You are on page 1of 30

1

အဆောက်အဦတွင်း သောက်ရေ သုံးရေ သွယ်တန်းဖြန့်ဖြူးခြင်း (Cold Water Supply)

ရေရရှိနိုင်သောနေရာ (Source of Water)

အဆောက်အဦအတွင်းသို့ ရေဖြန့်ဖြူးရန်အတွက် ရေပိုက်များဆက်သွယ်ပေးခြင်းလုပ်ငန်းဟာ Plumbing လုပ်ငန်းမှာပါဝင်တဲ့


လုပ်ငန်းတစ်ခုလို့ပဲ အလွယ်တကူယမ
ှူတ်ယူနိုင်ပါတယ်။ သောက်ရေ၊ သုံးရေဖြန့်ဖြူးခြင်းအတွက် ပထမဆုံးလိုအပ်ချက်ကတော့
ရေရရှိနိုင်မယ့်အရင်းအမြစ် ဘယ်ကရနိုင်လဲဆိုတာ (Water Resource) အရေးကြီးပါတယ်။ မြန်မာနိုင်ငံနဲ့ နိုင်ငံတကာမှာ
အသုံးပြုရရှိနေတဲ့ ရေအရင်းအမြစ်တွေကတော့ အခြေခံအားဖြင့်အတူတူပဲ ဖြစ်ပါတယ်။ ရေရရှိနိုင်တ့ေ
ဲ နရာတွေကတော့

(၁) ရေလှောင်ကန်၊ ဆည် (Upland Catchment)

(၂) ရေတွင်း (Borehole ၊ Artisan)

(၃) မြစ်ရေ၊ ချောင်းရေ (River Extraction) တို့ပဲဖြစ်ပါတယ်။

အဲသည်နေရာတွေကရရှိလာတဲ့ရေတွေကို ရေဖြန့်ဖြူးရောင်းချတဲ့ ကုပ္မဏီတွေက သန့်စင်ပြီးတော့ အိမ်တွေဆီရောက်အောင်


သွယ်တန်းဖြန့်ဖြူးပေးပါတယ်။ နိုင်ငံတကာမှာအစိုးရကချမှတ်၊ သတ်မှတ်ပေးထားတဲ့အချက်ကတော့ ရေဘုံဘိုင်ခေါင်းကိုဖွင့်
လိုက်တာနဲ့ ထွက်ကျလာတဲ့ရေဟာ ကျိုချက်ခြင်းပြုလုပ်စရာမလိုပဲ အန္တရာယ်ကင်းစွာနဲ့ အဆင်သင့် သောက်သုံးနိုင်ရပါမယ်လို့
ဆိုထားပါတယ်။

ယေဘူယျအားဖြင့် နိုင်ငံတကာမှာ သတ်မှတ်ထားတဲ့ သောက်သုံးရေမှာရှိရမယ့် အရည်အသွေးတွေကတော့ အောက်ပါအတိုင်း


ဖြစ်ပါတယ်။
2

Plumbing Engineer တစ်ယောက်လုပ်ဆောင်ရမယ့် အရာတွေကတော့ Portable Water လု့ေ


ိ ခ်ါတဲ့ သောက်ရေ၊ သုံးရေ
ဖြန့်ဖြူးပေးဖို့အတွက် ရေပိုက်တွေကို အဆာက်အဦအတွင်းသွယ်တန်းပေးခြင်း၊ Sewage လို့ခေါ်တဲ့ အညစ်အကြေး
ထုတတ
်ဲ့ပိုက်တွေကို တပ်ဆင်ပေးခြင်းတို့ ဖြစ်ပါတယ်။ ယနေ့ခေတ်မှာတော့ ထမင်းချက် ဟင်းချက်ဖို့ အိမ်သုံး သဘာဝဓာတ်ငွေ့
ပိုက်တွေကိုလည်း သွယ်တန်းပေးရမယ့်တာဝန်ပါလာပါတယ်။

ပထမဆုံးဘာတွေသိရမလဲဆိုတော့ Plumbing Fixtures တွေ၊ ရေပိုက်တွေ၊ ရေပိုက်ဆက်တ့ပ


ဲ စ္စည်း (Fittings)တွေ စတဲ့
ပစ္စည်းတွေကိုရ့အ
ဲ ကြောင်း သိရှိနားလည်ရပါမယ်၊ ဘယ်နေရာမှာ ဘယ်လိုပိုက်အမျိုးအစားသုံးမယ်၊ အိမ်သာသုံးတဲ့အိမ်သာ
ခွက် တွေ၊ဘေစင်တွေ စတဲ့ Plumbing လုပ်ငန်းမှာအသုံးပြုတဲ့ ပစ္စည်းတွေကို သိရှိထားရပါမယ်။

Water Closet Wash Basin

ရေပိုက်တွေဆိုလည်း ဘယ်လိုအမျိုးအစားပိုက်တွေသုံးမှာလဲဆိုတာသိထားရပါမယ်၊ တိုးတက်တဲ့တိုင်းပြည်တွေမှာတော့


ဂျိုးဖြူက နေ ရေပေးသလို ရေသွယ်တန်းထားတဲ့ ပင်မပိုက်လိုင်းကနေတစ်ဆင့် အိမ်တွေကို သွယ်ယူပါတယ်၊
အဲသည်လိုသွယ်ယူတ့ေ
ဲ နရာ မှာ သုံးတဲ့ပိုက်တွေကတော့ အပြင်က သံကြွပ်လောင်းထားပြီး အတွင်းပိုင်းကို ကွန်ကရစ်နဲ့
ဖုံးအုပ်ထားတဲ့ (Ductile Iron Cement Lined Pipe) ပိုက်မျိုးကို သုံးကြပါတယ်၊ ဒါမှလည်း ရေရှည်ခံမှာဖြစ်သလို
သံချေးမတတ်တ့အ
ဲ တွက် သန့်ရှင်းကောင်းမွန်တ့ေ
ဲ ရကို ရရှိမှာဖြစ်ပါတယ်။ အိမ်တွင်းမှာ အသုံးပြုမယ့်ပိုက်တွေကတော့
ကြေးပိုက် (Copper Pipe)၊ စတီးပိုက် (Steel Pipe)၊ ကော်ပိုက် (uPVC) နဲ့ ခုခေတ်မှာတော့ PPR တို့ Modular Pipe
တို့ကိုအသုံးပြုလာကြပါတယ်။ ကျွန်တော်တို့ အရင်ကသုံးခဲ့တဲ့ သွပ်ရည်စိမ်ပိုက် (GI Pipe) တွေကို မသုံးတော့ပါဘူး၊ သူက
အသုံးပြုနဲ့ကာလကြာလာလျှင် သံချေးတတ်လွယ်ပြီး၊ ကျန်းမာရေးနဲ့ မညီညွတ်လို့ပဲဖြစ်ပါတယ်။

အောက်မှာတော့ ရေပိုက်တွေအတွက် သိထားရမယ့် Size တွေန့ပ


ဲ တ်သတ်တဲ့ ဇယားလေးကို ဖေါ်ပြထားပါတယ်၊ သူကတော့
ယေဘူယျသာဖြစ်ပြီး တကယ့်အချက်အလက်တွေကိုတော့ သက်ဆိုင်ရာ ပစ္စည်းထုတ်လုပ်သူတွေဆီက တောင်းယူရပါမယ်။
3

ရေပေးဝေခြင်း (Water Distribution)

အဆောက်အဦတစ်ခုကိုရေပေးဝေရေးလုပ်တော့မယ်ဆိုရင် ပထမဆုံး အဆောက်အဦအမျိုးအစားတွေကို သိထားရပါမယ်။


ဘယ် လိုအဆောက်အဦမျိုးတွေလဆ
ဲိုတာကတော့

(၁) အများပိုင် အဆောက်အဦ (Condominium)

(၂) ဟော်တယ်လ် (Hotel)

(၃) စာသင်ကျောင်း၊ တက္ကသိုလ်

(၄) ဆေးရုံ

(၅) ဈေး (Shopping Mall)

စသည်ဖြင့် အဆောက်အဦအမျိုးအစားတွေကိုသိထားဖို့လိုပါတယ်။ ဒါမှသာလျှင် ပေးဝေရမယ့် ပမာဏကိုသိနိုင်မှာဖြစ်ပါတယ်။


ပထမဆုံးရေသိုလှောင်ရမယ့် ရေတိုင်ကီပမာဏကို သိရှိနိုင်ပြီး အဆောက်အဦရဲ့ အနိမ့် အမြင့်ကိုသိရှိရပါမယ်။ စင်္ကာပူလို
တိုင်းပြည်မျိုးမှာတော့ မြေပြင်ကနေ ၂၅ မီတာအထိပဲမြင့်တဲ့ အဆောက်အဦမျိုးဆို အစိုးရရေပိုက်လိုင်းကနေ တိုက်ရိုက်သွယ်ယူ
ရေစုပ်စက် အသုံးပြုစရာမလိုပဲ အသုံးပြုနိုင်ပါတယ်။

အောက်ဖေါ်ပြပါပုံကတော့ ဂျိုးဖြူလိုရေပိုက်လိုင်းကနေ အသုံးပြုမယ့် အဆောက်အဦဆီသွယ်တန်းတဲ့ ပုံပါ။


4

၂၅ မီတာအောက်အဆောက်အဦရေပေးဝေပုံ ၂၅ မီတာအထက်ကနေ ၃၇ မီတာရှိ အဆောက်အဦသို့ရေပေးဝေပုံ

ဖော်ပြပုံတွေကတော့ စင်္ကာပူ CP 48 မှရယူပါတယ်။


5

အဆောက်အဦအတွင်းအသုံးပြုမယ့်ရေပမာဏ တွက်ယူခြင်း (Water Demand)

ရေရှိနိုင်မယ့်အရင်းအမြစ်၊ အဆောက်အဦအမျိုးအစားကို သိပြီဆိုလျှင် ပထမဦးဆုံး အဲသည်အဆောက်အဦရဲ့ သုံးစွဲမယ့် ရေ


ပမာဏကို တွက်ယူရပါမယ်။ သုံးစွဲမယ့်ရေပမာဏသိမှသာလျှင် ရေလှောင်ကန်အကျယ်အ၀န်းကိုလည်း တွက်ချက်ယူနိုင်မှာ
ဖြစ်ပါတယ်။ ရေပေးဝေဖို့အတွက် အသုံးပြုမယ့်ရေပမာဏကို တွက်ယူတဲ့အခါ အောက်ဖေါ်ပြပါအချက်တွေကို အခြေခံပြီးတွက်
ချက်ယူပါတယ်။

(၁) ရေသုံးစွဲမယ့်သူအရေအတွက် (Numbers of Consumer) ယာယီ/အမြဲတန်း

(၂) အဆောက်အဦအမျိုးအစားနှင့် ရေသုံးစွဲမှုပုံစံ (Type of Building and its Function)

(၃) ရေသုံးစွဲရာမှာ အသုံးပြုမယ့်ပစ္စည်းအမျိုးအစား (Type of Plumbing Fixtures)

(၄) မီးသတ်, အဲကွန်း (Chiller Water Make-Up) အတွက် ဖြည့်တင်းပေးရမယ့်ရေ

စတာတွေကို သိရှိဖို့လိုအပ်ပါတယ်။

လိုအပ်တဲ့အချက်အလက်တွေရပြီဆိုလျှင် အဆောက်အဦမှာ သုံးမယ့်ရေပမာဏကို တွက်ချက်နိုင်မှာပဲဖြစ်ပါတယ်။


ပေးဝေရမယ့် ရေပမာဏဟာ တစ်နေ့တာ (၂၄ နာရီတိတိ) အသုံးပြုနိုင်ရမယ့်ရေပမာဏကိုအခြေခံတွက်ချက်ပြီး ရေလှောင်
ကန်ရဲ့ အရွယ်ကို ရရှိမှာဖြစ်ပါတယ်။

ဆေးရုံတွေအတွက် ရေပြတ်လပ်လို့မဖြစ်နိုင်ပါ သို့အတွက် ရေပြတ်မယ့်အခြေအနေတစ်ခုဖြစ်ခဲ့လျှင် အရေးပေါ်သုံးဖို့ ရေလှောင်


ကန်အပို (သို့) ရေလှောင်ကန်ပမာဏကို လိုအပ်တာထက်ပိုကြီးပေးထားဖို့ကိုလည်း ရေပေးဝေရေးအကြောင်း စာအုပ်တွေက
အကြံပြုထား ပါတယ်၊ တွက်ချက်တဲ့အခါ လိုအပ်တဲ့ အဆောက်အဦပုံစံအလိုက် သုံးစွဲမယ့်ရေပမာဏတွေကို အောက်ဖေါ်ပြ
ပါဇယားကနေယူနိုင်ပါတယ်။
6

တွက်ပုံတွက်နည်းကိုလည်းအောက်မှာဆက်လက်ဖေါ်ပြပေးထားပါတယ်။ တွက်ပြီးတဲ့အခါမှာ အတိုင်ပင်ခံ (Consultant) ဆီက


တဆင့် သက်ဆိုင်ရာအစိုးရဌာနဆီကို တင်ပြပြီး တွက်ချက်ထားမှုဟာ အဆောက်အဦအတွက် လိုအပ်တဲ့ရေပမာဏ အတွက်
တကယ်ပဲလုံလောက်မှုရှိရဲ့ လားဆိုတာကို ပြန်စစ်ဆေးပြီးအတည်ပြုချက် ရယူရပါသေးတယ်။ တွက်ချက်တဲ့အခါ အတွေ့ အကြုံ
ဒေသတွင်းကသက်ဆိုင်ရာအဖွဲ့ အစည်းတွေက သတ်မှတ်ထားတဲ့ စည်းကမ်းတွေကို လိက
ုနာပြီး တွက်ချက် ရပါမယ်။
7
ဝန်ခံချက် - အပေါ်ကဖေါ်ပြထားတာတွေကတော့ နိုင်ငံတကာက အသုံးပြုနေတဲ့ အချက်အလက်နဲ့ တွက်ပုံတွက်နည်းတွေပဲ ဖြစ်ပါတယ်
အခြေခံသဘောလောက်သာထားလေ့လာပြီး တကယ်တတ်ကြွမ်းသူတွေဆီက နည်းနာတွေ ဆက်လက်ဆည်းပူးကြရန်တိုက်တွန်းလိုပါတယ်။
အထက်ကဖေါ်ပြထားတာတွေပေါ်မူတည်ပြီးပဲ တွက်ချက်ခဲ့လျှင် အမှားအယွင်းရှိနိုင်တဲ့အတွက် သတိပေးခြင်းဖြစ်ပါတယ်။ မှန်ကန်တဲ့
တွက်ချက်မှုရရှိဖို့အတွက် အတွေ့အကြုံ၊ လိုအပ်တဲ့စာအုပ်စာတမ်းတွေ၊ စနစ်ကျအဖွဲ့အစည်းဆီက ဒီဇိုင်း တွက်ချက်တဲ့ နည်းစနစ်ကသာ
မှန်ကန်တဲ့တွက်ချက်မှုမျိုး ကိုသိရှိနိုင်မှာဖြစ်ပါတယ်။ ကျွန်တော်ရေးတာကတော့ ဖတ်မိသမျှစာအုပ်ထဲကနေသဘောတရားယူ
ကိုယ်လုပ်ခဲ့ဖူးတဲ့ ရှိပြီးသား ဒီဇိုင်းတွေနဲ့ နှိုင်းယှဉ်ပြီး လေ့လာမိသလောက်ပါပဲ။ ကျွန်တော်ကိုယ်တိုင်လည်းသေချာမတွက်ဘူးတာဖြစ်တဲ့အတွက်
စာဖတ်သူကိုလည်း တိတိကျကျသိရှိနိုင်ဖို့ သေချာတဲ့နည်းနာတွေကို ဆက်လက်လေ့လာ ဆည်းပူးကြပါရန် တိုက်တွန်းလိုပါတယ်။

ရေသိုလှောင်ခြင်း (Water Storage)

ရေသိုလှောင်ရခြင်းရဲ့ ရည်ရွယ်ချက်ကတော့

(၁) ရေသုံးစွဲတ့သ
ဲူတွေ ရေပြတ်လပ်မှုမရှိစေရန်

(၂) ရေသုံးများတဲ့အချိန်မှာလည်း ရေလုံလောက်စွာရရှိစေရန်

(၃) Gravity Feed နဲ့ ရေပေးဝေတဲ့အခါ လုံလောက်တ့ေ


ဲ ရဖိအားရရှိစေနိုင်ခြင်း စတဲ့အချက်တွေကြောင့်ဖြစ်ပါတယ်။

သုံးမယ့်ရေပမာဏတွက်ပြီးတဲ့အခါ ရေလှောင်ကန်အရွယ်ကိုသိရှိနိုင်ပါပြီ။ ရေပေးတဲ့ ပိုက်လိုင်းကနေ ရေလှောင်ကန်ဆီ


ရေသွယ်ဖို့ အတွက် စင်္ကာပူမှာတော့ မြေပြင်က (ပင်လယ်ရေမျက်နှာပြင်အထက်) ၃၇ မီတာထက်ပိုမြင့်တဲ့
အဆောက်အဦတွေကို ရေပိုက်လိုင်းကနေ မြေအောက် (သို့) မြေညီထပ် ပထမထပ် စတဲ့ ဗိသုကာ (Architecture) က
သတ်မှတ်ပေးထားတဲ့နေရာမှာ တဆင့်ခံပြီး ရေကန် (Transfer Tank) ဆောက်ပြီးသွယ်ယူပါတယ်။ အဲသည်ရေကန် (Transfer
Tank) ကနေတဆင့် ရေပန့် (Water Pump) နဲ့ အမိုးပေါ်မှာရှိတဲ့ အဆောက်အဦအတွင်းရေဖြန့်ဝေပေမယ့် ရေလှောင်ကန်
(Storage Tank) ဆီ မောင်းတင်ပေးရပါတယ်။ ရေပိုက်အမျိုးအစားကတော့ အတွင်းပိုင်းကို ကွန်ကရစ်အုပ်ထားတဲ့သံကြွတ်
(Ductile Iron Cement Lined Pipe) ကိုသုံးပါတယ်။ DICL ပိုက်ကိုသုံးတဲ့အခါ ပိုက်တွေဆက်ဖို့ Flange Type
ကိုသုံးပြီးဆက်ရပါတယ်.. ဆက်တဲ့အခါမှာလည်း ၁၀၀ ရာနှုန်းယိုစိမ့်မှုမရှိစေရအောင်ဆက်ရပါမယ်။ ပိုက်အဆက်တွေမှာ
ရေစိမ့်နိုင်တဲ့အပေါက် လေဝင် နိုင်တဲ့အပေါက်တွေကနေ ရောဂါပိုးမွှားနဲ့ ပြင်ပကအညစ်အကြေးတွေ
ဝင်မလာနိုင်စေရန်ရည်ရည်ရွယ်ခြင်းဖြစ်ပါတယ်။ ပိုက် အရွယ် ၈၀ မီလီမီတာအထိ DICL ပိုက်ကိုအသုံးပြုပြီး ပိုက်အရွယ် ၈၀
မီလီမီတာနဲ့အောက်ကိုတော့ စတီးပိုက်၊ ကြေးပိုက်တစ် မျိုးမျိုးကိုပြန်အသုံးပြုရမှာဖြစ်ပါတယ်။

ရေပိုက်သွယ်ဖို့ ပုံတွေစီစဉ်တဲ့အခါ အာခီတက်ပလန်တွေကနေ ရေပိုက်အပေါ်တက်မယ့်နေရာ (Cold Water Pipe Riser)


တွေကိုကြည့်ုပီး တတ်နိုင်လျှင်အတိုဆုံးသွားရမယ့်လမ်းကနေ သွယ်တန်းဖို့ ပုံထုတ်ရပါမယ်။ ဒါကတော့လက်တွေ့မှာ
နဲနဲခက်ပါတယ် အဆောက်အဦတစ်ခုမှာ တခြားတပ်ဆင်တဲ့ ပစ္စည်းတွေလည်းအများကြီးရှိသေးတဲ့အတွက် အားလုံး အဆင်
ပြေအောင် ဟိုသည်ရွှေ့ပြီး သင့်တော်တဲ့နေရာကနေသွယ်တန်း တပ်ဆင်ပေးရပါတယ်။

အောက်မှာတော့ အဆောက်အဦအမြင့် ၃၇ မီတာထက်ကျော်လွန်တဲ့ ရေသွယ်တန်းရယူတပ


ဲုံကိုဖေါ်ပြထားပါတယ်၊ သည်ပုံကို
Singapore Standard CP 48 ရယူပါတယ်။ ဖေါ်ပြပုံမှာတော့ အမြင့်ပေ ၂၅ မီတာအထိကို မိန်းရေပိုက်လိုင်းမှ
8

တိုက်ရိုက်သွယ်ယူဖြန့်ဖြူးပြီး၊ ၃၇ မီတာအထက်ကိုတော့ အမိုးပေါ်မှာ မြေပြင်မှာ တဆင့်ခံ ရေလှောင်ကန်တည်ဆောက်ပြီး


အမိုးပေါ်က ရေလှောင်ကန်ဆီကို ရေမောင်းတင်ပြီး သိုလှောင်စေကာ Gravity Feed နဲ့ သုံးမယ့်နေရာတွေကို ပြန်လည်
ဖြန့်ဖြူးပါတယ်။

အမြင့် ၃၇ မီတာထက်ကျော်လွန်သောအဆောက်အဦအတွက်ရေသိုလှောင်ပေးဝေပုံ

ရေလှောင်ကန်သို့ ရေတင်စက်မှ ရေမောင်းတင်သောစနစ်ပုံစံ


9

ရေပိုက်၊ ရေလှောင်ကန်တွေ မတပ်ဆင်ခင် သူတို့အကြောင်းကိုလည်းသိထားဖို့လိုပါလိမ့်မယ်။

ရေလှောင်ကန် (Water Storage Tank or Cistern Tank)

သုံးစွဲမယ့်ရေပမာဏ တွက်ချက်ပြီးလျှင် သိုလှောင်ရမယ့်ရေပမာဏကိုလည်းသိရှိပြီဖြစ်တ့အ


ဲ တွက် ရေလှောင်ကန်ရဲ့ အရွယ်
အစားကိုလည်းတွက်ချက်နိုင်ပြီဖြစ်ပါတယ်။ ရေလှောင်ကန်တွေကို များသောအားဖြင့် ကွန်ကရစ်ရေလှောင်ကန် (RC Tank)၊
ဖိုက်ဘာဂလတ်စ် (FRP) သို့ (GRP) စတဲ့အမျိုးအစားတွေကိုအသုံးပြုကြပါတယ်။ ကွန်ကရစ်ရေလှောင်ကန်ကို ဆောက်တဲ့အခါ
BS 8007 ကိုလိုက်နာပြီးတည်ဆောက်ရပါမယ်။ ဒါကတော့ သိထားရုံသက်သက်ပါ။

ရေလှောင်ကန်တစ်ခုမှာရှိရမယ့်အချက်တွေကတော့ အန္တရာယ်ကင်းစင်စွာနဲ့ ရေသိုလှောင်နိုင်တဲ့ ပစ္စည်းတွေနဲ့ ပြုလုပ်ထား


ရပါမယ်။ ရေလှောင်ကန်ကို သက်ဆိုင်သူမှအပ တခြားသူ မ၀င်ရောက်နိုင်စေအောင် အကာအကွယ်ပြုလုပ် ပေးရပါမယ်၊ ရေ
ယို ခြင်း ရေစိမ့်ခြင်းမရှိစေရ၊ ရေလှောင်ကန်မှာတပ်ဆင်တဲ့ လေရှုပေါက်ကိုလည်း သံစကာနဲ့ ဖုံးအုပ်ကာကွယ် ပေးထားရပြီး
သံစကာကွက်ကလည်း ပိုးမွှားအလွယ်တကူမ၀င်နိုင်မယ့် အပေါက် ၀.၆၅ မီလီမီတာစကာကွက်ဖြစ်ရပါမယ်။ ရေလှောင်ကန်ကို
ဝင်ရောက်စစ်ဆေးသန့်ရှင်းနိုင်ဖို့ လူဝင်ပေါက် ၆၀၀ မီလီမီတာ x ၆၀၀ မီလီမီတာ အကျယ်ရှိဝင်ပေါက် အဖုံးကိုတံခါးပေါက်
တပ်ဆင်ပေးပြီး လူတိုင်းမ၀င်နိုင်အောင် အဲသည်အဖုံးကိုသော့ခတ်ထားရပါမယ်။ ရေလျှံပေါက်တပ်ဆင်ပေးပြီး ရေကန်နှစ်ကန်
ခွဲထားရင် ကန်နှစ်ခုကို ဟိုဘက်သည်ဘက်ကန်ရေညီမျှနေစေဖို့ ပိုက်န့ဆ
ဲ က်ပေးထားရပါမယ်။

တပ်ဆင်ပြီး ရေလှောင်ကန်အတွင်း ပထမဆုံးအကြိမ်ရေဖြည့်ပြီးပါက သက်ဆိုင်ရာ ဓါတ်ခွဲခန်းဆီပို့ပြီး စစ်ဆေးစေကာ


အန္တရာယ်ကင်းစင်စွာ သုံးစွဲရန်၊ သောက်သုံးရန် သင့်တော်ကြောင်းကို ဓာတ်ခွဲတွေ့ရှိချက်လက်မှတ်ကို သက်ဆိုင်ရာဆီ
တင်ပြရပါမယ်။

ရေလှောင်ကန်ရဲ့ ရေသိုလှောင်မယ့်ပမာဏဟာ ၅၀၀၀ လီတာနှင့်ထက်ကျော်ခဲ့ရင် ရေလှောင်ကန်ကို အခန်းနှစ်ခန်းခွဲ ပေးရ


ပါမယ်။ ရေလှောင်ကန်ကို တစ်နှစ်တစ်ခါ ဆေးကြော သန့်ရှင်းပေးရတဲ့အတွက် ရေဆေးတဲ့အချိန်မှာ ရေသုံးစွဲသူတွေ အတွက်
မပြတ်လပ်စေဖို့ ရေကန်တစ်ကန်ကိုသာပိတ်ပြီး တလှည့စ
်ီဆေးနိုင်စေရန်အတွက် ဖြစ်ပါတယ်။

ရေလှာင်ကန်၊ ရေပိုက်၊ ရေပန့်တ့တ


ို ပ်ဆင်ထားပုံ (ပုံကို အင်တာနတ်မှရယူပါသည်)
10

ရေပိုက်လိုင်းမှ ရေလှောင်ကန်ဆီသိုရေသွယ်တန်းသော DICL ပိုက်

များသောအားဖြင့် ရေပိုက်လိုင်းမှ ရေလှောင်ကန်ရှိရာသို့ သွယ်တန်းသောပိုက်မှာ Ductile Iron Pipe (DICL) (သို့)


စတီးပိုက်ကိုသုံးကြပါတယ်၊ DICL Pipe ကတော့ ပိုအသုံးများပါတယ်။ အရင်က DICL ရေပိုက်ကိုအနက်ရောင် တစ်မျိုးတည်း
သာသုတ်တာတွေ့ရပြီး ယနေ့မှာတော့ ပိုက်ရောင်းသူတွေက အနက်ရောင်ဆို မြေအောက် အညစ်အကြေးစွန့်ပိုက် အတွက်၊
အနီရောင်ဆို သောက်သုံးရေသွယ်ရန်အတွက်ဆိုပြီးသတ်မှတ်ထုတ်လုပ်လာပါတယ်။ DICL Pipe ရဲ့လိုက်နာရမယ့် Standard
ကတော့ BS EN 545 ဖြစ်ပါတယ်။

Flanged DICL Pipe အတွင်းပိုင်းမှာတော့ ကွန်ကရစ်ကျံထားတာကိုတွေ့မြင်နိုင်ပါတယ် (ပုံကို Electrosteel Catalogue မှရယူပါသည်)

ရေပိုက်သွယ်တန်း တပ်ဆင်ရာမှာအသုံးပြုသော Pipe Support, Hanger နှင့်အခြားပစ္စည်းတွေရဲ့ပုံကိုတော့အောက်မှာဖေါ်ပြထားပါတယ်။


11

ရေတင်စက် (Water Pump)

ရေပန့်တွေကိုတော့များသောအားဖြင့် Vertical Multistage Centrifugal Pump တွေကိုပဲသုံးတာသတိထားမိပါတယ်။


အောက်မှာတော့ Grundfos Pump Catalogue ထဲကပုံကိုဖေါ်ပြပေးထားပါတယ်။ တပ်ဆင်သူအနေနဲ့ ပန့်ရောင်းချသူက
တွက်ချက်ပေးမှာဖြစ်ပေမယ့် ရေပန့်ရဲ့ အလုပ် လုပ်ဆောင်ပုံ၊ Pressure Losses၊ မော်တာရဲ့လိုအပ်ချက်စတဲ့
ရေပန့်ရဲ့ အကြောင်း အခြေခံ သဘောတရားကိုတော့ သိရှိနားလည်ထားဖို့ လိုအပ်ပါတယ်။ မတွက်ရရင်တောင်မှ Hydraulic
(Fluid Mechanics) ရဲ့ အခြေခံသဘောလေးတွေ Equation လေးတွေတော့ လေ့လာထားဖု့လ
ိုအပ်ပါတယ်။

ဥပမာ - Q = AV (Q – Flow-rate, A – Area, V – Velocity) စသည်ဖြင့်တော့ သိထားဖို့လိုအပ်ပါတယ်။


ပန့်ရွေးချယ်တာကတော့ ရေပန့်ရောင်းတဲ့သူတွေကို Consultant ကပေးထားတဲ့အချက်အလက်တွေပို့ပေးပြီး သူတို့ဆီက ရယူ
နိုင်ပေမယ့် ကိုယ်တိုင်ကလည်း ဘယ်လိုတွက်ချက်တယ်ဆိုတာတော့ သိထားဖို့လိုအပ်ပါတယ်။ Pipe Flow အတွက် Pressure
Loss ကိုတွက်တ့ပ
ဲုံသေနည်းတွေထဲကအများဆုံးအသုံးပြုတာကတော့ Darcy-Weisbach နဲ့ Hazen-Williams equations
တို့ပဲဖြစ်ပါတယ်။ သူတို့နှစ်ခုထu
ဲ ရေပန့်အတွက် Pump Head ကို တွက်ချက်တ့အ
ဲ ခါ ရေနဲ့ပတ်သတ်တဲ့ Pressure Loss
အတွက်များသောအားဖြင့် Hazen–Williams equation နဲ့တွက်ယူပါတယ်။ ရေအပူချိန် 60 °F (15.6°C) အထိ Hazen–
Williams equation ကိုအသုံးပြုနိုင်ပါတယ်။ Equation ကတော့

ဖေါ်ပြပါ Equation ကို CP 52 မှယူးယူပါသည်။

C Value ကိုတော့ အောက်ကဇယားကနေဖတ်ယူနိုင်ပါတယ်။ (http://www.engineeringtoolbox.com ကနေကူးယူပါတယ်)


12

ပန့်အရွယ်အစားရွေးချယ်ခြင်း

ရေလှောင်ကန်ရဲ့ အရွယ်အစားကိုသိရှိပြီးဖြစ်တ့အ
ဲ တွက် ရေပန့်ကို ရေလှောင်ကန်မှာထည့်ထင်မယ့် ရေပမာဏကိုကြည့်ပြီး
ပန့်အရွယ်ကို တွက်ချက်ရယူနိုင်ပါတယ်။ စင်္ကာပူနိုင်ငံမှာတော့ HDB လို့ခေါ်တဲ့ သာမန်လူနေအိမ်တွေမှာ ရေလှောင်ကန်ကို
ရေဖြည့်တဲ့အခါ နှစ်နာရီခွဲအတွင်းပြည့်အောင်ဖြည့်ရပါမယ်။ မြေညီထပ် (သို့) ပထမထပ် တစ်နေရာရာမှာရှိတဲ့ Transfer Tank
ကလည်း အမိုးပေါ်က ရေလှာင်ကန်အရွယ်ရဲ့ အနည်းဆုံး ၂၀ ရာခိုင်နှုန်းဖြစ်ရပါမယ်။ အနည်းဆုံး ၈ နာရီစာရေသိုလှောင်နိုင်
ရပါမယ်။

အပေါ်ကအချက်အလက်တွေသိရင် ရေတင်ရမယ့်ရေပန့်အရွယ်ရွေးချယ်တာလွယ်ကူသွားပါပြီ

ဥပမာ … ရေလှောင်ကန်အရွယ်က ၁၅ ကုဗမီတာ၊ ရေဖြည့်ရမယ့်အချိန်က ၂ နာရီဆိုပါစို့

Q = Storage Capacity ÷ Time

Q = 15 ÷ 2 = 15 x 1000 (liter) ÷ 2 x 3600 (Second)

Q = 2.08 liter/sec

Pump ရဲ့ Flow-rate ကိုရပါပြီ။

အပေါ်ကတော့ အသုံးများတဲ့ Vertical Multistage Centrifugal Pump အမျိုးအစား ရေပန့်တစ်လုံးတပ်ဆင်ထားတဲ့ပုံပါပဲ။


Pump Handbook ကိုတော့ Grundfos Wbsite ဖြစ်တ့ေ
ဲ အာက်ကလင့်ခ်မှာရယူနိုင်ပါတယ်။

http://net.grundfos.com/doc/webnet/waterutility/documentation.html
13

Pump Head နှင့် Pressure Loss တွက်ယူခြင်း

Pump Head (သို့) Pressure Loss ကိုတွက်ယူခြင်းဟာ Fluid Flow ရဲ့ သဘောတရားတွေကိုနားလည်ထားဖို့ လိုအပ်ပါတယ်။
Hydraulics လု့ေ
ိ ခ်ါတဲ့ အခြေခံ Fluid Mechanics ကိုနားလည်ထားရင်တွက်လ့ရ
ို နိုင်ပါတယ်။ အလုပ်ဖြစ်ရုံ တွက်တဲ့နေရာမှာ
အသုံးမပြုပေမယ့် အင်ဂျင်နီယာတစ်ဦးအနေနဲ့ အခြေခံအားဖြင့် Fluid ရဲ့ Density, Specific Weight, Viscosity
တို့ကိုနားလည်ထားရပါမယ်။ အဲတာတွေကိုတော့ Fluid Mechanics စာအုပ်တွေမှာ ရှာကြံဖတ်ကြပါရန်။ ကျွန်တော်ကတော့
အလုပ်ုလပ်လို့ရရုံပဲရေးသားမှာဖြစ်တ့အ
ဲ တွက် အသေးစိတ်မဖေါ်ပြတော့ပါဘူး။

Pump တစ်လုံးရေမောင်းတင်ရမယ့်ပမာဏကိုသိပြီးနောက် အဲသည် လိုအပ်တဲ့ ပမာဏအတိုင်း ရေလှောင်ကန်ဆီမှာ ရရှိစေ


ဖို့အတိအကျလိုအပ်ပါတယ်။ သို့ပေမယ့်လည်း Transfer Tank ကနေ Storage Tank ဆီကိုဆက်သွယ်တ့အ
ဲ ကြား ဆုံးရှုံးမှု
တွေရှိပါတယ်။ နောက်ပြီး ဒေါင်လိုက်အတိုင်းတည်ရှိနေတဲ့ ပိုက်ထဲမှာ ရှိတဲ့ ရေကြောင့်ဖြစ်ပေါ်နေတဲ့ ဖိအားကိုလည်း
တွန်းထုတ်နိုင်ဖို့အားတစ်ခုလိုအပ်ပါတယ်။ ရေကန်နေရာ ရေပိုက်သွားရာလမ်းကြေင်းတွေကို ပုံပေါ်မှာ နေရာချပြီးပြီဆိုလျှင်
ပိုက်အရှည်ကိုသိရှိနိုင်တ့အ
ဲ တွက် Pump Head ကိုတွက်ချက်နိုင်ပါပြီ။ သုံးတာကတော့ Hazen William Equation ပါပဲ။

ဥပမာတစ်ခုတွက်ပေးပါမယ်။

ဒါကတော့ ပန့်မှာပါဝင်တပ်ဆင်ရမယ့် Valve, Strainer, Pressure Gauge စတာတွေပါတဲ့ Pump Layout ပုံလေးပါ။
တွက်တ့အ
ဲ ခါ ထည့်စဉ်းစားရမယ့်အရာတွေပါ။

Gate Valve – 2 (in/out)

Strainer – 1
Pressure Gauge – 2 (in/out)
Check Valve – 1
Globe Valve – 1
Flexible Connector – 2 (in/out)
ဖေါ်ပြပါ ပစ္စည်းများရဲ့ Losses Data ကိုတော့ Supplier (သို့) Manufacturer ဆီမှရယူပါ။ အသုံးပြုမယ့် Equation ကတော့
အောက်မှာဖြစ်ပါတယ်။
14

အောက်မှာတော့ တွက်ယူမယ့် အဆောက်အဦနမူနာပုံလေးဖေါ်ပြထားပါတယ်။

Pipe Size က Diameter 100 mm


Flow Rate က အပေါ်မှာတွက်ထားတဲ့အတိုင်း 2.08 l/s ကိုယူပါမယ်။
(၁) ပထမဆုံးစဉ်းစားရမှာက ထောင်လိုက်ပိုက်ထဲမှာရှိတဲ့ Static Lift ဖြစ်ပါတယ်။
အမိုးထိအမြင့်က ၁၅၇.၉ - မြေအောက်ထပ်က ၁၀၇.၃၀
တင်ရမယ့် အမြင့် = ၁၅၇.၉-၁၀၇.၃ = ၅၀.၆ မီတာ
(၂) Accessories တွေကြောင့်ဖြစ်မယ့် Losses (Supplier ဆီကရယူပါ)
Gate Valve – 2 (in/out)
Strainer – 1
Pressure Gauge – 2 (in/out)
Check Valve – 1
Globe Valve – 1
Flexible Connector – 2 (in/out)
Elbow (အကြမ်းအားဖြင့် အရေအတွက)် – 11
ဖေါ်ပြပါ Accessories တွေအတွက် ညီမျှတဲ့ ပိုက်အရှည်တွေကိုတော့ အောက်ကဇယားကနေရယူနိုင်ပါတယ်။
15

ဖေါ်ပြပါ Table က Roughness Coefficient “C” Value 120 အတွက်ထိပဲပါဝင်တ့အ


ဲ တွက် ၁၂၀ နဲ့အထက်ဆို
အောက်ဖေါ်ပြပါဇယားနဲ့ ချိန်ညှိသုံးရမှာဖြစ်ပါတယ်။

နမူနာတွက်ပြမှာကတော့ Valve, Fitting တွေအတွက် Equivalent Pipe Length နည်းကိုယူပြီးပဲတွက်ပြပါမယ်။ လွယ်လ့ပ


ိုါ။
(အမှန်ဆို Cement Lined ရဲ့ C value က ၁၄၀ ဖြစ်ပေမယ့် ၁၂၀ နဲ့ပဲယူတွက်ပါမယ်။ အဆင် သင့်သုံးနိုင်လို့ပါ။

Gate Valve – 2 (in/out) = 0.6 meter x 2 = 1.2 meter

Strainer – 1 = ဇယားမှာမတွေ့တ့အ
ဲ တွက် 30 meter လို့ယူလိုက်ပါတယ် = 30 meter x 1 = 30 meter

Pressure Gauge – 2 (in/out) ထည့်မယူပါဘူး

Check Valve – 1 = 6.7 meter x 1 = 6.7 meter

Globe Valve – 1 = gate valve ကိုပဲယူလိုက်ပါတယ် = 0.6 meter x 1 = 0.6 meter

Flexible Connector – 2 (in/out)= ဇယားမှာမတွေ့တဲ့အတွက် 2.6 meter လု့ယ


ိုလိုက်ပါတယ်=2.6 meter x 2 = 5.2
meter
16

Elbow ကို Standard ပဲယူမယ် - ပိုက် diameter က ၁၀၀ ဆိုတော့ (၄ လက္မ) = 3 meter x 11 = 33 meter

Total Equivalent Pipe Length = 1.2+30+6.7+5.2+33=76.1 meter ဖြစ်ပါတယ်။ Pipe Diameter ကိုအကုန်လုံးအရှည်
အတွက် 100 mm ယူပါမယ်။ အောက်ကEquation ထဲထည့်ရှင်း မယ် ဆိုလျှင်

P = ((6.05 x (2.08 (l/s) x 60)1.85 x 107) ÷ (120)1.85 X (100)4.87

= 0.012 kPa ရပါတယ်။ သူ့ကို meter of water ဖွဲ့မည်ဆိုပါလျှင် 9.807 နဲ့စားနိုင်ပါတယ်။ 0.0012 meter of water
ရပါတယ်။Horizontal Pipe Length ကိုတော့ခန့်မှန်းချေ 20 meter ထားလိုက်ပါမယ်။ စုစုပေါင်း ပိုက်အရှည် 76.1 + 20 =
96.1

ဒါကြောင့် P = 0.0012 x 96.1 = 0.12 meter ရပါမယ်။ သေချာအောင် 10 % ပေါင်းလျှင် = 0.12 x 1.1 = 0.132

အကုန်ပေါင်းမယ်ဆိုပါလျှင်Total Pump Head = (၁) Static Head ဖြစ်တဲ့ 50.6 + (၂) Friction Loss ဖြစ်တဲ့ 0.132 = 50.732 m

အနီးစပ်ဆုံး 51 meter လို့ယူလိုက်ပါ။

ဒါဆို Pump အတွက် Details Informationရပါပြီ

Pump Capacity = 2.08 l/sec, Pump Head = 51 meter


အောက်မှာတော့ ရေလှောင်ကန်၊ ရေတင်စက် နဲ့ ရေလှောင်ကန်မှာ တပ်ဆင်ထားတဲ့ ပိုက်တွေ ရဲ့ပုံကိုဖေါ်ပြပေးထားပါတယ်။
17

ရေပန့်ကိုမောင်းနှင်စေသော Pump Starter Panel (Control Panel)

အောက်ဖေါ်ပြပါပုံကတော့ ရေလှောင်ကန်ဆီကို ရေမောင်းတင်ပေးတဲ့ ရေပန့်ကို မှောင်းနှင်ဖို့ ပြုလုပ်ပေးတဲ့ Control Panel


ရဲ့ပုံပဲဖြစ်ပါတယ်။
မြေပြင်ကတဆင့်ခံရေကန်ရဲ့ ရေဖြည့်တာကိုတော့ Float Operated Valve နဲ့ အဖွင့အ
် ပိတ်ပြုလုပ်ပေးပါတယ်။ နမူနာပုံကို
အောက်မှာဖေါ်ပြထားပါတယ်။
18

အမိုးပေါ်မှာရှိတဲ့ ရေကန်အတွက် ရေဖြည့်ရန် ရေပန့်ကိုသုံးရပါတယ်။ ရေပန့်က မြေအောက်ထပ်မှာထားရှိတ့အ


ဲ ခါ
သူ့ကိုမောင်းနှင် ဖို့ Starter Panel ကနေ အဖွင့် အပိတ်ပြုလုပ်ပေးပါတယ်။ အဖွင့အ
် ပိတ်ကိုတော့ ရေကန်ထဲမှာ
တပ်ဆင်ပေးထားတဲ့ Electrode Level Switch ကနေ Signal ပို့ပေးပါတယ်။ Level Switch တပ်ဆင်ထားပုံကိုတော့ အပေါ်က
Piping Arrangement for Elevated Water Tank ဆိုတဲ့ပုံရဲ့ ဘယ်ဘက်အပေါ်ဆုံးမှာ မြင်နိုင်ပါတယ်။

Level Controller ကို မြေအောက်ကရေတဆင့်ခံရေလှောင်ကန်မှာတစ်ခု၊ အပေါ်က Water Storage Tank မှာတစ်ခုစီ တပ်
ဆင်ပြီး ရေပန့်ကိုထိန်းသိမ်းမောင်းနှင်စေပါတယ်။ Pump Starter Panel ကိုတော့ ရောင်းသူက လုပ်ပေးမှာဖြစ်ပေမယ့် အခြေခံ
သဘောတရားလေးလောက်တော့ သိထားနိုင်ရန် သိသလောက်ရေးပေးပါ့မယ်။

Electrode ကတော့ ကျွန်တော်တို့သုံးလေ့ရှိတာ လေးချောင်းပါ ပါတယ်။ အပေါ်ဆုံးက Water Tank ရဲ့ High Level ကို Panel
ဆီကို ညွှန်ပြ အချက်ပေးစေဖို့ဖြစ် Signal ပေးပို့တာဖြစ်ပြီး၊ အလယ်ကနှစ်ချောင်းက သတ်မှတ်ထားတဲ့ ရေအမြင့်မှာ ရေပန့်ပိတ်
ပေးရန် ၊ Tank ထဲ ရေးနည်တဲ့အချိန်မှာရေမောင်း တင်ရန် ဖြစ်ပါတယ်။ အောက်ဆုံးက အချောင်းကတော့ ရေကန်ထဲ ရေနည်း
နေလျှင် Control Panel မှာ အချက်ပြမီးလင်းပေးစေရန် Signal ပို့ပေးပါတယ်။ အောက်က ရေကန်မှာ တပ်ဆင်ထားတဲ့ Level
Controller ကတော့ Transfer Tank (Suction Tank) ထဲ ရေနည်းနေလျှင်၊ အပေါ်က Storage Tank ထဲရေအမြင့် အရမ်းမြင့်
နေလျှင် ရေပန့်ကိုရပ်စေရန်ပြုလုပ်ပေးဖို့အတွက်ဖြစ်ပါတယ်။ အောက်ပုံနဲ့ ရည်ညွှန်းချက်တွေကနေ လေ့လာ နိုင်ပါတယ်။

ရေကန်ထဲထိတော့ ရေရောက်သွားအောင် ပြုလုပ်ပေးပြီးနောက် သုံးမယ့်သူတွေဆီ ရေပေးဝေဖို့ပဲလိုပါတော့တယ်။


19

ရေပေးဝေခြင်း (Cold Water Supply)

ရေလှောင်ကန်မှာရေသိုလှောင်ပြီးနောက် သုံးစွဲသူတွေနေတဲ့ နေအိမ်၊ ဈေးဆိုင်၊ ဟော်တယ်လ်အခန်း စတာတွေဆီကို


ရေပေးဝေ ဖို့ပြုလုပ်ရပါမယ်။ Plumbing လုပ်ငန်းမှာတော့ Cold Water Supply လု့ေ
ိ ခ်ါဝေါ်သုံးစွဲပါတယ်။ အသုံးပြုမယ့်
အိမ်တွေဆီကို ဖြန့်ဖြူးပေးတဲ့ရေဟာ ပူအိုက်စိုစွတ်တဲ့ တိုင်းပြည် တွေမှာတော့ 27°C ရှိရမယ်လို့ယေဘူယျအားဖြင့်
သတ်မှတ်ပါတယ်။ ရေပေးဝေ တဲ့အခါမှာ Plumbing Fixtures (Sanitary Appliances လု့လ
ိ ည်းခေါ်ကြပြန်ပါတယ်) တွေကို
သိထားဖို့လိုအပ်ပါတယ်။ သိထား ဖို့လိုအပ်ပြီး အများဆုံးမြင်တွေ့နိုင်တဲ့ Plumbing Coponents တွေနဲ့ Fixtures တွေကို တော့
အောက်မှာ ဖေါ်ပြထားပါတယ်။

(၁) အိမ်သာခွက် (ဘိုထိုင်လို့ မြန်မာလိုခေါ်ကြပါတယ်) Water Closet (Sanitary Ware လို့ခေါ်ကြပါတယ်)

(၂) ဘေစင် (Basin (or) Lavatory, Kitchen Sink)

များသောအားဖြင့် နှစ်ခုလုံးကို ဘေစင်လို့အလွယ်ခေါ်ကြပါတယ်။ ဘေစင် (Lavatory) က ကိုယ်လက်ဆေးကြောဖို့ဖြစ်ပြီး၊ မီးဖို


ချောင်မှာသုံးတာကျတော့ Kitchen Sink လု့ေ
ိ ခ်ါပါတယ်။
20

(၃) ရေဘုံဘိုင်ခေါင်း (Tap), Shower Head (ရေပန်း)

(၃) ရေပိုက် နှင့် ပိုက်ဆက်ရာမှာသုံးသောပစ္စည်းများ

ရေပိုက်တွေကိုတော့ ဘယ်လိုအမျိုးအစားရေပိုက်တွေသုံးမှာလည်း၊ ရေပိုက်ဆက်တ့ပ


ဲ စ္စည်းတွေစတာတွေကိုလည်း သိထားဖို့
လိုအပ်ပါတယ်။ ရေပိုက်တွေကိုတော့ Copper Pipe, Steel Pipe, uPVC Pipe, PPR Pipe တွေကိုအသုံးပြုကြပါတယ်။
ပိုက်တွေအကြောင်းကတော့ တပ်ဆင်တ့အ
ဲ ခါ၊ တစ်ခုနဲ့ တစ်ခုဆက်တဲ့အခါ သိထားရမယ့်လိုအပ်ချက်တွေရှိပါတယ်။ Copper
Pipe ကိုတော့ Soldering လို့ခေါ်တဲ့ ကြေးဂဟေနဲ့ဆက်ပါတယ်။ Fitting တွေနဲ့လည်းဆက်ပါတယ်။ Steel Pipe ကိုတော့
Fitting နဲ့ဆက်တာများပါတယ်။ uPVC ပိုက်ကိုလည်း uPVC Fitting တွေသုံးပြီးဆက်ပါတယ်။ တပ်ဆင်တဲ့အခါလိုက်နာရမယ့်
အကွာအဝေးကို CP 48 ကနေထုတ်နှုတ်ပြီးဖေါ်ပြထားပါတယ်။

Spacing of fixings for piping


Size of pipe Spacing for horizontal Spacing for vertical
Type of piping in mm runs in m runs in m
Rigid plastic < 32 1.0 1.5
40 – 80 1.25 2.0
100 - 150 1.5 3.0
Copper (light gauge) < 32 1.5 2.0
stainless steel 40 – 80 2.5 3.0
100 - 150 3.0 3.5
Copper (heavy gauge) < 32 2.0 2.5
40 – 80 3.0 3.5
100 - 150 4.0 4.5
Ductile iron 75 - 100 2.5 2.5
150 3.5 3.5

CP 48 မှကူးယူဖေါ်ပြပါသည်။
21

(၄) ရေပိုက်သွယ်တန်းခြင်းနှင့် ပန့်တပ်ဆင်ရန်ပြင်ဆင်ခြင်း

သောက်ရေ၊ သုံးရေကို (Cold Water Service and Distribution System) သုံးစွဲသူတွေဆီရေပေးပို့တော့မယ်ဆိုရင် အခြေခံ
အချက်တွေ ထည့်သွင်းစဉ်းစားပေးရမှာက ရေသုံးစွဲမယ့်သူတွေဆီလုံလောက်တဲ့ ရေစီးမှုနှုန်း၊ ရေဖိအား နှင့် ရေသုံးစွဲမှု
အမြင့်ဆုံး အချိန်တောင်မှာမှ လုံလောက်တဲ့ ရေပမာဏကိုရရှိစေနိုင်ရမှာဖြစ်ပါတယ်။ ပိုက်တွေသွယ်တန်းဖို့နေရာချတဲ့အခါ
တတ်နိုင်သမျှ အတိုဆုံး၊ အဖြောင့်ဆုံးဖြစ်အောင်စီမံရပါမယ်။

ရေဘယ်လိုပေးမှာလဲဆိုတာလည်းအရင်သိထားရပါမယ်။ ၂၅ မီတာထက်မကျော်ရင်တော့ ပင်မရေပိုက်လိုင်းကနေ တိုက်ရိုက်


သွယ်တန်းပေးပို့ပြီး၊ ၂၅ မီတာအမြေင့်ထက်ကျော်လျှင် Indirect Supply ပေးကြပါတယ်။ Indirect Supply မှာ Top Down
လား Bottom Up လားဆိုတာလည်းသိထားဖို့လိုအပ်ပါလိမ့်မယ်။

Direct Feed ပေးရာမှာလည်း လိုအပ်တ့ေ


ဲ ရဖိအားမရနိုင်ဘူးဆိုပါလျှင် Booster Pump ကိုသုံးလေ့ရှိပါတယ်။ အထပ်မြင့်အိမ်
တွေကို Top Down System နဲ့ ရေကိုအမိုးပေါ်ကနေ Gravity Feed ရေပေးဝေတဲ့အခါ အပေါ်ပိုင်းကအိမ်တွေက
လိုအပ်တဲ့ရေဖိအားကို မရတတ်ပါဘူး။ ရေထွက်တဲ့ဘုံဘိုင်ခေါင်း၊ ဘေစင်၊ အိမ်သာခွက် စတာတွေမှာ ထွက်ရှိရမယ့်ရေပမာဏ
ရနိုင်ရမှာဖြစ်သလို လိုအပ်တဲ့ရေဖိအားလည်း ရရပါမယ် ရှိသင့်တဲ့ ဖိအားအနည်ဆုံးက ၀.၅၅ bar ဖြစ်ပါတယ်။ ထောင်လိုက်
ပိုက်ထဲမှာရှိတဲ့ ရေဖိအားက ၁၀ မီတာမှာ ၁ bar ဖြစ်တဲ့အတွက် ၃၇ မီတာထက်ကျော်တဲ့ အဆောက်အဦကို gravity feed
နဲ့ပေးတဲ့အခါ မီတာ ၂၀ လောက်ထိကို ၂ bar နီးပါးအနည်းရနိုင်ပါတယ်။ အပေါ်ဆုံးသုံးထပ်လောက်က
လိုအပ်တဲ့ဖိအားမရနိုင်ပါ ဒါကြောင့် boosted pump distribution ကိုသုံးရပါတယ်။ ယေဘုယျအားဖြင့် အပေါ်ဆုံးနား
သုံးထပ်လောက်ကို Booater Pump နဲ့ပေးပါတယ်။ အရမ်းမြင့်သွားတဲ့ မီတာ ၆၀ ကျော်ရင်တော့ upper level နဲ့ lower level
22

ဆိုခွဲပြီးရေပေးဝေပါတယ်။ အောက်ဆုံးနားအတွက်တော့ဖိအားအရမ်းမများစေဖို့ Pressure Regulating Valve တွေတပ်ဆင်


အသုံးပြုကြပါတယ်။ များသောအားဖြင့် အထပ်သိပ်မမြင့်ဘူးဆိုလျှင် အပေါ်ဆုံးနားက နှစ်ထပ်အတွက်ပဲ Boosetr Pump
နဲ့ပေးပါတယ်။ အဲတာကြောင့် Booster Pump နဲ့ ရေပေးတဲ့ အိမ်တွေအတွက် Pump Capacity ကိုတွက်ယူဖို့ ရေပိုက်အရွယ်
အစားကိုတွက်ယူဖို့လိုအပ်ပါတယ်။ အဲတာကြောင့် သုံးစွမ
ဲ ယ့်ရေပမာဏကိုပထမဆုံးသိဖို့လိုအပ်တ့အ
ဲ တွက် အသုံးပြုမယ့်
ရေပမာဏကို တွက်ယူရပါမယ်။

နောက်တစ်ခုတပ်ဆင်ပေးရမှာက Revenue Meter လု့ေ


ိ ခ်ါတဲ့ Water Meter ကို အိမ်တစ်ခန်းတိုင်းအတွက် တပ်ဆင်ပေးရ
ပါမယ်။ ရေကိုမပြတ်မလပ်ပေးမယ် သုံးသလောက်ကို ကျသင့်ငွေအတိုင်းကောက်ခံယူမယ့်အတွက် သုံးစွဲတဲ့ရေပမာဏအတိုင်း
ကျသင့်ငွေ တွက်ချက်ယူနိုင်ဖို့အတွက်ဖြစ်ပါတယ်။ အောက်မှာတော့ Water Meter တစ်ခုပုံဖေါ်ပြထားပါတယ်။

Basic Hydraulic

ရေပေးဖို့ရာ ပိုက်တွေသွယ်တန်းတဲ့နေရာမှာ ရေပိုက်တို့၊ ရေတင်စက်တို့ကို Sizing လုပ်ဖို့အတွက် တွက်ချက်မှု့တွေပြုလုပ်တဲ့


အခါ အခြေခံ Basic Hydraulic လေးကိုတော့နားလည်ထားဖို့လိုပါလိမ့်မယ်။ အလုပ်သဘောအခြေခံ သိရှိရုံသဘောထားပြီး
ရေးခဲ့ပေမယ့် ပြန်စဉ်းစားကြည့်တော့ အင်ဂျင်နီယာတစ်ယောက်အနေနဲ့သိသင့် သိထိုက်တာလေးတွေ တော့သိရှိဖို့လိုမယ်
ထင်တာနဲ့ Basic Hydraulic ကိုဖေါ်ပြပေးလိုက်ပါတယ်။

Hydraulic မှာ ရေ (အရည်) နဲ့ပတ်သတ်ပြီး အခြေခံသဘောတရား Behavior, Characteristics တွေကိုသိရှိဖို့လိုအပ်ပါတယ်။


ယေဘူယျအားဖြင့် ထောင်လိုက်ရေပိုက်ထဲမှာရှိတဲ့ Head ကို 10 meter မှာ 1 bar လို့ အလွယ်တကူပြောလေ့ရှိကြတယ်။
23

အင်ဂျင်နီယာတစ်ယောက်အနေနဲ့ ဘာလို့ 10 meter မှာ 1 bar ဖြစ်ရတာလဲလို့ သိဖို့လိုအပ်ပါတယ်။ တကယ်တော့ P=ρgh


ကနေတွက်ယူရရှိနိုင်တာဖြစ်ပါတယ်။ အဲတာကြောင့် Hydraulic ကိုအခြေခံသဘောလောက်ဖြစ်ဖြစ်နားလည်ထားဖို့ လိုအပ်
ပါတယ်။

Density

မြန်မာလိုဆိုရင်တော့ သိပ်သည်းဆလို့ခေါ်ပါတယ်။ တစ်ယူနစ်ထုထည် (Volume) မှာရှိတဲ့ ထုအလေးချိန် (mass)


ကိုခေါ်ဆိုခြင်း ဖြစ်ပါတယ်။ ပုံသေနည်းကတော့

4°C အပူချိန်ရှိရေရဲ့ Density ကတော့ 1000 kg/m3 ဖြစ်ပါတယ်။

Pressure
Pressure ကတော့ တစ်ယူနစ်ဧရိယာမှာ သက်ရောက်နေတဲ့ အားပဲဖြစ်ပါတယ်။ ပုံသေနည်းကတော့
P = F/A ဖြစ်ပါတယ် (F = Force, A = Area)
ဖေါ်ပြပါအီကွေရှင်းကို Derive လုပ်ယူမည်ဆိုလျှင်
F = mg
F = (ρV) g, Where (ρ = m/V, m = ρV, V = Ah)
F = (ρAh) g
F တန်ဖိုးကို P = F/A တွင်အစားထိုးပါက
P = ρAhg/A
P = ρgh ဖြစ်ပါတယ်။ h ကိုတော့ Pressure Head လို့ခေါ်ပါတယ်။

P = ρgh,

Where P = Pressure (Pa)


ρ = Density (kg/m3),
g = the gravitational constant (9.81 m/s2, 32.17405 ft/s2)
h = height of fluid column, or depth in the fluid at which the pressure is measured (m, in) ဖြစ်ပါတယ်။

ဖေါ်ပြအီကွေးရှင်းကနေ ထောင်လိုက်ရှိနေတဲ့ပိုက်ထဲမှာရှိတဲ့ ရေရဲ့ Static Pressure ကိုတွက်ယူနိုင်ပါတယ်။ ဆိုပါစို့ 50


မီတာရှိထောင်လိုက်ပိုက်ထဲမှာရှိတဲ့ Static Head ကိုတွက်ယူတ့အ
ဲ ခါ
24

P = ρgh , P = 1000 x 9.81 x 50 = 490500 Pascal ရပါတယ်။ 4900500 Pa ကို Bar ဖွဲ့လျှင် 1 bar မှာ 105 Pa
ဖြစ်တဲ့တွက် 105 နဲ့ စားတဲ့အခါ 4.9 bar ရပါတယ်။ အဲတာကြောင့် လက်တွေ့မှာတော့ အလွယ်တကူ 10 meter ကို 1 bar လို့
ပြောဆိုကြပါတယ်။ ρg ဆိုတာက ရေရဲ့ Specific Weight ပါ။ = ρg ပါ။ တန်ဘိုးက SI unitr မှာ 1 kg ဖြစ်ပါတယ်

Friction Loss

ရေပန့်တစ်လုံးအတွက်လိုအပ်တ့တ
ွဲက်ချက်မှုတွေပြုလုပ်တဲ့အခါ Losses တွေကိုထည့်စဉ်းစားရပါတယ်။ Friction Loss
ကတော့ ပိုက်အတွင်းမှာ ပွတ်တိုက်မှုကြောင့် ဆုံးရှုံးမှုတွေ၊ ပိုက်အကွေးတွေ၊ Fitting တွေကြောင့်ဖြစ်တဲ့ Dynamic Loss
တွေရှိပါတယ်။ ဒါကြောင့် Pump ရွေးချယ်တော့မယ်ဆိုလျှင် အဲသည် Losses တွေကိုထည့်သွင်းစဉ်းစားရပါတယ်။ Friction
Loss အတွက် ရေမှာတော့ Hazen William ကိုပဲအသုံးပြုလေ့ရှိပါတယ်။ Darcy–Weisbach equation ကိုတော့
မဖေါ်ပြပေးတော့ပါဘူး။

Valve နဲ့ Fitting Losses တွေကိုကျတော့ အောက်ဖေါ်ပြပါ Equation ကိုသုံးပါတယ်။

V2/2g = ρV2/2 = Dynamic Pressure

ဖေါ်ပြပါ Equation နဲ့တွက်တ့အ


ဲ ခါ K Factor ကို ဇယားကနေပြန်ဖတ်ယူရတဲ့အတွက် များသောအားဖြင့်တွက်ရလွယ်တဲ့
Equivalent Pipe Length Method ကိုပဲအသုံးပြုလေ့ရှိကြပါတယ်။

Boosted Water Distribution System

Booster Pump ဆိုတာကတော့ ရေပေးဝေတဲ့အခါ သုံးစွဲတ့သ


ဲူတွေဆီကို လုံလောက်တဲ့ ရေပမာ နဲ့ ဖိအားရစေဖို့အတွက်
အသုံးပြုခြင်းဖြစ်ပါတယ်။ တချို့က Pump တစ်မျိုးတည်းပဲသုံးပြီး တချို့ Pump နဲ့ Hydro-pneumatic Tank ကိုတွဲပြီး အသုံးပြု
ပါတယ်။ Boosted Water Distribution System မှာပါဝင်တဲ့ ပစ္စည်းတွေကတော့ (၁) Pump (၂) Hydro-pneumatic Tank
(၃) Pressure Switch နဲ့ (၄) Pump Starter Panel တို့ပဲဖြစ်ပါတယ်။

CP 48 - မှာသတ်မှတ်ထားတဲ့ ရှိရမယ့် Water Flow-rate Table ကိုအောက်မှာဖေါ်ပြပေးထားပါတယ်။


25

ပိုက်ကနေ ရေဘုံဘိုင်ခေါင်းတွေကထွက်ရှိရမယ့် အနည်းဆုံး Pressure (ဖိအား) ကတော့ 1 bar ဖြစ်ပြီး အများဆုံးက 3.5 bar
ဖြစ်ပါတယ်။ ပုံမှန်အသုံးပြုလို့ အဆင်ပြေတဲ့ ရေဖိအားကတော့ 2 bar ကနေ 3 bar အတွင်းဖြစ်ပါတယ်။

Pressure Tank ကတော့ အပေါ်ပိုင်းမှာ လိုအပ်တဲ့ဖိအားကို Pressurized လုပ်ထားတဲ့လေရှိပြီး အောက်ပိုင်းမှာတော့


ရေရှိပါတယ်။ သူတို့နှစ်ခုကို Rubber လို အကျဉ်း အကြုံ့ပြုလုပ်နိုင်တဲ့ Diaphragm နဲ့ပိုင်းခြားထားပါတယ်။

လုပ်ဆောင်ပုံကတော့ ရေပိုက်လိုင်းထဲမှာလိုအပ်တဲ့ ရေဖိအားထက်လျော့ကျသွားလျှင် ပထမဆုံး Pressure Tank ကနေ


ရေဖိအားကိုမြှင့်ပေးပါမယ်။ Booster Pump နဲ့ Pressure Tank ကို Pressure Switch ကနေတဆင့် Starter Panel
ကမောင်းနှင်ပေးပါတယ်။

Booster Pump, Pressure Tank Assembly

ဖြန့်ဖြူးပေးပိ့ရ
ု န် လိုအပ်တဲ့ရေပမာဏတွက်ယူခြင်း

Boosted Water Distribution System မှာ Pump Size, Pipe Size နဲ့ Pressure Tank Size တွေကို တွက်ချက်ဖို့ရန်အတွက်
ပထမဆုံးအနေနဲ့ သုံးစွဲတဲ့သူတွေဆီရေပေးဖို့ရန်လိုအပ်တဲ့ ပေးဝေရမယ့်ရေပမာဏကို တွက်ယူရပါမယ်။ တွက်ယူတ့ေ
ဲ နရာမှာ
Plumbing Fixtures အရေအတွက်ကနေပြီးအခြေခံတွက်ယူရပါတယ်။ အိမ် (သိ့)ု သုံးစွဲသူ နေထိုင်တ့အ
ဲ ခန်းတစ်ခန်းမှာရှိတဲ့
26

အိမ်သာ၊ ဘေစင်၊ ရေချိုးဖို့၊ အ၀တ်လျှော်ဖို့ စတဲ့ပစ္စည်းတွေ့ရဲ့အရေအတွက်ကို ကောက်ယူပါ။ ဥပမာတစ်ခုအနေနဲ့ အောက်ကပုံ


ကနေတွက်ယူပါ့မယ်။

E
B

ဖေါ်ပြပါအိမ်မှာသုံးမယ့် ပစ္စည်းတွေက A - Kitchen Sink (1), B - Basin (1), C - WC (1), D - Water Tap (1), E -
Shower Spray (1) တြို့ ဖစ်ပါတယ်။ အရံအနေနဲ့ Washing Machine တစ်ခုကိုပါထည့်တွက်လိုက်ပါမယ်။ စုစုပေါင်းအိမ်ခန်း ၆၀
ခန်းရှိတယ်ဆိုပါစို့။ အထပ်က ၁၀ ထပ်နဲ့ တစ်ထပ်ကို ၆ ခန်းလို့အကြမ်းမျဉ်းယူလိုက်ပါမယ်။ အပေါ်ထပ်နားနှစ်ထပ်က ၁၂
ခန်းဖြစ်ပါတယ်။

အပေါ် ၁၂ ခန်းအတွက်အရေအတွက်

Kitchen Sink 1 x 12 = 12 units


Wash Basin 1 x 12 = 12 units
WC 1 x 12 = 12 units
Water Tap 1 x 12 = 12 units
Shower Spray 1 x 12 = 12 units
Washing Machine 1 x 12 = 12 units
ရေသုံးစွဲတ့ပ
ဲ မာဏတွက်ဖို့အတွက် အပေါ်ကဖေါ်ပြပါ Plumbing Fixtures တွေအတွက် Loading Unit
တွေသိဖို့လိုအပ်ပါတယ်။
27

ဖေါ်ပြပါဇယားကို BS 6700 မှကူးယူပါသည်။

Loading Unit
SN Appliances Quantity Total LU
(From Table A)
1 Wash Basin 12 1.5 18
2 Water Closet 12 - -
3 Water Tap 12 3 36
4 Kitchen Sink 12 5 60
5 Shower Spray 12 3 36
6 Washing Machine 12 3 36
Total LU 186
WC အတွက်လိုအပ်တဲ့ရေပမာဏကိုတော့ အောက်ဖေါ်ပြပါဇယားကနေယူပြီးတွက်ပါတယ်။

Table B - Flow Rate Requirement (as number of flush in simultaneous use)


Group A Group B
Total No. of Flush Schools and Other Premises where
Valves on Line Offices, Hotels and Hospitals Rest Periods Create Extraordinary
Demands
1 1 1
2 2 2
3 to 6 2 3
7 to 11 3 4
12 to 15 4 5
16 to 35 5 6
36 to 45 5 7
46 to 50 5 8
51 to 70 5 9
71 to 100 6 9
101 to 200 10 14
Loading Unit တွက်ယူပြီးလျှင် ရေပမာဏကိုသိဖို့အတွက် အောက်ဖေါ်ပြပါပုံမှ ဖတ်ယူရပါမယ်။
28

Chart 1 - loading unit and design flowrate

Loading Unit 186 ကိုဇယားကနေဖတ်ယူတ့အ


ဲ ခါ အကြမ်းအားဖြင့် 1.9 L/S လောက်ရပါတယ်။

WC အတွက် Flow Rate ကိုတော့ Table B နေကြည့်ပြီးတွကပ


်ါမယ်။ CP 48 (1989) မှာတော့ တွက်ယူရမယ့် Flow Rate
အောက်မှာဖေါ်ပြထားတဲ့အတိုင်းရှင်းပြထားပါတယ်။ လူနေအိမ်တွေအတွက်ဆိုရင်တော့ Table A က Loading Unit နဲ့ပဲ
တွက်ပါတယ်။

Above Clause is Extracted from CP-48 (1989)

Water Closet အတွက်သုံးမယ့်ရေပမာဏကို တွက်တာကတော့ Total WC Number = 12 , Table B ကနေကြည့်တဲ့အခါ


လူနေအိမ်အတွက်မပါတော့ Group A ပဲဖတ်ယူပါလျှင် စုစုပေါင်း WC က 12 to 15 က 4 ဖြစ်ပြီး၊ Flow Rate က 1.5 L/s
29

ဖြစ်တဲ့အတွက် 4 x 1.5 = 6.0 L/s ရပါတယ်။ စုစုပေါင်းသုံးမယ့်ရေပမာဏနှစ်ခုကိုပေါင်းလိုက်တ့အ


ဲ ခါ Pump တင်ပေးရမယ့်
ရေပမာဏကိုရပါတယ်။

Total Water Flow Rate = 1.9 + 6 = 7.9 L/s ဖြစ်ပါတယ်။

Pump ရွေးချယ်ဖို့ Flow Rate ရပြီးတဲ့နောက်မှာတော့ Friction Losses ကိုတွက်ယူဖို့လိုအပ်ပါတယ်။ Pipe ရဲ့ Friction Loss
ကိုအရင်တင်ပေးခဲ့တဲ့အပိုင်းမှာဖေါ်ပြပြီးဖြစ်ပါတယ်။ Valve, Fittings တွေအတွက် Losses ကိုတော့ Equivalent Length
Method နဲ့တွက်လျှင် Hazen William’s Equation နဲ့ တွက်ယူနိုင်သလို ဇယားတွေ၊ ပုံတွေဆီကလည်းကြည့်ပြီးတွက်ယူ
နိုင်ပါတယ်။

ပထမဆုံး Plan ပုံပေါ်ကနေ Isometric ပုံလေးဆွဲယူထုတ်ပါ။ Isometric ပုံနမူနာကအောက်မှာပါ။


30

တကယ်လို့ ကိုယ်တိုင် ဒီဇိုင်းလုပ်ရရင်တော့ ပထမဆုံး Pipe Size ကိုတော့ Assume လုပ်ပြီးပဲတွက်ယူလေ့ရှိပါတယ်။ ပထမဆုံး
ပိုက်အရှည်ကို သူ့အရွယ်အစားအလိုက်တိုင်းတာပါ။ Fittings, Valves တွေအတွက်လည်း Pump မှာတပ်ဆင်တဲ့ အရေ
အတွက်နဲ့ ပိုက်အကွေးတွေအတိုင်းရေတွက်ရယူပါ။ အားလုံးရှိပြီးလျှင်တော့ Hazen Walliam’s Equation နဲ့ပဲ ဖြစ်ဖြစ်
ဇယားတွေ၊ ပုံတွေဆီကပဲကြည့်ကြည့် တွက်ယူနိုင်ပါပြီ။

CP-48 (1989) Version မှာ စာမျက်နှာ ၃၉ ကနေ ၄၇ ထိမှာ အခြေံတွက်ပုံတွက်နည်းတွေကိုထည့်သွင်းဖေါ်ပြထားပါတယ်။ CP


48 ကိုတော့ မူပိုင်ခွင့်ရှိတ့အ
ဲ တွက် အင်တာနတ်မှာပဲ ရှာကြံရယူကြပါ။

BS 6700 ထဲမှာဖေါ်ပြထားတဲ့ Pipe Sizing တွက်တဲ့ Procedure ကိုတော့ အောက်ကလင့်ခ်မှာ ဒေါင်းယူကြပါ။


သူ့ဝဘ်ဆိုက်မှာတင်ထားတဲ့အတွက် လင့်ခ်ကိုအောက်မှာဖေါ်ပြပေးထားပါတယ်။

https://www.google.com.sg/url?sa=t&rct=j&q=&esrc=s&source=web&cd=10&sqi=2&ved=0CFEQFjAJahUKEwiVg6e30-
nGAhWJxI4KHY5mDFs&url=http%3A%2F%2Fshop.bsigroup.com%2Fupload%2FShop%2FDownload%2FBooks%2FBIP2177sample.pdf&ei=s-
GsVdXdEImJuwSOzbHYBQ&usg=AFQjCNFHf0BevAnhdqoxNxeAz818k7MgRg&bvm=bv.98197061,d.c2E&cad=rja

အောက်မှာတော့ Pump တစ်လုံးမှာပါဝင်တပ်ဆင်တဲ့ ပုံကိုဖေါ်ပြပေးထားပါတယ်။ သည်စာကိုကိုအခြေခံသဘောဖတ်ရှုပြီး


အင်တာနတ်ပေါ်၊ အလုပ်ထဲမှာ ပိုမိုရှာဖွေလေ့လာကြစေလိုပါတယ်။ ပုံတွေကြည့်တ့အ
ဲ ခါ အခြေခံလေးတွေသတ်မှတ်
ဖေါ်ပြထားတဲ့ Notes and Legends တွေကိုဖတ်ပါ။ အဲသည်အထဲမှာ လက်တွေ့လိုအပ်ချက်တွေကိုဖေါ်ပြပေးထားလေ့
ရှိပါတယ်။

You might also like