You are on page 1of 10

https://www.thitsarparamisociety.

com/

-1-

၁ ။ မေတ္တသုတ်မြန်မာပြန်

(ဝါခေါင်လပြည့် မေတ္တာအခါတော်နေ့အတွက်)

ယဿာနုဘာဝတော ယက္ခာ ၊ နေဝ ဒေဿန္တိ ဘီသနံ။ ။


မေတ္တာသုတ် အစွမ်းတန်းခိုးကြောင့် တစ္ဆေ သရဲ ဘီလူးများ
ကြောက်အောင် လန့်အောင် မခြောက်လှန့်နိုင်။

ယဥှိစေဝါ နုယုဉ္ဇန္တော ရတ္တ္ကိန္ဒိဝမတန္ဒိတော။ ။ ယင်းမေတ္တာ


ဘာဝနာ ပွားများခြင်းလုပ်ငန်းကို စဉ်ဆက်မပြတ်
အားထုတ်မည်ဆိုလျှင်...

မေတ္တာပွားများခြင်းအကျိုး

သုခံ သုပတိ။ ။ ချမ်းချမ်းသာသာ အိပ်ရ၏ (နှစ်နှစ်


ခြိုက်ခြိုက် အိပ်စက်ရ၏)။

ပါပံ ကိဥ္စိ န ပဿတိ။ ။ အိပ်ပျော်နေသည့်အချိန်မှာ


အိပ်မက်ဆိုးများ မမြင်မက်နိုင်။

ကရဏီယ မတ္တကုသလေန။ ။ နိဗ္ဗာန်သို့ ရောက်နိုင်သည်


အထိ ကိုယ့က
်ျိုးစီးပွားအတွက် အရည်အသွေးနှင့်
ပြည့်စုံလိုသူမှာ…
https://www.thitsarparamisociety.com/

-2-

( ၁ ) သက္ကော စ။ ။ ကုသိုလ်ကောင်းမှုကို ပြုလုပ်ရန်


စွမ်းနိုင်သူဖြစ်ရမည်။

( ၂ ) ဥဇူ စ။ ။ ကိုယ်ရောနှုတ်ပါ ရိုးသားဖြောင့်မတ်


မှန်ကန်သူဖြစ်ရမည် ။

( ၃ ) သုဟုဇူ စ။ ။ စိတ်ဓါတ်ပါ ရိုးသားဖြောင့်မှန်သူ


ဖြစ်ရမည်။

( ၄ ) သုဝစော စဿ။ ။ အကြံပေးပြောဆိုမှုကို


နာခံလွယသ
်ူဖြစ်ရမည်။

( ၅ ) မုဒု။ ။ ယဉ်ကျေးသိမ်မွေ့ရမည်။

( ၆ ) အနတိမာနီ။ ။ မမောက်မာရ (မာနမကြီးလွန်းရ)။

( ၇ ) သန္တုဿကော။ ။ ရှိတာနှင့် ကျေနပ်ရမည်။ (


ဇီဇာမကြောင်ရ)

( ၈ ) သုဘရောစ။ ။ မွေးမြူလွယ်ရမည်။ (သူများ ကူညီ


စောင့်ရှောက်မှုကို ကျေနပ်နှစ်သက်နိုင်ရမည်။)
https://www.thitsarparamisociety.com/

-3-

( ၉ ) အပ္ပကိစ္စောစ။ ။ ကိစ္စနည်းပါးရမည်။ (မိမိအလုပ်


နားသည့်အချိန်မှာ မေတ္တာပွားရန်အချိန်ကို ယူတတ်
ရမည်)။

( ၁၀ ) သလ္လဟုကဝုတ္တိ။ ။ ပေါ့ပေါ့ပါးပါး အသက်မွေး


တတ်ရမည်။ (ဟိတ်ကြီးဟန်ကြီး ဇာချဲ့ပြီးမနေရ)။

( ၁၁ ) သန္တိန္ဒြိယ။ ။ဣနြေ္ဒ သိက္ခာရှိရမည် ။ (မျက်စိ၊ နား၊


နှာ၊ လျှာ၊ ကိုယ်၊ စိတ်ကို အကြောင်းပြု၍ လောဘ၊ ဒေါသ၊
မောဟ စသော ကိလေသာမဖြစ်အောင် ကြိုးစားရမည်
ဟုဆိုလိုသည်)။

( ၁၂) နိပကောစ။ ။ ရင့်ကျက်သော အသိပညာနှင့်


ပြည့်စုံအောင်ကြိုးစားရမည်။

( ၁၃ ) အပ္ပဂဗ္ဘော။ ။ ကြမ်းတမ်း ခက်ထန်သူ မဖြစ်ရ။

(၁၄ ) ကုလေသွ နနုဂိဒ္ဓွေါ။ ။ ဆွေးမျိုး မိတ်ဆွေတို့အပေါ်


တဏှာဖြင့်တွယတ
်ာမှု ကြီးသူမဖြစ်စေရ။

(၁၅ ) နစ ခုဒ္ဒမာစရေ ကိဥ္စိ၊ ယေန ဝိညူ ပရေဥပဝဒေယျုံ။


။ သူများ အပြစ်တင်မေးငေါ့ခံရမည့် အပြစ်ပြောစရာ
အပြုအမူများကို အသေးအဖွဲကစ၍မပြုလုပ်ရ။
https://www.thitsarparamisociety.com/

-4-

မေတ္တာပွားပုံ

သဗ္ဗသတ္တာ။ ။ သတ္တဝါအားလုံး။

သုခိနောဝ။ ။ ကိုယခ
်ျမ်းသာမှု စိတခ
်ျမ်းသာမှုနှင့်
ပြည့်စုံကြပါစေ။

ခေမိနော။ ။ ဘေးရန်ကင်းကြပါစေ။

သုခိ တတ္တာ ဘဝန္တု။ ။ စိတ်ချမ်းသာမှုနှင့်ပြည့်စုံကြပါစေ။

ယေကေစိ ပါဏဘူတတ္ထိ။ ။ လောကကြီးမှာ ရှိကြတဲ့


သက်ရှိသတ္တဝါအားလုံး။

တသာဝါ။ ။ဒေါသမကင်းသေးသည့် ကြောက်တတ်


လန့်တတ်သည့် သတ္တဝါများ ချမ်းသာကြပါစေ။ ဘေးရန်
ကင်းကြပါစေ။

ထာဝရာဝ နဝသေသာ။ ။ ကြောက်ရွံ့မှု မရှိကြသည့်


အနာဂါမ် ရဟန္တာကြီးများ ချမ်းသာကြပါစေ၊ ဘေးရန်
ကင်းကြပါစေ။

ဒီဃာ ဝါ။ ။ ရှည်လျားသော သတ္တဝါများ ချမ်းသာကြပါစေ၊


ဘေးရန်ကင်းကြပါစေ။
https://www.thitsarparamisociety.com/

-5-

မဟန္တာ ဝါ။ ။ ကြီးမားသော ကိုယ်ခန္ဓာရှိသောသတ္တဝါများ


ချမ်းသာကြပါစေ၊ ဘေးရန်ကင်းကြပါစေ။

မဇ္ဈိမာ ဝါ။ ။ အလယ်အလတ်စား သတ္တဝါများ ချမ်းသာ


ကြပါစေ၊ ဘေးရန်ကင်းကြပါစေ။

ရဿကာ ဝါ။ ။ တိုသော ကိုယ်ခန္ဓာရှိသော သတ္တဝါများ


ချမ်းသာကြပါစေ၊ ဘေးရန်ကင်းကြပါစေ။

အဏုက။ ။ မှုန်မှုန်မွှားမွှား သတ္တဝါသေးများ ချမ်းသာ


ကြပါစေ၊ ဘေးရန်ကင်းကြပါစေ။

ထူလာ ဝါ။ ။ ဆူဖြိုးသော ကိုယ်ခန္ဓာရှိသော သတ္တဝါများ


ချမ်းသာကြပါစေ၊ ဘေးရန်ကင်းကြပါစေ။

ဒိဋ္ဌာဝါ ယေဝ အဒိဋ္ဌာ။ ။ မိမိမျက်စိဖြင့် မြင်ရသည့်သတ္တဝါ၊


မမြင်ရသည့် သတ္တဝါများ ချမ်းသာကြပါစေ၊ ဘေးရန်
ကင်းကြပါစေ။

ယေဝ ဒူရေ ဝသန္တိ အဝိဒူရေ။ ။ အဝေးမှာရှိသည့် သတ္တဝါ


အနီးမှာ ရှိသည့်သတ္တဝါများ ချမ်းသာကြပါစေ၊ ဘေးရန်
ကင်းကြပါစေ။
https://www.thitsarparamisociety.com/

-6-

ဘူတာဝ သမ္ဘဝေသီဝ သဗ္ဗသတ္တာ ဘဝန္တု သုခိတတ္တာ။ ။


ခႏၶာကိုယေ
် ခြလက်အင်္ဂါ ပြည့်စုံပြီးသတ္တဝါ၊ မပြည့်စုံ
သေးသည့်သတ္တဝါများအားလုံး ချမ်းသာကြပါစေ၊ ဘေးရန်
ကင်းကြပါစေ။

န ပေရာ ပရံ နိကေ


ု ဗၺထ။ ။ တစ်ယောက်နှင့် တစ်ယောက်
အငြိုးအတေးထားခြင်းကင်းဝေးပါစေ။

နာတိမညေထ ကတ္ထစိ နကိဥ္စိ။ ။ မည်သူ တစ်ဦး


တစ်ယောက်ကို ဘာအတွက်နှင့်မျှ အထင်အမြင်
မသေးကြပါစေနှင့်။

ဗျာရောသနာ။ ။ တစ်ဦးနှင့်တစ်ဦး မစော်ကား


မိကြပါစေနှင့်။

ပဋိဃသညာ။ ။ မမုန်းတီးမိကြပါစေနှင့်။

နာညမညဿ ဒုက္ခ မိစ္ဆေယျ။ ။တစ်ဦးနှင့် တစ်ဦး


ဒုက္ခဖြစ်မှုကို မလိုလားကြပါစေနှင့်။

မာတာ ယထာ နိယံ ပုတ္တ၊ မာယုသာ ဧက ပုတ္တ မနုရက္ခေ။


။ သားသ္မီး တစ်ယောက်သာရှိသည့် မိခင်သည် ထိုသားသ္မီး
ကို အသက်ပေးစောင့်ရှောင့်သကဲ့သို့။
https://www.thitsarparamisociety.com/

-7-

ဧဝမ္ပိ သဗ္ဗ ဘူတေသု။ ။ ထိုကဲ့သို့ သတ္တဝါအားလုံး


အပေါ်မှာ။

မာနသံ ဘာဝယေ အပရိမာဏံ။ ။ အတိုင်းအတာ


အကန့်အသတ်မရှိသည့် မေတ္တာမျိုးကို ဖြစ်အောင်
ပွားများရာ၏။

မေတ္တဉ္စ သဗ္ဗလောကသ္မိံမာနသံ ဘာဝယေ အပရိမာဏံ။


။ တစ်လောကလုံး အပေါ်မှာ ထိုမိခင် စိတ်ဓါတ် မေတ္တာမျိုး
ထားနိုင်ရန်ကြိုးစားရာ၏။

ဥဒ္ဓံ ။ ။ အထက်အရပ်မျက်နှာ။

အဓေါ စ။ ။ အောက်အရပ်မျက်နှာ ။

တိရိယဉ္စ။ ။ အလယ် အရပ်မျက်နှာမှာ ရှိနေကြသော


သတ္တဝါအားလုံး ချမ်းသာကြပါစေ၊ ဘေးရန်ကင်းကြပါစေ။

အသမ္ဗာဓံ။ ။ ကျဉ်းမြောင်း ခွဲခြားသည့် စိတ်ဓါတ်မျိုး


မထားရ (အားလုံးအပေါ်တစ်ပြေးညီတည်း မေတ္တာ
ပွားနိုင်ရမည်။

အဝေရ။ ။ မေတ္တာပွားများသူမှာ ရန်မရှိ၊ ဘေးမရှိ။


https://www.thitsarparamisociety.com/

-8-

တိဋ္ဌံ။ ။ မတ်တတ်ရပ်ရင်း ပွားများနိုင်သည်။

စရံ။ ။ လမ်းလျှောက်ယင်း ပွားများနိုင်သည်။

နိသိန္နောဝ။ ။ ထိုင်ရင်းပွားများနိုင်သည်။

သယာနော ယာဝတဿ ဝိတမိဒ္ဓေါ။ ။ညောင်းသဖြင့်


လှဲအိပ်ယင်း ပွားများနိုင်၏၊ မအိပ်ချင်သရွေ့
မေတ္တာပွားများနိုင်သည်။

ဧတံ သတိ ံ အဓိေ႒ယ်။ ။ ထိုမေတ္တာသတိကို ပွားကာ


ဆောက်တည်နေပါ။

ဗြဟ္မ မေတံ ဝိဟာရ မိဓမာဟု။ ။ထိုကဲ့သို့ နေမေတ္တာပွားပြီး


နေခြင်းမျိုးကို ဒီသာသနာတော်မှာ အမြတ်ဆုံးနေခြင်းဟု
ရှင်တော်ဘုရား ဟောကြားတော်မူသည်။

ဒိဋ္ဌိဉ္စ အနုပဂ္ဂမ္မ။ ။ ဒိဋ္ဌိအယူ အမှားကို ခွာပေးရမည်။

သီလဝါ။ ။ သီလဖြူစင်အောင် စောင့်ရှောင့်ရမည်။

ဒဿနေန သမ္ပန္နော။ ။ အရိယာဖြစ်အောင် ဝိပဿနာ


ကျင့်စဉ်ကို လေ့လာအားထုတ်ရမည်။
https://www.thitsarparamisociety.com/

-9-

ကာမေသု ဝိနေယျ ဂေဓံ။ ။ ကာမဂုဏ် မက်မောတဲ့


တဏှာကို ကင်းသွားအောင်ကျင့်ရမည်။

န ဟိ ဇာတု ဂဗ႓ေသယ် ပုနေရတိ။ ။ ထိုသို့


ကျင့်ခြင်းကိစ္စပြီးဆုံးသူသည် နောက်ထပ်တစ်ဖန်
မိခင်ဝမ်းထဲသို့ ရောက်ရန်မရှိတော့ပေ။

မေတ္တာအကျိုး ( ၁၁ ) လင်္ကာ

ချမ်းသာအိပ်စက် ၊ ချမ်းသာနိုးလျှက်

အိပ်မက်ဆိုးကင်း ၊ စောင့်ခြင်းနတ်များ

လူသားလည်းချစ် ၊ နတ်လည်းချစ်လျှက်

လက်နက် ၊ ဆိပ်၊ မီး ၊ ပြီးသည့်တစ်ဖြာ

မျက်နှာရွှင်ကြည် ၊ တည်ကြည်နှလုံး

သေဆုံးမတွေ ၊ သေလျှင်နတ်ရွာ

ရောက်တတ်စွာသည် ၊ မေတ္တာအကျိုး ဆယ့်တစ်မျိုး။


https://www.thitsarparamisociety.com/

- 10 -

မေတ္တာဖြင့်

သစ္စာပါရမီဆရာတော်

စင်္ကာပူနိုင်ငံ

You might also like