You are on page 1of 3

www.thanlonnge.

info 1

GodMode for your Windows

Registry ပိုင်းကို ပြန်မရေးတော့ဘူးလားလို့ မေးနေသူများအတွက် ပြန်လှည့်ရေးပါ့မယ်။ ယနေ့ခေတ်မှာ


tweak tool တွေရှိနေတဲ့အတွက် ၀င်းဒိုးဆိုင်ရာ အပြင်အဆင်တွေအားလုံးကို registry ထဲကနေ
သွားကလိစရာမလိုတော့ပါဘူး။ ဥပမာ – XP မှာ တုန်းက recycle bin ဖျောက်ထားဖို့လောက်ထိ registry
ထဲသွားရတယ်။ နောက်ပြီး shortcut icon မှာ မျှားပါနေတာတွေ၊ စသဖြင့်ပေါ့။ tweak tool တွေကို
သုံးဖို့မရေးခင် အဲဒါနဲ့ လုပ်လို့မရသေးတဲ့ mode တစ်ခုကို ရေးမယ်။ Godmode တဲ့။ အခု
နာမည်ကြီးနေတာတဲ့ registry trick တစ်ခုပါ။ registry အကြောင်းကို လေ့လာနိုင်တဲ့ ဆိုဒ်အားလုံးမှာ ဒီ
mode ကို ရေးထားကြပါတယ်။ (ထိုဆိုဒ်များကို ပို့စ်အဖြစ် ရေးသားညွှန်းဆိုခြဲ့ ပီး ဖြစ်ပါတယ်)။ ဖန်တီးရတာ
အရမ်းလွယ်တဲ့အတွက် အရင်လုပ်ကြည့်ရအောင်ဗျာ။ ပြီးမှ အားသာချက် အားနည်းချက်ကို ပြောကြတာပေါ့။

** GodMode ကို Windows 7 32-bit and 64-bit များတွင်လည်းကောင်း၊ Windows


Server 2008 32-bit တွင် လည်းကောင်း၊ Windows Vista 32-bit တွင်လည်းကောင်း အန္တရာယ်ကင်းစွာ
အသုံးပြုနိုင်ပါတယ်။ (Vista 64-bit မှာ Godmode ကို ဖန်တီးလိုက်ပါက ဖိုဒါကို crash
အဖြစ်သတ်မှတ်လိုက်ပါတယ်။ ထို့ကြောင့် GodMode လုပ်ထားသော ဖိုဒါကို ဖျတ်လိုပါက save moode ဖြင့်
ဝင်းဒိုးတက်စေပြီး ဖျတ်မှသာ ရပါတယ်။ အခြားပြဿနာ တစ်စုံတစ်ရာမတွေ့ရပါ။ စမ်းသပ်လိုကလည်း
စမ်းသပ်နိုင်ပါတယ်)

၁။ ဖွင့်ထားတဲ့ ၀င်းဒိုးတွေကို ပိတ်လိုက်ပြီး Desktop ပေါ်မှာ right-click ထောက်၍ New – New Folder ကို
ဖန်တီးလိုက်ပါ။ (ဖွင့်ထားတဲ့ ၀င်းဒိုးတွေဆိုတာက my computer, picture, control panel စသဖြင့်
ဝင်းဒိုးတွေကို ပြောတာပါ)

Mr.thanlonnge@googlemail.com
www.thanlonnge.info 2

၂။ ဖန်တီးလိုက်တဲ့ New folder ကို အောက်က စာသားကူးပြီး rename ပေးလိုက်ပါ။

GodMode.{ED7BA470-8E54-465E-825C-99712043E01C}

၃။ အပေါ်ကအတိုင်း နာမည်ပေးလိုက်တာနဲ့ GodMode ဆိုပြီး အောက်က ပုံအတိုင်း နာမည်ရော icon ရော


ပြောင်းသွားတာ တွေ့ရပါလိမ့်မယ်။

ဖွင့်ကြည့်လိုက်ပါ အောက်ပါတိုင်း control panel မှာပါတဲ့ functions များအားလုံး Dtree ပုံစံနဲ့


ပေါ်လာပါလိမ့်မယ်။

GodMode က ဘာလုပ်ပေးသလဲ။ ဘယ်လို သုံးလို့ရလဲ။ ရှင်းရှင်းပြောရရင်တော့ control panel ကို


shortcut လုပ်လိုက်တဲ့ သဘောပဲ။ ဒါပေမယ့် အားသာချက်က ပြသတဲ့ မြင်ကွင်း။ Dtree menu ပုံစံနဲ့
ပြမှာဖြစ်လို့ လျှင်မြန်ပေါ့ပါးပြီး ပြင်ချင်တဲ့ setting ဆီကို ချက်ချင်းရောက်ပါတယ်။ ဥပမာ – group policy ကို
ဖွင့်ချင်တယ်ဆိုပါစို့။ shortcut ကီး သိတဲ့လူအတွက် ကျတော့တမျိုးပေါ့။ မမှတ်မိရင်တော့ Control panel
ကိုဝင်ပြီး Administrative tools ကို နှိပ်ရပါသေးတယ်။ နောက်ဝင်းဒိုးတစ်ခုကျမှ group policy အတွက်

Mr.thanlonnge@googlemail.com
www.thanlonnge.info 3

shortcut ရှိတဲ့နေရာကို ရောက်ပါတယ်။ ၀င်းဒိုးမှာ အလေးဆုံး explorer က control panel ပါပဲ။ ပွင့်လာဖို့
ဘယ်လောက်ကြာလဲ မိမိကွန်ပျူတာ မိမိ သိမှာပါ။ အခု Godmode ကို စမ်းသုံးကြည့် … ပေါ့ပါးတဲ့ပြင် Dtree
ပုံစံနဲ့ ခေါင်းစဉ်အလိုက် group ခွဲပေးထားလို့ မိမိသွားလိုရာကို ရှာဖွေဖို့ အရမ်းလွယ်ပါတယ်။ Shortcut ကီး
အလွတ်မကျက် ချင်သူများအတွက် လုပ်ကို လုပ်ထားသင့်တဲ့ folder trick တစ်ခု ဖြစ်ပါကြောင်း ရေးသားရင်း
အဆင်ပြေကြပါစေလို့ဆုတောင်းလိုက်ပါတယ်။

Mr.thanlonnge@googlemail.com

You might also like