You are on page 1of 4

Introduction

ဒီသု တေသနရဲ့ ရည်ရွယ်ချက်က ဗု ဒ္ဓ၀ါဒရဲ့ရှု့ထောင့်ကနေပြီး (Motivation) စိတ်ပိုင်းဆိုင်ရာ လှုံ ဆောင်မှု


ကို ငါတို့ရဲ့လူ့ အဖွဲ့စည်းမှာ လက်တွေ့အားဖြင့်ဘယ်လိုအသုံးချနိုင်မလဲဆိုတာကို တင်ပြချင်လို့ဘဲဖြ
စ်ပါတယ်၊ ဒီသု တေသနမှာ ယေဘု ယျအားဖြင့် motivation ကို right motivation နဲ့ wrong motivation ဆိုပြီး
(၂)မျိုးခွဲလာလေ့လာ တင်ပြသွားမှာဖြစ်ပါတယ်၊ ကမ္ဘာပေါ်မှာ အထူးသဖြင့် အနောက်တိုင်းဒေသတွေဆီမှာ ဒီ
သဘောတရားကို ကျယ်ကျယ်ပြန့်ပြန့်အသုံးချနေကြတာ ကြာပါပြီ၊ စာသင်ခန်းတွေနဲ့ တက္ကသိုလ်တွေမှာ
ကျောင်းသားတွေရဲ့ပညာရေးအရည်အ ချင်းတွေတိုးတက်ဖို့ ဒီနည်းလမ်းကိုအသုံးပြုကြတာရှိသလို
များသောအားဖြင့် သူ တို့တွေမှာ ဒီစိတ်ဓါတ်လှုံဆော်မှုသဘောတရားကို ငွေအတွက်ဘဲအသုံးချကြတာများ
ပါတယ်၊ စီးပွါးရေးသမားတွေကလည်း စီးပွါးရေးအဆင်ပြေဖို့ ၊ အာဏာရှင်တွေကလည်း သူ တို့ရဲ့အာဏာ
တည်မြဲဖို့ ၊ မှန်တာမှားကိုအသားထားလို့ လူ ထု ထောက်ခံ မှုနှင့် ဘက်တော်သားတွေပိုမိုတိုးပွါးလာ
ဖို့ကို အာရုံ စိုက်ပြီး ဒီနည်းလမ်းကိုအသုံးပြုကြပါတယ်၊

ဗု ဒ္ဓ၀ါဒမှာတော့ ဒီသဘောတရားကို တွေဝေနေတဲ့လူ တစ်ယောက်ကို ခိုင်မာတည့်မတ်တဲ့ လ


မ်းကြောင်းပေါ်ကိုရောက်အောင်တွ န်းပို့တဲ့နေရာမှာသာ ဒီနည်းလမ်း(motivational techniques )ကိုအ
သုံးပြုတယ်လို့ ဆိုနိုင်ပါတယ်၊ ကမ္ဘာဘာသာအယူ ၀ါဒတွေနဲ့ နှိုင်းယဉ်လိုက်တဲ့အခါ ဗု ဒ္ဓ၀ါဒဟာ စိတ်ပို
င်းဆိုင်ရာတွေကိုပိုပြီး အလေးပေးတယ်ဆိုတာ ဘယ်သူမှငြင်းနိုင်မှာမဟု တ်ပါဘူး၊ စိတ်ပိုင်းဆိုင်ရာတိုးတက်
မှု့နဲ့ တည်ဆောက်ပြီးမှသာ ဗု ဒ္ဓ၀ါဒအရ အမြင့်မြင့်သို့တစ်ဖြည်းဖြည်းတက်လှမ်းနိုင်မှာဖြစ်ပါတယ်။ ဒီစိတ်ဓါ
တ်လှုံဆော်မှု၊ တွန်းအားပေးမှုသဘောတရားဟာ ဗု ဒ္ဓရဲ့အဆုံးအမတွေနဲ့တိုက်ရိုက်ဆက်စပ်နေတယ်ဆိုတာက
လည်း ဗု ဒ္ဓလက်ထက်တော်က အမှန်တကယ်ရှိခဲ့တဲ့ သာဓကတွေနဲ့ လက်တွေ့ပြနိုင်ပါတယ်၊ ဘယ်လောက်ဘဲ ညံ့ ဖျင်တဲ့သူ တ
စ်ယောက်ဖြစ်နေပါစေ ၊ ကျွမ်းကျင်တဲ့ ပြီးတော်တန်တည့် မတ်တဲ့ သူ တစ်ယောက်ရဲ့ စိတ်ဓါတ်လှုံဆောင်မှုနဲ့ တွန်း
အားပေးမှု၊ ရှေးဆောင်လမ်းပြမှု၊ မောင်းနှင်မှုကိုခံ ရမယ်ဆိုလို့ရှိရင် အဲဒီလူ ဟာ အတော်ဆုံးလူ တစ်ယောက်လ
ည်းဖြစ်လာနိုင်ပါတယ်၊

မြတ်ဗုဒ္ဓရဲ့ဒေသနာတော်အရ သတ္တ၀ါတွေကိုစိတ်ကသာလျှင် ဦးဆောင်ပါတယ်၊ အရာအာလုံးဟာ စိတ်


ရဲ့မောင်းနင်ခြင်းကိုခံ ရပါတယ်၊ ယနေ့ကမ္ဘာကြီးရဲ့နေရက်တွေကိုပြန်ကြည့်ရင် ဖြစ်ပျက်နေသမျှ
အရာအားလုံးဟာ စိတ်ကိုအခြေခံ နေခြင်းသာဖြစ်ပါတယ်၊ ဒါကြောင်းယနေ့ကမ္ဘာကြီးရဲ့ကြမ္မာဟာ အ
ထူးသဖြင့်လူ သားတွေအပေါ်မှာသာ မှီတည်နေပါတယ်၊ လူ သားတွေရဲ့စိတ်ဓါတ်ကောင်းရင် လှပနေမယ်၊ ဆိုးရင်ရုပ်
ဆိုးအကျဉ်းတန်နေမယ်၊ ဒါကြောင်းမို့ကောင်းရာမှန်ရာကို ဖြစ်ပေါ်လာစေဖို့ ဒီစိတ်ဓါတ်လှုံဆော်မှုသဘော
တရားဟာ အင်မတန်အရေးကြီးတဲ့ အခန်းကဏ္ဍကပါဝင်ပါတယ်၊ အထူးသဖြင့် ဆိုင်ရာလူ့ အဖွဲ့စည်းခေါင်ဆောင်ေ
တွကို ဒီအရည်အ ချင်းဟာ မရှိမဖြစ်လိုအပ်ပါတယ်၊ မြတ်ဗုဒ္ဓဒေသနာတော်ထဲမှာ ဒီသဘောတရားတွေကို မြော
က်များစွာတွေ့ရှိနိုင်ပါတယ်။ မြတ်စွာဘု ရားရှင်ကိုယ်တိုင်ရဲ့ပြုမှုဆောင်ရွက်ပုံ တွေရော တစ်ခြားသာဝကတွေရဲ့ မှန်က
န်တဲ့ရှေးဆောင်လမ်းပြမှုတွေကိုပါ တွေ့နိုင်ပါတယ်၊ ဒီလိုမောင်းနှင်းခြင်းခံ ရတဲ့အတွက်ကြောင့်လ
ည်းဘဲ၊ လိမ္မာယဉ်ကျေးသွားကြတဲ့ မှန်က န်တည့် မတ်တဲ့လမ်းကြောင်းပေါ်မှာ လက်လှမ်းသွားနိုင်ခဲ့ကြတဲ့
သူ တွေလည်း အလွန်များပြားလှပါတယ်၊

တစ်ခါတစ်လေမှာ လက်အောက်ငယ်သားတွေ နောက်လိုက်တွေဖြစ်ပေမဲ့လည်း ဆုံးမလို့မရတဲ့အခါတွေရှိပါ


တယ်၊ ဒီအချိန်မှာ ဒီနည်းဟာအသုံးဝင်ပါတယ်၊ ဒီစိတ်ဓါတ်လှုံဆော်မှုသဘောတရားဟာ သိမ်မွေ့ပါတယ်၊ များသောအာြး
ဖင့် လှုံဆော်ခံ ရတဲ့သူ က မသိပါဘူး၊ မလု ပ်ချင်တာတစ်ခုကို လု ပ်ဖြစ်စေအောင် မလိုက်နာချင်တာကို လိုက်နာဖြစ်လာအော
င်၊ လိုက်နာစိတ်ဖြစ်လာအောင် ဒီနည်းစနစ်ဟာ အကောင်းဆုံးလို့ဆိုနိုင်တယ်၊ ဒီနည်းစနစ်ဟာ နေရာမရွေး
ကဏ္ဍမရွေး လူ မျိုးဘာသာမရွေးအသုံးပြုနိုင်တယ်။ ဒီ(Motivation)စကားလုံးနဲ့အဓိပ္ပါယ်ဟာ အနောက်တိုင်း
လူ့ အဖွဲ့အစည်းထဲမှာ အသုံးပြုလာကြတာ သိပ်မကြာသေးပေမဲ့ ဗု ဒ္ဓဘာသာမှာတော့ လွန်ခဲ့တဲ့နှ
စ်ပေါင်း(၂၅၀၀)ကျော် ဗု ဒ္ဓရှင်တော်လက်ထက်ကတည်းက တပည့်သာဝကတွေကို ဆုံးမတဲ့နေရာမှာ ဒီနည်းလမ်းကို
ကောင်းကောင်းအသုံးပြုခဲ့တာကို ပိဋကတ်တော်ရဲ့ နေရာတော်တော်များများမှာ တွေ့နိုင်ပါတယ်၊
အထူးသဖြင့် ဒီနည်းဟာ ခံ စားမှု(emotional espect)နဲ့ ဆက်စပ်နေတယ် ဒါနဲ့ပက်သက်ပြီး ပရောဖက်ဆာ သု မနပါလက
သူ့ ရဲ့ social psychotherapy စာအု ပ်မှာ ဒီလိုဖေါ်ပြထားပါတယ်၊ လူ တွေမှာ intelligent aspect နဲ့ emotional
aspect ဆိုပြီး နှစ်မျိုးရှိတယ်လို့ ဆိုတယ်၊ ဦးနှောက်ပိုင်းဆိုင်ရာ အသိဥာဏ်တိုးတက်ဖို့ intelligent aspect
ကို အသုံးပြုရသလို ခံ စားမှု့နဲ့ဆိုင်တဲ့ သနားကြင်နာခြင်းတွေ ၊ ကိုယ်ချင်းစာတရားတွေ၊ လူ သားဆန်မှုစ
တဲ့ emotion တွေဖြစ်ပေါ်လာဖို့လည်း ဒီ emotional aspect ကိုအလေးပေးရတယ်လို့ဆိုပါတယ်၊ ဒီအမြ
င်အားနည်းလာတဲ့အခါ လူ တွေဟာ သိပ္ပနဲ့ဆိုင်တဲ့ ဆေးပညာတွေ ၊ ခန္ဓာဗေဒဆိုင်ရာ အတတ်ပညာတွေကို
အလေးပေးသင်ကြားလေ့လာကြရင်းနဲ့ ရု ပ်ကြမ်းဆန်လာတော့တယ်၊ သနားစရာတွေလို့ မသနာြး
ကတော့ဘူး၊ ကြင်နာစရာတွေ့လို့လည်း မကြင်နာတတ်ကြတော့ဘဲ၊ ဒီကနေ့ ကမ္ဘာကြီးရဲ့
နေ့စဉ်ဘ၀တွေမှာ ဒီပုံ စံ တွေကို အများဆုံးမြင်တွေ့နေကြရတယ်၊ တကယ်တော့ ဗု ဒ္ဓ၀ါဒရဲ့အလို
အရ မိုးထိမြင့်မားတဲ့ အဆောက်အ ဦတွေ ၊ ခန်းညားထယ်ဝါလှတဲ့ ဇိမ်ခံ ပစ္စည်းတွေဟာ လူ တွေရဲ့အကျင့်
စာရိတ္တကို ပြောင်းလဲပြုပြင်တဲ့နေရာမှာ သိပ်အရေးမပါဘူးလို့ဆိုတယ်၊ ဒါကတော့ ရု ပ်ပိုင်းဆိုင်ရာတွေ အ
စွမ်းကု န်တိုးတက်ပြီး လူ မှုရေးပဋိပက္ခတွေ တွေအလွ န်ထူပြောလှတဲ့ တိုးတက်ပါတယ်ဆိုတဲ့ အနောက်တိုင်း
လူ့ အဖွဲ့အစည်းအချို့ကို သာဓကထားနိုင်ပါတယ်၊

အားလုံးတွေ့မြင်သိရှိနေကြတဲ့အတိုင်းကမ္ဘာကြီးဟာ ဒီကနေ့ ပြဿ နာပေါင်းစုံ နဲ့ ရ င်ဆိုေ


နရတယ်၊ လူ မှုရေးပြဿ နာ၊ စီးပွါးရေး ပညာရေး ခေါင်းဆောင်မှုပိုင်းဆိုင်ရာတွေမှာ အု ပ်ချုပ်ရေးပြဿ နာတွေစ
သည်ဖြင့် ၊ မရေတွက်နိုင်အောင်သော ပြဿ နာတွေနဲ့ လူ သားတွေဟာ လူ ထွေးနေကြရတယ်၊ သားသ္မီး
နဲ့မိဖကြား တပည့်နဲ့ဆရာကြား၊ အလု ပ်သမားနဲ့အလု ပ်ရှင် ပြည်သူနဲ့အစိုးရ စသည်ဖြင့် အမြဲတမ်းမကျေနပ်
မူ တွေနဲ့ပြည့်နှက်နေတယ်၊ နည်းပညာတွေနဲ့ ရု ပ်ပိုင်းဆိုင်ရာတွေ တစ်ဖြည်းဖြည်းတိုးတက်လာတယ်လို့
ဆိုပေမဲ့ ဒီကနေ့ကမ္ဘာကြီးနဲ့ လူ သားတွေရဲ့အခြေနေဟာ အချိန်မရွေးပေါက်ကွဲသွားနိုင်တဲ့ ချိန်ကိုက်ဗုံး
တစ်လုံးလိုပါဘ၊ဲ အားနည်းသူ တွေရဲ့ မကျေနပ်သံ တွေ ၊ တက်ခေါက်သံ တွေ၊ အားငယ်တ တ်သူတွေရဲ့ငို ညဉ်းသံေ
တွနဲ့အမြဲတမ်းပြည့်နှက်နေပါတယ်၊ သိပ္ပံ ဆိုင်ရာတိုးတက်မှုဟာ ဒီပြဿ နာတွေကို မဖြေရှင်းနိုင်ဘူးဆို
တာ သေချာတပ်အပ်မြင်တွေ့လာကြပြီဖြစ်တယ်၊အစောပိုင်းဆီက လူ သားခေါင်းတွေဟာ လက်နက်တွေပြ
ည့်စုံ ရင် ကမ္ဘာကြီးငြိမ်းချမ်းမယ်လို့ ထင်မြင်ခဲ့ကြတယ်၊ ဒါကြောင့်မို့ လက်နက်တွေကို ရသမျှကို
စု ဆောင်းခဲ့ကြတယ်၊ လက်နက်တွေနဲ့ ခြိမ်းခြောက်ပြီး လူ သားကမ္ဘာမှာ ငြိမ်းချမ်းမှုမတည်ဆောက်နိုင်
ဘူးဆိုတာလည်း လက်တွေ့သာဓကတွေ တစ်ပွေ့တစ်ပိုက်နဲ့ နာလည်ခဲ့ကြပြီးဖြစ်တယ်၊ နောက် ဆင်းရဲမွေး
တည်မှုကို ရှော့ချနိုင်ရင်ဖြင့် ကောင်းလိမ့်မယ်အ ထင်နဲ့ စီးပွါးရေးကောင်းကြိုးစားကြပြန်တယ် ၊
သဘာဝသယံ ဇာတအရင်းအမြစ်တွေနဲ့ လူ သားတွေရဲ့ ဆင်းရဲ့မှုပြဿ နာကိုဖြေရှင်းဖို့ကြိုးစားခဲ့ကြပြ
န်တယ် ၊ ဒါပေမဲ့ ဒါပေမဲ့ ဒီနည်းလမ်းဟာ ဒီပြဿ နာကိုဖြေရှင်းရာမရောက်ဘဲ ကမ္ဘာကြီးမှာ ဆင်းရဲချမ်းသားကွာ
ဟမှု့ကသာ အင်မတန်ကြီးမားလာစေခဲ့တယ်၊ ချမ်းသာတဲ့သူ တွေကို ပိုချမ်းသားစေခဲ့ပြီး ဆဲရဲတဲ့သူေ
တွကို ပိုပြီး ချမ်းသားစေခဲ့တယ်၊ စစ်တမ်းတစ်ခုအရ ကမ္ဘာကြီးရဲ့ဝင်ငွေ ၈၀%ဟာ ချမ်းသာတဲ့နိုင်ငံ တွေ
ဆီကိုသွားနေပြီး ကျန်တဲ့ ၂၀%ဆင်းရဲတဲ့နိုင်ငံ တွေဆီမှာ တင်ကျန်နေခဲ့တယ်၊ ဒီလိုအခြေနေမျိုးဟာ ဆင်းရဲ
တဲ့သူ တွေကို ပိုပြီးတော့ ဆင်းရဲတွင်းနက်စေခဲ့တယ်၊ ကမ္ဘာ့စစ်ပွဲတွေပြီးတဲ့နောက် ၂၁ရာစု ရဲ့ေ
နာက်ပိုင်းတွေမှာ ကမ္ဘာ့ ခေါင်းဆောင်တွေဟာ ကမ္ဘာကြီးရဲ့ပြဿ နာတွေကို ပညာရေးနဲ့သာ ဖြေရှင်း
နိုင်မယ်လို့ တစ်ထစ်ချဆုံးဖြတ်ကြပြန်တယ် ၊ ပညာရေးဟာ တစ်ခုတည်းသော နည်းဗျူဟာအဖြစ်နဲ့ အားကြိုးမာန်တက်ြ
ကိုးစားကြပြန်တယ် ၊ ယနေ့ကျွန်ုတို့တွေ့နေရတဲ့ ခေတ်ဟာ ပညာခေတ်ကြီးပေါ့၊ ဒါပေမဲ့ ဒီပဋိပ
က္ခတွေဟာ ရှင်သန်မြဲ ကြီးထွားဆဲပါဘဲ၊ သူ တို့ပြောတဲ့ ပညာရေးတွေနဲ့ လူ သားနဲ့ကမ္ဘာကြီးကို အေ
ထာက္အေ လွ်ာက္အ ကျိုးပြုခဲ့တယ်လို့ ဆိုနိုင်ပေမဲ့ မလုံ ခြုံမှု၊ ကပ်ဆိုက်မှုတွေကက နေရာအနှံ မှာ
တွေ့မြင်နေကြအတိုင်းပါဘဲ၊ သူ တို့ပြောတဲ့ ပညာရေးတွေကိုလေ့လာလိုက်စားပြီး အဲဒီပညာတ
တ်ဆိုသူ တွေကလည်း ၊ လူ သားကမ္ဘာရဲ့ရ န်သူကြီးတွေဖြစ်လာပြန်တယ် ၊ ဒီလိုဖြတ်စဉ်တွေကလည်း ကု န်လွ န်ခဲ့တဲ့
အချိန်တွေကနေပြီးတော့ ဒီကနေ့မျက်မှောက်ခေတ်အ ထိပါဘဲ၊ ဒီဖြစ်စဉ်တွေအားလုံးမှာလည်း ဆိုင်ရာခေါင်းေ
ဆာင်တွေဟာ ဒီစိတ်ဓါတ်လှုံဆော်မှုသဘောတရားကို အထောက်အေ လျှာက်အ သုံးပြုခဲ့ကြတာဖြစ်တယ် ၊ ကောင်း
မွ န်တဲ့ နေရာမှာရော ဆိုးရွာတဲ့ ကဏ္ဍတွေမှာပါ အသုံးချခဲ့ကြတယ်၊
မြတ်ဗုဒ္ဓရဲ့တရားဓမ္မ တွေဟာ ဘာဘဲလု ပ်လုပ် ကိုယ်ကျင့်တရားမှာ အခြေခံ တယ် ၊ ကိုယ်ကျင့်တရားမပါတဲ့
ဘယ်လိုအတတ်ပညာကိုမဆို ပညာဆိုတဲ့စားရင်းထဲမှာတော်မထည့်ပါဘူး၊ ဒါကြောင့်မြတ်ဗုဒ္ဓရဲ့ဒေသ
နာတော်မှန်ကို အခြေခံ (သီလ)ကိုယ်ကျင့်တရားတွေနဲ့ အု တ်မြစ်အဖြစ်ပြဋ္ဌာန်းထားတယ်လို့ဆိုနိုင်တယ်၊ တစ်ခြားေ
ခါင်းဆောင်တွေနဲ့ ဗု ဒ္ဓရဲ့ကွာခြားချက် တစ်ခြားအယူ ၀ါဒတွေနဲ့ ဗု ဒ္ဓဘာသာရဲ့ အဆုံးအမတွေရဲ့ အဓိက
ကွဲပြားမှုကလည်း ဒီကိုယ်ကျင့်တ၇ားပါဘဲ၊

ဒီ(motivation )သဘောတရားတွေနဲ့ တစ်စုံ တစ်ယောက်ကိုမောင်းနှင်တဲ့အခါ မှာ ဗု ဒ္ဓနဲ့ အခြားခေါင်းဆော


င်တွေရဲ့အဓိကကွာခြားတဲ့နောက်တ စ်ခုကတော့ ကိုယ်အ တွက်၇လိုမှုဘဲဖြစ်ပါတယ်၊ ဆိုလိုတာက တစ်ခြားခေါ
င်းဆောင်တွေ ဒါမှမဟု တ် စီးပွါးေ၇းသမားတွေဟာ လည်း သူ တို့ရဲ့ နောက်လိုက်တွေ သူ တို့ရဲ့ ဖေါက်သ
ည်တွေကို ဒီနည်းလမ်းကိုအသုံးပြုပြီး၊ အမြတ်ရလိုမှု ဒါမှမဟု တ် သြဇာတည်ဆောက်လိုမှု့စတဲ့ ရည်ရွယ်ချ
က်တွေကိုကိုယ်စီနဲ့ များသောအားဖြင့်လု ပ်ကြတာဖြစ်တယ်၊ မြတ်စွာဘု ရားရှင်ရဲ့ နောက်ဆုံးဘ၀မှာကော အေ
လာင်းတော်ဘ၀တွေမှပါ ဒီလိုပုံ စံ တွေကို လုံးဝမတွေ့ရှိရပါဘူး၊ ဆိုင်ရာသတ္တ၀ါတစ်ဦးဦးရဲ့ အသိဥာဏ်ပွ
င့်လင်းမှု ဒါမှမဟု တ် ဘ၀အဆင်းအတန်းမြင့်မားစေမှုစတဲ့ ရည်ရွယ်ချက်တွေနဲ့သာ အဓိက ရည်ရွယ်တ ယ်ဆိုတာကို ဇာ
တ်တော်တွေမှာကေ တစ်ခြားသု တ္တန်တွေမှာပါ အများကြီးတွေ့မြင်ရမှာဖြစ်ပါတယ်၊ ဥပမာအားဖြင့် ဓမ္မပဒ
အဋ္ဌကထာမှာလာတဲ့ နန္ဒ၀တ္ထုနဲ့ ကိသာဂေါတမီဝတ္ထုတွေမှ ဒီပုံ စံ တွေကို ထင်ထင်ရှားရှားတွေ့ရမှာဖြစ်ပါ
တယ်၊

နောက်တ စ်ခုက ဒီmotivation သဘောတရားဟာ စိတ်ပိုင်းဆိုင်ရာတွေနဲ့ တိုက်ရိုက်ဆက်စပ်နေပါတယ်၊ ဗု ဒ္ဓ၀ါဒဟာလ


ည်း ရု ပ်ပိုင်းဆိုင်ရာထက်စိတ်ပိုင်းဆိုင်ရာ တွေကို ပိုပြီးအလေးပေးတဲ့ အရာတစ်ခုဖြစ်တာကြောင့် ဒါနဲ့ဆက်စ
ပ်နေတဲ့ ဒီ motivation ဟာလည်း ဒီကနေ့ ငါတို့လူ အဖွဲ့အစည်းမှာ ကြုံတွေ့နေကြရတဲ့ အခက်အ ခဲေ
တွကို ကျော်လွှားတဲ့နေရာမှာ အု တ်တ စ်ချပ်သဲတစ်ပွင့်ဘဲဖြစ်ဖြစ် ကောင်းမွ န်တဲ နည်းစနစ်တစ်ခု ဖြစ်နေလိမ့်မယ်လို့
ယုံ ကြည်တဲ့အတွက်ကြောင့် ငါ့အနေနဲ့ ဒီ သု တေသနကို လု ပ်ဖို့ ဆုံးဖြတ်ခဲ့တာဖြစ်ပါတယ်၊

နောက်တ စ်ခုအနေနဲ့ ဗု ဒ္ဓရဲ့ကျမ်းစာတွေထဲက ဒီmotivation သဘောတရားတွေကို အလေးပေးလေ့လြာ


ကတဲ့အခါမှာ ဒီသဘောတရားဟာ အစားထိုး (substitutional motivation)မောင်းနှင်မှုနဲ့ ဆပ်စပ်နေတယ်ဆိုတာ
တွေ့ရပါတယ်၊ ဥပမာတစ်ခုအနေနဲ့ -ဒါကိုမလု ပ်နဲ့လို့ တိုက်ရိုက်ဆုံးမတာမျိုးမဟု တ်ဘဲ၊ တစ်ခြားတစ်ခုကိုလု ပ်ေ
စပြီး အစားထို(substitution)တာမျိုးဖြစ်ပါတယ်၊ ဥပမာတစ်ခုအနေနဲ့ ဗု ဒ္ဓ္ဓဘာသာ ကလေးလေးတစ်ယောက်ကို အိ
မ်လာတဲ့ ဘု န်းကြီးကို ရှိခိုးရမယ်လို့ ဆုံးမတာမျိုးမဟု တ်ဘဲ၊ သူ လိုချင်တဲ့ ကစားစရာအရု ပ်တွေပေး၊ စားစရာေ
တွကိုပေးပြီး (incentive theory)၊ တစ်ဖြည်းဖြည်း ကျင့်သားပါလာအောင် စည်းရုံးသိမ်းသွင်းတာမျိုးဖြစ်ပါ
တယ်၊ နောင်အခါ အဲဒီကလေးဟာ ဘာမှပေးစရာမလိုတော့ဘဲ ရဟန်းသံ ဃာတွေကို ရှိခိုးရခြင်းအကျိုးအမြတ်ေ
တွကို နားလည်သေ ဘာပေါက်လာတော့တယ်၊ အဲဒီအချိန်ကြရင် ဘယ်သူကမှ သူ့ ကိုတိုက်တွ န်းစရာမလိုတော့ဘဲ
ရဟန်းသံ ဃာတွေ့တာနဲ့ အလိုလို အရိုအသေပေးပြီးသားဖြစ်နေတော့တယ်၊ ဒါဟာ ငယ်င ယ်က ဒီလို
motivation လု ပ်ထားတဲ့အတွက် အကျိုးအမြတ်တ စ်စိတ်တ စ်ပိုင်းဖြစ်တယ်ဆိုတာကို ဘယ်သူမှ ငြင်းနိုင်မှာ မဟု တ်ပါဘူး၊

မြတ်စွာဘု ရားရှင်လက်ထက်က အနာထပိဏ်သူဌေးရဲ့ သားတစ်ယောက်ဖြစ်တဲ့ ကာလ ဟာ ကျောင်းသွားရမှာကို ပျင်းတယ်၊


တရားနာရမှာကိုလည်း ပျင်းတယ်၊ သူ ဌေးကြီးက သူ ကို တစ်ဖြည်းဖြည်းစည်းရုံ ပြီး ဒီနည်းနဲ့ဘဲ ဗု ဒ္ဓ
ဘာသာဝင်ကောင်းတစ်ယောက်ဖြစ်လာအောင် စည်းရုံးနိုင်ခဲ့တဲ့ သာဓကတွေဟာ ထင်ထင်ရှားရှားရှိပါတယ်၊

ဒီmotivation နဲ့ပက်သက်လာရင် သတိထားရမဲ့ နောက်တ စ်ခုကတော့ ပု ဂ္ဂိုလ်စရိုက်ဘဲဖြစ်ပါတယ်၊ လူ သားတိုင်းမှာ စရို
က်မျိုးစုံ ရှိကြတယ်၊ ဒီလိုပါဘဲ သူ တစ်ပါးကိုစည်းရုံ သိမ်းသွင်းတဲ့အခါမှာလည်း ဆိုင်ရာပု ဂ္ဂိုလ်ရဲ့ ပင်ကိုယ်စရို
က်(personality type) ကိုအကဲခတ်နိုင်ရင်ဖြင့် ပိုပြီးထိရောက်မှုရှိပါတယ်၊ မြတ်စွာဘု ရားရှင်ဟာ သတ္တ၀ါတစ်ဦး
ဦးကို တရားဟောတော့မယ်ဆိုရင် အဲဒီပု ဂ္ဂိုလ်ရဲ့ စရိုက်လက္ခာကိုကြည့်ပါတယ်၊ အာသယနဲ့ အနု သယ
အနု အရင့်ကိုကြည့်ပါတယ် ၊ ပြီးမှ တရားဟောတယ်၊ လူ တစ်ယောက်ရဲ့ စိတ်ပိုင်းဆိုင်ရာ အလေ့အထတွေ
ကို အလေးမထားဘဲ ဒီစနစ်ကိုသုံးမယ်ဆိုရင် မလိုအပ်ဘဲဘေးထွက်ဆိုးကျိုးတွေကို ဖြစ်စေနိုင်ပါတယ်။
ဘု ရားရှင်လက်ထက်က အရှင်သာရိပု တ္တာဟာ ဘု ရားရှင်ပြီးရင် ဥာဏ်ပညာအရာမှာ အကြီးမြတ်ဆုံးဖြစ်တယ်၊ ဒါပေမဲ့ ရဟန်းငယ်တ
စ်ပါးကို ကမ္မဋ္ဌာန်းပေးမှားဖူးတယ်၊ လူ ငယ်ဆိုတာ ကာမစရိုက်ရှိမှာဘဲဆိုပြီး အသု ဘကမ္မဋ္ဌာန်းကိုပေးမိတဲ့အ
တွက် လပေါင်းများစွာ ကျင့်ကြံ အားထု တ်ပေမဲ့ သမာဓိလေးတောင်မရ နိမိတ်လေးတောင်မထင်ဘဲ ဖြစ်နေေ
တာ့တယ်၊ ဘု ရားရှင်က ကြည့်ခါမှ ဘ၀ငါးရာပတ်လုံး ရွေပန်းထိမ်သည်ဖြစ်ဖူးတဲ့ ဒီရဟန်းငယ်ကို ရွှေကြာဖူးလေး
တစ်ခုဖန်းဆင်းပြီးပေးလိုက်မှတစ်ဖြည်းဖြည်းညှိုးကျသွားတဲ့ အနိစ္စသဘောအပေါ်မှာ အသိဥာဏ်လေးနဲ့ အု ပ်မိုး
လိုက်တာနဲ့ တရားထူးရသွားဖူးတဲ့ သာဓကလေးရှိဖူးတယ်၊ ဘု ရားဟော ပိဋကတ်မူးရင်းတွေမှာ စရိုက်အ မျိုအစားေ
တွကို ခွဲခြားသတ်မှတ်ထားတာ မတွေ့ရပေမဲ့ အရှင်ဗုဒ္ဓဃောသကတော့ ၀ိသု ဒ္ဓိမဂ်အဋ္ဌကထာမှာ စရိုက်(၆)မျိုး
ဆိုပြီး ဖေါ်ပြထားတာ တွေ့ရမှာ ဖြစ်ပါတယ်၊ ရာဂ၊ ဒေါသ၊ မောဟ၊ သဒ္ဓါ၊ ဗု ဒ္ဓိ၊ ၀ိတက္က ၊

အထက်ပါအကျဉ်းချုပ်မိတ်ဆက်ဖေါ်ပြချင်တွေနဲ့ ငါရဲ့ သု တေသနကို နောက်ထပ်လည်း တွေ့ကြုံရလာနိုင်တဲ့ အ


ချက်အ လက်တွေအပေါ်မှာ မှီတည်ပြီး Buddhist motivation သဘောတရားတွေကို ပေါ်လွင်အောင်ထုတ်ဖေါ်ြ
ပကာ လက်တွေ့ကျင့်ကြံ မှုနယ်ပယ်မှာလည်း အသုံးဝင်လာအောင်ထိ လု ပ်ဆောင်သွားမှာ ဖြစ်ပါတယ်၊

Scope of the Research

ဒီသု တေသနရဲ့ နေပယ်သတ်မှတ်ချက်ကတော့ ဒီသု တေသန ပင်မခေါင်းစဉ် ‘ A critical study of concept of


Motivation in Jataka stories” မှာ ဖေါ်ပြထားတဲ့အတိုင်း အဓိကအားဖြင့် ဇာတ်တော်တွေကို ကျော
ရိုးပြုထားပါတယ်၊ ဒါပေမဲ့ ငါတို့အားလုံးသိကြတဲ့အတိုင်း မြတ်စွာဘု ရားရှင်ရဲ့ တရားတော်တွေဟာ
တစ်ခုနဲ့တစ်ခု ဆက်စပ်နေပါတယ်၊ ဥပမာ ဓမ္မပဒအကြောင်းအရာတွေထဲမှာ ရှိတဲ့ အရာတွေဟာ ဇာတ်တော်ေ
တွထဲမှာလည်း ရှိနေတယ်၊ ပင်မခေါင်းစဉ်မှာ ဇာတ်တော်လို့ဆိုထားပေမဲ့ ၄င်းဇာတ်တော်တွေနဲ့ ဆက်စပ်နေတဲ့
တစ်ခြားဒေသနာတော်တွေထဲက အကြောင်းအရာတွေကိုလည်း အထို က်အေ လျှာက်ယူသုံးသွားမှာဖြစ်ပါတ
ယ်၊ ဥပမာ နန္နမင်းသားတို့အကြောင်းတွေ၊ ကိသာဂေါတမီတို့အကြောင်းတွေဆိုရင် ဒီပင်မခေါင်းစဉ်
နဲ့တိုက်ရိုက်ဆက်စပ်နေတဲ့အတွက်ကြောင်း ဖယ်ချန်ထားခဲ့လို့မရပါဘူး၊ နောက်တ စ်ခါ မြတ်စွာဘု ရားရှင် လက်ထက်ေ
တ်ာက တစ်ခြား ဒီအကြောင်းအရာနဲ့ပက်သက်တဲ့ သာဓကတွေကို လည်း ဆိုင်းရာကဏ္ဍတွေမှာ ဖေါ်ပြသွား
မှာဖြစ်ပါတယ်၊

Literature Reviews

ဇာတ်တော်တွေဆိုတာဟာ ဗု ဒ္ဓရဲ့ဒေသနာတော်တွေထဲမှာ ပေါ်ပြူလာဖြစ်တဲ့ အကြောင်းအရာတစ်ခုဖြစ်ပါတ


ယ်၊ ဗု ဒ္ဓဘာသာလူ့ အဖွဲ့အစည်းတွေထဲမှာလည်း ဟိုအရ င်ကတည်းက ဒီဇာတ်တော်တွေကို ဘု န်းကြီးတွေက
ပညာပေးသာဓကတွေအဖြစ်နဲ့ ဆိုဆုံးမကြတယ်၊ စာသင်ကျောင်းတွေမှာ သင်ရိုးညွှန်းတမ်းတွေအဖြစ်
ပြဋ္ဌာန်းပြီး သင်ကြားကြတယ်၊ ၊ လူ ကြီးမိဘတွေက သူ တို့ရဲ့ကလေးတွေကို အိပ်ရာရင်ပုံ ပြင်တွေအြ
ဖစ်နဲ့ ဒီဇာတ်တော်တွေကို အစဉ်အလာပြောလာခဲ့ကြတယ်၊ ပုံ စံ အမျိုးနဲ့ ဒီဇာတ်တော်တွေကို စာအု ပ်အဖြစ်
ပုံ နှိပ်ထုတ်ဝေကြတယ်၊ ဗု ဒ္ဓဘာသာနိုင်ငံ တင်မကဘဲ အခြားနိုင်ငံ အချို့တွေမှာလည်း ဒီဇာတ်တော်တွေကို
လေ့ လာစရာအဖြစ်သတ်မှတ်ထားကြတယ်လို့ဆိုပါတယ်၊ ဒါကြောင်းဇာတ်တော်တွေဟာ ဆိုင်ရာဗု ဒ္ဓဘာသာလူ့ အ
ဖွဲ့အစည်းတွေနဲ့ သိပ်မစိမ်းလှဘူးလို့ဆိုနိုင်တယ်၊

Motivation နဲ့ ပက်သက်တဲ့စာအု ပ်တွေကတော့ အများကြီးပါဘဲ၊ အထူးသဖြင့် အနောက်တိုင်းလူ့ အဖွဲ့စည်းေ
တွထဲမှာ ဒီအကြောင်းနဲ့ပက်သက်ပြီးတော့ စိတ်ကူးထုံးနည်းတစ်ခုအဖြစ်နဲ့လည်း တွင်တွ င်ကျယ်ကျယ်ပြောဆိုရေး
သားထားကြတာရှိပါတယ်၊

You might also like