You are on page 1of 2

ဓာတ်လိုက်ခဲ့လို့ ရှိရင်... မသေအောင်... သင်ဘာလု ပ်မလဲ ?

(⊙.⊙(☉_☉)⊙.⊙)(⊙.⊙(☉_☉)⊙.⊙)

RCCB (Residual Current Circuit Breaker) တပ်ထားပါ။


ELCB (Earth Leakage Circuit Breaker), RCD (Residual Current Device), RCBO (Residual
Circuit Breaker with Overload) လို့ လည်းခေါ်ကြပါတယ်။

လူ တို င်း ဓါတ်လိုက်မှာကို ကြောက်ကြပါတယ်။ ဒါကြောင့် သင့်အိမ်မှာ ဓါတ်လိုက်ရင် အလို လို မီးဖြ
တ်ပေးမဲ့ Circuit Breaker လေး တစ်လုံးတပ်ထားသင့်ပါတယ်။ တစ်သောင်း ငါးထောင်ကျပ် ၀န်းကျင်ပဲရှိပါတယ်။ လဲ
ရတာလည်း အလွန်လွ ယ်ကူပါတယ်။

ပထမဦးဆုံး Voltage operated ELCB ကို 1955 ခု ၀န်းကျင်မှာ စတင် ထု တ်လုပ်ပါတယ်။ Voltage ကို
အခြေခံ ပြီး ဓါတ်လိုက်တာကို ခံ စားတယ်။ disadvantages တွေများလို့  ခု ခေတ်မှာ မသုံးတော့ ပါဘူး။1975
ခု ၀န်းကျင်မှာ Current-ELCB ဆို ပြီး ပို ကောင်းတဲ့ Resicual Current ကို အခြေခံ ပြီး ဓါတ်လိုက်တာကို ခံ စားတဲ့
RCCB တွေကို ထု တ်လုပ်ပါတယ်။ ELCB ဆို တဲ့ နာမည်ကို ခေါ်နေကျဖြစ်နေတော့ RCCB ထွက်လာတော့ လ
ည်း ELCB ဆို ပီး ဆက်ခေါ်နေကြတုံးပါပဲ။ ဒီလို confusion တွေကို ပြင်တဲ့အနေနဲ့ IEC ကနေပြီး
Current-ELCB တွေကို RCD ဆို ပြီး တရားဝင် နာမည်ပေးခဲ့ ပါတယ်။ RCD မှာ Trip Current အပြင်
Over-current Protection ပါထည့်ပြီးတော့ RCBO လို့ လည်း ခေါ်ကြပါတယ်။

လက်ရှိ သုံးနေတဲ့ ဓါတ်မလို က်အောင် တပ်ထားတဲ့ breaker တွေက RCCB တွေများပါတယ်။ လျှပ်စ
စ်ပစ္စည်းဆို င်မှာ RCBO လို့ မေးရင် မသိကြပါဘူး။ ELCB ဆို အကု န်သိ ။ RCCB ဆို အများစု သိပါ တယ်။

ကဲ … ဒါဆို RCCB တစ်ခု ဘယ်လိုအလု ပ်လုပ်သလဲ? လူ တွေကို ဓါတ်မလိုက်အောင် ဘယ်လို ကာကွယ်ပေးလဲ ?

ပုံ မှာပြထားတဲ့ အတို င်း စနစ်တကျတပ်ဆ င်ထားတဲ့ အိမ်သုံး မီတာအထွက်မိန်းဝါယာကြီုး တစ်စုံ ရဲ့


Phase (အပူ ကြိုး) နဲ့ Neutral (အအေးကြိုး) ၂ကြိုးလုံးကို ပေါင်းပြီး Ampere Clamp နဲ့တို
င်းကြည့်ရင် Zero Ampere ပါ။ ဒါဟာ Phase မှာ သုံးတဲ့ Load တွေအားလုံးဟာ Neutral ထဲကို
စီးဝင်သွားတယ် ဆို တဲ့ သဘောပါ။ အကယ်လို့ ဓါတ်လိုက်ပြီဆို ရင် Phase ကစီးတဲ့ Load တချို့ဟာ Neutral ထဲကို
မ၀င်တော့ ပဲ ဓါတ်လိုက် ခံ ရသူ ကို ဖြတ်စီးပြီး Ground Earth ထဲကို ၀င်သွားပါတယ်။ အဲလို ၀င်သွားတဲ့ Load ကို
Residual Current လို့ ခေါ်ပါတယ်။ 30mA ထက်ကျော်ရင် breaker ပြုတ်ကျပါတယ်။ ဓါတ်လိုက်တဲ့သူ မသေတော့
ဘူးပေါ့။ 30 mili Ampere ဆို တာ ဓါတ်လိုက်ခံ ရတဲ့ Ampere ပါ။ မြန်မာပြည် ဈေးကွက်ထဲမှာ RCCBေ
တွဟာ Residual Current IΔn 30mA, 100mA, 300mA ဆို ပြီးလာပါတယ်။ အိမ်သုံးတွေကတော့
30mA ပဲသုံးသင့်ပါတယ်။ Europe Standard အရဆို ရင် IΔn 10mA ပဲသုံးကြလို့ ပါ။ 100mA ကစက်ရုံ
သုံး၊ 300mA က fire protection တွေအတွက်ပါ။ Maximum rated current အနေနဲ့တော့ 25A,
40A, 63A ဆို ပြီးလာပါတယ်။

အိမ်သုံးမီတာတစ်လုံးကို RCCB ပြောင်းတပ်မယ်ဆိုရင် 40A - IΔn 30mA တပ်ရင်အသင့်တော်ဆုံး ပါပဲ။သင့်အိမ်မှာ
လက်ရှိတပ်ထားတဲ့ MCB (Miniature Circuit Breaker) ကို RCCB နဲ့ အချိန်မီ လဲလို က်ပါ။

You might also like