်။

"စစ်သားတွေကို ရိက္ခာလျှော့ပြီး ပေးပါ"

"အကယ်၍ သူတို့ မကျေမနပ်ဖြစ်ကြရင်ကော?"

"ငါ့မှာ တခြားအကြံရှိပါသေးတယ်"

သို့ နှင့် "ချောင်ချောင်း"(Cao Cao) ပြောသည့်အတိုင်း ရိက္ခာတို့ ကို လျှော့ကာ ဝေမျှသည်။


ထို့ နောက် "ချောင်ချောင်း"(Cao Cao) သည် စစ်သားတို့ အခြေအနေကို လျှို့ဝှက်စုံစမ်းရာ
စစ်သားတို့ က ဝန်ကြီးချုပ် သူတို့ ကို အရူးလုပ်သွားသည်ဟု ပြောကြောင်း ကြားသိလေသော်
"ဝမ်ဟ"ို (Wang Hou) ကို တိတတ
် ဆိတ်ဆင့်ခေါ်သည်။

262
"စစ်သားတွေ တည်ငြိမ်သွားအောင် မင်းကို လုပ်ခိုင်းစရာရှိတယ်၊ ဒါကို မငြင်းပါနဲ့"

"ဝန်ကြီးချုပ်က ဘာလုပ်ချင်လို့လဲ"

"မင်းခေါင်းကိုဖြတ်ပြီး စစ်သားတွေကို ပြမလို့"

"ကျွန်တော် ဘာအမှားမှ မလုပ်မိတာ"

"ငါသိတယ်၊ ဒါပေမယ့် မင်းကို မသတ်ရင် စစ်သားတွေက ထကြွလိမ့်မယ်၊


မင်းမိန်းမနဲ့ကလေးတွေကို ငါစောင့်ရှောက်ပေးပါ့မယ်"

"ဝမ်ဟ"ို (Wang Hou) သည် ငြင်းဆန်ရန်ပြုသော်လည်း "ချောင်ချောင်း"(Cao Cao) က


အချက်ပြလိုက်ရာ အာဏာပါးကွက်သားတို့က "ဝမ်ဟို"(Wang Hou) ကို အပြင်ထုတ်သွားပြီး
ခေါင်းဖြတ်သတ်လုက
ိလေသည်။ ထို့နောက် ထိုသို့အစားအစာတို့ ကို လျှော့ပေးသည်မှာ
"ဝမ်ဟ"ို (Wang Hou) ၏အပြစ်ဖြစ်ကြောင်း၊ ထို့ ကြောင့် သူ့ကိုသတ်လိုက်ကြောင်း ကြေညာရာ
စစ်သားတို့ က ကျေနပ်သွားကြသည်။

ထို့ နောက် သုံးရက်အတွင်း မြို့ကို ကျအောင်မတိုက်နိုင်လျှင် သေဒဏ်ပေးမည်ဖြစ်ကြောင်း


ကျေညာလိုက်သည်။ ထိုကျေညာချက်ကြောင့် ကြောက်ရွံ့ကာ ထွက်ပြေးရန်ပြုသော
တပ်မှူးနှစ်ဦးကို "ချောင်ချောင်း"(Cao Cao) က သတ်လုက
ိသည်။ ထိုအခါ "ချောင်ချောင်း"(Cao
Cao) ၏ စစ်သည်တို့ သည် ရွပ်ရွပ်ချွံချွံတိုက်လေရာ မြို့ရိုးကျိုးလေသည်။ ရန်သူ့ စစ်သူကြီး
"လီတန်"(Li Deng) ၊ "လျန်ကန်း"(Liang Gang) ၊ "ချန်ကျိ"(Chen Ji) တို့ကို အရှင်ဖမ်းမိကာ
မြို့တွင်းထဲတင
ွ် သေဒဏ်ပေးစေသည်။ မြို့အတွင်းရှိ ဘုရင့်အဆောင်အယောင်တို့ ကို ဖျက်စီးကာ
မြို့ပျက်လေသည်။

ထို့ နောက် "ယွမ်စု"(Yuan Shu) နောက်ကို လိုက်ကာ တိုက်မည်ပြုသည်။ သို့ သော်


"ရွှင်ယ"ွိ (Xun Yu) က

"ဒီမှာ အစားအစာပြတ်လပ်တာကြာခဲ့ပြီ။ ဒီလိုနောက်ကလိုက်တိုက်ရင် စစ်သားတွေလည်း


ပင်ပန်းနွမ်းနယ်ကန
ုမယ်။ ဒါကြောင့် မြို့တော်ကို အရင်ပြန်ပြီး စားနပ်ရိက္ခာအရင် စုဆောင်းရမယ်"
ဟု ဆိုသည်။

"ချောင်ချောင်း"(Cao Cao) တွေဝေသွားသည်။

263
ထိုအချိန်တွင် အရေးပေါ်သတင်းရောက်လာသည်။

'ကျန်းရှို့ (Zhang Xiu) သည် လျူပြောင်း(Liu Biao) အကူအညီဖြင့် ပုန်ကန်ကာ နန်ရန်၊


ကျန်းလင်တွင် သောင်းကျန်းနေကြောင်း၊ ချောင်ဟုန(် Cao Hong) မှာ ရန်သူတို့ ကို
တိုကေ
် နသော်လည်း အခြေအနေမဟန်ကြောင်း ဖြစ်သည်'

ထိုအခါ "ချောင်ချောင်း"(Cao Cao) သည် ရန်စီမြစ်၏ တစ်လျှောက်ကို "လျူပြောင်း"(Liu Biao)


ရန်မှ ကာကွယ်ရန် "စွန်းချဲ့"(Sun Ce) ထံ စာပို့ကာ သူကိုယ်တိုင်ကမူ "ကျန်းရှို့"(Zhang Xiu)
နှင့်တိုက်ရန်ချီတက်သည်။ "လျူဘေ့"(Liu Bei) ကိုမူ ရှောင်ဖေတွင် အခြေချစေသည်။ မထွကခ
်ွာမီ
"လျူဘေ့"(Liu Bei) အား

"ကျားကို ထောင်ချောက်ဆင်ဖို့ အတွက် ခင်ဗျားကို ရှောင်ဖေမှာထားထားမယ်၊ လိုအပ်ရင်


ချန်တန်(Chen Deng) နဲ့ ချန်ကွေး(Chen Gui) ရဲ့အကူအညီကို ယူပါ" ဟု တိတ်တဆိတ်
မှာကြားခဲ့သည်။

"ချောင်ချောင်း"(Cao Cao) သည် "တွမ်ဝေ"(Duan Wei) မှ "လီကျွယ်"(Li Jue) ကို


သတ်လိုက်ပြီး "ဝူရှီး"(Wu Xi) က "ကော်စ"ီ (Guo Si) ကို သတ်လုက
ိပြီဟူသော
သတင်းကြားရသည်။ ထို့ နောက် ထိုသူတို့သည် ခေါင်းနှစ်လုံးကို လာဆက်သသည်။
"လီကျွ ယ်"(Li Jue) ၏ မိသားစုနှစ်ရာကျော်ခန့်ကိုလည်း ဖမ်းမိပြီး မြို့တော်သို့
ခေါ်ဆောင်လာသည်။ မြို့တော်တွင် သတ်လိုက်ကာ ခေါင်းတို့ ကို ပြသထားသည်၊ လူတို့ သည်
သူပုန်နှစ်ဦးတို့သေဆုံးသည်ကို ကြားရသော် အင်မတန်ဝမ်းမြောက်ကြသည်။

နန်းတော်တွင်လည်း မှူးမတ်တို့ စုဝေးကာ အောင်ပွဲခံကြသည်။ "တွမ်ဝေ"(Duan Wei) နှင့်


"ဝူရှီး"(Wu Xi) တို့ ကို ဘုရင်မှ ရာထူးပေးကာ ချန်အန်းကို စောင့်ကြပ်စေသည်။

"ချောင်ချောင်း"(Cao Cao) မှ "ကျန်းရှို့ "(Zhang Xiu) ပုန်ကန်မှုအကြောင်းကို


လျှောက်တင်သည်။ ဘုရင်မှလည်း သူပုန်တို့ ကို နှိမ်နှင်းရန် အမိန့် ချလိုက်သည်။ ထိုနှစ်သည်ကာ
"建安"(ကျန့်အန်း) တတိယနှစ်၊ အေဒီ ၁၉၈ ဖြစ်သည်။ "ရွှင်ယ"ွိ (Xun Yu) ကို ရွှီချန်တ
်ွင်
စောင့်ကြပ်စေသည်။

"ချောင်ချောင်း"(Cao Cao) ဦးဆောင်သောစစ်တပ်ကြီးသည် လမ်းတွင် ဂျုံခင်းကြီးကို ဖြတ်ရသည်။


ထိုအခါ "ချောင်ချောင်း"(Cao Cao) က

264
"ကျုပ်ဟာ ဘုရင့်အမိန့် ကြောင့် သူပုန်တွေကို နှိမ်နှင်းဖို့ လာခဲ့တာ၊ ဒါကြောင့်
သီးနှံတွင်ဖြစ်ထွန်းတဲ့အချိန်ကိုလည်း ရှောင်လို့ မရဘူး။ ဒါပေမယ့် တစ်ယောက်ယောက်က
ကောက်ပဲသီးနှံတွေကို ဖျက်စီးလိုက်ရင် အဲ့လူကို သေဒဏ်ပေးမယ်" ဟု ဆိုလေသည်။ ထိုအခါ
လယ်သမားတို့က ဝမ်းသာအားရဖြင့် လမ်းတွင် စီတန်းကာ သူပုန်တို့ အား အောင်နိုင်စေကြောင်း
ဆုတောင်းပေးကြသည်။ စစ်သားတို့ ကလည်း မြင်းပေါ်မှ ဆင်းကာ ဂျုံခင်းတို့ ကို မပျက်စီးအောင်
ရှောင်ဖယ်ကာ သွားသည်။

တစ်ရက်တင
ွ် "ချောင်ချောင်း"(Cao Cao) သည် ကောက်ပဲသီး နှံတို့ကြားတွင် မြင်းစီးသွားရာ
စိုက်ခင်းထဲရှိ ချိုးငှက်တစ်ကောင်က ရုတတ
် ရတ်ပျံရာ မြင်းကလန့်ပြီး ပြေးသဖြင့် စိုက်ခင်းတို့ ကို
ထိမိလေသည်။ ထိုအခါ "ချောင်ချောင်း"(Cao Cao) က စစ်သူကြီးတစ်ဦးကိုခေါ်ပြီး
သူ့ပြစ်မှုအတွက် အပြစ်ဒဏ်ပေးစေသည်။

"ကျွန်တော်က ဝန်ကြီးချုပ်ကို ဘယ်လိုအပြစ်ပေးရမှာလဲ"

"ငါက ငါထုတထ
်ားတဲ့စည်းကမ်းကို ငါချိုးဖောက်လိုက်ပြီ။ ဒါကြောင့် အပြစ်ဒဏ်ခံယူရမယ်"

ထို့ နောက် "ချောင်ချောင်း"(Cao Cao) သည် သူ့ကိုယသ


်ူသတ်သေရန် လုပ်ရာ အကုန်လံုး က
ဝိုင်းတားကြသည်။ "ကောကျား"(Guo Jia) မှ

"နွေဦးဆောင်းဦးခေတ်တန
ုးက အရေးပါအရာရောက်တ့သ
ဲူတွေအပေါ် ဥပဒေက
သက်ရောက်မှုမရှပ
ိါဘူး။ သခင်ကြီးက ဒီစစ်တပ်ရဲ့ ခေါင်းဆောင်ဆိုတော့ ကိုယ့်ကိုယ်ကို
ဒီလိုပြုမူတာ မဖြစ်သင့်ဘူး " ဟု ပြောသည်။

"ချောင်ချောင်း"(Cao Cao) သည် အကြာကြီးတွေးပြီးကာမှ

"ဒီလိုဆုရ
ိ င်တော့ သေဒဏ်ကနေတော့ လွတ်ကောင်းလွတန
ိုင်ပါမယ်" ဟု ဆိုကာ ဆံပင်ကိုဖြတ်ပြီး
မြေကြီးပေါ်သို့ ပစ်ချလိုက်သည်။

ထိုသို့ ပြုမူမှုကြောင့် စစ်တပ်ထဲတွင် မည်သူမှ စည်းကမ်းမဖောက်ရဲတော့ချေ။

"ချောင်ချောင်း"(Cao Cao) ချဉ်းကပ်လာသည်ကိုကြားသော် "ကျန်းရှို့ "(Zhang Xiu) မှ


"လျူပြောင်း"(Liu Biao) ၏ အကူအညီကို တောင်းသည်။ ထို့ နောက် "ကျန်းရှို့ "(Zhang Xiu)

265
သည် သူ၏စစ်သြူ ကီးနှစ်ဦးဖြစ်သော "လေရှူ"(Lei Xu) နှင့် "ကျန်းရှန"် (Zhang Xian) တို့နှင့်အတူ
ထွကလ
်ာကာ "ချောင်ချောင်း"(Cao Cao) အား

"တရားမျှတမှုဆိုတာကို ဘန်းပြပြီး လုပ်နေတဲ့လူတွေ၊ ခင်ဗျားတို့က တကယ်တော့


တောတွင်းတိရစ္ဆာန်သာသာပဲ။ လူသားမဆန်တဲ့သူ" ဟု ပြောလေသည်။

ထိုအခါ "ချောင်ချောင်း"(Cao Cao) သည် ဒေါသထွက်ပြီး "ရွှီချူ"(Xu Chu) ကို


ထွကက
်ာတိုကေ
် စသည်။ "ကျန်းရှန်"(Zhang Xian) ထွက်လာပြီးတိုက်ကာ
တတိယအလှည့်တွင်ပင် တိုက်ပွဲကျလေသည်။ "ကျန်းရှို့ "(Zhang Xiu) ၏ စစ်သားတို့ကလည်း
နန်ရန်မြို့အတွင်းသို့ ထွက်ပြေးကြသည်။ သို့ နှင့် မြို့ကို ဝန်းရံခံရလေသည်။

"ချောင်ချောင်း"(Cao Cao) သည် မြို့ပြင်မှနေ၍ မြို့အတွင်းသို့လှမ်းကြည့်နိုင်ရန်


စင်မြင့်ဆောက်စေသည်။ "ချောင်ချောင်း"(Cao Cao) သည် မြို့ကို ပတ်ကာ ကြည်ရ
ှူ့လေသည်။
အနောက်တောင်ဘက်တွင် သစ်တုံး၊ မြေကြီးတို့ဖြင့် ကုန်းပို့ လေးဖြစ်အောင်လပ
ုပြီး ထိုနေရာမှ
မြို့ရိုးပေါ်တက်ရန် ကြံသည်။ ၎င်းကို "ကျာရွှ"ီ (Jia Xu) မှ မြို့ထဲမှ ကြည့်နေသည်။ ထို့ နောက်
"ကျန်းရှို့ "(Zhang Xiu) အား

"ချောင်ချောင်း(Cao Cao) ဘာလုပ်ချင်လဲဆိုတာ ကျွန်တော်သိတယ်၊ သူ့ကို


အနိုင်တိုက်ဖို့ နည်းလမ်းရှိတယ်" ဟု ဆိုသည်။

*S~L*

266
အခန်း (၁၈)
“ကျာရွှ”ီ (Jia Xu) ၏အကြံအစည်ဖြင့် အောင်ပွဲရခြင်း ၊
ရဲဝံ့စွာတိုက်ခိုက်ရင်း “ရှဟိုတွန်း”(Xiahou Dun) မျက်စိတစ်ဖက် ဆုံးရှုံးရခြင်း။

ရန်သူ၏အကြံကို ရိပ်မိသော “ကျာရွှီ”(Jia Xu) က တန်ပြန်တုက


ိခိုက်ရန် စီစဉ်သည်။ ““ချောင်ချောင်း”(Cao Cao)
က မြို့ကိုသေချာစနည်းနာနေတာ တွေ့ရတယ်။ အရှေ့တောင်ထောင့်က တံတိုင်းက သုံးနေကျမဟုတတ
်ဲ့ ရွှံ့ နဲ့
ပြင်ထားတာရယ် ၊ အတားအဆီးတွေက ပျက်စီးနေတာရယ်ကို သူကောင်းကောင်းသတိပြုမိမှာပဲ။ အဲဒီဖက်ကနေ
သူဝင်တိုက်လိမ့်မယ်။ ဆန့်ကျင်ဘက်အရပ်ကနေအယောင်ပြပြီး ငါတိ့က
ို အနောက်တောင်ဖက်ကို
ကာကွယ်စေမည်။ ညဖက်ကျမှ အရှေ့တောင်ဖက်ကနေ နံရံတွေကို ဖြိုချပြီး ဝင်ဖို့ကြိုးစားလိမ့်မယ်။” ဟု
ဆိုလေသည်။

“ကျန်းရှို့ ”(Zhang Xiu) က “မင်းအတွေးမှန်တယ်လ့ယ


ိုဆရင် ဘာအကြံပေးချင်လဲ။” ဟု ပြန်မေးသော်
“တန်ပြန်တုက
ိကွက်က ရိုးရှင်းပါတယ်။ အတော်ဆုံး ၊ သတ္တိအရှိဆုးံ စစ်သားတွေကို ဗိုက်ဝအောင် စားခိုင်းထားပါ။
အပေါ့ပါးဆုံးဝတ်စုံကို ဝတ်ခိုင်းပြီး အရှေ့တောင်ထောင့်နားက အိမ်တွေမှာ အရပ်သားလိုဝတ်ပြီး နေခိုင်းပါ။
အရပ်သားတွေကိုကျတော့ စစ်သားလိုဝတ်ခိုင်းပြီး အနောက်တောင်ဖက်ကို ကာကွယ်ဟန်ဆောင်ခိုင်းပါ။ ဒီညမှာ
ရန်သူကို မြို့ထဲဝင်ခွင့်ပေးလိုက်မယ်။ အတော်အတန်ဝင်လာပြီဆိုတာနဲ့ အချက်ပြပြီး ပုန်းနေတဲ့စစ်သားတွေကို
တိုက်ခိုင်းမယ်။ ဒါဆိုရင် “ချောင်ချောင်း”(Cao Cao) ကိုတောင် ဖမ်းမိရင် ဖမ်းမိနိုင်ပါတယ်။”
ဟုပြန်ဖြေလေသည်။ သို့နှင့် အစီအစဉ်ကို အကောင်အထည်ဖော်ကြသည်။
“ချောင်ချောင်း”(Cao Cao) ၏ ကင်းထောက်များက “တပ်တွေက အနောက်တောင်ဖက်ကုေ
ိ ရွှ့သွားပြီ။
ဆန့်ကျင်ဘက်ထောင့်ကို ကာကွယ်မယ့်သူမရှိတော့ဘူး။” ဟုတင်ပြသည်။ “ချောင်ချောင်း”(Cao Cao) က
ပျော်ရွှင်စွာ “သူတ့ေ
ို ထာင်ချောက်မိလေပြီ။” ဟုရေရွတ်လေသည်။
ထိ့ေ
ု နာက် သူ၏တပ်များကို တူရွင်းပြားများ ၊ ချိတ်များနှင့် တံတိုင်းကိုဖြိုချရန် လိုအပ်သည်များကို
ပြင်ဆင်ခိုင်းသည်။ တစ်နေ့လုံးတွင်မူ အနောက်တောင်ထောင့်ကိုသာ ဖိတုက
ိနေလေသည်။ ည ၂
ချက်တီးရောက်သော် ဝါရင့်စစ်သည်များကို ဆန့်ကျင်ဘက်ထောင့်ရှိတံတိုင်းများကိုတွယတ
် က်စေသည်။
အတားအဆီးများကို ဖျက်ဆီး ပြီး မြို့တွင်းသို့ တိတ်ဆိတ်စွာဝင်ရောက်လာသည်။ သက်ရှိအရိပ်အယောက်မျှပင်
မတွေ့ရချေ။ ထိုစဉ် ရုတ်တရက် ဗုံးပေါက်ကွဲကာ ချုံခိုတိုက်ခိုက်ခံရမှန်းသိကြသည်။ တပ်ပြန်ဆုတေ
် သ်ာလည်း
“ကျန်းရှို့ ”(Zhang Xiu) က ချက်ချင်းပင် ဖိတုက
ိသည်။ “ချောင်ချောင်း”(Cao Cao) တပ်များမှာ လုံးဝရှုံးနိမ့်ကာ
ထြကေ
် ပြးရလေသည်။ “ကျန်းရှို့ ”(Zhang Xiu) သည် မိုးလင်းသည်အထိ လိုက်လံတိုကခ
ိုက်လေသည်။
“ချောင်ချောင်း”(Cao Cao) သည် မနက်ရောက်သော် သူ၏တပ်များကို ပြန်လည်စုစည်းလေသည်။ စစ်သည် ၅
သောင်းကျဆုံးပြီး Lu Qian နှင့် Yu Jin တို့ ဒဏ်ရာရလေသည်။ အဆိုးဝါးဆုံးမှာ “ကျာရွှ”ီ (Jia Xu) က
“လျူပြောင်း”(“လျူပြောင်း”(Liu Biao)) ထံ စာရေးစေကာ “ချောင်ချောင်း”(Cao Cao)
၏ဆုတ်ခွာလမ်းကြောင်းကို ဖြတ်တောက်တိုကခ
ိုကေ
် စခြင်းဖြစ်သည်။

267
“လျူပြောင်း”(“လျူပြောင်း”(Liu Biao)) ကလည်း “ချောင်ချောင်း”(Cao Cao) ကိုအဆုံးတိုင်ဖျက်ဆီး ရန်
ရည်ရွယ်၍ စစ်ပြင်သည်။ ထိုစဉ် ကင်းထောက်တစ်ယောက်ရောက်လာကာ Sun Ce သည် Hukou
၌စခန်းချနေကြောင်း သတင်းပို့လာသည်။ Kuai Liang က “Sun Ce ရဲ့လှုပရ
ှ်ားမှုကလည်း “ချောင်ချောင်း”(Cao
Cao) ရဲ့ဗျူဟာတစိတ်တပိုင်းပဲ။ “ချောင်ချောင်း”(Cao Cao) သာလွတ်သွားရင် နောင်တရလိ့ဆ
ုံးမှာမဟုတ်ဘူး။
ချက်ချင်းစစ်ချီရပါမယ်။” ဟုဆိုသည်။
“လျူပြောင်း”(“လျူပြောင်း”(Liu Biao)) လည်း Jingzhou ရဲ့အရေးကြီးနေရာများကို Huang Zu ကို
စောင့်ကြပ်ခိုင်းကာ စစ်တပ်ကိုဦးစီးလျက် “ချောင်ချောင်း”(Cao Cao) ကိုတားဆီးရန် Anzhong ကိုချီလေသည်။
“ကျန်းရှို့ ”(Zhang Xiu) သည်လည်း ဤသတင်းကြားသော် “ကျာရွှ”ီ (Jia Xu) နှင့်အတူ သွားလေသည်။
ထိုအချိန်တွင် “ချောင်ချောင်း”(Cao Cao) ၏စစ်တပ်မှာ အေးဆေးစွာ ချီတက်နေပြီး ရှန်းရန် ကို
ရောက်လာလေသည်။ တစ်ရက်တွင် Yu မြစ်ဘေးတွင် လမ်းလျှောက်နေစဉ် ရုတတ
် ရက်သည်းထန်စွာ
ငိုကြွေးလေသည်။ နောက်လိုက်များကြား၍ မေးသော် “မနှစ်က ဒီနေရာမှာ ငါ့ရဲ့စစ်သူကြီး Dian Wei ကို
ဆုံးရှုံးခဲ့ရတယ်။” ဟုဖြေလေသည်။

ထိ့ေ
ု နာက် ကျဆုံးသွားသော စစ်သူကြီးအတွက် ယစ်ပူဇော်ကာ ငိုကြွေးလေသည်။ သူ၏လုပ်ရပ်ကြောင့်
စစ်သည်တို့မှာ များစွာစိတ်ထိခိုက်လှုပရ
ှ်ားရလေသည်။ ထိ့ေ
ု နာက် တူဖြစ်သူ “ချောင်အားမင်” (Cao Amin) နှင့်
သားကြီး “ချောင်အန်”(Cao Ang) တိ့အ
ု တွက် ပူဇော်လေသည်။ ထို့နောက် ကျဆုံးသွားသော စစ်သည်များအပြင်
သူ၏မြားမှန်သေဆုံးသွားသောမြင်းအတွက်ပါ ပူဇော်လေသည်။
နောက်နေ့တွင် “ရွှင်ယ”ွိ (Xun Yu) ဆီမှ “လျူပြောင်း”(“လျူပြောင်း”(Liu Biao)) သည် “ကျန်းရှို့ ”(Zhang Xiu)
ကိုကူညီရန်ထွကသ
်ွားပြီး Anzhong တွင် စခန်းချကာ ဆုတ်လမ်းကိုဖြတ်တောက်ထားကြောင်း စာရသည်။
“ချောင်ချောင်း”(Cao Cao) က “ငါက တစ်နေ့ကို ခရီးနည်းနည်းပဲသွားနေတာ ၊ သူတ့လ
ိုကလ
်ာတာကို
သိတာပေါ့။ ပြင်ဆင်ထားပြီးဖြစ်လို့ Anzhong နားရောက်တာနဲ့ ရန်သူတွေပြိုလဲသွားပါလိမ့်မယ်။ စိတ်မပူပါနဲ့။”
ဟုစာပြန်လေသည်။
ထိ့ေ
ု နာက် “လျူပြောင်း”(“လျူပြောင်း”(Liu Biao)) စခန်းချနေရာသို့ လျင်မြန်စွာ ချီတက်လာသည်။
“ကျန်းရှို့ ”(Zhang Xiu) ကလည်း နောက်မှ ကပ်လျက်လုက
ိလာနေသည်။ “ချောင်ချောင်း”(Cao Cao) က
သူ့လူများကို လျိုမြောင်တစ်ခုကြားတွင် လမ်းရှင်းခိုင်းပြီးနောက် ကင်းပုန်းဝပ်နေစေသည်။
ပထမအရုဏ်တက်တွင် “လျူပြောင်း”(“လျူပြောင်း”(Liu Biao)) နှင့် “ကျန်းရှို့ ”(Zhang Xiu) တို့ ဆုံကြသည်။
“ချောင်ချောင်း”(Cao Cao) မှာ အင်အားနည်းသဖြင့် ဆုတ်ခွာပေးလေပြီဟု ထင်ကာ “ချောင်ချောင်း”(Cao Cao)
ကိုချေမှုန်းရန် လျိုမြောင်ကြားသို့ ရဲတင်းစွာဝင်လာလေသည်။ “ချောင်ချောင်း”(Cao Cao) တပ်များက
ချုံခိုတိုက်ခိုက်ရာ ရန်သူများချေမှုန်းခံရလေသည်။ တိုက်ပွဲပြီးဆုံးသော် “ချောင်ချောင်း”(Cao Cao) တပ်များက
လျိုမြောင်ကြားမှထွက်ကာ စခန်းချလေသည်။

တစ်ဖက်ခေါင်းဆောင် ၂ ဦးတိ့သ
ု ည် ရှုံးနိမ့်သွားသောတပ်များကို ပြန်စုပြီးနောက် အစည်းအဝေးထိုင်ကြသည်။
“ဒီလောက်ကောက်ကျစ်တဲ့ပရိယာယ်ကို ငါတို့ဘယ်လိုလုပ် ကြိုမြင်မှာလဲ။” ဟု “လျူပြောင်း”(“လျူပြောင်း”(Liu
Biao)) ကပြောလေသည်။ “ကျန်းရှို့ ”(Zhang Xiu) က “ပြန်ကြိုးစားကြတာပေါ့။” ဟုဆိုလေသည်။ Anzhong

268
တွင် တပ်များပေါင်းစည်းလိုက်ကြသည်။
ထိုအချိန်တွင် “ယွမ်ရှောက်”(Yuan Shao) သည် မြို့တော် Xuchang ကို တိုက်ခိုက်ရန် ပြင်ဆင်နေကြောင်း
သူလျှိုများမှတဆင့် သိရသော် “ရွှင်ယ”ွိ (Xun Yu) သည် “ချောင်ချောင်း”(Cao Cao) ထံ
စာချက်ချင်းရေးလေသည်။ “ချောင်ချောင်း”(Cao Cao) လည်း ထိုသတင်းကြောင့်
စိတ်အနှောင့်အယှက်ကြီးစွာဖြစ်ကာ ပြန်ရန်ပြင်လေသည်။ ထိုသတင်းကို “ကျန်းရှို့ ”(Zhang Xiu) ကြားသော်
လိုက်ရန်ပြင်သည်။ “ကျာရွှ”ီ (Jia Xu) က ကန့်ကွကြ် ပီး “အရှုံးကိုဦးတည်လိမ့်မယ်။” ဟုဆိုလေသည်။ သိ့ေ
ု သာ်
“လျူပြောင်း”(“လျူပြောင်း”(Liu Biao)) က “ဒီလိုအခွင့်အရေးကို လက်လွှတ်ရင် မှားမှာပေါ့” ဟုဆိုသည်။
နောက်ဆုံးတွင် လိုက်လံတိုကခ
ိုက်ရန်ဆုံးဖြတ်သည်။ ၄ မိုင်မျှပင်မချီတက်ရသေးခင် “ချောင်ချောင်း”(Cao Cao)
၏နောက်ချန်တပ်များနှင့် တွေ့ကာ ၎င်းတိ့၏
ု ရဲရဲဝံ့ဝံ့ တိုက်ခိုက်မှုများကြောင့် တပ်လန်ကာ ပြန်ရလေသည်။
“ကျန်းရှို့ ”(Zhang Xiu) က “ကျာရွှ”ီ (Jia Xu) ကို “မင်းအကြံကိုမလိုက်နာမိလို့ ရှုံးရတာ။” ဟုဆိုလေသည်။
“ကျာရွှီ”(Jia Xu): “အခုတပ်ပြန်စုပြီး လိုကတ
ိုက်ခိုက်ပါ။”
ခေါင်းဆောင် ၂ ဦး: “အခုပဲ ရှုံးပြီး ပြန်လာတာလေ ၊ လိုကတ
ိုက်ဖို့ အကြံပေးနေသေးတာလား။”
“ကျာရွှီ”(Jia Xu): “ဟုတ်ပါတယ်။ အခုသွားရင် အကြီးအကျယ်နိုင်ပါမယ်။ ငါ့ခေါင်းနဲ့ လောင်းကြေးထပ်မယ်။”
“ကျန်းရှို့ ”(Zhang Xiu) ကယုံကြည်သော်လည်း “လျူပြောင်း”(“လျူပြောင်း”(Liu Biao)) က ကြောက်ရွံ့ကာ
မပူးပေါင်းချေ။ သို့နှင့် စစ်တပ် ၁ ခုသာ လိုက်လေသည်။ ထိုမျှနှင့်ပင် လုံလောက်လေသည်။
“ချောင်ချောင်း”(Cao Cao) ၏ နောက်ချန်တပ်မှာ ကစဥ့်ကလျားဆုတ်ခွာရပြီး ပစ္စည်းများကိုမျှ မသယ်နိုင်ဘဲ
ပြေးရလေသည်။ “ကျန်းရှို့ ”(Zhang Xiu) က လိုက်လံတိုက်ခိုက်သည်။ သိ့ေ
ု သာ်
တောင်ကုန်းပေါ်မှတပ်အချို့ဆင်းလာကာ သူ့ကိုတားဆီးလိုက်သည်။ ဆက်မလိုကဝ
့်ံသဖြင့် Anzhong
သြို့ ပန်လေသည်။

“လျူပြောင်း”(“လျူပြောင်း”(Liu Biao)) က “ငါတို့ရဲ့ အတွေ့အကြုံရှိပြီး ရဲရင့်တဲ့စစ်သားတွေ လိုက်တိုက်ပြီး


ပြန်ဆုတ်ရတုန်းက မင်းက ရှုံးမယ်လို့ကြိုပြောခဲ့တယ်။ ရှုံးပြီးပြန်လာတဲ့ သူတွေက
နိုင်ပွဲရထားတဲ့ရန်သူကိုလိုက်တိုက်တော့ နိုင်မယ်လို့ နမိတ်ဖတ်ခဲ့တယ်။ ၂ခုစလုံးမှာ မင်းမှန်ခဲ့တယ်။
ငါတိ့က
ု ရ
ှိုင်းပြပါလား။” ဟု “ကျာရွှ”ီ (Jia Xu) ကို မေးလေသည်။
“ဒါကလွယ်ပါတယ်။ မင်းတိ့က
ု အရည်အချင်းရှိတ့သ
ဲူတွေဖြစ်ပေမဲ့ “ချောင်ချောင်း”(Cao Cao)
ကိုတော့မယှဉ်သာဘူး။ “ချောင်ချောင်း”(Cao Cao) က ရှုံးပေမဲ့ သူ့မှာ နောက်ချန်တပ်အနေနဲ့ ကာကွယ်ပေးမယ့်
သူရဲကောင်းတွေအများကြီးရှိသေးတယ်။ ငါတိ့စ
ု စ်သားတွေလည်း ကောင်းပေမဲ့ သူတို့ကို မယှဉ်နိုင်ဘူး။
ဒါကြောင့် သိတာပါ။ “ချောင်ချောင်း”(Cao Cao) ဟာ မြို့တော်မှာ ပြဿနာရှိလို့ အမြန်ပြန်ဆုတရ
် တာ။
ငါတိ့တ
ိုကစ
် စ်ကို တစ်ခါနိုင်ပြီးတာနဲ့ ဘာမှမပြင်ဆင်နိုင်ဘဲ အမြန်ဆုတ်တော့မှာပဲ။ သူဂရုမစိုက်နိုင်တာကို
အခွင့်အရေးယူလိုက်တာပါ။” ဟုဖြေလေသည်။

“ကျန်းရှို့ ”(Zhang Xiu) နှင့် “လျူပြောင်း”(“လျူပြောင်း”(Liu Biao)) တို့လည်း သူ၏နားလည်သုံးသပ်နိုင်စွမ်းကို


အသိအမှတြ် ပုရလေသည်။ “ကျာရွှီ”(Jia Xu) ၏အကြံအရ “လျူပြောင်း”(“လျူပြောင်း”(Liu Biao)) က
Jingzhou ပြန်ကာ “ကျန်းရှို့ ”(Zhang Xiu) က ရှန်းရန် တွင်နေပြီး အခိုင်အခံ့နေလေသည်။

269
“ချောင်ချောင်း”(Cao Cao) မှာ သူ၏နောက်ချန်တပ်အတိုက်ခံရသည်ကိုကြားသော် ပြန်လှည့်ကာ
ကူညီရန်ပြင်စဉ် ရန်သူများဆုတ်သွားသည်ကို တွေ့ရလေသည်။ နောက်ချန်တပ်သားများက
“တောင်ကန
ုးပေါ်ကဆင်းလာတဲ့တပ်တွေကြောင့်မဟုတ်ရင် ငါတိ့အ
ုားလုံးသေပြီ။” ဟုဆိုလေသည်။
“ချောင်ချောင်း”(Cao Cao) က “ဘယ်တပ်တွေလဲ။” ဟုအံ့သြစွာမေးလေသည်။ ထိုတပ်များ၏ခေါင်းဆောင်က
ရှေ့ထွက်လာကာ မြင်းပေါ်မှဆင်းကာ အရိုအသေပေးသည်။ Jiangxia မှ နန်းတော်တပ်မှူး “လီထ”ုံ (Li Tong)
ဖြစ်သည်။
“ချောင်ချောင်း”(Cao Cao) ကလာရခြင်းအကြောင်းကိုမေးသော် “လီထု”ံ (Li Tong) က “Runan မှာနေနေတုန်း
မင်းရုန်းကန်နေရတယ်ကြားလို့ ငါတတ်နိုင်တာ ကူဖို့ လာတာပါ။” ဟုဖြေလေသည်။ “ချောင်ချောင်း”(Cao Cao)
ကလည်း ကျေးဇူးတင်စွာ “လီထု”ံ (Li Tong) ကို ‘အကျိုးထူးဆောင်သ’ူ ဘွဲ့ ချီးမြင့်ကာ
“လျူပြောင်း”(“လျူပြောင်း”(Liu Biao)) နှင့် “ကျန်းရှို့”(Zhang Xiu) တိ့ရ
ု န်မှ ကာကွယ်ရန် Runan ရှိ ခံစစ်ကို
ဦးဆောင်ခိုင်းလေသည်။ “လီထု”ံ (Li Tong) လည်း ကျေးဇူးတင်ကြောင်းပြောကာ ပြန်လေသည်။

မြို့တော်ပြန်ရောက်သော် “ချောင်ချောင်း”(Cao Cao) က Sun Ce ၏အကျိုးဆောင်မှုများကို ဘုရင်ကို


တင်ပြသော် ဘုရင်က ‘သူပုန်များကိုနှိမ်နင်းသောစစ်သူကြီး’ ဘွဲ့ အပြင် ‘Wu အရှင’် ဘွဲ့ ပါပေးလေသည်။
ဆက်သားက ထိုအမိန့စ
်ာအပြင် “လျူပြောင်း”(“လျူပြောင်း”(Liu Biao)) ကိုနှိမ်နင်းရန်စာကိုပါ
သယ်ဆောင်သွားလေသည်။
“ချောင်ချောင်း”(Cao Cao) နန်းတော်ပြန်ရောက်သော် “ရွှင်ယိ”ွ (Xun Yu) က “အရှင် Anzhong ကို
အေးအေးဆေးဆေးပြန်လာတယ်နော်။ ဘာလို့ နိုင်မယ်ဆိုတာ ကျိန်းသေနေတာလဲ။” ဟုမေးသော်
“ငါ့ရဲ့စစ်သားတွေက တပ်ဆုတလ
်ာပြီး အဆုတ်လမ်းကို ဖြတ်တောက်ခံထားရတာသိတော့ ရဲရဲဝံ့ဝံ့
တိုက်ကြတယ်။ ဖြည်းဖြည်းလေးဆုတ်လာတာက ရန်သူကို ကြိုက်သလိုလုပ်လ့ရ
ို တဲ့နေရာထိ ဆွဲခေါ်လာတာ။
ဒီဆုံးဖြတ်ချက်တွေပေါ်မူတည်ပြီး လှုပရ
ှ်ားတော့ လုံခြုံတယ်လို့ ခံစားရစေတယ်။” ဟုဖြေလေသည်။
“ရွှင်ယိ”ွ (Xun Yu) လည်း လေးစားစွာ ဦးညွတ်လေသည်။

270
ထိုစဉ် “ကောကျား”(Guo Jia) ဝင်လာသော် “ချောင်ချောင်း”(Cao Cao) က “ဘာလိ့ေ
ု နာက်ကျနေပါလဲ။”
ဟုမေးသည်။ “ကောကျား”(Guo Jia) က အင်္ကျီလက်အောက်မှ စာကိုဆွဲထုတ်ကာ ““ယွမ်ရှောက်”(Yuan Shao)
က “ကုန်းစွန်းကျန့်”(Gongsun Zan) ကိုတိုက်လုေ
ိ ကြာင်းပြောပြီး ရိက္ခာနဲ့ စစ်သားများ ချေးငှားပေးဖို့
တောင်းပါတယ်။” ဟုလျှောက်တင်လိုက်သည်။

“ချောင်ချောင်း”(Cao Cao): ““ယွမ်ရှောက်”(Yuan Shao) က Xuchang ကိုတိုက်မယ်လို့ ကြားတာ။


ငါပြန်လာတော့ အစီအစဉ်ပြောင်းသွားတယ်ထင်တယ်။”
စာကိုဖွင့်ကြည့်ပြီးသော်
“ချောင်ချောင်း”(Cao Cao): ““ယွမ်ရှောက်”(Yuan Shao) က သိပရ
ိုင်းလွန်းတယ်။ ငါသူ့ကိုတိုက်မယ်။
အဲ့လောက်တော့ ငါလည်း အင်အားမတောင့်တော့ဘူးလို့ထင်တယ်။ ဘာလုပ်သင့်သလဲ။”
“ကောကျား”(Guo Jia): “အရှင် ၊ Liu Bang နဲ့ Xiang Yu ကြားက ပဋိပက္ခမှာ ဘယ်သူနိုင်ခဲ့လဆ
ဲိုတာ
အရှင်ကောင်းကောင်းသိပါတယ်။ Xiang Yu ကအင်အားများပေမဲ့ Liu Bang က
ဉာဏ်ပညာအားကိုးနဲ့နိုင်ခဲ့တယ်။ အရှင့်ရန်သူမှာ အားနည်းချက် ၁၀ ချက်ရှိပြီး အရှင့်မှာ အားသာချက် ၁၀
ချက်ရှိတော့ သူ့စစ်တပ်အင်အားကြီးပေမဲ့ ကြောက်စရာမဟုတ်ပါဘူး။”
““ယွမ်ရှောက်”(Yuan Shao) ဟာ အဆောင်အယောင် အခမ်းအနားတွေမှာ နစ်မျောလွန်းတယ်။ အရှင်ကတော့
စာနာတတ်ပြီး ရိုးရိုးရှင်းရှင်းနေထိုင်တယ်။ ဒါဟာ ကျင့်ကြံပြုမူပုံ ကောင်းမွန်တာပါ။
သူဟာ ရန်လိုပြီး ကမူးရှူးထိုးလုပ်တတ်တယ်။ အရှင်ကတော့ ညှိနှိုင်းတတ်ပြီး ဦးဆောင်နိုင်တယ်။
လူထုထောက်ခံမှုအပိုင်းမှာ သာလွနတ
်ာပါ။
နှစ်ပေါင်းများစွာ နန်းတွင်းဟာ ဖရိုဖရဲဖြစ်နေတယ်။ သူက ဒါကို ပိုဆိုး အောင်လုပ်နေတယ်။ အရှင်ကတော့
နန်းတွင်းကို တည်ငြိမ်ပြီး အလုပ်တွင် ထိရောက်အောင် လုပ်ပေးနေတယ်။ ဒါဟာ အုပ်ချုပ်ရေးနိုင်နင်းတာမှာ
သာလွန်တာပါ။
သူဟာ အပြင်ပန်းမှာ စိတ်သဘောထားကြီးတယ်ထင်ရပေမဲ့ အတွင်းက အာဃာတထားတတ်တယ်။ ပြီးတော့
ဆွေမျိုးတွေကိုသာ မြှောက်စားတယ်။ အရှင်ကတော့ ပြတ်သားတဲ့ပုံပေါ်ပေမယ့် နားလည်ပေးတတ်ပြီး လူတွေကို
အရည်အချင်းကိုကြည့်ပြီး မြှောက်စားတယ်။ ဒါဟာ မှန်ကန်စွာချီးမြှောက်တဲ့အပိုင်းမှာ သာလွန်တာပါ။
သူဟာ အမြော်အမြင်ရှိပေမဲ့ ဆုံးဖြတ်ချက်မပြတ်သားဘူး။ အရှင်ကတော့ ဆုံးဖြတ်ချက်ပြတ်သားတယ်။
လုပ်ဆောင်ချက်ကလည်း ပြောင်မြောက်တယ်။ ဒါဟာ မူဝါဒရေးရာ သာလွန်မှုပါ။
သူက ဂုဏ်ကြီးမား နာမည်ကျော်ကြားတဲ့သူတွေကို စုစည်းတယ်။ အရှင်ကတော့ နာမည်ကျော်ကြားမှုကို
မကြည့်ဘဲ အရည်အချင်းမှန်ကို ကြည့်ကာ ဆက်ဆံတယ်။ ဒါဟာ ချင့်ချိန်နိုင်စွမ်းမှာ သာလွန်တာပါ။
သူဟာ သူ့ဘေးက လူတွေလောက်သာ ဂရုထားပြီး ကျန်လူတွေကို ဂရုမစိုကဘ
်ူး။ အရှင်ကရုဏာကတော့
လူအားလုံးကို လွှမ်းခြုံနေပါတယ်။ ဒါဟာ လူသားဆန်မှုမှာ သာလွန်တာပါ။
သူဟာ ဘေးစကားကို နားယောင်ပြီး အမှားလုပ်တတ်တယ်။ အရှင်ကတော့ အရှင့်ဘေးမှာ
ကောက်ကျစ်တဲ့အမတ်တွေရှိစေဦးတော့ လွတ်လပ်စွာ တွေးခေါ်ဆုံးဖြတ်နိုင်တယ်။ ဒါဟာ
အမြင်ကျယ်တဲ့အပိုင်းမှာ သာလွန်တာပါ။
သူရဲ့ အမှားအမှန်ဟာ ရောထွေးနေတယ်။ အရှင်ကတော့ အမှားအမှန်ကို ပြတ်ပြတ်သားသားသိတယ်။ ဒါဟာ

271
အုပ်ချုပ်မှုစွမ်းရည် သာလွန်တာပါ။
သူဟာ စစ်တပ်ရဲ့ အခြေခံလုအ
ိ ပ်ချက်တွေကို ဂရုမစိုက်ဘဲ အင်အားကြီးမားဖိ့က
ို နှစ်သက်တယ်။ အရှင်မှာ
သူန့ယ
ှဲဉ်ရင် အင်အားနည်းပေမယ့် စစ်တပ်ကောင်းကို ပိုင်ဆိုင်ထားတယ်။ ဒါဟာ စစ်ရေးမှာ သာလွန်တာပါ။
ဒီ အားသာချက် ၁၀ ချက် ရှိတော့ “ယွမ်ရှောက်”(Yuan Shao) ကို အောင်နိုင်ဖို့က မခက်လှပါဘူး။”
“ချောင်ချောင်း”(Cao Cao): ပြုံးလျက် “မင်းပြောသလောက် ဟုတရ
့်ဲ လား။”

“ရွှင်ယိ”ွ (Xun Yu): “သူပြောတဲ့ ၁၀ ချက်က ငါ့အတွေးနဲ့ တထပ်တည်းပဲ။ “ယွမ်ရှောက်”(Yuan Shao) တပ်က
အင်အားများတာကလွဲရင် ကြောက်မက်ဖွယမ
် ကောင်းလှပါဘူး။”
“ကောကျား”(Guo Jia): “တကယ်အမှန် အန္တရာယ်ပေးမှာက “လွီပ”ု (Lu Bu) ပဲ။ “ယွမ်ရှောက်”(Yuan Shao)
က “ကုန်းစွန်းကျန့်”(Gongsun Zan) ကိုတိုက်ဖို့ မြောက်ဖက်ကိုသွားပြီဆိုတော့ ငါတိ့က
ု “လွီပ”ု (Lu Bu)
ကိရ
ှုင်းပြီး ဒီဖက်က အန္တရာယ်ကို ဖယ်ထားသင့်တယ်။ မဟုတ်ရင် “ယွမ်ရှောက်”(Yuan Shao) ကိုတုက
ိတာက
မြို့တော်ကုဝ
ိ င်သိမ်းဖို့ အချက်ပြတာနဲ့ တူမယ်။ ဒါဟာ အဆိုးရွားဆုံးပါပဲ။”
“ချောင်ချောင်း”(Cao Cao) လည်း သူ၏အကြံပေးများနှင့် တသဘောတည်းဖြစ်ရာ “လွီပ”ု (Lu Bu)
ကိုတိုက်ခိုက်ရန် အစီအစဉ်ဆဲေ
ွ တာ့သည်။ “ရွှင်ယွိ”(Xun Yu) သဘောမှာ “လျူဘေ့”(Liu Bei) ကသစ္စာရှိစွာ
အကူအညီပေးရန် သေချာအောင် ပြုစေလိုသည်။ ထိ့ေ
ု ကြာင့် စာအရင်ပို့လိုကသ
် ည်။ “ယွမ်ရှောက်”(Yuan Shao)
ကို တဖန် စိတ်ချစေရန် ဆက်သားကို ကောင်းမွန်စွာ ဆက်ဆံစေပြီး “ယွမ်ရှောက်”(Yuan Shao) ကိုလည်း
Jizhou ၊ Qingzhou ၊ Youzhou နှင့် Bingzhou မြောက်ပိုင်းနယ် ၄ နယ်၏ နယ်စားခန့်ရန် ဘုရင်ကို
တင်ပြပေးလိုက်သည်။ သီးသန့်စာဖြင့် “ကုန်းစွန်းကျန့်”(Gongsun Zan) ကိတ
ိုကခ
ိုကရ
် န်နှင့်
အကူအညီပေးမည်ဖြစ်ကြောင်း အာမခံလိုက်သည်။ သိ့န
ှုင့် “ယွမ်ရှောက်”(Yuan Shao) စစ်တပ်
စတင်ထက
ွ်ခွာလေသည်။

272
ထိုအချိန်တွင် “ချန်တန်”(Chen Deng) နှင့် “ချန်ကွေး”(Chen Gui) တိ့သ
ု ည် သူတို့လှည့်ကွက်ကို
အကောင်အထည်ဖော်နေကြသည်။ ရွှီကျိုး ရှိ ပွဲတုင
ိးပွဲတိုင်းတွင် “လွီပ”ု (Lu Bu) ကိုလွန်စွာ
မြှောက်ပင့်ကြလေသည်။ Chen Gong မှာ ထိုအရာကို လုံးဝမနှစ်မြို့ဘဲ အခွင့်အရေးကိုရှာကာ “လွီပု”(Lu Bu)
ကို ပြောရန် ကြိုးစားသည်။
Chen Gong: “သူတို့က မင်းရှေ့မှာသာ မြှောက်ပင့်နေကြတာ ၊ စိတ်ထဲမှာ ဘာရှိမှန်းမသိဘူး။
သတိကြီးကြီးထားသင့်တယ်။”
“လွီပ”ု (Lu Bu): စိတ်ဆိုးစွာ “စကားကို သတိထားပြောပါ။ မင်းက အကြောင်းမရှိဘဲ သူတို့ကို ပုတခ
် တ်နေတာ။
လူကောင်းကို ထိပါးချင်နေတာပဲ။”
Chen Gong မှာ ဝမ်းနည်းစွာ “သစ္စာရှိတဲ့သူရဲ့ စကားကို နားမဝင်ပါလား။ ငါတိ့ဒ
ု က
္ခုရောက်တော့မယ်။”
ဟုရေရွတေ
် လသည်။ “လွီပ”ု (Lu Bu) ကိုစွန့ခ
်ွာရန်ပင် ကြံမိသော်လည်း မသင့်တော်ပေ။ ထို့ပြင် လူအများက
ကဲ့ရဲ့မည်ကိုလည်း စိုးလေသည်။ သိ့န
ှုင့် ဝမ်းနည်းစွာဖြင့် ရက်များကုန်ဆုံးလာလေသည်။
တစ်နေ့တွင် မြင်းစီးသမားအနည်းငယ်ဖြင့် Xiaopei အနီး အမဲပစ်ထွကလ
်ာခိုက် ဒုန်းစိုင်းလာသော
ဆက်သားတစ်ယောက်ကို မြင်လေသည်။ သို့နှင့် တားဆီးကာ မေးမြန်းသည်။ သူ့ကို ဖမ်းဆီးသူများမှာ
အဘယ်အဖွဲ့မှ ဆိုသည်ကို သိနေသဖြင့် မဖြေချေ။ သူ့ခန္ဓာကိုယ်ပေါ်ရှာကြသော် “လျူဘေ့”(Liu Bei) မှ
“ချောင်ချောင်း”(Cao Cao) ထံ လျှို့ဝှက်ပြန်စာကို တွေ့လေသည်။ စာနှင့် လူပါ “လွီပု”(Lu Bu) ထံ
ခေါ်ဆောင်သွားလေတော့သည်။
“လွီပ”ု (Lu Bu) လည်း စာတွင် သူ့ကိုပူးပေါင်းတိုက်ခိုက်ရန်အကြောင်းကို မြင်သွားသည်။ “ဒီလုလ
ိုပ်ဖို့
ကြံစည်ဝံ့သလား” ဟုအော်ဟစ်ကာ ဆက်သားကို သတ်ပြီး တန်ပြန်တိုက်စစ်ကို ပြင်လေသည်။ Chen Gong နှင့်
Zang Ba တိ့က
ု Taishan တောင်ပေါ်ရှိ သူပုန်များဖြစ်သော Sun Guan ၊ Wu Dun ၊ Yin Li နှင့် Chang Xi
တိ့က
ို အကူအညီတောင်းပြီး Huashang တောင်အရှေ့ဖက်ရှိ Yanzhou ကို တိုက်ခိုင်းသည်။
“ကောက်ရွှန်း”(Gao Shun) နှင့် “ကျန်းလျောင်”(Zhang Liao) တိ့က
ု Xiaopei ရှိ “လျူဘေ့”(Liu Bei)
ကိုတိုက်သည်။ Song Xian နှင့် Wei Xu တို့က အနောက်အရပ်ကိုသွားကာ Runan နှင့် Yingchuan
ကိုတိုက်သည်။ “လွီပ”ု (Lu Bu) ကိုယ်တိုင်က တပ်မကြီးကို ဦးစီးကာ လိုအပ်သောနေရာကို စစ်ကူပေးရန်
စောင့်ဆိုင်းနေလေသည်။

“လျူဘေ့”(Liu Bei) က “ကောက်ရွှန်း”(Gao Shun) တပ်များချီလာသည်ကြားသော်


အစည်းအဝေးခေါ်ယူတုင
ိပင်သည်။ Sun Qian က “ချောင်ချောင်း”(Cao Cao) ထံ စာပို့အကူအညီတောင်းရန်
အကြံပေးသည်။ “ကျန်းယု”ံ (Jian Yong) က ထိုစာကို ပိ့ေ
ု ပးသည်။ ထို့နောက် ခံစစ်အတွက် ပြင်ဆင်ကြပြီး
“လျူဘေ့”(Liu Bei) က တောင်တံခါး ၊ Sun Qian က မြောက်တံခါး ၊ “ကွမ်းယွီ”(Guan Yu) က အနောက်တံခါး
၊ “ကျန်းဖေး”(Zhang Fei) က အရှေ့တံခါးတွင် စောင့်ကြပ်ကြသည်။ “မီကျူ”(Mi Zhu) နှင့် Mi Fang
ညီအစ်ကိုတ့က
ို “လျူဘေ့”(Liu Bei) မိသားစုအား စောင့်ရှောက်ခိုင်းသည်။ “လျူဘေ့”(Liu Bei) မှာ “မီကျူ”(Mi
Zhu) ၏ညီမကို ယူထားသည့်အတွက် သူတို့ညီအစ်ကိုမှာ ထိုနေရာအတွက် အသင့်တော်ဆုံးဖြစ်သည်။
“ကောက်ရွှန်း”(Gao Shun) သည် တောင်တံခါးသို့ရောက်လာသည်။ “လျူဘေ့”(Liu Bei) က “မင်းအရှင်နဲ့
ဘာပြဿနာမှမရှိဘဲ ဘာလို့စစ်ချီလာတာလဲ။” ဟုမေးရာ “မင်းနဲ့ “ချောင်ချောင်း”(Cao Cao) က ငါ့အရှင်ကို

273
ထိခိုက်ဖ့စ
ီုစဉ်နေလို့ မင်းကို လာဖမ်းတာ။” ဟုဖြေရာ တိုက်ရန် အချက်ပေးသည်။ “လျူဘေ့”(Liu Bei) က
ပြန်မတိုက်ဘဲ တံခါးကိုသာ ပိတ်ဆို့နေလေသည်။
ထိ့ေ
ု နာက် “ကျန်းလျောင်”(Zhang Liao) က အနောက်တံခါးသို့ရောက်လာကာ တိုက်ခိုက်သည်။
မြို့တံတိုင်းပေါ်က “ကွမ်းယွ”ီ (Guan Yu) က “မင်းဟာ မင်းကိုယ်မင်းသူပုန်အတွက်အသုံးချဖို့ မတန်ဘူး။ မင်းဟာ
လူကောင်းပါ။” ဟုပြောသည်။ “ကျန်းလျောင်”(Zhang Liao) လည်း ဘာမှမပြောနိုင်ဘဲ
ခေါင်းငိုက်စိုက်ကျနေသည်။ “ကျန်းလျောင်”(Zhang Liao) တွင် စိတ်နှလုံးကောင်းရှိပြီး
မှန်ကန်မြင့်မြတ်သောစိတ်ရှိကြောင်း “ကွမ်းယွ”ီ (Guan Yu) က သိလေရာ ဘာမှထပ်မပြောချေ။ ထိခိုကြ် ခင်းငှာ
မပြုလို၍ တိုကခ
ိုကြ် ခင်းလည်း မပြုပေ။

“ကျန်းလျောင်”(Zhang Liao) က တပ်ဆုတ်ကာ အရှေ့တံခါးကိုသွားသည်။ “ကျန်းဖေး”(Zhang Fei)


ကထွက်ကာ ရင်ဆိုင်သည်။ ထိုသတင်းကို “ကွမ်းယွ”ီ (Guan Yu) ကြားသော် အမြန်ပြေးလာသည်။
“ကျန်းဖေး”(Zhang Fei) မှာ ထွက်လာပြီး “ကျန်းလျောင်”(Zhang Liao) မှာ ပြန်ဆုတေ
် နပြီဖြစ်သည်။
“ကျန်းဖေး”(Zhang Fei) ကလိုက်လိုသော်လည်း “ကွမ်းယွ”ီ (Guan Yu) က တားသည်။
“ကျန်းဖေး”(Zhang Fei): “သူကြောက်လု့ေ
ိ ပြးပြီ။ လိုက်ဖမ်းဖို့ အကောင်းဆုံးအချိန်ပဲ။”
“ကွမ်းယွ”ီ (Guan Yu): “မဟုတ်ဘူး။ သူရဲကောင်းတစ်ဦးအနေနဲ့ သူက ငါတို့နှစ်ယောက်ထက် မနိမ့်ဘူး။
ငါ့စကားတချို့က သူ့ရင်ထဲဝင်သွားတယ်။ သူနောင်တရလို့ ငါတို့ကို မရင်ဆိုင်တာ။”
“ကျန်းဖေး”(Zhang Fei) လည်း နားလည်ကာ တံခါးကိုသေချာပိတြ် ပီး သေချာစောင့်ကြပ်ရန်မှာလေသည်။
ထိုစဉ် “ကျန်းယုံ”(Jian Yong) မှာ မြို့တော်ရောက်ပြီး “ချောင်ချောင်း”(Cao Cao)
ထံအကြောင်းစုံလျှောက်တင်သည်။ “ချောင်ချောင်း”(Cao Cao) က အစည်းအဝေးခေါ်ကာ “ငါ “လွီပ”ု (Lu Bu)
ကိုတိုက်မယ်။ “ယွမ်ရှောက်”(Yuan Shao) ကိုမကြောက်ပေမဲ့ “ကျန်းရှို့ ”(Zhang Xiu) နဲ့
“လျူပြောင်း”(“လျူပြောင်း”(Liu Biao)) ဝင်တိုကမ
ှ်ာ စိုးတယ်။” ဟုဆိုလေသည်။
“ရွှင်ယို”(Xun You): “သူတို့ ၂ ယောက်က ရှုံးနိမ့်ထားလို့ ဘာမှ အလောတကြီးလုပ်ရဲမှာမဟုတ်ဘူး။ “လွီပ”ု (Lu
Bu) ကတော့ ကြောက်စရာကောင်းတဲ့လူပဲ။ သူသာ “ယွမ်စ”ု (Yuan Shu)

နဲ့ပေါင်းပြီး Huai မြစ်နဲ့ Si မြစ်ကို သိမ်းလိုက်ရင် ပြဿနာကြီးလာပါမယ်။”


“ကောကျား”(Guo Jia): “သူတု့ဘ
ိာမှမပြင်ဆင်ရသေးခင် ဝင်တိုက်ကြမယ်။”

သိ့န
ှုင့် “ရှဟုတ
ွိန်း”(Xiahou Dun) ၊ “ရှဟိုယမ
ွ ”် (Xiahou Yuan) ၊ Lu Qian နှင့် Li Dian တို့ကို စစ်သည် ၅
သောင်းစီဖြင့် ချီတက်ခိုင်းသည်။ “ချောင်ချောင်း”(Cao Cao) ကပင်မတပ်ကို ဦးစီးကာ “ကျန်းယုံ”(Jian Yong)
ကို နောက်ချန်အဖြစ်လုက
ိခိုင်းသည်။
ထိုသတင်းကို “ကောက်ရွှန်း”(Gao Shun) ကြားသော် “လွီပု”(Lu Bu) ကို သတင်းပို့သည်။ “လွီပု”(Lu Bu) က
Hou Cheng ၊ “ချောင်ရှင်း”(Cao Xing) နှင့် He Meng တိ့က
ို မြင်းစီးစစ်သည် ၂၀၀ နှင့် စစ်ကူလွှတ်လိုကသ
် ည်။
“ကောက်ရွှန်း”(Gao Shun) သည် Xiaopei မှ ၁၀မိုင်အကွာတွင် စခန်းချထားလေသည်။
“လျူဘေ့”(Liu Bei) က ရန်သူများဆုတသ
်ွားသည်ကိုမြင်သော် “ချောင်ချောင်း”(Cao Cao)

274
ရောက်လာမှန်းသိလေသည်။ ထိ့ေ
ု ကြာင့် မြို့ကို ကာကွယ်ရန် အစီအစဉ်များချကာ မြို့မှ ထွက်၍ စခန်းချပြီး
စစ်ကူပေးရန် နေလေသည်။
“ရှဟိုတန
ွ်း”(Xiahou Dun) ၏တပ်များက ရန်သူနှင့် အရင်ရင်ဆိုင်မိသည်။ “ရှဟိုတန
ွ်း”(Xiahou Dun) က
လှံကိုင်ကာ စိန်ခေါ်သည်။ “ကောက်ရွှန်း”(Gao Shun) က လက်ခံကာ အချက် ၅၀ မျှတိုကြ် ကသည်။
“ကောက်ရွှန်း”(Gao Shun) အရေးနိမ့်လာပြီး လှည့်ပြေးလေသည်။ “ရှဟုတ
ွိန်း”(Xiahou Dun)
သည်ကြောက်တတ်သူမဟုတ်၍ ရန်သူစည်းအတွင်းထိ လိုက်လံတိုကခ
ိုက်လေသည်။ ထိုစဉ် “ချောင်ရှင်း”(Cao
Xing) ပစ္လိုကေ
် သာမြားက “ရှဟုတ
ွိန်း”(Xiahou Dun) ၏ဝဲဖက်မျက်စိကို မှန်လေသည်။
ကျယ်လောင်စွာအော်ဟစ်ကာ ခေါင်းကိုမော့ပြီး မြားကိုဆွဲထုတ်လေရာ မျက်လုံးပါ ပါလာလေသည်။ “ငါ့အဖေရဲ့
အမွေ ၊ ငါ့အမေရဲ့ သွေး ၊ ဒါကို လွှင့်မပစ်နိုင်ဘူး။” ဟုဆိုကာ ပါးစပ်ထဲထည့်ပြီး မြိုချလေသည်။

ထိ့ေ
ု နာက် လှံကို တင်းတင်းဆုပ်ကိုင်ကာ ရန်သူသစ်ဆီပြေးသွားသည်။ “ချောင်ရှင်း”(Cao Xing) မှာ
ပြေးလမ်းမရှိတော့ချေ။ မျက်နှာကို လှံဖြင့် အထိုးခံရကာ သေလေသည်။ နှစ်ဖက်စလုံးမှာ အံ့သြ
ကြက်သေသေနေကြသည်။ ရန်သူကို ချေမှုန်းပြီးသော် ပြန်လာလေသည်။ “ကောက်ရွှန်း”(Gao Shun) က
လိုက်လံတိုက်လိုကသ
် ဖြင့် ထိုနေ့ကို နိုင်လိုက်လေသည်။ “ရှဟိုယမ
ွ ”် (Xiahou Yuan) က သူ၏အစ်ကိုကို
ကာကွယ်ရင်း ဆုတ်လေသည်။ Lu Qian နှင့် Li Dian တို့က စစ်ကြောင်းများစွာခွဲကာ Ji Bei တွင် စခန်းချသည်။
“ကောက်ရွှန်း”(Gao Shun) လည်းအနိုင်ရသဖြင့် “လျူဘေ့”(Liu Bei) ကိုတိုက်ခိုက်ရန် ပြန်သွားသည်။ ထိုစဉ်
“လွီပ”ု (Lu Bu) နှင့် “ကျန်းလျောင်”(Zhang Liao) ရောက်လာပြီး ညီအစ်ကိတ
ု စ်ယောက်စီနှင့်
တိုက်ခိုက်လေသည်။

*Silver~K~*

275
အခန်း(၁၉) ရှဖီတွင် ချောင်ချောင်း(Cao Cao) စစ်ခင်းခြင်း။ အဖြူရောင်တံခါးမျှော်စင်တွင် လွီပ(ု Lu
Bu) ကျဆုံးခြင်း

ရှေ့တစ်ခန်းတွင် ဖော်ပြထားသည့်အတိုင်း "ကောက်ရွှန်း"(Gao Shun) နှင့် "ကျန်းလျောင်"(Zhang Liao)


တို့သည် "ကွမ်းယွ"ီ (Guan Yu) နှင့်တိုကရ
် န်ပြင်ပြီး "လွီပု"(Lu Bu) က "ကျန်းဖေး"(Zhang Fei) ကို
တိုက်လေသည်။ ညီအစ်ကိုနှစ်ဦးလုံးထွက်တိုက်ကြပြီး "လျူဘေ့"(Liu Bei) သည် အရံအနေဖြင့် ရှိခဲ့သည်။
သို့သော် "လွီပု"(Lu Bu) သည် နှစ်ယောက်လုံးကို အနောက်မှဝင်၍တိုက်လေရာ ညီအစ်ကုသ
ိုံးယောက်တို့
တပ်ဆုတ်ရလေသည်။ "လျူဘေ့"(Liu Bei) သည် မြင်းတပ်အနည်းငယ်နှင့်အတူ ရှောင်ဖေသို့
ဝင်ရန်ပြုသည်။ "လွီပု"(Lu Bu) သည်လည်း နောက်မှ တရကြမ်းလိုက်လာလေရာ
မြို့ရိုးပေါ်မှစစ်သားတို့သည် မြားဖြင့် ပစ်ရန်ကြံသော်လည်း သူတို့ ၏ သခင်ကိုပါ ထိသွားမည်စိုးရိမ်သဖြင့်
မပစ်ပဲနေရာ "လွီပ"ု (Lu Bu) ပါ မြို့အတွင်းဝင်ရောက်လာသည်။

"လျူဘေ့"(Liu Bei) သည် အခြေအနေမဟန်သဖြင့် သူ့အိမ်တော်သို့ပင် မဝင်နိုင်ပဲ


နောက်လိုကအ
် နည်းငယ်နှင့် အနောက်တံခါးမှ ခြေသုတ်သင်ပြေးရလေသည်။ "လွီပု"(Lu Bu) သည်
အိမ်တော်သို့ ရောက်သော် "မီကျူ"(Mi Zhu) နှင့် တွေ့ရာ "မီကျူ"(Mi Zhu) မှ

"သူရဲကောင်းဆိုတာ ကိုယ့်ရန်သရ
ဲူ့မိသားစုကို ဒုကမ
္ခ ပေးဘူး။ ခင်ဗျားရဲ့ရန်သူအစစ်အမှန်က
ချောင်ချောင်း(Cao Cao) ပဲ။ ကျွန်တော့်သခင်ကြီးကတော့ မတတ်သာလို့သာ ချောင်ချောင်း(Cao Cao)
နဲ့ပေါင်းရတာမို့ သူ့အပေါ် ခင်ဗျား နားလည်နိုင်မယ်လို့ ထင်ပါတယ်" ဟု ပြောလေသည်။

"လွီပု"(Lu Bu) : "သူနဲ့ ကျုပ်နဲ့ က သူငယ်ချင်းဟောင်းတွေပဲ။ သူ့ဇနီးနဲ့သားသမီးတွေကို


ရန်ပြုစရာအကြောင်း မရှိပါဘူး"

ထို့နောက် ထိုမိသားစုဝင်တို့ ကို မီကျူနှင့်အတူ ရွှီကျိုးသို့ ပို့ကာ စောင့်ရှောက်စေသည်။ ထို့ နောက်


စစ်တပ်တို့ ကို ဟွာရှန်းတောင်မှ ရန်ကျိုးသို့ ပြောင်းကာ ရှောင်ဖေကိုမူ "ကောက်ရွှန်း"(Gao Shun) နှင့်
"ကျန်းလျောင်"(Zhang Liao) တို့အားစောင့်ကြပ်စေသည်။

ထိုအရှုပ်အထွေးများကြားဝယ် "စွန်းချန်"(Sun Qian) သည်လည်း မြို့ထဲမှ အပြင်သို့ထွက်ပြေးသွားသည်။


"ကွမ်းယွ"ီ (Guan Yu) နှင့် "ကျန်းဖေး"(Zhang Fei) တို့သည်လည်း စစ်သားအနည်းငယ်နှင့်
တောင်ကုန်းများဘက်သို့ ရောက်သွားသည်။ "လျူဘေ့"(Liu Bei) သည်လည်း စစ်သားအနည်းငယ်တို့ဖြင့်
ထွက်ပြေးရာ နောက်မှ လူတစ်ယောက်လိုက်လာသဖြင့် ကြည့်လိုက်ရာ ထိုသူမှာ "စွန်းချန်"(Sun Qian)
ဖြစ်နေသည်။

276
"လျူဘေ့"(Liu Bei) : "ငါ့ညီတွေလည်း ဘယ်လိုအခြေအနေရှိနေလည်း မသိဘူး။
ဇနီးနဲ့သားသမီးတွေကိုလည်း ထားခဲ့ရပြီ။ ငါဘာလုပ်နိုင်မလဲ?"

"စွန်းချန်"(Sun Qian) : "ချောင်ချောင်း(Cao Cao) ဆီသွားပြီး ဘာဆက်လုပ်ရမလည်းဆိုတာ


ကြည့်ကြတာပေါ့"

"လျူဘေ့"(Liu Bei) တွင်လည်း ထို့ထက်ကောင်းသောအကြံမရှိလေသဖြင့် နှစ်ဦးသား


ရွှီချန်သို့ ခရီးနှင်ကြသည်။ လမ်းတွင်အစားအစာမလုံမလောက်ဖြစ်လေရကား နီးစပ်ရာရွာတစ်ရွာသို့ ဝင်ပြီး
အကူအညီတောင်းရသည်။ ထိုအကူအညီလုသ
ိုမှာ ယွီကျိုးမှ "လျူဘေ့"(Liu Bei) မှန်းသိသောအခါ
သူ့ထက်ငါဆိုသလို အလုအယက်ပင် အကူအညီပေးကြသည်။

တစ်နေ့သော် "လျူအန်း"(Liu An) ဟူသော လူရွယ်လေး၏ အိမ်တွင် တည်းခိုလေသည်။ ထိုသူသည်


အင်မတန်ရိုကျိုးပြီး အမဲလုက
ိမုဆိုး မိသားစုမှ ဆင်းသက်လာသူဖြစ်သည်။ သူသည် ဧည့်သည်တို့အတွက်
ထမင်း၊ဟင်းတို့ဖြင့် တည်ခင်းရန်လုပ်သော်လည်း အိမ်တွင်ဘာမှမရှိ၊ သို့နှင့် သူ့အမျိုးသမီးကို သတ်ကာ
ဟင်းချက်လေသည်။ "လျူဘေ့"(Liu Bei) မှ "ဘာအသားလည်း" ဟုမေးရာ "မြေခွေးသား" ဟု
ပြန်ဖြေလေသည်။

"လျူဘေ့"(Liu Bei) လည်း စားလိုက်လေသည်။ နောက်ရက် နေထွက်သော် ထွက်ရန်ပြင်လေရာ


မြင်းဇောင်းသို့ အသွား၊ မီးဖိုချောင်အတွင်းမှ အမျိုးသမီးတစ်ဦး၏ အလောင်းကို လှမ်းမြင်လိုက်သည်။
ထို့အပြင် ထိုအမျိုးသမီး၏လက်တစ်ချောင်းကိုလည်း အဖြတ်ခံထားရသည်။ ၎င်းအကြောင်းကို
မေးပြီးနောက် အကြောင်းစုံသေ
ိ လသော် ဝမ်းနည်းခြင်းကြီးစွာဖြစ်လေသဖြင့် ငိုကြွေးလေသည်။

"လျူအန်း"(Liu An) : "ကျွန်တော်လည်း ခင်ဗျားတို့ နဲ့ လိုက်ချင်တာ အမေကြီးရှိနေလို့ ငဲ့ညာနေရတာပါ"

277
ထို့နောက် "လျူဘေ့"(Liu Bei) သည် ထိုသူ့ ကို ကျေးဇူးတင်ပြီး ခရီးထွက်သည်။ လျန်ချန်သို့ရောက်သော်
စစ်တပ်ကြီးတစ်တပ်ကို တွေ့ရာ ထိုစစ်တပ်မှာ "ချောင်ချောင်း"(Cao Cao) ၏ စစ်တပ်ဖြစ်နေသည်။
"ချောင်ချောင်း"(Cao Cao) သည် "လျူဘေ့"(Liu Bei) ၏ ရှုံးနှိမ့်မှုအကြောင်းကို ကြားလျှင် ငိုကြွေး၏။
ထို့နောက် "လျူဘေ့"(Liu Bei) ကို ကူညီခဲ့သော လူရွယ်မုဆိုးကို ငွေသားတစ်ရာ ဆုချစေသည်။

ထိုစစ်တပ်ကြီးသည် ကျိပေသို့ ချီတက်ရာ ရောက်သော် "ရှဟိုယမ


ွ်"(Xiahou Yuan) က ကြိုဆိုသည်။
"ရှဟုတ
ွိန်း"(Xiahou Dun) မှာ မျက်လုံးဒဏ်ရာ မသက်သာသေးသဖြင့် ထိုလန
ူာကို "ချောင်ချောင်း"(Cao
Cao) ကိုယတ
ိုင်သွားကြည့်ကာ ရွှီချန်သို့ပို့စေပြီး အကောင်းဆုံးသော သမားတော်တို့ နှင့် ကုသစေသည်။

ထိုအချိန်တွင် အထောက်တော်တို့ရောက်လာကာ

"လွီပု(Lu Bu) ဟာ အရှေ့ဘက်က သူပုန်တွေနဲ့ပူးပေါင်းပြီး ရန်ကျိုးကိုတိုကေ


် နပါပြီ" ဟု သတင်းပို့ သည်။

"ချောင်ချောင်း"(Cao Cao) သည် "ချောင်ရန်"(Cao Ren) အား စစ်သားသုံးထောင်နှင့်အတူ


ရှောင်ဖေသို့သွားစေသည်။ သူကိုယ်တိုင်မှာမူ "လျူဘေ့"(Liu Bei) နှင့်အတူ "လွီပ"ု (Lu Bu) အားတိုက်ရန်
ချီတက်လေသည်။

မန်တန်တောင်ကုန်းနားအရောက်ဝယ် သူပုန်တပ်သုံးသောင်းတို့ က လမ်းပိတ်ထားသည်။ သို့သော်


"ရွှီချူ"(Xu Chu) က အလွယ်တကူပင် တိုကထ
်ုတန
ိုင်လုက
ိသည်။

ထိုသတင်းကို အထောက်တော်တို့မှတဆင့် "လွီပု"(Lu Bu) ကြားလျှင် ရွှီကျိုးကို "ချန်ကွေး"(Chen Gui)


လက်တွင်အပ်ထားခဲ့ပြီး "ချန်တန်"(Chen Deng) နှင့် ထွကေ
် လသည်။ မထွကခ
် င်တွင် "ချန်ကွေး"(Chen
Gui) မှ "ချန်တန်"(Chen Deng) ကို

"ချောင်ချောင်း(Cao Cao) က အရှေ့ဘက်ကို ငါတို့လက်ထဲ အပ်ထားခဲ့တယ်။ အခုတော့ လွီပု(Lu Bu)


ကျဆုံးဖို့ အချိန်တန်ပြီ" ဟု တိတတ
် ဆိတ် မှာကြားသည်။

"အဖေ၊ အပြင်က ကိစ္စကို ကျွန်တော် ကြည့်လုပ်ပါ့မယ်၊ ဒါပေမယ့် လွီပု(Lu Bu) စစ်ရှုံးပြီးပြန်လာရင်


သူ့ကိုမြို့ထဲဝင်လို့မရအောင် မီကျူ(Mi Zhu) နဲ့ ပေါင်းပြီး ကြံစည်ပါ။
ကျွန်တော်ထွက်ပြေးဖို့နည်းလမ်းရှာပါ့မယ်"

"သူ့မိသားစုကော၊ မိတ်ဆွေတွေကောက ဒီမှာလေ။ အဲ့ဒါကျတော့ကော"

"သူတို့နဲ့ပတ်သတ်ပြီး ကျွန်တော့်မှာ အကြံရှိပါတယ်"

ထို့နောက် "ချန်တန်"(Chen Deng) သည် "လွီပု"(Lu Bu) နှင့် သွားတွေ့ကာ

278
"ရႊီက်ိဳးကို လက္ရွိရန္သေ
ူ တွက ဝန်းရံထားတယ်။ ဒါကြောင့် အရေးကြုံရင်
ရှောင်တိမ်းဖို့အဆင်သင့်ပြင်ထားရမယ်။ ရှဖီမှာ ဆန်စပါးနဲ့ ငွေကြေးတွေစုဆောင်းပြီး
အခြေအနေမကောင်းရင် အဲ့ကို တိမ်းရှောင်လို့ ရတာပေါ့" ဟု ဆိုလေသည်။

"မင်းအကြံက သင့်လျော်တယ်။ ငါ့မိန်းမနဲ့ မိသားစုတွေကိုပါ အဲ့ကို ပို့ထားမယ်"

ထို့နောက် "လွီပ"ု (Lu Bu) သည် သူ၏မိသားစုတို့ ကို "ဝေရွှီ"(Wei Xu) နှင့် "စုန်းရှန်"(Song Xian)
တို့အားစောင့်ကြပ်စေပြီး အဖိုးတန်ပစ္စည်းတို့ နှင့်အတူ ပို့လေသည်။

"လွီပု"(Lu Bu) နှင့်အတူ ချီတက်ရာ လမ်းတစ်ဝက်တွင် "ချန်တန်"(Chen Deng) သည်


သူအရင်သွားနှင့်မည်ဟုဆိုကာ ထွက်သွားသည်။ ထို့ နောက် ခံတပ်တွင် စောင့်ကြပ်နေသော
"ချန်ကန
ုး"(Chen Gong) ထံသွားကာ

"စစ်သူကြီးက အကြံပေးဘာကြောင့် စစ်မချီရသလဲလို့ တွေးနေတယ်။ ဒါကြောင့် ကျွန်တော့်ကို လွှတြ် ပီး


စုံစမ်းခိင
ုးတာပါ" ဟု ပြောသည်။

"ရန်သူ့ အင်အားက ကြီးလွန်းတဲ့အတွက် ဂရုစိုက်နေရတာပါ။ ငါတို့ က ခံတပ်ကို ထိန်းထားတဲ့အတွက်


စစ်သြူ ကီးကို ရှောင်ဖေကိုသာ စောင့်ကြပ်ပါလို့ ပြောလိုက်ပါ"

"အကြံပေးပြောတာ သင့်တော်ညီညွတပ
်ါပေတယ်"

ထိုညနေဝယ် "ချန်တန်"(Chen Deng) သည် "ချောင်ချောင်း"(Cao Cao) ၏စခန်းကို


လှမ်းမြင်နိုင်လောက်သောနေရာမှ စာတိုသုံးခုကိုမြားတွင်ချီကာ လှမ်းပစ်လုက
ိသည်။

နောက်တစ်ရက်ဝယ် "ချန်တန်"(Chen Deng) သည် "လွီပု"(Lu Bu) ထံ အလျင်အမြန်သွားကာ

"သူပုန်တွေကြောင့် ခံတပ်က ရန်သူ့လက်ထဲကျပါတော့မယ်။ ဒါပေမယ့် ချန်ကုန်း(Chen Gong) ကိုတော့


ခုခံခိုင်းထားတယ်။ ဒီညမြန်မြန်သွားတိုက်သင့်တယ်" ဟု ပြောသည်။

"မင်းကြောင့်သာ မဟုတ်ရင် ခံတပ်ကျတော့မယ်"

ထို့နောက် ထိုအကြောင်းကို "ချန်ကုန်း"(Chen Gong) အားပြောရန် "ချန်တန်"(Chen Deng) ကို


လွှတ်လိုက်သည်။ "ချန်တန်"(Chen Deng) သည် "ချန်ကုန်း"(Chen Gong) ထံသွားကာ

"ချောင်ချောင်း(Cao Cao) ရဲ့တပ်တွေက လျှို့ဝှက်လမ်းကိုတွေ့သွားပြီး ခံတပ်ကို


ဖြတ်ကျော်သွားတဲ့အတွက် ရွှီကျိုးကျပါတော့မယ်။ ဒါကြောင့် နောက်ကိုမြန်မြန်ဆုတ်သင့်တယ်" ဟု
ပြောသည်။

279
သို့နှင့် "ချန်ကုန်း"(Chen Gong) လည်း ခံတပ်ကုစ
ွိန့်ကာ တပ်ဆုတ်သည်။ ထို့နောက် "ချန်တန်"(Chen
Deng) က အချက်ပြမီးကိုလွှတ်လိုက်ရာ "လွီပု"(Lu Bu) သည် တိုကရ
် န်ချီတက်လာသည်။ "လွီပု"(Lu Bu)
သည် အမှောင်ထဲမှ ခံတပ်မှ စစ်တပ်တို့ထွက်လာသည်ကုေ
ိ တွ့ရာ ရန်သူ့ တပ်အမှတ်နှင့် တိုကေ
် လသည်။
"ချန်ကန
ုး"(Chen Gong) ဘက်မှလည်း "လွီပု"(Lu Bu) တပ်မှန်းမသိသဖြင့်
သဲကြီးမဲကြီးတိက
ုြ် ကလေသည်။ မိုးစင်စင်လင်းသော်အခါမှ ကိုယ့တ
် ပ်ကိုယ်တိုကေ
် နမှန်း သိကြကာ စစ်ပွဲကို
ရပ်တန့်လိုက်သည်။

ထိုအချိန်တွင် "ချောင်ချောင်း"(Cao Cao) သည် ခံတပ်ကို ဝင်တိုက်လေရာ ခံတပ်ထဲမှ သူပုန်တို့ မှာ


မခုခံနိုင်သဖြင့် ခံတပ်ကျလေသည်။

ခံတပ်ကျသွားလေသဖြင့် "ချန်ကုန်း"(Chen Gong) နှင့် "လွီပ"ု (Lu Bu) တို့သည် ရွှီကျိုးသို့ သွားသည်။
ရွှီကျိုးသို့ရောက်သောအခါ မြို့အတွင်းမှ မြို့တံခါးမဖွင့်ပေးပဲ မြားတို့ဖြင့် ဆီးပစ်လေ၏။ ထိုအချိန်တွင်
တံတိုင်းပေါ်မှ "မီကျူ"(Mi Zhu) ပေါ်လာကာ

"ခင်ဗျားက ကျုပ်တို့ သခင်ကြီးဆီက မြို့ကို ခိုးသွားခဲ့တယ်၊ ဒါကြောင့် သခင်ကြီးကို မြို့ပြန်ပေးဖို့ ဒီမြို့ကို


ကျုပ်တို့ သိမ်းလိုက်တာ" ဟု ပြောသည်။ "လွီပ"ု (Lu Bu) မှ ဒေါသတကြီးဖြင့်

"ချန်ကွေး(Chen Gui) ဘယ်ရောက်သွားလည်း" ဟု မေးသည်။

"ကျုပ်တို့ သူ့ကိုသတ်လိုကြ် ပီ"

ထို့နောက် "လွီပု"(Lu Bu) သည် "ချန်ကုန်း"(Chen Gong) နောက်သို့ လှည့်ကာ

"ချန်တန်(Chen Deng) ကော" ဟု မေးသည်။

"အဲ့လို သစ္စာမရှိတဲ့ကောင်က ဒီမှာ ဘယ်ရှိတော့မလဲ"

"ချန်တန်"(Chen Deng) ကို ရှာဖွေသော်လည်း လုံးဝရှာမတွေ့၊ သို့ နှင့် နောက်ဆုံးတွင် ရှောင်ဖေသို့


ချီတက်ရန်ပြင်သည်။ ထိုအချိန်တွင်ပင် "ကောက်ရွှန်း"(Gao Shun) နှင့် "ကျန်းလျောင်"(Zhang Liao)
တို့သည် စစ်တပ်တို့ကို ချီတက်ကာ ရောက်လာသည်။ သူတို့ နှစ်ဦးက

"ချန်တန်(Chen Deng) က ကျွန်တော်တို့ ဆီလာပြီး စစ်သူကြီးကို ရန်သူတွေ ဝန်းရံခံနေရတယ်လို့ ဆိုလို့


အကူအညီပေးဖို့ ရောက်လာတာပါ" ဟု ပြောသည်။

"လွီပု"(Lu Bu) : "အဲ့ကောင်လှည့်စားသွားပြန်ပြီ၊ သူ့ကို တွေ့ရင် အသေသတ်ပစ်မယ်"

280
ထို့နောက် ရှောင်ဖေသို့ တရကြမ်းချီတက်သည်။ အလာကောင်းသော်လည်း အခါနှောင်းသွားချေပြီ။
ရှောင်ဖေကို "ချောင်ရန်"(Cao Ren) ၏ တပ်က သိမ်းလိုက်ချေပြီ။

"လွီပု"(Lu Bu) သည် မြို့ပြင်မှ ထိုသစ္စာဖောက်ကို ကြုံးဝါးနေချိန်တွင် မြို့ရိုးပေါ်မှ "ချန်တန်"(Chen Deng)


ပေါ်လာကာ

"ကျုပ်လို ဟန်တိုင်းပြည်ရဲ့အမှုထမ်းက ခင်ဗျားလို သူပုန်လက်အောက်မှာ အမှုထမ်းမယ်လို့ ထင်လား" ဟု


ဆိုလေသည်။

"လွီပု"(Lu Bu) သည် ဒေါသထွကက


်ာ တိုက်မည်ပြုသော်လည်း အနောက်ဘက်မှ "ကျန်းဖေး"(Zhang Fei)
ဦးဆောင်သော စစ်တပ်ရောက်လာသည်၊ "ကောက်ရွှန်း"(Gao Shun) က ယှဉ်တိုက်သော်လည်း
အခြေအနေမကောင်းပေ။ မကြာမီပင် "ချောင်ချောင်း"(Cao Cao) ဦးဆောင်သော တပ်ကြီးပါရောက်လာရာ
"လွီပု"(Lu Bu) သည် အခြေအနေမဟန်သဖြင့် အရှေ့ဘက်သို့ တပ်ဆုတ်လေသည်။ "ချောင်ချောင်း"(Cao
Cao) မှလည်း နောက်မှလိုက်သည်။ ထိုစဉ်တင
ွ်ပင် "လွီပု(Lu Bu) မပြေးနဲ့၊ ငါ ကွမ်းယွီ(Guan Yu) လာပြီ"
ဟူသောအသံဖြင့် "ကွမ်းယွ"ီ (Guan Yu) ၏ စစ်တပ်ရောက်လာသည်။

"လွီပု"(Lu Bu) ကလည်း "ကွမ်းယွ"ီ (Guan Yu) တပ်နှင့် တိုကြ် ပန်သည်။ ထိုအချိန်တွင်
"ကျန်းဖေး"(Zhang Fei) တပ်မှီလာရာ "လွီပု"(Lu Bu) သည် ရန်သူ့ တပ်ကိုဖောက်ပြီး ရှဖီသို့ ပြေးသည်။
ရှဖမ
ှီ "ဟိုချန်"(Hou Cheng) သည် ရန်သူတို့ကို ဟန့်တားလိုက်ပြီး "လွီပု"(Lu Bu) တို့ ကို မြို့တွင်းသို့
ကြိုဆိုသည်။

ညီအစ်ကိုနှစ်ဦးဖြစ်သော "ကွမ်းယွီ"(Guan Yu) နှင့် "ကျန်းဖေး"(Zhang Fei) တို့ပြန်တွေ့ကြလေရာ


သူတို့ နှစ်ဦးသည်ကြုံတွေ့ခဲ့ရသည်တို့ ကို ပြောသည်။

"ကွမ်းယွ"ီ (Guan Yu) : "ငါ ဟိုင်ကျိုးလမ်းမှာရောက်တဲ့အချိန် မင်းသတင်းကို ကြားလို့ ဒီကို


အပြေးလိုက်လာတာ"

"ကျန်းဖေး"(Zhang Fei) : "ကျွန်တော် မန်တန်တောင်ကုန်းမှာ စခန်းချတာ ကြာပြီ။ အခုလိုပြန်တွေ့တာ


ဝမ်းသာတယ်"

ထိုသို့ စကားပြောကြပြီးနောက် သူတို့ နှစ်ဦးသည် "လျူဘေ့"(Liu Bei) နှင့် သွားတွေ့သည်။


"လျူဘေ့"(Liu Bei) သည် သူတို့ညီနောင်တို့ပြန်ဆံရ
ု သည့်အတွက် ဝမ်းနည်း၊ဝမ်းသာဖြစ်လေသည်။
ထို့နောက် ညီအစ်ကိုသုးံ ဦးတို့ သည် "ချောင်ချောင်း"(Cao Cao) နှင့်အတူ ရွှီကျိုးမြို့အတွင်းသို့
ဝင်ကြသည်။

281
"မီကျူ"(Mi Zhu) က "လျူဘေ့"(Liu Bei) တို့ ကို ကြိုဆိုပြီး သူတို့၏
မိသားစုဘေးကင်းကြောင်းပြောသည်။ ထို့ နောက် အောင်ပွဲခံရာ "ချောင်ချောင်း"(Cao Cao) ၏ ဝဲ၊ယာတွင်
"လျူဘေ့"(Liu Bei) နှင့် "ချန်ကွေး"(Chen Gui) တို့က ထိုင်သည်။ "ချောင်ချောင်း"(Cao Cao) သည်
ချန်(Chen) သားအဖတို့၏ လုပ်ဆောင်မှုကို ချီးမွမ်းကာ ရွာဆယ်ရွာကို အပိုင်စားပေးသည်။
သားဖြစ်သူကုလ
ိ ည်း စစ်သူကြီးဘွဲ့ပေးအပ်သည်။

"ချောင်ချောင်း"(Cao Cao) သည် အောင်မြင်မှုအတွက် ကျေနပ်စွာဖြင့် ရှဖီသို့ ချီတက်ရန်ပြင်သည်။

"ချန်ယ"ွီ (Cheng Yu) မှ

"လွီပု(Lu Bu) သာ တအားချောင်ပိတသ


်ွားရင် ကျွန်တော်တို့ရဲ့မဟာရန်သူဖြစ်တဲ့ ယွမ်စ(ု Yuan Shu) နဲ့
ပူးပေါင်းနိုင်တယ်၊ ဒါကြောင့် သူတို့ နှစ်ဦးမပူးပေါင်းအောင် ဟွိုင်မြစ်ရဲ့တောင်ဘက်ကို
လူလွတ်ပြီးစောင့်ကြပ်ထားသင့်တယ်။ တစ်ဖက်မှာ လွီပ(ု Lu Bu) ၊ တစ်ဖက်မှာ ယွမ်စ(ု Yuan Shu) ကို
ထိန်းထားနိုင်ရမယ်၊ ဒါ့အပြင် ဟွာရှန်းက သူပုန်တွေကလည်း ရန်သူတွေမို့ သူတို့ ကို သတိထားရမယ်" ဟု
ဆိုသည်။

"ချောင်ချောင်း"(Cao Cao) : "ဟွာရှန်းတောင်ကိစ္စက ငါ ရှင်းလို့ ရတယ်၊ တောင်ပိုင်းကိုတော့ လျူဘေ့(Liu


Bei) ကိုပဲ လွှဲရမယ်"

"လျူဘေ့"(Liu Bei) : "ဝန်ကြီးချုပ် အမိန့်အတိုင်းလုပ်ပါ့မယ်"

ထို့နောက် "လျူဘေ့"(Liu Bei) သည် "မီကျူ"(Mi Zhu) နှင့် "ကျန်းယု"ံ (Jian Yong) ကို
ရွှီကျိုးတွင်ထားကာ "ကွမ်းယွ"ီ (Guan Yu)၊ "ကျန်းဖေး"(Zhang Fei) နှင့် "စွန်းချန်"(Sun Qian) တို့ကို
ခေါ်ပြီး တောင်ပိုင်းသို့ချီတက်သည်။ "ချောင်ချောင်း"(Cao Cao) ကမူ ရှဖီသို့ ချီတက်လေသည်။

"လွီပု"(Lu Bu) သည် ရှဖီ၏ခံတပ်တို့ကို စိတ်ချလေရကား "ချောင်ချောင်း"(Cao Cao) ကို


လမ်းမှဖြတ်မတိုက်ပဲနေသည်။

"ချန်ကန
ုး"(Chen Gong) မှ တိုကရ
် န်အကြံပေးသော်လည်း "လွီပု"(Lu Bu) သည် အကြံကိုမလိုက်နာပဲ
နေလေ၏။

သို့နှင့် "ချောင်ချောင်း"(Cao Cao) ၏ စစ်တပ်ကြီးသည် မြို့အနီးသို့ ရောက်လာလေပြီ။

"ချောင်ချောင်း"(Cao Cao) မှ "လွီပု"(Lu Bu) ကို

282
"မင်းနဲ့မင်းမိသားစုတွေဟာ ယွမ်စု(Yuan Shu) နဲ့ပူးပေါင်းမယ်လို့ သတင်းကြားတယ်၊ ယွမ်စု(Yuan Shu)
က တိုင်းပြည်ရဲ့သစ္စာဖောက်၊ မင်းကတော့ တုန်ကျိုး(Dong Zhuo) ကို သတ်ခဲ့တဲ့စွမ်းဆောင်မှုရှိတယ်၊
အဲ့လိုလူမျိုးနဲ့ ပူးပေါင်းမလို့လား? မြို့ကျမှ နောင်တရရင် တအားနောက်ကျသွားပြီ။ ဒါပေမယ့်
အခုလက်နက်ချရင်တော့ မင်းရာထူးရော အသက်ပါချမ်းသာပေးမယ်" ဟု ဆိုသည်။

"လွီပု"(Lu Bu)" : "ဝန်ကြီးချုပ်သာ စစ်တပ်ကိုနောက်ဆုတေ


် ပးရင် ကျုပ်တို့ ဒီကိစ္စကို ဆွေးနွေးတာပေါ့"

သို့သော် သူ့သခင်နားတွင် ရပ်နေသော "ချန်ကုန်း"(Chen Gong) က မြားဖြင့် လှမ်းပစ်ရာ


"ချောင်ချောင်း"(Cao Cao) ၏ ခမောက်သို့စိုက်သွားသည်။

"ချောင်ချောင်း"(Cao Cao) က "ချန်ကုန်း"(Chen Gong) ကို လက်ညှိုးထိုးကာ

"အနည်းဆုံး မင်းကိုတော့ သတ်ပစ်မယ်" ဟု ဆိုလေသည်။ သို့နှင့် ရန်သူတို့သည် မြို့ကို စတိုက်ကြသည်။

"ချန်ကန
ုး"(Chen Gong) : "ရန်သူတွေက အဝေးကချီတက်လာတာဖြစ်တဲ့အတွက်
အကြာကြီးမတိုက်နိုင်ဘူး ၊ စစ်သြူ ကီးက စစ်သားတွေကို ဦးဆောင်ပြီး ထွကတ
ိုက်ပါ၊ ကျွန်တော်က
ကျန်တဲ့စစ်သားတွေနဲ့မြို့ကို ကာကွယ်ပါ့မယ်၊ ရန်သူက စစ်သူကြီးကိုတုက
ိရင် ကျွန်တော်ထွကလ
်ာပြီး
သူတို့ ရဲ့တပ်ဖျားကိုတိုကမ
် ယ်၊ မြို့ကိုတိုက်ရင်တော့ စစ်သူကြီးက သူတို့ စစ်တပ်ကို တိုကန
ိုင်ပါတယ်။
ဆယ်ရက်အတွင်းမှာ သူတို့ စားနပ်ရိက္ခာကုန်ပြီး တပ်ပြန်ခေါက်ရပါလိမ့်မယ်"

"လွီပု"(Lu Bu) : "ဒီအကြံကောင်းတယ်"

ထို့နောက် "လွီပ"ု (Lu Bu) သည် သူ့အိမ်တော်သို့ပြန်ပြီး လက်နက်တို့ကိုယူရာ ဇနီးဖြစ်သူ


ရန်အမျိုးသမီးက ဘယ်လို့သွားမည်နည်းဟု မေးရာ "လွီပ"ု (Lu Bu) မှ "ချန်ကုန်း"(Chen Gong) ၏
အကြံအစည်ကို ပြောလိုက်သည်။ ထိုအခါ ထိုအမျိုးသမီးက

"ရှင်က ဇနီးနဲ့သားသမီးတွေကို ထားခဲ့ပြီး မြို့ပြင်ထွက်မလို့လား။ မပြောကောင်းဆိုကောင်း၊ တစ်ခုခုဖြစ်ရင်


ဘယ်လိုလုပ်မလည်း" ဟု ပြောရာ "လွီပု"(Lu Bu) တွေဝေသွားပြီး သုံးရက်ခန့် ဘာမျှမလုပ်ပဲနေသည်။

ထိုအခါ "ချန်ကန
ုး"(Chen Gong) ရောက်လာပြီး

"ရန်သူတွေက မြို့ကိုဝိုင်းထားပြီ၊ စစ်သူကြီးထွက်မတိုက်ရင်တော့ ဒုကေ


ၡ ရာက်တော့မယ်" ဟု ပြောသည်။

"ခံစစ်ပဲ တိုကရ
် င်ပိုကောင်းမလားလို့ တွေးနေတယ်"

"ရန်သူတွေက အစားအစာမလုံလောက်တဲ့အတွက် ရွှီချန်ကနေလှမ်းမှာနေရပြီ။


အဲ့စားနပ်ရိက္ခာလမ်းကြောင်းကိုဖြတ်တိုက်ရင် ရန်သူတွေဒုကေ
ၡ ရာက္သြားမွာပါ"

283
"လွီပု"(Lu Bu) က သဘောတူလိုက်ပြီး ထိုအကြံကို သူ့ဇနီးကိုပြောပြန်သည်။ သူ့ဇနီးက ငိုယိုကာ

"ရှင်သွားရင် ချန်ကန
ုး(Chen Gong) တစ်ယောက်ထဲမြို့ကို ထိန်းထားနိုင်မယ် ထင်လား?
တစ်ခုခုမှားသွားပြီးမှ နောင်တရလည်း အလကားပဲ။ ချန်အန်းမှာတုန်းကလည်း ရှင် ကျွန်မကို ထားခဲ့ပြီးပြီ။
ဖန်ရ(ှု Pang Shu) ရဲ့အကူအညီကြောင့်သာ သေကံမရောက် သက်မပျောက်ပဲ ရှိခဲ့တာ၊ အခုလည်း
ထပ်ထားခဲ့ဦးမလို့ လား? သွားချင်လည်းသွား၊ ကျွန်မကို ဂရုမစိုက်နဲ့" ဟု ပြောလေသည်။

ပြီးနောက် ပို၍ သည်းထန်စွာငိုသည်။

ထို့နောက် "သောင်းချန်"(Diao Chan) ကို သွားတွေ့ရာ "သောင်းချန်"(Diao Chan) မှ

"ရှင်က ကျွန်မရဲ့သခင်၊ ကျွန်မရဲ့ ဘဝပဲ၊ တစ်ယောက်တည်းမထွက်သွားပါနဲ့" ဟု ဆိုသည်။

"လွီပု"(Lu Bu) : "စိတမ


် ပူပါနဲ့၊ ငါ့မှာ ဒီလှံနဲ့ ယုန်နီရှိပါတယ်"

ထို့နောက် "လွီပု"(Lu Bu) သည် "ချန်ကန


ုး"(Chen Gong) ကို တွေ့ပြီး

"ချောင်ချောင်း(Cao Cao) စားနပ်ရိက္ခာ မရှိဘူးဆိုတဲ့သတင်းက သတင်းအမှားပဲ ဖြစ်လိမ့်မယ်၊ ဒါကြောင့် ငါ


မသွားတော့ဘူး" ဟု ပြောသည်။

ထိုအခါ "ချန်ကန
ုး"(Chen Gong) သည် သက်ပြင်းချကာ

284
"ငါတို့ တော့ သေတော့မှာပဲ၊ ငါတို့မြေမြုပ်တဲ့နေရာကို ဘယ်သူမှသိမှာတောင် မဟုတ်ဘူး" ဟု
ဆိုလေသည်။

ထိုအချိန်မှစ၍ "လွီပ"ု (Lu Bu) သည် သူ၏အိမ်အတွင်း၌ပင် သူ့ဇနီးတို့ နှင့်အတူနေထိုင်ပြီး


အရက်သေစာတို့သာ သောက်စားကာနေ၏။

တစ်ရက်သော် သူ၏အကြံပေးနှစ်ဦးဖြစ်သော "ရွှီစီ"(Xu Si) နှင့် "ဝမ်ခိုင်"(Wang Kai) တို့ရောက်လာကာ

"ဟွိုင်မြစ်တောင်ဘက်က ယွမ်စု(Yuan Shu) က အင်အားကြီးမားတယ်၊ သူ့ဆီကို


နှစ်အိမ်ထောင်လက်ဆက်ပြီး မဟာမိတ်ဖွဲ့ ဖို့ စာပို့ ကြည့်ပါလား? ဒီလိုဆို သူစစ်ကူပို့နိုင်လောက်ပါတယ်"
ဟု ပြောသည်။

ထိုအခါ "လွီပု"(Lu Bu) သည် စာရေးပြီး ထိုသူနှစ်ဦးကို သွားပို့စေသည်။

"ရွှီစ"ီ (Xu Si) : "ကျွန်တော်တို့ ရန်သူကိုဖောက်ပြီးသွားရမှာဖြစ်တဲ့အတွက်


ကိုယ်ရံတော်နည်းနည်းထည့်ပေးပါ"

ထိုအခါ "လွီပု"(Lu Bu) သည် စစ်သားတစ်ထောင်နှင့်အတူ စစ်သူကြီးနှစ်ဦးဖြစ်သည့်


"ကျန်းလျောင်"(Zhang Liao) နှင့် "ဟဲမန်"(He Meng) ကို ထည့်ပေးလိုကသ
် ည်။ ကိုယရ
်ံတော်တပ်တို့
ရန်သူ့ တပ်ကိုဖြတ်ကျော်ပြီးသောအခါဝယ် "ကျန်းလျောင်"(Zhang Liao) သည်
ကျန်သောတပ်ဖွဲ့ တစ်ဝက်ကိုဦးဆောင်ပြီး မြို့တွင်းသို့ပြန်ဝင်ရာ မြို့အနီးတွင် "ကွမ်းယွ"ီ (Guan Yu) နှင့်
တွေ့သော်လည်း "ကောက်ရွှန်း"(Gao Shun) က ဝင်ကူသဖြင့် မြို့အတွင်းသို့ လုံခြုံစွာပြန်ဝင်နိုင်သည်။

သံတမန်နှစ်ဦးတို့သည် ရှိုချွန်းသို့ရောက်ကာ "ယွမ်စု"(Yuan Shu) အား ထိုစာကို ပေးသော်


"ယွမ်စု"(Yuan Shu) မှ

"ဒါက ဘာလဲ၊ အရင်ကတော့ ငါ့သံတမန်ကုသ


ိ တ်ပြီး မဟာမိတ်မလုပ်ဘူးပြောပြီးမှ
အခုပြန်လာလုပ်ချင်တယ်?" ဟု မေးသည်။ "ရွှီစ"ီ (Xu Si) မှ

"ဒါက ချောင်ချောင်း(Cao Cao) ရဲ့ ကောက်ကျစ်မှုတွေကြောင့် ဖြစ်ခဲ့ရတာပါ။


မဟာမိတ်ဖွဲ့ ဖို့ကိစ္စကိုပြန်စဉ်းစားပေးဖို့တောင်းပန်ပါတယ်" ဟု ပြောသည်။

"ဒါပေမယ့် မင်းတို့ သခင်သာ ရန်သူတွေကြောင့် ချောင်မပိတ်ဘူးဆိုရင် ဒီလုမ


ိ ဟာမိတ်ဖွဲ့ဖို့
စိတက
်ူးထဲထည့်မှာတောင် မဟုတ်ဘူး"

285
"မကူညီပဲနေလို့ရပါတယ်၊ ဒါပေမယ့် နှုတ်ခမ်းဆိုတာ မရှိရင် သွားလည်း
အကာအကွယ်ရှိတော့မှာမဟုတ်ဘူး၊ ဒါကြောင့် ပြန်စဉ်းစားပေးပါ"

"လွီပု(Lu Bu) က မယုံရဘူး၊ သူ့သမီးဒီကိုရောက်လာမှ ငါစစ်ကူပို့ပေးမယ်လို့ ပြောလိုက"်

သို့နှင့် သံတမန်နှစ်ဦးတို့ သည်လည်း ရှဖီသို့ပြန်သွားသည်။

ထိုသံတမန်နှစ်ဦးတို့သည် "လျူဘေ့"(Liu Bei) စခန်းအနီးသို့ ရောက်သော် "ရွှီစီ"(Xu Si) မှ

"ညရောက်လာတဲ့အထိစောင့်ပြီး ကျုပ်နဲ့ ဝမ်ခိုင်(Wang Kai) က မှောင်တာကို အခွင့်ကောင်းယူပြီး


ရန်သူ့ ခံတပ်ကို တိတတ
် ဆိတ်ကျော်ဖြတ်ရမယ်၊ ဟဲမန်(He Meng) နဲ့ သူ့စစ်သားတွေက
နောက်မှာနေခဲ့ပြီး ငါတို့ ကိုစောင့်ကြပ်စေမယ်" ဟု ပြောသည်။

ညဘက်တွင် ထိုအတိုင်းပြုရာ သံတမန်နှစ်ဦးတို့ သည် ဘေးကင်းကင်းဖြင့် ကျော်ဖြတ်သွားခဲ့သော်လည်း


"ဟဲမန်"(He Meng) မှာမူ "ကျန်းဖေး"(Zhang Fei) နှင့် ထိပ်တုက
ိတွေ့လေရာ
ပထမအကွကတ
ိုကရ
်ာတွင်ပင် အဖမ်းခံရပြီး စစ်သားငါးရာတို့ သည်လည်း အဖမ်းခံရသူတို့က သေသူသေ၊
ထွက်ပြေးသူ ထွက်ပြေးဖြင့် တပ်ပျက်သွားလေသည်။

ထိုအဖမ်းခံရသူကို "လျူဘေ့"(Liu Bei) ထံ ခေါ်သွားရာ "ယွမ်စု"(Yuan Shu) နှင့်


မဟာမိတ်ဖွဲ့ မည့်အကြံကို သိသွားလေသည်။ "ချောင်ချောင်း"(Cao Cao) သည် ဒေါသထွကက
်ာ
ဖမ်းမိသောသူကို သေဒဏ်ပေးစေလိုက်သည်။ ထို့ နောက် မြို့တွင်းမှ ရန်သူတို့ အပြင်မှ
အဆက်အသွယရ
် အောင် လုပ်ပါက မည်သူ့ ကိုမဆို အပြစ်ပေးမည်ဟု အမိန့်ထုတ်လိုက်သည်။

"လျူဘေ့"(Liu Bei) သည် သူ့တပ်စခန်းသို့ပြန်ရောက်သောအခါ သူ့ညီနှစ်ဦးတို့အား

"ငါတို့ ကို ဟွိုင်မြစ်က ရန်သေ


ူ တွကို စောင့်ကြပ်ခိုင်းထားတာ၊ ဒါကြောင့် ဒီအမိန့် ကို ချိုးဖောက်လို့
မဖြစ်ဘူး" ဟု သတိပေးသည်။ ထိုအခါ "ကျန်းဖေး"(Zhang Fei) က

"ကျွန်တော်တို့က ရန်သူ့ ခေါင်းဆောင်တစ်ယောက်ကိုလည်း ဖမ်းရသေးတယ်၊ ခုတော့ ဆုမချတဲ့အပြင်


ခြိမ်းခြောက်တာတွေ ဘာတွေလုပ်လာတာ ဘာသဘောလည်း" ဟု ပြောသည်။

"ဒီလိုမပြောပါနဲ့။ ဒါက တပ်ဖွဲ့ ခေါင်းဆောင်ရဲ့အမိန့် ပဲ၊ မလိုက်နာပဲ မနေပါနဲ့"

ထိုအခါ ညီနှစ်ဦးတို့ ကလည်း လိုက်နာပါမည်ဟု ကတိပေးလိုကသ


် ည်။

286
"ရွှီစ"ီ (Xu Si) နှင့် "ဝမ်ခိုင်"(Wang Kai) တို့ မြို့တွင်းသို့ ပြန်ရောက်သွားသောအခါ "လွီပ"ု (Lu Bu) အား
"ယွမ်စု"(Yuan Shu) ပါးလိုက်သောစကားတို့ကို ပြန်ပြောလေသည်။

"လွီပု"(Lu Bu) : "ဒါပေမယ့် သူ့ကိုဘယ်လိုပို့မှာတုန်း"

"ရွှီစ"ီ (Xu Si) : "ဒါကတော့ ပြဿနာပဲ၊ ချောင်ချောင်း(Cao Cao) က


ကျွန်တော်တို့အကြံကိုသိသွားလောက်ပြီ။ စစ်သူကြီးကိုယ်တိုင်မှမသွားရင်တော့
ရန်သူ့ တပ်ကိုထိုးဖောက်ဖို့ဆိုတာ မဖြစ်နိုင်ဘူး"

"လွီပု"(Lu Bu) : "ဒီနေ့ပဲ စမ်းကြည့်ရင်ကော?"

"ရွှီစ"ီ (Xu Si) : "ဒီနေ့က နေ့ကောင်းရက်သာမဟုတ်ပါဘူး၊ နက်ဖြန်ညနေမှသာ လုပ်ဆောင်သင့်ပါတယ်"

ထိုအခါ "လွီပု"(Lu Bu) သည် "ကျန်းလျောင်"(Zhang Liao) နှင့် "ကောက်ရွှန်း"(Gao Shun) တို့အား

"ရန်သူ့ တပ်ကို ထိုးဖောက်ဖို့ စစ်သားသုံးထောင်ပြင်ထား၊ ပြီးတော့ သတို့သမီးအတွက်


လှည်းယာဉ်ပါအသင့်ပြင်ထား" ဟု အမိန့်ပေးလိုက်သည်။

နောက်တစ်နေ့ညနေနှစ်နာရီအချိန်ဝယ် "လွီပ"ု (Lu Bu) သည် မြင်းစီးပြီး သူ့သမီးကို


သူ့နောက်တွင်တင်ဆောင်ကာ ထွက်ခွာသည်။ "ကျန်းလျောင်"(Zhang Liao) နှင့် "ကောက်ရွှန်း"(Gao
Shun) တို့ လည်း နောက်မှပါလေသည်။

"လျူဘေ့"(Liu Bei) စခန်းနားအရောက်ဝယ် ဗုံသံတို့ကြားလိုက်ရပြီး "ကွမ်းယွီ"(Guan Yu) နှင့်


"ကျန်းဖေး"(Zhang Fei) တို့ ထွကလ
်ာကာ "ရပ်လိုက်" ဟု အော်လေသည်။ "လွီပု"(Lu Bu) သည်
ရန်သတ
ူ့ို ကိုတိုက်ရန်ဆန္ဒမရှိလေရကား ရှောင်ထွက်သွားရန်ပင်ပြင်သည်။ ထိုအချိန်တွင် "လျူဘေ့"(Liu
Bei) ဝင်ရောက်ကာ ဝင်တိုက်လေသည်။ "လွီပု"(Lu Bu) သည်မည်သို့ ပင်ရဲရင့်စေကာမူ သမီးဖြစ်သူကို
နောက်တွင် တင်ထားရသည့်အတွက် ထိုမိန်းကလေးကိုမထိခိုက်အောင်ပင်
အလူးအလဲရှောင်တမ
ိးရချေသည်။ နောက်ဆုံး ရန်သူ့ကိုဖောက်ထွက်ရန်လမ်းမမြင်သဖြင့် "လွီပု"(Lu Bu)
မှာ စိတ်ဓာတ်ကျစွာဖြင့် ရှဖီသို့ ပြန်လာရသည်။ ဝန်းရံထားသူတို့ မှာ ရန်သူတို့တပ်ခေါက်သွားသည်ကို
ဝမ်းသာကြလေသည်။

"လွီပု"(Lu Bu) သည် ထိုအချိန်မှစပြီး ဝိုင်အရက်တို့ နှင့်သာအဖော်ပြုလေသည်။ ရန်သတ


ူ့ို မြို့ကို
ဝန်းရံထားသည်မှာ နှစ်လကြာခဲ့ပြီ။ ထိုအချိန်တွင် ဟဲနေမြို့စား "ကျန်းရန်"(Zhang Yang) သည် "လွီပ"ု (Lu
Bu) ကို ကူမည်ဟူသော သတင်းကြားရသည်။ သို့သော်လည်း သူ့လက်အောက်ခံတစ်ဦးဖြစ်သည့်
"ရန်ချိုး"(Yang Chou) သည် ကိုယ့သ
် ခင်ကိုပြန်သတ်ပြီး ခေါင်းကို "ချောင်ချောင်း"(Cao Cao) ထံ

287
လာဆက်သသည်။ "ရန်ချိုး"(Yang Chou) သည်လည်း "ကျန်းရန်"(Zhang Yang)
လက်အောက်ခံတစ်ဦးဖြစ်ခဲ့သည့် "ခွေ့ကူ"(Kui Gu) ဟူသောသူသတ်ခြင်းကို ခံလိုက်ရသည်။ ထို့နောက်
"ခွေ့ကူ"(Kui Gu) သည် စစ်တပ်တို့ကိုဦးဆောင်ကာ တိုက်ချန်အနီးသို့ရောက်လာသည်။

ထိုအခါ "ချောင်ချောင်း"(Cao Cao) မှ "ရှီဟွမ်"(Shi Huan) ကို လွှတြ် ပီး "ခွေ့ကူ"(Kui Gu) ကို
သတ်စေသည်။

ထို့နောက် "ချောင်ချောင်း"(Cao Cao) သည် အစည်းအဝေးခေါ်ကာ

"ကျန်းရန်(Zhang Yang) က သေသွားခဲ့ပေမယ့် မြောက်ဘက်က ယွမ်ရှောက်(Yuan Shao) ၊


အနောက်ဘက်က လျူပြောင်း(Liu Biao) နဲ့ ကျန်းရှို့ (Zhang Xiu) တို့ရဲ့ရန်ရှိသေးတယ်။ ရှဖီမြို့ကလည်း
ခုထမ
ိ ကျသေးဘူး၊ ဒါကြောင့် လွီပု(Lu Bu) ကို လွှတ်ထားလိုက်ပြီး တပ်ပြန်ဆုတ်ကြရင် ကောင်းမလား" ဟု
မေးသည်။ သို့သော် "ရွှင်ယ"ို (Xun You) မှ

"ဒီလိုမလုပ်သင့်ပါဘူး၊ လွီပ(ု Lu Bu) ဟာ တော်တော်ဆံုး ရှုံးသွားခဲ့ပြီ၊ ခေါင်းဆောင်ဟာ


စစ်သားတွေရဲ့အသက်ပဲ၊ ခေါင်းဆောင်က မဦးဆောင်နိုင်ရင် စစ်သားတွေကလည်း တိုက်နိုင်မှာမဟုတ်ဘူး၊
ချန်ကုန်း(Chen Gong) က တော်ပေမယ့် ဘာမှဖြစ်မလာဘူး၊ ဒီလိုအခြေအနေမျိုးမှာ ဆက်တိုက်ရန်
ကျွန်တော်တို့ အောင်နိုင်တယ်" ဟု ဆိုကာ ကန့်ကွကသ
် ည်။

"ကောကျား"(Guo Jia) : "ကျွန်တော့်မှာ အကြံတစ်ခုရှိတယ်၊ မြို့ကိုချက်ချင်းသိမ်းနိုင်မယ့်အကြံပဲ၊


စစ်သားနှစ်သိန်းထက်တောင် တန်ဖိုးရှိတယ်"

"ရွှင်ယ"ွိ (Xun Yu) : "ခင်ဗျားအကြံက စီမြစ်နဲ့ ရီမြစ်က ရေတွေ မြို့ကိုလွှမ်းစေဖို့ မဟုတ်လား"

"ကောကျား"(Guo Jia) သည် ပြုံးကာ "ဒါပေါ့" ဟု ပြောလေသည်။

"ချောင်ချောင်း"(Cao Cao) သည် ထိုအကြံကိုလက်ခံကာ သူ၏စစ်တပ်ကို


ကုန်းမြင့်ဘက်တွင်ပြောင်းရွေှ့စေပြီး မြစ်မှရေတို့ ကိုလမ်းကြောင်းပြောင်းကာ မြို့တွင်းသို့
ရေလျှံအောင်ပြုစေသည်။ အရှေ့ဂိတ်မှလွဲ၍ကျန်သောနေရာတို့ ရေတို့အတိလွှမ်းလေ၏။
မြို့တွင်းရှိစစ်သားတို့က ထိုအကြောင်းကို သူတို့ ခေါင်းဆောင်ကိုအကြောင်းကြားရာ "လွီပု"(Lu Bu) မှ

"ငါက ဘာလို့ကြောက်ရမှာလည်း? ငါ့မြင်းကောင်းက ရေပေါ်ရော၊ ကုန်းပေါ်မှာ သွားလို့ ရတယ်" ဟု


ပြောသည်။

ထို့နောက် သူ့ဇနီးတို့ ဖြင့် အရက်တို့ သာ စွတ်သောက်သည်။

288
အရက်တို့ သော စွတ်သောက်သော "လွီပု"(Lu Bu) မှာ အရက်ဖောဖောလေသည်။ တစ်နေ့
ကြေးမုံမှန်တွင် သူ့မျက်နှာကိုမြင်လိုက်ရာ

"ငါ ကိုယ့်ကိုယ်ကို ဒုက္ခပေးနေတာပဲ၊ ဒီနေ့ကစပြီး အရက်မသောက်တော့ဘူး" ဟု ဆိုကာ "မည်သူမှ


အရက်မသောက်ရ၊ သောက်လျှင် သေဒဏ်" ဟူသော အမိန့်ကိုပါ ထုတ်လုက
ိသည်။

တစ်ရက်သော် သူ့စစ်သြူ ကီးတစ်ဦးဖြစ်သည့် "ဟိုချန်"(Hou Cheng) သည်


မြင်းဆယ့်ငါးကောင်ပျောက်သွားရာ သူ့လက်အောက်ရှိ "ဟိုချောင်"(Hou Cao) ဟူသောသူ
ခိုးသွားမှန်းသိသဖြင့် သူ့ကို သတ်စေသည်။ ထို့နောက် "ဟိုချန်"(Hou Cheng) သည် သူ့မြင်းတို့ ကို
ပြန်တွေ့သည့်အထိမ်းအမှတ်အနေဖြင့် အရက်တို့ ဖြင့် သောက်စားပျော်ပါးသည်။ ထို့နောက် "လွီပု"(Lu Bu)
စိတဆ
ိုးမည်စိုးသဖြင့် "လွီပု"(Lu Bu) ထံ အရက်တို့ကို ပို့စေသည်။

ထိုအခါ "လွီပု"(Lu Bu) သည် သူ့စည်းကမ်းကို မလိုကန


်ာရကောင်းလား ဟု ဒေါသထွကြ် ပီး "ဟိုချန်"(Hou
Cheng) ကို ချက်ချင်းသတ်စေသည်။

သို့သော်လည်း "စုန်းရှန်"(Song Xian) ၊ "ဝေရွှ"ီ (Wei Xu) နှင့် အခြားအမှုထမ်းတို့က ဝင်တားရာ


နောက်ဆုံးတွင် "လွီပု"(Lu Bu) က စိတ်ပျော့သွားပြီး ကြိမ်ဒဏ်တစ်ရာပေးရန် အမိန့်ချလိုက်သည်။
အပြစ်ကို ထို့ထက်ကိုလျှော့ရန် တောင်းပန်သော်လည်း တစ်ဝက်သာ လျှော့ပေးလေသည်။

ထိုသို့ ကြိမ်ဒဏ်ခံလိုကရ
် သည့် "ဟိုချန်"(Hou Cheng) ကို သူ၏ အပေါင်းအပါတို့ က သွားကာ
သတင်းမေးကြသည်။

"ဟိုချန်"(Hou Cheng) : "ခင်ဗျားတို့ ကျေးဇူးကြောင့်သာမဟုတ်ရင် ကျုပ်တော့ သေဒဏ်ပေးခံရမှာ"

"စုန်းရှန်"(Song Xian) : "လွီပု(Lu Bu) က သူ့မိသားစုကိုပဲ သူဂရုစိုက်တယ်၊ တခြားလူတွေကို


သနားတောင်မသနားဘူး၊ ငါတို့ကိုလမ်းဘေးက မြက်အဆင့်လောက်တောင် သဘောထားမှာမဟုတ်ဘူး "

"ဝေရွှ"ီ (Wei Xu) : "မြို့ကြီးက ဝန်းရံခံထားရပြီ၊ သိပ်အကြာကြီးမခံနိုင်တော့ပါဘူး၊ ငါတို့လည်း


ဘယ်တော့သေမလည်း မသိနိုင်ဘူး"

"စုန်းရှန်"(Song Xian) : "အဲ့လူက တိရစ္ဆာန်သာသာပဲ၊ အမှားအမှန်တွေဘာတွေနားလည်တာမဟုတ်ဘူး၊


သူ့ဆီကထွက်သွားကြရအောင်"

"ဝေရွှ"ီ (Wei Xu) : "သူ့အတွက် အလုပ်လုပ်ပေးရတာ မတန်ဘူး၊ သူ့ကိုဖမ်းပြီး ချောင်ချောင်း(Cao Cao)


လက် အပ်လိုကြ် ကရအောင်"

289
"ဟိုချန်"(Hou Cheng) : "ငါက ငါ့မြင်းတွေပြန်တွေ့လို့ ပျော်ပွဲရွှင်ပွဲလေးလုပ်တာကို သူက
အပြစ်ပေးတယ်၊ သူက သူ့မြင်း ယုန်နီကိုပဲ ဂရုစိုက်တာ၊ အဲ့မြင်းကို ခိုးပြီး ချောင်ချောင်း(Cao Cao) ကို
ပေးလိုက်မယ်"

ထို့နောက် မည်သို့ မည်ပုံလပ


ုကြမည်ကို တိတ်တဆိတတ
ိုင်ပင်ကြသည်။ ထိုညတွင် "ဟိုချန်"(Hou Cheng)
သည် မြင်းဇောင်းသို့ သွားပြီး ယုန်နီကို ခိုးယူကာ ပြေးလေသည်၊ အစောင့်က နောက်မှလိုက်သော်လည်း
မမှီချေ။ "ဟိုချန်"(Hou Cheng) သည် "ချောင်ချောင်း"(Cao Cao) စခန်းသို့ရောက်သွားသောအခါ မြင်းကို
ဆက်သလိုက်ပြီး သူတို့အကြံကိုပြောလိုက်သည်။ အကြံကိုလုပ်ဆောင်သည့်အချိန်တွင် မြို့ရိုးပေါ်မှ
အလံဖြူလွှင့်တင်မည်ဖြစ်ကြောင်းပြောလေသည်။

ထိုအခါ "ချောင်ချောင်း"(Cao Cao) သည် မြားတွင် အောက်ပါစာကို ချိတ်ပြီး မြို့တွင်းသို့


လှမ်းပစ်လိုကသ
် ည်။

'နယ်စားကြီး ချောင်ချောင်း(Cao Cao) ဟာ ဘုရင့်အမိန့်အရ လွီပု(Lu Bu) ကို ရှင်းဖို့လာခဲ့တာ၊


သူနဲ့ပေါင်းပြီး ဘုရင့်အမိန့်ကို ဖီဆန်တဲ့သူကို သေဒဏ်ချမှတ်မှာဖြစ်ပြီး လွီပု(Lu Bu) ကို
ဖမ်းနိုင်သက
ိုတော့ ဆုကြီးကြီးပေးအပ်မည်'

နောက်ရက်တွင် မြို့တံခါးအနီးတွင် ရုတ်ရုတ်သဲသဲဖြစ်သဖြင့် "လွီပ"ု (Lu Bu) သွားကြည့်လေရာ


"ဟိုချန်"(Hou Cheng) ထွက်ပြေးသွားကြောင်းသိသဖြင့် "ဝေရွှီ"(Wei Xu) ကို အပြစ်ပေးမည်ဟု
ခြိမ်းခြောက်သည်။ သို့ သော် ထိုအချိန်တွင်ပင် မြို့ရိုးမှ အလံဖြူထောင်လိုက်သဖြင့် ရန်သူတို့က
သဲကြီးမဲကြီးတိုက်လေရာ "လွီပ"ု (Lu Bu) မှာ မြို့ကိုကာကွယ်ပြီး မအားမလပ်နိုင်ဖြစ်သွားသည်။

ပြီးနောက် "လွီပု"(Lu Bu) သည် ပြဿဒ်ပေါ်ရှိ သူ၏ကုလားထိုင်တွင် အိပ်ပျော်သွားသည်။ ထိုအချိန်တွင်


"စုန်းရှန်"(Song Xian) ရောက်လာကာ အစောင့်တို့ကို အပြင်သွားစေလိုက်ပြီး "လွီပု"(Lu Bu) ၏ လှံကို
ခိုးယူလိုက်သည်။ ထို့နောက် "ဝေရွှီ"(Wei Xu) နှင့် "စုန်းရှန"် (Song Xian) နှစ်ယောက်သား "လွီပု"(Lu
Bu)ကို ကြိုးတို့ဖြင့် တုတေ
် နှာင်လိုက်သည်။ "လွီပု"(Lu Bu) နိုးလာသောအခါ အစောင့်တို့ ကို
ခေါ်သော်လည်း အစောင့်တို့ မှာ မရှိတော့ပြီ။

ထို့နောက် သစ္စာဖောက်နှစ်ဦးတို့သည်

"လွီပု(Lu Bu) ကို အရှင်ဖမ်းမိပြီ" ဟု အော်လိုက်သည်။

290
"ရှဟုယ
ွိမ"် (Xiahou Yuan) မှာ ထိုကြားရသည့်သတင်းကို ယုံပင်မယုံနိုင်ပေ။ နောက်ဆုံး မြို့ရိုးပေါ်မှ
"လွီပု"(Lu Bu) ၏ နာမည်ကြီး လှံကို ပစ်ချလိုက်သောအခါမှသာ ယုံသွားကြ၏။ မြို့တံခါးဖွင့်လိုက်ပြီး
ရန်သတ
ူ့ို ဝင်လာကြသည်။ တစ်ခြားတစ်ဖက်တွင်ရှိသော "ကောက်ရွှန်း"(Gao Shun) နှင့်
"ကျန်းလျောင်"(Zhang Liao) တို့လည်း ရန်သူတို့ ဝန်းရံခံလိုက်ရသည်။ "ချန်ကုန်း"(Chen Gong)
သည်လည်း "ရွှီဟွမ"် (Xu Huang) ၏ ဖမ်းဆီးမှုကို ခံလိုက်ရ၏။ ထို့ နောက် "ချောင်ချောင်း"(Cao Cao)
သည် မြစ်ရေတို့ ကို ပြန်၍ လမ်းကြောင်းပြောင်းစေသဖြင့် မြို့သူမြို့သားတို့ စိတ်ချမ်းသာကြလေသည်။

ထို့နောက် အဖြူရောင်တံခါးမျှော်စင်ပေါ်ဝယ် "ချောင်ချောင်း"(Cao Cao) နှင့် "လျူဘေ့"(Liu Bei) တို့ က


ထိုင်ကာ နောက်တွင် "ကွမ်းယွ"ီ (Guan Yu) နှင့် "ကျန်းဖေး"(Zhang Fei) တို့ က နေရာယူထားကြသည်။
ထို့နောက် စစ်သုံ့ ပန်းတို့ ကို သူတို့ ရေ့ေ
ှ မှာက်သို့ ခေါ်ဆောင်လာသည်။ "လွီပု"(Lu Bu) မှာ သနားစရာ
သတ္တဝါလေးအလား အချုပ်နှောင်ခံထားရသည်။

"လွီပု"(Lu Bu) : "ကြိုးတွေက တအားတင်းတယ်၊ နည်းနည်း ဖြေလျှော့ပေးဖို့ တောင်းပန်ပါတယ်"

"ချောင်ချောင်း"(Cao Cao) : "ကျားကိုကြိုးနဲ့တုတ်ထားတာ ဒီလောက်တော့ တင်းထားသင့်တာပေါ့"

"ဟိုချန်"(Hou Cheng) ၊ "စုန်းရှန"် (Song Xian) နှင့် "ဝေရွှီ"(Wei Xu) တို့ ပျော်နေသည့်ပုံကိုကြည့်ကာ
"လွီပု"(Lu Bu) မှ

"မင်းတို့တွေကို ငါ ကောင်းကောင်းဆက်ဆံခဲ့တာ၊ ဘာလို့ သစ္စာဖောက်ရတာလဲ? " ဟု မေးသည်။


"စုန်းရှန်"(Song Xian) မှ

"ခင်ဗျားက ခင်ဗျားမိန်းမတွေ စကားပဲနားထောင်ပြီး ကိုယ့်စစ်သူကြီးတွေအကြံပေးတာကို နားမထောင်ပဲ


နေခဲ့တယ်လေ၊ အဲ့ဒါက ကောင်းကောင်းဆက်ဆံတယ်ခေါ်လား" ဟု ပြောရာ "လွီပ"ု (Lu Bu) မှာ
ဆွံ့ အသွားလေသည်။

ထို့နောက် "ကောက်ရွှန်း"(Gao Shun) ကို ရှေ့သို့ ခေါ်လာစေသည်။့ "ချောင်ချောင်း"(Cao Cao) မှ "မင်း


ဘာပြောစရာရှိလည်း" ဟု မေးသည်။ "ကောက်ရွှန်း"(Gao Shun) က ဘာမှပြန်မဖြေချေ။ ထို့နောက်
သူ့ကို သေဒဏ်ပေးစေလိုက်သည်။

ပြီးနောက် "ချန်ကုန်း"(Chen Gong) ကို ခေါ်လာသည်။

"ချောင်ချောင်း"(Cao Cao) : "ဟိုးအရင်တစ်ခါတည်းက မတွေ့ဖြစ်တော့တာ နေကောင်းပါရဲ့လား"

291
"ချန်ကန
ုး"(Chen Gong) : "ခင်ဗျားရဲ့နည်းလမ်းတွေကို မကြိုက်လို့ ခင်ဗျားကို ထားခဲ့တာ"

"ချောင်ချောင်း"(Cao Cao) : "ကျုပ်ကို မကောင်းဘူးလို့ ပြောတာ လွီပ(ု Lu Bu) ကကော ဘာထူးလို့ လဲ"

"ချန်ကန
ုး"(Chen Gong) : "သူက ဉာဏ်မရှိတဲ့လဆ
ိုပေမယ့် ခင်ဗျားလို
ယုတ်မာကောက်ကျစ်သမ
ူ ဟုတ်ဘူး"

"ချောင်ချောင်း"(Cao Cao) : "ခင်ဗျားကို အစွမ်းအစရှိပြီး ပညာထက်မြက်တယ်လို့ လူတွေက


ပြောကြတယ်၊ အခု ခင်ဗျားအခြေအနေကို ကြည့်ပါဦး"

"ချန်ကန
ုး"(Chen Gong) သည် "လွီပု"(Lu Bu) ဘက် လှည့်ပြီး

"သူ ကျုပ်ပြောတာတွေ နားမထောင်ခဲ့လို့၊ ကျုပ်အကြံတွေကို နားထောင်ခဲ့ရင်


ဒီလိုမျိုးသုံ့ပန်းဖြစ်လာမှာတောင် မဟုတ်ဘူး" ဟု ပြောလေသည်။

"ခင်ဗျားကို ဘယ်လိုလပ
ုသင့်တယ်လို့ ထင်သလဲ"

"ဒီနေ့က ကျုပ်ရဲ့ သေနေ့၊ နောက်ဆုံးပဲ"

" ကောင်းပြီလေ၊ ခင်ဗျားရဲ့အမေရယ်၊ မိန်းမရယ်၊ ကလေးတွေရယ်ကျတော့ကော?"

"ရိုသေလေးစားမှုရှိတဲ့လဟ
ူာ အခြားလူရဲ့မိသားစုကို ဒုက္ခမပေးဘူးလို့ဆိုတယ်လေ၊
စိတေ
် ကာင်းရှိတဲ့လဟ
ူာ သူများအုတ်ဂူရှေ့မှာ တခြားသူကို မစတေးဘူး၊ ကျုပ်က
ခင်ဗျားရဲ့သုံ့ ပန်းဖြစ်နေပြီမို့လို့ ကျုပ်ခံစားချက်ကို မထိခိုက်ပဲနဲ့ မြန်မြန်သာ သတ်ပါလို့
တောင်းဆိုချင်ပါတယ်"

"ချောင်ချောင်း"(Cao Cao) သည် "ချန်ကုန်း"(Chen Gong) ကို မသတ်ရက်ချေ။ သို့သော်လည်း


"ချန်ကန
ုး"(Chen Gong) သည် အစောင့်တို့ ကို တွန်းဖယ်ကာ အပြင်သို့ ထွက်သွားသည်။
"ချောင်ချောင်း"(Cao Cao) သည် ထိုင်ရာမှထကာ မျက်ရည်တို့ ယိုစီးလာသည်။ "ချန်ကုန်း"(Chen Gong)
သည် နောက်သို့ လှည့်ပင်မကြည့်ချေ။

ထို့နောက် "ချောင်ချောင်း"(Cao Cao) သည် အစောင့်တို့အား

"သူ့အမေနဲ့ မိသားစုဝင်တွေကို ရွှီချန်ကိုပို့ ပြီးစောင့်ရှောက်စေ၊ ဒီကစ


္စိကို မနှောင့်နှေးစေနဲ့" ဟု
ပြောလိုက်သည်။

292
၎င်းကို "ချန်ကုန်း"(Chen Gong) ကြားသော်လည်း မည်သို့ မှမဆိုချေ။ ထို့နောက် သူ့လည်ပင်းကို
ပေးကာ အသတ်ခံလေသည်။ ထိုမြင်ကွင်းကိုမြင်ရသောသူအပေါင်းတို့မှာ မျက်ရည်ကျကုန်သည်။
ထို့နောက် "ချန်ကုန်း"(Chen Gong) ၏ အလောင်းကို အခေါင်းတွင်ထည့်ကာ ရွှီချန်တွင်
ကောင်းကောင်းမြေမြုပ်ခဲ့သည်။

"ချန်ကန
ုး"(Chen Gong) ၏ အဖြစ်အပျက်ကို အောက်ပါကဗျာစာသားဖြင့် ဆိုထားသည်။

'

ရှင်သန်မှုရဲ့မျှော်လင့်ချက်ဆိုတာကိုရော၊ သေဆုံးခြင်းရဲ့ကြောက်ရွံ့မှုဆိုတာကိုပါ မမှုခဲ့ပါဘူး

ဒီလိုရဲရင့်တဲ့လူမျိုးဟာ သူရဲကောင်း အစစ်အမှန်ပါပဲ

ဒါပေမယ့် သူ့သခင်ဟာ သူ့စကားကို နားမထောင်ခဲ့ဘူး

ဒါကြောင့် သူ့အစွမ်းအစဟာ အချည်းနှီးဖြစ်ခဲ့တယ်

ဒါပေမယ့်လည်း သူဟာ သူ့သခင်အနားမှာပဲ ရပ်တည်ခဲ့တယ်

ဇနီးနဲ့ အမေကိုပါ ခွဲခွာခဲ့ရတယ်

သူ့လုပ်ဆောင်မှုဟာ သနားစရာကောင်းသလို လေးစားစရာလည်း ကောင်းခဲ့တယ်

အဲ့နေ့က မျှော်စင်ဖြူပေါ်မှာ သေဆုံးခဲ့တဲ့ ချန်ကုန်း(Chen Gong) ကို

ဘယ်သူ့ ယှဉ်နိုင်ပါ့မလည်း?

'

"ချောင်ချောင်း"(Cao Cao) က "ချန်ကုန်း"(Chen Gong) ၏အလောင်းကို ဝမ်းနည်းစွာပို့ ဆောင်နေစဉ်


"လွီပု"(Lu Bu) မှ "လျူဘေ့"(Liu Bei) အား

"ခင်ဗျားက မြင့်မြတ်တဲ့နေရာမှာ ထိုင်နေတာ၊ ကျွန်တော်ကတော့ အောက်မှာ၊


ကျွန်တော့်အတွက်တစ်ခုခုပြောပေးပါလား" ဟု တောင်းပန်သည်။ "လျူဘေ့"(Liu Bei) က
ခေါင်းညိတ်လိုက်သည်။ "ချောင်ချောင်း"(Cao Cao) ပြန်ရောက်လာသော် "လွီပု"(Lu Bu) မှ

"ကျွန်တော် ခင်ဗျားဘက်မှာနေပါ့မယ်၊ ခင်ဗျားဦးဆောင်ပြီး ကျွန်တော့်အကူအညီနဲ့ဆို လောကကြီးကို


သိမ်းနိုင်မယ်" ဟု ပြောသည်။

ထိုအခါ "ချောင်ချောင်း"(Cao Cao) က "လျူဘေ့"(Liu Bei) အား

293
"ခင်ဗျား ဘယ်လို ထင်လဲ" ဟုမေးသည်။ "လျူဘေ့"(Liu Bei) မှ

"အတိတ်မှာတုန်းက တင်းယွမ်(Ding Yuan) နဲ့ တုန်ကျိုး(Dong Zhuo) တို့ ရဲ့သာဓကတွေကို


မေ့ပစ်မလို့လား" ဟု ပြောသည်။

"လွီပု"(Lu Bu) က "လျူဘေ့"(Liu Bei) ကို ကြည့်ပြီး

"ခင်ဗျားလို လူမျိုးက မယုံရဘူး" ဟု ပြောသည်။

"ချောင်ချောင်း"(Cao Cao) မှ "သူ့ကို ကြိုးစင်တင်ပြီး ခေါင်းကို ပြထားစေ" ဟု အမိန့်ပေးလိုက်သည်။

"လွီပု"(Lu Bu) သည် ထွကမ


် သွားခင် "လျူဘေ့"(Liu Bei) အား

"နားရွက်ရှည်ကောင်၊ ခင်ဗျားအပေါ် ကျုပ်ကျေးဇူးရှိတာ မေ့သွားပြီလား" ဟု ပြောလေသည်။

ထိုစဉ် အနောက်မှ လူတစ်ဦးက

"အရူး လွီပ(ု Lu Bu) ၊ သေတာက သေတာပဲ၊ ဘာလို့ များ ကြောက်နေရတာတုန်း" ဟု ပြောသည်။


ထို့နောက် အစောင့်တို့ က "လွီပ"ု (Lu Bu) ကို ဆွဲထတ
ုသွားသည်။

ထို့နောက် "ကျန်းလျောင်"(Zhang Liao) ကို ခေါ်လာသည်။ "ချောင်ချောင်း"(Cao Cao) က


"ကျန်းလျောင်"(Zhang Liao) လက်ညှိုးထိုးကာ

"ဒီလူ့ ကို မြင်ဖူးတယ်" ဟု ပြောသည်။

"ခင်ဗျား ကျုပ်ကို ပုရန်မှာ တွေ့ဖူးတယ်လေ"

"ဪ၊ မင်း မှတ်မိတယ်ပေါ့"

"မှတမ
ိတာထက် နှမြောတာ"

"ဘာကို နှမြောတာတုန်း"

"ခင်ဗျားလို သူပုန်ကို မသတ်နိုင်လိုက်လို့ "

ထိုအခါ "ချောင်ချောင်း"(Cao Cao) သည် "ငါ့ကို ဒီလုေ


ိ စ်ာကားရလား" ဟု ဒေါသထွကက
်ာ
ဓားကိုဆွဲလိုက်ပြီး "ကျန်းလျောင်"(Zhang Liao) ကို ခုတ်ရန်ပြင်သည်။ "ကျန်းလျောင်"(Zhang Liao) တွင်

294
ကြောက်ရွံ့ မှု အလျင်းမရှိ၊ သို့သော် အနောက်မှ လူတစ်ဦးက "ချောင်ချောင်း"(Cao Cao) ဓားကို
လှမ်းဆွဲလိုက်ပြီးနောက် ဒူးထောက်ကာ

"ဝန်ကြီးချုပ်ခင်ဗျား၊ သူ့ကိုမသတ်ပဲထားဖို့ တောင်းပန်ပါတယ်" ဟု ပြောလေသည်။

295
အခန်း (၂၀)
“ချောင်ချောင်း”(Cao Cao) က ရွှီထျန်း တွင် အမဲလိုက်ပွဲပြုရန် စီစဉ်ခြင်း ၊
“တုန်းချန်”(Dong Cheng) က နန်းတော်၏လျှို့ဝှက်အမိန့်ကို လက်ခံခြင်း။

ရှေ့အခန်းတွင် “ကျန်းလျောင်”(Zhang Liao) ကို စိတ်ဆိုးစွာဖြင့် သတ်မည်ပြုသော “ချောင်ချောင်း”(Cao Cao)


ကို ဟန့်တားလိုက်သည်အထိ ဖော်ပြခဲ့ပြီးဖြစ်သည်။ လက်မောင်းကိုဆွဲထားသူမှာ “လျူဘေ့”(Liu Bei) ဖြစ်ပြီး
“ကွမ်းယွ”ီ (Guan Yu) က ရှေ့တွင် ဒူးထောက်အသနားခံလေသည်။
“လျူဘေ့”(Liu Bei) : “သူ့လိုစိတ်နှလုံးကောင်းရှိသူကို လွှတ်ပေးသင့်ပါတယ်။”
“ကွမ်းယွ”ီ (Guan Yu): “သူ့ကို ငါကောင်းကောင်းသိတယ်။ သစ္စာရှိပြီး မှန်ကန်တယ်။ ငါ့အသက်န့ထ
ဲ ပ်ပြီး
အာမခံပါမယ်။”
“ချောင်ချောင်း”(Cao Cao): ဓားကိုလွှင့်ပစ်ကာ ပြုံးရင်း ““ကျန်းလျောင်”(Zhang Liao) က သစ္စာရှိပြီး
လူကောင်းဆိုတာသိပါတယ်။ ငါက သူ့ကို စမ်းသပ်တာပါ။”
“ချောင်ချောင်း”(Cao Cao) က သံ့ပ
ု န်းကို ကိုယ်တိုင်ကြိုးဖြေပေးကာ အဝတ်လဲစေပြီး ထိုင်ခုံတင
ွ်
ထိုင်စေလေသည်။ ထိုဖော်ရွေသောအပြုအမူမှာ “ကျန်းလျောင်”(Zhang Liao) ၏ရင်ကို ထိမှန်သွားပြီး
လျင်မြန်စွာဖြင့် အညံ့ခံကြောင်း ကြေညာလေသည်။ သူ့ကို ဘုရင့်တပ်မတော်စစ်သူကြီးဘွဲ့ပေးပြီး
သူကောင်းပြုလေသည်။
ထိ့ေ
ု နာက် သူပုန်ခေါင်းဆောင် Zang Ba ကို စည်းရုံးရန် “ကျန်းလျောင်”(Zhang Liao) ကိုလတ
ွှ်လိုက်သည်။
အထက်ပါသတင်းများကိုကြားပြီးသော Zang Ba ကလည်း လက်နက်ချလေသည်။ သူ့ကိုလည်း
ရက်ရောစွာချီးမြှင့်လေသည်။ Chang Xi မှတပါး ၎င်း၏ရဲဘော်များဖြစ်သော Sun Gaun ၊ Wu Dun နှင့် Yin Li
တိ့လ
ု ည်း လက်နက်ချလေသည်။ ထိုသမ
ျူားအားလုံးကို ဖော်ရွေစွာဆက်ဆံပြီး သူတ့၏
ို သစ္စာကိုသက်သေပြရန်
တာဝန်များပေးအပ်လေသည်။ Lu Bu ၏မိသားစုကိုမူ မြို့တော်သို့ ပို့ဆောင်လိုကသ
် ည်။
ဂုဏ်ပြုပွဲများပြီးသော် စခန်းသိမ်းကာ Xuchang သြို့ ပန်လေသည်။ Xuzhou ကိုဖြတ်သန်းစဉ် ပြည်သူများက
လမ်းတလျှောက်စီတန်းကာ အောင်နိုင်သူတို့ကို ဂုဏ်ပြုကြလေသည်။ ထိ့ေ
ု နာက် “လျူဘေ့”(Liu Bei) ကို
နယ်စားခန့်ရန်လည်း တောင်းဆိုကြသည်။
“ချောင်ချောင်း”(Cao Cao) က ““လျူဘေ့”(Liu Bei) ဟာ အကျိုးထူးဆောင်ခဲ့တယ်။ သူ့ကို
ဆုလာဒ်တွေချီးမြှင့်ပြီးတဲ့အထိ စောင့်ကြပါ။ ပြီးရင် သူ့ကို စေလွှတ်လုက
ိပါမယ်။” ဟုဆိုလေသော် ပြည်သူများက
ကျေးဇူးတင်စွာ ဦးညွှတ်ကြလေသည်။ လတ်တလော Xuzhou ကို မြင်းပျံစစ်သြူ ကီး Che Zhou လက်
အပ်ခဲ့လေသည်။
မြို့တော်သို့ ပြန်ရောက်သော် အကျိုးဆောင်ခဲ့သူအားလုံးကို ဆုလာဒ်များ ချီးမြှင့်လေသည်။ “လျူဘေ့”(Liu Bei)
ကို နန်းတော်မှ မပြန်သေးဘဲ နန်းရင်းဝန်(ဝန်ကြီးချုပ်)၏ အိမ်တော်တင
ွ် နေစေသည်။ နောက်နေ့တွင်
“လျူဘေ့”(Liu Bei) ၏ဆောင်ရွက်ချက်များကို “ချောင်ချောင်း”(Cao Cao) က ဘုရင့်ထံတင်ပြသည်။
“လျူဘေ့”(Liu Bei) က နန်းတော်ရင်ပြင်တွင် ခစားနေလေသည်။ ဘုရင်က ခန်းမထံခေါ်စေပြီး မျိုးရိုးကို
မေးမြန်းသည်။
“လျူဘေ့”(Liu Bei) : “ကျွန်တော်မျိုးဟာ Liu Hong ၏သား ၊ Liu Xiong ၏မြေးဖြစ်ပြီး Jing

296
ဧကရာဇ်ရဲ့ သားတော်ဖြစ်သည့် Zhongshan မင်းသား Liu Sheng မှ တိုက်ရိုက်ဆင်းသက်လာသော
အမျိုးဖြစ်ပါတယ်။”
ဘုရင်က သူ၏ ဆွေစဉ်မျိုးဆက်မှတ်တမ်းကို ယူစေကာ အပါးတော်မြဲတစ်ယောက်ကို ဖတ်စေသည်။ “ဧကရာဇ်
Liu Jing တွင် တရားဝင်သား ၁၄ ယောက် မွေးဖွားခဲ့ပြီး ခုနစ်ယောက်မြောက်သားမှာ Zhongshan မင်းသား Liu
Sheng ဖြစ်သည်။
Sheng ၏သားမှာ Luchang အရှင် Liu Zhen ၊
Zhen ၏သားမှာ Pei အရှင် Liu Ang ၊
Ang ၏သားမှာ Zhang အရှင် Liu Lu ၊
Lu ၏သားမှာ Yishui အရှင် Liu Lian ၊
Lian ၏သားမှာ Anguo အရှင် Liu Jian ၊
Jian ၏သားမှာ Guangling အရှင် Liu Ai ၊
Ai ၏သားမှာ Jiaoshui အရှင် Liu Xia ၊
Xia ၏သားမှာ Zuyi အရှင် Liu Shu ၊
Shu ၏သားမှာ Qiyang အရှင် Liu Yi ၊
Yi ၏သားမှာ Yuanze အရှင် Liu Bi ၊
Bi ၏သားမှာ Yingchuan အရှင် Liu Da ၊
Da ၏သားမှာ Fengling အရှင် Liu Buyi ၊
Buyi ၏သားမှာ Jichuan အရှင် Liu Hui ၊
Hui ၏သားမှာ Zhuo မြို့စား Liu Xiong ၊
Xiong ၏သားမှာ Liu Hong နှင့်
Hong ၏သားမှာ “လျူဘေ့”(Liu Bei) ဖြစ်လေသည်။” ဟုဖတ်ကြားသည်။
ဘုရင်က နန်းတော်၏ မှတ်တမ်းနှင့် ယှဉ်ကြည့်စေသော် “လျူဘေ့”(Liu Bei) မှာ သူ၏ဦးရီးတော်ဖြစ်ကြောင်း
သိရလေသည်။ ဘုရင်မှာ များစွာစိတ်ကြည်နူးပြီး “လျူဘေ့”(Liu Bei) ကို ဦးရီးတော်အဖြစ်သတ်မှတ်ကာ
ဂါရဝပြုရန် အတွင်းဆောင်သု့ဝ
ိ င်စေသည်။ ရင်တင
ွ်း၌ နန်းတော်အာဏာကို ကိုင်ထားသော “ချောင်ချောင်း”(Cao
Cao) ကိုဆန့်ကျင်ရန် ဤကဲ့သို့ သူရဲကောင်းဆန်သော ဦးရီးတော်ကို အားကိုးအားထားရလိုက်ခြင်းအတွက်
များစွာအားရနေလေသည်။ ဘုရင်က သူ့ကိုယသ
်ူ ရုပ်သေးဘုရင်မျှသာဖြစ်မှန်းလည်း သိသည်။ သူက
“လျူဘေ့”(Liu Bei) ကို ညာတောင်ပံစစ်သူကြီးအဖြစ်လည်းကောင်း ၊ Yicheng အရှင်အဖြစ်လည်းကောင်း
ခန့်အပ်သည်။
အခမ်းအနားပြီးသော် “လျူဘေ့”(Liu Bei) က ဘုရင်ကို ကျေးဇူးတင်ကာ နန်းတော်မှ ထွက်ခွာလေသည်။
ထိုအချိန်မှစကာ “လျူဘေ့”(Liu Bei) ကို ဦးရီးတော် ဟုခေါ်ဝေါ်ကြလေသည်။
“ချောင်ချောင်း”(Cao Cao) နန်းဆောင်သြို့ ပန်ရောက်သော် Xun Yu နှင့်နောက်လိုက်အကြံပေးများ
ရောက်လာသည်။
Xun Yu: ““လျူဘေ့”(Liu Bei) ကို ဦးရီးတော်အဖြစ်သတ်မှတလ
ိုက်တာ အရှင့်အတွက်မကောင်းပါဘူး။”
“ချောင်ချောင်း”(Cao Cao): ““လျူဘေ့”(Liu Bei) ဟာ ဦးရီးတော်ဖြစ်ရင် ဖြစ်မယ်။ ဒါပေမဲ့ နန်းတွင်းအာဏာက
ငါ့လက်ထမ
ှဲာဆိုတော့ သူက ငါ့လက်အောက်မှာပါ။ ပိုပြီးတောင် အမိန့်နာခံရတော့မယ်။ နောက်ပြီး သူ့ကို

297
ငါ့နားမှာပဲ ခေါ်ထားလိုက်မယ်။ ဒါဆို လုံးဝ ငါ့လက်ခုပ်ထဲရောက်သွားပြီ။ ကြောက်စရာမလိုတော့ဘူး။
အခုစိုးရိမ်ရတာက Yuan ညီအစ်ကို ၂ ယောက်ရဲ့အမျိုးဖြစ်တဲ့ Yang Biao ပဲ။ Yang Biao သာ သူတ့န
ိဲု့ပေါင်းရင်
သူက အတွင်းရန်သူဖြစ်လာမှာ။ သူ့ကိုဖြုတ်ပစ်ရလိမ့်မယ်။”
ထိ့ေ
ု ကြာင့် Yang Biao ကို Yuan Shu နှင့် ဆက်သွယ်သည်ဟု စွပ်စွဲကာ ဖမ်းဆီးအကျဉ်းချသည်။
သေဒဏ်ပါပေးလေသည်။

Beihai မြို့ပိုင် Kong Rong သည် ထိုအချိန်က မြို့တော်တင


ွ် ရှိနေပြီး “ချောင်ချောင်း”(Cao Cao)
ကိုဆန့်ကျင်ကာ “Yang Biao ဟာ မျိုးဆက် ၄ ဆက်လောက် အကျင့်သီလကောင်းမွန်တယ်လို့ နာမည်ကြီးတဲ့
မိသားစုက ဆင်းသက်လာတာ။ သူ့ကို ဒီလိုရူးသွပ်တဲ့ စွပ်စွဲချက်နဲ့ အပြစ်ပေးလို့မရဘူး။” ဟုဆုသ
ိ ည်။
“ချောင်ချောင်း”(Cao Cao) က “ဒါ ဘုရင့်ဆန္ဒပဲ။” ဟုဆိုသော် “အကယ်၍ Zhou ခေတ်က Cheng ဧကရာဇ်သာ
Duke Chao ကို သေဒဏ်ပေးခဲ့မယ်ဆိုရင် လူတွေက စစ်ဗိုလ်ချုပ် Duke Zhou နဲ့မဆိုင်ဘူး လို့
ယုံကြည်ကြမှာလား။” ဟုပြန်လည်ထောက်ပြမေးမြန်းလိုက်သည်။
သိ့န
ှုင့် သတ်ရန်အကြံကို ဖျက်လိုက်ရကာ Yang Biao ကို ရာထူးမှထုတ်ပယ်ပြီး မွေးရပ်ပြန်စေသည်။
နန်းတွင်းအတိုင်ပင်ခံ Zhao Yan သည် “ချောင်ချောင်း”(Cao Cao) ကိုဆန့်ကျင်သည့်အနေနှင့်
နန်းတွင်းအမတ်တစ်ယောက်ကို အမိန့မ
် ပါဘဲ ထုတ်ပယ်ပစ်သည်ဟု ဘုရင်ကိုတိုင်ကြားသည်။
“ချောင်ချောင်း”(Cao Cao) က ၎င်းကို ဖမ်းဆီးကာ သတ်ပစ်ခြင်းဖြင့် တြုံ့ ပန်သည်။ ထိရ
ိုက်ခတ်မှုမှာ
ကျန်လစ
ူုများကို တိတဆ
ိတ်သွားစေသည်။
Cheng Yu က “ချောင်ချောင်း”(Cao Cao) ကို ပိုမိုခိုင်မာသော နေရာရယူရန် အကြံပေးသည်။
“ချောင်ချောင်း”(Cao Cao) က “နန်းတော်ကို ထောက်ခံသေ
ူ တွများနေသေးတယ်။ ငါဂရုစိုက်ရမယ်။
တော်ဝင်အမဲလိုကပ
်ွဲ ကျင်းပဖို့ တင်ပြဦးမယ်။ ပြီးမှ အကောင်းဆုံးလမ်းကို ရွေးချယ်မယ်။” ဟု ဖြေလေသည်။
ထိ့ေ
ု နာက် အမဲလုက
ိပွဲကျင်းပရန် ဆုံးဖြတ်ကာ မြင်းများ ၊ စွန်ရဲများ ၊ အမဲလုက
ိခွေးများနှင့် လေး ၊ မြားတို့ကို
ပြင်ဆင်စေသည်။ မြို့ပြင်တွင် အစောင့်ထထ
ဲူစွာ ချထားလေသည်။
“ချောင်ချောင်း”(Cao Cao) က အမဲလိုက်ပွဲအကြောင်းတင်ပြသော် ဘုရင်က မသင့်တော်၍
မလုပ္လုေ
ိ ကြာင်းပြောသော် “ချောင်ချောင်း”(Cao Cao) က “ရှေးယခင်ကတည်းက အုပ်ချုပ်သူတွေဟာ
သူတ့အ
ို စွမ်းကိုပြဖို့ တစ်နှစ်ကို ၄ ကြိမ် အမဲလိုက်ပွဲလုပ်ကြတယ်။ Sou ၊ Miao ၊ Xien နဲ့ Shou လိ့ေ
ု ခ်ါပါတယ်။

298
အခုတိုင်းပြည်ရေးရာက ရှုပ်ထွေးနေတယ်။ ဒီတော့ အမဲလိုက်ရင်း စစ်တပ်ကို လေ့ကျင့်ပေးတာ
သင့်တော်ပါတယ်။ အရှင် ခွင့်ပြုလိမ့်မယ်လို့ ယုံကြည်ပါတယ်။” ဟုဆိုလေသည်။
သိ့န
ှုင့် ဘုရင်လည်း ဝတ်စုံပြည့်နှင့် တော်ဝင်အမဲလိုက်ပွဲကို ပါဝင်ဆင်နွှဲရလေသည်။ ကုန်းနှီးတပ် မြင်းကို စီးကာ
လေးနှင့် ရွှေမြားထည့်ထားသောမြားအိတက
ို သယ်လာသည်။ သူ၏မြင်းလှည်းက နောက်ကလိုက်သည်။
“လျူဘေ့”(Liu Bei) နှင့်ညီနောင်တို့က လေးနှင့် မြားကိုယ်စီကိုင်ကာ နောက်မှ ရထားဖြင့်လုက
ိသည်။
အသီးသီးမှာ အပြင်ဝတ်ရုံအောက်တွင် သံချပ်ဝတ်ထားကာ ကိုယ်စီ အထူးလက်နက်ကုင
ိစွဲထားသည်။
“ချောင်ချောင်း”(Cao Cao) က လျှပ်စီးပျံ ဟုအမည်ရသော မြင်းညိုကို စီးသည်။ အမဲလိုက်အဖွဲ့မှာ အင်အား ၁
သိန်းရှိလေသည်။
အမဲလိုက်ပွဲကို ရွှီထျန်း တွင် ပြုလုပ်သည်။ စတုရန်းမိုင် ၁ ထောင်ခန့်အကျယ်ရှိ အမဲလိုက်ကင
ွ်းကို
အစောင့်တြို့ ဖင့် ဝိုင်းရံစေသည်။ “ချောင်ချောင်း”(Cao Cao) မှာ ဘုရင်နှင့်ပင် ဘေးချင်းယှဉ်ကာ မြင်းစီးရင်း
တစ်လှည့်စီဦးဆောင်နေကြသည်။ နောက်မှ ထပ်ချပ်မကွာလိုက်နေသူများမှာ “ချောင်ချောင်း”(Cao Cao)
၏လူများဖြစ်လေသည်။ အခြားမှူးမတ်များမှာ ရှေ့ရှိ “ချောင်ချောင်း”(Cao Cao) ၏အစုအဖွဲ့ ကြားထဲ
တိုးမဝင်ရဲကြချေ။
တစ်နေ့တွင် ဘုရင်မြင်းစီးနေစဉ် ဦးရီးတော်ကို တွေ့လေသည်။ “ဦးရီးတော်ရဲ့ အမဲလိုက်အစွမ်းကို ကြည့်ပါရစေ”
ဟုတောင်းဆိုလေသည်။ “လျူဘေ့”(Liu Bei) က ချက်ချင်းပင် မြင်းပေါ်တက်သည်။ ယုန်တစ်ကောင်ကို
မြင်သော် ပစ်လိုက်သည်။ ပထမမြားနှင့်ပင် ထိလေသည်။ ဘုရင်မှာ အံ့သြဆွံ့အသွားကာ ဒုန်းစိုင်းလေသည်။
ထိုစဉ် သမင်တစ်ကောင် ချုံကွယ်မှထွက်လာသည်။ မြား ၃ ချက်ဆင့်ပစ်သော်လည်း အကုန်လွဲလေသည်။
ဘုရင်က “ချောင်ချောင်း”(Cao Cao) ကို ကြိုးစားစေသည်။ “ချောင်ချောင်း”(Cao Cao) က ဘုရင့်ထံမှ
လေးနှင့်မြားကိုငှားကာ ပစ်လေသည်။ ပထမအချက်နှင့်ပင် သမင်၏လက်ပြင်ကိုထိကာ မလှုပ်နိုင်တော့ပေ။
ထိုစဉ် နောက်မှ မှူးမတ်များရောက်လာကာ ရွှေမြားကိုမြင်သော် ဘုရင့်လက်ချက်ဟု သတ်မှတ်ကြပြီး
သက်တော်ရာကျော်ရှည်ပါစေ ဟုကြွေးကြော်ကြလေသည်။ “ချောင်ချောင်း”(Cao Cao) က ဘုရင်ကို
နောက်ကိုတွန်းကာ ရှေ့ထွက်ပြီး ဂုဏ်ပြုမှုကို လက်ခံလေသည်။ အားလုံးသွေးဆုတ်သွားကြသည်။
“လျူဘေ့”(Liu Bei) နောက်တွင် ရပ်နေသော “ကွမ်းယွ”ီ (Guan Yu) က လွန်စွာစိတ်ဆိုး နေသည်။
ငွေရောင်မျက်ခုံးများပင့်ကာ နီရဲသော မျက်လုံးများဖြင့် စိုကြ် ကည့်ရင်း လက်တွင်ဓားကိုဆပ
ုကိုင်ကာ
ဘုရင်ကိုအရိုအသေမဲ့သော “ချောင်ချောင်း”(Cao Cao) ကို သတ်ရန် ဒုန်းစိုင်းလေသည်။
သု့ေ
ိ သာ် “လျူဘေ့”(Liu Bei) က လျင်မြန်စွာ လက်ပြကာ အဓိပ္ပာယ်ပါပါကြည့်ပြီး တားလိုက်သည်။
“ချောင်ချောင်း”(Cao Cao) ကို ဦးညွှတရ
် င်း “တကယ့်ကို သဘာဝလွန်ပစ်ချက်ပါပဲ။ ဒါမျိုးပစ်နိုင်တဲ့သူ
အလွန်ရှားတယ်။” ဟု ဆိုလေသည်။ “ချောင်ချောင်း”(Cao Cao) က “ကံသိပ်ကောင်းလိ့ပ
ုါ။” ဟု အပြုံးနှင့်
တံြု့ ပန်လေသည်။ ထို့နောက် မြင်းကိုလှည့်ကာ ဘုရင်ကို ဂါရဝပြုသည်။ သု့ေ
ိ သာ် လေးကို ပြန်မပြေးဘဲ
ပခုံးထက်တင
ွ် လွယ်ထားလေသည်။ အမဲလိုက်ပွဲပြီးဆုံး၍ ပျော်ပွဲရွှင်ပွဲများပြီးသော် မြို့တော်သို့ ပြန်ကြလေသည်။
“ကွမ်းယွ”ီ (Guan Yu) မှာ ဒေါသမပြေသေးဘဲ တစ်ရက်တွင် “လျူဘေ့”(Liu Bei) ကို “အစ်ကိုကြီး ၊
ဘာလို့အဲသူပုန်ကို သတ်ပြီး လောကကြီးအတွက် လူယုတ်မာတစ်ယောက်ရှင်းပစ်မှာကို တားရတာလဲ။ သူက
အားလုံးကိုလျစ်လျူရှုပြီး ဘုရင်ကို စော်ကားတယ်။” ဟုဆိုလေသည်။
“လျူဘေ့”(Liu Bei) : “ကြွကက
ို ခဲနဲ့ပစ်ရင် ပန်းအိုးကို ဂရုစိုက်ပါ။ “ချောင်ချောင်း”(Cao Cao) က ဘုရင်နဲ့
မြင်းခေါင်းတစ်ခုစာအကွာမှာ ရှိနေတာ။ ပြီးတော့ သူ့လူတွေကြားမှာ။ တဒင်္ဂဒေါသမှာ မင်းသာ ရှုံးနိမ့်သွားရင်

299
ဘုရင်အပေါ် အန္တရာယ်ကျရောက်လိမ့်မယ်။ ငါတိ့လ
ု ည်း ရာဇဝတ်သားတွေဖြစ်မယ်။”
“ကွမ်းယွ”ီ (Guan Yu): “သူ့ကို အခုမရှင်းရင် ပိုပြီးဆိုးလာလိမ့်မယ်။”
“လျူဘေ့”(Liu Bei) : “ဒါပေမဲ့ ဂရုစိုက်ပါ ငါ့ညီ ၊ ဒီကိစ္စက ပေါ့ပေါ့လေးဆွေးနွေးလို့မရဘူး။”
ဘုရင်မှာ ဝမ်းနည်းစွာ နန်းဆောင်သို့ပြန်သွားသည်။ သူ၏ Fu မိဖုရား ကို ငိုကြွေးရင်း
အကြောင်းစုံပြောပြလေသည်။
ဘုရင်: “ငါနန်းစတက်ကတည်းက နန်းရင်းဝန်ယုတ်တွေ တစ်ယောက်ပြီးတစ်ယောက် တက်လာတယ်။
“တုန်ကျိုး”(Dong Zhuo) ရဲ့ အကြံအစည်အောက်ရောက်တယ်။ နောက် “လီကျွယ်”(Li Jue) နဲ့ “ကော်စီ”(Guo
Si) တို့က ပုန်ကန်တယ်။ နင်နဲ့ ငါ ဘယ်သူမှ သည်းမခံဖူးတဲ့အရာတွေ သည်းခံရတယ်။ အခုလည်း
“ချောင်ချောင်း”(Cao Cao) က နန်းတော်ရဲ့ဂုဏ်ကို တည်မြဲစေပေမယ့် အာဏာကိုကိုင်ထားပြီး
လုပ်ချင်ရာလုပ်တယ်။ သူ့ဂုဏ်သက
ိ ၡာအတြက္သာ အစဥ္တစိုကလ
်ုပ်နေတယ်။ ခုလည်း အမဲလိုက်ပွဲမှာ
ငါ့ကိုကျော်ပြီး ဂုဏ်ပြုခံတယ်။ သူက အလွနရ
ိုင်းပျတယ်။ ငါ့ကို လုပ်ကြံတော့မယ်ဆိုတာ ယုံကြည်နေတယ်။
ငါတိ့ရ
ဲု့ ဇာတ်သိမ်းဟာ ဘယ်လိုဖြစ်မယ်မသိဘူး။”
မိဖုရား: “သူကောင်းတွေနြဲ့ ပည့်နေတဲ့ညီလာခံမှာ ဟန်တိုင်းရဲ့ ဆန်ကုစ
ိားပြီး နိုင်ငံကို ကာကွယ်ဖ့တ
ို စ်ယောက်မှ
မရှိဘူးလား။”
ထိုစဉ် မိဖုရား၏ ဖခင် “ဖူဝမ်”(Fu Wan) က
“ဖူဝမ်”(Fu Wan): “ငိုကြွေးတော်မမူပါလင့် အရှင်တို့ ၊ နိုင်ငံအတွက် ကယ်တင်ရှင်ကို တွေ့ထားပါတယ်။”
ဘုရင်: မျက်ရည်သုတက
်ာ ““ချောင်ချောင်း”(Cao Cao) ရဲ့ ရိုင်းပျတဲ့အပြုအမူကို မင်းလည်းသိသလား။”
“ဖူဝမ်”(Fu Wan): “သမင်ပစ်တာကို ပြောတာလား။ မတွေ့ဘဲဘယ်နေမလဲ။ ဒါပေမဲ့ တစ်ဖွဲ့လုံးက သူ့လူတွေ ၊
အရှင်အမျိုးတွေကလွဲရင် သစ္စာရှိတ့သ
ဲူတစ်ယောက်မှမရှိဘူး။ ငါ့မှာလည်း လုပ်ပိုင်ခွင့်မရှိတော့ ဘာမှလုပ်မရဘူး။
ဒါပေမဲ့ စစ်သူကြီး “တုန်းချန်”(Dong Cheng) ကတော့ လုပ်နိုင်ပါလိမ့်မယ်။”
ဘုရင်: “ဦးလေး “တုန်းချန်”(Dong Cheng) က ဒီကိစ္စဆွေးနွေးဖိ့လ
ုာမှာလား။ သူက
တိုင်းပြည်ရေးရာပြဿနာတွေနဲ့ ပတ်သက်ပြီး အတွေ့အကြုံများတယ်။”
“ဖူဝမ်”(Fu Wan): “အရှင့်ကို ခစားနေတဲ့လူတုင
ိးက “ချောင်ချောင်း”(Cao Cao) လူတွေပဲ။ အခုလိုကစ
ိ ၥမ်ိဳးက
လျှို့ဝှကထ
်ားရပါမယ်။”
ဘုရင်: “ဒါဆိုဘာလုပ်ရမလဲ။”
“ဖူဝမ်”(Fu Wan): “ငါစဉ်းစားလို့ရသမျှကတော့ “တုန်းချန်”(Dong Cheng) ကို ဝတ်ရုံနဲ့ ကျောက်စိမ်းခါးပတ်
လက်ဆောင်ပေးလိုက်ပါ။ ခါးပတ်ရဲ့အတွင်းသားမှာ သူ့ကိုလှုပ်ရှားဖို့ အမိန့်စာ ထည့်ပေးလိုက်ပါ။ အိမ်ရောက်လို့
သူဖတ်ကြည့်ရင် အစီအစဉ်အမြန်ဆုံးဆွဲပါလိမ့်မယ်။ ဒီလိုဆို ဝိညာဉ်တွေ မိစ္ဆာတွေတောင်မှ မသိနိုင်တော့ဘူး။”
ဘုရင်က သဘောတူလိုကသ
် ည်။ ထိ့ေ
ု နာက် လက်ချောင်းကို ကိုက်ကာ သွေးဖြင့် စာရေးလေသည်။ စာကို Fu
မိဖုရားကိုပေးကာ ခါးပတ်၏ ခရမ်းရောင်အတွင်းသားတွင် ချုပ်စေသည်။ အားလုံးပြီးသော်
အစမ်းဝတ်ကြည့်သည်။ ထို့နောက် အစေခံတစ်ဦးကို စေလွှတ်ကာ “တုန်းချန်”(Dong Cheng) ကို
နန်းတွင်းဝင်စေသည်။
ဘုရင်: “လွန်ခတ
ဲ့ညတွေက သူပုန်တွေသောင်းကျန်းတဲ့ကာလအကြောင်း မိဖုရားနဲ့ ပြောဖြစ်တော့
မင်းရဲ့စွမ်းဆောင်ချက်တွေကို သတိရလို့ ဆုချချင်လို့ ခေါ်လိုက်တာ။”
“တုန်းချန်”(Dong Cheng) က ဦးညွတ်ကာ ကျေးဇူးတင်ကြောင်းပြောသည်။ ထို့နောက် ဘုရင်က

300
“တုန်းချန်”(Dong Cheng) ကို ဘိုးဘွားဘုံကျောင်းကို ခေါ်သွားသည်။ ထင်ရှားသော
ဝန်ကြီးများပုံတြူ ပတိုက်ကိုလည်း သွားကာ ပူဇော်ကန်တော့ကြသည်။ ပုံတူများကို ကြည့်ရင်း
ဟန်တိုင်းပြည်တည်ထောင်သူ “လျူဘန်း”(Liu Bang) ပုံ ကိုတွေ့လေသည်။
ဘုရင်: “ငါတိ့ရ
ဲု့ ကြီးမြတ်တဲ့ ဘိုးဘေးက ဘယ်လိုများ ကြီးကျယ်တ့ေ
ဲ အာင်မြင်မှုကို ရခဲ့တာလဲ။”
“တုန်းချန်”(Dong Cheng): “အရှင်က နောက်ပြောင်ရတာ ပျော်တယ်ထင်တယ်။ ကြီးမြတ်တဲ့ ဘိုးဘေးရဲ့
လုပ်ဆောင်ချက်တွေကို ဘယ်သူကများမသိဘဲ နေမှာလဲ။ Sishang က ဌာနငယ်လေးက ဘဝစတယ်။
ဓားကိုကျစ်ကျစ်ပါအောင်ဆုပ်ကိုင်ရင် အမှန်တရားအတွက် ခရီးကြမ်းကို စတင်ခဲ့တယ်။ ခဏချင်းပဲ တိုင်းပြည်ကို
အောင်နိုင်တယ်။ ၃ နှစ်အကြာမှာ ချင်ကို ဖြိုတယ်။ ၅ နှစ်အကြာမှာ ချူကိုဖြိုတယ်။ နောက်ဆုံးမှာ
အျမဲတည္တ့ေ
ံ နမယ့် တိုင်းပြည်ကြီးကို ထူထောင်နိုင်ခဲ့တယ်။”
ဘုရင်: “တော်လိုက်တဲ့ ဘိုးဘေးတွေ ၊ ညံ့လိုက်တဲ့ နောက်မျိုးဆက်တွေ ၊ ဝမ်းနည်းစရာကောင်းလိုကတ
်ာ။”
ညာဖက်နှင့် ဘယ်ဖက်ရှိ ပုံတူများကို ညွှန်ပြကာ
ဘုရင်: “ဒါ Liu အရှင် Zhang Liang နဲ့ Cuo အရှင် Xiao He တိ့မ
ု လား။”
“တုန်းချန်”(Dong Cheng): “သိပ်မှန်တာပေါ့။ သူတို့ ၂ ယောက်က အဓိက ကူခဲ့တာလေ။”

ဘုရင်က ဘယ်ညာကို ကြည့်ကာ လေသံဖြင့်


ဘုရင်: “မင်းက သူတ့န
ှိုစ်ယောက်လိုပဲ။ ငါ့ဖက်က ရပ်ရမယ်။”
“တုန်းချန်”(Dong Cheng): “ငါ့ရဲ့ သေးငယ်တ့လ
ဲုပ်ဆောင်ချက်တွေက တန်ဖိုးမရှိပါဘူး။ သူတ့န
ိဲု့
မယှဉ်သာပါဘူး။”
ဘုရင်: “မင်း ငါ့ကို Changan မှာ ကယ်ခဲ့တာကို မမေ့ပါဘူး။ မင်းကိုလည်း ကောင်းကောင်းဆုမချနိုင်ခဲ့ဘူး ။ အခု
ငါ့ဝတ်ရုံကို ဝတ်ရမယ်။ ငါ့ခါးပတ်ကိုလည်း ပတ်ရမယ်။ ဒါမှ မင်းက ငါ့ထံပါးမှာ အမြဲရှိတယ်လို့ ခံစားရမယ်။”
ဘုရင်က ဝတ်ရုံနှင့် ခါးပတ်ကိုချွတ်ကာ သူ၏သစ္စာရှိအမတ်ကို ပေးလေသည်။ တချိန်တည်းမှာပင်
တီးတိုးပြောလေသည်။
ဘုရင်: “ပြန်ရောက်ရင် သေချာစစ်ဆေးကြည့်ပါ။ ငါ ဘုရင်ရဲ့ အကြံကို လုပ်ဆောင်ပေးပါ။”
“တုန်းချန်”(Dong Cheng) လည်းနားလည်သွားပြီး ဝတ်ရုံကိုဝတ်ကာ ထွက်ခွာခဲ့လေသည်။
“တုန်းချန်”(Dong Cheng) ရောက်လာသည်ဟူသောသတင်းကြားသော် “ချောင်ချောင်း”(Cao Cao) မှာ

301
ချက်ချင်းရောက်လာပြီး Donghua တံခါးမှ “တုန်းချန်”(Dong Cheng) ထွကသ
် ည်နှင့်ဆုံလေသည်။
မျက်နှာချင်းဆိုင်တွေ့ရာ ရှောင်မရတော့ပေ။ “တုန်းချန်”(Dong Cheng) က အရိုအသေပေးသည်။
“ချောင်ချောင်း”(Cao Cao): “ဘယ်ကလာပါသလဲ ဦးရီး။”
“တုန်းချန်”(Dong Cheng): “ဘုရင်က အခေါ်တော်လွှတ်လို့ လာခဲ့တာပါ။ ဘုရင်က ဒီဝတ်ရုံနဲ့ ခါးပတ်ကို
ပေးလိုက်တယ်။”
“ချောင်ချောင်း”(Cao Cao): “ဘာလို့ ဒါတွေပေးတာလဲ။”
“တုန်းချန်”(Dong Cheng): “အရင်က သူ့အသက်ကို ကယ်ခဲ့လု့ပ
ိါ။”
“ချောင်ချောင်း”(Cao Cao): “ချွတ်ပြပါဦး ၊ ကြည့်ရအောင်။ ခါးပတ်ကလည်း တကယ်လတ
ှာပဲ။ ကြည့်ပါရစေ။”
“တုန်းချန်”(Dong Cheng) မှာ မတတ်သာဘဲ ချွတ်ပေးလိုက်ရသည်။ “ချောင်ချောင်း”(Cao Cao) က
နေရောင်တွင် ထောင်ကြည့်ကာ အသေးစိတ်စစ်ဆေးသည်။ ပြီးသော် ခါးပတ်ကို ဆက်လက်စစ်ဆေးသည်။
“ချောင်ချောင်း”(Cao Cao): “ငါ့ကို ဒါတွေပေးမလား။”
“တုန်းချန်”(Dong Cheng): “ဘုရင်ပေးထားတဲ့လက်ဆောင်မ့လ
ိို့ု မပေးနိုင်ပါဘူး။ မင်းကို
တခြားတစ်စုံပေးပါမယ်။”
“ချောင်ချောင်း”(Cao Cao): “ဒီလက်ဆောင်က အကြံတစ်ခုခုရှိမနေနိုင်ဘူးလား။ ရှိမယ်ဆိုတာသေချာတယ်။”
“တုန်းချန်”(Dong Cheng): တုန်လပ
ှုစွာ “မဝံ့ပါဘူး။ မင်းသိပ်လုခ
ျိင်တယ်ဆို ငါပေးပါမယ်။”
“ချောင်ချောင်း”(Cao Cao): “ဘုရင်ပေးထားတာကို ငါဘယ်လိုယူနိုင်မှာလဲ။ နောက်ပြောင်ရုံသက်သက်ပါ။”
“ချောင်ချောင်း”(Cao Cao) က ဝတ်ရုံရော ခါးပတ်ပါပြန်ပေးလိုက်သည်။ ညရောက်သော် စာကြည့်တိုက်တွင်
တစ်ဦးတည်းရှိစဉ် “တုန်းချန်”(Dong Cheng) သည် ဝတ်ရုံကိုထုတ်ကာ သေချာရှာသော်လည်း
ဘာမျှမတွေ့ချေ။ နာရီပေါင်းများစွာကြိုးစားသော်လည်း အချည်းနှီးပင်။ စားပွဲပေါ်တွင် မှောက်အိပ်ရင်း ခေါင်းကို
လက်ပေါ်တင်ကာ အိပ်ပျော်သွားသည်။ ဖယောင်းတိုင်မီးနှင့်ထိမိကာ ခါးပတ်အတွင်းသားတွင်
အပေါက်ဖြစ်သွားသည်။ လျင်မြန်စွာရုတ်လိုက်သော်လည်း မမှီချေ။ သု့ေ
ိ သ်ာအပေါက်မှတဆင့်
အနီရောင်အမှတ်အသားများကို မြင်သဖြင့် ဆွဲဖြဲလိုက်သော် အမိန့်စာကို တွေ့လေသည်။
“တုန်းချန်”(Dong Cheng) မှာ စာကိုဖတ်ရင်း မျက်ရည်များ ကျလာလေသည်။ ထိုညက သူ့အဖို့
မအိပ်လိုက်ရပေ။ မနက်စောစောတွင် စာကြည့်တိုက်သု့တ
ိ စ်ခေါက်ပြန်သွားကာ ပြန်ဖတ်သည်။ စာတွင်
အစီအစဉ်ဖော်ပြမထားပေ။ “ချောင်ချောင်း”(Cao Cao) ကိုဖျက်ဆီးရန် စဉ်းစားသော်လည်း မတတ်နိုင်အောင်
ဖြစ်နေသည်။ သို့နှင့် စားပွဲပေါ်မှောက်ကာ အိပ်ပျော်သွားလေသည်။
ထိုစဉ် “တုန်းချန်”(Dong Cheng) နှင့် လွန်စွာရင်းနှီးသောဝန်ကြီး “ဝမ်ကျီဖူ”(Wang Zifu) ရောက်လာသည်။
ခါတိုင်းကဲ့သို့ပင် အကြောင်းကြားမနေတော့ဘဲ စာကြည့်တိုက်ကို တိုက်ရိုက်သွားတော့သည်။ အိမ်ရှင်မှာ
အိပ်မောကျဆဲပင် ၊ “ဝမ်ကျီဖ”ူ (Wang Zifu) က အိမ်ရှင်၏ အင်္ကျီလက်ထတ
ွဲင် ဖွက်ထားသော ဘုရင်၏
လက်ရေးမူကို တွေ့လေသည်။ စူးစမ်းလိုစိတ်ဖြင့် ဖတ်ရှုကာ သိမ်းထားလိုက်သည်။
ထိ့ေ
ု နာက် “ဦးရီး “တုန်းချန်”(Dong Cheng) ရေ ၊ နေမကောင်းဘူးလား။ နေ့ခင်းကြီးကို အိပ်လ့ပ
ိုါလား။” ဟု
အော်ပြောလေသည်။ “တုန်းချန်”(Dong Cheng) လည်းနိုးလာကာ အမိန့စ
်ာပျောက်နေသည်ကို သိသော်
လွန်စွာ ကြောက်ရွံ့သွားပြီး ပုံလက
ျဲမတတ်ဖြစ်သွားလေသည်။
“ဝမ်ကျီဖ”ူ (Wang Zifu): “ဒီတော့ မင်းက “ချောင်ချောင်း”(Cao Cao) ကိုဆန့်ကျင်မယ်ပေါ့။ ငါ သူ့ကို
ပြောပြရလိမ့်မယ်။”

302
“တုန်းချန်”(Dong Cheng): ငိုကြွေးရင်း “ဒါဆိုရင်တော့ ဟန်နိုငင
်ံဟာ အဆုံးသတ်ပြီ။”
“ဝမ်ကျီဖ”ူ (Wang Zifu): “ငါက ကျီစယ်တာပါ။ ငါ့ရဲ့ ဘိုးဘေးတွေကလည်း ဟန်နိုင်ငံကို ခစားခဲ့ပြီး ဟန်ရဲ့
ရိက္ခာကို စားသုံးခဲ့တယ်။ ငါက သစ္စာမဲ့ပါ့မလား။ ငါအစွမ်းရှိသလောက် မင်းကို ကူမှာပါ။”
“တုန်းချန်”(Dong Cheng): “မင်းက ဒီလိုတွေးတော့ တိုင်းပြည်အတွက် ကောင်းတာပေါ့။”
“ဝမ်ကျီဖ”ူ (Wang Zifu): “ငါတိ့ဟ
ုာ ဟန်နိုင်ငံအတွက် အရာရာကို စွန့်လွှတ်ပြီး
ဒီလိုအစီအစဉ်တွေဆွဲမယ်ဆိုရင်တော့ ပိုလုံခြုံတဲ့နေရာလိုအပ်မယ်။”
“တုန်းချန်”(Dong Cheng) လည်း လွန်စွာစိတ်ကျေနပ်လေသည်။ အဖြူရောင်ပိတ်စကို ထုတ်ကာ ထိပ်ဆုံးတွင်
သူ၏ နာမည်နှင့် လက်မှတ်ထိုးသည်။ “ဝမ်ကျီဖူ”(Wang Zifu) ကလည်း ထိုအတိုင်းလိုက်လုပ်သည်။
“ဝမ်ကျီဖ”ူ (Wang Zifu): “စစ်သြူ ကီး “ဝူကျီလန်”(Wu Zilan) က ငါ့ရဲ့ အကောင်းဆုံးသူငယ်ချင်းတစ်ယောက်ပဲ။
သူ့ကို ဖိတ်ခေါ်သင့်တယ်။”
“တုန်းချန်”(Dong Cheng): “နန်းတွင်းမှာလည်း စစ်သြူ ကီး “ချုံးကျီ”(Chong Ji) နဲ့ အတိုင်ပင်ခံ “ဝူရ”ှီ (Wu Shi)
တိ့ဟ
ုာ ငါ့ရဲ့အကောင်းဆုံးသူငယ်ချင်းတွေပဲ။ သူတို့ကလည်း ငါ့ဖက်က နေလိမ့်မယ်။”
သိ့န
ှုင့် ဆက်လက်ဆွေးနွေးနေကြစဉ် အစေခံတစ်ယောက်က ဖော်ပြပါ လူ ၂ ယောက်ရောက်လာကြောင်း
ပြောလေသည်။
“တုန်းချန်”(Dong Cheng): “တိုက်ဆင
ိုလိုက်တာ။”
ထိ့ေ
ု နာက် “ဝမ်ကျီဖ”ူ (Wang Zifu) ကိုပုန်းစေသည်။ ဧည့်သည် ၂ ယောက်ကို စာကြည့်တိုက်ထဲ ခေါ်လာပြီး
ဧည့်ခံသည်။ “ချုံးကျီ”(Chong Ji) က အမဲလိုကပ
်ွဲအကြောင်းပြောလေသည်။
“ချုံးကျီ”(Chong Ji) : “မင်းရော ဒါကို ဒေါသမထွက်ဘူးလား။”
“တုန်းချန်”(Dong Cheng): “ဒေါသထွက်လည်း ဘာလုပ်လ့ရ
ို မှာလဲ။”
“ဝူရှီ”(Wu Shi): “ငါ အဲ့ကောင်ကို သတ်မယ် လို့ကျိန်ဆုတ
ိ ယ်။ ဒါပေမဲ့ ငါ့ကို ကူမယ့်သူမရှိဘူး။”
“ချုံးကျီ”(Chong Ji) : “တိုင်းပြည်အတွက် ပေးဆပ်သင့်ရင် ပေးဆပ်ရမှာပဲ။”
ထိုစဉ် “ဝမ်ကျီဖ”ူ (Wang Zifu) ထွက်လာကာ
“ဝမ်ကျီဖ”ူ (Wang Zifu): “မင်းတိ့က
ု “ချောင်ချောင်း”(Cao Cao) ကို သတ်ချင်တယ်ပေါ့။ ငါ
သူ့ကိုသတင်းပေးရမယ်။ ဦးရီး “တုန်းချန်”(Dong Cheng) သက်သေရှိတယ်။”
“ချုံးကျီ”(Chong Ji) : ဒေါသဖြင့် “သစ္စာရှိတဲ့အမတ်က သေရမှာကို မကြောက်ပါဘူး။ ငါတို့သေရင် ဟန်နိုင်ငံမှာ
သရဲဖြစ်မယ်။ အဲဒါက ဒီလိုသစ္စာဖောက်ရဲ့ နောက်လိုက်ဖြစ်ရတာထက် မြတ်တယ်။”
“တုန်းချန်”(Dong Cheng): “ငါတို့ ၂ ယောက်ကလည်း ဒီကစ
္စိနဲ့ပတ်သက်ပြီး မင်းတို့ကို တွေ့ချင်နေတာ။
“ဝမ်ကျီဖ”ူ (Wang Zifu) က ကျီစယ်တာပါ။”
ထိ့ေ
ု နာက် အမိန့်စာကို ထုတ်ပြလေသည်။ စာဖတ်ပြီးသော် ဧည့်သည် ၂ ဦးမှာ ငိုကြလေသည်။
သူတ့၏
ို နာမည်နှင့် လက်မှတ်ကို ပိတစ
် ပေါ်တွင် ရေးခိုင်းသည်။
“ဝမ်ကျီဖ”ူ (Wang Zifu): “ငါ “ဝူကျီလန်”(Wu Zilan) ကိုခေါ်လာတဲ့အထိ ဒီမှာစောင့်ကြပါဦး။”
မကြာမီ ပြန်ရောက်လာပြီး “ဝူကျီလန်”(Wu Zilan) လည်း လက်မှတ်ထိုးလေသည်။ ထိ့ေ
ု နာက် ပိုမိုလုံခြုံသော
အတွင်းခန်းသိ့ဝ
ု င်ကာ အစီအစဉ်ဆွဲနေစဉ် Xiliang မြို့ပိုင် “မာထန်”(Ma Teng) ရောက်လာသည်ဟု
အကြောင်းကြားလေသည်။
“တုန်းချန်”(Dong Cheng): “ငါနေမကောင်းလို့ မတွေ့နိုင်ဘူးပြောလိုက်။”

303
တံခါးစောင့်မှ သွားပြောသော် “မာထန်”(Ma Teng) က ဒေါသကြီးစွာ “မနေ့ကပဲသူ့ ကို Donghua တံခါးမှာ
တွေ့လိုကတ
် ယ်။ ဒီနေ့ နေမကောင်းချင်ယောင်ဆောင်တယ်။ ငါ အလကားလာတာမဟုတ်ဘူး။
ဘာလို့ငြင်းရတာလဲ။” ဟုပြောလိုက်လေသည်။
တံခါးစောင့်လည်း တဖန်ပြန်ဝင်ပြောသည်။ သို့နှင့် “တုန်းချန်”(Dong Cheng) က ကျန်သူများကို ခွင့်တောင်းကာ
ထြကေ
် တွ့လေသည်။ အပြန်အလှန်ဂါရဝပြုပြီးသော်
“မာထန်”(Ma Teng): “မင်းကို လာပြီး နှုတ်ဆက်တာကို မင်းက ဘာလိ့လ
ု က်ခံမတွေ့ချင်တာလဲ။”
“တုန်းချန်”(Dong Cheng): “ငါ့ရဲ့ သနားစရာ ခန္ဓာကိုယက
် ရုတ်တရက် ဖျားနာသွားလို့ပါ။”
“မာထန်”(Ma Teng): တုံးတိပင် “ဖျားတာနဲ့လည်း မတူပါလား။ မင်းမျက်နှာက အကောင်းကြီးပါ။”
အိမ်ရှင်မှာ ဘာမှထပ်မပြောချေ။ “မာထန်”(Ma Teng) က အင်္ကျီလက်ကိုခါကာ ပြန်ရန် ထသည်။ ထို့နောက်
“ဘယ်သူမှ မကောင်းဘူး။ နိုင်ငံကို ကယ်မယ့်လူ တစ်ယောက်မှ မရှိဘူး။”
ဟုတစ်ယောက်တည်းရေရွတ်လေသည်။ ထိုစကားမှာ “တုန်းချန်”(Dong Cheng) ရငိကို ထိမှန်သွားသည်။
“တုန်းချန်”(Dong Cheng): “ဘယ်သ့က
ို ဆိုလိုတာလဲ။”
“မာထန်”(Ma Teng): “အမဲလုက
ိပွဲနေ့က အဖြစ်အပျက်က ငါ့ရင်ကို ဒေါသတွေနဲ့ပြည့်စေတယ်။ ဒါပေမဲ့ ဘုရင်ရဲ့
အမျိုးအရင်းဖြစ်တဲ့ မင်းက အရက်သောက်ပြီး ပုန်ကန်မှုနဲ့ မဆိုင်သလိုနေနေတယ်။ နိုင်ငံကို ကယ်တင်မယ့်သူကို
ဘယ်သွားရှာရမှာလဲ။”
“တုန်းချန်”(Dong Cheng) မှာ သံသယမကင်းသေး၍ အံ့သြဟန်ဆောင်ကာ
“တုန်းချန်”(Dong Cheng): “နန်းရင်းဝန်က ရာထူးကြီးပြီး နန်းတွင်းမှာလည်း အားကိုးခံရတယ်။
မင်းကဘာလို့ဒလ
ီိုပြောရတာလဲ။”
“မာထန်”(Ma Teng): “မင်းက လူယုတ်မာ “ချောင်ချောင်း”(Cao Cao) ကို လူကောင်းလို့မြင်တယ်ပေါ့။”
“တုန်းချန်”(Dong Cheng): “တိုးတိုးပြောပါ။ မျက်လုးံ နဲ့ နားတွေက နေရာတိုင်းရှိတယ်။”
“မာထန်”(Ma Teng): “သေမှာကြောက်တဲ့သေ
ူ တွနဲ့ ကိစ္စကြီးဆွေးနွေးလို့ မရဘူး။” ဟုဆိုကာ ပြန်ရန် ထသည်။
ထိုအခါတွင်မှ “တုန်းချန်”(Dong Cheng) က သံသယကင်းကင်းနှင့် “မာထန်”(Ma Teng) ၏သစ္စာကို
ယုံကြည်သွားသည်။
“တုန်းချန်”(Dong Cheng): “စိတမ
် ဆိုးပါနဲ့။ မင်းကို တစ်ခုပြစရာရှိတယ်။”
ထိ့ေ
ု နာက် “မာထန်”(Ma Teng) ကို လျှို့ဝှက်ခန်းသို့ ဖိတေ
် ခ်ါကာ အမိန့်စာကို ပြသည်။ စာဖတ်ပြီးသော်
“မာထန်”(Ma Teng) မှာ မွေးညင်းများပင်ထောင်ကာ အံကိုကြိတ်ထားသည်။ နှုတ်ခမ်းကိုလည်း
ပြတ်လုမတတ်ကုက
ိထားသည်မှာ သွေးပင်စ့လ
ိုာလေသည်။
“မာထန်”(Ma Teng): “မင်းတို့ လှုပရ
ှ်ားရင် ငါ့စစ်တပ်က ကူဖို့အသင့်ပဲဆိုတာ သတိရပါ။”
“တုန်းချန်”(Dong Cheng) က အခြားသူများနှင့် မိတဆ
် က်ပေးပြီး လက်မှတ်ထိုးစေသည်။ “မာထန်”(Ma Teng)
ကလက်မှတ်ထိုးသည့်အပြင် “ဤသစ္စာကို ဖောက်ဖျက်သော် အသေဆိုးနှင့် သေပါစေ” ဟု
သွေးဖြင့်သစ္စာဆိုလေသည်။
“မာထန်”(Ma Teng): ကျန် ၅ ယောက်ကို လက်ညှိုးထိုးကာ “ငါတို့ လူ ၁၀ ယောက်လိုလိမ့်မယ်။”
“တုန်းချန်”(Dong Cheng): “ငါတို့ သစ္စာရှိတဲ့သူ အများကြီးမရနိုင်ဘူး။ တစ်ယောက်ဖောက်ရင်
အကုန်အလဟဿဖြစ်ကုန်မယ်။”
“မာထန်”(Ma Teng) က မှူးမတ်စာရင်းကို ယူစေသည်။ ဘုရင်မျိုးဆက် Liu သိ့ေ
ု ရာက်သော် လက်ခုပ်တီး ပြီး

304
“ဘာလို့ သူ့ကိုမတိုင်ပင်တာလဲ။” ဟုပြောလေသည်။ အားလုံးက “ဘယ်သူလဲ။” ဟု မြည်ကြွေးလေသည်။
“မာထန်”(Ma Teng) က ဖြည်းညင်းသေချာစွာ ပြောလေသည်။
နောက်အခန်းတွင် “မာထန်”(Ma Teng) ပြောသူ၏ နာမည်ကို သိရမည်ဖြစ်သည်။
*Silver~K*

305
အခန်း(၂၁) ဆီးသီးဥယျာဉ်ခြံဝယ် ချောင်ချောင်း(Cao Cao) နှင့် လျူဘေ့(Liu Bei) တို့
သူရဲကောင်းတို့ အကြောင်း ဆွေးနွေးခြင်း

"အဲ့လူက ဘယ်သတ
ူုန်း" ဟု ဝိုင်းမေးကြရာ "မာထန်"(Ma Teng) မှ

"ယွီကျိုးနယ်စား လျူဘေ့(Liu Bei) ပါ။ သူက ဒီမှာဆိုတော့ သူ့အကူအညီတောင်းကြည့်ရမယ်" ဟု


ပြောသည်။

"တုန်းချန်"(Dong Cheng) : "သူက ဘုရင့်ဦးရီးတော်ဆိုပေမယ့် လက်ရှိမှာ သူက


ငါတို့ ရန်သလ
ူ က်အောက်မှာလေ။ ငါတို့ဘက်ပါနိုင်ပါ့မလား"

"မာထန်"(Ma Teng) : "အမဲလိုက်တ့အ


ဲ ချိန်တုန်းက ထူးခြားတာတစ်ခုကို သတိထားမိတယ်၊
ချောင်ချောင်း(Cao Cao) က ဘုရင်ကို မထီမဲ့မြင်ပြုတဲ့အချိန်မှာ ကွမ်းယွီ(Guan Yu) က
အဲ့နောက်မှာရှိနေခဲ့ပြီး ဒေါသထွက်နေပုံပေါ်တယ်၊ သူ့လက်ကဓားနဲ့ ချောင်ချောင်း(Cao Cao) ကိုတောင်
ခုတမ
် လို့ ရွယ်လိုက်တယ်၊ လျူဘေ့(Liu Bei) က တားလိုက်လို့ သာလျှင်မသတ်တော့တာ။ လျူဘေ့(Liu
Bei) က ချောင်ချောင်း(Cao Cao) အင်အားတောင့်နေလွန်းလို့ သာငြိမ်နေပုံရတယ်၊ ချောင်ချောင်း(Cao
Cao) ကို ဆန့်ကျင်ဖို့ခေါ်ရင် သူ သဘောတူမှာ ဧကန်ပဲ"

"ဝူရ"ှီ (Wu Shi) : "အဲ့လောက်အလျင်စလိုမလုပ်ပါနဲ့ဦး၊ သေချာစဉ်းစားကြပါဦး"

သို့နှင့် သူတို့၏ ဆွေးနွေးမှုပြီးသွားခဲ့သည်။

နောက်ရက်တွင် "တုန်းချန်"(Dong Cheng) သည် ဘုရင့်အမိန့်ကိုယူကာ "လျူဘေ့"(Liu Bei)


ထံသွားသည်။ "လျူဘေ့"(Liu Bei) မှလည်း ဧည့်သည်ကိုကြိုဆိုကာ ခန်းမဆောင်တင
ွ်းသို့ ခေါ်သွားပြီး
စကားစမြည်ပြောကြသည်။

"ဒီအချိန်ကြီး ဦးရီးတော်တုန်းချန်(Dong Cheng) ကိုယ်တိုင်ရောက်လာတယ်ဆိုတော့


တစ်ခုခုအရေးထူးလို့များလား"

"မနက်ဘက်ကြီးလာခဲ့ရင် ချောင်ချောင်း(Cao Cao) က သံသယဝင်နေမှာပေါ့"

ထို့နောက် အရက်ယမကာတို့သောက်ကြရင်း "တုန်းချန်"(Dong Cheng) မှ

"ဟိုရက်က ခင်ဗျားညီက ချောင်ချောင်း(Cao Cao) ကို သတ်မလို့ လုပ်တာ ခင်ဗျားဘာလို့


တားလိုက်တာလည်း" ဟုမေးသည်။ "လျူဘေ့"(Liu Bei) လည်း လန့်သွားကာ

306
"ခင်ဗျားက ဘယ်လို သိတာလည်း" ဟု ပြန်မေးလေသည်။

"ကျုပ်သိတယ်ဆိုတာ ဘယ်သူမှ မသိပါဘူး"

"အဲ့နေ့က ချောင်ချောင်း(Cao Cao) ရဲ့အပြုအမူတွေကြောင့် ကျွန်တော့်ညီဒေါသထွက်သွားခဲ့တာပါ"

ထိုအခါ "တုန်းချန်"(Dong Cheng) သည် မျက်နှာကိုကာ၍ငိုပြီး

"ဪ...အကယ်၍ နန်းတွင်းအမတ်တွေသာ ကွမ်းယွ(ီ Guan Yu) လောက် ရဲရင့်မယ်ဆိုရင်


ဒီလိုမျိုးဖြစ်လာမှာမဟုတ်ဘူး" ဟု ပြောသည်။

"လျူဘေ့"(Liu Bei) သည် "ချောင်ချောင်း(Cao Cao) မှ သူ့ကိုလူလွှတြ် ပီး စမ်းသပ်ခိုင်းသည်ဟု အထင်ဖြင့်

"ဝန်ကြီးချုပ် ချောင်ချောင်း(Cao Cao) က အမတ်တွေကို ဦးဆောင်နေတာ ဘာများဆိုးရွားနေလို့ လည်းဗျ"


ဟု ပြန်ပြောသည်။

"တုန်းချန်"(Dong Cheng) မှ မတ်တပ်ရပ်ကာ

"ခင်ဗျားက ဘုရင့်ဆွေတော်မျိုးတော်ဖြစ်လို့ ကျုပ်ကကျုပ်ရဲ့စိတရ


် င်းအမှန်ကိုထုတ်ဖော်ပြောတာ ခင်ဗျားက
ဘာကြောင့် ဒီစကားပြောရတာလည်း" ဟု ဆိုလေသည်။

"ကျွန်တော်က ခင်ဗျားလာရတဲ့အကြောင်းအရင်းကို သိချင်လို့ ပြောတာပါ"

ထိုအခါ "တုန်းချန်"(Dong Cheng) သည် သူယလ


ူာသော ဘုရင့်အမိန့်ကိုထုတြ် ပလိုက်ရာ "လျူဘေ့"(Liu
Bei) စိတမ
် ကောင်းဖြစ်သွားသည်။ ထို့နောက် သစ္စာပြုထားကြသော လူတို့၏စာရင်းကိုပါပြလေသည်။
ထိုသူတို့ မှာ "တုန်းချန်"(Dong Cheng) ၊ "ဝမ်ကျီဖ"ူ (Wang Zifu) ၊ "ချုံးကျီ"(Chong) ၊ "ဝူရ"ှီ (Wu Shi) ၊
"ဝူကျိလန်"(Wu Zilan) နှင့် "မာထန်"(Ma Teng) တို့ဖြစ်သည်။

"လျူဘေ့"(Liu Bei) မှ

"ခင်ဗျားက ဒီလိုအမိန့် ပါလာမှာတော့ ကျွန်တော် မနာခံပဲဘယ်နေပါ့မလည်း" ဟုဆိုကာ ထိုစာပေါ်တွင်


သူ၏နာမည်နှင့် လက်မှတ်တို့ကို ရေးထိုးကာ စာရွကက
ို "တုန်းချန်"(Dong Cheng) ထံ
ပြန်အပ်လုက
ိသည်။

"ဒါဆို နောက်ထပ်လသ
ူုံးယောက်လောက် ထပ်ရှာပြီးရင်တော့ လုပ်ငန်းကြီးစလို့ရပြီ"

307
"ဒါပေမယ့် ဒါကို သတိထားပြီး လုပ်ဆောင်ရမယ်"

ထိုသူနှစ်ဦးတို့သည် မနက်အရုဏ်တက်ခါနီးအထိ ဆွေးနွေးကြပြီးနောက် "တုန်းချန်"(Dong Cheng)


ပြန်သွားသည်။

ထိုရက်မှစကာ "ချောင်ချောင်း"(Cao Cao) သံသယမဝင်စေရန် "လျူဘေ့"(Liu Bei) သည်


သူ့ပန်းခြံထဲတွင်ပင် အပင်စိုကြ် ခင်း၊ ရေလောင်းခြင်း၊ အပင်တို့ ကိုပေါင်းသင်ခြင်းတို့ဖြင့် အချိန်တို့ ကို
ကုန်လွန်စေသည်။

"ကွမ်းယွ"ီ (Guan Yu) နှင့် "ကျန်းဖေး"(Zhang Fei) တို့ က ထိုသို့ မလုပ်ရန်လာတားလေရာ "လျူဘေ့"(Liu
Bei) မှ

"ဒါ ငါလုပ်တာ အကြောင်းရှိတယ်" ဟု ပြောလိုက်သဖြင့် ညီနှစ်ဦးတို့က ဘာမှထပ်မပြောတော့ပေ။

ထိုညီနှစ်ဦးတို့မရှိသောတစ်ရက်တွင် "လျူဘေ့"(Liu Bei) ၏ ပန်းခြံအတွင်းသို့ "ကျန်းလျောင်"(Zhang


Liao) နှင့် "ရွှီချူ"(Xu Chu) တို့ ရောက်လာရာ "လျူဘေ့"(Liu Bei) မှ

"ဘာအကြောင်းထူးရှိလို့လည်း" ဟု မေးလေသည်။

"ဘာအကြောင်းထူးရှိလည်းတော့မသိပေမယ့် ဝန်ကြီးချုပ်က ဖိတခ


ိုင်းလိုက်လို့ ပါ"

308
သို့နှင့် "လျူဘေ့"(Liu Bei) လည်း "ချောင်ချောင်း"(Cao Cao) ထံသွားလေသည်။ "လျူဘေ့"(Liu Bei)
ရောက်သော် "ချောင်ချောင်း"(Cao Cao) မှ

"အိမ်မှာ အလုပ်ကြီးအကိုင်ကြီးလုပ်နေတယ်နော်" ဟု ပြောလိုက်သည်။ထိုအခါ "လျူဘေ့"(Liu Bei)


မျက်နှာနည်းနည်းပျက်သွားလေသည်။

ထို့နောက် "ချောင်ချောင်း"(Cao Cao) သည် "လျူဘေ့"(Liu Bei) ကို ဥယျာဉ်အတွင်းခေါ်သွားသည်။

"ခင်ဗျား သင်ယူနေတဲ့အပင်စိုက်ပျိုးမှုက ခက်ခဲတယ်"

"ဒါ အလုပ်ကြီးအကိုင်ကြီးလို့ မဆိုနိုင်ပါဘူး၊ အပျင်းပြေလုပ်နေတာပါ"

"ချောင်ချောင်း"(Cao Cao) မှ ဤသို့ ပြောလေသည်။

"ဒီနေ့အပင်ပေါ်က ဆီးသီးတွေကိုမြင်မိတော့ ကျုပ်အတွေးတွေက လွန်ခဲ့တဲ့တစ်နှစ် ကျန်းရှို့ (Zhang Xiu)


နဲ့တိုက်တဲ့အချိန်ကို ပြန်သတိရမိသွားတယ်၊ အဲ့အချိန်တုန်းက ရေငတ်တော့ ရေဆာနေတဲ့အချိန်မှာ
တောအုပ်ထဲက ဆီးပင်တွေကို တွေ့လိုက်တယ်၊ ကျုပ်က အဲ့ဆီးပင်တွေကို လက်ညှိုးညွှန်ပြီးပြတော့
စစ်သားတွေက သွားရည်ယိုခဲ့ကြတယ်၊ ပြောရမယ်ဆိုရင် အဲ့ဆီးပင်တွေက ကျုပ်အပေါ် ကျေးဇူးရှိတယ်ဗျ"

ထိုအခါ "လျူဘေ့"(Liu Bei) သည် သံသယအလျင်းမရှိတော့ပဲ "ချောင်ချောင်း"(Cao Cao) နှင့်အတူ


ဆီးပင်များစိုက်ထားသော ဥယျာဉ်သို့ လိုက်သွားသည်။ ထိုဥယျာဉ်အတွင်းရှိ အမိုးအောက်ဝယ် အရက်နှင့်
ဆီးသီးတို့ ကိုတည်ခင်းကာ "လျူဘေ့"(Liu Bei) အား ဧည့်ခံသည်။ သူတို့ သောက်စားနေသည့်အချိန်တွင်
မိုးတိမ်တို့ သည် ညှို့တက်လာကာ တိမ်တို့ မှာ နဂါးပုံပြောင်းသွားသည်ကို အစောင့်တို့ က
တအံ့တဩဖြင့်လက်ညှိုးညွှန်ကာ ပြောနေကြသည်။

ထိုအခါ "ချောင်ချောင်း"(Cao Cao) မှ "လျူဘေ့"(Liu Bei) အား

"နဂါးတွေရဲ့ ပြောင်းလဲမှုဆင့်ကဲဖြစ်စဉ်ကို ခင်ဗျားသိလား" ဟုမေးသည်။

"သေချာမသိပါဘူး"

"နဂါးတွေက ပုံစံအမျိုးမျိုးပြောင်းနိုင်တယ်၊ ဟိုးအမြင့်ကြီးမှာ ထည်ထည်ဝါဝါနေနိုင်သလို ပုန်းကွယ်ပြီးလည်း


နေနိုင်တယ်၊ မိုးတိမ်တွေကို ဖန်တီးပြီး မြူတွေကို ဖြစ်စေတယ်၊ သစ်တုံးလေးသာမက အရိပ်ကုလ
ိ ည်း
ပျောက်အောင်ဖွက်နိုင်တယ်၊ ဟိုးကောင်းကင်ဘုံအထက်မှာလည်း ရှိနေနိုင်သလို
ဟိုးအဏ္ဏဝါအောက်မှာလည်း နေနိုင်ကြတယ်၊ အခုက နွေဦးအလယ်လောက်ဆိုတော့ နဂါးက

309
သူဘာပုံစံပြောင်းရမလည်းဆိုတာတွေးနေပြီ၊ လူက ကိုယ့်အိပ်မက်အတွက် လောကကြီးကိုအောင်နိုင်ဖို့
ကြိုးစားနေသလိုပေါ့၊ တိရစ္ဆာန်မှာဆိုရင်တော့ နဂါး၊ လူအနေနဲ့ပြောရင်တော့ သူရဲကောင်းလို့
ပြောလို့ရတယ်ဗျ၊ စစ်သူကြီးက နေရာအနှံ့ ရောက်ဖူးတယ်ဆိုတော့ ဒီခေတ်ဒအ
ီ ခါရဲ့ သူရဲကောင်းတွေကို
ပြောကြည့်ပါလား"

"ကျွန်တော်က ဉာဏ်ထိုင်းတဲ့လူဆိုတော့ ဒါတွေဘယ်သိပါ့မလည်းဗျာ"

"ကိုယ့်ကိုယ်ကို မနှိမ့်ချပါနဲ့"

"ဝန်ကြီးချုပ်ရဲ့ကျေးဇူးကြောင့်သာလျှင် ကျွန်တော် နန်းတွင်းမှာရာထူးတစ်ခုရခဲ့တာ။ ဒါပေမယ့် ဘယ်သူက


သူရဲကောင်းတွေလည်းဆိုတာတော့ ကျွန်တော်လည်း မပြောတတ်ဘူး "

"ခင်ဗျား သူတို့ကိုမြင်ဖူးချင်မှ မြင်ဖူးမှာဖြစ်ပေမယ့် ကြားဖူးနားဝတွေတော့ ရှိမှာပါ"

"စစ်တပ်ကြီးပိုင်ဆုင
ိထားတဲ့ ဟွိုင်မြစ်တောင်ဘက်က ယွမ်စု(Yuan Shu) ဆိုရင်ကော?"

"ချောင်ချောင်း"(Cao Cao) မှ ရယ်မောပြီး

"သင်္ချိုင်းကုန်းထဲဝင်ခါနီး ပုတေ
် တာ့မယ့်အရိုးခြောက်သာသာပါဗျာ၊ မကြာခင် ကျုပ်သူ့ ကို ရှင်းပစ်တော့မှာ"
ဟု ပြောသည်။

"ယွမ်ရှောက်(Yuan Shao) ဆိုရင်ကော၊ သူတို့ မိသားစုက မျိုးရိုးစဉ်ဆက်လေးဆက်လံုး


နန်းတွင်းမှာအမှုထမ်းလာခဲ့တာ၊ တစ်တိုင်းပြည်လုံးမှာ သူတို့ အဆက်အသွယ်တွေရှိတယ်၊ ဒါအပြင်
သူ့လက်အောက်မှာ လူတော်တွေလည်းရှိတယ်၊ သူကော သူရဲကောင်းမဟုတ်ပေဘူးလား"

"သူက သူများတွေကို အနိုင်ကျင့်ပေမယ့် ငကြောက်တစ်ယောက်ပဲ၊


အကြံအကြီးကြီးတွေလည်းလုပ်ချင်တယ်၊ ဆုံးဖြတ်ချက်လည်း မခိုင်မာဘူး၊ စတေးသင့်တာကို
မစတေးနိုင်ဘူး၊ မျက်စိတစ်ထောက်စာက အကျိုးလောက်အတွက်နဲ့ ရေရှည်အကျိုးကို
စွန့် လွှတ်တတ်တယ်၊ ဒီလိုလမ
ျူိုးက သူရဲကောင်းဖြစ်မလာပါဘူး"

"ဒါဆို ကျင်ကျိုးက လျူပြောင်း(Liu Biao) ဆိုရင်ကော? သူကပြီးပြည့်စုံတဲ့လူဆိုပြီး နာမည်ကြီးတယ်၊


သူ့ဂုဏ်က အရပ်ရပ်မှာကျော်ကြားတယ်၊ သူ့ကိုကော သူရဲကောင်းလို့ မခေါ်ထိုက်ဘူးလား"

"အဲ့လူက သက်သက် အလကားနာမည်ကြီးနေတာပါ၊ သူလည်း သူရဲကောင်း မဟုတ်ပါဘူး"

310
"တောင်ပိုင်းက စွန်းချဲ့(Sun Ce) ကော ဘယ်နှယ့တ
်ုန်း"

"သူက သူ့အဖေနာမည်ကျော်ခဲ့လို့ သာ ဒီလောက်ဖြစ်လာတာပါ၊ သူလည်း သူရဲကောင်းလို့


သတ်မှတ်လို့မရဘူး"

"ရီကျိုးက လျူကျန်း(Liu Zhang) ဆိုရင်ကော?"

"သူက ဘုရင့်ဆွေတော်မျိုးတော်ဖြစ်ပေမယ့် အိမ်စောင့်ခွေးသာသာပဲရှိတယ်၊ ခင်ဗျားက သူ့ကို


သူရဲကောင်းလို့ ပြောစရာလား"

"ဒါဆို ကျန်းရှို့ (Zhang Xiu) ၊ ကျန်းလူ(Zhang Lu) ၊ ဟန်ဆွေ(Han Sui) နဲ့ တခြားလူတွေရော?"

ထိုအခါ "ချောင်ချောင်း"(Cao Cao) က လက်ခုတ်လက်ဝါးတီးကာ ကျယ်လောင်စွာ ရယ်မောပြီး

"ဒီလိုလူတွေအကြောင်း စကားထဲ ထည့်ပြောဖို့တောင် မတန်ဘူး" ဟု ဆိုသည်။

"အဲ့လူတွေကလွဲရင် ကျွန်တော် မသိတော့ပါဘူး"

"မြင့်မားတဲ့အတွေးနဲ့ အကြံဉာဏ်တွေပြည့်နေတဲ့လူကုမ
ှိ သူရဲကောင်းလို့ခေါ်တာ၊ သူတို့ မှာ စီမံကိန်းတွေ
အသင့်ရှိနေတယ်၊ လောကကြီးက သူတို့ ထိန်းချုပ်မှုအောက်မှာပဲပေါ့ဗျာ"

"ဒီလိုကြီးမြတ်တဲ့ ပုဂ္ဂိုလ်က ဘယ်သူများပါလိမ့်"

ထိုအခါ "ချောင်ချောင်း"(Cao Cao) သည် သူ့ရှေ့မှ "လျူဘေ့"(Liu Bei) ကို လက်ညှိုးထိုးပြီးနောက်


သူ့ကိုယ်သူ လက်ညှိုးထိုးကာ

"ဒီလောကကြီးမှာ သူရဲကောင်းက ခင်ဗျားနဲ့ကျုပ်ပဲ ရှိတယ်" ဟုပြောသည်။

"လျူဘေ့"(Liu Bei) သည် လန့်သွားကာ လက်ထဲမှ ဇွန်းနှင့်တူသည် မြေပေါ်သို့ ကျသွားလေသည်။


ထိုအချိန်တွင်ပင် ကျယ်လောင်သော မိုးခြိမ်းသံထွက်ပေါ်လာပြီး မိုးတို့ရွာကျလာသည်။ "လျူဘေ့"(Liu Bei)
သည် ပြုတ်ကျသွားသော ပစ္စည်းတို့ကို ကောက်ကာ

"လန့်သွားတာပဲ၊ တော်ပါသေးရဲ့" ဟု ပြောသည်။ "ချောင်ချောင်း"(Cao Cao) မှ

"ခင်ဗျားက မိုးခြိမ်းတာကို ကြောက်တယ်လား" ဟု မေးရာ "လျူဘေ့"(Liu Bei) မှ

311
"ဒီလို မိုးကြီးလေကြီးကို မကြောက်တဲ့လူ ဘယ်ရှိပါ့မလဲ" ဟု ပြန်ပြောလိုက်ပြီး တကယ့်တကယ်
တူကျသွားသော အကြောင်းအရာကို ဖုံးကွယ်လိုက်သည်။

မိုးတိတ်သွားချေပြီ၊ ဥယျာဉ်အတွင်းသို့ လူနှစ်ဦးရောက်လာသည်၊ ထိုသူတို့ ကား "ကွမ်းယွီ"(Guan Yu) နှင့်


"ကျန်းဖေး"(Zhang Fei) တို့ ဖြစ်သည်။ "လျူဘေ့"(Liu Bei) အား "ချောင်ချောင်း"(Cao Cao)
ဆင့်ခေါ်သည့်အချိန်ဝယ် သူ့ညီနှစ်ဦးတို့က မြားပစ်လေ့ကျင့်နေသည်။ "လျူဘေ့"(Liu Bei) ကို
ခေါ်သွားကြောင်းသိပြီးနောက်တွင် ထိုနှစ်ဦးတို့ လည်း အလျင်အမြန် ဥယျာဉ်အတွင်းသို့
လိုက်လာကြခြင်းဖြစ်သည်။ "ချောင်ချောင်း"(Cao Cao) နှင့် "လျူဘေ့"(Liu Bei) တို့
စကားပြောနေသည်ကိုမြင်သောအခါ ထိုညီအစ်ကုန
ှိစ်ဦးတို့ က တစ်နေရာတွင် စောင့်နေကြသည်။

"ချောင်ချောင်း"(Cao Cao) မှ ထိုနှစ်ဦးကို

"ဘာလို့ ရောက်လာတာတုန်း" ဟု မေးသည်။

"ဝန်ကြီးချုပ်က ကျွန်တော့်အစ်ကိုကို အရက်သောက်ဖို့ ဖိတ်ခေါ်သွားတော့ ကျွန်တော်တို့က ဓားရေးပြပြီး


ဖျော်ဖြေဖို့ ရောက်လာတာပါ"

"ချောင်ချောင်း"(Cao Cao) : "ဒါက ဟုန်မန်စားပွဲမှ မဟုတ်တာ၊ "Xiang Chang" နဲ့ "Xiang Ba" တို့
ဓားရေးပြစရာ မလိုပါဘူး

ထိုစကားကိုကြားသော် "လျူဘေ့"(Liu Bei) ပြုံးလေသည်။ ထို့ နောက် အရက်တို့သောက်ပြီးကြသော်


အသီးသီး အိမ်သို့ ပြန်ကြလေသည်။

312
[ဟုန်မန်စားပွဲ(Hongmen Banquet) - ထိုအချိန်သည် ဟန်ခေတ်တည်ထောင်သဘ
ူုရင်ဖြစ်လာမည့် Liu
Bang မှာ မြို့စားအဆင့်သာရှိသေးပြီး သူနှင့်အတူ အနောက်ဘက်ချူနိုင်ငံဘုရင် Xiang Yu တို့သည်
ချင်အစိုးရကို တော်လှန်သည့်အချိန်ဖြစ်သည်။ Liu Bang က ချင်မြို့တော် လော့ရန်ကို အလျင်
သိမ်းနိုင်လိုကသ
် ည်က Xiang Yu အတွက် အရှက်ရစေခဲ့သည်။ သို့နှင့် Xiang Yu က Liu Bang ကို
တိုက်မည်ပြုရာ သူ့ဦးလေးဖြစ်သူ Xiang Ba က ကြားဝင်စေ့စပ်ကာ Liu Bang ကို Xiang Yu
တပ်စခန်းချထားရာ ဟုန်မန်သို့ အရက်သောက်ရန် ဖိတ်ခေါ်လိုက်သည်။ Xiang Yu ၏ အကြံပေး Fan
Zeng မှ Xiang Chang ဆိုသူအား စားသောက်ပွဲအတွင်းဝယ် ဓားရေးပြချင်ယောင်ဆောင်ကာ Liu Bang
ကို သတ်ရန် အမိန့်ပေးလိုက်သည်။ ထိုစားသောက်ပွဲဝယ် Xiang Chang က ဓားရေးပြပြီး Liu Bang ကို
သတ်မည်အလုပ်ဝယ် Xiang Ba ကဝင်ပြီး သူပါ ဓားရေးပြသည့်ဟန်ဖြင့် Xiang Chang တိုက်သည်ကို
ခုခံလုက
ိသည်၊ မကြာမီပင် Liu Bang ၏ စစ်သူကြီး Fan Kuai ရောက်လာကာ
ထိုလူသတ်ရန်ကြံစည်သည့်အကြောင်းကို ပြောလေရာ အရှုပ်အထွေးဖြစ်ပြီး ထိုအရှုပ်အထွေးကြားဝယ် Liu
Bang ထွက်ပြေးလွတ်မြောက်သွားသည်။"]

"ကွမ်းယွ"ီ (Guan Yu) : "ကျွန်တော်တို့က ဘာဖြစ်တာလည်းလို့ သေမတတ်လန့်သွားတယ်"

ထို့နောက် "လျူဘေ့"(Liu Bei) က အဖြစ်အပျက်တို့ ကို ပြောလေရာ ညီနှစ်ဦးတို့ က အကြောင်းအရင်းကို


မေးလေသည်။

"ငါ စိုက်ပျိုးရေးတွေ လုပ်နေတာက ချောင်ချောင်း(Cao Cao) က ငါ့အကြံတွေကို သံသယမဝင်အောင်လို့၊


ဒါပေမယ့် သူက ငါ့ကို သူရဲကောင်းအနေနဲ့ပြောလိုက်တဲ့အချိန်မှာ သူ ငါ့အပေါ်သံသယဝင်နေသလားဆိုပြီး
လန့်သွားခဲ့တယ်၊ ကံကောင်းထောက်မစွာနဲ့ပဲ အဲ့အချိန်မှာ လျပ်စီးလက်တော့ အကြောင်းပြစရာ
ရသွားခဲ့တယ်"

"အစ်ကိုကြီးက ဉာဏ်ကြီးပါပေတယ်"

နောက်ရက်တွင်လည်း "ချောင်ချောင်း"(Cao Cao) က "လျူဘေ့"(Liu Bei) ကို ခေါ်ကာ


အရက်သောက်ကြပြန်သည်။ ထိုအချိန်တွင် "မန်ချုံး"(Man Chong) ရောက်လာကာ

"ကုန်းစွန်းကျန့်(Gongsun Zan) က ယွမ်ရှောက်(Yuan Shao) ရဲ့ ချေမှုန်းမှုခံလိုက်ရပြီ" ဟု


သတင်းလာပို့ လေသည်။

ထိုအခါ "လျူဘေ့"(Liu Bei) မှ ဝင်၍

"အသေးစိတ်ပြောပြပါလား၊ သိချင်လို့ " ဟု ဝင်ပြောသည်။

313
"သူတို့နှစ်ယောက် စစ်ဖြစ်တော့ နောက်ပိုင်း ကုန်းစွန်းကျန့်(Gongsun Zan) က
အခြေအနေမကောင်းတဲ့အတွက် ခံစစ်အနေနဲ့ပဲ ခုခံခဲ့တယ်၊ စစ်တပ်တွေကို
မျှော်စင်အကြီးကြီးတစ်ခုဆောက်စေပြီး ရီကျင်းမျှော်စင်လို့ ခေါ်စေခဲ့တယ်၊ အဲ့နောက်မှာတော့
သူ့အိမ်တော်ထက
ဲိုဆန်စပါးတွေ၊ ရိက္ခာတွေအများကြီး သိုလှောင်ထားခဲ့တယ်၊ သူ့စစ်သားတွေကတော့
တိုက်တဲ့အဖွဲ့ ကတိုက်၊ နားတဲ့အဖွဲ့ က နားနဲ့ တရစပ်ခုခံနေခဲ့တယ်၊ ဒါပေမယ့် တစ်ရက်မှာ စစ်တပ်တစ်ခုက
အဝန်းရံခံခဲ့ရတာ စစ်ကေ
ူ တာင်းတော့ သူက 'သူ့ကိုသာသွားကယ်လိုကရ
် င် တခြားလူတွေလည်း
အကယ်ခံချင်မှာပေါ့၊ ဘယ်သမ
ှူ အလုပ်ကောင်းကောင်းလုပ်တော့မှာမဟုတ်ဘူး' ဟု
ပြောခဲ့တယ်လို့ဆိုတယ်၊ အဲ့ဒါကြောင့် သူ့စစ်သားတွေက သူ့ဘက်မှာ မတိုက်ချင်တော့ပဲ
ရန်သတ
ူ ပ်တွေဘက်ကူးပြောင်းသွားခဲ့တယ်၊ မြို့တော်ကိုစာပို့ပြီး စစ်ကူတောင်းဖို့ကြိုးစားပေမယ့်လည်း
လမ်းမှာအဖမ်းခံလိုက်ရတယ်၊ ကျန်းရန်(Zhang Yang) ဆီ စစ်ကူတောင်းဖို့ လူလတ
ွှ်တော့လည်း
အဲ့ဆတ်သားကို ယွမ်ရှောက်(Yuan Shao) ဘက်က ဖမ်းမိသွားတယ်၊ အဲ့နောက်မှာတော့
ယွမ်ရှောက်(Yuan Shao) က အလစ်တိုက်တာ ကုန်းစွန်းကျန့်(Gongsun Zan)
အကြီးအကျယ်ဆုံးရှုံးသွားခဲ့တယ်၊ နောက်ဆုံး အဝန်းရံခံခဲ့ရပြီး သူ့မျှော်စင်ကလ
ို ည်း မီးရှို့ ခံရတဲ့အချိန်မှာ
မလွတ်တော့မှန်းသိတဲ့ ကုန်းစွန်းကျန့်(Gongsun Zan) ဟာ သူ့ဇနီးနဲ့သားသမီးတွေကို သတ်ပြီးနောက်
သူ့ကိုယ်သူ ဆွဲကြိုးချပြီး သတ်သေခဲ့တယ်၊ နောက်တော့ မီးက သူ့ကိုရော သူ့မိသားစုတွေကိုပါ
ဝါးမြိုသွားခဲ့တယ်"

"ယွမ်ရှောက်"(Yuan Shao) ဟာ စစ်ရှုံးသွားတဲ့စစ်တပ်တွေကို သူ့တပ်ထဲထည့်ပြီးနောက်မှာတော့


အင်အားပိုကြီးလာခဲ့တယ်။ သူ့ညီဖြစ်တဲ့ ယွမ်စု(Yuan Shu) က အခု ဟွိုင်မြစ်မှာ သူ့ကိုယ်သူအထင်ကြီးပြီး
ပြည်သူတွေကို ဖိနှိပ်တဲ့အတွက် လူတွေက သူ့ကို ဆန့်ကျင်ကန
ုပြီ၊ အခုတော့ ဘုရင်ရာထူးကို
သူ့အစ်ကိုကို လွှဲပေးမယ်ဆိုပြီး ကမ်းလှမ်းတဲ့အခါ ယွမ်ရှောက်(Yuan Shao) က သူ့ညီဆက

ဘုရင့်တံဆိပ်တုံးကိုပါတောင်းတာကို သူ့ညီက လက်ခံခဲ့တယ်။ အခုတော့ ယွမ်စု(Yuan Shu) ဟာ
ဟွိုင်မြစ်ကို စွန့်ခွာပြီး ယွမ်ရှောက်(Yuan Shao) နဲ့ သွားတွေ့ဖို့လုပ်နေပြီ၊ သူတို့နှစ်ဦးသာပေါင်းသွားရင်
ပိုပြီး အန္ထရာယ်ရှိလာလိမ့်မယ်"

ထိုသတင်းကား သတင်းဆိုးကြီးပင်တည်း။ "လျူဘေ့"(Liu Bei) သည် အောင်မြင်ပျော်ရွှင်ခဲ့သော


နေ့ရက်များကို တွေးမိကာ စိတမ
် ကောင်းဖြစ်မိသည်။ သေဆုံးသွားခဲ့သော "ကုန်းစွန်းကျန့်"(Gongsun
Zan) သည် သူ့အပေါ် ကျေးဇူးရှိခဲ့ဖူးလေသည်။ ထို့အပြင် "ကျောက်ယွင"် (Zhao Yun) လည်း
မည်သို့ မည်ပုံဖြစ်သွားသည်ကို သိချင်မိလေသည်။ ထို့နောက် စိတ်အတွင်းမှ

'ဒါက ချောင်ချောင်း(Cao Cao) လက်ကနေ လွှတ်ဖို့ အခွင့်အရေးပဲ' ဟု တွေးမိသည်။

314
"လျူဘေ့"(Liu Bei) သည် မတ်တပ်ရပ်ကာ "ချောင်ချောင်း"(Cao Cao) အား

"ယွမ်စု(Yuan Shu) သာ သူ့အစ်ကိုနဲ့ တွေ့မယ်ဆို သူ သေချာပေါက် ရွှီကျိုးကို ဖြတ်သွားရမှာပဲ၊


ကျွန်တော့်ကို စစ်တပ်ပေးလိုက်ပါ၊ အဲ့တပ်နဲ့ လမ်းမှာ ယွမ်စ(ု Yuan Shu) ကို တားပြီး သူ့ကို
ချေမှုန်းလိုက်ပါ့မယ်" ဟု ပြောသည်။

"မနက်ဖြန် အရှင်မင်းမြတ်ကို လျှောက်တင်ပြီးရင် စစ်တပ်ပေးပါ့မယ်"

နောက်ရက်တွင် "လျူဘေ့"(Liu Bei) ကို စစ်တပ် ငါးသောင်းနှင့်အတူ စစ်သူကြီး "ကျူလင်"(Zhu Ling) နှင့်
"လုကျောက်"(Lu Zhao) တို့ ကိုပါ လွှတ်လိုက်သည်။

"လျူဘေ့"(Liu Bei) နှင့် ခွဲခွာခါနီးတွင် ဘုရင်က ဝမ်းနည်းသဖြင့် မျက်ရည်တို့ကျလာသည်။ ထို့နောက်


"လျူဘေ့"(Liu Bei) သည် အိမ်သို့ပြန်ကာ အထုတ်အပိုးတို့ ပိုးရန် ပြင်သည်။ "တုန်းချန်"(Dong Cheng)
သည် မြို့မှ သုံးမိုင်အကွာထိလိုက်ကာ နှုတ်ဆက်လေသည်။

"ကျွန်တော့်ကို ခွင့်ပြုပါဦး၊ ဒီခရီးဟာ ကျွန်တော်တို့အကြံအစည်အတွက် အထောက်အပံ့ဖြစ်စေမှာပါ"

"အဲ့အကြံအစည်အောင်မြင်ဖို့ အတွကပ
်ဲ စိတ်ထန
ှဲစ်ထားပါ၊ အရှင်မင်းမြတ်က
ကျုပ်တို့ကိုလိုအပ်တယ်ဆိုတာ မမေ့ပါနဲ့"

သို့နှင့် သူတို့သည် ထွကခ


်ွာသွားကြသည်။ သူ့ညီနှစ်ဦးတို့က "လျူဘေ့"(Liu Bei) အလျင်လိုနေရခြင်း
အကြောင်းကိုမေးရာ "လျူဘေ့"(Liu Bei) မှ

"ငါက လှောင်အိမ်ထဲကငှက်လို၊ ပိုက်ကန


ွ်ထဲကငါးလိုဖြစ်နေခဲ့တယ်။ အခုတော့
ငါးကပင်လယ်ထဲပြန်ရောက်သွားသလို၊ ငှကက
် အပြာရောင်ကောင်းကင်ကြီးဆီ ပြန်ရောက်သွားလိုပဲ
လွတ်လပ်သွားခဲ့ပြီ၊ ငါ ထိန်းချုပ်မှုအောက်မှာ သေးသိမ်ခဲ့ရတယ်" ဟု ပြောလေသည်။ ထို့နောက်
"ကျူလင်"(Zhu Ling) နှင့် "လုကျောက်"(Lu Zhao) တို့ ကို မြန်မြန်ခရီးနှင်ရန် ပြောလိုက်သည်။

ကွမ်းယွ(ီ Guan Yu) မှ ရွှီကျိုးကို သိမ်းခြင်း

"လျူဘေ့"(Liu Bei) ထွက်သွားသည့်အချိန်ဝယ် "ကောကျား"(Guo Jia) နှင့် "ချန်ယွီ"(Cheng Yu)


တို့သည် ဂိုထောင်ရိက္ခာတို့ ကို သွားစစ်ဆေးသည့်အချိန်ဖြစ်သဖြင့် "ချောင်ချောင်း"(Cao Cao) အနားတွင်
မရှိပေ။ သို့သော်လည်း ထိုအကြောင်းကိုကြားသည်နှင့် ထိုသန
ှူစ်ဦးတို့ သည် သူ့သခင်ထံသွားကာ
"လျူဘေ့"(Liu Bei) ကို လွှတလ
ိုက်သည့်အကြောင်းမေးကြသည်။

315
"ချောင်ချောင်း"(Cao Cao) : "သူ ယွမ်စ(ု Yuan Shu) ကို တိုက်ဖို့လွှတ်လိုကတ
်ာ"

"ချန်ယ"ွီ (Cheng Yu) : "အရင်သူ ယွီကျိုးနယ်စားဖြစ်ခဲ့စဉ်က သူ့ကို


သေဒဏ်ပေးသင့်တယ်လို့ အကြံပေးတာကို သခင်ကြီးက လက်မခံခဲ့ဘူး ၊ အခုတော့
သူ့ကိုဒီလိုစစ်တပ်ပေးလိုက်တာဟာ နဂါးကို ပင်လယ်ထဲလတ
ွှ်လိုက်သလို၊
ကျားကိုတောထဲလွှတ်ပေးလိုက်သလိုပဲ။ အနာဂတ်မှာ ဘယ်လိုများ ထိန်းချုပ်နိုင်မလဲ"

"ကောကျား"(Guo Jia) : "သူ့ကို သေဒဏ်မပေးချင်ဘူးဆိုရင်တောင် သူ့ကို မလွှတ်လိုက်သင့်ဘူး။


ရန်သက
ိုတစ်ရက်လောက်လွှတ်ပေးလိုက်ရင် အကြာကြီးဒုက္ခပေးတာခံရလိမ့်မယ်။ ဒါကို လက်ခံသင့်တယ်"

"ချောင်ချောင်း"(Cao Cao) သည် ထိုစကားတို့ကို အကြောင်းအကျိုးသင့်သည်ဟု ယူဆပြီး "ရွှီချူ"(Xu Chu)


အား မြင်းသည်တော်ငါးရာဖြင့် "လျူဘေ့"(Liu Bei) အားပြန်ခေါ်ရန် အမိန့်ပေးလိုက်သည်။ "လျူဘေ့"(Liu
Bei) သည် နောက်ဘက်မှ ဖုန်မှုန့်တို့ တထောင်းထောင်းထမိသည်ကို သတိပြုလေရာ "လျူဘေ့"(Liu Bei)
က သူ့နောက်မှ "ချောင်ချောင်း"(Cao Cao) တပ်လိုက်လာသည်သိလေသဖြင့် သူ့ညီတို့အား
"နောက်ကတော့ လိုကလ
်ာပြီ" ဟု ပြောလေသည်။

ထို့နောက် သူ့ညီတို့အား ဘယ်၊ညာ အဆင်သင့်နေစေပြီး အသင့်ပြင်ထားစေသည်။ "ရွှီချူ"(Xu Chu)


ရောက်လာသော် "လျူဘေ့"(Liu Bei) တပ်က စစ်တိုက်ရန်အသင့်အနေအထားပြင်ထားသည်ကို
သတိပြုမိသည်။ "ရွှီချူ"(Xu Chu) က မြင်းပေါ်မှဆင်းကာ "လျူဘေ့"(Liu Bei) နှင့် တွေ့လေသည်။

"စစ်သူကြီးက ဘာကြောင့်များ ရောက်လာပါလဲ?"

"ဝန်ကြီးချုပ်က ဦးရီးတော်နဲ့ဆွေးနွေးစရာရှိလို့ ခေါ်ခိုင်းလိုက်လို့ ပါ"

"စစ်သူကြီးတစ်ဦးက စစ်ချီတက်ပြီဆိုရင် နန်းတွင်းအမိန့်ဆိုရင်တောင် နာခံဖို့မလိုတော့ဘူး ၊ ကျွန်တော်က


ဘုရင့်ကိုလည်း နှုတ်ဆက်ခဲ့ပြီးသလို ဒီအမိန့်က ဝန်ကြီးချုပ်ကုယ
ိတုင
ိပေးခဲ့တာပါ။ ဝန်ကြီးချုပ်နဲ့
တခြားဆွေးနွေးစရာမရှိဘူးလို့ ပြန်ပြောလိုက်ပါ"

"ရွှီချူ"(Xu Chu) မှာ ဘာလုပ်ရမည် မသိပဲ ဤသို့ တွေးမိသည်။

'ဝန်ကြီးချုပ်က လျူဘေ့(Liu Bei) နဲ့ ရင်းနှီးမှုကို တန်ဖိုးထားပုံရတယ်၊ ဒါ့အပြင် လျူဘေ့(Liu Bei) ကို
သတ်ဖို့ အမိန့်လည်း မရခဲ့ဘူး။ ဒီတော့ပြန်သွားပြီး ဘာအမိန့်ပေးမလည်း မေးရမယ်'

သို့နှင့် "ရွှီချူ"(Xu Chu) ပြန်လှည့်သွားသည်။ "ချောင်ချောင်း"(Cao Cao) မှာ ဆုံးဖြတ်ချက်ချရန်


နှောင့်နှေးနေမိသည်။ "ချန်ယွီ"(Cheng Yu) နှင့် "ကောကျား"(Guo Jia) တို့က

316
"ဒီလိုမပြန်ဘူးလို့ ငြင်းဆန်တာဟာ သခင်ကြီးကို ဆန့်ကျင်ချင်လို့ ပဲ" ဟု ပြောသည်။

"ဒါပေမယ့် ငါ့လူနှစ်ယောက် ထည့်ပေးလိုကေ


် သးတယ်လေ၊ အဲ့တော့ ဘာမှ ထင်ပေါ်တဲ့ဆန့်ကျင်မှုတော့
လုပ်ရဲမှာမဟုတ်ဘူး ။ ဒါ့အပြင် ငါကိုယ်တိုင်ပေးထားတဲ့အမိန့် ကို ပြန်ပြောင်းရင် မကောင်းဘူး"

သို့နှင့် "လျူဘေ့"(Liu Bei) နောက်သို့ ဆက်မလိုက်တော့ပေ။

"လျူဘေ့"(Liu Bei) သည် စစ်တပ်ကိုဦးဆောင်ကာ ထွက်သွားပြီဟူသောသတင်းကြားသည့်အခါ


"မာထန်"(Ma Teng) သည်လည်း အရေးကြီးကိစ္စရှိသည်ဟုအကြောင်းပြကာ
သူ့နယ်ရှီလျန်သို့ ပြန်သွားသည်။

"လျူဘေ့"(Liu Bei) ရွှီကျိုးသို့ရောက်သော "ချဲ့ကျိုး"(Che Zhou) မှ ထွကလ


်ာကာ ကြိုဆိုသည်။
ပြီးနောက် "မီကျူ"(Mi Zhu) နှင့် "စွန်းချန်"(Sun Qian) တို့က "ချဲ့ကျိုး"(Che Zhou)
နှင့်သွားတွေ့လေသည်။ "လျူဘေ့"(Liu Bei) လည်း သူ့အိမ်တော်သို့ပြန်ကာ သူ့မိသားစုတို့ကို
သွားတွေ့သည်။

"ယွမ်စု"(Yuan Shu) ၏ အခြေအနေကို လူလတ


ွှ်ပြီး ထောက်လှမ်းစေရာ

'ယွမ်စ(ု Yuan Shu) ရဲ့ မာန်တက်မှုကြောင့် သူ့လက်အောက်က စစ်သြူ ကီးတွေကာ နှုတ်ထက


ွ်သွားကြပြီ၊
လေ့ပို(Lei Bo) နဲ့ ချန်လန်(Chen Lan) တို့ကလည်း ထွက်သွားပြီဖြစ်တဲ့အတွက် သူ့တပ်ဖွဲ့ တွေ
အင်အားနည်းနေပြီ။ အခုတော့ သူ့စစ်တပ်နဲ့အတူ အနောက်ဘက်ကို ချီတက်နေသည်'
ဟူသောသတင်းကိုကြားသည်။

"ယွမ်စု"(Yuan Shu) သည် ရွှီကျိုးအနီးသို့ရောက်သော် "လျူဘေ့"(Liu Bei) က စစ်တပ်ငါးသောင်းအပြင်


စစ်သြူ ကီးလေဦး{ကွမ်းယွ(ီ Guan Yu) ၊ ကျန်းဖေး(Zhang Fei) ၊ လုကျောက်(Lu Zhao) ၊ ကျူလင်(Zhu
Lin) တို့ ကိုဦးဆောင်ပြီး "ယွမ်စု"(Yuan Shu) ကို ထွကတ
ိုကသ
် ည်။ "ယွမ်စု"(Yuan Shu) မှ
တစ်ဖက်ရန်သူကို ထိုးဖောက်ရန် "ကျီလင်"(Ji Ling) ကို လွှတလ
ိုကသ
် ည်။ "ကျီလင်"(Ji Ling) နှင့်
"ကျန်းဖေး"(Zhang Fei) တို့ တိုက်ကြကာ ဆယ်ကွက်ခန့်တိုက်အပြီးတွင် "ကျီလင်"(Ji Lin)
အသတ်ခံလိုက်ရသည်။ စစ်သားတို့ သည်လည်း ဦးတည်ရာမဲ့ပြေးကုန်ကြသည်။

ထို့နောက် "ယွမ်စ"ု (Yuan Shu) သည် သူ့တပ်နှင့်ထွကလ


်ာသည်။ "လျူဘေ့"(Liu Bei) သည်
"ကျူလင်"(Zhu Ling) နှင့် "လုကျောက်"(Lu Zhao) ကို ဘယ်တောင်ပံတွင်နေစေပြီး "ကွမ်းယွီ"(Guan Yu)
နှင့် "ကျန်းဖေး"(Zhang Fei) ကို ညာတောင်ပံတင
ွ် ဝန်းရံစေကာ "ယွမ်စ"ု (Yuan Shu) နှင့်
ရင်ဆုင
ိလေသည်။ ရန်သူအနီးသို့ရောက်လာသောအခါ "လျူဘေ့"(Liu Bei) က

317
"သစ္စာဖောက်တွေ၊ လက်နက်ချပြီး အညံ့ခံပါ၊ လက်နက်ချရင် အပြစ်ကို လျှော့ပေါ့ပေးမယ်" ဟု
ပြောလေသည်။ "ယွမ်စ"ု (Yuan Shu) မှ

"ဦးထုပ်နဲ့ ဖိနပ်တွေလပ
ုတဲ့ကောင်ကများ၊ ငါ့ကို အထင်သေးတယ်ပေါ့" ဟု ပြောပြီး
တိုက်ရန်အချက်ပြလိုက်သည်။

"လျူဘေ့"(Liu Bei) သည် အနောက်ဘက်သို့ ဝင်သွားကာ သူ့စစ်သူကြီးတို့က "ယွမ်စု"(Yuan Shu) ကို


ဝိုင်းတိုက်လေသည်။ အလောင်းတို့ မှာ တောင်လိုပုံနေခဲ့ချေ၏။ ထိုအချိန်တွင် "ယွမ်စု"(Yuan Shu) ၏
စစ်သြူ ကီးဟောင်းဖြစ်ကြသည့် "လေ့ပ"ို (Lei Bo) နှင့် "ချန်လန်"(Chen Lan) တို့ပါ ဝင်ပြီး "ယွမ်စု"(Yuan
Shu) တပ်နောက်ပိုင်းကိုတိုက်လေသည်။ "ယွမ်စု"(Yuan Shu) သည်
ရှိုချွန်းသို့ တပ်ဆုတ်ရန်ကြိုးပမ်းသော်လည်း "လေ့ပို"(Lei Bo) နှင့် "ချန်လန်"(Chen Lan) တို့က
လမ်းကိုပိတ်ဆို့ထားခဲ့သည်။

"ယွမ်စု"(Yuan Shu) သည် ကျန်းလင်သို့ပြေးလေသည်။ သူ့တွင်


စစ်သားတစ်ထောင်သာကျန်တော့သည်။ ထိုစစ်သားတို့မှာလည်း အားမရှိတော့ပေရာ
တိုက်လည်းမတိုက်နိုင်သလို ပြေးလည်းမပြေးနိုင်တော့ချေ။ ထိုအချိန်ကား နွေရာသီဖြစ်ပြီး သူတို့ ၏
စားနပ်ရိက္ခာ တို့လည်း ပြတ်လပ်သွားခဲ့သည်။ ဂျုံလှည်းအစီးသုံးဆယ်စာသာ ကျန်တော့သည်။
အစာရေစာပြတ်လပ်ကြပြီးနောက် သေသည့်သူတို့ လည်း သေကုန်ကြသည်။ "ယွမ်စု"(Yuan Shu) မှာ
စစ်သားတို့စားသည့်အစာရေစာကြမ်းကို မှီတင်းပြီး မနေနိုင်တော့ချေ။

တစ်ရက်သော် ရေဆာသဖြင့် "ယွမ်စု"(Yuan Shu) သည် သူ၏စားဖိုမှူးကို ပျားရည်ယူဆောင်ရန်


အမိန့်ပေးရာ စားဖိုမှူးမှ

"ရေတောင် မရှိတာ ဘယ်ကပျားရည်ရှိမှာလည်း" ဟု ပြန်ပြောလေသည်။

"ယွမ်စု"(Yuan Shu) သည် သူ့ခုံရှည်ပေါ်တွင် အော်ဟစ်ကာ လူးလိမ့်ပြီးနောက်


ပါးစပ်မှသွေးတို့ထွက်လာကာ သေဆုံးလေသည်။ ထိုနှစ်သည်ကား "ကျန်းအန်းနှစ် - စတုတ္ထနှစ်" (အေဒီ
၁၉၉) ပင်တည်း။

"ယွမ်စု"(Yuan Shu) သေသော် တူဖြစ်သူ "ယွမ်ရင်း"(Yuan Yin) သည် "ယွမ်စ"ု (Yuan Shu)
၏အလောင်းနှင့်အတူ မိန်းမနှင့် ကလေးတို့ကိုခေါ်ကာ လုကျန်းတွင်သွားခိုလံသ
ှု ည်။ သို့သော် ထိုမြို့မှ
မြို့စား "ရွှီလျူ"(Xu Liu) မှ ကျန်ရစ်သောမိသားစုအကုန်လုံးကိုသတ်လိုက်လေသည်။ ထို့နောက်
ဘုရင့်တံဆိပ်တုံးကိုတွေ့လေရာ ၎င်းကို မြို့တော်မှ "ချောင်ချောင်း"(Cao Cao) ထံ ဆက်သလိုက်သည်။

318
သို့နှင့် သူ့ကို ကောင်းလင်မြို့စားအဖြစ်ရာထူးတိုးပေးခြင်းခံရသည်။ ထိုအချိန်မှစကာ
ဘုရင့်တံဆိပ်တော်သည် "ချောင်ချောင်း"(Cao Cao) လက်ထဲတင
ွ် ရှိခဲ့လေသည်။

"လျူဘေ့"(Liu Bei) သည် "ယွမ်စ"ု (Yuan Shu) သေဆုံးသည့်သတင်းကိုကြားသည့်အခါ နန်းတွင်းသို့


အကြောင်းကြားစာပို့ရန်ပြင်သည်။ ထို့နောက် "ချောင်ချောင်း"(Cao Cao) ထည့်ပေးလိုက်သော
စစ်သြူ ကီးနှစ်ဦးကို ပြန်စေပြီး ထိုစာပို့စေလိုက်သည်။ စစ်တပ်ကုမ
ို ရွှီကျိုးကိုကာကွယ်ရန်အတွက်ဟုဆိုပြီး
ရွှီကျိုးတွင်သာ ထားခဲ့စေသည်။

"ချောင်ချောင်း"(Cao Cao) သည် သူ့စစ်သူကြီးနှစ်ဦးပြန်လာသောအခါ အမျက်ချောင်းချောင်းထွက်ကာ


ထိုသူနှစ်ဦးကို သေဒဏ်ပေးရန်ပြု၏။ ထိုအခါ "ရွှင်ယွိ"(Xun Yu) မှ ဝင်ပြီး

"ဩဇာအာဏာက လျူဘေ့(Liu Bei) ဆီမှာပဲ ရှိခဲ့တာလေ၊ သူတို့ နှစ်ယောက်က ဘယ်တတ်နိုင်မလဲ" ဟု


ပြောသဖြင့် ပြစ်ဒဏ်မှ ခွင့်လွှတ်ပေးလိုကသ
် ည်။ ပြီးနောက် "ရွှင်ယ"ွိ (Xun Yu) မှ

"ဒုနယ်စား ချဲ့ကျိုး(Che Zhou) ကို အမိန့်ပေးပြီး လျူဘေ့(Liu Bei) ကို တိုကေ


် စပါ" ဟု ပြောသည်။
ထို့ကြောင့် "ချဲ့ကျိုး"(Che Zhou) ကို တိုကရ
် န်အမိန့်ပေးလိုက်သည်။ "ချဲ့ကျိုး"(Che Zhou) မှ
"ချန်တန်"(Chen Deng) ကိုခေါ်ကာ တိုင်ပင်သည်။

"ချန်တန်"(Chen Deng) : "ဒါလွယ်ပါတယ်၊ လျူဘေ့(Liu Bei) က အခု မြို့ပြင်မှာဆိုတော့


သူပြန်လာတဲ့အချိန်မှာ အလစ်တိုက်ရမယ်၊ ပြီးရင်မြို့ရိုးပေါ်ကမြားနဲ့ပစ်ပေါ့"

ထိုအကြံကို "ချဲ့ကျိုး"(Che Zhou) က လက်ခံလိုက်သည်။

ထိုအကြောင်းကို "ချန်တန်"(Chen Dang) က သူ့အဖေကိုပြောရာ "ချန်ကွေး"(Chen Gui) မှ သူ့သားအား


ထိုအကြောင်းကို "လျူဘေ့"(Liu Bei) ကိုပြောပြစေသည်၊ "ချန်တန်"(Chen Deng) ကလည်း
မြင်းစီးပြီးထွကရ
်ာ မကြာမီပင် "ကွမ်းယွ"ီ (Guan Yu) နှင့် "ကျန်းဖေး"(Zhang Fei) တို့ ကိုတွေ့ပြီး
"ချဲ့ကျိုး"(Che Zhou) ၏အကြံကို ပြောလိုက်သည်။

ထိုအချိန်တွင် "လျူဘေ့"(Liu Bei) သည်သူ့ ညီနှစ်ဦးတို့နှင့်အတူမရှိပဲ အနောက်ဘက်တွင်ရှိနေခဲ့သည်။


"ကျန်းဖေး"(Zhang Fei) သည် ရန်သူကို သွားတိုက်မည်ပြုရာ "ကွမ်းယွီ"(Guan Yu) မှ

"ဒီအတိုင်းသွားတိုက်ရင်တော့ အကျိုးရှိမှာမဟုတ်ဘူး၊ ညဘက်မှာ ငါတို့ တွေ ချောင်ချောင်း(Cao Cao)


ရဲ့စစ်တပ် ယောင်ဆောင်ပြီး သူထွက်လာအောင်မြားခေါ်မယ်၊ ထွက်လာတဲ့အခါမှ တိုကတ
်ာပေါ့" ဟု ဆိုရာ
"ကျန်းဖေး"(Zhang Fei) က အကြံကိုလက်ခံလိုက်သည်။

319
ထို့နောက် စစ်သားတို့ ကို "ချောင်ချောင်း"(Cao Cao) တပ်အလှံကိုင်ဆောင်စေပြီး "ချောင်ချောင်း"(Cao
Cao) စစ်တပ်နှင့်ဆင်တသ
ူ ည့်အဝတ်တို့ကို ဝတ်ဆင်စေသည်။ ပြီးနောက်တွင်မူ
မြို့ရိုးအနားကပ်သွားသည်။ မြို့ရိုးပေါ်မှစစ်သားတို့က မည်သန
ူ ည်းဟု မေးရာ မြို့တော်မှ
စစ်ကလ
ွှူတလ
ိုက်သော စစ်သြူ ကီး "ကျန်းလျောင်"(Zhang Liao) ၏တပ်ဖြစ်ကြောင်း ပြောလေသည်။
ထိုအခါ "ချဲ့ကျိုး"(Che Zhou) က "ချန်တန်"(Chen Deng) ကိုခေါ်ပြီး တိုင်ပင်သည်။

"ကျုပ်အပြင်ထွက်ပြီး မကြိုဆိုရင်လည်း ကျုပ်ရဲ့သစ္စာရှိမှုကို သံသယရှိနိုင်တယ်၊ အပြင်ထွက်ပြန်ရင်လည်း


ဒါက ရန်သူရဲ့ထောင်ချောက်ဖြစ်နိုင်တယ်"

ထို့နောက် မြို့ရိုးပေါ်တက်ကာ

"ညအမှောင်ကြောင့် ရန်သူလားမိတ်ဆွေလား မခွဲခြားနိုင်ဘူး၊ ဒါကြောင့် မိုးလင်းသည်အထိစောင့်ပေးပါ" ဟု


ပြောသည်။ တစ်ဖက်မှစစ်သားတို့က

"လျူဘေ့(Liu Bei) က ကျွန်တော်တို့ဒီရောက်နေတာသိတယ်၊ မနက်မဆို သူတို့ တိုက်တာ ခံရလိမ့်မယ်"


ဟု ပြန်ပြော၏။

ထို့နောက် မြို့တွင်းသို့ဝင်ခွင့်ပြုရင် တောင်းဆိုလေသည်။ "ချဲ့ကျိုး"(Che Zhou) မှာ


မည်သည်ကိုလုပ်ရမည်မသိ၊ ဒွိဟဖြစ်နေရာ တစ်ဖက်မှ စစ်သားတို့ က
မြို့တံခါးဖွင့်ရန်ပို၍ကျယ်လောင်စွာပြောလေသည်။

ထိုအခါ "ချဲ့ကျိုး"(Che Zhou) သည် ချပ်ဝတ်တန်ဆာဝတ်ကာ မြင်းသည်တော်တစ်ထောင်နှင့်အတူ


မြို့ပြင်သို့ ထွကလ
်ာပြီး

"ကျန်းလျောင်(Zhang Liao) က ဘယ်မှာလည်း" ဟု မေးသည်။ ထိုအချိန်တွင်ပင်


မီးတို့ ကိုထွန်းညှိလိုက်ရာ "ကွမ်းယွ"ီ (Guan Yu) ကို တွေ့လိုက်သည်။ "ကွမ်းယွီ"(Guan Yu) မှ

"အယုတ်တမာကောင်၊ ငါ့အစ်ကြို ကီးကို သတ်ဖို့ကြံစည်ရဲတယ်ပေါ့" ဟု ပြောလေသည်။

"ချဲ့ကျိုး"(Che Zhou) မှာ ပြန်ခုခံရန်ပင် ကြောက်လန့်သွားပြီး မြို့အတွင်းသို့ ပြန်ပြေးရန်ပြင်သည်။


သို့သော်လည်း မြို့ရိုးပေါ်ရှိ "ချန်တန်"(Chen Deng) က မြားတို့ဖြင့်ပစ်လေရာ နောက်သို့ပြန်လှည့်ပြီး
"ကွမ်းယွ"ီ (Guan Yu) နှင့် ရင်ဆိုင်ရသည်။ "ကွမ်းယွ"ီ (Guan Yu) သည် "ချဲ့ကျိုး"(Che Zhou)
ကိုသတ်လိုက်ကာ ခေါင်းကိုဖြတ်လိုက်ပြီး

320
"သစ္စာဖောက်ကို ငါသတ်နိုင်လိုက်ပြီ၊ ကျန်တဲ့လူတွေ လက်နက်ချရင် လွတြ် ငိမ်းချမ်းသာခွင့်ပေးမယ်" ဟု
ပြောလိုက်သည်။

သို့နှင့် စစ်သားတို့ လည်း လက်နက်ချပြီး အညံ့ခံလေသည်။ "လျူဘေ့"(Liu Bei) ပြန်ရောက်သော်


အဖြစ်အပျက်အလုံးစုံကို ပြောပြရာ "လျူဘေ့"(Liu Bei) မှ

"ချောင်ချောင်း(Cao Cao) က ဒါကို ဘယ်လိုထင်မလည်း၊ ငါတို့ကို လာတိုက်လောက်တယ်" ဟု


ပြောသည်။ "ကွမ်းယွ"ီ (Guan Yu) မှ

"သူလာတော့လည်း ရင်ဆိုင်ရတာပေါ့" ဟု ပြောလေသည်။

ထိုအခါ "လျူဘေ့"(Liu Bei) မှာ အလွန့် အလွန် စိတ်ညစ်သွားလေသည်။ မြို့တွင်းသို့ ဝင်သောအခါ


လူတို့ က ဒူးထောက်ပြီး သူ့ကိုကြိုဆိုကြသည်။ အိမ်သို့ပြန်ရောက်သော် "ကျန်းဖေး"(Zhang Fei)
သည်ကား "ချဲ့ကျိုး"(Che Zhou) ၏ မိသားစုတစ်ခုလုံးကို သတ်ပြီးနှင့်နေခဲ့ပြီ။ "လျူဘေ့"(Liu Bei) မှ

"ချောင်ချောင်း(Cao Cao) ရဲ့ အကောင်းဆုံးစစ်သူကြီးထဲကတစ်ယောက်ကို ဒီလုသ


ိ တ်လိုက်တာ
သူငြိမ်ခံမှာမဟုတ်ဘူး " ဟုပြောသည်။ ထိုအခါ "ချန်တန်"(Chen Deng) မှဝင်ပြီး

"မစိုးရိမ်ပါနဲ့၊ ကျွန်တော့်မှာ အကြံရှိပါတယ်" ဟု ပြောလေသည်။

321
အခန်း (၂၂)
“ယွမ်ရှောက်”(Yuan Shao) နှင့် “ချောင်ချောင်း”(Cao Cao) တို့ စစ်စတင်ခြင်း ၊
“ကွမ်းယွ”ီ (Guan Yu) နှင့် “ကျန်းဖေး”(Zhang Fei) တိ့က
ု စစ်သူကြီး ၂ ဦးကို ဖမ်းဆီးခြင်း။

“ချန်တန်”(Chen Deng) ၏ အစီအစဉ်မှာ ““ချောင်ချောင်း”(Cao Cao) ကြောက်တာ “ယွမ်ရှောက်”(Yuan


Shao) ပါ။ “ယွမ်ရှောက်”(Yuan Shao) ဟာ ကျိကျိုး ၊ ချင်ကျိုး ၊ ယိုကျိုး နဲ့ ဘင်းကျိုး နယ်မြေကျယ် ၄ ခုမှာ
အခိုင်အမာတပ်စွဲထားပါတယ်။ စွမ်းရည်မြင့်မှူးမတ်တွေနဲ့ စစ်သည်ကောင်း ၁ သန်းရှိတယ်။ သူ့ဆီစာရေးပြီး
အကူအညီတောင်းလိုက်ပါ။” ဟုဆိုသည်။
“လျူဘေ့” (Liu Bei): “ဒါပေမဲ့ ငါတို့က အရင်ကအဆက်အသွယမ
ှ် မရှိခဲ့တာ။ သူ့ညီကို နှိမ်နင်းခဲ့တဲ့
သူတစ်ယောက်ကို ဒီလိုလုပ်ပေးချင်လိမ့်မယ်မထင်ဘူး။”
“ချန်တန်”(Chen Deng): “ယွမမ
ိသားစုနဲ့ အနှစ်တစ်ရာလောက် တရင်းတနှီးရှိလာတဲ့ မိသားစုက တစ်ယောက်
ဒီမှာရှိပါတယ်။ သူသာစာရေးရင် “ယွမ်ရှောက်”(Yuan Shao) ကသေချာပေါက်ကူညီမှာပါ။”
“လျူဘေ့” (Liu Bei): “ဘယ်သူများလဲ။”
“ချန်တန်”(Chen Deng): “အရှင်လည်း ကောင်းကောင်းသိပြီး လွန်စွာလေးစားရတဲ့သူပါ။ ခန့်မှန်းကြည့်ပါလား။”
“လျူဘေ့” (Liu Bei): ရုတတ
် ရက် ““ကျန်းရွှမ”် (Zheng Xuan) ပဲဖြစ်ရမယ်။”
“ချန်တန်”(Chen Deng): ပြုံးလျက် “သူပဲပေါ့။”
“ကျန်းရွှမ်”(Zheng Xuan) ဆိုသည်မှာ စာသင်သားတစ်ဦးဖြစ်ပြီး ထူးချွန်သူတစ်ယောက်ဖြစ်သည်။
နာမည်ကျော်ဆရာ “မာရုံ”(Ma Rong) ထံတွင် ကြာရှည်စွာ ပညာသင်ယူခဲ့ပြီး ဂီတပညာစာအုပ် ကို
နှံ့စပ်မှုကြောင့် လူသိများကြသည်။ “မာရု”ံ (Ma Rong) သည် စာသင်ကြားတိုင်း လိုက်ကာတစ်ခုချိတ်ဆွဲထားပြီး
နောက်တွင် မိန်းမပျိုလေးများကို သီချင်းဆိုစေသည်။ ကျောင်းသားများမှာ လိုက်ကာရှေ့တွင်သာ
စုရုံးနေကြသည်။ “ကျန်းရွှမ်”(Zheng Xuan) ကမူ သုံးနှစ်တိုင်တိုင် စာကိုသာ တစိုကမ
် တ်မတ်သင်ကြားခဲ့ပြီး
လိုက်ကာဖက် မျက်လုံးပင် ဝင့်မကြည့်ခဲ့ပေ။

ဆရာမှာ များစွာသဘောကျလေသည်။ “ကျန်းရွှမ”် (Zheng Xuan) သည် သင်ယူမှုများပြီးဆုံး၍ အိမ်ပြန်ချိန်တွင်


“မာရုံ”(Ma Rong) က ကျန်တပည့်များကို “ငါ့ရဲ့ သင်ကြားပိ့ခ
ျုမှုများရဲ့ အနှစ်သာရကို တစ်ယောက်တည်းကသာ
ထိုးထွင်းနားလည်သွားခဲ့တယ်။ သူကတော့ “ကျန်းရွှမ်”(Zheng Xuan) ပါပဲ။” ဟု ချီးကျူးလေသည်။
“ကျန်းရွှမ်”(Zheng Xuan) ၏အိမ်တွင် အိမ်စေများမှာလည်း ဂီတပညာစာအုပ် ကို အကျွမ်းတဝင်ရှိကြလေသည်။
တခါက အိမ်စေတစ်ဦးမှာ “ကျန်းရွှမ်”(Zheng Xuan) ၏စကားနားမထောင်သဖြင့်
ဒူးထောက်အပြစ်ပေးခံရသည်။ အခြားတစ်ဦးက Odes ထဲမှ စာသားကို ကိုးကား၍ “ညစ်ညစ်ပတ်ပတ်ထဲမှာ
ဘာလုပ်နေတာလဲ။” ဟု ပြက်ရယ်ပြုလေရာ ဒူးထောက်နေသောမိန်းကလေးက အခြားတစ်ပိုဒမ
ှ် စာဖြင့်
တံြု့ ပန်လေသည်။ “စကားလေးတစ်ခွန်းပါပဲ ၊ ဒါပေမဲ့ သူ့ဒေါသက ငါ့ခေါင်းပေါ်ရောက်လာတယ်။”

ဤကဲ့သို့သော မိသားစုတွင် ပေါက်ဖွားလာသော “ကျန်းရွှမ”် (Zheng Xuan) ပင်။ ဟွမ်ဧကရာဇ်လက်ထက်တွင်

322
အတွင်းရေးမှူးချုပ် ရာထူးအထိ တိုးမြှင့်ခံရသည်။ သိ့ေ
ု သာ် ကုန်းကုန်း ၁၀ ယောက်က အစိုးရကို
ချုပ်ကိုင်ချိန်မှစ၍ ရာထူးမှ နှုတထ
်ွက်ကာ ရွှီကျိုး ကို ပြန်ခဲ့သည်။ “လျူဘေ့” (Liu Bei) မှာ ယခင်ကတည်းကပင်
သူ့ကိုသိကျွမ်းပြီး ကိစ္စများစွာကို သူနှင့် တိုင်ပင်ခဲ့ပြီး လွန်စွာ ကြည်ညိုလေးစားလေသည်။
“လျူဘေ့” (Liu Bei) မှာ အချိန်မဆိုင်းဘဲ “ချန်တန်”(Chen Deng) နှင့်အတူ “ကျန်းရွှမ်”(Zheng Xuan)
အိမ်ကိုသွားကာ စာရေးပေးရန် ပြောလေသည်။ “ကျန်းရွှမ်”(Zheng Xuan) ကလည်း လက်ခံလေသည်။ စာပိ့ရ
ု န်
“စွန်းချန်”(Sun Qian) ကိုစေလွှတ်သည်။ စာရသော် “ယွမ်ရှောက်”(Yuan Shao) က ကြာမြင့်စွာ
စဉ်းစားနေလေသည်။ ““လျူဘေ့” (Liu Bei) က ငါ့ညီကို ဖျက်ဆီးထားတာ။ သူ့ကိုမကူညီသင့်ပေမယ့်
ဒီစာရေးသူကြောင့် လက်ခံရလိမ့်မယ်။”
ထိ့ေ
ု နာက် မှူးမတ်များကို စုဝေးကာ “ချောင်ချောင်း”(Cao Cao) ကို တိုက်ခိုက်ရန် တိုင်ပင်သည်။
အကြံပေး “တျန်းဖုန်း”(Tian Feng): “စစ်မတိုက်ပါနဲ့။ လူတွေလည်း ပင်ပန်းနေပြီ။ ရိက္ခာလည်း နည်းနေပြီ။
အရင်ဆုံး “ကုန်းစွန်းကျန့်”(Gongsun Zan) ကို အောင်နိုင်လိုက်ကြောင်းကို လျှောက်တင်ရအောင်။ အကယ်၍
စာက ဘုရင့်ဆီမရောက်ခဲ့ရင် “ချောင်ချောင်း”(Cao Cao) က အစိုးရကို ထိန်းချုပ်ထားတယ်လို့ လျှောက်တင်ပြီး
စစ်ပြင်ပါ။ လီရန် ကိုသိမ်းပြီး ဟဲနန်မှာ ရေတပ်ပြင်ပါ။ လက်နက်တွေပြင်ဆင်ပြီး စစ်ကြောင်းများစွာဖြင့် ချီတက်ပါ။
၃နှစ်အတွင်းမှာ အကုန်လုးံ ကို အနိုင်ရပါလိမ့်မယ်။”

အကြံပေး “ရှန်ဖေ”(Shen Pei): “သဘောမတူပါဘူး။ ငါတိ့အ


ု ရှင်ရဲ့ စစ်တပ်ဟာ မြောက်အရပ်ကို အောင်နိုင်ခဲ့ပြီ။
“ချောင်ချောင်း”(Cao Cao) ကို ဖယ်ရှားဖိ့ဆ
ိုတာ လက်ကို မှောက်လိုက် လှန်လုက
ိ လုပ်သလို
လွယက
်ူလှပါတယ်။ လချီမယ့် အလုပ်မဟုတ်ပါဘူး။”
အကြံပေး “ကျွရ
ှို”(Ju Shou): “အင်အားများတိုင်း နိုင်မယ်လို့ မပြောနိုင်ဘူး ။ “ချောင်ချောင်း”(Cao Cao) ဟာ
စည်းကမ်းတင်းကျပ်တယ်။ သူ့စစ်သားတွေက ရဲရင့်တယ်။ “ကုန်းစွန်းကျန့်”(Gongsun Zan) လိုမျိုး
ငြိမ်ငြိမ်သက်သက် အဝိုင်းခံမှာ မဟုတဘ
်ူး။ အခု မင်းက နန်းတော်ကို သတင်းပိ့မ
ု ယ့်အကြံကို ကန့်ကွကတ
် ယ်။
ငါကတော့ ပိ့သ
ု င့်တယ်ထင်တယ်။ ဒါပေမဲ့ မင်းက အကြောင်းပြချက်မရှိဘဲ စစ်ချီစေချင်တယ်။ အရှင…
် ဒီလို
မလုပ်သင့်ပါဘူး။”
အကြံပေး “ကော်ထ”ူ (Guo Tu): “မင်းတိ့မ
ှုားတယ်။ “ချောင်ချောင်း”(Cao Cao) ကို အကြောင်းပြချက်မရှိဘဲ
မတိုက်သင့်ဘူး။ ဒါပေမဲ့ အရှင်က ဒီအခွင့်အရေးကို အသုံးချရမယ်။ “ကျန်းရွှမ်”(Zheng Xuan) ရဲ့စာကို
လက်ခံပြီး “လျူဘေ့” (Liu Bei) နဲ့ မဟာမိတ်ဖွဲ့ ကာ “ချောင်ချောင်း”(Cao Cao) ကို နှိမ်နင်းသင့်တယ်။ ဒါဟာ
ကောင်းကင်ရဲ့အလိုဖြစ်ပြီး ပြည်သေ
ူ တွကလည်း သဘောကျလိမ့်မယ်။”
အကြံပေး ၄ ဦးမှာ သဘောထားမတူနိုင်ကြဘဲ ငြင်းခုံနေကြသည်။ “ယွမ်ရှောက်”(Yuan Shao) မှာလည်း
ဘာလုပ်ရမှန်းမသိချေ။ ထိုစဉ် “ရွှီယ”ို (Xu You) နှင့် “ရွှင်ရှန်း”(Xun Shen) ရောက်လာသည်။
“ယွမ်ရှောက်”(Yuan Shao): “မင်းတို့ ၂ ယောက်က အတွေ့အကြုံများတယ်။ မင်းတို့သဘောထားကရော။
“ကျန်းရွှမ်”(Zheng Xuan) က “လျူဘေ့” (Liu Bei) ကို ကူညီပြီး “ချောင်ချောင်း”(Cao Cao) ကိုတုက
ိခိုက်ဖို့
အကြံပေးထားတယ်။ ငါ စစ်တပ်စေလွှတသ
် င့်လား ၊ မလွှတ်သင့်ဘူးလား။”

“ရွှီယ”ို (Xu You) နှင့် “ရွှင်ရှန်း”(Xun Shen): “လွှတ်သင့်ပါတယ်။ အရှင့်စစ်တပ်ဟာ

323
အင်အားကြီးမားတောင့်တင်းပါတယ်။ သူပုန်တစ်ယောက်ကို သတ်ပြီး Han တိုင်းပြည်ကို ကူညီသင့်ပါတယ်။”
“ယွမ်ရှောက်”(Yuan Shao): “ငါ့ဆန္ဒနဲ့ တထပ်တည်းပါပဲ။”

ဦးစွာ “စွန်းချန်”(Sun Qian) ကို ပြန်လွှတ်ကာ “လျူဘေ့” (Liu Bei) ကို ပူးပေါင်းရန် အသင့်ပြင်စေသည်။
ဆက်လက်၍ “ရှန်ဖေ”(Shen Pei) နှင့် “ဖန်းကျိ”(Peng Ji) တိ့က
ို အမိန့်ပေး စစ်သူကြီးများ ၊ “တျန်းဖုန်း”(Tian
Feng) ၊ “ရွှီယု”ိ (Xu You) နှင့် “ရွှင်ရှန်း”(Xun Shen) တို့ကို စစ်တပ်အကြံပေးများ ၊ “ရန်လျန်”(Yan Liang) နှင့်
“ဝင်ချို”(Wen Chou) တို့ကို စစ်သူကြီးများအဖြစ် ခန့်အပ်သည်။ စစ်တပ်မှာ မြင်းစီး နှင့် ခြေလျင်စစ်သည် ၃
သိန်းပါဝင်သည်။ လီရန် သို့ချီတက်ရန်ဖြစ်သည်။
အစီအစဉ်များ ပြင်ဆင်ပြီးသော် “ကော်ထ”ူ (Guo Tu) က “အရှင့်ရဲ့ တိုက်ခိုက်မှုဟာ တရားမျှတကြောင်းပြဖို့
“ချောင်ချောင်း”(Cao Cao) ရဲ့ ပြစ်မှုတွေကို အကျဉ်းရေးပြီး ကြေညာချက်ထတ
ုသင့်ပါတယ်။” ဟုဆိုသည်။
“ယွမ်ရှောက်”(Yuan Shao) ကလည်း သဘောတူကာ ဘွဲ့ရဖြစ်သူ “ချန်လင်”(Chen Lin) ကို တာဝန်ပေးသည်။
“ချန်လင်”(Chen Lin) ဆိုသည်မှာ ကွယ်လွန်သူ လင်း ဧကရာဇ်လက်ထက်က နန်းတွင်းအတွင်းရေးမှူးဖြစ်သည်။
“တုန်ကျိုး”(Dong Zhuo) က ဘုရင့်တပ်မတော်စစ်သူကြီး “ဟဲကျင်း”(He Jin) ကို ဖယ်ရှားပြီးနောက် ကျိကျိုး
တွင် ခိုလှုံနေသူဖြစ်သည်။

"ချန်လင်"(Chen Lin) ၏စာမှာ အောက်ပါအတိုင်းဖြစ်သည်။

ကျွမ်းကျင်လမ
္မိာသောအုပ်ချုပ်သူသည် တိုင်းရေးပြည်ရာကို ကောင်းစွာအုပ်ချုပ်သကဲ့သို့
သစ္စာရှိအမှုထမ်းသည်လည်း ကိုယ့်အခွင့်အာဏာကို ကောင်းစွာအသုံးချသည်။ ထူးခြားသောသူသည်
မတူညီသောအခြေအနေများတွေ့ကြုံနိုင်ပြီး ထိုသူ၏စွမ်းဆောင်မှုတို့ သည်လည်း အံ့မခန်းဖြစ်မည်မှာ
ဧကန်ပင်ဖြစ်သည်။ သာမန်လူတစ်ယောက်သည် ထူးခြားသောအခြေအနေနှင့် မသင့်တော်ပေ။

ရှေးယခင်က အရည်အချင်းညံ့ဖျင်းသော ချင်ခေတ်ဘုရင်ကြောင့် ဝန်ကြီးချုပ် "ကျောက်ကောင်း"(Zhao Gao)


သည် အာဏာကိုချုပ်ကိုင်ထားပြီး မည်သူမျှ သူ့ကိုမတော်လန
ှ်ရည်ပေ။ သို့သော်လည်း တဖြည်းဖြည်းချင်း
ဝမ်ရိနန်းတွင်းအရေးအခင်းဖြစ်ကာ ဘုရင်မှာ အသတ်ခံရပြီး နန်းတော်ကြီးသည်လည်း မီးလောင်သွားခဲ့သည်။
ထိုအဖြစ်အပျက်တို့ ၏ တရားခံ "ကျောက်ကောင်း"(Zhao Gao) မှာ မကောင်းသောသူအဖြစ် နှောင်းလူတို့က
သာဓကအနေနှင့်ပြောကြလေသည်။

ဟန်ခေတ် ဘိုးဘေးဘုရင်နတ်ရွာစံပြီးနောက် လုမိဖုရားကြီး အာဏာရစဉ် မိဖုရားကြီး၏မောင်ဖြစ်သူ "လုချန်"(Lu


Chan) နှင့် "လုလူ"(Lu Lu) တို့က အစိုးရ၏အာဏာကိုချုပ်ကိုင်ထားခဲ့သည်။ ထိုသူနှစ်ဦးသည် မြို့တော်တွင်
တပ်ဖွဲ့နှစ်ဖွဲ့ရှိပြီး လျန့်နှင့်ကျောက်ပြည်နယ်တို့ကိုလည်း အပိုင်စားရသည်။
နန်းတွင်းရေးရာမှန်သမျှတို့ကိုလည်း ထိုသူနှစ်ဦးက ဆုံးဖြတ်လေသည်။ ထိုအခြင်းအရာတို့ကြောင့်

324
ဆွေတော်မျိုးတော်တို့ ၏အာဏာမှာယုတ်လျော့ခဲ့ပြီး လူအများတို့ က မကျေမနပ်ဖြစ်လာသည်။ ထိုအခါ
ကျန်းပြည်နယ်သခင် "ကျိုးဘိ"ု (Zhou Bo) နှင့် ကျူရွှီသခင် "လျူကျန်း"(Liu Zhan) တို့ မှဦးဆောင်ပြီး
အကျင့်ပျက်ခြစားသော အမှုထမ်းတို့ကိုနှိမ်နှင်းကာ ဘုရင်၏အာဏာကိုပြန်တည်မြဲစေခဲ့သည်။

ထိုဥပမာတို့မှာ အမှုထမ်းတို့ က အခွင့်အာဏာကို အလွန်အကျွံအသုံးချသည့်ဥပမာများပင်ဖြစ်သည်။

ယခု အလုပ်ရေးရာဝန်ကြီး "ချောင်ချောင်း"(Cao Cao) သည် "ရွှီဟမ


ွ "် (Xu Huan) ၊ "ကျော်ကွမ်း"(Zuo Guan)
တို့ ကဲ့သို့ကောက်ကျစ်ကာ ကုန်းကုန်းဖြစ်သော "ချောင်ထန်"(Cao Teng)
၏မျိုးနွယ်မှဆင်းသက်လာသူဖြစ်သည်။ ထိုသူသုံးဦးတို့သည် အကျင့်မကောင်းသူများဖြစ်ပြီး
လူအများကိုဒက
္ခုပေးသူဖြစ်သည်။ ထို "ချောင်ထန်"(Cao Teng) သည် ရွှေ၊ငွေ၊ ရတနာတို့ ဖြင့် လာဘ်ထိုးကာ
"ချောင်ချောင်း"(Cao Cao) ၏ဖခင်ကို သားအဖြစ်မွေးစားခဲ့လေသည်။ ထို့ ကြောင့် "ချောင်ချောင်း"(Cao Cao)
သည်လည်း ကောက်ကျစ်စဉ်းလဲပြီး အကျင့်ယုတ်မာသူဖြစ်သည်။

ယခုအခါ အကျွန်ုပ် "ယွမ်ရှောက်"(Yuan Shao) သည် စစ်တပ်ကြီးကိုဦးဆောင်ကာ


တိုင်းပြည်သစ္စာဖောက်တို့ ကို နှိမ်နှင်းမည်ဖြစ်သည်။ အကျွန်ုပ်သည် အစိုးရအခွင့်အာဏာတို့ ကို
အလွှဲသုံးစားလုပ်ခဲ့သော "တုန်ကျိုး"(Dong Zhuo) ကိုနှိမ်နှင်းရန်ဦးဆောင်ခဲ့ဖူးသည်။ ထိုအချိန်က
အကျွန်ုပ်သည် ဓားကိုကိုင်ကာ စည်ကုတ
ီးပြီး အရှေ့ဘက်ကုတ
ိ ည်ငြိမ်အောင် ဦးဆောင်ခဲ့သည်။
သူရဲကောင်းတို့ ကိုစုစည်းပြီး အကောင်းဆုံးတို့ ကိုရွေးချယ်ကာ ရာထူးဂုဏ်သိန်များပေးခဲ့ဖူးသည်။
ထိုကာလအတွင်းတွင် အကျွန်ုပ်သည် "ချောင်ချောင်း"(Cao Cao) နှင့်သိခဲ့ပြီး
သူသင့်တော်သည့်နေရာတစ်ခုကုေ
ိ ပးအပ်ခဲ့လေသည်။ သူ၏အမှားများ၊ အလျင်စလိုတိုက်ခိုက်မှု၊ တပ်ပြန်ဆုတမ
ှ်ု
စသည်တို့ ကို ကျွန်ုပ်သည်းခံခဲ့သည်။ သူသည် အကြိမ်ပေါင်းများစွာစစ်ရှုံးခဲ့ပြီး ကျွန်ုပ်ကလည်း
သူ့ထံအကြံပေါင်းများစွာ စစ်ကူများပေးခဲ့သည်။ ထို့အပြင် သူ့အား ရန်ကျိုးနယ်စားအဖြစ်ခန့်အပ်ရန်
နန်းတွင်းသို့အဆိုတင်သွင်းခဲ့ဖူးသည်။ ထို့ကြောင့် သူ့ကိုယ်သူ ကျားတစ်ကောင်ဟုအထင်ရောက်သွားခဲ့သည်။
ချင်က "မုန့်မင်"(Meng Ming) ကိုသံုး ကာ ကျင်းကိုဖျက်စီးစေသကဲ့သို့ သူသည်လည်း "တုန်ကျိုး"(Dong Zhuo)
ကိုရင်ဆိုင်လိမ့်မည်ဟုမျှော်လင့်ကာ သူ့၏ဩဇာတို့ ကိုများအောင်လုပ်ခဲ့လေသည်။

သို့ သော်လည်း "ချောင်ချောင်း"(Cao Cao) သည် ရသည့်အခွင့်အရေးကိုအသုံးချကာ သူ၏အာဏာတို့ ဖြင့်


မကောင်းမှုများကျူးလွန်ခဲ့လေသည်။ ကျိုကျန်းမြို့စား "ပြန်းရန်"(Bian Rang) သည် အရည်အချင်းရှိသူဖြစ်ပြီး
တစ်လောကလုံးတွင် ကျော်ကြားလေသည်။ ထိုသသ
ူ ည် စကားပြောပွင့်လင်းပြီး ရိုးသားသူဖြစ်ကာ
မြှောက်ပင့်မပြောတတ်ပေ။ "ချောင်ချောင်း"(Cao Cao) သည် ထိုသူကိုသတ်ကာ
ခေါင်းကိုလူလည်ခေါင်တွင်ပြထားစေပြီး ထိုသူ၏တစ်မိသားစုလုံးကိုလည်း သုတ်သင်ခဲ့သည်။
ထိုအကြောင်းကြောင့် ယနေ့တိုင်အောင် ပညာရှိတို့ က ဝမ်းနည်းကြလေသည်။ လူတစ်ဦးက ဝမ်းနည်းစွာဖြင့်

325
ပုန်ကန်ပြီး တခြားလူတို့ ကလည်း ပုန်ကန်ကြသည်။ ထိုအခါ "ချောင်ချောင်း"(Cao Cao) သည် ရွှီကျိုးတွင်
စစ်ရှုံးခဲ့ပြီး သူ၏နယ်ကို "လွီပ"ု (Lu Bu) ကသိမ်းယူသွားခဲ့သည်။ "ချောင်ချောင်း"(Cao Cao)
သည်အရိပ်အကာမဲ့စွာဖြင့် အရှေ့ဘက်သို့ ထွက်ပြေးရလေသည်။

'သစ်ကိုင်းတို့က အားမသန်သော်လည်း ခိုင်ခံ့သောပင်စည်ရှိရမည်' - ၎င်းမှာ ကျွန်ုပ်၏မူဝါဒဖြစ်သည်။


အစိုးရသည်လည်း ဗဟိုကိုချုပ်ကိုင်ထားနိုင်ရပြီး နယ်စားတို့ကလည်း သစ္စာရှိရပေမည်။ ကျွန်ုပ်သည်လည်း
မည်သည့်အဖွဲ့ဘက်မှ မလိုကသ
်ူဖြစ်သည်။ ထို့ ကြောင့် ကျွန်ုပ်သည် အလံကိုတလွှင့်လွှင့်ထောင်ကာ
သံချပ်ကာကိုဝတ်ဆင်ပြီး စစ်ချီတက်ခဲ့သည်။ "လွီပ"ု (Lu Bu) ကိုတိုက်ရန်အလို့ငှာ ဗုံတို့ ကိုတီးစေခဲ့သည်။
"လွီပ"ု (Lu Bu) သည်လည်း ချက်ချင်းထွက်ပြေးသွားခဲ့သည်။ ထို့ကြောင့် ကျွန်ုပ်က "ချောင်ချောင်း"(Cao Cao)
ကိုကယ်တင်ခဲ့ပြီး သူ၏ရာထူးကိုပြန်ရအောင်လုပ်ပေးခဲ့သည်။ ထိုအခြင်းအရာမှာ ရန်ကျိုးပြည်သူတို့ အတွက်
မကောင်းသော်ငြားလည်း "ချောင်ချောင်း"(Cao Cao) အတွကမ
်ူ အင်မတန်ကောင်းသည့်အရာဖြစ်သည်။

နောက်ပိုင်းတွင် နန်းတွင်းသည် အရှေ့သို့ ပြောင်းသွားခဲ့ပြီး "တုန်ကျိုး"(Dong Zhuo) အဖွဲ့ လက်ကျန်တို့ က


ပုန်ကန်လေသည်။ ထိုစဉ်ကာလတွင် ကျွန်ုပ်မှာ မြောက်ပိုင်းမှရန်သတ
ို့၏ရန်စွယ်ကြောင့် မလှုပ်ရှားနိုင်ခဲ့ပေ။
ထို့ ကြောင့် နန်းတော်တို့ ကိုပြုပြင်ရန်နှင့် ငယ်ရွယ်သော ဘုရင်ကိုကာကွယ်ရေအတွက်
ကျွန်ုပ်၏အမှုထမ်းတစ်ဦးဖြစ်သည့် "ရွှီရွှင့်"(Xu Xun) ကို "ချောင်ချောင်း"(Cao Cao) ထံလွှတ်စေခဲ့သည်။ ထိုအခါ
"ချောင်ချောင်း"(Cao Cao) သည် သူ၏လောဘကိုအတောမသတ်နိုင်ပဲ နန်းတွင်းကို ရွှီချန်သို့ ပြောင်းစေခဲ့သည်။
ထို့ အပြင် နန်းတွင်းကိုအရှက်ရစေကာ အမြင့်ဆုံးရာထူးသုံးနေရာကိုယူခဲ့ပြီး အာဏာကိုချုပ်ကိုင်ခဲ့လေသည်။
သူ့စိတတ
ိုင်းကျ အမှုထမ်းတို့ကိုဆုချီးမြင့်ပြီး စိတတ
ိုင်းကျ အပြစ်ဒဏ်ပေးသည်။ ထိုသူ၏ပါးစပ်ဖျားဝယ်
အာဏာတည်လေသည်။ သူကြိုက်နှစ်သက်တို့ မိသားစုတို့ ကိုပစားပေးပြီး မုန်းတီးသောသူတို့ကို မိသားစုလိုက်
သေဒဏ်ပေးခဲ့သည်။ သူ့ကိုပွင့်လင်းစွာဝေဖန်သူတို့ ကိုသေဒဏ်ပေးကာ တိတ်တဆိတ်ကြံရွယ်သူတို့ကိုလည်း
လျှို့ဝှကစ
်ွာ သတ်စေခဲ့သည်။ အမှုထမ်းတို့ မှာ ပါးစပ်ကိုပိတ်ထားရပြီး မျက်လုံးချင်းသာ စကားပြောရလေသည်။
အခွန်အတုတ်တို့ ကို မှတ်တမ်းတင်စေပြီး အမှုထမ်းတို့မှာ ဘာမျှမလုပ်ရပေ။

နန်းတွင်းတွင် အကြီးဆုံးရာထူးများမှ နှစ်ခုကိုပိုင်ဆုင


ိခဲ့သည့် ကွယ်လွန်သွားခဲ့သော နယ်စား "ရန်ပြောင်း"(Yang
Biao) ကို အငြိုးတစ်ခုကြောင့် ရာဇဝတ်မှုကျူးလွန်သည်ဟုစွပ်စွဲကာ ကြိမ်ဒဏ်ပေးစေခဲ့သည်။

နောက်တစ်ဦးမှာ ကောင်စစ်ဝန် "ကျောက်ရန်"(Zhao Yan) ဖြစ်သည်။ ထိုသူသည်


ရိုးသားဖြောင့်မတ်ပြီးမှန်သောစကားကိုဆိုသြူ ဖစ်သောကြောင့် နန်းတွင်းဝယ် သူ့စကားကိုနားထောင်ကြသည်။
ဘုရင်မင်းမြတ်ကိုယတ
ိုင်ကပင်လျှင် ထိုသူ၏စကားကြောင့် သူ၏အမိန့် တို့ကိုပြင်ဆင်ခဲ့ရဖူးသည်။
သို့ သော်လည်း "ချောင်ချောင်း"(Cao Cao) သည် ထိုသူကိုအကျဉ်းချကာ ဥပဒေလုပရ
ိုးလုပ်နည်းအတိုင်းမလုပ်ပဲ
သေဒဏ်ပေးခဲ့လေသည်။

326
နောက်ရာဇဝတ်မှုမှာ လျန့်ပြည်နယ် ရှောက်မင်းသား၏ အုတဂ
်ူကုဖ
ျိက်စီးခြင်းဖြစ်သည်။ ထိုမင်းသားမှာ
ယခင်ဘုရင်မင်းမြတ်၏ညီတော်ဖြစ်ပြီး သူ၏အုတ်ဂူကိုလေးစားရမည်ဖြစ်သည်။ သို့သော် "ချောင်ချောင်း"(Cao
Cao) သည် သူ၏စစ်သားတို့ကိုဦးဆောင်ကာ အုတ်ဂူကိုဖျက်ပြီး အလောင်းကိုဖော်ကာ ရွှေ၊ငွေ၊ရတနာတို့ကို
ခိုးယူခဲ့လေသည်။ ထိုအပြုအမူကြောင့် ဘုရင်မင်းမြတ်မှာ မျက်ရည်ကျခဲ့ပြီး လူအပေါင်းတို့က
ဝမ်းနည်းကြလေသည်။ ထို့အပြင် "ချောင်ချောင်း"(Cao Cao) သည် 'အုတ်ဂူတူးသောစစ်သြူ ကီး' ၊ 'ရွှေရှာသော
စစ်သူကြီး' အစရှိသည့်ရာထူးများကိုပင်ပေးခဲ့သည်။ ထိုလုပ်ရပ်မှာ ဓားပြဆန်ဆန်လပ
ုရပ်ပင်ဖြစ်သည်။

သူသည် လမ်းတို့ တွင် ထောင်ချောက်များထားရှိလေသည်။ လက်မြောက်လိုက်လျှ င် ပိုကက


်ွန်ထမ
ဲိသွားပြီး
ခြေလှမ်းလှမ်းလိုက်လျှင် ကျင်းထဲကျသွားမည်ဖြစ်သည်။ သူအုပ်ချုပ်သောပြည်နယ်ဖြစ်သည့်
ရန်ကျိုးနှင့်ယီက
ျွိုးပြည်သူတို့ သည် များစွာစိတ်ဆင်းရဲကြသည်။

ကျွန်ုပ်သည် သူ၏နယ်တွင် သူကျူးလွန်သည့်မကောင်းမှုတို့ ကိုစုံစမ်းစစ်ဆေးခဲ့သော်လည်း


သူ့ကိုမပြောင်းလဲနိုင်ခဲ့ပေ။ သူပြောင်းလဲလိမ့်မည်ဟုမျှော်လင့်ကာ သူ့ကိုအခွင့်အရေးပေါင်းများစွာပေးခဲ့သည်။
သို့ သော်လည်း ထိုသူမှာ ဝံပုလွေနှလံုး သားနှင့် တိရစ္ဆာန်စရိုက်ရှိသူဖြစ်သည်။ သူသည်တိုင်းပြည်၏အခြေအမြစ်
အုတ်တိုင်တို့ ကိုဖျက်စီးကာ နန်းတွင်းမိသားစုကို အင်အားနည်းအောင်လုပ်ချင်သူဖြစ်သည်။ သူသည်
ဒုစရိုက်သမားတို့၏ခေါင်းဆောင်ပင်ဖြစ်သည်။

ဟိုးအရင် ကျွန်ုပ် မြောက်ပိုင်းက သူပုန် "ကုန်းစွန်းကျန့်"(Gongsun Zan) ကိုတိုက်ခဲ့စဉ်က "ချောင်ချောင်း"(Cao


Cao) က "ကုန်းစွန်းကျန့်"(Gongsun Zan) ထံစာတစ်စာပို့ခဲ့သည်။ ထိုစာထဲတွင် "ချောင်ချောင်း"(Cao Cao)
က သစ္စာရှိစစ်တပ်တွေကိုကူညီမည့်ဟန်နှင့် ဖျက်စီးမည့်အကြောင်းပါရှိလေသည်။
ထိုစာပို့ သူကိုဖမ်းဆီးရမိသည့်အတွက် "ချောင်ချောင်း"(Cao Cao) ၏အကြံပျက်သွားပြီး နောက်ပိုင်းတွင်
"ကုန်းစွန်းကျန့်"(Gongsun Zan) လည်းသေဆုံးသွားသည်။

ယခု သူသည် မြစ်ဝါမြစ်အနီးရှိ ' အောက်'စားနပ်ရိက္ခာ ဂိုထောင်အနီးတွင် စခန်းချထားသည်။ ပုံပြင်ထဲမှ


နှံကောင်ကဲ့သို့ ရှေ့ခြေဖြင့်လည
ှ်းကိုတားဆီးချင်နေသည်။ သို့ သော်လည်း ဟန်တိုင်းပြည်၏ဂုဏ်ဒြပ်တို့က
ကျွန်ုပ်နှင့်အတူရှိသောကြောင့် ကျွန်ုပ်က တစ်လောကလုံးကိုစိန်ခေါ်ရဲသည်။ ကျွန်ုပ်တွင် လှံစစ်သည်
သန်းနှင့်ချီရှိပြီး မြင်းစစ်သည်သိန်းနှင့်ချီရှိသည်။ ထို့အပြင် ရှေးယခင်က သူရဲကောင်းများဖြစ်သော
"ချုံးဟွမ"် (Chong Huang) နှင့် "ဝူဟော်"(Wu Huo) ကဲ့သို့သော လူစွမ်းကောင်းများလည်းရှိသည်။
ဘင်းကျိုးတွင် ကျွန်ုပ်၏စစ်တပ်သည် ထိုက်ဟန်တောင်တန်းကိုဖြတ်သန်းလာပြီဖြစ်ပြီး ချင်ကျိုးတွင်
ကျိနှင့်ထာမြစ်ကိုဖြတ်ကျော်လာပြီ။ ထိုစစ်တပ်တို့ သည် မြစ်ဝါမြစ်သို့ ဆင်းပြီး ရန်သူတို့ ကိုတိုက်မည်ဖြစ်သည်။
ကျင်ကျိုးမှ "လျူပြောင်း"(Lu Biao) သည်လည်း ရန်သူ၏နောက်ပိုင်း ဝမ်ချန်နှင့်ဝမ်ရဲ့တို့ ကိုတိုက်ပေမည်။

327
လျပ်စီးကဲ့သို့ ချီတက်မှု၊ ကျားကဲ့သို့ ရဲဝံ့ မှုနှင့်အတူချီတက်ပြီး မြက်ခင်းပေါ်တွင် မီးတောက်လောင်သကဲ့သို့၊
ပင်လယ်ကြီးက မီးစကိုငြိမ်းသတ်လိုက်သကဲ့သို့ ရန်သတ
ူ့ို ကိုချေမှုန်းမည်ဖြစ်သည်။ ရန်သူတို့ အဘယ်ကြောင့်
မပျက်စီးပဲ ရှိနေအံ့နည်း?

"ချောင်ချောင်း"(Cao Cao) ၏စစ်တပ်တွင် တိုက်ခိုက်နိုင်သူတို့ မှာ မြောက်ပိုင်းသားများဖြစ်ပြီး


အများစုမှာအိမ်ပြန်လြို ကသည်။ မြောက်ဘက်ကိုကြည့်ပြီး ငိုကြွေးကြသည်။ အခြားအဖွဲ့ တို့မှာ
ရန်ကျိုးနှင့်ယီက
ျွိုးရှိ "လွီပ"ု (Lu Bu) နှင့် "ကျန်းရန်"(Zhang Yang) တို့၏အကြွင်းအကျန်တပ်များဖြစ်ပြီး
"ချောင်ချောင်း"(Cao Cao) အပေါ်သစ္စာမရှိပေ။ ကျွန်ုပ်သာ အချက်ပေးလိုက်လျှင် သူတို့ သည်
အညံ့ခံပေလိမ့်မည်။ နေမထွကခ
် င် ပျော်ကြသောနှင်းရည်ကဲ့သို့ သွေးတစ်စက်မှမကျပဲ အနိုင်ရပေမည်။

ယခုအခါ ဟန်တုင
ိးပြည်ကြီးမှာ ပြိုကွဲလုနီးနီးဖြစ်နေပြီး ထောက်ခံမည့်သူမရှိပေ။ ဝန်ကြီးတို့ကလည်း
အခက်အခဲများကိုမရင်ဆိုင်နိုင်ကြပေ။ နန်းတော်အတွင်းရှိ အမတ်တို့ သည်လည်း
ကူညီရန်မတတ်နိုင်ဖြစ်နေသည်။ မည်သူ့ ကိုမှအားကိုး၍မရနိုင်ပေ။ သစ္စာရှိအမှုထမ်းတို့ သည်လည်း
မကောင်းသောဝန်ကြီး၏ဖိနှိပ်မှုကိုခံနေရသဖြင့် သူတို့၏အစွမ်းအစကို မပြနိုင်ကြပေ။

"ချောင်ချောင်း"(Cao Cao) သည် နန်းတော်ကြီးကို စောင့်ကြပ်ရန်ဟုအကြောင်းပြကာ


တပ်သားခုနှစ်ရာထားထားသည်။ အမှန်မှာ ဘုရင်ကိုအကျဉ်းချကာ
ရာဇပလ္လင်ကိုလိုချင်သောကြောင့်သာဖြစ်သည်။ သို့ကြောင့် ယခုအချိန်သည်
သစ္စာရှိအမှုထမ်းတို့ အသက်စွန့် ကာ တိုင်းပြည်အတွက် ကောင်းကျိုးကိုလုပ်ဆောင်ကြရန် ကျွန်ုပ်က
တိုက်တွန်းလိုက်ပါသည်။

"ချောင်ချောင်း"(Cao Cao) သည် အမိန့်စာထုတ်ကာ အခြားလူတို့ ၏အကူအညီတောင်းခံသည်။


သို့ သော်လည်း ဉာဏ်ပညာရှိသောသူတို့ မှာ သူ့ကိုကူညီမည်မဟုတ်ပေ။

ဘင်းကျိုး၊ ကျိကျိုး၊ ချင်ကျိုး၊ ယိုကျိုး စသောပြည်နယ်လေးခုတို့ မှ စစ်တပ်တို့ ချီတက်လာကြပြီ။ ထို့အပြင်


ကျင်းကျိုးမှ "လျူပြောင်း"(Liu Biao)၏တပ်လည်း ချီတက်လာမည်ဖြစ်သည်။ အနယ်နယ်အရပ်ရပ်မှ
တပ်ဖွဲ့တို့သည် သစ္စာကိုပြသရန်အတွက် ချီတက်လာကြသည်။ ဤသည်မှာ ကောင်းမွန်သော
စွမ်းဆောင်နိုင်မှုပင် မဟုတေ
် ပလော?

"ချောင်ချောင်း"(Cao Cao) ၏ခေါင်းကိုယူလာနိုင်လျှ င် အိမ်ပေါင်းငါးထောင်ကျော်ကိုအုပ်ချုပ်နိုင်သည့်ဆုအပြင်


ငွေအသပြာ ငါးသန်းပါ ဆုလာဘ်အနေဖြင့် ပေးအပ်မည်ဖြစ်သည်။ ထို့အပြင် လက်နက်ချသောသူတို့ ကိုလည်း

328
မေးခွန်းများမမေးပဲ လက်ခံမည်။ တိုင်းပြည်ကြီးသည် အကျဉ်းအကြပ်ထဲကျရောက်နေသည်ကို
အများပြည်သူတို့ သိစေရန်အတွက် အကျွန်ုပ်သည် ဤကျေညာချက်ကိုထုတ်ပြန်ရခြင်းဖြစ်သည်။

“ယွမ်ရှောက်”(Yuan Shao) မှာ ကြေညာချက်ကို ဖတ်ပြီးသော် လွန်စွာအားရလေသည်။ ချက်ချင်းပင်


လှည်းနေလှေအောင်း မြင်းဇောင်းမကျန် ကြေညာချက်ကို ကပ်စေသည်။ မိတ္တူအချို့မှာ “ချောင်ချောင်း”(Cao
Cao) နန်းဆောင်ဆီရောက်လေသည်။ ထိုနေ့က “ချောင်ချောင်း”(Cao Cao) မှာ ခေါင်းကိုက်သဖြင့် အိပ်ရာတွင်
လှဲနေသည်။ အစေခံက ကြေညာချက်ယူသွားပြီး ပြသည်။ ဖတ်ပြီးသော် “ချောင်ချောင်း”(Cao Cao) မှာ
ဆံဖျားမှသည် ရိုးတွင်းအထိ ကြောက်ရွံ့သွားလေသည်။ ချွေးစေးများပင် ပြန်လာကာ
ခေါင်းကိုက်ပင်ပျောက်သွားသည်။ “ချောင်ချောင်း”(Cao Cao) သည် အိပ်ရာမှ ထလာကာ “ဒါ
ဘယ်သူရေးတာလဲ။” ဟု “ချောင်ဟုန်”(Cao Hong) ကို မေးသည်။
“ချောင်ဟုန”် (Cao Hong): ““ချန်လင်”(Chen Lin) ရဲ့ ကလောင်လု့ေ
ိ ပြာတယ်။”
“ချောင်ချောင်း”(Cao Cao): ရယ်ကာ “သူတ့မ
ှိုာ ကလောင်ကောင်းတစ်ခုတော့ ရထားတာပဲ။ နောက်က
စစ်တပ်က အင်အားကြီးရင် ပိုကောင်းမယ်။ ဒီသူငယ်ကတော့ စာရေးအလွန်ကောင်းပါတယ်။ ဒါပေမဲ့
“ယွမ်ရှောက်”(Yuan Shao) ရဲ့ တိုက်ခိုက်ရည်ညံ့ရင် ဘာလုပ်မှာလဲ။”

“ချောင်ချောင်း”(Cao Cao) က အကြံပေးများကို ခေါ်သည်။


“ခုံးရု”ံ (Kong Rong): ““ယွမ်ရှောက်”(Yuan Shao) နဲ့ မတိုက်သင့်ဘူး။ သူက အင်အားကြီးတယ်။
စစ်ပြေငြိမ်းလိုက်ပါ။”
“ရွှင်ယိ”ွ (Xun Yu): “မပြေငြိမ်းနဲ့။ သူက ကောက်ကျစ်တယ်။”
“ခုံးရု”ံ (Kong Rong): “သူ့မြေကကျယ်ပြီး သူ့လူတွေက သန်မာတယ်။ “ကော်ထူ”(Guo Tu) ၊ “ရွှီယ”ို (Xu You) ၊
“ဖန်းကျိ”(Peng Ji) နဲ့ “ရှန်ဖေ”(Shen Pei) တိ့လ
ို ဗျူဟာမှူးတွေရှိတယ်။ “တျန်းဖုန်း”(Tian Feng) နဲ့ “ကျွိရှို”(Ju

329
Shou) တို့လို သစ္စာရှိခေါင်းဆောင်တွေရှိတယ်။ “ရန်လျန်”(Yan Liang) နဲ့ “ဝင်ချို”(Wen Chou) တို့လို
စစ်သူကြီးတွေရှိတယ်။ “ကောက်လန်”(Gao Lan) ၊ “ကျန်းဟဲ”(Zhang He) ၊ “ဟန်မန်”(Han Meng) နဲ့
“ချွန်းယွီချုံ”(Chunyu Qiong) တိ့လ
ို တပ်မှူးတွေရှိတယ်။ သူ့ကို လျှော့တက
ွ်လို့မရဘူး။”
“ရွှင်ယွိ”(Xun Yu): ရယ်ကာ “သူ့တပ်က လူများပြီး ပွဲမစည်ပါဘူး။ “တျန်းဖုန်း”(Tian Feng) က ရဲရင့်ပေမယ့်
သစ္စာမမြဲဘူး။ “ရွှီယု”ိ (Xu You) က လောဘကြီးပြီး ပေါ့ဆတယ်။ “ရှန်ဖေ”(Shen Pei) က သစ္စာရှိပေမဲ့
တုံးအတယ်။ “ဖန်းကျိ”(Peng Ji) က တည်ငြိမ်ပေမဲ့ အသုံးမကျဘူး။ စိတ်ထားမတူဘဲ ကိုကည
်ီမှုမရှိတဲ့ ဒီ ၎
ယောက်ဟာ အကျိုးထက် အပြစ်ကိုသာ ဖြစ်စေလိမ့်မယ်။ ရဲရင့်လှတယ်ဆိုတဲ့ “ရန်လျန်”(Yan Liang) နဲ့
“ဝင်ချို”(Wen Chou) တို့က အသုံးမဝင်တော့ဘဲ ပထမတိုက်ပွဲမှာတင် ရှင်းပစ်လ့ရ
ို တယ်။ ကျန်တဲ့
“ကောက်လန်”(Gao Lan) ၊ “ကျန်းဟဲ”(Zhang He) ၊ “ဟန်မန်”(Han Meng) နဲ့ “ချွန်းယွခ
ျီုံ”(Chunyu Qiong)
တိ့က
ု သနားစရာအရာတွေပါ။ သူတို့ရဲ့ သိန်းချီတဲ့တပ်တွေ ဘာလုပ်တော့မှာလဲ။”
“ခုံးရုံ”(Kong Rong) နှုတ်ဆိတေ
် နသည်။ “ချောင်ချောင်း”(Cao Cao) ကပြုံးသည်။

“ချောင်ချောင်း”(Cao Cao): “သူတို့တွေက “ရွှင်ယ”ွိ (Xun Yu) ပြောတဲ့အတိုင်း အတိအကျပဲ။”


ထိ့ေ
ု နာက် “ချောင်ချောင်း”(Cao Cao) က အမိန့်ထုတသ
် ည်။ စစ်သူကြီး “လျူတိုက်”(Liu Dai) နှင့်
“ဝမ်ကျုံး”(Wang Zhong) တို့က နန်းရင်းဝန်အမှတ်အသားပါ နဖူးစည်းစာတမ်းကို ဝတ်ဆင်ကာ စစ်သည်
၅သောင်းစီ ဦးဆောင်လျက် ရွှီကျိုး ကို ချီရန်ဖြစ်သည်။ “လျူတိုက”် (Liu Dai) မှာ ယခင်က ရန်ကျိုး
နယ်စားဖြစ်ပြီး “ချောင်ချောင်း”(Cao Cao) ထံခိုလှုံထားသူဖြစ်သည်။ သူ့ကို ရာထူးတိုးပေးထားကာ
ယခုထုတ်သုံးခြင်းဖြစ်သည်။
“ချောင်ချောင်း”(Cao Cao) ကိုယ်တိုင်က စစ်သည် ၂ သိန်းကို ဦးဆောင်ကာ လီရန် ရှိ “ယွမ်ရှောက်”(Yuan
Shao) ကို တပြိုင်နက် တိုက်ခိုက်သည်။ အကြံပေး "ချန်ယွီ"(Cheng Yu) က “ “လျူတိုက”် (Liu Dai) နဲ့
“ဝမ်ကျုံး”(Wang Zhong) တို့ကို “လျူဘေ့” (Liu Bei) ကို တိုက်ခိုင်းတာ အင်အားမမျှဘူး။” ဟုလျှောက်သည်။
“ချောင်ချောင်း”(Cao Cao) က “ငါသိတယ်။ သူတု့က
ိ “လျူဘေ့” (Liu Bei) ကိုတိုက်ဖ့မ
ို ဟုတ်ပါဘူး။ ဟန်ပြပါ။
“ယွမ်ရှောက်”(Yuan Shao) ကို ငါမနိုင်မချင်း မတိုက်ဖို့ အမိန့ေ
် ပးထားတယ်။ ပြီးရင် “လျူဘေ့” (Liu Bei)
အလှည့်ပဲ။” ဟုဆုသ
ိ ည်။
“ချောင်ချောင်း”(Cao Cao) သည် လီရန် နှင့် မိုင် ၃၀ အကွာတွင် ရန်သူနှင့် ထိတွေ့မှုစဖြစ်သည်။
နှစ်ဖက်စလုံးက စခန်းကို အခိုင်အမာချကာ အပြန်အလှန် စောင့်ကြည့်နေကြသည်မှာ ဆောင်းဦး ၂ လပင်
ကုန်ဆုံးသွားသည်။
“ယွမ်ရှောက်”(Yuan Shao) ၏တပ်တွင် သဘောထားကွဲလွဲမှုများဖြစ်နေသည်။ “ရွှီယ”ို (Xu You) က
အမိန့ေ
် ပးရသော ရာထူးနေရာက “ရှန်ဖေ”(Shen Pei) နှင့် မတည့်ချေ။ ဗျူဟာမှူး “ကျွိရှို”(Ju Shou) ကလည်း
သူ့အကြံကို ပယ်ချ၍မကျေနပ်ချေ။ ထိ့ေ
ု ကြာင့် ယခုထမ
ိ တိုကခ
ိုကြ် ကခြင်းဖြစ်သည်။ “ယွမ်ရှောက်”(Yuan Shao)
ကိုယ်တိုင်လည်း ဆုံးဖြတ်ချက်မချနိုင်ချေ။
အချိန်ကြာလာသော် “ချောင်ချောင်း”(Cao Cao) က “ကျန်းပါ”(Zang Ba) ကို ချင်ကျိုး နှင့် ရွှီကျိုး ကို
ဆက်လက်ဖိအားဖိစေသည်။ "လီတျန်"(Li Dian) နှင့် “ယွီကျင်”့ (Yu Jin) ကို မြစ်ဝါမြစ်တလျှောက်
တပ်များချစေသည်။ "ချောင်ရန်"(Cao Ren) ကို တပ်မနှင့်အတူ Guandu တွင် တပ်ချစေသည်။ ထိ့ေ
ု နာက်

330
မြို့တော် ရွှီချန်သြို့ ပန်လာခဲ့သည်။
“လျူဘေ့” (Liu Bei) ထံစေလွှတ်လိုက်သော စစ်သူကြီး ၅ ဦးမှာ ရွှီကျိုး နှင့် ၃၅ မိုင်အကွာတွင် စခန်းချနေသည်။
နန်းရင်းဝန်အမှတ်အသားပါ နဖူးစည်းစာတမ်းများတပ်ဆင်ကာ ဟန်ပြစခန်းချထားသော်လည်း
တိုက်ခိုက်မှုတစ်စုံတရာ မပြုချေ။ သူလျိုများက “ချောင်ချောင်း”(Cao Cao) ၏လှုပ်ရှားမှုကို စောင့်ကြည့်ရင်း
ခြေချင်းလိမ်နေကြသည်။ ခံစစ်ဖက်မှ “လျူဘေ့” (Liu Bei) ကမူ ရန်သ့အ
ူ င်အားမသိ၍ မလှုပ်ရှားဝံ့ချေ။
ထိုစဉ် နန်းရင်းဝန်ထံမှ တိုက်မိန့ေ
် ရာက်လာကာ တပ်တင
ွ်းသဘောထားကွဲလွဲမှုများဖြစ်လာသည်။
“လျူတိုက်”(Liu Dai): “နန်းရင်းဝန်က တိုက်မိန့်ပေးသည်။ မင်းချီတက်ပါ။”
“ဝမ်ကျုံး”(Wang Zhong): “မင်းနာမည်က ရှေ့ကပါတာလေ။”
“လျူတိုက်”(Liu Dai): “ငါက စစ်ဦးစီးချုပ်လေ။ ငါအရင်သွားရမယ့်နေရာမဟုတဘ
်ူး။”
“ဝမ်ကျုံး”(Wang Zhong): “ဒါဆိုလည်း ပူးတွဲတိုက်စစ်ဆင်မယ်။”
“လျူတိုက်”(Liu Dai): “ငါတို့မဲခွဲမယ်။”
မဲခွဲသော် “ဝမ်ကျုံး”(Wang Zhong) ချီတက်ရန်ဖြစ်သည်။ “ဝမ်ကျုံး”(Wang Zhong) က အင်အား တဝက်ဖြင့်
ချီတက်သည်။
“လျူဘေ့” (Liu Bei) ကထိုသတင်းကြားသော် “ချန်တန်”(Chen Deng) ကိုခေါ်ယူသည်။
“လျူဘေ့” (Liu Bei): ““ယွမ်ရှောက်”(Yuan Shao) တပ်တွင်းမှာ သဘောထားကွဲလဲမ
ွှုတွေဖြစ်နေတော့
သူတ့က
ို မချီတက်ဘူး။ “ချောင်ချောင်း”(Cao Cao) ကဘယ်မှာမှန်းမသိဘူး။ သူ့တံဆိပ်က လီရန် စခန်းမှာ
မရှိဘဲ ဒီရောက်နေတယ်။”
“ချန်တန်”(Chen Deng): “သူ့လှည့်ကွက်က ပုံစံမျိုးစုံဖြစ်နိုင်တယ်။ အဖြစ်နိုင်ဆုံးက သူက မြောက်ဖက်ကို
ပိုဂရုစိုက်ပြီး ကာကွယ်လိမ့်မယ်။ သူ့အလံကို အဲဒမ
ှီာ မပြဘဲ ဒီမှာဟန်ပြထားတာပဲ။ သူ ဒီမှာမရှိဘူး။”
“လျူဘေ့” (Liu Bei) က ညီ ၂ ယောက်ကို စုံစမ်းခိင
ုသည်။ “ကျန်းဖေး”(Zhang Fei) က သွားလိုသည်။
“လျူဘေ့” (Liu Bei): “မင်းနဲ့မသင့်တော်မှာ စိုးရိမ်တယ်။ မင်းက မဆင်မခြင်လုပ်တတ်တယ်။”
“ကျန်းဖေး”(Zhang Fei): ““ချောင်ချောင်း”(Cao Cao) သာရှိရင် ဆွဲခေါ်ခဲ့ပါမယ်။”
“ကွမ်းယွ”ီ (Guan Yu): “ငါအရင်သွားပါမယ်။”
“လျူဘေ့” (Liu Bei): “မင်းသွားရင်တော့ ငါပိုစိတ်ချတာပေါ့။”
သိ့န
ှုင့် “ကွမ်းယွ”ီ (Guan Yu) က စစ်သည် ၃ ထောင်နှင့် ထောက်လှမ်းရန် ထွက်ခွာသည်။
ဆောင်းတွင်းမနက်ဖြစ်ပြီး မှောင်မည်းနေသော ကောင်းကင်မှ နှင်းများကျနေသည်။ နှင်းကို မမှုဘဲ ချီတက်ကြပြီး
“ဝမ်ကျုံး”(Wang Zhong) စခန်းနားသို့ ရောက်လေသော် “ကွမ်းယွီ”(Guan Yu) က “ဝမ်ကျုံး”(Wang Zhong)
ကို ခေါ်သည်။
“ဝမ်ကျုံး”(Wang Zhong): “နန်းရင်းဝန် ဒီမှာရောက်နေတာကို ဘာလို့ အညံ့မခံတာလဲ။”
“ကွမ်းယွ”ီ (Guan Yu): “သူ့ကို ရှေ့ထွက်လာဖို့ တောင်းပန်ပေးပါ။ သူနဲ့စကားပြောချင်လို့။”
“ဝမ်ကျုံး”(Wang Zhong): “မင်းလိုလူန့ေ
ဲ တွ့ဖို့ သူကထွက်လာပါ့မလား။”
“ကွမ်းယွ”ီ (Guan Yu) ကစိတ်ဆိုးစွာ “ဝမ်ကျုံး”(Wang Zhong) ထံ မြင်းကို ဒုန်းစိုင်းသွားသည်။
“ကွမ်းယွ”ီ (Guan Yu) က ရန်သူအနီးထိ ကပ်သွားပြီး ချက်ချင်း ပြန်လှည့်သည်။ “ဝမ်ကျုံး”(Wang Zhong) က
နောက်ကလိုက်လာသည်။ “ကွမ်းယွ”ီ (Guan Yu) ကရုတတ
် ရက် ပြန်လှည့်ကာ အော်ပြီး ဓားကို
မြှောက်လိုကသ
် ည်။ “ဝမ်ကျုံး”(Wang Zhong) လည်း မခံဝံ့ဘဲ ပြေးသည်။ “ကွမ်းယွ”ီ (Guan Yu) က ဓားကို

331
ဘယ်လက်နှင့်ပြောင်းကိုင်ကာ ညာလက်က ရန်သူကို ဖမ်းချုပ်ကာ ကုန်းနှီးပေါ်တင် ဖမ်းဆီးခဲ့လေသည်။
“ဝမ်ကျုံး”(Wang Zhong) တပ်ပျက်လေသည်။ သုံ့ပန်းကို ရွှီကျိုး ပိ့လ
ိုကသ
် ည်။
“လျူဘေ့” (Liu Bei): “မင်းက ဘယ်သူလဲ။ ဘာရာထူးလဲ။ ဘာလို့ နန်းရင်းဝန် အလံကို သုံးရဲရတာလဲ။”
“ဝမ်ကျုံး”(Wang Zhong): “နန်းရင်းဝန်ကုယ
ိတိုင်သုံးခိုင်းတာ။ သူဒီမှာ ရှိတယ်ထင်ရအောင်။”
“လျူဘေ့” (Liu Bei) က သူ့ကို ကြင်နာစွာဆက်ဆံသည်။ အစားအသောက်နှင့် အဝတ်အစားများပေးပြီး
အကျဉ်းချထားလိုကသ
် ည်။
“ကွမ်းယွ”ီ (Guan Yu): “မင်းက အေးအေးချမ်းချမ်းပြီးစေချင်မှန်းသိလို့ မသတ်ဘဲ ဖမ်းရုံဖမ်းလာတာ။”
“လျူဘေ့” (Liu Bei): ““ကျန်းဖေး”(Zhang Fei) ရဲ့ စိတ်လောပြီး ဒေါသကြီးတာကို ကြောက်တာ။ သူသာဆို
သတ်ပစ်မှာ။ ဒီလုလ
ိုမျိုးတွေက မသတ်ဘဲ အသုံးချရမှာ။”
“ကျန်းဖေး”(Zhang Fei): ““ဝမ်ကျုံး”(Wang Zhong) ကိုမိပြီဆိုတော့ နောက်တစ်ယောက်ကို ငါဖမ်းခဲ့မယ်။”
“လျူဘေ့” (Liu Bei): “ဂရုစိုက်ပါ။ ပြီးတော့ “လျူတိုက”် (Liu Dai) ဟာ တချိန်က “တုန်ကျိုး”(Dong Zhuo)
ကိရ
ှုင်းလင်းဖို့ ကျားထောင်ချောက်တောင်ကြားမှာ ဆွေးနွေးခဲ့တဲ့ ရန်ကျိုး နယ်စားဟောင်းပဲ။ မရိုင်းစိုင်းပါစေနဲ့။
“ကျန်းဖေး”(Zhang Fei): “အဲလုေ
ိ ပြာရအောင် မတန်ပါဘူး။ သူ့ကို ဖမ်းခဲ့ပါမယ်။”
“လျူဘေ့” (Liu Bei): “သူသေရင် ငါတိ့အ
ု ကြံတွေပျက်လိမ့်မယ်။”
“ကျန်းဖေး”(Zhang Fei): “သူ့ကိုသတ်မိရင် ငါ့အသက်နဲ့ အလျော်ပေးမယ်။”
သိ့န
ှုင့် စစ်သည် ၃ ထောင်နှင့် ထွက်ခွာသွားသည်။
“ဝမ်ကျုံး”(Wang Zhong) အဖမ်းခံရခြင်းက “လျူတိုက”် (Liu Dai) ကိုသတိထားစေသည်။ ခံတပ်ကို
ပိုမိုကျစ်လျစ်အောင်ပြုနေသည်။ စိန်ခေါ်မှုများကိုလည်း မကြားယောင်ဆောင်သည်။ သို့နှင့် “ကျန်းဖေး”(Zhang
Fei) ရောက်လာသည်။
ရက်အနည်းငယ်ကြာသော် “ကျန်းဖေး”(Zhang Fei) ကလှည့်ကွက်တစ်ခုပြုသည်။ ရန်သူတပ်တင
ွ်
ညတွင်ဝင်စီးရန် အမိန့်ပေးထားပြီး သူကိုယ်တုင
ိက တစ်မနက်လုံး သေရည်သောက်ပြီး
သေရည်ယစ်နေဟန်ဆောင်သည်။ ထိ့ေ
ု နာက် စစ်သားတစ်ယောက်ကို စည်းကမ်းဖောက်သည့်အတွက်
ပြင်းပြင်းထန်ထန်အပြစ်ပေးသည်။ စခန်းအတွင်းတွင် ကြိုးဖြင့်တုပ်နှောင်ထားပြီး “မနက်အထိစောင့်ပါ။
မင်းကိုအလံအတွက် စတေးပစ်မယ်။” ဟုဆိုလေသည်။

တချိန်တည်းတွင် အစောင့်များကို လွှတ်ပေးရန် တိတတ


် ဆိတ်အမိန့်ပေးထားသည်။ လွတ်သွားသော်
ရန်သူစခန်းဆီသွားကာ အစီအစဉ်များကို ပြောပြလေသည်။ ဒဏ်ရာဒဏ်ချက်များက သက်သေပြနေရာ
“လျူတိုက်”(Liu Dai) လည်း ယုံကြည်လေသည်။ ထိ့ေ
ု ကြာင့် ခြုံခိုတိုကခ
ိုက်ရန် သူ၏စစ်တပ်ကို ချထားသည်။
ထိုညတွင် “ကျန်းဖေး”(Zhang Fei) က ၃ဖွဲ့ခွဲကာ ချီတက်သည်။ လူအချို့က တိုကရ
ိုက်ဝင်ကာ မီးများကို
ရှို့သည်။ ကျန် အဖွဲ့ကြီး ၂ ဖွဲ့ က နောက်မှ ဝင်ကာ တိုက်ခိုကသ
် ည်။ နာရီ ၃ ချက်တီးတွင် “ကျန်းဖေး”(Zhang
Fei) နှင့် ဝါရင့်စစ်သားများက “လျူတိုက်”(Liu Dai) ၏ဆုတလ
် မ်းကို ဖြတ်တောက်လိုက်သည်။
မီးရှို့ သော လူ ၃၀ က စခန်းတွင်း ဝင်ကာ မီးရှို့ မှုအောင်မြင်လေသည်။ မီးများတက်လာသော်
ချုံခိုတပ်များထွက်လာသည်။ သို့သော် သူတို့ကိုယတ
ိုင်သာ ၂ ဖက်မှ ညှပ်တိုက်ခံရသည်။ ရန်သူအရေအတွက်ကို
ခန့်မှန်းမရ၍ ကြောက်ရွံ့ကာ ပြေးကြလေသည်။

332
ခြေလျင်တပ်နှင့်အတူ “လျူတိုက”် (Liu Dai) က ထွက်ပြေးသော်လည်း “ကျန်းဖေး”(Zhang Fei) နှင့်
တည့်တည့်တိုး လေသည်။ ထွက်ပြေးမရ၍ တိုကခ
ိုက်လေရာ ဖမ်းဆီးခံရလေသည်။ “ကျန်းဖေး”(Zhang Fei) က
အစ်ကိုများထံ သတင်းပိ့လ
ိုက်သည်။
“လျူဘေ့” (Liu Bei): ““ကျန်းဖေး”(Zhang Fei) က ကြမ်းတမ်းပေမယ့် ဒီတစ်ခါ စဉ်းစားပြီး
အလုပ်လုပ်သွားတယ်။ ငါသိပ်ကျေနပ်တယ်။”
သူတ့က
ိုယတ
ိုင် ထွက်ကြိုလေသည်။
“ကျန်းဖေး”(Zhang Fei): “ငါ့ကို ကြမ်းတမ်းတယ်ဆို ၊ ခုတော့ဘယ်လိုလဲ။”
“လျူဘေ့” (Liu Bei): “မင်းကို မဆူရင် ဒီလိုအကြံကောင်းထွက်ပါ့မလား။”

“ကျန်းဖေး”(Zhang Fei) က ရယ်လေသည်။ ထိ့ေ


ု နာက် “လျူတိုက”် (Liu Dai) ကိုကြိုးတုတ်ကာ ခေါ်လာသည်။
“လျူဘေ့” (Liu Bei) က မြင်းပေါ်က ချက်ချင်းဆင်းကာ ကြိုးဖြေပေးပြီး “ငါ့ညီက စိတ်လောတတ်လ့ပ
ိုါ။
သူ့ကိုခွင့်လတ
ွှ်ပေးပါ။” ဟုဆိုသည်။
သိ့န
ှုင့် “လျူတိုက်”(Liu Dai) ကိုလွှတ်ကာ မြို့တွင်းခေါ်လာသည်။ သူ၏အဖော်ကိုလည်း လွှတ်ကာ
ကောင်းမွန်စွာထားသည်။
“လျူဘေ့” (Liu Bei): “Che Zhou က ငါ့ကို သတ်ဖို့ကြိုးစားလို့ သူ့ကို သတ်လိုက်ရတာ။ ဒါကို
“ချောင်ချောင်း”(Cao Cao) ကမကျေနပ်ဘဲ မင်းတို့ကို တိုက်ဖို့လွှတ်လိုက်တယ်။ သူ့ဆီက ကျေးဇူးရှိဖူးတော့
မင်းတိ့က
ို မသတ်တော့ပါဘူး။ မင်းတြို့ ပန်ရင်သာ ငါ့အတွက်ဖြေရှင်းပေးကြပါ။”
“လျူတိုက်”(Liu Dai) နှင့် “ဝမ်ကျုံး”(Wang Zhong): “ငါတိ့က
ို လွှတ်ပေးတာ ကျေးဇူးတင်ပါတယ်။
ငါတိ့မ
ိုသားစုတွေ မင်းအပေါ်အကြွေးတင်သွားပြီ။”
နောက်နေ့တွင် သူတို့ကို ပြန်စေသည်။ ၃ မိုင်မျှရောက်သော် ကြောက်ရွံ့ဖွယ် အော်သံနှင့်အတူ
“ကျန်းဖေး”(Zhang Fei) က လမ်းကိုပိတ်လိုက်သည်။
“ကျန်းဖေး”(Zhang Fei): “မင်းတို့ကို လွှတလ
ိုက်တာ ငါ့အစ်ကိုမှားတာ။ ဘာလို့ သူပုန် ၂ ယောက်ကို
လွှတ်ရမှာလဲ။”
ထိုသူ ၂ ဦးမှာ ကြောက်လန့်နေသည်။ “ကျန်းဖေး”(Zhang Fei) ဓားက သူတ့ေ
ို ပါ် ကျလာသော် "မဆင်မခြင်
မလုပ်နဲ့။" ဟု အော်သံကြားလေသည်။

ရောက်ရှိလာသူမှာ “ကွမ်းယွီ”(Guan Yu) ဖြစ်သည်။ သူရောက်လာ၍ ထိုသူ ၂ ယောက်


စိတ်သက်သာရာရသွားသည်။
“ကွမ်းယွ”ီ (Guan Yu): "အစ်ကိုကြီးက လွှတ်လိုက်တာကို မင်းက ဘာလိ့တ
ုားရတာလဲ။"
“ကျန်းဖေး”(Zhang Fei): "သူတ့က
ို ဒီနေ့လွှတ်ပေးလိုက်ရင် နောင်ကျ ပြန်ရောက်လာမှာ အသေအချာပဲ။"
“ကွမ်းယွ”ီ (Guan Yu): "ရောက်လာပါစေ။ အဲဒီတော့မှ သတ်လ့ရ
ို ပါတယ်။"
ထိုသူ ၂ ဦးက ငိုကြွေးကာ တစ်သံတည်းဖြင့် "နန်းရင်းဝန်က ငါတိ့မ
ိုသားစုတွေကို သတ်မယ်ဆိုရင်တောင်
ပြန်မလာတော့ပါဘူး။ ငါတို့ကို လွှတ်ပေးပါ။" ဟုဆိုလေသည်။
“ကျန်းဖေး”(Zhang Fei): "“ချောင်ချောင်း”(Cao Cao) ကိုယ်တိုင်လာရင် သူ့ကိုသတ်ပစ်မယ်။

333
ရင်ကာသံချပ်တစ်ခုတောင် မကျန်စေရဘူး။ အခုတော့ မင်းတို့ကို လွှတ်ပေးလိုက်မယ်။"
ထိုသူ ၂ ဦးမှာထွက်ပြေးသွားပြီး ညီအစ်ကို ၂ ယောက်မှာ မြို့တွင်းဝင်ခဲ့သည်။
“ကွမ်းယွ”ီ (Guan Yu) နှင့် “ကျန်းဖေး”(Zhang Fei): "“ချောင်ချောင်း”(Cao Cao) သေချာပေါက် လာလိမ့်မယ်။"
“စွန်းချန်”(Sun Qian): "ဒီမြို့က ကြာကြာခုခံလ့မ
ို ကောင်းဘူး။ တပ်အချို့ကို ရှောင်ဖေ ကို ပိ့ထ
ုားသင့်တယ်။"
“လျူဘေ့” (Liu Bei) က သဘောတူကာ “ကွမ်းယွီ”(Guan Yu) ကို ရှဖီ ကိုစောင့်ခိုင်းပြီး ဇနီး ၂ ဦးကိုလည်း
ပို့ထားသည်။ “စွန်းချန်”(Sun Qian) ၊ “ကျန်းရု”ံ (Jian Yong) ၊ “မီကျူ”(Mi Zhu) နှင့် “မီဖန်”(Mi Fang) တို့ကို
ရွှီကျိုး ကို ကာကွယ်စေပြီး ကိုယတ
ိုင်က “ကျန်းဖေး”(Zhang Fei) နှင့်အတူ ရှောင်ဖေ ကိုသွားသည်။
လွှတ်ပေးလိုက်သော “လျူတိုက်”(Liu Dai) နှင့် “ဝမ်ကျုံး”(Wang Zhong) တို့ကအမြန်ပြန်ကာ
လျှောက်တင်သည်။ “ချောင်ချောင်း”(Cao Cao) မှာ လွန်စွာစိတ်ဆိုးပြီး "သစ္စာဖောက်တွေ ၊ မင်းတို့
ဘာအသုံးကျသလဲ။" ဟုအော်ကာ ကွပ်မျက်ရန် အမိန့်ချလိုက်သည်။

*Silver~K*

334
အခန်း(၂၃) "မီဟန်"(Mi Heng) သည် သစ္စာဖောက်တို့ ၏အပြစ်ကိုပြောခြင်း ။ "ကျီဖင်"(Ji Ping)
သည် ဝန်ကြီးချုပ်ကို သတ်ရန် ကြံစည်ခြင်း

ရှေ့တစ်ခန်းတွင် "လျူတိုက်"(Liu Dai) နှင့် "ဝမ်ကျုံး"(Wang Zhong) တို့နှစ်ဦး


သေဒဏ်ပေးခံရမည့်အကြောင်းဖော်ပြခဲ့ပြီးဖြစ်သည်။ သို့သော် "ခုံးရု"ံ (Kong Rong) မှဝင်၍

"ဒီလူနှစ်ယောက်က လျူဘေ့(Liu Bei) ကိုယှဉ်နိုင်မှာမဟုတ်ဘူး ဆိုတာ ဝန်ကြီးချုပ်သြိ ပီးမဟုတ်လား။


ဒီလိုသာသေဒဏ်ပေးလိုက်မယ်ဆိုရင် လူအများရဲ့ထောက်ခံမှုဆုံးရှုံးလိမ့်မယ်" ဟုပြောသဖြင့်
သေဒဏ်မပေးတော့ပေ။ သို့သော် ထိုသန
ှူစ်ဦးကို ရာထူးချစေလိုက်သည်။

"ချောင်ချောင်း"(Cao Cao) သည် သူကုယ


ိတိုင်ဦးဆောင်ပြီး "လျူဘေ့"(Liu Bei) ကိုတိုကရ
် န်ပြင်သည်။
သို့သော် "ခုံးရု"ံ (Kong Rong) မှ

"ရာသီဥတုကဆိုးရွားနေပါတယ်၊ နွေဦးကိုစောင့်ပြီးမှသာ တိုက်ဖို့ သင့်တော်မှာပါ။ ဒီအချိန်အတွင်းမှာ


ရွှီကျိုးကိုမတိုက်ခင် ကျန်းရှို့(Zhang Xiu) နဲ့ လျူပြောင်း(Liu Biao) တို့ နဲ့အရင်
ငြိမ်းချမ်းမှုရယူထားရပါမယ်" ဟု ပြောကာကန့်ကွကသ
် ည်။

သို့နှင့် "လျူရဲ့"(Liu Ye) ကို ရှန်းရန်မှ "ကျန်းရှို့"(Zhang Xiu) ထံလွှတက


်ာ ငြိမ်းချမ်းရေးယူစေသည်။
ပထမဆုံး "လျူရဲ့"(Liu Ye) သည် "ကျန်းရှို့"(Zhang Xiu) ၏ အကြံပေး "ကျာရွှ"ီ (Jia Xu) နှင့်တွေ့ပြီး
"ချောင်ချောင်း"(Cao Cao) ၏ကောင်းကြောင်းတို့ကိုပြောရာ "ကျာရွှ"ီ (Jia Xu) နှစ်ခြိုက်သွားလေသည်။
ထို့နောက် "လျူရဲ့"(Liu Ye) ဧည့်သည်တော်အဖြစ် လက်ခံထားလိုက်သည်။

များမကြာမီပင် "လျူရဲ့"(Liu Ye) သည် "ကျန်းရှို့"(Zhang Xiu) နှင့်တွေ့ပြီး "ချောင်ချောင်း"(Cao Cao)


နှင့်ပူးပေါင်းပါက အကျိုးရှိနိုင်ကြောင်းပြောလေသည်။ ထိုကစ
္စိကိုဆွေးနွေးနေကြစဉ်မှာပင်
"ယွမ်ရှောက်"(Yuan Shao) ထံမှ သံတမန်ရောက်လာသည်။ သူသည်လည်း "ယွမ်ရှောက်"(Yuan Shao)
ထံမှစာကိုပြကာ ငြိမ်းချမ်းရေးကမ်းလှမ်းလေသည်။ ထိုအခါ "ကျာရွှ"ီ (Jia Xu) မှဝင်ပြီး "ချောင်ချောင်း"(Cao
Cao) နှင့်တိုက်ပွဲအခြေအနေကိုမေးလေသည်။

"လက်ရှိမှာတော့ဆောင်းရာသီဖြစ်တာကြောင့် စစ်ပွဲကို ခဏရပ်နားထားပါတယ်။ စစ်သူကြီးရော၊


လျူပြောင်း(Liu Biao) ရောဟာ တိုင်းပြည်ရဲ့နာမည်ကျော်အရာရှိတွေမို့
အကူအညီတောင်းဖို့ စေလွှတ်လိုက်တာပါ"

"ကျာရွှ"ီ (Jia Xu) မှ ရယ်ပြီး

335
"မင်းသခင်ကို ပြန်ပြီးပြောလိုက်။ သူက ကိုယ့်ညီရဲ့ယှဉ်ပြိုင်မှုကုေ
ိ တာင် သည်းမခံနိုင်တာ၊
နောက်ပိုင်းမှတစ်နိုင်ငံလုံးက အရာရှိတွေဝိုင်းတိုက်တာခံရလိမ့်မယ်လို့" ဟုပြောပြီး စာကိုဆွဲဖြဲကာ
သံတမန်၏မျက်နှာကိုပစ်ပေါက်လိုက်သည်။ သံတမန်လည်းဒေါသထွကက
်ာ ပြန်ထွက်သွားလေသည်။

"ကျန်းရှို့ "(Zhang Xiu) : "သူ့သခင် ယွမ်ရှောက်(Yuan Shao) က ချောင်ချောင်း(Cao Cao)


ထက်ပိုပြီးအင်အားကြီးတယ်မဟုတ်လား။ ဒီလိုမျိုးစာကိုဆုတြ် ဖဲလိုကြ် ပီး သံတမန်ကိုအဲ့လိုဆက်ဆံတာ၊
ယွမ်ရှောက်(Yuan Shao) က သူ့ကိုစော်ကားတယ်လို့ ထင်မှာပဲမဟုတ်လား"

"ကျာရွှ"ီ (Jia Xu) : "ချောင်ချောင်း(Cao Cao) နဲ့ပူးပေါင်းတာ ပိုသင့်လျော်ပါတယ်"

"ဒါပေမယ့် ငါတို့ ကြားမှာ ရန်ငြှိုးရန်စရှိခဲ့ဖူးတယ်လေ"

"ချောင်ချောင်း(Cao Cao) နဲ့ပူးပေါင်းတာက ကောင်းကျိုးသုံးချက်ရှိတယ်၊ ပထမအချက်က သူ့မှာ


ငြိမ်းချမ်းရေးလုပ်ဆောင်ဖို့ ဆိုပြီး ဘုရင်မင်းမြတ်ကိုယတ
ိုင်က အမိန့် ချထားတာရှိတယ်၊ ဒုတိယက
ယွမ်ရှောက်(Yuan Shao) က တအားအင်အားကြီးတဲ့အတွက် ကျွန်တော်တို့အကူအညီပမွှားလောက်ကို
အထင်တောင်သေးဦးမှာ၊ ဒါပေမယ့် ချောင်ချောင်း(Cao Cao) နဲ့ပူးပေါင်းရင်တော့
ကောင်းကောင်းဆက်ဆံတာခံရမယ်။ တတိယကတော့ ချောင်ချောင်း(Cao Cao) ဟာ
တခြားနယ်စားတွေရဲ့ခေါင်းဆောင်ဖြစ်လာပြီး သူ့ကိုမနာခံတဲ့လူတွေကို အင်အားပြလိမ့်မယ်။ ဒါကြောင့်
တွေဝေမနေပဲ ပူးပေါင်းမှသင့်တော်ပါမယ်"

"ကျန်းရှို့ "(Zhang Xiu) သည် ထိုအချင်းအရာကိုလက်သင့်ခံသွားပြီး "လျူရဲ့"(Liu Ye) ကိုခေါ်ကာ


တွေ့ဆုံသည်။ "လျူရဲ"့ (Liu Ye) လည်း သူ့သခင်ကောင်းကြောင်းတို့ကိုပြောလေသည်။

"သခင်ကြီးက ရန်ငြိုးဟောင်းတွေကို စိတ်ထဲထည့်ထားရင် ဒီလိုကျွန်တော့်ကိုလွှတ်ပြီး


ငြိမ်းချမ်းမှုဘယ်ကမ်းလှမ်းပါ့မလည်း"

သို့နှင့် နောက်ဆုံးတွင် "ကျန်းရှို့"(Zhang Xiu) နှင့်


သူ၏အကြံပေးတို့ သည်မြို့တော်သွားပြီး"ချောင်ချောင်း"(Cao Cao) လက်အောက်တွင် ခိုလှုံသည်။
"ကျန်းရှို့ "(Zhang Xiu) မှ အရိုအသေပြုရန်ပြင်ကာ "ချောင်ချောင်း"(Cao Cao) မှထပြီး "ကျန်းရှို့ "(Zhang
Xiu) ကိုဆွဲလိုက်ကာ

"ကျွန်တော့်အပြစ်ကုခ
ွိင့်လွတ်ပါ၊ စစ်သူကြီး" ဟု ပြောလေသည်။

(မှတ်ချက် - "ချောင်ချောင်း"(Cao Cao) သည် "ကျန်းရှို့"(Zhang Xiu) အဒေါ်နှင့်အိပ်ဖူးသည်ဆု၏


ိ ။)

336
"ကျန်းရှို့ "(Zhang Xiu) ကို "အစွမ်းအစရှိသောစစ်သူကြီး" ဟူသော ရာထူးပေးလိုက်ပြီး "ကျာရွှ"ီ (Jia Xu)
ကိုမူ နန်းတွင်းအမတ်အဖြစ်ခန့်အပ်သည်။ ထို့ နောက် "ချောင်ချောင်း"(Cao Cao) သည် "လျူပြောင်း"(Liu
Biao) ထံသို့ လည်း ငြိမ်းချမ်းမှုကမ်းလှမ်းရန်ပြင်သည်။ ထိုအခါ "ကျာရွှ"ီ (Jia Xu) မှ

"လျူပြောင်း(Liu Biao) က နာမည်ကြီးတဲ့လူတွေကို နှစ်သက်တယ်။ နာမည်ကြီးပညာရှိတစ်ဦးကို


သူ့ဆီပို့ စေရင် သူအညံ့ခံမှာပဲ" ဟုပြောသည်။

"ချောင်ချောင်း"(Cao Cao) လည်း မည်သက


ူ သံတမန်အဖြစ်သွားသင့်သည်ကို "ရွှင်ယ"ို (Xun You) နှင့်
တိုင်ပင်ရာ "ခုံးရုံ"(Kong Rong) ကိုလွှတရ
် န်သင့်တော်ကြောင်းပြောသည်။ "ချောင်ချောင်း"(Cao Cao)
ကလည်း သဘောတူပြီး "ခုံးရုံ"(Kong Rong) အားမေးစေသည်။ "ရွှင်ယု"ိ (Xun You) သည် "ခုံးရု"ံ (Kong
Rong) ထံသွားပြီး

"တိုင်းပြည်အတွက် နာမည်ကြီးလူတစ်ယောက်က သံတမန်အနေနဲ့လုပ်ဆောင်ဖို့ လိုအပ်ပါတယ်၊ ခင်ဗျား


ဒီတာဝန်ကိုလက်ခံနိုင်မလား" ဟု မေးသည်။

"ကျွန်တော်နဲ့ သိတဲ့ မီဟန်(Mi Heng) ဆိုတဲ့လတ


ူ စ်ယောက်ရှိပါတယ်၊ သူ့ရဲ့အစွမ်းအစက ကျွန်တော့်ထက်
ဆယ်စသာပြီး ဘုရင့်ရဲ့အပါးတော်မှာ နေသင့်တဲ့သူပါ၊ သာမန်သံတမန်ဖြစ်သင့်တဲ့သူမဟုတ်ဘူး။ ကျွန်တော်
သူ့အကြောင်းကို ဘုရင်မင်းမြတ်နားတော် လျှောက်တင်လုက
ိပါ့မယ်"

ထို့နောက် "ခုန်းရုံ"(Kong Rong) သည် အောက်ပါစာကိုရေးလေသည်။

-----

'ဟိုးရှေးအခါ ရေပြင်တို့ကျယ်ခဲ့စဉ်က ဘုရင်မင်းမြတ်သည် အစွမ်းအစရှိသောသူတို့ကို ခေါ်စေခဲ့သည်။


ရှေးခေတ်ဝယ် ဝူဧကရာဇ်နယ်မြေချဲ့ထွင်ရန်ကြံစည်ရာတွင် များစွာသောပညာရှိတို့ သည်
ဘုရင့်အမိန့်တော်ကိုနာခံကာကူညီခဲ့လေသည်။

အရှင်မင်းကြီးနန်းတက်သည့်အချိန်ကား မကောင်းသည့်ခေတ်အခါဖြစ်နေသည်။ သို့သော်လည်း


အရှင်မင်းမြတ်မှာ တိုင်းရေးပြည်ရာအတွက် မမောမပန်းနိုင်ပဲ မရပ်မနားဖြင့်
အားသွန်ခွန်စိုက်ဖြင့်ကြိုးပမ်းခဲ့သည်။ အခုဆုလ
ျှိင် ကောင်းကင်ဘုံမှလွှတ်ပေးလိုက်သော
ပါရမီရှင်တို့အလျှိုလျှိုပေါ်လာကြပြီ။

ကျွန်တော်မျိုးမှာ ဖင်ယွမ်တွင်နေသော မီဟန်(Mi Heng) ဟု အမည်ရှိသည့် အသက်၂၄


နှစ်အရွယလ
်ူငယ်တစ်ဦးကို သိကျွမ်းပါသည်။ အကျင့်စာရိတ္တကောင်းမွန်သူဖြစ်ကာ
အရည်အချင်းရှိသူဖြစ်သည်။ စာပေလေ့လာဆည်းပူးရာတွင်လည်း
နက်နဲသောအပိုင်းကိုရောက်နေသည့်သူဖြစ်သည်။ သူသည် စာလုံးတို့ကိုတစ်ချက်မျှမြင်ရုံဖြင့်
ပြန်ရွတအ
်ံနိုင်ပြီး ကြားဖူးသည့်အရာတို့ ကို ဘယ်သောအခါတွင်မှ မမေ့သူဖြစ်သည်။ သိက္ခာ၊

337
ကျင့်ဝတ်တို့ ကိုစောင့်ထိန်းသူဖြစ်ပြီး အတွေးအခေါ်တို့ မြင့်မားသူဖြစ်လေသည်။ "စန်းဟုန်ရန်"(Sang
Hongyang) ၏အတွက်အချက်ပညာနှင့် "ကျန်းအန်းရှီ"(Zhang Anshi) ၏ စွမ်းဆောင်မှုတို့ ပေါင်းလျှင်ပင်
အနှီ မီဟန်(Mi Heng) ကို မမှီနိုင်ပေ။ သစ္စာရှိသူ၊ ဖြောင့်မတ်သူ၊ တည်ကြည်သူ၊
အမှန်တရား၏ဘက်တော်သားဖြစ်ပြီး ဖော်ပြ၍ပင်မကုန်ခမ်းနိုင်အောင် ရည်မှန်းချက် ကြီးမားသူဖြစ်၏။
တရားမျှတမှုကိုမြတ်နိုးပြီး မကောင်းမှုကို စက်ဆုတ်သြူ ဖစ်သည်။ "ရန်ကျိုး"(Ren Zuo) ၏
တည်ကြည်ဖြောင့်မတ်မှုနှင့် "ရှီယွီ"(Shi Yu) ၏တရားမျှတမှုတို့ပေါင်းလျှင်သော်မှ ထိုသူ့ ကို
မကျော်လွန်နိုင်ချေ။

စွန်အကောင်တစ်ရာသည် သိမ်းငှက်တစ်ကောင်ကိုမယှဉ်နိုင်သကဲ့သို့ မီဟန်(Mi Heng) သည်လည်း


အမတ်ဖြစ်လာပါက သူ့ကိုယှဉ်နိုင်မည့်သူရှိမည်မဟုတေ
် ချ။

ဟန်ခေတ်အစောပိုင်းကာလတွင် "ကျာရီ"(Jia Yi) သည် ရှုံးနုလူမျိုးတို့ ကိုသိမ်းသွင်းရန်


လက်အောက်ခံနိုင်ငံသို့ သွားရန်တောင်းဆိုခဲ့ဖူးသည်။ ထို့အတူ "ကျုံးကျွင်း"(Zhong Jun) သည်
ဧကရာဇ်အားအရိုအသေပေးစေရန်အတွက် နန်ယွဲ့ မင်းသားထံသွားရန်တောင်းဆိုခဲ့ဖူးလေသည်။
ထိုခေတ်အခါကလူတို့ သည် ထိုသို့လေးစားဖွယ်ရာပြုမူခဲ့လေသည်။

ယခုခေတ်တွင်လည်း "လွီချွေ့"(Lu Cui) နှင့် "ရန်ရှန်"(Yan Xiang) တို့သည်


သူတို့ ၏အရည်အချင်းကြောင့် မြှောက်စားမှုကိုခံခဲ့ရလေသည်။

"မီဟန်"(Mi Heng) သည်လည်း ထိုသူတို့ ထက်မနှိမ့်ကျသောသူဖြစ်သည်။ သူသာလျှင် မြှောက်စားခံရပါက


အရာရာတို့ဖြစ်မြောက်လာနိုင်သည်။ နဂါးသည် ကောင်းကင်ရှိလမ်းတို့ကိုကျော်လွန်ကာ
နဂါးငွေ့တန်းအထိပျံသန်းနိုင်မည်ဖြစ်ပြီး သက်တံ့ကဲ့သို့တောက်ပသော ကျော်ကြားမှုတို့ ရရှိပေလိမ့်မည်။
သူလိုလူမျိုးသည်ကား ဝန်ကြီးတို့အတွက် ကောင်းကျိုးပေးမည့်သူဖြစ်ပြီး အရှင်မင်းမြတ်အတွက်လည်း
အထောက်အပံ့ဖြစ်စေပေမည်။ ဂီတတွင် အနုပညာတစ်ရပ်တိုးပွားသကဲ့သို့ နန်းတော်တွင်လည်း
ရတနာတစ်ပါးတိုးပွားမည်ဖြစ်သည်။ 'ကျီချူသီချင်း'(Ji Chu Songs) နှင့် 'ရန်အဲ့ကဗျာ' (Yang E Poems)
တို့ကို ကျွမ်းကျင်ဂီတပညာရှင်တုင
ိးက လိုချင်သကဲ့သို့၊ 'Fei Tu' နှင့် 'Yao Niao' ဟူသော
မြင်းကောင်းမြင်းသန့်တို့ ကို မြင်းအကြောင်းနားလည်သူတို့ က တပ်မက်ကြသကဲ့သို့
ကျွန်တော်မျိုးသည်လည်း ထိုသို့ သော ပညာရှိကို အရှင်မင်းကြီးမှ ချီးမြှောက်စေခြင်းငှာ
နားတော်သို့တင်လျှောက်ရခြင်းဖြစ်သည်။ အကယ်၍ ထိုသသ
ူ ည် ကျွန်တော်မျိုးတင်လျှောက်သကဲ့သို့
အရည်အချင်းရှိသူမဟုတ်ပါက လိမ်လည်မှုဖြင့် အပြစ်ဒဏ်ကိုရဲဝံ့ စွာခံယူပါ့မည်။' ---

338
ဘုရင်သည် ထိုစာကိုဖတ်ပြီးသော် ဝန်ကြီးချုပ်ကိုပေးလိုက်သည်၊ ထိုမှတဆင့် "မီဟန်"(Mi Heng) ကို
ဆင့်ခေါ်လိုက်သည်။ သို့နှင့် "မီဟန်"(Mi Heng) ရောက်လာကာ အရိုအသေပြုကြပြီးသော်လည်း
"မီဟန်"(Mi Heng) ကို ထိုင်ရန်မပြောပေ။

ထိုအခါ "မီဟန်"(Mi Heng) သည် ကောင်းကင်ကြီးကိုမော့ကြည့်ကာ သက်ပြင်းချပြီး

"ကောင်းကင်ကြီးက ကျယ်ပြန့်ပေမယ့်လည်း လူစွမ်းကောင်းတစ်ယောက်လောက်တောင်


မွေးမထုတ်နိုင်ဘူး " ဟု ဆိုလေသည်။ ထိုအခါ "ချောင်ချောင်း"(Cao Cao) မှ

"ကျုပ်လက်အောက်မှ သူရဲကောင်းလို့ခေါ်နိုင်လောက်တဲ့လေ
ူ တွအများကြီးရှိတာ ခင်ဗျားကဘာလို့
လူစွမ်းကောင်းမရှိဘူးလို့ဆိုနိုင်ရတာတုန်း" ဟုမေးသည်။

"အဲ့လူစွမ်းကောင်းတွေက ဘယ်သူတွေလည်းဆိုတာ ပြောကြည့်ပါဦး"

"ရွှင်ယွိ(Xun Yu) ၊ ရွှင်ယု(ိ Xun You) ၊ ကောကျား(Guo Jia) နဲ့ ချန်ယီ(ွ Cheng Yu) တို့ဟာ
အစွမ်းအစရှိသူဖြစ်ပြီး ရေရှည်အကျိုးကိုသြိ ကသူတွေဖြစ်တယ်၊ သူတို့ ဟာ ရှေးခေတ်က "ရှောက်ဟဲ"(Xiao
He) နဲ့ "ချန်ဖင်"(Chen Ping) တို့ ထက်တောင်သာပါသေးတယ်။ ကျန်းလျောင်(Zhang Liao) ၊ ရွှီချူ(Xu
Chu) ၊ လီတျန်(Li Dian) နဲ့ ယွဲကျင့်(Yue Jing) တို့ကတော့ အရဲရင့်ဆံုး လူတွေဖြစ်ပြီး "ချန်ဖန်"(Cen
Peng) နဲ့ "မာဝူ"(Ma Wu) တို့ထက်သာလွန်သူဖြစ်တယ်။ "လူချန်"(Lu Qian) နဲ့ "မန်ချုံး"(Man Chong)
တို့ဟာ ကျုပ်ရဲ့အတွင်းရေးမှူးတွေဖြစ်ပြီး ယွီကျင့်(Yu Jin) နဲ့ ရွှီဟမ
ွ်(Xu Huang) ဟာ
ကျုပ်ရဲ့ရေ
ှ့ပြေးတပ်မှူးတွေဖြစ်တယ်။ ချောင်ရန်(Cao Ren) ကတော့
ဒီခေတ်ဒအ
ီ ခါရဲ့အအောင်မြင်ဆုံးစစ်သူကြီးတစ်ယောက်ပဲလေ။ ဒီလူတွေက လူစွမ်းကောင်းတွေလို့
မဆိုနိုင်ပေဘူးလား"

339
[

ရှောက်ဟ(ဲ Xiao He) [BC ? - 193] - လျူဘန်း(Liu Bang) ၏ အကြံပေးဖြစ်ပြီး ဟန်ခေတ်အစပိုင်းတွင်


ဝန်ကြီးချုပ်ဖြစ်လာခဲ့သူဖြစ်သည်။

ချန်ဖင်(Chen Ping) [BC ? - 178] - သူသည်လည်း လျူဘန်း(Liu Bang) ၏ အကြံပေးဖြစ်ပြီး ပထမတွင်


ရှန့် ယွ(ီ Xiang Yu) လက်အောက်တွင် အမှုထမ်းပြီး နောက်ပိုင်းမှ "လျူဘန်း"(Liu Bang)
လက်အောက်သို့ဝင်ခဲ့သည်။

ချန်ဖန်(Cen Peng) - လျူရှို့(Liu Xiu) လက်အောက်မှစစ်သူကြီးတစ်ဦးဖြစ်သည်။

မာဝူ(Ma Wu) - သူသည်လည်း လျူရှို့(Liu Xiu) လက်အောက်ရှိ စစ်သူကြီးပင်ဖြစ်သည်။

ထိုစကားကိုကြားသော် "မီဟန်"(Mi Heng) သည် ပြုံးပြီး

"ဒီလိုဆိုရင်တော့ မှားနေပါပြီ။ ဝန်ကြီးချုပ်ပြောတဲ့ဒီလေ


ူ တွကို ကျွန်တော်သိတာပေါ့။ ရွှင်ယိ(ွ Xun Yu)
ကတော့ လူမမာကို သတင်းမေးတာတို့ ၊ အသုဘပို့တာလောက်ပဲ လုပ်နိုင်တာပါ၊ ရွှင်ယ(ို Xun You)
ကတော့ သုဘရာဇာလုပ်သင့်ပါတယ်၊ ချန်ယ(ွီ Cheng Yu) ကတော့ မင်းတုံးနဲ့တံခါးအဖွင့်အပိတ်လုပ်တဲ့လူ
ဖြစ်နိုင်ပါတယ်။ ကောကျား(Guo Jia) ကတော့ ကဗျာတွေရွတြ် ပီး
လူတွေရေ
ှ့မှာဖျော်ဖြေတဲ့လူလုပ်သင့်ပါတယ်။ ကျန်းလျောင်(Zhang Liao) ကတော့
ဗုံတွေ၊မောင်းတွေတီးတဲ့အလုပ် လုပ်သင့်ပါတယ်၊ ရွှီချူ(Xu Chu) ကတော့ သိုး၊နွား၊ဆိတေ
် တွကျောင်းဖို့
သင့်တော်ပါတယ်၊ ယွဲ့ ကျင်(့ Yue Jin) ကတော့ အသုဘမှာငိုချင်းဆိုဖို့ ကောင်းပါတယ်၊ လီတျန်(Li Dian)
ကိုတော့ အကြောင်းကြားစာတွေသယ်ယူတဲ့လလ
ူုပ်ခိုင်းပေါ့၊ လူချန်(Lu Qian) က
လက်နက်ထုတ်လုပ်တဲ့လူအဖြစ်လုပ်ဆောင်သင့်တယ်၊ မန်ချုံး(Man Chong) ကိုတော့ အရက်သောက်၊
အစားစားဖို့ဆို ခိုင်းလို့ ရပါတယ်၊ ယွီကျင်(့ Yu Jin) ကတော့ မြို့ရိုးဆောက်ဖို့ အတွက်
သစ်တုံးတွေသယ်ဖို့သင့်တော်ပါတယ်၊ ရွှီဟွမ်(Xu Huang) ကတော့ ခွေးတွေ၊ ဝက်တွေသတ်ဖို့
သားသတ်သမားလုပ်ဖို့ကောင်းပါတယ်၊ ရှဟိုတွန်း(Xiahou Dun) ကိုတော့ "ကိုယအ
် င်္ဂါအပြည့်အစုံရှိသော
စစ်သြူ ကီး" ဆိုတဲ့ဘွဲ့ပေးသင့်ပါတယ်၊ ချောင်ရန်(Cao Ren) ကိုတော့ 'ပိုက်ဆံယတ
ဲူ့မြို့တော်ဝန်'
ဆိုပြီးခေါ်သင့်တယ်၊ ကျန်တဲ့လူတွေကတော့ သာမန်အဝတ်စင်၊ ဆန်အိတ၊် ဝိုင်အိုး၊ အိတ်အလွတ်တွေလိုပဲ
အပြင်ပန်းသာရှိတဲ့လူတွေဖြစ်တယ်" ဟု ပြောလေသည်။

"ချောင်ချောင်း"(Cao Cao) သည် ဒေါသဖြင့်

340
"ခင်ဗျားကကော ဘာအစွမ်းအစရှိလို့ လည်း" ဟု ပြောသည်။

"ကျွန်တော်က ကောင်းကင်ဘံအ
ု ထက်နဲ့ မြေကြီးအောက်က အရာတွေအကုန်လုံးကိုသိပါတယ်။
ဘာသာရေးသုံးခုနဲ့အတွေးအခေါ်ကိုးရပ်တို့ ကိုနားလည်သူဖြစ်တယ်။ ကျွန်တော့်အစွမ်းအစနဲ့သာဆိုရင်
မင်းသားကို ရှေးဘုရင် "Yao" နဲ့ "Shun" လိုမျိုးမြင့်မြတ်အောင်လုပ်ဆောင်နိုင်ပါတယ်၊
ကျွန်တော့်ကိုယ်ကျွ န်တော် ကွန်ဖြူးရှပ်၊ မင်းစီးယပ်တို့ နဲ့နှိုင်းယှဉ်နိုင်ပါတယ်။ ကျွန်တော့်လိုလူက
သာမန်လူတွေနဲ့ ဘယ်လိုဆွေးနွေးနိုင်ပါ့မလည်း"

ထိုအချိန်တွင် "ကျန်းလျောင်"(Zhang Liao) သည် အနီးတွင်ရှိရာ ဓားကိုအဆင်သင့်ပြင်လိုက်ပြီး


သူ့သခင်ကိုစော်ကားနေသော "မီဟန်"(Mi Heng) ကိုခုတ်ရန်ပြင်သည်။ သို့သော်လည်း
"ချောင်ချောင်း"(Cao Cao) မှ

"ဂုဏ်ပြုစရာကိစ္စတွေရှိရင် နန်းတွင်းမှာ ဗုံတီးတဲ့လူလိုအပ်တဲ့အတွက် သူ့ကိုဒီရာထူးပေးရမယ်"


ဟုပြောကာ တားမြစ်လိုက်သည်။ "မီဟန်"(Mi Heng) ကလည်း ထိုရာထူးကိုယူကာ ထွက်သွားလေသည်။

"ကျန်းလျောင်"(Zhang Liao) မှ "ချောင်ချောင်း"(Cao Cao) ကို

"သူက ဒီလိုမကောင်းကြောင်းတွေပြောသွားတာ သူ့ကိုဘာလို့သေဒဏ်မပေးစေတာလည်း" ဟု မေးသည်။

"သူက လူတွေကြားမှာနာမည်ကြီးတဲ့လူဖြစ်တယ်၊ ဒါကြောင့် သူ့ကိုသေဒဏ်ပေးလိုက်ရင် လူတွေက ငါ့ကို


သည်းမခံတတ်သူလို့မြင်ကြမယ်။ သူက သူ့ကိုယ်သူအရည်အချင်းရှိတဲ့လလ
ို့သတ်မှတ်တဲ့အတွက် သူ့ကို
ဗုံတီး တဲ့အလုပ် ခိုင်းလိုက်တာဖြစ်တယ်"

မကြာမီပင် "ချောင်ချောင်း"(Cao Cao) သည် မြို့တော်တွင် ပျော်ပွဲရွှင်ပွဲကျင်းပကာ


ဧည့်သည်များစွာကိုဖိတ်ကြားလိုက်သည်။ ထို့ နောက် ဗုံတီးမည့်လူတို့ ကို
သစ်လွင်တောက်ပသောအဝတ်တို့ ဝတ်ဆင်စေသည်။ သို့သော် ဗုံတီးသမား ရာထူးရသွားသည့်
"မီဟန်"(Mi Heng) သည် စုတ်စုတ်ပြတ်ပြတ်ဝတ်ဆင်လာပြီး ဂီတပညာရှင်အချို့နှင့်အတူရောက်လာသည်။
ပြီးနောက် "ယွီရန်၏ပျက်စီးမှု"(Tolling of Yuyang) ဟူသော သီချင်းကိုတီးမှုတ်လေရာ
လာရောက်ကြတော် ဧည့်သည်များစွာတို့ မျက်ရည်ကျကြသည်ဟူ၏။ "မီဟန်"(Mi Heng) မှာ
အဝတ်အစားအစုတ်တို့ကိုဝတ်ဆင်ထားရာ အခြားသူတို့က
အဝတ်အသစ်မဝတ်ရသည့်အကြောင်းမေးကြသည်။

"မီဟန်"(Mi Heng) သည် ထိုသူတို့ဘက်သို့ လှည့်ကာ အဝတ်ကို ချွတ်လိုက်ရာ


မိမွေးတိုင်းဖမွေးတိုင်းဖြစ်သွားသည်။ ထိုအခါ ဧည့်သည်တို့က မျက်လုံးကို လက်ဖြင့်အုပ်ကုန်ကြသည်။
ထို့နောက် "မီဟန်"(Mi Heng) သည် ထိုပစ်ချလိုက်သောအဝတ်စုတ်ပေါ်တွင် ပုံဆွဲလေသည်။

341
"ချောင်ချောင်း"(Cao Cao) မှ

"နန်းတော်ထဲမှာ ဘာလို့ဒီလုရ
ိုင်းရိုင်းစိုင်းစိုင်းပြုမူရလည်း" ဟု မေးသည်။

"ကိုယ့်ရာထူးအထက်မှာရှိတဲ့ မင်းသားကို ဆော်ကားတာကမှ တကယ်ရိုင်းစိုင်းတဲ့အပြုအမူပါ၊


ကျွန်တော်ဘာမှမဝတ်တာက သန့်ရှင်းစင်ကြယ်ကြောင်းပြတာပါ"

"ခင်ဗျားက သန့်ရှင်းစင်ကြယ်တယ်ဆို ဘယ်သူက အပြစ်ရှိတုန်း"

"ခင်ဗျားက ဉာဏ်ပညာမရှိတာနဲ့ အသိဉာဏ်မဲ့တာကို မခွဲခြားနိုင်ဘူး၊ ဒါဟာ အမြင်မှာ အပြစ်ရှိတယ်၊


ဒါ့အပြင် ခင်ဗျားက ဂီတကိုလည်း မလိုက်စားသလို သမိုင်းကိုလည်း မလေ့လာဘူး၊ ဒါကြောင့်
စကားပြောဆိုမှုမှာ အပြစ်ရှိတယ်။ ဒါတင်မက မှန်ကန်တဲ့စကားတွေကို မကြားချင်ယောင်ဆောင်တယ်၊
ဒါကြောင့် နားမှာလည်း အပြစ်ရှိတယ်၊ အရင်ခေတ်နဲ့ဒီနေ့ခေတ်ကို မဆက်စပ်နိုင်ဘူး ၊ ဒါဟာလည်း
အပြစ်ပဲ။ ဒါ့အပြင် မြို့စား၊နယ်စားတွေကိုလည်း ခွင့်မလွှတ်တတ်ဘူး၊ ဒါဟာ အတွင်းမှာ အပြစ်ရှိတာပဲ။
ဒါ့အပြင် ခင်ဗျားစိတ်ထဲမှာလည်း ပုန်ကန်ဖို့ စဉ်းစားနေတယ်၊ ဒါစိတ်နှလုံးမှာ အပြစ်ရှိတာပဲလေ။ ကျုပ်က
ဒီတိုင်းပြည်ရဲ့ နာမည်ကြီးပညာရှိတွေထဲကတစ်ယောက်ပဲလေ၊ ဒါတောင် ကျုပ်ကို ဗုံတီးစေတယ်၊ ဒါက
ရန်ဟု(ိ Yang Huo) က ကွန်ဖြူးရှပ်ကို အထင်သေးသလို၊ ကျန်းချန်(Zang Cang) က မင်းစီးယပ်ကို
အပြစ်တင်သလိုပဲလေ"

ထိုအခါ "ခုန်းရု"ံ (Kong Rong) သည် သူ့သူငယ်ချင်း၏အသက်ဘေးကိုစိုးရိမ်သဖြင့် ဝင်ကာ

"မီဟန်(Mi Heng) က အပြစ်သေးလည်းပဲ ကျူးလွန်မိတာပါ။ ဝန်ကြီးချုပ်ကို


အနှောင့်အယှက်ပေးမယ့်သူမဟုတ်ပါဘူး" ဟု ပြောလေသည်။

"ချောင်ချောင်း"(Cao Cao) သည် "မီဟန်"(Mi Heng) ကို လက်ညှိုးညွှန်ကာ

"ခင်ဗျားကို ကျုပ်ရဲ့သံတမန်အနေနဲ့ ကျင်ကျိုးကိုလွှတ်လိုက်မယ်၊ အကယ်၍ လျူပြောင်း(Liu Biao) သာ


ကျုပ်လက်အောက်မှာအညံ့ခံရင် ခင်ဗျားကို နန်းတွင်းမှာ ရာထူးပေးမယ်" ဟု ဆိုလေသည်။

"မီဟန်"(Mi Heng) မှာ မသွားချင်ပေ။ ထိုအခါ "ချောင်ချောင်း"(Cao Cao) သည်


မြင်းသုံးကောင်ပြင်စေကာ အလယ်တွင် "မီဟန်"(Mi Heng) ကိုတင်ပြီး ဆွဲခေါ်သွားစေသည်။

အမတ်အချို့ကလည်း ထိုသံတမန်သွားမည်ကိုကြည့်ရန် အရှေ့တခ


ါံးတွင် စောင့်နေလေသည်။ ထိုအထဲတွင်
"ရွှင်ယ"ွိ (Xun Yu) မှ အခြားသူတို့ ကို

342
"မီဟန်(Mi Heng) လာရင် ကျွန်တော်တို့ထပြီး အရိုအသေမပေးဘူး" ဟု ပြောသည်။

"မီဟန်"(Mi Heng) သည် မြင်းပေါ်မှဆင်းပြီး အခန်းအတွင်းသို့ ဝင်သော် အကုန်လုံး


တိတ်ဆိတ်သွားကြသည်။ ထို့နောက် "မီဟန်"(Mi Heng) သည် ကျယ်လောင်စွာငိုလေသည်။ ထိုအခါ
"ရွှင်ယွိ"(Xun Yu) မှ

"ဘာကြောင့်ငိုတာလည်း" ဟု မေးသည်။

"အခေါင်းထဲကုဝ
ိ င်ရင် ဘယ်သူ မငိုပဲရှိပါ့မလည်း"

"ကျုပ်တို့က အလောင်းတွေဖြစ်ကောင်းဖြစ်မယ်။ ဒါပေမယ့် ခင်ဗျားကတော့


လျှောက်သွားနေတဲ့ခေါင်းမပါတဲ့သရဲပ"ဲ

"ကျုပ်က ဟန်တိုင်းပြည်ရဲ့အမတ်ဖြစ်ပြီး ချောင်ချောင်း(Cao Cao) ရဲ့လက်အောက်ငယ်သားမဟုတ်ဘူး။


ဒါကြောင့် ကျုပ် ခေါင်းမပါဘူးလို့ မဆိုနိုင်ဘူး"

ထိုအခါ လူအများတို့က ဒေါသထွကက


်ာ "မီဟန်"(Mi Heng) ကို သတ်မည်ပြုသည်။ "ရွှင်ယိ"ွ (Xun Yu) မှ

"သူက တန်ဖိုးမရှိတဲ့လပ
ူါပဲ။ သူ့လိုလူအတွကန
်ဲ့ ခင်ဗျားတို့ရဲ့ဓားကိုသွေးစွန်းမခံပါနဲ့" ဟု
ပြောကာတားလိုက်သည်။

"ကျုပ်က တန်ဖိုးမရှိပေမယ့် လူတစ်ယောက်ရဲ့အသည်းနှလုံးတော့ရှိသေးတယ်။ ခင်ဗျားတို့ ကတော့


တီကောင်သာသာပဲ"

သို့နှင့် အခြားသောလူတို့ သည် ဒေါသထွကက


်ာ အလျှိုလျှိုထွက်သွားကြသည်။ "မီဟန်"(Mi Heng) လည်း
သူ့ခရီးကိုဆက်ကာ ကျင်ကျိုးသို့ ရောက်သွားသည်။ ထို့နောက် "လျူပြောင်း"(Liu Biao) အား
ချီမွမ်းချင်ယောင်ဆောင်ကာ ပြက်ရယ်ပြုလိုက်သည်။ ထိုအခါ "လျူပြောင်း"(Liu Biao) မှ ဒေါသထွက်ပြီး
သူ့ကို ကျန်းရှမှ "ဟွမ်ကျူ"(Huang Zu) ထံလွှတလ
ိုက်သည်။

343
လူတစ်ယောက်မှ "လျူပြောင်း"(Liu Biao) ကို

"ခင္ဗ်ားကို ဒီလုေ
ိ ပြာတာ ဘာလို့ သူ့ကိုမသတ်တာလည်း" ဟု မေးသည်။

"သူ ချောင်ချောင်း(Cao Cao) အကြောင်းမကောင်းပြောတာတောင် ချောင်ချောင်း(Cao Cao) က


လူအများရဲ့ထောက်ခံမှုလျော့မှာကြောက်ပြီးမသတ်ပဲ ငါ့လက်ငှားပြီး သတ်စေချင်လို့ငါ့ဆီလွှတ်လုက
ိတာ။
ဒါကြောင့် ငါဒီဟာကိုနားလည်တယ်ဆိုတာပြဖို့ ဟွမ်ကျူ(Huang Zu) ဆီလွှတ်လိုက်တာ"

"လျူပြောင်း"(Liu Biao) ၏ ဆုံးဖြတ်ချက်သည် ပညာရှိပါပေသည်ဟု ဝိုင်းချီးမွမ်းကြလေသည်။


ထိုအချိန်တွင် "ယွမ်ရှောက်"(Yuan Shao) ၏ သံတမန်ရောက်လာကာ ငြိမ်းချမ်းရေးကမ်းလှမ်းသည်။
သို့နှင့် "လျူပြောင်း"(Liu Biao) သည် လက်အောက်ငယ်သားတို့ ကို စုစည်းပြီး
အစည်းအဝေးလုပ်လေသည်။

"ဟန်စုန့်"(Han Song) မှဤသို့ ပြောသည်။

"အခု အဖွဲ့ နှစ်ဖွဲ့က တစ်ပြိုင်တည်း ငြိမ်းချမ်းရေးကမ်းလှမ်းတာဆိုတော့


တစ်ဖွဲ့ကငြင်းရင်နောက်တစ်ဖွဲ့ နဲ့ပေါင်းဖို့အခွင့်အလမ်းရှိပါတယ်။ အခု ချောင်ချောင်း(Cao Cao)
လက်အောက်မှာ အရည်အချင်းရှိတဲ့သေ
ူ တွအများကြီးရှိပြီး သူဟာ ယွမ်ရှောက်(Yuan Shao) ကို
ချေမှုန်းနိုင်မယ့်ပုံပါပဲ။ သခင်ကြီးကတော့ သူ့ကိုခုခံနိုင်မှာမဟုတ်ဘူး။ ဒါကြောင့် ချောင်ချောင်း(Cao Cao)
ကို ထောက်ခံရင် သူကကောင်းကောင်းပြန်ဆက်ဆံလိမ့်မယ်"

"ဒါဆို ခင်ဗျား မြို့တော်သွားပြီး အခြေအနေကြည့်ပါ။ အဲ့အပေါ်မူတည်ပြီး ကျုပ်ဆံုး ဖြတ်မယ်"

"သခင်နဲ့ ကျွန်ဆိုတာဟာ သတ်သတ်မှတ်မှတ်ရှိပြီးသားပါ။ သခင်ကြီးအတွက်သာဆိုရင်


ဘုရင့်ဆီမှာအမှုထမ်းတာပဲဖြစ်ဖြစ်၊ ချောင်ချောင်း(Cao Cao) အောက်မှာ အမှုထမ်းတာပဲဖြစ်ဖြစ်
လုပ်ဆောင်မှာပါ။ ဒါပေမယ့် ဘုရင်က ကျွန်တော့်ကို ရာထူးပေးခဲ့ရင်တော့ ကျွန်တော်က
သူ့ရဲ့အမှုထမ်းဖြစ်သွားပြီး သခင်ကြီးအတွက် အသက်စွန့်နိုင်မှာမဟုတ်ဘူး "

"ခင်ဗျားသွားပြီး စုံစမ်းပါ။ ကျုပ်မှာ အကြံရှိပါတယ်"

သို့နှင့် "ဟန်စုန့် "(Han Song) လည်း မြို့တော်သို့ သွားပြီး "ချောင်ချောင်း"(Cao Cao) နှင့် တွေ့ရာ
သူ့အား လင်းလင်မြို့စားအဖြစ် ခန့်အပ်ခြင်းခံရသည်။ အကြံပေး "ရွှင်ယိ"ွ (Xun Yu) မှ ဝင်ကာ

"ဒီလူက ဒီမှာအခြေအနေကိုလာထောက်လှမ်းတဲ့လပ
ဲူ။ သူ့ကိုဆုချလောက်အောင် ဘာမှမလုပ်ထားဘူး။
ဒါကိုသခင်ကြီးကသူ့ကိုဒီလိုမျိုးရာထူးပေးလိုက်တယ်။ မီဟန်(Mi Heng) ကျတော့ သူ့အစွမ်းအစတောင်
မသိသေးပဲနဲ့ အဝေးကိုစေလွှတ်လိုက်တယ်" ဟု ပြောသည်။

344
"မီဟန်(Mi Heng) က လူအများရှေ့မှာကျုပ်ကိုစော်ကားခဲ့တာ။ ဒါကြောင့် လျူပြောင်း(Liu Biao)
လက်ငှားပြီး သူ့ကိုသတ်မလို့။ မင်းဘာမှဝင်မပြောပါနဲ့တော့။"

ထို့နောက် "ချောင်ချောင်း"(Cao Cao) သည် "ဟန်စုန့် "(Han Song) ကို "လျူပြောင်း"(Liu Biao)
ထံပြန်လွှတ်ကာ အဖြစ်အပျက်ကိုပြောစေသည်။ "ဟန်စုန့် "(Han Song) သည် "လျူပြောင်း"(Liu Biao)
ရှေ့တင
ွ် "ချောင်ချောင်း"(Cao Cao) ၏ကောင်းကြောင်းတို့သာပြောလေသည်။ "လျူပြောင်း"(Liu Biao)
သည်ဒေါသထွကြ် ပီး "ဟန်စုန့်"(Han Song) ကို သစ္စာဖောက်မှုဖြင့်သတ်ရန်ပြုသည်။

"ဟန်စုန့်"(Han Song) : "ခင်ဗျားက ကျုပ်ကိုစွန့်လွှတ်ခဲ့တာပဲလေ။ ကျွန်တော်က


သစ္စာဖောက်တာမှမဟုတ်တာ"

"ခွိုင်လျန်"(Kuai Liang) : "ဟန်စုန့်(Han Song) က မသွားခင်တည်းက


သူဒီလိုဖြစ်နိုင်ကြောင်းပြောခဲ့တာပဲ။ ဒါသူမျှော်လင့်ထားသလိုဖြစ်လာတာပဲလေ"

ထိုစကားသည် အကျိုးအကြောင်းညီညွတ်သဖြင့် "လျူပြောင်း"(Liu Biao) လည်း အရေးမယူတော့ပေ။

ထို့နောက် "မီဟန်"(Mi Heng) သည် "ဟွမ်ကျူ"(Huang Zu) နှင့် အရက်သောက်စဉ် ရန်ဖြစ်ပြီး


အသတ်ခံလက
ို ရ
် သည်ဟူသော သတင်းရောက်လာသည်။ ဖြစ်ပုံကား ဤသို့ တည်း။

"ဟွမ်ကျူ"(Huang Zu) : "ခင်ဗျားက ရွှီချန်မှာရှိခဲ့တယ်ဆိုတော့


အဲ့မှာအစွမ်းအစရှိတဲ့လေ
ူ တွကဘယ်သူတွေလည်း"

"မီဟန်"(Mi Heng) : "တစ်ယောက်ကတော့ ခုံးရုံ(Kong Rong) ဖြစ်ပြီး ကျန်တစ်ယောက်ကတော့


ရန်ရှို့ (Yang Xiu) ဖြစ်တယ်။ က်န္တဲ့လေ
ူ တြကေတာ့ ထည့္တြက္စရာမလိုပါဘူး"

"ဟြမ္က်ဴ"(Huang Zu) : "ဒါဆို က်ဳပ္ကေရာ?"

"မီဟန်"(Mi Heng) : "ခင်ဗျားက ဘုရားကျောင်းထဲကနတ်ရုပ်ကြီးလိုပါပဲ။ ထိုင်နေပြီး


လူတွေပူဇော်ပသတာပဲ ခံတယ်။ အသိဉာဏ်မရှိတာ နှမြောစရာပါပဲ"

"ဟွမ်ကျူ"(Huang Zu) သည် ဒေါသဖြင့်

"ခင်ဗျားက ကျုပ်ကို သာမန်ရုပ်တုအနေနဲ့ နှိုင်းတယ်" ဟုဆိုကာ "မီဟန်"(Mi Heng) ကို သေဒဏ်ပေးရန်


အမိန့်ချလိုက်သည်။ သေအံ့ဆဲဆဲတွင်ပင် "မီဟန်"(Mi Heng) မှာ ဆဲရေးတိုင်းထွာခြင်းကိုမရပ် ဟုဆု၏
ိ ။

345
"လျူပြောင်း"(Liu Biao) သည် "မီဟန်"(Mi Heng) ၏ သတင်းကိုကြားသော် သက်ပြင်းချလေသည်။
ထို့နောက် ကြက်တူရွေးကျွန်း(Parrot Island) ရှိ ရင်းဝူဆိုသောနေရာတွင်
ကောင်းကောင်းမြှုပ်နှံခဲ့လေသည်။

"ချောင်ချောင်း"(Cao Cao) သည် ထိုသတင်းကိုကြားသော်

"နှုတေ
် ကာင်းလျာကောင်း စာကြမ်းပိုးတစ်ယောက်ကတော့ ကိုယ့ေ
် သတွင်းကိုယ်တူးသွားပြီ" ဟု
ဆိုလေသည်။

"လျူပြောင်း"(Liu Biao) မှ ပူးပေါင်းရန်မပြုသော်အခါ "ချောင်ချောင်း"(Cao Cao) သည်


ခြိမ်းခြောက်ပြီးတိုက်ရန်ကြံသည်။ ထိုအခါ "ရွှင်ယိ"ွ (Xun Yu) မှ

"ယွမ်ရှောက်(Yuan Shao) ကို မအောင်နိုင်သေးဘူး၊ လျူဘေ့(Liu Bei) လည်း ရှိနေသေးတယ်။ ဒီအချိန်မှာ


လျူပြောင်း(Liu Biao) ကိုတိုက်တာဟာ အချက်အချာကျတာကို နားမလည်ရာကျတယ်။ ပထမဆုံး
ရန္သေ
ူ တ်ာနှစ်ယောက်ကိုရှင်းပြီးမှ ဟန်မြစ်ကြီးဘက် ခြေလှည့်သင့်တယ်" ဟု ပြောလေသည်။

"ချောင်ချောင်း"(Cao Cao) ကလည်း ထိုအကြံကိုလက်ခံလုက


ိသည်။

"လျူဘေ့"(Liu Bei) ထွက်သွားသည့်အချိန်မှစပြီး "တုန်းချန်"(Dong Cheng) နှင့်အပေါင်းအပါတို့ကို


"ချောင်ချောင်း"(Cao Cao) ကို ဖြိုခွဲမည့်အကြံတို့ သာ ကြံစည်နေကြသည်။ သို့ သော်လည်း
အခွင့်မသာချေ။ နှစ်သစ်ကူးပွဲတော်တွင် "ချောင်ချောင်း"(Cao Cao) သည် မောက်မာစွာပြုမူလေရာ
"တုန်းချန်"(Dong Cheng) မှာ၎င်းကိုအင်မတန်စက်ဆုတ်ပြီး ဖျားနာလေသည်။

ဦးရီးတော် ဖျားနာသည်ကိုကြားသောအခါ ဘုရင်မှ နန်းတွင်းသမားတော်ကြီးကိုလွှတ်ပြီး ကုသစေသည်။


ထိုအချိန်ရှိ ထိပ်တန်းနန်းတွင်းသမားတော်မှာ လော့ရန်မြို့သား "ကျီဖင်"(Ji Ping) ဖြစ်လေသည်။
"ကျီဖင်"(Ji Ping) သည် "တုန်းချန်"(Dong Cheng) ၏အိမ်တော်တွင်ပင်နေကာ သူ့ကိုကုသလေသည်။
"တုန်းချန်"(Dong Cheng) တွင် စိတ်ညစ်စရာတစ်ခုခုရှိနေသည်ကို သတိထားမိသော်လည်း မမေးဝံ့ချေ။

လပြည့်ညပွဲတော်၏ ညနေခင်းဝယ် သမားတော်ကြီးသည်လူနာကိုကြည့်ပြီးပြန်ရန်ပြုရာ လူနာမှ


ညစာစားရန်ဖိတ်ခေါ်လိုက်သည်။ စားသောက်ပြီးနောက် စကားအတန်ကြာပြောပြီး "တုန်းချန်"(Dong
Cheng) အိပ်ပျော်သွားလေသည်။

"ဝမ်ကျီဖူ"(Wang Zifu) နှင့် အခြားသူတို့ ရောက်လာကာ

346
"ကျုပ်တို့စီမံကန
ိးကြီးပြီးဆုံးတော့မယ်" ဟုဆိုသည်။

"တုန်းချန်"(Dong Cheng) : "အခြေအနေကိုနားထောင်ချင်ပါတယ်"

"လျူပြောင်း(Liu Biao) က ယွမ်ရှောက်(Yuan Shao) နဲ့ပူးပေါင်းလိုက်ပြီး ပြည်နယ်ငါးဆယ်က အင်အား


ငါးသိန်းရှိတဲ့တပ်တွေဒက
ီိုချီတက်လာပြီ။ ဒါ့အပြင် မာထန်(Ma Teng) နဲ့ ဟန်ဆွေ(Han Sui) တို့ကလည်း
အနောက်မြောက်ပိုင်းကနေ အင်အားခုနှစ်သိန်းရှိတဲ့တပ်ကြီးနဲ့ ချီတက်လာပြီ။ ချောင်ချောင်း(Cao Cao) က
အဲ့တပ်ဖွဲ့ ကိုခုခံဖို့ သူ့တပ်ကို မြို့ပြင်မှာနေရာ ယူထားစေတယ်။ ဒီညမှာ ချောင်ချောင်း(Cao Cao) က
စားသောက်ပွဲကျင်းပလိမ့်မယ်။ ကျုပ်တို့ တွေ လူအယောက်တစ်ထောင်လုက
ိစုပြီး စားသောက်ပွဲမှာ
ချောင်ချောင်း(Cao Cao) ကို ရှင်းလိုက်ရအောင်"

"တုန်းချန်"(Dong Cheng) သည် ဝမ်းသာအားရဖြင့် သူ၏လက်အောက်ငယ်သားတို့ကို


လက်နက်တို့ပေးကာ လူစုသည်။ သူကုယ
ိတိုင်သည်လည်း သံချပ်ကာဝတ်ကာ မြင်းစီးပြီး
ဝန်ကြီးချုပ်အိမ်တော်သို့ ထွက်သွားသည်။ "တုန်းချန်"(Dong Cheng) သည် သူ၏ရတနာဓားကိုဆွဲကာ
အခန်းတွင်းရှိ စားပွဲတွင်ရှိနေသော ချောင်ချောင်း(Cao Cao) ကိုမြင်လျှင် "သစ္စာဖောက်၊ သေစမ်း" ဟု
ဆိုကာ ဓားဖြင့် ခုတ်လုက
ိလေသည်။

ထိုအချိန်တွင်ပင် အိပ်ယာမှပြန်နိုးလာကာ အိပ်မက်ဖြစ်နေကြောင်းသိသွားသည်။ သို့ သော် ပါးစပ်ကမူ


ကယောင်ကတမ်းရေရွတ်နေသေးသည်။

"ကျီဖင်"(Ji Ping) : "ဦးရီးတော်က ချောင်ချောင်း(Cao Cao) ကိုတကယ် ချေမှုန်းချင်ပါသလား"

ထိုစကားသည် "တုန်းချန်"(Dong Cheng) ကို သတိဝင်သွားစေပြီး ဘာမျှပြန်မပြောပေ။


သမားတော်မှပင်ဆက်ပြီး

"ဦးရီးတော် မစိုးရိမ်ပါနဲ့။ ကျွန်တော်က သမားတော်ဆိုပေမယ့် လူသားတစ်ယောက်ပါပဲ၊


ကိုယ့်ဘုရင်ကိုဘယ်တော့မှမမေ့ပါဘူး။ ဦးရီးတော်က ရက်အတန်ကြာဝမ်းနည်းတဲ့ပုံပေါ်နေပေမယ့်
ကျွန်တော်အကြောင်းအရင်းကို မမေးခဲ့ဘူး။ အခုတော့
အိပ်မက်ကနေတစ်ဆင့်ထုတ်ဖော်ပြောလိုက်ပြီဆိုတော့ ဦးရီးတော်ရဲ့ ခံစားချက်ကိုသိပြီ။ ကျွန်တော်သာ
အထောက်အပံ့ဖြစ်မယ်ဆို ကူညီပါ့မယ်၊ ဘယ်သူမှ ကျွန်တော့်ကို စိတ်ပျက်အောင် မလုပ်နိုင်ဘူး"
ဟုပြောသည်။

ထိုအခါ "တုန်းချန်"(Dong Cheng) မှ ငိုပြီး

347
"ခင်ဗျား ပြောတာတွေက ရင်ထဲကစကားတွေဟတ
ုရဲ့လားလို့ တွေးမိတယ်" ဟု ပြောလေသည်။
"ကျီဖင်"(Ji Ping) သည် သစ္စာပြသည့်အနေဖြင့် ချက်ချင်းပင် လက်တစ်ချောင်းကိုကိုကက
်ာ
ဖြတ်လိုကေ
် လသည်။

"တုန်းချန်"(Dong Cheng) : "ကျုပ်တို့အကြံအစည်တွေအချည်းနှီးဖြစ်သွားမှာ စိုးရိမ်တယ်။ အခုအချိန်မှာ


လျူဘေ့(Liu Bei) ရော၊ မာထန်(Ma Teng) ပါ အဝေးကိုရောက်နေတယ်။
ကျုပ်တို့လုပ်နိုင်တာဘာမှမရှိဘူး ။ ဒါကြောင့် စိတ်မကောင်းဖြစ်ပြီး နေမကောင်းဖြစ်ရတာ"

"ကျီဖင်"(Ji Ping) : "စိုးရိမ်စရာမလိုပါဘူး။ ချောင်ချောင်း(Cao Cao) အသက်က


ကျွန်တော့်လက်ထဲမှာရှိပါတယ်"

"တုန်းချန်"(Dong Cheng) : "ဘာကြောင့်များလည်း"

"ကျီဖင်"(Ji Ping) : "ချောင်ချောင်း(Cao Cao) က မကြာခဏခေါင်းကိုက်တဲ့ဝေဒနာခံစားရတဲ့အတွက်


သူက ကျွန်တော့်ကို အခေါ်လွှတ်ရပါတယ်၊ နောက်တစ်ခါခေါ်ရင် သူ့ကို အဆိပ်တိုက်လိုက်တာနဲ့သေမှာပဲ။
ဘာလက်နက်မှမလိုဘူး"

"တုန်းချန်"(Dong Cheng) : "ဒါ ခင်ဗျားပဲ လုပ်နိုင်တာပါ။ ခင်ဗျားက ဒီတုင


ိးပြည်ကြီးရဲ့ကျေးဇူးရှင်ပါပဲ။
အကုန်လုံး ခင်ဗျားအပေါ်မူတည်ပါတယ်"

ထို့နောက် "ကျီဖင်"(Ji Ping) သည်လည်း အိမ်တော်မှ ထွကသ


်ွားသည်။ "တုန်းချန်"(Dong Cheng) သည်
ဥယျာဉ်ထဲတွင်လမ်းလျှောက်ရာ "Quin Quington" ဟူသော အစေခံတစ်ဦးက မောင်းမတစ်ဦးနှင့်
တီးတိုးပြောနေကြသည်ကိုတွေ့လိုက်ရာ အစောင့်တို့ ကိုခေါ်ပြီး ဆွဲခေါ်လာစေသည်။ ထိုသန
ှူစ်ဦးတို့ ကို
သေဒဏ်ပေးရန်ကြံသော်လည်း သူ့ဇနီးမှတားမြစ်သဖြင့် သေဒဏ်မပေးတော့ပဲ
ကြိမ်ဒဏ်အချက်လေးဆယ်စီပေးလိုက်သည်။ ယောက်ျားလေးကို ထောင်ထဲသို့ ထည့်လိုက်သည်။
ညအခါဝယ် "Quin Quington" သည် ထောင်မှဖောက်ထွက်ပြီး နံရံကိုတွယတ
် က်ကာ
"ချောင်ချောင်း"(Cao Cao) ထံသွားပြီး "တုန်းချန်"(Dong Cheng) ၏ အကြံအစည်တို့ ကိုပြောလိုက်သည်။

"ချောင်ချောင်း"(Cao Cao) ကလည်း ထိုသူ့ ကို မေးခွန်းတို့ မေးရန်ခေါ်ထားလိုက်သည်။

"Quin Quington" : "ဝမ်ကျီဖူ(Wang Zifu) ၊ ဝူကျီလန်(Wu Zilan) ၊ ချုံးကျီ(Chong Ji) ၊ ဝူရှီ(Wu Shi)
နဲ့ မာထန်(Ma Teng) တို့ဟာ ကျွန်တော့်သခင်ကြီးနဲ့လျှို့ဝှက်တွေ့ဆုံပြီး ကျွန်တော့်သခင်ကြီးဆီမှာရှိတဲ့
ပိုးထည်စအဖြူပေါ်မှာစာရေးကြတယ်၊ ဘာအဓိပ္ပာယ်လည်းတော့မသိဘူး။ မနေ့ကလည်း ကျီဖင်(Ji Ping)
ဟာ သူ့သစ္စာကိုပြဖို့ လက်ချောင်းကိုကိုက်ဖြတ်လိုက်တာမြင်တယ်"

348
"Quin Quington" ကို နန်းတော်ထဲတွင် ထိန်းသိမ်းထားလိုက်သည်။ "တုန်းချန်"(Dong Cheng) သည်
သူ့အစေခံပျောက်သွားသည်ကုသ
ိလျှင် သဘောရိုးဖြင့်ထွက်ပြေးသွားသည်ဟုပင်ထင်ကာ
လိုက်မရှာစေတော့ပေ။

ထို့နောက် "ချောင်ချောင်း"(Cao Cao) သည် ခေါင်းကိုက်ချင်ယောင်ဆောင်ကာ "ကျီဖင်"(Ji Ping)


ကိုခေါ်လေသည်။

"ကျီဖင်"(Ji Ping) မှ

"ဒီသူပုန်တော့ သွားပြီပဲ" ဟု တွေးလေသည်။ ထို့နောက် သူနှင့်အတူ အဆိပ်ထုပ်ကိုယူသွားကာ


"ချောင်ချောင်း"(Cao Cao) ထံသွားသည်။ "ချောင်ချောင်း"(Cao Cao) မှ သူ့အတွက်
ဆေးပေးရန်ပြောသည်။ "ကျီဖင်"(Ji Ping) မှ

"တစ်စက်သောက်လိုက်ရုံနဲ့ ရောဂါပျောက်သွားလိမ့်မယ်" ဟု ပြောလေသည်။

ထို့နောက် ဆေးထဲတွင် အဆိပ်ထည့်ကာ "ချောင်ချောင်း"(Cao Cao) ကိုတိုက်လေသည်။


"ချောင်ချောင်း"(Cao Cao) ကလည်း ဆေးတွင်အဆိပ်ပါမှန်းသိနှင့်သဖြင့်
အကြောင်းပြချက်အမျိုးမျိုးပေးကာ မသောက်ချေ။

"ပူတန
ုးသောက်ပါ။ ဒါမှချွေးတွေထွက်ပြီး ကောင်းသွားပါလိမ့်မယ်"

"ခင်ဗျားက ပညာရှိပဲ၊ ဒါကြောင့် ဘာတွေလုပ်ရမယ်ဆိုတာသိတယ်။ သခင်ကနေမကောင်းဖြစ်ပြီး


ဆေးသောက်ရရင် အဲ့ဆေးကိုအစမ်းသောက်ဖို့က လက်အောက်ငယ်သားရဲ့တာဝန်မဟုတ်လား။
လူတစ်ဦးနေမကောင်းရင်လည်း သူ့သားကအရင် ဆေးကိုစမ်းသောက်ကြည့်ရတယ်။ ခင်ဗျားက
ကျုပ်ရဲ့လက်အောက်ငယ်သားဆိုတော့ ခင်ဗျားအရင်သောက်ပါ။ ပြီးရင်ကျန်တာကို ကျုပ်သောက်မယ်"

"ဆေးဆိုတာ ရောဂါကိုကုသဖို့လေ။ တခြားလူက စမ်းသောက်ပြီးဘာလုပ်မှာတုန်း"

သို့သော် "ကျီဖင်"(Ji Ping) သည် သူ့အကြံကိုသိနေမှန်း သိသွားကာ အရှေ့သို့ လှမ်းပြီး


"ချောင်ချောင်း"(Cao Cao) ကိုဆွဲကုင
ိကာ လည်မြိုမှ အဆိပ်ကိုသွန်ချရန်ပြူသည်။ "ချောင်ချောင်း"(Cao
Cao) ကလည်း ရုန်းလေရာ ဆေးပန်းကန်မှာ အောက်သို့ ကျသွားသည်။ "ချောင်ချောင်း"(Cao Cao)
ဘာမျှမပြောနိုင်သေးမီတွင်ပင် အစောင့်တို့ က သမားတော်ကိုဖမ်းလိုက်သည်။

"ချောင်ချောင်း"(Cao Cao) : "တကယ်တော့ ကျုပ်က မဖျားဘူး။ ခင်ဗျားကိုစမ်းသပ်ချင်လို့လုပ်တာ၊


ခင်ဗျားတကယ်ကို အဆိပ်ခတ်ဖို့ကြံတာပဲ"

349
ထို့နောက် ဖမ်းထားသောသူကို စစ်ဆေးမေးမြန်းရန်အတွက် အတွင်းသို့ခေါ်သွားစေသည်။
ထိုသမားတော်သည် ကြိုးနှင့်အတုပ်ခံထားရပြီး မြေကြီးပေါ်တွင်ရှိနေသော်လည်း သတ္တိမလျော့သွားပေ။

"ခင်ဗျားက သမားတော်မဟုတ်ဘူးလား။ ဘာကြောင့်ကျုပ်ကို အဆိပ်ခတ်ဖို့ပြင်ရတာလည်း?


ဘယ်သူခင်ဗျားကိုခိုင်းတာလည်း? ခင်ဗျားပြောရင် ခင်ဗျားကိုလတ
ွ်ငြိမ်းချမ်းသာခွင့်ပေးမယ်"

"ခင်ဗျားက သစ္စာဖောက်ပဲလေ။ မင်းသားကို ထီမထင်သလိုပြုမူပြီး ကိုယ့်ထက်သာသူတွေကို ဖြုတ်ချတယ်။


တစ်နိုင်ငံလုံးက ခင်ဗျားကိုသတ်ချင်ကြတာ။ ကျုပ်တစ်ယောက်တည်း
ခင်ဗျားကိုသတ်ချင်တယ်လို့ ထင်လား"

"ချောင်ချောင်း"(Cao Cao) မှ အကြိမ်ကြိမ်ပင် မည်သက


ူ သူ့ကိုခိုင်းကြောင်းမေးသော်လည်း
အကျဉ်းသားကမူ မည်သူမှခိုင်းခြင်းမဟုတ်ပဲ ဆန္ဒအရပြုမူခြင်းဖြစ်ကြောင်းပြောလေသည်။

"ကျီဖင်"(Ji Ping) : "ကျုပ်က အကြံမအောင်ခဲ့တော့ သေဖို့ ကလွဲပြီး အခြားမရှိဘူး "

"ချောင်ချောင်း"(Cao Cao) သည် ဒေါသထွက်ကာ ထိုသူ့ကို ကြိမ်ဒဏ်ပေးစေလေသည်။


နှစ်နာရီကြာသည်အထိနှိပ်စက်လေရာ အရည်ခွံတို့ စုတ်ပြဲနေကာ အသားတို့လည်းချင်းချင်းနီနေလေပြီ။
ဒဏ်ရာမှသွေးတို့လည်း အောက်မြေကြီးအထိယိုစီးကျလာသည်။ "ချောင်ချောင်း"(Cao Cao) က
ထိုသူသေသွားလျှင် သက်သေမရှိတော့မည်ကိုစိုးရိမ်သဖြင့် ရိုက်နှက်ခြင်းကို ရပ်စေပြီး
တစ်နေရာသို့ ခေါ်သွားစေသည်။

နောက်ရက်တွင် "ချောင်ချောင်း"(Cao Cao) သည် စားသောက်ပွဲကျင်းပကာ အမတ်တို့ကိုဖိတ်လေသည်။


နေမကောင်းသော "တုန်းချန်"(Dong Cheng) မှလွဲလျှ င် အခြားသောသူတို့ အကုန်တက်ရောက်ကြသည်။
ထို့နောက် "ချောင်ချောင်း"(Cao Cao) မှ

"ဒီနေ့ပျော်စရာတော့ သိပ်မရှိပါဘူး၊ ဒါပေမယ့် ခင်ဗျားတို့မြင်ရင် အမူးပြေသွားနိုင်မယ့်အရာရှိတယ်" ဟု


ပြောပြီး အစောင့်တို့ ကို "သူ့ကိုခေါ်လာခဲ့စမ်း" ဟု အမိန့်ပေးလိုက်သည်။ သို့ နှင့် "ကျီဖင်"(Ji Ping) ကို
ဆွဲခေါ်လာသည်။

"ဒီလူက မကောင်းတဲ့လူတွေနဲ့ ပူးပေါင်းတဲ့အကြောင်းကို ခင်ဗျားတို့ မသိသေးဘူး၊ သူက


အစိုးရကိုပျက်အောင်လုပ်ပြီး ကျုပ်ကိုသတ်ဖို့ကြံခဲ့တယ်။ သူ့ဆီကအထောက်အထားကို ခင်ဗျားတို့လည်း
နားထောင်စေဖို့ခေါ်လိုကတ
်ာ"

350
ထိုသို့ ပြောပြီးနောက် "ချောင်ချောင်း"(Cao Cao) သည် အကျဉ်းသားကိုရိုကန
ှ်က်စေသည်။
မေ့မြောသည်အထိရိုကန
ှ်က်ပြီးနောက် ရေနှင့်လောင်းကာ ပြန်နိုးစေလေသည်။ သတိရသည်နှင့်
"ချောင်ချောင်း"(Cao Cao) ကို စိုက်ကြည့်ပြီး အံကိုကြိတ်လေသည်။

"ချောင်ချောင်း(Cao Cao) ၊ သစ္စာဖောက်၊ ဘာလုပ်နေတာလည်း? ကျုပ်ကိုသတ်လုက


ိပါတော့လား"

"ပူးပေါင်းကြံစည်တဲ့လေ
ူ တွက စစချင်းခြောက်ယောက်မလား။ ခင်ဗျားနဲ့ဆို ခုနှစ်ယောက်ပေါ့?
ဟုတ်တယ်မလား"

ထိုအခါ "ကျီဖင်"(Ji Ping) သည် ပို၍ဆဲရေးတိုင်းထွာလေသည်။ ခန်းမအတွင်းတွင်ရှိသော


"ဝမ်ကျီဖူ"(Wang Zifu) နှင့် အခြားပူးပေါင်းကြံစည်သသ
ူုံးဦးတို့ သည်
တစ်ယောက်မျက်နှာတစ်ယောက်ကြည့်ကာ အပ်ဖျာပေါ်တွင် ထိုင်နေသည့်အလား ခံစားရလေသည်။
ထိုသို့ အဆက်မပြတ်ရိုကလ
ိုက၊် မေ့မြောသွားသော် ရေဖြင့်ပက်ကာနိုးလိုက်လပ
ုနေသော်လည်း "ကျီဖင်"(Ji
Ping) မှာ သူနှင့်ပူးပေါင်းကြံစည်သတ
ူ့ို နာမည်ကို ထုတ်ဖော်မပြောချေ။ နောက်ဆုံးတွင်
"ချောင်ချောင်း"(Cao Cao) မှ ဆက်မရိုက်တော့ရန် အမိန့်ပေးလိုက်သည်။

စားပွဲအပြီးတွင် ထိုပူးပေါင်းကြံစည်သူလေးဦးတို့ ကို "ချောင်ချောင်း"(Cao Cao) မှ


ညစာစားသောက်ရန်အတွက် နေရစ်ခဲ့ရန်ခေါ်လိုက်သည်။ ထိုသေ
ူ လးဦးတို့မှာ
ကိုယ်တွင်းမှလိပ်ပြာအပြင်သို့ ထွက်သွားသကဲ့သို့ အလွန်အမင်းကြောက်ရွံ့သွားသည်။ သို့သော်လည်း
မနေခဲ့ဟု မငြင်းဝံ့ကြချေ။

"ချောင်ချောင်း"(Cao Cao) : "အခု ခင်ဗျားတို့ နဲ့ ပြောစရာလေးရှိလို့ ခဏခေါ်လိုက်တာ။ ခင်ဗျားတို့


တုန်းချန်(Dong Cheng) နဲ့ ဘာတွေကြိတြ် ကံနေကြတုန်း"

"ဝမ်ကျီဖူ"(Wang Zifu) : "ဘာမှမကြံပါဘူး"

"ချောင်ချောင်း"(Cao Cao) : "ဒါဆိုအဖြူရောင်ပိုးထည်ပေါ်မှာဘာတွေရေးထားတာလည်း"

အကုန်လုံးကလည်း "မသိပါ" ဟု ဘူးခံငြင်းကြလေသည်။

ထို့နောက် "ချောင်ချောင်း"(Cao Cao) သည် "တုန်းချန်"(Dong Cheng)


အိမ်မှထွက်ပြေးသွားသောအစေခံကို ရှေ့သို့ ခေါ်လာစေသည်။ "Quin Quington" ရောက်သော်
"ဝမ်ကျီဖူ"(Wang Zifu) မှ

"မင်းကဘယ်မှာ ဘာတွေမြင်ခဲ့တာတုန်း" ဟုမေးလေသည်။

351
"Quin Quington" : "ခင်ဗျားတို့ ငါးယောက်ဟာ လူသူကင်းတဲ့နေရာမှာ တိတ်တဆိတ်ဆွေးနွေးကြတယ်၊
နောက်ပြီး အဖြူရောင်ပိတ်စပေါ်မှာ လက်မှတ်ထိုးကြတယ်၊ ဒါကိုတော့ မငြင်းနိုင်ပါဘူး"

"ဝမ်ကျီဖူ"(Wang Zifu) : "ဒီကောင်က ဦးရီးတော်ရဲ့မောင်းမနဲ့ ဖောက်ပြားလို့ အပြစ်ပေးခံရတာပါ။


ဒါကြောင့် သူ့သခင်အကြောင်းကို မကောင်းပြောတာ။ သူပြောတာမယုံပါနဲ့"

"ချောင်ချောင်း"(Cao Cao) : "ကျီဖင်(Ji Ping) က ငါ့လည်မြိုထဲကိုတောင် အဆိပ်ထည့်ဖို့ကြံခဲ့တာ၊


တုန်းချန်(Dong Cheng) ကလွဲရင် သူ့ကိုဘယ်သူက ဒီလိုပြုမူအောင် လုပ်နိုင်မှာလည်း"

အကုန်လုံးကလည်း မသိကြောင်းငြင်းကြသည်။

"ချောင်ချောင်း"(Cao Cao) : "အခုမှ အစပဲရှိသေးတော့ သည်းခံခွင့်လွှတ်ဖို့ အခွင့်အရေးရှိသေးတယ်။


နောက်ပိုင်း ပြဿနာကြီးလာရင်တော့ အဲ့လောက်လွယ်မှာမဟုတ်ဘူး"

လေးယောက်လုံးကလည်း ဘာမှမသိပါဟုပင် အပြင်းအထန်ငြင်းကြ၏။ ထို့နောက် "ချောင်ချောင်း"(Cao


Cao) သည် ထိုသေ
ူ လးဦးတို့ကို ထိန်းသိမ်းထားစေလိုက်သည်။

နောက်ရက်တွင် "ချောင်ချောင်း"(Cao Cao) သည် ဦးရီးတော်၏အိမ်သို့သွားပြီး


ကျန်းမာရေးအခြေအနေကိုမေးလေသည်။ "တုန်းချန်"(Dong Cheng) က ကိုယ်တိုင်ထွက်ကြိုသောအခါ
"ချောင်ချောင်း"(Cao Cao) မှ

"ခင်ဗျား မနေ့ညက ဘာကြောင့် မလာတာလည်း" ဟု မေးသည်။

"ကျွန်တော် ကျန်းမာရေးမကောင်းလို့ အပြင်မထွက်ဖြစ်တာပါ"

"ခင်ဗျားက တိုင်းပြည်အတွက် ယူကြုံးမရဖြစ်ပြီး နေမကောင်းဖြစ်တာမလား"

"တုန်းချန်"(Dong Cheng) က လန့်သွားသည်။ ထို့ နောက် "ချောင်ချောင်း"(Cao Cao) မှပင်ဆက်၍

"ခင်ဗျား ကျီဖင်(Ji Ping) ကိစ္စသြိ ပီးပြီလား" ဟု မေးသည်။

"မသိဘူး၊ ဘာများပါလိမ့်"

"ချောင်ချောင်း"(Cao Cao) သည် အေးစက်စွာပြုံးလိုက်ကာ

"ခင်ဗျား မသိဘူးဆိုတာ ဘယ်ဖြစ်နိုင်ပါ့မလည်း" ဟု ဆိုသည်။

352
ထို့နောက် "ချောင်ချောင်း"(Cao Cao) သည် အစောင့်တို့ဘက်လှည့်ကာ
အကျဉ်းသားကိုခေါ်လာစေသည်။ ထိုအချိန်တွင် "တုန်းချန်"(Dong Cheng) နှင့်အတူ
တိုင်းပြည်အတွက်ဝမ်းနည်းကာ နေမကောင်းဖြစ်ရသည့်အကြောင်းကိုပင် ဆက်ပြောလေသည်။
"တုန်းချန်"(Dong Cheng) မှာ မည်သို့ မည်ပုံပြုရမည်ကို မသိပေ။ မကြာမီပင် အစောင့်တို့ က "ကျီဖင်"(Ji
Ping) ကိုဆွဲခေါ်လာသည်။ "ကျင်ဖင်"(Ji Ping) သည် ဝင်လာသည်နှင့် "ချောင်ချောင်း"(Cao Cao) ကို
ဆဲရေးတိုင်းထွာလေသည်။

"ချောင်ချောင်း"(Cao Cao) သည် "ကျီဖင်"(Ji Ping) ကို လက်ညှိုးထိုးကာ

"ဒီလူက ဝမ်ကျီဖူ(Wang Zifu) နဲ့တခြားသုံးယောက်ရဲ့အပြစ်ကိုဝန်ခံလိုက်တဲ့အတွက် သူတို့ ကို


ဖမ်းထားလိုက်ပြီ။ ဒါပေမယ့်တစ်ယောက်တော့ ကျန်သေးတယ်" ဟုပြောသည်။

ထို့နောက် "ချောင်ချောင်း"(Cao Cao) က သမားတော်ဘက်လှည့်ကာ

"ဘယ်သူက ကျုပ်ကုအ
ိ ဆိတ်ခပ်ဖို့ တိုကတ
်ွန်းတာလည်း" ဟု မေးလေသည်။

"ကောင်းကင်ကြီးက သစ္စာဖောက်ကိုသတ်ဖို့ လွှတ်လိုက်တာပါ"

"ချောင်ချောင်း"(Cao Cao) သည် "ကျီဖင်"(Ji Ping) ကို ရိုက်ရန် အမိန့်ပေးလိုက်ပြန်သည်။ သို့သော်


"ကျီဖင်"(Ji Ping) ၏ ခန္ဓာတွင် ရိုက်နိုင်သည့်နေရာပင် မရှိတော့ပေ။ "တုန်းချန်"(Dong Cheng) မှာ
၎င်းကိုကြည့်ကာ ရင်ကိုဓားနှင့်ထိုးဘိသကဲ့သို့ ဝမ်းနည်းလေသည်။

"ချောင်ချောင်း"(Cao Cao) : "ခင်ဗျားက မွေးတုန်းက လက်ဆယ်ချောင်းပါလာတာ၊


အခုဘာလို့ကိုးချောင်းပဲ ရှိတာတုန်း"

"ကျီဖင်"(Ji Ping) : "ကျုပ် သစ္စာဖောက်ကိုသတ်ဖို့ သစ္စာဆိုတုန်းက တစ်ချောင်းကိုဖြတ်လိုက်တာ"

"ချောင်ချောင်း"(Cao Cao) သည် "ကျီဖင်"(Ji Ping) တွင် ကျန်သောလက်ကိုးချောင်းလုံးကိုဖြတ်ရန်


အမိန့်ပေးလိုက်သည်။ အစောင့်တို့ကလည်း ဖြတ်လိုက်လေသည်။

"ချောင်ချောင်း"(Cao Cao) : "အခုလက်ချောင်းတွေမရှိတော့ဘူးဆိုတော့


တောင်းပန်စကားပြောတတ်လာမှာပေါ့"

"ကျီဖင်"(Ji Ping) : "ဒါပေမယ့် ကျုပ်မှာ သစ္စာဖောက်ကို ဝါးမြိုနိုင်တဲ့ပါးစပ်နဲ့ သူ့ကိုဆဲဆုဖ


ို့
လျာရှိပါသေးတယ်"

ထိုအခါ "ချောင်ချောင်း"(Cao Cao) က လျာကိုပါ ဖြတ်ပစ်ရန်အမိန့်ပေးလိုက်ပြန်သည်။

353
"ကျီဖင်"(Ji Ping) : "ရပ်လိုက်။ ကျုပ်ဒီထက်ပိုပြီး သည်းမခံနိုင်တော့ဘူး။ ပြောစရာရှိတယ်၊ ကျုပ်ကို
ကြိုးဖြည်ပေး"

"ချောင်ချောင်း"(Cao Cao) : "ကြိုးဖြည်လိုက်ပါ။ မဖြည်စရာအကြောင်း မရှိပါဘူး"

"ကျီဖင်"(Ji Ping) သည် လွတသ


်ွားသည်နှင့်တစ်ပြိုင်နက် ဦးခေါင်းကို ဧကရာဇ်နန်းတော်ရှိရာသို့လှည့်ကာ
အရိုအသေပြုပြီး

"ကျွန်တော်မျိုးဟာ မကောင်းဆိုးရွားကို မရှင်းပစ်နိုင်တာလည်း ကောင်းကင်ကြီးရဲ့ဆန္ဒပါပဲလား" ဟုဆိုပြီး


လှေကားခုံကို ခေါင်းနှင့်တိုက်ကာ ကိုယ့်ကိုယ်ကို သတ်သေလိုက်သည်။

ထို့နောက် ထိုအလောင်းကို လေးပိုင်းပိုင်းစေကာ မြို့ထဲတွင် ပြသထားစေသည်။ ထိုနှစ်သည်ကား


ကျန့်အန်းနှစ်ငါးနှစ်မြောက် (အေဒီ ၂၀၀) ဖြစ်သည်။

သမားတော်ကြီးသေဆုံးသွားပြီးနောက်တွင် "ချောင်ချောင်း"(Cao Cao) သည် "Quin Quington" ကို


ခေါ်စေလိုက်သည်။

"ဦးရီးတော် ဒီလက
ို သိပါသလား"

"အင်း။ ပြေးသွားတဲ့ကျွန်က ပြန်ရောက်လာပြီလား? သူ့ကိုသေဒဏ်ပေးသင့်တယ်"

"သူက ဦးရီးတော်ရဲ့ လျှို့ဝှက်ကြံစည်မှုကိုဖွင့်ပြောလိုက်ပါပြီ။ သူက ကျုပ်ရဲ့သက်သေပါပဲ"

"ခင်ဗျားလို နိုင်ငံရဲ့ဝန်ကြီးချုပ်က ဘာလို့ ဒီလိုပမွှားကျွန် ပြောတာ ယုံရတာလည်း"

"ဒါပေမယ့် ကျုပ် ဝမ်ကျီဖ(ူ Wang Zifu) နဲ့ တခြားလူတွေကို ထောင်ထဲထည့်ထားတယ်။


သူသာသက်သေအဖြစ်ထွက်ဆိုရင် ခင်ဗျားဘယ်လိုငြင်းနိုင်မလည်း"

ထို့နောက် "ချောင်ချောင်း"(Cao Cao) သည် အစောင့်တို့ကိုခေါ်ကာ "တုန်းချန်"(Dong Cheng) ၏


အိပ်ခန်းကိုရှာစေသည်။ ထိုသို့ ရှာလိုက်ရာ ဘုရင့်အမိန့် တော်နှင့်တကွ ပူးပေါင်းသူတို့ ၏
လက်မှတ်ရေးထိုးထားသည့်စာ ထွကလ
်ာသည်။

"ချောင်ချောင်း"(Cao Cao) : "ခင်ဗျားပြောတော့ မဟုတ်ဘူးဆို။ ခင်ဗျားဒီလိုလုပ်ရဲတယ်!"

ထို့နောက် "ချောင်ချောင်း"(Cao Cao) သည် ဦးရီးတော်အပါအဝင် အိမ်သူအိမ်သားအားလုံးကိုဖမ်းရန်


အမိန့်ပေးလိုက်သည်။ ထို့နောက် "ချောင်ချောင်း"(Cao Cao) သည် သူ့အိမ်တော်သို့ပြန်ကာ
လက်အောက်ငယ်သားတို့ ကိုခေါ်ပြီး ဘုရင်ကိုဖြုတ်ချကာ ဘုရင်အသစ်တင်ရန် တိုင်ပင်လေသည်။

354
အခန်း(၂၄) "ချောင်ချောင်း"(Cao Cao) မှ တုန်းမိဖုရားကိုသတ်လိုက်ခြင်း။ "လျူဘေ့"(Liu Bei)
သည် "ယွမ်ရှောက်"(Yuan Shao) ထံ ပြေးရခြင်း။

ရှေ့တစ်ခန်းတွင် "ချောင်ချောင်း"(Cao Cao) မှ ဘုရင်ကို နန်းချရန် ကြံစည်ကြောင်းဖော်ပြခဲ့ပြီးပြီဖြစ်သည်။


သို့သော် "ချန်ယွီ"(Cheng Yu) မှ အောက်ပါအတိုင်းပြောပြီး ဝင်ကာကန့်ကွက်သည်။

"သခင်ကြီး၊ အခုလက်ရှိမှာ သခင်ကြီးကို ပြည်သူလူထုတွေ ထောက်ခံမှုရအောင် လုပ်ရမှာဖြစ်တယ်၊


အခုအချိန်မှာ တိုင်းပြည်က ဟန်ဘုရင်တွေရဲ့ အုပ်စိုးမှုအောက်မှာရှိတဲ့အတွက် ဘုရင်ကိုသာ နန်းချလိုက်ရင်
ပြည်တွင်းစစ်တွေဖြစ်လာနိုင်တဲ့အတွက် ဒါကို ကန့်ကွက်ရတာပါ"

"ချောင်ချောင်း"(Cao Cao) ကလည်း ၎င်းကိုပြန်ဆင်ခြင်ပြီးနောက် သူ့အကြံကိုပြန်ရုတ်သိမ်းလိုက်သည်။

ထို့နောက် "ချောင်ချောင်း"(Cao Cao) အားလုပ်ကြံရန် ကြံစည်သင


ူါးဦးနှင့်တကွ
ထိုသူတို့ ၏အိမ်သူအိမ်သားများ၊ အိမ်စေများပါမကျန် သေဒဏ်ပေးစေလေသည်။
မြို့ပြင်တံခါးပေါက်အသီးသီးသို့ဖမ်းခေါ်ခံရပြီး သေဒဏ်ပေးခံရသည့်သူဦးရေမှာ အနည်းဆုံး
ခုနှစ်ရာခန့်ရှိသည်ဟူ၏။ ထိုရက်စက်မှုကိုမြင်ကြသောလူအပေါင်းတို့ ငိုကြွေးကြကုန်သည်။

ထိုသို့ သတ်ခဲ့သော်ငြားလည်း ဝန်ကြီးချုပ်၏စိတက


်ား မပြေသေးပေ။ ဘုရင်၏မိဖုရားမှာ "တုန်းချန်"(Dong
Cheng) ၏ ညီမဖြစ်သည်။ "ချောင်ချောင်း"(Cao Cao) သည် လက်တွင်ဓားကိုကိုင်ကာ
ထိုမိဖုရားကိုပါသတ်ရန် နန်းတော်အတွင်းဝင်သွားသည်။ ထိုအချိန်တွင်
၎င်းမိဖုရား၌ကိုယ်ဝန်ငါးလရှိနေပြီဖြစ်၍ ဘုရင်မှ မိဖုရားကို အင်မတန်ဂရုစိုက်လေသည်။

ထိုအချိန်ဝယ် ဘုရင်မင်းမြတ်၊ တုန်းမိဖုရားနှင့် ဖူမိဖုရားခေါင်ကြီးတို့ သည် အဆောင်တစ်ခုအတွင်းဝယ်


ရှိနေခဲ့ပြီး ဦးရီးတော်"တုန်းချန်"(Dong Cheng) ကို အမိန့်ပေးလိုက်သော်ငြားလည်း
အကြောင်းမထူးသေးသည့်အကြောင်းကိုပြောကာ တိုင်ပင်နေကြသည်။
ထိုအခိုက်မှာပင်"ချောင်ချောင်း"(Cao Cao) က ရုတ်တရတ်ရောက်လာလေရာ
ထိုသူသုံးဦးတို့လန့်သွားသည်။

"ဦးရီးတော် တုန်းချန်(Dong Cheng) က ကျွန်တော်မျိုးကိုလုပ်ကြံတာ အရှင်မင်းကြီးသိတော်မူပါသလား?"

"တုန်ကျိုး(Dong Zhuo) က သေတာကြာပြီလေ"

355
"တုန်ကျိုး"(Dong Zhuo) မဟုတ်ဘူး၊ တုန်းချန်(Dong Cheng) ပါ" ဟု "ချောင်ချောင်း"(Cao Cao) က
အော်ပြောလိုက်သည်။ ဘုရင်မှာလန့်သွားပြီး

"ဟုတ်လား။ ငါကိုယ်တော် မသိဘူး" ဟု ပြန်ပြောလေသည်။

"လက်ချောင်းကသွေးဖောက်ပြီး အဲ့သွေးနဲ့ရေးလိုက်တဲ့အမိန့်ကို မေ့သွားခဲ့ပြီပေါ့"

ဘုရင်သည် မည်သို့ မှပြန်မပြောပဲ ဆိတဆ


ိတေ
် နလိုက်သည်။

ထို့နောက် "ချောင်ချောင်း"(Cao Cao) သည် တုန်းမိဖုရားအားဖမ်းဆီးရန် သူ့လူတို့ကို


အမိန့်ပေးလိုက်သည်။ ဘုရင်မှဝင်ကာ ကိုယ်ဝန်ရှိသဖြင့် ငဲ့ညာပေးရန် တောင်းဆိုသည်။ သို့ သော်
"ချောင်ချောင်း"(Cao Cao) မှ

"ကောင်းကင်ကြီးကသာ ဒီလျှို့ဝှက်ကြံစည်မှုကို မဖော်ထတ


ုခဲ့ရင် ကျုပ်သေနေလောက်ပြီ။
ဘာလို့ ဒီမိန်းမကိုထားထားပြီး ကျုပ်အပေါ်ဒုက္ခပေးစေမှာလည်း" ဟု ပြန်ပြောသည်။

ဘုရင် : "သူ့ကို လောလောဆယ်တော့ နန်းတော်အတွင်းမှာပဲနေပါစေ။ ဘာမှဒုက္ခမပေးပါနဲ့ဦး"

"ချောင်ချောင်း"(Cao Cao) : "သူ့သားသမီးထွက်လာမှ သူ့နောက်မျိုးဆက်က ကျွန်တော်မျိုးကို


လက်စားချေရအောင်လို့ လား"

"တုန်းမိဖုရား" : "ကျွန်မခန္ဓာကိုယ်ကို မထိခိုက်စေဖို့နဲ့ အရှက်မရစေဖို့ ဆုတောင်းပါတယ်"

ထို့နောက် "ချောင်ချောင်း"(Cao Cao) သည် သူ့လူတို့အား အဖြူရောင်ပိုးထည်ကိုထုတ်ပြစေရာ


ဘုရင်သည် ငိုယိုလေသည်။ ထို့နောက် ဘုရင်မှ မိဖုရားကို

"ရွှေရောင်စိမ့်စမ်းရေကိုးခုရဲ့အောက်ဘုံကို ရောက်သွားခဲ့ရင်တောင် ကျုပ်ကိုမမုန်းပါနဲ့" ဟုဆိုကာ


မျက်ရည်တို့ မိုးပေါက်ပမာ ကျလာလေသည်။ ဖူမိဖုရားခေါင်ကြီးလည်း ဝမ်းနည်းနေချေ၏။ သို့ သော်
"ချောင်ချောင်း"(Cao Cao) မှ

"ခင်ဗျားတို့ တွေ ကလေးတွေလိုပြုမူနေကြတယ်" ဟု ပြောကာ အစောင့်တို့ အားခေါ်လိုက်သည်၊


အစောင့်တို့ က တုန်းမိဖုရားကိုဆွဲခေါ်ကာ လည်မြိုညစ်ကာ သတ်လိုက်လေသည်။

ထို့နောက် "ချောင်ချောင်း"(Cao Cao) မှ နန်းတော်အစောင့်တို့ကို

"ဘုရင့်မိဖုရားတွေရဲ့ဆွေမျိုးတွေ နန်းတွင်းထဲရောက်လာရင် သေဒဏ်ပေးမယ်။ မင်းတို့လည်း


ပေါ့လျော့မှုလည်း သေဒဏ်ပေးခံရမယ်" ဟု ပြောလိုက်လေသည်။ ထို့အပြင် နန်းတော်ကို

356
စောင့်ကြပ်ရန်အတွက် သူ၏စစ်သားသုံးထောင်နှင့်အတူ "ချောင်ဟုန်"(Cao Hong) ကို
တာဝန်ပေးလိုက်သည်။ ထို့နောက် "ချောင်ချောင်း"(Cao Cao) မှ "ချန်ယွီ"(Cheng Yu) ကို

"မြို့တော်က သစ္စာဖောက်တွေကုေ
ိ တာ့ ရှင်းလိုက်ပြီ။ ဒါပေမယ့် မာထန်(Ma Teng) နဲ့ လျူဘေ့(Liu Bei)
နှစ်ယောက်ကျန်သေးတယ်။ သူတို့ ကိုလည်း ဒီအတိုင်းထားလို့မဖြစ်ဘူး " ဟု ပြောသည်။

"ချန်ယ"ွီ (Cheng Yu) : "မာထန်(Ma Teng) က အနောက်ဘက်မှာ အင်အားကြီးနေပြီး


သူ့ကိုအလွယ်တကူတိုက်နိုင်မှာမဟုတ်ဘူး ။ ဒါပေမယ့် မြို့တော်ကနေ သူ့ကိုကောင်းကောင်းချီးမွမ်းပြီး
ကောင်းကောင်းဆက်ဆံရင် ကျွန်တော်တို့ ဘက်ပါလာနိုင်တယ်။ လျူဘေ့(Liu Bei) ကတော့ ရွှီကျိုးမှာ
ကျွဲချိုပုံဗျူဟာခင်းထားတယ်။ သူ့ကိုစွတ်တိုက်လို့ တော့မဖြစ်ဘူး။ ဒါ့အပြင် ကွမ်းတုမှာ ယွမ်ရှောက်(Yuan
Shao) က သခင်ကြီးကိုတိုက်ဖို့ လုပ်နေတယ်။ အရှေ့ဘက်ကို တိုက်တာနဲ့ လျူဘေ့(Liu Bei) က
ယွမ်ရှောက်(Yuan Shao) ဆီသွားပြီး အကူအညီတောင်းမှာပဲ။ ဒီလိုသာဆို ယွမ်ရှောက်(Yuan Shao) က
ချက်ချင်းလာတိုက်မှာ။ဒါဆို ဘယ်လိုလပ
ုမလည်း"

"ချောင်ချောင်း"(Cao Cao) : "မင်းပြောတာမှားနေပြီ။ လျူဘေ့(Liu Bei) က


ရဲရင့်တ့လ
ဲူစွမ်းကောင်းတစ်ယောက်ပဲ။ အစောကြီးထဲကမရှင်းနိုင်ရင်
အရွယ်ရောက်ပြီးအတောင်ပေါက်သွားတဲ့အခါကျရင် ပိုရှင်းဖို့ခက်လိမ့်မယ်။ ယွမ်ရှောက်(Yuan Shao) က
အင်အားတောင့်တင်းတယ်ဆိုပေမယ့် သူ့ကိုကြောက်စရာမလိုပါဘူး၊
သူကဆုံးဖြတ်ချက်ခိုင်မာတဲ့လူမဟုတ်ဘူး။

ထိုသို့ သူတို့နှစ်ဦး ဆွေးနွေးနေကြစဉ် "ကောကျား"(Guo Jia) ရောက်လာသည်။

"ချောင်ချောင်း"(Cao Cao) : "ငါ လျူဘေ့(Liu Bei) ကိုတိုက်ရင် ယွမ်ရှောက်(Yuan Shao) လည်း


ဝင်ပါလာမှာပဲ။ ဒါကိုဘယ်လိုသဘောရလည်း"

"ကောကျား"(Guo Jia) : "ယွမ်ရှောက်(Yuan Shao) က နဂိုတည်းကတစ်ခုခုဆို တုံ့ နှေးတဲ့လြူ ဖစ်တယ်။


ဒါ့အပြင် သူ့အကြံပေးတွေကလည်း တစ်ဦးကိုတစ်ဦး မနာလိုဖြစ်နေကြတယ်။ ဒါကြောင့်
သူ့ကိုကြောက်စရာမလိုဘူး။ လျူဘေ့(Liu Bei) ကလည်း သူ့စစ်တပ်တွေက လူသစ်တွေဆိုတော့
သူ့အပေါ်သစ္စာရှိဦးမှာမဟုတ်သေးဘူး။ စစ်ပွဲတစ်ခုနွှဲရုံနဲ့ အရှေ့ဘက်ကိုအောင်နိုင် နိုင်ပါတယ်။"

"ချောင်ချောင်း"(Cao Cao) : "ဒီအကြံက ငါ့အတွေးနဲ့ တစ်ထပ်ထဲပဲ"

ထို့နောက် "ချောင်ချောင်း"(Cao Cao) သည် စစ်တပ်နှစ်သိန်းပြင်ကာ အဖွဲ့ငါးဖွဲ့ခွဲပြီး


ရွှီကျိုးသို့ချီတက်လေသည်။

357
ထိုသတင်းသည် ရွှီကျိုးသို့ ရောက်လေလျှင် ထိုအကြောင်းကို "စွန်းချန်"(Sun Qian) မှ ရှဖီမှ
"ကွမ်းယွ"ီ (Guan Yu) ကို ပြောသည်၊ ထို့နောက် ရှောင်ဖေသို့သွားကာ "လျူဘေ့"(Liu Bei) အား
ပြောပြလေသည်။ နှစ်ဦးသားဆွေးနွေးပြီးနောက် စစ်ကူတောင်းရန်အတည်ပြုပြီး "ယွမ်ရှောက်"(Yuan Shao)
ထံ စာပို့ကာ စစ်ကူတောင်းစေသည်။ ထိုစာကို "စွန်းချန်"(Sun Qian) ကိုယ်တိုင်ယူပြီးသွားသည်။
"စွန်းချန်"(Sun Qian) သည် အကြံပေး "ထျန်းဖုံး"(Tian Feng) နှင့် တွေ့ကာ "ယွမ်ရှောက်"(Yuan Shao)
နှင့်တွေ့ရန်စီစဉ်စေသည်။ "ထျန်းဖုံး"(Tian Feng) သည် "ယွမ်ရှောက်"(Yuan Shao) ထံသွားရာ
"ယွမ်ရှောက်"(Yuan Shao) မှာ ပျာယာခတ်နေပြီး အင်္ကျီတို့မှာ မသပ်မရပ်ဖြစ်နေသည်။

"သခင်ကြီး၊ ဘာတွေ အလျင်လိုနေတာလည်း"

"ကျုပ် သေတော့မယ်"

"ဘာလို့ ဒီစကားတွေ ပြောရတာလည်း"

"ငါ့မှာ သားသုံးယောက်ရှိတယ်။ ဒါပေမယ့် အငယ်ဆုံးကပဲ အတော်ဆုံးဖြစ်ပြီး


ကျုပ်အတွေးတွေကိုနားလည်တယ်။ အခုသူ အရေပြားမှာအနာပေါက်နေပြီး အသက်ဘေးစိုးရိမ်ရတယ်။
ဒါကြောင့် တခြားကိစ္စတွေ ဆွေးနွေးဖို့အချိန်မရှိဘူး"

"ဒါပေမယ့် အခုအခြေအနေက အသင့်တော်ဆုံးအချိန်ပဲ။ ချောင်ချောင်း(Cao Cao) က အခုအရှေ့ဘက်ကို


တိုက်ဖို့ ပြင်နေပြီ၊ အဲ့အချိန်မှာ ရွှီချန်မှာ စစ်တပ်သိပ်ရှိမှာမဟုတ်ဘူး။ ဒါကိုအခွင့်ကောင်းယူပြီး သခင်ကြီးက
စစ်သားတွေနဲ့ မြို့တော်ကိုတိုက်ပြီး ဘုရင်ကိုကယ်လိုက်ရင် အကျိုးဆောင်နိုင်လိမ့်မယ်။ အခု
စိတေ
် ပြာင်းပြီးတိုက်ဖို့ပြင်သင့်ပါတယ်"

"အခုက အခွင့်ကောင်းဆိုတာ ငါသိတယ်၊ ဒါပေမယ့် အခု ငါ စိတပ


်ူတာတွေ၊ စိတ်ဖိစီးတာတွေ၊
ရှုံးမှာကိုကြောက်တာတွေ ဖြစ်နေတယ်"

"ဘာတွေများ စိတ်ဖိစီးနေရတာတုန်း"

"ငါ့သားသုံးယောက်ထဲမှာ ဒီတစ်ယောက်ပဲ အရည်အချင်းရှိတယ်။ သူ့ကိုသာဆုံးရှုံးလိုက်ရင်


ကျုပ်တော့သွားပြီပဲ"

သို့နှင့် "ယွမ်ရှောက်"(Yuan Shao) စစ်ကူမပို့ ရန်မှာသေချာသွားလေပြီ။

ထို့နောက် "ယွမ်ရှောက်"(Yuan Shao) မှ "စွန်းချန်"(Sun Qian) အား

"ပြန်သွားပြီး လျူဘေ့(Liu Bei) ကို အကြောင်းအရင်းအမှန်ပြောလိုက်ပါ။ နောက်ပြီး


တစ်ခုခုမကောင်းတာဖြစ်ခဲ့ရင် ကျုပ်ဆီလာနိုင်ပါတယ်၊ သူ့ကိုအတတ်နိုင်ဆုံးကူညီပါ့မယ်" ဟု
ပြောလွှတ်လုက
ိသည်။

358
"ထျန်းဖုံး"(Tian Feng) မှာ မြေကြီးကို တုတ်နှငရ
့ိုကြ် ပီး

"နမြောစရာပဲ။ အခွင့်ကောင်းက သူ့ဟာသူရောက်လာတာကို ကလေးတစ်ယောက်နေမကောင်းဖြစ်တာနဲ့


လက်လွှတ်လိုက်ရပြီ" ဟု ဆိုပြီး အပြင်ထွက်သွားသည်။

"စွန်းချန်"(Sun Qian) သည်လည်း စစ်ကရ


ူ ရန် မဖြစ်နင
ိုမှန်းသိသည်နှင့် ပြန်လေသည်။ "လျူဘေ့"(Liu Bei)
သည် ထိုအကြောင်းကိုကြားသော် စိတ်ပူပန်ပြီး မည်သို့ လုပ်ရမည်ကိုတိုင်ပင်သည်။

"ကျန်းဖေး"(Zhang Fei) : "အစ်ကြို ကီး၊ ဘာမှမပူပါနဲ့။ ချောင်ချောင်း(Cao Cao) စစ်တပ်တွေ


တပ်မစွဲခင်မှာ ရုတတ
် ရတ်တိုက်ရင် အနိုင်ရနိုင်တယ်"

"လျူဘေ့"(Liu Bei) : "ဒါက ဗျူဟာကောင်းပဲ။ မင်းကအမြဲတမ်းရဲရင့်တဲ့သူရဲကောင်းဖြစ်ခဲ့တာ၊ အခုတော့


အကြံပေးဖြစ်တော့မယ်ထင်တယ်"

သို့နှင့် "လျူဘေ့"(Liu Bei) သည် ထိုအကြံအစည်ကို အကောင်အထည်ဖော်ရန် "ကျန်းဖေး"(Zhang Fei)


အား လုံလောက်သော စစ်တပ်ပေးလိုက်သည်။

ထိုအချိန်ဝယ် "ချောင်ချောင်း"(Cao Cao) ၏စခန်း၌ လေပြင်းတစ်ချက်တိုက်ရာမှ တိုင်ကျိုးသွားပြီး


အလံလဲကျသွားသည်။ "ချောင်ချောင်း"(Cao Cao) သည် သူ၏အကြံပေးတို့ ကိုခေါ်ကာ
၎င်းသည်မည်သည့်နိမိတ်ဖြစ်ကြောင်းမေးသည်။

"ရွှင်ယွိ"(Xun Yu) : "အဲ့အချိန်က လေဘယ်အရပ်ကတိုက်တာလည်း။ အလံရဲ့အရောင်ကဘာလည်း"

359
"လေက အရှေ့တောင်ဘက်ကတိုက်ပြီးတော့ အလံအရောင်က အနီနဲ့ အပြာပါ"

"အဓိပ္ပာယ်ကတော့ တစ်မျိုးတည်းပဲ။ ဒီညရန်သူတွေ စခန်းကိုလာတိုက်လိမ့်မယ်"

"ချောင်ချောင်း"(Cao Cao) က ခေါင်းညိတ်လိုက်သည်။ ထိုအခိုက်မှာပင် "မောင်ကျဲ"(Mao Jie)


ရောက်လာကာ ၎င်းဖြစ်ရပ်နှင့်ဆင်တူသောအဖြစ်အပျက်ဖြစ်ကြောင်းလာပြောသည်။ "ချောင်ချောင်း"(Cao
Cao) က ထိုနိမိတ်သည် မည်သည်ကိုဆိုလုေ
ိ ကြာင်းမေးရာ "မောင်ကျဲ"(Mao Jie) မှ

"ကျွန်တော့်အထင်ရန်သူတွေ ညဘက်လာတိုက်လိမ့်မယ်" ဟု ပြောသည်။

"ချောင်ချောင်း"(Cao Cao) : "ဒါနတ်တွေက သတိပေးတာပဲ"

ထို့နောက် စစ်တပ်တို့ကို အဆင်သင့်ပြင်လေသည်။ တပ်ဖွဲ့ ကိုးဖွဲ့ ခွဲကာ တစ်ဖွဲ့ကို နဂိုနေရာတွင်ပင်


စခန်းချစေပြီး ကျန်ရှစ်ဖွဲ့ ကို နေရာရှစ်နေရာတွင် တိတ်တဆိတ်စောင့်ထားစေသည်။ "လျူဘေ့"(Liu Bei)
နှင့် "ကျန်းဖေး"(Zhang Fei) တို့ စစ်ချီလာသောအချိန်တွင် လရောင်မှာဖျဖျသာရှိနေလေသည်။
ရှောင်ဖေကိုကာကွယ်ရန် "စွန်းချန်"(Sun Qian) ကို လွှဲထားလေသည်။ "ကျန်းဖေး"(Zhang Fei) မှာ
ထိုဗျူဟာကို အကြံပြုသူဖြစ်သဖြင့် မြင်းသည်တော်အချို့နှင့် ဦးဆောင်ကာသွားလေသည်။
အနီးသို့ ရောက်သော်အခါ ရန်သတ
ို့မှာ တိတ်ဆိတ်နေပြီး မည်သူမှ မလှုပ်ကြချေ။ သို့သော် ရုတ်တရတ်
မီးတို့ လင်းသွားသဖြင့် "ကျန်းဖေး"(Zhang Fei) မှာ ရန်သူ့ ထောင်ချောက်အတွင်းဝင်မိကြောင်း
သိလိုက်သည်။ အရှေ့၊ အနောက်၊ မြောက်ဘက်နှင့် တောင်ဘက်တို့မှ "ကျန်းလျောင်"(Zhang Liao) ၊
"ရွှီချူ"(Xu Chu) ၊ "လီတျန်"(Li Dian) နှင့် "ယွီကျင်"့ (Yu Jin) တို့ထွက်လာသည်။ အရှေ့မြောက်၊
အနောက်မြောက်၊ အရှေ့တောင်၊ အနောက်တောင်ဘက်မှ "ရှဟိုတန
ွ်း"(Xiahou Dun) ၊
"ရှဟုယ
ွိမ"် (Xiahou Yuan) ၊ "ရွှီဟွမ"် (Xu Huang) နှင့် "ယွဲကျင်"့ (Yue Jin) တို့ ထွကလ
်ာလေသည်။

"ကျန်းဖေး"(Zhang Fei) သည် ရန်သူ့ တပ်မှထိုးဖောက်ရန်ပြင်လေသည်။ သို့သော်လည်း


သူ၏စစ်တပ်တို့မှာ မူလက "ချောင်ချောင်း"(Cao Cao) ၏ စစ်သားတို့ဖြစ်လေရာ အချို့တို့ က
လက်နက်ချကုန်သည်။ အခြေအနေမှာလည်း ဆိုးရွားလာသည်။ "ကျန်းဖေး"(Zhang Fei) သည်
"ရွှီဟမ
ွ်"(Xu Huang) နှင့် တွေ့ပြီး တိုက်ရန်ပြင်ရာ အနောက်ဘက်မှ "ယွဲကျင်"့ (Yue Jing)
၏တိုက်ခိုကမ
ှ်ုကုခ
ိံရသည်။ နောက်ဆုံးတွင်မူ ရန်သူ့ တပ်မှာ ထိုးဖောက်လာနိုင်ခဲ့သော်လည်း
ရှောင်ဖေသို့ရောက်သောအခါ စစ်သားတစ်ဝက်သာကျန်တော့သည်။ တပ်ဆုတ်ရန်လမ်းကြောင်းကိုလည်း
တားမြစ်ခံရသည်။ ရွှီကျိုးကိုသွားရန်ပြင်သော်လည်း လမ်းပိတ်ခံထားရသဖြင့် မန်တန်တောင်ကုန်းဘက်သို့
ဆုတ်ခွာရလေသည်။

360
"လျူဘေ့"(Liu Bei) သည် ရန်သူ့ စခန်းနားရောက်သောအခါ ရန်သူကုတ
ိုကရ
် န်ပြင်လေသည်။
သို့သော်လည်း ရန်သူက သူ့နောက်ကျောမှပြန်တိုကသ
် ဖြင့် စစ်သားတစ်ဝက်ဆုံးရှုံးသွားလေသည်။
ထို့နောက် "ရှဟိုတွန်း"(Xiahou Dun) က ဝင်တိုက်လေသည်။ "လျူဘေ့"(Liu Bei) မှာ
ရန်သတ
ူ့ို ၏ဝန်းရံခံရလေသည်။ ထို့ အပြင် "ရှဟိုယမ
ွ်"(Xiahou Yuan) ၏ တပ်က
နောက်မှလိုက်တုက
ိသည်။ "လျူဘေ့"(Liu Bei) သည် သူ့နောက်ကိုကြည့်လုက
ိသောအခါ သူ့နောက်တွင်
စစ်သားငါးဆယ်ပင်မရှိတော့။ သို့နှင့် ရှောင်ဖေသို့လှည့်ရန်ပြင်သည်။

သို့သော် ထိုနေရာမှ မီးတောက်တို့ကိုမြင်ရသောအခါ အကြံပြောင်းလိုက်ပြီး ရှဖီကိုသွားရန်ပြင်သည်။


သို့သော်လည်း နေရာအနှံ့ တွင် ရန်သူတို့ရှိနေလေပြီ။ ထိုးဖောက်ရန်မလွယ်တော့ပြီ။ ထိုအချိန်တွင်ပင်
"ယွမ်ရှောက်"(Yuan Shao) ပြောလိုက်သည်ကို အမှတ်ရသဖြင့် တခြားမည်သည့်အကြံမှ မရှိသေးခင်
"ယွမ်ရှောက်"(Yuan Shao) ထံသွားရန်ပြင်လေသည်။ ချင်ကျိုးလမ်းကိုသွားရန်ပြင်သော်လည်း
ထိုလမ်းကိုလည်း အပိတခ
်ံထားရသည်။ နောက်ဆုံးတွင် ရွာတစ်ရွာမှဖြတ်ပြီး
မြောက်ဘက်သို့ ရောက်သွားသည်။ ထိုအချိန်ဝယ် သူ့၏နောက်လိုကစ
် စ်သားတို့မကျန်တော့ပြီ။

"လျူဘေ့"(Liu Bei) သည် တစ်နေ့ မိုင်တစ်ရာနှုန်းဖြင့် ချင်ကျိုးမြို့သို့ခရီးဆက်သည်။ မြို့သို့ ရောက်သော်


မြို့အစောင့်တို့ ကိုပြောပြီး မြို့အစောင့်တို့ က ထိုမြို့စားကို သတင်းသွားပို့သည်။ ထိုမြို့စားမှာ
"ယွမ်ရှောက်"(Yuan Shao) ၏ သားအကြီးဆုံး "ယွမ်ထန်"(Yuan Tan) ဖြစ်လေသည်။ "ယွမ်ထန်"(Yuan
Tan) သည် အံ့ဩသွားပြီး မြို့တံခါးဖွင့်ကာ "လျူဘေ့"(Liu Bei) ကိုတွေ့ပြီး
ကောင်းကောင်းဆက်ဆံလေသည်။ "လျူဘေ့"(Liu Bei) သည် သူ၏ကျရှုံးမှုအကြောင်းကိုပြောလေရာ
နေရာကောင်းကောင်းတည်ခင်းပြီး ပြုစုထားလေသည်။ ထို့ နောက် "ယွမ်ထန်"(Yuan Tan) သည်
သူ့အဖေထံ စာပို့ပြီး သတင်းပို့ လိုက်သည်။ ထို့နောက် "လျူဘေ့"(Liu Bei) ကို
ဖင်ယမ
ွ်နယ်စပ်အနီးရောက်သည်အထိစောင့်ရှောက်ရန် အစောင့်တို့နှင့်အတူလွှတ်ပေးလိုက်သည်။

ရဲ့ကျွင်းမြို့ရောက်သောအခါ "ယွမ်ရှောက်"(Yuan Shao) သည် မြို့ပြင်အကွာဆယ်မိုင်မှထွက်ကာ


"လျူဘေ့"(Liu Bei) အား ကြိုဆိုပြီး

"ကျွန်တော့်သား နေမကောင်းဖြစ်လို့ ခင်ဗျားကိုလာမကူနိုင်တာပါ။ ဒီလိုတွေ့ရတာ ဝမ်းသာပါတယ်။


ကျွန်တော့်ဘဝက ဆန္ဒတစ်ခုပြည့်သွားသလိုပဲ" ဟု ပြောလေသည်။

"ဒီကျွန်တော် လျူဘေ့(Liu Bei) က အရင်တည်းက ခင်ဗျားနဲ့ ပူးပေါင်းခဲ့ချင်တာပါ။ ဒါပေမယ့်


အခွင့်မသာခဲ့ပါဘူး။ အခုတော့ ချောင်ချောင်း(Cao Cao) လာတိုက်တော့ စစ်သူကြီးကိုသတိရမိတာနဲ့
ဒီကိုရောက်လာခဲ့တာပါ။ စစ်သြူ ကီးက လူကောင်းတွေကိုလက်ခံတဲ့လူကိုး။
ကျွန်တော်တစ်နေ့နေ့တစ်ချိန်ချိန်မှာ အကြွေးပြန်ဆပ်မယ်လို့ ကတိပြုပါတယ်"

361
"ယွမ်ရှောက်"(Yuan Shao) လည်း "လျူဘေ့"(Liu Bei) ကို ကောင်းကောင်းဆက်ဆံပြီး သူ၏
ဇာတိကျိကျိုးတွင်ပင် အတူနေစေလေသည်။

ရှောင်ဖေကိုသိမ်းပြီးနောက် "ချောင်ချောင်း"(Cao Cao) သည် ရွှီကျိုးမြို့ကိုတိုက်လေသည်။ "မီကျူ"(Mi


Zhu) နှင့် "ကျန်းရု"ံ (Jian Yong) တို့ထွက်ပြေးပြီးနောက်တွင် "ချန်တန်"(Chen Deng) က
လက်နက်ချလိုက်လေသည်။ "ချောင်ချောင်း"(Cao Cao) သည် သူ့စစ်တပ်နှင့်အတူ
မြို့အတွင်းသို့ ချီတက်ကာ စစ်ပြီးကြောင်းကြေညာလိုက်သည်။ ထို့နောက် "ကွမ်းယွ"ီ (Guan Yu)
ထိန်းသိမ်းနေသော ရှဖီကိုတိုက်ရန်ပြင်သည်။ ထိုနေရာတွင် "ကွမ်းယွီ"(Guan Yu) မှာ "လျူဘေ့"(Liu Bei)
၏ မိသားစုကိုစောင့်ရှောက်နေသည်။

"ရွှင်ယွိ"(Xun Yu) : "ကွမ်းယွ(ီ Guan Yu) က ရှဖီမြို့မှာ သူ့အစ်ကိုရဲ့ မိသားစုကိုစောင့်ရှောက်နေတယ်၊


ဝန်ကြီးချုပ်သာ အဲ့မြို့ကိုအမြန်မသိမ်းရင် ယွမ်ရှောက်(Yuan Shao) လက်ထဲပါသွားလိမ့်မယ်"

"ချောင်ချောင်း"(Cao Cao) : "ကွမ်းယွီ(Guan Yu) ရဲ့အရည်အချင်းနဲ့သစ္စာရှိမှုတွေကြောင့် သူ့ကို ကျုပ်က


အမြဲလေးစားခဲ့တာ။ ဒါကြောင့် သူ့ကိုကျုပ်လက်အောက်မှာ အမှုထမ်းစေချင်တယ်။
တစ်ယောက်ယောက်ကိုလွှတ်ပြီး လက်နက်ချဖို့ ပြောစေမယ်"

"ကောကျား"(Guo Jia) : "သူက လက်နက်ချမှာမဟုတ်ဘူး။ သူက သစ္စာတရားကို


တအားတန်ဖိုးထားတဲ့လူဖြစ်တယ်။ သူ့ကိုလက်နက်ချဖို့ သွားပြောတဲ့လူက ဒုက္ခရောက်လိမ့်မယ်"

ရုတတ
် ရတ် လူတစ်ယောက်မှ

"သူနဲ့ ကျွန်တော် နည်းနည်းသိကျွမ်းပါတယ်။ ကျွန်တော်သွားပါရစေ" ဟု ဆိုသည်။ ထိုသူမှာ


"ကျန်းလျောင်"(Zhang Liao) ဖြစ်သည်။ "ချန်ယ"ွီ (Chen Yu) က သူ့ကိုကြည့်ပြီး

"ခင်ဗျားက သူနဲ့သိတာမှန်ပေမယ့် ကွမ်းယွ(ီ Guan Yu) ကို ကျုပ်တို့ဘက်ပါလို့ ရအောင်


လုပ်နိုင်မှာမဟုတ်ပါဘူး။ ဒါပေမယ့် သူလက်နက်ချတာကလွဲပြီး တခြားရွေးချယ်စရာ မရှိအောင်

362
လုပ်နိုင်တဲ့အကြံ ကျွန်တော့်မှာရှိပါတယ်။ သူဟာ သေချာပေါက်
ဝန်ကြီးချုပ်လက်အောက်ရောက်လာစေရမယ်" ဟု ပြောလေသည်။

363
အခန်း(၂၅) ထူစန်းတောင်တွင် ဝန်းရံခံရသောအခါ ကွမ်းယွ(ီ Guan Yu) သည်
တောင်းဆိုချက်သုံးခုပြုခြင်း။ ပိုင်မာတွင် ကွမ်းယွ(ီ Guan Yu) ၏အစွမ်းကိုမျက်ဝါးထင်ထင်မြင်ရခြင်း။

"ကွမ်းယွီ"(Guan Yu) ကို "ချောင်ချောင်း"(Cao Cao) လက်အောက်ဝင်စေရန် "ချန်ယွီ"(Cheng Yu) ၏


အကြံမှာအောက်ပါအတိုင်းဖြစ်သည်။
"ကွမ်းယွီ(Guan Yu) က သာမန်သူရဲကောင်းတွေထက် အလွန့်အလွန်သာလွန်သူဖြစ်တဲ့အတွက် သူ့ကို
ကောင်းကောင်းကြီးလှည့်စားနိုင်မှရပါမယ်။ ပထမဆုံးဖမ်းမိတဲ့စစ်သားတွေကို ကွမ်းယွီ(Guan Yu)
ဆီပြန်ပို့ပြီးတော့ သူတ့ေ
ို တွပြန်လာတာပါလို့ ပြောစေပါ။ သူတို့ဟာ အတွင်းဘက်မှာ
ကျွန်တော်တို့ရဲ့မဟာမိတအ
် နေနဲ့ရှိပါလိမ့်မယ်။ နောက်ပြီး မြို့ကိုတိုကြ် ပီး ကွမ်းယွီ(Guan Yu) ကို
မြို့ပြင်ထွက်အောင်လုပ်နိုင်ရင် သူ့အတွက်ပြန်စရာနေရာမရှိတော့ပါဘူး။"
"ချောင်ချောင်း"(Cao Cao) က ထိုအကြံအတိုင်းပင် ဖမ်းမိသောစစ်သားတို့ အား ပြန်လွှတလ
ိုက်သည်။
"ကွမ်းယွီ"(Guan Yu) ကလည်း ထိုစစ်သားတို့ကိုယုံကြည်ပြီး သူ့လက်အောက်တွင် နေစေသည်။

ပြီးနောက် "ရှဟိုတွန်း"(Xiahou Dun) သည် စစ်သားငါးထောင်ဦးဆောင်ကာ မြို့ကိုလာတိုက်ကာ


"ကွမ်းယွီ"(Guan Yu) နှင့် စီးချင်းထိုးရန်စိန်ခေါ်သည်။ ပထမသော် "ကွမ်းယွီ"(Guan Yu) က
လက်မခံသော်လည်း "ချောင်ချောင်း"(Cao Cao) လွှတ်လုက
ိသော စစ်သားတို့ က စိတ်ကိုဆေ
ွ ပးသဖြင့်
စစ်တပ်သုံးထောင်နှင့်မြို့ပြင်သို့ ထွက်လာသည်။ ခေါင်းဆောင်နှစ်ဦးတို့ ဆယ်ကက
ွ်ခန့်တိုက်ပြီးသော်
"ရှဟိုတန
ွ်း"(Xiahou Dun) တပ်ဆတ
ုသွားလေသည်။ "ကွမ်းယွီ"(Guan Yu) ကလည်း နောက်မှလုက
ိသည်။
"ရှဟိုတန
ွ်း"(Xiahou Dun) သည် "ကွမ်းယွီ"(Guan Yu) နှင့်အတန်ငယ်ဝေးသွားလျှင် နားလိုက်၊
ပြန်နီးကပ်လာလျှင် ပြေးပြန်လိုက်ဖြင့် ကြိမ်ဖန်များစွာပြုလေရာ နောက်ဆံုး တွင် "ကွမ်းယွီ"(Guan Yu) သည်
မြို့ပြင် ခုနှစ်မိုင်အကွာသို့ရောက်သွားသည်။ "ကွမ်းယွီ"(Guan Yu) သည် မြို့ကိုခေါင်းဆောင်မရှိပဲ
ထားခဲ့သည်မှာ အန္တရာယ်များသည်ဟု သတိရပြီး ပြန်လှည့်ရန်ပြင်သည်။

ထိုအချိန်တွင်ပင် ရန်သူတို့ ဘက်မှ အချက်ပေးသံကြားလိုက်ပြီးနောက် "ရွှီဟွမ်"(Xu Huang) နှင့် "ရွှီချူ"(Xu


Chu) တို့ ဦးဆောင်သောတပ်နှစ်တပ်က ဘယ်၊ညာမှ ဝိုင်းထားလေသည်။ "ကွမ်းယွီ"(Guan Yu) သည်
ထိုးဖောက်ရန်ကြံသော်လည်း နှစ်ဖက်လုံးမှ မြားတို့ဖြင့်ပစ်လေရာ နောက်ကိုပြန်ဆုတ်ရန် ပြုရသည်။ ထိုအခါ
အနောက်ဘက်မှ "ရှဟုတ
ွိန်း"(Xiahou Dun) ၏စစ်တပ်ပါရောက်လာပြီး "ကွမ်းယွီ"(Guan Yu) ကိုတုက
ိသည်။
ရန်သူတို့ အဝိုင်းခံရသဖြင့် "ကွမ်းယွီ"(Guan Yu) မှာ ထူစန်းတောင်ကုန်းပေါ်ရှိ တောင်ကုန်းတစ်ခုသို့ တက်ပြီး
အနားယူလေသည်။

"ကွမ်းယွီ"(Guan Yu) သည် သူ့မြို့ဘက်ကိုကြည့်မိရာ ထိုအရပ်မှ မီးတောက်မီးလျှံတို့ ကို လှမ်းမြင်ရသည်။


မြို့ထဲမှ သစ္စာဖောက်တို့ ကား လက်နက်ချလိုက်ပြီး ရန်သူတို့ ကို ပေးဝင်စေခဲ့လေပြီ။ ညဘက်တင
ွ်
"ကွမ်းယွီ"(Guan Yu) က ရန်သူတို့ ကိုဖောက်ကာ ပြေးရန်ကြံသည်။ သို့သော်လည်း ရန်သူတို့က မြားဖြင့်
ပစ်လေရာ မပြေးနိုင်ပေ။ မနက်သို့ ရောက်သော် နောက်တစ်ကြိမ်ထိုးဖောက်ရန်ကြံပြန်သည်။ ထိုအချိန်တွင်
ခပ်လှမ်းလှမ်းမှ လူတစ်ဦးမြင်းစီးလာသည်ကို မြင်ရသည်။ ထိုသူမှာ "ကျန်းလျောင်"(Zhang Liao) ပင် ဖြစ်သည်။

အဝေးမှပင် နေ၍ "ကွမ်းယွီ"(Guan Yu) သည်


"ကျန်းလျောင်(Zhang Liao) ၊ ခင်ဗျား ကျုပ်ကို တိုကဖ
့ို လာတာလား" ဟုမေးလိုက်သည်။
"မဟုတ်ပါဘူး၊ ကျွန်တော်တို့ အရင်က ခင်မင်ခဲ့တာကြောင့် ခင်ဗျားကို လာကြည့်တာပါ"

364
ထို့ နောက် "ကျန်းလျောင်"(Zhang Liao) သည် သူ၏ ဓားကိုပစ်လိုကြ် ပီး မြင်းပေါ်မှ ဆင်းကာ
ထိုင်ချလိုက်သည်။ "ကွမ်းယွီ"(Guan Yu) က
"ဒါဆို ခင်ဗျားက ကျုပ်ကို လက်နက်ချဖို့ လာသိမ်းသွင်းတာပေါ့?" ဟု မေးလိုက်သည်။
"မဟုတ်ပါဘူးဗျာ၊ အရင်က ခင်ဗျားက ကျွန်တော့်ကိုကယ်ခဲ့ဖူးတော့ ဒီတစ်ခါ ကျွန်တော်က
ခင်ဗျားကိုပြန်ကယ်မလို့ ပါ"

"ဒါဆို ကျုပ်ကို ကူညီဖို့ ဆန္ဒရှိတယ်ပေါ့?"


"အဲ့လိုလည်း မဟုတ်ပါဘူး"
"ကူမှာမဟုတ်ရင် ဒီလာပြီး ဘာလာလုပ်တာတုန်း"
"ခင်ဗျားရဲ့အစ်ကိုကြီးအကြောင်းကို ဘာမှလည်း မသိရသေးဘူး။ ခင်ဗျားညီလည်း သေလားရှင်လားမသိဘူး။
မနေ့ညက ခင်ဗျားရဲ့မြို့က ချောင်ချောင်း(Cao Cao) လက်ထဲရောက်သွားပြီ။ ဒါပေမယ့် လူတွေရော၊
စစ်သားတွေကုေ
ိ ရာ မထိခိုက်စေခဲ့ဘူး။ ဒါ့အပြင် လျူဘေ့(Liu Bei) ရဲ့မိသားစုကိုလည်း အစောင့်တွေနဲ့
ကောင်းကောင်းစောင့်ရှောက်ထားစေတယ်။ ဝန်ကြီးချုပ်က သူတို့အပေါ်
အဲ့လိုကောင်းကောင်းဆက်ဆံတဲ့အကြောင်းလာပြောတာပါ"
"ဒါဆို ကျုပ်ကို လက်နက်ချအောင် လာဆွယ်တ့သ
ဲ ဘောပဲပေါ့။ အကယ်၍လွတေ
် မြာက်ဖို့ လမ်းမမြင်ရင်တောင်မှ
ကျုပ်မကြောက်ဘူး။ သေဆုံးမှုဆုတ
ိာ အိမ်ပြန်ရသလိုပဲ။ ခင်ဗျားလည်း ပြန်ပေရော့၊ ကျုပ်လည်း
တောင်အောက်ဆင်းပြီး ရန်သေ
ူ တွနဲ့တိုက်ဦးမယ်"
"ဒီအကြောင်းကိုသာ လူတွေကြားရင် ခင်ဗျားတို့ လှောင်ကြမှာပေါ့"
"ကျုပ်က ဖြောင့်မတ်မှုနဲ့ သစ္စာအတွက် သေဆုံးတာ၊ ဘယ်သက
ူ များ ကျုပ်ကို လှောင်မှာတဲ့တုန်း"
"ခင်ဗျားသာ သေဆုံးသွားရင် အပြစ်သုံးခုကျူးလွန်မိပါမယ်"
"ပြောပါဦး"

"ပထမဆုံးအနေနဲ့ကတော့ ခင်ဗျားနဲ့ ခင်ဗျားအစ်ကိုကြီးဟာ မက်မွန်ပန်းခြံမှာ သေအတူရှင်မကွာဆိုပြီး


သစ္စာဆိုခဲ့တာမဟုတ်လား။ အခု ခင်ဗျားအစ်ကိုစစ်ရှုံးသွားတော့ ခင်ဗျားက အသေခံတိုက်ဖို့ လုပ်နေတယ်၊
အကယ်၍ သူသာ မသေပဲပြန်ပေါ်လာခဲ့ရင် ခင်ဗျားအကူအညီလိုချင်ရင် ဘယ်လိုလုပ်မလည်း? ဒီလုသ
ိာဆို
မက်မွန်ပန်းခြံက သစ္စာစကားကို ဖောက်ဖျက်ရာ မကျဘူးလား? ဒုတိယအနေနဲ့ကတော့ ခင်ဗျားက
ခင်ဗျားအစ်ကိုရဲ့ မိသားစုကိုစောင့်ရှောက်ဖို့ တာဝန်ပေးတာခဲ့တာ၊ ခင်ဗျားသာသေသွားရင် သူ့ဇနီးနှစ်ယောက်က
ဘယ်သူစောင့်ရှောက်တော့မှာလည်း? ဒါက ယုံကြည်မှုကိုချိုးဖောက်တာ မဟုတလ
်ား? တတိယအနေနဲ့ကတော့
ခင်ဗျားရဲ့အရည်အချင်းက ထူးကဲသာလွန်တဲ့အတွက် သမိုင်းမှာစာတင်ခံရမှာပဲလေ။ ခင်ဗျားအစ်ကုက

တိုင်းပြည်ကို ပြန်ကောင်းအောင်လုပ်ဖို့ မှာ ခင်ဗျားမပါဝင်နိုင်ခဲ့ဘူးဆို ခင်ဗျားကို
အချည်းနှီးသေသွားခဲ့တဲ့အရူးဆိုပြီး သမုတ်ကြမှာပေါ့။ ကျုပ်ပြောချင်တဲ့အပြစ်သုံးခုဆိုတာ ဒါပါပဲ"

"ကွမ်းယွ"ီ (Guan Yu) သည် အချိန်အတန်ကြာ စဉ်းစားနေပြီးနောက်တွင်မှ


"ခင်ဗျားက ကျုပ်အပြစ်သုံးမျိုးကို ပြောခဲ့ပြီးပြီ။ ခင်ဗျား ဖြစ်စေချင်တာက ဘာလည်း" ဟု မေးလေသည်။
"ခင်ဗျားသာ လက်နက်မချရင် သေဆုံးမှာ မြေကြီးလက်ခတ်မလွဲပဲ။ ဒီလိုဆို အကျိုးမရှိဘူး။ ဒါကြောင့်
လျူဘေ့(Liu Bei) သတင်းကို မကြားခင်အထိ ချောင်ချောင်း(Cao Cao) လက်အောက်မှာ နေပြီးတော့
ကြားတဲ့အခါမှ သူ့ဆီပြန်သွားပေါ့။ ဒီလိုသာဆို ခင်ဗျားရဲ့မရီးနှစ်ဦးလည်း လုံခြုံမှာ ဖြစ်တဲ့အပြင် မက်မွန်ပန်းခြံက
ကတိကိုလည်း ချိုးဖောက်စရာမလိုတော့ဘူး၊ ဒီလိုသာဆို ကောင်းကောင်းအသက်ရှင်သန်သွားနိုင်တယ်၊
ဒါကြောင့် ဒီအချက်ကိုစဉ်းစားဖို့ လာပြောတာ၊ နောင်ကြီးရေ"
"ခင်ဗျားကလည်း အချက်သုံးချက်ကိုထောက်ပြခဲ့တ့ဆ
ဲိုတော့ ကျွန်တော့်မှာလည်း တောင်းဆိုမှုသုံးခုရှိပါတယ်။

365
အဲ့တောင်းဆိုမှုသုံးခုကို မလိုက်လျောနိုင်ရင်တော့ အပြစ်သုံးခုနဲ့ သေလည်း သေပါစေတော့"
"ဝန်ကြီးချုပ်က သဘောထားကြီးသူဖြစ်ပါတယ်။ ခင်ဗျား တောင်းဆိုတာတွေကို သူလိုက်လျောမှာပါ"
"ပထမဆုံးအနေနဲ့ကတော့ ကျုပ်နဲ့ဦးရီးတော်ဟာ ဟန်တိုင်းပြည်ကို ကောင်းကျိုးပြုမယ်လို့
သစ္စာဆိုထားတဲ့အတွက် ကျုပ်လက်နက်ချတာဟာ ဘုရင်မင်းမြတ်ထံလက်နက်ချတာဖြစ်ပြီး ချောင်ချောင်း(Cao
Cao) ဆီမှာ လက်နက်ချတာမဟုတ်ပါဘူး။ ဒုတိယအနေနဲ့ကတော့ မရီးတော်နှစ်ဦးကို ကျွန်တော်ကိုယတ
ိုင်ကပဲ
စောင့်ရှောက်ချင်ပါတယ်။ တတိယအနေနဲ့ကတော့ ဦးရီးတော် လျူဘေ့(Liu Bei) ရဲ့သတင်းကိုကြားတာနဲ့
စစ်တပ်က ချက်ချင်းထွက်ခွင့်ပြုပေးရပါမယ်။ ဒီအချက်သုံးချက်ထဲက တစ်ချက်ကိုလက်မခံဘူး ဆိုတာနဲ့ ကျုပ်
လက်နက်ချဖို့အစီအစဉ်မရှိပါဘူး။ ဒါကြောင့် ပြန်ပြီး ချောင်ချောင်း(Cao Cao) ကို မေးကြည့်ပါဦး"

"ကျန်းလျောင်"(Zhang Liao) လည်း အချိန်မလင့်စေပဲ "ချောင်ချောင်း"(Cao Cao) ဆီပြန်သွားလေသည်။

"ကွမ်းယွီ"(Guan Yu) ၏တောင်းဆိုမှုမှ ပထမအချက်ကို ပြောလိုက်ရာ "ချောင်ချောင်း"(Cao Cao) မှ ရယ်ပြီး


"ကျုပ်က ဟန်တိုင်းပြည်ရဲ့ ဝန်ကြီးဖြစ်တဲ့အတွက် ကျုပ်လည်း ဟန်လို့ ပဲဆုန
ိုင်တယ်။ ဒါကြောင့် ဒီအချက်ကို
ခွင့်ပြုတယ်" ဟု ဆိုသည်။ ဒုတယ
ိ အချက်ကို ပြန်ပြောသောအခါ
"သူတို့နှစ်ဦးကို ဦးရီးတော်ရတဲ့အဆောင်အယောင်တွေထက် နှစ်ဆပိုပေးမယ်၊ လုံခြုံမှုရှိစေဖို့ကလွယ်ပါတယ်၊
သာမန်အမိန့် လေးထုတ်လိုက်ရင် ပြီးတာပဲ၊ မလိုက်လျောစရာ အကြောင်းမရှိပါဘူး" ဟု ပြောသည်။
တတိယအချက်ကို ပြောသောအခါတွင်မူ "ချောင်ချောင်း"(Cao Cao) က ခေါင်းကို ခါယမ်းကာ
"ဒီလိုသာဆို ကွမ်းယွီ(Guan Yu) ကို အလကားသက်သက် ကျွေးထားသလိုပဲပေါ့။ ဘာအကျိုးများရှိမှာမို့ လည်း?
ဒါကိုတော့ သဘောမတူဘူး" ဟု ဆိုလေသည်။
"ဆက်ဆံခံရတာချင်းမတူရင် ပြန်တုန့်ပြန်တာလည်း မတူဘူးလို့ Yu Rang ဆိုတဲ့ ပုဂ္ဂိုလ်က ပြောခဲ့ဖူးတယ်လေ၊
လျူဘေ့(Liu Bei) က ကွမ်းယွီ(Guan Yu) အပေါ်ကို ကောင်းကောင်းနဲ့ လွတ်လတ
ွ်လပ်လပ်ဆက်ဆံတယ်၊
သခင်ကြီးက သူဆက်ဆံတာထက် ပိုကောင်းအောင် ဆက်ဆလ
ိုံက်ရင် ကွမ်းယွီ(Guan Yu) က သခင်ကြီးအပေါ်
သစ္စာရှိမှာပါ"
"မင်းပြောတာ နည်းလမ်းကျတယ်။ ငါ သူတောင်းဆိုတဲ့အချက်တွေအကုန်လုံးကို လိုက်လျောလိုက်မယ်"

"ကျန်းလျောင်"(Zhang Liao) သည် ထိုအကြောင်းကိုပြောရန် ထူစန်းတောင်တွင်ရှိသော "ကွမ်းယွီ"(Guan Yu)


ထံသွားလေသည်။
"ကွမ်းယွီ"(Guan Yu) : "ပထမဆုံး ကျုပ်ကိုဝိုင်းထားတဲ့စစ်သားတွေကို နောက်ဆုတ်ခိုင်းလိုက်ပါ။ ဒါဆို
ကျုပ်ဒီအကြောင်းကို မရီးတော်နှစ်ဦးကို သွားပြောပြီး အဲ့နောက်မှာတော့ လက်နက်ချပါမယ်"
"ကျန်းလျောင်"(Zhang Liao) ကလည်း ထိုအကြောင်းကို ပြန်သွားပြောလေရာ ဝန်းရံထားသောတပ်ကို
နောက်သုံးမိုင်ဆုတ်စေရန် အမိန့်ထုတ်လိုက်သည်။
"ရွှင်ယွိ"(Xun Yu) : "အဲ့အချက်ကို လက်မခံနဲ့ ။ သူ သစ္စာဖောက်ရင် ဘယ်လိုလုပ်မတုန်း"
"ချောင်ချောင်း"(Cao Cao) : "သူ သစ္စာဖောက်မှာမဟုတ်ဘူး၊ သူက သစ္စာကို တန်ဖိုးထားတဲ့လူပဲ"
သို့ နှင့် "ချောင်ချောင်း"(Cao Cao) ၏ စစ်တပ် တပ်ဆုတ်သွားလေသည်။

ထို့ နောက် "ကွမ်းယွီ"(Guan Yu) သည် မရီးတော်နှစ်ဦးထံသွားကာ အရိုအသေပြုပြီးနောက်


"ကျွန်တော် မရီးတို့နှစ်ဦးကို စိတ်ပူပန်စေမိတာ တောင်းပန်ပါတယ်" ဟု ပြောလေသည်။

"ဦးရီးတော်ရော ဘယ်ရောက်နေလည်း"
"အစ်ကိုကြီးရဲ့ သတင်းကို မကြားသိရသေးပါဘူး"
"ငါ့မတ်က ဘာလုပ်ဖို့ အစီအစဉ်ရှိလည်း?"
"ကျွန်တော် ပထမကတော့ ရန်သူတွေနဲ့ နောက်ဆုံးတိုက်ပွဲတိုက်မလို့ပါ၊ ဒါပေမယ့် ကျန်းလျောင်(Zhang Liao)

366
က ကျွန်တော့်ကို လက်နက်ချဖို့ လာပြောခဲ့တယ်။ ဒါနဲ့ ကျွန်တော်က တောင်းဆိုမှုသုံးခုပြုတော့ အကုန်လုံးကို
လက်ခံခဲ့တယ်။ ရန္သေ
ူ တွက တပ်ဆုတ်သွားပြီး ကျွန်တော် ဒီမြို့ထဲပြန်ဝင်လာနိုင်ခဲ့တယ်။ ဒါပေမယ့်
မရီးတော်တို့ ရဲ့ ခွင့်ပြုချက်မရပဲနဲ့ တော့ ကျွန်တော်တစ်ယောက်ထဲ မဆုံးဖြတ်ရဲပါဘူး"
မရီးနှစ်ဦးတို့ က ထိုတောင်းဆိုချက်သုးံ ခုက အဘယ်နည်းဟုမေးသဖြင့် "ကွမ်းယွီ"(Guan Yu) ကလည်း
ပြန်ဖြေလိုက်သည်။

ထို့ နောက် ကန်း(Gan) အမျိုးသမီးမှ


"ချောင်ချောင်း(Cao Cao) ရဲ့ စစ်တပ်တွေမြို့ထဲဝင်လာတော့ ငါတို့ ကိုယ့်ကိုယ်ကို သေလူလို့ပဲ
သတ်မှတ်ခဲ့တယ်။ ဒါပေမယ့် ရန်သူတွေက ငါတို့ ဆံပင်တစ်မျှင်တောင်မှ မထိခဲ့ဘူး ။ စစ်သားတွေကလည်း
ငါတို့ အခန်းထဲ လုံးဝဝင်မလာခဲ့ဘူး။ ငါ့မတ်က တောင်းဆိုချက်သုံးခုကိုပြောခဲ့ပြီးပြီပဲ။ ငါတို့ နှစ်ယောက်ရဲ့
ခွင့်ပြုချက်တောင်းစရာမလိုပါဘူး။ ငါတို့ စိုးရိမ်တာတစ်ခုကတော့ သူ ဦးရီးတော်ဆီပြန်သွားဖို့ ခွင့်မပြုမှာကိုပဲ" ဟု
ပြောသည်။
"မရီးတော်တို့ ၊ ဒါကိုစိတမ
် ပူပါနဲ့၊ ကျွန်တော် ပြန်သွားနိုင်အောင်လုပ်ပါ့မယ်"
"ဆုံးဖြတ်စရာရှိရင် ကိုယ့်ဟာကိုယ်ပဲဆံုး ဖြတ်ပါ။ ငါတို့ ကိုမေးစရာမလိုပါဘူး"

ထို့ နောက် "ကွမ်းယွီ"(Guan Yu) သည် "ချောင်ချောင်း"(Cao Cao) ကို သွားတွေ့သည်။ "ချောင်ချောင်း"(Cao
Cao) အားအရိုအသေပြုရာ "ချောင်ချောင်း"(Cao Cao) ကလည်း လေးလေးစားစားဖြင့် ပြန်တုန့် ပြန်လေသည်။
"ကွမ်းယွီ"(Guan Yu) မှ
"စစ်ရှုံးသွားတဲ့စစ်သူကြီးကို ဒီလုအ
ိ သက်ချမ်းသာခွင့်ပေးတာ ကျေးဇူးတင်ပါတယ်" ဟု ပြောသည်။
"ကျုပ်က ခင်ဗျားရဲ့ သစ္စာရှိမှုနဲ့ ဖြောင့်မတ်မှုတို့ ကို လေးစားခဲ့တာကြာပါပြီ၊ ဒီလိုတွေ့တာဟာ
ကျုပ်ဘဝရဲ့ဆန္ဒတစ်ခု ပြီးပြည့်သွားသလိုပဲ"
"ဝန်ကြီးချုပ်က ကျွန်တော်တောင်းဆိုတဲ့အချက်သုံးချက်ကို လိုက်လျောခဲ့တယ်ဆိုတော့ အခု ဆွေးနွေးစရာ
ဘာမှမရှိပါဘူး"
"ကျုပ် ပေးတဲ့ကတိကို မချိုးဖောက်ပါဘူး"
"ဦးရီးတော် လျူဘေ့(Liu Bei) သတင်းကြားတာနဲ့ မီးကိုပဲဖြတ်ရဖြတ်ရ၊ ရေကိုပဲကျော်ရကျော်ရ
အရောက်သွားပါမယ်။ ဒါကြောင့် နှုတ်ဆက်ဖို့ အချိန်မရခဲ့ရင် ဝန်ကြီးချုပ်က နားလည်ပေးစေချင်ပါတယ်"
"လျူဘေ့(Liu Bei) သာ အသက်ရှင်လျက်ရှိသေးရင် ခင်ဗျားကိုပေးသွားမှာပါ၊ ဒါပေမယ့် စစ်ပွဲတွေကြားမှာ
သူသေဆုံးသွားပြီလားမသိဘူး ၊ မစိုးရိမ်ပါနဲ့။ ကျုပ်စုံစမ်းပေးပါ့မယ်"

367
"ကွမ်းယွီ"(Guan Yu) ကလည်း ကျေးဇူးတင်လိုက်သည်။ ထို့နောက် "ကွမ်းယွီ"(Guan Yu) အတွက်
စားသောက်ပွဲတည်ခင်းဧည်ခ
ံ့လေသည်။

ထို့ နောက် "ချောင်ချောင်း"(Cao Cao) ၏စစ်တပ်ကြီးသည် မြို့တော်သို့ ပြန်ရန်ပြင်သည်။ "လျူဘေ့"(Liu Bei)


၏ ဇနီးနှစ်ဦးအတွက် လှည်းယာဉ်ပြင်ဆင်စေပြီး ထိုလှည်းယာဉ်ကို "ကွမ်းယွီ"(Guan Yu) က စောင့်ကြပ်သည်။
မြို့တော်သို့ သွားရာလမ်းတစ်နေရာအရောက်တွင် ခရီးတစ်ထောက်နားလေသည်။ ထိုနေရာတွင်
"ချောင်ချောင်း"(Cao Cao) က "ကွမ်းယွီ"(Guan Yu) က သူ၏မရီးနှစ်ဦးတို့ နှင့်တစ်ခန်းတည်းတွင် နေစေသည်။
ထိုအခါ "ကွမ်းယွီ"(Guan Yu) သည် ဖယောင်းတိုင်ကိုင်ကာ
ထိုအခန်းအပြင်ဘက်ဝယ်တစ်ညလုံးမတ်တပ်ရပ်နေခဲ့သည်။ ထိုအကြောင်းကို သိသော "ချောင်ချောင်း"(Cao
Cao) သည် "ကွမ်းယွီ"(Guan Yu) အား အရင်ထက်ပို၍ လေးစားလေသည်။
မြို့တော်သို့ ရောက်သောအခါ "ချောင်ချောင်း"(Cao Cao) က "ကွမ်းယွီ"(Guan Yu) အား
အိမ်တော်တစ်ဆောင်ချီးမြှင့်သည်။ "ကွမ်းယွီ"(Guan Yu) က အိမ်ကိုနှစ်ပိုင်းခွဲလိုက်ပြီး အတွင်းဘက်တင
ွ်
အမျိုးသမီးနှစ်ဦးကိုနေစေကာ အပြင်ဘက်တွင် သူနေလေသည်။ ထို့အပြင် သူ့မရီးတော်တို့ နေသောနေရာတွင်
လက်ရွေးစင်အစောင့်ဆယ့်ရှစ်ဦးဖြင့် စောင့်ကြပ်ထားစေသည်။
"ကွမ်းယွီ"(Guan Yu) ကို ဘုရင့်ရေ
ှ့မှောက်ထံ သွားစေရာ ဘုရင်မှ "ဟန်တိုင်းပြည်၏စစ်သူကြီး"
ဟူသောဘွဲ့ကိုပေးလိုကသ
် ည်။ "ကွမ်းယွီ"(Guan Yu) ကလည်း ဘုရင်ကို ကျေးဇူးတင်လုက
ိလေသည်။
နောက်တစ်ရက်တွင် "ချောင်ချောင်း"(Cao Cao) မှ ရှိသမျှမင်းမှုထမ်းတို့ကိုဖိတ်ပြီး "ကွမ်းယွီ"(Guan Yu)
အတွက် စားသောက်ပွဲကျင်းပပေးသည်။ ထို့ အပြင် "ကွမ်းယွီ"(Guan Yu) အား ရွှေ၊
ငွေတို့ ကိုလက်ဆောင်ပေးရာ ထိုအရာတို့ ကို သူ့မရီးတော်တို့ အား ပေးလိုက်သည်။ "ကွမ်းယွီ"(Guan Yu)
မင်းနေပြည်တော်သို့ ရောက်လာသည်မှစ၍ သူ့အား ရိုသေလေးစားသမှုဖြင့် ဆက်ဆံခံရလေသည်။
သုံးရက်တစ်ခါ စားသောက်ပွဲငယ်ကျင်းပပြီး ငါးရက်တစ်ခါ စားသောက်ပွဲကြီးကျင်းပလေသည်။
"ချောင်ချောင်း"(Cao Cao) က "ကွမ်းယွီ"(Guan Yu) ကို ချောမောလှပသော အမျိုးသမီးဆယ်ဦးပေးရာ
ထိုအမျိုးသမီးတို့ ကိုလည်း သူ၏မရီးနှစ်ဦးထံတွင် ခစားစေသည်။ သုံးရက်တစ်ခါဆိုသလို "ကွမ်းယွီ"(Guan Yu)
သည် သူမရီးနှစ်ဦးထံသွားပြီး သာကြောင်းမာကြောင်းမေးသည်။ ထိုအမျိုးသမီးနှစ်ဦးကလည်း "လျူဘေ့"(Liu
Bei) ၏ သတင်းကိုမေးလေသည်။ ထိုသို့ သွားသည့်အခါတိုင်းတွင် "ငါ့မတ်၊ ပြန်လိုက ပြန်နိုင်ပြီ" ဟူသော
စကားဖြင့် အဆုံးသတ်သည်ဟူ၏။
ထိုအကြောင်းကို "ချောင်ချောင်း"(Cao Cao) ကြားလျှင် ရှေးယခင်ကထက် "ကွမ်းယွီ"(Guan Yu)
အပေါ်လေးစားမှုတိုးလာခဲ့သည်။

တစ်နေ့သော် "ကွမ်းယွီ"(Guan Yu) ၏အဝတ်တို့ ဟောင်းနွမ်းနေသည်ကို သတိပြုမိသော "ချောင်ချောင်း"(Cao


Cao) က အတိုင်းအတာတို့ကိုယူစေပြီး ကောင်းမွန်သောပိတ်သားတို့ဖြင့် အဝတ်တစ်စုံချုပ်ကာ
"ကွမ်းယွီ"(Guan Yu) ကို လက်ဆောင်ပေးသည်။ "ကွမ်းယွီ"(Guan Yu) က ထိုဝတ်စုံသစ်ကို
အဝတ်ဟောင်း၏အတွင်း၌ခံဝတ်ရာ "ချောင်ချောင်း"(Cao Cao) မှ
"ဘာကြောင့် စုတစ
်ုတြ် ပတ်ပြတ်နေရတာလည်း" ဟု ပြောသည်။
"ဒါ စုတြ် ပတ်တာမဟုတ်ပါဘူး။ ဒီအင်္ကျီဟောင်းက ကျွန်တော့်အစ်ကိုကြီးထံက လက်ဆောင်ရတာပါ။
ဒါကိုဝတ်တာက သူ့ကို သတိရတဲ့အနေနဲ့ပါ။ အဝတ်အသစ်ကို ဒီအဝတ်ဟောင်းနဲ့မလဲနိုင်ပါဘူး"
"ချောင်ချောင်း"(Cao Cao) က သက်ပြင်းချကာ
"တော်တော်သစ္စာတရားကြီးမားတဲ့လူပဲ" ဟု ဆိုလေသည်။

368
တစ်ရက် "ကွမ်းယွီ"(Guan Yu) အိမ်တွင်ရှိနေစဉ် အစောင့်တစ်ဦးမှရောက်လာကာ အမျိုးသမီးနှစ်ဦးတို့ က
မြေကြီးပေါ်တွင် ငိုယိုနေသည်ဟု သတင်းလာပို့ သည်။ အကြောင်းအရင်းကိုမေးသော်လည်း ပြန်မဖြေဟုဆု၏
ိ ။
"ကွမ်းယွီ"(Guan Yu) က အဝတ်တို့ ကို တင့်တယ်အောင်ဝတ်ပြီးနောက် တံခါးရှေ့တွင် ဒူးထောက်ကာ
"မရီးတို့က ဘာလို့ စိတ်မချမ်းမသာဖြစ်နေရပါလည်း" ဟုမေးသည်။
"မနေ့က အိပ်မက်ထဲမှာ ဦးရီးတော် ချောက်ကမ်းပါးထဲကျသွားတယ်လို့ မက်မြင်လို့ ပါ။ ငါနိုးလာပြီး
မီအမျိုးသမီးကိုပြောတော့ သူသေများသွားပြီလားလို့ အထင်နဲ့ငိုတာပါ"
"အိပ်မက်ဆိုတာ အတည်ယူလို့ မရပါဘူး။ အစ်ကိုကြီးကိုမက်မြင်တာကို သတိရနေလို့စွဲလမ်းပြီးမက်တာပါ။
စိတ်မပူပါနဲ့"
ထိုအချိန်တွင်ပင် "ကွမ်းယွီ"(Guan Yu) ကို စားသောက်ပွဲတက်ရောက်ရန်ခေါ်လေရာ "ကွမ်းယွီ"(Guan Yu)
ကလည်း သူ့မရီးတို့ကိုနှုတဆ
် က်ပြီး ပြန်ထွက်သွားသည်။

စားသောက်ပွဲတွင် "ကွမ်းယွီ"(Guan Yu) က စိတ်မကောင်းသည့်ပုံပေါက်နေရာ "ချောင်ချောင်း"(Cao Cao) မှ


အကြောင်းအရင်းကိုမေးလေလျှင်
"ကျွန်တော့်မရီးနှစ်ဦးက အစ်ကိုကြီးကို သတိရပြီးငိုတော့ စိတ်မကောင်းဖြစ်မိလို့ ပါ" ဟု ပြောသည်။ ထိုအခါ
"ချောင်ချောင်း"(Cao Cao) မှပြုံးပြီး "ကွမ်းယွီ"(Guan Yu) စိတ်ပျော်ရွှင်အောင်ပြုလေသည်။ "ကွမ်းယွီ"(Guan
Yu) သည် အရက်သောက်ပြီး မူးသောအချိန်ဝယ် မုတဆ
ိတ်မွေးကိုကိုင်ကာ
"ကျွန်တော်က အသုံးမကျတဲ့လပ
ဲူ။ တိုင်းပြည်အတွက်ဘာမှမလုပ်နိုင်သလို အစ်ကိုကြီးနဲ့လည်း ခွဲခွာခဲ့ရတယ်"
ဟုပြောသည်။ "ချောင်ချောင်း"(Cao Cao) မှ ရုတ်တရတ်
"ခင်ဗျား မုတ်ဆတ
ိ ဘယ်နှစ်ပင်လောက် ရှိလည်း" ဟုမေးလေသည်။
"ရာဂဏန်းလောက်ရှိမှာပေါ့။ ဆောင်းဦးမှာတော့ နည်းနည်းပါးပါးကျွတ်ပြီး ဆောင်းရာသီကတော့ အသန်ဆုံးပဲ။
မုတ်ဆိတ်မွေးသိပ်မကျွတ်ကျအောင် အမည်းရောင်အိတ်ကို ဆောင်ပါတယ်"

ထိုအခါ "ချောင်ချောင်း"(Cao Cao) သည် အိတ်တစ်လံုး လုပ်စေကာ "ကွမ်းယွီ"(Guan Yu) ကို


လက်ဆောင်ပေးလိုက်သည်။ နန်းတွင်းညီလာခံဝယ် ဘုရင်မှ "ကွမ်းယွီ"(Guan Yu)
၏ရင်ဘတ်ရှိအိတ်ကိုမြင်၍မေးလျှင် "ကွမ်းယွီ"(Guan Yu) မှ
"ကျွန်တော်မျိုးရဲ့မုတ်ဆတ
ိကရှည်တဲ့အတွက် သိပ်မကျွတ်အောင်လို့ ဝန်ကြီးချုပ်က
အိတ်တစ်လံုး ပေးထားတာပါ" ဟု ပြန်လျှောက်တင်သည်။ ဘုရင်မှ အိတ်ကိုခဏဖယ်ခိုင်းပြီးနောက်
"ကွမ်းယွီ"(Guan Yu) ၏ မုတ်ဆတ
ိကိုမြင်လျှင်
"အင်မတန်လပ
ှ တဲ့မုတ်ဆတ
ိပဲ" ဟု မှတ်ချက်ချသည်။
ထို့ ကြောင့် လူတို့ က "ကွမ်းယွီ"(Guan Yu) ကို "လှပသော မုတ်ဆိတ်ရှိသောသူ" ဟု ခေါ်ကြခြင်းဖြစ်သည်။

တစ်ရက်တွင် "ချောင်ချောင်း"(Cao Cao) သည် "ကွမ်းယွ"ီ (Guan Yu) စီးသောမြင်း ပိန်လှီနေသည်ကို


မြင်သောအခါ
"မြင်းက ဘာကြောင့် ဒီလောက်ပိန်ရတာလည်း" ဟု မေးသည်။
"ကျွန်တော့်ကိုယ်က လေးလွန်းတော့ ဒဏ်ကိုမခံနိုင်ပဲ အဲ့လိုဖြစ်တာပါ"
ထိုအခါ "ချောင်ချောင်း"(Cao Cao) မှ သူ့လက်အောက်ငယ်သားတို့ကို မြင်းတစ်ကောင်ယူလာရန်
အမိန့် ပေးလိုက်သည်။ ထိုမြင်းမှာ အနီရောင်ရှိပြီး တောက်ပကာ တင့်တယ်သောမြင်းဖြစ်သည်။
"ချောင်ချောင်း"(Cao Cao) မှ
"ခင်ဗျား ဒီမြင်းကိုမှတ်မိလား"
"ဘာလို့ မမှတ်မိရမှာလည်း။ ဒါ ယုန်နီပဲ"
"အင်း၊ ဒါ ယုန်နီပဲ"
ထို့ နောက် ထို နာမည်ကြီးမြင်း ယုန်နီကို "ကွမ်းယွီ"(Guan Yu) အား လက်ဆောင်ပေးလိုက်သည်။

369
၎င်းကို "ကွမ်းယွီ"(Guan Yu) မှ ကြိမ်ဖန်များစွာကျေးဇူးတင်လေရာ "ချောင်ချောင်း"(Cao Cao) မှာ
စိတ်အလိုမကျဖြစ်ပြီး
"ခင်ဗျားကို ရွှေတွေ၊ ငွေတွေ၊ မိန်းမပျိုလေးတွေပေးတုန်းကတော့ ဒီလောက်ကျေးဇူးမတင်ဘူး။ အခု
ဒီမြင်းပေးတော့ အရင်ကဟာတွေထက် ပိုကျေးဇူးတင်နေပါလား။ အဲအ
့ ရာတွေထက်မြင်းကို
ပိုတန်ဖိုးထားလို့လား" ဟုမေးသည်။
"ဒီမြင်းအကြောင်း ကျွန်တော်သိတယ်၊ ဒီမြင်းက တစ်ရက်ကိုမိုင်ငါးရာသွားနိုင်တယ်။ ဒီမြင်းကိုရတာ
ကျွန်တော့်ရဲ့ကံကောင်းမှုပဲ။ ကျွန်တော့်အစ်ကိုရဲ့သတင်းကြားတာနဲ့
သူ့ဆီတစ်ရက်အတွင်းရောက်သွားနိုင်တယ်လေ"
ထိုအဖြေကိုကြားသောအခါ "ချောင်ချောင်း"(Cao Cao) မှာ ထိုမြင်းပေးမိသည်ကို နောင်တရသည်ဟူ၏။

"ချောင်ချောင်း"(Cao Cao) မှ "ကျန်းလျောင်"(Zhang Liao) အား


"ကျုပ် ကွမ်းယွီ(Guan Yu) အပေါ်ကောင်းကောင်းဆက်ဆံတာတောင် သူက
ကျုပ်ဆီကထွက်သွားဖို့ဆန္ဒရှိနေတုန်းပဲ" ဟု ပြောသည်။

"ကျွန်တော် ဒီအကြောင်းကို စုံစမ်းပါ့မယ်"


ထို့ နောက် "ကျန်းလျောင်"(Zhang Liao) သည် "ကွမ်းယွီ"(Guan Yu) နှင့်သွားတွေ့ကာ
"ခင်ဗျား ဝန်ကြီးချုပ်ဆီမှာအမှုထမ်းဖို့ ကျွန်တော်ပြောခဲ့တာ။ ဒီဟာကြောင့် ခင်ဗျားမှာ ဘာမှဆုံးရှုံးမှုမရှိပါဘူး"
ဟုပြောသည်။
"ကျွန်တော် ဝန်ကြီးချုပ်ရဲ့ စေတနာတွေကို အသိအမှတ်ပြုပါတယ်။ ဒါပေမယ့် ကျုပ်ခန္ဓာက ဒီမှာပေမယ့်
စိတ်ကတော့ ကျုပ်အစ်ကိုကြီးထံမှာပဲ"
"ဒါပေမယ့် လျူဘေ့(Liu Bei) တောင် ခင်ဗျားအပေါ် ဝန်ကြီးချုပ်လောက်မကောင်းခဲ့ဘူး မဟုတ်လား။
ဘာကြောင့် ထွကသ
်ွားဦးမှာလည်း"
"ဝန်ကြီးချုပ်က ကျွန်တော့်အပေါ်အလွန်ကောင်းပါတယ်။ ဒါပေမယ့် ဦးရီးတော် လျူဘေ့(Liu Bei) က
ကျွန်တော့်အပေါ်ထားခဲ့တ့ေ
ဲ စတနာတွေ ရှိပါသေးတယ်။ နောက်ပြီး ဦးရီးတော်နဲ့ကျွန်တော်နဲ့ က
သေအတူရှင်မကွာဆိုပြီး သစ္စာဆိုခဲ့တာ။ ဒါကြောင့် ဒီမှာနေလို့ မဖြစ်ပါဘူး၊ ဒါပေမယ့် ဒီက မထွက်ခင်မှာတော့
စွမ်းဆောင်မှုတစ်ခုခုလုပ်ခဲ့ပါ့မယ်"
"အကယ်၍များ ဦးရီးတော်က ဒီလောကကြီးမှာ မရှိတော့ရင်ကော?"
"ကျုပ်လည်း သူ့နောက် လိုကသ
်ွားရုံပဲပေါ့"

"ကွမ်းယွီ"(Guan Yu) ၏ မဖောက်မပြန်သောစိတက


ို သိသွားကာ "ကျန်းလျောင်"(Zhang Liao) မှ
"ချောင်ချောင်း"(Cao Cao) ကို ပြန်ပြောပြလေသည်။ "ချောင်ချောင်း"(Cao Cao) မှ သက်ပြင်းချပြီး
"ကိုယ့်သခင်အပေါ်ကို သစ္စာမဖောက်သူက တကယ့်ဖြောင့်မှန်သူပဲ" ဟု ပြောသည်။
"ရွှင်ယွိ"(Xun Yu) : "ဒါပေမယ့် သူမထွက်သွားခင်မှာ စွမ်းဆောင်မှုတစ်ခုခုလပ
ုမယ်လို့ ပြောတယ်လေ။
သူမလုပ်နိုင်သေးရင် ထွက်မှာမဟုတ်ပါဘူး"
"ချောင်ချောင်း"(Cao Cao) ကလည်း ထိုစကားကိုလက်ခံလိုက်သည်။

"လျူဘေ့"(Liu Bei) သည် "ယွမ်ရှောက်"(Yuan Shao) ထံသွားကာ ခိုလံေ


ှု နသော်လည်း
စိတ်မချမ်းသာသည့်ပုံဖြစ်နေသဖြင့် "ယွမ်ရှောက်"(Yuan Shao) မှမေးရာ
"တိုင်းပြည်အတွက်မလုပ်နိုင်ခဲ့သလိုမိသားစုအတွက်လည်း မလုပ်နိုင်ခဲ့တော့ စိတ်မကောင်းမဖြစ်ပဲ
ဘယ်နေပါ့မလည်း" ဟု ပြောသည်။
"ကျုပ် ရွှီချန်ကို တိုက်ချင်တာကြာပြီ။ အခုက ဆောင်းဦးဆိုတော့ စစ်တိုကဖ
့ို သင့်တော်တယ် ချောင်ချောင်း(Cao
Cao) ကို ဖျက်စီးဖို့ တိုင်ပင်ကြရအောင်"

370
"ထျန်းဖုန်း"(Tian Feng) မှဝင်ကာ အောက်ပါအတိုင်း ကန့်ကွက်သည်။
"ချောင်ချောင်း(Cao Cao) က ရွှီကျိုးကိုတိုက်တဲ့အချိန်တုန်းက ရွှီချန်မှာ အကာအကွယ်မရှိဘူး။ ဒီအခွင့်အရေးကို
သခင်ကြီးကလက်လွှတ်ခံခဲ့တယ်၊ အခုက ရွှီကျိုးက ရန်သလ
ူ က်ထဲကိုပါသွားခဲ့ပြီ၊ ရန်သူ့ စစ်တပ်တွေက
အောင်မြင်မှုရတော့ တက်ကြွနေပြီး နောက်စစ်ကိုဆင်နွှဲချင်နေကြတယ်။ ဒါကြောင့် နောက်ထပ်အခွင့်ရအောင်
စောင့်ပါဦး"
"ငါ စဉ်းစားပါရစေ"

ထို့ နောက် "ယွမ်ရှောက်"(Yuan Shao) က "လျူဘေ့"(Liu Bei) ၏အကြံကိုမေးရာ


"ချောင်ချောင်း(Cao Cao) က သူပုန်ပဲလေ။ ခင်ဗျားသာ အဲ့လိုမတိုက်ရင် တာဝန်မကျေရာကျမှာပေါ့" ဟု
ပြောသည်။

"ခင်ဗျားစကားက မှန်တယ်"
ထို့ နောက် စစ်တုက
ိရန်စိတ်ပိုင်းဖြတ်လိုကရ
်ာ "ထျန်းဖုန်း"(Tian Feng) ကဝင်ပြီး ကန့်ကွက်ပြန်သည်။
"ယွမ်ရှောက်"(Yuan Shao) မှ ဒေါသထွက်ပြီး
"ခင်ဗျားတို့လိုစစ်ပွဲတွေမုန်းတဲ့စာကြမ်းပိုးတွေကြောင့် ကျုပ်ဆုံးရှုံးခဲ့တာ မနည်းတော့ဘူး" ဟု ပြောသည်။
"ထျန်းဖုန်း"(Tian Feng) သည် ဒူးထောက်ပြီး
"ကျွန်တော်မျိုးရဲ့စကားကို မနာယူရင် စစ်ပွဲမှာရှုံးပါလိမ့်မယ်" ဟုပြောရာ "ယွမ်ရှောက်"(Yuan Shao) မှ
"ထျန်းဖုန်း"(Tian Feng) ကိုသေဒဏ်ပေးစေလိုက်သည်။ သို့သော်လည်း "လျူဘေ့"(Liu Bei)
မှဝင်ပြီးအသနားခံသဖြင့် ထောင်သွင်းအကျဉ်းချထားစေလေသည်။

ထိုအဖြစ်အပျက်ကိုမြင်သောအခါ အခြားသောအကြံပေးဖြစ်သည့် "ကျွီရှို့"(Ju Shou) သည် သူ့မိသားစုတို့ ကို


သူပိုင်ဆင
ိုသမျှတို့ အားခွဲဝေကာ
"ငါ စစ်တပ်နဲ့လိုက်သွားရတော့မယ်။ အောင်ရင်တော့ ရွှေထီးဆောင်းရမပေါ့။ ရှုံးရင်တော့လည်း
ပေးဆပ်ရမှာမနည်းဘူး" ဟုပြောသည်။ သူ၏သူငယ်ချင်းတို့က စိတမ
် ကောင်းဖြစ်ကာ ငိုကြသည်။ ထို့နောက်
စစ်သူကြီး "ရန်လျန်"(Yan Liang) အားစစ်တပ်ကိုဦးဆောင်စေပြီး ပိုင်မာကို တိုက်စေသည်။
ထိုအခါ "ကျွရ
ှီို့"(Ju Shou) မှ
"သူ တာဝန်ကို ထမ်းဆောင်ဖို့အတွက် စိတ်ဓာတ်ကကျဉ်းမြောင်းလွန်းတယ်။ ဒီလိုယုံကြည်မှုမျိုးရဖို့
မထိုက်တန်ဘူး" ဟု ပြောသည်။ "ယွမ်ရှောက်"(Yuan Shao) မှ
"ကျုပ်ရဲ့အကောင်းဆုံးစစ်သူကြီးတွေကို ဒီလုေ
ိ ဝဖန်ရအောင် မင်းက ဘာမို့လို့လည်း" ဟု ပြောလေသည်။
ထို့ နောက် "ယွမ်ရှောက်"(Yuan Shao) ၏ စစ်တပ်သည် လီရန်အနားရောက်လာရာ တုန်းကျွင်းမြို့စား
"လျူယွဲ့"(Liu Yue) မှ ရွှီချန်ထံစာပို့ ပြီး စစ်ကူတောင်းရာ "ချောင်ချောင်း"(Cao Cao) က
စစ်တပ်ကိုအလျင်အမြန်ချီတက်စေသည်။

ထိုသတင်းကိုကြားလျှင် "ကွမ်းယွီ"(Guan Yu) မှ "ချောင်ချောင်း"(Cao Cao) ထံသွားတွေ့ပြီး


"အခုစစ်တပ်ပြင်ဆင်ပြီးပြီဆိုတော့ ကျွန်တော်က ရှေ့ပြေးတပ်ခေါင်းဆောင်အနေနဲ့ လုပ်ပေးပါ့မယ်"
ဟုပြောလေသည်။ "ချောင်ချောင်း"(Cao Cao) မှ
"ကျုပ် ခင်ဗျားကို ဒီလိုအခက်အခဲထဲမပို့ ပါဘူး။ ဒါပေမယ့် အကူအညီလိုရင်တော့ ပြောပါ့မယ်" ဟုဆုေ
ိ လသည်။
ထို့ နောက် စစ်တပ်တစ်သန
ိးခွဲကိုဦးဆောင်ပြီး အဖွဲ့သုံးဖွဲ့ ခွဲကာ ချီတက်လေသည်။ လမ်းတွင် "လျူယွဲ့"(Liu
Yue) ထံမွ စစ္ကေ
ူ တာင်းသည့်စာများထပ်ရောက်လာပြန်ရာ "ချောင်ချောင်း"(Cao Cao) က
စစ်တပ်ငါးသောင်းကိုဦးဆောင်ပြီး အလျင်သွားနှင့်သည်။ ထို့ နောက် ပိုင်မာရှိ တောင်ကန
ုးတစ်ခုပေါ်တွင်

371
တပ်စွဲထားသည်။ ထိုတောင်ကုန်း၏အရှေ့ဘက်တင
ွ် "ရန်လျန်"(Yan Liang) က
စစ်သားတစ်သိန်းဖြင့်တပ်စွဲထားလေသည်။

"ချောင်ချောင်း"(Cao Cao) က ရန်သူ့ စစ်တပ်ကြီးကိုကြည့်ပြီး လန့်သွားကာ စခန်းသို့ ပြန်လာပြီးနောက်


"စုန်းရှန်"(Song Xian) နှင့်တိုင်ပင်သည်။ "စုန်းရှန်"(Song Xian) သည် "လွီပု"(Lu Bu) လက်အောက်တွင်
အမှုထမ်းခဲ့ဖူးသူဖြစ်သည်။ "ချောင်ချောင်း"(Cao Cao) မှ "စုန်းရှန်"(Song Xian) ကို
"ခင်ဗျားက လွီပု(Lu Bu) လက်အောက်မှာအမှုထမ်းခဲ့ဖူးတဲ့နာမည်ကြီးစစ်သူကြီးဆိုတော့ ရန်လျန်(Yan Liang)
နဲ့ တစ်ဦးချင်းတိုက်ကြည့်ပါလား" ဟုဆိုသည်။
"စုန်းရှန်"(Song Xian) ကလည်း လက်ခံကာ မြင်းစီးပြီးထွက်သွားသည်။ "ရန်လျန်"(Yan Liang) မှ
ရန်သူလာနေသည်ကို မြင်သောအခါ အော်လိုက်ပြီးနောက် တိုက်လေသည်။ သုံးကွက်ခန့်တိုက်ပြီးနောက်ဝယ်
"စုန်းရှန်"(Song Xian) မှာ ရန်သူ့ ဓားချက်မိပြီးသေလေသည်။
"ချောင်ချောင်း"(Cao Cao) : "တော်တော်ဆိုးရွားတဲ့စစ်သူကြီးပဲ"
"ဝေရွှီ"(Wei Xu) : "သူက ကျုပ်သူငယ်ချင်းကိုသတ်လိုက်တယ်။ ကျွန်တော်သွားပြီး လက်တုန့် ပြန်ချင်ပါတယ်"

"ချောင်ချောင်း"(Cao Cao) က လက်ခံလုက


ိရာ "ဝေရွှီ"(Wei Xu) သည် ထွက်ပြီးတိုက်လေသည်။
"ရန်လျန်"(Yan Liang) ဓားချက်က "ဝေရွှီ"(Wei Xu) နဖူးကိုထိသွားပြီး နှဖူးနှစ်ပိုင်းပြတ်ကာ သေဆုံးသွားသည်။
"ချောင်ချောင်း"(Cao Cao) : "သူ့ကိုယှဉ်နိုင်တဲ့လူ ဘယ်သရ
ှူိသေးလည်း"
ထိုအခါ "ရွှီဟမ
ွ်"(Xu Huang) ထွက်သွားပြန်သည်။ အချက်နှစ်ဆယ်ခန့်တိုက်ပြီးနောက်ဝယ်
ပြန်လှည့်ပြေးလာရသည်။ အခြားသောစစ်သူကြီးတို့လည်း ထိုရှုံးနိမ့်မှုကိုမြင်ပြီး စိတ်ဓာတ်ကျနေသည်။
"ချောင်ချောင်း"(Cao Cao) လည်း သူ့စစ်သူကြီးနှစ်ဦးဆုံးရှုံးသွားသဖြင့် စိတ်ညစ်ကာ တပ်ဆတ
ုလေသည်။
"ရန်လျန်"(Yan Liang) လည်း ပြန်ဆုတခ
်ွာသွားသည်။

ထိုအခါ "ချန်ယီ"ွ (Cheng Yu) သည် သူ၏ခေါင်းဆောင်ကိုသွားတွေ့ကာ


"ရန်လျန်(Yan Liang) နဲ့ လက်ရုံးရည်ချင်းယှဉ်နိုင်မယ့်လူကို ကျွန်တော်သိတယ်။" ဟု ပြောသည်။
"ချောင်ချောင်း"(Cao Cao) မှ
"ဘယ်သူလည်း" ဟု ပြန်မေးသည်။

"ကွမ်းယွီ(Guan Yu) ကလွဲပြီး ဘယ်သရ


ှူိဦးမှာလည်း"
"ဒါပေမယ့် သူစွမ်းဆောင်မှုလုပ်သွားရင် ကျုပ်စစ်တပ်က ထွကသ
်ွားမှာစိုးရိမရ
် တယ်"
"လျူဘေ့(Liu Bei) သာ အသက်ရှင်လျက်ရှိသေးရင် ယွမ်ရှောက်(Yuan Shao) နဲ့အတူရှိမှာပဲ၊ ကွမ်းယွီ(Guan
Yu) ကိုအသုံးချပြီး ယွမ်ရှောက်(Yuan Shao) ရဲ့စစ်တပ်ကုေ
ိ ချမှုန်းစေတဲ့အကြောင်းကို ယွမ်ရှောက်(Yuan Shao)

372
ဘက်ကသိသွားတဲ့အခါမှာ လျူဘေ့(Liu Bei) ကို သေဒဏ်ပေးလိုက်မှာပဲ။ လျူဘေ့(Liu Bei) မရှိရင်
ကွမ်းယွီ(Guan Yu) က ဘယ်ကိုသွားနိုင်ဦးမလည်း"
ထိုစကားက "ချောင်ချောင်း"(Cao Cao) ၏စိတ်ကို ကျေနပ်သွားစေပြီး "ကွမ်းယွီ"(Guan Yu) ကို ခေါ်စေသည်။
ထိုအခါ "ကွမ်းယွီ"(Guan Yu) က သူ့မရီးနှစ်ဦးကိုသွားတွေ့လေသည်။ မရီးတို့က
"လမ်းမှာ ဦးရီးတော်ရဲ့သတင်းကိုကြားကောင်းကြားမှာပါ" ဟုပြောသည်။ "ကွမ်းယွီ"(Guan Yu) က
"ဟုတ်ကဲ့" ဟုဆိုပြီး ထွကသ
်ွားလေသည်။

အစိမ်းရောင်နဂါးဓားကိုကိုင်ပြီး ယုန်နီကိုစီးရာ မကြာမီတွင်ပင် "ကွမ်းယွီ"(Guan Yu) သည်


ပိုင်မာသို့ရောက်သွားသည်။ "ချောင်ချောင်း"(Cao Cao) ကအဖြစ်အပျက်တို့ ကိုပြောပြလေသည်။
"ကွမ်းယွီ"(Guan Yu) : "ကျွန်တော် သူ့ကိုသွားကြည့်လိုက်ပါမယ်"
ထို့ နောက် "ကွမ်းယွီ"(Guan Yu) အတွက် အရက်ပြင်နေချိန်တွင်ပင် "ရန်လျန်"(Yan Liang)
ရောက်လာပြီးစိန်ခေါ်သည်။ ထိုအခါ "ချောင်ချောင်း"(Cao Cao) သည် "ကွမ်းယွီ"(Guan Yu) အပြင်
လူအချို့နှင့်အတူ ရန်သက
ိုလမ
ှ်းမြင်နိုင်သည့်တောင်ကုန်းပေါ်တက်လေသည်။ အပေါ်မှကြည့်လျှင်
အောက်ဘက်ရှိ ဝင့်ထည်နေသောရန်သူ့ စစ်တပ်ကိုမြင်ရသည်။
"ချောင်ချောင်း"(Cao Cao) : "မြစ်ဝါမြစ်မြောက်ဘက်က ကြောက်မက်စရာစစ်တပ်တွေကိုကြည့်ပါဦး"
"ကွန်းယွီ"(Guan Yu) : "ကျွန်တော်ကတော့ သူတို့ကို ရွှံ့နဲ့လုပ်ထားတဲ့ငှက်ရုပ်၊ခွေးရုပ်သာသာပဲ
သဘောထားပါတယ်"

"ချောင်ချောင်း"(Cao Cao) က "ရန်လျန်"(Yan Liang) ထံလက်ညှိုးညွှန်ပြီး


"ဟို ထီးအမိုးအောက်က ပိုးထည်အကောင်းနဲ့ ငွေရောင်သံချပ်ကာဝတ်ထားပြီး ဓားအကြီးကြီးကိုင်ပြီးတော့
မြင်းစီးနေတဲ့လူက ရန်လျန်(Yan Liang) ပဲ" ဟုပြောသည်။ "ကွမ်းယွီ"(Guan Yu) က တစ်ချက်ကြည့်လုက
ိပြီး
"သူ့ခေါင်းက ရောင်းဖို့ တိုင်ဖျားမှာချိတထ
်ားသလိုပဲ" ဟု ပြောသည်။

"သူက ဆိုးရွားလွန်းတယ်"
"ကျွန်တော်က တော်တ့လ
ဲူမဟုတ်ပေမယ့် ဝန်ကြီးချုပ်ဆန္ဒရှိရင် သူ့ခေါင်းကိုယူလာလို့ ရပါတယ်"

"ကျန်းလျောင်"(Zhang Liao) မှ ဝင်ကာ


"စစ်တပ်ထဲမှာ ဟာသတွေ မပြောပါနဲ့။ စကားပြောဆင်ခြင်ပါ၊ စစ်သူကြီး" ဟု ဆိုသည်။ "ကွမ်းယွီ"(Guan Yu)
သည် ချက်ချင်းပင် မြင်းပေါ်တက်ပြီး ဓားကိုကိုင်ကာ ရန်သူ့ တပ်ထဲဝင်သွားပြီး
ရန်သူ့ ခေါင်းဆောင်ရှိရာဘက်သွားသည်။ "ရန်လျန်"(Yan Liang) မှာ မြင်းစီးလာသူကိုမြင်ပြီး
ထိုသူမည်သန
ူ ည်းဟု မေးမည်အပြုတွင်ပင် "ကွမ်းယွီ"(Guan Yu) မှာ သူ့ရှေ့ရောက်လာပြီး "ရန်လျန်"(Yan
Liang) ကိုခုတ်လိုကသ
် ည်။ ထို့ နောက် "ရန်လျန်"(Yan Liang) ခေါင်းကိုဖြတ်ပြီး မြင်းလည်ပင်းတွင်ချိတ်ကာ
ရန်သူ့ တပ်ကြီးမရှိသည့်အလား ပြန်ထွက်ခွာသွားသည်။ ထိုမြင်ကွင်းကိုမြင်သော မြောက်ပိုင်းတပ်တို့သည်
အင်မတန်ကြောက်လန့်ကုန်သည်။ ထို့နောက် "ချောင်ချောင်း"(Cao Cao) ၏တပ်က တိုက်လေရာ
မြောက်ပိုင်းတပ်ဖွဲ့တို့ အမြောက်အများသေဆုံးကုန်ကြသည်။ ရန်သူ့ ဘက်မှ မြင်းများ၊ လက်နက်များ၊
ချပ်ဝတ်တန်ဆာများရရှိလေသည်။

"ချောင်ချောင်း"(Cao Cao) : "စစ်သူကြီးက လူမှဟုတပ


်ါရဲ့သေးလား"
"ကွမ်းယွီ"(Guan Yu) : "ကျွန်တော် လုပ်တာဘာများရှိသေးလို့လည်း။ ကျုပ်ညီ ကျန်းဖေး(Zhang Fei) ဆိုရင်
ပြည်နယ်တစ်ရာကစစ်တပ်ရှေ့မှာတောင် ဒီလိုအလားတူမျိုးကို သူ့အိတက
် ပ်ထက
ဲ တစ်ခုခုထုတ်လိုက်သလို
လွယလ
်ွယ်နဲ့ လုပ်ဆောင်နိုင်တာပဲ"

ထိုအခါ "ချောင်ချောင်း"(Cao Cao) သည် သူ့စစ်သြူ ကီးတို့ဘက်လှည့်ကာ

373
"မင်းတို့တွေ ဒီကျန်းဖေး(Zhang Fei) နဲ့တွေ့ရင် သတိထားကြ" ဟု ပြောလေသည်။ ထို့အပြင်
၎င်းကိုမှတ်မိစေရန် အဝတ်ပေါ်တွင် စာရေးထားခိုင်းသည်ဆို၏။

ထိုစစ်ရှုံးသောတပ်ဖွဲ့တို့သည် "ယွမ်ရှောက်"(Yuan Shao) ထံသွားပြီး


"မုတ်ဆတ
ိရှည်ရှည်ရှိတဲ့ မျက်နှာနီလူတစ်ယောက်ဟာ ဓားအရှည်ကြီးကိုကုင
ိပြီး စစ်တပ်ထဝ
ဲ င်လာပြီးတော့
စစ်သူကြီးရဲ့ခေါင်းကိုဖြတ်သွားပါတယ်" ဟု သတင်းပို့ သည်။
"ယွမ်ရှောက်"(Yuan Shao) : "အဲ့လူက ဘယ်သူတုန်း"
"ကျွရ
ှီို့"(Ju Shou) : "လျူဘေ့(Liu Bei) ညီကမ
ွ်းယွီ(Guan Yu) ကလွဲပြီး တခြားမဖြစ်နိုင်ပါဘူး"
"ယွမ်ရှောက်"(Yuan Shao) သည် အင်မတန်ဒေါသထွက်ကာ
"ခင်ဗျားညီက ကျုပ်မြတ်နိုးတဲ့စစ်သူကြီးကိုသတ်လိုက်ပြီ၊ ခင်ဗျားလည်း ကြံရာပါပဲနေမှာ၊ ဘာကြောင့်
ခင်ဗျားကိုအရှင်ထားရမလည်း" ဟုဆုက
ိာ အစောင့်တို့ ကိုခေါ်ပြီး "လျူဘေ့"(Liu Bei) ကို
ခေါင်းဖြတ်ရန်အမိန့်ပေးလိုက်သည်။

*S~L*

374
အခန်း (၂၆)
“ယွမ်ရှောက်”(Yuan Shao) သည် နောက်ထပ်ခေါင်းဆောင်တစ်ဦး ဆုံးရှုံးရခြင်း ၊
“ကွမ်းယွ”ီ (Guan Yu) က ရာထူးနှင့် စည်းစိမ်များကို စွန့လ
်ွှတ်ခြင်း။

ရှေ့အခန်းတွင် “လျူဘေ့”(Liu Bei) ကို သတ်မိန့်ပေးသည်အထိ ဖော်ပြခဲ့ပြီးဖြစ်သည်။


သို့သော် “လျူဘေ့”(Liu Bei) က ထကာ “မသတ်ခင် တစ်ခွန်းလောက် ပြောခွင့်ပြုပါ အရှင် ၊
ရွှီကျိုးမှာကံဆိုးမိုးမှောင်ကျပြီးကတည်းက ငါ့ညီကို မတွေ့ရတော့ပါဘူး။ “ကွမ်းယွီ”(Guan Yu) သေလား
ရှင်လားလည်း မသိရပါဘူး။ လောကမှာ သူန့ရ
ဲုပ်ဆင်တဲ့သူတွေ အများကြီးပါ။ မုတ်ဆိတ်မွေးနဲ့
မျက်နှာနီသူတိုင်း “ကွမ်းယွ”ီ (Guan Yu) ဖြစ်နိုင်ပါ့မလား။ သက်သေပြဖို့ မလုပ်သင့်ဘူး လား။” ဟုဆိုသည်။
“ယွမ်ရှောက်”(Yuan Shao) မှာ နဂိုကပင် စိတ်မြန်ပြီး အတွေးတိမ်သူဖြစ်ရာ “လျူဘေ့”(Liu Bei) က
ထိုသ့ေ
ို ပြာလိုက်သည်နှင့် “ကျွီရှို့ ”(Ju Shou) ဖက် ရုတ်တရက်လှည့်ကာ “မင်းစွပ်စွဲလို့
အပြစ်မဲ့တ့သ
ဲူတစ်ယောက်ကို သတ်မိတော့မလို့။” ဟုပြောသည်။
ထို့နောက် “လျူဘေ့”(Liu Bei) ကို တဖန်ပြန်ထိုင်ရန် တောင်းပန်ကာ “ရန်လျန်”(Yan Liang) အတွက်
လက်စားချေရန် အကြံဉာဏ်တောင်းသည်။

ထိုစဉ် အသံတစ်ခုက ““ရန်လျန်”(Yan Liang) နဲ့ ငါဟာ ညီအစ်ကိုတွေလိုပဲ ၊ ဒီတော့


သူ့အတွကလ
် က်စားချေဖို့ တခြားသူကို ခွင့်မပေးနိုင်ဘူး။” ဟုဆိုလေသည်။ ထိုသမ
ှူာ အရပ် ၈ ပေရှိပြီး Jilin
မျက်နှာပေါက်ရှိသည့် မြစ်ဝါမြစ်မြောက်ပိုင်းမှ ထင်ရှားသော ခေါင်းဆောင် “ဝင်ချို”(Wen Chou)
ဖြစ်လေသည်။
“ယွမ်ရှောက်”(Yuan Shao) လည်း ကျေနပ်စွာ “မင်းတစ်ယောက်ပဲ လုပ်နိုင်စွမ်းတယ်။ မင်းကို စစ်သည် ၁
သိန်းပေးမယ်။ မြစ်ဝါမြစ်ကိုဖြတ်ပြီး “ချောင်ချောင်း”(Cao Cao) ကိုချေမှုန်းပါ။” ဟု အမိန့်ပေးသည်။
“ကျွရ
ီ့ှို ”(Ju Shou): “ဒီလုလ
ိုပ်လို့မရဘူး။ “ဝင်ချို”(Wen Chou) ရှုံးနိမ့်လိမ့်မယ်။ လုပ်သင့်တာက ရန်ကျင်း
ကိုထိန်းထားပြီး ကွမ်းတု ကို တပ်စေလွှတ်ပါ။ မြစ်ကုအ
ိ လောတကြီးဖြတ်လို့ တစ်ခုခုအမှားရှိခဲ့ရင်
တစ်ယောက်မှ အသက်ရှင်မှာမဟုတ်ဘူး။”
“ယွမ်ရှောက်”(Yuan Shao): “မင်းတို့တွေက အမြဲပဲ နှောင့်နှေးအောင်လုပ်တယ်။ အချိန်မဆွဲခြင်းက
စစ်သားတိုင်း အလေးထားရတဲ့အရာမဟုတ်ဘူးလား။”
“ကျွရ
ီ့ှို ”(Ju Shou): ဝမ်းနည်းစွာ “မြင့်မြတ်သူတွေဟာ ရည်မှန်းချက်အဆုံးမရှိကြဘူး။ နိမ့်ကျသူတွေက
အောင်မြင်မှုကို ဆာလောင်ကြတယ်။ လုပ်ငန်းမအောင်မြင်တော့ဘူး။ မြစ်ဝါမြစ်ကတော့
အစဉ်သဖြင့်တည်တံ့လိမ့်မယ်။ ဒါကို ငါမပြောင်းနိုင်ဘူး။”

ထို့နောက် “ကျွီရှို့ ”(Ju Shou) သည် ဖျားနာဟန်ဆောင်ကာ ထိုနေ့မှစ၍ လွှတ်တော်မတက်တော့ပေ။


“လျူဘေ့”(Liu Bei): “မင်းက ငါ့အပေါ် ကြင်နာပေမဲ့ ငါ့ဖက်က ကျေးဇူးတင်ကြောင်း မပြနိုင်ခဲ့ဘူး ။ အခု

375
စစ်သြူ ကီး “ဝင်ချို”(Wen Chou) နဲ့လုက
ိပြီး မင်းကျေးဇူးကို ဆပ်ပါရစေ။ ငါ့ညီသတင်းလည်း
ကြားလိုကြားငြားပေါ့။”
“ယွမ်ရှောက်”(Yuan Shao) က လက်ခံကာ “ဝင်ချို”(Wen Chou) ကို “လျူဘေ့”(Liu Bei) အား
စီမံခွင့်ခွဲပေးစေသည်။
သို့သော် “ဝင်ချို”(Wen Chou) က ““လျူဘေ့”(Liu Bei) က ခဏခဏရှုံးနေတာ ၊ အောင်မြင်မှုအတွက်
ထိခိုက်လိမ့်မယ်။ အရှင်ဆန္ဒရှိရင်တော့ “လျူဘေ့”(Liu Bei) ကို စစ်သား ၃ သောင်းနဲ့နောက်ချန်တပ်ကို
ဦးစီးစေမယ်။” ဟုဆုသ
ိ ည်။
သို့နှင့် အတည်ပြုပြီးသော် “လျူဘေ့”(Liu Bei) လက်အောက်သို့ စစ်သူကြီး ၃ ယောက်ပေးကာ
ဦးစီးစေသည်။
“ရန်လျန်”(Yan Liang) ကို နှိမ်နင်းလိုက်သော “ကွမ်းယွ”ီ (Guan Yu) ၏အစွမ်းသည် “ချောင်ချောင်း”(Cao
Cao) ၏လေးစားမှုကို နှစ်ဆတိုးစေသည်။ “ကွမ်းယွီ”(Guan Yu) ကို ဟန်ရှို အရှင်အဖြစ် ခန့်အပ်ရန်
နန်းတော်ကို တင်ပြကာ တံဆိပ်တုံးကို အပ်နှင်းသည်။
ထိုစဉ်ပင် “ယွမ်ရှောက်”(Yuan Shao) တပ်များက မြစ်ဝါမြစ်ကို ဖြတ်လာကာ ရန်ကျင်း တွင်
တပ်စွဲထားကြောင်း သတင်းဝင်လာသည်။ “ချောင်ချောင်း”(Cao Cao) က ဦးစွာ ဒေသခံများကို
အနောက်ကမ်းခြေသို့ ပြောင်းရွေ့စေကာ “ယွမ်ရှောက်”(Yuan Shao) ကိုရင်ဆုင
ိရန် စစ်ချီလာသည်။
နောက်ချန်တပ်များကို ရှေ့ပို့သည်။ ရိက္ခာလှည်းများသည်လည်း တပ်ဦးတွင် နေရာချထားလေသည်။

“လူချန်”(Lu Qian): “ဘာလိ့ေ


ု ပြာင်းပြန်လှည့်တာလဲ။”
“ချောင်ချောင်း”(Cao Cao): “ရိက္ခာတွေက နောက်မှာရှိနေရင် အခိုးခံရနိုင်တယ်။
ဒါကြောင့်ရှေ့မှာထားတာ။”
“လူချန်”(Lu Qian): “ဒါဆိုရန်သူနဲ့ ထိပ်တုက
ိတွေ့ရင်ရော။”
“ချောင်ချောင်း”(Cao Cao): “ရန်သူတွေလာပါစေ။ ဘာလုပ်ရမလဲ ငါသိပါတယ်။”
“လူချန်”(Lu Qian) မှာ နန်းရင်းဝန်၏ရွှေ့ကွကအ
် တွက် များစွာပူပန်နေလေသည်။ ထိုအချိန်တွင်
ရိက္ခာ လှည်းမှာ မြစ်တလျှောက် ရန်ကျင်း သို့သွားနေသည်။ ရှေ့ဆုံးတပ်မှ အော်ဟစ်သံများကြားရ၍
“ချောင်ချောင်း”(Cao Cao) က မေးမြန်းသည်။
ဆက်သား: ““ဝင်ချို”(Wen Chou) ရဲ့တပ်တွေလာနေပါပြီ။ ရိက္ခာလှည်းကို စွန့်ခဲ့ရပြီး
ရန်သ့လ
ူ က်ရောက်သွားပါပြီ။ တပ်မကနောက်မှာ ပြတ်ကျန်နေခဲ့တယ်။ ဘာဆက်လပ
ုကြမလဲ။”
“ချောင်ချောင်း”(Cao Cao): ကုန်းမြင့် ၂ ခုကုည
ွှိန်ပြကာ “ဒီမှာခဏ ခိုကြတာပေါ့။”
အနားရှိစစ်သည်အားလုံးပြေးတက်သွားသည်။ “ချောင်ချောင်း”(Cao Cao) က အားလုံးကို
ချပ်ဝတ်များချွတ်ပြီး နားနေစေသည်။ မြင်းစီးသမားများကလည်း မြင်းများကို လွှတထ
်ားသည်။
“ဝင်ချို”(Wen Chou) ၏စစ်သားများ ရောက်လာသည်။ ရန်သူများနီးလာသော် “ချောင်ချောင်း”(Cao Cao)
က “ရန်သူတွေနီးလာပြီ။ မြင်းတွေသိမ်းပြီး ပိုင်မာကိုပြန်ကြမယ်။” ဟုဆိုသည်။

376
“ရွှင်ယို”(Xun You): “ဒါက စစ်မြှူတဲ့တပ်လောက်ပါပဲ။ ဘာလိ့တ
ု ပ်ဆုတ်တာလဲ။”
“ချောင်ချောင်း”(Cao Cao): “ငါနားလည်တယ်။ ဘာမှဝင်မပြောပါနဲ့။”

ရိက္ခာ လှည်းများကို သိမ်းလိုက်နိုင်သော ရန်သမ


ျူားက မြင်းများကိုပါ ဖမ်းရန် ကြံလာသည်။ အားလုံးမှာ
ဖရိုဖရဲနှင့် ပြန့်ကျဲသွားသည်။ ရုတ်တရက် “ချောင်ချောင်း”(Cao Cao) က တိုက်မိန့်ပေးလိုက်လေသည်။
ရန်သမ
ျူား အံ့အားသင့်သွားသည်။ “ဝင်ချို”(Wen Chou) တပ်မှာ ရှုပ်ထွေးနေပြီး “ချောင်ချောင်း”(Cao Cao)
တပ်များက ဝန်းရံလိုက်သည်။ “ဝင်ချို”(Wen Chou) ကမားမားမတ်မတ်ရပ်ကာ
ပြန်တုက
ိရန်ပြင်သော်လည်း ဘေးမှစစ်သည်များမှာ တစ်ဦးနှင့်တစ်ဦး ဝင်တိုက်ကာ လဲပြိုနေကြသဖြင့်
ဘာမျှမတတ်နိုင်ဘဲ ထွက်ပြေးရလေသည်။
ထိုစဉ် ကုန်းမြင့်ပေါ်တွင် ရပ်နေသော “ချောင်ချောင်း”(Cao Cao) က ထွက်ပြေးသွားသောခေါင်းဆောင်ကို
ညွှန်ပြကာ “ဒါဟာ မြောက်ပိုင်းက အကျော်ကြားဆုံးစစ်သြူ ကီးထဲကတစ်ယောက်ပဲ။
သူ့ကုဘ
ိ ယ်သူဖမ်းနိုင်မလဲ။” ဟုမေးသည်။
“ကျန်းလျောင်”(Zhang Liao) နှင့် “ရွှီဟမ
ွ်”(Xu Huang) တို့က မြင်းပေါ်တက်ကာ
ရန္သေ
ူ နာက္လိုကေ
် လသည်။
“ဝင်ချို”(Wen Chou) က လိုက်လာသောသူ ၂ ယောက်ကို တွေ့သော် လှံကို ချကာ လေးတင်၍
“ကျန်းလျောင်”(Zhang Liao) ကို ပစ်လေသည်။ “ရွှီဟမ
ွ်”(Xu Huang) ကဒေါသကြီးစွာတားလေသည်။

“ကျန်းလျောင်”(Zhang Liao) က မြားကိုငုံ့ရှောင်လိုက်ရာ ဒဏ်ရာမရပေ။ ခေါင်းဆောင်း၏ပန်းပွားသာ


ပြတ်ပါသွားသည်။ ထို့နောက် ဆက်လက်လိုက်လံဖမ်းဆီးလေသည်။ သို့သော် နောက်မြားတစ်စင်းမှာ
မြင်းခေါင်းသိ့စ
ိုက်ဝင်လေရာ မြင်းမှာလဲကျသွားပြီး သခင်ကို မြေပေါ်ပြုတ်ကျစေလေသည်။
ထို့နောက် “ဝင်ချို”(Wen Chou) ကပြန်လှည့်လာရာ “ရွှီဟွမ်”(Xu Huang) က သူ၏ပုဆိနရ
ှ်ည်ကို ဝှေ့ကာ
တားလေသည်။ သု့ေ
ိ သာ် “ဝင်ချို”(Wen Chou) ၏နောက်တင
ွ် များစွာသော မြင်းစီးစစ်သည်များကို
မြင်လေရာ ထွက်ပြေးရလေသည်။ “ဝင်ချို”(Wen Chou) က မြစ်ကမ်းတလျှောက်
လိုက်လံတိုက်ခိုက်လေသည်။ ထိုစဉ် သူ့ထေ
ံ ပြးလာသော မြင်းစီးသူရဲကောင်းတစ်ဦးကို မြင်လေသည်။

377
ကြီးမားသောဓားကိုကိုင်လာကာ နဖူးစည်းစာတမ်းက လေတွင် လွင့်နေလေသည်။
ထိုသူမှာ “ကွမ်းယွီ”(Guan Yu) ပင်ဖြစ်ကာ စတင်တိုက်ခိုက်လေသည်။ သုံးချက်မြောက်တွင်ပင်
“ဝင်ချို”(Wen Chou) မှာ လက်ပန်းကျသွားသဖြင့် လှည့်ကာ ပြေးလေသည်။ သို့သော် “ကွမ်းယွ”ီ (Guan
Yu) မြင်းကပိုမြန်ကာ မကြာမီမှီလေသည်။ ကံဆိုးသူ “ဝင်ချို”(Wen Chou) မှာ တစ်ချက်နှင့်ပင်
သေလေသည်။
ထိုအခြင်းအရာကို “ချောင်ချောင်း”(Cao Cao) မြင်သော် တိုက်ရန် အမိန့်ပေးလေသည်။
မြောက်ပိုင်းစစ်သည်တဝက်မှာ ရေနစ်သေဆုံးလေသည်။ ရိက္ခာလှည်းများနှင့် မြင်းများအားလုံးလည်း
လျင်မြန်စွာ ပြန်ရလေသည်။
ထိုစဉ် “ကွမ်းယွ”ီ (Guan Yu) မှာ မြင်းစီးစစ်သည်အနည်းငယ်နှင့်အတူ တိုက်ခက
ိုနေစဉ်
မြစ်၏တဖက်ကမ်းတွင် အရန်စစ်သည် ၃ သောင်းနှင့်အတူ “လျူဘေ့”(Liu Bei) ကို တွေ့လေသည်။
မုတဆ
ိတ်မွေးရှည်နှင့် မျက်နာနီသရ
ဲူကောင်းက “ဝင်ချို”(Wen Chou) ကို သတ်လိုကေ
် ကြာင်း
“လျူဘေ့”(Liu Bei) ကိုလျှောက်တင်ကြရာ “လျူဘေ့”(Liu Bei) ကလျင်မြန်စွာရှေ့သိ့န
ှုင်ရင်း
ကြည့်လေသည်။ မြစ်၏တဖက်ကမ်းတွင် မြင်းတစ်အုပ်နှင့် နဖူးစည်းတံဆိပ်များက “ကွမ်းယွီ”(Guan Yu) ၊
ဟန်ရှို အရှင် ဟုရေးထားလေသည်။

“ဒါဆိုရင်တော့ ဒါ ငါ့ညီပဲ ၊ သူတကယ် “ချောင်ချောင်း”(Cao Cao) နဲ့ရှိနေတာပဲ။” ဟုဆိုသည်။ ရင်ထဲကမူ


ညီဖြစ်သူ ဘေးကင်းသည့်အတွက် ဝမ်းသာနေလေသည်။
“လျူဘေ့”(Liu Bei) က “ကွမ်းယွီ”(Guan Yu) ကိုခေါ်ရန် ကြိုးစားသော်လည်း “ချောင်ချောင်း”(Cao Cao)
တပ်များရောက်လာ၍ နောက်ဆုတ်ခဲ့ရသည်။
“ယွမ်ရှောက်”(Yuan Shao) က စစ်ကူများဖြင့် ကွမ်းတု ကိုရောက်လာကာ
ခံတပ်စခန်းတစ်ခုတည်ဆောက်ထားသည်။
အကြံပေးများဖြစ်သော "ကော်ထ"ူ (Guo Tu) နှင့် "ရှန်ဖေ"(Shen Pei) တို့က “အဲ့နောက်လိုက်
“ကွမ်းယွ”ီ (Guan Yu) ကစစ်ပွဲထဲပါလာပြန်ပြီ။ “ဝင်ချို”(Wen Chou) ကိုလည်းသတ်လိုကတ
် ယ်။
“လျူဘေ့”(Liu Bei) ကလည်း မသိချင်ယောင်ဆောင်နေတယ်။” ဟု လျှောက်တင်သည်။
“ယွမ်ရှောက်”(Yuan Shao) ကစိတဆ
ိုးစွာ “ဒီလောက်တောင် ကျွေးမွေးထားတာ ၊ ဒီကောင်က
ဒီလိုလုပ်ရဲသလား။” ဟုအော်ဟစ်လေသည်။

မကြာမီ “လျူဘေ့”(Liu Bei) ရောက်လာသည်။ “ယွမ်ရှောက်”(Yuan Shao) က နောက်တစ်ကြိမ်


သတ်မိန့ေ
် ပးပြန်သည်။
“လျူဘေ့”(Liu Bei): “ငါ ဘာအမှုကျူးလွန်မိလု့လ
ိ ။ဲ ”
“ယွမ်ရှောက်”(Yuan Shao): “မင်းညီကို ငါ့စစ်သူကြီးနောက်တစ်ယောက်ကို သတ်ဖို့ ခိုင်းတာလေ။ ဒါ
ပြစ်မှုပဲ။”

378
“လျူဘေ့”(Liu Bei): “ငါ့ကို မသတ်ခင် ရှင်းပြခွင့်ပေးပါ။ “ချောင်ချောင်း”(Cao Cao) က ငါ့ကို
အမြဲမုန်းတီးခဲ့တာ။ အခု သူက ငါမင်းနဲ့ရှိနေတာကို သိပြီး မင်းကိုကူညီမှာစိုးနေတယ်။ ဒီတော့
ငါ့ညီကိုလွှတ်ပြီး မင်းရဲ့စစ်သြူ ကီးတွေကို သတ်ခိုင်းတယ်။ ဒါမှ မင်းစိတ်ဆိုးပြီး ငါ့ကို သတ်အောင်လု့ပ
ိါ။
ဒါကိုမြင်အောင်ကြည့်ပါဦး။”
“ယွမ်ရှောက်”(Yuan Shao): “သူပြောတာ အဓိပ္ပာယ်ရှိတယ်။”
ထို့နောက် အကြံပေးများဖက်လှည့်ကာ “မင်းတို့ကြောင့် လူကောင်းကို ဒုကေ
ၡ ပးမိတော့မလို့။” ဟုဆိုကာ
“လျူဘေ့”(Liu Bei) ကို သူ့အနားတွင်ထိုင်စေပြန်သည်။
“လျူဘေ့”(Liu Bei): “မင်းကို အလွန်ကျေးဇူးတင်ပါတယ်။ ဘယ်လိုကျေးဇူးဆပ်ရမလဲတောင်
မသိတော့ဘူး။ အခု ငါ့ညီဆက
ီို လျှို့ဝှက်စာတစ်စောင် ပို့ပြီး ငါရှိတဲ့နေရာကို ပြောလိုက်မယ်။
သူချက်ချင်းပြေးလာမယ်လို့ ငါယုံတယ်။ သူက “ချောင်ချောင်း”(Cao Cao) ကိုနှိမ်နင်းဖို့
မင်းကိုကူညီပါလိမ့်မယ်။ မင်းရဲ့စစ်သူကြီး ၂ ဦးစာအတွက် အကြွေးဆပ်ပါလိမ့်မယ်။
မင်းသဘောတူသလား။”
“ယွမ်ရှောက်”(Yuan Shao): ““ကွမ်းယွီ”(Guan Yu) ကိုသာ ရမယ်ဆို သေသွားတဲ့ “ရန်လျန်”(Yan Liang)
နဲ့ “ဝင်ချို”(Wen Chou) တို့ထက် ၁၀ ဆ ပိုကောင်းတာပေါ့။”

သို့နှင့် စာတစ်စောင် ပြင်ဆင်သည်။ သို့သော် စာပို့ပေးမည့်သူကမရှိပေ။ “ယွမ်ရှောက်”(Yuan Shao) က


စစ်တပ်ကို ဝူရန်သု့ဆ
ိုတ်ခွာသည်။ အခြေအနေမှာ တည်ငြိမ်နေသည်။
“ချောင်ချောင်း”(Cao Cao) က "ရှဟုတ
ွိန်း"(Xiahou Dun)ကို ကွမ်းတု တွင် ခံစစ်ပြင်ခိုင်းကာ မြို့တော်ကို
ပြန်သွားသည်။ ထို့နောက် “ကွမ်းယွ”ီ (Guan Yu) ၏စွမ်းဆောင်ချက်များအတွက် ဂုဏ်ပြုအခမ်းအနားများ
ကျင်းပလေသည်။ ရိက္ခာ လှည်းများကို တပ်ရှေ့တွင်ထားခြင်းမှာ ရန်သူကို မြှားခေါ်ခြင်းဖြစ်ကြောင်း
“လူချန်”(Lu Qian) ကို ရှင်းပြလေသည်။ ““ရွှင်ယို”(Xun You) တစ်ယောက်ပဲ နားလည်လမ
ိ့်မယ်။”
ဟုဆိုကာ နိဂုံးချုပ်လေသည်။
အားလုံးက သူ၏ထက်မြက်မှုအတွက် ချီးကျူးကြလေသည်။ ပွဲကျင်းပနေစဉ် ရုနန် တွင် “လျူဖီ”(Liu Pi) နှင့်
“ကုန်းတု”(Gong Du) တိ့ဥ
ီုးဆောင်သော အဝါရောင်သပ
ူုန်များထကြွနေသည့် သတင်းရောက်လာသည်။
လွန်စွာအင်အားတောင့်သဖြင့် "ချောင်ဟုန"် (Cao Hong) မှာ အကြိမ်ကြိမ်ရှုံးနိမ့်ပြီး
စစ္ကေ
ူ တာင်းခြင်းဖြစ်သည်။
“ကွမ်းယွ”ီ (Guan Yu) ကြားသော် “ဒီသူပုန်တွေကို နှိမ်နင်းပြီး စွမ်းဆောင်မှုပြုချင်ပါတယ်။” ဟုဆိုသည်။
“ချောင်ချောင်း”(Cao Cao): “မင်းက ကြီးမားတဲ့စွမ်းဆောင်မှုကြီးကို လုပ်ခဲ့ပြီးပါပြီ။ မင်းကို
ဒုက္ခထပ်မပေးချင်ဘူး။”
“ကွမ်းယွ”ီ (Guan Yu): “ငါအကြာကြီးငြိမ်နေရရင် ငါနေမကောင်းဖြစ်လိမ့်မယ်။”
သို့နှင့် စစ်သည် ၅ သောင်း ၊ “ယွီကျင်”့ (Yu Jin) နှင့် "ယွဲကျင်"့ (Yue Jing) တို့ကို “ကွမ်းယွ”ီ (Guan Yu)
လက်အောက်ထားကာ စေလွှတ်လိုကရ
် သည်။ မကြာမီထွက်ခွာရန်ဖြစ်သည်။

379
“ရွှင်ယို”(Xun You): လျှို့ဝှက်စွာ “သူကအမြဲတမ်း “လျူဘေ့”(Liu Bei) ဆီပြန်ချင်နေတာ။
သတင်းကြားတာနဲ့ သွားမှာပဲ။ သူ့ကို မလွှတ်ပါနဲ့။”
“ချောင်ချောင်း”(Cao Cao): “ဒီတစ်ခေါက်အောင်မြင်ပြီးရင် သူ့ကို တိုက်ပွဲကို ထပ်မလွှတ်တော့ပါဘူး။”
“ကွမ်းယွ”ီ (Guan Yu) ဦးဆောင်သော တပ်များက ရန်သူတပ်အနီး ရုနန် တွင် စခန်းချသည်။ တစ်ညတွင်
သူ၏တဲအပြင်တွင် သူလျှို ၂ ယောက်ဖမ်းမိ၍ “ကွမ်းယွီ”(Guan Yu) ဆီခေါ်ဆောင်လာသည်။ တစ်ဦးမှာ
“စွန်းချန်”(Sun Qian) ဖြစ်နေသည်။ အပါးတော်မြဲများကို ထွက်စေကာ “စွန်းချန်”(Sun Qian) ကိုမေးသည်။
“ကွမ်းယွ”ီ (Guan Yu): “ငါတိ့က
ွုဲသွားပြီးကတည်းက မင်းဆီက သတင်းမကြားတော့ဘူး။
မင်းဒီမှာဘာလုပ်နေတာလဲ။”
“စွန်းချန်”(Sun Qian): “ငါလွတ်သွားတော့ ဟိုဟိုဒီဒသ
ွီားရင်းနဲ့ ရုနန် ကို ရောက်လာတော့
အဝါရောင်သူပုန်ခေါင်းဆောင် “လျူဖီ”(Liu Pi) နှင့် “ကုန်းတု”(Gong Du) တိ့က
ု ခေါ်ထားတာ။ မင်းကရော
ဘာလို့ “ချောင်ချောင်း”(Cao Cao) နဲ့ရှိနေရတာလဲ။ မင်းရဲ့ မရီးတော်တွေရော ၊ သူတို့ရော
ကောင်းကောင်းမွန်မွနရ
ှ်ိရဲ့ လား။”
“ကွမ်းယွ”ီ (Guan Yu) က အကြောင်းစံရ
ှုင်းပြသည်။

“စွန်းချန်”(Sun Qian): “ငါကြားတာ “လျူဘေ့”(Liu Bei) က “ယွမ်ရှောက်”(Yuan Shao) နဲ့ရှိနေတယ်။


သူ့ဆသ
ွီားပေါင်းချင်ပေမဲ့ အခွင့်မသာဘူးဖြစ်နေတယ်။ အခု ငါနဲ့ပါတဲ့ ၂ ယောက်က “ယွမ်ရှောက်”(Yuan
Shao) ဖက်ခိုလှုံမလိ့။ု ကံကောင်းချင်တော့ မင်းဒီကိုလာနေတယ်လို့ ကြားတယ်။ ဒါနဲ့ ကင်းထောက်တချို့နဲ့
မင်းဆီလာခဲ့တာ။ သူပုန်ခေါင်းဆောင် ၂ ယောက်က ရှုံးချင်ယောင်ဆောင်မယ်။ မင်းကပြန်ပြီး မရီးတော် ၂
ယောက်နဲ့ မင်းအစ်ကိုဆီသွားပါ။”
“ကွမ်းယွ”ီ (Guan Yu): “သူဒီမှာရှိနေမှတော့ သူ့ဆက
ီို ချက်ချင်းသွားရမယ်။ ကံဆိုးတာက ငါ
“ယွမ်ရှောက်”(Yuan Shao) ရဲ့ စစ်သြူ ကီး ၂ ယောက်ကို သတ်ထားမိတယ်။ ငါ့အတွက်
အခြေအနေမပေးမှာစိုးရတယ်။”
“စွန်းချန်”(Sun Qian): “ငါအရင်သွားပြီး အခြေအနေစနည်းနာကြည့်မယ်။ မင်းဆီပြန်လာပြီး ပြောပြပါမယ်။”
“လျူဘေ့”(Liu Bei): “ငါ့အစ်ကိုကို တွေ့ဖို့ အကြိမ်ကြိမ်သေရလည်း ငါသွားမှာပါ။ ဒါပေမဲ့
“ချောင်ချောင်း”(Cao Cao) ကိုတော့ နှုတဆ
် က်ရလိမ့်မယ်။”

380
ထိုညတွင် “စွန်းချန်”(Sun Qian) ကိုပြန်လွှတ်လိုက်ကာ နောက်နေ့တင
ွ် စစ်တိုက်ရန်ပြင်သည်။
“ကုန်းတု”(Gong Du) ကလည်း ရှေ့ထွက်လာသည်။

“ကွမ်းယွ”ီ (Guan Yu): “မင်းတို့တွေ ဘာလို့ အစိုးရကို ပုန်ကန်ရတာလဲ။”


“ကုန်းတု”(Gong Du): “မင်းတောင် မင်းအရှင်ကို သစ္စာဖောက်သေးတာ ၊ ဘာလို့ငါတိ့က
ို
အပြစ်တင်နေရတာလဲ။”
“ကွမ်းယွ”ီ (Guan Yu): “ငါ ဘယ်လိုသစ္စာဖောက်လ့လ
ို ။ဲ ”
“ကုန်းတု”(Gong Du): ““လျူဘေ့”(Liu Bei) က “ယွမ်ရှောက်”(Yuan Shao) ဆီမှာ ၊ မင်းက
“ချောင်ချောင်း”(Cao Cao) ဆီမှာ ၊ ဒါက ဘာသလောလဲ။”
“ကွမ်းယွ”ီ (Guan Yu) မှာ ပြန်မဖြေနိုင်ဘဲ ဓားကိုဝှေ့ကာ ရှေ့တက်သွားသည်။ “ကုန်းတု”(Gong Du)
ပြေးကာ “ကွမ်းယွ”ီ (Guan Yu) ကလိုက်သည်။ “ကုန်းတု”(Gong Du) ကပြန်လှည့်ကာ “မင်းအရှင်ရဲ့
ကြင်နာမှုကို မမေ့ပါနဲ့။ အခု အစွမ်းကုန်တိုက်ပါ။ ငါတို့ အရှုံးပေးမယ်။” ဟုဆိုသည်။
“ကွမ်းယွ”ီ (Guan Yu) လည်း သဘောပေါက်ကာ ဖိတိုက်ရန် အမိန့်ပေးသည်။ သူပုန်များက
ရှုံးချင်ယောင်ဆောင်ကာ ဆုတ်ခွာသွားသည်။ သို့နှင့် ရုနန် ကိုပြန်ရသည်။
အခြေအနေအရပ်ရပ်တည်ငြိမ်သော် မြို့တော်သြို့ ပန်ခဲ့သည်။ “ချောင်ချောင်း”(Cao Cao) ကချီးကျူးရင်း
ကြိုဆိုလေသည်။
အောင်ပွဲခံပြီးသော် “ကွမ်းယွ”ီ (Guan Yu) က မရီးတော်များဆီသွားကာ ဂါရဝပြုသည်။
ကန်း ကတော်: “မင်း ဒီစစ်ချီရတဲ့ ၂ ခါမှာ မင်းအစ်ကိုကို မတွေ့မိဘူး လား။”
“ကွမ်းယွ”ီ (Guan Yu): “မတွေ့ဘူး။”
“ကွမ်းယွ”ီ (Guan Yu) ထွက်သွားသော် အတွင်းမှ ငိုကြွေးသံကြားရလေသည်။
မရီးတော်များ: “သူသေရှာပြီ။ ငါတို့မတ်တော်က ငါတိ့ဝ
ု မ်းနည်းမှာစိုးလို့ ဖုံးကွယ်ထားတာနေမှာ။”
ထိုစဉ် အစောင့်တာဝန်ထမ်းနေသော စစ်သားဟောင်းတစ်ယောက်က ငိုသံများကြားသော် သနားကာ
“မငိုကြပါနဲ့။ မင်းတိ့ရ
ု့ဲ အရှင်က “ယွမ်ရှောက်”(Yuan Shao) နဲ့အတူ
မြစ်ဝါမြစ်မြောက်ဖက်ကမ်းမှာရှိပါတယ်။” ဟုပြောသည်။
မရီးတော်များ: “မင်းကဘယ်လိုသတ
ိာလဲ။”
အစောင့်: “စစ်သြူ ကီး “ကွမ်းယွီ”(Guan Yu) နဲ့လိုက်သွားတုန်းက စစ်သား တစ်ယောက်ပြောတာပါ။”
ကတော် ၂ ပါးက “ကွမ်းယွီ”(Guan Yu) ကိုပြန်ခေါ်ကာ “အရှင်ဟာ မင်းကို ဘယ်တုန်းကမှ
သစ္စာမဖောက်ခဲ့ဘူး။ မင်းကကျတော့ အတိတ်ကို မေ့ပစ်ပြီး “ချောင်ချောင်း”(Cao Cao) ပေးတဲ့
စည်းစိမ်တွေကို မက်နေတယ်။ ငါတို့ကုလ
ိ ည်း လိမ်ပြောတယ်။” ဟုဆပ
ူလေသည်။ “ကွမ်းယွ”ီ (Guan Yu)
ကဦးညွတ်ကာ “အစ်ကိုကြီးက တကယ်ပဲ မြစ်ဝါမြစ်မြောက်ဖက်ကမ်းမှာရှိပါတယ်။
သတင်းပေါက်ကြားမှာစိုးလို့ မင်းတို့ကို မပြောရဲတာပါ။ သေသေချာချာနဲ့ အချိန်ယူလုပ်ရမှာပါ။” ဟု
ပြန်ဖြေသည်။ ကန်း ကတော်က “မတ်တော် ၊ မင်းမြန်မြန်လပ
ုသင့်တယ်။” ဟုဆိုသည်။

381
“ကွမ်းယွ”ီ (Guan Yu) လည်း ထွက်ခွာရန် အချိန်မဆိုင်းဘဲ ပြင်ဆင်ရတော့မည်ဟု တွေးကာ
များစွာစိတမ
် သက်မသာဖြစ်နေသည်။

“ယွီကျင်”့ (Yu Jin) က “လျူဘေ့”(Liu Bei) မြောက်ဖက်တွငရ


ှ်ိနေသည်ကုသ
ိသော် “ချောင်ချောင်း”(Cao
Cao) ကိုသတင်းပေးသည်။ “ချောင်ချောင်း”(Cao Cao) က ချက်ချင်းပင် “ကျန်းလျောင်”(Zhang Liao)
ကိုလွှတ်ကာ “ကွမ်းယွီ”(Guan Yu) စိတ်ကို ထောက်လှမ်းစေသည်။
“ကျန်းလျောင်”(Zhang Liao): “မင်းရဲ့အစ်ကို သတင်းကို ကြားပြီလို့ ပြောကြတယ်။ မင်းအတွက်
ဝမ်းသာပါတယ်။”
“ကွမ်းယွ”ီ (Guan Yu): “ငါ့အရှင်က အဲဒမ
ှီာရှိတာ သေချာတယ်။ ဒါပေမဲ့ မဆုံခဲ့ရဘူး။
ဝမ်းသာစရာမဟုတ်ပါဘူး။”
“ကျန်းလျောင်”(Zhang Liao): “တခြားညီအစ်ကိုတွေနဲ့ မင်းတို့နဲ့ ဘာကွာခြားတာရှိလဲ။”
“ကွမ်းယွ”ီ (Guan Yu): “မင်းနဲ့ငါဆိုရင် သူငယ်ချင်းပဲ။ “လျူဘေ့”(Liu Bei) နဲ့ ငါက
ညီအစ်ကိုလည်းဟုတ်တယ်။ သူငယ်ချင်းလည်းဟုတ်တယ်။ မင်းသားနဲ့ ဝန်ကြီးလည်း ဖြစ်နေပြန်တယ်။
ငါတြို့ ကားကဆက်ဆံရေးကို သာမန်စာလုံးနဲ့ ဖော်ပြလိ့မ
ု ရဘူး။”
“ကျန်းလျောင်”(Zhang Liao): “အခုမင်းအစ်ကရ
ှိုတ့ေ
ဲ နရာသိပြီဆိုတော့ မင်းသွားမှာလား။”
“ကွမ်းယွ”ီ (Guan Yu): “ငါပြောခဲ့တာကို ငါမရုပ်သိမ်းဘူး။ ငါ နန်းရင်းဝန်ကို သေချာရှင်းပြပါမယ်။”
“ကျန်းလျောင်”(Zhang Liao) ကပြန်သွားကာ “ချောင်ချောင်း”(Cao Cao) ကို ပြန်ပြောပြသော်
“ငါသူ့ကုတ
ိားဖို့ နည်းရှာရမယ်။” ဟုဆိုလေသည်။
“ကွမ်းယွ”ီ (Guan Yu) သည် သူ၏အခက်အခဲများကိုဖြေရှင်းရန် စဉ်းစားနေစဉ်
မိတေ
် ဆွတစ်ယောက်ရောက်လာသည်ဟု သတင်းပို့လာသည်။ ဝင်လာသူကို “ကွမ်းယွ”ီ (Guan Yu)
ကမသိချေ။ ထိုသူက “ယွမ်ရှောက်”(Yuan Shao) လက်အောက်က Nanyang က “ချန်ကျန်း”(Chen
Zhen) ဖြစ်ကြောင်း မိတ်ဆက်လေသည်။
“ကွမ်းယွ”ီ (Guan Yu) က စိတပ
်ူပန်စွာ အပါးတော်မြဲများကို အပြင်ထွက်ခိုင်းသည်။ “ချန်ကျန်း”(Chen
Zhen) က စာတစ်စောင် ထုတေ
် ပးသည်။ လက်ရေးမှာ “လျူဘေ့”(Liu Bei) ၏လက်ရေးဖြစ်ကြောင်း
အမှတရ
် သည်။ စာမှာ “စာရေးသူ ငါနဲ့ မင်းဟာ အတူတူသေဆုံးဖို့ မက်မွန်ဥယျာဉ်မှာ သစ္စာဆိုခဲ့ကြတယ်။
အခုတော့ ငါတို့တွေ ရှင်လျက်နဲ့ ဝေးကွာနေကြတယ်။ ငါတို့ရဲ့ ရင်းနှီးတဲ့ ဆက်ဆံရေးဟာ
ဖျက်ဆီးခံရပြီလား။ ငါတိ့ရ
ု့ဲ အမှန်တရားကိုမြတ်နိုးတဲ့စိတ်တွေ ပျောက်ကွယ်သွားပြီလား။ တကယ်လို့
မင်းက ကျော်ကြားမှု ၊ စည်းစိမ်နဲ့ ဂုဏ်ပြုမှုကို လိုချင်ရင် ငါ့ရဲ့ခေါင်းကို မတွန့ဆ
် တ
ုပဲ ပေးပါမယ်။ ဒါဆို
မင်းဂုဏ်ထူးဆောင်နိုင်မယ်။ အများကြီးထပ်ပြောချင်ပေမဲ့ မင်းအမိန့်ကို စောင့်နေပါမယ်။” ဟုဆိုထားသည်။
စာဖတ်ပြီးသော် “ကွမ်းယွ”ီ (Guan Yu) မှာ သည်းထန်စွာ ငိုကြွေးလေသည်။

“ကွမ်းယွ”ီ (Guan Yu): “ငါ အမြဲ အစ်ကိုကြီးကို ရှာနေခဲ့တာ ၊ သူဘယ်မှာမှန်းမသိရဘူး။ သူဘာလို့

382
ငါ့ကိုမကောင်းမြင်ရတာလဲ။”
“ချန်ကျန်း”(Chen Zhen): ““လျူဘေ့”(Liu Bei) ကလည်း မင်းကို သိပ်တွေ့ချင်နေတယ်။
မင်းသစ္စာဆိုခဲ့တာကို မမေ့ရင် သူ့ဆီမြန်မြန်သွားသင့်တယ်။”
“ကွမ်းယွ”ီ (Guan Yu): “လူရယ်လို့မွေးလာပြီး ရိုးသားမှန်ကန်မှုမရှိရင် လူမဖြစ်ထိုက်ဘူး။
ငါပွင့်ပွင့်လင်းလင်းပြောပြီး “ချောင်ချောင်း”(Cao Cao) ဆီလာတယ်။ အခု အစ်ကိုကြီးကို ခဏသည်းခံဖို့
စာတစ်စောင် ရေးပေးလိုက်မယ်။ “ချောင်ချောင်း”(Cao Cao) ဆီက ထွက်လု့ရ
ိ တာနဲ့ မရီးတော် ၂ ပါးကို
ခေါ်ပြီး ထွက်ခဲ့ပါမယ်။”
“ချန်ကျန်း”(Chen Zhen): ““ချောင်ချောင်း”(Cao Cao) ကသွားခွင့်မပေးရင်ရော။”
“ကွမ်းယွ”ီ (Guan Yu): “ဒီမှာဆက်နေမယ့်အစား အသေခံပါမယ်။”
“ချန်ကျန်း”(Chen Zhen): “ဒါဆိုရင် မင်းအစ်ကိုမပူပန်ရအောင် စာအမြန်ရေးပေးလိုက်ပါလား။”
“ကွမ်းယွ”ီ (Guan Yu) က ဤသို့ ရေးလိုက်သည်။ “မှန်ကန်တဲ့လဟ
ူာ သစ္စာမဖောက်သလို
သစ္စာရှိတဲ့သူဟာ သေခြင်းတရားကို ရွံရှာတယ် ဆိုတာကို ကျွန်တော်ကောင်းကောင်းသိပါတယ်။
ငယ်ငယ်က စာသင်သားဖြစ်ဖူးတော့ အလေ့အကျင့်ကောင်းတွေသင်ခဲ့ရတယ်။ Yangjue Ai နဲ့ Zuo Botao
တို့ရဲ့ ခွဲခွာမယ့်အစား အတူတကွသေဆုံးခဲ့ကြတာကို သတိရတော့ ငိုကြွေးမိတယ်။ ငါ ရှဖက
ီို
ကာကွယရ
် တုန်းက ရိက္ခာကပြတ်လတ်ပြီး အကူအညီမရခဲ့ဘူး။ မရီးတော်တွေကို
ကာကွယရ
် မယ့်တာဝန်မရှိရင် သေသည်အထိ ငါတိုကခ
ိုက်မှာပါ။ ဒါကြောင့် သုံ့ပန်းအဖြစ်ခံပြီး
လွတ်မယ့်နည်းလမ်းကို ရှာနေတာပါ။ ရုနန် မှာ မင်းသတင်းကြားလိုက်တော့ “ချောင်ချောင်း”(Cao Cao)
ကိုနှုတ်ဆက် ၊ မရီးတော်တွေကို ခေါ်ပြီး လာမလိ့ပ
ုါ။ သစ္စာဖောက်လိုတဲ့အတွေး တစိုးတစိမျှရှိခဲ့ရင်
ငါပျက်စီးပါစေ။ မှင်နဲ့ စာဟာ ငါဆိုလိုချင်တာတွေကို မဖော်ပြနိုင်ဘူး ။ အစ်က့က
ို မကြာခင်
လာတွေ့ပါမယ်။”

“ချန်ကျန်း”(Chen Zhen) က စာကိုသယ်ဆောင်သွားပြီး “ကွမ်းယွ”ီ (Guan Yu) က မရီးတော်များကို


သွားပြောသည်။ ထို့နောက် နန်းရင်းဝန်ထံသွားကာ နှုတ်ဆက်သည်။ “ချောင်ချောင်း”(Cao Cao)
ကသိသဖြင့် တံခါးတွင် မည်သူမျှမရှိဟန် စာရေးထားသည်။ သိ့န
ှုင့် ပြန်ခဲ့ရသည်။ သို့သော်
သူ၏တပ်သားများကိုမူ အချိန်မရွေးထွက်ခွာရန် တပ်လှန့်ထားသည်။ “ချောင်ချောင်း”(Cao Cao)
ပေးအပ်သောအရာများကိုလည်း ထားခဲ့ရန် ညွှန်ကြားသည်။ မည်သည့်အရာမှ ယူဆောင်မသွားရ။
နောက်နေ့တွင် ထပ်သွားသော်လည်း စာကိုသာတွေ့ရသည်။ အကြိမ်ကြိမ်သွားသော်လည်း ဝင်ခွင့်မရပေ။
သို့နှင့် “ကျန်းလျောင်”(Zhang Liao) ကိရ
ှုာသော် ၎င်းလည်း ပျောက်နေသည်။ ““ချောင်ချောင်း”(Cao Cao)
က ငါ့ကို သွားခွင့်မပေးဘူးလို့ ဆိုလုတ
ိာပဲ။ ဒါပေမဲ့ ငါသွားမယ်။ တွန့်ဆတ
ုနေလို့မဖြစ်ဘူး ။” ဟုတွေးသည်။
ထို့ကြောင့် စာတစ်စောင်ရေးသည်။ “ငယ်ရွယ်စဉ်က ဦးရီးတော် “လျူဘေ့”(Liu Bei) ရဲ့
အမှုတော်ကိုထမ်းပြီး သူန့အ
ဲ တူ ကောင်းတူဆိုးဖက်နေသွားဖို့ သစ္စာဆိုခဲ့တယ်။ ကောင်းကင်နဲ့ မြေကြီးကို
တိုင်တည်ခဲ့ပါတယ်။ ငါမြို့ကို လက်လွှတ်ရတော့ မင်းဆီက အချက် ၃ ချက် တောင်းဆိုခဲ့တယ်။ အခု
ငါ့အစ်ကိုသတင်းကြားတော့ ငါသွားတော့မယ်။ မင်းပေးတဲ့ဆုလဒ်တွေက များပေမဲ့

383
အတိတ်ကသံယောဇဉ်ကို မဖြတ်နိုင်ဘူး။ ဒါကြောင့် နှုတ်ဆက်စာတစ်စောင်ရေးခဲ့ပါတယ်။”
ဟုပါရှိလေသည်။
စာကိုချိတ်ပိတ်ကာ နန်းတော်သို့ ပို့လုက
ိသည်။ ထို့နောက် ရရှိထားသော ရွှေငွေရတနာများကို နေအိမ်တွင်
စုပုံထားကာ ဟန်ရှို အရှင် တံဆိပ်တုံးကို ခန်းမအလယ်တွင် ချိတ်ထားခဲ့သည်။ ထိ့ေ
ု နာက်
မရီးတော်များကိုခေါ်ကာ လှည်းနှင့်ထွက်ခွာခဲ့လေသည်။ ယုန်နီကို စီးကာ
အစိမ်းရောင်နဂါးဓားကိုကိုင်သည်။ နောက်လိုကအ
် နည်းငယ်နှင့်အတူ မြောက်ဖက်တံခါးမှ
ထွက်ခွာခဲ့လေသည်။
တံခါးစောင့်များက တားသော်လည်း “ကွမ်းယွ”ီ (Guan Yu) ကအော်ဟစ်ကာ ခြောက်လှန့်လုက
ိသည်။
နောက်လိုကမ
်ျားကို လှည်းနှင့်အတူ ရှေ့မှသွားရန်ပြောကာ သူကနောက်မှ စောင့်ကြပ်လိုက်ပါလာသည်။
ထိုစဉ် “ကွမ်းယွ”ီ (Guan Yu) ၏စာမှာ “ချောင်ချောင်း”(Cao Cao) ဆီရောက်သွားသည်။ ဖတ်ပြီးသော်
“သူသွားချေပြီ။” ဟု မြည်တမ်းလေသည်။ တံခါးစောင့်များက “ကွမ်းယွ”ီ (Guan Yu)
အတင်းထွကသ
်ွားကြောင်း သတင်းလာပို့သည်။ ထို့နောက် အိမ်စောင့်များက ကျေးကျွန် ၊
ရတနာအားလုံးထားကာထွက်သွားကြောင်း ၊ တံဆိပ်တော်ပင်ထားသွားကြောင်း သတင်းလာပို့ပြန်သည်။
သူ၏မူလစစ်သားများကိုသာ ခေါ်သွားခြင်းဖြစ်သည်။
ထိုစဉ် မှူးမတ်များထဲမှ “ချပ်ဝတ်တပ်မြင်းစီးစစ်သည် ၃ ထောင်နဲ့ သူ့ကို အသက်ရှင်လျက် ပြန်ခေါ်ခဲ့မယ်။”
ဟု အသံထွက်လာသည်။ အသံရှင်မှာ စစ်သူကြီး "ချိုင်ရန်"(Cai Yang) ပင်ဖြစ်သည်။

*Silver~K*

384
အခန်း(၂၇) လှပသော မုတ်ဆိတ်နှင့်လူ၏ခရီး။ "ကွမ်းယွ"ီ (Guan Yu) သည်
ခံတပ်ငါးခုကိုဖြတ်သန်းရာ စစ်သူကြီးခြောက်ဦးကိုသတ်လိုက်ခြင်း

"ချောင်ချောင်း"(Cao Cao) ၏စစ်တပ်အတွင်းဝယ် "ကွမ်းယွ"ီ (Guan Yu) နှင့် ရင်းနှီးသူမှာ


"ကျန်းလျောင်"(Zhang Liao) နှင့် "ရွှီဟွမ"် (Xu Huang) တို့ဖြစ်ကြပြီး ကျန်သောသူတို့မှာ
"ကွမ်းယွ"ီ (Guan Yu) အပေါ် လေးစားသမှုနှင့်ဆက်ဆံကြလေသည်။ သို့သော် "ချိုင်ရန်"(Cai Yang) မှာ
"ကွမ်းယွ"ီ (Guan Yu) ကို မနှစ်မြို့ချေ၊ ထို့ကြောင့် "ကွမ်းယွ"ီ (Guan Yu)
ထွက်သွားသောသတင်းကြားသည်နှင့် နောက်မှလိုက်ပြီးဖမ်းရန်ပြင်သည်။ သို့ သော်လည်း
"ချောင်ချောင်း"(Cao Cao) မှ "ကွမ်းယွ"ီ (Guan Yu) ထွက်သွားသည်ကို သဘာဝကျသည်ဟု ယူဆပြီး

"သူက သူ့အရင်ကခေါင်းဆောင်ကို မမေ့တဲ့သဘောပဲလေ၊ သူက အဘက်ဘက်မှာပွင့်လင်းတဲ့သူ၊


မင်းတို့ လည်း သူ့ကိုဥပမာယူကြပါ" ဟု ဆိုသည်။ ထို့နောက် "ချောင်ချောင်း"(Cao Cao) က
"ကွမ်းယွ"ီ (Guan Yu) ကို လိုကမ
် ဖမ်းကြရန် တားမြစ်လုက
ိ သ
် ည်။

"ချန်ယ"ွီ (Cheng Yu) : "သခင်ကြီးက ကွမ်းယွ(ီ Guan Yu) အပေါ် တအားကောင်းနေတယ်။ သူက
အကြောင်းအရင်းရှိတယ်ဆိုပေမယ့် ဒီလုမ
ျိုးရိုင်းရိုင်းစိုင်းစိုင်းထွက်သွားတာ ဒါ
သခင်ကြီးကိုဆော်ကားလိုက်တာပဲ။ ဒီကိစ္စကိုပေါ့တန်တန် သဘောမထားသင့်ဘူး၊ သူသာ
ယွမ်ရှောက်(Yuan Shao) ဆီရောက်သွားရင် ကျားကိုအတောင်တပ်ပေးသလိုဖြစ်သွားမှာ။ ဒါကြောင့်
အနာဂတ်မှာ ရန်မများစေဖို့သူ့ကို ရှင်းထားသင့်တယ်"

"ချောင်ချောင်း"(Cao Cao) : "ကျုပ်က သူ့ကိုထွကသ


်ွားခွင့်ပေးပါမယ်လို့ ပြောထားပြီးသားလေ၊
ကိုယ့်ကတိကိုယ် ချိုးဖောက်ရမှာလား? လူတိုင်းမှာ သူ့သခင်နဲ့ သူရှိတယ်။
သူ့နောက်ကိုမလိုက်ကြနဲ့တော့"

သို့သော်လည်း "ချောင်ချောင်း"(Cao Cao) မှ "ကျန်းလျောင်"(Zhang Liao) ကို

"ငါပေးတဲ့အရာမှန်သမျှကို သူငြင်းဆန်ခဲ့တယ်၊ လာဘ်တွေ၊ တံစိုးတွေဆိုတာ သူ့အတွကေ


် တာ့
ဘာမှမဟုတ်ဘူး၊ ဒီလိုလူမျိုးကိုငါအလေးစားဆုံးပဲ။ သူအဝေးကြီးကိုမရောက်လောက်သေးဘူး၊
သူ့နောက်ကိုလိုက်ပြီးတော့ ငါမရောက်လာခင်အထိ ခဏစောင့်ဖို့ ပြောပါ။ ခွဲခွာဖို့နှုတ်ဆက်ပြီး လမ်းခရီးမှာ
သုံးဖို့ငွေကြေးနည်းနည်းရယ်၊ ချပ်ဝတ်တန်ဆာရယ်ပေးမလို့ ။ ဒါမှ နောင်အခါမှာ သူက ငါ့ရဲ့ရက်ရောမှုကို
အမှတရ
် နေမှာ" ဟု ပြောသည်။

ထို့ကြောင့် "ကျန်းလျောင်"(Zhang Liao) ကလည်း တစ်ဦးတည်းအရင်ထွက်သွားလေသည်။


"ချောင်ချောင်း"(Cao Cao) ကလည်း နောက်မှ ကိုယရ
်ံတော်အနည်းငယ်နှင့် ထွကလ
်ာသည်။

385
"ကွမ်းယွ"ီ (Guan Yu) စီးသောမြင်းမှာ ယုန်နီဖြစ်လေရကား အင်မတန်မြန်သဖြင့်မည်သူမှ မလိုက်နိုင်ချေ။
သို့သော်လည်း "ကွမ်းယွ"ီ (Guan Yu) မှာ မရီးနှစ်ဦးတို့ပါလာသည့်လည
ှ်းယာဉ်ကိုငဲ့ရသေးသဖြင့်
ဖြည်းဖြည်းသာသွားလေသည်။ ထိုအချိန်တွင် နောက်မှ

"ကွမ်းယွ(ီ Guan Yu) ၊ ခဏရပ်ပါဦး" ဟူသော အော်သက


ိုံကြားလိုက်သည်။

"ကွမ်းယွ"ီ (Guan Yu) က လှည့်ကြည့်လုက


ိရာ ထိုလမ
ှူာ "ကျန်းလျောင်"(Zhang Liao)
ဖြစ်နေသည်ကိုတွေ့လိုက်သည်၊ လှည်းယာဉ်ကို အလျင်သွားစေလိုက်ပြီး "ကွမ်းယွ"ီ (Guan Yu) မှာ
သူ၏အစိမ်းရောင်နဂါးဓားကိုကိုင်ပြီး တိုက်ခိုက်ရန် အသင့်ပြင်ထားသည်။ ထို့နောက် "ကွမ်းယွ"ီ (Guan Yu)
မှ

"ခင်ဗျားက ကျုပ်ကိုပြန်ခေါ်ဖို့ ရောက်လာတာလား?" ဟု မေးလေသည်။

"မဟုတ်ဘူး ၊ ခင်ဗျားကခရီးရှည်ကြီးသွားရမှာဆိုတော့ ဝန်ကြီးချုပ်က နှုတ်ဆက်မလို့ ခင်ဗျားကို


ခဏစောင့်ခိုင်းဖို့ပြောဖို့အတွက် ကျုပ်ကိုလွှတလ
ိုကတ
်ာပါ"

"သူသာ လက်နက်ကိုင်လူတွေခေါ်လာရင် အဆုံးအထိ အသေအကျေတိုက်ရမှာပဲ"

ထို့နောက် "ကွမ်းယွ"ီ (Guan Yu) သည် တံတားအနီးတွင် နေရာယူပြီး စောင့်နေသည်။ မကြာမီပင်


"ချောင်ချောင်း"(Cao Cao) ၏စစ်သူကြီးလေးဦးဖြစ်သည့် "ရွှီချူ"(Xu Chu) ၊ "ရွှီဟွမ"် (Xu Huang) ၊
"ယွီကျင်"့ (Yu Jin) နှင့် "လီတျန်"(Li Dian) တို့ အနားရောက်လာကြသည်။ "ကွမ်းယွီ"(Guan Yu)
ကတိုက်ခိုက်ရန်ပြင်နေသည်ကို မြင်လိုကရ
် သောအခါ "ချောင်ချောင်း"(Cao Cao) မှ
သူ့ကိုယ်ရံတော်တို့ကို လိုင်းနှစ်ကြောင်းခွဲကာ တန်းစီခိုင်းလိုက်သည်။ ထိုအခါ "ချောင်ချောင်း"(Cao Cao)
၏ ကိုယရ
်ံတော်တို့တွင် လက်နက်ကိုင်ဆောင်ထားခြင်းမရှိသည်ကို မြင်ရသော "ကွမ်းယွီ"(Guan Yu)
သည် စိတ်အေးသွားသည်။

"ချောင်ချောင်း"(Cao Cao) : "ကွမ်းယွ(ီ Guan Yu) ၊ ခင်ဗျား ဘာကြောင့် အလျင်လုေ


ိ နရတာလည်း?"

"ကွမ်းယွ"ီ (Guan Yu) က မြင်းပေါ်မှ မဆင်းပဲ ခေါင်းကိုညွှတ်လိုက်ပြီးနောက်

"ကျွန်တော့်သခင်က မြစ်ဝါမြစ်ရဲ့ မြောက်ဘက်မှာရှိတယ်ဆိုတဲ့အကြောင်းကို ဝန်ကြီးချုပ်ထံ စာရေးပြီး


အကြောင်းကြားခဲ့ပြီးပါပြီ။ ကျွန်တော်ထွက်ခွာရမှာမို့
ဝန်ကြီးချုပ်နဲ့တွေ့ဖို့အကြိမ်ကြိမ်အခါခါကြိုးစားခဲ့ပါသေးတယ်။ ဒါပေမယ့် တွေ့ခွင့်မရခဲ့ဘူး ။ ဒါကြောင့်
နှုတဆ
် က်တဲ့စာတစ်စောင်ရယ်၊ ရတနာရယ်၊ ကျွန်တော့်ကိုပေးအပ်ခဲ့တဲ့မြို့စားမင်းတံဆိပ်ရယ်ကို ထားခဲ့ပြီး
ထွက်ခွာလာရတာပါ။ ဝန်ကြီးချုပ် အရင်ကပေးခဲ့တ့က
ဲ တိကို အမှတ်ရဦးမယ် ထင်ပါတယ်" ဟုပြောသည်။

386
"ချောင်ချောင်း"(Cao Cao) : "ကျုပ်က သစ္စာတည်ကြည်တဲ့လအ
ူ ဖြစ်နေဖို့ဆန္ဒရှိတာကြောင့်
ကိုယ့်ကတိကိုယ် မချိုးဖောက်ပါဘူး။ ဒါပေမယ့် စစ်သူကြီး ခရီးမှာ အသုံးပြုဖို့
ငွေအကူလေးပေးလိုက်ပါရစေ"

ထို့နောက် "ချောင်ချောင်း"(Cao Cao) မှ မြင်းပေါ်တွင်တင်ထားသော ရွှေထုတ်ကုထ


ိုတလ
ိုက်သည်။

"ကွမ်းယွ"ီ (Guan Yu) : "ဝန်ကြီးချုပ် အရင်က ပေးထားတာတွေနဲ့ပဲလုံလောက်ပါတယ်၊ အဲ့ပိုကဆ


်ံကိုတော့
စစ်သားတွေကိုပဲ လက်ဆောင်ပေးလိုက်ပါ"

"ချောင်ချောင်း"(Cao Cao) : "ဘာလို့ငြင်းဆိုရတာလည်း? ဒါက စစ်သူကြီး စွမ်းဆောင်ခဲ့တာတွေအတွက်


ပေးအပ်တာပါ"

"ကွမ်းယွ"ီ (Guan Yu) : "ကျွန်တော်လုပ်ဆောင်ခဲ့တာတွေက ဘာမှ စကားထဲ ထည့်ပြောလောက်စရာ


မရှိပါဘူး"

"ချောင်ချောင်း"(Cao Cao) : "ခင်ဗျားကတော့ လူတွေထဲမှာ သစ္စာအကြီးဆုံးလူပဲ။ ခင်ဗျားလိုလူက


ကျုပ်ဆီမှာ အမှုမထမ်းတာ ကျုပ်ရဲ့ကံဆိုးမှုပဲ။ အနည်းဆုံးတော့ ကျုပ်ဆီက လက်ဆောင်အနေနဲ့
ဒီချပ်ဝတ်တန်ဆာလေးတော့ လက်ခံပါ"

ထို့နောက် "ချောင်ချောင်း"(Cao Cao) ၏စစ်သူကြီးတစ်ဦးက မြင်းပေါ်မှဆင်းကာ ထိုအင်္ကျီကို ကိုင်ပြီး


"ကွမ်းယွ"ီ (Guan Yu) ကိုပေးလေသည်။ "ကွမ်းယွ"ီ (Guan Yu) မှာ တစ်ခုခုအကြံအစည်ရှိမည်ကို
စိုးရိမ်သဖြင့် မြင်းပေါ်မှမဆင်းပဲ သူ၏ဓားရှည်ဖြင့်ပင် အင်္ကျီကုလ
ှိမ်းယူလိုက်ပြီး
ကျေးဇူးတင်စကားပြောသည်။

"ဒီလိုလက်ဆောင်ပေးတဲ့ဝန်ကြီးချုပ်ကို ကျေးဇူးတင်ပါတယ်"

ထို့နောက် "ကွမ်းယွ"ီ (Guan Yu) သည် တံတားကိုဖြတ်ပြီး မြောက်ဘက်သို့ ထွကသ


်ွားသည်။
ကိုယ်ရံတော်ထဲမှ တစ်ဦးဖြစ်သော "ရွှီချူ"(Xu Chu) မှ

"သူက အရမ်းရိုင်းတာပဲ။ ဘာလို့ သူ့ကို မဖမ်းလိုက်တာလည်း" ဟု ပြောသည်။ "ချောင်ချောင်း"(Cao Cao)


မှ

"တိုက်မယ်ခိုက်မယ်ဆိုရင် ငါတို့လူစုအများကြီးကို သူတစ်ယောက်ပဲ ရင်ဆိုင်ရမှာလေ။ သူ


သံသယဝင်ရင်လည်း ဝင်စရာပါပဲ။ ဒါပေမယ့် သူ့နောက်ကနေ လိုက်ပြီး မဖမ်းကြပါနဲ့တော့"
ဟုပြောလေသည်။

387
ထို့နောက် အရည်အချင်းရှိသော စစ်သူကြီးတစ်ဦးထွကသ
်ွားသဖြင့် "ချောင်ချောင်း"(Cao Cao)
မှာဝမ်းနည်းစွာဖြင့် ပြန်လှည့်သွားသည်။

"လျူဘေ့"(Liu Bei) ၏ဇနီးနှစ်ဦးပါသော လှည်းယာဉ်မှာ "ကွမ်းယွီ"(Guan Yu)


စကားပြောနေသည့်အချိန်ဝယ် ဆယ်မိုင်ခန့်ရောက်နေရမည်ဖြစ်သော်လည်း အရပ်အယောင်မျှပင်
ရှာမတွေ့ပေ။ "ကွမ်းယွီ"(Guan Yu) မှာ နေရာအနှံ့ လိုက်ရှာသောလည်း မတွေ့ချေ။

ထို့နောက် တောင်ကုန်းပေါ်မှ အော်သံကိုကြားလိုက်ရပြီး


အဝါရောင်ခေါင်းဆောင်းနှင့်ပိုးထည်ဝတ်ထားသော လူငယ်တစ်ဦးကိုတွေ့လိုက်သည်။ ထိုလူငယ်မှာ
လှံကိုင်ထားပြီး သူ၏မြင်းပေါ်တွင်လည်း လူခေါင်းတစ်ခု ချိတထ
်ားသည်။ သူ့နောက်တွင်မူ
နောက်လိုကတ
် စ်ရာခန့်ရှိလေသည်။

"ကွမ်းယွ"ီ (Guan Yu) : "မင်းက ဘယ်သလ


ူ ည်း"

ထိုလူငယ်သည် မြင်းပေါ်မှဆင်းပြီး အရိုအသေပြုလေသည်။ ထိုအခါ "ကွမ်းယွီ"(Guan Yu) မှာ


လှည့်စားမှုတစ်ခုခုဖြစ်မည်စိုးရိမ်သဖြင့် ဓားကိုအဆင်သင့်ကိုင်ထားလိုက်ပြီး

"မင်းနာမည်ကိုပြောပါ" ဟု ဆိုသည်။

"ကျွန်တော့်နာမည်က လျောင်ဟွာ(Liao Hua) လို့ ခေါ်ပါတယ်။ ရှန်းရန်က မိသားစုတစ်ခုကပါ။ တိုင်းပြည်


အခြေအနေတွေဆိုးရွားလာတော့ ဒီမြစ်ချောင်းတွေနားမှာ ဓားပြဖြစ်လာခဲ့ပြီး ခိုးဆိုးလုယက်ပါတယ်။
ကျွန်တော်တို့ လူအင်အားက စုစုပေါင်းငါးရာလောက်ရှိပါတယ်။ ကျွန်တော့်သူငယ်ချင်း တုယွမ(် Du Yuan)
ဟာ ဒီအမျိုးသမီးနှစ်ဦးကို အမှတမ
် ထင်မြင်လိုကေ
် တာ့ တောင်ကုန်းတွေဆီကို ဖမ်းခေါ်လာခဲ့တယ်။
ဒါပေမယ့် ဒီအစေခံတွေကို မေးလိုက်တော့ ဒီအမျိုးသမီးနှစ်ဦးရဲ့ဇစ်မြစ်ကို သိခဲ့ပြီး
လွှတ်ပေးမလို့လုပ်ပါတယ်။ ဒါကို တုယွမ်(Du Yuan) က ကန့်ကွက်တော့ သူ့ကို သတ်လုက
ိရတာပါ။ ဒါ
သူ့ရဲ့ခေါင်းပါ၊ ကျွန်တော့်ကို ခွင့်လတ
ွှ်ဖို့ တောင်းပန်ပါတယ်"

"အမျိုးသမီးနှစ်ဦးကရော?"

388
"သူတို့ တောင်ကုန်းပေါ်မှာရှိပါတယ်"

"သူတို့ကိုတောင်အောက်ကိုပြန်ခေါ်လာခဲ့ချည်"

သို့နှင့် ထိုအမျိုးသမီးနှစ်ဦးပါသော လှည်းယာဉ်ကိုတောင်အောက်သို့ ပြန်ခေါ်လာသည်။ "ကွမ်းယွ"ီ (Guan


Yu) သည် သူ၏ဓားကိုရုတ်သိမ်းပြီး မြင်းပေါ်မှဆင်းကာ လှည်းယာဉ်အနီးသို့သွားပြီး

"မရီးတော်တို့ လန့်သွားပါသေးလား" ဟုမေးလေသည်။

"ငါတို့ တွေကို လျောင်ဟွာ(Liao Hua) သာမကယ်ခဲ့ရင် တုယွမ်(Du Yuan)


လက်ချက်နဲ့ရေတိမ်နစ်တော့မလို့ "

ထို့နောက် "ကွမ်းယွ"ီ (Guan Yu) သည် အစောင့်တို့အား

"ဒီအမျိုးသမီးနှစ်ဦးကို လျောင်ဟွာ(Liao Hua) က ဘယ်လိုကယ်လိုက်တာလည်း" ဟု မေးသည်။

"တုယွမ(် Du Yuan) က အမျိုးသမီးနှစ်ယောက်ကိုခေါ်ပြီး သူနဲ့ လျောင်ဟွာ(Liao Hua) နဲ့က


တစ်ယောက်စီခွဲယူဖို့ ဆိုပါတယ်။ ဒီအမျိုးသမီးနှစ်ဦးဟာ
မင်းမှုထမ်းအသိုင်းအဝိုင်းနဲ့ဆက်နွယ်နေတယ်ဆိုတာသိတဲ့အခါ လျောင်ဟွာ (Liao Hua) က
လေးစားသမှုနဲ့ ဆက်ဆံပါတယ်။ ဒါကို တုယွမ်(Du Yuan) က ကန့်ကွက်တော့ လျောင်ဟွာ (Liao Hua)
က သူ့ကိုသတ်လိုကတ
်ာပါ"

၎င်းကိုကြားသော် "ကွမ်းယွ"ီ (Guan Yu) သည် "လျောင်ဟွာ"(Liao Hua) အား


ကျေးဇူးတင်စကားပြောသည်။ "လျောင်ဟွာ "(Liao Hua) မှာ သူ၏တပ်နှင့်အတူ "ကွမ်းယွ"ီ (Guan Yu) နှင့်
လိုက်ပါလိုသော်လည်း သူပုန်ဖြစ်နေ၍ "ကွမ်းယွ"ီ (Guan Yu) က လက်မခံချေ။ "လျောင်ဟွာ "(Liao Hua)
က လက်ဆောင်အချို့ပေးရန်ပြုသော်လည်း "ကွမ်းယွီ"(Guan Yu) က ငြင်းလိုက်သည်။

သို့နှင့် "လျောင်ဟွာ"(Liao Hua) သည်လည်း ထွက်ခွာသွားသည်။ "ကွမ်းယွီ"(Guan Yu) က


သူ့မရီးတော်တို့အား "ချောင်ချောင်း"(Cao Cao) နှင့် စကားပြောသည့်အကြောင်းကို ပြန်ပြောပြလေသည်။
ညဘက်အနားယူရန် လယ်တစ်ခုထဲသို့ သွားလေသည်။ ထိုလယ်ရှိ လယ်သမားမှာ
မုတဆ
ိတ်အဖြူရောင်ရှိပြီး မည်သန
ူ ည်းဟု မေးရာ "ကွမ်းယွီ"(Guan Yu) က သူသည် "လျူဘေ့"(Liu Bei)
၏ညီဖြစ်ကြောင်းနှင့် သူ့နာမည်ကိုပြောလိုက်သည်။

ထိုအခါ လယ်သမားမှ

389
"ခင်ဗျားက ဝင်ချို(Wen Chou) နဲ့ ရန်လျန်(Yan Liang) ကိုသတ်လိုကတ
်ဲ့သူပေါ့" ဟု မေးသည်။
"ကွမ်းယွ"ီ (Guan Yu) ကလည်း ဟုတ်မှန်ကြောင်းပြန်ဖြေသည်။

"ဝင်ခဲ့ပါ"

"ကျွန်တော့် မရီးနှစ်ဦးက လှည်းပေါ်မှာရှိသေးတယ်။ သူတို့ နှစ်ဦးကို သွားခေါ်ပါစေဦး"

"ကွမ်းယွ"ီ (Guan Yu) က မတ်တပ်ရပ်နေသဖြင့် ထိုင်ရန်ပြောလေသည်။ "ကွမ်းယွ"ီ (Guan Yu) က


သူ၏မရီးနှစ်ဦးတို့ ရှိနေသဖြင့် မထိုင်ပဲရပ်လျက်သာနေသည်။ လယ်သမား၏ဇနီးက ထိုအမျိုးသမီးနှစ်ဦးကို
အတွင်းဆောင်ထဲသို့ခေါ်သွားလေသည်။ "ကွမ်းယွီ"(Guan Yu) က လယ်သမား၏အမည်ကိုမေးလေရာ

"ကျုပ်နာမည်က ဟူဟွာ(Hu Hua) လို့ခေါ်ပါတယ်။ ဟွမ်ဧကရာဇ်သက်တော်ထင်ရှားရှိစဉ်တုန်းက


နန်းတွင်းမှာ အမှုထမ်းခဲ့ဖူးပါတယ်။ အခုတော့ ရာထူးကအနားယူပြီး အေးအေးဆေးဆေးပဲ
နေပါတော့တယ်။ ကျုပ်ဆမ
ှီာ ဟူပန်း(Hu Ban) ဆိုတဲ့သားတစ်ယောက်ရှိပါတယ်။ သူက အခု
ရင်းရန်မြို့စား ဝမ်ကျီ(Wang Zhi) လက်အောက်မှာ အမှုထမ်းနေပါတယ်။ ခင်ဗျားက
အဲ့လမ်းကိုဖြတ်သွားရမှာဆိုတော့ သူ့အတွက် စာတစ်စောင်ပါးလိုက်ပါရစေ" ဟု ပြောသည်။

"ကွမ်းယွ"ီ (Guan Yu) ကလည်း စာကိုယူသွားပါမည်ဟု ကတိပြုလိုက်သည်။ နောက်ရက်တွင် လော့ရန်သို့


ခရီးဆက်လေသည်။

လမ်းခရီးတွင် စစ်သူကြီး "ခုံးရှို့"(Kong Xiu) နှင့် စစ်သားငါးရာတို့စောင့်ကြပ်သော တုန်းလင်ခံတပ်ကို


ဖြတ်ရလေသည်။ စစ်သားတို့ က လှည်းယာဉ်ကိုမြင်လုက
ိရာ စစ်သြူ ကီးကို သတင်းသွားပို့သည်။
စစ်သြူ ကီးရောက်လာသဖြင့် "ကွမ်းယွ"ီ (Guan Yu) ကလည်း မြင်းပေါ်မှဆင်းကာ အရိုအသေပြုသည်။

"ခုံးရှို့"(Kong Xiu) မှ

"ဘယ်သွားမလို့လည်း" ဟု မေးသည်။

"မြစ်ဝါမြစ်ရဲ့မြောက်ဘက်ကို သွားပြီး ကျွန်တော့်အစ်ကိုကိုသွားရှာမလို့ပါ"

"ဒါပေမယ့် ယွမ်ရှောက်(Yuan Shao) က ကျုပ်တို့ သခင်ကြီးရဲ့ ရန်သူလေ။ ခင်ဗျားဆီမှာခွင့်ပြုစာကော


ပါရဲ့လား?"

"အလောတကြီးနဲ့လာတော့ ခွင့်ပြုမိန့်မယူလာမိဘူး"

"ခွင့်ပြုမိန့်မရှိရင်တော့ ကျွန်တော် အကြောင်းကြားစာပို့ပြီး အကြောင်းပြန်တာစောင့်ပါဦး"

"အဲ့လိုဆို အချိန်အများကြီးနှောင့်နှေးသွားမယ်"

390
"ကျွန်တော် လုပ်နိုင်တာ ဒါပဲရှိတယ်"

"ဒါဆို ခင်ဗျားက ကျုပ်ကို ပေးမသွားဘူးပေါ့"

"သွားချင်ရင်တော့ ခင်ဗျားပါလာတဲ့မိသားစုတွေကို ဒီမှာ ထားရစ်ခဲ့ရမယ်"

ထိုအခါ "ကွမ်းယွ"ီ (Guan Yu) သည် ဒေါသထွကြ် ပီး တိုက်ရန်ပြင်သည်။ ထိုအခါ "ခုံးရှို့ "(Kong Xiu)
ကလည်း အနောက်သို့ ပြန်လည
ှ့်ပြီး သူ့စစ်သားတို့ကိုတိုက်ရန် အမိန့်ပေးလိုက်သည်။ "ကွမ်းယွ"ီ (Guan
Yu) က တစ်ဖက်စစ်သူကြီးထံသာ ဦးတည်သွားပြီး သူ့ဓားနှင့်တုက
ိရာ "ခုံးရှို့ "(Kong Xiu) သေလေသည်။
သူ၏စစ်သားတို့လည်း ထွက်ပြေးကုန်သည်။

"ကွမ်းယွ"ီ (Guan Yu) : "စစ်သားတွေ မပြေးကြနဲ့။ သူ့ကိုသတ်လိုကတ


်ာဟာ ရွေးချယ်စရာမရှိလို့ပါ။
မင်းတို့ ကိုတော့ သတ်စရာအကြောင်းမရှိပါဘူး။ "ခုံးရှို့"(Kong Xiu) က ငါ့ကိုသတ်ဖို့လုပ်တော့
ကိုယ့်ကိုယ်ကို ကာကွယ်နဲ့ အနေနဲ့ သတ်လိုက်တာပါလို့ ဝန်ကြီးချုပ်ကိုပြောပေးပါ"

စစ်သားတို့ကလည်း "ကွမ်းယွီ"(Guan Yu) ကို ဒူးထောက်ကာ အရိုအသေပြုကြသည်။

"ကွမ်းယွ"ီ (Guan Yu) သည် လော့ရန်နားသို့ရောက်လာလေသည်။ ထိုအခါအစောင့်တို့ က မြို့စား


"ဟန်ချွ"ီ (Han Qu) ကို သတင်းသွားပို့သည်။ "ဟန်ချွီ"(Han Qu) ကလည်း
သူ့လက်အောက်ငယ်သားတို့ ကိုခေါ်ပြီး တိုင်ပင်သည်။ သူ၏စစ်သူကြီးတစ်ဦးဖြစ်သူ "မန်ထန်"(Meng Tan)
မှ

" သူက ဝန်ကြီးချုပ်ထံကထွကေ


် ပြးလာတာပဲနေမှာ။ သူ့ကိုမတားရင် ကျွန်တော်တို့
အပြစ်ဒဏ်ခံရနိုင်တယ်" ဟု ပြောသည်။

"ဟန်ချွ"ီ (Han Qu) : "ဒီလူက သတ္တိရှိပြီး ရဲရင့်သူဖြစ်တယ်။ ရန်လျန်(Yan Liang) နဲ့ ဝင်ချို(Wen Chou)
တို့ကိုတောင်သတ်နိုင်ခဲ့တာ သူ့ကို အင်အားသုံးပြီးတော့ အနိုင်ယူဖို့ မလွယ်ဘူး။ ဉာဏ်ဆင်မှပဲ
တော်ကာကျမယ်"

"မန်ထန်"(Meng Tan) : "ကျွန်တော် ထောင်ချောက်အဆင်သင့်ပြင်ထားပါပြီ။ မြို့တံခါးကို


အကာအကွယ်တွေနဲ့ပိတ်ထားမယ်၊ ပြီးရင် ကျွန်တော်က သူ့ကိုသွားတိုက်မယ်၊ အဲ့နောက်
ထွက်ပြေးပြီးတော့ ကျန်တ့လ
ဲူတွေက သူ့ကို အလစ်ဝင်တိုက်ကြရမယ်။ဒါ့အပြင် မြားတွေနဲ့ လည်း
ပစ်ရမယ်။ သူ့ကိုသာဖမ်းမိရင် ကျွန်တော်တို့ ဆုလာဘ်တွေရမှာ"

391
ထို့ကြောင့် ထိုအကြံအတိုင်းလုပ်ဆောင်ရန် ပြင်ဆင်ကြသည်။ "ဟန်ချွ"ီ (Han Qu) ကလည်း
လေးနှင့်မြားကိုအသင့်ပြင်ကာ စစ်သားတစ်ထောင်နှင့်စောင့်နေသည်။ "ကွမ်းယွီ"(Guan Yu)
ရောက်လာသောအခါ "ဟန်ချွီ"(Han Qu) မှ

"ဘယ်သူလည်း" ဟု မေးသည်။

"ကျွန်တော်က ဟန်ရှိုမြို့စား ကွမ်းယွီ(Guan Yu) ပါ။ ဒီခံတပ်ကို ဖြတ်သွားချင်လို့ပါ"

"ဝန်ကြီးချုပ်ထက
ံ အမိန့်စာပါရဲ့လား"

"အလျင်စလိုနဲ့ လာတော့ မယူလာမိပါဘူး"

"က်ဳပ္က ဒီခံတပ္ကုေ
ိ စာင့်ကြပ်ဖို့ ဝန်ကြီးချုပ်ဆက
ီ အမိန့်ရထားတာ။ ဒါကြောင့် သူလျှိုတွေဘာတွေ
ဝင်သွား၊ ထွက်လာဖြစ်မှာ စိုးရိမ်ရတယ်။ ခွင့်ပြုမိန့်မပါတဲ့လူကို ဖြတ်သန်းခွင့်မပြူနိုင်ဘူး။"

ထိုအခါ "ကွမ်းယွ"ီ (Guan Yu) သည် ဒေါသထွကက


်ာ

"ကျုပ်က တုန်းလင်ခံတပ်က ခုံးရှို့ (Kong Xiu) ကိုသတ်ပြီးပြီ။ ခင်ဗျားလည်း သေချင်လို့ လား" ဟု


ပြောလေသည်။

"ဟန်ချွ"ီ (Han Qu) မှ

"ဘယ်သူ သူ့ကို ဖမ်းမလည်း" ဟု ပြောရာ "မန်ထန်"(Meng Tan) သည် ဓားနှစ်လက်ကိုကိုင်ပြီး


ထွက်တိုက်သည်။

"ကွမ်းယွ"ီ (Guan Yu) လည်း လှည်းယာဉ်ကို အနောက်ဘက်သို့ ဆုတ်စေပြီး ရန်သူတို့ နှင့် တိုက်လေသည်။
"မန်ထန်"(Meng Tan) မှာ "ကွမ်းယွီ"(Guan Yu) နှင့် ခဏသာတိုက်ပြီး ထွက်ပြေးသည်။ သို့ သော်လည်း
"ကွမ်းယွ"ီ (Guan Yu) ၏မြင်းမှာ ယုန်နီဖြစ်သဖြင့် တခဏအတွင်းပင် "မန်ထန်"(Meng Tan) ကိုမြင်သွားပြီး
ခုတလ
ိုက်ရာ နှစ်ပိုင်းပြတ်သွားသည်။ မြို့ရိုးပေါ်မှ လေးသည်တော်တို့ က လှမ်းပစ်ကြလေရာ
မြားတစ်ချောင်းမှာ "ကွမ်းယွီ"(Guan Yu) ၏ ဘယ်လက်သို့ စိုက်သွားသည်။ ထိုအခါ "ကွမ်းယွ"ီ (Guan Yu)
က မြားကို ပါးစပ်ဖြင့်ကိုက်ကာ ဆွဲထုတ်ပြီး မြို့စား "ဟန်ချွီ"(Han Qu) ကို သတ်လိုကသ
် ည်။

"ကွမ်းယွ"ီ (Guan Yu) သည် စစ်သားတို့ကို အဝေးသို့ဖယ်သွားစေပြီး ခရီးဆက်သည်။ ရန်သူတို့က


သူဒဏ်ရာရသည်ကို အခွင့်ကောင်းယူမည်စိုးသဖြင့် လမ်းခရီးတွင်မနားတော့ပဲ စီမြစ်ခံတပ်သို့
တရကြမ်းနှင်လေသည်။

392
ထိုခံတပ်ကို စောင့်နေသူမှာ ဘင်ကျိုးနယ်မှ "ပျန့်ရှီ"(Bian Xi) ဆိုသူဖြစ်ပြီး တူကို
လက်နက်အဖြစ်ကိုင်ဆောင်သည်။ အဝါရောင်သူပုန်တစ်ဦးဖြစ်ပြီး နောက်ပိုင်းတွင် "ချောင်ချောင်း"(Cao
Cao) လက်အောက်၌ ခိုလှုံခဲ့သည်။ "ကွမ်းယွီ"(Guan Yu) လာသောသတင်းကိုကြားလျှင်
ဘုံကျောင်းအတွင်းတွင် ဓားသမား၊ ပုဆိန်လက်နက်ကိုင် အယောက်နှစ်ရာတို့ကိုထားစေပြီး
ရုတတ
် ရတ်တိုက်ရန် ပြင်ဆင်ထားသည်။

"ကွမ်းယွ"ီ (Guan Yu) လာသောအခါ "ပျန့်ရှီ"(Bian Xi) က ဟန်ဆောင်ကြိုဆိုပြီး

"စစ်သူကြီးရဲ့နာမည်က ကျော်ကြားလွန်းတော့ ကမာ မြေကြီးကိုတောင် တုန်လှုပ်စေပါတယ်၊


လူတွေကလည်း စစ်သူကြီးကိုလေးစားကြတယ်။ ဒီလိုဦးရီးတော်ထံ ပြန်သွားတာက သစ္စာရှိတဲ့လူဆိုပြီး
ပြလိုက်သလိုပဲ" ဟုပြောသည်။ "ကွမ်းယွီ"(Guan Yu) ကလည်း ထိုသူ့ ကို ခံတပ်နှစ်ခုတွင်
လူသတ်ခဲ့သည့်အကြောင်းပြောပြသည်။

"ပျန့်ရှီ"(Bian Xi) : "အဲ့လူတွေကို သတ်လိုကတ


်ဲ့အကြောင်းအရင်းကို ကျွန်တော် ဝန်ကြီးချုပ်ထံ
တင်ပြပေးပါ့မယ်"

"ကွမ်းယွ"ီ (Guan Yu) သည် မိတ်ဆွေတွေ့ပြီအထင်နှင့် မြင်းပေါ်မှဆင်းပြီး "ပျန့်ရှီ"(Bian Xi)


နှင့်အတူလိုက်သွားသည်။ ဘုံကျောင်းသို့ရောက်သော် ဘုန်းကြီးအချို့တို့ထွက်လာပြီး ကြိုဆိုသည်။

ထိုဘုံကျောင်းသည် "နိုင်ငံကာကွယ်သည့်ဘုံကျောင်း" ဟုခေါ်ပြီး မင်ဧကရာဇ်က ထိုဘုံကျောင်းတွင်


အမွှေးတိုင်ထွန်းခဲ့ဖူးသည် ဆို၏။ ထိုကျောင်းတွင် ဘုန်းတော်ကြီးအပါးသုံးဆယ်ရှိပြီး ထိုထဲတွင်
"ဖူကျင်"့ (Pu Jing) ဟူသောဘွဲ့တော်နှင့် ဘုန်းကြီးတစ်ပါးပါဝင်သည်။ ဘွဲ့တော်အဓိပ္ပာယ်မှာ
ထာဝရငြိမ်းချမ်းမှုဟု အဓိပ္ပာယ်ရသည်။ ထိုဘုန်းတော်ကြီးသည် "ကွမ်းယွ"ီ (Guan Yu) နှင့်
တစ်ရွာတည်းသားဖြစ်ပြီး "ကွမ်းယွ"ီ (Guan Yu) မှန်းသိလျှင် စကားလာပြောသည်။

"စစ်သူကြီး ဖူတုန်းကထွက်သွားတာ တော်တော်ကြာခဲ့ပြီနော်"

"ဟုတ်ပါတယ်၊ နှစ်နှစ်ဆယ်လောက်ရှိပြီထင်တယ်"

"ဒီဘုန်းကြီးကို မှတ်မိသေးရဲ့လား"

"အချိန်ကြာခဲ့ပြီဆိုတော့ မမှတ်မိတော့ပါဘူး"

"စစ်သူကြီးအိမ်နဲ့ ဘုန်းကြီးရဲ့အရင်အိမ်က စမ်းချောင်းလေးပဲ ခြားပါတယ်"

ထိုအခါ "ပျန့်ရှီ"(Bian Xi) သည် ဘုန်းကြီးမှ သူ့အကြံတို့ ကို ပြောပြမည်စိုးရိမ်သဖြင့် စကားစဖြတ်စေပြီး

393
"ကျွန်တော်က စစ်သူကြီးကို ထမင်းစားဖို့ဖိတခ
်ျင်ပါသေးတယ်။ ဘုန်းကြီးတွေက ပြောစရာစကားတွေ
အများကြီးဖြစ်နေတယ်ထင်တယ်" ဟု ပြောသည်။ "ကွမ်းယွ"ီ (Guan Yu) မှ

"အများကြီးလို့ လည်း မဆိုနိုင်ပါဘူး။ တစ်ရွာတည်းသားတွေတွေ့ရင် ဒီလိုပဲပေါ့" ဟုဆိုသည်။

"ပျန့်ရှီ"(Bian Xi) မှ "ကွမ်းယွီ"(Guan Yu) ကို ရေနွေးသောက်ရန် ဧည့်ခန်းသို့ခေါ်သည်။ သို့သော်


"ကွမ်းယွ"ီ (Guan Yu) မှ

"ကျွန်တော့် မရီးနှစ်ဦးက အပြင်ကလှည်းမှာရှိသေးတယ်။ သူတို့ အရင်ဝင်လာပြီး သုံးဆောင်ပါစေ" ဟု


ပြောသည်။

ထိုအခါ ဘုန်းတော်ကြီးမှ အမျိုးသမီးနှစ်ဦးကို ရေနွေးကြမ်းသွားပေးလေသည်။

ထိုအခိုက်တွင် "ဖူကျင့်"(Pu Jing) မှ သူ့လက်ထဲမှ ဓားကိုထုတ်ပြပြီး အဓိပ္ပာယ်ပါပါကြည့်လိုက်သည်။


"ကွမ်းယွ"ီ (Guan Yu) က သဘောပေါက်ပြီး သူ၏အစောင့်တို့ ကို လက်နက်ကိုင်ကာ ဝင်လာစေသည်။
"ပျန့်ရှီ"(Bian Xi) က "ကွမ်းယွ"ီ (Guan Yu) ကို ရေနွေးသောက်ရန် ထပ်ခေါ်လေရာ "ကွမ်းယွီ"(Guan Yu)
မှ

"ဒီလိုခေါ်တာက ကောင်းသောခေါ်ခြင်းလား၊ ဆိုးသောခေါ်ခြင်းလား" ဟု မေးလိုက်သည်။

"ပျန့်ရှီ"(Bian Xi) မှာ ရုတ်တရတ်လန့်သွားပြီး ဘာမှပြန်မပြောနိုင်ချေ။ "ကွမ်းယွီ"(Guan Yu) သည်


နောက်ဘက်တွင် လက်နက်ကိုင်လူတစ်စုကိုလှမ်းတွေ့လိုက်ရာ

"ဒါက ဘာသဘောလည်း? ခင်ဗျားကို ကျုပ်က လေးစားလောက်တဲ့လလ


ို့ထင်ခဲ့တာ။
ဘာလို့ ဒီလုလ
ိုပ်ရတာလည်း" ဟု အော်ပြောလေသည်။ "ပျန့်ရှီ"(Bian Xi) လည်း
လူသတ်သမားတို့ကိုထွကလ
်ာခိုင်းလိုက်သည်။ "ကွမ်းယွ"ီ (Guan Yu) သည် လက်ထဲမှာဓားတိုဖြင့်
ရန်သတ
ူို့ ကိုခုခံသည်။ ရန်သူတို့လည်း တစ်နေရာစီဖြစ်သွားသည်။ "ပျန့်ရှီ"(Bian Xi) သည်
အရှုပ်အထွေးကြားပြေးရန်ပြင်သည်။ "ကွမ်းယွ"ီ (Guan Yu) က ဓားတိုလေးကိုချလိုက်ပြီး
သူ၏အစိမ်းရောင်ဓားကိုကိုင်ကာ "ပျန့်ရှီ"(Bian Xi) နောက်လိုက်လေသည်။ "ပျန့်ရှီ"(Bian Xi) မှာ
သူ၏တူဖြင့်ပစ်ရန်ပြုသည်။ သို့ သော်လည်း အသုံးမဝင်ပေ၊ နောက်ဆုံးတွင် "ကွမ်းယွ"ီ (Guan Yu) က
မှီသွားပြီး "ပျန့်ရှီ"(Bian Xi) ကိုသတ်လိုကေ
် လသည်။

ထို့နောက် "ကွမ်းယွ"ီ (Guan Yu) သည် သူ့မရီးနှစ်ဦးကိုသွားခေါ်သည်။


အမျိုးသမီးနှစ်ဦးကိုဝန်းရံထားသော ရန်သူတို့သည် "ကွမ်းယွ"ီ (Guan Yu) လာသည်နှင့်

394
ထွက်ပြေးကြသည်။ ပြီးနောက်တွင်မူ သူ့ကို သတိပေးခဲ့သော ဘုန်းကြီးကို ကျေးဇူးတင်စကားပြောသည်။
ဘုန်းကြီးမှ

"ကျုပ်တော့ ဒီမှာဆက်နေလို့ မရတော့ဘူး။ အထုတ်အပိုးပြင်ဆင်ပြီး လျှောက်သွားတော့မယ်။


တစ်နေ့နေ့တစ်ချိန်ချိန်တော့ ပြန်တွေ့ဦးမှာပေါ့။ အဲ့အချိန်အထိ ကိုယ့်ကိုယက
ို ဂရုစိုက်ပါ" ဟု ပြောသည်။

"ကွမ်းယွ"ီ (Guan Yu) သည် ရင်းရန်မြို့သို့ ခရီးဆက်သည်။ ထိုမြို့စား "ဝမ်ကျီ"(Wang Zhi) သည်
သေဆုံးသွားသော "ဟန်ချွီ"(Han Qu) နှင့် ခမည်းခမက်တော်လေသည်။ "ဝမ်ကျီ"(Wang Zhi) သည်
သူ့ဆွေမျိုးသေဆုံးသောသတင်းကိုကြားလျှင် "ကွမ်းယွ"ီ (Guan Yu) ကိုလုပ်ကြံရန် ပြင်ဆင်သည်။
မြို့ဂိတ်တို့ကိုစောင့်ကြပ်ရန် စစ်သားတို့ကိုလွှတ်ထားပြီး "ကွမ်းယွီ"(Guan Yu) လာသောအခါ
သွားကြိုဆိုလေသည်။

"စစ်သူကြီးကတော့ လမ်းခရီးမှာ လေ့ကျင့်ခန်းတွေဘာတွေလပ


ုခဲ့ပေမယ့် အမျိုးသမီးနှစ်ဦးကတော့
လှည်းထဲမှာဆိုတော့ ညောင်းညာနေပြီး ပင်ပန်းနေလောက်ပြီ။ ဒါကြောင့် မြို့ထဲဝင်ပြီး
တစ်ညတာအနားယူပါ။ မနက်ဖြန်တော့ ပြန်ခရီးဆက်ပေါ့"

ထိုကမ်းလှမ်းမှုမှာ လက်ခံချင်စရာကောင်းနေပြီး မြို့စားကလည်း ပျူငှာသည့်ပုံပေါ်ရကား


အမျိုးသမီးနှစ်ဦးတို့သည် မြို့အတွင်းသို့ဝင်သွားသည်။ သူတို့ အတွက်
အကုန်လုံးအဆင်သင့်ပြင်ဆင်ထားပြီးဖြစ်သည်။ မြို့စားက "ကွမ်းယွီ"(Guan Yu) ကို စားပွဲဖိတ်သော်လည်း
"ကွမ်းယွ"ီ (Guan Yu) ကငြင်းလိုက်သည်။ ညစာစားပြီးနောက် "ကွမ်းယွ"ီ (Guan Yu) သည်
အမျိုးသမီးနှစ်ဦးတို့ကို အနားယူစေပြီး သူမှာမူ အပြင်ဘက် အခန်းတွင်ထိုင်နေသည်။ မြင်းကိုလည်း
ကောင်းကောင်းအစာကျွေးထားစေသည်။ "ကွမ်းယွ"ီ (Guan Yu) သည်လည်း သူ့သံချပ်ကာအင်္ကျီကို
အတန်ငယ်ဖြေလျှော့ထားလိုက်သည်။

ထိုအချိန်တွင် မြို့စား "ဝမ်ကျီ"(Wang Zhi) သည် သူ့စစ်သြူ ကီး "ဟူပန်း"(Hu Ban) အား

"ဒီ ကွမ်းယွ(ီ Guan Yu) က ဝန်ကြီးချုပ်ကို သစ္စာဖောက်ပြီး ပြေးလာခဲ့တာ။ လမ်းခရီးမှာ သူ


မင်းမှုထမ်းတွေကိုသတ်ခဲ့ပြီးပြီ။ ဒါကြောင့် သူ့မှာ ပြစ်မှုတွေရှိတယ်။ သူ့ကိုသာမန်ဖမ်းရင်မလွယ်တဲ့အတွက်
မင်းက စစ်သားတစ်ထောင်ကိုဦးဆောင်ပြီး တစ်ယောက်မီးတုတ်တစ်ခုစီနဲ့ သူတို့ နေတဲ့နေရာကို
မီးရှို့ ရမယ်၊ ညလယ်လောက်မှာ ဒီအစီအစဉ်ကိုစလုပ်၊ လိုအပ်ရင် ငါက စစ်တပ်ကိုဦးဆောင်ပြီး လာခဲ့မယ်"
ဟုပြောသည်။

"ဟူပန်း"(Hu Ban) သည်လည်း စစ်သားတို့ကိုဦးဆောင်ပြီး ခြောက်သွေ့သောသစ်နှင့် လောင်စာတို့ ကို


အိမ်အနီးတွင် ပုံကြသည်။ "ဟူပန်း"(Hu Ban) သည် အင်မတန်နာမည်ကြီးသော "ကွမ်းယွီ"(Guan Yu)

395
ကိုလူကိုယ်တိုင်မြင်ချင်သဖြင့် အစောင့်တို့ ကိုမေးရာ အခန်းတွင်းဝယ် စာဖတ်နေသည်ဟု ပြောသဖြင့်
အတွင်းသို့ဝင်သွားသည်။

"ဟူပန်း"(Hu Ban) သည် တိတတ


် ဆိတ်ဝင်လာပြီး ချောင်းကြည့်ရာ ဘယ်လက်ဖြင့်မုတဆ
ိတ်ကိုပွတ်ပြီး
မီးအိမ်အလင်းရောင်ဖြင့် စာဖတ်နေသော "ကွမ်းယွ"ီ (Guan Yu) ကို တွေ့ရာ

"ဒါ နတ်ဘုရားပဲ" ဟု ပြောပြီး သက်ပြင်းချသည်။ စာဖတ်နေသော "ကွမ်းယွီ"(Guan Yu) မှ

"အပြင်မှာ ဘယ်သူလည်း" ဟု မေးရာ "ဟူပန်း"(Hu Ban) သည် ဝင်လာပြီး

"ကျွန်တော်က မြို့စားလက်အောက်မှာအမှုထမ်းတဲ့ ဟူပန်း(Hu Ban) ပါ" ဟုပြောသည်။

"ရွှီချန်မြို့အပြင်ဘက်မှာနေတဲ့ ဟူဟွာ(Hu Hua) ရဲ့သားလား?"

"ဟုတ်ပါတယ်"

ထိုအခါ "ကွမ်းယွ"ီ (Guan Yu) သည် သူ့နောက်လိုက်တို့အား စာကိုယူလာစေသည်။ "ဟူပန်း"(Hu Ban)


သည် ထိုစာကိုဖတ်ပြီးနောက်

"ကျွန်တော် လူကောင်းကို မှားသတ်မိတော့မလို့" ဟုပြောလေသည်။ ထို့နောက်

"ဝမ်ကျီ(Wang Zhi ဟာ ကောက်ကျစ်တဲ့လူပါ။ အခု စစ်သူကြီးကိုဝန်းရံထားပြီးပါပြီ။


မနက်သုံးချက်တီးကျရင် ဒီနေရာကို မီးရှို့လိမ့်မယ်။ ကျွန်တော် မြို့တံခါးကိုသွားဖွင့်ပေးပါ့မယ်။ စစ်သူကြီးက
ထွက်ပြေးဖို့ပြင်ပါ" ဟု ပြောလိုက်သည်။

"ကွမ်းယွ"ီ (Guan Yu) သည်လည်း အံ့ဩသွားပြီး သူ့ချပ်ဝတ်တန်ဆာကိုပြန်ဝတ်ကာ


အမျိုးသမီးနှစ်ဦးတို့ကိုခေါ်ပြီး ထွကခ
်ွာလေသည်။ မြို့တံခါးနားအရောက်တွင် တံခါးတို့ မှာ
ဖွင့်ထားပြီးဖြစ်သည်။ "ကွမ်းယွ"ီ (Guan Yu) သည်လည်း မြို့အပြင်သို့ထွက်ရန်ပြင်သည်။ "ဟူပန်း"(Hu
Ban) သည်လည်း ပြန်လှည့်ပြီး အိမ်ကိုမီးရှို့ရန်အမိန့်ပေးလေသည်။

"ကွမ်းယွ"ီ (Guan Yu) နောက်သို့ "ဝမ်ကျီ"(Wang Zhi) လိုက်လာလေရာ "ကွမ်းယွီ"(Guan Yu) မှ

"ခင်ဗျားနဲ့ကျုပ် ဘာရန်ငြိုးရှိလို့ ကျုပ်ကို မီးရှို့သတ်ချင်တာတုန်း" ဟု ပြောသည်။ "ဝမ်ကျီ"(Wang Zhi)


ကလည်း "ကွမ်းယွ"ီ (Guan Yu) ကိုတိုက်ရန်ပြင်သည်။ "ကွမ်းယွ"ီ (Guan Yu) သည် သူ၏ ဓားတိုလေးဖြင့်
ထိုမြို့စားကိုသတ်လိုက်သည်။ "ကွမ်းယွ"ီ (Guan Yu) သည် "ဟူပန်း"(Hu Ban) အပေါ်
အလွန်ကျေးဇူးတင်သွားသည်။

396
ဟွာကျိုးအနီးသို့ရောက်သော် "လျူယွဲ့"(Liu Yue) ဆိုသောလူက လာကြိုဆိုသည်။ "ကွမ်းယွ"ီ (Guan Yu)
သည် "ရန်လျန်"(Yan Liang) နှင့် "ဝင်ချို"(Wen Chou) တို့ရန်မှ "လျူယွဲ့ "(Liu Yue)
ကိုကယ်ခဲ့ဖူးလေသည်။ "ကွမ်းယွ"ီ (Guan Yu) သည် မြင်းပေါ်မှမဆင်းပဲ

"ကျန်းမာလို့သာပါရဲ့လား" ဟု မေးလိုက်သည်။

"စစ်သူကြီးက ဘယ်သွားမလို့လည်း"

"ကျွန်တော့်အစ်ကုက
ို ရှာဖို့ ဝန်ကြီးချုပ်ဆက
ီ ထွက်လာတာပါ"

"လျူဘေ့(Liu Bei) က လက်ရှိမှာ ဝန်ကြီးချုပ်ရဲ့ရန်သြူ ဖစ်တဲ့ ယွမ်ရှောက်(Yuan Shao) နဲ့ ရှိနေတာလေ။


သူ့ဆီသွားဖို့ ခွင့်ပြုပါ့မလား"

"အဲ့ကိစ္စက ဖြေရှင်းပြီးပြီ"

"မြစ်ဝါမြစ်ဆိပ်ကမ်းက ဗျူဟာအရ အရေးကြီးတဲ့နေရာဖြစ်တဲ့အတွက် ရှဟိုတွန်း(Xiahou Dun) က


စောင့်ကြပ်နေပါတယ်။ သူက စစ်သူကြီးကို သွားခွင့်ပြုမှာမဟုတ်ဘူး"

"ဒါဆို ခင်ဗျားက ကျုပ်အတွက် လှေပြင်ဆင်ပေးရင်ကော?"

"လှေတွေရှိပေမယ့် ကျွန်တော် မပေးရဲပါဘူး"

"အရင်က ခင်ဗျားကိုကယ်ခဲ့ဖူးတာ၊ အခုတော့ ခင်ဗျားက ကျုပ်ကို လှေတစ်စီးတောင် မပေးဘူး"

"ကျွန်တော် ပေးလိုက်ရင် စစ်သူကြီး ရှဟုတ


ွိန်း(Xiahou Dun) က အပြစ်တင်မှာစိုးလို့ပါ"

"ကွမ်းယွ"ီ (Guan Yu) သည်လည်း ထိုသူ့ ထံမှ အကူအညီရမည်မဟုတ်မှန်းသည်သည်နှင့်


မြစ်ဆပ
ိသို့ သာသွားလေသည်။ ထိုခံတပ်ရှိ စစ်သူကြီး "ချင်းချိ"(Qin Qi) သည် "ကွမ်းယွီ"(Guan Yu) ကို
စစ်ဆေးလေသည်။

"ကျုပ်က ဟန်ရှိုမြို့စား ကွမ်းယွ(ီ Guan Yu) ပဲ"

"ဘယ်သွားမလို့လည်း"

"မြစ်ဝါမြစ်ရဲ့မြောက်ဘက်သွားပြီး ကျုပ်အစ်ကို လျူဘေ့(Liu Bei) နဲ့တွေ့မလို့။ ဒါကြောင့်


မြစ်ကြို ဖတ်ခွင့်ပြုပါ"

"ဝန်ကြီးချုပ်ဆက
ီ ခွင့်ပြုမိန့်ပါရဲ့လား"

"ဝန်ကြီးချုပ်အမိန့် နဲ့လာတာမဟုတ်တော့ သူ့ဆီက အမိန့် ဘယ်ပါပါ့မလည်း"

397
"ကျုပ်သခင်က ကျုပ်ကို ဒီဆိပ်ကမ်းကိုကာကွယ်ဖို့ တာဝန်ပေးထားတာ။ ခင်ဗျား အတောင်ပံပါရင်တောင်
ပေးမဖြတ်ဘူး"

ထိုအခါ "ကွမ်းယွ"ီ (Guan Yu) သည် ဒေါသထွကလ


်ာပြီး

"ကျုပ်ခရီးကို နှောင့်နှေးအောင်လပ
ုတဲ့လူတွေကို ကျုပ်သတ်ခဲ့တယ်ဆိုတာ ခင်ဗျားသိလား" ဟု
ပြောလေသည်။

"ခင်ဗျားသတ်တဲ့လူတွေက နာမည်မရှိတဲ့လူတွေပဲ၊ ကျုပ်ကုေ


ိ တာ့ သတ်နိုင်မလားကြည့်လုက
ိ "်

"ခင်ဗျားက ဝင်ချို(Wen Chou) နဲ့ ရန်လျန်(Yan Liang) လောက်တောင် အဆင့်မရှိပါဘူး"

ထိုအခါ "ချင်းချိ"(Qin Qi) သည် ဒေါသထွက်ပြီး ဓားကိုကိုင်ကာ "ကွမ်းယွ"ီ (Guan Yu) နှင့်
တိုက်ရန်ပြင်သည်။ နှစ်ဦးရင်ဆိုင်လိုက်မိသည်နှင့်ပင် "ကွမ်းယွ"ီ (Guan Yu) ၏ဓားက "ချင်းချိ"(Qin Qi) ၏
ခေါင်းကိုဖြတ်သွားလေသည်။ "ကွမ်းယွ"ီ (Guan Yu) မှ

"ကျုပ်ကို ဆန့်ကျင်တ့လ
ဲူကတော့ သေသွားပြီ။ ကျန်တဲ့လူတွေ ကြောက်စရာမလိုဘူး။ ကျုပ်အတွက်
လှေတစ်စီးသာပြင်ပေး" ဟု ပြောသည်။

ထို့နောက် အမျိုးသမီးနှစ်ဦးတို့ ကို လှေပေါ်တက်စေပြီးနောက် "ကွမ်းယွ"ီ (Guan Yu) လည်း တက်ကာ


ထွက်သွားလေသည်။ ဤနေရာသို့ ရောက်သည်အထိ "ကွမ်းယွ"ီ (Guan Yu) သည် လမ်းတစ်လျှောက်ဝယ်
ခံတပ်ငါးခုကို အတင်းကျော်ဖြတ်ခဲ့ပြီး စစ်သြူ ကီးခြောက်ယောက်တို့ ကို သတ်ခဲ့ပြီ ဖြစ်သည်။

လှေပေါ်တွင် "ကွမ်းယွ"ီ (Guan Yu) သည်

"အဲ့လူတွေကို တစ်ယောက်မှ မသတ်ချင်ခဲ့ဘူး။ မတတ်နိုင်လို့ သာ သတ်ခဲ့တာ။ ဒီအကြောင်းကို


ချောင်ချောင်း(Cao Cao) ကြားရင်တော့ ငါ့ကို ကျေးဇူးမသိတဲ့လလ
ူ့ို ထင်တော့မှာပဲ" ဟု ရေရွတ်လေသည်။

ထို့နောက် လမ်းခရီးဝယ် မြင်းစီးလာသော "စွန်းချန်"(Sun Qian) ကို မြင်လိုက်သည်။

"ကွမ်းယွ"ီ (Guan Yu) : "ရုနန်မှာကတည်းက ခင်ဗျားအကြောင်း မကြားခဲ့ဘူး ။


ဘယ်တွေရောက်နေတာလည်း"

"စွန်းချန်"(Sun Qian) : "ခင်ဗျားထွကသ


်ွားပြီးနောက် လျူဖီ(Liu Pi) နဲ့ ကုန်းတု(Gong Du) တို့က
မြို့ကိုပြန်သိမ်းလိုက်တာ။ နောက်တော့ ယွမ်ရှောက်(Yuan Shao) နဲ့ မဟာမိတ်ဖွဲ့ဖို့
ကျုပ်ကိုလွှတ်လိုကတ
် ယ်။ ယွမ်ရှောက်(Yuan Shao) က ကျွန်တော်တို့ နဲ့ပူးပေါင်းပြီး ချောင်ချောင်း(Cao
Cao) ကို တိုကဖ
ို့အတွက်ပေါ့။ ဒါပေမယ့်လည်း ယွမ်ရှောက်(Yuan Shao) လက်အောက်ကလူတွေက

398
တစ်ယောက်နဲ့တစ်ယောက် မသင့်မြတ်ကြဘူး၊ "ထျန်းဖုန်း"(Tian Feng) က အကျဉ်းချခံထားရတယ်။
"ကျွရ
ီ့ှို "(Ju Shou) ကတော့ ရာထူးချခံရတယ်။ ကျန်တဲ့လူတွေကလည်း အငြင်းပွားနေတော့
ယွမ်ရှောက်(Yuan Shao) က တုန့် နှေးပြီးဆုံးဖြတ်ချက်မချနိုင်ဘူး။ ဒါကြောင့် ကျွန်တော်နဲ့
ခင်ဗျားအစ်ကိုဟာ သူတို့ဆီကနေထွက်ခွာခဲ့တယ်။ သူအခု လျူဖီ(Liu Pi) နဲ့အတူ ရုနန်မှာရှိတယ်။
ဒါကြောင့် မြောက်ပိုင်းကိုဆက်မသွားပဲ ရုနန်ကိုပဲ သွားပါတော့"

ထို့နောက် "ကွမ်းယွ"ီ (Guan Yu) သည် "စွန်းချန်"(Sun Qian) ကို ခေါ်ပြီး အမျိုးသမီးနှစ်ဦးကို
အရိုအသေပြုစေသည်။

"စွန်းချန်"(Sun Qian) : "ရန်လျန်(Yang Liang) နဲ့ ဝင်ချို(Wen Chou) သေတော့ ယွမ်ရှောက်(Yuan


Shao) က ဒေါသထွကြ် ပီး ဦးရီးတော်ကိုသတ်မလို့။ အခုတော့ ဘေးကင်းကင်းနဲ့ ရုနန်မှာ ရှိနေပါပြီ၊
မကြာခင် သူ့ကိုတွေ့ပါလိမ့်မယ်"

ထိုအခါ အမျိုးသမီးနှစ်ဦးတို့ သည် စိတ်မကောင်းဖြစ်ကာ မျက်နှာကိုအုပ်ပြီး ငိုကြသည်။ ပြီးနောက်


သူတို့ သည် မြောက်ဘက်သို့ ဆက်မသွားတော့ပဲ ရုနန်သို့ ဦးတည်လေသည်။

မကြာမီပင် အနောက်ဘက်မှ အသံကြားလိုက်ရပြီး "ရှဟိုတွန်း"(Xiahou Dun) သည်


မြင်းသည်တော်တစ်ရာကို ဦးဆောင်ပြီး ရောက်လာသည်။ ထို့နောက် "ကွမ်းယွ"ီ (Guan Yu) အား ရပ်ရန်
လှမ်းအော်လေသည်။

*S~L*

399
အခန်း(၂၈) ချိုင်ရန်(Cai Yang) ကိုသတ်လိုက်ရာ ညီအစ်ကိုတို့ ၏ သံသယကင်းသွားခြင်း။
ကူချန်တွင် သခင်နှင့် နောက်လိုက်တို့ တွေ့ကြခြင်း

စွန်းချန်(Sun Qian) သည် ကွမ်းယွ(ီ Guan Yu) နှင့်အတူ ရုနန်သို့ သွားရန် လိုကပ
်ါလာရာ နောက်မှ
ရှဟုတ
ွိန်း(Xiahou Dun) လိုက်လာသည်။ ထိုအခါ စွန်းချန်(Sun Qian) အား လှည်းယာဉ်ကုေ
ိ စာင့်ကြပ်ကာ
အလျင်သွားစေလိုက်သည်။ ရန်သတ
ူ့ို အနီးကပ်လာရာ ကွမ်းယွ(ီ Guan Yu) မှ

“ခင်ဗျားက ဝန်ကြီးချုပ်ရဲ့အမိန့်ကို မလိုက်နာပဲဘာကြောင့်ရောက်လာရတာတုန်း” ဟု ပြောလိုက်သည်။

ရှဟုတ
ွိန်း(Xiahou Dun): “ဝန်ကြီးချုပ်က ဘာမှသေချာတဲ့အမိန့် မပေးထားဘူး။ ခင်ဗျားက လမ်းမှာ
လူတချို့ကိုသတ်ခဲ့တယ်။ အဲ့ထဲကတစ်ယောက်က ကျုပ်လက်အောက်က ခေါင်းဆောင်တစ်ဦးပဲ။ ဒါကြောင့်
ခင်ဗျားကိုဖမ်းရမယ်။ ပြီးမှ ဝန်ကြီးချုပ် ဆုံးဖြတ်ပါစေ”

ထို့နောက် ရှဟိုတွန်း(Xiahou Dun) သည် သူ၏လှံကိုကုင


ိပြီး ကွမ်းယွ(ီ Guan Yu) ကိုတိုက်ရန်ပြင်သည်။

ထိုအချိန်တွင်ပင် အနောက်ဘက်မှ မြင်းသည်တော်တစ်ဦးရောက်လာကာ

“ကွမ်းယွ(ီ Guan Yu) နဲ့ တိုက်လို့မဖြစ်ဘူး” ဟု လှမ်းအော်ပြောသည်။

ထိုဆတ်သားသည် ဝန်ကြီးချုပ်ထံမှစာကို ရှဟိုတန


ွ်း(Xiahou Dun) ထံပေးလိုကြ် ပီးနောက်

“ဝန်ကြီးချုပ်က ကွမ်းယွ(ီ Guan Yu) နဲ့ သစ္စာရှိမှုနဲ့ ဂုဏ်သက


္ခိာာတွေကြောင့် သူ့ကို တအားလေးစားတယ်။
လမ်းမှာ တခြားလူတွေက ဖြတ်သန်းခွင့်မပြုမှာစိုးလို့ ကျွန်တော့်ကို ဒီအမိန့်စာနဲ့အတူလွှတ်လုက
ိတာပါ”
ဟု ပြောလေသည်။

ရှဟုတ
ွိန်း(Xiahou Dun) : “ဒါပေမယ့် ဒီကွမ်းယွီ(Guan Yu) က လမ်းမှာ မင်းမှုထမ်းတွေကို
သတ်ခဲ့တာကိုရော ဝန်ကြီးချုပ်က သိပါသလား”

ထိုအခါ ဆတ်သားက မသိဟု ဖြေလျင် ရှဟိုတွန်း(Xiahou Dun) မှ

“ဒါဆို သူ့ကိုဖမ်းပြီး ဝန်ကြီးချုပ်ဆီအရင်ပို့ ရမယ်။ အဲ့နောက်မှ ဝန်ကြီးချုပ်သဘောကျ စီမံပါစေ” ဟု


ပြောသည်။

ကွမ်းယွီ(Guan Yu) မှ

400
“ခင်ဗျားဘာလုပ်တယ်ဆိုတာကို ကျုပ်ကကြောက်မယ်ထင်လား” ဟု ပြောပြီး ထွကသ
်ွားသည်။ ထိုအခါ
ရှဟုတ
ွိန်း(Xiahou Dun) ကလည်း ကွမ်းယွ(ီ Guan Yu) ကိုတိုက်ရန်ပြင်ပြန်သည်။ ထိုအခိုက်မှာပင်
နောက်ဆတ်သားတစ်ဦးမှ ခဏစောင့်ပါဦးဟု ဆိုကာရောက်လာပြန်သည်။ ရှဟိုတန
ွ်း(Xiahou Dun) မှ

“ကွမ်းယွ(ီ Guan Yu) ကို ဖမ်းမိန့်ထုတ်လိုကတ


်ာလား” ဟု မေးရာ ဆတ်သားမှ

“မဟုတ်ပါဘူး။ ကွမ်းယွ(ီ Guan Yu) က လမ်းမှာအခက်အခဲကြုံမှာစိုးလို့ သူ့ကိုလွှတ်ဖို့စာပါးလိုက်တာပါ


“ဟုပြောသည်။

ထိုအခါ ရှဟုတ
ွိန်း(Xiahou Dun) ကလည်း ပထမလူအားမေးသည့်အတိုင်းမေးပြန်လျှ င်
ဆတ်သားကလည်း မသိပါဟု ပြန်ဖြေသည်။ ထိုအခါ ရှဟုတ
ွိန်း(Xiahou Dun) ကလည်း သူ့လူတို့အား
ကွမ်းယွီ(Guan Yu) ကို ဝန်းရံရန် အချက်ပြလိုက်သည်။ ကွမ်းယွ(ီ Guan Yu) ကလည်း
တိုက်ရန်ပြင်လေသည်။ ထိုအချိန်မှာပင်

“ကွမ်းယွ(ီ Guan Yu) ကို မတိုက်နဲ့၊ လမ်းဖယ်ပေးလိုက”် ဟုသော အသံပေါ်လာသည်။

ထိုအသံရှင်မှာ ကျန်းလျောင်(Zhang Liao) ပင်ဖြစ်သည်။

ကျန်းလျောင်(Zhang Liao) : “ကွမ်းယွ(ီ Guan Yu) လမ်းမှာ


အမှုထမ်းတချို့ကိုသတ်လိုက်တယ်လို့ကြားတဲ့အခါ ဝန်ကြီးချုပ်က ကွမ်းယွီ(Guan Yu) ကို
တခြားလူတွေလမ်းပိတ်မှာစိုးရိမ်ပြီး ကျုပ်ကိုဒစ
ီာပို့ စေလိုက်တာပါ”

ရှဟုတ
ွိန်း(Xiahou Dun) : “သေသွားတဲ့ ချင်းချိ(Qin Qi) ဆိုတာ ချိုင်ရန်(Cai Yang) အစ်မရဲ့သားလေ၊
နောက်ပြီး သူ့ကိုကျုပ်လက်အောက်မှာ ဂရုစိုက်ဖို့ပြောခဲ့တာ။ ကွမ်းယွီ(Guan Yu) က
သူ့ကိုသတ်လိုကတ
်ာ ကျုပ်က ဘာလို့လွှတ်ပေးရမှာလည်း”

ကျန်းလျောင်(Zhang Liao) : “ဦးလေးဖြစ်တဲ့ ချိုင်ရန်(Cai Yang) ကိုတွေ့ရင် ကျုပ်ရှင်းပြပေးပါ့မယ်။


အခုအဓိကက ဝန်ကြီးချုပ်ရဲ့အမိန့်ကိုနာခံပြီး ကွမ်းယွ(ီ Guan Yu) ကို ဖြတ်သန်းခွင့်ပေးဖို့ပါပဲ”

ထိုအခါ ရှဟုတ
ွိန်း(Xiahou Dun) လည်း အမိန့် ကိုမဖီဆန်နိုင်ရကား တပ်ဆုတ်သွားလေသည်။

ကျန်းလျောင်(Zhang Liao) မှ ကွမ်းယွ(ီ Guan Yu) အား

“ဘယ်ကိုသွားမလည်း” ဟုမေးရာ ကွမ်းယွ(ီ Guan Yu) မှ

“ကျုပ်အစ်ကုက
ိ အခု ယွမ်ရှောက်(Yuan Shao) နဲ့အတူမရှိတော့ဘူးဆိုတော့ သူရှိတဲ့နေရာသွားရမှာပေါ့
“ ဟု ဖြေသည်။

401
“ခင်ဗျား ဘယ်သွားရမယ်မသိရင် ဝန်ကြီးချုပ်ဆီပြန်လာခဲ့ပါလား”

ကွမ်းယွီ(Guan Yu) မှ ပြုံးလိုက်ပြီး

“ဒါ အဓိပ္ပာယ်မရှိတာပဲ။ ဒါပေမယ့် ခင်ဗျားပြန်ရင် ကျုပ်အမှားအတွက်တောင်းပန်ပေးပါ” ဟုပြောပြီး


ကျန်းလျောင်(Zhang Liao) အားနှုတ်ဆက်ထွကခ
်ွာသွားသည်။ ကျန်းလျောင်(Zhang Liao) သည်
ရှဟုတ
ွိန်း(Xiahou Dun) တပ်နှင့်ပူးပေါင်းလေသည်။

ကွမ်းယွီ(Guan Yu) ကလည်း လှည်းယာဉ်နောက်ပြန်လိုက်ပြီး မည်သို့ မည်ပုံဖြစ်သည်ကို စွန်းချန်(Sun


Qian) အား ပြောပြလေသည်။ ရက်အနည်းငယ်ကြာသော် လမ်းတွင်မိုးအသည်းအထန်ရွာသဖြင့်
တည်းခိုရာ နေရာကိုရှာရာ လယ်ကွက်တစ်ခုတွေ့သည်။ ထိုလယ်ကွက်မှ
လယ်သမားအဘိုးအိုတစ်ဦးထွက်လာကာ ကြိုဆိုပြီး

“ကျွန်တော့်နာမည်ကတော့ ကောချန်(Guo Chang) ပါ။ ဒီမှာနေခဲ့တာနှစ်ပေါင်းများစွာကြာပါပြီ။


ဒီလိုနာမည်ကြီးတဲ့လက
ိုတွေ့ရတာဝမ်းသာပါတယ်” ဟုပြောသည်။

ထို့နောက် ကောချန်(Guo Chang) သည် သိုးတစ်ကောင်ကုသ


ိ တ်ပြီး အရက်တို့နှင့်အတူ
ဧည့်သည်တို့အား ဧည့်ခံသည်။ အမျိုးသမီးနှစ်ဦးတို့ကိုလည်း အိမ်အတွင်းဘက်တွင်နားနေစေသည်။
ထို့နောက် အိတ်တို့ကိုအခြောက်ခံပြီး မြင်းတို့အား အစာကျွေးသည်။

နောက်ရက်တွင် ထိုအိမ်ရှင်အဘိုးအိုမှ

402
“ဒါက ကျွန်တော့်သားပါ” ဟုပြောပြီး ကွမ်းယွီ(Guan Yu) နှင့်မိတ်ဆက်ပေးသည်။ ကွမ်းယွီ(Guan Yu) မှ

သူက ဘာတွေလပ
ုတာလည်း ဟု မေးရာ

“ခုဏကမှ အမဲလိုက်ပြီးပြန်လာတာပါ” ဟု အဖေဖြစ်သူကဖြေသည်။ ထို့ နောက် သားဖြစ်သူက


အပြင်ထွက်သွားသည်။ ထိုအခါ အိမ်ရှင်အဘိုးအိုမှ

“ကျွန်တော်တို့မျိုးရိုးက လယ်သမားနဲ့ စာပေပညာရှင်တွေပဲထက


ွ်ခဲ့တာ။
ကျွန်တော့်ရဲ့ဒီတစ်ဦးတည်းသောသားကတော့ အဖေခြေရာမနင်းပဲ စိတ်ပျက်ပြီး အမဲလုက
ိနေလေရဲ့” ဟု
ပြောလေသည်။ ကွမ်းယွ(ီ Guan Yu) မှ

“ဘာလို့စိတ်ညစ်ရတာတုန်း။ ဒီခေတ်မှာ စစ်သားကောင်းဆိုရင် စစ်တပ်ထဲဝင်ပြီး တော်ရင်


နာမည်ကောင်းရနိုင်တာပဲလေ” ဟုပြောသည်။

“စစ်ပညာတွေဘာတွေတတ်ရင်တော့ အဲ့ဟာနဲ့အသက်မွေးလို့ ရတာပေါ့။ အခုတော့သူက


ဘာမှရေရေရာရာမလုပ်ပဲ အလေလိုက်နေတာ စိတ်ပျက်စရာပါပဲ”

ထိုစကားကိုကြားလျှင် ကွမ်းယွ(ီ Guan Yu) သည်လည်း စိတ်မကောင်းဖြစ်ကာ သက်ပြင်းချသည်။


အဘိုးအိုလည်း ညဥ့်နက်သည်အထိအဖော်ပြုပြီးနောက်ထွကသ
်ွားသည်။ ဧည့်သည်တို့ လည်း
အနားယူရန်ပြင်သည်။

ထိုအချိန်တွင်ပင် အပြင်ဘက်မှ မြင်းသံတို့ကြားသဖြင့် ကွမ်းယွ(ီ Guan Yu) မှသူ၏အစောင့်တို့ ကိုခေါ်ရာ


မည်သို့ မျှပြန်မထူးချေ။ ကွမ်းယွီ(Guan Yu) သည် စွန်းချန်(Sun Qian) နှင့်အတူ ဓားကိုယ်စီဖြင့်
မြင်းဇောင်းသို့ ထွကြ် ကည့်ကြသည်။ ထိုအခါ မြင်းဇောင်းအနီးဝယ် အိမ်ရှင်၏သားသည်
မြေကြီးပေါ်တွင်ရှိနေပြီး သူ့နောက်လိုက်တို့အား တိုက်ခိုကရ
် န်အော်ပြောနေသည်။ ထိုအခါ ကွမ်းယွီ(Guan
Yu) က အစောင့်တို့ အား အဖြစ်အပျက်တို့ ကိုမေးရာ အစောင့်တို့ မှ

“ဒီကောင်က ယုန်နီကိုခိုးဖို့လုပ်တာ မြင်းကကန်လိုကြ် ပီး နောက်လှန်ကျသွားတယ်။ ကျွန်တော်တို့ လည်း


အသံကြားလို့ လာကြည့်တော့ သူက သူ့လူတွေကို တိုကဖ
ို့ပြောနေတယ်” ဟု ပြောလေသည်။
ကွမ်းယွီ(Guan Yu) မှ

“သူခိုးတွေ၊ ငါ့မြင်းကိုခိုးချင်သေးတယ်” ဟု အော်လေသည်။ ကွမ်းယွီ(Guan Yu) ဘာမှမလုပ်ခင်တွင်ပင်


အိမ်ရှင်ဖြစ်သူရောက်လာပြီး

“ကျွန်တော့်သားလုပ်တာ ကျွန်တော်ဘာမှမသိပါဘူး။ သူသေသင့်ပါတယ်။ ဒါပေမယ့် သူ့အမေဖြစ်သူက


သူ့ကိုတအားချစ်တဲ့အတွက် ငဲ့ညှာပေးဖို့တောင်းပန်ပါတယ်” ဟု ပြောသည်။

“ဒီလိုလူမျိုးက ဒီလုအ
ိ ဖေမျိုးရှိဖို့မထိုက်တန်ဘူး။ ဒါပေမယ့် ခင်ဗျား မျက်နှာနဲ့သူ့ကိုခွင့်လွှတ်လိုက်မယ်”

403
ထို့နောက် ကွမ်းယွ(ီ Guan Yu) သည် သူ့လူတို့အား သတိရှိရန်ပြောပြီး အထဲသို့ဝင်ကာ အနားယူသည်။
နောက်မနက်တွင် အိမ်ရှင်ဖြစ်သူရော သူ့ဇနီးကပါ သူတို့သားကိုခွင့်လွှတ်သဖြင့် ကွမ်းယွီ(Guan Yu) ကို
ကျေးဇူးတင်ရန်စောင့်နေသည်။ အဘိုးအိုမှ

“ကျွန်တော့်သားကို ခင်ဗျားအပေါ်ပြစ်မှားမိတာကို ခင်ဗျားက ခွင့်လွှတလ


့ို ကျေးဇူးတင်ပါတယ်” ဟု
ပြောသည်။

သူ့ကို ကျွန်တော့်ရေ
ှ့ခေါ်လာခဲ့ပါ။ သူ့ကိုပြောစရာရှိတယ်

သူ မနက်ကတည်းက သူ့သူငယ်ချင်းတွေနဲ့ထွကသ
်ွားတာ အခုထက်ထြိ ပန်မလာသေးဘူး

သို့နှင့် ကွမ်းယွ(ီ Guan Yu) လည်း ထိုလင်မယားကို နှုတ်ဆက်ပြီး တောင်ကုန်းဘက်သို့ သွားရန်ပြင်သည်။

သိပ်ဝေးဝေးမရောက်မီပင် မြင်းစီးလာသောလူနှစ်ဦးကို တွေ့လိုက်ရသည်။ တစ်ဦးမှာ


အဝါရောင်ခေါင်းစည်းကိုစည်းထားပြီး ကျန်တစ်ဦးမှာ ကောချန်(Guo Chang) ၏သားဖြစ်သည်။
အဝါရောင်ခေါင်းစည်းထားသော လူမှ

“ကျုပ်က ကောင်းကင်အရှင်သခင် ကျန်းကျွယ်(Zhang Jue) လက်အောက်က


ခေါင်းဆောင်တစ်ဦးဖြစ်ခဲ့တယ်။ ခင်ဗျားဘယ်သပ
ဲူဖြစ်ဖြစ် ခင်ဗျားအခုစီးနေတဲ့မြင်းကိုထားခဲ့ပါ။ အဲ့လိုသာဆို
အသက်ချမ်းသာပေးမယ်” ဟု ပြောသည်။ ကွမ်းယွီ(Guan Yu) မှ ထိုစကားကိုကြားပြီးနောက် ရယ်လိုက်ပြီး

“မင်းသာ ကျန်းကျွယ်(Zhang Jue) နဲ့အတူ သူပုန်ဖြစ်ခဲ့ဖူးတဲ့ဆိုရင် လျူဘေ့(Liu Bei) ၊ ကွမ်းယွ(ီ Guan Yu)
၊ ကျန်းဖေး(Zhang Fei) ဆိုတဲ့ညီနောင်သုံးဦးအကြောင်းကိုတော့ ကြားဖူးမှာပေါ့” ဟု ပြောသည်။

“ကျုပ်က မုတ်ဆိတရ
ှ်ည်ကမ
ွ်းယွ(ီ Guan Yu) အကြောင်းတော့ကြားဖူးပါတယ်။ ခင်ဗျားက ဘယ်သူလည်း”
ဟု မေးသည်။ ထိုအခါ ကွမ်းယွီ(Guan Yu) သည် သူ့မုတ်ဆိတ်ကုဖ
ိုံးထားသောအိတ်ကို ဖြုတ်လိုက်သည်။

အဝါရောင်ခေါင်းစည်းဝတ်ထားသောသူသည် တစ်ဖက်လူမှာ ကွမ်းယွ(ီ Guan Yu) မှန်းသည်လျှ င်


သူ့အဖော်အား ဒူးထောက်စေပြီး သူပါ ဒူးထောက်လေသည်။

ကွမ်းယွီ(Guan Yu) ခင်ဗျားက ဘယ်သူတန


ုး

“ကျွန်တော်က ဖေယွမ်ရှောက်(Pei Yuanshao) ပါ။ ကျန်းကျွယ်(Zhang Jue) သေဆုံးပြီးနောက်ပိုင်းမှာ


ကျွန်တော့်လိုမျိုးလူတွေစုပြီးတော့ ဒီတောအုပ်ထဲမှာနေပါတယ်။ မနက်တုန်းက ကျွန်တော်တို့ ဆီ

404
ဒီလူရောက်လာပြီး သူ့အဖေခြံထဲမှာ အဖိုးတန်မြင်းရှိတယ်ဆိုပြီး လာခိုးခိုင်းတာနဲ့ရောက်လာတာပါ။
ကျွန်တော်က စစ်သူကြီးနဲ့တွေ့မယ်မှန်းမသိခဲ့ဘူး”

ကောချန်(Guo Chang) ၏သားဖြစ်သူသည် သူ့အသက်ကိုချမ်းသာပေးရန် တောင်းပန်ရာ ကွမ်းယွ(ီ Guan


Yu) ကလည်း သူ့အဖေ၏မျက်နှာဖြင့် ခွင့်လွှတ်လိုကြ် ပန်သည်။

ကွမ်းယွီ(Guan Yu) : “ခင်ဗျားက ကျုပ်မျက်နှာမသိပဲနဲ့ ကျုပ်နာမည်ကိုတော့ ဘယ်လိုသတ


ိာလည်း”

ဖေယွမ်ရှောက်(Pei Yuanshao) : “ ဒီနားက အိပ်ပျော်နေတဲ့ကျွဲလို့အမည်ရှိတ့ေ


ဲ တာင်ကုန်းမှာ
အနောက်ပိုင်းကလာတဲ့ ကျိုးချန်း(Zhou Cang) ဆိုတဲ့ အစွမ်းကြီးတဲ့လူရှိပါတယ်။ သူ့မှာ
မုတဆ
ိတ်မွှေးကောက်ကောက်ရှိပြီး အင်မတန်ခန့်ညားတဲ့လူဖြစ်တယ်။ ဒါ့အပြင် သူကလည်း
သူပုန်ခေါင်းဆောင်တစ်ဦးဖြစ်ခဲ့တယ်။ သူက စစ်သူကြီးအကြောင်းကိုပြောပြတာပါ။ စစ်သြူ ကီးကိုတော့
မမြင်ဖူးခဲ့ဘူး ပေါ့”

ကွမ်းယွီ(Guan Yu) : “ သူရဲကောင်းဆိုတာ သစ်တောထဲမှာမနေဘူး။ ခင်ဗျားက အဲ့နေရာကိုစွန့် လွှတ်ပြီး


ကောင်းမွန်တအ
ဲ့ ရာလုပ်သင့်တယ်၊ ကိုယ့က
ိုယက
ို မဖျက်စီးပါနဲ့”

ထိုသို့ စကားပြောနေကြစဉ်ပင် အဝေးမှမြင်းစီးသောလူတစ်စုလာနေသည်ကုလ


ှိမ်းမြင်လုက
ိရသည်။
ထိုမြင်းနှင့်လူတို့မှာ ကျိုးချန်း(Zhou Cang) ၏ တပ်ဖွဲ့ဖြစ်သည်ဟု ဖေယွမ်ရှောက်(Pei Yuanshao)
ပြောလေလျှင် ကွမ်းယွီ(Guan Yu) ကလည်း စောင့်နေသည်။ ထိုမြင်းတပ်ကုေ
ိ ခါင်းဆောင်လာသူမှာ
အသားအလွန်မည်းပြီး အရပ်ရှည်ကာ လှံကိုင်ထားလေသည်။ ထိုသသ
ူ ည်အနီးသို့ ရောက်လျှင်

“ဒါ စစ်သူကြီး ကွမ်းယွီ(Guan Yu) ပဲ” ဟု ဝမ်းသာစွာပြောသည်။

ထို့နောက် ထိုသသ
ူ ည် မြင်းပေါ်မှ ဆင်းကာ ဒူးထောက်လိုက်ပြီး

“ကျိုးချန်း(Zhou Cang) က စစ်သူကြီးကို ဂါဝရပြုပါတယ်” ဟု ပြောသည်။

“သူရဲကောင်းက ကျွန်တော့်ကိုဘယ်လိုသတ
ိာလည်း”

“ကျွန်တော် အဝါရောင်သူပုန်ဖြစ်ခဲ့စဉ်က စစ်သူကြီးကိုမြင်ဖူးခဲ့ပြီး စစ်သူကြီးနောက်လိုက်ချင်ခဲ့ပါတယ်။


အခုတော့ ကံကောင်းထောက်မစွာနဲ့ စစ်သူကြီးကိုတွေ့ခဲ့ပြီ။ ကျွန်တော် စစ်သူကြီးနောက်လိုကခ
်ျင်ပါတယ်။
ဒါကြောင့်မငြင်းဆန်ပါနဲ့။ မြင်းကျာပွတက
ိုပဲကုင
ိရကိုင်ရ၊ မြင်းပေါ်တက်ဖို့ ကူညီတဲ့လူပဲလပ
ုရလုပ်ရ
စစ်သြူ ကီးရဲ့ခြေလျင်စစ်သားဖြစ်ချင်ပါတယ်။ စစ်သူကြီးအတွကဆ
ိုရင် အသက်ပါအသေခံဝံ့ ပါတယ်”

ထိုသူ၏ခိုင်မာသောစိတ်ဓာတ်ကိုမြင်လျှင် ကွမ်းယွ(ီ Guan Yu) မှ

405
“ခင်ဗျားလိုက်ရင် ခင်ဗျားရဲ့နောက်လိုကေ
် တွကကော” ဟုမေးလိုက်သည်။

“သူတို့ က လုပ်ချင်တာလုပ်ပါစေ။ ကျွန်တော့်နောက်လိုက်ချင်လည်းလိုက်၊ မလိုက်ချင်လည်း


သူတို့ လမ်းသူတို့ လျှောက်ပါစေ”

အကုန်လုံးကလည်း "လိုက်ပါပါမည်" ဟု အော်ကြသည်။

"ကွမ်းယွ"ီ (Guan Yu) သည် မြင်းပေါ်မှ ဆင်းပြီး သူ၏မရီးနှစ်ဦး၏အထင်ကိုသွားမေးရာ ကန်းအမျိုးသမီးမှ

"ငါ့မတ်က လမ်းခရီးမှာ အစောင့်အကြပ်မပါပဲနဲ့ အန္တရာယ်တွေအများကြီးကိုဖြတ်သန်းပြီးပြီပဲ၊


လျောင်ဟွာ(Liao Hua) ရဲ့အကူအညီကိုတောင်မယူခဲ့ဘူး ။ ဘာလို့ အခုမှလူအများကြီးကိုလက်ခံမှာလည်း?
ဒါက ငါ့အမြင်သက်သက်ပါ၊ ဆုံးဖြတ်တာက ငါ့မတ်ပဲဆုံးဖြတ်ပါ" ဟု ပြောသည်။

"မရီးတော်ပြောတာ အဓိပ္ပာယ်ရှိပါတယ်"

ထို့နောက် "ကွမ်းယွီ"(Guan Yu) သည် "ကျိုးချန်း"(Zhou Cang) အား

"ငါက ကျေးဇူးမသိတာတော့မဟုတ်ပေမယ့် မရီးနှစ်ဦးက လူစုလူဝေးနဲ့သွားတာမတွေ့တဲ့အတွက်


ဒီမှာပဲအရင်နေနှင့်ပါဦး။ ငါ့အစ်ကိုကြီးကိုတွေ့ပြီးရင်တော့ ပြန်လာခေါ်ပါ့မယ်" ဟု ပြောလေသည်။

"ကျိုးချန်း"(Zhou Cang) : "ကျွန်တော်က ဘဝတစ်လျှောက်လုံးမှာ သူပုန်အနေနဲ့ပဲ လုပ်ဆောင်ခဲ့ပါတယ်။


စစ်သြူ ကီးကိုမြင်ရတာက ကောင်းကင်က နေမင်းကြီးကိုတွေ့လိုက်ရသလိုပဲ။ ကျွန်တော့်လူတွေကုေ
ိ တာ့
တစ်ယောက်ယောက်ကို ဦးဆောင်ခိုင်းပါ့မယ်၊ ကျွန်တော်ကတော့ စစ်သူကြီးနဲ့ လိုက်ခဲ့ပါရစေ။"

ထိုအခါ "ကွမ်းယွ"ီ (Guan Yu) က မရီးနှစ်ဦးမည်သို့ သဘောရသည်ကုသ


ွိားမေးရာ ကန်းအမျိုးသမီးက
တစ်ယောက်၊ နှစ်ယောက်လောက်က ကိစ္စမရှိကြောင်းပြောသဖြင့် "ကွမ်းယွ"ီ (Guan Yu) က
လက်ခံလိုက်သည်။ "ဖေယွမ်ရှောက်"(Pei Yuanshao) ကလည်း မကျေနပ်ပဲ
သူပါလိုက်ပါလိုကြောင်းပြောလေသည်။

406
"ကျိုးချန်း"(Zhou Cang) မှ

"ခင်ဗျားသာ ဒီလူစုနဲ့အတူမရှိရင် သူတို့ က တခြားနေရာကိုထွက်သွားမှာ။ ဒါကြောင့် ခဏလောက်တော့


ဒီလူတွေကိုဦးဆောင်ပါ။ နောက်မှ ကျုပ်ပြန်လာပြီး ခင်ဗျားကိုခေါ်ပါ့မယ်" ဟုပြောသည်။
"ဖေယွမ်ရှောက်"(Pei Yuanshao) က သိပ်မကျေနပ်သော်ငြားလည်း လက်ခံလိုက်လေသည်။

သို့နှင့် "ကွမ်းယွ"ီ (Guan Yu) တို့လည်း ခရီးဆက်လေရာ ရက်အနည်းငယ်ကြာသော်


တောင်ကုန်းတစ်ခုတွင်ဆောက်ထားသော မြို့တစ်မြို့ကိုတွေ့သည်။ ထိုမြို့ခံတို့က

"ဒီမြို့ကတော့ ကူချန်ပါ။ လွန်ခဲ့တဲ့လအနည်းငယ်တုန်းက သူရဲကောင်းတစ်ဦးရောက်လာပြီး


မြို့စားကိုမောင်းထုတ်ပြီးတော့ မြို့ကိုထိန်းချုပ်ထားပါတယ်။ သူအခု စစ်သားတွေစုပြီး မြင်းတွေဝယ်၊
စားနပ်ရိက္ခာ တွေလည်း စုနေတယ်။ အဲ့သူရဲကောင်းနာမည်က ကျန်းဖေး(Zhang Fei) ပါ။ အခုသူ့ မှာ
စစ်တပ်ကြီးရှိတော့ အနီးအနားက ဘယ်သူမှ သူ့ကိုမတော်လှန်ဝံ့ဘူး" ဟု ဆိုကြသည်။ "ကွမ်းယွီ"(Guan
Yu) သည် ဝမ်းသာစွာ

"ငါ့ညီကို ဒီလုေ
ိ တွ့မယ်လို့ မထင်မိဘူး ။ ရွှီကျိုးမြို့ကျသွားကတည်းက သတင်းအစအန ပျောက်သွားတယ်"
ဟု ပြောသည်။

ထို့နောက် "စွန်းချန်"(Sun Qian) အား မြို့ထဲလွှတ်ပြီး မရီးနှစ်ဦးကို လာကြိုဆိုရန် ပြောစေသည်။

အစ်ကြို ဖစ်သူတို့နှင့်ကွဲကွာပြီးနောက် "ကျန်းဖေး"(Zhang Fei) သည် မန်တန်တောင်ကုန်းပေါ်တွင်


တစ်လခန့်နေခဲ့သည်။ ထို့နောက် ကူချန်မြို့သို့ဖြတ်ရာ အစားအစာချေးငှားရာ မပေးသဖြင့်
လက်စားချေသည့်အနေဖြင့် မြို့စားကိုမောင်းထုတ်လိုက်ပြီးမြို့ကို သိမ်းလိုက်လေသည်။ ထိုနေရာသည်
လက်ရှိအခြေအနေအတွက် သင့်လျောသောနေရာဖြစ်နေသည်။ "စွန်းချန်"(Sun Qian) သည်လည်း
"ကျန်းဖေး"(Zhang Fei) နှင့်သွားတွေ့ပြီး

"လျူဘေ့(Liu Bei) က ယွမ်ရှောက်(Yuan Shao) ဆီကထွကြ် ပီး ရုနန်ကိုရောက်နေပြီ။ ကွမ်းယွ(ီ Guan Yu)
ကတော့ မရီးနှစ်ဦးနဲ့အတူ မြို့တံခါးအဝမှာ။ သူက ခင်ဗျားကို လာကြိုခိုင်းတာ" ဟု ပြောသည်။

"ကျန်းဖေး"(Zhang Fei) သည် ဘာမှပြန်မပြောပဲနားထောင်နေပြီး သူ့အစ်ကိုက


သူ့ကိုလာကြိုခိုင်းသည်ဟူသော နေရာအရောက်ဝယ် သူ့သံချပ်ကာကိုယူစေပြီး မြွေလှံကိုကုင
ိကာ
စစ်သားတို့နှင့် အပြင်သို့ထွက်သည်။ "စွန်းချန်"(Sun Qian) မှာလည်း ရုတ်တရတ်အံ့ဩသွားပြီး
နောက်မှလိုက်ပါလာသည်။

407
"ကွမ်းယွ"ီ (Guan Yu) မှာ "ကျန်းဖေး"(Zhang Fei) ကို မြင်လျှင် ဝမ်းသာစွာဖြင့်လက်နက်ကိုချပြီး
"ကျန်ဖေး"(Zhang Fei) ဆီသို့ မြင်းစီးသွားသည်။ အနီးသို့ရောက်သော် "ကျန်းဖေး"(Zhang Fei)
မျက်နှာတွင် ဒေါသထွကေ
် နသည်ကို မြင်လိုက်ရသည်။ "ကျန်းဖေး"(Zhang Fei) သည်
သူ့လှံကိုဝှေ့ရမ်းပြီး "ကွမ်းယွီ"(Guan Yu) အား ခြိမ်းခြောက်နေသည်။ "ကွမ်းယွီ"(Guan Yu) က
အံ့ဩသွားပြီး

"ငါ့ညီ၊ ဒါဘာသဘောလည်း? မက်မွန်ပန်းခြံက သစ္စာကိုမေ့သွားပြီလား" ဟု ပြောသည်။


"ကျန်းဖေး"(Zhang Fei) မှ

"ခင်ဗျားက မကောင်းတာကိုလုပ်ပြီးမှ ကျုပ်ကြို ပန်လာတွေ့တာဘာသဘောလည်း" ဟု အော်ပြောသည်။

"ဘာကို မကောင်းတာလည်း"

"ခင်ဗျားက အစ်ကြို ကီးကိုသစ္စာဖောက်ပြီး ချောင်ချောင်း(Cao Cao) လက်အောက်မှာ အညံ့ခံပြီး


ရာထူးဂုဏ်သိန်တွေ ရခဲ့တယ်မဟုတ်လား။ အခု ကျုပ်ကုဖ
ိ မ်းဖို့ရောက်လာတာမလား?
ခင်ဗျားနဲ့ကျုပ်နှစ်ယောက်ထဲက တစ်ယောက်သေမှ ဖြစ်မယ်"

"ဒါမင်း နားမလည်တာပဲ၊ ငါရှင်းပြဖို့ခက်ခဲတယ်၊ မယုံရင် ပါလာတဲ့မရီးနှစ်ဦးကိုမေးကြည့်ပါ။ သူတို့ က


ရှင်းပြပါလိမ့်မယ်"

ထိုအခါ အမျိုးသမီးနှစ်ဦးတို့ က လှည်းယာဉ်၏လိုက်ကာကို ဖွင့်ကာ

"ငါ့မောင်၊ ဘာဖြစ်တာလည်း" ဟု မေးသည်။

"ကျန်းဖေး"(Zhang Fei) : "အစ်မနှစ်ဦးတို့က ခဏစောင့်ဦး၊ ကျွန်တော်ဒီသစ္စာဖောက်ကိုသတ်ပြီးရင်


မြို့ထဲကို ပို့ဆောင်ပါ့မယ်"

"ကန်းအမျိုးသမီး" : "ငါ့မောင်က ဒီမှာရှိမှန်း သူမသိခဲ့တော့ ချောင်ချောင်း(Cao Cao)


လက်အောက်မှာအညံ့ခံခဲ့တာ။ ဒါပေမယ့် ဦးရီးတော်က ရုနန်မှာရှိတယ်ဆိုတ့သ
ဲ တင်းကြားတာနဲ့
အန္တရာယ်တွေကိုဖြတ်ကျော်ပြီး ငါတို့ ကို ခေါ်လာခဲ့တာ။ သူ့လုပ်ဆောင်မှုကို တလွဲမထင်ပါနဲ့"

"မီအမျိုးသမီး" : "မင်းအစ်ကိုက ရွေးချယ်စရာမရှိလို့ ရွှီချန်ကို သွားခဲ့တာပါ"

"ကျန်းဖေး"(Zhang Fei) : "မရီးနှစ်ဦးက သူလှည့်စားတာကို မခံပါနဲ့။ သစ္စာရှရ


ိုးမှန်ရင်
သိက္ခာကျခံတာထက် အသက်ပဲအသေခံမှာပေါ့။ လူတစ်ယောက်က သခင်နှစ်ယောက်မရှိသင့်ဘူး"

"ကွမ်းယွ"ီ (Guan Yu) : "ငါ့ညီ၊ ငါ့ကို မတိုက်ခိုက်ပါနဲ့တော့"

408
"စွန်းချန်"(Sun Qian) : "ကွမ်းယွ(ီ Guan Yu) က ခင်ဗျားကိုလာခေါ်တာပါ"

"ကျန်းဖေး"(Zhang Fei) : "ဘာတွေပေါက်ကရပြောနေတာလည်း? သူက ကျုပ်ကိုဖမ်းဖို့လာတာ"

"ကွမ်းယွ"ီ (Guan Yu) : "ငါသာမင်းကို ဖမ်းဖို့လာရင် စစ်တပ်တွေပါလာမှာပေါ့"

ထိုအခါ "ကျန်းဖေး"(Zhang Fei) သည် အနောက်ဘက်သို့လက်ညှိုးညွှန်ပြီး

"အဲ့ဒါ စစ်တပ်တွေမဟုတ်ပြီးလား" ဟုမေးသည်။

"ကွမ်းယွ"ီ (Guan Yu) သည်လည်း အနောက်လှည့်ကြည့်ရာ မြင်းတပ်အချို့လာသည်ကိုတွေ့ရသည်။


ထိုစစ်တပ်အနီးသို့ရောက်လာသော် အလံမှာ "ချောင်ချောင်း"(Cao Cao) ၏ အလံဖြစ်နေသည်။

"ကျန်းဖေး"(Zhang Fei) : "အခုတော့ ကျုပ်ကို လှည့်စားနိုင်ပါဦးမလား"

ထို့နောက် "ကျန်းဖေး"(Zhang Fei) သည် သူ၏လှံဖြင့် "ကွမ်းယွ"ီ (Guan Yu) ကိုတိုက်ရန်ပြင်သည်။

"ကွမ်းယွ"ီ (Guan Yu) : "ငါ့ညီ ခဏနေပါဦး။ ဒီတပ်ဖွဲ့ ကိုခေါင်းဆောင်လာတဲ့လူကုသ


ိ တ်ပြီး ငါက
သစ္စာဖောက်မဟုတ်တာ သက်သေပြပါ့မယ်"

"ကျန်းဖေး"(Zhang Fei) : "ကျုပ် ဗုံသုံးချက်တီးလို့ မပြီးခင် အချိန်အတောအတွင်း


အဲ့တပ်ဖွဲ့ ကိုခေါင်းဆောင်လာတာ ဘယ်သူပဲဖြစ်ဖြစ် သတ်ပြပါ"

"ကွမ်းယွ"ီ (Guan Yu) ကလည်း လက်ခံလိုက်သည်။ ထိုတပ်ဖွဲ့ ကိုဦးဆောင်လာသူမှာ "ချိုင်ရန်"(Cai Yang)


ဖြစ်နေသည်။ "ချိုင်ရန်"(Cai Yang) သည် လက်တွင်ဓားကိုင်ကာ ထွက်လာပြီး

"ငါ့တူကိုသတ်တဲ့လက
ိုတွေ့ပြီ။ ခင်ဗျားကိုဖမ်းပြီး သတ်ဖို့အမိန့်ရထားတယ်" ဟု ဆိုသည်။

"ကွမ်းယွ"ီ (Guan Yu) သည်လည်း သူ့ဓားကို အဆင်သင့်ပြင်လိုက်သည်။

ဗုံတစ်ချက်မတီးခင်တွင်ပင် တိုကပ
်ွဲပြီးဆုံးသွားသည်။ "ချိုင်ရန်"(Cai Yang) ၏ခေါင်းသည်
မြေကြီးပေါ်သို့ရောက်နေချေပြီ။ "ကွမ်းယွ"ီ (Guan Yu) သည် အလံကိုင်လူငယ်တစ်ဦးကိုဖမ်းပြီး
အဖြစ်အပျက်ကိုမေးရာ ထိုလူငယ်မှ

"တကယ်တော့ ဝန်ကြီးချုပ်က တိုက်ဖို့ အမိန့်မပေးခဲ့ပါဘူး၊ ချိုင်ရန်(Cai Yang) က


သူ့တူသေဆုံးသွားတာကို ဒေါသထွကြ် ပီး စစ်သူကြီးကိုသတ်ချင်တာ။ ဒါနဲ့ဝန်ကြီးချုပ်က ချိုင်ရန်(Cai Yang)
ကို ရုနန်ကိုသိမ်းဖို့အမိန့်ပေးလိုက်တယ်။ စစ်သြူ ကီးနဲ့ ဒီမှာတွေ့တာက တိုက်ဆိုင်မှုပါ" ဟုပြောသည်။

409
"ကွမ်းယွ"ီ (Guan Yu) ကလည်း ထိုလူငယ်လေးကိုပင် ၎င်းကို "ကျန်းဖေး"(Zhang Fei) အားပြောစေသည်။
"ကျန်းဖေး"(Zhang Fei) သည်လည်း သူကျေနပ်သည်အထိမေးမြန်းလေသည်။ ထိုအချိန်တွင်ပင်
အစောင့်တစ်ဦးမှရောက်လာပြီး

"တောင်တံခါးမှာ မြင်းစီးလာတဲ့လူတချို့ရောက်နေတယ်။ သူတို့ ပုံစံက အလျင်လုပ


ိုံရတယ်၊
ဘယ်သူမှန်းတော့မသိဘူး" ဟုပြောသည်။ သံသယအနည်းငယ်ရှိနေသေးသော "ကျန်းဖေး"(Zhang Fei)
သည် ထိုလတ
ို့ကိုသွားကြည့်သည်။ ထိုသတ
ို့မှာ "မီကျူ"(Mi Zhu) နှင့် "မီဖန်"(Mi Fang) ဖြစ်သည်။

မြင်းပေါ်မှ ဆင်းပြီးနောက် "မီကျူ"(Mi Zhu) မှ

"ရွှီကျိုးမြို့ရန်သူတွေလက်ပါသွားကတည်းက ခင်ဗျားသတင်းမကြားခဲ့ရဘူး။ ကျွန်တော်တို့ လည်း


ရွာကိုပြန်ပြီး ခင်ဗျားသတင်းကိုစုံစမ်းခဲ့တယ်။ ကွမ်းယွ(ီ Guan Yu) က ချောင်ချောင်း(Cao Cao)
လက်အောက်မှာအညံ့ခံလုက
ိပြီး လျူဘေ့(Liu Bei) က ယွမ်ရှောက်(Yuan Shao) နဲ့ရှိနေတယ်ဆိုတာ
ကြားရပေမယ့် ခင်ဗျားအကြောင်းကိုမကြားဘူး။ ဒါပေမယ့် မနေ့က လမ်းမှာ ခရီးသွာတစ်ဦးက
ကျန်းဖေး(Zhang Fei) ဆိုတဲ့လက
ူ ကူချန် ကိုသမ
ိးလိုကတ
် ယ်ဆိုတဲ့သတင်းကြားတာနဲ့
ကျွန်တော်တို့လည်း ဒီကိုလာခဲ့တာ" ဟု ပြောသည်။

"ကျန်းဖေး"(Zhang Fei) : "ကွမ်းယွ(ီ Guan Yu) နဲ့ စွန်းချန်(Sun Qian) လည်း ဒီကိုရောက်နေတယ်။
မရီးနှစ်ဦးလည်း သူတို့ လည်း အတူရှိတယ်။ သူတို့ က အစ်ကိုကြီးရဲ့သတင်းကိုကြားပြီးလာကြတာ"

သို့နှင့် ရောက်လာသူနှစ်ဦးတို့ ကလည်း "ကွမ်းယွီ"(Guan Yu) နှင့် အမျိုးသမီးနှစ်ဦးတို့ ကိုသွားတွေ့ကာ


အကုန်လုံးမြို့ထဲသို့ ဝင်ကြသည်။

အမျိုးသမီးနှစ်ဦးတို့သည် ခဏနားပြီးနောက် လမ်းတွင်ဖြစ်ခဲ့သောအဖြစ်အပျက်တို့ကို "ကျန်းဖေး"(Zhang


Fei) အား ပြောပြလေသည်။ "ကျန်းဖေး"(Zhang Fei) သည် နောင်တရသွားပြီးငိုကာ
သူ့အစ်ကိုအားအရိုအသေပြုလေသည်။ "ကျန်းဖေး"(Zhang Fei) ကလည်း
သူ့အဖြစ်အပျက်တို့ ကိုပြောပြသည်။ ထိုနေ့တွင် စားသောက်ပွဲတို့ တည်ခင်းစားသောက်ကြသည်။
နောက်ရက်တွင် "ကျန်းဖေး"(Zhang Fei) သည် "ကွမ်းယွ"ီ (Guan Yu) နှင့်အတူ
ရုနန်သို့သွားမည်ဟေ
ု ပြာသည်။ သို့ သော် "ကွမ်းယွ"ီ (Guan Yu) မှ

"မင်းက ဒီမှာပဲနေပြီး မရီးနှစ်ဦးကို စောင့်ရှောက်ပါ။ ငါနဲ့ စွန်းချန်(Sun Qian) ပဲ သွားမယ်" ဟု ပြောသည်။

သို့နှင့် "ကွမ်းယွ"ီ (Guan Yu) သည် "စွန်းချန်"(Sun Qian) နှင့် အတူသွားသော် ရုနန်သို့ ရောက်သောအခါ
"လျူဖီ"(Liu Pi) နှင့် တွေ့သည်။

410
"လျူဖီ"(Liu Pi) : "လျူဘေ့(Liu Bei) က မြို့ထဲမှာမရှိတော့ဘူး။ ဒီမှာရက်အတော်ကြာနေပြီးတော့
စစ်သားတအားနည်းတယ်လို့ ကောက်ချက်ချပြီး ယွမ်ရှောက်(Yuan Shao) နဲ့ တိုင်ပင်ဖို့ ပြန်သွားတယ်"

"ကွမ်းယွ"ီ (Guan Yu) မှာ စိတ်ဓာတ်ကျသွားသည်၊ ထိုအခါ "စွန်းချန်"(Sun Qian) မှ

"စိတမ
် ကောင်းမဖြစ်ပါနဲ့၊ အခုတော့ ဦးရီးတော်ကိုရှာဖို့ နောက်ထပ်ခရီးထပ်ထွကရ
်ုံပါပဲ။
ကျွန်တော်တို့အားလုံး ကူချန်မှာတွေ့တာပေါ့" ဟု ပြောသည်။

"ကွမ်းယွ"ီ (Guan Yu) ကလည်း လက်ခံပြီး ကူချန်သို့ ပြန်လေသည်။

"ကျန်းဖေး"(Zhang Fei) သည် "ကွမ်းယွ"ီ (Guan Yu) နှင့်အတူ


မြစ်ဝါမြစ်မြောက်ဘက်သို့သွားချင်သော်လည်း "ကွမ်းယွီ"(Guan Yu) မှ

"ဒီမြို့က ငါတို့အတွက် စစ်သားစုဆောင်းဖို့နဲ့ အနားယူဖို့လိုတယ်။ ဒါကြောင့် ဒီမြို့ကိုလက်လွှတ်မခံပါနဲ့။


ငါနဲ့ စွန်းချန်(Sun Qian) ပဲ သွားမယ်။ မင်းကတော့ မြို့ကိုစောင့်နေပါ" ဟု ပြောလိုက်သည်။

"ဒါပေမယ့် အစ်ကိုက ဝင်ချို(Wen Chou) နဲ့ ရန်လျန်(Yan Liang) ကိုသတ်ခဲ့တာ၊ ဘယ်လိုသွားမလည်း"

"ဒါပေမယ့်လည်း သွားရမှာပဲ။ ဟိုရောက်မှမီးစဉ်ကြည့်ကရတာပေါ့"

ထို့နောက် "ကွမ်းယွ"ီ (Guan Yu) သည် "ကျိုးချန်း"(Zhou Cang) အားခေါ်ပြီး

"အိပ်ပျော်နေတဲ့ကျွဲတောင်မှာ လူဘယ်နှယောက်လောက်ရှိလည်း" ဟု မေးသည်။

"လေး၊ ငါးရာလောက်ရှိမယ်ထင်တယ်"

"အခု ငါအနီးဆုံးလမ်းကနေ ငါ့အစ်ကိုကြီးဆီသွားမယ်။ မင်းက မင်းတပ်ဖွဲ့ကိုသွားခေါ်ပြီး


ငါ့ကိုလာကူပေးမလား"

"ကွမ်းယွ"ီ (Guan Yu) ပြောသည့်အတိုင်းလုပ်ဆောင်ရန် "ကျိုးချန်း"(Zhou Cang) လည်း ထွကသ


်ွားသည်။
"ကွမ်းယွ"ီ (Guan Yu) နှင့် "စွန်းချန်"(Sun Qian) တို့လည်း လူအနည်းငယ်နှင့်အတူ
မြောက်ဘက်သို့ ထွက်ကြသည်။ နယ်စပ်အနီးသို့ရောက်သော် "စွန်းချန်"(Sun Qian) မှ

"ခင်ဗျား ပါလိုက်ရင် အန္တရာယ်များတယ်။ ဒီတော့ ခင်ဗျားက ဒီမှာပဲနေခဲ့။ ကျွန်တော်ပဲ


ဦးရီးတော်နဲ့သွားတွေ့လိုက်မယ်" ဟုပြောသည်။

411
"ကွမ်းယွ"ီ (Guan Yu) ကလည်း ထိုစကားအတိုင်းပင် ထိုအနီးအနားရှိ လယ်တောတွင်
ခဏတာနေရန်သွားသည်။ ထိုလယ်ရှိအဘိုးအိုတစ်ဦးနှင့်တွေ့ပြီး "ကွမ်းယွ"ီ (Guan Yu) က
သူ့အကြောင်းကိုပြောပြလိုက်သည်။ ထိုအဘိုးအိုမှ

"ကျွန်တော့်မျိုးရိုးကလည်း ကွမ်းဖြစ်ပြီးတော့ နာမည်က တင်(Ding) ဖြစ်ပါတယ်။ ကျွန်တော် ခင်ဗျားရဲ့


ဂုဏ်သတင်းကိုကြားဖူးပြီး အခုလုေ
ိ တွ့ရတာဝမ်းသာပါတယ်" ဟု ပြောသည်။
ထို့နောက်အဘိုးအိုသည်လည်း သူ့သားနှစ်ဦးကို "ကွမ်းယွီ"(Guan Yu) နှင့် မိတ်ဆက်ပေးသည်။

ထိုအချိန်တွင် "စွန်းချန်"(Sun Qian) သည် ကျိကျိုးသို့ ရောက်ပြီး "လျူဘေ့"(Liu Bei) နှင့်တွေ့သည်။


အဖြစ်အပျက်အလုံးစုံကိုကြားသော် "လျူဘေ့"(Liu Bei) မှ

"ကျန်းယုံ(Jian Yong) လည်း ဒီမှာရှိတယ်။ သူ့ကိုပါခေါ်ပြီး တိတ်တဆိတ်တုင


ိပင်တာပေါ့" ဟု ပြောသည်။
ထို့နောက်သူတို့ သုံးဦးသည် "ယွမ်ရှောက်"(Yuan Shao) ထံမှထွက်ရန် တိုင်ပင်ကြသည်။ "ကျန်းယု"ံ (Jian
Yong) မှ

"သခင်ကြီးက ယွမ်ရှောက်(Yuan Shao) ဆီသွားပြီးတော့ ကျင်ကျိုးက လျူပြောင်း(Liu Biao) ဆီသွားပြီး


ချောင်ချောင်း(Cao Cao) ကိုတိုက်ဖို့ တိုင်ပင်မယ်လို့ ပြောပါ။ ဒီလိုဆို သူ့ဆီကထွကဖ
ို့
အကြောင်းပြချက်ရမှာပါ" ဟု ဆိုသည်။

"ဒါက အကောင်းဆုံးပဲ။ ခင်ဗျားရော ကျုပ်နဲ့လိုက်မှာလား"

"ကျွန်တော့်မှာ တခြားအစီအစဉ်ရှိပါသေးတယ်"

ထို့နောက် "လျူဘေ့"(Liu Bei) သည် "ယွမ်ရှောက်(Yuan Shao) ထံသွားပြီး

"လျူပြောင်း(Liu Biao) က အင်အားကြီးမားတဲ့အတွက် သူ့အကူအညီနဲ့ ရန်သူကိုတိုက်နိုင်ပါတယ်" ဟု


ပြောသည်။

"ကျုပ်က သူ့ဆီ သံတမန်တွေ ခဏခဏလွှတ်ပြီးအကူအညီတောင်းခဲ့ပြီးပြီ။ ဒါပေမယ့်


သူကမပူးပေါင်းချင်ဘူး"

"သူနဲ့ ကျွန်တော်နဲ့က မျိုးရိုးတူတယ်ဆိုတော့ ကျွန်တော်သွားရင်တော့ ငြင်းဆန်မယ်မထင်ဘူး"

"သူက လျူဖီ(Liu Pi) ထက်တော့ အားကိုးရလောက်တယ်"

412
"ဒါနဲ့ ကွမ်းယွီ(Guan Yu) က ချောင်ချောင်း(Cao Cao) လက်အောက်ကထွက်ပြီး ဒီကိုလာနေတယ်လို့
သတင်းကြားတယ်။ သူသာရောက်လာရင် ကျုပ်စစ်သူကြီးတွေအတွက် လက်စားချေတဲအ
့ နေနဲ့
သူ့ကိုသေဒဏ်ပေးရမယ်"

"ခင်ဗျားက သူ့ကိုရာထူးခန့်အပ်ချင်တယ်ဆိုလို့ ကျွန်တော်က သူ့ကိုလာခိုင်းစေတာပါ။


သူသတ်လိုက်တဲ့နှစ်ဦးက ကျားလိုရဲရင့်တဲ့သူလိုလူနဲ့ ယှဉ်ရင် သမင်လောက်ပဲရှိပါတယ်။
သမင်နှစ်ကောင်အတွက်နဲ့ ကျားကို အဆုံးရှုံးခံရမလား"

"ကျုပ် သူ့ကိုကြိုက်ပါတယ်။ ကျုပ်က နောက်နေတာပါ။ သူ့ကိုခေါ်ဖို့ နောက်ထပ်


လူတစ်ဦးကိုလွှတ်လုက
ိပါ"

"စွန်းချန်(Sun Qian) ကို လွှတလ


ို့ရမလား"

"ရတာပေါ့"

သို့နှင့် "လျူဘေ့"(Liu Bei) ထွက်သွားသည်။ မကြာမီပင် "ကျန်းယု"ံ (Jian Yong) ရောက်လာပြီး


"ယွမ်ရှောက်"(Yuan Shao) အား

"လျူဘေ့(Liu Bei) ထွက်သွားပြီးရင် ပြန်လာတော့မှာမဟုတ်ဘူး။ ဒါကြောင့် ကျွန်တော်ပါလိုက်သွားပြီး


သူ့ကိုစောင့်ကြည့်ပါရစေ" ဟု ပြောသည်။

"ယွမ်ရှောက်"(Yuan Shao) ကလည်း သဘောတူပြီး နှစ်ဦးလုံးကိုသွားစေလိုက်သည်။ ထိုအချိန်တွင်ပင်


"ကောထူ"(Guo Tu) မှ ဝင်လာပြီး

"လျူဘေ့(Liu Bei) က လျူဖီ(Liu Pi) နဲ့သွားတွေ့တာ ဘာမှမဖြစ်လာခဲ့ဘူး။ အခု ကျန်းယု(ံ Jian Yong)
ကို လွှတလ
ိုကတ
် ယ်။ သူတို့နှစ်ယောက်လုံးပြန်လာမှာမဟုတ်ဘူး" ဟု ပြောသည်။

"အဲ့လောက် သံသယမရှိပါနဲ့။ ကျန်းယု(ံ Jian Yong) က ယုံလို့ ရပါတယ်"

"လျူဘေ့"(Liu Bei) ၊ "စွန်းချန်"(Sun Qian) နှင့် "မီကျူ"(Mi Zhu) သုံးဦးစလုံး လမ်းတွင်တွေ့ပြီး


"ကွမ်းယွ"ီ (Guan Yu) ရှိရာလယ်တောထဲသွားကြသည်။ "ကွမ်းယွီ"(Guan Yu) ကလည်း
သူ့အစ်ကိုကြီးကိုမြင်လျှင် အရိုအသေပြုလေသည်။ ထို့နောက် အိမ်ရှင်ဖြစ်သူက သူ့သားနှစ်ဦးကိုခေါ်ပြီး
ဧည့်သည်တို့ကို အရိုအသေပေးစေသည်။ "လျူဘေ့"(Liu Bei) က ထိုသူတို့ ၏နာမည်ကိုမေးလေသည်။
"ကွမ်းယွ"ီ (Guan Yu) မှ ဝင်ကာ

413
"မျိုးရိုးနာမည်က ကျွန်တော်နဲ့ အတူတူပါပဲ။ တစ်ယောက်ကတော့ စာပေလေ့လာတဲ့ ကွမ်းနန်(Guan
Neng) ဖြစ်ပြီး နောက်တစ်ယောက်ကတော့ စစ်မှုထမ်းမယ့် ကွမ်းဖင်(Guan Ping) ဖြစ်ပါတယ်"
ဟုပြောသည်။

"ကွမ်းတင်"(Guan Ding) : "ကျွန်တော်က အငယ်ဖြစ်သူကို


စစ်သြူ ကီးလက်အောက်မှာအမှုထမ်းစေမလားလို့ ။ စစ်သူကြီးဘယ်လိုထင်လည်း"

"လျူဘေ့"(Liu Bei) : "သူ့အသက်ဘယ်လောက်ရှိပြီလည်း"

"ကွမ်းတင်"(Guan Ding) : "၁၈ နှစ်ရှိပါပြီ"

"လျူဘေ့"(Liu Bei) : "ဒါဆိုဒီလိုလုပ်ပါလား၊ ကျွန်တော့်ညီက သားသမီးမရှိဘူးဆိုတော့ ခင်ဗျားသားကို


ကွမ်းယွီ(Guan Yu) ရဲ့ မွေးစားသားအဖြစ် မွေးစားစေလိုက်ပေါ့။ ဒါကိုဘယ်လိုသဘောရလည်း"

"ကွမ်းတင်"(Guan Ding) ကလည်း သဘောတူသဖြင့် "ကွမ်းဖင်"(Guan Ping) ကို "ကွမ်းယွ"ီ (Guan Yu)
အား အရိုအသေပြုစေပြီး "လျူဘေ့"(Liu Bei) ကို ဘကြီးဟု ခေါ်စေသည်။ ထို့နောက်
ထွက်ခွာရန်ပြင်ဆင်ကြရာ အိမ်ရှင်ဖြစ်သူနဲ့ သားကြီးတို့သည် ထွကြ် ပီး နှုတဆ
် က်လေသည်။
ထိုလူစုတို့ သည် အိပ်နေသောကျွဲတောင်ကို သွားရာ မကြာမီပင် ဒဏ်ရာရနေသော "ကျိုးချန်း"(Zhou
Cang) နှင့်တွေ့သည်။

"ကျိုးချန်း"(Zhou Cang) : "ကျွန်တော်ဒီတောင်ကို မရောက်ခင်မှာ သူရဲကောင်းတစ်ဦးက


ကျွန်တော့်သူငယ်ချင်း ဖေယွမ်ရှောက်(Pei Yuanshao) နဲ့တိုက်ပြီးသူ့ကိုသတ်သွားခဲ့တယ်၊
ကျန်တဲ့လူတွေကလည်း အညံ့ခံလိုက်တယ်။ ကျွန်တော်က တပ်ဖွဲ့ကလူတွေကြို ပန်လာဖို့ သွားခေါ်တာ
တချို့သာပြန်လာပြီး ကျန်တဲ့လူတွေက တအားကြောက်နေတယ်။ အဲ့သူရဲကောင်းနဲ့တိုက်တာ
ကျွန်တော်ဒဏ်ရာသုံးကြိမ်ရခဲ့တယ်"

"လျူဘေ့"(Liu Bei) : "အဲ့သူရဲကောင်းက ဘယ်သူလည်း? ဘယ်လိုပုံစံမျိုးလည်း"

"ကျိုးချန်း"(Zhou Cang) : "သူက တိုက်ရည်ခိုက်ရည်တော်တဲ့သြူ ဖစ်မှန်းပဲသိပါတယ်။ နာမည်ကိုတော့


မသိပါဘူး"

သို့နှင့် "ကွမ်းယွ"ီ (Guan Yu) သည် ရှေ့ဆံုး မှဦးဆောင်ပြီး တောင်ကုန်းပေါ်သို့တက်ကြလေသည်။


"ကျိုးချန်း"(Zhou Cang) သည် သူ၏ရန်သူကိုဆေ
ဲ ရးတိုင်းထွာလေရာ မကြာမီပင် ထိုသထ
ွူကလ
်ာသည်။
"လျူဘေ့"(Liu Bei) သည် ရုတ်တရတ် အပြင်ထွကြ် ပီး ကျာပွတ်ကိုဝှေ့ရမ်းကာ

"ကျောက်ယွင်(Zhao Yun) ၊ ငါက မင်းကိုရှာနေတာ" ဟု ပြောလေသည်။

414
ထိုမြင်းစီးလာသူမှာ အမှန်တကယ်ပင် "ကျောက်ယွင"် (Zhao Yun) ဖြစ်နေသည်။ "ကျောက်ယွင"် (Zhao
Yun) သည် မြင်းပေါ်မှဆင်းလိုက်ပြီး "လျူဘေ့"(Liu Bei) ကို ဂါဝရပြုသည်။ "လျူဘေ့"(Liu Bei) ကလည်း
မြင်းပေါ်မှဆင်းပြီး ဘယ်နည်းဘယ်ပုံဖြင့် ဤသို့ ရောက်လာသည်ကုေ
ိ မးသည်။

"ကျောက်ယွင်"(Zhao Yun) : "ကုန်းစွန်းကျန့်(Gongsun Zan) ဟာ ဒီလိုမျိုး


အကြောင်းအရင်းတွေကိုမနားထောင်တတ်သူမှန်း မသိခဲ့ဘူး။ နောက်ဆုံးမှာတော့ သူဟာ မီးတွေကြားမှာ
သေဆုံးခဲ့တယ်။ ယွမ်ရှောက်(Yuan Shao) က သူ့လက်အောက်မှာ အမှုထမ်းဖို့ ခေါ်ပေမယ့်လည်း
ကျွန်တော်က မသွားခဲ့ဘူး၊ နောက်တော့ သခင်ကြီးက ရွှီကျိုးမှာရှိတယ်ဆိုတာသိတော့
ရွှီကျိုးကိုလာဖို့ လုပ်ခဲ့တယ်၊ ဒါပေမယ့် ရွှီကျိုးက အသိမ်းခံလိုက်ရတော့ ကွမ်းယွ(ီ Guan Yu) က
ချောင်ချောင်း(Cao Cao) ဆီရောက်ပြီး သခင်ကြီးက ယွမ်ရှောက်(Yuan Shao) ဆီရောက်သွားတယ်။
ကျွန်တော်က သခင်ကြီးကိုတွေ့ချင်ပေမယ့်လည်း ယွမ်ရှောက်(Yuan Shao)
နဲ့မတွေ့ချင်တာနဲ့မလာခဲ့ဘူး၊ နောက်ပိုင်းမှာ တစ်ယောက်တည်းလျှောက်သွားပြီးတော့ ဒီနားရောက်တော့
ဖေယွမ်ရှောက်(Pei Yuanshao) က ကျွန်တော့်မြင်းကိုခိုးဖို့ လုပ်တော့ ကျွန်တော်ကသူ့ကို သတ်လိုက်ပြီး
သူ့စခန်းကိုသိမ်းလိုက်တာ၊ ကျန်းဖေး(Zhang Fei) က ကူချန်မှာရှိတယ်လို့ ကြားပေမယ့်လည်း
ကောလာဟလလို့ပဲထင်ခဲ့တယ်။အဖြစ်အပျက်တွေကတော့ ဒီလိုပါပဲ"

"လျူဘေ့"(Liu Bei) ရော၊ "ကွမ်းယွီ"(Guan Yu) တို့ ကပါ သူတို့ ကြုံခဲ့ရသည်တို့ကိုပြောပြလေသည်။

"လျူဘေ့"(Liu Bei) : "အခုလိုပြန်တွေ့ရတာဝမ်းသာပါတယ်"

"ကျောက်ယွင်"(Zhao Yun) : "ကျွန်တော်နေရာအနှံ့သွားပြီး


အမှုထမ်းဖို့ ထိုကတ
် န်တဲ့လူရှာခဲ့ပေမယ့်လည်း မတွေ့ခဲ့ဘူး။ အခုတော့ သခင်ကြီးရဲ့နံဘေးမှာ
အမှုထမ်းရတာက ကျွန်တော့်ဘဝအတွက် ပြည့်စုံသွားသလိုပဲ"

ထို့နောက် သူတို့ သည် ကူချန်သို့ သွားကြသည်။ ကူချန်သို့ ရောက်သော် "လျူဘေ့"(Liu Bei)


၏အမျိုးသမီးနှစ်ဦးက အဖြစ်အပျက်တို့ကိုပြောပြလေသည်။ "လျူဘေ့"(Liu Bei) သည်
စကားပင်ပြန်မပြောနိုင်လောက်အောင် စိတ်ခံစားသွားသည်ဟူ၏။ ထို့ နောက်
ကောင်းကင်နှင့်မြေကြီးအတွက် ကျွဲနှင့်မြင်းတို့ ကိုသတ်ပြီး ပသ,လေသည်။

"လျူဘေ့"(Liu Bei) သည် သူ့ညီနှစ်ဦးနှင့်ပြန်တွေ့ခဲ့လေပြီ။ ထို့အပြင် "ကျောက်ယွင"် (Zhao Yun)


သည်လည်း သူ့လက်အောက်ရောက်လာသလို "ကွမ်းယွ"ီ (Guan Yu) သည်လည်း
မွေးစားသားတစ်ဦးရခဲ့သည်။ "ကျိုးချန်း"(Zhou Cang) သည်လည်း တပ်ထဲသို့ဝင်ရောက်လာသည်။

415
ထိုအချိန်ဝယ် "လျူဘေ့"(Liu Bei) လက်အောက်တွင် "ကွမ်းယွ"ီ (Guan Yu) ၊ "ကျန်းဖေး"(Zhang Fei) ၊
"ကျောက်ယွင်"(Zhao Yun) ၊ "စွန်းချန်"(Sun Qian) ၊ "ကျန်းယုံ"(Jian Yong) ၊ "မီကျူ"(Mi Zhu) ၊
"မီဖန်"(Mi Fang) ၊ "ကွမ်းဖင်"(Guan Ping) နှင့် "ကျိုးချန်း"(Zhou Cang) ဟူသော အမှုထမ်းကိုးဦးနှင့်
စစ်သားလေးငါးထောင်ခန့်ရှိပြီဖြစ်သည်။ "လျူဘေ့"(Liu Bei) သည် ရူနန်ကိုတိုကရ
် န်ကြံသည်။
ထိုအခိုက်မှာပင် ထိုရုနန်၏ ခေါင်းဆောင်နှစ်ဦးဖြစ်သော "လျူဖီ"(Liu Pi) နှင့် "ကုန်းတု"(Gong Du) တို့ က
ဖိတေ
် ခ်ါလေရာ "လျူဘေ့"(Liu Bei) ကလည်း ထိုနေရာသို့သွားပြီး တပ်သားများစုဆောင်းလေသည်။

"ယွမ်ရှောက်"(Yuan Shao) မှာ "လျူဘေ့"(Liu Bei) ပြန်မလာသဖြင့် ဒေါသထွက်ပြီး စစ်တပ်လွှတ်ကာ


တိုက်ရန်ပြင်သည်။ ထိုအခါ "ကောထူ"(Guo Tu) မှ ဝင်ကာ

"လျူဘေ့(Liu Bei) ကို ဘာမှစိုးရိမ်စရာမလိုဘူး။ လက်ရှိရန်သူက ချောင်ချောင်း(Cao Cao)ပဲ။


ဟန်မြစ်မှာရှိနေတဲ့ လျူပြောင်း(Liu Biao) ကိုတောင် စိုးရိမ်ဖို့မလိုဘူး။
ရန်စီမြစ်ရဲ့အရှေ့တောင်ဘက်မှာအင်အားကြီးမားတဲ့ စွန်းချဲ့(Sun Ce) ရှိတယ်လေ။သူနဲ့မဟာမိတ်ဖွဲ့ပြီး
ချောင်ချောင်း(Cao Cao) ကိုတိုက်ရမယ်" ဟု ပြောသည်။

"ယွမ်ရှောက်"(Yuan Shao) ကလည်း လက်ခံလုက


ိပြီး "ချန်ကျန်း"(Chen Zhen) အား "စွန်းချဲ့"(Sun Ce)
ထံ မဟာမိတ်ဖွဲ့ရန် သဝဏ်လွှာပို့ စေသည်။

416
အခန်း(၂၉) တောင်ပိုင်းရှိခေါင်းဆောင်ငယ်သည် "ယွီကျီ"(Yu Ji) ကို သတ်လိုက်ခြင်း။
မျက်လုံးအစိမ်းရောင်ရှိသောလူငယ်လေးသည် တောင်ပိုင်းပြည်နယ်တို့ ကို အုပ်ချုပ်ခြင်း။

"စွန်းချဲ့"(Sun Ce) သည် တဖြည်းဖြည်းချင်း ရန်စီမြစ်အရှေ့တောင်ဘက်၏ ခေါင်းဆောင်ဖြစ်လာခဲ့သည်။


ကျန်းအန်းနှစ် စတုတ္ထနှစ်တင
ွ် မြို့စား "လျူရွှီ"(Liu Xu) ကိုတိုက်ပြီး လုကျန်းကိုသိမ်းနိုင်ခဲ့သည်။ ထို့အပြင်
မြို့စား "ဟွာရှင်း"(Hua Xin) ထံ "ယွီဖန်"(Yu Fan) ကို စေလွှတ်ရာ "ဟွာရှင်း"(Hua Xin) က
လက်နက်ချခဲ့လေသည်။ သို့နှင့် "စွန်းချဲ့"(Sun Ce) ၏ ဂုဏ်သတင်းမှာ ပိုကြီးလာပြီး
သူ၏လုပ်ဆောင်မှုတို့ကို "ကျန်းဟုန်"(Zhang Hong) အား မြို့တော်လွှတ်ပြီး ဘုရင်မင်းမြတ်ကို
တင်ပြလေသည်။

"ချောင်ချောင်း"(Cao Cao) က "စွန်းချဲ့"(Sun Ce) သည် သူ့ကိုယှဉ်နိုင်မည့်ပြိုင်ဘက်ဟု ယူဆပြီး

"သူက ထိန်းရခက်မယ့်ခြသေ့င်္ပဲ" ဟု ပြောသည်။

ထို့နောက် "ချောင်ချောင်း"(Cao Cao) သည် သူ၏တူမ၊ "ချောင်ရန်"(Cao Cao) ၏ သမီးကို "စွန်းချဲ့"(Sun


Ce) ၏ညီအငယ်ဆုံး "စွန်းခွမ်"(Sun Kuang) နှင့် လက်ဆက်စေသည်။ ထို့အပြင် "ချောင်ဟုန်"(Cao
Hong) ကို မြို့တော်တွင်ခေါ်ထားသည်။ "စွန်းချဲ့"(Sun Ce) သည် တိုင်းပြည်တွင်
အမြင့်ဆုံးရာထူးဖြစ်သော စစ်သူကြီးချုပ်ရာထူးကိုလိုချင်သော်လည်း "ချောင်ချောင်း"(Cao Cao) က
မရအောင်လပ
ုထားလေသည်။ ထို့ ကြောင့်ပင် "စွန်းချဲ့"(Sun Ce) က "ချောင်ချောင်း"(Cao Cao)
ကိုမုန်းတီးပြီး သူ့ကိုတိုက်ရန် စိတ်ကူး ရှိနေခဲ့သည်။

ထိုအချိန်လောက်တွင် ဝူကျွင်းမြို့စား "ရွှီကန


ုး"(Xu Gong) သည် မြို့တော်ရှိ"ချောင်ချောင်း"(Cao Cao)
အား လျှို့ဝှက်စာတစ်စောင်ပို့လိုက်သည်။ ထိုစာအတွင်းဝယ်

"စွန်းချဲ့(Sun Ce) က ရှန့်ယွ(ီ Xiang Yu) လို ပြဿနာရှာတဲ့လူမျိုးပဲ။ မြို့တော်က


သူ့ကိုရာထူးပေးမယ်ဆိုပြီး မြို့တော်မှာပဲ ထားသင့်ပါတယ်။ သူသာတောင်ပိုင်းမှာရှိရင်
အန္တရာယ်ရှိနိုင်ပါတယ်" ဟုပါရှိသည်။

သို့သော်လည်း ထိုစာသည် "စွန်းချဲ့"(Sun Ce) လက်ထဲရောက်သွားပြီး


ထိုဆက်သားကိုသေဒဏ်ပေးလိုက်သည်။ ထို့နောက် "ရွှီကုန်း"(Xu Gong) ကို ဖိတ်ခေါ်စေသည်၊
"ရွှီကန
ုး"(Xu Gong) မှာလည်း "စွန်းချဲ့"(Sun Ce) သိသွားမှန်းမရိပ်မိပဲ ရောက်လာသည်။ "ရွှီကုန်း"(Xu
Gong) ရောက်သော် "စွန်းချဲ့"(Sun Ce) မှ

417
"ခင်ဗျားက ကျုပ်ကို မရဏတိုင်းပြည်ကိုပို့ ချင်တယ်ပေါ့" ဟု ပြောပြီး အစောင့်တို့ကိုခေါ်ကာ "ရွှီကုန်း"(Xu
Gong) အား လည်မြိုညှစ်သတ်စေလိုက်သည်။ "ရွှီကန
ုး"(Xu Gong) ၏မိသားစုတို့ လည်း
ထွက်ပြေးသွားကြသည်။ ထိုအထဲမှ လူသုးံ ဦးတို့သည် "စွန်းချဲ့"(Sun Ce) အပေါ်လက်စားချေရန်
အခွင့်အရေးကိုစောင့်နေသည်။

တစ်နေ့သော် "စွန်းချဲ့"(Sun Ce) သည် တန်ထေ


ူ တာင်ကုန်း၏အနောက်ဘက်သို့သွားကာ
အမဲလိုက်ထွက်သည်။ သမင်တစ်ကောင်ကိုတွေ့သည်နှင့်ထိုသမင်နောက်ကိုလိုက်ရင်း
တောအုပ်အတွင်းရောက်သွားသည်။ ထိုတောအုပ်အတွင်းဝယ်
လက်နက်ကိုင်ထားသောလူသုံးဦးကိုတွေ့ရာ မည်သန
ူ ည်းဟု မေးရာ ထိုသူတို့ က

"ကျွန်တော်တို့က ဟန်တန်(Han Dang) တပ်ကပါ။ သမင်လိုက်ထွကလ


်ာတာပါ" ဟု ပြောလေသည်။

ထိုအခါ "စွန်းချဲ့"(Sun Ce) ကလည်း မြင်းကြိုးကိုဆွဲပြီး ထွကရ


် န်ပြင်သည်။ ထိုအချိန်တွင်ပင် ထိုလသ
ူုံးဦးမှ
တစ်ယောက်က လှံဖြင့်ထိုးရာ "စွန်းချဲ့"(Sun Ce) ၏ပေါင်ကုထ
ိသွားသည်။ "စွန်းချဲ့"(Sun Ce) ကလည်း
ဓားကိုဆွဲပြီးထိုသူကိုတုက
ိရန်လပ
ုသည်။ သို့သော် သူ၏ဓားကမြေကြီးပေါ်ရုတ်တရတ်ကျသွားပြီး
ဓားရိုးသာကျန်သည်။ နောက်တစ်ဦးက မြားဖြင့်ပစ်ရာ "စွန်းချဲ့"(Sun Ce) ၏ပါးကိုထိသွားသည်။
"စွန်းချဲ့"(Sun Ce) ကလည်း ထိုမြားကိုဆွဲနှုတ်ပြီး ထိုသူကိုပင် ပြန်ပစ်လိုက်သည်။
ကျန်သောသူနှစ်ယောက်တို့ က လှံဖြင့်တိုက်ကာ ပါးစပ်မှလည်း

"ကျုပ်တို့က ရွှီကန
ုး(Xu Gong) အတွက် လက်စားချေမယ့်လူတွေ" ဟု ပြောလေသည်။

"စွန်းချဲ့"(Sun Ce) သည်လည်း အခြေအနေကိုသဘောပေါက်သွားပြီး ပြန်ဆုတရ


် န်ပြုသည်။
သို့သော်လည်း အခွင့်မသာသဖြင့် လူရောမြင်းပါဒဏ်ရာရလေသည်၊ ထိုအချိန်တွင်ပင် "ချန်ဖ"ူ (Cheng Pu)
နှင့် လူအချို့ရောက်လာပြီး ထိုလူသတ်သမားတို့ကိုသတ်လိုက်သည်။

သို့သော်လည်း သူတို့ ၏သခင်မှာ မျက်နှာတွင်သွေးချင်းချင်းနီနေပြီး ဒဏ်ရာတို့ လည်း ပြင်းထန်သည်။


"စွန်းချဲ့"(Sun Ce)၏ဒဏ်ရာတို့ ကို စည်းနှောင်ပေးပြီး မြင်းပေါ်တင်ကာခေါ်သွားသည်။ "စွန်းချဲ့"(Sun Ce)
၏ဒဏ်ရာမှာ အင်မတန်ပြင်းထန်သဖြင့် ကုသရန် နာမည်ကြီးသမားတော် "ဟွားထော်"(Hua Tuo)
ကိုရှာသော်လည်း မတွေ့ချေ။ "ဟွားထော်"(Hua Tuo) ၏တပည့်တစ်ဦးမှလာပြီးကုသပေးသည်။
သမားတော်မှ

"မြားထိပ်မှာအဆိပ်တွေတပ်ထားတယ်။ နောက်ပြီးအဆိပ်တွေက တအားပျံ့နေပြီ။


ပြန်ကောင်းဖို့ရက်တစ်ရာလိုလိမ့်မယ်။ ဒါပေမယ့် အဲ့အတောအတွင်းမှာ ခံစားမှုပြင်းပြင်းထန်ထန်ဖြစ်တာ၊
ဒေါသတွေထွက်တာတွေရှိခဲ့ရင် ဒဏ်ရာကဘယ်လိုမှ ပြန်ကောင်းတော့မှာမဟုတ်ဘူး" ဟုပြောသည်။

418
"စွန်းချဲ့"(Sun Ce) မှာ ဆုံးဖြတ်ချက်မြန်ပြီး စိတမ
် ရှည်သူဖြစ်လေရာ ထိုကုထုံးကိုသဘောမကျချေ။
သို့သော်လည်း သူသည် ထိုရက်တစ်ရာ၏ပထမဆုံးရက်နှစ်ဆယ်ကို
တိတ်ဆိတ်တည်ငြိမ်စွာဖြတ်သန်းခဲ့သည်။ ထို့ နောက် မြို့တော်သို့ သွားသော "ချောင်ဟုန်"(Cao Hong)
ရောက်လာသည်။ "ချောင်ဟုန"် (Cao Hong) မှ

"ချောင်ချောင်း(Cao Cao) က သခင်ရဲ့အစွမ်းကိုကြောက်ပါတယ်၊ သူ့လက်အောက်ခံတွေကလည်း


သခင့်ကိုလေးလေးစားစားဆက်ဆတ
ံ ယ်။ ကောကျား(Guo Jia) ကလွဲလို့ ပေါ့" ဟု ပြောသည်။ ထိုအခါ
"စွန်းချဲ့"(Sun Ce) မှ

"ကောကျား(Guo Jia) က ဘာပြောလို့လည်း" ဟု မေးသည်။

"ကျန်းဟုန်"(Zhang Hong) ကလည်း မည်သို့ မှပြန်မဖြေပဲ ဆိတဆ


ိတ်သာနေသည်။

ထိုအခါ "စွန်းချဲ့"(Sun Ce) မှာ ပို၍ဒေါသထွက်ပြီး ထပ်မေးပြန်ရာ "ကျန်းဟုန်"(Zhang Hong) မှ

"ကောကျား"(Guo Jia) က ချောင်ချောင်း(Cao Cao) ကို ဒီလိုပြောပါတယ်။ စွန်းချဲ့(Sun Ce)


ကိုကြောက်စရာမလိုဘူး၊ သူက မဆင်ခြင်တတ်တဲ့အပြင် အသင့်မပြင်တတ်ဘူး။
အလျင်စလိုဆုံးဖြတ်တတ်သူဖြစ်ပြီး သေးသိမ်သူဖြစ်တယ်။ ဒီလိုလူမျိုးက
တခြားလူတစ်ယောက်ယောက်အသတ်ခံပြီး သေမှာပဲ" ဟု ဆိုလေသည်။

"စွန်းချဲ့"(Sun Ce) : "အဲ့အရူးက ငါ့ကိုဒီလုေ


ိ ပြာရဲတယ်။ ချောင်ချောင်း(Cao Cao) လက်ထဲက
ရွှီချန်ကုသ
ိမ်းပြမယ်"

ကျန်သောအမှုထမ်းတို့က မည်သို့ မှမပြောချေ။

ထို့နောက် "စွန်းချဲ့"(Sun Ce) သည်ချက်ချင်း စစ်ချီတက်ရန်ပြင်ဆင်လေသည်။


သူ၏လက်အောက်ခံတို့ကလည်း သမားတော်ကအနားယူရန်ပြောထားကြောင်းဆိုပြီး စစ်မချီသေးရန်
ပြောဆိုကြသည်။ "ကျန်းကျောက်"(Zhang Zhao) မှ

"ဒါရုတ်တရတ်ထွကလ
်ာတဲ့ဒေါသကြောင့် ကိုယ့က
ိုယက
ို ဒုက္ခဖြစ်အောင်လုပ်တာပဲ" ဟု ပြောသည်။

ထိုအချိန်တွင်ပင် "ယွမ်ရှောက်"(Yuan Shao) လွှတ်လိုက်သော သံတမန် "ချန်ကျန်း"(Chen Zhen)


ရောက်လာသည်။ ထိုသမ
ှူ

"ကျွန်တော့်သခင်က တောင်ပိုင်းပြည်နယ်နဲ့ပူးပေါင်းပြီး ချောင်ချောင်း(Cao Cao) ကိုတိုက်မလို့ပါ" ဟု


ပြောလေသည်။ ၎င်းကမ်းလှမ်းမှုမှာ "စွန်းချဲ့"(Sun Ce) ၏အကြိုက်ပင်ဖြစ်သည်။ ထို့နောက်

419
ထိုသံတမန်အတွက် စားသောက်ပွဲတို့ ပြင်ဆင်စေသည်။ ထိုစားသောက်ပွဲအတွင်းဝယ် "စွန်းချဲ့"(Sun Ce)
၏ လက်အောက်ငယ်သားတို့သည် တစ်ဦးကိုတစ်ဦးတီးတိုးပြောကြပြီး
ထိုစားသောက်ပွဲမှအလျှိုလျှိုထွက်သွားကြသည်ကို သတိပြုမိသည်။ "စွန်းချဲ့"(Sun Ce) ကလည်း
ထိုအကြောင်းအရင်းကိုမေးလေရာ ထိုသူတို့က

"သူတော်စင် ယွီကျီ(Yu Ji) က ဒီနားကိုလာလို့အမှုထမ်းတွေက သွားတွေ့ကြတာပါ။ ဟု ပြောကြသဖြင့်


"စွန်းချဲ့"(Sun Ce) ကလည်း ထွကြ် ကည့်ရာ လက်ထဲတွင်တုတ်ကိုင်ထားသော အဘိုးအိုတစ်ယောက်နှင့်
သူ့ကိုဝန်းရံကာအမွှေးတိုင်တို့ ထွန်းနေသော လူတစုကိုတွေ့လိုက်သည်။

"စွန်းချဲ့"(Sun Ce) မှ

"ဒီမှော်ဆရာက ဘယ်သတ
ူုန်း၊ သူ့ကိုဒီခေါ်လာခဲ့" ဟု ပြောလေသည်။

အခြားသောသူတို့ မှ

"သူက အရှေ့ဘက်မှာနေပြီး ဟိုဟိုဒီဒီသွားပြီးတော့ လက်ဖွဲ့တွေ၊အင်းတွေပေးပါတယ်။ သူက


လူတွေအများကြီးကိုရောဂါပျောက်အောင်ကုခဲ့ပြီးပြီ။ သူက
သူတော်စင်ဖြစ်တဲ့အတွကသ
်ာမန်လူလိုဆက်ဆံလို့ မရဘူး" ဟု ပြောကြသည်။

ထိုအခါ "စွန်းချဲ့"(Sun Ce) ၏ဒေါသပိုကြီးလာပြီး သူ့လူတို့ကို "ယွီကျီ"(Yu Ji) အား


ချက်ချင်းဖမ်းလျှင်ဖမ်း၊ မဖမ်းလျှင်အပြစ်ဒဏ်ပေးမည်ဟုဆိုလိုက်ရာ လက်အောက်ခံကလည်း မတတ်သာပဲ
ထိုသူတော်စင်ကိုဖမ်းခေါ်လာကြသည်။

"စွန်းချဲ့"(Sun Ce) : "ဒီအရူး၊ လူတွေကိုဘာလို့မိစ္ဆာလမ်းရောက်အောင်လုပ်တာလည်း"

"ယွီကျီ"(Yu Ji) : "ကျွန်တော်က လန်ရဲ့တောင်က ရသေ့ပါ၊ လွန်ခဲ့တဲ့နှစ်ငါးဆယ်လောက်က


ရန်ချွီရေပူစမ်းအနီးမှာ "ငြိမ်းချမ်းရာသို့ လမ်း" ဆိုတဲ့စာအုပ်ကုေ
ိ တွ့ခဲ့တယ်။
အဲ့စာအုပ်မှာအခန်းပေါင်းတစ်ရာကျော်ပါပြီး ရောဂါတွေကိုဘယ်လိုကလ
ု ည်းဆိုတာ ပါ,ပါတယ်။
ကျွန်တော်လုပ်တာကတော့ အဲ့ထဲကအရာတွေကို လူတွေကိုပြန်ဖြန့်ဝေပြီးတော့
လူတွေကုက
ိ ယ်တင်တာပါပဲ။ လူတွေဆီကဘာမှမယူပါဘူး။ ဒါကိုမိစ္ဆာလမ်းလို့ဆိုနိုင်လို့ လား?"

"စွန်းချဲ့"(Sun Ce) : "ခင်ဗျားပြောတော့ ဘာမှမယူဘူးဆိုရင် အဝတ်နဲ့ စားစရာတွေဘယ်ကရတုန်း?


ခင်ဗျားက အဝါရောင်သူပုန်တွေရဲ့အပေါင်းအပါပဲနေမှာ။ အသက်ရှင်ရက်ထားလို့မဖြစ်ဘူး "

ထို့နောက် "စွန်းချဲ့"(Sun Ce) သည် သူ၏နောက်လိုကတ


့ို ဘက်လှည့်ပြီး

"ဒီလူကိုခေါ်ပြီး သေဒဏ်ပေးလိုက်" ဟု ပြောလေသည်။

420
"ကျန်းကျောက်"(Zhang Zhao) မှဝင်ပြီး

"ဒီတာအိုရသေ့ကြီးက အရှေ့ဘက်မှာနေခဲ့တာကြာပါပြီ။ လူတွေကို ဒုက္ခမပေးခဲ့ဖူးဘူး။ ဒါကြောင့်


သူ့ကိုသတ်လို့မဖြစ်ဘူး " ဟု ပြောသည်။

"စွန်းချဲ့"(Sun Ce) : "ကျုပ်က ကျွဲ၊နွားတွေကိုသတ်သလို ဒီလိုမှော်ဆရာတွေကိုသတ်မှာပဲ"

အမှုထမ်းတို့ကလည်း ဝင်ကာကန့်ကွက်ကြသည်။ ဧည့်သည်တော်ဖြစ်သော "ချန်ကျန်း"(Chen Zhen)


ကလည်း ဝင်တားသော်လည်း အချည်းနှီးပင်။ နောက်ဆုံးတွင် "စွန်းချဲ့"(Sun Ce) က ထိုသူတော်စင်ကို
ထောင်သွင်းအကျဉ်းချထားစေလိုက်သည်။ စားသောက်ပွဲပြီးသော် "ချန်ကျန်း"(Chen Zhen) သည်
သူ့တည်းခိုရာနေရာသို့ပြန်သွားသည်။ "စွန်းချဲ့"(Sun Ce) သည်လည်း
သူ့အိမ်တော်သို့ပြန်သွားလေသည်။

ထိုသူတော်စင်ကို ဤသို့ဆက်ဆံသည့်အကြောင်းကို လူတို့ ကပြောနေကြရာ နောက်ဆုံးတွင်


"စွန်းချဲ့"(Sun Ce) ၏အမေဖြစ်သော ဝူအမျိုးသမီး၏နားအထိ ပေါက်ကြားသွားသည်။

ဝူအမျိုးသမီးက သူ့သားကိုခေါ်ကာ

"ငါ့သားက သူတော်စင် ယွီကျီ(Yu Ji) ကိုထောင်သွင်းအကျဉ်းချထားတယ်ကြားတယ်။ သူက


လူတွေအများကြီးကိုကုခဲ့တဲ့အတွက် လူတွေက သူ့ကိုလေးစားကြတယ်။ ဒါကြောင့်
သူ့ကိုအန္တရာယ်မပြုပါနဲ့" ဟု ပြောလေသည်။

"စွန်းချဲ့"(Sun Ce) : "သူက သူ့မှော်ပညာတွေနဲ့ လူတွေကိုဒုက္ခပေးနေတာပါ။ သူ့ကိုသတ်မှဖြစ်မယ်။"

အမေဖြစ်သက
ူ တားမြစ်သော်လည်း "စွန်းချဲ့"(Sun Ce) ကလက်မခံချေ။

"စွန်းချဲ့"(Sun Ce) :"အမေ၊ အပြင်က ကောလာဟလတွေကို မယုံပါနဲ့။ ဒီကိစ္စကို ကျွန်တော်စီမံပါ့မယ်"

421
"စွန်းချဲ့"(Sun Ce) သည် ထိုသေ
ူ တ်ာစင်ကို ထောင်သွင်းအကျဉ်းချကာ စစ်ဆေးမေးမြန်းစေသည်။
သို့သော်လည်း ထောင်အစောင့်တို့ က "ယွီကျီ"(Yu Ji) ကိုလေးစားသူများဖြစ်လေရာ
သာမန်အကျဉ်းသားတို့ကဲ့သို့ချည်နှောင်ထားခြင်းမပြုပေ။ "စွန်းချဲ့"(Sun Ce) က "ယွီကျီ"(Yu Ji)
ကိုခေါ်သောအခါမှသာ ပြန်ပြီးချည်နှောင်စေသည်။ သို့သော်လည်း "စွန်းချဲ့"(Sun Ce) က
ထိုအကြောင်းကိုသိသွားရာ အစောင့်တို့ ကိုအပြစ်ပေးစေသည်။ ပြီးနောက် "ယွီကျီ"(Yu Ji) ကိုလည်း
နှိပ်စက်စေသည်။ "ကျန်းကျောက်"(Zhang Zhao) နှင့်အခြားသောလူတို့ကလည်း သနားသဖြင့်
ထိုသူတော်စင်အတွက် အာမခံပါ့မည်ဟု ပြောကြသည်။

"စွန်းချဲ့"(Sun Ce) : "ခင်ဗျားတို့ က ပညာရှိတွေဖြစ်ကြပြီးတော့ ဘာလို့


သဘောတရားကိုနားမလည်တာလဲ? အရင်က ကျောက်ကျိုးနယ်စား ကျန်းကျင်းဟာ ဒီလိုမျိုးပဲ
သီချင်းတွေတီး မှုတ်၊ အမွှေးတိုင်တွေထွန်းပြီး ဗုံတွေတီး စေတာပဲ။ နောက်ပြီး သူက
အနီရောင်အင်္ကျီဝတ်ပြီးအောင်မြင်အောင် လုပ်ဆောင်တာပဲ။ ဒါပေမယ့်ဘာမှမဖြစ်ခဲ့ဘူး။
စစ်ပွဲမှာသူများသတ်တာခံရတာပဲ၊ ဒါကြောင့် ကျုပ်လည်း ဒီမှော်ဆရာကိုသတ်မှဖြစ်မယ်"

"လွီဖန်"(Lu Fan) မှဝင်ကာ

"ဒီသူတော်စင်က ရာသီဥတုတွေကိုထိန်းချုပ်နိုင်တယ်လို့ သိရပါတယ်။


အခုကပူပြီးခြောက်သွေ့နေတဲ့အချိန်ဆိုတော့ သူ့ကိုမိုးရွာအောင်လုပ်ခိုင်းစေလိုက်ပါလား" ဟု ပြောသည်။

"စွန်းချဲ့"(Sun Ce) : "သူ ဘယ်လိုမှော်အစွမ်းတွေသုံးမလည်း ကြည့်သေးတာပေါ့"

ထို့နောက် ထိုအကျဉ်းသားအား ချုပ်နှောင်ထားသည်တို့ ကိုဖြည်ပေးလိုက်ပြီး မိုးခေါ်ခိုင်းသည်။ "ယွီကျီ"(Yu


Ji) ကလည်း သူ့ခြေလက်တို့ ကို ချည်နှောင်ပြီး လှဲနေလိုက်သည်။ လူအများတို့ကလည်း
စိတဝ
် င်တစားလာကြည့်ကြလေသည်။ "ယွီကျီ"(Yu Ji) မှ

"လူတွေရဲ့အကျိုးအတွက် မိုးရွာပေးဖို့တောင်းဆိုပါတယ်။ ဒါပေမယ့်လည်း


ဒီသေဒဏ်ကလွတ်မှာမဟုတ်ဘူး " ဟု ပြောသည်။ အခြားသောလူတို့ မှ

"မိုးရွာအောင်လပ
ုနိုင်ရင် နယ်စားက ပြန်လွှတ်ပေးမှာပေါ့" ဟု ပြောကြသည်။

"ယွီကျီ"(Yu Ji) : "ကျုပ်အတွက် သွားဖို့အချိန်ကျပြီ။ ဘယ်လိုမှပြေးမလွတ်နိုင်ဘူး "

ထို့နောက် "စွန်းချဲ့"(Sun Ce) ရောက်လာပြီး ညနေစောင်းသည်အထိမိုးမရွာလျှင် "ယွီကျီ"(Yu Ji) ကို


မီးရှို့ မည်ဟု ပြောလေသည်။

ညနေစောင်းသောအခါဝယ် လေပြင်းတိုက်ကာ တိမ်တို့ ထူလာသော်လည်း မိုးမရွာချေ။

422
"စွန်းချဲ့"(Sun Ce) : "ညနေစောင်းတော့မယ်။ တိမ်တွေပဲဖုံးပြီးမိုးမရွာတဲ့အတွက် သူက အတုအယောင်ပ"ဲ

ထို့နောက် "ယွီကျီ"(Yu Ji) ကိုသစ်သားပုံတို့ ပေါ်တင်စေပြီး မီးရှို့စေသည်။ ထိုအချိန်မှာပင်


လျပ်စီး၊မိုးကြိုးတို့ပစ်ပြီး မိုးရွာလာကာ လမ်းတို့မှာရေလျှံကုန်သည်။

"ယွီကျီ"(Yu Ji) : "မိုးတိမ်တို့ ၊ မိုးကိုရပ်စေပြီးနေမင်းကြီးကို ပြန်ပေါ်လာပါစေတော့"

ထို့နောက် အမှုထမ်းတို့ကလည်း "ယွီကျီ"(Yu Ji) ကိုတိုင်မှချကာ မိုးရွာအောင်လုပ်သည့်အတွက်


ကျေးဇူးတင်သည့်အနေဖြင့် အရိုအသေပေးကြသည်။ သူ့လူတို့က "ယွီကျီ"(Yu Ji)
ရှေ့တင
ွ်ဒူးထောက်နေသည်ကို မြင်သောအခါ "စွန်းချဲ့"(Sun Ce) က ပိုမိုဒေါသထွကသ
်ွားသည်။

"စွန်းချဲ့"(Sun Ce) : "မိုးရွာတယ်၊ နေပူတယ်ဆိုတာ သဘာဝတရားကြီးကြောင့်ဖြစ်တာ၊ ဒီမှော်ဆရာက


အဲ့အချိန်နဲ့တိုက်ဆုင
ိသွားလို့သာပေါ့။ ဒါကိုဘာများ ရေးကြီးခွင်ကျယ်လုပ်နေတာလည်း"

ပြီးနောက် သူ့ဓားကိုဆွဲထုတလ
ိုက်ရာ သူ့အမှုထမ်းတို့အားလည်း ထိုသေ
ူ တ်ာစင်ကို သတ်ရန်ပြောသည်။
အမှုထမ်းတို့ကလည်း မသတ်ရန်ဝိုင်းတောင်းပန်ကြသည်။ ထိုအခါ "စွန်းချဲ့"(Sun Ce) မှ

"ခင်ဗျားတို့ က သူနဲ့ ပေါင်းပြီး ပုန်ကန်မလို့လား" ဟု ပြောလိုက်သည်။ ထိုအခါ မည်သူမှ


သူ့ကိုမတားဝံ့တော့ချေ။ နောက်ဆုံးတွင် အာဏာပါးကွကသ
်ားတို့က "ယွီကျီ"(Yu Ji)
ကိုသတ်လိုက်လေသည်။ "ယွီကျီ"(Yu Ji) သေသောအချိန်ဝယ် အမည်းရောင်အငွေ့တစ်ခုက
လန်ရဲ့တောင်ရှိရာဘက်သို့လွင့်သွားသည်ကိုမြင်လိုက်ရသည်ဟူ၏။

"ယွီကျီ"(Yu Ji) ၏အလောင်းကို ဈေးထဲတွင် ဥပမာအနေဖြင့်ချထားစေသည်။ ထိုညဝယ် မိုးကြိုးတို့ ပစ်ကာ


နောက်ရက်ဝယ် ထိုသေ
ူ တ်ာစင်၏အလောင်းကိုမတွေ့တော့ချေ။ အစောင့်တို့က
ထိုအကြောင်းကိုအကြောင်းကြားလေရာ "စွန်းချဲ့"(Sun Ce) ကလည်း ထိုအစောင့်တို့ ကို
သေဒဏ်ပေးလိုက်သည်။ ထိုအချိန်တွင် "ယွီကျီ"(Yu Ji) က ရုတ်တရတ်ပေါ်လာပြီး
သူ့အနီးသို့လျှောက်လာသည်ကိုမြင်လိုက်သည်။ "စွန်းချဲ့"(Sun Ce) က
သူ့ဓားကိုဆွဲပြီးခုတ်ရန်ပြင်သော်လည်း လဲကျသွားလေသည်။

သူ့လက်အောက်ငယ်သားတို့ က "စွန်းချဲ့"(Sun Ce) ကို သူ့အိပ်ဆောင်သို့ပြန်ခေါ်သွားသည်။ မကြာမီပင်


"စွန်းချဲ့"(Sun Ce) ပြန်သတိရလာသည်။ အမေဖြစ်သူ ဝူအမျိုးသမီးမှ ရောက်လာပြီး

"ငါ့သားက သူတော်ကောင်းကိုသတ်လိုက်တော့ ဒါတန်ပြန်ခံရတာပဲ" ဟု ပြောလေသည်။

"အမေ၊ ကျွန်တော် ငယ်ငယ်တည်းက အဖေနဲ့အတူစစ်ထဲလုက


ိပြီး လူတွေအများကြီးသတ်ခဲ့တာ ဘာမှ
တန်ပြန်ခံရတာမရှိဘူး၊ အခုဒီလက
ို သတ်လိုကမ
ှ် တန်ပြန်ခံရတယ်ဆိုတာဖြစ်နိုင်လား"

423
"ဒါ ယုံကြည်မှုနဲ့ ဆိုင်တာပဲလေ။ မကောင်းတာတွေဖယ်ရှားဖို့ ကောင်းမှုများများလုပ်ရမယ်"

"ကျွန်တော့်ကံတရားက ကောင်းကင်ကြီးအပေါ်မှာပဲမူတည်တယ်။ မှော်ဆရာတွေက ဘာမှမလုပ်နိုင်ပါဘူး။


ဘာကို ဖယ်ရှားစရာလိုလ"ဲ

ဝူအမျိုးသမီးကလည်း သူ့သားကို ပြောမဝင်မှန်းသိသဖြင့် သူ့နောက်လိုက်တော့အား


ကောင်းမှုတို့ ကိုလုပ်ရန်မှာကြားလိုက်သည်။

ထိုည သုံးချက်တီးအချိန်၊ "စွန်းချဲ့"(Sun Ce) လှဲလျောင်းနေသောအချိန်ဝယ်


ရုတတ
် ရတ်အေးစိမ့်သည်ကိုခံစားလိုက်ရပြီး သူ့အနီးတွင် အလင်းရောင်အနည်းငယ်နှင့် "ယွီကျီ"(Yu Ji) ကို
မြင်လုက
ိရသည်။

"စွန်းချဲ့"(Sun Ce) : "ကျုပ်က မှော်ပညာရဲ့ရန်သပ


ဲူ။ မှော်တွေ၊ အောက်လမ်းတွေကို ဖြိုခွင်းမှာပဲ။ ခင်ဗျားလို
တစ္ဆေက ဘာလို့ပေါ်လာတာလဲ" ဟု ပြောပြီး ဓားကိုဆွဲကာခုတ်ရန်ပြုသော်လည်း "ယွီကျီ"(Yu Ji) က
ပြန်ပျောက်သွားသည်။ ထိုအကြောင်းကို သူ့အမေအားပြောပြရာ အမေဖြစ်သူက
စိတမ
် ကောင်းဖြစ်သွားသည်။ ထိုအခါ "စွန်းချဲ့"(Sun Ce) သည် သူနေမကောင်းသော်လည်း
သူ့အမေစိတ်အေးစေရန် သူ့အမေကိုသွားတွေ့သည်။ အမေဖြစ်သူမှ

"ဆရာကြီးကွန်ဖြူးရှပ်က 'ဝိညာဉ်ဆုတ
ိာ သူတို့ ပိုင်ဆိုင်တဲ့အစွမ်းတွေကို ဖော်ပြကြတယ်'၊ 'ဆုတောင်းမှုက
ဝိညာဉ်တွေကို အထက်နဲ့အောက်ဆိုပြီး နှစ်ပိုင်းခွဲလိုက်တာပဲ' ဆိုပြီး ပြောခဲ့တယ်။ ယွီကျီ(Yu Ji)
ကိုသတ်လိုက်တဲ့မကောင်းမှုဒဏ်ကို ပြန်ခံရမှာပဲ။ ကျောက်စိမ်းကျောင်းတော်မှာရှိခိုးဖို့ ပြင်ပြီးသွားပြီ၊
လူကိုယ်တိုင်သွားပြီး ဆုတောင်းပါ" ဟု ပြောသည်။

"စွန်းချဲ့"(Sun Ce) ကလည်း သူ့အမေကို မလွန်ဆန်နိုင်သည်နှင့် နောက်ရက်တွင်


ထိုကျောင်းတော်သို့ သွားလေသည်။ တာအိုရဟန်းတို့ကလည်း သူ့ကိုကြိုဆိုပြီး အမွှေးတိုင်ထွန်းစေသည်။
"စွန်းချဲ့"(Sun Ce) က အမွှေးတိုင်ထွန်းသော်လည်း ကျေးဇူးတင်စကားမဆိုချေ။
ထိုအမွှေးတိုင်မှထွက်လာသောအငွေ့တို့သည် ထီးပုံစံပြောင်းသွားပြီး ထိုအပေါ်တွင် "ယွီကျီ"(Yu Ji)
ထိုင်နေသည်ကိုတွေ့လိုက်သည်။

"စွန်းချဲ့"(Sun Ce) ကလည်း ဆဲရေးတိုင်းထွာပြီး ထွက်သွားရာ အပြင်တွင် "ယွီကျီ"(Yu Ji)


ထွက်ပေါ်လာပြီး သူ့ကိုဒေါသထွက်နေသောမျက်လုံးတို့ ဖြင့်ကြည့်နေသည်ကို မြင်လိုကသ
် ည်။
"စွန်းချဲ့"(Sun Ce) က သူ့လူတို့ကို "ယွီကျီ"(Yu Ji) အား မြင်ရသလားဟုမေးလျှင် မမြင်ပါဟု
ပြန်ဖြေကြသည်။ ထိုအခါ "စွန်းချဲ့"(Sun Ce) သည် ပိုမိုဒေါသထွကြ် ပီး ဓားကိုဆွဲကာ "ယွီကျီ"(Yu Ji)
ကိုခုတ်လေသည်။ သို့သော်လည်း အခြားအစောင့်တစ်ယောက်ကိုသာ ခုတမ
ိသွားသည်။ ပြီးနောက်

424
ထိုကျောင်းတော်ကြီးကိုမီးရှို့ရန်အမိန့်ပေးလိုက်သည်။ မီးခိုးတို့ က တလူလူတက်သွားပြီး ထိပ်တွင်
"ယွီကျီ"(Yu Ji) ကို မြင်လိုက်ရပြန်သည်။

ဂိတအ
် ပေါက်ဝတွင်လည်း "ယွီကျီ"(Yu Ji) ကိုမြင်ပြန်သည်။ "စွန်းချဲ့"(Sun Ce) ကအထဲသို့ မဝင်ပဲ
စစ်တပ်တို့ နှင့်အတူ မြို့အပြင်ဘက်တွင် စခန်းချသည်။ ထို့နောက် "ချောင်ချောင်း"(Cao Cao)
အားတိုက်ရန်ပြင်ဆင်လေသည်။ သူ၏လက်အောက်ခံတို့ က "စွန်းချဲ့"(Sun Ce)
၏ကျန်းမာရေးအခြေအနေကြောင့် ဝိုင်းတားကြလေသည်။ ညဘက်တပ်စခန်းအတွင်းတွင်
အိပ်နေသောအခါတွင်လည်း အိပ်မက်ထဲဝယ် ဆံပင်ဖြည်လျှော့ထားသော "ယွီကျီ"(Yu Ji) ကို
မြင်လုက
ိရပြန်၏။

နောက်ရက်တွင် ဝူအမျိုးသမီးက "စွန်းချဲ့"(Sun Ce) ကိုခေါ်လေရာ "စွန်းချဲ့"(Sun Ce) ကလည်း


မြို့ထဲသို့ ဝင်ပြီး သူ့အမေကိုသွားတွေ့သည်။ အမေဖြစ်သက
ူ သူ့သားပုံစံကိုမြင်လျှ င် မျက်ရည်ကျကာ

"ငါ့သား၊ ဆိုးရွားလှချည်လား" ဟု ပြောသည်။ "စွန်းချဲ့"(Sun Ce) ကလည်း မှန်ကိုယလ


ူာစေပြီး
ကြည့်လေရာ ပိန်ချုံးသွားသောရုပ်ကိုမြင်လိုက်ရပြီး

"ဘယ်လိုဖြစ်လို့ ဒီလိုပုံစံဖြစ်သွားတာလည်း" ဟု ဆိုသည်။ ထိုအချိန်တွင်ပင် မှန်ထဲတွင် "ယွီကျီ"(Yu Ji)


မျက်နှာပေါ်လာသည်။ "စွန်းချဲ့"(Sun Ce) ၏ ဒဏ်ရာတို့ ပြန်ပေါ်လာပြီး မေ့မြောသွားသည်။

"စွန်းချဲ့"(Sun Ce) ပြန်သတိရလာသော်

"ဒါနောက်ဆုံးပဲ၊ ငါသေတော့မယ်" ဟု ပြောသည်။

ထို့နောက် ညီဖြစ်သူ "စွန်းချွမ်"(Sun Quan) ၊ "ကျန်းကျောက်"(Zhang Zhao) နှင့်အခြားသော


အမှုထမ်းတို့ကိုခေါ်လေသည်။

"စွန်းချဲ့"(Sun Ce) : "ဒီလို တိုင်းပြည်ကြီးဆိုးရွားနေတဲ့အချိန်အနေမှာ မြစ်သုံးတန်ရဲ့အကာအကွယ်နဲ့အတူ


မြေဩဇာကောင်းမွန်တဲ့မြေတွေကြောင့် ဝူနဲ့ယွဲ့ ပြည်နယ်ဟာ ကောင်းမွန်တဲ့အနာဂတ်တွေရှိတယ်။
ကျန်းကျောက်(Zhang Zhao) က ကျွန်တော့်ညီကို ကူညီပေးပါ"

"စွန်းချဲ့"(Sun Ce) ကလည်း သူ၏တံဆိပ်တုံးကို "စွန်းချွမ်"(Sun Quan)အားပေးပြီး

"ဝူရဲ့စစ်အင်အားကို တစ်နိုင်ငံလုံးမှာအကောင်းဆုံးဖြစ်အောင်လုပ်ဖို့ မင်းက ငါ့လောက်မသင့်တော်ဘူး။


ဒါပေမယ့် လူတော်တွေကိုစုရုံးပြီး ဒီနယ်မြေကို ကောင်းမွန်အောင်လုပ်တဲ့နေရာမှာတော့ မင်းက
ငါ့ထက်သာတယ်။ ငါ့အဖေနဲ့ငါ လုပ်ဆောင်ခဲ့တာတွေကို လက်ဆင့်ကမ်းပြီးလုပ်ပါ" ဟု ပြောလေသည်။

425
"စွန်းချွမ်"(Sun Quan) ကလည်း ငိုနေရင်း ဒူးထောက်ကာ တံဆိပ်တံုး ကိုယူလေသည်။ ထို့နောက်
"စွန်းချဲ့"(Sun Ce) က အမေဖြစ်သူဘက်လှည့်ကာ

"အမေ၊ ကျွန်တော့်မှာ ရက်တွေသပ


ိမကျန်တော့တဲ့အတွက် အမေ့ကို မစောင့်ရှောက်နိုင်တော့ဘူး။
ကျွန်တော့်ညီကို တံဆပ
ိတုံးပေးထားခဲ့ပြီးပြီ။ ရှေ့လျှောက်မှာ အမေက သူ့ကို အကြံဉာဏ်တွေပေးပါ။
သူ့ရှေ့ကလူတွေကို မှီနိုင်စေဖို့ပေါ့" ဟု ပြောသည်။ အမေဖြစ်သူကလည်း ငိုရင်း

"သူက ဒီတာဝန်ကိုလုပ်ဆောင်ဖို့ စောသေးတယ်။ ဘာဖြစ်မလည်းဆိုတာ မသိနိုင်ဘူး" ဟု ပြောသည်။

"သူက အုပ်ချုပ်မှုအပိုင်းမှာတော့ ကျွန်တော့်ထက်တောင် သာလွန်ပါသေးတယ်။


ပြည်ထဲရေးရာကိစ္စမှာတော့ ကျန်းကျောက်(Zhang Zhao) ကို အားကိုးပြီး ပြင်ပကိစ္စရပ်တွေမှာတော့
ကျိုးယွီ(Zhou Yu) ရဲ့အကူအညီကိုရယူပါ။ အခု ကျိုးယွီ(Zhou Yu) က ဒီမှာမရှိတဲ့အတွက် သူ့ကိုကိုယတ
်ုင
ိ
မမှာနိုင်တာ စိတမ
် ကောင်းစရာပါပဲ"

"စွန်းချဲ့"(Sun Ce) မှ သူ၏ညီတို့ကို

"ငါမရှိတော့ရင် မင်းတို့ရဲ့အစ်ကိုကို ကူညီပေးပါ။ မိသားစုအတွင်းမှာ ပြဿနာပေါ်ခဲ့ရင်


မကောင်းတာလုပ်တဲ့လူကိုအပြစ်ပေးပြီး သူ့ရဲ့ပြာက ရှေးဘိုးဘေးတွေရဲ့ပြာနဲ့ မရောစေနဲ့" ဟု ပြောသည်။
ထိုလူငယ်လေးတို့ ကလည်း ငိုနေကြသည်။ ထို့နောက် ဇနီးဖြစ်သူ ချောင်အမျိုးသမီးဘက်လှည့်ကာ

"ဘဝမှာခွန်အားတွေရှိနေပေမယ့်လည်း ခွဲခွာရတော့မယ်။ ငါ့အမေကို ဂရုစိုက်လိုက်ပါ။ နောက်ပြီး


မင်းညီမရဲ့ယောက်ျား ကျိုးယွ(ီ Zhou Yu) ကို ငါ့ညီအပေါ် အကူအညီတွေပေးပါ လို့ ပြောပေးပါ" ဟု
ပြောလေသည်။ ထို့ နောက် "စွန်းချဲ့"(Sun Ce)သည် မျက်လံုး အစုံမှိတ်ကာ ကွယ်လွန်သွားသည်။
ထိုအချိန်ဝယ် သူ၏အသက်မှာ နှစ်ဆယ့်ခြောက်နှစ်သာ ရှိသေးသည်။ "စွန်းချွမ်"(Sun Quan) က
သူ့အစ်ကိုအနီးတွင် ငိုနေသဖြင့် "ကျန်းကျောက်"(Zhang Zhao) မှ

"ဒါ ငိုနေဖို့အချိန်မဟုတ်ဘူး။ ပထမဆုံးဈာပနအတွက် ပြင်ဆင်ရမယ်။ ပြီးရင်


ပြည်ထဲရေးရာကိစ္စတွေလပ
ုရမယ်" ဟု ပြောလေသည်။

ထို့ကြောင့် ခေါင်းဆောင်အသစ်ဖြစ်လာသော "စွန်းချွမ်"(Sun Quan) သည်


မျက်ရည်တို့ ကိုသုတ်လိုက်သည်။ "ကျန်းကျောက်"(Zhang Zhao) က ခေါင်းဆောင်အသစ်ကို
ခန်းမထဲသို့ခေါ်သွားပြီး အမှုထမ်းတို့အားလာ၍ ခေါင်းဆောင်အသစ်ကို အရိုအသေပြုစေသည်။
"စွန်းချွမ်"(Sun Quan) သည် လေးထောင့်စပ်သောမေးနှင့်ကြီးမားသောပါးစပ်ရှိသည်။ ထို့ အပြင်
အစိမ်းရောင်မျက်လုံးနှင့်ခရမ်းရောင်မုတဆ
ိတ်ရှိသူဖြစ်သည်။

426
လွန်လေပြီးသောအခါက ဝန်ကြီး "လျူဝမ်"(Liu Wan) သည် ဝူပြည်နယ်သို့ရောက်ခဲ့စဉ်က
စွန်းမိသားစုညီအစ်ကိုတို့ကိုမြင်သောအခါ

"သူတို့တွေအကုန်လုံးက လူတော်တွေပဲ၊ ဒါပေမယ့် ဘယ်သူ့မှာမှ ကံကောင်းတဲ့ပုံစံမရှိဘူး။ ဒုတယ


ိ သား
စွန်းချွမ်(Sun Quan) သာလျှင် အတွေးအခေါ်ပညာရှင်ပုံစံဖြစ်ပြီး လူအများရဲ့လေးစားမှုကိုခံရမယ်" ဟု
မှတခ
်ျက်ချဖူးသည်။ "စွန်းချွမ်"(Sun Quan) သည် သူ့အစ်ကို၏ရာထူးကို ဆက်ခံလိုက်သော်ငြားလည်း
အသိအမှတ်ပြုမခံရသေးချေ။ မကြာမီပင် "ကျိုးယွ"ီ (Zhou Yu) သည် ဝူကျွင်းသို့ ရောက်လာသည်။
"စွန်းချွမ်"(Sun Quan) သည် "ကျိုးယွ"ီ (Zhou Yu) ကို ကြိုဆိုပြီး

"ခင်ဗျားရောက်လာတော့ ကျွန်တော်စိတ်ပူစရာမလိုတော့ဘူး " ဟု ပြောလေသည်။

"ကျိုးယွ"ီ (Zhou Yu) သည် ပိုင်ချိုကိုသိမ်းပိုက်ရန် စေလွှတ်ခံခဲ့ရခြင်းဖြစ်သည်။ "စွန်းချဲ့"(Sun Ce)


ဒဏ်ရာရသွားသည်ဟု ကြားသောအခါ "ကျိုးယွ"ီ (Zhou Yu) သည် ပြန်လာကြည့်ရန် လာခဲ့သော်လည်း
"စွန်းချဲ့"(Sun Ce) မှာ ဤလောကတွင် မရှိတော့ပြီ။ "ကျိုးယွ"ီ (Zhou Yu) သည်
သူ၏ခေါင်းဆောင်အခေါင်းရှိရာသို့ သွားလေသည်။ ထိုအခါ ဝူအမျိုးသမီးကထွက်လာပြီး
သူ့သားမှာခဲ့သည်တို့ကို ပြောပြသည်။ "ကျိုးယွီ"(Zhou Yu) သည် ခေါင်းငိုက်စိုက်ကြပြီး

"ကျွန်တော်အသက်ရှိတဲ့အချိန်ကာလပတ်လုံး ဝူပြည်နယ်အတွက် တာဝန်ထမ်းဆောင်ပါ့မယ်" ဟု


ပြောသည်။ မကြာမီပင် "စွန်းချွမ်"(Sun Quan) ရောက်လာပြီး

"ကျွန်တော့်အစ်ကုမ
ှိာကြားခဲ့တာကို မမေ့ဘူးလို့ ယုံကြည်ပါတယ်" ဟု ပြောသည်။ "ကျိုးယွီ"(Zhou Yu) က
ဒူးထောက်ပြီး

"အရှင်သခင်အတွကဆ
ိုရင် အသက်တောင် အသေခံပါ့မယ်" ဟု ပြောလေသည်။

"ကျွန်တော့်အဖေနဲ့အစ်ကိုဆီကလက်ဆင့်ကမ်းခဲ့တဲ့တာဝန်ကြီးကို ဘယ်လိုထမ်းဆောင်ရမလဲ"

"လူတွေကိုခေါင်းဆောင်နိုင်တဲ့လူက အောင်မြင်ပါပဲ။ မလုပ်ဆောင်တဲ့လူက ကျရှုံးမှာပဲ။ အခုလက်ရှိမှာတော့


လူတော်တွေကိုစုပြီးတော့ အခြေခံကို ခိုင်အောင်လုပ်ဆောင်ဖို့ ပဲ"

"ကျွန်တော့်အစ်ကုက
ိ အတွင်းရေးကိစ္စတွေကို ကျန်းကျောက်(Zhang Zhao) နဲ့တိုင်ပင်ခိုင်းပြီး
ပြင်ပကိစ္စတွေကို ခင်ဗျားနဲ့တိုင်ပင်ခိုင်းတယ်"

"ကျန်းကျောက်(Zhang Zhao) က ဉာဏ်ပညာကောင်းတဲ့အတွက် ဒီလုမ


ျိုးကိုထမ်းဆောင်နိုင်တယ်။
ကျွန်တော်ကတော့ ဒီလိုတာဝန်ကိုမလုပ်ဆောင်နိုင်ပါဘူး။ လင်းဟိုင်က လူဆု(Lu Su) ဆိုတဲ့
ပုဂ္ဂိုလ်ကတော့ စစ်ဗျူဟာတွေကုက
ျွိမ်းကျင်တယ်။ သူက ငယ်စဉ်က သူ့အဖေကိုဆုံးရှုံးခဲ့ပြီး သူ့အမေကို

427
စောင့်ရှောက်နေတဲ့လူပါ၊ သူ့မိသားစုကချမ်းသာပြီး လူတွေကုအ
ိ ကူအညီပေးတယ်လို့နာမည်ကြီးတယ်။
ကျွန်တော် လင်းဟိုင်မှာတုန်းက စားနပ်ရိက္ခာ မလုံလောက်တော့ လူဆ(ု Lu Su) က သူ့ဂိုထောင်ထဲက
ကြိုက်တာယူသွားဆိုပြီး အကူအညီပေးခဲ့ဖူးတယ်။ ဓားရေးကိုရော၊ မြင်းစီးမြားပစ်ကိုပါ
နှစ်သက်သြူ ဖစ်တယ်။ သူ့သူငယ်ချင်းဖြစ်သူ လျူကျီရန်(Liu Ziyang) က ချောင်းဟူက ကျန်းပေါင်(Zeng
Bao) ဆီမှာ အမှုထမ်းဖို့ ပြောနေတယ်။ ဒါပေမယ့် သူက ဒီကိစ္စအတွက် တုံ့နှေးနေတယ်။ ဒါကြောင့်
သူ့ကိုမြန်မြန်ခေါ်သင့်ပါတယ်"

ထိုအခါ "စွန်းချွမ်"(Sun Quan) ကလည်း "လူဆု"(Lu Su) ကိုခေါ်ရန် "ကျိုးယွီ"(Zhou Yu) ကို
လွှတ်လိုက်သည်။

"လူဆ"ု (Lu Su) : "လျူကျီရန်(Liu Ziyan) က ချောင်းဟူကိုသွားခိုင်းတာကို သွားမလားလို့တွေးနေတာ"

"ကျိုးယွီ"(Zhou Yu) : "ရှေးတုန်းက မာယွမ်(Ma Yuan) က လျူရှို့ (Liu Xiu) ကို ပြောခဲ့ဖူးတာရှိတယ်၊
'ဒီခေတ်ကြီးမှာ မင်းသားတွေက မင်းမှုထမ်းကိုရွေးရမှာမဟုတ်ဘူး၊ မင်းမှုထမ်းတွေက ကိုယ့်သခင်ကို
ရွေးရမှာ'။ အခု ခေါင်းဆောင် စွန်းချွမ်(Sun Quan) က အရည်အချင်းရှိတဲ့လူတွေကို ခေါ်နေတယ်၊
ခင်ဗျားမှာ ဘယ်မှသွားဖို့ မရှိရင် ကျုပ်နဲ့ အတူတူ တောင်ဘက်ကိုလိုက်ခဲ့ပါ"

"လူဆ"ု (Lu Su) ကလည်း "ကျိုးယွီ"(Zhou Yu) နှင့်အတူတူလိုက်သွားလေရာ "စွန်းချွမ်"(Sun Quan)


ကလည်း "လူဆ"ု (Lu Su) အပေါ်လေးစားစွာဆက်ဆံသည်။ သူတို့ နှစ်ဦးသည်
တိုင်းရေးပြည်ရာတို့ဆွေးနွေးကြရာ အချိန်ကုန်မှန်းမသိကုန်သွားကြသည်။ ထို့နောက် "စွန်းချွမ်"(Sun
Quan) က သူနှင့်အတူထမင်းစားရန်ဖိတေ
် ခ်ါလေသည်။ ပြီးနောက် ညဥ့်နက်သွားလေရာ "လူဆ"ု (Lu Su)
သည် ထိုနေရာတွင်ပင် အိပ်လေသည်။ ထိုညဝယ် "စွန်းချွမ်"(Sun Quan) မှ "လူဆ"ု (Lu Su) ကို

"တိုင်းပြည်ကြီးက ပျက်စီးနေပြီ။ အခြေအနေတွေကလည်း ဆိုးရွားနေတယ်။ ကျွန်တော်က


ကျွန်တော့်အဖေနဲ့အစ်ကိုတို့လုပ်ဆောင်ခဲ့တာတွေကို ရရှိထားတယ်။ ဒါကြောင့် ဟိုးအရင်က ဝင်(Wen) နဲ့

428
ဟွမ်(Huan) နယ်စားတွေလို တိုင်းပြည်ကြီးမှာအစွမ်းဆုံးနယ်စားဖြစ်အောင်
လုပ်ဆောင်ရင်ကောင်းမလားလို့ တွေးနေတယ်" ဟု ပြောလေသည်။

"ဟန်ခေတ်ကိုတည်ထောင်ခဲ့သူဟာလည်း ချင်ဘုရင်လက်အောက်မှာတာဝန်ထမ်းဆောင်ချင်ပေမယ့်
ရှန့် ယွ(ီ Xiang Yu) ကြောင့် မထမ်းဆောင်ခဲ့ရဘူး။ ချောင်ချောင်း(Cao Cao) ကို ရှန့်ယွ(ီ Xiang Yu)
နဲ့နှိုင်းယှဉ်နိုင်တယ်။ ဘုရင့်ကိုကာကွယ်ဖို့ ဘယ်လိုများဖြစ်နိုင်မလဲ? လက်ရှိအခြေအနေမှာ
တိုင်းပြည်ကြီးကို ပြန်လည်တည်ထောင်ဖို့ မလွယ်တော့ဘူး၊ ချောင်ချောင်း(Cao Cao)
ကိုချေမှုန်းဖို့ကလည်း မဖြစ်နိုင်ဘူး။ ဒါကြောင့်လက်ရှိမှာ အင်အားတောင့်တင်းအောင်လပ
ုပြီး
ဟွမ်ကျူ(Huang Zu) နဲ့ ကျင်ကျိုးက လျူပြောင်း(Liu Biao) ကို တိုကရ
် မယ်။ ဒီလိုသာဆိုရင်
ရန်စီမြစ်တစ်လျှောက်လုံးက နယ်ပယ်တွေကိုထိန်းနိုင်ပြီ။ ပြီးရင်တိုင်းပြည်ကိုသိမ်းယူပြီး
ကောင်းကင်ဘံရ
ဲု့သားတော်ဖြစ်နိုင်တယ်။ ဒါက ဟန်ရဲ့ပထမဆုံးဘုရင်လုပ်ဆောင်ခဲ့သလိုမျိုးပဲ"

ထိုစကားကိုကြားလျှင် "စွန်းချွမ်"(Sun Quan) သည် ကျေနပ်သွားသည်။ ပြီးနောက်


သူ၏အကြံပေးအသစ်ကို ကျေးဇူးတင်လေသည်။ နောက်ရက်တွင် "လူဆ"ု (Lu Su) အား
တန်ဖိုးကြီးလက်ဆောင်များ၊ "လူဆ"ု (Lu Su) ၏အမေကို ပိုးထည်များပေးလေသည်။

ထို့နောက် "လူဆ"ု (Lu Su) သည် သူ၏သူငယ်ချင်းတစ်ဦးနှင့်မိတဆ


် က်ပေးသည်။ ထိုသူမှာ နန်ရန်မှ
"ကျူးကဲကျင့်"(Zhuge Jin) ဖြစ်လေသည်။ ထို "ကျူးကဲကျင့်"(Zhuge Jin) က "ယွမ်ရှောက်"(Yuan Shao)
နှင့်မဟာမိတ်မဖွဲ့ သင့်ပဲ "ချောင်ချောင်း"(Cao Cao) နှင့် အဆင်ပြေအောင်ဆက်ဆံသင့်ကြောင်း
အကြံပေးသည်။ ထိုအခါ "စွန်းချွမ်"(Sun Quan) ကလည်း "ယွမ်ရှောက်"(Yuan Shao) ၏
သံတမန်ကိုပြန်လွှတ်လိုက်ပြီး အဆက်အသွယြ် ဖတ်လိုက်သည်။

"စွန်းချဲ့"(Sun Ce) သေဆုံးသည့်အကြောင်းကြားလျှင် "ချောင်ချောင်း"(Cao Cao) သည်


တောင်ပိုင်းကိုတိုကရ
် န် တပ်ဖွဲ့ ပြင်လေသည်။ သို့သော်လည်း "ကျန်းဟုန်"(Zhang Hong) မှ

"ဒီလိုတိုက်တာထက် သူတို့ ကို ကောင်းကောင်းဆက်ဆံတာက ပိုသင့်တော်ပါတယ်" ဟု ပြောလေသည်။

429
သို့နှင့် "ချောင်ချောင်း"(Cao Cao) က "စွန်းချွမ်"(Sun Quan) အား ခွိုင်ကျိမြို့စားရာထူးပေးလိုက်သည်။
"ကျန်းဟုန်"(Zhang Hong) ကိုလည်း "စွန်းချွမ်"(Sun Quan) လက်အောက်တွင်
ခေါင်းဆောင်အနေနှင့်စေလွှတ်လိုက်သည်။ ထိုရာထူးအတွက် တံဆိပ်တော်ကို "ကျန်းဟုန်"(Zhang Hong)
နှင့်လဲေ
ွှ ပးလိုက်သည်။ "စွန်းချွမ်"(Sun Quan) ကလည်း ဝမ်းမြောက်ဝမ်းသာလက်ခံသည်။
"ကျန်းဟုန်"(Zhang Hong) ကို "ကျန်းကျောက်"(Zhang Zhao) နှင့်အတူ စီမံစေသည်။
"ကျန်းဟုန်"(Zhang Hong) သည် သူ၏ သူငယ်ချင်း "ကုယုံး"(Gu Yong) ကို "စွန်းချွမ်"(Sun Quan) ၏
လက်အောက်တွင် အမှုထမ်းရန်ခေါ်လာသည်။ ထို "ကုယုံး"(Gu Yong) မှာ သမိုင်းပညာရှင် "ချိုင်ယံ"ု (Cai
Yong) ၏ တပည့်ဖြစ်သည်။ "ကုယုံး"(Gu Yong) သည် စကားနည်းသူဖြစ်ပြီး အရက်ကိုနှစ်သက်သည်။
အရည်အချင်းရှိသူဖြစ်လေရာ သူ့အား ဒု-မြို့စားအဖြစ် ခန့်အပ်ခြင်းခံရသည်။

"စွန်းချွမ်"(Sun Quan) ၏ ကောင်းမွန်သောအုပ်ချုပ်မှုကြောင့် မကြာမီပင်


လူတို့ ၏ချစ်ခင်မှုကုရ
ိ ရှိလေသည်။

"ချန်ကျန်း"(Chen Zhen) သည် သူ့သခင်ထံပြန်ရောက်ပြီး "ချောင်ချောင်း"(Cao Cao) နှင့် "စွန်းချွမ်"(Sun


Quan) တို့ပူးပေါင်းသည့်အကြောင်းကိုပြောရာ "ယွမ်ရှောက်"(Yuan Shao) မှာ ဒေါသထွကြ် ပီး
စစ်တပ်ခုနှစ်သိန်းနှင့်အတူ ရွှီချန်ကိုတိုက်ရန် ပြင်ဆင်လေသည်။

430
အခန်း (၃၀)

“ယွမ်ရှောက်”(Yuan Shao) သည် အကြံဉာဏ်များကို လျစ်လျူရှုသဖြင့် ခေါင်းဆောင်များနှင့်


ရိက္ခာများကို ဆုံးရှုံးရခြင်း ၊

“ချောင်ချောင်း”(Cao Cao) သည် ဗျူဟာသုံး၍ ကျိကျိုး တွင် အောင်မြင်ခြင်း။

“ယွမ်ရှောက်”(Yuan Shao) က ကျိကျိုး ကိုတိုကရ


် န် အဆောတလျင်ပြင်ဆင်နေသည်ကို ကြားသော်
“ရှဟုတ
ွိန်း”(Xiahou Dun) သည် မြို့တော်သို့ စာရေးပြီး စစ်ကေ
ူ တာင်းသည်။ “ချောင်ချောင်း”(Cao Cao)
က စစ်သည် ၇ သောင်းကို ဦးဆောင်ကာ ချီတက်သည်။ မြို့တော်ကို ကာကွယ်ရန် “ရွှင်ယ”ွီ (Xun Yu) ကို
ထားခဲ့သည်။

“ယွမ်ရှောက်”(Yuan Shao) စစ်တပ်စတင်ချီတက်စဉ်မှာပင် “တျန်းဖုန်း”(Tian Feng) သည်


အကျဉ်းကျနေရာမှ “အရှင် ၊ တပ်လုံးကျွတ် လျင်လျင်မြန်မြန်တိုက်တာက ငါတို့တပ်တွေကို
ကပ်ဆိုက်စေလိမ့်မယ်။ အခုချိန်က ကောင်းကင်က သတ်မှတ်ပေးတာကို စောင့်ဆုင
ိးဖို့ အသင့်ဆုံးပါပဲ။”
ဟုဆိုကာ စစ်ချီခြင်းကို ပြင်းထန်စွာ ကန့်ကက
ွ်လေသည်။

"ဖုန်းကျီ"(Peng Ji)က “ဘာလို့ ဒီ “တျန်းဖုန်း”(Tian Feng) က


နိမိတမ
် ကောင်းတဲ့စကားတွေပြောနေရတာလဲ။ အရှင်က လူသားဆန်မှုနဲ့ တရားမျှတမှုအတွက်
စစ်တုက
ိနေတာ။” ဟု ဆိုလေသည်။

“ယွမ်ရှောက်”(Yuan Shao) သည် ဒေါသထွက်ကာ “တျန်းဖုန်း”(Tian Feng) ကို သတ်ရန်ပြင်သည်။


မှူးမတ်များစွာ၏ တောင်းပန်မှုကြောင့် တုံ့ဆိုင်းသွားသည်။ သိ့ေ
ု သာ် မကျေနပ်နိုင်ဘဲ “ငါ
“ချောင်ချောင်း”(Cao Cao) ကိုနိုင်ပြီး ပြန်လာမှ “တျန်းဖုန်း”(Tian Feng) ကို အပြစ်ပေးမယ်။”
ဟုကြုံးဝါးလေသည်။

“ယွမ်ရှောက်”(Yuan Shao) သည် စစ်ကို လျင်မြန်စွာစတင်သည်။ “ယွမ်ရှောက်”(Yuan Shao)


တပ်၏နဖူးစည်းများက မိုးကုတ်စက်ဝိုင်းအပြည့် တလူလူလွင့်နေပြီး ဓားများမှာမူ သစ်တောအုပရ
ှ်ိ
သစ်ပင်များသဖွယြ် ဖစ်နေသည်။ Yangwu သို့ချီတက်ပြီး စခန်းချလေသည်။

“ကျွရ
ီ့ှို ”(Ju Shou) ကတဖန် ဆန့်ကျင်ပြန်သည်။ “ငါတို့စစ်သားတွေက များပေမဲ့ ရန်သူတွေလို
တိုက်ရည်ခိုက်ရည်မကောင်းဘူး။ ရန်သူတွေမှာ ဝါရင့်စစ်သားတွေရှိပေမဲ့ ရိက္ခာလုံလုံလောက်လောက်တော့
မရှိဘူး ။ ဒီတော့ သူတို့က မြန်မြန်တိုကဖ
ို့ ကြိုးစားမှာပဲ။ ငါတို့က အချိန်ဆွဲရမယ်။
အဆုံးအဖြတ်တိုက်ပွဲမတိုကဘ
်ဲ အချိန်ကြာကြာဆွဲနိုင်ရင် ငါတို့မတိုက်ဘဲ နိုင်လိမ့်မယ်။”

431
ထိုအကြံကလည်း “ယွမ်ရှောက်”(Yuan Shao) ကို သဘောမတွေ့ချေ။ ““တျန်းဖုန်း”(Tian Feng) က
သွေးကြောင်တဲ့စကားတွေပြောလို့ သူ့ကုသ
ိ တ်မိန့်ပေးထားတယ်။ မင်းက သူ့နောက်လိုကခ
်ျင်လ့လ
ိုား။” ဟု
ခြိမ်းခြောက်လေသည်။

“ယွမ်ရှောက်”(Yuan Shao) သည် ပါးကွကသ


်ားများကို ခေါ်ကာ အကြံပေးကို ကြိုးတုတ်စေပြီး “ငါ
“ချောင်ချောင်း”(Cao Cao) ကို အောင်နိုငြ် ပီးမှ မင်းတို့ ၂ ယောက်နဲ့ စာရင်းရှင်းမယ်။” ဟု
ကြုံးဝါးသွားလေသည်။

“ယွမ်ရှောက်”(Yuan Shao) စစ်တပ်ကြီးသည် အရှေ့ ၊ အနောက် ၊ တောင် ၊ မြောက် ၄ ပိုင်းခွဲကာ


စခန်းချထားသည်။ စခန်းတစ်ခုနှင့် တစ်ခု မိုင် ၃၀ ကွာဝေးသည်။ ရန်သ၏
ူ အားနည်းချက် ၊
အားသာချက်များကို သိရှိရန် ကင်းထောက်များ ၊ သူလျှိုများလည်း လွှတ်ထားသည်။

“ချောင်ချောင်း”(Cao Cao) တပ်များရောက်ရှိလာပြီး ရန်သ၏


ူ အင်အားကို သိသော်
လွန်စွာကြောက်ရွံ့ သွားကြသည်။ “ချောင်ချောင်း”(Cao Cao) က အစည်းအဝေးခေါ်ရသည်။

“ရွှင်ယို”(Xun You): “ရန်သက


ူ အင်အားများပေမဲ့ ကြောက်စရာမရှိပါဘူး။ ငါတိ့စ
ု စ်သားတွေက ဝါရင့်တယ်။
စစ်သားတစ်ယောက်က သူတို့ စစ်သား ၁၀ ယောက်နဲ့ညီတယ်။ ဒါပေမဲ့ ငါတို့က ရိက္ခာ မလုံလောက်တော့
မြန်မြန်တိုက်မှ အသာရမယ်။”

“ချောင်ချောင်း”(Cao Cao): “လိုရင်းကို ပြောသွားတာပဲ။ ငါအတွေးနဲ့ အတူတူပဲ။”

ထို့နောက် “ချောင်ချောင်း”(Cao Cao) က ဆူညံစွာ အော်ဟစ်စေကာ စစ်မြှူသည်။ “ယွမ်ရှောက်”(Yuan


Shao) တပ်များထွက်လာကာ တပ် ၂ တပ် ရင်ဆုင
ိကြသည်။ “ယွမ်ရှောက်”(Yuan Shao) ဖက်တွင်

432
“ရှန်ဖေ”(Shen Pei) က ဒူးလေးစစ်သည် ၁ သောင်းကို တောင်ပံ ၂ ဖက်တွင် ကင်းပုန်းချကာ
လေးစစ်သည် ၅ ထောင်ကို အလယ်တွင် ထားသည်။

“ယွမ်ရှောက်”(Yuan Shao) သည် ငွေရောင်ခေါင်းဆောင်းနှင့် ချပ်ဝတ် ၊ ပန်းထိုးဝတ်ရုံနှင့်


ကျောက်မျက်ရတနာများစီခြယ်ထားသော ခါးပတ်ကို ဝတ်ဆင်ထားသည်။ အလယ်တွင်
“ကောက်လန်”(Gao Lan) ၊ “ကျန်းဟဲ”(Zhang He) ၊ “ဟန်မန်”(Han Meng) နှင့် “ချွန်းယွီချုံ”(Chunyu
Qiong) တို့ကို ဦးဆောင်ကာ ကိုယ်တိုင်တပ်စွဲထားသည်။ ကျန်သမ
ျူားက ဘယ် ညာ တောင်ပံတွင်
နေရာယူထားသည်။

“ချောင်ချောင်း”(Cao Cao) ဖက်တွင် “ချောင်ချောင်း”(Cao Cao) က “ရွှီချူ”(Xu Chu) ၊


“ကျန်းလျောင်”(Zhang Liao) ၊ “ရွှီဟမ
ွ်”(Xu Huang) ၊ “လီတျန်”(Li Dian) နှင့် အခြားစစ်သူကြီးများက
လက်နက်အပြည့်အစုံနှင့် နေရာယူထားသည်။

“ချောင်ချောင်း”(Cao Cao): ကြာပွတ်ကို “ယွမ်ရှောက်”(Yuan Shao) ထံညွှန်ကာ “ဘုရင်ရဲ့ အမိန့်တော်နဲ့


မင်းကို ဘုရင့်စစ်သူကြီး ဘွဲ့ပေးခဲ့တယ်။ ဒါကိုတောင် ဘာလို့ ပုန်ကန်ရတာလဲ။”

“ယွမ်ရှောက်”(Yuan Shao): “မင်းက ဟန်တိုင်းပြည်ရဲ့ နန်းရင်းဝန် ရာထူးယူထားပြီး ဟန်အိမ်တော်ကို


ဆန့်ကျင်တယ်။ မင်းရဲ့ လောဘတွေ မတရားမှုတွေကို ကောင်းကင်က သိတယ်။ မင်းဟာ ပုန်ကန်သူ
"ဝမ်မန်"(Wang Mang)နဲ့ သူပုန် "တုန်ကျိုး"(Dong Zhuo)တိ့ထ
ု က်တောင် ဆိုးသေးတယ်။ ဒါနဲ့များ မင်းက
ငါ့ကို ပုန်ကန်တယ်လို့ ပြောရဲသလား။”

“ချောင်ချောင်း”(Cao Cao): “ငါ့မှာ မင်းကို ဖမ်းဖို့ ဘုရင့်အမိန့်တော်ရှိတယ်။”

“ယွမ်ရှောက်”(Yuan Shao): “ငါ့မှာ သူပုန်တွေကို ဖမ်းဖို့ ခါးပတ်ထဲက အမိန့်တော်ရှိတယ်။”

(ဘုရင်သည် “ချောင်ချောင်း”(Cao Cao) လက်မှကယ်တင်ရန် ဦးရီးတော် "တုန်းချန်"(Dong Cheng)ကို


အကူအညီတောင်းစဉ်က ခါးပတ်ထဲတင
ွ် စာထည့်ကာ ပေးခဲ့ဖူးသည်။ ဤအချက်ကို ညွှန်းဆိုဟန်ရှိသည်။)

“ချောင်ချောင်း”(Cao Cao) သည်လွန်စွာစိတ်တိုကာ “ကျန်းလျောင်”(Zhang Liao) ကို တိုကခ


ိုက်ရန်
စေလွှတ်သည်။ တစ်ဖက်က “ကျန်းဟဲ”(Zhang He) ထွက်လာသည်။ အချက် ၄၀ ၊ ၅၀
မျှတိုက်သော်လည်း မည်သူမျှ အသာမရပေ။ “ချောင်ချောင်း”(Cao Cao) က သဘောကျလေသည်။
ထို့နောက် “ရွှီချူ”(Xu Chu) က ဓားကို ဝှေ့ယမ်းကာ ကူညီရန်သွားသည်။ တစ်ဖက်ကလည်း
“ကောက်လန်”(Gao Lan) က လှံကိုင်ကာ ထွက်လာသည်။ တိုကခ
ိုက်သူများမှာ ၄ ယောက်ဖြစ်သွားပြီး ၂
ယောက်စီ တိုကခ
ိုက်ကြသည်။ “ချောင်ချောင်း”(Cao Cao) က “ရှဟိုတွန်း”(Xiahou Dun) နှင့်
“ချောင်ဟန
ု”(Cao Hong) လက်အောက်မှ စစ်သည် ၃ ထောင်ကို ရန်သူတပ်ကို တိုကရ
် န် အမိန့်ပေးသည်။
ထိုအခါ “ရှန်ဖေ”(Shen Pei) က တိုကရ
် န်အချက်ပြသော် ဒူးလေး နှင့် လေးစစ်သည်တို့က
ပူးပေါင်းပစ်ခတ်ကြလေသည်။ “ချောင်ချောင်း”(Cao Cao) တပ်များ ရှေ့မတက်နိုင်တော့ဘဲ မြောက်ဖက်သို့

433
ပြေးရလေသည်။ “ယွမ်ရှောက်”(Yuan Shao) တပ်များက လိုက်လံတုက
ိ ္ခိုကေ
် သာ် ကျိကျိုး ကို
ပြေးရလေသည်။ “ယွမ်ရှောက်”(Yuan Shao) က ရှေ့တိုးပြီး အနီးတွင် စခန်းချသည်။

“ရှန်ဖေ”(Shen Pei) က “ကျိကျိုး ကို ကာကွယ်ဖို့ စစ်သည် ၁ သိန်းလွှတ်လိုက်ပါ။ နောက်


“ချောင်ချောင်း”(Cao Cao) စခန်းနားမှာ မြေတွေအမြင့်ကြီးဖိ့ပ
ုါ။ ဒါဆို ရန်သ့စ
ူ ခန်းကို
ရှင်းရှင်းလင်းလင်းမြင်ရပြီး ရန်သူတပ်ထဲကို မြားပစ်လ့ရ
ို ပါမယ်။ “ချောင်ချောင်း”(Cao Cao) ကို ဒီနေရာက
ဆုတ်ခွာရင် မြို့တော် ရွှီချန် ကိုတိုက်ခိုကဖ
ို့ ဗျူဟာမြောက်နေရာတစ်ခု ရပါမယ်။” ဟု လျှောက်တင်သည်။

“ယွမ်ရှောက်”(Yuan Shao) က သဘောကျကာ ခွင့်ပြုသည်။ စခန်းအသီးသီးမှ


အသန်မာဆုံးစစ်သည်များကို ခေါ်ကာ သံဂေါ်ပြားများဖြင့် မြေတူးစေပြီး “ချောင်ချောင်း”(Cao Cao)
စခန်းအနီးတွင် ပုံစေသည်။

“ချောင်ချောင်း”(Cao Cao) စစ်သားများက မြင်သော် စိတ်ပူပန်ကြပြီး ရန်သူကို မောင်းထုတ်လိုကြသည်။


သို့သော် ဒူးလေးနှင့် လေးစစ်သည်များပေါ်လာသဖြင့် မတိုက်ဝံ့ကြတော့ပေ။ ၁၀ ရက်ကြာသော် တောင်ပို့
၅၀ ကျော်မျှ ပြုလုပ်ပြီးစီးပြီး တောင်ပို့ထက်တွင် မျှော်စင်များဆောက်ထားသည်။ ထိုပေါ်မှ ရန်သူများကို
မြားပစ်သည်။ “ချောင်ချောင်း”(Cao Cao) တပ်များမှာ လွန်စွာခြောက်ခြားပြီး ဒိုင်းများဖြင့်
ကာကွယြ် ကရသည်။ တောင်ပ့ေ
ို ပ်ါက လေးစစ်သည်များက ဗုံတစ်ချက်တီးတိုင်း မြားမိုးများရွာချနေသည်။
ရန်သတ
ူ ပ်များ အကာအကွယ်အောက်တွင် ပုန်းနေရပြီး မြေပေါ်တွားသွားနေရသည်ကို တွေ့သော်
“ယွမ်ရှောက်”(Yuan Shao) တပ်များက ရယ်မော လှောင်ပြောင်ကြသည်။

ထိုအခြင်းအရာကို “ချောင်ချောင်း”(Cao Cao) မြင်သော် အစည်းအဝေးခေါ်သည်။ “လျူရဲ”့ (Liu Ye) က


“လောက်လွှဲတွေဆောက်ပြီး သူတ့က
ို ချေမှုန်းပါမယ်။” ဟုဆိုသည်။ “ချောင်ချောင်း”(Cao Cao) က
ချက်ချင်း ပုံစံငယ်များပြစေကာ ကျွမ်းကျင်သောလုပ်သားများဖြင့် ဆောက်လုပ်စေသည်။ မကြာမီ
ရာပေါင်းများစွာ ပြီးစီးပြီး ရန်သူမျှော်စင်များကိုချိန်ကာ တံတိုင်းတလျှောက်ထားသည်။

ထို့နောက် “ယွမ်ရှောက်”(Yuan Shao) လေးစစ်သည်များ တက်သည်နှင့် လောက်လွှဲများကို


စတင်ပစ်ခတ်စေသည်။ ကျောက်တုံးများကို ကာကွယ်၍ မရသဖြင့် များစွာထိခိုက်ပျက်စီးသည်။
လေးစစ်သည်များစွာ သေဆုံးသွားလေသည်။ “ယွမ်ရှောက်”(Yuan Shao) တပ်များက ထိုအရာများကို
“အသံအကျယ်ကြီးမြည်သောအရာ”များဟုခေါ်လေသည်။ ထိုအရာများကို မြင်သည်နှင့် လေးစစ်သည်များ
တောင်ပို့ပေါ်သို့မတက်ဝံ့တော့ပေ။

ထို့နောက် ဗျူဟာမှူး “ရှန်ဖေ”(Shen Pei) က တံတုင


ိးအောက်မှ လိုဏ်ခေါင်းများတူးစေသည်။
ထိုသူများကို “လှိုဏ်ခေါင်းတူးသူ”ဟု ခေါ်ကြသည်။ “ချောင်ချောင်း”(Cao Cao) စစ်သားများမြင်သော်
ခေါင်းဆောင်ကိုတင်ပြကြသည်။

“လျူရဲ”့ (Liu Ye): ““ယွမ်ရှောက်”(Yuan Shao) က မျက်နှာချင်းဆိုင်မတိုက်ရဲလို့


ချောင်းမြောင်းတိုက်နေတာ။ အခုလည်း လိုဏ်တူးပြီး ငါတို့တပ်ထဲဝင်လာမှာ။”

434
“ချောင်ချောင်း”(Cao Cao): “ဘယ်လိုရင်ဆိုင်ရမလဲ။”

“လျူရဲ”့ (Liu Ye): “စခန်းတဝိုက်မှာ ကျုံးနက်နက်တူးထားရင် သူတု့လ


ိုဏ်ခေါင်းတွေ
အလကားဖြစ်သွားမှာပါ။”

သို့နှင့် ကျုံးနက်နက်ကို မြန်နိုင်သမျှမြန်မြန်တူးကြသည်။ ရန်သူများ၏လုပ်အားမှာ


အချည်းနှီးဖြစ်သွားလေသည်။

“ချောင်ချောင်း”(Cao Cao) သည် ကျိကျိုး ကို ၂ လကြာ ထိန်းထားနိုင်သော်လည်း ရိက္ခာမှာရှားလာပြီး


စစ်တပ်မှာ ချည့်နဲ့လာသည်။ လက်လျှော့ကာ မြို့တော်ပြန်ရန် စဉ်းစားသော်လည်း စိတ်မဆုံးဖြတ်နိုင်သဖြင့်
“ရွှင်ယ”ွီ (Xun Yu) ထံစာရေးအကြံဉာဏ်တောင်းသည်။ “ရွှင်ယီ”ွ (Xun Yu) က “အရှင်ရဲ့ စာကို ရပါတယ်။
ငါ့သဘောကတော့ “ယွမ်ရှောက်”(Yuan Shao) ကအနိုင်တိုက်ဖို့ ရည်ရွယြ် ပီး စစ်တပ်ကြီးကို ကျိကျိုး မှာ
ချထားတယ်။ သူ့တပ်က အင်အားကြီးပေမဲ့ အရှင်ကအားနည်းတယ်။ သူ့ထက်သာအောင်မကြံစည်နိုင်ရင်
သူစီစဉ်ထားသလိုဖြစ်ပြီး တိုင်းပြည်အတွက် ကပ်ဆိုက်ပါမယ်။ မင်းရန်သူတွေက များတာမှန်ပေမဲ့
သူတ့ေ
ို ခါင်းဆောင်က ကောင်းကောင်းအသုံးမချတတ်ဘူး။ မင်းရဲ့စစ်ရေးအမြင်နဲ့ သုံးသပ်နိုင်စွမ်းနဲ့ဆိုရင်
မအောင်မြင်ဘဲဘယ်နေမလဲ။ မင်းတပ်အင်အားကနည်းပေမဲ့ “လျူဘန်း”(Liu Bang) က “ရှန့်ယွ”ီ (Xiang
Yu) ကို ကျွမ်းရန်နဲ့ ချန်ကောင်းမှာ ရင်ဆုင
ိခဲ့ရတာနဲ့စာရင် အများကြီးသာပါသေးတယ်။
“ယွမ်ရှောက်”(Yuan Shao) ရဲ့လည်ပင်းကို သေသေချာချာဆုပ်ကိုင်ရပါမယ်။
မင်းအခုရှေ့မတိုးနိုင်ဘူးဆိုရင်တောင်မှ လက်ရှိအခြေအနေက အမြဲဖြစ်တည်နေမှာမဟုတ်ပါဘူး။
ပြောင်းလဲပစ်ရပါမယ်။ အခုအချိန်က မထင်မှတ်တဲ့ရွှေ့ကွကလ
်ုပ်ပြရမှာပါ။ လွဲချော်လ့မ
ို ရပါဘူး။”
ဟုစာပြန်လေသည်။

“ချောင်ချောင်း”(Cao Cao) သည် လွန်စွာစိတေ


် ကျနပ်ပြီး သူ၏တပ်ကို ကြံ့ကြံ့ခံရန် အားပေးလေသည်။

“ယွမ်ရှောက်”(Yuan Shao) သည် နောက်သို့ ၁၀ မိုင်မျှဆုတ်ရသည်။ “ချောင်ချောင်း”(Cao Cao)


ကကင်းထောက်များလွှတသ
် ည်။ “ရွှီဟမ
ွ်”(Xu Huang) လက်အောက်ရှိ “ရှီဟွမ်”(Shi Huan) က
ရန်သသ
ူလျှိုတစ်ယောက်ကိုဖမ်းမိသည်။ “ရွှီဟွမ်”(Xu Huang) က စစ်ကြောရာ
ရိက္ခာ လှည်းများလာမည်ဖြစ်၍ လမ်းကြောင်းကို စစ်ဆေးခိုင်းကြောင်းသိရသော် “ချောင်ချောင်း”(Cao Cao)
ထံချက်ချင်းတင်ပြသည်။

ရိက္ခာ လှည်းကို တာဝန်ယူရသူမှာ “ဟန်မန်”(Han Meng) ဖြစ်ကြောင်းသိသော် “ရွှင်ယ”ို (Xun You) က


“သူက အရူးသာသာပဲ။ မြင်းစီးစစ်သည် ၁ ထောင်စေလွှတ်လိုက်ရင် လှည်းအကုန်သိမ်းနိုင်ပြီး ရန်သူကို
ဒုက္ခပေးနိုင်မယ်။” ဟုဆိုသည်။

“ချောင်ချောင်း”(Cao Cao): “ဘယ်သ့က


ူုလ
ွှိတသ
် င့်သလဲ။”

“ရွှင်ယ”ို (Xun You): ““ရွှီဟွမ်”(Xu Huang) ပါ။ သူက ဒီကိစ္စကိုအောင်မြင်နိုင်စွမ်းရှိပါတယ်။”

435
သို့နှင့် “ရွှီဟွမ”် (Xu Huang) ကို စေလွှတ်သည်။ “ရွှီဟွမ”် (Xu Huang) က “ရှီဟွမ”် (Shi Huan)
ကိုပါခေါ်သွားသည်။ ၎င်းတိ့က
ို ထောက်ကူရန် “ကျန်းလျောင်”(Zhang Liao) နှင့် “ရွှီချူ”(Xu Chu) တို့ကို
ရံထားသည်။

ထိုညတွင် ထောင်ပေါင်းများစွာသော ရိက္ခာလှည်းများသည် “ယွမ်ရှောက်”(Yuan Shao)


စခန်းနားရောက်လာသည်။ တောင်ကြားလမ်းကိုဖြတ်မိသော် “ရွှီဟွမ်”(Xu Huang) နှင့် “ရှီဟွမ်”(Shi Huan)
တို့ထွက်လာကာ လှည်းကိုတားသည်။ “ဟန်မန်”(Han Meng) ထွက်တိုက်သော်လည်း ရှုံးနိမ့်သွားသည်။
အစောင့်များထွက်ပြေးသွားပြီး လှည်းများမှာ မီးရှို့ ခံရလေသည်။

မီးတောက်များကို “ယွမ်ရှောက်”(Yuan Shao) စခန်းမှမြင်သော် များစွာစိတ်ညစ်ညူးကြလေသည်။


ထွက်ပြေးလာသော စစ်သားများက အကြောင်းစုံပြောသော် ကြောက်ရွံ့ သွားကြသည်။

“ယွမ်ရှောက်”(Yuan Shao) က “ကျန်းဟဲ”(Zhang He) နှင့် “ကောက်လန်”(Gao Lan) တို့အား


စီးနင်းသူများကို လိုက်လံတိုက်ခိုက်စေသည်။ “ရွှီဟွမ်”(Xu Huang) နှင့်တွေ့၍ တိုကခ
ိုက်နေစဉ်
“ကျန်းလျောင်”(Zhang Liao) နှင့် “ရွှီချူ”(Xu Chu) တို့၏စစ်ကတ
ူ ပ်များရောက်လာသည်။
“ယွမ်ရှောက်”(Yuan Shao) တပ်များချေမှုန်းခံရပြီး အောင်မြင်မှုရသွားသော “ချောင်ချောင်း”(Cao Cao)
၏စစ်သူကြီးများက ကျိကျိုး ကိုပြန်သွားပြီး ရက်ရောစွာချီးမြှင့်ခံရလေသည်။ လုံခြုံစေရန်
“ချောင်ချောင်း”(Cao Cao) ကပင်မစခန်းရှေ့တွင် တပ်စခန်းတစ်ခုထားကာ ကာကွယ်ထားသည်။

“ဟန်မန်”(Han Meng) ပြန်ရောက်သော် “ယွမ်ရှောက်”(Yuan Shao) က စိတ်ဆိုးစွာ သေဒဏ်ပေးသည်။


ကျန်သူများက မသတ်ရန်တောင်းပန်ကြသည်။

“ရှန်ဖေ”(Shen Pei): “တိုက်ပွဲမှာ အစားအစာက စစ်တပ်အတွက် သိပ်အရေးကြီးလို့ သတိကြီးကြီးထားပြီး


ကာကွယရ
် ပါမယ်။ ဝူချောင်း ကငါတို့ရဲ့ ရိက္ခာဂိုထောင်ဖြစ်လို့ ဂရုစိုက်ပြီး ကာကွယ်ရပါမယ်။”

“ယွမ်ရှောက်”(Yuan Shao): “မင်း မြို့တော်ကိုပြန်ချင်ပြန်ပြီး ရိက္ခာကို စောင့်ရှောက်ပါ။ ပြတ်လပ်မှုမရှိစေနဲ့။”

သို့နှင့် “ရှန်ဖေ”(Shen Pei) လည်းထွက်ခွာလာသည်။ စစ်သည် ၂ သောင်းကို ဝူချောင်း ရှိ


ရိက္ခာ ဂိုထောင်ကို စောင့်ကြပ်ခိုင်းသည်။ ခေါင်းဆောင်များမှာ “ချွန်းယွီချုံ”(Chunyu Qiong) ၊
“ကွေ့ယွမ်ကျင်း”(Gui Yuanjin) ၊ "ဟန်ကျွီကျီ"(Han Juzi)၊ "လူဝေဟွမ"် (Lu Weihuang) နှင့်
“ကျောက်ရေ”(Zhao Rui) တို့ဖြစ်သည်။

ထိုသူများအနက် “ချွန်းယွီချုံ”(Chunyu Qiong) မှာ ကြမ်းတမ်းပြီး အရက်သမားဖြစ်သည်။ မူးနေလျှင်


ကြောက်မက်ဖွယ်ကောင်းသူုဖြစ်သည်။ ရိက္ခာဂိုထောင်ကိုစောင့်ရသော ပျင်းရိဖွယအ
် လုပ်မျိုးတွင်
၎င်းတိ့သ
ု ည် သေရည်ကိုသာ သောက်ကြလေသည်။

436
“ချောင်ချောင်း”(Cao Cao) ၏တပ်တင
ွ် ရိက္ခာပြတ်လတ်လာပြီး မြို့တော်ကို ရိက္ခာတောင်းရတော့သည်။
သို့သော် ဆက်သားမှာ “ယွမ်ရှောက်”(Yuan Shao) တပ်များ လက်သို့ ကျရောက်ရပြီး “ရွှီယ”ို (Xu You)
ထံခေါ်ဆောင်သွားသည်။

ထိုစာကိုမြင်သော် “ယွမ်ရှောက်”(Yuan Shao) ထံသွားကာ ““ချောင်ချောင်း”(Cao Cao) နဲ့ငါတို့


စစ်တုက
ိလာတာကြာပြီ။ မြို့တော် ရွှီချန် ဟာ အကာအကွယ်မဲ့နေပြီ။ တပ်အနည်းငယ်စေလွှတ်ပြီး
တိုက်ရင်တောင် နိုင်နိုင်ပါတယ်။ တချိန်တည်း ဒီမှာလည်း သူ့ကုတ
ိုက်ရင် နိုင်ပြီ။ တိုက်ဖ့အ
ို ချိန်တန်ပြီ။” ဟု
လျှောက်တင်သည်။

“ယွမ်ရှောက်”(Yuan Shao): ““ချောင်ချောင်း”(Cao Cao) က ဉာဏ်များတယ်။ ဒီစာက


ငါတိ့စ
ု စ်တိုက်အောင် မြှူတဲ့စာဖြစ်နိုင်တယ်။”

“ရွှီယု”ိ (Xu You): “ဒီအခွင့်အရေးကို မယူရင် ငါတို့ကို တစတစထိခိုက်လာစေလိမ့်မယ်။”

ထိုအချိန်တွင် Yejun မှ ရိက္ခာနှင့်အတူ သတင်းရောက်လာသည်။ “ရှန်ဖေ”(Shen Pei) က “ရွှီယု”ိ (Xu You)


သည် Jizhou တွငရ
ှ်ိစဉ်က သတိ့သ
ု မီးဆက်သလာလျှင် လက်ခံတတ်သောအကျင့်ရှိကြောင်း ၊ အမျိုးများက
အခွန်များပိုကောက်လျှင်လည်း မသိယောင်ဆောင်လေ့ရှိကြောင်း ၊ သားတစ်ယောက်နှင့် တူမှာ
ထောင်ထဲတွင်ဖြစ်ကြောင်း တင်ပြသည်။

ထိုအခါ “ယွမ်ရှောက်”(Yuan Shao) က စိတ်ဆိုးစွာ “ရွှီယို”(Xu You) ဖက်လှည့်ကာ


“မင်းဘယ်လိုမျက်နှာနဲ့ ငါ့ရှေ့ရပ်ပြီး အကြံပေးနေနိုင်တာလဲ။ မင်းနဲ့ “ချောင်ချောင်း”(Cao Cao) က
အရင်ကတည်းက ခင်ကြတယ်။ အခုလည်း သူကမင်းကို လာဘ်ထိုးပြီး သူ့အကြံအောင်မြင်အောင်
မကောင်းကြံခိုင်းတာမလား။ မင်းက ငါ့ကုသ
ိ စ္စာဖောက်ချင်နေတာပဲ။ မင်းခေါင်းကို ဖြတ်သင့်ပေမဲ့
လတ်တလောတော့ လွှတ်ပေးထားမယ်။ ထွက်သွား ၊ ဘယ်တော့မှပြန်ပေါ်မလာနဲ့။” ဟုဆိုလေသည်။

စော်ကားပြောဆိုခြင်းခံရသော အကြံပေးမှာ သက်ပြင်းချကာ “လူယုံရဲ့ စကားကို မယုံကြည်ဘူး ။


ငါ့အကြံနဲ့မတန်ဘူး။ “ရှန်ဖေ”(Shen Pei) ကလည်း ငါ့သားနဲ့ တူကို ထိပါးတယ်။ ငါ့လူတွေရဲ့ မျက်နှာကို
ငါဘယ်လြို ကည့်ရမလဲ။” ဟုညည်းညူလေသည်။ ထို့နောက် ဓားကိုဆွဲထုတ်ကာ မိမိကိုယ်ကို
သေကြောင်းကြံသည်။ နောက်လိုက်များက တားကာ ““ယွမ်ရှောက်”(Yuan Shao) က
မင်းအကြံကုမ
ိ လိုက်နာရင် “ချောင်ချောင်း”(Cao Cao) ကအနိုင်ယသ
ွူားမှာပဲ။ မင်းက “ချောင်ချောင်း”(Cao
Cao) ရဲ့မိတေ
် ဆွဟောင်းပဲ။ အမှောင်ထက
ဲ ထွက်ခွာပြီး အလင်းရောင်ရှိရာကို သွားပါလား။” ဟုဆုသ
ိ ည်။

ထိုစကားများက “ရွှီယို”(Xu You) ကို လက်ရှိအခြေအနေအပေါ် အမှန်အတိုင်းမြင်စေပြီး


“ယွမ်ရှောက်”(Yuan Shao) ကိုစွန့်ခွာကာ “ချောင်ချောင်း”(Cao Cao) ဖက်ခိုလှုံရန် ဆုံးဖြတ်လေသည်။

437
“ရွှီယု”ိ (Xu You) သည် စခန်းမှခိုးထွကက
်ာ “ချောင်ချောင်း”(Cao Cao) ဆီသွားသည်။
လမ်းတွင်အဖမ်းခံရသော် “နန်းရင်းဝန်ရဲ့ မိတ်ဆွေဟောင်းပါ။ နန်ရန်က “ရွှီယု”ိ (Xu You) လို့ပြောပေးပါ။”
ဟုဆိုလေသည်။

ထိုအချိန်တွင် “ချောင်ချောင်း”(Cao Cao) မှာ တစ်နေ့တာပင်ပန်းမှုကြောင့် ပေါ့ပါးစွာ နားနေလေသည်။


ထိုသတင်းကိုကြားသော် ပျော်ရွှင်စွာထကာ ခြေဗလာနှင့် ကြိုလေသည်။ “ချောင်ချောင်း”(Cao Cao)
ကပျော်ရွှင်စွာ လက်ခုပ်တီး ပြီး အနားရောက်သော် အရိုအသေပေးလေသည်။

“ရွှီယု”ိ (Xu You): လျင်မြန်စွာ ဆွဲထူကာ “မင်းလို နန်းရင်းဝန်တစ်ယောက်က


ငါ့လိုသာမန်လူတစ်ယောက်ကို အရိုအသေမပေးသင့်ပါဘူး။”

“ချောင်ချောင်း”(Cao Cao): “ဒါပေမဲ့ မင်းက ငါ့မိတ်ဆွေလေ။ နာမည်တွေ ရာထူးတွေက


ငါတိ့က
ြို ခားနားအောင် လုပ်လု့မ
ိ ရပါဘူး။”

“ရွှီယု”ိ (Xu You): “ဘယ်သခင်ကိုရွေးရမှန်းမသိတော့ “ယွမ်ရှောက်”(Yuan Shao) ကို ခစားခဲ့တယ်။ သူက


ငါ့အကြံတွေကို လက်မခံဘူး။ ဒါကြောင့် သူ့ကိုစွန့်ခွာပြီး မင်းဆီမှာ အလုပ်များရမလားလို့ လာခဲ့တာ။”

“ချောင်ချောင်း”(Cao Cao): “မင်းသာလာမယ်ဆို ငါ့ကိုကူမယ့်သူတစ်ယောက်ရတာပဲ။


“ယွမ်ရှောက်”(Yuan Shao) ကိုချေမှုန်းဖို့ အစီအစဉ်ဆွဲပေးနိုင်မလား။”

“ရွှီယု”ိ (Xu You): “ငါက “ယွမ်ရှောက်”(Yuan Shao) ကို ရွှီချန် ကို တပ်တချို့လွှတ်ပြီး ဒီနေရာမှာလည်း
တချိန်တည်းမှာ အလုံးအရင်းနဲ့တုက
ိဖို့ အကြံပေးတာ။”

“ချောင်ချောင်း”(Cao Cao): “ဒီလိုဆို ငါရှုံးမှာပဲ။”

“ရွှီယု”ိ (Xu You): “မင်းမှာ ရိက္ခာဘယ်လောက်ရှိလ။ဲ ”

“ချောင်ချောင်း”(Cao Cao): “တစ်နှစ်စာလုံလောက်တယ်။”

“ရွှီယု”ိ (Xu You): ပြုံးလျက် “ငါတော့မထင်ဘူး ။”

“ချောင်ချောင်း”(Cao Cao): “နှစ်ဝက်ပေါ့။”

“ရွှီယု”ိ (Xu You): အင်္ကျီလက်ကိုခါကာ တဲပြင်ထွက်ရန်ပြင်လျက် “ငါက အကြံကောင်းပေးမလို့ ၊


သူကကျတော့ လှည့်ဖျားတယ်။”

“ချောင်ချောင်း”(Cao Cao): “စိတ်မဆိုးပါနဲ့။ အမှန်အတိုင်းပြောပါ့မယ်။ တကယ်တော့ ၃


လစာပဲကျန်တော့တယ်။”

“ရွှီယု”ိ (Xu You): “မင်းကို လှည့်ဖျားတဲ့နေရာမှာ ပြိုင်ဖက်ကင်းလိ့ဆ


ြို ကတာ မှန်နေတာပဲ။”

438
“ချောင်ချောင်း”(Cao Cao): “စစ်တွင်းမှာ မလှည့်ဖျားလို့မရဘူးလေ။” ထို့နောက် “ရွှီယု”ိ (Xu You) နား
နားကပ်ကာ “ဒီလအသုံးပဲကျန်တော့တယ်။”

“ရႊီယု”ိ (Xu You): “ငါ့နားထဲကို အမႈိုကေ


် တွထပ်မထည့်စမ်းပါနဲ့။ မင်းရိက္ခာ ကုန်ပြီဆိုတာ ငါသိပါတယ်။”

“ချောင်ချောင်း”(Cao Cao): မှင်သက်သွားကာ “မင်းဘယ်လိုသိတာလဲ။”

“ရွှီယု”ိ (Xu You): ဖမ်းဆီးရသော စာကိုထုတြ် ပကာ “ဒါကိုဘယ်သူရေးတာလဲ။”

“ချောင်ချောင်း”(Cao Cao): “မင်းဘယ်ကရသလဲ။”

“ရွှီယု”ိ (Xu You) ကအစအဆုံးပြောပြလေသည်။ “ချောင်ချောင်း”(Cao Cao) က


မိတေ
် ဆွ၏လက်ကိုဆဲက
ွိုင်ကာ “ငါတို့ရဲ့ ခင်မင်မှုက မင်းကိုငါ့ဆီခေါ်လာတော့ မင်းမှာ ငါ့ကို
အကြံပေးစရာရှိမယ်ထင်တယ်။” ဟုဆိုလေသည်။

“ရွှီယု”ိ (Xu You): “အင်အားကြီးတဲ့တပ်ကို အင်အားနည်းနည်းနဲ့ရင်ဆိုင်ရတာ မြန်မြန်အနိုင်မယူနိုင်ဘူးဆို


ကိုယ့်ပျက်စီးရာပျက်စီးကြောင်း ဖန်သလိုပဲ။ “ယွမ်ရှောက်”(Yuan Shao) ရဲ့ မရေမတွက်နိုင်လောက်အောင်
များတဲ့ လူအုပ်ကြီးကို တိုက်ပွဲမဖြစ်ဘဲ အနိုင်ရမယ့်နည်းရှိပါတယ်။ ဒါပေမဲ့ မင်းက လိုက်နာပါ့မလား။”

“ချောင်ချောင်း”(Cao Cao): “မင်းအကြံကို သိပ်ကိုသိချင်နေပြီ။”

“ရွှီယု”ိ (Xu You): “ရန်သရ


ဲူ့ ရိက္ခာ အကုန်ဟာ ဝူချောင်း မှာရှိတယ်။ စောင့်ကြပ်နေတာက အမြဲမူးနေတဲ့
“ချွန်းယွီချုံ”(Chunyu Qiong) ပဲ။ ယုံကြည်ရတဲ့ဝါရင့်စစ်သည်တချို့လွှတ်ပြီး “ယွမ်ရှောက်”(Yuan Shao)
စစ်သြူ ကီး “ကျန်းချီ”(Jiang Qi) က ရိက္ခာ တွေကိုကာကွယ်ဖို့လတ
ွှ်လိုက်တာလို့ပြောပါ။ ဒီစစ်သားတွေက

439
ရိက္ခာ တွေကို မီးရှို့နိုင်ရင် “ယွမ်ရှောက်”(Yuan Shao) အစီအစဉ်တွေအားလုံးပျက်သွားမယ်။ ၃
ရက်အကြာမှာ “ယွမ်ရှောက်”(Yuan Shao) က ဘာမှမဟုတ်တော့ပါဘူး။

“ချောင်ချောင်း”(Cao Cao) ကလက်ခံကာ “ရွှီယ”ို (Xu You) ကို ကောင်းမွန်စွာထားလေသည်။ ထို့နောက်


မြင်းစီးနှင့် ခြေလျင်စစ်သည် ၅၀၀၀ ကို ရွေးချယ်ထားသည်။

“ကျန်းလျောင်”(Zhang Liao) က “အခြေအနေအရ ရန်သူက ရိက္ခာဂိုထောင်ကို


ကောင်းကောင်းစောင့်ကြပ်မှာပဲ။ သတိမထားရင် ငါတို့ဟာ အကြံပေးအသစ် “ရွှီယို”(Xu You) ရဲ့
သားကောင်တွေဖြစ်ရလိမ့်မယ်။” ဟုကန့်ကက
ွ်သည်။

“ချောင်ချောင်း”(Cao Cao): “သူက သစ္စာဖောက်မဟုတ်ဘူး။ “ယွမ်ရှောက်”(Yuan Shao) ကိုနှိမ်နင်းဖို့


ကောင်းကင်ကလွှတလ
ိုက်တာပဲ။ ငါတို့ရိက္ခာမရှိရင် ဒီနေရာမှာထိန်းထားနိုင်ဖို့ ခက်တယ်။
သူ့အကြံကိုလိုက်နာရင်လက
ို န
်ာ ၊ မဟုတ်ရင် ဒီတုင
ိးထိုင်နေပြီး အဝိုင်းခံရမှာပဲ။ နောက်ပြီး
ဒီလိုအလစ်ဝင်စီးဖိ့က
ု ငါလည်းစဉ်းစားနေတာကြာပြီ။ သံသယမရှိပါနဲ့။ ငါတိ့န
ိုင်ကို နိုင်မှာပါ။”

“ကျန်းလျောင်”(Zhang Liao): “ဒီနေရာကို ကာကွယ်ဖ့ေ


ို တာ့ ပြင်ဆင်ထားရမယ်။”

“ချောင်ချောင်း”(Cao Cao): “ဒါလည်းပြင်ဆင်ပြီးပါပြီ။”

စီးနင်းတိုက်ခိုကရ
် န် အစီအစဉ်များကို အသေးစိတဂ
် ရုတစိုက်ပြင်ဆင်ကြသည်။ “ရွှင်ယို”(Xun You) ၊
"ကျာရွှ"ီ (Jia Xu) နှင့် “ချောင်ဟုန”် (Cao Hong) တို့ကို ပင်မစခန်း ၊ “ရွှီယ”ို (Xu You) ၊ “ရှဟုတ
ွိန်း”(Xiahou
Dun) နှင့် "ရှဟိုယွမ"် (Xiahou Yuan)တို့ကို ဝဲဖက်စခန်း ၊ “ချောင်ရန်”(Cao Ren) နှင့် “လီတျန်”(Li Dian)
တို့ကို ယာဖက်စခန်း စောင့်စေသည်။ ထွက်ခွာရန်အသင့်ဖြစ်သော် “ချောင်ချောင်း”(Cao Cao)
ကိုယ်တိုင်က အလယ် ၊ “ကျန်းလျောင်”(Zhang Liao) နှင့် “ရွှီချူ”(Xu Chu) က ရှေ့ပြေးတပ် ၊ “ရွှီဟွမ”် (Xu
Huang) နှင့် “ယွီကျင်”့ (Yu Jin) တို့က နောက်ချန်တပ်အဖြစ်ချီတက်ကြသည်။ ၎င်းတိ့သ
ု ည် မီးရှို့ရန်
မြက်ခြောက်များနှင့် ထင်းစည်းများသယ်ဆောင်လာသည်။ စစ်သားများက ပါးစပ်ကုအ
ိ ဝတ်ဖြင့်ဆ့ထ
ိုားကြပြီး
မြင်းများကို အသံမထွက်စေရန် အစွပ်များတပ်ဆင်ထားသည်။ နေဝင်ရီတရောအချိန်တွင်
ရန်သ့ေ
ူ မြထဲဝင်ခဲ့ကြသည်။

ညမှာ တိမ်ကင်းစင်ပြီး ကြယ်များက တောက်ပစွာ လင်းလက်နေသည်။

“ယွမ်ရှောက်”(Yuan Shao) စခန်းတွင် အကျဉ်းကျနေသော “ကျွီရှို့ ”(Ju Shou) က


ကြယ်များလွန်စွာတောက်ပနေသဖြင့် အစောင့်များကို အပြင်ခဏထွက်ရန်တောင်းဆိုသည်။ ကြယ်များကို
လေ့လာပြီးနောက် လွန်စွာထိတ်လန့်သွားလေသည်။ ညပင်ဖြစ်သော်လည်း “ယွမ်ရှောက်”(Yuan Shao)
နှင့်တွေ့ရန်သွားသည်။ “ယွမ်ရှောက်”(Yuan Shao) မှာ သေရည်မူးပြီး နှစ်ခြိုက်စွာအိပ်ပျော်နေလသည်။
သို့သော် အကျဉ်းသားက လျှို့ဝှက်လျှောက်တင်ရန်ရှိသည်ဆိုသောကြောင့် ထလာရသည်။

440
“ကျွရ
ီ့ှို ”(Ju Shou): “ငါ ကြယ်တွေကိေ
ု လ့လာလိုက်တော့ အလစ်ဝင်တိုက်မယ့်လက္ခဏာတွေတွေ့ရတယ်။
ရိက္ခာ ဂိုထောင်ကို အထူးသတိနဲ့စောင့်ကြပ်ရပါမယ်။ အချိန်မဖြုန်းဘဲ စစ်သားကောင်းတွေနဲ့ ရဲရင့်တဲ့
ခေါင်းဆောင်တွေကို တောင်တန်းတွေပေါ်ကနေစောင့်ကြည့်ခိုင်းပါ။ ဒါမှ “ချောင်ချောင်း”(Cao Cao)
အကြံအစည်ကနေ လွတ်မြောက်နိုင်မယ်။”

“ယွမ်ရှောက်”(Yuan Shao): “မင်းက အပြစ်သားပဲ။ အဓိပ္ပာယ်မရှိတာတွေနဲ့ ငါ့စစ်တပ်ကို


စိတဓ
်ာတ်ကျအောင် လုပ်နေတာလား။” ထိ့ေ
ု နာက် အစောင့်များဖက်လှည့်ကာ “မင်းတိ့က
ို
စောင့်ခိုင်းထားတာ ၊ ဘာလိ့လ
ု တ
ွှ်ပေးတာလဲ။”

ထိုအစောင့်များကိုသတ်ကာ အခြားအစောင့်များကို သေချာစွာစောင့်ကြပ်ခိုင်းလေသည်။

“ကျွရ
ီ့ှို ”(Ju Shou) လည်း သက်ပြင်းချကာ သည်းထန်စွာငိုကြွေးလျက်
“ငါတိ့စ
ု စ်သားတွေပျက်စီးတော့မယ်။ သနားစရာအလောင်းတွေက ကောင်းကောင်းတောင်
သဂြိုလ်ခံရပါ့မလားမသိနိုင်ဘူး။” ဟုရေရွတ်လေသည်။

“ချောင်ချောင်း”(Cao Cao) ၏တပ်သည်တစ်ညလုံးချီတက်ကြသည်။ “ယွမ်ရှောက်”(Yuan Shao)


၏စခန်းတစ်ခုကိုကျော်သော် စတင်မေးမြန်းခံရသည်။ “ချောင်ချောင်း”(Cao Cao) က
လူတစ်ယောက်လွှတ်ကာ ““ကျန်းချီ”(Jiang Qi) က ဝူချောင်း က ရိက္ခာ တွေကာကွယ်ဖို့လတ
ွှ်လိုက်တာ။”
ဟုပြောခိုင်းသည်။

“ယွမ်ရှောက်”(Yuan Shao) ၏တပ်အမှတအ


် သားများပါသဖြင့် သံသယမရှိဘဲ သွားခွင့်ပေးလိုက်သည်။
စခန်းတိုင်းလိုလိုပင် ဤလှည့်ကွက်မှာ အသုံးဝင်ပြီး အန ရ
္တာယ်ကင်းစွာ ရောက်ရှိသွားကြသည်။ နာရီ ၎
ချက်တီးတွင် ရည်ရွယ်ရာသိ့ေ
ု ရာက်ပြီး အချိန်မဖြုန်းဘဲ ကောက်ရိုးနှင့် ထင်းများကို နေရာချပြီး မီးရှို့သည်။
ထို့နောက် စတင်တိုက်ခိုက်တော့သည်။

ထိုအချိန်တွင် “ချွန်းယွီချုံ”(Chunyu Qiong) နှင့်အခြားခေါင်းဆောင်များမှာ အမူးလွန်ပြီး


အိပ်ပျော်နေကြသည်။ အချက်ပေးသံများကြားသော် လန့်နိုးကာ အကျိုးအကြောင်းမေးမြန်းသော်လည်း
အဖြေမရပေ။ မကြာမီ ၎င်းတို့လည်း အဖမ်းခံရလေသည်။

စစ်သြူ ကီး “ကွေ့ယွမ်ကျင်း”(Gui Yuanjin) နှင့် “ကျောက်ရေ”(Zhao Rui) တိ့မ


ှုာ ရိက္ခာယူပြီး ပြန်လာစဉ်
မီးတောက်များကိုမြင်သော် ကူညီရန် သွားကြသည်။ “ချောင်ချောင်း”(Cao Cao) စစ်သားများက
သတင်းပိ့ေ
ု သာ် “ချောင်ချောင်း”(Cao Cao) က “ရှေ့ကို အရင်တိုက်ပါ။ နောက်ကိုပြီးမှရင်ဆိုင်မယ်။”
ဟုဖြေသည်။

သို့နှင့် ရှေ့ကိုသာဖိတိုက်ကြသည်။ မကြာမီ မီးတောက်များအားကောင်းလာသည်။ “ကွေ့ယွမ်ကျင်း”(Gui


Yuanjin) နှင့် “ကျောက်ရေ”(Zhao Rui) တို့ရောက်လာသော် “ချောင်ချောင်း”(Cao Cao) ကလှည့်ကာ

441
တိုက်ခိုက်သည်။ နှစ်ဦးလုံးမခုခံနိုင်ဘဲ အသတ်ခံရသည်။ နောက်ဆုံးတွင်
ရိက္ခာ အလုံးစုံဖျက်ဆီးခံရလေသည်။

“ချွန်းယွီချုံ”(Chunyu Qiong) မှာ အဖမ်းခံရပြီး နား ၊ နှာခေါင်းနှင့် လက်များအဖြတ်ခံရကာ မြင်းတွင်ချည်ပြီး


“ယွမ်ရှောက်”(Yuan Shao) ထံလွှတ်လိုက်လေသည်။

“ယွမ်ရှောက်”(Yuan Shao) စခန်းတွင် မီးတောက်များကိုမြင်သော် ကူညီရန်တိုင်ပင်ကြသည်။


“ကျန်းဟဲ”(Zhang He) က “ကောက်လန်”(Gao Lan) နှင့်အတူ သွားမည်ဟုဆိုသော်လည်း
“ကော်ထ”ူ (Guo Tu) က “မင်းမသွားနဲ့။ အဲဒေ
ီ နရာမှာ “ချောင်ချောင်း”(Cao Cao) ကိုယ်တိုငရ
ှ်ိနေမှာ။
ဒီတော့ သူ့စခန်းက အကာအကွယ်မဲ့နေမယ်။ သူ့တပ်ကိုဝင်တိုက်ရင် “ချောင်ချောင်း”(Cao Cao)
ပြန်ဆတ
ုလာရမှာပဲ။ ဒါဟာ "စွန်းဘင်း"(Sun Bin)က ဝေ ဝင်စီးပြီး ကျောက် ကိုကယ်တင်ခဲ့သလိုပဲ။”
ဟုဆိုသည်။

“ကျန်းဟဲ”(Zhang He): ““ချောင်ချောင်း”(Cao Cao) ကခံစစ်အတွက်မပြင်ရလောက်အောင်တော့


မညံ့ဘူး။ အကယ်၍ သူ့စခန်းကိုဝင်တိုက်လို့ ရှုံးရင် ၊ “ချွန်းယွီချုံ”(Chunyu Qiong) ကလည်းအဖမ်းခံရရင်
ငါတိ့အ
ုားလုံးအဖမ်းခံရမှာ။”

“ကော်ထ”ူ (Guo Tu): ““ချောင်ချောင်း”(Cao Cao) က ရိက္ခာတွေကိုဖျက်ဆီးဖို့ စိတေ


် လာနေမှာ။
အစောင့်ချန်ခဲ့မှာမဟုတ်ဘူး။ ငါကတော့ သူ့စခန်းကိုဝင်တိုက်စေချင်တယ်။”

သို့နှင့် စစ်သည် ၅၀၀၀ ကိုဦးဆောင်ကာ “ချောင်ချောင်း”(Cao Cao) စခန်းကိုဝင်တိုက်ကြသည်။


“ကျန်းချီ”(Jiang Qi) က စစ်သည် ၁ သောင်းနှင့် ရိက္ခာ တပ်များကို ကူညီစေသည်။

“ချွန်းယွီချုံ”(Chunyu Qiong) ကိုနှိမ်နင်းပြီးသော် “ချောင်ချောင်း”(Cao Cao) တပ်များက


“ယွမ်ရှောက်”(Yuan Shao) စစ်သားများဟန်ဆောင်ကာ ပင်မစခန်းကို သွားကြသည်။ “ကျန်းချီ”(Jiang Qi)
၏စစ်ကူတပ်များနှင့်တွေ့သော် ဝူချောင်း တွင်ရှုံးနိမ့်သဖြင့် ထွက်ပြေးလာရကြောင်း ပြောသည်။ သိ့န
ှုင့်
အခက်အခဲမရှိကျော်ဖြတ်လာနိုင်သည်။ မကြာမီ “ကျန်းလျောင်”(Zhang Liao) နှင့် “ရွှီချူ”(Xu Chu)

442
ကိုတွေ့သည်။ ခဏအတွင်းတွင် “ကျန်းလျောင်”(Zhang Liao) က သတ်လုက
ိနိုင်သည်။ ၎င်း၏တပ်မှာ
ထွက်ပြေးသွားလေသည်။ အနိုင်ရသူများက “ကျန်းချီ”(Jiang Qi) သည်
ရန်သမ
ျူားကိုတိုက်ထုတ်လိုကန
ိုင်သည် ဟု သတင်းမှားလွှင့်လေသည်။ သို့နှင့်
စစ်ကမ
ျူားထပ်မလွှတ်တော့ဘဲ ကျိကျိုး ကိုဖိတိုကရ
် န် တပ်များထပ်မံစေလွှတ်သည်။

ကျိကျိုး သို့ “ယွမ်ရှောက်”(Yuan Shao) တပ်များရောက်လာသည်နှင့် “ရှဟိုတွန်း”(Xiahou Dun) ၊


“ချောင်ရန်”(Cao Ren) နှင့် “ချောင်ဟုန်”(Cao Hong) တို့တပြိုင်နက်ထွက်လာကာ ၃ဖက်၃တန်မှ
တိုက်ခိုက်ကြသည်။ စစ်ကူများရောက်လာသော်လည်း “ချောင်ချောင်း”(Cao Cao)
တပ်မှာပြန်ရောက်လာပြီဖြစ်သဖြင့် အနောက်ဖက်မှ အတိုက်ခံရပြန်သည်။ သု့ေ
ိ သာ် “ကျန်းဟဲ”(Zhang He)
နှင့် “ကောက်လန်”(Gao Lan) တို့သည် ရအောင်ဖောက်ထွကခ
်ဲ့ကြသည်။

ရိက္ခာ ဂိုထောင်ကိုစောင့်သော တပ်အကြွင်းအကျန်များပြန်လာသော် စစ်ဆေးခံရသည်။


“ချွန်းယွီချုံ”(Chunyu Qiong) ၏အခြေအနေကိုကြည့်ပြီး “ယွမ်ရှောက်”(Yuan Shao)
ကဖြစ်ပျက်သမျှကိုမေးမြန်းသည်။ စစ္သားမ်ားက “ရန္သေ
ူ တွဝင်စီးတုန်းက စစ်သူကြီးက
အရက်မူးနေပါတယ်။” ဟုဖြေကြသော် “ယွမ်ရှောက်”(Yuan Shao) သည် “ချွန်းယွီချုံ”(Chunyu Qiong)
ကို သေဒဏ်ပေးလေသည်။

“ကော်ထ”ူ (Guo Tu) သည် “ကျန်းဟဲ”(Zhang He) နှင့် “ကောက်လန်”(Gao Lan) တြို့ ပန်လာလျှင်
အျဖစ္မွန္ကုေ
ိ ပြာမည်ကိုစိုးရိမ်၍ လှည့်ဖျားရန် ကြံသည်။ ပထမ “ယွမ်ရှောက်”(Yuan Shao) ကို
“အရှင့်ရဲ့တပ်တွေရှုံးနိမ့်တော့ “ကျန်းဟဲ”(Zhang He) နဲ့ “ကောက်လန်”(Gao Lan) တို့က ဝမ်းသာနေမှာပဲ။”
ဟုဆိုသည်။

“ယွမ်ရှောက်”(Yuan Shao): “ဘာလိ့ဒ


ု လ
ီိုပြောတာလဲ။”

“ကော်ထ”ူ (Guo Tu): “သူတ့က


ို အရင်ကတည်းက “ချောင်ချောင်း”(Cao Cao) ဆီသွားချင်နေတာ။
အခုလည်း အကောင်းဆုံးမစွမ်းဆောင်ခဲ့ဘဲ အရှင့်တပ်ကို ကပ်ဆုက
ိစေတယ်။”

“ယွမ်ရှောက်”(Yuan Shao) က ထိုသူ ၂ ဦးကို စစ်ဆေးရန် ပြန်ခေါ်စေသည်။ “ကော်ထ”ူ (Guo Tu) က


၎င်းထက်အရင် ထိုအကြောင်းကို သတင်းပိ့ေ
ု စသည်။

“ကောက်လန်”(Gao Lan): “ဘာလို့ပြန်ခေါ်တာလဲ။”

ဆက်သား: “ကျွန်တော်တကယ်မသိပါဘူး။”

“ကောက်လန်”(Gao Lan) ကဓားကိုထုတ်ကာ သတ်ပစ်လေသည်။ “ကျန်းဟဲ”(Zhang He) သည်


ထိုအပြုအမူကြောင့် ထိတလ
် န့်သွားသည်။

443
“ကောက်လန်”(Gao Lan): “ငါတိ့အ
ု ရှင်က ငါတို့ “ချောင်ချောင်း”(Cao Cao) ဖက်ပါသွားပြီလို့
လိမ်ညာတာကို ယုံသွားပြီ။ ဘာလို့ ဒီတိုင်းထိုင်နေပြီး ဖျက်ဆီးခံမလဲ။ “ချောင်ချောင်း”(Cao Cao)
လက်အောက်ကိုပဲ ခိုလှုံကြရအောင်လား။”

“ကျန်းဟဲ”(Zhang He): “ငါလည်း တသဘောတည်းပါပဲ။”

သို့နှင့် “ချောင်ချောင်း”(Cao Cao) ထံအညံ့ခံကြသည်။ “ရှဟုတ


ွိန်း”(Xiahou Dun) က “သူတို့ ၂
ယောက်က လာအညံခ
ံ့တာပါ။ ဒါပေမဲ့ သူတ့က
ို မယုံဘူး။” ဟု လျှောက်တင်သည်။ “ချောင်ချောင်း”(Cao
Cao) က “မကောင်းတဲ့အကြံရှိရင်တောင် သူတု့က
ို ကောင်းကောင်းမြှောက်စားပြီး
ငါ့ဖက်ပါအောင်လုပ်မှာပေါ့။” ဟုပြန်ဖြေသည်။

ဂိတတ
်ံခါးများကိုဖွင့်ကာ ထို ၂ ယောက်ကို ကြိုလေသည်။ ၎င်းတို့က လက်နက်ကိုချ ၊ ချပ်ဝတ်ကိုချွတ်ကာ
“ချောင်ချောင်း”(Cao Cao) ရှေ့ဒူးထောက်ကြသည်။ “ချောင်ချောင်း”(Cao Cao) က ““ယွမ်ရှောက်”(Yuan
Shao) ကမင်းတိ့စ
ု ကားနားထောင်ခဲ့ရင် ရှုံးနိမ့်မှာမဟုတ်ဘူး ။ မင်းတို့ ၂ ယောက်ဟာ "ဝေကျီ"(Wei Zi) က
ပျက်စီးလုလု ရှန်အိမ်ကို စွန့်ခွာပြီး ကျိုးအိမ်ကို လာသလို ၊ "ဟန်ရှင်း"(Han Xin)က “ရှန့် ယွ”ီ (Xiang Yu)
ကိုစွန့်ခွာပြီး “လျူဘန်း”(Liu Bang) ဆီခိုလှုံသလိုပါပဲ။” ဟုဆိုလေသည်။

ထို့နောက် “ကျန်းဟဲ”(Zhang He) ကို စစ်သူကြီးဘွဲ့နှင့် တုထင် အရှင် ၊ “ကောက်လန်”(Gao Lan) ကို
စစ်သြူ ကီးဘွဲ့နှင့် တုန်းလိုင်အရှင်ဘွဲ့ ပေးလေရာ ၎င်းတိ့လ
ု ည်း များစွာကျေနပ်လေသည်။

“ယွမ်ရှောက်”(Yuan Shao) သည် အကြံပေး “ရွှီယု”ိ (Xu You) ကိုနှင်ထုတြ် ပီး ယခုလည်း စစ်သြူ ကီး ၂
ဦးနှင့် ဝူချောင်း ရှိရိက္ခာများကို ဆုံးရှုံးရ၍ သူ၏တပ်မှာ စိတ်ဓာတ်ကျဆင်းနေသည်။

“ရွှီယု”ိ (Xu You) က “ချောင်ချောင်း”(Cao Cao) ကို မြန်နိုင်သမျှမြန်မြန်တိုက်ရန် အကြံပေးရာ


လက်နက်ချစစ်သူကြီး ၂ ဦးက ရှေ့မှဦးဆောင်ခွင့်ပေးရန် တောင်းဆိုသည်။ သို့နှင့် “ကျန်းဟဲ”(Zhang He)
နှင့် “ကောက်လန်”(Gao Lan) ကို စစ်သည် ၃ ထောင်နှင့်အတူ ဦးစွာတိုက်စေသည်။
ညလုံးပေါက်တိုက်ခိုက်ပြီးနောက် အရုဏ်တက်ချိန်တွင် “ယွမ်ရှောက်”(Yuan Shao) ၏တပ်သည်
တဝက်မျှသာ ကျန်လေသည်။

“ရွှင်ယ”ို (Xun You) က “အခု စစ်တပ်က စွမ်းကျောက်ကုသ


ိမ်းပြီး Yejun တို့တုက
ိမယ် ၊ တချိန်တည်းမှာ
လီရန်ကုသ
ိမ်းပြီး ရန်သူဆုတ်လမ်းကိုတားမယ် လို့သတင်းလွှင့်လိုက်ပါ။ ဒါကို “ယွမ်ရှောက်”(Yuan Shao)
ကြားရင် လန့်ပြီး တားဖို့ ကြိုးစားလိမ့်မယ်။ ဒါဆို သူ့ဖက်က အရေးနိမ့်ပါလိမ့်မယ်။” ဟု အကြံပေးသည်။

“ချောင်ချောင်း”(Cao Cao) ကလည်း ထိုအစီအစဉ်အတိုင်းလုပ်သည်။ ထိုသတင်းကို “ယွမ်ရှောက်”(Yuan


Shao) ကြားသော် သားဖြစ်သူ "ယွမ်ထန်"(Yuan Tan) ကို စစ်သည် ၅ သောင်းနှင့် ရဲ့ကျွင်းကိုကူစေပြီး
စစ်သြူ ကီး "ရှင်းမင်"(Xin Ming)ကို အခြားစစ်သည် ၅ သောင်းနှင့် လီရန်ကုသ
ွိားစေသည်။
ထိုတပ်များထွက်သွားသော် “ချောင်ချောင်း”(Cao Cao) က စစ်ကြောင်း ၈ ကြောင်းဖြင့် တပြိုင်နက်

444
တိုက်ခိုက်လေတော့သည်။ “ယွမ်ရှောက်”(Yuan Shao) တပ်များမှာ လွန်စွာစိတ်ဓာတ်ကျပြီး
လမ်းဖွင့်ပေးလိုက်လေတော့သည်။

“ယွမ်ရှောက်”(Yuan Shao) မှာ ချပ်ဝတ်ပင်မဝတ်နိုင်ဘဲ သာမန်ဝတ်စုံဖြင့် မြင်းပေါ်တက်ကာ


ပြေးတော့သည်။ ၎င်းနှင့်အတူ အငယ်ဆုံးသားဖြစ်သူ "ယွမ်ရှန"် (Yuan Shang) သာပါသည်။
“ကျန်းလျောင်”(Zhang Liao) ၊ “ရွှီချူ”(Xu Chu) ၊ “ရွှီဟွမ်”(Xu Huang) နှင့် “ယွီကျင်”့ (Yu Jin) တို့က
နောက်မှဖိတိုက်သော် “ယွမ်ရှောက်”(Yuan Shao) သည်မြစ်ကို အလျင်အမြန်ဖြတ်ကူးရလေသည်။
စာရွကစ
်ာတမ်းများ ၊ အသုံးအဆောင်များ ၊ ရတနာများနှင့် အခြားအရာအားလုံးထားခဲ့ရလေသည်။
မြင်းစီးစစ်သည် ၈ ရာ သာ ပါလေသည်။ “ချောင်ချောင်း”(Cao Cao) တပ်များက လိုက်သော်လည်း
မမှီတော့ပေ။ သိ့ေ
ု သာ် မှတ်တမ်းအားလုံးသိမ်းမိပြီး စစ်သည် ၈ သောင်းကို သတ်ဖြတ်လေရာ သွေးများဖြင့်
ဖုံးလွှမ်းသွားပြီး အလောင်းများမှာလည်း မရေတွကန
ိုင်တော့ပေ။ “ချောင်ချောင်း”(Cao Cao) အတွက်
လုံးဝဥဿုံအောင်မြင်မှုဖြစ်လေသည်။

အထက်ပါမှတ်တမ်းများတွင် နန်းတွင်းရှိ အမှုထမ်းများနှင့် ဆက်သွယထ


်ားသည်များကို တွေ့ရသော်
နောက်လိုကမ
်ျားက စာရင်းပြုစုပြီး ဖမ်းဆီးရန် အကြံပေးသည်။ “ချောင်ချောင်း”(Cao Cao) က
““ယွမ်ရှောက်”(Yuan Shao) က အင်အားကြီးလွန်းတော့ ဒီထဲမှာ ငါတောင်ပါနိုင်တယ်။” ဟုဆုက
ိာ
မီးရှို့ ဖျက်ဆီးစေလေသည်။

“ယွမ်ရှောက်”(Yuan Shao) ၏စစ်သားများ ထွကေ


် ပြးသွားချိန်တွင် “ကျွီရှို့ ”(Ju Shou) မှာ
အကျဉ်းသားဖြစ်သဖြင့် ထွကေ
် ပြးမရ၍ အဖမ်းခံရသည်။ ၎င်းက “အညံ့မခံဘူး။”
ဟုအော်ဟစ်ငိုကြွေးလေသည်။

“ချောင်ချောင်း”(Cao Cao) က ““ယွမ်ရှောက်”(Yuan Shao) က တုံးအလို့ မင်းအကြံကို လျစ်လျူရှုတယ်။


ဘာလို့ စိတ်စွဲလန်းနေသေးတာလဲ။ မင်းသာ ငါ့ကုက
ိုညီရင် ငါဟာ တစ်နိုင်ငံလုံးကိုသိမ်းနိုင်မှာပဲ။” ဟု
ဆိုကာ ကောင်းမွန်စွာ ပြုစုထားလေသည်။ သိ့ေ
ု သာ် “ကျွီရှို့ ”(Ju Shou) က မြင်းတစ်ကောင်ခိုးကာ
ထွက်ပြေးလေသည်။ “ချောင်ချောင်း”(Cao Cao) ကဒေါသထွကက
်ာ ဖမ်းဆီးပြီးနောက်
သေဒဏ်ပေးလေသည်။

ထို့နောက် “သစ္စာရှိပြီး မှန်ကန်တဲ့လူတစ်ယောက်ကို သတ်မိပြီ။” ဟု ဝမ်းနည်းစွာဆိုလေသည်။ သေသူကို


ကျိကျိုး တွင် ကောင်းစွာသဂြိုလ်ပေးပြီး အုတဂ
်ူပေါ်တွင် သစ္စာရှိပြီး မြင့်မြတ်သော “ကျွရ
ီ့ှို ”(Ju Shou) ဟု
ရေးထိုးပေးလေသည်။

*Silver~K*

445
အခန်း(၃၁) "ချောင်ချောင်း"(Cao Cao) သည် ချန်းထင်တွင် "ယွမ်ရှောက်"(Yuan Shao) ကို
အောင်နိုင်လိုက်ခြင်း။ "လျူဘေ့"(Liu Bei) သည် ကျင်ကျိုးရှိ "လျူပြောင်း"(Liu Biao) ထံ
ခိုလှုံရခြင်း။

"ချောင်ချောင်း"(Cao Cao) သည် ထွက်ပြေးသွားသော "ယွမ်ရှောက်"(Yuan Shao) ကို


အခွင့်ကောင်းယူကာ လိုက်တုက
ိလေသည်။ "ယွမ်ရှောက်"(Yuan Shao) သည် ခမောက်မရှိ၊
အဝတ်အစားမသပ်မရပ်ဖြင့် နောက်လိုက်အနည်းငယ်နှင့်အတူ ထွကေ
် ပြးရာ
လီရန်၏မြောက်ဘက်နားသို့ ရောက်လေသည်။ ထိုနေရာတွင် သူ့၏စစ်သြူ ကီးတစ်ဦးဖြစ်သော
"ကျန်းရီချွ"ီ (Jiang Yiqu) နှင့်တွေ့ရာ အဖြစ်အပျက်တို့ ကိုကြားပြီးနောက် ထိုစစ်သူကြီးသည်
တစ်ကွဲတစ်ပြားဖြစ်နေသော စစ်သားတို့ကိုစုစည်းစေသည်။ ခေါင်းဆောင်မသေသေးဟူသော
သတင်းကိုကြားသည့်စစ်သားတို့သည် ပုရွက်ဆတ
ိတို့ ပမာ တဖွဲဖွဲရောက်လာကြသည်။ မကြာမီပင်
"ယွမ်ရှောက်"(Yuan Shao) တွင် ကျိကျိုးသို့ချီတက်နိုင်လောက်သည့်တပ်အင်အားရှိလာသည်။
ထိုစစ်တပ်ကြီးသည် စစ်ချီတက်ပြီး ဟွမ်တောင်ကုန်းတွင် စခန်းချထားလေသည်။

ထိုညတွင် "ယွမ်ရှောက်"(Yuan Shao) သည် နောင်တရသည့်လေသံဖြင့်


စကားပြောနေသည့်အသံကိုကြားရာ သူ၏ရွက်ဖျင်တဲမှ တိတတ
် ဆိတ်ထွက်ကာ စုံစမ်းသည်။
ထိုအသံတို့ မှာ စစ်သားတို့က သူတို့ကြုံတွေ့ခဲ့ကြသောအဖြစ်အပျက်တို့ ကိုပြောနေကြခြင်းဖြစ်သည်။
တစ်ဦးက သူ့အစ်ကိုသေဆုံးသွားသည့်အကြောင်း၊ ကျန်တစ်ဦးက သူ့ညီကိုစစ်ပွဲတွင်
ထားခဲ့ရသည့်အကြောင်း၊ တတိယလူက သူ၏မိတ်ဆွေ
စစ်ပွဲအတွင်းပျောက်ဆံုး သွားသည့်အကြောင်းပြောနေကြသည်။ အကုန်လုံးက "သူသာ တျန်းဖုန်း(Tian
Feng) ရဲ့အကြံကိုနားထောင်ရင် ဒီလိုဖြစ်လာမှာမဟုတ်ဘူး" ဟု ပြောကြလေသည်။

ထိုအခါ "ယွမ်ရှောက်"(Yuan Shao) မှာ နောင်တရသွားပြီး

"ငါ တျန်းဖုန်း(Tian Feng) ပြောတာကို နားမထောင်ခဲ့မိဘူး။ အခုတော့


ငါ့စစ်သားတွေအများကြီးဆုံးရှုံးလိုက်ရပြီး ငါ စစ်ရှုံးမလိုဖြစ်ရတယ်၊ သူ့ကိဘ
ု ယ်လုမ
ျိက်နှာပြရမလည်း" ဟု
ရေရွတေ
် လသည်။ နောက်ရက်တွင် စစ်တပ်ကိုဆက်လက်ချီတက်စေပြီး "ဖုန်းကျီ"(Peng Ji)
၏စစ်ကူနှင့်တွေ့သောအခါ "ယွမ်ရှောက်"(Yuan Shao) မှ

"ငါ တျန်းဖုန်း(Tian Feng) ရဲ့စကားကိုမနာယူခဲ့တဲ့အတွက် အရှုံးနဲ့ရင်ဆုင


ိခဲ့ရပြီ။ အခုတော့
သူ့မျက်နှာတောင် ကြည့်ဖို့ရှက်နေပြီ" ဟု ပြောသည်။ "တျန်းဖုန်း"(Tian Feng) အပေါ်
ချီးမွမ်းသည်ကိုကြားသောအခါ "ဖုန်းကျီ"(Peng Ji) သည် မနာလိုမရှုဆိတ်ဖြစ်ပြီး

446
"ဟုတ်ပါတယ်၊ သူက သခင်ကြီးစစ်ရှုံးတဲ့သတင်းကိုကြားတော့ လက်ခုပ်လက်ဝါးတီးပြီးတော့ 'တွေ့လား၊
ငါပြောသလိုဖြစ်လာတာပဲ' လို့ ပြောပါတယ်" ဟု ချောက်တွန်းလေသည်။

"ယွမ်ရှောက်"(Yuan Shao) : "ဒီဉာဏ်မရှိတဲ့ကောင်က ငါ့ကိုလှောင်ရဲတယ်၊ သူ့ကို သေဒဏ်ပေးမှရမယ်"

ထို့နောက် "ယွမ်ရှောက်"(Yuan Shao) သည် စာတစ်စောင်ရေးကာ ဓားတစ်ချောင်းနှင့်အတူ


ထောင်သားကိုသတ်စေရန် လူတစ်ယောက်အား လွှတ်လုက
ိသည်။

ထိုစဉ်ဝယ် "တျန်းဖုန်း"(Tian Feng) ကို စောင့်ကြပ်နေသော ထောင်စောင့်က "တျန်းဖုန်း"(Tian Feng)


ထံရောက်လာပြီး

"အကြံပေး၊ ဂုဏ်ပြုပါတယ်ခင်ဗျား" ဟု ပြောသည်။

"ဘာများပျော်ရွှင်စရာရှိလို့ ဂုဏ်ပြုရတာလည်း"

"နယ်စားကြီးယွမ်ရှောက်(Yuan Shao) က စစ်ရှုံးသွားပြီးပြန်လာနေပြီ၊ အခုဆို အကြံပေးကို


လေးလေးစားစားနဲ့ဆက်ဆံတော့မယ်"

"အခုတော့ ငါသေရတော့မှာပဲ"

"လူတွေက ပျော်ရွှင်နေတာ အကြံပေးက ဘာလို့ ဒီလိုပြောရတာလည်း"

"နယ်စားက သဘောကောင်းတဲ့ပုံစံရှိပေမယ့် တကယ်တော့သူဟာ မနာလိုဖြစ်ပြီး


အကြံကောင်းတွေကိုလျစ်လျူရှုတတ်တဲ့လူတစ်ယောက်ပဲ၊ သူစစ်နိုင်ခဲ့ရင်
ငါ့ကိုလႊတေ
် ပးကောင်းလွှတ်ပေးမယ်၊ အခုစစ်ရှုံးသွားတော့ ငါ့မှာအသက်ရှင်ဖို့ မျှော်လင့်ချက်မရှိတော့ဘူး"

သို့သော်လည်း ထောင်စောင့်က "တျန်းဖုန်း"(Tian Feng) ၏ စကားကိုမယုံပေ၊ မကြာမီပင်


"တျန်းဖုန်း"(Tian Feng) အားသတ်ရန် "ယွမ်ရှောက်"(Yuan Shao) ၏အမိန့် နှင့်အတူ
ဓားတစ်ချောင်းရောက်လာသည်။ ထိုအခါ ထောင်စောင့်က ထိတ်လန့်သွားလေသည်၊ သို့ သော်လည်း
"တျန်းဖုန်း"(Tian Feng) က

"ငါ သေရမယ်ဆိုတာ ငါ ကောင်းကောင်းကြီးသိတာပေါ့" ဟု ဆိုလေသည်။ ထောင်စောင့်က


ငိုကြွေးလေသည်။ "တျန်းဖုန်း"(Tian Feng) က

"အရည်အချင်းရှိတဲ့လူက လောကကြီးထဲရောက်လာပြီး သင့်တော်တဲ့သခင်လက်အောက်မှာ


တာဝန်မထမ်းဆောင်တာက အဲ့လရ
ဲူ့မသိမနားလည်မှုပဲ။ ငါဒီနေ့သေရပေမယ့် သနားဖို့ တောင်

447
မထိုက်တန်ဘူး" ဟု ဆိုလေသည်။ ထို့နောက် ဓားကိုကိုင်ကာ ကိုယ့်လည်မြိုကိုယ် လှီးလိုက်လေသည်။
"တျန်းဖုန်း"(Tian Feng) ၏သတင်းကိုကြားရသော လူအပေါင်းတို့သည် စိတမ
် ကောင်းဖြစ်ကြသည်။

"ယွမ်ရှောက်"(Yuan Shao) သည် ကျိကျိုးတွင်ရှိနေပြီး စိတပ


်ျက်လက်ပျက်ဖြစ်နေသည်။ နောက်ပိုင်းတွင်
အုပ်ချုပ်မှုကုပ
ိ င် မလုပ်ဆောင်နိုင်ပဲ အပြင်းအထန်ဖျားနာလေသည်။ ထိုအခါ "ယွမ်ရှောက်"(Yuan Shao)
၏ ပထမဇနီးသေဆုံးပြီးနောက် ဩဇာရှိလာခဲ့သော လျူမိသားစုမှ ဆင်းသက်လာသည့် ဒုတိယဇနီးသည်
ပြင်ဆင်မှုတစ်ခုပြုလုပ်ရန်ကြံလေသည်။

"ယွမ်ရှောက်"(Yuan Shao) တွင် သားသုံးဦးရှိသည်၊ အကြီးဆုံးမှာ ချင်ကျိုးအုပ်ချုပ်ရေးမှူး


"ယွမ်ထန်"(Yuan Tan) ဖြစ်ပြီး ဒုတိယမှာ ယိုကျိုးကိုအုပ်ချုပ်သော "ယွမ်ရှီး"(Yuan Xi) ဖြစ်ကာ
အငယ်ဆုံးမှာ လျူအမျိုးသမီးမှမွေးသော "ယွမ်ရှန်"(Yuan Shang) ဖြစ်သည်။ အငယ်ဆုံးဖြစ်သူမှာ
ရုပ်ရည်ချောမောသဖြင့် အဖေဖြစ်သူနှစ်သက်မှုကိုခံရပြီး အိမ်တွင်သာ နေစေသည်။

ကွမ်းတုတွင် စစ်ရှုံးခဲ့ပြီးနောက် လျူအမျိုးသမီးသည် သူ့သားဖြစ်သူကို


ရာထူးဆက်ခံသူအဖြစ်သတ်မှတ်ရန်ကြိုးစားလေသည်။ "ယွမ်ရှောက်"(Yuan Shao) လည်း
သူ၏အကြံပေးလေးဦးတို့ အားခေါ်ပြီး ထိုကိစ္စအပေါ် တိုင်ပင်သည်။ ထိုလေးဦးတို့ထဲတွင် "ရှန်ဖေ"(Shen
Pei) နှင့် "ဖုန်းကျီ"(Peng Ji) တို့က အငယ်ဆုံးသားကိုထောက်ခံကြပြီး "ကော်ထ"ူ (Guo Tu) နှင့်
"ရှင်းဖင်"(Xin Ping) တို့က အကြီးဆုံးသားကို ထောက်ခံလေသည်။

ထိုသို့ ဆွေးနွေးကြရာတွင်မှ "ယွမ်ရှောက်"(Yuan Shao) မှ

"ငါတို့ နယ်မြေအပြင်ဘက်မှာလည်း စစ်ပွဲတွေဖြစ်နေတယ်၊ ဒါကြောင့်အတွင်းရေးကိစ္စတွေကို


ကြိုပြင်ဆင်ထားမှသင့်တော်မယ်။ ဒါကြောင့် ကျုပ်ရာထူးကိုဆက်ခံမယ့်လူကိုရွေးချင်တယ်။
အကြီးဆုံးသားကတော့ သန်မာပြီးရက်စက်တယ်၊ အလတ်ကတော့ ပျော့ညံ့ပြီးဒီတာဝန်နဲ့ မသင့်တော်ဘူး။
အငယ်ဆုံးကတော့ သူရဲကောင်းရဲ့အသွင်အပြင်ရှိပြီး ဉာဏ်ပညာရှိတဲ့အပြင်

448
လက်အောက်ငယ်သားတွေကိုလည်း ကောင်းကောင်းဆက်ဆသ
ူံဖြစ်တယ်၊ ဒါကြောင့် သူ့ကိုဒီရာထူးကို
လျာထားမလားလို့။ ဒါပေမယ့် ခင်ဗျားတို့အကြံတွေကိုလည်း နားထောင်ချင်သေးတယ်" ဟု ဆိုလေသည်။

"ကော်ထ"ူ (Guo Tu) : "ယွမ်ထန်(Yuan Tan) က မွေးချင်းတွေထဲမှာအကြီးဆုံးသားဖြစ်ပါတယ်။ ဒါကြောင့်


သူ့မှာ သခင်ကြီးတောင် ထိန်းချုပ်ဖို့မလွယ်တဲ့အာဏာရှိတယ်။ အကြီးဆုံးကိုကျော်ပြီးအငယ်ကို
ဦးစားပေးလိုက်ရင် ပြဿနာတွေဖြစ်လာမှာအမှန်ပဲ။ အခုလက်ရှိအချိန်မှာ ရန်သူတွေက
ကျွန်တော်တို့နယ်တွေကို ကျူးကျော်လာပြီ။ ဒီကိစ္စကိုဆွေးနွေးမယ့်အစား ရန်သူကို အရင်တိုက်ထုတတ
်ာ
သင့်တော်ပါတယ်"

"ယွမ်ရှောက်"(Yuan Shao) ၏ပင်ကိုစရိုက်က တုံ့ ဆိုင်းတတ်သူဖြစ်ရကား


စိတက
ိုမဆုံးဖြတ်နိုင်ပဲရှိနေသည်။ ထိုအချိန်တွင်ပင် "ယွမ်ထန်"(Yuan Tan) သည် ချင်ကျိုးမှ
စစ်တပ်ခြောက်သောင်းနှင့်လည်းကောင်း၊ "ယွမ်ရှီး"(Yuan Xi) သည် ယိုကျိုးမှ
စစ်သားငါးသောင်းနှင့်လည်းကောင်း၊ တူဖြစ်သူ "ကောက်ကန်း"(Gao Gan) သည် ပင်းကျိုးမှ
စစ်သားငါးသောင်းနှင့်လည်းကောင်း အသီးသီးဦးဆောင်ကာ ချီတက်လာသည်ဟူသော
သတင်းကိုကြားလိုက်သည်။ ထိုအခါ "ချောင်ချောင်း"(Cao Cao) အားတိုက်ရန်
သူ၏အာရုံတို့ ကိုနှစ်မြှုပ်ထားလိုက်သည်။

"ချောင်ချောင်း"(Cao Cao) သည် မြစ်ဝါမြစ်၏ကမ်းခြေတွင် စစ်တပ်စခန်းချထားရာဝယ် ဒေသခံတို့က


အစားအစာတို့ကိုယူလာပြီး "ချောင်ချောင်း"(Cao Cao) ကို ကြိုဆိုလေသည်။ ထိုသူတို့ က
"ချောင်ချောင်း"(Cao Cao) ကလည်း တလေးတစားဖြင့် ဆက်ဆံလေသည်။

"ချောင်ချောင်း"(Cao Cao) : "လေးစားရသော ပုဂ္ဂိုလ်တို့ က အသက်ဘယ်လောက်ရှိပြီလည်း"

"ကျွန်တော်တို့က အသက်တစ်ရာနီးနီးရှိပါပြီ"

"ကျွန်တော့်စစ်တပ်က ခင်ဗျားတို့ ရွာကိုအနှောင့်အယှက်ဖြစ်စေမိရင် တောင်းပန်ပါတယ်"

ထိုလူတို့ ထဲမှ တစ်ဦးက

"ဟွမ်ဧကရာဇ်လက်ထက်တုန်းက အနောက်တောင်ဘက်က အဝါရောင်ကြယ်ကြီးကိုမြင်ခဲ့တယ်၊


လျောင်တုန်းက ရင်ခွေ(Yin Kui) ဆိုတဲ့လူက နက္ခတ်တာရာတွေကိုလေ့လာသူဖြစ်ပြီး ဒါကိုမြင်တော့
မှန်ကန်ပြီးတရားမျှတတဲ့လေ
ူ ရာက်လာလိမ့်မယ်လို့ နိမိတ်ဖတ်ခဲ့တယ်၊ အခုတော့
အနှစ်ငါးဆယ်တင်းတင်းပြည့်ခဲ့ပြီ။ ယွမ်ရှောက်(Yuan Shao) က ပြည်သူတွေကိုဖိနှိပ်တဲ့သူဖြစ်တယ်။
သခင်ကြီးကတော့ ပြည်သူတွေအတွက် ဒီလက
ိုဖယ်ရှားဖို့ရောက်လာခဲ့တာ၊ ကွမ်းတုမှာ စစ်နိုင်လိုက်တာက
ရင်ခွေ(Yin Kui) ရဲ့နိမိတထ
်ဲကအတိုင်း ဖြစ်လာတယ်လို့ဆိုနိုင်တယ်" ဟု ပြောလေသည်။

"ချောင်ချောင်း"(Cao Cao) : "ကျွန်တော်က အဲ့နိမိတ်ထဲကလူလို့ဘယ်ခံယူဝံ့ပါ့မလည်း"

449
ထို့နောက် ထိုဧည့်သည်တို့အား အရက်၊အစားအစာတို့နှင့်ကျွေးမွေးကာ
ပိုးထည်တို့ ကိုလက်ဆောင်ပေးပြီး ပြန်လွှတ်လိုက်လေသည်။ ထို့ နောက် "ချောင်ချောင်း"(Cao Cao) သည်
သူ့စစ်သားတို့အား ထိုရွာသားတို့ပိုင်ဆုင
ိသော ကြက်၊ ခွေးတို့ကိုသတ်မိလျှင်ပင်
ပြင်းပြင်းထန်ထန်အပြစ်ပေးမည်ဟု အမိန့်ချလိုက်သည်။

မကြာမီပင် ယွမ်မိသားစု၏ပြည်နယ်လေးနယ်မှ စစ်သားနှစ်သန


ိးသုံးသောင်းသည် ချီတက်လာပြီး
ချန်းထင်တွင်စခန်းချထားသည်ဟူသော သတင်းကိုကြားလိုက်သည်။ "ချောင်ချောင်း"(Cao Cao) ကလည်း
ထိုရန်သူတို့အား တိုကရ
် န်ချီတက်ပြီး စခန်းချလေသည်။

နောက်ရက်တွင် နှစ်ဖက်သောစစ်တပ်တို့ ရင်ဆုင


ိတွေ့ကြသည်။ "ချောင်ချောင်း"(Cao Cao) သည်
သူ၏စစ်သူကြီးတို့နှင့်အတူ ရှေ့သို့ ထွက်လာသည်။ "ယွမ်ရှောက်"(Yuan Shao) ကလည်း သူ၏သားသုံးဦး၊
တူတစ်ဦးနှင့်ခေါင်းဆောင်တို့နှင့်အတူ ရောက်လာသည်။ "ချောင်ချောင်း"(Cao Cao) မှ

"ယွမ်ရှောက်(Yuan Shao) ၊ ခင်ဗျားရဲ့အကြံတွေက သေးသိမ်တယ်၊ ခင်ဗျားမှာအစွမ်းလည်း


သိပ်မရှိတော့ဘူး။ ဒါကိုဘာကြောင့်တောင် လက်နက်မချပဲနေ,နေရတာလည်း? ခင်ဗျားလည်ပင်းနား
ဓားရောက်တဲ့အထိစောင့်နေမှာလား? အဲ့လိုဆို တအားနောက်ကျသွားမယ်" ဟုပြောသည်။
"ယွမ်ရှောက်"(Yuan Shao) သည် နောက်သို့လှည့်လိုက်ပြီး

"ဘယ်သူ ထွကသ
်ွားတိုက်ရဲလည်း" ဟု ပြောလေသည်။ သားဖြစ်သူ "ယွမ်ရှန"် (Yuan Shang) က
သူ့အဖေရှေ့တင
ွ် သူ့အစွမ်းကိုပြလိုသဖြင့် ဓားနှစ်လက်ကိုကိုင်ပြီး ရှေ့သို့ ထွက်လေသည်။

"ချောင်ချောင်း"(Cao Cao) က သူ့ကိုလက်ညှိုးညွှန်ပြီး "သူ့ကိုဘယ်သူသလ


ိ "ဲ ဟုမေးလေရာ
"ယွမ်ရှောက်(Yuan Shao) ရဲ့သားအငယ်ဆုံးပါ" ဟုပြန်ဖြေကြသည်။ သူတို့ စကားမဆုံးမှီပင် သူတို့ ဘက်မှ
"ရှီဟမ
ွ်"(Shi Huan) ထွက်ကာတိုက်လေသည်။ ခဏကြာတိုက်ပြီးသော် "ယွမ်ရှန"် (Yuan Shang) သည်
ထွက်ပြေးမည်က့သ
ဲ့ို ပြုမူသည်။ ထိုအခါ "ရှီဟွမ်"(Shi Huan) ကနောက်မှလိုက်ရာ "ယွမ်ရှန်"(Yuan Shang)
သည် မြားဖြင့်ပစ်လိုက်ရာ "ရှီဟွမ"် (Shi Huan) ၏ဘယ်မျက်လုံးကိုထိမှန်ပြီး သေဆုံးလေသည်။

"ယွမ်ရှောက်"(Yuan Shao) လည်း သူ၏စစ်တပ်တို့ ကိုတိုကခ


ိုက်ရန်အမိန့် ပေးလိုက်သည်။
နှစ်ဦးနှစ်ဖက်တိုက်ကြပြီးသော် မကြာမီပင် နှစ်ဖက်လုံးတပ်ပြန်ဆုတ်သွားကြသည်။

တပ်စခန်းသို့ပြန်ရောက်သော် "ချောင်ချောင်း"(Cao Cao) သည် သူ၏လက်အောက်ခံများနှင့်


"ယွမ်ရှောက်"(Yuan Shao) ကိုချေမှုန်းရန်တိုင်ပင်သည်။ ထိုအခါ "ချန်ယ"ွီ (Cheng Yu) မှ
"ကင်းပုန်းတိုက်ခိုက်မှုဆယ်ခု" ဟူသော ဗျူဟာကိုတင်ပြသည်။ "ချောင်ချောင်း"(Cao Cao) ကို
တပ်ဆုတ်စေပြီး လမ်းတစ်လျှောက်တွင် နောက်မှလိုက်လာသော "ယွမ်ရှောက်"(Yuan Shao) အား
ခြုံခိုတိုက်ရန် ကင်းပုန်းတပ်ဆယ်တပ်ထားစေခြင်းဖြစ်သည်။

450
"ချောင်ချောင်း"(Cao Cao) ကလည်း ထိုအကြံကိုလက်ခံပြီး လမ်းတစ်လျှောက်၏ဘေးဘီယာတွင်
တစ်တပ်လျှ င်အင်အားငါးထောင်ရှိသော ကင်းပုန်းတပ်ဆယ်တပ်ကုထ
ိားကာ တပ်ဆုတ်သည်။
ကင်းပုန်းတပ်တို့၏စီစဉ်မှုမှာ ဘယ်ဘက်တွင် "ရှဟိုတွန်း"(Xiahou Dun) ၊ "ကျန်းလျောင်"(Zhang Liao) ၊
"လီတျန်"(Li Dian) ၊ "ယွဲကျင်"့ (Yue Jing) နှင့် "ရှဟိုယွမ"် (Xiahou Yuan)
၏တပ်အသီးသီးတို့နေရာယူထားစေပြီး ညာဘက်တင
ွ် "ချောင်ဟုန"် (Cao Hong) ၊ "ကျန်းဟဲ"(Zhang He)
၊ "ရွှီဟမ
ွ်"(Xu Huang) ၊ "ယွီကျင်"့ (Yu Jin) နှင့် "ကောက်လန်"(Gao Lan) တို့ ပါဝင်သည်။ "ရွှီချူ"(Xu
Chu) မှာမူ ရှေ့ပြေးတပ်ကိုဦးဆောင်ရသည်။ နောက်ရက်တွင် တပ်ဖွဲ့ တို့ သည်
သတ်မှတ်ထားသောနေရာတွင် အသီးသီးယူထားကြသည်။ ညဘက်တွင် "ချောင်ချောင်း"(Cao Cao) သည်
ရှေ့ပြေးတပ်ကို ရန်သူ့ စခန်းအား အယောင်ပြတိုက်ခိုင်းသည်။ ထိုအခါ ရန်သတ
ူ့ို နိုးထလာသည်။

ထို့နောက် "ရွှီချူ"(Xu Chu) သည် သူ၏တပ်ကိုပြန်ဆုတ်လေ၏။ "ယွမ်ရှောက်"(Yuan Shao) လည်း


နောက်ဘက်မှလုက
ိတုက
ိရာ တိုက်ခိုကသ
်ံတို့ မှာ မစဲနိုင်ပဲရှိသည်။ အရုဏ်တက်ခါနီးအချိန်တွင်
"ချောင်ချောင်း"(Cao Cao) ၏တပ်သည် မြစ်ကမ်းနားသို့ရောက်သွားပြီး ထပ်ပြီး တပ်မဆုတ်နိုင်တော့ပေ။
ထိုအခါ "ချောင်ချောင်း"(Cao Cao) မှ

"တိုက်ရင်တုက
ိ၊ မတိုက်ရင်သေ၊ နှစ်လမ်းပဲရှိတယ်" ဟု အော်လိုက်သည်။

တပ်ဆုတ်နေသောတပ်ကြီးကလည်း ပြန်လှည့်ပြီးရန်သူကိုတိုက်လေသည်။ "ရွှီချူ"(Xu Chu) သည်


ရန်သူ့ တပ်ကိုထိုးဖောက်ပြီး ခေါင်းဆောင်ဆယ်ဦးခန့်ကိုသတ်လိုကရ
်ာ
ရန်သ၏
ူ အခြေအနေအရှုပ်အထွေးဖြစ်သွားသည်။ "ယွမ်ရှောက်"(Yuan Shao) ၏တပ်သည်
တပ်ပြန်ဆုတ်ရန်ပြင်သည်။ သို့သော်လည်း "ချောင်ချောင်း"(Cao Cao) ၏တပ်သည်
ဘယ်နင
ှ့်ညာတွင်ရှိနေသည်၊ မကြာမီပင် ဗုံသံတို့ကြားလိုက်ပြီးနောက် ဘယ်နှင့်ညာတို့မှ
"ကောက်လန်"(Gao Lan) နှင့် "ရှဟိုယွမ"် (Xiahou Yuan) တို့ရောက်လာသည်။ "ယွမ်ရှောက်"(Yuan
Shao) သည်လည်း သူ၏သားသုံးယောက်၊ တူတစ်ယောက်နှင့်အတူ ရန်သူ့ တပ်ကိုဖောက်ပြီး
ထွက်လာနိုင်ခဲ့သည်။

သုံးမိုင်ခန့်ခရီးဆက်ပြီးသော် နောက်ထပ်ကင်းပုန်းတစ်ခုနှင့်တိုးပြန်သည်။ ထိုကင်းပုန်းတပ်တို့ ကို


"ယွဲကျင်"့ (Yue Jing) နှင့် "ယွီကျင်"့ (Yu Jin) တို့က ဦးဆောင်သည်။ "ယွမ်ရှောက်"(Yuan Shao)
၏တပ်မှာအဆုံးအရှုံးများသဖြင့် အလောင်းတို့မှာ တောင်လိုပုံနေပြီး ရေတို့မှာ သွေးတို့ဖြင့်လွှမ်းနေခဲ့သည်။
ဆယ်မိုင်ခန့်ရောက်သော် "လီတျန်"(Li Dian) နှင့် "ရွှီဟွမ်"(Xu Huang) တို့က
လမ်းပိတ်ထားသည်ကုေ
ိ တွ့လိုက်ရသည်။ ထိုအခါ "ယွမ်ရှောက်"(Yuan Shao) ၏တပ်သည်

451
ဆက်မသွားဝံ့တော့ပဲ ထိုအနီးအနားတွင်သာ စခန်းချကာ စားသောက်ရန်ပြင်သည်။
အစားအသောက်တို့အဆင်သင့်ဖြစ်သောအချိန်တွင်ပင် "ကျန်းလျောင်"(Zhang Liao) နှင့်
"ကျန်းဟဲ"(Zhang He) တို့တပ်ရောက်လာသည်။ ထိုအခါ "ယွမ်ရှောက်"(Yuan Shao) သည် မြင်းစီးကာ
ချန်းထင်သို့ ထွက်ပြေးလေသည်။ ထိုသို့ တပြေးတည်းပြေးနေရသဖြင့် "ယွမ်ရှောက်"(Yuan Shao)
၏မြင်းရော၊ သူကုယ
ိတိုင်မှာပင်ပန်းနွမ်းနယ်နေပြီ။ သို့ သော်လည်း နားရန်အချိန်မရချေ။ အနောက်ဘက်မှ
"ချောင်ချောင်း"(Cao Cao) တပ်ကလိုက်လာသည်။ အသက်လုနေရသောအချိန်ပင်တည်း။

ထို့နောက် "ယွမ်ရှောက်"(Yuan Shao) အား "ရှဟိုတွန်း"(Xiahou Dun) နှင့် "ချောင်ဟုန်"(Cao Hong)


တို့က ဝန်းရံထားလိုကသ
် ည်။ ထိုအခါ "ယွမ်ရှောက်"(Yuan Shao) သည်

"ငါတို့ အပြင်းအထန်တိုက်ဖို့မလုပ်ရင်တော့ ငါတို့တွေအကုန် အဖမ်းခံရတော့မယ်" ဟု ပြောလေသည်။


ထို့နောက်ရှေ့သို့ ပင်ဆက်ပြီးတိုက်သည်။ "ယွမ်ရှောက်"(Yuan Shao) ၏ ဒုတိယသား "ယွမ်ရှီး"(Yuan Xi)
နှင့် တူဖြစ်သူ "ကောက်ကန်း"(Gao Gan) တို့သည် မြားဒဏ်ရာရသွားကြသည်။ စစ်သားတို့မှာလည်း
သေသည့်သူတို့ ကသေ၊ ပျောက်သည့်သူတို့ ကပျောက်ကုန်သည်။ "ယွမ်ရှောက်"(Yuan Shao) သည်
သူ့သားတို့ကိုဖက်ပြီးငိုလေသည်။ ထို့နောက် မေ့လဲသွားသည်။ "ယွမ်ရှောက်"(Yuan Shao) ၏ပါးစပ်မှ
သွေးတို့ထွက်လာပြီး သက်ပြင်းချကာ

"ငါ တိုက်ပွဲတွေအများကြီးတိုက်ခိုက်ခဲ့တာ ဒီလုမ


ျိုးချောင်ပိတခ
်ံရမယ်လို့ မထင်မိဘူး။ ကောင်းကင်ကြီးက
ငါ့ကို ဒုကေ
ၡ ရာက်စေခဲ့တယ်။ မင်းတို့တွေကိုယ့်နယ်မြေကိုယ်ပြန်သွားပြီး "ချောင်ချောင်း"(Cao Cao) ကို
ချေမှုန်းဖို့ပြင်ပါ" ဟု ပြောလေသည်။

ထို့နောက် "ရှင်းဖင်"(Xin Ping) နှင့် "ကော်ထ"ူ (Guo Tu) တို့ အား "ယွမ်ထန်"(Yuan Tan) နှင့်အတူ
ချင်ကျိုးသို့သွားလေသည်။ "ယွမ်ရှီး"(Yuan Xi) ကို ယိုကျိုးသို့ သွားစေပြီး "ကောက်ကန်း"(Gao Gan) အား
ဘင်ကျိုးသို့ပို့လိုက်သည်။

ထို့ကြောင့် အကုန်လုံးကလည်း "ချောင်ချောင်း"(Cao Cao) ကိုတိုကရ


် န် မြင်းတို့ ၊
တပ်သို့ ပြင်ဆင်ကြသည်။ "ယွမ်ရှောက်"(Yuan Shao) မှာ သူ့သားအငယ်ဆုံးနှင့်အတူ
ကျိကျိုးသို့ပြန်လေသည်။ ထိုအချိန်တွင် စစ်ဆင်ရေးတို့ကို ခဏရပ်တန့်ထားသည်။

ထိုအချိန်တွင် "ချောင်ချောင်း"(Cao Cao) သည် သူ၏လက်အောက်ခံတို့အား ဆုလာဘ်များပေးနေသည်။


ထို့နောက် သူ၏သူလျှိုတို့ မှတစ်ဆင့် "ယွမ်ရှောက်"(Yuan Shao) နေမကောင်းဖြစ်နေကြောင်း၊ မြို့ကို
သားအငယ်ဆုံး "ယွမ်ရှန်"(Yuan Shang) နှင့် "ရှန်ဖေ"(Shen Pei) တို့အုပ်ချုပ်နေသည့်အကြောင်း၊
ထို့အပြင် ကျန်သောသူတို့ က သူတို့၏နယ်အသီးသီးသို့ပြန်သွားကြောင်း ကြားလေသည်။ ထိုအခါ

452
"ချောင်ချောင်း"(Cao Cao) ၏အကြံပေးတို့က ရန်သတ
ူ့ို ကိုအလျင်အမြန်တိုက်ရန် တိုကတ
်ွန်းကြသည်။
သို့သော် "ချောင်ချောင်း"(Cao Cao) မှ

"ကျိကျိုးက ကြီးမားပြီးတော့ အထောက်အပံ့တွေပြည့်စုံတယ်။ ရှန်ဖေ(Shen Pei) ကလည်း


အရည်အချင်းရှိတဲ့အကြံပေးဖြစ်တယ်။ ဒါကြောင့် သတိထားမှဖြစ်မယ်၊ ဆောင်းဦးရောက်ပြီး
အစားအစာတွေပြည့်စုံတဲ့အချိန်အထိစောင့်ရမယ်" ဟု ပြောပြီး ငြင်းလိုက်သည်။ ထိုအကြောင်းတို့ အပေါ်
ဆွေးနွေးနေစဉ်ပင် "ရွှင်ယ"ွိ (Xun Yu) ထံမှစာရောက်လာသည် ----

'လျူဘေ့(Liu Bei) က ရုနန်က လျူဖီ(Liu Pi) နဲ့ ကုန်းတု(Gong Du) တပ်တွေနဲ့စုနေခဲ့တယ်။ သူက
သခင်ကြီး ကျိကျိုးကိုတိုက်တယ်ဆိုတဲ့သတင်းကိုကြားတော့ သူက အခုမြို့တော်ကိုတိုက်ဖို့ပြင်နေပြီ။
ဒါကြောင့် ရွှီချန်ကိုကာကွယ်ဖို့ အမြန်ပြန်လာခဲ့ပါ'

ထိုအခါ "ချောင်ချောင်း"(Cao Cao) သည် စိတ်ပျက်လက်ပျက်ဖြစ်သွားလေသည်။ ထို့နောက်


မြစ်ကမ်းကိုစောင့်ရှောက်ရန် "ချောင်ဟုန်"(Cao Hong) ကိုထားခဲ့ပြီး ပင်မစစ်တပ်နှင့်အတူ
ရုနန်သို့ချီတက်သည်။

ထိုအချိန်တွင် "လျူဘေ့"(Liu Bei) နှင့် သူ့ညီနှစ်ဦးနှင့်အတူ သူ၏ခေါင်းဆောင်တို့သည်


မြို့တော်ကိုတိုကရ
် န် ပြင်သည်။ သူတို့ ၏စစ်တပ်သည် ရန်စန်းတောင်အနီးရောက်သော်
"ချောင်ချောင်း"(Cao Cao) ၏စစ်တပ်ကြီးရောက်လာသည်။ ထိုအခါ "လျူဘေ့"(Liu Bei) သည်
သူ၏တပ်ကိုသုံးဖွဲ့ခွဲလိုကသ
် ည်။ "ကွမ်းယွ"ီ (Guan Yu) နှင့် "ကျန်းဖေး"(Zhang Fei) တို့ အား
စစ်သားတစ်သောင်းစီဖြင့် အရှေ့တောင်နှင့်အနောက်တောင်ဘက်သို့သွားစေပြီး ပင်မတပ်ကုမ
ို
"လျူဘေ့"(Liu Bei) ကိုယ်တုင
ိနှင့် "ကျောက်ယွင"် (Zhao Yun) တို့ဦးဆောင်သည်။ "ချောင်ချောင်း"(Cao
Cao) ရောက်လာသောအခါ "လျူဘေ့"(Liu Bei) က ဗုံတို့ ကိုတီးစေပြီး "ချောင်ချောင်း"(Cao Cao) နှင့်
ရင်ဆုင
ိလေသည်။

"ချောင်ချောင်း"(Cao Cao) သည် "လျူဘေ့"(Liu Bei) အား

"ကျုပ်က ခင်ဗျားကို ကောင်းကောင်းဆက်ဆံခဲ့တာ ဘာလို့ အဲ့စေတနာကို မေ့လျော့ခဲ့တာလဲ" ဟု


ပြောသည်။

"လျူဘေ့"(Liu Bei) : "ခင်ဗျားက အပြင်ပန်းမှာသာ ဝန်ကြီးချုပ်ဆုေ


ိ ပမယ့် တကယ်တော့
သူပုန်တစ်ယောက်ပဲ။ ကျုပ်က ဘုရင့်မိသားစုရဲ့ဆွေမျိုးတော်ပဲလေ၊ နောက်ပြီး ကျုပ်ဆီမှာ
ခင်ဗျားလိုလူမျိုးကိုနှိမ်နှင်းစေတဲ့အမိန့် စာရှိတယ်"

453
ထို့နောက် "လျူဘေ့"(Liu Bei) သည် ထိုအမိန့်တော်ကိုဖတ်ပြလေသည်။ "ချောင်ချောင်း"(Cao Cao)
သည် ဒေါသထွက်ပြီး "ရွှီချူ"(Xu Chu) အားတိုက်ခိုင်းလိုက်သည်။ "လျူဘေ့"(Liu Bei) ဘက်မှ
"ကျောက်ယွင်"(Zhao Yun) ထွက်လာပြီး တိုကေ
် လသည်။ အကွက်သုးံ ဆယ်ခန့်တိုက်ပြီးသော်လည်း
မည်သူမှ အသာမရချေ။ ထို့ နောက် "ကွမ်းယွ"ီ (Guan Yu) နှင့် "ကျန်းဖေး"(Zhang Fei)
တို့ရောက်လာလေသည်။ "ချောင်ချောင်း"(Cao Cao) ၏တပ်မှာ ခရီးအရှည်ကြီးမှရောက်လာသဖြင့်
ပင်ပန်းနွမ်းနယ်နေပြီး ရန်သူကို မတိုက်နိုင်ပဲ ထွကေ
် ပြးလေသည်။ "လျူဘေ့"(Liu Bei) သည်
ထိုတိုက်ပွဲတွင် အနိုင်ရခဲ့သည်။

နောက်ရက်တွင် "ကျောက်ယွင"် (Zhao Yun) ကိုလွှတ်ပြီး စိန်ခေါ်စေရာ ရန်သူ့ ဘက်မှ လက်မခံချေ၊


"ကျန်းဖေး"(Zhang Fei) ကိုလွှတ်သော်လည်း လက်မခံပေ။ "ချောင်ချောင်း"(Cao Cao) ၏တပ်သည်
ဆယ်ရက်ခန့် မည်သို့ မှမပြုမူပဲနေနေသည်။ ထိုအခါ "လျူဘေ့"(Liu Bei) သည် စိုးရိမ်လာသည်။

ထို့နောက် ရန်သူတို့သည် "ကုန်းတု"(Gong Du)


၏စားနပ်ရိက္ခာသယ်လာသောတပ်ကုတ
ိုက်သည်ဟူသောသတင်းကို ကြားလိုက်သည်။ ထိုအခါ
"ကျန်းဖေး"(Zhang Fei) သည် ကူညီရန် ချက်ချင်းထွက်သွားသည်။ ထို့အပြင် "ရှဟိုတွန်း"(Xiahou Dun)
၏တပ်က ရုနန်ကိုဝိုင်းထားသည်ဟူသော သတင်းကိုကြားလိုက်သည်။ "လျူဘေ့"(Liu Bei) သည်
စိတပ
်ျက်ကာ

"ဒီအတိုင်းသာအမှန်ဆိုရင် အရှေ့ရောအနောက်မှာပါ ရန်သူတွေဝန်းရံနေပြီး ပြေးပေါက်မရှိတော့ဘူး" ဟု


ပြောသည်။ ထို့နောက် မြို့ကိုကူရန် "ကွမ်းယွ"ီ (Guan Yu) ကိုလွှတ်လိုက်ရာ "လျူဘေ့"(Liu Bei)
နံဘေးတွင် သူ့ညီနှစ်ယောက်လုံးမရှိတော့ချေ။

တစ်ရက်ကြာပြီးနောက် ရုနန်မြို့ ရန်သူ့ လက်ထဲရောက်သွားပြီဟူသောသတင်းကြားလိုက်ရသည်။


"လျူဖီ"(Liu Pi) မှာ ထွက်ပြေးသွားပြီး "ကွမ်းယွီ"(Guan Yu) ကို ရန်သူတို့ က ဝန်းရံထားသည်ဆို၏။
ထို့အပြင် "ကုန်းတု"(Gong Du) ကိုသွားကယ်သော "ကျန်းဖေး"(Zhang Fei) သည်လည်း
ရန်သဝ
ူ န်းရံမှုခံနေရပုံပေါ်သည်။

"လျူဘေ့"(Liu Bei) သည် "ချောင်ချောင်း"(Cao Cao) ၏တပ်လာတိုက်မည်စိုးရိမ်သဖြင့် ဆုတ်ခွာရန်


ပြင်ဆင်သည်။ ရုတ်တရတ် "ရွှီချူ(Xu Chu) ရောက်လာပြီး စိန်ခေါ်နေတယ်" ဆိုသော
အကြောင်းကိုကြားလိုက်ရသည်။ "လျူဘေ့"(Liu Bei) သည် သူ၏တပ်တို့ကိုထွက်မတိုက်စေပဲ
အရုဏ်တက်ချိန်အထိစောင့်စေသည်။ ထို့နောက် တပ်ကုဥ
ီးဆောင်ပြီးချီတက်သည်။
မိုင်အနည်းငယ်ခန့်ချီတက်ပြီးနောက်တွင်

454
"လျူဘေ့(Liu Bei) မလွတ်စေနဲ့၊ငါ - ဝန်ကြီးချုပ်ကုယ
ိတိုင်ရောက်လာပြီ" ဟူသောအသံကြားလိုက်ရသည်။

"လျူဘေ့"(Liu Bei) သည်လည်း လမ်းအတိုင်းထွက်ပြေးရန်ပြုသည်။ "ကျောက်ယွင"် (Zhao Yun) မှ

"သခင်ကြီး၊ မစိုးရိမ်ပါနဲ့။ ကျွန်တော့်နောက်ကိုလိုက်ခဲ့ပါ" ဟု ပြောလေသည်။

"ကျောက်ယွင်"(Zhao Yun) သည် လှံကုက


ိုင်ပြီးရှေ့မှသွားသည်။ "လျူဘေ့"(Liu Bei) ကလည်း
ဓားနှစ်လက်ကိုကိုင်ကာ နောက်မှလိုက်လေသည်။ "ရွှီချူ"(Xu Chu) ကလည်း
သူတို့ နောက်မှလိုက်လာသည်။ ထို့ အပြင် "ယွီကျင်"့ (Yu Jin) နှင့် "လီတျန်"(Li Dian)
တို့ပါရောက်လာလေရာ "လျူဘေ့"(Liu Bei) သည် တောနက်ကြီးထဲထွက်ပြေးလေသည်။
မိုးစင်စင်လင်းသော် လူအချို့ကိုမြင်လိုက်ရသဖြင့် "လျူဘေ့"(Liu Bei) မှာ ထိတ်လန့်သွားသည်။
သို့သော်လည်း ထိုသတ
ူ့ို မှာ "လျူဖီ"(Liu Pi) တို့ ဖြစ်သဖြင့် စိတ်သက်သာရာရသွားလေသည်။ သူနှင့်အတူ
"လျူဘေ့"(Liu Bei) ၏မိသားစုအပြင် "စွန်းချန်"(Sun Qian) ၊ "ကျန်းယုံ"(Jian Yong) နှင့် "မီဖန်"(Mi
Fang) တို့ရောက်လာသည်။ ထိုသူတို့ မှ

"ရုနန်ကိုတိုကတ
်ဲ့တပ်ဖွဲ့ ကြီးက ကြီးမားလွန်းတော့ ကျွန်တော်တို့မခုခံနိုင်ခဲ့ဘူး ။ ကွမ်းယွ(ီ Guan Yu)
အချိန်မှီရောက်လာလို့သာ ကျွန်တော်တို့လွတ်လာတာ" ဟုပြောကြသည်။

"လျူဘေ့"(Liu Bei) : "ငါ့ညီ ဘယ်ရောက်သွားလည်း မသိဘူး"

"လျူဖီ"(Liu Pi) : "ရှေ့ကုဆ


ိ က်သွားရင် အဆင်ပြေသွားမှာပါ"

သို့နှင့် ရှေ့သို့ ဆက်သွားကြသည်။ မကြာမီပင် "ကျန်းဟဲ"(Zhang He) သည်


စစ်သားတစ်ထောင်နှင့်ရောက်လာသည်။

"ကျန်းဟဲ"(Zhang He) : "လျူဘေ့(Liu Bei) ၊ မြင်းပေါ်ကဆင်းပြီး လက်နက်ချပါ"

မကြာမီပင် အနီရောင်အလံတို့ နှင့်အတူ "ကောက်လန်"(Gao Lan) ၏တပ်ဖွဲ့ရောက်လာပြန်သည်။


"လျူဘေ့"(Liu Bei) တွင် ပြေးပေါက်မရှိတော့ပေ၊ ထိုအခါ "လျူဘေ့"(Liu Bei) သည်
ကောင်းကင်ကြီးကိုကြည့်ကာ

"ဪ၊ ကောင်းကင်ကြီးရယ်၊ ဘာကြောင့်များ ဒီလိုဆိုးရွားတဲ့အခြေအနေကိုရောက်ရတာလည်း၊ အခုတော့


သေဖို့ကလွဲပြီး တခြားလမ်းမရှိတော့ဘူး" ဟု ပြောလေသည်။ ထို့နောက် ဓားကိုကိုင်လိုက်ပြီး
သူ့ကိုယ်သူသတ်သေရန်ပြုသည်။ ထိုအခါ "လျူဖီ"(Liu Pi) မှ လှမ်းတားလိုက်ပြီး

455
"ကျွန်တော် ကြိုးစားပြီးခင်ဗျားကိုကယ်ဖို့လုပ်ကြည့်မယ်၊ ကျုပ်အတွက်တော့ သေဆုံးတာက
မပြောပလောက်ဘူး" ဟု ပြောသည်။ ထို့နောက် "လျူဖီ"(Liu Pi) သည် "ကောက်လန်"(Gao Lan) ၏
တပ်ကိုရင်ဆိုင်ကာ သေဆုံးသွားသည်။ မကြာမီပင် ရုတ်တရတ်ရောက်လာသောလူတစဦးကြောင့်
"ကောက်လန်"(Gao Lan) ၏ တပ်အနောက်ပိုင်းမှာ ရုတ်ရုတ်သဲသဲဖြစ်သွားသည်။ ထိုသူမှာ
"ကျောက်ယွင်"(Zhao Yun) ဖြစ်သည်။ "ကျောက်ယွင"် (Zhao Yun) သည် "ကောက်လန်"(Gao Lan)
အားတိုက်လိုကရ
်ာ "ကောက်လန်"(Gao Lan) သည် မြင်းပေါ်မှကျသွားသည်။

ထို့နောက် "ကျောက်ယွင"် (Zhao Yun) သည် ရန်သူတို့အားတိုက်ခိုက်သည်။


ရန်သူ့ ခေါင်းဆောင်ဖြစ်သော "ကျန်းဟဲ"(Zhang He) ရောက်လာပြီး "ကျောက်ယွင"် (Zhao Yun)
နှင့်တုက
ိသည်။ အကွက်သုံးဆယ်ကျော်တုက
ိပြီးသော် "ကျန်းဟဲ"(Zhang He) သည်
အခြေအနေမဟန်သဖြင့် နောက်ပြန်ဆုတ်သွားသည်။ "ကျောက်ယွင"် (Zhao Yun) သည်
ရွပ်ရွပ်ချွံချွံတိုက်သော်လည်း မကြာမီပင် ကျဉ်းမြောင်းသောတောင်ကုန်းတို့ ကြားဝယ်
ရန်သတ
ူ့ို ၏ဝန်းရံမှုခံလိုက်ရသည်။ ထိုအချိန်တွင် "ကွမ်းယွ"ီ (Guan Yu) ၊ "ကွမ်းဖင်"(Guan Ping) နှင့်
"ကျိုးချန်း"(Zhou Cang) တို့ သည် စစ်သားသုံးရာနှင့်အတူရောက်လာလေရာ "ကျန်းဟဲ"(Zhang He) မှာ
တပ်ပြန်ဆုတ်သွားရသည်။ "လျူဘေ့"(Liu Bei) သည် ထိုတောင်ကုန်းနားဝယ် စခန်းချလေသည်။

ထို့နောက် "လျူဘေ့"(Liu Bei) သည် "ကွမ်းယွ"ီ (Guan Yu) ကိုလွှတ်ပြီး "ကျန်းဖေး"(Zhang Fei)
အကြောင်းစုံစမ်းစေသည်။ "ကျန်းဖေး"(Zhang Fei) သည် "ကုန်းတု"(Gong Du) ကိုသတ်လိုကေ
် သာ
"ရှဟုယ
ွိမ"် (Xiahou Yuan) ၏တိုက်ခိုကမ
ှ်ုကိုခံရသည်။ "ကျန်းဖေး"(Zhang Fei) သည်
"ရှဟုယ
ွိမ"် (Xiahou Yuan) ကိုတိုက်ထုတ်ပြီး နောက်မှလိုက်လေသည်။ ထိုအချိန်ဝယ် "ယွဲကျင်"့ (Yue
Jing) ရောက်လာပြီး "ကျန်းဖေး"(Zhang Fei) ကိုဝန်းရံထားခဲ့သည်။ ကွဲသွားသောစစ်သားတို့ ထံမှ
"ကျန်းဖေး"(Zhang Fei) ၏သတင်းကို ကြားသောအခါ "ကွမ်းယွ"ီ (Guan Yu) သည်
ထိုနေရာသို့ ရောက်လာသည်။ ညီအစ်ကိုနှစ်ဦးတို့သည် ရန်သူတို့ကို ထိုးဖောက်ပြီးထွကလ
်ာလေသည်။

"ချောင်ချောင်း"(Cao Cao) ၏စစ်တပ်ကြီးသည် အနောက်မှလုက


ိလာလေသည်။ "လျူဘေ့"(Liu Bei)
သည် သူ့မိသားစုကို "စွန်းချန်"(Sun Qian) နှင့်အတူ အလျင်သွားစေသည်။ "လျူဘေ့"(Liu Bei) ကမူ
အခြားသောခေါင်းဆောင်တို့ နှင့်ရန်သူကို ခုခံရန်ပြင်သည်။ "လျူဘေ့"(Liu Bei)
အတော်အလှမ်းဝေးသောနေရာကိုရောက်သွားသဖြင့် "ချောင်ချောင်း"(Cao Cao) က
ဆက်မလိုက်တော့ပေ။ "လျူဘေ့"(Liu Bei) သည် သူ့စစ်တပ်တို့ကိုပြန်စုရာ
တစ်ထောင်ခန့်သာရှိလေသည်။ ဟန်မြစ်နားတွင်စခန်းချသောအခါ ဒေသခံတို့က
အရက်နှင့်အသားတို့လက်ဆောင်ပေးလေသည်။ စားသောက်ပြီးနောက် "လျူဘေ့"(Liu Bei) သည်

"ခင်ဗျားတို့ တွေက ဘုရင့်ရဲ့အကြံပေးဖြစ်ဖို့တောင်အရည်အချင်းရှိတယ်။ အခုတော့ ခင်ဗျားတို့ က


ကျုပ်လိုလူမျိုးနောက်လိုကေ
် နရတယ်။ ကျွန်တော့်ကံက ခက်ခဲပြီး အနှောင့်အယှက်များတယ်၊ ကျွန်တော်က

456
ခင်ဗျားတို့ ကိုပါ ဒုကေ
ၡ ပးစေမိတာပဲ။ ဒါကြောင့် ကျွန်တော့်ဆီက စွန့် ခွာပြီး တခြားသခင်တွေထံမှာ
အမှုထမ်းရင် ခင်ဗျားတို့ နာမည်ကြီးနိုင်တယ်" ဟု ပြောလေသည်။ ထိုစကားကိုကြားသော်
လက်အောက်ခံတို့ က မျက်နှာကိုအုပ်ကာ ငိုကြသည်။ ထိုအခါ "ကွမ်းယွ"ီ (Guan Yu) မှ

"အစ်ကိုကြီး အဲ့လိုပြောတာမဟုတ်ဘူး။ ဟန်တိုင်းပြည်ရဲ့ဖခင်ကြီးက ရှန့်ယွ(ီ Xiang Yu)


နဲ့ရင်ဆိုင်ခဲ့စဉ်တုန်းက အရှုံးတွေအများကြီးနဲ့ရင်ဆုင
ိခဲ့ရတယ်။ ဒါပေမယ့်လည်း ကိုးမိုင်တောင်မှာ
သူ့ရဲ့အောင်နိုင်မှုက နှစ်လေးရာကျော်ကြာတဲ့တိုင်းပြည်ကြီးဖြစ်လာစေဖို့ အုတ်မြစ်ချထားနိုင်ခဲ့တယ်။
စစ်သားရဲ့ဘဝမှာ အနိုင်အရှုံးဆိုတာက သာမန်ပါပဲ။ ဘာလို့လက်လျှော့ရမှာလဲ" ဟု ပြောသည်။

"စွန်းချန်"(Sun Qian) : "အောင်မြင်မှုနဲ့ ဆုံးရှုံးမှုဆိုတာ ရှိစမြဲပါပဲ။ ဒါကြောင့် ကျွန်တော်တို့ က


စိတပ
်ျက်လို့မဖြစ်ဘူး ၊ ကျင်ကျိုးက သခင်ကြီးရဲ့ဆွေမျိုးတော် လျူပြောင်း(Liu Biao) ဟာ
ကြီးကျယ်တဲ့နယ်မြေကြီးကိုချုပ်ကိုင်ထားတယ်၊ သူ့ဆီကိုသွားပါလား"

"လျူဘေ့"(Liu Bei) : "သူက ငါ့ကို လက်ခံချင်မှ လက်ခံမှာ"

"စွန်းချန်"(Sun Qian) : "ဒါဆို ကျွန်တော် အရင်သွားပြီး လျူပြောင်း(Liu Biao) က


သခင်ကြီးကိုကြိုဆိုအောင် ပြောပါ့မယ်"

သို့နှင့် "လျူဘေ့"(Liu Bei) က လက်ခံလိုက်ရာ "စွန်းချန်"(Sun Qian) ကလည်း ကျင်ကျိုးသို့သွားပြီး


"လျူပြောင်း"(Liu Biao) နှင့်တွေ့သည်။ "လျူပြောင်း"(Liu Biao) မှ လာရသည့်အကြောင်းကိုမေးရာ
"စွန်းချန်"(Sun Qian) မှ

"သခင်ကြီး လျူဘေ့(Liu Bei) က ဒီခေတ်ဒီအခါရဲ့ သူရဲကောင်းတွေထဲကတစ်ယောက်ပါပဲ။


သူ့မှာစစ်သားတွေ၊ ခေါင်းဆောင်ကောင်းတွေသိပ်မရှိပေမယ့်လည်းပဲပေါ့။ ဒါပေမယ့် သူက
တိုင်းပြည်ကြီးကိုပြန်ကောင်းအောင် ပြုပြင်ဖို့ပဲ ဆန္ဒရှိခဲ့သူပါ။ ရုနန်က သူနဲ့ သွေးသားမတော်စပ်တဲ့
လျူဖီ(Liu Pi) နဲ့ ကုန်းတု(Gong Du) တောင်မှ ဒီလုလ
ိုအစားအသက်စွန့်ခဲ့တယ်။ အခုတော့
ကျွန်တော့်သခင်က အရှုံးနဲ့ရင်ဆုင
ိရပြီး စွန်းချွမ်(Sun Quan) ဆီသွားဖို့ လုပ်နေတယ်။ ဒီတော့ကျွန်တော်က
သူ့ကို အသိအကျွမ်းကိုအားကိုးမယ့်အစား ဆွေမျိုးကိုအားကိုးဖို့ ပြောခဲ့တယ်။ နယ်စားကြီးက
အရည်အချင်းရှိတဲ့လူတွေကုေ
ိ မြှာက်စားတတ်တဲ့လလ
ူ့ို နာမည်ကြီးတယ်လေ၊ ဒါကြောင့်
နယ်စားကြီးနဲ့ဆွေမျိုးတော်စပ်တ့က
ျွဲန်တော့်သခင်ကိုတော့ စေတနာထားမှာမဟုတ်လား။ ဒါကြောင့်
သခင်ကြီးက ကျွန်တော့်ကိုလွှတ်ပြီးတော့ ဒါတွေကို ရှင်းပြစေတာပါ" ဟု ပြောလေသည်။

"လျူပြောင်း"(Liu Biao) : "သူက ကျုပ်ရဲ့ညီအစ်ကိုလိုပဲ။ သူ့ကိုတွေ့ချင်တာကြာခဲ့ပေမယ့် အခွင့်မရှိခဲ့ဘူး။


အကယ်၍သူသာရောက်လာရင် ကျုပ်အင်မတန်ဝမ်းသာမိမှာပါ"

457
ထိုအခါ ထိုင်နေသော “ချိုက်မောက်”(Cai Mao)မှ

"မဖြစ်ဘူး၊ မဖြစ်ဘူး။ လျူဘေ့(Liu Bei) က လွီပု(Lu Bu) နဲ့ပူးပေါင်းခဲ့တယ်၊ နောက်တော့


ချောင်ချောင်း(Cao Cao) လက်အောက်မှာနေပြန်တယ်၊ ပြီးတော့ ယွမ်ရှောက်(Yuan Shao)
နဲ့ပူးပေါင်းတယ်။ သူက ဘယ်သူနဲ့ မှ အကြာကြီးမနေခဲ့ဘူး။ သူသာ ဒီမှာရှိနေရင် ချောင်ချောင်း(Cao Cao)
က ကျွန်တော်တို့ ကို လာတိုက်မှာပဲ။ ဒါကြောင့် ဒီလက
ိုခေါင်းဖြတ်ပြီး ချောင်ချောင်း(Cao Cao)
ဆီပို့လိုက်ရင် ချောင်ချောင်း(Cao Cao) က သခင်ကြီးကို ကောင်းကောင်းဆက်ဆံမှာပဲ" ဟု ပြောသည်။
"စွန်းချန်"(Sun Qian) လည်း မည်သို့ မှမပြောပဲ နေ,နေသည်။ ပြီးနောက်တွင်မှ

"ကျွန်တော်က အသက်ဆုံးရှုံးရမှာမကြောက်ပါဘူး။ သခင်ကြီး လျူဘေ့(Liu Bei) ဟာ တိုင်းပြည်ကြီးကို


သစ္စာရှိပြီး လွီပု(Lu Bu) ၊ ချောင်ချောင်း(Cao Cao) ၊ ယွမ်ရှောက်(Yuan Shao) နဲ့ပူးပေါင်းခဲ့တာက
သူ့ရဲ့စေတနာတွေကြောင့်ပါ၊ သခင်ကြီးက သူနဲ့ မျိုးရိုးတူတဲ့နယ်စားကြီးထံမှာလာပူးပေါင်းတာကို ဘာလို့
ဒီလိုမကောင်းပြောရတာလဲ" ဟု ပြောလေသည်။ "လျူပြောင်း"(Liu Biao) မှ “ချိုက်မောက်”(Cai Mao)အား
ဘာမှထပ်မပြောရန် ပိတ်ပင်လိုက်ပြီး

"ကျုပ်ဆုံးဖြတ်ပြီးပြီ။ ဘာမှ ဝင်မပြောနဲ့တော့" ဟုပြောလေသည်။ ထိုအခါ “ချိုက်မောက်”(Cai Mao)လည်း


အစည်းအဝေးခန်းမထဲမှ ထွကသ
်ွားသည်။

ထို့နောက် "လျူပြောင်း"(Liu Biao) သည် "လျူဘေ့"(Liu Bei) ကို လက်ခံမည့်အကြောင်းကို


"စွန်းချန်"(Sun Qian) မှတစ်ဆင့်ပြောခိုင်းလိုက်သည်။ "လျူပြောင်း"(Liu Biao) ကိုယ်တိုင်
မြို့ပြင်ဆယ်မိုင်အကွာသို့ထွက်ပြီး ကြိုဆိုလေသည်။ "လျူဘေ့"(Liu Bei) ရောက်လာသောအခါ
"လျူဘေ့"(Liu Bei) အပေါ်ကောင်းကောင်းဆက်ဆံပြီး ကောင်းကောင်းနေစေသည်။

"ချောင်ချောင်း"(Cao Cao) သည် ထိုအကြောင်းကိုကြားလျှင် "လျူပြောင်း"(Liu Biao) ကိုပါတိုကလ


ိုသော
ဆန္ဒရှိလေသည်။ သို့သော်လည်း "ချန်ယီ"ွ (Cheng Yu) မှ "ယွမ်ရှောက်"(Yuan Shao) ကို
မချေမှုန်းနိုင်သေးမှီ အခြားရန်သူနှင့်မတိုက်သင့်ကြောင်းပြောသည်။ "ချန်ယ"ွီ (Cheng Yu) မှ

"သခင်ကြီးက အရင် မြို့တော်ကိုပြန်ပြီးတော့ နွေဦးမှာ မြောက်ပိုင်းကိုစစ်ဆင်ဖို့အတွက်


စစ်သားတွေကိုအသင့်ပြင်သင့်ပါတယ်" ဟု ပြောလေသည်။

"ချောင်ချောင်း"(Cao Cao) ကလည်း ၎င်းကိုလက်ခံလိုက်ပြီး မြို့တော်သို့ ပြန်လေသည်။


ကျန်းအန်းနှစ်ရှစ်နှစ်မြောက်(၂၀၃ အေဒီ) တွင် "ချောင်ချောင်း"(Cao Cao) သည်
စစ်တုက
ိရန်ပြင်လေသည်။ ရုနန်သို့ စစ်တပ်လွှတ်ထားပြီး "လျူပြောင်း"(Liu Biao) ကိုခုခံရန်ပြင်ထားသည်။
ထို့နောက် စစ်တပ်ကြီးကို ကွမ်းတုသို့ ချီတက်စေပြီး ကျိကျိုးကိုတိုက်ရန်ပြုသည်။

458
သွေးအန်နေခဲ့သော "ယွမ်ရှောက်"(Yuan Shao) သည် အတော်အတန်ပြန်ကျန်းမာလာရာ
ရွှီချန်ကုတ
ိုက်ရန်ကြံလေသည်။ သို့ သော်လည်း "ရှန်ဖေ"(Shen Pei) မှ

"သခင်ကြီးက မနှစ်က ပင်ပန်းနွမ်းနယ်တာကနေ အရှင်းကြီးမပျောက်သေးဘူး။ ဒါကြောင့်


ကာကြယေ
် ရးကိုပဲ ဦးစားပေးပြီး စစ်တပ်ကုပ
ျိုးထောင်သင့်တယ်" ဟုဆိုသည်။ ထိုအချိန်တွင်ပင်
"ချောင်ချောင်း"(Cao Cao) ၏စစ်တပ်ချီတက်လာသောသတင်းကိုကြားရာ "ယွမ်ရှောက်"(Yuan Shao)
သည်

"ငါတို့ မြစ်ကုမ
ိ ဖြတ်ခင် ရန်သူတွေကမြို့နားရောက်လာရင် ငါတို့အခွင့်အရေးဆုံးရှုံးပြီပဲ။ ဒါကြောင့်
အခုစစ်ချီပြီး ရန်သူတွေကုတ
ိုက်ထုတ်ရမယ်" ဟု ပြောလေသည်။

ထိုအခါ "ယွမ်ရှန်"(Yuan Shang) မှဝင်ကာ

"အဖေက ကျန်းမာရေးမကောင်းဘူးဆိုတော့ အဝေးကြီးကိုမသွားသင့်ဘူး ၊ ကျွန်တော်ပဲ


စစ်တပ်ကိုဦးဆောင်ပြီး ရန်သူတွေကိုရင်ဆိုင်ပါ့မယ်" ဟု ပြောသည်။ "ယွမ်ရှောက်"(Yuan Shao)
ကလည်း သဘောတူလိုက်ပြီးနောက် ချင်ကျိုး၊ ယိုကျိုး၊ ဘင်းကျိုးတို့မှ သူ့သားနှစ်ဦးနှင့်သူ့တူတို့အား
သူ၏ပင်မတပ်နှင့်အတူ "ချောင်ချောင်း"(Cao Cao) ကိုပူးပေါင်းတိုကရ
် န် စာပို့လိုက်လေသည်။

459
အခန်း(၃၂) ကျိကျိုးမြို့ အသိမ်းခံရခြင်း။ "ယွမ်ရှန"် (“ယွမ်ရှန”် (Yuan Shang)) ဒုက္ခရောက်ခြင်း။
ကျန်းမြစ်ကိုဖြတ်တောက်မှု၊ "ရွှင်ယ"ို (“ရွှင်ယ”ို (Xun You)) ၏အကြံ။

"ယွမ်ရှန်"(“ယွမ်ရှန်”(Yuan Shang)) သည် "ရှီဟွမ်"(Shi Huan) အပေါ်အောင်နိုင်ပြီးနောက်


မာနတက်သွားကာ သူ့အစ်ကိုတို့၏စစ်ကူကိုမစောင့်တော့ပဲ လီရန်သို့ စစ်သားသုံးသောင်းဖြင့်ချီတက်ကာ
"ချောင်ချောင်း"(“ချောင်ချောင်း”(Cao Cao)) ၏စစ်တပ်နှင့်တိုက်လေသည်။ “ကျန်းလျောင်”(Zhang
Liao)သည် ထွကလ
်ာပြီး စိန်ခေါ်လေရာ "ယွမ်ရှန်"(“ယွမ်ရှန်”(Yuan Shang)) သည်
လှံကိုင်ကာတိုက်သည်။ သို့ သော်လည်း အကွက်သုံးကွက်ခန့်သာခံပြီး "ယွမ်ရှန်"(“ယွမ်ရှန်”(Yuan
Shang)) ထွက်ပြေးရလေသည်။ “ကျန်းလျောင်”(Zhang Liao)သည် အင်အားအလုံးအရင်းနှင့်တိုကရ
်ာ
"ယွမ်ရှန်"(“ယွမ်ရှန်”(Yuan Shang)) သည် ကျိကျိုးသို့ထွကေ
် ပြးရလေသည်။ သားဖြစ်သ၏
ူ စစ်ရှုံးမှုကြောင့်
"ယွမ်ရှောက်"(Yuan Shao) မှာ စိတ်ဓာတ်ကျကာ သွေးအန်ပြီးမေ့လဲသွားသည်။
လျူအမျိုးသမီးသည်ထိုသတင်းကိုကြားသော် "ရှန်ဖေ"(“ရှန်ဖေ”(Shen Pei)) နှင့်
"ဖုန်းကျီ"(“ဖုန်းကျီ”(Peng Ji)) ကိုလွှတ်ပြီး အရိုက်အရာဆက်ခံမည့်ကိစ္စကို လုပ်ဆောင်စေသည်။
ထိုအချိန်တွင် "ယွမ်ရှောက်"(Yuan Shao) မှာ စကားပင်မပြောနိုင်တော့ပေ၊ လက်သာလှုပ်နိုင်တော့သည်။

ထိုအချိန်တွင် သူ၏ဇနီးမှ

"ယွမ်ရှန်"(“ယွမ်ရှန်”(Yuan Shang)) က ဆက်ခံရမှာလား" ဟု မေးလေရာ "ယွမ်ရှောက်"(Yuan Shao)


က ခေါင်းညိတေ
် လသည်။ ဘေးနားမှ "ရှန်ဖေ"(“ရှန်ဖေ”(Shen Pei)) ကလည်း သေတမ်းစာကိုရေးသည်။
မကြာမီပင် "ယွမ်ရှောက်"(Yuan Shao) သည် အသံတစ်ချက်ထွက်ကာ သွေးအန်ပြီး
သေဆုံးသွားလေသည်။

မနက်ဘက်တွင် "ရှန်ဖေ"(“ရှန်ဖေ”(Shen Pei)) နှင့်အခြားသောသူတို့ သည် ဈာပနအတွက်


ပြင်ဆင်ကြသည်။ လျူအမျိုးသမီးသည် မနာလိုဝန်တိုသဖြင့် "ယွမ်ရှောက်"(Yuan Shao)
၏မယားငယ်ငါးဦးကို သေဒဏ်ပေးစေလိုက်ပြီး သူ၏ဆံပင်ကိုဖြတ်ကာ ထိုဆံပင်ဖြင့်
သေဆုံးသူတို့၏မျက်နှာကိုရိုက်စေသည်။ အကြောင်းမှာ ထိုသူငါးဦးတို့ သည် တမလွန်ဘဝတွင်
သူ၏ယောက်ျားနှင့်အတူတေ
ူ နနိုင်ရန်ဟူ၏။ သူ၏သားဖြစ်သက
ူ လည်း "ကြံပင်ခုတ်၊ အမြစ်ပါမကျန်ရှင်း"
ဆိုသလိုပင် ထိုဇနီးငါးဦး၏ အဆွေအမျိုးတို့ ကိုပါ သေဒဏ်ပေးစေသည်။

“ရှန်ဖေ”(Shen Pei) နှင့် “ဖုန်းကျီ”(Peng Ji) တိ့က


ု “ယွမ်ရှန”် (Yuan Shang) ကို ဘုရင့်စစ်သူကြီး ဘွဲ့ နှင့်
ကျိကျိုး၊ Qingzhou၊ Youzhou၊ Bingzhou နယ် ၄ နယ်၏ နယ်စားရာထူးနှင့်အတူ ဆက်ခံသူအဖြစ်
ကြေညာပြီး ယခင်နယ်စားကွယလ
်ွန်ကြောင်းကိုပါ နန်းတော်ကို အကြောင်းကြားသည်။

460
ထိုအချိန်တွင် အကြီးဆုံးသားတော် “ယွမ်ထန်”(Yuan Tan) က “ချောင်ချောင်း”(Cao Cao) ကိုတိုက်ရန်
စစ်ချီနေပြီဖြစ်သည်။ ဖခင်သေဆုံးသည့်သတင်းကြားသော် “ကော်ထ”ူ (Guo Tu) နှင့်
“ရှင်းဖင်”(“ရှင်းဖီ”(Xin Pi)ng) တို့ကုေ
ိ ခ်ါကာ တိုင်ပင်သည်။

“ကော်ထ”ူ (Guo Tu) : “အရှင်မရှိတုန်း အရှင့်ညီရဲ့ အကြံပေး ၂ ယောက်က သူ့ကို နန်းတင်ပြီးလောက်ပြီ။”

“ရှင်းဖင်”(“ရှင်းဖီ”(Xin Pi)ng): “သူတို့ ၂ ယောက်က အစီအစဉ်ချပြီးလောက်ပြီ။ အရှင်သွားရင်


ကံဆိုးမိုးမှောင်ကျတော့မယ်။”

“ယွမ်ထန်”(Yuan Tan): “ဒါဆို ဘာလုပ်သင့်လဲ။”

“ကော်ထ”ူ (Guo Tu) : “မြို့နားမှာ စခန်းအရင်ချပါ။ ငါက မြို့ထဲဝင်ပြီး စနည်းနာမယ်။”

အစီအစဉ်အတိုင်း “ကော်ထူ”(Guo Tu) က မြို့တွင်းဝင်ကာ နယ်စားသစ်နှင့် တွေ့ဆုံသည်။

“ယွမ်ရှန်”(Yuan Shang): “ငါ့အစ်ကို ဘာလို့မလာတာလဲ။”

“ကော်ထ”ူ (Guo Tu) : “သူဖျားနေလို့ မလာနိုင်ပါဘူး။”

“ယွမ်ရှန်”(Yuan Shang): “ငါ့အဖေရဲ့ ညွှန်ကြားချက်အရ နယ်စားရာထူးယူထားတယ်။ အခု ငါ့အစ်ကိုကို


မြင်းပျံတပ်စစ်သူကြီးဘွဲ့ခန့်ပြီး နယ်စပ်က “ချောင်ချောင်း”(Cao Cao) ကိုတိုကေ
် စချင်တယ်။
ငါ့တပ်ကိုပြင်ဆင်ပြီးတာနဲ့ နောက်က လိုက်ခဲ့ပါမယ်။”

“ကော်ထ”ူ (Guo Tu) : “ငါတို့တပ်မှာ အကြံပေးမရှိဘူး။ “ရှန်ဖေ”(Shen Pei) နှင့် “ဖုန်းကျီ”(Peng Ji) တိ့က
ို
လိုချင်ပါတယ်။”

“ယွမ်ရှန်”(Yuan Shang): “ငါလည်း အစီအစဉ်ဆွဲနေရတော့ သူတု့က


ို လိုအပ်တယ်။ သူတ့မ
ို ရှိဘဲ
မလုပ်နိုင်လောက်ဘူး။”

“ကော်ထ”ူ (Guo Tu) : “ဒါဆိုလည်း တစ်ယောက်ယောက်တော့ ပေးပါ။”

“ယွမ်ရှန်”(Yuan Shang) လည်း မငြင်းနိုင်ဘဲ ၎င်းတို့ ၂ ယောက်ကို မဲချစေသည်။ “ဖုန်းကျီ”(Peng Ji)


မဲပေါက်ကာ “ကော်ထ”ူ (Guo Tu) နှင့်အတူ စခန်းသို့ လိုကသ
်ွားသည်။ စခန်းသိ့ေ
ု ရာက်၍
“ယွမ်ထန်”(Yuan Tan) ကျန်းကျန်းမာမာရှိသည်ကို တွေ့သော် သံသယ၀င်ကာ နုတ်ထွကသ
် ည်။

“ယွမ်ထန်”(Yuan Tan) ကလွန်စွာစိတ်ဆိုးကာ သတ်ရန်အမိန့်ပေးသည်။ “ကော်ထူ”(Guo Tu) က


““ချောင်ချောင်း”(Cao Cao) က နယ်စပ်မှာ ၊ အရှင့်ညီ သံသယမ၀င်ဖို့ “ဖုန်းကျီ”(Peng Ji) ကို
ထားမှရမယ်။ “ချောင်ချောင်း”(Cao Cao) ကို အနိုင်ရပြီးမှ ကျိကျိုး ကိုတုက
ိကြတာပေါ့။”
ဟုအကြံပေးသည်။

461
“ယွမ်ထန်”(Yuan Tan) ကသဘောတူကာ စခန်းသိမ်းကာ ရန်သူဆီ ချီတက်သည်။ Liyang ကို
ရောက်ရှိပြီး ချက်ချင်းစိန်ခေါ်သည်။ “ဝမ်ကျောက်”(Wang Zhao) နှင့် “ရွှီဟွမ”် (Xu Huang)
တို့ရင်ဆုင
ိတိုက်ခိုကြ် ကသည်။ အချက်အနည်းငယ်မျှနှင့် “ဝမ်ကျောက်”(Wang Zhao)
အသတ်ခံရလေသည်။ “ချောင်ချောင်း”(Cao Cao) တပ်များက ဖိတိုက်လေရာ “ယွမ်ထန်”(Yuan Tan)
အကြီးအကျယ်ရှုံးနိမ့်လေသည်။ “ယွမ်ထန်”(Yuan Tan) လည်းဆုတ်ခွာကာ Liyang တွင်
စစ္ကေ
ူ စာင့်နေလေသည်။

“ယွမ်ရှန်”(Yuan Shang) ကစစ်ကလ


ွှူတရ
် န် ဆုံးဖြတ်လိုက်သောအခါ “ယွမ်ထန်”(Yuan Tan) က
ကျေနပ်ပြီး ရန်သူထံခိုလှုံရန် အကြံကို စွန့်လွှတ်လုက
ိလေသည်။ ၎င်းက မြို့တွင်း ၊ Yuan Sheng က
မြို့ပြင်တွင် စခန်းချပြီး နွားချိုသဏ္ဍာန် ဗျူဟာချထားသည်။

ဒုတိယညီ Yuan Xi နဲ့ ၀မ်းကွဲညီ Gao Gan တို့ကလည်း မြို့ပြင်တွင် စခန်းချထားသည်။

နေ့စဉ်တိုက်ခိုက်ကြပြီး “ယွမ်ရှန်”(Yuan Shang) မှာ အကြိမ်ကြိမ်ရှုံးနိမ့်လေသည်။ တစ်ဖက်တွင်


“ချောင်ချောင်း”(Cao Cao) မှာအနိုင်ရပြီး ပျော်ရွှင်နေလေသည်။ ကျန်းအန်းနှစ်

၂လပိုင်း ၈နှစ်မြောက်(AD 203)တွင် တပ် ၄ တပ်လုံးကို သီးခြားတိုက်ခိုကြ် ပီး အသီးသီးကို


အနိုင်ရလေသည်။ Yuan မျိုးနွယ်တို့ Liyang ကိုစွန့ခ
်ွာကြပြီး ကျိကျိုး မှခုခံသည်။ “ချောင်ချောင်း”(Cao Cao)
က ကျိကျိုး ထိ လိုကလ
်ံတုက
ိခိုက်လေသည်။ “ယွမ်ထန်”(Yuan Tan) နှင့် “ယွမ်ရှန”် (Yuan Shang) က
မြို့တွင်း ၊ Yuan Xi နှင့် Gao Gan တို့က မြို့ပြင် ၁၀ မိုင်အကွာတွင် စခန်းချလေသည်။

“ချောင်ချောင်း”(Cao Cao) က အကြိမ်ကြိမ်တိုက်ခိုက်ပြီး အောင်မြင်မှုမရသော် "ကော်ကျား"(Guo Jia)က


အကြံပေးသည်။ “ယွမည
်ီအစ်ကိုတွေက ရာထူးဆက်ခံတာနဲ့ပတ်သက်ပြီး မတည့်ကြဘူး။ အားလုံးက
ညီတူညီမျှ စွမ်းကြပြီး စစ်တပ်ကိုယ်စီရှိတယ်။ ငါတို့နဲ့ တိုကေ
် နတော့ သူတု့စ
ိ ည်းလုံးတယ်။
ငါတိ့သ
ုာဘေးဖယ်နေရင် သူတု့အ
ိ ချင်းချင်းတိုကလ
ိမ့်မယ်။ အခု ကျင်းကျိုး က Liu Biao ကို
အားနည်းအောင် အရင်တိုက်ပြီး Yuan တွေကိုတော့ အချင်းချင်းတိုက်ကြပါစေ။ ပြီးမှ သူတု့က
ို
ရှင်းပစ်ပါမယ်။”

“ချောင်ချောင်း”(Cao Cao) က သဘောတူပြီး "ကျာရွှ"ီ (Jia Xu)ကို လီရန်မြို့စား ၊ “ချောင်ဟုန်”(Cao Hong)


ကို ကွမ်းတုအစောင့်အဖြစ်ထားကာ ကျင်းကျိုး ကို ထွကခ
်ွာခဲ့ကြသည်။

“ယွမ်ထန်”(Yuan Tan) နှင့် “ယွမ်ရှန်”(Yuan Shang) ညီအစ်ကို ၂ ယောက်တို့သည်


ရန်သမ
ျူားဆုတ်ခွာသွားသည့်အတွက် အပြန်အလှန် ဂုဏ်ပြုကြပြီး Yuan Xi နှင့် Gao Gan တို့လည်း
ဌာနေပြန်ကြသည်။

462
ဤတွင် အချင်းများမှုများ စတင်တော့သည်။ “ယွမ်ထန်”(Yuan Tan) က “ငါဟာ အကြီးဆုံးဖြစ်ရက်နဲ့
ထီးနန်းမဆက်ခံရဘဲ ဒုတယ
ိ မိန်းမက မွေးတဲ့ အငယ်ဆုံးသားက ဆက်ခံတာ ငါ့ရင်ထဲ ခါးသီးလှတယ်။” ဟု
“ကော်ထ”ူ (Guo Tu) နှင့် “ရှင်းဖင်”(“ရှင်းဖီ”(Xin Pi)ng) တို့ကို ပြောလေသည်။

“ကော်ထ”ူ (Guo Tu) က “စစ်တပ်ကို မြို့ပြင်မှာ စခန်းချပါ။ အရှင့်ညီနဲ့ “ရှန်ဖေ”(Shen Pei) ကိုဖိတ်ခေါ်ပြီး
လုပ်ကြံလိုက်ပါ။ လွယ်လွယ်ကူကူ ပြီးစီးသွားပါလိမ့်မယ်။” ဟုအကြံပေးသည်။ ထိုစဉ် Qingzhou
မှခေါ်ထားသော အကြံပေး Wang Xiu ၀င်လာကာ “ညီအစ်ကုေ
ိ တွဆုတ
ိာ လူတစ်ယောက်ရဲ့
ခြေလက်တွေလိုပါပဲ။ မင်းရဲ့လက်တစ်ချောင်းကို ဖြတ်ပစ်ရင် ရန်သူန့တ
ဲုက
ိရတော့
ဘယ်မှာအောင်မြင်နိုင်တော့မှာလဲ။ မင်းညီကို စွန့်ပစ်ရင် ဒီကမ္ဘာမှာ မင်းရဲ့ဆွေမျိုး ဘယ်သူကျန်မလဲ။
“ကော်ထ”ူ (Guo Tu) က အန္တရာယ်ရှိတဲ့ အကျင့်မကောင်းတဲ့ကောင် ၊ ညီအစ်ကြို ကား
မသင့်မြတ်တာကနေ အမြတ်ထုတမ
ှ်ာ။ အရှင့်ရဲ့ နားတွေ ပိတ်ထားပြီး သူဆွယ်တာကို နားမယောင်ဖို့
တောင်းပန်ပါတယ်။” ဟုဆုက
ိာ ကန့်ကက
ွ်လေသည်။

“ယွမ်ထန်”(Yuan Tan) မှာ များစွာ မကျေမနပ်ဖြစ်ပြီး Wang Xiu ကိုနှင်ထုတ်သည်။ ထို့နောက်


ညီဖြစ်သူထံ ဖိတ်စာပိ့သ
ု ည်။

“ယွမ်ရှန်”(Yuan Shang) နှင့် “ရှန်ဖေ”(Shen Pei) တိ့တ


ုင
ိပင်ကြပြီး “ရှန်ဖေ”(Shen Pei) က “ဒါဟာ
“ကော်ထ”ူ (Guo Tu) ရဲ့ အကြံပဲ။ အရှင် သွားရင် သူတု့လ
ိ က်ချက်မိလိမ့်မယ်။ ကိုယ်ကအရင်
ဦးအောင်တိုက်ခိုက်ပါ။” ဟုဆုသ
ိ ည်။ ချက်ချင်းပင် “ယွမ်ရှန်”(Yuan Shang) က ချီတက်သည်။ စစ်သည်
၅ သောင်းနှင့် ချီတက်လာသည်ကို အစ်ကိုဖြစ်သူမြင်သော် ၎င်း၏အကြံပျက်မှန်းသိပြီး စစ်ကြို ပင်သည်။ တပ်
၂ တပ်နီးလာသော် “ယွမ်ထန်”(Yuan Tan) က ညီကို “မင်းက အဖေကို အဆိပ်ခတ်ပြီး ထီးနန်းကို
လုယူတယ်။ အခုလည်း မင်းအစ်ကိုကို သတ်တော့မယ်ပေါ့။” ဟု ပြောသည်။

“ယွမ်ရှန်”(Yuan Shang) က မည်သ့မ


ို ၽွမဆိုဘဲ ကိုယတ
ိုင်တုက
ိခိုက်သည်။ မြားများ ၊ ကျောက်တုံးများကိုပင်
မမှုဘတ
ဲိုက်လေရာ “ယွမ်ထန်”(Yuan Tan) ကို အနိုင်ရလိုက်သည်။ “ယွမ်ထန်”(Yuan Tan) က
Pingyuan တွင် ခိုလှုံသည်။ “ယွမ်ရှန်”(Yuan Shang) က ၎င်း၏မြို့တွင်း ပြန်ဝင်လေသည်။

“ယွမ်ထန်”(Yuan Tan) နှင့် “ကော်ထ”ူ (Guo Tu) တို့က နောက်တစ်ကြိမ်တိုက်ခိုက်ရန် ပြင်ဆင်ပြီး


စစ်သြူ ကီး Cen Bi ကို ဦးဆောင်စေသည်။ တပ် ၂ တပ်လုံးက စီတန်းပြီးနောက် Cen Bi က စိန်ခေါ်သည်။
ပထမတွင် “ယွမ်ရှန်”(Yuan Shang) က တိုက်ရန် ပြင်သော်လည်း “လွီခွမ်း”(Lu Kuang) က
ရှေ့တက်လာသည်။ “လွီခွမ်း”(Lu Kuang) နှင့် Cen Bi တို့တွေ့ဆုံကြပြီး အချက်
အနည်းငယ်မျှတိုက်ပြီးသော် Cen Bi ကျလေသည်။ “ယွမ်ထန်”(Yuan Tan) တပ်များ နောက်တစ်ကြိမ်
ချေမှုန်းခံရပြီး Pingyuan ကိုထွက်ပြေးရသည်။ “ရှန်ဖေ”(Shen Pei) က လိုကလ
်ံတိုက်ခိုက်ရန်
အကြံပေးလေရာ “ယွမ်ထန်”(Yuan Tan) မှာ မြို့တွင်းတွင် ပိတ်မိနေလေသည်။ မြို့မှာ ၃ဖက်၃တန်မှ
အ၀ိုင်းခံထားရသည်။

463
“ယွမ်ထန်”(Yuan Tan) က ဗျူဟာမှူးကို အကြံတောင်းသော် “ကော်ထ”ူ (Guo Tu) က “ဒီမြို့က
ရိက္ခာ နည်းတယ်။ ရန်သူကလည်း နိုင်ပွဲဆက်နေတော့ ငါတို့မခံနိုင်လောက်ဘူး။ ငါ့သဘောကတော့
“ချောင်ချောင်း”(Cao Cao) ဆီအညံ့ခံပြီး သူ့ကို ကျိကျိုး ကိုတုက
ိစေမယ်။ ဒါဆို “ယွမ်ရှန်”(Yuan Shang)
ကပြန်ဆုတရ
် မှာပဲ။ ငါတို့က ကူတိုက်ရင် “ချောင်ချောင်း”(Cao Cao) ကအသာရပြီး “ယွမ်ရှန်”(Yuan
Shang) ကို ဖမ်းမိနိုင်တယ်။ ဒီတော့မှ “ယွမ်ရှန်”(Yuan Shang) ဖက်ကနေ “ချောင်ချောင်း”(Cao Cao) ကို
ပြန်တုက
ိမယ်။ သူ့ရိက္ခာ စခန်းနဲ့ဝေးတော့ သူ့ကုေ
ိ မာင်းထုတ်နိုင်တယ်။ ဒါဆိုရင် ကျိကျိုး ကို ငါတို့
သိမ်းပိုက်နိုင်ပြီ။” ဟုဆုသ
ိ ည်။

“ယွမ်ထန်”(Yuan Tan): “ဒီအစီအစဉ်အတိုင်းဆို ဘယ်သူ ဆက်သားလုပ်မှာလဲ။”

“ကော်ထ”ူ (Guo Tu) : ““ရှင်းဖင်”(“ရှင်းဖီ”(Xin Pi)ng) ရဲ့ ညီ “ရှင်းဖီ”(Xin Pi) က ဒီမှာ


တရားသူကြီးဖြစ်နေတယ်။ သူက စကားပြောကောင်းတဲ့ ပညာရှင်တစ်ယောက်ပဲ။ သူနဲ့သင့်တော်ပါတယ်။”

သို့နှင့် “ရှင်းဖီ”(Xin Pi) ကိုဆင့်ခေါ်ပြီး စစ်သည် ၃ ထောင်နှင့်အတူ နယ်စပ်ကိုဖြတ်ကာ စာကိုပို့စေသည်။


၎င်းကလည်း တတ်နိုင်သမျှ လျင်မြန်စွာသွားလေသည်။

ထိုအချိန်တွင် “ချောင်ချောင်း”(Cao Cao) မှာ Xiping တောင်ကြားတွင် စခန်းချနေပြီး Liu Biao


စေလွှတ်သော Liu Bei နှင့် ရင်ဆိုင်နေသည်။ “ရှင်းဖီ”(Xin Pi) ရောက်သော် “ချောင်ချောင်း”(Cao Cao)
နှင့် တွေ့စေသည်။ “ယွမ်ထန်”(Yuan Tan) ကစစ်ကူလိုကြောင်း ရှင်းပြသည်။ “ချောင်ချောင်း”(Cao Cao)
က ၎င်း၏တဲ ပြန်စေပြီး အစည်းအ၀ေးခေါ်သည်။

"ချန်ယ"ွီ (Cheng Yu): ““ယွမ်ထန်”(Yuan Tan) က သူ့ညီရဲ့ ဖိနှိပ်မှုကို ခံနေရလို့သာ


အကူအညီတောင်းရတာ၊ သူ့ကုမ
ိ ယုံကြည်ပါနဲ့။

Lu Qian နှင့် Man Chong: “စစ်တပ်တွေကို ဒီကိုခေါ်လာပြီးမှ “ယွမ်ထန်”(Yuan Tan) ကိုကူဖို့အတွက်နဲ့


ပြန်သွားရမှာလား။”

“ရွှင်ယ”ို (Xun You): “လူကြီးမင်းတိ့၊ု တစ်ယောက်မှ အကြံကောင်းမပေးနိုင်ကြဘူး။ အခုက


တစ်လောကလုံး မငြိမ်မသက်ဖြစ်နေတဲ့အချိန်၊ Liu Biao က Zhang မြစ်နဲ့ Han မြစ်ကြားက သူ့နေရာကို
ကျေနပ်နေပြီး နယ်နိမိတ်ထပ်ချဲ့မှာမဟုတ်ဘူး။ Yuan မျိုးနွယေ
် တွက နယ် ၄ နယ်နဲ့
စစ်သားကောင်းများစွာပိုင်ဆိုင်တယ်။ ညီအစ်ကို ၂ ယောက်ညီညွတ်ရင် မျိုးနွယ်စုက အောင်မြင်မယ်၊
နောင်ဘယ်လောက်အင်အားကြီးလာမယ် မတွေးဝံ့ဘူး။ အခု မိသားစုပဋိပက္ခဖြစ်နေတာကို
အခွင့်အရေးယူရမယ်။ သူတ့ခ
ျိုင်းတိုက်ပါစေ၊ အင်အားနည်းလာရင် နန်းရင်းဝန်ကို အညံ့ခံရမယ်၊
“ယွမ်ရှန်”(Yuan Shang) ကိုဖယ်ရှားမယ်၊ နောင်အခွင့်သင့်ရင် “ယွမ်ထန်”(Yuan Tan) ကိုပါရှင်းမယ်။
ဒီလိုမှ ငြိမ်းချမ်းသွားမယ်။ လက်ရှိအခြေအနေကို အပြည့်အ၀အခွင့်အရေးယူရပါမယ်။”

464
“ချောင်ချောင်း”(Cao Cao) လည်းလက်ခံပြီး “ရှင်းဖီ”(Xin Pi) ကို ကောင်းမွန်စွာဆက်ဆံသည်။ ထို့နောက်
ညပွဲတွင်

“ချောင်ချောင်း”(Cao Cao): ““ယွမ်ထန်”(Yuan Tan) အညံ့ခံတာ စစ်မှန်ရဲ့လား၊ “ယွမ်ရှန်”(Yuan Shang)


က သူ့ကုန
ိုင်တာ သေချာရဲ့လား။”

“ရှင်းဖီ”(Xin Pi): “အရှင်၊ အခြေအနေကိုပဲသုံးသပ်ပါ။ Yuan စစ်တပ်ဟာ ရှုံးနိမ့်လာတာ နှစ်အတော်ကြာပြီ။


အတွင်းမှာ ဗျူဟာမှူးတွေ အသတ်ခံနေရပြီး အပြင်မှာလည်း အစွမ်းကင်းမဲ့နေပြီ။ ညီအစ်ကိုတွေကလည်း
အချင်းချင်းတိုကခ
ိုက်နေပြီး နယ်မြေတွေလည်း ခွဲခြားထားတယ်။ ရိက္ခာကရှား၊ လူတွေကပင်ပန်းနဲ့
စဉ်းစားတတ်သူရော မစဉ်းစားတတ်သပ
ူါ ကပ်ကြီးဆိုက်တော့မယ်ဆိုတာကို သိပါတယ်။ Yuan
မိသားစုတွေပျက်စီးတော့မယ်။ အခု အရှင့်မှာ ကျိကျိုး မြို့တော် ရဲ့ကျွင်း ကိုတိုက်နေတဲ့တပ်ရှိတယ်။
အကယ်၍ “ယွမ်ရှန်”(Yuan Shang) သာ ပြန်ပြီးအားမဖြည့်ရင် ဒုကသ
္ခ ည်စခန်းကို ဆုံးရှုံးတော့မယ်။
“ယွမ်ရှန်”(Yuan Shang) ပြန်ဆတ
ုရင် “ယွမ်ထန်”(Yuan Tan) က နောက်ကလိုက်တိုက်မယ်၊
မင်းအင်အားကိုအသုံးချပြီး သူ့ညီကို ချေမှုန်းလိမ့်မယ်။ အခုအချိန်မှာ Liu Biao ရဲ့ ကျင်းကျိုး က
သာယာဝပြောတယ်။ အစိုးရကောင်းမွန်ပြီး ပြည်သေ
ူ တွက အားကိုးတယ်။ ဒီတော့ ထိလု့မ
ိ ရဘူး။ နောက်ပြီး
မြစ်ဝါမြစ်မြောက်ဖက်ကတပ်တွေလောက် အန္တရာယ်ကြီးတာ မရှိဘူး။ အင်အားလျှော့နိုင်ရင်
ကိစ္စအောင်မြင်ပါမယ်။ အရှင်၊ စဉ်းစားပါ။”

“ချောင်ချောင်း”(Cao Cao): လွန်စွာသဘောကျကာ “မင်းနဲ့စောစောမတွေ့တာ ၀မ်းနည်းမိတယ်။”

ချက်ချင်းပင် ဆုတခ
ိုင်းပြီး ကျိကျိုး ကိုတိုက်စေသည်။ Liu Bei က လှည့်ကွက်ဖြစ်မည်စိုးသဖြင့်
လိုက်လံတိုက်ခိုက်ခြင်းမပြုဘဲ ကျင်းကျိုး ကိုသာ ပြန်လာခဲ့သည်။

“ချောင်ချောင်း”(Cao Cao) မြစ်ဝါမြစ်ကို ဖြတ်လာသည်ကို ကြားသော် “ယွမ်ရှန်”(Yuan Shang) မှာ


ရဲ့ကျွင်း ကိုလျင်မြန်စွာဆုတ်လာရသည်။ “လွီရှန်”(Lu Xiang) နှင့် “လွီခွမ်း”(Lu Kuang) ကို နောက်မှ
ကာကြယေ
် စသည်။

“ယွမ်ထန်”(Yuan Tan) သည် Pingyuan မှစ၍ လိုက်လတ


ိုံက်ခိုက်သည်။ ၁၂မိုင်မျှသွားပြီးသော်
ဗုံးကွဲသံကြားပြီး ၎င်းရှေ့တွင် စစ်တပ် ၂ တပ်ပေါ်လာကာ တားဆီးလေသည်။ “လွီရှန်”(Lu Xiang) နှင့်
“လွီခွမ်း”(Lu Kuang) တို့ပင်ဖြစ်သည်။

“ယွမ်ထန်”(Yuan Tan) က “ငါ့အဖေရှိတုန်းက ငါ မင်းတိ့က


ို ဘယ်တော့မှ ဆိုးဆိုးဝါးဝါးမဆက်ဆံဖူးဘူး။
ဘာလို့ မင်းတို့က ငါ့ညီကို ကူပြီး ငါ့ကိုထိခိုက်ချင်ကြတာလဲ။” ဟုဆုေ
ိ သာ် စစ်သူကြီး ၂ ဦးမှာ
စကားမပြန်ဘဲ မြင်းပေါ်မှ ဆင်းကာ ဦးညွှတြ် ပီး အညံ့ခံကြသည်။

“ယွမ်ထန်”(Yuan Tan) က “ငါ့ကို အညံ့မခံန့။ဲ နန်းရင်းဝန်ကို အညံ့ခံပါ။” ဟုဆြို ပီး “ချောင်ချောင်း”(Cao


Cao) ထံခေါ်သွားသည်။ “ချောင်ချောင်း”(Cao Cao) က ကောင်းမွန်စွာလက်ခံသည်။ “ယွမ်ထန်”(Yuan

465
Tan) ကိုလည်း သမီးဖြစ်သန
ှူင့် လက်ဆက်ပေးရန် ကတိပေးပြီး Lu ညီအစ်ကို ၂ ယောက်ကို
အကြံပေးများခန့်ထားသည်။

“ယွမ်ထန်”(Yuan Tan) က ကျိကျိုး ကိုတိုက်ခိုက်ရန်ပြောသော် “ရိက္ခာနည်းပြီး သယ်ယူဖို့ခက်တယ်။ Ji


မြစ်ရေကို မြစ်ဖြူမြစ်ထဲ လွှဲယြူ ပီးမှ ရိက္ခာသယ်နိုင်ပြီး ရှေ့ဆက်နိုင်မယ်။” ဟုပြန်ဖြေသည်။
“ယွမ်ထန်”(Yuan Tan) ကို Pingyuan တွင် နေစေပြီး “ချောင်ချောင်း”(Cao Cao) က Liyang
ပြန်သွားသည်။ Lu ညီအစ်ကိုကို သူကောင်းပြုပြီး မြှောက်စားထားလေသည်။

ဤအခြင်းအရာကို “ကော်ထ”ူ (Guo Tu) ကရိပ်စားမိပြီး “သူက မင်းကို


သမီးနဲ့လက်ဆက်ပေးမယ်ပြောတယ်။ ဒါက ကောင်းတဲ့လက္ခဏာလိ့မ
ု ထင်ဘူး။ Lu ညီအစ်ကုက
ို
သူကောင်းပြုပြီး သူ့အနားခေါ်ထားလိုက်တယ်။ ဒါဟာ မြောက်ပိုင်းသားတွေကို မြှားခေါ်တာပဲ။
မင်းအပေါ်မကောင်းကြံတော့မယ်ဆိုတာ ပေါ်လွင်နေတယ်။ စစ်သူကြီး တံဆိပ်တုံး ၂ ခုလုပ်ပြီး သူတ့က
ို
တိတ်တဆိတ်ပေးထားပါ။ ဒါဆို မင်းမှာနန်းတော်ထဲကလူနဲ့အဆက်အသွယရ
ှ်ိပြီး “ချောင်ချောင်း”(Cao Cao)
က မင်းညီကို ချေမှုန်းပြီးရင် သူ့ကို ပြန်တိုက်ဖို့ စီစဉ်နိုင်တာပေါ့။” ဟုဆုေ
ိ လသည်။

သို့နှင့် တံဆပ
ိတုံးများကို ပို့စေသည်။

Lu ညီအစ်ကိုက ရရချင်းပင် “ချောင်ချောင်း”(Cao Cao) ကို သတင်းပိ့သ


ု ည်။ “ချောင်ချောင်း”(Cao Cao)
ကပြုံးကာ “မင်းတိ့အ
ု ကူအညီကိုလိုချင်လို့ ပို့တာပါ။ အခုတော့ လက်ခံထားလိုက်ပါဦး၊ “ယွမ်ရှန်”(Yuan
Shang) ကိုနိုင်ပြီးမှ ဒီကစ
္စိဆုံးဖြတ်မယ်။” ဟုဆိုသည်။ ထို့နောက် “ယွမ်ထန်”(Yuan Tan) ကိုဖယ်ရှားရန်
ကြံစည်တော့သည်။

ထိုစဉ် “ရှန်ဖေ”(Shen Pei) နှင့် “ယွမ်ရှန”် (Yuan Shang) တို့ လက်ရှိအခြေအနေကို တိုင်ပင်နေကြသည်။

“ယွမ်ရှန်”(Yuan Shang): ““ချောင်ချောင်း”(Cao Cao) က မြစ်ဖြူမြစ်ကနေ ရိက္ခာ သယ်နေပြီ။ ဒါဟာ


ကျိကျိုး ကိုတိုက်ဖို့ ရည်ရွယတ
်ာပဲ။ ဘာဆက်လုပ်ကြမလဲ။”

“ရှန်ဖေ”(Shen Pei): “Wuan စစ်သူကြီး Yin Kai ကို Maocheng မှာ စခန်းချပြီး Shangdang
သွားတဲ့လမ်းကို ကာကွယ်ခိုင်းပါ။ Ju Shou ရဲ့သား “ကျွီကု”(Ju Gu) ကို Handan မှာစခန်းချပြီး အ၀ေးက
ထောက်ပံ့ပါစေ။”

ထိုအစီအစဉ်မှာ ကောင်းမွန်ဟန်ရှိသည်။ “ယွမ်ရှန”် (Yuan Shang) က “ရှန်ဖေ”(Shen Pei) နှင့်


“ချန်လင်”(Chen Lin) ကို ရဲ့ကျွင်း ကိုစောင့်စေပြီး Ma Yan နှင့် Zhang Zi ကို ရှေ့ပြေးစစ်သူကြီးများအဖြစ်
ခန့်ကာ ဖင်ယွမက
ို လျင်မြန်စွာ ချီလေသည်။

“ယွမ်ထန်”(Yuan Tan) က ညီဖြစ်သူ ချီတက်လာသည်ကြို ကားသော် “ချောင်ချောင်း”(Cao Cao) ကို


ချက်ချင်းသတင်းပို့သည်။ “ကျိကျိုး ကိုဒီတစ်ခါသိမ်းနိုင်ရမယ်” ဟု “ချောင်ချောင်း”(Cao Cao)
ကကြုံးဝါးသည်။ ထိုအချိန်တင
ွ် မြို့တော်မှ “ရွှင်ယ”ို (Xun You) ရောက်လာကာ “အရှင်၊ ယွမ်၂ ယောက်ကို

466
ကောင်းကင်က ဒဏ်ခတ်တာ စောင့်နေတာလား။” ဟု ခနဲ့သည်။ “ချောင်ချောင်း”(Cao Cao) က
“ငါတွေးပြီးသားပါ။” ဟုဆုသ
ိ ည်။

ထို့နောက် “ချောင်ဟုန်”(Cao Hong) ကို ရဲ့ကျွင်း ကိုတိုက်စေပြီး ကိုယ်တုင


ိက Maocheng ရှိ Yin Kai
ကိုတိုက်သည်။ Yin Kai မှာမခုခံနိုင်ဘဲ Xu Chu လက်ချက်နှင့် သေလေသည်။ သူ၏စစ်သားများမှာ
ထွက်ပြေးပြီး “ချောင်ချောင်း”(Cao Cao) နှင့် ပူးပေါင်းလေသည်။ ထို့နောက် Handan ကိုချီတက်သည်။
“ကျွီကု”(Ju Gu) နှင့် “ကျန်းလျောင်”(Zhang Liao) တိုက်ခိုက်ကြပြီး ၃ ချက်မြောက်တွင်ပင် “ကျွီက”ု (Ju
Gu) ထွက်ပြေးရလေသည်။ “ကျန်းလျောင်”(Zhang Liao) က နောက်မှလိုက်ပြီး မြားဖြင့်ပစ်လေရာ
ရန်သက
ျူလေသည်။ “ကျွီက”ု (Ju Gu) တပ်ပြိုကွဲပြီး “ချောင်ချောင်း”(Cao Cao) ရှေ့ဆက်လေသည်။

“ချောင်ချောင်း”(Cao Cao) က ရဲ့ကျွ င်း ကိုချီတက်သည်။ ရဲ့ကျွ င်း ကို “ချောင်ဟုန်”(Cao Hong)
ရောက်နှင့်နေပြီး ၀ိုင်းရံထားသည်။ မြေဖိ့က
ုာ ကုန်းမြင့်များပြုထားပြီး လိုဏ်ခေါင်းများလည်း တူးထားသည်။
မြို့တွင်းတွင် “ရှန်ဖေ”(Shen Pei) က ခံစစ်ကို ဂရုတစိုက်ပြင်ဆင်နေပြီး အပြင်းထန်ဆံုး သော အမိန့်များ
ပေးလျက်ရှိသည်။ အရှေ့တံခါးစောင့် “ဖုန်းလီ”(Feng Li) မှာ အရက်အလွန်အကျွံမူးနေပြီး စောင့်ကြပ်ရန်
ပျက်ကွက်သဖြင့် ပြင်းထန်စွာအပြစ်ပေးခံရလေသည်။ “ဖုန်းလီ”(Feng Li) က မကျေနပ်ဘဲ
မြို့မှခိုးထွကက
်ာ ရန်သထ
ူံခိုလှုံပြီး ခံစစ်အားနည်းချက်ကို ပြောပြလေသည်။ မြေအောက်မှ
တိုက်ခိုက်၍ရကြောင်းပြောသော် စစ်သည် ၃ ရာနှင့်အတူ ညအမှောင်အားပြုကာ ဆောင်ရွက်ရန် ၎င်းအား
တာဝန်ပေးလေသည်။

“ဖုန်းလီ”(Feng Li) ရန်သူထံခိုလြှုံ ပီးနောက် “ရှန်ဖေ”(Shen Pei) က ညတိုင်း မြို့ရိုးပေါ်တက်ကာ


စစ်ဆေးလေသည်။ မြို့ရိုးအပြင်တွင် မှောင်မဲနေပြီး အရာရာ တိတဆ
ိတေ
် နသည်ကိုတွေ့သော်
““ဖုန်းလီ”(Feng Li) က မြေအောက်ကတိုက်ဖို့ ကြိုးစားလိမ့်မယ်။” ဟု
တကိုယ်တည်းဆိုလေသည်။ထိ့ေ
ု နာက် လိုဏ်ခေါင်းအပေါက်ဝများပေါ်တွင် ကျောက်တုံးများဖြင့်
ပိတေ
် စသည်။ တိုကခ
ိုက်သူများ မြေအောက်တွင်ပင် သေဆုံးရလေသည်။

“ချောင်ချောင်း”(Cao Cao) သည် ရှုံးနိမ့်ပြီးနောက် မြေအောက်တိုကခ


ိုက်မှုကို စွန့်လတ
ွှ်လုက
ိသည်။ Huan
မြစ်အထက်တွင် စခန်းချပြီး “ယွမ်ရှန်”(Yuan Shang) မြို့ကို ကာကွယ်ရန် ပြန်လာသည်ထိ
စောင့်နေသည်။

“ယွမ်ရှန်”(Yuan Shang) သည် Yin Kai ၊ “ကျွီကု”(Ju Gu) ကျသော သတင်းနှင့်


မြို့အ၀ိုင်းခံရသောသတင်းကိုကြားသော် ကာကွယ်ရန် ပြင်ဆင်သည်။ Ma Yan က “လမ်းမကြီးတွေကို
သေချာပေါက် ကင်းပုန်းချထားမှာပဲ။ တခြားလမ်းရှာရမယ်။ အနောက်ဖက်တောင်ကုန်းတွေဖက်ကနေ Fu
မြစ်ကို သွားလိ့ရ
ု တယ်။” ဟု အကြံပေးသည်။ “ယွမ်ရှန”် (Yuan Shang) က ပင်မတပ်ကို ဦးစီးပြီး Ma Yan၊
Zhang Zi က နောက်ကကာကွယသ
် ည်။

467
“ချောင်ချောင်း”(Cao Cao) သူလျှိုများက ကြားသိ၍ သတင်းပို့သော် ““ယွမ်ရှန်”(Yuan Shang) က
ပင်မလမ်းကို ရွေးရင် ဒီတိုင်းနေရုံပဲ၊ အနောက်ဖက်တောင်ကုန်းလမ်းကို ရွေးရင်တော့ တခါတည်း
စာရင်းရှင်းလို့ရမယ်။ ငါ့အထင် သူမီးရှို့ပြီး မြို့ထဲကို အချက်ပြမယ်ထင်တယ်။ ငါ ၂ ခုလုံးကိုတိုက်ဖို့
ပြင်ဆင်ရမယ်။” ဟုဆုေ
ိ လသည်။

“ယွမ်ရှန်”(Yuan Shang) က ရဲ့ကျွင်း နှင့် ၅မိုင်အကွာ Yangping တွင်စခန်းချသည်။ Fu မြစ်သည်


စခန်းဘေးမှစီးဆင်းလေသည်။ စစ်သားများကို ထင်းနှင့် မြက်ခြောက်များစုစေသည်။ အမှုထမ်း Li Mu ကို
“ချောင်ချောင်း”(Cao Cao) အမှုထမ်းဟန်ဆောင်စေကာ မြို့တွင်းဝင်ပြီး အစီအစဉ်ကို ပြောစေသည်။

Li Mu မှာ အန္တရာယ်ကင်းစွာ မြို့ရိုးနား ရောက်ရှိသွားသည်။ “ရှန်ဖေ”(Shen Pei) က အသံမှတ်မိသဖြင့်


ဖွင့်ပေးသည်။ အစီအစဉ်များကို ပြောပြပြီးနောက် မီးဖြင့်အချက်ပြရန် လောင်စာများစုစေသည်။

Li Mu က “ရိက္ခာက မလောက်တော့ဘူးဆိုတော့ အသက်ကြီးတဲ့သေ


ူ တွ၊ မတိုကန
ိုင်တော့တဲ့ စစ်သားတွေ၊
မိန်းမတွေကို အညံ့ခံခိုင်းလိုက်ပါ။ သူတို့ အံ့သြနေတုန်း နောက်က စစ်သားတွေက ၀င်တိုက်ကြမယ်။”
ဟုအကြံပေးသည်။

အညံ့ခံသည့် အလံဖြူကိုမြင်သော် “ချောင်ချောင်း”(Cao Cao) က “သူတို့ရိက္ခာ မရှိတော့လို့


စစ်မတိုက်နိုင်တဲ့သူတွေကို ချကျွေးတာ။ စစ်သားတွေက နောက်ကလိုက်လာလိမ့်မယ်။” ဟုဆိုသည်။
ထို့နောက် “ကျန်းလျောင်”(Zhang Liao) နှင့် “ရွှီဟွမ်”(Xu Huang) ကို စစ်သည် ၃ ထောင်နှင့်
ကင်းပုန်းဝပ်စေသည်။ ကိုယ်တိုင်က တံခါးများပွင့်လာပြီး ထွက်လာသူများကို ကူညီပေးသည်။
တစ်ယောက်ချင်းစီက အလံဖြူကိုင်လာကြသည်။ လူကုန်သွားသော် စစ်သားများက လျင်မြန်စွာ
ပြေးထွက်လာသည်။

“ချောင်ချောင်း”(Cao Cao) က အလံနီဖြင့် အချက်ပြသော် “ကျန်းလျောင်”(Zhang Liao) နှင့် “ရွှီဟွမ”် (Xu


Huang) ထွက်လာကာ တိုကခ
ိုက်တော့သည်။ ရန်သူများဆုတ်ခွာသည်ကို ဆွဲတတ
ာံးနားထိ
လိုက်လံတိုက်ခိုက်ကြသည်။ ထိုစဉ် မြောက်များစွာသော မြားမိုးရွာချသဖြင့် ၎င်းတို့ ရပ်တန့်စေသည်။
“ချောင်ချောင်း”(Cao Cao) ခေါင်းဆောင်း မြားမှန်သဖြင့် ၎င်းကို ဆွဲကာ ဆုတခ
်ဲ့ကြသည်။

“ချောင်ချောင်း”(Cao Cao) က ချက်ချင်း အ၀တ်လဲ ၊ မြင်းအသစ်ကို စီးကာ “ယွမ်ရှန်”(Yuan Shang)


ကိုတိုက်ခိုက်သည်။ “ယွမ်ရှန်”(Yuan Shang) က ခံစစ်ပြင်သည်။ တိုက်ခိုက်မှုမှာ အဖက်ဖက်မှ
တပြိုင်နက်တိုက်ခိုက်သဖြင့် ခုခံသူများ ဖရိုဖရဲနှင့် ရှုံးနိမ့်ကာ အနောက်ဖက်တောင်ကုန်းများတွင်
စခန်းချလေသည်။ ထို့နောက် Ma Yan နှင့် Zhang Zi တိ့က
ို စစ်ကူခေါ်လေသည်။ သူမသိသည်မှာ
“ချောင်ချောင်း”(Cao Cao) က “လွီရှန်”(Lu Xiang) နှင့် “လွီခွမ်း”(Lu Kuang) ကို စေလွှတ်၍ ထို ၂
ယောက်ကို လက်နက်ချစေကာ ရာထူးပေးထားပြီးဖြစ်လေသည်။အနောက်ဖက်တောင်ကုန်းကို
မသိမ်းပိုက်မီကပင် “လွီရှန်”(Lu Xiang)၊ “လွီခွမ်း”(Lu Kuang)၊ Ma Yan နှင့် Zhang Zi တို့ကို ရိက္ခာများကို
သိမ်းခိုင်းပြီးဖြစ်လေသည်။

468
“ယွမ်ရှန်”(Yuan Shang) မှာ တောင်ကုန်းကို မထိန်းထားနိုင်မှန်းသိသဖြင့် ညတွင် Lankou ကို
သွားလေသည်။ စခန်းမချခင်မှာပင် မီးရောင်များကို ပတ်လည်တွေ့ရပြီး တိုက်ခိုက်ခံရလေသည်။
စစ်သည်တစ်ဝက်သာ လက်နက်ကိုင်ထားပြီး မြင်းများမှာလည်း ကုန်းနှီးတပ်မထားရသဖြင့် အထိနာပြီး ၁၅
မိုင် ထပ်ဆုတ်ရပြန်သည်။ ၎င်း၏တပ်မှာ ခုခံရန်ပင် အင်အားမရှိတော့၍ အခြားမတတ်နိုင်တော့ဘဲ Yuzhou
နယ်စား Yin Ku ကို “ချောင်ချောင်း”(Cao Cao) ဆီလွှတ်ကာ အညံ့ခံလေသည်။

“ချောင်ချောင်း”(Cao Cao) က လက်ခံချင်ယောင်ဆောင်၍ ထိုညတွင် “ကျန်းလျောင်”(Zhang Liao) နှင့်


“ရွှီဟမ
ွ်”(Xu Huang) တို့ကို ၀င်စီးစေသည်။ ပြေးရုံမှအပ မတတ်နိုင်တော့၍ တံဆပ
ိတုံး၊ အလံ၊
ကိုယ်ပိုင်အ၀တ်အစားများပင်မကျန် အရာရာကိုထားခဲ့၍ Zhongshan တောင်တန်းများဆီ
ပြေးရတော့သည်။

ထို့နောက် “ချောင်ချောင်း”(Cao Cao) က ကျိကျိုး ကိုတုက


ိရန်ပြန်လာသည်။ “ရွှင်ယို”(Xun You) က
Zhang မြစ်ရေနှင့် မြို့ကိုရေမြှုပ်ရန် အကြံပေးသည်။ “ချောင်ချောင်း”(Cao Cao) ကသဘောတူကာ
မြောင်းတူးရန် လူအနည်းငယ်ကို တာဝန်ပေးသည်။ ၁၇ မိုင်မျှတူးရမည်ဖြစ်သည်။

“ရှန်ဖေ”(Shen Pei) က မြောင်းတူးသူများကို မြင်ပြီး မြောင်းတိမ်တိမ်သာ တူးသည်ကို မြင်သော်


ရယ်မောပြီး မပြင်ဆင်ဘဲ နေလေသည်။

ညရောက်သည်နှင့် “ချောင်ချောင်း”(Cao Cao) က မြောင်းတူးသူကို ၁၀ ဆတိုးလိုက်သည်။


မနက်ရောက်သော် မြောင်းမှာ အထွာ ၂၀ မျှနက်ပြီး ရေမှာ မြို့တွင်းသို့ ဒလဟောစီးဆင်းလေသည်။
ရန်သတ
ူ့ မ
ှိုာ အစာငတ်ဘေးအပြင် ရေဘေးပါ ခံရလေသည်။

“ရှင်းဖီ”(Xin Pi) က သိမ်းဆည်းမိသော “ယွမ်ရှန်”(Yuan Shang) ၏တံဆိပ်တုံးနှင့် ၀တ်ရုံများကို


လှံထိပ်တွင် ချိတ်ကာ ပြသပြီး မြို့တွင်းမှ လူများကို အညံ့ခံစေသည်။ “ရှန်ဖေ”(Shen Pei) က စိတ်တိုကာ
မြို့တွင်းရှိ Xin မိသားစုတစ်စုလုံးကို သတ်လေသည်။ အယောက် ၈၀ ရှိပြီး ခေါင်းများကို မြို့ရိုးတွင်
ချိတ်ဆွဲထားသည်။ “ရှင်းဖီ”(Xin Pi) မှာ သည်းထန်စွာ ငိုကြွေးလေသည်။

“ရှန်ဖေ”(Shen Pei) ၏တူ Shen Rong မှာ တံခါးစောင့်တစ်ယောက်ဖြစ်ပြီး “ရှင်းဖီ”(Xin Pi) ၏ရင်းနှီးသော
မိတေ
် ဆွဖြစ်သည်။ သိ့အ
ု တွက် Xin မိသားစုအသတ်ခံသည်ကို များစွာစိတ်မကောင်းဖြစ်ပြီး
တံခါးဖွင့်ပေးမည်ဟု ရန်သူထံ လျှို့ဝက
ှ စ
်ာကို မြားထိပ်ချည်ပြီး ပစ်လိုက်သည်။ စစ်သားများက တွေ့ကာ
“ရှင်းဖီ”(Xin Pi) မှတဆင့် “ချောင်ချောင်း”(Cao Cao) ထံပို့လုက
ိသည်။

“ချောင်ချောင်း”(Cao Cao): “Yuan မိသားစုတွေကို မသတ်နဲ့။ အညံ့မခံသူမှန်သမျှ သတ်စေ။”

နောက်နေ့တွင် စစ်သားများက Shen Rong ဖွင့်ပေးသော အနောက်တံခါးမှဝင်ကြသည်။ “ရှင်းဖီ”(Xin Pi)


က ရှေ့ဆုံးမှ ၀င်လေသည်။ မြို့ အရှေ့တောင်ဖက်တွင် ရောက်နေသော “ရှန်ဖေ”(Shen Pei) က

469
ရန်သက
ိုမြင်သော် မြင်းစီးသမားအနည်းငယ်နှင့် တိုကခ
ိုက်လေသည်။ “ရွှီဟွမ်”(Xu Huang) က
သူ့ကုဖ
ိ မ်းဆီးပြီး မြို့ပြင်ထတ
ုခဲ့လေသည်။

လမ်းတွင် ဒေါသတကြီး အံကြိတ်နေသော “ရှင်းဖီ”(Xin Pi) နှင့်တွေ့သော် ခေါင်းကို ကြာပွတ်နှင့် ရိုက်ကာ

“ရှင်းဖီ”(Xin Pi): “လူသတ်သမား ၊ သွေးသောက်တဲ့ကောင် ၊ မင်းသေကိုသေရမယ်။”

“ရှန်ဖေ”(Shen Pei): “သစ္စာဖောက် ၊ မြို့ကို ရောင်းစားတဲ့ကောင် ၊ မင်းကို စောစောမသတ်မိတာ


နောင်တရတယ်။”

“ချောင်ချောင်း”(Cao Cao) ဆီရောက်သော်

“ချောင်ချောင်း”(Cao Cao): “မြို့တံခါးကို ဘယ်သူဖွင့်ပေးလဲသိလား။”

“ရှန်ဖေ”(Shen Pei): “မသိဘူး။”

“ချောင်ချောင်း”(Cao Cao): “မင်းရဲ့တူ Shen Rong ပဲ။”

“ရှန်ဖေ”(Shen Pei): “သူက အရင်ကတည်းက မနာခံတတ်တာပဲ။”

“ချောင်ချောင်း”(Cao Cao): “ဘာလို့ ဟိုနေ့က မြားတွေ အများကြီး ပစ်တာလဲ။”

“ရှန်ဖေ”(Shen Pei): “နည်းနည်းပဲပစ်မိလို့ ၀မ်းနည်းနေတာ။”

“ချောင်ချောင်း”(Cao Cao): “Yuan မိသားစုအပေါ် သစ္စာရှိသူအနေနဲ့ မင်းမှာ ဘာမှ လုပ်စရာ မရှိတော့ဘူး။


ငါ့ဆီ လာမလား။”

“ရှန်ဖေ”(Shen Pei): “ဝေးပါသေးတယ်။ လုံးဝအညံ့မခံဘူး။”

“ရှင်းဖီ”(Xin Pi) က မြေပေါ်လှဲချကာ ငိုကြွေးရင် “ငါ့အမျိုး ၈၀ ကို ဒီလသ


ူ တ်ပစ်တာ။ သူ့ကို သတ်မိန့်ပေးပါ
အရှင်” ဟု တိုင်တည်လေသည်။

“ရှန်ဖေ”(Shen Pei): “ရှင်လျက်နဲ့ Yuan မျိုးရိုးကို ခစားဖူးပြီ၊ သေရင်လည်း သူတ့ရ


ိဲု့ သရဲဖြစ်မယ်။ မင်းလို
သာကူးမဟုတ်ဘူး။ င့ါကို သတ်ပါ။”

သို့နှင့် “ချောင်ချောင်း”(Cao Cao) ကသတ်မိန့်ပေးလေသည်။ သတ်ကွင်းတွင် အရှင်များရှိရာ


မြောက်ဖက်သို့ ခေါင်းကို လှည့်ကာ လည်ကုဆ
ိ န့်တန်းပြီး အသတ်ခံလေသည်။

၎င်း၏ ခံယူချက်ကို ဂုဏ်ပြုပြီး မြို့မြောက်ဖက်တွင် သဂြိုလ်ပေးလေသည်။ နန်းရင်းဝန် မြို့တွင်းဝင်သော်


“ချန်လင်”(Chen Lin) ကို ရာဇ၀တ်သားအနေနှင့် တွေ့လေသည်။

470
“ချောင်ချောင်း”(Cao Cao): “မင်းဟာ Yuan Shao အတွက် ကြေညာချက်ရေးပေးခဲ့တယ်။ ငါ့ကို
တိုက်ရိုက်တိုက်ခိုက်ရင်တောင် ကိစ္စမရှိဘူး။ ဘာလို့ ဘိုးဘေးတွေကို ထိပါးရတာလဲ။”

“ချန်လင်”(Chen Lin): “မြားဟာ လေးတင်ပြီးရင်တော့ ပစ်ရမှာပေါ့။"

“ချောင်ချောင်း”(Cao Cao) ၏လူများက သတ်ခိုင်းသော်လည်း သူ၏ကျွမ်းကျင်မှုအတွက်


အသက်ချမ်းသာရာရကာ နေရာတစ်နေရာ ပေးခြင်းခံရလေသည်။

ထိုအချိန်တွင် “ချောင်ချောင်း”(Cao Cao) ၏ သားအကြီးဆုံး “ချောင်ဖ”ီ (Cao Pi) မှာ ၁၈နှစ်ရှိပြီဖြစ်သည်။


၎င်းမွေးစဉ်က တစ်နေ့လံုး အိမ်ပေါ်တွင် ခရမ်းရောင်အရိပ်က လွှမ်းမိုးနေသည်။ နားလည်သူများက
“ချောင်ချောင်း”(Cao Cao) ကို ထိုအရိပ်မှာ မင်းမျိုးမင်းနွယ်ကို ကိုယ်စားပြုပြီး စကားဖြင့် ဖော်ပြမရနိုင်သော်
အဓိပ္ပာယ် ဟု တိုးတိတ်စွာ ပြောလေသည်။

၈နှစ်တွင် “ချောင်ဖီ”(Cao Pi) သည် ကဗျာကောင်းစွာသီကုံးနိုင်ပြီး သမိုင်းကို


ကောင်းစွာဖတ်တတ်နေသည်။ စစ်ရေးစစ်ရာကို ပိုင်နိုင်ပြီး တိုက်ခိုက်မှုကို နှစ်သက်လေသည်။ ကျိကျိုး
သို့စစ်ချီရာတွင် ဖခင်နှင့်အတူလိုက်ပါလေသည်။ ရဲ့ကျွင်းကျသော် နောက်လိုက်များနှင့်အတူ ယွမအ
ိမ်ကို
ဓားကိုင်ကာ ၀င်လေသည်။ အချို့က နန်းရင်းဝန်က မ၀င်ခိုင်းဟု တားသော်လည်း
ဇွတအ
် တင်းဝင်လေသည်။ အတွင်းသိ့ေ
ု ရာက်သော် မိန်းမ ၂ ဦး တစ်ဦးကိုတစ်ဦး ဖက်ကာ
ငိုကြွေးနေသည်ကို မြင်သော် သတ်ရန် ပြင်လေသည်။

471
အခန်း(၃၃) ရဲရင့်သောသူရဲကောင်း "ချောင်ဖီး"(Cao Pi) သည် ကျန်းအမျိုးသမီးနှင့် လက်ထပ်ခြင်း။
"ကောကျား"(Guo Jia) ၏နောက်ဆုံးစာ။

"ချောင်ဖီး"(Cao Pi) သည် ယွမ်မိသားစုနန်းတော်အတွင်းဝင်သွားသောအခါ အမျိုးသမီးနှစ်ဦးကိုတွေ့သော်


ဓားကိုနှိမ့်လိုကြ် ပီး

"မင်းက ဘယ်သူလဲ" ဟု မေးသည်။ အမျိုးသမီးနှစ်ဦးအနက်မှ အသက်ကြီးသောသူမှ

"ကျွန်မက သေသွားတဲ့ယွမ်ရှောက်ရဲ့ ဒုတိယဇနီး လျူပါ။ ဒါကတော့ သူ့သား ယွမ်ရှီး(Yuan Xi) ရဲ့ဇနီးပါ။


သူက ကျန်းမျိုးရိုးဖြစ်ပါတယ်၊ သူ့အမျိုးသား ယိုကျိုးပြည်နယ်ကိုသွားဖို့အမိန့်ထုတ်ခံရတဲ့အချိန်မှာ
သူ့အိမ်သူအိမ်သားတွေက အဝေးကြီးကိုမသွားခိုင်းတာနဲ့ ဒီမှာနေခဲ့တာပါ" ဟု ပြောလေသည်။

"ချောင်ဖီး"(Cao Pi) သည် ကျန်းအမျိုးသမီးကို အနီးသို့ ဆွဲကပ်လိုက်ကာ သေချာကြည့်လေသည်။


ထိုအမျိုးသမီး၏ ဆံပင်တို့ မှာ ရှုပ်ပွနေကာ မျက်နှာတွင်လည်း ဖုန်မှုန့် တို့ ကပ်နေပြီး မျက်ရည်တို့ လည်း
ကျနေသည်။ "ချောင်ဖီး"(Cao Pi) သည် သူ၏အင်္ကျီဖြင့် မျက်ရည်တို့ ၊ ဖုန်တို့ကိုသုတ်လိုက်ရာ
ချစ်ဖွယ်ကောင်းသော၊ ကျောက်စိမ်းကဲ့သို့ ကြည်လင်သောအသားအရည်၊
ပန်းကဲ့သို့နူးညံ့သောအသားအရည်ရှိသည့်အမျိုးသမီးဖြစ်နေသည်ကိုတွေ့လိုက်သည်။
ပြည်ဖျက်နိုင်လောက်သည့်အလှပိုင်ရှင်ပေတည်း။

"ချောင်ဖီး"(Cao Pi) သည် လျူအမျိုးသမီးဘက်လှည့်ကာ

"ကျုပ်က ဝန်ကြီးချုပ်ရဲ့သားပဲ။ ခင်ဗျားတို့ ရဲ့လြုံ ခုံမှုကို ကျုပ်အာမခံနိုင်တာမို့ စိတ်မပူပါနဲ့" ဟု


ပြောလေသည်။ ထို့နောက် အခန်းတွင်းရှိ ထောင့်တစ်နေရာတွင် ဓားကိုချကာထိုင်နေသည်။

472
"ချောင်ချောင်း"(Cao Cao) သည် သူသမ
ိးပိုက်ရရှိထားသော ရဲ့ကျွင်းမြို့သို့ဝင်မည်အပြုတွင် "ရွှီယို"(Xu
You) သည် ရှေ့သို့ ထွက်ပြီး မြို့တံခါးကိုကြာပွတြ် ဖင့် ညွှန်ကာ

"ဒါ ကျွန်တော့်အကြံကြောင့်ရတဲ့မြို့ပဲ" ဟု ဆိုသည်။ "ချောင်ချောင်း"(Cao Cao) က


မည်သို့ မှမပြောပဲရယ်ကာ နေသည်။ စစ်သူကြီးတို့ ကမူ စိတ်ဆိုးသွားလေသည်။ "ချောင်ချောင်း"(Cao Cao)
သည် အိမ်တော်သို့ရောက်သောအခါ

"တစ်ယောက်ယောက်အထဲဝင်သွားသေးလား" ဟု မေးရာ အစောင့်တို့က


ဝန်ကြီးချုပ်၏သားဖြစ်သူဝင်သွားကြောင်း ဖြေကြသည်။ ထိုအခါ "ချောင်ချောင်း"(Cao Cao) သည်
ဒေါသထွက်ကာ သားဖြစ်သူကိုခေါ်ပြီးဆူလေသည်။ သို့သော်လည်း လျူအမျိုးသမီးမှဝင်ကာ

"ရှင့်သားကြောင့်သာမဟုတ်ရင် ကျွန်မတို့အသက်ရှိမှာမဟုတ်ဘူး၊ ကျန်းမိသားစုက အမျိုးသမီးတစ်ဦးကို


ဝန်ကြီးချုပ်သားအတွက် အစေခံအနေနဲ့ လက်ဆောင်ပေးပါရစေ" ဟု ပြောလေသည်။ ထိုအခါ
"ချောင်ချောင်း"(Cao Cao) သည် ထိုအမျိုးသမီးကိုခေါ်စေကာ စူးစိုက်ကြည့်ပြီးနောက်

"သူ့အတွက် ဇနီးပဲ" ဟု ပြောလေသည်။ ထို့နောက် "ချောင်ဖီး"(Cao Pi) အား


ကျန်းအမျိုးသမီးနှင့်လက်ထပ်ရန် ပြောလိုက်သည်။

ကျိကျိုးကိုအောင်နိုင်ပြီးနောက် "ချောင်ချောင်း"(Cao Cao) သည် ယွမ်မိသားစုအုတ်ဂူသို့ သွားပြီး


"ယွမ်ရှောက်"(Yuan Shao) ၏အုတ်ဂူရှေ့တင
ွ် ဝမ်းနည်းသောအမူအယာဖြင့်
ခေါင်းငုံ့ကာအရိုအသေပေးသည်။ ထို့နောက် သူ့စစ်သူကြီးတို့ဘက်လှည့်ကာ

"သိပ်မကြာခင်က ယွမ်ရှောက်(Yuan Shao) နဲ့ ငါ အတူတူအမှုထမ်းခဲ့စဉ်ကပေါ့။ သူက ငါ့ကိုမေးတယ် -


'အရှုပ်အထွေးတွေမပြီးဆုံးသေးရင် ဘယ်နေရာတွေကိုသိမ်းထားသင့်လဲ' တဲ့၊ ငါက
သူ့ကိုပဲဘယ်လိုထင်လဲလို့ ပြန်မေးလိုက်တဲ့အခါမှာ သူက 'မြစ်ဝါမြစ်ရဲ့မြောက်ဘက်ကနေ
တောင်ဘက်အထိ မြစ်ဝါမြစ်ကိုချုပ်ကိုင်ထားမယ်၊ မြောက်ပိုင်းမှာတော့ ရန်နဲ့တိုက်ပြည်နယ်ကိုကာကွယြ် ပီး
ဂိုဘသ
ီဲကန္တာရက ရန်သူတွေကိုခုခံမယ်၊ ပြီးရင်တော့ တိုင်းပြည်ကြီးအတွက်
တောင်ဘက်ကိုသိမ်းဖို့လုပ်မယ်။ ကျုပ်အောင်မြင်နိုင်မယ်လို့ မထင်ဘူးလား' လို့ပြောတယ်။ အဲ့ဒါနဲ့ ငါက
'ပညာရှိတွေရဲ့အကူအညီ၊ အကြံဉာဏ်နဲ့ဆို အရာရာဖြစ်နိုင်ပါတယ်' လို့ပြောလိုက်တယ်။
ဒါတွေပြန်တွေးလိုက်ရင် မနေ့တစ်နေ့ကလိုပါပဲလား။ ဒီအကြောင်းစဉ်းစားမိရင်
ကျလာတဲ့မျက်ရည်တွေကိုမထိန်းနိုင်ဘူး" ဟု ပြောလေသည်။ သူ၏စစ်သူကြီးတို့ ကလည်း
စိတမ
် ကောင်းဖြစ်လေသည်။ "ချောင်ချောင်း"(Cao Cao) သည် "ယွမ်ရှောက်"(Yuan Shao) ၏ဇနီးအား
သူအလိုရှိသမျှ ရွှေ၊ ပိုးထည်၊ စားစရာတို့ကိုပေးလေသည်။

473
ထို့အပြင် မြစ်ဝါမြစ်၏မြောက်ဘက်ဒေသတွင် စစ်ပွဲများဖြစ်နေခဲ့သောကြောင့်
အခွန်အတုတ်လျှော့ပေါ့စေသည်။ "ချောင်ချောင်း"(Cao Cao) သည် ကျိကျိုးဒေသ၏ တရားဝင်
နယ်စားဖြစ်လာလေသည်။

တစ်နေ့သော် "ရွှီချူ"(Xu Chu) သည် အရှေ့ဂတ


ိတွင် မြင်းစီးရာ "ရွှီယို"(Xu You) နှင့်တွေ့ရာ "ရွှီယို"(Xu
You) မှ သူ့အားခေါ်ပြီး

"ကျုပ်ကြောင့်သာမဟုတ်ရင် ခင်ဗျားတို့တွေဒီမှာ ဒီလိုမြင်းစီးနေနိုင်မလား" ဟု ပြောလေသည်။ ထိုအခါ


"ရွှီချူ"(Xu Chu) မှ

"ကျုပ်တို့တတွေက အသက်ရှင်ကျန်ခဲ့တဲ့လူရှိသလို တိုကပ


်ွဲမှာကျသွားခဲသ
့ ေ
ူ တွလည်းရှိတယ်။
တိုက်ပွဲတွေမှာ အသက်စွန့် ပြီးတိုကခ
်ဲ့ကြတာ၊ ဒါကြောင့် ခင်ဗျားရဲ့လုပ်ဆောင်မှုကုလ
ိာကြွားမနေနဲ့" ဟု
ပြန်ပြောလိုက်သည်။

"ခင်ဗျားတို့ တွေက ငတုံးတွေပဲ၊ ဘာမှမပြောပလောက်ဘူး"

ထိုအခါ "ရွှီချူ"(Xu Chu) သည် ဒေါသထွကက


်ာ ဓားကိုထုတြ် ပီး "ရွှီယု"ိ (Xu You) ကိုသတ်လိုက်သည်။
ပြီးလျှင် "ရွှီယ"ို (Xu You) ၏ခေါင်းကိုကိုင်ကာ "ချောင်ချောင်း"(Cao Cao)
ထံသွားပြီးအကျိုးအကြောင်းပြောသည်။ "ချောင်ချောင်း"(Cao Cao) မှ

"သူနဲ့ ငါနဲ့က သူငယ်ချင်းဟောင်းတွေ၊ ငါတို့ က အချင်းချင်းနောက်တတ်တယ်။


ဘာလို့ သူ့ကိုသတ်လိုကရ
် တာလဲ" ဟု ပြောသည်။ "ချောင်ချောင်း"(Cao Cao) သည် "ရွှီချူ"(Xu Chu)
အားအပြစ်တင်ပြီးနောက် "ရွှိယ"ို (Xu You) အား ကောင်းကောင်းမွန်မွန် သင်္ဂြိုလ်ရန်ပြောလိုက်သည်။

"ချောင်ချောင်း"(Cao Cao) သည် ထိုနေရာတစ်ဝိုက်တွင် နာမည်ကြီးပညာရှိများအကြောင်းစုံစမ်းရာ


အများက

"တုန်းဝူက ချွေ့ရန်(Cui Yan) ဟာ ယွမ်ရှောက်(Yuan Shao) ကို အကြံဉာဏ်တွေအများကြီးပေးခဲ့ဖူးတယ်။


ဒါပေမယ့် သူ့အကြံကိုနားမထောင်ခဲ့တော့ သူက အိမ်မှာပဲနေခဲ့တယ်" ဟု ပြောသည်။

"ချောင်ချောင်း"(Cao Cao) က ထိုသူကို သွားခေါ်စေပြီး ရောက်လာသော် ရာထူးပေးကာ

"စာရင်းတွေအရကတော့ ဒီပြည်နယ်မှာ အိမ်ခြေသုံးသိန်းရှိတယ်ဆိုတော့


ပြည်နယ်ကြီးလို့ပြောလို့ရမယ်ထင်တယ်။" ဟု ပြောသည်။ "ချွေ့ရန်"(Cui Yan) မှ

474
"တိုင်းပြည်ကြီးက ဆုတ်ယုတ်နေပြီး ပြည်နယ်တွေကလည်း အခြေအနေဆိုးရွားနေတယ်၊
လူတွေလည်းဆင်းရဲမွဲတေနေကြပြီ။ ဒါကို ဝန်ကြီးချုပ်က လူတွေကုက
ိ ယ်ဖို့မလုပ်ပဲ
အခွန်ကောက်ခံတာကိုအရင်တွက်တယ်။ ဒီလိုသာဆိုလူတွေရဲ့ ထောက်ခံမှုကိုရနိုင်မလား" ဟု ဆိုသည်။
"ချောင်ချောင်း"(Cao Cao) ကလည်း ထိုဝေဖန်မှုကုလ
ိ က်ခံကာ သူ၏မူဝါဒကိုပြောင်းလဲပြီး "ချွေ့ရန်"(Cui
Yan) ကိုကျေးဇူးတင်ကာ အလျင်ကထက် ကောင်းမွန်စွာဆက်ဆံလေသည်။

ကျိကျိုးတွင် ကိစ္စများဖြေရှင်းပြီးသော် "ယွမ်ထန်"(Yuan Tan) ၏အခြေအနေကိုထောက်လှမ်းလေသည်။


"ယွမ်ထန်"(Yuan Tan) သည် ကန်းလန်၊ အန်းဖင်၊ ပိုဟိုင်၊ ဟဲကျန့်တို့ တွင်
သောင်းကျန်းနေသည်ဟေ
ူ သာသတင်းကိုကြားသည်။ ထို့အပြင် "ယွမ်ရှန"် (Yuan Shang)
သည်ကျုံးရှန်းသို့ ပြေးသွားခဲ့ပြီး "ယွမ်ထန်"(Yuan Tan) မှ "ယွမ်ရှန"် (Yuan Shang) အားသွားတိုက်ရာ
"ယွမ်ရှန်"(Yuan Shang) သည် မရင်ဆိုင်ပဲ သူ့အစ်ကို "ယွမ်ရှီး"(Yuan Xi) ရှိရာ ယိုကျိုးသို့ ပြေးသည်။
"ယွမ်ရှန်"(Yuan Shang) ၏တပ်ကိုရသော "ယွမ်ထန်"(Yuan Tan) သည် ကျိကျိုးကိုတိုက်ရန် ကြံသည်။

"ချောင်ချောင်း"(Cao Cao) သည် "ယွမ်ရှန်"(Yuan Shang) ကိုခေါ်သော်လည်း မလာပဲနေသောအခါ


"ချောင်ချောင်း"(Cao Cao) သည် "ယွမ်ထန်"(Yuan Tan) နှင့်
သူ့သမီးတို့၏လက်ထပ်မှုကိုဖျက်သိမ်းလိုကသ
် ည်။ ပြီးနောက် "ယွမ်ထန်"(Yuan Tan) ကိုတိုက်ရန်
ဖင်ယမ
ွ်သို့ ချီတက်ရာ "ယွမ်ထန်"(Yuan Tan) သည် "လျူပြောင်း"(Liu Biao) ထံမှစစ်ကူတောင်းသည်။

"လျူပြောင်း"(Liu Biao) သည် ၎င်းကို "လျူဘေ့"(Liu Bei) နှင့်တိုင်ပင်ရာ "လျူဘေ့"(Liu Bei) မှ

"ချောင်ချောင်း"(Cao Cao) က ကျိကျိုးကိုသမ


ိးလိုကေ
် တာ့ သူ့အင်အားက တအားကြီးနေပြီ။
ယွမ်ညီအစ်ကိုတွေက ခုခံနိုင်မှာမဟုတ်ဘူး။ ဒါကြောင့် သူ့ကိုကူညီလည်း အလကားပဲ။ ချောင်ချောင်း(Cao
Cao) က ဒီပြည်နယ်ကိုတုက
ိဖို့ လုပ်နေတာ ဒါကြောင့် ခံစစ်အတွကြ် ပင်ဆင်ထားသင့်တယ်" ဟု ပြောသည်။

"ကျုပ်လည်း အဲ့လိုပဲ ယူဆတယ်။ ဒါပေမယ့် သူ့ကိုဘယ်လိုစာပြန်ရမလဲ"

"ညီအစ်ကုန
ှိစ်ယောက်လံုး ကို ကြားကဝင်ပြီး စေ့စပ်ငြိမ်းချမ်းပေးတဲ့စာပို့လိုက်ပါ"

ထိုအခါ "လျူပြောင်း"(Liu Biao) သည် "ယွမ်ထန်"(Yuan Tan) ဆီသို့ အောက်ပါစာကိုပို့ လိုက်သည်။

"လူတစ်ယောက်က အန္တရာယ်ကလွတ်ဖို့ အတွက် သူ့ရန်သဆ


ီူတော့မသွားဘူး။ ဒါပေမယ့် ခင်ဗျားက
ချောင်ချောင်း(Cao Cao) နဲ့ ယွမ်ရှောက်(Yuan Shao) ကြားကရန်ငြိုး၊ ညီအစ်ကိုတွေရဲ့တာဝန်ကို ပစ်ပြီး
ချောင်ချောင်း(Cao Cao) လက်အောက်မှာ အရှကမ
်ဲ့စွာနေခဲ့တယ်။ ကျိကျိုးပြည်နယ်ကို ဆက်ခံတဲ့

475
ခင်ဗျားရဲ့ညီက ညီအစ်ကိုမဆန်ခဲ့ရင်တောင် သူနဲ့ အတူပြည်တွင်းရေးရာကိစ္စတွေကို
အရင်ဖြေရှင်းရမှာမဟုတ်လား။ ဒီလိုပဲ အရင်လုပ်သင့်တာပဲလေ"

ထို့အပြင် ညီဖြစ်သူ "ယွမ်ရှန်"(Yuan Shang) ဆီသို့ လည်း အောက်ပါစာကိုပို့လိုက်သည်။

"ခင်ဗျားအစ်ကိုဖြစ်တဲ့ ချင်ကျိုးနယ်စားဟာ အလျင်စလိုလုပ်တတ်ပြီး အမှားအမှန်ကိုမခွဲခြားနိုင်ဘူး။


ဒါပေမယ့် အချင်းချင်းရန်ဖြစ်နေမယ့်အစား နှစ်ယောက်ပူးပေါင်းပြီး ချောင်ချောင်း(Cao Cao)
ကိုတွန်းလှန်တာ ပိုမသင့်တော်ဘူးလား။ ခွေးနဲ့ယုန်က ရန်ဖြစ်နေတော့ နောက်ဆုံးမှာ ကြားထဲက
လယ်သမားက အခွင့်ကောင်းယူသွားတဲ့ဥပမာကို သတိရပါ"

ထိုစာအရ "ချောင်ချောင်း"(Cao Cao) သည် သူ့အားကူညီမည်မဟုတ်ကြောင်းသိလေရာ


"ယွမ်ထန်"(Yuan Tan) သည် ဖင်ယွမ်ကိုစွန့်ပြီး နန်ဖီသို့ ပြေးလေသည်။ "ချောင်ချောင်း"(Cao Cao)
ကလည်း နောက်ဘက်မှလိုက်တက
ိုသည်။ ရာသီဥတုမှာ အင်မတန်အေးးပြီး မြစ်ချောင်းတို့က
ရေခဲနေသောအချိန်ဖြစ်သည်။ "ချောင်ချောင်း"(Cao Cao) သည် ဒေသခံတို့အား ရေခံတို့ကိုခွဲစေပြီး
လှေတို့ အားဆွဲစေသည်။ ထိုအမိန့်ကိုကြားသော် ဒေသခံတို့ကထွကေ
် ပြးလေရာ "ချောင်ချောင်း"(Cao
Cao) က ဒေါသထွကက
်ာ ထိုသူတို့ကိုဖမ်းပြီး ခေါင်းဖြတ်သတ်စေရန် အမိန့်ထုတ်သည်။
ထိုသူတို့ ကလည်း ၎င်းကိုကြားလျှင် လူစုလေ
ူ ဝးဖြင့် "ချောင်ချောင်း"(Cao Cao) ၏စခန်းသို့သွားပြီး
သေဒဏ်ကိုခံယူရန်ပြုသည်။

"ချောင်ချောင်း"(Cao Cao) : "ကျုပ်က ခင်ဗျားတို့ကိုမသတ်ရင်လည်း


ဘယ်သူမှအမိန့် ကိုနာခံမှာမဟုတ်ဘူး၊ ဒါပေမယ့် အဲ့လိုလည်း မသတ်ရက်ဘူး၊ ဒါကြောင့်
တောင်တွေဘက်မှာပုန်းပြီး ငါ့စစ်သားတွေမတွေ့အောင်နေပါ"

ထိုအခါ ဒေသခံတို့ လည်း ငိုလျက်ထွကခ


်ွာသွားသည်။

"ယွမ်ထန်"(Yuan Tan) သည် သူ၏စစ်တပ်နှင့်အတူ "ချောင်ချောင်း"(Cao Cao)


ကိုတိုက်ရန်ရောက်လာသည်။ "ချောင်ချောင်း"(Cao Cao) သည် ရှေ့သို့ ထွက်ကာ

"မင်းကို ငါ ကောင်းကောင်းဆက်ဆံခဲ့တာ၊ ဘာလို့ငါ့ကိုသစ္စာဖောက်ရတာလဲ" ဟု မေးသည်။


"ယွမ်ထန်"(Yuan Tan) မှ

"ခင်ဗျားက ကျုပ်နယ်မြေကိုကျူးကျော်ပြီး မြို့တွေလည်းသိမ်းတယ်၊ ပြီးတော့ မင်္ဂလာပွဲကိစ္စကိုလည်း


ဖျက်သိမ်းပြီးမှ ဘာလို့ကျုပ်က အရင်သစ္စာဖောက်တယ်လို့ စွပ်စွဲရတာလဲ" ဟု ပြောသည်။
"ချောင်ချောင်း"(Cao Cao) သည် "ရွှီဟွမ်"(Xu Huang) အားထွက်ကာ တိုကခ
ိုင်းသည်။ "ယွမ်ထန်"(Yuan
Tan) ဘက်မှ "ဖုန်းအန်း"(Peng An) ကို လွှတ်လိုက်သည်။ သိပ်ပင်မကြာ၊ "ဖုန်းအန်း"(Peng An)
အသတ်ခံရသည်။ "ယွမ်ထန်"(Yuan Tan) သည်လည်း နန်ဖီသို့ ထွက်ပြေးရာ "ချောင်ချောင်း"(Cao Cao)

476
ကလိုက်ပြီး မြို့ကိုဝန်းရံထားသည်။ "ယွမ်ထန်"(Yuan Tan) မှာ ပြေးပေါက်မရှိတော့သည်နှင့် "ရှင်းဖင်"(Xin
Ping) အားလွှတ်ပြီး လက်နက်ချရန်ဆွေးနွေးစေသည်။

ထိုအခါ "ချောင်ချောင်း"(Cao Cao) မှ "ရှင်းဖင်"(Xub Ping) အား

"သူက အပြောင်းအလဲမြန်တဲ့ကလေးသာသာပဲ။ နှစ်ရက်အတွင်းမှာတောင် စိတ်ကပြောင်းနေတတ်တာ၊


သူပြောတာကို ကျုပ်မယုံနိုင်ဘူး ။ အခု ခင်ဗျားအစ်ကို ရှင်းဖီ(Xin Pi) က ကျုပ်လက်အောက်က
အရေးပါတဲ့ရာထူးမှာအမှုထမ်းနေတယ်။ ခင်ဗျားလည်း ဒီမှာပဲ အမှုထမ်းသင့်တယ်" ဟု ပြောလေသည်။
"ရှင်းဖင်"(Xin Ping) မှ

"ဝန်ကြီးချုပ် ပြောတာမှားနေပါတယ်။ သခင်ရဲ့ဂုဏ်သရေဟာ လက်အောက်ခံရဲ့ပျော်ရွှင်မှုဖြစ်ပြီး


သခင်ရဲ့ဝမ်းနည်းမှုဟာ လက်အောက်ခံရဲ့အရှက်ရစရာပါပဲ။ နှစ်ပေါင်းများစွာအမှုထမ်းလာခဲ့တဲ့
မိသားစုအပေါ် ကျွန်တော်ဘယ်လိုသစ္စာဖောက်နိုင်ပါ့မလဲ" ဟု ပြောသည်။ "ချောင်ချောင်း"(Cao
Cao)ကလည်း သူ့လက်အောက်တွင် ခေါ်၍မဖြစ်နိုင်မှန်းသိကာ ပြန်လွှတ်လိုက်သည်။

"ရှင်းဖင်"(Xin Ping) သည် ပြန်ရောက်ပြီး အကျိုးအကြောင်းပြောသော် "ယွမ်ထန်"(Yuan Tan) မှ


ဒေါသထွက်ကာ

"ခင်ဗျားအစ်ကိုက ချောင်ချောင်း(Cao Cao) နဲ့အတူရှိနေတယ်၊ ခင်ဗျားလည်း ကျုပ်ကို


သစ္စာဖောက်ချင်တာနေမယ်" ဟု ပြောလိုက်သည်။ ထိုစကားကြားလျှင် "ရှင်းဖင်"(Xin Ping) သည်
စိတထ
ိခိုကြ် ပီး ဒေါသထွက်ကာ မေ့လဲသွားသည်၊ အနားမှလူတို့ က ဝိုင်းထူသော်လည်း ထိုအချိန်တွင်
"ရှင်းဖင်"(Xin Ping) မှာ အသက်မရှိတော့ပြီ။ "ယွမ်ထန်"(Yuan Tan) မှာ သူ၏လုပ်ရပ်အပေါ်
နောင်တရသွားသည်။

ထို့နောက် "ကော်ထူ"(Guo Tu) မှ

"မနက်ဖြန်တုက
ိမယ့်စစ်ပွဲမှာ မနိုင်နိုင်အောင်တိုက်ရမှာဖြစ်တဲ့အတွက်
အရပ်သားတွေကိုရှေ့တန်းမှာထားစေပြီး စစ်သားတွေကအနောက်ကနေပြီးတိုက်ရမယ်" ဟု ပြောသည်။
ထိုအကြံအတိုင်းပင် သာမန်အရပ်သားတို့ကိုခေါ်စေပြီး ဓား၊လှံတို့ ကိုင်စေကာ
ရှေ့တန်းမှထွကတ
ိုကေ
် စသည်။ ထိုစစ်တပ်သည် "ချောင်ချောင်း"(Cao Cao)
၏တပ်စခန်းကိုတိုက်ရာတိုက်ပွဲမှာ နေ့လည်အထိကြာမြင့်သည်။
နှစ်ဦးနှစ်ဖက်အရှုံးအနိုင်မကွဲသေးသော်လည်း လူသေအလောင်းတို့မှာ ပုံလျက်ရှိနေပြီ။

ထိုအခါ "ချောင်ချောင်း"(Cao Cao) သည် တောင်ကုန်းတစ်ခုတွင်နေပြီး


ထိုတိုက်ပွဲကိုကိုယတ
ိုင်ကြည့်လေသည်။ ထိုအခါ စစ်သားတို့ ကလည်း စိတ်ဓာတ်အားအင်တက်ပြီး

477
တိုက်လေရာ "ယွမ်ထန်"(Yuan Tan) ၏တပ်ကျရှုံးလေသည်။
စစ်ပွဲအတွင်းတွင်ပါသောအရပ်သားတို့ အနက် အများအပြားသေကုန်သည်။

"ချောင်ဟန
ု"(Cao Hong) သည် သူ၏ရဲစွမ်းသတ္တိကိုပြသည့်အနေဖြင့်
ရန်သူ့ တပ်အတွင်းသို့ ထိုးဖောက်ကာ "ယွမ်ထန်"(Yuan Tan) နှင့်တုက
ိလေသည်။
နှစ်ဦးနှစ်ဖက်တိုက်ပြီးနောက်တွင် "ယွမ်ထန်"(Yuan Tan) ကိုသတ်နိုင်လိုက်သည်။

"ကော်ထ"ူ (Guo Tu) ကလည်း အခြေအနေမကောင်းသည်နှင့် နန်ဖီသို့ ပြန်ပြေးရန်ပြင်သည်။


၎င်းကိုတွေ့သော "ယွဲကျင့်"(Yue Jing) က မြားဖြင့်ပစ်ရာ "ကော်ထ"ူ (Guo Tu) ကိုထိမှန်ပြီး
သေလေသည်။ နန်ဖီမြို့မှာ "ချောင်ချောင်း"(Cao Cao) လက်အောက်သို့ ကျရောက်သွားသည်။
ထိုအချိန်တွင် "ယွမ်ရှီး"(Yuan Xi) ၏စစ်သူကြီးနှစ်ဦးဖြစ်သော "ကျောက်ချူ"(Jiao Chu) နှင့်
"ကျန်းနန်"(Zhang Neng) တို့သည် စစ်သားတို့ကိုဦးဆောင်ကာ ရောက်လာသည်။ ထိုအခါ
"ချောင်ချောင်း"(Cao Cao) သည် သူ၏စစ်သူကြီးတို့ အားထွကက
်ာ ရင်ဆိုင်စေသည်၊ သို့သော်လည်း
ထိုနှစ်ဦးမှာလက်နက်ချပြီး အညံ့ခံလေသည်၊ ၎င်းတို့နှစ်ဦးကို ဂုဏ်ထူး ဆောင်ဘွဲ့ပေးလိုက်သည်။

ထို့အပြင် တောင်နက်သူပုန်အဖွဲ့ ကိုခေါင်းဆောင်သော "ကျန်းရန်"(Zhang Yan) သည်လည်း


လူအယောက်တစ်သန
ိးနှင့်အတူ လက်နက်ချလေရာ "မြောက်ပိုင်းရှိ စစ်ပွဲကိုငြိမ်းစေသောစစ်သြူ ကီး"
ဟူသော ဘွဲ့ကိုချီးမြင့်ခြင်းခံရသည်။

"ချောင်ချောင်း"(Cao Cao) ၏အမိန့် ဖြင့် "ယွမ်ထန်"(Yuan Tan) ၏ခေါင်းကိုချိတက


်ာ ပြသထားလေသည်။
ထို့အပြင် ထိုအလောင်းရှေ့တွင် ငိုယိုသူမှန်သမျှကို သေဒဏ်ပေးမည်ဟု အမိန့်ချထားသည်။
သို့သော်လည်း မြို့ဘက်ဂိတ်တွင်ထားသော ထိုခေါင်းပြတ်ရှေ့တွင် လူတစ်ဦးသည်
အသုဘတွင်ဝတ်သောအဝတ်ကိုဝတ်ဆင်ကာ ငိုနေသည်။ ထိုလူကို "ချောင်ချောင်း"(Cao Cao)
ရှေ့မှောက်သို့ခေါ်သွားကြသည်။ ထိုသမ
ှူာ ချင်ကျိုးနယ်၏အမှုထမ်းဟောင်း "ဝမ်ရှို့ "(Wang Xiu)
ဖြစ်သည်။"ယွမ်ထန်"(Yuan Tan) သည် သူ၏အကြံကိုမနာယူခဲ့ပဲ ရာထူးမှ ထုတပ
် ယ်ခဲ့သည်။
"ယွမ်ထန်"(Yuan Tan) သေဆုံးသောအကြောင်းကိုကြားသောအခါ
သူ၏သခင်ဟောင်းအတွက်လာငိုခြင်းဖြစ်သည်။ "ချောင်ချောင်း"(Cao Cao) မှ

"ခင်ဗျားက ကျုပ်ချမှတ်ထားတဲ့အမိန့်ကိုမသိဘူးလား?"

"သိပါတယ်"

"ဒါဆို ဘာလို့မကြောက်ရတာလဲ"

478
"ကျေးဇူးရှိတ့လ
ဲူက သေဆုံးသွားတာ မငိုရင် မှားတာပဲလေ။ ကြောက်ရွံ့မှုကြောင့်
တာဝန်ဆိုတာကိုမေ့လိုက်ရင် အဲ့လူက လောကမှာဘယ်လိုရပ်တည်မလဲ?
သူ့ရဲ့အလောင်းကိုမြေမြှုပ်ခွင့်ရရင် ကျွန်တော်သေရလည်း မကြောက်ပါဘူး"

ထိုအခါ "ချောင်ချောင်း"(Cao Cao) သည်

"မြောက်ပိုင်းမှာ ဒီလုသ
ိ စၥာရွိတဲ့လေ
ူ တြအမ်ားၾကီးရွိတာပဲ၊ ယြမ္မိသားစုက ဒီလိုလေ
ူ တ်ာတွေကို
အသုံးမချနိုင်တာ နှမြောစရာပဲ၊ အကယ်၍သူတို့သာ ဒီလိုအသုံးချနိုင်ခဲ့ရင် ငါဒီနယ်မြေကို
ကြည့်တောင်ကြည့်ဝံ့မှာမဟုတ်ဘူး " ဟု ဆိုလေသည်။ ထို့နောက် "ဝမ်ရှို့ "(Wang Xiu) အား
သေဒဏ်မပေးသည့်အပြင် "ယွမ်ထန်"(Yuan Tan) ၏အလောင်းကိုလည်း
ကောင်းကောင်းမွန်မွန်မြုပ်နှံစေသည်။ "ဝမ်ရှို့ "(Wang Xiu) အား ကောင်းကောင်းဆက်ဆက
ာံ
ရာထူးတစ်နေရာပင်ပေးထားလေသည်။

ထို့နောက် "ယွမ်ရှန"် (Yuan Shang) အား မည်သို့မည်ပုံချေမှုန်းရမည်ကို "ဝမ်ရှို့ "(Wang Xiu)


အားမေးသည်။ "ဝမ်ရှို့ "(Wang Xiu) က မည်သို့ မှမဖြေပဲ ဆိတဆ
ိတ်သာနေသည်၊ ထိုအခါ
"ချောင်ချောင်း"(Cao Cao) သည် "ဝမ်ရှို့ "(Wang Xiu) အပေါ် ရှေးယခင်ကထက်ပင်ပို၍လေးစားသွားပြီး
"သူက တကယ့်ကိုသစ္စာရှိသူပဲ" ဟု ပြောလေသည်။ ထို့နောက် "ကောကျား"(Guo Jia)
အားအကြံတောင်းရာ "ကောကျား"(Guo Jia) မှ

"ယွမ်ရှီး(Yuan Xi) ရဲ့စစ်သူကြီးဟောင်းတွေကိုပဲ ယိုကျိုးကိုတိုက်ဖို့ အမိန့်ပေးလိုက်ပါ" ဟု ပြောသည်။

ထို့ကြောင့် "ကျောက်ချူ"(Jiao Chu) နှင့် "ကျန်းနန်"(Zhang Neng) အပြင် တပ်ကူအနေဖြင့် "လွီရှန်"(Lu


Xiang) ၊ "လွီခွမ်း"(Lu Kuang) ၊ "မာရန်"(Ma Yang) ၊ "ကျန်းကျီ"(Zhang Zi) တို့အား
စစ်ထက
ွ်တိုက်စေသည်။ ထိုစစ်သူကြီးခြောက်ဦးတို့သည် စစ်ကြောင်းသုံးကြောင်းခွဲပြီး
ယိုကျိုးသို့ ချီတက်သည်။ "လီတျန်"(Li Dian) ၊ "ယွဲကျင်"့ (Yue Jing) နှင့် "ကျန်းရန်"(Zhang Yan)
တို့၏တပ်ကိုမူ ဘင်းကျိုးရှိ "ကျောက်ကန်း"(Gao Gan) နှင့်ရင်ဆိုင်စေသည်။

"ချောင်ချောင်း"(Cao Cao) စစ်တပ်ချီတက်လာသောသတင်းကိုကြားလျှင် "ယွမ်ရှီး"(Yuan Xi) နှင့်


"ယွမ်ရှန်"(Yuan Shang) တို့သည် လျောင်ရှီးသို့ပြေးပြီး ဝူးဟွမ်(Wuhuan) ပြည်နယ်မှ
ဝူးဟွမ်လူမျိုးစုတို့ ၏အကူအညီကိုတောင်းခံသည်။ ထိုအခါ ယိုကျိုးပြည်နယ်၏နယ်စားအသစ်ဖြစ်လာသော
"ဝူးဟွမ်ချူ"(Wuhuan Chu) သည် အင်အားကြီးသော "ချောင်ချောင်း"(Cao Cao) ကိုမခုခံနိုင်မှန်းသိ၍
သူ၏လက်အောက်ငယ်သားတို့အားခေါ်ပြီး သူ၏လုပ်ဆောင်ချက်ကုေ
ိ ထာက်ခံရန်ပြောသည်။
"ဝူးဟွမ်ချူ"(Wuhuan Chu) မှ

479
"ချောင်ချောင်း(Cao Cao) က လက်ရှိမှာအင်အားအကြီးဆုံးပဲ၊ ဒါကြောင့်
သူ့ကိုထောက်ခံမယ်လို့စဉ်းစားထားတယ်၊ ငါ့အကြံကိုမလိုက်နာတဲ့လူကို သေဒဏ်ပေးမယ်" ဟုပြောသည်။
လက်အောက်ခံတို့ ကလည်း သွေးဖြင့် သစ္စာဆိုကြလေသည်၊ ထိုသတ
ူ့ို အနက်မှ "ဟန်ဟန်"(Han Heng)
၏အလှည့်သို့ ရောက်သော် သူသည် သစ္စာမဆိုပဲ သူ၏ဓားကိုမြေကြီးသို့ စိုက်လိုက်ပြီး

"ကျွန်တော်က ယွမ်မိသားစုတွေရဲ့သေ
ူ ကာင်းပြုတာခံခဲ့ရတယ်၊ အခုတော့ ကျွန်တော့်သခင်က ရှုံးနိမ့်နေပြီ။
ဒါပေမယ့် သူ့ကိုကယ်တင်ဖို့ အကြံဉာဏ်လည်းမရှိဘူး ၊ သူ့အတွကေ
် သဖို့ ကလည်း
သေရဲတဲ့သတ္တိကမရှိပြန်ဘူး၊ ဒါကြောင့် တာဝန်ကိုမကျေပွန်နိုင်ခဲ့ဘူး။ ဒါပေမယ့်
သခင်အပေါ်သစ္စာဖောက်ပြီးတော့ ချောင်ချောင်း(Cao Cao) လက်အောက်မှာ အမှုမထမ်းနိုင်ဘူး" ဟု
ပြောသည်။ ထိုစကားကြောင့် ကျန်သောသူများ၏မျက်နှာဖြူဖတ်ဖြူရော်ဖြစ်သွားကြသည်။ ထိုအခါ
ခေါင်းဆောင်မှ

"ကိစ္စကြီးကိုလုပ်မယ်ဆိုရင် သစ္စာဆိုတာရှိကိုရှိရမယ်။ ဒါပေမယ့် လူတုင


ိးထောက်ခံမှ
အောင်မြင်မှုရတာမဟုတ်ပါဘူး၊ ဟန်ဟန်(Han Heng) က ဒီလုဆ
ိုတော့လည်း သူနေချင်သလိုနေပါစေ" ဟု
ပြောကာ "ဟန်ဟန်"(Han Heng) သူတို့ လူစုမှ ထွကေ
် စလိုက်သည်။

ထို့နောက် "ဝူးဟွမ်ချူ"(Wuhuan Chu) သည် မြို့ပြင်သို့ထွက်ကာ "ချောင်ချောင်း"(Cao Cao)


လက်အောက်တွင် သစ္စာခံသည်။ သူ့အား "မြောက်ပိုင်းကိုစောင့်ကြပ်သောစစ်သူကြီး"
ဟူသည့်ဘွဲ့ပေးခြင်းခံရသည်။

ထိုအချိန်တွင် အထောက်တော်တစ်ဦးရောက်လာပြီး

"စစ်သူကြီး လီတျန်(Li Dian) ၊ ယွဲကျင့်(Yue Jing) နဲ့ ကျန်းရန်(Zhang Yan) ဟာ


ဘင်းကျိုးကိုချီတက်သွားပေမယ့် ကောက်ကန်း(Gao Gan) စောင့်ကြပ်တဲ့ဟက
ွူမ်းခံတပ်ကို
မထိုးဖောက်နိုင်ဘူး" ဟူသောအကြောင်းပြောသည်။ "ချောင်ချောင်း"(Cao Cao) သည် ထိုခံတပ်သို့
သူကိုယ်တိုင်ချီတက်သွားလေသည်။ ထို့နောက် အကြံပေးတို့ ၏အကြံတောင်းရာ "ရွှင်ယု"ိ (Xun You) မှ
လူအချို့ကို သစ္စာဖောက်ပြီးပြန်ပြေးလာသည့်ပုံစံဖြင့်လွှတေ
် စရန်ပြောသည်။ ထိုအခါ "ချောင်ချောင်း"(Cao
Cao) မှ "လွီရှန်"(Lu Xiang) နှင့် "လွီခွမ်း"(Lu Kuang) ကို အမိန့်ပေးကာ လွှတ်လုက
ိသည်။
သူတို့ နှစ်ဦးသည် ခံတပ်အနီးသို့ ရောက်သော်

"ကျုပ်တို့က ယွမ်ရှောက်(Yuan Shao) လက်အောက်က အမှုထမ်းဟောင်းတွေဖြစ်ပြီး မတတ်သာလို့


ချောင်ချောင်း(Cao Cao) လက်အောက်မှာအမှုထမ်းခဲ့တယ်။ သူကငါတို့ကို
ကောင်းကောင်းမဆက်ဆံတာကြောင့် သခင်ဟောင်းဆီပြန်လာပြီး အမှုလာထမ်းတာဖြစ်တယ်။ ဒါကြောင့်
ကျုပ်တို့ကိုဝင်ခွင့်ပေးပါ" ဟု ပြောသည်။ "ကောက်ကန်း"(Gao Gan) အတန်ငယ်သံသယရှိသော်လည်း
ထိုသူနှစ်ဦးအား မြင်းပေါ်မှဆင်းစေကာ လက်နက်ကိုချ၊သံချပ်ကာတို့ကိုချွတ်စေပြီး ဝင်စေလိုက်သည်။

480
ထိုသူနှစ်ဦးတို့မှ "ကောက်ကန်း"(Gqao Gqan) အား

"ချောင်ချောင်း(Cao Cao) ရဲ့တပ်တွေက ဒီဒေသကိုမကျွမ်းသေးဘူး။ ဒါကြောင့် ဒီညနေမှာ


သူ့ရဲ့စခန်းကိုသွားတိုက်သင့်တယ်။ ခင်ဗျားသဘောတူရင် ကျုပ်တို့ ဦးဆောင်ပြီး သွားတိုက်မယ်" ဟု
ပြောသည်။

"ကောက်ကန်း"(Gao Gan) သည် ထိုသတ


ို့ကိုယုံကြည်ရန်ဆံုး ဖြတ်လိုက်ပြီး တိုက်ခိုကရ
် န်ပြင်သည်။
ထို့နောက် ညီအစ်ကိုနှစ်ဦးတို့ကို စစ်တပ်တစ်သောင်းဦးဆောင်စေသည်။ "ချောင်ချောင်း(Cao Cao)
၏စခန်းအနီးသို့ ရောက်သောအခါ အရပ်လေးမျက်နှာမှ ရန်သူတို့၏ကင်းပုန်းတပ်ထွက်လာကာ
တိုက်လေသည်။ လှည့်ဖြားခံလုက
ိရမှန်းသိလိုကေ
် သ်ာလည်း နောက်ကျသွားချေပြီ။ "ကောက်ကန်း"(Gao
Gan) သည် ခံတပ်သို့ပြန်ပြေးရန်လပ
ုသော်လည်း ခံတပ်ကို "လီတျန်"(Li Dian) နှင့် "ယွဲကျင်"့ (Yue Jing)
တို့က သိမ်းထားနှင့်ပြီ။ ထိုအခါ "ကောက်ကန်း"(Gao Gan) သည် ရှုံးနု(Xiongnu)
လူမျိုးစုတို့၏ခေါင်းဆောင်ထံထွကေ
် ပြးသည်။ "ချောင်ချောင်း"(Cao Cao) ကလည်း လူလွှတ်ကာ
တိုက်စေသည်။ "ကောက်ကန်း"(Gao Gan) သည် ရှုံးနုနယ်စပ်နားသို့ရောက်သော်
မြောက်ပိုင်းလူမျိုးစုတို့ ၏ခေါင်းဆောင် (သို့ ) ခန်(Khan) "ချဲ့ရှန်"(Ce Xian) နှင့်တွေ့သည်။
"ကောက်ကန်း"(Gao Gan) သည် မြင်းပေါ်မှဆင်းကာ အရိုအသေပြုပြီး

"ချောင်ချောင်း(Cao Cao) က တခြားနယ်မြေတွေလိုကသ


ိမ်းနေတာ၊ မကြာခင်မှာ
ဘုရင်မင်းမြတ်ရဲ့နယ်မြေကိုပါ ကျူးကျော်လိမ့်မယ်။ ဒါကြောင့် ကျွန်တော်တို့အတူတူ
မြောက်ပိုင်းဒေသကိုကာကွယြ် ကရအောင်" ဟုပြောလေသည်။ "ချဲ့ရှန်"(Ce Xian) မှ

"ချောင်ချောင်း(Cao Cao) နဲ့ ငါနဲ့က ရန်ငြိုးရန်စမှမရှိတာ၊ ဘာလို့ငါ့နယ်ကို ကျူးကျော်မှာလဲ။ မင်းက


သူနဲ့ငါ့ကိုရန်တိုကေ
် ပးချင်တာလား" ဟု ပြောသည်။ ထို့နောက် "ကောက်ကန်း"(Gao Gan) ကို
ပြန်လတ
ွှ်လုက
ိသည်။

"ကောက်ကန်း"(Gao Gan) သည်လည်း ချောင်ပိတ်နေသည့်အဆုံးတွင် "လျူပြောင်း"(Liu Biao) ထံတွင်


ခိုလံရ
ှု န်ကြံသည်။ ရှန်းလုသို့အရောက်တွင် မြို့စား"ဝမ်ရန်"(Wang Yan) မှ သူ့ကိုဖမ်းမိပြီး ခေါင်းဖြတ်ကာ
"ချောင်ချောင်း(Cao Cao) ထံပို့လိုက်လေသည်။ "ဝမ်ရန်"(Wang Yan) သည်
ဂုဏ်ထူးဆောင်ဘွဲ့ရလေသည်။

သို့နှင့် ဘင်းကျိုးကိုအောင်နိုင်ခဲ့ပြီ၊ ပြီးနောက် "ချောင်ချောင်း(Cao Cao) သည်


ဝူးဟွမ်ပြည်နယ်ကိုသမ
ိးရန်ကြံသည်။ "ချောင်ဟန
ု"(Cao Hong) မှ

481
"ယွမ်ရှီး(Yuan Xi) နဲ့ ယွမ်ရှန်(Yuan Shang) မှာ ဘာမှမကျန်တော့ဘူး၊ ဒါကြောင့်
သူတို့ ကိုကြောက်စရာမလိုဘူး။ သူတို့က သဲကန္တာရအထိတောင်ထွက်ပြေးသွားကြပြီ။
သူတို့ နောက်ကိုလိုက်နေရင် လျူပြောင်း(Liu Biao) နဲ့ လျူဘေ့(Liu Bei) က
မြို့တော်ကိုလာတိုက်နိုင်တယ်။ အဲ့လိုသာဆို ကျွန်တော်တို့ မြို့တော်ကိုပြန်သွားကူနိုင်မှာမဟုတ်ဘူး၊
ဒါကြောင့်မို့လို့ ရွှီချန်ကိုပြန်သင့်ပါတယ်" ဟု ပြောသည်။ သို့သော်လည်း "ကောကျား"(Guo Jia) မှ

"ခင်ဗျားပြောတာမှားတယ်၊ ကျုပ်တို့ရဲ့သခင်ဟာ အင်အားကြီးပေမယ့်လည်း မြောက်ပိုင်းကလူတွေက


သဲကန္တာရကိုအားကိုးပြီး ဘာမှပြင်ဆင်မှုမလုပ်ထားဘူး၊ ဒါကြောင့်သူတို့ကိုတိုက်ခိုက်ပြီး အောင်နိုင်ရမယ်။
ဒါ့အပြင် ယွမ်ရှောက်(Yuan Shao) ကော၊ သူ့သားနှစ်ယောက်လုံးကပါ
အဲ့ခြေသလုံးအိမ်တိုင်တွေကိုကောင်းကောင်းဆက်ဆံခဲ့တယ်။ သူတို့ ကိုဖြိုခွဲမှဖြစ်မယ်။ လျူပြောင်း(Liu
Biao) ကတော့ ဘာမှမှုစရာမလိုပါဘူး၊ လျူဘေ့(Liu Bei) ကတော့
လုပ်ငန်းကြီးတွေကိုလုပ်ဆောင်နိုင်တဲ့လူမဟုတ်ဘူး၊ဒါကြောင့် ရန်သူကိုဆက်လုက
ိလည်း သူတို့က
မြို့တော်ကိုတိုကမ
ှ်ာမဟုတ်ဘူး" ဟု ပြောလေသည်။ "ချောင်ချောင်း"(Cao Cao) မှ

"ကောကျား(Guo Jia) ပြောတာ မှန်တယ်" ဟု ဆိုသည်။

ထို့နောက် "ချောင်ချောင်း"(Cao Cao) သည် လောက်လွှဲကြီးများပါဝင်သောတပ်မကြီးနှင့်


ဂိုဘသ
ီဲကန္တာရကိုဖြတ်လေသည်။ သဲကန္တာရအတွင်းတွင်
လေပြင်းတို့ကလည်းကြမ်းတမ်းသလိုလမ်းခရီးကလည်း ဆိုးဝါးရကား ဆက်ချီတက်ရန်ခက်ခဲလာသည်။
"ချောင်ချောင်း"(Cao Cao) သည်ပင်လျှ င် တပ်ပြန်ဆုတ်ရန်စိတ်ကူးလျက်ရှိပြီး ၎င်းကို "ကောကျား"(Guo
Jia) နှင့်တုင
ိပင်သည်။ "ကောကျား"(Guo Jia) မှာ ရာသီဥတုဒဏ်ကြောင့် အပြင်းအထန်ဖျားနာနေခဲ့သည်။
"ချောင်ချောင်း"(Cao Cao) မှ မျက်ရည်ကျကာ

482
"သူငယ်ချင်း၊ ဂိုဘီသက
ဲ န္တာရကိုသိမ်းဖို့ ငါ့အိပ်မက်အတွက် မင်းအနစ်နာခံခဲ့ရပြီ။ ဒီလိုနေမကောင်းဖြစ်တာ
စိတမ
် ကောင်းဘူး" ဟု ပြောသည်။

"သခင်ကြီးက ကျွန်တော့်အပေါ်အမြဲတမ်းကောင်းခဲ့တာ ပြန်မပေးဆပ်နိုင်ခဲ့ဘူး"

"ဒီနေရာက ကြမ်းတမ်းတယ်၊ ဒါကြောင့် ပြန်လှည့်ဖို့စဉ်းစားနေပြီ၊ ဒါကိုဘယ်လိုထင်လဲ"

"ဒီတိုက်ပွဲမှာလျင်မြန်မှုက အရေးကြီးတယ်။ မြန်မြန်ဆန်ဆန်ချီတက်နိုင်တ့စ


ဲ စ်သားတွေနဲ့
လမ်းကောင်းကနေတစ်ဆင့် ရန်သူတွေအဆင်သင့်မပြင်နိုင်ခင်မှာတိုက်ရမယ်။ ဒါကြောင့်
လမ်းညွှန်နိုင်တဲ့လူကို ရှာသင့်တယ်"

ထို့နောက် နေမကောင်းဖြစ်နေသော "ကောကျား"(Guo Jia) ကို ရဲ့ကျိုးတွင်ပင် နားနေစေသည်။


ထိုဒေသကိုကျွမ်းကျင်သရ
ှူာရာ ယွမ်ရှောက်(Yuan Shao)
လက်အောက်တွင်အမှုထမ်းခဲ့ဖူးသော"ထျန်းချို"(Tian Chou) ဟူသောအမည်ရှိသည့်သူကို တွေ့သည်။
ထိုသူမှ

"ဆောင်းဦးနဲ့နွေအကြားမှာ ဒီနေရာက ရေတွေပြည့်နေတယ်။ ရေတိမ်တ့ေ


ဲ နရာကိုတော့
လှည်းတွေတောင်မဖြတ်နိုင်ဘူး ၊ နက်တဲ့နေရာမှာ လှေတွေတောင်မလုံလောက်ဘူး။ ဒါကြောင့်
လူလုံကိုသွားပြီး ပိုင်ထန်ခံတပ်ကတစ်ဆင့် ကန္တာရကိုဖြတ်သင့်တယ်။ ပြီးရင် လျူချန်ကိုချီတက်ပြီး
ရန္သေ
ူ တြကိုတိုက္ပါ။ ဒီလိုသာဆို ဘုရင် မောင်တန
ွ်း(Mao Dun) ကိုရှင်းနိုင်မှာပါ" ဟုပြောသည်။

ထိုတန်ဖိုးရှိသောအကြံအတွက် "ထျန်းချို"(Tian Chou) အား "မြောက်ပိုင်းကိုအေးချမ်းစေသောစစ်သူကြီး"


ဟူသည့်ဘွဲ့ပေးလိုက်ပြီး ထိုခရီးကိုခေါင်းဆောင်စေသည်။ နောက်ဘက်မှ "ကျန်းလျောင်"(Zhang Liao) ၊
ထိုအနောက်မှ "ချောင်ချောင်း"(Cao Cao) ကလိုက်သည်။ "ထျန်းချို"(Tian Chou) သည်
"ကျန်းလျောင်"(Zhang Liao) အား မြေခွေးဖြူတောင်ကုန်းသို့ခေါ်သွားပြီး ထိုနေရာတွင် "ယွမ်ရှီး"(Yuan Xi)
၊ "ယွမ်ရှန်"(Yuan Shang) ၊ ဘုရင် "မောင်တွန်း"(Mao Dun) တို့ဦးဆောင်သော
မြင်းတပ်တစ်သောင်းနှင့်ရင်ဆုင
ိရသည်။ ရန်သူတို့သည် ဗျူဟာမဖြန့်ခင်းထားပဲ
ပြန့်ကျဲနေသည်ကုေ
ိ တွ့သောအခါ "ချောင်ချောင်း"(Cao Cao) သည်

"ရန်သူတွေက ဘာဗျူဟာမှ မခင်းထားဘူး။ သူတို့ ကို အလွယတ


် ကူတိုက်နိုင်တယ်" ဟု ပြောသည်။

ထို့နောက် "ကျန်းလျောင်"(Zhang Liao) ၊ "ရွှီချူ"(Xu Chu) ၊ "ယွီကျင့်"(Yu Jin) နှင့် "ရွှီဟွမ်"(Xu Huang)
တို့ကို နေရာလေးနေရာမှချီတက်စေရာ ရန်သူတို့မှာ အရှုပ်အထွေးဖြစ်သွားသည်။ "ကျန်းလျောင်"(Zhang
Liao) သည် ဘုရင် "မောင်တွန်း"(Mao Dun) ကို သတ်လိုကရ
်ာ အခြားစစ်သူကြီးတို့လက်နက်ချကြသည်။

483
"ယွမ်ရှီး"(Yuan Xi) နှင့် "ယွမ်ထန်"(Yuan Shang) တို့သည် မြင်းတပ်သုးံ လေးထောင်နှင့်
လျောင်တုန်းသို့ ထွကေ
် ပြးသည်။

"ချောင်ချောင်း"(Cao Cao) သည် လျူချန်မြို့ကိုသိမ်းပြီး "ထျန်းချို"(Tian Chou) ကို ထိုမြို့


မြို့စားအဖြစ်ခန့်ရာ "ထျန်းချို"(Tian Chou) မှ မျက်ရည်ကျကာ

"ကျွန်တော်က ဝရမ်းပြေးတစ်ဦးပါ။ ကျွန်တော့်ကို မသတ်တာနဲ့တင်


ကျွန်တော်ကတော်တော်ကံကောင်းနေပါပြီ၊ လူလုံမြို့ကိုသစ္စာဖောက်ပြီး ရာထူးဘယ်ယူရဲပါ့မလဲ။
အဲ့အစားသေတာကမှ တော်ဦးမယ်" ဟု ပြောကာ ငြင်းလိုက်သည်။ သို့နှင့် "ချောင်ချောင်း"(Cao Cao)
ကလည်း "ထျန်းချို"(Tian Chou) ကို နန်းတွင်းအမှုထမ်းအဖြစ်ခန့်အပ်လိုက်လေသည်။ ထို့ နောက်
ရှုံးနုခေါင်းဆောင်တို့နှင့် ငြိမ်းချမ်းရေးယူကာ တပ်ပြန်ဆုတ်လာသည်။

ရာသီကား ဆောင်းရာသီဖြစ်ပြီး အေးခဲခြောက်သွေ့သောအချိန်ပင်ဖြစ်သည်။ မိုင်ခုနှစ်ဆယ်ပတ်လည်တင


ွ်
ရေမရှိ၊ စားစရာကလည်း ရှားပါးလေသည်။ စစ်သားတို့ မှာ မြင်းသားတို့ ကိုစားရသည်၊ ရေရရန်အတွက်
မြေအောက်အနက်ကြီးတူးရလေသည်။ "ချောင်ချောင်း"(Cao Cao) ရဲ့ကျိုးသို့ရောက်သောအခါ
စစ်မချီတက်ရန်တားမြစ်သောလူတို့ကို ဆုပေးသည်။ "ချောင်ချောင်း"(Cao Cao) မှ

"ငါက ဒီစစ်ပွဲကိုအရဲစွန့်တာ ကံကောင်းတော့အောင်မြင်သွားတယ်။ မင်းတို့ အကြံကို ငါ


မနားထောင်ခဲ့ပေမယ့်လည်း ဒါက လုံခြုံမှုအတွကေ
် ပးတဲ့အကြံမို့လို့ ဆုပေးတာ။ အနာဂတ်မှာလည်း
ကိုယ့်အကြံကို မကြောက်မဝံ့ပဲ ရဲရဲသာပြောပါ" ဟု ပြောသည်။ "ကောကျား"(Guo Jia) သည်
သူ့သခင်၏ပြန်အလာကို မမှီလိုက်ပေ။ သူ၏အခေါင်းကို ဝန်ထမ်းတို့၏ခန်းမဆောင်တွင်ထားထားသည်။
"ချောင်ချောင်း"(Cao Cao) သည် ထိုနေရာသို့သွားကာ

"ဪ၊ ကောင်းကင်ကြီးက ငါ့အပေါ်မတရားဘူး။ ကောကျား(Guo Jia) က သေဆုံးသွားခဲ့ပြီ" ဟု ပြောကာ


ငိုလေသည်။ ထို့ နောက် သူ၏နောက်လိုက်တို့ ဘက်လှည့်ကာ

"ခင်ဗျားတို့ တွေကတော့ ကျုပ်နဲ့အသက်သိပ်မကွာဘူး။ ဒါပေမယ့် သူကတော့


သေဆုံးဖို့အရမ်းငယ်သေးတယ်။ သူ့ကိုအနာဂတ်မျိုးဆက်တွေအတွက် လိုအပ်သေးတယ်၊ သူက
အရွယ်ကောင်းမှာ ခွဲခွာသွားခဲ့ပြီ။" ဟု ပြောသည်။

ထို့နောက် "ကောကျား"(Guo Jia) ၏အစေခံတို့ က "ကောကျား"(Guo Jia) ရေးခဲ့သောနောက်ဆုံးစာကို


"ချောင်ချောင်း"(Cao Cao) အားပေးပြီး

"ဝန်ကြီးချုပ်သာ ဒီစာထဲကအတိုင်းလိုက်နာရင် လျောင်တုန်းမြို့အတွက် စိုးရိမ်စရာမရှိဘူး


လို့ပြောသွားခဲ့ပါတယ်" ဟု ဆိုသည်။ "ချောင်ချောင်း"(Cao Cao) သည် ထိုစာကိုဖွင့်ကာဖတ်လေသည်။

484
ဖတ်ပြီးနောက်ဝယ် "ချောင်ချောင်း"(Cao Cao) သည် ခေါင်းကိုတဆတ်ဆတ်ညိတ်ကာ သက်ပြင်းချသည်။
ထိုစာထဲတွင် မည်သည်ကိုရေးထားမှန်း မည်သူမှမသိပေ။

ထိုအချိန်တွင် "ရှဟိုတွန်း"(Xiahou Dun) ရောက်လာပြီး

"ယွမ်ညီအစ်ကုန
ှိစ်ဦးဟာ လျောင်တုန်းက ကုန်းစွန်းခန်း(Gongsun Kang) ဆီမှာ ခိုလှုံဖို့သွားတယ်။
သူတို့ လက်မဦးခင် ကျွန်တော်တို့ အရင်တိုက်ရင် မကောင်းဘူးလား" ဟု ပြောသည်။ "ချောင်ချောင်း"(Cao
Cao) မှ

"စစ်သူကြီးတွေ စိတ်ပူစရာ မလိုပါဘူး။ မကြာခင်မှာ ရန်သူနှစ်ယောက်ရဲ့ခေါင်း ဒီရောက်လာလိမ့်မယ်" ဟု


ပြောသည်။ သို့သော်လည်း လက်အောက်ငယ်သားတို့ က မယုံကြပေ။

"ယွမ်ရှီး"(Yuan Xi) နှင့် "ယွမ်ရှန"် (Yuan Shang) တို့ သည် မြင်းတပ်အနည်းငယ်ဖြင့်


ထွက်ပြေးလွတ်မြောက်သွားသည်။ လျောင်တုန်းမြို့စား "ကုန်းစွန်းခန်း"(Gongsun Kang) မှာ
ဟန်တိုင်းပြည်၏စစ်သူကြီးဖြစ်ခဲ့သော "ကုန်းစွန်းတု"(Gongsun Du) ၏သားဖြစ်ပြီး
ရှန်းဖင်အရပ်သားဖြစ်သည်။ ယွမ်ညီအစ်ကိုတို့ သူ၏နယ်အတွင်းလာသည်ကြို ကားသော်
သူ၏လက်အောက်ငယ်သားတို့ကိုခေါ်ကာတိုင်ပင်သည်။ ထိုဆွေးနွေးပွဲတင
ွ် "ကုန်းစွန်းကုန်း"(Gongsun
Gong) မှ

"ယွမ်ရှောက်(Yuan Shao) အသက်ရှိစဉ်တုန်းက ဒီနယ်မြေကိုသိမ်းဖို့လုပ်ခဲ့တယ်။ အခုသူ့သားတွေက


အိုးမဲ့အိမ်မဲ့ဖြစ်တော့ ဒီမှာခိုလံဖ
ှို့လုပ်တယ်။ သူတို့ ကိုကူညီရင် ကျွန်တော်တို့ ပါဒုက္ခရောက်မယ်။ ဒါကြောင့်
သူတို့ ကိုသတ်ပြီး ခေါင်းကို ချောင်ချောင်း(Cao Cao) လက်အပ်လိုက်တာ ကောင်းမယ်" ဟု ဆိုသည်။

"ကုန်းစွန်းခန်း"(Gongsun Kang) : "ငါစိုးရိမ်တာက ချောင်ချောင်း(Cao Cao) က ပြီးရင်


ငါတို့ ကိုပါလာတိက
ု မ
ှ်ာကိုပဲ။ ဒီလုသ
ိာဆို ယွမ်ညီအစ်ကိုနဲ့ပူးပေါင်းတာပိုကောင်းမယ်"

"ဒါဆိုလည်း သူလျှိုတွေလွှတ်ပြီး ချောင်ချောင်း(Cao Cao) ရဲ့အခြေအနေကိုစုံစမ်းပေါ့။ သူ့စစ်တပ်က


တိုက်ခိုက်ဖို့လုပ်ရင် ယွမ်ညီအစ်ကုန
ိဲ့ပေါင်းပြီးပြန်တိုက်တာပေါ့။ အဲ့လုမ
ှိမဟုတ်ရင်
ကျွန်တော့်အကြံအတိုင်းပဲလုပ်ပါ"

ထိုအကြံအတိုင်းလုပ်လိုက်ပြီးလျှင် သူလျှိုတို့ပြန်လာမည့်အချိန်ကို စောင့်နေသည်။

ထိုအချိန်တွင် "ယွမ်ရှီး"(Yuan Xi) နှင့် "ယွမ်ရှန်"(Yuan Shang) တို့ သည် လျောင်တန


ုးနားရောက်သော်

"လျောင်တုန်းမှာ ချောင်ချောင်း(Cao Cao) ကို တိုကန


ိုင်လောက်တဲ့စစ်တပ်ကြီးရှိတယ်။ ငါတို့ တွေ
အဲ့မြို့စားဆီမှာအရင်ခိုလှုံပြီး အခွင့်ရရင် သူ့ကိုသတ်ပြီးတော့ စစ်တပ်ကိုချုပ်ကိုင်ပြီး

485
ဆုံးရှုံးသွားတဲ့နယ်တွေကို ပြန်သိမ်းရမယ်" ဟုပြောသည်။ ညီအစ်ကုန
ှိစ်ဦးတို့ လည်း လျောင်တန
ုးနှင့်သွားရာ
"ကုန်းစွန်းခန်း"(Gongsun Kang) က ဧည်ခ
့ န်းဆောင်တွင်ထားစေပြီး အကြောင်းတစ်ခုပြကာ
ထွက်မတွေ့သေးပေ။

ရက်အနည်းငယ်ကြာသော် သူလျှိတို့ ပြန်ရောက်လာပြီးလျှင် "ချောင်ချောင်း(Cao Cao) ၏တပ်မှာ


စစ်တုက
ိရန် အလားအလာမရှိကြောင်းပြောလေသည်။ ထိုအခါမှသာ "ကုန်းစွန်းခန်း"(Gongsun Kang)
သည် ယွမ်ညီအစ်ကုန
ှိစ်ဦးကိုတွေ့ရန်ခေါ်လိုက်ပြီး အနောက်ဘက်တွင်
လူသတ်သမားအချို့ကိုပုန်းခိုင်းထားစေသည်။

ညီအစ်ကိုနှစ်ဦးတို့ရောက်သော် ထိုင်ရန်နေရာပေးသည်။ အင်မတန်အေးသောရာသီဖြစ်ပြီး ထိုင်ခုံတွင်


အခင်းမရှိသောအခါ "ယွမ်ရှန်"(Yuan Shang) မှ

"အောက်ခံအခင်းပေးလို့ ရမလား" ဟု မေးလေရာ "ကုန်းစွန်းခန်း"(Gongsun Kang) မှ

"မင်းတို့ခေါင်းတွေက ခရီးအရှည်ကြီးသွားရမှာ အခင်းလိုသေးလို့လား" ဟု ပြောလိုက်ရာ "ယွမ်ရှန"် (Yuan


Shang) သည် ကြက်သေသေသွားသည်။ ယွမ်ညီအစ်ကိုနှစ်ဦး မည်သို့ မှမပြုမူနိုင်ခင်မှာပင်
"ကုန်းစွန်းခန်း"(Gongsun Kang) မှ

"ဘာလို့ မစသေးတာလဲ" ဟု အော်လိုက်ရာ လူသတ်သမားတို့ထွက်လာပြီး


ညီအစ်ကိုနှစ်ဦးကိုသတ်လုက
ိသည်။ ထို့နောက် ခေါင်းတို့ ကို သေတ္တာဖြင့်ထည့်ပြီး ရဲ့ကျိုးမှ
"ချောင်ချောင်း"(Cao Cao) ထံစောင့်လိုက်သည်။

ထိုအချိန်တွင် "ချောင်ချောင်း"(Cao Cao) သည် တည်ငြိမ်စွာစောင့်နေသည်။


သူ၏လက်အောက်ငယ်သားတို့က စိတ်မရှည်တော့ပဲ

"ကျွန်တော်တို့ မြို့တော်ကိုအမြန်ချီတက်ပြီး လျူပြောင်း(Liu Biao) ကို တိုကသ


် င့်ပါတယ်" ဟုပြောသည်။
"ချောင်ချောင်း"(Cao Cao) မှ

"ငါ ရန်သူ့ ရဲ့ခေါင်းကိုစောင့်နေတာ၊ ခေါင်းရောက်တာနဲ့ မြို့တော်ကိုပြန်မယ်" ဟု ပြန်ပြောသည်။


လက်အောက်ငယ်သားတို့ က မယုံနိုင်ပဲ စိတ်ထဲမှ ကြိတ်ရယ်ကြသည်။ ထိုအချိန်တွင်ပင် လျောင်တုန်းမှ
ဆက်သားရောက်လာပြီး ခေါင်းနှစ်လုံးကိုလာပို့ ရာ အကုန်လုံးအံ့အားသင့်သွားကြသည်။ ထို့ နောက်
ထိုဆက်သားသည် "ကုန်းစွန်းခန်း"(Gongsun Kang) ဆီမှစာကို ပြသည်။ "ချောင်ချောင်း"(Cao Cao) မှ

486
"ကောကျား(Guo Jia) ပြောထားတဲ့အတိုင်းပဲ" ဟုဆိုလေသည်။ ထို့နောက် "ချောင်ချောင်း"(Cao Cao)
သည် ဆက်သားကိုဆုပေးပြီး လျောင်တုန်းမြို့စားကိုလည်း ရှန်ဖင်သခင်၊ လက်ဝဲတပ်စစ်သူကြီး
စသောရာထူးများပေးလေသည်။

စစ်သြူ ကီးတို့က အကြောင်းအရင်းကိုမေးရာ "ချောင်ချောင်း"(Cao Cao) သည် " ကောကျား"(Guo Jia)


၏နောက်ဆုံးစာကို ဖတ်ပြသည်။

'ယွမ်ရှီး(Yuan Xi) နဲ့ ယွမ်ထန်(Yuan Tan) က လျောင်တုန်းကိုသွားလိမ့်မယ်။ သခင်ကြီးက


တိုက်ခိုက်ဖို့မလုပ်ပါနဲ့။ ကုန်းစွန်းခန်း(Gongsun Kang) က သူ့ဘဝတစ်လျှောက်လုံးယွမ်မိသားစုရဲ့
အန္တရာယ်ကိုစိုးရိမ်ခဲ့တာ။ အဲ့ညီအစ်ကိုနှစ်ယောက် သူ့ဆီရောက်လာရင် သူဆုံးဖြတ်ချက်ချဖို့
တွန့်ဆုတ်နေလိမ့်မယ်။ သခင်ကြီးသာ တိုကရ
် င် သူက ယွမ်ညီအစ်ကိုကို ကူညီလိမ့်မယ်၊
သခင်ကြီးကစောင့်ရင်တော့ သူတို့က အချင်းချင်းလုပ်ကြံပြီး အကျိုးရှိမှာအမှန်ပါပဲ'

တကယ်ဖြစ်လာခဲ့သောအဖြစ်အပျက်တို့ နှင့် "ကောကျား"(Guo Jia) ၏ခန့်မှန်းချက်မှာ


ထပ်တူကျနေရကား အမှုထမ်းတို့ မှာ ထခုန်မတတ်အံ့ဩသွားကြသည်။ "ချောင်ချောင်း"(Cao Cao)
သည်ထပ
ိဆုံးတွင်နေပြီး အခြားသောအမှုထမ်းတို့နှင့်အတူ "ကောကျား"(Guo Jia) ၏အခေါင်းရှေ့တင
ွ်
ပူဇော်ပသကြသည်။ "ကောကျား"(Guo Jia) သည် အသက်သုံးဆယ့်ရှစ်နှစ်တွင် သေဆုံးခဲ့ပြီး စစ်ပွဲတို့ တွင်
တစ်ဆယ့်တစ်နှစ်တာ စွမ်းစွမ်းတမံ တာဝန်ထမ်းဆောင်ခဲ့သည်။

"ချောင်ချောင်း"(Cao Cao) သည် ကျိကျိုးသို့ရောက်လျှင် သူ၏အကြံပေးအခေါင်းကို ရွှီချန်သို့ ပို့ပြီး


မြှုပ်နှံစေသည်။ "ချန်ယီ"ွ (Cheng Yu) နှင့်အခြားသူတို့က

"မြောက်ပိုင်းကိုသိမ်းပြီးပြီဆိုတော့ တောင်ပိုင်းကိုတိုက်ဖို့အချိန်ရောက်ပြီ" ဟု ပြောသည်။


"ချောင်ချောင်း"(Cao Cao) မှ

"ငါ အဲ့လိုစဉ်းစားထားတာကြာပြီ" ဟု ပြောသည်။ ကျိကျိုးတွင် နေသော နောက်ဆုံးညတွင်


"ချောင်ချောင်း"(Cao Cao) သည်အရှေ့ဘက်ပြဿဒ်တွင်ရှိနေပြီး နံဘေးတွင် "ရွှင်ယ"ို (Xun You) ရှိသည်။
"ချောင်ချောင်း"(Cao Cao) မှ

"တောင်ဘက်မှာ တအားတောက်ပတဲ့အလင်းရောင်ကုေ
ိ တွ့တယ်၊ ငါ ဘာမှမလုပ်နိုင်လိုက်ဘူး" ဟု
ပြောသည်။ "ရွှင်ယ"ို (Xun You) မှ

"သခင်ကြီးကိုဆန့်ကျင်တဲ့အရာက ဘာများလဲ" ဟု ပြောသည်။

487
ထိုအချိန်တွင်ပင် မြေကြီးထဲမှအလင်းရောင်ထွက်ပေါ်လာသည်။ "ရွှင်ယု"ိ (Xun You) မှ

"ဒီထမ
ှဲာ ရတနာတစ်ခုခုရှိတာ သေချာတယ်" ဟုပြောသည်။ သူတို့ နှစ်ဦးသည် အောက်သို့ဆင်းပြီး
အစောင့်တို့ ကိုခေါ်ကာ ထိုအလင်းရောင်ထွက်သောနေရာမှ မြေကြီးကိုတူးစေသည်။

488
အခန်း(၃၄)
ကန့်လန့်ကာနောက်ကွယ်မှ ချိုက်အမျိုးသမီးက လျှ့ဝ
ှိုက်ချက်ကို ကြားသိခြင်း၊
တဲ့လ(ူ Dilu)မြင်းက ထန်(Tan) ရေစီးကြောင်းကို ဖြတ်၍ သူ၏သခင်ကို သယ်ဆောင်သွားခြင်း။

ထိုရွှေရောင်အလင်းရောင်ထွကေ
် နသောနေရာကို တူးကြရာ ကြေးညိုငှကရ
်ုပ်ကို တွေ့လေသည်။
“ချောင်ချောင်း”(Cao Cao) က သူ၏အဖော်ကို အဓိပ္ပာယ်ပြန်ခိုင်းရာ “ရွှင်ယို”(Xun You) က “ရွှန်း (Shun)
မင်းမြတ် မမွေးခင်က သူ့မယ်တော်က ကျောက်စိမ်းငှက်ကို အိပ်မက်မက်တယ်ဆုတ
ိာကို အရှင်မှတ်မိပါသလား ၊
ဒါကြောင့် ကောင်းမွန်တဲ့ နိမိတ်ပဲဖြစ်ပါတယ်။” ဟုဆိုလေသည်။
“ချောင်ချောင်း”(Cao Cao) လည်းလွန်စွာကျေနပ်ပြီး ချက်ချင်းပင် မျှော်စင်တစ်ခုဆောက်လုပ်စေသည်။ Zhang
မြစ်ကမ်းတွင် ကြေးညိုငှက်မျှော်စင်ကို တစ်နှစ်အတွင်းဆောက်လုပ်စေလေသည်။ “ချောင်ချောင်း”(Cao Cao)
၏သားအငယ် “ချောင်ကျီ”(Cao Zhi) က “မျှော်စင်တစ်ခုဆောက်ရင် ဘေးတစ်ဖက်တစ်ချက်စီကနေ
တစ်ခုစီထပ်ဆောက်သင့်တယ်။ အလယ်က အမြင့်ဆံုး မျှော်စင်ကို ကြေးညိုငှက်မျှော်စင်လို့ နာမည်ပေးပြီး
ဘေးမျှော်စင်တွေက ကျောက်စိမ်းနဂါးမျှော်စင်နဲ့ ရွှေရောင်ဖီးနစ်မျှော်စင်လို့ ခေါ်မယ်။ ပြီးရင် သူတု့က
ို
မိုးပျံတံတားတွေနဲ့ ဆက်သယ
ွ်လိုက်ရင် သိပ်ကို နန်းဆန်သွားလိမ့်မယ်။” ဟုဆိုလေသည်။ “ချောင်ချောင်း”(Cao
Cao) က “ငါ့သား ၊ မင်းပြောတာတွေက သိပ်ကောင်းတယ်။ ဒီအဆောက်အအုံသာပြီးရင် ငါ့ရဲ့ နေ၀င်ချိန်ကို
ဒီမှာပဲ အေးအေးချမ်းချမ်းကုန်ဆုံးမယ်။” ဟု ပြောလေသည်။
“ချောင်ချောင်း”(Cao Cao) တွင် သား ၅ ယောက်ရှိရာ “ချောင်ကျီ”(Cao Zhi) မှာ
စာအရေးအသားကောင်းမွန်ပြီး အထူးချွန်ဆံုး ဖြစ်သည်။ ငယ်ရွယ်စဉ်မှာပင် ၎င်းဆောက်လုပ်နေသော မျှော်စင်ကို
စိတဝ
် င်စား၍ လွန်စွာ အားရလေသည်။ ၎င်းကို အစ်ကိုဖြစ်သူ "ချောင်ဖ"ီ (Cao Pi)နှင့်အတူ အလုပ်ကို
ကြီးကြပ်ရန် ရဲ့ကျွင်းတွင် ထားခဲ့ပြီး “ချောင်ချောင်း”(Cao Cao) က ယွမ်မျိုးနွယ်လက်အောက်ခံ စစ်သား ၅
သိန်းနှင့်အတူ မြို့တော်ကို ပြန်လေသည်။
ပြန်ရောက်သော် ဆုလာဒ်များချီးမြှင့်ပြီး ကွယ်လွန်သူ "ကောကျား"(Guo Jia) ကို
“မြင့်မြတ်သောအရှင်သခင်”ဘွဲ့အပ်နှင်းလေသည်။ "ကောကျား"(Guo Jia) ၏သား "ကောရဲ့"(Guo Ye) ကို
ခေါ်ယူမွေးစားလေသည်။
နောက် “ချောင်ချောင်း”(Cao Cao) သည် “လျူပြောင်း”(Liu Biao) ၏အင်အားကိုလျှော့ချရန် ကြံစည်လေသည်။
“ရွှင်ယို”(Xun You) က “စစ်တပ်ဟာ အခုမှ မြောက်ဖက်ကပြန်လာပြီး အနားယူဖို့ လိုအပ်နေပါတယ်။
နှစဝ
် က်စောင့်လို့ စစ်သားတွေဟာ အားပြန်ပြည့်လာရင် “လျူပြောင်း”(Liu Biao) နဲ့ “စွန်းချွမ်”(Sun Quan) ကို
လွယလ
်ွယ်လေး အောင်နိုင်မှာပါ။” ဟုဆသ
ို ည်။ “ချောင်ချောင်း”(Cao Cao) က လက်ခံပြီး သူ၏တပ်များအတွက်
အနားယူနေစဉ် ကြွယဝ
် စေရန် နယ်မြေများ ၀ခြေမ်းပေးထားလေသည်။
ကျင်ကျိုး တွင် “လျူပြောင်း”(Liu Biao) သည် လာရောက်ခိုလံေ
ှု သာ “လျူဘေ့”(Liu Bei) အပေါ် လွန်စွာ
ရက်ရောလေသည်။ တစ်နေ့ စားပွဲကျင်းပနေစဉ် အညံ့ခံပြီးသော စစ်သူကြီး “ကျန်းဝူ”(Zhang Wu) နှင့်
“ချန်စွန်း”(Chen Sun) တိ့သ
ု ည် ကျန်းရှ တွင် ပြည်သူများထံမှ ခိုးယူလုယက်နေသည့်သတင်းရောက်လာသည်။
ပုန်ကန်ရန် ရည်ရွယ်သည်ပင်ဖြစ်သည်။

489
“လျူပြောင်း”(Liu Biao): “သူတို့သာ ပုန်ကန်ရင် ပြဿနာကြီးလိမ့်မယ်။”
“လျူဘေ့”(Liu Bei): “စိတ်ပူတော်မမူပါလင့် ၊ ကျနော်သွားပြီး ဖြေရှင်းပါမယ်။”
“လျူပြောင်း”(Liu Biao) လည်း ကျေနပ်ကာ စစ်သား ၃ သောင်းကို ပေးအပ်ပြီး ချက်ချင်းချီစေသည်။
ရောက်လျှင်ရောက်ချင်း သူပုန် ၂ ဦးက ထွက်ကာ စိန်ခေါ်လေသည်။ “လျူဘေ့”(Liu Bei)၊ “ကွမ်းယွ”ီ (Guan
Yu)၊ “ကျန်းဖေး”(Zhang Fei) နှင့် “ကျောက်ယင
ွ ”် (Zhao Yun) တို့သည် အလံအောက်တွင် ရပ်ပြီး
ရန်သူများကို မျှော်ကြည့်လေသည်။ “ကျန်းဝူ”(Zhang Wu) သည် လှပသော မြင်းကို စီးထားသည်ကို မြင်သော်
“လျူဘေ့”(Liu Bei) က “သူ့မှာ မြင်းကောင်းရှိတာပဲ” ဟုဆိုလေသည်။
ချက်ချင်းပင် “ကျောက်ယင
ွ ”် (Zhao Yun) က မြင်းကို ဒုန်းစိုင်းပြီး လှံကိုင်ကာ ရန်သူထံ ပြေးဝင်သွားသည်။
တိုက်ခိုက်မှုမှာ လွန်စွာတိုတောင်းပြီး လှံချက်နှင့် “ကျန်းဝူ”(Zhang Wu) သေလေသည်။ ထို့နောက်
“ကျောက်ယွင်”(Zhao Yun) က သေသူ၏မြင်းကို ဆွဲကာ ပြန်လာလေသည်။ “ချန်စွန်း”(Chen Sun) က
နောက်မှလုက
ိလာရာ “ကျန်းဖေး”(Zhang Fei) က ကျယ်လောင်စွာ အော်ဟစ်ပြီး ရင်ဆိုင်လေသည်။
ပထမတစ်ချက်နှင့်ပင် သူပုန်ကိုနှိမ်နင်းလိုက်သည်။ နောက်လိုက်များမှာ ပြန့်ကျဲသွားလေသည်။ “လျူဘေ့”(Liu
Bei) က ကျန်းရှ ကို တည်ငြိမ်စေပြီး ကျင်ကျိုး မြို့ကို ပြန်လေသည်။
လုပ်ဆောင်ချက်ကို အားရလှသဖြင့် “လျူပြောင်း”(Liu Biao) သည် နယ်စပ်ထိမြင်းစီးကာ ကြိုဆိုလေသည်။
ပွဲတော်ကြီး ကျင်းပပေးပြီး သေရည်ခွကမ
်ျားကုန်သည်အထိ သောက်သုံးကာ အောင်ပွဲခံကြလေသည်။
နယ်စားက “ငါ့ညီရဲ့ အစွမ်းကိုမြင်ရတော့ ကျင်ကျိုး မှာ အားကိုးစရာလူတစ်ယောက်ရတာပေါ့။ ဒါပေမဲ့
ဝမ်းနည်းစရာက ယွဲ့, ဝူနဲ့ ရှူနယ်စပ်တွေမှာ အချိန်မရွေး တိုက်ခိုက်ခံရနိုင်တယ်။ ရှူက “ကျန်းလု”(Zhang Lu)
နဲ့ Yue နဲ့ ဝူက “စွန်းချွမ်”(Sun Quan) ကို သတိထားရမယ်။” ဟုဆိုလေသည်။
“လျူဘေ့”(Liu Bei) က “ငါ့မှာ ရဲရင့်တဲ့ စစ်သူကြီး ၃ ယောက်ရှိတယ်။ ဘယ်အလုပ်ကိုမဆို လုပ်နိုင်တယ်။
ယွရ
ဲ့တောင်ပိုင်းနယ်စပ်ကို စောင့်ကြပ်ဖို့ “ကျန်းဖေး”(Zhang Fei) ၊ အနောက်ဖက်က “ကျန်းလု”(Zhang Lu)
ရန်က ကာကွယဖ
့ို ကုကျီမြို့မှာ “ကွမ်းယွီ”(Guan Yu) နဲ့ “စွန်းချွမ်”(Sun Quan) ရန်က ကာကွယ်ဖို့
“စန်းရှာ”(Three Gorges) မှာ “ကျောက်ယွင်”(Zhao Yun) က စောင့်ကြပ်ပါမယ်။ ဒါဆို
ဘာများပူပန်ဖ့ရ
ှိုတော့မှာလဲ။” ဟုဆိုလေရာ နယ်စားမှာ များစွာကျေနပ်လေသည်။
“ချိုက်မောက်”(Cai Mao) ကမူ သဘောမတူချေ။ သိ့န
ှုင့် နှမဖြစ်သူ ချိုက်အမျိုးသမီးထံသွားကာ
““လျူဘေ့”(Liu Bei) က တစ်နယ်လုံးက အရေးပါတဲ့နေရာတွေမှာ သူ့တပ်တွေချနေတယ်။ ဒါ
အန္တရာယ်ကြီးပါတယ်။” ဟုပြောသည်။ ချိုက်အမျိုးသမီးလည်း အစ်ကိုဖြစ်သူ၏စကားနားဝင်ကာ ညတွင်
“လျူပြောင်း”(Liu Biao) ကို “ကျင်ကျိုး ကလူတော်တော်များများက “လျူဘေ့”(Liu Bei) ကို
သဘောကျကြတယ်။ သူ့ဆီကို အမြဲဝင်ထွက်နေကြတယ်။ ရှင် သတိတော့ထားရမယ်။ ငါ့အထင်တော့ သူ့ကို
မြို့ထဲပေးမနေသင့်ဘူး။ အလုပ်တစ်ခုခုခိုင်းလိုက်ရင် မကောင်းဘူးလား။”
“လျူပြောင်း”(Liu Biao): ““လျူဘေ့”(Liu Bei) က လူကောင်းပါ။”
ချိုက်အမျိုးသမီး: “တခြားသူတွေက ရှင့်လိုမဟုတဘ
်ူး။”
“လျူပြောင်း”(Liu Biao) က ထပ်မပြောတော့ဘဲ တကိုယ်တည်း ရေရွတ်နေလေသည်။ ထို့နောက်
“လျူဘေ့”(Liu Bei) ကို သွားတွေ့ရာ လွန်စွာလှပသော မြင်းကို စီးထားသည်ကို မြင်လေသည်။ ၎င်းတိ့က

တိုက်ပွဲမှ ရလာသော မြင်းဟု ပြောပြပြီး “လျူပြောင်း”(Liu Biao) မှချီးမွမ်းနေလေရာ လက်ဆောင်အဖြစ်

490
“လျူဘေ့”(Liu Bei) က ပေးလိုက်သည်။ “လျူပြောင်း”(Liu Biao) လည်း ကျေနပ်ပြီး မြင်းစီးကာ
ပြန်သွားလေသည်။ “ခွိုင်ယွဲ့ ”(Kuai Yue) ကတွေ့ကာ ရလာပုံကို မေးမြန်းလေသည်။ နယ်စားက “လျူဘေ့”(Liu
Bei) ထံမှ ရကြောင်း ဖြေလေရာ “ခွိုင်ယွဲ့”(Kuai Yue) က “ကွယ်လန
ွ်ပြီဖြစ်တဲ့ ငါ့အစ်ကို "ခွိုင်လျန်"(Kuai
Liang)က မြင်းတွေအကြောင်း ပိုင်နိုင်တယ်။ ငါလည်း အနည်းအကျဉ်းတော့ သိတယ်။ ဒီမြင်းဟာ မျက်လုံးကနေ
မျက်ရည်စီးကြောင်းပါတယ်။ နဖူးမှာလည်း အဖြူရောင်အမှတရ
ှ်ိတယ်။ ဒါ တဲ့လူ(Dilu) မြင်းလို့ခေါ်ပြီး သခင်ကို
အန္တရာယ်ပြုတတ်ပါတယ်။ ဒါကြောင့် “ကျန်းဝူ”(Zhang Wu) သေရတာ။ အရှင့်ကို မစီးဖို့ အကြံပြုပါရစေ။”
ဟုလျှောက်လေသည်။
“လျူပြောင်း”(Liu Biao) လည်း စဉ်းစားလေသည်။ ထိ့ေ
ု နာက် “လျူဘေ့”(Liu Bei) ကိုဖိတက
်ာ “မင်းက ငါ့ကို
ကြင်နာလို့ မြင်းတစ်ကောင် လက်ဆောင်ပေးခဲ့တာကို ငါဝမ်းသာလှတယ်။ ဒါပေမဲ့ မင်းရဲ့ ခရီးတွေမှာ
လိုအပ်နိုင်လို့ မင်းကို ပြန်ပေးပါတယ်။” ဟုပြောသည်။ “လျူဘေ့”(Liu Bei) က ထကာ ကျေးဇူးတင်လေသည်။

ဆက်လက်၍ “မင်း ဒီမှာ နေရတာ ကြာပြီဆုေ


ိ တာ့ မင်းရဲ့ သူရဲကောင်းဂုဏ်ကို ဖျက်ဆီးမိမှာ စိုးရိမ်မိတယ်။ အခု
ရှန်းရန် က ရှင်းရဲ့ မြို့ဟာ ဆင်းရဲမှုကင်းတဲ့မြို့ပဲ။ မင်းအဲဒမ
ှီာ မင်းကိုယ်ပိုင်တပ်နဲ့ မနေထိုင်ချင်ဘူးလား။”
ဟုဆိုသည်။
“လျူဘေ့”(Liu Bei) က ဤကမ်းလှမ်းချက်ကို အမိန့်အဖြစ်ခံယူပြီး နယ်စားကို နှုတ်ဆက်ပြီးသည်နှင့်
ချက်ချင်းထွက်ခွာလေသည်။ ထို့နောက် ရှင်းရဲ့ တွင် တာဝန်ထမ်းလေသည်။
ကျင်ကျိုး မြို့မှအထွက်တွင် ၎င်းကို အရိုအသေပေးနေသူတစ်ယောက်ကိုမြင်လေသည်။ ထိုသူက “မင်း ဒီမြင်းကို
မစီးသင့်ဘူး။” ဟုဆို၏။ “လျူဘေ့”(Liu Bei) ကထိုသူကို ကြည့်ပြီး “လျူပြောင်း”(Liu Biao)
၏အတွင်းရေးမှူးတစ်ယောက်ဖြစ်သူ Shanyang နယ်ခံ “ရီကျီ”(Yi Ji) ဖြစ်ကြောင်းမှတ်မိလေသည်။ သိ့န
ှုင့်
မြင်းပေါ်မှ လျင်မြန်စွာဆင်းကာ အကြောင်းကိုမေးမြန်းသည်။
“ရီကျီ”(Yi Ji): “မနေ့က “ခွိုင်ယွဲ့ ”(Kuai Yue) က နယ်စားကို ဒီမြင်းဟာ တဲ့လ(ူ Dilu)မြင်းဖြစ်ပြီး စီးသူကို
ဒုက္ခပေးလိမ့်မယ်လို့ ပြောတာကို ကြားပါတယ်။ ဒါကြောင့် မင်းကို ပြန်ပေးတာ။ မင်းက ဘာလို့ ပြန်စီးနေတာလဲ။”
“လျူဘေ့”(Liu Bei): “မင်းရဲ့စေတနာက ငါ့ရင်ကို လှုပ်ခါစေတယ်။ ဒါပေမဲ့ လူတစ်ယောက်ရဲ့ ဘ၀ကို
သူ့ကံကသာ လွှမ်းမိုးနိုင်မယ်။ မြင်းတစ်ကောင်က မဆုံးဖြတ်နိုင်ပါဘူး။”
“ရီကျီ”(Yi Ji) က “လျူဘေ့”(Liu Bei) ၏အမြင်ကို လေးစားကာ ထိုမှစ၍ “လျူဘေ့”(Liu Bei) နှင့်
အဆက်အသွယ်မပြတ်ရှိလေသည်။
ရှင်းရဲ့ သို့ “လျူဘေ့”(Liu Bei) ရောက်ရှိလာခြင်းသည် ပြည်သူများအဖို့ ပျော်ရွှငဝ
် မ်းမြောက်စရာဖြစ်ပြီး
အုပ်ချုပ်မှုစနစ်တစ်ခုလုံးကို အသစ်ဖွဲ့ စည်းလေသည်။
ကျန်းအန်းနှစ်တစ်ဆယ့်နှစ်နှစ်မြောက်နွေဦး (AD 207) တွင် “လျူဘေ့”(Liu Bei) ၏ဇနီး Gan အမျိုးသမီးသည်
"လျူရှန်"(Liu Shan)ကို ဖွားမြင်လေသည်။ ထိုညတွင် ကြိုးကြာငှက်တစ်ကောင်သည် အိမ်ခေါင်မိုးပေါ်နားကာ
အကြိမ် ၄၀ မျှ မြည်တွန်ပြီး အနောက်ဖက်သို့ ထွက်သွားလေသည်။ မီးဖွားချိန် အခန်းထဲတွင် ထူးဆန်းသော
အမွှေးနံ့တစ်ခုကိုရလေသည်။ တစ်ညကလည်း Gan အမျိုးသမီးသည် အိပ်မက်ထဲတွင် ကောင်းကင်ကို
မော့ကြည့်နေစဉ် ၀က်ဝံပုံကြယ်စဉ်တန်းသည် သူ၏လည်ချောင်းထဲ ဆင်းသက်လာသည်ဟု မက်လေသည်။
ထိ့ေ
ု နာက် ပဋိသန္ဓေတည်သည်ဟု ဆိုလေသည်။

491
“ချောင်ချောင်း”(Cao Cao) မြောက်ဖက်သို့ ခရီးထွက်နေစဉ် မြို့တော်တွင် လစ်လပ်နေ၍ “လျူဘေ့”(Liu Bei)
က “လျူပြောင်း”(Liu Biao) ကို “ဒီအခွင့်အရေးကို ယူပြီး မြို့တော်ကိုချီတက်ပါလား။ တိုင်းပြည်သစ်တစ်ခုကို
ထူထောင်ဖို့ လမ်းစဖြစ်သွားနိုင်တယ်။” ဟု အကြံပေးသည်။ “လျူပြောင်း”(Liu Biao) က “ငါက ဒီမှာ
အခြေကျနေတာ။ ဘာလို့ တခြားနေရာကို တိုကရ
် မှာလဲ။” ဟုဆိုသည်။
“လျူဘေ့”(Liu Bei) လည်း ထပ်မဆိုဘဲ ဆိတ်ဆိတ်နေလေသည်။ ထိ့ေ
ု နာက် နယ်စားက သီးသန့်ဆောင်ကို
ခေါ်ကာ သောက်ကြလေသည်။ အတန်ငယ်သေရည်ရစ်လေသော် “လျူပြောင်း”(Liu Biao) သည် စိတ်ညစ်စွာ
သက်ပြင်းချလေသည်။
“လျူဘေ့”(Liu Bei): “အစ်ကိုကြီး ၊ ဘာလိ့မ
ျုား သက်ပြင်းချရတာလဲ။”
“လျူပြောင်း”(Liu Biao): “ငါ့မှာ ပြောပြရခက်တဲ့ စိတည
် စ်စရာတစ်ခုရှိနေတယ်။”
“လျူဘေ့”(Liu Bei) က မေးမည်ပြုစဉ် ချိုက်အမျိုးသမီးကလည်း ကန့်လန့်ကာအကွယ်မှ
နားထောင်နေလေသည်။ သိ့ေ
ု သာ် “လျူပြောင်း”(Liu Biao) မှာ ခေါင်းငိုက်စိုက်ကျကာ
အိပ်ပျော်သွားလေတော့သည်။ “လျူဘေ့”(Liu Bei) လည်း ရှင်းရဲ့ သြို့ ပန်ခဲ့သည်။
ဆောင်းအ၀င်တွင် “ချောင်ချောင်း”(Cao Cao) သည် လျူချန်မှာပြန်လာသည်ဟူသောသတင်းကို ကြားရသော်
“လျူဘေ့”(Liu Bei) မှာ သူ၏အဖော်က သူ့စကားနားမထောင်သည့်အတွက် သက်ပြင်းချမိလေသည်။ ထိုစဉ်
နယ်စားထံမှ ချက်ချင်းလာရန် စာရလေရာ ကျင်ကျိုး မြို့ကို အပြေးသွားလေသည်။ လှိုက်လှဲစွာ ကြိုဆိုခံရပြီး
သီးသန့်ဆောင်တွင် စားသောက်ရန် ခေါ်သွားလေသည်။
“လျူပြောင်း”(Liu Biao): ““ချောင်ချောင်း”(Cao Cao) ပြန်လာပြီ။ အရင်ကထက်တောင်
အင်အားကြီးလာသေးတယ်။ သူ ဒီနယ်ကုပ
ိါ သိမ်းမှာစိုးရတယ်။ မင်းအကြံကုမ
ိ လိုက်နာမိတာ
ငါအခွင့်အရေးတစ်ခု လက်လွတသ
်ွားပြီ။”
“လျူဘေ့”(Liu Bei): “အခုလိုပျက်ယွင်းနေတဲ့ကာလမှာ အဖက်ဖက်က တိုက်ခိုက်မှုတွေကြုံနေတော့
နောက်ထပ်အခွင့်အရေးမရှိတော့ဘူးလို့ ပြောလို့မရပါဘူး။ ပေးလာတဲ့အခါ အရအမိဆုပ်ကိုင်နိုင်ရင်
နောင်တရစရာမရှိနိုင်ပါဘူး။”
“လျူပြောင်း”(Liu Biao): “မင်းပြောတာ အချက်ကျတယ်။”
၎င်းတို့ ၂ ယောက်သည် ဆက်လက်သောက်သံုး ကြပြီး “လျူပြောင်း”(Liu Biao) ငိုကြွေးနေသည်ကို
သတိထားမိလေသည်။ အကြောင်းကို မေးမြန်းသော်
“လျူပြောင်း”(Liu Biao): “ငါ ဟိုနေ့က ပြောဖို့အခွင့်မရလိုက်တဲ့ကိစ္စပါ။”
“လျူဘေ့”(Liu Bei): “အစ်ကိုကြီးရယ် ၊ ဘာအခက်အခဲရှိလဲဆိုတာသာ ပြောပြပါ။ ငါ မင်းကို
အစွမ်းကုန်ကူညီမှာပေါ့။”
“လျူပြောင်း”(Liu Biao): “ငါ့ရဲ့ ပထမဇနီး Chen အမျိုးသမီးက “လျုချီ”(Liu Qi) ကို မွေးပေးတယ်။ သူက
စိတ်ထားကောင်းပေမဲ့ အားနည်းတော့ ငါ့ကို ဆက်ခံဖို့ မသင့်တော်ဘူး ။ နောက်ဇနီး ချိုက်အမျိုးသမီးက
"လျူကျုံး"(Liu Zong)ကို မွေးပေးတယ်။ သူကတော့ ထက်မြက်ပါတယ်။ ငါက အငယ်ကို လွှဲပေးရန် ဓလေ့ကို
ဖောက်ဖျက်ရာကျမယ်။ အကြီးကိုပေးပြန်တော့ ချိုက်မိသားစုက ငြိမ်နေမှာမဟုတ်ဘူး။ နောက် စစ်တပ်က
သူတ့လ
ို က်ထဲမှာ။ ဒီတော့ ပြဿနာတွေတက်လိမ့်မယ်။ ငါမဆုံးဖြတ်နိုင်ဘူး။”
“လျူဘေ့”(Liu Bei): “အကြီးကို ဘေးဖယ်ပြီး အငယ်ကိုတင်တဲ့ ရလာဒ်တိုင်းက အရှုပ်အထွေးကိုပဲ

492
ဦးတည်ပါတယ်။ ချိုက်လူစုရဲ့ အင်အားကိုကြောက်ရင် တဖြည်းဖြည်းနဲ့ အင်အား ၊ လွှမ်းမိုးမှုကို လျှော့ပစ်ပါ။
မင်းရဲ့ သဘောကျမှုနဲ့တော့ အငယ်ကို နန်းတင်တာ မလုပ်ပါနဲ့။”
“လျူပြောင်း”(Liu Biao) လည်း ဆိတဆ
ိတ်နေလေသည်။ ချိုက်အမျိုးသမီးက
သီးသန့်ဆောင်သ့ဝ
ို င်သွားသည်ကို သံသယမကင်းဖြစ်ကာ ကန့်လန့်ကာနောက်မှ ခိုးနားထောင်လေသည်။
“လျူဘေ့”(Liu Bei) ၏သဘောထားအပေါ် များစွာ မကျေမနပ်ဖြစ်လေသည်။
“လျူဘေ့”(Liu Bei) လည်း ၎င်းပေးမိသောအကြံအတွက် စိုးရိမ်ကာ ပြန်ရန် ထလေသည်။ ထစဉ်
လေးလံနေသည်ကို သတိပြုမိပြီး အတိတ်ကိုပြန်တမ်းတမိကာ မျက်ရည်စီးကျလေသည်။ ပြန်ထိုင်သော်
အိမ်ရှင်က မျက်ရည်များကို သတိပြုမိပြီး အကြောင်းကို မေးလေသည်။
“လျူဘေ့”(Liu Bei): “အရင်က ငါဟာ မြင်းပေါ်ကကို မဆင်းခဲ့ဘူး။ ငါဟာလည်း ပိန်ပိန်လေးပဲ။
ခုတော့ဘာမှမလုပ်တော့ အဆီတွေရစ်လာပြီ။ နေ့တွေ လတွေလည်း အလဟဿကုန်နေပြီ။
အသက်ကမကြာခင်ကြီးလာတော့မှာ ၊ ဘာမှဖြစ်မြောက်တယ်ဆိုတာ မရှိသေးဘူး။ ဒါကြောင့် ၀မ်းနည်းတာပါ။”
“လျူပြောင်း”(Liu Biao): “မင်း Xuchang မှာ ရှိတုန်းက မင်းနဲ့ “ချောင်ချောင်း”(Cao Cao)
သူရဲကောင်းတွေအကြောင်း ဆွေးနွေးတာ ကြားဖူးတယ်။ “ချောင်ချောင်း”(Cao Cao) က မင်းပြောတဲ့
နာမည်တိုင်းကို ငြင်းပြီး သူနဲ့ မင်းသာ တကယ့်သူရဲကောင်းလို့ ပြောတယ်။ သူ့ရဲ့ အင်အား ၊
လုပ်ပိုင်ခွင့်နဲ့တောင် မင်းထက်သာကြောင်း မပြောရဲဘူးဆိုတော့ ဘာမှမလုပ်ဆောင်နိုင်ဘူး ဆိုပြီး
ငိုစရာမလိုဘူးထင်တယ်။”
သေရည်အရှိန်နှင့် “လျူဘေ့”(Liu Bei) လည်း ဤမြှောက်ပင့်သောစကားတွင် “ငါ့မှာ
စထွက်ဖို့နေရာတစ်နေရာရှိရင် အရူးတွေနဲ့ ပြည့်နေတဲ့ကမ္ဘာမှာ ငါဘယ်သူ့ မှ မကြောက်ဘူး။” ဟု
စကားကျွံမိလေသည်။
အိမ်ရှင်မှာ မည်သည့်စကားမျှမဆိုချေ။ “လျူဘေ့”(Liu Bei) လည်း စကားကျွံမိသည်ကိုသတိရပြီး
မူးချင်ယောင်ဆောင်ကာ ပြန်ရန် နှုတ်ဆက်လေသည်။
“လျူပြောင်း”(Liu Biao) မှာ အထက်ပါစကားများကြားသော် များစွာစိတ်မသက်မသာဖြစ်လေသည်။
ဧည့်သည်ပြန်သော် အတွင်းဆောင်ဝင်လေရာ ဇနီးဖြစ်သူနှင့် တွေ့လေသည်။ ချိုက်အမျိုးသမီးက “ငါက
ကန့်လန့်ကာနောက်ရောက်နေလို့ “လျူဘေ့”(Liu Bei) ရဲ့စကားတွေ ကြားမိတယ်။ သူ့စကားတွေက
အရိုအသေကင်းပြီး ရှင့်နယ်ကို သိမ်းနိုင်ရင် သိမ်းမယ်လို့ ပြောတာပဲ။ သူ့ကို မဖယ်ရှားရင်
ရှင်ဒက
္ခုရောက်တော့မယ်။” ဟုဆိုလေသည်။
“လျူပြောင်း”(Liu Biao) ကစကားမပြန်ဘဲ ခေါင်းသာရမ်းလေသည်။
ချိုက်အမျိုးသမီးက “ချိုက်မောက်”(Cai Mao) နှင့်တိုင်ပင်ရာ ၎င်းက “ဧည့်ဆောင်ကိုသွားပြီး
အရင်လုပ်ကြံပါမယ်။ နောက်မှ သတင်းပိ့တ
ုာပေါ့။” ဟုဆိုရာ Cai အမျိုးသမီးက သဘောတူသည်။
စစ္သားတစ္စုကုိ အစီအစဥ္ကုေ
ိ ပြာပြလေသည်။
“လျူဘေ့”(Liu Bei) က ၁ တိုင်တည်းသော ဖရောင်းတိုင်အလင်းရောင်နှင့် နာရီ ၃ ချက်တီးထိ နေနေပြီး
အိပ်ရန်ပြင်လေသည်။ ထိုစဉ် တံခါးခေါက်သြံ ကားရပြီး “ရီကျီ”(Yi Ji) ၀င်လာသည်။ ၎င်းက
အစီအစဉ်ကြို ကားသိပြီး ညအမှောင်တွင် သခင်အသစ်ကို လာရောက်သတင်းပေးခြင်းဖြစ်သည်။
အစီအစဉ်ကိုပြောပြပြီး လျင်မြန်စွာထွက်ပြေးရန် တိုကတ
်ွန်းသည်။
“လျူဘေ့”(Liu Bei): “ငါ့အိမ်ရှင်ကို နှုတ်မဆက်ရသေးဘူး။ ငါဘယ်လိုသွားနိုင်မှာလဲ။”

493
“ရီကျီ”(Yi Ji): “သူ့ကိုနှုတဆ
် က်နေရင် ချိုက်လူစု လက်ချက်မိလိမ့်မယ်။”
သိ့န
ှုင့် “လျူဘေ့”(Liu Bei) လည်း ခပ်သက
ွ်သွက်နှုတ်ဆက်ကာ အစောင့်တ့က
ိုခေါ်ပြီး မြင်းပေါ်တက်ကာ ရှင်းရဲ့
ကိုပြန်လေသည်။ ၎င်းတိ့ထ
ွုကခ
်ွာပြီးမကြာမီ စစ်သားများရောက်လာသော်လည်း လွတ်မြောက်သွားပြီဖြစ်သည်။
လုပ်ကြံမှုမအောင်မြင်ခြင်းက “ချိုက်မောက်”(Cai Mao) ကို စိတ်ပျက်စေနိုင်သော်လည်း ၎င်းက မရိုးသားသော
စာသားများကို နံရံပေါ်တွင် ရေးခြစ်ပြီး “လျူပြောင်း”(Liu Biao) ထံလျှောက်တင်လေသည်။ ““လျူဘေ့”(Liu Bei)
မှာ မသမာတဲ့အကြံတွေရှိပါတယ်။ နံရံပေါ်ကစာတွေကြည့်ပြီး သိနိုင်ပါတယ်။ မြန်မြန်ထွကခ
်ွာသွားတာကလည်း
သံသယ၀င်စရာပါ။” ဟုဆိုလေသည်။

“လျူပြောင်း”(Liu Biao) က မယုံသော်လည်း ဧည့်ဆောင်ကို သွားကြည့်လေသည်။ နံရံပေါ်ရှိ စာကိုမြင်သော်


ဒေါသထွက်ပြီး ဓားကိုထုတက
်ာ ရေးသူကိုသတ်မည်ဟု ကြုံးဝါးလေသည်။ သို့သော် မကြာမီပင်
ဒေါသပျောက်သွားပြီး “သူ့အကြောင်းကောင်းကောင်းသိတယ်။ ကဗျာရေးလေ့ရှိတ့သ
ဲူမဟုတဘ
်ူး။ ငါတိ့က
ို
သွေးကွဲစေချင်တဲ့သူလက်ချက်ပဲ။” ဟုတကိုယ်တည်း ရေရွတ်လေသည်။ ထိ့ေ
ု နာက် စာသားကို
ဓားဖြင့်ခြစ်ပစ်ကာ ဓားကိုသိမ်း မြင်းကိုစီးကာ အိမ်ပြန်ခဲ့လေသည်။
“ချိုက်မောက်”(Cai Mao) က “စစ်သားတွေက ရှင်းရဲ့ ကိုသွားပြီး “လျူဘေ့”(Liu Bei) ကိုဖမ်းဖို့ အရှင့်အမိန့်ကို
စောင့်နေပါတယ်။” ဟု ခဏခဏဆိုသော်လည်း “လျူပြောင်း”(Liu Biao) က အလျင်လိုစရာမရှိ ဟု
ငြင်းပယ်လေသည်။
၎င်း၏ယောက်ဖ တုံ့ ဆိုင်းနေသည်ကိုမြင်သော် နှမဖြစ်သူကို တိုက်တွန်းပြန်သည်။ သူက “မကြာခင် ရှန်းရန် မှာ
ဆုံဖို့ ရှိလိမ့်မယ်။ အဲ့နေ့မှာ တစ်ခုခုလုပ်ကြတာပေါ့။” ဟုဆိုသည်။
နောက်နေ့တွင် “ချိုက်မောက်”(Cai Mao) က “အရှင် ၊ ငါတို့စပါးတွေအကြီးအကျယ်အောင်ထားတယ်။ ရှန်းရန်
မှာလုပ်မယ့် ကောက်သစ်ပွဲတော်ကို တက်ရောက်စေချင်တယ်။ ဒါက ျပည္သေ
ူ တွအတွက် အားဆေးတစ်ခွက်ပဲ။”
ဟုတိုက်တွန်းလေသည်။
“လျူပြောင်း”(Liu Biao): “ငါ ဒီရက်ပိုင်း နေသိပ်မကောင်းလို့ ၊ ငါမသွားနိုင်ဘူး ။ ငါ့သား၂ယောက်က
ငါ့ကယ
ိုစားသွားပါစေ။”
“ချိုက်မောက်”(Cai Mao) : “သူတို့က လူငယ်တွေဆိုတော့ အမှားလုပ်မိနိုင်တယ်။”
“လျူပြောင်း”(Liu Biao): “ဒါဆို ရှင်းရဲ့ ကိုသွားပြီး “လျူဘေ့”(Liu Bei) ကို အကူအညီတောင်းလိုက်ပါ။”
“ချိုက်မောက်”(Cai Mao) လည်း ကျေနပ်သွားပြီး အချိန်မဆိုင်းဘဲ “လျူဘေ့”(Liu Bei) ထံစာပိ့ေ
ု လသည်။
“လျူဘေ့”(Liu Bei) သည် ထိုညက ချောမွေ့စွာ ပြန်ရောက်လေသည်။ စကားကျွံမိသည်ကို ဖြေရှင်းရန်
မကြိုးစားတော့သဖြင့် မည်သန
ှူင့်မျှမတိုင်ပင်ချေ။ ထိုစဉ် ပွဲတော်အကြောင်း စာရောက်လာသဖြင့်
အစည်းအ၀ေးခေါ်ရလေသည်။
"စွန်းချန်"(Sun Qian): “အရှင်ကြည့်ရတာ ခုတလော ထိတ်လန့်စိုးရိမ်နေတယ်။ ငါ့အထင် ကျင်ကျိုး
အပေါ်မကောင်းပြုမိတယ်ထင်တယ်။ ဒီဖိတ်ကြားမှုကိုလက်မခံခင် သေချာစဉ်းစားသင့်တယ်။”
“လျူဘေ့”(Liu Bei) က အကြောင်းစုံရှင်းပြလေသည်။
“ကွမ်းယွ”ီ (Guan Yu): “မင်းကသာ စော်ကားမိတယ်ထင်တာ၊ သူက မကျေနပ်တ့အ
ဲ မူအရာမပြပါဘူး။ “ရီကျီ”(Yi
Ji) လိုအပြင်လူတွေစကားနားမထောင်ပါနဲ့။ ရှန်းရန် ကနီးနီးလေးမှာ၊ မသွားရင် သံသယ၀င်လိမ့်မယ်။”

494
“လျူဘေ့”(Liu Bei): “မင်းပြောတာမှန်တယ်။”
“ကျန်းဖေး”(Zhang Fei): “ပွဲတော်တွေကမကောင်းဘူး။ ဒီလိုဆုံစည်းတာတွေက ပိုမကောင်းဘူး။ မသွားတာ
အကောင်းဆုံးပဲ။”
“ကျောက်ယွင်”(Zhao Yun) : “ငါ့ကို မြင်းစီးနဲ့ ခြေလျင်စစ်သည် ၃ ရာနဲ့ လိုက်ခွင့်ပြုပါ။ ဒါဆို
ပြဿနာမရှိတော့ဘူး။”
“လျူဘေ့”(Liu Bei): “ဒီအကြံအကောင်းဆုံးပဲ။”
မကြာမီ ဆုံမှတသ
ို့ သွားကြပြီး “ချိုက်မောက်”(Cai Mao) က နယ်စပ်တွင် ရိုကျိုးခင်မင်ဟန်အပြည့်နှင့်
ကြိုဆိုနေလေသည်။ မကြာမီ နယ်စား၏သားတော်များ ရောက်ရှိလာလေသည်။ ၎င်းတိ့က
ို မြင်မှ “လျူဘေ့”(Liu
Bei) စိတ်သက်သာရာရသွားသည်။ “လျူဘေ့”(Liu Bei) ကို ဧည့်ဆောင်ကို ခေါ်ဆောင်သွားလေရာ
“ကျောက်ယွင်”(Zhao Yun) က သူ၏လူများကို သေချာစွာစောင့်ကြပ်စေပြီး ကိုယ်တိုင်က လက်နက်အပြည့်နှင့်
သခင့်အနီးတွင် စောင့်ကြပ်နေလေသည်။
“လျုချီ”(Liu Qi): “ငါ့အဖေနေမကောင်းလို့ မလာနိုင်တာပါ။ ဦးရီးကို ပွဲဦးဆောင်ကျင်းပပေးပြီး မှူးမတ်တွေကို
အားပေးဖို့ အကူအညီတောင်းလိုက်ပါတယ်။”
“လျူဘေ့”(Liu Bei): “ငါ ဒီတာဝန်တွေနဲ့ မသင့်တော်ပါဘူး။ ဒါပေမဲ့ ငါ့အစ်ကိုရဲ့ စကားကို နားထောင်ရမှာပေါ့။”
နောက်နေ့တွင် ကျင်ကျိုး ၏ နယ်မြေ ၉ ခု ၊ ၄၂ ခရိုင်မှ အမှုထမ်းများရောက်ရှိကြောင်း သတင်းပိ့ေ
ု လသည်။
“ချိုက်မောက်”(Cai Mao) : ““လျူဘေ့”(Liu Bei) က ဒီခေတ်ရဲ့ ရန်သူပဲ။ သူအသက်ရှင်နေရင် ငါတို့ကို
ဒုက္ခပေးမှာပဲ။ သူ့ကိုရှင်းပစ်ရမယ်။”
“ခွိုင်ယွဲ့”(Kuai Yue): “မင်း သူ့ကိုထိခိုက်ရင် လူတုင
ိးက အမြင်မကြည်မှာ စိုးရိမ်မိတယ်။”
“ချိုက်မောက်”(Cai Mao) : “ငါ နယ်စားနဲ့ တိတ်တဆိတ်ညှိနှိုင်းပြီးလို့ သူ့အမိန့်ကို ရထားပြီ။”
“ခွိုင်ယွဲ့”(Kuai Yue): “ဒါဆိုရင် ပြေလည်ပါပြီ။ ပြင်ဆင်ကြစိ့။ု ”
“ချိုက်မောက်”(Cai Mao) : “ငါ့ညီအစ်ကိုတွေက အဆင်သင့်ပဲ။ "ချိုက်ဟ"ဲ (Cai He)က အရှေ့တံခါးကနေ Xian
တောင်ကုန်းသွားတဲ့လမ်းမှာ နေရာယူထားတယ်။ "ချိုက်ကျုံး"(Cai Zhong)နဲ့ "ချိုက်ရွှင"် (Cai Xun)က
မြောက်နဲ့ တောင်လမ်းတွေမှာ၊ အနောက်ဖက်ကတော့ ထန်(Tan)ရေစီးကြောင်းရှိတော့
တပ်ချထားစရာမလိုပါဘူး။ ဘယ်လိုလစ
ွူမ်းကောင်းရှိရှိ “လျူဘေ့”(Liu Bei) မလွတန
ိုင်ပါဘူး။”
“ခွိုင်ယွဲ့”(Kuai Yue): ““ကျောက်ယွင”် (Zhao Yun) က သူ့နားကမခွာဘူး။ ရိပ်မိပုံရတယ်။”
“ချိုက်မောက်”(Cai Mao) : “မြို့ထဲမှာ လူ ၅ ရာ ကင်းပုန်းချထားတယ်။”
“ခွိုင်ယွဲ့ ”(Kuai Yue): ““ဝင်ဖင်”(Wen Ping) နဲ့ “ဝမ်ဝေ”(Wang Wei) ကတဆင့် စစ်တပ်အမှုထမ်းအားလုံးကို
မြို့ပြင်က အိမ်တစ်လုံးမှာ ပွဲလုပ်ပေးမယ်။ “ကျောက်ယွင်”(Zhao Yun) လည်း အပါအ၀င်ပေါ့။
ဒါဆိုအခွင့်ကောင်းပဲ။”
“ချိုက်မောက်”(Cai Mao) လည်း ထိုအစီအစဉ်ကို သဘောကျလေသည်။

နွားများ ၊ မြင်းများကိုသတ်ကာ ပွဲတော်ကြီးကို ကျင်းပကြလေသည်။ “လျူဘေ့”(Liu Bei) သည်


နိမိတ်ဆိုးဟုသတ်မှတ်ခံရသော မြင်းကိုစီးကာ သွားသည်။ ရောက်ရှိသော် မြင်းကို အနောက်သို့ခေါ်သွားပြီး
ကြိုးချည်ထားသည်။ မကြာမီ ဧည့်သည်များရောက်လာသဖြင့် “လျူဘေ့”(Liu Bei) က ပွဲကျင်းပသူအဖြစ်

495
နယ်စား၏သား ၂ ယောက်နှင့်အတူ ကြိုဆိုလေသည်။ ဧည့်သည်များကို ရာထူးအလိုက် နေရာချပေးသည်။
“ကျောက်ယွင်”(Zhao Yun) က ဓားကိုကိုင်ကာ သခင့်အနီးတွင် စောင့်ကြပ်လေသည်။
“ဝင်ဖင်”(Wen Ping) နှင့် “ဝမ်ဝေ”(Wang Wei) တိ့က
ု “ကျောက်ယွင”် (Zhao Yun)
ကိုလာရောက်ဖိတြ် ကားသော်လည်း ငြင်းပယ်လိုက်သည်။ သိ့ေ
ု သာ် “လျူဘေ့”(Liu Bei) ကလွှတ်သဖြင့်
နောက်ဆုံးတွင်လိုက်သွားသည်။ “ချိုက်မောက်”(Cai Mao) က ၎င်း၏အစီအစဉ်များကို သေချာစေပြီး
စစ်သားများကို ပတ်လည်မဝ
ှိုင်းစေသည်။ “လျူဘေ့”(Liu Bei) ၏အစောင့် ၃ ရာကို
ဧည့်ဆောင်သ့ေ
ို စလွှတ်လိုက်သည်။ အရာအားလုံးအဆင်သင့်ဖြစ်ပြီး အချက်ပြမှုကိုစောင့်နေလေသည်။
ထိုစဉ် “ရီကျီ”(Yi Ji) က အရက်ခွက်ကို ကိုင်ကာ “လျူဘေ့”(Liu Bei) ထံချဉ်းကပ်လာပြီး
အဓိပ္ပာယ်ပါသောအကြည့်ဖြင့်ကြည့်ကာ လေသံတိုး တိုးဖြင့် “ထွကသ
်ွားဖို့ အကြောင်းရှာတော့။” ဟုဆုေ
ိ လသည်။
“လျူဘေ့”(Liu Bei) က သဘောပေါက်ကာ အတွင်းဆောင်မှတဆင့် နောက်ဖက်သို့သွားသည်။ “ရီကျီ”(Yi Ji)
ကစောင့်နေပြီး ““ချိုက်မောက်”(Cai Mao) က သတ်ဖြို့ ကံနေတယ်။ အနောက်ဖက်ကလွဲပြီး
လမ်းအကုန်ပိတထ
်ားတယ်။ အချိန်မဆိုင်းဘဲ ထွကေ
် ပြးရပါမယ် အရှင်။” ဟု ပြောသည်။
“လျူဘေ့”(Liu Bei) လည်း တဲ့လ(ူ Dilu)မြင်းကို စီးကာ အနောက်ဖက်တံခါးမှထွက်လေသည်။
တံခါးစောင့်များက မေးသော်လည်း ပြန်မဖြေဘဲ ဒုန်းစိုင်းလေသည်။ ထိုသတင်းကို “ချိုက်မောက်”(Cai Mao)
ကြားသော် စစ်သည် ၅ ရာနှင့် လိုက်လေသည်။
“လျူဘေ့”(Liu Bei) သည် အနောက်ဖက်တံခါးမှထွက်ပြီးမကြာမီ ထန်ရေစီးကြောင်းနှင့် တွေ့လေသည်။
အထွာပေါင်းများစွာကျယ်ပြီး ရေစီးလွန်စွာသန်လေသည်။ ကမ်းခြေသိ့ေ
ု ရာက်သော် မကူးနိုင်မှန်းသိသဖြင့်
နောက်ဆုတ်ရန်ပြင်သည်။ နောက်တွင်လည်း ဖမ်းဆီးသူများလိုက်လာရာ ရေစီးကိုသာဖြတ်ရလေသည်။
အနည်းငယ်မျှသွားပြီးသော် မြင်းခြေ ၄ ဖက်လုံး ဒူးထောက်ကျလေသည်။ ၎င်းက “တဲ့လ(ူ Dilu) ဘာလို့ငါ့ကို
သစ္စာဖောက်ရတာလဲ။” ဟုငိုကြွေးရာ မြင်းကောင်းမှာ တစ်ချက်တည်းနှင့် အနောက်ဖက်ကမ်းရောက်အောင်
ခုန်လိုက်လေသည်။ သိ့န
ှုင့် “လျူဘေ့”(Liu Bei) လည်းမြစ်ကိုဖြတ်နိုင်လိုက်လေသည်။ တစ်ဖက်ကမ်းရှိ
“ချိုက်မောက်”(Cai Mao) က “ဘာလို့ ပွဲတော်ကထွက်ပြေးတာလဲ။”

“လျူဘေ့”(Liu Bei): “မင်းကို ဘာမှရန်မပြုတဲ့သူကို မင်းကဘာလို့ဒက


ု ၡေပးတာလဲ။”
“ချိုက်မောက်”(Cai Mao) : “ငါတခါမှဒီလိုမတွေးဖူးဘူး။ လူတွေပြောတိုင်းမယုံပါနဲ့။”

496
သိ့ေ
ု သာ် ရန်သူက လေးတင်နေသည်ကိုမြင်၍ မြင်းကိုဒုန်းစိုင်းကာ အနောက်တောင်ဖက်ထွကခ
်ဲ့လေသည်။
“ချိုက်မောက်”(Cai Mao) က “ဘယ်အစွမ်းကများ သူ့ကိုကူညီနေသလဲ။” ဟု နောက်လိုက်များကို
ပြောလေသည်။
ထိ့ေ
ု နာက် မြို့ကို ပြန်ခဲ့သော် “ကျောက်ယင
ွ ”် (Zhao Yun) ကို အစောင့်များနှင့်အတူ တွေ့လေသည်။

497
အခန်း(၃၅) "လျူဘေ့"(Liu Bei) သည် နန်ကျန်းတွင်
ပြင်ပလောကနှင့်အဆက်အသွယ်ဖြတ်ထားသောသူနှင့်တွေ့ဆုံခြင်း။ "ရှန်ဖ"ူ (Shan Fu) သည်
ရှင်းရဲ့တွင် အရှင်သခင်နှင့်တွေ့ခြင်း။

“ချိုက်မောက်”(Cai Mao)သည် မြို့ထဲသို့ ပြန်ဝင်ခါနီးတွင် "ကျောက်ယွင"် (Zhao Yun)


နှင့်စစ်သည်သုံးရာတို့သည် မြို့ထဲမှထွက်လာသည်ကိုတွေ့လိုက်သည်။ စားသောက်ပွဲတွင်
သူ၏သခင်ပျောက်နေသည့်အပြင် စစ်သားအချို့တို့အပြင်ထွက်သွားသည်ကိုမြင်လိုက်သည့်
"ကျောက်ယွင်"(Zhao Yun) သည် စိတ်ပူပြီးထွက်လာခြင်းဖြစ်သည်။ “ချိုက်မောက်”(Cai
Mao)နှင့်မြို့အနီးတွင် တွေ့သော် "ကျောက်ယွင"် (Zhao Yun) မှ

"ကျုပ်သခင် ဘယ်မှာလဲ" ဟု မေးသည်။

“ချိုက်မောက်”(Cai Mao): "သူ စားသောက်ပွဲကနေရုတ်တရတ်ထွကသ


်ွားတယ်၊
ဘယ်သွားလည်းတော့မသိဘူး"

ထိုအခါ "ကျောက်ယွင"် (Zhao Yun) သည် အလျင်စလိုမပြုမူသည်နှင့် "လျူဘေ့"(Liu Bei)


ထွက်သွားသောအရပ်သို့သွားရာ တံတားမရှိ၊ ဖြတ်သန်းစရာကုန်းမြေမရှိသောမြစ်ကုေ
ိ တွ့လိုက်သည်။
သို့နှင့် နောက်ပြန်လှည့်လာပြီး “ချိုက်မောက်”(Cai Mao)အား

"ခင်ဗျား ကျုပ်သခင်ကို ဘာလုပ်လိုက်လ"ဲ ဟု အော်ပြောသည်။

“ချိုက်မောက်”(Cai Mao): "သူအနောက်တံခါးကနေထွက်သွားတယ်လို့ ပြောကြတာပဲ"

"ကျောက်ယွင်"(Zhao Yun) သည် မယုံသင်္ကာဖြစ်ကာ ထိုမြစ်နားသို့ထပ်သွားပြန်သည်၊


ဤအခေါက်တွင်မူ တစ်နေရာ၌ စိုစွတ်သောသဲလန
ွ်စ အရာတစ်ခုတွေ့လိုက်သည်။ ထိုနေရာမှ
လူနှင့်မြင်းသည် မြစ်ကိုဖြတ်ရန်မဖြစ်နိုင်သဖြင့် သူ၏နောက်လိုက်တို့ကို လူခွဲပြီးရှာစေသည်။
သို့သော်လည်း "လျူဘေ့"(Liu Bei) ၏အစအနမတွေ့ပေ။

"ကျောက်ယွင်"(Zhao Yun) သည် မြို့ထဲသို့တစ်ခါပြန်သွားပြန်သည်။ ထိုအခါတွင်မူ “ချိုက်မောက်”(Cai


Mao)သည် အထဲသို့ ဝင်သွားပြီ။ "ကျောက်ယွင"် (Zhao Yun) သည် အစောင့်တို့ကိုမေးရာ အကုန်လုံးက
"လျူဘေ့"(Liu Bei) တစ်ဦးတည်းမြင်းစီးကာထွကသ
်ွားသည်ဟုဆိုကြသည်။ "ကျောက်ယွင်"(Zhao Yun)
သည် မြို့ထဲသို့ဝင်လျှ င် ရန်သူတို့ဝိုင်းလုပ်ကြံမည်စိုးသဖြင့် ရှင်းရဲ့သို့ ပြန်လည
ှ့်လေသည်။

မြစ်ကုထ
ိုးဆန်းစွာဖြတ်ကူးပြီး အသက်ဘေးမှာလွတ်ခဲ့သော်လည်း "လျူဘေ့"(Liu Bei) မှာ
ပျော်ရွှင်သော်လည်း အံ့ဩနေဆဲဖြစ်သည်။ "လျူဘေ့"(Liu Bei) သည်

498
'ဒါ မိုးနတ်မင်းကြီးရဲ့ကူညီမှုကြောင့်ပဲနေမယ်' ဟု တွေးနေမိသည်။ ထို့ နောက်
နန်ကျန်းကိုသွားရန်ပြုလေသည်။ နေသည်အနောက်ဘက်သို့ ဝင်သွားသော်လည်း
သူအလိုရှိရာအရပ်သို့ မရောက်သေးချေ။ ထိုအချိန်တွင် ပုလွေမှုတ်နေသော
ကျွဲကျောင်းသားလေးကိုတွေ့လိုက်သည်။ ထိုအခါ "လျူဘေ့"(Liu Bei) သည် သက်ပြင်းချကာ

"ငါသာ သူ့လိုပျော်နေရင်ကျေနပ်ပြီ" ဟုဆိုလေသည်။ "လျူဘေ့"(Liu Bei) သည် မြင်းကိုရပ်ပြီး


ကျွဲကျောင်းသားလေးကိုကြည့်နေရာ တစ်ဖက်မှလည်း သတိပြုမိပြီး ပုလွေမမှုတ်တော့ပဲ "လျူဘေ့"(Liu Bei)
ကိုပြန်စိုက်ကြည့်သည်။ ထို့ နောက် ထိုကောင်လေးမှ

"ခင်ဗျားက အဝါရောင်သူပုန်တွေကိုတိုက်ခဲ့တဲ့စစ်သူကြီး လျူဘေ့(Liu Bei) မလား" ဟု မေးသည်။


"လျူဘေ့"(Liu Bei) သည် လန့်သွားသည်။ ထို့ နောက်တွင်မှ

"မင်းလို လူသူနည်းတဲ့အရပ်မှာနေတဲ့ကလေးက ငါ့နာမည်ကိုဘယ်လိုသတ


ိာလဲ" ဟု ပြန်မေးသည်။

"ခင်ဗျားကိုတော့ ကျွန်တော်ဘယ်သိပါ့မလဲ၊ ဒါပေမယ့်


ကျွန်တော့်သခင်ဆက
ီ ိုမိတေ
် ဆွတွေလာတတ်တယ်လေ၊ သူတို့ တွေက အရပ်ရှည်ပြီး
လက်ကဒူးလောက်အထိရောက်ပြီးတော့ ထင်ရှားတဲ့မျက်လုံးရှိတဲ့ လျူဘေ့(Liu Bei)
အကြောင်းပြောကြတယ်။ သူက ဒီခေတ်မှာ နာမည်အကြီးဆုံးလူပဲတဲ့။
သူတို့ ပြောတဲ့အချက်တွေနဲ့ ကိုက်တော့ ခင်ဗျားက လျူဘေ့(Liu Bei) ပဲလို့ခန့်မှန်းလိုက်တာပေါ့"

"မင်းရဲ့သခင်က ဘယ်သူတုန်း"

"ကျွန်တော့်သခင်က စီးမာဟွေး(Sima Hui) လို့ခေါ်တယ်။ သူက ရင်းချွမ်ဇာတိဖြစ်ပြီး


တာအိုနာမည်ကတော့ ရွှေကျင်(့ Shui Jing - " ရေမှန"် ) ဖြစ်တယ်"

"မင်းပြောတဲ့ သူ့မိတ်ဆွေတွေဆုတ
ိာကကော?"

"သူတို့က ရှန်းရန်က ဖန်တဲကုန်း(Pang Degong) နဲ့ ဖန်ထုံ(Pang Tong) တို့ ပဲ"

"သူတို့တွေက ဘယ်သူတွေလ"ဲ

"သူတို့က တူဝရီးတွေ။ ဖန်တဲကန


ုး(Pang Degong) က ကျွန်တော့်သခင်ထက် အသက်ဆယ်နှစ်ကြီးတယ်၊
ဖန်ထံ(ု Pang Tong) ကျတော့ သခင့်ထက်ငါးနှစ်ငယ်တယ်။ တစ်ရက် ကျွန်တော့်သခင်
ဘယ်ရီသီးခူးတဲ့အချိန် ဖန်ထ(ုံ Pang Tong) ရောက်လာတာ၊ သူတို့တွေစကားပြောတာ
နေတောင်စောင်းသွားတယ်။ သခင်က ဖန်ထံ(ု Pang Tong) ကို အင်မတန်သဘောကျပြီး
ညီငယ်လို့ ခေါ်တယ်"

"မင်းသခင်က ဘယ်မှာနေလဲ"

499
"ဟိုးတောအုပ်ထဲမှာ၊ သူ့မှာလယ်တစ်ကွက်လည်းရှိတယ်"

"ငါက လျူဘေ့(Liu Bei) ဆိုတာ အမှန်ပါပဲ။ မင်းသခင်နဲ့ တွေ့ချင်လို့ ငါ့ကိုလမ်းပြပါ"

သို့နှင့် ကျွဲကျောင်းသားကလည်း "လျူဘေ့"(Liu Bei) ကိုခေါ်သွားရာ တစ်မိုင်ခန့်သွားပြီးသော်


လယ်ကွက်တစ်ကွက်တွေ့သည်။ အိမ်ပေါက်ဝနားအရောက်ဝယ် သာယာငြိမ့်ညောင်းသော
ဗျပ်စောင်းသံကိုကြားလိုက်သည်။ "လျူဘေ့"(Liu Bei) သည် ထိုနေရာတွင်ပင်ရပ်ကာ
ထိုအသံကိုနားထောင်နေလေသည်။ ရုတ်တရတ်သီချင်းသံရပ်သွားပြီး ရယ်မောသံနှင့်အတူ
လူတစ်ယောက်ထွကလ
်ာကာ

"သာယာတဲ့ဗျပ်စောင်းသံကြားမှာ ဂုဏ်သရေရှိလူကြီးလူကောင်းတစ်ယောက် ရောက်လာတယ်"


ဟုဆိုလေသည်။ ကျွဲကျောင်းသားမှ

"ဒါ ကျွန်တော့်သခင်ပ"ဲ ဟုဆိုသည်။ "လျူဘေ့"(Liu Bei) သည် ထိုပိန်ပိန်နှင့်လူကို


အရိုအသေပြုလေသည်။ မြစ်ကိုဖြတ်ခဲ့ရသဖြင့် "လျူဘေ့"(Liu Bei) ၏အဝတ်မှာ စိုနေဆဲဖြစ်သည်။ ထိုအခါ
"ရွှေကျင့်"(Shui Jing) မှ

"ခင်ဗျား ဒီနေ့အသက်ဘေးက လွတ်လာတာပဲ" ဟုဆိုသည်။ "လျူဘေ့"(Liu Bei) မှာ လန့်သွားပြီး


ဆိတ်ဆိတ်သာနေသည်။ ကျွဲကျောင်းသားမှ ဝင်ပြီး

"ဒါက လျူဘေ့(Liu Bei) ပါ" ဟုဆိုသည်။

အိမ်ရှင်ကလည်း "လျူဘေ့"(Liu Bei) ကို အထဲသို့ ဖိတ်ခေါ်လေသည်။ အထဲသို့ရောက်သော်


အခန်းတွင်းဝယ် စာအုပ်များ၊ မှတ်တမ်းမှတ်ရာများ အများအပြားရှိကြောင်းသတိထားမိသည်။ ထို့အပြင်
ထင်းရှူးပင်၊ ဝါးပင်စသည်တို့ကို ပြောင်မြောက်စွာဆွဲထားသော ပန်းချီတို့ ကိုတွေ့သည်။ စားပွဲပေါ်တွင်
ဗျပ်စောင်းကိုတင်ထားသည်၊ အင်မတန်သေသပ်ပြီး ပြည့်စုံသည်ဟုဆိုနိုင်သော အိမ်ခန်းပင်ဖြစ်သည်။
အိမ်ရှင်မှပင် အရင်

"ဘယ်ကနေရောက်လာတာလဲ" ဟုမေးသည်။

"ကျွန်တော် ဒီနားကိုဖြတ်ရင်းနဲ့ ဒီကောင်လေးက သခင်ကြီးအကြောင်းပြောတော့


တွေ့ချင်တာနဲ့ရောက်လာခဲ့တာပါ၊ ဒီလိုတွေ့ရတာ ဘယ်လိုဝမ်းသာလို့ သာမှန်းတောင် မဖော်ပြနိုင်ဘူး"

"ရွှေကျင့်"(Shui Jing) သည် ရယ်ကာ

500
"ဘာလို့များ လျှို့ဝှက်နေရတာလဲ? ခင်ဗျား အသက်ဘေးကပြေးလာခဲ့တယ်ဆိုတာ သေချာပါတယ်" ဟု
ပြောသည်။ သို့နှင့် "လျူဘေ့"(Liu Bei) သည်လည်း စားသောက်ပွဲအကြောင်းနှင့်
လုပ်ကြံမှုအကြောင်းတို့ ကိုပြောပြလိုက်သည်။

"ခင်ဗျားရဲ့ပုံစံကိုမြင်လိုက်တာနဲ့ ကျုပ်အကုန်သိတယ်၊ ခင်ဗျားရဲ့နာမည်ကို ရင်းနှီးနေခဲ့တာကြာပြီ။


အခုထေ
ိ တာ့ ခင်ဗျားကအိမ်ခြေမဲ့တစ်ဦးဖြစ်နေတုန်းပဲ"

"ကျွန်တော်ဘဝမှာ အန္တရာယ်တွေအများကြီးကြုံခဲ့ရတယ်။ အဲ့ထဲက တစ်ခုကတော့


ဒီနေ့ရဲ့အဖြစ်အပျက်ပေါ့"

"အဲ့လိုတော့မဟုတ်ပါဘူး။ ဒီလိုဖြစ်ရတာက ခင်ဗျားဆီမှာ


အကူအညီပေးမယ့်လူတစ်ယောက်မရှိသေးလို့ ပါ"

"ကျွန်တော်ကဘာမှ ထူးထူးခြားခြားမဟုတ်ဘူး ဆိုတာ သိပါတယ်။ ဒါပေမယ့် ကျွန်တော့်ဆီမှာ


အုပ်ချုပ်ရေးအပိုင်းကဆို စွန်းချန်(Sun Qian) ၊ မီကျူ(Mi Zhu) နဲ့ ကျန်းယုံ(Jian Yong)
စတဲ့လူတွေရှိတယ်၊ စစ်သြူ ကီးတွေဆိုရင်တော့ ကွမ်းယွ(ီ Guan Yu) ၊ ကျန်းဖေး(Zhang Fei) နဲ့
ကျောက်ယွင်(Zhao Yun) တို့ရှိတယ်။ သူတို့ တွေအကုန်လုံးက သစ္စာရှိတဲ့လူတွေ၊ ကျွန်တော်
သူတို့ အပေါ်အများကြီးအားကိုးခဲ့တယ်"

"ခင်ဗျားရဲ့စစ်သူကြီးတွေက ကောင်းပါတယ်၊ တပ်မကြီးတစ်ခုလံုး တောင်ရင်ဆိုင်နိုင်တဲ့အစွမ်းရှိတယ်။


ဒါပေမယ့် အုပ်ချုပ်ရေးအပိုင်းကတော့ စာပေပညာရှင်တွေပဲဖြစ်နေတယ်။ ကံတရားကြီးကိုပြောင်းလဲပြီး
ချုပ်ကုင
ိနိုင်လောက်တဲ့လေ
ူ တွမဟုတ်ဘူး"

"ကျွန်တော် လောကကြီးကအဆက်အသွယြ် ဖတ်ပြီး တောထဲတောင်ထဲမှာပဲနေတဲ့


အရည်အချင်းရှိသူတွေကိုခေါ်ယူဖို့ကြိုးစားခဲ့ပါသေးတယ်၊ ဒါပေမယ့် အချည်းနှီးပါပဲ"

"အိမ်ခြေတစ်သောင်းမှာတော့ လူအစစ်အမှန်တစ်ယောက်ရှိနိုင်ကောင်းပါတယ်လို့
ဆရာကြီးကွန်ဖြူးရှပ်ပြောခဲ့တယ်လေ။ ခင်ဗျားက ဘာလို့ ဘယ်သူမှမရှိဘူးလို့ဆိုရတာလဲ"

"ကျွန်တော်က နားမလည်တော့ ရှင်းပြပါဦး"

"လမ်းမှာကလေးတွေဆုေ
ိ နတာ မကြားဘူးလား -

'၈နှစ်က ၉နှစ်အတွင်းမှာ ယိုယွင်းမှုဖြစ်မယ်

လေးနှစ်အကြာမှာတော့ ကံကြမ္မာဖန်တဲ့နေ့တစ်နေ့ရောက်လာမယ်

501
ကံတရားကြီးက လမ်းပြတဲ့အခါမှာ

နဂါးက ရွှံ့ နွန်ထဲကနေ ကောင်းကင်ပေါ်ပျံလိမ့်မယ်'

အုပ်ချုပ်မှုစနစ်အသစ်ပြောင်းသွားတဲ့အချိန်မှာ ဒီသီချင်းကို စကြားရတာ၊ ပထမဆုံးစာကြောင်းက


နယ်စားကြီး လျူပြောင်း(Liu Biao) ဟာ သူ့ပထမဇနီးဆုံးရှုံးသွားခဲ့ပြီး
မိသားစုပြဿနာတွေစတင်တာကိုရည်ညွှန်းတယ်။ ဒုတိယကတော့ လျူပြောင်း(Liu Biao) ရဲ့သေဆုံးမှုကို
နိမိတဖ
် တ်ထားတာ၊ သူ့လက်အောက်ကလူတွေက အရည်အချင်းရှိတဲ့လူမရှိဘူး။
နောက်ဆုံးစာကြောင်းနှစ်ကြောင်းကတော့ ခင်ဗျားကိုရည်ညွှန်းတာ"

"လျူဘေ့"(Liu Bei) က အံ့ဩကာ

"ကျွန်တော်က အဲ့လူ ဘယ်ဖြစ်နိုင်ပါ့မလဲ" ဟုဆိုသည်။

"လက်ရှိအချိန်မှာ လူတော်လူမော်တွေအများကြီးရှိနေတာ၊ အဲ့လူတွေရဲ့အကူအညီရယူရမယ်"

"သူတို့ တွေကဘယ်မှာလဲ? ဘယ်သူတွေလ?ဲ "

"ခင်ဗျားသာ 'အိပ်ပျော်နေတဲ့နဂါး' ကိုဖြစ်ဖြစ် 'ဇာမဏိငှက်ငယ်' ကိုဖြစ်ဖြစ်ရှာနိုင်ရင်


တိုင်းပြည်ကိုကောင်းမွန်အောင်လုပ်နိုင်မယ်"

"ဒါပေမယ့် သူတို့ တွေက ဘယ်သေ


ူ တွတုန်း"

"ရွှေကျင့်"(Shui Jing) က လက်ခုတ်လက်ဝါးတီးပြီး "ကောင်းတယ်၊ကောင်းတယ်" ဟုသာပြောသည်။


"လျူဘေ့"(Liu Bei) က ထိုအကြောင်းကို ထပ်မေးသော်လည်း အိမ်ရှင်ဖြစ်သမ
ှူ

"ညဥ့်နက်နေပြီ။ ဒီမှာအနားယူလိုက်ပါဦး၊ မနက်မှ ဆက်ပြောတာပေါ့" ဟု ပြောသည်။ ထို့ နောက်


လူငယ်လေးအား ဧည့်သည်အတွက် စားစရာနှင့်အရက်ယူလာခိုင်းစေပြီး မြင်းကို မြင်းဇောင်းတွင်
ထားစေသည်။ "လျူဘေ့"(Liu Bei) သည် စားသောက်ပြီးသော် အိပ်ယာဝင်လေသည်။
ညဥ့်အတော်နက်မှသာ ခဏလေးအိပ်ပျော်သွားခဲ့သည်။

502
သို့သော် ရုတ်တရတ် အပြင်မှ တံခါးခေါက်သံနှင့်လူတစ်ယောက်ဝင်လာသည့်အသံကြားလိုက်သောအခါ
"လျူဘေ့"(Liu Bei) နိုးသွားသည်။ အိမ်ရှင်မှ "ဘယ်ကနေရောက်လာတာလဲ" ဟု မေးသံကြားရသည်။
"လျူဘေ့"(Liu Bei) ကလည်း အိပ်ယာမှထပြီး ထိုသူတို့စကားပြောသည်ကို နားစွင့်နေလိုက်သည်။
ထိုဧည့်သည်မှ

"လျူပြောင်း(Liu Biao) က အရည်အချင်းရှိတဲ့လေ


ူ တွကို ကောင်းကောင်းဆက်ဆံတယ်ဆိုပြီး
နာမည်ကြီးတယ်။ ဒါကြောင့် သူ့ဆီကိုသွားခဲ့တာ။ ဒါပေမယ့် အဲ့နာမည်ကြီးတာက အလကားပါပဲ။ သူက
လူတွေကို ကောင်းကောင်းဆက်ဆံပေမယ့် ကောင်းကောင်းအသုံးမချနိုင်ဘူး ။ မကောင်းတဲ့လူတွေကိုတော့
ကောင်းကောင်းဆက်ဆံတယ်။ ဒါကြောင့် သူ့ကိုစာတစ်စောင်ထားခဲ့ပြီး ထွက်လာခဲ့တာ" ဟုဆိုသည်။
"ရွှေကျင့်"(Shui Jing) မှ

"ခင်ဗျားက ဘုရင့်ရဲ့အကြံပေးတောင်ဖြစ်နိုင်တာ၊ ခင်ဗျားတာဝန်ထမ်းဆောင်ဖို့


သင့်တော်တဲ့သခင်ကိုရှာသင့်တယ်။ ဘာလို့များ လျူပြောင်း(Liu Biao) ဆီသွားနေတာလဲ?
ခင်ဗျားမျက်စိရှေ့မှာ သူရဲကောင်းရှိနေရက်နဲ့" ဟု ဆိုသည်။

"ခင်ဗျား ပြောသလိုပါပဲ"

ထိုစကားကိုနားထောင်ပြီး ထိုသူမှာ အိမ်ရှင်ပြောသည့်လူနှစ်ဦးထဲမှ တစ်ဦးဖြစ်မည်ဟု "လျူဘေ့"(Liu Bei)


မှ ကောက်ချက်ချလိုက်သည်။ "လျူဘေ့"(Liu Bei) သည် သူ့အခန်းမှ ရုတ်တရတ်ထွက်လာလျှင်
မသင့်တော်သဖြင့် မနက်အထိစောင့်နေခဲ့သည်။ မိုးစင်စင်လင်းသော် "လျူဘေ့"(Liu Bei) မှ အိမ်ရှင်အား

"မနေ့က လာတဲ့ဧည့်သည်က ဘယ်သူလည်း" ဟု မေးသည်။

"ကျွန်တော့်မိတ်ဆွေတစ်ဦးပါ"

"လျူဘေ့"(Liu Bei) မှ ထိုသူနှင့် မိတ်ဆက်ပေးရန်တောင်းဆိုရာ အိမ်ရှင်မှ

"သူက သူနဲ့သင့်တော်မယ့်သခင်ကိုရှာဖို့ ထွကသ


်ွားပြီ" ဟု ဆိုသည်။ ထိုအခါ "လျူဘေ့"(Liu Bei) က
ထိုသူ၏နာမည်ကိုမေးရာ အိမ်ရှင်က "ကောင်းတယ်၊ ကောင်းတယ်" ဟုသာဆိုသည်။ "လျူဘေ့"(Liu Bei)
က 'အိပ်ပျော်နေသောနဂါး' နှင့် "ဇာမဏီငယ်' တို့အကြောင်းမေးပြန်ရာ အိမ်ရှင်က 'ကောင်းတယ်၊
ကောင်းတယ်" ဟုသာပြောပြန်သည်။ သို့ နှင့် "လျူဘေ့"(Liu Bei) သည် အိမ်ရှင်ကို အရိုအသေပေးကာ
တိုင်းပြည်ကြီးအတွက် သူ့အားဝိုင်းဝန်းကူညီပေးရန်ပြောသည်။ သို့သော် အိမ်ရှင်က

"တောတွေ၊ တောင်တွေမှာနေတဲ့လူက ဒီတာဝန်တွေကိုလုပ်ဆောင်ဖို့ မဖြစ်နိုင်ဘူး၊


ကျွန်တော့်ထက်အများကြီးသာတဲ့လူတွေလောကမှာ ရှိပါတယ်" ဟု ပြောကာ ငြင်းလိုက်သည်။

503
သူတို့ နှစ်ဦးစကားပြောနေစဉ်မှာပင်
မြင်းသည်တော်တပ်တစ်တပ်ကိုဦးဆောင်လာသောစစ်သူကြီးတစ်ဦးရောက်လာသည်။ ထိုစစ်သူကြီးမှာ
"ကျောက်ယွင်"(Zhao Yun) ဖြစ်နေသည်။ "ကျောက်ယွင်"(Zhao Yun) မှာ အိမ်ထဲသို့ဝင်ပြီး

"မနေ့က ကျွန်တော် ရှင်းရဲ့ကိုပြန်သွားတော့ သခင်ကြီးကိုမတွေ့တာနဲ့လိုက်ရှာရင်း ဒီကိုရောက်လာတာ။


သခင်ကြီး မြို့ကိုမြန်မြန်ပြန်မှဖြစ်မယ်။ မဟုတ်ရင် ရန်သူတွေလာတိုကမ
ှ်ာစိုးရိမ်ရတယ်" ဟုပြောသည်။
"လျူဘေ့"(Liu Bei) သည်လည်း အိမ်ရှင်အားနှုတဆ
် က်ပြီး ရှင်းရဲ့သို့ ပြန်လေသည်။ ရှင်းရဲ့သို့ရောက်သော်
သူ၏ညီနှစ်ဦးက ဝမ်းပန်းတသာကြိုဆိုကြသည်။ "လျူဘေ့"(Liu Bei) ကလည်း သူ့မြင်းက
မြစ်ကြို ဖတ်ခဲ့သည့်အံ့ဩဖွယ်အတွေ့အကြုံကြို ပန်ပြောလေသည်။ အကုန်လုံးက ဝမ်းလည်းဝမ်းသာ၊
အံ့လည်းအံ့ဩကြသည်။ မြို့သို့ ရောက်သည်နှင့် အစည်းအဝေးပြုလုပ်ပြီး "ကျောက်ယွင"် (Zhao Yun) မှ

"ပထမဆုံး ဒီအကြောင်းတွေကို လျူပြောင်း(Liu Biao) ဆီစာရေးပြီးပြောပြသင့်တယ်" ဟုဆိုသည်။

ထိုစာကို "စွန်းချန်"(Sun Qian) အားပို့ စေလိုက်သည်။ "လျူပြောင်း"(Liu Biao) ကလည်း စားသောက်ပွဲမှ


"လျူဘေ့"(Liu Bei) ရုတ်တရတ်ထွက်သွားသည့်အကြောင်းကို မေးရာ "စွန်းချန်"(Sun Qian) က
စာကိုဆက်သလိုက်သည်။ စာကိုဖတ်ပြီးနောက် အကြောင်းအရင်းကိုသိပြီး ဒေါသထွက်ကာ
“ချိုက်မောက်”(Cai Mao)ကို ခေါ်လေသည်။ “ချိုက်မောက်”(Cai Mao)ရောက်သော်

"ဘာလို့ ငါ့ညီကို ဒီလိုလုပ်ကြံဖို့လုပ်ရတာလဲ" ဟုမေးသည်။ ထို့နောက် “ချိုက်မောက်”(Cai Mao)အား


သေဒဏ်ပေးစေလိုက်သည်။ သို့သော်လည်း "လျူပြောင်း"(Liu Biao) ၏ ဇနီးလည်းဖြစ်၊
“ချိုက်မောက်”(Cai Mao)၏ အစ်မဖြစ်သက
ူ ဝင်ပြီးအသနားခံသည်။ သို့သော်လည်း "လျူပြောင်း"(Liu
Biao) က လက်မခံချေ။ ထိုအခါ "စွန်းချန်"(Sun Qian) မှ ဝင်ပြီး

"ချိုက်မောက်(Cai Mao)ကိုသတ်လိုက်ရင် ဦးရီးတော် လျူဘေ့(Liu Bei) က


ဒီမှာဆက်နေနိုင်မှာမဟုတ်ဘူး " ဟုဆိုသဖြင့် သေဒဏ်မှလွတ်ငြိမ်းစေပြီး
ပြင်းပြင်းထန်ထန်အပြစ်ပေးလိုက်သည်။ ထို့ နောက် သားအကြီးဖြစ်သော "လျူချီ"(Liu Qi) ကို
"စွန်းချန်"(Sun Qian) နှင့်အတူလွှတ်ပြီး တောင်းပန်စေသည်။

ရှင်းရဲ့သို့ ရောက်သော် "လျူဘေ့"(Liu Bei) မှ "လျူချီ"(Liu Qi) အား


စားသောက်ပွဲတည်ခင်းကာဧည့်ခံသည်။ အရက်သောက်ပြီးသော် "လျူချီ"(Liu Qi) မှ ရုတ်တရတ်ငိုကာ

"ကျွန်တော့်မိထွေးက ကျွန်တော့်ကုရ
ှိင်းပစ်ချင်တာကြာနေခဲ့ပြီ။ သူ့ဒေါသကလွတ်အောင်
ဘယ်လိုလုပ်ရမယ်မသိဘူး။ ဒါကို ဦးလေးက အကြံပေးပါလား" ဟု ပြောသည်။ "လျူဘေ့"(Liu Bei)

504
ကလည်း သတိဖြင့်နေလျှင် ဘာမှမဖြစ်နိုင်ကြောင်းပြောကာ အားပေးလိုက်သည်။ မကြာမီပင် "လျူချီ"(Liu
Qi) လည်း ထွကခ
်ွာရန်ပြင်သည်။ "လျူဘေ့"(Liu Bei) ကအပြင်သို့ လိုက်ပို့ရာ
မြင်းဇောင်းနားအရောက်ဝယ် မြင်းကိုညွှန်ပြပြီး

"ငါ့အသက်ကို ဒီမြင်းသာ မကယ်ရင် အခုလောက်ဆို ငရဲပြည်ရောက်နေလောက်ပြီ" ဟု ဆိုသည်။


"လျူချီ"(Liu Qi) မှ

"ဒါ မြင်းရဲ့ခွန်အားကြောင့်မဟုတ်ပဲ ဦးလေးရဲ့ကေ


ံ ကာင်းမှုကြောင့်ပါ" ဟု ပြောသည်။ ထို့နောက်
"လျူချီ"(Liu Qi) ထွက်ခွာသွားသည်။

"လျူဘေ့"(Liu Bei) မြို့ထဲဝင်သောအခါ အမည်းရောင်အဝတ်၊


အမည်းရောင်ဖိနပ်ဝတ်ထားသောလူတစ်ဦးသည် အောက်ပါ သီချင်းကို ဆိုနေသည်ကိုကြားလိုက်သည်။

'စကြာဝဠာကြီးက ကွဲသွားပြီ၊ အရာအားလုံးပြီးဆုံးတော့မယ်

အိမ်တော်ကြီးကလှုပ်ခါနေပြီ၊ ဘယ်သစ်သားက မလဲကျပဲနေနိုင်ပါ့မလဲ?

ပညာရှိသူက သခင်ကိုရှာပေမယ့်လည်း ချိုင့်ဝှမ်းထဲမှာ အမြှုပ်နှံခံရတယ်

ရှာဖွေတ့လ
ဲူကတော့ သူ့ကိုမသိဘူး၊ သာမန်လူတွေထဲကငါပါပဲလား'

"လျူဘေ့"(Liu Bei) သည် ထိသ


ု ခ
ျီင်းကို နားထောင်နေသည်။

'ဒါ ရွှေကျင်(့ Shui Jing) ပြောတဲ့လူပဲနေမယ်' ဟုတွေးလေသည်။ ထို့နောက် မြင်းပေါ်မှဆင်းပြီး ထိုသူ့ ကို
မိမိ၏အိမ်တော်သို့ လာရန် ဖိတ်ခေါ်သည်၊ အိမ်တော်သို့ ပြန်ရောက်သောအခါ "လျူဘေ့"(Liu Bei) က
ထိုသူ၏နာမည်ကိုမေးသည်။

ထိုသူမှ

"ကျွန်တော်က ရင်းချွမ်က ရှန်ဖ(ူ Shan Fu) ပါ။ သခင်ကြီးရဲ့အကြောင်းကိုကြားသိခဲ့တာကြာပါပြီ။


သခင်ကြီးက လူတော်တွေကို မြောက်စားတယ်လို့သိရပါတယ်။ သခင်ကြီးဆီလာတွေ့ဖို့လုပ်ပေမယ့်လည်း
အဆင်မပြေတာနဲ့ သတိထားမိအောင် ဈေးထဲမှာ အဲ့လိုသီချင်းဆိုတာပါ" ဟုပြောသည်။

"လျူဘေ့"(Liu Bei) ကလည်း ရတနာတွေ့လေပြီ ဟုသဘောထားပြီး


ထိုသူ့ အပေါ်ကောင်းကောင်းဆက်ဆံသည်။ ထို့ နောက် "ရှန်ဖူ"(Shan Fu) သည် "လျူဘေ့"(Liu Bei)
စီးသောမြင်းကိုတွေ့သဖြင့် ထိုမြင်းကိုကြည့်လိုကြောင်းပြောသည်။ မြင်းကိုကြည့်ပြီးသော် "ရှန်ဖူ"(Shan Fu)

505
မှ "ဒါ တဲ့လ(ု Dilu) မြင်းမဟုတ်လား။ မြင်းကောင်းဆိုပေမယ့် ဒီမြင်းက သခင်ကိုခိုက်စေတဲ့အတွက်
မစီးသင့်ဘူး" ဟုပြောသည်။ "လျူဘေ့"(Liu Bei) မှ

"ဒါပေမယ့် နိမိတ်ဆိုးတွေကိုပြခဲ့ပြီးပါပြီ" ဟု ပြောကာ သူ့အဖြစ်အပျက်ကိုပြောပြလေသည်။

"ဒါက သူ့သခင်ကိုကယ်တာပဲ။ ဒါပေမယ့် နောက်ဆုံးမှာတစ်ယောက်ယောက်ကို ဒုကေ


ၡ ပးစေလိမ့်မယ်။
အဲ့လန
ိုမိတဆ
ိုးကိုဘယ်လိုကာကွယရ
် မယ်ဆိုတာ ကျွန်တော် ပြောပြပါ့မယ်"

"ဒီလိုဆိုရင်တော့ ကောင်းတာပေါ့"

"သခင်ကြီးနဲ့ရန်ငြိုးရှိတဲ့လူကို ဒီမြင်းပေးလိုက်၊ အဲ့လဒ


ူုက္ခရောက်ပြီးသွားပြီဆိုရင်တော့ ဒီမြင်းကို
စိတခ
်ျလက်ချစီးလို့ရပြီ"

ထိုအခါ "လျူဘေ့"(Liu Bei) သည် မျက်နှာပျက်သွားပြီး

"ဘာ? ခင်ဗျားနဲ့ကျွန်တော်နဲ့ ကသိတာမကြာသေးဘူး၊ ကျုပ်ရဲ့အကျိုးကျေးဇူးအတွကန


်ဲ့ သူများကို
ဒုက္ခပေးဖို့အကြံပေးတယ်? ဒါကို လက်မခံနိုင်ဘူး " ဟုဆိုသည်။ ထိုအခါ "ရှန်ဖ"ူ (Shan Fu) မှပြုံးပြီး

"လူတွေက သခင်ကြီးကို သနားကြင်နာတတ်တယ်လို့ ပြောကြတယ်။ ဒါက


ဒီအတိုင်းမေးလို့ မဖြစ်နိုင်တ့အ
ဲ တွက် ဒီလိုပြောပြီးစမ်းသပ်ရတာပါ" ဟုဆိုသည်။ ထိုအခါ "လျူဘေ့"(Liu
Bei) သည် ပြုံးကာ

"ခင်ဗျားရဲ့အဆုံးအမ မရှိရင် ကျွန်တော်က အဲ့လိုလူဘယ်ဖြစ်နိုင်မလဲ" ဟု ဆိုသည်။

"ကျွန်တော် ဒီကုေ
ိ ရာက်တော့ လူတွေက ဒီလိုပြောတာကြားရတယ်

'လျူဘေ့(Liu Bei) က ဒီကိုရောက်လာပြီဆုေ


ိ တာ့ ကောင်းမွန်တဲ့နေ့ပဲ

သူဒီမှာရှိတဲ့ကာလပတ်လုံးဟာ ငါတို့အတွက်ကံကောင်းမှုပဲ' တဲ့၊

ဒီတော့ သခင်ကြီးရဲ့မေတ္တာဟာ
သာမန်လူတွေအပေါ်တောင်အကျိုးသက်ရောက်တယ်ဆိုတာတွေ့နိုင်တယ်"

ထို့နောက် "ရှန်ဖူ"(Shan Fu) အား စစ်တပ်အကြံပေးအနေဖြင့် ခန့်အပ်လိုက်သည်။

ကျိကျိုးကို သိမ်းပြီးသည့်နောက် "ချောင်ချောင်း"(Cao Cao) ၏အကြံမှာ ကျင်ကျိုးကိုသိမ်းယူရန်ဖြစ်သည်။


စစ်သြူ ကီး "ချောင်ရန်"(Cao Ren) နှင့် "လီတျန်"(Li Dian) အပြင် လက်နက်ချခဲ့သော
ညီနောင်နှစ်ဦးဖြစ်သည့် "လွီရှန်"(Lu Xiang) နှင့် "လွီခွမ်း"(Lu Kuang) တို့ အား

506
စစ်တပ်သုံးသောင်းနှင့်အတူ ဖန်ချန်တွင်စခန်းချထားစေသည်။ ရည်ရွယ်ချက်မှာ ကျင်ကျိုးနှင့်
ရှန်းရန်ကြို ခိမ်းခြောက်ရန်ဖြစ်သည်။ ထို့နောက် သူလျှိုတို့ကိုလွှတ်ကာ ရန်သူ့ အားနည်းချက်ကုစ
ိုံစမ်းသည်။

"လွီရှန်"(Lu Xiang) နှင့် "လွီခွမ်း"(Lu Kuang) တို့ မှ

"လျူဘေ့(Liu Bei) ဟာ ရှင်းရဲ့မှာ အကာအကွယ်ယူပြီး နေနေတယ်။ ကျွန်တော်တို့ က


လက်နက်ချပြီးကတည်းက ဘာမှစွမ်းဆောင်မှုမလုပ်ခဲ့ဘူး။ ဒါကြောင့်
ကျွန်တော်တို့ကိုစစ်သားငါးထောင်ပေးပါ၊ လျူဘေ့(Liu Bei) ရဲ့ခေါင်းကိုဖြတ်လာခဲ့မယ်လို့ ကတိပြုပါတယ်"
ဟု ဆိုရာ "ချောင်ရန်"(Cao Ren) ကလည်း လက်ခံလိုက်သည်။

ရန်သတ
ူ့ို ချီတက်လာသည့်သတင်းကိုကြားသော် "လျူဘေ့"(Liu Bei) မှ "ရှန်ဖူ"(Shan Fu) အား
အကြံဉာဏ်တောင်းရာ "ရှန်ဖူ"(Shan Fu) မှ

"သူတို့ကို ဒီနယ်မြေထဲ မလာအောင်လုပ်ရမယ်၊ ကွမ်းယွ(ီ Guan Yu) နဲ့ ကျန်းဖေး(Zhang Fei) ကို
စစ်သားတစ်ထောင်စီနဲ့လွှတ်ပြီး တစ်ယောက်က ရန်သူနဲ့ ရင်ဆင
ိုပါစေ၊ နောက်တစ်ယောက်က
ရန်သူ့ ပြေးပေါက်ကိုပိတ်ထားခိုင်းပါ။ သခင်ကြီးကတော့ "ကျောက်ယွင"် (Zhao Yun) နဲ့အတူ
ရန္သေ
ူ တြကိုထိပ္တိုကရ
် င်ဆိုင်ပါ" ဟု ဆိုသည်။ "ကွမ်းယွီ"(Guan Yu) နှင့် "ကျန်းဖေး"(Zhang Fei)
သည်လည်း တပ်ကိုယ်စီဦးဆောင်ကာထွက်သွားသည်။ "လျူဘေ့"(Liu Bei) သည်
စစ်သားနှစ်ထောင်နှင့်အတူ မြို့ပြင်သို့ထွက်ပြီး ရန်သူတို့ လာသော်

"ငါ့နယ်မြေထဲကို ကျူးကျော်လာတာ ဘယ်သူတွေလဲ" ဟုပြောသည်။

"ကျုပ်က စစ်သူကြီး လွီခွမ်း(Lu Kuang) ပဲ။ ဝန်ကြီးချုပ်ရဲ့အမိန့်နဲ့ ခင်ဗျားကိုဖမ်းဖို့လာတာ"

ထိုအခါ "လျူဘေ့"(Liu Bei) သည် "ကျောက်ယွင"် (Zhao Yun) အား ရန်သူ့ခေါင်းဆောင်နှင့်


ရင်ဆုင
ိစေသည်။ မကြာမီပင် "ကျောက်ယွင"် (Zhao Yun) ၏လှံချက်ဖြင့် ရန်သူ့ ခေါင်းဆောင်ကျလေသည်။
"လျူဘေ့"(Liu Bei) သည် သူ၏စစ်တပ်တို့ အား တိုက်ရန် အချက်ပေးလိုက်သည်။

"လွီရှန်"(Lu Xiang) သည် အခြေအနေမဟန်သဖြင့် တပ်ဆုတ်ရန်ပြင်သည်။ သို့သော် ဘေးဘက်မှ


"ကွမ်းယွ"ီ (Guan Yu) ဦးဆောင်သောစစ်တပ်က တိုက်လေရာ စစ်သားထက်ဝက်ကျော်သေဆုံးကုန်သည်။
ကျန်သောသူတို့ က ဆက်လက်ထွကေ
် ပြးကြသည်။ သုံးမိုင်ခန့်အကွာတွင် "ကျန်းဖေး"(Zhang Fei)
ဦးဆောင်သောစစ်တပ်က လမ်းပိတက
်ာ စောင့်နေသည်ကိုတွေ့သည်။ ထို့နောက် "ကျန်းဖေး"(Zhang Fei)
သည်

507
"ကျန်းဖေး(Zhang Fei) က ဒီမှာပဲ" ဟု အော်ပြီး လှံရှည်ကုက
ိုင်ကာ ရန်သူ့ခေါင်းဆောင်အားတိုက်ရာ
"လွီရှန်"(Lu Xiang) သေလေသည်။ ရန်သူ့ စစ်သားတို့မှာလည်း ကြောက်လန့်ပြီး
ဦးတည်ရာမဲ့ထွက်ပြေးကြသည်။ သေသည့်လေ
ူ သ၊ သုံ့ပန်းဖြစ်သူတို့ဖြစ်ကန
ုသည်။ "လျူဘေ့"(Liu Bei)
သည် ရှင်းရဲ့သို့ ပြန်ရောက်သော် "ရှန်ဖူ"(Shan Fu) နှင့် အောင်ပွဲရစစ်သည်တို့ အား
ဆုလာဘ်ပေးလေသည်။

ဖန်ချန်မှ "ချောင်ရန်"(Cao Ren) သည် ထိုစစ်ရှုံးသည့်သတင်းကိုကြားသော် "လီတျန်"(Li Dian)


နှင့်တုင
ိပင်သည်။ "လီတျန်"(Li Dian) မှ

"ဒီလိုရှုံးရတာဟာ ကျုပ်တို့ ရန်သူတွေကိုအထင်သေးမိလို့ ဖြစ်ရတာ။ ကျုပ်တို့တွေဒီမှာပဲ စခန်းချပြီး


စစ္ကေ
ူ တာင်းမှဖြစ်မယ်" ဟု ဆိုသည်။

"မဖြစ်ဘူး။ ငါတို့တွေ စစ်သူကြီးနှစ်ယောက်နဲ့စစ်သားတွေအများကြီးဆုံးရှုံးသွားတာ


လက်စားချေမှဖြစ်မယ်။ ရှင်းရဲ့လိုမြို့သေးသေးလေးကို သိမ်းဖို့အတွက်နဲ့ ဝန်ကြီးချုပ်ကို
မနှောင့်ယှက်သင့်ဘူး"

"လျူဘေ့(Liu Bei) က အရည်အချင်းရှိတယ်၊ သူ့ကိုအထင်မသေးနဲ့"

"ခင်ဗျားက ဘာကြောက်နေတာလဲ"

"စစ်ဗျူဟာကျမ်းမှာ ကိုယ့်ကိုယ်ကိုလည်းသိ၊ ရန်သူကိုလည်းသိမှ စစ်ပွဲမှာအောင်နိုင်မယ်လို့


ဆိုထားတယ်လေ။ စစ်တိုက်ရတာကိုတော့မကြောက်ပါဘူး။ ဒါပေမယ့် ကျုပ်တို့ နိုင်မယ်လို့ မထင်ဘူး"

"ခင်ဗျားက သစ္စာဖောက်ပဲ။ လျူဘေ့(Liu Bei) ကို ကျုပ်ကုယ


ိတိုင်ဖမ်းပြမယ်"

"လုပ်ပေါ့။ ကျုပ်ကတော့ ဒီမြို့မှာပဲစောင့်နေမယ်"

"ခင်ဗျားသာ ကျုပ်နဲ့ အတူစစ်တိုက်မထွကရ


် င် ဒါသစ္စာဖောက်တဲ့သက်သေအနေနဲ့ သတ်မှတ်ရမယ်"

ထိုအခါ "လီတျန်"(Li Dian) မှာ မတတ်သာပဲ စစ်တိုက်ထက


ွ ရ
် န်ပြင်ရလေသည်။ ထို့နောက်
စစ်သားနှစ်သောင်းငါးထောင်တို့အား ယွီမြစ်ကိုဖြတ်ပြီး ရှင်းရဲ့သို့ ချီတက်စေသည်။

508
အခန်း(၃၆) "ရှန်ဖ"ူ (Shan Fu) ၏ ဗျူဟာ၊ ဖန်ခိုကိုသိမ်းယူခြင်း။ "ရွှီရှူ"(Xu Shu) ၏သံယောဇဉ်၊
"ကျူးကဲလျန့်"(Zhuge Liang) အား ခေါ်ယူရန် အကြံပေးခြင်း။

စစ်သားများဆုံးရှုံးသွားသောကြောင့် "ချောင်ရန်"(Cao Ren) သည် ဒေါသထွက်ကာ


လက်စားချေရန်အတွက် ယွီမြစ်ကိုဖြတ်ပြီးရှင်းရဲ့သို့ ချီတက်သည်။ "ရှန်ဖ"ူ (Shan Fu) သည်
မြို့တွင်းသို့ ဝင်ပြီး "လျူဘေ့"(Liu Bei) ထံသွားကာ

"ဖန်ချန်မှာရှိတဲ့ ချောင်ရန်(Cao Ren) က သူ့စစ်တပ်ရှုံးသွားတာကြားတော့ ဒီကုလ


ိာပြီးတိုက်လမ
ိ့်မယ်"
ဟုပြောရာ "လျူဘေ့"(Liu Bei) မှ

"သူတို့ကိုဘယ်လိုတန်ပြန်တိုက်ရင် ကောင်းမလဲ?" ဟု မေးသည်။

"သူက ဒီကိုစစ်တပ်အလုံးအရင်းနဲ့လာတိုက်မှာဆိုတော့ သူ့မြို့မှာ အစောင့်တွေထားခဲ့မှာမဟုတ်ဘူး ။


ဒါကိုအခွင့်ကောင်းယူရမယ်"

"ဘယ်လိုနည်းနဲ့လဲ"

ထိုအခါ "ရှန်ဖ"ူ (Shan Fu) က "လျူဘေ့"(Liu Bei) နားကပ်ကာ တီးတိုးပြောသည်။ ထိုအကြံကြားသော်


"လျူဘေ့"(Liu Bei) သဘောကျပြီး ပြင်ဆင်မှုများပြုလုပ်သည်။ မကြာမီပင် "ချောင်ရန်"(Cao Ren) သည်
စစ်တပ်အလုံးအရင်းဖြင့် မြစ်ကိုဖြတ်လာပြီဖြစ်ကြောင်း ကင်းထောက်တို့ က သတင်းပို့သည်။
၎င်းကြို ကားသော် "ရှန်ဖူ"(Shan Fu) သည်

"ကျွန်တော် မှန်းတဲ့အတိုင်းပဲ" ဟု ဆိုသည်။

ထို့နောက် "လျူဘေ့"(Liu Bei) ကိုယ်တိုင် တပ်တစ်တပ်ကိုဦးဆောင်ကာ


ရန်သန
ှူင့်ထွက်တွေ့သင့်ကြောင်းပြောသည်။ တပ်စွဲထားပြီးနောက်ဝယ် "ကျောက်ယွင"် (Zhao Yun) က
ရှေ့သို့ ထွက်ပြီး ရန်သူတို့ အားစိန်ခေါ်ရာ တစ်ဖက်မှ "လီတျန်"(Li Dian) ထွကလ
်ာပြီးတိုက်သည်။
ဆယ်ကွက်ခန့်တိုက်ပြီးဝယ် "လီတျန်"(Li Dian) သည် သူရှုံးနေမှန်းသိသဖြင့် ပြန်ဆုတ်ခွာသည်။
"ကျောက်ယွင်"(Zhao Yun) က နောက်မှလိုက်သော်လည်း ရန်သူ၏တောင်ပံတပ်မှ မြားတို့ဖြင့်ပစ်ရာ
ဆက်မလိုက်တော့ပေ။ ထို့နောက် နှစ်ဖက်လုံး တိုက်ပွဲကို ခဏတာရပ်နားလိုက်သည်။

"လီတျန်"(Li Dian) မှ သူ၏ခေါင်းဆောင်အား

"ကျုပ်တို့ရန်သေ
ူ တွက ရဲရင့်ပြီး တိုက်ခိုက်လိုစိတ်အပြည့်ရှိနေတဲ့အတွက်
သူတို့ အပေါ်အနိုင်ရဖို့ ခက်လိမ့်မယ်။ ဒါကြောင့် ဖန်ချန်ကိုပြန်ပြီး စစ်ကူကိုစောင့်သင့်တယ်" ဟု ဆိုသည်။
"ချောင်ရန်"(Cao Ren) မှ ဒေါသထွကက
်ာ

509
"ခင်ဗျားက တိုက်ပွဲတောင်မစရသေးပဲ ကိုယ့်တပ်ရဲ့စိတ်ဓာတ်ကျအောင်လုပ်ပြီး သစ္စာဖောက်တယ်။
ခင်ဗျားက ရန်သူဘက်ကပဲနေမှာ၊ ဒါကြောင့် သေဒဏ်ပေးသင့်တယ်" ဟု ပြောပြီး သတ်မိန့်ချသည်။
သို့သော်လည်း အခြားသော အမှုထမ်းတို့က ဝိုင်းတားမြစ်သဖြင့် "လီတျန်"(Li Dian)
ကိုအပြစ်မပေးတော့ပဲ တပ်နောက်ဘက်တွင်သာ နေရာယူစေသည်။

နောက်ရက်တွင် "ချောင်ရန်"(Cao Ren) ကိုယ်တုင


ိစစ်တပ်ကို ဦးဆောင်ကာချီတက်သည်။
"ချောင်ရန်"(Cao Ren) သည် စစ်တပ်ဗျူဟာတစ်ခုခင်းကျင်းပြီးနောက် သူ၏ဗျူဟာကို "လျူဘေ့"(Liu Bei)
သိမသိ ဆက်သားလွှတ်ပြီး မေးစေသည်။ ထိုအခါ "ရှန်ဖ"ူ (Shan Fu) က တောင်ကုန်းပေါ်တက်ကာ
ရန်သူ့ စစ်တပ်ကိုကြည့်ပြီးနောက် "လျူဘေ့"(Liu Bei) ထံသွားပြီး

"ဒီဗျူဟာက 'ဂိတ်ရှစ်ခုဗျူဟာ' ပဲ။ ဂိတ်တွေရဲ့နာမည်တွေက 'မွေးဖွားမှု' ၊ 'ထွက်ပေါက်' ၊ 'ကျယ်ပြန့်မှု' ၊


'ဒဏ်ရာ' ၊ 'ကြောက်ရွံ့မှု' ၊ 'ဖျက်ဆီးမှု' ၊ 'အတားအဆီး' နဲ့ 'သေဆုံးမှု' တို့ဖြစ်တယ်။ 'မွေးဖွားမှု' ၊
'ထြကေ
် ပါက်' နဲ့ 'ကျယ်ပြန့်မှု' ဆိုတဲ့ ဂိတ်သုံးခုထဲက တစ်ခုခုကိုဝင်နိုင်ရင် အနိုင်ရနိုင်တယ်။ 'ဒဏ်ရာ' ၊
'ကြောက်ရွံ့မှု' နဲ့ 'ဖျက်ဆီးမှု' ဆိုတဲ့ ဂိတ်တွေထဲဝင်မိရင်တော့ ဒဏ်ရာရနိုင်တယ်။
ကျန်တဲ့နှစ်ခုထဲဝင်မိရင်တော့ အရာအားလုံးပြီးဆုံးသွားပြီပဲ။ သူတို့ ဒီဂိတ်ပုံစံတွေဖြန့်ထားတာ
မှန်တယ်လို့ ဆိုနိုင်ပေမယ့် အလယ်မှာတော့ လိုအပ်ချက်ရှိနေတယ်။ ဒါကြောင့်
အရှေ့တောင်ဘက်ကနေဝင်ပြီး အနောက်ဘက်ကပြန်ထက
ွ်ရင် ရန်သူတွေကုရ
ှိုပ်ထွေးသွားစေနိုင်တယ်" ဟု
ပြောသည်။

ထို့နောက် "ကျောက်ယွင"် (Zhao Yun) အား စစ်သားငါးရာကိုဦးဆောင်စေပြီး ထိုအကြံအတိုင်းပင်


လုပ်စေသည်။ ရန်သူတို့ အရှုပ်အထွေးဖြစ်သွားသောအခါ "လျူဘေ့"(Liu Bei) သည်
သူ၏တပ်ကိုအချက်ပြပြီး တိုက်ခိုက်လေရာ အနိုင်ရလေသည်။ ထိုအခါ "ချောင်ရန်"(Cao Ren) သည်
"လီတျန်"(Li Dian) ကိုခေါ်ပြီးတိုင်ပင်သည်။ "ချောင်ရန်"(Cao Ren) မှ

"ဒီဗျူဟာကို ထိုးဖောက်နိုင်တယ်ဆိုတော့ လျူဘေ့(Liu Bei) ဘက်မှာ အင်မတန်တော်တဲ့လူရှိရမယ်"


ဟုဆိုသည်။

"ကျွန်တော်ကတော့ ဖန်ချန်အတွက် စိတ်ပူတယ်"

"ဒီညမှာ သူတို့ စခန်းကို လျပ်တပြက်တုက


ိရမယ်"

"သူတို့က အဆင်သင့်ပြင်ထားပြီးသားဖြစ်နေလိမ့်မယ်၊ တိုကရ


် င်လည်း အချည်းနှီးပဲ"

"ခင်ဗျားက ဒီလိုသံသယတွေရှိနေရင် စစ်ကိုဘယ်ကို အောင်မြင်အောင်တိုက်နိုင်မလဲ"

510
ထို့နောက် "ချောင်ရန်"(Cao Ren) သည် ဘာမျှဆက်မပြောတော့ပဲ ရန်သူ့ တပ်ကိုတိုက်ရန်ပြင်သည်။
"လီတျန်"(Li Dian) ကို တပ်နောက်ဘက်တွင်ထားကာ ညနှစ်ချက်တီးအချိန်တွင် ရန်သူ့ တပ်ကိုတိုက်ရန်
ပြင်ဆင်သည်။

"ရှန်ဖ"ူ (Shan Fu) သည် သူ၏ခေါင်းဆောင်ဖြင့် အစီအစဉ်တို့ ကိုဆွေးနွေးနေချိန်ဝယ် အရှေ့မြောက်ဘက်မှ


လေပြင်းတစ်ခုတုက
ိသွားသည်။ ထိုအခါ "ရှန်ဖ"ူ (Shan Fu) မှ

"ဒီည ရန္သေ
ူ တြလာတိုက္လမ
ိ့်မယ်" ဟု ဆိုသည်။

"သူတို့ ကို ဘယ်လိုရင်ဆိုင်မလဲ"

"အကုန်လုံးအဆင်သင့်ပြင်ထားပြီးပါပြီ"

"ချောင်ရန်"(Cao Ren) ၏စစ်တပ်ရောက်လာသောအချိန်တွင် ဘေးပတ်ပတ်လည်တွင်


မီးလောင်နေသည်ကိုတွေ့လိုက်သောအခါ "ချောင်ရန်"(Cao Ren) သည် သူ၏အကြံ
မအောင်မြင်ကြောင်းသိလိုက်ပြီး ပြန်ဆုတ်ရန်ပြင်သည်။ ထိုအခါ "ကျောက်ယွင"် (Zhao Yun) မှ
နောက်မှလက
ို တ
ိုက်သည်။ မြစ်ကမ်းနားသို့ ရောက်သောအခါ "ကျန်းဖေး"(Zhang Fei) က
ထွက်လာပြီးတိုက်လေသည်။ စစ်သားအများအပြား သေဆုံးပြီးနောက်တွင်သာ "ချောင်ရန်"(Cao Ren)
သည် လှေဖြင့်တစ်ဖက်ကမ်းသို့ဖြတ်နိုင်လေသည်။ ဖန်ချန်သို့ ရောက်သောအခါ မြို့တွင်းမှ
"ကွမ်းယွ"ီ (Guan Yu) ထွက်လာပြီး

"ကျုပ် ဒီမြို့ကိုသိမ်းလိုက်တာကြာပြီ" ဟု ပြောသည်။ ထိုအခါ "ချောင်ရန်"(Cao Ren) သည်


စစ်တပ်အများအပြားဆုံးရှုံးပြီးနောက် ရွှီချန်သို့ ပြန်လေသည်။ လမ်းတွင် ဒေသခံတို့မှ "လျူဘေ့"(Liu Bei)
၏ အကြံပေးအကြောင်းကိုမေးထားလေသည်။

511
"လျူဘေ့"(Liu Bei) သည် စစ်အနိုင်ရပြီးနောက် ဖန်ချန်သို့ ဝင်လေရာ မြို့စားဖြစ်သော "လျူမီ"(Liu Mi) မှ
ကြိုဆိုလေသည်။ ထိုမြို့စားသည် ဘုရင့်ဆွေတော်မျိုးတော်တစ်ဦးဖြစ်သည်။ ထိုမြို့စားအိမ်တော်တွင်
နေထိုင်စဉ် "လျူဘေ့"(Liu Bei) သည် ရုပ်ရည်ပြေပြစ်သော လူငယ်တစ်ဦးကိုမြင်ရာ
ထိုလူငယ်အကြောင်းကိုမေးလျှင် မြို့စားမှ

"သူက လော့က ခို့ သခင်ရဲ့သား၊ ကျွန်တော့် တူ ခို့ဖုန်း(Kou Feng) ပါ။ သူ့မိဘတွေမရှိတော့ကတည်းက


သူ့ကိုစောင့်ရှောက်ထားတာ" ဟု ဆိုသည်။ "လျူဘေ့"(Liu Bei) က ထိုလူငယ်ကိုသဘောကျကာ
မွေးစားလိုကြောင်းပြောသည်။ မြို့စားကလည်း သဘောတူသဖြင့် ထိုလင
ူ ယ်၏နာမည်ကို "လျူဖုန်း"(Liu
Feng) ဟုပြောင်းလိုက်သည်။ "လျူဘေ့"(Liu Bei) သည် ထိုမွေးစားသားကို သူနှင့်အတူခေါ်သွားသည်။
ထို့နောက် "ကွမ်းယွ"ီ (Guan Yu) နှင့် "ကျန်းဖေး"(Zhang Fei) တို့အား ဦးလေးအနေဖြင့်
အရိုအသေပြုခိုင်းလေသည်။ ထိုသို့ မွေးစားသည်ကို "ကွမ်းယွ"ီ (Guan Yu) မှ

"အစ်ကိုကြီးမှာ သားတစ်ယောက်ရှိနေတာ ဘာလို့နောက်တစ်ယောက်မွေးစားရတာလည်း? ဒီလိုဆို


အရှုပ်အထွေးတွေ ဖြစ်လာနိုင်တယ်" ဟု ပြောသည်။ ၎င်းနှင့်ပတ်သတ်ပြီး "ကွမ်းယွ"ီ (Guan Yu) သည်
မကျေနပ်ပေ။

"လျူဘေ့"(Liu Bei) သည် "ရှန်ဖူ"(Shan Fu) နှင့်ဆွေးနွေးပြီးနောက် "ကျောက်ယွင"် (Zhao Yun) အား
စစ်သားတစ်ထောင်ဖြင့် ဖန်ချန်ကိုစောင့်ကြပ်စေပြီး ရှင်းရဲ့သို့ ပြန်သည်။

ထိုအချိန်တွင် စစ်ရှုံးသွားသောစစ်သူကြီးတို့ သည် မြို့တော်သို့ ပြန်ရောက်နေပြီဖြစ်သည်။


ဝန်ကြီးချုပ်ကိုမြင်သောအခါ "ချောင်ရန်"(Cao Ren) သည် မြေကြီးပေါ်သို့လှဲချလိုက်ပြီး ငိုယိုကာ
သူ၏အမှားတို့ ကိုပြောဆိုလေသည်။ "ချောင်ချောင်း"(Cao Cao) မှ

"စစ်ပွဲရဲ့ကံကောင်းမှုပဲ။ လျူဘေ့(Liu Bei) ကို အကြံပေးနေတဲ့လူအကြောင်းကိုသိချင်တယ်" ဟု ဆိုသည်။


"ချောင်ရန်"(Cao Ren) မှ

"သူက ရှန်ဖူ(Shan Fu) လို့ခေါ်ပါတယ်" ဟု ပြောသည်။ "ချောင်ချောင်း"(Cao Cao) မှ

"သူက ဘယ်သူလည်း" ဟု မေးလေရာ "ချန်ယီ"ွ (Cheng Yu) မှ

"သူ့နာမည်က ရှန်ဖ(ူ Shan Fu) မဟုတ်ပါဘူး။ သူဟာ ငယ်ငယ်တုန်းက ဓားသိုင်းပညာကိုလိုက်စားခဲ့တယ်။


တစ်ရက်မှာတော့ သူ့သူငယ်ချင်းအတွက် လက်စားချေဖို့ လူတစ်ယောက်ကိုသတ်လိုကတ
် ယ်။
အမှုထမ်းတွေက သူ့ကိုဖမ်းမိသွားပေမယ့်လည်း သူ့သူငယ်ချင်းတွေက သူ့ကိုပြန်လွတ်သွားအောင်
ကူညီခဲ့တယ်။ အဲ့နောက်ပိုင်းမှာတော့ သူဟာ နာမည်ပြောင်းပြီး စာပေပညာကို လေ့လာခဲ့တယ်။ သူက
စီးမာဟွေး(Sima Hui) နဲ့သိကျွမ်းတယ်။ သူ့ရဲ့နာမည်အရင်းကတော့ ရွှီရှူ(Xu Shu) လို့ခေါ်ပြီး
ရင်းချွမ်နယ်သားဖြစ်တယ်။ ရှန်ဖူ(Shan Fu) ဆိုတာကတော့ သူ့ရဲ့တခြားနာမည်ပါပဲ" ဟု ပြောသည်။

512
"ခင်ဗျားနဲ့ ယှဉ်ရင် သူက ဘယ်လိုနေလဲ"

"ကျွန်တော့်ထက် ဆယ်ဆတော်ပါတယ်"

"နှမြောစရာပဲ။ လျူဘေ့(Liu Bei) မှာ ဒီလိုလူတော်တွေရှိရင် အတောင်ပံတပ်သလိုဖြစ်သွားမှာ။


ဒါကိုဘယ်လိုလုပ်ရမလည်း"

"သခင်ကြီးက သူ့ကိုလိုချင်ရင်တော့ ခေါ်ဖို့မခက်ခဲပါဘူး"

"သူ့ကိုလာအောင် ဘယ်လိုလပ
ုရမလဲ"

"သူက အမေအပေါ်သံယောဇဉ်ရှိတယ်ဆိုပြီး နာမည်ကြီးပါတယ်။ သူ့အဖေက


အရင်ကတည်းကသေဆုံးသွားခဲ့ပြီး အမေဖြစ်တဲ့သူက နောက်သားတစ်ယောက်နဲ့အတူနေတယ်။
အဲ့သားကလည်း သေဆုံးသွားတော့ အခု ရွှန်းအမျိုးသမီးက သူ့ကိုစောင့်ရှောက်မယ့်သူမရှိပဲနေ,
နေရတယ်၊ သူ့အမေကနေတစ်ဆင့် စာရေးခိုင်းရင်တော့ သူက ဒီကိုရောက်လာလိမ့်မယ်"

"ချောင်ချောင်း"(Cao Cao) သည် ထိုအမျိုးသမီးအိုကြီးကို မြို့တော်သို့ခေါ်ပြီး


ကောင်းကောင်းဆက်ဆံလေသည်။ ထို့နောက် "ချောင်ချောင်း"(Cao Cao) မှ

"ခင်ဗျားမှာ အင်မတန်အရည်အချင်းရှိတဲ့သားတစ်ယောက်ရှိတယ်လို့ကြားတယ်။ သူက လက်ရှိမှာ သူပုန်


လျူဘေ့(Liu Bei) ကို ကူညီနေတယ်ဆို။ ဒါက နှမြောစရာပဲ။ ရွှံ့နွံထဲရောက်နေတဲ့ရတနာလိုပဲ။ ခင်ဗျားသာ
သူ့ကိုခေါ်နိုင်ရင်တော့ ကျွန်တော်က ဘုရင့်ဆီမှာလျှောက်တင်ပြီး ရာထူးတစ်ခုပေးနိုင်ပါတယ်" ဟု
ပြောသည်။ ထို့နောက် ရွှန်းအမျိုးသမီးစာရေးရန်အတွက် စာရွက်နှင့်မင် ယူလာစေသည်။ ထိုအမျိုးသမီးမှ

"လျူဘေ့(Liu Bei) က ဘယ်လုလ


ိုမျိုးလည်း" ဟု မေးသည်။

"ကျိုးပြည်နယ်က သာမန်လူပါပဲ။ သူက သူ့ကိုယ်သူ ဦးရီးတော်လို့ သမုတ်ပြီး ဟန်တုင


ိးပြည်နဲ့
အမျိုးတော်သလိုလုပ်နေတယ်။ သူက ယုံကြည်ရတဲ့လူမဟုတ်သလို မှန်ကန်တဲ့လူလည်း မဟုတ်ဘူး ။
လူတွေကတော့ သူတို့ ကို တော်တဲ့လူလို့ဆိုကြပေမယ့် တကယ့်တကယ်မှာတော့ ရက်စက်တဲ့လပ
ဲူ"

"သူ့ကို ဘာလို့ ဒီလို ပုတ်ခတ်ရတာလည်း? သူက


ဟန်တိုင်းပြည်ရဲ့မင်းသားမျိုးရိုးကနေဆင်းသက်လာတယ်ဆိုတာ လူတိုင်းသိတယ်။ သာမန်ရာထူးလေးကိုပဲ
ယူထားပြီး လူတိုင်းအပေါ်ကိုလည်း လေးစားတယ်။ နောက်ပြီး သူဟာ ကြင်နာသနားတတ်တဲ့လပ
ဲူ။
လူကြီးလူငယ်မရွေး လူတိုင်းက သူ့ကို အကောင်းမွန်ဆုံးလူလို့သိကြတယ်။ ကျွန်မသားက
ဒီလိုလူမျိုးအောက်မှာ အမှုထမ်းတာက သူနဲ့ထိုက်တန်လို့ပဲ။ ရှင့်လိုလူကသာလျှင်

513
ဟန်ဝန်ကြီးနာမည်ယူထားတဲ့ သူပုန်ပဲ။ ဒါကို ပြောင်းပြန်လုပ်ပြီး လျူဘေ့(Liu Bei) ကို သူပုန်လို့ ပြောတယ်။
ရှင်က ကျွန်မသားကို အမှောင်အတွကန
်ဲ့ အလင်းဘက်ကထွကေ
် စချင်တာလား? အရှက်မရှိဘူးလား"

ထို့နောက် ရွှန်းအမျိုးသမီးသည် မှင်တုန်းဖြင့် "ချောင်ချောင်း"(Cao Cao) ကို ပစ်လေရာ


"ချောင်ချောင်း"(Cao Cao) မှ ဒေါသထွက်ပြီး ထိုအမျိုးသမီးကို သေဒဏ်ပေးစေသည်။ သို့ သော်လည်း
"ချန်ယ"ွီ (Cheng Yu) မှ

"ဒီအမျိုးသမီးက သေချင်နေတာ၊ ဒါပေမယ့် သူ့ကိုသတ်လိုကရ


် င် သခင်ကြီးရဲ့နာမည်လည်း
ကျဆင်းသွားမှာဖြစ်သလို သူ့သားကလည်း လက်စားချေဖို့အတွက်နဲ့ လျူဘေ့(Liu Bei) လက်အောက်မှာ
နေ,နေလိမ့်မယ်။ ဒါကြောင့် ရွှီရှူ(Xu Shu) ဟာ ကျွန်တော်တို့ ကို မကူညီနိုင်ရင်တောင်
အနှောင့်အယှက်မပေးနိုင်အောင် လုပ်ရမယ်။ ဒီအမျိုးသမီးကို မသတ်ပဲထားရင် သူ့သားကို
မြို့တော်ကိုလာအောင်လုပ်နိုင်တယ်" ဟု ပြောသည်။

"ချန်ယ"ွီ (Cheng Yu) သည် သူ့ကိုယ်သူ "ရွှီရှူ"(Xu Shu) ၏သွေးသောက်ညီအစ်ကုဟ


ိုဆြို ပီး
ရွှန်းအမျိုးသမီးထံအမြဲသွားကြည့်သည်။ ထို့အပြင် ထိုအမျိုးသမီးထံသို့အမြဲစာရေးလေရာ
ရွှန်းအမျိုးသမီးကလည်း ပြန်ရေးရလေသည်။ ထို့နောက် ထိုအမျိုးသမီး၏လက်ရေးကိုလေ့လာပြီး
စာအတုရေးကာ ရှင်းရဲ့သို့ စာပို့ လိုက်သည်။ "ရှန်ဖူ"(Shan Fu) သည် ထိုစာကိုရပြီးနောက် ဖွင့်ဖတ်လိုက်ရာ
စာအတွင်းဝယ် အောက်ပါအတိုင်းရေးထားသည်။

'မင်းရဲ့အစ်ကိုသေဆုံးသွားပြီးနောက် ငါက တစ်ယောက်တည်းနေနေခဲ့တယ်၊ ဆွေမျိုးတွေလည်း


အနားမှာမရှိဘူး ၊ ဝန်ကြီးချုပ် ချောင်ချောင်း(Cao Cao) က ငါ့ကိုခေါ်ပြီးမြို့တော်မှာ နေစေတယ်။ သူက
မင်းကို သူပုန်လို့ဆိုတယ်၊ နောက်ပြီး ငါ့ကိုချုပ်နှောင်ထားတယ်။ ဒါပေမယ့် ချန်ယ(ွီ Cheng Yu) ကြောင့်
ငါဟာ အသက်ချမ်းသာရာရခဲ့တယ်။ ဒီစာရတာနဲ့ ငါ့ဆီလာခဲ့ပါ။ ငါတို့ သားအမိနှစ်ယောက်
အန္တရာယ်ကြားကနေ ထွကေ
် ပြးကြတာပေါ့'

စာကိုဖတ်ပြီးနောက် "ရွှီရှူ"(Xu Shu) သည် မျက်ရည်ကျလာသည်။ ထို့နောက် "လျူဘေ့"(Liu Bei)


ထံသွားပြီးနောက်

"ကျွန်တော်က လျူပြောင်း(Liu Biao) ဆီကို သွားခဲ့တယ်၊ ဒါပေမယ့်လည်း သူက အသုံးမကျတော့


စီးမာဟွေး(Sima Hui) ကနေတစ်ဆင့် သခင်ကြီးဆီရောက်လာတယ်။ အခု ကျွန်တော့်အမေကို
ချောင်ချောင်း(Cao Cao) က ဖမ်းထားတယ်။ ဒါကြောင့် ကျွန်တော် သခင်ကြီးဆီကထွကခ
်ွာပြီး
အမေ့ဆသ
ွီားရမယ်။ အနာဂတ်မှာ သခင်ကြီးနဲ့ပြန်တွေ့ဖို့မျှော်လင့်ပါတယ်" ဟု ပြောသည်။
"လျူဘေ့"(Liu Bei) မှ

514
"သားအမိကြားက သံယောဇဉ်က မြင့်မြတ်တယ်။ ခင်ဗျားအမေအတွက် ခင်ဗျားမှာတာဝန်ရှိတယ်ဆိုတာ
နားလည်ပါတယ်" ဟု ဆိုသည်။

ထိုသို့ နှုတ်ဆက်ပြီးနောက် "ရွှီရှူ"(Xu Shu) သည် ချက်ချင်းထွက်ခွာရန်ပြင်သော်လည်း "လျူဘေ့"(Liu Bei)


က ခဏနေခိုင်းသဖြင့် တစ်ညတာ နေလေသည်။ "စွန်းချန်"(Sun Qian) သည် "လျူဘေ့"(Liu Bei) ထံ
တိတ်တဆိတ်သွားပြီး

"ရွှီချူ(Xu Shu) က လူတော်တစ်ယောက်ပဲ။ သူဟာ ဒီမှာနေတာကြာတော့


ကျွန်တော်တို့ရဲ့လျှို့ဝှက်ချက်တွေကို သိထားတယ်။ ဒါကြောင့် သူ့ကိုပေးသွားလို့မဖြစ်ဘူး။ ဒီလုသ
ိာဆိုရင်
ချောင်ချောင်း(Cao Cao) က သူ့အမေကိုသတ်လိုက်လမ
ိ့်မယ်။ အဲ့လိုဆိုရင်တော့ သူဟာ သူ့အမေအတွက်
လက်စားချေဖို့နဲ့ သခင်ကြီးဘက်မှာနေလိမ့်မယ်" ဟု ပြောလေသည်။

"ငါ ဒီလိုလုပ်လို့ မဖြစ်ဘူး ။ ဒီလိုလုပ်ရင် ငါဟာယုတ်မာတဲ့လူဖြစ်သွားလိမ့်မယ်။ ဒီလိုလုပ်မယ့်အစား


သေတာမှ တော်ဦးမယ်"

နှစ်ဦးလုံး စိတမ
် ကောင်းဖြစ်ကာ သက်ပြင်းချကြသည်။

"လျူဘေ့"(Liu Bei) သည် "ရွှီရှူ"(Xu Shu) အတွက် စားပွဲပြုလုပ်ပေးမည်ဟု ဖိတ်ခေါ်သော်လည်း


"ရွှီရှူ"(Xu Shu) မှ

"ကျွန်တော့်အမေက အဖမ်းခံထားရတာ ကျွန်တော်မြိုလို့ ကျမှာတောင် မဟုတ်ဘူး" ဟု


ဆိုပြီးငြင်းလိုက်သည်။

"ခင္ဗ်ားရဲ့ထြက္ခြာမႈက က်ဳပ္အတြကေ
် တာ့ လက်နှစ်ဖက်ပြတ်သွားသလိုပဲ။ နဂါးရဲ့အသည်းနဲ့
ဇာမဏီရဲ့ခြင်ဆီကို စားရမယ်ဆိုရင်တောင် စားနိုင်မှာမဟုတ်ဘူး။"

ထို့နောက် နှစ်ဦးလုံး ငိုကြသည်၊ ပြီးနောက်တွင်မူ မည်သို့ မှ စကားမပြောတော့ပဲ


နေထွက်လာသည်အထိထိုင်နေကြလေသည်။ ထို့ နောက် နှစ်ဦးလုံးမြင်းစီးကာ မြို့ပြင်သို့ ထွက်လေသည်။
ဒေစီပန်းအမိုးအကာနားဝယ် မြင်းပေါ်မှဆင်းပြီး အရက်သောက်ရန်ပြင်သည်။ "လျူဘေ့"(Liu Bei) က
အရက်ခွက်ကို မြှောက်ကာ

"ခင်ဗျားနဲ့ဒီလိုခွဲခွာရတာဟာ ကျုပ်အတွက်တော့ ကံဆိုး မှုပါပဲ။ ဒါပေမယ့် ခင်ဗျားက


သခင်အသစ်လက်အောက်မှာ နာမည်ကြီးဖို့ မျှော်လင့်ပါတယ်" ဟု ပြောသည်။

515
"ကျွန်တော်က သခင်ကြီးရဲ့ ကြင်နာမှုကြောင့် အမှုထမ်းခွင့်ရတဲ့လူတစ်ယောက်ပါပဲ။ ကျွန်တော်က အခု
အမေ့ကြောင့်သာ ခွဲခွာရတာပါ။ နောက်ပိုင်းမှာ ချောင်ချောင်း(Cao Cao) အတွက် ဘာအကြံမှမပေးဘူးလို့
ကတိပြုပါတယ်"

"ခင်ဗျားသွားရင်တော့ ကျွန်တော် တောတွေတောင်တွေထဲမှာပဲ နေရမယ်"

"ကျွန်တော်က အခုအမေအတွကန
်ဲ့စိတ်ညစ်နေတော့ ဒီမှာနေနေလည်း
ဘာမှအထောက်အကူဖြစ်မှာမဟုတ်ဘူး။ ဒါကြောင့် တခြားသင့်တော်တ့လ
ဲူကိုရှာပါ"

"ခင်ဗျားထက်တော်တဲ့လက
ို ဒီလောကမှာ ဘယ်လိုရှာနိုင်ပါ့မလဲ"

"ကျွန်တော်က အဲ့လိုချီးမွမ်းမှုနဲ့ မထိုက်တန်ပါဘူး။ ကျွန်တော်က အသုံးမဝင်တဲ့ငတုံးတစ်ယောက်ပါပဲ"

"ရွှီရှူ"(Xu Shu) သည် အနောက်ဘက်ရှိ အမှုထမ်းတို့ဘက်လှည့်ကာ

"မင်းမှုထမ်းတို့၊ သခင်ကြီးဟာတစ်တိုင်းပြည်လုံးမှာကျော်စောပြီး သမိုင်းစာမျက်နှာပေါ်မှာ


နာမည်ကျန်ရစ်ခဲ့အောင် ခင်ဗျားတို့ တွေလုပ်ဆောင်နိုင်မယ်လို့မျှော်လင့်ပါမယ်။ ကျွန်တော့်လို
တစ်ဝက်တစ်ပျက်နဲ့ ထွက်သွားရတဲ့လူတော့ မဖြစ်စေနဲ့" ဟု ပြောလေသည်။
ကျန်သောအမှုထမ်းတို့ကလည်း စိတ်မကောင်းဖြစ်ကြသည်။ "လျူဘေ့"(Liu Bei) သည်လည်း
သူ၏သူငယ်ချင်းနှင့်မခွဲနိုင်ပဲ ခပ်ဝေးဝေး၊ ခပ်ဝေးဝေးသို့ လိုကလ
်ံပို့ ဆောင်ရာ နောက်ဆုံးတွင် "ရွှီရှူ"(Xu
Shu) မှ

"သခင်ကြီး၊ ကျွန်တော်တို့ဒီမှာပဲ နှုတ်ဆက်ခဲ့ကြတာပေါ့" ဟု ပြောသည်။

"အခုတော့ ခွဲခွာရတော့မယ်။ ဘယ်အချိန်ပြန်တွေ့မလည်းဆိုတာ မသိနိုင်ဘူး"

နှစ်ဦးလုံးနှုတ်ဆက်ပြီးနောက် "ရွှီရှူ"(Xu Shu) သည် ထွကသ


်ွားသည်။ ၎င်းကို "လျူဘေ့"(Liu Bei) မှ
ငေးမောကာကြည့်နေသည်။

"လျူဘေ့"(Liu Bei) : "သူကထွက်ခွာသွားပြီ၊ ဘယ်လိုလပ


ုရမလည်း"

အပင်တစ်ပင်က "လျူဘေ့"(Liu Bei) ၏မြင်ကင


ွ်းကိုပိတထ
်ားလေရာ "လျူဘေ့"(Liu Bei) မှ ထိုအပင်ကို
လက်ညှိုးညွှန်ပြီး

"ဒီနားက အပင်မှန်သမျှကို ခုတ်နိုင်ရင်ကောင်းမယ်" ဟု ပြောသည်။ သူ၏အမှုထမ်းတို့ က

"ဘာကြောင့်လည်း" ဟု ဆိုလေသည်။

516
"ဘာကြောင့်လည်းဆိုတော့ အဲ့အပင်တွေက ရွှီရှူ(Xu Shu) ကိုမမြင်နိုင်အောင် ကွယထ
်ားလို့"

ထိုအချိန်တွင် ရုတ်တရတ် "ရွှီရှူ"(Xu Shu) ပြန်လှည့်လာသည်ကိုတွေ့လေသည်။ ထိုအခါ "လျူဘေ့"(Liu


Bei) မှ

"ဒီလိုပြန်လှည့်လာတာ ဒီမှာပဲနေမလို့ များလား" ဟု ဆိုသည်။

"လျူဘေ့"(Liu Bei) သည် "ရွှီရှူ"(Xu Shu) နှင့်တွေ့ပြီး

"ဒီလိုပြန်လှည့်လာတာဟာ သာမန်အကြောင်းကြောင့်တော့ မဟုတ်ဘူး ထင်တယ်" ဟုပြောသည်။

"ကျွန်တော် စိတ်တွေရှုပ်ထွေးနေတော့ ပြောစရာတစ်ခုမေ့သွားလို့။ ရှန်းရန်မြို့ရဲ့ခုနစ်မိုင်အကွာမှာ


ပညာရှိတစ်ဦးရှိတယ်။ သူ့ကိုသွားခေါ်ပါ"

"ခင်ဗျားကတစ်ဆင့် သူ့ကို ကျွန်တော့်ဆီလာခိုင်းဖို့ ပြောကြည့်ပါလား"

"သူက သခင်ကြီးဆီလာမှာမဟုတ်ဘူး။ သခင်ကြီးက သူ့ဆီသွားရလိမ့်မယ်။ သူသာလက်ခံရင်တော့


ကျိုးက Lu Wang ရဲ့အကူအညီရသလို၊ ဟန်က Zhang Liang ရဲ့အကူအညီရသလိုမျိုး
အကျိုးဖြစ်ထွန်းလိမ့်မယ်"

"အဲ့လူနဲ့ ခင်ဗျားနဲ့နှိုင်းရင်ဘယ်လိုရှိလည်း"

"ကျွန်တော်နဲ့ ? သူနဲ့ ယှဉ်ရင် ပင်ပန်းတဲ့သာမန်မြင်းနဲ့ ရွှေမြင်းပျံကိုယှဉ်သလို၊ အိုမင်းနေတဲ့ဘဲနဲ့


ဇာမဏီကိုယဥ
ှ်သလိုပါပဲ။ သူ့ကို Guan Zhong နဲ့ Yue Yi လိုမျိုးလူလို့ ပြောကြတယ်။ ကျွန်တော်ကတော့
သူက အဲ့လိုလူတွေထက်သာတယ်လို့မြင်တယ်။ သူ့ရဲ့အရည်အချင်းဟာ
ကောင်းကင်နဲ့ မြေကြီးရဲ့အကွာအဝေးနဲ့တောင်နှိုင်းယှဉ်နိုင်တယ်။ သူက
တခြားလူတွေထက်သာလွန်တဲ့လပ
ူါပဲ"

[Lu Wang (သို့) Jiang Ziya - ကျိုးမင်းဆက် ဘုရင် Wen ၏အကြံပေးဖြစ်သည်။

Zhang Liang - Liu Bang ၏ အကြံပေး

Guan Zhong - နွေဦးဆောင်းဦးကာလတွင် Qi ပြည်နယ်၏ ဝန်ကြီးချုပ်

Yue Yi - နွေဦးဆောင်းဦးကာလတွင် Yan ပြည်နယ်၏ စစ်သူကြီး ]

517
"သူ့နာမည်ကို သိပါရစေ"

"သူက လန်ရဲ့က ကျူးကဲလျန့်(Zhuge Liang) ပါပဲ။ အရင် စစ်သူကြီးဟောင်း ကျူးကဲဖုန်း(Zhuge Feng)


မျိုးရိုးကပါ။ သူ့အဖေ Zhuge Gui ဟာ ထိုင်ရှန်း ဒု-မြို့စားဖြစ်ခဲ့ပြီး
ငယ်ငယ်ရွယ်ရွယ်နဲ့သေဆုံးသွားခဲ့တယ်။ အဲ့နောက်မှာတော့ သူဟာ သူ့ဦးလေး Zhuge Xuan နဲ့အတူ
ကျင်ကျိုးကိုရောက်လာတယ်။ ကျူးကဲလျန့်(Zhuge Liang) က ရှန်းရန်မှာနေတယ်။
သူ့ဦးလေးသေဆုံးပြီးနောက် သူဟာ သူ့ညီ ကျူးကဲကျွင်း(Zhuge Jun) နဲ့အတူ
နန်ရန်ကလယ်ကက
ွ်တစ်ခုမှာ နေပြီး လျန်ဖူပုံစံသီချင်းတွေဖွဲ့ဆိုပြီး အချိန်ကုန်စေတယ်။ အဲ့နားက
တောင်ကုန်းက အိပ်ပျော်နေတဲ့နဂါးတောင်လို့ ခေါ်တယ်။ သူက အဲ့နာမည်ကိုယူပြီးတော့ သူ့ကိုယ်သူ
အိပ်ပျော်နေတဲ့နဂါးလို့ဆိုတယ်။ သူဟာ ပညာရှိတစ်ဦးပဲ။ သူ့ဆီကို သွားသင့်တယ်။
သူ့အကူအညီသာရရင် သခင်ကြီးဟာ ဘာမှစိတ်ပူစရာမလိုတော့ဘူး"

"စီးမာဟွေး(Sima Hui) က အိပ်ပျော်နေတဲ့နဂါးနဲ့ ဇာမဏီငယ်အကြောင်းပြောခဲ့ဖူးတယ်။


သူတို့ နှစ်ယောက်ထဲကတစ်ယောက်ရဲ့အကူအညီရရင် အဆင်ပြေမယ်လို့ ဆိုတယ်။ သူပြောတဲ့လူက
အဲ့လူပဲနေမယ်"

"ဇာမဏီငယ်က ရှန်းရန်က ဖန်ထ(ုံ Pang Tong) ဖြစ်ပြီး အိပ်ပျော်နေတဲ့နဂါးဆိုတာကတော့


ကျူးကဲလျန့်(Zhuge Liang) ပဲ"

"အခုတော့ ဒီလေ
ူ တွအကြောင်းကိုသိပြီ။ ခင်ဗျားသာမပြောရင် ကျွန်တော် သိမှာမဟုတ်ဘူး "

ထို့နောက် "ရွှီရှူ"(Xu Shu) သည်လည်း ထွက်ခွာသွားသည်။

ထို့နောက် "လျူဘေ့"(Liu Bei) သည် လက်ဆောင်တို့ပြင်ဆင်ကာ သူ့ညီနှစ်ဦးနှင့်


နန်ရန်သို့သွားရန်ပြင်သည်။

"ရွှီရှူ"(Xu Shu) သည် သူ၏စိတခ


်ံစားချက်တို့ကြောင့် အိပ်ပျော်နေသောနဂါးအကြောင်းကိုပြောမိရာ
သူ၏သူငယ်ချင်းအပေါ် သစ္စာဖောက်ရာကျသွားသည်။ "ကျူးကဲလျန့်"(Zhuge Liang) သည်
"လျူဘေ့"(Liu Bei) အား မကူညီမည်ကိုစိုးရိမ်သဖြင့် "ရွှီရှူ"(Xu Shu) သည် "ကျူးကဲလျန့်"(Zhuge Liang)
ထံသွားသည်။ မည်သည့်အကြောင်းကြောင့်လာသည်ကိုမေးလျှင် "ရွှီရှူ"(Xu Shu) မှ

"ကျွန်တော်က ယွီကျိုးက လျူဘေ့(Liu Bei) ထံမှာအမှုထမ်းချင်ခဲ့တယ်။ ဒါပေမယ့်လည်း


ကျွန်တော့်အမေက အဖမ်းခံထားတော့ သူ့ဆီကိုသွားရမယ်။ သခင်ကြီးနဲ့မခွဲခွာခင်မှာ ကျွန်တော်က
ခင်ဗျားအကြောင်းကိုပြောပြခဲ့တယ်။ သူလာရင် ခင်ဗျားက သူ့ကိုမငြင်းပဲ
အကူအညီပေးဖို့မျှော်လင့်ပါတယ်" ဟု ပြောသည်။ ထိုအခါ "ကျူးကဲလျန့်"(Zhuge Liang) သည်
စိတအ
် နှောင့်အယှက်ဖြစ်သွားဟန်ဖြင့်

518
"အဲ့တော့ ခင်ဗျားက ကျုပ်ကို လောကကြီးအတွက်စတေးဖို့ သားကောင်ဖြစ်အောင်လုပ်လိုက်တာပေါ့"
ဟုဆိုလေသည်။ ထို့နောက် "ကျူးကဲလျန့်"(Zhuge Liang) သည် အခန်းအတွင်းမှထွကသ
်ွားသည်။
ဧည့်သည်ဖြစ်သော "ရွှီရှူ"(Xu Shu) သည်လည်း ရှက်သွားကာ မြင်းပေါ်သို့ တက်ပြီး သူ့အမေနှင့်တွေ့ရန်
မင်းနေပြည်တော်သို့ ခရီးနှင်လေသည်။

519
အခန်း(၃၇) "စီးမာဟွေး"(Sima Hui) မှ စာပေပညာရှင်တစ်ဦးကို "လျူဘေ့"(Liu Bei) ထံ
ထောက်ခံပေးခြင်း။ "လျူဘေ့"(Liu Bei) သည် 'အိပ်ပျော်နေသောနဂါး' တောင်ထိပ်သို့
သုံးကြိမ်သုံးခါသွားခြင်း။

"ရွှီရှူ"(Xu Shu) မြို့တော်သို့ ရောက်သောအခါ "ရွှင်ယ"ွီ (Xun Yu) နှင့် "ချန်ယွီ"(Cheng Yu)
တို့မှကြိုဆိုပြီး ဝန်ကြီးချုပ်အိမ်တော်သို့ အလျင်ခေါ်သွားသည်။ "ချောင်ချောင်း"(Cao Cao) မှ

"ခင်ဗျားလို ပညာရှိက ဘာလို့ လျူဘေ့(Liu Bei) လိုလူအောက်မှာ အမှုထမ်းရတာလဲ" ဟု ဆိုသည်။


"ရွှီရှူ"(Xu Shu) မှ

"ကျွန်တော်ငယ်ရွယ်တုန်းက ပြစ်မှုတစ်ခုကြောင့်ထက
ွ်ပြေးခဲ့ပြီး နေရာအနှံ့သွားရင်းနဲ့ ရှင်းရဲ့မှာ
သူနဲ့တွေ့ပြီး မိတေ
် ဆွဖြစ်ခဲ့တာပါ။ အခု ကျွန်တော့်အမေက ဒီမှာရှိတော့ ဒီကုလ
ိာခဲ့တာ" ဟု ဆိုသည်။

"ခင်ဗျား ဒီကိုလာတော့ ခင်ဗျားအမေကိုအမြဲဂရုစိုကန


ိုင်တော့မယ်၊ ကျုပ်ကလည်း ခင်ဗျားရဲ့အကူအညီတွေ
ရမယ်"

ထို့နောက် "ရွှီရှူ"(Xu Shu) သည် ဝန်ကြီးချုပ်အိမ်မှ သူ့အမေထံသွားလေသည်။

"ရွှီရှူ"(Xu Shu) သည် သူ့အမေဖြစ်သူထံ ငိုယိုပြီး သွားလေလျှင် အမေဖြစ်သူမှ အံ့ဩသွားကာ

"ဒီကို ဘာလို့ရောက်လာတာလဲ" ဟု မေးသည်။

"ကျွန်တော် ယွီကျိုးက လျူဘေ့(Liu Bei) ဆီမှာ အမှုထမ်းနေတုန်း အမေ့စာရလို့ ရောက်လာတာပါ"

ထိုအခါ အမေဖြစ်သူသည် ဒေါသထွကက


်ာ စားပွဲခုံကိုထုပြီး

"ရှကဖ
ို့ကောင်းပြီး အသုံးမကျတဲ့သား! ငါဆိုဆုံးမခဲ့တာတောင် နှစ်ပေါင်းများစွာ
နေရာအနှံ့လျှောက်သွားတဲ့လြူ ဖစ်နေခဲ့တယ်။ မင်းက စာပေတွေလေ့လာတဲ့လူမဟုတ်လား? သစ္စာနဲ့
မိဘအပေါ်ရိုသေလေးစားမှုဟာ တခါတလေမှာ အတိုက်အခံဖြစ်တတ်တာ မသိဘူးလား?
ချောင်ချောင်း(Cao Cao) က ဘုရင်ကိုထီမထင်ပြီးလူတကာကို နှိပ်ကွပ်တတ်သူဆုတ
ိာ မသိဘူးလား?
လျူဘေ့(Liu Bei) ကတော့ လူအများသိသလို ဖြောင့်မတ်ပြီး သစ္စာရှိတဲ့လဆ
ိုတာ မမြင်ဘူး လား? ဒါ့အပြင်
သူက ဟန်တိုင်းပြည်ရဲ့ မင်းဆွေမင်းမျိုးလေ၊ သူ့ဆီမှာ အမှုထမ်းတာက သင့်တော်တ့လ
ဲူဆီမှာ
အမှုထမ်းရတာပဲ။ အခုတော့ စာအတုလေးတစ်စောင်ကြောင့်နဲ့ မစုံစမ်းမစစ်ဆေးပဲ အလင်းကိုစွန့်ပြီး
အမှောင်ဆက
ီိုရောက်လာတော့ ဂုဏ်သိက္ခာကျပြီပေါ့၊ မင်းက တော်တော်တုံးတာပဲ၊ ငါ
မင်းမျက်နှာကိုဘယ်လိုကြည့်ရမလဲ? မင်းက ဘိုးဘေးဘီဘင်တွေရဲ့ ဂုဏ်သရေကိုညှိုးနွမ်းစေခဲ့ပြီ၊

520
မင်းကလောကကြီးမှာ အသုံးမကျတဲ့သူဖြစ်သွားပြီ" ဟု ဆူလေသည်။

သားဖြစ်သူမှာ ဒူးထောက်နေပြီး သူ့အမေကို စေ့စေ့ပင် မကြည့်ရဲချေ။ မိခင်ဖြစ်သူသည် ဆူပူပြီးနောက်


ရုတတ
် ရတ်ထကာ အခန်းအတွင်းသို့ ဝင်သွားသည်။ မကြာမီပင် အစေခံတစ်ဦးထွက်လာပြီး
ရွှန်းအမျိုးသမီးသည် ကိုယ့က
ိုယက
ိုဆွဲကြိုးချသွားကြောင်းပြောသည်။ "ရွှီရှူ"(Xu Shu) သည်
အမေဖြစ်သအ
ူား ကယ်ရန်ပြုသော်လည်း အချိန်နှောင်းသွားခဲ့လေပြီ။

အမေသေဆုံးသွားသောကြောင့် "ရွှီရှူ"(Xu Shu) သည် မေ့မြောသွားပြီး အချိန်အတန်ကြာမှ


သတိပြန်လည်လာသည်။ "ချောင်ချောင်း"(Cao Cao) သည် ထိုသတင်းကိုကြားသော် ဈာပနအတွက်
လက်ဆောင်များပေးပို့သည်။ နောက်ပိုင်းတွင် လူကုယ
ိတုင
ိရောက်လာကာ အရိုအသေပေးလေးသည်။
ရွှန်းအမျိုးသမီးကို မြို့တော်၏ တောင်ဘက်တွင် မြှုပ်နှံခဲ့သည်။ "ရွှီရှူ"(Xu Shu) သည် "ချောင်ချောင်း"(Cao
Cao) ထံမှ လက်ဆောင်တို့ကို လုံးဝလက်မခံခဲ့ချေ။

ထို့နောက် "ချောင်ချောင်း"(Cao Cao) သည် တောင်ပိုင်းကို တိုကခ


ိုက်ရန်ပြင်သည်။ သို့သော်လည်း
"ရွှင်ယ"ွိ (Xun Yu) မှ

"ဆောင်းရာသီမှာ စစ်ချီတက်ဖို့ မသင့်တော်သေးတဲ့အတွက် ရာသီဥတုကောင်းတဲ့အထိစောင့်ပါဦး" ဟု


ပြောသဖြင့် ထိုအဆိုကို လက်ခံလိုက်သည်။ "ချောင်ချောင်း"(Cao Cao) သည် ကျန်းမြစ်မှရေကို အသုံးချပြီး
ရေကန်ကြီးတစ်ခုလုပ်စေကာ ထိုရေကန်ကို "စိမ်းပြာရေကန်" ဟု ခေါ်သည်။ ထိုရေကန်တွင်
စစ်သားတို့အား ရေကြောင်းဖြင့် တိုကခ
ိုက်ရန်အတွက် စစ်ရေးလေ့ကျင့်စေသည်။

"လျူဘေ့"(Liu Bei) သည်လည်း လက်ဆောင်တို့ပြင်ဆင်ကာ "ကျူးကဲလျန့်"(Zhuge Liang)


နှင့်သွားတွေ့ရန်ပြင်သည်။ တစ်ရက်သော် အစေအပါးတို့က
တင့်တယ်သောဦးထုပ်နှင့်လတ
ူ စ်ဦးရောက်လာကြောင်းပြောလေရာ "လျူဘေ့"(Liu Bei) မှ

"သူပဲ ဖြစ်မှာပဲ" ဟု ဆိုပြီး ထွက်တွေ့လေသည်။ သို့သော်လည်း လာရောက်သူမှာ "စီးမာဟွေး"(Sima


Hui) ဖြစ်နေသည်။ "လျူဘေ့"(Liu Bei) မှ

"ခင်ဗျားဆီက ခွဲပြီးကတည်းက စစ်ဆင်ရေးတွေနဲ့ အလုပ်ရှုပ်နေတာနဲ့ ခင်ဗျားဆီကို လာမလည်ဖြစ်ခဲ့ဘူး။


အခုတော့ ခင်ဗျားကိုယ်တိုင်ရောက်လာပြီ။ ကျွန်တော် ခင်ဗျားဆီကို မလာနိုင်ခဲ့တဲ့အပေါ်စိတ်မရှိပါနဲ့" ဟု
ဆိုသည်။

521
"ရွှီရှူ(Xu Shu) က ဒီရောက်နေတယ်ဆို။ ကျွန်တော် သူ့ကိုလာတွေ့တာ"

"သူ ရွှီချန်ကိုထွကသ
်ွားပြီ။ သူ့အမေက ချုပ်နှောင်ခံထားရတယ်ဆုတ
ိဲ့ စာရလို့ "

"ဒါဆိုရင်တော့ သူ ချောင်ချောင်း(Cao Cao) ရဲ့ထောင်ချောက်မိသွားပြီ။ အဲ့စာက အတုပဲနေမှာ။


သူ့အမေက အင်မတန်မြင့်မြတ်တဲ့လ။ူ ချောင်ချောင်း(Cao Cao) က သူ့ကိုဖမ်းဆီးခဲ့ရင်တောင်မှ
သူ့သားဆီကို စာရေးမဲ့လူမဟုတ်ဘူး။ သားဖြစ်သူက မသွားရင် အမေက ဘာမှဖြစ်မှာမဟုတ်ဘူး၊
အခုသွားတော့ အမေဖြစ်သူက သေပြီပဲ"

"ဘယ်လိုကြောင့်များလဲ"

"သူက ကျင့်ဝတ်တွေကို အင်မတန်လုက


ိနာတဲ့အမျိုးသမီး။ သူ့သားကိုအဲ့လိုတွေ့ရင် သူအင်မတန်
အရှကရ
် သွားမှာ"

"ခင်ဗျား မိတ်ဆွေထွက်မသွားခင်တုန်းက ကျူးကဲလျန့်(Zhuge Liang) ဆိုတဲ့


လူတစ်ယောက်ကိုညွှန်းပေးသွားခဲ့တယ်။ သူ့အပေါ်ကို ဘယ်လိုမြင်လ"ဲ

"စီးမာဟွေး"(Sima Hui) သည် ရယ်ကာ

"ရွှီရှူ(Xu Shu) က သွားချင်ရင် သူ့ဟာသူအေးဆေးသွားတာမဟုတ်ဘူး။ အခုတော့ ကျူးကဲလျန့်(Zhuge


Liang) ထွက်လာပြီး တခြားလူကို ကူညီအောင် ရန်သွားစတယ်" ဟု ပြောသည်။

"ဘာကြောင့် ဒီလုဆ
ိုရတာလဲ"

"နန်ရန်က ကျူးကဲလျန့်၊ ပေါ်လင်က ချွေးကျိုးဖင်(Cui Zhouping) ၊ ရင်းချွမ်က ရှီကွမ်းယွမ(် Shi


Guangyuan) ၊ ရုနန်က မုန့်ကုန်းဝေ(Meng Gongwei) ၊ ရင်းချွမ်က ရွှီရှူ(Xu Shu) - အဲ့လင
ူါးယောက်ဟာ
အင်မတန်ရင်းနှီးတဲ့သူငယ်ချင်းတွေ။ သူတို့ ငါးယောက်ဟာ အစုလေးဖွဲ့ ပြီး တရားထိုင်ခဲ့ဖူးတယ်။ အဲ့ထဲမှာ
ကျူးကဲလျန့်(Zhuge Liang) တစ်ယောက်ပဲ အဲ့သဘောကိုနားလည်ခဲ့တယ်။ တစ်ခါက
ကျူးကဲလျန့်(Zhuge Liang) ဟာ သူတို့ လေးယောက်ကို 'ခင်ဗျားတို့ တွေသာ အမှုထမ်းလုပ်ရင်
မြို့စားတွေ၊ နယ်စားတွေဖြစ်မှာ' လို့ပြောခဲ့ဖူးတယ်။

ကျန်တဲ့လေးယောက်က သူ့ရဲ့ရည်မှန်းချက်က ဘာလည်းလို့မေးရင် သူက ပြုံးပြီးတော့ သူ့ကိုယ်သူ Guan


Zhong ၊ Yue Yi စတဲ့ ရှေးပညာရှိတွေနဲ့နှိုင်းယှဉ်တယ်။ ဘယ်သူမှ သူ့အရည်အချင်းကို
မတိုင်းတာနိုင်ခဲ့ဘူး"

"ရင်းချွမ်က ဘာလို့ လူတော်တွေအများကြီးထွက်ရတာလဲ"

522
"နက္ခတ္တပညာရှင် ရင်းခွေ(Yin Kui) က ဒီဒေသရဲ့အပေါ်မှာ ကြယ်တွေအများကြီးလင်းလက်နေတယ်လို့
ဆိုခဲ့ဖူးတယ်။ ဒါကြောင့် လူတော်တွေအများကြီးထွက်တာ"

ထိုအချိန်တွင် "ကွမ်းယွ"ီ (Guan Yu) သည် နံဘေးတွင်ရှိနေသဖြင့် "ကျူးကဲလျန့်"(Zhuge Liang) ကို


ထိုသို့ ချီးမွမ်းသည်ကိုကြားသောအခါ

"Guan Zhong နဲ့ Yue Yi ဟာ နွေဦးဆောင်းဦးကာလမှာ နာမည်ကြီးတဲ့ခေါင်းဆောင်တွေ။ သူတို့ တွေက


လူတကာထက်ထူး ချွန်တဲ့လူ။ ဒီလူတွေနဲ့ ကျူးကဲလျန့်(Zhuge Liang) ကို နှိုင်းတာ
လွန်တယ်လို့များမထင်ဘူးလား" ဟု ဝင်ပြောလေသည်။ "စီးမာဟွေး"(Sima Hui) မှ

"ကျုပ်အမြင်မှာတော့ သူ့ကို ဒီနှစ်ဦးနဲ့မနှိုင်းသင့်ဘူး။ တခြားလူနှစ်ယောက်နဲ့နှိုင်းရမှာ" ဟုပြောသည်။

"ဘယ်လူနှစ်ယောက်ပါလိမ့်?"

"တစ်ယောက်ကတော့ နှစ်ပေါင်းရှစ်ရာကြာခဲ့တဲ့ ကျိုးမင်းဆက်ကို အုတ်မြစ်ချပေးခဲ့တဲ့ Lu Wang ပဲ။


နောက်တစ်ယောက်ကတော့ ဟန်မင်းဆက်ကို နှစ်ပေါင်းလေးရာလောက် တည်တံ့စေခဲ့တဲ့ Zhang Liang"

ထိုသို့ ပြောပြီးနောက် "စီးမာဟွေး"(Sima Hui) သည် ထွကခ


်ွာသွားလေသည်။ လမ်းလျှောက်နေရင်းနှင့်မှ

"အိပ်ပျော်နေတဲ့နဂါးဟာ သခင်ကိုတွေ့သွားခဲ့ပေမယ့်လည်း သင့်တော်တဲ့အချိန်ကာလမှာ


မမွေးဖွားလာခဲ့ရဘူး။ တကယ်နှမြောစရာပဲ" ဟု ပြောသွားလေသည်။ "လျူဘေ့"(Liu Bei) သည်

"အင်မတန်တော်တ့လ
ဲူပ"ဲ ဟု မှတ်ချက်ချသည်။

"လျူဘေ့"(Liu Bei) သည် သူ့ညီနှစ်ဦးနှင့်အတူ "ကျူးကဲလျန့်"(Zhuge Liang) ထံသွားလေသည်။


လမ်းတွင် လယ်သမားတို့ကိုတွေ့သဖြင့် "ကျူးကဲလျန့်"(Zhuge Liang) ၏ နေအိမ်ကုေ
ိ မးရာ

"ဒီတောင်ကုန်းရဲ့တောင်ဘက်မှာ အိပ်ပျော်နေတဲ့နဂါး ဆိုတဲ့တောင်ထိပ်ရှိတယ်။ အဲ့နေရာက


သစ်တောနဲ့နီးပြီးတော့ တဲအိမ်လေးတစ်အိမ်ရှိတယ်။ အဲ့အိမ်ဟာ သခင်ကြီး ကျူးကဲလျန့်(Zhuge Liang)
ရဲ့ အိမ်ပဲ" ဟု ဆိုသည်။ "လျူဘေ့"(Liu Bei) ကလည်း ထိုလယ်သမားကို ကျေးဇူးတင်ပြီး ဆက်သွားသည်။

ထိုအိမ်သို့ရောက်သော် "လျူဘေ့"(Liu Bei) မှ တံခါးခေါက်လိုက်ရာ လူငယ်လေးတစ်ဦးထွက်လာပြီး


မည်သည့်ကိစ္စရှိကြောင်းမေးသည်။

"ဟန်တိုင်းပြည်ရဲ့စစ်သူကြီး၊ ရီချန်မြို့စား၊ ယွီကျိုးအုပ်ချုပ်သူ၊ ဘုရင့်ဦးရီးတော် လျူဘေ့(Liu Bei) က


သခင်ကြီးနဲ့တွေ့ချင်တယ်လို့ ပြောပေးပါ"

523
"ကျွန်တော် အဲ့လောက်ရာထူးတွေအများကြီး မမှတ်နိုင်ဘူး"

"ဒါဆိုလည်း လျူဘေ့(Liu Bei) ရောက်နေတယ်လို့ ပဲ ပြောပေးပါ"

"သခင်ကြီးက မနက်ကပဲ အပြင်ထွက်သွားတယ်"

"ဘယ်ကို ထွကသ
်ွားလည်းမသိဘူး?"

"ဘယ်သွားလည်းဆိုတာ မသိပါဘူး"

"ဘယ်အချိန်ပြန်လာမလဲ?"

"ဒါလည်း မသေချာဘူး၊ သုံးရက်ဖြစ်ချင်ဖြစ်မယ်၊ ဆယ်ရက်ဖြစ်ချင်ဖြစ်မယ်"

ထိုအခါ "ကျန်းဖေး"(Zhang Fei) မှ

"ပြန်သွားကြရအောင်" ဟု ပြောသည်။

"လျူဘေ့"(Liu Bei) : "ခဏလောက်ထပ်စောင့်ပါဦး"

"ကွမ်းယွ"ီ (Guan Yu) : "ပြန်သွားပြီး နောက်မှပြန်လာရင်ပိုကောင်းမယ်"

၎င်းကို "လျူဘေ့"(Liu Bei) မှ လက်ခံလိုက်ပြီး ထိုလူငယ်ဘက်လှည့်ကာ

"သခင်ကြီးပြန်လာရင် လျူဘေ့(Liu Bei) လာသွားတယ်လို့ ပြောပေးပါ" ဟု ဆိုသည်။

ညီအစ်ကိုသုံးယောက်တို့ သည် မြင်းစီးကာ ပြန်လှည့်ပြီး မိုင်အနည်းငယ်ခန့်သွားပြီးနောက်ဝယ်


ဟိုတဲအိမ်လေး၏ဘေးပတ်ဝန်းကျင်ရှိ ရှုခင်းကိုကြည့်လေသည်။ တောတောင်တို့မှာ
ကြီးကျယ်ခမ်းနားသည်ဟူထက် ပန်းချီကားချပ်ဆန်ဆန်လှပသည်၊ ရေတို့မှာ နက်နဲသည်ထက်
ကြည်လင်သည်။ မြေပြန့်တို့ မှာ ကျယ်ပြန့်သည်ထက် ညီညာနေသည်၊ တောအုပ်တို့ မှာ
ထူထပ်သည်ဟူသည်ထက် ကြီးမားသည်ဟုဆုန
ိုင်သည်၊ သစ်ပင်တို့ ပေါ်တွင် မျောက်များကိုတွေ့နိုင်သလို
ရေတိမ်ပေါ်တွင်လည်း ကြိုးကြာငှက်တို့ရှိလေသည်။ ထင်းရှူးပင်တို့နှင့်ဝါးပင်တို့ ကလည်း ထိရ
ှုခင်းကို
ဖြည့်စွက်အလှဆင်နေလေ၏။

ထိုရှုခင်းကို ငေးမောကြည့်နေစဉ်တွင် လူတစ်ဦး လမ်းလျှောက်လာသည်ကို တွေ့လိက


ု သ
် ည်။ ထိုလူသည်
ချောမောသောအသွင်ရှိကာ ဝတ်ကောင်းစားလှတို့ကိုဝတ်ဆင်ထားပြီး တောင်တက်တွင်အသုံးပြုရင်
တောင်ဝှေးကိုကိုင်ထားသည်။ ထိုအခါ "လျူဘေ့"(Liu Bei) သည်

524
"ဒါ သူပဲနေမှာ" ဟု ဆိုသည်။

"လျူဘေ့"(Liu Bei) သည် မြင်းပေါ်မှဆင်းပြီးနောက် ထိုလစ


ိုမ်းအား

"သခင်ကြီးက 'အိပ်ပျော်နေတဲ့နဂါး' ဆိုတာလား" ဟု မေးသည်။

"စစ်သူကြီးက ဘယ်သူပါလိမ့်"

"ကျွန်တော်က လျူဘေ့(Liu Bei) ပါ"

"ကျွန်တော်က ကျူးကဲလျန့်(Zhuge Liang) မဟုတ်ပါဘူး၊ သူ့သူငယ်ချင်း ချွေးကျိုးဖင်(Cui Zhouping)


ပါ"

"ကျွန်တော် ခင်ဗျားရဲ့ဂုဏ်သတင်းကြားခဲ့တာ ကြာပါပြီ။ တွေ့ရတာ ဝမ်းသာပါတယ်။ ဒီမှာခဏထိုင်ပြီးတော့


ကျွန်တော့်ကို ဩဝါဒလေးတွေပေးပါ"

ထို့နောက်နှစ်ဦးသားတို့သည် ကျောက်တုံးတစ်ခုစီတွင် ထိုင်လေသည်။ ညီဖြစ်သူနှစ်ဦးတို့ကမူ


"လျူဘေ့"(Liu Bei) ၏အနောက်တွင် မတ်တပ်ရပ်နေသည်။ "ချွေးကျိုးဖင်"(Cui Zhouping) မှ စကာ

"စစ်သူကြီးက ဘာကိစ္စကြောင့် ကျူးကဲလျန့်(Zhuge Liang) နဲ့တွေ့ချင်ရတာလဲ" ဟု မေးသည်။

"တိုင်းပြည်ကြီးက ရှုပ်ထွေးနေပြီး နေရာအနှံ့မှာ ပြဿနာတွေချည်းပဲ။ ကျွန်တော်က


ဒီအခြေအနေကိုပြန်ကောင်းအောင်လုပ်ဖို့ ခင်ဗျားသူငယ်ချင်းရဲ့အကြံဉာဏ်ယခ
ျူင်လို့ ပါ"

"ဒီလိုအခက်အခဲတွေကို ဖြေရှင်းချင်တာဆိုတော့ ခင်ဗျားက ကြင်နာတတ်တဲ့လပ


ူါပဲ။ ဒါပေမယ့်
ဒီလိုလုပ်တာဟာ အတားအဆီးတွေအများကြီးရှိတယ်၊ လျူဘန်း(Liu Bang) ဟာ
ဒီလိုတာဝန်ကိုလုပ်ဖို့ ကြိုးစားခဲ့စဉ်တန
ုးက ချင်ဘုရင်ဆိုးကိုသတ
ုသင်ပြီး တိုင်းပြည်ကြို ပန်ထူထောင်ခဲ့တယ်။
(၂၀၆ ဘီစီ) ....နှစ်ပေါင်းနှစ်ရာကြာတော့ ဝမ်မန်(Wang Mang) ရဲ့ပုန်ကန်မှုဖြစ်တယ်။ အဲ့အချိန်မှာ
လျူရှို့ (Liu Xiu) က ပုန်ကန်မှုကိုနှိမ်နှင်းပြီး တိုင်းပြည်တည်ငြိမ်အောင်လုပ်ခဲ့တယ်။
နှစ်နှစ်ရာကြာသွားပြီးနောက် အခုမှာတော့ ပြဿနာ အရှုပ်အရှင်းတွေပေါ်လာခဲ့ပြန်ပြီ။
ငြိမ်းချမ်းမှုကိုရအောင် လုပ်ဆောင်ဖို့ဆိုတာ အချိန်ယူရမယ်။ ခင်ဗျားက ကျူးကဲလျန့်(Zhuge Liang)
ရဲ့အကူအညီလိုချင်တယ်။ ဒါက အင်မတန်ခက်ခဲတဲ့ကိစ္စပဲ။ မိုးကောင်းကင်ရဲ့အလိုအတိုင်းသွားရင်တော့
လွယ်ကူတဲ့လမ်းဖြစ်မှာဖြစ်ပြီး အဲ့ဟာကိုဆန့်ကျင်ရင်တော့ ခက်ခဲတဲ့လမ်းကိုလျှောက်ရမှာဖြစ်တယ်။
ဘယ်သူမှ ကံတရားဆိုတာကို မရှောင်လဲန
ွှိုင်ဘူး"

"ဆရာကြီးရဲ့အတွေးအခေါ်က အင်မတန်ကိုနက်နဲပါတယ်။ ဒါပေမယ့် ကျွန်တော်က မင်းဆွေမင်းမျိုးဆိုတော့


တိုင်းပြည်ကိုကူညီမှကိုဖြစ်မှာ။ မရှောင်လွှဲနိုင်ဘူးလေဆိုပြီး ကံကြမ္မာလက် ဝ,ကွကအ
် ပ်လိုက်ရမှာလား"

525
"တောတောင်ထဲမှာနေတဲ့လူဖြစ်တဲ့ ကျွန်တော်က တိုင်းရေးပြည်ရာကိုပြောဖို့မသင့်တော်ပါဘူး။ ခုဏက
ခင်ဗျားက ပြောခိုင်းလို့တာ ပြောရတာပါ"

"ခင်ဗျားထောက်ပြတာကို ကျေးဇူးတင်ပါတယ်။ ကျူးကဲလျန့်(Zhuge Liang) ဘယ်သွားလည်းဆိုတာ


သိပါသလား?"

"ကျွန်တော်လည်း သူ့ကိုလာတွေ့တာ။ သူဘယ်သွားလည်းမသိဘူး"

"ဆရာကြီးက ကျွန်တော်နဲ့ အတူ ကျွန်တော့်ရဲ့နယ်မြေလေးကိုလိုက်ခဲ့ပါလား"

"ကျွန်တော်က အေးချမ်းမှုနဲ့ အနှောင်အဖွဲ့ကင်းမှုကြို မတ်နိုးသူဖြစ်ပြီး


ဘာမှရည်မှန်းချက်ကြီးကြီးမားမားမရှိပါဘူး။ တစ်ချိန်ချိန်မှာတော့ ပြန်တွေ့ကြတာပေါ့"

ထို့နောက် "ချွေးကျိုးဖင်"(Cui Zhouping) သည် နှုတ်ဆက်ကာ ထွက်သွားသည်။

ထိုအခါ "ကျန်းဖေး"(Zhang Fei) မှ

"ဒီကိုလာတာ ကျူးကဲလျန့်(Zhuge Liang) နဲ့မတွေ့ပဲ ဒီစာပေပညာရှင်ဆိုတဲ့လူရဲ့ ဆုံးမစကားကြားရတာပဲ


အဖတ်တင်တယ်" ဟု ပြောသည်။

"လျူဘေ့"(Liu Bei) : "ဒါက နက်နက်နဲနဲတွေးခေါ်တတ်သူရဲ့ စကားတွေပဲ"

ရှင်းရဲ့သို့ ပြန်ရောက်ပြီး ရက်အနည်းငယ်ကြာလျှင် "လျူဘေ့"(Liu Bei) သည် "ကျူးကဲလျန့်"(Zhuge


Liang) ပြန်ရောက်မရောက် လူလတ
ွှ်ကာ စုံစမ်းစေသည်။ ပြန်ရောက်ပြီဟုကြားလျှင်
"ကျူးကဲလျန့်"(Zhuge Liang) ထံသွားရန်ပြင်သည်။ "ကျန်းဖေး"(Zhang Fei) မှ မကျေမနပ်ဖြစ်ကာ

"ဘာလို့ဒီလိုရွာသားဆီသွားရတာလဲ? သူ့ကို ဒီလာခဲ့လို့ အမိန့် ထုတ်လိုက်ပါလား" ဟု ပြောလေသည်။


"လျူဘေ့"(Liu Bei) မှ

"ပါးစိတ်ပိတ်ထား။ 'ပညာရှိဆီကိုသွားရင် သူ့လမ်းအတိုင်းမသွားတာဟာ


ကိုယ်ဝင်ချင်တ့တ
ဲံခါးကိုပိတ်ထားသလိုပ'ဲ လို့ ဆရာကြီးမင်းစီးယပ်က ပြောခဲ့ဖူးတယ်။ ကျူးကဲလျန့်(Zhuge
Liang) က ဒီခေတ်ဒအ
ီ ခါရဲ့အထူးချွန်ဆုံးပညာရှိပဲ။ သူ့ကိုဒီလိုဆင့်ခေါ်လို့ဘယ်ဖြစ်မလဲ" ဟု ဆိုသည်။

ပထမအကြိမ်တိုင်းပင် "လျူဘေ့"(Liu Bei) သည် သူ၏ညီနှစ်ဦးနှင့်သွားလေသည်။ ထိုအချိန်သည်


ဆောင်းရာသီဖြစ်သဖြင့် အင်မတန်မှ အေးလေသည်။ လေတို့လည်း တိုက်ခတ်နေသလို နှင်းတို့လည်း
တဖွဲဖွဲကျနေသည်။ "ကျန်းဖေး"(Zhang Fei) မှ

526
"အခုက ဆောင်းရာသီဖြစ်တဲ့အတွက် စစ်ချီဖို့အဆင်မပြေဘူး။ ဒါကို တခြားလူဆီသွားပြီး
အသုံးမဝင်တဲ့စစ်ဗျူဟာ တောင်းခံရဦးမယ်။ ရှင်းရဲ့ကိုပြန်ရင်ကောင်းမယ်" ဟု ပြောသည်။ "လျူဘေ့"(Liu
Bei) မှ

"ငါက ကျူးကဲလျန့်(Zhuge Liang) ဆီကိုသွားမယ်လို့ ဆုံးဖြတ်ထားပြီးပြီ။ ငါ့ညီက


အအေးကြောက်တယ်ဆိုရင် ပြန်သွားနိုင်တယ်" ဟု ဆိုသည်။

"ကျွန်တော်က သေမှာတောင်မကြောက်တာ အေးတာကို ဘယ်ကြောက်မတုန်း? ဒါပေမယ့် ဒီကုလ


ိာတာ
အစ်ကြို ကီးအတွက် အချည်းနှီးဖြစ်မှာစိုးရိမ်တာပါ"

"ဘာမှ ထပ်မပြောနဲ့တော့"

ထိုအချိန်တွင် လူနှစ်ဦးတို့ သီချင်းဆိုနေသည်ကို မြင်လိုက်သည်။ တစ်ဦးမှာ ရှည်ညားသောမုတ်ဆိတ်ရှိပြီး


ကျန်တစ်ဦးမှာ ချောမောသောရုပ်ရည်ရှိသည်။ ထိုအခါ "လျူဘေ့"(Liu Bei) မှ

"ခင်ဗျားတို့ နှစ်ယောက်ထဲက ဘယ်သူက ဆရာ 'အိပ်ပျော်နေတဲ့နဂါး' ပါလိမ့်" ဟု မေးသည်။

"ခင်ဗျားက ဘယ်သူလဲ? အိပ်ပျော်နေတဲ့နဂါးကိုရှာတာ ဘာကိစ္စရှိလို့လဲ"

"ကျွန်တော်က လျူဘေ့(Liu Bei) ပါ။ တိုင်းပြည်ကြီးကိုတည်ငြိမ်အောင်လုပ်ဖို့ သူ့ဆီက


အကြံတောင်းချင်လို့ ပါ"

"ကျွန်တော်တို့နှစ်ယောက်လုံးက ခင်ဗျားရှာတဲ့လူမဟုတ်ပါဘူး။ ဒါပေမယ့် ကျွန်တော်တို့ က


သူ့သူငယ်ချင်းတွေပါ။ ကျွန်တော်က ရှီကမ
ွ်းယွမ(် Shi Guangyuan) ဖြစ်ပြီး သူကတော့
မုန့် ကုန်းဝေ(Meng Gongwei) ပါ"

"ကျွန်တော် ခင်ဗျားတို့ရဲ့ဂုဏ်သတင်းကိုကြားဖူးပါတယ်။ ဒီလိုတွေ့ရတာ ကျွန်တော့်အတွက်ကေ


ံ ကာင်းမှုပဲ။
ကျွန်တော်နဲ့ အတူ အိပ်ပျော်နေတဲ့နဂါးတောင်ထပ
ိကိုလိုက်ခဲ့ပါလား? စကားစမြည်ပြောကြတာပေါ့။
ကျွန်တော့်မှာ မြင်းအပိုတွေပါ,ပါတယ်"

"ကျွန်တော်တို့က တောသူတောင်သားတွေဖြစ်တဲ့အတွက် တိုင်းရေးပြည်ရေးကို မသိပါဘူး၊ ဒါကြောင့်


ဒါတွေကုမ
ိ မေးပါနဲ့။ အိပ်ပျော်နေတဲ့နဂါးကိုဆက်ပြီးတော့သာရှာပါ"

သို့နှင့် "လျူဘေ့"(Liu Bei) လည်း ခရီးဆက်လေသည်။ "ကျူးကဲလျန့်"(Zhuge Liang)


အိမ်သို့ ရောက်လျှင် ရှေးကအတိုင်း တံခါးခေါက်ရာ ပထမအခေါက်က လူငယ်လေးထွကလ
်ာပြန်သည်။

"သခင်ကြီး ပြန်ရောက်ပြီလား"

527
"သူ အခန်းထဲမှာ စာဖတ်နေပါတယ်"

ထိုအခါ "လျူဘေ့"(Liu Bei) သည် ဝမ်းမြောက်သွားပြီး ထိုလူငယ်လေးနှင့်အတူ


အိမ်အတွင်းသို့ဝင်သွားသည်။ ပင်မတံခါးကြီး၏အရှေ့ဘက်တွင် အောက်ပါစာအတိုင်းအဓိပ္ပာယ်ပေလွှာကို
ခ်ိတ္ထားသည္ကုေ
ိ တွ့သည်။

'သန့်စင်မှုကြောင့် မြင့်တက်စေသည်၊

အေးချမ်းမှုသည် ဟိုးအဝေးအထိ ထိရောက်သည်'

ထိုစာကိုကြည့်နေစဉ် လူငယ်လေးတစ်ဦး သီချင်းဆိုသံကိုကြားလေသည်။ ထိုလူငယ်သီချင်းဆိုရပ်သွားလျှင်


"လျူဘေ့"(Liu Bei) သည် ထိုလူငယ်ထံသွားကာ အရိုအသေပြုပြီး

"သခင်ကြီးကို တွေ့ချင်ခဲ့တာကြာပြီ။ ဒါပေမယ့်လည်း မတွေ့ဖြစ်ခဲ့ဘူး ။ ဆရာကြီး စီးမာဟွေး(Sima Hui)


ညွှန်တော့ ပထမအခေါက်က ဒီကိုလာပေမယ့်လည်း မတွေ့ခဲ့ရဘူး။ အခုတော့ ကံကောင်းထောက်မစွာနဲ့
တွေ့ရပြီ" ဟုပြောသည်။ ထိုလူငယ်လေးကလည်း ပြန်အရိုအသေပြုကာ

"စစ်သူကြီးက ကျွန်တော့်အစ်ကိုကိုတွေ့ချင်တဲ့ ယွီကျိုးက လျူဘေ့(Liu Bei) ထင်တယ်။ " ဟု ပြောသည်။

"သခင်ကြီးက အိပ်ပျော်နေတဲ့နဂါးမဟုတ်ဘူး လား?"

"ကျွန်တော်က သူ့ညီ ကျူးကဲကျွင်း(Zhuge Jun) ပါ။ သူ့မှာ ကျူးကဲကျင့်(Zhuge Jin)


လို့ခေါ်တဲ့အစ်ကုတ
ိ စ်ယောက်ရှိပါသေးတယ်။ အခု အဲ့အစ်ကိုကြီးက စွန်းချွမ်(Sun Quan) ဆီမှာ
အကြံပေးအဖြစ် အမှုထမ်းနေတယ်။ ကျူးကဲလျန့်(Zhuge Liang) က ညီအစ်ကိုတွေထဲမှာ
ဒုတိယအကြီးဆုံးပါ"

"ခင်ဗျားအစ်ကို အိမ်မှာရှိလား"

528
"မနေ့ကတင်ပဲ ချွေးကျိုးဖင်(Cui Zhouping) နဲ့အပြင်ထွကသ
်ွားတယ်"

"သူတို့ ဘယ်ထွက်သွားတာလဲ"

"ဘယ်သိနိုင်မလဲ? သူတို့တွေက လှေစီးပြီး ရေကန်တွေကိုလျှောက်သွားရင်သွားတတ်တယ်။


တောတောင်တွေထဲက ဘုံကျောင်းတွေမှာ ရဟန်းတွေနဲ့ စကားစမြည်ပြောချင်လည်းပြောနေတတ်တယ်။
ဒါမှမဟုတ် ဟိုးအဝေးကရွာတွေက သူငယ်ချင်းတွေဆီလည်း သွားတတ်တယ်။ ဒါမှမဟုတ်လည်း
ဂူတစ်ခုထဲမှာနေပြီး ပုလွေတစ်ချောင်းနဲ့ ကျားထိုးရင်လည်း ထိုးတတ်တယ်။ သူတို့ ဘယ်သွားလည်းဆိုတာ
မသေချာဘူး။ ဘယ်သူမှ သေချာမသိနိုင်ဘူး"

"တော်တော်ဆိုး တဲ့ကံပဲ၊ နှစ်ခါလုံး ပညာရှိကြီးနဲ့မတွေ့ရဘူး"

"ဒီမှာ ခဏထိုင်ပါဦး။ ကျွန်တော် ရေနွေးကြမ်းပြင်လုက


ိဦးမယ်"

"ကျန်းဖေး"(Zhang Fei) : "အစ်ကိုကြီး၊ သခင်ကြီးမရှိဘူးဆိုတော့ ကျွန်တော်တို့ပြန်ကြရအောင်"

"လျူဘေ့"(Liu Bei) : "ရောက်လက်စနဲ့ ဒီမှာစကားပြောလိုက်ပါဦးမယ်"

ထို့နောက် "လျူဘေ့"(Liu Bei) သည် အိမ်ရှင်ဘက်လှည့်ကာ

"ခင်ဗျားရဲ့အစ်ကိုကြီးက သေနင်္ဂဗျူဟာတွေ၊ စစ်ရေးစစ်ရာတွေလေ့လာတဲ့လူလား" ဟု မေးသည်။

"ကျွန်တော်မသိပါဘူး"

"ကျန်းဖေး"(Zhang Fei) သည် မကျေမနပ်ဖြင့်

"လေတွေက ပိုထန်ပြီး နှင်းတွေလည်း ပိုကျလာပြီ။ ကျွန်တော်တို့ပြန်သင့်ပြီ" ဟု


ကျယ်လောင်စွာပြောသည်။ ထိုအခါ "လျူဘေ့"(Liu Bei) သည် ဒေါသထွက်ပြီး ထိုသို့မပြောရန်
တားမြစ်လိုကသ
် ည်။

"ကျူးကဲကျွ င်း"(Zhuge Jun) မှ

"ကျွန်တော့်အစ်ကုလ
ိ ည်းမရှိဘူးဆိုတော့ သခင်ကြီးတို့ကို အချိန်မဆွဲတော့ပါဘူး" ဟု ဆိုသည်။

"ကျွန်တော် ရက်အနည်းငယ်ကြာရင် ပြန်လာပါ့မယ်။ စာရွကန


်ဲ့မှင်ယူလာပေးပါလား?
ကျွန်တော့်ရဲ့စိတ်ထက်သန်မှုကိုပြတဲ့အနေနဲ့စာတစ်စောင်ချန်ထားချင်လို့ ပါ"

"လျူဘေ့"(Liu Bei) သည် အောက်ပါစာကို ရေးလိုက်သည်။

529
'ကျွန်တော် လျူဘေ့(Liu Bei) က သခင်ကြီးရဲ့ဂုဏ်သတင်းကိုလေးစားနေခဲ့တာကြာပါပြီ။
နှစ်ခါလာခဲ့ပေမယ့်နှစ်ခါလုံးတွေ့ခွင့်မရခဲ့ဘူး ။ ကျွန်တော်က ဘုရင့်ရဲ့ဆွေမျိုးတော်စပ်တဲ့အတွက်
ဒီလိုမျိုးမထိုက်တန်တဲ့ရာထူးကိုရခဲ့ပါတယ်။ ဒါပေမယ့်လည်း တိုင်းပြည်ရဲ့ဆိုး ရွားတဲ့အခြေအနေ၊
အရှုပ်အထွေးတွေ၊ လူတွေက မင်းသားအပေါ် ဆိုးဆိုးရွားရွားဆက်ဆံနေတာမြင်ရင်
စိတမ
် ကောင်းဖြစ်ရပါတယ်။ ကူညီချင်ပေမယ့်လည်း အရည်အချင်းမရှိခဲ့ပါဘူး။ ဒါကြောင့် သခင်ကြီးသာ
ကူညီရင် Lu Wang တို့၊ Zhang Liang တို့ လုပ်ဆောင်ခဲ့သလို တိုင်းပြည်ကြီးကို
ပြန်လည်တည်ထောင်နိုင်မှာပါ

ကျွန်တော့်ရဲ့ဆန္ဒကုေ
ိ ဖ်ာပြတဲ့အနေတဲ့ဒစ
ီာကိုရေးတာပါ။ ကျွန်တော် နောက်တစ်ခေါက်လာပြီး
သခင်ကြီးကိုအရိအ
ု သေပြုပါဦးမယ်'

ထို့နောက် ၎င်းစာကို "ကျူးကဲကျွ င်း"(Zhuge Jun) အား ပေးလိုက်သည်။

"လျူဘေ့"(Liu Bei) သည် စိတ်ပျက်စွာဖြင့် မြင်းစီးကာ ပြန်ရန် ပြင်နေစဉ် လူငယ်လေးမှ

"သခင်ကြီးပြန်လာပြီ" ဟု ပြောသည်ကိုကြားလိုက်သည်။ ထိုလူသည် မြည်းတစ်ကောင်စီးလာပြီး


သီချင်းဆိုနေသည်။ သူ့အနောက်တွင် လူငယ်လေးတစ်ဦးက အရက်ပုလင်းကို ကိုင်ကာလိုက်လာသည်။

"လျူဘေ့"(Liu Bei) သည်

"ဒါက အိပ်ပျော်နေတဲ့နဂါးပဲဖြစ်မယ်" ဟုပြောပြီးနောက် ထိုသန


ူားသို့ သွားကာ

"လေပြင်းတွေကြောင့် အပြင်သွားဖို့ခက်ခဲပါတယ်။ ကျွန်တော်တို့ က သခင်ကြီးကိုစောင့်နေတာကြာပြီ" ဟု


ပြောလေသည်။ ထိုသူကလည်း မြည်းပေါ်မှဆင်းကာ အရိုအသေပြုသည်။

နောက်ဘက်က "ကျူးကဲကျွ င်း"(Zhuge Jun) က

"သူက ကျွန်တော့်အစ်ကိုမဟုတ်ဘူး။ ဒါက သူ့ယောက်က္ခမ ဟွမ်ချန်ရန့်(Huang Chenyan) ပါ"

ထိုအခါ "လျူဘေ့"(Liu Bei) မှ

"ခင်ဗျားဆိုနေတဲ့သီချင်းက အင်မတန်နားထောင်ကောင်းပါတယ်" ဟုဆိုသည်။

"အဲ့ဒါက ကျွန်တော့် သမက်အိမ်မှာတွေ့တဲ့ကဗျာလေးပါ"

"ခင်ဗျား သမက်ကို အခုတလောတွေ့ဖြစ်လား"

"အခု သူနဲ့လာတွေ့တာလေ"

530
ထို့နောက် "လျူဘေ့"(Liu Bei) လည်း နှုတ်ဆက်စကားဆိုကာ ထွက်သွားသည်။

ရှင်းရဲ့ကိုပြန်ရောက်ပြီးနောက် အချိန်တဖြည်းဖြည်းကုန်သွားကာ နွေဦးသို့ရောက်လာခဲ့ပြီ။ ထိုအခါ


"လျူဘေ့"(Liu Bei) သည် နောက်တစ်ကြိမ် "ကျူးကဲလျန့်"(Zhuge Liang) ထံသွားရန်ပြင်သည်။
ညီဖြစ်သူနှစ်ဦးတို့က ထိုသို့သွားမည်ကို ဝင်၍ကန့်ကွက်ရန်ပြင်ကြသည်။

531
အခန်း(၃၈)
“ကျူးကဲ့လျန့်”(Zhuge Liang) က သုံးနိုင်ငံအခင်းအကျင်းကို ချမှတ်ခြင်း၊
“စွန်းချွမ်”(Sun Quan) က ရှခို ကိုတိုက်ခိုက်ကာ လက်စားချေခြင်း။

“လျူဘေ့”(Liu Bei) သည် ၂ ကြိမ်တိုင် မအောင်မြင်ခဲ့သော်လည်း တတိယအကြိမ် သွားရောက်ရန်


ပြင်ဆင်လေသည်။ ညီ ၂ ယောက်က ကန့်ကွကေ
် လသည်။
“ကွမ်းယွ”ီ (Guan Yu): “အစ်ကြို ကီး၊ သူ့ဆီကို ၂ ခေါက်တောင် သွားခဲ့ပြီ။ ဒီလောက်နဲ့ကို
အောက်ကျို့လွန်းနေပြီ။ သူကျော်ကြားတာကိုလည်း မယုံပါဘူး။ အစမ်းသပ်မခံနိုင်လို့ ရှောင်နေတာ။ ဘာလို့
ခေါင်းမာနေရတာလဲ။”
“လျူဘေ့”(Liu Bei): “ညီလေး၊ မင်းမှားနေပြီ။ နွေဦးဆောင်းဦးခေတ်တန
ုးက ချီရဲ့ ဟွမမ
် င်းသားက
"ကွမ်းကျုံး"(Guan Zhong)ကိုတွေ့ဖို့ အရှေ့ခြမ်းကရွာလေးကို ၅ ကြိမ်တိုင်တိုင်သွားခဲ့တယ်။ ငါ
“ကျူးကဲ့လျန့်”(Zhuge Liang) နဲ့တွေ့ချင်တဲ့ဆန္ဒက အဲ့ထက်ကို ပိုပါတယ်။”
“ကျန်းဖေး”(Zhang Fei): “အစ်ကိုကြီးမှားနေပြီထင်တယ်။ ဘယ်လိုလုပ် ဒီရွာသားက
ဉာဏ်ပညာအကျော်အမော်ဖြစ်နိုင်မှာလဲ။မသွားသင့်တော့ဘူး၊ သူမလာရင် ကြိုးနဲ့တုပ်ပြီးခေါ်လာခဲ့မယ်။”
“လျူဘေ့”(Liu Bei): “ဝေမြစ်ကမ်းက အဘိုးအို "လွီဝမ်"(Lu Wang)ဆီကို ကြီးမြတ်တဲ့ ‘ဝင်’(Wen) ဘုရင်
သွားရောက်ခဲ့တာကို မေ့နေကြပြီလား။ Wen ဘုရင်တောင် နှိမ့်ချနိုင်ရင် ငါကဘာလို့ မလုပ်နိုင်ရမှာလဲ။
မင်းမလိုက်ရင် မင်းမပါဘဲ ငါတိ့သ
ွုားမယ်။”
“ကျန်းဖေး”(Zhang Fei): “အစ်ကိုတို့ သွားမှတော့ ကျုပ်လည်းလိုက်ရမှာပေါ့”
“လျူဘေ့”(Liu Bei): “မင်းလိုက်မယ်ဆိုရင် ယဉ်ကျေးပါ။”
“ကျန်းဖေး”(Zhang Fei) ကလက်ခံသဖြင့် ခရီးထွကခ
်ဲ့ကြသည်။ “လျူဘေ့”(Liu Bei) သည်
ရိုသေမှုကိုပြလိုသဖြင့် အိမ်ငယ်နားရောက်သော် မြင်းပေါ်ကဆင်းကာ ခြေလျင်လျှောက်သည်။ မကြာမီ
“ကျူးကဲ့ကျွ င်း”(Zhuge Jun) နှင့်တွေ့သော် ရိုသေစွာနှုတ်ဆက်ရင်း အစ်ကိုဖြစ်သူရှိ မရှိ မေးမြန်းသည်။

“ကျူးကဲ့ကျွ င်း”(Zhuge Jun): ရိုင်းစိုင်းစွာ “မနေ့ညနေကပဲ ပြန်ရောက်တယ်။”


“လျူဘေ့”(Liu Bei): “ကံကြမ္မာက မျက်နှာသာပေးပြီပဲ။ ခုပဲ ၀င်တွေ့လိုက်မယ်။"
“ကျန်းဖေး”(Zhang Fei): “တယ်ရိုင်းတဲ့လူပဲ။ အိမ်ထဲဖိတ်ခေါ်လို့ရရက်နဲ့ ရှောင်ထွက်သွားတယ်။”
“လျူဘေ့”(Liu Bei): “လူတိုင်းမှာ သူ့ကိစ္စနဲ့သူ ရှိတယ်။ ငါတို့က သူ့အပေါ် ဘာသြဇာရှိလု့လ
ိ ။ဲ ”
တံခါးရှေ့ရပ်ကာ တံခါးခေါက်လေသည်။ အစေခံထက
ွ်လာကာ လာရင်းအကြောင်းကို မေးသည်။
“လျူဘေ့”(Liu Bei): လွန်စွာရိုကျိုးလျက် ““လျူဘေ့”(Liu Bei) က သခင်ကြီးကို ဂါရ၀ပြုချင်လ့ပ
ိုါ။
အသင့္ကိုပဲ ဒုကေ
ၡ ပးရေတာ့မွာပဲ။”
အစေခံ: “သခင်ကြီးက အိပ်နေတယ်။”
“လျူဘေ့”(Liu Bei): “ဒါဆို မနှိုးပါနဲ့ဦး။”

532
“လျူဘေ့”(Liu Bei) က ညီ ၂ ယောက်ကို အပြင်ကတိတ်ဆတ
ိစွာ စောင့်စေကာ ကိုယ်တိုင်က
တိတ်ဆိတ်စွာ ၀င်သွားလေသည်။ အတွင်းရောက်သော် သူတွေ့ချင်နေသူမှာ ခုံတန်းပေါ်တွင် ဖျာခင်းကာ
အိပ်နေလေသည်။ “လျူဘေ့”(Liu Bei) က အ၀ေးမှနေကာ အရိုအသေပေးလေသည်။
အချိန်အတော်ကြာအထိ နိုးမလာသေးပေ။ အပြင်တွင်ကျန်ခဲ့သော ညီ ၂ ယောက်က
စိတမ
် ရှည်ဘလ
ဲိုကဝ
် င်လာသည်။ မတ်တပ်ရပ်စောင့်နေသော အစ်ကိုဖြစ်သူကိုမြင်သော် “ကျန်းဖေး”(Zhang
Fei) မှာ များစွာ စိတ်အနှောင့်အယှက်ဖြစ်ကာ
“ကျန်းဖေး”(Zhang Fei): “ဘယ်လောက်ရိုင်းစိုင်းလိုက်သလဲ။ ငါတို့အစ်ကြို ကီးက စောင့်နေတာကို သူက
အေးဆေးအိပ်နေတယ်။ အပြင်ထွက် လောင်စာမီးရှို့ခွဲပြီး သူနိုး မနိုး ကြည့်ဦးမယ်။”
“ကွမ်းယွ”ီ (Guan Yu): လေသံဖြင့် “မင်း ဒီလိုလုပ်လို့မရဘူး။”
“လျူဘေ့”(Liu Bei) က ၂ ယောက်လုံးကို အပြင်ပြန်ထွက်စေသည်။ ထိုစဉ် “ကျူးကဲ့လျန့်”(Zhuge Liang)
လှုပ်သည်ကို မြင်၏။ ထမလိုလိုပြုပြီးမှ နံရံဖက်လှည့်ကာ ဆက်လက်အိပ်စက်ပြန်သည်။ အစေခံက
နှိုးမည်ပြုသော်လည်း “လျူဘေ့”(Liu Bei) က တဖန်တားပြန်သည်။ နောက်ထပ် ၁ နာရီခန့်
စောင့်ဆိုင်းပြန်သည်။ ထို့နောက် နိုးလာပြီး ကဗျာရွတ်လေသည်။ ပြီးသော် အစေခံကို ဧည့်သည်လာ မလာ
မေးမြန်းသည်။
အစေခံ: “ဘုရင့်ဦးရီးတော် “လျူဘေ့”(Liu Bei) လာပါတယ်။ သူစောင့်နေတာ ကြာပြီ။”
“ကျူးကဲ့လျန့်”(Zhuge Liang): “ဘာလို့ ငါ့ကိုမပြောရတာလဲ။ အ၀တ်လဲရမယ်။”
“ကျူးကဲ့လျန့်”(Zhuge Liang) လည်း ထကာ အခန်းထဲဝင်ပြီး လျင်မြန်စွာ အ၀တ်လဲသည်။ ထို့နောက်
“လျူဘေ့”(Liu Bei) ထံ သွားရောက်တွေ့ဆုံလေသည်။ “ကျူးကဲ့လျန့်”(Zhuge Liang) မှာ
အရပ်အတန်သင့်ရှိပြီး ကြည်လင်သော မျက်နှာရှိသည်။ လူငယ်တစ်ဦးဖြစ်ပြီး ခေါင်းပေါင်းဆောင်းကာ
အဖြူရောင်ဝတ်ရုံရှည်ကို ၀တ်ဆင်သည်။ နတ်ဘုရားအလား ကျက်သရေရှိလှသည်။
“လျူဘေ့”(Liu Bei) က ဦးညွှတ်ကာ “ကျွန်ုပ်က Han မိသားစုရဲ့ အခက်အလက်တစ်ခု၊ Zhuo က
သာမန်လူတစ်ယောက်ပါ။ သခင်ကြီးရဲ့ ကျော်ကြားမှုကို ကြားရတာ ကြာပြီ။ အရင် ၂ ခေါက်က
တွေ့ခွင့်မကြုံခဲ့ဘူး ။ သင့်ရဲ့ စာရေးစားပွဲပေါ်မှာ နာမည်တော့ရေးခဲ့ပါတယ်။” ဟုပြောသည်။
“ကျူးကဲ့လျန့်”(Zhuge Liang) က “ကျွန်တော်ဟာ နှောင့်နှေးစေခဲ့တာပဲ။ ရှက်မိတယ်။ တစ်ကြိမ်ထက်ပိုပြီး
လာပေးလို့ကျေးဇူးတင်ပါတယ်။” ဟုဆိုလေသည်။ ရိုကျိုးစွာ နှုတ်ဆက်ကြပြီး
အပြန်အလှန်ဂါရ၀ပြုပြီးနောက် အိမ်ရှင်နှင့် ဧည့်သည်နေရာတွင် အသီးသီးထိုင်ကြကာ လက်ဖက်ရည်နှင့်
တည်ခင်းသည်။

“ကျူးကဲ့လျန့်”(Zhuge Liang): “ခင်ဗျားရဲ့စာအရ ခင်ဗျားက ပြည်သူတွေနဲ့ အစိုးရအတွက်


ပူဆွေးနေတယ်လို့ သိရတယ်။ ကျွန်တော်သာ အရည်အချင်းရှိပြီး အသက်မငယ်လှတော့ဘူးဆိုရင်
မေးခွန်းနည်းနည်း အရဲစွန့်မေးချင်မိတယ်။”
“လျူဘေ့”(Liu Bei): “"စီးမာဟွေး"(Sima Hui)နဲ့ ရွှီရှူ(Xu Shu)၂ ယောက်လုံးက ခင်ဗျားကို
ချီးမွမ်းကြတယ်။ သူတ့စ
ို ကားက အလကားဖြစ်ပါ့မလား။ ခင်ဗျားကကျွန်တော့် ရဲ့ အသုံးမကျတာကို

533
ဗွေမယူဘဲ ညွှန်ကြားပေးလိမ့်မယ်လို့ကျွန်တော်ယုံကြည်တယ်။”
“ကျူးကဲ့လျန့်”(Zhuge Liang): “ခင်ဗျားပြောတဲ့ ၂ ယောက်က တော်တဲ့ ပညာရှင်တွေပါ။ ကျွန်တော်က
သာမန်ရွာသား၊ လယ်သမားတစ်ယောက်ပါ။ တိုင်းပြည်ရေး၊ နိုင်ငံရေး မဆွေးနွေးသင့်ပါဘူး။ သူတ့ေ
ို တွ
ခင်ဗျားကို တလွဲညွှန်လိုက်ပြီ။ ဘာလို့ လှပတဲ့ ရတနာကိုစွန့်ပြီး အဖိုးမတန်တရ
ွဲ့လုံးကို ရွေးရတာလဲ။”
“လျူဘေ့”(Liu Bei): “ခင်ဗျားရဲ့ အရည်အချင်းတွေက ကမ္ဘာကတောင် အသိအမှတ်ပြုရပြီး
ပြောင်မြောက်လှတယ်။ ဘာလို့ လူမသိ သူမသိ အချိန်ဖြုန်းပြီး ဘ၀ကို ကုန်ဆံုး သွားမှာကို
ရောင့်ရဲနေရတာလဲ။ အို သခင်၊ ပြည်သြူ ပည်သားတွေရဲ့ မျက်နှာကို ထောက်ပါ၊
ကျွန်တော့်ကုည
ွှိန်ကြားပြသပြီး အသုံးမကျမှုကို ဖယ်ရှားပေးပါ။”
“ကျူးကဲ့လျန့်”(Zhuge Liang): “ခင်ဗျားရဲ့ ရည်မှန်းချက်က ဘာများလဲ။”
“လျူဘေ့”(Liu Bei): အနားကပ်ကာ “ဟန်တိုင်းပြည်က ပြိုလဲတော့မယ်။ ၀န်ကြီးတွေက အာဏာကို
ကိုင်ထားကြတယ်။ ကျွန်တော်က အားနည်းပေမဲ့ တိုင်းပြည်ကုေ
ိ တာ့ ကောင်းမွန်အောင်
ပြန်လပ
ုပေးချင်တယ်။ ဒါပေမဲ့ ကျွန်တော်က တော်တော်ကို အသိဉာဏ်နည်းပြီး အင်အားလည်း
နည်းပါးတယ်။ ခင်ဗျားတစ်ယောက်ပဲ အမှောင်ခွင်းလို့ အလင်းဆောင်ပြီး ကျွန်တော်က
ို့ ကယ်တင်နိုင်မှာပါ။
ဒီလိုဆို ဘယ်လောက်များ ပျော်ဖို့ကောင်းလိုက်မလဲ။”
“ကျူးကဲ့လျန့်”(Zhuge Liang): “သူပုန် "တုန်ကျိုး"(Dong Zhuo)ကစပြီး လူစွမ်းတွေ တစ်ယောက်ပြီး
တစ်ယောက် နိုင်ငံအနှံ့မှာ ပေါ်လာတယ်။ “ချောင်ချောင်း”(Cao Cao) ဟာ “ယွမ်ရှောက်”(Yuan Shao)
လောက် အင်အားမကြီးပေမဲ့ အချိန်ကောင်းကို ရွေးနိုင်ပြီး စစ်သည်တွေကို
ကောင်းကောင်းအသုံးချနိုင်တော့ အနိုင်ရခဲ့တယ်။ အခု သူအင်အားအကြီးဆုံးပဲ။ စစ်တပ်ကြီးကို
ပိုင်ဆုင
ိထားပြီး နန်းတော်ကတဆင့် နယ်စားတွေကို ထိန်းချုပ်ထားတယ်။ သူ့ကိုဆန့်ကျင်ဖို့တော့
မဖြစ်နိုင်ဘူး။ စွန်းမိသားစုက တောင်ပိုင်းကို ထိန်းချုပ်ထားတာ မျိုးဆက် ၃ ဆက်ရှိပြီ။ ဝူနိုင်ငံဟောင်းကို
ရထားတာ သိပ်မလုံခြုံပေမဲ့ လူထုထောက်ခံမှုတော့ ရထားတယ်။ သူတု့ဆ
ိ က
ီ အကူအညီရနိုင်ပေမဲ့
အောင်မြင်မှုမရနိုင်ဘူး။
ကျင်းကျိုး နယ်ဟာ ဟန်နဲ့ မြန် မြစ် ၂ စင်းကြားမှာရှိတယ်။ အရှေ့ဖက်မှာ ဝူအနောက်ဖက်မှာ ပါ၊ ရှူ
အထိကျယ်တယ်။ ဒီနေရာဟာ အဆုံးအဖြတ်တိုကပ
်ွဲတွေနိုင်ခဲ့တဲ့နေရာဖြစ်တယ်။ ဒီနေရာကို ရကို
ရရမှာဖြစ်ပြီး ကောင်းကင်က ခင်ဗျားကို ပေးထားပြီးသားပါ။
အနောက်ဖက်က ရီကျိုး နယ်ကလည်း အရေးပါတယ်။ သီးနှံဖြစ်ထွန်းတယ်၊ ကျယ်ပြောတယ်၊
ကောင်းချီးပေးခံရတဲ့ နယ်ဖြစ်ပြီး ဟန်နိုင်ငံထူထောင်သူက ဒီနယ်ကစခဲ့တာပဲ။ လက်ရှိနယ်စား
“လျူကျန်း”(Liu Zhang) က ညံ့ဖျင်းတယ်၊ အားနည်းတယ်။ ပြည်သူတွေက တော်ပြီး နယ်က ကြွယ်ဝပေမဲ့
အသုံးမချတတ်တော့ လူတော်တွေက မင်းလောင်းမျှော်ကြတယ်။
ခင်ဗျားက မင်းမျိုးမင်းနွယ်ဖြစ်တယ်၊ မှန်ကန်ပြီး ယုံကြည်ရတယ်လ့လ
ို ည်း တစ်တုင
ိးပြည်လံုး က
သိကြတယ်။ နှလုံးသားပြည်ဝ
့ ပြီး ပညာရှိကိုဆည်းကပ်တဲ့ ခင်ဗျားဟာ ရီကျိုး နဲ့ ကျင်းကျိုး ကိုသာ ရမယ်၊
အနောက်ဖက်က Rong မျိုးနွယ်စုတွေနဲ့ သင့်မြတ်မယ်၊ တောင်ဖက်က ရီနဲ့
ဗီယက်နယ်ဟောင်းတွေလည်းရပြီး ဝူရဲ့ “စွန်းချွမ်”(Sun Quan) နဲ့ မဟာမိတ်ဖွဲ့နိုင်မယ်၊

534
အစိုးရကောင်းအနေနဲ့ အုပ်ချုပ်နိုင်မယ်ဆိုရင် ကောင်းကင်က ခင်ဗျားလိုချင်တဲ့ အခွင့်အရေးကို
ပေးမယ့်ရက်ကို စိတ်ချလက်ချစောင့်နေရုံပါပဲ။ ပြီးရင် သင့်တော်တဲ့ ခေါင်းဆောင်တစ်ယောက်ကို
အရှေ့မြောက်ကို လွှတ်၊ ခင်ဗျားက အနောက်မြောက်ကို ချီရင် ပြည်သူတွေက ခင်ဗျားကို ကြိုလိမ့်မယ်။
ဒီလိုဆိုရင် လုပ်ငန်းပြီးဆုံးဖိ့က
ု လွယ်ကြူ ပီ။ ဟန်တိုင်းပြည်ကို ပြန်လည်ထူထောင်နိုင်ပြီ။ ဒါတွေက
ကျွန်တော်ရ
့ဲ အကြံဉာဏ်ပါပဲ။”
ခဏရပ်ကာ အစေခံကို ခေါ်၍ မြေပုံကို ယူစေသည်။ မြေပုံကို ဖြည်၍ “ဒီမှာ အနောက်ဖက်က ၅၄ ခရိုင်ကို
တွေ့ရမယ်။ ခင်ဗျားသာ သိမ်းပိုက်နိုင်မယ်ဆို မြောက်ဖက်က “ချောင်ချောင်း”(Cao Cao) နဲ့ တောင်ဖက်က
“စွန်းချွမ်”(Sun Quan) တို့အပေါ် အသာရဖို့ ကောင်းကင်ရော မြေထုကပါ အလေးပေးနေပြီ။
နောက်တစ်ဆင့်တက်ဖို့ ကျင်းကျိုး ကို အရင် သိမ်းပိုကရ
် မယ်။ အထိုင်ကျပြီဆုမ
ှိ တစ်နိုင်ငံလုံးကို
သိမ်းပိုက်ဖို့ စီစဉ်ရမယ်။” ဟု ဆိုလေသည်။
ရှည်လျားလှသော စကားပြီးသော် “လျူဘေ့”(Liu Bei) က နေရာမှထကာ အရိုအသေပေးပြီး “သင့်ရဲ့
စကားတွေက အရာရာကို ရှင်းလင်းစေပါတယ်။ တိမ်ကင်းတဲ့ကောင်းကင်ကို မြင်ရပြီ။ ဒါပေမဲ့ ကျင်းကျိုး
နယ်စား “လျူပြောင်း”(Liu Biao) ရော ရီကျိုး နယ်စား “လျူကျန်း”(Liu Zhang)ရောက
ကျွန်တော့်ဆွေမျိုးတွေဆိုတော့ သူတု့ဆ
ိ က
ီ နယ်သိမ်းဖိ့ခ
ု က်တယ်။” ဟုဆိုသည်။
“ကျူးကဲ့လျန့်”(Zhuge Liang) က “ကြယ်တွေကို လေ့လာကြည့်တော့ “လျူပြောင်း”(Liu Biao)
ကကြာကြာမနေရတော့ပါဘူး။ “လျူကျန်း”(Liu Zhang) ဆိုတာလည်း ကြံ့ကြံ့ခံနိုင်မယ့်လူမဟုတ်ပါဘူး။ ၂
နယ်လုံး ခင်ဗျားလက်ထဲ သေချာပေါက် ရောက်လာမှာပါ။” ဟုပြန်ဖြေသည်။

“လျူဘေ့”(Liu Bei) က အသိအမှတ်ပြုကာ ဦးညွတ်လေသည်။ စကားတစ်ကြိမ်ပြောရုံနှင့်


“ကျူးကဲ့လျန့်”(Zhuge Liang) သည် မိမိတန်ဖိုးကို ပြသလေသည်။ နိုင်ငံ ၃ ပိုင်းကွဲနိုင်သည်ကို ကြိုမြင်ခဲ့ပြီး
မှန်လည်း မှန်ကန်ပေသည်။ ထို့ကြောင့်လည်း အခြေအနေကို သုံးသပ်နိုင်စွမ်းနှင့် ဉာဏ်ပညာတို့တင
ွ်
ခေတ်အဆက်ဆက် ပြိုင်ဖက်ကင်း ဖြစ်နေလေသည်။
“လျူဘေ့”(Liu Bei): “ကျွန်တော်မ
ှ့ာ ထင်ပေါ်ကျော်ကြားခြင်းမရှိပေမဲ့ ခင်ဗျားက ကျွန်တော့်ကို
မငြင်းပယ်ဘူးလို့ မျှော်လင့်ပါတယ်။ ခင်ဗျားရဲ့ အကြံဉာဏ်ကို တသ၀မေတိမ်း လိုက်နာပါ့မယ်။”
“ကျူးကဲ့လျန့်”(Zhuge Liang): “ကျွန်တော်က လယ်စိုကရ
် င်း အားလပ်ချိန်တွေကို ပျော်မွေ့နေတာကြာပြီ။
ခင်ဗျားရဲ့ အမိန့်ကို မနာခံနိုင်မှာ စိုးမိတယ်။”
“လျူဘေ့”(Liu Bei): “သခင်လက်မခံရင် ပြည်သူတွေ ဘယ်လိုဖြစ်သွားမလဲ။” ဟုဆိုကာ မျက်ရည်များက
ထိန်းမနိုင်သိမ်းမရ စီးကျလာလေသည်။ ထိုအခါမှ “ကျူးကဲ့လျန့်”(Zhuge Liang) လည်း သူ၏ စေတနာကို
ယုံကြည်သွားကာ
“ကျူးကဲ့လျန့်”(Zhuge Liang): “ခင်ဗျားသာလက်ခံမယ်ဆို ကိုယစ
်ွမ်းဉာဏ်စွမ်းရှိသမျှ
အမှုတော်ထမ်းပါ့မယ်။”
“လျူဘေ့”(Liu Bei) လည်း လွန်စွာဝမ်းမြောက်ကာ ညီ ၂ ယောက်ကို ခေါ်ပြီး အရိုအသေပေးစေသည်။
လက်ဆောင်ပေးသော် “ကျူးကဲ့လျန့်”(Zhuge Liang) က ငြင်း၏။ “လျူဘေ့”(Liu Bei) က “ခင်ဗျားကို

535
အမှုထမ်းလို့ ပေးတာမဟုတ်ပါဘူး။ ခင်ဗျားအပေါ် ကျုပ်ရဲ့ သဘောထားကို ပြရုံသက်သက်ပါ။” ဟုဆိုမှ
လက်ခံလေသည်။
ထိုညကို လယ်ကွင်းတွင် ကုန်ဆံုး ကြသည်။ နောက်နေ့တွင် “ကျူးကဲ့ကျွ င်း”(Zhuge Jun) ပြန်လာသော်
“ဦးရီးတော် “လျူဘေ့”(Liu Bei) က ငါ့ကို ၃ ကြိမ်တောင်လာတွေ့တာ၊ အခု ငါ သူနဲ့လိုက်ရမယ်။
ငါမရှိတန
ုး လယ်ဆက်ထန
ွ်ထားပါ၊ မပျက်စီးပါစေနဲ့။ အလုပ်ပြီးတာနဲ့ သေချာပေါက်ပြန်ခဲ့မယ်။”
ဟုမှာလေသည်။
“ကျူးကဲ့ကျွ င်း”(Zhuge Jun) ကိုနှုတ်ဆက်ပြီးသော် “ကျူးကဲ့လျန့်”(Zhuge Liang) နှင့်အတူ ရှင်းရဲ့ကို
ပြန်ခဲ့ကြသည်။ နားနေစရာနေရာရောက်တိုင်း “ကျူးကဲ့လျန့်”(Zhuge Liang) ကို ဆရာအဖြစ်
သဘောထားကာ ဆက်ဆသ
ံ ည်။ ၁ စားပွဲတည်း စားပြီး “လျူဘေ့”(Liu Bei) နှင့် ခုံတန်း ၁ ခုတည်းပေါ်
အတူအိပ်ကြသည်။ တနေ့လုံး တိုင်းရေးပြည်ရေး ဆွေးနွေးကြသည်။ “ကျူးကဲ့လျန့်”(Zhuge Liang) က
““ချောင်ချောင်း”(Cao Cao) က စိမ်းပြာရေကန်မ
ှ်ာ ရေတပ်ကို လေ့ကျင့်ပေးနေတယ်။
ရန်ဇီမြစ်တောင်ဖက်က နယ်ကို ကျူးကျော်ဖို့ ရည်ရွယေ
် နတာ သေချာတယ်။ သူလျှိုတွေလွှတြ် ပီး
“ချောင်ချောင်း”(Cao Cao) နဲ့ “စွန်းချွမ်”(Sun Quan) ကို ထောက်လှမ်းရမယ်။” ဟုအကြံပေးသည်။ သို့နှင့်
သူလျှိုများ စေလွှတ်လိုကသ
် ည်။
“စွန်းချွမ်”(Sun Quan) သည် ဖခင်နှင့် အစ်ကိုဖြစ်သ၏
ူ အရိုကအ
် ရာကို ဆက်ခံပြီးနောက် ၎င်းကို ကူညီရန်
အစွမ်းအစရှိသူများကို ဖိတ်ခေါ်သည်။ ခွိုင်ကျီ တွင် နေထိုင်ရန် အဆောင်များဆောက်ကာ "ကူယ"ုံ (Gu
Yong)နှင့် "ကျန်းဟုန်"(Zhang Hong)ကို ကြိုဆိုရန် တာဝန်ပေးသည်။ တစ်ဦးနှင့် တစ်ဦး လက်ဆင့်ကမ်း
ညွှန်းကြလေရာ နှစ်စဉ် အမြောက်အမြား လာကြလေသည်။ ခွိုင်ကျီ က "ခန့်ကျဲ"(Kan Ze)၊ ဖန်းချန်က
"ရန်ကျွင်း"(Yan Jun)၊ ပေရှန်း က "ရွှဲ့ ရုံ"(Xue Rong)၊ ရုနန် က "ချန်ပင်း"(Cheng Bing)၊ ဝူကျွင်း က
"ကျူဟွမ်"(Zhu Huan)နှင့်

"လွီကျိ"(Lu Ji)၊ ဝူချန်က "ကျန်းဝင်"(Zhang Wen)၊ ခွိုင်ကျီ က "လော့ထုံ"(Luo Tong)နှင့် ဝူရှန်က


"ဝူချန်း"(Wu Can) တို့လည်းပါဝင်သည်။ ပညာရှင်အားလုံးကို ရိုသေစွာ ဆက်ဆံကြသည်။
လူစွမ်းကောင်းစစ်သည်များလည်း လာကြလေသည်။ ရုနန် က “လွီမန်”(Lu Meng)၊ ဝူကျွင်း က
"လုရွှင့်"(Lu Xun)၊ Langye က "ရွှီရှန်"(Xu Sheng)၊ တုန်းကျွင်းက "ဖန်ကျန်း"(Peng Zhang)နှင့်
လုကျန့်က "တင်းဖုန့် "(Ding Feng)တိ့မ
ှုာ ထင်ရှားသည်။ သိ့န
ှုင့် “စွန်းချွမ်”(Sun Quan) မှာ လက်ရုံးရည်၊
နှလံုး ရည်ရှိသော လူတော်များ၏ ကူညီမှုကို ရရှိခဲ့လေသည်။
ကျန်းအန်နှစ် ခုနစ်နှစ်မြောက် (AD 202) တွင် “ချောင်ချောင်း”(Cao Cao) သည် “ယွမ်ရှောက်”(Yuan
Shao) ၏သြဇာကို ရိုက်ချိုးခဲ့သည်။ ထို့နောက် တောင်ပိုင်းနယ်သို့ ဆက်သားလွှတ်ကာ
ဘုရင့်အမှုတော်ထမ်းရန် “စွန်းချွမ်”(Sun Quan) ၏သားတစ်ယောက်စေလွှတ်စေသည်။ သိ့ေ
ု သာ်
“စွန်းချွမ်”(Sun Quan) အတွက် လိုကန
်ာရန် နှောင့်နှေးနေသည်။ ၎င်း၏ မယ်တော် ဝူအမျိုးသမီးက Zhou
Yu နှင့် “ကျန်းကျောက်”(Zhang Zhao) ကိုအခေါ်လွှတ်ကာ အကြံဉာဏ်တောင်းသည်။
“ကျန်းကျောက်”(Zhang Zhao): ““ချောင်ချောင်း”(Cao Cao) က ကျွန်တော်တု့က
ိုခ
ျိုပ်ကိုင်ဖို့
သားတော်တစ်ယောက်ကို ဓားစာခံအဖြစ် နန်းတော်မှာ ထားချင်တာ၊

536
အရင်နယ်စားတွေနဲ့ တုန်းကအတိုင်းပဲ။ တောင်းဆိုချက်ကိုငြင်းရင် သေချာပေါက် တိုကခ
ိုက်မှာပဲ။ ဒါဆို
အန္တရာယ်ရှိတယ်။”
Zhou Yu: “ကျွန်တော်တု့အ
ိ ရှင်ဟာ ထီးနန်ကုဆ
ိ က်ခံထားပြီး သူ့မှာ ၀ါရင့်စစ်သည်တွေပါဝင်တဲ့
စစ်တပ်ကြီးရှိတယ်။ ရိက္ခာအလျှံပယ်ရှိတယ်။ စွမ်းဆောင်ရည်ရှိတဲ့ အမတ်တွေလည်းရှိတယ်။ ဘာလို့
သူများအမိန့်ကို နာခံရမလဲ။ ဓားစာခံပေးထားရတယ်ဆိုတာ “ချောင်ချောင်း”(Cao Cao)
နဲ့ပူးပေါင်းရသလိုဖြစ်ပြီး သူခိုင်းတာမှန်သမျှ လုပ်ပေးရလိမ့်မယ်။ သူ့လက်အောက်ရောက်တာနဲ့ မခြားဘူး။
မလွှတ်တာပိုသင့်တော်တယ်။ အခြေအနေစောင့်ကြည့်ပြီး တိုက်ခိုက်ဖို့ ပြင်ဆင်ရမယ်။”
မယ်တော်ကြီး: “ငါလည်း ဒီအကြံသဘောတူတယ်။”

“စွန်းချွမ်”(Sun Quan) လည်း သားဖြစ်သူကို ထည့်မပေးဘဲ ဆက်သားကို ပြန်လွှတလ


ိုက်သည်။
“ချောင်ချောင်း”(Cao Cao) က မကျေနပ်ဘဲ ထိုစဉ်မှစ၍ တောင်ပိုင်းနယ်ကို တိုက်ခိုက်ရန်
ပြင်ဆင်ထားလေသည်။ သို့သော် မြောက်ဖက်ရှိ အန္တရာယ်များကြောင့် လက်တွေ့တိုက်ခိုက်ရန်
နှောင့်နှေးနေလေသည်။
ကျန်းအန်နှစ် ရှစ်နှစ် (AD 203) နှောင်းပိုင်းတွင် “စွန်းချွမ်”(Sun Quan) သည် “ဟွမ်ကျူ”(Huang Zu)
ထံစစ်ချီပြီး ရန်ဇီမြစ်တင
ွ် တိုကခ
ိုကြ် ကပြီး တိုက်ပွဲများစွာ အနိုင်ရလေသည်။ “စွန်းချွမ်”(Sun Quan)
၏တပ်မှူးတစ်ယောက်ဖြစ်သော “လင်ချောင်”(Ling Cao) သည် လှေမြန်တပ်ကို ဦးစီးကာ
မြစ်ကုဆ
ိ န်တက်ပြီး ရှခို ကိုဖောက်နိုင်ခဲ့သော်လည်း “ဟွမ်ကျူ”(Huang Zu) ၏စစ်သူကြီး “ကန်းနင်”(Gan
Ning) ၏ မြားချက်နှင့် ကျဆုံးခဲ့ရသည်။ “လင်ချောင်”(Ling Cao) တွင် ၁၅ နှစ်အရွယ် “လင်ထုံ”(Ling
Tong) ဟူသော သားတစ်ယောက်ကျန်ခဲ့သည်။ ၎င်းက ဖခင်အလောင်းကိုပြန်သယ်ရန် တပ်ကုဥ
ီးစီး
တိုက်ခိုက်လေရာ အတော်အတန်အောင်မြင်ခဲ့လေသည်။ ထိ့ေ
ု နာက်တွင်မူ အခြေအနေမဟန်သည်နှင့်
“စွန်းချွမ်”(Sun Quan) သည် မိမိနိုင်ငံပြန်ခဲ့သည်။
တောင်ပိုင်းနယ်ကို အနှောင့်အယှက်ပေးနေသော သူပုန်များလည်း ပပျောက်သွားပြီး စစ်သင်္ဘော ၇
ထောင်ကလည်း ရန်ဇီမြစ်တွင် အသင့်ဖြစ်နေသည်။ “စွန်းချွမ်”(Sun Quan) က Zhou Yu ကို
ရေတပ်ဗိုလ်ချုပ်အပြင် တပ်အားလုံး၏ စစ်သေနာပတိအဖြစ် ခန့်အပ်သည်။
ကျန်းအန်နှစ် တစ်ဆယ့်နှစ်နှစ် (AD 207) တွင် ဝူမယ်တော်ကြီးမှာ မိမိသေဆုံးတော့မည်ကို သိသဖြင့်
Zhou Yu နှင့် “ကျန်းကျောက်”(Zhang Zhao) ကိုခေါ်ကာ "ငါက ရှေး ဝူမိသားစုက ဆင်းသက်လာပေမဲ့
ငယ်ငယ်ကတည်းက မိဘတွေကို ဆုံးရှုံးခဲ့ရတယ်။ ငါ့အစ်ကို ဝူကျင်း(Wu Jing) နဲ့ ငါက ရှေး ယွဲ့
ထဲခိုလှုံခဲ့ရပြီး စွန်းမျိုးနွယ်ကို လက်ဆက်ခဲ့တယ်။ ငါဟာ ကြီးကျယ်လာမယ့် သား ၄ ယောက်
မွေးဖွားပေးခဲ့တယ်။ ပထမသား စွန်းချဲ့(Sun Ce) တုန်းက လကို မြင်မက်ပြီး ဒုတိယသား “စွန်းချွမ်”(Sun
Quan) ကျ နေကို မြင်မက်တယ်။ ကြီးကျယ်မြင့်မြတ်မယ့် သင်္ကေတတွေပဲ။ စိတ်မကောင်းစရာက
စွန်းချဲ့(Sun Ce) က ငယ်ငယ်နဲ့ အသက်ဆုံးပါးခဲ့ရတယ်။ “စွန်းချွမ်”(Sun Quan) က အရာဆက်ခံတော့
မင်းတို့ ၂ ယောက်ကို ဆက်ပြီးကူညီစေချင်တယ်။ ဒါမှ ငါအေးအေးချမ်းချမ်းသေဆုံးလိ့မ
ု ယ်။" ဟု
မှာကြားလေသည်။၏

537
ထို့နောက် သူ၏သားကို “မင်းကလည်း သူတို့ ၂ ယောက်ကို ဆရာလိုသဘောထားပြီး
ရိရ
ိုသေသေဆက်ဆံရမယ်။ ငါ့ညီမနဲ့ ငါ ၂ ယောက်လုံးက မင်းအဖေကို လက်ထပ်ခဲ့တယ်။ ဒီတော့
သူကလည်း မင်းအမေလိုပဲ။ သူ့ကိုလည်း ငါ့ကုဆ
ိ က်ဆံသလို ဆက်ဆံပါ။ မင်းရဲ့ နှမကိုလည်း
ချစ်ချစ်ခင်ခင် ဆက်ဆံပြီး သူ့အတွက် လက်တွဲဖော်ကောင်းရှာပေးပါ။” ဟုမှာကာ ကွယ်လွန်လေသည်။
ထိုနှစ်ကို ၀မ်းနည်းခြင်းအထိမ်းအမှတအ
် နေနှင့် ပူဇော်ကန်တော့ကြသည်။
နောက်နှစ်တွင် “ဟွမ်ကျူ”(Huang Zu) ကို တိုကခ
ိုက်ရန် စီစဉ်ကြသည်။

“ကျန်းကျောက်”(Zhang Zhao): “၀မ်းနည်းပူဆွေးတဲ့ကာလမှာ စစ်မချီသင့်ဘူး။”


Zhou Yu: “လက်တုံ့ ပြန်တယ်ဆိုတာ အချိန်မဆွဲသင့်ဘူး ။ အချိန်တွေ၊ ရာသီတွေကို မစောင့်နိုင်ဘူး ။”
“စွန်းချွမ်”(Sun Quan) မှာလည်း မဆုံးဖြတ်နိုင်လဲ နေလေသည်။ ထိုစဉ် တပ်မှူး “လွီမန်”(Lu Meng)
ဝင်လာကာ “ကျွန်တော် နဂါးတောင်ကြားမှာရှိနေတုန်း “ဟွမ်ကျူ”(Huang Zu) ရဲ့စစ်သြူ ကီး၊ Lingjiang က
“ကန်းနင်”(Gan Ning) လာအညံ့ခံတယ်။ သူ့အကြောင်းစုံစမ်းကြည့်တော့ လူတော်တစ်ယောက်ပဲ။
အားကောင်းမောင်းသန်၊ ခြေဦးတည့်ရာသွားရတာ၊ တိုက်ခိုကရ
် တာ မွေ့လျော်တယ်။
ဥပဒေချိုးဖောက်တဲ့သူတွေကိုစုပြီး မြစ်တွေ ချောင်းတွေကို စုံဆန်သွားနေတယ်။ ခါးမှာ
ခေါင်းလောင်းချိတ်ထားတော့ ခေါင်းလောင်းသံကြားရင် လူတွေကြောက်ကြပြီး ထွက်ပြေးကြတယ်။
သူ့လှေတွေရဲ့ ရွက်ဖျင်ကို ရှီးချွမ် အထည်နဲ့ လုပ်ထားတော့ လူတွေက သူ့ကို ပိုးသားရွက်ဖျင်နဲ့
ပင်လယ်ဓားပြ လို့ ခေါ်ကြတယ်။ အဲဒီနောက် သူက ပြောင်းလဲလိုက်ပြီး “လျူပြောင်း”(Liu Biao)
ဆီသွားကြတယ်။ “လျူပြောင်း”(Liu Biao) ကလုပ်ငန်းကြီးမဆောင်ရွကန
ိုင်တာတွေ့ရတော့
စွန့်ခွာခဲ့ကြတယ်။ အရှင့်အလံတော်အောက် အမှုထမ်းဖို့ ထွကအ
် လာ “ဟွမ်ကျူ”(Huang Zu) က ရှခို မှာ
ခေါ်ထားလိုက်တာပဲ။ အရှင် “ဟွမ်ကျူ”(Huang Zu) ကိုတုက
ိတုန်းက ရှခို ကို ပြန်ပေးလိုက်ရတာ
“ကန်းနင်”(Gan Ning) ကြောင့်ပါ။ ဒါပေမဲ့ ထိုကထ
ိုက်တန်တန် ချီးမြှင့်မခံရဘူး။ တပ်မှူး “စူးဖေး”(Su Fei)
က ရာထူးတိုးပေးဖို့ ပြောပေမဲ့ “ဟွမ်ကျူ”(Huang Zu) က ပင်လယ်ဓားပြမို့ ရာထူးကြီးနဲ့မတန်ဘူး ဆိုပြီး
ငြင်းခဲ့တယ်။ ဒီတော့ “ကန်းနင်”(Gan Ning) က စိတ်ပျက်တယ်။ “စူးဖေး”(Su Fei) ကတော့ သူ့ကို
ညစာစားပွဲတွေကို ဖိတ်ခေါ်ပြီး ကောင်းကောင်းမွန်မွန်ဆက်ဆံပါတယ်။ ဒီလိုနဲ့ “ကန်းနင်”(Gan Ning) က
ရှခို ကထွက်ပြေးလာတယ်။ အရှင့်ဆလ
ီာချင်ပေမဲ့ “ဟွမ်ကျူ”(Huang Zu) ကို ကူပြီး “လင်ချောင်”(Ling
Cao) ကိုသတ်ခဲ့တော့ စိုးရိမ်နေတယ်။ အရှင်က အရင်ကလုပ်ရပ်တွေကို သင်ပုန်းချေပြီး လူတော်တွေကို
ဖိတေ
် ခ်ါတယ်လို့ သူ့ကို ပြောပြလိုက်တယ်။ လူတိုင်းက သူတ့သ
ို ခင်အတွက်
အကောင်းဆုံးလုပ်ပေးချင်ကြတယ်။ သူ့ကိုသာ ကောင်းကောင်းကြိုဆိုရင် အရှင့်အတွက် ပျော်ပျော်ရွှငရ
်ွှင်
အမှုထမ်းလိမ့်မယ်။ အရှင် ကျေနပ်မယ်လို့ မျှော်လင့်ပါတယ်။” ဟုဆိုလေသည်။
“စွန်းချွမ်”(Sun Quan) က အားရစွာ “သူ့အကူအညီနဲ့ ဆိုရင် “ဟွမ်ကျူ”(Huang Zu) ကို ချေမှုန်းနိုင်ပြီ။”
ဟုကြွေးကြော်သည်။ ထို့နောက် “ကန်းနင်”(Gan Ning) ကိုခေါ်ရန် “လွီမန်”(Lu Meng)
ကိုလွှတ်လိုက်သည်။
“စွန်းချွမ်”(Sun Quan): “မင်းလာတာကို သိပ်အားရတယ်။ မင်းအပေါ်အငြိုးမထားတာကို ယုံစေချင်တယ်။

538
မင်းဆီက အကြံဉာဏ်ကိုလည်း မျှော်လင့်ပါတယ်။”
“ကန်းနင်”(Gan Ning): “တိုင်းပြည်က ကျဆုံးတော့မယ်။ “ချောင်ချောင်း”(Cao Cao) ကို မဆန့်ကျင်နိုင်ရင်
သူက တစ်နိုင်ငံလုံးသိမ်းပိုက်တော့မယ်။ “လျူပြောင်း”(Liu Biao) ကလည်း
အနာဂတ်အတွက်ဘာမှအစီအစဉ်မရှိဘူး ၊ သူ့သားတွေကလည်း သူ့ကိုဆက်ခံရလောက်အောင်
အရည်အချင်းမရှိဘူး ။ “ချောင်ချောင်း”(Cao Cao) မင်းကိုမတိုက်ခင် “လျူပြောင်း”(Liu Biao) နယ်ကို
အရင်သမ
ိးထားသင့်တယ်။ ပထမဆုံးတော့ လူမုန်းများတဲ့ “ဟွမ်ကျူ”(Huang Zu) ကို တိုက်ပါ။ သူက
စစ်အတွက်ပြင်ဆင်မထားဘူး၊ စစ်တပ်ကလည်း လျော့တိလျော့ရဲနဲ့ စနစ်မကျဘူး။ ခဏနဲ့ ကျဆုံးမှာပဲ။
သူ့ကိုနိုင်ရင် အနောက်ဖက်တောင်ကြားတွေကို ထိန်းချုပ်နိုင်ပြီး ပါနဲ့ ရှူကို သိမ်းနိုင်မယ်။ ဒါဆို လုံလြုံ ခုံခြုံ
အခြေချနိုင်ပြီ။”
“စွန်းချွမ်”(Sun Quan): "ဒီအကြံက တန်ဖိုးအရှိဆုံးပဲ။"
ထို့နောက် ပြင်ဆင်မှုများ ပြုလုပ်သည်။ Zhou Yu ကို စစ်သေနာပတိ၊ “လွီမန်”(Lu Meng) ကို
ရှေ့ပြေးတပ်မှူး၊ “တုန်းရှီး”(Dong Xi) နှင့် “ကန်းနင်”(Gan Ning) တိ့က
ို စစ်သူကြီး ခန့်အပ်ကာ
“စွန်းချွမ်”(Sun Quan) ကိုယ်တိုင်က စစ်သည် ၁သိန်းကို ဦးစီးကာ ပင်မတပ်ကို ဦးစီးသည်။
သူလျှိုများ၏ သတင်းပေးချက်အရ “ဟွမ်ကျူ”(Huang Zu) ကလည်း တပ်မှူးများခေါ်ကာ ပြင်ဆင်နေသည်။
“စူးဖေး”(Su Fei) ကို စစ်သေနာပတိ၊ “ချန်ကျို”(Chen Jiu) နှင့် “တန်းလုံ”(Deng Long) ကို
ရှေ့ပြေးတပ်မှူးများအဖြစ် ခန့်အပ်ကာ ခံစစ်အတွက်ပြင်ဆင်သည်။ “ချန်ကျို”(Chen Jiu) နှင့်
“တန်းလုံ”(Deng Long) လက်အောက်တွင် စစ်သင်္ဘော ၂ ရာထားသည်။ ၎င်းပေါ်တွင် လေးနှင့်
ဒူးလေးစစ်သည် ၁ ထောင်ကျော်ထားသည်။ သင်္ဘောများကိုလည်း ခိုင်ခိုင်ခံ့ခံ့ချည်ထားရာ
မြစ်တင
ွ်းခံတပ်သဖွယ်ဖြစ်နေသည်။
တောင်ပိုင်းတပ်များချီတက်လာသော် ဗုံတီး၍တိုက်ရန် အချက်ပြသည်။ မြားများဖြင့်
သည်းထန်စွာပစ်ခတ်လေရာ တိုကခ
ိုက်သူများ မိုင်အတော်အတန် ဆုတခ
်ွာရသည်။
“ကန်းနင်”(Gan Ning) က “တုန်းရှီး”(Dong Xi) ကို "ငါတို့ ရှေ့တက်မှရမယ်။"ဟု ဆိုသည်။
ထို့နောက် စစ်သည် ၅၀ ကို ၁ စီးကျ လှေငယ် အစီး ၁၀၀ ကိုရွေးချယ်သည်။ ၂၀ မှာ လှော်ခတ်၍ ၃၀ မှာ
ချပ်ဝတ်ဝတ်ဓားသမားများဖြစ်ပြီး တိုက်ခိုကရ
် န်ဖြစ်သည်။ ရန်သူ၏ မြားဒဏ်ကို မမှုဘဲ ရှေ့တိုးကာ
ချည်ထားသောကြိုးများကို ဖြတ်လေသော် သင်္ဘောများ မငြိမ်မသက်ဖြစ်ကာ ရှုပ်ထွေးကုန်လေသည်။
“ကန်းနင်”(Gan Ning) က လှေတစ်စင်းပေါ်ခုန်တက်ကာ “တန်းလုံ”(Deng Long) ကို သတ်လိုကသ
် ည်။
“ချန်ကျို”(Chen Jiu) က လှေပေါ်မှဆင်းကာ ကမ်းပေါ်ပြေးသည်။ “လွီမန်”(Lu Meng) က
လှေငယ်တစ်စီးပေါ်တက်ကာ သင်္ဘောများကို မီးရှို့သည်။ “ချန်ကျို”(Chen Jiu) ကမ်းနားရောက်လုတွင်
“လွီမန်”(Lu Meng) က သေဘေးကိုမမှုဘဲ လိုကလ
်ံတုက
ိခိုက်ရာ “ချန်ကျို”(Chen Jiu) သေလေသည်။
“စူးဖေး”(Su Fei) ၏စစ်ကမ
ျူားရောက်လာသော်လည်း အခါနှောင်းချေပြီ။ တောင်ပိုင်းတပ်များက
ကမ်းတက်ပြီးနေပြီဖြစ်ရာ တွန်းလှန်နိုင်စွမ်းမရှိတော့ပေ။ “စူးဖေး”(Su Fei) လည်း
အကျဉ်းချခံလိုက်ရလေသည်။
“စူးဖေး”(Su Fei) ကို “စွန်းချွမ်”(Sun Quan) ထံ ခေါ်သွားရာ “စွန်းချွမ်”(Sun Quan) က

539
“ဟွမ်ကျူ”(Huang Zu) ကို မမိမချင်း ဖမ်းဆီးထားရန် အမိန့်ချသည်။ ထို့နောက်တွင်မှ
အတူသေဒဏ်ပေးရန်ဖြစ်သည်။ ရှခို ကို ဆက်လက်ဖိတိုကြ် ကပြီး သိမ်းပိုက်နိုင်ရန် နေ့ရောညပါ
ကြိုးစားကြလေသည်။

540
အခန်း(၃၉) ကျင်ကျိုးဝယ် "လျူပြောင်း"(Liu Biao) ၏သားမှ အကြံဉာဏ်သုံးကြိမ်လာတောင်းခြင်း။
စစ်ဗျူဟာရှင်၏ပထမဆုံးတိုက်ပွဲ - ပေါ်ဝမ်ကုန်းမြေမြင့်တိုက်ပွဲ

"စွန်းချွမ်"(Sun Quan) ရှခိုကိုတိုက်သောအခါ "ဟွမ်ကျူ"(Huang Zu) သည် မခုခံနိုင်မှန်းသိသဖြင့်


ကျန်းရှာကိုစွန့် ပြီး ကျင်ကျိုးသို့ ပြေးရန်ပြင်သည်။ ၎င်းကိုကြိုသိသော "ကန်းနင်"(Gan Ning) မှ
ကျန်းရှာ၏အရှေ့ဂိတဘ
် က်တွင်စောင့်ကာ ခြုံခိုတိုက်လေသည်။ ထိုအခါ "ဟွမ်ကျူ"(Huang Zu) မှ

"ငါ မင်းကိုကောင်းကောင်းဆက်ဆံခဲ့တာ ဘာလို့ငါ့ကိုအခက်အခဲဖြစ်အောင်လုပ်ရတာလဲ" ဟု


ပြောလေသည်။ "ကန်းနင်"(Gan Ning) မှ ဒေါသဖြင့်

"ကျုပ်က ကောင်းကောင်းအမှုထမ်းခဲ့တာ၊ ခင်ဗျားက ကျုပ်ကိုပင်လယ်ဓားပြလိုဆက်ဆံခဲ့တယ်။ ဒါကို


ဘာပြောမလဲ" ဟု အော်ပြောလေသည်။ "ဟွမ်ကျူ"(Huang Zu) သည်
မြင်းကိုပြန်လှည့်ပြီးထွက်ပြေးရန်ပြင်သည်။ "ကန်းနင်"(Gan Ning) သည် အနောက်ဘက်မှလိုက်လေသည်။
ထို့အပြင် စစ်သူကြီး "ချန်ဖ"ူ (Cheng Pu) ၏စစ်တပ်သည်လည်းရောက်လာသည်။ ထို့ နောက်
"ကန်းနင်"(Gan Ning) သည် မြားဖြင့်လှမ်းပစ်ရာ "ဟွမ်ကျူ"(Huang Zu) ကိုထိမှန်ကာ
မြင်းပေါ်မှကျသွားသည်။ ထို့နောက် "ကန်းနင်"(Gan Ning) မှ "ဟွမ်ကျူ"(Huang Zu)
၏ခေါင်းကိုဖြတ်လိုက်လေသည်။ ထို့ နောက် "ကန်းနင်"(Gan Ning) သည် "ချန်ဖ"ူ (Cheng Pu)
နှင့်အတူပြန်လိုက်လာခဲ့သည်။

"စွန်းချွမ်"(Sun Quan) သည် စစ်ပွဲအနိုင်ရသောစစ်သားတို့အား ဆုချီးမြှင့်ပြီးနောက်


ကျန်းရှာကိုသိမ်းရန်ကြံသည်။ ထိုအခါ အကြံပေး "ကျန်းကျောက်"(Zhang Zhao) မှ

"ဟိုးအဝေးက မြို့ကိုသိမ်းထားဖို့မဖြစ်နိုင်ဘူး ။ လက်ရှိမှာတော့ စစ်တပ်ကိုပြန်ဆတ


ုပြီး လျူပြောင်း(Liu
Biao) က လက်စားချေဖို့လွှတ်လာမယ့်စစ်တပ်ကိုခုခံဖို့လုပ်ရမယ်၊ အဲ့စစ်တပ်ကိုအနိုင်ရပြီးသွားမှ
သူတို့ တစ်ပြည်နယ်လုံးကိုသိမ်းရမယ်" ဟု ဆိုသည်။ ထိုအကြံကို လက်ခံလိုက်ကာ စစ်တပ်တို့ ကို
တောင်ပိုင်းသို့ ပြန်ဆုတ်စေလေသည်။

ထိုအချိန်တွင် "စူးဖေး"(Su Fei) သည် အကျဉ်းချထားခြင်းခံရသည်။ သို့သော်လည်း သူသည်


"ကန်းနင်"(Gan Ning) ထံ လူတစ်ယောက်လွှတ်ကာ သူ့အတွက် အသနားခံပေးရန်ပြောစေသည်။
"ကန်းနင်"(Gan Ning) သည်လည်း သူ၏သူငယ်ချင်းဖြစ်သူ သေဆုံးမည်ကိုမလိုလားချေ။

541
စစ်တပ်တို့ ပြန်ရောက်လာသောအခါ "စွန်းချွမ်"(Sun Quan) မှ "စူးဖေး"(Su Fei) အား
ခေါင်းဖြတ်သတ်ရန်အမိန့်ချသည်။ ထိုအခါ "ကန်းနင်"(Gan Ning) မှ

"ဟိုးအရင်က စူးဖေး(Su Fei) ကြောင့်သာမဟုတ်ရင် ကျွန်တော့်အရိုးအသားတွေက တစ်နေရာမှာ


ပုတပ
်ွနေလောက်ပြီ။ သခင်ကြီးဆီမှာ အမှုထမ်းနိုင်မှာမဟုတ်ဘူး။ အခုသူ့ ကို
သေဒဏ်ပေးသင့်ပေမယ့်လည်း သူ ကျွန်တော့်အပေါ်ထားခဲ့တဲ့ စေတနာကိုငဲ့ပြီး သူကိုလတ
ွှ်ငြိမ်းခွင့်ပေးဖို့
တောင်းဆိုချင်ပါတယ်" ဟု ပြောလေသည်။

"စွန်းချွမ်"(Sun Quan) : "မင်းကို ကူညီခဲ့ဖူးတယ်ဆုေ


ိ တာ့ သူ့ကိုမသတ်လို့ရတယ်။ ဒါပေမယ့်
သူထွက်ပြေးသွားရင်ဘယ်လုလ
ိုပ်မလဲ"

"အကယ်၍ သူ့ကို သေဒဏ်မပေးတော့ရင် သူကအင်မတန်ကျေးဇူးတင်မှာဖြစ်ပြီး ထွကေ


် ပြးမှာမဟုတ်ပါဘူး။
သူထွက်ပြေးခဲ့ရင် ကျွန်တော့်အသက်အသေခံပါ့မယ်"

သို့နှင့် "စူးဖေး"(Su Fei) အား သေဒဏ်မပေးတော့ချေ။

ထို့နောက် အောင်ပွဲရသော စစ်သည်တို့ အတွက် စားသောက်ပွဲကြီးကျင်းပလေသည်။


ထိုစားသောက်ပွဲဝယ် စစ်မှုထမ်းတစ်ဦးသည် ဓားထုတြ် ပီး "ကန်းနင်"(Gan Ning) ကို ခုတ်ရန်ပြုသည်။
"ကန်းနင်"(Gan Ning) ကလည်း ရုတ်တရတ်ထပြီး ထိုင်ခုံဖြင့်ကာလိုက်သည်။ ထိုဓားဖြင့်ခုတ်သောသူမှာ
"လင်ထုံ"(Ling Tong) ဖြစ်နေသည်။ "လင်ထ"ုံ (Ling Tong) ၏အဖေဖြစ်သူ "လင်ချောင်"(Ling Cao)
သည် "ကန်းနင်"(Gan Ning) ၏မြားကြောင့်သေဆုံးခဲ့သဖြင့် လက်စားချေရန်ဤသို့ပြုမူခြင်းဖြစ်သည်။
"စွန်းချွမ်"(Sun Quan) မှ "လင်ထုံ"(Ling Tong) ကို

"သူက မင်းအဖေကို သတ်ခဲ့တယ်ဆိုတာ အဲ့အချိန်တုန်းက


ကိုယ့်သခင်အတွက်ကိုယအ
် ကောင်းဆုံးလုပ်ဆောင်နေတဲ့အချိန်ကိုး။ အခုကနှစ်ယောက်လုံး
တစ်ဖွဲ့တည်းဖြစ်သွားပြီဆိုတော့ အတိတ်က ဒဏ်ရာဟောင်းကို အမှတ်မရသင့်တော့ဘူး" ဟု ဆိုလေသည်။
"လင်ထုံ"(Ling Tong) သည် သူ့ခေါင်းကိုမြေကြီးဖြင်ရ
ို့က်ပြီး ငိုကာ

"ဒါကို လက်စားမချေလို့ ဘယ်ရမလဲ။ ဒါကသွေးနဲ့ဆေးရမယ့်ရန်ငြိုးကြီးပဲ။ ကျွန်တော်နဲ့သူက


ကောင်းကင်တစ်ခုတည်းအောက်မှာ အတူရှိဖို့ မဖြစ်နိုင်ဘူး" ဟုဆိုသည်။

ဧည့်သည်တို့မှ ဝင်ကာ ဖျန်ဖြေပေးလိုက်သဖြင့် "လင်ထုံ"(Ling Tong) သည် "ကန်းနင်"(Gan Ning)


အားသတ်ရန် မပြုတော့သော်လည်း ရန်သြူ ဖစ်သူကို ဒေါသဖြင့် စိုက်ကြည့်နေခဲ့သည်။

ထို့နောက် "ကန်းနင်"(Gan Ning) အား "လင်ထ"ုံ (Ling Tong) နှင့်ဝေးရာ ရှခိုတွင် စစ်သားငါးထောင်၊
စစ်သဘောင်္တစ်ရာဖြင့် မြို့ကိုကာကွယ်ရန်အမိန့်ချလိုက်သည်။ "လင်ထုံ"(Ling Tong) ကိုလည်း
ရာထူးတိုးပေးလိုက်လေရာ "လင်ထုံ"(Ling Tong) လည်း အတန်အသင့်စိတ်ပြေသွားလေသည်။

542
တောင်ဘက်ပိုင်းပြည်နယ်တွင် စစ်သဘောင်္တို့ ကိုတိုးချဲ့ပြီး စစ်တပ်တို့ ကိုလည်း
နေရာအနှံ့သို့ စေလွှတ်သည်။ "စွန်းချွမ်"(Sun Quan) ၏ညီဖြစ်သူ "စွန်းခွမ"် (Sun Kuang) သည်
ဝူကျွ င်းကိုအုပ်ချုပ်ပြီး "စွန်းချွမ်"(Sun Quan) ကိုယ်တိုင်မှာမူ စစ်တပ်ကြီးဖြင့် ချိုင်စန်းတွင် တပ်စွဲထားသည်။
စစ်သေနာပတိနှင့် ရေတပ်စစ်သူကြီးဖြစ်သော "ကျိုးယွ"ီ (Zhou Yu) မှာမူ ဖိုရန်ရေကန်တွင်
ရေတပ်စစ်ရေးလေ့ကျင့်မှုပြုလုပ်နေခဲ့သည်။

ထိုသတင်းကို သူလျှိုတို့မှ တစ်ဆင့်ကြားသောအခါ "လျူဘေ့"(Liu Bei) သည် "ကျူးကဲလျန့်"(Zhuge


Liang) နှင့် တိုင်ပင်လေသည်။ ထိုအချိန်တွင်ပင် လူတစ်ယောက်ယောက်လာကာ "လျူပြောင်း"(Liu Biao)
မှ "လျူဘေ့"(Liu Bei) ကို လာရောက်ရန်ခေါ်ကြောင်းပြောသည်။

"ကျူးကဲလျန့်"(Zhuge Liang) သည် "လျူဘေ့"(Liu Bei) ကို

"ဒါက ဟွမ်ကျူ(Huang Zu) အတွက်လက်စားချေဖို့ တိုင်ပင်ဖို့အတွကေ


် ခ်ါတာဖြစ်မယ်။ သခင်ကြီးက
ကျွန်တော့်ကိုပါခေါ်သွားပါ။ ကျွန်တော်အခြေအနေကြည့်ပြီး ပြောပါ့မယ်။ ဒီမှာ ကောင်းကျိုးတွေရနိုင်တယ်"
ဟု ဆိုသည်။

ထိုအခါ "လျူဘေ့"(Liu Bei) သည် "ကွမ်းယွ"ီ (Guan Yu) ကို ရှင်းရဲ့တွင်စောင့်ကြပ်စေပြီး


"ကျန်းဖေး"(Zhang Fei) နှင့်စစ်သားငါးရာတို့ ကိုအစောင့်အနေဖြင့်ခေါ်လိုက်သည်။ လမ်းတွင်
"လျူပြောင်း"(Liu Biao) နှင့်တွေ့လျှင် မည်သို့ ပြုမူရမည်ကို အကြံပေးနှင့်တိုင်ပင်ရာ အကြံပေးမှ

"ပထမဆုံး ချိုက်မောက်(Cai Mao) ရဲ့အကြံက ကယ်တင်ပေးတဲ့အတွကေ


် ကျးဇူးတင်ကြောင်းပြောပါ။
ဒါပေမယ့် တောင်ဘက်ပိုင်းကိုစစ်တိုက်ဖို့ကို သဘောမတူပါနဲ့။ ရှင်းရဲ့ကိုပြန်ပြီး စစ်တပ်ကိုကွပ်ကရ
ဲ မယ်လို့
အကြောင်းပြပါ" ဟု ပြောသည်။

ကျင်ကျိုးသို့ ရောက်သော် "လျူဘေ့"(Liu Bei) နှင့် "ကျူးကဲလျန့်"(Zhuge Liang) တို့ သည်


"လျူပြောင်း"(Liu Biao) နှင့် ဝင်တွေ့သည်။ "လျူဘေ့"(Liu Bei) မှ စားသောက်ပွဲတွင်
သူ၏အပြုအမူအတွက် တောင်းပန်ကြောင်းပြောလေသည်။ "လျူပြောင်း"(Liu Biao) မှ

"ငါ့ညီက သူများရဲ့လုပ်ကြံမှုကိုခံရတာကိုသိပါတယ်။ အဲ့လုပ်ကြံတဲ့အဓိကတရားခံကို


သေဒဏ်ပေးလိုက်ရမှာ။ ဒါပေမယ့် တခြားလူတွေက ဝိုင်းတောင်းပန်ကြလို့ သေဒဏ်မပေးခဲ့ဘူး။ ဒါကို ငါ့ညီ
အပြစ်မမြင်ပါနဲ့" ဟုဆိုသည်။

"ဒါ ချိုက်မောက်(Cai Mao) နဲ့မဆိုင်လောက်ပါဘူး။ သူ့လက်အောက်ကလူတွေက လုပ်တာနေမှာပါ"

543
"ကျန်းရှာမြို့ကျသွားပြီ။ ဒါ့အပြင် ဟွမ်ကျူ(Huang Zu) လည်း သေဆုံးသွားခဲ့ပြီ။ ဒါကြောင့် ခင်ဗျားလည်း
ကျုပ်နဲ့ လိုက်ပြီး လက်စားချေဖို့ စစ်ချီတက်ပါလား"

"ဟွမ်ကျူ(Huang Zu) က အုပ်ချုပ်တာ ရက်စက်ကြမ်းကြုတ်တယ်။ ဒါ


သူရှုံးနိမ့်ရတဲ့အဓိကအကြောင်းအရင်းပဲ။ ဒါပေမယ့် ကျွန်တော်တို့က တောင်ပိုင်းကိုတိုက်ရင်
မြောက်ဘက်က ချောင်ချောင်း(Cao Cao) က ငြိမ်နေမယ်လို့ ထင်လား?"

"ကျုပ်က အသက်ကြီးပြီ၊ အင်အားလည်းမရှိတော့ဘူး။ တိုင်းရေးပြည်ရာတွေကို


ကောင်းကောင်းမလုပ်ဆောင်နိုင်တော့ဘူး။ ဒါကြောင့်ငါ့ညီ၊ ငါ့ကိုကူညီပေးပါလား။ ငါမရှိတော့ရင်
ဒီပြည်နယ်ကို ငါ့ညီပဲအုပ်ချုပ်ပါ"

"ဘာလို့ဒီလိုပြောရတာလဲ၊ ကျွန်တော်က ဒီလိုတာဝန်ကြီးကိုလုပ်ဆောင်နိုင်မယ်လို့ ထင်လို့လား"

ထိုနေရာတွင် "ကျူးကဲလျန့်"(Zhuge Liang) က "လျူဘေ့"(Liu Bei) ကို လှမ်းကြည့်လိုက်သည်။


"လျူဘေ့"(Liu Bei) မှ

"ကျွန်တော့်ကိုစဉ်းစားဖို့အချိန်ပေးပါဦး" ဟုပြောကာ ထွက်သွားလေသည်။


တည်းခိုရာနေရာသို့ရောက်သောအခါ "ကျူးကဲလျန့်"(Zhuge Liang) မှ "လျူဘေ့"(Liu Bei) အား

"သူက ပြည်နယ်ကိုအုပ်ချုပ်ဖို့ ကမ်းလှမ်းတာဘာလို့ ငြင်းလိုက်ရတာလဲ" ဟု ပြောသည်။

"သူက အမြဲတမ်းယဉ်ကျေးပြီး ကြင်နာတတ်တယ်၊ သူ့ရဲ့အားနည်းချက်ကို အခွင့်ကောင်းမယူချင်ဘူး"

ထိုအခါ "ကျူးကဲလျန့်"(Zhuge Liang) သည်

"အင်မတန်ကြင်နာပြီးပျော့ပြောင်းတဲ့သခင်ပ"ဲ ဟု ဆိုကာ သက်ပြင်းချလေသည်။

မကြာမီပင် "လျူပြောင်း"(Liu Biao) ၏သား "လျူချီ"(Liu Qi) ရောက်လာသည်။ ထိုလူငယ်လေးသည်


ဝင်လာသည်နှင့် ငိုကာ

"အမေကကျွန်တော့်ကိုမျက်မုန်းကျိုးနေတယ်။ ကျွန်တော်အသက်ဘေးနဲ့ရင်ဆုင
ိနေရပြီ။ ဦးလေး၊
ကျွန်တော့်ကိုကယ်ပါ" ဟုပြောသည်။ "လျူဘေ့"(Liu Bei) မှ

"ငါ့တူ၊ ဒါက မိသားစုအတွင်းရေးကိစ္စပဲ၊ ငါ့ဆီမလာသင့်ဘူး" ဟုပြောသည်။

544
ထိုအနားတွင် ရှိနေသော "ကျူးကဲလျန့်"(Zhuge Liang) သည် ပြုံးနေလေသည်။ "လျူဘေ့"(Liu Bei)
သည် မည်သို့ ပြုလုပ်ရမည်မသိသဖြင့် "ကျူးကဲလျန့်"(Zhuge Liang) ထံလှမ်းကြည့်သည်။
"ကျူးကဲလျန့်"(Zhuge Liang) မှ

"ဒါ မိသားစုအရေးပဲ။ အပြင်လူဝင်ပါလို့ မကောင်းဘူး" ဟု ပြောသည်။

ထိုလူငယ်လေးပြန်ခါနီးဝယ် "လျူဘေ့"(Liu Bei) မှ

"ငါ ကျူးကဲလျန့်(Zhuge Liang) မင်းကိုကူဖို့ ပြောပေးပါ့မယ်" ဟု တီးတိုးပြောလေသည်။ "လျူချီ"(Liu Qi)


လည်း ကျေးဇူးတင်ကာ ထွကသ
်ွားသည်။ နောက်ရက်တွင် "လျူချီ"(Liu Qi) ထံမှ ဖိတ်ခေါ်စာ
ရောက်လာသောအခါ "လျူဘေ့"(Liu Bei) မှနေမကောင်းဟုအကြောင်းပြကာ "ကျူးကဲလျန့်"(Zhuge
Liang) အားသွားတွေ့စေသည်။

"ကျူးကဲလျန့်"(Zhuge Liang) အခန်းတွင်းသို့ရောက်လာသောအခါ "လျူချီ"(Liu Qi) မှ

"ကျွန်တော့်မိထွေးက ကျွန်တော့်ကုမ
ိ နှစ်သက်ဘူး။ ကျွန်တော်ဘယ်လိုလုပ်ရမယ်ဆိုတာ အကြံပေးပါလား"
ဟု ပြောသည်။

"ဆွေမစပ်မျိုးမစပ်ဧည့်သည်တစ်ယောက်အနေနဲ့ ဒီလိုအိမ်တင
ွ်းရေးကိစ္စတွေမှာ ဝင်မပါကောင်းဘူး။
ဝင်ပါခဲ့ရင် တခြားလူတွေက ကဲ့ရဲ့ကြလိမ့်မယ်"

ထို့နောက် "ကျူးကဲလျန့်"(Zhuge Liang) သည် မတ်တပ်ရပ်ကာ ထွကရ


် န်ပြင်သည်။ "လျူချီ"(Liu Qi)
သည် မသွားစေချင်သေးသဖြင့်

"ဒီလိုကျွန်တော့်ဆီရောက်လာပြီး အချည်းနှီးပြန်သွားရင် မသင့်တော်ပါဘူး" ဟုပြောပြီး


စားသောက်ပွဲတည်ခင်းစေကာ ကျွေးမွေးလေသည်။ စားသောက်နေရင်း "လျူချီ"(Liu Qi) သည်
နောက်တစ်ကြိမ်ထပ်ကာ အကြံဉာဏ်တောင်းခံပြန်သည်။

"ကျူးကဲလျန့်"(Zhuge Liang) သည်

"ဒါ ကျွန်တော်အကြံပေးနိုင်တဲ့အရာမဟုတ်ဘူး" ဟု ပြောပြီး ပြန်ရန်ပြင်ပြန်သည်။

"ဆရာကြီးက မပြောချင်လည်း ကိစ္စမရှိပါဘူး။ ဒါပေမယ့် ထွကမ


် သွားပါနဲ့ဦး" ဟု ပြောသဖြင့်
"ကျူးကဲလျန့်"(Zhuge Liang) သည် ပြန်ထိုင်သည်။ ထို့ နောက် "လျူချီ"(Liu Qi) မှ

"ကျွန်တော့်မှာ ရှေးဟောင်းစာတစ်ခုရှိတယ်" ဟု ပြောကာ "ကျူးကဲလျန့်"(Zhuge Liang) ကို


အပေါ်ထပ်သို့ခေါ်သွားသည်။ "ကျူးကဲလျန့်"(Zhuge Liang) မှ

545
"အဲ့စာဘယ်မှာလည်း" ဟု မေးလျှင် "လျူချီ"(Liu Qi) မှ ငိုကာ

"ကျွန်တော့်မိထွေးက ကျွန်တော့်ကုမ
ိ နှစ်သက်ဘူး။ ကျွန်တော်အသက်ဘေးနဲ့ကြုံရတာကို ဆရာကြီးက
မကယ်ဘူးလား" ဟု ပြောပြန်သည်။

ထိုအခါ "ကျူးကဲလျန့်"(Zhuge Liang) သည် ရှက်သွားကာ ထွက်ရန်ပြင်ပြန်သည်။ ထိုအချိန်တွင်


သူတို့ တက်လာသော လှေကားမရှိတော့သည်ကို သတိပြုမိလိုကသ
် ည်။

ထိုအခါ "လျူချီ"(Liu Qi) မှ နောက်တစ်ကြိမ်ပင်

"ဆရာကြီးက တခြားလူတွေ ကြားသွားမှာကိုစိုးရိမ်လို့မပြောတာမဟုတ်လား? အခု ဆရာကြီးပြောတာကို


ဘယ်သူမှမကြားနိုင်တော့ဘူး။ ဒီလိုဆုက
ျွိန်တော့်ကိုဘယ်လုလ
ိုပ်ရမလည်းဆိုတာ ပြောလို့ရပြီမဟုတ်လား"
ဟု ပြောပြန်သည်။

"ဆွေမျိုးတွေကြားကိုဝင်လို့ မကောင်းဘူး။ မင်းအတွက်အကြံပေးလို့ ဘယ်ဖြစ်မလဲ"

"ကျွန်တော်က တကယ်အသက်အန္တရာယ်နဲ့ရင်ဆိုင်နေရတယ်။ ကျွန်တော်


ခင်ဗျားခြေအောက်မှာပဲသေပါ့မယ်"

ထို့နောက် "လျူချီ"(Liu Qi) သည် ဓားမြောင်ကို ဟုတက


်ာ ကိုယ့်ကုယ
ိကိုသတ်သေရန်ပြုသည်။ ထိုအခါ
"ကျူးကဲလျန့်"(Zhuge Liang) မှ

"နည်းလမ်းတစ်ခုတော့ရှိပါတယ်" ဟု ပြောလေသည်။

"ကျေးဇူးပြုပြီး ကျွန်တော့်ကိုပြောပြပါ"

"ရှန်ရှန်း(Shen Sheng) နဲ့ ချုံးအာ(Chong Er) ဆိုတဲ့ညီအစ်ကုန


ှိစ်ယောက်အကြောင်းကြားဖူးတယ်မလား၊
ရှန်ရှန်း(Shen Sheng) ဟာ အိမ်မှာနေခဲ့လို့သေဆုံးခဲ့ရတယ်။ ညီဖြစ်တဲ့ချုံးအာ(Chong Er) ကတော့
အပြင်ကိုထွကသ
်ွားခဲ့တဲ့အတွက် အေးအေးချမ်းချမ်းနေခဲ့ရတယ်၊ အခု ဟွမ်ကျူ(Huang Zu)
သေဆုံးသွားပြီဆုေ
ိ တာ့ ကျန်းရှာက မလုံခြုံဘူး။ ဒါကြောင့် အဲ့မြို့ကိုကာကွယ်ဖို့ သွားမယ်လို့ ပြောလိုက်ရင်
မင်းအသက်ဘေးကစိုးရိမ်စရာမလိုတော့ဘူး"

"လျူချီ"(Liu Qi) သည် ကျေးဇူးတင်ကာ သူ့လူတို့ကို လှေကားပြန်ရေ


ွှ့လာရန်အမိန့်ပေးလိုက်သည်။
ထို့နောက် "ကျူးကဲလျန့်"(Zhuge Liang) အား အောက်အထိလိုက်ပို့လေသည်။

546
[ရှန်ရှန်း(Shen Sheng) သည် ဆောင်းဦးနွေဦးကာလတွင် ကျင်းပြည်နယ်
နယ်စားရှောက်၏အကြီးဆုံးသားဖြစ်သည်။ ထိုနယ်စားသည် သူ၏အချစ်ဆုံးမိဖုရား လီကျိ( Li Ji )၏သားကို
အုပ်ချုပ်သူဖြစ်စေချင်သဖြင့် ရှန်ရှန်း(Shen Sheng) သည် သူ့ကိုသတ်ရန်ကြံစည်သည်ဟု စွတ်စွဲခဲ့သည်။
ရှန်ရှန်း(Shen Sheng) သည်လည်း ထွက်မပြေးပဲ ကိုယ့က
ိုယ်ကို သတ်သေခဲ့သည်။ ဒုတိယသားဖြစ်သူ
ခ်ဳံးအာ(Chong Er) မွာမူ ထြကေ
် ပြးခဲ့သဖြင့် အသက်ချမ်းသာရာရခဲ့သည်။]

ထို့နောက် "လျူချီ"(Liu Qi) သည် သူ့အဖေထံသွားပြီး ကျန်းရှာမြို့ကိုစောင့်ကြပ်လိုကြောင်းပြောသည်။


"လျူပြောင်း"(Liu Biao) သည် ၎င်းကိုခွင့်မပြုလိုပေ။ ထို့နောက် "လျူဘေ့"(Liu Bei) နှင့်တုင
ိပင်ရာ
"လျူဘေ့"(Liu Bei) မှ

"ကျန်းရှာက အရေးကြီးတယ်။ ခင်ဗျားသားက အဲ့မြို့ကိုစောင့်ကြပ်ဖို့ အသင့်တော်ဆုံးလူပဲ။


သူ့ကိုသွားစေလိုက်ပါ။ အရှေ့တောင်ဘက်ကို ခင်ဗျားသားက စောင့်ပြီး ကျွန်တော်က
အနောက်မြောက်ပိုင်းကိုကာကွယပ
်ါ့မယ်" ဟု ပြောသည်။

"ချောင်ချောင်း(Cao Cao) က ရေတပ်ကြီးတစ်ခုလေ့ကျင့်နေတယ်လို့ကြားတယ်။


ဒါကျုပ်တို့ကိုတိုက်ဖို့ အကြံရှိပုံရတယ်။ သတိထားမှဖြစ်မယ်"

"ကျွန်တော်သိပါတယ်။ စိတ်မပူပါနဲ့"

ထို့နောက် "လျူဘေ့"(Liu Bei) သည် သူ၏မြို့သို့ ပြန်ထွက်သွားလေသည်။ "လျူချီ"(Liu Qi) သည်လည်း


စစ်သားသုံးထောင်နှင့်အတူ ကျန်းရှာကိုစောင့်ကြပ်ရန်သွားသည်။

ထိုအချိန်တွင် "ချောင်ချောင်း"(Cao Cao) သည် အခြားသော အာဏာရှိဝန်ကြီးသုံးဦးကိုဖိနှိပ်ကာ


ဝန်ကြီးချုပ်အာဏာကိုကြီးသည်ထက်ကြီးအောင် ပြုလုပ်နေခဲ့သည်။ "မောင်ကျဲ"(Mao Jie) နှင့်
"ချွေ့ရန်"(Cui Yan) တို့ ကို အထွေထွေဝန်ကြီးအဖြစ်ခန့်အပ်ပြီး "စီးမာရီ"(Sima Yi) ကို
စာပေဝန်ကြီးအဖြစ်ခန့်အပ်ခဲ့လေသည်။ "စီးမာရီ"(Sima Yi) သည် ရင်းချွမ်မြို့စား "စီးမာကျွမ်း"(Sima
Juan) ၏မြေး၊ ကျင်းကျောက်နယ်စား "စီးမာဖန်း"(Sima Fang) ၏သား၊ စစ်သူကြီး "စီးမာလန်"(Sima
Lang) ၏ညီတော်သူဖြစ်သည်။

"ချောင်ချောင်း"(Cao Cao) သည် သူ့လက်အောက်ခံတို့ကိုခေါ်ကာ တောင်ပိုင်းကိုစစ်ချီတက်ရန်


တိုင်ပင်လေသည်။ "ရှဟုတ
ွိန်း"(Xiahou Dun) မှ

"လျူဘေ့(Liu Bei) က ရှင်းရဲ့မှာ စစ်ရေးလေ့ကျင့်နေတယ်။ သူက အန္တရာယ်များတဲ့အတွက်


သူ့ကိုရှင်းပစ်ရမယ်" ဟု ပြောသည်။

547
"ရှဟုတ
ွိန်း"(Xiahou Dun) ကို စစ်တပ်ခေါင်းဆောင်အဖြစ်ခန့်ကာ အကူအဖြစ် "ယွီကျင်"့ (Yu Jin) ၊
"လီတျန်"(Li Dian) ၊ "ရှဟိုလန်"(Xiahou Lan) နှင့် "ဟန်ဟောက်"(Han Hao) တို့ နှင့်အတူ
စစ်တပ်တစ်သန
ိးဖြင့် ပေါ်ဝမ်သို့ ချီတက်စေသည်။ ထိုနေရာမှ ရှင်းရဲ့၏အခြေအနေကိုအကဲခတ်နိုင်သည်။

၎င်းကို "ရွှင်ယွိ"(Xun Yu) မှ

"လျူဘေ့(Liu Bei) က နာမည်ကြီးသူရဲကောင်းတစ်ဦးပဲ။ ဒါ့အပြင် အခုသူ့မှာ အကြံပေး


ကျူးကဲလျန့်(Zhuge Liang) ရှိတဲ့အတွက် သတိထားသင့်တယ်" ဟု ဝင်ပြောသည်။ "ရှဟုတ
ွိန်း"(Xiahou
Dun) မှ

"လ်ဴေဘ့(Liu Bei) က ႂကြက္စုတေ


် လးပါပဲ။ သူ့ကို စစ်သုံ့ ပန်းအဖြစ် ဖမ်းပြီးပြန်လာခဲ့မယ်" ဟု ဆိုသည်။

"ချောင်ချောင်း"(Cao Cao) : "ကျူးကဲလျန့်(Zhuge Liang) က ဘယ်သူလဲ"

"ရွှီရှူ"(Xu Shu) : "သူက တာအိုနာမည် 'အိပ်ပျော်နေတဲ့နဂါး' ဆိုတဲ့နာမည်ကိုယူထားတယ်။ သူက


ပါရမီရှင်ပဲ။ ဒီခေတ်ဒီအခါမှာ အတော်ဆုံးလူတစ်ယောက်ပဲ။ သူ့ကိုအထင်မသေးသင့်ဘူး "

"ချောင်ချောင်း"(Cao Cao) : "ခင်ဗျားနဲ့ယှဉ်ရင် ဘယ်လိုရှိလ"ဲ

"ရွှီရှူ":(Xu Shu) : "ယှဉ်စရာတောင်မရှိပါဘူး။ ကျွန်တော်က မီးတောက်သေးသေးလေးဆိုရင် သူက


ထိန်ထိန်လင်းနေတဲ့လမင်းကြီးပါပဲ"

"ရှဟုတ
ွိန်း"(Xiahou Dun) : "ခင်ဗျားမှားနေပြီ။ ဒီကျူးကဲလျန့်(Zhuge Liang) ကို
ဘာမှကြောက်စရာမလိုဘူး။ ဒီတိုက်ပွဲမှာ သူ့ခေါင်းကိုမယူလာနိုင်ရင် ကျုပ်ခေါင်းကိုဖြတ်ပြီး
ဝန်ကြီးချုပ်ထံဆက်သ,ပါ့မယ်"

"ချောင်ချောင်း"(Cao Cao) : "မင်းရဲ့စစ်အောင်နိုင်မှုသတင်းကို စောင့်နေပါ့မယ်"

ထို့နောက် "ရှဟိုတွန်း"(Xiahou Dun) သည် စစ်တိုက်ရန်ထက


ွ်ခွာသွားသည်။

"လျူဘေ့"(Liu Bei) ၏ညီနှစ်ဦးတို့ သည် "ကျူးကဲလျန့်"(Zhuge Liang) ကို မနှစ်သက်သဖြင့်


"လျူဘေ့"(Liu Bei) ထံသွားကာ

"သူက ငယ်ရွယ်ပြီး ထူးချွန်ပေမယ့်လည်း အစ်ကိုကြီးက သူ့အပေါ်ဆက်ဆံတာ ရိုကျိုးလွန်းတယ်။


သူ့ရဲ့အစွမ်းအစတွေကိုတောင် မမြင်ရသေးဘူး" ဟု ပြောသည်။

548
"သူ့ရဲ့တန်ဖိုးကို မင်းတို့ မသိပါဘူး။ သူ့ကိုရလိုက်တာဟာ ငါးကရေထဲကိုရောက်သွားသလိုပဲ။
ဒီအကြောင်းကိုထပ်မပြောပါနဲ့တော့"

သို့နှင့်ညီနှစ်ဦးလည်း မကျေမနပ်ဖြင့်ထွက်သွားသည်။

တစ်နေ့သော် လူတစ်ဦးက "လျူဘေ့"(Liu Bei) ကို နွားသိုးမြီးလက်ဆောင်ပေးရာ "လျူဘေ့"(Liu Bei)


သည် ထိုအမြီးကို ခေါင်းပေါင်းပေါ်တွင် အဆောင်အယောင်အနေနှင့်ဝတ်ဆင်ထားလေသည်။ ၎င်းကို
"ကျူးကဲလျန့်"(Zhuge Liang) က သတိပြုမိရာ

"သခင်ကြီးမှာ ကြီးမားတဲ့ရည်မှန်းချက်တွေရှိတာ ဒီဟာကိုပဲအာရုံရောက်နေတော့မလို့လား" ဟု


ပြောလေသည်။ "လျူဘေ့"(Liu Bei) မှ သူ့ခေါင်းပေါင်းကိုချက်ချင်းပင် လွှတ်ပစ်လုက
ိပြီး

"ဒီဟာလေးကိုလျှောက်ဝတ်ကြည့်နေတာပါ" ဟု ပြောသည်။

"ချောင်ချောင်း(Cao Cao) နဲ့ယှဉ်ရင် သခင်ကြီးက ဘယ်လုအ


ိ ခြေအနေရှိတယ်လို့ထင်လဲ"

"မယှဉ်နိုင်ဘူး"

"မှန်တယ်။ သခင်ကြီးရဲ့စစ်တပ်ကတစ်သောင်းတောင်မရှိဘူး ။ နောက်ပြီးသူက


ကျွန်တော်တို့ကိုတိုက်ဖို့ အလားအလာရှိတယ်။ ဒါကိုဘယ်လိုခုခံမလဲ"

"ဒါကြောင့် ငါလည်းစိတ်ညစ်နေတာ၊ နည်းလမ်းမမြင်ဘူး "

"သခင်ကြီးက စစ်သားတွေကို စုဆောင်းပါ။ ကျွန်တော်က လေ့ကျင့်ပေးပါ့မယ်၊ ဒီလိုဆိုရင်တော့


ခုခံနိုင်မယ်"

ထို့နောက် စစ်သားတို့စုဆောင်းလေရာ စစ်သားသစ်သုံးထောင်ရရှိလေသည်။

549
မကြာမီပင် "ရှဟိုတွန်း"(Xiahou Dun) သည်
စစ်သားတစ်သိန်းကိုဦးဆောင်လာသည်ဟေ
ူ သာသတင်းကိုကြားလိုက်ရသည်။ "ကျန်းဖေး"(Zhang Fei) မှ
"ကွမ်းယွ"ီ (Guan Yu) အား

"ဒီ ကျူးကဲလျန့်(Zhuge Liang) ကို ရန်သူတွေနဲ့တိက


ု ခ
ိုင်းရမယ်" ဟု ပြောသည်။

ထိုအချိန်တွင်ပင် "လျူဘေ့"(Liu Bei) မှ သူ့ညီနှစ်ဦးကိုခေါ်ကာတိုင်ပင်သည်။ "ကျန်းဖေး"(Zhang Fei) မှ

"ဘာလို့ 'ရေ' ကိုမလွှတ်တာလဲ" ဟု ပြောသည်။

"နည်းဗျူဟာအရဆိုရင်တော့ ကျူးကဲလျန့်(Zhuge Liang) ကိုအားကိုးပြီး တိုက်ခိုက်ရေးမှာတော့


ငါ့ညီတွေကို အားကိုးတယ်။ ငါ့ကိုစိတ်ပျက်အောင်လုပ်မလို့ လား"

ညီနှစ်ဦးထွကသ
်ွားသောအခါ "ကျူးကဲလျန့်"(Zhuge Liang) ဝင်လာသည်။

"ကျူးကဲလျန့်"(Zhuge Liang) မှ

"သခင်ကြီးရဲ့ညီနှစ်ယောက်က ကျွန်တော်ပြောတာကို နားမထောင်မှာစိုးရတယ်။ ဒါကြောင့်


ဒီစစ်ပွဲကိုကပ
ွ်ကဲဖို့အတွက် ကျွန်တော့်ကို အခွင့်အာဏာပေးပါ" ဟု ပြောသည်။ "လျူဘေ့"(Liu Bei)
ကလည်း သဘောတူလိုက်သည်။ ထို့နောက် "ကျူးကဲလျန့်"(Zhuge Liang) မှ
အမှုထမ်းတို့ကိုဆင့်ခေါ်လေသည်။

"ကျန်းဖေး"(Zhang Fei) မှ "ကွမ်းယွ"ီ (Guan Yu) ကို

"သူဘာလုပ်မလည်း ကြည့်သေးတာပေါ့" ဟု ပြောပြီး သွားကြသည်။ အမှုထမ်းတို့ ရောက်သောအခါ


"ကျူးကဲလျန့်"(Zhuge Liang) မှ

"ပေါ်ဝမ်ရဲ့ဘယ်ဘက်မှာ ယွီစန်းတောင်ရှိပြီးတော့ ညာဘက်မှာ အန်းလင်သစ်တောရှိတယ်။ အဲ့မှာ


ခြုံခိုတိုက်ကြရမယ်။ ကွမ်းယွ(ီ Guan Yu) က ယွီစန်းတောင်ကုန်းကို စစ်တပ်တစ်ထောင်နဲ့ သွားရမယ်။
အဲ့မွာရန္သေ
ူ တွကျော်သွားတဲ့စောင့်နေရမယ်။ မီးနဲ့အချက်ပြတာကိုလှမ်းမြင်မှသာ ရန်သူကိုတိုကရ
် မယ်။
ပြီးရင် ရန်သူရဲ့စားနပ်ရိက္ခာတွေကို မီးရှို့ရမယ်။ ကျန်းဖေး(Zhang Fei) ကတော့
အန်းလင်သစ်တောအနောက်ဘက်က တောင်ကြားမှာစခန်းချပြီးတော့ အချက်ပေးတာမြင်ရင် ပေါ်ဝမ်က
ရန်သူ့ ဂိုထောင်တွေကို မီးရှို့ဖျက်စီးရမယ်။ လျူဖုန်း(Liu Feng) နဲ့ ကွမ်းဖင်(Guan Ping) ကတော့
တောင်ဘက်ကိုသွားပြီး လောင်စာတွေပြင်ဆင်ထားပြီးတော့ ပေါ်ဝမ်တောင်ကြားမှာစောင့်နေရမယ်။
ရန္သေ
ူ တွက ညနေပိုင်းလောက်မှာ အဲ့နားကိုရောက်လာရင် အသံအကျယ်ကြီးပြုရမယ်။
ကျောက်ယွင်(Zhao Yun) ကတော့ ဖန်ချန်ကနေပြန်လာပြီး တိုက်ခိုက်မှုကိုဦးဆောင်ရမယ်။

550
သူကနိုင်အောင်တိုက်ရမှာမဟုတ်ပဲ ရှုံးအောင်တုက
ိရမှာဖြစ်တယ်။ သခင်ကြီးကတော့
ကျန်တဲ့စစ်တပ်တွေကိုဦးဆောင်မယ်။ လူတွေအကုန်လုံးက ကိုယ့်တာဝန်ကိုယ်လုပ်ရမှာဖြစ်ပြီး
အမှားမရှိစေရဘူး" ဟုပြောသည်။ ထိုအခါ "ကွမ်းယွီ"(Guan Yu) မှ

"ကျုပ်တို့တွေအကုန်လုံးက ရန်သူတွေနဲ့ရင်ဆိုင်မှာ ဟုတ်ပြီ။ ခင်ဗျား ဘာလုပ်မယ်ဆိုတာ


ကျုပ်မကြားမိပါလား" ဟု ပြောလေသည်။

"ကျုပ်က မြို့ကို စောင့်မယ်"

ထိုအခါ "ကျန်းဖေး"(Zhang Fei) သည် ရယ်မောပြီး

"ကျုပ်တို့က စစ်မြေပြင်သွားတဲ့အချိန်မှာ ခင်ဗျားကတော့ အိမ်မှာပဲအေးဆေးနေမှာပေါ့" ဟု ပြောလေသည်။


"ကျူးကဲလျန့်"(Zhuge Liang) သည် သူ့အားအခွင့်အာဏာလွှဲထားသည့်ဓားနှင့် တံဆပ
ိတုံးကိုထုတ်ကာ

"ဒါက ဓားနဲ့တံဆိပ်တံုး ပဲ။ အမိန့် ကိုမနာခံရင် သေဒဏ်ပေးရမှာဖြစ်တယ်" ဟုပြောလေသည်။


"လျူဘေ့"(Liu Bei) မှ

"အခန်းအတွင်းမှာ ချမှတ်တဲ့အစီအစဉ်တွေက
မိုင်ထောင်ပေါင်းများစွာကစစ်မြေပြင်ရဲ့အောင်နိုင်မှုကိုအဆုံးအဖြတ်ပေးတယ်ဆုတ
ိဲ့စကားကို
မကြားဖူးဘူးလား? အမိန့်ကို ကောင်းကောင်းနာခံပါ" ဟု ဝင်ပြောသည်။

"ကျန်းဖေး"(Zhang Fei) သည် မဲ့ပြုံးပြုံးလေသည်။ "ကွမ်းယွ"ီ (Guan Yu) မှာမူ

"ရလဒ်ဘယ်လိုလာမလည်း ကြည့်သေးတာပေါ့" ဟုပြောသည်။

ညီဖြစ်သူနှစ်ဦးတို့ထွက်သွားကြသည်။ အမှုထမ်းတို့သည် စစ်ဗျူဟာကိုနားမလည်ကြသော်လည်း


ပေးထားသည့်အမိန့် ကိုလုပ်ဆောင်ရန်ပြင်ကြသည်။

"ကျူးကဲလျန့်"(Zhuge Liang) မှ "လျူဘေ့"(Liu Bei) ကို

"သခင်ကြီးက စစ်သားတွေကိုဦးဆောင်ပြီး တောင်ကုန်းကိုသွားပြီးတော့ မနက်ဖြန်လာမယ့်ရန်သူတွေကို


စောင့်နေပါ။ ပြီးရင် စစ်တပ်ကို အချက်ပြမီးမြင်တဲ့အချိန်အထိဆုတ်ခွာရမယ်။ ပြီးရင်တော့
ရန်သက
ိုပြန်လည
ှ့်ပြီးတိုက်ပါ။ မီကျူ(Mi Zhu) ၊ မီဖန်(Mi Fang) နဲ့ ကျွန်တော်က မြို့ကိုစောင့်ကြပ်ပါ့မယ်"
ဟု ဆိုသည်။

551
ထို့နောက် "ကျူးကဲလျန့်"(Zhuge Liang) သည်
အောင်ပွဲခံကာပြန်လာမည့်စစ်သားတို့ ကိုကြိုဆိုရန်အတွက် ကြိုတင်ပြင်ဆင်ထားလေသည်။ ၎င်းတို့ ကို
"လျူဘေ့"(Liu Bei) က ခွင့်ပြုသော်လည်း စိတအ
် တွင်းတွင်မူ မရေမရာဖြစ်နေသည်။

သို့နှင့် "ချောင်ချောင်း"(Cao Cao) ၏စစ်တပ်တို့သည် ပေါ်ဝမ်သို့ ရောက်လာသည်။ "ရှဟုတ


ွိန်း"(Xiahou
Dun) သည် စစ်တပ်ကိုတစ်ဝက်ခွဲကာ တစ်ဝက်ကို ရန်သူကိုတိုကရ
် န်ချီတက်စေပြီး ကျန်တစ်ဝက်ကိုမူ
စားနပ်ရိက္ခာ တို့ကို စောင့်ကြပ်ထားစေသည်။ ထိုအချိန်သည် ဆောင်းဦးကာလဖြစ်ပြီး လေအေးတို့ က
တစ်သွင်သွင်တိုက်ခတ်လေသည်။ စစ်ချီတက်ရာ နေရာတစ်ခုသို့ အရောက်ဝယ် "ရှဟိုတွန်း"(Xiahou Dun)
မှ လမ်းပြတို့ အား ထိုနေရာ၏နာမည်ကိုမေးရာ

"အရှေ့ကတော့ ပေါ်ဝမ်တောင်ကုန်းဖြစ်ပြီး အနောက်ဘက်ကတော့ လော့မြစ်လို့ခေါ်ပါတယ်" ဟု


ပြောသည်။

"လျူဘေ့"(Liu Bei) ၏စစ်တပ်ကို တွေ့သော် "ရှဟိုတွန်း"(Xiahou Dun) သည် ရယ်မောလေသည်။


အကြောင်းရင်းကိုမေးကြရာ "ရှဟိုတွန်း"(Xiahou Dun) မှ

"ရွှီရှူ(Xu Shu) က ကျူးကဲလျန့်(Zhuge Liang) ကို မိုးပေါ်ထိရောက်အောင် ချီးမွမ်းပြောဆိုခဲ့တယ်။


အခုတော့ သူ့စစ်တပ်တွေကြို ကည့်ပါဦး။ ကျားတွေ၊ ကျားသစ်တွေကိုရင်ဆိုင်ဖို့အတွက် ခွေးတွေ၊
သိုးတွေလွှတ်ပေးလိုက်သလိုပဲ။ သူ့ကိုဖမ်းမယ်ပြောတုန်းက ငါနည်းနည်းကြွားပြီး ပြောခဲ့တာ။ အခုတော့
တကယ်ဖမ်းရတော့မှာပေါ့" ဟု ပြောသည်။

"ရှဟုတ
ွိန်း"(Xiahou Dun) သည် ရှေ့သို့ထွက်ကာ

"လျူဘေ့(Liu Bei) ရဲ့နောက်လိုက်တွေက မကောင်းဆိုးရွားရဲ့နောက်လိုကေ


် တွလိုပဲ" ဟု ပြောသည်။
ထိုအခါ "ကျောက်ယွင"် (Zhao Yun) သည် ဒေါသထွက်ကာ ထွက်တုက
ိလေသည်။
တိုက်ပြီးမကြာမီတွင်ပင် အခြေအနေမကောင်းပုံယောင်ဆောင်ကာ နောက်ပြန်လှည့်ရန်ပြုသည်။
"ရှဟုတ
ွိန်း"(Xiahou Dun) ကလည်း နောက်မှလိုကသ
် ည်။ သုံးမိုင်ခန့်ပြေးပြီးနောက်
"ကျောက်ယွင်"(Zhao Yun) သည် ပြန်လှည့်ပြီးတိုက်ပြန်သည်။ ထို့နောက် ပြေးပြန်သည်။
၎င်းကိုမြင်သောအခါ "ဟန်ဟောက်"(Han Hao) မှ

"သူတို့တွေက ခြုံခတ
ိုက
ိဖို့ ကျွန်တော်တို့ကိုမြားခေါ်နေသလိုပဲ" ဟု ပြောသည်။ "ရှဟုတ
ွိန်း"(Xiahou Dun)
မှ

552
"ဒီလိုမျိုးရန်သူတွေနဲ့တိုက်ရင် ခြုံခိုတိုက်တာ ဆယ်ခါခံရလည်း ကြောက်စရာမလိုဘူး" ဟု ပြောသည်။
တောင်ကုန်းနားသို့အရောက်ဝယ် "လျူဘေ့"(Liu Bei) ၏စစ်တပ်ရောက်လာလေသည်။ ထိုအခါ
"ရှဟုတ
ွိန်း"(Xiahou Dun) မှ

"ဒီမှာ ခြုံခိုတိုက်တာလာပြီ။ ဒီညနေမှာ ရှင်းရဲ့ကိုအရောက်ချီတက်မယ်" ဟု ပြောလေသည်။

ထို့နောက် "ရှဟိုတွန်း"(Xiahou Dun) သည် သူ၏စစ်တပ်တို့ ကို ဆက်ချီတက်စေသည်။


ညနေသို့ရောက်သောအခါ လေတို့က ပိုပြင်းလာသည်။ သို့သော်လည်း "ရှဟိုတွန်း"(Xiahou Dun) က
ထွက်ပြေးသော ရန်သူ့နောက် လိုကြ် မဲလိုကေ
် လသည်။ သို့နှင့် လမ်းကျဉ်းမြောင်းပြီး
ခြုံနွယ်တို့ထူထပ်သောနေရာသို့ရောက်လာသည်။ "လီတျန်"(Li Dian) မှ "ယွီကျင်"့ (Yu Jin) အား

"ရန်သူကို အထင်သေးတဲ့လူက ရှုံးနိမ့်လိမ့်မယ်။ ဒီနားမှာလမ်းတွေကျဉ်းသလိုသစ်တောတွေလည်း


ထူထပ်တယ်။ ရန္သေ
ူ တွသာ မီးနဲ့တိုက်ရင် ငါတို့တွေအခြေအနေမကောင်းဘူး" ဟု
ပြောသည်။"ယွီကျင်"့ (Yu Jin) မှ

"ခင်ဗျားပြောတာမှန်တယ်။ ကျုပ် ခေါင်းဆောင်ကို သတိပေးရမယ်" ဟု ပြောလေသည်။ ထို့နောက်


"ယွီကျင်"့ (Yu Jin) မှ

"ချီတက်တာ ရပ်လိုက်" ဟု ပြောသည်။ "ရှဟိုတွန်း"(Xiahou Dun) မှ အကြောင်းအရင်းကိုမေးရာ


"ယွီကျင်"့ (Yu Jin) မှ

"လမ်းတွေက ကျဉ်းမြောင်းပြီး သွားလာရခက်ခဲတယ်။ ဒါ့အပြင် ဘေးပတ်လည်မှာ သစ်ပင်တွေနဲ့။


ရန္သေ
ူ တွက မီးကိုသုံးပြီးတိုက်ရင် ဘယ်လိုလပ
ုမလဲ" ဟု ပြောသည်။

"ရှဟုတ
ွိန်း"(Xiahou Dun) သည် မိုကရ
်ူးရဲဆန်မှုလျော့သွားပြီး တပ်ရေ
ှ့သို့ သွားရန်ပြင်သည်။
ထိုအချိန်တွင်ပင် အသံတစ်ခုကြားလိုက်ရပြီး နေရာအနှံ့ တွင် မီးတို့ပျံ့ကုန်သည်။ လေကလည်း
တိုက်ခတ်သဖြင့် မီးတောက်က ကြီးသည်ထက်ကြီးလာသည်။ "ရှဟုတ
ွိန်း"(Xiahou Dun) ၏စစ်တပ်သည်
အရှုပ်အထွေးဖြစ်ကန
ုပြီး အများအပြားသေဆုံးကုန်သည်။ ထိုအချိန်တွင် "ကျောက်ယွင"် (Zhao Yun) သည်
ပြန်ရောက်လာပြီး တိုက်လေသည်။

ထိုအခါ "ရှဟိုတွန်း"(Xiahou Dun) သည် မီးကြားမှ ထွကေ


် ပြးရန်ပြုသည်။

ထိုအချိန်တွင် "လီတျန်"(Li Dian) သည်လည်း အခြေအနေမဟန်သဖြင့် ပေါ်ဝမ်သို့ ပြန်လည


ှ့်ရန်ပြင်ရာ
"ကွမ်းယွ"ီ (Guan Yu) ဦးဆောင်သောစစ်တပ်နှင့်ရင်ဆိုင်တွေ့လေသည်။ သို့ သော်လည်း ခက်ခက်ခဲခဲဖြင့်
လွတ်မြောက်သွားခဲ့သည်။

553
"ယွီကျင်"့ (Yu Jin) သည်လည်း စားနပ်ရိက္ခာ တို့ ဖျက်စီးခံရသဖြင့် ထွကေ
် ပြးလေသည်။
အခြားသောစစ်သူကြီးနှစ်ဦးတို့က စားနပ်ရိက္ခာလှည်းကိုကယ်ရန်ပြုရာ "ကျန်းဖေး"(Zhang Fei)
နှင့်တွေ့ပြီး "ရှဟိုလန်"(Xiahou Lan) သေလေသည်။ "ဟန်ဟောက်"(Han Hao)
မှာမူထက
ွ်ပြေးလွတ်မြောက်သွားခဲ့သည်။

နောက်ရက်ဝယ် အလောင်းတို့ကား တောင်လိုပုံနေခဲ့သည်။

"ရှဟုတ
ွိန်း"(Xiahou Dun) သည် သူ၏ကျန်သောစစ်တပ်တို့ ကိုဦးဆောင်ပြီး ရွှီချန်သို့ ပြန်သည်။
"ကျူးကဲလျန့်"(Zhuge Liang) သည် ရန်သူ့ ထံမှ အဖိုးတန် အကြွင်းအကျန်တို့ ကိုကောက်စေကာ
စစ်သားတို့အား မျှဝေစေသည်။ "ကွမ်းယွ"ီ (Guan Yu) နှင့် "ကျန်းဖေး"(Zhang Fei) တို့ သည်
မြို့သို့ ပြန်လာပြီး

"ကျူးကဲလျန့်(Zhuge Liang) က တကယ့်ကိုထူးချွန်တ့စ


ဲ စ်ဗျူဟာရှင်ပါပဲ" ဟုပြောကာ
အသိအမှတ်ပြုရလေသည်။

မကြာမီပင် "မီကျူ"(Mi Zhu) နှင့် "မီဖန်"(Mi Fang) တို့သည် စစ်သားအနည်းငယ်နှင့်အတူထွက်ကြိုသည်။


ထိုအထဲတွင် လှည်းယာဉ်တစ်စီးပါလေသည်။ ထိုလှည်းယာဉ်ပေါ်တွင် "ကျူးကဲလျန့်"(Zhuge Liang)
ထိုင်နေသည်။ စစ်တပ်တို့ မြို့သို့ပြန်ရောက်သောအခါ လူအများက "လျူဘေ့"(Liu Bei) ကို
ကြိုဆိုကြလေသည်။

"ကျူးကဲလျန့်"(Zhuge Liang) မှ "လျူဘေ့"(Liu Bei) အား

"ရှဟုတ
ွိန်း(Xiahou Dun) ကိုတော့ တိုကထ
်ုတန
ိုင်လိုက်ပြီ။ ဒါပေမယ့် ချောင်ချောင်း(Cao Cao) က
ဒီထက်ပိုကြီးတဲ့တပ်နဲ့လာတိုက်လိမ့်မယ်" ဟု ပြောသည်။

"ဒါဆိုဘယ်လိုလပ
ုရမလဲ"

"ကျွန်တော် အစီအစဉ်တွေလုပ်ထားပြီးပါပြီ"

554
အခန်း(၄၀) ချိုက်အမျိုးသမီးသည် ကျင်ကျိုးကို လက်နက်ချစေခြင်း။ "ကျူးကဲလျန့်"(Zhuge Liang)
သည် ရှင်းရဲ့ကို မီးရှို့ စေခြင်း။

"လျူဘေ့"(Liu Bei) သည် "ချောင်ချောင်း"(Cao Cao) အား မည်သို့ တွန်းလှန်ရမည်ကို


သူ၏အကြံပေးအားမေးရာ "ကျူးကဲလျန့်"(Zhuge Liang) မှ

"ရှင်းရဲ့က မြို့ငယ်လေးဆိုတော့ ဒီမှာ ရေရှည်စခန်းချဖို့မသင့်တော်ဘူး။ လျူပြောင်း(Liu Biao) က


နေမကောင်းဖြစ်ပြီး ကျန်းမာရေးဆိုးရွားနေပြီ။ ဒါကြောင့် သူ့ပြည်နယ်ကိုသိမ်းပြီးတော့ ချောင်ချောင်း(Cao
Cao) ကို ခုခံဖို့လုပ်ရမယ်" ဟု ပြောသည်။

"ခင်ဗျားပြောတဲ့အကြံက ကောင်းပါတယ်။ ဒါပေမယ့် လျူပြောင်း(Liu Biao) က


ကျုပ်ကိုကောင်းကောင်းဆက်ဆံခဲ့တာ သူ့အပေါ် အဲ့လိုဘယ်လုပ်နိုင်ပါ့မလဲ"

"သခင်ကြီး ဒီအခွင့်အရေးကိုကောင်းကောင်းအသုံးမချရင် နောင်တစ်ချိန်မှာ နောင်တရလိမ့်မယ်"

"မကောင်းတာလုပ်တာထက် သေသွားတာက ပိုကောင်းတယ်"

"နောက်မှပဲ ထပ်ဆွေးနွေးတာပေါ့"

"ရှဟုတ
ွိန်း"(Xiahou Dun) သည် မြို့တော်သို့ ရောက်သော် သူ့ကိုယ်သူ ကြိုးချည်နှောင်ကာ
သူ့သခင်ထံသွားပြီး သူ့အား သေဒဏ်ပေးရန်ပြောသည်။ သို့ သော်လည်း ဝန်ကြီးချုပ်က
ကြိုးကိုဖြည်စေကာ အဖြစ်အပျက်ကိုပြောစေသည်။ "ရှဟိုတွန်း"(Xiahou Dun) မှ

"ကျွန်တော် ကျူးကဲလျန့်"(Zhuge Liang) ရဲ့ မီးနဲ့တိုက်ခိုက်မှုကိုခံခဲ့ရတယ်" ဟုပြောလေသည်။

"လူငယ်လေးအရွယ်လောက်ထဲက စစ်တပ်မှာ တာဝန်ထမ်းဆောင်ခဲ့တာ လမ်းကျဉ်းလေးမှာဆို


မီးကိုလက်နက်အနေနဲ့အသုံးချပြီး တိုကတ
်ာခံရမယ်ဆိုတာ မတွေးမိဘူးလား"

"လီတျန်(Li Dian) နဲ့ ယွီကျင့်(Yu Jin) တို့က ကျွန်တော့်ကို သတိပေးခဲ့ပါသေးတယ်။


ကျွန်တော်အခုတော့ စိတ်မကောင်းဖြစ်နေပြီ"

"ချောင်ချောင်း"(Cao Cao) သည် ခေါင်းဆောင်ဖြစ်သူကို သတိပေးခဲ့သော "လီတျန်"(Li Dian) နှင့်


"ယွီကျင်"့ (Yu Jin) တို့အား ဆုပေးလေသည်။ "ရှဟုတ
ွိန်း"(Xiahou Dun) မှ

"လျူဘေ့(Liu Bei) က အင်အားကြီးလာပြီဆုေ


ိ တာ့ ကျွန်တော်တို့အတွက် အနှောင့်အယှက်ဖြစ်လာနိုင်ပြီ။
ဒါကြောင့် သူ့ကို အမြန်ချေမှုန်းရမယ်" ဟုပြောသည်။ "ချောင်ချောင်း"(Cao Cao) မှ

555
"သူက ငါ့ရဲ့စိတ်ပူပန်မှုတွေထဲက တစ်ခုပဲ၊ ကျန်တစ်ခုကတော့ စွန်းချွမ်(Sun Quan) ပဲ။
ကျန်တဲ့လူတွေကိုတော့ မှုစရာမလိုဘူး။ ဒါကိုအခွင့်ကောင်းယူပြီး တောင်ပိုင်းကိုစစ်ချီတက်ရမယ်" ဟု
ပြောသည်။

သို့နှင့် စစ်တပ်အင်အားငါးသိန်းရှိသော တပ်မကြီးဆယ်ခုကို ငါးဖွဲ့ ခွဲကာ တစ်ဖွဲ့စီတွင်


ခေါင်းဆောင်နှစ်ယောက်ထားစေပြီး စစ်ချီတက်စေသည်။ ပထမတပ်ဖွဲ့တွင် "ချောင်ရန်"(Cao Ren) နှင့်
"ချောင်ဟန
ု"(Cao Hong) ၊ ဒုတိယတပ်ဖွဲ့တွင် "ကျန်းလျောင်"(Zhang Liao) နှင့် "ကျန်းဟဲ"(Zhang He)၊
တတိယတပ်တွင် "ရှဟိုတန
ွ်း"(Xiahou Dun) နှင့် "ရှဟိုယွမ"် (Xiahou Yuan) ၊ စတုတ္ထတပ်ဖွဲ့တွင်
"ယွီကျင်"့ (Yu Jin) နှင့် "လီတျန်"(Li Dian) တို့ ဦးဆောင်ကြပြီး နောက်ဆုံးတပ်ကိုမူ "ချောင်ချောင်း"(Cao
Cao) ကိုယတ
ိုင်ကွပက
် သ
ဲ ည်။ ရှေ့ပြေးတပ်ကို "ရွှီချူ"(Xu Chu) က ဦးဆောင်လေသည်။
စစ်ချီတက်ရန်ရက်သည်ကား ကျန်းအန်းနှစ်တစ်ဆယ့်သုံးနှစ်မြောက် (အေဒီ-၂၀၈) သတ္တမမြောက်လ၊
"မြင်း"ရက် ဖြစ်သည်။

ထိုသို့ စစ်ချီတက်သည်ကို ဝန်ကြီး "ခုံးရု"ံ (Kong Rong) မှ

"လျူဘေ့(Liu Bei) နဲ့ လျူပြောင်း(Liu Biao) တို့ဟာ မင်းဆွေမင်းမျိုးတွေဖြစ်တဲ့အတွက်


အကြောင်းအရင်းကြီးကြီးမားမားမရှိပဲ တိုကဖ
ို့မသင့်တော်ပါဘူး။ ဒါ့အပြင် စွန်းချွမ်(Sun Quan) က
တောင်ပိုင်းပြည်နယ်ခြောက်ခုမှာ အခိုင်အမာနေပြီး ရန်စီမြစ်ကိုအကာအကွယ်ယူထားတဲ့အတွက်
အင်မတန်အင်အားတောင့်တယ်။ ဒါကြောင့် ဒီစစ်ပွဲကုစ
ိ တင်လိုက်ရင်
တစ်လောကလုံးကလူတွေရဲ့လေးစားမှုရမှာ မဟုတ်ဘူး" ဟု ပြောလေသည်။ "ချောင်ချောင်း"(Cao Cao) မှ

"သူတို့တွေအကုန်လုံးက ဘုရင့်ကုဆ
ိ န့်ကျင်တဲ့မင်းမှုထမ်းတွေ၊ သူပုန်တွေပဲ။ ဘာလို့ သူတို့ကို
အပြစ်မပေးနိုင်ရမှာလည်း" ဟု ဆိုသည်။

"ချောင်ချောင်း"(Cao Cao) သည် စိတ်ဆိုးဟာ အကြံပေးဖြစ်သူကို သူ့ရှေ့မှောက်မှ ထွကသ


်ွားစေသည်။
ထို့နောက် ထိုစစ်ပွဲအားဆန့်ကျင်သမ
ှူန်သမျှကို သေဒဏ်ပေးမည်ဟု ကြေညာလိုက်လေသည်။

"ခုံးရုံ"(Kong Rong) သည် နန်းတော်အတွင်းမှ စိတ်မကောင်းကြီးစွာဖြင့်ထွက်လာသည်။ သူသည်


ကောင်းကင်ကြီးကိုမျှော်ကြည့်ကာ

"လူကောင်းတွေကို ဒီလမ
ျိုးဆိုးဆိုးရွားရွားတိုက်ခိုက်ဖို့လုပ်တာ ဘယ်လိုအောင်မြင်မှုဆိုတာ ရနိုင်မှာလဲ။ သူ
ဒီစစ်ပွဲမှာ အရှုံးနဲ့ရင်ဆုင
ိရလိမ့်မယ်" ဟု ရေရွတ်လေသည်။ ထိုသို့ ရေရွတ်သည်ကို
နန်းတွင်းစစ်ဆေးရေးမှူး "ချီလ"ု (Chi Lu) ၏ လက်အောက်ခံတစ်ဦးက ကြားသွားသည်။ "ချီလ"ု (Chi Lu)

556
သည် "ခုံးရု"ံ (Kong Rong) အပေါ် မကျေမနပ်ဖြစ်နေသူဖြစ်လေသည်။ ထိုအကြောင်းကို
သူ၏လက်အောက်ထံမှကြားသော် "ချီလ"ု (Chi Lu) သည် "ချောင်ချောင်း"(Cao Cao) ထံသွားပြီး

"ခုံးရု(ံ Kong Rong) က ဝန်ကြီးချုပ်အပေါ် ရိုင်းပျစွာပြောပြီး မီဟန်(Mi Heng) နဲ့လည်း


အင်မတန်ရင်းနှီးတဲ့လူဖြစ်တယ်။ ဟိုးအရင်က မီဟန်(Mi Heng) က ဝန်ကြီးချုပ်အပေါ်
မကောင်းပြောခဲ့တာက ခုံးရု(ံ Kong Rong) ရဲ့ လုပ်ဆောင်မှုတွေပါပဲ။ ခုံးရုံ(Kong Rong) နဲ့ မီဟန်(Mi
Heng) က တစ်ဦးနဲ့တစ်ဦးလေးစားကြတယ်။ မီဟန်(Mi Heng) မကြာခဏပြောခဲ့ဖူးတာရှိတယ်၊
အဲ့ဒါကတော့ 'ကွန်ဖြူးရှပ်မသေသေးဘူး၊ ဘာကြောင်လ
့ ည်းဆိုတော့ ခုံးရုံ(Kong Rong) က ကွန်ဖြူးရှပ်ပ'ဲ
တဲ့။ အလားတူပဲ၊ ခုံးရု(ံ Kong Rong) ကလည်း 'မီဟန်(Mi Heng) က ရန်ဟွေ(Yan Hui) ပဲ' လို့
ပြောခဲ့ဖူးပါတယ်" ဟု ဆိုကာ ချောက်တွန်းလေသည်။

[မီဟန်(Mi Heng) - အခန်း-၂၃ တွင် ဖော်ပြခဲ့ပြီးဖြစ်သည်။

ရန်ဟွေ(Yan Hui) - ကွန်ဖြူးရှပ်၏နာမည်ကြီးတပည့်တစ်ဦးဖြစ်သည်။]

ထိုအခါ "ချောင်ချောင်း"(Cao Cao) သည် ဒေါသထွက်ပြီး "ခုံးရု"ံ (Kong Rong) ကို ဖမ်းဆီးကာ
သေဒဏ်ပေးရန် အမိန့်ချလိုက်သည်။ ထိုအချိန်တွင် "ခုံးရံ"ု (Kong Rong) ၏သားနှစ်ဦးသည်
အိမ်တွင်ထိုင်နေကာ စစ်တရ
ု င်ကစားနေသည်။ အိမ်စေတို့က

"သခင်ကြီးက အဖမ်းခံရပြီး သေဒဏ်အပေးခံလိုက်ရပြီ။ သခင်လေးတို့ က ဘာလို့ထွက်မပြေးတာလဲ" ဟု


ပြောရာ ထိုလူငယ်နှစ်ဦးက

"ငှကသ
ိုကက
် အောက်ကိုဆဲခ
ျွခံရရင် ဥတွေမကွဲပဲဘယ်နေမလဲ" ဟုဆိုလေသည်။ ထိုအချိန်တွင်ပင်
အာဏာပါးကွက်သားတို့ရောက်လာကာ တစ်အိမ်လုံးကိုဖမ်းဆီးသွားသည်။
ထိုလူငယ်နှစ်ဦးကိုခေါင်းဖြတ်စေပြီး အဖေဖြစ်သ၏
ူ အလောင်းကိုမူ လမ်းအတွင်းတွင် ပြသထားလေသည်။
ဝန်ကြီးတစ်ဦးဖြစ်သော "ကျီရ"ှီ (Zhi Xi) သည် ထိုအလောင်းအနီးသွားကာ ငိုလေသည်။ ၎င်းကို

557
"ချောင်ချောင်း"(Cao Cao) သိလျှင် ဒေါသထွကက
်ာ ထိုဝန်ကြီးကိုပါသတ်ရန်ပြုသည်။ သို့သော်လည်း
"ရွှင်ယ"ွိ (Xun Yu) မှ

"သူငယ်ချင်းအတွက် ငိုယိုတဲ့လူကို မသတ်သင့်ဘူး၊ ကျီရှီ(Zhi Xi) က ခုံးရုံ(Kong Rong)


ရဲ့ပြင်းထန်တဲ့အမှန်တရားဘက်ကိုလိုကတ
်ဲ့စိတ်ဓာတ်အပေါ်သတိပေးခဲ့ဖူးတယ်" ဟု ဆိုသည်။ သို့နှင့်
"ချောင်ချောင်း"(Cao Cao) သည် ထိုဝန်ကြီးကိုမသတ်တော့ပဲ စစ်ချီတက်ရန် အမိန့်ထုတ်ပြန်လိုက်သည်။
မြို့တော်ကိုစောင့်ကြပ်ရန် "ရွှင်ယ"ွိ (Xun Yu) ကို ထားခဲ့လေသည်။

ထိုအချိန်လောက်တွင်ပင် ကျင်ကျိုးနယ်စားသည် အပြင်းအထန်မမာမကျန်းဖြစ်ကာ "လျူဘေ့"(Liu Bei) ကို


ခေါ်စေသည်။ "လျူဘေ့"(Liu Bei) သည် ညီဖြစ်သန
ှူစ်ဦးအပြင် "ကျူးကဲလျန့်"(Zhuge Liang) ကိုခေါ်ကာ
"လျူပြောင်း"(Liu Biao) နှင့်သွားတွေ့သည်။ "လျူပြောင်း"(Liu Biao) မှ

"ကျုပ်ရဲ့ရောဂါက တအားဆိုးရွားနေပြီ၊ ကျုပ်မှာ အချိန်သိပ်မကျန်တော့ဘူး။ ဒါကြောင့်


ငါ့သားနှစ်ယောက်ရဲ့အုပ်ထိန်းသူအနေနဲ့နေဖို့ ငါ့ညီကုလ
ွှိဲခဲ့ပါရစေ။ ငါ့သားတွေက
ငါ့ရာထူးကိုဆက်ခံဖို့မသင့်တော်ဘူး ။ ငါသေရင် ငါ့ညီကပဲ ပြည်နယ်ကိုအုပ်ချုပ်ပါ" ဟု ဆိုသည်။
"လျူဘေ့"(Liu Bei) သည် ငိုကာ

"တူဖြစ်သူနှစ်ဦးကို အစွမ်းကုန်ကူညီပါ့မယ်" ဟု ပြောလေသည်။

"ချောင်ချောင်း"(Cao Cao) ၏စစ်တပ်ကြီးချီတက်လာပြီဟု သတင်းကြားသောအခါ "လျူဘေ့"(Liu Bei)


သည် ရှင်းရဲ့သို့ ပြန်သွားသည်။ "လျူပြောင်း"(Liu Biao) သည် သူ၏အရိုက်အရာအား "လျူချီ"(Liu Qi) ကို
လွှဲပေးရန်ပြုပြီး "လျူဘေ့"(Liu Bei) ကို အုပ်ထိန်းသူအနေနှင့်ရှိစေရန် စီမံသည်။
ထိုသို့ လုပ်ဆောင်မှုကြောင့် ချိုက်အမျိုးသမီးသည်ဒေါသထွကက
်ာ "ချိုက်မောက်"(Cai Mao) နှင့်
"ကျန်းယွင်"(Zhang Yun) တို့ကိုခေါ်ပြီး မြို့အပြင်တံခါးများကိုစောင့်ကြပ်ထားစေသည်။

ကျန်းရှာတွင်ရှိနေသော သားအကြီးဖြစ်သူ "လျူချီ"(Liu Qi) သည် သူ့အဖေ၏ကျန်းမာရေးအခြေအနေကို


ကြားသဖြင့် ပြန်လာလေသည်။ သို့သော် "ချိုက်မောက်"(Cai Mao) က မြို့တွင်းသို့ပေးမဝင်ပဲ

"ခင်ဗျားအဖေက ခင်ဗျားက ကျန်းရှာကိုစောင့်ကြပ်ဖို့ အမိန့်ပေးထားတာ။ ဆင့်ခေါ်တဲ့အမိန့် စာမရပဲ


ဒီလိုမျိုးတာဝန်ကြီးကနေ ထွက်မလာသင့်ဘူး။ ရန်သူတွေလာတိုက်ရင် ဘယ်လိုလပ
ုမလဲ။ နယ်စားကြီးသာ
ဒါကိုသိရင် အင်မတန်စိတ်ဆိုးမှာ။ ဒါကြောင့် ကျန်းရှာကိုပဲ ပြန်သွားသင့်တယ်" ဟု ပြောသည်။ "လျူချီ"(Liu
Qi) သည် အချိန်အတန်ကြာနေသော်လည်း ဝင်ခွင့်မပေးသဖြင့် ကျန်းရှာသို့ ပြန်သွားရလေသည်။

"လျူပြောင်း"(Liu Biao) ၏ရောဂါကား ဆိုးရွားသည်ထက်ဆိုးရွားလာခဲ့သည်။ သားဖြစ်သူ "လျူချီ"(Liu Qi)


ကိုမျှော်သော်လည်း ရောက်မလာချေ။ မကြာမီတွင်ပင် "လျူပြောင်း"(Liu Biao) သည်

558
စိတမ
် ကောင်းကြီးစွာဖြင့်သေဆုံးသွားခဲ့သည်။ "လျူပြောင်း"(Liu Biao) သေဆုံးသွားသည့်သတင်းကို
ချိုက်အမျိုးသမီးနှင့်အပေါင်းအပါတို့သည် မကြေညာသေးပဲ အမိန့်အတုလုပ်ကာ ဒုတိယသား
"လျူကျုံး"(Liu Zong) ကို နယ်စားရာထူးလွှဲအပ်ခဲ့ကြောင်း ကြေညာသည်။ ထို "လျူကျုံး"(Liu Zong)
သည် အသက်ဆယ့်လေးနှစ်သာရှိသေးသော်လည်း အင်မတန်ကောက်ကျစ်သြူ ဖစ်သည်။ သူသည်
အမှုထမ်းတို့ကို စုဝေးစေကာ

"ကျွန်တော့်အဖေက သေဆုံးသွားခဲ့ပြီ။ အစ်ကြို ကီးကတော့ ကျန်းရှာမှာ၊ ဦးလေးက ရှင်းရဲ့မှာရှိနေတယ်။


ခင်ဗျားတို့ က ကျွန်တော့်ကို နယ်စားအနေနဲ့တင်မြှောက်လိုက်ပေမယ့် အစ်ကိုနဲ့ဦးလေးက
ဒီအရိုက်အရာကိုခိုးယူတယ်ဆိုပြီး အကြောင်းပြပြီးတော့ စစ်ချီတက်လာရင်ဘယ်လိုရှင်းပြရမလဲ" ဟု
ပြောသည်။

ပထမသော် မည်သူမှ ဘာမှမပြောကြပေ။ ထို့ နောက် အကြံပေး "လီကွေ့"(Li Gui) မှ ထကာ

"သခင်လေးပြောတာ ကောင်းပါတယ်။ အခု သခင်လေးရဲ့အစ်ကိုဆီကုစ


ိာပို့ ပြီးတော့ ဒီကိုလာပြီး
အရိုကအ
် ရာကိုဆက်ခံခိုင်းပါ။ ဒါ့အပြင် လျူဘေ့(Liu Bei) ကိုခေါ်ပြီး အုပ်ချုပ်မှုမှာ ကူညီစေပါ။
ဒီလိုသာဆိုရင် မြောက်ပိုင်းက ချောင်ချောင်း(Cao Cao) နဲ့ တောင်ပိုင်းက စွန်းချွမ်(Sun Quan) တို့ရဲ့ရန်က
လွတ်မြောက်မှာပါ။ ကျွန်တော်ကတော့ ဒီလိုလုပ်တာ အကောင်းဆုံးလို့ထင်ပါတယ်" ဟု ပြောသည်။
ထိုအခါ "ချိုက်မောက်"(Cai Mao) မှ

"ခင်ဗျားက ဘာမို့လို့ သေဆုံးသွားတဲ့နယ်စားမင်းရဲ့ဆန္ဒကိုချိုးဖောက်ချင်ရတာလဲ" ဟု


ရိုင်းစိုင်းစွာဆိုလေသည်။

"ခင်ဗျားနဲ့ ခင်ဗျားအပေါင်းအပါတွေက အမိန့်စာအတုလုပ်ပြီး


မစစ်မှန်တဲ့နယ်စားကိုတင်မြှောက်တာမဟုတ်လား။ အခု ပြည်နယ်တစ်ခလ
ုံုး က
ချိုက်မိသားစုလက်အောက်ရောက်နေပြီ။ သေဆုံးသွားတဲ့နယ်စားကြီးသာ သိခဲ့ရင် ခင်ဗျားကို
သေဒဏ်ပေးမှာ"

ထိုအခါ "ချိုက်မောက်"(Cai Mao) သည် "လီကွေ့"(Li Gui) ကို ဆွဲထုတ်စေပြီး


သေဒဏ်ပေးစေလိုက်သည်။

သို့နှင့် သားအငယ်ဖြစ်သူသည် နယ်စားဖြစ်လာလေသည်။ ကျင်ကျိုး၏စစ်တပ်ကို


ချိုက်မိသားစုကချုပ်ကုင
ိထားလေသည်။ ကျင်ကျိုးနယ်၏ကာကွယ်မှုကိုမူ "လျူရှင်း"(Liu Xin) နှင့်
"တန်းရီ"(Deng Yi) တို့ထံ လွှဲအပ်ထားသည်။ ချိုက်အမျိုးသမီးနှင့် သားဖြစ်သူတို့ သည် "လျူဘေ့"(Liu
Bei) နှင့် "လျူချီ"(Liu Qi) တို့နှင့်ဝေးရာ ရှန်းရန်သို့ ပြောင်းလေသည်။

559
သေဆုံးသွားသည့်နယ်စားအလောင်းကို ရှန်းရန်မြို့အရှေ့ဘက် ဟန်မြစ်ကမ်းနံဘေးတွင် မြှုပ်နှံလိုက်သည်။
နယ်စားကြီးသေဆုံးသွားကြောင်းကို "လျူချီ"(Liu Qi) ကိုရော၊ "လျူဘေ့"(Liu Bei) ကိုပါ အသိမပေးခဲ့ချေ။

"လျူကျုံး"(Liu Zong) ရှန်းရန်သို့ရောက်ပြီး မကြာမီပင် "ချောင်ချောင်း"(Cao Cao)


၏စစ်တပ်ကြီးနီးကပ်လာပြီဟေ
ူ သာ သတင်းကိုကြားလိုက်သည်။ ထို့ကြောင့် "ခွိုင်ယွဲ့"(Kuai Yue) ၊
"ချိုက်မောက်"(Cai Mao) နှင့် အခြားသော လက်အောက်ခံတို့ ကိုခေါ်ကာ တိုင်ပင်သည်။
အမှုထမ်းတစ်ဦးဖြစ်သော "ဖူရွှမ်း"(Fu Xuan) မှ

"ကျွန်တော်တို့က လက်ရှိမှာ မြောက်ပိုင်းက စစ်တပ်ရဲ့အန္တရာယ်တင်မက ကျန်းရှာက လျူချီ(Liu Qi) နဲ့


ရှင်းရဲ့က ဦးလေးဖြစ်သတ
ူ့ို ရဲ့ရန်ကလည်း စိုးရိမ်ရသေးတယ်။ သူတို့ ကို
နယ်စားကြီးသေဆုံးသွားတာကိုအကြောင်းမကြားတော့ သိသွားရင် စိတ်ဆိုး မှာပဲ။
သူတို့ ပါစစ်ချီတက်လာရင် အခြေအနေမကောင်းနိုင်ဘူး။ ဒါပေမယ့် သခင်လေးကသာ
ကျွန်တော့်အကြံအတိုင်းလုပ်ရင် ထိုင်စန်းတောင်လိုပဲကြံ့ကြံ့ခိုင်နေမှာဖြစ်ပြီး နယ်စားအဖြစ်လည်း
ရပ်တည်နိုင်မယ်" ဟုပြောသည်။

"ဘာအကြံပါလိမ့်"

"ပြည်နယ်တစ်ခုလုံးကို ချောင်ချောင်း(Cao Cao) ထံဆက်သလိုက်ရင် ဝန်ကြီးချုပ်က


သခင်လေးကိုကောင်းကောင်းဆက်ဆံမှာပါ"

ထိုအခါ "လျူကျုံး"(Liu Zong) သည် ဒေါသထွက်ကာ

"ဒါက ဘာအကြံလဲ? နယ်စားရာထူးကိုကောင်းကောင်းတောင် မဆက်ခံရသေးပဲနဲ့


ပြည်နယ်ကိုတခြားလူကိုပေးလိုက်ရမယ်" ဟု ပြောသည်။

"ခွိုင်ယွဲ့ "(Kuai Yue) : "ဒီအကြံကကောင်းပါတယ်။ အခွင့်အရေးကိုအသုံးချတာက နည်းလမ်းပဲ၊


ဖြစ်နိုင်ချေတွေက စဉ်းစားတွေးတောမှုလုအ
ိ ပ်တယ်။ အခုအုတ်မြစ်တောင်မခိုင်သေးတာ
ရန်သက
ိုဘယ်လိုများခုခံနိုင်မလဲ"

"လျူကျုံး"(Liu Zong) : "ကျုပ်သဘောမတူတာမဟုတ်ဘူး။ ဒါပေမယ့် ကိုယြ့် ပည်နယ်အတွက် မခုခံပဲ


ဒီအတိုင်းလက်နက်ချလိုက်ရင် တစ်လောကလုံးရဲ့ပြက်ရယ်ပြုစရာမဖြစ်သွားဘူးလား"

ထိုအချိန်တွင် လူတစ်ယောက်မှ ဝင်ကာ

"ဒီအကြံကကောင်းတယ်ဆိုရင် ဘာလို့မလုပ်ရမှာလည်း" ဟု ပြောသည်။ ထိုသမ


ှူာ ရှန်ရန်မှ
"ဝမ်ချန်"့ (Wang Can) ဆိုသူဖြစ်သည်။

560
"ဝမ်ချန့်"(Wang Can) သည် ငယ်စဉ်အခါက ဝန်ကြီး "ချိုင်ယံ"ု (Cai Yong) ထံသွားရာ ထိုဝန်ကြီးက
သူ့ကိုတလေးတစားဖြင့်ဆက်ဆံခဲ့သည်။ အခြားလူတို့က ထိုလူငယ်လေးကို
အဘယ်ကြောင့်ထိုသို့ ဆက်ဆံသည်ကိုမေးရာ "ချိုင်ယ"ုံ (Cai Yong) က

"သူက အရည်အချင်းရှိတဲ့လင
ူ ယ်တစ်ယောက်ပဲ" ဟု ပြောခဲ့ဖူးသည်။ "ဝမ်ချန့်"(Wang Can) သည်
စာဖတ်အားကောင်းပြီး အင်မတန်မှတ်ဉာဏ်ကောင်းသူဖြစ်သည်။ လမ်းဖြတ်သွားလျှင်
တွေ့သည့်အရာတိုင်းကို အသေးစိတ်မှတ်မိသည်။ လူနှစ်ဦးစစ်တုရင်ကစားသည်ကြို ကည့်ပြီး
စစ်တရ
ု င်ခုံကိုမှောက်ကာ အကွကတ
ိုင်းကိုမလွဲစေပဲပြန်ရွေှ့နိုင်သည်။ သူသည် သင်္ချာတွင်လည်း
ထူးချွန်သူဖြစ်ပြီး ကဗျာဘက်တွင်လည်း ကျွမ်းကျင်သည်။ အသက်ဆယ့်ခုနှစ်နှစ်တွင်
နန်းတွင်း၌အမှုထမ်းရန် ကမ်းလှမ်းခြင်းခံခဲ့ရသော်လည်း ငြင်းဆိုလိုက်သည်။
တိုင်းပြည်အတွင်းအခြေအနေဆိုးရွားလာသောအခါ ကျင်ကျိုးတွင်လာရောက်ခိုလှုံခဲ့ပြီး
နယ်စားကြီး၏လေးစားမှုကိုခံရသူဖြစ်သည်။

"ဝမ်ချန့်"(Wang Can) : "စစ်သူကြီးက ချောင်ချောင်း(Cao Cao) နဲ့ယှဉ်ရင် ဘယ်လိုရှိလ"ဲ

"လျူကျုံး"(Liu Zong) : "ကျုပ်ကပိုပြီး နိမ့်ကျတာပေါ့"

"ဝမ်ချန့်"(Wan Can) : "ချောင်ချောင်း(Cao Cao) မှာ စစ်သားတွေ၊ စစ်သြူ ကီးတွေအများကြီးရှိတယ်။


သူကိုယ်တိုင်ကလည်း အရည်အချင်းရှိတယ်။ သူက ရှဖီမှာ လွီပ(ု Lu Bu) ကို ချေမှုန်းနိုင်ခဲ့ပြီး ကွမ်းတုမှာ
ယွမ်ရှောက်(Yuan Shao) ကို ရှင်းနိုင်ခဲ့တယ်။ လုံယိုမှာ လျူဘေ့(Liu Bei) ကိုတိုက်ခဲ့ပြီးတော့
မြေခွေးဖြူတောင်ကုန်းမှာ မောင်တွန်း(Mao Dun) ကိုချေမှုန်းခဲ့တယ်။ သူ့ကိုတွန်းလှန်ဖို့ဆိုတာ
ခက်ခဲလွန်းတယ်။ ဒါကြောင့် နောင်တမရခင်မှာ ဒီအကြံကိုလပ
ုဆောင်သင့်တယ်"

"လျူကျုံး"(Liu Zong) : "ခင်ဗျားပြောတာ သင့်တော်ပါတယ်။ ဒါပေမယ့် ကျွန်တော်


အမေနဲ့တိုင်ပင်ပါဦးမယ်"

ထိုအချိန်တွင်ပင် ချိုက်အမျိုးသမီးက အနောက်မှထွက်လာကာ

"လူကြီးလူကောင်းတွေက ဆွေးနွေးနေတာ ငါ့ကိုမေးစရာမလိုပါဘူး" ဟု ပြောသည်။

သို့နှင့် "လျူကျုံး"(Liu Zong) သည် လက်နက်ချသည့်စာကို "စုန့်ကျုံး"(Song Zhong)


ဆိုသူကိုပို့ စေသည်။ "ချောင်ချောင်း"(Cao Cao) သည် ထိုစာကိုလက်ခံပြီးနောက်

"လျူကျုံး(Liu Zong) ကို ငါနဲ့တွေ့ဖို့ပြောလိုက်ပါ။ သူ့ကို ဒီနယ်စားအဖြစ်သတ်မှတ်ပေးမယ်" ဟု


ပြောသည်။

561
"စွန်းကျုံး"(Sun Zong) သည် ရှန်းရန်သို့ ပြန်ရာလမ်းတွင် "ကွမ်းယွ"ီ (Guan Yu) နှင့်တွေ့ပြီး
အဖမ်းခံလိုက်ရသည်။ ထိုသမ
ှူတစ်ဆင့် အကြောင်းအရာအလုံးစုံကိုသိသောအခါ "လျူဘေ့"(Liu Bei)
သည် စိတ်မကောင်းဖြစ်လေသည်။ "ကျန်းဖေး"(Zhang Fei) မှ

"ကျွန်တော်တို့ ဒီကောင်ကိုသတ်ပြီးတော့ ရှန်းရန်မြို့ကိုတိုက်ပြီး ချိုက်မျိုးရိုးနဲ့ လျူကျုံး(Liu Zong)


ကိုရှင်းပစ်ရမယ်။ ပြီးရင် ချောင်ချောင်း(Cao Cao) ကိုတိုက်ကြတာပေါ့" ဟုပြောသည်။ သို့ သော်
"လျူဘေ့"(Liu Bei) မှ

"ခဏလေး။ ငါပြောစရာရှိသေးတယ်" ဟု ဆိုသည်။

ထို့နောက် "လျူဘေ့"(Liu Bei) သည် အကျဉ်းသားဘက်လှည့်ကာ

"သူတို့တွေ အဲ့လိုလုပ်တဲ့အချိန်တုန်းက ဘာလို့ငါ့ကိုလာမပြောတာလဲ။ မင်းကိုသတ်လည်း ဘာမှမထူးဘူး။


သွားလိုရာသွားတော့" ဟု ပြောပြီး လွှတ်ပေးလိုက်သည်။ "စုန့် ကျုံး"(Song Zhong) သည်လည်း
ကျေးဇူးတင်ကာ ထွက်သွားသည်။

ထိုအချိန်တွင်ပင် ကျန်းရှာမှ "ရီကျိ"(Yi Ji) ရောက်လာရာ "လျူဘေ့"(Liu Bei) ကိုယ်တိုင်ထွက်ကာ


ကြိုဆိုသည်။ "ရီကျိ"(Yi Ji) မှ

"သခင်က အဖေဖြစ်သူသေဆုံးသွားတာသိပေမယ့်လည်း မိထွေးဖြစ်သူက သူ့ကိုမြို့ထဲပေးမဝင်ခဲ့ဘူး။


ဒါကြောင့် သူ ရှန်းရန်ကိုသွားရာမှာ ဦးရီးတော်ပါကူညီပေးဖို့ စာပို့လိုက်တာပါ" ဟု ပြောသည်။

"လျူဘေ့"(Liu Bei) သည် စာကိုဖတ်ပြီးနောက်

"သားအငယ်ဖြစ်သူက ရာထူးကိုလုယူသွားတာကိုတော့ ခင်ဗျားတို့ သိတာဟုတ်တယ်။ ဒါပေမယ့် သူ


ချောင်ချောင်း(Cao Cao) လက်အောက်မှာ အညံ့ခံလိုက်တဲ့သတင်းကိုမကြားသေးဘူးမလား" ဟု
မေးသည်။ ထိုအခါ "ရီကျိ"(Yi Ji) သည် အံ့ဩသွားပြီး

"ဦးရီးတော်က ဘယ်လိုသိတာလဲ" ဟု မေးသည်။ "လျူဘေ့"(Liu Bei) ကလည်း "စုန့်ကျုံး"(Song


Zohong) ကို ဖမ်းမိသည့်အကြောင်းပြောပြလိုက်သည်။

"ရီကျိ"(Yi Ji) : "ဒါဆို ဦးရီးတော်က ဈာပနကိုတက်ရောက်ဖို့အနေနဲ့ ရှန်းရန်သွားပါ။ အဲ့အခါ လျူကျုံး(Liu


Zong) က မြို့ပြင်ထွက်လာရင် သူ့ကိုဖမ်းပြီး အပေါင်းအပါတွေကိုရှင်းလိုက်ပြီးတော့
ပြည်နယ်ကိုသိမ်းလိုက်ပါ"

"ကျူးကဲလျန့်"(Zhuge Liang) : "ဒီအကြံကောင်းတယ်။ သခင်ကြီး ဒီအတိုင်းလုပ်ဆောင်သင့်တယ်"

562
"လျူဘေ့"(Liu Bei) သည် ငိုကာ

"ငါ့အစ်ကိုကြီးနဲ့နောက်ဆုံးတွေ့ခဲ့တန
ုးက သူက သူ့သားတွေကိုစောင့်ရှောက်ဖို့ မှာခဲ့တာ။
သူ့သားဖြစ်သက
ိုဖမ်းပြီး ပြည်နယ်ကိုသမ
ိးလိုက်ရင် တမလွန်မှာ အစ်ကိုကြီးကိုဘယ်လိုမျက်နှာပြရမလဲ" ဟု
ပြောလေသည်။ "ကျူးကဲလျန့်"(Zhuge Liang) မှ

"ဒါဆို ဝမ်ချန်ကိုရောက်နေတဲ့ ချောင်ချောင်း(Cao Cao) ကို ဘယ်လိုတွန်းလှန်မလဲ" ဟု ပြောသည်။

"လျူဘေ့"(Liu Bei) : "အကောင်းဆုံးကတော့ ဖန်ချန်ကိုသွားဖို့ပဲ"

ထိုအချိန်လောက်တွင်ပင် သူလျှိုတို့မှတစ်ဆင့် "ချောင်ချောင်း"(Cao Cao) ၏စစ်တပ်သည်


ပေါ်ဝမ်သို့ ရောက်လာပြီဖြစ်ကြောင်းကြားရသည်။ ထို့ကြောင့် "ရီကျိ"(Yi Ji) သည် ရန်သူကိုခုခံမှုပြုလုပ်ရန်
ကျန်းရှာသို့ ပြန်သွားသည်။ "လျူဘေ့"(Liu Bei) နှင့် "ကျူးကဲလျန့်"(Zhuge Liang) တို့ သည် ရန်သူကို
ခုခံရန်တိုင်ပင်ကြသည်။

"ကျူးကဲလျန့်"(Zhuge Liang) : "သခင်ကြီး စိတမ


် ပူပါနဲ့။ ပေါ်ဝမ်တောင်ကုန်းမှာ ချောင်ချောင်း(Cao Cao)
ရဲ့တပ်တွေကို မီးနဲ့သုံးပြီးအနိုင်ယခ
ဲူ့တယ်။ အခု ရှင်းရဲ့မှာ ဒီဗျူဟာကိုပဲထပ်သုံးရတာပေါ့။ ကျွန်တော်တို့က
ဖန်ချန်ကိုပြောင်းရမယ် "

ထို့နောက် မြို့အတွင်းတွင် ကြေညာချက်ထုတ်ပြန်ပြီးနောက် လူအကုန်လုံးအား


မြို့အသစ်သို့ပြောင်းရန်ပြုသည်။ သင်္ဘောတို့ပြင်ဆင်ထားစေပြီး "စွန်းချန်"(Sun Qian) က
အရပ်သားတို့အား ဦးဆောင်ကာ ပြောင်းရွေှ့ကြသည်။ "မီကျူ"(Mi Zhu) ကမူ
အမှုထမ်းမိသားစုတို့ နှင့်အတူ ပြောင်းရွေှ့ရန်ပြုသည်။

ထို့နောက် စစ်မှုထမ်းတို့အားစုဝေးစေပြီးနောက် "ကျူးကဲလျန့်"(Zhuge Liang) မှ

"ကွမ်းယွ(ီ Guan Yu) က မြစ်ဖြူမြစ်အပေါ်ဘက်ကို စစ်တပ်တစ်ထောင်နဲ့သွားရမယ်။ စစ်သားတွေက


သဲအိတ်တွေသယ်ဆောင်သွားပြီးတော့ သဲအိတ်တွေနဲ့မြစ်ရေမစီးအောင် ဖို့ထားရမယ်။
နောက်ရက်သုံးနာရီ ရန်သူတွေရောက်လာတဲ့အချိန်မှာတော့ မြစ်ရေကိုလွှတ်ပေးပြီး ရန်သူတွေကို
ရေနှစ်အောင်လုပ်ရမယ်။

ကျန်းဖေး(Zhang Fei) ကတော့ စစ်သားတစ်ထောင်နဲ့ ပေါ်လင်ကူးတို့ဆိပ်ကိုသွားပြီး


ရောက်လာမယ့်ရန်သူတွေကိုတိုက်ဖို့လုပ်ရမယ်။

ကျောက်ယွင်(Zhao Yun) ကတော့ စစ်သားသုံးထောင်ကိုလေးဖွဲ့ခွဲပြီးတော့ တစ်ဖွဲ့ စီကိုမြို့ဂိတတ


် စ်ခုစီမှာ
စောင့်ကြပ်ထားရမယ်။ မြို့တွင်းကအိမ်တွေရဲ့ခေါင်မိုးပေါ်မှာ ဆာဖာ၊ ယမ်းမှုန့်ဖြူ(ပိုတက်စီယမ်နိုက်ထရိတ်)

563
စတဲ့လောင်စာတွေ ထားထားရမယ်။ ရန္သေ
ူ တွမြို့တွင်းကိုဝင်လာရင် မီးနဲ့တိုက်ဖို့အတွကေ
် ပါ့။
နောက်ရက်ညနေမှာ လေပြင်းတိုက်ခတ်မှာဖြစ်တဲ့အတွက် မီးကိုပိုပြီးကြီးစေလိမ့်မယ်။ မီးလောင်တ့အ
ဲ ချိန်မှာ
အပြင်ဘက်ကနေအော်ပြီးတော့ ရန်သူတွေကိုရှုပ်ထွေးအောင်လုပ်ရမယ်။ ပြီးရင် အရှေ့ဘက်ဂိတက
ို
အလွတ်ထားပြီး ရန်သူတွေကို ပြေးပေါက်ပေးထားရမယ်။

မီဖန်(Mi Fang) နဲ့ လျူဖုန်း(Liu Feng) ကတော့ စစ်တပ်နှစ်ထောင်ကိုဦးဆောင်ပြီး


ချွဲ့ငှကြ် မီးတောင်ကုန်း(Magpie Tail) မှာနေပြီး နှစ်ဖွဲ့ခွဲပြီးတော့ တစ်ဖွဲ့ ကို အလံအနီ၊ နောက်တစ်ဖွဲ့ ကို
အလံအပြာကိုင်ထားစေရမယ်။ ရန်သူတွေရောက်လာရင် အလံနီတပ်ကဘယ်ဘက်၊
အလံပြာတပ်ကညာဘက်ကိုချီတက်ပြီး ရန်သေ
ူ့ ရှဆက်သွားဖို့ တုံ့ဆိုင်းအောင်လုပ်ရမယ်။
ရှင်းရဲ့မှာမီးလောင်တာနဲ့ ရန်သူတွေကို ကင်းပုန်းတိက
ု ရ
် မယ်။ ပြီးရင် မြစ်ဘက်ကိုချီတက်ပြီးတော့
ကျုပ်တို့အဖွဲ့နဲ့လာဆုံရမယ်။

တိုက်ပွဲပြီးရင် စစ်သူကြီးတွေအကုန်လုံးက ဖန်ချန်မှာစုစည်းရမယ်" ဟု ပြောသည်။

သို့နှင့် စစ်သူကြီးအသီးသီးတို့သည်လည်း ကိုယ်တာဝန်ကျရာနေရာသို့ သွားကြလေသည်။ "လျူဘေ့"(Liu


Bei) နှင့် "ကျူးကဲလျန့်"(Zhuge Liang) မှာမူ တိုက်ပွဲကိုလှမ်းမြင်နိုင်သည့်နေရာတွင်
စခန်းချထားလေသည်။

"ချောင်ဟန
ု"(Cao Hong) နှင့် "ချောင်ရန်"(Cao Ren) တို့သည် စစ်သားတစ်သိန်း၊ "ရွှီချူ"(Xu Chu) သည်
စစ်သားသုံးထောင်ပါဝင်သော ရှေ့ပြေးတပ်ကိုဦးဆောင်ကာ ရှင်းရဲ့အနီးသို့ ရောက်လာသည်။
ညနေဘက်အရောက်တွင် ချွ့ေ
ဲ တာင်ကုန်းအနီးသို့ ရောက်လာသည်။ တောင်ကုန်းပေါ်တွင် အလံနီ၊
အလံပြာနှင့်စစ်တပ်တို့ကိုတွေ့သောအခါ ရှေ့သို့ဆက်ချီတက်ရန် တုံ့ဆိုင်းသွားသည်။ "ရွှီချူ"(Xu Chu)
သည် ဤသို့ တွေးသည်။

'ရန်သူက ချုံခိုတိုက်နိုင်တဲ့အတွက် ဆက်ချီတက်ဖို့မသင့်တော်ဘူး'

နောက်ဆုံးတွင်မူ စစ်တပ်ကိုဆက်မချီတော့ပဲ အနောက်ဘက်သို့လှည့်ပြီး "ချောင်ရန်"(Cao Ren)


ထံသွားသည်။ "ချောင်ရန်"(Cao Ren) မှ

"ရန်သူ့ စစ်တပ်တွေက ဟန်ပြပဲဖြစ်မှာ၊ ရှေ့ကုဆ


ိ က်ချီတက်၊ ကင်းပုန်းမရှိနိုင်ဘူး။ ငါအနောက်က
လိုက်ခဲ့မယ်" ဟုဆိုသည်။

သို့နှင့် "ရွှီချူ"(Xu Chu) သည် ရှေ့သို့ ဆက်ချီတက်သည်။ သစ်တောအတွင်းသို့ ရောက်သော် အလံနီ၊


အလံပြာတို့ ကိုတွေ့သော်လည်း လူတစ်ဦးတစ်ယောက်မှမတွေ့ပေ။ တောင်ကုန်းအပေါ်ဘက်မှ
တူရိယာသံတို့ ကြားသဖြင့် ကြည့်လိုက်သောအခါ "လျူဘေ့"(Liu Bei) နှင့် "ကျူးကဲလျန့်"(Zhuge Liang)
တို့သည် ထီးအမိုးနှစ်ခုအောက်ဝယ် အေးဆေးစွာ သောက်စားနေသည်ကိုတွေ့လိုက်သည်။ ထိုအခါ

564
"ရွှီချူ"(Xu Chu) သည် ဒေါသထွကြ် ပီး တောင်ပေါ်တက်ရန်ပြုသည်၊ တောင်ပေါ်မှ သစ်တံုး ၊
ကျောက်တုံးများပြုတ်ကျလာသည်။ "ရွှီချူ"(Xu Chu) မှာ ရန်သက
ိုတုက
ိရန်နည်းမတွေ့ပေ၊ နေလည်း
ဝင်လန

ထို့နောက် "ချောင်ဟုန်"(Cao Hong) နှင့် "ချောင်ရန်"(Cao Ren) တို့သည် ရှင်းရဲ့သို့ ရောက်လာပြီး


မြို့ကိုတိုက်ရန်အမိန့်ပေးသည်။ သို့ သော်လည်း မြို့တံခါးတို့မှာ ပွင့်နေပြီး
မြို့အတွင်းဝယ်လူတစ်ဦးမျှမရှိပေ။ "ချောင်ဟန
ု"(Cao Hong) မှ

"ဒါ သူတို့တွေထွကေ
် ပြးသွားတာပဲနေမှာ။ ဒီမြို့ထဲမှာပဲ အနားယူပြီးတော့ မနက်ဖြန်အတွက်
အဆင်သင့်ပြင်ရမယ်" ဟု ပြောသည်။

စစ်သားတို့သည် ခရီးရှည်ကြီးကိုချီတက်လာရသဖြင့် ပင်ပန်းနွမ်းနယ်နေကြသည်။ ထို့ ကြောင့်


မြို့တွင်းရှိအိမ်များတွင် နေရာယူကြလေသည်။ အချိန်တစ်ချက်တီးအကျော်တင
ွ်
လေတို့ စတင်တိုက်လာသည်။ မကြာမီပင် အစောင့်တို့ ရောက်လာပြီး
မီးလောင်သည့်အကြောင်းလာပြောသည်။ "ချောင်ရန်"(Cao Ren) မှ

"ကချော်ကပျက်နဲ့လုပ်လို့ မီးစလေးလောင်တာနေမယ်" ဟု ပြောသည်။ မကြာမီပင်


မီးလောင်သည့်အကြောင်းတစ်ခုပြီးတစ်ခု ရောက်လာလေသည်။ ထိုအခါ ဤသို့လောင်သည်မှာ
မတော်တဆမဟုတ်မှန်းသိလိုက်သည်။ တစ်မြို့လုံးမီးလောင်ပြီး မီးတောက်မီးလျှံတို့ ကား
ကောင်းကင်ယအ
ံ ထိရောက်နေသည်။ ပေါ်ဝမ်တောင်ကုန်းတွင် "ရှဟိုတွန်း"(Xiahou Dun)
ကြုံခဲ့သည့်မီးတို့ထက် ပြင်းထန်သည်။

စစ်သားတို့သည် မီးဘေးမှလွတ်ရာသို့ ပြေးကြလေသည်။


အရှေ့ဘက်တံခါးပွင့်နေသည်ဆိုသည့်အကြောင်းကိုကြားသောအခါ လူအကုန်လုံးက
အရှေ့ဘက်သို့ ပြေးကြလေရာ အချင်းချင်း နင်းမိ၊ တိုက်မိ၊ တွန်းမိသောကြောင့် သေဆုံးကုန်ကြသည်။

ထို့အပြင် အနောက်ဘက်တွင် အော်သံကြားလိုက်ရပြီးနောက် "ကျောက်ယွင"် (Zhao Yun)


၏စစ်တပ်ရောက်လာကာ တိုက်လေသည်။ "ချောင်ချောင်း"(Cao Cao) ၏စစ်တို့သည်
ထွက်ပြေးကုန်ကြသည်။ "မီဖန်"(Mi Fang) နှင့် "လျူဖုန်း"(Liu Feng) ၏စစ်တပ်တို့ သည်လည်း
ရောက်လာသည်။ "ချောင်ရန်"(Cao Ren) မှာ နောက်ကျန် စစ်သားအနည်းငယ်နှင့်အတူ
ထွက်ပြေးလွတ်မြောက်သွားသည်။ ကျန်သောလူတို့မှာ မီးလောင်ကာ သေကုန်သည်။

လွတ်မြောက်သွားသောစစ်သားတို့သည် မြစ်ဖြူမြစ်သို့ သွားပြီး ရေထဲဆင်းကာ ရေသောက်ကြသည်။


ထိုအချိန်တွင် မြို့ထဲမှာ မီးလောင်သည်ကို မြင်လိုကေ
် သာ "ကွမ်းယွီ"(Guan Yu) သည်

565
အခြေအနေကိုစောင့်နေခဲ့သည်။ လေးချက်တီးအချိန်လောက်တွင်
ရန်သူ့ စစ်သားတို့၏အသံကိုကြားလိုက်သောအခါ ဖို့ ထားသောမြစ်ရေတို့ ကိုလွှတ်လုက
ိစေသည်။

ရုတတ
် ရတ်ကျလာသော မြစ်ရေအောက်ဝယ် "ချောင်ရန်"(Cao Ren) ၏စစ်သားတို့ သည် ရေနစ်ကာ
သေဆုံးကုန်သည်။

"ချောင်ရန်"(Cao Ren) သည် ထိုမြစ်မှလွတ်သွားပြီးနောက် ပေါ်လင်ကူး တို့ဆိပ်သို့ရောက်သောအခါ


လမ်းပိတ်ထားသည်ကြို မင်လိုက်သည်။

ထိုအချိန်တွင် "သူပုန်ချောင်ချောင်း(Cao Cao) လက်အောက်ကကောင်တွေ၊ သေဖို့ ပြင်ထား" ဟူသော


"ကျန်းဖေး"(Zhang Fei) ၏အော်သက
ိုံကြားလိုက်လေသည်။

566
အခန်း(၄၁) "လျူဘေ့"(Liu Bei) သည် လူတို့ ကို ဦးဆောင်ကာမြစ်ကိုဖြတ်ကူးခြင်း၊
"ကျောက်ယွင"် (Zhao Yun) သည် တန်းရန်တွင် သခင်လေးကိုကယ်တင်ခြင်း။

"ကျန်းဖေး"(Zhang Fei) သည် "ရွှီချူ"(Xu Chu) နှင့်တုက


ိ ္ခိုကေ
် လသည်။ သို့သော်လည်း မကြာမီပင်
"ရွှီချူ"(Xu Chu) ထွက်ပြေးသွားသဖြင့် "ကျန်းဖေး"(Zhang Fei) သည် "လျူဘေ့"(Liu Bei) နှင့်
"ကျူးကဲလျန့်"(Zhuge Liang) ရှိရာသွားသည်။ ထိုသူသုံးဦးတို့သည် "မီဖန်"(Mi Fang) နှင့် "လျူဖုန်း"(Liu
Feng) တို့ပြင်ဆင်ထားသောသင်္ဘောဖြင့် မြစ်ကိုဖြတ်ပြီးနောက် ဖန်ချန်သို့ ချီတက်ကြသည်။
"ကျူးကဲလျန့်"(Zhuge Liang) သည် သင်္ဘောတို့ ကို မီးရှို့ဖျက်စီးခဲ့စေသည်။

"ချောင်ရန်"(Cao Ren) သည် ရှင်းရဲ့တွင် စခန်းချပြီးနောက် "ချောင်ဟုန်"(Cao Hong) သည်


"ချောင်ချောင်း"(Cao Cao) ထံသွားကာ စစ်ရှုံးနှိမ့်သည့်သတင်းကို တင်ပြသည်။ "ချောင်ချောင်း"(Cao Cao)
သည် ဒေါသထွက်ကာ

"တော်တော်အတင့်ရဲတဲ့ ကျူးကဲလျန့်(Zhuge Liang) ပဲ" ဟုဆိုသည်။ ထို့နောက်


ဖန်ချန်ကိုအဘက်ဘက်မှ တိုကခ
ိုက်ရန် စစ်တပ်တို့အား ပြင်ဆင်မှုပြုလုပ်စေသည်။

"လျူရဲ"့ (Liu Ye) သည် "ချောင်ချောင်း"(Cao Cao) ထံသွားကာ

"သခင်ကြီးက ဒီနယ်မြေနဲ့စိမ်းတော့ ပြည်သူတွေရဲ့နှလုံးသားကို အရင်ဆုံးအောင်နိုင်ဖို့ ကြိုးစားရပါမယ်။


စစ်ဖြစ်ရင် ပြည်သူတွေကပဲ အရင်ဆုံးခံရမှာမဟုတ်လား? ဒီတော့ လျူဘေ့(Liu Bei) ထံ လူလတ
ွှ်ပြီး
လက်နက်ချဖို့ တိုက်တွန်းပြီးတော့ လူတွေရဲ့ယုံကြည်မှုကိုရအောင်လုပ်ရမယ်" ဟုဆိုသည်။
"ချောင်ချောင်း"(Cao Cao) ကလည်း သဘောတူပြီး သံတမန်အနေဖြင့် မည်သူ့ ကိုလွှတ်ရမည်ကို မေးရာ
"ရွှီရှူ"(Xu Shu) ကိုလွှတ်သင့်ကြောင်းပြောသည်။

"သူက ကျွန်တော်တို့တပ်ထဲမှာ လျူဘေ့(Liu Bei) နဲ့ရင်းနှီးတဲ့လပ


ဲူလေ"

"ဒါပေမယ့် သူက သွားမယ်မထင်ဘူး "

"သူမသွားရင် လူတွေရဲ့ရယ်စရာဖြစ်သွားလိမ့်မယ်။ ဒါကြောင့် သူသွားမှာပါ"

ထို့ကြောင့် "ချောင်ချောင်း"(Cao Cao) သည် "ရွှီရှူ"(Xu Shu) ကိုခေါ်ကာ

"ငါက ဖန်ချန်ကိုချေမှုန်းချင်တာ။ ဒါပေမယ့်လည်း တိုင်းသူပြည်သားတွေကို ငဲ့ညာတဲ့အတွက် မတိုက်သေးပဲ


လျူဘေ့(Liu Bei) ကို လက်နက်ချဖို့ အရင်တောင်းဆိုမလို့ ။ သူသာ အညံ့ခံရင် သူ့ကိုမသတ်ရုံမက

567
ရာထူးတောင်ပေးထားမှာ။ အခုအတိုင်းသာဆက်သွားရင်
သူ့လက်အောက်ကလူတွေအများကြီးသေလိမ့်မယ်၊ ခင်ဗျားက ရိုးသားတဲ့လူဆိုတော့ ဒီသံတမန်တာဝန်ကို
ခင်ဗျားကိုလွှဲပေးလိုက်ပြီ။ ကျုပ်ကိုစိတ်ပျက်အောင် မလုပ်ပါနဲ့" ဟု ပြောသည်။

"ရွှီချူ"(Xu Shu) သည် မည်သို့မျှမပြောသော်လည်း အမိန့် ကိုလက်ခံကာ "လျူဘေ့"(Liu Bei)


ထံသွားသည်။ "လျူဘေ့"(Liu Bei) နှင့် "ကျူးကဲလျန့်"(Zhuge Liang) တို့ သည် "ရွှီရှူ"(Xu Shu)
ကိုကြိုဆိုကာ ရှေးဖြစ်နှောင်းဟောင်းများပြောကြသည်။ ထို့နောက် "ရွှီရှူ"(Xu Shu) သည်
သူလာသည့်အကြောင်းကိုပြောသည်။

"ချောင်ချောင်း(Cao Cao) က ခင်ဗျားတို့ လက်နက်ချအောင်တိုက်တန


ွ်းဖို့ ကျွန်တော့်ကိုလွှတ်လုက
ိတာ။
ဒါ့အပြင် သူက ဖန်ချန်ကိုတိုကဖ
ို့လည်း ပြင်ဆင်မှုတွေလုပ်နေတယ်၊ မြစ်ဖြူမြစ်က ရေကိုဆည်ဖို့ပြီးတော့
အဲ့ရေနဲ့ဖန်ချန်မြို့ကိုတိုကဖ
ို့လုပ်လိမ့်မယ်"

"လျူဘေ့"(Liu Bei) သည် "ရွှီရှူ"(Xu Shu) အား နေရစ်ခဲ့ရန်ပြောရာ "ရွှီရှူ"(Xu Shu) က

"ဒါမဖြစ်နိုင်ဘူး။ ကျွန်တော်နေခဲ့ရင် လောကကြီးက ကျွန်တော့်ကိုပြက်ရယ်ပြုကြလိမ့်မယ်။


ကျွန်တော့်အမေလည်း သေသွားခဲ့ပြီ။ ရန်ငြိုးကိုတော့ဘယ်တော့မှမမေ့ဘူး။ လူကအဲ့မှာရှိနေပေမယ့်
ကျွန်တော်ဘယ်တော့မှ ချောင်ချောင်း(Cao Cao) အတွက်အကြံဉာဏ်မပေးပါဘူး။ ဒါ့အပြင် အခု
ကျူးကဲလျန့်(Zhuge Liang) လည်းရှိတယ်ဆိုတော့ စိတ်ပူစရာမရှိပါဘူး။ သွားခွင့်ပြုပါဦး" ဟု ပြောသည်။

"ရွှီရှူ"(Xu Shu) သည် "ချောင်ချောင်း"(Cao Cao) ထံသွားပြီး "လျူဘေ့"(Liu Bei)


လက်နက်ချရန်အစီအစဉ်မရှိကြောင်းပြောရာ "ချောင်ချောင်း"(Cao Cao) သည်
တိုက်ခိုက်မှုအတွက်ပြင်ဆင်လေသည်။

"လျူဘေ့"(Liu Bei) သည် မည်သို့ လုပ်ဆောင်ရမည်ကို "ကျူးကဲလျန့်"(Zhuge Liang) နှင့်တိုင်ပင်ရာ


"ကျူးကဲလျန့်"(Zhuge Liang) က

"ကျွန်တော်တို့ ဖန်ချန်မြို့ကိုစွန့်ခွာပြီးတော့ ရှန်းရန်ကိုသွားရမယ်" ဟု ပြောသည်။

"ဒါပေမယ့် ငါတို့ နဲ့အတူလိုကလ


်ာတဲ့လူတွေရော ဘယ်လုလ
ိုပ်မလဲ။ သူ့တို့ ကို စွန့်ပစ်ခဲ့လို့ မဖြစ်ဘူး "

"သူတို့ကို သူတို့ ဆန္ဒအတိုင်း နေရစ်ချင်နေ၊ မနေချင်ရင်လိုက်နိုင်တယ် လို့ ပြောလိုက်ပါ"

လူ အကုန်လုံးတို့က

"ကျွန်တော်တို့ သေရွာကိုသွားရမယ်ဆိုရင်တောင် မင်းသားနဲ့လိုက်ပါ့မယ်" ဟု ပြောကြသည်။

568
ထို့နောက် "ကွမ်းယွ"ီ (Guan Yu) ကို သင်္ဘောတို့ ပြင်ဆင်ထားခိုင်းလေသည်။

ထွက်ခွာရန်ပြင်ဆင်ကြသောအခါ ငိုယိုသည့်သူတို့က ငိုကုန်သည်။ လူငယ်တို့က အသက်ကြီးသူတို့ကို


ကူညီကာ၊ မိဘတို့ကသားသမီးတို့ကိုဦးဆောင်ကာ၊ စစ်သည်တို့က အမျိုးသမီးတို့ အား သယ်ဆောင်ကာ
သင်္ဘောပေါ်သို့ တက်ကြလေသည်။ လူအပေါင်းတို့ ထိုသို့ဝမ်းနည်းကြသည်ကို "လျူဘေ့"(Liu Bei)
တွေ့လျှင် စိတ်မကောင်းဖြစ်ကာ

"ငါ ဘာလို့များမွေးဖွားလာရတာလဲ? လူတွေကို ဒီလိုဒုကေ


ၡ ရာက်စေဖို့လား?" ဟုဆိုလေသည်။ သင်္ဘော
ဆိပ်ကမ်းသို့ကပ်ပြီးနောက် ရှန်းရန်အနီးသို့ ရောက်လျှင် "လျူဘေ့"(Liu Bei) သည်

"ငါ့တူ လျူကျုံး(Liu Zong) ၊ ငါက လူတွေကိုကူညီချင်လို့ ပါ။ တခြားဘာအကြောင်းမှမရှိပါဘူး။


မြို့တံခါးကိုဖွင့်ပေးပါ" ဟု ပြောသည်။ "လျူကျုံး"(Liu Zong) သည် ကြောက်ကာ ထွက်မလာရဲပေ။
"ချိုက်မောက်"(Cai Mao) နှင့် "ကျန်းယွင်"(Zhang Yun) တို့သည် မြို့တံတိုင်းပေါ်မှ မြားတို့ဖြင့်
ပစ်ရန်အမိန့် ပေးလေသည်။

ထိုအချိန်တွင် စစ်သူကြီးတစ်ဦးမှ

"ချိုက်မောက်(Cai Mao) နဲ့ ကျန်းယွင်(Zhang Yun) က သစ္စာဖောက်တွေပဲ။ လျူဘေ့(Liu Bei) က


တရားမျှတတဲ့လူ၊ ဒီကိုလာတာ သူ့လူတွေကို နေရာချပေးချင်လို့ လေ။ ဘာလို့တိုက်ရတာလဲ" ဟု
ပြောသည်။ ထိုစစ်သူကြီးမှာ ရီရန်မှ "ဝေ့ရန်"(Wei Yan) ဟုခေါ်သော စစ်သူကြီးဖြစ်သည်။
အရပ်ခြောက်ပြန်ခန့်မြင့်ပြီး ညိုသောအသားအရည်ရှိသည်။ ထိုသသ
ူ ည် မြို့စောင့်တို့ကိုခြိမ်းခြောက်ကာ
မြို့တံခါးကိုဖွင့်စေလိုက်သည်။ ထို့နောက်

"ဦးရီးတော် လျူဘေ့(Liu Bei) ၊ ဝင်လာပြီးတော့ ဒီသစ္စာဖောက်တွေကိုရှင်းပစ်ပါ" ဟု ပြောလေသည်။

ထိုအခါ "ကျန်းဖေး"(Zhang Fei) သည် မြို့တွင်းသို့ဝင်ပြီးတိုက်မည်ပြူသော်လည်း အစ်ကြို ဖစ်သူက

"မြို့သူမြို့သားတွေအထိတ်တလန့်ဖြစ်အောင်မလုပ်နဲ့" ဟု တားလိုက်သည်။

ထိုအချိန်တွင် "ဝင်ဖင်"(Wen Ping) ဟူသောစစ်သူကြီးရောက်လာကာ "ဝေ့ရန်"(Wei Yan)


နှင့်တုက
ိကြလေသည်။

"လျူဘေ့"(Liu Bei) - "ငါက လူတွေကိုမြို့ထဲမှာ နေခိုင်းစေဖို့အတွက်ပဲ။ ငါ မြို့ထဲဝင်ဖို့ ဆန္ဒမရှိခဲ့ဘူး"

569
"ကျူးကဲလျန့်"(Zhuge Liang) : "ကျန်းလင်လည်း ဗျူဟာအရအရေးပါတဲ့နေရာပဲ။
ကျွန်တော်တို့အဲ့ကိုသွားကြတာပေါ့"

"လျူဘေ့"(Liu Bei) : "ကောင်းပြီ"

သို့နှင့် "လျူဘေ့"(Liu Bei) တို့အဖွဲ့သည် ရှန်းရန်မြို့မှထွကခ


်ွာသွားကြသည်။ မြို့အတွင်းမှ
လူအများအပြားတို့ သည် အရှုပ်အထွေးများကြားဝယ် "လျူဘေ့"(Liu Bei) နှင့်အတူလိုကသ
်ွားကြသည်။
မြို့အတွင်းတွင် "ဝေ့ရန်"(Wei Yan) နှင့် "ဝင်ဖင်"(Wen Ping) တို့ ၏တိုက်ပွဲသည်
လေးငါးနာရီခန့်ကြာမြင့်ခဲ့ပြီးနောက် စစ်သားတို့သေဆုံးကုန်ကာ "ဝေ့ရန်"(Wei Yan) လည်း
ထွက်ပြေးလွတ်မြောက်သွားသည်။ "ဝေ့ရန်"(Wei Yan) သည် "လျူဘေ့"(Liu Bei) ကိုရှာသော်လည်း
မတွေ့သည်နှင့် ချန်ဆားသို့သွားပြီး မြို့စား "ဟန်ရွှမ"် (Han Xuan) ထံတွင် ခိုလှုံနေခဲ့သည်။

"လျူဘေ့"(Liu Bei) သည် ရှန်းရန်မြို့မှထွကခ


်ွာလာသောအခါ သူ၏နောက်လိုက်နောက်ပါ စစ်သား၊
အရပ်သားစုစုပေါင်းတစ်သိန်းကျော်ရှိပြီး လှည်းပေါင်းထောင်ချီပါဝင်သည်။ ထိုလူစုသည် "လျူပြောင်း"(Liu
Biao) ၏အုတ်ဂူနားမှအဖြတ်ဝယ် "လျူဘေ့"(Liu Bei) သည် ထိုအုတ်ဂူသို့ သွားပြီး
အရိုအသေပြုလေသည်။

"ကျွန်တော့်ကြောင့် အစ်ကိုကြီးအရှက်ရစေခဲ့မိပြီ။ ကျွန်တော့်မှာအရည်အချင်းမရှိတော့


အစ်ကြို ကီးလုပ်ခိုင်းစေခဲ့တဲ့တာဝန်ကိုမလုပ်ဆောင်နိုင်ခဲ့ဘူး။ တမလွန်က အစ်ကြို ကီးရဲ့ဝိညာဉ်က
ဒီလူတွေကို စောင့်ရှောက်ပေးပါ"

ထိုစကားကြောင့် လူတို့သည် ဝမ်းနည်းကာ ငိုကြွေးကြလေသည်။

ထိုအချိန်တွင် "ချောင်ချောင်း"(Cao Cao) သည် ဖန်ချန်ကိုသိမ်းပိုက်ပြီးနောက် မြစ်ကိုဖြတ်ရန်


ပြင်ဆင်နေပြီ။ "လျူဘေ့"(Liu Bei) ၏စစ်သူကြီးတို့က

"ကျန်းလင်က ခုခံကာကွယဖ
ို့သင့်တော်တ့ေ
ဲ နရာပါပဲ။ ဒါပေမယ့် ဒီလအ
ူုပ်နဲ့ ဆိုရင် ဖြည်းဖြည်းစီပဲသွားရမှာ
ဘယ်တော့မှများ မြို့ကိုရောက်နိုင်မလဲ? ချောင်ချောင်း(Cao Cao) သာ ကျွန်တော်တို့နောက်ရောက်လာရင်
ဒုက္ခရောက်ပြီ။ ဒါကြောင့် အရပ်သားတွေကိုစွန့် ခဲ့ပြီးတော့ ကျန်းလင်ကို အမြန်ချီတက်မှဖြစ်မယ်" ဟု
ပြောကြသည်။ "လျူဘေ့"(Liu Bei) က

"အောင်မြင်မှုကြီးတွေဟာ လူသားတွေအပေါ်မှာ မူတည်တာပဲ။ ငါ့နောက်လိုက်ပါလာတဲ့လူတွေကို ငါက


ဘာလို့ စွန့်လွှတ်ရမှာလဲ" ဟု ပြောသည်။

"ကျန်းကဲလျန့်"(Zhuge Liang) မှ

570
"ရန်သူ့တပ်တွေက မကြာခင်ရောက်လာတော့မယ်။ ကွမ်းယွ(ီ Guan Yu) ကိုအကူအညီတောင်းစေဖို့
ကျန်းရှာကိုလွှတ်ရမယ်။ ပြီးတော့ "လျူချီ"(Liu Qi) ရဲ့စစ်တပ်ကို ကျန်းလင်ကိုလွှတ်ခိုင်းပြီးတော့
ကျွန်တော်တို့အတွက် သင်္ဘောပြင်ခိုင်းထားရမယ်" ဟု ပြောသည်။ "လျူဘေ့"(Liu Bei) သည်
လက်ခံလိုက်ပြီး စာတစ်စောင်ရေးကာ "ကွမ်းယွီ"(Guan Yu) ထံပေးလိုက်သည်။ "ကွမ်းယွီ"(Guan Yu)
သည် "စွန်းချန်"(Sun Qian) နှင့်အတူ စစ်သားငါးရာကိုဦးဆောင်ကာ ထွကသ
်ွားသည်။ "ကျန်းဖေး"(Zhang
Fei) ကို တပ်နောက်ပိုင်းကိုကာကွယေ
် စသည်။ "ကျောက်ယွင"် (Zhao Yun) ကိုမူ "လျူဘေ့"(Liu Bei)
၏မိသားစုတို့ အား စောင့်ကြပ်စေသည်။ ကျန်သောသူတို့ မှာ အရပ်သားတို့နှင့်အတူ
ဆက်လက်ချီတက်ကြသည်။

ထိုအဖွဲ့ ကြီးသည် တစ်ရက်လျှင် သုံးလေးမိုင်ခန့်သာခရီးပေါက်လေသည်။

ဖန်ချန်မှ "ချောင်ချောင်း"(Cao Cao) သည် ရှန်းရန်သို့ စစ်တပ်လွှတ်ကာ "လျူကျုံး"(Liu Zong)


ကိုခေါ်စေသည်။ "လျူကျုံး"(Liu Zong) သည် ကြောက်လန့်ပြီးထွကမ
် လာရဲချေ။ "ဝမ်ဝေ"(Wang Wei)
သည် "လျူကျုံး"(Liu Zong) ထံသွားကာ

"အခု သခင်က လက်နက်ချလိုကတ


် ယ်ဆိုတော့ ချောင်ချောင်း(Cao Cao) က သခင့်အပေါ်သတိထားနေမှာ
မဟုတ်ဘူး။ ဒါကိုအခွင့်ကောင်းယူပြီးတော့ ချောင်ချောင်း(Cao Cao) ကိုဖမ်းရမယ်။ သူ့ကိုဖမ်းနိုင်လိုက်ရင်
သခင်ဟာ တစ်တိုင်းပြည်လုံးမှာ နာမည်ကြီးသွားလိမ့်မယ်။ ဒီအခွင့်အရေးကိုလက်လွှတ်မခံသင့်ဘူး" ဟု
ပြောသည်။

"လျူကျုံး"(Liu Zong) သည် "ချိုက်မောက်"(Cai Mao) နှင့်တိုင်ပင်ရာ "ချိုက်မောက်"(Cai Mao) မှ


"ဝမ်ဝေ"(Wang Wei) အား

"ခင်ဗျားရူးနေပြီ။ ခင်ဗျား ဘာမှနားလည်တာလည်း မဟုတ်ဘူး " ဟု ပြောကာ အပြစ်တင်သည်။


"ဝမ်ဝေ"(Wang Wei) က

"ချိုက်မောက်"(Cai Mao) က သစ္စာဖောက်ပဲ။ ဖြစ်နိုင်ရင် သူ့ကိုအစိမ်းစားလိုက်ချင်တယ်" ဟု


ဒေါသတကြီးပြောသည်။ ရန်ပွဲသည် ကြီးသည်ထက်ကြီးလာသည်။ သို့သော်လည်း "ခွိုင်ယွဲ့"(Kuai Yue) မှ
ကြားဝင်ဖျန်ဖြေသဖြင့် ရန်ပွဲပြီးဆုံးသွားသည်။

ထို့နောက် "ချိုက်မောက်"(Cai Mao) နှင့် "ကျန်းယွင်"(Zhang Yun) တို့ သည် ဖန်ချန်သွားကာ


"ချောင်ချောင်း"(Cao Cao) နှင့်တွေ့သည်။ "ချိုက်မောက်"(Cai Mao) သည် မြှောက်ပင့်ပြောဆိုတတ်သ၊ူ
သစ္စာမရှိသူဖြစ်လေရကား "ချောင်ချောင်း"(Cao Cao) မှ ကျင်ကျိုးတွင်
ရိက္ခာ မည်မျှရှိသည့်အကြောင်းမေးရာ "ချိုက်မောက်"(Cai Mao) မှ

571
"မြင်းငါးသောင်း၊ ခြေလျင်တပ်သားတစ်သိန်းခွဲနဲ့ ရေတပ်သား ရှစ်သောင်းရှိပါတယ်။
စားနပ်ရိက္ခာ နဲ့ငွေကြေးအများစုက ကျန်းလင်မှာ သိုလှောင်ထားတယ်။
တစ်နှစ်စာလုံလောက်တဲ့ရိက္ခာရှိပါတယ်" ဟုပြောသည်။

"သင်္ဘောတွေကကော ဘယ်နှစင်းရှိတုန်း။ ရေတပ်ကိုဘယ်သူကဦးဆောင်လဲ"

"သင်္ဘောအရွယ်အစားမျိုးစုံစုစုပေါင်းခုနှစ်ထောင်ရှိပြီးတော့ ကျွန်တော်တို့နှစ်ယောက်က
ရေတပ်စစ်သူကြီးတွေပါ"

ထိုအခါ "ချောင်ချောင်း"(Cao Cao) သည် "ချိုက်မောက်"(Cai Mao) အား


"တောင်ပိုင်းကိုချုပ်ကိုင်ထားသောသခင်' ၊ 'ရေတပ်စစ်သူကြီး' စသောရာထူးကိုလည်းကောင်း၊
"ကျန်းယွင်"(Zhang Yun) ကိုမူ 'ဒု-ရေတပ်စစ်သူကြီး' ဟူသောရာထူးကိုပေးသည်။ ထို့အပြင်
ထိုသူနှစ်ဦးပြန်ခါနီးတွင် "ချောင်ချောင်း"(Cao Cao) မှ

"မင်းတို့သခင်ကိုလည်း သူ့အဖေရာထူးဖြစ်ခဲ့တဲ့ ကျင်ကျိုးနယ်စားရာထူးပေးပါ့မယ်" ဟု


ကတိပေးလိုက်သည်။ ထိုသူနှစ်ဦးတို့လည်း ကျေးဇူးတင်စကားပြောကာ ပြန်သွားကြသည်။

ထိုလူနှစ်ဦးပြန်သွားသော် "ရွှင်ယ"ို (Xun You) မှ "ချောင်ချောင်း"(Cao Cao) အား

"ဒီလူနှစ်ဦးက ကိုယ့်အကျိုးအတွက်ပဲကြည့်တတ်တဲ့ ကပ်ဖားရပ်ဖားတွေပဲ၊ သူတို့ ကို


ဘာလို့ ဒီလုေ
ိ ကာင်းကောင်းဆက်ဆံရတာလည်း" ဟု မေးသည်။

"သူတို့တွေဘယ်လိုလမ
ျူိုးလည်းဆိုတာ ငါမသိပဲနေမလား? ငါတို့ က မြောက်ပိုင်းကဆိုတော့
ရေကြောင်းရေးရာမှာ သိပ်နားမလည်ဘူး။ ဒါကြောင့် သူတို့ ကိုအားကိုးရမှာ။
ငါ့ရည်ရွယ်ချက်အောင်မြင်သွားရင်တော့ သူတို့ ကိုလုပ်ချင်တာလုပ်လို့ ရပြီ"

"လျူကျုံး"(Liu Zong) သည် "ချောင်ချောင်း"(Cao Cao) ၏ကတိကိုကြားရသောအခါ ဝမ်းမြောက်သွားပြီး


"ချောင်ချောင်း"(Cao Cao) ကို ကြိုဆိုရန်ပြင်သည်။ "ချောင်ချောင်း"(Cao Cao) ရောက်လာသောအခါ
"ခွိုင်ယဲ့"ွ (Kuai Yue) ကို ဆင့်ခေါ်စေကာ

"ကျုပ် ကျင်ကျိုးကိုသိမ်းရတာဟာ ခင်ဗျားနဲ့တွေ့ရတာလောက် ဝမ်းမသာမိဘူး" ဟု ပြောလေသည်။

"ခွိုင်ယဲ့"ွ (Kuai Yue) ကို ကျန်းလင်မြို့စား၊ ဖန်ချန်အရှင်သခင် စသော ရာထူးများပေးသည့်အပြင်


"ခွိုင်ယဲ့"ွ (Kuai Yue) ၏အပေါင်းအပါများဖြစ်သည့် "ဝမ်ချန်း"(Wang Can) ၊ "ဖူရွှမ"် (Fu Xuan)
စသောသူတို့ကိုလည်း သူကောင်းပြုလေသည်။ "လျူကျုံး"(Liu Zong) ကိုမူ ချင်ကျိုးနယ်စားဟူသော
ရာထူးပေးပြီး မြောက်ပိုင်းသို့ ပြောင်းရွေှ့စေသည်။

572
"လျူကျုံး"(Liu Zong) သည် ကြောက်လန့်ကာ

"ကျွန်တော် တကယ့်အမှုထမ်းအဖြစ်တာဝန်ထမ်းဆောင်ဖို့ ရည်ရွယခ


်ျက်မရှိပါဘူး။
ကျွန်တော့်မိဘတွေရှိခဲ့တဲ့ဒေ
ီ နရာမှာပဲ နေပါရစေ" ဟု ပြောသည်။ "ချောင်ချောင်း"(Cao Cao) မှ

"ချင်ကျိုးနယ်က မြို့တော်နဲ့ နီးတယ်။ မင်းကိုအဲ့ကိုပြောင်းစေတာက ဒီက


အရှုပ်အထွေးတွေကနေလွတ်အောင်လို့" ဟု ပြောလေသည်။

"လျူကျုံး"(Liu Zong) သည် ထိုရာထူးကိုငြင်းဆန်သော်လည်း မသွားမနေရ ဟူသောအမိန့်ကြောင့်


အမေဖြစ်သန
ှူင့်အတူ ထွကခ
်ွာရန်ပြင်ဆင်သည်။ သူ၏အမှုထမ်းထဲတွင် "ဝမ်ဝေ"(Wang Wei)
တစ်ယောက်သာ သူနှင့်လိုက်သည်။ အခြားသောအမှုထမ်းတို့ ကမူ မြစ်နားအထိသာ လိုက်ပို့ သည်။

ထို့နောက် "ချောင်ချောင်း"(Cao Cao) သည် "ယွီကျင်"့ (Yu Jin) ကို ခေါ်ကာ

"လျူကျုံး(Liu Zong) နောက်လိုက်ပြီးတော့ သူရော၊ သူ့အမေကိုပါ သတ်လိုက၊် ဒါဆို


စိတပ
်ူစရာမရှိတော့ဘူး" ဟု ဆိုသည်။ "ယွီကျင်"့ (Yu Jin) သည် "လျူကျုံး"(Liu Zong) နောက်
လိုက်မှီသောအခါ

"မင်းတို့ကိုသတ်ဖို့ ဝန်ကြီးချုပ်ဆီက အမိန့် ရထားတယ်။ အေးအေးဆေးဆေးနဲ့အသေခံပါ" ဟု


ပြောလေသည်။ ချိုက်အမျိုးသမီးသည် သားဖြစ်သူကိုဖက်ကာ ငိုကြွေးလေသည်။ "ယွီကျင်"့ (Yu Jin) သည်
စစ်သားတို့အား တိုက်ရန်အမိန့် ပေးလိုက်သည်။ "ဝမ်ဝေ"(Wang Wei) သည် သခင်ဖြစ်သူအား
ကာကွယရ
် န် ခုခံပြီး သေဆုံးသွားခဲ့သည်။ ထို့နောက် အမေရော၊ သားပါ အသတ်ခံလိုက်ရသည်။
"ယွီကျင်"့ (Yu Jin) သည် သူ၏အောင်မြင်မှုကို သတင်းပို့ လေရာ ဆုလာဘ်ပေးခြင်းခံရသည်။

ထို့နောက် "ချောင်ချောင်း"(Cao Cao) သည် စစ်သားတို့အား လွှတ်ကာ "ကျူးကဲလျန့်"(Zhuge Liang)


၏မိသားစုဝင်တို့ ကိုသတ်စေသည်။ သို့သော်လည်း "ကျူးကဲလျန့်"(Zhuge Liang) သည်
သူ၏မိသားစုဝင်တို့အား အခြားနေရာသို့ ပြောင်းရွေှ့စေခဲ့နှင့်ပြီ။

ရှန်းရန်တင
ွ် အခြေချပြီးနောက် "ရွှင်ယ"ို (Xun You) သည် "ချောင်ချောင်း"(Cao Cao) အား

"ကျန်းလင်ကိုသာ လျူဘေ့(Liu Bei) ရသွားရင် သူ့ကိုအောင်နိုင်ဖို့ခက်ခဲသွားလိမ့်မယ်" ဟု ပြောသည်။


"ချောင်ချောင်း"(Cao Cao) က

"အဲ့အချက်ကို ငါမတွေးမိဘူး" ဟု ပြောသည်။ ထို့ နောက် ရှန်းရန်မြို့ရှိအမှုထမ်းများကိုခေါ်စေသည်။


"ဝင်ဖင်"(Wen Ping) မှတပါး အခြားသောအမှုထမ်းတို့လာကြသည်။ "ဝင်ဖင်"(Wen Ping) ကို
ထပ်ခေါ်စေရာ မကြာမီတင
ွ် "ဝင်ဖင်"(Wen Ping) ရောက်လာသည်။ "ချောင်ချောင်း"(Cao Cao) မှ

573
"ဘာလို့ နောက်ကျပြီးမှ ရောက်လာရသလဲ" ဟု မေးသည်။

"သခင်ဖြစ်တဲ့လက
ူ နယ်မြေဆုံးရှုံးသွားတော့ ကျွန်တော်က အရှကရ
် ပြီး
တခြားလူတွေနဲ့ မရင်ဆိုင်ရဲတာကြောင့် မလာတာပါ"

"ချောင်ချောင်း"(Cao Cao) သည် "ဝင်ဖင်"(Wen Ping) ၏ သစ္စာရှိမှုကိုနှစ်သက်ကာ


ကျန်းရှာမြို့စားရာထူးပေးလိုက်သည်။ ထိုအချိန်တွင် သူလျှိုတို့ရောက်လာပြီး

"လျူဘေ့(Liu Bei) နောက်လိုက်တဲ့လမ


ျူားတော့ သူကတစ်ရက်ကို သုံးလေးမိုင်လောက်ပဲ
ခရီးသွားနိုင်တယ်၊ ဒါကြောင့် သူက ဒီကနေ မိုင်တစ်ရာအကွာလောက်မှာပဲရှိတယ်" ဟုပြောသည်။ ထိုအခါ
"လျူဘေ့"(Liu Bei) ကိုတိုကရ
် န် မြင်းသည်တော်ငါးထောင်ကိုလွှတ်လုက
ိသည်။

တစ်ရက်တွင် "ကျူးကဲလျန့်"(Zhuge Liang) သည် "လျူဘေ့"(Liu Bei) အား

"ကျန်းရှာက ဘာသတင်းမှမကြားတာ တစ်ခုခုမှားနေပြီ" ဟု ပြောသည်။

"ခင်ဗျားကိုယ်တိုင်သွားရင်ကောင်းမယ်။ ခင်ဗျားက လျူချီ(Liu Qi) ကိုကူညီခဲ့ဖူးတော့


ခင်ဗျားတောင်းဆိုတာဆိုရင်တော့ လက်ခံမှာပါ"

သို့နှင့် "ကျူးကဲလျန့်"(Zhuge Liang) သည် "လျူဘေ့"(Liu Bei) မွေးစားသား "လျူဖုန်း"(Liu Feng) နှင့်
စစ်သားငါးရာနှင့်အတူထွက်သွားသည်။ ရက်အနည်းငယ်ကြာသော် ခရီးဆက်နေခိုက်
လေပြင်းမုန်တိုင်းတစ်ခုသည် နေကိုဖုံးအုပ်ထားသည်ကိုမြင်လိုက်သည်။ "လျူဘေ့"(Liu Bei) မှ

"ဒါ ဘာအတိတ်နိမိတ်များပါလိမ"့် ဟု ပြောလေသည်။

"ကျန်းယုံ"(Jian Yong) သည် သူ၏လက်တို့ ဖြင့်တွက်ချက်ပြီးနောက်

"ဒီညမှာ အခက်အခဲကြီးတစ်ခုလာလိမ့်မယ်။ သခင်ကြီးက လူတွေကိုထားခဲ့ပြီး အရင်ထွက်ပြေးမှဖြစ်မယ်"


ဟု ပြောသည်။

"ဒီလိုလုပ်လို့ မဖြစ်ဘူး "

"သနားကြင်နာမှုကုဥ
ီးစားပေးရင် ဒုက္ခရောက်လိမ့်မယ်"

"လျူဘေ့"(Liu Bei) သည် ထိုအနီးအနားနေရာတစ်ဝိုက်အကြောင်းကိုမေးရာ "ကျန်းယုံ"(Jian Yong) မှ

"ဒီနားက တန်းရန်နဲ့နီးတယ်။ နောက်ပြီး 'ဖြစ်နိုင်ချေ' လို့ခေါ်တဲ့တောင်တစ်တောင်ရှိတယ်" ဟု ပြောသည်။

574
ထိုအချိန်သည် ဆောင်းဦးအကုန်၊ ဆောင်းဝင်ခါနီးအချိန်ဖြစ်ပြီး
အရိုးအထိခိုက်ခိုက်တုန်အောင်အေးသောအချိန်ဖြစ်သည်။ "လျူဘေ့"(Liu Bei) သည်
ညဘက်စခန်းချနေစဉ် ညသန်းခေါင်ကျော်အချိန်တွင် အနောက်မြောက်ဘက်မှ အသံတို့ ကြားရာ
စစ်သားနှစ်ထောင်လွှတ်ပြီး စုံစမ်းစေသည်။ မကြာမီပင် "ချောင်ချောင်း"(Cao Cao)
၏စစ်တပ်ပေါ်လာပြီးတိုက်ခိုက်လေသည်။ "လျူဘေ့"(Liu Bei) သည်
အပြင်းအထန်တုက
ိခိုက်သော်ငြားလည်း ရန်သူကုမ
ိ ခုခံနိုင်ပေ။ "ကျန်းဖေး"(Zhang Fei) သည်
"လျူဘေ့"(Liu Bei) ကိုကယ်တင်ကာ ရန်သူတို့ကိုဖောက်ထွက်နိုင်ခဲ့ပြီး
အရှေ့ဘက်အရပ်သို့ ပြေးလေသည်။ ထိုနေရာတွင် "ဝင်ဖင်"(Wen Ping) နှင့်တွေ့ရာ "လျူဘေ့"(Liu Bei)
မှ

"သစ္စာဖောက်၊ မင်း တခြားလူတွေကုရ


ိ င်ဆိုင်နိုင်ရဲသေးရဲ့လား?" ဟု ပြောလေသဖြင့် "ဝင်ဖင်"(Wen Ping)
သည်အရှက်ရပြီး တပ်ပြန်ဆတ
ုသွားသည်။

"လျူဘေ့"(Liu Bei) သည် ရန်သူတို့ရန်မှထွက်ပြေးနိုင်ခဲ့ပြီး ခဏနားနေခိုက်

"ငါ့ကြောင့် လူတွေအများကြီးဒုက္ခရောက်ခဲ့ပြီ။ ငါ့မိသားစုနဲ့ လက်အောက်ခံတွေလည်း ပျောက်နေတယ်။


ဒီအချိန်မှာ မငိုနိုင်ပဲဘယ်ရှိပါ့မလဲ" ဟု ညည်းတွားလေသည်။ ထိုအချိန်တွင် "မီဖန်"(Mi Fang)
ရောက်လာကာ

"ကျောက်ယွင်(Zhao Yun) က ချောင်ချောင်း(Cao Cao) လက်အောက်ဝင်သွားပြီ" ဟု ပြောလေသည်။


"လျူဘေ့"(Liu Bei) သည် ထိုသို့ကြားလျှင် စိတ်ဆိုးကာ

"ငါ့မိတေ
် ဆွဟောင်းက အဲ့လိုလုပ်မယ်ဆိုတာ မယုံဘူး" ဟုပြောပြီး ထပ်မပြောတော့ရန်
တားမြစ်လိုကသ
် ည်။ "ကျန်းဖေး"(Zhang Fei) မှ ဝင်ပြီး

"သူ တကယ် ရန်သူ့ လက်အောက်မှာအညံ့ခံလုက


ိတာဖြစ်မှာပေါ့။ ကျွန်တော်တို့ က စစ်ရှုံးခါနီးနေပြီ၊
ဟိုဘက်က ဂုဏ်တွေ၊ ပကာသနတွေနောက် လိုကသ
်ွားမှာပေါ့" ဟု ပြောသည်။

"လျူဘေ့"(Liu Bei) : "သူက ငါနဲ့အတူတူလိုက်ပြီး ဒုက္ခတွေအများကြီးခံလာခဲ့တာ။ သူ့နှလံုး သားက


ကျောက်တုံးလိုပဲ မာကျောတယ်။ ဂုဏ်တွေ၊ ချမ်းသာကြွယ်ဝမှုတွေကိုမက်တဲ့လမ
ူ ဟုတ်ဘူး"

"မီဖန်"(Mi Fang) : "သူ အနောက်မြောက်ဘက်ကိုသွားတာ မြင်လိုက်တယ်"

"ကျန်းဖေး"(Zhang Fei) : "ကျွန်တော် သူနဲ့ရင်ဆိုင်လို့ ကတော့ သူ့ကိုသတ်ပစ်မယ်"

575
"လျူဘေ့"(Liu Bei) : "သူ့ကိုသံသယမဖြစ်နဲ့။ အရင်တုန်းကလည်း မင်းက အစ်ကိုဖြစ်တဲ့ကွမ်းယွ(ီ Guan
Yu) ကိုအထင်လွဲတော့ ကွမ်းယွီ(Guan Yu) က ချိုင်ရန်(Cai Yang) ကိုသတ်ပြီး
သက်သေပြခဲ့တာမေ့သွားပြီလား? သူ ဒီကိုမလာသေးတာ သူ့အကြောင်းနဲ့သူရှိမှာပါ။ သူ
ငါ့ကိုဘယ်တော့မှ စွန့်ခွာမှာမဟုတ်ဘူး"

သို့သော်လည်း "ကျန်းဖေး"(Zhang Fei) သည် လက်မခံပဲ စစ်သည်အချို့ကိုခေါ်ကာ


လုံတောင်ကုန်းတံတားနားတွင် စောင့်နေသည်။

ထိုအချိန်တွင် "ကျောက်ယွင"် (Zhao Yun) သည် မနက်လေးနာရီခန့်မှ မိုးစဉ်စဉ်လင်းသည်အထိ


ရန်သတ
ူ့ို နှင့်တိုက်နေခဲ့သည်။ သူ့သခင်၏အရိပ်အယောင်ကိုမတွေ့။ ပိုဆိုးသည်မှာ လမ်းတွင်
သခင်ဖြစ်သူ၏မိသားစုနှင့် ကွဲသွားခဲ့သည်။

'သခင်က ငါ့ကုသ
ိ့ူ မိသားစုနဲ့ သား လျူရှန(် Liu Shan) ကို စောင့်ရှောက်ဖို့တာဝန်ပေးခဲ့တာ။
အခုသတ
ူ့ို ပျောက်နေပြီ။ သခင်ကြီးဆီကို ဘယ်လိုပြန်ပြီးမျက်နှာပြရမလဲ? အခုတော့
ရန်သန
ဲူ့သေသေကြေကြေတိုက်ပြီးတော့ သခင်ကြီးရဲ့ဇနီးနှစ်ဦးနဲ့ သားကိုရှာရမယ်'

"ကျောက်ယွင်"(Zhao Yun) ၏နောက်တွင် လူလေးဆယ်ခန့်သာကျန်တော့သည်။ ထိုလူတို့ကိုခွဲစေပြီး


"လျူဘေ့"(Liu Bei) ၏မိသားစုကုလ
ိုကရ
ှ်ာစေသည်။ တစ်နေရာအရောက်တင
ွ်
မြက်ခင်းပေါ်တွင်လဲေ
ှ နသော "ကျန်းယုံ"(Jian Yong) ကိုတွေ့သည်။

"သခင်မကြီး နှစ်ဦးကိုတွေ့မိလား?"

"သူတို့တွေ လျူရှန်(Liu Shan) ကိုခေါ်ပြီး လှည်းနဲ့ထွက်သွားတာပဲ။ ကျုပ်လည်း သူတို့ နဲ့လိုက်သွားခဲ့တာ၊


ဒါပေမယ့် လမ်းမှာဒဏ်ရာရသွားတဲ့အပြင် မြင်းကလည်း အခိုးခံလိုက်ရတော့ ဆက်မသွားနိုင်လို့ လှဲနေတာ"

"ကျောက်ယွင်"(Zhao Yun) သည် သူ့နောက်လိုက်တစ်ဦး၏မြင်းပေါ်တွင် "ကျန်းယုံ"(Jian Yong) ကို


တင်ကာ "လျူဘေ့"(Liu Bei) ထံသွားပြီး အကျိုးအကြောင်းပြောရန် လွှတ်လိုက်သည်။

"ကျွန်တော် ပျောက်ဆုံးနေတဲ့မိသားစုတွေကို ကောင်းကင်ဘုံပဲရောက်ရောက်၊ ငရဲပြည်ပဲရောက်ရောက်


ရအောင်ရှာမယ်၊ ရှာမတွေ့ရင်တော့ စစ်မြေပြင်မှာပဲ သေတော့မယ်လို့ သခင်ကြီးကို ပြောလိုက်ပါ။"

"ကျောက်ယွင်"(Zhao Yun) သည် လုံတောင်ကုန်းတံတားနားအရောက်ဝယ် လူတစ်ယောက်မှ

"စစ်သူကြီး ကျောက်ယွင(် Zhao Yun) ၊ ဘယ်သွားမလို့လဲ" ဟု မေးသည်။

"မင်းက ဘယ်သူလ"ဲ

576
"မင်းသားလှည်းစောင့်ထဲက တစ်ယောက်ပါ။ ဒါပေမယ့် ကျွန်တော်ဒဏ်ရာရခဲ့တယ်"

"သခင်မကြီးနှစ်ဦးက ဘယ်ရောက်သွားလဲ"

"ခုဏတုန်းကတော့ ကန်းသခင်မကြီးက အမျိုးသမီးအချို့နဲ့တောင်ဘက်ကိုသွားတာ မြင်လိုက်တယ်။


သူ့ဆံပင်တွေကဖွာနေပြီး ဖိနပ်လည်းမပါဘူး"

ထိုအကြောင်းကိုကြားသည်နှင့် "ကျောက်ယင
ွ "် (Zhao Yun) သည် မြင်းစီးကာ တောင်ဘက်သို့ သွားသည်။

လမ်းတွင် လူတစ်အုပ်ကိုတွေ့ရာ

"ဒီထဲမှာ ကန်းသခင်မကြီး ရှိလား" ဟု မေးသည်။ ထိုလူအုပ်ထဲမှ အမျိုးသမီးတစ်ဦးသည်


"ကျောက်ယွင်"(Zhao Yun) ကိုကြည့်ကာ ငိုလေသည်။ "ကျောက်ယွင်"(Zhao Yun) သည်
မြင်းပေါ်မှဆင်းပြီး

"ဒါ ကျွန်တော့်အပြစ်ကြောင့် သခင်မကြီးတို့လမ်းကွဲသွားခဲ့တာပါ။ မီသခင်မကြီးနဲ့သခင်လေးတို့ရော" ဟု


မေးသည်။

"သူနဲ့ငါတို့ က လှည်းပေါ်ကဆင်းပြီး လမ်းလျှောက်ခဲ့ရတယ်။ နောက်တော့ စစ်သားတွေရောက်လာတော့


ငါလည်းထွက်ပြေးတာနဲ့ သူတို့ ဘယ်ရောက်သွားလည်းမသိဘူး"

ထိုသို့ စကားပြောနေစဉ် စစ်သားတစ်ထောင်ခန့်ရောက်လာသည်။ ထိုစစ်တပ်ကုဥ


ီးဆောင်လာသူမှာ
စစ်သြူ ကီး "ချွန်းယွီတောက်"(Chunyu Dao) ဖြစ်ပြီး "ချောင်ရန်"(Cao Ren) လက်အောက်မှ
စစ်သြူ ကီးတစ်ဦးဖြစ်သည်။ သူသည် "မီကျူ"(Mi Zhu) ကိုဖမ်းမိပြီးချီတက်လာခြင်းဖြစ်သည်။
"ကျောက်ယွင်"(Zhao Yun) သည် သူ၏လှံဖြင့် ရန်သူ့ ခေါင်းဆောင်ကိုသတ်လုက
ိပြီး "မီကျူ"(Mi Zhu)
ကိုလွှတ်စေလိုက်သည်။ ထို့နောက် မြင်းနှစ်ကောင်ကိုယူကာ "မီကျူ"(Mi Zhu) နှင့်
ကန်းအမျိုးသမီးအားစီးစေပြီး လုံတောင်ကုန်းတံတားသို့သွားကြလေသည်။

သို့သော်လည်း ထိုတတ
ာံးတွင် "ကျန်းဖေး"(Zhang Fei) ရပ်နေပြီး "ကျောက်ယွင"် (Zhao Yun)
ကိုမြင်လျှင်

"မင်း ငါတို့သခင်ကြီးကိုဘာလို့သစ္စာဖောက်ခဲ့ရတာလဲ" ဟု ပြောသည်။

"ကျုပ် နောက်ကျရတဲ့အကြောင်းအရင်းက သခင်မကြီးနဲ့ သခင်လေးကိုလိုက်ရှာနေရလို့ ။


ဘာလို့ သစ္စာဖောက်တယ်လို့ ပြောရတာတုန်း"

"ကျန်းယုံ(Jian Yong) သာအရင်ရောက်လာပြီး အဖြစ်အပျက်ကမ


ို ပြောခဲ့ရင် ငါမင်းကို သတ်မိမှာ"

577
"သခင်ကြီးက ဘယ်မှာလဲ"

"ဒီကနေ အရှေ့နားလောက်မှာပဲ"

"ကန်းသခင်မကြီးကို သခင်ကြီးထံခေါ်သွားလိုက်ပါ။ ကျုပ် မီသခင်မကြီးကို သွားရှာလိုက်ဦးမယ်"

ထိုသို့ ပြောပြီးနောက် "ကျောက်ယွင"် (Zhao Yun) သည်အနောက်ဘက်သို့ ပြန်လည


ှ့်သွားသည်။

မကြာမီပင် လက်တွင်လှံကိုင်ထားပြီး အနောက်ဘက်တွင် ဓားလွယ်ထားသောရန်သူကိုတွေ့လိုက်သည်။


"ကျောက်ယွင်"(Zhao Yun) သည် ထိုသက
ိုသတ်နိုင်လိုက်ပြီးနောက်
ထိုသူ၏နောက်လိုက်စစ်သားတို့လည်း ထွက်ပြေးသွားသည်။ ထိုကျရှုံးသွားသောရန်သူမှာ
"ချောင်ချောင်း"(Cao Cao) ၏ ဓားကိုင်အမှုထမ်း "ရှဟိုအန်း"(XiahouEn) ဖြစ်သည်။
ထိုသူ၏နောက်ဘက်တွင် လွယထ
်ားသောဓားမှာ "ချောင်ချောင်း"(Cao Cao) ၏ဓားဖြစ်လေသည်။
"ချောင်ချောင်း"(Cao Cao) တွင် "ကောင်းကင်သစ္စာ" နှင့် "အပြာရောင်ဓား" ဟုအမည်ရှိသော
ဓားနှစ်လက်ရှိသည်။ "ချောင်ချောင်း"(Cao Cao) သည် "ကောင်းကင်သစ္စာ"ဓားကိုကိုင်လေ့ရှိပြီး
ထိုဓားကိုင်အမှုထမ်းနောက်တွင် လွယ်ထားခဲ့သောဓားမှာ "အပြာရောင်ဓား" ဖြစ်သည်။
"ကျောက်ယွင်"(Zhao Yun) သည် ထိုဓားကိုမြင်လျှင် ဓားကောင်းဖြစ်မှန်းသိလေရာ ယူလိုက်ပြီး
သူ၏ခါးပတ်တွင်ချိတ်ထားလိုက်သည်။ ထိုအချိန်တွင် "ကျောက်ယွင"် (Zhao Yun)
နောက်တွင်လိုက်ပါသော စစ်သားတို့မရှိတော့ပေ။ သို့သော်လည်း သူသည် တွန့်ဆုတ်ခြင်းမရှိပဲ
ရှေ့သို့ သာဆက်သွားသည်။

တစ်နေရာအရောက်တွင် လူတစ်ဦးက

"ကလေးချီထားတဲ့အမျိုးသမီးတစ်ယောက်ကိုတွေ့လိုက်တယ်။ ဒါပေမယ့် သူက


ပေါင်မှာဒဏ်ရာရထားတော့လမ်းမလျှောက်နိုင်ပဲ တံတုင
ိးနားက ကျင်းတစ်ခုမှာလှဲနေတယ်" ဟုပြောသည်။
"ကျောက်ယွင်"(Zhao Yun) သည် ထိုနေရာသို့ရောက်လျှင် အမျိုးသမီးတစ်ဦးသည် ရင်ခွင်ထဲဝယ်
ကလေးကိုပိုက်လျက်ငိုနေသည်ကြို မင်လိုက်သည်။

"ကျောက်ယွင်"(Zhao Yun) သည် မြင်းပေါ်မှဆင်းပြီး ဒူးထောက်လိုကသ


် ည်။ မီအမျိုးသမီးမှ

"မင်းရောက်လာပြီဆိုတော့ ကလေးက အသက်ချမ်းသာရာရမှာပါ။ သူက


သူ့အဖေရဲ့တစ်ဦးတည်းသောကလေးပဲ။ သူ့ကိုသူ့အဖေဆီခေါ်သွားနိုင်ရင် ငါသေပျော်ပါပြီ" ဟု
ပြောသည်။

578
"သခင်မကြီး အခုလုဒ
ိုက္ခရောက်တာဟာ ကျွန်တော့်ရဲ့အပြစ်ကြောင့်ပါပဲ။ သခင်မကြီးက
ကျွန်တော့်မြင်းကိုစီးပါ။ ကျွန်တော်က ဘေးကလိုကြ် ပီး ကာကွယပ
်ါ့မယ်"

"အဲ့လိုလုပ်လို့ မဖြစ်ဘူး ။ မင်းမြင်းမစီးလို့ ဘယ်ဖြစ်မလဲ။ ဒီကလေးကိုမင်းလက်ထဲအပ်လိုက်ပြီ။


ငါဒဏ်ရာအပြင်းအထန်ရထားတယ်၊ ပြန်ကောင်းဖို့မျှော်လင့်ချက်မရှိဘူး။ ငါ့ကိုစိတ်မပူပဲ
ကလေးကိုပဲခေါ်ပြီးသွားပါ"

"လူသံတွေကြားတယ်။ ရန်သူ့ စစ်သားတွေက မကြာခင်ရောက်လာတော့မယ်။ သခင်မကြီး


မြင်းပေါ်မြန်မြန်တက်ပါ"

"ဒါပေမယ့် ငါတကယ်မလှုပ်ရှားနိုင်ပြီ။ ဆုံးရှုံးမှုနှစ်ခုဖြစ်အောင်မလုပ်နဲ့"

ထို့နောက် ကလေးကို "ကျောက်ယွင"် (Zhao Yun) လက်ထဲပေးကာ

"ကလေးကိုခေါ်သွား၊ သူ့အသက်နဲ့လုံခြုံမှုက မင်းလက်ထဲမှာပဲ" ဟု ပြောသည်။

"ကျောက်ယွင်"(Zhao Yun) သည် မီအမျိုးသမီးကိုမြင်းပေါ်တက်ရန်ပြောသော်လည်း


မီအမျိုးသမီးကလက်မခံချေ။ မကြာမီပင် စစ်သားတို့ နီးကပ်လာသောအသံကိုကြားလိုက်ရာ
"ကျောက်ယွင်"(Zhao Yun) မှ

"သခင်မကြီးက ကျွန်တော်ပြောသလိုမလုပ်ရင် စစ်တပ်တွေရောက်လာရင် ဘယ်လုလ


ိုပ်မလဲ" ဟု
မေးလေသည်။ မီအမျိုးသမီးသည် မည်သို့မျှပြန်မဖြေပဲ အနောက်သို့ လှည့်ပြီး ရေတွင်းပျက်ထဲသို့ခုန်ချကာ
ကိုယ့်ကိုယ်ကို သတ်သေလိုက်လေသည်။

"ကျောက်ယွင်"(Zhao Yun) သည်လည်း မည်သို့မျှမတတ်နိုင်လေရကား မြို့ရိုးမှ


ကျောက်တုံးတို့ကိုတွန်းပြီး ရေတွင်းအနီးတွင်ထားကာ မီအမျိုးသမီးအတွက်
အုတ်ဂူသဖွယြ် ပုပေးလိုက်သည်။ ထို့ နောက် ကလေးကိုရင်ဝယ်ပိုက်ကာ လှံကိုကုင
ိပြီး
မြင်းပေါ်သို့ တက်သည်။ ထိုအချိန်တွင် ရန်သူ့စစ်သားတို့ရောက်လာသည်။

579
ထိုစစ်တပ်ကိုခေါင်းဆောင်သူမှာ "ချောင်ဟုန်"(Cao Hong) လက်အောက်မှ "ရန်မင်"(Yan Ming)
ဟူသောစစ်သူကြီးဖြစ်သည်။ အသွားနှစ်ဖက်ရှိသောလက်နက်ကိုအသုံးပြုသူဖြစ်သည်။ သို့သော်လည်း
"ကျောက်ယွင်"(Zhao Yun) နှင့်တုက
ိြ် ပီး မကြာခင်မှာပင် အသတ်ခံလိုက်ရသည်။

တစ်နေရာအရောက်တွင် လမ်းပိတ်ထားသောရန်သူတို့ကိုတွေ့လေသည်။ ထိုနေရာရှိစစ်သူကြီးမှာ


ဟဲကျန့်မှ "ကျန်းဟဲ"(Zhang He) ဖြစ်သည်။ "ကျောက်ယွင"် (Zhao Yun) သည်
ထိုသူနှင့်တုက
ိသော်လည်း လွယလ
်ွယန
ှ်င့်အနိုင်မရချေ။ ထို့အပြင် လက်ထဲတွင် ကလေးငယ်ရှိသဖြင့်
ထိုရန်သူနှင့် မတိုက်တော့ပဲ ထွကေ
် ပြးလေသည်။ "ကျန်းဟဲ"(Zhang He) သည်နောက်မှလိုက်သည်။
"ကျောက်ယွင်"(Zhao Yun) သည် လမ်းတွင် ရန်သူတို့ ဆင်ထားသော ကျင်းထဲကျသွားသည်။
သို့သော်လည်း သူ၏မြင်းကခုန်ကာ ပြန်ထွက်နိုင်ခဲ့သည်။ ၎င်းကိုမြင်လျှင် "ကျန်းဟဲ"(Zhang He) မှာ
ဆက်မလိုက်တော့ချေ။

ထို့နောက် "ကျောက်ယွင"် (Zhao Yun) ၏နောက်ဘက်မှ

"ကျောက်ယွင်(Zhao Yun) ၊ ရပ်လိုက၊် မပြေးနဲ့"ဟုသောအော်သံများကိုကြားလိုက်သည်။ ထိုသူတို့ မှာ


"မာရန်"(Ma Yan) ၊ "ကျန်းကျီ"(Zhang Zi) ၊ "ကျောက်ချူ"(Jiao Chu) နှင့် "ကျန်းနန်"(Zhang Neng)
တို့ဖြစ်သည်။ "ကျောက်ယွင်"(Zhao Yun) သည် "ချောင်ချောင်း"(Cao Cao) ၏ဓားကိုအသုံးချပြီး
ထိုသူတို့ ကိုတိုက်သည်။ မည်သည့်အရာမျှ "အပြာရောင်ဓား" ကိုမခုခံနိုင်ပေ။
ထိုစစ်သူကြီးလေးဦးကိုချေမှုန်းပြီးနောက် "ကျောက်ယွင"် (Zhao Yun) သည် ဆက်ကာ ခရီးနှင်သည်။

ထိုအချိန်တွင် "ချောင်ချောင်း"(Cao Cao) သည် တောင်ကုန်းပေါ်မှ စစ်မြေပြင်ကိုရှစားနေခဲ့သည်။


မိမိ၏စစ်တပ်ကို ရွပ်ရွပ်ချွံချွံတိုက်နေသော ရန်သူ့ စစ်သြူ ကီးတစ်ဦးကိုမြင်လျှင် "ချောင်ချောင်း"(Cao Cao)
မှ ထိုသ၏
ူ အကြောင်းကိုမေးသော်လည်း မည်သမ
ျှူ မသိကြချေ။ ထို့ကြောင့် "ချောင်ဟုန်"(Cao Hong) က
အောက်ဘက်သို့ ဆင်းကာ

"သူရဲကောင်းရဲ့နာမည်ကို သိပါရစေ" ဟု လှမ်းအော်ပြောသည်။

"ကျုပ်က ချန်ဆန်းက ကျောက်ယွင်"(Zhao Yun) ပဲ"

"ချောင်ဟန
ု"(Cao Hong) သည် ၎င်းကို "ချောင်ချောင်း"(Cao Cao) အားပြန်ပြောလေလျှင်
"ချောင်ချောင်း"(Cao Cao) မှ

"အင်မတန်ရဲရင့်တဲ့လူပဲ။ ငါသူ့ကို အရှင်လုခ


ျိင်တယ်" ဟု ပြောသည်။ သို့နှင့် "ကျောက်ယွင"် (Zhao Yun)
အား မြားတို့ဖြင့် မပစ်စေပဲ အရှင်ဖမ်းရန်အမိန့်ပေးလိုက်သည်။

580
သို့နှင့် "ကျောက်ယွင"် (Zhao Yun) သည် သခင်ဖြစ်သူ၏သားကိုကာကွယ်ကာ အကြပ်အတည်းကြားမှ
လွတ်မြောက်ခဲ့သည်။ လမ်းတစ်လျှောက်တွင် "ချောင်ချောင်း"(Cao Cao) လက်အောက်မှ
စစ်သြူ ကီးငါးဆယ်ခန့်နှင့်တိုက်ခဲ့ပြီး သေသည့်သူသေကာ ဒဏ်ရာရသည့်သူ ရလေသည်။
သူ၏အဖြူရောင်အင်္ကျီတို့သည် သွေးတို့ဖြင့် ခြင်းခြင်းနီစေခဲ့သည်။ "ကျောက်ယွင"် (Zhao Yun) သည်
တောင်ကုန်းတစ်ခုနားအရောက်ဝယ် "ကျုံးကျင်"့ (Zhong Jin) နှင့် "ကျုံးရှန်"(Zhong Shen) ဟူသော
ညီအစ်ကိုနှစ်ဦးနှင့်တွေ့သည်၊ တစ်ဦးက ပုဆိန်ကိုင်ထားပြီး ကျန်တစ်ဦးက ပုဆိန်ရှည်ကုင
ိထားသည်။
ထိုနှစ်ဦးတို့ မှ

"မြင်းပေါ်ကဆင်းပြီး လက်နက်ချပါ" ဟု အော်ပြောလေသည်။

581
အခန်း(၄၂) လုံတောင်ကုန်းတံတားဝယ် "ကျန်းဖေး"(Zhang Fei) ၏ဟစ်အော်သံကြောင့်
အောင်နိုင်ခဲ့ခြင်း။ စစ်ရှုံးသူ "လျူဘေ့"(Liu Bei) သည် ဟန်ကျင်းသို့ သွားခြင်း။

"ကျုံးကျင်"့ (Zhong Jin) သည် သူ၏ပုဆိန်ဖြင့် "ကျောက်ယွင"် (Zhao Yun) ကိုတိုက်မည်ပြုသည်။


သို့သော်လည်း "ကျောက်ယွင"် (Zhao Yun) မှ ပြန်တိုကရ
်ာ "ကျုံးကျင်"့ (Zhong Jin)
မြင်းပေါ်မှပြုတ်ကျသွားသည်။ "ကျုံးရှန"် (Zhong Shen) သည် "ကျောက်ယွင"် (Zhao Yun) ၏အနောက်မှ
လိုက်ရာ အနီးသို့ ရောက်သောအခါ "ကျောက်ယွင်"(Zhao Yun) သည် သူ၏သံချပ်ကာမှ
အလင်းပြန်သောရန်သူ၏ပုံရိပ်ကြို မင်လိုက်သည်။ ထိုအခါ "ကျောက်ယွင်"(Zhao Yun) သည်
နောက်သို့ လှည့်လိုက်ရာ မြင်းအချင်းချင်း ထိပ်တိုက်တွေ့လေသည်။ "ကျောက်ယွင"် (Zhao Yun) သည်
ဘယ်ဘက်လက်တွင် လှံကုက
ိုင်ကာ ရန်သူ၏တိုက်ကက
ွ်ကုခ
ိုခံပြီး ညာဘက်လက်ရှိ "အပြာရောင်ဓား" ဖြင့်
ရန်သက
ိုခုတလ
ိုက်ရာ "ကျုံးရှန်"(Zhong Shen) ခေါင်းပြတ်ပြီး မြင်းပေါ်မှ ပြုတ်ကျသွားသည်။
"ကျုံးရှန"် (Zhong Shen) ၏ နောက်လိုကတ
့ို လည်း ထွက်ပြေးသွားကြသည်။ "ကျောက်ယွင"် (Zhao Yun)
သည် လုံတောင်ကုန်းတံတားဘက်သို့ ဦးတည်ကာ ခရီးဆက်သည်။

တံတားအနီးသို့ ရောက်သောအခါ အနောက်ဘက်မှ "ဝင်ဖင်"(Wen Ping) ရောက်လာသည်။


သို့သော်လည်း "ကျောက်ယွင"် (Zhao Yun) သည် အရှေ့ဘက်တွင် "ကျန်းဖေး"(Zhang Fei) ကို
လှမ်းမြင်လိုကသ
် ဖြင့်

"ကျန်းဖေး(Zhang Fei) ၊ ငါ့ကုက


ိုဦး" ဟု လှမ်းပြောလိုက်သည်။

"မြန်မြန်သွား! ငါရန်သူတွေကို ခုခံပေးမယ်"

"ကျောက်ယွင်"(Zhao Yun) သည် တံတားမှခုနှစ်မိုင်အကွာခန့်ဝယ် "လျူဘေ့"(Liu Bei)


နှင့်သ၏
ူ နောက်လိုက်တို့ သည် သစ်ပင်ရိပ်အောက်ဝယ်အနားယူနေသည်ကိုတွေ့လိုက်သည်။
"ကျောက်ယွင်"(Zhao Yun) သည် မြင်းပေါ်မှဆင်းလိုက်ပြီး

"ကျွန်တော့်အပြစ်က သေဒဏ်ပေးရင်တောင် နည်းနေပါသေးတယ်။ မီသခင်မကြီးဟာ


ဒဏ်ရာအကြီးအကျယ်ရသွားခဲ့ပြီး ကျွန်တော်နဲ့ မလိုက်ပဲနဲ့ ရေတွင်းပျက်ထဲခုန်ချပြီး
သူ့ကိုယ်သူအဆုံးစီရင်ခဲ့တယ်။ ဒါပေမယ့် ဒီကလေးကိုတော့ အဝတ်နဲ့ပတ်ပြီးတော့
တိုက်ပွဲကြားကနေခေါ်လာနိုင်ခဲ့တယ်။ ဒါ
သခင်လေးရဲ့ကံကောင်းမှုကြောင့်အခက်အခဲကလွတ်မြောက်ခဲ့တာ။ ပထမတုန်းကတော့ တော်တော်ငိုတယ်၊
ဒါပေမယ့် နောက်ပိုင်းအသံတိတ်သွားတယ်၊ ဒါကြောင့် အသက်ဆုံးသွားတာလားလို့ တောင်စိုးရိမ်မိတယ်"
ဟု ပြောသည်။

582
ပြီးနောက် အဝတ်ကိုဖွင့်ကြည့်သောအခါ ကလေးသည် အိပ်ပျော်နေသည်ကိုတွေ့ရသောအခါ
"ကျောက်ယွင်"(Zhao Yun) သည်

"သခင်ကြီးရဲ့သားက ဘာထိခိုက်ဒဏ်ရာမှမရလိုက်ပါဘူး" ဟုပြောကာ ကလေးကို "လျူဘေ့"(Liu Bei)


လက်ထဲအပ်လိုက်လေသည်။

"လျူဘေ့"(Liu Bei) သည် ကလေးကိုချီကာ မြေပြင်ပေါ်သို့ ပြန်ချလိက


ုပြီး

"ဒီကလေးအတွက်နဲ့ စစ်သူကြီးကောင်းတစ်ယောက်ဆုံးရှုံးမလို ဖြစ်သွားတယ်" ဟု


ဒေါသတကြီးပြောသည်။ "ကျောက်ယွင"် (Zhao Yun) သည် ကလေးကိုပြန်ချီလိုက်ကာ

"ကျွန်တော် အမှုန့်ဖြစ်သွားရင်တောင် သခင်ကြီးရဲ့ကျေးဇူး ဆပ်လို့ မကုန်ပါဘူး" ဟု ဆိုသည်။

"ဝင်ဖင်"(Wen Ping) နှင့်နောက်လိုက်တို့သည် "ကျောက်ယွင"် (Zhao Yun) နောက်သို့ လိုက်သော်လည်း


"ကျန်းဖေး"(Zhang Fei) နှင့်ရင်ဆုင
ိရသောအခါ ဆက်မလိုက်တော့ပေ။ "ကျန်းဖေး"(Zhang Fei) သည်
မြင်းပေါ်တွင်ရှိနေပြီး သူ၏မြွေလှံကိုကုင
ိထားကာ ရန်သူတို့အားစိုက်ကြည့်နေသည်။ မကြာမီပင်
"ချောင်ရန်"(Cao Ren) ၊ "ရှဟိုတွန်း"(Xiahou Dun) ၊ "ရှဟိုယွမ"် (Xiahou Yuan) ၊ "လီတျန်"(Li Dian) ၊
"ယွီကျင်"့ (Yu Jin) ၊ "ကျန်းလျောင်"(Zhang Liao) ၊ "ရွှီချူ"(Xu Chu) ၊ "ကျန်းဟဲ"(Zhang He) နှင့်
အခြားသောစစ်သူကြီးတို့ ရောက်လာကြသည်။ သို့သော်လည်း မည်သမ
ျှူရှေ့သို့ မဆက်ရဲပေ။ ထို့ နောက်
"ချောင်ချောင်း"(Cao Cao) ထံသတင်းပို့ လိုက်သည်။ ထိုအကြောင်းကိုကြားလျှင် "ချောင်ချောင်း"(Cao
Cao) ကိုယတ
ိုင် ထိုတတ
ာံးနားသို့ရောက်လာသည်။

"ကျန်းဖေး"(Zhang Fei) မှ

"ကျုပ်က ရန်က ကျန်းဖေး(Zhang Fei) ပဲ။ ဘယ်သူ ကျုပ်နဲ့ရင်ဆုင


ိဝံ့လဲ" ဟု အော်ပြောသည်။

"ကျန်းဖေး"(Zhang Fei) ၏ကြောက်မက်ဖွယ်အသံကြောင့် "ချောင်ချောင်း"(Cao Cao)


တုန်လှုပ်သွားသည်၊ ထို့ နောက် သူ၏စစ်သြူ ကီးတို့ ဘက်လှည့်ကာ

"ကွမ်းယွ(ီ Guan Yu) က သူ့ညီ ကျန်းဖေး(Zhang Fei) ဟာ


စစ်တပ်ပေါင်းတစ်ရာကိုတောင်ထိုးဖောက်သွားနိုင်ပြီး ရန်သူ့ ခေါင်းဆောင်ကိုသတ်နိုင်တဲ့လစ
ူားဆိုပြီး
ပြောခဲ့ဖူးတယ်။ အခုအဲ့လုေ
ိ ၾကာက္မက္ဖြယ္လက
ူ ငါတို့ရှေ့မှာဆိုတော့ သတိထားရမယ်" ဟု ဆိုသည်။
ထိုအချိန်တွင်ပင် "ကျန်းဖေး"(Zhang Fei) မှ

"ကျုပ်က ရန်ပြည်နယ်က ကျန်းဖေး(Zhang Fei) ပဲ။ ဘယ်သူကျုပ်နဲ့ တိုက်မလဲ" ဟု


ထပ်အော်ပြောပြန်သည်။ "ချောင်ချောင်း"(Cao Cao) သည် "ကျန်းဖေး"(Zhang Fei)

583
၏ကြမ်းကြုတ်သောအသွင်အပြင်ကိုမြင်လျှင် စစ်တပ်ကိုပြန်ဆုတ်ရန်ပြုလေသည်။ ထိုအခါ
"ကျန်းဖေး"(Zhang Fei) မှ

"ဒါက ဘာသဘောလဲ? မတိုက်ပဲနဲ့ ထွကေ


် ပြးမလို့ လား?" ဟု ပြောသည်။

ထိုဟိန်းထွက်လာသောအသံကြောင့် "ချောင်ချောင်း"(Cao Cao) ၏အမှုထမ်းတစ်ဦးဖြစ်သော


"ရှဟုက
ျိဲ"(Xiahou Jie) သည် ကြောက်လန့်ပြီး မြင်းပေါ်မှကျသွားသည်။ ၎င်းကို "ချောင်ချောင်း"(Cao
Cao) မြင်လေလျှင် ကစုန်ဆိုင်းပြေးသည်။ ကလေးငယ်သည် မိုးခြိမ်းသံကြောင့်
ကြောက်ရွံ့ သွားသည့်အလား၊ သစ်တောက်ငှက်သည် ကျားဟိန်းသံကြောင့် လန့်သွားသည့်အလား
ထွက်ပြေးကြလေသည်။ များစွာသောစစ်သားတို့သည် လှံကိုပစ်ချကာ ထွက်ပြေးကြသည်။
ထိုသို့ ရုတ်ရုတ်သဲသဲထွက်ပြေးကြသဖြင့် အချင်းချင်းတွန်းမိ၊ နင်းမိကုန်ကြသည်။

"ချောင်ချောင်း"(Cao Cao) သည် သူ၏စစ်တပ်တို့နှင့်အတူ အနောက်ဘက်သို့ ထွက်ပြေးသည်။


သူ၏ခေါင်းပေါင်းပင်ပြုတ်ကျသွားပြီး ဆံပင်တို့ မှာ ဖရိုဖရဲဖြစ်နေသည်။ ထိုအချိန်တွင်
"ကျန်းလျောင်"(Zhang Liao) နှင့် "ရွှီချူ"(Xu Chu) တို့သည် အနားသို့ ရောက်လာပြီး
"ကျန်းလျောင်"(Zhang Liao) မှ

"သခင်ကြီး ကြောက်စရာမလိုပါဘူး၊ ကျန်းဖေး(Zhang Fei) ဘယ်လောက်စွမ်းစွမ်း၊ သူက


တစ်ယောက်ထဲပါပဲ။ နောက်မှပြန်ပြီးတိုက်ရင် ရန်သူကိုဖမ်းနိုင်မှာပါ" ဟု ပြောသည်။

ထိုအခါမှ "ချောင်ချောင်း"(Cao Cao) သည် အတန်ငယ်အကြောက်ပြေသွားသည်။


စစ်သြူ ကီးနှစ်ဦးတို့သည် စစ်သားတို့ အား တံတားအနီးသို့ ပြန်လာရန် အမိန့်ပေးလိုက်သည်။

584
"ကျန်းဖေး"(Zhang Fei) သည် ရန်သူတို့ ကိုမောင်းထုတ်နိုင်ခဲ့သော်လည်း ရန်သူ့ နောက်သို့ မလိုက်ရဲပေ။
ထို့နောက် သူ၏လူတို့ အား တံတားကိုဖျက်စီးစေလိုက်သည်။ ထို့နောက် သူ၏အစ်ကိုထံသွားပြီး
တံတားကိုဖျက်လိုက်သည့်အကြောင်းပြောသည်။ ထိုအခါ "လျူဘေ့"(Liu Bei) မှ

"မင်းထက်ပိုပြီးဘယ်သူမှ မရဲဝံ့ဘူး။ ဒါပေမယ့် မင်းက စစ်ဗျူဟာရှင်မဟုတ်ဘူး" ဟု ပြောသည်။

"အစ်ကိုကြီး ဘာကိုဆိုလိုတာလဲ"

"ချောင်ချောင်း(Cao Cao) က အတွေးနက်တယ်၊ မင်း သူနဲ့မယှဉ်နိုင်ဘူး။ တံတားကိုဖျက်လိုက်တာကြောင့်


သူက ငါတို့ နောက်ကို လိုက်တိုက်လိမ့်မယ်"

"သူက ကျွန်တော့်ကြောင့် ထွကေ


် ပြးသွားတာ ပြန်လာရဲပါ့မလား?"

"မင်း တံတားကို ဒီအတိုင်းထားထားခဲ့ရင် သူက ငါတို့ကင်းဝပ်ပြီး သူ့ကိုစောင့်နေမယ်လို့ထင်ပြီး


လာတိုက်ရဲမှာမဟုတ်ဘူး။ အခုတံတားကိုဖျက်လိုက်တော့ ငါတို့စစ်တပ်အင်အားက နည်းပြီး
သူ့ကိုကြောက်နေတယ်ဆိုတာ ပြလိုက်သလိုပဲ။ ဒါကြောင့် သူ သေချာပေါက်လာတိုက်လိမ့်မယ်"

ထို့နောက် စစ်တပ်တို့အား မင်ရန်လမ်းမှတဆင့် ဟန်ကျင်းသို့ ချီတက်စေသည်။

"ချောင်ချောင်း"(Cao Cao) ၏စစ်သူကြီးနှစ်ဦးတို့သည် တံတားပျက်နေသည်ကိုမြင်လျှ င်


"ချောင်ချောင်း"(Cao Cao) ထံသွားကာ သတင်းပို့သည်။

"ချောင်ချောင်း"(Cao Cao) : "ဒါဆို သူကြောက်နေလို့ ပဲ"

ထို့နောက် "ချောင်ချောင်း"(Cao Cao) သည် စစ်သားတစ်သောင်းအား တံတားသုံးခုကို


ညတွင်းချင်းအပြီးဆောက်စေရန် အမိန့်ပေးလိုက်သည်။

"လီတျန်"(Li Dian) : "ဒါ ကျူးကဲလျန့်(Zhuge Liang) ရဲ့အကြံဖြစ်နေမှာစိုးရတယ်၊ သတိထားရမယ်"

"ချောင်ချောင်း"(Cao Cao) : "ကျန်းဖေး(Zhang Fei) က ရဲရင့်တဲ့စစ်သူကြီးဖြစ်ပေမယ့်


စစ်ဗျူဟာကျွမ်းကျင်သမ
ူ ဟုတ်ဘူး"

ထို့နောက် "ချောင်ချောင်း"(Cao Cao) သည် စစ်တပ်တို့အား ချက်ချင်းချီတက်စေရန်


အမိန့်ပေးလိုက်သည်။

"လျူဘေ့"(Liu Bei) သည် ဟန်ကျင်းသို့ချီတက်စဉ် အနောက်ဘက်မှ


ရန်သ၏
ူ အသံတို့ကိုကြားလိုက်သည်။ ထိုအခါ "လျူဘေ့"(Liu Bei) မှ

585
"ငါတို့ ရှေ့မှာ ရန်စီမြစ်ရှိပြီး အနောက်ဘက်မှာတော့ ရန်သူတွေရောက်လာပြီ။
မျှော်လင့်ချက်ဆိုတာကောရှိသေးရဲ့လား" ဟု ပြောသည်။ ထို့နောက် "ကျောက်ယွင်"(Zhao Yun) အား
ရန်သတ
ူ့ို ကို ခုခံစေသည်။

"ချောင်ချောင်း"(Cao Cao) သည်

"လျူဘေ့(Liu Bei) က အခု ခွက်ထဲကငါးလို၊ ကျင်းထဲကျနေတဲ့ကျားလို ချောင်ပိတ်နေပြီ။


အခုဖမ်းနိုင်ရင်ဖမ်း၊ မဟုတ်ရင် ငါးကပင်လယ်ထဲရောက်သွားသလို၊
ကျားကတောတောင်ထြဲ ပန်ရောက်သွားသလို ဖြစ်သွားလိမ့်မယ်။ ဒါကြောင့် စစ်သူကြီးတိုင်းက
အစွမ်းကုန်ကြိုးစားပြီး ချီတက်ရမယ်" ဟု ပြောကာ သူ၏စစ်တပ်အားတိုက်စေသည်။ ထို့ ကြောင့်
"ချောင်ချောင်း"(Cao Cao) ၏စစ်သူကြီးတို့သည် ရှေ့သို့ ချီတက်ကြလေသည်။

ထိုအချိန်တွင်ပင် တောင်ကုန်းဘက်မှ စစ်သားတို့ပေါ်လာကာ

"ငါ ဒီမှာစောင့်နေတာကြာပြီ" ဟူသောအသံကိုကြားလိုက်သည်။ ထိုပေါ်လာသောသူမှာ "ယုန်နီ"


မြင်းကိုစီးကာ အစိမ်းရောင်လံရ
ှည်ကုက
ိုင်ထားသော "ကွမ်းယွ"ီ (Guan Yu) ပင်ဖြစ်သည်။ "ကွမ်းယွ"ီ (Guan
Yu) သည် ကျန်းရှာမှစစ်ကတ
ူ စ်သောင်းခေါ်လာခဲ့ပြီး ရန်သူအား
လျက်တပြက်ဝင်တိုက်ရန်စောင့်နေခြင်းဖြစ်သည်။

"ကွမ်းယွ"ီ (Guan Yu) ပေါ်လာသည်နှင့် "ချောင်ချောင်း"(Cao Cao) သည် ရပ်တန့်လိုက်ပြီး

"ငါတို့ ကျူးကဲလျန့်(Zhuge Liang) ရဲ့လှည့်စားမှုခံလိုက်ရပြန်ပြီ" ဟု ပြောကာ


စစ်တပ်အားပြန်ဆတ
ုရန်အမိန့်ပေးလိုက်သည်။

"ကွမ်းယွ"ီ (Guan Yu) သည် "လျူဘေ့"(Liu Bei) နှင့်တွေ့ပြီး ဒုတိယမရီး မီအမျိုးသမီးကိုမတွေ့လေလျှင်


အကြောင်းအရင်းကိုမေးရာ "လျူဘေ့"(Liu Bei) မှ တန်းရန်အဖြစ်အပျက်အကြောင်းပြောလေသည်။
ထိုအခါ "ကွမ်းယွ"ီ (Guan Yu) မှ

"အစ်ကိုကြီးသာ ရွှီထျန်းအမဲလိုက်ပွဲမှာ ချောင်ချောင်း(Cao Cao) ကိုသတ်ခဲ့ရင်


ဒီလိုအဖြစ်အပျက်ဖြစ်လာမှာမဟုတ်ဘူး" ဟု ပြောသည်။

"အဲ့တုန်းက အဲ့လိုလုပ်လိုက်ရင် ကြွကတ


် စ်ကောင်သတ်ဖို့ အတွကန
်ဲ့
ပစ္စည်းတွေကုရ
ိုကခ
်ွဲမိသလိုဖြစ်သွားမှာပေါ့"

586
ထိုအချိန်တွင်ပင် တောင်ဘက်မှ သင်္ဘောပေါင်းများစွာဖြင့် ရေတပ်ကြီးတစ်တပ်ရောက်လာသည်။
ထိုရေတပ်အနီးသို့ရောက်လျှင်ဦးဆောင်လာသူမှာ
ငွေရောင်ခမောက်ဆောင်းထားသူဖြစ်ကြောင်းတွေ့လိုက်သည်။ ထိုခေါင်းဆောင်မှ

"ဦးလေး၊ အဆင်ပြေရဲ့လား? ကျွန်တော် အပြစ်ရှိပါတယ်" ဟု လှမ်းပြောလေသည်။ ထိုသူမှာ "လျူချီ"(Liu


Qi) ဖြစ်သည်။ "လျူဘေ့"(Liu Bei) အား အရိုအသေပြုပြီးနောက်

"ချောင်ချောင်း(Cao Cao) က ဦးလေးကိုတိုက်တယ်ဆိုတဲ့သတင်းကြားလို့


ကျွန်တော်ကူဖို့ရောက်လာတာ" ဟု ပြောလေသည်။

"လျူဘေ့"(Liu Bei) သည် "လျူချီ"(Liu Qi) အား ဝမ်းပန်းတသာကြိုဆိုပြီး


လမ်းခရီးတစ်လျှောက်ကြုံတွေ့ခဲ့သောအဖြစ်အပျက်တို့ ကို ပြောကြလေသည်။

ထိုအချိန်တွင်ပင် နောက်ထပ်ရေတပ်တစ်တပ်ရောက်လာသည်ကိုတွေ့ရသည်။ "လျူချီ"(Liu Qi) မှ

"ဒါ ကျွန်တော့်တပ်ကမဟုတ်ဘူး၊ ချောင်ချောင်း(Cao Cao) တပ်ကလည်း မဟုတ်ရင်


တောင်ပိုင်းကတပ်ဖွဲ့ပဲ ဖြစ်ရမယ်" ဟု ပြောသည်။

ထိုရေတပ်ရှိသင်္ဘောပေါ်တွင် "ကျူးကဲလျန့်"(Zhuge Liang) နှင့် "စွန်းချန်"(Sun Qian)


တို့လိုက်ပါလာသည်ကုေ
ိ တွ့ရသည်။ "လျူဘေ့"(Liu Bei) သည်
အဘယ်ကြောင့်ဤသို့ ရောက်လာကြောင်းမေးရာ "ကျူးကဲလျန့်"(Zhuge Liang) မှ

"ကျွန်တော် ကျန်းရှာကိုရောက်တော့ ကွမ်းယွ(ီ Guan Yu) ကို စစ်ကူနဲ့အတူ


ဟန်ကျင်းကိုသွားစေလိုက်တယ်။ နောက်ပြီး သခင်ကြီးက ကျန်းလင်ကိုသွားမယ့်လမ်းအစား
တခြားလမ်းကိုသွားမယ်ဆိုတာသိတော့ သခင်ကြီးရဲ့တူကိုလွှတ်ပြီး ကြိုစေခဲ့တယ်။ ပြီးတော့ ကျွန်တော်က
ရှခိုကုသ
ွိားပြီး စစ်သားစုဆောင်းနေတာပါ" ဟုပြောသည်။

အသစ်ရောက်လာသောစစ်သားတို့ကို ပင်မတပ်နှင့်ပေါင်းပြီးနောက် ရန်သူအား


မည်သို့ မည်ပုံခုခံကြမည်ကုတ
ိုင်ပင်ကြလေသည်။

"ကျူးကဲလျန့်"(Zhuge Liang) : "ရှခိုကအင်အားတောင့်ပြီး ရေရှည်စခန်းချဖို့သင့်တော်တယ်။ ဒါကြောင့်


သခင်ကြီးက အဲ့ကုသ
ွိားပြီးစခန်းချသင့်တယ်။ သခင်ကြီးရဲ့တူကတော့ ကျန်းရှာမှာပဲ
စစ်သင်္ဘောနဲ့လက်နက်တွေကိုအဆင်သင့်ပြင်ထားသင့်တယ်။ ဒါမှသာ ကျွန်တော်တို့က နှစ်နေရာကနေ
ရန်သက
ိုခြိမ်းခြောက်နိုင်မှာ။ အကုန်လုံး ကျန်းရှာကိုပြန်သွားရင်တော့ နေရာအရ အင်အားနည်းသွားမယ်"

587
"လျူချီ"(Liu Qi) : "အကြံပေးပြောတာက သင့်တော်ပါတယ်။ ဒါပေမယ့် ကျွန်တော့်အထင်ကတော့
ဦးလေးက ကျန်းရှာမှာခဏနေပြီး စစ်တပ်တွေအစီအစဉ်တကျဖြစ်သွားမှပဲ ရှခိုကိုသွားသင့်တယ်"

"လျူဘေ့"(Liu Bei) : "ငါ့တူပြောတာ အချက်ကျတယ်"

သို့နှင့် "ကွမ်းယွ"ီ (Guan Yu) အား စစ်သားငါးရာနှင့်အတူ ရှခိုတွင်နေစေပြီး "လျူဘေ့"(Liu Bei) ၊


"ကျူးကဲလျန့်"(Zhuge Liang) နှင့် "လျူချီ"(Liu Qi) တို့ သည် ကျန်းရှာသို့သွားကြသည်။
"ချောင်ချောင်း"(Cao Cao) သည် ရန်သူ့ ကင်းပုန်းတို့အား စိုးရိမ်သဖြင့် ဆက်မတိုက်တော့ပေ၊
သို့သော်လည်း "လျူဘေ့"(Liu Bei) ကျန်းလင်ကိုသိမ်းမည်စိုးသဖြင့် ခရီးအမြန်နှင်သည်။

ကျင်ကျိုးမြို့ကို စောင့်ကြပ်သော "တန်းရီ"(Deng Yi) နှင့် "လျူရှင်း"(Liu Xin) တို့သည် သူတို့ သခင်ဖြစ်သူ
"လျူကျုံး"(Liu Zong) ရှန်းရန်တွင် သေဆုံးသောသတင်းကိုကြားသဖြင့် "ချောင်ချောင်း"(Cao Cao)
လက်အောက်တွင် အညံ့ခံလိုက်သည်။ "ချောင်ချောင်း"(Cao Cao) သည် မြို့ထဲသို့ဝင်ပြီးနောက်
"ဟန်စုန့်"(Han Song) အားလွှတ်စေပြီး ရာထူးပေးလေသည်။ အခြားသောသူတို့အားလည်း
ဆုလာဘ်တို့ ပေးသည်။

"ချောင်ချောင်း"(Cao Cao) : "လျူဘေ့(Liu Bei) က တောင်ပိုင်းပြည်နယ်နဲ့မဟာမိတ်ဖွဲ့ရင်


ငါတို့ အတွက်ရန်များမယ်။ ဒါကိုဘယ်လိုလုပ်မလဲ"

"ရွှင်ယ"ို (Xun You) : "သခင်ကြီးရဲ့စွမ်းဆောင်မှုတွေကို လူတွေအကုန် ကြားသိပြီးဖြစ်ပါတယ်။ ဒါကြောင့်


စွန်းချွမ်(Sun Quan) ဆီကို သံတမန်လတ
ွှ်ပြီး သခင်ကြီးနဲ့ပူးပေါင်းပြီးတော့ လျူဘေ့(Liu Bei)
ကိုတိုက်မယ်လို့ ဆိုပါ။ သူ လက်မခံပဲမနေပါဘူး"

"ချောင်ချောင်း"(Cao Cao) သည် ထိုအကြံကိုလက်ခံလိုက်ပြီး စာပို့ ရန်ပြင်ဆင်စေသည်။ ထို့ နောက်


ခြေလျင်တပ်၊ မြင်းတပ်၊ ရေတပ်တို့ကိုပြင်ဆင်လေသည်။
စစ်သည်အင်အားစုစုပေါင်းမှာရှစ်သိန်းသုံးသောင်းရှိသည်၊ သို့သော်လည်း "ချောင်ချောင်း"(Cao Cao) က
စစ်သည်အင်အားတစ်သန်းဟုဆိုသည်။ ရန်သူအား ကြည်း၊ရေနှစ်တန်မှ တိုက်ရန် ပြုလေသည်။

"ချောင်ချောင်း"(Cao Cao) ၏လှုပ်ရှားမှုနှင့်အောင်မြင်မှုတို့ ကို "စွန်းချွမ်"(Sun Quan) ကြားလျှင်


ခုခံမှုအတွက် တိုင်ပင်ကြသည်။

“လူဆု”(Lu Su) : "ကျင်ကျိုးက ကျွန်တော်တို့နယ်မြေနဲ့ထိနေပြီး ကြီးမားပြီးတော့ တောင့်တင်းတယ်၊


ဒါ့အပြင် လူတွေလည်းချမ်းသာကြတယ်။ ဒီလိုပြည်နယ်မျိုးက ဘုရင် ဒါမှမဟုတ်
ဧကရာဇ်တို့ ကထိန်းချုပ်ရမယ့်ပြည်နယ်မျိုးပဲ။ လျူပြောင်း(Liu Biao) ရဲ့သေဆုံးမှုကုအ
ိ ကြောင်းပြုပြီးတော့

588
ကျွန်တော် လျူဘေ့(Liu Bei) နဲ့ တခြားအမှုထမ်းတွေကိုသွားတွေ့မယ်။ သူတို့ သာ
ကျွန်တော်တို့နဲ့ပူးပေါင်းမယ်ဆိုရင် အောင်မြင်မှာပါ"

"စွန်းချွမ်"(Sun Quan) သည် ၎င်းကိုလက်ခံပြီး “လူဆ”ု (Lu Su) အားသွားစေသည်။

ကျန်းရှာဝယ် "လျူဘေ့"(Liu Bei) သည် "ကျူးကဲလျန့်"(Zhuge Liang) ၊ "လျူချီ"(Liu Qi) တို့ နှင့်အတူ
စစ်ပွဲအတွက်တိုင်ပင်နေကြသည်။

"ကျူးကဲလျန့်"(Zhuge Liang) : "ချောင်ချောင်း(Cao Cao) ကို ကျွန်တော်တို့ချည်းပဲခုခံဖို့ မဖြစ်နိုင်ဘူး ။


သူ့အင်အားက ကြီးလွန်းတယ်။ ဒါကြောင့် စွန်းချွမ်(Sun Quan) ရဲ့အကူအညီယရ
ူ မယ်။
တောင်ပိုင်းနဲ့မြောက်ပိုင်းသာစစ်ဖြစ်ကြရင် ကျွန်တော်တို့က ကြားထဲက အမြတ်ရနိုင်တယ်"

"လျူဘေ့"(Liu Bei) : "ဒါပေမယ့် သူတို့ က ငါတို့နဲ့မဟာမိတ်ဖွဲ့ပါ့မလား? တောင်ပိုင်းနယ်က ကျယ်ပြန့်ပြီး


လူဦးရေထူထပ်တယ်။ စွန်းချွမ်(Sun Quan) က သူ့အကြံနဲ့သူရှိမှာပေါ့"

"ကျူးကဲလျန့်"(Zhuge Liang) : "ချောင်ချောင်း(Cao Cao) က သူ့အင်အားတစ်သန်းနဲ့ ဟန်မြစ်နဲ့


ရန်စီမြစ်တစ်ဝက်ကိုနေရာယူထားတယ်။ တောင်ပိုင်းပြည်နယ်က ဒီအခြေအနေကို
သေချာပေါက်လာစုံစမ်းမှာပဲ။ သံတမန်ရောက်လာရင် ကျွန်တော်က သင်္ဘောတစ်စင်းနဲ့အတူ
တောင်ပိုင်းပြည်နယ်ကိုသွားပြီးတော့ ကျွန်တော့်ဒီလျာကိုအားကိုးပြီး
တောင်ပိုင်းနဲ့မြောက်ပိုင်းစစ်ဖြစ်စေအောင် လုပ်ပါ့မယ်။ တောင်ပိုင်းနိုင်ရင်တော့ ကျင်ကျိုးကိုပြန်သိမ်းဖို့
ချောင်ချောင်း(Cao Cao) ကိုတိုက်တာပေါ့။ မြောက်ပိုင်းကနိုင်သွားရင်တော့ အခွင့်ကောင်းယူပြီး
တောင်ပိုင်းကပြည်နယ်တွေကိုသိမ်းရမယ်။ ဘယ်လိုပဲဖြစ်ဖြစ် ကျွန်တော်တို့ ဘက်က အမြတ်ပ"ဲ

"လျူဘေ့"(Liu Bei) : "ဒါက အကြံကောင်းပဲ။ ဒါပေမယ့် တောင်ပိုင်းက လူကို ဘယ်မှာသွားရှာမှာလဲ"

ထိုအချိန်တွင်ပင် သင်္ဘောတစ်စီးသည် ဆိပ်ကမ်းသို့ဆိုက်ကပ်ကာ သံတမန်တစ်ဦးထွက်လာသည်။


ထိုအခါ "ကျူးကဲလျန့်"(Zhuge Liang) သည် ရယ်လိုက်ပြီး

"ဟိုမှာ ရောက်လာပြီလေ" ဟု ပြောသည်။

"ကျူးကဲလျန့်"(Zhuge Liang) သည် "လျူချီ"(Liu Qi) ဘက်လှည့်ကာ

"စွန်းချဲ့(Sun Ce) သေတုန်းက ခင်ဗျားတို့က သူတို့ဆီကို သံတမန်လွှတ်ခဲ့လား" ဟု မေးသည်။

"သူတို့နဲ့ ကျွန်တော်တို့ ကြားမှာ ဈာပနအတွက် လူလတ


ွှ်ဖို့ ဆိုတာ မဖြစ်နိုင်ဘူး။ သူ့အဖေ စွန်းကျန့်(Sun
Jian) က ကျွန်တော်တို့ကြောင့် သေခဲ့တာကိုး"

589
"ဒါဆို ဒီသံတမန်လာတာက ဈာပနကြောင့်မဟုတ်ပဲ အခြေအနေကို စုံစမ်းဖို့လာတာပဲဖြစ်မယ်"

"ကျူးကဲလျန့်"(Zhuge Liang) သည် "လျူဘေ့"(Liu Bei) အား

"အကယ်၍ သူသာ ချောင်ချောင်း(Cao Cao) ရဲ့လှုပ်ရှားမှုတွေအကြောင်းမေးရင် မသိဘူးလို့ငြင်းပြီး


ထပ်မေးလာရင်တော့ ကျွန်တော့်ကိုလွှဲလုက
ိပါ" ဟု ပြောသည်။

ထို့နောက် ရောက်လာသော သံတမန် “လူဆ”ု (Lu Su) ကို ကြိုဆိုသည်။ အခန်းတွင်းဝယ်


အရက်သောက်ကြရင်း “လူဆု”(Lu Su) မှ "လျူဘေ့"(Liu Bei) အား

"ကျွန်တော် ဦးရီးတော်ရဲ့ဂုဏ်သတင်းကိုကြားခဲ့တာကြာပါပြီ။ အခုမှပဲတွေ့ရတော့တယ်။ ဦးရီးတော်က


ချောင်ချောင်း(Cao Cao) နဲ့တိုက်နေတာဆိုတော့ သူ့ရဲ့အင်အားကိုသိမှာပေါ့။ သူ့အင်အားက
ဘယ်လောက်ရှိလဲ?" ဟု မေးသည်။

"ကျုပ်စစ်တပ်က သေးတော့ ချောင်ချောင်း(Cao Cao)


စစ်တပ်ရောက်လာပြီဆိုတဲ့သတင်းကြားတာနဲ့မတိုက်ပဲထွကေ
် ပြးတာပဲ။ အင်အား
ဘယ်လောက်ရှိလည်းဆိုတာ မသိပါဘူး"

"ဒါပေမယ့် ဦးရီးတော်က ကျူးကဲလျန့်(Zhuge Liang) ရဲ့အကြံနဲ့ မီးကိုသံုး ပြီး ချောင်ချောင်း(Cao Cao)


ရဲ့စစ်တပ်ကိုနှစ်ခါတောင်တိုက်နိုင်ခဲ့တယ်မဟုတ်လား? ဒါကို ဘာကြောင့်များ
သူ့စစ်တပ်အင်အားကိုမသိဘူးလို့ပြောရတာလဲ"

"ကျုပ်အကြံပေးကိုမမေးကြည့်ပဲနဲ့ အသေးစိတ်ကို တကယ်မသိပါဘူး"

"ကျူးကဲလျန့်(Zhuge Liang) ဘယ်မှာလဲ။ ကျွန်တော် သူနဲ့ တွေ့ချင်တယ်"

သို့နှင့် “လူဆ”ု (Lu Su) အား "ကျူးကဲလျန့်"(Zhuge Liang) နှင့် မိတ်ဆက်ပေးလိုက်သည်။

“လူဆု”(Lu Su) မှပင် စကာ

"ကျွန်တော် ခင်ဗျားရဲ့ဉာဏ်ပညာကြီးမားမှုအကြောင်းကြားခဲ့တာကြာပါပြီ။ ဒါပေမယ့်လည်း


တွေ့ဖို့အခွင့်အရေးမရှိခဲ့ဘူး။ အခုတွေ့ပြီဆိုတော့
လက်ရှိတိုင်းရေးပြည်ရေးအခြေအနေအကြောင်းပြောကြတာပေါ့" ဟု ပြောသည်။

"ကျွန်တော် ချောင်ချောင်း(Cao Cao) ရဲ့ရက်စက်မှု၊ ဆိုးရွားမှုတွေအကြောင်းအကုန်သိပါတယ်။


ဒါပေမယ့်လည်း ကျွန်တော်တို့က အင်အားနည်းတော့ သူ့ကိုမခုခံနိုင်ဘူး၊ ဒါကြောင့် တိမ်းရှောင်နေရတာ"

590
"ဦးရီးတော်က ဒီမှာနေမှာလား"

"သခင်ကြီးက ချန်ဝူမြို့စား ဝူကျွ(ီ Wu Ju) နဲ့သူငယ်ချင်းဟောင်းတွေဆိုတော့ သူ့ဆီသွားလိမ့်မယ်"

"ဝူကျွ (ီ Wu Ju) မှာ စစ်တပ်အင်အားနည်းနည်းပဲရတ


ှိ ယ်။ သူ့လုံခြုံမှုတောင် သူအာမမခံနိုင်တာ
ဦးရီးတော်ကို ဘယ်လိုလက်ခံနိုင်ပါ့မလဲ"

"ချန်ဝူမှာအကြာကြီးနေဖို့တော့ မဖြစ်နိုင်ဘူး ။ ဒါပေမယ့် လက်ရှိယာယီတော့ အဆင်ပြေမှာပါ"

"ကျွန်တော်တို့သခင် စွန်းချွမ်(Sun Quan) က တောင်ပိုင်းပြည်နယ်ခြောက်ခုကိုထိန်းချုပ်ထားပြီး


စားနပ်ရက
္ခိာ လည်းပေါများတယ်။ သူက သူရဲကောင်းတွေ၊ ပညာရှိတွေကို
အလေးထားပြီးဆက်ဆံသူဖြစ်တယ်။ ခင်ဗျား သခင်ကြီးအတွက် သူ့ဆီသွားမယ်ဆိုအဆင်ပြေမှာပါ"

"ဒါပေမယ့် ခင်ဗျားသခင်နဲ့ကျွန်တော့်သခင်ကြားမှာ ဘာရင်းနှီးမှုမှမရှိဘူးလေ။ သွားရင်လည်း


အချည်းနှီးပဲဖြစ်မှာပေါ့၊ နောက်ပြီး ဘယ်သူ့ ကိုလွှတ်ရမှာလဲ"

"ခင်ဗျားအစ်ကို ကျူးကဲကျင်(့ Zhuge Jin) က ကျွန်တော်တို့ ဘက်မှာ အကြံပေးလုပ်နေခဲ့တာပဲ။ သူလည်း


ခင်ဗျားနဲ့တွေ့ချင်နေတာ။ နောက်ပြီး ခင်ဗျားနဲ့ကျွန်တော့်သခင်ကြီးတွေ့ပြီးဆွေးနွေးဖို့
ကျွန်တော်စီစဉ်ပေးပါ့မယ်"

ထိုအခါ "လျူဘေ့"(Liu Bei) မှ ဝင်ပြီး

"ဒါပေမယ့် ကျူးကဲလျန့်(Zhuge Liang) က ကျုပ်ရဲ့အကြံပေးလေ။ သူမရှိရင်ဘယ်ဖြစ်မလဲ။


သူသွားလို့မရဘူး" ဟု ပြောသည်။ “လူဆ”ု (Lu Su) မှ ထပ်တိုက်တန
ွ်းသော်လည်း "လျူဘေ့"(Liu Bei) မှ
ငြင်းဆိုသည့်ဟန် ယောင်ဆောင်လေသည်။ ထိုအခါ "ကျူးကဲလျန့်"(Zhuge Liang) မှ

"ဒါက အရေးကြီးတဲ့အတွက် ကျွန်တော့်ကိုသွားခွင့်ပြုပါ" ဟု ဝင်ပြောသည်။ ထိုအခါမှ "လျူဘေ့"(Liu Bei)


မှ လက်ခံလိုက်သည်။

"ကျူးကဲလျန့်"(Zhuge Liang) နှင့် “လူဆ”ု (Lu Su) တို့ သည် သင်္ဘောဖြင့် "စွန်းချွမ်"(Sun Quan)
၏ဌာနချုပ်သို့ သွားကြလေသည်။

591
အခန်း(၄၃) "ကျူးကဲလျန့်"(Zhuge Liang) သည် တောင်ပင
ိုးနယ်မှ ပညာရှိတို့ နှင့်
စကားစစ်ထိုးခြင်း။ "လူဆ"ု (Lu Su) သည် အများဆန္ဒနှင့် ဆန့်ကျင်ခြင်း။

ချိုင်စန်းသို့ သွားရာလမ်း သင်္ဘောပေါ်ဝယ် ခရီးသွားနှစ်ဦးတို့ သည် တိုင်းရေးပြည်ရာအကြောင်း


ဆွေးနွေးနေကြသည်။ "လူဆု"(Lu Su) မှ

"ခင်ဗျား ကျွန်တော့်သခင်နဲ့တွေ့ရင် ချောင်ချောင်း(Cao Cao) ရဲ့စစ်သည်အင်အားအရေအတွက်အမှန်ကို


မပြောပါနဲ့" ဟု ဆိုသည်။ "ကျူးကဲလျန့်"(Zhuge Liang) မှ

"ခင်ဗျား ကျွန်တော့်ကိုပြောဖို့မလိုပါဘူး။ ကျွန်တော်ဘယ်လိုပြန်ဖြေရမယ်ဆိုတာ သိပါတယ်" ဟု


ပြန်ပြောသည်။

သင်္ဘောဆိပ်ကမ်းကပ်ပြီးနောက် "ကျူးကဲလျန့်"(Zhuge Liang) အား ဧည့်ဆောင်တွင်နေစေပြီး


"လူဆု"(Lu Su) သည် သူ၏သခင်နှင့်သွားတွေ့သည်။ ထိုအချိန်တွင် "စွန်းချွမ်"(Sun Quan) သည်
အမှုထမ်းတို့နှင့် အစည်းအဝေးပြုနေသည့်အချိန်ဖြစ်သည်။ "စွန်းချွမ်"(Sun Quan) သည်
"ချောင်ချောင်း"(Cao Cao) ထံမှစာကို "လူဆ"ု (Lu Su) အားပေးလိုက်ပြီး

"ဒီစာ မနေ့ကရောက်လာတာ။ အခုလေ


ူ တွကိုစုဝေးရတာက ဒီအတွက်တုင
ိပင်မလို့" ဟု ပြောလေသည်။

"လူဆု"(Lu Su) သည် ထိုစာကိုဖတ်လေသည် ----

'ဘုရင်မင်းမြတ်၏အမိန့်တော်ကြောင့် သူပုန်တို့အားအပြစ်ပေးရန် ဝန်ကြီးချုပ်ဖြစ်သော ကျွန်ုပ်သည်


တောင်ပိုင်းသို့ ချီတက်ခဲ့ပြီး လျူကျုံး(Liu Zong) အားဖမ်းဆီးခဲ့သည်။ ကျင်ကျိုးနယ်မှလူတို့ သည်
ကျွန်ုပ်လာသောသတင်းကိုကြားသည်နှင့် ကျွန်ုပ်ထလ
ာံရောက်ခိုလှုံကြလေသည်။
ကျွန်ုပ်၏လက်အောက်ဝယ်
စစ်တပ်အင်အားတစ်သန်းနှင့်အရည်အချင်းရှိသောခေါင်းဆောင်တစ်ထောင်ရှိသည်။
စစ်သြူ ကီးထံစာပို့ ရခြင်းမှာ ကျန်းရှာတွင် ကျွန်ုပ်နှင့်ပေါင်းပြီး လျူဘေ့(Liu Bei) အားတိုက်ခိုက်ရန်ဖြစ်သည်။
သူ၏နယ်ကို ကျွန်ုပ်တို့ နှစ်ဦးခွဲဝေပြီးနောက် နှစ်ကာလရှည်ကြာမဟာမိတ်ဖွဲ့ရန်ဆန္ဒရှိပါသည်။ သို့ကြောင့်
မကြာမီအချိန်တွင် စာပြန်နိုင်မည်ဟုမျှော်လင့်သည်။'

ထို့နောက် "လူဆ"ု (Lu Su) မှ

"သခင်ကြီးက ဘာလုပ်မယ်ဆိုတာဆုံးဖြတ်ပြီးပြီလား" ဟု မေးသည်။

592
"မဆုံးဖြတ်ရသေးဘူး"

"ကျန်းကျောက်"(Zhang Zhao) မှဝင်ကာ

"ဘုရင့်အမိန့်နဲ့လာတဲ့ချောင်ချောင်း(Cao Cao) ကိုတိုကဖ


ို့ဆိုတာ မသင့်တော်ပါဘူး။ ဒါ့အပြင်
သခင်ကြီးက သူ့ကိုခုခံရင် ရန်စီမြစ်ကြီးကိုအကာအကွယ်ယူပြီး ခုခံရမှာ။ ဒါပေမယ့် ချောင်ချောင်း(Cao
Cao) က ကျင်ကျိုးကိုသိမ်းပြီးပြီဆိုတော့ သူလည်းရေကြောင်းကိုသံုး ပြီး ကျွန်တော်တို့ကိုတိုက်နိုင်တယ်။
သူ့ကိုခုခံဖို့မဖြစ်နိုင်ဘူး။ တစ်ခုတည်းသောနည်းကတော့ ငြိမ်းချမ်းရေးယူဖို့ပဲ။ ဒါကြောင့်
လက်နက်ချသင့်တယ်လို့ ထင်ပါတယ်" ဟု ပြောသည်။

အခြားသောသူတို့ ကလည်း

"အဲ့အကြံက အကြောင်းအကျိုးနဲ့ညီညွတ်ပါတယ်" ဟု တညီတညွတ်တည်းဆိုကြလေသည်။

"စွန်းချွမ်"(Sun Quan) သည် ဆိတဆ


ိတေ
် နကာ တွေးနေသည်။ "ကျန်းကျောက်"(Zhang Zhao) မှပင်

"သခင်ကြီး၊ ထပ်ပြီးမတုံ့ ဆိုင်းပါနဲ့တော့။ ချောင်ချောင်း(Cao Cao) ထံမှာ လက်နက်ချတာက


တောင်ပိုင်းပြည်နယ်နဲ့ ပြည်နယ်ခြောက်ခုကလူတွေရဲ့ငြိမ်းချမ်းမှုကိုရနိုင်ပါတယ်" ဟုပြောသည်။

"စွန်းချွမ်"(Sun Quan) သည် မည်သို့မျှပြန်မပြောပဲဆိတ်ဆိတ်ပင်နေပြီးနောက်


ထိုင်နေရာမှထကာထွက်သွားသည်။ "လူဆု"(Lu Su) လည်း အနောက်ဘက်မှလိုက်သွားလေသည်။
အပြင်ဘက်သို့ ရောက်သော် "စွန်းချွမ်"(Sun Quan) မှ "လူဆ"ု (Lu Su) အား

"ဒါကို ဘယ်လိုထင်လ"ဲ ဟုမေးသည်။

"သူတို့တွေပြောနေတာက သခင်ကြီးအတွက် အဓိပ္ပာယ်မရှိပါဘူး။ ဒါမလုပ်သင့်ဘူး"

"ဘာကြောင့်လ?ဲ ရှင်းပြပါလား"

"ကျွန်တော်တို့လိုလူမျိုးတွေအညံ့ခံရင် ကျွန်တော်တို့က ကိုယ့်ရွာကိုပဲပြန်ရင်ပြန်၊ ဒါမှမဟုတ်


လက်ရှိရာထူးပဲပြန်ရပြီး ပိုနေမြဲကျားနေမြဲပဲ ဖြစ်မှာမဟုတ်လား။ ဒါပေမယ့် သခင်ကြီးသာ
လက်နက်ချလိုက်ရင် လှည်းတစ်စီး၊ မြင်းတစ်ကောင်လောက်ပဲရှိတော့မယ်။
သခင်ကြီးရဲ့နောက်လိုက်တွေလည်း ဆယ်ယောက်လောက်ပဲရှိတော့မှာ။ တစ်ယောက်တည်း
အထီးကျန်ဆန်နေမှာမဟုတ်လား။ လက်နက်ချဖို့အကြံပေးတဲ့သူတွေက တစ်ကိုယ်ကောင်းဆန်ပြီး
သူရဲဘောကြောင်တဲ့လူတွေပဲ။ သူတို့ စကားကိုနားမထောင်သင့်ဘူး"

"စွန်းချွမ်"(Sun Quan) မှ သက်ပြင်းချကာ

593
"သူတို့တွေက စကားချည်းပဲတပြောထဲပြောနေကြတယ်။ ငါ့အမြင်ကိုမကြည့်ကြဘူး။ အခုတော့
ခင်ဗျားရဲရဲဝံ့ဝံ့ပြောတာက ကျုပ်အမြင်နဲ့တထပ်တည်းပဲ။ ဒါပေမယ့် ချောင်ချောင်း(Cao Cao) က
ကျင်ကျိုးကိုသိမ်းလိုက်ပြီဆိုတော့ သူ့အင်အားက အရင်ကထက်ကြီးသွားပြီ။
သူ့ကိုခုခံဖို့မလွယ်လောက်ဘူး" ဟု ဆိုသည်။

"ကွန်တော် ကျူးကဲကျင်(့ Zhuge Jin) ရဲ့ညီ ကျူးကဲလျန့်(Zhuge Liang) ကိုခေါ်လာပါတယ်။


သူနဲ့တိုင်ပင်ကြည့်လို့ ရပါတယ်"

"အိပ်ပျော်နေတဲ့နဂါးက တကယ်ရောက်လာတာလား"

"ဟုတ်ပါတယ်၊ ဧည့်ဆောင်ထဲမှာစောင့်နေပါတယ်"

"ဒီနေ့တော့ တွေ့ဖို့အချိန်နောက်ကျနေပြီ။ ဒါပေမယ့် မနက်ဖြန်မှာတော့ အမှုထမ်းတွေကိုစုဝေးပြီး


သူနဲ့မိတ်ဆက်စေမယ်။ ဒီကိစ္စနဲ့ ပတ်သတ်ပြီး စကားရည်လုခိုင်းစေတာပေါ့"

နောက်ရက်ဝယ် "လူဆ"ု (Lu Su) သည် "ကျူးကဲလျန့်"(Zhuge Liang) ထံသွားကာ

"ကျုပ်သခင်နဲ့ တွေ့ရင် ချောင်ချောင်း(Cao Cao) စစ်တပ်အင်အားအမှန်ကိုမပြောပါနဲ့" ဟုဆိုသည်။


"ကျူးကဲလျန့်"(Zhuge Liang) မှပြုံးကာ

"ကျွန်တော် အခြေအနေကိုကြည့်ပြီးလုပ်ပါ့မယ်။ ကျွန်တော်အမှားလုပ်မှာကို မစိုးရိမ်ပါနဲ့" ဟု ပြောသည်။

ထို့နောက် "ကျူးကဲလျန့်"(Zhuge Liang) အား အရပ်သားအမှုထမ်း၊ စစ်အမှုထမ်းလေးဆယ်ခန့်စုဝေးရာ


ခန်းမဆောင်သို့ ခေါ်သွားသည်။ "ကျူးကဲလျန့်"(Zhuge Liang) သည်
အမှုထမ်းတို့၏ထိပ်ဘက်တွင်ထုင
ိနေသော "ကျန်းကျောက်"(Zhang Zhao) အားလျင်နှုတ်ဆက်ပြီးနောက်
ကျန်သောသူတို့ အားနှုတ်ဆက်လေသည်။ "ကျူးကဲလျန့်"(Zhuge Liang)
၏အပြုအမူနှင့်ပုံစံကြို မင်ပြီးနောက် အကုန်လုံးမှ စကားရည်လုရန်သင့်တော်သောသူဟုတွေးလေသည်။

"ကျန်းကျောက်"(Zhang Zhao) မှ

"ကျွန်တော်တို့တွေသေးသိမ်တာကို အပြစ်မယူပါနဲ့။ ဒါပေမယ့် ကျွန်တော်ကြားရသလောက်ကတော့


ခင်ဗျားက ကိုယ့်ကိုယ်ကို ကွမ်းကျုံး(Guan Zhong) ၊ ယွဲ့ရီ(Yue Yi)
တို့နဲ့နှိုင်းယှဉ်တယ်ဆိုတာဟုတ်ပါသလား" ဟု ပြောသည်။

"သူတို့ရဲ့တစ်စိတ်တစ်ဒေသလောက်ကိုပဲ နှိုင်းယှဉ်နိုင်တာပါ"

594
"ကျုပ်ကြားရသလောက်ကတော့ လျူဘေ့(Liu Bei) က ခင်ဗျားဆီကို သုံးကြိမ်သုံးခါလာရောက်ခဲ့တယ်ဆို။
နောက်ပြီး ခင်ဗျားက သူ့ထံမှာအမှုထမ်းတော့ သူက
ပင်လယ်ထဲပြန်ရောက်သွားတဲ့ငါးလိုမျိုးကံကောင်းတဲ့လူဆြို ပီး ပြောခဲ့တယ်တဲ့။ သူ
ကျင်ကျိုးပြည်နယ်ကိုသိမ်းချင်ခဲ့တာမဟုတ်လား? အခုတော့ အဲ့နယ်က ချောင်ချောင်း(Cao Cao)
လက်အောက်ရောက်သွားခဲ့ပြီ။ ဒါနဲ့ပတ်သတ်ပြီး ခင်ဗျားမှာဘာပြောဖို့ ရှိလည်းဆိုတာ သိချင်တယ်"

"ကျူးကဲလျန့်"(Zhuge Liang) သည် ဤသို့ တွေးသည်။

'ကျန်းကျောက်(Zhang Zhao) က စွန်းချွမ်(Sun Quan) ရဲ့နံပတ်တစ်အကြံပေးပဲ။


သူ့ကိုစိတ်ရှုပ်ထွေးအောင်မလုပ်ရင် သူ့သခင်နဲ့ ပြောဖို့အခွင့်အရေးရှိမှာမဟုတ်ဘူး'

ထို့နောက် "ကျူးကဲလျန့်"(Zhuge Liang) မှ

"ကျုပ်အမြင်ကတော့ ဟန်မြစ်တဝိုကက
် ဒေသကိုသိမ်းတာက
ကိုယ့်လက်ကိုလှည့်သလောက်လွယ်ကူပါတယ်။ ဒါပေမယ့် ကျွန်တော့်သခင်ဖြစ်တဲ့ လျူဘေ့(Liu Bei) ဟာ
မျှတပြီးသူရဲကောင်းဆန်သြူ ဖစ်တဲ့အတွက် သူ့ဆွေမျိုးတွေပိုင်ဆိုင်တာကို
အတင်းအဓမ္မသိမ်းယူမယ့်သူမဟုတ်ပါဘူး။ ဒါကြောင့် သူက ကျင်ကျိုးပြည်နယ်ကိုမသိမ်းခဲ့တာပါ။ ဒါပေမယ့်
အသိဉာဏ်နည်းတဲ့ လျူကျုံး(Liu Zong) ဆိုတဲ့ကောင်လေးဟာ တခြားလူတွေစကားကိုနားယောင်ပြီးတော့
ချောင်ချောင်း(Cao Cao) လက်ချက်နဲ့ သေဆုံးခဲ့တယ်။ ကျွန်တော့်သခင်က အခု ကျန်းရှာမှာရှိနေပေမယ့်
အနာဂတ်စီမံကိန်းတွေကိုတော့ အခုလက်ရှိအခြေအနေကိုကြည့်ပြီး မဆုံးဖြတ်နိုင်ဘူး" ဟု ပြောသည်။

"ဒါတော့ ဟုတ်ပါတယ်။ ဒါပေမယ့် ခင်ဗျားရဲ့စကားနဲ့လုပ်ရပ်ဟာ မညီညွှတ်ဘူး။ ခင်ဗျားပြောတော့


ခင်ဗျားက နာမည်ကြီးပုဂ္ဂိုလ်နှစ်ဦးနဲ့ယှဉ်နိုင်တယ်ဆို။ ဟွမ်မင်းသားရဲ့ဝန်ကြီးဖြစ်ခဲ့တဲ့ ကွမ်းကျုံး(Guan
Zhong) ဟာ သူ့သခင်ကို တခြားလူတွေထက်သာလွန်အောင် လုပ်ဆောင်ပေးနိုင်ခဲ့တယ်။ ရန်(Yan)

595
ပြည်နယ် ယွဲ့ရီ(Yue Yi) ကတော့ သူ့ရဲ့အစွမ်းအစနဲ့ ချီ(Qi) ပြည်နယ်ကိုအောင်နိုင်ခဲ့ပြီး
မြို့ပေါင်းခုနှစ်ဆယ်လောက်ကိုဖျက်စီးခဲ့တယ်။ ဒါ သူတို့ နှစ်ဦးရဲ့အစွမ်းအစပဲ။

ခင်ဗျားကတော့ အေးအေးဆေးဆေးနဲ့နေပြီး တိုင်းရေးပြည်ရာတွေကိုကျွမ်းကျင်တယ်ပြောပြီးတော့


တခြားလူတွေကိုအထင်အမြင်သေးတယ်။ လျူဘေ့(Liu Bei) က ပုန်ကန်မှုတွေ၊ ဓားပြတွေ၊
အခြားမကောင်းတာတွေကိုရှင်းထုတ်သင့်တယ်။ သနားစရာကောင်းတာက ခင်ဗျားနဲ့မတွေ့ခင်တုန်းက
လျူဘေ့(Liu Bei) က မြို့တောင်မရှိပဲ ဟိုဟုသ
ိ ည်သည်သွားနေခဲ့တာ။
ခင်ဗျားရဲ့အကူအညီကိုရတဲ့အခါမှာတော့ သူက လူတွေရဲ့အာရုံစိုက်မှုကိုခံရပြီး ကလေးတွေကတော့
ကျားကိုတောင်ပံတပ်လိုက်သလိုဖြစ်သွားပြီလို့ပြောကြတယ်။ ဟန်တိုင်းပြည်ကိုပြန်လည်ထေ
ူ ထာင်မယ်၊
ချောင်ချောင်း(Cao Cao) နဲ့အပေါင်းအပါတွေကိုနှိမ်နှင်းမယ်၊ ဟိုးအရင်ကလို
ကောင်းမွန်တဲ့နေ့ရက်တွေပြန်ရောက်စေမယ်၊ အကျင့်ပျက်၊ခြစားတဲ့လူတွေကြောင့်
တာဝန်ကအနားယူခဲ့ရတဲ့မင်းမှုထမ်းတွေပြန်ရောက်လာမယ်၊
ကောင်းကင်မှာဖုံးနေတဲ့အမိုက်အမှောင်ကိုရှင်းပြီးတော့ နေနဲ့လကိုထိန်ထိန်လင်းစေမယ်၊ တကယ်တော့
အဲ့လိုဖြစ်စေရမှာမဟုတ်လား?

ဒါပေမယ့် ရှင်းရဲ့မှာတုန်းက ချောင်ချောင်း(Cao Cao) ရဲ့တပ်ဖွဲ့ကရှုံးပြီးထွက်ပြေးခဲ့တယ်မဟုတ်လား?


ဒါပေမယ့် ခင်ဗျားက လျူပြောင်း(Liu Biao) ကို သူ့ပြည်သူတွေငြိမ်းချမ်းဖို့ ဘာလို့များ
ဘာအကြံမှမပေးခဲ့ရတာလဲ? သူ့သားကိုရော ရန်သူတွေကိုခုခံဖို့ဘာလို့ မကူခဲ့တာလဲ? အဲ့လိုမလုပ်ပဲနဲ့
ခင်ဗျားက ရှင်းရဲ့ကိုစွန့် ခွာပြီးတော့ ဖန်ချန်ကိုထွက်ပြေးခဲ့တယ်။ ပြီးတော့ တန်းရန်မှာစစ်ရှုံးပြီး
ရွခိုကုေ
ိ ရာက်လာတာမဟုတ်လား? ဒါဆို ခင်ဗျားရောက်လာပြီးနောက် လျူဘေ့(Liu Bei) က
အရင်ကထက်ပိုဆိုးသွားတာပေါ့၊ ဒါက ကွမ်းကျုံး(Guan Zhong) တို့ ၊ ယွဲ့ ရီ(Yue
Yi)တို့နဲ့ယှဉ်နိုင်တဲ့လရ
ဲူ့အစွမ်းလား? ကျွန်တော်ဒီလိုပွင့်ပွင့်လင်းလင်းပြောတာကို ဗွေမယူပါနဲ့"

"ကျူးကဲလျန့်"(Zhuge Liang) သည် "ကျန်းကျောက်"(Zhang Zhao) စကားဆုံးအောင်စောင့်ပြီးနောက်


ရယ်ကာ

"သာမန်ငှက်တွေက အကြာကြီးပျံသန်းတဲ့ကြိုးကြာတွေကိုဘယ်နားလည်နိုင်ပါ့မလဲ။
ကျွန်တော်ဥပမာတစ်ခုပေးပါရစေ။ လူတစ်ယောက်က နေမကောင်းဖြစ်တယ်ဆိုပါစို့။ သမားတော်က
ပထမဆုံး ကိုယ်ခံအားရှိအောင် အသားတွေစားစေပြီးမှသာလျှင်
သူ့ရဲ့ဆေးပြင်းကိုတိုက်ကျွေးရမှာမဟုတ်လား? ကိုယ်ခံအားရှိအောင်မစောင့်ပဲ
ဆေးပြင်းကိုတိုက်ကျွေးလိုက်ရင် လူနာကဒုကေ
ၡ ရာက်သွားပြီး သူ့ကိုကုဖို့ခက်ခဲသွားမယ်လေ။

ကျွန်တော့်သခင်ကြီးက ရုနန်မှာစစ်ရှုံးခဲ့တယ်။ အဲ့အချိန်တုန်းက စစ်သားတစ်ထောင်တောင်မရှိခဲ့တဲ့အပြင်


စစ်သြူ ကီးဆိုလို့ ကွမ်းယွီ(Guan Yu) ၊ ကျန်းဖေး(Zhang Fei) နဲ့ ကျောက်ယွင်(Zhao Yun) ပဲရှိခဲ့တယ်။

596
ရှင်းရဲ့ဟာ မြို့သေးလေးဖြစ်ပြီး စားနပ်ရိက္ခာမလုံလောက်တဲ့အတွက် ရေရှည်အတွက် မသင့်တော်ဘူး။
ဒါပေမယ့်လည်း လေ့ကျင့်မှုမရှိခဲ့တဲ့စစ်သားတွေ၊ မလုံလောက်တဲ့ရိက္ခာတွေနဲ့ ပေါ်ဝမ်တောင်ကန
ုးမှာ
စစ်သြူ ကီး ရှဟိုတွန်း(Xiahou Dun) ကိုအနိုင်ယူခဲ့ပြီး ချောင်ရန်(Cao Ren) နဲ့ ချောင်ဟုန်(Cao Hong)
ရဲ့တပ်တွေကို မြစ်ဖြူမြစ်မှာ ရေနစ်စေခဲ့ပြီး ထွကေ
် ပြးစေခဲ့တယ်။ ဟိုးအရင်က
သူရဲကောင်းနှစ်ယောက်တောင် ဒီလုအ
ိ ခြေအနေမျိုးမှာ ဒီထက်ကောင်းအောင်လုပ်နိုင်မှာမဟုတ်ဘူးလို့
ကျွန်တော်ထင်တယ်။ လျူကျုံး(Liu Zong) လက်နက်ချခဲ့တာနဲ့ပတ်သတ်ပြီးတော့ ကျွန်တော့်သခင်ကြီးက
ဘာမှမသိခဲ့ပါဘူး။ နောက်ပြီး သူက ကိုယ့်ဆွေမျိုးရဲ့ပိုင်ဆိုင်မှုကို အဓမ္မသိမ်းယူဖို့ ဆန္ဒမရှိခဲ့ဘူး။
တန်းရန်မှာစစ်ရှုံးခဲ့တာကတော့ အရပ်သားတွေ၊ အသက်ကြီးတဲ့လေ
ူ တွ၊ ကလေးသူငယ်တွေကို
မစွန့် လွှတ်နိုင်ခဲ့တဲ့ကျွန်တော့်သခင်ကြီးရဲ့မြင့်မြတ်တဲ့စိတ်ကြောင့်ပါပဲ။ သူက
ကျန်းလင်ကိုသိမ်းဖို့ရည်ရွယခ
်ျက်မရှိခဲ့ဘူး။ ဒါပေမယ့် သူက
သာမန်ပြည်သူတွေနဲ့ အတူမျှဝေခံစားတတ်သူပဲ။

တပ်ဖွဲ့လေးသေးသေးလေးဟာ စစ်တပ်ကြီးကို မယှဉ်နိုင်ပါဘူး။ အောင်မြင်ခြင်း၊ ကျရှုံးခြင်းဆိုတာ


တိုက်ပွဲတိုင်းရဲ့သာမန်အခန်းကဏ္ဍတွေပါပဲ။ ဟန်တိုင်းပြည်ကုတ
ိ ည်ထောင်ခဲ့တဲ့ဘုရင်တောင် ရှန့်ယွ(ီ Xiang
Yu) ကြောင့် တိုကပ
်ွဲတွေအများကြီးရှုံးခဲ့တာမဟုတ်လား။ ကိင
ုးရှ(Gaixia) မှာမှ စစ်ပွဲအနိုင်ရခဲ့တယ်၊
အဲ့အောင်နိုင်မှုဟာ လျူဘန်း(Liu Bang) အောက်မှာ အချိန်အကြာကြီးရှိနေခဲ့ပေမယ့်လည်း
အောင်ပွဲမရခဲ့သေးတဲ့ ဟန်ရှင်း(Han Xin) ရဲ့အစွမ်းကြောင့်ပဲမလား။ တိုင်းရေးပြည်ရာတို့၊
တိုင်းပြည်ကိုပြန်လည်ထူထောင်တာတို့က လက်တွေ့မှာ အင်မတန်ခက်ခဲပါတယ်။ ကိုယ့်ကိုယ်ကို
ပညာရှိဆိုပြီးတော့ တခြားလူတွေကိုလိုကြ် ပီးကဲ့ရဲ့တဲ့လူတွေ၊ အဲ့လိုလေ
ူ တွက
တကယ်ကိုလောကကြီးရဲ့ရယ်စရာလူတွေပါပဲ"

"ကျန်းကျောက်"(Zhang Zhao) သည် မည်သို့ မျှ ပြန်မချေပနိုင်ပေ။

ထိုအချိန်တွင် တစ်ယောက်မှ

"ဒါပေမယ့် ချောင်ချောင်း(Cao Cao) အခြေအနေကဘယ်လိုလဲ။ သူက အခုစစ်တပ် တပ်ပေါင်းတစ်ရာ၊


ခေါင်းဆောင်အယောက်တစ်ထောင်နဲ့တပ်စွဲထားတာမလား? အခုသူက နဂါးလိုပြိုင်စံရှားပြီး
ကျားလိုအစွမ်းထက် ကြောက်စရာကောင်းနေပြီ။ သူအခု ကျန်းရှာကိုတောင်သမ
ိးလိုက်ပြီလားမသိဘူး" ဟု
ပြောသည်။ ထိုသူမှာ "ယွီဖန်"(Yu Fan) ဖြစ်သည်။

"ချောင်ချောင်း(Cao Cao) က ယွမ်ရှောက်(Yuan Shao) ရဲ့တပ်တွေကိုရခဲ့ပြီး လျူပြောင်း(Liu Biao)


ရဲ့တပ်တွေကိုခိုးခဲ့တာပါ။ ဒါပေမယ့် အဲ့တပ်တွေကို ကျွန်တော်မမှုပါဘူး။"

"ယွီဖန်"(Yu Fan) သည် အေးစက်စွာပြုံးလိုကြ် ပီး

"ခင်ဗျားက တန်းရန်မှာ ရှုံးနှိမ့်ပြီးထွကေ


် ပြးလာပြီးတော့ ဒီရောက်လာပြီးမှ ဘာလို့မမှုဘူး လို့ပြောရတာလဲ?
စကားကြီးစကားကျယ်ပြောတာနဲ့ လူတွေကိုဆွဲဆောင်နိုင်မယ်ထင်လို့လား" ဟုဆိုသည်။

597
"လျူဘေ့(Liu Bei) မှာ ရန်သူတစ်သန်းကိုတိုကဖ
ို့ စစ်တပ်အင်အားထောင်ဂဏန်းနောက်ရှိပါတယ်။ ရှခိုမှာ
ခဏတာ နေနေတာပါ။ တောင်ပိုင်းပြည်နယ်က အင်အားတောင့်ပြီး စစ်သားကောင်းထွကြ် ပီးတော့
စားနပ်ရိက္ခာ ပေါကြွယ်ဝတယ်၊ ဒါ့အပြင် ရန်စီမြစ်ကလည်း အကာအကွယ်ရှိနေတယ်။ ခင်ဗျားက
ခင်ဗျားရဲ့သခင်ရဲ့ မျက်နှာ၊ ဂုဏ်သက
ိ ၡာကို မငဲ့ကြကပ
်ဲနဲ့ သူ့ကိုသူပုန်အောက်မှာ ဒူးထောက်ခိုင်းမလို့ လား?
လျူဘေ့(Liu Bei) ကတော့ ချောင်ချောင်း(Cao Cao) လိုမျိုးသူပုန်ကိုကြောက်တတ်သူမဟုတ်ဘူး"

"ယွီဖန်"(Yu Fan) သည်မည်သို့မျှပြန်မပြောနိုင်ပေ။

ထို့နောက် ထိုင်နေသောသူထဲမှ "ပုကျီ"(Bu Zhi) က

"ခင်ဗျားက ကျုပ်တို့ တောင်ပိုင်းပြည်နယ်ကလူတွေကို ကျန်းရီ(Zhang Yi) တို့၊ စူးချင်(Su


Qin)တို့လိုလျာနဲ့ အပြောကောင်းကောင်းနဲ့ခင်ဗျားဘက်ပါအောင်လုပ်မလို့ လား" ဟု ဆိုသည်။
"ကျူးကဲလျန့်"(Zhuge Liang) မှ

"ခင်ဗျားက အဲ့လူနှစ်ယောက်ကို စကားပြောကောင်းတဲ့လူအနေနဲ့ပဲသိတာကိုး၊


သူရဲကောင်းအနေနဲ့မသိဘူး။ စူးချင်(Su Qin) မှာ ပြည်နယ်ခြောက်ခုရဲ့ဝန်ကြီးချုပ်တံဆိပ်တံုး ရှိပြီးတော့
ကျန်းရီ(Zhang Yi) ကတော့ ချင်ပြည်နယ်မှာ နှစ်ခါတောင် ဝန်ကြီးချုပ်ဖြစ်ခဲ့တယ်လေ။ သူတို့ နှစ်ဦးလုံးဟာ
သူတို့ သက်ဆိုင်ရာတိုင်းပြည်မှာ ပြုပြင်ပြောင်းလဲမှုတွေလုပ်ခဲ့တယ်။ သူတို့ နှစ်ယောက်ကို
အင်အားကြီးသူကိုကြောက်ပြီး အင်အားနည်းသူကိုအနိုင်ကျင့်တဲ့လူတွေ၊ ဓားမြောင်ကုေ
ိ ကြာက်ပြီး
ဓားတွေ့ရင်ထွက်ပြေးတဲ့လူတွေနဲ့ မယှဉ်နိုင်ဘူး။ ခင်ဗျားက ချောင်ချောင်း(Cao Cao) ရဲ့
ဘာမှမဟုတ်တဲ့ခြိမ်းခြောက်မှုနဲ့တင်ကြောက်ပြီး လက်နက်ချဖို့စဉ်းစားတယ်။ ဒါကိုတောင် ရှေးခေတ်က
စူးချင်(Su Qin) နဲ့ ကျန်းရီ(Zhang Yi) တို့ မကောင်းကြောင်းပြောရဲသေးတယ်လား?"

"ပုကျီ"(Bu Zhi) သည် ဘာမျှမပြောတော့ပေ။

[Su Qin - ခုနှစ်ပြည်ထောင်ခေတ်(Warring States Period) ထောင့်မတ်အဖွဲ့(Perpendicular


Unionists) ခေါင်းဆောင်ဖြစ်ပြီး ချင်တိုင်းပြည်နှင့်စစ်တုက
ိရန် အခြားသောတိုင်းပြည်တို့ တွင်
လိုက်လံလှုံ့ဆော်ခဲ့သူဖြစ်သည်။

Zhang Yi - ခုနှစ်ပြည်ထောင်ခေတ်(Warring States Period) တွင်


ချင်ပြည်၏ဝန်ကြီးချုပ်ဖြစ်သည်။ချင်ပြည်နယ်နှင့်ငြိမ်းချမ်းရေးယူရန် လှုံ့ဆော်ခဲ့သော
အလျားလိုက်အဖွဲ့(Horizontal Unionists) ၏ခေါင်းဆောင်ဖြစ်သည်။ ထိုခေတ်အဆုံးတွင်
ချင်တိုင်းပြည်သည် အခြားသောနိုင်ငံတို့ကိုအောင်နိုင်ခဲ့ပြီး တရုတ်တစ်နိုင်ငံလုံးကို
ပထမဆုံးအကြိမ်တစ်စုတစ်စည်းတည်းဖြစ်စေခဲ့သည်။]

598
ထိုစဉ် လူတစ်ဦးမှ

"ချောင်ချောင်း(Cao Cao) ကို ဘယ်လိုထင်လ"ဲ ဟု မေးသည်။ ထိုသူမှာ "ရွှဲကျုံး"(Xue Zong) ဖြစ်သည်။

"ချောင်ချောင်း(Cao Cao) က တိုင်းပြည်ကြီးရဲ့သူပုန်ပဲလေ။ ဘာကြောင့်မေးရတာလဲ?"

"ခင်ဗျားမှားနေပြီ။ ဟန်တိုင်းပြည်ကြီးက ခေတ်ကုန်တော့မယ်။ ချောင်ချောင်း(Cao Cao) က


တိုင်းပြည်ရဲ့သုံးပုံနှစ်ပုံကို သိမ်းထားနိုင်ပြီ၊ လူတွေကလည်း သူ့အောက်မှာ သစ္စာခံကြတယ်။
ခင်ဗျားသခင်ကသာ အခြေအနေနဲ့အချိန်အခါကိုမသိတာ။ ချောင်ချောင်း(Cao Cao) ကိုတိုက်တာက
ကြက်ဥနဲ့ကျောက်တုံးကိုပစ်သလိုပဲ၊ အချည်းနှီးပဲဖြစ်မှာ"

ထိုအခါ "ကျူးကဲလျန့်"(Zhuge Liang) သည် ဒေါသဖြင့်

"ခင်ဗျား ဘာလို့ဒီလိုတာဝန်မဲ့တဲ့စကားပြောရတာလဲ? တာဝန်ဝတ္တရားဆိုတာ


လူတစ်ယောက်အတွက်အရေးကြီးတဲ့အရာပဲ။ ဟန်တုင
ိးပြည်ရဲ့မင်းမှုထမ်းအနေနဲ့
အခြားအကျင့်ပျက်တဲ့အမှုထမ်းတွေကို နှိမ်နှင်းဖို့တာဝန်ရှိတယ်။ ချောင်ချောင်း(Cao Cao)
ရဲ့ဘိုး ဘေးတွေမှာ ဟန်တုင
ိးပြည်ရဲ့ကျေးဇူးတွေရှိခဲ့ဖူးတာပဲ။ ဒါကို ချောင်ချောင်း(Cao Cao) က
ကျေးဇူးမတင်ပဲ ပုန်ကန်ရဲတယ်။ ခင်ဗျားက သူ့အတွက် ပြောနေသေးတယ်။ ခင်ဗျားက အဖေကိုရော
ဘုရင်ကိုပါမသိတတ်တဲ့လူမျိုးပဲ။ ကျုပ်မှာ ခင်ဗျားနဲ့ထပ်ငြင်းဖို့ ဆန္ဒမရှဘ
ိုး " ဟု ပြောသည်။

"ရွှဲကျုံး"(Xue Zong) ၏မျက်နှာမှာ အရှကေ


် ကြာင့်နီသွားပြီး မည်သို့မျှမဆိုတော့ပေ။

ထို့နောက် "လူကျီ"(Lu Ji) ဆိုသောသူမှ

"ချောင်ချောင်း(Cao Cao) က ဘုရင်ထက်အာဏာရှိပြီး တခြားအမှုထမ်းတွေကို ဖိနှိပ်ပင်မယ့်လည်း သူက


ဟိုးအရင် ဝန်ကြီးချုပ် ချောင်ရှန်(Cao Shen) မျိုးရိုးကဆင်းလာသူပဲလေ။ ခင်ဗျားရဲ့သခင်ကြီးကတော့
မင်းသားမျိုးရိုးလို့သာဆိုတယ်၊ သက်သေ၊ အထောက်အထားလည်း မရှိပါလား။
တခြားလူတွေရဲ့မျက်လုံးထဲမှာတော့ လျူဘေ့(Liu Bei) ဟာ ဦးထုပ်တွေ၊
ကောက်ရိုးဖိနပ်တွေရောင်းတဲ့သတ
ူ စ်ယောက်ပဲ။ သူကဘယ်လို ချောင်ချောင်း(Cao Cao)
ကိုတိုက်နိုင်မှာလဲ" ဟုပြောသည်။

"ကျူးကဲလျန့်"(Zhuge Liang) သည် ရယ်ကာ

"ယွမ်ရှု(Yuan Shu) စားပွဲလပ


ုပြီးဧည့်သည်တွေကိုဖိတ်တုန်းက လိမ္မော်သီးတွေကိုနှိုက်ခဲ့တဲ့လူက
ခင်ဗျားမဟုတ်လား? ကျုပ်ပြောတာနားထောင်။ ချောင်ချောင်း(Cao Cao) က
ဘယ်လိုဝန်ကြီးမျိုးရိုးကပဲဖြစ်ပါစေ၊ သူက ဟန်တိုင်းပြည်ရဲ့မင်းမှုထမ်းပဲ။ အခုတော့ သူက
အခွင့်အာဏာကိုလက်ကိုင်ထားပြီး ထင်တိုင်းကြဲနေတယ်။

599
ဘုရင်ကိုလည်းမေ့သလိုကိုယ့်ဘိုးဘေးတွေကိုလည်းမေ့သွားခဲ့တဲ့လပ
ဲူ။ သူကတိုင်းပြည်ကြီးအတွက်
သူပုန်ဖြစ်သလို သူ့မိသားစုအတွက်လည်းကောင်းသူမဟုတ်ဘူး။ လျူဘေ့(Liu Bei) ကတော့
မင်းဆွေမင်းမျိုးဖြစ်ပြီး ဘုရင်ကိုယ်တိုင်က ရာထူးခန့်အပ်ထားတာခံရတဲ့လူပဲ။ ခင်ဗျားက
ဘာလို့ အထောက်အထားမရှိဘူးလို့ဆိုရတာလဲ? ဒါ့အပြင် ဟန်တုင
ိးပြည်ကိုတည်ထောင်ခဲ့တဲ့ဘုရင်တောင်
ရိုကျိုးနှိမ့်ကျတဲ့နေရာကစခဲ့တာပဲ။ ဦးထုပ်တွေလပ
ုပြီးဖိနပ်ရောင်းတဲ့အလုပ်ဟာ ဘာရှကစ
် ရာရှိလဲ။
ခင်ဗျားလိုသေးသိမ်တဲ့အမြင်နဲ့ ကဝိပညာရှင်တွေကြားမှာဆွေးနွေးဖို့မသင့်တော်ဘူး " ဟု ဆိုသည်။

သို့နှင့် "လူကျီ"(Lu Ji) လည်း ဘာမှဆက်မပြောတော့ချေ။

[တစ်ခါက ဟွိုင်မြစ်တောင်ဘက်တွင် "ယွမရ


် "ှု (Yuan Shu) သည် ကလေးပညာရှိများစုဝေးစေကာ
စားသောက်ပွဲလုပ်ခဲ့ဖူးသည်။ ထိုစားသောက်ပွဲသို့ တက်ရောက်ခဲ့သော "လူကျီ"(Lu Ji) သည်
သူ့မိခင်အတွက် လိမ္မော်သီး တစ်လုံးခိုးယူခဲ့ဖူးသည်။ ထိုအဖြစ်အပျက်ကြောင့် သူသည်
'မိဘကျေးဇူးသိသောသူများ စာရင်း' တွင် ပါဝင်ခဲ့သည်ဟူ၏။]

ထိုစဉ်တစ်ဦးမှ

"ကျူးကဲလျန့်(Zhuge Liang) ရဲ့စကားတွေက တင်စီးလွန်းတယ်။ ဒါ့အပြင်


အကြောင်းအရင်းကိုလည်းလက်မခံဘူး။ ဒါက သင့်တော်တဲ့စကားရည်လုနည်းမဟုတ်ဘူး ၊
ဘာမှထပ်မပြောနဲ့တော့။ ဒါပေမယ့် ခင်ဗျားက ဘာစာပေတွေကိုလေ့လာလည်းဆိုတာ သိချင်ပါတယ်" ဟု
ပြောသည်။

"ကျူးကဲလျန့်"(Zhuge Liang) သည် ထိုသို့ပြောသော "ရန်ကျွင်း"(Yan Jun) အားကြည့်ကာ

"ခေတ်တိုင်းမှာ စာပိဒ
ုတွေ၊ စာကြောင်းတွေအများကြီးရှိတာပဲ။ ဒါပေမယ့် အဲ့ဒါတွေက
ဘာများပြောင်းလဲနိုင်လို့ လဲ။ ဘာကိုများဖြေရှင်းနိုင်လို့ လဲ။ ရှန်ပြည်နယ်မှာ လယ်သမားဖြစ်ခဲ့ဖူးတဲ့ ရီရင်(Yi
Yin) ၊ ဝေမြစ်ကမ်းက တံငါသည် လွီဝမ်(Lu Wang) ၊ ကျန်းလျန့်(Zhang Liang) ၊ ချန်ဖင်(Chen Ping) ၊
ကျန့်ယွ(ီ Zheng Yu) နဲ့ ကန်းရန်(Geng Yan) စတဲ့လူတွေဟာ အင်မတန်ထူးချွန်တဲ့လူတွေ။ ဒါပေမယ့်
သူတို့ ဘာစာပေလေ့လာလည်းဆိုတာ ကျွန်တော်လည်း တခါမှမစုံစမ်းဖူးပါဘူး။ ဘာမှမလုပ်ပဲ
စာတွေပဲရေးနေရင် မင်နဲ့စုတ်တံကုန်ရုံပဲရှိမှာပေါ့" ဟု ပြောသည်။

"ရန်ကျွင်း"(Yan Jun) သည် ရှက်သွားကာ စကားဆက်မပြောတော့ပေ။

ထိုအချိန်တွင် "ချန်တဲရ"ှူ (Cheng Deshu) မှ

"ခင်ဗျားက စကားကြီးတွေပြောတာကြိုက်တယ်။ ဒါပေမယ့် ဒီလိုပြောတာနဲ့တင်


ပညာရှင်လို့ သက်သေမပြနိုင်ဘူး။ တခြားပညာရှင်တွေက ခင်ဗျားကို ပြက်ရယ်ပြုကြလိမ့်မယ်" ဟု
ပြောသည်။

600
"ပညာရှိမှာ သစ္စာရှိပြီး သူရဲကောင်းဆန်တဲ့ပညာရှိမျိုးရှိတယ်။ အဲ့လိုပညာရှိက သူ့ခေတ်သူ့အခါမှာတော့
အကဲ့ရဲ့ခံရကောင်းခံရမယ်။ ဒါပေမယ့် နောက်မျိုးဆက်တွေမှာတော့ သူက နာမည်ကြီးလိမ့်မယ်။
နောက်ပညာရှိတစ်မျိုးကတော့ ရှေးရိုးဆန်တဲ့ပညာရှိမျိုးပဲ။ ကဗျာတွေဖွဲ့တယ်၊
စာကြီးပေကြီးတွေဖတ်တယ်။ သူ့ကလောင်ကနေ စာလုံးပေါင်းများစွာထွကသ
်ွားပေမယ့်လည်း သူ့ရင်ထဲက
ခိုင်မာတဲ့အကြံဉာဏ်ထွက်မလာနိုင်ဘူး ။ ဥပမာပြောရရင် ရန်ရှုံ(Yang Xiong) က သူ့ခေတ်သူ့အခါမှာ
စာပေတွေနဲ့နာမည်ကြီးခဲ့ပေမယ့်လည်း ဝမ်မန်(Wang Mang) လို
မကောင်းတဲ့လူအောက်မှာအမှုထမ်းခဲ့တော့ နောက်ဆုံးတော့ ပြတင်းပေါက်ကခုံချခဲ့တာမဟုတ်လား။
ဒီလိုကဗျာတွေအများကြီးဖွဲ့ခဲ့ပေမယ့်လည်း သူ့အတွက် ဘာအကျိုးပြုခဲ့လို့ လဲ"

"ချန်တရ
ဲ "ှု (Cheng Deshu) မှာ ဘာမျှမပြောနိုင်တော့ပေ။

တခြားသောအမှုထမ်းတို့သည်လည်း "ကျူးကဲလျန့်"(Zhuge Liang) နှင့်ယှဉ်ပြိုင်မပြောဝံ့ကြချေ။

ထိုသူတို့ ထဲတွင် "ကျန်းဝင်"(Zhang Wen) နှင့် "လော့ထံ"ု (Luo Tong) တို့ပါဝင်သည်။ ထိုသန
ှူစ်ဦးက
စကားစမည်အပြုဝယ် လူတစ်ယောက်မှ

"ဒါ ဧည့်သည်ကိုမလေးမစားလုပ်နေတာပဲ။ ဒီခေတ်ဒီအခါမှာ အတော်ဆံုး လူတစ်ယောက်


အရှေ့မှာရှိနေရက်နဲ့ သူနဲ့ပြိုင်ပြီးငြင်းနေကြတယ်။ ရန်သူဖြစ်တဲ့ချောင်ချောင်း(Cao Cao) က
ကျုပ်တို့ နယ်စပ်အနားကိုရောက်လာပြီ။ ဒါတောင်ဒီမှာ ငြင်းလို့ကောင်းနေကြတုန်းပဲလား" ဟု ဆိုသည်။

ထိုသူမှာ လင်းလင်မှ "ဟွမ်ကိုင်"(Huang Gai) ဖြစ်သည်။ သူသည် "ကျူးကဲလျန့်"(Zhuge Liang)


ဘက်လှည့်ကာ

"စကားပြောပြီးတော့ တစ်စုံတစ်ခုရကောင်းရနိုင်ပေမယ့် တိတဆ


ိတြ် ငိမ်သက်ခြင်းက ပိုပြီးအကျိုးဖြစ်တယ်
ဆိုတဲ့စကားရှိတယ်လေ။ ခင်ဗျား ဒီမှာဆွေးနွေးပြီး အချိန်ကန
ုမယ့်အစား ကျွန်တော်တို့သခင်ကြီးနဲ့တွေ့ပြီး
သူ့ကိုအကြံဉာဏ်ပေးတာပိုကောင်းမယ်" ဟု ပြောလေသည်။ "ကျူးကဲလျန့်"(Zhuge Liang) မှ

"သူတို့က နားမလည်သေးတော့ နားလည်အောင်ပြောရတာပါ" ဟု ပြန်ပြောသည်။

ထို့နောက် "ဟွမ်ကိုင်"(Huang Gai) နှင့် "လူဆ"ု (Lu Su) တို့သည် "ကျူးကဲလျန့်"(Zhuge Liang) အား
သူ့အစ်ကိုဖြစ်သူ "ကျူးကဲကျင်"့ (Zhuge Jin) နှင့်တွေ့ရန်ခေါ်သွားသည်။ "ကျူးကဲကျင်"့ (Zhuge Jin) မှ

"ငါ့ညီ၊ ဘာလို့ငါ့ဆီ လာမလည်တာလဲ" ဟု မေးသည်။

601
"ကျွန်တော် အခု ယွီကျိုးက လျူဘေ့(Liu Bei) ထံမှာအမှုထမ်းနေပါတယ်။ တိုင်းရေးပြည်ရာက
ကိုယ်ရေးကိုယ်တာထက်အရေးပါပါတယ်။ ဒါကြောင့် ကျွန်တော်အလုပ်မပြီးခင် ကိုယေ
် ရးကိုယတ
်ာတွေကို
မလုပ်နိုင်ခဲ့ဘူး။ ဒီအတွက် စိတ်မရှိပါနဲ့၊ အစ်က"ို

"နယ်စားကြီး စွန်းချွမ်(Sun Quan) နဲ့တွေ့ပြီးရင် ငါနဲ့လာတွေ့ပြီး မင်းရဲ့သတင်းတွေပြော"

"လူဆု"(Lu Su) သည် "ကျူးကဲလျန့်"(Zhuge Liang) အားထပ်၍

"ကျွန်တော့်သခင်ကြီးနဲ့တွေ့ရင် သူ့ကို ချောင်ချောင်း(Cao Cao) ရဲ့တပ်အင်အားအမှန်မပြောနဲ့နော်" ဟု


သတိပေးပြန်သည်။ "ကျူးကဲလျန့်"(Zhuge Liang) သည် ခေါင်းသာညိတ်ပြီး မည်သို့ မျှမပြောပေ။

ခန်းမဆောင်သို့ ရောက်သော် "စွန်းချွမ်"(Sun Quan) သည် အမြင့်မှဆင်းကာ ဧည့်သည်အား ကြိုဆိုပြီး


ထိုင်ရန်နေရာတစ်ခုပေးလေသည်။ အမှုထမ်းတို့ သည် အရပ်သားအမှုထမ်းနှင့်စစ်ဘက်အမှုထမ်း
နှစ်တန်းခွဲကာရပ်နေကြသည်။ "လူဆ"ု (Lu Su) မှာမူ "ကျူးကဲလျန့်"(Zhuge Liang) ဘေးတွင်
မတ်တပ်ရပ်သည်။

"ကျူးကဲလျန့်"(Zhuge Liang) သည် "လျူဘေ့(Liu Bei) ၏ဆန္ဒကိုပြောပြီးနောက် စွန်းချွမ်(Sun Quan)


၏ အစိမ်းရောင်မျက်လုံး၊ ခရမ်းရောင်မုတ်ဆိတေ
် မွှးကိုမြင်လျှင်

'ပုံစံကြည့်တာတော့ သာမန်လူမဟုတ်ဘူး ။ သိမ်းသွင်းပြောဆိုလို့ရမယ့်လူမဟုတ်ပဲ စိတ်ကိုဆွပြီးပြောမှ


ရမယ့်ပုံပဲ။ ဘာပဲဖြစ်ဖြစ် သူဘာပြောမလည်းဆိုတာအရင်ကြည့်ပြီး လှုပ်ရှားရမယ်' ဟု တွေးသည်။

လက်ဖက်ရည်တို့ တိုက်ပြီးနောက် "စွန်းချွမ်"(Sun Quan) မှ

"လူစု(Lu Su) က ခင်ဗျား အရည်အချင်းရှိတဲ့အကြောင်းကို မကြာခဏပြောတယ်။


အခုလုေ
ိ တွ့ရတာဝမ်းသာပါတယ်။ ကျွန်တော့်ကို အကြံတွေပေးနိုင်မယ်လို့မျှော်လင့်ပါတယ်" ဟု
ပြောသည်။

"ကျွန်တော်က ထက်မြက်သူမဟုတ်သလို အရည်အချင်းရှိသူလည်း မဟုတ်ပါဘူး။ ကျွန်တော့်ကို


ဒီလိုပြောတာကြားရတာနဲ့တင်အရှက်ရမိတယ်"

"ခင်ဗျားက ရှင်းရဲ့မှာ ခင်ဗျားသခင်နဲ့ ချောင်ချောင်း(Cao Cao) တိုက်တာကို ကူခဲ့တယ်ဆိုတော့


သူ့ရဲ့စစ်တပ်အင်အားကိုသိမှာပေါ့"

602
"ကျွန်တော့်သခင်ရဲ့စစ်တပ်က အင်အားနည်းပြီး စစ်တပ်အင်အားလည်းသိပ်မရှိဘူး၊
မြို့ကလည်းဆင်းရဲသလို စားနပ်ရိက္ခာလည်း မလုံလောက်ဘူး။ ဒါကြောင့် ချောင်ချောင်း(Cao Cao)
ရဲ့တပ်တွေကို မခုခံနိုင်ခဲ့ဘူး"

"သူ့မှာ စုစုပေါင်းအင်အား ဘယ်လောက်ရှိလဲ"

"မြင်းတွေ၊ ခြေလျင်တွေ၊ ကြည်းတပ်၊ ရေတပ်ပေါင်းလိုက်ရင် တစ်သန်းလောက်ရှိမယ်"

"ဒီအင်အားက မယုံနိုင်စရာမဟုတ်လား"

"မဟုတ်ပါဘူး။ ချောင်ချောင်း(Cao Cao) ရန်ကျိုးကိုသွားတဲ့အချိန်တုန်းက သူ့မှာ


အင်အားနှစ်သိန်းရှိနေခဲ့ပြီ။ ယွမ်ရှောက်(Yuan Shao) သေဆုံးပြီးနောက်ပိုင်းမှာတော့
စစ်သားလေးငါးသိန်းလောက် ထပ်တိုးလာခဲ့တယ်။ နောက်ပြီး မြို့တော်မှာလည်း
စစ်သားသုံးလေးသိန်းလောက်ထပ်စုခဲ့တယ်။ နောက် ကျင်ကျိုးမှာလည်း စစ်သားနှစ်သန
ိးသုံးသိန်းလောက်
ထပ်တိုးသွားပြန်တယ်။ ဒါတွေကုေ
ိ ပါင်းလိုက်ရင် စစ်တပ်အင်အားက
ဆယ့်ငါးသိန်းလောက်တောင်ရှိနိုင်တယ်။ ဒါပေမယ့် ခင်ဗျားရဲ့အမှုထမ်းတွေလန့်သွားမှာစိုးလို့
တစ်သန်းလို့ ပဲပြောတာ"

ထိုအချိန်တွင် "လူဆ"ု (Lu Su) မှာ ထိတ်လန့်သွားပြီး မျက်နှာဖြူဖတ်ဖြူရော်ဖြစ်သွားသည်။


"ကျူးကဲလျန့်"(Zhuge Liang) က ထိုပုံစံကိုမမြင်ချေ။ ထို့နောက် "စွန်းချွမ်"(Sun Quan) က
ရန်သဘ
ူ က်မှ ခေါင်းဆောင်များအကြောင်းမေးပြန်သည်။

"ချောင်ချောင်း(Cao Cao) ဆီမှာ ဒီလိုတပ်ဖွဲ့ အကြီးကြီးကိုထိန်းဖို့ ခေါင်းဆောင်ကောင်းတွေ၊ အကြံပေးတွေ


အလုံအလောက်ရှိတယ်။ အစွမ်းထက်ပြီးဝါရင့်ခေါင်းဆောင်ပေါင်းတစ်ထောင်ကျော်လောက်ရှိမယ်၊
နှစ်ထောင်ကျော်ရင်တောင် ကျော်နိုင်တယ်"

"ချောင်ချောင်း(Cao Cao) က ကျင်ကျိုးကိုသိမ်းလိုက်ပြီဆိုတော့ သူ့ရဲ့နောက်အကွက်က ဘာဖြစ်မလဲ"

"သူက မြစ်ကမ်းတစ်လျှောက်မှာစခန်းချပြီး ရေတပ်ကြီးစုဝေးထားတယ်။ ဒါက


တောင်ပိုင်းပြည်နယ်ကိုသမ
ိးဖို့ကလွဲရင် တခြားဘာအတွက်ကြောင့်မှမဖြစ်နိုင်ဘူး"

"ဒါ သူ့အကြံဆိုရင်တော့ ကျုပ် သူ့ကိုတိုကသ


် င့်၊ မတိုက်သင့် ကျွန်တော့်ကိုဆုံးဖြတ်ပေးပါလား"

"ကျွန်တော်ပြောစရာတစ်ခုရှိပါတယ်။ ဒါပေမယ့် နယ်စားကြီး နားမထောင်မှာစိုးရိမ်ရတယ်"

"ကျုပ် ခင်ဗျားအကြံကြားနာဖို့ ဆန္ဒရှိပါတယ်၊ ပြောပါ"

603
"ပြဿနာတွေ၊ အရှုပ်အထွေးတွေက ပေါ်လာခဲ့တာကြာပြီ။ ခင်ဗျားက တောင်ပိုင်းမှာ
စစ်သားတွေစုဆောင်းပြီးတော့ လျူဘေ့(Liu Bei) နဲ့ ဟန်မြစ်တောင်ဘက်မှာစစ်တပ်စုဆောင်းပြီး
တိုင်းပြည်ကြီးအတွင်းမှာ ချောင်ချောင်း(Cao Cao) နဲ့ယှဉ်ပြိုင်ခဲ့တယ်။ အခု ချောင်ချောင်း(Cao Cao) က
သူ့အခက်အခဲအများစုကိုကျော်လွှားနိုင်ခဲ့ပြီး လတ်တလော ကျင်ကျိုးကိုအောင်နိုင်ခဲ့တာကြောင့်
သူ့နာမည်၊ဂုဏ်သိက္ခာကြီးသွားခဲ့တယ်။ သူ့ကိုတွန်းလှန်ဖို့ သတ္တိရှိပေမယ့်လည်း အင်အားမရှိတဲ့အတွက်
လျူဘေ့(Liu Bei) ကဒီကိုရောက်လာခဲ့တယ်။ ဒါကြောင့်
ခင်ဗျားရဲ့စစ်တပ်အင်အားကိုကိုယ့ဟ
်ာကိုယ်တိုင်းတာပြီးတော့ ခုခံနိုင်မယ်လို့ထင်ရင် ခုခံသင့်တယ်။
ဒီလိုမှမဟုတ်ရင်တော့ ခင်ဗျားရဲ့အကြံပေးတွေပြောသလိုပဲ မြောက်ဘက်ကိုမျက်နှာမူပြီး အမှုထမ်းရုံပေါ့"

"စွန်းချွမ်"(Sun Quan) မည်သို့ မျှမပြောပေ။ "ကျူးကဲလျန့်"(Zhuge Liang) မှပင် ဆက်ပြောပြန်သည်။

"ခင်ဗျားက အကျိုးအကြောင်းနဲ့ညီညွတ်တ့လ
ဲူဆိုပြီး နာမည်ကြီးတယ်။ ဒါပေမယ့်
ခင်ဗျားမှာတုံ့ဆိုင်းတတ်တဲ့အကျင့်ရှိတာကျွန်တော်သိတယ်။ ဒီကိစ္စက အရေးကြီးတဲ့အတွက်
အမြန်ဆုံးဖြတ်သင့်တယ်"

"ဒါဆို လျူဘေ့(Liu Bei) ကကော ဘာလို့ လက်နက်မချတာလဲ"

"ခင်ဗျား ထျန်းဟန်(Tian Heng) အကြောင်းကိုသိတယ်မလား။ သူက တခြားလူအောက်မှာ


အညံ့ခံဖို့ မြင့်မြတ်လွန်းတယ်။ လျူဘေ့(Liu Bei) ဟာလည်း မင်းဆွေမင်းမျိုးပဲလေ။
သူအောင်နိုင်မှုမရသေးတာတော့ ကောင်းကင်ကြီးရဲ့ဆန္ဒကြောင့်ပဲ။ ဒါပေမယ့်လည်း သူက
ဘယ်သူ့ လက်အောက်မှာမှ အညံ့ခံနိုင်သမ
ူ ဟုတ်ဘူး"

[Tian Heng - ခုနှစ်ပြည်ထောင်ခေတ်နှင့် ချင်ခေတ်အတွင်းဝယ် ချီပြည်နယ်(Qi) မှ သူရဲကောင်းဖြစ်သည်။


သူသည် ချင်တိုင်းပြည်ကပုန်ကန်ခဲ့ပြီး လျူဘန်း(Liu Bang) ၊ ရှန့် ယွ(ီ Xiang Yu) တို့နှင့် စစ်တိုက်ခဲ့သည်]

ထိုစကားတို့ကြောင့် "စွန်းချွမ်"(Sun Quan) မှာ စိတ်မထိန်းနိုင်ပဲဒေါသထွက်ကာ


ချက်ချင်းပင်ထပြီးထွက်သွားလေသည်။ ထိုနေရာတွင်ရှိသောအမှုထမ်းတို့သည်
အချင်းချင်းကြည့်ကာပြုံးကြသည်။

"လူဆု"(Lu Su) မှာ "ကျူးကဲလျန့်"(Zhuge Liang) သူ့စကားကို မနာယူသဖြင့်စိတဆ


ိုးကာ

"ကံကောင်းလို့ပေါ့၊ သခင်ကြီးကစိတ်ထားမြင့်မြတ်တော့ ခင်ဗျားပြောတာကိုဘာမှပြန်မပြောဘူး" ဟု


ပြောသည်။ "ကျူးကဲလျန့်"(Zhuge Liang) ကရယ်ကာ

604
"တော်တော်အပြောမခံတဲ့လူပဲ။ ကျုပ် ချောင်ချောင်း(Cao Cao) ကိုဘယ်လိုချေမှုန်းရမယ်ဆိုတာ သိတယ်။
သူက ဘာမှမမေးတော့ ကျုပ်လည်းဘာမှမပြောတာ" ဟု ပြန်ပြောသည်။

"ခင်ဗျားသာ တကယ်သိရင် သခင်ကြီးကနေ ခင်ဗျားကိုမေးဖို့ ကျွန်တော် တိုကတ


်ွန်းပါ့မယ်"

"ကျုပ်မျက်လုံးထဲမှာတော့ ချောင်ချောင်း(Cao Cao) တပ်ဖွဲ့ဟာ ပုရွကဆ


ိတအ
် များကြီးသာသာပဲ။
လက်ကိုလှုပ်လိုက်ရုံနဲ့ဖိသတ်လို့ ရတယ်"

"လူဆု"(Lu Su) သည် ချက်ချင်းပင် သူ့သခင်ထံသွားရာ စိတ်တိုနေသော "စွန်းချွမ်"(Sun Quan)


ကိုတွေ့လေသည်။

"ဒီကျူးကဲလျန့်(Zhuge Liang) က ငါ့ကိုတော်တော်စော်ကားတာပဲ"

"ကျွန်တော် သူ့ကိုပြောပြီးသွားပါပြီ။ ဒါနဲ့သူကရယ်ပြီးတော့ သခင်ကြီးက အပြောမခံသူလို့ ဆိုပါတယ်။


နောက်ပြီး သခင်ကြီးကစပြီးမမေးရင် သူကအကြံပေးမှာမဟုတ်ဘူးတဲ့။ သူ့ဆီက
အကြံတောင်းကြည့်ပါလား"

ထိုအခါ "စွန်းချွမ်"(Sun Quan) သည် ဒေါသမှပျော်ရွှင်မှုအဖြစ်ပြောင်းသွားသည်။

"ဒါဆို သူက ရန်သူကိုတိုက်ဖို့နည်းလမ်းရှိတယ်ပေါ့။ သူ့စကားတွေက ငါ့စိတ်ကိုဆွဖို့ ပေါ့။ ငါ


သူ့ကိုခဏတာမုန်းတီးသွားမိပြီး ကောင်းကောင်းတောင်မတွေးတောနိုင်ခဲ့တော့ဘူး"

ထို့နောက် "စွန်းချွမ်"(Sun Quan) သည် ခန်းမဆောင်ထဲပြန်ဝင်သွားပြီး "ကျူးကဲလျန့်"(Zhuge Liang)


အားစကားပြန်ဆက်ရန်ပြောသည်။

"ကျွန်တော် ခင်ဗျားအပေါ်စော်ကားမိသလိုဖြစ်သွားတယ်။ ဗွေမယူပါနဲ့"

"ကျွန်တော်စကားပြောတာလည်း နည်းနည်းရိုင်းသွားမိတယ်၊ တောင်းပန်ပါတယ်"

ဧည့်သည်နှင့်အိမ်ရှင်တို့ သည် အတွင်းဆောင်ဘက်သို့ဝင်သွားကြပြီး


အရက်၊ယမကာတို့ သောက်သံုး ကြသည်။ ထို့နောက် "စွန်းချွမ်"(Sun Quan) မှပင်

"ချောင်ချောင်း(Cao Cao) ရဲ့ရန်သူတွေက လွီပု(Lu Bu) ၊ လျူပြောင်း(Liu Biao) ၊ ယွမ်ရှောက်(Yuan Shao)


၊ ယွမရ
် (ှု Yuan Shu) ၊ လျူဘေ့(Liu Bei) နဲ့ ကျုပ်ကုယ
ိတုင
ိပဲ။ အခု အဲ့လူတွေအများစုကမရှိကြတော့ဘူး၊
လျူဘေ့(Liu Bei) နဲ့ကျုပ်ပဲကျန်တော့တယ်။ ကျုပ်ကဝူပြည်နယ်ကို တခြားလူလက်ထဲအရောက်မခံဘူး။
ချောင်ချောင်း(Cao Cao) နဲ့တိုက်နိုင်မယ့်လူက လျူဘေ့(Liu Bei) ပဲ။ ဒါပေမယ့် အခုတလော
စစ်ရှုံးခဲ့တယ်မဟုတ်လား။ ဒီလောက်အင်အားကြီးကိုဘယ်လိုယှဉ်နိုင်မှာလဲ" ဟု ပြောလေသည်။

605
"စစ်ရှုံးပေမယ့်လည်း လျူဘေ့(Liu Bei) မှာ စစ်သားတစ်သောင်းနဲ့ကွမ်းယွ(ီ Guan Yu) ရှိပါတယ်။ ဒါ့အပြင်
ကျန်းရှာက လျူချီ(Liu Qi) ဆီမှာလည်း စစ်သားတစ်သောင်းလောက်ရှိတယ်။ ချောင်ချောင်း(Cao Cao)
ရဲ့စစ်တပ်က အဝေးကချီတက်လာတာဖြစ်တ့အ
ဲ တွက် ပင်ပန်းနွမ်းနယ်နေပြီ။ နောက်ပြီးတော့
ကျွန်တော်တို့နောက်ကိုလိုက်ဖို့ မြင်းတွေနဲ့ တစ်ရက်တစ်ညအတွင်း မိုင်တစ်ရာခရီးကိုသွားခဲ့တယ်။
ဒါပေမယ့် သူတို့ စစ်တပ်က ဘာမှထပ်မလုပ်နိုင်တော့ဘူး။ သူတို့က မြောက်ပိုင်းသားတွေဖြစ်တဲ့အတွက်
ရေကြောင်းတွေကိုကျွ မ်းကျင်ကြသူမဟုတ်ဘူး ။ ဒါ့အပြင် ကျင်ကျိုးကလူတွေကလည်း
သူ့ကိုသိပ်မကူချင်ဘူး။ စစ်သူကြီးသာ ကျွန်တော့်သခင် လျူဘေ့(Liu Bei) ကိုကူရင် ချောင်ချောင်း(Cao
Cao) က သေချာပေါက်ကျရှုံးပြီး မြောက်ဘက်ကိုပြန်ပြေးရလိမ့်မယ်။ ဒါကြောင့် ဒီဟာကိုအချိန်မလင့်စေပဲ
ဆုံးဖြတ်သင့်တယ်"

"စွန်းချွမ်"(Sun Quan) မှ ပျော်ရွှင်စွာ

"ခင်ဗျားရဲ့စကားတွေက ကျုပ်အတွက် လမ်းဖွင့်လိုက်သလိုပဲ။ ကျွန်တော်ဆုံးဖြတ်ပြီးပြီ။


ဘာမှမတွေဝေတော့ဘူး" ဟု ပြောသည်။

ထို့နောက် "ချောင်ချောင်း(Cao Cao) ကို ပူးပေါင်းတိုကရ


် န်အမိန့်ကို "လူဆ"ု (Lu Su)
မှတဆင့်ထုတ်ပြန်လေသည်။ "စွန်းချွမ်"(Sun Quan) ကိုယ်တိုင်ကမူ "ကျူးကဲလျန့်"(Zhuge Liang) အား
ဧည့်ဆောင်သို့လိုက်ပို့သည်။

ထိုသတင်းကို "ကျန်းကျောက်"(Zhang Zhao) ကြားလေလျှင် သူ၏လုပ်ဖော်ကိုင်ဘက်တို့နှင့်တွေ့ပြီး

"ကျုပ်တို့သခင်ကြီးကတော့ ကျူးကဲလျန့်(Zhuge Liang) ဆင်ထားတဲ့ထောင်ချောက်ထဲဝင်သွားပြီ" ဟု


ပြောသည်။ ထိုသူတို့ သည် လူစုလေ
ူ ဝးဖြင့် "စွန်းချွမ်"(Sun Quan) ထံသွားကာ

"သခင်ကြီး ချောင်ချောင်း(Cao Cao) ကိုတိုက်မယ်ဆိုတဲ့အကြောင်းကျွန်တော်တို့သိရတယ်။ ဒါပေမယ့်


သခင်ကြီးက ယွမ်ရှောက်(Yuan Shao) နဲ့ယှဉ်ရင်ဘယ်လိုလ?ဲ အရင်က ချောင်ချောင်း(Cao Cao)
အင်မတန်အင်အားနည်းခဲ့ပေမယ့်လည်း သူ အခက်အခဲတွေကျော်လွှားခဲ့တယ်။ အခုတော့
တပ်မကြီးပေါင်းများစွာနဲ့အင်အားတောင့်နေခဲ့ပြီ။ သူ့ကိုလွယလ
်ွယန
်ဲ့ခုခံနိုင်မှာမဟုတ်ဘူး ။
ကျူးကဲလျန့်(Zhuge Liang) အကြံနားထောင်တာက မီးပုံထက
ဲို လောင်စာပစ်ထည့်သလိုပဲ" ဟု
ပြောကြသည်။

"စွန်းချွမ်"(Sun Quan) မှာ မည်သို့ မျှမဆိုပေ။

"ကူယုံ"(Gu Yong) မှ

606
"လျူဘေ့(Liu Bei) က စစ်ရှုံးသွားခဲ့ပြီ။ သူက ကျွန်တော်တို့ စစ်တပ်ကိုငှားပြီး သူ့အကြံအတွက်
အသုံးချချင်တာ။ ဘာလို့များသူ့အတွကန
်ဲ့စစ်သားတွေထုတ်ပေးရမှာလဲ?
ခေါင်းဆောင်ရဲ့စကားကိုနားထောင်ပါ" ဟု ပြောသည်။

"စွန်းချွမ်"(Sun Quan) သည် ဆုံးဖြတ်ချက်ချရန် တုံ့ ဆိုင်းသွားပြန်သည်။ ထိုအချိန်တွင် "လူဆ"ု (Lu Su)
ဝင်လာကာ

"သူတို့တွေ သခင်ကြီးကို လက်နက်ချခိုင်းတာက သူတို့ မိသားစုတွေလုံခြုံဖို့ အတွက်ပဲ။ သူတို့ က


သူတို့ ကိုယ်ကျိုးအတွက်နဲ့ တာဝန်ဆုတ
ိာကို ပစ်ပယ်ခဲ့ပြီ။ ဒါကြောင့် သူတို့ပြောတာတွေကို လက်မခံပါနဲ့"
ဟု ဆိုသည်။

"စွန်းချွမ်"(Sun Quan) သည် မည်သို့မျှမပြောပဲ အတွေးထဲတွင် နစ်မြောနေသည်။ "လူဆ"ု (Lu Su)


မှပင်ဆက်ပြောသည်။

"သခင်ကြီး ဒီထပ်နှောင့်နှေးနေရင် အများစုရဲ့ဆန္ဒနဲ့ အမှားဘက်ကိုရောက်....."

"အခုသွားအနားယူပါဦး၊ ဒီကိစ္စကို ငါစဉ်းစားပါရစေဦး"

သို့နှင့် "လူဆ"ု (Lu Su) လည်း ထွက်သွားသည်။

"စွန်းချွမ်"(Sun Quan) ၏အမှုထမ်းများအတွင်းဝယ် စစ်ဘက်ဆိုင်ရာအမှုထမ်းတို့ က စစ်တိုကလ


ိုပြီး
အရပ်သားအမှုထမ်းတို့က လက်နက်ချချင်ကြသည်။ ထိုအဖွဲ့ နှစ်ဖွဲ့တို့ သည် အငြင်းအခုံဖြစ်ကြလေသည်။
"စွန်းချွမ်"(Sun Quan) သည်လည်း သူ၏အတွင်းဆောင်သို့ဝင်သွားပြီးနောက် စားလည်းမစားနိုင်၊
အိပ်လည်းမအိပ်နိုင်ဖြစ်နေခဲ့သည်။

ထိုအချိန်တွင် သူ၏အဒေါ်ဖြစ်သူ ဝူအမျိုးသမီးရောက်လာသည်။ ထိုအဒေါ်ကို "စွန်းချွမ်"(Sun Quan) သည်


မိခင်အရင်းပမာသတ်မှတထ
်ားလေသည်။ ဝူအမျိုးသမီးမှ မည်သည့်အခက်အခဲရှိသနည်းဟုမေးရာ
"စွန်းချွမ်"(Sun Quan) မှ အဖြစ်အပျက်တို့ ကိုပြောပြသည်။

"ကျွန်တော်စစ်တိုကရ
် င် ကျရှုံးနိုင်တယ်။ လက်နက်ချလိုက်ရင်လည်း ချောင်ချောင်း(Cao Cao) က
ကျွန်တော့်ကိုခွင့်လွှတ်ချင်မှခွင့်လတ
ွှ်မှာ"

"ငါ့အစ်မကြီးပြောခဲ့တ့ေ
ဲ နာက်ဆုံးစကားကို မေ့သွားပြီလား"

607
"စွန်းချွမ်"(Sun Quan) သည် အရက်မူးရာမှပြေသွားသကဲ့သို့၊ အိပ်မက်မှနိုးထလာသကဲ့သို့
သူ၏အမေဖြစ်သူပြောခဲ့သောစကားကိုပြန်သတိရလေသည်။ သူ့မိခင်၏စကားသည်ကား
အောက်ပါအတိုင်းဖြစ်သည်။

'အခက်အခဲရှိရင် ကျိုးယွီ(Zhou Yu) နဲ့တိုင်ပင်ပါ'

608
အခန်း(၄၄) "ကျူးကဲလျန့်"(Zhuge Liang) သည် "ကျိုးယွ"ီ (Zhou Yu) အား လံှု့ ဆော်ခြင်း။
"စွန်းချွမ်"(Sun Quan) သည် "ချောင်ချောင်း"(Cao Cao) ကိုတိုက်ရန်ဆုံးဖြတ်လိုက်ခြင်း။

ဝူအမျိုးသမီး၏နောက်ဆုံးစကားမှာ -

"အတွင်းရေးကိစ္စဆိုရင် ကျန်းကျောက်(Zhang Zhao) နဲ့တိုင်ပင်ပြီး ပြင်ပကိစ္စဆိုရင်တော့ ကျိုးယွ(ီ Zhou


Yu) ရဲ့အကူအညီယပ
ူါ" ဟူ၍ဖြစ်သည်။ သို့ နှင့် "ကျိုးယွ"ီ (Zhou Yu) ကိုဆင့်ခေါ်လိုက်သည်။

"ကျိုးယွ"ီ (Zhou Yu) မှာ လမ်းခရီးတွင်ရောက်နေခဲ့ပြီဖြစ်သည်။ ပထမသော် ဖိုရန်ရေကန်တွင်


ရေတပ်လေ့ကျင့်နေခဲ့သော်လည်း "ချောင်ချောင်း"(Cao Cao)
စစ်ချီတက်လာသောသတင်းကိုကြားသည်နှင့် ချက်ချင်းပြန်လာခြင်းဖြစ်သည်။ "ကျိုးယွီ"(Zhou Yu)
ရောက်သည်နှင့် မိတ်ဆွေဖြစ်သော "လူဆ"ု (Lu Su) မှသွားတွေ့သည်။ "ကျိုးယွ"ီ (Zhou Yu) မှ

"စိတမ
် ပူပါနဲ့၊ ကျုပ်ဒက
ီိစ္စကိုဖြေရှင်းနိုင်မှာပါ။ ခင်ဗျား ကျူးကဲလျန့်(Zhuge Liang) ကိုခေါ်လာခဲ့ပါ" ဟု
ပြောလိုက်သည်။

"ကျိုးယွ"ီ (Zhou Yu) ပြန်ရောက်သောသတင်းကိုကြားသည်နှင့် ဧည့်သည်များတဖွဲဖွဲရောက်လာသည်။


ပထမဆုံးရောက်လာသောသူတို့ မှာ "ကျန်းကျောက်"(Zhang Zhao) ၊ "ကျန်းဟုန်"(Zhang Hong) ၊
"ကူယုံ"(Gu Yong) နှင့် "ပုကျီ"(Bu Zhi) တို့ဖြစ်သည်။ သာကြောင်းမာကြောင်းပြောပြီးနောက်
"ကျန်းကျောက်"(Zhang Zhao) မှ

"ကျွန်တော်တို့အန္တရာယ်နဲ့ ရင်ဆုင
ိရတဲ့အကြောင်း ခင်ဗျား ကြားပြီးပြီလား" ဟု စပြောသည်။

"ကျွန်တော် ဘာမှမကြားမိဘူး"

"ချောင်ချောင်း(Cao Cao) က ဟန်မြစ်ကြီးမှာစခန်းချထားတယ်။ ပြီးတော့ ကျွန်တော်တို့သခင်ဆီစာပို့ပြီး


ကျန်းရှာမှာ သူနဲ့အတူစစ်တိုက်ဖို့ တောင်းဆိုတယ်။ သူက ဒီနယ်မြေကိုသိမ်းဖို့ ဆန္ဒရှိကောင်းရှိပေမယ့်
အခုထက်ထိတော့ သေချာမသိရသေးဘူး။ ဒါကြောင့် ကျွန်တော်တို့က သခင်ကြီးကိုလက်နက်ချပြီး
စစ်ပွဲရှောင်ဖို့ အကြံပေးတာ။ ဒါပေမယ့် လူဆ(ု Lu Su) က လျူဘေ့(Liu Bei) ရဲ့အကြံပေး
ကျူးကဲလျန့်(Zhuge Liang) ကိုခေါ်လာတယ်။ ကျူးကဲလျန့်(Zhuge Liang) က
သူလတ်တလောစစ်ရှုံးသွားတာကို လက်စားချေဖို့အတွက် ကျုပ်တို့ ဝူပြည်နယ်ကိုပါ သူ့ဘက်ပါအောင်
စွဲဆောင်တယ်။ လူဆု(Lu Su) ကလည်း စစ်တိုက်ဖို့ လိုလားတယ်။ အခု သူတို့ က
ခင်ဗျားရဲ့ဆံုး ဖြတ်ချက်ကိုပဲစောင့်နေတာ"

"ခင်ဗျားတို့ တွေက ဒီလိုပဲမြင်ကြတာလား"

609
"ကျုပ်တို့အမြင်အကုန်လံုး တူပါတယ်"

"ကျုပ်လည်း လက်နက်ချဖို့ ဆန္ဒရှိပါတယ်။ လောလောဆယ်တော့ ခင်ဗျားတို့ပြန်နှင့်ပါဦး။ မနက်ဖြန်မှာ


သခင်ကြီးနဲ့သွားတွေ့ပြီး သူ့ကိုတိုက်တွန်းပါ့မယ်"

သို့နှင့် "ကျန်းကျောက်"(Zhang Zhao) တို့အဖွဲ့ပြန်သွားသည်။

ထို့နောက် "ချန်ဖူ"(Cheng Pu) ၊ "ဟွမ်ကိုင"် (Huang Gai) ၊ "ဟန်တန်"(Han Dang) စသော


စစ်ဘက်ဆုင
ိရာအမှုထမ်းတို့ရောက်လာသည်။ ထို့ နောက် ခေါင်းဆောင် "ချန်ဖူ"(Cheng Pu) မှ

"ကျုပ်တို့ပြည်နယ် သူများလက်အောက်ရောက်တော့မယ်ဆိုတာသိလား" ဟု ပြောသည်။

"ဘာမှမကြားမိပါဘူး"

"ကျုပ်တို့က ဒီနယ်မြေမှာ စွန်းချွမ်(Sun Quan) ရဲ့ဩဇာမြဲအောင်စစ်တုက


ိခဲ့တယ်။ ဒီနယ်မြေကိုရဖို့
စစ်ပွဲပေါင်းများစွာကိုအရင်းပြုခဲ့ရတယ်။ အခုတော့ အရပ်သားအမှုထမ်းတွေက
လက်နက်ချဖို့ ကြံနေကြတယ်လေ။ ဒါက အင်မတန်ရှကစ
် ရာကောင်းတဲ့အပြုအမူပဲ။ ဒီလိုအညံ့ခံမယ့်အစား
အသက်သာအသေခံမယ်။ ဒါကြောင့် ခင်ဗျားလည်း စစ်တိုက်ဖို့ အတွကက
ိုဆံုး ဖြတ်စေချင်တယ်"

"ခင်ဗျားတို့ အကုန်လုံးက စစ်တုက


ိဖို့ ဆန္ဒရှိတာလား"

ထိုအခါ "ဟွမ်ကိုင်"(Huang Gai) မှ

"ကျုပ်ခေါင်းကိုယူသွားလို့ ရမယ်။ ဘယ်တော့မှလက်နက်မချဘူး" ဟု ပြောသည်။


အခြားသောသူတို့ မှလည်း

"ကျွန်တော်တို့လက်နက်ချဖို့စိတ်ကူးမရှိပါဘူး" ဟု ဆိုကြသည်။

"ကျုပ်လည်း ချောင်ချောင်း(Cao Cao) နဲ့တိုက်ဖို့အစီအစဉ်ရှိပါတယ်။ အခုတော့


စစ်သြူ ကီးတို့ပြန်နားကြပါဦး။ နက်ဖြန်မှာမှ သခင်ကြီးနည့်သွားတွေ့ပြီး စစ်တုက
ိဖို့ ပြောပါ့မယ်"

သို့နှင့် ထိုအဖွဲ့ပြန်သွားပြန်သည်။

မကြာမီပင် "ကျူးကဲကျင်"့ (Zhuge Jin) ၊ "လုဖန်"(Lu Fan)


စသည့်သတ
ို့ပါဝင်သည့်အဖွဲ့ ရောက်လာပြန်သည်။ ဧည့်ဝတ်စကားတို့ ဆိုကြပြီးနောက်
"ကျူးကဲကျင့်"(Zhuge Jin) မှ

610
"ကျွန်တော့်ရဲ့ညီက ဒီကိုရောက်လာတာက ချောင်ချောင်း(Cao Cao) ကိုတက
ို ဖ
ို့မဟာမိတ်ဖွဲ့ ချင်လို့ ပါ။
ကျွန်တော်ဘယ်ဘက်ကိုပါရမလည်းမသိဘူး။ ဒါကြောင့် ခင်ဗျားရဲ့အဆုံးအဖြတ်ကိုစောင့်နေတာ" ဟု
ပြောသည်။

"ခင်ဗျားက ဘယ်လိုထင်လ"ဲ

"လက်နက်ချတာက ငြိမ်းချမ်းမှုအတွက် အလွယ်လမ်းပါပဲ။ စစ်ပွဲကတော့ ရလဒ်မပြောနိုင်ဘူး"

"ကျိုးယွ"ီ (Zhou Yu) မှ ပြုံးကာ

"ကျုပ်ဆုံးဖြတ်ပြီးပါပြီ။ မနက်ဖြန်မှာတော့ သခင်ကြီးရဲ့အိမ်တော်ကိုသွားပြီး


အဆုံးအဖြတ်ကိုကျေညာစေပါ့မယ်" ဟုပြောသည်။ သို့ နှင့် ထိုအဖွဲ့ထွကသ
်ွားကြသည်။

ထို့နောက် "လွီမန်"(Lu Meng) ၊ "ကန်းနင်"(Gan Ning)


နှင့်ထုသ
ိုတို့ ကိုထောက်ခံသူတို့ရောက်လာကြသည်။ ထိုသတ
ူ့ို ကလည်း ထိုစစ်တုက
ိမည်၊
မတိုက်မည်ကိုလာဆွေးနွေးကြခြင်းဖြစ်သည်။ ထိုအထဲတင
ွ် တိုကလ
ိုသတ
ူ့ို ပါဝင်သလို၊
မတိုက်ချင်ကြသူများလည်းရှိသည်။ ထိုသူတို့ကို "ကျိုးယွီ"(Zhou Yu) မှ

"အခုတော့ ဘာမှမပြောသေးပါဘူး။ မနက်ဖြန်မှာတော့ ညီလာခံမှာ ဒါကိုဆွေးနွေးကြတာပေါ့" ဟု


ပြောပြီးပြန်လွှတ်လိုက်သည်။ ထိုသူတို့ထွကသ
်ွားသော် "ကျိုးယွ"ီ (Zhou Yu) မှာ ပြုံးနေသည်။

ပြီးနောက်တွင်မူ "လူဆ"ု (Lu Su) နှင့် "ကျူးကဲလျန့်"(Zhuge Liang) တို့ ရောက်လာကြသည်။ "လူဆ"ု (Lu
Su) မှစပြီး

"ချောင်ချောင်း(Cao Cao) က တောင်ပိုင်းကိုအင်အားအလုံးအရင်းနဲ့ရောက်လာပြီ။ ကျုပ်တို့ သခင်ကြီးက


စစ်တုက
ိဖို့ ကို ဝေခွဲမရဖြစ်ပြီး ခင်ဗျားကိုစောင့်နေတယ်။ ခင်ဗျားကရောဘယ်လိုမြင်လ"ဲ ဟု "ကျိုးယွ"ီ (Zhou
Yu) ကိုမေးသည်။

"ချောင်ချောင်း(Cao Cao) မှာ ဘုရင့်အမိန့်ရှိတယ်ဆိုတော့ သူ့ကိုခုခံဖို့မသင့်တော်ဘူး ။ နောက်ပြီး


သူ့တိုက်ဖို့က အန္တရာယ်များတယ်။ ဒါကြောင့် ကျုပ်က လက်နက်ချရင်ကောင်းမလားလို့ တွေးမိတယ်"

"ဒါမှားတယ်။ ဆွေစဉ်မျိုးဆက်သုံးဆက်လုံးက ဒီနယ်မြေကိုအုပ်ချုပ်လာခဲ့ပြီးပြီ။ ရုတ်တရတ်ကြီး


တခြားသူလက်ထဲမလွှဲသင့်ဘူး။ ကွယ်လွန်သွားပြီဖြစ်တဲ့ သခင်ကြီး စွန်းချဲ့(Sun Ce) က ပြင်ပကိစ္စတွေမှာ
ခင်ဗျားနဲ့တိုင်ပင်ရင် ဒီနယ်မြေက ထိုက်စန်းတောင်လိုပဲ မားမားမတ်မတ်ရပ်တည်နိုင်မယ်လို့ပြောခဲ့တယ်။
ခင်ဗျားပါးစပ်က လက်နက်ချမယ်ဆိုတဲ့စကားထွက်လာလိမ့်မယ်လို့မထင်မိဘူး"

611
"ပြည်နယ်ခြောက်ခုမှာ လူတွေအများကြီးနေထိုင်ကြတယ်။ စစ်ဖြစ်ရင် အဲ့လူတွေပဲဒုကေ
္ခ ရာက်မှာဖြစ်ပြီး
သူတို့ လည်း စစ်ပွဲကိုလိုလားမှာမဟုတ်ဘူး ။ ဒါကြောင့် ကျုပ်က လက်နက်ချဖို့အကြံပေးတာပါ"

"ဒါပေမယ့် ခင်ဗျားက ကျုပ်တို့ သခင်ကြီးရဲ့အစွမ်းအစနဲ့ ပြည်နယ်ရဲ့အင်အားကိုထည့်မတွက်ဘူးလား။


ချောင်ချောင်း(Cao Cao) ကတိုက်တယ်ဆုဥ
ီးတော့၊ ကျုပ်တို့ကိုအောင်နိုင်ဖို့ဆိုတာ မလွယ်ဘူး"

ထိုသူနှစ်ဦးတို့က အငြင်းအခုံဖြစ်နေသော်လည်း "ကျူးကဲလျန့်"(Zhuge Liang) သည်


မည်သို့ မျှဝင်မပြောပဲ ပြုံးကာနေသည်။ ထိုအခါ "ကျိုးယွီ"(Zhou Yu) မှ

"ဒီကဆရာကြီးက ဘာလို့ပြုံးရတာလဲ" ဟု မေးသည်။

"ကျွန်တော်ပြုံးတာက ခေတ်အခြေအနေကိုနားမလည်တဲ့ လူဆ(ု Lu Su) ကြောင့်ပါ"

ထိုအခါ "လူဆ"ု (Lu Su) မှဝင်ပြီး

"ခင်ဗျားက ဘာလို့ ဒီလိုပြောရတာလဲ" ဟု မေးသည်။

"ကျူးကဲလျန့်"(Zhuge Liang) : "ဘာလို့လည်းဆိုတော့ လက်နက်ချတာကလည်း


မကောင်းတာတော့မဟုတ်ပါဘူး။ အင်မတန်သင့်မြတ်တဲ့အကြံပါပဲ"

"ကျိုးယွ"ီ (Zhou Yu) : "တွေ့လား။ ကျူးကဲလျန့်(Zhuge Liang) က


အခြေအနေနဲ့အချိန်အခါကိုနားလည်တယ်။ ကျုပ်နဲ့ သဘောထားတိုက်ဆိုင်တယ်"

"လူဆု"(Lu Su) : "ခင်ဗျားတို့နှစ်ယောက်လုံးက ဘာလို့ဒီလိုပြောရတာလဲ"

"ကျူးကဲလျန့်"(Zhuge Liang) : "ချောင်ချောင်း(Cao Cao) က ခေါင်းဆောင်ပိုင်းမှာထူးချွန်တယ်၊


ဘယ်သူမှ သူနဲ့ မယှဉ်ရဲဘူး။ သူနဲ့ ပြိုင်တဲ့လေ
ူ တွကနည်းနည်းပဲရှိတယ်။ အဲ့လေ
ူ တွထဲမှာလည်း ကျုပ်သခင်
လျူဘေ့(Liu Bei) ကလွဲရင် ကျန်တ့လ
ဲူတွေက ဒီလောကကြီးထဲမှာ မရှိတော့ဘူး။ လျူဘေ့(Liu Bei) က
အခြေအနေနဲ့အချိန်အခါကိုမသိပဲ ချောင်ချောင်း(Cao Cao) နဲ့တိုက်တယ်။ ရလဒ်က အခု ကျန်းရှာမှာ
ခိုလံေ
ှု နရတယ်။ လက်နက်ချတာက ဇနီးနဲ့သားသမီးတွေရဲ့လုံခြုံမှုကိုစိတ်မပူရဘူး၊
တိုင်းပြည်ကြီးရဲ့သာယာဝပြောဖို့အတွက်ကတော့ ကံကိုပဲပုံအပ်လိုက်ပေါ့။ ဒါပေမယ့်လည်း
ဒါကိုထည့်စဉ်းစားဖို့မလိုပါဘူး"

"လူဆု"(Lu Su) က ဒေါသထွက်ကာ စကားဖြတ်ပြီး

"ခင်ဗျားက ကျုပ်တို့ သခင်ကြီးကို ချောင်ချောင်း(Cao Cao) ရှေ့မှာဒူးထောက်စေမလို့ လား" ဟု ပြောသည်။

612
"ကျူးကဲလျန့်"(Zhuge Liang) မှ

"ဒါဆိုရင်တော့ နောက်တစ်နည်းရှိပါတယ်။ အဲ့နည်းသာသုံးရင် 'သိုးကိုဦးဆောင်ပြီးတော့


အရက်အိုးကိုသယ်ခိုင်း' ဖို့ မလိုသလို ပြည်နယ်တွေကို သူများလက်အပ်ဖို့လည်းမလိုပါဘူး။
ခင်ဗျားတို့ ကိုယ်တိုင်တောင် မြစ်ကိုဖြတ်ကူးဖို့ မလိုဘူး။ ခင်ဗျားလိုတာက သံတမန်တစ်ယောက်ရယ်၊
လှေတစ်စီးရယ်နဲ့ လူနှစ်ယောက်ပဲလိုတယ်။ အဲ့လူနှစ်ယောက်ကိုသာ ချောင်ချောင်း(Cao Cao)
ဆီပို့လိုက်ရင် သူတို့ ချက်ချင်းတပ်ခေါက်သွားလိမ့်မယ်" ဟု ပြောသည်။ "ကျိုးယွ"ီ (Zhou Yu) မှ

"ချောင်ချောင်း(Cao Cao) တပ်ခေါက်ပြီး ပြန်သွားစေမယ့် လူနှစ်ဦးက ဘယ်သူပါလိမ"့် ဟုမေးသည်။

"ဒီပြည်နယ်က လူနှစ်ဦးလောက်ကိုစွန့်လွှတ်ရတာကဘာမှမပြောပလောက်ပါဘူး၊ သစ်ပင်တစ်ပင်က


သစ်ရွက်တစ်ရွက်စွန့် သလို၊ သိုလှောင်ရုံထဲက ဆန်တစ်စေ့ထွက်သွားသလောက်ပဲရှိမှာပါ။
ချောင်ချောင်း(Cao Cao) သာ အဲ့လူနှစ်ယောက်ကိုရရင် ပျော်ပြီးတပ်ခေါက်ပြန်သွားမှာသေချာတယ်"

"ဒါပေမယ့် အဲ့လူနှစ်ယောက်က ဘယ်သူလ"ဲ

"ကျွန်တော် ကျေးရွာလေးမှာနေခဲ့တုန်းက ချောင်ချောင်း(Cao Cao) က ကျန်းမြစ်မှာ


မျှော်စင်တစ်ခုဆောက်ခဲ့တယ်၊ အဲ့မျှော်စင်နာမည်က ကြေးနီငှက်မျှော်စင်လို့ခေါ်တယ်၊ အဲ့မျှော်စင်က
အင်မတန်လှပြီးတော့ အဲ့ထဲမှာ တစ်လောကလုံးက မိန်းမချောမိန်းမလှတွေကို စုထားစေတယ်တဲ့၊
ချောင်ချောင်း(Cao Cao) က တကယ်အလှအပကိုခံစားတတ်တဲ့လပ
ူါပဲ။

အခု ဝူပြည်နယ်မှာ ချောင်(Qiao) မျိုးရိုးကဆင်းသက်လာတဲ့


အင်မတန်ချောမောလှပတဲ့မိန်းကလေးနှစ်ဦးရှိတယ်ကြားတယ်။ ချောင်ချောင်း(Cao Cao) က
လောကကြီးမှာ သူအလိုချင်ဆုံးအရာနှစ်ခုရှိတယ်လို့ ပြောခဲ့ဖူးတယ်၊ တစ်ခုက
အေးချမ်းနေတဲ့ဘုရင့်အာဏာဖြစ်ပြီးတော့ နောက်တစ်ခုက ကြေးနီငှက်မျှော်စင်မှာ
အဲ့မိန်းကလေးနှစ်ဦးရှိနေဖို့ ပဲတဲ့။ သူအခုစစ်ချီလာတာရဲ့ရည်ရွယ်ချက်က
တောင်ပိုင်းပြည်နယ်ကိုသမ
ိးဖို့ထက် အဲ့မိန်းကလေးနှစ်ဦးကိုသိမ်းဖို့ပဲ။ ဒါကြောင့် သူ့အဖေကနေပြီး
အဲ့မိန်းကလေးနှစ်ဦးကိုတောင်းလိုက်ပြီး ချောင်ချောင်း(Cao Cao) ဆီကိုပို့ လိုက်ပါလား?
သူတို့ ရည်ရွယခ
်ျက်အထမြောက်သွားရင် သူတို့ လည်း ပြန်လှည့်သွားလိမ့်မယ်။ ဒီလိုသာဆို ဖန်လ(ီ Fan Li)
က အလှပဂေး ရှီးစီး(Xi Shi) ကိုအသုံးချပြီး ဝူဘုရင်ကိုချေမှုန်းသလိုပဲပေါ့"

["ဖန်လီ"(Fan Li) - ယွဲ့ဘုရင် ကောကျန့်(Guo Jian) ၏အကြံပေးဖြစ်ပြီး ဝူဘုရင် "ဖူကျား"(Fu Zha)


ကိုချေမှုန်းရန် အလှမယ် "ရှီးစီး"(Xi Shi) ကို အသုံးချခဲ့သည်။ ဝူကိုအောင်နိုင်ပြီးနောက်တွင်မူ
တိုင်းရေးပြည်ရာမှ အနားယူသွားခဲ့သည်။

613
"ရှီးစီး"(Xi Shi) - ရှေးခေတ်တရုတ်ပြည် အလှဆုံးမိန်းမပျို လေးဦးတွင် တစ်ဦးအပါအဝင်ဖြစ်သည်။
"ဖန်လ"ီ (Fan Li) ၏အစီအစဉ်ဖြင့် "ရှီးစီး"(Xi Shi) သည် ဝူဘုရင်၏အနှစ်သက်ဆုံးသူဖြစ်လာခဲ့ပြီး
ဝူဘရ
ု င်၏သစ္စာရှိအမှုထမ်းများကိုဖယ်ရှားခဲ့သည်။ ဝူတုင
ိးပြည်အင်အားနည်းလာသောအခါ ယွဲ့ဘုရင်က
ဝူကုဝ
ိ င်တိုက်ပြီးအောင်ပွဲခံခဲ့သည်။ ဝူဘုရင်လည်း တိုက်ပွဲတွင် သေဆုံးသွားသည်၊ ဒဏ္ဍာရီအရ
နောက်ဆုံးတွင် "ရှီးစီး"(Xi Shi) သည် "ဖန်လ"ီ (Fan Li) နှင့်အတူပျော်ရွှင်စွာ နေသွားခဲ့သည်ဆု၏
ိ ။
အချို့မှတ်တမ်းတို့တွင်မူ ဝူဘုရင်သေဆုံးပြီးနောက် "ရှီးစီး"(Xi Shi) သည်လည်း ကိုယ့်ကုယ
ိကို
သတ်သေခဲ့သည်ဟုဆိုသည်။

"ကျိုးယွ"ီ (Zhou Yu) မှ

"ချောင်ချောင်း(Cao Cao) က အဲ့မိန်းကလေးနှစ်ဦးကိုလိုချင်တယ်ဆိုတာ ဘယ်လိုသိလဲ" ဟု မေးသည်။


"ကျူးကဲလျန့်"(Zhuge Liang) မှ

"ချောင်ချောင်း(Cao Cao) ရဲ့သား ချောင်ကျီ(Cao Zhi) က ကဗျာစာပေ ကျွမ်းကျင်တယ်လေ။


သူ့အဖေရဲ့အမိန့်အရ 'ကြေးနီငှက်မျှော်စင်သို့ ဖွဲ့နွဲ့သောကဗျာ' ဆိုပြီးဖွဲ့ခိုင်းတော့ အဲ့ထဲမှာ
အဲ့မိန်းကလေးနှစ်ယောက်အကြောင်းကိုပါအောင် ဖွဲ့ခိုင်းခဲ့တယ်လေ။ ကျွန်တော် အဲ့ကဗျာကို
အလွတ်မှတ်မိတယ်။ ခင်ဗျားနားထောင်ချင်ရင်တော့ ရွတ်ပြပါ့မယ်" ဟု ပြောသည်။

"ရွတြ် ကည့်ကြည့်ပါ"

သို့နှင့် "ကျူးကဲလျန့်"(Zhuge Liang) သည် ကဗျာကိုစရွတ်လေသည်။

'

ရှေးကမင်းကောင်းမင်းမြတ်တွေရဲ့ခြေလှမ်းအတိုင်း လှမ်းပါရစေ

မျှော်စင်အပေါ်တက်လိုက်ရင် ရင်ထဲမှာကြည်နူးသွားစေတယ်

နန်းတော်ကြီးကို လှမ်းမြင်ရတယ်

အင်မတန်မြင့်မြတ်တဲ့ပုဂ္ဂိုလ်ကြီးရဲ့အစီအစဉ်တွေကိုကြည့်နိုင်တယ်

သူက မိုးပေါ်အထိထောင်တက်နေတဲ့ အဆောက်အဦးတွေ ဆောက်ခဲ့တယ်

ကောင်းကင်ဘြုံ ကားမှာ လှပတဲ့အဆောက်အဦးတွေ ဆောက်စေခဲ့တယ်

အနောက်ဘက်က မြို့ပြတွေကို မျက်စိတဆုံးမြင်နိုင်တယ်

614
ကျန်းမြစ်ကမ်းနံဘေးမှာ အဆောက်အဦးကိုဆောက်ခဲ့တယ်

ဥယာဉ်ထဲမှာလည်း ပေါများတဲ့အသီးအနှံတွေရှိတယ်

ဘေးတစ်ဖက်စီမှာ မျှော်စင်နှစ်ခုရှိတယ်

တစ်ခုက ရွှေဇာမဏီဖြစ်ပြီး ကျန်တစ်ခုက ကျောက်စိမ်းနဂါးဖြစ်တယ်

သူ့မှာ ဝူပြည်နယ်က လှပတဲ့ချောင်အမျိုးသမီးနှစ်ဦးရှိတယ်

သူတို့ နဲ့အတူ နံနက်ခင်းနဲ့ညနေခင်းရဲ့အလှကိုကြည်နူးတယ်

အောက်ကိုကြည့်လုက
ိရင် နန်းတော်မြို့ကိုမြင်ရပြီး

မြူတွေအုံ့ ဆိုင်းနေတယ်

သူက ပညာရှိတွေစုဝေးတာတာကိုမြင်ရတယ်

ဝင်ဘရ
ု င်ရဲ့အိပ်မက်လိုမျိုးပေါ့

အထက်ကိုကြည့်လိုက်ရင်တော့ နွေဦးရာသီရဲ့အလှကိုတွေ့မယ်

မြောက်များစွာသောငှက်တွေဟာ တေးသံသီကြူးနေကြတယ်

အရာရာတိုင်းရဲ့အထက်မှာ ကောင်းကင်ကြီးရှိနေတယ်

လုပ်ဆောင်ရာမှာ အောင်မြင်မှုကိုလိုလားတယ်

လူသားတွေရဲ့ဩဇာက လောကအနှံ့ကိုဖုံးလွှမ်းစေမယ်

အုပ်ချုပ်သူအပေါ်ကို လေးစားသမှုကိုပေးရမယ်

ဝူဘရ
ု င်နဲ့ဟွမ်ဘုရင်တို့ သာလျှင်

သူ့နားလည်မှုနဲ့ယှဉ်နိုင်မယ်

ဒီလိုကံကောင်းမှု၊ ဒီလိုအလှတွေ!

သနားကြင်နာမှုက အရပ်ရပ်ကိုပြန့်စေတယ်

ဘုရင့်မိသားစုကိုထောက်ခံပြီး

နေရာအနှံ့မှာ ငြိမ်းချမ်းစေတယ်

ဟိုးစကြာဝဠာထဲက

615
နေနဲ့လလို ထွန်းလင်းတောက်ပတယ်

အများရဲ့လေးစားသမှုကိုခံယြူ ပီး

အရှေ့ဘက်ဧကရာဇ်ဆိုတဲ့ဂုဏ်နဲ့ နေထိုင်မယ်

နဂါးအလံက အဆုံးစွန်ထိပျံ့စေပြီးတော့

သူ့ရဲ့လှည်းတော်ယာဉ်ကို ဉာဏ်နဲ့ယှဉ်ပြီးသွားစေတယ်

သူ့အတွေးတွေနဲ့ လောကကြီးကိုပြောင်းလဲစေမယ်

ကောင်းမွန်တဲ့ထက
ွ်ကုန်တွေ ထွက်တယ်

လူတွေလည်းကောင်းကောင်းအနားယူနိုင်တယ်

ကျွန်တော့်ဆန္ဒကတော့ ဒီမျှော်စင်ကြီးထာဝရတည်တံ့ဖို့ပါပဲ

ခေတ်တိုင်းခေတ်တိုင်းမှာ ပျော်ရွှင်မှုတွေမစဲပဲနေမယ်'

"ကျိုးယွီ"(Zhou Yu) သည် ထိုကဗျာကို အဆုံးထိနားထောင်ပြီးနောက် ရုတတ


် ရတ်ထကာ
မြောက်ဘက်ကိုလက်ညှိုးထိုးပြီးနောက် ဒေါသဖြင့်

"ဒီ သူပုန်အဘိုးကြီး၊ ကျုပ်ကိုစော်ကားလွန်းတယ်" ဟု ပြောလေသည်။ ထိုအခါ "ကျူးကဲလျန့်"(Zhuge


Liang) မှ

"ဟန်ဘုရင်တောင်မှ ရှုံးနုလူမျိုးတွေရဲ့ခန်(Khan) ဆီကို မင်းသမီးဆက်သပြီး ငြိမ်းချမ်းရေးယူသေးတာပဲ။


ကိုယ့်နယ်မြေအတွက် လူနှစ်ယောက်ကိုစွန့်လွှတ်တာ ဘာမှမဖြစ်ပါဘူး" ဟု ပြောသည်။

616
"ဒါ ခင်ဗျားမသိဘူး။ ခင်ဗျားပြောတဲ့ ချောင်မိန်းကလေးနှစ်ဦးဆိုတာ အကြီးဖြစ်တဲ့တစ်ယောက်က
သေဆုံးသွားတဲ့ကျုပ်တို့ သခင် စွန်းချဲ့(Sun Ce) ရဲ့ဇနီးဖြစ်ပြီးတော့ အငယ်ကတော့ ကျွန်တော့်ရဲ့ဇနီးပဲ"

"ကျူးကဲလျန့်"(Zhuge Liang) သည် အင်မတန်အံ့ဩသွားဟန်ဖြင့်

"ကျွန်တော် တကယ်မသိခဲ့ဘူး၊ ဒါအမှားကြီးပဲ၊ လုံးဝအပြစ်ကြီးပဲ" ဟု ဆိုသည်။

"ကျုပ်နဲ့ အဲ့သူပုန် နှစ်ယောက်ထဲက တစ်ယောက်သေမှဖြစ်မယ်"

"ဒါက သေသေချာချာတွေးပြီးမှ ဆုံးဖြတ်သင့်တယ်၊ အလျင်စလိုမလုပ်သင့်ဘူး"

"ကျုပ်က အရင်သခင် စွန်းချဲ့(Sun Ce) ရဲ့ယြုံ ကည်မှုအပြည့်အဝရထားတယ်။ ဒါကြောင့် ချောင်ချောင်း(Cao


Cao) လိုလေ
ူ အာက်မှာ ဒူးမထောက်နိုင်ဘူး။ ကျုပ်ခုနကပြောခဲ့တာတွေက
ခင်ဗျားရဲ့အခြေအနေကိုသိချင်လို့ ။ ကျုပ် ဖိုရန်ရေကန်မှာ ရေတပ်ကိုလေ့ကျင့်တာက ချောင်ချောင်း(Cao
Cao) ကိုတုက
ိဖို့အတွကပ
်ဲ။ ဒါကြောင့် ခင်ဗျားက ကျုပ်ကုက
ိုညီပြီး ချောင်ချောင်း(Cao Cao)
ကိုတက
ိုမယ်လို့ ယုံကြည်ပါတယ်"

"ဒါ ငြင်းစရာအကြောင်းမရှိပါဘူး။ ကျွန်တော်ကူညီနိုင်သလောက် ကူညီပါ့မယ်၊ ချောင်ချောင်း(Cao Cao)


ကိုချေမှုန်းဖို့အကြံပေးလို့ ရတယ်"

"မနက်ဖြန်မှာ ကျွန်တော် သခင်ကြီးနဲ့သွားတွေ့ပြီး ဆွေးနွေးရမယ်"

"ကျူးကဲလျန့်"(Zhuge Liang) နှင့် "လူဆ"ု (Lu Su) တို့ လည်း ထွက်သွားကြသည်။

နောက်ရက် အရုဏ်တက်ချိန်တွင် "စွန်းချွမ်"(Sun Quan) သည် အမှုထမ်းတို့အားစုဝေးစေသည်။


အမှုထမ်းစုစုပေါင်းခြောက်ဆယ်ရှိပြီး စစ်ဘက်ဆိုင်ရာအမှုထမ်းတို့က ဘယ်ဘက်တွင်နေရာယူပြီး
အရပ်သားအမှုထမ်းတို့က ညာဘက်တွင် နေရာယူထားသည်။
စစ်ဘက်ဆုင
ိရာအမှုထမ်းတို့၏ခေါင်းဆောင်မှာ "ချန်ဖ"ူ (Cheng Pu) ဖြစ်ပြီး
အရပ်သားအမှုထမ်းတို့၏ခေါင်းဆောင်မှာ "ကျန်းကျောက်"(Zhang Zhao) ဖြစ်သည်။ မကြာမီပင်
"ကျိုးယွ"ီ (Zhou Yu) ဝင်လာသည်။ "ကျိုးယွ"ီ (Zhou Yu) မှ

"ချောင်ချောင်း(Cao Cao) က ရန်စီမြစ်နားမှာစခန်းချထားပြီး သခင်ကြီးဆီကို သဝဏ်လွှာပို့တဲအ


့ ပေါ်ကို
သခင်ကြီးကဘယ်လိုသဘောရပါသလဲ" ဟုပြောသည်။ ထိုအခါ "စွန်းချွမ်"(Sun Quan) မှ
ထိုသဝဏ်လွှာကို "ကျိုးယွ"ီ (Zhou Yu) အား ပေးကာ ဖတ်စေသည်။

"ကျိုးယွ"ီ (Zhou Yu) သည် ထိုစာကိုဖတ်ပြီးနောက် ပြုံးကာ

617
"ဒီအဘိုးကြီးက လောကမှာသူ့ကိုယှဉ်နိုင်တဲ့လူမရှိဘူးထင်ပြီး ဒီလိုစာမျိုးရေးတယ်" ဟု ပြောသည်။
"စွန်းချွမ်"(Sun Quan) မှ

"ခင်ဗျား ဘယ်လိုသဘောရလဲ" ဟု မေးသည်။

"သခင်ကြီးက အမှုထမ်းတွေနဲ့တိုင်ပင်ပြီးပြီလား"

"ကျွန်တော်တို့ ဒါကိုဆွေးနွေးနေတာ ရက်အတော်ကြာပြီ၊ ဒါပေမယ့် မဆုံးဖြတ်ရသေးဘူး။ ဒါကြောင့်


ခင်ဗျားကိုဆုံးဖြတ်ခိုင်းမလို့"

"ဘယ်သူတွေက လက်နက်ချဖို့အကြံပေးတာလဲ"

"ကျန်းကျောက်(Zhang Zhao) နဲ့ သူ့အဖွဲ့တွေက ဒီအကြံကိုထောက်ခံကြတယ်"

ထိုအခါ "ကျိုးယွ"ီ (Zhou Yu) သည် "ကျန်းကျောက်"(Zhang Zhao) ဘက်လှည့်ကာ

"ခင်ဗျား လက်နက်ချလိုတဲ့အကြောင်းရင်းကို ပြောပြပါလား" ဟု မေးသည်။ "ကျန်းကျောက်"(Zhang Zhao)


မှ

"ချောင်ချောင်း(Cao Cao) က ဘုရင့်နာမည်ကိုအသုံးချပြီးတော့ သူ့ရဲ့ရန်သူတွေကိုရှင်းထုတ်နေတယ်။


အခုနောက်ပိုင်းမှာ ကျင်ကျိုးကိုသိမ်းပြီးနောက် သူ့ဩဇာပိုကြီးလာတယ်။ သူ့ကိုခုခံဖို့ဆိုရင်
ရန်စီမြစ်ကိုအားကိုးနိုင်တယ်၊ ဒါပေမယ့် ရန်သူ့ ဘက်မှာလည်း ရေတပ်ကြီးရှိပြီးတော့
ရေလမ်းကနေတိုက်နိုင်တယ်။ အဲ့လိုရန်သူကိုဘယ်လိုများရင်ဆိုင်နိုင်မလဲ။ ဒါကြောင့်
အခွင့်အရေးမရှိသေးခင်မှာ လက်နက်ချဖို့အကြံပေးတာပါ" ဟု ပြောသည်။

"ကျိုးယွ"ီ (Zhou Yu) : "ဒါက မကောင်းတဲ့ကျောင်းသားရဲ့ မဟုတ်တဲ့အကြံဉာဏ်ပဲ။


မျိုးဆက်သုံးဆက်ကြာအောင် အုပ်ချုပ်ခဲ့တ့ဒ
ဲီနယ်မြေကို ဘာကြောင့် စွန့်လွှတ်ရမှာလဲ"

"စွန်းချွမ်"(Sun Quan) : "ဒါဆို ဘယ်လိုလပ


ုကြမလဲ"

"ချောင်ချောင်း(Cao Cao) ဟာတိုင်းပြည်ရဲ့ဝန်ကြီးချုပ်ရာထူးယူထားပေမယ့် တကယ်တော့ သူဟာသူပုန်ပဲ။


သခင်ကြီးက စစ်ပွဲမှာကျွမ်းကျင်ပြီး ရဲဝံ့သူဖြစ်တယ်။
ရဲရင့်ပြီးအရည်အချင်းရှိတ့စ
ဲ စ်သားတွေကိုအုပ်ချုပ်နိုင်တယ်၊ နောက်ပြီး စားနပ်ရိက္ခာ တွေလည်း
အဖူအလုံရှိတယ်။ ဒါကြောင့် သူပုန်လက်အောက်မှာ လက်နက်ချစရာမလိုဘူး။ ဒါ့အပြင် ဒီစစ်ပွဲမှာ
ချောင်ချောင်း(Cao Cao) က စစ်ဗျူဟာတွေကိုလျစ်လျူရှုခဲ့တယ်။ မြောက်ပိုင်းနယ်ကိုတောင်
မသိမ်းနိုင်သေးဘူး။ သူ့မှာ မာထန်(Ma Teng) နဲ့ ဟန်ဆွေ(Han Sui) ရဲ့ရန်တွေရှိသေးတယ်၊ ဒါတောင်
တောင်ဘက်ကိုစစ်ချီလာတယ်။ နောက်တစ်ချက်က မြောက်ပိုင်းသားတွေဟာ
ရေလမ်းခရီးကျွမ်းကျင်သူတွေ မဟုတ်ဘူး။ ချောင်ချောင်း(Cao Cao) က

618
သူ့မြင်းသည်တော်တပ်တွေပဲအားကိုးပြီး ရေတပ်တွေကိုတော့ တခြားလူကိုလွှဲထားတယ်။ ဒါက
သူ့ကိုတိုက်ဖို့ ဒုတိယတစ်ချက်ပဲ။ နောက်အချက်ကတော့ အခုကဆောင်းရာသီဖြစ်တော့ မြင်းတွေအတွက်
စားနပ်ရိက္ခာ ရှာဖို့ ခက်ခဲတယ်။ ဒါက တတိယအချက်ပဲ။ နောက်တစ်ချက်က အလယ်ပိုင်းကစစ်သားတွေက
စွတစ
ိုတဲ့တောင်ပိုင်းကိုချီတက်လာတဲ့အတွက် မမျှတတဲ့ရာသီဥတုအပြောင်းအလဲကြောင့်
ငှကဖ
်ျားတွေဖြစ်နိုင်တယ်။ ဒါက စတုတ္ထအချက်ပဲ။ အခု ချောင်ချောင်း(Cao Cao) တို့ကိုတိုက်ဖို့
ဒီအချက်တွေရှိတယ်၊ သူတို့ တွေရှုံးနှိမ့်မှာဧကန်ပဲ။ ရန္သေ
ူ တွ ဘယ်လောက်ပဲအင်အားများများ၊
ချောင်ချောင်း(Cao Cao) ကိုဖမ်းလို့ရမယ်။ ကျွန်တော့်ကိုစစ်တပ် တပ်ဖွဲ့ အနည်းငယ်ပေးရင်
ရန္သေ
ူ တွကိုနှိမ်နှင်းနိုင်ပါတယ်"

"ချောင်ချောင်း(Cao Cao) က ဟန်အစိုးရကိုဖျက်သိမ်းပြီး ကိုယ်တုင


ိဘုရင်လုပ်ချင်နေတာကြာပြီ။ သူက
သူစိုးရွံ့ခဲ့တဲ့လူတွေကုန
ှိမ်နှင်းခဲ့ပြီးပြီ။ သူ့ရန်သဆ
ိုလို့ ကျုပ်တစ်ယောက်ပဲကျန်တော့တယ်။
ကျုပ်တို့နှစ်ယောက်ထဲက တစ်ယောက်ကတော့ သေမှာအမှန်ပဲ။ ခင်ဗျားပြောတာတွေက
ကျုပ်အတွေးနဲ့တစ်ထပ်ထပ
ဲ။ ကောင်းကင်ကြီးက ခင်ဗျားကိုကျုပ်ဆလ
ွှီတ်လိုက်ပုံရတယ်"

ထို့နောက် "စွန်းချွမ်"(Sun Quan) သည် ဓားကိုထုတ်ကာ ခုံကုပ


ိုင်းဖြတ်လိုက်ပြီး

"နောက်ထပ်တစ်ယောက်ယောက်က လက်နက်ချမယ်ဆိုတဲ့အကြောင်းပြောရင်
ပြောတဲ့လူကုဒ
ီစားပွဲခုံလိုပဲပိုင်းဖြတ်လိုကမ
် ယ်" ဟု ပြောသည်။ ပြီးနောက် ထိုဓားကို "ကျိုးယွ"ီ (Zhou Yu)
အားပေးလိုက်ပြီး ကြည်း၊ရေနှစ်တန်လံုး ၏စစ်သေနာပတိရာထူးခန့်အပ်လိုက်သည်။ "ချန်ဖ"ူ (Cheng Pu)
ကိုမူ ဒု-ရေတပ်စစ်သြူ ကီးရာထူးပေးကာ "လူဆ"ု (Lu Su) ကိုမူ
လက်ထောက်စစ်သူကြီးရာထူးပေးလိုက်သည်။ ထို့ အပြင် "စွန်းချွမ်"(Sun Quan) မှ

"ဒီဓားနဲ့ အမိန့်မနာခံတဲ့အမှုထမ်းမှန်သမျှကို အပြစ်ပေးပိုင်ခွင့်ရှိတယ်" ဟု ပြောလိုက်သည်။

"ကျိုးယွ"ီ (Zhou Yu) သည် ဓားကိုကုင


ိကာ အမှုထမ်းတို့ဘက်လှည့်ပြီး

"သခင်ကြီးပြောသလိုပဲ ကျုပ်ကခင်ဗျားတို့ ကိုဦးဆောင်ပြီး ချောင်ချောင်း(Cao Cao)


ရဲ့တပ်ဖွဲ့ကိုချေမှုန်းရမယ်။ မနက်ဖြန် ခင်ဗျားတို့ တွေ မြစ်ကမ်းနားက စခန်းမှာစုဝေးပြီးတော့ အမိန့်နာခံပါ။
နောက်ကျသည်ဖြစ်စေ၊ ပျက်ကွကသ
် ည်ဖြစ်စေ အဲ့ဒီလက
ို စစ်တပ်စည်းကမ်းအတိုင်းအရေးယူမယ်"
ဟုပြောလေသည်။

ထို့နောက် ညီလာခံကိုသိမ်းလိုက်ပြီး အမှုထမ်းအသီးသီးထွကခ


်ွာသွားကြသည်။

"ကျိုးယွ"ီ (Zhou Yu) သည် သူ့အိမ်ရောက်လျှင် "ကျူးကဲလျန့်"(Zhuge Liang) အားခေါ်ပြီး


စစ်ပွဲအတွက်တိုင်ပင်လေသည်။

619
"ဒါပေမယ့် ခင်ဗျားရဲ့သခင်က စိတ်မဆုံးဖြတ်နိုင်သေးဘူး။ သူစိတ်မပိုင်းဖြတ်နိုင်ခင်
ဘာမှအစီအစဉ်လုပ်လို့ မဖြစ်ဘူး "

"ခင်ဗျားက ဘာကိုဆိုလိုတာလဲ"

"စွန်းချွမ်(Sun Quan) က သူ့စိတ်ထဲမှာ ချောင်ချောင်း(Cao Cao) စစ်တပ်အရေအတွက်ကို


ကြောက်နေတုန်းပဲ။ ခင်ဗျားသာ အဲ့ဒါကိုရှင်းပြနိုင်ရင်တော့ သူလံုး ဝစိတ်ချသွားမှာ"

"ခင်ဗျားပြောတာသင့်တော်တယ်"

ထို့နောက် "ကျိုးယွ"ီ (Zhou Yu) သည် "စွန်းချွမ်"(Sun Quan) ထံသွားရာ "စွန်းချွမ်"(Sun Quan) မှ

"ဒီအချိန်ကြီးလာကာ ကိစ္စကြီးတစ်ခုခုရှိလို့ လား" ဟုမေးသည်။

"ကျွန်တော် နက်ဖြန်မှာစစ်တပ်တွေကိုပြင်ဆင်မှာ သခင်ကြီးက လုံးဝစိတ်ပိုင်းဖြတ်ပြီးပြီလား"

"တကယ်တော့ ရန်သူရဲ့အရေအတွက်ကို စိတ်ပူပန်မိနေတုန်းပဲ။ ကျုပ်တို့အင်အားက နည်းလွန်းတယ်။


အဲ့အတွကပ
်ဲစိတပ
်ူတာ"

"ဒီကိစ္စနဲ့ပတ်သတ်ပြီးပြောဖို့ ကျွန်တော်လာခဲ့တာပါ။ ကျွန်တော်ရှင်းပြပါ့မယ်။ ချောင်ချောင်း(Cao Ca)


ရဲ့စာမှာ သူ့စစ်တပ်အင်အားကိုတစ်သန်းလို့ ဆိုထားတယ်။ ဒါကိုကြည့်ပြီး သခင်ကြီးက စိတ်ပူပန်နေတာပါ။
ကျွန်တော်တို့ ဒါကိုသေချာတွက်ကြည့်တာပေါ့။ သူ့မှာ အလယ်ပိုင်းဒေသက တပ်ဖွဲ့ က
တစ်သိန်းခွဲလောက်ရှိတယ်။ အများစုက နေမကောင်းဖြစ်နေတယ်။ နောက်ပြီး ယွမ်ရှောက်(Yuan Shao)
ရဲ့စစ်သား ခုနှစ်သောင်းရှစ်သောင်းလောက်ရခဲ့တယ်၊ ဒါပေမယ့် အဲ့စစ်သားတွေက
သူ့အပေါ်သစ္စာရှိချင်မှရှိမှာ။ ဒါတွေတွက်ကြည့်ရင်များတယ်လို့ ထင်ပေမယ့် မှုလောက်စရာမရှိပါဘူး။
အဲ့တပ်လောက်ကို ကျွန်တော်စစ်တပ်ငါးသောင်းလောက်နဲ့ပဲ တိုကြ် ပီးအနိုင်ယူနိုင်တယ်။ ဒါကြောင့်
သခင်ကြီးစိတ်ပူစရာမလိုပါဘူး"

ထိုအခါ "စွန်းချွမ်"(Sun Quan) သည် "ကျိုးယွ"ီ (Zhou Yu) ပုခုံးကိုပုတ်လိုက်ပြီး

"ခင်ဗျားက ကျုပ်အခက်အခဲဖြစ်နေတာကို ရှင်းပြပြီး ယုံမှားသံသယကင်းစေခဲ့တယ်။ ကျန်းကျောက်(Zhang


Zhao) က ကျုပ်မျှော်လင့်ချက်တွေကုပ
ိတ်ပင်နေတဲ့အရူးတစ်ယောက်ပဲ။ ခင်ဗျားနဲ့လူဆု(Lu Su) သာလျှင်
ကျုပ်အပေါ်နားလည်နိုင်တယ်။ မနက်ဖြန်မှာ ခင်ဗျားရယ်၊ လူဆ(ု Lu Su) ရယ်၊ ချန်ဖူ(Cheng Pu)
သုံးယောက် စစ်တပ်ကိုဦးဆောင်ကြတော့မယ်။ လိုအပ်ရင် ခင်ဗျားတို့ ကိုကူညီဖို့
စစ်တပ်နဲ့စားနပ်ရိက္ခာတွေအဆင်သင့်ပြင်ထားပါ့မယ်။ အခက်အခဲရှိရင် ကျုပ်ကုယ
ိတုင
ိဦးဆောင်ပြီး
လာကူပေးမယ်" ဟု ပြောသည်။

620
ထို့နောက် "ကျိုးယွ"ီ (Zhou Yu) ထွက်ခွာသွားသည်။

"ကျိုးယွ"ီ (Zhou Yu) ၏စိတ်ထဲတွင်မူ

"ဒီကျူးကဲလျန့်(Zhuge Liang) က ငါ့သခင်ကြီးရဲ့စိတ်ကိုတောင်ခန့်မှန်းနိုင်တယ်။ နောက်ပိုင်းမှာ သူက


အန္တရာယ်ရှိလာနိုင်တဲ့အတွက် ရှင်းထားမှကောင်းမယ်" ဟုတွေးသည်။

ထို့နောက် "လူဆ"ု (Lu Su) ကိုခေါ်ပြီး ၎င်းကိစ္စကိုတုင


ိပင်သည်။

"မဖြစ်ဘူး၊ မဖြစ်ဘူး။ ချောင်ချောင်း(Cao Cao) နဲ့မတိုက်နိုင်သေးခင်မှာ ကိုယ့ဘ


် က်က
အတော်ဆုံးမဟာမိတ်ကို ရှင်းပစ်မလို့ လား"

"ဒါပေမယ့် နောက်ပိုင်းမှာ ကျူးကဲလျန့်(Zhuge Liang) က လျူဘေ့(Liu Bei) ကိုကူပြီး


ကျုပ်တို့ရဲ့ရန်သြူ ဖစ်လာနိုင်တယ်"

"ဒါဆို သူ့အစ်ကို ကျူးကဲကျင့်(Zhuge Jin) ကိုလွှတ်ပြီး


ကျုပ်တို့ဘက်ပါနိုင်မလားလို့ဆွဲဆောင်ကြည့်ပါလား။ ကျုပ်တို့ ဆီမှာ အမှုထမ်းရင်တော့ အကောင်းဆုံးပေါ့"

"ဒါတော့ ဟုတတ
် ယ်"

နောက်ရက်တွင် "ကျိုးယွီ"(Zhou Yu) သည် တပ်စခန်းအတွင်းဝယ် အမှုထမ်းတို့နှင့်တွေ့သည်။


အမှုထမ်းတို့သည် တန်းစီကာ အမိန့် ကိုစောင့်နေကြသည်။ ထိုအထဲတွင် ဒု-စစ်သူကြီးဖြစ်သည့်
"ချန်ဖ"ူ (Cheng Pu) ရောက်မလာချေ။ အကြောင်းရင်းမှာ "ချန်ဖူ"(Cheng Pu) သည် "ကျိုးယွ"ီ (Zhou Yu)
ထက်အသက်ကြီးသော်လည်း ဒု-ခေါင်းဆောင်ရာထူးသာပေးသဖြင့် ဒေါသထွက်ပြီး
နေမကောင်းဟုအကြောင်းပြကာ မတက်ရောက်ပဲနေခြင်းဖြစ်သည်။ "ချန်ဖူ"(Cheng Pu) သည် သူ့အစား
သူ့သားအကြီးဖြစ်သူ "ချန်ကျီ"(Cheng Zhi) ကိုသာလွှတ်လိုက်သည်။

"ကျိုးယွ"ီ (Zhou Yu) မှ

"ဥပဒေဆိုတာ ခွဲခြားမှုမရှိဘူး၊ ခင်ဗျားတို့ တွေက တာဝန်ကျတာကို မပျက်မကွက်တက်ရောက်ရမယ်။


လက်ရှိအချိန်မှာ ချောင်ချောင်း(Cao Cao) က ဟိုးအရင် တုန်ကျိုး(Dong Zhuo) ထက်တောင်
အာဏာကြီးနေခဲ့ပြီ။ ဘုရင်ကလည်း ရွှီချန်မှာ ရာဇဝတ်သားလိုပဲ အစောင့်တွေရဲ့စောင့်ကြည့်မှုခံရတယ်။
ကျုပ်မှာ ချောင်ချောင်း(Cao Cao) ကိုတိုကဖ
ို့အမိန့်ရှိတယ်၊ ခင်ဗျားတို့ တွေရဲ့အကူအညီနဲ့
ချောင်ချောင်း(Cao Cao) ကိုချေမှုန်းမယ်။ ကျုပ်တို့ ရဲ့စစ်တပ်က သာမန်ပြည်သူလထ
ူုကို
ဒုက္ခမရောက်စေရဘူး။ ကောင်းကောင်းတာဝန်ထမ်းဆောင်နိုင်ရင် ဆုလာဘ်ပေးမှာဖြစ်သလို
အျပစ္က်ဴးလြန္သေ
ူ တွကိုလည်း မခွဲခြားပဲ အပြစ်ဒဏ်ပေးမှာဖြစ်တယ်" ဟု ပြောသည်။

621
ထို့နောက် "ဟန်တန်"(Han Dang) နှင့် "ဟွမ်ကိုင်"(Huang Gai) တို့ အား
ရှေ့ပြေးတပ်ခေါင်းဆောင်အဖြစ်ခန့်အပ်ပြီး သင်္ဘောတို့ဖြင့် 'လျှိုမြောင်သုံးခု' သို့ချီတက်စေသည်။
စစ္တပ္ကုေ
ိ လးဖွဲ့ ခွဲပြီး တစ်တပ်လျှင်ခေါင်းဆောင်နှစ်ဦးစီထားသည်။ အမှတ်တစ်တပ်တင
ွ်
"ကျန်းချင်"(Jiang Qin) နှင့် "ကျိုးထိုက်"(Zhou Tai) ၊ အမှတန
ှ်စ်တပ်တွင် "ဖန်ကျန်း"(Pan Zhang) နှင့်
"လင်ထုံ"(Ling Tong) ၊ အမှတ်သုံးတပ်တွင် "ထိုက်ရှီချီ"(Taishi Ci) နှင့် "လွီမန်"(Lu Meng) ၊
အမွတေ
် လးတပ်တွင် "လုရွှင့်"(Lu Xun) နှင့် "တုန်းရှီး"(Dong Xi) တို့ ဦးဆောင်သည်။ "လုဖန်"(Lu Fan)
နှင့် "ကျူကျီ"(Zhu Zhi) တို့ကို စစ်ဆေးရေးအရာရှိအဖြစ်ခန့်အပ်ကာ
စစ်တပ်တို့ အားလှည့်လည
ှ်ကြည့်ရှုရန်တာဝန်ပေးထားသည်။ မကြာမီပင် စစ်တပ်ကြီးချီတက်ပေတော့မည်။

ထိုအမိန့်တို့ ကိုရကြပြီးနောက် တပ်ဖွဲ့ အသီးသီးတို့သည် ပြင်ဆင်မှုများလုပ်ကြလေသည်။


"ချန်ကျီ"(Cheng Zhi) သည် ထိုအကြောင်းတို့ကို "ချန်ဖ"ူ (Cheng Pu) အားပြောပြလျှင် "ချန်ဖ"ူ (Cheng
Pu) မှာ အံ့အားသင့်သွားပြီး

"ကျိုးယွ(ီ Zhou Yu) က စာပေပညာရှင်ဖြစ်တဲ့အတွက် စစ်တပ်ကိုဦးဆောင်နိုင်တဲ့လြူ ဖစ်မှာမဟုတ်ဘူးဆိုပြီး


မျက်မုန်းကျိုးခဲ့တာ။ ဒါပေမယ့် အခု သူ့ရဲ့ပြင်ဆင်မှုတွေကိုကြည့်ရင်
သူ့မှာခေါင်းဆောင်မှုအရည်အချင်းရှိတယ်ဆိုတာ ပြတာပဲ။ ဒါကြောင့် ငါသူ့ကို ကူညီရမယ်" ဟု
ပြောသည်။

"ချန်ဖ"ူ (Cheng Pu) သည် "ကျိုးယွ"ီ (Zhou Yu) ထံသွားပြီးနောက် သူ၏အပြစ်ကုဝ


ိ န်ခံသည်။
"ကျိုးယွ"ီ (Zhou Yu) ကလည်း ထိုအပြစ်တို့ ကို ခွင့်လွှတ်ပေးလေသည်။

ထို့နောက် "ကျိုးယွ"ီ (Zhou Yu) သည် "ကျူးကဲကျင်"့ (Zhuge Jin) ကို ခေါ်ကာ

"ခင်ဗျားရဲ့ညီက ဘုရင့်အတိုင်ပင်ခံတောင်ဖြစ်သင့်တဲ့ ထူးချွန်တဲ့လူပဲ။ သူက ဘာလို့များ လျူဘေ့(Liu Bei)


လက်အောက်မှာ အမှုထမ်းရတာလဲ? အခု သူက ဒီရောက်နေတယ်ဆိုတော့ ခင်ဗျားက
သူ့ကိုဒီမှာပဲနေဖို့ တိုက်တွန်းကြည့်ပါလား? ဒါဆိုရင် သခင်ကြီးလည်း
ခင်ဗျားရဲ့ညီအစ်ကုန
ှိစ်ယောက်လံုး ရဲ့အကူအညီရမှာပေါ့၊ အဆင်ပြေပါစေလို့ ဆုတောင်းပေးပါတယ်" ဟု
ပြောသည်။

"ကျွန်တော် ဒီမှာတာဝန်ထမ်းဆောင်ကတည်းက ဘာမှကြီးကြီးမားမားမစွမ်းဆောင်နိုင်ခဲ့ဘူး။ အခု


ခင်ဗျားပေးတဲ့အမိန့် ကိုအောင်မြင်အောင် လုပ်ပါ့မယ်"

622
ထို့နောက် "ကျူးကဲကျင်"့ (Zhuge Jin) သည် သူ့ညီထံသွားသည်။ "ကျူးကဲလျန့်"(Zhuge Liang) သည်
အစ်ကြို ဖစ်သူအား အရိုအသေပြုပြီးနောက် ငိုကာ သူ၏အဖြစ်အပျက်တို့ကိုပြောလေသည်။ ထိုအခါ
"ကျူးကဲကျင့်"(Zhuge Jin) ကလည်း ငိုပြီး

"ငါ့ညီ၊ ပေါ်ရီ(Bo Yi) နဲ့ ရှူချီ(Shu Qi) ဆိုတဲ့ညီအစ်ကိုနှစ်ယောက်ရဲ့ပုံပြင်ကိုမှတ်မိလား။ သူတို့ က


ဘယ်တော့မှမခွဲခွာတဲ့ညီနောင်တွေလေ" ဟု စကားစသည်။ "ကျူးကဲလျန့်"(Zhuge Liang) သည်
စိတထ
်ဲတွင် 'ကျိုးယွ(ီ Zhou Yu) က သူ့ကိုလွှတ်လိုက်တာ ငါ့ကိုသိမ်းသွင်းဖို့ ပဲနေမယ်' ဟုတွေးပြီးနောက်

"သူတို့က ဟိုးအရင်ခေတ်ကလူတွေလေ၊ သိတာပေါ့" ဟုပြောသည်။

"သူတို့နှစ်ဦးဟာ ရှို့ ရန်တောင်ကုန်းမှာ အစာရေစာပြတ်လပ်ပြီး သေဆုံးသွားပေမယ့်လည်း ဘယ်တော့မှ


မခွဲခွာခဲ့ဘူး ။ မင်းနဲ့ငါကျတော့ တစ်ဝမ်းတည်းကမွေးပြီး တစ်မအေထဲရဲ့နို့ ကိုစို့ လာခဲ့ပေမယ့်
အမှုထမ်းတဲ့သခင်မတူတော့ ဘယ်တော့မှမတွေ့ကြရဘူး။ ပေါ်ရီ(Bo Yi) ၊ ရှူချီ(Shu Qi)
ညီနောင်နဲ့ယှဉ်လိုက်ရင် ရှက်စရာကောင်းမနေဘူးလား"

ပေါ်ရီ(Bo Yi) နှင့် ရှူချီ(Shu Qi) တို့သည် ကူကျူ(Guzhu) သခင်၏သားနှစ်ဦးဖြစ်သည်။ အဖေဖြစ်သူက


အငယ်ဖြစ်သော ရှူချီ(Shu Qi) ကို သူ၏အရိုက်အရာဆက်ခံစေလိုသည်။
အေဖျဖစ္သေ
ူ သဆုံးသွားပြီးနောက် ရှူချီ(Shu Qi) က ထိုရာထူးကို သူ့အစ်ကိုအား လွှဲပေးသည်။ သို့သော်
ပေါ်ရီ(Bo Yi) က "ဒါအဖေ့ဆန္ဒပဲ" လို့ပြောပြီး လက်မခံပဲထွကေ
် ပြးသွားသည်။ ရှူချီ(Shu Qi) သည်လည်း
ထိုရာထူးကိုဆက်မယူပဲထွက်ပြေးသွားသည်။ နောက်ဆုံးတွင် လူတို့ က သားအလတ်ကိုသာ
အရိုကအ
် ရာဆက်ခံစေလိုက်သည်ဟူ၏။

"ကျူးကဲလျန့်"(Zhuge Liang) မှ

"အစ်ကိုကြီးက မေတ္တာအကြောင်းပြောပေမယ့် ကျွန်တော်က တာဝန်ဆိုတာကို ဦးစားပေးနေရတယ်။


ကျွန်တော်တို့နှစ်ယောက်လုံးက ဟန်တုင
ိးပြည်က အမှုထမ်းတွေပဲလေ။ နောက်ပြီး လျူဘေ့(Liu Bei) က
ဟန်တိုင်းပြည်ရဲ့မင်းဆွေမင်းမျိုး၊ အစ်ကိုကြီးသာ တောင်ပိုင်းပြည်နယ်ကိုစွန့်ပြီး
ကျွန်တော်တို့ဘက်ကိုလာမယ်ဆိုရင်တော့ ကျွန်တော်တို့နှစ်ယောက်လုံးက
ဟန်တိုင်းပြည်ရဲ့ဝန်ကြီးဖြစ်လာမှာပေါ့။ ဒီလိုဆိုရင် ကျွန်တော်တို့ လည်း သွေးရင်းသားရင်းလို
အတူတူနေနိုင်မှာပဲလေ။ ဒါ့အပြင် အဲ့လိုသာဆိုရင် ကိုယ်ရေးကိုယ်တာရော၊ တာဝန်ပါ
ကျေပွန်ရာမရောက်ဘူးလား၊ အစ်ကိုကြီး ဘယ်လုသ
ိ ဘောရလဲ" ဟု ပြန်ပြောသည်။ "ကျူးကဲကျင်"့ (Zhuge
Jin) မှာ

623
'ငါက သူ့ကို ငါတို့ ဘက်ပါအောင် သိမ်းသွင်းတာ၊ သူ့ကို ငါ့ကိုပြန်ဆွဲခေါ်နေတယ်' ဟု တွေးပြီး
မည်သို့ မျှမပြောတော့ပဲ နှုတ်ဆက်စကားဆိုကာ ထွက်သွားသည်။

"ကျူးကဲကျင့်"(Zhuge Jin) သည် "ကျိုးယွီ"(Zhou Yu) နှင့်သွားတွေ့ပြီး အဖြစ်အပျက်တို့ကိုပြောရာ


"ကျိုးယွ"ီ (Zhou Yu) မှ

"သူပြောတာကို ခင်ဗျားဘယ်လိုသဘောရလဲ" ဟု မေးသည်။

"စစ်သူကြီး စွန်းချွမ်(Sun Quan) က ကျွန်တော့်အပေါ်ကောင်းကောင်းဆက်ဆံခဲ့တာ


သူ့ကိုသစ္စာမဖောက်ပါဘူး"

"ခင်ဗျားက ဒီမှာပဲသစ္စာရှိအမှုထမ်းအဖြစ်တာဝန်ထမ်းဆောင်မယ်လို့ ဆုံးဖြတ်ပြီးပြီဆိုတော့


ဘာမှထပ်မပြောပါနဲ့တော့။ ခင်ဗျားညီကိုခေါ်ဖို့အစီအစဉ်ကို ကျုပ်တွေးပါဦးမယ်"

624
အခန်း(၄၅) ကမ်းပါးသုံးခုတွင် "ချောင်ချောင်း"(Cao Cao)
စစ်တပ်များဆုံးရှုံးခြင်း၊သူရဲကောင်းတို့ ညီလာခံဝယ် "ကျန်ကန့်"(Jiang Gan)
ထောင်ချောက်ဆင်ခံရခြင်း။

"ကျိုးယွ"ီ (Zhou Yu) သည် "ကျူးကဲကျင်"့ (Zhuge Jin) ဆီမှစကားကိုကြားပြီးနောက်


"ကျူးကဲလျန့်"(Zhuge Liang) အပေါ် မုန်းကာ တစ်နေ့နေ့တွင် ရှင်းထုတ်ပြစ်မည်ဟု ကြံရွယ်ထားသည်။
စစ်ပွဲအတွက် ပြင်ဆင်မှုများပြုလုပ်ပြီးနောက်တွင် "စွန်းချွမ်"(Sun Quan) နှင့်သွားတွေ့လေသည်။
"စွန်းချွမ်"(Sun Quan) မှ

"ခင်ဗျား စစ်မြေပြင်ကို အရင်ချီတက်နှင့်ဦး။ ကျုပ် နောက်မှ ခင်ဗျားကိုကည


ီူဖို့ လာခဲ့မယ်" ဟုပြောသည်။

ထို့နောက် "ကျိုးယွ"ီ (Zhou Yu) သည် "ချန်ဖ"ူ (Cheng Pu) ၊ "လူဆု"(Lu Su) တို့ နှင့်အတူ
စစ်တပ်ကိုဦးဆောင်ကာ ချီတက်သည်။ ထိုချီတက်ရာတွင် "ကျူးကဲလျန့်"(Zhuge Liang) ကိုပါ လိုက်ပါရန်
ဖိတေ
် ခ်ါရာ "ကျူးကဲလျန့်"(Zhuge Liang) ကလည်း ဝမ်းပန်းတသာလိုက်ပါလေသည်။
ထိုစစ်တပ်ကြီးသည် စစ်သင်္ဘောတို့ဖြင့် ရှခိုသို့ ချီတက်သည်။

ကမ်းပါးသုံးခုမှ မိုင်နှစ်ဆယ်အကွာ ဆိပ်ကမ်းတစ်ခုတွင် ကျောက်ချပြီးနောက်


အနောက်ဘက်တောင်ကုန်းကို အကာအကွယ်ယူကာ စခန်းချလေသည်။ "ကျူးကဲလျန့်"(Zhuge Liang)
မှာမူ သင်္ဘောပေါ်တွင်သာ နေရစ်ခဲ့သည်။ ပြင်ဆင်မှုများပြုလုပ်ပြီးနောက် "ကျိုးယွ"ီ (Zhou Yu) သည်
"ကျူးကဲလျန့်"(Zhuge Liang) ကိုဖိတ်ခေါ်ကာ အကြံဉာဏ်တောင်းသည်။

"ကျူးကဲလျန့်"(Zhuge Liang) ရောက်သော် "ကျိုးယွီ"(Zhou Yu) မှ

"အရင်က ချောင်ချောင်း(Cao Cao) ဟာ ယွမ်ရှောက်(Yuan Shao) ထက်စစ်တပ်အင်အားနည်းခဲ့တယ်။


ဒါပေမယ့်လည်း သူက ရွှင်ယို(Xun You) ရဲ့အကြံကိုလက်ခံပြီး ဝူချောင်မှာ ယွမ်ရှောက်(Yuan Shao)
ရဲ့စားနပ်ရိက္ခာ တွေကိုဖျက်စီးလိုက်တဲ့အတွက် ယွမ်ရှောက်(Yuan Shao) ကို အောင်နိုင်ခဲ့တယ်။ အခုတော့
ချောင်ချောင်း(Cao Cao) မှာ စစ်တပ်ရှစ်သိန်းလောက်ရှိနေပြီး ဒီဘက်မှာတော့
ငါးသောင်းခြောက်သောင်းလောက်ပဲရှိတယ်။ သူ့ကိုတိုကခ
်ျင်ရင်တော့ ပထမဆုံး သူ့ရဲ့စားနပ်ရိက္ခာတွေကို
ဖျက်စီးပစ်ရမယ်။ ကျုပ်စုံစမ်းထားတဲ့အရကတော့ ရန်သူရဲ့စားနပ်ရိက္ခာအများစုက 'သံမြား'တောင်မှာ
ရှိတယ်လို့ ဆိုတယ်။ ခင်ဗျားက ဒီနားတဝိုက်မှာနေခဲ့ဖူးတော့ ဒီနယ်မြေပတ်ဝန်းကျင်နဲ့ ရင်းနှီးမှာပဲ။
ဒါကြောင့် ရန်သူရဲ့စားနပ်ရက
္ခိာ လမ်းကြောင်းကိုဖြတ်တောက်ဖို့ ခင်ဗျားရယ်၊
ခင်ဗျားတို့ တပ်ဖွဲ့ ကလူတွေဖြစ်တဲ့ ကွမ်းယွ(ီ Guan Yu) ၊ ကျန်းဖေး(Zhang Fei) နဲ့ ကျောက်ယွင(် Zhao

625
Yun) တို့ကိုတာဝန်ပေးချင်တယ်။ ဒါကြောင့် ဒီကစ
္စိကိုမနှောင့်နှေးစေပဲ အမြန်လုပ်ဆောင်ပါ။"
ဟုပြောသည်။

ထိုအခါ "ကျူးကဲလျန့်"(Zhuge Liang) သည် ဤသို့ တွေးသည်။

'သူတို့ ဘက်ကိုဖိတ်ခေါ်တာ လက်မခံလို့ လက်စားချေတဲ့သဘောပဲ။ ငါငြင်းလိုက်ရင်


ပြက်ရယ်ပြုတာခံရမှာဖြစ်တယ်။ ဒါကြောင့် သူပြောတာကိုလက်ခံလိုက်ပြီးမှ
သူဘယ်လိုအန္တရာယ်ပေးမယ်ဆိုတာ စောင့်ကြည့်ရမယ်'

ထို့နောက် "ကျူးကဲလျန့်"(Zhuge Liang) ကလည်း ထိုတာဝန်ကိုလက်ခံလိုကသ


် ည်။

"ကျူးကဲလျန့်"(Zhuge Liang) ထွကသ


်ွားလျှင် "လူဆ"ု (Lu Su) မှ "ကျိုးယွီ"(Zhou Yu) အား

"ခင်ဗျား သူ့ကိုဘာလို့ဒီတာဝန်ပေးလိုက်တာလဲ" ဟု မေးသည်။

"ဘာလို့လည်းဆိုတော့ ငါ သူ့ကို တခြားပယောဂနဲ့သေစေချင်လို့။ ချောင်ချောင်း(Cao Cao)


လက်ချက်နဲ့သာသေသွားရင် သူ ငါတို့ကိုလုပ်ကြံမှာ စိုးရိမ်စရာမလိုတော့ဘူး"

ထို့နောက် "လူဆ"ု (Lu Su) လည်း "ကျူးကဲလျန့်"(Zhuge Liang) ကိုသွားကြည့်လေသည်။


"ကျူးကဲလျန့်"(Zhuge Liang) မှာ မည်သို့ မှထူး ထူးခြားခြားမရှိပဲ
စစ်တပ်တို့ ကိုပြင်ဆင်နေသည်ကိုတွေ့သည်။ "လူဆု"(Lu Su) မှာ မနေနိုင်ပဲ

"ဒီလိုစစ်ပွဲက အောင်နိုင်မယ်လို့ထင်လား" ဟုမေးသည်။ "ကျူးကဲလျန့်"(Zhuge Liang) ကရယ်ကာ

"ကျွန်တော်က ခြေလျင်၊ မြင်း၊ ရေတပ် ဘယ်လိုမျိုးစစ်ချီတက်မှုမျိုးဖြစ်ဖြစ် ကျွမ်းကျင်တယ်။ မနိုင်မှာ


စိတပ
်ူစရာမလိုဘူး။ ကျွန်တော်က ခင်ဗျားနဲ့ခင်ဗျားသူငယ်ချင်းလို တစ်ခုတည်းမှာပဲ ထူးချွန်တာမဟုတ်ဘူး"
ဟု ပြောသည်။

"ဒီနေရာမှာပဲ ထူးချွန်တယ်ဆုတ
ိာ ဘာကိုပြောတာလဲ"

"ခင်ဗျားတို့ ဒေသမှာ ကလေးတွေက ဒီလုသ


ီချင်းကိုဆိုကြတယ်လေ

'ကင်းပုန်းတိုက်တာတို့၊ ခံတပ်ကိုစောင့်ကြပ်တာတို့မှာ

လူဆ(ု Lu Su) ကိုရွေးရမယ်

ဒါပေမယ့် ရေကြောင်းဆိုရင်တော့

626
ကျိုးယွီ(Zhou Yu) ကို အသုံးချရမယ်'

ခင်ဗျားက ကင်းပုန်းတိုက်တာတွေ၊ ခံတပ်တွေကိုစောင့်ကြပ်တာတွေမှာပဲတော်ပြီး ကျိုးယွီ(Zhou Yu)


ကတော့ ရေကြောင်းမှာပဲထူး ချွန်တယ်"

ထိုအကြောင်းကို "ကျိုးယွီ"(Zhou Yu) အားပြန်သွားပြောလျှင်

"ဘာ! အဲ့လူက ငါ့ကိုဒီလိုပြောရဲတယ်! သူက ငါ့ကိုကြည်းတပ်မှာမထူးချွန်ဘူး လို့ ပြောချင်တာပေါ့။ ငါ


သူ့ကိုမသွားခိုင်းတော့ဘူး။ ငါကိုယ်တိုင် စစ်တပ်တစ်သောင်းကိုဦးဆောင်ပြီး ချောင်ချောင်း(Cao Cao)
ရဲ့စားနပ်ရိက္ခာ လမ်းကိုဖြတ်တောက်မယ်" ဟု ပြန်ပြောသည်။

၎င်းကို "လူဆ"ု (Lu Su) မှ "ကျူးကဲလျန့်"(Zhuge Liang) အားပြန်ပြောလေလျှင် "ကျူးကဲလျန့်"(Zhuge


Liang) မှ

"ကျိုးယွ(ီ Zhou Yu) က ဒီစစ်ပွဲမှာ ကျုပ်ကိုဦးဆောင်စေတာဟာ ချောင်ချောင်း(Cao Cao) လက်ချက်နဲ့


ကျုပ်သေအောင်လို့ ။ ဒါကြောင့် သူ့ကိုနည်းနည်းလောက်စလိုက်တာနဲ့ သူကမခံနိုင်ပဲ
သူကိုယ်တိုင်တိုက်မယ်ဖြစ်သွားပြီ။ ဒီလိုအရေးကြီးတဲ့အချိန်မှာ နယ်စားကြီးစွန်းချွမ်(Sun Quan) နဲ့
ကျုပ်သခင် လျူဘေ့(Liu Bei) တို့က အချင်းချင်းညီညီညွတ်ညွတ်နဲ့ ပူးပေါင်းရမှာ။
တစ်ယောက်နဲ့တစ်ယောက် လုပ်ကြံဖို့ကြိုးစားနေတယ်ဆုရ
ိ င် စစ်ပွဲက ကျရှုံးမှာပဲ။ ချောင်ချောင်း(Cao Cao)
က အရူးမဟုတ်ဘူး။ ရန်သူတွေရဲ့စားနပ်ရိက္ခာကိုဖျက်စီးတာက သူလုပ်နေကျဗျူဟာပဲလေ။ ဒီလိုလူမျိုးက
သူ့စားနပ်ရိက္ခာတွေကို သတိထားပြီးစောင့်ကြပ်ထားစေမှာပဲလေ။ သူလုပ်သင့်တာက
မြောက်ပိုင်းသားတွေနဲ့ ရေတပ်စစ်ပွဲကြီးခင်းပြီးအနိုင်ယူဖို့ပဲ။ ဒါကို ခင်ဗျားက သူနားဝင်အောင်
ဖျောင်းဖျလိုက်ပါ" ဟု ပြောသည်။

၎င်းကို "ကျိုးယွီ"(Zhou Yu) ကြားလျှင် ခေါင်းကိုခါယမ်းကာ မြေကြီးကိုခြေနှင့်ဆောင့်လိုက်ပြီး

"ဒီလူက ထူးချွန်လွန်းတယ်။ သူ့ကိုမရှင်းနိုင်ရင် တောင်ပိုင်းပြည်နယ်ကဒုက္ခရောက်လိမ့်မယ်"


ဟုပြောသည်။ ထိုအခါ "လူဆ"ု (Lu Su) မှ

"ဒီအခ်ိန္မွာ ထူးခြၽန္တဲ့လေ
ူ တွကို အသုံးချရမှာပဲလေ။ ကိုယ့်ပြည်နယ်အတွက်အရင်စဉ်းစားရမယ်။
ချောင်ချောင်း(Cao Cao) နဲ့တိုက်ပြီးရင်တော့ ခင်ဗျားလုပ်ချင်တာ လုပ်ပါ" ဟုပြောသည်။

"လူဆု"(Lu Su) ပြောသည်မှာ နည်းလမ်းကျသဖြင့် ၎င်းကိုလက်ခံရလေသည်။

"လျူဘေ့"(Liu Bei) သည် တူဖြစ်သူ "လျူချီ"(Liu Qi) အား ကျန်းရှာကိုစောင့်ကြပ်စေပြီး သူကိုယ်တိုင်ကမူ


ရှခိုသို့ ချီတက်သည်။ ထိုအခါ တစ်ဖက်ကမ်းတွင် အလံတို့ ကိုမြင်လိုက်သည့်အပြင် လက်နက်၊

627
သံချပ်ကာတို့၏အလင်းရောင်ကိုမြင်လိုက်ရာ တောင်ပိုင်းပြည်နယ်မှ
စစ်တပ်စေလွှတ်လိုက်ပြီဟူသည်ကိုသိလိုက်သည်။ "လျူဘေ့"(Liu Bei) သည် သူ၏တပ်တို့ကို ကျန်းရှာမှ
ဖန်ခိုသို့ချီတက်စေပြီးနောက် အမှုထမ်းတို့ကိုစုဝေးကာ

"ကျူးကဲလျန့်(Zhuge Liang) က ဝူကုသ


ွိားတာ အတော်ကြာခဲ့ပြီ။ ဘာသတင်းမှလည်း မကြားသေးဘူး။
ဟိုဘက်မှာ အခြေအနေဘယ်လိုလည်းဆိုတာ သိဖို့ ဘယ်သူသွားမလဲ" ဟုမယ်သည်။ "မီကျူ"(Mi Zhu) မှ

"ကျွန်တော် သွားပါမယ်" ဟု ပြောသည်။

ထို့နောက် "မီကျူ"(Mi Zhu) သည် လက်ဆောင်များပြင်ဆင်ပြီးနောက် ခရီးထွက်လေသည်။


ဝူတပ်စခန်းချရာသို့ ရောက်သော် "ကျိုးယွီ"(Zhou Yu) နှင့်တွေ့ဆုံပြီး
ပါလာသည့်လက်ဆောင်ပဏ္ဏာတို့ ကိုပေးသည်။ "မီကျူ"(Mi Zhu) မှ

"ကျူးကဲလျန့်"(Zhuge Liang) က ဒီကိုရောက်တာ တော်တော်ကြာပြီဆိုတော့


သူ့ကိုကျွန်တော်နဲ့အတူပြန်ခေါ်သွားချင်တယ်" ဟုပြောသည်။

"ကျူးကဲလျန့်(Zhuge Liang) က ကျုပ်နဲ့ အတူအစီအစဉ်တွေလုပ်ဆောင်နေတယ်။ ဒါကြောင့်


သူ့ကိုပြန်သွားခွင့်မပြုနိုင်သေးဘူး။ ကျုပ်လည်း လျူဘေ့(Liu Bei) နဲ့တွေ့ပြီး သူနဲ့ အတူ
ပူးပေါင်းဆောင်ရွက်ချင်တယ်။ ဒါပေမယ့် ကျုပ်က စစ်တပ်ကြီးကိုကွပ်ကဲနေရတာဆိုတော့
သူ့ကိုသွားတွေ့ဖို့အချိန်မရှိဘူး။ ဒါကြောင့် ခင်ဗျားသခင်သာ ဒီကိုလာရင် အင်မတန်ကုေ
ိ ကာင်းမှာပါ"

"မီကျူ"(Mi Zhu) ကလည်း "လျူဘေ့"(Liu Bei) အား ထိုအကြောင်းကိုပြောပါမည်ဟဆ


ိုပြီးနောက်
ပြန်သွားသည်။

"လူဆု"(Lu Su) မှ "ကျိုးယွ"ီ (Zhou Yu) အား

"ဘာလို့ လျူဘေ့(Liu Bei) ကို ဒီခေါ်လာခိုင်းတာလဲ" ဟု မေးသည်။

"လျူဘေ့(Liu Bei) ကရဲရင့်ပြီး အန္တရာယ်များတဲ့လူဖြစ်တဲ့အတွက် သူ့ကိုရှင်းထုတ်ပစ်ရမယ်။


သူ့ကိုရှင်းထုတ်နိုင်ရင် ကျုပ်တို့ တောင်ပိုင်းပြည်နယ်ရဲ့ကောင်းကျိုးပဲ"

"လူဆု"(Lu Su) က ကန့်ကွကေ


် သ်ာလည်း "ကျိုးယွ"ီ (Zhou Yu) ကလက်မခံပေ။

"ကျိုးယွ"ီ (Zhou Yu) က အောက်ပါအတိုင်းအမိန့်ပေးထားလေသည်။

"လူသတ်သမားငါးဆယ်လောက်ကို တပ်စခန်းထဲမှာ နေရာချထား။ လျူဘေ့(Liu Bei) လာတဲ့အခါ ငါ


ရေခွကက
ိုပစ်ချလိုက်ရင် ချက်ချင်းထွက်လာပြီး သူ့ကိုသတ်ဖို့လုပ"်

628
"မီကျူ"(Mi Zhu) သည် "လျူဘေ့"(Liu Bei) အား "ကျိုးယွ"ီ (Zhou Yu)
ဖိတေ
် ခ်ါသည့်အကြောင်းပြောပြသည်။ "လျူဘေ့"(Liu Bei) သည်လည်း သံသယအလျဉ်းမရှိပဲ
"ကျိုးယွ"ီ (Zhou Yu) ထံသွားရန်ပြင်သည်။

"ကွမ်းယွ"ီ (Guan Yu) : "ကျိုးယွ(ီ Zhou Yu) က လှည့်ပတ်တတ်ပြီး သစ္စာဖောက်တတ်တယ်၊


ကျူးကဲလျန့်(Zhuge Liang) ဆီက ဘာသတင်းမှမကြားသေးခင် သူ့ကိုသွားဖို့ကိုစဉ်းစားပါဦး"

"လျူဘေ့"(Liu Bei) : "ငါ သူ့တို့ နဲ့ပူးပေါင်းပြီး ချောင်ချောင်း(Cao Cao) ကိုတုက


ိဖို့ လုပ်ပြီးပြီပဲ။ ငါ
ကျိုးယွီ(Zhou Yu) နဲ့သွားမတွေ့ရင် သစ္စာဖောက်သလိုဖြစ်သွားမှာပေါ့။ နှစ်ဦးနှစ်ဖက်လုံးက အချင်းချင်း
သံသယဝင်နေရင် ဘာမှပြီးမြောက်မှာမဟုတ်ဘူး"

"ကွမ်းယွ"ီ (Guan Yu) : "အစ်ကိုကြီးက သွားဖို့ဆုံးဖြတ်လိုက်ရင် ကျွန်တော်လည်းလိုက်ခဲ့မယ်"

"ကျန်းဖေး"(Zhang Fei) : "ကျွန်တော်လည်းလိုက်မယ်"

"လျူဘေ့"(Liu Bei) : "ကွမ်းယွ(ီ Guan Yu) ပဲ ငါနဲ့လိုက်ခဲ့ပြီးတော့ ကျောက်ယင


ွ (် Zhao Yun) က
ဒီမှာစောင့်နေပါ။ ကျန်းယုံ(Jian Yong) က 'အဲရှန်'ကို စောင့်ကြပ်ပါ။ ကျုပ်မကြာခင် ပြန်လာခဲ့မယ်"

ထို့နောက် "လျူဘေ့"(Liu Bei) သည် "ကွမ်းယွ"ီ (Guan Yu) နှင့်အတူ လှေလေးနှင့် ခရီးထွက်လေသည်။
လိုက်ပါလာသောအစောင့်အကြပ်တို့မှာ နှစ်ဆယ်ပင်မပြည့်ပေ။ "လျူဘေ့"(Liu Bei) ရောက်သော်
စစ်သားတို့က "ကျိုးယွ"ီ (Zhou Yu) အား သတင်းပို့သည်။

"သူ သင်္ဘော ဘယ်နှစင်းပါလာလဲ"

"တစ်စင်းထဲပဲ။ အစောင့်အကြပ်လည်း နည်းနည်းပဲပါတယ်"

"သူတော့ ချောင်ပိတ်ခံရပြီ"

"ကျိုးယွ"ီ (Zhou Yu) သည် လူသတ်သမားတို့ကို ရွက်ဖျင်တဲထဲဝယ် နေရာယူထားစေပြီးနောက်


"လျူဘေ့"(Liu Bei) အား ကြိုဆိုသည်။ ထို့နောက် "ကျိုးယွီ"(Zhou Yu) က "လျူဘေ့"(Liu Bei)
ကိုမြင့်မြတ်သောနေရာတွင် ထိုင်ခိုင်းစေရာ "လျူဘေ့"(Liu Bei) မှ

"စစ်သူကြီးက တစ်နိုင်ငံလုံးမှာ ကျော်ကြားတဲ့လူပဲလေ၊ ကျွန်တော်က ဘာမှမပြောပလောက်ပါဘူး။


အဲ့လိုဆက်ဆံဖို့ မလိုပါဘူး" ဟု ပြောသဖြင့် နှစ်ယောက်လုံးသည်
သာမန်မိတ်ဆွေကဲ့သို့ နေရာယူလေသည်။

"လျူဘေ့"(Liu Bei) ရောက်သောအကြောင်းကို "ကျူးကဲလျန့်"(Zhuge Liang) ကြားလျှင်

629
"ဘာလုပ်ဦးမလို့ လဲ မသိဘူး" ဟု ရေရွတ်သည်။ ထို့နောက် "လျူဘေ့"(Liu Bei) ရှိရာ
ရွကဖ
်ျင်တဲအနီးသို့သွားသော် ပုန်းအောင်းနေသော လူသတ်သမားများကိုသတိပြုမိသည်။ သို့ သော်လည်း
"လျူဘေ့"(Liu Bei) ၏နောက်တွင် ရပ်နေသော "ကွမ်းယွီ"(Guan Yu) ကိုတွေ့လိုက်လျှင် တည်ငြိမ်သွားပြီး
စိုးရိမ္စိတေ
် ပျာက်သွားကာ

"သခင်ကြီးအတွက် စိုးရိမ်စရာမရှိဘူး " ဟု ဆိုပြီး မြစ်ကမ်းနားသို့ သွားလေသည်။

"ကျိုးယွ"ီ (Zhou Yu) သည် မူလကစီမံထားသည့်အတိုင်း အရက်ခွက်ကျချင်ယောင်ဆောင်ပြီး


လူသတ်သမားတို့ကိုအချက်ပေးရန် ကြံသော်လည်း "လျူဘေ့"(Liu Bei) နောက်မှ
ကြောက်မက်ဖွယ်ကောင်းသောသူကိုမြင်လျှင် ထိုသမ
ှူာ မည်သန
ူ ည်းဟုမေးသည်။

"သူက ကျွန်တော့်သွေးသောက်ညီ ကွမ်းယွ(ီ Guan Yu) ပါ"

ထိုအခါ "ကျိုးယွ"ီ (Zhou Yu) မှာ ကြောက်လန့်ပြီး ဇောချွေးများထွက်လာသည်။ ထို့နောက်


အရက်ခွက်ထသ
ဲ့ို အရက်ငှဲ့ပြီးနောက် "ကွမ်းယွ"ီ (Guan Yu) အားလှမ်းပေးလိုက်သည်။

ထိုအချိန်တွင် "လူဆ"ု (Lu Su) ဝင်လာရာ "လျူဘေ့"(Liu Bei) မှ

"ကျူးကဲလျန့်"(Zhuge Liang) ဘယ်မှာလဲ။ သူ့ကိုဒီခေါ်လိုက်ပါလား" ဟု ပြောသည်။

"ကျိုးယွ"ီ (Zhou Yu) : "ချောင်ချောင်း(Cao Cao) ကိုတိုက်ပြီးတဲ့အထိစောင့်ပါဦး။ နောက်မှ သူနဲ့တွေ့ပေါ့"

"ကွမ်းယွ"ီ (Guan Yu) သည် "လျူဘေ့"(Liu Bei) အား မျက်လုံးဖြင့်အချက်ပေးလိုက်ရာ "လျူဘေ့"(Liu Bei)
မှ

"ကျွန်တော့်ကိုခွင့်ပြုပါဦး၊ ရန်သူကိုတိုကြ် ပီးရင် ကျွန်တော်နောက်တစ်ခေါက်လာပြီး ဂုဏ်ပြုပါဦးမယ်" ဟု


ပြောသည်။

"လျူဘေ့"(Liu Bei) သည် သင်္ဘောနားသို့ ရောက်လျှင် စောင့်နေသော "ကျူးကဲလျန့်"(Zhuge Liang)


ကိုတွေ့သည်။ "ကျူးကဲလျန့်"(Zhuge Liang) မှ

"သခင်ကြီး ဒီနေ့ဘယ်လောက်အန္တရာယ်များလည်းဆိုတာ သိလား" ဟုပြောသည်။

"ငါတော့ သတိမပြုမိပါဘူး"

"ကွမ်းယွ(ီ Guan Yu) သာမပါလာခဲ့ရင် သခင်ကြီးအသတ်ခံရမှာ"

630
"ကျူးကဲလျန့်"(Zhuge Liang) ပြောသည့်စကားသည်မှန်ကန်ကြောင်း "လျူဘေ့"(Liu Bei)
ဆင်ခြင်မိသည်။ "ကျူးကဲလျန့်"(Zhuge Liang) အား သူနှင့်အတူပြန်လိုက်ရန်ခေါ်ရာ
"ကျူးကဲလျန့်"(Zhuge Liang) မှ

"ကျွန်တော်က စိုးရိမ်စရာမရှိဘူး။ ကျားခံတွင်းနားမှာနေနေပေမယ့်လည်း ထိုက်စန်းတောင်လိုပဲ


မားမားမတ်မတ်ရှိနေနိုင်တယ်။ သခင်ကြီးက အရင်ပြန်နှင့်ပြီးစစ်သားတွေ ပြင်ဆင်ပါ။ ဆယ့်တစ်လပိုင်း
၂၀ရက်နေ့မှာ လှေတစ်စင်းနဲ့ ကျောက်ယွင(် Zhao Yun) ကို တောင်ဘက်ကမ်းခြေလွှတ်ပြီး
ကျွန်တော့်ကိုလာကြိုခိုင်းပါ။ အဲ့မှာ အမှားအယွင်းမရှိပါစေနဲ့" ဟုပြောသည်။

"ခင်ဗျား ဘာတွေလပ
ုဖို့စဉ်းစားနေတာလဲ"

"အရှေ့တောင်လေတိုက်ခတ်ရင် ကျွန်တော်ပြန်လာခဲ့ပါ့မယ်"

"လျူဘေ့"(Liu Bei) က ထပ်မေးသော်လည်း "ကျူးကဲလျန့်"(Zhuge Liang) က "လျူဘေ့"(Liu Bei)


ကိုအရင်သွားရန်ပြောသည်။ "လျူဘေ့"(Liu Bei) ထွက်ခွာသွားသော် "ကျူးကဲလျန့်"(Zhuge Liang)
လည်း သူတည်းခိုသည့်နေရာသို့ ပြန်သွားသည်။

သင်္ဘောသည် အတန်ငယ်ခရီးဆက်ပြီးနောက်ဝယ် သင်္ဘောငါးဆယ်ခန့်ကိုတွေ့လေသည်။


ထိုသင်္ဘောတို့ ပေါ်တွင် ရန်သူရှိသည်အမှတ်ဖြင့် "ကွမ်းယွီ"(Guan Yu)
သည်တုက
ိခိုက်ရန်အဆင်သင့်ပြင်သည်။ သို့သော်လည်း ထိုသင်္ဘောတို့ ကိုဦးဆောင်လာသူမှာ
"ကျန်းဖေး"(Zhang Fei) ဖြစ်နေသည်။ "ကျန်းဖေး"(Zhang Fei) သည် အစ်ကိုဖြစ်သူ
ဒုက္ခရောက်မည်ကိုစိုးရိမ်သဖြင့် ရောက်လာခြင်းဖြစ်သည်။ သို့နှင့် ညီအစ်ကိုသုံးဦးလုံး ရှခိုသို့ ပြန်လေသည်။

"လူဆု"(Lu Su) မှ "လျူဘေ့"(Liu Bei) အား

"လျူဘေ့(Liu Bei) ကိုခေါ်တာ လုပ်ကြံဖို့ကို ဘာလို့မလုပ်တော့တာလဲ" ဟုမေးသည်။

"ဒါ ကွမ်းယွီ(Guan Yu) ကြောင့်ပဲ။ သူက ကျားတစ်ကောင်လိုပဲ။ ငါတစ်ခုခုလုပ်ရင် ငါပဲ


သူ့လက်ချက်နဲ့ အရင်သေမှာ"

ထိုအချိန်တွင် "ချောင်ချောင်း"(Cao Cao) ထံမှသံတမန်သည်


စာတစ်စောင်ယူလာကြောင်းသတင်းပို့သည်။ ထိုသံတမန်အား အထဲသို့ ဝင်စေပြီး စာကိုဖတ်လိုက်လျှင်
ထိုစာမှာ "ကျိုးယွီ"(Zhou Yu) အား အဆင့်တစ်ဝန်ကြီးအဖြစ် ရာထူးပေးသည့်စာဖြစ်နေသည်။ ထိုအခါ
"ကျိုးယွ"ီ (Zhou Yu) သည် ဒေါသထွက်ပြီး စာပေလွှာကိုပစ်ပေါက်ကာ

"ဒီလူကိုသတ်လိုက်" ဟု ပြောသည်။

"လူဆု"(Lu Su) : "နှစ်နိုင်ငံစစ်ဖြစ်နေရင်တောင် သံတမန်ကိုသတ်ရိုးထုံးစံမရှိဘူး"

631
"ကျိုးယွ"ီ (Zhou Yu) : "ကိုယ့်ရဲ့သိက္ခာနဲ့လွတ်လပ်မှုကိုပြသဖို့ သံတမန်ကိုသတ်ရမယ်"

ထို့နောက် ထိုသတ
ံ မန်ကိုသတ်စေလိုက်ပြီး ခေါင်းကို "ချောင်ချောင်း"(Cao Cao) ထံပြန်ပို့ လိုက်သည်။

ထို့နောက် ဘယ်ညာတောင်ပံနှစ်ဖက်ကို "ဟန်တန်"(Han Dang) နှင့် "ကျန်းချင်"(Jiang Qin)


တို့ကိုဦးဆောင်စေပြီး "ကန်းနင်"(Gan Ning) အား ရှေ့ပြေးတပ်ကိုခေါင်းဆောင်စေကာ "ကျိုးယွီ"(Zhou
Yu) မှာမူ ပင်မတပ်ကိုဦးဆောင်ပြီး စစ်ချီတက်သည်။ ထိုအကြောင်းကို "ချောင်ချောင်း"(Cao Cao)
ကြားလျှင် ဒေါသထွက်ပြီး ရေတပ်စစ်သြူ ကီး "ချိုက်မောက်"(Cai Mao)၊ ဒု-စစ်သူကြီး "ကျန်းယွင်"(Zhang
Yun) နှင့် အခြားသော ကျင်ကျိုးပြည်နယ်မှ အမှုထမ်းများအား ရှေ့ပြေးတပ်အဖြစ် စေလွှတ်သည်။
မြစ်သုးံ သွယ်အနားသို့ရောက်လျှင် တောင်ပိုင်းပြည်နယ်မှ သင်္ဘောတို့ ကို မြင်လေသည်။ သင်္ဘောပေါ်မှ
ရဲဝံ့ ကာ သူရဲကောင်းဟန်ပန်ရှိသည့်လူတစ်ဦးမှ

"ကျုပ်နာမည်က ကန်းနင်(Gan Ning) ပဲ။ ဘယ်သူ ကျုပ်နဲ့ရင်ဆိုင်ရဲလဲ" ဟုဆိုသည်။ ထိုအခါ


"ချိုက်မောက်"(Cai Mao) မှ ညီဖြစ်သူ "ချိုက်ရွှင"် (Cai Xun) ကိုလွှတ်လုက
ိသည်။ "ချိုက်ရွှင်"(Cai Xun)
၏သင်္ဘောသည် တစ်ဖက်ရန်သူအနားသို့ကပ်နေစဉ် "ကန်းနင်"(Gan Ning) က မြားဖြင့်ပစ်လိုက်ရာ
သေလေသည်။ "ကန်းနင်"(Gan Ning) ၏စစ်တပ်သည် မြားတို့ဖြင့် "ချောင်ချောင်း"(Cao Cao)
တပ်ကိုတိုက်သည်။ ထို့ အပြင် "ဟန်တန်"(Han Dang) ၏တပ်သည် ဘယ်ဘက်မှလည်းကောင်း၊
"ကျန်းချင်"(Jiang Qin) ၏တပ်သည် ညာဘက်မှလည်းကောင်း ဝင်လာကာ ရန်သတ
ူ့ို ကိုတိုက်လေသည်။

"ချောင်ချောင်း"(Cao Cao) ၏တပ်တို့ မှာ ရေပေါ်တွင် တိုကခ


ိုက်မှု၌ မကျွမ်းကျင်သဖြင့်
အလူးအလဲခံရလေသည်။ "ကျိုးယွ"ီ (Zhou Yu) သည်
ရန်သ၏
ူ များပြားသောအင်အားကိုမြင်လျှင်ဆက်မတိုက်စေတော့ပဲ ခေတ္တ တပ်ဆုတ်စေသည်။
"ချောင်ချောင်း"(Cao Cao) ၏တပ်သည်လည်း အရှုံးနှင့်ရင်ဆုင
ိလိုက်ရသဖြင့် ကမ်းစပ်အနားတွင်
စခန်းချသည်။

"ချောင်ချောင်း"(Cao Cao) မှ သူ၏လက်အောက်ငယ်သားတို့ အား

"မင်းတို့တွေ ကောင်းကောင်းမလုပ်နိုင်ခဲ့ဘူး။ ကိုယ့်ထက်အင်အားနည်းတဲ့တပ်က


ကိုယ့်ကိုအနိုင်ယူသွားတယ်" ဟု ပြောသည်။ "ချိုက်မောက်"(Cai Mao) မှ

"ကျင်ကျိုးရဲ့ရေတပ်က လေ့ကျင့်တာမကြာသေးဘူး။ တခြားတပ်တွေက ရေတပ်လေ့ကျင့်မှုတောင်


မလုပ်ခဲ့ဖူးဘူး။ ရေတပ်စခန်းလုပ်ပြီးတော့ မြောက်ပိုင်းတပ်တွေကိုပါ လေ့ကျင့်ပေးလိုက်ရင် တိုကပ
်ွဲတွေမှာ
အနိုင်ရနိုင်ပါတယ်" ဟု ကိုယ့က
ိုယ်ကို ကာကွယ်ကာ ပြောသည်။

632
"မင်းက ရေတပ်စစ်သူကြီးပဲ။ ဘာလုပ်ရမယ်ဆိုတာသိရင် ဘာလို့မလုပ်တာလဲ။ ဒါ ငါ့ကိုလာပြောလို့
ဘာထူးမှာလဲ"

သို့နှင့် "ချိုက်မောက်"(Cai Mao) နှင့် "ကျန်းယွင်"(Zhang Yun) တို့ သည် မြစ်ကမ်းနားတွင်


ရေတပ်စခန်းပြုပြီး သင်္ဘောတို့ ပါဝင်သော ' ရေဂိတ'် နှစ်ဆယ့်လေးခုကုဖ
ွိဲ့စည်းကာ
ဟိုဟိုသည်သည်လှည့်ပတ်စေသည်။ ထိုသို့ လှည့်လည်နေရာ ညဘက်တွင် တစ်ဖက်မှ
မီးအလင်းရောင်တို့ကိုမြင်ရသဖြင့် "ကျိုးယွ"ီ (Zhou Yu) သည် စိုးရိမ်ပြီး
ရန်သူ့ အင်အားကိုထောက်လှမ်းရန်ပြုသည်။

"ကျိုးယွ"ီ (Zhou Yu) သည် သူကုယ


ိတုင
ိ ရန်သူ့ အင်အားကိုထောက်လှမ်းရန် သင်္ဘောတို့ ကိုပြင်ဆင်ပြီး
မြားသမား၊ ဒူးလေးသမားတို့ နှင့်အပြင် သန်မာသောစစ်သားတို့ကို ထိုသင်္ဘောပေါ်တွင် လိုကပ
်ါစေသည်။
သင်္ဘောအစီးတိုင်းတွင် ဂီတသမားတို့ လည်း ပါဝင်လေသည်။ "ချောင်ချောင်း"(Cao Cao)
စခန်းအနီးသို့ ရောက်သောအခါ ရေတပ်လေ့ကျင့်နေသည်ကြို မင်လျှင် "ကျိုးယွ"ီ (Zhou Yu) က

"ဒီရေတပ်စခန်းဆောက်ထားတာကောင်းလိုက်တာ၊ သူတို့ကိုဦးဆောင်နေတဲ့စစ်သူကြီးနာမည်ကိုသိလား"
ဟုမေးသည်။

"သူတို့က ချိုက်မောက်(Cai Mao) နဲ့ ကျန်းယွင်(Zhang Yun) တို့ပဲ"

"သူတို့တွေ တောင်ဘက်မှာနေတာကြာတော့ ရေတပ်ရေးရာကိုကျွမ်းကျင်ကြတယ်၊ ဘာမှမလုပ်ခင်


သူတို့ ကိုအရင်ရှင်းမှရမယ်"

"ချောင်ချောင်း"(Cao Cao) ၏တပ်တို့ သည် ရန်သူတို့လာထောက်လှမ်းသည်ကြို မင်လျှင်


ရန်သူ့ သင်္ဘောတို့ နောက်သို့လိုက်စေသည်။ သို့သော်လည်း လိုက်မမီတော့ချေ။
ရန်သ၏
ူ ထောက်လှမ်းရေးတပ်ကိုမဖမ်းမိကြောင်းကြားလျှင် "ချောင်ချောင်း"(Cao Cao) က

"ဟိုနေ့က စစ်ရှုံးသွားတော့ စစ်သားတွေစိတ်ဓာတ်ကျသွားတယ်။ အခုတော့ ရန်သူတွေက


တပ်စခန်းကိုလာထောက်လှမ်းသွားကြပြီ၊ အဲ့တော့ ဘာများကျန်သေးလဲ" ဟု ပြောသည်။ ထိုအချိန်တွင်
တစ်ယောက်သောသူမှ

"ကျွန်တော် ငယ်စဉ်တုန်းက ကျွန်တော်နဲ့ကျိုးယွ(ီ Zhou Yu) တို့ က ပညာအတူတူသင်ခဲ့ပြီး


သူငယ်ချင်းကောင်းတွေဖြစ်ခဲ့တယ်။ ကျွန်တော့်ရဲ့လျာကိုအသုံးချပြီး သူ့ကိုလက်နက်ချဖို့ တိုက်တန
ွ်းပါ့မယ်"
ဟုပြောသည်။ ထိုပြောသောသူမှာ "ကျန်ကန့်"(Jiang Gan) ဖြစ်သည်။

"ခင်ဗျားက ကျိုးယွီ(Zhou Yu) နဲ့ သူငယ်ချင်းကောင်းတွေလား"

633
"ဝန်ကြီးချုပ်၊ စိတမ
် ပူပါနဲ့၊ ကျွန်တော်တစ်ဖက်ကမ်းကိုသာရောက်ရင် အောင်မြင်စေရပါမယ်"

"တခြားဘာတွေလိုအပ်သေးလဲ"

"ကျွန်တော့်နောက်လိုက်လူငယ်တစ်ယောက်နဲ့လှေလှော်တဲ့လူနှစ်ယောက်ရှိရင်ရပါပြီ"

"ချောင်ချောင်း"(Cao Cao) သည် အရက်ပေးလိုက်ကာ အောင်မြင်စေရန် ဆုတောင်းပေးလိုက်သည်။

"ကျန်ကန့်"(Jiang Gan) သည် "ကျိုးယွ"ီ (Zhou Yu) ၏တပ်ထံသွားပြီး "ကျိုးယွ"ီ (Zhou Yu)
၏သူငယ်ချင်းဟောင်းက လာတွေ့ကြောင်းပြောသည်။ ထိုအချိန်တွင် "ကျိုးယွ"ီ (Zhou Yu) သည်
အခြားသောအမှုထမ်းတို့နှင့်အစည်းအဝေးပြုနေသည်။ "ကျိုးယွီ"(Zhou Yu) သည်
သူ၏သူငယ်ချင်းရောက်သည့်အကြောင်း ကြားလျှင် ရယ်လိုက်ပြီး

"သူတို့ဘက်ပါအောင် ဆွဲဆောင်မယ့်လူတော့လာပြီ" ဟု ပြောလေသည်။ "ကျိုးယွ"ီ (Zhou Yu) သည်


ဘေးနားမှလူတစ်ယောက်ချင်းစီ၏အနားသို့ ကပ်ကာ တီးတိုးပြောသည်။ ထို့နောက်
ဧည့်သည်အားထွက်ကာကြိုဆိုသည်။ "ကျန်ကန့်"(Jiang Gan) မှစပြီး

"မတွေ့တာကြာပြီ၊ အဆင်ပြေပါရဲ့လား" ဟုနှုတ်ခွန်းဆက်သည်။

"ချောင်ချောင်း(Cao Cao) ရဲ့သံတမန်အနေနဲ့လာတော့ ပင်ပန်းသွားရပြီ"

"ကျုပ်က ခင်ဗျားနဲ့မတွေ့တာကြာလို့လာတာ၊ ဘာလို့ ချောင်ချောင်း(Cao Cao)


ရဲ့သတ
ံ မန်အနေနဲ့လာတယ်လို့ပြောရတာလဲ"

"ကျွန်တော်က ရှီခွမ်း(Shi Kuang) လိုမျိုး ဂီတပညာမထူးချွန်ပေမယ့်လည်း ဂီတနောက်ကွယ်ကအတွေးကို


နားလည်ပါတယ်"

"ခင်ဗျားက မိတ်ဆွေကိုဒီလိုဆက်ဆံရင် ကျုပ်ကုခ


ွိင့်ပြုပါဦး"

ထိုအခါမှ "ကျိုးယွ"ီ (Zhou Yu) ကရယ်ကာ

"ကျွန်တော်က ခင်ဗျား ချောင်ချောင်း(Cao Cao) အတွက်နဲ့ လာပြီး သူ့ဘက်ပါအောင်လုပ်မယ်ထင်လို့ပါ။


အဲ့လိုမဟုတ်ရင်တော့ အလောတကြီးနဲ့ထွက်မသွားပါနဲ့" ဟု ပြောသည်။ ထို့နောက်
ရွကဖ
်ျင်တဲအတွင်းသို့ ဝင်ကာ "ကျန်ကန့်"(Jiang Gan) အား
အခြားသောအမှုထမ်းတို့နှင့်မိတဆ
် က်ပေးသည်။ အစားအသောက်တို့နှင့် ကျွေးမွေးပြီးနောက်
"ကျိုးယွ"ီ (Zhou Yu) မှ

634
"ကျန်ကန့်(Jiang Gan) က ကျုပ်နဲ့ ပညာသင်ဖော်သင်ဖက်မိတ်ဆွေပဲ။ သူကမြောက်ဘက်ကလာပေမယ့်
ကျုပ်ကိုရန်သူဘက်ပါအောင်ဆွဲဆောင်မယ့်သူမဟုတ်လို့ သူ့ကိုကြောက်စရာမလိုပါဘူး" ဟု ပြောသည်။
"ကျိုးယွ"ီ (Zhou Yu) သည် အမိန့် ပေးသည့်ဓားကိုထုတ်ကာ "ထိုက်ရှီချီ"(Taishi Ci) အားပေးလိုက်ပြီး

"ခင်ဗျားက ဒီဓားကိုယူထား၊ ဒီပွဲမှာ သူငယ်ချင်းတွေနဲ့ ခင်မင်ရင်းနှီးမှုအကြောင်းပဲပြောမှာ။


တစ်ယောက်ယောက်က ချောင်ချောင်း(Cao Cao) နဲ့တောင်ပိုင်းပြည်နယ်ပြဿနာအကြောင်းစကားစရင်
အဲ့လူကိုသတ်ပလိုက်" ဟု ပြောသည်။ "ကျန်ကန့်"(Jiang Gan) သည်အနည်းငယ်လန့်သွားသော်လည်း
မည်သို့ မျှမပြောပေ။

"ကျိုးယွ"ီ (Zhou Yu) က

"ကျုပ် ဒီတပ်ကုစ
ိ ပြီးတာဝန်ယူခဲ့တဲ့အချိန်ကစပြီး အရက်မသောက်ခဲ့ဘူး။ အခုတော့
မိတေ
် ဆွဟောင်းရောက်လာတော့ သောက်ကြတာပေါ့" ဟု ဆိုသည်။ ထိုသို့ သောက်စားပြီးနောက်
"ကျိုးယွ"ီ (Zhou Yu) သည် "ကျန်ကန့်"(Jiang Gan) ကို အပြင်သို့ ခေါ်သွားသည်။ အပြင်ဘက်တွင်
အစောင့်တို့ သည် လက်နက်ကိုကိုင်ကာ ရပ်နေသည်ကိုမြင်ရသည်။

"ကျုပ်စစ်သားတွေကကောင်းတယ်လို့ မထင်ဘူး လား"

"ဝက်ဝံလိုသန်မာပြီးကျားလိုရဲရင့်တယ်"

ထို့နောက် အနောက်ဘက်ရှိ သိုလှောင်ရုံကိုပြပြန်သည်။

"ကျုပ်ဆီမှာ ဆန်စပါးတွေအများကြီးသိုလှောင်ထားတယ်လို့ မထင်ဘူးလား"

"ခင်ဗျားရဲ့စစ်တပ်တွေကရဲရင့်ပြီး စားနပ်ရိက္ခာ တွေက ပေါကြွယ်ဝတယ်။ နိုင်ငံအတွင်းက


ကောလာဟလတွေက တကယ်မမှားဘူးပဲ"

"ခင်ဗျားတို့ ၊ ကျုပ်တို့ ကျောင်းသားအရွယ်တုန်းက ဒီလိုဖြစ်လာမယ်လို့ မထင်ခဲ့ဘူးနော်"

"ခင်ဗျားလို ဉာဏ်ကြီးရှင်အတွက် ဒါက မထူးဆန်းပါဘူး"

"ကျိုးယွ"ီ (Zhou Yu) မှ

"ကျွန်တော်က တာဝန်ထမ်းဆောင်ရမယ့်သခင်ကောင်းနဲ့တွေ့ခဲ့တယ်။
တစ်ယောက်နဲ့တစ်ယောက်အားကိုးပြီး ဆွေမျိုးပမာရင်းနှီးတယ်။ သူကလည်း
ကျွန်တော့်အကြံတွေကိုနာယူတယ်။ ရှေးခေတ်က စကားပြောကောင်းတဲ့လူတွေဖြစ်တဲ့ စူးချင်(Su Qin) ၊
ကျန်းရီ(Zhang Yi) ၊ လုကကျား(Lu Jia) နဲ့ လီရီကျီ(Li Yiji) တို့ ကိုယ်တုင
ိလာပြီး

635
သူတို့ ရဲ့ထက်မြက်တဲ့လျာတွေနဲ့ တောင်မှ ကျုပ်သခင်ကိုသစ္စာဖောက်မှာမဟုတ်ဘူး" ဟုပြောသည်။
ထိုသို့ ပြောပြီးနောက် "ကျိုးယွီ"(Zhou Yu) သည် ရယ်မောလိုက်သည်။ "ကျန်ကန့်"(Jiang Gan) မှာ
မျက်နှာပျက်သွားသည်။

"ကျိုးယွ"ီ (Zhou Yu) သည် ဧည့်သည်ဖြစ်သူကို ရွက်ဖျင်တဲသို့ ပြန်ခေါ်သွားပြီးနောက်


အခြားလူတို့ကိုလက်ညှိုးညွှန်ပြပြီး

"သူတို့တွေက တောင်ပိုင်းပြည်နယ်ရဲ့အကောင်းဆုံး အရဲရင့်ဆုံး သူရဲကောင်းတွေပဲ။ ဒါ


'သူရဲကောင်းတို့ ညီလာခံ' လို့ဆိုရမယ်" ဟုပြောသည်။ ထိုသူတို့သည် နေဝင်ကာ
ညဘက်ရောက်သည်အထိ အရက်တို့ သောက်ကြလေသည်။နောက်ဆုံးတွင် "ကျန်ကန့်"(Jiang Gan) က
"ကျွန်တော် မသောက်နိုင်ဘူး" ဟု ဆိုကာ ပြန်ရန်ပြုသည်။ "ကျိုးယွ"ီ (Zhou Yu) မှ

"ငါ သူငယ်ချင်းနဲ့အတူ ခုတင်တစ်ခုတည်းမှာမအိပ်တာကြာခဲ့ပြီ။ တစ်ညတော့အိပ်ပါဦး" ဟုပြောသည်။

အိပ်သောအခါဝယ် "ကျိုးယွီ"(Zhou Yu) မှာ ဟောက်နေသဖြင့် ဧည့်သည်ဖြစ်သူမှာ အိပ်မပျော်ပေ။


နှစ်ချက်တီးခန့်တွင် "ကျန်ကန့်"(Jiang Gan) သည်ထထိုင်နေရာ မီးအိမ်အလင်းရောင်ထဲဝယ်
စားပွဲပေါ်တွင်ရှိနေသော စာရွက်များကိုသတိပြုမိသည်။ ထိုစာရွက်တို့ကိုကြည့်ရာ စာရွက်တစ်ရွက်မှာ
"ချောင်ချောင်း"(Cao Cao) ၏ရေတပ်စစ်သြူ ကီး "ချိုက်မောက်"(Cai Mao) နှင့် "ကျန်းယွင်"(Zhang Yun)
တို့ထံမှ စာဖြစ်နေသည်။ စာမှာအောက်ပါအတိုင်းဖြစ်သည်။

'ကျွန်တော်တို့ချောင်ချောင်း(Cao Cao) လက်အောက်မှာလက်နက်ချခဲ့တာဟာ ရမ္မက်ကြောင့်မဟုတ်ပဲ


အခြေအနေကြောင့်သာလျှင်ဖြစ်ပါတယ်။ အခုတော့ ကျွန်တော်တို့တွေ မြောက်ပိုင်းတပ်တွေကို
ရေတပ်လေ့ကျင့်ပေးနေပေမယ့် အခွင့်အရေးပေးလာရင် အဲ့သူပုန်ခေါင်းကိုဖြတ်ပြီးတော့ ခင်ဗျားဆီမှာ
လာပို့ပါ့မယ်။ အခြေအနေပေးရင် နောက်ထပ်သတင်းပေးပို့ မှုတွေ ပို့ပေးပါဦးမယ်။'

"သူတို့နှစ်ယောက်က တောင်ပိုင်းပြည်နယ်နဲ့ဆက်သွယေ
် နတာပဲ" ဟု တွေးပြီး
ထိုစာကိုသူ့အင်္ကျီအတွင်းတွင်ဖွက်ပြီးနောက် အခြားစာတို့ကိုပါ လိုက်ကြည့်လေသည်။ ထိုအချိန်တွင်
"ကျိုးယွ"ီ (Zhou Yu) အိပ်နေရာမှတစ်ဖက်သို့ လှည့်သည့်အသံကြားသောအခါ မီးကိုမှုတြ် ပီး
အိပ်ယာသို့ပြန်သွားသည်။ "ကျိုးယွီ"(Zhou Yu) သည် အိပ်နေရင်းကယောင်ကတမ်းပြောသည်။

"သူငယ်ချင်း၊ တစ်ရက်နှစ်ရက်အတွင်းမှာ မင်း ချောင်ချောင်း(Cao Cao) ရဲ့ခေါင်းမြင်စေရမယ်"

"ကျန်ကန့်"(Jiang Gan) က "ကျိုးယွ"ီ (Zhou Yu) စကားဆက်ပြောရန် တစ်ခုခုပြန်ပြောလိုက်သည်။


"ကျိုးယွ"ီ (Zhou Yu) က

636
"ရက်အနည်းငယ်အတွင်းမှာ အဘိုးကြီး ချောင်ချောင်း(Cao Cao) ရဲ့ခေါင်းကိုမြင်ရမယ်" ဟုသာပြောသည်။
"ကျန်ကန့်"(Jiang Gan) မှာ ထိုအကြောင်းကိုထပ်မေးသော်လည်း "ကျိုးယွီ"(Zhou Yu) မှာ ကြားပုံမပေါ်၊
ပြန်အိပ်ပျော်သွားသည်။

"ကျန်ကန့်"(Jiang Gan) မှာ မနက်လေးချက်တီးအချိန်အထိ အိပ်ယာအတွင်းတွင်လှဲနေပြီး အိပ်မပျော်ပေ။


ထိုအချိန်တွင် လူတစ်ယောက်ဝင်လာကာ

"စစ်သူကြီး၊ နိုးပြီလား" ဟုမေးသည်။ "ကျိုးယွီ"(Zhou Yu) မှထပြီး

"ဘေးနားက ဘယ်သူလဲ" ဟုမေးသည်။

"စစ်သူကြီး မေ့သွားပြီလား? မနေ့ကလာတဲ့စစ်သူကြီးရဲ့မိတ်ဆွေဟောင်းလေ"

"မနေ့က သောက်တာများသွားတယ်။ အများကြီးမသောက်တာကြာတော့ အမူးလွန်ပြီး


မပြောသင့်တာတွေပြောလိုက်လားမသိဘူး"

"မြောက်ဘက်က လူလာတယ်"

"တိုးတိုးပြော"

ထိုသို့ ပြောပြီးနောက် "ကျိုးယွ"ီ (Zhou Yu) သည် "ကျန်ကန့်"(Jiang Gan) အား ခေါ်ကြည့်သည်။
"ကျန်ကန့်"(Jiang Gan) မှာ အိပ်ချင်ယောင်ဆောင်နေသည်။ ထိုရောက်လာသောသူမှဆက်ပြီး

"စစ်သူကြီး ချိုက်မောက်(Cai Mao) နဲ့ ကျန်းယွင်(Zhang Yun) တို့ ရောက်လာတယ်" ဟုပြောသည်။


"ကျန်ကန့်"(Jiang Gan) မှာ ဆက်ပြီးနားထောင်သော်လည်း "ကျိုးယွီ"(Zhou Yu) နှင့်
ထိုသူတို့ ဘာပြောသည်ကိုမကြားရတော့ပေ။ မကြာမီပင် ထိုသူပြန်ထွက်သွားပြီး "ကျိုးယွ"ီ (Zhou Yu)
သည် ပြန်အိပ်သည်။

637
"ကျိုးယွ"ီ (Zhou Yu) မှာ သတိကြီးသူဖြစ်ကြောင်းကို "ကျန်ကန့်"(Jiang Gan) သိသည့်အတွက်
သူယူထားသည့်စာပျောက်မှန်းသိလျှင် "ကျိုးယွ"ီ (Zhou Yu) သည် သူ့ကိုသတ်မည်ကိုစိုးရိမ်နေခဲ့သည်။
အရုဏ်တက်ချိန်တွင် "ကျန်ကန့်"(Jiang Gan) သည် "ကျိုးယွ"ီ (Zhou Yu) အားခေါ်ကြည့်သော်လည်း
မနိုးပေ။ သို့ နှင့် သူ၏အစေခံကုေ
ိ ခ်ါပြီး အပြင်သို့ထွကရ
် န်ပြုသည်။ အစောင့်တို့က "ဘယ်သွားမလို့လဲ"
ဟုမေးရာ

"ငါ ဒီမှာပဲရှိရင် အနှောင့်အယှက်ပေးရာကျမယ်။ စစ်သူကြီးနဲ့နှုတ်ဆက်ပြီးပြီ။ ငါ့ကိုမတားနဲ့" ဟုပြောပြီး


လှေပြန်စီးကာ "ချောင်ချောင်း"(Cao Cao) စခန်းချရာသို့ပြန်လေသည်။ "ကျန်ကန့်"(Jiang Gan) သည်
"ချောင်ချောင်း"(Cao Cao) နှင့် ဝင်တွေ့ပြီးနောက်

"ကျိုးယွ(ီ Zhou Yu) က ထက်မြက်ပြီးသစ္စာရှိတယ်။ ကျွန်တော် သူ့ကို


ကျွန်တော်တို့ဘက်ပါအောင်ပြောလို့ မရဘူး" ဟု ပြောသည်။

"မင်းရှုံးနှိမ့်မှုက ငါမျက်နှာပျက်စေတယ်"

"ကျွန်တော် ကျိုးယွီ(Zhou Yu) ကိုတော့ မခေါ်နိုင်ပေမယ့် အရေးပါတဲ့သတင်းတစ်ခုရလာတယ်။


တခြားလူတွေကို အပြင်ခဏထွကေ
် စလိုက်ပါ"

အစေခံတို့ အားအပြင်ထွက်စေပြီးနောက်ဝယ် "ကျန်ကန့်"(Jiang Gan) သည် "ကျိုးယွီ"(Zhou Yu)


ရွကဖ
်ျင်တဲမှယူလာသောစာကိုပြသည်။ ထိုစာကိုမြင်လျှင် "ချောင်ချောင်း"(Cao Cao)
မှာဒေါသထွကသ
်ွားပြီး "ချိုက်မောက်"(Cai Mao) နှင့် "ကျန်းယွင်"(Zhang Yun) တို့ကိုခေါ်စေသည်။
ထိုသူနှစ်ဦးရောက်လာလျှင် "ချောင်ချောင်း"(Cao Cao) မှ

"ငါ မင်းတို့ ကို အခုရန်သူတွေကုသ


ွိားတိုက်စေချင်တယ်" ဟုပြောသည်။ "ချိုက်မောက်"(Cai Mao) မှ

"ကျွန်တော်တို့ ရေတပ်လေ့ကျင့်ရေးလုပ်နေတာမပြီးသေးဘူး" ဟု ပြန်ဖြေလေသည်။

"ငါ့ခေါင်း ကျိုးယွီ(Zhou Yu) လက်ထဲရောက်သွားတဲ့အချိန်ကျရင်တော့ အဲ့လေ့ကျင့်မှုပြီးမယ်မဟုတ်လား"

ထိုစကားကိုကြားသော် စစ်သူကြီးနှစ်ယောက်လုံးမှာ ကြောင်သွားလေသည်။ "ချောင်ချောင်း"(Cao Cao)


သည် အာဏာပါးကွကသ
်ားတို့ကိုခေါ်ပြီး ထိုသူနှစ်ဦးကို ကွပ်မျက်စေလိုက်သည်။

ခဏကြာသော် "ချောင်ချောင်း"(Cao Cao) သည် ထိုအကြောင်းအရာကိုပြန်ဆင်ခြင်ပြီးနောက်


ရန်သ၏
ူ လှည့်ကွက်ထတ
ွဲင် ထောင်ချောက်အဆင်ခံလုက
ိရမှန်း သိလိုက်လေသည်။
ရေတပ်စစ်သူကြီးနှစ်ဦးကိုသေဒဏ်ပေးမှုကြောင့် စစ်တပ်အတွင်းဝယ် အရှုပ်အထွေးများဖြစ်သွားသည်။

638
အခြားသောအမှုထမ်းတို့က အဘယ်ကြောင့် သေဒဏ်ပေးရသည်ကိုမေးလျှင် "ချောင်ချောင်း"(Cao Cao)
သည် သူမှားသွားမှန်းသိသော်ငြားလည်း

"သူတို့က တာဝန်ကိုကောင်းကောင်းမလုပ်ဆောင်နိုင်လို့ သေဒဏ်ပေးလိုက်တာ" ဟုပင်ပြန်ဖြေသည်။


ထိုသူနှစ်ဦး၏နေရာတွင် "မောင်ကျဲ"(Mao Jie) နှင့် "ယွီကျင်"့ (Yu Jin) တို့ ကိုအစားထိုးလိုက်သည်။

"ချောင်ချောင်း"(Cao Cao) ၏ရေတပ်စစ်သြူ ကီးနှစ်ဦးသေသွားသည့်အကြောင်းကို သူလျှိုတို့မှတဆင့်


ကြားသောအခါ "ကျိုးယွီ"(Zhou Yu) သည်

"ကျုပ်က အဲ့ချိုက်မောက်(Cai Mao) နဲ့ ကျန်းယွင်(Zhang Yun) တို့ ကိုပဲစိုးရိမ်နေတာ။


သူတို့ သေသွားပြီဆုေ
ိ တာ့ စိတ်ပူစရာသိပ်မရှိတော့ဘူး" ဟုပြောသည်။

"လူဆု"(Lu Su) : "စစ်သူကြီး၊ ဒီအတိုင်းသာဆိုရင် ချောင်ချောင်း(Cao Cao) ကိုမှုစရာမလိုဘူး"

"ကျိုးယွ"ီ (Zhou Yu) : "ကျုပ်ရဲ့လည


ှ့်စားမှုတွေကို ဘယ်သူမှမြင်နိုင်မယ်မထင်ဘူး ၊ ကျူးကဲလျန့်(Zhuge
Liang) ကလွဲရင်ပေါ့။ သူက ကျုပ်ထက်သာတယ်။ ခင်ဗျား သူ့ဆီသွားပြီးတော့ ဒါကို
သူသိလားလို့တီးခေါက်ကြည့်ပါလား"

639
အခန်း(၄၆) "ကျူးကဲလျန့်"(Zhuge Liang) သည် ဗျူဟာသုံး၍ မြားတို့ ကိုချေးငှားခြင်း။
လှည့်စားမှုအတွက် "ဟွမ်ကိုင"် (Huang Gai) သည် အပြစ်ဒဏ်ကိုလက်ခံခြင်း။

"လူဆု"(Lu Su) သည် "ကျူးကဲလျန့်"(Zhuge Liang) ထံသွားကာ

"အလုပ်တွေများနေတော့ ခင်ဗျားရဲ့ညွှန်ကြားမှုတွေကိုလာမနားထောင်ရတာကြာပြီ" ဟု စကားစသည်။

"ဟုတ်လား။ ဒါနဲ့ ခင်ဗျားတို့ခေါင်းဆောင်ကိုတောင် ဂုဏ်မပြုရသေးဘူး"

"သူ့ကိုဘာအတွက်ကြောင့် ဂုဏ်ပြုရမှာလဲ?"

"သူ ခင်ဗျားကို ဒီလတ


ွှ်လုက
ိတာက အဲ့အကြောင်းကို ကျွန်တော်သိမသိ စုံစမ်းခိုင်းတာမဟုတ်လား။
အဲ့အကြောင်းနဲ့ပတ်သတ်ပြီးတော့ ဂုဏ်ပြုစကားပြောတာပေါ့"

ထိုအခါ "လူဆ"ု (Lu Su) သည် မျက်နှာပျက်သွားကာ

"ခင်ဗျားက ဘယ်လိုသိတာလဲ" ဟု မေးသည်။

"ကျန်ကန့်(Jiang Gan) ကိုအသုံးချပြီး ချောင်ချောင်း(Cao Cao) ကိုလှည့်စားတာ၊ ချောင်ချောင်း(Cao Cao)


က နောက်ပိုင်းမှာ ပြန်ဆင်ခြင်မိမှာပဲ။ ဒါပေမယ့် ချောင်ချောင်း(Cao Cao) က သူ့အမှားသူ
အသိအမှတ်ပြုမှာတော့မဟုတ်ဘူး။ အခု
ရန်သဘ
ူ က်ကရေတပ်စစ်သြူ ကီးနှစ်ယောက်ကိုရှင်းလိုက်ပြီဆိုတော့ တောင်ပိုင်းပြည်နယ်က
စိတပ
်ူစရာမလိုတော့ဘူး။ ဒါ ဂုဏ်ပြုစရာကိစ္စရပ်ကြီးမဟုတ်ပေဘူးလား? နောက်ပြီး မောင်ကျဲ(Mao Jie) နဲ့
ယွီကျင်(့ Yu Jin) တို့က ရေတပ်စစ်သူကြီးဖြစ်လာတယ်ကြားတယ်။ မြောက်ပိုင်းရေတပ်ရဲ့
အကောင်းအဆိုးက သူတို့အပေါ်မူတည်တယ်"

ထိုအခါ "လူဆ"ု (Lu Su) သည် စကားပြန်မဟနိုင်ပဲဖြစ်သွား၏။ အချိန်အတန်ကြာမှ


ဟိုဟိုသည်သည်ပြောပြီးမှ ပြန်ရန်ပြုသည်။ ပြန်မထွက်ခွာမီတွင် "ကျူးကဲလျန့်"(Zhuge Liang) မှ

"ကျုပ် ဒီကိစ္စကို သိတယ်ဆိုတာကို ကျိုးယွ(ီ Zhou Yu) ကို ပေးမသိနဲ့ ။ သူသသ


ွိားရင်
က်ဳပ္ကိုဒုကေ
ၡ ပးလိမ့်မယ်" ဟု သတိပေးသည်။

"လူဆု"(Lu Su) ကလည်း "ကျူးကဲလျန့်"(Zhuge Liang) ပြောသည်ကိုပြန်မပြောပါဟု


ကတိပြုလိုက်သည်။

640
သို့သော်လည်း "လူဆ"ု (Lu Su) သည် "ကျိုးယွီ"(Zhou Yu) ထံသွားကာ
ထိုအကြောင်းအချင်းအရာအလုံးစုံတို့ ကိုပြောပြလိုကေ
် လသည်။

"သူ့ကိုရှင်းပစ်မှပဲဖြစ်မယ်။ သူ့ကိုရှင်းပစ်ဖို့ ဆုံးဖြတ်လိုက်ပြီ"

"သူ့ကိုသတ်လိုကရ
် င် ချောင်ချောင်း(Cao Cao) ရဲ့လှောင်ရယ်စရာမဖြစ်သွားဘူးလား"

"ဘာမှမုန်းတီးမှုမရှိပဲ သူ့သေတွင်းသူ ဖြောင့်ဖြောင့်သွားအောင် နည်းလမ်းတကျနဲ့သတ်မှာပါ"

"ဘယ်လိုနည်းများလဲ"

"သိပ်များများမမေးနဲ့။ မကြာခင်တွေ့ပါလိမ့်မယ်"

ထို့နောက် အမှုထမ်းများကိုစုဝေးစေကာ အစည်းအဝေးပြုသည်။ "ကျူးကဲလျန့်"(Zhuge Liang) ကိုလည်း


ဖိတေ
် ခ်ါစေသည်။ အစည်းအဝေးတွင် "ကျိုးယွ"ီ (Zhou Yu) မှ ရုတ်တရတ် "ကျူးကဲလျန့်"(Zhuge Liang)
အား

"ရန်သူတွေကို ရေပေါ်မှာတိုကဖ
ို့ဆိုရင် ဘာလက်နက်ကိုအသုံးချရင် အကောင်းဆုံးလဲ" ဟု မေးသည်။

"မြစ်ထဲမှာတိုက်ရင်တော့ မြားကိုသုံးရင်တော့ အကောင်းဆုံးပဲ"

"ခင်ဗျားအကြံက ကျုပ်တွေးတာနဲ့ တထပ်တည်းပဲ။ ဒါပေမယ့် လက်ရှိမှာ မြားတွေအလုံအလောက်မရှိဘူး။


ဒါကြောင့် ရေကြောင်းတိုက်ပွဲအတွက် မြားအချောင်းတစ်သန
ိးထုတလ
်ုပ်ဖို့ကို ခင်ဗျားတာဝန်ယူပါ။
ဒီတာဝန်ကိုခင်ဗျားမငြင်းပယ်ဘူးလို့ ယုံကြည်ပါတယ်"

"စစ်သူကြီးတာဝန်ပေးတာမှနသ
် မျှကို ကျွန်တော်ကြိုးစားပြီးလုပ်ဆောင်ပါ့မယ်။ စစ်သူကြီးက
ဘယ်နေ့နောက်ဆုံးထားပြီး မြားတွေကိုလုခ
ျိင်လည်းမသိဘူး"

"ဆယ်ရက်အတွင်းမှာရအောင်လုပ်ပေးနိုင်မလား"

" ရန္သေ
ူ တွက မကြာခင် လာတိုက်တော့မယ်။ ဆယ်ရက်ဆိုမှီမှာမဟုတ်ဘူး "

"ဒါဆို ဘယ်နှရက်အတွင်းမှာပြီးနိုင်မလဲ"

"ကျွန်တော်က
ို့ သုံးရက်ပဲအချိန်ပေးပါ။ မြားတစ်သိန်းရပါစေ့မယ်"

"ရယ်စရာမပြောနဲ့၊ စစ်ပွဲကာလအတွင်းမှာ ဟာသမပြောသင့်ဘူး"

"ကျွန်တော် စစ်သူကြီးရှေ့မှာ ဟာသပြောရဲပါ့မလား။ ဒီတာဝန်ကို သုံးရက်အတွင်းမှာမလုပ်နိုင်ရင်


အပြစ်ဒဏ်ပေးမယ်လို့ အမိန့် ထုတ်ထားလိုက်ပါ"

641
ထိုအခါ "ကျိုးယွ"ီ (Zhou Yu) သည် စိတ်အတွင်းတွင် ကျိတေ
် ပျာ်သွားပြီးနောက်

"ဒီတာဝန်ပြီးမြောက်သွားရင်တော့ ခင်ဗျားကိုကောင်းကောင်းဂုဏ်ပြုရမယ်" ဟုပြောလေသည်။

"ဒီနေ့က နောက်ကျနေပြီမို့ လို့ ထည့်မတွက်ပါနဲ့၊ မနက်ဖြန်ရစရေရင် သုံးရက်မြောက်နေ့မှာ


မြားတစ်သိန်းရအောင်လပ
ုပေးပါ့မယ်"

မကြာမီတွင် "ကျူးကဲလျန့်"(Zhuge Liang) သည် နှုတ်ဆက်ကာထွက်သွားသည်။ ထိုအခါ "လူဆု"(Lu Su)


က "ကျိုးယွ"ီ (Zhou Yu) အား

"ဒါ သူတစ်ခုခုလည
ှ့်စားမှုလုပ်တာမဖြစ်နိုင်ဘူးလား" ဟုမေးသည်။

"မဖြစ်နိုင်ပါဘူး။ သူက အခုသူ့ ကိုယ်သူသေမိန့်ပေးလိုက်သလိုပဲ။


သူ့ကိုဘာမှတောင်ဖိအားမပေးရသေးပဲနဲ့ သူ့ဟာသူ တရားဝင်အမိန့်ပေးပါလို့ပြောထွက်လာတယ်။ သူ
အတောင်ပံရှိရင်တောင် ပြေးမလွတ်ပါဘူး။ အလုပ်သမားတွေကို မြားထုတ်လုပ်တာကို
ဖြည်းဖြည်းပဲလုပ်ဖို့ပြောထားလိုက်မယ်။ နောက်ပြီး လိုအပ်တဲ့ပစ္စည်းတွေ မထောက်ပံ့ပေးရင် သူ
သုံးရက်အတွင်း ဘယ်လိုမှပြီးနိုင်မှာမဟုတ်ဘူး။ အဲ့အချိန်မှာ သူ့ကိုအပြစ်ဒဏ်ပေးရင် ဘယ်သူက
ပြက်ရယ်ပြုနိုင်သေးလဲ? ခင်ဗျား သူ့ကိုစောင့်ကြည့်ပြီးတော့ ကျုပ်ကိုပြန်လာပြောပါ"

ပြီးနောက် "လူဆ"ု (Lu Su) သည် "ကျူးကဲလျန့်"(Zhuge Liang) ဆီသွားသည်။ "ကျူးကဲလျန့်"(Zhuge


Liang) မှ

"သူက ကျုပ်ကုဒ
ိုက္ခပေးချင်တာကို ခင်ဗျားသိရက်သားနဲ့ သူ့ကိသ
ွုားပြောပြလိုက်တယ်။ အခုတော့
ခင်ဗျားမြင်တဲ့အတိုင်းပဲ ကျုပ်သုးံ ရက်အတွင်း မြားအချောင်းတစ်သိန်းရအောင် လုပ်ရတော့မယ်၊
ကျုပ်လုပ်နိုင်မယ်လို့ ထင်လား၊ ခင်ဗျား ကျုပ်ကိုကူညီရမယ်" ဟု ပြောသည်။

"ခင်ဗျား ဒုက္ခ ခင်ဗျားရှာတာလေ၊ ခင်ဗျားကိုဘယ်လိုကူညီရမလဲ"

"သင်္ဘောတစ်စီးဆီမှာ လူသုးံ ဆယ်လောက်ပါတဲ့ သင်္ဘောအစင်းသုံးဆယ်လောက်ငှားပါ။


နောက်ပြီးချည်ထည်တွေနဲ့ ကောက်ရိုးတွေကို လှေပေါ်မှာထားထားပါ၊ ဒါတွေကို
ကောင်းကောင်းအသုံးချစရာရှိတယ်။ တတိယမြောက်နေ့မှာ မြားတွေကိုရအောင်လပ
ုပေးပါ့မယ်။ ဒါပေမယ့်
ဒီအကြောင်းကို ကျိုးယွီ(Zhou Yu) မသိစေနဲ့"

"လူဆု"(Lu Su) ကလည်း ကတိပေးလိုကေ


် လသည်။ "ကျိုးယွ"ီ (Zhou Yu) ထံသို့ ပြန်သွားသော်လည်း
သင်္ဘောငှားရမ်းသည့်အကြောင်းကိုမပြောပဲ အရိပ်အမြွက်လောက်သာပြောသည်။

642
"လူဆု"(Lu Su) : "ကျူးကဲလျန့်"(Zhuge Liang) က ငှက်တောင်ပံ၊ ဝါးတွေ၊ ကော်တွေနဲ့
မြားလုပ်မှာမဟုတ်ပဲ တခြားတစ်နည်းနဲ့မြားရအောင်လပ
ုလိမ့်မယ်"

ထိုစကားကြောင့် "ကျိုးယွ"ီ (Zhou Yu) မှာ အတန်ငယ်တွေးကြံမရဖြစ်သွားသော်လည်း


ယုံကြည်မှုရှိစွာဖြင့်ပင်

"အချိန်သုံးရက်ပြည့်တဲ့အထိစောင့်သေးတာပေါ့" ဟုပြောသည်။

"လူဆု"(Lu Su) သည် "ကျူးကဲလျန့်"(Zhuge Liang) တောင်းဆိုသည့်အတိုင်းပြင်ဆင်ပြီးနောက်


သင်္ဘောတို့ကို "ကျူးကဲလျန့်"(Zhuge Liang) အား လွှဲပေးလိုက်သည်။ "ကျူးကဲလျန့်"(Zhuge Liang)
သည် ပထမရက်တွင်လည်း ဘာမျှမလုပ်၊ ဒုတယ
ိ ရက်တွင်လည်း ဘာမှမလုပ်ပေ။ တတိယရက်
နံနက်လေးနာရီအချိန်တင
ွ် "လူဆ"ု (Lu Su) ထံ စာတစ်စောင်ပို့ကာ လာရောက်ရန်ဖိတ်ခေါ်သည်။

"ခင်ဗျားက ကျွန်တော့်ကို ဘာအကြောင်းရှိလို့ များခေါ်ရတာလဲ"

"ခင်ဗျားနဲ့အတူတူ မြားသွားယူမလို့ "

"ဘယ်မှာသွားယူမလို့လဲ"

"မမေးနဲ့၊ မကြာခင် သိလိမ့်မယ်"

ထို့နောက် သင်္ဘောအစီးနှစ်ဆယ်တို့ ကို ကြိုးရှည်ဖြင့်ချည်နှောင်ပြီးနောက်


မြောက်ဘက်ကမ်းစပ်နားသို့သွားသည်။ ထိုအချိန်တွင် ဘေးပတ်ဝန်းကျင်မှာ မြူတို့ ဖုံးအုပ်နေပြီး
လူတစ်ယောက်နှင့်တစ်ယောက်ပင် မမြင်ရပေ။ "ကျူးကဲလျန့်"(Zhuge Liang) သည် သင်္ဘောတို့ ကို
ရှေ့သို့ ဆက်သွားစေသည်။

ထိုသင်္ဘောတပ်သည် နံနက်ငါးနာရီအချိန်ဝယ် "ချောင်ချောင်း"(Cao Cao)


၏စခန်းအနီးသို့ ရောက်သွားသည်။ ထိုအခါ "ကျူးကဲလျန့်"(Zhuge Liang) သည်
သင်္ဘောခေါင်းကိုအနောက်ဘက်သို့ လှည့်စေကာ ဗုံတို့ ကိုတီးစေပြီး စစ်သားတို့ အား အော်စေသည်။
"လူဆု"(Lu Su) မှ

"ရန်သူတွေလာတိုက်ရင် ဘယ်လိုလုပ်မလဲ" ဟုပြောသည်။ "ကျူးကဲလျန့်"(Zhuge Liang) သည် ပြုံးကာ

"ဒီထူထပ်နေတဲ့မြူကြားမှာ သူတို့ ရေတပ်တွေထွကမ


် လာရဲပါဘူး။ အရက်ကိုဆက်သောက်ပြီး
ပျော်ပျော်နေစမ်းပါ။ မြူတွေကင်းတဲ့အချိန်မှပြန်ကြတာပေါ့" ဟုပြောသည်။

643
တစ်ဖက်မှ အော်ဟစ်သံ၊ ဗုံသံတို့ ကိုကြားသောအခါ ရေတပ်စစ်သူကြီးနှစ်ဦးဖြစ်သော "မောင်ကျဲ"(Mao Jie)
နှင့် "ယွီကျင်"့ (Yu Jin) တို့သည် "ချောင်ချောင်း"(Cao Cao) အား သတင်းပို့ သည်။ "ချောင်ချောင်း"(Cao
Cao) မှ

"သူတို့ ဒီမြူတွေကြားထဲမှာလာတယ်ဆိုတော့ ငါတို့ ကို အလစ်တိုက်ဖို့ပြင်ဆင်လာမှာပဲ၊


ဒီတော့ထွက်မတိုက်နဲ့။ မြားတပ်ဖွဲ့ ကိုခေါ်ပြီးတော့ ရန်သေ
ူ တွကိုလမ
ှ်းပစ်" ဟုပြောသည်။ ထို့ နောက်
မြားသမားနှင့် ဒူးလေးသမားခြောက်ထောင်တို့အား ရန်သူတို့ ကိုပစ်ရန်အမိန့်ပေးလိုက်သည်။ သို့နှင့်
မြားမိုးတို့ သည် လှေတို့ပေါ်သို့ တရစပ်ရွာကျလေသည်။ အချိန်အနည်းငယ်ကြာသော်
"ကျူးကဲလျန့်"(Zhuge Liang) သည် သင်္ဘောခေါင်းကိုအရှေ့ဘက်သို့လှည့်စေကာ သင်္ဘောတို့ကို
ရန်သူ့ အနီးသို့အနည်းငယ်တိုးစေသည်။ သို့မှသာ မြားတို့ သည် လှေပေါ်တွင်စိုက်နေမည်ဖြစ်သည်။
ထို့အပြင် ဗုံတို့ ကိုလည်း မရပ်မနားတီးနေစေသည်။

မြူတို့ ပြိုကွဲစပြုသောအခါတွင် သင်္ဘောတို့ ကိုပြန်ဆုတ်ရန်ပြင်သည်။ ဆုတ်ခွာနေသည့်အချိန်တွင်


စစ်သားတို့အား

"မြားတွေပေးတဲ့အတွက် ဝန်ကြီးချုပ်ကို ကျေးဇူးတင်ပါတယ်" ဟု အော်ခိုင်းလေသည်။ ထိုအကြောင်းကို


"ချောင်ချောင်း"(Cao Cao) သိသောအခါတွင်မူ ရေစီးကြောင်းမှာ ပြောင်းသွားပြီဖြစ်၍
တစ်ဖက်ရန်သူကိုလိုက်ရန် မမှီတော့ပေ။

644
လမ်းတွင် "ကျူးကဲလျန့်"(Zhuge Liang) မှ "လူဆ"ု (Lu Su) အား

"သင်္ဘောအစီးတိုင်းမှာ မြားငါးထောင်ခြောက်ထောင်လောက်ရှိမယ်။ ဘာမှခွန်အားအများကြီးသုံးစရာမလိုပဲ


ရန်သဆ
ီူက မြားတွေရလိုက်တယ်။ နောက်ရက်မှာ ဒီမြားကိုပဲပြန်သုံးပြီး ချောင်ချောင်း(Cao Cao)
ကိုတိုက်ရမယ်" ဟုပြောသည်။

"ခင်ဗျားကတော့ တော်တော်အစွမ်းထက်တဲ့လူပဲ။ ဒါပေမယ့် ခင်ဗျားက ဒီနေ့


မြူတွေအုံ့ ဆိုင်းမယ်ဆိုတာဘယ်လိုသတ
ိာလဲ"

"ကောင်းကင်နဲ့ မြေကြီးရဲ့နည်းလမ်းတွေကိုမသိပဲနဲ့ လူတစ်ယောက်က ခေါင်းဆောင်ဖြစ်မလာနိုင်ဘူး ။


ဓာတ်တွေရဲ့လျှို့ဝှက်ချက်တွေ၊ တစ်ခုနဲ့ တစ်ခုအမှီသဟဲပြုမှုတွေ၊ နည်းဗျူဟာတွေရဲ့အံ့မခန်းတွေနဲ့
တပ်ဖွဲ့ရဲ့တန်ဖိုးဆိုတာတွေကုန
ိားလည်ထားရမယ်။ ဒီအရည်အချင်းတွေက ဘာမှမပြောပလောက်ပါဘူး။
လွန်ခဲ့တဲ့သုံးရက်တုန်းက ဒီနေ့မှာ မြူထူထပ်လိမ့်မယ်လို့ကြိုပြီးတွက်ထားနိုင်ခဲ့တယ်။ ဒါကြောင့်
ကျုပ်ကသုံးရက်ပဲအချိန်ယူခဲ့တာ၊ ကျိုးယွီ(Zhou Yu) က ဆယ်ရက်ပေးပေမယ့် အဲ့ဆယ်ရက်အတွင်းမှာ
မြားထုတ်လုပ်ဖို့လိုအပ်တဲ့ပစ္စည်းတွေရော၊ လူအင်အားရောပေးမှာမဟုတ်ပဲ ကျုပ်ကိုသတ်ဖို့စောင့်နေမှာ
သိတာပေါ့။ ဒါပေမယ့် ကျုပ်ရဲ့ကြံ ကမ္မာက ကောင်းကင်ကြီးနဲ့ဆက်စပ်နေတာ ကျိုးယွ(ီ Zhou Yu) က
ကျုပ်ကို ဘယ်လိုဒုက္ခပေးနိုင်ပါ့မလဲ"

"လူဆု"(Lu Su) မှာ ထိုစကားကိုလက်မခံပဲမနေနိုင်ချေ။ တပ်စခန်းသို့ပြန်ရောက်သောအခါဝယ် မြားတို့ကို


စစ်သားတို့အားသယ်စေပြီး "ကျိုးယွ"ီ (Zhou Yu) ၏ရွက်ဖျင်တဲသို့ ပို့စေသည်။ "လူဆု"(Lu Su) သည်
"ကျိုးယွ"ီ (Zhou Yu) ထံသွားကာ "ကျူးကဲလျန့်"(Zhuge Liang) ၏
လုပ်နည်းလုပ်ပုံတို့ ကိုပြောပြလေသည်။ "ကျိုးယွီ"(Zhou Yu) မှာ အံ့ဩသွားပြီး သက်ပြင်းချကာ

"သူက ငါ့ထက်တော်တယ်။ သူ့နည်းလမ်းတွေက သာမန်လူနဲ့တောင်မတူတော့ဘူး" ဟုပြောသည်။

"ကျူးကဲလျန့်"(Zhuge Liang) သည် ပြန်ရောက်ပြီး မကြာမီတွင်ပင် "ကျိုးယွ"ီ (Zhou Yu)


နှင့်သွားတွေ့သည်။ "ကျိုးယွ"ီ (Zhou Yu) မှ

"ခင်ဗျားရဲ့ခန့်မှန်းနိုင်စွမ်းကတော့ အံ့မခန်းပါပဲဗျာ" ဟု ဆိုသည်။

"ဒါ ဘာမှမပြောပလောက်ပါဘူး"

"ကျိုးယွ"ီ (Zhou Yu) သည် "ကျူးကဲလျန့်"(Zhuge Liang) အား ရွကဖ


်ျင်တဲအတွင်းသို့ ခေါ်သွားပြီး
အရက်တိုက်ကာ

645
"မနေ့က ကျွန်တော့်သခင်ကြီးဆီက စစ်အမြန်ချီတက်ဖို့စာရောက်လာတယ်။ ဒါပေမယ့် ကျွန်တော့်ဆီမှာ
ဘယ်လိုတိုက်မယ်ဆိုတာ အစီအစဉ်မရှိသေးဘူး။ ဒါကြောင့် ဆရာကြီးက ကျွန်တော့်ကိုအကြံပေးပါ"
ဟုပြောသည်။

"ကျွန်တော့်လိုအရည်အချင်းနည်းတဲ့လူက သခင်ကြီးလိုစီမံကိန်းဘယ်ချနိုင်ပါ့မလဲ"

"ဟိုတလောက ရန်သရ
ဲူ့ရေတပ်စခန်းကိုကြည့်တော့ သူတို့ ဖွဲ့စည်းထားတာက ကောင်းမွန်ပြီးစနစ်ကျတယ်။
လွယ်လွယ်နဲ့တိုက်လို့ ရမှာမဟုတ်ဘူး။ ဒါပေမယ့် ကျွန်တော့်မှာအကြံတစ်ခုတော့ရှိတယ်၊
အဲ့အကြံကအောင်မြင်မလားဆိုတာ မသေချာဘူး။ ဒါကြောင့် ခင်ဗျားက ကျွန်တော့်အစားဆုံးဖြတ်ပေးပါ"

"စစ်သူကြီးက ဘာအကြံရှိတယ်လို့ မပြောပါနဲ့။ ကျွန်တော်တို့ ကိုယ့်လက်ပေါ်မှာ စာရေးပြီးတော့


ကျွန်တော်တို့တွေးတာတိုက်ဆုင
ိမှုရှိလားဆိုတာကြည့်တာပေါ့"

ထိုအခါ စုတတ
်ံနှင့်မှင်ယူလာစေပြီး "ကျိုးယွ"ီ (Zhou Yu) သည် သူ့လက်ပေါ်တွင် သူစာရေးသည်။
ထို့နောက် ထိုစုတ်တံကို "ကျူးကဲလျန့်"(Zhuge Liang) ကိုပေးလိုက်ပြီး "ကျူးကဲလျန့်"(Zhuge Liang)
သည် ကိုယ့လ
် က်ပေါ်တွင် ရေးပြန်သည်။ နှစ်ဦးလုံးရေးပြီးနောက်တွင် ရေးထားသောစာကို
တစ်ဦးကိုတစ်ဦးပြပြီးနောက်ဝယ် နှစ်ယောက်စလုံးရယ်မောကြသည်။ နှစ်ဦးလုံးရေးသောစာလုံးမှာ မီး - '火'
ဆိုသောစာလုံးတစ်လံုး တည်းဖြစ်သည်။

"ကျိုးယွ"ီ (Zhou Yu) သည်

"ကျွန်တော်တို့နှစ်ယောက်လုံးအကြံက အတူတူပဲ၊ ဒါပေမယ့် ဒီအကြံကို တခြားလူတွေသလ


ိ့ို မဖြစ်ဘူး ၊
လျှို့ဝှက်ထားရမယ်" ဟုပြောသည်။ "ကျူးကဲလျန့်"(Zhuge Liang) မှ

"ကျွန်တော်တို့နှစ်ယောက်လုံးက အမှုထမ်းတွေပဲ။ တခြားလူတွေကိုပြောမှာလည်းမဟုတ်ပါဘူး။ နောက်ပြီး


ချောင်ချောင်း(Cao Cao) ကလည်းဒီအတွက် ပြင်ဆင်ထားမှာမဟုတ်ဘူး ။ သူ
မီးနဲ့တိုက်ခိုကမ
ှ်ုကိုနှစ်ကြိမ်ခံစားပြီးပေမယ့်လည်း ဒီအကြံအောင်မြင်အောင်
တွန်းအားပေးလို့တော့ရပါတယ်" ဟုပြောသည်။

"ကျူးကဲလျန့်"(Zhuge Liang) သည် အရက်သောက်ပြီးနောက်ဝယ် ထွကသ


်ွားသည်။ ထိုအကြံကို
မည်သူမျှမသိပေ။

"ချောင်ချောင်း"(Cao Cao) သည် မြားတို့ကို အလဟဿဆုံးရှုံးလိုက်ရသဖြင့် ဒေါသထွကက


်ာ
လက်စားချေရန် ဆန္ဒရှိသည်။ "ရွှင်ယ"ို (XunYou) မှ

646
"ရန်သူဘက်က အကြံပေးနှစ်ယောက်က ကျိုးယွီ(Zhou Yu) နဲ့ ကျူးကဲလျန့်(Zhuge Liang) တို့ ပဲ။
သူတို့ ကိုယှဉ်နိုင်ဖို့ ခက်ခဲတယ်။ သူတို့ဆီမှာ အညံ့ခံတဲ့ပုံစံတ့တ
ဲ စ်ယောက်ယောက်ကိုလွှတ်ပြီးတော့
အဲ့လူက ကျွန်တော်တို့အတွက် သူလျှိုဖြစ်ပြီး ကောင်းကောင်းအသုံးချနိုင်တာပေါ့။
သူတို့ ဘာလုပ်နေတယ်ဆိုတာသိရင် ကျွန်တော်တို့လည်း ပြင်ဆင်လို့ ရတယ်" ဟုပြောသည်။

"ငါလည်း အဲ့လိုပဲတွေးနေတယ်။ ဒါပေမယ့် အဲ့အတွက် ဘယ်သူ့ ကိုလွှတ်ရင်ကောင်းမလဲ"

"ချိုက်မောက်(Cai Mao) က သေဒဏ်ပေးတာခံလိုက်ရတယ်၊ ဒါပေမယ့် သူ့နောက်လိုကေ


် တွ၊
မိသားစုတွေအကုန်လုံးက စစ်တပ်ထမ
ှဲာပဲ။ သူ့ညီနှစ်ယောက်ကလည်း တပ်မှူးနှစ်ယောက်ပဲ။
သူတို့ နှစ်ယောက်ကို ကောင်းကောင်းထိန်းချုပ်ပြီးတော့ ရန်သူဘက်ကိုလွှတ်လုက
ိပါ။
တောင်ပိုင်းပြည်နယ်ကလူတွေက ဒါကိုသံသယရှိမှာမဟုတ်ဘူး"

"ချောင်ချောင်း"(Cao Cao) က ၎င်းကိုလက်ခံလိုကြ် ပီး ညနေဘက်တွင် "ချိုက်ကျုံး"(Cai Zhong) နှင့်


"ချိုက်ဟဲ"(Cai He) တို့ ကိုဆင့်ခေါ်ပြီးနောက်

"ငါ မင်းတို့ ကိုတောင်ပိုင်းပြည်နယ်တပ်ဖွဲ့ ဆီလွှတ်ပြီး ဟန်ဆောင်လက်နက်ချစေချင်တယ်။ ပြီးရင်


ဟိုဘက်က သတင်းအချက်အလက်တွေကိုပြန်ပို့ ပေးပါ။ တာဝန်ကိုကောင်းကောင်းထမ်းဆောင်နိုင်ရင်
ဆုလာဘ်ကောင်းကောင်းပေးမယ်။ သစ္စာဖောက်ဖို့ တော့ စိတ်မကူးပါနဲ့" ဟုပြောသည်။

"ကျွန်တော်တို့မိသားစုတွေက ကျင်ကျိုးမှာ၊ ကျင်ကျိုးက ဝန်ကြီးချုပ်လက်အောက်မှာရှိတာ


ကျွန်တော်တို့ဘယ်သစ္စာဖောက်ရဲပါ့မလဲ? သံသယမရှိပါနဲ့။ ကျွန်တော်တို့ မကြာခင်မှာ ကျိုးယွ(ီ Zhou Yu)
နဲ့ ကျူးကဲလျန့်(Zhuge Liang) တို့ ရဲ့ခေါင်းကိုဆက်သပေးပါ့မယ်"

ထိုသူနှစ်ယောက်ကို ဆုလာဘ်များပေးပြီးနောက် စစ်သားငါးရာစီနှင့်


တောင်ဘက်ကမ်းဆီသို့ သွားစေသည်။

ထိုအချိန်တွင် "ကျိုးယွ"ီ (Zhou Yu) သည် စစ်တိုက်ရန်ပြင်ဆင်နေရာ


မြောက်ဘက်မှစစ်သူကြီးနှစ်ဦးရောက်လာသည့်အကြောင်းကြားလျှင် သွားတွေ့သည်။
ထိုညီအစ်ကိုနှစ်ဦးတို့သည်

"ကျွန်တော်တို့အစ်ကိုကြီးဟာ သေဒဏ်ပေးခံလိုက်ရတယ်။ ကျွန်တော်တို့က သူ့အတွက်


လက်စားချေဖို့ဆန္ဒရှိတဲ့အတွက် စစ်သူကြီးဆီလာပြီး သစ္စာခံတာပါ။ ကျွန်တော်တို့နှစ်ယောက်ကို
ရှေ့ပြေးတပ်အဖြစ်တာဝန်ပေးပါ" ဟုပြောသည်။

647
"ကျိုးယွ"ီ (Zhou Yu) သည် အင်မတန်ဝမ်းမြောက်သည့်ဟန်ဖြင့် ထိုသူနှစ်ဦးအား ကြိုဆိုကာ
"ကန်းနင်"(Gan Ning) ၏ရှေ့ပြေးတပ်နှင့်အတူ ထားစေသည်။ ထိုညီအစ်ကိုနှစ်ဦးတို့ကလည်း
သူတို့ အကြံအောင်ပြီဟုတွေးကာ ပျော်နေသည်။

သို့သော် "ကျိုးယွ"ီ (Zhou Yu) က "ကန်းနင်"(Gan Ning) အား

"သူတို့တွေက သူတို့မိသားစုမပါပဲ ဒီကိုရောက်လာတယ်။ ဒီတော့ ဒါက


ဟန်ဆောင်ပြီးရောက်လာတာပဲဖြစ်မှာ။ သူတို့ရဲ့လှည့်စားမှုကိုလှည့်စားမှုနဲ့ ရင်ဆိုင်ရမယ်။
တခြားတစ်ဖက်ကို သတင်းပို့ ဖို့မှာ သူတို့ကိုအသုံးချရမယ်။ ဒါကြောင့်
သူတို့ နှစ်ယောက်ကိုကောင်းကောင်းဆက်ဆံပါ။ ဒါပေမယ့် သတိတော့ထားပါ။ စစ်ထွက်တဲ့အခါမှာတော့
သူတို့ နှစ်ယောက်ကို အလံမှာချိတ်ထားရမယ်။ ဘာအမှားမှမပါဖို့ သတိထားပါ" ဟု
တိတ်တဆိတ်အမိန့် ပေးထားသည်။

ထို့နောက် "လူဆ"ု (Lu Su) ရောက်လာပြီးနောက် "ကျိုးယွီ"(Zhou Yu) အား

"ချိုက်ကျုံး(Cai Zhong) နဲ့ ချိုက်ဟ(ဲ Cai He) တို့လက်နက်ချတာက


လှည့်စားမှုတစ်ခုလို့ အကုန်လံုး ကတွေးကြတယ်။ ဒါကြောင့် သူတို့ ကိုလက်မခံသင့်ဘူး " ဟုပြောသည်။

"သူတို့က သူတို့အစ်ကိုအတွက် လက်စားချေချင်တာလေ။ ဟန်ဆောင်တာမဖြစ်နိုင်ဘူး။


ခင်ဗျားသံသယရှိနေရင် ဘယ်သူ့ကိုမှ လက်ခံနိုင်မှာမဟုတ်ဘူး"

"လူဆု"(Lu Su) မှာ စိတ်ပျက်သွားပြီး ထိုအကြောင်းကို "ကျုးကဲလျန့်"(Zhuge Liang) အား


သွားပြောလျှင် "ကျူးကဲလျန့်"(Zhuge Liang) မှာ ပြုံးနေသည်။

"ခင်ဗျားက ဘာလို့ ရယ်တာလဲ"

"ခင်ဗျားရဲ့ရိုးသားမှုကိုရယ်တာပါ။ စစ်သူကြီးက လူတွေကို ကစားနေတာ။ သူလျှိုတွေက


ဒီလိုလွယ်လယ
ွ်နဲ့သွားချင်တုင
ိးသွား၊ လာချင်တုင
ိးလာလို့မရဘူးလေ။ စစ်သူကြီးက လှည့်စားမှုကို
လှည့်စားမှုနဲ့ တိုက်ခိုက်မလို့ ။ သူက သူလျှိုတွေကို သတင်းအမှားပေးမလို့ လေ။ စစ်ပွဲမှာ
လှည့်စားမှုဆိုတာကိုသုံးရမှာပဲ။ နောက်ပြီး သူ့ရဲ့အကြံက သင့်တော်တဲ့အကြံပဲ"

ထိုအခါ "လူဆ"ု (Lu Su) သည် သဘောပေါက်သွားလေသည်။

648
ထိုညတွင် "ဟွမ်ကိုင်"(Huang Gai) က "ကျိုးယွီ"(Zhou Yu) နှင့် တိတတ
် ဆိတ်လာတွေ့သည်။
"ကျိုးယွ"ီ (Zhou Yu) မှ

"စစ်သူကြီးက ဒီအချိန်လာတယ်ဆိုတော့ အကြံအစည်ကောင်းတစ်ခုရှိလို့ ပဲနေမယ်" ဟု ပြောသည်။

"ရန်သူတွေက ကျွန်တော်တို့ထက် အင်အားများတာ။ သူတို့ ကိုမီးနဲ့တိုက်လိုက်ပါလား"

"ဒီအကြံကို ခင်ဗျားကိုဘယ်သူပြောတာလဲ"

"ဘယ်သူမှမပြောပါဘူး၊ ကျွန်တော်ကိုယ့်ဟာကိုယ်တွေးမိတာပါ"

"ကျွန်တော်လည်း အဲ့လိုမျိုးလုပ်ဖို့တွေးနေတာ၊ ဒါကြောင့် ဟိုဟောင်ဆောင်ပြီးအညံ့ခံတဲ့လူတွေကို


ထားထားတာ၊ သူတို့ကို သတင်းအမှားပေးချင်လို့ ။ နှမြောစရာက ကျွန်တော့်ဘက်ကနေပြီး
တခြားဘက်ကိုသွားပြီး သူလျှိုလုပ်ပေးမယ့်သူမရှိဘူး "

"အဲ့တာဝန်ကို ကျွန်တော်ထမ်းဆောင်ပါ့မယ်"

"ဒါပေမယ့် ဒဏ်ရာတွေဘာတွေမရှိရင် တစ်ဖက်ရန်သူက ယုံမှာမဟုတ်ဘူး"

"စွန်းမိသားစုက ကျွန်တော့်အပေါ်ကောင်းခဲ့တာ။ အဲ့စေတနာကိုပြန်ပေးဆပ်ဖို့ ဆိုရင် သေသွားလည်း


မနှမြောပါဘူး"

"ကျိုးယွ"ီ (Zhou Yu) သည် အရိုအသေပြုကာ ကျေးဇူးတင်ပြီး

"ခင်ဗျားသာ ခန္ဓာကိုယ်မှာ ဒဏ်ရာဒဏ်ချက်ရတာကို ခွင့်ပြုနိုင်တယ်ဆိုရင် တောင်ပိုင်းပြည်နယ်က


ခင်ဗျားရဲ့ပေးဆပ်မှုအတွက် ကျေးဇူးတင်နေမှာပါ" ဟုပြောသည်။

"ကျုပ်ကိုသတ်လိုက်ရင်တောင် ကိစ္စမရှိဘူး"

နောက်ရက်တွင် ဗုံတီးကာအချက်ပေးပြီး အမှုထမ်းတို့ ကို စစ်သူကြီး၏ရွက်ဖျင်တဲတင


ွ် စုဝေးစေသည်။
"ကျူးကဲလျန့်"(Zhuge Liang) လည်း အခြားသောသူတို့ နှင့် ရောက်လာသည်။ "ကျိုးယွီ"(Zhou Yu) မှ

"ရန်သူရဲ့စခန်းတွေက မိုင်တစ်ရာလောက်ရှည်လျားတဲ့အတွက် ဒီစစ်ပွဲက


တော်တော်ကြာမယ့်စစ်ပွဲပဲဖြစ်တယ်။ ဒါကြောင့် ခေါင်းဆောင်တိုင်းက သုံးလစာ စားနပ်ရိက္ခာကို
ပြင်ဆင်ထားရမယ်" ဟု ပြောသည်။ ထိုအချိန်တွင် "ဟွမ်ကုင
ိ"(Huang Gai) က ရုတ်တရတ်ထပြီး

"သုံးလမပြောနဲ့။ လပေါင်းသုံးဆယ်ဆိုရင်တောင် စစ်ပွဲပြီးဦးမှာမဟုတ်သေးဘူး။ ခင်ဗျား ရန်သူတွေကို


ဒီလချေမှုန်းနိုင်ရင်တော့ ကောင်းတာပေါ့။ ဒါပေမယ့် မလုပ်နိုင်ရင်တော့ ကျန်းကျောက်(Zhang Zhao)
ပြောသလိုပဲ လက်နက်ချတာမှကောင်းဦးမယ်" ဟု ပြောသည်။

649
ထိုအခါ "ကျိုးယွ"ီ (Zhou Yu) သည် ဒေါသထွက်ပြီး

"ကျုပ်တို့သခင်ကြီးက ချောင်ချောင်း(Cao Cao) ကို ချေမှုန်းဖို့ အမိန့် ပေးထားပြီး


လက်နက်ချတဲ့အကြောင်းပြောတဲ့သူမှန်သမျှကို သေဒဏ်ပေးမယ်လို့ ဆိုထားပြီးပြီ။ အခု ရန်သူနဲ့
ရင်ဆုင
ိရမယ့်အချိန်မှာ ခင်ဗျားက ဒီလိုပြောတယ်! ခင်ဗျားကိုမသတ်ရင်
တခြားလူတွေကိုဘယ်လိုဦးဆောင်နိုင်မလဲ" ဟုဆိုပြီး အာဏာပါးကွက်သားတို့ကိုခေါ်ကာ
သေဒဏ်ပေးရန်ပြုသည်။ "ဟွမ်ကိုင"် (Huang Gai) ကလည်း

"ကျုပ်အမှုထမ်းလာတာ မျိုးဆက်သုံးဆက်ရှိပြီ။ ကျုပ် စစ်သူကြီး စွန်းကျန့်(Sun Jian)


နဲ့အရှေ့တောင်ဘက်မှာ လှည့်လှည်တဲ့အချိန်က ခင်ဗျားတောင် ဘယ်ရောက်နေမှန်းမသိဘူး"
ဟုပြောသည်။

"ကျိုးယွ"ီ (Zhou Yu) မှာ အင်မတန်ဒေါသထွကြ် ပီး သေဒဏ်ချက်ချင်းပေးရန်အမိန့်ချသည်။ ထိုအခါ


"ကန်းနင်"(Gan Ning) မှ

"သူက တောင်ဘက်ပြည်နယ်က ဝါရင့်စစ်သြူ ကီးပါ။ သူ့အပြစ်ကို လျှော့ပေါ့ပေးလိုက်ပါ" ဟု


အသနားခံသည်။ "ကျိုးယွီ"(Zhou Yu) က

"ခင်ဗျားက ဘာဝင်ပြောတာလဲ။ တာဝန်အရလုပ်တာကို ဖီဆန်ရဲသလား" ဟု ဆိုပြီး "ကန်းနင်"(Gan Ning)


အား ကြိမ်ဒဏ်ပေးစေသည်။

ထိုအခါ အခြားသောအမှုထမ်းတို့ကလည်း ဒူးထောက်ကာ "ဟွမ်ကိုင"် (Huang Gai) အတွက်


အသနားခံသည်။

"သူ့ကိုသေဒဏ်ပေးသင့်ပေမယ့် အဲ့လိုလပ
ုလိုက်ရင် စစ်တပ်ကြီးအတွက်ဆုံးရှုံးမှုဖြစ်သွားလိမ့်မယ်။
သူ့ကိုလက်ရှိမှာတော့ အပြစ်မပေးပဲနဲ့ ရန်သူနဲ့ တိုက်ပြီးမှ အပြစ်ပေးပါ"

သို့သော်လည်း "ကျိုးယွ"ီ (Zhou Yu) ကလက်မခံသဖြင့် အမှုထမ်းတို့က မျက်ရည်ကျကာ ငိုယြို ကသည်။

အချိန်အတန်ကြာသောအခါတွင်မှ "ကျိုးယွီ"(Zhou Yu) က

"ခင်ဗျားတို့ ဝင်မတားရင်တော့ သူ့ကိုသေဒဏ်ပေးမှာပဲ။ ဒါပေမယ့် သူ့အပြစ်ဒဏ်ကိုလျှော့ပေါ့ပြီး


ကြိမ်ဒဏ်ပဲပေးတော့မယ်။ သူ့ကိုမသေစေနဲ့" ဟုပြောပြီး ကြိမ်ဒဏ်အချက်တစ်ရာပေးရန်
အမိန့်ပေးလိုက်သည်။

650
အမှုထမ်းတို့က ကြိမ်ဒဏ်ကိုထပ်ပြီးလျှော့ပေါ့ရန် တောင်းဆိုပြန်ရာ "ကျိုးယွီ"(Zhou Yu) သည် ဒေါသဖြင့်
ရှေ့တင
ွ်ရှိသောစားပွဲကိုတန
ွ်းလှန်လိုက်ပြီး ထပ်ပြီးအသနားမခံရန် အော်ပြောလေသည်။

"ဟွမ်ကိုင"် (Huang Gai) ကို အဝတ်ချွတ်စေကာ မြေကြီးပေါ်သို့တွန်းချလိုက်ပြီး ကြိမ်ဒဏ်ပေးလေသည်။


ကြိမ်ဒဏ်အချက်ငါးဆယ်အရောက်ဝယ် အမှုထမ်းတို့ က ဆက်ပြီး ဒဏ်မပေးရန် တောင်းဆိုကြပြန်သည်။
ထိုအခါ "ကျိုးယွ"ီ (Zhou Yu) မှာ ထိုင်ခုံပေါ်မှထပြီး "ဟွမ်ကိုင်"(Huang Gai) အား
လက်ညှိုးငေါက်ငေါက်ထိုးကာ

"ခင်ဗျား နောက်ထပ်အမိန့်ကို မနာခံရင် ဒီကျန်တဲ့ကြိမ်ဒဏ်အချက်ငါးဆယ်ထပ်ပေးမယ်။


မရိုမသေပြုမူရင်လည်း အပြစ်နှစ်ခုလုံးအတွက် ပေါင်းပြီး ဒဏ်ပေးမယ်" ဟုပြောပြီးနောက်
ရွကဖ
်ျင်တအ
ဲ တွင်းသို့ စိတ်ဆိုးမာန်ဆိုးဖြင့်ဝင်သွားသည်။

အမှုထမ်းတို့ကလည်း "ဟွမ်ကိုင်"(Huang Gai) ကိုဝိုင်းပြီးထူပေးကြသည်။ "ဟွမ်ကိုင"် (Huang Gai)


၏ကျောပြင်တွင် ဒဏ်ရာများရနေပြီး သွေးတို့ ခြင်းခြင်းနီနေသည်။ "ဟွမ်ကိုင်"(Huang Gai) ၏ပုံစံမှာ
သနားစရာပင်ကောင်းနေသည်။ "လူဆ"ု (Lu Su) သည် "ဟွမ်ကိုင်"(Huang Gai) ၏အခြေအနေကို
သွားကြည့်ပြီးနောက်ဝယ် "ကျူးကဲလျန့်"(Zhuge Liang) ထံသွားသည်။ "လူဆု"(Lu Su) မှ

"တခြားအမှုထမ်းတွေက ဘာမှမပြောရဲပေမယ့် ခင်ဗျားက ဧည့်သည်ပဲလေ။ ဘာကြောင့်


ဘာမှဝင်မပြောရတာလဲ" ဟုမေးသည်။"ကျူးကဲလျန့်"(Zhuge Liang) သည် ပြုံးပြီး

"ဒါ ကျုပ်ကိုသက်သက်စော်ကားတာပဲ" ဟုပြောသည်။

"ဘာလို့ဒီလိုပြောရတာလဲ။ ခင်ဗျား ဒီရောက်လာကတည်းက ကျွန်တော် ခင်ဗျားကို မစော်ကားခဲ့ပါဘူး"

"အဲ့ကြိမ်ဒဏ်ပေးတာက လှည့်စားမှုအတွက်ဆိုတာ မသိဘူးလား။ ဘာလို့ ကျိုးယွ(ီ Zhou Yu)


ကိုမလုပ်နဲ့လို့ ဝင်တားရမှာလဲ"

ထိုအခါ "လူဆ"ု (Lu Su) ကသဘောပေါက်သွားသည်။ "ကျူးကဲလျန့်"(Zhuge Liang) မှ ဆက်ပြီး

"ဒဏ်ရာမရပဲနဲ့သူ့ဘက်ကိုရောက်လာရင် ချောင်ချောင်း(Cao Cao) က ယုံမှာမဟုတ်ဘူး။ ဒါကြောင့်


ကျိုးယွီ(Zhou Yu) က ဟွမ်ကိုင်(Huang Gai) ကို သစ္စာဖောက်အနေနဲ့ ချောင်ချောင်း(Cao Cao)
ဘက်ကိုပို့ လိမ့်မယ်။ ချောင်ချောင်း(Cao Cao) ရဲ့သူလျှိုတွေရဲ့သတင်းအမှားကို အသုံးချပြီးတော့ပေါ့။
ဒါပေမယ့် သူ့အကြံကိုကျုပ်သတ
ိ ယ်ဆိုတာကို သူ့ကိုပေးမသိပါနဲ့။ သူမေးရင် ကျုပ်လည်း
တခြားအမှုထမ်းတွေလိုပဲ စိတ်ဆိုးနေတယ်လို့ ပြောလိုက်ပါ" ဟုပြောသည်။

651
သို့နှင့် "လူဆ"ု (Lu Su) သည် "ကျိုးယွ"ီ (Zhou Yu) အား သွားတွေ့ပြီး

"စစ်သူကြီးက သစ္စာရှိအမှုထမ်းကိုဘာလို့ အပြစ်ပေးရတာလဲ" ဟုမေးသည်။

"တခြားအမှုထမ်းတွေက ဒါနဲ့ပတ်သတ်ပြီး မုန်းတီးနေကြလား"

"သူတို့တွေအကုန်လုံး စိတ်ပျက်နေကြတယ်"

"ခင်ဗျားရဲ့မိတ်ဆွေရော ဘယ်လြို မင်လ"ဲ

"ကျူးကဲလျန့်(Zhuge Liang) လည်း စိတ်ထဲမှာစိတတ


ိုနေပြီး ခင်ဗျားအမှားလုပ်မိတယ်လို့ ထင်နေတယ်"

"ဒီတစ်ကြိမ်တော့ သူ့ကိုလိမ်နိုင်ခဲ့ပြီ"

"ဘာကိုပြောတာလဲ"

"ဟွမ်ကိုင(် Huang Gai) ကြိမ်ဒဏ်ပေးခံရတာက ကျုပ်ရဲ့လည


ှ့်စားမှုတစ်ရပ်ပဲ။ သူ့ကို ချောင်ချောင်း(Cao
Cao) ဆီ သစ္စာဖောက်အနေနဲ့ပို့ဖို့အကြောင်းအရင်းရှာတာ။ ပြီးရင် ရန်သူကို မီးနဲ့တိုက်မလို့ "

"လူဆု"(Lu Su) သည် မည်သို့ မျှပြန်မပြောသော်လည်း စိတအ


် တွင်းတွင်မူ "ကျူးကဲလျန့်"(Zhuge Liang)
ပြောသည်မှာ မှန်သွားပြန်ကြောင်း တွေးမိလေသည်။

ထိုအချိန်တွင် "ဟွမ်ကိုင်"(Huang Gai) သည် သူ၏ရွကဖ


်ျင်တဲအတွင်းတွင်လှဲနေသည်။
အခြားသောသူတို့ က လာရောက်ကာ ဖျောင်းဖျပြီး ကျန်းမာရေးအခြေအနေကိုမေးကြသော်လည်း
"ဟွမ်ကိုင"် (Huang Gai) က မည်သို့ မျှပြန်မဖြေပေ။ အိပ်ယာထဲတင
ွ် လှဲနေပြီး သက်ပြင်းသာချနေသည်။

အကြံပေး "ခန့်ဇယ်"(Kan Ze) ရောက်လာသောအချိန်တွင်မူ အစေခံများကိုအပြင်သို့ ထွက်သွားစေသည်။


"ခန့်ဇယ်"(Kan Ze) မှ

"ခင်ဗျား စစ်သူကြီးနဲ့ အကြီးအကျယ်ရန်ဖြစ်ထားလို့ လား" ဟုမေးသည်။

"မဖြစ်ပါဘူး"

"ဒါဆို ဒီလိုကြိမ်ဒဏ်ပေးခံတာက လှည့်စားမှုအတွက်လား"

"ခင်ဗျား ဘယ်လိုခန့်မှန်းလိုက်တာလဲ"

"စစ်သူကြီးကိုကြည့်ပြီး အဖြစ်မှန်ရဲ့ဆယ်ပုံကိုးပုံလောက်ကိုခန့်မှန်းနိုင်လိုက်တာ"

652
"ကျုပ်ကို စွန်းမိသားစုက ကောင်းကောင်းဆက်ဆံခဲ့တာ။ ဒါကိုပြန်ပေးဆပ်ဖို့ အတွက် ဒီလှည့်ကွကမ
ှ်ာ
ပါဝင်ဖို့ လုပ်ခဲ့တာ။ ကျုပ် ဒဏ်ရာရပေမယ့်နောင်တတော့မရဘူး။ စစ်တပ်ထက
ဲ ကျုပ်သတ
ိဲ့လူတွေထဲမှာ
ခင်ဗျားက အရင်းနှီးဆုံးပဲ။ ဒါကြောင့် ခင်ဗျားကို သူငယ်ချင်းအနေနဲ့ပြောလို့ရတယ်"

"ခင်ဗျားက ကျုပ်ကနေတဆင့် ချောင်ချောင်း(Cao Cao) ဆီကို အညံ့ခံတဲ့စာပို့ မလို့ လား"

"ဟုတ်တယ်၊ ခင်ဗျား ကူညီပေးနိုင်မလား"

"ခန့်ဇယ်"(Kan Ze) ကလည်း ဝမ်းမြောက်ဝမ်းသာလက်ခံလိုက်သည်။

653
အခန်း(၄၇) "ခန့်ဇယ်"(Kan Ze) သည် သစ္စာဖောက်သည့်စာကိုဆက်သခြင်း။ "ဖန်ထ"ုံ (Pang
Tong) မှ သင်္ဘောများကိုချိတ်ထားရန် အကြံပေးခြင်း။

"ခန့်ဇယ်"(Kan Ze) သည် စန်းရင်ဇာတိဖြစ်ပြီး သာမန်မိသားစုမှဆင်းသက်လာသူဖြစ်သည်။


စာဖတ်ဝါသနာပါသူဖြစ်သော်လည်း ဆင်းရဲသဖြင့် စာအုပ်မဝယ်နိုင်ပဲ ငှားသာဖတ်ခဲ့ရသည်။ သူသည်
မှတဉ
်ာဏ်အင်မတန်ကောင်းသည်ဟူ၏။ စကားပြောကောင်းသူဖြစ်ပြီး ရဲရင့်သူဖြစ်သည်။ နောက်ပိုင်းတွင်
"စွန်းချွမ်"(Sun Quan) သည် သူ့အားအကြံပေးအနေဖြင့် ခန့်အပ်ခဲ့သည်။ သူနှင့် "ဟွမ်ကိုင်"(Huang Gai)
တို့မှာ အင်မတန်ရင်းနှီးသောမိတ်ဆွေများဖြစ်သည်။

"ခန့်ဇယ်"(Kan Ze) မှာ စကားရေးရာလိမ္မာကျွမ်းကျင်သူဖြစ်သဖြင့် "ဟွမ်ကိုင"် (Huang Gai) က


သူမှတဆင့် "ချောင်ချောင်း"(Cao Cao) ထံ သစ္စာခံသည့်စာဆက်သစေခြင်းဖြစ်သည်။

"ခန့်ဇယ်"(Kan Ze) မှ

"ကျုပ်သူငယ်ချင်းက သူ့သခင်အတွက် ဒီလောက်ခံစားပြီးတာ၊ ကျုပ်လည်း အတူမျှဝေမခံစားပဲ


ဘယ်နေနိုင်ပါ့မလဲ? အသက်ရှိနေချိန်မှာ လူတစ်ယောက်က သူ့တာဝန်သူမလုပ်နိုင်ရင်
စိုကခ
် င်းထဲမှာပုပ်သွားတဲ့ဆေးပင်လုပ
ိဲ ဘာမှမထူးဘူး" ဟု ပြောသည်။ "ဟွမ်ကိုင"် (Huang Gai) သည်
အိပ်ယာမှထကာ အရိုအသေပြုသည်။ "ခန့်ဇယ်"(Kan Ze) မှပင် ဆက်ပြီး

"ဒီကိစ္စက နှောင့်နှေးလို့ မဖြစ်ဘူး " ဟုပြောသည်။

"ကျွန်တော် စာကိုရေးထားပြီးပြီ"

"ခန့်ဇယ်"(Kan Ze) လည်း ထိုစာကိုယူပြီးနောက် ငါးဖမ်းသမားယောင်ဆောင်ကာ မြောက်ပိုင်းစစ်တပ်


တပ်စွဲထားရာ စခန်းအနီးသို့သွားသည်။ တစ်ဖက်မှစစ်သားတို့ က ဖမ်းမိသွားပြီး ထိုအကြောင်းကို
"ချောင်ချောင်း"(Cao Cao) အား တင်ပြလေသည်။

"ချောင်ချောင်း"(Cao Cao) မှ

"အဲ့လူက သူလျှိုမဟုတ်ဘူးလား" ဟုမေးသည်။

"မဟုတ်ဘူး ၊ သူကတစ်ယောက်တည်းပဲ၊ တံငါသည်လိုဝတ်စားထားတယ်။ နောက်ပြီး သူက


တောင်ပိုင်းပြည်နယ်ရဲ့အကြံပေး ခန့်ဇယ်(Kan Ze) လို့ ပြောတယ်။ ဝန်ကြီးချုပ်နဲ့
လျှို့ဝှက်စကားပြောချင်လို့ တဲ"့

"သူ့ကို ဒီခေါ်လာခဲ"့

654
"ချောင်ချောင်း"(Cao Cao) သည် "ခန့်ဇယ်"(Kan Ze) ဝင်လာသည်ကိုမြင်သည်နှင့်

"ခင်ဗျားက အရှေ့ဝူက အကြံပေး မဟုတ်လား။ ဒီကိုလာပြီးဘာလုပ်တာလဲ" ဟုမေးသည်။

"လူတွေပြောပုံအရကတော့ ခင်ဗျားက အရည်အချင်းရှိသူတွေကို မြှောက်စားတယ်တဲ့။ ဒါပေမယ့်


ခင်ဗျားရဲ့မေးခွန်းက သင့်လျော်တဲ့မေးခွန်းမဟုတ်ဘူး။ ကျုပ်သင
ူ ယ်ချင်း ဟွမ်ကုင
ိ(Huang Gai) တော့
ရွေးချယ်မှုမှားသွားပြီ"

"ကျုပ်နဲ့ ဝူပြည်နယ်က စစ်ဖြစ်နေတာ သိတယ်မဟုတ်လား? ခင်ဗျားက ဒီကုတ


ိတ်တဆိတ်လာတာ၊
ဘာလို့ ခင်ဗျားကိုမေးခွန်းမထုတ်ရမှာလဲ"

"ဟွမ်ကိုင(် Huang Gai) က ဝူပြည်နယ်ရဲ့အမှုထမ်းဖြစ်ပြီး မျိုးဆက်သုံးဆက်တိုင်တိုင်


အမှုထမ်းလာသူဖြစ်တယ်။ အခုတော့ ဘာအပြစ်မှမရှိပဲနဲ့ လူတွေအများကြီးရှေ့မှာ ကြိမ်ဒဏ်ပေးခံခဲ့ရတယ်။
ဒါကြောင့် သူကဒေါသထွက်ပြီးတော့ ခင်ဗျားဆီမှာ အမှုထမ်းပြီး ကျိုးယွီ(Zhou Yu) ကိုလက်စားချေမလို့ ။
သူကကျုပ်နဲ့တိုင်ပင်တယ်၊ ကျွန်တော်တို့က ခွဲခွာလို့ မရတဲ့သင
ူ ယ်ချင်းတွေဆိုတော့ သူ့အစား
သစ္စာခံတဲ့စာကိုလာဆက်သတာပါ"

"စာကဘယ်မှာလဲ"

ထို့နောက် စာကို "ချောင်ချောင်း"(Cao Cao) အားပေးလိုက်ရာ "ချောင်ချောင်း"(Cao Cao) မှ


ထိုစာကိုဖတ်သည်။ စာမှာအောက်ပါအတိုင်းဖြစ်သည်။

'ကျွန်တော် ဟွမ်ကိုင(် Huang Gai) ထံတွင် စွန်းမိသားစု၏ကျေးဇူးရှိခဲ့သောကြောင့် ထိုမိသားစုထံတွင်


သစ္စာရှိစွာအမှုထမ်းခဲ့သည်။ အခုနောက်ပင
ိုးတွင်မူ ကျွန်တော်တို့ ၏တပ်ဖွဲ့ သည်
အလယ်ပိုင်းဒေသတပ်ဖွဲ့နှင့်တိုက်ရန်ပြုနေသည်။ ထိုအင်အားကြီးမားသောရန်သူကိုနိုင်မည်မဟုတ်မှန်း
တောင်ပိုင်းပြည်နယ်ရှိ ပညာရှိ၊ပညာမဲ့အမှုထမ်းအားလုံးသိကြသည်။ သို့သော်လည်း ကျိုးယွ(ီ Zhou Yu)
သည် ငယ်ရွယ်ပြီး အတွေးအခေါ်သိမ်ဖျင်းသောကြောင့် အောင်နိုင်မည်ဟုထင်ပြီး
ကျောက်တုံးကိုကြက်ဥဖြင့်ခွဲရန်ဆန္ဒရှိသည်။ ထို့အပြင် သူသည် စိတ်လိုက်မာန်ပါပြုမူတတ်ပြီး
ရက်စက်သူဖြစ်ကာ အပြစ်ပေးသင့်သူကိုအပြစ်မပေး၊ ဆုလာဘ်ပေးသင့်သည့်သက
ို
မချီးမြှောက်သူဖြစ်သည်။ ကျွန်တော့်လိုလုပ်သက်များသော အမှုထမ်းဟောင်းကို လူပုံအလယ်တွင်
အရှကခ
်ွဲခဲ့သဖြင့် သူ့အပေါ်တွင် မုန်းတီးနေခဲ့သည်။

ဝန်ကြီးချုပ်မှာမူ လူအများကိုကောင်းကောင်းဆက်ဆံကာ အရည်အချင်းရှိသက


ို
ကြိုဆိုတတ်သူဖြစ်သောကြောင့် ဝန်ကြီးချုပ်ထံတွင် အမှုထမ်းရန်ဆန္ဒရှိသည်။ ကျွန်တော်သည်
ဤစာကိုစိတ်ရင်းအမှန်ဖြင့်ရေးလိုက်သည်ဖြစ်သောကြောင့် သံသယမရှိပါလင့်'

655
"ချောင်ချောင်း"(Cao Cao) သည် ထိုစာကို အထပ်ထပ်အခါခါဖတ်ပြီးနောက် ဘေးနားရှိစားပွဲကိုထုကာ

"ဟွမ်ကိုင(် Huang Gai) က သူ့ကိုယ်သူ ဒဏ်ရာရအောင်လုပ်ပြီး ကျုပ်ကိုလှည့်စားဖို့လုပ်တာ။ ခင်ဗျားက


ကြားကနေ စာပို့တဲ့လူအနေနဲ့လာတာမလား? ကျုပ်ကိုလာပြီးလှည့်စားရဲတယ်" ဟုပြောပြီး
"ခန့်ဇယ်"(Kan Ze) ကိုအပြင်ထုတ်ကာ သတ်ရန်အမိန့်ပေးလိုက်သည်။

"ခန့်ဇယ်"(Kan Ze) သည် အမူအရာတစ်ချက်မှ မယွင်းပဲ ရယ်လေသည်။ ထိုအခါ "ချောင်ချောင်း"(Cao


Cao) က

"ခင်ဗျားအကြံကို ကျုပ်သသ
ွိားလို့ ရယ်တာလား" ဟုမေးသည်။

"ကျွန်တော်က ခင်ဗျားကိုရယ်တာမဟုတ်ပါဘူး။ ကျွန်တော့်သူငယ်ချင်းရဲရ


ို့းသားမှုအပေါ်ရယ်တာပါ"

"ဘာကို သူ့ရဲ့ရိုးသားမှုလ"ဲ

"ခင်ဗျား သတ်ချင်ရင် သတ်လိုက။် လျှောက်မေးပြီး ဒုကမ


္ချားမနေနဲ့"

"ကျုပ်က စစ်ဗျူဟာကျမ်းတွေအကုန်ဖတ်ခဲ့ပြီး ရန်သူတွေကိုလှည့်စားရာမှာကျွမ်းကျင်တယ်။


သူများကိုတော့အရူးလုပ်လို့ ရမယ်။ က်ဳပ္ကုေ
ိ တာ့ လှည့်စားလို့မရဘူး"

"ခင်ဗျားဆိုလိုတာက အဲ့စာက လုပ်ကြံထားတဲ့စာပေါ့"

"အဲ့စာသာအစစ်အမှန်ဆိုရင် ဘာလို့စာထဲမှာ သူဘယ်အချိန်လာပါ့မယ်ဆိုတာမရေးထားရတာလဲ"

"ခန့်ဇယ်"(Kan Ze) သည် ပို၍ကျယ်လောင်စွာရယ်ကာ

"ခင်ဗျားက မကြောက်မလန့်နဲ့ခင်ဗျားရဲ့စစ်ဗျူဟာကျမ်းကျေမှုအကြောင်းပြောတာကို ဝမ်းသာတယ်။


ခင်ဗျားစစ်တိုက်ရင် စစ်ရှုံးပြီး ကျိုးယွီ(Zhou Yu) လက်ထဲမှာအဖမ်းခံမိမှာပဲ။ ဒါပေမယ့်
ခင်ဗျားလိုလူလက်ထဲမှာ ကျုပ်အဖမ်းခံရတာ နှမြောစရာပဲ" ဟုပြောသည်။

"ခင်ဗျားက ကျုပ်ကို မသိနားမလည်သလ


ူ့ို ပြောချင်တာလား"

"ခင်ဗျားက စစ်ဗျူဟာတွေကိုနားမလည်ပဲ အကြောင်းအကျိုးကိုသတ


ိ တ်သူမဟုတ်ဘူး"

"ဒါဆိုကျုပ်ဘာမှားလည်း ထောက်ပြလေ"

"ခင်ဗျားက ပညာရှိတွေကို ဆိုးဆိုးရွားရွားဆက်ဆံတဲ့အတွက် ခင်ဗျားနဲ့ပြောစရာစကားမရှိဘူး။


ကျုပ်ကိုတခါတည်းသတ်လိုက်ပါ"

"ခင်ဗျား အကြောင်းအကျိုးကိုကောင်းကောင်းပြောနိုင်ရင် ခင်ဗျားကို ကောင်းကောင်းဆက်ဆံပါ့မယ်"

656
"လူတစ်ယောက်က ကိုယ့်သခင်ဟောင်းကိုစွန့်ပြီး တခြားမှာအမှုထမ်းမယ်ဆိုရင် ဘယ်အချိန်မှာ
အခွင့်ကောင်းရမယ်ဆိုတာ သိနိုင်ပါ့မလား? သတ်မှတ်ထားတဲ့အချိန်မှာ လှုပ်ရှားပြီး
အစီအစဉ်မအောင်မြင်ရင် လျှို့ဝှက်ချက်ပေါက်ကြားသွားမှာပေါ့။ ဒါကြောင့် အခွင့်ကောင်းကိုစောင့်နေပြီး
အဲ့အခွင့်အရေးပေါ်လာတဲ့အချိန်မှ လှုပ်ရှားရမယ်။ ဒါပေမယ့် အဲ့အခွင့်ကောင်းက
ဘယ်အချိန်ရောက်လာမယ်ဆိုတာ သိနိုင်ပါ့မလား။ ခင်ဗျားက အထွေထွေသုတကိုတောင်နားမလည်ဘူး။
ခင်ဗျားသိတာက လူကောင်းတွေကို သတ်ဖို့ပဲ၊ ခင်ဗျားက တကယ်မသိနားမလည်တဲ့လူပဲ"

ထိုအခါ "ချောင်ချောင်း"(Cao Cao) သည် အမူအယာပြင်ပြီးနောက် ထိုင်နေရာမှထကာ အရိုအသေပြုပြီး

"ကျွန်တော်သေချာမသိမမြင်လို့ အဲ့လြို ပုမူမိတာပါ။ ခင်ဗျားပြောတာမှန်ပါတယ်။


ခင်ဗျားကိုစော်ကားမိတာကို မေ့လိုက်ပါ" ဟုပြောသည်။

"တကယ်တော့ ဟွမ်ကိုင(် Huang Gai) ရော ကျုပ်ရောက ခင်ဗျားဘက်မှာ အမှုထမ်းချင်နေတာ။


ခင်ဗျားကိုလိမ်ပါ့မလား"

"ခင်ဗျားတို့ သာ အမှုလာထမ်းမယ်ဆိုရင် ထိုက်ထိုက်တန်တန်ဆုချပါ့မယ်"

"ကျွန်တော်တို့က ရာထူးတွေ၊ စည်းစိမ်တွေမလိုချင်ပါဘူး။ ကောင်းကင်ကြီးရဲ့ဆန္ဒနဲ့ တာဝန်ကြောင့်သာ


ဒီကိုရောက်လာတာပါ"

ထို့နောက် အရက်တို့ကိုတိုက်ကျွေးကာ "ခန့်ဇယ်"(Kan Ze) အား ဂုဏ်သရေရှိဧည့်သည်တစ်ဦးပမာ


ကျွေးမွေးသည်။

ထိုအချိန်တွင် လူတစ်ယောက်သည် "ချောင်ချောင်း"(Cao Cao) နားကပ်ကာ တီးတိုးပြောသည်။


"ချောင်ချောင်း"(Cao Cao) သည်

"ငါ့ကိုစာပြ" ဟုပြောကာ စာကိုဖတ်ပြီးနောက် ဝမ်းသာသည့်အမူအယာပေါ်နေသည်။ ထိုအခါ


"ခန့်ဇယ်"(Kan Ze) စိတ်ထဲတွင်

'ဒါ ချိုက်ညီနောင်နှစ်ဦးစီကစာပဲဖြစ်မှာ။ သူတို့လည်း


ငါ့သူငယ်ချင်းကိုအပြစ်ပေးတဲ့အကြောင်းကိုသတင်းပို့ တာဆိုရင်တော့ ငါ့စာအတွက် သက်သေဖြစ်တာပေါ့'
ဟုတွေးသည်။

ထို့နောက် "ချောင်ချောင်း"(Cao Cao) သည် "ခန့်ဇယ်"(Kan Ze) ဘက်လှည့်ကာ

657
"ခင်ဗျား သူငယ်ချင်းဆီပြန်သွားပြီး ခင်ဗျားတို့ လာမယ့်နေ့ကိုအတည်ပြုပါ။ ကျုပ်
စစ်တပ်လွှတ်ပြီးစောင့်နေစေမယ်" ဟုပြောသည်။

"ကျွန်တော်ပြန်လို့မဖြစ်ဘူး ။ ဝန်ကြီးချုပ် ယုံကြည်တဲ့လူတစ်ယောက်ယောက်ကိုလွှတ်လုက


ိပါ"

"တခြားတစ်ယောက်ကိုလွှတ်လိုက်ရင် လျှို့ဝှက်ချက်ပေါက်ကြားသွားလိမ့်မယ်"

"ခန့်ဇယ်"(Kan Ze) သည် အကြိမ်ကြိမ်ငြင်းဆိုပြီး နောက်ဆုံးတွင်မူ

"ကျွန်တော်သွားမယ်ဆိုရင်လည်း ဒီမှာအကြာကြီးနေလို့ မဖြစ်ဘူး ။ အခုချက်ချင်းပြန်မှရမယ်" ဟုပြောသည်။

"ချောင်ချောင်း"(Cao Cao) သည် "ခန့်ဇယ်"(Kan Ze) အား


ရွှေနှင့်ပိုးထည်တို့ လက်ဆောင်ပေးသော်လည်း "ခန့်ဇယ်"(Kan Ze) ကငြင်းဆိုလိုက်သည်။

"ခန့်ဇယ်"(Kan Ze) သည် တစ်ဖက်ကမ်းသို့ပြန်ရောက်သော် "ဟွမ်ကုင


ိ"(Huang Gai) ထံသွားပြီး
အကြောင်းအရာအလုံးစုံကိုပြန်ပြောပြသည်။

"ခင်ဗျားရဲ့စကားပြောကောင်းမှုကြောင့်သာမဟုတ်ရင် ကျုပ်ဒဏ်ရာရထားတာ အလကားဖြစ်တော့မလို့ "

"ကျုပ် ချိုက်ညီနောင်ရဲ့သတင်းကိုသွားစုံစမ်းလိုက်ဦးမယ်"

"ကောင်းပြီ"

ထို့နောက် "ခန့်ဇယ်"(Kan Ze) သည် "ကန်းနင်"(Gan Ning) ၏စခန်းသို့ သွားကာ "ကန်းနင်"(Gan Ning)
အား

"ခင်ဗျား ဟွမ်ကိုင်(Huang Gai) အတွက် ဝင်ပြောပေမယ့်ခင်ဗျားကိုပါရောပြီး


အပြစ်ပေးလိုက်တာစိတ်မကောင်းဘူး" ဟုပြောသည်။ "ကန်းနင်"(Gan Ning) က ပြုံးလိုက်သည်။
ထိုအချိန်တွင် ချိုက်ညီနောင်နှစ်ဦး၏အရိပ်အယောင်ကုလ
ှိမ်းတွေ့လိုက်သဖြင့် နှစ်ဦးသား
အချင်းချင်းမျက်လံုး ဖြင့် အချက်ပေးလိုက်လေသည်။

"ကန်းနင်"(Gan Ning) မှ

"တကယ်တော့ ကျိုးယွ(ီ Zhou Yu) က မာန်တက်ပြီးတော့ ကျုပ်တို့ တွေကိုမျက်လုံးထဲမထည့်တော့တာ။


အကုန်လုံးက ကျုပ်စော်ကားခံရတယ်လို့ ပြောနေကြတယ်" ဟုပြောသည်။ ထိုသို့ ပြီးနောက်
အော်ကာဒေါသတကြီးဖြင့် စားပွဲကိုထုလေသည်။ "ခန့်ဇယ်"(Kan Ze) က "ကန်းနင်"(Gan Ning)
အနီးကပ်ပြီး တိုးတိုးပြောလိုက်ရာ "ကန်းနင်"(Gan Ning) က သက်ပြင်းချသည်။

658
ထိုအခါ "ချိုက်ဟဲ"(Cai He) နှင့် "ချိုက်ကျုံး"(Cai Zhong) တို့က ထိုသူနှစ်ဦးတို့ အား
မိမိတို့ ဘက်ပါအောင်ဆွဲခေါ်နိုင်ပြီဟုတွေးကာ ထွကလ
်ာသည်။ သူတို့ နှစ်ဦးမှ

"ခင်ဗျားတို့ က သူ့ကိုစိတ်ဆိုး အောင်လုပ်မိလို့ လား? ဒီလိုခံစားရတာကို တိတ်တိတ်ပဲနေလိုက်ပါလား"


ဟုပြောသည်။ "ခန့်ဇယ်"(Kan Ze) မှ

"ခင်ဗျားတို့ က ကျုပ်တို့ခံစားရတာကို ဘာနားလည်လို့လဲ" ဟုပြောသည်။

"ကျုပ်တို့အမြင်ကတော့ ခင်ဗျား ချောင်ချောင်း(Cao Cao) ဆီသွားမလို့ မဟုတ်လား"

ထိုအခါ "ခန့်ဇယ်"(Kan Ze) သည် မျက်နှာပျက်သွားသည်။ "ကန်းနင်"(Gan Ning) က


ဓားကိုဆွဲထုတ်လိုက်ကာ

"သူတို့ ကျုပ်တို့ ရဲ့လျှို့ဝှက်ချက်ကိုသိသွားပြီ။ သူတို့ ကိသ


ု တ်ပြီးနှုတ်ပိတ်မှဖြစ်မယ်" ဟုပြောသည်။

"မလုပ်နဲ့။ မလုပ်နဲ့ ။ ကျွန်တော်တို့ ပြောစရာရှိတယ်"

"မြန်မြန်ပြော"

"ချိုက်ဟဲ"(Cai He) : "တကယ်တော့ ကျွန်တော်တို့ ဒီဘက်ကို ဟန်ဆောင်ပြီးသစ္စာခံတာပါ။


ခင်ဗျားတို့ သာ ကျုပ်တို့ ဘက်ပါမယ်ဆိုရင် စီစဉ်ပေးလို့ ရတယ်"

"ကန်းနင်"(Gan Ning) : "ခင်ဗျားပြောတာ တကယ်လား"

ထိုအခါ "ချိုက်"ညီနောင်နှစ်ဦးလုံးကပြိုင်တူပင်

"ကျုပ်တို့က ဒါကိုလိမ်ပြောပါ့မလား" ဟုပြောသည်။ "ကန်းနင်"(Gan Ning) သည်


ကျေနပ်သွားသည့်ဟန်ဖြင့်

"ဒါကောင်းကင်ကြီးကပေးတဲ့အခွင့်အရေးပဲ" ဟုပြောသည်။

"ကျုပ်တို့က ဟွမ်ကိုင်(Huang Gai) အကြောင်းကို ချောင်ချောင်း(Cao Cao) ဆီတင်ပြပြီးသွားပြီ"

"ခန့်ဇယ်"(Kan Ze) : "တကယ်တော့ ကျုပ်ကဝန်ကြီးချုပ်ဆီကို ဟွမ်ကုင


ိ(Huang Gai)
ရဲ့သစ္စာခံတဲ့စာပို့ ပြီးသွားပြီ။ သူက ကျုပ်ကိုပြန်လွှတ်ပြီး ဟွမ်ကိုင(် Huang Gai) ဘယ်ရက်လာမယ်ဆိုတာ
အတည်ပြုခိုင်းတာ"

659
"ကန်းနင်"(Gan Ning) : "ရိုးသားတဲ့သူက ကောင်းမွန်တ့သ
ဲ ခင်ဆီမှာပဲ အမှုထမ်းမှာပဲ"

ထိုသူတို့ လေးဦးတို့သည် အရက်အတူတူသောက်ကြကာ


စိတအ
် တွင်းတွင်ရှိသည်ကိုရင်ဖွင့်ပြောဆိုကြသည်။ ချိုက်ညီနောင်တို့ သည် "ကန်းနင်"(Gan Ning) ပါ
အကြံအစည်ထဲတွင် ပါဝင်မည်ဖြစ်ကြောင်းကို "ချောင်ချောင်း"(Cao Cao) ထံစာရေးလိုက်သလို
"ခန့်ဇယ်"(Kan Ze) ကလည်း စာရေးလိုက်သည်။ "ခန့်ဇယ်"(Kan Ze)
၏စာမှာအောက်ပါအတိုင်းဖြစ်သည်။

'ဟွမ်ကုင
ိ(Huang Gai) က လက်ရှိမှာတော့ အခွင့်ကောင်းမရှိသေးဘူး။ ဒါပေမယ့် သူလာတဲ့အချိန်မှာတော့
သူ့ရဲ့သင်္ဘောမှာ အမည်းရောင်အလံချိတ်ထားပါလိမ့်မယ်'

"ချောင်ချောင်း"(Cao Cao) သည် ထိုစာတို့ကိုရသော်လည်း စိတ်ထဲတွင် သံသယရှိနေသေးသဖြင့်


အကြံပေးတို့ကိုခေါ်ကာ တိုင်ပင်သည်။

"ကန်းနင်(Gan Ning) ကလည်း သူတို့ ခေါင်းဆောင်က သူ့ကိုအပြစ်ဒဏ်ပေးလိုက်တော့


ကျုပ်တို့ဘက်ပါမယ်လို့ပြောတယ်။ ဒါ့အပြင် ဟွမ်ကုင
ိ(Huang Gai) လည်း အပြစ်ပေးခံရပြီး ခန့်ဇယ်(Kan
Ze) ကိုလွှတ်ပြီးတော့ ကျုပ်တို့ ဘက်လာမယ်လို့ ပြောတယ်။ ငါ ဒါကိုသံသယရှိနေတုန်းပဲ။
ဘယ်သူဟိုဘက်ကိုသွားပြီးတော့ အမှန်တရားကိုစုံစမ်းမလဲ"

ထိုအခါ "ကျန်ကန့်"(Jiang Gan) မှ

"ကျွန်တော် ဟိုတစ်ခေါက်က တာဝန်မကျေနိုင်ခဲ့တ့အ


ဲ တွက် အရှက်ရမိပါတယ်။ ဒီတစ်ခါမှာတော့
ကျွန်တော်အသက်စွန့်ပြီးတော့ သတင်းကောင်းကိုရအောင်ယူလာပါ့မယ်" ဟု ပြောသည်။ သို့နှင့်
"ချောင်ချောင်း"(Cao Cao) ကလည်း သဘောတူလိုက်သည်။

"ကျန်ကန့်"(Jiang Gan) သည် တစ်ဖက်ကမ်းသို့ရောက်သောအခါ "ကျိုးယွ"ီ (Zhou Yu) ကို


သတင်းပို့ စေသည်။ ထိုအခါ "ကျိုးယွ"ီ (Zhou Yu) သည် ပြုံးကာ

"ဒီအကြံအစည်ရဲ့အောင်မြင်မှု၊ ကျရှုံးမှုက ဒီလူ့အပေါ်မူတည်တယ်" ဟု ပြောသည်။ ထို့နောက်


"ကျိုးယွ"ီ (Zhou Yu) သည် "လူဆ"ု (Lu Su) မှတဆင့် "ဖန်ထ"ုံ (Pang Tong) ကိုဖိတ်ခေါ်စေကာ
အကူအညီတောင်းစေသည်။

"ဖန်ထ"ုံ (Pang Tong) သည် ရှန်းရန်မှဖြစ်ပြီး စစ်ပွဲအရှုပ်အထွေးတို့ကြောင့် မြစ်ကမ်း၏အရှေ့ဘက်တွင်


နေ,နေသည်။ "လူဆ"ု (Lu Su) သည် အရင်က "ဖန်ထုံ"(Pang Tong) အား "ကျိုးယွ"ီ (Zhou Yu)
ထံအမှုထမ်းရန် ဖိတ်ခေါ်ခဲ့သော်လည်း "ဖန်ထံ"ု (Pang Tong) မှာ မလာခဲ့ပေ။

660
"ကျိုးယွီ"(Zhou Yu) ၏အမိန့်ဖြင့် "လူဆု"(Lu Su) သည် "ဖန်ထံ"ု (Pang Tong) ထံသွားပြီးနောက်
"ချောင်ချောင်း"(Cao Cao) အား မည်သို့တိုက်ရမည်ကိုမေးမြန်းရာ "ဖန်ထုံ"(Pang Tong) မှ

"သူ့ကိုမီးနဲ့တိုက်ရမယ်။ ဒါပေမယ့် မြစ်ကကျယ်ဝန်းတော့ သင်္ဘောတစ်စီးမီးလောင်သွားတာနဲ့


တခြားသင်္ဘောတွေက အဝေးကိုလှည့်ထွက်သွားမှာပဲလေ။ ဒီတော့ သူတို့ ကိုတစ်နေရာထဲမှာရှိအောင်
လုပ်ရမယ်။ ဒီလိုမှသာအောင်မြင်နိုင်မယ်" ဟုပြောသည်။ ထိုအကြောင်းကို "ကျိုးယွီ"(Zhou Yu)
အားပြန်ပြောပြလျှင် "ကျိုးယွီ"(Zhou Yu) မှ

"ဒါကို လုပ်နိုင်တဲ့တစ်ဦးတည်းသောသူက ဖန်ထုံ(Pang Tong) ပဲ" ဟုပြောသည်။ "လူဆ"ု (Lu Su) မှ

"ဒါပေမယ့် ချောင်ချောင်း(Cao Cao)က ဉာဏ်များတယ်။ ဖန်ထံ(ု Pang Tong) ကိုဘယ်လိုလွှတ်မှာလဲ"


ဟုမေးသည်။

ထိုမေးခွန်းကို "ကျိုးယွီ"(Zhou Yu) မှာမည်သို့ လုပ်ရမည်ကို မဆုံးဖြတ်နိုင်ခဲ့ပေ။ သို့ သော်လည်း


"ကျန်ကန့်"(Jiang Gan) ရောက်လာသည့်အချိန်တွင်မူ ရုတတ
် ရတ်အကြံရသွားပြီး "လူဆ"ု (Lu Su)
မှတဆင့် "ဖန်ထုံ"(Pang Tong) အား မည်သို့ ပြုမူရမည်ကို မှာလိုက်သည်။

ထိုသို့ လုပ်ဆောင်ပြီးနောက် "ကျိုးယွီ"(Zhou Yu) သည် ရွကဖ


်ျင်တဲထဲတွင် ဧည့်သည်ကိုစောင့်နေသည်။
"ကျန်ကန့်"(Jiang Gan) သည် သူ့သူငယ်ချင်းဖြစ်သူက သူ့ကိုလာမကြိုသဖြင့် စိုးရိမ်ကာ
သူစီးလာသည့်သင်္ဘောကို လုံခြုံသည့်နေရာတွင် ထားစေပြီးနောက် "ကျိုးယွီ"(Zhou Yu)
နှင့်သွားတွေ့သည်။

"ကျိုးယွီ"(Zhou Yu) သည် "ကျန်ကန့်"(Jiang Gan) ကိုမြင်လျှင် စိတဆ


ိုးသည့်ဟန်ဖြင့်

"သူငယ်ချင်း၊ မင်း ငါ့ကုဘ


ိာလို့ဒီလိုလုပ်ရတာလဲ" ဟုမေးသည်။

"ကျန်ကန့်"(Jiang Gan) က ရယ်ကာ

661
"ကျုပ်တို့အရင်တုန်းက ညီအစ်ကိုအရင်းအချာပမာ ရင်းနှီးတာပဲလေ။ ကျုပ်က ခင်ဗျားကိုလာတွေ့တာ
ခင်ဗျားက ဘာလို့ဒီလိုပြောရတာလဲ" ဟု ပြောသည်။

"ခင်ဗျားက ကျုပ်ဆီလာပြီး ကျုပ်သခင်ကုသ


ိ စ္စာဖောက်အောင်လာပြောတာလေ၊ ပင်လယ်ကြီးခမ်းခြောက်ပြီး
ကျောက်တုံးတွေ အမှုန့်ဖြစ်သွားရင်တောင် ဒါမျိုးမလုပ်ဘူး။ ဒါပေမယ့် အရင်က သံယောဇဉ်ကြောင့်
ခင်ဗျားကို ကျွေးမွေးပြီး အတူတူနေခဲ့တာ။ ဒါကိုခင်ဗျားက ကျုပ်ရဲ့လျှို့ဝှက်စာတွေကိုခိုးသွားပြီး
မနှုတဆ
် က်ပဲထွက်သွားတယ်။ ခင်ဗျား လုပ်လိုက်လို့ ချောင်ချောင်း(Cao Cao) ဘက်ကို လွှတ်ထားတဲ့
ကျုပ်လူနှစ်ယောက်သေသွားတယ်။ အခုဘာလို့ထပ်လာသေးတာလဲ။ တကယ်တော့
ခင်ဗျားကိုသတ်ချင်နေတာ။ ဒါပေမယ့် အရင်ကရင်းနှီးမှုကြောင့် ခင်ဗျားကိုပြန်လွှတ်လုက
ိမယ်၊
ဒီတစ်ရက်နှစ်ရက်အတွင်းမှာ ချောင်ချောင်း(Cao Cao) ကိုတိုက်မလို့၊ ခင်ဗျားကို အခုပြန်လွှတလ
ိုကရ
် င်
အကြံတွေပေါက်ကြားသွားလိမ့်မယ်။ ဒါကြောင့် အနောက်ဘက်ကတောင်ကုန်းနားမှာခဏနေဦး။
တိုက်ပွဲအောင်နိုင်ပြီးမှ ခင်ဗျားကို ပြန်လွှတ်ပေးမယ်"

"ကျန်ကန့်"(Jiang Gan) သည် တစ်ခုခုပြောရန်ပြုသော်လည်း "ကျိုးယွ"ီ (Zhou Yu) က လက်မခံပေ။


"ကျန်ကန့်"(Jiang Gan) သည် ထိုတောင်ကုန်းရှိ တဲအိမ်လည်း တစ်အိမ်တွင်နေရသော်အခါ စိတ်ပျက်ပြီး
စားလည်းမစားနိုင်သလို အိပ်၍လည်းမပျော်ပေ။ တစ်ညသော် လမ်းလျှောက်ရင်း အသံတစ်ခုကြားသဖြင့်
သွားကြည့်ရာ ထိုနေရာတွင် အိမ်လေးတစ်အိမ်ရှိသည်။ ထိုအိမ်အတွင်းရှိ လူတစ်ဦးသည်
မီးအိမ်၏အလင်းရောင်အောက်ဝယ် စာအုပ်တစ်အုပ်ကုဖ
ိ တ်နေပြီး မီးအိမ် ဘေးတွင်မူ
ဓားတစ်လက်ချိတ်ဆွဲထားသည်။ ထိုသူဖတ်နေသော စာအုပ်မှာ 'ဆွန်ဇု၏စစ်ပညာကျမ်း' ဖြစ်သည်။

"ကျန်ကန့်"(Jiang Gan) မှာ 'ဒီလူ သာမန်လူတော့ မဖြစ်တန်ရာဘူး' ဟုတွေးကာ တံခါးခေါက်လိုက်သည်။


အထဲမှာ လူကတံခါးဖွင့်ပေးကာ သူ့အားအထဲသို့ဝင်လာရန်ဖိတ်ခေါ်သည်။

"ကျန်ကန့်"(Jiang Gan) သည် အိမ်ရှင်၏နာမည်ကိုမေးရာ ထိုသူက

"ကျွန်တော့်နာမည်က ဖန်ထုံ(Pang Tong) ပါ" ဟု ပြောသည်။

"ဒါဆို ခင်ဗျားက ဇာမဏီငယ်လို့သိကြတဲ့ ဆရာကြီးမဟုတ်လား"

"ဟုတ်ပါတယ်"

"လူတွေ ခင်ဗျားအကြောင်းပြောတာကြားဖူးတယ်။ ခင်ဗျားက နာမည်ကြီးပုဂ္ဂိုလ်ပဲ၊ ဘာလို့ ဒီလိုနေရာမျိုးမှာ


နေ,နေရတာလဲ"

662
"ကျိုးယွ(ီ Zhou Yu) က မာနကြီးလွန်းတော့ သူ့ထက်သာရင် မလိုလားဘူး။ ဒါကြောင့်
ကျုပ်ကဒီမှာတိတ်တဆိတ်နေနေတာပါ။ ခင်ဗျားက ဘယ်သူပါလိမ့်"

"ကျွန်တော်က ကျန်ကန့်(Jiang Gan) ပါ"

"ဖန်ထ"ုံ (Pang Tong) သည် ဧည့်သည်ဖြစ်သက


ို အထဲသို့ ခေါ်ကာ နှစ်ဦးသားထိုင်ပြီး စကားပြောကြသည်။

"ခင်ဗျားရဲ့အရည်အချင်းနဲ့ဆို ဘယ်နေရာသွားသွားအောင်မြင်မှုရမှာပဲလေ။ ခင်ဗျားသာ


ဝန်ကြီးချုပ်ချောင်ချောင်း(Cao Cao) ဆီမှာ အမှုထမ်းချင်ရင် ကျွန်တော်ထောက်ခံပေးလို့ ရတယ်"

"ကျွန်တော် ဒီနေရာကနေထွက်ချင်တာကြာပြီ။ ခင်ဗျား ကျုပ်ကိုအခုခေါ်သွားဖို့မဖြစ်နိုင်ဘူး ။ ကျိုးယွီ(Zhou


Yu) သာသိရင် ကျုပ်ကိုသတ်မှာသေချာတယ်"

ထိုအခါ "ကျန်ကန့်"(Jiang Gan) သည် "ဖန်ထ"ုံ (Pang Tong) ကို တောင်ကုန်းအောက်


သင်္ဘောဖွကထ
်ားသော မြစ်ကမ်းနားသို့ ခေါ်သွားပြီး ထိုသင်္ဘောဖြင့်မြောက်ပိုင်းတပ်စခန်းသို့သွားသည်။

"ချောင်ချောင်း"(Cao Cao) သည် ဇာမဏီငယ် "ဖန်ထ"ုံ (Pang Tong)


ရောက်လာသည့်အကြောင်းကိုကြားလျှင် ဝမ်းသာအားရသွားကြိုဆိုသည်။ "ချောင်ချောင်း"(Cao Cao) မှ

"ကျိုးယွ(ီ Zhou Yu) က အသက်ငယ်ပြီး မာနကြီးတော့ သူ့လက်အောက်က အမှုထမ်းတွေပြောတာ


မနာယူဘူး။ ကျွန်တော် ခင်ဗျားရဲ့ဂုဏ်သတင်းကိုကြားခဲ့တာကြာပြီ။ အခုကျွန်တော့်ဆီရောက်လာတော့
ကျွန်တော့်ကိုအကြံဉာဏ်တွေပေးပါ" ဟုပြောသည်။

"ကျွန်တော်လည်း ဝန်ကြီးချုပ်က စစ်နည်းဗျူဟာတွေကိုကျွမ်းကျင်သူဖြစ်တယ်ဆိုတာ ကြားဖူးတာကြာပါပြီ။


ဒါပေမယ့် အခုစစ်တပ်ဖွဲ့ စည်းထားပုံတွေကြို ကည့်ပါရစေ"

သို့နှင့် သူတို့နှစ်ဦးသားစီးရန် မြင်းတို့ ကိုဆောင်ယူလာစေပြီး ထိုမြင်းတို့ ကိုစီးကာ


စစ်တပ်အတွင်းသို့လှည့်ပတ်ကာ ကြည့်ရှုကြသည်။

ထိုသို့ ကြည့်ရှုပြီးနောက် "ဖန်ထ"ုံ (Pang Tong) မှ

"ရှေးခေတ်ကစစ်သူကြီး ဝူချီ(Wu Qi) သေရာကပြန်ရှင်လာရင်တောင်၊ စစ်ဗျူဟာရှင် ဆွန်ဇ(ု Sun Zi)


ပြန်ပေါ်လာရင်တောင်မှ ဒီတောင်ကုန်းဘေးနားမှာရှိပြီး
သစ်တောတွေရဲ့အကာအကွယ်ယူထားတဲ့စခန်းကိုဖျက်စီးနိုင်မှာမဟုတ်ဘူး ။
အရှေ့ဘက်နဲ့ အနောက်ဘက်က တစ်နေရာနဲ့တစ်နေရာလှမ်းမြင်နိုင်တယ်။ အဝင်အထွကမ
ှ်ာ
ဂိတတ
်ံခါးတွေရှိပြီး ရှေ့ချီတက်ဖို့ နဲ့တပ်ဆုတဖ
ို့လမ်းတွေက ကောက်ကွေးတယ်" ဟုပြောသည်။

663
"ဆရာကြီး၊ ကျွန်တော့်ကိုသိပ်မချီးမွမ်းပါနဲ့၊ ဘယ်နေရာမှာ ပိုကောင်းအောင်ပြင်ရမလည်းဆိုတာ ပြောပြပါ"

[Wu Qi (or) Wu Zi - နွေဦးဆောင်းဦးခေတ်တွင် နာမည်ကြီးစစ်သူကြီးဖြစ်သည်။ Lu


ပြည်နယ်တွင်အမှုထမ်းခဲ့ပြီး နောက်ပိုင်းတွင် Wei ပြည်နယ်တွင်အမှုထမ်းသည်၊ Wei
စစ်တပ်ကိုဦးဆောင်ပြီး Qin စစ်တပ်နှင့်တိုကခ
်ဲ့သည်။ သို့သော်လည်း Wei တိုင်းပြည်တွင် ရန်သူရှိသဖြင့်
Chu ပြည်နယ်သို့ ထွက်ပြေးခဲ့ပြီး Chu တိုင်းပြည်ဘုရင် Dao ၏မြှောက်စားမှုကြောင့် ထိုပြည်နယ်တွင်
ဝန်ကြီးချုပ်ဖြစ်လာခဲ့သည်။ Wu Qi သည် Chu ပြည်နယ်ကိုအင်အားကြီးနိုင်ငံဖြစ်အောင်ပြုလုပ်ပြီး Wei ၊
Zhao နှင့် Han ပြည်နယ်တို့ ရန်မှကာကွယ်ခဲ့သည်။ သို့သော်လည်း Chu ဘုရင်နတ်ရွာစံပြီးနောက်
နန်းတွင်းရှိလူများ၏လုပ်ကြံမှုကြောင့် Wu Qi သည်လည်း သေဒဏ်ပေးခံခဲ့ရသည်။ သူသည်လည်း
စစ်ဗျူဟာကျမ်းရေးခဲ့ပြီး ဝူချီ၏စစ်ဗျူဟာကျမ်းဟုခေါ်သည်။

Sun Zi(or) Sun Wu, Sun Tzu - နွေဦးဆောင်းဦးခေတ်အတွင်းရှိ စစ်သူကြီးဖြစ်ပြီး


ဆွန်ဇု၏စစ်ပညာကျမ်းကိုရေးခဲ့သူဖြစ်သည်။ သူသည် Wu တိုင်းပြည်တွင်အမှုထမ်းခဲ့ပြီး Chu ကိုစစ်နိုင်ကာ
Yue ကိုအနိုင်ရအောင် လုပ်ပေးခဲ့သည်။ သူ၏စစ်ဗျူဟာကျမ်းကို ယနေ့ခေတ်ထိတုင
ိ လေ့လာသူ၊
ဖတ်ရှုသမ
ျူားရှိလေသည်။]

ထို့နောက် ထိုသန
ှူစ်ဦးတို့ သည် သင်္ဘောတို့ ကိုသွားကြည့်ကြသည်။ "ဖန်ထ"ုံ (Pang Tong) သည်
ကြည့်ရှုပြီးနောက်တွင်

"ဝန်ကြီးချုပ်ရဲ့စစ်ဗျူဟာက အင်မတန်မှကောင်းမွန်လှပါတယ်။ လူတွေချီးကျူးကြတာ တကယ်မှန်တယ်"


ဟုပြောသည်။ ထို့နောက် တောင်ဘက်ဆိပ်ကမ်းကို လက်ညွှန်ကာ

"ကျိုးယွ(ီ Zhou Yu) ၊ ကျိုးယွ(ီ Zhou Yu) ၊ မင်းတော့သေနေ့စေ့ပြီ" ဟုပြောလေသည်။ ၎င်းကိုကြားလျှင်


"ချောင်ချောင်း"(Cao Cao) မှာပီတိဖြစ်သွားသည်။ ပြီးနောက် ရွကဖ
်ျင်တဲဘက်သို့ပြန်လည
ှ့်ပြန်ပြီး
အရက်တို့ ဖြင့်တည်ခင်းကာ စစ်ရေးမက်ရာကိစ္စများကိုဆွေးနွေးကြသည်။ "ဖန်ထံ"ု (Pang Tong) နှင့်
"ချောင်ချောင်း"(Cao Cao) တို့သည် တစ်ဦး၏အတွေးအမြင်တို့ ကိုတစ်ဦး အပြန်အလှန်ဆွေးနွေးကြရာ
အချိန်ကြာသည်နှင့်အမျှ "ချောင်ချောင်း"(Cao Cao) သည် "ဖန်ထ"ုံ (Pang Tong)
အပေါ်လေးစားလာသည်။

"ဖန်ထ"ုံ (Pang Tong) မှ ရုတ်တရတ်

"ဝန်ကြီးချုပ်ရဲ့စစ်တပ်ထဲမှာ ဆေးပညာကျွမ်းကျင်သေ
ူ တွ များလား" ဟုမေးသည်။

664
"ဆရာကြီးက ဘာလို့မေးရတာလဲ"

"ရေတပ်ထဲမှာ နေမကောင်းဖြစ်တာများတော့ ဆေးတွေကြိုရှာထားသင့်တယ်"

အမှန်တကယ်တွင်လည်း "ချောင်ချောင်း"(Cao Cao) ၏စစ်သားတို့သည် ရာသီဥတုအပြောင်းအလဲကြောင့်


အန်ကာသေဆုံးသူအမြောက်အများရှိသည်။ ထိုသို့ ဖြစ်ပွားမှုမှာ "ချောင်ချောင်း"(Cao Cao) အတွက်
စိတပ
်ူစရာပင်။ "ဖန်ထုံ"(Pang Tong) မှစကားစသဖြင့် "ချောင်ချောင်း"(Cao Cao) ကလည်း
မည်သို့ ပြုရမည်ကုအ
ိ ကြံတောင်းသည်။

"ခင်ဗျားရဲ့ရေတပ်ကကောင်းတော့ကောင်းပါတယ်။ ဒါပေမယ့်တစ်ခုလုေ
ိ နတယ်"

"ချောင်ချောင်း"(Cao Cao) ကလည်း ထိုလိုအပ်ချက်ကိုမေးသည်။

"ကျွန်တော့်မှာ စစ်သားတွေနေမကောင်းမဖြစ်အောင်လုပ်နိုင်မယ့်နည်းလမ်းကောင်းရှိတယ်"

"အဲ့နည်းလမ်းကောင်းက ဘာများပါလိမ့်"

"မြစ်ရေပြင်က ကျယ်ပြန့်ပြီး ဒီရေကလည်း အတက်အကျရှိသလို လှိုင်းတွေလေတွေလည်းကြီးတယ်။


ခင်ဗျားရဲ့တပ်က မြောက်ပိုင်းတပ်တွေဆိုတော့ သင်္ဘောပေါ်မှာ အလေ့အကျင့်မရှိဘူး။ သင်္ဘောတွေကို
သုံးဆယ်စီ၊ ဒါမှမဟုတ် ငါးဆယ်စီခွဲပြီးတော့ သံကြိုးတွေနဲ့ချီနှောင်ထားလိုက်ပါ။
သင်္ဘောတစ်စီးကနေတစ်စီးကို လူတင်မက၊ မြင်းပါဖြတ်လို့ ရအောင်လုပ်ထားလိုက်။ ဒီလိုဆုရ
ိ င်တော့
လေတွေ၊ လှိုင်းတွေ၊ ဒီရေတွေကိုကြောက်စရာမလိုတော့ဘူး"

ထိုအခါ "ချောင်ချောင်း"(Cao Cao) သည် ကျေးဇူးတင်ကာ

"ခင်ဗျားရဲ့အကြံကြောင့်သာမဟုတ်ရင် တောင်ပိုင်းတပ်တွေကိုတိုက်လို့ နိုင်မှာမဟုတ်ဘူး" ဟုပြောသည်။

"ဒါ ကျွန်တော့်အကြံသက်သက်ပါပဲ။ လုပ်တာမလုပ်တာက ဝန်ကြီးချုပ်ဆုံးဖြတ်ပါ"

သို့နှင့် ပန်းပဲဆရာတို့ကိုခေါ်စေကာ နေ့ရောညပါ သံကြိုးကြီးများပြုလုပ်စေသည်။


ထိုသံကြိုးများကိုအသုံးချပြီး သင်္ဘောများကိုချီသည်။ ထိုအကြောင်းကို စစ်သားတို့ကြားလျှင်
ဝမ်းသာကြသည်ဟူ၏။

ထို့နောက် "ဖန်ထ"ုံ (Pang Tong) မှ

665
"ကျွန်တော် တောင်ပိုင်းက ကျိုးယွ(ီ Zhou Yu) ကိုမုန်းတဲ့ သူရဲကောင်းတွေအများကြီးနဲ့သိတယ်။
ကျွန်တော်သာပြောလိုက်ရင် သူတို့ဝန်ကြီးချုပ်ဆမ
ှီာ အမှုလာထမ်းလိမ့်မယ်။ ကျိုးယွ(ီ Zhou Yu)
တစ်ယောက်တည်းကိုတော့ ဖမ်းလို့ရတာပေါ့။ လျူဘေ့(Liu Bei) ကတော့ မှုစရာမလိုပါဘူး" ဟုပြောသည်။

"ခင်ဗျားသာ ကောင်းကောင်းလုပ်ဆောင်နိုင်ရင် နန်းတွင်းမှာ ရာထူးကြီးကြီးရအောင် လုပ်ပေးပါ့မယ်"

"ကျွန်တော်က ရာထူးတွေ၊ ဂုဏ်တွေမက်လို့ ဒီလိုလပ


ုတာမဟုတ်ပါဘူး၊ လူတွေကိုကူညီချင်လို့ ပါ။
ဝန်ကြီးချုပ်သာ တောင်ပိုင်းကိုစစ်ချီတက်ရင် သာမန်ပြည်သူတွေကိုသက်ညှာပေးဖို့ တောင်းဆိုချင်ပါတယ်"

"ကျုပ်က ကောင်းကင်ကြီးရဲ့အလိုအတိုင်း အမှန်ကိုလုပ်နေတာ အပြစ်မရှိတဲ့လူတွေကိုမသတ်ပါဘူး"

"ဖန်ထ"ုံ (Pang Tong) သည် ကျေးဇူးတင်ပြီး


သူ၏မိသားစုအားကာကွယ်ပေးမည့်အမိန့်တစ်ခုထုတ်ပေးရန်တောင်းဆိုသည်။

"သူတို့တွေ ဘယ်မှာနေလဲ"

"မြစ်ကမ်းနားမှာပဲနေကြပါတယ်"

သို့နှင့် "ချောင်ချောင်း"(Cao Cao) က အမိန့် စာထုတ်စေပြီး ထိုအမိန့်စာကို "ဖန်ထ"ုံ (Pang Tong)


အားပေးလိုက်သည်။ "ဖန်ထုံ"(Pang Tong) မှ

"ကျွန်တော် ဒီကပြန်သွားတာနဲ့ စစ်ချီတက်ဖို့ပြင်ဆင်သင့်တယ်။ ကျိုးယွီ(Zhou Yu) မသိပါစေနဲ့"


ဟုပြောသည်။ "ချောင်ချောင်း"(Cao Cao) ကလည်း လျှို့ဝှကထ
်ားပါမည်ဟု ကတိပေးလိုက်သည်။

"ဖန်ထ"ုံ (Pang Tong) သည် လှေပေါ်သို့ပြန်တက်ရန်အပြုတွင် ဆံပင်တွင်ဝါးဘီးတပ်ထားပြီး


တာအိုအင်္ကျီဝတ်ထားသောလူတစ်ယောက်ပေါ်လာပြီး သူ့ကိုတားကာ

"ခင်ဗျားက တော်တော်ရဲရင့်တာပဲ။ ဟွမ်ကုင


ိ(Huang Gai) က သူ့ကိုယ်သူဒဏ်ရာရအောင်လုပ်ပြီး
ခန့်ဇယ်(Kan Ze) ကနေတစ်ဆင့် တောင်ပိုင်းကိုသစ္စာဖောက်ပြီးတော့ ဒီဘက်မှာ
အမှုထမ်းမယ်ဆိုပြီးဟန်ဆောင်တယ်။ ခင်ဗျားက သင်္ဘောတွေကိုကြိုးနဲ့ချည်ခိုင်းတာက မီးနဲ့တိုက်ရင်
အကုန်လုံးကိုဖျက်စီးနိုင်အောင် မဟုတ်လား။ ဒီအကြံနဲ့ချောင်ချောင်း(Cao Cao) ကိုလိမ်လို့ရချင်ရမယ်၊
ကျုပ်ကိုတော့လိမ်လို့ မရဘူး" ဟု ပြောလေသည်။

"ဖန်ထ"ုံ (Pang Tong) မှာ လန့်သွားလေသည်။

666
အခန်း(၄၈) ရန်စီမြစ်ကမ်းစားသောက်ပွဲဝယ် "ချောင်ချောင်း"(Cao Cao) သီချင်းဆိုခြင်း။
မြောက်ပိုင်းစစ်တပ်တို့ သည် သင်္ဘောတို့ ကိုကြိုးဖြင့်ချီကာ စစ်ချီတက်ခြင်း။

ရှေ့အခန်းတွင် "ဖန်ထ"ုံ (Pang Tong) ကို လူတစ်ဦးမှ


လှမ်းတားလိုက်သည့်အကြောင်းကိုဖော်ပြခဲ့ပြီးဖြစ်သည်။ "ဖန်ထုံ"(Pang Tong) မှလည
ှ့်ကြည့်လုက
ိရာ
ထိုသူမှာ သူ့သူငယ်ချင်းဖြစ်သူ "ရွှီရှူ"(Xu Shu) ဖြစ်နေ၍ စိတပ
်ူပန်မှုလျော့သွားသည်။ ဘေးဘီဝဲယာတွင်
မည်သူမှမရှိမှန်းသိသောအခါ "ဖန်ထ"ုံ (Pang Tong) မှ

"ကျုပ်အစီအစဉ်ကို ခင်ဗျားဝင်နှောက်ယှက်ရင်တော့ နှမြောစရာပဲ။ တောင်ပိုင်းမြို့နယ်ကိုးဆယ့်တစ်ခုက


လူတွေရဲ့အသက်က ခင်ဗျားလက်ထဲမှာရှိတယ်" ဟုပြောသည်။ "ရွှီရှူ"(Xu Shu) မှ ပြုံးကာ

"ဒါဆို မြောက်ပိုင်းက စစ်သားရှစ်သိန်းသုံးသောင်းနဲ့မြင်းတွေရဲ့ကံကြမ္မာကျတော့ကော?" ဟုမေးသည်။

"ခင်ဗျားက ကျုပ်အကြံကိုဖျက်မလို့ လား"

"ဦးရီးတော် လျူဘေ့(Liu Bei) က ကျုပ်အပေါ်ထားခဲ့တဲ့ ကျေးဇူးတရားကိုရော၊ ကျုပ်အမေကိုသေစေခဲ့တဲ့


ချောင်ချောင်း(Cao Cao) ကိုလက်စားချေမယ်ဆိုတာကိုရော မမေ့ပါဘူး။ နောက်ပြီး ချောင်ချောင်း(Cao
Cao) ကို အကြံဉာဏ်တွေမပေးဘူးလို့ပြောခဲ့ပြီးပြီပဲ။ ဒါကြောင့် ခင်ဗျားရဲ့အကြံကိုဖျက်ပါဦးပါ့မလား?
ဒါပေမယ့် ကျုပ်က ချောင်ချောင်း(Cao Cao) စစ်တပ်နဲ့ အတူလုက
ိပါလာတာ၊ သူတို့ သာ ဒုက္ခရောက်ရင်
ကျုပ်လည်း ဒီအကြပ်အတည်းက ဘယ်လွတ်နိုင်ပါ့မလဲ။ ခင်ဗျားသာ
ကျုပ်လုံလုံခြုံခြုံနဲ့လွတ်မြောက်နိုင်မယ့်နည်းလမ်းကိုပြောပြနိုင်ရင် ကျုပ်ပါးစပ်ကိုပိတ်ပြီးထွက်သွားပါ့မယ်"

"ခင်ဗျားက ဒီလောက်ထက်မြက်တာ၊ အလွယ်တကူနဲ့ လွတ်နိုင်ပါတယ်"

"ဒါပေမယ့်လည်း ခင်ဗျားအကြံကိုနားထောင်ချင်သေးတယ်"

ထိုအခါ "ဖန်ထ"ုံ (Pang Tong) က "ရွှီရှူ"(Xu Shu) နားကပ်ကာ တီးတိုးပြောသည်။ "ရွှီရှူ"(Xu Shu)
မှာလည်း ကျေနပ်သွားသည့်ဟန်ဖြင့် "ဖန်ထ"ုံ (Pang Tong) အား ကျေးဇူးတင်ပြီးပြန်ထွက်သွားသည်။
"ဖန်ထ"ုံ (Pang Tong) သည်လည်း တောင်ပိုင်းဆိပ်ကမ်းသို့ပြန်သွားသည်။

သူငယ်ချင်းဖြစ်သူပြန်သွားသည်နှင့် "ရွှီရှူ"(Xu Shu) သည်လည်း တပ်စခန်းအတွင်းတွင်


ကောလာဟလများဖြန့်လေသည်။ စစ်သားတို့ သည် ထိုကောလာဟာလတို့ကို အချင်းချင်း
တီးတိုးပြောနေကြသည်။

အချို့သော စစ်သြူ ကီးတို့ သည် "ချောင်ချောင်း"(Cao Cao) ဆီသွားကာ

667
"တပ်စခန်းထဲမှာ ဟန်ဆွေ(Han Sui) နဲ့ မာထန်(Ma Teng) တို့က ရှီလျန်ကနေ
မြို့တော်ကိုတိုကဖ
ို့ချီတက်လာပြီဆိုပြီး ကောလာဟလတွေ ပြန့်နေတယ်" ဟုပြောသည်။

"ချောင်ချောင်း"(Cao Cao) သည် အမှုထမ်းတို့ကိုခေါ်ကာ တိုင်ပင်လေသည်။

"စစ်စခန်းထဲမှာ ဟန်ဆွေ(Han Sui) နဲ့ မာထန်(Ma Teng) တို့က


စစ်ချီတက်လာမယ်ဆိုတဲ့သတင်းတွေပြန့်နေတယ်။ အဲ့သတင်းက အမှန်လားအမှားလား မသိဘူး၊
ဒါကြောင့် သတိထားရမယ်"

ထိုအခါ "ရွှီရှူ"(Xu Shu) မှ

"ဝန်ကြီးချုပ်က ကျွန်တော့်ကိုသဘောထားကြီးကြီးနဲ့ ရာထူးနေရာပေးထားတာ ကျွန်တော်


ဘာမှမလုပ်နိုင်သေးဘူး။ ကျွန်တော့်ကို စစ်သားသုံးထောင်သာပေးရင် ချက်ချင်း
စန်းခံတပ်ကိုချီတက်ပြီးတော့ ကာကွယ်ပါ့မယ်။ ကိစ္စထွေထွေထူး ထူးရှိရင် သတင်းပို့ ပါ့မယ်" ဟုပြောသည်။

"ခင်ဗျားသာ သွားရင်တော့ ကျုပ်လည်း စိတ်အေးနိုင်တာပေါ့။ ခံတပ်မှာ စစ်သားတွေ ရှိပြီးသားပါ။


အဲ့စစ်သားတွေကို ခင်ဗျားစိတ်တိုင်းကျစီမံပါ။ ဒါ့အပြင် စစ်သားသုံးထောင်ရယ်၊ ရှေ့ပြေးတပ်အဖြစ်
ကျန်းပါ(Zhang Ba) ကိုချက်ချင်းလွှတ်လိုက်မယ်"

သို့နှင့် "ရွှီရှူ"(Xu Shu) သည်လည်း "ကျန်းပါ"(Zang Ba) နှင့်အတူထွက်သွားသည်။ ၎င်းမှာ


"ဖန်ထ"ုံ (Pang Tong) ၏အကြံပင်ဖြစ်သည်။

ထိုအခါမှ "ချောင်ချောင်း"(Cao Cao) လည်း စိတ်အေးသွားပြီး


သူ၏စစ်တပ်တို့ကိုလှည့်လည
ှ်ကြည့်ရှုလေသည်။ ကြည်းတပ်တို့ကိုကြည့်ပြီးနောက် ရေတပ်ကိုသွားသည်။
ရေတပ်ဖွဲ့သည် နှစ်တန်းခွဲကာ စခန်းချထားပြီး သင်္ဘောတိုင်းပေါ်တွင် မြားနှင့်ဒူးလေးသမား
တစ်ထောင်စီရှိသည်။

ကျန်းအန်းနှစ် တစ်ဆယ့်သုံးနှစ်မြောက် (အေဒီ ၂၀၈) ၁၁ လပိုင်း၏ တစ်ခုသောလပြည့်ညဝယ်


"ချောင်ချောင်း"(Cao Cao) သည် သူ့လက်အောက်ရှိခေါင်းဆောင်တို့ ကိုဖိတ်ကာ
စားသောက်ပွဲကျင်းပသည်။ စားသောက်ပွဲကျင်းပသောနေရာမှာ အင်မတန်လပ
ှ သည်။
တောင်ဘက်ရှိတောင်ကုန်းတို့ သည် နောက်ခံပန်းချီကားချပ်သဖွယ်ရှိနေသည်။ အရှေ့ဘက်တွင်
ချိုင်စန်းနယ်နိမိတ်ကုလ
ှိမ်းမြင်ရပြီး မြစ်မှတစ်ဆင့် မြောက်ဘက်သို့ မျှော်ကြည့်လုက
ိလျှ င် ရှခိုကိုမြင်ရသည်။
တောင်ဘက်တွင် ဖန်တောင်ကုန်းရှိပြီး အနောက်ဘက်တွင် သစ်တောနက်ရှိလေသည်။

668
"ချောင်ချောင်း"(Cao Cao) မှ

"ကျုပ် စစ်တပ်ကိုစပြီးဦးဆောင်ကတည်းက တစ်ခုတည်းသောရည်ရွယ်ချက်က တိုင်းပြည်ကြီးက


သူပုန်တွေကိုရှင်းထုတ်ဖို့ပဲ။ ပြီးရင် တိုင်းပြည်ကို ငြိမ်းချမ်းစေမယ်လို့ သန္နိဠာန်ချထားခဲ့တယ်။ အခုတော့
ကျုပ်ကိုဆန့်ကျင်တာ တောင်ပိုင်းပြည်နယ်ပဲကျန်တယ်၊ ကျုပ်ကလည်း
ပြည်နယ်ပေါင်းတစ်ရာရဲ့ခေါင်းဆောင်ဖြစ်လာခဲ့ပြီ။ ခင်ဗျားတို့ ကိုအားကိုးပြီး
ကျုပ်အောင်မြင်နိုင်မယ်လို့ မုချယုံတယ်။ တောင်ပိုင်းကိုသိမ်းပြီးရင် တိုင်းပြည်မှာ
ပြဿနာတွေမရှိတော့တဲ့အတွက် ရာထူးတွေ၊ဓနတွေကိုအတူမျှဝေပြီး ခံစားကြမယ်" ဟု ပြောသည်။

အကုန်လုံးကလည်း မတ်တပ်ရပ်ကာ

"မကြာခင်မှာ စစ်ပွဲအနိုင်ရမယ်လို့မျှော်လင့်ပြီး
ဝန်ကြီးချုပ်ရဲ့ကံကောင်းမှုအရိပ်အောက်မှာနေနိုင်မယ်လို့မျှော်လင့်ပါတယ်" ဟုပြောသည်။
"ချောင်ချောင်း"(Cao Cao) သည် အစေခံတို့အား အရက်ထပ်ယူလာစေကာ
ညဥ့်နက်သည်အထိသောက်စားကြသည်။

"ချောင်ချောင်း"(Cao Cao) သည် တောင်ဘက်ကိုလက်ညှိုးညွှန်ကာ

"ကျိုးယွ(ီ Zhou Yu) နဲ့လူဆု(Lu Su) က သူတို့ဘက်ကလူတွေ သစ္စာဖောက်မှာကို မသိရှာဘူး။


ကောင်းကင်ဘံက
ု ငါ့ဘက်မှာရှိတယ်" ဟုပြောသည်။ ထိုအခါ "ရွှင်ယု"ိ (Xun You) မှ

"ဝန်ကြီးချုပ် ဆင်ခြင်ပြီးပြောသင့်ပါတယ်၊ ရန်သူတွေသိသွားလိမ့်မယ်" ဟုပြောသည်။

"ချောင်ချောင်း"(Cao Cao) ကရယ်ကာ

"ခင်ဗျားတို့ က ကျုပ်ယုံကြည်ရတဲ့မိတ်ဆွေတွေပဲ။ ဘာလို့ဆင်ခြင်ပြီးပြောရမလဲ" ဟု ဆိုသည်။ ထို့နောက်


ရှခိုဘက်သို့ လက်ညွှန်ကာ

"လျူဘေ့(Liu Bei) နဲ့ ကျူးကဲလျန့်(Zhuge Liang) က


သူတို့ ရဲ့စစ်သားနည်းနည်းလေးနဲ့ဘာလုပ်နိုင်မှာမို့ လို့ လဲ။ သူတို့ က ရူးသွပ်ပြီး ထိုက်စန်းတောင်ကိုတောင်
လှုပ်ခါချင်သေးတယ်" ဟု ပြောပြန်သည်။ ပြီးနောက် သူ၏အမှုထမ်းတို့ဘက်လှည့်ကာ

"ကျုပ်အခု ၅၄ နှစ်ရှိပြီ။ တောင်ပိုင်းပြည်နယ်ကိုသမ


ိးနိုင်ရင်တော့ ပျော်စရာပဲ။ ဟိုးအရင်တုန်းက
တောင်ပိုင်းပြည်နယ်က ချောင်နယ်စားနဲ့ကျုပ်ရင်းနှီးခဲ့ပြီး သဘောတူညီမှုတွေရှိခဲ့တယ်။ ဒါ့အပြင်
သူ့သမီးနှစ်ယောက်ဖြစ်တဲ့ တချောင်(Da Qiao) နဲ့ ရှောင်ချောင်(Xiao Qiao) တို့က အင်မတန်လှပတယ်။
ဒါပေမယ့် သူတို့ က စွန်းချဲ့(Sun Ce) နဲ့ ကျိုးယွ(ီ Zhou Yu) ရဲ့ဇနီးတွေဖြစ်သွားခဲ့တယ်။ အခုတော့
ကျန်းမြစ်နံဘေးမှာ မျှော်စင်ကြီးဆောက်ထားပြီးပြီ။ တောင်ပိုင်းပြည်နယ်ကိုသမ
ိးပြီးရင်တော့

669
ဒီအမျိုးသမီးနှစ်ယောက်ကို ကြေးနီငှက်မျှော်စင်မှာထားပြီး ကျုပ်ရဲ့ကျန်ရှိနေတဲ့နေ့ရက်တွေကို
အေးအေးဆေးဆေးဖြတ်သန်းမယ်။ အဲ့လိုသာဆို ကျုပ်ဆန္ဒတွေပြည့်ဝပြီ" ဟုပြောသည်။

ထို့နောက် "ချောင်ချောင်း"(Cao Cao) သည် ကြိုတွေးကာ ပြုံးသည်။

ထိုအချိန်တွင် ကျီးကန်းတစ်ကောင်သည်အသံကျယ်လောင်စွာအာပြီး တောင်ပိုင်းသို့ပျံသွားသည်။


"ချောင်ချောင်း"(Cao Cao) မှ

"ဒီအချိန်ကြီး ဘာကြောင့် ကျီးအာရသလဲ" ဟုမေးသည်။

"လမင်းကြီးက အင်မတန်တောက်ပတော့ သူကနေ့နဲ့မှားပြီး သစ်ပင်ကနေထွကသ


်ွားတာ"

"ချောင်ချောင်း"(Cao Cao) သည်ရယ်ကာ လှံတစ်ချောင်းကိုကိုင်ကာ သင်္ဘောပေါ်တက်ပြီး


ဦးပိုင်းတွင်ရပ်ပြီးနောက် အရက်အနည်းငယ်ကို မြစ်ထဲသို့ပစ်လိုက်ပြီး အရက်ကိုဆက်သောက်နေသည်။
ထို့နောက် ထိုလံက
ှိုချထားလိုက်ပြီး

"ဒီလှံကိုအသုံးချပြီး အဝါရောင်သူပုန်တွေကို နှိမ်နှင်းခဲ့တယ်၊ လွီပု(Lu Bu) ကိုဖမ်းနိုင်ခဲ့တယ်၊


ယွမ်ရှောက်(Yuan Shao) ကို ချေမှုန်းပြီး ယွမ်ရ(ှု Yuan Shu) ကိုအနိုင်ယူနိုင်ခဲ့တယ်။
သူတို့ ရဲ့စစ်တပ်တွေက ကျုပ်လက်အောက်ရောက်လာခဲ့ပြီ။ ဒီလှံက မြောက်ဘက်ဆို
လျောင်တုန်းအထိရောက်ပြီး တောင်ဆိုရင် ဒီတောင်ပိုင်းပြည်နယ်အထိခရီးရောက်ခဲ့တယ်။ ဘယ်တော့မှ
မကျရှုံးခဲ့ဘူး။ အခု ဒီလိုလှပတဲ့ရှုခင်းကိုမြင်ရတော့ သီချင်းတစ်ပုဒဆ
ိုချင်လာတယ်၊ ခင်ဗျားတို့လည်း
ကျုပ်နဲ့ အတူဆိုကြပါ" ဟု ပြောပြီး သီချင်းဆိုလေသည်။

'အရက်ခွက်မှာ အရက်တွေပြည့်နေတဲ့အချိန်မှာ သီချင်းလည်းစတင်တယ်

ဒါပေမယ့် ဘဝဆိုတာ တိုတောင်းပြီး ရယ်မောရတဲ့နေ့ရက်ဆိုတာနည်းတယ်

ရေစက်အနည်းငယ်က အလျင်အမြန်ပျောက်သွားသလို ဘဝဆိုတာလည်း အဲ့လိုပါပဲ

ကောင်းကင်ဘံသ
ု ခင်ရဲ့အကြည့်အောက်မှာ

လူသားတွေက အကြီးကျယ်ဆုံးဖြစ်ကောင်းဖြစ်မယ်

ဒါပေမယ့် သူ့ရင်ထဲက ဝမ်းနည်းတဲ့အတွေးတွေထွက်လာခဲ့တယ်

စိတထ
်ဲကိုဝင်လာတဲ့ဝမ်းနည်းစရာအတွေးတွေကို ရှင်းလိုက်ကြတာပေါ့

Du Kang ချက်ခဲ့တဲ့အရက်လိုမျိုး အကောင်းဆုံးသောအရက်တွေနဲ့ ပေါ့

670
ငါ့ရဲ့ငယ်ရွယ်နုပျိုတဲ့နေ့ရက်တွေ ကျော်လွန်သွားခဲ့ပြီ

ကျန်ရစ်တာက မဖြည့်ဆည်းနိုင်သေးတဲ့ဆန္ဒတွေပဲ

မြေပြန့်လွင်ပြင်မှာ စားခဲ့တဲ့ သမင်သား

ပျော်ရွှင်စွာနဲ့ထပ်စားပြန်တယ်

မြင့်မြတ်တဲ့ ဧည့်သည်တွေအစုံအလင်နဲ့ ပေါ့

ငါ့ရေ
ှ့မှာ အင်မတန်တောက်ပတဲ့အနာဂတ်ကြီးရှိနေတယ်

ဒီမြေပြန့်လွင်ပြင်က လမင်းကြီးလိုပဲ

အဲ့နေရာကိုရောက်ဖို့ကြိုးစားတာ အချည်းနှီးဖြစ်ခဲ့တယ်

ဘယ်တော့မှများ ငါ့ဆန္ဒတွေပြည့်ဝနိုင်မလဲ

ဒါကို ဘယ်သူမှမဖြေနိုင်ဘူး.....ဝမ်းနည်းမှုတွေက

ငါ့နှလုံးသားထဲဝင်ရောက်လာပြန်တယ်

ဝေးကွာတဲ့တောင်ပိုင်းနဲ့မြောက်ပိုင်း

ကျယ်ပြန့်တဲ့အရှေ့နဲ့ အနောက်

ငါတို့ တောင့်တတဲ့အရာကိုရဖို့

သွားတဲ့ခရီးက အချည်းနှီးဖြစ်ခဲ့တယ်

လူသားတွေရင်ထဲက တောင့်တတဲ့အရာ

ပျော်ရွှင်စွာ စကားပြောကြတယ်

နောက် ငါ့နှလုံးသားက လောင်ကျွမ်းနေပြီ

သူငယ်ချင်းဟောင်းတွေက နှုတဆ
် က်ကြတယ်

ကြယ်တွေက လမင်းကြီးရဲ့အရောင်ကြောင့် မှေးမှိန်ကုန်တယ်

ကျီးဟာ တောင်ပိုင်းကိုပျံသန်းပြီးတော့

သစ်ပင်ကို သုံးကြိမ်သုံးခါ ပတ်နေခဲ့တယ်

အနားယူစရာနေရာ ရှာမတွေ့ပဲနဲ့ပေါ့

671
သူတို့ က မြင့်မားတဲ့တောင်ကိုတက်ရလည်းမပင်ပန်းဘူး

နက်နဲတဲ့ရေပြင်ကိုဖြတ်ကျော်ရလည်း မကျေမနပ်မဖြစ်ဘူး

နယ်စားကျိုး(Duke Zhou) ဟာ မနားမနေနဲ့တည်ထောင်နိုင်ခဲ့တယ်

သင်္ဘောရဲ့နောက်ပိုင်းဟာ တိုင်းပြည်ကြီးကိုပိုင်ဆိုင်ရမယ့်သူရဲ့အရာပါပဲ'

အခြားသောလူတို့ ကလည်း "ချောင်ချောင်း"(Cao Cao) နှင့်အတူဆိုရာ


အင်မတန်နားထောင်ကောင်းလေသည်။ သို့သော် တစ်ဦးသောလူမှ

"ဝန်ကြီးချုပ်၊ စစ်တိုက်ခါနီးမှာ ဘာလို့ နိမိတမ


် ကောင်းတဲ့စကားတွေပြောရတာလဲ" ဟု ပြောသည်။

"ချောင်ချောင်း"(Cao Cao) ကလှည့်ကြည့်လိုကရ


်ာ ထိုသမ
ှူာ ရန်ကျိုးနယ်စား "လျူဖူ"(Liu Fu)
ဖြစ်နေသည်။ သူသည် ဟဲဖေးမှဖြစ်ပြီး စပြီး တာဝန်ထမ်းဆောင်သည့်အချိန်တွင် ကြောက်လန့်နေခဲ့သော
တိုင်းသူပြည်သားတို့ကို တည်ငြိမ်အောင်လုပ်ခဲ့ဖူးသည်၊ ထို့အပြင် စာသင်ကျောင်းများလည်း
ဆောက်လုပ်ခဲ့သည်။ သူသည် "ချောင်ချောင်း"(Cao Cao) လက်အောက်တွင် အမှုထမ်းသည်မှာ
နှစ်အတန်ကြာခဲ့ပြီ။

"ချောင်ချောင်း"(Cao Cao) မှ

"ကျုပ်က ဘယ်လိုနိမိတ်မကောင်းတဲ့စကားတွေပြောမိလို့ လဲ" ဟု မေးသည်။

"ဝန်ကြီးချုပ်က လမင်းကြီးက ကြယ်တွေရဲ့အလင်းရောင်ကိုမှေးမှိန်စေတဲ့အကြောင်း၊ ကျီးကန်းက


ခိုနားရာမရှိပဲတောင်ပိုင်းကိုပျံသွားတဲ့အကြောင်းစပ်ဆိုထားပါတယ်။ ဒါတွေက
နိမတ
ိ မ
် ကောင်းတဲ့စကားတွေပါပဲ"

"ကျုပ် ကြိုးစားပမ်းစားနဲ့ဖွဲ့ထားတာကို အထင်သေးရဲတယ်!"

ထိုသို့ ပြောပြီးနောက် "ချောင်ချောင်း"(Cao Cao) သည် သူ၏လှံဖြင့် "လျူဖူ"(Liu Fu)


အားသတ်လိုကသ
် ည်။ ဧည့်သည်တို့ လည်း ကြောက်လန့်ကာ အလျှိုလျှိုပြန်သွားကြသည်။

နောက်ရက်တွင် "ချောင်ချောင်း"(Cao Cao) အမူးပြေသွားပြီး သူလုပ်ခဲ့မိသည်တို့ ကို နောင်တရလေသည်။


သေဆုံးသွားသော "လျူဖူ"(Liu Fu) ၏သားဖြစ်သူ "လျူရှီး"(Liu Xi) ရောက်လာသောအခါ
"ချောင်ချောင်း"(Cao Cao) မှငိုကာ

672
"ကျုပ် မင်းအဖေကိုသတ်မိတဲ့အပြစ်ရှိပါတယ်။ မနေ့က အင်မတန်မူးနေခဲ့ပြီး အဲ့လိုလုပ်မိတာကို
ဝမ်းနည်းနောင်တရမိတယ်။ မင်းအဖေကို တိုင်းပြည်ကြီးရဲ့အမြင့်မြတ်ဆုံးဝန်ကြီးတစ်ဦးအနေနဲ့
ဂုဏ်ပြုပါ့မယ်" ဟုပြောပြီး စစ်သားတို့ ကိုခေါ်ကာ အလောင်းကို သူ၏ဇာတိသို့ပြန်သယ်သွားစေပြီး
ကောင်းမွန်စွာ မြှုပ်နှံစေသည်။

ရက်အနည်းငယ်ကြာသော် "မောင်ကျဲ"(Mao Jie) နှင့် "ယွီကျင်"့ (Yu Jin) တို့ရောက်လာကာ


သင်္ဘောတို့ကို သံကြိုးဖြင့်ချီနှောင်ထားပြီဖြစ်ကြောင်းပြောသည်။ ထို့ နောက် စစ်ချီတက်ရန်
အမိန့်တောင်းခံလေသည်။ ကြည်းရေနှစ်တန်လုံး၏ခေါင်းဆောင်တို့ စုဝေးကြလေသည်။ တပ်ဖွဲ့ တိုင်းတွင်
မတူညီသောအလံများရှိသည်။ "မောင်ကျဲ"(Mao Jie) နှင့် "ယွီကျင်"့ (Yu Jin) တို့ သည်
ပင်မရေတပ်ကုဥ
ီးဆောင်ကာ အဝါရောင်အလံကိုစိုက်ထူထားသည်။ "ကျန်းဟဲ"(Zhang He) မှာ
ရှေ့ပြေးတပ်ကိုဦးဆောင်ပြီး အနီရောင်အလံ၊ "လူချန်"(Lu Qian) သည် အနောက်တပ်ကုဥ
ီးဆောင်ကာ
အမည်းရောင်အလံ၊ "ဝင်ဖင်"(Wen Ping) သည် ဘယ်တောင်ပံ၊ အပြာရောင်အလံ၊ "လီထ"ုံ (Li Tong)
သည် ညာတောင်ပံ၊ အဖြူရောင်အလံ စသည်ဖြင့် အသီးသီးခေါင်းဆောင်ကြသည်။

ကမ်းခြေပေါ်တွင်မူ "ရွှီဟွမ်"(Xu Huang) က မြင်းသည်တော်တပ်၊ အနီရောင်အလံ ၊ "လီတျန်"(Li Dian)


ရှေ့ပြေးတပ်၊ အမည်းရောင်အလံ ၊ "ယွဲကျင်"့ (Yue Jing) ဘယ်တောင်ပံ၊ အပြာရောင်အလံ ၊
"ရှဟုယ
ွိမ"် (Xiahou Yuan) ညာတောင်ပံ အဖြူရောင်အလံ စသည်တို့ဖြစ်သည်။ "ရှဟိုတွန်း"(Xiahou
Dun) နှင့် "ချောင်ဟုန"် (Cao Hong) တို့မှာ အကူတပ်အနေနှင့်ရှိပြီး "ရွှီချူ"(Xu Chu) နှင့်
"ကျန်းလျောင်"(Zhang Liao) တို့က အထွေထွေအမှုထမ်းတို့ကိုဦးဆောင်သည်။

အားလုံးပြင်ဆင်ပြီးသည်နှင့် ဗုံတို့ တီးစေကာ သင်္ဘောထွက်လေသည်။ သင်္ဘောတို့ ကို


သံကြိုးတို့ ဖြင့်ချီနှောင်ထားသဖြင့် လှိုင်းရေတို့၏လူးလွန့်သောဒဏ်ကိုမခံရသောအခါ စစ်သားတို့သည်
ဝမ်းမြောက်ကြလေသည်။ ထိုအရာကို "ချောင်ချောင်း"(Cao Cao) မြင်လျှင် အင်မတန်ပီတိဖြစ်သည်။
ထို့နောက် စစ်တပ်တို့ကိုခဏပြန်လှည့်စေပြီး အကြံပေးတို့ ကိုခေါ်ကာ အစည်းအဝေးပြုလုပ်သည်။
"ချောင်ချောင်း"(Cao Cao) မှ

"ကောင်းကင်ကြီးသာ ငါ့ဘက်မှာမရှိရင် ငါ ဇာမဏီငယ်ရဲ့အကြံကိုရနိုင်ပါ့မလား? အခုတော့ သင်္ဘောတွေကို


တစ်ခုနဲ့တစ်ခုဆက်ထားတော့ စစ်သားတွေက မြေပေါ်မှာ လမ်းလျှောက်ရသလိုပဲနေမှာ" ဟု ပြောသည်။
"ချန်ယ"ွီ (Cheng Yu) မှ

"သင်္ဘောတွေကို ဒီလုခ
ျိတ်ထားပေမယ့် ရန်သူတွေရဲ့ မီးနဲ့တိုက်မယ့်ဗျူဟာအတွက် ပြင်ဆင်ထားရမယ်" ဟု
ပြောသည်။ ထိုအခါ "ချောင်ချောင်း"(Cao Cao) က ရယ်လေသည်။ ပြီးနောက်

673
"ခင်ဗျားက အဝေးကြီးလျှောက်တွေးလွန်းတယ်။ ခင်ဗျားပြောတာမဖြစ်နိုင်ဘူး" ဟုပြောသည်။ "ရွှင်ယု"ိ (Xun
You) မှ

"ချန်ယ(ွီ Cheng Yu) ပြောတာ နည်းလမ်းကျတယ်။ ဘာလို့ ရယ်တာလဲ" ဟုမေးလျှင် "ချောင်ချောင်း"(Cao


Cao) မှ

"မီးကိုသုံးရင် လေကိုအားကိုးရမှာပဲလေ။ အခုကဆောင်းရာသီ၊ လေက အနောက်ဘက်ကပဲတိုက်တယ်။


တောင်ဘက်ရော အရှေ့ဘက်ကရော မတိုက်ဘူး ။ ကျုပ်တို့က အနောက်မြောက်မှာ၊ ရန်သက

အေ့ရွေတာင္မွာ။ သူတို့ သာ မီးကိုသုံးရင် သူတို့ ကိုယ်သတ
ို့ဖျက်ဆီးရာကျမှာပေါ့။
ဘာမှကြောက်စရာမလိုဘူး။ အကယ်၍ ဒီအချိန်က ၁၀ လပိုင်း ဒါမှမဟုတ် နွေဦးဆိုရင်တော့
မီးဘေးအတွက်ကြိုပြင်ထားရမှာပေါ့" ဟုပြောသည်။ ထိုအခါ လူတို့ က

"ဝန်ကြီးချုပ်ကို ဘယ်သူမဘ
ှ က်ယဥ
ှ်နိုင်လောက်အောင် ပညာဉာဏ်ကြီးမားပါတယ်" ဟုပြောကြသည်။

"ချောင်ချောင်း"(Cao Cao) မှ

"မြောက်ပိုင်းစစ်တပ်က ရေကြောင်းကျွမ်းကျင်မှုမရှိဘူး။ ဒီလိုကြိုးတွေနဲ့မဆက်ထားရင်


ဘယ်လိုမှစစ်ချီနိုင်မှာမဟုတ်ဘူး " ဟုဆိုသည်။ ထိုအခါ လူနှစ်ယောက်မှထပြီး

"ကျွန်တော်တို့က မြောက်ပိုင်းကဆိုပေမယ့် ရေကြောင်းလည်းကျွမ်းကျင်ပါတယ်။


ကျွန်တော်တို့ကိုစစ်တပ်အနည်းငယ်သာပေးပါ။ စစ်တုက
ိရင် ရန်သေ
ူ တွကိုဖြိုခွင်းပြီး ရေမှာလည်း
ထူးချွန်ကြောင်းသက်သေပြပါ့မယ်" ဟုဆိုသည်။ ထိုပြောသောသူနှစ်ဦးမှာ "ကျောက်ချူ"(Jiao Chu) နှင့်

674
"ကျန်းနန်"(Zhang Neng) တို့ဖြစ်ပြီး "ယွမ်ရှောက်"(Yuan Shao) လက်အောက်တွင်
အမှုထမ်းခဲ့ဖူးသူများဖြစ်သည်။

"ရေတပ်က ခင်ဗျားတို့ နဲ့သင့်တော်မယ်မထင်ဘူး။ ခင်ဗျားတို့က မြောက်ပိုင်းမှာမွေးပြီး


မြောက်ပိုင်းမှာပဲကြီးပြင်းကြတာ။ ကိုယ့်အသက်ကိုယ် ကစားစရာလိုသဘောမထားသင့်ဘူး"

"ကျွန်တော်တို့ ကျရှုံးခဲ့ရင် စစ်တပ်စည်းကမ်းအတိုင်းအရေးယူပါ"

"စစ်တိုက်မယ့်သင်္ဘောတွေအကုန်လုံးကို ကြိုးတွေနဲ့ ချည်ထားပြီးပြီ။ ကျန်တာ လှေငယ်လေးတွေပဲရှိတယ်။


အဲ့ဒါတွေနဲ့စစ်တိုက်ဖို့မသင့်တော်ဘူး "

"ကျွန်တော်တို့ကို လှေငယ်တွေပဲ တစ်ယောက်တစ်ဝက်စီပေးပါ။ ပြီးရင်တစ်ဖက်ကမ်းသွားပြီး


ရန်သူ့ ခေါင်းဆောင်ကိုသတ်ပြီး ပြန်လာပါ့မယ်"

"မင်းတို့ကို လှေအစီးနှစ်ဆယ်၊ လှံစစ်သည်နဲ့ဒူးလေးစစ်သည်ငါးရာ ပေးလိုက်မယ်။ မနက်ဖြန်နံနက်မှာ


ပင်မတပ်က မြစ်ပေါ်မှာ အင်အားပြမယ်။ မင်းတို့ကိုကူညီဖို့ ဝင်ဖင်(Wen Ping)
နဲ့သင်္ဘောအစီးသုံးဆယ်လွှတ်လိုက်မယ်"

ထိုအခါ ထိုသူနှစ်ဦးတို့လည်း ဝမ်းသာပြီးထွက်သွားလေသည်။

နောက်ရက်မနက်ငါးနာရီအချိန်တင
ွ် "ချောင်ချောင်း"(Cao Cao) ၏သင်္ဘောတို့ သည်
အဆင်သင့်ပြင်ဆင်ကာ ဗုံတို့ ကိုတီးခတ်လေသည်။ ခေါင်းဆောင်နှစ်ဦးတို့သည် လှေအစီးနှစ်ဆယ်ဖြင့်
တောင်ဘက်သို့ သွားသည်။ တောင်ဘက်မှလတ
ူ့ို သည် ဗုံသံကိုကြားသောကြောင့် လှမ်းကြည့်သောအခါ
လှေတို့ ကိုမြင်လေသည်။ တောင်ပိုင်းမှ "ဟန်တန်"(Han Dang) နှင့် "ကျိုးထိုက်"(Zhou Tai) တို့ က
လှေငါးစီးစီဖြင့်ထွကက
်ာ ရန်သူနှင့် ရင်ဆိုင်သည်။

သတ္တိနှင့်ကက
ိုံသာအားကိုးသော "ကျောက်ချူ"(Jiao Chu) နှင့် "ကျန်းနန်"(Zhang Neng) တို့သည်
ရန်သတ
ူ့ို လာသည်ကိုမြင်လျှင် မြားတို့ဖြင့်ပစ်စေသည်။ ထိုမြားတို့ ကို "ဟန်တန်"(Han Dang) က
သူ၏ဒိုင်းဖြင့်ကာလိုက်သည်။ ထိုအခါ "ကျောက်ချူ"(Jiao Chu) က သူ၏လှံကိုကိုင်ကာ "ဟန်တန်"(Han
Dang) နှင့်တိုက်သော်လည်း ပထမအကွက်တင
ွ်ပင် အသတ်ခံလိုက်ရသည်။

"ကျိုးထိုက်"(Zhou Tai) သည် "ကျန်းနန်"(Zhang Neng) နှင့်တိုက်ပြီး "ကျန်းနန်"(Zhang Neng)


ကိုသတ်လိုက်သည်။ "ကျန်းနန်"(Zhang Neng) ၏အလောင်းသည်ရေထဲသို့ ကျသွားသည်။
အခြားသောလှေတို့ သည်လည်း ပြန်လှည့်ပြေးကြသည်။ တောင်ပိုင်းစစ်တပ်ကလည်း အနောက်မှလိုက်ရာ
တစ်နေရာအရောက်တွင် စစ်ကူအဖြင့်ရောက်လာသော "ဝင်ဖင်"(Wen Ping)
၏တပ်ဖွဲ့ဖြင့်တွေ့ရာတိုက်ကြလေသည်။

675
"ဝင်ဖင်"(Wen Ping) သည် တောင်ပိုင်းပြည်နယ်ရေတပ်ဖြင့်မယှဉ်နိုင်မှန်းသိသောအခါ
ပြန်လည
ှ့်လေသည်။ "ဟန်တန်"(Han Dang) နှင့် "ကျိုးထိုက်"(Zhou Tai) တို့ က
နောက်မှလိုက်တုက
ိသည်။ သို့သော်လည်း စစ်တပ်တို့အဝေးကြီးအထိရောက်သွားမည်စိုးသဖြင့်
"ကျိုးယွ"ီ (Zhou Yu) က အလံဖြူဖြင့်အချက်ပြကာ ပြန်လည
ှ့်ရန် အချက်ပေးလိုက်သည်။ "ကျိုးယွ"ီ (Zhou
Yu) မှ အခြားသောအမှုထမ်းတို့အား

"မြောက်ပိုင်းသင်္ဘောရဲ့ရွက်တုင
ိတွေက သစ်ပင်ကြီးလိုကြီးမားတယ်။ ချောင်ချောင်း(Cao Cao) ကလည်း
အင်မတန်ဉာဏ်များတယ်။ သူ့ကိုဘယ်လိုချေမှုန်းရမလဲ" ဟုမေးသည်။ မည်သူမှ ပြန်မဖြေကြပေ။
ထိုအချိန်တွင် လေတစ်ချက်တိုကလ
ိုက်သောကြောင့် "ချောင်ချောင်း"(Cao Cao)
သင်္ဘောပေါ်ရှိအလံအဝါရောင်သည် အောက်သို့ကျသွားသည်။ ထိုအခါ "ကျိုးယွ"ီ (Zhou Yu) က ရယ်ပြီး

"ဒါ နိမိတ်ဆိုးပဲ" ဟုပြောသည်။

ထိုအခိုက်မှာပင် လေကရုတတ
် ရတ်တိုက်ပြန်ပြီး ကြီးမားသောလှိုင်းတို့ က ကမ်းစပ်ကိုရိုကခ
် တ်သည်။
မိမိတပ်ဖွဲ့ရှိအလံကပါ လေကြောင့် တလူလူလွင့်သွားသည်ကိုမြင်သောအခါ "ကျိုးယွီ"(Zhou Yu) သည်
အကြောင်းအရာတစ်ခုကို သတိပြုမိလိုက်သည်။ ထို့နောက် ကျယ်လောင်စွာအော်ဟစ်ပြီး
ပါးစပ်မှသွေးထွက်ကာ ရုတ်တရတ်မေ့လဲသွားလေသည်။

676
အခန်း(၄၉) "ကျူးကဲလျန့်"(Zhuge Liang) သည် ကြယ်ခုနှစ်စင်းနတ်ကွန်းတွင် လေတိုက်ရန်
စီမံခြင်း။ မြစ်ကမ်းပါးသုံးခုဝယ် "ကျိုးယွ"ီ (Zhou Yu) မီးဗျူဟာ သုံးခြင်း။

"ကျိုးယွ"ီ (Zhou Yu) သည် ရန်သူ့ ရေတပ်ကိုကြည့်ရင်း ရုတ်တရတ်ဖျားနာသွားခဲ့သည်ကို ရှေ့တစ်ခန်းတွင်


ဖော်ပြခဲ့ပြီးပြီ။ "ကျိုးယွ"ီ (Zhou Yu) ကို ရွက်ဖျင်တဲအတွင်းသို့ပြန်ခေါ်သွားကြပြီးနောက် အမှုထမ်းတို့သည်
"ကျိုးယွ"ီ (Zhou Yu) ထံလာကာ သတင်းမေးကြသည်။ သူတို့ သည်
တစ်ယောက်မျက်နှာတစ်ယောက်ကြည့်ပြီးနောက်

"ချောင်ချောင်း(Cao Cao) စစ်တပ်ကြီးက ရန်ပြုချင်နေတဲအ


့ ချိန်မှာ စစ်သူကြီးက ရုတ်တရတ်ဖျားသွားတာ
စိတမ
် ကောင်းစရာပဲ။ ရန်သူတွေလာတိုက်ရင် ဘယ်လိုလပ
ုမလဲ" ဟုပြောသည်။ ထို့ နောက် "စွန်းချွမ်"(Sun
Quan) ထံ အကြောင်းကြားစာပို့ ကြသည်။ သမားတော်တို့ က အကောင်းဆုံး ကုသပေးသော်လည်း
မသက်သာချေ။

သို့နှင့် "လူဆ"ု (Lu Su) က စိုးရိမ်ကာ "ကျူးကဲလျန့်"(Zhuge Liang) ထံသွားပြီး တိုင်ပင်သည်။


"ကျူးကဲလျန့်"(Zhuge Liang) မှ

"ခင်ဗျားက ဒါကိုဘယ်လိုထင်လ"ဲ ဟု မေးသည်။

" ချောင်ချောင်း(Cao Cao) အတွက်တော့ ကောင်းပေမယ့် ကျုပ်တို့ အတွက်တော့မကောင်းဘူး"

"ကျူးကဲလျန့်"(Zhuge Liang) သည် ရယ်ကာ

"ကျုပ်တို့ သူ့ကိုကုပေးနိုင်မယ်" ဟုပြောသည်။

"ခင်ဗျားသာကုနိုင်ရင် ဝူအတွက် ကံကောင်းမှုပဲ"

ထို့နောက် "လူဆ"ု (Lu Su) က "ကျူးကဲလျန့်"(Zhuge Liang) ကို လူနာသွားကြည့်ရန်ခေါ်သည်။


ရွကဖ
်ျင်တဲသို့ရောက်သော်အခါ "လူဆ"ု (Lu Su) က အရင်ဝင်သွားသည်။ "ကျိုးယွီ"(Zhou Yu) သည်
ကုတင်ပေါ်တွင်လှဲနေပြီး ခေါင်းကို ပိတ်စဖြင့်စည်းထားသည်။ "လူဆု"(Lu Su) မှ

"စစ်သူကြီး ဘယ်လိုနေသေးလဲ" ဟု မေးသည်။

"နှလံုး ကအောင့်နေတယ်၊ မကြာခဏ ခေါင်းမူးတယ်"

"ဆေးရောသောက်ထားလား"

677
"မကြာခဏ ပျို့အန်ချင်လို့ မသောက်နိုင်ဘူး"

"ခုနက ကျွန်တော် ကျူးကဲလျန့်(Zhuge Liang) နဲ့တွေ့တယ်၊ သူက ခင်ဗျားကိုကုနိုင်တယ်ပြောတယ်။


အခုသူ အပြင်မှာ၊ စစ်သြူ ကီးခွင့်ပြုမယ်ဆိုရင် သူ့ကိုအထဲဝင်ခိုင်းလိုက်မယ်"

"သူ့ကိုအထဲခေါ်လိုက်ပါ"

"ကျိုးယွ"ီ (Zhou Yu) သည် အစေအပါးတို့ အား ဝိုင်းထူစေပြီးနောက် ထိုင်နေလိုက်သည်။


"ကျူးကဲလျန့်"(Zhuge Liang) သည် ဝင်လာကာ

"ခင်ဗျားနဲ့မတွေ့တာ ရက်နည်းနည်းကြာပြီ။ နေမကောင်းဖြစ်နေလိမ့်မယ်လို့ မထင်မိဘူး" ဟုပြောသည်။

"ဘယ်သူက လုံခြုံစိတခ
်ျစွာနဲ့နေနိုင်မလဲ။ ကောင်းသည်ဖြစ်စေ၊ ဆိုးသည်ဖြစ်စေ ကျုပ်တို့ က
ကံတရားရဲ့ကစားစရာအရုပ်လုပ
ိဲ မဟုတ်လား"

"ဟုတ်တာပေါ့။ ကောင်းကင်ကြီးရဲ့လေနဲ့တိမ်ကိုဘယ်သူမှ မတိုင်းတာနိုင်ဘူး။ အဲ့အရာတွေ


ဘယ်လိုလာမယ်၊ ဘယ်လိုသွားမယ်ဆိုတာ ဘယ်သူမှမသိနိုင်ဘူး"

ထိုအခါ "ကျိုးယွ"ီ (Zhou Yu) မျက်နှာမှာ ဖြူဖတ်ဖြူရော်ဖြစ်သွားပြီး နာကျင်စွာညည်းညူသည်။


သို့သော်လည်း "ကျူးကဲလျန့်"(Zhuge Liang) မှ ဆက်ပြီး

"ခင်ဗျားစိတ်ပျက်နေတာမဟုတ်လား။ ရင်ထဲမှာ ပြဿနာတွေဖြစ်နေတယ်မလား" ဟု ပြောသည်။

"ဟုတ်ပါတယ်"

"ခင်ဗျား ဒီစိတ်တွေကိုထန
ိးဖို့အတွက် ဆေးသောက်ရမယ်"

"သောက်တော့သောက်ထားပြီးပြီ၊ ဒါပေမယ့် မသက်သာပါဘူး"

"နှလံုး သားဟာဒယကိုရွှင်အောင် အရင်လုပ်ပြီးမှဆေးကိုသောက်သင့်တယ်"

"ကျိုးယွ"ီ (Zhou Yu) သည် အကြောင်းအရင်းအမှန်ကို "ကျူးကဲလျန်"့ (Zhuge Liang) သိမသိ


တီးခေါက်ကြည့်မည်ဟုကြံကာ

"ဘယ်လိုများ နှလုံးသားဟာဒယရွှင်အောင် လုပ်ရမှာလဲ" ဟုမေးသည်။

"အဲ့လိုလုပ်ဖို့ ကျုပ်မှာနည်းလမ်းရှိပါတယ်"

"အဲ့နည်း ကျုပ်ကုေ
ိ ပြာပြပါ"

678
"ထိုအခါ "ကျူးကဲလျန့်"(Zhuge Liang) သည် စာရွက်နှင့်စုတ်တံယူလာစေပြီးနောက် အစေခံတို့အား
အပြင်ထွက်ခိုင်းစေပြီး အောက်ပါစာကိုရေးလေသည်။

'ချောင်ချောင်း(Cao Cao) ကိုတိုက်ဖို့

မီးကိုသုံးရမယ်

အကုန်လုံး စိတ်ကူးထားတယ်

ဒါပေမယ့် အရှေ့အရပ်က လေလိုတယ်'

ထိုစာကို "ကျိုးယွီ"(Zhou Yu) အား ပေးလိုက်ပြီး

"ဒါ ခင်ဗျားရောဂါရဲ့အရင်းအမြစ်ပ"ဲ ဟုပြောသည်။

"ကျိုးယွ"ီ (Zhou Yu) သည် ထိုစာကိုတအံ့တဩဖတ်ပြီးနောက်

"ခင်ဗျားက ဒီရောဂါအရင်းအမြစ်ကိုသိတယ်ဆိုတော့ ဘယ်လိုကုရမယ်ဆိုတာ ပြောပြပါဦး။


ဒါအင်မတန်အရေးကြီးတယ်" ဟုပြောသည်။

"ကျွန်တော် ဘာမှမထူးချွန်ပါဘူး။ ဒါပေမယ့် အင်မတန်ထူးချွန်ပြီးပါရမီရှိတဲ့လူတစ်ယောက်ဆီကနေ


'လျှို့ဝှက်နည်းစနစ်' ဆိုတဲ့စာအုပ်တစ်အုပ်ရခဲ့တယ်။ ကျွန်တော် လေကိုခေါ်ပြီး မိုးရွာအောင်လုပ်နိုင်တယ်။
စစ်သြူ ကီးက အရှေ့တောင်လေလိုအပ်တယ်ဆိုတော့ တောင်ဘက်တောင်ကန
ုးမှာ
ကြယ်ခုနှစ်စင်းနတ်ကွန်းဆောက်ရမယ်။ အဲ့စင်က ကိုးယူနစ်မြင့်ပြီး အထပ်သုးံ ဆင့်ရှိရမယ်၊
ဘေးပတ်လည်မှာ လူအယောက်တစ်ရာ့နှစ်ဆယ်က အလံကိုင်ပြီးရပ်ထားစေရမယ်။ ဒါဆိုရင်တော့
အဲ့စင်ပေါ်မှာ ကျွန်တော် အစီအရင်လုပ်ပြီး သုံးရက်သုံးည အရှေ့တောင်လေတိုက်စေပါ့မယ်။ စစ်သူကြီး
သဘောတူပါသလား"

"သုံးရက်သုံးညမလိုဘူး။ တစ်ရက်တည်းဆိုရင် ကျုပ်အကြံအောင်ပါပြီ။ ဒါပေမယ့် ဒါနှောင့်နှေးလို့မဖြစ်ဘူး "

"ဒါဆို နှစ်ဆယ်ရက်နေ့မှာ ကျွန်တော် သုံးရက်သုံးညလေတိုက်အောင် စီမံပါ့မယ်"

"ကျိုးယွ"ီ (Zhou Yu) သည် ဝမ်းမြောက်ဝမ်းသာဖြင့်ထကာ အမိန့်ပေးသည်။


ထိုတောင်ကုန်းအနီးတွင်စောင့်ကြပ်ရန် စစ်သားငါးရာလွှတ်လိုက်ကာ နတ်စင်ဆောက်စေသည်။ ထို့ အပြင်
"ကျူးကဲလျန့်"(Zhuge Liang) ၏အမိန့်အတိုင်းလုပ်ဆောင်ရန် စစ်သားတစ်ရာ့နှစ်ဆယ် လွှတလ
ိုကသ
် ည်။
"ကျူးကဲလျန့်"(Zhuge Liang) သည် "လူဆ"ု (Lu Su) နှင့်အတူ တောင်ကုန်းဆီသို့ သွားပြီး
မြေကြီးကိုတိုင်းထွာသည်။ ထို့ နောက် စစ်သားတို့ အား အရှေ့တောင်အရပ်တွင်ရှိသော မြေနီပေါ်တွင်

679
စင်ဆောက်စေသည်။စင်မှာ ဘေးပတ်လည်နှစ်ရာ့လေးဆယ်ယူနစ်ကျယ်ဝန်းပြီး လေးထောင့်ပုံစံရှိသည်၊
အဆင့်သုံးဆင့်ရှိပြီး အဆင့်တိုင်း သုံးယူနစ်မြင့်ကာ စုစုပေါင်း ကိုးယူနစ်မြင့်လေသည်။

အနိမ့်ဆံုး အဆင့်တွင် ကောင်းကင်ဘုံပြဿဒ်ဘုံနှစ်ဆယ့်လေးခုနှင့်


နက္ခတ်တာရာလေးခု၏အလံများထားထားသည်။ အရှေ့အရပ်တွင် အပြာရောင်အလံခုနှစ်ခု၊
မြောက်ဘက်တွင် အမည်းရောင်အလံ ခုနှစ်ခု၊ အနောက်ဘက်တွင် အဖြူရောင်အလံ ခုနှစ်ခု နှင့်
တောင်ဘက်တွင် အနီရောင်အလံခုနှစ်ခုထားထားသည်။

ဒုတိယအဆင့်တွင်မူ အလံရှစ်ခုကိုတစ်စုစီဖြင့် စုစုပေါင်းခြောက်ဆယ့်လေးခုထားထားသည်။

အမြင့်ဆုံးအဆင့်တွင် လူလေးဦးထားထားသည်။ ထိုလူတို့ သည် ခေါင်းတွင်


တာအိုခေါင်းဆောင်းဆောင်းထားကာ ဇာမဏီပုံဖော်ထားသော အမည်းရောင်အဝတ်ဝတ်ထားပြီး
ကျယ်ပြန့်သော ခါးပတ်ပတ်ထားသည်၊ အနီရောင်ဖိနပ်ဝတ်ထားစေကာ
လေးထောင့်ကျကျဘောင်းဘီစကပ်ဝတ်ထားစေသည်။ ဘယ်ဘက်တွင် လူတစ်ဦးက
တိုင်တစ်တိုင်ကိုကိုင်ထားပြီး ထိပ်တွင် လေတိုက်မည်ကိုသိနိုင်ရန် ငှက်တောင်တို့ ကိုချိတ်ထားသည်။
ညာဘက်တွင် ခုနှစ်စင်ကြယ်အလံကိုင်ထားသော လူတစ်ဦးရပ်ထားစေသည်။ အနောက်ဘယ်ဘက်တွင်
လူတစ်ဦးကိုဓားကိုင်ကာ ရပ်ခိုင်းစေပြီး အနောက်ညာဘက်တွင် လူတစ်ဦးအား
အမွှေးတိုင်ခွက်ကိုင်ထားစေသည်။

စင်အောက်ဘက်တွင်မူ လူလေးဆယ့်လေးယောက်ရှိပြီး အလံ၊ ထီး၊ လှံ၊ လှံရှည်၊ အဝါရောင်အလံ၊


အဖြူရောင်ရဲတင်း၊ အနီရောင်အလံ၊ အမည်းရောင်အလံတို့ ကိုင်ထားစေပြီး
အသီးသီးနေရာယူထားစေသည်။

နှစ်ဆယ်ရက်နေ့ ရွေးချယ်ထားသောအချိန်အခါတွင် "ကျူးကဲလျန့်"(Zhuge Liang) သည်


ခန္ဓာကိုယ်ကုသ
ိ န့်စင်စေပြီး တာအိုအဝတ်ဝတ်ကာ စင်ပေါ်သို့တက်သည်။ ထို့နောက် "လူဆ"ု (Lu Su)
အား

"စခန်းကိုပြန်ပြီး စစ်တိုကဖ
ို့အတွက် စစ်သူကြီးကိုကူညီပါ။ လေမတိုက်မှာ မစိုးရိမ်ပါနဲ့" ဟုပြောလိုက်သည်။
"လူဆု"(Lu Su) လည်းထွက်သွားသည်။ "ကျူးကဲလျန့်"(Zhuge Liang) က စစ်သားတို့အား
တိတ်ဆိတ်စွာနေရန် အမိန့်ပေးလိုက်သည်။ အမိန့်မနာခံလျှင် သေဒဏ်ပေးမည်ဟုဆိုလိုက်သည်။
ထို့နောက် စင်ပေါ်သို့တက်ပြီး အမွှေးတိုင်ထွန်းကာ ရေတို့နှင့်ပက်ဖြန်းပြီး ဆုတောင်းလေသည်။
ထိုသို့ ဆုတောင်းပြီးနောက် ကောင်းကင်ကြီးကိုကြည့်ကာ ရွက်ဖျင်တဲသို့ပြန်သွားသည်။
စစ်သားတို့ကိုအားလည်း ခဏနားခိုင်းစေကာ အလှည့်ကျ စားသောက်စေသည်။ ထိုနေ့ရက်တွင်ပင်
စင်ပေါ်သို့သုံးကြိမ်တက်ပြီး သုံးကြိမ်ဆင်းသည်။ သို့ သော်လည်း လေမတိုက်သေးပေ။

680
ထိုအချိန်တွင် "ကျိုးယွီ"(Zhou Yu) ၊ "ချန်ဖ"ူ (Cheng Pu) ၊ "လူဆ"ု (Lu Su) နှင့်
အခြားသောစစ်အမှုထမ်းတို့သည် စစ်ထွက်ရန်အတွက်ပြင်ထားကာ လေတိုက်မည်ကိုမျှော်နေကြသည်။
ထို့အပြင် "စွန်းချွမ်"(Sun Quan) ထံသို့ လည်းစာပို့ပြီး စစ်ကေ
ူ ပးရန် တောင်းဆိုသည်။ "ဟွမ်ကိုင်"(Huang
Gai) ၏မီးသင်္ဘောအစင်းနှစ်ဆယ်တို့လည်း အဆင်သင့်ဖြစ်နေပြီ။ သင်္ဘောပေါ်တွင် သစ်တုံးတို့ကို ငါးဆီ၊
ဆာလဖာ၊ ပိုတက်ဆီယမ်နိုက်ထရိတ်နှင့် အခြားလောင်စာတို့ ဖြင့် သုတ်လမ
ိးကာထားထားသည်။

"ချောင်ချောင်း"(Cao Cao) ၏သူလျှိုနှစ်ဦးဖြစ်သော "ချိုက်ဟ"ဲ (Cai He) နှင့် "ချိုက်ကျုံး"(Cai Zhong) ကို
မြစ်ကမ်းနှင့်အဝေးတစ်နေရာတွင် ထားထားပြီး လုံခြုံစွာစောင့်ကြပ်ထားစေသည်။ "ကျိုးယွီ"(Zhou Yu)
သည်လည်း စိတ်လှုပ်ရှားစွာဖြင့် လေတိုက်မည်ကိုစောင့်မျှော်နေပြီး "လူဆ"ု (Lu Su) မှာ စစ်သူကြီးတို့ အား
အဆင်သင့်ပြင်ထားရန် လိုက်လှုံ့ ဆော်သည်။ ကောင်းကင်ကြီးမှာ သာယာနေပြီး
လေတိုက်ရန်အရိပ်အယောင်မတွေ့ပေ။

"ကျိုးယွီ"(Zhou Yu) : "ကျုပ်တို့အလိမ်ခံလိုက်ရပြီလားမသိဘူး။ ဆောင်းတွင်းကြီးမှာ


အရှေ့တောင်လေတိုက်ဖို့ဖြစ်နိုင်ပါ့မလား"

"လူဆ"ု (Lu Su) : "ကျူးကဲလျန့်(Zhuge Liang) ကတော့ မလိမ်လောက်ပါဘူး"

အချိန်သုံးချက်တီးမြောက်တွင် လေထဲတွင်အသံတစ်ခုကြားလိုကြ် ပီး အလံတို့လွင့်သွားသည်။ ထိုအခါ


သေနာပတိကထွကြ် ကည့်လေရာ လေတို့သည် အနောက်မြောက်ဘက်သို့ တိုက်သည်ကုေ
ိ တွ့လိုက်သည်။
သို့သော် မကြာမီမှာပင် အရှေ့တောင်ဘက်သို့ တိုက်လေသည်။ ထိုအခါ "ကျိုးယွီ"(Zhou Yu) မှာ
လန့်သွားပြီး

681
"သူက ကောင်းကင်ကြီးလောက်အစွမ်းရှိပြီး မြေပြင်ကိုချုပ်ကိုင်နိုင်တယ်။
သူ့နည်းလမ်းတွေကိုတွက်ချက်လို့မရဘူး၊ နတ်ဘုရားတွေ၊ မိစ္ဆာတွေထက်သာလွန်တယ်။
သူအသက်ဆက်ရှင်နေရင် တောင်ပိုင်းပြည်နယ်အတွက် ကြမ္မာဆိုးပဲ။ သူ့ကိုသတ်ပစ်မှဖြစ်မယ်"
ဟုပြောသည်။

ထို့နောက် "တင်းဖုန်း"(Ding Feng) နှင့် "ရွှီရှန်"(Xu Sheng) ကိုခေါ်ပြီး

"ခင်ဗျားတို့ နှစ်ယောက် စစ်သားအယောက်တစ်ရာစီနဲ့ တစ်ဖွဲ့ ကမြစ်ကြောင်းက၊ တစ်ဖွဲ့ကကုန်းကြောင်းက


ချီတက်ပြီး တောင်နားက နတ်စင်ကိုသွားပါ။ အဲ့နေရာရောက်ရင် ဘာမှမပြောပဲနဲ့ ကျူးကဲလျန့်(Zhuge
Liang) ကိုသတ်လိုက်ပါ။ သူ့ခေါင်းကိုပြန်ယူလာနိုင်ရင် ထိုကထ
ိုကတ
် န်တန်ဆုချမယ်" ဟုပြောသည်။

"ရွှီရှန"် (Xu Sheng) သည် ဓားတို၊ ရဲတင်းကိုင်ထားသောစစ်သည်တို့ကိုဦးဆောင်ပြီး "တင်းဖုန်း"(Ding


Feng) က မြားသမားတို့ ကိုဦးဆောင်ကာ အသီးသီးထွက်သွားကြသည်။

"တင်းဖုန်း"(Ding Feng) သည် ပထမဆုံးရောက်သွားပြီး စင်ပေါ်သို့ တက်သွားသောအခါ


"ကျူးကဲလျန့်"(Zhuge Liang) ကိုမတွေ့ပေ။ အစောင့်တို့ ကိုမေးသောအခါ

"အခုလေးတင် ဆင်းသွားပြီ" ဟု ပြောကြသည်။ "တင်းဖုန်း"(Ding Feng) လည်း


တောင်အောက်သို့ဆင်းသွားရာ "ရွှီရှန"် (Xu Sheng) ၏တပ်ဖွဲ့နှင့်တွေ့သည်။ ထိုအချိန်တွင်
စစ်သားတစ်ဦးမှ

"ညနေပိုင်းလောက်က သဲသောင်ပြင်နားမှာ လှေငယ်လေးကိုတွေ့လိုက်တယ်။ ကျူးကဲလျန့်(Zhuge Liang)


က အဲ့လှေပေါ်တက်ပြီး မြစ်ကိုဆန်တက်သွားတယ်" ဟုပြောသည်။ ထိုအခါ "ရွှီရှန"် (Xu Sheng) နှင့်
"တင်းဖုန်း"(Ding Feng) သည် ရေကြောင်း၊ ကုန်းကြောင်းခွဲကာ လိုက်ကြသည်။ "ရွှီရှန"် (Xu Sheng)
သည် လှေကိုရွက်လွှင့်စေပြီး လေအရှိန်ကြောင့် မကြာမီမှာပင် တစ်ဖက်လှေကိုလှမ်းမြင်ရာ

"အကြံပေး၊ ခဏနေပါဦး။ စစ်သြူ ကီးက ခင်ဗျားနဲ့တွေ့ချင်လို့ " ဟုပြောသည်။ ထိုအခါ


"ကျူးကဲလျန့်"(Zhuge Liang) ကရယ်ပြီး

"ပြန်သွားပြီး စစ်သြူ ကီးကို စစ်သားတွေကောင်းကောင်းအသုံးချဖို့ ပြောလိုက်ပါ။ ကျုပ် ရေဆန်တက်ပြီး


အစီအရင်လေးလုပ်စရာရှိလို့ ။ နောက်ရက်မှ သူ့ကိုလာတွေ့ပါ့မယ်" ဟုပြောသည်။

"ခဏလေးနေပါဦး။ အရေးကြီးကိစ္စပြောစရာရှိလို့ပါ"

"ကျုပ်အကုန်လုံးသိတယ်။ ကျိုးယွ(ီ Zhou Yu) က ကျုပ်ကုသ


ိ တ်ချင်လို့ ခင်ဗျားကိုလွှတ်လိုက်တာမလား။
ဒါကြောင့် ကျောက်ယွင်(Zhao Yun) ဒီမှာလာစောင့်နေတာ။ ခင်ဗျား အနားမကပ်ရင်ကောင်းမယ်"

682
သို့သော်လည်း "ရွှီရှန်"(Xu Sheng) သည်အနောက်မှဆက်လိုက်ရာ "ကျောက်ယွင"် (Zhao Yun) သည်
မြားဖြင့်ချိန်ပြီး

"ခင်ဗျား ကျုပ်ကုသ
ိတယ်မလား။ ကျုပ်က အကြံပေးအရာရှက
ိ ုေ
ိ စာင့်ကြပ်ဖို့လာတာ။ ခင်ဗျားဘာလို့
နောက်ကဆက်လိုက်နေတာလဲ? မြားတစ်ချောင်းက ခင်ဗျားကိုသတ်ဖို့လုံလောက်တယ်၊ အဲ့လိုဆိုရင်တော့
နှစ်ဦးနှစ်ဖက်ငြိမ်းချမ်းမှုတွေပျက်ကုန်မယ်။ ဒါပေမယ့်လည်း ခင်ဗျားကိုမြားနဲ့ပစ်ပြီး
ကျုပ်အစွမ်းကိုပြဖို့ဝန်မလေးဘူး" ဟုပြောသည်။ ထို့နောက် မြားကိုပစ်လုက
ိရာ ရွကက
ိုချည်ထားသော
ကြိုးကိုထိမှန်ပြီး ရွကြ် ပုတ်ကျသွားသည်။ "ကျောက်ယွင"် (Zhao Yun) ၏လှေသည်လည်း ရွက်လွှင့်ပြီး
မျက်စိမြင်ကွင်းမှပျောက်ကွယ်သွားသည်။

ကမ်းစပ်တွင်ရှိသော "တင်းဖုန်း"(Ding Feng) မှ "ရွှီရှန်"(Xu Sheng) ကိုပြန်ခေါ်စေကာ

"ကျူးကဲလျန့်(Zhuge Liang) က ဉာဏ်ပညာကောင်းလွန်းတယ်၊ ကျောက်ယွင(် Zhao Yun) က


သူရဲကောင်းထဲမှာ အရဲရင့်ဆံုး သူရဲကောင်းပဲ။ တန်းရန် လုံတောင်ကုန်းတံတားမှာ သူလုပ်ခဲ့တာတွေကို
ခင်ဗျားသိတယ်မလား? လောလောဆယ်တော့ ပြန်လှည့်ပြီးသတင်းပို့ တာပေါ့" ဟုပြောသည်။

ထိုသူနှစ်ဦးလည်း ပြန်သွားကြပြီး "ကျိုးယွီ"(Zhou Yu) အား သတင်းပို့ ရာ "ကျိုးယွီ"(Zhou Yu) မှ

"သူအသက်ရှင်နေရင် နေ့ရောညပါ စိတ်ချလက်ချနေရမှာမဟုတ်ဘူး " ဟုပြောသည်။ "လူဆ"ု (Lu Su) မှ

"ချောင်ချောင်း(Cao Cao) ကိုတိုက်ပြီးတဲ့အထိစောင့်ပါဦး" ဟုပြောသဖြင့် လက်ခံလိုက်သည်။ ပြီးနောက်


အမှုထမ်းတို့ကို စုဝေးစေလိုက်သည်။

"ကျိုးယွ"ီ (Zhou Yu) သည် "ကန်းနင်"(Gan Ning) အား

"ခင်ဗျားနဲ့ အတူ ချိုက်ကျုံး(Cai Zhong) နဲ့သူ့စစ်သားတွေခေါ်သွားပါ။


တောင်ပိုင်းကမ်းစပ်ရောက်တဲ့အထိသွားပြီး ချောင်ချောင်း(Cao Cao) ရဲ့အလံထောင်လိုက်ပါ။ ပြီးရင်
ရန်သစ
ူားနပ်ရိက္ခာ ထားထားတဲ့နေရာရဲ့မျက်နှာချင်းဆိုင်ထိရောက်အောင်သွားပါ၊ အဲ့ကနေ
ရန်သရ
ဲူ့စခန်းတွေထဲထိုး ဖောက်နိုင်သလောက် ထိုးဖောက်ပြီး မီးနဲ့အချက်ပြလိုက်ပါ။ ချိုက်ဟဲ(Cai He)
ကတော့ တခြားအသုံးချစရာရှိသေးတဲ့အတွက် စခန်းမှာပဲထားထားမယ်" ဟုပြောသည်။
နောက်ထပ်အမိန့်တစ်ခုမှာကား

"ထိုက်ရှီချီ(Taishi Ci) ကတော့ စစ်သားနှစ်ထောင်ကုဥ


ီးဆောင်ပြီး ဟွမ်ကျိုးကိုချီတက်ပြီးတော့ ဟဲဖေးက
ရန်သန
ဲူ့အဆက်အသွယ်ကိုဖြတ်တောက်လိုက်ပါ။ ရန်သူနားရောက်ရင် အချက်ပေးလိုက်ပါ။
အနီရောင်အလံကိုတွေ့ရင် ကျုပ်တို့ သခင် စွန်းချွမ်(Sun Quan) က စစ်ကူနဲ့ရောက်လာပြီဆိုတာ
သိလိမ့်မယ်" ဟု၍ဖြစ်သည်။

683
"ကန်းနင်"(Gan Ning) နှင့် "ထိုက်ရှီချီ"(Taishi Ci) တို့သည်လည်း အရင်ဆံုး ထွက်သွားကြသည်။

ရန်သူ့ တပ်စခန်းကိုမီးရှို့ရန်သွားသည့် "ကန်းနင်"(Gan Ning) အား ကူညီရန် "လွီမန်"(Lu Meng)


ကိုလွှတ်လိုက်သည်။ "လင်ထုံ"(Ling Tong) ကိုမူ စစ်သားသုံးထောင်ဦးဆောင်စေပြီး
ယီလင်သို့သွားစေကာ သစ်တောထဲမှအချက်ပေးသည်ကိုမြင်သည်နှင့်တုက
ိရန်ပြောသည်။
ပဉ္စမတပ်ဖွဲ့အနေဖြင့် "တုံးရှီး"(Dong Xi) အားစစ်သားသုံးထောင်ဖြင့် ဟန်ရန်သို့သွားစေကာ
ဟန်မြစ်မှရန်သူကိုတုက
ိစေသည်။ သူတို့ ၏တပ်ဖွဲ့မှအလံအဖြူဖြင့် အချက်ပေးသည်နင
ှ့် ကူညီရန်
"ဖန်ကျန်း"(Pan Zhang) ၏စစ်တပ်သုံးထောင်အားလွှတလ
ိုကသ
် ည်။

ထိုတပ်ဖွဲ့ခြောက်ဖွဲ့ ကိုလွှတ်ပြီးနောက် "ဟွမ်ကိုင်"(Huang Gai) အား "ချောင်ချောင်း"(Cao Cao)


ထံစာပို့စေပြီး ထိုညနေလာမည်ဖြစ်ကြောင်းပြောစေသည်။ ထို့အပြင် "ဟွမ်ကိုင်"(Huang Gai) ကိုကူညီရင်
ရေတပ်တပ်မကြီးလေးခုလတ
ွှ်လုက
ိသည်။ တပ်မတစ်ခုစီတင
ွ် သင်္ဘောအစင်းသုံးရာစီရှိပြီး
စစ်သြူ ကီးလေးဦးတို့က ဦးဆောင်သည်။ ထိုစစ်သူကြီးတို့မှာ "ဟန်တန်"(Han Dang) ၊ "ကျိုးထိုက"် (Zhou
Tai) ၊ "ကျန်းချင်"(Jiang Qin) နှင့် "ချန်ဝူ"(Chen Wu) တို့ဖြစ်ကြသည်။ တပ်မတစ်ခုစီတွင်
မီးသင်္ဘောအစင်းနှစ်ဆယ်ရှိသည်။ ထိုတိုက်ပွဲကို ထိန်းကွပ်ရန် "ကျိုးယွ"ီ (Zhou Yu) နှင့် "ချန်ဖ"ူ (Cheng
Pu) တို့ က သင်္ဘောကြီးပေါ်တွင်နေရာယူသည်။ ထိုသူနှစ်ဦးတို့အား "တင်းဖုန်း"(Ding Feng) နှင့်
"ရွှီရှန"် (Xu Sheng) တို့က စောင့်ကြပ်ကာကွယ်သည်။ "လူဆ"ု (Lu Su) ၊ "ခန့်ဇယ်"(Kan Ze) နှင့်
အခြားအကြံပေးတို့ သည် စစ်စခန်းတွင်သာနေရစ်ခဲ့ပြီး စခန်းကိုကာကွယ်သည်။

ထိုအချိန်တွင် "စွန်းချွမ်"(Sun Quan) ထံမှ "လုရွှင့်"(Lu Xun) အား


ရှေ့ပြေးတပ်အနေဖြင့်လွှတ်လိုကြ် ပီဖြစ်ကြောင်း စာရောက်လာသည်။ "စွန်းချွမ်"(Sun Quan) ကမူ
ပင်မတပ်ကြီးကိုဦးဆောင်ပြီး "လုရွှင့်"(Lu Xun) အား ကူညီမည်ဖြစ်သည်။ "ကျိုးယွ"ီ (Zhou Yu) သည်
တပ်ဖွဲ့သေးနှစ်ဖွဲ့ ခွဲကာ တစ်ဖွဲ့ ကို အနောက်ဘက်တောင်ကုန်းတွင် မီးဖြင့်အချက်ပေးရန်လွှတ်လိုက်ပြီး
ကျန်တစ်ဖွဲ့ ကို တောင်ဘက်တောင်ကန
ုးတွင် အလံဖြင့်အချက်ပေးစေသည်။

အကုန်လုံးပြင်ဆင်ပြီးနောက်ဝယ် နေဝင်သည့်အချိန်ကိုစောင့်နေသည်။

"လျူဘေ့"(Liu Bei) သည် ရှခိုတွင် စိတ်ပူပင်စွာဖြင့် သူ၏အကြံပေးအားစောင့်နေသည်။ ထိုအချိန်တွင်


"လျူချီ"(Liu Qi) ခေါင်းဆောင်သော သင်္ဘောတပ်ရောက်လာသည်။ သူသည်
အခြေအနေကိုလာမေးမြန်းခြင်းဖြစ်သည်။ "လျူဘေ့"(Liu Bei) သည် သူ့အားစစ်မျှော်စင်အတွင်းသို့ခေါ်ပြီး

684
"အရှေ့တောင်လေ စတိုက်ပြီ၊ ကျောက်ယွင(် Zhao Yun) က ကျူးကဲလျန့်(Zhuge Liang)
ကိုသွားခေါ်တယ်" ဟုပြောသည်။ မကြာမီမှာပင် "ကျောက်ယွင"် (Zhao Yun) နှင့် "ကျူးကဲလျန့်"(Zhuge
Liang) တို့ရောက်လာသည်။ အချင်းချင်းသာကြောင်းမာကြောင်းမေးမြန်းပြီးနောက် "ကျူးကဲလျန့်"(Zhuge
Liang) မှ

"အခုတခြားအကြောင်းတွေပြောဖို့ အချိန်မရှိတော့ဘူး၊ စစ်တပ်တွေ၊ သင်္ဘောတွေအဆင်သင့်ပြင်ပြီးပြီလား"


ဟုမေးသည်။

"အဆင်သင့်ပဲ။ အမိန့်ပေးဖို့ပဲစောင့်နေကြတာ"

သို့နှင့် ရွက်ဖျင်တအ
ဲ တွင်းသို့ဝင်သွားကြပြီး "ကျူးကဲလျန့်"(Zhuge Liang) မှ

"ကျောက်ယွင်(Zhao Yun) က စစ်သားသုံးထောင်ကိုဦးဆောင်ပြီး မြစ်ကိုဖြတ်ပြီးတော့


အမည်းရောင်သစ်တောနားက လမ်းနားမှာစောင့်နေရမယ်။ နောက်
နက်နဲတဲ့သစ်တောကိုအကာအကွယ်ယူပြီး ခြုံခိုတုက
ိရမယ်။ ဒီည လေးနာရီမြောက်အချိန်မှာ
ချောင်ချောင်း(Cao Cao) အဲ့ကဖြတ်လိမ့်မယ်။ သူ့တပ်ဖွဲ့ တစ်ဝက်လောက်ဖြတ်ပြီးသွားတဲ့အချိန်မှာ
သစ်တောကိုမီးရှို့ လိုက်ပါ။ ချောင်ချောင်း(Cao Cao) တပ်တွေအကုန်လုံးမပျက်သွားပေမယ့်
အတော်တော့ထိနာသွားလိမ့်မယ်" ဟုပြောသည်။ "ကျောက်ယွင်"(Zhao Yun) မှ

"အဲ့မှာ လမ်းနှစ်လမ်းရှိတယ်။ တစ်လမ်းက တောင်ပိုင်းပြည်နယ်ကိုသွားတာ၊ နောက်တစ်လမ်းက


ကျင်ကျိုးကိုသွားတာ။ သူတို့ဘယ်လမ်းကဖြတ်မယ်ဆိုတာမသိဘူး" ဟုပြောသည်။

"တောင်ပိုင်းပြည်နယ်ဘက်က အန္တရာယ်များတဲ့အတွက် ချောင်ချောင်း(Cao Cao) က


ကျင်ကျိုးကနေတဆင့် မြို့တော်ကိုသွားလိမ့်မယ်"

သို့နှင့် "ကျောက်ယွင"် (Zhao Yun) ထွက်သွားသည်။

"ကျူးကဲလျန့်"(Zhuge Liang) မှ "ကျန်းဖေး"(Zhang Fei) အား

"ခင်ဗျားက စစ်သားသုံးထောင်ကိုဦးဆောင်ပြီးတော့ ယီလင်က ရန်သူ့လမ်းကိုဖြတ်တောက်ရမယ်။ ပြီးရင်


ဟူလူချိုင့်ဝှမ်းမှာ ခြုံခိုတိုက်ရမယ်၊ ချောင်ချောင်း(Cao Cao) က တောင်ဘက်ယီလင်ကို မသွားရဲတ့အ
ဲ တွက်
မြောက်ဘက်ယီလင်ကိုလာလိမ့်မယ်။ မနက်ဖြန်နံနက် ဟင်းချက်တဲ့မီးခိုးငွေ့ကိုမြင်ရင်
တောင်ကုန်းကိုမီးရှို့လိုက်ပါ။ ခင်ဗျားက ချောင်ချောင်း(Cao Cao) ကိုဖမ်းမိနိုင်မှာမဟုတ်ပေမယ့်
ကြီးမားတဲ့ဂုဏ်ထူးဆောင်နိုင်လိမ့်မယ်" ဟုပြောသည်။

685
"ကျန်းဖေး"(Zhang Fei) လည်း ထွက်သွားလေသည်။ ထို့နောက် "မီကျူ"(Mi Zhu) ၊ "မီဖန်"(Mi Fang)
နှင့် "လျူဖုန်း"(Liu Feng) တို့ အား တပ်ဖွဲ့ သုံးဖွဲ့ ဦးဆောင်စေကာ မြစ်ကမ်းစပ်သို့ သွားစေပြီး
ရှုံးနိမ့်သွားသောစစ်သားများနှင့်သူတို့၏လက်နက်များကိုကောက်ယူစေသည်။

ထို့နောက် "လျူချီ"(Liu Qi) အား

"ဝူချန်အနီးအနားက ရွာလေးတွေက အရေးပါတယ်၊ ခင်ဗျားတပ်ဖွဲ့ ကိုဦးဆောင်ပြီး


အရေးပါတဲ့နေရာတွေမှာစောင့်ကြပ်ပါ။ စစ်ပွဲရှုံးပြီးပြေးလာတဲ့ ချောင်ချောင်း(Cao Cao) ကိုဖမ်းမိလိမ့်မယ်။
ဒါပေမယ့် အကြောင်းအရင်းမရှိပဲ မြို့ထဲကမထွက်ပါနဲ့" ဟုပြောသည်။ "လျူချီ"(Liu Qi)
လည်းထွက်သွားလေသည်။

"ကျူးကဲလျန့်"(Zhuge Liang) မှ "လျူဘေ့"(Liu Bei) အား

"သခင်ကြီးကတော့ ဖန်ခိုမှာပဲအေးအေးဆေးဆေးနေပြီး မျှော်စင်အမြင့်ထက်ကနေ ဒီညမှာလှုပ်ရှားမယ့်


ကျိုးယွီ(Zhou Yu) ရဲ့စီမံကိန်းတွေကိုကြည့်နေပါ" ဟုပြောသည်။

"ကွမ်းယွ"ီ (Guan Yu) သည် သူ့အလှည့်ကိုစောင့်နေသော်လည်း "ကျူးကဲလျန့်"(Zhuge Liang) က


မခေါ်သဖြင့် မနေနိုင်တော့ပဲ

"ဟိုးလွန်ခဲ့တဲ့နှစ်ပေါင်းများစွာကတည်းက ကျုပ်အစ်ကြို ကီးနောက်လိုက်ပြီး တိုက်ပွဲဝင်ခဲ့တာ


ကျုပ်ဘယ်တော့မှချန်ရစ်ထားတာ မခံခဲ့ရဘူး။ အခုကိစ္စကြီးကိုလုပ်မယ်ဆိုတော့ ကျုပ်အတွက်
ဘာအလုပ်မှမရှိတာလဲ? ဒါဘာသဘောလဲ" ဟုပြောလေသည်။

"ခင်ဗျားအံ့ဩစရာမလိုပါဘူး၊ ခင်ဗျားအတွက် တာဝန်ကြီးတစ်ခုရှိတယ်။ ဒါပေမယ့်


အကြောင်းအရင်းတစ်ခုကြောင့် ခင်ဗျားကိုမလွှတ်တာ"

"ဘာအကြောင်းအရင်းလဲ? ကျုပ်ကုေ
ိ ပြာပြစမ်းပါ"

"ချောင်ချောင်း(Cao Cao) က ခင်ဗျားအပေါ်ကောင်းခဲ့ဖူးတော့ ခင်ဗျားကသူ့ကိုကျေးဇူးတင်နေမှာပဲလေ။


ချောင်ချောင်း(Cao Cao) စစ်ရှုံးသွားရင် ဟွာရုံလမ်းကနေပြေးလိမ့်မယ်။ ခင်ဗျားကို
အဲ့လမ်းမှာစောင့်ကြပ်ခိုင်းထားရင် ခင်ဗျားက သူ့ကိုလွှတ်ပေးလိုက်မှာ"

"အကြံပေးအရာရှိက စာနာတတ်တယ်။ သူကကျွန်တော့်အပေါ်ကောင်းကောင်းဆက်ဆံခဲ့တယ်ဆိုပေမယ့်


သူ့ရန်သူတွေဖြစ်တဲ့ ဝင်ချို(Wen Chou) နဲ့ ရန်လျန်(Yan Liang) ကိုသတ်ပြီး
အဲ့ကြင်နာမှုကိုပြန်ပေးဆပ်ခဲ့တာပဲလေ။ ချောင်ချောင်း(Cao Cao) နဲ့လမ်းမှာတွေ့ရင်
သူ့ကိုမလွှတ်ပေးပါဘူး"

"အကယ်၍ ခင်ဗျားလွှတ်လိုက်ရင်ကော?"

686
"စစ်စည်းကမ်းအတိုင်း အရေးယူပါ"

"ဒါဆို ကတိသက်သေအနေနဲ့စာရေးထားပါ"

သို့နှင့် "ကွမ်းယွ"ီ (Guan Yu) သည်လည်း စာရေးကာ "ကျူးကဲလျန့်"(Zhuge Liang) အား


ပေးလိုက်သည်။

"ဒါပေမယ့် သူအဲ့လမ်းကမလာခဲ့ရင်ကော"

"သူ အဲ့လမ်းကနေဖြတ်ကိုဖြတ်မယ်ဆိုတ့အ
ဲာမခံစာ ရေးထားပါ့မယ်။ ဟွာရုံကမ်းပါးနားကတောင်ကုန်းမှာ
ထင်းတွေ၊မြက်တွေနဲ့မီးမွှေးပြီး ချောင်ချောင်း(Cao Cao) အဲ့လမ်းလာအောင်လုပ်ပါ"

"ချောင်ချောင်း(Cao Cao) က မီးခိုးတွေ့ရင် ကင်းပုန်းရှိတယ်လို့ ယူဆပြီး လာမှာမဟုတ်ဘူး"

"ခင်ဗျားက ရိုးစင်းလွန်းတယ်။ စစ်ဗျူဟာတွေကို ဒီထက်ပိုမသိတော့ဘူး လား? ချောင်ချောင်း(Cao Cao) က


ထူးချွန်တဲ့ခေါင်းဆောင်တစ်ယောက်ပဲ။ ဒါပေမယ့် ဒီအချိန်မှာတော့ သူ့ကိုလှည့်စားနိုင်လိမ့်မယ်။
သူမီးခိုးကိုတွေ့ရင် တမင်သက်သက်လမ်းလွဲအောင်လပ
ုတယ်လို့ ထင်ပြီး အဲ့လမ်းကိုပဲလာလိမ့်မယ်။
ဒါပေမယ့် ခင်ဗျားရဲ့ဆင်ခြင်တုံတရားကို အကြင်နာတရားကြောင့် မဖုံးလွှမ်းမိပါစေနဲ့"

ထိုတာဝန်ကို "ကွမ်းယွ"ီ (Guan Yu) အား ပေးလိုက်ပြီးနောက် "ကွမ်းယွ"ီ (Guan Yu) သည် မွေးစားသား
"ကွမ်းဖင်"(Guan Ping) ၊ စစ်သူကြီး "ကျိုးချန်း"(Zhou Cang) နှင့်အတူ ဓားသမားငါးရာဖြင့်
ထွက်သွားသည်။

"လျူဘေ့"(Liu Bei) မှ

"သူက သစ္စာ မေတ္တာတရားကြီးလွန်းတယ်။ ချောင်ချောင်း(Cao Cao) အဲ့လမ်းကဖြတ်ရင်


သူလွှတ်ပေးလိုက်မှာပဲ" ဟုပြောသည်။

"ကျွန်တော် နက္ခတေ
် တွကိုကြည့်ထားတာအရကတော့ သူပုန်ချောင်ချောင်း(Cao Cao) က
သေကိန်းမရှိသေးဘူး။ ဒါပေမယ့် ကွမ်းယွ(ီ Guan Yu) ကိုတမင်တကာ ဒီတာဝန်ပေးပြီး
ကောင်းကျိုးရအောင်လုပ်လိုက်တာ"

"ခင်ဗျားလောက် အမျှော်အမြင်ကြီးတဲ့လူ ရှားပါတယ်"

ထိုသူတို့ နှစ်ဦးတို့ သည် "ကျိုးယွ"ီ (Zhou Yu) ၏ဗျူဟာကိုစောင့်ကြည့်ရန် ဖန်ခိုသို့ သွားသည်။


"စွန်းချန်"(Sun Qian) နှင့် "ကျန်းယု"ံ (Jian Yong) ကိုမူ ရှခိုကိုစောင့်ကြပ်စေသည်။

687
"ချောင်ချောင်း"(Cao Cao) သည် ရွက်ဖျင်တဲကြီးအတွင်းဝယ် အစည်းအဝေးပြုလုပ်ကာ
"ဟွမ်ကိုင"် (Huang Gai) အလာကိုစောင့်နေသည်။ အရှေ့တောင်လေက အင်မတန်ပြင်းသဖြင့်
"ချန်ယ"ွီ (Cheng Yu) မှ သတိထားရန်အကြံပေးသည်။ "ချောင်ချောင်း"(Cao Cao) ကရယ်ကာ

"ဆောင်းရာသီမှာ နေ့တာအတိုအရှည်က နေနဲ့ဆိုင်တယ်။ တချက်တလေတော့


အရှေ့တောင်လေတိုက်ရင်တိုက်မှာပေါ့။ ဒါဘာမှမထူးဆန်းပါဘူး" ဟုပြောသည်။ ထိုအချိန်တွင်
"ဟွမ်ကိုင"် (Huang Gai) ၏စာရောက်လာသောကြောင့် "ချောင်ချောင်း"(Cao Cao) က စာကိုဖတ်ရာ
စာမှာအောက်ပါအတိုင်းဖြစ်သည်။

'ကျိုးယွ(ီ Zhou Yu) က တင်းတင်းကြပ်ကြပ်စောင့်ကြည့်နေတဲ့အတွက် အရင်က ထွက်လမ်းမရှိခဲ့ဘူး။


ဒါပေမယ့် အခုစားနပ်ရိက္ခာသင်္ဘောတွေရောက်လာတဲ့အချိန်မှာ ကျွန်တော့်ကိုစောင့်ကြပ်ဖို့
ကြီးကြပ်ရေးအရာရှိအနေနဲ့တာဝန်ပေးခဲ့တဲ့အတွက် ဝန်ကြီးချုပ်ထံလာဖို့ အခွင့်ကောင်းတွေ့ခဲ့ပါပြီ။
ကျွန်တော်လာတဲ့အခါမှာ နာမည်ကြီးစစ်သူကြီးတစ်ယောက်ရဲ့ခေါင်းကိုဖြတ်ပြီး
သူ့ခေါင်းကိုလက်ဆောင်အနေနဲ့ယူလာခဲ့ပါ့မယ်။ ဒီညနေ သုံးချက်တီးအချိန်မှာ
နဂါးသွားအလံနဲ့သင်္ဘောတွေကြို မင်ရင် အဲ့သင်္ဘောတွေက စားနပ်ရိက္ခာသင်္ဘောပါပဲ'

ထိုအခါ "ချောင်ချောင်း"(Cao Cao) သည် အင်မတန်ဝမ်းသာသွားပြီး သင်္ဘောကြီးပေါ်တွင်တက်ကာ


"ဟွမ်ကိုင"် (Huang Gai) လာမည်ကုေ
ိ စာင့်နေသည်။

တောင်ပိုင်းပြည်နယ်တွင် "ကျိုးယွ"ီ (Zhou Yu) သည် စစ်သားတို့ ကိုခေါ်ကာ "ချိုက်ဟဲ"(Cai He)


အားခေါင်းဖြတ်စေသည်။

"ကျွန်တော် ဘာအပြစ်မှမလုပ်ပါဘူး"

"ကျုပ်ဘက်ကိုလာဟန်ဆောင်ပြီး သစ္စာခံတာကိုမသိဘူးထင်လား? ခင်ဗျားရဲ့ခေါင်းကို ကျုပ်အသုံးချရမယ်"

"ခင်ဗျားဘက်က လူနှစ်ယောက် - ခန့်ဇယ်(Kan Ze) နဲ့ ကန်းနင်(Gan Ning) တို့လည်း


ဒီအကြံအစည်ထဲမှာပါတယ်"

"သူတို့က ကျုပ်အမိန့်အတိုင်းလုပ်နေတာ"

ထို့နောက် "ချိုက်ဟ"ဲ (Cai He) ၏ခေါင်းကိုယဇ်ကောင်အနေဖြင့် အလံတွင်ချိတ်ထားစေသည်။


ပြီးနောက်တွင် "ဟွမ်ကိုင်"(Huang Gai) သည် သင်္ဘောတို့ ဖြင့် ချီတက်လေသည်။
သူစီးသောသင်္ဘော၏အလံတွင် ရှေ့ပြေးတပ်စစ်သူကြီး ဟွမ်ကိုင(် Huang Gai) ဟူသောစာရေးထားပြီး
ကမ်းပါးနီဘက်သို့ချီတက်သည်။ လေတို့သည် ပြင်းထန်စွာတိုက်နေသည်။

688
"ချောင်ချောင်း"(Cao Cao) သည် စစ်ပွဲအောင်နိုင်တော့မည်အထင်ဖြင့် ကျေနပ်စွာရယ်မောသည်။
စစ်သားတစ်ဦးမှလာပြီး

"တောင်ပိုင်းပြည်နယ်က သင်္ဘောတွေ လေအရှိန်ကိုအားကိုးပြီး ဒီကိုချီတက်လာကြတယ်" ဟု


သတင်းပို့ သည်။ "ချောင်ချောင်း"(Cao Cao) သည် မြင့်သောတစ်နေရာသို့သွားပြီး
ထိုသင်္ဘောတို့ ကိုကြည့်လေရာ အမှုထမ်းတို့က အလံမှာ အနက်ရောင်နဂါးပုံနှင့် ဟွမ်ကုင
ိ(Huang Gai)
ဟူသောစာလည်းရေးထားကြောင်းပြောကြသည်။ ထိုအခါ "ချောင်ချောင်း"(Cao Cao) သည်

"ဒါ ငါ့မဟာမိတ်ပဲ။ ဒီနေ့ ကောင်းကင်ကြီးက ငါ့ဘက်မှာရှိတယ်" ဟုပျော်ရွှင်စွာပြောသည်။


သင်္ဘောတို့အနီးသို့ ရောက်လာသောအခါ "ချန်ယွီ"(Cheng Yu) မှ

"အဲ့သင်္ဘောတွေက ရန်သူတွေပဲ၊ အနီးမကပ်စေနဲ့" ဟုပြောသည်။ "ချောင်ချောင်း"(Cao Cao) မှ

"ခင်ဗျား ဘယ်လိုသိလဲ" ဟုမေးရာ

"သင်္ဘောတွေက စားနပ်ရိက္ခာသယ်လာတယ်ဆိုရင် သင်္ဘောကိုယ်ထည်ကလေးနေပြီး ဝမ်းပိုင်းက


တော်တော်လေးနစ်နေရမှာ။ အခုတော့ ဒီသင်္ဘောတွေက ပေါ့ပါးနေတယ်။ အရှေ့တောင်လေက
တအားပြင်းနေတယ်။ သူတို့ သာသစ္စာဖောက်ပြီး ကျွန်တော်တို့ကိုတိုက်ရင် ဘယ်လိုလပ
ုမလဲ"
ဟုပြန်ဖြေသည်။

"ချောင်ချောင်း"(Cao Cao) သည် သဘောပေါက်သွားပြီး


လာသောသင်္ဘောတို့ကိုမည်သသ
ွူားတားမည်နည်းဟုမေးရာ "ဝင်ဖင်"(Wen Ping) မှ

"ကျွန်တော် ရေကြောင်းနဲ့ပတ်သတ်ပြီးကျွမ်းတယ်" ဟုပြောပြီး သူသွားမည်ဟုပြောသည်။ ထို့ နောက်


"ဝင်ဖင်"(Wen Ping) သည် သူ၏သင်္ဘောပေါ်မှ

"တောင်ပိုင်းသင်္ဘောတွေ အနားမကပ်နဲ့ လို့ ဝန်ကြီးချုပ်က အမိန့် ထုတ်ထားတယ်။ အဲ့နေရာမှာပဲ


ခဏရပ်နေပါ" ဟုပြောသည်။ သို့သော် တောင်ပိုင်းသင်္ဘောတို့မှာ မရပ်ပေ။ ထိုအချိန်တွင်
မြားတစ်စင်းသည် "ဝင်ဖင်"(Wen Ping) ၏ဘယ်လက်မောင်းကိုထိမှန်သွားပြီး လဲကျသွားလေသည်။
စစ်သားတို့လည်း ရှုပ်ထွေးကုန်သည်။

"ဟွမ်ကိုင"် (Huang Gai) သည် သူ၏ဓားဖြင့်အချက်ပြလိုက်သောအခါ ရှေ့တွင်ဦးဆောင်နေသော


သင်္ဘောတို့သည် မီးသင်္ဘောဖြစ်သွားပြီး ထိုသင်္ဘောအစင်းနှစ်ဆယ်တို့ သည် မီးမြားအသွင်ဖြင့်
ရန်သ၏
ူ သင်္ဘောတို့ ကိုတိုက်လေသည်။

689
"ချောင်ချောင်း"(Cao Cao) ၏သင်္ဘောတို့ မှာ ကြိုးဖြင့်ချိတ်ဆက်ထားသဖြင့် မရှောင်တမ
ိးနိုင်ပေ။
ထိုအချိန်တွင် လေကလည်း တိုက်သဖြင့် မီးများဟုန်းဟုန်းတောက်လောင်ကျွမ်းလေသည်။
တစ်လောကလုံးမီးတောက်မီးလျှံနှင့်ပြည့်နေလေ၏။ "ဟွမ်ကုင
ိ"(Huang Gai) သည်လည်း
မီးတောက်မီးလျှံကြားတွင် သင်္ဘောငယ်တစ်စီးဖြင့် ရန်သူ့ ခေါင်းဆောင် "ချောင်ချောင်း"(Cao Cao)
ကိုလိုက်ရှာသည်။ "ချောင်ချောင်း"(Cao Cao) သည် ကုန်းမြေပြင်ပေါ်သို့ ထွက်ပြေးရန်ပြုလေသည်။
ထိုအချိန်တွင် "ကျန်းလျောင်"(Zhang Liao) သည်လှေငယ်လေးဖြင့် ရောက်လာပြီး "ချောင်ချောင်း"(Cao
Cao) ကိုခေါ်ကာ မြေပြင်သို့ချဉ်းကပ်လေသည်။ ၎င်းကိုမြင်သောအခါ "ဟွမ်ကိုင"် (Huang Gai) က
နောက်မှလိုက်လေသည်။

အနီးသို့ ရောက်သောအခါ

"သူပုန်၊ မပြေးနဲ့။ ကျုပ်က ဟွမ်ကိုင်(Huang Gai) ပဲ" ဟုပြောသည်။ "ချောင်ချောင်း"(Cao Cao) သည်
စိတပ
်ျက်စွာဖြင့် ကျယ်လောင်စွာအော်ဟစ်သည်။

"ကျန်းလျောင်"(Zhang Liao) သည် လေးနှင့်မြားကိုကိုင်ပြီး နောက်မှလိုက်လာသူကိုလှမ်းပစ်ရာ


"ဟွမ်ကိုင"် (Huang Gai) ၏ပုခုံးကိုထိမှန်ပြီး ရေထဲသို့ ပြုတ်ကျသွားလေသည်။

690
အခန်း(၅၀) "ကျူးကဲလျန့်"(Zhuge Liang) သည် ဟွာရုက
ံ မ်းပါးတွင် ဖြစ်ပျက်မည်ကိုကြိုသိခြင်း။
"ကွမ်းယွ"ီ (Guan Yu) သည် "ချောင်ချောင်း"(Cao Cao) ကိုလွှတ်ပေးလိုက်ခြင်း။

ရှေ့တစ်ခန်းတွင် "ဟွမ်ကိုင်"(Huang Gai) ရေထဲကျသွားပြီး "ချောင်ချောင်း"(Cao Cao)


ထွက်ပြေးလွတ်မြောက်သွားသည့်အကြောင်းကိုဖော်ပြခဲ့သည်။ "ဟန်တန်"(Han Dang) သည်
စစ်ချီတက်လာချိန်တွင် ရေထဲမှလူတစ်ဦးသည် "ဟန်တန်"(Han Dang) ၏နာမည်ကိုရင်းနှီးစွာခေါ်ပြီး
သင်္ဘောဒလက်ပေါ်မှတဆင့် သင်္ဘောပေါ်တက်ရန် ကြိုးစားနေကြောင်း စစ်သားတို့ကလာပြောကြသည်။
၎င်းကို "ဟန်တန်"(Han Dang) သွားကြည့်သော် ထိုအသံရှင်မှာ "ဟွမ်ကိုင"် (Huang Gai)
ဖြစ်ကြောင်းသိသွားပြီး

"ဒါငါ့သင
ူ ယ်ချင်း ဟွမ်ကိုင(် Huang Gai) ပဲ" ဟုပြောကာကူညီပြီး ရေထဲမှဆယ်ယူသည်။

"ဟွမ်ကိုင"် (Huang Gai) လက်မောင်းတွင် မြားစိုက်နေဆဲဖြစ်ပြီး ထိုမြားကို "ဟန်တန်"(Han Dang)


ကနှုတ်ပေးလိုက်သည်။ သို့သော်လည်း မြားထိပ်မှာအသားထဲတွင် နှစ်ဝင်နေသည်။ ထိုအခါ
ရေစိုနေသောအင်္ကျီစတို့ ကိုဖယ်ရှားလိုက်ပြီး ဓားမြောင်ဖြင့် မြားထိပ်ဖူးကိုကလော်လိုက်သည်။
ပြီးနောက်တွင်မူ အလံတစ်ခုကိုဖြဲလိုက်ကာ ပတ်တီးစည်းပေးလိုက်လေသည်။ "ဟန်တန်"(Han Dang)
သည် သူ၏စစ်ဝတ်စုံကို "ဟွမ်ကိုင်"(Huang Gai) အားပေးလိုက်ပြီး စခန်းပြန်ရန်
လှေငယ်လေးပေါ်သို့ တင်ပေးလိုက်သည်။

အင်မတန်အေးသောဆောင်းရာသီတွင် သံချပ်ကာဝတ်စုံအပြည့်အစုံဝတ်ထားခဲ့သော "ဟွမ်ကိုင်"(Huang


Gai) သည် ရေထဲသို့ကျသွားခဲ့သောလည်း ရေနစ်ကာ အသက်မသေဆုံးပဲ ပြန်တက်လာနိုင်ခဲ့သည်ကြောင့်
"ဟွမ်ကိုင"် (Huang Gai) ကို ရေနှင့်သဟဇာတရှိသည်ဟူ၍ပင်ဆိုရပေမည်။

မြစ်ကမ်းပါးသုံးခုဝယ် မီးတောက်မီးလျံတို့ သာပြည့်နေခဲ့သည်။ ကြည်းတပ်တို့သည် ဘယ်ညာ


တောင်ပံနှစ်ဖက်မှတဖြည်းဖြည်းဝိုင်းလာသည်၊ ရေတပ်တို့ သည်လည်း တပ်မကြီးလေးခုက
ရှေ့မှဦးဆောင်ကာ ချီတက်လာသည်။ မီး၏အကူအညီဖြင့်လက်နက်တို့ကိုအသုံးချခြင်း၊ လှံ၊
မြားတို့ ဖြင့်တုက
ိခိုကြ် ခင်းတို့ကြောင့် "ချောင်ချောင်း"(Cao Cao) ၏စစ်တပ်တို့ တွင် လူပေါင်းများစွာ
သေကြေကြလေသည်။

691
"ချောင်ချောင်း"(Cao Cao) ၏ရေတပ် မီးတို့ ဖြင့်တုက
ိခိုက်ခံနေရချိန်တွင် "ကန်းနင်"(Gan Ning) သည်
"ချိုက်ကျုံး"(Cai Zhong) ကို "ချောင်ချောင်း"(Cao Cao) ၏တပ်အတွင်းပိုင်းသို့ ခေါ်သွားခိုင်းပြီးနောက်ဝယ်
ဓားကိုထုတြ် ပီး "ချိုက်ကျုံး"(Cai Zhong) ကိုသတ်လိုက်သည်။ ထို့နောက် တောထဲမှ
မီးရှို့ ကာအချက်ပေးလိုက်သည်။ ထိုသို့အချက်ပေးလိုက်သောအခါ "လွီမန်"(Lu Meng) က
သူ့အနီးအနားတွင်ရှိသောနေရာဆယ်နေရာကို မီးရှို့လိုက်ပြီးနောက် ရန်သတ
ူ့ို ကိုတိုက်လေသည်။

"ချောင်ချောင်း"(Cao Cao) နှင့် "ကျန်းလျောင်"(Zhang Liao) တို့သည်


မြင်းသည်တော်အနည်းငယ်ဖြင့်ထွက်ပြေးရာ မီးလောင်နေသောသစ်တောကြီးကိုဖြတ်ရလေသည်။
နေရာတိုင်းတွင် မီးတို့ နှင့်အတိပြီးနေသည်။ "မောက်ကျဲ"(Mao Jie) ၊ "ဝင်ဖင်"(Wen Ping) နှင့်
စစ်သားအနည်းငယ်တို့သည်လည်း "ချောင်ချောင်း"(Cao Cao) တပ်နှင့်လာပေါင်းသည်။
"ချောင်ချောင်း"(Cao Cao) က စစ်သားတို့ကို လမ်းရှင်းရန်အမိန့်ပေးလိုက်သည်။ "ကျန်းလျောင်"(Zhang
Liao) မှ

"သွားလို့ ရတဲ့လမ်းက အနက်ရောင်သစ်တောကိုဖြတ်သွားရမယ်" ဟုပြောသည်။

ထိုသစ်တောကိုဖြတ်ကြရာ အတန်ငယ်ခန့်သွားပြီးနောက် "ချောင်ချောင်း(Cao Cao) ၊ ရပ်လုက


ိစမ်း"
ဟူသောအသံနှင့်အတူ "လွီမန်"(Lu Meng) ပေါ်လာသည်။ ထိုအခါ "ချောင်ချောင်း"(Cao Cao) သည်

692
စစ်သားအနည်းငယ်ဖြင့်အရင်ပြေးကာ "လွီမန်"(Lu Meng) ကို "ကျန်းလျောင်"(Zhang Liao)
အားရင်ဆိုင်စေသည်။

မကြာမီပင် "ချောင်ချောင်း"(Cao Cao) သည် မီးတုတတ


့ို ကိုတွေ့လိုက်ပြီးနောက်
နောက်ထပ်တပ်ဖွဲ့ ပေါ်လာပြန်သည်။ ထိုတပ်ဖွဲ့ ခေါင်းဆောင်မှ

"ကျုပ်က လင်ထုံ(Ling Tong) ပဲ" ဟုအော်ပြောကာတိုက်လေသည်။ "ချောင်ချောင်း"(Cao Cao) မှာ


ရင်ထမ
ှဲာ အူ၊ အသည်းတို့ထွကသ
်ွားလုမတတ် ကြောက်လန့်သွားသည်။ ထိုအချိန်တွင်ပင်
နောက်တပ်ဖွဲ့ရောက်လာကာ

"ဝန်ကြီးချုပ်၊ မကြောက်နဲ့။ ကျွန်တော် ဝန်ကြီးချုပ်ကိုကယ်ဖို့ရောက်လာတာ" ဟုပြောသည်။


ထိုသို့ ပြောပြီးရောက်လာသူမှာ "ရွှီဟမ
ွ်"(Xu Huang) ဖြစ်ပြီး နောက်မှလိုကလ
်ာသော
ဝူတပ်တို့ ကိုဟန့်တားလိုက်သည်။

ထို့နောက် မြောက်ဘက်သို့ ဆက်သွားကြရာ တောင်ကန


ုးတစ်ခုပေါ်တွင် တပ်စခန်းတစ်ခုကိုတွေ့သည်။
"ရွှီဟမ
ွ်"(Xu Huang) သည် ထိုတပ်စခန်းသို့ သွားကြည့်ရာ ထိုစခန်း၏ခေါင်းဆောင်တို့မှာ
"ချောင်ချောင်း"(Cao Cao) ၏စစ်သူကြီး "မာရန်"(Ma Yan) နှင့် "ကျန်းကျီ"(Zhang Zi) ဖြစ်နေသည်။
ထိုသူနှစ်ဦးတို့သည် "ယွမ်ရှောက်"(Yuan Shao) လက်အောက်တွင် ရှိခဲ့ကြပြီး နောက်ပိုင်းမှ
"ချောင်ချောင်း"(Cao Cao) ထံဝင်အမှုထမ်းကြခြင်းဖြစ်သည်။ ထိုစခန်းတွင် စစ်သားသုံးထောင်ရှိသည်။
ကောင်းကင်ယေ
ံ ပ်ါတွင် မီးခိုးများကိုလှမ်းမြင်ရသော်လည်း အခြေအနေသေချာမသိ၍
မလှုပ်ရှားကြသေးပေ။ ၎င်းသည် "ချောင်ချောင်း"(Cao Cao) အတွက် ကံကောင်းသွားသည်ဟုဆိုနိုင်သည်။
"ချောင်ချောင်း"(Cao Cao) သည် ထိုစစ်သြူ ကီးနှစ်ဦးနှင့်စစ်သားတစ်ထောင်ကိုလမ်းရှင်းခိုင်းပြီး
ကျန်သောသူများကို ရန်သူအားခုခံရန်အတွက်ထားသည်။ ထိုအခါ ပို၍လုံခြုံသွားသည်ဟခ
ုံစားရသည်။

ထိုအချိန်တွင် စစ်တပ်တစ်ဖွဲ့ရောက်လာပြီး ခေါင်းဆောင်မှ

"ကျုပ်က ဝူက ကန်းနင်(Gan Ning) ပဲ" ဟုဆိုလေသည်။ ထိုအခါ "ချောင်ချောင်း"(Cao Cao)


ဘက်မှာစစ်သူကြီးနှစ်ဦးထွကတ
ိုက်ရာ "မာရန်"(Ma Yan) သည် "ကန်းနင်"(Gan Ning)
၏လက်ချက်ဖြင့်သေဆုံးသွားလေသည်။ "ကျန်းကျီ"(Zhang Zi) သည်လည်း
လှံဖြင့်တိုက်ရန်ထွက်လာသည်၊ သို့သော် "ကန်းနင်"(Gan Ning) ၏ဓားချက်မိကာသေဆုံးသွားသည်။
ခေါင်းဆောင်နှစ်ဦးသေသွားသောအခါ စစ်သားတို့ ထွက်ပြေးကြသည်။ ၎င်းသည် "ချောင်ချောင်း"(Cao Cao)
အတွက် သတင်းဆိုးပင်ဖြစ်သည်။

693
"စွန်းချွမ်"(Sun Quan) လမ်းပိတထ
်ားမှန်းမသိသော "ချောင်ချောင်း"(Cao Cao) သည်
ဟဲဖေးမှစစ်ကူကုေ
ိ မျှာ်နေသေးသည်။ "စွန်းချွမ်"(Sun Quan) သည် အဝေးမှမီးတို့ကိုမြင်သောအခါ
သူ၏တပ်ဖွဲ့ တို့ အောင်ပွဲရကြောင်းသိလိုကသ
် ည်။ ထိုအခါ "လုရွှင့်"(Lu Xun) အား
အချက်ပေးစေလိုက်သည်။ ထိုသို့ အချက်ပေးသည်ကိုမြင်သော "ထိုက်ရှီချီ"(Taishi Ci) သည် "လုရွှင"့် (Lu
Xun) ၏တပ်ဖွဲ့ နှင့်ပေါင်းပြီး "ချောင်ချောင်း"(Cao Cao) ကိုတိုက်သည်။ "ချောင်ချောင်း"(Cao Cao) သည်
ယီလင်ဘက်သို့ သာသွားနိုင်သည်။ လမ်းခရီးတွင် "ကျန်းဟဲ"(Zhang He) နှင့်တွေ့သဖြင့်
ဆုတ်ခွာမှုအတွက်အကာအကွယ်ပြုခိုင်းစေပြီး အလျင်အမြန်ချီတက်သည်။

ငါးချက်တီးအချိန်တွင် တစ်နေရာသို့အရောက် "ချောင်ချောင်း"(Cao Cao) မှ

"ဒါ ဘယ်နေရာလဲ" ဟုမေးသောအခါ

"ဒီဟာက အနက်ရောင်သစ်တောရဲ့အနောက်ဘက်ဖြစ်ပြီး မြောက်ဘက်မှာ ယီတုရှိတယ်"


ဟုပြန်ဖြေကြသည်။ ထိုနေရာတွင် တောင်ကုန်းတို့မှာမတ်စောက်ပြီး လမ်းတို့မှာကျဉ်းမြောင်းသည်။
၎င်းကိုမြင်သော "ချောင်ချောင်း"(Cao Cao) သည် ခေါင်းမော့ကာရယ်သည်။ သူ့ဘေးမှလတ
ူ့ို က

"ဘာကြောင့် ဒီလောက်ဝမ်းသာပြီးရယ်ရတာလဲ" ဟုမေးလျှင်

"ငါက ကျိုးယွီ(Zhou Yu) ရဲ့ဉာဏ်တုံးမှုနဲ့ ကျူးကဲလျန်(့ Zhuge Liang) ရဲ့မသိနားမလည်မှုကုရ


ိ ယ်တာ။
သူတို့ သာဒီမှာ ကင်းပုန်းထားထားရင် လွတ်ပေါက်မရှိတော့ဘူး" ဟုပြန်ဖြေသည်။

ထိုသို့ ဖြေပြီးမကြာမီပင် ဗုံသံတို့ကြားလိုက်ရပြီး မီးတို့လောင်ကျွမ်းသည်ကိုမြင်လိုက်သည်။


"ချောင်ချောင်း"(Cao Cao) မှာ မြင်းပေါ်မှကျလုမတတ်လန့်သွားလေသည်။
ထိုစစ်တပ်ကိုဦးဆောင်သောသူမှာ "ကျောက်ယွင"် (Zhao Yun) ဖြစ်ပြီး ၎င်းမှ

"ကျုပ်က ကျောက်ယွင်(Zhao Yun) ပဲ။ ဒီမှာစောင့်နေတာကြာပြီ" ဟုပြောသည်။


ထိုရန်သူအသစ်ကိုရင်ဆိုင်ရန် "ကျန်းဟဲ"(Zhang He) နှင့် "ရွှီဟွမ"် (Xu Huang) ကိုတာဝန်ပေးပြီး
"ချောင်ချောင်း"(Cao Cao) ထွက်ပြေးလေသည်။ "ကျောက်ယွင်"(Zhao Yun) သည် ဆက်မလိုကေ
် တာ့ပဲ
ရန်သူ့ အလံနှင့်သုံ့ပန်းတို့ ကိုဖမ်းဆီးသည်။

အရုဏ်တက်ချိန်သို့ ရောက်လာပြီး အလင်းရောင်ပြူစပြုလာပြီ၊ အရှေ့တောင်လေမှာမရပ်သေးပေ။


ထိုအချိန်တွင် မိုးကရုတ်တရတ်ရွာချလိုကရ
်ာ အကုန်လုံးရွှဲရွှဲစိုကုန်သည်။ စစ်သားတို့ မှာ
အစာရေစာပြတ်လပ်နေ၍ ဆာလောင်မွတသ
ိပ်နေကြသည်။ "ချောင်ချောင်း"(Cao Cao) က

694
အနီးအနားရှိရွာတို့ သို့ သွားပြီး စားစရာရှာယူကြရန်နှင့်မီးမွှေးရန် လိုအပ်သည်တို့ ကိုစုဆောင်းစေသည်။
ထိုအချိန်တွင် တပ်ဖွဲ့ တစ်ခုကိုတွေ့လိုက်ရာ "ချောင်ချောင်း"(Cao Cao) လန့်သွားသည်။ ထိုတပ်ဖွဲ့ မှာ
"လီတျန်"(Li Dian) ၊ "ရွှီချူ"(Xu Chu) နှင့်အခြားအကြံပေးတို့ဖြစ်သောကြောင့်
စိတခ
်ျမ်းသာရာရသွားသည်။

ထွကခ
်ွာရန်ပြင်ကြသောအခါ "ချောင်ချောင်း"(Cao Cao) မှ

"အရှေ့မှာဘာလမ်းရှိလ"ဲ ဟုမေးရာ

"လမ်းနှစ်လမ်းရှိပါတယ်။ တစ်ခုက လမ်းအမြင့်ဖြစ်ပြီး တောင်ယီလင်ကိုသွားတာ။ နောက်တစ်ခုက


တောင်ကြားလမ်းဖြစ်ပြီးတော့ မြောက်ယီလင်ကိုသွားတဲ့လမ်းပါ" ဟုဖြေကြသည်။

"ကျန်းလင်ကို ဘယ်လမ်းကသွားရင်ပိုတုလ
ိ "ဲ

"အကောင်းဆုံးကတော့ ဟူလခ
ျိုင့်ဝှမ်းကတဆင့် တောင်ဘက်လမ်းကသွားရမယ်"

"ချောင်ချောင်း"(Cao Cao) သည် ထိုလမ်းအတိုင်းသွားလေသည်။ ဟူလုချိုင့်ဝှမ်းသို့ရောက်သော်


လူရော၊မြင်းပါ ပင်ပန်းနွမ်းနယ်နေကြသည်။ လမ်းပေါ်တွင် အများအပြားလဲကျကုန်သည်။ ထိုအခါ
ခဏတာအနားယူပြီး အနီးအနားရွာသားတို့ထံမှ စားစရာ အဓမ္မယူစေသည်။ ခြောက်သွေ့သောနေရာတွင်
မီးမွေးပြီး မြင်းသားကိုကင်ကာစားကြသည်။ ရေစိုနေသောအဝတ်တို့ ကိုအခြောက်လှန်းစေပြီး
မြင်းတို့ကိုလည်း အစာကျွေးလေသည်။

ထိုသို့ ထိုင်ကာ အနားယူကြရင်း "ချောင်ချောင်း"(Cao Cao) က ရယ်ပြန်သည်။ သူတို့ အတူပါလာသူတို့ က


ဝန်ကြီးချုပ် အရင်တစ်ခေါက်ရယ်ပြီးနောက်ဝယ် ဖြစ်ပျက်ခဲ့သည်တို့ကိုအမှတရ
် ကာ

"မကြာခင်တုန်းက ဝန်ကြီးချုပ်က ကျိုးယွ(ီ Zhou Yu) နဲ့ ကျူးကဲလျန့်(Zhuge Liang) ကိုရယ်တယ်။


ပြီးတော့ သိပ်မကြာဘူး၊ ကျောက်ယွင(် Zhao Yun) ပေါ်လာခဲ့ပြီး
ကျွန်တော်တို့စစ်သားတွေအများကြီးဆုံးရှုံးလိုက်ရတယ်။ အခုကျတော့ ဘာအတွက်ကြောင့်ရယ်တာလဲ"
ဟုမေးကြသည်။

"အခုလည်း အဲ့လန
ှူစ်ယောက်ရဲ့မသိနားမလည်မှုကိုရယ်တာ။ ငါသာသူတို့နေရာမှာဆို ဒီနေရာမှာ
ခြုံခိုတိုက်ဖို့တပ်ဖွဲ့တစ်ဖွဲ့ ထားထားမှာ။ အဲ့လုလ
ိုပ်ရင် ငါတို့ ကိုဖမ်းမိမှာမဟုတ်ပေမယ့်
တော်တော်ကိုအထိနာမှာ။ သူတို့ တွေက ဒါကိုကြိုမမြင်လို့ရယ်တာ"

ထိုအချိန်တွင်ပင် အနောက်ဘက်မှအော်ဟစ်သံကြီးကြားလိုက်ရသည်။ "ချောင်ချောင်း"(Cao Cao) မှာ


လန့်သွားပြီး သူ၏ကိုယ်ချပ်အင်္ကျီကိုချကာ မြင်းပေါ်သို့အလျင်အမြန်တက်ပြီးထွကေ
် ပြးလေသည်။

695
စစ်သားအများစုမှာ မပြေးနိုင်သဖြင့် ရန်သူ၏မီးတို့ဖြင့်တုက
ိခိုကမ
ှ်ုကိုခံကြရလေသည်။ မကြာမီတွင်ပင်
သူတို့ ရှေ့တင
ွ် တပ်ဖွဲ့ ကြီးကိုတွေ့လိုက်သည်။ ထိုတပ်ကိုဦးဆောင်သူမှာ ရန်ပြည်နယ်သား
"ကျန်းဖေး"(Zhang Fei) ဖြစ်သည်။ "ကျန်းဖေး"(Zhang Fei) မှ

"သူပုန်၊ ဘယ်ပြေးမှာလဲ" ဟု အော်လေသည်။ "ချောင်ချောင်း"(Cao Cao) ၏တပ်မှ "ရွှီချူ"(Xu Chu)


ထွက်ကာ "ကျန်းဖေး"(Zhang Fei) နှင့်ရင်ဆိုင်သည်။ "ကျန်းလျောင်"(Zhang Liao) နှင့် "ရွှီဟွမ"် (Xu
Huang) တို့သည်လည်း "ရွှီချူ"(Xu Chu) အားဝိုင်းကူပြီး "ကျန်းဖေး"(Zhang Fei) နှင့်
သုံးယောက်တစ်ယောက်တိုက်လေသည်။ ထိုအချိန်တင
ွ် "ချောင်ချောင်း"(Cao Cao)
ကထွက်ပြေးလေသည်။ "ကျန်းဖေး"(Zhang Fei) သည် နောက်မှလိုက်သည်။ သို့သော်လည်း
တဖြည်းဖြည်းဝေးကွာသွားပြီး လိုက်မမှီတော့ပေ။ "ချောင်ချောင်း"(Cao Cao) စစ်တပ်တွင်
လူအမြောက်အများ ဒဏ်ရာရကုန်သည်။

တစ်နေရာသို့ အရောက်တွင် စစ်သားတို့က

"ရှေ့မှာ လမ်းနှစ်လမ်းရှိတယ်။ ဘယ်လမ်းကသွားမလဲ" ဟုမေးကြသည်။ "ချောင်ချောင်း"(Cao Cao) မှ

"ဘယ်လမ်းက ပိုတိုလ"ဲ ဟုမေးရာ စစ်သားတို့က

"လမ်းမြင့်က လမ်းညီတယ်၊ ဒါပေမယ့် နောက်လမ်းထပ် ဆယ့်ငါးမိုင်ပိုရှည်တယ်။ နောက်လမ်းကတော့


ဟွာရုံချိုင့်ဝှမ်းကနေသွားရတာ၊ ကျဉ်းမြောင်းပြီး အန္တရာယ်များတယ်၊ လမ်းကလည်းခက်ခဲကြမ်းတမ်းတယ်"
ဟုပြောသည်။

"ချောင်ချောင်း"(Cao Cao) သည် တောင်ကုန်းသို့လူလွှတြ် ပီး အခြေအနေကိုစုံစမ်းခိုင်းသည်။


ထိုသို့ စုံစမ်းပြီးနောက်

"ဟွာရုံချိုင့်ဝှမ်းဘက်မှာတော့ မီးခိုးငွေ့တွေ့တယ်။ နောက်လမ်းကတော့ တိတဆ


ိတ်နေပုံပဲ"
ဟုပြောကြသည်။ ထိုအခါ "ချောင်ချောင်း"(Cao Cao) မှ ဟွာရုံချိုင့်ဝှမ်းဘက်မှသွားရန်
အမိန့်ပေးလိုက်သည်။

"အဲ့ဘက်မှာ မီးခိုးတွေ့တယ်ဆိုတော့ ရန်သူတွေ အဲ့မှာရှိနိုင်တယ်မဟုတ်လား? ဘာလို့အဲ့ကသွားရတာလဲ"

"စစ်ဗျူဟာကျမ်းထဲမှာ မရှိတာကိုရှိတယ်လို့ သဘောထားပြီး အရှိကိုမရှိသလိုလုပ်ရမယ်လို့ ဆိုထားတယ်။


အဲ့ကျူးကဲလျန့်(Zhuge Liang) က ဉာဏ်များတော့ အဲ့ဘက်ကို တမင်လူလွှတ်ပြီး မီးမွှေးခိုင်းထားပြီးတော့
ငါတို့ ကိုအဲ့ဘက်မသွားအောင် လုပ်တာပဲ။ ပြီးရင် လမ်းအမြင့်မှာ ထောင်ချောက်ဆင်ထားမှာ။ ဒါကြောင့်
သူ့ထောင်ချောက်ထဲအကျမခံဘူး၊ ငါဆုံးဖြတ်ပြီးပြီ"

"ဝန်ကြီးချုပ် တွေးခေါ်မြော်မြင်တာက လေးစားစရာကောင်းပါတယ်။ ဝန်ကြီးချုပ်ကို ယှဉ်နိုင်မယ့်သူမရှိဘူး"

696
ဟွာရုံချိုင့်ဝှမ်းဘက်သို့ချီတက်ကြရာ စစ်သားတို့ သည် ဒဏ်ရာရနေသည့်အပြင် ပင်ပန်းနေကြသည်။
စစ်သားတဝက်ကျော်လောက်ကို လမ်းတွင်ထားခဲ့ရသည်။ မြင်းအများစုတို့ မှာလည်း နှီးကုန်းနှင့်ကြိုးတို့ ပင်
မရှိတော့ပေ။ ထိုအချိန်မှာ ဆောင်းရာသီ၏အင်မတန်အေးသောအချိန်ဖြစ်သည်။
ချီတက်နေသောစစ်တပ်ကြီးသည် ရုတ်တရတ်ရပ်သွားရာ "ချောင်ချောင်း"(Cao Cao) က
အကြောင်းအရင်းကိုမေးခိုင်းလေသည်။

"မိုးတွေရွာထားတော့ ရ
ွှံ့နွံတွေပြည့်နေပြီး မြင်းတွေခရီးဆက်လို့မရလို့ပါ"

ထိုအခါ "ချောင်ချောင်း"(Cao Cao) သည် ဒေါသထွက်ပြီး

"စစ်သားဆိုတာ တောင်ကိုတက်ရင် လမ်းရှင်းရတယ်။ မြစ်ကိုဖြတ်ရင်


တံတားဆောက်တယ်။့ ရွှံတွေကစစ်တပ်ကိုဟန့်တားစရာလား" ဟုပြောပြီး ဒဏ်ရာရသူ၊
ခွန်အားနည်းနေသူတို့ ကို အနောက်သို့ပို့ကာ လုပ်နိုင်ကိုင်နိုင်သောသူများအား သစ်ပင်တို့ ကိုခုတ်လှဲစေပြီး
အရွက်တို့ကိုစုစေကာ လမ်းကိုခင်းစေသည်။ ထိုသို့ ပြုလုပ်ရာတွင် နှောင့်နှေးခြင်းမရှိပဲလပ
ုရမည်ဖြစ်ပြီး
အမိန့်မနာခံပါက သေဒဏ်ဟုထုတ်ပြန်လိုက်သည်။

သို့နှင့် စစ်သားတို့ သည်လည်း သစ်ပင်၊ ဝါးတို့ ကိုခုတ်လှဲကြပြီး မြေပြင်ကိုညီညာအောင်လုပ်ကြသည်။


"ကျန်းလျောင်"(Zhang Liao) ၊ "ရွှီချူ"(Xu Chu) နှင့်" "ရွှီဟွမ်"(Xu Huang) တို့သည်
စစ်သားတစ်ရာကိုဦးဆောင်ပြီး နှောင့်နှေးသောစစ်သားတို့ကိုသတ်ပစ်စေသည်။ ထိုအခါ စစ်သားတို့သည်
ညည်းတွားကာအော်ငိုကြသည်။ ထိုအခါ "ချောင်ချောင်း"(Cao Cao) သည်

"ဘာတွေအော်နေတာလဲ? အော်တဲ့လူတွေကိုသေဒဏ်ပေးမယ်" ဟုဆိုလေသည်။

ကျန်ရစ်သောစစ်တပ်တို့ ကို သုံးဖွဲ့ခွဲလိုကသ


် ည်။ တစ်ဖွဲ့ ကိုဖြည်းဖြည်းချီတက်စေသည်၊ ကျန်တစ်ဖွဲ့ကို
မြေပြင်တို့အားညီညာအောင်ပြုစေသည်။ နောက်ဆုံးအဖွဲ့ကိုမူ "ချောင်ချောင်း"(Cao Cao) အား
ကာကြယေ
် စသည်။ မြေပြင်ညီညာသောနေရာသို့ရောက်လျှင် အနောက်ကုလ
ှိည့်ကြည့်လုက
ိသောအခါ
စစ်သားသုံးရာခန့်သာ ကျန်တော့ကြောင်းသတိထားမိသည်။ ထိုစစ်သားတို့မှာလည်း
စစ်ဝတ်စုံအပြည့်အစုံမရှိသည့်အပြင် ချပ်ဝတ်တန်ဆာတို့ လည်း မရှိတော့ပေ။ "ချောင်ချောင်း"(Cao Cao)
က အရှေ့သို့ ဆက်သွားရန် အမိန့်ပေးလိုက်ပြီး

"ကျင်ကျိုးကို ရောက်ရင် ကောင်းကောင်းအနားယူကြမယ်" ဟုဆိုသည်။

နှစ်မိုင်ခန့်ခရီးဆက်ပြီးနောက် "ချောင်ချောင်း"(Cao Cao) ကရယ်ပြန်သည်။

"ဘာကြောင့်ရယ်ရတာလဲ"

697
"လူတွေက ကျိုးယွ(ီ Zhou Yu) နဲ့ ကျူးကဲလျန့်(Zhuge Liang) တို့ က
စစ်ဗျူဟာကျွမ်းကျင်ပြီးပရိယာယ်ကြွယတ
် ယ်လို့ ပြောကြတယ်။ ဒါပေမယ့် ငါကတော့ အဲ့လိုမထင်ဘူး ။
သူတို့ သာ ပရိယာယ်ကြွယ်ရင် ဒီမှာစစ်တပ်တစ်ဖွဲ့ ထားထားမှာပေါ့။ အဲ့လိုသာဆို ငါတို့တွေအားလုံး
အကျဉ်းသားဖြစ်သွားလိမ့်မယ်"

ထိုစကားပြော၍ပင်မဆုံးခင် စစ်သားငါးရာခန့်သည် လမ်းပိတ်ထားသည်ကိုတွေ့လိုက်သည်။


ခေါင်းဆောင်မှာ ယုန်နီမြင်းကိုစီးကာ အစိမ်းရောင်နဂါးလှံရှည်ကုက
ိုင်ထားသော "ကွမ်းယွ"ီ (Guan Yu)
ဖြစ်သည်။

ထိုအခါ "ချောင်ချောင်း"(Cao Cao) မှ

"ငါတို့ မှာ လမ်းတစ်လမ်းပဲကျန်တော့တယ်။ အဲ့ဒါက အသေအကြေတိုက်ဖို့ ပဲ" ဟုပြောသည်။


အမှုထမ်းတို့က

"ဘယ်လိုတိုက်နိုင်ပါ့မလဲ။ ခေါင်းဆောင်တွေမှာ အင်အားတွေရှိဦးမှာပေမယ့် မြင်းတွေက ပန်းနေပြီ"


ဟုပြောသည်။ "ချန်ယ"ွီ (Cheng Yu) မှ

"ကွမ်းယွ(ီ Guan Yu) က မာနကြီးပေမယ့် နိမ့်ကျတဲ့လူကိုကြင်နာတယ်။ အင်အားကြီးသူကိုမုန်းတီးပြီး


အင်အားနည်းသူကိုဖေးမပေးတယ်။ ချစ်ခြင်း၊မုန်းခြင်းကိုခွဲခြားသိမြင်ပြီး
အမှန်တရားရဲ့ဘက်တော်သားဖြစ်တယ်။ ဝန်ကြီးချုပ်က သူ့ကိုအရင်က ကောင်းကောင်းဆက်ဆံခဲ့ဖူးတယ်။
အဲ့အကြောင်းကိုသာပြန်အစဖော်လိုက်ရင် ကျွန်တော်တို့ဒီအန္တရာယ်က လွတ်မြောက်နိုင်မယ်"
ဟုပြောသည်။

"ချောင်ချောင်း"(Cao Cao) ကလည်း ထိုအတိုင်းကြိုးစားကြည့်မည်ဟု သဘောတူကာ


အရှေ့သို့ ထွက်သွားပြီး အရိုအသေပြုကာ

"စစ်သူကြီး၊ ကျန်းမာလို့ သာပါစ" ဟု နှုတ်ဆက်လိုက်သည်။ "ကွမ်းယွ"ီ (Guan Yu) မှလည်း


ပြန်အရိုအသေပြုကာ

"ကျွန်တော် ဝန်ကြီးချုပ်ကိုဒီမှာစောင့်နေဖို့ အမိန့် နဲ့လာတာပါ။ စောင့်နေတာ ရက်တော်တော်ကြာပြီ"


ဟုပြောသည်။

"ခင်ဗျား အရင်စစ်ရှုံးခဲ့တုန်းက ခင်ဗျားကို ကျွန်တော်ကောင်းကောင်းဆက်ဆံခဲ့တယ်။ စစ်သူကြီး


ဟိုးအရင်ကနေ့ရက်တွေကိုမမေ့သေးပါဘူးနော်"

698
"ဝန်ကြီးချုပ်က ကျွန်တော့်အပေါ်ကြင်နာခဲ့တာအမှန်ပါပဲ။ ဒါပေမယ့် ကျွန်တော်
ဝန်ကြီးချုပ်ရဲ့ရန်သူကိုသတ်ပြီး ပိုင်မာစစ်ပွဲမှာအောင်ပွဲယူနိုင်ခဲ့တယ်မဟုတ်လား။
ကိုယ်ရေးကိုယ်တာခံစားချက်ကို တာဝန်နဲ့ ရောပစ်လို့ မဖြစ်ဘူး "

"ခင်ဗျား ခံတပ်ငါးခုကိုဖြတ်တုန်းက ကျွန်တော့်စစ်သူကြီးခြောက်ဦးကိုသတ်ခဲ့တာ မှတ်မိပါသလား?


မြင့်မြတ်ထယ်လူဆုတ
ိာ အမှန်တရားကိုအလေးထားတယ်။ ဟိုးရှေးတုန်းက ယွီကုန်း(Yu Gong) ဟာ
သူ့ဆရာသင်ခဲ့တ့ပ
ဲ ညာနဲ့သူ့ဆရာကိုပြန်မသတ်ချင်လို့ ဆရာဖြစ်တဲ့ ကျီကျိုး(Zi Zhuo)
ကိုလွှတ်ပေးခဲ့တဲ့သာဓကရှိပါတယ်"

"ကွမ်းယွ"ီ (Guan Yu) မှာ အမှန်တကယ်ပင် စိတ်ထားမွန်မြတ်ပြီး


တပါးသူ၏ကျေးဇူးကိုမမေ့တတ်သူဖြစ်သည်။ "ချောင်ချောင်း"(Cao Cao) ၏စကားကိုကြားလျှင်
မြင်းကိုဇက်ဆဲက
ွာ အနောက်ဘက်သို့လှည့်ပြီး သူ၏စစ်သားတို့အား

"လမ်းပိတ်ထားတာကိုဖြုတ်လုက
ိ" ဟုပြောသည်။

၎င်းမှာ "ကွမ်းယွီ"(Guan Yu) မှ "ချောင်ချောင်း"(Cao Cao)


အားလွှတ်ပေးလိုက်သောသင်္ကေတပင်ဖြစ်သည်။ "ကွမ်းယွီ"(Guan Yu) နောက်ဘက်သို့ လှည့်နေစဉ်
အကုန်လုံးဖြတ်သွားကြလေသည်။ "ကွမ်းယွီ"(Guan Yu) သည် ရုတ်တရတ်ကျယ်လောင်စွာအော်လိုက်ရာ
စစ်သားတို့က မြင်းပေါ်မှဆင်းပြီး ဒူးထောက်ကာ အသနားခံကြသည်။ သို့နှင့် "ကွမ်းယွ"ီ (Guan Yu)
ကလွှတ်ပေးလိုက်သည်။ "ကွမ်းယွီ"(Guan Yu) နှင့်ရင်းနှီးသော "ကျန်းလျောင်"(Zhang Liao)
ကိုလည်းလွှတ်ပေးလိုက်လေသည်။

"ချောင်ချောင်း"(Cao Cao) သည် အခက်အခဲမှလွတေ


် မြာက်ပြီးနောက်
အနောက်ဘက်ကိုလှည့်ကြည့်လုက
ိသောအခါ မြင်းသည်တော် ၄၇ ဦးသာကျန်တော့သည်။ ညနေစောင်း
ကျန်းလင်သို့ ရောက်သောအခါ စစ်တပ်တစ်ဖွဲ့ နှင့်တွေ့သည်။ "ချောင်ချောင်း"(Cao Cao) မှာ
ရန်သအ
ူ မှတ်ဖြင့် သူတို့ အားလုံးသေဆုံးတော့မည်ဟုတွေးလိုက်သော်လည်း ထိုစစ်တပ်မှာ
သူ့ဘက်မှလူများဖြစ်နေသောအခါ ကိုယ့်ကိုယက
ိုယြုံ ကည်မှုပြန်ရှိသွားလေသည်။
ထိုစစ်တပ်ကိုဦးဆောင်လာသူမှာ "ချောင်ရန်"(Cao Ren) ဖြစ်သည်။

"ချောင်ရန်"(Cao Ren) မှ

"ကျွန်တော် ဝန်ကြီးချုပ်ရဲ့သတင်းတွေကြားရပါတယ်။ ဒါပေမယ့်


ကျွန်တော့်ကိုတာဝန်ပေးထားတဲ့နေရာကနေ မထွက်လာရဲဘူး ။ အဲ့လုမ
ိ ဟုတ်ရင်
ဝန်ကြီးချုပ်ကိုစောစောလာကြိုတယ်" ဟုပြောသည်။ "ချောင်ချောင်း"(Cao Cao) မှ

699
"ကျုပ် ခင်ဗျားနဲ့ပြန်မတွေ့တော့ဘူးမှတ်နေတာ"

သို့နှင့် "ချောင်ချောင်း"(Cao Cao) တို့ တပ်ဖွဲ့ သည် မြို့အတွင်းတွင်အနားယူကြသည်။ မကြာမီတွင်ပင်


"ကျန်းလျောင်"(Zhang Liao) လည်းရောက်လာပြီး "ကွမ်းယွ"ီ (Guan Yu) ၏သနားကြင်နာမှုအကြောင်း
ချီးမွမ်းကြလေသည်။

"ချောင်ချောင်း"(Cao Cao) ၏အမှုထမ်းတော်တော်များများမှာ ဒဏ်ရာရနေသဖြင့် အနားယူစေသည်။


"ချောင်ရန်"(Cao Ren) သည် သူ့သခင်စိတ်ညစ်ပြေရန်အတွက် အရက်တိုက်ကျွေးလေသည်။
"ချောင်ချောင်း"(Cao Cao) မှာ အရက်သောက်နေရင်း ဝမ်းနည်းသည့်ပုံပေါ်လာသည်။ ထိုအခါ
အမှုထမ်းတို့မှ

"ဝန်ကြီးချုပ် ကျားခံတွင်းထဲ ကျရောက်သွားပြီးလွတ်မြောက်ဖို့ကြိုးစားတုန်းက ဘာမှဝမ်းနည်းတဲ့ပုံမပြဘူး။


အခုမြို့ထဲမှာ လုံလုံခြုံခြုံရှိနေပြီး စားစရာတွေလည်းရှိသလို မြင်းတွေအတွက်လည်း မြင်းစာတွေရှိတယ်။
ဝန်ကြီးချုပ်က လက်စားချေဖို့ပြင်ဆင်ရမှာမဟုတ်လား? ဘာကြောင့်ရုတ်တရတ်ကြီး ဝမ်းနည်းနေရတာလဲ"
ဟုမေးမြန်းကြသည်။

"ကျုပ်က ကျုပ်သင
ူ ယ်ချင်း ကောကျား(Guo Jia) ကိုသတိရလို့ ။ သူသာအသက်ရှင်နေခဲ့ရင်
ဒီလိုအရှုံးနဲ့ရင်ဆုင
ိရမှာမဟုတ်ဘူး"

ထို့နောက် "ချောင်ချောင်း"(Cao Cao) သည် ရင်ကိုထုကာ ငိုယြို ပီး

"ကောကျား(Guo Jia) ရေ!!! ငါ ကောကျား(Guo Jia) အတွက်နဲ့ဝမ်းနည်းတယ်။ ငါ ကောကျား(Guo Jia)


ကိုသတိရလို့ ပူဆွေးတယ်" ဟုပြောလေသည်။

ထိုစကားကိုကြားသော် အခြားသောအကြံပေးတို့မှာ အရှက်ရသွားပြီး တိတ်ဆိတ်သွားသည်။

နောက်ရက်တွင် "ချောင်ချောင်း"(Cao Cao) မှ "ကျန်းလျောင်"(Zhang Liao) ကိုခေါ်ပြီး

"ကျုပ် မြို့တော်ကိုပြန်ပြီး လက်စားချေဖို့ စစ်တပ်ကြီးပြင်ဆင်ရမယ်။ ခင်ဗျားက ဒီဒေသကိုစောင့်ကြပ်နေပါ၊


လိုလိုမယ်မယ် အမိန့်စာပေးထားခဲ့မယ်။ အခြေအနေတအားခက်ခဲမှသာ ဖွင့်ဖတ်ပါ၊
ပြီးရင်အဲ့အတိုင်းလုပ်ဆောင်ပါ။ တောင်ပိုင်းနယ်က ဒီဘက်ကိုစေ့စေ့တောင်ကြည့်ရဲမှာမဟုတ်ဘူး"
ဟုပြောသည်။

"ဟဲဖေးနဲ့ ရှန်းရန်ကိုကော ဘယ်သူ့ ကိုစောင့်ကြပ်စေမှာလဲ"

700
"ကျင်ကျိုးကိုတော့ ခင်ဗျားပဲတာဝန်ယူပါ။ ရှဟိုတွန်း(Xiahou Dun) ကို ရှန်းရန်ကိုထိန်းခိုင်းပြီး
ဟဲဖေးကအရေးကြီးတဲ့အတွက် ကျန်းလျောင်(Zhang Liao) နဲ့အတူ လီတျန်(Li Dian) နဲ့ ယွဲကျင်(့ Yue
Jing) ကိုအကူအဖြစ်လွှတပ
်ါ"

ထိုသို့ ပြင်ဆင်ပြီးနောက် "ချောင်ချောင်း"(Cao Cao) သည်


နောက်လိုကေ
် နာက်ပါအနည်းငယ်နှင့်အတူထွက်သွားသည်။ ကျင်ကျိုးမြို့ကျစဉ်က
အညံ့ခံခဲ့သောအမှုထမ်းတို့သည်လည်း "ချောင်ချောင်း"(Cao Cao) နှင့်အတူပါသွားသည်။
"ချောင်ရန်"(Cao Ren) သည် ယီလင်နှင့်ကျန်းလင်ကိုကာကွယရ
် န် "ချောင်ဟုန်"(Cao Hong)
အားတာဝန်ပေးလိုက်သည်။

"ချောင်ချောင်း"(Cao Cao) ကိုလွှတ်ပေးလိုက်ပြီးနောက် "ကွမ်းယွ"ီ (Guan Yu) သည်


တပ်စခန်းသို့ပြန်လာသည်။ ထိုအချိန်တွင် အခြားသောတပ်ဖွဲ့ တို့ သည် စစ်ပွဲအတွင်းရရှိသော
လက်နက်များ၊ စားနပ်ရိက္ခာများ၊ မြင်းများအသီးသီးယူလာကြသည်။ "ကွမ်းယွီ"(Guan Yu) သာလျှင်
လက်ဗလာဖြင့်ပြန်လာလေသည်။ "ကွမ်းယွီ"(Guan Yu) ပြန်ရောက်သောအချိန်တင
ွ်
"ကျူးကဲလျန့်"(Zhuge Liang) သည် "ကျန်းဖေး"(Zhang Fei) အား
အောင်ပွဲအတွက်ဂုဏ်ပြုစကားပြောနေခဲ့သည်။ "ကွမ်းယွီ"(Guan Yu)
ပြန်လာသောသတင်းကိုကြားသည်နှင့် "ကျူးကဲလျန့်"(Zhuge Liang) သည် အရက်ခွက်ကင
ိုကာ ထပြီး
"ကွမ်းယွ"ီ (Guan Yu) အား ကြိုဆိုသည်။

"ကျူးကဲလျန့်"(Zhuge Liang) မှ

"စစ်သူကြီးက လောကကြီးကိုလှုပ်ခါစေမယ့်၊ တပါးသူတွေမလုပ်နိုင်တဲ့အကျိုးထူးကြီးလုပ်ဆောင်ခဲ့ပြီ။


ခင်ဗျားက တိုင်းပြည်ကြီးရဲ့အဆိုးဆုံးရန်သက
ိုရှင်းထုတ်နိုင်ခဲ့တော့
ဟိုးအဝေးတည်းကလာကြိုပြီးဂုဏ်ပြုသင့်တယ်" ဟုပြောသည်။

"ကွမ်းယွ"ီ (Guan Yu) သည် စကားတစ်ခွန်းကိုတီးတိုးရေရွတ်လိုကသ


် ည်။ "ကျူးကဲလျန့်"(Zhuge Liang)
မှပင် ဆက်ပြီး

"ကျွန်တော်တို့ ခင်ဗျားကိုလမ်းခရီးကနေလာမကြိုလို့ ထင်တယ်၊ စစ်သြူ ကီးကိုကြည့်ရတာဝမ်းနည်းနေပုံပဲ"


ဟုပြောသည်။ ထို့နောက် အနောက်ဘက်မှလူတို့ထံလှည့်လုက
ိပြီး

"ကွမ်းယွ(ီ Guan Yu) လာတဲ့အကြောင်းကို ကျုပ်ကိုဘာလို့မပြောတာလဲ" ဟုပြောသည်။ ထိုအခါမှ


"ကွမ်းယွ"ီ (Guan Yu) က

"ကျွန်တော် သေဒဏ်ကိုခံယူဖို့ရောက်လာတာပါ" ဟုပြောသည်။

701
"ချောင်ချောင်း(Cao Cao) က အဲ့ချိုင့်ဝှမ်းကိုတော့ ဖြတ်ခဲ့တယ်မလား"

"ဖြတ်ခဲ့ပါတယ်။ ဒါပေမယ့် သူ့ကိုလွှတ်ပေးလိုက်တယ်"

"ဒါဆို ခင်ဗျား ဘယ်သူ့ကိုဖမ်းလိုက်လဲ"

"ဘယ်သူ့ ကိုမှ မဖမ်းလာခဲ့ဘူး"

"ခင်ဗျားက ချောင်ချောင်း(Cao Cao) ရဲ့ကြင်နာမှုကိုအမှတ်ရပြီး သူ့ကိုလွှတ်ပေးခဲ့တယ်။ ဒါပေမယ့်


ခင်ဗျားဒီတာဝန်ကိုလုပ်မယ်ဆိုတဲ့ကတိကို ဒီစာမှာရေးထားတယ်လေ။ ဒါကြောင့် ခင်ဗျားကို
စည်းကမ်းအတိုင်းအပြစ်ပေးရမယ်"

"ကျူးကဲလျန့်"(Zhuge Liang) သည် အာဏာပါးကွက်သားတို့ ကိုခေါ်လိုက်ပြီး "ကွမ်းယွီ"(Guan Yu)


ကိုဆွဲထုတ်ပြီး သေဒဏ်ပေးရန် အမိန့်ထုတ်လိုကေ
် လသည်။

702
အခန်း(၅၁) "ချောင်ရန်"(Cao Ren) သည် တောင်ပိုင်းပြည်နယ်တပ်ဖွဲ့ တို့ နှင့်တိုက်ခိုက်ခြင်း။
"ကျူးကဲလျန့်"(Zhuge Liang) ကြောင့် "ကျိုးယွ"ီ (Zhou Yu) ဒေါသထွက်ခြင်း။

"ကွမ်းယွ"ီ (Guan Yu) အား သေဒဏ်ပေးစေလိုက်သော်လည်း "လျူဘေ့"(Liu Bei) မှဝင်ကာ

"ကျွန်တော်တို့ညီအစ်ကုသ
ိုံးဦးဟာ သေအတူရှင်မကွာဆိုပြီးကတိသစ္စာဆိထ
ုားကြတယ်။ ကျုပ်ညီ
ကွမ်းယွီ(Guan Yu) က အပြစ်လုပ်မိပေမယ့်လည်း ကျုပ်အနေနဲ့ သစ္စာစကားကိုမဖောက်နိုင်ဘူး။ ဒါကြောင့်
ဒီအပြစ်ကိုခဏမှတ်ထားပြီးတော့ အဲ့အပြစ်ကို စွမ်းဆောင်မှုနဲ့ ပေးချေပါစေ" ဟုပြောသည်။ သို့နှင့်
"ကွမ်းယွ"ီ (Guan Yu) အားအပြစ်မပေးတော့ပေ။

ထိုအချိန်တွင် "ကျိုးယွ"ီ (Zhou Yu) သည် သူ၏အမှုထမ်းနှင့်စစ်သားတို့ကိုစုစည်းကာ


တစ်ဦးချင်းဆီ၏အကျိုးဆောင်မှုတို့ကိုမှတ်သားစေပြီး သူ့သခင်အား အကြောင်းကြားသည်။
လက်နက်ချသောတပ်သားတို့ကို မြစ်၏တဖက်ကမ်းသို့ပို့စေသည်။ ပြီးနောက်တွင်မူ
စစ်အောင်နိုင်မှုအတွက် အောင်ပွဲခံကြသည်။

"ကျိုးယွ"ီ (Zhou Yu) ၏နောက်ခြေလှမ်းမှာ နန်ကျွင်းကိုသိမ်းပိုက်ရန်ဖြစ်သည်။ စစ်တပ်၏ရှေ့ပြေးတပ်သည်


မြစ်ကမ်းပါးနားဝယ်စခန်းချထားပြီး စုစုပေါင်း စခန်းငါးခုရှိသည်။ စစ်သူကြီးချုပ်၏စခန်းမှာ အလယ်တွင်
တည်ရှိသည်။ "ကျိုးယွီ"(Zhou Yu) သည် အမှုထမ်းတို့ကိုခေါ်ကာ အစည်းအဝေးပြုလုပ်သည်။
ထိုအချိန်တွင် "လျူဘေ့"(Liu Bei) ဘက်မှ "စွန်းချန်"(Sun Qian) ရောက်လာပြီး

"ကျွန်တော့်သခင်က ကျွန်တော့်ကိုလွှတ်လိုကြ် ပီး စစ်သြူ ကီးကိုစစ်အောင်နိုင်မှုအတွက် မဖြစ်စလောက်


လက်ဆောင်ပဏ္ဏာလေးတွေလာပို့ တာပါ" ဟုဆိုသည်။ "ကျိုးယွီ"(Zhou Yu) က

"လျူဘေ့(Liu Bei) ဘယ်မှာလဲ" ဟုမေးရာ

"သူ အခု ယိုမြစ်ကမ်းစပ် ယိုခိုနားမှာ စခန်းချထားပါတယ်" ဟုပြန်ဖြေသည်။

"ကျူးကဲလျန့်(Zhuge Liang) ကော အဲ့မှာပဲလား"

"နှစ်ယောက်လုံး အဲ့မှာပါပဲ"

"ဒါဆို ခင်ဗျား အရင်ပြန်နှင့်ပါဦး။ ကျုပ်မကြာခင်မှာ လူကုယ


ိတုင
ိလာပြီး သူတို့ ကိုကျေးဇူးတင်ရမယ်"

703
"စွန်းချန်"(Sun Qian) ပြန်သွားပြီးနောက်တွင် "လူဆ"ု (Lu Su) က "ကျိုးယွီ"(Zhou Yu) အား
အဘယ်ကြောင့် "လျူဘေ့"(Liu Bei) စခန်းသို့ သွားရသည့်အကြောင်းမေးသည်။ ထိုအခါ "ကျိုးယွ"ီ (Zhou
Yu) မှ

"ဘာလို့လည်းဆိုတော့ ယိုမြစ်နားမှာစခန်းချထားတယ်ဆိုတာ သူ့မှာ နန်ကျွင်းကိုသိမ်းဖို့အစီအစဉ်ရှိလို့ ပဲ။


စစ်တပ်အင်အားတွေအများကြီးသုံးပြီးနောက်မှာ နန်ကျွင်းက အနှေးနဲ့အမြန် ကျုပ်တို့ လက်ထဲရောက်မှာပဲ။
သူတို့ က ကျုပ်တို့ လက်ထဲကနေ မြို့ကိုသိမ်းချင်သေးတယ်။ ဒါပေမယ့် ကျုပ်မသေသေးဘူးဆိုတာ
သူတို့ သိစေရမယ်" ဟုပြောသည်။

"သူတို့ မသိမ်းအောင် ဘယ်လိုလပ


ုမှာလဲ"

"ကျုပ်ကိုယ်တိုင်သွားပြီး သူတို့ နဲ့စကားပြောမယ်။ အဆင်ပြေရင်တော့ ကောင်းတာပေါ့။


အဲ့လိုမှမဟုတ်ရင်တော့ နန်ကျွင်းကိုမသိမ်းခင် လျူဘေ့(Liu Bei) ကိုရှင်းထုတ်လိုကမ
် ယ်"

"ကျွန်တော်လည်း လိုက်ခဲ့မယ်"

သို့နှင့် "ကျိုးယွ"ီ (Zhou Yu) နှင့် "စွန်းချန်"(Sun Qian) တို့သည် မြင်းစစ်သည်တော်သုံးထောင်နှင့်အတူ


ယိုခိုသို့ သွားသည်။

"စွန်းချန်"(Sun Qian) သည် ယိုခိုသို့ ပြန်ရောက်ပြီးနောက် "ကျိုးယွီ"(Zhou Yu)


လာမည့်အကြောင်းကိုပြောရာ "လျူဘေ့"(Liu Bei) မှ သူ၏အကြံပေးအား

"သူဘာလို့ ရောက်လာတာလဲ" ဟုမေးသည်။

"သူ ရိုးရိုးလာတာတော့ မဖြစ်နိုင်ဘူး ။ နန်ကျွင်းကြောင့်လာတာပဲနေမှာ"

"ဒါပေမယ့် သူသာ စစ်တပ်ကိုခေါ်လာရင် သူ့ကိုခုခံနိုင်ပါ့မလား"

"သူသာလာရင် သခင်ကြီးက ဒီလိုဒလ


ီိုပြောလိုက်ပါ"

ထို့နောက် စစ်သင်္ဘောတို့ကိုမြစ်အတွင်းတွင်ထားစေပြီး မြစ်ကမ်းတွင်


စစ်သားတို့အားစောင့်ကြပ်စေသည်။ "ကျိုးယွီ"(Zhou Yu) ရောက်လာသောအခါတွင်
"ကျောက်ယွင်"(Zhao Yun) အား မြင်းသည်တော်အချို့နှင့်အတူ သွားကြိုစေသည်။ "ကျိုးယွီ"(Zhou Yu)
သည် ရဲရင့်သောစစ်သားများကိုတွေ့လျှင် စိတ်ထဲတွင် နေမထိထိုင်မသာဖြစ်သွားသော်လည်း
ဆက်သွားကာ "လျူဘေ့"(Liu Bei) နှင့်တွေ့သည်။ "လျူဘေ့"(Liu Bei) နှင့် "ကျူးကဲလျန့်"(Zhuge Liang)
တို့သည် စားသောက်ပွဲတို့ပြင်ဆင်ကာ "ကျိုးယွ"ီ (Zhou Yu) ကိုကြိုဆိုသည်။ "လျူဘေ့"(Liu Bei) သည်
အရက္ခြက္ကုေ
ိ မြှာက်ပြီးနောက် "ကျိုးယွီ"(Zhou Yu) ကိုစစ်အောင်နိုင်မှုအတွက်
ဂုဏ်ပြုကြောင်းပြောသည်။

704
အချိန်အတန်ငယ်ကြာသော် "ကျိုးယွ"ီ (Zhou Yu) မှ

"ခင်ဗျားတို့ ဒီမှာစခန်းချထားတာ နန်ကျွင်းကိုသိမ်းဖို့အစီအစဉ်ရှိလို့ လား" ဟုမေးသည်။ "လျူဘေ့"(Liu


Bei) မှ

"စစ်သူကြီးက ဒီနေရာကိုသိမ်းမယ်လို့ ကြားတော့ကူညီဖို့ရောက်လာတာပါ။ စစ်သြူ ကီးမသိမ်းရင်


ကျွန်တော်တို့သိမ်းတာပေါ့" ဟုပြောသည်။ "ကျိုးယွ"ီ (Zhou Yu) သည် ရယ်ကာ

"ကျွန်တော်တို့တောင်ပိုင်းပြည်နယ်က ဒီနယ်မြေကိုလိုချင်တာကြာခဲ့ပြီ။ အခုအခွင့်အရေးရှိပြီဆိုတော့


ကျွန်တော်တို့ကပဲ သိမ်းရတာပေါ့" ဟုပြောသည်။

"ဘယ်အရာပဲဖြစ်ဖြစ် ခြွင်းချက်ဆိုတာရှိတယ်။ ချောင်ချောင်း(Cao Cao) က အဲ့နယ်မြေကို ချောင်ရန်(Cao


Ren) ကိုစောင့်ကြပ်ခိုင်းထားတာ နည်းဗျူဟာတစ်ခုခုတော့ ပေးထားရစ်ခမ
ှဲ့ာပဲ။ စစ်သူကြီးက
ပိုင်နိုင်ပြီလို့ထင်ပေမယ့် အဲ့မြို့ကိုမသိမ်းနိုင်မှာစိုးရတယ်"

"အကယ်၍ ကျုပ်သာမသိမ်းနိုင်ရင် ခင်ဗျားသိမ်းလိုက်ပါ"

"ဒါဆို ကျူးကဲလျန့်(Zhuge Liang) နဲ့ လူဆ(ု Lu Su) ကို ဒီစကားရဲ့အသိသက်သေအဖြစ်ထားလိုက်ပါ။


စစ်သြူ ကီးပြောခဲ့တဲ့စကားကိုပြန်မရုတ်သိမ်းဘူးလို့ မျှော်လင့်ပါတယ်"

"လူဆု"(Lu Su) သည် အသိသက်သေအဖြစ် လုပ်ချင်ပုံမပေါ်သော်လည်း "ကျိုးယွ"ီ (Zhou Yu) မှ

"မြင့်မြတ်တဲ့လူက ပြောပြီးစကားကိုဘယ်တော့မှ မရုတ်သိမ်းဘူး။ နောင်တလည်းမရဘူး" ဟုပြောသည်။


"ကျူးကဲလျန့်"(Zhuge Liang) မှဝင်ပြီး

"ခင်ဗျားပြောတဲ့စကားက အင်မတန်မှ ရက်ရောလှပါတယ်။ တောင်ပိုင်းပြည်နယ်က


အဲ့နေရာကိုအရင်သိမ်းဖို့ လုပ်ပါ။ အကယ်၍မသိမ်းနိုင်ရင် ကျွန်တော့်သခင်ကြီးကသိမ်းပါလိမ့်မယ်"
ဟုပြောသည်။

ပြီးနောက်တွင် ဧည့်သည်နှစ်ယောက်တို့ ပြန်သွားကြသည်။

ထိုအခါ "လျူဘေ့"(Liu Bei) က "ကျူးကဲလျန့်"(Zhuge Liang) ဘက်လှည့်ပြီး

"ဆရာကြီး၊ ဘာလို့ ကျိုးယွီ(Zhou Yu) ကိုအဲ့လိုပြောခိုင်းတာလဲ။ ကျုပ် ခင်ဗျားပြောသလိုလုပ်လိုက်ပေမယ့်


အဲ့လိုပြောရတဲ့အကြောင်းအရင်းကိုတွေးမရဘူး။ ကျုပ်တို့က အင်အားနည်းပြီး ခြေချစရာနယ်မြေမရှိဘူး ။
ဒါကြောင့် ခဏတာစခန်းအနေနဲ့ပဲဖြစ်ဖြစ် နန်ကျွင်းကိုသိမ်းချင်တယ်။ ဒါကို ကျုပ်က ကျိုးယွီ(Zhou Yu)

705
ကိုအရင်တိုက်ခိုင်းတာ၊ အကယ်၍ အဲ့နယ်မြေက သူ့လက်ထဲရောက်သွားရင်ဘယ်လိုလုပ်မလဲ"
ဟုမေးသည်။ "ကျူးကဲလျန့်"(Zhuge Liang) သည် ရယ်ကာ

"အရင်တုန်းက ကျွန်တော် သခင်ကြီးကို ကျင်ကျိုးကိုသိမ်းဖို့ပြောခဲ့တယ်မဟုတ်လား၊ သခင်ကြီးမှ


နားမထောင်ခဲ့တာ။ အဲ့ဒါကို မှတမ
ိပါသေးလား" ဟုပြောသည်။

"ဒါပေမယ့် အဲ့အချိန်တန
ုးက ကျင်ကျိုးက လျူပြောင်း(Liu Biao) လက်ထဲမှာလေ၊ ကျုပ်က
ဘယ်လိုတိုက်ရက်ပါ့မလဲ။ အခု ချောင်ချောင်း(Cao Cao) လက်ထဲရောက်သွားတော့ အဲ့နယ်မြေကို
ပြန်ယရ
ူ မှာပေါ့"

"စိတမ
် ပူပါနဲ့။ ကျိုးယွ(ီ Zhou Yu) ကိုအရင်တိုက်ခိုင်းလိုက်ပါ။ တစ်ရက်မှာတော့ သခင်ကြီး
အဲ့နေရာရဲ့အမြင့်မှာ ထိုင်နေစေရမယ်"

"ခင်ဗျားမှာ ဘာအကြံရှိလို့ လဲ"

"ကျူးကဲလျန့်"(Zhuge Liang) သည် "လျူဘေ့"(Liu Bei) အား ၎င်းအကြံကိုတီး တိုးပြောရာ


"လျူဘေ့"(Liu Bei) လည်းကျေနပ်သွားသည်။

"ကျိုးယွ"ီ (Zhou Yu) နှင့် "လူဆ"ု (Lu Su) တို့ သည် သူတို့ စခန်းသို့ ပြန်ရောက်ပြီးနောက် "လူဆ"ု (Lu Su)
က

"ခင်ဗျားက ဘာလို့ လျူဘေ့(Liu Bei) ကို နန်ကျွင်းကိုတိုကလ


ို့ရတယ်လို့ ပြောလိုက်တာလဲ" ဟုမေးသည်။

"ကျုပ်က အဲ့နေရာကိုလက်ချောင်းလေးလှည့်တာနဲ့သိမ်းလို့ရတယ်။ ဒါပေမယ့် သူတို့ အပေါ်


ကြင်နာချင်ယောင်ဆောင်လုက
ိတာ"

ထို့နောက် အမှုထမ်းတို့ကိုခေါ်ပြီး ထိုမြို့အား မည်သူတိုက်ချင်ကြောင်းမေးရာ "ကျန်းချင်"(Jiang Qin) မှ


သူတိုက်လိုကြောင်းပြောသဖြင့် "ကျန်းချင်"(Jiang Qin) ကိုရေ
ှ့ပြေးတပ်ခေါင်းဆောင်အဖြစ်တာဝန်ပေးပြီး
"ရွှီရှန"် (Xu Sheng) နှင့် "တင်းဖုန်း"(Ding Feng) တို့ ကို အကူအနေဖြင့်လတ
ွှ်လိုက်သည်။

"ချောင်ရန်"(Cao Ren) သည် "ချောင်ဟုန"် (Cao Hong) အား ယီလင်ကိုစောင့်ကြပ်ရန်တာဝန်ပေးပြီး


ကျွဲချိုပုံဗျူဟာ၏တစ်စိတ်တစ်ဒေသကိုထန
ိးထားစေသည်။
တောင်ပိုင်းပြည်နယ်မှစစ်တပ်များချီတက်လာကြောင်းသိသောအခါ "ချောင်ရန်"(Cao Ren) မှ

"ငါတို့ တွေ ခုခံတဲ့စစ်ပွဲပဲခင်းမယ်" ဟုပြောသည်။ သို့သော်လည်း "နူကျင်"့ (Niu Jin) မှ

706
"ရန်သူတွေကိုအနီးကပ်စေပြီး ထွက်မတိုက်တာက ကြောက်ရွံ့မှုပဲ။ ကျုပ်တို့ စစ်တပ်က အခုနောက်ပိုင်း
အရှုံးတွေနဲ့ ရင်ဆိုင်နေရတော့ သတ္တိကိုပြရမယ်။ ကျွန်တော့်ကို လက်ရွေးစင်စစ်သားတွေပေးပါ၊ ကျွန်တော်
ဒီစစ်ပွဲကိုတုက
ိပါ့မယ်" ဟုပြောသည်။

"ချောင်ရန်"(Cao Ren) သည် ထိုအဆိုကိုမငြင်းဆန်နိုင်သဖြင့်လက်ခံလိုက်သည်။ "နူကျင်"့ (Niu Jin)


ထွက်လာသောအခါ "တင်းဖုန်း"(Ding Feng) မှထွက်ပြီးစိန်ခေါ်သည်။ နှစ်ဦးနှစ်ဖက်တိုကြ် ပီးနောက်
"တင်းဖုန်း"(Ding Feng) သည် ရှုံးချင်ယောင်ဆောင်ပြီး ထွကေ
် ပြးလေသည်။ "နူကျင့်"(Niu Jin) လည်း
နောက်မှ အသည်းအသန်လုက
ိသည်။ တောင်ပိုင်းပြည်နယ်၏ဗျူဟာအနီးသို့ ရောက်သွားသောအခါ
"တင်းဖုန်း"(Ding Feng) က အချက်ပြလိုက်သည်နှင့် စစ်သားတို့ သည် "နူကျင့်"(Niu Jin) အား
ဝန်းရံလုက
ိသည်။ "နူကျင်"့ (Niu Jin) သည် ဘေးဘီဝဲယာမှ ဖောက်ထွကရ
် န်ကြိုးစားသော်လည်း
မအောင်မြင်ပေ။

"နူကျင်"့ (Niu Jin) အခက်အခဲထဲရောက်သည်ကိုမြင်သော "ချောင်ရန်"(Cao Ren) သည်


သံချပ်ကာကိုဝတ်ကာ မြင်းသည်တော်တို့ကိုဦးဆောင်ပြီး "နူကျင်"့ (Niu Jin) ကိုကရ
ူ န်
မြို့ပြင်သို့ ထွက်လာသည်။ ထို့နောက် "နူကျင့်"(Niu Jin) အားကယ်တင်ပြီး
ရန်သူ့ တပ်ထဲမှထိုးဖောက်နိုင်ခဲ့သည်။ ထိုသို့ ထွက်လာခဲ့သော်လည်း ရန်သူ့ အလယ်တွင်
မြင်းသည်တော်အချို့ပိတ်မိနေသည်ကိုတွေ့သောအခါ ပြန်ကရ
ူ န်လှည့်သွားသည်။ ထိုအချိန်တွင်
"ကျန်းချင်"(Jiang Qin) နှင့်တွေ့ရာ "ချောင်ရန်"(Cao Ren) နှင့် "နူကျင့်"(Niu Jin) တို့ကပေါင်းပြီး
တိုက်ကြသည်။ ထိုအချိန်တွင် ညီဖြစ်သူ "ချောင်ချွန်း"(Cao Chun) သည် စစ်ကူဖြစ်ရောက်လာသဖြင့်
ထိုစစ်ပွဲသည် တောင်ပိုင်းပြည်နယ်၏အရှုံးဖြစ်သွားသည်။

"ကျန်းချင်"(Jiang Qin) စစ်ရှုံးကြောင်းသတင်းပို့ သောအခါ "ကျိုးယွ"ီ (Zhou Yu) သည် ဒေါသထွက်ပြီး


သေဒဏ်ပေးရန်ပြုသော်လည်း အခြားသောအမှုထမ်းတို့က ဝိုင်းတားသဖြင့် အပြစ်မပေးတော့ပေ။
ထို့နောက် "ကျိုးယွ"ီ (Zhou Yu) ကိုယ်တိုင်ဦးဆောင်ကာ စစ်တိုက်ရန်ပြင်သည်။ "ကန်းနင်"(Gan Ning) မှ

"စစ်သူကြီး၊ အလျင်စလိုမလုပ်ပါနဲ့ဦး။ ကျွန်တော် ပထမဆုံး ကျွဲချိုဗျူဟာကိုအထောက်အပံ့ပေးထားတဲ့


ယီလင်ကိုသိမ်းပါ့မယ်။ ယီလင်ကိုသိမ်းပြီးရင် နန်ကျွင်းကိုသိမ်းဖို့လွယသ
်ွားပြီ" ဟုပြောရာ "ကျိုးယွ"ီ (Zhou
Yu) က လက်ခံလိုက်ပြီး "ကန်းနင်"(Gan Ning) ကို စစ်သားသုံးထောင်ဖြင့်လွှတ်လုက
ိသည်။

ယီလင်ကို တိုက်မည့်သတင်းကို "ချောင်ရန်"(Cao Ren) ကြားသောအခါ "ချန်ကျောက်"(Chen Jiao) မှ

"ယီလင်ကျသွားရင်တော့ နန်ကျွင်းကိုလက်လွှတလ
ိုက်ရသလိုပဲ။ ဒါကြောင့် စစ်ကူအမြန်ပို့ ရမယ်"
ဟုပြောသဖြင့် "ချောင်ဟုန်"(Cao Hong) အားကူညီရန် "ချောင်ချွန်း"(Cao Chun) နှင့် "နူကျင့်"(Niu Jin)

707
တို့ကိုလွှတ်လုက
ိသည်။ "ချောင်ချွန်း"(Cao Chun) မှ သူတို့ နှစ်ဦးပူးပေါင်းတိုကမ
် ည့်အကြောင်းကို
"ချောင်ဟန
ု"(Cao Hong) ထံစာပို့လိုက်သည်။

"ကန်းနင်"(Gan Ning) သည် ယီလင်သို့ရောက်လာသောအခါ "ချောင်ဟုန်"(Cao Hong) မှထွက်ပြီး


ရန်သန
ှူင့်တွေ့သည်။ နောက်ဆုံးတွင် "ချောင်ဟုန်"(Cao Hong) စစ်ရှုံးသွားပြီး "ကန်းနင်"(Gan Ning) က
မြို့ကိသ
ိုမ်းနိုင်လိုက်သည်။ သို့သော်လည်း ညနေဘက်တွင် "ချောင်ချွန်း"(Cao Chun) နှင့် "နူကျင့်"(Niu
Jin) ၏စစ်တပ်ရောက်လာပြီး ဝန်းရံလေရာ "ကန်းနင်"(Gan Ning) သည် "ကျိုးယွ"ီ (Zhou Yu) ထံစာပို့ ပြီး
စစ္ကေ
ူ တာင်းသည်။

"ချန်ဖ"ူ (Cheng Pu) : "သူ့ကို အမြန်သွားကယ်ကြရမယ်"

"ကျိုးယွ"ီ (Zhou Yu) : "ဒီနေရာက စစ်ဗျူဟာအရ အရေးအကြီးဆုံးပဲ။ အကာအကွယ်မရှိရင်


ချောင်ရန်(Cao Ren) က အခွင့်ကောင်းယူပြီးတိုက်သွားနိုင်တယ်"

"လွီမန်"(Lu Meng) : "ဒါပေမယ့် ကန်းနင်(Gan Ning) က


ကျုပ်တို့ရဲ့စစ်သြူ ကီးတွေထဲကတစ်ယောက်ပဲဆိုတော့ ကယ်ရမယ်"

"ကျိုးယွ"ီ (Zhou Yu) : "ကျုပ် သူ့ကိုသွားကယ်မယ်။ ဒါပေမယ့် ဒီနေရာကိုဘယ်သူထိန်းထားမလဲ"

"လွီမန်"(Lu Meng) : "လင်ထံ(ု Ling Tong) ကိုဒီမှာထားခဲ့ပါ။ ကျွန်တော်တို့ခုခံပါ့မယ်။


ဆယ်ရက်အတွင်းမှာ အောင်ပွဲရစေရမယ်"

ထိုအခါ "ကျိုးယွ"ီ (Zhou Yu) မှ "လင်ထုံ"(Lin Tong) ကိုလှည့်ကြည့်ပြီး

"မင်းသဘောတူလား" ဟုမေးရာ

"ဆယ်ရက်ထက်မကျော်ဘူးဆိုရင်တော့ ထိန်းနိုင်ပါတယ်။ ဒါပေမယ့် ဆယ်ရက်ကျော်သွားရင်တော့


စောင့်ကြပ်နိုင်မှာမဟုတ်ဘူး" ဟုပြန်ဖြေသည်။

ထိုအခါ "ကျိုးယွ"ီ (Zhou Yu) သည် ခံတပ်ကိုကာကွယ်ရန်အတွက် စစ်သားတစ်သောင်းထားခဲ့သည်။


"လွီမန်"(Lu Meng) မှ ခေါင်းဆောင်ဖြစ်သူအား

" ယီလင်ရဲ့တောင်ပိုင်းမှာ နန်ကျွင်းကိုတိုက်ဖို့လမ်းတစ်လမ်းရှိတယ်။


ကျွန်တော်တို့တွေတပ်ဖွဲ့ တစ်ဖွဲ့ လွှတ်ပြီးတော့ သစ်ပင်တွေကိုခုတလ
ှ်ဲစေပြီး မြင်းတွေမဖြတ်နိုင်အောင်
အဲ့လမ်းကိုပိတ်ထားရမယ်။ စစ်ရှုံးတဲ့ရန်သူတွေက အဲ့လမ်းကိုဖြတ်ရင် မြင်းတွေကိုထားခဲ့ရလိမ့်မယ်၊
အဲ့မြင်းတွေကို ကျွန်တော်တို့ ဖမ်းနိုင်တာပေါ့" ဟုပြောသဖြင့် "ကျိုးယွ"ီ (Zhou Yu) က လက်ခံလိုက်သည်။

708
"ကျိုးယွီ"(Zhou Yu) ၏တပ်သည် ယီလင်နားသို့ရောက်သောအခါ "ကျိုးထိုက်"(Zhou Tai)
ကိုစစ်သားတို့အားဦးဆောင်ပြီး အလျင်သွားစေကာ "ချောင်ဟန
ု"(Cao Hong) ၏တပ်ကိုဖောက်ပြီးနောက်
မြို့တံတိုင်းနားသို့ရောက်သွားသည်။ မြို့ရိုးပေါ်မှ "ကန်းနင်"(Gan Ning) သည် သူငယ်ချင်းဖြစ်သော
"ကျိုးထိုက်"(Zhou Tai) ကိုမြင်သောအခါ မြို့ပြင်သို့ထွက်ပြီး ကြိုဆိုသည်။ "ကျိုးထိုက်"(Zhou Tai)
ကလည်း "ကျိုးယွ"ီ (Zhou Yu) ကိုယ်တိုင်စစ်သားတို့ ကိုဦးဆောင်ပြီး ရောက်လာကြောင်းပြောသည်။
ထိုအခါ "ကန်းနင်"(Gan Ning) သည် မြို့အပြင်ရှိရန်သတ
ူ့ို ကို ပူးပေါင်းတိုက်ရန် စစ်သားတို့အား
အမိန့်ပေးလိုက်သည်။

"ကျိုးယွီ"(Zhou Yu) ၏တပ်သည် ယီလင်သို့ရောက်လာသည့်အကြောင်းကို "ချောင်ဟုန်"(Cao Hong)


တို့က "ချောင်ရန်"(Cao Ren) ထံသတင်းပို့ပြီးနောက် ရန်သက
ိုတိုက်ထုတ်ရန်ပြင်ဆင်ကြသည်။
တောင်ပိုင်းပြည်နယ်၏တပ်ကြီးသည် ရန်သူတို့ နှင့်တုက
ိသည်နှင့်တစ်ပြိုင်နက် "ကန်းနင်"(Gan Ning) နှင့်
"ကျိုးထိုက်"(Zhou Tai) တို့ကလည်း ရန်သူကို နှစ်ဖက်ခွဲကာတိုက်သည်။ ထိုအခါ "ချောင်ဟုန်"(Cao
Hong) ၏တပ်သည် ရှုပ်ထွေးသွားလေသည်။
တောင်ပိုင်းပြည်နယ်တပ်တို့၏အပြင်းအထန်တုက
ိခိုက်မှုကြောင့် ခေါင်းဆောင်သုံးဦးတို့ သည်
လမ်းကျဉ်းမှပြေးကြလေသည်။ သို့ သော်လည်း ထိုလမ်းကိုသစ်တုံးတို့ဖြင့်ပိတ်ထားသောကြောင့်
မြင်းတို့ကိုထားခဲ့ပြီး ပြေးရသည်။ သို့နှင့် တောင်ပိုင်းပြည်နယ်သည် မြင်းငါးရာခန့်ရလိုက်သည်။

709
"ကျိုးယွ"ီ (Zhou Yu) သည် နန်ကျွင်းသို့အလျင်အမြန်ပြန်ရာ လမ်းတွင် ယီလင်သို့စစ်ကူလာသော
"ချောင်ရန်"(Cao Ren) ၏စစ်တပ်နှင့်တွေ့သည်။ နှစ်ဦးနှစ်ဖက် အပြင်းအထန်တိုက်ကြပြီးနောက်
ညနေစောင်းသောအခါ "ချောင်ရန်"(Cao Ren) သည် မြို့အတွင်းသို့ပြန်လည
ှ့်သွားသည်။ "ချောင်ရန်"(Cao
Ren) သည် စစ်မှုထမ်းတို့ကိုခေါ်ကာ တိုင်ပင်သည်။ "ချောင်ဟုန"် (Cao Hong) မှ

"ယီလင်ကိုဆုံးရှုံးလိုက်ရတော့ ကျွန်တော်တို့အခက်အခက်ထဲရောက်သွားပြီ။ ဒါကြောင့်


ဝန်ကြီးချုပ်ထားရစ်ခဲ့တဲ့စာကိုဖောက်ဖတ်ဖို့အချိန်တန်ပြီ" ဟုပြောရာ "ချောင်ရန်"(Cao Ren) က

"ကျုပ်တွေးနေတာကို ခင်ဗျားပြောလိုက်တာပဲ" ဟုဆိုသည်။

ဝန်ကြီးချုပ်ထားခဲ့သောစာကိုဖောက်ဖတ်ပြီးနောက်ဝယ် ဝမ်းသာသွားကြသည်။ နံနက်ငါးနာရီအချိန်တင


ွ်
ထမင်း၊ ဟင်းတို့ ချက်စေပြီး စစ်တပ်တစ်ခုလံုး ကို ဂိတ်သုံးခုမှထွက်စေသည်။ သို့သော်လည်း မြို့ရိုးပေါ်တွင်
အလံကိုထောင်ထားသည်။ "ကျိုးယွ"ီ (Zhou Yu) သည် မျှော်စင်ပေါ်မှကြည့်သောအခါ ရန်သူ့မြို့ရိုးပေါ်တွင်
အလံတို့သာရှိပြီး စစ်သားတို့မရှိကြောင်းတွေ့သည်။ ထို့အပြင် တစ်ဖက်စစ်သားတို့သည်
အထုတ်အပိုးတို့ဖြင့် ရှည်လျားသောခရီးအတွက် ပြင်ဆင်ထားကြကြောင်းသတိပြုမိသည်။ ထိုအခါ
"ကျိုးယွ"ီ (Zhou Yu) သည်

'ချောင်ရန်(Cao Ren) က အဝေးကိုစစ်ချီဖို့ပြင်ဆင်နေပြီ' ဟုတွေးသည်။

ထို့နောက် "ကျိုးယွ"ီ (Zhou Yu) သည် စစ်တပ်၏တောင်ပံနှစ်ခုကိုအဆင်သင့်ပြင်ခိုင်းထားပြီး


တစ်ဖွဲ့ကိုရန်သူ့ ကိုတိုက်စေပြီး ကျန်တစ်ဖွဲ့ ကိုမူ ထွက်ပြေးသောရန်သူနောက်မှလိုက်ရန်ဖြစ်သည်။
တိုက်ခိုက်မည့်အဖွဲ့ကို "ကျိုးယွီ"(Zhou Yu) ကိုယတ
ိုင်ဦးဆောင်ပြီး ကျန်အဖွဲ့ ကို "ချန်ဖူ"(Cheng Pu) အား
ဦးဆောင်စေသည်။ ပြီးနောက်တွင်မူ မြို့အားတိုက်ရန်ပြုရာ တစ်ဖက်ရန်သူနှင့်ထိပ်တိုက်တွေ့သည်။
တစ်ဖက်မှ "ချောင်ဟုန်"(Cao Hong) ထွက်လာပြီး စိန်ခေါ်ရာ "ဟန်တန်"(Han Dang) အား
လွှတ်လိုက်သည်။ ခဏတာတိုက်ပြီးနောက် "ချောင်ဟုန်"(Cao Hong) လှည့်ပြေးသည်။ "ချောင်ရန်"(Cao
Ren) က ကူညီရန်ရောက်လာသောအခါ "ကျိုးထိုက်"(Zhou Tai) ထွက်လာပြီး တိုက်လေသည်။
နှစ်ဦးနှစ်ဖက်တိုက်ပြီးနောက်ဝယ် "ချောင်ရန်"(Cao Ren) ၏စစ်တပ်သည် အရှုပ်အထွေးထဲကျသွားသည်။

ထိုအခါ "ကျိုးယွ"ီ (Zhou Yu) က စစ်တပ်ကိုဆက်ချီတက်ရန် အချက်ပေးလိုက်သည်။ "ချောင်ရန်"(Cao


Ren) ၏စစ်ရှုံးသွားသောစစ်တပ်သည် မြို့အတွင်းသို့မဝင်ပဲ အနောက်မြောက်ဘက်သို့ သွားလေသည်။
ထိုစစ်တပ်နောက်သို့ "ဟန်တန်"(Han Dang) နှင့် "ကျိုးထိုက်"(Zhou Tai) တို့ ကလိုက်သည်။

710
"ကျိုးယွ"ီ (Zhou Yu) သည် အစောင့်မရှိပဲပွင့်နေသောမြို့တံခါးကိုမြင်လျှင် မြို့တွင်းသို့ဝင်ပြီးတိုက်ရန်
အမိန့်ပေးလိုက်သည်။ မြင်းသည်တော်အနည်းငယ်တို့ အရင်ဝင်သွားပြီးနောက်တွင် "ကျိုးယွ"ီ (Zhou Yu)
လည်း နောက်မှလိုက်ဝင်သွားသည်။ မျှော်စင်ပေါ်မှစောင့်နေသော "ချန်ကျောက်"(Chen Jiao) သည်
"ကျိုးယွ"ီ (Zhou Yu) ဝင်လာသည်ကိုမြင်သောအခါ "ချောင်ချောင်း"(Cao Cao)
၏အမျှော်အမြင်ကြီးမှုအပေါ် ချီးမွမ်းမိသည်။ ထို့နောက် လက်ခုတ်သတ
ံ့ို ကြားလိုက်ရပြီးနောက်ဝယ်
မြားသမား၊ ဒူးလေးသမားတို့ ထွကလ
်ာကာ မြို့တွင်းသို့ဝင်လာသော ရန်သတ
ူ့ို ကိုပစ်လေသည်။
"ကျိုးယွ"ီ (Zhou Yu) သည် အချိန်မီပြန်လှည့်နင
ိုခဲ့သော်လည်း တပ်ဆုတ်သောအခါဝယ်
ဘယ်ဘက်တွင်မြားမှန်သွားပြီး မြင်းပေါ်မှကျသွားသည်။

ထိုအခါ "နူကျင့်"(Niu Jin) သည် မြို့ထဲမှထွက်လာပြီး ရန်သူ့ ခေါင်းဆောင်ကိုဖမ်းမည်ပြုသည်။


သို့သော်လည်း "ရွှီရှန်"(Xu Sheng) နှင့် "တင်းဖုန်း"(Ding Feng) တို့က ဝင်ကာ "ကျိုးယွီ"(Zhou Yu)
အား ကယ်လိုက်သည်။ ပြီးနောက် မြို့တွင်းမှ "ချောင်ရန်"(Cao Ren) ၏စစ်တပ်ထွကလ
်ာသောအခါ
တောင်ပိုင်းပြည်နယ်စစ်တပ်တို့ ရှုပ်ထွေးသွားကြသည်။ စစ်သားတို့သည်
တစ်ဦးနှင့်တစ်ဦးတိုက်မိတွန်းမိကုန်သည်။ "ချန်ဖူ"(Cheng Pu) သည် စစ်တပ်ပြန်ဆုတ်ရန်ပြုသော်လည်း
"ချောင်ရန်"(Cao Ren) နှင့် "ချောင်ဟုန်"(Cao Hong) တို့က ဝိုင်းထားသဖြင့် မဆုတ်နိုင်ပေ။ "လင်ထုံ"(Lin
Tong) ထံမှစစ်ကူရောက်လာသောအခါမှသာ စစ်တပ်ကိုပြန်ဆုတ်နိုင်သည်။ အောင်ပွဲရသွားသော
"ချောင်ရန်"(Cao Ren) သည်လည်း မြို့အတွင်းသို့ပြန်ဝင်သွားသည်။

တပ်စခန်းသို့ပြန်ရောက်ပြီးနောက် သမားတော်ခေါ်ကာ "ကျိုးယွ"ီ (Zhou Yu) ၏ဒဏ်ရာကိုပြလေသည်။


သမားတော်သည် မြားကိုနှုတ်ယူပြီးနောက် အဆိပ်ပြေစေရန် ဒဏ်ရာပေါ်တွင် ဆေးလိမ်းစေသည်။
သို့သော်လည်း "ကျိုးယွ"ီ (Zhou Yu) က ဆေးကုသမှုမခံပေ။ သမားတော်မှ

"အဆိပ်မိထားတဲ့အတွက် ဒဏ်ရာပျောက်ဖို့အချိန်အများကြီးယူရမယ်။ စစ်သူကြီးကိုတိတဆ


ိတ်ပြီး
စိတခ
်ျမ်းသာမယ့်နေရာမှာ ထားပါ။ အဲ့လိုမှမဟုတ်ရင် ဒဏ်ရာပြန်ပွင့်သွားမယ်" ဟုပြောသည်။

"ချန်ဖ"ူ (Cheng Pu) မှ တပ်ဖွဲ့ တို့ ကို စခန်းအတွင်းတွင်သာ နေရန် အမိန့်ပေးလိုက်သည်။


သုံးရက်အကြာတွင် "နူကျင့်"(Niu Jin) ရောက်လာပြီး တောင်ပိုင်းပြည်နယ်တပ်ဖွဲ့ တို့ ကိုစိန်ခေါ်သည်။
ပြောင်လှောင်ခြင်း၊ ဆဲရေးတိုင်းထွာခြင်းတို့ ပြုလုပ်သော်လည်း တောင်ပိုင်းပြည်နယ်စစ်တပ်မှာ
တုတ်တုတ်မျှမလှုပ်ပေ။ ညနေစောင်းသောအခါ "နူကျင့်"(Niu Jin) လည်း ပြန်သွားသည်။

နောက်ရက်တွင် "နူကျင့်"(Niu Jin) ရောက်လာပြီး ရှေ့ရက်အတိုင်းပင် ပြုပြန်သည်။ ထိုအကြောင်းကို


"ချန်ဖ"ူ (Cheng Pu) မှာ ဒဏ်ရာရနေသောခေါင်းဆောင်ကုမ
ိ ပြောရဲပေ။ တတိယရက်တွင် ရန်သူ
ထပ်ရောက်လာပြန်ပြီး "ကျိုးယွ"ီ (Zhou Yu) အားလာဖမ်းခြင်းဖြစ်ကြောင်း အော်ပြောကြသည်။

711
"ချန်ဖ"ူ (Cheng Pu) သည် သူ၏အမှုထမ်းတို့နှင့်တိုင်ပင်ကာ တောင်ပိုင်းသို့ပြန်လည
ှ့်ပြီး "စွန်းချွမ်"(Sun
Quan) ၏သဘောထားကိုမေးကြရန် တွေးလေသည်။ "ကျိုးယွီ"(Zhou Yu) မှာ
နေမကောင်းဖြစ်နေသော်လည်း စစ်တပ်ကြီးကိုထိန်းချုပ်ထားဆဲဖြစ်သည်။ မည်သမ
ျှူမပြောပြသော်လည်း
ရန်သက
ူ နေ့တိုင်း စခန်းသို့ရောက်လာသည့်အကြောင်းကိုသိလေသည်။ တစ်ရက်သော် "ချောင်ရန်"(Cao
Ren) ကိုယ်တိုင်ရောက်လာပြီး ဗုံတို့ ကိုတီးစေကာ အော်ဟစ်ပြီးစိန်ခေါ်ကြသည်။ သို့သော်လည်း
"ချန်ဖ"ူ (Cheng Pu) က စိန်ခေါ်မှုကိုလက်မခံပဲ အခြားသောသူတို့ ကိုလည်း ပေးမထွက်ပေ။

"ကျိုးယွ"ီ (Zhou Yu) သည် သူ့အမှုထမ်းတို့ကိုခေါ်လိုက်ပြီး

"ဗုံသေ
ံ တွ၊ အော်သံတွေကဘာတွေလဲ" ဟုမေးသည်။

"စစ်သားတွေ စစ်ရေးလေ့ကျင့်နေကြတာပါ"

ထိုအခါ "ကျိုးယွ"ီ (Zhou Yu) မှာ ဒေါသဖြင့်

"ဘာလို့ ကျုပ်ကုလ
ိမ်တာလဲ။ ရန္သေ
ူ တွက ကျုပ်တို့ ဆီလာပြီး ဆဲရေးနေတာ ကျုပ်မသိဘူးမှတ်နေလား?
ဒါကို ချန်ဖူ(Cheng Pu) က ဘာမှမလုပ်ပဲငြိမ်ခံနေရလား" ဟု ပြောပြီး "ချန်ဖ"ူ (Cheng Pu) ကိုခေါ်ကာ
မေးသည်။ "ချန်ဖူ"(Cheng Pu) မှ

"စစ်သူကြီးက နေမကောင်းဖြစ်နေပြီး သမားတော်က ဒေါသမထွက်စေနဲ့လို့ ပြောထားလို့


ရန္သေ
ူ တွလာပြီးစိန်ခေါ်တဲ့အကြောင်းကို စစ်သူကြီးကိုပေးမသိတာပါ" ဟုပြောသည်။

"မတိုက်ဘူး ဆိုရင် ဘာလုပ်ကြမလဲ"

အကုန်လုံးကလည်း တောင်ပိုင်းသို့ ပြန်ပြီး ဒဏ်ရာပြန်ကောင်းမှသာ


စစ်ချီတက်သင့်ကြောင်းပြောကြလေသည်။ "ကျိုးယွ"ီ (Zhou Yu) သည် နားထောင်နေပြီးနောက်

"သစ္စာရှိအမှုထမ်းဆိုတာ သူ့သခင်ပေးတာကိုစားပြီးရင် သေရင်လည်း စစ်ပွဲမှာပဲသေသင့်တယ်။


အဲ့လိုမျိုးလူမှ ဂုဏ်ရှိတာ။ ကျုပ်က ကျုပ်သခင်ရဲ့အကြံအစည်ကုဖ
ျိက်စီးမယ့်လူစားမျိုးထင်လို့လား" ဟု
အော်ပြောလေသည်။ ထိုသို့ ပြောပြီးနောက် ချပ်ဝတ်တန်ဆာတို့ ကိုဝတ်ဆင်ကာ မြင်းစီးပြီး
မြင်းသည်တော်ရာဂဏန်းခန့်ဖြင့်ထွက်ကာ ရန်သူနှင့်တွေ့သည်။ ထိုအချိန်တွင် "ချောင်ရန်"(Cao Ren)
သည်

"ကျိုးယွ(ီ Zhou Yu) ၊ ခင်ဗျားသေနေ့စေ့နေပြီ။ ကျုပ်စစ်တပ်ကိုတောင် ရင်မဆိုင်ဝံ့ဘူးလား"


ဟုအော်ပြောနေသည်။ ၎င်းကိုကြားသော "ကျိုးယွီ"(Zhou Yu) သည် သည်းမခံနိုင်တော့ပဲ ရှေ့သို့ထွက်ကာ

"ကျုပ်က ဒီမှာပဲ" ဟု ပြောလေသည်။

712
"ချောင်ရန်"(Cao Ren) သည် သူ၏နောက်လိုကေ
် နာက်ပါတို့ အား

"ကျိုးယွ(ီ Zhou Yu) ကိုဒေါသထွကေ


် အာင် လုပ်ကြရအောင်" ဟုပြောပြီး အကုန်လုံးဝိုင်းကာ
ဆဲရေးကြလေသည်။ "ကျိုးယွ"ီ (Zhou Yu) သည် ဒေါသထွကြ် ပီး "ဖန်ကျန်း"(Pan Zhang) ကို
လွှတ်ကာတိုက်စေသည်။ နှစ်ဦးနှစ်ဖက်မတိုက်နိုင်ခင်မှာပင် "ကျိုးယွ"ီ (Zhou Yu) သည်
ရုတတ
် ရတ်အော်ကာလဲကျသွားပြီး ပါးစပ်မှသွေးတို့ထွက်လာသည်။

"ချောင်ရန်"(Cao Ren) သည် ရန်သူ၏တပ်ကိုဖိကာတိုက်လေသည်။ တောင်ပိုင်းတပ်တို့ လည်း


ရန်သန
ှူင့်တိုက်ပြီးနောက် "ကျိုးယွ"ီ (Zhou Yu) အား စခန်းအတွင်းသို့ ပြန်ခေါ်သွားသည်။

"ချန်ဖ"ူ (Cheng Pu) မှ

"စစ်သူကြီး သက်သာသွားပြီလား" ဟုမေးသည်။ "ကျိုးယွ"ီ (Zhou Yu) မှ

"ဒါ ကျုပ်တမင်လုပ်တာ" ဟုပြောလေသည်။

"ဘာအတွက်ကြောင့်လ"ဲ

"ကျုပ် အင်မတန်နေမကောင်းဖြစ်နေတာမဟုတ်ဘူး။ ဒါပေမယ့် အဲ့လိုဟန်ဆောင်ပြပြီး ရန်သူတွေက


ကျုပ်အပြင်းအထန်နေမကောင်းဖြစ်နေတယ်ဆိုတာကိုယုံအောင်လို့ ။ ပြီးရင်
လူတချို့ကိုတပ်ပြေးဟန်ဆောင်ခိုင်းပြီး ရန်သဘ
ူ က်ကိုလွှတ်ပြီးတော့
ကျုပ်သေသွားတဲ့အကြောင်းသတင်းပို့ခိုင်းမယ်။ အဲ့လိုသာဆိုရင် ရန်သူတွေက ညဘက်မှာ
စခန်းကိုသေချာပေါက်လာတိုက်မှာပဲ။ အဲ့အတွက်ပြင်ဆင်ထားရင် ချောင်ရန်(Cao Ren) ကို
အလွယ်တကူဖမ်းမိနိုင်တယ်"

"စစ်သူကြီးရဲ့ အကြံအစည်က သင့်တော်ပါပေတယ်"

မကြာမီတွင် စခန်းထဲမှ ငိုသံများထွက်လာလေသည်။ စစ်သားတို့ က ငိုကြပြီး

"စစ်သူကြီးက ဒဏ်ရာနဲ့သေဆုံးသွားပြီ"

ဟု တစ်ယောက်ကိုတစ်ယောက်ပြောဆိုကြပြီး ဈာပနအတွက် ပြင်ဆင်မှုများပြုလုပ်လေသည်။

ထိုအချိန်တွင် "ချောင်ရန်"(Cao Ren) မှာ အခြားသောအမှုထမ်းတို့ နှင့်တုင


ိပင်နေသည်။ "ချောင်ရန်"(Cao
Ren) မှ

713
"ကျိုးယွ(ီ Zhou Yu) က စိတတ
ိုပြီး သူ့ဒဏ်ရာဟောင်းပွင့်သွားပြီး သွေးထွကသ
်ွားတယ်။ ခင်ဗျားတို့လည်း
အဲ့ဒါကိုတွေ့တယ်မလား။ သူမကြာခင် သေတော့မယ်နဲ့တူတယ်" ဟုပြောသည်။

ထိုအချိန်တွင် လူတချို့ရောက်လာသည်။ ထိုသူတို့ မှာ အရင်က "ချောင်ချောင်း"(Cao Cao) ၏စစ်တပ်တွင်


အမှုထမ်းခဲ့ကြသော စစ်သားများဖြစ်သည်။ "ချောင်ရန်"(Cao Ren) က ထိုသူတို့ ကို
စစ်ဆေးမေးမြန်းလေသည်။

ထိုသူတို့ က

"ကျိုးယွ(ီ Zhou Yu) ရဲ့ဒေါသကြောင့် ဒဏ်ရာပြန်ပွင့်သွားပြီး စခန်းထဲမှာသေဆုံးသွားတယ်။


ခေါင်းဆောင်တွေအကုန်လုံးအဖြူရောင်ဝတ်ထားပြီး ဈာပနအတွက် ပြင်ဆင်နေကြတယ်။ ကျွန်တော်တို့ကို
ဒုတိယစစ်သူကြီးက ကောင်းကောင်းမဆက်ဆံလို့ တပ်ကပြေးလာတာပါ" ဟုပြောကြသည်။

ဤသတင်းကိုကြားလျှင် "ချောင်ရန်"(Cao Ren) သည် ညဘက်တွင် ရန်သူ့ စခန်းကိုဝင်စီးရန်ပြင်ဆင်သည်၊


ဖြစ်နိုင်ရင် သေဆုံးသွားသော "ကျိုးယွ"ီ (Zhou Yu) ၏ခေါင်းကိုဖြတ်ပြီး မြို့တော်သို့ပို့ရန်ဖြစ်သည်။
"ချန်ကျောက်"(Chen Jiao) မှ

"ဒီစစ်ချီတက်တာကို နှောင့်နှေးမှုမရှိပဲလုပ်ရမယ်" ဟုပြောသည်။

ထို့ကြောင့် "နူကျင့်"(Niu Jin) ကို ရှေ့ပြေးတပ်၊ အလယ်တွင် "ချောင်ရန်"(Cao Ren) နှင့်


အနောက်ဘက်တွင် "ချောင်ဟန
ု"(Cao Hong) နှင့် "ချောင်ချွန်း"(Cao Chun) တို့ပါဝင်ကာ
စစ်ချီတက်ကြလေသည်။ "ချန်ကျောက်"(Chen Jiao) သည် စစ်သားအနည်းငယ်နှင့်
နန်ကျွ င်းကိုစောင့်နေနှင့်သည်။

တစ်ချက်တီးအချိန်တင
ွ် "ကျိုးယွ"ီ (Zhou Yu) ၏စခန်းနားရောက်သောအခါ
လူသူတိတ်ဆိတ်နေသည်ကိုမြင်သဖြင့် လှည့်စားခံလိုက်ရမှန်းသိသောအခါ ပြန်လှည့်ရန်ပြုသည်။
သို့သော်လည်း ကျယ်လောင်သောအချက်ပေးသံကြီးကြားလိုက်ရပြီးနောက်
အရပ်လေးမျက်နှာမှစစ်တပ်တို့ ထွက်လာသည်။ အရှေ့ဘက်တွင် "ဟန်တန်"(Han Dang) နှင့်
"ကျန်းချင်"(Jiang Qin) ၊ အနောက်ဘက်မှ "ကျိုးထိုက"် (Zhou Tai) နှင့် "ဖန်ကျန်း"(Pan Zhang) ၊
မြောက်ဘက်မှ "ချန်ဝ"ူ (Chen Wu) နှင့် "လွီမန်"(Lu Meng) နှင့် တောင်ဘက်မှ "ရွှီရှန်"(Xu Sheng) နှင့်
"တင်းဖုန်း"(Ding Feng) တို့ ထွက်လာပြီးတိုက်လေရာ "ချောင်ရန်"(Cao Ren) ၏တပ်မှာ
တစ်ဦးကိုတစ်ဦးမကူနိုင်ပဲ အစိတ်စိတ်အမွှာမွှာကွဲသွားသည်။

"ချောင်ရန်"(Cao Ren) သည် မြင်းသည်တော်အနည်းငယ်နှင့် ရန်သူကိုထိုး ဖောက်ပြီးနောက် လမ်းတွင်


"ချောင်ဟန
ု"(Cao hong) နှင့်တွေ့သည်။ ငါးချက်တီးအချိန်ခန့် နန်ကျွင်းနားသို့ ရောက်သောအခါ

714
"လင်ထုံ"(Lin Tong) လမ်းပိတ်ထားသည်ကြို မင်ရပြီး နှစ်ဦးနှစ်ဖက်တိုက်လေသည်။ ထိုအခါ
"ချောင်ရန်"(Cao Ren) သည် တခြားတစ်ဖက်မှပတ်ပြီးသွားရန်ပြုသော်လည်း "ကန်းနင်"(Gan Ning)
နှင့်တွေ့သဖြင့် နန်ကျွင်းသို့ပြန်မသွားရဲတော့ပဲ ရှန်းရန်သို့ သွားလေသည်။ တောင်ပိုင်းတပ်တို့ သည်
"ချောင်ရန်"(Cao Ren) နောက်သို့ အချိန်တစ်ခုအထိလိုက်တိုက်ပြီးနောက် ဆက်မလိုက်တော့ပေ။

"ကျိုးယွ"ီ (Zhou Yu) နှင့် "ချန်ဖ"ူ (Cheng Pu) တို့ သည် နန်ကျွင်းသို့ချီတက်ပြီး
မြို့နားသို့ ရောက်သွားသောအခါ မြို့ရိုးပေါ်တွင် အလံတို့ ကိုတွေ့လိုက်သဖြင့် အံ့ဩသွားကြသည်။
အံ့ဩ၍မဆုံးမီပင် မြို့ထဲမှ

"စစ်သူကြီး၊ ကျွန်တော်က အကြံပေးအရာရှိရဲ့အမိန့်အရ ဒီမြို့ကိုသိမ်းလိုက်ပါပြီ။ ကျွန်တော်က ချန်စန်းက


ကျောက်ယွင်(Zhao Yun) ပါ" ဟုပြောသည်။

"ကျိုးယွ"ီ (Zhou Yu) မှာ အင်မတန်ဒေါသထွကသ


်ွားပြီး မြို့ကိုတိုကရ
် န်အမိန့်ပေးလိုက်သည်။
သို့သော်လည်း မြို့တွင်းမှ မြားတို့ဖြင့်ပစ်သောကြောင့် မြို့ရိုးနားသို့မကပ်နိုင်ပေ။ ထို့ နောက်
ခဏတာတပ်ဆုတ်ပြီး အမှုထမ်းတို့နှင့်တိုင်ပင်ကြသည်။ ပြီးနောက် "ကန်းနင်"(Gan Ning) ကို
စစ်သားထောင်ဂဏန်းလောက်ဖြင့် ကျင်ကျိုးကိုသိမ်းစေပြီး "လင်ထ"ုံ (Lin Tong) ကို ရှန်းရန်အားသိမ်းရန်
အမိန့်ပေးလိုက်သည်။ ပြီးမှသာ နန်ကျွင်းကိုသိမ်းမည်ဖြစ်သည်။

ထိုသို့ အမိန့်ပေးနေစဉ်တွင် ဆက်သားရောက်လာကာ အလျင်အမြန်သတင်းပို့ သည်။

"နန်ကျွင်းကျသွားပြီးနောက် ကျူးကဲလျန့်(Zhuge Liang) က ရုတ်တရတ်အမိန့်စာထုတ်ပြီး


ကျင်ကျိုးကိုစောင့်နေတဲ့ရဲမက်တွေကို ချောင်ရန်(Cao Ren) ကိုသွားကယ်စေတယ်။ အဲ့အချိန်မှာ
ကျန်းဖေး(Zhang Fei) က မြို့ကိုသိမ်းလိုက်တယ်"

မကြာမီပင် နောက်ဆက်သားတစ်ဦးရောက်လာပြန်သည်။

"ရှန်းရန် မှာရှိတဲ့ ရှဟိုတွန်း(Xiahou Dun) က ကျူးကဲလျန့်(Zhuge Liang) ဆီက အမိန့် စာရခဲ့တယ်။


စာထဲမှာ ချောင်ရန်(Cao Ren) က ဒုက္ခရောက်နေပြီးစစ်ကူလိုတဲ့အကြောင်းပါတော့ ရှဟိုတွန်း(Xiahou
Dun) က စစ်ကူပေးဖို့ချီတက်သွားတဲ့အချိန်မှာ ကွမ်းယွီ(Guan Yu) က မြို့ကိုဝင်သိမ်းလိုက်တယ်"

"ကျိုးယွ"ီ (Zhou Yu) သိမ်းလိုသောမြို့နှစ်မြို့မှာ မည်သည့်အင်အားမျှမစိုက်ထုတ်လိုက်ရပါပဲနှင့်


ပြိုင်ဘက်ဖြစ်သော "လျူဘေ့"(Liu Bei) လက်ထဲသို့ရောက်သွားလေသည်။

"ကျိုးယွ"ီ (Zhou Yu) မှ

715
"ကျူးကဲလျန့်(Zhuge Liang) က တဖက်ရန်သက
ိုလှည့်စားတဲ့အမိန့် စာ ဘယ်ကရတာလဲ" ဟုမေးရင်
"ချန်ဖ"ူ (Cheng Pu) မှ

"သူ ချန်ကျောက်(Chen Jiao) ဆီက အမိန့် စာရသွားပြီး ဒီပြည်နယ်တစ်ခုလံုး ကိသ


ိုမ်းလိုက်ပုံရတယ်"
ဟုပြန်ဖြေသည်။

ထိုအခါ "ကျိုးယွ"ီ (Zhou Yu) သည် ကျယ်လောင်စွာ ဟစ်ကြွေးလေသည်။ ထိုအချိန်တွင် ရုတ်တရတ်


သူ့ဒဏ်ရာ ပြန်ပွင့်သွားသည်။

716
အခန်း(၅၂) "ကျူးကဲလျန့်"(Zhuge Liang) သည် "လူဆ"ု (Lu Su) ဆွေးနွေးညှိနှိုင်းခြင်း။
"ကျောက်ယွင"် (Zhao Yun) က ကွေ့ရန်ကိုသိမ်းယူခြင်း။

"ကျူးကဲလျန့်"(Zhuge Liang) ၏လုပ်ဆောင်မှုကြောင့် "ကျိုးယွ"ီ (Zhou Yu) မှာစိတ်ဆိုးပြီး


ဒဏ်ရာဟောင်းပွင့်သွားခဲ့လေသည်။ သို့သော်လည်း မကြာမီတွင်ပင် ပြန်သက်သာလာသောအခါ
အမှုထမ်းတို့က လာရောက်ကြပြီး "ကျိုးယွီ"(Zhou Yu) ကိုဖြောင်းဖျကြသည်။ သို့ သော်လည်း
"ကျိုးယွ"ီ (Zhou Yu) က

"အဲ့ကျူးကဲလျန့်(Zhuge Liang) သေမှသာလျှင် ကျုပ်ဒေါသကိုဖြေဆည်နိုင်မယ်။ ချန်ဖူ(Cheng Pu) သာ


ကျုပ်ကိုကူပြီးနန်ကျွင်းကိုတိုက်မယ်ဆိုရင် ကျုပ် ဒီနယ်မြေကိုတောင်ပိုင်းနယ်အတွက်သိမ်းပိုက်နိုင်မယ်"
ဟုပြောသည်။

ထိုအချိန်တွင် "လူဆ"ု (Lu Su) ဝင်လာရာ "ကျိုးယွီ"(Zhou Yu) မှ

"ကျုပ် လျူဘေ့(Liu Bei) ၊ ကျူးကဲလျန့်(Zhuge Liang) တို့နဲ့စစ်တုက


ိပြီး ဘယ်သူသာလည်းဆိုတာ
ဆုံးဖြတ်ရမယ်။ နောက်ပြီး မြို့တွေကိုလည်း ပြန်သိမ်းရမယ်။ ခင်ဗျား ကျုပ်ကိုကူညီပါ" ဟုပြောသည်။
သို့သော် "လူဆ"ု (Lu Su) က

"ဒါ လုပ်လို့မဖြစ်ဘူး ။ ကျွန်တော်တို့တွေက အခု ချောင်ချောင်း(Cao Cao) နဲ့ရန်စောင်နေတာ၊


အရှုံးအနိုင်မသိသေးဘူး။ နောက်ပြီး ကျွန်တော်တို့သခင်ကြီးက ဟဲဖေးမှာအောင်နိုင်မှုမရသေးဘူး။
အိမ်နားမှာရန်ဖြစ်ရင် ကိုယ့အ
် ချင်းချင်းပဲပျက်စီးလိမ့်မယ်။ ချောင်ချောင်း(Cao Cao) က
အဲ့ဒါကိုအခွင့်ကောင်းယူပြီးလာတိုက်ရင် ကျွန်တော်တို့ပဲ ဒုက္ခရောက်မှာ။ ဒါ့အပြင် လျူဘေ့(Liu Bei) နဲ့
ချောင်ချောင်း(Cao Cao) တို့ က အရင်က ခင်မင်ရင်းနှီးမှုရှိတယ်။ ဖိအားတအားများသွားရင် လျူဘေ့(Liu
Bei) က အဲ့မြို့တွေကို ချောင်ချောင်း(Cao Cao) ဆီ ဆက်သပြီး သူတို့ နှစ်ယောက်ပေါင်းပြီး
တောင်ပိုင်းကိုလာတိုက်မှ ကျွန်တော်တို့အကြီးအကျယ်ဘေးကြုံမယ်" ဟုပြောသည်။

"ကျုပ် စိတ်မတိုပဲမနေနိုင်ဘူး။ သူတို့ တွေက ကျုပ်တို့ ရဲ့အင်အားကိုအသုံးချပြီး


သူတို့ အကျိုးအမြတ်ရအောင်လုပ်သွားတယ်"

"ကျွန်တော် လျူဘေ့(Liu Bei) နဲ့သွားတွေ့ပြီး ညှိနှိုင်းကြည့်တာပေါ့။ အဆင်မပြေမှပဲ


တခါတည်းစစ်တိုကဖ
ို့လုပ်တာပေါ့"

"အဲ့အကြံကောင်းတယ်"

သို့နှင့် "လူဆ"ု (Lu Su) သည်လည်း နန်ကျွင်းသို့ သွားသောအခါ "ကျောက်ယွင်"(Zhao Yun)


မှထက
ွ်လာပြီး စကားပြောသည်။

717
"ကျွန်တော် လျူဘေ့(Liu Bei) နဲ့ပြောစရာရှိတယ်။ သူနဲ့တွေ့ပါရစေ"

"ကျွန်တော့်သခင်ကြီးနဲ့ ကျူးကဲလျန့်(Zhuge Liang) က အခု ကျင်ကျိုးမှာ"

ထိုအခါ "လူဆ"ု (Lu Su) သည် ကျင်ကျိုးသို့အမြန်လိုကသ


်ွားသည်။ ကျင်ကျိုးသို့ရောက်သောအခါ
အလံတို့ကို တံတိုင်းပေါ်တွင် စိုက်ထူထားပြီး စနစ်တကျဖွဲ့စည်းထားသည်ကိုမြင်သောအခါ "လူဆ"ု (Lu Su)
စိတထ
်ဲတွင်လေးစားသွားသည်၊ ထိုတပ်၏ခေါင်းဆောင်မှာ အင်မတန်အရည်အချင်းရှိသောသူဟူ၍
တွေးမိသည်။

အစောင့်တို့ က ဧည့်သည်ရောက်လာကြောင်း အကြောင်းကြားသောအခါ "ကျူးကဲလျန့်"(Zhuge Liang)


က အစောင့်တို့ အား ဂိတတ
်ံခါးကိုဖွင့်ပြီးနောက် "လူဆ"ု (Lu Su) ကိုကြိုဆိုစေသည်။
အချင်းချင်းနှုတ်ဆက်စကားပြောပြီး နေရာအသီးသီးတွင်ထိုင်ကြသည်။ လက်ဖက်ရည်သောက်ပြီးနောက်
"လူဆု"(Lu Su) မှ

"ကျွန်တော့်သခင် နယ်စားကြီးစွန်းချွမ်(Sun Quan) နဲ့ သူ့စစ်သူကြီး ကျိုးယွီ(Zhou Yu) တို့ က


ကျွန်တော့်ကိုဒီလတ
ွှ်လိုက်ပြီး သူတို့ ရဲ့ဆန္ဒကိုထုတ်ဖော်ပြောခိုင်းစေလိုက်တာပါ။ ချောင်ချောင်း(Cao Cao)
တောင်ပိုင်းကိုဝင်တိုက်တုန်းက သူက တောင်ပိုင်းပြည်နယ်ကိုသိမ်းဖို့ အတွကလ
ို့ပြောပေမယ့်
တကယ်တော့ လျူဘေ့(Liu Bei) ကိုချေမှုန်းမလို့ ပဲမဟုတ်လား။ ကျွန်တော်တို့ စစ်တပ်တွေက
ရန္သေ
ူ တွကိုချေမှုန်းခဲ့ပြီး သူ့ကိုကယ်ခဲ့တယ်။ ကျင်ကျိုးရဲ့ နယ်မြေကိုးခုနဲ့မြို့နယ် ၄၂ ခုက
ကျွန်တော်တို့ နယ်မြေဖြစ်ရမှာလေ။ ဒါပေမယ့် ခင်ဗျားတို့သခင်က သစ္စာဖောက်ပြီး
ကျင်ကျိုးနဲ့ရှန်းရန်ကိုသိမ်းလိုက်တယ်၊ အဲ့တော့ ကျုပ်တို့ ရဲ့စားနပ်ရိက္ခာနဲ့စစ်တပ်တွေကသုံးပြီး
ဘာအကျိုးမှမရှိပဲဖြစ်သွားတယ်။ ဦးရီးတော်ကတော့ အကျိုးအမြတ်တွေအများဆုံးရသွားတယ်။
အဲ့ဒါမဖြစ်သင့်ဘူးလေ" ဟုဆသ
ို ည်။

"ကျူးကဲလျန့်"(Zhuge Liang) မှ

"လူဆု(Lu Su) ၊ ခင်ဗျားက ဉာဏ်ရည်ထူးချွန်တ့လ


ဲူတစ်ယောက်ပဲ။ ဘာလို့ များ ဒီလိုစကားပြောရတာလဲ?
ဒီနယ်မြေတွေက ခင်ဗျားတို့ တောင်ပိုင်းပြည်နယ်ပိုင်တဲ့အရာမဟုတ်ပါဘူး။ ဒါက လျူပြောင်း(Liu Biao)
ရဲ့နယ်မြေပဲ။ သူသေသွားပြီဆိုပေမယ့် သူ့သားရှိနေသေးတယ်လေ။ ဦးလေးက တူကိုကူပြီးတော့
နယ်မြေသိမ်းပေးတာမဖြစ်သင့်ဘူးလား? ဘာလို့ ကျုပ်သခင်က ဒီလိုမလုပ်ရမှာလဲ" ဟု ပြန်ပြောလေသည်။

"အကယ်၍ သင့်တော်တဲ့ရာထူးဆက်ခံသူ လျူချီ(Liu Qi) သာ ဒီနယ်မြေတွေကိုသိမ်းရင်


ဘာမှပြောစရာမရှိပါဘူး။ ဒါပေမယ့် သူက အခုဒီမှာမှမဟုတ်တာ၊ ကျန်းရှာမှာလေ"

718
"ခင်ဗျား သူနဲ့ တွေ့ချင်လား"

ထို့နောက် အစောင့်တို့ အား "လျူချီ"(Liu Qi) ကိုခေါ်လာရန်အမိန့်ပေးလိုက်သည်။ မကြာမီတွင်ပင်


အစေခံနှစ်ဦးတို့က "လျူချီ"(Liu Qi) အားတွဲပြီးထွက်လာသည်။ "လျူချီ"(Liu Qi) မှ

"ကျွန်တော်က သင့်တော်တဲ့နှုတ်ဆက်မှုတွေလုပ်ဖို့နေထိုင်မကောင်းဖြစ်နေတဲ့အတွက်တောင်းပန်ပါတယ်။
ကျွန်တော့်ကိုခွင့်ပြုပါဦး၊ လူဆ(ု Lu Su) " ဟုပြောလေသည်။ "လူဆ"ု (Lu Su) မှာ အံ့အားသင့်သွားပြီး
ကြက်သေသေသွားသည်။

သို့သော်လည်း မကြာမီတွင်ပင် "လူဆ"ု (Lu Su) မှ

"အကယ်၍ ဒီနယ်မြေကိုဆက်ခံတဲ့လက
ူ မရှိတော့ရင်ရော?" ဟုပြောသည်။

"လျူချီ(Liu Qi) က ဒီမှာ အမြဲရှိနေတာပဲ။ သူမရှိရင်တော့ အဲ့အချိန်မှပဲပြောကြတာပေါ့"

"သူသာသေဆုံးသွားခဲ့ရင် ဒီမြို့တွေကို ကျုပ်တို့ လက်ထဲပြန်အပ်ရမယ်"

"ခင်ဗျားပြောတာ မှန်ပါတယ်"

ထို့နောက် စားစရာတို့ ဖြင့်ကျွေးမွေးဧည့်ခံသည်။ စားသောက်ပြီးနောက်ဝယ် "လူဆ"ု (Lu Su) သည်


သူ၏စခန်းသို့ ပြန်သွားပြီး "ကျိုးယွီ"(Zhou Yu) အားအကျိုးအကြောင်းပြောလေသည်။ "ကျိုးယွ"ီ (Zhou Yu)
မှ

"လျူချီ(Liu Qi) သေဖို့ ဆိုတာဖြစ်နိုင်လို့ လား? သူက အခုမှ လူငယ်ပဲလေ။ ဘယ်အချိန်မှများ


ကျုပ်တို့အဲ့မြို့တွေရမှာလဲ" ဟုပြောသည်။

"စစ်သူကြီး၊ စိတ်မပူပါနဲ့။ အဲ့မြို့တွေ ကျွန်တော်တို့လက်ထဲပြန်ရောက်လာမယ်လို့ အာမခံတယ်"

"ခင်ဗျားက ဘာလို့ အာမခံနိုင်တာလဲ"

"လျူချီ(Liu Qi) နဲ့ မိန်းမနဲ့ယာမကာမှာမွေ့လျော်လွန်းတယ်။ သူက


အဲ့လိုမကောင်းတာတွေလိုက်စားတဲ့အတွက် ကျန်းမာရေးက မကောင်းဘူး။
နှစ်ဝက်တောင်လိုမယ်မထင်ဘူး။ ပြီးရင် ကျွန်တော် လျူဘေ့(Liu Bei) ဆီသွားပြီးပြောရင်
သူတို့ လည်းငြင်းဖို့မဖြစ်နိုင်တော့ဘူး"

သို့သော်လည်း "ကျိုးယွ"ီ (Zhou Yu) မှာ စိတ်ဆိုးမပြေသေးပေ။

719
ထိုအချိန်တွင် "စွန်းချွမ်"(Sun Quan) ထံမှဆက်သားရောက်လာပြီး

"သခင်ကြီးက ဟဲဖေးကိုတိုက်နေတာ တိုက်ပွဲတွေသုံးလေးပွဲလောက်တိုက်ပြီးသွားပေမယ့်လည်း


အောင်မြင်မှုမရသေးဘူး။ ဒါကြောင့် စစ်သူကြီးကို ဒီကနေဟဲဖေးကိုလာပြီး
စစ်ကပ
ို့ဖို့တောင်းဆိုထားပါတယ်" ဟုပြောသည်။

ထိုအခါ "ကျိုးယွ"ီ (Zhou Yu) သည် ချိုင်စန်းသို့သွားပြီး အိမ်သို့ ရောက်သောအခါဝယ်


သူ၏ကျန်းမာရေးကိုပို၍ဂရုစိုကေ
် လသည်။ ထို့နောက် "ချန်ဖူ"(Cheng Pu) အား
ရေတပ်၊ကြည်းတပ်တို့ ကိုဦးဆောင်စေပြီး ဟဲဖေးသို့လွှတ်လိုက်သည်။

"လျူဘေ့"(Liu Bei) သည် နယ်မြေအသစ်ကိုအုပ်ချုပ်ရသဖြင့်ကျေနပ်ပြီး မကြာမီတွင်ပင်


သူ၏ရည်ရွယခ
်ျက်တို့ပိုကြီးမားလာသည်။ ထိုအချိန်တွင် လူတစ်ယောက် ရောက်လာပြီး "လျူဘေ့"(Liu
Bei) အားအကြံပေးသည်။ ထိုသမ
ှူာ "ယီကျီ"(Yi Ji) ဖြစ်သည်။ "လျူဘေ့"(Liu Bei) က "ယီကျီ"(Yi Ji)
အား ကောင်းမွန်စွာဆက်ဆံသည်။ "ယီကျီ"(Yi Ji) မှ

"ခင်ဗျားက ဒီထက်ကြီးမားတဲ့လပ
ုဆောင်မှုတွေလုပ်ချင်တာမဟုတ်လား။ တခြား
ဉာဏ်ပညာကြီးသူတွေရဲ့အကြံတွေတောင်းခံကြည့်ပါလား" ဟုပြောသည်။

"အဲ့လိုပညာရှိတွေ ဘယ်မှာသွားရှာရမလဲ"

"ဒီနယ်မြေမှာ မာမျိုးရိုးမိသားစုတစ်စုရှိတယ်။ အဲ့မိသားစုမှာ ညီအစ်ကိုငါးယောက်ရှိပြီး


သူတို့ တွေအကုန်လုံးက အရည်အချင်းရှိကြသူတွေအဖြစ်နာမည်ကြီးတယ်။ အငယ်ဆုံးကတော့ မာဆု(Ma
Su) လို့ခေါ်တယ်၊ သူတို့ ထဲမှာ အတော်ဆုံးကတော့ အဖြူရောင်မျက်ခုံးမွှေးရှိတဲ့ မာလျန့်(Ma liang) ပဲ။
ဒါကြောင့် ရွာသားတွေက 'မာမိသားစုမှာ သားငါးယောက်ရှိပေမယ့် မျက်ခုံးဖြူက အတော်ဆုံးပဲ' ဆိုပြီး
ပြောစမှတ်ရှိကြတယ်။ ခင်ဗျားသာ အဲ့လူရဲ့အကူအညီနဲ့ ခင်ဗျားကိုကူညီပြီး အစီအစဉ်တွေရေးဆွဲစေပါ"

ထို့ကြောင့် "လျူဘေ့"(Liu Bei) ကလည်း ထိုသူကိုဖိတ်ခေါ်စေလိုက်သည်။ "မာလျန့်"(Ma Liang)


ရောက်လာသောအခါ "လျူဘေ့"(Liu Bei) မှ တလေးတစားနှင့်တွေ့ဆုံသည်။

"မာလျန့်"(Ma Liang) အား


လက်ရှိသိမ်းပိုက်ထားသောနယ်မြေလုံခြုံမှုအတွက်မည်သို့လုပ်ဆောင်ရမည်ကိုမေးရာ "မာလျန့်"(Ma
Liang) မှ

"ဒီနယ်မြေက ဘက်ပေါင်းစုံက အတိုက်ခံရနိုင်တယ်၊ ဒါကြောင့် ဒီနေရာက


အမြဲတမ်းလုံခြုံနိုင်တဲ့နေရာမဟုတ်ဘူး။ ခင်ဗျားက လျူချီ(Liu Qi) ကို ဒီမှာပဲ

720
သူနေပြန်ကောင်းလာတဲ့အထိနေစေပါ။ ဒါပေမယ့် ဒီနယ်မြေကိုစောင့်ကြပ်ဖို့ တာဝန်ကိုတော့
ယုံကြည်စိတ်ချရတဲ့လူလက်ထဲလွှဲထားမှရမယ်။ အဲ့လူကို ဒီနယ်မြေရဲ့ကာကွယ်စောင့်ရှောက်သူအဖြစ်
နန်းတွင်းက အမိန့် စာရအောင်လုပ်ပြီး ပြည်သူတွေစိတ်ချမ်းသာအောင်လုပ်ရမယ်။ ပြီးရင်တော့ ဝူလင်၊
ချန်ရှ၊ ကွေ့ရန်နဲ့ လင်းလင်တို့ကိုသိမ်းရမယ်။ အဲ့ဒါတွေကရတဲ့ အရင်းအမြစ်တွေကို အသုံးချပြီးတော့
နောက်ထပ်စီမံကိန်းအသစ်တွေလပ
ုဆောင်ရမယ်။ ဒါက ခင်ဗျားလုပ်ရမယ့် မူဝါဒပဲ" ဟုပြောသည်။

"အဲ့နယ်မြေတွေထဲမှာ ဘယ်နယ်မြေကိုအရင်သိမ်းသင့်လဲ"

"အနီးဆုံးကတော့ ရှန်မြစ်အနောက်ဘက်က လင်းလင်ပဲ။ ပြီးရင် ဝူလင်၊ ပြီးမှ ကျန်တဲ့နှစ်နေရာလာတယ်"

ထို့နောက် "မာလျန့်"(Ma Liang) ကို နယ်စားလက်ထောက်၊ "ယီကျီ"(Yi Ji) ကို "မာလျန့်"(Ma Liang)
ပြီးလျှင် ဒုတိယအနေဖြင့်တာဝန်ပေးသည်။ ထို့နောက် "လျူဘေ့"(Liu Bei) သည် "လျူချီ"(Liu Qi) အား
ရှန်းရန်သို့ ပို့မည့်အကြောင်းကို "ကျူးကဲလျန့်"(Zhuge Liang) နှင့်တုင
ိပင်သည်။ သို့မှသာ
"ကွမ်းယွ"ီ (Guan Yu) ပြန်လာနိုင်မည်ဖြစ်သည်။ ပြီးနောက် လင်းလင်ကိုတိုက်ရန်
ပြင်ဆင်မှုများပြုလုပ်လေသည်။ "ကျန်းဖေး"(Zhang Fei) ကို ရှေ့ပြေးတပ်ဦးဆောင်ခိုင်းပြီး
"ကျောက်ယွင်"(Zhao Yun) ကို တပ် နောက်ပိုင်းအားစောင့်ကြပ်စေကာ "လျူဘေ့"(Liu Bei) နှင့်
"ကျူးကဲလျန့်"(Zhuge Liang) တို့သည် ပင်မတပ်ကိုဦးဆောင်ကာ ချီတက်ကြသည်။
ကျင်ကျိုးမြို့ကိုကာကွယ်ရန် စစ်သား တစ်သောင်းခွဲထားခဲ့လေသည်။ "မီကျူ"(Mi Zhu) နှင့် "လျူဖုန်း"(Liu
Feng) ကိုမူ ကျန်းလင်ကိုကာကွယ်ခိုင်းထားသည်။

လင်းလင်မြို့စားမှာ "လျူတု"(Liu Du) ဖြစ်သည်။


ရန်သ၏
ူ စစ်တပ်ကြီးစစ်ချီတက်လာသည်ဟူသောသတင်းကိုကြားလျှင် သားဖြစ်သူ "လျူရှန်"(Liu Xiang)
ကိုခေါ်ကာတိုင်ပင်သည်။ "လျူရှန"် (Liu Xiang) မှ ယုံကြည်မှုအပြည့်ဖြင့်

"အဖေ၊ စိတ်မပူပါနဲ့။ သူတို့ ဘက်မှာ နာမည်ကြီးစစ်သူကြီး ကျန်းဖေး(Zhang Fei) နဲ့ ကျောက်ယွင(် Zhao
Yun) ပါတဲ့ဆိုပေမယ့် ကျွန်တော်တို့ ဘက်မှာလည်း တခြားလူတွေဘယ်သမ
ှူမယှဉ်နိုင်တဲ့ စစ်သူကြီး
ရှင်းတရုံ(Xing Darong) ရှိတယ်။ သူ ရန်သူတွေကိုပြန်ခုခံနိုင်မှာပါ" ဟုပြောသည်။

သို့နှင့် ကာကွယ်ရေးတာဝန်ကို ထိုစစ်သြူ ကီးလက်သို့ အပ်လိုက်သည်။


စစ်တပ်အင်အားတစ်သောင်းတို့ သည် မြို့ပြင်
တောင်ကုန်းနှင့်မြစ်ချောင်းတို့ ကိုအကာအကွယ်ယူနိုင်သည့်နေရာတွင် စခန်းချထားသည်။
ကင်းထောက်တို့ က "ကျူးကဲလျန့်"(Zhuge Liang) သည် အနီးအနားပတ်ဝန်းကျင်တင
ွ်ရောက်နေကြောင်း
သတင်းလာပို့ ရာ "ရှင်းတရု"ံ (Xing Darong) ကထွကြ် ပီးတိုက်ခိုက်ရန် ဆုံးဖြတ်လိုက်သည်။

721
တပ်ဖွဲ့နှစ်ဦးနှစ်ဖက်ရင်ဆိုင်မိသောအခါ "ရှင်းတရုံ"(Xing Darong) သည်
အရှေ့သို့ ရဲတင်းကိုကိုင်ကာထွကလ
်ာပြီး ကြီးမားကျယ်လောင်သောအသံဖြင့်

"သူပုန်တွေ၊ ဘာလို့ ကျုပ်တို့ နယ်မြေထဲဝင်လာကြတာလဲ" ဟုမေးသည်။

တစ်ဖက်တပ်ဖွဲ့မှ အဝါရောင်အလံတို့ ပေါ်လာပြီး ဘီးလေးလုံးပါသောကုလားထိုင်တွင်ထုင


ိနေကာ
အဖြူရောင်ဝတ်ထားပြီး ခေါင်းတွင်ဦးထုပ်ဆောင်းထားသည့်လူတစ်ဦးထွက်လာသည်။ ထိုသူ၏လက်တွင်
ယပ်တောင်ကုက
ိုင်ထားပြီး ရဲမက်တို့ ကိုအမိန့် ပေးနေသည်။ တစ်ချိန်ထဲတွင်ပင် ထိုသက

"ကျွန်တော်က နန်ရန်က ကျူးကဲလျန့်(Zhuge Liang) ပါ။ ကျုပ်က ချောင်ချောင်း(Cao Cao)


ရဲ့စစ်တပ်ကြီးကိုချေမှုန်းဖို့ အစီအစဉ်တွေလုပ်ခဲ့တာ၊ ခင်ဗျားက ကျုပ်ကုဘ
ိ ယ်လိုဆန့်ကျင်နိုင်မလဲ?
ဒါကြောင့် ကျုပ်က ငြိမ်းချမ်းရေးကမ်းလှမ်းပါတယ်၊ လက်နက်ချလိုက်ရင် ခင်ဗျားအတွက်ပိုကောင်းမယ်"
ဟုပြောသည်။

"ရှင်းတရု"ံ (Xing Darong) က ရယ်မောကာ

"သူတို့တွေစစ်ရှုံးသွားတာက ကျိုးယွ(ီ Zhou Yu) ရဲ့စီမံမှုကြောင့်ပဲ၊ ခင်ဗျားနဲ့ဘာမှမဆိုင်ဘူး။


ကျုပ်ကိုလာလိမ်ချင်သေးတယ်" ဟုပြောကာ ရဲတင်းကိုကိုင်ပြီး "ကျူးကဲလျန့်"(Zhuge Liang)
အနီးသို့ ကပ်လာသည်။

သို့သော်လည်း "ကျူးကဲလျန့်"(Zhuge Liang) သည် သူ၏လှည်းယာဉ်ဖြင့်အနောက်သို့ ပြန်ဝင်သွားပြီး


စစ်သားတို့က ပိတလ
ိုက်သည်။ "ရှင်းတရု"ံ (Xing Darong) ကလည်း အနောက်မှလိုက်လေသည်။
စစ်သားတို့က "ရှင်းတရုံ"(Xing Darong) ဝင်လာလျှင် လမ်းဖယ်ပေးလိုက်သည်။ "ရှင်းတရု"ံ (Xing
Darong) သည် အဝါရောင်အလံကိုမြင်လျှင် ထိုနေရာတွင် "ကျူးကဲလျန့်"(Zhuge Liang)
ရှိသည်အမှတ်ဖြင့် ထိုနေရာသို့လိုက်လေသည်။ ထိုအလံသည် တောင်ကုန်းတစ်ခုပေါ်သို့ရောက်သောအခါ
ရပ်သွားသည်။ လှည်းယာဉ်မှာလည်း ပျောက်ကွယ်သွားပြီး ထိုနေရာတွင် မြင်းစီးထားပြီး
မြွေလံက
ှ က
ိုင်ထားသော သူရဲကောင်းတစ်ဦးထွက်လာသည်၊ ထိုသူမှာ "ကျန်းဖေး"(Zhang Fei)
ပင်ဖြစ်သည်။ "ကျန်းဖေး"(Zhang Fei) သည် ကျယ်လောင်စွာဟစ်အော်ပြီး "ရှင်းတရုံ"(Xing Darong)
ဆီသို့ အဟုန်ဖြင့်စီးသွားသည်။

"ရှင်းတရံ"ု (Xing Darong) သည်လည်း သူ၏ရဲတင်းကိုကိုင်ကာ "ကျန်းဖေး"(Zhang Fei)


နှင့်ရင်ဆိုင်သည်။လေးငါးကွက်ခန့်တိုက်ပြီးနောက်ဝယ် "ရှင်းတရုံ"(Xing Darong) မှာ မနိုင်မှန်းသိသဖြင့်
အနောက်ဘက်သို့ လှည့်ပြေးသည်။ "ကျန်းဖေး"(Zhang Fei) ကလည်း
ကျယ်လောင်သောအသံဖြင့်အော်ဟစ်ရင်း အနောက်မှလိုက်သည်။ ထိုအချိန်တွင်
ကင်းပုန်းတပ်တို့ပေါ်လာရာ "ရှင်းတရုံ"(Xing Darong) မှာ ထိုတပ်ကိုထိုးဖောက်ကာထွက်ရန်လုပ်သည်။

722
သို့သော်လည်း နောက်ထပ်သူရဲကောင်းတစ်ဦးပေါ်လာပြီး

"ခင်ဗျား ကျုပ်ကုသ
ိလား? ကျုပ်က ချန်စန်းက ကျောက်ယွင(် Zhao Yun) ပဲ" ဟုပြောသည်။

"ရှင်းတရု"ံ (Xing Darong) မှာ ထွက်ပြေး၍မလွတ်သည့်အပြင် တိုကလ


် ည်းမတိုက်နိုင်သလို
ကောင်းကင်ပေါ်သို့လည်းမပျံနိုင်သဖြင့် လက်နက်ချလိုက်သည်။ "ရှင်းတရု"ံ (Xing Darong) အား
"လျူဘေ့"(Liu Bei) နှင့် "ကျူးကဲလျန့်"(Zhuge Liang) တို့ ရှိရာစခန်းသို့ ခေါ်သွားသည်။ "လျူဘေ့"(Liu
Bei) က ကွပ်မျက်ရန်အမိန့် ပေးလိုက်သော်လည်း "ကျူးကဲလျန့်"(Zhuge Liang) က
အလောတကြီးဝင်တားလိုက်သည်။ "ကျူးကဲလျန့်"(Zhuge Liang) မှ

"ခင်ဗျားသာ လျူရှန်(Liu Xiang) ကိုဖမ်းနိုင်ရင် ခင်ဗျားလက်နက်ချတာကိုလက်ခံမယ်" ဟုပြောသည်။


"ရှင်းတရု"ံ (Xing Darong) သည်လည်း ၎င်းကိုလက်ခံလိုက်သည်။

"ကျူးကဲလျန့်"(Zhuge Liang) က မည်သို့ စီမံထားကြောင်းမေးရာ "ရှင်းတရုံ"(Xing Darong) မှ

"ခင်ဗျားသာ ကျွန်တော့်ကိုပြန်လွှတ်ပေးမယ်ဆိုရင် ဒီညနေ ကျုပ်တို့ စခန်းကိုလာတိုက်ရင် ကျုပ်က


ခင်ဗျားကိုအတွင်းကနေကူပေးပါ့မယ်။ ပြီးရင် လျူရှန်(Liu Xiang) ကိုဖမ်းလိုက်မယ်။ လျူရှန်(Liu Xiang)
ကိုဖမ်းရင် သူ့အဖေလည်းလက်နက်ချမှာပဲ" ဟုပြောသည်။

"လျူဘေ့"(Liu Bei) က မယုံကြည်သော်လည်း "ကျူးကဲလျန့်"(Zhuge Liang) မှ

"ရှင်းတရု(ံ Xing Darong) က မလိမ်ဘူး" ဟုပြောလေသည်။

"ရှင်းတရု"ံ (Xing Darong) သည် သူ၏စခန်းသို့ရောက်သောအခါ


အဖြစ်အပျက်အလုံးစုံကိုပြန်ပြောလိုက်သည်။ "လျူရှန"် (Liu Xiang) မှ

"ဒါဆို ကျုပ်တို့ ဘယ်လိုလုပ်မလဲ" ဟုမေးရာ

"လှည့်ဖြားမှုကုလ
ှိည့်ဖြားမှုနဲ့ အနိုင်ယူမယ်။ စစ်သားတွေကို ကင်းပုန်းတိုက်ဖို့ စောင့်ခိုင်းထားပြီး
စခန်းကိုတော့ ဘာမှမပြောင်းလဲသလိုလပ
ုထားရမယ်။ ကျူးကဲလျန့်(Zhuge Liang) သာရောက်လာရင်
သူ့ကိုဖမ်းနိုင်တာပေါ့" ဟုပြောသည်။

သို့နှင့် ကင်းပုန်းတပ်ဖွဲ့ထားလိုက်လေသည်။ ညနှစ်ချက်တီးအချိန်တွင် ရန်သူတို့ရောက်လာသည်။


ထိုသူတို့ တွင် မီးတုတ်များကိုင်ထားပြီး နေရာအနှံ့ကိုမီးတို့ဖြင့်ရှို့ လေသည်။ "လျူရှန"် (Liu Xiang) နှင့်
"ရှင်းတရု"ံ (Xing Darong) တို့ကလည်း ထွက်ပြေးရာ အနောက်ဘက်မှ သူရဲကောင်းနှစ်ဦးကလည်း

723
လိုက်လေသည်။ သုံးမိုင်ခန့်အကွာတွင် ထွကေ
် ပြးနေသော လူနှစ်ဦးက ရုတ်တရတ်ပျောက်သွားရာ
နောက်မှလိုက်သတ
ူ့ို ကလည်း ဆက်မလိုက်တော့ပေ။ စစ်စခန်းမှာ မီးလောင်ကျွမ်းနေဆဲပင်ဖြစ်သည်။
ထိုအချိန်တွင် သူတို့ နှစ်ဦး၏နောက်ဘက်မှ "ကျန်းဖေး"(Zhang Fei) ပေါ်လာသည်။

"လျူရှန"် (Liu Xiang) မှ

"မီးလောင်နေတဲ့စခန်းကိုပြန်မသွားတော့ဘူး။ ကျူးကဲလျန့်(Zhuge Liang) ရဲ့စခန်းကိုပဲသွားတိုက်ကြမယ်"


ဟုပြောသည်။ သို့နှင့် နောက်သုံးမိုင်ခန့်ခရီးဆက်ပြီးနောက် ရုတ်တရတ် "ကျောက်ယွင"် (Zhao Yun)
ပေါ်လာပြီး တိုက်ခိုကက
်ာ "ရှင်းတရု"ံ (Xing Darong) ကိုသတ်လိုကသ
် ည်။ "လျူရှန်"(Liu Xiang)
သည်ထွက်ပြေးရန်ပြုသော်လည်း အနောက်ဘက်မှ "ကျန်းဖေး"(Zhang Fei) ရောက်လာပြီး "လျူရှန်"(Liu
Xiang) ကိုဖမ်းလိုက်သည်။ ထို့နောက် "လျူရှန်"(Liu Xiang) ကိုကြိုးနှင့်ချည်ပြီးမြင်းပေါ်သို့တင်ကာ
စခန်းသို့ပြန်ခေါ်သွားသည်။

"ကျူးကဲလျန့်"(Zhuge Liang) ကိုမြင်လျှင် "လျူရှန်"(Liu Xiang) မှ

"အဲ့အကြံဆိုးတွေက ရှင်းတရုံ(Xing Darong) ရဲ့အကြံတွေပါပဲ။ ကျွန်တော်နဲ့ မဆိုင်ဘူး" ဟုပြောသည်။

"ကျူးကဲလျန့်"(Zhuge Liang) သည် "လျူရှန်"(Liu Xiang) ကိုတတ


ုနှောင်ထားသည့်
ကြိုးတို့ကိုဖြည်စေပြီး ကောင်းကောင်းမွန်မွန်ဝတ်စေကာ စိတ်ပြေပျောက်စေရန်
အရက်တို့ တိုက်ကျွေးလေသည်။ ထို့နောက် သူ၏အဖေထံသို့ပြန်ပြီး
လက်နက်ချရန်အတွကတ
ိုကတ
်ွန်းကြည့်ရန်ပြောသည်။ "ကျူးကဲလျန့်"(Zhuge Liang) မှ

"လက်နက်မချရင်တော့ မြို့ကိုမီးရှို့ပြီး အကုန်လုံးကိုသတ်ပစ်မယ်" ဟုပြောလေသည်။

သားဖြစ်သူလည်း မြို့သို့ပြန်သွားပြီး အဖေဖြစ်သအ


ူား အကြောင်းအရာအလုံးစုံကိုပြောပြလေသည်။
"လျူတု"(Liu Du) လည်း လက်နက်ချရန်ဆုံးဖြတ်လိုက်ပြီး လက်နက်ချသည့်အလံတို့ ကိုလွှင့်ကာ
မြို့တံခါးတို့ ကိုဖွင့်စေပြီး မြို့အပြင်သို့ ထွက်လေသည်။ သို့သော်လည်း "လျူတု"(Liu Du) ကို
ထိုမြို့ကိုပင်ပြန်အုပ်ချုပ်စေပြီး သားဖြစ်သူကိုမူ ကျင်ကျိုးသို့ပို့ကာ စစ်မှုထမ်းစေသည်။

လင်းလင်မြို့သူမြို့သားတို့ သည် အုပ်ချုပ်သူပြောင်းသွားကြသည်ကို ဝမ်းသာအားရဖြင့်ကြိုဆိုကြသည်။


"လျူဘေ့"(Liu Bei) သည် မြို့တွင်းသို့ဝင်ကာ မြို့သားတို့ကို တည်ငြိမ်စေပြီးနောက် သူ၏စစ်တပ်တို့ကို
ဆုလာဘ်များပေးလေသည်။

724
ထို့နောက် နောက်မြို့တစ်မြို့ဖြစ်သည့် ကွေ့ရန်ကိုမည်သူတိုက်မည်နည်းဟုမေးရာ "ကျောက်ယွင"် (Zhao
Yun) မှ သူသွားတိုက်လိုကြောင်းပြောသည်။ "ကျန်းဖေး"(Zhang Fei) မှလည်း ဝင်ပြီး
သူတိုက်လိုကြောင်းပြောလေရာ နှစ်ယောက်သားငြင်းခုံကြလေသည်။

ထိုအခါ "ကျူးကဲလျန့်"(Zhuge Liang) မှ

"ကျောက်ယွင်(Zhao Yun) က အရင်ပြောတာဆိုတော့ သူ့ကိုပဲလွှတ်သင့်တယ်" ဟုပြောသည်။


သို့သော်လည်း "ကျန်းဖေး"(Zhang Fei) မှလက်မခံသဖြင့် မဲနှိုက်ပြီးဆုံးဖြတ်စေသည်။ မဲနှိုက်ရာတွင်လည်း
"ကျောက်ယွင်"(Zhao Yun) သာနိုင်လေသည်။ "ကျန်းဖေး"(Zhang Fei) မှာ သိပ်မကျေနပ်သေးပဲ

"ကျုပ်သာသွားရင် စစ်တပ်အင်အားသိပ်မလိုဘူး။ စစ်သားသုံးထောင်လောက်ဆိုရပြီ" ဟုပြောသည်။


"ကျောက်ယွင်"(Zhao Yun) ကလည်း

"ကျုပ်လည်း စစ်သားသုံးထောင်နဲ့ ဆို မြို့သိမ်းနိုင်တယ်။ မအောင်မြင်ရင် အပြစ်ပေးပါ" ဟုဆိုသည်။

"ကျူးကဲလျန့်"(Zhuge Liang) သည် "ကျောက်ယွင"် (Zhao Yun) ၏တာဝန်သိစိတ်ကိုနှစ်သက်သွားပြီး


အတွေ့အကြုံရှိစစ်သားသုံးထောင်နှင့်လွှတ်လိုက်သည်။

"ကျန်းဖေး"(Zhang Fei) မှာ မကျေမနပ်ဖြင့် ဆက်ပြောနေသေးသော်လည်း "လျူဘေ့"(Liu Bei) မှ


ဆက်မပြောတော့ရန်တားမြစ်ပြီး အနားယူခိုင်းလိုက်လေသည်။

"ကျောက်ယွင်"(Zhao Yun) ၏စစ်တပ်သည် ကွေ့ရန်သို့ ချီတက်လာသောသတင်းကိုကြားသောအခါ


မြို့စားဖြစ်သူ "ကျောက်ဖန်"(Zhao Fan) က သူ၏အမှုထမ်းတို့ နှင့်တုင
ိပင်လေသည်။
အမှုထမ်းနှစ်ဦးဖြစ်သည့် "ချန်ရင်"(Chen Ying) နှင့် "ပေါက်လုံ"(Bao Long) တို့က
ရန်သက
ိုတွန်းလှန်မည်ဟုဆိုလေသည်။ ထိုသူနှစ်ဦးတို့မှာ ကွေ့ရန်ဇာတိဖြစ်ပြီး အမဲလုက
ိမုဆိုးအဖြစ်ဖြင့်
နာမည်ကြီးကြသည်။ "ချန်ရင်"(Chen Ying) မှာ 'ခက်ရင်းပျံ' ကိုကိုင်ဆောင်ပြီး "ပေါက်လ"ုံ (Bao Long) မှာ
မြားပစ်လျှ င် ကျားနှစ်ကောင်ကိုမြားတစ်ချောင်းဖြင့် ထုတခ
်ျင်းပေါက်အောင်ပစ်နိုင်သည်ဟုကျော်ကြားသည်။
သူတို့ သည် ရဲရင့်သူများလည်းဖြစ်သည်။ ထိုသန
ှူစ်ဦးတို့ က "ကျောက်ဖန်"(Zhao Fan) ရှေ့တွင်ရပ်ကာ

"ကျုပ်တို့တွေ လျူဘေ့(Liu Bei) တပ်ကုသ


ွိားပြီးခုခံပါ့မယ်" ဟုပြောသည်။

"လျူဘေ့(Liu Bei) က မင်းဆွေမင်းမျိုးထဲကပဲ။ ကျူးကဲလျန့်(Zhuge Liang) က ဗျူဟာပိုင်းကျွမ်းကျင်ပြီး


ကွမ်းယွီ(Guan Yu) ၊ ကျန်းဖေး(Zhang Fei) တို့ က ရဲရင့်တယ်။ အခုဒီတပ်ကုဥ
ီးဆောင်လာသူက
ချောင်ချောင်း(Cao Cao) ရဲ့တပ်ဖွဲ့တွေကြားထဲဝင်ပြီး ပြန်ထိုးဖောက်ထွကန
ိုင်ခဲ့တဲ့ ကျောက်ယွင(် Zhao Yun)
ပဲ။ သူတို့ ကိုကျုပ်တို့ တိုက်လို့ နိုင်မှာမဟုတ်ဘူး၊ လက်နက်ချရင်ကောင်းမယ်"

725
သို့သော်လည်း "ချန်ရင်"(Chen Ying) မှ

"ကျွန်တော့်ကို စစ်တိုက်ခွင့်ပြုပါ။ ကျွန်တော်မနိုင်ရင်တော့ မြို့စားမင်းလက်နက်ချချင်ရင် ချနိုင်တယ်"


ဟုပြောသည်။

ထိုအခါ မြို့စားကလည်း မည်သို့ မျှမပြောတော့ပဲ သဘောထွန်းလိုက်သည်။ "ချန်ရင်"(Chen Ying) သည်


စစ်သားသုံးထောင်နှင့်အတူ ရန်သူအားသွားရင်ဆိုင်သည်။ မကြာမီတွင်ပင်
နှစ်ဦးနှစ်ဖက်တို့ တွေ့ကြလေသည်။ "ချန်ရင်"(Chen Ying) သည် သူ၏ခက်ရင်းပျံကိုကိုင်ကာ
ထွက်လာသည်။ "ကျောက်ယွင"် (Zhao Yun) သည်လည်း လှံကိုကိုင်ကာ ရင်ဆိုင်လေသည်။
"ကျောက်ယွင်"(Zhao Yun) မှ

"ကျုပ်သခင်က ဒီနယ်ကိုအုပ်ချုပ်ခဲ့တဲ့ နယ်စားကြီးလျူပြောင်း(Liu Biao) နဲ့ညီအစ်ကုပ


ိဲ။ အခု သူက
ဒီနယ်ကိုဆက်ခံမယ့် လျူပြောင်း(Liu Biao) ရဲ့သား၊ သူ့တူဖြစ်သူကိုကူညီနေတယ်။
ကျင်ကျိုးကိုသိမ်းပြီးတော့ ဒီကုလ
ိာပြီး ဒီကလူတွေကိုတည်ငြိမ်အောင်လုပ်မလို့ ၊ ခင်ဗျားက
ဘာလို့ တားရတာလဲ" ဟုပြောသည်။

"ကျုပ်တို့က ဝန်ကြီးချုပ် ချောင်ချောင်း(Cao Cao) ကိုထောက်ခံတဲ့လူတွေပဲ။


ခင်ဗျားသခင်ရဲ့နောက်လိုက်တွေမဟုတ်ဘူး "

726
"ကျောက်ယွင်"(Zhao Yun) သည် ဒေါသထွက်ကာ လှံကိုတင်းတင်းကိုင်ပြီး ရန်သူကိုတိုက်လေသည်။
တစ်ဖက်လူကလည်း ခက်ရင်းပျံကိုကိုင်ကာ ရင်ဆုင
ိတွေ့သည်။ လေးငါးကွက်ခန့်တိုက်ပြီးနောက်ဝယ်
"ချန်ရင်"(Chen Ying) သည် မနိုင်မှန်းသိသောကြောင့် ထွက်ပြေးလေသည်။ "ကျောက်ယွင"် (Zhao Yun)
က နောက်မှလိုက်သည်။ ရုတ်တရတ် "ချန်ရင်"(Chen Ying) ကပြန်လှည့်ပြီး ခက်ရင်းဖြင့်ပစ်လိုက်သည်။
"ကျောက်ယွင်"(Zhao Yun) က လက်ဖြင့်ဖမ်းလိုက်ပြီး ပြန်ပစ်လိုက်ရာ "ချန်ရင်"(Chen Ying) က
ရှောင်လိုက်သည်။ သို့ သော်လည်း "ကျောက်ယွင"် (Zhao Yun) သည် အနီးသို့ ကပ်လာပြီး
တဖက်လူကိုမြင်းပေါ်မှဆွဲလိုက်ပြီး မြေကြီးပေါ်သို့ပစ်ချလိုက်သည်။ ထို့နောက် စစ်သားတို့အား ရန်သက
ို
ကြိုးတုတ်ပြီးဖမ်းရန် အမိန့်ပေးလိုက်သည်။ ပြီးနောက် "ချန်ရင်"(Chen Ying) ကိုဖမ်းပြီး
စခန်းသို့ပြန်လေသည်၊ ရန်သဘ
ူ က်မှစစ်သားတို့သည်လည်း ထွက်ပြေးကုန်သည်။

"ကျောက်ယွင်"(Zhao Yun) မှ စစ်သုံ့ ပန်းအား

"ခင်ဗျားက ကျုပ်နဲ့ မတိုက်ရဲဘူးမှတ်နေတာ။ ဒါပေမယ့် ခင်ဗျားကိုမသတ်ပါဘူး၊ ပြန်လွှတ်ပေးမယ်။


ခင်ဗျားသခင်ကို လက်နက်ချဖို့တိုက်တွန်းကြည့်ပါ" ဟုပြောသည်။

727
"ချန်ရင်"(Chen Ying) သည်လည်း အသက်ချမ်းသာခွင့်တောင်းပြီး
လန့်သွားသောကြွက်ကဲ့သို့ကြောက်လန့်တကြားပြေးလေသည်။ မြို့သို့ပြန်ရောက်သော် မြို့စားအား
ပြန်ပြောပြရာ မြို့စားမှ

"ကျုပ်က နဂိုတည်းက လက်နက်ချမလို့။ ခင်ဗျားက တိုက်ခိုက်ဖို့ ပဲလုပ်နေတာကိုး၊ အခုတော့


ခင်ဗျားခံရပြီမလား" ဟုပြောသည်။ ထို့နောက် မြို့စားက "ချန်ရင်"(Chen Ying) ကို
ထွက်သွားစေပြီးနောက် လက်နက်ချသည့်စာကိုပြင်ဆင်ကာ မြို့တံဆိပ်တံုး ကိုယူလေသည်။ ထို့နောက်
ကိုယ်ရံတော်အနည်းငယ်ဖြင့် မြို့ပြင်သို့ထွကြ် ပီး "ကျောက်ယွင"် (Zhao Yun) ၏စခန်းသို့ သွားသည်။
"ကျောက်ယွင်"(Zhao Yun) ကလည်း မြို့စားကိုကောင်းကောင်းမွန်မွန်ဆက်ဆက
ာံ
အရက်တို့ ဖြင့်ဧည့်ခံသည်။ ပြီးနောက် မြို့တံဆိပ်တုံးကိုလက်ခံလိုကသ
် ည်။

အရက်သောက်ပြီးနောက် "ကျောက်ဖန်"(Zhao Fan) သည် အာရွှင်လာပြီး

"စစ်သူကြီးနဲ့ကျွန်တော်က မျိုးရိုးအတူတူပဲ၊ လွန်ခဲ့တဲ့နှစ်ငါးရာလောက်က တစ်မိသားစုထဲပဲဖြစ်မှာ။ ဒါ့အပြင်


ကျွန်တော်ရောစစ်သူကြီးရောက ချန်စန်းဇာတိ၊ အဲ့ထက်ပိုတိုက်ဆိုင်တာက တစ်ရွာတည်းသားတွေပဲ။
ကျွန်တော်တို့တွေ သွေးသောက်ညီအစ်ကုဖ
ွိဲ့ကြရင်တော့ ကျွန်တော့်ရဲ့ကောင်းမှုပါပဲ" ဟုပြောသည်။

"ကျောက်ယွင်"(Zhao Yun) ကလည်း သဘောကျပြီး နှစ်ဦးနှစ်ယောက်တို့


မွေးဖွားသောခုနှစ်တို့ ကိုတိုက်ဆိုင်ကြည့်ကြသောအခါ တစ်နှစ်တည်းတွင်မွေးကြောင်းတွေ့သည်၊
သို့သော်လည်း "ကျောက်ယွင"် (Zhao Yun) က လေးလခန့်ပိုကြီးသည်။ ထိုအခါ "ကျောက်ဖန်"(Zhao
Fan) က "ကျောက်ယွင်"(Zhao Yun) ကို အစ်ကိုကြီးအနေဖြင့် အရိုအသေပြုရသည်။
သူတို့ နှစ်ဦးတို့ သည် အကြိုက်ချင်းလည်းတူညီကြသဖြင့် မိတ်ဆွေကောင်းဖြစ်ရန်သင့်တော်လေသည်။

စားသောက်ကြပြီးနောက် မြို့စားကလည်းမြို့တွင်းသို့ပြန်သွားလေသည်။ နောက်ရက်တွင်


"ကျောက်ဖန်"(Zhao Fan) က "ကျောက်ယွင်"(Zhao Yun) အား မြို့ထဲသို့လာရန် ဖိတ်ခေါ်သည်။
"ကျောက်ယွင်"(Zhao Yun) သည် မြို့သူမြို့သားတို့ ကို တည်ငြိမ်စေပြီးနောက်
စားသောက်ပွဲသို့တက်ရောက်လေသည်။ "ကျောက်ယွင်"(Zhao Yun) အတန်ငယ်မူးသောအခါ မြို့စားမှ
အမျိုးသမီးတစ်ယောက်ကိုထွက်လာခိုင်းစေပြီး အရက်ငှဲ့ခိုင်းသည်။ ထိုအမျိုးသမီးမှာ
အဖြူရောင်အဝတ်ဝတ်ဆင်ထားပြီး သူ၏အလှမှာ ပြည်ဖျက်နိုင်လောက်သည့်အလှပင်တည်း။

"သူက ဘယ်သူလဲ"

"သူက ကျွန်တော့်ခယ်မပါ။ သူက ဖန်မျိုးရိုးကဆင်းသက်လာတာ"

728
ထိုအခါ "ကျောက်ယွင"် (Zhao Yun) သည် ထိုအမျိုးသမီးကို တလေးတစားဆက်ဆသ
ံ ည်။ ထို့နောက်
မြို့စားက ထိုအမျိုးသမီးကိုပါဝင်ပြီး စားသောက်ပွဲတွင်ပါဝင်ခိုင်းသော်လည်း "ကျောက်ယွင"် (Zhao Yun)
က ငြင်းလိုက်သဖြင့် ထိုအမျိုးသမီးကပြန်ထွက်သွားသည်။

"ခင်ဗျားက ဘာလို့ ခင်ဗျားခယ်မကို ကျုပ်အတွက် အရက်ငှဲ့ ခိုင်းရတာလဲ"

ထိုအခါ မြို့စားကပြုံးလိုက်ပြီး

"ဒါက အကြောင်းရှိတယ်။ ကျွန်တော့်အစ်ကြို ကီးက လွန်ခဲ့တဲ့သုံးနှစ်ကသေဆုံးသွားပြီး သူ့ဇနီးက


မုဆိုး မဖြစ်ခဲ့ရတယ်။ ဒါကြောင့် သူ့ကိုနောက်ထပ်လက်ထပ်ဖို့တိုက်တွန်းပေမယ့်လည်း သူက
အချက်သုံးခုနဲ့ပြည့်စုံမှစဉ်းစားမယ်လို့ ပြောတယ်။ ပထမက အဲ့လူက စာပေပညာရော၊
စစ်ရေးမှာပါကျွမ်းကျင်ရမယ်၊ ဒုတိယကတော့ ရုပ်ချောပြီး လေးစားလောက်သူဖြစ်ရမယ်၊ တတိယကတော့
ကျွန်တော်တို့မျိုးရိုးထဲကပဲဖြစ်ရမယ်လို့ ပြောတယ်။ လောကကြီးမှာ အဲ့လိုလူမျိုးကိုဘယ်မှာသွားရှာရပါ့မလဲ?
ဒါပေမယ့် အစ်ကိုကြီးကတော့ ရုပ်ရည်ချောမော၊ အရည်အချင်းရှိပြီး တစ်လောကလုံးမှာနာမည်ကြီးတယ်။
ကျွန်တော့်ခယ်မရဲ့တောင်းဆိုချက်တွေနဲ့ကိုက်ညီတယ်။ အစ်ကိုကြီးသာ သူ့ကိုအပြစ်ရှိတယ်လို့မမြင်ရင်
သူနဲ့လက်ထပ်စေချင်ပါတယ်။ ကျွန်တော်က သူ့အတွက်လက်ဖွဲ့စိုက်ပေးပါ့မယ်။ အစ်ကိုကြီး
ဒါကိုဘယ်လိုသဘောရလဲ" ဟုပြောသည်။

ထိုအခါ "ကျောက်ယွင"် (Zhao Yun) က ဒေါသတကြီးဖြင့် မတ်တပ်ရပ်ပြီး

"ကျုပ်က ခုနကပဲ ခင်ဗျားနဲ့သွေးသောက်ညီအစ်ကိုဖွဲ့ လိုက်တာ၊ ခင်ဗျားခယ်မဆိုရင်


ကျုပ်ခယ်မပဲမဟုတ်လား? ဘာလို့ရှုပ်ထွေးအောင်လုပ်ချင်ရတာလဲ" ဟုပြောလေသည်။
"ကျောက်ဖန်"(Zhao Fan) မှာ ရှကသ
်ွားပြီး

"ကျုပ်က ခင်ဗျားကိုစေတနာနဲ့ပြောတာ၊ ခင်ဗျားက ဘာလို့အဲ့လိုရိုင်းရိုင်းစိုင်းစိုင်းပြောတာလဲ" ဟုပြောပြီး


ဘေးဘီဝဲယာမှ အစောင့်တို့ကို လူသတ်လိုသောမျက်လုံးဖြင့်ကြည့်လေသည်။ "ကျောက်ယွင"် (Zhao Yun)
သည် "ကျောက်ဖန်"(Zhao Fan) အား ထိုးလိုက်ပြီး အပြင်သို့ထွက်ကာ
မြင်းစီးပြီးမြို့ပြင်သို့ထွက်သွားသည်။

ထိုအခါ "ကျောက်ဖန်"(Zhao Fan) က သူ၏စစ်သူကြီးနှစ်ဦးကိုခေါ်လိုက်သည်။

"ချန်ရင်"(Chen Ying) : "သူအခုပဲ ဒေါသတကြီးနဲ့ထွကသ


်ွားတယ်။ ဒါဆို ကျုပ်တို့ သူနဲ့ စစ်တိုက်ရမယ်"

"ကျောက်ဖန်"(Zhao Fan) : "မနိုင်မှာပဲစိုးရိမ်ရတယ်"

729
"ပေါက်လ"ုံ (Bao Long) : "ကျွန်တော်တို့ က စစ်ပြေးအနေနဲ့ယောင်ဆောင်ပြီး
မြို့စားကသူ့ကိုစိန်ခေါ်တဲ့အချိန်မှာ ကျွန်တော်တို့ က သူ့ကိုဖမ်းလိုက်မယ်"

"ချန်ရင်"(Chen Ying) : "ကျုပ်တို့နဲ့အတူ လူတချို့ခေါ်သွားသင့်တယ်"

"ပေါက်လ"ုံ (Bao Long) : "စစ်သားငါးရာလောက်ဆို လုံလောက်ပြီ"

ထိုညဝယ် စစ်သူကြီးနှစ်ဦးတို့ သည် "ကျောက်ယွင"် (Zhao Yun) စခန်းသို့ သွားပြီး


စစ်ပြေးအနေဖြင့်ရောက်လာကြောင်းပြောသည်။

"ကျောက်ယွင်"(Zhao Yun) က တဖက်လူ၏လှည့်စားမှုကုန


ိားလည်သော်လည်း
ထိုသူနှစ်ယောက်ကိုခေါ်တွေ့သည်။ ထိုသူနှစ်ဦးမှ

"ကျောက်ဖန်(Zhao Fan) က ခင်ဗျားကို ကညာပျိုဆက်သပြီး မူးအောင်လုပ်ပြီးရင် ခင်ဗျားကိုသတ်ပြီးတော့


ချောင်ချောင်း(Cao Cao) လက်ထဲအပ်ဖို့ကြံနေတာ။ သူက အင်မတန်ကောက်ကျစ်တော့
ကျွန်တော်တို့လည်းမခံနိုင်ပဲ ခင်ဗျားဆီရောက်လာတာပါ" ဟုပြောကြသည်။

"ကျောက်ယွင်"(Zhao Yun) မှာ အင်မတန်ဝမ်းသာသွားသောပုံဖြင့် ထိုသူနှစ်ဦးအား ဧည့်ခံပြီး


အရက်တို့ ဖြင့်တုက
ိကျွေးသည်။ ပြီးနောက်တွင် ထိုသန
ှူစ်ယောက်ကိုကြိုးဖြင့်တုတ်နှောင်စေပြီး
ထိုသူနှင့်အတူပါလာသော စစ်သားတို့ ကိုခေါ်ကာ ဟန်ဆောင်ခြင်းလော၊
အမှန်တကယ်ပင်တပ်ပြေးလာသလောဟုမေးရာ စစ်သားတို့က အမှန်အတိုင်းပင်ပြောကြသည်။

"ကျောက်ယွင်"(Zhao Yun) က ထိုစစ်သားတို့ ကို အရက်ပေးလိုက်ပြီး

"ကျုပ်ကိုရန်ပြုချင်တာက မင်းတို့ရဲ့ခေါင်းဆောင်တွေပဲ။ မင်းတို့ မဟုတ်ဘူး။ ဒီတော့


ကျုပ်ပြောသလိုလုပ်နိုင်ရင် မင်းတို့ ကိုဆုကြီးကြီးချီးမြှင့်မယ်" ဟုပြောသည်။ ရဲမက်တို့ကလည်း
လိုက်နာပါမည်ဟု ကတိပေးကြသည်။ ပြီးနောက်တွင် စစ်သူကြီးနှစ်ဦးကိုသတ်လုက
ိပြီး
စစ်သည်ငါးရာတို့ ကိုရေ
ှ့တင
ွ် ဟန်ဆောင်ချီတက်ခိုင်းကာ နောက်တွင်
မြင်းသည်တော်တစ်ထောင်လိုက်စေသည်။ မြို့နားသို့ ရောက်သောအခါ စစ်သားတို့က
"ကျောက်ယွင်"(Zhao Yun) ကိုသတ်ပြီးပြန်လာကြောင်း၊ မြို့စားနှင့်တွေ့လိုကြောင်းပြောလေသည်။
ထိုစစ်သားတို့ဝတ်ဆင်ထားသည်မှာလည်း မိမိတို့ ၏တပ်အင်္ကျီဖြစ်သောကြောင့်
မြို့စားကိုသတင်းပို့ကြသည်။ မြို့စားထွက်လာသောအခါ မြို့စားကိုဖမ်းပြီး
သုံ့ပန်းအဖြစ်ချုပ်နှောင်ထားသည်။ ပြီးလျှင် "ကျောက်ယွင"် (Zhao Yun) သည် မြို့တွင်းသို့ဝင်ပြီးနောက်
"လျူဘေ့"(Liu Bei) ထံစာပို့ လိုက်သည်။ မကြာမီပင် "လျူဘေ့"(Liu Bei) သည် သူ၏အကြံပေးနှင့်အတူ
ရောက်လာသည်။

730
ထို့နောက် နေရာယူကြပြီးနောက် သုံ့ပန်းကိုလှေကားခြေရင်းတွင်ထားစေသည်။ "ကျူးကဲလျန့်"(Zhuge
Liang) က မေးမြန်းရာ "ကျောက်ဖန်"(Zhao Fan) က လက်ထပ်ရန်ပြောသည့်အကြောင်းကိုပြောသည်။
ထိုအခါ "ကျူးကဲလျန့်"(Zhuge Liang) က "ကျောက်ယွင်"(Zhao Yun) ဘက်လှည့်ပြီး

"ဒီအကြံကမဆိုးပါဘူး။ ဘာလို့ ငြင်းလိုက်တာလဲ" ဟုမေးသည်။

"ကျောက်ဖန်(Zhao Fan) နဲ့ကျွန်တော်နဲ့က သွေးသောက်ညီအစ်ကိုဖွဲ့ တာတောင်မကြာသေးဘူး။


သူ့ခယ်မကို ကျွန်တော်ကလက်ထပ်လုက
ိရင် လူတွေက အပြစ်တင်မှာပေါ့။ ဒီဟာက ပထမအချက်ပေါ့။
နောက်တစ်ချက်က လက်ထပ်လိုက်ရင် သေဆုံးသွားတဲ့ရောက်ျားအတွက်
မယားကောင်းကျင့်ဝတ်ကိုဖောက်ဖျက်ခိုင်းရာကျမယ်။ တတိယအနေနဲ့ကတော့
လက်နက်ချတာမကြာသေးတဲ့လူရဲ့တောင်းဆိုမှုကိုယုံရမလား၊ မယုံရဘူးလားမသိဘူး။ ကျွန်တော့်အတွက်နဲ့
သခင်ကြီးရဲ့အောင်မြင်မှုကုအ
ိ ဆုံးရှုံးခံစရာလား"

ထိုအခါ "လျူဘေ့"(Liu Bei) မှဝင်ပြီး

"ဒါပေမယ့် အခုမြို့ကိုသိမ်းနိုင်ခဲ့ပြီး အောင်နိုင်သွားခဲ့ပြီ။ ခင်ဗျား သူ့ကိုလက်ထပ်ဦးမှာလား" ဟုမေးသည်။

"ကျွန်တော်စိုးရိမ်တာက ဂုဏ်သတင်းပါပဲ။ မိသားစုအရေးက နောက်မှလာတာပါ"

"ခင်ဗျားက အင်မတန်လေးစားထိုက်တဲ့လူပဲ"

ထို့နောက် "ကျောက်ဖန်"(Zhao Fan) ကိုလည်းလွှတ်ပေးပြီး မူလရာထူးကိုပြန်ပေးလေသည်။


"ကျောက်ယွင်"(Zhao Yun) ကိုလည်းထိုက်ထိုက်တန်တန်ဆုချသည်။

"ကျန်းဖေး"(Zhang Fei) မှာ မကျေနပ်စွာဖြင့်

"ကျောက်ယွင်(Zhao Yun) က ချီးမွမ်းမှုတွေခံရတယ်။ ကျုပ်က ဘာမှတန်ဖိုးမရှိဘူး။ ကျုပ်ကို


စစ်သားသုံးထောင်ပဲပေး။ ဝူလင်ကုသ
ိမ်းပြီး မြို့စားကိုဖမ်းပြီးပြန်လာခဲ့မယ်" ဟုပြောသည်။ ထိုအခါ
"ကျူးကဲလျန့်"(Zhuge Liang) မှာ ပျော်ရွှင်စွာဖြင့်

"ခင်ဗျားကို မလွှတ်စရာအကြောင်းမရှိပါဘူး။ ဒါပေမယ့် ခင်ဗျားဆီက တောင်းဆိုစရာတစ်ခုရှိတယ်"


ဟုပြောသည်။

731
အခန်း(၅၃) "ကွမ်းယွ"ီ (Guan Yu) မှ "ဟွမ်ကျုံး"(Huang Zhong) ကို လွှတ်ပေးလိုက်ခြင်း။
"စွန်းချွမ်"(Sun Quan) နှင့် "ကျန်းလျောင်"(Zhang Liao) တို့ တိုက်ခိုက်ခြင်း။

"ကျူးကဲလျန့်"(Zhuge Liang) သည် "ကျန်းဖေး"(Zhang Fei) ထံမှတောင်းဆိုသည့်အရာမှာ


စစ်ပွဲအောင်နိုင်ရန်လုပ်ဆောင်မည်ဟုကတိကဝတ်ပြုခိုင်းစေခြင်းပင်ဖြစ်သည်။ "ကျူးကဲလျန့်"(Zhuge
Liang) မှ

"ကျောက်ယွင်(Zhao Yun) က စစ်ထက


ွ်မတိုက်ခင်မှာ သူစစ်ပွဲမှာနိုင်စေ့မယ်လို့ ကတိပြုတဲ့စာရေးခဲ့တယ်။
ခင်ဗျားလည်း ဝူလင်ကုတ
ိုက်ရင် သူ့လိုပဲ ကတိပြုတဲ့စာရေးရမယ်။ ပြီးရင်တော့ စစ်တိုက်လို့ ရပါပြီ"
ဟုပြောလေသည်။

ထိုအခါ "ကျန်းဖေး"(Zhang Fei) သည်လည်း ဝမ်းသာစွာဖြင့် ကတိပြုစာရေးပြီးစစ်သားသုံးထောင်နှင့်


ဝူလင်သို့ ချီတက်လေသည်။ ဝူလင်မြို့စား "ကျင်းရွှမ်"(Jin Xuan) သည်
ရန်သတ
ူ့ို ချီတက်လာသည်ဟူသောသတင်းကိုကြားလျှင် စစ်သား၊ အမှုထမ်းတို့ ကိုစုဝေးကာ
မြို့အပြင်သို့ ထွက်ပြီး ရန်သူတို့ ကိုခုခံရန်ပြင်သည်။

အတွင်းရေးမှူး "ကုံးကျီ"(Gong Zhi) က မင်းဆွေမင်းမျိုးနှင့်မဆန့်ကျင်သင့်ကြောင်းကို

"လျူဘေ့(Liu Bei) က ဟန်တိုင်းပြည်ဘုရင်ရဲ့ဦးရီးတော်ဆိုပြီး လူအများသိကြတယ်။ ဒါ့အပြင် သူက


ကြင်နာပြီးဖြောင့်မတ်သူဖြစ်တယ်။ သူ့ညီ ကျန်းဖေး(Zhang Fei) ဟာလည်း အင်မတန် ရဲရင့်တယ်။
သူတို့ နဲ့ရင်ဆိုင်ရင် စစ်ပွဲအောင်နိုင်ဖို့မလွယ်ဘူး။ ဒါကြောင့် လက်နက်ချသင့်တယ်" ဟုပြောလေသည်။
သို့သော်လည်း မြို့စားက

"ခင်ဗျားက သစ္စာဖောက်လုပ်ပြီးရန်သေ
ူ တွကို လက်ခံမလို့ လား" ဟု ဒေါသတကြီးပြောဆိုကာ
အာဏာပါးကွက်သားတို့ကိုခေါ်ပြီး "ကုံးကျီ"(Gong Zhi) ကိုသေဒဏ်ပေးစေလိုက်သည်။

သို့သော်လည်း အခြားသောအမှုထမ်းတို့မှ

"ကိုယ့်အမှုထမ်းကိုယ် သေဒဏ်ပေးရင် မသင့်တော်ပါဘူး" ဟုဝင်ပြီးတားမြစ်ကြသဖြင့် "ကုန်းကျီ"(Gong


Zhi) အားသေဒဏ်မပေးတော့ပဲ အဝေးသို့သွားစေလိုကသ
် ည်။ ထို့နောက် စစ်တပ်တို့ကိုချီတက်စေကာ
ခုနစ်မိုင်အကွာခန့်တွင် "ကျန်းဖေး"(Zhang Fei) ၏စစ်တပ်နှင့်တွေ့သည်။ "ကျန်းဖေး"(Zhang Fei) သည်
ကျယ်လောင်စွာအော်ဟစ်ပြီး လှံကိုကိုင်ကာ အရှေ့သို့ ထွက်လာသည်။ "ကျင်းရွှမ"် (Jin Xuan) က
မည်သူထွက်တိုက်ချင်ကြောင်းမေးရာ တစ်ဦးတစ်ယောက်မျှပြန်မဖြေကြပေ။

732
ထိုအခါ မြို့စားကိုယ်တိုင် ဓားကိုကိုင်ပြီး ရှေ့သို့ ထွက်လာသည်။ "ကျန်းဖေး"(Zhang Fei) မှာ
ရန်သထ
ွူက်လာသည်ကိုမြင်လျှင် မိုးခြိမ်းသံကဲ့သို့ကျယ်လောင်သောအသံဖြင့်ဟစ်အော်လုက
ိသောအခါ
သနားစရာ "ကျင်းရွှမ်"(Jin Xuan) မှာကြောက်လန့်သွားပြီး မျက်နှာဖြူဖတ်ဖြုရော်ဖြစ်သွားကာ
ရှေ့သို့ ဆက်မချီရဲတော့ပေ။ ထို့နောက် မြို့စားမှာ မြင်းကိုပြန်လှည့်ပြီးပြေးသည်။ "ကျန်းဖေး"(Zhang Fei)
ကလည်း အနောက်မှဆက်လိုက်သည်။

မြို့စားသည် မြို့အနီးသို့ ရောက်သောအခါ အတွင်းဘက်မှမြားတို့ဖြင့်ပစ်ခြင်းခံရသည်။


မြို့စားမှာကြောက်လန့်သွားပြီး ကြည့်လိုက်သောအခါ တံတိုင်းပေါ်တွင် "ကုံးကျီ"(Gong Zhi)
ရပ်နေသည်ကိုမြင်သည်။ "ကုံးကျီ"(Gong Zhi) မှ

"ခင်ဗျားက ဘုရားသခင်ရဲ့ဆန္ဒကိုဆန့်ကျင်လို့ ကိုယ့်ပျက်စီးမှုကိုယ်ရှာခဲ့တယ်။


ကျုပ်အပါအဝင်မြို့သူမြို့သားတွေရော လျူဘေ့(Liu Bei) ထံမှာခိုလှုံချင်တာ" ဟုပြောလေသည်။
ထိုသို့ ပြောပြီးမကြာမီ မြားတစ်ချောင်းမှာ မြို့စား၏မျက်နှာကိုထိမှန်သွားပြီးမြင်းပေါ်မှလဲကျသွားသည်။
စစ်သားတို့က မြို့စား၏ခေါင်းကိုဖြတ်လိုကြ် ပီး "ကျန်းဖေး"(Zhang Fei) အားဆက်သသည်။
"ကုံးကျီ"(Gong Zhi) ကလည်း လက်နက်ချလေရာ "ကျန်းဖေး"(Zhang Fei) မှ ထိုသူ့ ကိုပင်
စာနှင့်မြို့စားတံဆိပ်ကိုယူစေပြီး ကွေ့ရန်တင
ွ်ရှိသော "လျူဘေ့"(Liu Bei) ထံသွားစေသည်။ "လျူဘေ့"(Liu
Bei) မှာလည်း ဝမ်းသာအားရစွာဖြင့် "ကုံးကျီ"(Gong Zhi) အားမြို့စားရာထူးပေးပြီးနောက်
ဝူလင်သို့ ကိုယ်တိုင်လာပြီး မြို့သားတို့အား စိတ်ကျေနပ်စေသည်။

ထို့နောက် "လျူဘေ့"(Liu Bei) သည် "ကွမ်းယွ"ီ (Guan Yu) ထံသို့ "ကျောက်ယွင"် (Zhao Yun) နှင့်
"ကျန်းဖေး"(Zhang Fei) တို့ ၏အောင်မြင်မှုအကြောင်းကို စာရေးပို့လိုက်သည်။ "ကွမ်းယွီ"(Guan Yu)
မှလည်း

"ချန်ဆားကို အခုမသိမ်းရသေးဘူး၊ အဲ့မြို့က သိပ်အင်အားအနည်းကြီးမဟုတ်ပေမယ့်


ကျွန်တော့်ကိုတိုကဖ
့ို အမိန့်ပေးစေချင်ပါတယ်" ဟုစာပြန်လိုက်သည်။ "လျူဘေ့"(Liu Bei) ကလည်း
၎င်းကိုလက်ခံကာ "ကျန်းဖေး"(Zhang Fei) အား "ကွမ်းယွီ"(Guan Yu) ထံသွာပြီးကူညီစေသည်။
ပြီးနောက် "ကွမ်းယွ"ီ (Guan Yu) ကိုယ်တိုင်ရောက်လာကာ "လျူဘေ့"(Liu Bei) နှင့်
"ကျူးကဲလျန့်"(Zhuge Liang) ကိုလာတွေ့သည်။

"ကျူးကဲလျန့်"(Zhuge Liang) မှ

"ကျောက်ယွင်(Zhao Yun) က ကွေ့ရန်ကိုသိမ်းပြီး ကျန်းဖေး(Zhang Fei) က ဝူလင်ကိုသိမ်းခဲ့ပြီ။


သူတို့ နှစ်ယောက်လုံးက စစ်သားသုံးထောင်စီနဲ့ မြို့ကိုသိမ်းနိုင်ခဲ့တယ်။ ချန်ဆားမြို့စား ဟန်ရွှမ်(Han Xuan)

733
က ဘာမှမပြောပလောက်ဘူး။ ဒါပေမယ့် သူ့လက်အောက်က ဟွမ်ကျုံး(Huang Zhong)
ဆိုတဲ့စစ်သူကြီးက အင်မတန်အရည်အချင်းရှိတယ်။ ဟွမ်ကျုံးက နန်ရန်ဇာတိဖြစ်ပြီး အရင်က
လျူပြောင်း(Liu Biao) လက်အောက်မှာ အမှုထမ်းခဲ့ဖူးတယ်။ အဲ့အချိန်တုန်းက လျူပြောင်း(Liu Biao)
ရဲ့တြူ ဖစ်တဲ့ လျူဖန်(Liu Pan) က ချန်ဆားမြို့ကိုအုပ်ချုပ်တာ။ လျူပြောင်း(Liu Biao) ကွယ်လွန်ပြီး
နောက်ပိုင်း ဟန်ရွှမ(် Han Xuan) က ချန်ဆားမြို့စားဖြစ်လာတော့ သူက ဟန်ရွှမ(် Han Xuan)
လက်အောက်ရောက်သွားတယ်။ သူကအခု အသက်ခြောက်ဆယ်ရှိပေမယ့်လည်း
လူစွမ်းကောင်းအယောက်တစ်ထောင်ခွန်အားရှိတဲ့ ကြောက်ရွံ့စရာလူတစ်ယောက်ပဲ။ ဒါကြောင့်
အဲ့မြို့ကိုတိုက်ရင် ခင်ဗျား စစ်တပ်များများခေါ်သွားသင့်တယ်" ဟုပြောသည်။

"ကွမ်းယွ"ီ (Guan Yu) မှ

"အကြံပေးက ဘာလို့ တခြားလူရဲ့တိုက်ခိုက်လိုစိတ်ကိုခမ်းခြောက်အောင်ပြောရတာလဲ? ကျွန်တော်


စစ်သားသုံးထောင်လည်းမလိုဘူး။ ကျွန်တော့်မှာရှိတဲ့ ဓားသမားအယောက်ငါးရာနဲ့ပဲ ဟန်ရွှမ(် Han Xuan)
နဲ့ ဟွမ်ကျုံး(Huang Zhong) ရဲ့ခေါင်းကိုဖြတ်လာခဲ့မယ်" ဟုပြောသည်။

"လျူဘေ့"(Liu Bei) မှ ကန့်ကွကေ


် သ်ာလည်း "ကွမ်းယွီ"(Guan Yu) သည် နားမထောင်ပဲ
စစ်သားငါးရာဖြင့်သာချီတက်သွားသည်။ "ကျူးကဲလျန့်"(Zhuge Liang) မှ

"သူသာ သတိမထားပဲ ဟွမ်ကျုံး(Huang Zhong) ကိုတိုကရ


် င် ဒုကေ
ၡ ရာက်လိမ့်မယ်။ သခင်ကြီးက
သူ့ကိုကူညီဖို့ သွားပါ" ဟုဆိုသည်။ "လျူဘေ့"(Liu Bei) ကလည်း လက်ခံပြီး စစ်သားတို့ကို ဦးဆောင်ကာ
ချန်ဆားသို့ချီတိုက်သည်။

မြို့စား "ဟန်ရွှမ်"(Han Xuan) မှာ သေရေးရှင်ရေးကိစ္စများတွင် အလောတကြီးလုပ်တတ်သူဖြစ်ပြီး


သူအများ၏မုန်းတီးမှုခံရသူဖြစ်သည်။ ရန်သူတို့ချီတက်လာသည်ဟူသောသတင်းကိုကြားလျှင်
"ဟန်ရွှမ်"(Han Xuan) သည် "ဟွမ်ကျုံး"(Huang Zhong) ကိုခေါ်ကာတိုင်ပင်သည်။ "ဟွမ်ကျုံး"(Huang
Zhong) မှ

"စိတမ
် ပူပါနဲ့။ ကျွန်တော့်ရဲ့ဒီဓားနဲ့ဒီလေးမြားကိုသုံးပြီး လာတဲ့ရန်သူမှန်သမျှကိုသုတ်သင်ပါ့မယ်"
ဟုပြောသည်။ "ဟွမ်ကျုံး"(Huang Zhong) သည် အင်မတန်ခွန်အားကြီးသူဖြစ်ပြီး ပေါင်သုံးရာခန့်ရှိသော
လေးကိုတင်နိုင်ကာ မြားသမားကောင်းတစ်ဦးဖြစ်သည်။

လူတစ်ဦးမှ ဝင်ကာ

"စစ်သူကြီးကိုယ်တိုင် တိုကစ
် ရာမလိုပါဘူး။ ကျွန်တော်သွားပြီးတော့ ကွမ်းယွ(ီ Guan Yu)
ရဲ့ခေါင်းကိုဖြတ်လာခဲ့မယ်။ ထိုသို့ ပြောသူမှာ "ရန်လင်"(Yang Lin) ဖြစ်သည်။ "ရန်လင်"(Yang Lin) သည်

734
စစ်သားတစ်ထောင်ဖြင့် မြို့ပြင်သို့ထွက်ပြီးခုခံရန်ပြုသည်။ "ရန်လင်"(Yang Lin) သည် လှံကုက
ိုင်ရာ
ရန်သတ
ူ့ို ကိုဆဲရေးလေသည်။ "ကွမ်းယွ"ီ (Guan Yu) သည်
တစ်ဖက်လူ၏ဆဲရေးတိုင်းထွာမှုတို့ ကိုအလေးမမူပဲ ဓားကိုကိုင်ပြီး "ရန်လင်"(Yang Lin) နှင့်တိုက်သည်။
သုံးကွက်ခန့်တိုက်ပြီးနောက်တွင် "ရန်လင်"(Yang Lin) သည် "ကွမ်းယွ"ီ (Guan Yu)
လက်ချက်ဖြင့်သေဆုံးသွားသည်။ "ကွမ်းယွီ"(Guan Yu)
သည်ထွက်ပြေးသောစစ်သားတို့ကိုလိုက်တုက
ိကာ မြို့ရိုးနားအထိရောက်လာသည်။

ထိုအခါ မြို့စားသည် "ဟွမ်ကျုံး"(Huang Zhong) ကိုထွက်တိုက်စေရန်အမိန့်ပေးလိုက်ပြီး


သူကိုယ်တိုင်ကမူ မြို့ရိုးပေါ်မှတိုက်ပွဲကိုကြည့်နေသည်။ "ဟွမ်ကျုံး"(Huang Zhong) သည်ဓားကိုကိုင်ကာ
မြို့တံတားကိုချစေကာ စစ်သားတို့ကိုဦးဆောင်ပြီး
မြို့ပြင်သို့ ထွက်လေသည်။မြို့တွင်းမှအသက်ကြီးသောစစ်သူကြီးတစ်ယောက်ထွကလ
်ာသောအခါ ထိုသမ
ှူာ
"ဟွမ်ကျုံး"(Huang Zhong) ဖြစ်မည်ဟုခန့်မှန်းပြီးနောက် "ကွမ်းယွ"ီ (Guan Yu) သည်
စစ်သားတို့အားခဏရပ်စေပြီး ဓားကိုကိုင်ကာတန်းစီခိုင်းထားသည်။ ထို့ နောက် "ကွမ်းယွ"ီ (Guan Yu) မှ

"ခင်ဗျားက ဟွမ်ကျုံး"(Huang Zhong) လား" ဟုမေးသည်။

"ခင်ဗျားက ကျုပ်အကြောင်းသိရက်နဲ့ ဒီနယ်မြေထဲဝင်လာရဲတယ်!"

"ခင်ဗျားခေါင်းကိုဖြတ်ဖို့ရောက်လာတာ"

ထို့နောက် ထိုသန
ှူစ်ဦးတို့ သည် စီးချင်းယှဉ်တုက
ိကြလေသည်။
အကွက်ပေါင်းတစ်ရာကျော်တိုက်ပြီးသော်လည်း တစ်ဦးအပေါ်တစ်ဦးအသာမရကြပေ။ ထိုအခါ
မြို့ရိုးပေါ်မှစောင့်ကြည့်နေသောမြို့စားသည် သူ့စစ်သြူ ကီးရှုံးမည်ကုစ
ိုးရိမ်သဖြင့် ဗုံတို့ ကိုတီးစေကာ
မြို့တွင်းသို့ ပြန်ဝင်ရန်အချက်ပေးလိုက်သည်။ "ကွမ်းယွ"ီ (Guan Yu) သည် မြို့မှသုံးမိုင်အကွာခန့်တွင်
စခန်းချထားသည်။ "ကွမ်းယွီ"(Guan Yu) သည် "ဟွမ်ကျုံး"(Huang Zhong)
နှင့်အကွက်ပေါင်းတစ်ရာကျော်တိုက်သော်လည်း ဟာကွက်မတွေ့သဖြင့် နောက်တစ်ကြိမ်တွေ့လျှင်
'မြင်းကိုလှည့်ပတ်ပြီးထိုး'သည့်ဗျူဟာကိုသုံးမည်ဟုတွေးထားသည်။

735
နောက်ရက်တွင် "ကွမ်းယွ"ီ (Guan Yu) သည် မြို့နားသို့ချီတက်ပြီး စိန်ခေါ်ပြန်သည်။ မြို့စားမှာ
ထုံးစံအတိုင်း မြို့ရိုးပေါ်တွင်သာနေကာ "ဟွမ်ကျုံး"(Huang Zhong) ကိုထွက်တိုက်စေသည်။
စစ်သြူ ကီးနှစ်ဦးတို့တိုက်ကြသောအခါ စစ်သားတို့ က အားပေးကြလေသည်။ ထိုသို့ တိုက်နေကြရင်း
ရုတတ
် ရတ် "ကွမ်းယွ"ီ (Guan Yu) က အနောက်သို့ လှည့်ကာ ပြေးသွားသည်။ ထိုအခါ "ဟွမ်ကျုံး"(Huang
Zhong) ကလည်း နောက်မှလိုက်သည်။ ထိုအချိန်တွင် အနောက်ဘက်မှအသံတစ်ခုကြားလိုက်ရပြီး
"ကွမ်းယွ"ီ (Guan Yu) လှည့်ကြည့်လုက
ိသောအခါ "ဟွမ်ကျုံး"(Huang Zhong) ၏မြင်းမှာ ချော်ကျပြီး
"ဟွမ်ကျုံး"(Huang Zhong) လည်း မြင်းပေါ်မှကျသွားသည်ကိုမြင်လိုက်ကြသည်။ ထိုအခါ
"ကွမ်းယွ"ီ (Guan Yu) က လက်နှစ်ဖက်ဖြင့်ဓားကိုကိုင်ပြီး ပြန်လှည့်ကာ

"ခင်ဗျားကို အသက်ချမ်းသာပေးမယ်။ ဒါပေမယ့် မြန်မြန်ပြန်ပြီးနောက်ထပ်မြင်းတစ်ကောင်ရှာပြီးတော့


ပြန်လာတိုက်ပါ" ဟုပြောသည်။

"ဟွမ်ကျုံး"(Huang Zhong) သည် မြင်းပေါ်သို့ပြန်တက်ပြီးမြို့တွင်းသို့ပြန်ဝင်သည်။ မြို့စားမှ


အကျိုးအကြောင်းမေးရာ "ဟွမ်ကျုံး"(Huang Zhong) မှ

"မြင်းက တအားအိုနေပြီ" ဟုပြောသည်။

"ခင်ဗျားက မြားပစ်တော်တာ ဘာလို့ မြားမသုံးတာလဲ"

736
"မနက်ဖြန်ကျရင် ကြိုးစားကြည့်ပါ့မယ်။ ပြန်လှည့်ပြေးချင်ယောင်ဆောင်ပြီးတော့
သူမြို့တံတားနားရောက်ရင် မြားနဲ့ပစ်ပါ့မယ်"

မြို့စားမှ "ဟွမ်ကျုံး"(Huang Zhong) အား သူစီးနေကျအညိုရောင်မြင်းတစ်ကောင်ပေးလိုက်သည်။


"ဟွမ်ကျုံး"(Huang Zhong) က ကျေးဇူးတင်စကားပြောပြီးနောက် ထွကသ
်ွားသည်။

သို့သော်လည်း "ဟွမ်ကျုံး"(Huang Zhong) မှာ "ကွမ်းယွ"ီ (Guan Yu) ၏ကျေးဇူးကိုမမေ့ပေ။


"ကွမ်းယွ"ီ (Guan Yu) မှ သူ့အား အဘယ်ကြောင့်လွှတ်ပေးသည့်အကြောင်းကိုလည်း နားမလည်ချေ။
"ကွမ်းယွ"ီ (Guan Yu) အား မြားဖြင့်မပစ်ပြန်လျှင်လည်း စစ်သားတစ်ဦး၏တာဝန်ကိုချိုးဖောက်ရာကျမည်။
ထိုအကြောင်းတို့ ကိုတွေးရင်းဖြင့် စိတ်ရှုပ်ထွေးကာ တစ်ညလုံးအိပ်မပျော်ပေ။ မိုးစင်စင်လင်းသော်လည်း
ခိုင်မာသည့်ဆုံးဖြတ်ချက် မချနိုင်သေးပေ။ ထိုအချိန်တွင် စစ်သားတစ်ဦးရောက်လာပြီး "ကွမ်းယွ"ီ (Guan Yu)
သည် မြို့ပြင်နားသို့ရောက်လာကာ စိန်ခေါ်သည့်အကြောင်း သတင်းလာပို့ သည်။

"ကွမ်းယွ"ီ (Guan Yu) မှာ "ဟွမ်ကျုံး"(Huang Zhong) နှင့်နှစ်ရက်တိုင်တိုင်တိုက်သော်လည်း


အနိုင်အရှုံးမကွဲသဖြင့်မကျေနပ်ပေ။ ထို့ကြောင့် ထပ်လာကာစိန်ခေါ်ခြင်းဖြစ်သည်။ "ဟွမ်ကျုံး"(Huang
Zhong) သည်လည်းထွက်လာပြီးတိုက်ခိုကြ် ပီးနောက် ၁၃ ကွကခ
် န့်တွင် လှည့်ပြေးသည်။
"ကွမ်းယွ"ီ (Guan Yu) ကလည်း နောက်မှလိုက်လေသည်။ ထိုသို့ ပြေးနေရင်းဖြင့် "ဟွမ်ကျုံး"(Huang
Zhong) စိတ်ထဲတွင်

'သူ မနေ့က ငါ့အသက်ကိုကယ်ခဲ့တာ။ ဒီနေ့ သူ့ကိုသတ်လို့မဖြစ်ဘူး' ဟုတွေးသည်။ ပြီးနောက်


ဓားကိုခဏချပြီး လေးကိုကိုင်ကာ ပစ်မည်ပြုသည်။ လေးကြိုးကိုသာဆွဲလိုကြ် ပီး မြားမထွက်သွားပေ။
"ကွမ်းယွ"ီ (Guan Yu) က ရှောင်လိုက်သည်။ သို့သော်လည်း မြားမထွက်လာသောအခါ
အနောက်မှဆက်လိုက်သည်။ "ဟွမ်ကျုံး"(Huang Zhong) က မြားပစ်ရန်ပြုပြန်သည်၊ "ကွမ်းယွ"ီ (Guan Yu)
ကလည်း ရှောင်ပြန်သည်။ သို့သော် မြားထွက်မလာပေ။ ထိုအခါ "ကွမ်းယွီ"(Guan Yu) က

"သူ မြားမပစ်နိုင်ဘူး " ဟုတွေးပြီး နောက်မှဆက်လိုက်သည်။

မြို့ရိုးနားအရောက်တွင် "ဟွမ်ကျုံး"(Huang Zhong) က ခဏရပ်ပြီးမြားပစ်သည်။ ဤအကြိမ်တွင်မူ မြားက


"ကွမ်းယွ"ီ (Guan Yu) ၏ ခမောက်ပေါ်ရှိငှက်မွှေးကိုထိမှန်သွားသည်။ စစ်သားတို့ သည်
ထိုမြားအစွမ်းကိုတွေ့လျှင် အော်ဟစ်ကာ အားပေးကြသည်။ ထိုအခါ "ကွမ်းယွီ"(Guan Yu) သည်
ခမောက်တွင်စိုက်နေသောမြားကိုပြန်မနှုတပ
်ဲ စခန်းသို့ ပြန်လှည့်သွားသည်။ ထို့နောက် "ဟွမ်ကျုံး"(Huang
Zhong) ၏မြားပစ်စွမ်းရည်မှာ ခြေလှမ်းတစ်ရာမှ သစ်ရွက်ကိုထိအောင်ပစ်နိုင်သည်ဟြု ကားသောအခါ

737
"ကွမ်းယွ"ီ (Guan Yu) သည် ယမန်နေ့ကကျေးဇူးကြောင့် လူကုတ
ိ မင်မထိစေပဲ
ခမောက်ကိုသာထိအောင်ပစ်လိုက်ခြင်းဖြစ်ကြောင်းသဘောပေါက်သွားသည်။

"ဟွမ်ကျုံး"(Huang Zhong) သည် မြို့ရိုးပေါ်သို့ သွားသောအခါ မြို့စားမှ "ဟွမ်ကျုံး"(Huang Zhong)


အားချုပ်နှောင်ရန်အမိန့်ပေးလိုက်သည်။ ထိုအခါ "ဟွမ်ကျုံး"(Huang Zhong) မှ

"ကျွန်တော် ဘာအပြစ်လုပ်လို့ လဲ" ဟုမေးသည်။

"ခင်ဗျား ဒီသုံးရက်အတွင်းမှာ ကျုပ်ကိုအရူးလုပ်နေတာမဟုတ်လား? တစ်နေ့က ခင်ဗျားတာဝန်ကို


ကျေပွန်အောင်မလုပ်နိုင်ခဲ့ဘူး ၊ ဒါ ခင်ဗျားစိတ်ထဲမှာ မကောင်းတဲ့အကြံရှိလို့ မဟုတ်လား။ မနေ့က
ခင်ဗျားမြင်းလဲကျသွားပေမယ့် ရန်သူကခင်ဗျားကိုမသတ်လိုက်ဘူး ၊ ဒါက
ခင်ဗျားနဲ့သူပူးပေါင်းပြီးကြံစည်နေတာမဟုတ်လား။ ဒီနေ့ကျတော့ ခင်ဗျားက
နှစ်ကြိမ်တိုင်တိုင်မြားပစ်ချင်ယောင်ဆောင်ပြီး တတိယအကြိမ်မှာတော့ ခမောက်ကိုပဲထိသွားတယ်။
ခင်ဗျားနဲ့ရန်သြူ ကားမှာ သဘောတူညီချက်မရှိဘူးလို့ပြောနိုင်မလား? ခင်ဗျားကိုသေဒဏ်မပေးရင်
ကျုပ်ပဲဒုက္ခရောက်မှာ"

ထို့နောက် "ဟန်ရွှမ"် (Han Xuan) သည် စစ်သူကြီးကိုကွပ်မျက်ရန် အမိန့်ပေးလိုက်သည်။ ထို့အပြင်

"သူ့အတွက် အသနားခံတဲ့လူတွေကုလ
ိ ည်း အကြံအစည်ထဲပါဝင်တယ်လို့သတ်မှတ်ရမယ်"
ဟုပြောလိုက်သည်။

အာဏာပါးကွက်သားတို့သည် အိုမင်းသောစစ်သူကြီးကိုမြို့ပြင်သို့ ဆွဲထုတက


်ာ သတ်ရန်ပြုသည်။
ထိုအချိန်တွင် လူတစ်ဦးမှ

"ဟွမ်ကျုံး(Huang Zhong) က ကျုပ်တို့ ရဲ့တံတိုင်းကြီးပဲ။ သူ့ကိုဖျက်စီးရင်


ချန်ဆားမြို့သားတွေကုဖ
ျိက်စီးလိုက်သလိုပဲ။ မြို့စားက ရက်စက်ကြမ်းကြုတ်ပြီးလူတော်တွေကို
အလေးမထားဘူး၊ ကိုယ့်အမှုထမ်းတွေအပေါ်လည်း မောက်မောက်မာမာဆက်ဆံတယ်။ ဒါကြောင့်
သူ့ကိုသတ်သင့်တယ်။ ကျုပ်နဲ့အကြံတူတဲ့လေ
ူ တွထက
ွ်လာခဲ့ပါ" ဟုပြောသည်။ ထိုပြောသောလူမှာ
ကြေးနီရောင်ရှိပြီး 'နွားကျောင်းသား'ကြယ်ကဲ့သို့ မျက်လုံးများရှိသည်။ ထိုသူမှာ ယီရန်မှ "ဝေရန်"(Wei Yan)
ဖြစ်သည်။ ထိုသူမှာ ရှန်းရန်တွင် "လျူဘေ့"(Liu Bei) နောက်သို့ လိုက်ချင်ခဲ့သော်လည်း မမှီသဖြင့်
"ဟန်ရွှမ်"(Han Xuan) လက်အောက်တွင် အမှုထမ်းခြင်းဖြစ်သည်။ သို့သော်လည်း "ဟန်ရွှမ"် (Han Xuan)
မှာ "ဝေရန်"(Wei Yan) ကိုအလေးမမူသဖြင့် "ဝေရန်"(Wei Yan) သည် မည်သည့်ရာထူးမှမကိုင်ထားပဲ
မြို့အတွင်းတွင်သာ နေ,နေခဲ့သည်။

738
"ဟွမ်ကျုံး"(Huang Zhong) အားကယ်တင်ပြီးနောက် "ဝေရန်"(Wei Yan) က လူတို့အားခေါ်ကာ
မြို့စားကိုသတ်ရန်လုပ်သည်။ သူသည်လက်ကိုဝှေ့ရမ်းကာ လူတို့ အားအော်ကာပြောလေသည်။
မကြာမီတင
ွ်ပင် လူရာပေါင်းများစွာတို့ က သူ၏ဦးဆောင်မှုနောက်သို့လိုက်ကြသည်။
မြို့စားသေဆုံးသွားပြီးနောက် ခေါင်းကိုဖြတ်ကာ ထိုခေါင်းကို "ကွမ်းယွ"ီ (Guan Yu) ထံပို့လိုက်သည်။
"ကွမ်းယွ"ီ (Guan Yu) သည်လည်း မြို့အတွင်းသို့ဝင်ပြီး လူတို့ အားတည်ငြိမ်စေသည်။ ပြီးနောက်
"ဟွမ်ကျုံး"(Huang Zhong) ထံစာပို့ကာ သူ့ထံလာရန်ဖိတ်ခေါ်သည်။ "ဟွမ်ကျုံး"(Huang Zhong) က
နေမကောင်းဟုအကြောင်းပြကာ ငြင်းလိုက်သည်။

ထို့နောက် "ကွမ်းယွ"ီ (Guan Yu) သည် ထိုသတင်းကောင်းကို သူ့အစ်ကိုနှင့် "ကျူးကဲလျန့်"(Zhuge


Liang) ထံသတင်းပို့ ပြီးလာရန်ဖိတ်ခေါ်သည်။ "ကွမ်းယွီ"(Guan Yu) ထွက်သွားသည်နှင့် "လျူဘေ့"(Liu
Bei) နှင့် "ကျူးကဲလျန့်"(Zhuge Liang) တို့ မှာ စစ်တပ်တို့ကိုဦးဆောင်ပြီး လိုအပ်ပါကအကူအညီပေးရန်
ချီတက်လာသည်။ စစ်ချီတက်နေစဉ်တွင် အမည်းရောင်အလံသည်အနောက်သို့ ယိုင်ကျသွားသည်၊
ထို့အပြင် မြောက်မှတောင်သို့သွားသောကျီးတစ်ကောင်သည် သုံးကြိမ်သုံးခါအာသွားသည်။ ထိုအခါ
"လျူဘေ့"(Liu Bei) မှ

"ဒီနိမိတေ
် တွက အကောင်းလား၊ အဆိုးလား" ဟုမေးသည်။ "ကျူးကဲလျန့်"(Zhuge Liang) သည်
လက်ဖြင့်တွက်ချက်ပြီးနောက်

"ချန်ဆားမြို့ကိုသိမ်းနိုင်ပြီး ခေါင်းဆောင်ကောင်းကိုရလိမ့်မယ်။ ညနေလောက်ကျရင် သိပါလိမ့်မယ်"


ဟုပြောသည်။ မကြာခင်တွင်ပင် စစ်သားတစ်ဦးရောက်လာကာ မြို့ကိုသိမ်းပြီးသည့်အကြောင်းနှင့်
မြို့တွင်းမှသူရဲကောင်းနှစ်ဦးတို့သည် "လျူဘေ့"(Liu Bei) ကိုစောင့်မျှော်နေကြောင်းပြောသည်။
"လျူဘေ့"(Liu Bei) သည် မြို့အတွင်းသို့ ရောက်ပြီးနောက် "ဟွမ်ကျုံး"(Huang Zhong) ထံသွားကာ
သတင်းမေးလေသည်။ ထိုအခါတွင်မှ "ဟွမ်ကျုံး"(Huang Zhong) သည် "လျူဘေ့"(Liu Bei)
လက်အောက်တွင် သစ္စာခံသည်။ ထို့နောက် "ဟွမ်ကျုံး"(Huang Zhong) မှ
သေဆုံးသွားသောမြို့စား၏အလောင်းကို မြို့အရှေ့ဘက်အရပ်တွင် မြှုပ်နှံရန်ခွင့်တောင်းသည်။
"လျူဘေ့"(Liu Bei) ကလည်း သူ့ထံတွင် အမှုထမ်းလာသည့်ခေါင်းဆောင်ကို
ကောင်းမွန်ရက်ရောစွာဆက်ဆံသည်။

သို့သော် "ဝေရန်"(Wei Yan) နှင့်မိတဆ


် က်သောအခါဝယ် ရုတ်တရတ် "ကျူးကဲလျန့်"(Zhuge Liang)
မှဝင်ကာ "ဝေရန်"(Wei Yan) အား သေဒဏ်ပေးစေသည်။ "လျူဘေ့"(Liu Bei) မှ

"သူက စွမ်းဆောင်မှုကြီးလုပ်ခဲ့တာ။ ဘာအပြစ်မှမရှိဘူး။ ဘာလို့သေဒဏ်ပေးမှာလဲ" ဟုမေးသည်။

739
"ကျေးဇူးမသိတတ်တာကြောင့်ပဲ။ တပါးသူရဲ့အစာကိုစားပြီး အဲ့လက
ိုသတ်တာက သစ္စာမဲ့ခြင်းပဲ။
သူ့မြေပေါ်မှာနေပြီး သူ့မြေကိုတခြားလူလက်ထဲအပ်တာက လွဲမှားမှုပဲ။ သူက နောင်အခါမှာလည်း
သခင်အသစ်အပေါ်ကိုကျေးစွပ်ဦးမှာပဲ။ ဒါကြောင့် အဲ့လိုမလုပ်အောင် သေဒဏ်ပေးမလို့ "

"သူ့ကိုသတ်လိုကရ
် င် ကျုပ်တို့ ကိုအညံ့ခံချင်တဲ့လေ
ူ တွက အညံ့ခံတော့မှာမဟုတ်ဘူးလေ။ ဒါကြောင့်
သူ့ကိုခွင့်လွှတ်လိုက်ပါ"

"ကျူးကဲလျန့်"(Zhuge Liang) မှ "ဝေရန်"(Wei Yan) ကိုလက်ညှိုးထိုးကာ

"ခင်ဗျားကို အခုခွင့်လွှတ်ပေးလိုက်မယ်။ သခင်ကြီးအပေါ် ကျေးဇူးသစ္စာနဲ့ကောင်းကောင်းအမှုထမ်းပါ။


တခြားကိုသစ္စာဖောက်ဖို့တောင် ရေးရေးမှမတွေးနဲ့။ အဲ့လုမ
ှိမဟုတ်ရင် ခင်ဗျားခေါင်းကိုဖြတ်ရလိမ့်မယ်"
ဟုပြောသည်။ "ဝေရန်"(Wei Yan) ကလည်း ကတိပြုလိုက်သည်။

"ဟွမ်ကျုံး"(Huang Zhong) မှ အနီးအနားရှိယွီရှန်တွင်နေ,နေသော "လျူပြောင်း"(Liu Biao)


၏တူဖြစ်သည့် "လျူဖန်"(Liu Pan) နှင့်မိတ်ဆက်ပေးသည်။ "လျူဘေ့"(Liu Bei) မှ "လျူဖန်"(Liu Pan)
အား ချန်ဆားမြို့စားအဖြစ်တာဝန်ပေးလိုက်သည်။ အကုန်လုံးငြိမ်းချမ်းသွားသောအခါ "လျူဘေ့"(Liu Bei)
သည် ကျင်ကျိုးသို့ပြန်သွားသည်။ ယိုခိုမြို့ကို ကုံးအန်းဟု နာမည်ပြောင်းစေသည်။
ထိုဒေသသည်ဖွံ့ဖြိုးသာယာကာ အရည်အချင်းရှိသောသူတို့သည်အုပ်ချုပ်ရေးတွင် တာဝန်ယူကြသည်။
စစ်ဗျူဟာအရအရေးပါသောနေရာတို့ တွင် စစ်တပ်တို့ချထားသည်။

ပါးလင်တွင် "ကန်းနင်"(Gan Ning) ၊ ဟန်ရန်တွင် "လင်ထံ"ု (Lin Tong)


အားစောင့်ကြပ်ရန်တာဝန်ပေးပြီးနောက် "ကျိုးယွ"ီ (Zhou Yu) သည် ချိုင်စန်းတွင်
ဒဏ်ရာမှအနားယူရန်သွားသည်။ ထိုနေရာနှစ်ခုမှ တူညီသောသင်္ဘောတပ်ကိုအသုံးပြုပြီး
လိုအပ်ပါကခုတ်မောင်းနိုင်ရန်ပြင်ထားသည်။ ကျန်သောတပ်တို့ကို "ချန်ဖူ"(Cheng Pu) ကဦးဆောင်ပြီး
ဟဲဖေးသို့သွားသည်။

"စွန်းချွမ်"(Sun Quan) သည် မြောက်ပိုင်းတပ်တို့ နှင့် တိုကပ


်ွဲကြီးငယ်တို့ကိုတိုက်ခိုက်နေသော်လည်း
နှစ်ဖက်လုံးအသာစီးမရကြသေးပေ။ "စွန်းချွမ်"(Sun Quan) မှာ မြို့သို့ မချဉ်းကပ်နိုင်ပဲ ၁၅ မိုင်အကွာတွင်
စခန်းချထားသည်။ "ချန်ဖ"ူ (Cheng Pu) ဦးဆောင်သောစစ်ကတ
ူ့ို ရောက်လာမည်ဟုကြားသောအခါ
"စွန်းချွမ်"(Sun Quan) သည် ဝမ်းသာအားရဖြင့် ထွက်ကာကြိုဆိုသည်။ "လူဆ"ု (Lu Su) သည်
ပင်မတပ်ထက်အလျင်ချီတက်လာသဖြင့် "လူဆ"ု (Lu Su) မှာ ရှေ့ဆံုး မှရောက်နှင့်သည်။ "စွန်းချွမ်"(Sun
Quan) သည် မြင်းပေါ်မှဆင်းကာ "လူဆ"ု (Lu Su) ကိုကြိုဆိုသည်။ "လူဆ"ု (Lu Su) ကလည်း
မြင်းပေါ်မှဆင်းကာ အရိုအသေပြုသည်။ "စွန်းချွမ်"(Sun Quan) ၏အပြုအမူကြောင့် အမှုထမ်းတို့မှာ

740
အံ့ဩသွားကြသည်။ ထိုမျှမက "စွန်းချွမ်"(Sun Quan) သည် "လူဆ"ု (Lu Su) အား မြင်းပေါ်ပြန်တက်စေပြီး
မြင်းနှစ်ကောင်ယှဉ်ကာ စီးစေသည်။

"စွန်းချွမ်"(Sun Quan) မှ "လူဆ"ု (Lu Su) အား

"ကျုပ် မြင်းပေါ်ကဆင်းပြီး ခင်ဗျားကိုကြိုဆိုတာ လုံလောက်လား" ဟုမေးသည်။

"မလုံလောက်ဘူး"

"ဒါဆို ကျုပ်ဘာထပ်လုပ်ရဦးမှာလဲ"

"သခင်ကြီးရဲ့အာဏာစက်က ပင်လယ်လေးခုနဲ့ ဒေသကိုးခုမှာ ပျံ့နေတာမြင်ချင်ပါတယ်။ သခင်ကြီးက


ဘုရင်မင်းမြတ်အဖြစ်နဲ့ နေပြီး ကျွန်တော့်နာမည်ကလည်း သမိုင်းတွင်ပြီးကျော်ကြားချင်ပါတယ်"

ထိုအခါ "စွန်းချွမ်"(Sun Quan) က လက်ခုတ်လက်ဝါးတီးကာ


ပျော်ရွှင်စွာရယ်မောသည်။စခန်းသို့ ပြန်ရောက်သောအခါတွင် စားသောက်ပွဲတို့ တည်ခင်းကာ
ကျွေးမွေးလေသည်။ ဟဲဖေးကိုတိုက်ခိုက်ရန်တိုင်ပင်ကြစဉ်တွင် တပ်သားတစ်ဦးရောက်လာကာ
"ကျန်းလျောင်"(Zhang Liao) မှစိန်ခေါ်စာပို့ လာကြောင်းပြောသည်။ "စွန်းချွမ်"(Sun Quan) သည်
စာကိုဖတ်ပြီးနောက် ဒေါသဖြင့်

"ဒီကျန်းလျောင်(Zhang Liao) က ကျုပ်ကိုပမာမခန့်ပြုရဲတယ်။ သူက ချန်ဖူ(Cheng Pu)


ရောက်လာတဲ့အကြောင်းကိုကြားတော့ စီးချင်းယှဉ်တုက
ိဖို့ စိန်ခေါ်လာတယ်။ မနက်ဖြန်မှာ ကျုပ်
သူနဲ့တိုက်တာကိုကြည့်ပါ။ ခင်ဗျားတို့ဝင်မပါနဲ့" ဟုပြောလေသည်။

နောက်ရက်တင
ွ် စစ်တပ်တို့ကိုဦးဆောင်ကာ ဟဲဖေးသို့ချီတက်လေသည်။ လမ်းတစ်ဝက်တွင်
"ချောင်ချောင်း"(Cao Cao) ၏စစ်သားတို့နှင့်တွေ့လေရာ စစ်တိုက်ရန်ပြင်ဆင်ကြသည်။ "စွန်းချွမ်"(Sun
Quan) သည် ရွှေရောင်ခမောက်၊ ငွေရောင်သခ
ျံပ်ကာတို့ကိုဝတ်ဆင်ထားပြီး တစ်ဖက်စီတွင်
"စုန်းချန်"(Song Qian) နှင့် "ကျားဟွာ"(Jia Hua) တို့ က လှံကိုကိုင်ကာ နေရာယူထားသည်။

ဗုံသုးံ ကြိမ်မြည်ပြီးနောက်တွင် "ချောင်ချောင်း"(Cao Cao) တပ်မှသရ


ဲူကောင်းသုံးဦးတို့သည်
လက်နက်ကိုယ်စီဖြင့်ထွကလ
်ာသည်။ ထိုသူတို့မှာ "ကျန်းလျောင်"(Zhang Liao) ၊ "လီတျန်"(Li Dian) နှင့်
"ယွဲကျင်"့ (Yue Jing) တို့ဖြစ်ကြသည်။ "ကျန်းလျောင်"(Zhang Liao) သည် အလယ်တွင်နေရာယူကာ
"စွန်းချွမ်"(Sun Quan) ကိုစိန်ခေါ်သည်။ "စွန်းချွမ်"(Sun Quan) သည် သူ၏လှံကိုကုင
ိကာ
ရန်သ၏
ူ စိန်ခေါ်မှုကိုလက်ခံမည်ပြုသည်။ ထိုအချိန်တွင် အနောက်ဘက်မှ "ထိုက်ရှီချီ"(Taishi Ci) သည်
လှံကင
ိုကာထွက်လာပြီး "ကျန်းလျောင်"(Zhang Liao) နှင့်တိုက်လေသည်။ "ကျန်းလျောင်"(Zhang Liao)

741
ကလည်း သူ၏ဓားဖြင့် "ထိုက်ရှီချီ"(Taishi Ci) ကိုပြန်တိုက်သည်။ နှစ်ဦးလုံးအကွက်တစ်ရာခန့်
တိုက်ပြီးသော်လည်း တစ်ဦးအပေါ်တစ်ဦး အသာစီးမရပေ။

ထိုအခါ "လီတျန်"(Li Dian) မှ "ယွဲကျင်"့ (Yue Jing) အား

"ဟိုမှာ ရွှေရောင်ခမောက်နဲ့က စွန်းချွမ်(Sun Quan) ပဲ။ သူ့ကိုသာဖမ်းနိုင်ရင် ကမ်းပါးနီမှာ


ကျုပ်တို့တပ်သားရှစ်သန
ိးသုံးသောင်းဆုံးရှုံးခဲ့တ့အ
ဲ ပေါ် ပြန်လက်စားချေနိုင်မယ်" ဟုပြောသည်။ ထိုအခါ
"ယွဲကျင်"့ (Yue Jing) သည် ဓားကိုကုင
ိကာ တိုကခ
ိုကေ
် နသောလူနှစ်ယောက်ကိုကျော်သွားပြီး
မိုးကြိုးကဲ့သို့သောအလျင်ဖြင့် "စွန်းချွမ်"(Sun Quan) အား ဓားနှင့်ခုတ်ရန်ပြုသည်။ သို့သော်လည်း
"စွန်းချွမ်"(Sun Quan) ၏ကိုယ်ရံတော်နှစ်ဦးကလှံတို့ဖြင့်ကာလိုက်သည်။ သို့ သော်လည်း ထိုလှံတို့မှာ
အတန်ငယ်ကျိုးပဲ့သွားသည်။ ထိုအခါ "စုန်းချန်"(Song Qian) သည် စစ်သားတစ်ဦးထံမှဓားကိုယူပြီး
နောက်မှလိုက်သည်။ သို့သော်လည်း "လီတျန်"(Li Dian) က "စုန်းချန်"(Song Qian) ၏နှလုံးကိုချိန်ပြီး
မြားဖြင့်ပစ်လိုက်ရာ "စုန်းချန်"(Song Qian) သည် မြင်းပေါ်မှလဲကျသွားသည်။

"ထိုက်ရှီချီ"(Taishi Ci) သည် သူ့ဘက်မှလူလဲကျသွားသည်ကိုမြင်သောအခါ


သူ၏တပ်အတွင်းပြန်လှည့်သွားသည်။ "ကျန်းလျောင်"(Zhang Liao) သည်လည်း
ရန်သ၏
ူ တပ်တို့ကိုတိုက်လေရာ "စွန်းချွမ်"(Sun Quan) ၏တပ်သည် ကစဥ့်ကလျားဖြစ်ကုန်သည်။

"ကျန်းလျောင်"(Zhang Liao) သည် "စွန်းချွမ်"(Sun Qian) အား လိုကမ


ှ်ီခါနီးတွင် "ချန်ဖူ"(Cheng Pu)
မှဝင်ပြီး သူ၏သခင်ကိုကယ်တင်လိုက်သည်။ "ကျန်းလျောင်"(Zhang Liao) သည်လည်း
ဟဲဖေးသို့ပြန်လည
ှ့်သွားသည်။ "စွန်းချွမ်"(Sun Quan) ကို တပ်စခန်းသို့ပြန်ခေါ်သွားပြီး
စစ်ရှုံးလာသောစစ်သားတို့ သည်လည်း စခန်းတွင် ပြန်စုဝေးကြသည်။

"စွန်းချွမ်"(Sun Quan) သည် "စုန်းချန်"(Song Qian) ၏သေဆုံးမှုအကြောင်းသိရင် စိတ်မကောင်းဖြစ်ပြီး


ကျယ်လောင်စွာငိုသည်။ အကြံပေး "ကျန်းဟုန်"(Zhang Hong) မှ

"သခင်ကြီးက ကာယခွန်အားကိုအားကိုးလွန်းပြီး အင်အားကြီးတဲ့ရန်သူကိုလျှော့တွက်ခဲ့တယ်။


တပ်သားတွေအကုန်လုံးကကြောက်လန့်ပြီး စစ်သြူ ကီးတစ်ယောက်ဆုံးရှုံးခဲ့ပြီး
တပ်သားအချို့သေဆုံးခဲ့တယ်။ သခင်ကြီးက စစ်မြေပြင်မှာ စစ်သူကြီးတစ်ယောက်လို
အရဲကိုးပြီးမတိုက်သင့်ဘူး။ ရှေးခေတ်က ရှယ(ွီ Xia Yu) ၊ မုန့်ပန်(Meng Ben) တို့ လိုမျိုး
ဥပါယ်တံမျဉ်နဲ့ ရန်သူကိုရင်ဆိုင်သင့်တယ်။ အခု သခင်ကြီးက တိုက်ပွဲမှာကိုယတ
ိုင်ပါလိုက်တော့
စုန်းချန်(Song Qian) က ရန်သေ
ူ တွလက်မှာ အသက်ပေးလိုက်ရတယ်။ ဒါကြောင့် သခင်ကြီးရဲ့လုံခြုံမှုကိုပဲ
အဓိက အလေးထားသင့်တယ်" ဟုပြောသည်။

742
"ဟုတ်တယ်၊ ဒါ ကျုပ်ရဲ့အမှားပဲ။ ကျုပ်ပြုပြင်ပါ့မယ်"

မကြာမီတွင် "ထိုကရ
ှ်ီချီ"(Taishi Ci) ဝင်လာကာ

"ကျွန်တော့်လက်အောက်က ကဲတင်း(Ge Ding) ဆိုတဲ့လက


ူ ကျန်းလျောင်(Zhang Liao) လက်အောက်က
မြင်းထိန်းရဲ့ညီနဲ့ညီအစ်ကုေ
ိ တ်ာတယ်။ အဲ့မြင်းထိန်းက သူ့အပေါ်အပြစ်ပေးခဲ့တ့အ
ဲ ပေါ်မုန်းတီးပြီး
လက်စားချေချင်တယ်။ ဒါကြောင့် သူက ကျန်းလျောင်(Zhang Liao) ကိုသတ်ပြီးရင်
အချက်ပေးမယ်လို့ ပြောတယ်။ ကျွန်တော်က စစ်တပ်အနည်းငယ်နဲ့သွားစောင့်နေပြီး
တစ်ဖက်ကအချက်ပေးတာနဲ့ ရန်သူ့ စခန်းကိုတိုက်ချင်တယ်" ဟုပြောသည်။

"ကဲတင်း(Ge Ding) က ဘယ်မှာလဲ"

"ကဲတင်း(Ge Ding) က ရန်သူမြို့ထဲမှာ။ ကျွန်တော့်ကိုစစ်သားငါးထောင်ပေးပါ"

"ကျူးကဲကျင့်"(Zhuge Jin) မှ

"ကျန်းလျောင်(Zhang Liao) ကလည်း ပရိယာယ်ကြွယတ


် ယ်။ သူ
ခင်ဗျားလာမှာကိုကြိုစောင့်ရင်စောင့်နေမှာ။ သတိထားပါ" ဟုပြောသည်။ သို့သော်လည်း
"ထိုက်ရှီချီ"(Taishi Ci) မှာ သွားရန်ဆန္ဒရှိသဖြင့် "စွန်းချွမ်"(Sun Quan) က ခွင့်ပြုလိုက်သည်။

"ထိုက်ရှီချီ"(Taishi Ci) နှင့် "ကဲတင်း"(Ge Ding) တို့သည် တစ်နယ်တည်းသားချင်းများဖြစ်ကြသည်။


"ကဲတင်း"(Ge Ding) သည် အစောင့်တို့ မသိစေပဲမြို့အတွင်းသို့ဝင်ကာ အစ်ကိုဖြစ်သူနှင့်တွေ့ပြီး
လုပ်ကြံရန်ပျင်ဆင်သည်။ "ကဲတင်း"(Ge Ding) မှ

"ထိုက်ရှီချီ(Taishi Ci) က ဒီညမှာလာပြီး ကျွန်တော်တို့ကိုကူညီလိမ့်မယ်။ အခုဘာလုပ်ကြမလဲ"


ဟုပြောသည်။

"စွန်းချွမ်(Sun Quan) ရဲ့တပ်ဖွဲ့ ကဝေးတော့ ဒီညမရောက်နိုင်လောက်ဘူး ။ ဒါကြောင့်


ငါတို့ တွေမီးပုံလုပ်ပြီးတော့ မင်းကအပြင်ပြေးထွက်ပြီး သစ္စာဖောက်ဆိုပြီးအော်ရမယ်။ အဲ့လိုဆို
အကုန်ရှုပ်ထွေးကုန်ပြီး ကျန်းလျောင်(Zhang Liao) ကိုသတ်နိုင်မယ်"

"တော်တော်ကောင်းတဲ့အကြံပ"ဲ

743
"ကျန်းလျောင်"(Zhang Liao) စစ်ပွဲတွင်အနိုင်ရပြီးနောက် ပြန်လာသောအခါတွင် စစ်သားတို့ အား
ဆုလာဘ်များပေးလေသည်။ သို့သော် စစ်သားတို့ကို မအိပ်ရန်နှင့် သံချပ်ကာတို့ကိုဝတ်ထားရန်
အမိန့်ချထားသည်။ ထိုအခါ အမှုထမ်းတို့က

"ဒီနေ့စစ်သူကြီး အနိုင်ရပြီးတော့ပြန်လာတာ၊ ရန်သေ


ူ တွကလည်း ဟိုးအဝေးကြီးမှာ။ ဒါကြောင့်
သံချပ်ကာကိုချွတ်ပြီးအနားယူသင့်တယ်" ဟုပြောကြသည်။

"ဒါ ခေါင်းဆောင်ကောင်းရဲ့နည်းလမ်းမဟုတ်ဘူး။ အောင်နိုင်မှုကြောင့်ပျော်ရမှာမဟုတ်သလို


ဆုံးရှုံးမှုကြောင့်လည်း ဝမ်းနည်းမနေသင့်ဘူး။ တောင်ပိုင်းပြည်နယ်ကလူတွေသာ
ကျုပ်ဘာမှမပြင်ဆင်ထားဘူးလို့ထင်ရင် လာတိုက်မှာအမှန်ပဲ။ ဒါကြောင့် သူတို့ လာတိုက်မှာကိုခုခံဖို့
အဆင်သင့်ဖြစ်နေရမယ်။ ဒီညမှာ အထူးသတိဝီရိယရှိပါ"

ထိုအချိန်တွင်ပင် "သစ္စာဖောက်" ဟူသောအော်သံကြားလိုက်ပြီး တပ်သားတို့ကရောက်လာကာ


သတင်းပို့ ကြသည်။ အခြားသောအမှုထမ်းတို့က

"အသံတွေက အင်မတန်အလျင်လိုတဲ့အသံပဲ။ သွားပြီးကြည့်ကြည့်သင့်တယ်" ဟုပြောသည်။


"ကျန်းလျောင်"(Zhang Liao) မှ

"တစ်မြို့လုံးတော့ သစ္စာဖောက်မဖြစ်နိုင်ဘူး။ မကျေနပ်တ့လ


ဲူတစ်ယောက်ယောက်က
စစ်သားတွေကြောက်လန့်အောင် လုပ်တာနေမယ်။ အဲ့လူကိုရှာတွေ့ရင် သေဒဏ်ပေးမယ်" ဟုပြောသည်။

မကြာခင်တွင်ပင် "လီတျန်"(Li Dian) မှ "ကဲတင်း"(Ge Ding) နှင့်သ၏


ူ အစ်ကိုတို့ ကိုဖမ်းခေါ်လာသည်။
အနည်းငယ်မေးမြန်းပြီးနောက် ထိုသန
ှူစ်ဦးကိုခေါင်းဖြတ်လိုကသ
် ည်။ ထို့ နောက် မြို့ပြင်မှ ဆူညံသောအသံ၊
ဗုံသတ
ံ့ို ကိုကြားလေသည်။ "ကျန်းလျောင်"(Zhang Liao) မှ

"ဒါ တောင်ပိုင်းပြည်နယ်တပ်တွေက သေသွားတဲ့လူနှစ်ယောက်ကိုလာကူဖို့လာတာပဲ။


သူတို့ ကိုပြန်လှည့်စားရမယ်" ဟုပြောသည်။ ထို့နောက် သူ၏တပ်သားတို့ကို "သစ္စာဖောက်၊
ပုန်ကန်ကုန်ပြီ" ဟုအော်စေပြီး မြို့တံတားကိုဆွဲချစေသည်။

"ထိုက်ရှီချီ"(Taishi Ci) သည် သူ၏လုပ်ကြံမှုအောင်နိုင်ပြီဟုထင်ပြီး မြို့ထဲသို့ ဝင်လေသည်။ ထိုအခါ


ရုတတ
် ရတ်အသံတစ်ခုကြားလိုက်ရပြီး မြားသမားတို့ထွကလ
်ာကာ မြားတို့ဖြင့်ပစ်ကြသည်။
ရန်သူ့ ထောင်ချောက်အတွင်းသို့ ရောက်သွားမှန်းသိသောအခါ ပြန်ထွကရ
် န်လုပ်လေသည်။ သို့သော်လည်း
"ထိုက်ရှီချီ"(Taishi Ci) မှာ ဒဏ်ရာများရသွားပြီး လိုက်ပါလာသော စစ်သားတဝက်ခန့်တို့
သေဆုံးကုန်သည်။ ရန်သူတို့ ကလည်း နောက်ဘက်မှလိုက်လေသည်။ သို့သော်လည်း "လုရွှင့်"(Lu Xun)
နှင့် "တုန်းရှီး"(Dong Xi) တို့က စစ်ကအ
ူ နေဖြင့်ရောက်လာသောကြောင့် ဆက်မလိုက်တော့ပေ။

744
သူ၏စစ်သူကြီးအပြင်းအထန်ဒဏ်ရာရသည်ကိုကြားသောအခါ "စွန်းချွမ်"(Sun Quan) သည်
စိတမ
် ကောင်းဖြစ်သွားသည်။ "ကျန်းကျောက်"(Zhang Zhao) မှ တပ်ခဏဆုတ်ရန်အကြံပေးသည်။
"စွန်းချွမ်"(Sun Quan) ကလည်း လက်ခံလိုက်ပြီး တပ်သားတို့ ကိုစုစည်းကာ သင်္ဘောပေါ်တက်စေပြီး
နန်ရွှီသို့သွားကာ ရွန်ကျိုးတွင်စခန်းချသည်။

ထိုအချိန်တွင် "ထိုက်ရှီချီ"(Taishi Ci) မှာ သေလုမြောပါးဖြစ်နေပြီ။ "စွန်းချွမ်"(Sun Quan) က


"ထိုက်ရှီချီ"(Taishi Ci) ကိုသွားကြည့်သောအခါ "ထိုက်ရှီချီ"(Taishi Ci) မှငိုကာ

"အစွမ်းအစရှိတဲ့လူက ရှုပ်ထွေးပွေလီတဲ့လောကကြီးထဲရောက်လာရင် စစ်သားတစ်ယောက်ဖြစ်သင့်တယ်။


ပြီးရင် သုံးယူနစ်ရှည်တဲ့ဓားကိုကိုင်ပြီးတောင်တွေကုေ
ိ ကျာ်ဖြတ်ပြီး ကောင်းကင်ကြီးကိုပြောင်းလဲရမယ်။
ကျွန်တော် တာဝန်ကြီးကိုတောင်မထမ်းဆောင်ခဲ့ရသေးဘူး။ ဆန္ဒမပြီးမြောက်ပဲဘာကြောင့်များ
သေဆုံးရမှာလဲ" ဟုပြောသည်။ ၎င်းမှာ သူ၏နောက်ဆုံးစကားပင်တည်း။ ထိုအချိန်တွင် သူ၏အသက်မှာ
၄၁ နှစ်ရှိခဲ့ပြီ။

သူ၏စစ်သူကြီးသေဆုံးသွားသောအခါ "စွန်းချွမ်"(Sun Quan) မှာ ဝမ်းနည်းပက်လက်ဖြစ်သွားသည်။


သေဆုံးသူ၏အလောင်းကို နန်ရွှီမြောက်ဘက် ပေကူတောင်ကုန်းတွင် ကောင်းမွန်စွာမြှုပ်နှံပြီး

745
ကျန်ရစ်သောသားဖြစ်သည့် "ထိုက်ရှီဟန်"(Taishi Heng) ကို "စွန်းချွမ်"(Sun Quan)
နန်းတော်အတွင်းတွင် ပြုစုပျိုးထောင်ရန်ခေါ်သွားသည်။

"စွန်းချွမ်"(Sun Quan) ၏ကံဆိုးမိုးမှောင်ကျမှုတို့ ကိုကြားသောအခါ "လျူဘေ့"(Liu Bei) သည်


"ကျူးကဲလျန့်"(Zhuge Liang) နှင့်တိုင်ပင်သည်။ "ကျူးကဲလျန့်"(Zhuge Liang) မှ

"ကျွန်တော် နက္ခတတ
်ာရာတွေကြည့်နေတဲ့အချိန်မှာ
အနောက်မြောက်ဘက်ကကြယ်ကြွေတာတွေ့လိုက်တယ်။ ဒါ မင်းဆွေမင်းမျိုးတွေဘေးတွေ့မယ့်နိမိတ်ပ"ဲ
ဟုပြောသည်။

ထိုအချိန်တွင် အထောက်တော်တစ်ဦးရောက်လာကာ "လျူပြောင်း"(Liu Biao) ၏သား "လျူချီ"(Liu Qi)


သေဆုံးသွားကြောင်း သတင်းပို့သည်။ "လျူဘေ့"(Liu Bei) မှာ ဝမ်းနည်းစွာငိုကြွေးလေသည်။ ထိုအခါ
"ကျူးကဲလျန့်"(Zhuge Liang) မှ

"သေခြင်းရှင်ခြင်းတွေက ကျွန်တော်တို့ ထိန်းချုပ်နိုင်တဲ့အရာတွေမဟုတ်ဘူး။ ဝမ်းနည်းမှုက


ကိုယ့်ကိုယ်ကိုပဲဒုက္ခပေးလိမ့်မယ်။ လုပ်ဆောင်စရာရှိတာပဲလုပ်ပါ။ အဲ့နယ်မြေကိုထိန်းချုပ်ဖို့
တစ်ယောက်ယောက်ကိုလွှတ်ရမယ်" ဟုပြောသည်။

"ဘယ်သူ့ ကိုလွှတရ
် မလဲ"

"ကွမ်းယွ(ီ Guan Yu) ကလွဲပြီးဘယ်သူရှိမလဲ"

ထို့နောက် "ကွမ်းယွ"ီ (Guan Yu) အား ရှန်းရန်မြို့ကိုစောင့်ကြပ်ရန်လွှတ်လိုက်သည်။

"လျူချီ"(Liu Qi) သေလျှင်


ကျင်ကျိုးနယ်ကိုတောင်ပိုင်းပြည်နယ်လက်သို့အပ်မည်ဟ၍
ူ ပေးထားသောကတိကြောင့် "လျူဘေ့"(Liu Bei)
မှာ စိတ်ထဲတွင် ဇဝေဇဝါဖြစ်နေသည်။ သို့သော်လည်း "ကျူးကဲလျန့်"(Zhuge Liang) မှ
ထိုနယ်မြေကိုတောင်ပိုင်းပြည်နယ်ထံပေးအပ်ရန်စိတ်မကူးပေ။ "ကျူးကဲလျန့်"(Zhuge Liang) မှ

"အဲ့ကတိနဲ့ပတ်သတ်ပြီးရောက်လာမယ့်လူကို ကျွန်တော်ပြောစရာရှိပါတယ်" ဟုပြောသည်။

လဝက်ခန့်ကြာပြီးနောက် "လူဆ"ု (Lu Su) သည် ဈာပနအခမ်းအနားသို့ တက်ရောက်ရန်လာမည်ဟု


အကြောင်းကြားစာရောက်လာသည်။

746
အခန်း(၅၄) ဂုဏ်သရေရှိအမျိုးသမီးသည် သမက်ဖြစ်သူနှင့်တွေ့ဆုံခြင်း။ ဦးရီးတော်သည်
ကြင်ရာတော်နှင့်လက်ဆက်ခြင်း။

"လျူဘေ့"(Liu Bei) နှင့် "ကျူးကဲလျန့်"(Zhuge Liang) တို့ သည် မြို့ပြင်သို့ထွကြ် ပီး


တောင်ပိုင်းပြည်နယ်မှလာသောဧည့်သည်အားကြိုဆိုသည်။ နှုတ်ခွန်းဆက်စကားတို့ ဆိုကြပြီးနောက်
"လူဆု"(Lu Su) မှ

"ခင်ဗျားတူရဲ့သေဆုံးမှုသတင်းကိုကြားရတော့ သခင်ကြီးစွန်းချွမ်(Sun Quan) က လက်ဆောင်တွေနဲ့အတူ


ကျွန်တော့်ကိုလွှတြ် ပီး ဈာပနအခမ်းအနားကိုတက်ရောက်စေတယ်။ စစ်သူကြီး ကျိုးယွ(ီ Zhou Yu)
ကလည်း ဦးရီးတော်နဲ့ကျူးကဲလျန့်(Zhuge Liang) တို့ရဲ့သာကြောင်းမာကြောင်းမေးလိုက်တယ်"
ဟုပြောသည်။ နှစ်ဦးလုံးကလည်းထပြီး ကျေးဇူးတင်စကားပြောသည်။
လက်ဆောင်တို့ ကိုပေးပြီးနောက်ဝယ် စားသောက်ပွဲတို့တည်ခင်းလေသည်။
စားသောက်ပွဲအတွက်ပြင်ဆင်နေကြချိန်တွင် ဧည့်သည်ဖြစ်သူမှ
သူလာသည့်အကြောင်းအရင်းကိုပြောလေသည်။

"လျူချီ(Liu Qi) သေသွားပြီးရင် ကျင်ကျိုးနယ်ကိုကျွန်တော်တို့ ဆီပြန်ပေးမယ်လို့ ခင်ဗျားပြောခဲ့တယ်လေ။


အဲ့ဒါနဲ့ပတ်သတ်ပြီး ဘယ်အချိန်လောက်ပြန်ပေးမလည်းဆိုတာ သိချင်ပါတယ်"

"အဲ့အကြောင်းတွေ နောက်မှဆွေးနွေးတာပေါ့။ အခု အရင်အရက်သောက်ပါဦး"

သို့နှင့်စားသောက်ပွဲကိုဆက်ကျင်းပသည်။ အချိန်အနည်းငယ်ကြာသော် "လူဆ"ု (Lu Su) မှ


ထိုအကြောင်းအရာကိုထပ်ပြောပြန်သည်။ "လျူဘေ့"(Liu Bei) မှ မည်သို့ မျှပြန်မပြောချေ။

ထိုအခါ "ကျူးကဲလျန့်"(Zhuge Liang) မှ မျက်နှာအရောင်ပြောင်းသွားပြီး

"လူဆု(Lu Su) ၊ ခင်ဗျားက တော်တော်အကြောင်းအကျိုးမဆီလျော်ဘူး။ ဒါကိုခင်ဗျားကိုရှင်းပြဖို့ ကို


ခင်ဗျားက မစောင့်နိုင်ဘူး။ ဟိုးအရင် ဘိုးဘေးတွေရဲ့ဒတ
ီိုင်းပြည်ကြီးကိုစတည်ထောင်ကတည်းက
မျိုးရိုးစဉ်ဆက်ရာထူးအမွေကိုဆက်ခံလာတာ မဟုတ်လား။ အခုတော့ မသူတော်တွေက အင်အားကြီးနေပြီး
ထင်တိုင်းကြဲနေကြတယ်။ ဒါပေမယ့်လည်း ဘုရားသခင်ရဲ့စောင်မမှုကြောင့် စည်းလုံးစပြုနေပြီ။
ကျုပ်သခင်က မင်းမျိုးမင်းနွယ်ဖြစ်ပြီး ကျင်းဧကရာဇ်မျိုးဆက်ကဆင်းသက်လာတာ၊ ဒါကြောင့် သူလည်း
တိုင်းပြည်ရဲ့တစ်စိတ်တစ်ဒေသလောက်ကို ပိုင်ဆိုင်သင့်တာပေါ့။ ဒါ့အပြင် လျူပြောင်း
ကကျုပ်သခင်ရဲ့အစ်ကိုလေ၊ အစ်ကိုဖြစ်သူအရိုက်အရာကို ညီဖြစ်သူက ဆက်ခံတာက ဘာမှမထူးဆန်းဘူး။

747
ခင်ဗျားသခင်ကရော? သူက ချန်ထန်မြစ်ကသာမန်အမှုထမ်းရဲ့ သားတစ်ယောက်ပဲလေ၊
တိုင်းပြည်ကြီးအတွက် ဘာမှမလုပ်ခဲ့ဖူးဘူး။ သူက အင်အားကြီးတာကြောင့်သာလျှင်
ပြည်နယ်ခြောက်ခုနဲ့မြို့နယ်ရှစ်ဆယ့်တစ်ခုကိုသိမ်းနိုင်ခဲ့တာမဟုတ်လား။ အခုတော့
အလိုရမ္မက်ကိုမထိန်းနိုင်ပဲ တစ်တိုင်းပြည်လုံးကိုသိမ်းချင်နေပြီ။ ဒီနယ်မြေက
လျူမိသားစုတွေပင
ိုဆုင
ိတာပဲလေ၊ ခင်ဗျားတို့သခင်ဖြစ်တဲ့ စွန်းမိသားစုတွေက လျူမိသားစုတွေကို
ဆန့်ကျင်ချင်တယ်? ဒါ့အပြင် ကမ်းပါးနီတိုကပ
်ွဲမှာ ကျုပ်သခင်ရဲ့စစ်သူကြီးတွေက
ရွပ်ရွပ်ချွံချွံနဲ့ရန်သေ
ူ တွကုတ
ိုကခ
်ဲ့တယ်လေ။ စစ်ပွဲကိုအောင်နိုင်ခဲ့တာ
ခင်ဗျားတို့ တောင်ပိုင်းနယ်ရဲ့စစ်တပ်ကြောင့်ပဲမဟုတ်ဘူး ။ ကျုပ်သာ
အရှေ့တောင်လေကိုတိုက်အောင်မလုပ်ခဲ့ရင် ကျိုးယွီ(Zhou Yu) က ဘာလုပ်နိုင်မလဲ?
တောင်ပိုင်းနယ်အသိမ်းခံရပြီး အခုလောက်ဆို ချောမောလှပတဲ့အမျိုးသမီးနှစ်ဦးက
ကြေးနီငှက်ရုပ်မျှော်စင်ပေါ်ရောက်နေမှာ။ အဲ့လိုသာဖြစ်ခဲ့ရင် ခင်ဗျားတို့ အမှုထမ်းတွေရော၊
မိသားစုဝင်တွေရော အသက်ရှင်ကျန်ရစ်ခဲ့မယ်လို့ထင်လား? ကျုပ်သခင်ကြီးက ဘာမှမပြောတာဟာ
ခင်ဗျားအသိဉာဏ်နဲ့ဆိုရင် ဘာမှမရှင်းပြပဲနားလည်မယ်လို့ ထင်လို့။ အခုတော့
သဘောပေါက်ပြီလို့ မျှော်လင့်ပါတယ်" ဟုပြောလေသည်။

ထိုစကားကြောင့် ဧည့်သည်မှာ အချိန်အတော်ကြာ နှုတဆ


့်ွံ သွားသည်။ ထို့နောက် "လူဆ"ု (Lu Su) မှ

"ကျုပ်ကိုအကျိုးအကြောင်းမဆီလျော်ဘူးလို့ပြောတာကို သဘောမကျမိဘူး" ဟုပြောသည်။

"ဘာကြောင့်များလဲ"

"လျူဘေ့(Liu Bei) က တန်းရန်မှာ ရှုံးရိပ်ပြနေချိန်မှာ ကျုပ်က ခင်ဗျားကိုခေါ်ပြီး


ကျုပ်သခင်ကြီးနဲ့မိတ်ဆက်ပေးခဲ့တယ်လေ။ ဒါ့အပြင် ကျိုးယွ(ီ Zhou Yu) က
ကျင်ကျိုးနယ်ကိုသမ
ိးမယ်လုပ်တဲ့အချိန်မှာ ကျုပ်က သူနဲ့ဆန့်ကျင်ပြီး လျူချီ(Liu Qi)
သေဆုံးပြီးနောက်မှာမှ ဒီနယ်မြေကိုကျုပ်တို့ လက်ထဲအပ်မယ်ဆိုပြီး ကတိကဝတ်ပြုခဲ့ကြတယ်လေ။
အခုတော့ ခင်ဗျားတို့ က ကတိကိုချိုးဖောက်မလို့ လား? အဲ့လိုသာဆို ကျုပ်သခင်ကြီးရော၊ ကျိုးယွ(ီ Zhou
Yu) ရော ကျုပ်ကိုအပြစ်ဒဏ်ပေးလိမ့်မယ်။ ကျုပ်ကသေမှာမကြောက်ပေမယ့် ကျုပ်သခင်ကြီးက
စိတဆ
ိုးပြီးဦးရီးတော်နဲ့စစ်တိုက်မှာ စိုးရိမ်မိတယ်။ ဒါဆို ဦးရီးတော်က အကူအညီမဲ့ပြီး
လောကကြီးကလူတွေက ရူးသွပ်သူလို့မြင်ကြလိမ့်မယ်"

"စစ်တပ်တစ်သန်းနဲ့ဧကရာဇ်ကိုပါ ချုပ်ကိုင်ထားတဲ့ ချောင်ချောင်း(Cao Cao) ကိုတောင်မကြောက်တာ၊


ကျိုးယွီ(Zhou Yu) လိုလူငယ်လေးကိုကြောက်မယ်လို့ထင်လား။ ဒါပေမယ့် ခင်ဗျားကိုငဲ့ညှာတဲ့အနေနဲ့
က်ဳပ္သခင္ကုေ
ိ ပြာပြီး ခင်ဗျားကိုစာတစ်စောင်ပေးလိုက်မယ်။ ကျုပ်သခင်ကြီး မြို့အချို့ကိုသိမ်းပြီးရင်

748
ဒီနယ်မြေကို ခင်ဗျားလက်ထဲပြန်အပ်မယ်။ အဲ့လိုသာဆို
ခင်ဗျားတို့ တောင်ပိုင်းပြည်နယ်အနေနဲ့ဘယ်လိုမြင်မလဲ"

"တခြားနယ်မြေကိုသိမ်းပြီးတဲ့အထိစောင့်ရမယ်?"

"ကျုပ်သခင်ကြီးက အလယ်ပိုင်းကိုတိုက်နိုင်တယ်။ ဒါပေမယ့် ယီကျိုးမှာရှိတဲ့ လျူကျန်း(Liu Zhang) က


အင်အားနည်းပြီးအရည်အချင်းမရှိဘူး။ ဒါကြောင့် ကျုပ်သခင်ကြီးက သူ့ကိုတိုကြ် ပီး
အနောက်ဘက်ပြည်နယ်ကိုသိမ်းပြီးရင် ဒီနယ်မြေကို ခင်ဗျားလက်ထဲပြန်အပ်မယ်"

"လူဆု"(Lu Su) မှာလည်း တခြားနည်းလမ်းမရှိသဖြင့်လက်ခံလိုက်ရသည်။ "လျူဘေ့"(Liu Bei) က


စာတစ်စောင်ရေးပြီးစာကိုပိတ်ထားလိုက်သည်။ "ကျူးကဲလျန့်"(Zhuge Liang) ကလည်း
ထိုစာ၏အသိသက်သေအနေနှင့်လက်မှတ်ရေးထိုးလေသည်။ "ကျူးကဲလျန့်"(Zhuge Liang) မှ

"ကျုပ်ကလည်း ဒီဘက်ကလူပဲဆိုတော့ အသိသက်သေအနေနဲ့ရေးထိုးပေမယ့်လည်း


သိပ်ပြီးအကျိုးသက်ရောက်မှုရှိမှာမဟုတ်ဘူး။ ခင်ဗျားလည်း အသိသက်သေအနေနဲ့ရေးထိုးလိုက်ရင်
ပိုပြီးအဓိပ္ပာယ်ရှိတာပေါ့" ဟုပြောသည်။

သို့နှင့် "လူဆ"ု (Lu Su) ကလည်း လက်မှတ်ရေးထိုးပြီးပြန်ထွက်သွားလေသည်။ "လျူဘေ့"(Liu Bei) နှင့်


"ကျူးကဲလျန့်"(Zhuge Liang) တို့ကဧည့်သည်ကို သင်္ဘောနားအထိလိုကပ
ို့လေသည်။
"ကျူးကဲလျန့်"(Zhuge Liang) မှ

"ခင်ဗျားသခင်နဲ့ တွေ့ရင် သူတလွမ


ဲ ထင်အောင်လို့ အကုန်လုံးကို အသေးစိတရ
ှ်င်းပြလိုက်ပါ။ အကယ်၍
သူဒါကိုလက်မခံရင် ကျုပ်တို့ ဘက်ကစိတဆ
ိုးပြီး တောင်ပိုင်းပြည်နယ်ကိုတိုကမ
ှ်ာလေ။ အခုက
ဒီအဖွဲ့ နှစ်ခုသင့်မြတ်အောင်နေပြီး ရန်သူတွေကိုအခွင့်မပေးဖို့ အရေးကြီးတယ်" ဟု
အကြံပေးစကားဆိုလိုကသ
် ည်။

"လူဆု"(Lu Su) သည် ချိုင်စန်းသို့ပြန်ရောက်သောအခါ "ကျိုးယွီ"(Zhou Yu) မှ

"ကျင်ကျိုးနယ်ကိုပြန်တောင်းတာ ဘယ်လိုလ"ဲ ဟုမေးသည်။ "လူဆ"ု (Lu Su) မှ စာကို "ကျိုးယွီ"(Zhou Yu)


အားပေးလိုက်ပြီး

"ဒီမှာ အကျိုးအကြောင်းတွေရေးထားတယ်" ဟုပြောသည်။

"ကျိုးယွ"ီ (Zhou Yu) သည် ဒေါသတကြီးဖြင့် ဖနောင့်နှင့်မြေကြီးကိုဆောင့်ကာ

749
"ခင်ဗျား ကျူးကဲလျန့်(Zhuge Liang) လှည့်စားတာ ခံလိုက်ရပြီ။ သူက ခဏတာပဲသိမ်းမယ်ပြောပေမယ့်
ဒါက အဓိပ္ပာယ်မရှိတာပဲ။ သူတို့ က အနောက်ပိုင်းကိုသိမ်းပြီးရင် ဒီနယ်မြေကိုပြန်အပ်မယ်ပြောတယ်။
အဲ့ဒါဘယ်လောက်ကြာဦးမယ်ဆိုတာ ဘယ်သူသိနိုင်မလဲ။ ဆယ်နှစ်ပဲထား၊ အဲ့လိုဆို သူတို့
ကျင်ကျိုးနယ်ကို ကျုပ်တို့ ဆီပြန်အပ်ဖို့ ဆယ်နှစ်လိုဦးမယ်။ ဒါဆို ဒီစာက ဘာအဓိပ္ပာယ်ရှိဦးမှာလဲ။ ဒါကို
ခင်ဗျားက အသိသက်သေအနေနဲ့လက်မှတ်ထိုးလိုက်သေးတယ်။ အကယ်၍ သူတို့ သာ
နယ်မြေကိုပြန်မပေးရင် အဲ့အချိန်မှာ သခင်ကြီးက ခင်ဗျားကိုအပြစ်ပေးမယ်ဆို ဘယ်လိုလပ
ုမလဲ"
ဟုပြောသည်။

"လူဆု"(Lu Su) မှာ ကြက်သေသေသွားသည်။ ထို့နောက်တွင်မှ

"လျူဘေ့(Liu Bei) ကတော့ လိမ်မယ်မထင်ဘူး" ဟုပြောသည်။

"ခင်ဗျားက ရိုးသားပြီးသစ္စာရှိတယ်။ လျူဘေ့(Liu Bei) က အကျင့်သက


ိ ၡာရွိသမ
ူ ဟုတ္သလို
ကျူးကဲလျန့်(Zhuge Liang) က ခေါင်းရှောင်တတ်တယ်။ သူတို့နဲ့ခင်ဗျားနဲ့မတူဘူး"

"ဒါဆို ဘယ်လိုလပ
ုရမလဲ"

"ခင်ဗျားက ကျုပ်ရဲ့သူငယ်ချင်းပဲ။ နောက်ပြီး ခင်ဗျား စားနပ်ရိက္ခာတွေနဲ့ကျုပ်စစ်တပ်ကိုကူညီခဲ့တာကို


ကျုပ်မှတ်မိပါသေးတယ်။ ဒါကြောင့် ခင်ဗျားကိုကယ်ပါ့မယ်။ စိတ်မပူပါနဲ့။ ဒါပေမယ့်
မြောက်ဘက်မှာဘာတွေလုပ်နေလည်းဆိုတာ သိဖို့ ရက်နည်းနည်းလောက်စောင့်လိုက်ပါဦး၊
ပြီးရင်ဘာလုပ်မလည်းဆိုတာ ဆုံးဖြတ်တာပေါ့"

"လူဆု"(Lu Su) သည် စိတ်မချမ်းသာစွာဖြင့် နေ့ရက်တို့ကိုကုန်ဆုံးစေသည်။ ကျင်ကျိုးသို့သွားသော


သူလျှိုတို့ သည် ပြန်လာကြပြီးနောက် ကျင်ကျိုးတွင် အရာအားလုံးအစီအစဉ်တကျရှိကြောင်း၊
နေရာတိုင်းတွင် အဖြူရောင်အလံတို့ချိတ်ထားကြောင်း၊ မြို့အပြင်ဘက်တွင်မူ လျူဘေ့(Liu Bei) ဇနီး
ကန်းအမျိုးသမီးအတွက် အုတ်ဂူဆောက်ထားကြောင်းပြောလေသည်။

ထိုအခါ "ကျိုးယွ"ီ (Zhou Yu) မှ "လူဆ"ု (Lu Su) အား

"ကျုပ်အစီအစဉ်လပ
ုပြီးသွားပြီ။ ကျင်ကျိုးကိုသိမ်းတာက လက်ကိုလှည့်သလိုလွယ်စေရမယ်" ဟုပြောသည်။

"ခင်ဗျားက ဘာတွေလုပ်ဖို့စီစဉ်ထားလဲ"

"လျူဘေ့(Liu Bei) က နောက်ထပ်ဇနီးတစ်ယောက်ထပ်လုခ


ျိင်လိမ့်မယ်။ ကျုပ်တို့ သခင်ကြီးမှာ
စွန်းရန်(Sun Ren) ဆိုတ့ည
ဲီမတစ်ယောက်ရှိတယ်လေ။ သူကတိုက္ခိုကေ
် ရးကျွမ်းကျင်ပြီး
သူ့ကိုစောင့်ကြပ်တဲ့အမျိုးသမီးကိုယ်ရံတော်တွေက အယောက်ပေါင်းရာချီရှိပြီး
အကုန်လုံးစစ်လက်နက်တွေကိုင်ထားတယ်။ သူ့ရဲ့အဆောင်မှာလည်း လက်နက်တွေနဲ့ ပြည့်နေတယ်။

750
ကျုပ်က သခင်ကြီးဆီကိုစာရေးပြီး အဲ့အမျိုးသမီးနဲ့လျူဘေ့(Liu Bei) ကိုလက်ဆက်ဖို့တောင်းဆိုရမယ်။
အဲ့လိုဆို လျူဘေ့(Liu Bei) က နန်ရွှီကိုရောက်လာမှာပဲ။ အဲ့အချိန်မှာ လျူဘေ့(Liu Bei) ကိုဖမ်းပြီးတော့
ကျင်ကျိုးပြည်နယ်ကိုတောင်းဆိုရမယ်။ အဲ့ပြည်နယ်သာ ကျုပ်တို့ လက်ထဲရောက်ခဲ့ရင် သခင်ကြီးက
ခင်ဗျားကိုအပြစ်တင်တော့မှာမဟုတ်ဘူး"

"လူဆု"(Lu Su) မှာ အင်မတန်ကျေးဇူးတင်သွားပြီး "ကျိုးယွ"ီ (Zhou Yu) ထံမှစာကိုယူကာ


ဝူနယ်စားနှင့်သွားတွေ့လေသည်။

"စွန်းချွမ်"(Sun Quan) သည် "လျူဘေ့"(Liu Bei) ရေးထားသောစာကိုဖတ်ပြီးနောက်

"ဒါက ဘာအသုံးဝင်မှာမို့လို့ လဲ" ဟုပြောလေသည်။ ထိုအခါ "လူဆု"(Lu Su) မှ

"စစ်သူကြီး ကျိုးယွ(ီ Zhou Yu) ဆီက စာရှိပါသေးတယ်။ အဲ့စာအတိုင်းသာလုပ်ရင်


ကျင်ကျိုးပြည်နယ်ကိုရယူနိုင်မှာပါ" ဟုပြောသည်။ "စွန်းချွမ်"(Sun Quan) သည် ထိုစာကိုဖတ်ပြီးနောက်
ပီတြိ ဖစ်ကာ ထိုတာဝန်အတွက် မည်သူ့ ကိုလွှတ်ရမည်ကိုတွေးလေသည်။ ထို့နောက် ရုတ်တရတ်

"ဟုတ်သားပဲ။ လွီဖန်(Lu Fan) ကိုလွှတ်ရမယ်" ဟုပြောပြီး "လွီဖန်"(Lu Fan) ကိုခေါ်စေသည်။ "လွီဖန်"(Lu


Fan) ရောက်လာသောအခါဝယ် "စွန်းချွမ်"(Sun Quan) မှ

"လျူဘေ့(Liu Bei) က သူ့ဇနီးဆုံးရှုံးသွားတယ်လို့ကြားလိုက်ရတယ်။ ကျုပ်ဆမ


ှီာ ညီမတစ်ယောက်ရှိတော့
သူ့ကို လျူဘေ့(Liu Bei) နဲ့လက်ထပ်စေပြီး အိမ်တော်နှစ်ခုရဲ့မဟာမိတ်ဆက်ဆေ
ံ ရးပိုကောင်းမွန်စေမယ်။
အဲ့လိုသာဆို ဒီနှစ်ဖွဲ့ပေါင်းပြီး ချောင်ချောင်း(Cao Cao) ကိုဆန့်ကျင်နိုင်မယ်။ ဒါကြောင့် ခင်ဗျားက
ကျင်ကျိုးကိုသွားပြီး ကြားကစေ့စပ်ပေးပါ" ဟုပြောသည်။ သို့နှင့် "လွီဖန်"(Lu Fan) သည်လည်း
ကျင်ကျိုးသို့ သွားလေသည်။

ကန်းအမျိုးသမီး သေဆုံးပြီးနောက် "လျူဘေ့"(Liu Bei) သည် စိတ်မကောင်းဖြစ်ကာ


နေ့ရောညပါပူဆွေးဝမ်းနည်းနေခဲ့သည်။ တစ်ရက် "လျူဘေ့"(Liu Bei) နှင့် အကြံပေးတို့တိုင်ပင်နေကြစဉ်
တောင်ပိုင်းပြည်နယ်မှ "လွီဖန်"(Lu Fan) ရောက်လာသည်။ "ကျူးကဲလျန့်"(Zhuge Liang) မှပြုံးကာ

"ဒါ ကျိုးယွ(ီ Zhou Yu) ရဲ့အကြံတစ်ခုပဲ၊ ကျွန်တော် အနောက်ဘက်ကိုသွားပြီး နားထောင်နေမယ်။


သခင်ကြီးက သူပြောတာမှန်သမျှကိုသဘောတူလိုကပ
်ါ။ ပြီးရင် သူ့ကိုဧည့်ဆောင်ခေါ်သွားစေပြီး
ဘာလုပ်ရမယ်ဆိုတာ စီစဉ်တာပေါ့" ဟုပြောသည်။

သို့နှင့် သံတမန်ဝင်လာပြီး အရိုအသေပြုကာ နေရာယူပြီးနောက် "လျူဘေ့"(Liu Bei) မှ


စကားစလိုက်သည်။

751
"ခင်ဗျားက ဒီရောက်လာတယ်ဆိုတော့ ဘာအရေးကိစ္စရှိလို့ ပါလဲ"

"ဦးရီးတော်က မိဖုရားသေဆုံးပြီးနောက်မှာ ဝမ်းနည်းနေတယ်လို့ ကြားရပါတယ်။ ဒါကြောင့်


နောက်ထပ်မင်္ဂလာပွဲတစ်ခုအတွကေ
် စ့စပ်ညှိနှိုင်းဖို့ရောက်လာတာပါ"

"အသက်လတ်ပိုင်းအရွယ်မှာ ဇနီးကိုဆုံးရှုံးလိုက်ရတာဟာ ကံမကောင်းခြင်းပါပဲ။ ဒါပေမယ့်


သူသေဆုံးသွားတာ လောလောလတ်လတ်ပဲရှိသေးတာ နောက်ထပ်အိမ်ထောင်ပြုဖို့
မစဉ်းစားနိုင်သေးပါဘူး"

"ဇနီးမရွိတ့ေ
ဲ ယာက်ျားဟာ ကြိုးမပါတဲ့မြင်းလိုပဲ။ ခင်ဗျားလိုအရွယမ
ှ်ာ မပြီးပြည့်စုံတဲ့ဘဝမျိုးမနေသင့်ဘူး။
ကျွန်တော် ဒီရောက်လာတာက နယ်စားကြီး စွန်းချွမ်(Sun Quan) ရဲ့လပ
ှ ပြီးအရည်အချင်းရှိတဲ့
ညီမနဲ့ခင်ဗျားစေ့စပ်ကြောင်းလမ်းဖို့အတွက် ရောက်လာခဲ့တာပါ။ အဲ့လိုသာဆိုရင် မိသားစုနှစ်ခုက
ရှေးယခင်က ချင်နဲ့ ကျင်းပြည်နယ်တို့လို မဟာမိတ်တွေဖြစ်သွားကြပြီး ချောင်ချောင်း(Cao Cao) က
ကျွန်တော်တို့ကိုတိုက်ဖို့ စဉ်းစားဝံ့မှာတောင်မဟုတ်ဘူး ။ ဒါပေမယ့် အဲ့မိန်းကလေးရဲ့အမေက
သူ့ကိတ
ု အားချစ်တော့ အဝေးကိုလာဖို့ မသင့်တော်ဘူး။ ဒါကြောင့် သခင်ကြီးက မင်္ဂလာပွဲအတွက်
ကျွန်တော်တို့ပြည်နယ်ကိုလာခဲ့ပါ"

"နယ်စားကြီးကရော ခင်ဗျားလာတာကိုသိလား"

"သူမသိပဲ ကျွန်တော်ဒီကိုဘယ်လာနိုင်ပါ့မလဲ"

"ကျုပ်က အသက်မငယ်တော့ဘူး။ အသက်ငါးဆယ်ရှိပြီး အိုမင်းရင့်ရော်နေပြီ။ နယ်စားကြီးရဲ့ညီမက အခုမှ


နုပျိုသေးတဲ့အရွယ်ပဲ၊ ကျုပ်နဲ့ မလိုက်ဖက်ပါဘူး"

"သခင်မလေးက မိန်းကလေးဆိုပေမယ့် သူက ယောက်ျားအများစုထက်သာလွန်တယ်။ နောက်ပြီး သူက


နာမည်မကြီးတဲ့လူနဲ့ဆိုရင် လက်မထပ်ဘူးလို့ပြောခဲ့ဘူး တယ်။ ဦးရီးတော်ကတော့ ပင်လယ်လေးခုလံုး မှာ
နာမည်ကြီးတယ်။ သခင်မလေးက လူကြီးလူကောင်းနဲ့အိမ်ထောင်ပြုတာပဲမဟုတ်လား။
အသက်ကွာခြားတာအရေးမကြီးပါဘူး"

"ခင်ဗျား ခဏအနားယူလိုက်ပါဦး။ မနက်ဖြန်ကျရင် အကြောင်းပြန်ပါ့မယ်"

ထို့နောက် ဧည့်သည်ကိုစားသောက်ပွဲတို့တည်ခင်းပြီး ဧည့်ဆောင်တင


ွ်နေစေသည်။

ပြီးနောက် "လျူဘေ့"(Liu Bei) သည် "ကျူးကဲလျန့်"(Zhuge Liang)


နှင့်ဆွေးနွေးတိုင်ပင်သည်။"ကျူးကဲလျန့်"(Zhuge Liang) မှ

752
"သူဘာကြောင့်လာလည်းဆိုတာသိတယ်။ သူစကားပြောနေတဲ့အချိန် ကျွန်တော်တွက်ချက်ကြည့်တော့
ကောင်းတဲ့နိမိတ်တွေမြင်တယ်။ သခင်ကြီးက ဒါကိုလက်ခံလိုက်ပြီး သူနဲ့ အတူ စွန်းချန်(Sun Qian)
ကိုပြန်လွှတ်လိုက်ပြီးတော့ လိုအပ်တာတွေလုပ်ပါစေ။ ပြီးရင် နေ့ကောင်းရက်သာတစ်ရက်ရက်ရွေးတာပေါ့"
ဟုပြောသည်။

"ကျုပ်က ဘာလို့ရန်သူ့ နယ်မြေထဲသွားရမှာလဲ? ကျိုးယွ(ီ Zhou Yu) က ကျုပ်ကိုသတ်ချင်နေတာကြာပြီ"

"ကျိုးယွ(ီ Zhou Yu) ထောင်ချောက်ဆင်ချင်သလိုဆင်စမ်းပါစေ၊


သူကျွန်တော့်ကိုကျော်လွှားနိုင်မယ်ထင်လား?
ကျွန်တော်လှုပ်ရှားတာနဲ့သူ့အစီအစဉ်တွေတစ်ဝက်တစ်ပျက်နဲ့ပျက်သွားလိမ့်မယ်။ စွန်းချွမ်(Sun Quan)
ရဲ့ညီမသာ သခင်ကြီးလက်ထဲမှာရှိရင် ကျင်ကျိုးကိုဆုံးရှုံးရမှာမကြောက်ရဘူး"

"လျူဘေ့"(Liu Bei) သည် သံသယရှိနေသေးသော်လည်း "စွန်းချန်"(Sun Qian)


ကိုလုပ်ဆောင်စရာရှိသည်တို့ အားမှာကြားပြီး "လွီဖန်"(Lu Fan) နှင့်အတူ
တောင်ပိုင်းပြည်နယ်သို့ လွှတ်လိုက်သည်။

"စွန်းချွမ်"(Sun Quan) နှင့်တွေ့ဆုံရာတွင် "စွန်းချွမ်"(Sun Quan) မှ

"လျူဘေ့(Liu Bei) က ဒီမှာ ကျုပ်ညီမနဲ့အတူနေဖို့ မျှော်လင့်တယ်။ သူဘာဘေးဒုက္ခမှမရှိစေရပါဘူး"


ဟုပြောလေသည်။ "စွန်းချန်"(Sun Qian) သည်လည်း ကျင်ကျိုးသို့ ပြန်ရောက်သောအခါ

"စွန်းချွမ်(Sun Quan) က သခင်ကြီးကိုသူတို့ဆီလာပြီး မင်္ဂလာပွဲလုပ်စေဖို့ ပဲမျှော်လင့်တာပါ"


ဟုပြောသည်။ သို့သော်လည်း "လျူဘေ့"(Liu Bei) က ကြောက်လန့်ကာမသွားပေ။

ထိုအခါ "ကျူးကဲလျန့်"(Zhuge Liang) မှ

"ကျွန်တော် အစီအစဉ်သုံးခုစီမံထားတယ်။ ဒါပေမယ့် ကျောက်ယွင(် Zhao Yun) ရဲ့အကူအညီလိုမယ်။


သူ့ကိုသခင်ကြီးနဲ့ကိုယ်ရံတော်အနေနဲ့လွှတ်လိုကမ
် ယ်" ဟုပြောလေသည်။ "ကျူးကဲလျန့်"(Zhuge Liang)
က "ကျောက်ယွင်"(Zhao Yun) ကိုခေါ်ကာ ပိုးထည်အိတ်သုံးခုတို့ကိုပေးလိုက်ပြီး

"ဒီအိတ်တွေထဲမှာ အစီအစဉ်သုံးခုရှိတယ်။ ခင်ဗျား သခင်ကြီးကိုတောင်ပိုင်းပြည်နယ်ကိုလိုက်ပို့ရင်


ဒါတွေပါယူသွားပြီး အဲ့ထဲမှာရေးထားတဲ့အတိုင်းလုပ်ဆောင်ပါ" ဟုပြောလေသည်။ "ကျောက်ယွင"် (Zhao
Yun) က အိတ်သုံးခုကို ရင်ဘတ်အတွင်းသို့ ထည့်လက
ိုြ် ပီး လိုအပ်လျှင်သုံးနိုင်ရန်လပ
ုထားလေသည်။

ထို့နောက် "ကျူးကဲလျန့်"(Zhuge Liang) သည် ပို့ဆောင်ရန် မင်္ဂလာလက်ဖွဲ့တို့ ပြင်ဆင်လေသည်။

753
ထိုအချိန်သည်ကား ကျန်းအန်းနှစ်တစ်ဆယ့်လေးနှစ်မြောက်(အေဒီ ၂၀၉ခု) ဖြစ်သည်။ "လျူဘေ့"(Liu Bei)
သည် သူ၏ကိုယ်ရံတော်တပ်နှင့်အတူ လှေဆယ်စီးဖြင့် ကျင်ကျိုးမှ နန်ရွှီသို့ ထွက်ခွာလေသည်။
"ကျူးကဲလျန့်"(Zhuge Liang) မှာ ပြည်နယ်ကိုကာကွယ်ရန်ကျန်ရစ်ခဲ့သည်။

သို့သော် "လျူဘေ့"(Liu Bei) မှာစိတ်ပူပန်နေသည်။ နန်ရွှီသို့ ရောက်သော် "ကျောက်ယွင"် (Zhao Yun)


သည် "ကျူးကဲလျန့်"(Zhuge Liang) ပေးလိုက်သည့်ပထမဆုံးသောအိတ်ကိုဖွင့်လိုက်ပြီး
စစ်သားငါးရာတို့ ကိုခေါ်ကာ အိတ်ထတ
ွဲင်မှာကြားထားသည့်အတိုင်း
လုပ်ဆောင်စရာရှိသည်တို့ ကိုလုပ်ခိုင်းစေသည်။ ထို့နောက် "ကျောက်ယွင(် Zhao Yun) မှ "လျူဘေ့"(Liu
Bei) လုပ်ရမည့်အရာတို့ကိုပြောပြလေသည်။ ၎င်းမှာ "စွန်းချဲ့"(Sun Ce) နှင့် "ကျိုးယွ"ီ (Zhou Yu)
တို့၏ယောက္ခမဖြစ်သော ပြည်နယ်နယ်စားချောင်အား သွားတွေ့ရန်ဖြစ်သည်။

ပြည်နယ် နယ်စားချောင်မှာ နန်ရွှီတွင်နေထိုင်ပြီး သိုးကျောင်းခြင်း၊ အရက်ချက်ခြင်းတို့ ဖြင့်


အချိန်ကုန်ဆုံးစေသည်။ "လျူဘေ့"(Liu bei) သည် နယ်စားချောင်နှင့်တွေ့ဆုံပြီး မိမိမှာ
မင်္ဂလာပွဲအတွကလ
်ာကြောင်းပြောပြလေသည်။

ထို့အပြင် တပ်သားငါးရာတို့ သည်လည်း ပွဲတက်ဝတ်စုံတို့ဝတ်ဆင်ကာ မြို့အတွင်း နေရာအနှံ့ သို့ သွားပြီး


ပစ္စည်းမျိုးစုံတို့ဝယ်ကြသည်။ ထိုအရာတို့ သည် "လျူဘေ့"(Liu Bei) နှင့်
စွန်းမိသားစုအမျိုးသမီးတို့၏မင်္ဂလာပွဲအတွက်ဖြစ်ကြောင်းပြောကြလေသည်။ ထိုသတင်းတို့ မှာ
နေရာအနှံ့သို့ ပြန့်သွားပြီး လူတုင
ိးက ထိုမင်္ဂလာပွဲအကြောင်းကိုပြောကြလေသည်။

"စွန်းချွမ်"(Sun Quan) သည် "လျူဘေ့"(Liu Bei) ရောက်လာသည့်အကြောင်းကိုကြားလျှင် "လွီဖန်"(Lu


Fan) အား ကြိုဆိုခိုင်းစေပြီး ဧည့်ဆောင်တွင်နေစေသည်။

ထိုအချိန်တွင် နယ်စားချောင်မှ "စွန်းချွမ်"(Sun Quan) ၏မိခင်နှင့်သွားတွေ့ပြီး မင်္ဂလာသတင်းအတွက်


ဂုဏ်ပြုစကားပြောလေသည်။

"ဘာမင်္ဂလာသတင်းလဲ"

"ခင်ဗျားသမီးနဲ့ လျူဘေ့(Liu Bei) နဲ့လက်ထပ်တဲ့အတွကေ


် လ။ သူဒေ
ီ ရာက်နေတာ
ခင်ဗျားသိပြီးပြီမဟုတ်လား"

"ကျွန်မ သိတောင်မသိပါဘူး။ ဘာအကြောင်းမှတောင်မသိရပါလား"

ထို့နောက် သားဖြစ်သူကိုချက်ချင်းလာတွေ့ရန်ခေါ်လိုက်ပြီး အစေခံတို့ကိုလည်း မြို့ထဲသို့ သွားကာ


စုံစမ်းခိုင်းလေသည်။ အစေခံတို့မှပြန်ရောက်လာပြီး

754
"ဒီမင်္ဂလာပွဲအကြောင်းကို တစ်မြို့လုံးသိကြပါတယ်။ သတို့ သားက ဧည့်ဆောင်မှာတည်းနေပါတယ်။
ဒါ့အပြင် သူက အခြွေအရံတွေအများကြီးနဲ့လာပြီး သူတို့ က မြို့ထဲမှာ မင်္ဂလာအခမ်းအနားအတွက်
ဝက်သား၊ သိုးသား၊ သစ်သီးဝလံတွေဝယ်နေကြတယ်။ လွီဖန်(Lu Fan) နဲ့ စွန်းချန်(Sun Qian) တို့လည်း
အောင်သယ
ွ်တော်အနေနဲ့ဧည့်ဆောင်ထမ
ှဲာရှိနေကြတယ်" ဟုပြောသည်။

ထိုအခါ အမျိုးသမီးကြီးမှာ အံ့ဩသွားပြီးစိတ်လည်းဆိုးသွားလေသည်။ "စွန်းချွမ်"(Sun Quan)


ရောက်လာသောအခါဝယ် အမေဖြစ်သူက ရင်ဘတ်စည်တီးကာ ငိုနေသည်ကိုတွေ့သည်။

"အမေ ဘာများအခက်အခဲဖြစ်နေလို့ လဲ"

"နင် အခုဘာလုပ်လိုက်သလဲ။ ငါ့ကိုရှိတယ်လို့တောင် မထင်တဲ့သဘောလား? ငါ့အစ်မသေခါနီးတုန်းက


နင့်ကုမ
ှိာခဲ့တာ မသိတော့ဘူးလား"

ထိုအခါ "စွန်းချွမ်"(Sun Quan) မှာ လန့်သွားသော်လည်း

"အမေ ပွင့်ပွင့်လင်းလင်းပြောပါ။ ဘာများဝမ်းနည်းစရာရှိလို့ လဲ" ဟုမေးသည်။

"သားဖြစ်သူအရွယ်ရောက်ရင် ဇနီးယူမယ်၊ သမီးက အရွယ်ရောက်ရင်


လင်ကောင်းသားကောင်းနဲ့ပေးစားမယ်။ ဒါကဓမ္မတာပဲ။ ဒါပေမယ့် ငါကအမေလေ၊ နင့်ညီမကို လျူဘေ့(Liu
Bei) နဲ့ပေးစားမယ်ဆိုရင်လည်း ငါ့ကိုတော့ အရင်ပြောသင့်တာပေါ့။
ဘာလို့ ဘာမှမပြောပဲဖုံးကွယ်ထားရတာလဲ? သမီးကိုထိမ်းမြားပေးရမှာဟာ ငါ့ဝတ္တရားပဲလေ"

နယ်စားမှာ ပိုလန့်သွားပြီး

"ဒီအကြောင်းကို ဘယ်ကကြားတာလဲ" ဟုမေးသည်။

"ဘာလို့ မသိချင်ယောင်ဆောင်ရတာလဲ? တစ်မြို့လုံး ဒီအကြောင်းကိုမသိတဲ့လမ


ူ ရှိဘူး။ ဒါပေမယ့်
ငါ့ကိုတော့ မသိအောင်ဖုံးကွယ်ထားနိုင်ခဲ့တယ်"

ထိုအခါ နယ်စားချောင်မှ

"ကျုပ်က လွန်ခဲ့တဲ့ရက်အနည်းငယ်လောက်ကသိတာ။ ဒါကြောင့် ဒီနေ့ဒီကိုလာပြီး ဂုဏ်ပြုစကားပြောတာ"


ဟုပြောသည်။ "စွန်းချွမ်"(Sun Quan) မှ

"အဲ့လိုမဟုတ်ပါဘူး။ ဒါ ကျိုးယွီ(Zhou Yu) က ကျင်ကျိုးကိုသိမ်းဖို့အတွက် လုပ်ဆောင်တဲ့အကြံအစည်ပါ။


သူက အဲ့နည်းနဲ့လျူဘေ့(Liu Bei) ကိုဖိတ်ပြီး ရောက်လာရင် ဖမ်းလိုက်ပြီးတော့
ကျင်ကျိုးနယ်ကိုကျွ န်တော်တို့လက်ထဲရောက်အောင်လုပ်မလို့ ပါ။ အကယ်၍ နယ်ကိုပြန်မပေးရင်တော့

755
လျူဘေ့(Liu Bei) ကိုသတ်လိုက်တာပေါ့။ တကယ်မင်္ဂလာဆောင်တာ မဟုတ်ပါဘူး" ဟုပြောသည်။ထိအ
ု ခါ
နယ်စား၏မိခင်မှာစိတ်ဆိုးပြီး "ကျိုးယွ"ီ (Zhou Yu) အပေါ်ကြိမ်းမောင်းအပြစ်တင်လေသည်။

"ပြောရရင် ကျိုးယွီ(Zhou Yu) က ပြည်နယ်ခြောက်ခုနဲ့ မြို့နယ် ၈၁ ခုကိုချုပ်ကုင


ိနိုင်တဲ့အာဏာရှိတာပဲ။
သူက ငါ့သမီးကိုအသုံးမချပဲနဲ့ ပြည်နယ်လေးတစ်ခုက ရအောင်မလုပ်နိုင်ဘူးလား?
တော်တော်ကောင်းပါတယ်၊ အဲ့လိုသာဆို ငါ့သမီးက မုဆိုး မဖြစ်သွားမှာပေါ့။ နောက်ပိုင်းမှာ သူနဲ့ ဘယ်သူ
လက်ထပ်ချင်ဦးပါ့မလဲ"

နယ်စားချောင်မှ

"အဲ့လိုသာဆို ကျင်ကျိုးနယ်ကိုရနိုင်တယ်။ ဒါပေမယ့် အဲ့လိုလုပ်လိုကရ


် င် တစ်လောကလုံးက
ပြက်ရယ်ပြုကြလိမ့်မယ်" ဟု ပြောလေသည်။

"စွန်းချွမ်"(Sun Quan) မှာ ဘာမှပြန်မပြောနိုင်ပဲ ခေါင်းငိုက်စိုကက


်ျနေသည်။

ချောင်နယ်စားက အမျိုးသမီးကြီးအားဖြောင်းဖျလေသည်။

"လျူဘေ့(Liu Bei) က မင်းဆွေမင်းမျိုးဖြစ်ပြီး လက်ရှိဘုရင်ရဲ့ဦးရီးတော်ပဲလေ။


သူ့ကိုသမက်အနေနဲ့ကြိုဆိုပြီး ဒီလိုအကြံကိုအပြင်မပြန့်စေနဲ့ပေါ့"

"ဒါပေမယ့် သူတို့ အသက်တွေက တအားကွာတယ်"

"လျူဘေ့(Liu Bei) က နာမည်ကြီးတဲ့လူတစ်ယောက်ပဲ။ သူ့ကိုသမက်တော်ရင် အရှက်ရစရာမရှိဘူး "

"သူ့ကိုတစ်ခါမှ မမြင်ဖူးဘူး။ မနက်ဖြန်မနက် နှင်းရည်ချိုဘုရားကျောင်းမှာ တွေ့ဖို့စီစဉ်ပါ။ အကယ်၍ ငါ


စိတတ
ိုင်းမကျရင်တော့ မင်းတို့ အစီအစဉ်အတိုင်းဆက်လုပ်ကြ။ ဒါပေမယ့် ငါသဘောကျတဲ့လူဆိုရင်တော့
ငါ့သမီးနဲ့ သူ့ကိုပေးစားစေမယ်"

"စွန်းချွမ်"(Sun Quan) သည်လည်း အမေဖြစ်သူပြောသည်ကိုသဘောတူလိုက်သည်။ ထို့ နောက်


"လွီဖန်"(Lu Fan) ကိုခေါ်ပြီး မနက်ဖြန်နံနက်တွင် "လျူဘေ့"(Liu Bei) နှင့်တွေ့ဆုံရန်စီစဉ်စေသည်။
"လွီဖန်"(Lu Fan) မှ

"ဘုရားကျောင်းနားမှာ ကျားဟွာ(Jia Hua) ကို ရဲမက်တွေနဲ့စောင့်ထားခိုင်းလိုက်ပါ။ နယ်စားမယ်တော်က


သဘောမကျရင် သူ့ကိုတခါတည်းဖမ်းလို့ ရတာပေါ့" ဟုပြောသည်။ ထို့ နောက် တပ်သားငါးရာကို
ရှောင်တခင်တုက
ိရန် ပြင်ဆင်ထားစေသည်။

နယ်စားချောင်သည် အိမ်သို့ ပြန်သွားပြီးနောက် "လျူဘေ့"(Liu Bei) ထံသို့

756
"မနက်ဖြန်မှာ နယ်စားနဲ့သူ့မိခင်က ခင်ဗျားနဲ့တွေ့လိမ့်မယ်။ သတိထားပါ" ဟု ပြောစေလိုက်သည်။

"လျူဘေ့"(Liu Bei) သည် သူ၏အမှုထမ်းတို့ သည် ဆွေးနွေးတိုင်ပင်လေသည်။ "ကျောက်ယွင"် (Zhao


Yun) မှ

"မနက်ဖြန် သခင်ကြီးကိုဖိတ်တာက သဘောရိုးနဲ့မဖြစ်နိုင်ဘူး ။ ဒါပေမယ့် ကိုယရ


်ံတော်တွေပါ
လိုက်ပါပါ့မယ်" ဟုပြောသည်။

နောက်ရက်နံနက်တွင် အမျိုးသမီးကြီးနှင့်နယ်စားချောင်တို့သည်
နှင်းရည်ချိုဘုရားကျောင်းသို့ သွားကြသည်။ "စွန်းချွမ်"(Sun Quan) သည်လည်း
သူ၏အကြံပေးတချို့နှင့်ရောက်လာသည်။ ထို့နောက် "လွီဖန်"(Lu Fan) အား "လျူဘေ့"(Liu Bei)
ကိုဖိတေ
် ခ်ါစေသည်။ "လျူဘေ့"(Liu Bei) မှလည်း ဖိတေ
် ခ်ါသည်ကိုလက်ခံလုက
ိသည်၊ သို့ သော်လည်း
သူ့အဝတ်အတွင်းတွင် ကိုယခ
်ျပ်အင်္ကျီကိုဝတ်ဆင်ကာသွားသည်။ ထို့အပြင် အစောင့်အကြပ်တို့ကလည်း
လက်နက်တို့ကိုကိုင်ဆောင်ကာ သွားလေသည်။ "လျူဘေ့"(Liu Bei) သည် "စွန်းချွမ်"(Sun Quan)
နှင့်တွေ့ဆုံပြီးနောက် "စွန်းချွမ်"(Sun Quan) မှ သူ၏မိခင်နှင့်တွေ့ရန်ခေါ်သွားသည်။

နယ်စားမယ်တော်မှ "လျူဘေ့"(Liu Bei) ၏အသွင်အပြင်ကိုကြည့်ကာ

"ဒါ ငါ့ရဲ့သမက်လောင်းပဲ" ဟုဝမ်းသာစွာပြောသည်။

"ချောင်"နယ်စားမှလည်း

"သူ့မှာ ဘုရင့်ရဲ့ကျက်သရေရှိပြီး နေမင်းကြီးလိုထည်ဝါတယ်။ သူ့ရဲ့နာမည်က တစ်လောကလုံးမှာ


ကျော်စောတယ်။ ခင်ဗျား ဒီလိုသမက်မျိုးရတဲ့အတွက် ဂုဏ်ပြုရမယ်" ဟုပြောလေသည်။

"လျူဘေ့"(Liu Bei) ကလည်း အရိုအသေပြုလေသည်။ ထို့နောက် စားသောက်ရန်ပြင်ဆင်ကြလေသည်။


"ကျောက်ယွင်"(Zhao Yun) မှာဝင်လာပြီး "လျူဘေ့"(Liu Bei) ၏နံဘေးတွင်ရပ်နေသည်။ အမျိုးသမီးကြီးမှ

"ဒါက ဘယ်သူလ"ဲ ဟုမေးသည်။

"ချန်စန်းက ကျောက်ယွင်(Zhao Yun) ပါ"

"ဒါဆို တန်းရန်မှာတုန်းက လျူရှန(် Liu Shan) လေးကိုကယ်ခဲ့တဲ့သူရဲကောင်းမဟုတ်လား"

"ဟုတ်ပါတယ်၊ သူပါပဲ"

"အင်မတန်ထူးချွန်တဲ့စစ်သူကြီးပဲ"

757
အမျိုးသမီးကြီးမှ "ကျောက်ယွင"် (Zhao Yun) အားအရက်တစ်ခွက်ပေးလိုက်သည်။

"ကျောက်ယွင်"(Zhao Yun) မှ သူ၏သခင်အား

"ကျွန်တော် ဒီဘရ
ုားကျောင်းအနီးအနားမှာ လက်နက်ကိုင်ထားတဲ့လူတွေပုန်းနေတာတွေ့တယ်။
သူတို့ တွေက ကောင်းကျိုးပေးမှာမဟုတ်ဘူး။ သခင်ကြီးက နယ်စားမယ်တော်ကိုပြောပြီး
သူတို့ ကိုဖယ်ရှားခိုင်းလိုက်ပါ" ဟုပြောသည်။

ထိုအခါ "လျူဘေ့"(Liu Bei) သည် နယ်စားမယ်တော်ရှေ့တွင် ဒူးထောက်လိုက်ပြီးငိုကာ

"အကယ်၍ ကျွန်တော့်ကိုသတ်ချင်ရင် ချက်ချင်းသတ်လိုကပ


်ါ" ဟုပြောလေသည်။

"ဘာလို့ဒီလိုပြောရတာလဲ"

"ဘာလို့လည်းဆိုတော့ ဒီဘရ
ုားကျောင်းအနီးမှာ လူသတ်သမားတွေ ပုန်းနေလို့ ပါ။ သူတို့ က
ကျွန်တော့်ကိုသတ်ဖို့ မဟုတ်ရင် ဘာကြောင့်များလဲ"

ထိုအခါ အမျိုးသမီးကြီးက "စွန်းချွမ်"(Sun Quan) ကိုအမျက်ဒေါသဖြင့်ကြည့်ကာ

"ဒီနေ့ ငါ့သမက်ကိုကြိုဆိုတဲ့အချိန်မှာ လက်နက်ကိုင်ထားတဲ့လူတွေက အပြင်မှာ ဘာလုပ်နေတာလဲ"


ဟုမေးလေသည်။

"စွန်းချွမ်"(Sun Quan) ကလည်း သူမသိကြောင်းပြောပြီး "လွီဖန်"(Lu Fan) ကိုလွှတ်ကာစုံစမ်းစေသည်။


"လွီဖန်"(Lu Fan) မှ အပြစ်ကို "ကျားဟွာ"(Jia Hua) ခေါင်းပေါ်သို့ပုံချလိုက်သည်။ အမျိုးသမီးကြီးက
"ကျားဟွာ"(Jia Hua) ကိုခေါ်ကာ ဆူပူကြိမ်းမောင်းသည်။ "ကျားဟွာ"(Jia Hua) မှာ
ပြောစရာစကားမရှိပေ။ ထို့ နောက် "ကျားဟွာ"(Jia Hua) နှင့် တပ်သားတို့အား သေဒဏ်ပေးစေသည်။

ထိုအခါ "လျူဘေ့"(Liu Bei) မှဝင်ပြီး

"စစ်သူကြီးကိုသေဒဏ်ပေးလိုက်ရင် ကျွန်တော် ဒီမှာဆက်နေဖို့ မသင့်တော်ဘူး" ဟုပြောလေသည်။

ချောင်နယ်စားမှလည်း ဝင်ကာတားမြစ်သဖြင့် အမျိုးသမီးကြီးက စစ်သူကြီးကို


အပြင်သို့ သွားစေလိုက်သည်။ စစ်သူကြီးလက်အောက်ရှိတပ်သားတို့ သည်လည်း
ကြောက်လန့်သွားသောကြွက်တို့ အလားထွက်ပြေးကုန်သည်။

758
စားသောက်ပြီးနောက် ဘုရားကျောင်းဝင်းအတွင်းတွင် လှည့်လည်သည်။
ကျောက်တုံးတစ်ခုနားအရောက်တွင် "လျူဘေ့"(Liu Bei) က ဓားကိုဆွဲလိုက်ပြီး
ကောင်းကင်ကြီးဆီသို့ မော့ကြည့်ကာ

"ကျွန်တော်သာ ကျင်ကျိုးကိုပြန်နင
ိုပြီး ခေါင်းဆောင်ဖြစ်မယ်ဆိုရင် ဒီကျောက်တုံးကို ပိုင်းဖြတ်နိုင်ပါစေ။
အကယ်၍ ဒီမှာပဲသေဆုံးမယ်ဆိုရင် ဒီကျောက်တုံးကိုမဖြတ်နိုင်ပါစေနဲ့" ဟုဆုတောင်းလိုက်သည်။

ထို့နောက် ဓားဖြင့်ခုတလ
ိုက်ရာ ကျောက်တုံးမှာ ပြတ်သွားလေသည်။ ထိုအခါ "စွန်းချွမ်"(Sun Quan) က

"ခင်ဗျားက ကျောက်တုံးကိုအဲ့လောက်တောင်မုန်းလား" ဟုပြောသည်။

"ကျုပ်အသက်က အခုဆယ်စုနှစ်ငါးခုရောက်တော့မယ်၊ ဒါပေမယ့်


တိုင်းပြည်ရဲ့အန္တရာယ်ကိုမရှင်းနိုင်သေးဘူး။ ကျွန်တော့်ရှုံးနှိမ့်မှုအတွက် ကျွန်တော်နောင်တရမိတယ်။ အခု
မယ်တော်က သူ့သမက်အနေနဲ့လက်ခံတော့ ဒီအချိန်က ကျွန်တော့်ဘဝအတွက်
အရေးကြီးတဲ့အစိတ်အပိုင်းပဲ။ ဒါကြောင့် ကျွန်တော်စိတ်ထဲမှာ ချောင်ချောင်း(Cao Cao) ကိုဖျက်စီးနိုင်ရင်
ကျောက်တုံးပြတ်သွားပါစေဆိုပြီး ဆုတောင်းပြီးခုတ်လိုကတ
်ာ၊ ခင်ဗျားမြင်တဲ့အတိုင်းပဲ"

"စွန်းချွမ်"(Sun Quan) မှ

'ဒါ ငါ့ကိုလိမ်နေတာပဲ' ဟုတွေးပြီး သူ့ဓားကိုထုတ်ကာ

"ကျွန်တော်လည်း ကောင်းကင်ကြီးကိုမေးချင်ပါတယ်။ ကျွန်တော်သာ ချောင်ချောင်း(Cao Cao)


ကိုဖျက်စီးနိုင်မယ်ဆိုရင် ဒီကျောက်တုံးကိုဖြတ်နိုင်ပါစေ" ဟုပြောပြီး ကျောက်တုံးကိုခုတရ
် န်ပြုသည်။
သို့သော် သူ၏စိတ်ထဲတွင်မူ

759
'အကယ်၍ ကျုပ်သာ ကျင်ကျိုးနယ်ကိုသမ
ိးယူနိုင်ပြီး အာဏာစက်ကိုဖြန့်ကျက်နိုင်ရင်
ဒီကျောက်တုံးကိုဖြတ်နိုင်ပါစေ' ဟုတွေးကာ ခုတ်လိုက်သည်။ ထိုအခါ ကျောက်တုံးမှာပြတ်သွားလေသည်။
ထိုဓားရာထင်နေသည့်ကျောက်တုံးကို ယနေ့ခေတ်တိုင်ထိန်းသိမ်းထားသည်ဟုဆို၏။

"လျူဘေ့"(Liu Bei) နှင့် "စွန်းချွမ်"(Sun Quan) တို့သည်လည်း ခန်းမဆောင်အတွင်းသို့ပြန်ဝင်ကြသည်။


အချိန်အနည်းငယ်အကြာတွင် "စွန်းချန်"(Sun Qian) မှ "လျူဘေ့"(Liu Bei) အား သတိပေးသည့်အနေဖြင့်
လှမ်းကြည့်လိုက်သည်။ ထိုအခါ "လျူဘေ့"(Liu Bei) မှ

"ကျွန်တော် အရက်ကိုဆက်မသောက်နိုင်တော့လို့ ခွင့်ပြုပါဦး" ဟုပြောလေသည်။ "စွန်းချွမ်"(Sun Quan)


မှ "လျူဘေ့"(Liu Bei) ကိုအဝင်ဝနားအထိလိုက်ပို့သည်။ အောက်သို့ဆင်းကြသောအခါဝယ်
မြင့်သောမြေကြီးနှင့် လှပစွာ စီးဆင်းနေသောမြစ်ရေတို့ကိုမြင်သောအခါ "လျူဘေ့"(Liu Bei) မှ

"တစ်လောကလုံးမှာ ဒီနေရာက အလှပဆုံးပဲ" ဟုပြောလေသည်။ ထိုစကားတို့ ကို


ဘုရားကျောင်းအတွင်းတွင် မှတ်တမ်းတင်ထားလေသည်။

ထိုရှုခင်းမှာ အင်မတန်ပင်လှပလေသည်။ တိုက်ခတ်သောလေတို့ ကြောင့် မြစ်ရေတို့ မှာ


လှိုင်းလုံးအသွင်ပြောင်းသွားပြီး ကောင်းကင်ကြီးသို့ တိုင် တက်မည့်ပုံပေါ်နေသည်။
လှိုင်းလုံးတို့အလယ်တွင် လှေလေးတစ်စီးမှာ သစ်ရွက်တစ်ရွကသ
် ဖွယ် မျောနေသည်။

ထိုအခါ "လျူဘေ့"(Liu Bei) မှ

"မြောက်ပိုင်းသားတွေက မြင်းစီးတော်ပြီး တောင်ပိုင်းသားတွေကျတော့ သင်္ဘောသားတွေလို့ ဆိုကြတာ


တကယ်မမှားဘူး" ဟုပြောသည်။ ထိုအခါ "စွန်းချွမ်"(Sun Quan) သည် သူ၏အမှုထမ်းတို့အား
မြင်းယူလာခိုင်းကာ တောင်ကုန်းပေါ်မှအောက်သို့မြင်းစီးသွားပြီး ထိုတူညီသည့်အလျင်အတိုင်းပင်
မြင်းစီးကာ ပြန်တက်လာသည်။ ထို့နောက် "စွန်းချွမ်"(Sun Quan) က ရယ်ပြီး

"တောင်ပိုင်းသားတွေက မြင်းမစီးနိုင်ဘူး တဲ့လား" ဟုပြောပြီး ချေပလေသည်။ "လျူဘေ့"(Liu Bei)


ကလည်း သူ့မြင်းပေါ်တက်ပြီး "စွန်းချွမ်"(Sun Quan) လုပ်ပြသည့်အတိုင်း ပြန်လုပ်ဆောင်ပြသည်။
ထိုသူနှစ်ဦးတို့သည် ရယ်မောကာ မြင်းချင်းယှဉ်စီးကြလေသည်။

နန်ရွှီသို့ပြန်ရောက်သောအခါဝယ် "လျူဘေ့"(Liu Bei) မှ "စွန်းချန်"(Sun Qian) အား


လက်ထပ်မည့်ရက်သတ်မှတ်ရန်အတွက် အကြံတောင်းသည်။ "စွန်းချန်"(Sun Qian) မှ

"ဒါကို အမြန်လုပ်ဆောင်ရမယ်၊ ထပ်နှောင့်နှေးလို့မဖြစ်ဘူး " ဟုပြောသည်။

760
နောက်ရက်တွင် "လျူဘေ့"(Liu Bei) သည် ချောင်နယ်စားထံသွားကာ

"ဒီနေရာမှာ ကျွန်တော့်ကုဒ
ိ က
္ခုရောက်စေချင်တဲ့လူတွေအများကြီးရှိတဲ့အတွက်
ဒီမှာအကြာကြီးနေလို့ မဖြစ်ဘူး ။ အမြန်ပြန်ရမယ်" ဟုပြောလေသည်။

"စိတမ
် ပူပါနဲ့။ ကျုပ် နယ်စားမယ်တော်နဲ့ သွားတွေ့ပြီး ပြောပြပါ့မယ်။ သူက ခင်ဗျားကိုကာကွယ်လိမ့်မယ်"

"လျူဘေ့"(Liu Bei) က ကျေးဇူးတင်စကားပြောလေသည်။

ချောင်နယ်စားမှ နယ်စားမယ်တော်အားတွေ့ပြီး အကျိုးအကြောင်းပြောသောအခါ "လျူဘေ့"(Liu Bei)


အလျင်အမြန်ထွက်ခွာလိုသည့်အကြောင်းနှင့်ပတ်သတ်ပြီး အမျိုးသမီးကြီးက စိတ်ဆိုးလေသည်။

"ဘယ်သူက ငါ့သမက်ကိုရန်ရှာရဲမှာလဲ"

သို့သော်လည်း သူမသည် "လျူဘေ့"(Liu Bei) ကို နန်းတော်အတွင်းရှိစာကြည့်ဆောင်အတွင်းတွင်


နေစေကာ လက်ထပ်ရန်အတွက်နေ့ရွေးလေသည်။ သို့သော်လည်း ကိုယ်ရံတော်တပ်တို့ မှာ
စာကြည့်ဆောင်အတွင်းတွင် မစောင့်ကြပ်နိုင်ပေ။ ထိုအကြောင်းကို "လျူဘေ့"(Liu Bei) က
အမျိုးသမီးကြီးကိုရှင်းပြသောအခါ အမျိုးသမီးကြီးမှ ကိုယ်ရံတော်တို့အား "လျူဘေ့"(Liu Bei)
၏လုံခြုံမှုအတွက် နန်းတော်အတွင်းတွင် နေရာပေးထားလိုက်သည်။ "လျူဘေ့"(Liu Bei) လည်း
ဝမ်းမြောက်သွားသည်။

စားသောက်ပွဲတို့တည်ခင်းပြီးနောက်ဝယ် သတို့သားနှင့် သတို့သမီးတို့သည် ကျမ်းသစ္စာကျိန်ဆိုကြသည်။


ဧည့်သည်တို့ပြန်သွားပြီးနောက် မင်္ဂလာမောင်နှံနှစ်ဦးတို့ သည်
အနီရောင်မီးပုံးတို့ ထွန်းထားသည့်လမ်းအတိုင်းလျှောက်ပြီး မင်္ဂလာခန်းအတွင်းသို့ဝင်ကြသည်။

အခန်းအတွင်းတွင် ဓား၊လှံ၊ အလံတို့ချိတ်ထားပြီး စောင့်ကြပ်သောအမျိုးသမီးတို့မှာလည်း


လက်တွင်ဓားကိုင်ထားသဖြင့် "လျူဘေ့"(Liu Bei) မှာ အင်မတန်အံ့ဩသွားသည်။

761
အခန်း(၅၅) "လျူဘေ့"(Liu Bei) သည် စွန်းအမျိုးသမီးကိုစိတ်ဆွခြင်း။ "ကျူးကဲလျန့်"(Zhuge
Liang) ကြောင့် "ကျိုးယွ"ီ (Zhou Yu) ဒုတိယအကြိမ်ဒေါသထွက်ခြင်း။

"လျူဘေ့"(Liu Bei) မှာ မျက်နှာဖြူဖတ်ဖြူရော်ဖြစ်သွားသည်။ အဘယ်ကြောင့်ဆိုသော်


ခန်းမဆောင်တင
ွ်စောင့်ကြပ်နေကြသောအမျိုးသမီးတို့တွင်
လက်နက်များကိုင်ဆောင်ထားသောကြောင့်ဖြစ်သည်။

အမျိုးသမီးတစ်ဦးက

"မကြောက်ပါနဲ့၊ သခင်မက ဒီလိုမျိုးစစ်လက်နက်ပစ္စည်းတွေကုန


ှိစ်ခြိုက်တဲ့အတွက်
သူ့ရဲ့အစေအပါးတွေကိုလည်း တိုက်ရေးခိုကေ
် ရးတွေသင်ထားစေတာပါ၊ ဒါပါပဲ" ဟုပြောသည်။

"ဒါ ဇနီးတစ်ဦးလုပ်ရမယ့်အရာမဟုတ်ဘူး။ ကြည့်ရတာနဲ့ကျောတောင်ချမ်းတယ်။ ဒါတွေကို


ခဏတာဖယ်ထားလိုက်ပါ"

ထိုအကြောင်းကို သခင်မဖြစ်သူထသ
ွာံးပြီး

"အခန်းထဲကလက်နက်တွေကို သခင်ကြီးက သဘောမကျဘူး။ ဒါကြောင့် ကျွန်မတို့ဖယ်လိုက်ရမလား"


ဟုမေးလေသည်။ စွန်းအမျိုးသမီးက ရယ်လိုက်ပြီး

"ဘဝရဲ့တစ်ဝက်လောက်ကိုစစ်မြေပြင်မှာ အချိန်ကုန်လာခဲ့တဲ့လူက
လက်နက်တွေကိုကြောက်နေတယ်တဲ့လား" ဟုပြောလေသည်။ သို့သော်လည်း
လက်နက်တို့ကိုဖယ်ရှားစေပြီး အစေခံတို့ ကိုလည်း အလုပ်လုပ်နေချိန်တွင်
လက်နက်များမကိုင်ဆောင်ခိုင်းတော့ပေ။

ထိုည လရောင်အောက်ဝယ် "လျူဘေ့"(Liu Bei) နှင့်စန


ွ်းအမျိုးသမီးတို့သည် စကားစမြည်ပြောကာ
အချိန်ကုန်လွန်စေသည်။

နောက်ရက်တွင် "လျူဘေ့"(Liu Bei) သည် အမျိုးသမီးအစေအပါးတို့ ကို လက်ဆောင်များပေးလေသည်။


ထို့အပြင် "စွန်းချန်"(Sun Qian) ကိုတောင်ပိုင်းပြည်နယ်သို့လွှတ်ပြီး
မင်္ဂလာသတင်းကိုအကြောင်းကြားစေသည်။ "လျူဘေ့"(Liu Bei) ကိုယ်တုင
ိကလည်း
ပျော်ပွဲရွှင်ပွဲနှင့်အခမ်းအနားများ မတက်ရောက်တော့ပေ။ ထိုအရာတို့ ကြောင့် နယ်စားမိခင်မှာ
"လျူဘေ့"(Liu Bei) အပေါ် ပိုသဘောကျလာခဲ့သည်။

762
"လျူဘေ့"(Liu Bei) အားလုပ်ကြံမည့်အကြံအစည်မှာပျက်ပြားသွားသဖြင့် "စွန်းချွမ်"(Sun Quan) မှ
သူ၏စစ်သူကြီးထံ အောက်ပါစာကိုပေးပို့လိုက်သည်။

'ကျုပ်အမေက လျူဘေ့(Liu Bei) ကို သမီးဖြစ်သူနဲ့ပေးစားချင်တယ်။ အဲ့ဒါကိုဘယ်လိုလုပ်ရမလဲ"

ထိုအရာကြောင့် "ကျိုးယွ"ီ (Zhou Yu) မှာ နေ့ရောညပါခေါင်းခဲရလေသည်။ သို့သော်လည်း


အကြံတစ်ခုတွေးမိကာ စာပြန်လိုက်သည်။

'ပထမစီမံထားတဲ့အရာက ကျွန်တော်ကျိုးယွီ(Zhou Yu) ကြံစည်ထားတဲ့အတိုင်းဖြစ်မလာခဲ့ဘူး။


ဒါပေမယ့်လည်း ကျွန်တော်တို့ရဲ့အနာဂတ်အစီအစဉ်တွေကို ပစ္စုပ္ပန်ကိုကြည့်ပြီးလုပ်ဆောင်ရမယ်။
စွန့် စားသူ လျူဘေ့(Liu Bei) လက်အောက်မှာ ကွမ်းယွ(ီ Guan Yu) ၊ ကျန်းဖေး(Zhang Fei) ၊
ကျောက်ယွင်(Zhao Yun) စတဲ့စစ်သူကြီးတွေရှိတဲ့အပြင် အကြံပေးအရာရှိ ကျူးကဲလျန့်(Zhuge Liang)
လည်းရှိသေးတယ်။ သူက နိမ့်ကျတဲ့နေရာမှာ ထာဝရနေမယ့်လူမဟုတ်ဘူး ။ ဒါကြောင့်
သူ့ကိုနူးညံ့မှုတွေနဲ့ ဝန်းရံစေပြီး တောင်ပိုင်းပြည်နယ်မှာပဲနေစေမယ်လို့ တွေးမိတယ်။
သူ့ရဲ့ရည်မှန်းချက်တွေတုံးသွားအောင် ပျော်ရွှင်မှုတွေနဲ့ဝန်းရံထားစေမယ်။ အဲ့လုသ
ိာဆိုရင်
သူ့ရဲ့ညီတွေရဲ့ရင်းနှီးမှုနဲ့ဝေးကွာသွားပြီး ကျူးကဲလျန့်(Zhuge Liang) လည်း အဝေးမှာပဲရှိနေလိမ့်မယ်။
ကျွန်တော်တို့ကြံရွယ်ထားတဲ့ရလဒ်ကိုရသွားရင်တော့ သူ့ကိုချေမှုန်းလိုက်ပြီး ကိစ္စကြီးကိုပြီးမြောက်စေမယ်။
ကျွန်တော်တို့သတိထားပြီးမလုပ်ဆောင်ရင်တော့ နဂါးကကောင်းကင်ကြီးပေါ်ပျံသွားမှာဖြစ်ပြီး
သားရဲတိရစ္ဆာန်ကိုရေကန်ထဲမှာထိန်းသိမ်းထားနိုင်မှာမဟုတ်ဘူး။ ဒါကြောင့် သခင်ကြီး
ဒါကိုသေချာစဉ်းစားသင့်ပါတယ်'

ထိုစာကို "ကျန်းကျောက်"(Zhang Zhao) အား ပြလိုက်ရာ "ကျန်းကျောက်"(Zhang Zhao) မှ

"ကျွန်တော့်အကြံလည်း သူနဲ့တစ်ထပ်တည်းပါပဲ။ လျူဘေ့(Liu Bei) က ဆင်းရဲတဲ့ဘဝကကြီးပြင်းလာပြီး


နှစ်ပေါင်းများစွာတိုင်းပြည်အနှံ့လှည့်လည်နေခဲ့တယ်။ သူဟာ တစ်ခါမှ ချမ်းသာကြွယဝ
် မှုကုမ
ိ ခံစားဖူးဘူး။
ဒါကြောင့် သူ့ကို စည်းစိမ်တွေ၊ လှပတဲ့အိမ်တော်တွေ၊ အမျိုးသမီးတွေ၊ ရွှေတွေ၊ပိုးထည်တွေပေးလိုက်ပါ။
အဲ့လိုသာဆိုရင် ဒါတွေထဲမှာမွေ့လျော်နေပြီး ကျူးကဲလျန့်(Zhuge Liang) တို့ ၊
သူ့ညီတို့ နဲ့ဝေးကွာသွားလိမ့်မယ်။ ဒါဆို သူ့လူတွေက သူ့အပေါ်မုန်းတီးကြလိမ့်မယ်။ အဲ့လိုဆိုရင်တော့
ကျွန်တော်တို့ ကျင်ကျိုးကိုပြန်သိမ်းဖို့အစီအစဉ်ဆွဲနိုင်တယ်။ ကျိုးယွ(ီ Zhou Yu)
အကြံပေးတာကိုမြန်မြန်အကောင်အထည်ဖော်သင့်တယ်" ဟုပြောသည်။

763
ထိုအခါ "စွန်းချွမ်"(Sun Quan) သည် အရှေ့ဘက်နန်းတော်ကိုပြန်လည်မွမ်းမံသည်။
အခန်းတို့ ကိုလှပသောပရိဘောဂတို့ဖြင့် အလှဆင်ထားစေသည်။ ၎င်းတို့မှာ
သူ၏ညီမဖြစ်သန
ှူင့်ယောက်ဖတော်တို့အတွကြ် ဖစ်လေသည်။ ဂီတပညာရှင်တို့ ကိုခေါ်စေသည့်အပြင်
ရွှေ၊ငွေအိုး အစရှိသည်တို့ ကိုထားထားကာ ပိုးထည်တို့ ကိုလည်းထားထားစေသည်။
ထိုသို့ ပြင်ဆင်သည်ကိုမြင်သောအခါ နယ်စားမိခင်က အလွန်ပီတိဖြစ်လေသည်။

သို့နှင့်ပင် "လျူဘေ့"(Liu Bei) မှာ ပျော်ရွှင်မှုတို့ဖြင့်မွေ့လျော်နေပြီး ပြန်ရန်မစဉ်းစားတော့ပေ။


"ကျောက်ယွင်"(Zhao Yun) နှင့်ကုယ
ိရံတော်တပ်တို့မှာ အရှေ့ဘက်နန်းတော်၏မျက်နှာစာဘက်တွင်နေပြီး
တခါတရံတင
ွ် မြို့တွင်းသို့ သွားကာ မြားပစ်ခြင်း၊ မြင်းစီးပြိုင်ခြင်းတို့ ဖြင့် အချိန်ကုန်ဆုံးစေသည်။ ဤသို့ ဖြင့်
တစ်နှစ်တာအချိန်ကုန်ဆုံးသွားလေသည်။

"ကျောက်ယွင်"(Zhao Yun) မှာ ရုတ်တရတ်


အိတ်သုံးအိတ်နှင့်ပေးလိုက်သည့်အမိန့် တို့ ကိုသတိရသွားလေသည်။
ဒုတိယအိတ်ကိုနှစ်ကုန်ခါနီးတွင်ဖွင့်ရမည်ဟမ
ှုာထားပြီး တတိယအိတက
ို
အသက်ဘေးနှင့်ကြုံတွေ့လျှင်ဖွင့်ခိုင်းထားသည်။

နှစ်ကန
ုခါနီးတွင် သခင်ဖြစ်သူသည် အပျော်အပါးတို့ ဖြင့်မွေ့လျော်နေသည်ကို "ကျောက်ယွင"် (Zhao Yun)
သတိထားမိသည်။ "လျူဘေ့"(Liu Bei) သည် သူ၏ကိုယ်ရံတော်တပ်အနီးသို့ ပင်မလာတော့ပေ။
ထို့ကြောင့် ဒုတယ
ိ အိတက
ိုဖွင့်လုက
ိသောအခါ အိတထ
်ဲတွင်
သင့်တော်သည့်အကြံကိုရေးထားသည်ကိုတွေ့လိုက်သည်။ "ကျောက်ယွင"် (Zhao Yun) သည်
သူ၏သခင်ထံသွားပြီးတွေ့ခွင့်တောင်းသည်။

အိမ်ထန
ိးသည် အမျိုးသမီးမှဝင်သွားပြီး

"ကျောက်ယွင်(Zhao Yun) က သခင်ကြီးနဲ့အရေးတကြီးဆွေးနွေးစရာရှိတယ်လို့ တွေ့ခွင့်တောင်းတယ်"


ဟုပြောလေသည်။ "လျူဘေ့"(Liu Bei) ကလည်း ဝင်ခွင့်ပြုကာ
အဘယ်ကြောင့်လာတွေ့ရသည်ကိုမေးလေသည်။ "ကျောက်ယွင"် (Zhao Yun) မှာ
စိတပ
်ူပန်ဟန်အမူအရာဖြင့်

"သခင်ကြီးက ဒီလပ
ှ တဲ့နေရာမှာ နေ,နေတော့ ကျင်ကျိုးကိုတောင်မတွေးတော့ဘူးလား" ဟုပြောလေသည်။

"ခင်ဗျား ပုံစံက ဘာလို့ စိတ်ပူနေတာလဲ"

764
"ဒီနေ့ ကျူးကဲလျန့်(Zhuge Liang) ဆီကစာလာတယ်။ ချောင်ချောင်း(Cao Cao) က
အရင်ကရှုံးနိမ့်မှုကိုလက်စားချေဖို့ စစ်တပ်အင်အားငါးသိန်းနဲ့
ကျင်ကျိုးကိုချီတက်လာပြီလို့သတင်းကြားတယ်လို့ပြောတယ်"

"ကျုပ်ဇနီးနဲ့တိုင်ပင်လိုက်ဦးမယ်"

"သူနဲ့တိုင်ပင်ရင် သူကသခင်ကြီးကိုထွက်သွားမှာကို လိုလားမှာမဟုတ်ဘူး ။ ဒါကြောင့် ဒီညနေမှာ


ချက်ချင်းထွက်ခွာသင့်တယ်။ နှောင့်နှေးလို့မဖြစ်ဘူး "

"ကျုပ်ကို အချိန်ခဏပေးပါဦး။ ကျုပ် လျှို့လျှို့ဝှကဝ


ှ်က်လုပ်ဆောင်ရမယ်"

"ကျောက်ယွင်"(Zhao Yun) မှ မြန်မြန်ပြန်ရန် သုံးလေးကြိမ်လောက်ပြောပြီးနောက် ပြန်ထွက်သွားသည်။

"လျူဘေ့"(Liu Bei) သည် သူ့ဇနီးအခန်းထဲတွင် တိုးတိုးတိတ်တိတင


ိုလေသည်။ ၎င်းကိုမြင်သော
စွန်းအမျိုးသမီးက

"ဘာကြောင့် ပူဆွေးနေရတာလဲ" ဟု မေးသည်။

"ကျုပ်ဘဝမှာ ဟိုဟိုသည်သည်လေလွင့်နေခဲ့တယ်။ မိဘအပေါ် သားသမီးတာဝန်လည်း မကျေခဲ့သလို


ဘိုးဘေးတွေကိုလည်း မပူဇော်နိုင်ခဲ့ဘူး။ ကျုပ်က မလိမ္မာတဲ့သားတစ်ယောက်ပဲ။ နှစ်သစ်ကူးခါနီးလာတော့
စိတပ
်ူပန်လာမိတယ်"

"ကျွန်မကို လိမ်ဖို့စိတမ
် ကူးပါနဲ့။ ကျွန်မ အကုန်လုံးသိတယ်။ ခုနက ကျောက်ယွင(် Zhao Yun) လာပြီး
ကျင်ကျိုးက ဘေးနဲ့ရင်ဆင
ိုနေရတဲ့အတွက် ရှင်က ပြန်ချင်တာမဟုတ်လား? ဒါကြောင့် ဒီအကြောင်းပြတာ"

ထိုအခါ "လျူဘေ့"(Liu Bei) သည် ဒူးထောက်လိုက်ပြီး

765
"ဒါဆို ကျုပ်လမ
ိစရာမလိုတော့ဘူး။ ကျုပ်မသွားချင်ပေမယ့်လည်း ကျင်ကျိုးကိုဆုံးရှုံးလိုက်ရင်
တခြားလူတွေက ကဲ့ရဲ့ကြလိမ့်မယ်။ ဒါပေမယ့် မင်းကိုလည်း မထားရစ်နိုင်ဘူး။ ဒါကြောင့်
စိတည
် စ်နေတာပါ" ဟုပြောသည်။

"ကျွန်မက ရှင့်ရဲ့ဇနီးပဲ၊ ရှင်သွားရာလိုက်ရမှာ ကျွန်မရဲ့တာဝန်ပ"ဲ

"ဟုတ်ပါတယ်။ ဒါပေမယ့် မင်းမိခင်နဲ့နယ်စားတို့ကလက်ခံမှာမဟုတ်ဘူး။ ဒါကြောင့်


ကျုပ်ကိုခဏပြန်ခွင့်ပေးပါ"

ထို့နောက် မျက်ရည်တို့ကျလာပြန်သည်။

"တအားဝမ်းနည်းစရာမလိုပါဘူး၊ ကျွန်မအမေခွင့်ပြုအောင်လပ
ုပါ့မယ်"

"မင်းအမေကခွင့်ပြုရင်တောင် နယ်စားကလက်ခံမှာမဟုတ်ဘူး "

စွန်းအမျိုးသမီးမှာ စဉ်းစားခန်းဝင်သွားပြီး အချိန်အတန်ကြာ စကားမပြန်နိုင်ပေ။ ထို့ နောက်

"နှစ်ကူးရက်မှာ နန်းတော်ထဲသွားပြီး မင်္ဂလာစကားတွေပြောပြီးနောက် မြစ်ကမ်းနားမှာ


ပူဇော်ပသစရာရှိတယ်လို့အကြောင်းပြပြီးတော့ ထွကသ
်ွားကြမယ်။ အဲ့လိုဆိုဖြစ်လား" ဟုပြောလေသည်။

"လျူဘေ့"(Liu Bei) သည် ဒူးထောက်ပြီး ကျေးဇူးတင်ကြောင်းပြောသည်။

"သေသည်ဖြစ်စေ၊ ရှင်သည်ဖြစ်စေ မင်းရဲ့မေတ္တာကိုအမှတ်ရနေပါ့မယ်။ ဒါပေမယ့်


ဒါကိုတိတ်တဆိတ်လပ
ုဆောင်ရမယ်"

ပြီးနောက်တွင် လုပ်ဆောင်စရာရှိသည်တို့ ကိုလုပ်ဆောင်လေသည်။ "လျူဘေ့"(Liu Bei) မှ


"ကျောက်ယွင်"(Zhao Yun) အား

"ခင်ဗျားတပ်တွေနဲ့မြို့ပြင်ထွက်ပြီး နှစ်သစ်အချိန်မှာ အဆင်သင့်ဖြစ်နေပါစေ။ ကျုပ်တို့ပြန်ကြမယ်"


ဟုပြောသည်။

ကျန်းအန်းနှစ်တစ်ဆယ့်ငါးနှစ်မြောက်(အေဒီ ၂၁၀) တွင် "စွန်းချွမ်"(Sun Quan) သည်


နှစ်သစ်ကူးပွဲတော်ကျင်းပလေသည်။

"လျူဘေ့"(Liu Bei) နှင့်ဇနီးသည်တို့ သည် ဇနီး၏မိခင်ဖြစ်သထ


ူံသွားပြီး စွန်းအမျိုးသမီးမှ

766
"သမီးရဲ့ခင်ပွန်းက ကျိုပြည်နယ်မှာရှိခဲ့တဲ့ဘိုးဘေးတွေကိုသတိရပြီး
သူတို့ ကိုမပူဇော်ခဲ့လို့ ဝမ်းနည်းနေခဲ့တယ်။ ဒါကြောင့် ဒီနေ့မြစ်ကမ်းနားကိုသွားပြီး
မြောက်ဘက်ကိုရည်စူးပြီးတော့ ပူဇော်မလို့။ ဒါကြောင့် အမေ့ကိုလာပြောပြတာ" ဟုပြောသည်။

"တကယ့်ကိုတာဝန်ကျေပွန်တာပဲ။ ဒါလုပ်တာကို ငါ့အနေနဲ့မတားသင့်ဘူး။


သမီးကသူ့အဖေအမေတွေနဲ့မမြင်ဖူးပေမယ့် သူနဲ့အတူလုက
ိသွားပြီး ပူဇော်သင့်တယ်။
ဒါဇနီးတစ်ယောက်လုပ်ရမယ့်အရာပဲ"

ထို့ကြောင့် နှစ်ဦးလုံးက ကျေးဇူးတင်ကြသည်။

စွန်းအမျိုးသမီးက အဝတ်အထည်အနည်းငယ်ကိုယက
ူာ "လျူဘေ့"(Liu Bei) မှ
ကိုယ်ရံတော်အနည်းငယ်တို့ ဖြင့် မြို့ပြင်သို့ထွက်ကြသည်။ နန်ရွှီမြို့ကထွက်ပြီးနောက်
စီစဉ်ထားသောအရပ်တွင် "ကျောက်ယွင"် (Zhao Yun) နှင့်တွေ့ကာ အလျင်အမြန်ခရီးထွက်လေသည်။

ထိုနှစ်သစ်ကူးနေ့တွင် "စွန်းချွမ်"(Sun Quan) သည် အရက်အလွန်အကျွံသောက်သဖြင့် အမူးလွန်ကာ


အခြားလူတို့မှသူ့ အား သူ၏အိပ်ဆောင်အတွင်းသို့ထူပြီးခေါ်သွားရသည်။ ပြီးနောက်
ဧည့်သည်တို့လည်းပြန်သွားကြလေသည်။ "လျူဘေ့"(Liu Bei) ထွက်ပြေးသွားကြောင်းသိသောအချိန်တွင်
ညမိုးချုပ်နေခဲ့ပြီ။ "စွန်းချွမ်"(Sun Quan) အားအကြောင်းကြားသော်လည်း "စွန်းချွမ်"(Sun Quan) မှာ
မထနိုင်ပဲ ငါးနာရီအထိအိပ်နေသည်။

နောက်ရက်တွင် "စွန်းချွမ်"(Sun Quan) သည် ထိုအကြောင်းကိုကြားသောအခါ


အကြံပေးတို့နှင့်တိုင်ပင်သည်။ "ကျန်းကျောက်"(Zhang Zhao) မှ

"သူတို့တွေလွတသ
်ွားရင် ပြဿနာတွေဖြစ်လာလိမ့်မယ်။ ဒါကြောင့် သူတို့ နောက်က
အလျင်အမြန်လိုက်သင့်တယ်" ဟုပြောလေသည်။ ထို့နောက် "ချန်ဝ"ူ (Chen Wu) နှင့် "ဖန်ကျန်း"(Pan
Zhang) အား စစ်သားငါးရာဦးဆောင်စေကာ နေ့ရောညပါ မနားစေပဲ အနောက်ဘက်မှလုက
ိစေသည်။

"စွန်းချွမ်"(Sun Quan) မှာ ဒေါသထွကြ် ပီး ကျောက်စိမ်းမှင်တုံးကိုပစ်လိုက်ရာ


အစိတစ
ိတ်အမွှာမွှာကွဲသွားသည်။

"ချန်ဖ"ူ (Cheng Pu) မှ

"သခင်ကြီးရဲ့ဒေါသက အချည်းနှီးပါပဲ။ စစ်သူကြီးတွေက ထွက်ပြေးသွားတဲ့သေ


ူ တွကိုဖမ်းမိမှာမဟုတ်ဘူး "
ဟုပြောလေသည်။

767
"ကျုပ်အမိန့် ကို သူတို့ က ဖီဆန်ရဲလား"

"သခင်မက စစ်ပွဲတွေမှာမွေ့လျော်ပြီး တိုက်ရေးခိုက်ရေးကျွမ်းကျင်တော့ အမှုထမ်းတွေအကုန်လုံးက


သူ့ကိုကြောက်ကြတယ်။ အခု သူကုယ
ိတုင
ိကလိုလိုလားလားနဲ့
သူ့ခင်ပွန်းဖြစ်သူနဲ့လိုက်သွားတယ်ဆိုတော့ နောက်ကလိုက်သွားတဲ့အမှုထမ်းတွေက
သူ့ကိုထိရဲမှာမဟုတ်ဘူး"

ထိုစကားကိုကြားသောအခါ "စွန်းချွမ်"(Sun Quan) ၏ဒေါသမှာ ပိုကြီးသွားသည်။


ဘေးတွင်ချိတ်ထားသောဓားကိုကိုင်ကာ "ကျန်းချင်"(Jiang Qin) နှင့် "ကျိုးထိုက်"(Zhou Tai) တို့ ကိုခေါ်ပြီး

"ခင်ဗျားတို့ နှစ်ယောက်က ဒီဓားကိုယူပြီး ကျုပ်ညီမနဲ့လျူဘေ့(Liu Bei) ခေါင်းဖြတ်လာခဲ့။ မလုပ်နိုင်ရင်


ခင်ဗျားတို့ ကိုသေဒဏ်ပေးမယ်" ဟုပြောလေသည်။ ထိုသူနှစ်ဦးတို့သည်
စစ်သားတစ်ထောင်နှင့်ထက
ွ်သွားသည်။

ထိုအချိန်တွင် "လျူဘေ့"(Liu Bei) နှင့်ဇနီးသည်တို့ မှာ အလောတကြီးဖြင့်ခရီးသွားလေသည်။


ညမိုးချုပ်သောအခါ လမ်းဘေးနားတွင် ခဏနားသည်။ သို့သော် ချိုင်စန်းနားသို့ရောက်ပြီးမကြာမီတွင်
အနောက်ဘက်မှ စစ်ချီလာသောအသံတို့ ကိုကြားလိုက်သည်။ "လျူဘေ့"(Liu Bei) မှ
"ကျောက်ယွင်"(Zhao Yun) အား

"သူတို့လိုက်လာပြီ၊ ဘယ်လိုလုပ်မလဲ" ဟုပြောသည်။

"သခင်ကြီး အရင်သွားနှင့်ပါ၊ ကျွန်တော်တားထားလိုက်မယ်"

တောင်ခြေနားသို့ ရောက်သောအခါဝယ် စစ်တပ်တို့ကလမ်းပိတထ


်ားသည်ကြို မင်လိုက်သည်။
စစ်သြူ ကီးနှစ်ဦးတို့မှ

"လျူဘေ့(Liu Bei) ၊ မြင်းပေါ်ကဆင်းပြီးလက်နက်ချပါ။ ကျုပ်တို့ က စစ်သြူ ကီး ကျိုးယွီ(Zhou Yu)


အမိန့်နဲ့လိုက်လာပြီး ခင်ဗျားကိုစောင့်နေတာ" ဟုပြောလေသည်။

"ကျိုးယွ"ီ (Zhou Yu) သည် "လျူဘေ့"(Liu Bei) ပြေးမည်ဟုတွေးမိသဖြင့် "ရွှီရှန်"(Xu Sheng) နှင့်
"တင်းဖုန်း"(Ding Feng) တို့ ကို စစ်သားသုံးထောင်ဖြင့်လွှတ်လိုကြ် ခင်းဖြစ်သည်။ "ကျိုးယွီ"(Zhou Yu)
သည် "လျူဘေ့"(Liu Bei) ဤလမ်းမှလာမည်ဟုတွက်ထားသဖြင့် စစ်တပ်တို့အား
တောင်ကုန်းထိပ်တွင်စောင့်ထားစေသည်။ "လျူဘေ့"(Liu Bei) ရောက်လာသည်ကြို မင်သည်နှင့်
လမ်းပိတ်ထားခြင်းဖြစ်သည်။

ထိုအခါ "လျူဘေ့"(Liu Bei) သည် "ကျောက်ယွင"် (Zhao Yun) နှင့်တိုင်ပင်သည်။

768
"အရှေ့မှာလမ်းပိတ်ထားတယ်၊ အနောက်မှာတော့ လူတွေလိုက်နေတယ်။ လွတ်ဖို့ လမ်းမမြင်ဘူး။
ဘယ်လိုလုပ်ကြမလဲ"

"သခင်ကြီး စိတ်မပူပါနဲ့။ အကြံပေးအရာရှိက ကျွန်တော့်ကိုအိတ်သုံးအိတ်ပေးလိုက်တာ။


နှစ်အိတသ
်ုံးပြီးသွားပြီ၊ နောက်ဆံုး အိတက
ိုတော့ မသုံးရသေးဘူး။ အခုလိုဘေးအန္တရာယ်ကြုံရတဲ့အခါမှာ
သုံးရမယ်လို့မှာထားတယ်"

ထို့နောက် "ကျောက်ယွင"် (Zhao Yun) သည် အိတ်ကိုဖွင့်ပြီး "လျူဘေ့"(Liu Bei) အားပေးလိုက်သည်။

"လျူဘေ့"(Liu Bei) သည် အတွင်းမှစာကိုဖိတ်ပြီးသည်နှင့် စွန်းအမျိုးသမီး၏လှည်းယာဉ်နားသို့သွားပြီး


ငိုကာ

"ကျုပ် မင်းနဲ့တိတ်တဆိတေ
် ပြာစရာရှိတယ်" ဟုပြောသည်။

"ကျွန်မနဲ့ဘာပြောစရာမလဲ။ အမှန်အတိုင်းပြောပါ"

"မင်းအစ်ကိုနဲ့ ကျိုးယွ(ီ Zhou Yu) ဟာ ကျုပ်နဲ့ မင်းကိုပေးစားဖို့စီစဉ်တာက မင်းအတွကမ


် ဟုတ်ပဲ
ကျုပ်ကိုလုပ်ကြံပြီး ကျင်ကျိုးပြည်နယ်ကိုပြန်ရချင်လို့ ပဲ။ မင်းကိုငါးစာအနေနဲ့အသုံးချပြီး ငါ့ကိုမျှားခေါ်ခဲ့တာ။
ဒီလိုနဲ့ကျုပ်ရောက်လာတော့ မင်းကကျုပ်အပေါ်သနားခဲ့တယ်။ အခုနောက်ပိုင်းမှာ
သူတို့ ကကျုပ်ကိုလုပ်ကြံဖို့ ကြံရွယ်နေတဲ့အတွက်
ကျင်ကျိုးဘေးရောက်နေတယ်လို့ အကြောင်းပြပြီးထွက်ပြေးဖို့ လုပ်ခဲ့တာ။
မင်းကကျုပ်အတွက်နဲ့အတူတလ
ိုက်ပါခဲ့တယ်။ ဒါပေမယ့် အခုတော့ နယ်စားကကျုပ်တို့နောက်လိုက်နေပြီး
ကျိုးယွီ(Zhou Yu) ရဲ့စစ်တပ်ကအရှေ့မှာလမ်းပိတ်ထားတယ်။ ဇနီးဖြစ်တ့မ
ဲ င်းသာလျှင်
ဒီအကြပ်အတည်းကလွတ်မြောက်အောင်လပ
ုဆောင်နိုင်မယ်။ မင်းမကူညီချင်ရင်တော့
ကျုပ်ကမင်းကျေးဇူးကိုပြန်ဆပ်တယ်လို့သဘောထားပြီး ကျုပ်ကိုဒီမှာပဲသတ်လိုက်ပါ"

စွန်းအမျိုးသမီးမှာ ဒေါသထွက်သွားပြီး

"ကျွန်မအစ်ကိုက ကျွန်မကိုသူ့ညီမဆိုတာမေ့သွားပြီလား? သူက


ကျွန်မမျက်နှာကိုစေ့စေ့ကြည့်ရဲသေးရဲ့လား? ဒီဘေးကလွတေ
် မြာက်အောင်ကျွန်မကူပါ့မယ်"
ဟုပြောလေသည်။

ထို့နောက် လှည်ယာဉ်ကိုအရှေ့သို့ သွားစေပြီး လိုက်ကာတို့ကိုဖယ်ကာ

"ရွှီရှန(် Xu Sheng) ၊ တင်းဖုန်း(Ding Feng)၊ ရှင်တို့ တွေ သစ္စာဖောက်ဖြစ်သွားပြီလား" ဟုပြောလေသည်။


စစ်သြူ ကီးနှစ်ဦးတို့သည် မြင်းပေါ်မှဆင်းပြီးလှည်းယာဉ်ရေ
ှ့တွင်ရပ်လိုက်သည်။

769
"ကျွန်တော်တို့က သစ္စာဖောက်မဟုတ်ပါဘူး။ စစ်သူကြီးရဲ့အမိန့် နဲ့ လျူဘေ့(Liu Bei) ကိုစောင့်နေတာပါ"

"ကျိုးယွ(ီ Zhou Yu) က လိုက်နှောင့်ယှက်တဲ့လူဆိုးပဲ။ ငါတို့ တောင်ပိုင်းပြည်နယ်က


ရှင်တို့ ကိုဒုက္ခမပေးခဲ့ဘူး။ နောက်ပြီး ဦးရီးတော်က ငါ့ခင်ပွန်းပဲလေ။ ငါက
ငါ့အစ်ကိုနဲ့အမေ့ဆီကခွင့်တောင်းပြီးလာတာ။ ရှင်တို့က ဒီမှာလာစောင့်နေတာ ဓားပြတိုက်ဖို့ လား"

"သခင်မ စိတ်မဆိုးဖို့ တောင်းပန်ပါတယ်။ ကျွန်တော်တို့က ဒီမှာစောင့်နေတာ စစ်သြူ ကီးအမိန့်နဲ့ပါ"

"ဒါဆို ရှင်တို့ က ကျိုးယွီ(Zhou Yu) ကိုပဲကြောက်ပြီး ငါ့ကိုမကြောက်ဘူးပေါ့။


သူကပဲရင
ှ်တို့ ကိုသတ်နိုင်တယ်ထင်ပြီး ငါကမသတ်နိုင်ဘူးထင်လို့လား"

ထို့နောက် "ကျိုးယွ"ီ (Zhou Yu) အားကြိမ်ဆဲပြီး လှည်းယာဉ်ကိုရှေ့ဆက်သွားစေသည်။

ခေါင်းဆောင်နှစ်ဦးက ဤသို့တွေးကြသည်။

'ငါတို့တွေက သာမန်အဆင့်နိမ့်တဲ့အမှုထမ်းတွေပဲ။ စွန်းအမျိုးသမီးနဲ့ထိပ်တိုက်တွေ့ဖို့မဖြစ်နိုင်ဘူး'

ထို့အပြင် "ကျောက်ယွင"် (Zhao Yun) ဒေါသထွက်သည်ကိုမြင်လိုက်သည်။ သို့နှင့် စစ်တပ်တို့ကို


ဘေးတွင်ရပ်စေကာလမ်းဖယ်ပေးလိုက်သည်။

လှည်းယာဉ်သည် မိုင်အနည်းငယ်ခန့်ခရီးဆက်ပြီးနောက်ဝယ်
နောက်ဘက်မှလမ
ျူားထပ်လိုက်လာပြန်သည်။ ထိအ
ု သစ်ရောက်လာသောလူတို့မှ

"မင်းတို့တွေ သူ့ကိုလွှတ်ပေးလိုက်တာမှားတယ်။ သူတို့ ကိုဖမ်းဖို့ နယ်စားမင်းဆီကအမိန့်ရလာပြီ"


ဟုပြောပြီးနောက် ဆက်လိုကြ် ကသည်။

အနောက်ဘက်မှလိုက်လာသောအသံတို့ ကိုကြားလျှင် "လျူဘေ့"(Liu Bei) မှ ဇနီးဖြစ်သူအား

"သူတို့တွေအနောက်ကလိုက်လာပြီ။ ဘယ်လုလ
ိ ပ
ုမလဲ" ဟုမေးသည်။

"ရှင်အရှေ့ကသွားနှင့်ပါ။ ကျွန်မနှင့်ကျောက်ယွင(် Zhao Yun) က သူတို့ ကိုတားထားလိုက်ပါ့မယ်"

ထို့ကြောင့် "လျူဘေ့"(Liu Bei) သည် မြစ်ဆိပ်နားဆီသို့ အရင်သွားနှင့်သည်။ "ကျောက်ယွင"် (Zhao Yun)


သည် လှည်းယာဉ်ဘေးတွင် နေရာယူထားပြီး ရန်သူကိုရင်ဆိုင်ရန်အဆင်သင့်ပြင်ထားသည်။
စစ်သြူ ကီးလေးဦးတို့ရောက်လာသောအခါ မြင်းပေါ်မှဆင်းပြီး လက်ပိုက်နေသည်။ စွန်းအမျိုးသမီးက

"စစ်သူကြီးတွေက ဒီမှာဘာလုပ်နေတာလဲ" ဟုမေးသည်။

"နယ်စားက သခင်မနဲ့ လျူဘေ့(Liu Bei) ကို ပြန်လာခိုင်းဖို့ ခေါ်ခိုင်းလို့ ပါ"

770
"ရှင်တို့ က အရူးတွေပဲ။ ငါနဲ့ငါ့အစ်ကိုရဲ့ဆက်ဆံရေးကိုပျက်ပြားအောင်လုပ်ရဲတယ်! အခု
ငါတို့ လင်မယားက ကျင်ကျိုးကိုသွားမလို့ ။ ငါ့အစ်ကိုကုယ
ိတုင
ိလိုကလ
်ာရင်တောင် သူက
ငါတို့ ကိုသွားခွင့်ပြုမှာ။ ရှင်တို့ ကလက်နက်တွေကိုင်ထားတာ ငါတို့ကိုသတ်ဖို့မဟုတ်လား"

ထို့နောက် ထိုစစ်သူကြီးလေးဦးတို့ကိုဆူပူသဖြင့် စစ်သူကြီးလေးဦးတို့ မှာ အရှက်ရကာ


တစ်ဦးမျက်နှာတစ်ဦးကြည့်နေကြသည်။

ထိုသူတို့ စိတထ
်ဲတွင် ဤသို့ တွေးကြသည်။

'ဘယ်လိုပဲဖြစ်ဖြစ် သူတို့ ကမောင်နှမတွေပဲ။ နယ်စားမယ်တော်လက်ထဲမှာအာဏာရှိသေးတာပဲ။


စွန်းချွမ်(Sun Quan) က သူ့အမေစကားနားထောင်ပြီးပယ်ရှားရဲမှာမဟုတ်ဘူး ။ နောက်ပိုင်းမှာ
အပြစ်ကငါတို့ခေါင်းပေါ်ပဲကျလာမှာ။ ဒီတော့ကောင်းကောင်းဆက်ဆံမှဖြစ်မယ်'

ထို့အပြင် "လျူဘေ့"(Liu Bei) က ထိုနေရာတွင်မရှိသည့်အပြင် "ကျောက်ယွင"် (Zhao Yun) မှာလည်း


ဒေါသထွက်နေပြီး အန္တရာယ်ပေးမည့်ပုံပေါ်နေသည်။ ထို့ကြောင့် လမ်းဖယ်ပေးလိုက်သည်။ "ရွှီရှန"် (Xu
Sheng) မှ

"ကျုပ်တို့ စစ်သူကြီးချုပ်ဆီပြန်သွားပြီး သတင်းသွားပို့ရမယ်" ဟုပြောလေသည်။

ထိုအချိန်တွင် "ကျန်းချင်"(Jiang Qin) နှင့် "ကျိုးထိုက်"(Zhou Tai) တို့ရောက်လာသည်။

"ခင်ဗျားတို့ တွေ လျူဘေ့(Liu Bei) ကိုတွေ့မိလား"

"သူတို့အခုပဲ ဖြတ်သွားပြီ"

"ဘာလို့မဖမ်းတာလဲ"

"သခင်မက ဒီလုဒ
ီလိုပြောလို့ ပါ...."

"ဒါနယ်စားကြီးစိုးရိမ်တဲ့အတိုင်းပဲ။ ဒါကြောင့် သူကကျုပ်တို့ ကိုဓားပေးလိုက်ပြီး သူ့ညီမနဲ့လျူဘေ့(Liu Bei)


ကိုသတ်ဖို့အမိန့်ပေးလိုက်တယ်။ အမိန့် မနာခံရင်သေဒဏ်ပေးလိမ့်မယ်"

"ဒါဆိုဘယ်လိုလပ
ုမလဲ။ သူတို့ တွေအဝေးကိုရောက်သွားပြီ"

"ကျန်းချင်"(Jiang Qin) မှ

"ဒါပေမယ့် သူတို့ လူအများစုက ခြေလျင်သွားကြတော့ အဝေးကြီးမရောက်သေးဘူး။ ရွှီရှန(် Xu Sheng)


နဲ့တင်းဖုန်း(Ding Feng) ကို ကျိုးယွ(ီ Zhou Yu) ဆီသွားခိုင်းပြီး သူတို့နောက်လိုက်ဖို့

771
သင်္ဘောတွေပြင်ခိုင်းပါ။ သူတို့ နောက်ကိုရေပေါ်မှာရော၊ ကုန်းပေါ်မှာရောလိုက်ရမယ်၊
သူတို့ ပြောတာနားမထောင်နဲ့ " ဟုပြောလေသည်။ လူနှစ်ဦးတို့က အကြောင်းကြားရန်ပြန်သွားပြီး
ကျန်သူလေးဦးတို့က နောက်မှဆက်လိုက်ကြလေသည်။

ထိုအချိန်တွင် "လျူဘေ့"(Liu Bei) မှာ ချိုင်စန်းမှထွက်ပြီးဆိပ်ကမ်းနားသို့ရောက်လာသဖြင့်


စိတတ
် က်ကြွလာသည်။ သို့သော်လည်း သင်္ဘောမရှိသဖြင့်စိတ်ဓာတ်ကျကာ ခေါင်းငိုက်စိုက်ကျသွားသည်။
ထိုအခါ "ကျောက်ယွင"် (Zhao Yun) မှ

"သခင်ကြီးက အခုမှ ကျားခံတွင်းကထွက်လာတာ၊ အဝေးကြီးမသွားရသေးဘူး။ နောက်ပြီး


ကျူးကဲလျန့်(Zhuge Liang) က တစ်ခုခုပြင်ဆင်ထားမှာပါ" ဟုပြောသည်။ သို့သော်လည်း "လျူဘေ့"(Liu
Bei) မှာ စိတ်ဓာတ်ကျနေပြီး ဇနီးဖြစ်သန
ှူင့်အတူစံစားခဲ့သည်တို့ ကိုတမ်းတနေသည်။

"လျူဘေ့"(Liu Bei) က "ကျောက်ယွင"် (Zhao Yun) ကိုလွှတ်ကာ သင်္ဘောတို့ ရှာစေသည်။ စစ်သားတို့မှ


လမ်းတွင် ဖုန်မှုန့်များထနေကြောင်းပြောသဖြင့် တောင်ကုန်းပေါ်သို့ကြည့်သောအခါ
ဖုန်ထနေသောလမ်းမှရောက်လာသောလူတို့ ကိုမြင်လေသည်။

"လျူဘေ့"(Liu Bei) သည် သက်ပြင်းချလိုက်ပြီး

"ကျုပ်တို့တွေ ရက်အကြာကြီးပြေးခဲ့တာ စစ်သားတွေလည်း ပင်ပန်းနေပြီး မြင်းတွေလည်းပန်းကုန်ပြီ။


အခုအကုန်ဒီနေရာမှာသေတော့မယ်" ဟုပြောလေသည်။ ရန်သူတို့ နီးလာသောအခါတွင်
သင်္ဘောအစီးနှစ်ဆယ်ခန့်ကိုတွေ့လိုက်သည်။ "လျူဘေ့"(Liu Bei) နှင့်ဇနီးတို့ သည်
မြစ်ဆပ
ိနားသို့ သွားပြီး သင်္ဘောပေါ်သို့ တက်လေသည်။ သင်္ဘောထဲတွင်
တာအိုအင်္ကျီဝတ်ထားသောလူကိုမြင်လိုက်သည်။ ထိုသူမှ ပြုံးကာ

"သခင်ကြီး အခု ကျူးကဲလျန့်(Zhuge Liang) နဲ့ပြန်တွေ့ပြီ။ သူစောင့်နေတာကြာခဲ့ပြီ" ဟုပြောလေသည်။


သင်္ဘောပေါ်ရှိတပ်သားတို့ မှာ ကျင်ကျိုးမှဖြစ်သည်။ နောက်ဘက်မှလိုက်လာသော
စစ်သြူ ကီးလေးဦးတို့ရောက်လာသောအခါ "ကျူးကဲလျန့်"(Zhuge Liang) က
ထိုသူတို့ ကိုလက်ညှိုးထိုးပြီးရယ်ကာ

"ကျုပ် ဒါကိုခန့်မှန်းထားတာကြာပြီ။ ခင်ဗျားတို့ ပြန်သွားပြီး ကျိုးယွီ(Zhou Yu) ကို


မိန်းကလေးကိုအသုံးချတဲ့ဗျူဟာကိုမသုံးနဲ့လို့ ပြန်ပြောလိုက်" ဟုပြောလိုက်လေသည်။

772
ကမ်းဘက်မှ မြားတို့ဖြင့်လှမ်းပစ်သော်လည်း မမှီတော့ပေ။ ထိုသေ
ူ လးဦးတို့သည် ကမ်းခြေနားတွင်
အရူးပမာကျန်ရစ်ခဲ့လေသည်။ သင်္ဘောထွက်ပြီးမကြာမီတွင် သင်္ဘောတပ်ကြီးတစ်ဖွဲ့ ပေါ်လာသည်။
ထိုတပ်ကို "ကျိုးယွ"ီ (Zhou Yu) က ဦးဆောင်ပြီး "ဟွမ်ကိုင"် (Huang Gai) နှင့် "ဟန်တန်"(Han Dang)
တို့ပါဝင်သည်။ "ကျူးကဲလျန့်"(Zhuge Liang) မှ သူ၏သင်္ဘောတို့ကိုမြောက်ဘက်သို့လှော်စေသည်။
အနောက်ဘက်မှ "ကျိုးယွ"ီ (Zhou Yu) လိုက်ပြီး အနောက်ဘက်တွင် "ဟွမ်ကုင
ိ"(Huang Gai) ၊
"ဟန်တန်"(Han Dang) ၊ "ရွှီရှန"် (Xu Sheng) နှင့် "တင်းဖုန်း"(Ding Feng) တို့လိုက်ကြသည်။

"ကျိုးယွ"ီ (Zhou Yu) ၏တပ်ဖွဲ့ ဟွမ်ကျိုးသို့ ရောက်သောအခါ ဗုံသံတို့ ကြားလိုက်ပြီး "ကွမ်းယွ"ီ (Guan Yu)
၏စစ်တပ်ကြီးပေါ်လာသည်။ "ကျိုးယွီ"(Zhou Yu) မှာ မပြင်ဆင်ထားသဖြင့်ထွက်ပြေးရလေသည်။
တခြားတစ်နေရာမှ "ဟွမ်ကျုံး"(Huang Zhong) နှင့် "ဝေရန်"(Wei Yan) တို့ ပေါ်လာပြီးတိုက်လေရာ
တောင်ပိုင်းပြည်နယ်တပ်မှာ အရှုံးနှင့်ရင်ဆိုင်ရပြီး "ကျိုးယွ"ီ (Zhou Yu) မှာ
အသက်ဘေးမှသီသီလေးလွတ်သွားသည်။

သင်္ဘောပေါ်မှ "လျူဘေ့"(Liu Bei) ၏စစ်သားတို့ မှ

"စစ်သူကြီး ကျိုးယွ(ီ Zhou Yu) က ဦးရီးတော်အတွက် ဇနီးတစ်ယောက်ရှာပေးတဲ့အပြင်


သူ့စစ်တပ်တွေကိုတောင်စတေးပေးသေးတယ်" ဟုလှောင်ကာအော်ပြောကြလေသည်။
ထိုစကားတို့ကိုကြားလျှင် "ကျိုးယွ"ီ (Zhou Yu) မှာဒေါသထွကြ် ပီး ပြန်တိုက်ရန်လုပ်သည်၊ သို့ သော်လည်း
သူ၏စစ်သူကြီးတို့က ဝိုင်းတားကြသည်။ "ကျိုးယွ"ီ (Zhou Yu) မှ

"ကျုပ်အကြံအစည်တွေပျက်ပြားသွားတာ ကျုပ်သခင်ကြီးကိုဘယ်လိုရင်ဆုင
ိရမလဲ" ဟုပြောလေသည်။

ထို့နောက် ကျယ်လောင်စွာအော်ပြီးနောက် လဲကျသွားကာ ဒဏ်ရာဟောင်းပွင့်ပြီး သတိမေ့သွားသည်။


သူ၏စစ်သူကြီးတို့က ကူညီကြသည်။ သို့လည်း "ကျိုးယွီ"(Zhou Yu) မှာ အချိန်အတန်ကြာ
သတိမေ့နေခဲ့သည်။

773
အခန်း(၅၆) "ချောင်ချောင်း"(Cao Cao) သည် ကြေးနီငှက်မျှော်စင်တွင် စားသောက်ပွဲကျင်းပခြင်း။
"ကျူးကဲလျန့်"(Zhuge Liang) သည် "ကျိုးယွ"ီ (Zhou Yu) ကို တတိယအကြိမ်စိတ်ဆိုးစေခြင်း။

"ကျိုးယွ"ီ (Zhou Yu) မေ့လဲသွားသောအခါဝယ် တောင်ပိုင်းပြည်နယ်တပ်သည် တပ်ပြန်ဆုတ်လေသည်။


"ကျူးကဲလျန့်"(Zhuge Liang) ကလည်း စစ်တပ်တို့ ကိုဆက်မလိုက်စေတော့ပေ။ "လျူဘေ့"(Liu Bei)
သည် ကျင်ကျိုးပြည်နယ်သို့ပြန်သွားသည်။

"ကျိုးယွ"ီ (Zhou Yu) သည် ချိုင်စန်းသို့ရောက်သောအခါ "ကျန်းချင်"(Jiang Qin) တို့သည်လည်း


နန်ရွှီသို့ရောက်ပြီး "စွန်းချွမ်"(Sun Quan) အား အကျိုးအကြောင်းပြောလေသည်။ "စွန်းချွမ်"(Sun Quan)
မှာ အင်မတန်ဒေါသထွက်ပြီး "ချန်ဖ"ူ (Cheng Pu) ကိုစေလွှတ်ကာ ကျင်ကျိုးကိုသိမ်းမည်ပြုသည်။
"ကျိုးယွ"ီ (Zhou Yu) ကလည်း နေမကောင်းသည့်ကြားမှ သူ့သခင်အား လက်စားချေရန်တုက
ိတွန်းသည်။
သို့သော် "ကျန်းကျောက်"(Zhang Zhao) မှ

"ချောင်ချောင်း(Cao Cao) က ကမ်းပါးနီမှာ ဆုံးရှုံးခဲ့တာကိုမမေ့သေးဘူး။ အကယ်၍ ဒေါသကြောင့်နဲ့


စွန်းမိသားစုနဲ့လျူဘေ့(Liu Bei) သာ စစ်ဖြစ်ကြရင် ချောင်ချောင်း(Cao Cao) က
ဒါကိုအခွင့်ကောင်းယူမယ်ဆိုရင် ဒုကေ
ၡ ရာက်လိမ့်မယ်" ဟုပြောလေသည်။

"ကူယုံ"(Gu Yong) မှလည်း

"ချောင်ချောင်း(Cao Cao) က ဒီမှာ သူလျှိုတွေရှိမှာအမှန်ပဲ။ သူက


စွန်းနဲ့လျူမိသားစုမသင့်မြတ်တာကိုကြားတာနဲ့ လျူမိသားစုကို သူ့ဘက်ပါအောင်ခေါ်မှာပဲ။ လျူဘေ့(Liu
Bei) ကလည်း သခင်ကြီးရဲ့ရန်ကြောက်ပြီး သူ့ဘက်ပါသွားနိုင်တယ်။ ဒါကြောင့် လျူဘေ့(Liu Bei) ကို
ကျင်ကျိုးနယ်စားအဖြစ်အသိအမှတ်ပြုပြီး နှစ်ဦးနှစ်ဘက် ပိုပြီးချစ်ကြည်ရင်းနှီးအောင်လပ
ုသင့်တယ်။
အဲ့လိုသာဆို ချောင်ချောင်း(Cao Cao) က တောင်ပိုင်းပြည်နယ်ကိုကျူးကျော်ရဲမှာမဟုတ်သလို
လျူဘေ့(Liu Bei) ကလည်း သခင်ကြီးအပေါ်ကျေးဇူးတင်နေလိမ့်မယ်။ နောက်ပြီး လျူဘေ့(Liu Bei) နဲ့
ချောင်ချောင်း(Cao Cao) မသင့်မြတ်အောင်လပ
ုဖို့ တစ်ယောက်ယောက်ရှာသင့်တယ်။ အဲ့လိုဆုရ
ိ င်
သခင်ကြီး အောင်မြင်လိမ့်မယ်" ဟု ပြောသည်။

"စွန်းချွမ်"(Sun Quan) မှ

"ဒါ အကြံကောင်းပဲ။ ဒါပေမယ့် အဲ့လိုလုပ်နိုင်မယ့်လဘ


ူ ယ်မှာသွားရှာမလဲ" ဟုပြောလေသည်။

"အဲ့လိုလူရှိပါတယ်။ ချောင်ချောင်း(Cao Cao) လေးစားတဲ့လေ


ူ ပါ့"

"ဟန်ရှင်း(Han Xin) ပေါ့။ သူ့ကိုလွှတ်ရင် အသင့်တော်ဆံုး ပဲ"

774
သို့နှင့် "ဟန်ရှင်း"(Han Xin) ကိုမြို့တော်ရွှီချန်သို့စေလွှတ်လေသည်။ "ဟန်ရှင်း"(Han Xin)
မြို့တော်သို့ရောက်သောအခါဝယ် "ချောင်ချောင်း"(Cao Cao) မှာ ရဲ့ကျွင်းရှိ
ကြေးနီငှက်မျှော်စင်သို့ သွားကြောင်းသိလေလျှင် ထိုနေရာသို့လိုက်သွားသည်။

"ချောင်ချောင်း"(Cao Cao) သည် ကမ်းပါးနီတင


ွ် အကြီးအကျယ်စစ်ရှုံးခဲ့သည်ကိုမမေ့နိုင်ပဲ
လက်စားချေလိုသည်။ သို့သော်လည်း သူ၏ရန်သူကြီးနှစ်ယောက်ကို ကြောက်ရွံ့သည့်စိတ်က
ရင်ထတ
ွဲင်ကိန်းအောင်းနေသည်။

တစ်ဆယ့်ငါးနှစ်မြောက်နွေဦးကာလ (အေဒီ ၂၁၀) တွင် မျှော်စင်ဆောက်လုပ်မှုပြီးစီးသွားသောအခါ


"ချောင်ချောင်း"(Cao Cao) သည် လူအများတို့ ကိုဖိတ်ခေါ်ကာ အခမ်းအနားအကြီးအကျယ်ပြုလုပ်သည်။
ထိုပွဲတော်ကို ကျန်းမြစ်ကမ်းနံဘေးတွင်ပြုလုပ်သည်။ ကြေးနီငှက်မျှော်စင်သည် အလယ်တွင်ရှိပြီး
ဘေးတစ်ဘက်တစ်ချက်စီတွင် အိမ်ဆောင်နှစ်ဆောင်ရှိကာ 'ကျောက်စိမ်းနဂါးအဆောင်' နှင့်
'ရွှေဇာမဏီဆောင်' ဟုခေါ်တွင်စေသည်။ တစ်ခုစီသည် တစ်ရာယူနစ်စီမြင့်ပြီး ထိုအဆောင်နှစ်ခုကို
တံတားဖြင့်ချိတ်ဆက်ထားသည်။

ဖွင့်ပွဲအခမ်းအနားတွင် "ချောင်ချောင်း"(Cao Cao) သည် ရွှေရောင်ခေါင်းပေါင်းကိုပေါင်းကာ


ပိုးထည်တို့ ဝတ်ဆင်ပြီးခါးတွင် ကျောက်စိမ်းခါးပတ် ပတ်ထားသည်။ ဖိနပ်တွင်
ပုလပ
ဲါဝင်သည့်ဖိနပ်ကိုဝတ်ဆင်ထားသည်။ "ချောင်ချောင်း"(Cao Cao) သည်
ဧည့်ခံသူအနေနှင့်နေရာယူထားပြီး အမှုထမ်းတို့မှာ အောက်ဘက်တင
ွ် ရပ်နေကြသည်။

စစ်ဘက်ဆုင
ိရာအမှုထမ်းများအတွက် မြားပစ်ပြိုင်ပွဲကျင်းပပြီး ရှီးချွမ်းပိုးထည်အနီရောင်ကို
ဆုလာဘ်အဖြစ်ပေးစေသည်။ မိုးမခပင်၏အကိုင်းတစ်ခုတွင် ပစ်မှတ်ထားထားကာ ပစ်မှတ်နှင့်လူ
ခြေလှမ်းတစ်ရာခန့်ကွာဝေးသည်။ ပြိုင်ဆုင
ိသည့်လူတို့ကိုလည်း နှစ်ဖွဲ့ ခွဲထားသည်၊ "ချောင်ချောင်း"(Cao
Cao) ၏မိသားစုတို့ သည် အနီရောင်ဝတ်ဆင်ကာ ကျန်သောလူတို့ကို အစိမ်းရောင်ဝတ်စေသည်။
ပစ်မှတ်ကိုမထိလျှင် အပြစ်ဒဏ်အနေနှင့် ရေတစ်ခွက်သောက်ရမည်ဖြစ်သည်။

မြားပစ်ရန်အချက်ပေးလိုက်သည်နှင့် အနီရောင်ဝတ်ထားသောလူငယ်တစ်ဦးသည်
မြင်းစီးကာအရှေ့သို့ ထွက်သွားသည်။ ထိုသူမှာ "ချောင်ရှို့ "(Cao Xiu) ဖြစ်သည်။ သူသည်
မြားနှင့်ကြိုးကိုညှိကာ လေးကိုအဆုံးထိဆွဲတင်ပြီး ပစ်လိုက်ရာ ပစ်မှတ်ကိုတည့်တည့်ထိမှန်သွားသည်။
အကုန်လုံးမှာ အံ့ဩသွားကြသည်။ "ချောင်ချောင်း"(Cao Cao) မှ

"ငါ့လူတွေထဲက တိုးတက်ဖို့ အလားအလာရှိတဲ့လတ


ူ စ်ယောက်ပဲ" ဟုပြောကာ ထိုလူငယ်ကို
ဆုလာဘ်တို့ ပေးစေသည်။

775
ထိုအခါ အစိမ်းရောင်အဖွဲ့ဘက်ရှိ လူတစ်ဦးမှ

"ဝန်ကြီးချုပ်ရဲ့ပိုးထည်အတွက်ကို တခြားလူစိမ်းတွေကုလ
ိ ည်း ပြိုင်ဆုင
ိစေသင့်တယ်။ မိသားစုထက
ဲ လူကပဲ
ဆုတွေရတာမဖြစ်သင့်ဘူး" ဟုပြောလေသည်။ "ချောင်ချောင်း"(Cao Cao) မှ ထိုအသံရှင်ကိုကြည့်လုက
ိရာ
"ဝင်ဖင်"(Wen Ping) ဖြစ်နေသည်။ အခြားသောအမှုထမ်းတို့က

"သူ့မြားပစ်စွမ်းရည်ဘယ်လိုလည်းဆိုတာကြည့်ကြတာပေါ့" ဟုပြောလေသည်။ "ဝင်ဖင်"(Wen Ping) မှ


မြင်းပေါ်မှ လေးကိုဆွဲတင်ပြီးပစ်လိုက်ရာတွင် ပစ်မှတ်တည့်တည့်ကိုထိမှန်ပြီး
ကြည့်ရှုသတ
ူ့ို အံ့အားသင့်သွားကြသည်။ "ဝင်ဖင်"(Wen Ping) မှ

"ပိုးထည်ကို မြန်မြန်ယူလာခဲ"့ ဟုပြောလေသည်။

သို့သော် အနီရောင်အဖွဲ့ဘက်မှ လူတစ်ဦးမှ

"နိုင်ပြီးသားဆုလာဘ်ကို ခင်ဗျားက ဘာလို့ထပ်ယူနိုင်ရမှာလဲ? ခင်ဗျားမြားထပ်သာအောင်ကျုပ်ပစ်ပြမယ်"


ဟု ဒေါသဖြင့်ပြောလေသည်။

ထိုသူမှ မြားကိုပစ်လုက
ိရာ ပစ်မှတ်၏နှလုံးသားဗဟိုကိုထမ
ှိန်သွားသည်။ ထိုသမ
ှူာ "ချောင်ဟုန်"(Cao
Hong) ဖြစ်သည်။

သို့သော်လည်း အစိမ်းရောင်အဖွဲ့မှ လူတစ်ဦးက

"ခင်ဗျား မြားပစ်စွမ်းရည်က ဘာထူးဆန်းလဲ? ကျုပ်ပစ်တာကြည့်" ဟုပြောလေသည်။ ထိုသူမှာ


"ကျန်းဟဲ"(Zhang He) ဖြစ်သည်။ ထို့နောက် မြင်းကိုအရှိန်ဖြင့်စီးပြီး နောက်ပြန်လည
ှ့်ကာ
မြားကိုနောက်ပြန်ပစ်လိုကသ
် ည်။ ထိုမြားသည် ပစ်မှတ်၏ဗဟိုတည့်တည့်ကိုထိမှန်သည်။
အကုန်လုံးကလည်း ထိုမြားပစ်စွမ်းရည်ကို ချီးကျူးကြသည်။ "ကျန်းဟဲ"(Zhang He) မှ

"ဆုလာဘ်က ကျုပ်ရသင့်တယ်" ဟုပြောလေသည်။

ထိုသို့ ပြောနေစဉ်မှာပင် နောက်လူတစ်ဦးမှ

"ခင်ဗျား နောက်ပြန်ပစ်တာက သိပ်မထူးဆန်းပါဘူး။ ကျုပ်အစွမ်းကိုကြည့်" ဟုပြောလေသည်။ ထိုသူမှာ


"ရှဟုယ
ွိမ"် (Xiahou Yuan) ဖြစ်သည်။ ထို့နောက် "ရှဟိုယွမ"် (Xiahou Yuan) သည် မြင်းကိုအရှိန်ဖြင့်စီးပြီး
မြားကိုနောက်ပြန်ပစ်လိုကရ
်ာ

776
အရှေ့မှလေ
ူ လးဦးတို့ပစ်ထားသည့်မြားလေးချောင်းအလယ်သို့ ဝင်သွားလေသည်။ "ရှဟိုယွမ"် (Xiahou
Yuan) က

"ကျုပ်ပစ်တာ အရှေ့ကလူတွေထက်မသာပေဘူးလား" ဟုပြောလေသည်။ ထိုအခါ အစိမ်းဘက်ကလူမှ

"အဲ့ပိုးထည်က ကျုပ် ရွှီဟွမ(် Xu Huang) အတွကပ


်ဲ" ဟုပြောသည်။

"ခင်ဗျားက ကျုပ်ပစ်တာထက်သာအောင်ပစ်နိုင်လို့ လား"

"ခင်ဗျားပစ်တာ ဘာထူးဆန်းလဲ။ ကျုပ် ဆုဘယ်လုရ


ိ အောင်လုပ်မယ်ဆိုတာကြည့်ပါ"

ထို့နောက် "ရွှီဟွမ်"(Xu Huang) သည် ပိုးထည်ချိတ်ထားသော


သစ်ပင်၏အကိုင်းကိုချိန်ကာပစ်လိုက်သည်။ ပြုတ်ကျလာသောပိုးထည်ကိုယူပြီးနောက်
ဝန်ကြီးချုပ်ကိုကျေးဇူးတင်လေသည်။ ပြီးနောက် ပြန်လှည့်ထက
ွ်ရန်လုပ်သည်။ ထိုအခါ
အစိမ်းရောင်အဖွဲ့မှလက

"ဘာလို့ပိုးထည်နဲ့ ဘယ်သွားမှာလဲ? ကျုပ်ကိုပေးခဲ့" ဟုပြောလေသည်။ ထိုပြောသူမှာ "ရွှီချူ"(Xu Chu)


ဖြစ်သည်။ "ရွှီဟမ
ွ်"(Xu Huang) မှ

"ပိုးထည်က ကျုပ်ဟာဖြစ်သွားပြီ။ ခင်ဗျားက အဓမ္မလုရဲသေးလား" ဟုပြောသည်။ "ရွှီချူ"(Xu Chu)


သည်မည်သို့မျှမပြောပဲမြင်းကိုကစုန်ဆိုင်းစီးကာ ပိုးထည်ကိုယူမည်ပြုသည်။ ရွှီချူ"(Xu Chu)
အနားသို့ ရောက်လာသောအခါ "ရွှီဟွမ"် (Xu Huang) မှ လေးဖြင့်လှမ်းရိုက်လုက
ိသည်။ "ရွှီချူ"(Xu Chu)
က လေးကိုလက်တစ်ဖက်ဖြင့်ဖမ်းထားလိုက်ပြီး ကျန်လက်တစ်ဖက်ဖြင့်
တစ်ဖက်လူကိုမြင်းပေါ်မှမ,လိုကသ
် ည်။ "ရွှီဟွမ"် (Xu Huang) က လေးကိုလက်လွှတ်လိုက်သောအခါ
မြင်းပေါ်မှပြုတ်ကျသွားလေသည်။ "ရွှီချူ"(Xu Chu) ကလည်း မြင်းပေါ်မှဆင်းကာ
တစ်ဦးနှင့်တစ်ဦးထိုးကြိတ်ကြသည်။ ထိုအခါ "ချောင်ချောင်း"(Cao Cao) က
ရန်ဖြစ်နေသူနှစ်ဦးကိုလူခွဲလိုက်စေသည်။ ထိုသန
ှူစ်ဦး၏ရန်ပွဲကြားတွင် ပိုးထည်မှာစုတ်ပြဲသွားခဲ့သည်။
"ချောင်ချောင်း"(Cao Cao) က ထိုလူနှစ်ဦးကိုသူ့ ရှေ့သို့ ခေါ်လာစေသောအခါ တစ်ဦးက
ကျန်တစ်ဦးကိုဒေါသဖြင့်ကြည့်ပြီး နောက်တစ်ဦးကလည်း အံကြိတ်ကာ စိတတ
ိုနေသည်။

"ချောင်ချောင်း"(Cao Cao) မှပြုံးကာ

"ပိုးထည်က ကိစ္စမရှိပါဘူး။ ငါ မင်းတို့ ရဲ့သတ္တိကိုမြင်ရတာ ပိုးထည်ကဘာအရေးကြီးလဲ" ဟုပြောလေသည်။


"ချောင်ချောင်း"(Cao Cao) သည် သူ၏စစ်သူကြီးတို့ ကိုတစ်ဦးချင်းစီခေါ်ပြီး ရှီးချွမ်းပိုးထည်များပေးလေ

သည်။ ပြီးနောက် ကိုယ့ေ


် နရာကိုယ်ယူစေကာ အတီးအမှုတတ
့ို ဖြင့်
ဧည့်ခံပြီးစားသောက်ပွဲတည်ခင်းလေသည်။

"ချောင်ချောင်း"(Cao Cao) မှ

777
"စစ်ဘက်ဆုင
ိရာအရာရှိတွေကတော့ သူတို့ အစွမ်းတွေကိုပြပြီးသွားပြီ။ ခင်ဗျားတို့ပညာရှိတွေကလည်း
ကဗျာ၊စာတွေစပ်ပြီး ခင်ဗျားတို့သင်ယူခဲ့တာတွေထုတ်ဖော်ပြသသင့်တယ်" ဟုပြောလေသည်။
အကုန်လုံးက အရိုအသေပြုကာ

"ဝန်ကြီးချုပ်အမိန့် အတိုင်းလုပ်ဆောင်ပါ့မယ်" ဟုပြောကြသည်။

ထိုအချိန်တွင် "ဝမ်လန်"(Wang Lang) ၊ "ကျုံးယောင်"(Zhong Yao) ၊ "ဝမ်ချန်း"(Wang Can) နှင့်


"ချန်လင်"(Chen Lin) ဟူသောစာပေပညာရှင်လေးဦးရှိသည်။ တစ်ဦးချင်းစီက
ကဗျာတစ်ပုဒ်စီစပ်ဆိုကြသည်။ ထိုကဗျာတို့ က "ချောင်ချောင်း"(Cao Cao)
၏စွမ်းဆောင်မှုတို့ ကိုချီးမွမ်းထောပနာပြုထားပြီး ယုံကြည်ခြင်းအခံရဆုံးလူဟု အမွမ်းတင်ထားသည်။
ထိုကဗျာတို့ကိုဖတ်ပြီးနောက် "ချောင်ချောင်း"(Cao Cao) မှရယ်ကာ

"ခင်ဗျားတို့ က ကျုပ်ကိုချီးကျူးလွန်းပါပြီ။ ဟိုးအရင်က ကျုပ်ဟာစာပေတွေကုေ


ိ လ့လာပြီးနေခဲ့တာပါ။
အခက်အခဲတွေရှိလာတော့ ချောင်နယ်နားကတဲအိမ်မှာနေပြီး စာတွေဖတ်၊
အမဲလိုက်ရင်းနဲ့အချိန်ကုန်ခဲ့တယ်။ တိုင်းပြည်ငြိမ်သက်တဲ့အချိန်မှာတော့ ရာထူးတစ်နေရာယူခဲ့တယ်။

ရာထူးတစ်ခုရပြီးနောက်မှာတော့ ကျုပ်ကသူပုန်တွေကိုနှိမ်နှင်းမယ်ဆိုပြီး ရည်မှန်းချက်ပြောင်းသွားခဲ့တယ်။


ကျုပ်သေရင် ကျုပ်အုတ်ဂူပေါ်မှာ 'အနောက်ပိုင်းကိုငြိမ်သက်အောင်လုပ်စေနိုင်ခဲ့သော
သခင်ချောင်ချောင်း(Cao Cao) ဆိုပြီးထွင်းနိုင်ဖို့ပေါ့။ အဲ့လုဆ
ိုရင် ကျုပ်ဘဝပြည့်စုံပြီလို့ ထင်ခဲ့တယ်။
အခုပြန်တွေးကြည့်လိုက်တော့ ကျုပ်ဟာ တုန်ကျိုး(Dong Zhuo) ကိုချေမှုန်း၊
အဝါရောင်သူပုန်တွေကုန
ှိမ်နှင်းခဲ့ပြီး ယွမ်ရ(ှု Yuan Shu) နဲ့မဟာမိတ်ဖွဲ့ပြီးတော့ လွီပု(Lu Bu)
ကိုရှင်းထုတ်နိုင်ခဲ့တယ်။ ပီးတော့ယွမ်ရှောက်(Yuan Shao) ကိုချေမှုန်းပြီး လျူပြောင်း(Liu Biao)
သေပြီးနောက်မှာတော့ တစ်တုင
ိးပြည်လုံးကိုစုစည်းနိုင်ခဲ့တယ်။

တိုင်းပြည်ရဲ့ဝန်ကြီးတစ်ယောက်အနေနဲ့အကြီးမားဆုံးသောစွမ်းဆောင်မှုကိုလုပ်နိုင်ခဲ့ပြီပဲ။
ဒီထက်ဘာများမျှော်လင့်ရဦးမလဲ? ကျုပ်သာမရှိရင် ကိုယ့်ကိုယ်ကို ဘုရင်အဖြစ်တင်မြှောက်မယ့်လူတွေ၊
မင်းသားအဖြစ်ခံယူမယ့်လူတွေတစ်ပုံကြီးရှိနေမှာ။ တချို့တွေက ကျုပ်အာဏာကြီးတာမြင်တော့
ကျုပ်ကိုမဟုတ်မမှန်တဲ့အကြံရှိတယ်လို့ ထင်ကြတယ်။ ဒါပေမယ့် အဲ့ဒါမဟုတ်ပါဘူး။ ကျိုးဘုရင်ဝင်(King
Wen) ဟာ သစ္စာတရားကြီးမားသူလို့ ကွန်ဖြူးရှပ်ကပြောခဲ့ဖူးတယ်။ ကျုပ်က
အဲ့စကားကိုအမြဲအမှတ်ရနေတယ်။ ဖြစ်နိုင်မယ်ဆိုရင် တာဝန်တွေကထွက်ပြီး
ဝူဖင်သခင်ဆိုတဲ့ဘွဲ့နဲ့ ပဲနေချင်တယ်။ ဒါပေမယ့် မဖြစ်နိုင်ဘူး လေ။ ကျုပ်သာရှုံးနှိမ့်သွားရင်
တိုင်းပြည်ကြီးလည်းပြီးဆုံးသွားပြီပဲ။ ဒါကြောင့် ကျုပ်က ဒီရာထူးကိုမစွန့်နိုင်သေးတာ။ ခင်ဗျားတို့ထဲက
တချို့လူတွေက ဒါကိုမသိမှာစိုးလို့ပြောပြတာ"ဟု ပြောလေသည်။

ထိုအခါ လူအကုန်လုံးမှ အရိုအသေပြုကာ

778
"ဘယ်သူမှ ဝန်ကြီးချုပ်နဲ့မယှဉ်နိုင်ပါဘူး။ ဝန်ကြီးချုပ်က ကျိုးနယ်စားတို့၊ ဝန်ကြီး ယီယင်(Yi Yin)
တို့ထက်သာလွန်ပါတယ်" ဟုပြောကြသည်။

ထိုပွဲတွင် "ချောင်ချောင်း"(Cao Cao) သည် အရက်များစွာသောက်သဖြင့် မူးနေခဲ့သည်။ ထို့နောက်


ကဗျာဖွဲ့ ရန်အတွက် အစေအပါးတို့ အား စုတတ
်ံနှင့်မင်ယလ
ူာစေသည်။ ထိုသို့ ကဗျာရေးနေစဉ်တွင်

"ဝူနယ်စားက ဟွာရှင်း(Hua Xin) ကိုလွှတလ


ိုကြ် ပီးတော့ လျူဘေ့(Liu Bei) ကို
ကျင်ကျိုးနယ်စားအဖြစ်သတ်မှတ်ဖို့တောင်းဆိုစေပါတယ်။ စွန်းချွမ်(Sun Quan) ရဲ့ညီမဟာ လျူဘေ့(Liu
Bei) ဇနီးဖြစ်သွားပြီး လျူဘေ့(Liu Bei) က ဟန်မြစ်တစ်လျှောက်နယ်ကိုးခုကိုချုပ်ကိုင်ထားတယ်"
ဟုသတင်းလာပို့ လေသည်။ ထိုအခါ "ချောင်ချောင်း"(Cao Cao) မှာ လန့်သွားပြီး
လက်ထဲမှစုတ်တံပြုတ်ကျသွားသည်။

"ချန်ယ"ွီ (Cheng Yu) မှ

"ဝန်ကြီးချုပ်က တိုက်ပွဲတွေအလျှိုလျှို၊ ဓားတွေ၊ လှံတွေကြားကိုဖြတ်ကျော်လာခဲ့တာ ဘာမှမတုန်လှုပ်ခဲ့ဘူး။


အခု လျူဘေ့(Liu Bei) က နယ်မြေလေးနည်းနည်းလေးကိုသိမ်းနိုင်တာနဲ့ ဘာလို့လန့်သွားရတာလဲ"
ဟုမေးသည်။

"လျူဘေ့(Liu Bei) က လူတွေထက


ဲ နဂါးပဲ။ သူ့ဘဝတစ်လျှောက်လုံးမှာ
သူနဲ့သင့်တော်တာရှာမတွေ့ခဲ့ဘူး။ အခုတော့ ကျင်ကျိုးကိုရသွားပြီ။ ပိတ်လှောင်ခံထားရတဲ့နဂါးက
လွတ်သွားသလိုပဲ။ ကျုပ်လန့်မယ်ဆိုလည်း လန့်လောက်ပါတယ်"

"ဟွာရှင်း(Hua Xin) က ဘာလို့ရောက်လာလည်းသိလား"

"ဒါတော့ မသိဘူး"

"စွန်းချွမ်(Sun Quan) က လျူဘေ့(Liu Bei) ကိုကြောက်နေတာ။ ဝန်ကြီးချုပ်ကိုစိုးရိမ်လို့ သာမဟုတ်ရင် သူ


လျူဘေ့(Liu Bei) ကိုတိုက်ပြီးလောက်ပြီ။ အခု ဝန်ကြီးချုပ်က ကြားထဲကဝင်ပါမှာကိုစိုးရိမ်တော့
လျူဘေ့(Liu Bei) ရဲ့သသ
ံ ယကင်းအောင်လုပ်ပြီး တစ်ချိန်ထဲမှာ သခင်ကြီးနဲ့လျူဘေ့(Liu Bei)
ကိုရန်တိုက်ပေးတဲ့သဘောပဲ"

"ဟုတ်တယ်"

"ဒါပေမယ့် ကျွန်တော့်မှာ သူတို့ နှစ်ယောက်လုံးကိုရှင်းနိုင်မယ့်နည်းရှိတယ်"

"ဘယ်လိုနည်းပါလိမ"့်

779
"တောင်ပိုင်းပြည်နယ်မှာ ကျိုးယွီ(Zhou Yu) က အခရာကျတယ်။ အဲ့တော့သူ့ကို
နန်ကျွ င်းမြို့စားအဖြစ်ခန့်ပြီး အဝေးကိုရောက်အောင်လုပ်လိုက်ပါ။ ပြီးရင် ချန်ဖူ(Cheng Pu) ကို
ကျန်းရှာမြို့စားအဖြစ်တာဝန်ပေးလိုက်။ ဟွာရှင်း(Hua Xin) ကိုတော့
ဘုရင်မင်းမြတ်ကတဆင့်အရေးကြီးတဲ့တာဝန်ပေးဖို့ ဆိုပြီး မြို့တော်မှာပဲခေါ်ထားလိုက်ပါ။ အဲ့လိုဆိုရင်
ကျိုးယွီ(Zhou Yu) က လျူဘေ့(Liu Bei) ကိုတိုက်မှာသေချာတယ်။ အဲ့လိုသာဆိုရင်
ကျွန်တော်တို့ခွင်ထဲဝင်လာလိမ့်မယ်။ ဒီအကြံမကောင်းပေဘူးလား"

"သူငယ်ချင်း ချန်ယ(ွီ Chen Yu) ၊ ခင်ဗျားက ကျုပ်စိတ်ကုန


ိားလည်တဲ့လူပဲ"

ထို့နောက် "ချောင်ချောင်း"(Cao Cao) သည် သံတမန်ကိုခေါ်ပြီး လက်ဆောင်များပေးလေသည်။


ထိုရက်သည် ပွဲတော်တို့၏နောက်ဆုံးရက်ဖြစ်သည်၊ ပြီးနောက် "ချောင်ချောင်း"(Cao Cao) သည်
မြို့တော်သို့ပြန်ပြီး "ကျိုးယွ"ီ (Zhou Yu) နှင့် "ချန်ဖူ"(Cheng Pu) တို့ ကို နန်ကျွင်းနှင့်
ကျန်းရှာမြို့စားအဖြစ်အသီးသီးခန့်အပ်သည်။ "ဟွာရှင်း"(Hua Xin) ကိုမူ ရာထူးတစ်ခုပေးကာ
မြို့တော်တွင်နေစေသည်။

"ကျိုးယွ"ီ (Zhou Yu) သည် ထိုရာထူးကိုလက်ခံပြီးနောက် "စွန်းချွမ်"(Sun Quan) ဆီသို့ စာပို့ပြီး


"လူဆု"(Lu Su) အား ကျင်ကျိုးပြည်နယ်ကိုထပ်မံတောင်းဆိုစေသည်။ "စွန်းချွမ်"(Sun Quan) မှ
"လူဆု"(Lu Su) ကိုခေါ်ကာ

"ခင်ဗျားက လျူဘေ့(Liu Bei) ကို ကျင်ကျိုးပြည်နယ်ကိုခဏအပ်မယ်ဆိုတုန်းက


သက်သေအဖြစ်နေခဲ့တာမလား။ အခုထက်ထိ ပြည်နယ်ကိုပြန်မပေးသေးဘူး။ အဲ့ဒါကျုပ်က
ဘယ်လောက်စောင့်ရမလဲ" ဟုပြောသည်။

"စာအရကတော့ ယီကျိုးပြည်နယ်ကိုသိမ်းပြီးနောက်မှာမှ ပြန်အပ်မယ်လို့ဆိုတာပဲ"

ထိုအခါ "စွန်းချွမ်"(Sun Quan) မှ ဒေါသဖြင့်

"အေး၊ ဟုတ်တယ်လေ။ ဒါပေမယ့် သူတို့ က


အဲ့ပြည်နယ်ကိုတုက
ိဖို့ စစ်သားတစ်ယောက်တောင်မလွှတ်သေးဘူး၊ ကျုပ်က
အသက်ကြီးသွားတဲ့အထိစောင့်နေရမှာလား" ဟု အော်ပြောလေသည်။

"ကျွန်တော် သွားပြီးမေးကြည့်ပါ့မယ်"

သို့နှင့် "လူဆ"ု (Lu Su) သည် ကျင်ကျိုးပြည်နယ်သို့သွားလေသည်။

780
ထိုအချိန်တွင် "လျူဘေ့"(Liu Bei) နှင့် "ကျူးကဲလျန့်"(Zhuge Liang) တို့ သည် ကျင်ကျိုးတွင်
စစ်သားတို့ကိုစစ်ရေးလေ့ကျင့်နေသည်။ "လူဆု"(Lu Su) လာသည့်သတင်းကိုကြားလျှင် "လျူဘေ့"(Liu
Bei) မှ သူ့အကြံပေး၏ထင်မြင်ချက်ကိုမေး၏။ "ကျူးကဲလျန့်"(Zhuge Liang) မှ

"အခုနောက်ပိုင်းမှာ စွန်းချွမ်(Sun Quan) က သခင်ကြီးကို


ကျင်ကျိုးနယ်စားအဖြစ်အသိအမှတ်အပြူခံရဖို့ကြိုးစားနေတယ်။ ဒါက ချောင်ချောင်း(Cao Cao)
ကိုကြောက်အောင်လုပ်တာပဲ။ ချောင်ချောင်း(Cao Cao) ကလည်း ကျိုးယွီ(Zhou Yu) ကို
နန်ကျွ င်းမြို့စားအဖြစ်တာဝန်ပေးပြီး ကျွန်တော်တို့ မဟာမိတ်နှစ်ဖွဲ့ကိုစစ်ဖြစ်အောင် ရန်တိုက်ချင်တယ်။
အဲ့လိုဆို သူကကြားကအမြတ်ရမှာမဟုတ်လား။ လူဆု(Lu Su) လာတာဟာ ကျွန်တော်တို့ ကို
ဒီကမောင်းထုတ်ဖို့ အတွကပ
်ဲ" ဟုပြောသည်။

"ဒါဆို ကျုပ်တို့ ဘယ်လိုပြောကြမလဲ"

"လူဆု(Lu Su) က အဲ့အကြောင်းပြောဖို့ လုပ်ရင်


သခင်ကြီးကကျယ်ကျယ်လောင်လောင်နဲ့ ဝမ်းနည်းစွာပြောပါ။ အဲ့လိုဆို ကျွန်တော်ဝင်ပြီးပြောပါ့မယ်"

ထိုသို့ တိုင်ပင်ပြီးနောက် "လူဆ"ု (Lu Su) အားဖိတ်ခေါ်စေသည်။

"လူဆု"(Lu Su) ရောက်လာသောအခါတွင် နေရာယူပြီးနောက်

"ခင်ဗျားက ဝူပြည်နယ် သမီးကညာရဲ့ခင်ပွန်းဖြစ်ပြီဆိုတော့ ကျွန်တော့်သခင်ဖြစ်တယ်လို့ပြောလို့ ရတယ်။


အဲ့တော့ ကျွန်တော် မထိုင်ဝံ့ ပါဘူး" ဟုပြောသည်။ "လျူဘေ့"(Liu Bei) မှရယ်ကာ

"ခင်ဗျားက မိတ်ဆွေဟောင်းပဲ။ ဒါတွေမလိုပါဘူး" ဟုပြောသည်။

ထိုအခါ "လူဆ"ု (Lu Su) မှထိုင်လိုက်သည်။ လက်ဖက်ရည်ချပေးပြီးနောက် "လူဆ"ု (Lu Su) မှ

"ကျွန်တော် ဒီလာတာက ကျွန်တော့်သခင်ရဲ့အမိန့် အရ ကျင်ကျိုးပြည်နယ်ကိစ္စကိုဖြေရှင်းဖို့ ပါ။


ဦးရီးတော်က ဒီပြည်နယ်ကိုသမ
ိးခဲ့တာကြာပြီ။ အခု ကျွန်တော်တို့က
နှစ်ဦးနှစ်ဖက်ထိမ်းမြားတဲ့မဟာမိတ်ဆိုတော့ ကျွန်တော်တို့ကြားမှာ ချစ်ကြည်ရင်းနှီးတဲ့ခင်မင်မှုရှိသင့်တယ်။
ဒီတော့ ဒီပြည်နယ်ကိုကျွန်တော့်သခင်ဆီပြန်ပေးသင့်တယ်" ဟုပြောလေသည်။

ထိုအခါ "လျူဘေ့"(Liu Bei) မှာ မျက်နှာကိုအုပ်ကာငိုလေသည်။ ဧည့်သည်ဖြစ်သူမှ

"ဘာဖြစ်လို့လဲ" ဟုမေးသည်။

"လျူဘေ့"(Liu Beo) သည် မည်သို့ မျှပြန်မဖြေပဲ ကျယ်လောင်စွာငိုသည်။

781
ထိုအခါ "ကျူးကဲလျန့်"(Zhuge Liang) ထွကလ
်ာပြီး

"ကျုပ် ခုနကတည်းကနားထောင်နေတာ။ ကျုပ်သခင်ကြီးဘာလို့ငိုတာလည်းသိလား" ဟုမေးသည်။

"မသိပါဘူး"

"ဒါ သိသာပါတယ်။ ကျုပ်သခင်က ကျင်ကျိုးနယ်ကိုခဏတာအုပ်ချုပ်နေတာ။ သူက


အနောက်ဘက်မြစ်ကနယ်မြေတွေရရင် ကျင်ကျိုးကိုဝူပြည်နယ်ဆီပြန်ပေးမယ်လို့ပြောခဲ့တယ်လေ။
ဒါပေမယ့် ယီကျိုးနယ်စား လျူကျန်း(Liu Zhang) ဟာ မင်းဆွေမင်းမျိုးဖြစ်ပြီး
ကျုပ်သခင်ရဲ့ညီလို့ပြောလို့ရတယ်။ ကျုပ်သခင်ကြီးသာ အဲ့နယ်မြေသိမ်းဖို့ လုပ်ရင်
လူတွေကကဲ့ရဲ့ကြမှာပေါ့။ နောက်ပြီး အဲ့နယ်မြေမရခင် ကျင်ကျိုးကို တခြားလူလက်အပ်လိုက်ရင်
ကျုပ်သခင်က ဘယ်မှာသွားနေမလဲ။ ဒါပေမယ့် ဒီနယ်မြေကိုထိန်းထားရင်လည်း ခင်ဗျားအတွက်
မကောင်းတော့ သူကဝမ်းနည်းပြီးငိုနေတာပေါ့" ဟုပြောသည်။

"ကျူးကဲလျန့်"(Zhuge Liang) ၏စကားကိုကြားသောအခါ "လျူဘေ့"(Liu Bei) သည် ရင်ဘတ်ကိုထုကာ


ခြေကိုဆောင့်ပြီးသည်းထန်စွာငိုလေသည်။

"လူဆ"ု (Lu Su) မှ

782
"ဦးရီးတော် စိတ်မကောင်းမဖြစ်ပါနဲ့။ ကျူးကဲလျန့်(Zhuge Liang) မှာ ဘာအကြံရှိလည်း မေးတာပေါ့"
ဟုပြောသည်။ "ကျူးကဲလျန့်"(Zhuge Liang) မှ

"ခင်ဗျားက ခင်ဗျားသခင်ဆြီ ပန်သွားပြီး ဒီအကြောင်းတွေအကုန်ပြောပြပြီးတော့


ကျုပ်တို့ဒီမှာခဏကြာကြာနေလို့ ရအောင် ပြောပေးပါ" ဟုပြောသည်။

"သူ လက်မခံရင်ကော"

"ကျုပ်သခင်က သူ့ညီမကိုယူထားတာ၊ လက်မခံပဲနေပါ့မလား။ ခင်ဗျားဆီက


သတင်းကောင်းမျှော်နေပါ့မယ်"

"လူဆု"(Lu Su) မှာ ရက်ရောသဘောကောင်းသူဖြစ်လေရကား "လျူဘေ့"(Liu Bei) ငိုသည်ကိုမြင်လျှင်


၎င်းပြောသည့်အတိုင်းလုပ်ဆောင်ပါ့မည်ပြောလိုက်သည်။ "လျူဘေ့"(Liu Bei) နှင့် "ကျူးကဲလျန့်"(Zhuge
Liang) တို့ကလည်း ကျေးဇူးတင်စကားပြောလေသည်။

"လူဆု"(Lu Su) သည် ပြန်ရာလမ်းတွင် ချိုင်စန်းမှ "ကျိုးယွ"ီ (Zhou Yu) နှင့်တွေ့ပြီး


အကြောင်းစုံပြောလိုက်သည်။

"ကျိုးယွ"ီ (Zhou Yu) သည် ဒေါသဖြင့် ခြေကိုဆောင့်ကာ

"ခင်ဗျားအလိမ်ခံလိုက်ရပြန်ပြီ။ ဟိုးအရင်က လျူဘေ့(Liu Bei) ဟာ လျူပြောင်း(Liu Biao)


အရိပ်အောက်မှာနေခဲ့ပေမယ့်လည်း လျူပြောင်း(Liu Biao) ရာထူးကိုမျက်စောင်းထိုးနေခဲ့တာ။ အခု သူ
လျူကျန်း(Liu Zhang) ကိုသနားမယ်ထင်လား? အဲ့လိုဆုရ
ိ င် ခင်ဗျားပဲ အကျဉ်းအကြပ်ထဲရောက်မှာ။
ဒါပေမယ့် ကျုပ်မှာ ကျူးကဲလျန့်(Zhuge Liang) မဖြေရှင်းနိုင်မယ့် အကြံတစ်ခုရှိတယ်။ ခင်ဗျားကတော့
နောက်ထပ်ခရီးသွားရလိမ့်မယ်" ဟုပြောသည်။

"ခင်ဗျားရဲ့အကြံက ဘာပါလိမ့်"

"ခင်ဗျား သခင်ကြီးဆီမသွားပဲ ကျင်ကျိုးကိုပြန်သွားပြီးတော့ လျူဘေ့(Liu Bei) ကို ဒီလုေ


ိ ပြာပါ။
သူတို့ မိသားစုနဲ့ စွန်းမိသားစုဟာလက်ထပ်ပြီးမဟာမိတြ် ဖစ်လာတဲ့အတွက် ကျုပ်တို့ ကသူ့အစား
အနောက်ဘက်နယ်ကိုတိုက်မယ်လို့ပြောပါ။ အဲ့ဒါကိုအကြောင်းပြပြီးတော့
ကျုပ်တို့ကစစ်တပ်အင်အားအလုံးအရင်းနဲ့ချီတက်လို့ ရပြီ။ အနောက်ဘက်နယ်ကိုမသွားပဲနဲ့
ကျင်ကျိုးကိုသွားလိုက်ရင် သူမျှော်လင့်ထားမှာမဟုတ်ဘူး ။ ပြီးရင် သူ့ဆီကစားနပ်ရိက္ခာ တွေတောင်း၊
အဲ့လိုဆို သူထွက်လာပြီး ကျေးဇူးတင်လိမ့်မယ်။ အဲ့အချိန်မှာ သူ့ကိုလုပ်ကြံလိုက်မယ်ဆိုရင်
အနာဂတ်ရဲ့ဆူးညှောင့်ရှင်းသွားတာပေါ့"

ထိုအကြံကို "လူဆ"ု (Lu Su) ကလက်ခံပြီး ကျင်ကျိုးသို့ပြန်သွားသည်။

783
"လူဆု"(Lu Su) ထပ်ရောက်လာသည့်သတင်းကိုကြားသောအခါ "လျူဘေ့"(Liu Bei) သည်
အကြံပေးနှင့်တိုင်ပင်သည်။ "ကျူးကဲလျန့်"(Zhuge Liang) မှ

"သူ ဝူနယ်စားနဲ့မတွေ့ဖြစ်ပဲ ချိုင်စန်းမှာ ကျိုးယွ(ီ Zhou Yu) နဲ့တွေ့ပြီးနောက်


နှစ်ယောက်ပေါင်းပြီးတစ်ခုခုကြံစည်တာဖြစ်နိုင်တယ်။ သူ့ကိုစကားပေးပြောပါ၊ သခင်ကြီးက
ကျွန်တော့်ကိုကြည့်ပြီး ကျွန်တော်ခေါင်းညိတ်ရင် သူပြောတာမှန်သမျှလက်ခံပါ" ဟုပြောသည်။ ထို့ နောက်
"လူဆု"(Lu Su) ကိုဝင်လာစေသည်။ "လူဆု"(Lu Su) မှ

"ဝူနယ်စားကြီးက ဦးရီးတော်ရဲ့သစ္စာတရားကိုလေးစားပါတယ်။
သူဟာသူ့လက်အောက်ခံတွေနဲ့တိုင်ပင်ပြီးနောက်မှာ အနောက်ဘက်နယ်ကို
ဦးရီးတော်ကိုယ်စားသိမ်းပေးဖို့ဆုံးဖြတ်လိုကတ
် ယ်။ ပြီးရင်တော့ ကျင်ကျိုးကိုကျွန်တော်တို့ ပြန်ယူတာပေါ့။
ဒါပေမယ့် ကျွန်တော်တို့တပ်တွေရဲ့လိုအပ်မယ့်ရိက္ခာတွေကို ဦးရီးတော်ကထောက်ပံ့ပေးပါ" ဟုပြောသည်။

"ကျူးကဲလျန့်"(Zhuge Liang) က ခေါင်းကိုတဆတ်ဆတ်ညိတ်ကာ

"ကျွန်တော်တို့ဒီလိုကြင်နာမှုမျိုးကိုမျှော်လင့်နေခဲ့တာ" ဟုပြောသည်။ "လျူဘေ့"(Liu Bei) ကလည်း


သံတမန်ကိုအရိုအသေပြုကာ

"ဒါက ခင်ဗျားရဲ့ကြိုးစားမှုအတွက် အသိအမှတ်ပြုတာပါ" ဟုပြောလေသည်။ "ကျူးကဲလျန့်"(Zhuge Liang)


မှ

"စစ်တပ်ကြီးရောက်လာရင် ကျွန်တော်တို့ ထွက်လာပြီး စစ်သားတွေကိုဧည့်ခံပါ့မယ်" ဟုပြောလေသည်။

"လူဆု"(Lu Su) သည် သူ့အကြံအောင်ပြီဟုဝမ်းသာကာ ပြန်ထွက်သွားလေသည်။ ထိုအခါ "လျူဘေ့"(Liu


Bei) မှ

"သူတို့က ဘာတွေကြံနေတာလဲ" ဟုမေးသည်။ "ကျူးကဲလျန့်"(Zhuge Liang) သည်ပြုံးကာ

"ကျိုးယွ(ီ Zhou Yu) ရဲ့နိဂုံးကမဝေးတော့ဘူး။ သူ့အကြံဉာဏ်က


ကလေးကိုတောင်လည
ှ့်စားလို့ရမှာမဟုတ်ဘူး" ဟုပြောသည်။

"ဘာကြောင့်လ"ဲ

"လမ်းကိုငှားပြီးအိမ်ရှင်ကိုဖျက်စီးတယ် ဆိုတဲ့ဗျူဟာရှိတယ်။ အနောက်ဘက်ကိုသမ


ိးမယ်ဆိုပြီး
သူတို့ ကဒီပြည်နယ်ကိုသိမ်းလိမ့်မယ်။ သခင်ကြီးက သူတို့ စစ်တပ်တွေကိုထွကြ် ကိုတဲ့အချိန်မှာ
အလစ်ဖမ်းလိုက်ပြီးမြို့ထဲကိုဝင်လိမ့်မယ်"

784
"ဒါဆို ဘယ်လိုလပ
ုရမလဲ"

"စိတမ
် ပူပါနဲ့။ ကျားကိုဖမ်းဖို့ လျှို့ဝှက်ထားတဲ့ လေးကိုပြင်ထားဖို့ လိုတယ်။ ပင်လယ်တရ
ိ စ္ဆာန်ကြီးကိုဖမ်းဖို့
ငါးစာကောင်းကောင်းချထားဖို့ လိုတယ်။ ကျိုးယွ(ီ Zhou Yu) လာတဲ့အထိစောင့်ပါ၊ သူမသေရင်တော့
သေလုမြောပါးဖြစ်သွားလိမ့်မယ်။ ပြီးတော့ ကျောက်ယွင်(Zhao Yun) ကိုခေါ်ပြီး
တိတ်တဆိတ်လုပ်ရမှာတွေရှိတယ်။ ကျန်တာ ကျွန်တော်စီစဉ်ပါ့မယ်"

"လျူဘေ့"(Liu Bei) သည် အင်မတန်ဝမ်းမြောက်သွားသည်။

"လူဆု"(Lu Su) သည် "ကျိုးယွီ"(Zhou Yu) ထံပြန်သွားပြီး အကျိုးအကြောင်းပြောရာ "ကျိုးယွ"ီ (Zhou Yu)
မှရယ်ပြီး

"နောက်ဆုံးတော့ သူတို့ တွေ ကျုပ်ထောင်ချောက်ထဲဝင်သွားပြီ" ဟုပြောလေသည်။

ထို့နောက် "လူဆ"ု (Lu Su) ကို နယ်စားထံပြန်လွှတ်ပြီး အကြောင်းအရာတို့ ကိုပြောပြစေသည်။ ပြီးနောက်


"ချန်ဖ"ူ (Cheng Pu) ကိုလည်း စစ်ကူပို့ ရန်တောင်းဆိုလိုက်သည်။ "ကျိုးယွ"ီ (Zhou Yu)
ကိုယ်တိုင်သည်လည်း မြားဒဏ်ရာမှသက်သာလာပြီဖြစ်သည်။ ပြီးနောက် "ကန်းနင်"(Gan Ning) ကို
ရှေ့ပြေးတပ်ခေါင်းဆောင်၊ "ရွှီရှန်"(Xu Sheng) နှင့် "တင်းဖုန်း"(Ding Feng) တို့ကို
ပင်မတပ်ကိုဦးဆောင်စေပြီး "လင်ထုံ"(Ling Tong) နှင့် "လွီမန်"(Lu Meng) တို့ အား
တပ်ဖျားပိုင်းကိုဦးဆောင်စေသည်။ ထိုစစ်တပ်ကြီးသည် တပ်သားငါးသောင်းနှင့်ချီတက်ပြီး "ကျိုးယွီ"(Zhou
Yu) ကမူ ဒုတယ
ိ တပ်ကိုဦးဆောင်သည်။ "ကျိုးယွီ"(Zhou Yu) သည် သင်္ဘောပေါ်တွင်နေပြီး
နောက်ဆုံးတွင် "ကျူးကဲလျန့်"(Zhuge Liang) ကို အနိုင်ယူနိုင်ပြီဟုတွေးကာ ပျော်နေသည်။

ရှခိုသို့ ရောက်သော်

"စစ်တပ်ကို ဘယ်သူလာကြိုလဲ" ဟုမေးသည်။

"ဦးရီးတော်က မီကျူ(Mi Zhu) ကိုကြိုခိုင်းပါတယ်"

သို့နှင့် "မီကျူ"(Mi Zhu) ကိုခေါ်ကာ

"စစ်တပ်အတွက် ဘာတွေပြင်ဆင်ထားသလဲ" ဟုမေးသည်။

"ကျွန်တော့်သခင်က လိုအပ်တာတွေအကုန်ပြင်ဆင်ထားပါတယ်"

"ဦးရီးတော်ကကော"

785
သူက ကျင်ကျိုးမြို့ရိုးအပြင်မှာ စစ်သူကြီးကို အရက်နဲ့ကြိုဆိုဖို့စောင့်နေတယ်"

"ဒီစစ်ချီတက်တာက ခင်ဗျားတို့ အတွကပ


်ဲ။ ဒီလိုရှည်လျားစွာစစ်ချီရတာကြောင့်
ဆုလာဘ်တွေလည်းအများကြီးရှိသင့်တယ်"

ထို့နောက် "မီကျူ"(Mi Zhu) သည်လည်း ကိုယ့်မြို့သို့ကိုယ်ပြန်သွားသည်။ "ကျိုးယွီ"(Zhou Yu)


၏သင်္ဘောသည် ဆိပ်ကမ်းသို့ဆိုက်သောအခါ မြစ်ဆိပ်တွင် လှေတစ်စီးမှမတွေ့ပေ။ ထို့နောက်
သူလျှိုတို့ ရောက်လာပြီး မြို့ရိုးတွင် အဖြူရောင်အလံမှာစိုက်ထားကြောင်းပြောသည်။

လူတစ်ဦးတစ်ယောက်မျှမတွေ့သဖြင့် "ကျိုးယွ"ီ (Zhou Yu) သည် သံသယဖြစ်ကာ သင်္ဘောပေါ်မှဆင်းပြီး


"ကန်းနင်"(Gan Ning) ၊ ရွှီရှန"် (Xu Sheng) နှင့် "တင်းဖုန်း"(Ding Feng) တို့ကိုခေါ်ကာ
စစ်သားသုံးထောင်နှင့် ကျင်ကျိုးသို့ သွားသည်။

မြို့ရိုးနားသို့ ရောက်သောအခါတွင် မြို့ရိုးပေါ်မှ

"ဘယ်သူလဲ" ဟုလှမ်းမေးသည်။

"စစ်သူကြီးချုပ် ကျိုးယွီ(Zhou Yu) ကိုယ်တိုင်လာတာပါ"

ထိုအခါ စစ်သခ
ျံပ်ကာတို့ဝတ်ဆင်ထားသော စစ်သားတို့ရုတ်တရတ်ထွက်ပေါ်လာသည်။ ထို့နောက်
"ကျောက်ယွင်"(Zhao Yun) ပေါ်လာကာ

"စစ်သူကြီးက ဘာလို့ဒီကိုရောက်လာတာလဲ"

"ကျုပ်က ခင်ဗျားတို့ ကိုကူပြီး အနောက်ဘက်နယ်ကိုသမ


ိးပေးမလို့ လေ။ ဒါကိုခင်ဗျားမသိဘူးလား"

"ခင်ဗျားက လမ်းငှားပြီးအိမ်ရှင်ကိုဖျက်စီးမယ့်အကြံသုံးတာကို အကြံပေးအရာရှိသိတယ်။ ဒါကြောင့်


သူကကျုပ်ကိုဒီလွှတ်ပြီး လာစောင့်ကြပ်ခိုင်းတာ။ နောက်ပြီး ကျုပ်သခင်နဲ့အနောက်ဘက်နယ်က
နယ်စားက မင်းဆွေမင်းမျိုးတွေဖြစ်တဲ့အတွက် ယီကျိုးကိုသူမတိုက်လိုပါဘူးတဲ့။ ခင်ဗျားတို့
တောင်ပိုင်းနယ်က အတင်းအကြပ်တိုက်မယ်ဆိုရင်တော့ သူက တောတောင်ထဲသွားပြီး ခိုလှုံရလိမ့်မယ်။
သူက လူတွေရဲ့ယြုံ ကည်ကိုးစားမှုအပျက်မခံချင်ဘူး"

ထိုအခါ "ကျိုးယွ"ီ (Zhou Yu) ပြန်လှည့်မည်ပြုသည်။ ထိုအချိန်တွင် ဆက်သားရောက်လာကာ

"အရပ်လေးမျက်နှာကနေ စစ်တပ်တွေချီတက်လာပါတယ်။ အဲ့စစ်တပ်တွေကို ကွမ်းယွ(ီ Guan Yu) ၊


ကျန်းဖေး(Zhang Fei) ၊ ဟွမ်ကျုံး(Huang Zhong) နဲ့ ဝေရန်(Wei Yan) တို့ဦးဆောင်ပြီးလာတာ။

786
အရေအတွက်ကိုမသိပေမယ့် သူတို့ ချီတက်လာတဲ့အသံက ကောင်းကင်ကြီးတုန်လှုပ်လုမတတ်
ကျယ်လောင်ပါတယ်။ သူတို့က စစ်သူကြီးကိုဖမ်းချင်တယ်လို့ ပြောကြတယ်" ဟုပြောသည်။

ထိုအခါ "ကျိုးယွ"ီ (Zhou Yu) သည် စိတ်မထိန်းနိုင်ပဲ ဒဏ်ရာဟောင်းပွင့်ကာ လဲကျသွားလေသည်။

787
အခန်း(၅၇)
“ကျူးကဲလျန့်”(Zhuge Liang) က ချိုင်စန်း တွင် ငိုကြွေးပြခြင်း၊
“ဖန်ထုံ”(Pang Tong) က လေရန် တွင် ကြားဝင်ခြင်း။

ရှေ့အခန်းတွင် “ကျိုးယွီ”(Zhou Yu) မှာ ဒေါသထောင်းခနဲထက


ွ်ကာ မြေပေါ်လဲကျသွားသည်ကို
ဖော်ပြပြီးဖြစ်သည်။ ၎င်းကို လှေဖြင့်ပြန်လည်သယ်ဆောင်သွားကြသည်။ “လျူဘေ့”(Liu Bei) နှင့်
“ကျူးကဲလျန့်”(Zhuge Liang) တို့ တောင်ကုန်းတစ်ခုထက်တွင် အေးအေးလူလူ
သီချင်းနားထောင်ရင်း သေရည်သံုး ဆောင်နေကြသည် ဟူသော သတင်းက “ကျိုးယွီ”(Zhou Yu)
ကို ပိုမိုဒေါသထွက်စေသည်။ အံကိုကြိတ်ကာ “သူတု့က
ိ ယီကျိုးကို ငါ ဘယ်တော့မှ ပြန်မရဘူး
လိ့ေ
ု ပြာတယ်၊ ငါရအောင်ကိုပြန်ယူမယ်၊ ငါကျိန်ဆိုတယ်။” ဟု ကြုံးဝါးလေသည်။
မကြာမီ “စွန်းချွမ်”(Sun Quan) ၏ညီ “စွန်းဟူ”(Sun Hu) ရောက်လာသော် “ကျိုးယွီ”(Zhou Yu)
က အကြောင်းစုံကို ပြောပြသည်။

“စွန်းဟူ”(Sun Hu): “မင်းကို ကူညီဖို့ အစ်ကိုကြီးကလွှတ်လိုကတ


်ာ။”
"စွန်းဟဲ"(Sun He)ကို ယီကျိုးတွင် ဖိတိုက်ထားရန် အမိန့်ပေးပြီး ၎င်းက ပါးချို ကိုသွားသည်။
ထိုတင
ွ် “လျူဘေ့”(Liu Bei) ၏စစ်သြူ ကီးများဖြစ်သော "လျူဖုန်း"(Liu Feng)နှင့်
"ကွမ်းဖင်"(Guan Ping)တို့က ရန်စီမြစ် ၌ ရေလမ်းကိုဖြတ်တားထားလေသည်။
စစ်သေနာပတိချုပ်မှာ များစွာ စိတ်အနှောင့်အယှကြ် ဖစ်လေသည်။

ထိုစဉ် “ကျူးကဲလျန့်”(Zhuge Liang) ထံမှ စာတစောင်ရောက်လာလေသည်။

“ငါတို့ ချိုင်စန်း မှာ ခွဲခွာကြပြီးကတည်းက မင်းအကြောင်း မကြာခဏတွေးမိပါတယ်။ မင်းက


အနောက်ပိုင်း ကို သိမ်းချင်တယ်လို့ ကြားတယ်။ မဖြစ်နိုင်ဘူးလို့ ပြောပါရစေ၊ နိုင်ငံက
မြေပြင်မှာတည်ထားပြီး ခံစစ်အနေအထားကောင်းမွန်တယ်။ စစ်သည်အင်အား တောင့်တင်းတယ်။
နယ်စား လျူကျန်း(Liu Zhang) က အားနည်းတယ်ထင်ရပေမဲ့ သူ့ကိုယသ
်ူ
ကောင်းကောင်းကာကွယ်နိုင်တယ်။ ဟုတ်ပြီ၊ စစ်သူကြီးက သွားရောက်သိမ်းပိုက်ပြီး
အကျိုးထူးဆောင်နိုင်တယ်ပဲဆိုပါစိ့၊ု နောက်ဆံုး ရလဒ်က ဘာဖြစ်မယ်ဆိုတာ မင်းသိသလား။
မသိဘူး၊ ကြီးမြတ်လှတဲ့ စစ်သူကြီး ဝူချိ(Wu Qi) လည်း အတိအကျမပြောနိုင်သလို ကျော်ကြားတဲ့
ဗျူဟာမှူး စွန်းကျီ(ဆွနဇ
်ု - Sun Zi) လည်း မသိနိုင်ဘူး။ “ချောင်ချောင်း”(Cao Cao) က
ကျောက်ကမ်းပါးနီတိုကပ
်ွဲမှာ အထိနာထားတာ သူလက်တုံ့မပြန်ဘူးလို့ ထင်သလား။ မင်းသာ
ခရီးရှည် စစ်ချီရင် သူက အဲ့အခွင့်အရေးကိုယူပြီး တောင်ပိုင်းနယ်ကို အမှုန့ေ
် ခြပစ်လိမ့်မယ်။
ဒီလိုဖြစ်မှာကို ငါလည်း လက်မခံနိုင်ဘူး။ ဒီကိစ္စကို အလေးထားအောင် မင်းကိသ
ု တိပေးရတာပဲ။”
ဟုပါရှိလေသည်။

788
စာဖတ်ပြီးသော် “ကျိုးယွီ”(Zhou Yu) မှာ လွန်စွာပူဆွေးပြီး သက်ပြင်းချလေသည်။ ထိ့ေ
ု နာက်
ပေနှင့် မင်ကို တောင်းကာ ဝူ နယ်စားထံ စာရေးသည်။ ပြီးစီးသော် အမှုထမ်းများကို စုကာ “ငါဟာ
ဝူ အိမ်တော်အတွက် အကောင်းဆုံးကြိုးစားခဲ့ပေမဲ့ ငါ့နောက်ဆုံးအချိန်က နီးကပ်လာပြီ။
ငါ့ရဲ့နေ့ရက်တွေ ကုန်လန
ွ်ခဲ့ပြီ။ မင်းတိ့ေ
ု တွကတော့ အရှင်ကမ
ံ ကုန်ခင်အထိ အမှုထမ်းကြရမယ်။”
ဟုဆြို ပီးနောက် စိတထ
ိခိုက်ကာ မေ့မြောသွားလေသည်။
ဖြည်းညင်းစွာ သတိပြန်လည်လာပြီးနောက် ကောင်းကင်ကို ကြည့်ကာ သက်ပြင်းချရင်း “အို
ကောင်းကင်၊ “ကျိုးယွီ”(Zhou Yu) ကို ဖန်ဆင်းပြီးမှတော့ ဘာလို့ “ကျူးကဲလျန့်”(Zhuge Liang)
ကို ထပ်ဖန်ဆင်းရသေးတာလဲ။” ဟု ညည်းတွားပြီး မကြာမီကွယ်လွန်ပေသည်။ ထိုအချိန်တွင်
၎င်းမှာ (၃၆) နှစ်သာ ရှိသေးလေသည်။

စစ်သူကြီးများက “ကျိုးယွီ”(Zhou Yu) ၏စာနှင့် ကွယလ


်ွန်သည့်သတင်းကို ဝူ
နယ်စားထံပို့လေသည်။ “စွန်းချွမ်”(Sun Quan) မှာ သတင်းဆိုးကိုကြားသော်
များစွာစိတထ
ိခိုက်ပြီး ငိုကြွေးလေသည်။ စာကိုဖွင့်ကြည့်သော် “လူဆု”(Lu Su) ကို
၎င်းနေရာဆက်ခံသူအဖြစ် ရည်ညွှန်းထားပြီး စာမှာ
“ငါဟာ အရည်အချင်းကလည်း သာမန်၊ အရှင့်ရဲ့ ယုံကြည်မှုနဲ့ ရာထူးကြီးကြီး ရဖို့လည်း
အကြောင်းရင်းမရှိပေမဲ့ ကြီးမားလှတဲ့စစ်တပ်ကို ခေါင်းဆောင်ခွင့်ရခဲ့တာ
အရှင့်ကျေးဇူးကြီးမားလှပါတယ်။ လူ့သက်တမ်းကိုမတိုင်းတာနိုင်ဘူး၊ ငါတို့ရဲ့သက်တမ်းတွေကို
ကြမ္မာက သတ်မှတ်ပြီးသားပဲ။ ငါဟာ ငါ့ရဲ့ သေးငယ်လှတဲ့ ရည်မှန်းချက်တောင်
မအောင်မြင်နိုင်ခင်မှာ ခန္ဓာက ငါ့ကို စိတပ
်ျက်စေခဲ့ပြီ။ ချောင်ချောင်း(Cao Cao) က
တောင်ပိုင်းနယ်စပ်ကို ခြိမ်းခြောက်နေပြီး လျူဘေ့(Liu Bei) က မိသားစုထဲရောက်နေပြီး
ကျားကိုအစာကျွေးထားသလိုဖြစ်နေချိန်မှာ ငါသေရတဲ့အတွက် စိတ်ပျက်မိတယ်။
ဒီလိုစိတ်ညစ်ညူးဖွယ် အချိန်တွေမှာ တိုင်းပြည်က အနာဂတ်ကို ဘယ်သူ့မှ မမှန်းဆနိုင်ပါဘူး။
လူဆ(ု Lu Su) ဟာ သစ္စာအရှိဆုံး၊ အရာရာကို ဂရုတစိုက်ကိုင်တွယ်တတ်ပြီး ငါ့နေရာကို ဆက်ခံဖို့
သင့်လျော်ပါတယ်။ လူတယောက်ဟာ သေဆုံးချိန်နီးလာလေ အမျှော်အမြင်ကြီးလာလေပါပဲ။
အကယ်၍ အရှင့်ရဲ့ အလေးထားမှုကုသ
ိာရမယ်ဆိုရင် ငါသေပေမဲ့ ပုပ်သိုးဆွေးမြည့်သွားမှာ
မဟုတ်ပါဘူး။” ဟုဆိုထားလေသည်။

“စွန်းချွမ်”(Sun Quan) မှာ သည်းထန်စွာ ငိုကြွေးကာ “ကျိုးယွီ(Zhou Yu) ဟာ ဘုရင်ရဲ့


အကြံပေးတောင် ဖြစ်သင့်တာ။ သူငါ့ကို အစောကြီးစွန့်ခွာသွားပြီ၊ ငါ ဘယ်သူ့ကို အားကိုးရမလဲ။”
ဟု မျက်ရည်လည်ရွဲနှင့် ဆိုရှာသည်။ “လူဆု(Lu Su) ကိုထောက်ခံသွားတော့
ဒီအကြံအတိုင်းလုပ်တာ အသင့်လျော်ဆုံးပါပဲ။” ချက်ချင်းပင် “လူဆု”(Lu Su) ကို
စစ်သေနာပတိအဖြစ် ခန့်အပ်သည်။ ထို့ပြင် ၎င်း၏ချစ်လှစွာသော စစ်သူကြီးကိုလည်း ချိုင်စန်း
တွင် အသုဘအတွက် ပြင်ဆင်ထားပေးသည်။

789
ထိုညတွင် “ကျူးကဲလျန့်”(Zhuge Liang) သည် ကောင်းကင်ကို ငေးကြည့်နေစဉ်
ကြယ်ကြွေသည်ကို မြင်သော် ““ကျိုးယွီ”(Zhou Yu) ကွယ်လွန်ချေပြီ။” ဟု အပြုံးနှင့်ဆိုလေသည်။
နောက်နေ့အရုဏ်တက်တွင် “လျူဘေ့”(Liu Bei) ထံသွားကာ “ကျိုးယွီ”(Zhou Yu)
သေဆုံးသည့်သတင်းကို အတည်ပြုစေသည်။

“လျူဘေ့”(Liu Bei): “အခုလြို ဖစ်လာပြီဆိုတော့ ငါတိ့ဘ


ုာလုပ်သင့်လ။ဲ ”
“ကျူးကဲလျန့်”(Zhuge Liang): “လူဆ(ု Lu Su) က နေရာဆက်ခံလိမ့်မယ်။
ကောင်းကင်ကကြယ်တွေအရ အရှေ့တောင်အရပ်မှာ စစ်သူကြီးတွေ စုလိမ့်မယ်ဆိုတော့
ကျိုးယွီ(Zhou Yu) အတွက် ၀မ်းနည်းကြောင်းသ၀ဏ်လွှာပို့တာ အကြောင်းပြပြီး
ကျွန်တော်သွားမယ်။ သခင်ကြီးအတွက် အကျိုးရှိမယ့် စစ်သည်တချို့ ရှာတွေ့ပါလိမ့်မယ်။”
“လျူဘေ့”(Liu Bei): “တောင်ပိုင်းစစ်သည်တွေက ခင်ဗျားကိုရန်ပြုမှာ စိုးရိမ်မိတယ်။”
“ကျူးကဲလျန့်”(Zhuge Liang): “ကျိုးယွီ(Zhou Yu) ရှိတုန်းကတောင် ကျွန်တော်မကြောက်ခဲ့ဘူး။
အခု ဘယ်သူ့ကိုကြောက်ရမလဲ။”
သိ့ေ
ု သ်ာလည်း ကျောက်ယင
ွ်(Zhao Yun) ကို အစောင့်အရှောက်အဖြစ်ခေါ်ကာ ပါးချို
မှထွကခ
်ဲ့သည်။

လမ်းတွင် “လူဆု”(Lu Su) ကကွယ်လွန်သူနေရာဆက်ခံကြောင်းသတင်းကြားရသည်။


“ကျိုးယွီ”(Zhou Yu) အခေါင်းရှိရာ ချိုင်စန်း ကို ခရီးဆက်ခဲ့ကြသည်။ ရောက်ရှိသော် “လူဆု”(Lu
Su) က ရင်းနှီးစွာကြိုဆိုလေသည်။ တောင်ပိုင်းစစ်သည်များက ၎င်းတိ့၏
ု အမျက်ကို

790
မဖုံးဖိထားနိုင်သော်လည်း ကြောက်မက်ဖွယ် ကျောက်ယွင်(Zhao Yun) ကို လက်တကမ်းတွင်
မြင်နေရသဖြင့် “ကျူးကဲလျန့်”(Zhuge Liang) ကိုမထိရဲကြပေ။

“ကျူးကဲလျန့်”(Zhuge Liang) နှင့်အတူပါလာသော အမှုထမ်းများက အခေါင်းလှည်းရှေ့တွင်


တန်းစီကာ ၎င်းကိုယတ
ိုင်က ယစ်သေရည်နှင့် ပူဇော်သည်။ ထိ့ေ
ု နာက် ဒူးထောက်ကာ
“ကျိုးယွီ(Zhou Yu) ရေ၊ ကံမကောင်းစွာ မင်း စောစောစီးစီး သေခြင်းတရားကိုရင်ဆိုင်ရတယ်။
လူ့သက်တမ်းကို ကောင်းကင်ကသတ်မှတတ
် ယ်ဆိုပေမဲ့ လူသားတွေက လက်မခံနိုင်ဘဲ
ပူဆွေးရပါတယ်။ မင်းအတွက် လွန်စွာဝမ်းနည်းပါတယ်။ မင်းဝိဉာဉ်က ငါပူဇော်တဲ့ ယစ်ရည်ကို
နှစ်သက်မယ်လို့ မျှော်လင့်ပါတယ်။
စွန်းချဲ့(Sun Ce) နဲ့အတူ ကုန်လန
ွ်ခဲ့တ့၊ဲ လောကနိယာမတွေကို ဥစ္စာကြွယဝ
် မှုထက်
အလေးထားခဲ့တဲ့၊ နှိမ့်ချပြီး အိမ်ငယ်လေးမှာ နေထိုင်ခဲ့တဲ့ မင်းရဲ့ ငယ်ရွယ်တဲ့ နေ့ရက်တွေကို
လွမ်းဆွတမ
ိပါတယ်။
ဝေးလံတဲ့နေရာက ပါးချို ကိုကာကွယ်၊ လျူပြောင်း(Liu Biao) ရင်ထဲကို
အကြောက်တရားကိုထည့်သွင်း၊ သူပုန်တွေကို နှိမ်နင်းပြီး လုံခြုံအောင်ပြုခဲ့တဲ့
မင်းအင်အားကိုလည်း တမ်းတမိတယ်။
မင်းဟာယောက်ျားပီသ ကျက်သရေရှိလတ
ှာကိုလည်း သတိရမိတယ်။ လှပတဲ့ ချောင်
အမျိုးသမီးနဲ့လက်ဆက်၊ ကြီးမြတ်တ့ဝ
ဲ န်ကြီးရဲ့ သမက်တော်ဖြစ်တာဟာ ဟန်လွှတေ
် တ်ာကို
အရောင်တင်ပေးသလိုပါပဲ။
မင်းဟာ ချောင်ချောင်း(Cao Cao) ရဲ့ သစ္စာကိုမခံ၊ ပြတ်သားစွာဆန့်ကျင်ခဲ့တယ်။ မင်းဟာ
ဘ၀တလျှောက်လံုး အတောင်မညွတက
်ျိုးဘဲ ပျံသန်းနိုင်ခဲ့တယ်။
မင်းဟာ မင်းရဲ့သူငယ်ချင်း ကျန်းကန်း ဖို့ ရန်ရေကန်ကို လာတုန်းက သူဟန်ဆောင်တာကို သိပြီး
စွန့်ပစ်နိုင်ခဲ့တယ်။ ပြီးတော့ မင်းရဲ့ လှည့်ဖျားမှုကို အကောင်အထည်ဖော်နိုင်ခဲ့တယ်။
မင်းရဲ့ ခမ်းနားကြီးကျယ်လှတဲ့ အစွမ်းအစကို သတိရမိတယ်။ အရပ်ဖက်အုပ်ချုပ်ရေးရော
စစ္ဖက္တိုက္ခိုကေ
် ရးပါ ပြောင်မြောက်လပ
ှါတယ်။ ကျောက်ကမ်းပါးနီတိုက်ပွဲမှာ ရန်သူကို
မီးအစွမ်းနဲ့ အားနည်းအောင် လုပ်နိုင်ခဲ့တယ်။
မင်းရဲ့ ရဲရင့်တဲ့ အောင်မြင်တဲ့ ပုံရိပ်ကို မြင်ယောင်နေသေးတယ်။ အချိန်မတိုင်ခင်
ကြွေလွင့်ခဲ့ရတဲ့အတွက် သည်းသည်းထန်ထန် ငိုကြွေးမိတယ်။ သစ္စာရှိပြီး ဖြောင့်မှန်တဲ့
နှလုံးသားရှိတဲ့၊ မြင့်မြတ်ပြီး စိတ်အင်အားကြီးတဲ့ မင်းဟာ ဆယ်စုနှစ် ၃ ခုသာနေထိုင်ခဲ့ရပေမဲ့
မင်းရဲ့ကျော်ကြားမှုက နှစ်ပေါင်းများစွာ တည်တံ့နေမှာပါ။
မင်းကိုဆုံးရှုံးရတဲ့အတွက် အူလှိုက်သည်းလှိုကင
ိုကြွေးရတယ်။ ငါ့ရဲ့ ၀မ်းနည်းမှုဟာ
အဆုံးသတ်နိုင်တော့မှာမဟုတဘ
်ူး။ ကောင်းကင်ဟာလည်း မည်းမှောင်နေတယ်၊
စစ်တပ်တတပ်လံုး ကလည်း ပူဆွေးနေတယ်၊ မင်းရဲ့အရှင်ဟာလည်း ဖြေမဆည်နိုင်ဘူး၊
မင်းရဲ့သူငယ်ချင်းတွေလည်း ငိုကြွေးနေရပြီ။
မင်းဟာ ချောင် မျိုးနွယ်ကို ဆန့်ကျင်လို့ လျူ မျိုးနွယ်ကို သက်သာရာရစေပြီး ဟန် အင်ပါယာကို
ပြန်ထူထောင်ဖို့ တောင်ပိုင်းမြေကို ကာကွယ်ခဲ့တယ်။ မင်းဟာ ဒီလောက်အရေးပါတဲ့နေရာမှာ

791
ရှိနေတော့ ဒီရလဒ်က စိတ်ပူပန်မှုမဖြစ်ဘဲ ဘယ်နေပါ့မလဲ။
ကျိုးယွီ(Zhou Yu) ရေ၊ သေတဲ့သူနဲ့ ရှင်တဲ့သဟ
ူာ ခွဲခွာကြရပြီ၊
ပြန်လည်ဆုံတွေ့နိုင်ကြတော့မှာမဟုတ်ဘူး ။ အကယ်၍ မင်းရဲဝ
ိ့ဉာဉ်သာ ငါ့ရင်အတွင်းထဲထိ
ဝင်ကြည့်နိုင်ရင် ၀င်ကြည့်လိုက်ပါ၊ ငါဘာမှထပ်ရှင်းပြစရာမလိုတော့ပါဘူး။
ရင်နာမိပါတယ် ကျိုးယွီ(Zhou Yu) ရေ၊ ငါ့ပူဇော်တာကို လက်ခံပေးပါ။” ဟု ဆိုလေသည်။
ယစ်ပူဇော်မှုများပြီးစီးသော် “ကျူးကဲလျန့်”(Zhuge Liang) သည် မြေပေါ်ဒူးထောက်ကာ
ကန်တော့လေသည်။ ထိုစဉ် မျက်ရည်များ တာရိုးကျိုးသကဲ့သို့ စီးကျလာလေသည်။ လူအပေါင်းမှာ
များစွာစိတထ
ိခိုက်ရလေသည်။

အစောင့်များမှာ

“သူတို့ ၂ ယောက်က ရန်သူတွေလို့ ပြောတဲ့သူတွေက လိမ်ကြတာပါ၊ ကြည့်ပါလား


ရင်ထဲကအတိုင်း ပြောသွားတာ။” ဟုတစ်ဦးကိုတစ်ဦး ပြောဆိုကြလေသည်။
ထိုမြင်ကွင်းက “လူဆု”(Lu Su) အပေါ်လည်း များစွာသက်ရောက်သွားသည်။
“ကျူးကဲလျန့်(Zhuge Liang) က ကျိုးယွီ(Zhou Yu) ကို သံယောဇဉ်ရှရ
ှိာတယ်၊ ကျိုးယွီ(Zhou
Yu) ကသာ သဘောထားမကြီးနိုင်ဘဲ ကျူးကဲလျန့်(Zhuge Liang) ကိုသေကြောင်းကြံနေတာ။”
ဟုတွေးလေသည်။

ဧည့်သည်များပြန်သွားသော် “ကျူးကဲလျန့်”(Zhuge Liang) ကို စားသောက်ပွဲနှင့်


ဧည့်ခံလေသည်။

“ကျူးကဲလျန့်”(Zhuge Liang) သင်္ဘောပေါ်တက်အံ့ဆဲဆတ


ွဲင်
တာအိုဝတ်စဝ
ုံ တ်ဆင်ထားသူတဦးက ၎င်း၏လက်မောင်းကို လာဆွဲကာ

“မင်းက ဟိုမှာလဲလျောင်းနေတဲ့သူကို အဆုံးစွန်ထိ ဒေါသထွကေ


် စတာပဲ။
အသုဘလိုက်ပို့တာကိုက တောင်ပိုင်းနယ်ကို ထိပါးလွန်းနေပြီ။ သူတု့မ
ှိာ စွမ်းနိုင်သူ မရှိတော့ဘူးလို့
ပြောလိုက်သလိုပဲ။” ဟု ပြုံးကာ ဆိုလေသည်။

“ကျူးကဲလျန့်”(Zhuge Liang) လှည့်ကြည့်သော် ထိုသမ


ှူာ “ဖန်ထုံ”(Pang Tong)
ဖြစ်နေလေသည်။ “ကျူးကဲလျန့်”(Zhuge Liang) လည်း ရယ်မောကာ နှစ်ဦးသား
လက်ချင်းတွဲကာ သင်္ဘောဗိုက်တွင်း ဆင်းခဲ့ကြသည်။ ရင်းရင်းနှီးနှီးနှင့် အချိန်အကြာကြီး
စကားပြောကြသည်။

မထွက်ခွာမီ “ကျူးကဲလျန့်”(Zhuge Liang) က စာတစောင်ပေးကာ

“မင်းအစွမ်းကို “စွန်းချွမ်”(Sun Quan) ကအသုံးချလိမ့်မယ်မထင်ဘူး။ ဒီမှာအဆင်မပြေရင်


ကျင်ကျိုး ကိုလာပြီး ငါ့အရှင်ကို ကူညီလို့ရတယ်။ သူက စိတ်ထားမွန်မြတ်ပြီး

792
မြှောက်စားတတ်တယ်။ မင်းသင်ယူခဲ့တဲ့ပညာတွေကို အလကားဖြစ်စေမှာမဟုတ်ဘူး ။”
ဟုအကြံပေးသည်။ ထိ့ေ
ု နာက်လမ်းခွဲကာ “ကျူးကဲလျန့်”(Zhuge Liang) တယောက်တည်း
ကျင်ကျိုး ကိုပြန်ခဲ့လေသည်။
“လူဆု”(Lu Su) က “ကျိုးယွီ”(Zhou Yu) ၏အခေါင်းကို ဝူဟူ ကိုသယ်ဆောင်လာသည်။
“စွန်းချွမ်”(Sun Quan) က ကွယလ
်ွန်သူ၏ နေရပ်တွင် ခမ်းနားစွာ မြေမြှုပ်သဂြိုလ်လိုက်လေသည်။
“ကျိုးယွီ”(Zhou Yu) တွင် "ကျိုးရွှင့်"(Zhou Xun) ၊ "ကျိုးရင်"(Zhou Yin) နှင့် "ကျိုးယင်း"(Zhou
Ying) ဟူ၍ သား ၂ယောက်နှင့် သမီး ၁ ယောက်ကျန်ခဲ့ရာ “စွန်းချွမ်”(Sun Quan) ကရက်ရောစွာ
မြှောက်စားလေသည်။

“လူဆု”(Lu Su) က

“ကျွန်တော်က
ို့ “ကျိုးယွီ”(Zhou Yu) က သူ့နေရာဆက်ခံဖို့ လျာသွားတာ မှားတယ်။ ကျွန်တော်မ
ှ့ာ
ထူးကဲတ့အ
ဲ စွမ်းမရှိလို့ ဒီနေရာနဲ့မသင့်တော်ပါဘူး။ ဒါပေမဲ့ လူတယောက်ကိုတော့
ရည်ညွှန်းနိုင်ပါတယ်။ သူက ပညာပြည်ဝ
့ တယ်၊ ဗျူဟာပိုင်နိုင်တယ်၊ Guan Zhong နဲ့ Yue Yi
တိ့ထ
ု က်လည်း မနိမ့်သလို၊ စစ်ဗျူဟာ ကို ပိုင်နိုင်တဲ့ စွန်းကျီ(Sun Zi) နဲ့ ဝူချိ(Wu Qi) တို့လိုလည်း
အစီအမံကောင်းတယ်။ “ကျိုးယွီ”(Zhou Yu) ကိုယ်တိုင်လည်း သူ့ဆီက အကြံတောင်းလေ့ရှိသလို
“ကျူးကဲလျန့်”(Zhuge Liang) ကလည်း သူ့ကို အထင်ကြီးတယ်။ သူ့ကိုအသုံးချနိုင်ပါတယ်။” ဟု
အကြံပေးသည်။

ထိုသ၏
ူ နာမည်ကို မေးရာ “ဖန်ထုံ”(Pang Tong) ဟုဖြေသော် “ငါ သူ့ကိုသိတယ်။
သူ့ကိုလာခိုင်းလိက
ုပါ။” ဟု ဆိုလေသည်။

“ဖန်ထ”ုံ (Pang Tong) ရောက်လာသော် ၎င်း၏ သွင်ပြင်မှာ များစွာထူးဆန်းနေ၍ “စွန်းချွမ်”(Sun


Quan) ကို စိတပ
်ျက်စေသည်။ ၎င်းမှာ မျက်ခုံးမွေးထူထူ၊ နှာခေါင်းကလန်၊ မုတ်ဆိတေ
် မွးက
ငုတ်စိနှင့် မတင့်တယ်သောရုပ်ရှိလေရာ “စွန်းချွမ်”(Sun Quan) က မြင်စကပင်
အထင်မကြီးတော့ပေ။
“စွန်းချွမ်”(Sun Quan): “မင်းဘာတွေသင်ယူခဲ့လဲ၊ ဘယ်ပညာကို ကျွမ်းကျင်လဲ။”
“ဖန်ထ”ုံ (Pang Tong): “လူတယောက်ဟာ အမြင်ကျဉ်းမြောင်းခေါင်းမာခြင်း မရှိရ၊
လိုကေ
် လျာညီထွေ ပြောင်းလဲရာ၏”
“စွန်းချွမ်”(Sun Quan): “မင်းပညာက “ကျိုးယွီ”(Zhou Yu) နဲ့ယှဉ်ရင် ဘယ်လိုနေမလဲ။”
“ဖန်ထ”ုံ (Pang Tong): “ငါ့ပညာက အများကြီးသာတာပေါ့။”
“စွန်းချွမ်”(Sun Quan) မှာ လွန်လေသော စစ်သူကြီးကို လွန်စွာမြတ်နိုးလေရာ ဤကဲ့သို့
ချိုးချိုးဖဲ့ဖဲ့ပြောဆိုခြင်းကို သည်းမခံနိုင်ပေ။ “ဖန်ထံ”ု (Pang Tong) အပေါ် သာ၍
မနှစ်မြို့ခြင်းဖြစ်လေသည်။

“စွန်းချွမ်”(Sun Quan): “မင်းပြန်နိုင်ပါပြီ၊ အသုံးလိုတဲ့အချိန်ကျ ခေါ်လိုက်ပါမယ်။”

793
“ဖန်ထ”ုံ (Pang Tong) လည်း သက်ပြင်းရှည်ချကာ ထွကသ
်ွားလေသည်။
“လူဆု”(Lu Su): “အရှင်၊ ဘာလို့ သူ့ကို အလုပ်မခန့်တာလဲ။”
“စွန်းချွမ်”(Sun Quan): “ဘာအသုံးဝင်မှာမိ့လ
ု့ လ
ိဲု၊ ရူးကြောင်ကြောင် နောက်လုက
ိတယောက်ပဲ။”
“လူဆု”(Lu Su): “ချောင်ချောင်း(Cao Cao) ရဲ့ သင်္ဘောတွေကို သံကြိုးတွေနဲ့ချိတ်ထားဖို့
အကြံပေးတာ သူလေ၊ ကျောက်ကမ်းပါးနီတိုက်ပွဲအောင်မြင်တာ သူ့ကြောင့်လည်း ပါပါတယ်။”
“စွန်းချွမ်”(Sun Quan): “ချောင်ချောင်း(Cao Cao) ကိုယ်တိုင် လိုလားလို့ ဖြစ်တာပါ။
သူ့ကြောင့်မဟုတ်ပါဘူး။ ဘယ်လြို ဖစ်ဖြစ် ငါ သူ့ကိုမခန့်နိုင်ဘူးဆိုတာ သေချာတယ်။”

သိ့န
ှုင့် “လူဆု”(Lu Su) လည်း အပြင်ထက
ွ်ကာ “စွန်းချွမ်”(Sun Quan)
၏တဒင်္ဂဆုံးဖြတ်ချက်သာဖြစ်ကြောင်း၊ မိမိမထောက်ခံ၍မဟုတ်ကြောင်း ရှင်းပြလေသည်။
“ဖန်ထ”ုံ (Pang Tong) မှာ စိတ်ပျက်စွာ စကားမပြောနိုင်ဘဲ ခေါင်းငိုက်စိုကခ
်ျကာ သက်ပြင်းသာ
အခါခါချနေတော့သည်။
“လူဆု”(Lu Su): “ဒီမှာနေရင် မင်းအမြဲစိတ်ပျက်နေရလိမ့်မယ်၊ မင်းမှာ
မျှော်လင့်စရာမရှိဘူး မလား။ မင်းရဲ့ ပါရမီနဲ့ဆိုရင် ဘယ်သွားသွား မင်းအောင်မြင်မှာပါ။ ငါ့စကားကို
နားထောင်ပါ။ ဒါနဲ့မင်းဘယ်သ့ဆ
ီူသွားချင်လ။ဲ ”
“ဖန်ထ”ုံ (Pang Tong): “ချက်ချင်း ချောင်ချောင်း(Cao Cao) ဆီသွားမယ်လ့ေ
ို တွးတယ်။”
“လူဆု”(Lu Su): “ဒီလိုဆို မှိန်ဖျော့ဖျော့ပုလဲကို အမှောင်ထုထဲ ပစ်ချလိုက်သလို ဖြစ်လိမ့်မယ်။
လျူဘေ့(Liu Bei) ဆီသာ သွားပါ၊ မင်းကို ကောင်းကောင်းချီးမြှောက်ပြီး
သေချာနေရာပေးပါလိမ့်မယ်။”

“ဖန်ထ”ုံ (Pang Tong): “ငါတွေးနေတာကြာပါပြီ၊ ခုနက ငါနောက်ပြောင်တာပါ။”


“လူဆု”(Lu Su): “ငါ လျူဘေ့(Liu Bei) ဆီကို စာတစောင် ရေးပေးလိုက်ပါမယ်။ မင်း
သူ့ဆီရောက်ရင် သူနဲ့ ငါ့အရှင်ကြားက ငြိမ်းချမ်းရေးခိုင်မြဲအောင် ထိန်းသိမ်းပြီး ချောင်ချောင်း(Cao
Cao) ကို ပူးပေါင်းတိုက်ခိုက်ကြရအောင်။”
“ဖန်ထ”ုံ (Pang Tong): “ဒါဟာလည်း ငါလိုလားတဲ့အတိုင်းပါပဲ။”
“ဖန်ထ”ုံ (Pang Tong) က လူဆု(Lu Su) ပေးသောစာကိုယက
ူာ ကျင်ကျိုး ကို ထွက်ခဲ့လေသည်။
ရောက်သော် “ကျူးကဲလျန့်”(Zhuge Liang) မရှိ၊ တံခါးစောင့်က “လျူဘေ့”(Liu Bei)
နှင့်တွေ့ကာ ကံစမ်းရန်ပြောသည်။ ၎င်း၏နာမည်ကိုသန
ှိင့်သဖြင့် “လျူဘေ့”(Liu Bei) က
တွေ့ခွင့်ပြုသည်။ “ဖန်ထံ”ု (Pang Tong) က သာမန်မျှသာ နှုတ်ဆက်ပြီး ဦးညွတ်
အရိုအသေပေးခြင်းမရှိပေ။ ၎င်း၏မတင့်တယ်သောရုပ်နှင့် ပေါင်းစပ်လိုက်သော် အိမ်ရှင်မှာ
မနှစ်သက်တော့ပေ။

“လျူဘေ့”(Liu Bei): “ခရီးကြမ်းကို ဖြတ်ပြီး ရောက်လာခဲ့တာပဲ။”


ထိုအချိန်တွင် “ကျူးကဲလျန့်”(Zhuge Liang) နှင့် “လူဆု”(Lu Su) ၏စာကို

794
ထုတြ် ပသင့်သော်လည်း
“ဖန်ထ”ုံ (Pang Tong): “အို ဦးရီးတော်၊ အရှင်က ဉာဏ်ပညာရှိတဲ့သူတွေကို ကြိုဆိုတယ်ဆုလ
ိ့ို
ခစားဖို့လာခဲ့တာပါ။”
“လျူဘေ့”(Liu Bei): “နိုင်ငံက အခုအချိန်မှာ အေးချမ်းနေတယ်၊ ကံမကောင်းစွာနဲ့
ရာထူးနေရာအလွတ်မရှိဘူး။ အရှေ့မြောက်အရပ်က လေရန် မြို့လေးမှာတော့
မြို့ဝန်နေရာလစ်လပ်နေတယ်။ ဒီ့ထက်ပိုကောင်းတဲ့နေရာမပေါ်ခင် တာဝန်ယထ
ူားပေးပါလား။”

“ဖန်ထ”ုံ (Pang Tong) မှာသဘောမကျသော်လည်း “ကျူးကဲလျန့်”(Zhuge Liang) မရှိသဖြင့်


သည်းခံ၍ နှုတ်ဆက်ပြန်ခဲ့သည်။ တာဝန်ကျရာမြို့ရောက်သော် အလုပ်မလုပ်၊ ပျော်ပါး၍သာ
နေလေသည်။ အခွန်လည်း မကောက်၊ တရားရုံးလည်း မထိုင်ပေ။

ထိုသတင်း “လျူဘေ့”(Liu Bei) ထံရောက်သော် စိတ်တိုကာ

“ဒီအကောင်က ငါ့အုပ်ချုပ်ရေးကို ပရမ်းပတာဖြစ်အောင်လုပ်နေတာပဲ။” ဟုဆိုကာ


စုံစမ်းစစ်ဆေးရန် “ကျန်းဖေး”(Zhang Fei) ကိုစေလွှတသ
် ည်။ လိမ္မာပါးနပ်စွာ ကိုင်တွယရ
် န်
လိုအပ်သည်ကိုသသ
ိ ဖြင့် “စွန်းချန်”(Sun Qian) ကိုပါထည့်ပေးလိုက်သည်။

စုံစမ်းရေးအဖွဲ့ ရောက်သွားသော် အခြားအမှုထမ်းများကကြိုဆိုသော်လည်း မြို့ဝန်မှာ


ပေါ်မလာချေ။
“ကျန်းဖေး”(Zhang Fei): “မြို့ဝန် ဘယ်မလဲ။”
အမှုထမ်းတဦး: “လွန်ခဲ့တဲ့ ရက် ၁၀၀ ကျော်၊ ရောက်စကတည်းက ဘာအလုပ်မှ မလုပ်ပါ။
မိုးလင်းမိုးချုပ် အရက်သောက်ပြီး မူးနေတာ။ အခုလည်း အမူးလွန်ပြီးအိပ်နေတာ၊ မနိုးသေးပါဘူး။”
“ကျန်းဖေး”(Zhang Fei) မှာ လွန်စွာစိတ်ဆိုး ကာ သတ်ရန်ပြင်စဉ် “စွန်းချန်”(Sun Qian) က
“ဖန်ထုံ(Pang Tong) ကအရည်အချင်းရှိတဲ့သ၊ူ ခပ်လွယ်လွယ်မဆုံးဖြတ်လိုကပ
်ါနဲ့။
သေချာစုံစမ်းပြီး တကယ်အပြစ်ရှိမှ ဒဏ်ပေးရအောင်။” ဟုတားလေသည်။
သိ့န
ှုင့် ရုံးတော်ကိုသွားကာ မြို့ဝန်ကုဆ
ိ င့်ခေါ်သည်။ အ၀တ်အစားဖရိုဖရဲ၊ ရီဝေ၀နှေင့်
ဝင်လာလေသည်။

795
“ကျန်းဖေး”(Zhang Fei): “ငါ့အစ်ကိုက မင်းကို လူကောင်းလို့ သတ်မှတြ် ပီး မြို့ဝန်ခန့်ထားတာ၊
မင်းက ဘယ်လိုသတ္တိနဲ့ လုပ်ငန်းတွေကို ဖရိုဖရဲဖြစ်အောင်လုပ်ရဲတာလဲ။”
“ဖန်ထ”ုံ (Pang Tong): “ဘယ်အရာတွေကုမ
ျိား ကျနော်က ဖရိုဖရဲဖြစ်အောင်လုပ်မိလ့လ
ိဲု
စစ်သူကြီး။”
“ကျန်းဖေး”(Zhang Fei): “မင်း ဒီကို ရောက်တာ ရက် ၁၀၀ ကျော်ပြီ။ အမြဲအလေလိုက်နေတာ
အလုပ်မလုပ်တာ မဟုတ်ဘူးလား။”
“ဖန်ထ”ုံ (Pang Tong): “ဒီလြို မို့လေးရဲ့ အရေးအရာတွေကို ကိုင်တွယ်ရတာ ဘာများခက်လ့လ
ိဲု။
ငါဖြေရှင်းပေးပါမယ်၊ ခဏထိုင်စောင့်ပါဦး။”
ချက်ချင်းဆိုသလို အလုပ်ကျန်များကို ရှင်းရန် စာရေးများကို ခေါ်သည်။ ၎င်းတိ့က

စာရွက်ပုံကြီးကိုသယ်လာပြီး တရားလိုများကို ခေါ်စေသည်။ မြို့ဝန်က စုတတ
်ံကိုကိုင်ကာ
ရုံးအလုပ်လုပ်ရင်း တိုင်ကြားသည်များကို နားထောင်လေသည်။ များမကြာမီ
အမှားတစုံတရာမရှိဘဲ အခက်အခဲ၊ မကျေနပ်ချက်များ အားလုံးပြေလည်သွားသည်ကို
စိတ်ကျေနပ်စွာအရိုအသေပေးကြသော ပရိသတ်က သက်သေခံနေသည်။ နေ့တ၀က်တင
ွ်ပင် ရက်
၁၀၀ စာ အလုပ်အားလုံးပြီးပြတ်လေသည်။

ပြီးစီးသော် မြို့ဝန်မှာ စုတတ


်ံကို ပစ်ချပြီး စစ်ဆေးသူများဖက် လှည့်ကာ
“တစုံတရာဖရိုဖရဲရှိပါသလား၊ ချောင်ချောင်း(Cao Cao) နဲ့ စွန်းချွမ်(Sun Quan) ကိုတောင်
ဒီစာရွက်တွေဖတ်သလောက် သက်သက်သာသာ ရင်ဆိုင်နင
ိုတာ ဒီအလုပ်လောက်ကတော့
အရေးစိုက်စရာမလိုပါဘူး။” ဟုဆိုလေသည်။
“ကျန်းဖေး”(Zhang Fei) မှာ ၎င်း၏အရည်အချင်းကို လွန်စွာအံ့အားသင့်ကာ ထိုင်ခုံမှထပြီး
အရိုအသေပေးလျက်

“မင်းဟာ အံ့ချီးဖွယ်ပါပဲ၊ မင်းကို ကောင်းကောင်းမဆက်ဆံမိဘူး။ အခုတော့ ငါ့အစ်ကိုကို


ငါစွမ်းသမျှတိုက်တွန်းပြောပေးပါမယ်။” ဟုဆိုလေသည်။ ထိုအခါမှ “ဖန်ထုံ”(Pang Tong) က
“လူဆု”(Lu Su) ၏စာကို ထုတ်ပြလေသည်။

“ကျန်းဖေး”(Zhang Fei): “ငါ့အစ်ကိုန့ေ


ဲ တွ့ကတည်းက ဘာလိ့မ
ု ပြလိုက်တာလဲ။”
“ဖန်ထ”ုံ (Pang Tong): “ပြဖိ့အ
ု ခွင့်မကြုံလိုက်လု့ပ
ိါ၊ နောက်ပြီး သူများထောက်ခံချက်နဲ့
အခွင့်အရေးယူလို့ ဘယ်ကောင်းပါ့မလဲ။”
“ကျန်းဖေး”(Zhang Fei): “စွန်းချန်”(Sun Qian) ဖက်လည
ှ့်ကာ

“မင်းက ပညာရှိတယောက်ကို ကယ်လိုကတ


်ာပဲ။” ဟုပြောသည်။

ထိ့ေ
ု နာက် “လျူဘေ့”(Liu Bei) ဆီပြန်လာကာ အကြောင်းစုံကိုတင်ပြသည်။ “လျူဘေ့”(Liu Bei)

796
လည်း အမှားကိုနောင်တရလေသည်။ “ကျန်းဖေး”(Zhang Fei) က “လူဆု”(Lu Su) ၏
“ဖန်ထ”ုံ (Pang Tong) ကိုထောက်ခံစာ ကို ထုတ်ပေးလေသည်။ စာမှာ

“ဖန်ထုံ(Pang Tong) ဆိုတာ လွယ်လွယန


်ဲ့တွေ့နိုင်တဲ့လူမျိုးမဟုတ်ဘူး။ သာမန်ထက်အရေးပါတဲ့၊
ဦးနှောက်သံုး ရမယ့်နေရာမှာ သူ့ကိုခန့်ပါ၊ သူ့တန်ဖိုးကိုတွေ့ရပါလိမ့်မယ်။
သူ့ရဲ့ရုပ်ကိုကြည့်ပြီးဆုံးဖြတ်ရင်တော့ သူ့အရည်အချင်းကို ဆုံးရှုံးရလိမ့်မယ်။
တခြားသူကအသုံးချသွားရင် ကံဆိုးမိုးမှောင်ကျပြီ။” ဟုပါရှိသည်။

“လျူဘေ့”(Liu Bei) မှာစာဖတ်ပြီး နောင်တရနေစဉ် “ကျူးကဲလျန့်”(Zhuge Liang)


ပြန်ရောက်လာသောသတင်းကို ရလေသည်။ ခရီးရောက်မဆိုက်ပင် အရိုအသေပေးပြီးသည်နှင့်
“ကျူးကဲလျန့်”(Zhuge Liang): “အကြံပေး ဖန်ထုံ(Pang Tong) ရော အဆင်ပြေရဲ့လား။”
“လျူဘေ့”(Liu Bei): “အခု သူ့က လေရန် မှာ၊ သောက်စားပြီး အလုပ်ကို ပစ်ထားတယ်။”
“ကျူးကဲလျန့်”(Zhuge Liang): ရယ်ကာ “ငါ့သင
ူ ယ်ချင်းက သာမန်ထက်ကဲတဲ့
အရည်အချင်းတွေရှိတယ်၊ ငါ့ထက် ၁၀ဆသာတယ်။ ငါထောက်ခံစာရေးပေးလိုက်တာ သူက
မပြဘူးလား။”
“လျူဘေ့”(Liu Bei): “ဒီနေ့ပဲ လူဆ(ု Lu Su) ရဲ့စာတော့ရတယ်၊ မင်းရဲ့စာကိုတော့ မပြဘူး။”
“ကျူးကဲလျန့်”(Zhuge Liang): “ဒီလိုအရည်အချင်းတွေနဲ့ ပုဂ္ဂိုလ်ဟာ
အရေးမပါတဲ့နေရာအပိ့ခ
ုံရမှတော့ သေရည်ပဲသောက်နေမှာ မဆန်းပါဘူး။”
“လျူဘေ့”(Liu Bei): “ငါ့ညီကြောင့်သာမဟုတ်ရင် ပညာရှိတယောက်ကို လက်လွှတ်လိုက်ရမှာ။”

အချိန်မဆိုင်းဘဲ “ကျန်းဖေး”(Zhang Fei) ကိုလွှတ်ကာ “ဖန်ထုံ”(Pang Tong) ကို ကျင်ကျိုး


ဆီခေါ်ဆောင်စေသည်။ ရောက်သော် “လျူဘေ့”(Liu Bei) က ၎င်း၏အမှားအတွက်
တောင်းပန်လေသည်။ ထိုအခါမှ “ဖန်ထုံ”(Pang Tong) က “ကျူးကဲလျန့်”(Zhuge Liang)
၏စာကို ထုတ်ပေးသည်။ စာမှာ “ဇာမဏီငယ် ရောက်လာတာနဲ့ သူ့ကို အရေးပါတဲ့နေရာ ပေးပါ။”
ဟုဆုထ
ိားသည်။

ဖတ်ပြီးသည်နှင့် “လျူဘေ့”(Liu Bei) မှာ ပျော်ရွှင်စွာ

“ရွှေကျင်း (Sima Hui) က လူ ၂ ယောက်အကြောင်း ပြောဖူးတယ်။ အိပ်ပျော်နေတဲ့ နဂါးနဲ့


ဇာမဏီငယ်၊ ၂ ယောက်ထဲက ၁ ယောက်ရဲ့ အကူအညီကို ရတဲ့သူဟာ
တိုင်းပြည်ကိုပြန်လည်တည်ထောင်နိုင်မယ်။ အခု ငါဟာ ၂ ယောက်လံုး ကိုရပြီဆိုတော့
ဟန်တိုင်းပြည် ပြန်လည်ဦးမော့နိုင်တော့မယ်။” ဟုဆိုသည်။
ထိ့ေ
ု နာက် “ဖန်ထုံ”(Pang Tong) ကို တွဲဖက်အကြံပေးအဖြစ်ခန့်အပ်သည်။ အကြံပေး ၂
ယောက်သည် အတူတကွ စစ်တပ်ကို လေ့ကျင့်ပေးသည်။

ထိုသတင်းများ နေပြည်တော် ရွှီချန် သို့ရောက်လေသည်။ “လျူဘေ့”(Liu Bei) ၏ ဗျူဟာမှူး ၂ ဦး၊

797
စစ်တပ်လေ့ကျင့်ခြင်း၊ ရိက္ခာစုဆောင်းခြင်း၊ ရန်သေ
ူ တာ် ၂ ဦးပူးပေါင်းခြင်းများ
“ချောင်ချောင်း”(Cao Cao) နားသို့ရောက်သော် မကြာမီ တိုကခ
ိုက်မှုတခုကြုံမည်ကို
ခန့်မှန်းမိလေသည်။ သိ့န
ှုင့် အစည်းအ၀ေးခေါ်သည်။

“ရွှင်ယ”ွီ (Xun Yu): “ကျိုးယွီ(Zhou Yu) သေထားတာဆိုတော့ စွန်းချွမ်(Sun Quan)


ကိုအရင်တိုက်ရမယ်။ ပြီးမှ လျူဘေ့(Liu Bei) ပေါ့။”
“ချောင်ချောင်း”(Cao Cao): “ငါ ခရီးရှည်စစ်ချီမယ်ဆုရ
ိ င် မာထန်(Ma Teng) က နေပြည်တော်ကို
ဝင်တိုက်လမ
ိ့်မယ်။ ကျောက်ကမ်းပါးနီမှာကတည်းက ဒီလိုကောလာဟလကြားတယ်။ ဒီတော့
ကာကွယမ
ှ်ဖြစ်လမ
ိ့်မယ်။”
“ရွှင်ယ”ွီ (Xun Yu): “ကျွန်တော့်အမြင်အရ အကောင်းဆုံးကတော့ “မာထန်”(Ma Teng) ကို
တောင်အရပ်ကို နှိမ်နင်းသူ စစ်သူကြီးအဖြစ် ခန့်အပ်ပြီး တောင်ပိုင်းနယ်ကို တိုက်ခိုင်းပါ။
ဒီလိုနည်းနဲ့ သူ့ကိုရှင်းပစ်ရင် တောင်ပိုင်းကိုစစ်ချီတ့ေ
ဲ နရာမှာ စိတပ
်ူစရာမရှိတော့ပါဘူး။”
“ချောင်ချောင်း”(Cao Cao) ကသဘောတူကာ “မာထန်”(Ma Teng) ကို အနောက်ပိုင်း၏
နယ်စပ်နယ်မြေဖြစ်သော ရှီးလျန် သို့ ဆင့်ခေါ်သည်။

“မာထန်”(Ma Teng) သည် သူပုန်များကိုနှိမ်နင်းသူဘွဲ့ ရ ကျော်ကြားသောစစ်သူကြီး


"မာယွမ"် (Ma Yuan) ၏မျိုးဆက်ဖြစ်သည်။ ဖခင်မှာ “မာဆွေ့”(Ma Sui) ဖြစ်သည်။
“မာဆွေ့”(Ma Sui) မှာ ဟွမဧ
် ကရာဇ်လက်ထက်က ထျန်းဆွေမြို့ဝန်ဖြစ်ခဲ့ပြီး လက်လွှတ်ရကာ
အနောက်ဖက်သို့ပြောင်းရွှေ့ရင်း အနောက်တောင်ကြားမြေသို့ ရောက်ရှိလေသည်။ ချန်
လူမျိုးများအကြားနေထိုင်ရင်း ချန် အမျိုးသမီးတဦးနှင့်လက်ဆက်ကာ “မာထန်”(Ma Teng)
ကိုမွေးဖွားသည်။ “မာထန်”(Ma Teng) သည် သာမန်ထက်မြင့်သောအရပ်၊
ခက်ထန်သောရုပ်ရှိသည်။ သင့်တင့်သော ပင်ကိုစရိုက်ရှိပြီး လူကြိုက်များသည်။ သို့သော် Ling
ဧကရာဇ်လက်ထက်တွင် ချန် လူမျိုးများ ထကြွလေရာ “မာထန်”(Ma Teng) က
လူစုပြီးနှိမ်နင်းနိုင်သဖြင့် အနောက်အရပ်ကို တည်ငြိမ်စေသော စစ်သြူ ကီးဘွဲ့ ရလေသည်။
သွေးသောက် ၂ ဦးဖြစ်သော “မာထန်”(Ma Teng) နှင့် “ဟန်ဆွေ”(Han Sui) တို့က
အနောက်အရပ်ကို ကာကွယ်သော စစ်သည်များအဖြစ် ကျော်ကြားလေသည်။
မြို့တော်မှ စာကိုရသော် “မာထန်”(Ma Teng) က အကြီးဆုံးသားဖြစ်သူ “မာချောင်း”(Ma Chao)
ကိုခေါ်ကာ ၎င်း၏ဘ၀ဖြစ်စဉ်ကိုပြောပြလေသည်။

“မာထန်”(Ma Teng): “တုန်းချန်(Dong Cheng) က ဧကရာဇ်ရဲ့ ခါးပတ်အမိန့်ကို ရတုန်းက


ငါတိ့ဟ
ုာ “လျူဘေ့”(Liu Bei) အပါအ၀င် အဖွဲ့ တခုဖွဲ့ ခဲ့ကြတယ်၊ ချောင်ချောင်း(Cao Cao)
ကိုဖြုတ်ချဖို့ သစ္စာဆိုခဲ့ကြတယ်။ ဒါပေမဲ့ ငါတိ့မ
ု အောင်မြင်ခဲ့ဘူး ၊ တုန်းချန်(Dong Cheng)
အသတ်ခံရပြီး လျူဘေ့(Liu Bei) လည်းကံမကောင်းဘူး။ ငါလည်း
အနောက်ဖက်ကိုထွက်ပြေးလာရတယ်။ အခု လျူဘေ့(Liu Bei) က ကျင်ကျိုး

798
ကိုသမ
ိးထားနိုင်ပြီဆိုတော့ အရင်ကကတိပြုထားတဲ့ကိစ္စကို
အကောင်အထည်ဖော်ဖ့စ
ို ဉ်းစားနေတာ၊ အခုကျ ချောင်ချောင်း(Cao Cao) ကဆင့်ခေါ်တယ်။
ငါဘာလုပ်သင့်သလဲ။”

“မာချောင်း”(Ma Chao): “ချောင်ချောင်း(Cao Cao) လက်ထဲမှာ ဘုရင့်အမိန့ရ


ှ်ိနေတယ်။
မသွားရင် နန်းတော်အမိန့က
ို ဆန့်ကျင်သလိုဖြစ်ပြီး အပြစ်ပေးခံရလိမ့်မယ်။ အမိန့က
ို လက်ခံပြီး
နန်းတော်ကိုတော့ သွားလိုက်ပါ၊ ရောက်မှ အရင်အစီအစဉ်ကို အကောင်အထည်ဖော်ပေါ့။”

သိ့ေ
ု သာ် “မာထန်”(Ma Teng) ၏တူ “မာတိုက်”(Ma Dai) က ကန့်ကွက်သည်။”
“မာတိုက”် (Ma Dai): “ချောင်ချောင်း(Cao Cao) ရဲ့အကြံတွေက နားလည်ရခက်တယ်၊
ဦးရီးတော်တခုခုဖြစ်မှာ စိုးရိမ်ရတယ်။
“မာချောင်း”(Ma Chao): “ငါ နန်းတော်ကို စစ်ချီတယ်၊ တိုင်းပြည်ရဲ့ ရန်သူကို
ချေမှုန်းကြမယ်မလား။”
“မာထန်”(Ma Teng): “မင်းက ချန် စစ်သည်တွေကို အုပ်ချုပ်ပြီး ဒီနယ်ကို ကာကွယ်ရမယ်။ ငါ
မင်းညီ ၂ယောက်နဲ့ ညီဝမ်းကွဲကိုခေါ်သွားမယ်။ မင်းလက်ထဲမှာ ချန် စစ်သည်တွေရှိတယ်၊
ဟန်ဆွေ(Han Sui) ကလည်း ကူညီမယ်ဆိုတာကို “ချောင်ချောင်း”(Cao Cao) သိရင်
သူအရမ်းမလုပ်ရဲပါဘူး။”

“မာချောင်း”(Ma Chao): “အဖေ၊ သွားမှဖြစ်မယ်ဆုရ


ိ င်တောင် ဘာအစီအမံတွေထားလဲ မသိခင်
မြို့ထဲမ၀င်ပါနဲ့။”
“မာထန်”(Ma Teng): “ငါ သေချာဂရုစိုကပ
်ါမယ်၊ သိပ်ကြီးလည်း စိုးရိမ်စိတ်မထားပါနဲ့။”
သိ့န
ှုင့် ချီတက်ရန် အမိန့ထ
်ုတသ
် ည်။ စစ်သည် ၅ ထောင်ပါဝင်ပြီး သား ၂ ယောက်ဖြစ်သော
“မာရှို့”(Ma Xiu) နှင့် “မာထျဲ”(Ma Tie) က ရှေ့ပြေးတပ်မှူးများ၊ တူဖြစ်သူ “မာတိုက်”(Ma Dai)
က နောက်ချန်တပ်မှူးအဖြစ်တာဝန်ယသ
ူ ည်။ ကွေ့ကောက်သောလမ်းများဖြတ်သန်းကာ
မြို့တော်ကိုရောက်သည်။ ရွှီချန် မှ ၇ မိုင်အကွာတွင် စခန်းချကြသည်။

“ချောင်ချောင်း”(Cao Cao) က ၀န်ကြီး “ဟွမ်ခွေ့”(Huang Kui) ကို ခေါ်ကာ

“မာထန်(Ma Teng) ကို မြောက်ပိုင်းကို စေလွှတရ


် မှာ၊ မင်းကို အကြံပေးအဖြစ်ထည့်လိုက်မယ်။
မင်းက သူ့ဆီသွားပြီး ရောက်လာတဲ့အတွက် ၀မ်းသာကြောင်းပြောပါ။ နောက် ရှီးလျန် က
သိပ်ဝေးပြီးသယ်ယပ
ို့ဆောင်ရေးခက်တာမို့ သူ့စစ်တပ်အများကြီးသယ်မလာခိုင်းနဲ့။ ငါက
အကြိုလွှတလ
ိုက်မယ်။ ဘုရင်နဲ့တွေ့ဖို့ အမြန်လာခဲ့ပါတော့လ့လ
ို ည်းပြောလိုက်ပါ။
အထောက်အပံ့တွေလည်း ပိ့လ
ိုကပ
်ါမယ်။” ဟုပြောသည်။

ထိုညွှန်ကြားချက်များကို “ဟွမ်ခွေ့”(Huang Kui) က “မာထန်”(Ma Teng) ထံပို့သည်။

799
“မာထန်”(Ma Teng) က သေရည်နှင့် ကောင်းစွာဧည့်ခံလေသည်။ သေရည်ယစ်လာသော်
“ဟွမ်ခွေ့”(Huang Kui) မှာ စိတခ
်ျစွာ

“ငါ့အဖေဟာ လီကျွယ်(Li Jue)နဲ့ ကော်စီ(Guo Si)တို့လက်ထဲမှာ သေရတဲ့အတွက်


ငါအမြဲတမ်းခံပြင်းခဲ့တယ်။ အခုလည်း နောက်ထပ်သူပုန်တယောက်က ငါတိ့ဘ
ုရင်ကို
စော်ကားနေပြန်ပြီ။” ဟုအထိန်းအကွပ်မဲ့စွာဆိုသည်။
“မာထန်”(Ma Teng): “ဘယ်သမ
ျူားလဲ။”
“ဟွမ်ခွေ့”(Huang Kui): ““ချောင်ချောင်း”(Cao Cao) ပဲပေါ့၊ မင်းကမသိချင်ယောင်ဆောင်တာ
ဘာသဘောလဲ။”
သိ့ေ
ု သာ် “မာထန်”(Ma Teng) မှာ ထောင်ချောက်ဟေ
ု တွးကာ သတိနှင့် ထိုကဲ့သ့က
ိုစ္စမျိုးမပြောရန်
တောင်းပန်သည်။

“ဟွမ်ခွေ့”(Huang Kui): အော်ဟစ်ကာ “မင်းက ခါးပတ်အမိန့က


ို မေ့ပြီပေါ့။”
ထိုအခါမှ “မာထန်”(Ma Teng) လည်း စိတ်ချကာ ၎င်း၏အစီအစဉ်များကို ချပြလေသည်။
“ဟွမ်ခွေ့”(Huang Kui): “ချောင်ချောင်း(Cao Cao) က မင်းကို ဘုရင်နဲ့ တွေ့စေချင်တာ၊
သဘောရိုးနဲ့တော့မဟုတ်ဘူး ။ မသွားပါနဲ့။ မင်းရဲ့စစ်တပ်ကို မြို့နားထိချီသွားပြီး ချောင်ချောင်း(Cao
Cao) ကို စစ်ဆေးခိုင်းပါ။ သူရောက်လာရင် သတ်ပစ်ပါ။” ဟုပြောသည်။

အစီအစဉ်ချပြီးနောက် “ဟွမ်ခွေ့”(Huang Kui) မှာ စိတ်လှုပ်ရှားဒေါသထွကစ


်ွာနှင့်
ပြန်သွားလေသည်။ “ဟွမ်ခွေ့”(Huang Kui) စိတမ
် ငြိမ်ဖြစ်နေသည်ကြို မင်သော် ဇနီးဖြစ်သူ ကျီ
အမျိုးသမီးက မေးမြန်းသည်။ “ဟွမ်ခွေ့”(Huang Kui) က ပြောမပြပေ။ သိ့ရ
ုာတွင် ၎င်းတွင်
“လီချွန်းရှန်”(Li Chunxiang) အမည်ရှိ မောင်းမတဦးရှိလေသည်။ ကျီ အမျိုးသမီး၏မောင်ဖြစ်သူ
“မြောင်ကျဲ”(Miao Ze) သည် ထိုမောင်းမနှင့် ချစ်ကြိုက်နေသည်။ ထိုအဖြစ်အပျက်ကို
မောင်းမဖြစ်သူက သူ၏ချစ်သက
ို ပြောပြသော် “မြောင်ကျဲ”(Miao Ze) က

“လျူဘေ့(Liu Bei) နဲ့ ချောင်ချောင်း(Cao Cao) မှာ ဘယ်သူက ကလိမ်ကျသူလဲ လို့


သူ့ကိုမေးလိုက်ပါ။” ဟုအကြံပေးသည်။

ထိုညနေတွင် “ဟွမ်ခွေ့”(Huang Kui) က မောင်းမဆောင်သို့လာသော် မောင်းမဖြစ်သူက


စီစဉ်ထားသည့်အတိုင်းမေးမြန်းသည်။
“ဟွမ်ခွေ့”(Huang Kui): သေရည်ယစ်လျက်

“မင်းက အမှုထမ်းမဟုတ်ပေမဲ့ အမှားအမှန်ကို ချင့်ချိန်နိုင်တယ်။ ငါ့ရန်သူ၊ ဖြစ်နိုင်ရင်


ရှင်းပစ်ချင်တာက ချောင်ချောင်း(Cao Cao) ပဲ။”
“လီချွန်းရှန်”(Li Chunxiang): “ဘာကြောင့်လဲ၊ ရှင်းပစ်ချင်တယ်ဆိုရင် တခုခုလုပ်လေ။”

800
“ဟွမ်ခွေ့”(Huang Kui): “စစ်သူကြီး မာထန်(Ma Teng) နဲ့ တိုင်ပင်ပြီး ချောင်ချောင်း(Cao Cao)
ကိုလပ
ုကြံဖို့ ငါပြင်ဆင်ထားတယ်။”
“လီချွန်းရှန်”(Li Chunxiang) က ထိုအကြောင်းကို သူ၏ချစ်သူကို ပြန်ပြောပြလေသည်။
“မြောင်ကျဲ”(Miao Ze) ကတဖန် “ချောင်ချောင်း”(Cao Cao) ကိုသတင်းပေးရာ
“ချောင်ချောင်း”(Cao Cao) ကတန်ပြန်စီစဉ်လေသည်။ ယုံကြည်ရသော စစ်သူကြီးများကိုခေါ်ကာ
နောက်နေ့အတွက် အစီအစဉ်ချသည်။ ထို့နောက် “ဟွမ်ခွေ့”(Huang Kui) နှင့်
အိမ်သားအားလုံးကိုဖမ်းလေသည်။

နောက်နေ့တွင် စီစဉ်ထားသည့်အတိုင်း “မာထန်”(Ma Teng) နှင့်စစ်သည်များချီတက်လာရာ


တံတုင
ိးပေါ်တွင် “ချောင်ချောင်း”(Cao Cao) အမှတ်အသား အလံနှင့် နဖူးစည်းများမြင်သော်
“ချောင်ချောင်း”(Cao Cao) ကိုယ်တိုင် စစ်ဆေးမည်ဟုသိလေသည်။ သိ့န
ှုင့် ဆက်ချီတက်နေစဉ်
အချက်ပြဗုံးပေါက်ကွဲပြီး အရပ်လေးမျက်နှာမှ "ရွှီချူ"(Xu Chu) ၊ "ရှဟိုယွမ်"(Xiahou Yuan) ၊
"ချောင်ဟုန်"(Cao Hong) နှင့် "ရွှီဟမ
ွ်"(Xu Huang) ဦးဆောင်သော
လက်နက်ကိုင်တပ်များထွက်လာသည်။ အနောက်ပိုင်းတပ်များ ချေမှုန်းခံရလေသည်။

“မာထန်”(Ma Teng) သည် အမှားကိုသိပြီးနောက် သား ၂ ယောက်နှင့်အတူ ရဲဝံ့စွာတိုက်ခိုက်ကာ


ထောင်ချောက်မှ ဖောက်ထက
ွ်လေသည်။ “မာထျဲ”(Ma Tie) မှာ မြားဒဏ်ချက်များစွာနှင့်
ကျဆုံးလေသည်။ ကျန် ၂ ယောက်မှာ အဖက်ဖက်မှ အ၀ိုင်းခံရသည်။ လူမှာ ဒဏ်ရာဗလပွနှင့်၊
မြင်းမှာလည်း မြားချက်များစွာနှင့် နောက်ဆုံးအဖမ်းခံရတော့သည်။

“မာထန်”(Ma Teng)၊ “မာရှို့ ”(Ma Xiu) နှင့် သနားစရာ “ဟွမ်ခွေ့”(Huang Kui) တို့ကို
“ချောင်ချောင်း”(Cao Cao) ရှေ့မှောက်ခေါ်ဆောင်လာကြသည်။ “ဟွမ်ခွေ့”(Huang Kui) က
အပြစ်မရှိကြောင်း ကျယ်လောင်စွာအော်ဟစ်လေသည်။ “ချောင်ချောင်း”(Cao Cao) ကသက်သေ
“မြောင်ကျဲ”(Miao Ze) ကိုခေါ်ပြလိုက်သည်။

ထိုအခါ "မာထန်"(Ma Teng) က စိတ်ဆိုးစွာ

“ဒီအသုံးမကျတဲ့ကောင်ကြောင့် ငါ့အစီအစဉ်ပျက်ရတယ်။ အခုတော့ တိုင်းပြည်ရဲ့ရန်သူကို


မနှိမ်နင်းနိုင်တော့ဘူး ။ ဒါသည်ပင် ကောင်းကင်ရဲ့အလိုပဲလား။” ဟုဆုေ
ိ လသည်။
၃ယောက်လုံးသေဒဏ်ပေးခံရလေသည်။

“မြောင်ကျဲ”(Miao Ze) မှ ဆုလာဘ်အနေဖြင့်

“လီချွန်းရှန်(Li Chunxiang) ကိုလက်ထပ်ယူချင်ပါတယ်၊ တခြားဆုလာဒ်မလိုပါဘူး။” ဟုဆုသ


ိ ည်။
ထိုအခါ “ချောင်ချောင်း”(Cao Cao) မှ ပြုံးလျက်

801
“သူ့အတွက်နဲ့ အိမ်သားတွေအကုန်သေစေခဲ့တယ်။ ဒီလိုလဆ
ိုးကို ချန်ထားလို့ ဘာအကျိုးရှိမလဲ”
ဟုပြောပြီးထိုသူ ၂ဦးကိုပါ သတ်စေသည်။ ထိုအဖြစ်အပျက်ကြို မင်သူအားလုံး
သက်ပြင်းချကြလေသည်။

“ချောင်ချောင်း”(Cao Cao) က ရှီးလျန် စစ်တပ်ကို အမုန်းပွားမည်စိုးသဖြင့်

“ခေါင်းဆောင်တွေရဲ့ လုပ်ရပ်က သူတ့န


ိဲု့ပဲဆိုင်တယ်။” ဟုဆိုလုက
ိသည်။

သို့သော် “မာတိုက်”(Ma Dai) မလွတ်မြောက်စေရန် လမ်းများကိုပိတ်စေသည်။


အထက်တင
ွ်ဆိုခဲ့သလို “မာတိုက”် (Ma Dai) က နောက်ချန်တပ်မှူးဖြစ်သည်။ ပင်မတပ်မှ
လြတေ
် မြာက်လာသော စစ်သားများထံမှ သတင်းရကတည်းက ကြောက်လန့်ကာ စစ်တပ်ကို
ပစ်ပြီး ကုန်သည်ဟန်ဆောင်ကာ ထွက်ပြေးလွတ်မြောက်ပြီးဖြစ်သည်။

“မာထန်”(Ma Teng) ကိုနှိမ်နင်းပြီးသော် “ချောင်ချောင်း”(Cao Cao) သည်


တောင်ပိုင်းကိုစစ်ချီရန်ပြင်သည်။ ထိုစဉ် “လျူဘေ့”(Liu Bei) က စစ်သည်စုဆောင်းနေပြီး
သူ၏ရည်ရွယ်ချက်မှာ အနောက်ဖက်ကို တိုက်ရန် ဖြစ်သည်ကို ကြားသော် “ချောင်ချောင်း”(Cao
Cao) မှာ တုန်လှုပ်လေသည်။ “အနောက်မြစ်နယ်မြေတွေကုသ
ိာ ရရင် အတောင်ပံတွေ
ကောင်းကောင်းဖွံ့ဖြိုးသွားလိမ့်မယ်။” ဟုဆိုလေသည်။
“ချောင်ချောင်း”(Cao Cao) ၏ပြဿနာကိုသိသော် အကြံပေးတယောက်က

“လျူဘေ့(Liu Bei) နဲ့ စွန်းချွမ်(Sun Quan) တယောက်ကိုတယောက်မကူညီအောင်


ဘယ်လိုလုပ်ရမလဲဆုတ
ိာ ကျွန်တော် သိပါတယ်။ တောင်ပိုင်းရော အနောက်ပိုင်းရော
ဝန်ကြီးချုပ်ရဲ့နယ်မြေဖြစ်လာစေ့မယ်။” ဟုဆုေ
ိ လသည်။

802
အခန်း(၅၈) "မာချောင်း"(Ma Chao) သည် လက်စားချေရန် စစ်ချီတက်ခြင်း။ "ချောင်ချောင်း"(Cao
Cao) သည် ကိုယ်ရောင်ဖျောက်ကာထွက်ပြေးရခြင်း။

"ချောင်ချောင်း"(Cao Cao) မှ စကားပြောသောအမှုထမ်းကိုမေးလိုက်သည်။

"အဆွေ ချန်ချွင်(Chen Qun) ရဲ့အကြံကောင်းက ဘာများပါလိမ"့်

"ချန်ချွင်"(Chen Qun) မှ

"သခင်ကြီးရဲ့အဓိကရန်သူနှစ်ဦးဖြစ်တဲ့ လျူဘေ့(Liu Bei) နဲ့ စွန်းချွမ်(Sun Quan) တို့ဟာ


နှုတခ
် မ်းနဲ့သွားလိုရင်းနှီးတဲ့မဟာမိတ်တွေဖြစ်နေတယ်။ ဒါပေမယ့် လျူဘေ့(Liu Bei) က
အနောက်ဘက်မြစ်နားကနယ်မြေကိုလိုချင်တယ်။ ဝန်ကြီးချုပ်ကသာ အင်အားကြီးတဲ့စစ်တပ်စေလွှတ်ပြီး
စွန်းချွမ်(Sun Quan) ကိုတုက
ိရင် စွန်းချွမ်(Sun Quan) က လျူဘေ့(Liu Bei) ဆီက
အကူအညီတောင်းမှာပဲ။ အနောက်ဘက်နယ်ကိုလိုချင်တဲ့လျူဘေ့(Liu Bei) က စွန်းချွမ်(Sun Quan)
ကိုကူမှာမဟုတ်ဘူး။ အဲ့လိုသာဆို တောင်ပိုင်းပြည်နယ်က ဝန်ကြီးချုပ်လက်ထဲရောက်လာနိုင်တယ်။ ပြီးရင်
အနောက်ပိုင်းကိုသိမ်းပြီးတာနဲ့ တစ်တိုင်းပြည်လံုး က ဝန်ကြီးချုပ်လက်ထဲရောက်သွားပြီပေါ့" ဟုပြောသည်။

"ကျုပ်အတွေးတွေကိုဖွင့်ချလိုက်သလိုပဲ"

ထို့နောက် စစ်သားသုံးသိန်းကို တောင်ပိုင်းပြည်နယ်သို့စေလွှတ်လိုက်သည်။ ဟဲဖေးတွင်ရှိသော


"ကျန်းလျောင်"(Zhang Liao) က စားနပ်ရိက္ခာတို့ ကိုတာဝန်ယူသည်။

ရန်သတ
ူ့ို စစ်ချီလာသည့်သတင်းကိုကြားသော "စွန်းချွမ်"(Sun Quan) သည်
အကြံပေးတို့ကိုခေါ်ကာတိုင်ပင်သည်။ "ကျန်းကျောက်"(Zhang Zhao) မှ

"လူဆု(Lu Su) ကို လျူဘေ့(Liu Bei) ထံစာပို့ပြီး အကူအညီတောင်းစေရမယ်။ သူတို့ ကရင်းနှီးတော့


ကူညီမှာပဲ။ ဒါ့အပြင် လျူဘေ့(Liu Bei) က သခင်ကြီးရဲ့ယောက်ဖတော်ဖြစ်သွားပြီဆိုတော့
ငြင်းစရာအကြောင်းမရှိဘူး။ လျူဘေ့(Liu Bei) အကူအညီရရင် ရန်သူတွေကိုပူစရာမလိုပါဘူး"
ဟုပြောသည်။

"စွန်းချွမ်"(Sun Quan) သည်လည်း "လူဆ"ု (Lu Su) ကို "လျူဘေ့"(Liu Bei) ထံမှ
အကူအညီတောင်းသည်။ "လူဆု"(Lu Su) သည် "လျူဘေ့"(Liu Bei) ထံစာတစ်စောင်ပို့လိုက်သည်။
ထိုစာကိုဖတ်ပြီးနောက် "လျူဘေ့"(Liu Bei) သည် စာပို့သူကို အနားယူစေပြီးသောအခါဝယ်
နန်ကျွ င်းမှလာမည့် "ကျူးကဲလျန့်"(Zhuge Liang) ကိုစောင့်သည်။ "ကျူးကဲလျန့်"(Zhuge Liang)
ရောက်လာသောအခါ ၎င်းစာကိုပြလိုက်သည်။

803
အကြံပေးမှ

"တောင်ပိုင်းပြည်နယ်က စစ်တပ်တွေလှုပ်စရာမလိုသလို ကျွန်တော်တို့ လည်းစစ်ကူလတ


ွှ်စရာမလိုပါဘူး။
ချောင်ချောင်း(Cao Cao) ဒီအရှေ့တောင်အရပ်ကိုမျက်စောင်းမထိုးရဲအောင် လုပ်လို့ ရတယ်" ဟုပြောသည်။

ထို့နောက် "ကျူးကဲလျန့်"(Zhuge Liang) မှ အောက်ပါစာကိုရေးလေသည်။

'ခင်ဗျားတို့ တွေ စိတ်မပူပဲအေးအေးဆေးဆေးသာနေပါ။ မြောက်ပိုင်းတပ်တွေက မကြာခင်မှာ


တပ်ပြန်ဆုတ်သွားလိမ့်မယ်'

ထိုစာကို စာပို့သူမှတဆင့်ပြန်ထည့်ပေးလိုက်လေသည်။

"လျူဘေ့"(Liu Bei) မှ

"အကြံပေးအရာရှိက ချောင်ချောင်း(Cao Cao) ရဲ့စစ်သားသုံးသိန်းကို


ပြန်လည
ှ့်သွားအောင်ဘယ်လိုလုပ်မလို့ လဲ" ဟုမေးသည်။

"ချောင်ချောင်း(Cao Cao) ရဲ့ပူပင်မှုက ရှီးလျန်ပဲ။ ဟိုတလောက သူက မာထန်(Ma Teng) နဲ့


သူ့သားတွေကိုသတ်လိုက်တော့ ရှီးလျန်ကလူတွေက စိတ်တိုနေကြတယ်။ အခုအချိန်မှာ သခင်ကြီးက
မာချောင်း(Ma Chao) ဆီကိုစာရေးပြီး စစ်ချီတက်ဖို့တိုက်တွန်းလိုက်ရင် ချောင်ချောင်း(Cao Cao) က
တောင်ပိုင်းပြည်နယ်ကိုကျူးကျော်ဖို့ စိတက
်ူးရဲမှာတောင်မဟုတ်ဘူး"

ထို့နောက် "လျူဘေ့"(Liu Bei) သည် စာတစ်စောင်ရေးကာ ယုံကြည်ရသောလူကိုလွှတ်ပြီး


"မာချောင်း"(Ma Chao) ထံပို့ လိုက်သည်။

ထိုအချိန်တွင် "မာချောင်း"(Ma Chao) သည် ရှီးလျန်တွင်ရှိနေသည်။ တစ်ညဝယ် သူ၏အိပ်မက်ထဲတင


ွ်
နှင်းပြင်ကြီးတွင် များစွာသောကျားတို့ က သူ့ကိုကိုကသ
် ည်ဟု အိပ်မက်မက်သည်။ "မာချောင်း"(Ma Chao)
မှာ လန့်နိုးလာပြီး ထိုအိပ်မက်သည် မည်သည့်နိမိတ်ကိုဆောင်ကြောင်းတွေးလေသည်။ သို့ သော်လည်း
ကြံဆမရသည်နှင့် အမှုထမ်းတို့အား မေးသည်။ အမှုထမ်းတစ်ဦးမှာ
မကောင်းသောနိမိတ်ဖြစ်ကြောင်းပြောသည်။ ပြောသူမှာ စစ်သူကြီး "ဖန်တဲ"(Pang De) ဖြစ်သည်။

"ခင်ဗျားက ဒါကိုဘယ်လန
ိုမိတဖ
် တ်မလဲ"

"နှင်းပြင်မှာ ကျားကိုမြင်တာက အင်မတန်ဆိုး ရွားတဲ့နိမိတ်ပါ။ မြို့တော်မှာ စစ်သူကြီး


ဒုက္ခတွေ့နေပြီထင်တယ်"

ထိုအချိန်တွင်ပင် လူတစ်ဦးသည် အလျင်စလိုဖြင့် ငိုယိုကာ ရောက်လာသည်။

804
"ဦးလေးနဲ့ သူ့သားတွေ သေသွားပြီ"

ထိုသူမှာ "မာတိုက်"(Ma Dai) ဖြစ်ပြီး "မာထန်"(Ma Teng) ၏တူတော်သည်။ "မာတိုက"် (Ma Dai) က
အကြောင်းစုံပြောပြသည်။

"ဦးလေးနဲ့ ဟွမ်ခွေ့(Huang Kui) တို့ က ချောင်ချောင်း(Cao Cao) ကိုလုပ်ကြံဖို့လုပ်ပေမယ့်


သတင်းပေါက်ကြားသွားခဲ့တယ်။ မာတျဲ(Ma Tie) က စစ်ပွဲမှာကျသွားပြီး ဦးလေး မာထန်(Ma Teng) နဲ့
မာရှို့ (Ma Xiu) တို့ ကို ဈေးထဲမှာ သေဒဏ်ပေးလိုက်တယ်၊ ကျွန်တော်က တိတတ
် ဆိတ်ထွက်ပြေးလာတာ"

"မာချောင်း"(Ma Chao) သည် မြေပေါ်သို့ လဲသွားကာ သည်းထန်စွာငိုသည်။ ထို့နောက် ရန်သူဖြစ်သော


"ချောင်ချောင်း"(Cao Cao) အပေါ်ဒေါသထွက်ပြီး အံကိုကြိတ်သည်။ ဘေးမှလူတို့က "မာချောင်း"(Ma
Chao) ကိုထူပေးကြသည်။

မကြာမီတွင်ပင် "လျူဘေ့"(Liu Bei) ထံမှစာရောက်လာသည်။ ထိုစာတွင်


အောက်ပါအတိုင်းရေးထားလေသည်။

'ဟန်ခေတ်ရဲ့နောက်ပိုင်းနေ့ရက်တွေမှာ သူပုန်ချောင်ချောင်း(Cao Cao) ဟာ အာဏာကိုချုပ်ကိုင်ထားပြီး


ဘုရင်ကို ရန်မူပြီးတော့ တိုင်းသူပြည်သားတွေကို နှိပ်စက်တယ်။ ကျုပ် လျူဘေ့(Liu Bei) နဲ့
ခင်ဗျားအဖေဖြစ်တဲ့ မာထန်(Ma Teng) တို့ဟာ အဲ့သူပုန်ကိုနှိမ်နှင်းမယ်ဆိုပြီး စာလွှာမှာ
လက်မှတ်ထိုးခဲ့ကြတယ်။ အခုတော့ ခင်ဗျားအဖေဟာ အာဏာရှင်ရဲ့လက်အောက်ကျသွားပြီး
အသက်ပေးခဲ့ရပြီ။ ဒီတော့ သူ့အတွကလ
် က်စားချေရမယ်။ ကိုယ်နဲ့ ကိုယ့်ရန်သူဟာ
ကောင်းကင်တစ်ခုတည်းအောက်၊ တစ်နေရောင်တည်းအောက်မှာ နေလို့မဖြစ်ဘူး လို့
ရှေးစာထဲမှာဆိုခဲ့ကြတယ်။ ခင်ဗျားသာ ချောင်ချောင်း(Cao Cao) ကိုတစ်ဖက်ကတိုက်ရင်
ကျုပ်ကစစ်တပ်တွေကိုဦးဆောင်ပြီး သူ့ပြေးပေါက်ကိုပိတ်ထားမယ်။ အဲ့လိုသာဆိုရင်
သူ့ကိုဖမ်းနိုင်ပြီးရှင်းထုတန
ိုင်မယ်။ ခင်ဗျားအဖေအတွက် လက်စားချေရာလည်းကျသလို
တိုင်းပြည်ကြီးကိုလည်း အကျိုးပြုမယ်။ နောက်ထပ်ဆက်ရေးချင်ပေမယ့်လည်း ဒီမှာပဲရပ်ပြီး
ခင်ဗျားရဲ့ပြန်စာကိုမျှော်နေပါ့မယ်'

"မာချောင်း"(Ma Chao) သည် မျက်ရည်တို့ ကိုသုတ်ပြီးနောက် ပြန်စာတစ်စောင်ရေးကာ ပေးလိုက်သည်။


ရှီးလျန်စစ်တပ်သည် စစ်ချီတက်ရန် မြင်းနှင့်ခြေလျင်တပ်တို့ ကို အဆင်သင့်ပြင်လေသည်။ စစ်ချီမတက်ခင်
တစ်ရက်အလိုတွင် ရှီးကျိုးနယ်စား "ဟန်ဆွေ"(Han Sui) ရောက်လာပြီး "ချောင်ချောင်း"(Cao Cao)
ထံမှစာကို "မာချောင်း"(Ma Chao) အားပြသည်။ ထိုစာထဲတွင် "မာချောင်း"(Ma Chao) ကိုဖမ်းနိုင်ပါက
ရှီးလျန်ကိုအပိုင်စားပေးမည်ဟုကတိပြုထားသည်။ ထိုအခါ "မာချောင်း"(Ma Chao) သည် ဒူးထောက်ကာ

805
"ကျွန်တော့်ကိုဖမ်းချင်ရင် လှံတစ်စင်းတောင် ကိုင်စရာမလိုပါဘူး၊ ဒီအတိုင်းတုတေ
် နှာင်ပြီးဖမ်းသွားပါ"
ဟုပြောသည်။ သို့သော် "ဟန်ဆွေ"(Han Sui) က "မာချောင်း"(Ma Chao) ကို ထစေကာ

"မင်းအဖေနဲ့ငါနဲ့က သွေးသောက်ညီအစ်ကိုတွေလေ၊ ငါကမင်းကိုဒုက္ခမပေးပါဘူး။ မင်းစစ်ထွက်တိုက်ရင်


ကူတောင်ကူပေးဦးမယ်" ဟုပြောသည်။ "မာချောင်း"(Ma Chao) ကလည်း ကျေးဇူးတင်စကားပြောသည်။
ထို့နောက် "ချောင်ချောင်း"(Cao Cao) ၏ဆက်သားကို ခေါင်းဖြတ်သတ်လိုက်သည်။ ပြီးနောက်တွင်
ထိုသူနှစ်ဦးတို့သည် ကိုယ်ပိုင်တပ်ဖွဲ့ များကိုဦးဆောင်ကာ ချီတက်သည်။

"ဟန်ဆွေ"(Han Sui) လက်အောက်တွင် တပ်မကြီးရှစ်ခုရှိပြီး ထိုတပ်မတို့ ကို


စစ်သြူ ကီးရှစ်ဦးတို့ဦးဆောင်သည်။ ထိုစစ်သူကြီးတို့မှာ "ရန်ချို"(Yang Qiu) ၊ "ချန်ရင်"(Cheng Yin) ၊
"ဟိုရွှမ်း"(Hou Xuan) ၊ "လျန်ရှင်း"(Liang Xing) ၊ "ချန်ရ"ီ (Cheng Yi) ၊ "လီခန်"(Li Kan) ၊ "မာဝမ်"(Ma
Wan) နှင့် "ကျန်းဟန်"(Zhang Han) တို့ ဖြစ်သည်။ "မာချောင်း"(Ma Chao) လက်အောက်တွင်မူ
"ဖန်တဲ"(Pang De) နှင့် "မာတိုက"် (Ma Dai) ဟူသော ခေါင်းဆောင်နှစ်ဦးရှိသည်။
စုစုပေါင်းတပ်ဖွဲ့အင်အားနှစ်သန
ိးရှိပြီး ထိုတပ်ဖွဲ့ ကြီးသည် ချန်အန်းသို့ ချီတက်လေသည်။

ချန်အန်းမြို့စားမှာ "ကျုံးယောင်"(Zhong Yao) ဖြစ်သည်။ ၎င်းမှာ


ရန်သတ
ူ့ို ချဉ်းကပ်လာသည်ကိုသိသည်နှင့် "ချောင်ချောင်း"(Cao Cao) ထံအကြောင်းကြားစေကာ
ခုခံရန်ပြင်ဆင်သည်။ သူသည် စစ်တပ်တို့ ကို မြေပြင့်လွင်ပြင်သို့ခေါ်သွားကာ
စစ်ဗျူဟာခင်းကျင်းထားလေသည်။

စစ်သားတစ်သောင်းခွဲကိုဦးဆောင်သော "မာတိုက"် (Ma Dai) သည် ရှေးဦးစွာရောက်လာပြီး


"ကျုံးယောင်"(Zhong Yao) နှင့် စီးချင်းတိုက်ရန်စိန်ခေါ်သည်။ သို့သော် "ကျုံးယောင်"(Zhong Yao)
မှာလက်မခံပဲထွက်ပြေးသည်။ "မာတိုက"် (Ma Dai) သည် နောက်မှလိုက်သည်။ မကြာမီတွင်ပင် ရှီးလျန်၊
ရှီးကျိုးတပ်ဖွဲ့ ကြီးရောက်လာပြီး ချန်အန်းမြို့ကိုဝန်းရံထားလေသည်။

806
ချန်အန်းမြို့သည် အနောက်ပိုင်းဟန်၏မြို့တော်ဖြစ်ခဲ့ပြီး တံတိုင်း၊ မြို့ရိုးတို့ လုံခြုံစွာရှိသဖြင့်
ပြင်ပတိုက်ခိုကမ
ှ်ုကို ခုခံနိုင်သည်။ မြို့ကိုဆယ်ရက်ကြာဝန်းရံထားသော်လည်း မသိမ်းနိုင်ပေ။ ထိုအခါ
"ဖန်တ"ဲ (Pang De) မှ အကြံအစည်တစ်ခုလုပ်ဆောင်ရန် အကြံပြုသည်။

"ဒီနားတဝိုက်က မြေပြင်က ကြမ်းတမ်းပြီး ရေကလည်းခါးတဲ့အတွက် လူတွေဟာ ဘေးပတ်ဝန်းကျင်က


နယ်တွေနဲ့အဆက်အသွယ်လုပ်ရမှာပဲ။ ဒါ့အပြင် သူတို့ မှာ လောင်စာလည်းမရှိလောက်တော့ဘူး။
မြို့ကိုဆယ်ရက်လောက်ဝန်းရံထားလိုက်တော့ ရိက္ခာတွေကုန်နေလောက်ပြီ။ ကျွန်တော်တို့ တွေ
ခဏလောက်တပ်ဆတ
ုလိုက်မယ်ဆိုရင် လက်တစ်ချောင်းတောင်မလှုပ်ရပဲ မြို့ကိုသိမ်းနိုင်လိမ့်မယ်"

"မာချောင်း" : "ခင်ဗျား အကြံကောင်းတယ်"

ထို့နောက် "မာချောင်း"(Ma Chao) သည် တပ်ဆုတ်ရန်အမိန့် ပေးလိက


ုြ် ပီး ဆုတ်ခွာသွားကြသည်။
"ကျုံးယောင်"(Zhong Yao) သည် ရန်သူတို့ဆုတ်ခွာသွားသည်ကိုမြင်သော်လည်း
လှည့်ကွက်ဖြစ်မည်စိုးရိမ်သဖြင့် သူလျှိုတို့ကိုလွှတြ် ပီး စုံစမ်းစေသည်။ သူလျှိုတို့က ရန်သူ့ တပ်သည်
အဝေးတစ်နေရာသို့ရောက်သွားပြီဖြစ်ကြောင်း ပြန်လာပြောလေသောအခါမှ စိတ်အေးသွားပြီး
စစ်သားနှင့်အရပ်သားတို့ကို အပြင်သို့ထွက်ခွင့်ပြုလိုက်ပြီး ထင်း၊ ရေ အစရှိသည်တို့ ကို
အနီးအနားနယ်ပယ်တို့ မှ ယူစေသည်။ မြို့တံခါးကိုလည်း ဖွင့်ထားကာ လူအပေါင်းတို့ ဝင်လိုက်၊
ထွက်လိုက်နှင့် စည်ကားနေသည်။

ဤသို့နှင့်ငါးရက်ကြာသောအခါဝယ် "မာချောင်း"(Ma Chao)


၏စစ်တပ်ကြီးပြန်ချီတက်လာပြီဟူသောသတင်းကိုကြားသောအခါ လန့်သွားကြသည်။ လူတို့ သည်
မြို့အတွင်းသို့ ပြန်ဝင်သွားပြီး မြို့တံခါးကိုလည်းပိတ်ထားလိုက်သည်။

အနောက်တံခါးကိုစောင့်သောစစ်သူကြီးမှာ "ကျုံးယောင်"(Zhong Yao) ၏ညီ "ကျုံးကျင်း"(Zhong Jing)


ဖြစ်သည်။ ညသုံးချက်တီးအချိနခ
် န့်တွင် မီးအလင်းရောင်တစ်ခုသည်
တံခါးအတွင်းလှုပ်ရှားနေသည်ကုေ
ိ တွ့သဖြင့် "ကျုံးကျင်း"(Zhong Jing) မှသွားကြည့်သည်။
ထိုနေရာသို့ အရောက်တွင် လူတစ်ယောက်ထွက်လာပြီး "ကျုံးကျင်း"(Zhong Jing) ကို
ဓားနှင့်ခုတလ
ိုက်သည်။ ပြီးနောက် ထိုလမ
ှူ

"ဒီမှာ ဖန်တ(ဲ Pang De) ပဲက"ွ ဟုပြောလေသည်။ "ကျုံးကျင်း"(Zhong Jing) မှာ


ရုတတ
် ရတ်အတိုက်ခံရသဖြင့် ပြန်မခုခံနိုင်ပဲ သေဆုံးသွားလေသည်။ မြို့စောင့်ကိုရှင်းထုတြ် ပီးနောက်
မြို့တံခါးကိုဖွင့်လိုက်လေရာ "မာချောင်း"(Ma Chao) နှင့် "ဟန်ဆွေ"(Han Sui) တို့တပ်သည်
မြို့အတွင်းသို့ ဝင်ရောက်လာသည်။

807
"ကျုံးယောင်"(Zhong Yao) မှာ အခြေအနေမကောင်းသဖြင့် အရှေ့ဂိတမ
ှ်ထွက်ပြေးပြီး
မြို့ကိုရန်သူ့လက်ထဲသို့ ဝ,ကွက်အပ်လိုက်ရသည်။ ထုံမန်ခံတပ်သို့ရောက်သောအခါဝယ်
"ချောင်ချောင်း"(Cao Cao) ထံသို့ ထပ်မံအကြောင်းကြားသည်။

တောင်ပိုင်းနယ်သို့ချီတက်ရန်ပြင်နေသော "ချောင်ချောင်း"(Cao Cao) သည်


ချန်အန်းမြို့ကျသွားသည့်သတင်းကိုကြားသောအခါ စစ်ချီတက်မှုကိုရပ်ဆိုင်းလိုကရ
် သည်။ ထို့ နောက်
ချက်ချင်း အမိန့်ပေးလေသည်။

"ချောင်ဟန
ု(Cao Hong) နဲ့ ရွှီဟွမ(် Xu Huang) က စစ်သားတစ်သောင်းကိုဦးဆောင်ပြီး ထုံမန်ခံတပ်က
ကျုံးယောင်(Zhong Yao)ကို စစ်ကူသွားပို့ပါ။ ခင်ဗျားတို့တွေ ခံတပ်ကို ဆယ်ရက်ကြာအောင်
ခုခံထားနိုင်ရမယ်၊ အဲ့လိုမှမဟုတ်ရင် ခင်ဗျားတို့ ခေါင်းနဲ့အပြစ်ပေးဆပ်ရမယ်။
ဆယ်ရက်နောက်ပိုင်းမှာတော့ ခင်ဗျားတို့ တာဝန်မဟုတ်တော့ဘူး ၊ အဲ့အချိန်မှာ ကျုပ်က
ပင်မတပ်ကိုဦးဆောင်ပြီး ရောက်လာမယ်"

"ချောင်ရန်"(Cao Ren) မှ

"ချောင်ဟန
ု(Cao Hong) က စိတ်မြန်တဲ့အတွက် ခံတပ်ကိုထိန်းထားဖို့မသင့်တော်ဘူး၊
တစ်စုံတစ်ခုဖြစ်နိုင်တယ်" ဟုပြောသည်။ "ချောင်ချောင်း"(Cao Cao) မှ

"ခင်ဗျားသွားပြီး သူတို့ ကိုကူညီလုက


ိပါ" ဟုဆိုသည်။

"ချောင်ဟန
ု"(Cao Hong) နှင့် "ရွှီဟွမ"် (Xu Huang) တို့သည် စစ်သားတစ်သောင်းနှင့်
ထုံမန်ခံတပ်သို့သွားပြီး စစ်ကူပေးသည်။ ထုံမန်ခံတပ်မှတပ်သားတို့ သည် ခံစစ်အနေဖြင့်သာ
ရန်သန
ှူင့်တိုက်သည်။ "မာချောင်း"(Ma Chao) သည် နေ့တိုင်းလာပြီး "ချောင်ချောင်း"(Cao Cao)
၏ဆွေမျိုးသုံးဆက်လောက်ကိုဆဲဆိုသော်လည်း ခံတပ်အတွင်းရှိလူတို့မှာ မည်သို့ မျှမချေပချေ။ သို့သော်
"ချောင်ဟန
ု"(Cao Hong) မှာစိတမ
် ထိန်းနိုင်ပဲ ရန်သူနှင့်တိုက်မည်ပြုသည်ကို သူ၏လုပ်ဖော်ကိုင်ဖက်တို့က
တားထားလေသည်။ "ရွှီဟွမ်"(Xu Huang) မှ

"မာချောင်း(Ma Chao) က တမင်သက်သက် မခံချင်အောင်လုပ်ပြီးထွက်လာအောင်လုပ်တာ။ ဒါပေမယ့်


ခင်ဗျား ကိုယ့်တာဝန်ကိုယ်သတိရပြီး မထွကသ
်ွားပါနဲ့။ ဝန်ကြီးချုပ်မှာ အကြံကောင်းရှိပါတယ်"
ဟုပြောသည်။

808
သို့သော်လည်း ထိုအကြံမှာ လိုက်နာရန်ခက်ခဲသည်။ "မာချောင်း"(Ma Chao) ၏စစ်သားတို့ သည်
တစ်လှည့်စီမရပ်မနားဖြင့် နေ့ရောညပါဆဲဆိုကြသဖြင့် "ရွှီဟွမ"် (Xu Huang) မှာ "ချောင်ဟုန်"(Cao Hong)
ကို ထိန်းထားရန်ပို၍ခက်ခဲလာသည်။

ကိုးရက်မြောက်သောနေ့တွင် "မာချောင်း"(Ma Chao) ၏စစ်သားတို့သည် မြင်းတို့ ကို


လွှတ်ပြီးအနားပေးကာလူတို့သည်လည်း မြက်ခင်းပြင်ပေါ်တွင်အိပ်ကာ အနားယူနေကြသည်ကို
ခံတပ်အတွင်းမှ လူတို့ မြင်ကြသည်။ ထိုအခါ "ချောင်ဟုန"် (Cao Hong) က မြင်းစီးကာ
စစ်သားသုံးထောင်ကိုဦးဆောင်ပြီး ရန်သူတို့ကိုရုတ်တရတ်ထွကတ
ိုကမ
် ည်ပြုသည်။ "မာချောင်း"(Ma Chao)
၏စစ်သားတို့ သည် လက်နက်၊ မြင်းအစရှိသည်တို့ ကိုထားကာ ထွကေ
် ပြးလေသည်။ "ချောင်ဟုန်"(Cao
Hong) ကလည်း အနောက်မှလိုက်သည်။

ထိုအချိန်တွင် "ရွှီဟွမ"် (Xu Huang) သည် စားနပ်ရိက္ခာတို့ ကိုကြီးကြပ်နေသည်၊ "ချောင်ဟုန"် (Cao Hong)
ထွက်သွားမှန်းသိလျှင် အနောက်မှလိုက်ပြီး ပြန်လှည့်လာရန်အော်ခေါ်သည်။ ရုတ်တရတ် "ရွှီဟွမ"် (Xu
Huang) နံဘေးမှ "မာတိုက"် (Ma Dai) ထွက်လာပြီးတိုက်လေသည်။ "ချောင်ဟုန်"(Cao Hong) ရော၊
"ရွှီဟမ
ွ်"(Xu Huang) ပါ ပြန်ဆုတ်ကြသည်။ သို့သော် ဗုံသံတို့နှင့်အတူ တောင်ကုန်းနောက်ကွယ်မှ
"မာချောင်း"(Ma Chao) နှင့် "ဖန်တ"ဲ (Pang De) တို့၏တပ်ဖွဲ့ ထွကလ
်ာသည်။ "မာချောင်း"(Ma Chao)
၏စစ်တပ်ကြီးသည် ခံတပ်သို့ဝင်ရောက်လာသဖြင့် "ချောင်ဟုန"် (Cao Hong) တို့တပ်ဖွဲ့ မှာ
ခံတပ်ကိုစွန့် ပြီးပြေးရသည်။

"ဖန်တ"ဲ (Pang De) သည် "ချောင်ဟုန်"(Cao Hong) နောက်မှလိုက်သည်။ သို့သော် "ချောင်ရန်"(Cao


Ren) ရောက်လာပြီး "ချောင်ဟုန်"(Cao Hong) ကိုကယ်ပြီးနောက် တပ်ဆုတ်သွားသည်။ "မာချောင်း"(Ma
Chao) နှင့် "ဖန်တ"ဲ (Pang De) တို့သည် ခံတပ်ကုသ
ိမ်းလိုက်နိုင်သည်။

"ချောင်ဟန
ု"(Cao Hong) သည် သခင်ဖြစ်သူထံပြန်သွားကာ သတင်းဆိုးကိုပြောပြသည်။

"မင်းကို ဆယ်ရက်ထိန်းခိုင်းထားတာ ဘာလို့ကိုးရက်မြောက်နေ့မှာ ခံတပ်ကထွက်သွားရတာလဲ"

"ရှီးလျန်တပ်တွေက ကျွန်တော်တို့ကို စကားနဲ့စော်ကားလို့ပါ။


သူတို့ အဆင်သင့်မဖြစ်ဘူးထင်ပြီးတိုက်မယ်လုပ်တာ သူတို့ ထောင်ချောက်ထဲဝင်မိသွားတယ်"

"မင်းက ငယ်ရွယ်ပြီးမိုက်ရူးရဲဆန်တယ်။ ဒါပေမယ့် ရွှီဟွမ(် Xu Huang) က ဒါကိုသိသင့်တယ်"

ထိုအခါ "ရွှီဟွမ်"(Xu Huang) မှ

"ကျွန်တော် သူ့ကိုအကြိမ်ပေါင်းများစွာပြောပေမယ့် သူကနားမထောင်ဘူး။ အဲ့နေ့က ကျွန်တော်


ခံတပ်အခြားတစ်ဖက်မှာ ရိက္ခာတွေသိုလှောင်နေတာ။ ကျွန်တော်သတင်းကြားတာနဲ့
သူ့နောက်လိုက်သွားတာပဲ။ ဒါပေမယ့် နောက်ကျသွားခဲ့တယ်" ဟုပြောသည်။

809
"ချောင်ချောင်း"(Cao Cao) သည် ဒေါသထွက်ကာ "ချောင်ဟုန်"(Cao Hong)
ကိုသေဒဏ်ပေးမည်ပြူသည်။ သို့ သော်လည်း အခြားအမှုထမ်းတို့က ဝိုင်းတားသဖြင့် အပြစ်မပေးတော့ပေ။

"ချောင်ချောင်း"(Cao Cao) ၏စစ်တပ်ကြီးသည် ထုံမန်ခံတပ်သို့ ချီတက်လေသည်။ "ချောင်ရန်"(Cao Ren)


မှ

"ရန်သူကိုမတိုက်ခင် ခိုင်မာတဲ့စခန်းတစ်ခုဆောက်သင့်တယ်" ဟုပြောသည်။ သို့ နှင့်


သစ်ပင်တို့ ကိုခုတ်လှဲကာ စခန်းတည်ဆောက်သည်။ စခန်းသုံးခုရှိပြီး "ချောင်ရန်"(Cao Ren) သည်
ဘယ်ဘက်၊ "ရှဟိုယွမ"် (Xiahou Yuan) သည် ညာဘက်တွင်နေကာ "ချောင်ချောင်း"(Cao Cao)
ကအလယ်တွင်နေသည်။

"ချောင်ချောင်း"(Cao Cao) ၏စစ်တပ်ကြီးသည် ရှီးလျန်တပ်နှင့်တွေ့သောအခါ စစ်ဗျူဟာခင်းကျင်းပြီး


အဆင်သင့်ပြင်ထားစေသည်။ တစ်ဖက်တပ်ဖွဲ့ ၏စစ်သားတို့သည်
အင်မတန်ရဲဝံ့သူများဖြစ်ကြောင်းတွေ့လေသည်။ ထို့ အပြင် ခေါင်းဆောင် "မာချောအင်း"(Ma Chao) မှာ
ကြီးမားသောလက်မောင်း၊ နက်နဲသောအသံ၊ သန်မာသောအစွမ်းတို့ရှိသူဖြစ်သည်။ သူသည်
ငွေရောင်ခမောက်နှင့်သံချပ်ကာကိုဝတ်ဆင်ထားကာ လှံရှည်ကြီးကိုကိုင်ထားသည်။ ဘေးတွင်
"ဖန်တ"ဲ (Pang De) နှင့် "မာတိုက်"(Ma Dai) တို့ရှိသည်။ "မာချောင်း"(Ma Chao)
၏အသွငအ
် ပြင်ကိုမြင်သောအခါ "ချောင်ချောင်း"(Cao Cao) မှာလေးစားသွားသည်။

"ချောင်ချောင်း"(Cao Cao) ကတပ်ရေ


ှ့သို့ ထွက်ကာ

"မင်းက ဘာလို့ မင်းအဖေ၊အဘိုးတွေ သစ္စာရှိရှိအမှုထမ်းခဲ့တဲ့ ဟန်တိုင်းပြည်ကြီးကိုသစ္စာဖောက်ရတာလဲ"


ဟုအော်ပြောသည်။ ထိုအခါ "မာချောင်း"(Ma Chao) သည် အံကြိတ်ကာ

"သူပုန်! ဘုရင်နဲ့တိုင်းသူပြည်သားတွေကိုသစ္စာဖောက်တဲ့လ!ူ
ကျုပ်အဖေနဲ့ကျုပ်ညီအစ်ကိုတွေကိုသတ်တဲ့လူ! ကျုပ်သေရင်တောင် ခင်ဗျားအပေါ်မုန်းတီးမှုက
ပျောက်မှာမဟုတ်ဘူး ။ ခင်ဗျားနဲ့ကျုပ် တစ်မိုးတည်းအောက်မှာရှိဖို့မဖြစ်နိုင်ဘူး။ ခင်ဗျားကိုသတ်ပြီး
ကျုပ်အာသာကိုဖြေဖျောက်ရမယ်" ဟုပြောသည်။

ထို့နောက် "မာချောင်း"(Ma Chao) သည် လှံကုက


ိုင်ကာထွက်လာပြီး "ချောင်ချောင်း"(Cao Cao)
ကိုတိုက်မည်ပြုသည်။ သို့သော် "ယွီကျင်"့ (Yu Jin) မှထွက်လာပြီး တိုက်လေသည်။ နှစ်ဦးသား

810
တခဏကြာတိုက်ပြီးနောက် "ယွီကျင်"့ (Yu Jin) ထွက်ပြေးရသည်။ ထို့နောက် "ကျန်းဟဲ"(Zhang He)
ထွက်လာပြီး "မာချောင်း"(Ma Chao) နှင့်တိုက်ပြန်သည်။ အကွက်နှစ်ဆယ်ခန့်တိုက်ပြီးနောက်တွင်
"ကျန်းဟဲ"(Zhang He) လည်းပြေးရလေသည်။ နောက်ထွကလ
်ာသူတစ်ဦးမှာ "လီထ"ုံ (Li Tong)
ဖြစ်သည်။ "မာချောင်း"(Ma Chao) မှာ ခွန်အားကြီးလွန်းသဖြင့် တစ်ချက်တည်းနှင့်ပင် "လီထံ"ု (Li Tong)
မှာမြင်းပေါ်မှကျသွားသည်။

ပြီးနောက် "မာချောင်း"(Ma Chao) သည် သူ၏တပ်သားတို့ကို ချီတက်ရန်အမိန့်ပေးလိုက်ရာ


စစ်သားတို့သည် ဒီရေကဲ့သို့ အရှေ့သို့ တိုးကာတိုက်ခိုက်ပြီး "ချောင်ချောင်း"(Cao Cao) ၏တပ်ကို
အသာစီးရလေသည်။ "မာချောင်း"(Ma Chao) ၊ "ဖန်တဲ"(Pang De) နှင့် "မာတိုက"် (Ma Dai) တို့သည်
"ချောင်ချောင်း"(Cao Cao) နောက်မှလိုက်ကြသည်။

"ချောင်ချောင်း"(Cao Cao) ၏အနောက်မှလိုက်နေသောလူတို့ ထဲမှ တစ်ဦးက

"ချောင်ချောင်း(Cao Cao) က အနီရောင်အင်္ကျီဝတ်ထားတယ်ဟေ့" ဟုအော်လေသည်။ ထိုအခါ


"ချောင်ချောင်း"(Cao Cao) မှာ အနီရောင်အင်္ကျီကိုချွ တ်ပြီးပစ်လိုက်သည်။ ထို့နောက်တစ်ဦးက

"မုတဆ
ိတအ
် ရှည်ကြီးနဲ့တစ်ယောက်က ချောင်ချောင်း(Cao Cao) ပဲ" ဟုပြောပြန်သည်။

"ချောင်ချောင်း"(Cao Cao) ကလည်း ဓားဖြင့် သူ့မုတဆ


ိတက
ိုဖြတ်လိုက်သည်။ သို့ သော် "မာချောင်း"(Ma
Chao) ၏စစ်သားတစ်ဦးမှ "ချောင်ချောင်း"(Cao Cao) မှာမုတ်ဆိတ်ဖြတ်လိုကြ် ပီဖြစ်ကြောင်းပြောရာ
မုတဆ
ိတ်တိုသောလူကိုရှာကြပြန်သည်။ ထိုအခါ "ချောင်ချောင်း"(Cao Cao) သည်
အလံမှအစတစ်စကိုယူကာ မေးစေ့တွင်ပတ်လိုက်ပြီး ထွက်ပြေးလေသည်။

"ချောင်ချောင်း"(Cao Cao) မှာခဏကြာခန့်ပြေးပြီးသော် စိတ်အေးသွားသည်။ သို့ သော် မကြာမီတွင်ပင်


အသံတို့ကြားလိုက်ရပြီး အနောက်ဘက်မှ "မာချောင်း"(Ma Chao) လိုက်လာသည်။ "မာချောင်း"(Ma
Chao) မှ

"ချောင်ချောင်း"(Cao Cao) မပြေးနဲ့" ဟုပြောသည်။ "ချောင်ချောင်း"(Cao Cao) မှာစိတ်တုန်လှုပ်ပြီး


လက်ထဲမှကျာပွတပ
် င်ပြုတ်ကျသွားသည်။ "မာချောင်း"(Ma Chao) မှာတဖြည်းဖြည်းနီးကပ်လာပြီး
လှံနှင့်ထိုးမည်အပြုတွင် "ချောင်ချောင်း"(Cao Cao) ကသစ်ပင်ကိုအကာအကွယ်ယူလိုက်သဖြင့်
လှံမှာသစ်ပင်တွင်စိုက်သွားသည်။ ၎င်းမှာ "ချောင်ချောင်း"(Cao Cao) အတွက်အခွင့်အရေးဖြစ်သွားပြီး
ဆက်ပြေးလေသည်။ "မာချောင်း"(Mao Chao) ကလည်း လှံကိုနှုတ်ပြီး "ချောင်ချောင်း"(Cao Cao)
နောက်မှဆက်လုက
ိသည်။

811
တောင်ကုန်းတစ်ခုနားအရောက်ဝယ်

"ငါ့သခင်ကိုရန်မပြုနဲ့" ဟူသောအသံနှင့်အတူ လူတစ်ဦးထွကလ


်ာသည်။ ထိုသူမှာ "ချောင်ဟုန"် (Cao
Hong) ဖြစ်သည်။ "ချောင်ဟုန်"(Cao Hong) သည် "မာချောင်း"(Ma Chao) နှင့်
အကွက်ငါးဆယ်ခန့်တိုက်လေသည်။ ထိုသို့ တိုက်ပြီးနောက်တွင် "ချောင်ဟုန်"(Cao Hong) မှာ
ပင်ပန်းနွမ်းနယ်သွားပြီး ဆက်မတိုက်နိုင်တော့ပေ။ ထိုအချိန်တွင် "ရှဟိုယမ
ွ်"(Xiahou Yuan) သည်
မြင်းသည်တော်သုံးကျိပ်ကိုဦးဆောင်ကာရောက်လာသဖြင့် "မာချောင်း"(Ma Chao) မှာ
ပြန်လည
ှ့်သွားရသည်။

ပြီးနောက် "ချောင်ချောင်း"(Cao Cao) ကို "ချောင်ရန်"(Cao Ren) ၏စခန်းသို့ ခေါ်သွားသည်။ စခန်းတို့မှာ


ရန်သတ
ူ့ို ၏ဖျက်စီးမှုမခံရသေးပေ။ "ချောင်ချောင်း"(Cao Cao) သည် ရွက်ဖျင်တဲတွင်ထိုင်ပြီးနောက်

"ငါသာ ချောင်ဟုန(် Cao Hong) ကိုသတ်ခဲ့ရင် ငါလည်းမာချောင်း(Ma Chao)


လက်ချက်နဲ့သေနေလောက်ပြီ" ဟုပြောကာ "ချောင်ဟုန"် (Cao Hong) ကိုဆုချလေသည်။

"ချောင်ချောင်း"(Cao Cao) သည် တစ်နေရာဆီပြိုကွဲသွားသော စစ်သားတို့ ကိုပြန်စုဆောင်းသည်။


"မာချောင်း"(Ma Chao) သည် စခန်းသို့ နေ့တိုင်းလာကာ စိန်ခေါ်လေသည်။ သို့သော်လည်း
"ချောင်ချောင်း"(Cao Cao) ၏အမိန့် ဖြင့် မည်သူမျှ စိန်ခေါ်မှုကုမ
ိ တုန့်ပြန်ပေ။ အမှုထမ်းတို့ က

"ရန်သူတွေက လှံရှည်တွေသုံးတော့ ကျွန်တော်တို့က မြားတွေ၊ ဒူးလေးတွေသုံးပြီးတိုက်သင့်တယ်"


ဟုပြောသည်။ "ချောင်ချောင်း"(Cao Cao) မှ

"သူတို့က လှံရှည်တွေသုံးပေမယ့် စစ်ပွဲဖြစ်ခြင်း၊မဖြစ်ခြင်းဟာ ကျုပ်ဆုံးဖြတ်ချက်အပေါ်မှာပဲမူတည်တယ်။


ကျုပ်တို့သာအပြင်မထွက်ရင် သူတို့ က ဘယ်တိုက်အန်အင်းမလဲ။ သူတို့ ကို သတိမပြုမိသလိုပဲနေ၊
မကြာခင်မှာ ပြန်လှည့်သွားလိမ့်မယ်" ဟုပြောသည်။

အမှုထမ်းတို့မှာ အံ့အားသင့်သွားသည်။ တစ်ဦးနှင့်တစ်ဦးလည်း ဤသို့ပြောကြသည်။

"ဝန်ကြီးချုပ်က ဒီစစ်ပက
ွဲုက
ိုယတ
ိုင်ဦးဆောင်ပြီးတိုက်တာ ဘာလို့
ဆုံးရှုံးမှုကိုအလွယ်တကူနဲ့ လက်ခံရတာပါလိမ့်"

ရက်အနည်းငယ်ခန့်ကြာပြီးနောက် သူလျှိုတို့မှ

"နယ်စပ်နားမှာရှိတဲ့ ချန်မျိုးနွယ်စုတွေရဲ့တပ်ဖွဲ့ နှစ်သောင်းက မာချောင်း(Ma Chao) ကိုစစ်ကူပေးကြတယ်"


ဟုသတင်းပို့သည်။ ထိုသတင်းကိုကြားသော် "ချောင်ချောင်း"(Cao Cao) မှာဝမ်းသာသွားသည်။
အမှုထမ်းတို့က အကြောင်းအရင်းကိုမေးရာ "ချောင်ချောင်း"(Cao Cao) မှ

812
"ရန်သူတွေကိုတိုက်ပြီးသွားရင် ပြောပြပါ့မယ်" ဟုဆိုသည်။

သုံးရက်ကြာပြီးနောက်တွင် တစ်ဖက်တပ်ဖွဲ့ ထံသို့စစ်ကမ


ျူားရောက်လာကြောင်း
သတင်းရောက်လာပြန်သည်။ ထိုအခါ "ချောင်ချောင်း"(Cao Cao) မှာ ဝမ်းသာရုံမက
စားသောက်ပွဲတည်ခင်းလေသည်။ "ချောင်ချောင်း"(Cao Cao) ၏အပြုအမူကို အမှုထမ်းအချို့တို့က
တိတ်တဆိတ် ပြက်ရယ်ပြုကြသည်။ "ချောင်ချောင်း"(Cao Cao) မှ

"ကျုပ် မာချောင်း"(Ma Chao) ကိုမချေမှုန်းနိုင်လို့ ခင်ဗျားတို့တွေလှောင်ကောင်းလှောင်နေမယ်။ ဒါဆို


ခင်ဗျားတို့ မှာရော ဘာအကြံရှိလ"ဲ ဟုမေးသည်။ "ရွှီဟွမ်"(Xu Huang) မှ

"ဝန်ကြီးချုပ်မှာ ကြီးမားတဲ့စစ်တပ်ကြီးရှိတယ်၊ ရန်သေ


ူ တွကလည်း ခံတပ်ကိုအခိုင်အမာယူထားပြီး
စစ္ကေ
ူ တွလည်းရနေတယ်။ ဒါဆိုရင် မြစ်ဝါမြစ်ရဲ့အနောက်ဘက်အပိုင်းကိုတော့ မပြင်ဆင်ထားဘူး။
သခင်ကြီးသာ စစ်တပ်တစ်တပ်ကို တိတတ
် ဆိတ်ချီတက်စေပြီး မြစ်ကိုဖြတ်ပြီးတော့
ကြောင်မြီးကူးတို့ ကိုဖြတ်နိုင်ရင် သူတို့ ရဲ့ ပြေးပေါက်ကိုပိတ်နိုင်မယ်။ အောက်ဘက်ကိုဆက်ချီတက်ပြီး
ဝေမြစ်ကမ်းနားကရန်သူတွေကိုပါတိုကန
ိုင်ရင်တော့ သူတို့မှာစစ်ကရ
ူ ဖို့လမ်းမရှိတော့တဲ့အတွက်
ရှုံးနှိမ့်မှာဧကန်ပဲ" ဟုပြောသည်။

"ခင်ဗျားပြောတာ ကျုပ်ကြံစည်ထားတဲ့အတိုင်းပဲ"

ထို့နောက် "ရွှီဟွမ်"(Xu Huang) ကို "ကျူးလင်"(Zhu Ling)


နှင့်အတူစစ်သားလေးထောင်ဦးဆောင်စေကာ မြစ်ဝါမြစ်၏အနောက်ဘက်သို့ သွားစေပြီး
"ချောင်ချောင်း"(Cao Cao) ၏တပ် မြစ်ဝါမြစ်ကိုမဖြတ်ခင်အထိ ပုန်းနေစေသည်။ သို့မှသာ
တပ်ဖွဲ့နှစ်ဖွဲ့မှပေါင်းပြီး ရန်သူကိုတိုက်နိုင်မည်ဖြစ်သည်။ "ချောင်ဟုန်"(Cao Cao) ကို သင်္ဘော၊
လှေတို့ ပြင်ဆင်ထားစေပြီး "ချောင်ရန်"(Cao Ren) ကိုမူ စခန်းကိုစောင့်ကြပ်ထားစေသည်။
"ချောင်ချောင်း"(Cao Cao) ကိုယ်တိုင်မှာမူ မြစ်ဝါမြစ်၏အရှေ့ဘက်သို့ ချီတက်ပြီး ထိုမှတဆင့်
အနောက်ဘက်ဆိပ်ကမ်းသို့ သွားမည်ဖြစ်သည်။

"မာချောင်း"(Ma Chao) ရန်သတ


ူ့ို ၏လှုပ်ရှားမှုကိုကြားလျှင်

"ကျွန်တော် နားလည်ပြီ။ စခန်းကိုထားခဲ့ပြီး လှေတွေပြင်ဆင်နေတယ်။ ဒါဟာ


သူအနောက်ဘက်ဆိပ်ကမ်းကိုကူးပြီး ပြေးပေါက်ပိတ်ချင်လို့ ပဲ။ ကျွန်တော်သာ
မြစ်ကမ်းအတိုင်းချီတက်သွားပြီး သူ့ကိုထိန်းထားရင် အရှေ့ဘက်ဆိပ်ကမ်း သူ့ရိက္ခာတွေက

813
ရက်နှစ်ဆယ်အတွင်းကုန်မှာပဲ။ အဲ့လိုဆို သူ့ရဲမက်တွေက ပုန်ကန်လမ
ိ့်မယ်။ အဲ့အချိန်မှာ ကျွန်တော်က
မြစ်ရဲ့တောင်ဘက်ကိုသွားပြီးတိုက်ရုံပဲ" ဟုပြောသည်။

သို့သော် "ဟန်ဆွေ"(Han Sui) က ထိုအကြံကိုသဘောမတူပေ။

"သူတို့တွေမြစ်ကိုဖြတ်တဲ့အချိန်မှာတိုက်တာ အသင့်တော်ဆုံးပဲ။ ဒါဆို သူ့တပ်သားတွေ


ရေနစ်သေလိမ့်မယ်"

"ဦးလေး အကြံကသင့်လျော်ပါတယ်"

ထို့နောက် "မာချောင်း"(Ma Chao) သည် ဆိပ်ကမ်းသို့သွားပြီး


ရန်သတ
ူ့ို မြစ်ကိုဖြတ်မည့်အချိန်ကိုစောင့်နေသည်။

"ချောင်ချောင်း"(Cao Cao) သည် ပြင်ဆင်မှုများကိုလုပ်ဆောင်ပြီးနောက် ရှေးဦးစွာ


တပ်ဖွဲ့သုံးဖွဲ့ ကိုလွှတ်ပြီးမြစ်ကြို ဖတ်စေသည်။ ထိုအဖွဲ့ တို့ သည် အရုဏ်တက်ချိန်တွင်
တစ်ဖက်ကမ်းသို့ ရောက်လေသည်။ ထို့နောက် အတွေ့အကြုံရင့်ကျက်သူတို့ ကိုလွှတ်ပြီး
စခန်းဆောက်စေသည်။ "ချောင်ချောင်း"(Cao Cao) သည်အရှေ့ဘက်ကမ်းမှ ကြည့်နေသည်။ ထိုအချိန်တွင်

"အဖြူရောင်ဝတ်ဆင်ထားတဲ့စစ်သူကြီးတစ်ယောက်ထွက်လာတယ်" ဟုသတင်းပို့ ကြသည်။ ထိုသူမှာ


"မာချောင်း"(Ma Chao) ဖြစ်မည်မှန်းသိသဖြင့် အကုန်လုံးထိတ်လန့်ကုန်ကာ
လှေအတွင်းသို့ ဝင်ပြေးကြသည်။ ရက်မက်တို့သည် သူ့ထက်ငါအလျင် လှေပေါ်သို့တက်ကြလေသည်။
"ချောင်ချောင်း"(Cao Cao) မှာ အရှုပ်အထွေးမဖြစ်စေရန်သာအမိန့် ပေးပြီး ကြည့်မြဲကြည့်နေသည်။
လူသံမြင်းသံတို့သည် တဖြည်းဖြည်းနီးလာလေသည်။

ထိုအခါ စစ်သြူ ကီးတစ်ဦးမှ

"သူပုန်တွေ အနားကပ်လာပြီ၊ ဝန်ကြီးချုပ် လှေထဲအမြန်ဝင်နေပါ" ဟုပြောသည်။ ထိုပြောသူမှာ "ရွှီချူ"(Xu


Chu) ဖြစ်သည်။ "ချောင်ချောင်း"(Cao Cao) မှ

"သူပုန်တွေအနီးကပ်လာတော့ ဘာဖြစ်လ"ဲ ဟုပြောသည်။

ထိုအချိန်တွင် "မာချောင်း"(Ma Chao) မှာ တဖြည်းဖြည်းအနီးသို့ရောက်လာပြီး "ချောင်ချောင်း"(Cao Cao)


ထံရောက်ရန် ခြေလှမ်းတစ်ရာပင်မလိုတော့ပေ။ ထိုအခါ "ရွှီချူ"(Xu Chu) က "ချောင်ချောင်း"(Cao Cao)
ကိုကျောပိုးကာ ဆိပ်ကမ်းသို့ခေါ်သွားသည်။ လှေမှာ ဆိပ်ကမ်းမှထွကခ
်ွာသွားပြီဖြစ်ပြီး ကမ်းခြေနှင့်
ဆယ်ယူနစ်အကွာတွင်ရောက်နေပြီ။ သို့သော် "ရွှီချူ"(Xu Chu) မှာ "ချောင်ချောင်း"(Cao Cao) ကိုထမ်းပြီး
လှေနားသို့ ကူးသွားကာ မကြာခင်တွင်ပင် လှေပေါ်သို့ ရောက်သွားသည်။

814
လှေမှာ သေးငယ်လွန်းသဖြင့် မှောက်လုမတတ်ဖြစ်နေသည်။ ထိုအခါ "ရွှီချူ"(Xu Chu) သည်
ရေထဲမှလှေပေါ်သို့တက်ရန်ကြိုးစားနေသော စစ်သားတို့ ကိုခုတ်လိုကသ
် ည်။ လှေမှာ
ရေစီးနှင့်အတူမြောပါလေရာ "ရွှီချူ"(Xu Chu) မှာအားစိုက်ပြီးလှော်ရသည်။ ထိုအခါ "မာချောင်း"(Ma Chao)
သည် မြားတို့ဖြင့်ပစ်လေသည်။ "ချောင်ချောင်း"(Cao Cao) မြားထိမှနမည်စိုးသဖြင့် "ရွှီချူ"(Xu Chu) မှာ
ဘယ်လက်ဖြင့် မြင်းကုန်းနှီးကိုကိုင်ကာ "ချောင်ချောင်း"(Cao Cao) ကိုကယ
ွ်ထားသည်။ လှေပေါ်တွင်
အလုပ်လုပ်နေသော များစွာသောစစ်သားတို့သည် မြားထိမှန်ကန
ုကြသည်။ အချို့သည်
လှေပေါ်မှပြုတ်ကျကုန်ပြီး အချို့မှာ လှေထဲတင
ွ်လဲကျကုန်သည်။ လှေမှာလည်း ရေစီးနှင့်အတူ
မြောပါသွားသည်။ "ရွှီချူ"(Xu Chu) မှာ လက်တစ်ဖက်ဖြင့် မြင်းကုန်းနှီးကိုကိုင်ကာ ကာထားပြီး
ကျန်တစ်ဖက်ဖြင့်လှေကိုလှော်သည်။

ဝေနန်မြို့စား "တင်းဖေး"(Ding Fei) သည် "ချောင်ချောင်း"(Cao Cao)


အခြေအနေမကောင်းသည်ကိုမြင်သောအခါ သူ၏စခန်းမှ နွား၊ မြင်းတို့ ကိုလွှတ်လိုကသ
် ည်။
ထိုတိရစ္ဆာန်တို့သည် တောင်ကုန်းအနီးတဝိုက်တွင် ဟိုဟုသ
ိ ည်သည်သွားကြသည်။ ချန်မျိုးနွယ်စုတို့သည်
ရန္သေ
ူ နာက်သို့မလိုက်တော့ပဲ ထိုနွား၊ မြင်းတို့ကိုလိုက်ဖမ်းလေရာ "ချောင်ချောင်း"(Cao Cao)
မှာထွက်ပြေးလွတ်မြောက်သွားသည်။ မြစ်ဝါမြစ်၏အနောက်ဘက်ကမ်း (ဝေမြစ်၏မြောက်ဘက်)
သို့ရောက်သောအခါ လှေသည်လည်းနစ်မြုပ်သွားလေသည်။

"ချောင်ချောင်း"(Cao Cao) သည်


ရေထဲတွင်အသက်ဘေးနှင့်ရင်ဆိုင်နေရသည်ဟူသောသတင်းကိုကြားသဖြင့် အမှုထမ်းတို့သည်
စစ္ကေ
ူ ပးရန်ရောက်လာကြသည်။ သို့သော်လည်း "ချောင်ချောင်း"(Cao Cao) မှာ
အသက်ရန်မှလွတ်လာပြီဖြစ်သည်။ "ရွှီချူ"(Xu Chu) ၏နှစ်ထပ်သံချပ်ကာတွင်
မြားပေါင်းများစွာစိုက်နေသည်။ အမှုထမ်းတို့က "ချောင်ချောင်း"(Cao Cao)
ကိုစခန်းသို့ ပြန်ခေါ်သွားကြသည်။ "ချောင်ချောင်း"(Cao Cao) မှပြုံးကာ

"သူပုန်တွေ ငါ့ကိုဒေ
ီ န့ ဖမ်းမိတော့မလို့" ဟုပြောသည်။ "ရွှီချူ"(Xu Chu) မှ

"နွားတွေ၊ မြင်းတွေလိုက်ဖမ်းနေကြလို့ သာမဟုတ်ရင် ရန်သူတွေ


တစ်ဖက်ကမ်းကိုကူးလာနိုင်လောက်တယ်" ဟုပြောသည်။

"ဘယ်သူက အဲ့နွားတွေ၊ မြင်းတွေကိုလွှတ်လိုက်တာလဲ"

815
ထိုအခါ လူတစ်ဦးမှ "တင်းဖေး"(Ding Fei) ၏အကြောင်းကိုပြောပြရာ "ချောင်ချောင်း"(Cao Cao) က
"တင်းဖေး"(Ding Fei) ကိုကျေးဇူးတင်ပြီး စစ်သူကြီးရာထူးပေးလေသည်။

"တင်းဖေး(Ding Fei) မှ

"အခုရန္သေ
ူ တွထွက်သွားပေမယ့် နောက်ရက်မှာ သေချာပေါက်ပြန်လာမှာဆိုတော့ ပြင်ဆင်ထားရမယ်"
ဟုဆိုသည်။

"အကုန်လုံးပြင်ဆင်ထားပြီးပြီ"

"ချောင်ချောင်း"(Cao Cao) သည် စစ်သူကြီးတို့ ကား ဖြန့်ကျက်စေကာ နေရာယူထားစေပြီး စခန်းအတွက်


အကာအကွယ်အဖြစ် တောင်ပို့ များလုပ်စေသည်။ ရန်သူတို့ ရောက်လာပါက စစ်သားတို့ သည်
တောင်ပို့အနောက်သို့ သွားပြီး အလံတို့ ထောင်ထားစေသည်။ သို့မှသာ ရန်သူတို့ က စခန်းတိုင်းတွင်
စစ်တပ်ဖွဲ့ရှိသည်ဟု ထင်မည်ဖြစ်သည်။ မြစ်ကမ်းတစ်လျှောက်တွင် ကျင်းတို့တူးထားစေပြီး
ထောင်ချောက်များဆင်ထားလေသည်။

"မာချောင်း"(Ma Chao) သည် ပြန်လှည့်ပြီး "ဟန်ဆွေ"(Han Sui) ထံသွားကာ

"ဒီနေ့ ချောင်ချောင်း(Cao Cao) ကိုဖမ်းမိရမှာ၊ ဒါပေမယ့် အင်မတန်ရဲရင့်တ့စ


ဲ စ်သြူ ကီးတစ်ဦးက
သူ့ကိုကုန်းပိုးပြီးကယ်သွားတယ်" ဟုပြောသည်။ "ဟန်ဆွေ"(Han Sui) မှ

"ချောင်ချောင်း(Cao Cao) ဆီမှာ တျန်ဝေ(Dian Wei) နဲ့ ရွှီချူ(Xu Chu)


ဦးဆောင်တဲ့ကိုယ်ရံတော်တပ်ဖွဲ့ရှိတယ်လို့ ကြားဖူးတယ်။ သူတို့ ကိုကျားကိုယ်ရံတော်လို့ခေါ်တယ်။
"တျန်ဝေ(Dian Wei) က သေသွားပြီဆိုတော့ မင်းတွေ့တဲ့လက
ူ ရွှီချူ(Xu Chu) ပဲဖြစ်မယ်" ဟုပြောသည်။

"ကျွန်တော်လည်း အဲ့လူနာမည်ကြားဖူးတယ်"

"ချောင်ချောင်း(Cao Cao) က ငါတို့ တပ်နောက်ပိုင်းကိုတိုက်ဖို့ကြံနေတယ်။ သူ


ခံတပ်စခန်းတွေမဆောက်နိုင်ခင်မှာ သူ့ကိုတိုက်ရမယ်။ မဟုတ်ရင် သူ့ကိုတိုက်ဖို့မလွယ်ဘူး"

"ကျွန်တော် ထင်တာကတော့ ကျွန်တော်တို့ဝေမြစ်မြောက်ပိုင်းမှာ စခန်းချပြီးတော့


သူတို့ မြစ်ကိုမဖြတ်နိုင်အောင်ပဲတားရမယ်"

"ငါ့တူက ဒီမှာပဲနေရစ်ခဲ့ပါ။ ငါကတော့ တစ်ဖက်ကမ်းကိုသွားပြီး ချောင်ချောင်း(Cao Cao)


ကိုသွားတိုက်မယ်"

"ဦးလေးက ဖန်တ(ဲ Pang De) ကိုပါခေါ်သွားရင် ကျွန်တော်စိတ်ချရမယ်"

816
သို့နှင့် "ဟန်ဆွေ"(Han Sui) နှင့် "ဖန်တ"ဲ (Pang De) တို့သည် တပ်သားငါးသောင်းဖြင့်
ဝေမြစ်ကိုစုန်ဆင်းသွားသည်။ "ချောင်ချောင်း"(Cao Cao) ကလည်း ရန်သူတို့ကိုမျှားခေါ်ရန်
အမိန့်ပေးထားသည်။ "ဖန်တ"ဲ (Pang De) သည် သံချပ်ကာအပြည့်အစုံဝတ်ထားသော
မြင်းသည်တော်တို့ကိုဦးဆောင်ကာ ရန်သတ
ူ့ို နှင့်တုက
ိလေသည်။ သို့သော်လည်း မြင်းတပ်တို့သည်
ရန်သတ
ူ့ို အသင့်ပြင်ထားသည့်ကျင်းထဲသို့ကျကုန်သည်။ မကြာခင်မှာပင် "ဖန်တ"ဲ (Pang De) သည်
ကျင်းထဲမှပြန်ထွကလ
်ာနိုင်ပြီး ရန်သူတို့ ကိုတိုက်ကာ ရန်သူ့ တပ်ဝန်းရံမှုအောက်မှ ဖောက်ထွကေ
် လသည်။

သို့သော် "ဟန်ဆွေ"(Han Sui) မှာ ကျန်ရစ်ခဲ့သဖြင့် "ဖန်တဲ"(Pang De) က ပြန်လှည့်ပြီး "ဟန်ဆွေ"(Han


Sui) ကိုသွားကူသည်။ လမ်းတွင် "ချောင်ရန်"(Cao Ren) ၏လက်အောက်တွင်အမှုထမ်းသော
"ချောင်ယံ"ု (Cao Yong) နှင့် တွေ့ကာတိုက်ကြသည်။ "ဖန်တ"ဲ (Pang De) က "ချောင်ယ"ုံ (Cao Yong)
ကိုသတ်လိုက်သည်။ "ဖန်တ"ဲ (Pang De) သည် သေဆုံးသွားသောစစ်သူကြီး၏မြင်းကိုစီးကာ
ရန်သတ
ူ့ို ကိုတိုက်ခိုက်ရင်း အရှေ့တောင်ဘက်သို့သွားသည်။ "ချောင်ချောင်း"(Cao Cao) ၏စစ်တပ်က
အနောက်မှလိုက်လေသည်။ မကြာမီမှာပင် "မာချောင်း"(Ma Chao) ၏စစ်တပ်ကြီးရောက်လာကာ
"ချောင်ချောင်း"(Cao Cao) ၏တပ်နှင့်တိုကသ
် ည်။ ညနေစောင်းသည်အထိတိုက်ပြီးနောက်
နှစ်ဖက်စလုံးပြန်ဆုတ်သွားကြသည်။

စစ်သြူ ကီးနှစ်ဦးဖြစ်သော "ချန်ရင်"(Cheng Yin) နှင့် "ကျန်းဟန်"(Zhang Han) တို့ပျောက်နေသည်။


စစ်သားနှစ်ရာခန့် ကျင်းထဲသို့ ကျကာ အသတ်ခံရသည်။ "မာချောင်း"(Ma Chao) သည်
မည်သို့ ပြုရမည်ကို "ဟန်ဆွေ"(Han Sui) နှင့်တုင
ိပင်သည်။ "မာချောင်း"(Ma Chao) မှ

"ရန်သူတွေကို အချိန်ပေးလိုက်ရင် အင်အားကြီးလာလိမ့်မယ်။ ဒါကြောင့် ဒီညမှာပဲ


သူတို့ စခန်းကိုတိုက်သင့်တယ်" ဟုပြောသည်။

ထိုတိုက်မည့်အဖွဲ့ကို "မာချောင်း"(Ma Chao) မှဦးဆောင်ပြီး "ဖန်တဲ"(Pang De) ၊ "မာတိုက်"(Ma Dai)


တို့မှာ ပါဝင်မည်ဟဆ
ုံးဖြတ်လိုက်ကြသည်။

ထိုအချိန်တွင် "ချောင်ချောင်း"(Cao Cao) ၏စစ်တပ်သည် ဝေမြစ်မြောက်ဘက်ကမ်းတွင်ရှိနေသည်။


"ချောင်ချောင်း"(Cao Cao) မှ သူ၏စစ်သူကြီးတို့ အား

"ကျုပ်တို့က စခန်းမဆောက်ရသေးတဲ့အတွက် ရန်သူတွေကဒါကိုအခွင့်ကောင်းယူပြီးလာတိုက်လိမ့်မယ်။


ဒါကြောင့် တပ်တချို့က ကင်းဝပ်နေပြီး ရန်သူအလာကိုစောင့်နေရမယ်။ ကျုပ်အချက်ပေးတာနဲ့ထွကြ် ပီး
ရန်သက
ိုတုက
ိရမယ်" ဟုပြောသည်။

817
ညဘက်တွင် "မာချောင်း"(Ma Chao) သည် "ချန်ယီ"(Cheng Yi)
ခေါင်းဆောင်သောထောက်လှမ်းရေးအဖွဲ့ ကိုအရင်လွှတ်လိုက်သည်။ "ရန်ယီ"(Cheng Yi) သည်
ရန်သူ့ စခန်းအတွင်းသို့ရောက်သောအခါ အသံကြီးတစ်ခုကြားလိုက်ရပြီးနောက်
ရန်သူ့ စစ်သားတို့ထွက်လာပြီးဝိုင်းလိုက်သည်။ "ချန်ယီ"(Cheng Yi) သည် "ရှဟိုယွမ"် (Xiahou Yuan)
၏ဓားအောက်တွင် အသက်ထွကသ
်ွားလေသည်။

"မာချောင်း"(Ma Chao) သည် ပင်မတပ်ကိုဦးဆောင်ကာ ချီတက်လာပြီး "မာတိုက်"(Ma Dai) နှင့်


"ဖန်တ"ဲ (Pang De) တို့မှာ ရန်သူ့ ကင်းပုန်းတပ်ကိုတိုက်ရန်ပြင်နေသည်။

818
အခန်း(၅၉) "ရွှီချူ(Xu Chu) သည် မာချောင်း(Ma Chao) နှင့်တိုက်ခြင်း။ ချောင်ချောင်း(Cao Cao)
မှ ကုန်းချောစာတစ်စောင်ရေးခြင်း။

ရှေ့တစ်ခန်းတွင် ဖော်ပြခဲ့သောတိုက်ပွဲသည် မနက်မိုးလင်းသည်အထိတိုင်အောင် ကြာမြင့်ခဲ့ပြီး


နှစ်ဖွဲ့ လုံးတပ်ပြန်ခေါက်သည်။ "မာချောင်း"(Ma Chao) သည် ဝေမြစ်ကမ်းနားတွင် စခန်းချကာ
"ချောင်ချောင်း"(Cao Cao) ၏တပ်ကုမ
ိ ကြာခဏတိုက်လေသည်။ ထို့ကြောင့် "ချောင်ချောင်း"(Cao Cao)
မှာ တောင်ဘက်ကမ်းခြေနှင့်ဆက်သွယရ
် န် တံတားသုံးစင်းဆောက်စေသည်။ "ချောင်ရန်"(Cao Ren)
သည် စခန်းကို လှည်း၊ ယာဉ်တို့ကိုအသုံးချပြီး စည်းရိုးအဖြစ်ကာရန်ထားသည်။

"မာချောင်း"(Ma Chao) သည် စခန်းကိုဖျက်စီးရန်အကြံရှိသဖြင့် တပ်သားတစ်ဦးဆီကိုမီးထွန်းထားသော


ကောက်ရိုးတို့ ကို ဆောင်ယူစေသည်။ "ဟန်ဆွေ"(Han Sui) ၏တပ်က ရန်သူနှင့်ထိပ်တိုက်ရင်ဆိုင်ပြီး
"မာချောင်း"(Ma Chao) ၏တပ်က ရန်သူ့ စည်းရိုးကို မီးလိုကရ
့ှ်ို လေသည်။ မကြာမီမှာပင်
မီးအကြီးအကျယ်လောင်ကျွမ်းပြီး ခုခံသူတို့ မှာ ခံတပ်ကုစ
ွိန့်ကာ ထွက်ပြေးရသည်။ တံတားတို့ကိုလည်း
ဖျက်စီးခြင်းခံလိုကရ
် ၏။ ရှီးလျန်စစ်တပ်အနိုင်ရကာ ဝေမြစ်ကမ်းကို ထိန်းချုပ်ထားနိုင်ခဲ့သည်။

"ချောင်ချောင်း"(Cao Cao) မှာ သူ၏စခန်းအကာအကွယမ


်ဲ့နေသဖြင့် စိုးရိမ်နေချေ၏။ ထိုအခါ
"ရွှင်ယ"ို (Xun You) မှ ရွှံ့တံတိုင်းကာရန်အကြံပေးသည်။ သို့နှင့် တံတုင
ိးဆောက်ရန်
စစ်သားသုံးထောင်ကို အမိန့်ပေးလိုက်သည်။ သို့ သော်လည်း တစ်ဖက်ရန်သူတို့က မကြာခဏလာကာ
နှောင့်ယှက်သဖြင့် ဆောက်လုပ်မှုမှာ နှေးကွေးနေချေ၏။ ထို့အပြင် မြေနေရာမှာ
သဲမြေပြင်ဖြစ်နေသောကြောင့် ဆောက်ပြီးမကြာမီမှာပင် ပြိုကျလေသည်။ "ချောင်ချောင်း"(Cao Cao) မှာ
အကြံကုန်နေ၏။

ကျန်းအန်းနှစ် တစ်ဆယ့်ခြောက်နှစ် (အေဒီ ၂၁၁) ကိုးလပိုင်း -


အေးမြသောဆောင်းတွင်းသို့ချဉ်းကပ်လာခဲ့ပြီ။ ကောင်းကင်သည်လည်း တိမ်တို့ ဖုံးနေပြီး
တိမ်ကင်းစင်သည့်ရက် မရှိပေ။ "ချောင်ချောင်း"(Cao Cao) သည် စိတ်ညစ်ညစ်ဖြင့် စခန်းထဲတင
ွ်
ထိုင်နေသောတစ်ရက်ဝယ် လူတစ်ဦးရောက်လာသည်။ ထိုလတ
ွူင် အကြံပြုချက်တစ်ခုရှိသည်ဆို၏။
ထိုသူ၏နာမည်မှာ "လိုကျီဘု"ိ (Lou Zibo) ဖြစ်ပြီး ကျင်းကျောက်ဇာတိဖြစ်သည်။ ထိုသမ
ှူာ
တောတောင်အတွင်းတွင်နေသော တာအိုရသေ့ဖြစ်ပြီး တာအိုနာမည်မှာ 'ဆီးသီးအိပ်မက်' ဟူ၏။
"ချောင်ချောင်း"(Cao Cao) ကလည်း ထိုသူ့ ကိုဝမ်းသာအားရကြိုဆိုသည်။

"အို၊ ဝန်ကြီးချုပ်၊ အခုအချိန် မြစ်ကမ်းမှာ စခန်းဆောက်ဖို့သင့်တော်ပြီ။ ဘာလို့ မဆောက်သေးတာလဲ?"

"မြေကြီးက သဲတွေနဲ့ မို့ဆောက်လို့မရဘူး။ ရသေ့ကြီးဆီမှာ အကြံရှိရင်ပြောပါလား"

819
"ဝန်ကြီးချုပ်က စစ်ဗျူဟာမှာ တခြားလူတွေထက်သာလွန်ပါတယ်။ ပြီးတော့
အချိန်အခါနဲ့ဥတုရာသီတွေကိုလည်းနားလည်မှာပါ။ တိမ်တွေဖုံးနေတာတော်တော်ကြာပြီ၊ ဒါက
မြောက်ဘက်လေနဲ့အင်မတန်အေးချမ်းမှုကိုဖော်ဆောင်နေတယ်။ လေစတိုက်တဲ့အချိန်မှာ
စစ်တပ်ကိုမြေတူးဆွစေပြီး ရေနဲ့ပက်ဖြန်းပါ။ အရုဏ်တက်ချိန်မှာ တံတိုင်းပြီးစီးသွားပါလိမ့်မယ်"

"ချောင်ချောင်း"(Cao Cao) က ၎င်းကိုလက်ခံပြီး ဧည့်သည်ဖြစ်သူကို ဆုပေးမည်ပြုသော်လည်း


ထိုသူကမယူပေ။

ထိုညတွင် လေအပြင်းအထန်တိုက်သည်။ "ချောင်ချောင်း"(Cao Cao) ၏စစ်သားတို့ က


မြေကြီးတို့ကိုသယ်ကာ ရေတို့ဖြင့်လောင်းသည်။ ရေသယ်ရန် အခြားနည်းမရှိသဖြင့်
အိတ်တို့ဖြင့်ဖြည့်ကာသယ်ရသည်။ မြေကြီးတို့မှာ ရေတို့ဖြင့်ခဲသွားပြီး အရုဏ်တက်ချိန်တင
ွ်
တံတိုင်းဆောက်လုပ်ပြီးစီးသွားသည်။

ထိုအကြောင်းကို "မာချောင်း"(Ma Chao) ကြားလျှင် စိတ်မချမ်းမသာဖြစ်ကာ တစ်ဖက်ရန်သူသည်


ကောင်းကင်၏အကူအညီကုရ
ိ လေသည်ဟု တွေးလေသည်။

မကြာမီတွင်ပင် "မာချောင်း"(Ma Chao) ကစစ်တပ်ကုဥ


ီးဆောင်ကာ "ချောင်းချောင်း"(Cao Cao)
ကိုတိုက်သည်။ "ချောင်းချောင်း"(Cao Cao) သည်လည်း "ရွှီချူ"(Xu Chu) နှင့်အတူရှေ့သို့ ထွက်လာကာ

"ကျုပ် ချောင်ချောင်း(Cao Cao) က ဒီမှာတစ်ယောက်တည်းပဲ၊ မာချောင်း(Ma Chao) ၊


မင်းထွက်လာပြီးယှဉ်ဝံ့လား" ဟုပြောသည်။ ထိုအခါ "မာချောင်း"(Ma Chao) မှာ
လှံကိုကိုင်ကာထွက်လာလေသည်။ "ချောင်ချောင်း"(Cao Cao) မှ

"ကျုပ်မှာ ခံတပ်မရှိခင်တုန်းက ကျုပ်ကိုအထင်သေးတယ်မဟုတ်လား။ အခုတော့


ကောင်းကင်ကြီးကကျုပ်ကုက
ိုညီလို့ ခံတပ်ဆောက်နိုင်ခဲ့ပြီ။ မင်းလက်နက်ချဖို့ အချိန်တန်ပြီ"
ဟုပြောလေသည်။

"မာချောင်း"(Ma Chao) မှာ ဒေါသထွက်ပြီး ရှေ့သို့ ထွက်လာသည်။ ထိုအခါ "ချောင်ချောင်း"(Cao Cao)


နောက်တွင် ဓားကိုင်ထားသောလူတစ်ဦးက ဒေါသထွက်နေသောမျက်လုံးဖြင့်စိုကြ် ကည့်နေသည်ကို
ဂရုပြုမိသည်။ "မာချောင်း"(Ma Chao) မှ ထိုသမ
ှူာ "ရွှီချူ"(Xu Chu) ဖြစ်လိမ့်မည်ဟုတွေးမိသည်။
ထို့နောက်

"ခင်ဗျားတပ်ထဲက ကျားတပ်မှူးဆိုတာ ဘယ်မှာလဲ" ဟုမေးသည်။ "ရွှီချူ"(Xu Chu) မှဓားကိုမြှောက်ကာ

820
"ကျုပ်က ချောင်ဇာတိက ရွှီချူ(Xu Chu) ပဲ" ဟုပြောသည်။ "ရွှီချူ"(Xu Chu)
၏မျက်လုံးမှာအရောင်လက်နေပြီး ကြောက်မက်ဖွယ်ရာကောင်းနေသဖြင့် "မာချောင်း"(Ma Chao) မှာ
ရှေ့မဆက်ရဲပဲ ပြန်လှည့်သွားသည်။

ထို့နောက် "ချောင်ချောင်း"(Cao Cao) သည်လည်း စခန်းသို့ ပြန်သွားသည်။


တပ်စခန်းအတွင်းရှိလူအားလုံးတို့သည် "ရွှီချူ"(Xu Chu) ၏သဏ္ဍာန်ကိုမြင်လျှ င်
ကြောက်ရွံ့ မှုကိုခံစားရလေသည်။ "ချောင်ချောင်း"(Cao Cao) မှ

"ငါတို့ မိတေ
် ဆွကြီး ရွှီချူ(Xu Chu) ကို ဟိုဘက်မှာ ကျားတပ်မှူးလို့ခေါ်ကြတယ်" ဟုပြောသည်။
ထိုအချိန်မှစကာ တပ်သားတို့သည် "ရွှီချူ"(Xu Chu) ကိုထိုနာမည်သာခေါ်ကြသည်။

"ရွှီချူ"(Xu Chu) မှ

"ကျွန်တော် မနက်ဖြန်မှာ မာချောင်း(Ma Chao) ကိုဖမ်းပြမယ်" ဟုပြောသည်။

"မာချောင်း(Ma Chao) က ရဲရင့်တယ်။ သတိထားပါ"

"ကျွန်တော် သူနဲ့သူသေကိုယ်သေတိုက်မယ်လို့ သစ္စာဆိုပါတယ်"

ပြီးနောက် "ရွှီချူ"(Xu Chu) က "မာချောင်း"(Ma Chao) ထံ စိန်ခေါ်စာပို့ လိုက်သည်။ ထိုစာကိုရလျှင်


"မာချောင်း"(Ma Chao) မှာဒေါသထွက်ပြီး

"ငါ့ကိုစော်ကားရလား" ဟုဆိုသည်။ နောက်ရက်တွင် ထို 'ကျားတဏှာ' ကိုသတ်မည်ဟသ


ု စ္စာစာရေးသည်။
နောက်ရက်တွင် နှစ်ဖွဲ့လုံးက စစ်ဗျူဟာခင်းထားကြသည်။ "ဖန်တ"ဲ (Pang De) နှင့် "မာတိုက်"(Ma Dai)
တို့က ဘယ်ညာတောင်ပံနှစ်ဖက်ကိုဦးဆောင်ပြီး "ဟန်ဆွေ"(Han Sui) က ဗဟိုတွင်နေသည်။
"မာချောင်း"(Ma Chao) သည် ရှေ့သို့ ထွကြ် ပီး

"'ကျားတဏှာ' ဘယ်မှာလည်းဟေ့" ဟုအော်မေးသည်။

၎င်းကိုမြင်လျှင် "ချောင်ချောင်း"(Cao Cao) မှ

"မာချောင်း(Ma Chao) ရဲ့သတ္တိက လွီပု(Lu Bu) ထက်တော့မလျော့ဘူး " ဟုမှတ်ချက်ချသည်။

821
"ရွှီချူ"(Xu Chu) သည်မြင်းစီးပြီးဓားကိုဝေ့ယမ်းကာထွက်လာသည်။
နှစ်ဦးနှစ်ဖက်အတန်ကြာတိုက်သော်လည်း အနိုင်အရှုံးမပေါ်ပေ။ သို့သော် မြင်းတို့ မှာပန်းနေသောကြောင့်
နှစ်ဖက်လုံး မြင်းလဲပြီး ပြန်တိုက်သည်။ "ရွှီချူ"(Xu Chu) မှရုတတ
် ရတ် နောက်သို့ပြန်လည
ှ့်ပြီး
ကိုယ်ချပ်အင်္ကျီကိုချွတ်လိုက်သောအခါ သူ၏သန်မာသောကြွက်သားတို့ပေါ်လာသည်။ "ရွှီချူ"(Xu Chu)
က အထက်ပိုင်းဗလာဖြင့်ပင် စီးချင်းတိုက်လေသည်။ အကွက်သုံးဆယ်ခန့်တိုက်ပြီးနောက်တွင် "ရွှီချူ"(Xu
Chu) က အားကုန်သုံးကာ "မာချောင်း"(Ma Chao) ကိုဓားဖြင့်ထိုးလိုက်သည်။ "မာချောင်း"(Ma Chao)
ကရှောင်လိုက်ပြီး "ရွှီချူ"(Xu Chu)၏နှလံုး နေရာကိုချိန်ကာ လှံဖြင့်ထိုးလိုက်သည်။ "ရွှီချူ"(Xu Chu) သည်
ဓားကိုပစ်ချလိုက်ပြီး လှံကိုချိုင်းကြားတွင်ညှပ်လိုက်သည်။ သို့နှင့် လှံလုသည့်တိုက်ပွဲဖြစ်သွားသည်။
"မာချောင်း"(Ma Chao) မှာ လှံကိုပြန်ဆွဲသော်လည်း "ရွှီချူ"(Xu Chu) ၏ခွန်အားကြောင့် လှံမှာ
ထက်ပိုင်းကျိုးသွားသည်။ နှစ်ယောက်လုံး လှံကျိုးတစ်ဖက်ဆီကိုင်ကာ ဆက်တိုက်ကြသည်။

ထိုအချိန်တွင် "ချောင်ချောင်း"(Cao Cao) သည် "ရွှီချူ"(Xu Chu) အတွက်စိုးရိမ်သဖြင့်


သူ၏စစ်သူကြီးနှစ်ဦးဖြစ်သော "ရှဟုယ
ွိမ"် (Xiahou Yuan) နှင့် "ချောင်ဟုန်"(Cao Hong) တို့ကို
ရှေ့သို့ တက်ကာ အကူအညီပေးရန် အမိန့်ပေးလိုက်သည်။ "မာချောင်း"(Ma Chao) ဘက်မှာ
"ဖန်တဲ"(Pang De) နှင့် "မာတိုက"် (Ma Dai) တို့ကလည်း သံချပ်ကာမြင်းတပ်ကြီးကိုရှေ့သို့ ချီရန်

822
အချက်ပေးလိုက်သည်။ "ချောင်ချောင်း"(Cao Cao) ၏တပ်ဖွဲ့မှာ အလူးအလိမ့်ခံရပြီး "ရွှီချူ"(Xu Chu) မှာ
လက်မောင်းတွင် မြားဒဏ်ရာနှစ်ချက်ရသွားသည်။ သို့နှင့် "ချောင်ချောင်း"(Cao Cao)
ကတပ်ဆုတရ
် န်အမိန့်ပေးလိုက်သည်။ "မာချောင်း"(Ma Chao) သည်အနောက်ဘက်မှလိုက်တုက
ိရာ
"ချောင်ချောင်း"(Cao Cao) ၏တပ်သားထက်ဝက်ကျော်ခန့် သေဆုံးကုန်သည်။

"ချောင်ချောင်း"(Cao Cao) သည် ဂိတ်တံခါးကိုပိတ်ကာ မည်သူ့ ကိုမျှအပြင်ပေးမထွက်ချေ။


"မာချောင်း"(Ma Chao) သည်လည်း ပြန်လှည့်သွားပြီး "ဟန်ဆွေ"(Han Sui) ကိုတွေ့လျှင်

"ကျွန်တော် ကြမ်းကြုတ်တဲ့သရ
ဲူကောင်းတွေအများကြီးမြင်ဖူးတယ်။ ဒါပေမယ့် ဘယ်သူမှ ရွှီချူ(Xu Chu)
နဲ့မယှဉ်နိုင်ဘူး။ သူ့ကို ကျားတဏှာလို့ နာမည်ပြောင်ပေးထားတယ်" ဟုပြောသည်။

"ချောင်ချောင်း"(Cao Cao) သည် "မာချောင်း"(Ma Chao) ကိုတိုက်ရန်အတွက်


တပ်ဖွဲ့နှစ်ဖွဲ့ကိုမြစ်တစ်ဖက်ကမ်းသို့ကူးစေကာ တောင်ဘက်ကမ်းခြေတွင် နေရာချထားသည်။
တစ်ေ့သော် "မာချောင်း"(Ma Chao) သည် မြင်းသည်တော်အနည်းငယ်ဖြင့်ရောက်လာပြီး
လေကဲ့သို့ဟိုဟိုသည်သည်သွားနေသည်။ ထိုအခြင်းအရာကို အတန်ကြာငေးကြည့်ပြီးနောက်
"ချောင်ချောင်း"(Cao Cao) သည် ခမောက်ကိုချွတ်ကာ မြေကြီးပေါ်သို့ပစ်ချလိုက်ပြီး

"မာချောင်း(Ma Chao) ကိုမသတ်နိုင်ရင် ကျုပ်ဘယ်မှာမြေချရမလည်းမသိနိုင်ဘူး " ဟုပြောသည်။


၎င်းကိုကြားသောအခါ "ရှဟိုယွမ"် (Xiahou Yuan) မှ

"အဲ့သူပုန်ကို မနှိမ်နှင်းနိုင်ရင် ကျွန်တော်ဒီမှာသေပါစေ" ဟုပြောသည်။

ထို့နောက် "ရှဟိုယွမ"် (Xiahou Yuan) သည် စစ်သည်အချို့ကိုဦးဆောင်ကာ ထွက်သွားသည်။


"ချောင်ချောင်း"(Cao Cao) မှတားသော်လည်းမရပေ၊ "ရှဟုယ
ွိမ"် (Xiahou Yuan)
ဘေးဒုက္ခရောက်မည်စိုးသောကြောင့် "ချောင်ချောင်း"(Cao Cao) ကနောက်မှလုက
ိလေသည်။
"မာချောင်း"(Ma Chao) သည် သူ၏တပ်ကိုတန်းစီထားစေပြီး
ရန်သထ
ွူက်လာသည်ကိုမြင်သည်နှင့်တိုက်လေသည်။ "ချောင်ချောင်း"(Cao Cao) ထွကလ
်ာသည်ကို
သတိပြုမိသောအခါ "မာချောင်း"(Ma Chao) သည် "ရှဟိုယွမ"် (Xiahou Yuan) ကိုမတိုက်တော့ပဲ
"ချောင်ချောင်း"(Cao Cao) နောက်သို့ လိုက်သည်။ "ချောင်ချောင်း"(Cao Cao) မှာ
ကြောက်လန့်တကြားဖြင့်ထွက်ပြေးလေရာ "ချောင်ချောင်း"(Cao Cao) ၏တပ်ဖွဲ့မှာရှုပ်ထွေးကုန်သည်။

သို့သော် "ချောင်ချောင်း"(Cao Cao) ၏တပ်ဖွဲ့ အချို့သည်


ဝေမြစ်၏တောင်ဘက်တွင်နေရာချထားသည်ကိုသိသောအခါ

823
ရှေ့နောက်ကြားညှပ်တိုက်ခံရမည်ကိုစိုးရိမ်သောကြောင့် "မာချောင်း"(Ma Chao) မှာဆက်မလိုကေ
် တာ့ပေ။
"မာချောင်း"(Ma Chao) သည် စခန်းသို့ ပြန်ပြီး "ဟန်ဆွေ"(Han Sui) နှင့်တုင
ိပင်သည်။ "မာချောင်း"(Ma
Chao) မှ

"ဘယ်လလ
ို ပ
ုမလဲ။ ချောင်ချောင်း(Cao Cao) ကမြစ်ကိုဖြတ်ပြီး တောင်ဘက်မှာတပ်တချို့ထားထားတယ်။
ကျုပ်တို့အနောက်ဘက်ကအတိုကခ
်ံရနိုင်တယ်" ဟုပြောသည်။ တပ်မှူး "လီခန်"(Li Kan) မှ

"ဒါဆို နယ်မြေတချို့စွန့်လွှတ်ပြီး ယာယီငြိမ်းချမ်းရေးယူပါ။ ပြီးတော့ ဆောင်းအကုန်ကိုစောင့်ပြီး


နွေဦးရောက်လာရင် အခွင့်အရေးရှိလာပါလိမ့်မယ်" ဟုပြောသည်။ "ဟန်ဆွေ"(Han Sui) မှလည်း

"သူပြောတာဟုတ်တယ်။ ငါလည်း အဲ့လိုအကြံပေးချင်တယ်" ဟုပြောသည်။

သို့သော်လည်း "မာချောင်း"(Ma Chao) မှာ ချက်ချင်းမဆုံးဖြတ်နိုင်ပေ။


အခြားသောသူတို့ ကဝိုင်းတိုက်တွန်းသောကြောင့် နောက်ဆုံးတွင်လက်ခံလုက
ိသည်။ "ရန်ချို"(Yang Qiu)
နှင့် "ဟိုရွှမ်"(Hou Xuan) တို့ကို သံတမန်အနေဖြင့်လွှတ်ပြီး ငြိမ်းချမ်းရေးကမ်းလှမ်းသည်။
"ချောင်ချောင်း"(Cao Cao) မှ

"ခင်ဗျားတို့ ပြန်နိုင်ပြီ။ နောက်မှအကြောင်းပြန်လိုက်ပါ့မယ်" ဟုပြောသည်။ ထိုသူတို့ပြန်သွားသောအခါ


"ကျာရွှ"ီ (Jia Xu) မှ

"ဝန်ကြီးချုပ် ဘယ်လိုမြင်လ"ဲ ဟုမေးသည်။

"ခင်ဗျားအမြင်ကရော?"

"စစ်ပွဲမှာလှည့်စားမှုတွေခွင့်ပြုတယ်။ ဒီတော့လက်ခံချင်ယောင်ဆောင်လုက
ိပါ။ ပြီးရင် မာချောင်း(Ma Chao)
နဲ့ ဟန်ဆွေ(Han Sui) နှစ်ယောက်ကြားမှာ အချင်းချင်းသံသယဝင်အောင်လုပ်ရမယ်။ ပြီးရင်တော့
နှစ်ဖွဲ့ လုံးကိုဖျက်စီးနိုင်ပြီ"

"ချောင်ချောင်း"(Cao Cao) သည် လက်ခုတ်လက်ဝါးတီးကာ

"ဒါ အကောင်းဆုံးဆုံးအကြံ၊ အသင့်တော်ဆုံးအကြံပဲ။ ခင်ဗျားနဲ့ကျုပ်နဲ့အကြံတူတယ်၊


ကျုပ်လည်းအဲ့လုလ
ိုပ်မလားလို့ တွေးနေတာ" ဟုပြောသည်။

ထို့နောက် အောက်ပါပြန်စာကို ပေးပို့လိုက်သည်။

'ကျုပ်ဘက်ကစစ်သားတွေ တဖြည်းဖြည်းချင်း တပ်ပြန်ဆုတ်မယ်။ မြစ်ဝါမြစ်အနောက်ပိုင်းကနယ်တွေကို


ခင်ဗျားတို့ လက်ထဲပေးပါမယ်'

824
"ချောင်ချောင်း"(Cao Cao) သည်တတ
ာံးဆောက်စေကာ အရှေ့ဘက်သို့ တပ်ဆုတ်ရန်ပြင်သည်။
"ချောင်ချောင်း"(Cao Cao) ၏ပြန်စာကိုရသောအခါ "မာချောင်း"(Ma Chao) မှ "ဟန်ဆွေ"(Han Sui) အား

"ငြိမ်းချမ်းရေးကိုလက်ခံလိုက်ပေမယ့်လည်း သူကကောက်ကျစ်စဉ်းလဲတဲ့အတွက်
ကျွန်တော်တို့သတိထားရမယ်။ ဦးလေးနဲ့ကျွန်တော် နေ့တိုင်းတစ်ယောက်တစ်လှည့်စီတာဝန်ယူပြီး
ချောင်ချောင်း(Cao Cao) နဲ့ရွှီဟွမ်(Xu Huang) တို့ လှုပ်ရှားမှုကိုစောင့်ကြည့်တာပေါ့။ ဒါဆို
သူနောက်ကဓားနဲ့ထိုးမှာမပူရတော့ဘူး" ဟုပြောသည်။

"ဟန်ဆွေ"(Han Sui) ကလက်ခံလိုက်ပြီး တစ်ယောက်တစ်လှည့်စီ ကင်းစောင့်ကြသည်။

ထိုအကြောင်းကိုကြားလျှင် "ချောင်ချောင်း"(Cao Cao) သည် "ကျာရွှ"ီ (Jia Xu) ဘက်သို့ လှည့်ကာ

"အကြံအောင်မြင်တော့မယ်" ဟုပြောသည်။ ထို့နောက်

"နောက်ရက် ဘယ်သူစောင့်တဲ့အလှည့်လ"ဲ ဟုမေးရာ

"ဟန်ဆွေ(Han Sui) ဟုပြန်ဖြေသည်။

နောက်ရက်တွင် "ချောင်ချောင်း"(Cao Cao) သည် သူ၏စစ်သူကြီးတို့ နှင့်အတူ


တစ်ဖက်စခန်းသို့သွားသည်။ ထို့ နောက် "ချောင်ချောင်း"(Cao Cao) မှ

"မင်းတို့စစ်သားတွေထဲမှာ ချောင်ချောင်း(Cao Cao) ကိုမြင်ချင်တဲ့လူရှိလား? ကျုပ်ကဒီမှာပျင်းနေလို့ ။


ကျုပ်မှာမျက်လံုး လေးလုံး၊ ပါးစပ်နှစ်ဖက်မရှိပေမယ့် ဗဟုသုတတော့ရှိပါတယ်" ဟုအော်ပြောသည်။
တပ်သားတို့ သည်လည်း "ဟန်ဆွေ"(Han Sui) ထံသွားပြီး

"ဝန်ကြီးချုပ်ကလာပြီး စကားစမြည်ပြောဖို့ ခေါ်နေပါတယ်" ဟုသတင်းပေးပို့ သည်။

"ဟန်ဆွေ"(Han Sui) ထွက်ကြည့်သောအခါ "ချောင်ချောင်း"(Cao Cao) တွင်


သံချပ်ကာမဝတ်ထားသည်ကိုမြင်သဖြင့် သူလည်း သံချပ်ကာကိုချွတ်ကာ ရိုးရိုးသာမန်အင်္ကျီဖြင့်ပင် ထွကြ် ပီး
"ချောင်ချောင်း"(Cao Cao) နှင့်တွေ့သည်။ နှစ်ဦးလုံးမြင်းကိုယ်စီ စီးထားပြီး မြင်းပေါ်မှပင်
စကားပြောကြသည်။

"ချောင်ချောင်း"(Cao Cao) မှ

825
"ခင်ဗျားအဖေနဲ့ကျုပ်နဲ့ က တချိန်တည်း အမိန့် တော်ရခဲ့တာ၊ သူ့ကိုကျုပ်ဦးလေးလိုပဲဆက်ဆံခဲ့တယ်။
ဒါ့အပြင် ခင်ဗျားရောကျုပ်ပါ တချိန်တည်းမှာပဲ နန်းတွင်းထဲမှာ အမှုထမ်းခဲ့တယ်လေ။ မတွေ့တာကြာပေါ့။
စစ်သြူ ကီးအခု အသက်ဘယ်လောက်ရှိပြီလ"ဲ ဟုပြောသည်။

"အသက်လေးဆယ်ရှိပြီ"

"ဟိုးအရင် မြို့တော်မှာရှိတ့အ
ဲ ချိန်တုန်းက ကျုပ်တို့ တွေအသက်လတ်ပိုင်းမှာဘာဖြစ်လာမယ်ဆိုတာ
မတွေးခဲ့ကြဘူး။ အကယ်၍သာတိုင်းပြည်ကြီးကို ပြန်တည်ငြိမ်အောင်လုပ်နိုင်ရင် ဒါက ဝမ်းသာစရာကိစ္စပဲ"

ထို့နောက် ထိုသန
ှူစ်ဦးတို့ သည် တိုင်းရေးပြည်ရေးအကြောင်းမပြောတော့ပဲ ဟိုဟုသ
ိ ည်သည်ပြောကာ
အချိန်နှစ်နာရီခန့်ကုန်ဆုံးသွားသည်။

ထိုအကြောင်းကို "မာချောင်း"(Ma Chao) သိသောအခါ လာမေးလေသည်။

"ချောင်ချောင်း(Cao Cao) လာပြီး ဘာဆွေးနွေးသွားတာလဲ"

"ဟိုးအရင် မြို့တော်မှာရှိတန
ုးက အကြောင်းတွေပြောသွားတာပါ"

"စစ်တပ်ရေးရာတွေမပြောဘူးလား"

"မပြောဘူး။ အဲ့အကြောင်းတွေကို ငါတစ်ယောက်တည်းလည်း မပြောနိုင်ဘူး"

"မာချောင်း"(Ma Chao) က မည်သို့ မျှမပြောပဲပြန်ထွက်သွားသည်။ စိတ်ထတ


ွဲင်မူ သံသယရှိနေသည်။

"ချောင်ချောင်း"(Cao Cao) သည် စခန်းမှပြန်ရောက်လာသောအခါ "ကျာရွှီ"(Jia Xu) အား

"ကျုပ်ဒီနေ့ ဘာလို့စကားသွားပြောလည်းသိလား" ဟုမေးသည်။

"ဒါက အကြံကောင်းပါပဲ၊ ဒါပေမယ့် သူတို့ နှစ်ယောက်ဆက်ဆေ


ံ ရးပျက်အောင်လုပ်ဖို့
ဒီလောက်နဲ့မလုံလောက်သေးဘူး။ ကျွန်တော်တို့ နောက်ထပ်နည်းနည်းလုပ်လိုက်ရင် သူတို့ ရန်ဖြစ်ပြီး
အချင်းချင်းသတ်လိမ့်မယ်"

"ခင်ဗျားအကြံကဘာလဲ"

"မာချောင်း(Ma Chao) က လက်ရုံးရည်ရှိပေမယ့် နှလုံးရည်မရှိဘူး။ ဝန်ကြီးချုပ်က ဟန်ဆွေ(Han Sui)


ဆီကိုစာတစ်စောင်ရေးပြီး စာထဲမှာ ကျရောက်လာမယ့်ဘေးအန္တရာယ်ရေးပါ။ ပြီးရင်
တစ်ဝက်တစ်ပျက်နဲ့ ပြောင်းလိုက်ပြီး တခြားအကြောင်းတွေထည့်ပါ။ ဟန်ဆွေ(Han Sui)
ဆီစာပို့တဲ့အကြောင်း မာချောင်း(Ma Chao) သိပါစေ။ မာချောင်း(Ma Chao) က အဲ့စာကိုဖတ်ပြီးရင် စာကို

826
ဟန်ဆွေ(Han Sui) ပြင်ထားတယ်လို့သံသယရှိပြီး ဟိုရက်က ဝန်ကြီးချုပ်နဲ့ ဟန်ဆွေ(Han Sui)
စကားပြောတဲ့ကစ
္စိကိုပါ သင်္ကာမကင်းဖြစ်သွားမယ်။ နောက်ပြီး ကျွန်တော်တို့က ဟန်ဆွေ(Han Sui)
လက်အောက်ငယ်သားတချို့ကိုလာဘ်ထိုးပြီး ပြဿနာကိုပိုကြီးအောင်လပ
ုမယ်။ အဲလ
ု့ဆ
ို မာချောင်း(Ma
Chao) ကိုရှင်းလို့ ရပြီ"

"ဒီအကြံကောင်းတယ်"

ထို့နောက် "ကျာရွှီ"(Jia Xu) ပြောသည့်အတိုင်း "ချောင်ချောင်း"(Cao Cao) က စာတစ်စောင်ရေးကာ


စာကိုသေချာပိတ်ပြီးနောက် "ဟန်ဆွေ"(Han Sui) ထံပို့လိုက်သည်။ ထိုစာလက်ခံရသည့်အကြောင်း
"မာချောင်း"(Ma Chao) ကြားလျှင် သံသယပိုဝင်သွားပြီး "ဟန်ဆွေ"(Han Sui) ထံလာကာ
အကျိုးအကြောင်းမေးသည်။ "ဟန်ဆွေ"(Han Sui) ကလည်း စာကိုပြလိုက်သည်။ "မာချောင်း"(Ma Chao)
သည် စာကိုဖတ်ပြီးနောက်

"စာမှာ ဘာလို့ ပြောင်းထားတာတွေရှိနေတာလဲ?" ဟုမေးသည်။

"ငါမသိဘူး။ နဂိုတည်းက ဒီလိုပဲ"

"ဘယ်သူက ဒီလိုစာမျိုးကိုပို့မှာလဲ? ကျွန်တော်ကြည့်ရတာကတော့ ဦးလေးက


ကျွန်တော်တစ်ခုခုသမ
ှိာစိုးလို့ စာကိုပြောင်းလိုက်တယ်လို့မြင်တယ်"

"ချောင်ချောင်း(Cao Cao) က မတော်တဆ စာကိုပိတ်လိုက်တာဖြစ်နိုင်တာပဲ"

"မဖြစ်နိုင်ဘူး၊ သူက စေ့စပ်သေချာတဲ့လူ၊ အမှားမလုပ်နိုင်ဘူး။ ကျွန်တော်နဲ့ ဦးလေးက


သူပုန်ကိုသတ်ဖို့လုပ်နေတာ။ ဦးလေးက ကျွန်တော်နဲ့ ရန်သလ
ူုပ်တော့မလို့ လား"

"မင်း ငါ့ကိုမယုံရင် မနက်ဖြန်မှာ ငါ ချောင်ချောင်း(Cao Cao) နဲ့စကားပြောမယ်။ မင်းက


တနေရာမှာပုန်းနေပြီး နားထောင်နေပါ။ ငါအမှားလုပ်ရင် ငါ့ကိုသတ်လိုက်"

"အဲ့လိုဆိုရင်တော့ ဦးလေးဘက်က မှန်ကန်တယ်လို့ ယုံပါတယ်"

နောက်ရက်တွင် "ဟန်ဆွေ"(Han Sui) သည် စစ်သူကြီးငါးဦးဖြစ်သည့် "လီခန်"(Li Kan) ၊ "မာဝမ်"(Ma


Wan) ၊ "ရန်ချို"(Yang Qiu) ၊ "ဟိုရွှမ်"(Hou Xuan) နှင့် "လျန်ရှင်း"(Liang Xing)
တို့နှင့်အတူအပြင်သို့ထွက်ပြီး "ချောင်ချောင်း"(Cao Cao) နှင့်စကားပြောလိုကြောင်းသွားပြောသည်။
"မာချောင်း"(Ma Chao) က တစ်နေရာတွင် ပုန်းနေသည်။

827
"ချောင်ဟန
ု"(Cao Hong) သည် မြင်းသည်တော်ဆယ်ဦးနှင့်အတူထွက်လာပြီး "ဟန်ဆွေ"(Han Sui)
နားသို့ လာကာ

"မနေ့ညက ကိစ္စကို ဝန်ကြီးချုပ်နားလည်တယ်။ အမှားမရှိစေနဲ့" ဟု ကျယ်လောင်စွာပြောသည်။ ပြီးနောက်


ဘာမျှမပြောတော့ပဲ ပြန်လှည့်သွားသည်။

၎င်းကို "မာချောင်း"(Ma Chao) ကြားလျှင် လှံကုက


ျိစ်ကျစ်ကိုင်ကာ မြင်းကိုကဆုန်စိုင်းစီးပြီး
"ဟန်ဆွေ"(Han Sui) ကိုသတ်မည်ပြုသည်။ သို့သော် "ဟန်ဆွေ"(Han Sui) ၏စစ်သူကြီး ငါးဦးတို့ က
ဟန့်လိုက်သည်။ "ဟန်ဆွေ"(Han Sui) မှ

"ငါ့တူ၊ ငါ့ကုယ
ိုံပါ။ ငါ့မှာ ဘာမကောင်းတဲ့အကြံမှမရှိဘူး" ဟုပြောသည်။

သို့သော် "မာချောင်း"(Ma Chao) မှာ ဒေါသတကြီးဖြင့်ထွကသ


်ွားသည်။

"ဟန်ဆွေ"(Han Sui) သည် ထိုအရာနှင့်ပတ်သတ်ပြီး သူ၏စစ်သူကြီးတို့ နှင့်တုင


ိပင်သည်။

"ဒီကိစ္စကိုဘယ်လုရ
ှိင်းရမလဲ"

"ရန်ချို"(Yang Qiu) မှ

"မာချောင်း(Ma Chao) က သူ့ခွန်အားကိုပဲအားကိုးပြီး နယ်စားကိုမယုံဘူး။ ကျွန်တော်တို့


ချောင်ချောင်း(Cao Cao) ကိုတိုက်နိုင်ရင်တောင် သူက ခွင့်လွှတ်မယ်ထင်လား? ဒီတော့
ကိုယ့်အကျိုးအတွက်ပဲကိုယ်လုပ်ပြီး ဝန်ကြီးချုပ်ဘက်ကိုသွားရင် ရာထူးကြီးကြီးတွေရမှာပါ" ဟုပြောသည်။

"ဒါပေမယ့် ငါနဲ့သူ့အဖေနဲ့က သွေးသောက်ညီအစ်ကိုတွေလေ။ သူ့ကိုမစွန့်လွှတ်ရက်ဘူး"

"ဒီအခြေအနေဖြစ်လာမှတော့ လုပ်ရမှာပဲ"

"ဒါဆို ချောင်ချောင်း(Cao Cao) ဆီကိုဘယ်သူသွားပြောမလဲ"

"ကျွန်တော်ပဲသွားပါ့မယ်"

ထို့နောက် "ဟန်ဆွေ"(Han Sui) က စာတစ်စောင်ရေးပြီး "ရန်ချို"(Yang Qiu) မှတဆင့်


"ချောင်ချောင်း"(Cao Cao) ကိုပေးစေသည်။ "ချောင်ချောင်း"(Cao Cao) သည်ဝမ်းသာစွာဖြင့်
"ဟန်ဆွေ"(Han Sui) ကို ရှီးလျန်နယ်စား၊ "ရန်ချို"(Yang Qiu) ကိုမူ မြို့စားအဖြစ်ခန့်အပ်မည်ဟု
ကတိပေးလိုက်သည်။ ထို့နောက် "မာချောင်း"(Ma Chao) ကိုစားသောက်ပွဲသို့ ဖိတ်ကာ

828
လုပ်ကြံရန်စီစဉ်ကြသည်။ "မာချောင်း"(Ma Chao) ရောက်လာပါက တိုက်ရန်အတွက် စစ်သူကြီးငါးဦးတို့က
အဆင်သင့်စောင့်နေသည်။

ထိုအကြောင်းမှာ "မာချောင်း"(Ma Chao) ထံပေါက်ကြားသွားပြီး "မာချောင်း"(Ma Chao)


ကလက်ဦးမှုရယူပြီး အရင်တိုက်ရန်ကြံသည်။ "မာတိုက"် (Ma Dai) နှင့် "ဖန်တဲ"(Pang De)
ကိုစခန်းတွင်ထားခဲ့ကာ ယုံကြည်ရသောခေါင်းဆောင်တချို့နှင့်အတူ "ဟန်ဆွေ"(Han Sui)
၏စခန်းသို့တိတ်တဆိတ်သွားသည်။

"ဟန်ဆွေ"(Han Sui) ၏ရွကဖ


်ျင်တဲနားရောက်သော် "ရန်ချို"(Yang Qiu)
၏စကားသံတစွန်းတစကြားသည်။

"နောက်ကျလို့မဖြစ်ဘူး ။ ဒီအချိန်မှာလှုပ်ရှားရမယ်"

ထိုအခါ "မာချောင်း"(Ma Chao) မှ

"သူပုန်တွေ ကျုပ်ကိုလုပ်ကြံဖို့ ကြိုးစားရဲတယ်" ဟုအော်ပြောသည်။ ထို့နောက် "မာချောင်း"(Ma Chao) မှ


"ဟန်ဆွေ"(Han Sui) ကိုဓားနှင့်ခုတ်ရာ "ဟန်ဆွေ"(Han Sui) ကလက်ဖြင့်ကာလိုက်ရာ "ဟန်ဆွေ"(Han
Sui) လက်ပြတ်သွားသည်။ စစ်သြူ ကီးငါးဦးတို့သည်လည်း ရွက်ဖျင်တဲအပြင်သို့ထွက်သွားသော
"မာချောင်း"(Ma Chao) ၏လူတို့ နှင့်တိုက်လေသည်။ မကြာမီတွင်ပင် "မာချောင်း"(Ma Chao) ကို
လူငါးဦးတို့က ဝိုင်းထားလိုက်သည်။ သို့သော်လည်း "မာချောင်း"(Ma Chao) ၏ဓားရေးကျွမ်းကျင်မှုကြောင့်
ထိုသူငါးဦးက "မာချောင်း"(Ma Chao) ကိုအနိုင်မတိုကန
ိုင်ပေ။ မကြာမီမှာပင် ဓားရိပ်နှင့်အတူ
သွေးချင်းနီကုန်သည်။ "မာဝမ်"(Ma Wan) မှာလဲကျသွားပြီး "လျန်ရှင်း"(Liang Xing)
မှာမလှုပ်နိုင်တော့ပေ။ ကျန်သုးံ ယောက်တို့ သည်လည်း ထွက်ပြေးသွားကြသည်။

"မာချောင်း"(Ma Chao) သည် ရွက်ဖျင်တဲအတွင်းသို့ပြန်ဝင်သွားပြီး "ဟန်ဆွေ"(Han Sui)


ကိုသတ်မည်ပြုသည်။ သို့သော်လည်း အစေခံတို့က "ဟန်ဆွေ"(Han Sui)
ကိုဘေးကင်းရာသို့ ခေါ်သွားပြီဖြစ်သည်။ မီးတုတ်တို့ကိုထွန်းညှိလိုက်ပြီးနောက်
စခန်းတစ်ခုလုံးဆူညံပွက်လောရိုက်ကုန်သည်။ "ဖန်တဲ"(Pang De) နှင့် "မာတိုက"် (Ma Dai) တို့လည်း
ရောက်လာရာ "မာချောင်း"(Ma Chao) သည် မြင်းပေါ်ပြန်တက်လိုကသ
် ည်။ ထိုအချိန်တွင်
တိုက်ပွဲအစစ်အမှန်စတင်ပြီဖြစ်သည်။

"ချောင်ချောင်း"(Cao Cao) ၏စစ်တပ်တို့က ဒီရေကဲ့သို့ လှိမ့်ဝင်လာသည်။ "ရွှီချူ"(Xu Chu) နှင့်


"ရွှီဟမ
ွ်"(Xu Huang) တို့ က အရှေ့နှင့်အနောက်၊ "ရှဟုယ
ွိမ"် (Xiahou Yuan) နှင့် "ချောင်ဟုန်"(Cao Hong)
တို့က ဘယ်ညာမှ ချီတက်လာကြသည်။ ထိုအခိုက်တွင် ရှီးလျန်စစ်တပ်တို့မှာ အချင်းချင်းတိုက်နေသည်။

829
သူ၏စစ်သူကြီးတို့နှင့်ကွဲသွားသော "မာချောင်း"(Ma Chao) မှာ မြင်းသည်တော်တစ်ရာနှင့်အတူ
ခရီးဆက်ပြီး မိုးသောက်ယံအချိန်တွင် ဝေမြစ်ကမ်းနားသို့ရောက်သည်။ ထိုနားရှိတံတားအနီးတွင်
"လီခန်"(Li Kan) ၏စစ်တပ်ကိုတွေ့လေသည်။ "မာချောင်း"(Ma Chao) သည် လှံကုအ
ိ ဆင်သင့်ပြင်ကာ
"လီခန်"(Li Kan) ကိုတုက
ိလေသည်။ "လီခန်"(Li Kan) မှာသူ၏လှံကုခ
ိ ်ျပီးထြကေ
် ပြးလေ၏။ ထိုအချိန်တွင်
"ယွီကျင်"့ (Yu Jin) ရောက်လာသည်၊ "မာချောင်း"(Ma Chao) နောက်ကိုလိုက်သော်လည်း မမှီသဖြင့်
မြားနှင့်ပစ်လုက
ိသည်။ "မာချောင်း"(Ma Chao) မှာ မြားထွကသ
် ည့်အသံကိုကြားသည်နှင့်
မြားကိုရှောင်လိုက်နိုင်သည်။ ထို့နောက် "မာချောင်း"(Ma Chao) က "လီခန်"(Li Kan)
ကိုသတ်လိုက်သည်။ ထို့နောက် "ယွီကျင်"့ (Yu Jin) ကိုတိုက်မည်ပြုရာ "ယွီကျင်"့ (Yu Jin) မှာအဝေးသို့
မြင်းစီးကာထွက်သွားသည်။ "မာချောင်း"(Ma Chao) သည် တံတားနေရာကို သိမ်းထားလိုက်သည်။

ထို့နောက် "ချောင်ချောင်း"(Cao Cao) ၏တပ်တို့က "မာချောင်း"(Ma Chao) ကိုဝန်းရံထားလိုက်ပြီး


ကျားကိုယ်ရံတော်က မြားဖြင့်ပစ်လေသည်။ "မာချောင်း"(Ma Chao) က
ကျလာသောမြားတို့ ကိုလှံဖြင့်ဝှေ့ရမ်းကာ ကာလိုက်သည်။ "မာချောင်း"(Ma Chao) နှင့်တပ်ဖွဲ့ တို့ သည်
ရန်သူ့ ကိုထိုးဖောက်ကာ ထွကရ
် န်ပြုသော်လည်း ရန်သူတို့မှာ များပြားလွန်းသဖြင့် မဖောက်ထွက်နိုင်ပေ။
နောက်ဆုံးတွင် မြောက်ဘက်တွင်ရှိသော လမ်းကျဉ်းလေးမှဖောက်ထွကသ
်ွားနိုင်သည်။ သို့ သော်လည်း
အခြားသောတပ်သားတို့မှာ သေဆုံးသွားပြီး "မာချောင်း"(Ma Chao) တစ်ယောက်သာကျန်ရစ်သည်။

"မာချောင်း"(Ma Chao) သည် ဆက်ပြေးသော်လည်း ရန်သတ


ူ့ို ပစ်သောဒူးလေးမြားထိပြီး
လဲကျသွားလေသည်။ ရန်သူတို့သည်လည်း တဖြည်းဖြည်းနီးကပ်လာသည်။ ထိုအချိန်တွင်
အနောက်မြောက်ဘက်မှ တပ်ဖွဲ့ကြီးရောက်လာပြီး "မာချောင်း"(Ma Chao) ကိုကယ်လိုကသ
် ည်။
ထိုတပ်ဖွဲ့မှာ "ဖန်တ"ဲ (Pang De) နှင့် "မာတိုက်"(Ma Dai) တို့တပ်ဖွဲ့ ဖြစ်ပြီး
အချိန်မှီရုံလေးရောက်လာခြင်းပင်ဖြစ်သည်။ "မာချောင်း"(Ma Chao) သည်
ကျောပြင်မှသွေးတို့ကျနေသော်လည်း စစ်သားတစ်ဦး၏မြင်းကိုစီးကာ
အနောက်မြောက်ဘက်သို့ ထွကသ
်ွားလေသည်။

ရန်သလ
ွှူတသ
်ွားသည်ကုသ
ိသောအခါ "ချောင်ချောင်း"(Cao Cao) သည် သူ၏စစ်သြူ ကီးတို့ အား

"နေ့ရောညကော သူ့နောက်ကိုလိုက်ပါ။ သူ့ကိုသေသည်ဖြစ်စေ၊ ရှင်သည်ဖြစ်စေ ဖမ်းမိအောင်လုပ်။


သူ့ခေါင်းကိုယူလာနိုင်ရင် ရွှေအောင်စတစ်ထောင်နဲ့ မိသားစုတစ်သောင်းကို
ထိန်းချုပ်နိုင်တဲ့အာဏာပေးမယ်။ သူ့ကိုဖမ်းနိုင်မယ်ဆိုရင် စစ်သူကြီးရာထူးပေးမယ်" ဟုပြောသည်။

ထို့ကြောင့် စစ်တပ်တို့သည် "မာချောင်း"(Ma Chao) နောက်သို့သည်းကြီးမည်းကြီးလိုက်ကြသည်။


"မာချောင်း"(Ma Chao) ၏နောက်လိုက်နောက်ပါတို့သည် ဆက်မသွားနိုင်ပဲ ကျန်ရစ်ခဲ့သည်။

830
ခြေလျင်တပ်သားပေါင်းများစွာကျန်ရစ်ခဲ့ပြီး စစ်သုံ့ ပန်းဖြစ်ကုန်သည်။ "မာချောင်း"(Ma Chao) နောက်တွင်
မြင်းသည်တော်အနည်းငယ်သာကျန်ပြီး သူတို့ သည် အနောက်ဘက်ရှိ
လင်ထောင်ဟေ
ူ သာမြို့သို့ချီတက်ကြသည်။

"ချောင်ချောင်း"(Cao Cao) ကိုယ်တိုင်နောက်မှလိုက်ပြီး အန်းတင်အထိရောက်သောအခါဝယ်


"မာချောင်း"(Ma Chao) မှာ အဝေးသို့ရောက်သွားပြီဖြစ်သောကြောင့် ဆက်မလိုက်တော့ပဲ
လက်လျှော့လိုက်သည်။ အခြားသောသူတို့လည်း ဆက်မလိုက်တော့ပဲ ချန်အန်းသို့ပြန်လေသည်။
သနားစရာကောင်းသော "ဟန်ဆွေ"(Han Sui) မှာ ဘယ်လက်ပြတ်ပြီး ဒုကိတ
္ခ ဖြစ်သွားသည်။
သို့သော်လည်း သူ့အား ရှီးလျန်နယ်စားအဖြစ် ချီးမြှင့်ခြင်းခံရသည်။ "ရန်ချို"(Yang Qiu) နှင့် "ဟိုရွှမ်"(Hou
Xuan) တို့ ကို ဝေခိုတွင် ရာထူးတစ်ခုချီးမြှင့်ခြင်းခံရသည်။ စစ်တပ်တို့ ကိုလည်း
မြို့တော်သို့ပြန်ဆုတ်စေသည်။

လျန်ကျိုးမှ စစ်တပ်အကြံပေးဖြစ်သော "ရန်ဖ"ူ (Yang Fu) သည် ချန်အန်းသို့ရောက်လာပြီး

"မာချောင်း(Ma Chao) က လွီပ(ု Lu Bu) လိုရဲရင့်ပြီး လူရိုင်းလိုကြမ်းကြုတ်တယ်။


သူ့ကိုအမြစ်ပြတ်မချေမှုန်းနိုင်ရင် သူကရဲသည်ထက်ရဲလာပြီး အနောက်ဘက်ကိုသမ
ိးသွားလိမ့်မယ်။
ဒါကြောင့် စစ်တပ်ကိုမဆုတ်သင့်ဘူး" ဟုပြောသည်။ "ချောင်ချောင်း"(Cao Cao) မှ

"ငါလည်း အမြစ်ပြတ်ရှင်းဖို့ဆန္ဒရှိတယ်။ ဒါပေမယ့် မြို့တော်မှာလုပ်စရာတွေရှိသေးတယ်။


တောင်ပိုင်းကိုလည်း သိမ်းဖို့လိုတယ်။ ဒါကြောင့် ကျုပ်အကြာကြီးရှိနေလို့မဖြစ်ဘူး ။ ခင်ဗျားက
အဲ့မှာနေပြီးသိမ်းပေးနိုင်မလား" ဟုမေးသည်။

"ရန်ဖ"ူ (Yang Fu) ကလက်ခံလုက


ိပြီး လျန်ကျိုးနယ်စား "ဝေခန်"(Wei Kang) နှင့်ပူးပေါင်းလေသည်။
"ရန်ဖ"ူ (Yang Fu) မှ "ချောင်ချောင်း"(Cao Cao) အား

"ချန်အန်းမှာ လိုအပ်ရင်အသုံးပြုဖို့ အကူတပ်တစ်တပ်ထားသင့်တယ်" ဟုပြောသည်။

"အဲ့ဒါ ပြင်ဆင်ပြီးသွားပြီ"

ထို့နောက် "ရန်ဖူ"(Yang Fu) လည်းထွက်သွားသည်။

"ချောင်ချောင်း"(Cao Cao) ၏မူဝါဒနှင့်ပတ်သတ်ပြီး သူ၏စစ်သူကြီးတို့ က ဝိုင်းဝန်းမေးမြန်းကြသည်။

831
"ထုံမန်ခံတပ်ပုန်ကန်မှုကတည်းက ဝန်ကြီးချုပ်က ဝေမြစ်မြောက်ပိုင်းကို မကွာကွယ်ပဲထားထားတယ်။
ဘာလို့ မြောက်ဘက်ကမ်းကိုသွားတာ မြစ်ဝါမြစ်ရဲ့အရှေ့ဘက်ကမသွားတာလဲ? အဲ့အစား
မြောက်ဘက်ကမ်းကိုမကူးခင်မှာ ခံတပ်ကိုပဲတိုကတ
် ယ်၊ အဲဒါဘာကြောင့်များလဲ?"

"သူပုန်တွေက ခံတပ်ကုသ
ိမ်းထားတာ။ ငါမြစ်ဝါမြစ်အရှေ့ဘက်ကသွားရင် သူပုန်တွေက
စခန်းတွေကိုလုံခြုံအောင်လုပ်ထားမှာပေါ့။ ငါက အနောက်ဘက်(ဝေမြစ်မြောက်ဘက်) က မသွားသင့်ဘူး ။
ဒီတော့ ငါက ထုံမန်ခံတပ်ကိုတိုက်စေပြီး သူပုန်တွေကို ဝေမြစ်တောင်ဘက်ကိုကာကွယ်ထားစေတာ။
အဲ့လဆ
ို မြောက်ဘက်က အစောင့်အကြပ်နည်းနေလိမ့်မယ်။ ဒီလိုသာဆို ရွှီဟွမ(် Xu Huang) နဲ့
ကျူလင်(Zhu Ling) တို့က အဲ့ကိုတိုက်နိုင်ပြီး ငါလည်း စစ်ကူပေးနိုင်မယ်။ လမ်းတွေ၊
ရွှံ့ ခံတပ်တွေလပ
ုတာရဲ့ရည်ရွယ်ချက်က ရန်သူ့ဘက်က ငါ့ကုအ
ိ င်အားနည်းတယ်ထင်အောင်လို့။
ဒီလိုသာဆို သူတို့ က သေသေချာချာပြင်ဆင်မှုမလုပ်ပဲလာတိုက်မှာ။ ငါ ရန္သေ
ူ တြကို
အချင်းချင်းမကျေမလည်ဖြစ်အောင်လုပ်ပေးလိုက်ရင် သူတို့ အားလုံးကိုရှင်းနိုင်မယ်။ ဒါက
နားမအုပ်နိုင်လုက
ိခင်ကြားရတဲ့မိုးခြိမ်းသံလိုပဲ။ စစ်ဗျူဟာရဲ့ပြောင်းလဲမှုတွေက
မရေမတွက်နိုင်အောင်များပြားတယ်"

"ဒါပေမယ့် ကျွန်တော်တို့ နားမလည်တာတစ်ခုရှိတယ်။ ရန်သူတွေက


စစ္ကေ
ူ တွရှိတယ်လို့ကြားတဲ့အချိန်မှာ ဝန်ကြီးချုပ်ကဘာလို့ ပျော်သွားရတာလဲ"

"ဘာလို့လည်းဆိုတော့ ထုံမန်ခံတပ်က ရွှီချန်နဲ့ ဝေးတယ်။ သူပုန်တွေက ခံတပ်ကုသ


ိမ်းထားနိုင်လည်း
ကောင်းကောင်းထိန်းချုပ်ဖို့အတွကန
ှ်စ်နှစ်လောက်အချိန်ယရ
ူ မှာ။ သူတို့တွေက အတူတူလာပေမယ့်
ရည်ရွယ်ချက်မတူဘူး။ ဒီတော့ သူတို့ အချင်းချင်းခိုက်ရန်ဖြစ်လိမ့်မယ်။ အဲ့ဒါကြောင့်
ရန္သေ
ူ တွမှာစစ်ကူရှိတယ်ဆိုတော့ ငါဝမ်းသာတာ"

"နည်းဗျူဟာမှာ ဝန်ကြီးချုပ်ကိုဘယ်သူမှမယှဉ်နိုင်ပါဘူး"

"ဒါပေမယ့်လည်း မင်းတို့ အပေါ်အားကိုးခဲ့ရတယ်"

ထို့နောက် "ချောင်ချောင်း"(Cao Cao) သည် စစ်တပ်ကိုဆုချပြီး "ရှဟိုယွမ်"(Xiahou Yuan) ကို


ချန်းအန်းမြို့ကိုစောင့်ကြပ်စေသည်။ "ရှဟုယ
ွိမ"် (Xiahou Yuan) က အကူအနေဖြင့် "ကျန်းကျား"(Zhang
Jia) ကိုထောက်ခံပေးခဲ့သည်။ လက်နက်ချသောစစ်သည်တို့ ကို တပ်အသီးသီးတွင်
ပြန်လည်နေရာချပေးလေသည်။

ထို့နောက် စစ်တပ်ကြီးသည် မြို့တော် ရွှီချန်သို့ ပြန်လေ၏။ ဘုရင်မင်းမြတ်ကိုယ်တိုင်က


လှည်းယာဉ်ဖြင့်ထွကြ် ကိုရလေသည်။ "ချောင်ချောင်း"(Cao Cao) ကို ညီလာခံတွင်
ဂုဏ်သိန်နာမည်ထည့်သွင်းပြောရန်မလို၊ နန်းတော်သို့ ဝင်လျှ င် အလောတကြီးလုပ်ရန်မလို

832
အစရှိသည့်အထူးအခွင့်အရေးများပေးအပ်ခြင်းခံရသည်။ ထို့အပြင်
ဟန်တိုင်းပြည်၏ပထမဆုံးဝန်ကြီးတစ်ဦးဖြစ်ခဲ့သော "ရှောင်ဟ"ဲ (Xiao He) ကဲ့သို့ ပင် "ချောင်ချောင်း"(Cao
Cao) သည်လည်း နန်းတွင်းသို့ဝင်လျှင် လက်နက်ကုင
ိဆောင်ခွင့်၊ ဖိနပ်စီးခွင့်ရှိလေသည်။

"ချောင်ချောင်း"(Cao Cao) ၏ဂုဏ်သတင်းသည် အနောက်ဘက်ဟန်ကျုံးသို့ တိုင်အောင်ပြန့်လေသည်။


ဟန်နင်မြို့စား "ကျန်းလု"(Zhang Lu) မှ ဖေပြည်နယ်ဇာတိဖြစ်ပြီး ဟွမ်ကျုံးပြည်နယ်
ဟွမ်မင်တောင်တွင်ရှိသော "ကျန်းလင်"(Zhang Ling) ၏မြေးဖြစ်သည်။ "ကျန်းလင်"(Zhang Ling) သည်
တာအိုဝါဒကိုလေ့လာသူဖြစ်သည်။ သူ့ကိုလူအများက လေးစားကြလေ၏။ ထိုသူသေဆုံးသွားသော်
သားဖြစ်သည့် "ကျန်းဟန်"(Zhang Heng) ကအဖေလုပ်ကိုင်ခဲ့သည့်တာအိုဝါဒကိုပင်
ဆက်လက်ပို့ချသည်။ သူ့ထံတွင် တပည့်ခံလိုပါက ဆန်ကုလ
ှိည်းငါးစီးစာပေးရသည်ဟူ၏။
သူ့ကိုလူအများတို့က ဆန်သူခိုးဟုခေါ်ကြသည်။

"ကျန်းဟန်"(Zhang Heng) သေဆုံးသွားသောအခါ သားဖြစ်သူ "ကျန်းလု"(Zhang Lu)


ကအဖေ့ခြေရာနင်းကာ သူ့ကိုယ်သူ ဆရာသခင်ဟေ
ု ခ်ါပြီး သူ့တပည့်တို့ ကို နတ်ဆိုးစစ်သည်ဟု
အမည်ပေးထားသည်။ ထိုအထဲမှ ခေါင်းဆောင်ဖြစ်သူက ယဇ်ဆရာဟုခေါ်ပြီး ထိုထက်အဆင့်ပိုမြင့်သူကို
ယဇ္ဆရာခ်ဳပ္ဟေ
ု ခ်ါသည်။ ဂိုဏ်းအတွင်းတွင် ရိုးသားမှုကုအ
ိားပေးပြီး လိမ်ညာလှည့်ဖြားခြင်းကိုခွင့်မပြုပေ။
နေမကောင်းသည့်လူရှိပါက ထိုလူအတွက် နတ်ကွန်းဆောက်ကာ ထိုသူကို
ဆိတ်ငြိမ်ခန်းအတွင်းခေါ်သွားပြီး သူ၏အပြစ်တို့ ကိုဝန်ခံစေသည်။ ထို့နောက်ထိုသအ
ူ တွက်
ဆုတောင်းပေးသည်။ ထိုသို့ ဆုတောင်းပေးသူကို နတ်ဆိုးစစ်သည်ခေါင်းဆောင်ဟုနာမည်ပေးထားသည်။

လူတစ်ဦးအတွက်ဆုတောင်းပေးပါက ထိုသူ၏နာမည်ကို နေရာသုံးနေရာတွင်ရေးသည်။ ၎င်းကို


"နတ်ဘုရားသုံးပါး၏စာ" ဟုခေါ်သည်။ တစ်ခုကို တောင်ထိပ်တွင်မီးရှို့ ကာ ကောင်းကင်သို့ဆုတောင်းပြီး
ကျန်တစ်ခုကိုမူ မီးရှို့ပြီး မြေကြီးသို့ တိုင်တည်သည်ဟုဆို၏။ နောက်ဆုံးတစ်ခုကိုမူ ရေထဲသို့မျောစေပြီး
ရေကိုအုပ်ချုပ်သောနတ်တို့ကိုတိုင်တည်သည် ဆို၏။ အကယ်၍ လူနာပြန်ကောင်းလာပါက
ဆန်ကိုလှည်းငါးစီးတိုကေ
် ပးရမည်ဖြစ်သည်။

ထိုဂိုဏ်းသည် ဆင်းရဲသားတို့ကို ထမင်း၊ ဟင်းများကျွေးမွေးခြင်းတို့ လည်းပြုလုပ်သည်။ လူတုင


ိးက
ကိုယ်စားသလောက်သာယူရမည်ဖြစ်ပြီး ပိုယူပါကဒဏ်ခတ်ခံရမည်ဖြစ်သည်။ ထိုကဲ့သို့သောဂိုဏ်းသည်
ဟန်ကျုံးတွင်ရှိနေသည်မှာ အနှစ်သုံးဆယ်ကျော်ကြာခဲ့ပြီ။
အစိုးရ၏အာဏာစက်နှင့်အလှမ်းကွာသောဒေသဖြစ်သောကြောင့် ထိုဂိုဏ်း၏အာဏာကကြီးလာခဲ့သည်။
နောက်ပိုင်းတွင် အစိုးရမှ "ကျန်းလု"(Zhang Lu) ကို 'တောင်ပိုင်းကိုကာကွယ်သောစစ်သူကြီး'
ဟူသည့်ဘွဲ့ပေးကာ ဟန်နင်မြို့စားအဖြစ်ခန့်အပ်ပြီး နန်းတော်သို့ အခွန်ပဏ္ဏာပေးစေသည်။

833
"ချောင်ချောင်း"(Cao Cao) ၏အောင်မြင်မှုသတင်းကို "ကျန်းလု"(Zhang Lu) ကြားသောအခါ
သူ၏နောက်လိုက်တို့ဖြင့်တိုင်ပင်သည်။

"မာထန်(Ma Teng) သေသွားပြီး မာချောင်း(Ma Chao) ကစစ်ရှုံးသွားပြီ။ ချောင်ချောင်း(Cao Cao)


ရဲ့နောက်ပစ်မှတ်ကအနောက်တောင်ဘက်ပဲ။ ဒီလိုဆို ဟန်ကျုံးက
သူ့ရဲ့ပထမဆုံးကျူးကျော်မယ့်ဒေသဖြစ်လာမယ်။ ဟန်ကျုံးနယ်ကိုအုပ်ချုပ်သူအနေနဲ့
ခုခံမှုအတွက်ပြင်ဆင်ထားရမယ်"

"ရန်ဖ"ူ (Yan Pu) မှ

"ဒီနယ်မြေမှာ စစ်တပ်အင်အားတစ်သိန်းရှိပြီး လုံလောက်တဲ့ရိက္ခာရှိတယ်။ အခု မာချောင်း(Ma Chao)


စစ်ရှုံးသွားတော့ ကျီဝူချိုင့်ဝှမ်းကရောက်လာတဲ့ ဒုက္ခသည်တွေမနည်းဘူး၊ သူတို့ ကိုပါ
စစ်တပ်ထဲထည့်မယ်ဆိုရင်း နောက်ထပ်သောင်းဂဏန်းလောက်ရှိမယ်။ ကျွန်တော့်အကြံကတော့ ယီကျိုးက
လျူကျန်း(Liu Zhang) ဟာ အင်အားနည်းတဲ့အတွက် သူ့ကိုတိုက်ပြီး အနောက်ဘက်မြစ်ပြည်နယ်ရဲ့
မြို့နယ်လေးဆယ့်တစ်ခုကိုသမ
ိးသင့်တယ်။ ပြီးရင်တော့ နိုင်ငံအတွင်းမှာ အင်အားကြီး
ခေါင်းဆောင်ဖြစ်လာပြီပ"ဲ ဟုပြောသည်။

၎င်းအကြံကို "ကျန်းလု"(Zhang Lu) သဘောကျကာ ညီဖြစ်သူ "ကျန်းဝေ"(Zhang Wei) နှင့်အတူ


စစ်သားများစုဆောင်းသည်။

ထို စစ်တိုက်ရန်ပြင်နေသောသတင်းသည် ယီကျိုးပြည်နယ်သို့ ရောက်သွားလေသည်။ ယီကျိုးနယ်စားမှာ


"လျူကျန်း"(Liu Zhang) ဖြစ်ပြီး သူသည် "လျူရန်"(Liu Yan) ၏သားဖြစ်သည်။ "လျူရန်"(Liu Yan) သည်
နန်းတွင်းမိသားစုဖြစ်သည့် ကုန်း(Gong) မင်းသားအဆက်အနွယမ
ှ် ဆင်းသက်လာသူဖြစ်သည်။
ထိုမင်းသားသည် သူ၏မိသားစုနှင့်အတူ ကျင်းလင်တွင် အခြေချခဲ့သည်။ နောက်ပိုင်းတွင် "လျူရန်"(Liu
Yan) သည် ယီကျိုးနယ်စားဖြစ်လာပြီး ရှင်းဖင်နှစ်ပထမနှစ် (အေဒီ ၁၉၄) သူသေဆုံးသွားခဲ့သည်။ ထိုအခါ
သားဖြစ်သူ "လျူကျန်း"(Liu Zhang) က အဖရာထူးကိုဆက်ခံသည်။

"ကျန်းလု"(Zhang Lu) ၏မိခင်နှင့်ညီတို့ ကို "လျူကျန်း"(Liu Zhang) က သေဒဏ်ပေးခဲ့ဖူးသဖြင့်


ထိုသူနှစ်ဦးကြားတွင် ရန်ငြိုးရန်စရှိလေသည်။ "လျူကျန်း"(Liu Zhang) သည် "ကျန်းလု"(Zhang Lu)
ရန်မှကာကွယ်ရန် "ဖန်ရှီ"(Pang Xi) ကို ပါးရှီးမြို့တော်ဝန်အဖြစ်ခန့်အပ်ထားခဲ့သည်။

သို့သော် "လျူကျန်း"(Liu Zhang) မှာ ပျော့ညံ့သူဖြစ်ပြီး "ကျန်းလု"(Zhang Lu)


၏ပြင်ဆင်မှုသတင်းကိုကြားသည်နှင့်ကြောက်လန့်ကာ အကြံပေးတို့ နှင့်တိုင်ပင်သည်။ အမှုထမ်းတစ်ဦးမှ

834
"သခင်ကြီး ဘာမှစိုးရိမ်စရာမလိုဘူး။ ကျွန်တော်က ဉာဏ်ကြီးရှင်မဟုတ်ပေမယ့်
ကောင်းမွန်တဲ့လျာကိုအသုံးချပြီး ကျန်းလု(Zhang Lu) ကိုဒီဘက်ပိုင်းကို
စေ့စေ့မကြည့်ရဲအောင်လပ
ုနိုင်တယ်" ဟုပြောသည်။

835
အခန်း(၆၀) "ကျန်းစုန့် "(Zhang Song) မှ အခြေအနေကိုပြောင်းလဲနိုင်လိုက်ခြင်း။ "ဖန်ထ"ုံ (Pang
Tong) မှ ရှူပြည်နယ်ကိုသိမ်းရန်အကြံပေးခြင်း။

ရှေ့တစ်ခန်းတွင် စကားပြောသူမှာ ယီကျိုး "ကျန်းစုန့် "(Zhang Song) ဖြစ်သည်။ သူ့တွင်


မြင်းလှည်းမောင်းသူတို့ ကိုအုပ်ချုပ်ရသောရာထူးသေးလေးရှိသည်။ သူသည် နာဖူးပြင်ကျယ်ပြီး
ပေါက်တူးကဲ့သို့ငေါ်ထွကေ
် နသော နားထင်ရှိသော ချွန်သောခေါင်းရှိသောသူဖြစ်သည်။ နှာခေါင်းပြားပြီး
သွားခေါ်လေ၏။ လူမှာ အရပ်ပုသော်လည်း ခေါင်းလောင်းကဲ့သို့ သော
ကြီးမားသည့်အသံကိုပိုင်ဆိုင်သူဖြစ်သည်။

နယ်စားမှ

"ခင်ဗျားက ဒီအန္တရာယ်ကလွတ်မြောက်နိုင်တဲ့အကြံဆိုတာ ဘာကိုဆိုလိုတာလဲ" ဟုမေးသည်။

"ကျွန်တော်ပြောချင်တာက ကျွန်တော်တို့ ချောင်ချောင်း(Cao Cao) ရဲ့အကူအညီကိုယသ


ူ င့်တယ်။ သူက
တစ်တိုင်းပြည်လုံးနီးပါးကိုရှင်းနိုင်ခဲ့ပြီလေ။ ပထမ လွီပု(Lu Bu) ကိုအနိုင်ယူခဲ့တယ်၊ နောက်တော့
ယွမ်တွေကိုတိုကြ် ပီး လတ်တလောတုန်းက မာချောင်း(Ma Chao) ကိုအောင်နိုင်ခဲ့တယ်။
အချုံးပြောရရင်တော့ သူက ဘယ်သူမှမယှဉ်နိုင်တဲ့လူတစ်ယောက်ပဲ။ ဒါကြောင့် သခင်ကြီးက ကျွန်တော့်ကို
လက်ဆောင်တွေနဲ့ အတူမြို့တော်ကိုလွှတ်လုက
ိပါ။ ကျွန်တော် "ချောင်ချောင်း"(Cao Cao) နဲ့တွေ့ပြီး
သူ့တပ်တွေကို ဟန်ကျုံးကိုချီတက်လာအောင် ပြောပါ့မယ်။ အဲ့လိုဆို ကျန်းလု(Zhang Lu) က
ကျွန်တော်တို့နယ်ကိုတိုက်တော့မှာ မဟုတ်ဘူး"

836
ထိုသူပြောသည့်အတိုင်းပင် "လျူကျန်း"(Liu Zhang) ကလည်း ရွှေ၊ ပုလဲနှင့်အဖိုးတန်ရတနာတို့ကို
လက်ဆောင်အဖြစ်ပြင်ဆင်ကာ "ကျန်းစုန့်"(Zhang Song) ကိုသံတမန်အနေနှင့် "ချောင်ချောင်း"(Cao
Cao) ထံလတ
ွှ်လိုက်လေသည်။ ထိုပြင်ဆင်နေသည့်အချိန်အတွင်းဝယ် "ကျန်းစုန့် "(Zhang Song) သည်
အနောက်ဘက်ပြည်နယ်၏မြေပုံနှင့် အစီအစဉ်တို့ကို ခိုးမှတ်ထားသည်။ ပြီးနောက် လူအနည်းငယ်နှင့်အတူ
ထွက်ခွာလေသည်။

ကျင်ကျိုးမှထိုအကြောင်းတို့ ကိုကြားသောအခါ "ကျူးကဲလျန့်"(Zhuge Liang) သည်


မြို့တော်သို့လူတစ်ယောက်စေလွှတ်ပြီး အခြေအနေတို့ ကိုစောင့်ကြည့်ကာ သတင်းပြန်ပို့စေသည်။

"ကျန်းစုန့် "(Zhang Song) သည် မြို့တော်တို့ ရောက်သောအခါ တည်းခိုစရာနေရာရှာပြီးနောက်


ဝန်ကြီးချုပ်နှင့်တွေ့ရန်စီစဉ်သည်။ သို့သော် "မာချောင်း"(Ma Chao) ကိုအောင်နိုင်ပြီးနောက်
"ချောင်ချောင်း"(Cao Cao) မှာ အပျော်ကြီးပျော်ပြီး ပွဲတော်တို့ သာအမြဲကျင်းပလေသည်။
အရေးကြီးကိစ္စမရှိလျှင် အခြားသူတို့ နှင့်တွေ့ဆုံခြင်းမရှိပဲ တိုင်းရေးပြည်ရာတို့ကိုလည်း
သူ့အိမ်တော်မှာပင်နေပြီး စီမံသည်။ ထို့ကြောင့် "ကျန်းစုန့်"(Zhang Song) မှာ
ရက်ပေါင်းများစွာစောင့်နေခဲ့သည်။ သို့သော် ဝန်ကြီးချုပ်နှင့်ရင်းနှီးသောသူတို့နှင့်သက
ျွိမ်းသောအခါ
ထိုသူတို့ ကိုလာဘ်ထိုးလိုက်သဖြင့် ဝန်ကြီးချုပ်နှင့် တွေ့ဆုံခွင့်ရလေသည်။

ရောက်လာသောဧည့်သည်မှ ဂါရဝပြုပြီးအခါ အမြင့်တွင်ထုင


ိနေသော "ချောင်ချောင်း"(Cao Cao) မှ

"ခင်ဗျားသခင် လျူကျန်း(Liu Zhang) က အခွန်ပဏ္ဏာတွေမဆက်သတာ အတော်ကြာပြီ၊ ဒါဘာကြောင့်လ"ဲ


ဟုမေးသည်။

"ဘာကြောင့်လည်းဆိုတော့ လမ်းခရီးက အန္တရာယ်များပြီး သူခိုးဓားပြတွေပေါတဲ့အတွက်


လှည်းယာဉ်တွေခရီးမပေါက်တာပါ"

"ချောင်ချောင်း"(Cao Cao) သည် ကျယ်လောင်သောအသံဖြင့်

"ကျုပ်က တိုင်းပြည်ကိုငြိမ်သက်အောင်လုပ်ခဲ့ပြီးပြီပဲ၊ ဘာလို့ သူခိုးဓားပြတွေရှိနေသေးတာတုန်း"


ဟုပြောသည်။

"ဘာလို့ တိုင်းပြည်ကငြိမ်သက်နေပြီလို့ ဆိုနိုင်ရတာလဲ? တောင်ဘက်မှာ စွန်းချွမ်(Sun Quan) ၊


အနောက်ဘက်မှာ ကျန်းလု(Zhang Lu) နဲ့ လျူဘေ့(Liu Bei) တို့ရှိပြီး သူတို့ မှာ

837
ကိုယ်ပိုင်တပ်ဖွဲ့ကြီးတွေရှိတယ်မဟုတ်လား။ သူတို့ ထဲက အင်အားအနည်းဆုံးအဖွဲ့ တောင်မှ
စစ်တပ်တစ်သန
ိးလောက်ရှိတာပဲလေ"

ထိုစကားတို့ကြောင့် "ချောင်ချောင်း"(Cao Cao) သည် ရုတ်တရတ်ထပြီး အင်္ကျီလက်ကိုခါကာ


ထွက်သွားလေသည်။ အနီးအနားရှိလူတို့မှ

"ခင်ဗျားကစစ်ကူတောင်းဖို့လာတာ ဘာလို့စကားကိုဒီလိုတည့်တိုးကြီးပြောရတာလဲ? ကံကောင်းတာက


ခင်ဗျားကအဝေးကလာတဲ့လူမို့လို့ ကျုပ်သခင်ကြီးက ခင်ဗျားကိုဘာမှမပြောပဲခွင့်လွှတ်လိုက်တာ။
အကောင်းဆုံးကတော့ ခင်ဗျားအိမ်အမြန်ဆုံးပြန်သင့်တယ်" ဟုပြောသည်။ "ကျန်းစုန့်"(Zhang Song)
သည် ပြုံးကာ

"မြစ်ကမ်းဒေသမှာ မြှောက်ပင့်ပြောတတ်တဲ့လူ၊ စကားချိုချိုပြောတတ်တဲ့လူ မရှိဘူး" ဟုဆိုသည်။

"ခင်ဗျားဆိုလိုတာက ကျုပ်တို့ က မြှောက်ပင့်တတ်ပြီး ခင်ဗျားတို့ဒေသမှာတော့ အဲ့လိုလူမရှိဘူးပေါ့"

"ကျန်းစုန့် "(Zhang Song) သည်ထိုပြောသောသူကိုကြည့်လုက


ိရာ ထိုပြောသူမှာ ပါးလျသောမျက်တောင်၊
မျက်လုံးမှေးမှေးနှင့် ဖြူသောမျက်နှာရှိသည့်လူကိုမြင်သည်။ သို့နှင့် ထိုသ၏
ူ နာမည်ကိုမေးလိုက်လေ၏။
ထိုသူမှာ "ရန် ရှို့"(Yang Xiu) ဖြစ်ပြီး ယခင်စစ်သူကြီး "ရန်ပြောင်း"(Yang Biao) ၏သားဖြစ်သည်။
သူသည် ဝန်ကြီးချုပ်ရုံး အတွင်းရေးမှူးတို့၏သဘာပတိဖြစ်ပြီး စာပေတို့ကိုလေ့လာသူဖြစ်ကာ
ရှေးရိုးဆန်သူဖြစ်သည်။ ကိုယ့အ
် စွမ်းအစကိုယုံကြည်ကာ အခြားသောသူတို့ ကို အထင်သေးလေ၏။
"ကျန်းစုန့် "(Zhang Song) ၏စကားကို "ရန် ရှို့"(Yang Xiu) မှကဲ့ရဲ့ပြီး နှစ်ဦးသား
ကောင်းစွာဆွေးနွေးနိုင်ရန်အတွက် စာကြည့်ဆောင်သို့ခေါ်သွားသည်။ စာကြည့်ဆောင်သို့ ရောက်သော်
အနောက်ပိုင်းဒေသအကြောင်း ပြောလေသည်။

"ရန် ရှို့"(Yang Xiu) မှ

"ခင်ဗျား လမ်းခရီးမှာ ပင်ပန်းလာမှာပေါ့" ဟုပြောသည်။

"နယ်စားကြီးရဲ့အမိန့်နဲ့လာခဲ့ရတာ၊ မီးတွေ၊ ရေတွေကိုဖြတ်ကျော်ရရင်တောင် မမှုပါဘူး"

"ယီကျိုးက ဘယ်လိုဒေသမျိုးလဲ"

"ယီကျိုးက အနောက်ပိုင်းမှာရှိတဲ့မြို့နယ်တွေပေါင်းထားတဲ့ပြည်နယ်ကြီးဖြစ်ပြီး ရှေးယခင်ကတော့


ရှူပြည်နယ်လို့ ခေါ်တယ်။ လမ်းတွေမှာ စမ်းချောင်းတွေချားထားပြီး မြေပြင်မှာလည်း
မြင့်မားတဲ့တောင်တန်းတွေရှိတယ်။ ပတ်ပတ်လည်မှာ စခန်းပေါင်းနှစ်ရာကျော်ရှိပြီး ဧရိယာက
စတုရန်းမိုင်တစ်သိန်းကျော်ကျယ်ဝန်းတယ်။ လူဦးရေထူထပ်ပြီး ကြက်တွန်တာကို

838
အနီးကလူတွေကြားနိုင်သလို ခွေးဟောင်တာလည်း ကြားနိုင်တယ်။ မြေဆီလွှာကောင်းမွန်ပြီး
စိုကပ
်ျိုးရေးအတွက်ကောင်းတယ်။ မိုးခေါင်ရေရှားတာ၊ အစာရေစာပြတ်လပ်တယ်ဆိုတာ
ကြားတောင်မကြားဖူးခဲ့ဘူး။ ကြွယ်ဝချမ်းသာမှုကတော့ အထိုက်အသင့်ပါပဲ။ ပုလွေနဲ့ ဂီတသံတွေကတော့
အမြဲကြားရတယ်။ ကောက်ပဲသီးနှံတွေကိုပုံထားရင် တောင်တစ်ခုစာမြင့်တယ်။ အဲ့လိုဒေသဆိုတာ
တခြားနေရာမှာမရှိပါဘူး"

"လူတွေကရော"

"အုပ်ချုပ်သူတွေက လျူရှန်းရူ(Liu Xiangru) လိုထူးချွန်ပြီး စစ်သားတွေက မာယွမ(် Ma Yuan)


လိုရဲရင့်တယ်။ သမားတော်တွေက ကျန်းကျိ(Zhang Ji) လိုအစွမ်းထက်ပြီး ဗေဒင်ဆရာတွေက
ရန်ကျွ င်း(Yan Zun) လိုတော်တယ်။ အတွေးအခေါ်နဲ့ယဉ်ကျေးမှုထွန်းကားတာက တခြားလူတွေ
စံပြုလောက်တယ်။ အဲ့လိုအစွမ်းထက်တဲ့လေ
ူ တွအကြောင်းကို ကျုပ်ပြောရင်
ပြောလို့တောင်မကုန်နိုင်ပါဘူး"

"အဲ့လိုလူတွေက နယ်စားကြီးရဲ့လက်အောက်မှာရှိရဲ့လား"

"ကျုပ်တို့ရုံးကအရာရှိတွေက ဉာဏ်ကြီးရှင်တွေချည်းပဲ။ ဉာဏ်ပညာ၊ ရဲဝံ့မှု၊ သစ္စာရှိမှု၊ မှန်ကန်ဖြောင့်မတ်မှု၊


တည်ကြည်မှု အစရှိတဲ့အချက်တွေအကုန်လုံးပိုင်ဆိုင်ကြတယ်။ ကျွန်တော့်လို သာမန်အမှုထမ်းတွေက
ရေလို့တောင်မကုန်နိုင်ပါဘူး"

"ခင်ဗျားက ဘယ်မှာအမှုထမ်းတာလဲ"

"ကျုပ်က မြင်းလှည်းမောင်းသူ ရုံးခန်းလေးကိုတာဝန်ယူရတာ။ ခင်ဗျားကကော?"

"ကျုပ်က ဝန်ကြီးချုပ်ရုံးရဲ့ ပထမအဆင့် အတွင်းရေးမှူးပဲ"

"ခင်ဗျားတို့ မိသားစုက မျိုးရိုးစဉ်ဆက် အမှုထမ်းမျိုးရိုးမဟုတ်လား။ ခင်ဗျားက ဘာလို့


ဘုရင့်နားမှာအမှုမထမ်းပဲ ဝန်ကြီးချုပ်ရုံးမှာ သာမန်စာရေးဖြစ်နေရတာလဲ"

ထိုအခါ "ရန် ရှို့"(Yang Xiu) မျက်နှာမှာ ရှက်သွားဟန်ပေါ်သည်။ ထို့နောက် ဣနြေ္ဒပြန်ဆည်ကာ

"ကျုပ်က သာမန်အမှုထမ်းဆိုပေမယ့်လည်း ကျုပ်ရဲ့တာဝန်တွေကကြီးမားတယ်။ နောက်ပြီး


ဝန်ကြီးချုပ်နားမှာနေရတာ အတွေ့အကြုံတွေရတယ်"

"ကျန်းစုန့် "(Zhang Song) သည် ပြုံးကာ

839
"ကျုပ်ကြားရသလောက်ကတော့ ချောင်ချောင်း(Cao Cao) က ကွန်ဖြူးရှပ်တို့ ၊
မင်းစီးယပ်တို့ရဲ့ပညာတွေကိုလည်း မလေ့လာသလို သူ့စစ်ပညာအရည်အချင်းကလည်း ဆွန်ဇ(ု Sun Zi)
တို့၊ ဝူချီ(Wu Qi) တို့ ကိုမယှဉ်နိုင်ဘူး။ သူက ခွန်အားနဲ့အနိုင်ယူတာပဲနားလည်ပြီး
သူ့ကောင်းကျိုးအတွကလ
် ပ
ုတဲ့လပ
ဲူ။ ခင်ဗျားက သူ့လိုလူဆီက ဘာတွေသင်ယူစရာရှိလို့ လဲ"
ဟုပြောသည်။

"ခင်ဗျားက အဝေးကလာတဲ့လူဆိုတော့ ခင်ဗျားက ဝန်ကြီးချုပ်ရဲ့အရည်အချင်းတွေကိုသိမှာမဟုတ်ဘူး။


ခင်ဗျားကို တစ်ခုပြစရာရှိတယ်"

ထို့နောက် အစေခံတစ်ဦးကိုခေါ်ပြီး စာအုပ်တစ်အုပ်ယူလာစေသည်။ ထိုစာအုပ်၏ခေါင်းစဉ်မှာ


'ချောင်ချောင်း၏စာအုပ်အသစ်' ဟူ၍ဖြစ်သည်။ "ကျန်းစုန့် "(Zhang Song) သည်
ထိုစာအုပ်ကိုအစမှစကြည့်သည်။ အခန်းပေါင်း ၁၃ ခန်းရှိပြီး
စစ်ဗျူဟာတို့ကိုရေးထားသည့်စာအုပ်ဖြစ်သည်။ ထိုစာအုပ်ကိုဖတ်ပြီးနောက် "ကျန်းစုန့် "(Zhang Song) မှ

"ဒါက ဘာလဲ" ဟုမေးသည်။

"ဒါက ဆွန်ဇုရဲ့စစ်ဗျူဟာကျမ်းကိုအခြေခံထားပြီး လက်ရှိခေတ်ဗျူဟာတွေနဲ့ ပေါင်းပြီးတော့


ဝန်ကြီးချုပ်ကိုယ်တိုင်ပြုစုထားတဲ့စစ်ဗျူဟာကျမ်းဖြစ်တယ်။ ဝန်ကြီးချုပ်ရဲ့အရည်အချင်းနဲ့ဆို သမိုင်းမှာ
နာမည်ကျော်နိုင်တယ်မဟုတ်လား"

"ဒီစာအုပ်လား? ယီကျိုးက ကလေးတိုင်း ဒါကိုအလွတ်ရတယ်။ ဘာလို့ စာအုပ်အသစ်လို့ ပြောရတာလဲ?


ဒီစာအုပ်ကို စစ်ပွဲများခေတ်ကလူတစ်ယောက်ရေးခဲ့တာဖြစ်ပြီး ချောင်ချောင်း(Cao Cao) ကခိုးချထားတာပဲ။
သူကခင်ဗျားကိုပဲလမ
ိနိုင်မယ်၊ တခြားလူကိုတော့လိမ်လို့ မရဘူး"

"ကလေးတွေတောင်သိတယ်ဆိုပြီး ဘာလို့ဒီလိုစော်ကားပြီးပြောရတာလဲ? ဒီစာအုပ်ကို


အပြင်ကိုတစ်ခါမှမဖြန့်ဖူးဘူး။ ပုံနှိပ်ပေမယ့်လည်း ကိုယ်ပိုင်စာကြည့်တုက
ိထဲမှာပဲ ထားခဲ့တာ"

"ခင်ဗျား မယုံဘူးလား။ ကျုပ်ဆိုပြမယ်"

ထို့နောက် "ကျန်းစုန့်"(Zhang Song) သည် စာလုံးတစ်လံုး မှမလွဲစေပဲ တစ်အုပ်လုံးကိုရွတ်ပြလေသည်။


"ရန် ရှို့"(Yang Xiu) မှ

"ခင်ဗျားက တစ်ခေါက်ပဲဖတ်လိုက်ရုံနဲ့ အလွတ်ရသွားတယ်၊ တော်တော်ဉာဏ်ကောင်းတဲ့လူပဲ"


ဟုချီးမွမ်းလေသည်။ ပြီးနောက် သူမှ

"ခင်ဗျား ဒီမှာခဏနေနှင့်ဦး။ ခင်ဗျား ဝန်ကြီးချုပ်နဲ့ထပ်တွေ့နိုင်အောင် ကြိုးစားပေးပါ့မယ်" ဟုပြောသည်။


"ကျန်းစုန့် "(Zhang Song) မှလည်း ကျေးဇူးတင်စကားဆိုကာ ထွက်သွားသည်။

840
"ရန် ရှို့"(Yang Xiu) သည် "ချောင်ချောင်း"(Cao Cao) ထံသွားပြီးနောက်

"ဝန်ကြီးချုပ်က ကျန်းစုန့်(Zhang Song) ကိုဘာလို့အဲ့လိုဆက်ဆံခဲ့တာလဲ" ဟုမေးသည်။

"သူက စကားပြောတာရိုင်းပျလို့ "

"ဒါပေမယ့် ဝန်ကြီးချုပ်က မီဟန်(Mi Heng) ကိုတောင်ခွင့်လွှတ်ခဲ့တာပဲလေ။ ဘာလို့သူ့ကို


ခွင့်မလွှတ်တာလဲ"

"မီဟန်(Mi Heng) က ပညာထူးချွန်တယ်ဆိုပြီးကျော်ကြားတယ်။ ဒါကြောင့် သူ့ကိုမသတ်ရက်ဘူး ။


ဒီကျန်းစုန့်(Zhang Song) ကဘာအရည်အချင်းရှိလို့ လဲ"

"သူ့စကားတွေက ကောင်းကင်မြစ်လုပ
ိဲ၊ သူနဲ့ပြိုင်ပြီး ဘယ်သူမှမငြင်းနိုင်ဘူး။ ကျွန်တော်
ဝန်ကြီးချုပ်ရဲ့စစ်ဗျူဟာကျမ်းကိုသူ့ကိုပြတော့ သူကတစ်ခေါက်ဖတ်ရုံနဲ့ အလွတ်ဆိုပြနိုင်တယ်။ ဒါကြောင့်
သူ့မှာ အင်မတန်ကောင်းတဲ့မှတ်ဉာဏ်ရှိတယ်ဆိုတာ သိသာတယ်။ လောကမှာ
သူ့လိုလူအင်မတန်ရှားတယ်။ ဒါပေမယ့် သူက အဲ့စာအုပ်က လွန်ခဲ့တဲ့နှစ်ရာချီလောက်က
လူတစ်ဦးရေးခဲ့တာလို့ပြောပြီး သူ့ဒေသက ကလေးတွေကအလွတ်ရတယ်လို့ ဆိုတယ်"

"ဒါ အရင်ကလူနဲ့ကျုပ်နဲ့က ဉာဏ်ချင်းတူခဲ့လို့ နေမှာပေါ့"

သို့သော်လည်း "ချောင်ချောင်း"(Cao Cao) က ထိုစာအုပ်ကို မီးရှို့ဖျက်စီးစေခဲ့သည်။

"ဒါဆို ကျွန်တော်တို့ အဖွဲ့ရဲ့ကြီးကျယ်ခမ်းနားမှုကိုမြင်အောင် သူ့ကို ဒီခေါ်လာရမလား"

"ချောင်ချောင်း"(Cao Cao) မှ

"မနက်ဖြန် အနောက်ဘက်ကွင်းပြင်မှာ စစ်ရေးလေ့ကျင့်မှုလပ


ုမယ်။ ခင်ဗျားက သူ့ကိုခေါ်လာပြီးပြပေါ့။
ဒီလိုဆို ကျုပ်ရဲ့စစ်တပ်အကြောင်းကို သူပြန်သွားတဲ့အခါပြောနိုင်တာပေါ့။ ကျုပ် တောင်ပိုင်းကိုသိမ်းပြီးတာနဲ့
အနောက်ပိုင်းကိုသိမ်းမယ်" ဟုပြောသည်။

ထို့ကြောင့် နောက်ရက်တွင် "ရန် ရှို့"(Yang Xiu) သည် "ကျန်းစုန့်"(Zhang Song)


စစ်ရေးလေ့ကျင့်နေသည့်အနောက်ဘက်ကွင်းပြင်သို့ ခေါ်သွားသည်။ 'ကျား' ကိုယ်ရံတော်
ငါးသောင်းတို့သည် ညီညီညာညာစီထားပြီး တောက်ပသောခမောက်၊

841
သစ်လွင်သောဝတ်စုံတို့ ကိုဝတ်ဆင်ထားသည်။ ဗုံတီး သံတို့သည် ကောင်းကင်ကိုပင်တုန်လှုပ်စေပြီး
လက်နက်တို့သည် နေရောင်အောက်ဝယ် တလျပ်လျပ်တောက်ပနေသည်။ တပ်သားတို့ သည်
အမိန့်ကိုအပြည့်အဝနာခံကာ အလံသည်လေထဲတွင် တလူလူ လွင့်နေလေ၏။ ကြည့်ရသည်မှာ
ကောင်းကင်ကြီးထံသို့ ပျံလုမတတ်ဖြစ်နေသည်။

"ကျန်းစုန့် "(Zhang Song) သည် ထိုအခြင်းအရာတို့ ကို


အထင်အမြင်သေးသောအကြည့်ဖြင့်ကြည့်လေသည်။

အချိန်အတန်ကြာသော် "ချောင်ချောင်း"(Cao Cao) မှ "ကျန်းစုန့်"(Zhang Song) ကိုခေါ်ပြီး

"ခင်ဗျား ယီကျိုးမှာ ဒီလိုရဲဝံ့သူတွေတွေ့ဖူးလား" ဟုမေးသည်။

"ကျွန်တော်တို့ ယီကျိုးမှာစစ်ရေးလေ့ကျင့်မှုမလုပ်ပါဘူး။ ကျွန်တော်တို့က


လူတွေအပေါ်ဖြောင့်မတ်စွာအုပ်ချုပ်တယ်"

"ချောင်ချောင်း"(Cao Cao) သည် မျက်နှာအရောင်ပြောင်းသွားပြီး


ထိုသို့ ပြောသည့်လူ၏မျက်နှာကိုစေ့စေ့ကြည့်သည်။ ထိုသူမှလည်း ရဲဝံ့ စွာ "ချောင်ချောင်း"(Cao Cao)
ကိုပြန်ကြည့်သည်။

"ရန် ရှို့"(Yang Xiu) မှ "ကျန်းစုန့်"(Zhang Song) အား မျက်လုံးဖြင့်လှမ်းကာ အချက်ပေးသည်။


"ချောင်ချောင်း"(Cao Cao) မှ

"ကျုပ်က လောကမှာ ကြွက်လောက်အဆင့်အတန်းရှိတဲ့လူတွေအပေါ်


မြက်ပင်လောက်တောင်တန်ဖိုးမထားဘူး။ ကျုပ်စစ်တပ်ကြီးချီတက်တာက အောင်နိုင်ဖို့ပဲ။
တိုက်ပွဲတိုက်တာက စစ်နိုင်ဖို့ပဲ၊ မြို့ကိုဝန်းရံတာက သိမ်းနိုင်ဖို့ပဲ။ ကျုပ်နဲ့ပူးပေါင်းရင် ရှင်မှာဖြစ်ပြီး
ဆန့်ကျင်ရင် သေရမှာဖြစ်တယ်။ ခင်ဗျားဒါကိုနားလည်လား" ဟုပြောသည်။

"အို၊ ဝန်ကြီးချုပ်၊ ခင်ဗျားစစ်ချီတက်ရင် အမြဲနိုင်တယ်ဆိုတာ ကျုပ်သိတာပေါ့။ ခင်ဗျား ပုရန်မှာ လွီပ(ု Lu Bu)


ကိုတိုက်တုန်းကရော၊ ဝမ်ချန်က ကျန်းရှို့ (Zhang Xiu) နဲ့စစ်ဖြစ်တန
ုးကကော၊ ကမ်းပါးနီမှာ ကျိုးယွ(ီ Zhou
Yu) နဲ့ရင်ဆုင
ိခဲ့စဉ်တုန်းကရော၊ ဟွာရုံကမ်းပါးမှာ ကွမ်းယွ(ီ Guan Yu) နဲ့တွေ့ခဲ့စဉ်တန
ုးကရော၊
အဲ့အကြောင်းတွေသိပါတယ်။ ဒါ့အပြင် ထုံမန်ခံတပ်မှာတုန်းက မုတ်ဆိတက
ိုဖြတ်၊
အဝတ်ကိုစွန့် ပြီးပြေးရတာကော၊ မြစ်ဝါမြစ်မှာတုန်းက မြားဒဏ်ကလွတ်အောင် လှေထဲမှာ ပုန်းခဲ့တာရော
ကျွန်တော်အကုန်သိပါတယ်။ ဘယ်သူမှ ဝန်ကြီးချုပ်ကိုမယှဉ်နိုင်ပါဘူး"

"ချောင်ချောင်း"(Cao Cao) သည် သူ၏ရှုံးနိမ့်မှုတို့ ကိုရောပြီးပြောသောအခါ ဒေါသထွက်ပြီး

842
"ကိုယ့်ကိုယ်ကို ဘဝင်လေဟပ်နေတဲ့လူက ကျုပ်ရှုံးနိမ့်မှုအကြောင်းကိုပြောရဲတယ်" ဟုဆိုပြီး
သေဒဏ်ပေးရန် အစောင့်တို့ ကိုခေါ်လိုက်သည်။ ထိုအခါ "ရန် ရှို့"(Yang Xiu) မှ

"ဝန်ကြီးချုပ် သူ့ကိုသတ်လိုကမ
် ယ်ဆိုရင် လူအများက မကျေမနပ်ဖြစ်ကြပါလိမ့်မယ်" ဟုပြောသည်။

သို့သော်လည်း "ချောင်ချောင်း"(Cao Cao) သည် အင်မတန်ဒေါသထွက်နေသောကြောင့် နားမဝင်ပေ။


ထိုအချိန်တွင် "ရွှင်ယ"ွိ (Xun Yu) မှဝင်ကာ နားချသောကြောင့် "ကျန်းစုန့်"(Zhang Song)
ကိုသေဒဏ်မပေးတော့ပဲ ကြိမ်ဒဏ်သာပေးလိုက်လေသည်။

"ကျန်းစုန့် "(Zhang Song) သည် သူတည်းခိုသည့်နေရာသို့ပြန်ပြီး အဖြစ်အပျက်တို့ကို


ပြန်လည်ဆန်းစစ်လေသည်။

'သူ့ကို ပြည်နယ်ဆက်သမယ်ဆိုတဲ့ရည်ရယ
ွ ခ
်ျက်နဲ့ လာခဲ့တာ သူက
အဲ့လောက်ကြမ်းကြုတ်မယ်မထင်ခဲ့ဘူး ။ အခုပြန်သွားရင် လျူကျန်း(Liu Zhang) က
အကြံအစည်အောင်ပြီဆိုပြီးမျှော်နေမှာ။ အဲ့လုသ
ိာ လက်ဗလာနဲ့ပြန်သွားရင် လူရယ်စရာဖြစ်မယ်။ ဒီတော့
ပြန်မသွားတော့ဘူး။ လျူဘေ့(Liu Bei) က ရက်ရောပြီးသနားကြင်နာတတ်တယ်လို့ နာမည်ကြီးတယ်။
သူ့ဆီသွားပြီး တီးခေါက်ကြည့်ပြီးတော့မှ ဘာလုပ်မယ်ဆိုတာ ဆုံးဖြတ်တာပေါ့'

ထို့နောက် နောက်လိုကေ
် နာက်ပါ အနည်းငယ်နှင့်အတူ ကျင်ကျိုးသို့ သွားလေသည်။
ဝူချန်နယ်နိမိတ်နားသို့ရောက်သောအခါဝယ် မြင်းသည်တော်အချို့ကိုတွေ့သည်။
ထိုမြင်းသည်တော်တို့ ထဲမှ ခေါင်းဆောင်က စစ်သူကြီးဝတ်စုံဝတ်ထားသည်။ ထိုစစ်သူကြီးမှ

"ခင်ဗျားက မြင်းလှည်းရုံးက ကျန်းစုန့် (Zhang Song) လား" ဟုမေးသည်။

"အဲ့ဒါ ကျုပ်ပါပဲ"

ထိုစစ်သူကြီးသည် မြင်းပေါ်မှဆင်းကာ ရိုကျိုးစွာဖြင့်

"ကျွန်တော် ခင်ဗျားကိုစောင့်နေခဲ့တာကြာပါပြီ။ ကျွန်တော်က ကျောက်ယွင်(Zhao Yun) ပါ" ဟုပြောသည်။


"ကျန်းစုန့် "(Zhang Song) သည်လည်း မြင်းပေါ်မှဆင်းပြီး အရိုအသေပေးကာ

"ဒါဆို ခင်ဗျားက ချန်စန်းက မီးလူသားပေါ့" ဟုပြောသည်။

"ဟုတ်ပါတယ်။ ကျွန်တော့်သခင် လျူဘေ့(Liu Bei) က ကျွန်တော့်ကိုလွှတ်ပြီး ခရီးလမ်းမှာ


ပင်ပန်းနေတဲ့ခင်ဗျားအတွက် အစားအသောက်တွေပေးခိုင်းလိုက်ပါတယ်"

ထို့နောက် စစ်သားအချို့သည် စားစရာနှင့်အရက်တို့ကိုယူလာပြီး ဒူးထောက်ကာပေးလေသည်။

843
"ကျန်းစုန့် "(Zhang Song) မှ

"ကျွန်တော် ဒီကုလ
ိာတာဟာ လူတွေက လျူဘေ့(Liu Bei) ဟာ သဘောထားကြီးပြီးကြင်နာတယ်လို့
ပြောကြလို့" ဟုပြောသည်။

ထိုသူနှစ်ဦးတို့သည် အရက်သောက်ပြီးနောက် ကျင်ကျိုးမြို့သို့ ခရီးဆက်ရာ


နောက်ရက်ညနေစောင်းခန့်တွင် ကျင်ကျိုးမြို့အနီးသို့ ရောက်လေသည်။ ထို့နောက်
ဧည့်ဆောင်သို့သွားကြသည်။ ထိုနေရာတွင် လူတို့ က ဗုံတီးကာကြိုဆိုကြပြီး အကုန်လုံးက ဧည့်သည်ကို
လေးစားစွာဖြင့် ဆက်ဆံသည်။

ခေါင်းဆောင်ဖြစ်သူမှ အရိုအသေပေးပြီး

"ကျွန်တော့်အစ်ကုက
ိ ကျွန်တော့်ကိုလွှတြ် ပီး ရှည်လျားတဲ့ခရီးကရောက်လာတဲ့မိတ်ဆွေအနားယူဖို့အတွက်
ဧည့်ဆောင်ပြင်ခိုင်းထားတယ်။ ကျွန်တော်က ကွမ်းယွ(ီ Guan Yu) ပါ" ဟုပြောသည်။

"ကျန်းစုန့် "(Zhang Song) နှင့် "ကျောက်ယွင"် (Zhao Yun) တို့သည်လည်း မြင်းပေါ်မှဆင်းကာ


ဧည့်ဂေဟာအတွင်းသို့ဝင်ပြီး အိမ်ရှင်နှင့်ဧည့်သည်တို့ သည် နှုတ်ခွန်းဆက်ကြလေသည်။ ပြီးနောက်
စားသောက်ပွဲတည်ခင်းကာ ဧည့်ခံသည်။

နောက်ရက် မနက်စာစားပြီးနောက်ဝယ် မြင်းစီးကာ ခရီးဆက်ကြပြန်သည်။ မကြာမီပင်


အစောင့်အကြပ်အနည်းငယ်၊ အကြံပေးနှစ်ဦးနှင့်အတူရောက်လာသည့် "လျူဘေ့"(Liu Bei)
ကိုလမ်းတွင်တွေ့သည်။ "ကျန်းစုန့်"(Zhang Song) သည် "လျူဘေ့"(Liu Bei) မှန်းသိသည်နှင့်
မြင်းပေါ်မှဆင်းကာ "လျူဘေ့"(Liu Bei) ထံလျှောက်သွားသည်။ "လျူဘေ့"(Liu Bei) သည်
"ကျန်းစုန့် "(Zhang Song) အပေါ်လေးစားစွာဆက်ဆသ
ံ ည်။"လျူဘေ့"(Liu Bei) မှ

"ကျွန်တော် ခင်ဗျားရဲ့နာမည်ဂုဏ်သတင်းကိုကြားခဲ့တာကြာပါပြီ။ ဒါပေမယ့်လည်း


နေရာအရပ်ကကွာဝေးလွန်းတော့ တွေ့ဖို့အခွင့်မရှိခဲ့ဘူး။ အခု ခင်ဗျားက
ဒီကဖြတ်သွားမယ်ဆိုတာကြားသိရတော့ ခင်ဗျားနဲ့လာတွေ့တာပါ။ ကျွန်တော်
ခင်ဗျားနဲ့တွေ့ချင်တာကြာပြီဖြစ်တာကြောင့် ခင်ဗျားသာ ကျွန်တော့်မြို့မှာခဏနေရင်
ကျွန်တော့်အတွကက
်ံကောင်းမှုပါပဲ" ဟုပြောသည်။

ထိုအခါ "ကျန်းစုန့် "(Zhang Song) သည်လည်း ဝမ်းမြောက်ဝမ်းသာဖြင့် မြင်းပေါ်သို့တက်ကာ


မြို့ထဲသို့ သွားကြသည်။ မြို့သို့ ရောက်သောအခါ အိမ်တော်အတွင်းသို့ဝင်ပြီး ဧည့်သည်နှင့်အိမ်ရှင်တို့
စကားစမြည်ပြောကြလေသည်။ ထို့နောက် စားသောက်စရာတို့ ဖြင့်ဧည့်ခံသည်။ "လျူဘေ့"(Liu Bei)
သည် အလ္လာပသလ္လာပစကားတို့သာပြောပြီး အနောက်ဘက်ပြည်နယ်အကြောင်းတစ်ခွန်းမှမဟပေ။

844
၎င်းကိုသတိပြုမိသောဧည့်သည်မှ

"ဦးရီးတော်၊ ကျင်ကျိုးမှာ မြို့နယ်ဘယ်နှစ်ခုရှိလ"ဲ ဟုမေးသည်။ "ကျူးကဲလျန့်"(Zhuge Liang) မှဝင်ပြီး

"ကျင်ကျိုးက ကျွန်တော်တို့ယာယီပဲစခန်းချထားတာ၊ တောင်ပိုင်းပြည်နယ်ကနေခဏငှားထားတာ။


သူတို့ ကအမြဲသံတမန်လွှတ်ပြီး ဒီပြည်နယ်ကိုပြန်တောင်းစေတယ်။ ဒါပေမယ့် အခု ကျုပ်တို့ သခင်က
သူတို့ သမီးနဲ့လက်ဆက်လိုကေ
် တာ့ အခြေအနေကပိုခိုင်သွားတယ်။ ဒါပေမယ့်လည်း ဒါကခဏတာပါပဲ"
ဟုပြောသည်။

"ကျန်းစုန့် "(Zhang Song) : "တောင်ပိုင်းပြည်နယ်ကကျယ်ပြန့်တယ်။


ပြည်နယ်ခြောက်ခုနဲ့မြို့နယ်ရှစ်ဆယ့်တစ်ခုရှိတာတောင် မကျေနပ်နိုင်သေးဘူး။ လူတွေကကြံ့ခိုင်ပြီး
မြေပြင်က ကောက်ပဲသီးနှံဖြစ်ထန
ွ်းတယ်"

"ဖန်ထ"ုံ (Pang Tong) : "ကျုပ်တို့ သခင်ကြီးက မင်းဆွေမင်းမျိုးဖြစ်ပေမယ့်လည်း


တခါမှတိုင်းပြည်ကြီးရဲ့နယ်ပယ်ကို မသိမ်းယူခဲ့ဖူးဘူး။ တခြားသူပုန်တွေကတော့
သူတို့ အင်အားရှိသလောက် နယ်ပယ်တွေသိမ်းယူကြတယ်။ အကြောင်းအကျိုးနားလည်သေ
ူ တွက
ဒါမျိုးကိုလက်ခံမှာမဟုတ်ဘူး"

"လျူဘေ့"(Liu Bei) : "ခင်ဗျားတို့တွေမပြောကြပါနဲ့တော့။ အနာဂတ်အတွက်မျှော်လင့်ရအောင်


ကျုပ်မှာဘာအရည်အချင်းရှိလို့ လဲ'

"ကျန်းစုန့် "(Zhang Song) : "ဘယ်ဟုတမ


် လဲ။ ဦးရီးတော်က မင်းဆွေမင်းမျိုးပဲ။ လူတွေကြားမှာလည်း
ကျော်ကြားတယ်။ နယ်မြေတွေကုသ
ိမ်းပြီး ဘုရင်နေရာကိုယူရင်တောင် ဘယ်သူမှ
ဘာမှပြောမှာမဟုတ်ဘူး"

"လျူဘေ့"(Liu Bei) : "မိတ်ဆွေ အဲ့လိုပြောတာကတော့ နည်းနည်းလွန်ပါတယ်"

နောက်သုံးရက်လုံးလုံး စားသောက်ပွဲတို့နှင့် ဧည့်သည်ကိုဖျော်ဖြေကာ အနောက်ဘက်ပြည်နယ်အကြောင်း


ဘာမျှမပြောကြပေ။ ထို့နောက် "ကျန်းစုန့် "(Zhang Song) သည်လည်း သူ့အရပ်သို့ ပြန်ရန်ပြုလေသည်။
အိမ်ရှင်တို့ မှ သုံးမိုင်အကွာအထိလိုကပ
ို့ကာ နှုတဆ
် က်လေသည်။

"လျူဘေ့"(Liu Bei) မှ အရက်ခွက်ကုက


ိုင်မြှောက်ကာ

"ခင်ဗျားက ဒီမှာခရီးတစ်ထောက်နားပြီး သုံးရက်တိုင်တိုင်နေခဲ့တာ ကျုပ်တကယ်ဝမ်းသာတယ်။


ဒါပေမယ့်လည်း ခွဲခွာဖို့ အချိန်ရောက်လာခဲ့ပြီ။ ဘယ်အချိန်မှများ

845
ခင်ဗျားရဲ့ညွှန်ကြားမှုတွေကိုပြန်ကြားရမယ်မသိဘူး" ဟုပြောသည်။ ထိုသို့ ပြောရင်း
မျက်ရည်တို့ ကျလာလေသည်။

၎င်းမြင်သော "ကျန်းစုန့်"(Zhang Song) သည် "လျူဘေ့"(Liu Bei) မှာမြင့်မြတ်သူ၊


သနားကြင်နာတတ်သူဟုတွေးကာ အနောက်ဘက်အကြောင်းပြောရန် ဆုံးဖြတ်လိုက်သည်။

"ကျွန်တော်လည်း တစ်ရက်ရက်တော့ ခင်ဗျားဆီကိုလာလည်မယ်လို့ တွေးပေမယ့် နည်းလမ်းမရှိဘူး။


ကျင်ကျိုးမှာဆိုရင် အရှေ့ဘက်မှာ စွန်းချွမ်(Sun Quan) ကတိုက်ဖို့ အသင့်ရှိနေပြီး မြောက်ဘက်က
ချောင်ချောင်း(Cao Cao) ကဝါးမြိုဖို့စောင့်နေတယ်။ ဒီနေရာမှာ ခင်ဗျားမနေသင့်ဘူး"

"ဒါကို ကျုပ်သပ
ိါတယ်။ ဒါပေမယ့် ကျုပ်မှာ တခြားသွားစရာနေရာမဟုတ်ဘူး"

"ယီကျိုးက လုံခြုံမှုရှိပြီး မြေဆီလွှာလည်းကောင်းတယ်။ လူဦးရေထူထပ်ပြီး အုပ်ချုပ်မှုလည်းကောင်းတယ်။


ခင်ဗျားရဲ့နာမည်ဂုဏ်ကြောင့် ပညာရှိတွေလည်း စုစည်းလာမှာပဲ။ ခင်ဗျားသာ အနောက်ဘက်ကိုချီတက်ရင်
အလွယ်တကူနဲ့အင်အားတောင့်တင်းအောင်လုပ်နိုင်ပြီး
ဟန်တိုင်းပြည်ရဲ့အာဏာကိုပြန်တည်အောင်လုပ်နိုင်မယ်"

"ကျွန်တော် ဒါကိုဘယ်လိုလပ
ုဝံ့ပါ့မလဲ? အဲ့နယ် နယ်စားကလည်း မင်းဆွေမင်းမျိုးပဲလေ။
သူ့ကောင်းမွန်တဲ့လုပ်ဆောင်မှုတွေကြောင့် ပြည်နယ်တစ်ခုလုံးက သူ့အပေါ်သစ္စာရှိကြတာ။
သူ့လိုဘယ်သူမှမလုပ်နိုင်ဘူး "

"ကျွန်တော်က သစ္စာဖောက်တစ်ယောက်မဟုတ်ဘူး။ ဒါပေမယ့် ခင်ဗျားနဲ့တွေ့တော့


ရင်ထက
ဲ စကားတွေပြောထွက်လာတယ်။ ယီကျိုးနယ်စား လျူကျန်း(Liu Zhang) ဟာ အင်အားနည်းပြီး
ပညာရှိတွေကုအ
ိ သုံးမချနိုင်သလို အစွမ်းရှိသူတွေကိုလည်း မဆွဲဆောင်နိုင်ဘူး။ နောက်ပြီး မြောက်ဘက်က
ကျန်းလု(Zhang Lu) က ရန်မူနေတယ်။ လူတွေရဲ့အာရုံမှာ သူမရှိသလို
ကောင်းမွန်တဲ့အုပ်ချုပ်သူအသစ်ရောက်လာရင် အကုန်လုံးကကြိုဆိုကြမှာပဲ။ ကျွန်တော်
ခရီးထွက်လာတာဟာ အဲ့ပြည်နယ်ကို ချောင်ချောင်း(Cao Cao) ထံဆက်သမလို့။ ဒါပေမယ့်
ချောင်ချောင်း(Cao Cao) က သစ္စာမဲ့ပြီး ရက်စက်ကြမ်းကြုတ်သူဆိုတာ သိခဲ့တော့ ကျွန်တော်
သူ့ဆီကထွက်လာခဲ့တယ်။ ခင်ဗျား ယီကျိုးကိုရရင် ဟန်ကျုံးကိုသိမ်းဖို့လုပ်နိုင်ပြီး တစ်နိုင်ငံလုံးကိုပါ
သိမ်းဖို့စီစဉ်နိုင်တယ်။ မှန်ကန်တဲ့ဧကရာဇ်မျိုးဆက်ကိုဆက်လက်ရှင်သန်စေပြီး ခင်ဗျားနာမည်က
သမိုင်းတွင်စေမယ်။ ဒါ တကယ့်နာမည်ကြီးမှုမဟုတ်ပေဘူးလား? ခင်ဗျားသာ
ကျုပ်တို့ဒေသကိုသိမ်းမယ်ဆိုရင် ကျွန်တော်အတွင်းကနေပြီး ကူညီပါ့မယ်။ ဒါပေမယ့် ခင်ဗျား
ဒါကိုလုပ်နိုင်မလား"

846
"ကျွန်တော့်အတွက် ဒီလုစ
ိ ဉ်းစားပေးတာ ကျွန်တော်ကျေးဇူးတင်ပါတယ်။ ဒါပေမယ့်
ယီကျိုးနယ်စားကလည်း ဘုရင့်အမျိုးအနွယ်ဆိုတော့ သူ့နယ်ကိုတိုကရ
် င် တစ်လောကလုံးက
ကျုပ်ကိုကဲ့ရဲ့ကြမှာပေါ့"

"သူရဲကောင်းဆိုတာ လောကထဲရောက်လာရင် သူ့တာဝန်က အကောင်းဆုံးလုပ်ဆောင်ပြီး


သူ့ပန်းတိုင်ကိုရောက်အောင်သွားဖို့ ပဲ။ ခင်ဗျားသာ ဒီအခွင့်ကောင်းကိုမယူရင် တခြားလူတွေက
ယီကျိုးကိုသိမ်းသွားလိမ့်မယ်။ အဲ့တော့မှ ခင်ဗျားနောင်တရလိမ့်မယ်"

"ကျုပ်ကြားဖူးသလောက်တော့ ယီကျိုးရဲ့ တောတောင်ရေမြေသဘာဝက သွားရလာရခက်ခဲတယ်။


တောင်အမြင့်ကြီးတွေ၊ များပြားတဲ့စမ်းချောင်းတွေနဲ့ ကျဉ်းမြောင်းတဲ့လမ်းတွေရှိတယ်။ အဲ့လိုနေရာမျိုးကို
ဘယ်လိုကျူးကျော်နိုင်ပါ့မလဲ"

ထိုအခါ "ကျန်းစုန့် "(Zhang Song) သည် သူယူလာသောမြေပုံကုထ


ိုတ်ကာ

"ခင်ဗျားရဲ့အကျင့်ကောင်းမွန်မှုကို ကျွန်တော်လေးစားတဲ့အတွက် အဲ့ပြည်နယ်ရဲ့မြေပုံကိုပေးမယ်။ အဲ့မှာ


လမ်းတွေ၊ မြစ်တွေအကုန်အမှတ်အသားရှိတယ်" ဟုပြောကာ လက်ထဲမှ စာပေလွှာလိပ်ကိုပေးလိုက်သည်။

"လျူဘေ့"(Liu Bei) လည်း မြေပုံကိုကြည့်လုက


ိရာ မြေပုံထဲတွင် နေရာဒေသ၏အကျယ်အဝန်း၊
အလျားအနံတို့ ကိုမှတ်ထားသည်ကုေ
ိ တွ့လေသည်။ ထို့အပြင် မြစ်ချောင်းနှင့်တောင်ကုန်းတို့ရှိ
ဗျူဟာမြောက်သောနေရာတို့ ကိုမှတ်သားထားသလို မြင်းဇောင်း၊ ဂိုထောင်၊ ဘဏ္ဍာတိုက်တို့ ကိုပါ
အသေးစိတ်ရေးမှတ်ထားသည်။

"ကျန်းစုန့် "(Zhang Song) မှ

"ခင်ဗျား အမြန်ဆုံးအစီအစဉ်ရေးဆွဲပါ။ ကျွန်တော့်သူငယ်ချင်းနှစ်ဦးကလည်း


ခင်ဗျားကိုသေချာပေါက်ကူညီလိမ့်မယ်။ သူတို့နဲ့တွေ့ရင် ခင်ဗျား ဘာမှမထိန်ချန်ပဲပြောလို့ ရတယ်။
သူတို့ နာမည်က ဖာကျန့်(Fa Zheng) နဲ့ မှုန့်တာ(Meng Da) တို့ ပဲ" ဟုဆိုသည်။

"လျူဘေ့"(Liu Bei) ကလည်း လက်နှစ်ဖက်ဖြင့်အရိုအသေပြုကာ ကျေးဇူးတင်စကားဆိုသည်။

"တောင်ပြာတွေက ဘယ်တော့မှမအိုသွားသလို စိမ်းနေတဲ့ရေတွေကလည်း အမြဲရှိနေပါပဲ။ အဲ့လိုပဲ


ကျွန်တော်က ခင်ဗျားရဲ့ကျေးဇူးကိုဘယ်တော့မှမမေ့ဘူး။ ကိစ္စကြီးအောင်မြင်သွားရင်
ခင်ဗျားရမယ့်ဆုလာဘ်မနည်းစေရဘူး"

"ကျွန်တော် ဆုတွေမလိုချင်ပါဘူး။ ကောင်းမွန်တ့သ


ဲ ခင်ဆီမှာ အမှုထမ်းရရင်ကျေနပ်ပါပြီ"

847
ထို့နောက် "ကျန်းစုန့်"(Zhang Song) လည်း ထွကခ
်ွာသွားသည်။ "ကွမ်းယွီ"(Guan Yu) က
မိုင်အနည်းငယ်ခန့်အကွာအထိလိုက်ပို့ လေသည်။

ယီကျိုးသို့ ရောက်သောအခါ "ကျန်းစုန့် "(Zhang Song) သည် အချိန်မလင့်ဟင်းစေပဲ သူ၏သူငယ်ချင်း


"ဖာကျန့်"(Fa Zheng) နှင့်သွားတွေ့သည်။ "ဖာကျန့်"(Fa Zheng) သည် ဖူဖုံးမှဖြစ်သည်။
"ကျန်းစုန့် "(Zhang Song) သည် "ဖာကျန့်"(Fa Zheng) အား "ချောင်ချောင်း"(Cao Cao)
၏အတ္တကြီးမှုတို့ ကိုပြောပြလေသည်။ "ကျန်းစုန့်"(Zhang Song) မှ

"သူ့လိုလူမျိုးကတော့ စိတ်ပျက်စရာပဲဖြစ်ပြီး အတူပူးပေါင်းဖို့ မဖြစ်ဘူး ။ ဒါပေမယ့် ကျုပ်က ယီကျိုးကို


ဦးရီးတော် လျူဘေ့(Liu Bei) လက်ထဲအပ်မယ်လို့ကတိပေးခဲ့ပြီးပြီ။ ဒီတော့
ခင်ဗျားရဲ့အကြံနဲ့ အကူအညီလိုအပ်တယ်"

"ကျုပ်လည်း လျူကျန်း(Liu Zhang) ကအရည်အချင်းမရှိဘူး လို့ထင်တယ်။ ကျုပ် ဟိုးအရင်ကတည်းက


လျူဘေ့(Liu Bei) ထံမှာ အမှုထမ်းချင်ခဲ့တာ။ ကျုပ်တို့နှစ်ယောက် အကြံတူတယ်လို့ ဆိုရမယ်"

ထိုအချိန်တွင် "မှုန့်တာ"(Meng Da) ရောက်လာသည်။ "မှုန့် တာ"(Meng Da) သည် "ဖာကျန့်"(Fa


Zheng) နှင့် တစ်မြို့တည်းသားဖြစ်သည်။ ကျန်သည့်သူနှစ်ဦးက အခန်းထဲဝယ်
တိုးတိုးတိတ်တိတတ
ိုင်ပင်နေသည်ကိုမြင်လျှင် "မှုန့်တာ"(Meng Da) မှ

"ခင်ဗျားတို့ ဘာကြံနေတယ်ဆိုတာ ကျုပ်သတ


ိ ယ်။ ယီကျိုးကို တခြားလူလက်အပ်မလို့ မလား"
ဟုပြောသည်။ "ကျန်းစုန့် "(Zhang Song) မှ

"ခင်ဗျား ခန့်မှန်းတာ မှန်တယ်" ဟုပြောသည်။

"ဖာကျန့်"(Fa Zheng) : "ဒါပေမယ့် ဘယ်သူ့ကိုပေးရင်ကောင်းမလဲ"

"မှုန့် တာ"(Meng Da) : "လျူဘေ့(Liu Bei) ကလွဲပြီးဘယ်သြူ ဖစ်နိုင်ဦးမလဲ"

အကုန်လုံးက လက်ခုတ်တီးကာ ရယ်ကြလေသည်။

"ဖာကျန့်"(Fa Zheng) မှ "ကျန်းစုန့် "(Zhang Song) အား

"မနက်ဖြန်မှာ ခင်ဗျားကနယ်စားနဲ့တွေ့မှာမလား။ အဲဒါ ဘယ်လိုလုပ်မလဲ" ဟုမေးသည်။

"အဲ့အချိန်မှာ ခင်ဗျားတို့နှစ်ယောက်ကို ယီကျိုးကိုလွှတ်စေဖို့ တိုက်တွန်းမယ်"

848
ထို့နောက် ထိုသသ
ူုံးဦးတို့ သည် သင့်လျော်သည့်အကြံဖြစ်လာရန် တိုင်ပင်ကြသည်။

နောက်ရက်တွင် နယ်စားမှ "ကျန်းစုန့်"(Zhang Song) အားအခြေအနေကိုမေးသော် "ကျန်းစုန့်"(Zhang


Song) မှ

"ချောင်ချောင်း(Cao Cao) က တစ်နိုင်ငံလုံးကိုသိမ်းဖို့ကြိုးစားနေတဲ့သူပုန်ပဲ။ ဒါပြောစရာတောင်မလိုပါဘူး။


ဒါပေမယ့် သူကဒီပြည်နယ်ကိုပါ မျက်စိကျနေတယ်" ဟုပြောသည်။

"ဒီတော့ ကျုပ်တို့ ဘယ်လိုလုပ်မလဲ"

"ကျွန်တော်တို့ရန်သူတွေကို အဟန့်အတားဖြစ်စေနိုင်တဲ့နည်းရှိပါတယ်။ ကျင်ကျိုးက ဦးရီးတော်


လျူဘေ့(Liu Bei) က နယ်စားကြီးနဲ့အမျိုးတော်သလို ရက်ရောပြီးသဘောထားပြည့်ဝသူဖြစ်တယ်။ ဒါကို
လူတိုင်းသိကြပါတယ်။ ချောင်ချောင်း(Cao Cao) က ကမ်းပါးနီမှာ စစ်ရှုံးခဲ့တယ်မဟုတ်လား။
ကျွန်တော့်အစီအစဉ်ကတော့ နယ်စားကြီးသာ လျူဘေ့(Liu Bei) နဲ့မဟာမိတ်ဖွဲ့လိုကရ
် င် နှစ်ဖွဲ့ပေါင်းပြီး
ချောင်ချောင်း(Cao Cao) နဲ့ ကျန်းလု(Zhang Lu) တို့ ကိုရင်ဆိုင်နိုင်မယ်"

"ကျုပ်လည်း ဒါကိုစဉ်းစားနေတာကြာပြီ။ ဘယ်သူ့ ကို သံအမတ်အဖြစ်ပို့ ရင်ကောင်းမလဲ"

"ဖာကျန့်(Fa Zheng) နဲ့ မှုန့်တာ(Meng Da) တို့ ကိုပို့ သင့်ပါတယ်"

ထို့နောက် "ဖာကျန့်"(Fa Zheng) နှင့် "မှုန့်တာ"(Meng Da) တို့ကိုခေါ်ပြီး "ဖာကျန့်"(Fa Zheng) ကို
သံတမန်အနေဖြင့်လည်းကောင်း၊ "မှုန့် တာ"(Meng Da) ကိုမူ စစ်သားအနည်းငယ်ကိုဦးဆောင်စေကာ
"လျူဘေ့"(Liu Bei) ကိုအနောက်ဘက်မြစ်ကမ်းဒေသသို့ ကြိုဆိုရန်အတွက်လည်းကောင်း
အစရှိသည်တို့ ကိုတိုင်ပင်သည်။

ထိုအစီအစဉ်နှင့်ပတ်သတ်ပြီး အသေးစိတ်အချက်အလက်တို့ ကိုတိုင်ပင်နေကြချိန်တွင်


ချွေးတဒီးဒီးကျနေသောလူတစ်ယောက်သည် အလောတကြီးဖြင့်ဝင်လာပြီး

"သခင်ကြီး၊ ကျန်းစုန့်(Zhang Song) စကားနားထောင်လိုက်ရင် မြို့နယ် ၄၁ ခုက


တခြားလူလက်ထဲရောက်သွားလိမ့်မယ်" ဟုပြောသည်။

"ကျန်းစုန့် "(Zhang Song) မှာလန့်သွားပြီး ထိုပြောသူကိုလည


ှ့်ကြည့်သည်။ ထိုသူမှာ ရှီးလျန်မှ
"ဟွမ်ချွမ်"(Huang Quan) ဖြစ်ပြီး နယ်စားမင်းရုံး၏ ပထမတန်း အတွင်းရေးမှူးဖြစ်သည်။

နယ်စားမှ

849
"ခင်ဗျားက ဘာလို့ ဒီလိုပြောရတာလဲ? လျူဘေ့(Liu Bei) က ကျုပ်နဲ့ အမျိုးတော်တာပဲ၊
ကျုပ်ကသူ့ရဲ့အကူအညီတောင်းတာပဲလေ" ဟုပြောသည်။

"ကျွန်တော် သူ့အကြောင်းအကုန်သိပါတယ်။ သူကလူတွေကို သူ့ဘက်ပါအောင်ဆွဲဆောင်နိုင်တယ်။


သူ့ရဲ့ကြင်နာမှုက အခက်အခဲတွေကိုကျော်လွှားစေတယ်။ တခြားလူတွေထက်လည်း ရဲရင့်တယ်။
အဝေးကလူတွေရဲ့မြတ်နိုးမှုခံရသလို အနီးကလူတွေကလည်း သူ့ကိုလေးစားကြတယ်။ သူ့မှာ အကြံပေး
ကျူးကဲလျန့်(Zhuge Liang) နဲ့ ဖန်ထ(ုံ Pang Tong) ရှိသလို ကွမ်းယွ(ီ Guan Yu) ၊ ကျန်းဖေး(Zhang Fei)
၊ ကျောက်ယွင(် Zhao Yun) ၊ ဟွမ်ကျုံး(Huang Zhong) နဲ့ ဝေရန်(Wei Yan)
အစရှိတဲ့သူရဲကောင်းတွေရှိတယ်။ ဒါပေမယ့် သူ့ကိုစစ်ကူအတွက်နဲ့ခေါ်လိုက်ရင်
သူကနိမ့်ကျတဲ့အခြေအနေမှာ ရောင့်ရဲတင်းတိမ်နိုင်မယ်လို့ထင်ပါသလား? သူ့ကို
တလေးတစားနဲ့ခေါ်ပြန်ရင်လည်း နယ်တစ်ခုမှာ သခင်နှစ်ယောက် မရှိကောင်းဘူးလေ။
ကျွန်တော့်စကားကိန
ုားထောင်ပါ။ သခင်ကြီးရဲ့အခြေအနေက ထိုက်စန်းတောင်လိုခိုင်မြဲပါတယ်။
ကျွန်တော်ပြောတာ လက်မခံရင်တော့ အခြေအနေက ကွဲလွယတ
်ဲ့ကြက်ဥလိုဖြစ်သွားလိမ့်မယ်။
ဒီကျန်းစုန့်(Zhang Song) က ဒီတစ်ခေါက်ပြန်လာတာဟာ ကျင်ကျိုးကတဆင့်ဆိုတော့ သူ လျူဘေ့(Liu
Bei) နဲ့အကြံအစည်တွေ တိတတ
် ဆိတ်လုပ်ပြီးလောက်ပြီ။ ကျွန်တော်ပြောတာက
ဒီနယ်မြေကောင်းကျိုးအတွက်ပါ"

"အဲ့လိုသာဆို ရန်သူနှစ်ဦးကိုဘယ်လိုကာကွယ်မလဲ"

"ခံတပ်တွေဆောက်၊ ကျင်းတွေတူးပြီးတော့ အကာအကွယ်တွေပြင်ဆင်ထားပါ။ ပြီးရင်


အခြေအနေကိုစောင့်ကြည့်ပြီး လှုပ်ရှားရပါမယ်"

"သူပုန်တွေကျူးကျော်လာရင် အခက်အခဲနဲ့ ရင်ဆုင


ိရမှာလေ။ မျက်ခုံးမီးလောင်နေမှတော့ ဘယ်လို
အခြေအနေကြည့်ပြီး လှုပ်ရှားနိုင်ဦးမလဲ"

ထို့နောက် "ဟွမ်ချွမ်"(Huang Quan) ၏စကားကိုလျစ်လျူရှုလိုက်သည်။ "ဖာကျန့်"(Fa Zheng)


ထွက်ခွာတော့မည့်အချိန်တွင် လူတစ်ဦးမှဝင်လာပြီး

"မဖြစ်ဘူး၊ မဖြစ်ဘူး" ဟုပြောလေသည်။ ထိုသူမှာ "ဝမ်လေ"(Wang Lei) ဖြစ်သည်။ "ဝမ်လေ"(Wang Lei)


မှအရိုအသေပြုကာ

"သခင်ကြီး ဒီကျန်းစုန့်(Zhang Song) စကားနားထောင်ရင် ကိုယ့အ


် န္တရာယ်ကိုယ် ဖိတ်ခေါ်လိုက်တာပဲ"
ဟုပြောသည်။

"မဟုတ်ဘူး ၊ ကျုပ်က ကျန်းလု(Zhang Lu) ကိုခုခံဖို့ လျူဘေ့(Liu Bei) နဲ့မဟာမိတ်ဖွဲ့ချင်တာ"

850
"ကျန်းလု(Zhang Lu) ရဲ့ကျူးကျော်မှုက အရေပြားရောဂါသာသာပါပဲ။ ဒါပေမယ့် လျူဘေ့(Liu Bei)
ကိုဖိတ်ခေါ်လိုက်ရင်တော့ သေစေနိုင်လောက်တဲ့ရောဂါဖြစ်သွားမယ်။ လျူဘေ့(Liu Bei) က
ကိုယ်ကျင့်တရားကောင်းသူမဟုတ်ဘူး။ သူ ဟိုးအရင်က ချောင်ချောင်း(Cao Cao)
လက်အောက်မှာနေခဲ့ပေမယ့် ချောင်ချောင်း(Cao Cao) ကိုပြန်တိုက်ခဲ့တယ်။ စွန်းချွမ်(Sun Quan)
နဲ့ပူးပေါင်းခဲ့ပေမယ့်လည်း ကျင်ကျိုးပြည်နယ်ကိုသိမ်းယူခဲ့တယ်။ ဒါက သူ့ရဲ့ကိုယ်ကျင့်တရားကိုပြနေတာပဲ။
သခင်ကြီးနဲ့သူ သင့်မြတ်မယ်လို့ထင်လို့လား။ သူ့ကိုဖိတ်ခေါ်လိုက်ရင် ရှူပြည်နယ်ဆုံးရှုံးသွားပြီပ"ဲ

"လျူကျန်း"(Liu Zhang) သည် ဒေါသဖြင့်

"ဘာမှမပြောနဲ့တော့။ လျူဘေ့(Liu Bei) ကငါနဲ့မျိုးနွယ်တြူ ပီး ငါ့ပိုင်ဆုင


ိမှုတွေကို ယူမှာမဟုတ်ဘူး "
ဟုပြောပြီး ဆန့်ကျင်သူနှစ်ဦးကိုအပြင်သို့ထုတ်လိုက်စေသည်။

"ဖာကျန့်"(Fa Zheng) သည်လည်း ထွက်ခွာပြီး ကျင်ကျိုးတွင် "လျူဘေ့"(Liu Bei) နှင့်တွေ့လေသည်။


နှုတခ
်ွန်းဆက်စကားတို့ဆိုပြီးနောက် "ဖာကျန့်"(Fa Zheng) က စာတစ်စောင်ကိုပေးလိုက်ရာ
"လျူဘေ့"(Liu Bei) ကလည်း ဖောက်ကာဖတ်သည်။

'ညီငယ်ဖြစ်သူ ကျွန်တော် လျူကျန်း(Liu Zhang) မှ စစ်သူကြီး လျူဘေ့(Liu Bei) ထံ


ဤစာကိုရေးလိုက်ပါသည်။ ကျွန်တော်က ခင်ဗျားကိုလေးစားနေခဲ့တာကြာပါပြီ။ ဒါပေမယ့်
လမ်းပန်းဆက်သွယေ
် ရးအခက်အခဲကြောင့် လက်ဆောင်တွေမပို့ခဲ့တာ ဝမ်းနည်းစရာပါပဲ။
ကံမကောင်းတဲ့လူတွေက တစ်ဦးကိုတစ်ဦးဖေးမကြတယ်။ ဒုက္ခရောက်သူတွေက
အချင်းချင်းကူညီကြတယ်။ သူငယ်ချင်းတွေတောင် အဲ့လိုကူညီရင် အဆွေအမျိုးတွေဆို
ပိုပြီးကူညီသင့်တယ်မဟုတ်လား? အခု ကျန်းလု(Zhang Lu) က မြောက်ဘက်ကကျူးကျော်လာပြီး
ကျွန်တော့်ငြိမ်းချမ်းမှုကို ဖျက်စီးပစ်ခဲ့တယ်။ ကျွန်တော် ဒီစာကိုပို့ ရတာဟာ
ကျွန်တော့်ရဲ့ဒုကေ
္ခ တွဖွင့်ပြောချင်လို့ ပါ။ ခင်ဗျားသာ အမျိုးအဆွေဆက်နွယ်မှုကိုသိပြီး
အစ္ကုေ
ိ နရာကနေပြီးတော့ ရန်သူတွေကိုတိုကထ
်ုတေ
် ပးမယ်ဆိုရင် ခင်ဗျားက ကျွန်တော့်အတွက်
ထာဝရကျေးဇူးရှင်ဖြစ်မှာဖြစ်ပြီး ကျွန်တော်က အမြဲကျေးဇူးတင်နေပါ့မယ်။ ဒီစာမှာ မထည့်သွင်းခဲ့တာ
အများကြီးရှိပါသေးတယ်။ ခင်ဗျား ရောက်လာမှာကိုစောင့်မျှော်နေပါ့မယ်'

ထိုစာကိုဖိတ်ပြီးသော် "လျူဘေ့"(Liu Bei) မှာ အင်မတန် သဘောကျလေသည်။ ထို့နောက်


စားပွတ
ဲ ည်ခင်းကာ ဧည့်ခံပြီးနောက်ဝယ် အစေအပါးတို့ကိုထွကသ
်ွားစေပြီး "ဖာကျန့်"(Fa Zheng) နှင့်
စကားပြောသည်။

851
"ကျွန်တော် မိတ်ဆွေကိုရော၊ ကျန်းစုန့် (Zhang Song) ကိုပါလေးစားနေခဲ့တာကြာပါပြီ။
ခင်ဗျားဆီကအကြံတွေနားထောင်ရတဲ့အတွကဝ
် မ်းသာမိပါတယ်"

"ဖာကျန့်"(Fa Zheng) ကအရိုအသေပြုကာ

"ဒါ ရှူပြည်နယ်ရဲ့သံတမန်အတွက် ကြီးမားတဲ့ချီးမွမ်းထောပနာပြုမှုပါပဲ။ မြင်းကဲခတ်တော်တဲ့ ပေါ်လဲ့(Bo Le)


ကိုမြင်ရင် မြင်းတွေက ဟီကြတယ်လို့ဆိုပါတယ်။ လူတစ်ယောက်က သူ့သခင်ကိုတွေ့ရင်
အဲ့သခင်အတွက် အသက်ပေးဖို့ မနှောင့်နှေးပါဘူး။ ခင်ဗျား ကျန်းစုန့် (Zhang Song) ရဲ့အကြံကို
ဘယ်လိုသဘောရလဲ"

"ကျုပ်ကအမြဲတမ်း ဝမ်းနည်းကြေကွဲမှုတွေနဲ့ နေရာအနှံ့လျှောက်သွားနေခဲ့ရတယ်။ တခါတလေ


ကျုပ်စဉ်းစားမိတယ်။ ငှက်တွေတောင်မှ နားခိုဖို့ အသိုက်ရှိပြီး မြင်းတွေတောင် အနားယူဖို့ ဂူရှိသေးတာပဲ။
လူတွေလည်း ခိုအောင်းဖို့နေရာလိုအပ်တယ်မဟုတ်လား? ခင်ဗျားတို့ အနောက်ဘက်နယ်က
စိုကပ
်ျိုးရေးကောင်းမွန်ပြီး လိုချင်စရာကောင်းတယ်။ ဒါပေမယ့် နယ်စားက ကျုပ်နဲ့ အမျိုးတော်တာ၊
ဘယ်လိုလုပ် သူ့ကိုသစ္စာဖောက်နိုင်မလဲ"

"ဟုတ်ပါတယ်။ ယီကျိုးက သုခဘုံကြီးပါပဲ။ ဒါပေမယ့် သခင်မရှိပဲနဲ့ သူ့ဟာသူမတည်ရှိနိုင်ဘူး။


လျူကျန်း(Liu Zhang) က ပညာရှိတွေကို ဘယ်လိုအသုံးချရမယ်ဆိုတာ မသိဘူး ။ ဒီတော့ သူ့နယ်မြေက
တခြားလက်ထဲအပ်လိုက်သင့်တယ်။ ဒီနေ့မှာ ခင်ဗျားလက်ထဲရောက်လာတဲ့အခွင့်အရေးကို
အဆုံးရှုံးမခံသင့်ဘူး ။ အမဲလိုက်မုဆိုးထဲမှာ ခေါင်းဆောင်က သားကောင်ကိုပိုင်ဆိုင်ခွင့်ရှိတယ်။
ခင်ဗျားသာသဘောတူရင် ကျွန်တော် ခင်ဗျားလက်အောက်မှာ သေသည်အထိအမှုထမ်းပါ့မယ်"

"လျူဘေ့"(Liu Bei) ကကျေးဇူးတင်စကားဆိုပြီးနောက်

"ကျွန်တော်စဉ်းစားပြီး တခြားလူတွေနဲ့ တိုင်ပင်ပါရစေဦး" ဟုပြောလေသည်။

စားသောက်ပွဲပြီးသွားသောအခါ ဧည့်သည်သည်လည်း ပြန်ထွက်သွားသည်။ "ကျူးကဲလျန့်"(Zhuge Liang)


မှ "ဖာကျန့်"(Fa Zheng) ကိုဧည့်ဆောင်သို့လိုက်ပို့လေသည်။

ထိုအခါ "ဖန်ထ"ုံ (Pang Tong) မှ

"သခင်ကြီး ဒါကိုလုပ်ဆောင်ရမယ်။ မလုပ်ရင် မိုက်မဲရာကျတာပဲ။ ဘာကြောင့် တုံ့ဆိုင်းနေရတာလဲ"


ဟုပြောသည်။

"ငါ ဘယ်လိုလုပ်သင့်သလဲ"

"သခင်ကြီးက ဘေးပတ်ဝန်းကျင်အခြေအနေတွေသိတာပဲ။ အရှေ့ဘက်မှာ စွန်းချွမ်(Sun Quan) ရှိပြီး


မြောက်ဘက်မှာ ချောင်ချောင်း(Cao Cao) ရှိတယ်။ သူတို့ ရှိနေရင်
အကြံအစည်တွေအကောင်အထည်ဖော်လို့ မဖြစ်ဘူး ။ အခု သခင်ကြီးရဲ့ရှေ့မှာ မြေဩဇာကောင်းတဲ့၊

852
ကြွယ်ဝတဲ့နယ်မြေကြီးရောက်လာပြီလေ။ အတွင်းလူနှစ်ဦးရဲ့အကူအညီလည်း ရှိနေသေးတာ။
ဘာလို့ ဆုံးဖြတ်ရခက်နေတာလဲ"

"အခုလောကမှာ မီးနဲ့ရေလိုမတည့်တဲ့လူနှစ်ဦးရှိတယ်။ ကျုပ်နဲ့ဆန့်ကျင်ဘက်က ချောင်ချောင်း(Cao Cao)


ပဲ။ သူကအလျင်စလိုလုပ်ဆောင်တယ်၊ ကျုပ်ကတော့ အကြာကြီးခံစားရတယ်။ သူကရက်စက်ပြီး
ကျုပ်ကကြင်နာတတ်တယ်။ ကျုပ်ကအမှန်တရားဘက်လုက
ိပြီး သူကဆန့်ကျင်တယ်။ အများစုမှာ
သူနဲ့ကျုပ်ကဆန့်ကျင်ဘက်တွေဖြစ်တယ်။ ဒီအခွင့်အရေးလေးအတွက်နဲ့
လူအများရဲ့ယုံကြည်မှုကိုချိုးဖောက်လို့ မဖြစ်ဘူး "

"ဖန်ထ"ုံ (Pang Tong) သည် ပြုံးကာ

"သခင်ကြီးရဲ့စကားက ဖြောင့်မတ်မှန်ကန်ပါပေတယ်။ ဒါပေမယ့် ဒါမျိုးက


တိုင်းပြည်ရှုပ်ထွေးနေတဲ့အချိန်မှာမသင့်တော်ဘူး။ လက်နက်ကိုင်ပြီးတိုက်တာထက်
တခြားနည်းတွေနဲ့ တိုက်တာရှိပါတယ်။ ဒါပေမယ့် အဲ့မှန်ကန်မှုကိုပဲဆွဲကုင
ိထားရင်တော့
ဘာမှမဖြစ်မြောက်ဘူး။ လူဆုတ
ိာ အခွင့်အရေးကိုအသုံးချတတ်ရမယ်၊
အင်အားနည်းသူအပေါ်အနိုင်ယူသင့်ရင်ယြူ ပီး တိုက်သင့်ရင်တုက
ိရမယ်။ မနာခံသူတွေကုဖ
ိ မ်းဆီးပြီး
ကျိုးနွံသေ
ူ တွကိုကာကွယ်ရမယ်။ ဒါက ထန်နဲ့ ဝူဘုရင်တို့ ပြောခဲ့တာတွေပဲ။ သခင်ကြီးက နောက်ပိုင်းမှာ
ပြည်နယ်ကိုသိမ်းပြီးရင် ဆုချသင့်သူကို ဆုပေးပြီး
ကောင်းမွန်တဲ့တုင
ိးပြည်ဖြစ်အောင်တည်ဆောက်မယ်ဆိုရင် သစ္စာဖောက်ခဲ့မိတဲ့အတွက်
ဝမ်းနည်းနေဦးမှာလား? သခင်ကြီး ဒီအခွင့်အရေးကိုမယူရင် တခြားလူလက်ဦးသွားလိမ့်မယ်" ဟုပြောသည်။

"လျူဘေ့"(Liu Bei) ကလည်း "ဖန်ထံ"ု (Pang Tong) ပြောသည်မှာ မှန်ကန်သည်ဟုတွေးကာ

"ဒီစကားတွေက ရတနာလိုပါပဲ။ ကျုပ်ရင်ထဲမှာ မှတ်ထားပါ့မယ်" ဟုပြောသည်။

ထို့နောက် "ကျူးကဲလျန့်"(Zhuge Liang) ကိုခေါ်ကာ အနောက်ဘက်သို့ ချီတက်ရန်တုင


ိပင်သည်။

"ကျူးကဲလျန့်"(Zhuge Liang) မှ

"ဒီနယ်မြေက အရေးကြီးတဲ့အတွက် ကာကွယ်မှုလုပ်ထားရမယ်" ဟုပြောသည်။ "လျူဘေ့"(Liu Bei) မှ

"ကျုပ်ရယ်၊ ဖန်ထုံ(Pang Tong) ရယ်နဲ့၊ စစ်သူကြီးနှစ်ဦး ဟွမ်ကျုံး(Huang Zhong) နဲ့ ဝေရန်(Wei Yan)
တို့က အနောက်ဘက်ကိုသွားမယ်။ ခင်ဗျားနဲ့နောက်စစ်သူကြီးကောင်း သုံးယောက် - ကွမ်းယွ(ီ Guan Yu)
၊ ကျန်းဖေး(Zhang Fei) နဲ့ ကျောက်ယွင(် Zhao Yun) တို့က ကျင်ကျိုးကိုစောင့်ကြပ်နေခဲ့ပါ"
ဟုပြောသည်။

853
"ကွမ်းယွ"ီ (Guan Yu) ကိုရှန်းရန်သို့ လွှတ်ပြီး ချင်းနိနားရှိခံတပ်တင
ွ် စခန်းချစေသည်။ "ကျန်းဖေး"(Zhang
Fei) ကိုမြစ်ကမ်းတစ်လျှောက် နယ်လေးခုကိုစောင့်ကြပ်စေပြီး "ကျောက်ယွင"် (Zhao Yun) ကို
ကျန်းလင်တွင် စခန်းချစေသည်။

အနောက်ဘက်သို့ ချီတက်ရာတွင် "ဟွမ်ကျုံး"(Huang Zhong) သည် ရှေ့ပြေးတပ်ကိုဦးဆောင်ကာ


"ဝေရန်"(Wei Yan) က တပ်နောက်ပိုင်းတွင် နေရာယူသည်။ "လျူဘေ့"(Liu Bei) မှာမူ အလယ်တွင်ရှိပြီး
အကူအနေဖြင့် "လျူဖုန်း"(Liu Feng) နှင့် "ကွမ်းဖင်"(Guan Ping) တို့ပါဝင်သည်။ "ဖန်ထံ"ု (Pang Tong)
မှာ တပ်တစ်တပ်လံုး ၏ခေါင်းဆောင်ဖြစ်သည်။

ထိုသို့ စစ်တပ်ငါးသောင်းတို့စစ်ချီတက်ချိန်တွင် "လျောင်ဟွာ"(Liao Hua) ရောက်လာသည်။


"လျောင်ဟွာ"(Liao Hua) နှင့် သူ၏တပ်သားတို့သည် "ကွမ်းယွ"ီ (Guan Yu) လက်အောက်တွင်
အမှုထမ်းသည်။

စစ်ချီတက်သောအချိန်သည် ဆောင်းရာသီဖြစ်သည်။ မကြာမီပင် "လျူဘေ့"(Liu Bei) ၏တပ်ဖွဲ့ ကြီးသည်


တပ်ဖွဲ့အင်အားငါးထောင်ရှိသည့် "မှုန့် တာ"(Meng Da) ၏တပ်ဖွဲ့ နှင့်တွေ့ဆုံ သည်။ "မှုန့်တာ"(Meng Da)
က ယီကျိုးသို့ လမ်းပြကာ ခေါ်ဆောင်မည်ဖြစ်သည်။ "လျူဘေ့"(Liu Bei) ကလည်း
သူချီတက်လာသည့်အကြောင်းကို "လျူကျန်း"(Liu Zhang) ထံအကြောင်းကြားသည်။ "လျူကျန်း"(Liu
Zhang) သည် စစ်တပ်ချီတက်လာရာလမ်းခရီးတလျှောက်ရှိ မြို့နယ်မှလူတို့ကို စစ်တပ်တို့အား
ဖျော်ဖြေစေရန် အမိန့်ချလိုက်သည်။

"လျူဘေ့"(Liu Bei) ကိုကြိုဆိုရန်အတွက် နယ်စားကိုယ်တုင


ိ ္ထြကေ
် တွ့ရန်လုပ်သည်။ ရွက်ဖျင်တဲ၊
အလံအစရှိသည်တို့ကိုပြင်ဆင်လေသည်။ ပြီးနောက် အစောင့်တို့က လင်းလက်သောသံချပ်ကာတို့ကို
ဝတ်ဆင်ထားသည်။ ထိုအချိန်တွင် အတွင်းရေးမှူး "ဟွမ်ချွမ်"(Huang Quan)
ကထပ်မံကန့်ကွက်ပြန်သည်။

"သခင်ကြီး အပြင်ထွကသ
်ွားရင် အန္တရာယ်နဲ့ ရင်ဆိုင်ရမှာဖြစ်တယ်။ ကျွန်တော် သခင်ကြီးလက်အောက်မှာ
အမှုထမ်းတာကြာခဲ့ပြီ။ ဒါကြောင့် ရန်သူတွေရဲ့လပ
ုကြံမှုမခံရအောင် တားမြစ်တာပါ"

ထိုအခါ "ကျန်းစုန့် "(Zhang Song) မှ

"သူ့စကားတွေက မိသားစုအချင်းချင်းမသင့်မြတ်အောင်လုပ်ပြီး သူပုန်တွေကိုအကျိုးဖြစ်စေတဲ့စကားတွေပဲ။


အဲ့လိုလုပ်ရင် အကျိုးမရှိဘူး" ဟုပြောသည်။ "လျူကျန်း"(Liu Zhang) မှ "ဟွမ်ချွမ်"(Huang Quan) အား

"ငါဆုံးဖြတ်ပြီးပြီ။ ခင်ဗျားက ဘာလို့ ဆန့်ကျင်နေတာလဲ" ဟုပြောလေသည်။

854
ထိုအခါ "ဟွမ်ချွမ်"(Huang Quan) သည် ဦးညွတ်ကာ ငိုလေသည်။ အနီးသို့ ရောက်လာသောအခါ
"လျူကျန်း"(Liu Zhang) ၏အဝတ်ကို သွားနှင့်ကုက
ိပြီး မသွားရန် တားမြစ်သည်။ အစောင့်တို့ က
ငိုယုေ
ိ နသော "ဟွမ်ချွမ်"(Huang Quan) ကိုအတင်းအဓမ္မခေါ်ယူသွားလေသည်။ ထိုအချိန်တွင်
နောက်တစ်ဦးမှ

"သခင်ကြီး သေတွင်းထဲရောက်မှာစိုးလို့ တားမြစ်တဲ့ ဟွမ်ချွမ်(Huang Quan)


ရဲ့စကားကိုဘာလို့မနာယူရတာလဲ" ဟုပြောသည်။

ထိုသူမှလည်း ဒူးထောက်ကာ ပြောလေသည်။ ထိုသူမှာ ကျန်းနင်မှ "လီဟွေ့"(Li Hui) ဖြစ်သည်။

"မင်းသားမှာလည်း သူတို့ ကိုဆုံးမမယ့်ဝန်ကြီးရှိတယ်။ အဖေမှာလည်း


စကားနားမထောင်မယ့်ကလေးတွေရှိတယ်။ ဟွမ်ချွမ်(Huang Quan) ပြောတာကို
သခင်ကြီးနားထောင်သင့်တယ်။ လျူဘေ့(Liu Bei) ကိုခေါ်တာက ကျားကိုအိမ်ထဲသင
ွ်းလိုကသ
် လိုပဲ"

"လျူဘေ့(Liu Bei) က ငါ့အစ်ကိုပဲ။ ငါ့ကုဒ


ိ က
ု ၡေပးမွာမဟုတ္ဘးူ ။ ငါပြောတာ
မလိုက်နာရင်သေဒဏ်ပေးမယ်"

ထို့နောက် "လီဟွေ့"(Li Hui) ကို အဝေးသို့ဆွဲထတ


ုသွားစေသည်။

"ကျန်းစုန့် "(Zhang Song) မှ

"ရှူအမှုထမ်းတွေက သူတို့ မိသားစုကောင်းစားရေးပဲကြည့်ပြီး ပြည်နယ်အရေးကို ဦးစားမပေးနိုင်တော့ဘူး။


စစ်သြူ ကီးတွေက မာန်တက်နေပြီး သူတို့ ဟာသူတို့ အကြံအစည်တွေရှိနေကြတယ်။ လျူဘေ့(Liu Bei)
အကူအညီမရှိရင် အတွင်းလူတွေက ပုန်ကန်မှာဖြစ်ပြီး ဒုက္ခရောက်လိမ့်မယ်" ဟုပြောလေရာ နယ်စားမှ

"ဒါက ငါ့ကောင်းကျိုးအတွက်ဆိုတာ သိပါတယ်" ဟုပြောလေသည်။

ထို့နောက် မြင်းစီးကာ အန်း(Elm) သစ်ပင်တံတားသို့သွားလေသည်။

ထိုအခါ ဆက်သားတစ်ဦးမှ

"ဝမ်လေ(Wang Lei) ကမြို့တံခါးဝမှာ သူ့ကိုယ်သူကြိုးနဲ့ချည်ပြီး ခေါင်းကိုအောက်ချထားတယ်။


လက်တစ်ဖက်မှာ ဆုံးမစာကိုကိုင်ပြီး ကျန်တစ်ဖက်မှာတော့ ဓားကိုကိုင်ထားတယ်။ နယ်စားကြီးသာ
သူ့စကားကိုနားမထောင်ရင် ကြိုးကိုဖြတ်ပြီး နယ်စားကြီးခြေရင်းမှာ သူ့ကိုယ်သသ
ူ တ်သေမယ်"
လို့ဆိုပါတယ် ဟု သတင်းလာပေးလေသည်။

855
"လျူကျန်း"(Liu Zhang) သည် မြို့တံခါးဝသို့သွားပြီး "ဝမ်လေ"(Wang Lei) ၏စာကိုဖတ်သည်။

'ဆေးကောင်းဆိုတာ ပါးစပ်မှာခါးပေမယ့် ရောဂါပျောက်ဖို့အင်မတန်ထိရောက်တယ်။


သစ္စာရှိတဲ့စကားဟာလည်း နားဝင်ခါးပေမယ့် ကောင်းမွန်တဲ့စကားဖြစ်တယ်။ ဟိုးအရင် ချူဘုရင် ဟွိုင်ဟာ
ချွီယွမ်(Qu Yuan) ရဲ့စကားကိုမနာယူပဲ ဝူခံတပ်ကိုသွားခဲ့တဲ့အတွက်
ချင်ပြည်နယ်တပ်ရဲ့ဖမ်းဆီးမှုခံခဲ့ရတယ်။ နယ်စားကြီးဟာလည်း လျူဘေ့(Liu Bei) ကိုသွားကြိုတာဟာ
အသွားပဲရှိပြီး အပြန်မရှိတဲ့လမ်းဖြစ်သွားနိုင်တယ်။ ကျန်းစုန့်(Zhang Song) ကိုလူလယ်ခေါင်မှာ
သတ်စေပြီး လျူဘေ့(Liu Bei) နဲ့အဆက်အသွယြ် ဖတ်လိုက်ရင် လူတွေအားလုံး ပျော်ရွှင်ကြမှာဖြစ်ပြီး
နယ်စားကြီးလည်း အန္တရာယ်မကြုံနိုင်တော့ဘူး'

ထိုစာကိုဖတ်ရင်း "လျူကျန်း"(Liu Zhang) မှာစိတ်ဆိုးလာလေသည်။

"ကိုယ့်အစ်ကိုကို သွားတွေ့တာ ဘာလို့ ဒီလိုစော်ကားရတာလဲ"

"ဝမ်လေ"(Wang Lei) သည်လည်း ကျယ်လောင်စွာအော်ပြီးကြိုးကိုဖြတ်လိုက်ရာ အမြင့်မှကျပြီး


သေဆုံးသွားလေသည်။

"လျူကျန်း"(Liu Zhang) သည် စစ်သားသုံးသောင်းကိုဦးဆောင်ပြီး "လျူဘေ့"(Liu Bei)


ကိုသွားကြိုဆိုသည်။ "လျူကျန်း"(Liu Zhang) တွင် ရိက္ခာတို့ကိုတင်ဆောင်သည့်လှည်းပေါင်း
တစ်ထောင်ပါသေးသည်။

"လျူဘေ့"(Liu Bei) ၏ရှေ့ပြေးတပ်သည် တျန့်မြစ်အနားသို့ ရောက်လာသည်။


စစ်ချီတက်ရာလမ်းတစ်လျှောက်တွင် လူတို့ က လက်ဆောင်များပေးကြသည်။ သို့သော် "လျူဘေ့"(Liu
Bei) က ပေးသမျှလက်ဆောင်တိုင်းကို ထိုကတ
် န်သောအဖိုးအခဖြင့် ဝယ်ရမည်ဟု အမိန့်ချထားသဖြင့်
မည်သူမှမချိုးဖောက်ရဲကြပေ။ လူတို့ ကလည်း စစ်တပ်အပေါ်ပိုယြုံ ကည်လာကာ
ထွက်လာကြပြီးကြိုဆိုလေသည်။ "လျူဘေ့"(Liu Bei) ကလည်း ကောင်းမွန်သောစကားတို့ဖြင့်
လူအပေါင်းတို့ကိုကျေနပ်စေသည်။

ထိုအချိန်တွင် "ဖာကျန့်"(Fa Zheng) မှ "ကျန်းစုန့်"(Zhang Song) သည် တွေ့ဆုံသည့်နေရာနားတွင်


"လျူကျန်း"(Liu Zhang) ကိုတိတ်တဆိတ်လပ
ုကြံမည့်အကြောင်းကို "ဖန်ထ"ုံ (Pang Tong)
အားပြောပြသည်။ "ဖန်ထံ"ု (Pang Tong) မှ

"ဒီအကြောင်း ဘာမှမပြောနဲ့ဦး။ လျူနှစ်ယောက်တွေ့ပြီးသွားရင် အခွင့်အရေးရှိလာဦးမှာပဲ။


အခုကစောသေးတယ်။ အကြံအစည်ပေါက်ကြားသွားနိုင်တယ်" ဟုဆိုသည်။ သို့နှင့် ဘာမျှ
ထပ်မပြောတော့ပေ။

856
တပ်ဖွဲ့ကြီးနှစ်ဖွဲ့ တို့ သည် မြို့တော် ချန်တူးမှ မိုင် ၁၂၀ အကွာ ဖူချန်တွင်တွေ့မည်ဖြစ်သည်။
"လျူကျန်း"(Liu Zhang) ၏စစ်တပ်က အရင်ရောက်နှင့်ပြီး "လျူဘေ့"(Liu Bei) ကိုကြိုဆိုရန်အတွက်
လူလွှတ်လိုက်သည်။ စစ်တပ်ကြီးနှစ်တပ်တို့ သည် ဖူမြစ်ကမ်းတွင်စခန်းချပြီး "လျူဘေ့"(Liu Bei) က
မြို့ထဲသို့ ဝင်ကာ နယ်စားနှင့်တွေ့ဆုံသည်။နှစ်ယောက်လုံး စကားပြောဆိုကြပြီးနောက်
ကိုယ့်ရွက်ဖျင်တဲသို့ ကိုယ် ပြန်လေသည်။

နယ်စားမှ

"ဟွမ်ချွမ်(Huang Quan) နဲ့ ဝမ်လေ(Wang Lei) တို့က ပေါက်ကရပြောနေကြတာပဲ။ သူတို့ က


မိသားစုချစ်ခင်ရင်းနှီးမှုဆိုတာ နားမလည်ဘူး။ လျူဘေ့(Liu Bei) က သနားကြင်နာတတ်တဲ့
လူတစ်ယောက်ပဲ။ သူ့အကူအညီနဲ့ဆို ချောင်ချောင်း(Cao Cao) နဲ့ကျန်းလု(Zhang Lu)
ကိုကြောက်စရာမလိုဘူး။ ဒါ ကျန်းစုန့် (Zhang Song) ကျေးဇူးကြောင့်ပ"ဲ ဟုဆိုကာ
သူဝတ်ဆင်သည့်အစိမ်းရောင်ပိုးထည်ကိုချွတ်ပြီး "ကျန်းစုန့်"(Zhang Song) ကိုပေးလိုက်သည်။ ထို့အပြင်
ရွှေအောင်စ ငါးရာကိုလည်း ပေးလေသည်။

သို့သော် အချို့သောအမှုထမ်းတို့က

"သခင်ကြီး ဝမ်းသာမစောပါနဲ့။ လျူဘေ့(Liu Bei) ကအပြင်မှာပျော့ပြောင်းသယောင်ရှိပေမယ့်


အတွင်းမှာခက်ထန်တယ်။ ဒါကြောင့် သတိထားသင့်တယ်" ဟုပြောသည်။

"လျူကျန်း"(Liu Zhang) က ရယ်ပြီး

"ခင်ဗျားတို့ တွေက စိတ်ပူလွန်းနေပါပြီ။ ငါ့အစ်ကိုက အဲ့လုလ


ိုမျိုးမဟုတ်တာ သေချာပါတယ်" ဟုပြောသည်။

"လျူဘေ့"(Liu Bei) သည် သူ့ရွက်ဖျင်တဲသို့ပြန်ရောက်သောအခါ "ဖန်ထုံ"(Pang Tong) မှ


နယ်စားကိုမည်သို့ ထင်ကြောင်းမေးသည်။

"သူက အင်မတန်ရိုးသားတဲ့လူပ"ဲ

"သူက ကောင်းပါတယ်။ ဒါပေမယ့် သူ့လက်အောက်ခံတွေက သူ့အပေါ်မကျေနပ်ကြတော့ဘူး။


လုပ်ကြံမှုတွေရှိမလာနိုင်ဘူး လို့မပြောနိုင်ဘူး ။ ကျွန်တော့်အကြံကိုသာလက်ခံရင် လျူပြောင်း(Liu Biao) က
အပြန်စားသောက်ပွဲမှာ အသတ်ခံရလိမ့်မယ်။ လူအယောက်တစ်ရာကိုပုန်းထားစေပြီး
သခင်ကြီးအချက်ပေးတာနဲ့ သူတို့ လှုပ်ရှားလိမ့်မယ်။ ဓားတစ်ချောင်း၊ မြားတစ်ချက်မှမလိုပဲ
အောင်နိုင်လမ
ိ့်မယ်"

857
"သူက ကျုပ်ညီပဲ၊ နောက်ပြီး ကျုပ်အပေါ်လည်း ကောင်းကောင်းဆက်ဆခ
ဲံ့တယ်။
ကျုပ်ကအဝေးကလာတာ၊ ဒီနယ်မြေအကြောင်းလည်း ဘာမှမသိဘူး။ အဲ့လိုသာလုပ်ရင်
တစ်လောကလုံးကလူတွေက နှစ်ခြိုက်မှာမဟုတ်ဘူး။ အဲ့လိုလုပ်လို့ မဖြစ်ဘူး "

"ဒီအကြံက ကျွန်တော့်အကြံမဟုတ်ဘူး။ ဒါ ကျန်းစုန့် (Zhang Song) ရဲ့စာမှာပါတာ။ တစ်ချိန်ချိန်မှာတော့


အဲ့လြို ဖစ်မှာပဲ"

ထိုအချိန်တွင် "ဖာကျန့်"(Fa Zheng) ရောက်လာကာ

"ဒါ ကျွန်တော်တို့ အတွကမ


် ဟုတ်ပါဘူး။ ကောင်းကင်ကြီးရဲ့ဆန္ဒပါ" ဟုပြောသည်။

"လျူကျန်း"(Liu Zhang) နဲ့ကျုပ်က မျိုးနွယအ


် တူတူပဲလေ။ သူ့ကိုဘယ်လိုလို့ ရန်မူနိုင်မလဲ"

"သခင်ကြီး ပြောတာမှားနေပြီ။ သခင်ကြီးသာ ကျွန်တော်တို့အကြံအတိုင်းမလုပ်ရင် ကျန်းလု(Zhang Lu)


က သူ့အမေသေဆုံးတာကို လက်စားချေဖို့အတွကန
်ဲ့ ယီကျိုးကိုတိုက်လိမ့်မယ်။ အဲ့လိုသာဆို
ဒီလိုခရီးရှည်ကြီးချီတက်လာတာ ဘာအကျိုးရှိလ?ဲ နှောင့်နှေးရင် အန္တရာယ်များတယ်။ ဒီအကြံက
ပေါက်ကြားသွားနိုင်တဲ့အတွက် တခြားလူတွေကြားက အမြတ်ထုတ်သွားနိုင်တယ်။ ဒီနေ့ဟာ
ကောင်းကင်ကြီးကမျက်နှာသာပေးတဲ့နေ့ပဲ။ လျူကျန်း(Liu Zhang) သံသယမဝင်ခင် လှုပ်ရှားမှဖြစ်မယ်။
သခင်ကြီး မနှောင့်နှေးစေပါနဲ့"

"ဖာကျန့်"(Fa Zheng) ၏ထိုစကားကို "ဖန်ထ"ုံ (Pang Tong) ကလည်း လက်ခံကာ "လျူဘေ့"(Liu Bei)
အားတိုက်တွန်းလေသည်။

Translators

*S~L*
*Silver~K*

ဖတ်ရှုမှူကုေ
ိ ကျးဇူးတင်ပါသည်။

858

You might also like