You are on page 1of 82

1

ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စု


သမ္မတ မြန်မာနိုင်ငံ

ကြားကာလ ဖွဲ့ စည်းပုံအခြေခံဥပဒေ


(မူကြမ်း)

2
ဖက်ဒရယ် ဖွဲ့ စည်းပုံအခြေခံဥပဒေ (မူကြမ်း)
ရေးဆွဲသည့် နောက်ခံသမိုင်းအကျဉ်း

ကရင်ပြည်နယ်တွင် ကရင်အမျိုးသားအစည်းအရုံး ကေအဲန်ယူ၏ ဌာနချုပ် မာနယ်ပလောကိုအခြေခံပြီး


တိုင်းရင်းသားခုခံစစ်ဆင် အဖွဲ့အစည်းအားလုံးနီးပါးပါဝင် ဖွဲ့ စည်း ထားသော အမျိုးသားဒီမိုကရေစီ တပ်ပေါင်းစု
(မဒတ) သည် ရှစ်လေးလုံးမတိုင်ခင် လွန်ခဲ့သော နှစ်အတော်ကြာကတည်းကပင် တည်ရှိနေခဲ့သည်။ မာနယ်
ပလောတွင် ရှစ်လေးလုံးအပြီး တိမ်းရှောင်လာခဲ့ကြသော ကျောင်းသားလူငယ်များ၊ လူလတ်တန်းလွှာများ သည်
အဓိကအားဖြင့် ကေအဲန်ယ၊ူ ကရင်နီအမျိုးသားတိုးတက်ရေးပါတီနှင့် မွန်ပြည်သစ်ပါတီတို့  စိုးမိုးထားရာ ထိုင်း
မြန်မာနယ်စပ်တလျှောက် ရောက်လာကြပြီး မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး
ABSDF ကို ဖွဲ့ခဲ့ကြသည်။ ထိုမှတဆင့် ABSDF နှင့် အခြား ဒီမိုကရေစီအဖွဲ့အစည်းများသည် မဒတ နှင့် ပူးပေါင်း
ပြီး မြန်မာပြည်ဒီမိုကရက်တစ်မဟာမိတ်အဖွဲ့ချုပ် (Democratic Alliance of Burma- DAB) ကို ဖွဲ့ စည်းခဲ့သည်။

၁၉၉၀ ခုနှစ် ဇွန်လတွင် DAB အစည်းအဝေးကြီးတခုက အရေးကြီးသော ဆုံးဖြတ်ချက် နှစ်ရပ်ကို


ချခဲ့ကြသည်။ တခုမှာ ဖက်ဒရယ် ဖွဲ့စည်းပုံအခြေခံဥပဒေ (မူကြမ်း) တရပ် ရေးသားရန်ဖြစ်သည်။ ထိုအစည်း
အဝေးမှနေ၍ မူကြမ်းရေးဆွဲရေး ကော်မတီတရပ်အား ဖွဲ့ စည်းပေးခဲ့သည်။ ယင်းတွင် ဦးအောင်ထူးသည် အဖွဲ့ 
ဝင်တဦးအဖြစ်ပါဝင်ခဲ့သည်။ ABSDF မှ ဦးခင်မောင်ဝင်း(DVB လက်ထောက်ဒါရိုက်တာ တာဝန်ယူခဲ့သ)ူ ၊ NLD
(LA) မှဦးမြင့်သိန်း၊ ၁၉၉၀ မေလရွေးကောက်ပွဲတွင် ရွေးချယ်တင်မြှောက်ခြင်းခံရသည့် ဦးသိန်းဦး၊ ပအိုးဝ်အဖွဲ့ မှ
ခွန်ဥက္ကာ တို့လည်းပါဝင် ခဲ့သည်။ အဖွဲ့ခေါင်းဆောင်မှာထိုစဉ်က ကေအိုင်အို၏ အထွေထွေ အတွင်းရေးမှူး
တာဝန်ယူခဲ့သူ ဒေါက်တာတူးဂျာ ဖြစ်သည်။ နောက်ပိုင်းတွင် ကေအဲန်ယူမှ စောထူးထူးလေး၊ ဒေါက်တာမာတာ
တို့သည်လည်း အဖွဲ့ဝင်များဖြစ်ခဲ့ကြသည်။ အခြားပုဂ္ဂိုလ်များအနက် ရခိုင်အမျိုးသားရှေ့နေကြီးတဦးဖြစ်သူ
ခိုင်စောထွန်းသည် ကွယ်လွန်သွားခဲ့ပြီ ဖြစ်ကြောင်းသိရသည်။

၁၉၉၀ မေလ ရွေးကောက်ပွဲအပြီး န၀တ က အာဏာလွှဲမပေးသောအခါ NLD အဖွဲ့ ဝင် အတော်များ


များနှင့် အနိုင်ရ အမတ်တချို့  မာနယ်ပလော လွတ်မြောက်ဒေသ ကို ရောက်လာခဲ့ကြပြန်သည်။ ထိုအခါ တပ်
ပေါင်းစုတွင် ၄င်းတို့ပါ ပါဝင်နိုင်အောင် ရည်ရွယ်ကာ ပြည်ထောင်စု မြန်မာနိုင်ငံ အမျိုးသားကောင်စီ (National
Council of the Union of Burma – NCUB) ဟူ၍ တိုးချဲ့ ဖွဲ့စည်းခဲ့ကြသည်။ ဖက်ဒရယ် ဖွဲ့စည်းပုံအခြေခံ
ဥပဒေရေးဆွဲရေး ဖြစ်စဉ်ကို NCUB က ဆက်လက်တာဝန်ခံခဲ့သည်။ ယင်း၏ ကြီးကြပ်မှုအောက်တွင် မူကြမ်းရေး
ဆွဲရေးကော်မတီ၏ Coordinator အဖြစ် ဦးအောင်ထူးသည် ၂၀၀၁ ခုနှစ်အထိ ပါဝင်ခဲ့သည်။

ထိုနောက်ပိုင်း ကော်မတီတွင် အဖွဲဝင်အမျိုးမျိုးပြောင်းလဲ ဖွဲ့စည်းခဲ့ကြသည်။ နောက်ဆုံးအပိုင်းတွင်


ကော်မတီကို ဖက်ဒရယ် ဖွဲ့ စည်းပုံမူကြမ်းရေးဆွဲရေး နှင့် ညှိနိုင်းမှု ကော်မတီ Federal Constitution Drafting
and Coording Committee (FCDCC) ဟု အမည်တပ်ပေးခဲ့ကြသည်။ ယင်း၏ ကမကထ ပြုမှုဖြင့် တိုင်းရင်း
သားခုခံစစ်ဆင်နွှဲနေသော အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ၊ ဒီမိုကရေစီအင်အားစုများ၊ အမျိုးသမီးများ

3
အဖွဲ့ချုပ် (Women League of Burma) အပါအ၀င် အခြား လူထုအသင်းအဖွဲ့ အမြောက်အများ တက်ကြွစွာ
ပါဝင် ပူးပေါင်းရေးဆွဲခဲ့ကြသည်။

ယင်းကော်မတီတွင် ဥက္ကဌ တာဝန်ယူခဲ့သူမှာ ကယန်းအမျိုးသားကြီး ဦးခွန်မားကိုဘန်း (၁၉၉၀ မေလ


ရွေးကောက်ပွဲတွင် ရွေးချယ်တင်မြှောက်ခြင်းခံရသူ၊ NCGUB ခေတ်မှာ ဖက်ဒရယ်ရေးရာ ၀န်ကြီး) ဖြစ်သည်။
ယခုတိုင်အသက်ရှင်လျက်ရှိနေဆဲဖြစ်သည်။ ကော်မတီတွင်ပါဝင်သည့် ကျန်ပုဂ္ဂိုလ်ကြီးများအားလုံးသည် လည်း
အသက်ထင်ရှားရှိနေဆဲပင်။ မိမိတို့ကိုယ်ကို မိတ်ဆက်ပြီး ဤအရေးကြီးသော ဖြစ်စဉ်တွင် မည်သို့ ပါဝင်
ကြိုးပမ်းလုပ်ဆောင်ခဲ့ကြကြောင်း ပြန်လည်ထုတ်ဖော်ရန် ထပ်မံ မေတ္တာရပ်ခပ
ါံသည်။ မူကြမ်းကို အောက်ပါ
လင့်ခ်တွင် ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။

https://www.mmpeacemonitor.org/images/pdf/The-constitution-of-the-federal-republic-of-the-union-of-
burma-second-draft.pdf

၂၀၁၇ ခုနှစ်တွင် တိုင်းရင်းသားလူမျိုးများဖက်ဒရယ်ကောင်စီ (United Nationalities Federal Council-


UNFC) ၏ ထိုစဉ်က ဥက္ကဌ ဗိုလ်ချုပ်ကြီးအင်ဘန်လက ဦးအောင်ထူးအား အထက်ပါ ဖက်ဒရယ်ဖွဲ့စည်းပုံ
ဒုတိယမူကြမ်း ကို ပိုမိုကောင်းမွန်အောင် ဖြည့်စွက်ရေးသားနိုင်စေရေး အတွက် ကူညီဦးဆောင်ပေးရန်
မေတ္တာရပ်ခံခဲ့သည်။ ယင်းအပေါ်အခြေခံ၍ ယူအင်န်အက်ဖ်စီ၏ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ အစည်းအဝေးတွင်
ဆွေးနွေးသောအခါ မူလက တာဝန်ပေးအပ်ခြင်းခံရသူ ခွန်ဥက္ကာနှင့် အဖွဲ့ က ၄င်းတို့ ၏ လုပ်ငန်းကို အပြီးသတ်
စေပြီးမှ ဦးအောင်ထူး လက်ဝယ်သို့ လွှဲပေးရန် ဆွေးနွေးသဘောတူညီခဲ့ကြသည်။

သို့ဖြင့် နောက်ထပ် အစည်းအဝေးတခုတွင် ခွန်ဥက္ကာကို ဖိတ်ကြားပြီး လွှဲပြောင်းပေးရန် ကော်မတီ


လူကြီးများက တိုက်တွန်းသောအခါ လွှဲအပ်ပေးမည်ဖြစ်ကြောင်း၊ သို့သော် ၄င်းတို့အဖွဲ့၏ လုပ်ငန်းစဉ်အပြီး
သတ်အောင်လုပ်ဆောင်လိုသေးကြောင်းနှင့် ကာလတခုအထိ စောင့်ရန် ၄င်းကပြန်လည် မေတ္တာရပ်ခံခဲ့သည်။
သို့ရာတွင်နောက်ပိုင်း သိတ်မကြာခင်ကာလမှာပင် ခွန်ဥက္ကာ၏ မိခင်အဖွဲ့အစည်းသည် တနိုင်ငံလုံးအပစ်ရပ်
စာချုပ်လက်မှတ်ထိုးပြီးနောက် ယူအင်န်အက်ဖ်စီမှ နှုတ်ထွက်သွားခဲ့သည်။ သို့ဖြစ်၍ ယူအင်န်အက်ဖ်စီက
နောက်ဆုံးအချိန်အထိ တရားဝင်လက်ခံထားခဲ့သော ဖွဲ့စည်းပုံမှာ ၂၀၀၈ ခုနှစတ
်ွင် FCDCC က ရေးဆွဲ
အတည်ပြုခဲ့သည့် ဖက်ဒရယ်ပြည်ထောင်စုသမ္မတနိုင်ငံ ဖွဲ့စည်းပံအ
ု ခြေခံဥပဒေသာ ဖြစ်သည်။ မြန်မာနိုင်ငံ
ဖွဲ့စည်းပုံရေးဆွဲရေး သမိုင်းတွင် လူထုအခြေခံမေ
ှ န၍ ၁၈ နှစ်ကြာမျှ အချိန်ယူရေးဆွဲပြီးပေါ်ထွက်လာခဲ့သည့်
တခုတည်းသော ဖွဲ့စည်းပုံ ဖြစ်သည်။ တိုင်းရင်းသား ပြည်နယ်များနှင့် ၄င်းပြည်နယ်များအတွင်းနေ လူထုများ
ရသင့်ရထိုက်သည့် ကိုယ်ပိုင်ပြဌာန်းခွင့်အခွင့်အရေးများရော ဒီမိုကရေစီ အခွင့်အရေးများပါ အခြေခံအားဖြင့်
အာမခံထားသဖြင့် ပြည်တွင်းစစ်မီးကို ငြိမ်းစေနိုင်လောက်သည့် အုတ်မြစ်တချပ် ဖြစ်လာနိုင်ပါသည်။

နှစ်ပေါင်း ခုနှစ်ဆယ်ကျော်ကြာ ဖြစ်ပွားခဲ့သော ပြည်တွင်းစစ်မီးအား ၂၀၂၀ ခုနှစ် ရွေးကောက်ပွဲ


ရလာဒ်ကို ကိုင်စွဲ၍ ငြိမ်းသတ်သွားရန် ပိုင်းဖြတ်ထားကြောင်း NLD ထိပ်ပိုင်းခေါင်းဆောင် တချို့ထံမှ အသံများ
ထွက်ပေါ်လာသည်မှာ အားရဘွယ်ဖြစ်သည်။ ၀မ်းမြောက်ဝမ်းသာကြိုဆိုပါသည်။ သို့ရာတွင် ယင်းကို အထောက်
အပံ့ဖြစ်စေမည့် လက်တွေ့ခြေလှမ်းများလှမ်းခြင်းဖြင့် တိုင်းရင်းသားအင်အားစုအားလုံး၏ ယုံကြည်မှုကို
တည်ဆောက်ပြရန် လိုပါမည်။ ယင်းမှာ ပြည်ထောင်စု လွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH)

4
အနေဖြင့်သာမက NLD အနေဖြင့်ပါ ၂၀၀၈ ဖွဲ့စည်းပုံကို ဖျက်သိမ်းကြောင်း ကြေငြာခြင်းနှင့် ဖက်ဒရယ်ဖွဲ့စည်းပုံ
အခြေခံဥပဒေ (ဒုတိယမူကြမ်း) အား ယာယီအတည်ပြုခြင်းတို့ဖြင့် စတင်ရန်ဖြစ်သည်။

၂၀၀၈ ခုနှစ်တွင် အတည်ပြုခဲ့သည့် ဖက်ဒရယ်ဖွဲ့စည်းပုံ (ဒုတိယမူကြမ်း)၏ ကျောရိုးများအပေါ်


အခြေခံ၊ လွန်ခဲ့သော ၁၂ နှစ် အတွင်း နိုင်ငံတကာဖက်ဒရယ်စနစ်ကျင့်သုံးသောနိုင်ငံများ၏ အတွေ့အကြုံများမှ
အားကောင်းချက်များကို ဖြည့်စွက်၊ မြန်မာနိုင်ငံ၏ ယနေ့ ပကတိ အခြေအနေနှင့်ကိုက်ညီစေမည့် အချက်
အလက်များအား ပေါင်းစပ်၊ ဖွဲ့စည်းပုံအခြေခံဥပဒေကိုကိုင်ကာ တရားဝင်မှု (legitimacy) ရရှိစေခြင်း ဖြင့် CDM
လှုပ်ရှားမှုကြီးကို ပံ့ပိုးလျက် စစ်အာဏာရှင်စနစ်အား အပြီးတိုင် တိုက်ဖျက်နိုင်စေရေး အတွက် ဤကြားကာလ
ဖွဲ့စည်းပုံအခြေခံဥပဒေ (မူကြမ်း) အား ဥပဒေ အထောက်အကူပြုကွန်ရက် (Legal Aid Network – LAN) က
ပြုစုပြီး ၂၀၂၁ ခုနှစ် မတ်လ ၁၇ ရက်နေ့တွင် တင်ဆက်လိုက်ပါသည်။

။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။

ရွေးကောက်ပွဲအရ တရားဝင်မှု De jure နှင့် လက်တွေ့ အရ တရားဝင်မှု Defacto


တို့ ကို ကြားကာလ ဖွဲ့ စည်းပုံအခြေခံဥပဒေဖြင့်ပေါင်းစပ်ကာ အမျိုးသားညီညွတ်ရေး ဖက်ဒရယ်
ပြည်ထောင်အစိုးရတရပ် ဖွဲ့ စည်းပြီး

တရားဝင်မှု (Legitimacy) ကို ရှာဖွေခြင်း

CRPH က တိုင်းရင်းသားအင်အားစုများနှင့် ပူးပေါင်းကာ အမျိုးသားညီညွတ်ရေး အစိုးရတရပ် ဖွဲ့ 


စည်းရန် ကမ်းလှမ်းချက်များ၊ ဆွေးနွေးမှုများ၊ ဖက်ဒရယ်တပ်မတော် ပေါ်လာရေးအတွက် စည်းရုံးဖော်
ဆောင် သည့် လုပ်ငန်းများ ကြားသိနေရသည်မှာ သတင်းကောင်းပင်။ တိုင်းရင်းသားခုခံစစ်ဆင်အဖွဲ့ 
အစည်းများအား အကြမ်းဘက် အဖွဲ့ အစည်းမှ ဖြစ်စေ၊ မတရားအသင်းအဖြစ်မှဖြစ်စေ ပယ်ဖျက်ကြောင်း ၂၀၂၁
ခုနှစ် မတ်လ (၁၇) ရက်နေ့ တွင်ကြေငြာချက်ထွက်ပေါ်လာခြင်းမှာလည်း အားရဘွယြ် ဖစ်သည်။ တိုင်းရင်းသား
ခုခံစစ်ဆင်အဖွဲ့ အစည်းများအပေါ် အဖျက်သမားများ၊သောင်းကျန်းသူများ သဘွယ်ထင်မြင်
ခဲ့ရာမှနေ၍ အမှန်တရားအပေါ်လက်ခံလာပြီး ရဲရင့်စွာလှည့်ပြောင်းနိုင်မှုအပေါ် ချီးကျူး အသိအမှတ်ပြု၇ပါ
မည်။ CRPH သည် အလားတူ ရဲရင့်သော ခြေလှမ်းမျိုးများ သွက်သွက်လှမ်းလာနိုင်ပါမူ ပြည်ထောင်စု တခု
လုံးအတွက်များစွာ အကျိုးရှိမည်ဟု မြှော်လင့်ပါသည်။

သို့ ရာတွင် တိုင်းရင်းသားပြည်နယ်များ၊ ၄င်းတို့ အတွင်းမှီတင်းနေထိုင်သော တိုင်းရင်းသားပေါင်းစုံ


လူထုများ၊ တိုင်းရင်းသားခုခံစစ်ဆင် အဖွဲ့ အစည်းများ ရသင့်ရထိုက်သည့်အခွင့အ် ရေးများအား ဖွဲ့ စည်းပုံ
အခြေခံဥပဒေနှင့် အညီ မည်ကဲ့သို့  အပ်နှင်းသွားမည် ဖြစ်ကြောင်းကိုမူ စိုးစဉ်းမျှ မကြားရသေး။

CRPH အနေဖြင့် ဖက်ဒရယ်ပြည်ထောင်စုကို တကယ်တန်း တည်ဆောက်လိုသည် ဆိုပါမူ စစ်


အာဏာရှင်စနစ်ကို ဆန့် ကျင်တိုက်ပွဲဝင်နေသည့် ယခုမျက်မှောက်ကာလမှာပင် အထက်ပါ တိုင်းရင်းသား
အင်အားစုများ၏ နိုင်ငံရေး အခွင့်အရေးများအား တရားဝင် အသိအမှတ်ပြု၊ အုပ်ချုပ်မှုအာဏာများအား ဖွဲ့ 
စည်းပုံအခြေခံဥပဒေနှင့် အညီမျှဝေကျင့်သုံး၊ ပင်လုံစာချုပ်အခြေခံတွင် ဥပဒေစိုးမိုးရေး အုတ်မြစ်အား တပါ
တည်းချမှတ်ရန် လိုပါမည်။ ၁၉၉၀၊ ၂၀၁၀၊ ၂၀၁၅ နှင့် ၂၀၂၀ ရွေးကောက်ပွဲရလာဒ်များသည် ပင်လုံစာချုပ်
အရ ကိုယ်ပိုင်ပြဌာန်းခွင့်၊ အနိမ့်ဆုံးအားဖြင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်အပြည့်အ၀ ခံစားခွင့်ရှိသော တိုင်းရင်းသား
ပြည်နယ်များ၏ နိုင်ငံရေး အခွင့်အရေးအား လုံးဝပင်ထိပါးလျက်ရှိသည်။

5
၂၀၀၈ ဖွဲ့ စည်းပုံအခြေခံဥပဒေအောက်တွင် ၂၀၁၅ ခုနှစ်ရွေးကောက်ပွဲအပြီး ၌ ပြည်ထောင်စုတခု
လုံး၏ အချုပ်အခြာအာဏာအား မြန်မာစစ်တပ်က ၆၅% ခန့် မျှလည်းကောင်း၊ NLD အစိုးရက ၃၅% ခန့် 
လည်းကောင်း ရယူထားခဲ့ပြီး ငါးနှစ်တာသက်တမ်းကို ဖြတ်သန်းအုပ်ချုပ်ခဲ့ကြသည်။ အဆိုပါ အုပ်ချုပ်မှု
နှစ်ခုလုံးသည် ပင်လုံစာချုပ်ကို ချိုးဖောက်ခဲ့ကြသည်။ ကိုယ်ပိုင်ပြဌာန်းခွင့် အခြေခံတွင် နိုင်ငံရေးအရ ဖော်
ဆောင်ခွင့်ရှိသော သီးခြားနိုင်ငံတည်ထောင်ခွင့်အား မကျင့်သုံးသည် ဆိုစေဦး၊ ပင်လုံစာချုပ်အရ ကိုယ့်တိုင်း
ရင်းသားပြည်နယ်အတွင်းတွင် ကိုယ့်ဖာသာကိုယ် အုပ်ချုပ်ခွင့်မရ။ ရာခိုင်နုံး အပြည့် ၁၀၀% ဟူသည်မှာ
စိတ်ကူးယဉ် အိပ်မက်မျှသာရှိခဲ့သည်။

သို့ ဖြစ်၍ စစ်အာဏာရှင်စနစ်တိုက်ဖျက်ရေးအတွက် တိုင်းရင်းသားခုခံစစ်ဆင် အဖွဲ့ အစည်းများ


အနေဖြင့် ဖက်ဒရယ်တပ်မတော် ဖွဲ့ ပြီး မြန်မာစစ်တပ်ကို ၀ိုင်းတိုက်ကြပါ ဟူသော CRPH ၏ ဆော်သြပြော
ဆိုနေမှုသည် ထိရောက်စွာ မဆွဲဆောင်နိုင်သေး။ ၄င်းတို့ စုပေါင်းတိုက်ကြပြီးအာဏာရာဇပလ္လင် တွင် NLD တခု
တည်းကို ထမ်းတင်ပေးခဲ့ကာ ကိုယ့်ပြည်နယ် ကိုယ်ပြန်ကြရမည့်သဘော ဖြစ်နေသောကြောင့်ပင်။

၂၀၀၈ ဖွဲ့ စည်းပုံအောက်၌ ပြည်ထောင်စုတခုလုံး အချုပ်အခြာအာဏာ၏ ၃၅% မျှကိုသာ ခံစား


ကျင့်သုံးခွင့်ရှိခဲ့သော NLD သည် ယခု ၁၀၀% ကျင့်သုံးပါတော့မည်။ ယခု လက်ရှိ CRPH လုပ်ကိုင်ဆောင်
ရွက်နေပုံသည် ၁၀၀% ကျင့်သုံးနေခြင်းဖြစ်သည်။ စစ်အာဏာရှင်စနစ်ကို တိုက်နေဆဲမှာပင် NLD တခုတည်းက
CRPH မှတဆင့် အရာရာ ကို ဆုံးဖြတ်လုပ်ကိုင်လျက်ရှိသည်။ ပင်လုံစာချုပ်အရ ကိုယ်ပိုင်အုပ်ချုပ်
ခွင့် ရာခိုင်နုံးအပြည့်ခံစားခွင့်ရှိသော တိုင်းရင်းသားပြည်နယ်များက NLD နှင့် CRPH ကိုသာ ငေးမြှော်
ကြည့်နေကြရသည်။

CRPH သည် ၂၀၂၀ ခုနှစ်ရွေးကောက်ပွဲရလာဒ် ဟူသည်ကို ဆီမန်းမန်း သလို ထပ်ခါတလဲလဲရွတ်


ဆိုကာ ၄င်းတို့  စိတ်တိုင်းကျဖော်ဆောင်လျက်ရှိသည်။ တိုင်းရင်းသားပြည်နယ်များ၊ ၄င်းတို့ အတွင်းမှီတင်း
နေထိုင်သော လူထုများ၊ ၄င်းတို့ အတွက် ခုခံတိုက်ပွဲဝင်နေသော အဖွဲ့ အစည်းများနှင့် နည်းလမ်းတကျ
တိုင်ပင်ဆွေးနွေး၊ စုပေါင်းဆုံးဖြတ် ခွင့်ရမည့် အနေအထားကို ဖွဲ့ စည်းပုံအခြေခံဥပဒေနှင့် အညီ မည်ကဲ့သို့ 
အပ်နှင်းသွားမည်ဖြစ်ကြောင်း အတိအကျ ဖွင့်ဟခြင်းမရှ။ိ လက်တွေ့ လည်းကျင့်သုံးခြင်းမရှိ။ စစ်ကောင်စီ
အာဏာသိမ်းခဲ့သည်မှာ တလခွဲကျော်သွားပါပြီ။ ဤပုံဤနည်းအတိုင်း ဆက်လက်ဖော်ဆောင်နေပါမူ စစ်
အာဏာရှင်စနစ်နှင့် စစ်ကောင်စီကို ထိထိရောက်ရောက်တိုက်ခိုက်ချေမှုန်းရန် မှာ လွန်မင်းစွာပင် ခဲယဉ်း
ပါလိမ့်မည်။ ၂၀၂၀ ရွေးကောက်ပွဲရလာဒ် တခုတည်းကိုသာ အဓိကထားနေသောကြောင့်ဖြစ်သည်။

အခြားတဘက်တွင် CRPH က ခန့် အပ်ထားသော ကုလသမဂ္ဂ အထူးကိုယ်စားလှယ် ဒေါက်တာ


ဆာဆာသည် ဒီမိုကရေစီကို အဓိပ္ပါယ် ဖွင့်ဆိုရာ၌ သမ္မတလင်ကွန်းရှင်းပြခဲ့သည့် လူထုက ရွေးချယ်တင်
မြှောက်ခြင်းခံထားရသည့် ပုဂ္ဂိုလ်များက လူထုအတွက် အုပ်ချုပ်သည့် လူထု အစိုးရ ဟူသည်ကိုသာ ထပ်ခါ
တလဲလဲ အမွှမ်းတင်လျက်ရှိသည်။ တိုင်း၇င်းသား နိုင်ငံရေးအင်အားစုများအား ချိုးနှိမ်ပြောဆိုလျက် ရှိသည်။
မီဒီယာပေါင်းစုံကနေ၍ NLD ၏ တရားဝင်မှုကိုသာ ထပ်ခါတလဲလဲ အမွှမ်းတင်လျက်ရှိသည်။1 ၄င်းကိုယ်တိုင်က

1
Interview with Kanpetlet Time News (13 October, 2020)

https://www.facebook.com/690676701544851/videos/351611202953635

Duration: from 2:20 to 3:00

NLD ကနှစ်ပေါင်း (၃၀) ရှိပြီ၊ NLD လှုပ်ရှားနေတဲ့အချိန်မှာ တခြားပါတီ တခုမှမပေါ်သေးဘူး၊ ရှလ


ိ ည်း မရှိရဲသေး ဘူး၊
ဘာလို့လဲဆိုတော့ ပါတီနိုင်ငံရေးလုပ်ရင် ထောင်ကျမှာကိုး၊ အဲဒီတုန်းက NLD လွှတ်တော်အမတ်တွေ

6
တိုင်းရင်းသားဖြစ်သော်လည်း တိုင်းရင်းသားများ၏ အခွင့်အရေးဆုံးရှုံးမှု၊ ဘ၀ နှင့် ပြဿနာများကို
ထဲထဲဝင်ဝင်သိအောင်မလေ့လာ။ သို့ ဖြင့် ဒေါက်တာဆာဆာသည် ပြည်ထောင်စု ၏ အသံဖြစ်မလာဘဲ NLD ၏
အသံတခုတည်းဖြင့် ကမ္ဘာကို တိုးရန်ကြိုးပမ်းလျက်ရှိကြောင်းတွေ့ ရသည်။ ၄င်းကိုယ်တိုင်မှာ စိတ်ရင်း စေတနာ
ကောင်းပုံရ၊ှိ လုပ်ခြင်ကိုင်ခြင်စိတ်ထက်သန်ပုံရသော်လည်း နိုင်ငံေ၇းအတွေ့ အကြုံ နုနယ်လွန်းခြင်းနှင့်
ရွေးကောက်ပွဲ ရလာဒ်မျှကိုသာ ထာဝရ အမှန်တရားအဖြစ်ကိုင်စွဲထားခြင်းတို့ ကြောင့်ဖြစ်သည်။ သို့ ဖြစ်၍ ၂၀၂၀
ခုနှစ် ရွေးကောက်ပွဲရလာဒ်အပေါ် သုံးသပ်ရန် လိုအပ်လာသည်။

၂၀၂၀ပြည့်နှစ် နိဝ
ု င်ဘာ၈ရက်နေ့ရွေးကောက်ပွဲတွင် NLDကပင်ပြည်သူ့ လွှတ်တော် ၂၅၈ နေရာ၊
အမျိုးသားလွှတ်တော် ၁၃၈ နေရာရခဲ့သည်။ ထို့ ကြောင့် ပြည် ထောင်စုလွှတေ် တာ် ၌ စုစုပေါင်း ၃၉၆ နေရာ
ရခြင်းဖြစ်သည်။ ပြည်နယ်/တိုင်းဒေသကြီးလွှတ်တော်တွင် ၅၀၁နေရာရရှိသည်။ သို့ ဖြစ်၍ ၈၃ ရာခိုင်နှုန်း ခန့်မဲ
အပြတ်အသတ် ဆက်လက်အနိုင်ရရှိခဲ့ကြောင်း တွေ့ ရသည်။ တိုင်းရင်းသားနိုင်ငံရေးပါတီ
များက မူ ပြည်သူ့လွှတ်တော်တွင် ၃၁ နေရာနှင့် အမျိုးသားလွှတ်တော်တွင် ၁၆ နေရာ စုစုပေါင်း ၄၇
နေရာသာအနိုင်ရရှိခဲ့ပါသည်။

တစ်နိုင်ငံလုံးတွင် မြို့နယ် ၃၃၀ အနက် တိုင်းဒေသကြီး ၇ တိုင်း၌ ၂၀၇ မြို့နယ်ရှိပြီး ပြည်နယ် ၇ ခု


တွင် ၁၂၃ မြို့ နယ်သာ သတ်မှတ်ပေးထားသဖြင့် တိုင်းဒေသကြီးများမှ ပြည်သူ့ လွှတ်တော် ကိုယ်
စားလှယ် ၂၀၇ ဦးနှင့် ပြည်နယ်များမှ ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ၁၂၃ ဦး ရှိသဖြင့် ၂ အချိုး ၁
အရေအတွက်နီးပါး တိုင်းဒေသကြီးက အလိုလို အသာရရှိစေရန် ဖန်တည်းပေးထားသည်။2

အထက်ပါသုံးသပ်ချက်အရ NLD အနိုင်ရသည့်ပထမဆုံးအကြောင်းခံမှာ ပြည်ထောင်စုဖွဲ့ စည်းပုံနှင့်


ဆက်စပ်လျက် မဲဆန္ဒနယ်မြေသတ်မှတ်ခြင်းနှင့် ဆိုင်သည်။ ဒုတိယအကြောင်းခံမှာ အများစုသက်သက်၏
ဆန္ဒအပေါ်တွင်သာ အခြေခံသည့် ဒီမိုကရေစီ (Majoritarian Democracy) သာ ကျင့်သုံးခြင်းကြောင့် ဖြစ်
သည်။ တတိယအချက်မှာ ရက်ပေါင်း ၉၀ အတွင်းရောက်ရှိလာသော ပြည်တွင်းရွှေ့ ပြောင်းအလုပ်လုပ်ကိုင်
သူများတွင် မှတ်ပုံတင် အထောက်အထားမရှိသော်လည်း ဒေသခံကိုယ်စားလှယ်လောင်းများအား ပုံစံ (၃) (က)
ဖြင့် မဲပေးခွင့်ပြုခဲ့ခြင်းကြောင့်ဖြစ်သည်။3 စတုတ္ထအချက်မှာ တိုင်းရင်းသားပြည်နယ်များ၌ ဒေသခံပြည်
သူများ နေရင်းရပ်ရွာစွန့် ခွာတိမ်းရှောင်နေကြရခြင်း၊ ဒုက္ခသည်များအဖြစ် တိုင်းတပါးသို့ ရောက် နေခြင်း၊
အိမ်နီးခြင်း ထိုင်းနိုင်ငံတွင် ရွှေ့ ပြောင်းအလုပ်သမား ၄ သန်းခန့် ရှိသည်အ
့ နက် အများစုမှာ တိုင်းရင်းသား

အကုန်လုံးထောင်ကျတယ်လေ။ အခုက ပါတီပေါင်း (၉၀) ကျော်ရှိလာတယ်၊ လွတ်လွတ်လပ်လပ်လှုပ်ရှားလို့ရ လာတယ်


အဲ့ဒါ NLD ကြောင့်။ ဒါကြောင့် NLD ကိုတိုက်ခိုက်နေမယ့်အစား ကျေးဇူးတောင် တင်သင့်တယ်။

Duration: from 6:10 to 7:11

တိုင်းရင်းသားတွေအားလုံးပါချင်တယ်ဆိုရင် တိုင်းရင်းသားတွေအားလုံးကလည်း NLD မှာပါပြီးတော့ ပြည်


ထောင်စုအစိုးရဖွဲ့တဲ့နေရာမှာ ပါသင့်၊ ဥပမာ တိုင်းရင်းသားရေးရာ ဝန်ကြီးဟာ တိုင်းရင်းသားဖြစ်ရတော့မယ်၊ ငြိမ်းချမ်းရေးနဲ့
ပတ်သက်တဲ့ ဝန်ကြီးဟာ တိုင်းရင်းသားဖြစ်ရတော့မယ်၊ တိုင်းရင်းသားပါတီတွေက ဘယ်လိုမှ အစိုးရမဖွဲ့နိုင်တဲ့အခါကျတော့
တိုင်းရင်းသားရေးရာဝန်ကြီးက ဘယ်လိုလုပ် တိုင်းရင်းသားဖြစ်တော့မလဲ။ ဒါက strategy နဲ့ဆိုင်တယ်၊ ကျနော်တို့မှာ
strategy ကောင်းကောင်းမရှိဘူးဆိုရင် နိုင်ငေ
ံ ရးမလုပ်နဲ့၊ ဘယ်တော့မှ အောင်မြင်မှာမဟုတ်ဘူး၊ ရှင်းရှင်းလေးပါဘဲ။
2
နိုင်ဗညားမွန်၊ ဖက်ဒရယ်ရေးရာ နှင့် ပေါ်လစီ ပရိုဂရမ်၏ ဒါရိုက်တာ
3
နိုင်ဗညားမွန်

7
ပြည်နယ်များမှ ဖြစ်ခြင်း၊ မြန်မာလူမျိုးများက တိုင်းရင်းသားပြည်နယ်များအတွင်းသို့ အလုံးအရင်းနှင့် ၀င်
ေ၇ာက်လာကြပြီး မဲပေးခွင့်များရယူသွားကြခြင်း တို့ ကြောင့်ဖြစ်သည်။4

သို့ ဖြစ်၍ NLD သည် ၂၀၂၀ ရွေးကောက်ပွဲရလာဒ် အပေါ် ငါတဦးတည်းသိမ်း ကြုံးခံစားမည်ဟူ၍


မစဉ်းစားသင့်။ အထက်ပါအခြေအနေများနောက်ခံတွင် တိုင်းရင်းသားပြည်နယ်များအနေဖြင့် ပင်လုံစာချုပ်
အရ ကိုယ်ပိုင်အုပ်ချုပ်ခွင့်အပြည့်အ၀ရပိုင်ခွင့်ဆုံးရှုံးခဲ့ခြင်းအပေါ် အသိအမှတ်ပြုရန်လိုသည်။ ငါတို့ က
ရွေးကောက်ပွဲတွင် သောင်ပြိုကမ်းပြို နိုင်ခဲ့သည် ဟူ၍ ကြုံးဝါးကာ တိုင်းရင်းသားပြည်နယ်များ၏ အခွင့်အေ၇းကို
မျက်ကွယ်မပြုသင့်ပါ။ ရွေးကောက်ပွဲအပေါ် လူနည်းစုတိုင်းရင်းသား ရှုထောင့်မှနေ၍ စိတ်ပျက် လက်ပျက်
ထုတ်ဖော်ခဲ့သည့် ၀သပ ၏ စာတမ်းကို လေ့လာသင့်ပါသည်။

ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ (၂၁ရာစု ပင်လုံညီလာခံ) နိုင်ငံရေးဆွေးနွေးမှု အပေါ်” ဝ” ပြည်


နယ်၏အထွေထွေမူဝါဒနှင့် အသေးစိတ်တောင်းဆိုချက်များ အနေဖြင့် ၀ပြည်သွေးစည်းညီညွတ်ရေးပါတီ
ပါတီက ၂၀၁၆ ခုနှစ်သြဂုတ်လ (၃၁) ရက်နေ့ တွင် တင်သွင်းခဲ့သော စာတမ်းမှ5 အောက်ပါအပိုဒ်ကို
ကောက်နုတ်တင်ပြလို ပါသည်။

၃။ လွှတ်တော်၏ လွှတ်တော်အမတ်နေရာခွဲဝေမှုဆိုင်ရာကိစ္စ

အင်္ဂလိပ်ကိုလိုနီခေတ်မှစ၍ ယနေ့တိုင် အားလုံးနီးပါးသော အရင်းအမြစ်များသည် ဗမာတိုင်းရင်း သားဒေသ


တွင် ပညာရေး၊ယဉ်ကျေးမှု၊ ကျန်းမာရေး၊နိုင်ငံရေး၊စီးပွားရေးစသည့် အဖက် ဖက်တွင် များစွာသော အရင်း
အမြစ်များရရှိထားပြီးဖြစ်သည်။ ၂ဝဝ၈ခုနစ် ဖွဲ့စည်းပုံအခြေခံဥပဒေ၏ တည်ဆောက်ပုံမှာလည်း နဂိုပင်သာ
လွန်သော ဗမာတိုင်းရင်းသားနှင့် တပ်မတော်ကို နိုင်ငံရေးရင်းမြစ် မြောက်မြားစွာ ခွဲဝေပေးခဲ့သည်။
အခြားတိုင်းရင်းသားပေါင်းစုံ အထူးသဖြင့် လူဦးရေနည်းပါး၊ ပညာယဉ်ကျေးမှု ခေတ်နောက်ကျသော
တိုင်းရင်းသားများအနေဖြင့် ၂ဝဝ၈ ဖွဲ့စည်းပံကု သတ်မှတ်ပေးထားသော ရွေး ကောက်ပွဲ ဥပဒေအရ
လွှတ်တော်အမတ်နေရာရရှိဖို့ လုံးဝမျှော်လင့်ချက်မရှိပါ။ အရေအတွက် နည်းပါးသော လွှတ်တော်အမတ်
နေရာရရှိခဲ့လျှင်လည်း မိမိနှင့် သက်ဆိုင်သော တိုင်းရင်းသားရေးရာအပေါ် အဆိုပြုချက်အား
အတည်ပြုသွားနိုင်ဖို့ အလွန်ခက်ခဲပါသည်။ မိမိတိုင်းရင်းသား၏ တရားနည်းလမ်းကျသော တောင်းဆိုချက်ကို
မဖော်ထုတ်နိုင်ပါ။ စစ်မှန်သော နိုင်ငံရေး တန်းတူညီမျှမှုလည်း မဖော်ပြနိုင်ပါ။

ဝသပ ၏ အထက်ပါ ကျိုးကြောင်းဆီလျော်သော တင်ပြချက်ကို ထိုစဉ်က မင်းအောင်လှိုင်ခေါင်း


ဆောင်သည့် စစ်အုပ်စုသည်လည်းကောင်း၊ ဒေါ်အောင်ဆန်းစုကြည်ခေါင်းဆောင်သော NLD အစိုးရသည်
လည်းကောင်း အကြွင်းမဲ့ ဥပက္ခာပြုခဲ့သည်။ လူများစု လွှမ်းမိုးမှု အောက်တွင်လူနည်းစုအခွင့်အရေး အား မည်
ကဲ့သို့ ကာကွယ်စောင့်ရှောက်သင့်သည် ဟူသည်အား ဒီမိုကရေစီ ရှုထောင့်မှနေ၍ပင် ဒီမိုကရေစီ အစိုးရဟု
အမည်ခံယူထားသော NLD အစိုးရက နည်းလမ်းရှာဖွေခြင်း မပြုခဲ့။ လူများစု မြန်မာလူမျိုးများ အနိုင်ရရေးကို
အဓိကထားကျင့်သုံးလျက်ရှိသော ရွေးကောက်ပွဲစနစ်ကိုသာ ပိုမိုအားကောင်းအောင်ပြုလျက် ၂၀၂၀ ရွေး
ကောက်ပွဲကို ဖြတ်သန်းခဲ့ပြန်သည်။ ယခုအချိန်တွင် NLD နှင့် CRPH သည် ၀သပ၏ အောက်ပါ အဆိုပြုချက်
အား လိုက်ပါ စဉ်းစားဖော်ဆောင်သင့်ပြီ ဖြစ်သည်။

4
နိုင်ဗညားမွန်
5
https://drive.google.com/file/d/1VsDPOCehnpxKGC9cd7SB7k9OGJynJpj5/view?usp=sharing

8
ထို့ကြောင့် အမျိုးသားပြန်လည်သင့်မြတ်ရေးကို ထိထိရောက်ရောက်ဖော်ဆောင်လိုလျှင် အဓိကအချက်မှာ
နိုင်ငံရေးရင်းမြစ်၏ခွဲဝေမှု တကယ့်တန်းတူရည်တူရှိအောင် စီမံဆောင်ရွက်ရမည်ဟု ‘ဝ’ ပြည်နယ်မှ
သုံးသပ်မိပါသည်။ လွှတ်တော်အမတ်၏ နေရာခွဲဝေမှုနည်းပါးသော တိုင်းရင်းသား၊ပညာ ယဉ်ကျေးမှု
ခေတ်နောက်ကျသော တိုင်းရင်းသားများအတွက် ကာကွယ်စောင့်ေ၇ှာက်သည်ဟု ဖော်ပြရမည်။

‘ဝ’ ပြည်နယ်၏အကြံပြုချက်မှာတပ်မတော်၏၂၅% ပုံသေလွှတ်တော်အမတ်နေရာကို အားနည်းသော လူမျိုးစုနှင့်


တိုင်းရင်းသားတို့အတွက် အာမခံချက်ရှိသော လွှတ်တော်အမတ်နေရာ အဖြစ် ကျင့်သုံး ဆောင်
ရွက်ရန်ခွဲဝေပေးသင့်သည်။

ဧရာဝတီတိုင်း၊ တနင်္သာရီတိုင်း၊ စစ်ကိုင်းတိုင်း စသော တိုင်းဒေသကြီးများတွင် တိုင်းရင်းသား လူ


နည်းစုပြဿနာများ ရှိနေဆဲဖြစ်သည်။ သို့ ၇ာတွင် ၂၀၂၀ ရွေးကောက်ပွဲရလာဒ်ကို အသိအမှတ်ပြုသည့်
အနေဖြင့် ကြားကာလ အတွင်းတွင် NLD က အာဏာအားလုံးကို ရယူသုံးစွဲခြင်းအပေါ် ယေဘုယျအားဖြင့် ကန့် 
ကွက် ရန်မရှိ။

သို့ ရာတွင် NLD သည် အခြားတိုင်းရင်းသားပြည်နယ်များနှင့် စပ်လျဉ်း၍မူ မတူကွဲပြားစွာ ဖော်


ဆောင်ရန် တာဝန်ရှိသည်။ အာဏာသိမ်းစစ်ကောင်စီကလည်း တိုင်းရင်းသား အင်အားစုများအား အပြိုင်
အဆိုင် စည်းရုံးလျက်ရှိသည်။ တဘက်တွင် အပစ်ရပ်လက်မှတ်ထိုး ဆယ်ဖွဲ့ အား NCA စာချုပ်အတိုင်းဆက်
သွားပြီး ငြိမ်းချမ်းေ၇းရအောင်တည်ဆောက်သွားမည် ဟု ချော့မြှူထားသည်။ အခြား တဘက်တွင်တိုင်းရင်း
သား နိုင်ငံရေးပါတီများ လွှတ်တော်အတွင်းပိုမိုနေရာများရရှိစေရန် ဟူ၍ အကြောင်းပြကာ အချိုးကျ
ကိုယ်စားပြုရွေးချယ်တင်မြှောက်ရေးစနစ်6 ကျင့်သုံးမည်ဟူ၍ ဆွဲဆောင်ထားပြန်သည်။

စင်စစ်အားဖြင့်မူ ၂၀၀၈ ဖွဲ့ စည်းပုံအောက်တွင် မြန်မာစစ်တပ်က တိုင်းပြည်အာဏာကို ၆၅% ၊ NLD အား


၃၅% ခွဲပေးထားရာကနေ မဟာဗျူဟာပြောင်းသွားခြင်းဖြစ်သည်။ NLD ကို အသေသတ် (သို့ မဟုတ)်
မသေ့တသေ ထားပြီး NLD ကို ပေးခဲ့သည့် ၃၅%အား အခြားဒီမိုကရေစီ နှင့် တိုင်းရင်းသားပါတီ အားလုံးကို
အချိုးချပြီး မျှပေးလိက
ုရန်ပင်ဖြစ်သည်။ ဤနည်းဖြင့် စစ်အာဏာရှင်စနစ်အား မြန်မာနိုင်ငံတွင် ကမ္ဘာတည်သရွေ
့တည်စေရေးမဟာစီမံချက်ကြီးဖြင့် ဖော်ဆောင်နေခြင်းပင်။ သို့ ရာတွင် ယင်းကို ပေါ့ ပေါ့ 
လျှော့မတွက်သင့်။ ၅၈ ပါတီကစစ်ကောင်စီ ခင်းထားသည့် လမ်းကြောင်းကို လျောက်ရန် ဟန်ရေးပြင်
လျက်ရှိနေသည်။ သို့ ဖြစ်၍ NLD သည် ၂၀၂၀ ရွေးကောက်ပွဲကို လက်ညှိုးထိုးကာ ငါတယောက်တည်း
အာဏာ ၁၀၀% ယူမည် ဟူ၍ လောဘကြီးခြင်းမျိုးမဖြစ်သင့်။

NLD အနေဖြင့် ပြည်ထောင်စု တွင် မိမိကိုယ်တိုင် အာဏာ၏ ၆၅% ကိုရယူပြီး တိုင်းရင်းသား


ခုခံစစ်ဆင်အဖွဲ့ အစည်းများနှင့် ၄င်းတို့ ၏ လူထအု သင်းအဖွဲ့ များက ၃၅% ခံစားမှု ကိုလည်းကောင်း၊
တိုင်းရင်းသားပြည်နယ်များ၌ ၂၀၂၀ ရွေးကောက်ပွဲ အနိုင်ရ သော ပါတီအားလုံးက ၅၀% ကို ရယူပြီး တိုင်း
ရင်းသားခုခံစစ်ဆင်အဖွဲ့ အစည်းများနှင့် ၄င်းတို့ ၏ လူထုအသင်းအဖွဲ့ များက ၅၀% ရယူခြင်းကိုလည်း
ကောင်း အသိအမှတ်ပြုရန် လိုသည်။ ဤသည်ကို ဖွဲ့ စည်းပုံ အခြေခံဥပဒေနှင့်အညီ ဒီမိုကရေစီကိုကျင့်သုံး
ခြင်း (Constitutional Democracy) နှင့်လည်း ဆက်စပ် စဉ်းစားသင့်ပါသည်။ ယင်း၏ သဘောမှာ လူများစု

6
Proportional representation election system

9
လွှမ်းမိုးမှုကို လက်ခံသော်လည်း လူနည်းစု၏ အခွင့်အရေးကို ကာကွယ်စောင့်ရှောက်ခြင်းမူ7 အခြေခံမှနေ၍
လူနည်းစုများအတွက် နိုင်ငံရေးအရ ပုံသေ သတ်မှတ်ထားသော နေရာများ8 ဖန်တည်းပေးထားခြင်း ပင်။

သာဓကအားဖြင့် ဘယ်လ်ဂျီယံနိုင်ငံ ဘရပ်ဆဲလ် မြို့ တော်ပါလီမန်တွင် စုစုပေါင်း ၈၉ နေရာရှိသည့်


အနက် ရွေးကောက်ပွဲဝင်စရာမလိုဘဲ ဖင်းနစ် လူနည်းစု အမျိုးသားများအတွက် ၁၇ နေရာ9 သတ်မှတ်ထား
ပေးသည်။10 အလားတူ အခြားနိုင်ငံများတွင်လည်း အတော်များများ ကျင့်သုံးကြသည်။ ယင်းမှာ
ရွေးကောက်ပွဲအပေါ်အခြေခံသည့် တရားဝင်မှု de jure နှင့် ရွေးကောက်ပွဲ အရမဟုတ်ဘဲ လက်တွေ့  အရ
တရားဝင်မှု defacto တို့ ပေါင်းစပ်ကျင့်သုံးခြင်းဖြစ်သည်။

၂၀၀၈ ဖွဲ့ စည်းပုံအောက်တွင် ပေါ်ပေါက်လာခဲ့သော သမ္မတကြီး ဦးဝင်းမြင့် အစိုးရသည် ကုလသမဂ္ဂနှင့်


နိုင်ငံတကာ က တရားဝင် အသိအမှတ်ပြုခဲ့ကြောင်း ပြုနေဆဲလည်း ဖြစ်ကြောင်း CRPH က ထပ်ခါ ထပ်ခါ
ပြောခဲ့သည်။ ယင်းမှာ de jure နဲ့ defacto ပေါင်းစပ်ထားသည့် အခြေခံတွင် ၂၀၀၈ ဖွဲ့ 
စည်းပုံက တရားဝင်အောင် ပြုလုပ်ပေးလိုက်ခြင်းဖြစ်သည်။ စစ်အာဏာရှင်စနစ်ကို အသက်သွင်းထားစေဦး၊
ဖွဲ့ စည်းပုံ အခြေခံဥပဒေ ၏ သဘာဝအရ ၄င်းတွင် စွမ်းအားရှိကြောင်း သတိမူသင့်ပါသည်။

စစ်သား ၂၅% လွှတ်တော်ထဲတွင် ရှိနေခြင်းမှာ မည်သူကမျှ ရွေးချယ်တင်မြှောက်ထားခြင်းမဟုတ်။


စစ်သား ကို ဒုသမ္မတ ကနေ သမ္မတ ဖြစ်နိုင်တဲ့ အခြေအနေအထိ ဖွင့်ပေး၊ အသိအမှတ်ပြုပေးခဲ့ခြင်းမှာ de jure
မဟုတ် defacto သာဖြစ်သည်။ အဓိက အကျဆုံး ပြည်ထောင်စု ၀န်ကြီးသုံးပါးကို ပြည်ထောင်စု အစိုးရ အဖွဲ့ 
ထဲတွင် ထည့်သွင်းပြီး ဖွဲ့ ခွင့်ပြုခဲ့ခြင်းမှာလည်း defacto သာ ဖြစ်သည်။ အဆိုပါ defacto များ အားလုံးကို

7
MAJORITY RULE AND MINORITY RIGHTS. Although "the majority rules," the fundamental rights of
individuals in the minority are protected. <Center for Civil Education, Constitutional Democracy:
https://www.civiced.org/lesson-plans/constitutional-democracy>
8
Reserved seats
9
Edited and revised list from Wikipedia ‘reserved political positions’ (last edited on 1 March 2021)
<https://en.wikipedia.org/wiki/Reserved_political_positions>
10
Article 67 of the Belgium Constitution (2014):
§ 1.The Senate is composed of sixty senators, of whom :
1° twenty-nine senators appointed by the Flemish Parliament from among its members or from among the members
of the Dutch linguistic group of the Parliament of the Brussels-Capital Region ;
2° ten senators appointed from among its members by the Parliament of the French Community ;
3° eight senators appointed from among its members by the Parliament of the Walloon Region ;
4° two senators appointed from among its members by the French linguistic group of the Parliament of the Brussels-
Capital Region ;
5° one senator appointed from among its members by the Parliament of the German-speaking Community ;
6° six senators appointed by the senators referred to in 1°;
7° four senators appointed by the senators referred to in 2° to 4°.

10
တရားဝင်အတည်ပြုပေးခဲ့ခြင်းမှာလည်း NLD ပင် ဖြစ်သည်။ NLD သည် ဖွဲ့ စည်းပုံအခြေခံ
ဥပဒေနှင့် အညီ defacto ကို လက်ခံခဲ့သည်မှာ အထင်အရှားဖြစ်သည်။

ယခုအမျိုးသားညီညွတ်ေ၇း ဖက်ဒရယ်အစိုးရဖွဲ စည်းရာတွင်ရွေးကောက်တင်မြှောက်ခြင်းမခံရသော


တိုင်းရင်းသားခုခံစစ်ဆင် အဖွဲ့ အစည်းများ၏ ခေါင်းဆောင်များ၊ ၄င်းတို့ ၏ လူထုအသင်းအဖွဲ့ များက ပုဂ္ဂိုလ်များ၊
အခြားနိုင်ငံရေးခေါင်းဆောင်၊ လူထုခေါင်းဆောင်များ၊ ပညာရှင်များနှင့်ပေါင်းပြီးဖွဲ့ စည်းရန် အဆိုတင်သွင်း
လာသော အခါရောက်မှ defacto ကို မငြင်းသင့်ပါ။ တိုင်းရင်းသားခုခံစစ်ဆင် အဖွဲ့ အစည်း များ နှစ်ပေါင်းများစွာ
အသက်သွေးချွေးများ ရင်းပြီးရရှိထားသော နယ်မြေ၊ အုပ်ချုပ်ရေး၊ စစ်တပ် စသည်တို့ 
အပေါ်အခြေခံလျက် ရရှိထားသည့် defacto ကို NLD နှင့် CRPH တို့  နည်းလမ်းတကျ တရားဝင် အသိအမှတ်
ပြုသင့်ပါသည်။

NLD က ၄င်းရရှိထားသော de jure ပျက်စီးမှာ စိုးရိမ်သဖြင့် ပေါင်းပြီး မဖွဲ့ ခြင်သည့်


သဘောငြင်းဆိုနေပါမူ အားကောင်းသည့် အစိုးရ အဖွဲ့ ကြီးတရပ်ပေါ်လာနိုင်ခြေမရှိ။ စစ်အာဏာရှင်စနစ်နှင့်
စစ်အုပ်စုကို ထိထိရောက်ရောက်တိုက်နိုင်ခြေ နည်းပါးလိမ့်မည် ဖြစ်သည်။ အထက်ပါကဲ့သို့ ပေါင်းပြီးဖွဲ့ 
စည်းခြင်းမှာလည်း လက်လွတ်စပယ် မဟုတ်။ ဖွဲ့ စည်းပုံအခြေခံဥပဒေတရပ် ပြဌာန်း၍ နိုင်ငံတကာ နှင့်
ပြည်တွင်းလူထုများက လက်ခံနိုင်လောက်သည့် အနေအထားမျိုးဖြင့် စနစ်တကျ ဖွဲ့ စည်းရန် အဆို
တင်သွင်းနေခြင်း ဖြစ်ပါသည်။ ဖွဲ့ စည်းပုံအခြေခံဥပဒေကို အခြေခံပြီး de jure နှင့် defacto ပေါင်းကာ ဖက်ဒရယ်
ပြည်ထောင်စုလွှတ်တော်၊ အမျိုးသား ညီညွတ်ရေး ဖက်ဒရယ် ပြည်ထောင်စု အစိုးရ၊ ပြည်ထောင်စု
တရားလွှတ်တော်ချုပ် နှင့် ပြည်ထောင်စု အဆင့်ကော်မတီ ကော်မရှင်များ ဖွဲ့ စည်းနိုင်မည် ဆိုပါမူ
တရားဝင်အစိုးရအဖြစ် အသိအမှတ်ပြုခံရနိုင်ခြေ များစွာရှိပါသည်။ ယင်းသို့ ဆောင်ရွက်နိုင်ပါက တဖြေးဖြေး
အခက်အခဲများ တွေ့ သည်ထက် တွေ့ လာနေရသော CDM လှုပ်ရှားမှုကြီးအားအမြန်ဆုံးပံ့ပိုး နိုင်ခြေရှိပါမည်။
ယင်းကို အထောက်အပံ့ဖြစ်စေရေးအတွက် ဤကြားကာလ ဖွဲ့ စည်းပုံအခြေခံဥပဒေ (မူကြမ်း) အား
တင်သွင်းလိုက်ခြင်း ဖြစ်ပါသည်။

ယင်းနောက်ခံတွင် အောက်ပါ လုပ်ငန်းစဉ် သုံးရပ်အား တပြိုင်တည်းလုပ်ဆောင်ပြီးမှသာ အမျိုးသား


ညီညွတ်ေ၇းဖက်ဒရယ် အစိုးရတွင် ပါဝင်ဦးဆောင်သင့်သူများအား ညှိနိုင်းရွေးချယ် ဖိတ်ခေါ် ဖွဲ့ စည်းသင့်
ပါကြောင်း အဆြို ပုလိုက်ပါသည်။

(၁) ၂၀၀၈ ဖွဲ့ စည်းပုံကို ဖျက်သိမ်းကြောင်းကြေငြာခြင်း၊

(၂) ပြည်တွင်းနှင့် နိုင်ငံတကာရှိ ၄င်းတို့ ၏ သက်ဆိုင်ရာ တိုင်းရင်းသားလူထုအသင်းအဖွဲ့ များနှင့် ညှိနိုင်း


ဆောင်ရွက်သော တိုင်းရင်းသားခုခံစစ်ဆင် အဖွဲ့ အစည်းများနှင့် တိုင်ပင်ကာ ဖက်ဒရယ် ဖွဲ့ စည်းပုံ
တရပ်ရပ်ကို ယာယီ အတည်ပြုကြောင်းကြေငြာခြင်း၊

(၃) အဆိုပါ ဖက်ဒရယ်ဖွဲ့ စည်းပုံပေါ်အခြေခံပြီး ယာယီ ကြားကာလဖွဲ့ စည်းပုံတရပ်ကို အတည်ပြုခြင်း။

။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။

ရှင်းလင်းချက်

အထက်ပါ စာမျက်နှာ ၃ မှ ၁၁ အထိပါ ဖော်ပြချက်များသည် နောက်ခံအခြေအနေဆိုင်ရာ တင်ပြချက်များသာ


ဖြစ်ပါသည်။ အောက်တွင် ဆက်လက်၍ တင်ပြထားသော စာမျက်နှာ ၁၂ မှ ၈၁ အထိ တို့ သည်သာ ကြားကာလ
ဖွဲ့ စည်းပုံအခြေခံဥပဒေ (မူကြမ်း) ဖြစ်ကြောင်းတင်ပြအပ်ပါသည်။

11
ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ
ကြားကာလ ဖွဲစည်းပုံအခြေခံဥပဒေ
(မူကြမ်း)
မာတိကာ
နိဒါန်း

အခန်း(၁)၀ိသေသလက္ခဏာများ………………………………………………………………………………………… ၁၄

အခန်း(၂)အခွင့်အရေးများ၊ရပိုင်ခွင့်များနှင့်တာဝန်များ….………………………………………………………… ၁၇

အခန်း(၃) ဖက်ဒရယ်ပြည်ထောင်စု အဖွဲ့ ဝင်ပြည်နယ်များ ...............………………..………………………… ၃၄

အခန်း (၄)ဖက်ဒရယ်ပြည်ထောင်စုလွှတ်တော်……………………………………………………………………… ၃၈
(က) အမျိုးသားလွှတ်တော်
(ခ) ပြည်သူ့ လွှတ်တော်
အခန်း(၅) ဖက်ဒရယ်ပြည်ထောင်စု ဥပဒေပြုခြင်း………………………………………………………….………… ၄၈

အခန်း(၆) ဖက်ဒရယ်ပြည်ထောင်စုသမ္မတ……………..……………………………………………………………… ၅၃

အခန်း (၇) ဖက်ဒရယ်ပြည်ထောင်စုအစိုးရ………………………………………………………………………… ၅၉

အခန်း(၈) ဖက်ဒရယ်ပြည်ထောင်စုတရားစီရင်ရေး………………..……….……………………………………… ၆၄

အခန်း(၉) နိုင်ငံသားဖြစ်ခြင်း…………….……………………………………………………………………………… ၆၈

အခန်း(၁၀) ဖက်ဒရယ်ပြည်ထောင်စုကာကွယ်ရေးနှင့်လုံခြုံရေး…………….…………………………………… ၇၀

အခန်း(၁၁) အရေးပေါ်အခြေအနေ……………………………………………….…………………….……………… ၇၂

အခန်း(၁၂) အထွေထွေပြဌာန်းချက်များ…………………….……………………………………………….………… ၇၅

အခန်း(၁၃) အသွင်းကူးပြောင်းရေးကာလဆိုင်ရာပြဌာန်းချက်များ……………….………………….….……… ၇၉

အခန်း (၁၄) ဖွဲ့ စည်းပုံအခြေဥပဒေပြင်ဆင်ခြင်း…………………………………………………….……………… ၈၀

12
နိဒါန်း

လွတ်လပ်မှု၊ တန်းတူမှု၊ တရားမျှတမှု တည်းဟူသော လောကပါလတရားကို ဦးထိပ်ထားလျက်


ကျွန်ပ်တို့ ဖက်ဒရယ်ပြည်ထောင်စု နိုင်ငံသားတို့သည် ငြိမ်းချမ်းသာယာဝပြောပြီး ထာဝစဉ်အဓွန့်ရှည်တည်တံ့
ခိုင်မြဲမည့် ဖက်ဒရယ်ပြည်ထောင်စုကို စုပေါင်းညီညာတည်ဆောက်အံ့သောငှာ အထောက်အပံ့ဖြစ်စေရေး
အတွက် ဤကြားကာလ ဖွဲ့ စည်းပုံအခြေခံဥပဒေကို ရေးဆွဲပြဌာန်းအပ်ပေသည်။

ဤဖက်ဒရယ်ပြည်ထောင်စု နယ်မြေအတွင်း၌ တိုင်းရင်းသားလူမျိုးပေါင်းစုံတို့သည် ရှေးပဝေသဏီ


ကပင် ကိုယ့်ထီးကိုယ်နန်း ကိုယ့်ကြငှန်းဖြင့် လွတ်လပ်စွာနေထိုင်ခဲ့ကြပေသည်။ တိုင်းရင်းသားလူမျိုးပေါင်းစုံ
တို့သည် သမိုင်း ခေတ်အဆက်ဆက်တွင် သီးခြားလွတ်လပ်စွာ နေထိုင်ခဲ့ကြသော်လည်း ဗြိတိသျှကိုလိုနီ
နယ်ချဲ့၏ သိမ်းပိုက်မှုအောက်တွင် နှစ်ပေါင်းများစွာအတူတကွ ကျွန်ပြုခြင်းခံခဲ့ကြရပါသည်။ ထို့ကြောင့်မိမိတို့
ဆုံးရှုံးခဲ့ကြသော လွတ်လပ်ရေးနှင့်အချုပ်အခြာ အာဏာတို့ကို အတူတကွပြန်လည်ရယူပြီး ပြည်ထောင်စု
ကြီးကိုပါ တပြိုင်နက်ထူထောင်ရန် ပင်လုံညီလာခံကြီးကို ၁၉၄၇ ခုနှစ်တွင် ခေါ်ယူကျင်းပခဲ့ကြသည်။

အမျိုးသားတန်တူရေး၊ ကိုယ်ပိုင်ပြဌာန်းခွင့်နှင့် ဒီမိုကရေစီအခွင့်အရေးများကို ဦးတည်ရည်မှန်း၍


ပင်လုံစာချုပ်ကြီးတွင် ညီညာဖျဖျ လက်မှတ်ရေးထိုးခဲ့ကြသည်။ အကျိုးဆက်အနေဖြင့် လွတ်လပ်ရေးကို
လက်ဝယ်ပိုင်ပိုင် ပြန်လည်ရရှိစေကာမူ၊ သက်ဆိုင်ရာအာဏာ ပိုင်များက အကောင်ထည်ဖော်ဆောင်ရွက်ရန်
ပျက်ကွက်ခဲ့ကြသည်။ သို့ဖြစ်၍ ရာစုနှစ်ခုနှစ်စုကျော် ပြည်တွင်းစစ်မီးတောက် လောင်ခဲ့ပြီး လူ့အသက်အိုးအိမ်
စည်းစိမ်ပေါင်းများစွာ ဆုံးရှုံးခဲ့ရ လေသည်။ ထို့အပြင်၁၉၆၂ခုနှစ်မှစပြီး အဆက်ဆက်သော အာဏာရှင်စနစ်ဆိုး
တို့ကြောင့် ဒီမိုကရေစီနှင့်လူ့ အခွင့်အရေးတို့ ဆိတ်သုဉ်းခဲ့ရသည်။ ၄င်း သာမက ၁၉၄၇ ခုနှစ်တွင်တန်းတူရေး
အခြေခံမူဖြင့် ပြည်ထောင်စု အဖွဲ့ဝင်များဖြစ်လာခဲ့ကြသော တိုင်းရင်းသားလူမျိုးများ၏ ကိုယ်ပိုငြ် ပဌာန်းခွင့်ပါ
ဆုံးရှုံးရလေသည်။ ထိုကြောင့် ပြည်ထောင်စုသားအားလုံး ရင်နှင့်ဖွယ်ကြုံတွေခဲ့ရသော အတွေ့အကြုံနှင့်
ခါးသီးစွာခံစားခဲ့ရသော အဖြစ် အပျက်များကို ကျွန်ုပ်တို့ သည် မေ့လျော့ခြင်းငှာ မပြုအပ်ပေ။

ထိုသို့သော အတိတ်ကာလ၏အမှားများကို ရှောင်လွှဲနိုင်ရန်နှင့် ကျွန်ုပ်တို့အားလုံး၏ အနာဂတ်ရည်မှန်း


ချက်များကို ဖော်ဆောင်နိုင်ရန်အလို့ငှာ၊ တိုင်းရင်းသားလူမျိုးများ အားလုံး နိုင်ငံရေးနှင့်လူမျိုးရေးအရ
တန်းတူရေး၊ ကိုယ်ပိုင်ပြဌာန်းခွင့်ရ ပြည်နယ်များဖြင့် ပြည်ထောင်စုဖွဲ့ စည်းရေး၊ ဒီမိုကရေစီ၊ လူ့အခွင့်အရေးနှင့်
ကျား-မတန်းတူရေးအပေါ် အာမခံရေး၊ တိုင်ရင်းသားလူမျိုးစုလူနည်းစုများ၏ အခွင့်အရေးအတွက် အာမခံရေး၊
နိုင်ငံရေးနှင့်ဘာသာရေး ရောထွေးမှုကင်းစင်ရေးနှင့် စစ်အာဏာရှင်စနစ် ထပ်မံမပေါ်ပေါက်လာစေရေးအတွက်
အရပ်သားအုပ်ချုပ်ရေးအောက်တွင် စစ်တပ်ကို ထားရှိရေး အစရှိသော အခြေခံမူကြီးများကို ကျောရိုးမဏ္ဍိုင်ပြု၍
၁၈ နှစ်ခန့်ကြာမျှ အချိန်ယူ ရေးဆွဲခဲ့သော ဖက်ဒရယ်ပြည်ထောင်စုဖွဲ့စည်းပုအ
ံ ခြေခံဥပဒေကြီး ပေါ်ထွက်လာခဲ့
သည်။

အဆိုပါ ဖက်ဒရယ် ဖွဲ့စည်းပုံအခြေခံဥပဒေနောက်ခံဖြင့် အမျိုးသားညီညွတ်ရေး ဖက်ဒရယ်ပြည်ထောင်စု


အစိုးရတရပ် ဖွဲ့စည်းကာ စစ်အာဏာရှင်စနစ်ဆိုးအား အပြီးတိုင် တိုက်ဖျက်ပြီး စစ်မှန်သည့် ဖက်ဒရယ်ဒီမို

13
ကရက်တစ်ပြည်ထောင်စု ပေါ်ထွန်းလာစေရေး လုပ်ငန်းတာဝန်သည် ယနေ့အချိန်တွင် ပြည်ထောင်စု
တိုင်းရင်းသားတိုင်း၊ နိုင်ငံသားတိုင်း၏ ပခုံးအပေါ်တွင် ကျရောက်လျက်ရှိသည်။ သမိုင်း တာဝန်ဖြစ်လျက်ရှိသည်။
စစ်အာဏာရှင်စနစ်ကို တိုက်ဖျက်နေစဉ်ကာလအတွင်းမှာပင် စစ်မှန်သော ဖက်ဒရယ်ပြည်ထောင်စု၏
အုတ်မြစ်ကို ချမှတ်နိုင်ရန် ဤကြားကာလ ဖွဲ့ စည်းပုံအခြေခံဥပဒေအားအတည်ပြုပြဌာန်းလိုက်ရပေသည်။

၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊

အခန်း (၁)
ဝိသေသလက္ခဏာများ
Form of Federal Union

ပုဒ်မ (၁) ကြားကာလ ဖွဲ့ စည်းပုံအခြေခံဥပဒေ


ဤဖွဲ့စည်းပုံအခြေခံဥပဒေအား ဖက်ဒရယ် ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံ ကြားကာလဖွဲ့စည်းပုံ
အခြေခံဥပဒေ (The Provisional Constitution of the Federal Republic of the Union of Burma) ဟု
ခေါ်တွင်စေရမည်။

ပုဒ်မ (၂) ကြားကာလ၏ ကာလ အပိုင်းအခြား


ယာယီအားဖြင့် အတည်ပြုလိုက်သော ဖက်ဒရယ်ဖွဲ့စည်းပုံအခြေခံဥပဒေ နှင့် ဤကြားကာလ ဖွဲ့ စည်းပုံ
အခြေခံဥပဒေတို့၏ ကျောရိုးများအပေါ်အခြေခံလျက် ပြည်နယ်ဖွဲ့ စည်းပုံအခြေခံဥပဒေများ ရေးဆွဲခြင်းကို
လည်းကောင်း၊ ပေါ်ထွက်လာမည့် ပြည်နယ်ဖွဲ့စည်းပုံအခြေခံဥပဒေ များအပေါ်အခြေပြုလျက် ဖက်ဒရယ်ဖွဲ့ စည်းပုံ
အခြေခံဥပဒေအားပြင်ဆင် ဖြည့်စွက်ခြင်းကို လည်းကောင်း၊ အမျိုးသားညီညွတ်ရေး ဖက်ဒရယ် အစိုးရက
တာဝန်ခံဆောင်ရွက်သွားမည်။ ထို့နောက် ပြည်ထောင်စုဖွဲ့စည်းရာတွင် ပါဝင်သည့်ပြည်နယ်များအနက်
သုံးပုံနှစ်ပုံတ့၏
ို ဆန္ဒကိုရယူပြီး ဖက်ဒရယ်ဖွဲ့စည်းပုံသစ်ကို အတည်ပြုသွားမည်၊ သက်ဆိုင်ရာပြည်နယ်အသီးသီး
အတွင်းရှိ ဒေသခံဌာနေ တိုင်းရင်းသားများနှင့် ပြည်နယ်သားများ၏ သဘောထားဆန္ဒကို ရယူလျက် ပြည်နယ်ဖွဲ့
စည်းပုံအခြေခံ ဥပဒေများအား အတည်ပြုနိုင်ရေးအတွက် ပံ့ပိုးပေးသွားမည်။ ၄င်းဖွဲ့စည်းပုံအခြေခံဥပဒေများ နှင့်
အညီပြည်ထောင်စု ရွေးကောက်ပွဲများကိုလည်းကောင်း၊ ပြည်နယ်ရွေးကောက်ပွဲများကိုလည်းကောင်း ကျင်းပ
သွားမည်။ ၄င်းလုပ်ငန်းစဉ်များအား အမျိုးသားညီညွတ်ရေး ဖက်ဒရယ်အစိုးရစတင်ဖွဲ့စည်း ပေါ်ပေါက်သည့်
နေ့မှစ၍ အများဆုံး သုံးနှစ်ကာလ အတွင်းပြီးဆုံးအောင် ဆောင်ရွက်သွားရန်ဖြစ်သည်။

ပုဒ်မ (၃) ဖက်ဒရယ်ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ


ဖက်ဒရယ်ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံသည် လွတ်လပ်၍ အချုပ်အခြာအာဏာပိုင် ဖက်ဒရယ်ဒီ
မိုကရေစီ ပြည်ထောင်စုသမ္မတနိုင်ငံဖြစ်သည်။ ယင်းကို “ဖက်ဒရယ်ပြည်ထောင်စုသမ္မတ မြန်မာနိုင်င”ံ ဟုခေါ်
တွင် စေရမည်။

14
ပုဒ်မ (၄) ဥပဒေအရတရားဝင်မှု (De jure) အား သမိုင်းကြောင်းအခြေခံတွင် လက်တွေ့ အရတရားဝင်မှု
(De facto) နှင့် ပေါင်းစပ်ခြင်း
၂၀၂၀ ရွေးကောက်ပွဲတွင် ရွေးချယ်တင်မြှောက်ခြင်းခံရသော လွှတ်တော်ကိုယ်စားလှယ်များသည်
ဥပဒေအရ တရားဝင်သည်။ သမိုင်းတွင် လွတ်လပ်စွာနေလာခဲ့ကြသည့်အလျောက် ရရှိထားသည့် ကိုယ်ပိုင်ပြ
ဌာန်းခွင့် အခွင့်အရေးအတွက် လက်နက်ကိုင်စွဲတိုက်ပွဲဝင်နေကြသော တိုင်းရင်းသား ခုခံစစ်ဆင်အဖွဲ့အစည်း
များ (Ethnic Resistance Organizations – EROs) ၌ လက်တွေ့အရ တရားဝင်မှု ရှိသည်။ ယင်းနှစ်ခုကို
ကြားကာလ အတွင်းပေါင်းစပ်ကျင့်သုံးနိုင်စေရန် ဤကြားကာလ ဖွဲ့ စည်းပုံအခြေခံဥပဒေကို ပြဌာန်းသည်။

(ရှင်းလင်းချက်။ ။ ကရင်နီပြည်၏ ၀န်ကြီးချုပ်အဖြစ်တာဝန်ယူခဲ့သူ ဗိုလ်ချုပ်အောင်သန်းလေး က


၎င်းတို့ အနေဖြင့် ရွေးချယ်တင်မြှောက်ထားသည့် အစိုးရကို တော်လှန်သည့် အခြေခံအရတော်လှန်တိုက်ခိုက်
နေခြင်းမဟုတ်ကြောင်း၊ သမိုင်းတွင်လွတ်လပ်စွာနေလာခဲ့သောမိမိတို့ကရင်နီပြည်အား ကျူးကျော်စစ်ဆင်နွှဲ
လာသဖြင့် ခုခံစစ် (Resistance War) ကို တန်ပြန်ဆင်နွှဲနေကြရခြင်း ဖြစ်ကြောင်း၊ ရှင်းပြခဲ့သည်။ အဆိုပါ
ရှင်းပြချက်ကို လက်ခံသည့် အနေဖြင့် ခုခံစစ်ဆင်အဖွဲ့ အစည်းများဟု သုံးစွဲခြင်း ဖြစ်ပါသည်။)

ပုဒ်မ (၅) ကိုယ်ပိုင်ပြဌာန်းခွင့် နှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်


ကိုယ်ပိုင်ပြဌာန်းခွင့်ရှိသော ပြည်ထောင်စုအဖွဲ့ဝင်ပြည်နယ်များသည်လည်းကောင်း၊ ၄င်းပြည်နယ်များ
အသီးသီး အတွင်းမှီတင်းနေထိုင်လျက်ရှိသော ပြည်ထောင်စု နိုင်ငံသားများသည်လည်းကောင်း၊ အချုပ်အခြာ
အာဏာ၏ မူရင်းပိုင်ရှင်များ ဖြစ်ကြသည်။ ပြည်နယ်များအားလုံး၏ စုပေါင်းအကျိုးစီးပွားကို ဖော်ဆောင်နိုင်ရေး
အတွက် ဖက်ဒရယ် သို့လွှဲအပ်ထားသည့် အခွင့်အာဏာများမှ လွဲ၍ ပြည်နယ်များတွင် ပင်လုံစာချုပ်နှင့် အညီ
ကိုယ်ပိုင်အုပ်ချုပ်ခွင့် အပြည့်အ၀ ရှိစေရမည်။

ပုဒ်မ (၆) ဖက်ဒရယ်ပြည်ထောင်စု၏ အချုပ်အခြာအာဏာကို ကျင့်သုံးခြင်း


(က) ဖက်ဒရယ်ပြည်ထောင်စု၏ အချုပ်အခြာအာဏာကို ဤဖွဲ့စည်းပုံအခြေခံဥပဒေအရ တည်ထောင်ဖွဲ့
စည်းထားသည့် ဥပဒေပြုလွှတ်တော်များ၊ အစိုးရများနှင့် ပြည်ထောင်စုတရားလွှတ်တော်ချုပ်နှင့် ပြည်နယ်တ
ရားရုံးချုပ်များက ကျင့်သုံးသည်။
(ခ) ဖက်ဒရယ် ပြည်ထောင်စု၏ အချုပ်အခြာအာဏာအား အောက်ပါအတိုင်း အဆင့်သုံးဆင့် ခွဲဝေကျင့်
သုံးသည်။
(ခ.က) ဖက်ဒရယ်ပြည်ထောင်စုအဆင့်
(ခ.ခ) ပြည်နယ်များအဆင့်
(ခ.ဂ) ပြည်နယ်ခွဲများ၊ ပူးတွဲအုပ်ချုပ်ခွင့်ရ ဇုန်များနှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသများအဆင့်

ပုဒ်မ (၇) အခွန်ငွေများနှင့် အခြားဝင်ငွေများအား တိုက်ရိုက်ခွဲဝေ အပ်နှင်းသုံးစွဲခြင်း


တိုင်းပြည်၏ အခွန်ငွေများ၊ အခြားဝင်ငွေများနှင့် နိုင်ငံတကာ၏ ကူညီပံ့ပိုးသည့်ငွေများအား ဖက်ဒရယ်
ဗဟိုအစိုးရကသာ ထိန်းချုပ်ခွဲဝေ သုံးစွဲခြင်းမျိုးမဖြစ်စေရန် ဖက်ဒရယ်ပြည်ထောင်စု လွှတ်တော်က ပြဌာန်းပေး
သည့် ဥပဒေနှင့်အညီ ပုဒ်မ ၅ (ခ) ပါ အုပ်ချုပ်မှု အာဏာပိုင်အဖွဲ့ အစည်းများအား တိုက်ရိုက်ခွဲဝေ အပ်နှင်းသုံး
စွဲသည်။

15
ပုဒ်မ (၈) ကိုယ်ပိုင်အုပ်ချုပ်ခွင့် (Self-Rule) နှင့် ပြည်နယ်ဖွဲ့ စည်းပုံအခြေခံဥပဒေများ
ဖက်ဒရယ် ပြည်ထောင်စုဖွဲ့စည်းပုံနှင့်လည်းကောင်း၊ ဤကြားကာလ ဖွဲ့စည်းပုံအခြေခံ ဥပဒေနှင့်
လည်းကောင်း မဆန့်ကျင်စေဘဲ ပြည်နယ်များ၏ ကိုယ်ပိုင်အုပ်ချုပ်ခွင့် (Self-Rule) အားလက်တွေ့ ဖော်ဆောင်
ရန် ပြည်နယ်အသီးသီး၏ ထူးခြားချက် အလိုက် ပြည်နယ်ဖွဲ့စည်းပုံအခြေခံဥပဒေများ ရေးဆွဲအတည်ပြု
ကျင့်သုံးခွင့်ရှိသည်။

ပုဒ်မ (၉) မျှဝေ အုပ်ချုပ်ခြင်း (Shared Rule)


ဖက်ဒရယ် ပြည်ထောင်စုတွင် ဗဟိုအဆင့်ကသာ အရာရာကို ဆုံးဖြတ်ဆောင်ရွက်ခြင်း မပြုနိုင်စေရန်
မျှဝေအုပ်ချုပ်သည့် စနစ်ကို ကျင့်သုံးသည်။ ပြည်ထောင်စု၏ အမျိုးသားလွှတ်တော်အား သက်ဆိုင်ရာ ပြည်နယ်
အသီးသီးအတွင်းရွေးကောက်တင် မြှောက်ခံရသည့် အစိုးရများ၏ ကိုယ်စားလှယ်များက တက်ရောက်
စေသည့် စနစ်ဖြင့် ဖွဲ့ စည်းသွားရန်ဖြစ်သည်။

ပုဒ်မ (၁၀) ဘာသာရေးကို အခြေမခံသောနိုင်ငံ


(က) ဖက်ဒရယ်ပြည်ထောင်စုသည် နိုင်ငံရေးနှင့်ဘာသာရေး ရောစပ်ခြင်းမရှိစေဘဲ၊ ဘာသာရေးကို
အခြေမခံသောနိုင်ငံ ဖြစ်စေရမည်။

(ခ) မည်သည့် ဘာသာအယူဝါဒကိုမျှ နိုင်ငံတော်ဘာသာအဖြစ် ပြဌာန်းခြင်း မရှိစေရ။

ပုဒ်မ (၁၁) နယ်နိမိတ်


ဖက်ဒရယ်ပြည်ထောင်စု၏ မြေထု၊ ရေထု၊ လေထု ပါဝင်သော နယ်နမိတ်သည် ဤဖွဲ့စည်းပုံ
အခြေခံဥပဒေ အတည်ပြုပြဌာန်းသည့်နေတွင် တည်ရှိသည့်အတိုင်းဖြစ်သည်။ ဖက်ဒရယ်ပြည်ထောင် စုအဖွဲ့ဝင်
ပြည်နယ်များ အားလုံး၏ သဘောတူညီချက် မပါရှိဘဲ ဖက်ဒရယ်ပြည်ထောင်စု၏ နယ်နမိတ်ကို ပြင်ဆင်ခြင်း
မပြုလုပ်ရ။

ပုဒ်မ (၁၂) နိုင်ငံရေးစနစ်


(က) ဖက်ဒရယ်ပြည်ထောင်စု၏ နိုင်ငံရေးစနစ်သည် နိုင်ငံရေးအတွေးအခေါ်များအား အဓိကအခြေပြုသည့်
ပါတီစုံဒီမိုကရေစီစနစ် ဖြစ်သည်။ နိုင်ငံရေးပါတီများကို ဒီမိုကရေစီအခြေခံမူများ၊ ကျင့်စဉ်များနှင့်အညီ
လွတ်လပ်စွာဖွဲ့စည်းတည်ထောင် နိုင်သည်။
(ခ) လူ့အခွင့်အရေး၊ ဥပဒေစိုးမိုးရေးနှင့် ဖက်ဒရယ်စနစ်တို့ကိုလည်းကောင်း၊ တိုင်းရင်းသားပြည်နယ်နှင့် လူထု
များ၏ ကိုယ်ပိုင်ပြဌာန်းခွင့်တို့ ကိုလည်းကောင်း၊ ဤဖွဲ့ စည်းပုံအခြေခံဥပဒေကိုလည်းကောင်း လက်ခံပါက မည်
သည့်နိုင်ငံရေးအတွေးအခေါ်ကို ကိုင်စွဲထားသည့်ပါတီဖြစ်စေ တရားဝင်ရပ်တည်လှုပ်ရှားခွင့်ပြုသည်။
(ဂ) နိုင်ငံရေးပါတီများဆိုင်ရာဥပဒေကို ဖက်ဒရယ်ပြည်ထောင်စုလွှတ်တော်က ပြဌာန်းပေးရမည်။

ပုဒ်မ (၁၃) အမြင့်ဆုံးဥပဒေ


ဖက်ဒရယ်ပြည်ထောင်စုတွင် ဤဖွဲ့စည်းပုံအခြေခံဥပဒေသည် အမြင့်ဆုံးဥပဒေဖြစ်သည်။

16
ပုဒ်မ (၁၄) ရုံးသုံးဘာသာ

မတူကွဲပြားသော တိုင်းရင်းသား လူမျိုးများ အချင်းချင်းဆက်ဆံနိုင်ကြစေရန် မြန်မာဘာသာအား


ရုံးသုံးဘာသာအဖြစ်လည်းကောင်း၊ ကမ္ဘာတခွင်ဆက်သွယ်ဆောင်ရွက်သည့် ခေတ်ကြီးကို အမှီလိုက်နိုင်စေရန်
အင်္ဂလိပ်ဘာသာအား ရုံးသုံးဘာသာအဖြစ်လည်းကောင်း၊ ပြည်နယ်အဖြစ် ဖွဲ့စည်းခွင့်ရထားပြီးသော အမျိုးသား
ပြည်နယ်အတွင်း သက်ဆိုင်ရာအမျိုးသား၏ ဘာသာစကားအား ရုံးသုံးဘာသာအဖြစ်လည်းကောင်း သတ်မှတ်
သုံးစွဲခွင့်ရှိသည်။
။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။
အခန်း(၂)
အခွင့်အရေးများ၊ ရပိုင်ခွင့်များနှင့် တာဝန်များ
Bill of Rights, Guarantees and Duties
အခြေခံအခွင့်အရေးများ (Fundamental Rights)
ပုဒ်မ (၁၅) ကိုယ်ပိုင်အခွင့်အရေးများ
ဖက်ဒရယ်ပြည်ထောင်စုအတွင်း နေထိုင်သူတိုင်းသည် -
(က) အသက်ရှင် ရပ်တည်ပိုင်ခွင့် ရှိစေရမည်။
(ခ) လူမျိုး၊ ဇာတိ၊ ကိုးကွယ်ရာဘာသာ၊ အသားအရောင်၊ အဆင့်အတန်း၊ အသက်အရွယ်၊ လိင်နှင့်
လိင်စိတ်ကွဲပြားမှု များကြောင့် ခွဲခြားမှုမရှိစေရဘဲ တရားဥပဒေရှေ့မှောက်တွင် တန်းတူအခွင့်အရေး ရှိစေရမည်။
(ဂ) လွတ်လပ်စွာ တွေးခေါ်ယုံကြည်ခွင့် ရှိစေရမည်။
(ဃ) လူပုဂ္ဂိုလ်တဦးအဖြစ် တရားဝင် အသိမှတ်ပြုခံပိုင်ခွင့်ရှိပြီး လူ့ဂုဏ်သိက္ခာအား လေးစားစေမှုနှင့်
ကာကွယ်ပေးမှု ရယူပိုင်ခွင့် ရှိစေရမည်။

ပုဒ်မ (၁၆) အခြေခံလွတ်လပ်ခွင့်


ဖက်ဒရယ်ပြည်ထောင်စုအတွင်းနေထိုင်သူ မည်သူမဆို -
(က) ကျွန်ပြုခြင်းမခံစေရ။
(ခ) အတင်းအဓမ္မစေခိုင်းခံရခြင်း မရှိစေရ။
(ဂ) နှိပ်စက်ညှင်းပမ်းခြင်း၊ လိင်ပိုင်းဆိုင်ရာ စော်ကားမှုပြုခြင်း၊ လူမဆန် ရက်စက်စွာပြုမူ ဆက်ဆံခြင်း မခံစေရ။
ပုဒ်မ (၁၇) ရုပ်သမ
ိးပိုင်ခွင့်မရှိသော အခွင့်အရေးများ
အထက်ပုဒ်မ (၁၅) ပါ ကိုယ်ပိုင်အခွင့်အရေးများနှင့် ပုဒ်မ (၁၆) ပါ အခြေခံလွတ်လပ်ခွင့်များကို
မည်သည့်အခြေအနေအောက်တွင်မျှ ရုပ်သိမ်းပိုင်ခွင့် မရှိစေရ။

ပုဒ်မ (၁၈) အခြေခံရပိုင်ခွင့်


ဖက်ဒရယ်ပြည်ထောင်စုအတွင်းနေထိုင်သူတိုင်းသည် -
(က) လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်၊ ပုံနှိပ်ထုတ်ဝေခွင့်၊ သတင်းရယူခွင့် သတင်းဖြန့်ချီခွင့် ရှိစေရမည်။
(ခ) လွတ်လပ်စွာ ဘာသာတရား ကိုးကွယ်ခွင့်၊ ဘာသာရေး ထုံးတမ်းစဉ်လာများကို ကျင့်သုံးခွင့် ရှိစေရမည်။
(ဂ) လွတ်လပ်စွာ စုဝေးခွင့်နှင့် ငြိမ်းချမ်းစွာဆန္ဒပြခွင့် ရှိစေရမည်။

17
(ဃ) နိုင်ငံရေးခိုလှုံခွင့် တောင်းခံပိုင်ခွင့် ရှိစေရမည်။
(င) ဤပုဒ်မပါ လွတ်လပ်ခွင့်မျာကို ကျင့်သုံးရာတွင် ဒီမိုကရေစီအခြေခံမူများ၊ ကျင့်စဉ်များကို ဆန့်ကျင်ခြင်း၊
ပြည်သူ့ကျန်းမားရေးနှင့် ပြည်သူတို့၏ ကိုယ်ကျင့်တရားကို ထိခိုက်ပျက်ပြားစေနိုင်ခြင်းများ ဖြစ်ပေါ်လာပါက
ကန့်သတ်ဟန့်တားသည့် ဥပဒေကို ပြည်ထောင်စုလွှတ်တော်က ပြဌာန်းနိုင်စေရမည်။

ပုဒ်မ (၁၉) ကိုယ်ပိုင်လွတ်လပ်ခွင့် အခွင့်အရေး


ဖက်ဒရယ်ပြည်ထောင်စုအတွင်း နေထိုင်သူ မည်သူမဆို -
(က) မိမိ၏ နေအိမ်၊ မိသားစု စာပေးစာယူအပါအဝင် ကိုယ်ပိုင်လွတ်လပ်မှုတို့ကို ဥပဒေနှင့်အညီ မဟုတ်သော
နှောင့်ယှက်ခြင်း၊ မိမိ၏သိက္ခာနှင့် ဂုဏ်သတင်းကို ဥပဒေနှင့်အညီ မဟုတ်သောနည်းဖြင့် ထိခိုက်ခြင်း မခံထိုက်
စေရ။
(ခ) ဥပဒေနှင့်မညီသောနည်းဖြင့် လူပုဂ္ဂိုလ်ကို ရှာဖွေခံရခြင်း၊ နေအိမ်ဥပစာအတွင်းဝင်ရောက်ရှာဖွေ ခံရခြင်း
တို့နှင့် ၎င်းတို့ပိုင်ဆိုင်သည့် ပစ္စည်း သိမ်းယူခံရခြင်းမှ လုံခြုံမှု ခံစားပိုင်ခွင့် ရှိစေရမည်။

ပုဒ်မ (၂၀) ကျား - မ တန်းတူအခွင့်အရေး


ဖက်ဒရယ်ပြည်ထောင်စုအတွင်း နေထိုင်သူတိုင်းသည် နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ ယဉ်ကျေးမှုနှင့်
မိသားစု အစရှိသည့်နယ်ပယ်အသီးသီး၌ ကျား - မ တန်းတူအခွင့်အရေး ရှိစေရမည်။

ပုဒ်မ (၂၁) ဖမ်းဆီးချုပ်နှောင်ခံရသူ၏ အခွင့်အရေး


(က) ဖက်ဒရယ်ပြည်ထောင်စုအတွင်း နေထိုင်သူမည်သူမျှ ပြစ်မှုကျူးလွန်သည်ဟု ထင်မြင်ယူဆနိုင် ဘွယ်ရာ
ခိုင်လုံသောအကြောင်းမရှိဘဲ သံသယဖြင့်ချုပ်နှောင်ခံရခြင်း၊ ထောင်သွင်းအကျဉ်းချ ခံရခြင်း မရှိစေရ။
(ခ) ဖမ်းဆီးချုပ်နှောင်ခံရသူတိုင်းအပေါ် ဆက်ဆံရာတွင် လူ့ဂုဏ်သိက္ခာနှင့်အညီ ဆက်ဆံမှု ခံထိုက်စေရမည်။
(ဂ) ဖမ်းဆီးချုပ်နှောင်ခံရသူ မည်သူ့ကိုမဆို ဝရမ်းအရမဟုတ်လျှင် (၂၄) နာရီထက်ကျော်လွန်၍ ချုပ်နှောင်ထား
ခြင်း မရှိစေရ။ (၂၄) နာရီထက်ကျော်လွန်၍ ချုပ်နှောင်ရန်လုံလောက်သော အကြောင်းရှိလျှင် အာဏာရှိသည့်
သက်ဆိုင်ရာတရားရုံးသို့ အစီရင်ခံတင်ပြပြီး တရားသူကြီးတဦးဦး၏ ချုပ်မိန့်ဖြင့်သာ တည်ဆဲတရားဥပဒေများ
နှင့်အညီ ဆက်လက်ချုပ်နှောင်ပိုင်ခွင့် ရှိစေရမည်။

ပုဒ်မ (၂၂) ပြစ်မှုဆိုင်ရာစွဲဆိုခြင်း


(က) မည်သူမဆို ပြစ်မှုတခုခုနှင့် တရားစွဲဆိုခြင်းခံရပါက -
(၁) အဆိုပါပြစ်မှုနှင့် စွဲဆိုထားကြောင်းကို နှောင့်နှေးခြင်းမရှိ ကြားသိစေရမည်။
(၂) အမြန်ဆုံးအချိန်ကာလအတွင်း စစ်ဆေးကြားနာရမည်။
(၃) တရားစွဲဆိုခြင်းခံရသူ၏ ဆန္ဒနှင့်ဆန့်ကျင်၍ သက်သေထွက်ဆိုရန် အတင်းအကြပ်ပြုခြင်း
မခံစေရ။
(၄) ဥပဒေနှင့်အညီ ခုခံချေပခွင့်အပြည့်အဝ ရှိစေရမည်။
(၅) တရားစွဲဆိုခြင်း ခံရသူ၏ကိုယ်စား ဥပဒေအကျိုးဆောင် ငှားရမ်းထုချေပိုင်ခွင့်ရှိစေရမည်။

18
(၆) တရားစွဲဆိုခြင်းခံရသူ နားလည်နိုင်သော ဘာသာစကားဖြင့် စစ်ဆေးကြားနာမှုကိုခံယူပိုင်ခွင့်
ရှိစေရမည်။ ယင်းသို့ ဆောင်ရွက်ရန် အခက်အခဲရှိပါက စကားပြန်၏ အကူအညီကို ရယူပိုင်ခွင့်ရှိစေ
ရမည်။
(ခ) ကြားနာသော တရားခွင်အားလုံးသည် အများပြည်သူ တက်ရောက်နိုင်သော တရားစီရင်ရေး ဖြစ်စေရမည်။

ပုဒ်မ (၂၃) တရားစီရင်ခြင်း နှင့် ပြစ်ဒဏ်


(က) ပြစ်မှုဖြစ်ပွားစဉ် အချိန်ကာလ၌ အတည်ဖြစ်နေသော တရားဥပဒေအရသာ စီရင်ရမည်။
(ခ) လူ့ဂုဏ်သိက္ခာကို ညိုးနွှမ်းသေးသိမ်စေသော ပြစ်ဒဏ်များ မချမှတ်ရ။
(ဂ) တရားသေလွတ်ခြင်းခံရပြီးသူ မည်သူတဦးတယောက်ကိုမျှ အဆိုပါပြစ်မှုအတွက် ထပ်မံစစ်ဆေး စီရင်ခြင်း
မပြုရ။
(ဃ) မည်သူမဆို ပြစ်မှုတခုအတွက် တကြိမ်ထက်ပို၍ ပြစ်ဒဏ်ချမှတ်ခြင်း မခံစေရ။
(င) မည်သည့်ဥပဒေမျှ နောက်ကြောင်းပြန်အာဏာ သက်ရောက်ခြင်း မရှိစေရ။

နိုင်ငံသားနှင့် နိုင်ငံရေးဆိုင်ရာအခွင့်အရေးများ
(Civil and Political Rights)

ပုဒ်မ (၂၄) လွတ်လပ်စွာသွားလာခွင့်


ဖက်ဒရယ်ပြည်ထောင်စု နိုင်ငံသားတိုင်းသည် ပြည်ထောင်စုအတွင်း လွတ်လပ်စွာ သွားလာခွင့်ရှိစေ
ရမည်။

ပုဒ်မ (၂၅) ပြည်ပသို့ထွက်ခွာခွင့်၊ ပြန်လည်ဝင်ရောက်ခွင့်


ဖက်ဒရယ်ပြည်ထောင်စု နိုင်ငံသားတိုင်းသည် ပြည်ထောင်စုမှ ပြည်ပထွက်ခွာခွင့်၊ ပြည်ပမှ
ပြည်ထောင်စုသို့ ပြည်လည်ဝင်ရောက်ခွင့် ရှိစေရမည်။

ပုဒ်မ (၂၆) လက်ထပ်ထိမ်းမြားခြင်းဆိုင်ရာအခွင့်အရေးများ


(က) အရွယ်ရောက်ပြီးသူတိုင်းသည် လူမျိုး၊ ဘာသာ၊ အဆင့်အတန်းမခွဲခြားဘဲ လွတ်လပ်သော သဘောဆန္ဒ
နှင့်အညီ လက်ထပ်ပိုင်ခွင့် ရှိစေရမည်။
(ခ) လက်ထပ်ထိမ်းမြားခြင်းသည် မိမိ၏ဘာသာတရားနှင့် လူမျိုးသဏ္ဍာန် ရွေးချယ်မှုအခွင့်အရေးကို အလို အ
လျောက် ပြောင်းလဲခြင်းမဖြစ်စေရ။ မိမိ၏ လွတ်လပ်သော ဆန္ဒသဘောထားအရသာလျှင် ဖြစ်စေရမည်။

ပုဒ်မ (၂၇) နိုင်ငံရေးအခွင့်အရေး


အရွယ်ရောက်သူနိုင်ငံသားတိုင်းသည် -
(က) တိုက်ရိုက်သော်လည်းကောင်း လွတ်လပ်စွာ ရွေးချယ်တင်မြှောက်ထားသော ကိုယ်စားလှယ်များ မှတဆင့်
သော်လည်းကောင်း၊ နိုင်ငံရေးဆိုင်ရာကိစ္စများတွင် ပါဝင်ဆောင်ရွက်ခွင့်ရှိစေရမည်။

19
(ခ) လွတ်လပ်သော ဆန္ဒပြုမှုကို အာမခံသည့် လျှို့ဝှက်၊ တိုက်ရိုက်၊ လွတ်လပ်၍ တရားမျှတမှုရှိသော
ပုံမှန်အထွေထွေ ရွေးကောက်ပွဲများတွင်သော်လည်းကောင်း၊ အခါအားလျော်စွာ ကျင်းပသော ရွေးကောက်ပွဲများ
တွင်သော်လည်းကောင်း၊ ဆန္ဒမဲပေးပိုင်ခွင့်နှင့် ရွေးချယ်တင်မြှောက်ပိုင်ခွင့် ရှိစေမည်။

ပုဒ်မ (၂၈) အဖွဲ့အစည်းများတည်ထောင်ခွင့်


(က) ဖက်ဒရယ်ပြည်ထောင်စုနိုင်ငံသားတိုင်းသည် ဖက်ဒရယ်ပြည်ထောင်စုလွှတ်တော်က ပြဌာန်းသော ဥပဒေ
နှင့်အညီ လွတ်လပ်စွာအသင်းအဖွဲ့များ ဖွဲ့စည်းတည်ထောင်ခွင့်၊ သမဂ္ဂများထူထောင်ခွင့်နှင့် ပါဝင်ခွင့်ရှိစေရ မည်။
(ခ) မည်သူမျှ အသင်းအဖွဲ့တခုခုသို့ဝင်ရောက်ရန် အတင်းအကြပ်ပြုမူခြင်းမခံစေရ။

စီးပွားရေး၊ လူမှုရေး၊ ယဉ်ကျေးမှုဆိုင်ရာအခွင့်အရေးများနှင့် တာဝန်များ


(Economic, Social and Cultural Rights and Duties)

ပုဒ်မ (၂၉ ) ပစ္စည်းပိုင်ဆိုင်ခွင့်


(က) နိုင်ငံသားတိုင်းသည် တရားသဖြင့် ရှာဖွေရရှိထားသော ပစ္စည်းဥစ္စာများပိုင်ဆိုင်ခွင့်၊ လွှဲပြောင်းခွင့်၊ ထုခွဲ
ရောင်းချပိုင်ခွင့်၊ အမွေဆက်ခံပိုင်ခွင့် ရှိရမည်။
(ခ) နိုင်ငံသားတိုင်း၏ ပစ္စည်းဥစ္စာပိုင်ဆိုင်ခွင့်ကို အများပြည်သူအကျိုးအတွက်သာလျှင် ဥပဒေနှင့်အညီ
ရုပ်သိမ်းမှု ပြုလုပ်နိုင်စေရမည်။ ရုပ်သိမ်းခံရသူ၏အကျိုးနှင့် အများပြည်သူတို့၏အကျိုးကို တရားမျှတစွာချိန်ဆ၍
ထိုက်တန်သော လျော်ကြေးပေးပြီးမှသာ သိမ်းယူခွင့်ရှိစေရမည်။

ပုဒ်မ (၃၀) အလုပ်လုပ်ပိုင်ခွင့်


နိုင်ငံသားတိုင်းသည် ဇာတိ၊ ကိုးကွယ်ရာဘာသာ၊ အဆင့်အတန်း၊ လိင်၊ အသားအရောင်၊ လူမျိုး၊
အသက်အရွယ် ခွဲခြားခြင်းမရှိစေဘဲ အလုပ်ရွေးပိုင်ခွင့်နှင့် အလုပ်လုပ်ပိုင်ခွင့် အခွင့်အရေးရှိစေရမည်။

ပုဒ်မ (၃၁) စီးပွားရှာခွင့်


(က) နိုင်ငံသားတိုင်းသည် မိမိ၏ အသက်မွေးဝမ်းကြောင်းအတွက် လွတ်လပ်စွာ စီးပွားရှာပိုင်ခွင့်နှင့် စီးပွားရေး
ဆိုင်ရာ အဖွဲ့အစည်းများကို လွတ်လပ်စွာတည်ထောင်ခွင့်ရှိသည်။
(ခ) အထက်အပိုဒ် (က) ပါအခွင့်အရေးကို ကျင့်သုံးရာတွင် ပြည်ထောင်စုက ချမှတ်ထားသော စီးပွားရေးဆိုင်ရာ
မူဝါဒများ၊ စီမံကိန်းများ၊ ပြည်ထောင်စုလုံခြုံရေး၊ ပြည်သူလူထု၏ အကျိုးစီးပွားနှင့် ကျန်းမာရေးတို့ကို ထိခိုက်မှု
မရှိစေရ။

ပုဒ်မ (၃၂) တီထွင်ဖန်တီးပိုင်ခွင့်နှင့် နည်းပညာမူပိုင်ခွင့်


နိုင်ငံသားတိုင်းသည် လွတ်လပ်စွာတီထွင်ဖန်တီးပိုင်ခွင့်နှင့် နည်းပညာမူပိုင်ခွင့်တို့ကို ဥပဒေနှင့်အညီ
ခံစားပိုင်ခွင့် ရှိစေရမည်။

20
ပုဒ်မ (၃၃) မိရိုးဖလာအမွေအနှစ် ပိုင်ဆိုင်ခွင့်
မိရိုးဖလာ သဘာဝအမွေအနှစ်များ၊ ယဉ်ကျေးမှုဆိုင်ရာ အမွေအနှစ်များ ဓလေ့ထုံးတမ်းအစဉ်အလာ
အရသီးသန့် ပိုင်ဆိုင်ခဲ့သော နည်းပညာဆိုင်ရာအမွေအနှစ်များကို သက်ဆိုင်ရာလူမှုအသိုင်းအ၀ိုင်းမှ အစဉ်အ
ဆက်ထိန်းသိမ်းပိုင်ခွင့်၊ အသုံးပြုပိုင်ခွင့်၊ စီမံခန့်ခွဲပိုင်ခွင့်နှင့် လက်ဆင့်ကမ်းပိုင်ခွင့် ရှိစေရမည်။

ပုဒ်မ (၃၄) အခြေချနေထိုင်ခွင့်


နိုင်ငံသားတိုင်းသည် မိမိနေရင်းပြည်နယ်မှ အခြားပြည်နယ် တရပ်ရပ်သို့ အခြေချနေထိုင်ခြင်း၊ စီးပွားရှာ
ဖွေခြင်းတို့သည် သက်ဆိုင်ရာပြည်နယ်၏ တရားဥပဒေပြဌာန်းချက်များနှင့် အညီသာလျှင်ဖြစ်စေရမည်။

ပုဒ်မ (၃၅) ပညာသင်ကြားပိုင်ခွင့်


ဖက်ဒရယ်ပြည်ထောင်စုနိုင်ငံသားတိုင်းသည်-
(က) လွတ်လပ်စွာ ပညာသင်ကြားပိုင်ခွင့်ရှိသည်။
(ခ) မိမိနှစ်သက်ဝါသနာပါရာ အတတ်ပညာ၊ အသက်မွေးဝမ်းကြောင်းပညာ၊ အဆင့်မြင့်ပညာများကို လွတ်လပ်
စွာရွေးချယ်ပိုင်ခွင့် ရှိစေရမည်။
(ဂ) အခြေခံပညာရေးကို မသင်မနေရအဖြစ် အခမဲ့သင်ကြားခွင့် ရရှိစေရမည်။

ပုဒ်မ (၃၆) ပညာသင်ကျောင်းများတည်ထောင်ခွင့်


(က) ပုဂ္ဂလိကကျောင်းများ၊ တက္ကသိုလ်၊ ကောလိပ်များ၊ သိပ္ပံနှင့်အသက်မွေးဝမ်းကြောင်းဆိုင်ရာ အဆင့်မြင့်
ပညာသင် ကျောင်းများကို သတ်မှတ်ပြဌာန်းထားသော ဥပဒေနှင့်အညီ တည်ထောင်ပိုင်ခွင့် အာမခံရမည်။
(ခ) ပညာရေးအဆင့်တပြေးညီဖြစ်စေရန်အတွက် မဟာဥပဒေ၊ မဟာဝိဇ္ဇာ၊ မဟာသိပ္ပံ နှင့် ပါရဂူဘွဲ့များအား
ဖက်ဒရယ်ပြည်ထောင်စု အစိုးရက သတ်မှတ်ပြဌာန်းပေးသော သင်ရိုးညွန်းတမ်းများကို အနိမ့်ဆုံးအခြေခံ၍
လည်းကောင်း၊ ၄င်းတို့အား တိုးချဲ့ သို့မဟုတ် ဖြည့်စွက်ပြဌာန်းထားသော သင်ရိုးညွန်းတမ်းများ အသုံးပြု၍
လည်းကောင်း ပို့ချသော တက္ကသိုလ်များက အပ်နှင်းပိုင်ခွင့် ရှိသည်။
(ဂ) ပြည်နယ်အသီးသီးတွင် ဖက်ဒရယ်အစိုးရက ပညာရေးဝန်ကြီးဌာနက သတ်မှတ်ပေးသော သင်ရိုး
ညွှန်းတမ်းများအား အခြေခံ၍ မိမိတို့ ပြည်နယ်အလိုက် လိုအပ်သော စီးပွားရေး၊ လူမှုရေး၊ ယဉ်ကျေးမှု နှင့်
ကမ္ဘာတခွင် ဆက်သွယ်ဆောင်ရွက်သည့် ခေတ်ကြီးနှင့် လိုက်လျောညီထွေ ဖြစ်စေရန် သင့်တင့်လျောက်ပတ်
သော သင်ရိုးညွန်းတမ်းများ ပြုစုခွင့်ရှိသည်။ ယင်းတို့အပေါ်အခြေခံ၍ ကျန်တက္ကသလ
ိုများ၊ နည်းပညာ
တက္ကသိုလ်နှင့် သိပ္ပံများ၊ အသက်မွေးဝမ်းကျောင်းပညာသင်ကျောင်းများ၊ အခြားကျောင်းများ လွတ်လပ်စွာ
တည်ထောင်ခွင့်ရှိသည်။

ပုဒ်မ (၃၇) ကျန်းမာရေးဆိုင်ရာအခွင့်အရေးများ


(က) ဖက်ဒရယ်ပြည်ထောင်စု နိုင်ငံသားတိုင်းသည် အခြေခံကျန်းမာရေးအဆင့် (Primiary Health Care) တွင်
ကာကွယ်စောင့်ရှောက်မှုနှင့် ကုသမှုကို အခမဲ့ရယူခံစားပိုင်ခွင့်ရှိစေရန် ပြည်နယ်အစိုးရက တာဝန်ယူ ဖော်ဆောင်

21
ပေးရမည်။ ယင်းအတွက် အမျိုးသားညီညွတ်ရေး ဖက်ဒရယ်အစိုးရက လိုအပ်သည့် အကူအညီများကို
ပံ့ပိုးဆောင်ရွက်ပေးရမည်။
(ခ) ဖက်ဒရယ်ပြည်ထောင်စု နိုင်ငံသားများ၏ ကျန်းမာရေးဆိုင်ရာကာကွယ်စောင့်ရှောက်မှု၊ အသက်နှင့် ထိ
ခိုက်ဒဏ်ရာရရှိမှုအတွက် အာမခံထားရှိမှုနှင့် လူမှုဖူလုံရေးအတွက် စီမံထားရှိမှုတို့ကို ဖက်ဒရယ်အစိုးရက
တာဝန်ယူဆောင်ရွက်ပေးရမည်။
(ဂ) ဖက်ဒရယ်ပြည်ထောင်စုနိုင်ငံသားတိုင်းသည် မိမိ၏ မျိုးပွားခြင်းဆိုင်ရာကိစ္စရပ်များနှင့် ပတ်သက်၍
ကျန်းမာရေးဆိုင်ရာ စောင့ေ
် ရှာက်ခံပိုင်ခွင့် ရှိစေရမည်။
(ဃ) ပုဒ်မ (၃၇) (ဂ) ပါ မျိုးပွားခြင်းဆိုင်ရာ ကိစ္စရပ်များနှင့် ပတ်သက်သည့်ဥပဒေကို ဖက်ဒရယ်ပြည်ထောင်စု
လွှတ်တော်မှ ပြဌာန်းပေးရမည်။

ပုဒ်မ (၃၈) ယဉ်ကျေးမှုအခွင့်အရေးများ


ဖက်ဒရယ်ပြည်ထောင်စုနိုင်ငံသားတိုင်းသည် မိမိတို့၏တိုင်းရင်းသားယဉ်ကျေးမှု၊ ဓလေ့ထုံးစံ၊ အစဉ်
အလာများကို တိုးတက်ပြန့်ပွားအောင် ဤဖွဲ့စည်ပုံအခြေခံဥပဒေနှင့်အညီ လွတ်လပ်စွာ ဆောင်ရွက်ခွင့် ရှိစေ
ရမည်။

ပုဒ်မ (၃၉) တိုင်းရင်းသားဘာသာစကား


ဖက်ဒရယ်ပြည်ထောင်စုနိုင်ငံသားတိုင်းသည် မိမိတို့လူမျိုး၏ ဘာသာစကားနှင့် စာပေတို့ကို
လွတ်လပ်စွာ ပြောဆိုပိုင်ခွင့်၊ သင်ကြားပိုင်ခွင့်ရှိစေရမည်။ တိုးတက်ပြန့်ပွားအောင် ဆောင်ရွက်ပိုင်ခွင့် ရှိစေရမည်။

ပုဒ်မ (၄၀) သဘာဝပတ်ဝန်းကျင်ဆိုင်ရာအခွင့်အရေး


(က) ဖက်ဒရယ်ပြည်ထောင်စုနိုင်ငံသားတိုင်းသည် သဘာဝပတ်ဝန်းကျင် ထိခိုက်ပျက်စီးမှုကြောင့် ကြုံတွေ့
ခံစားရမည့် အတိဒုက္ခများမှ ကင်းလွတ်စေရမည့်အပြင် သဘာဝတရားနှင့်ကိုက်ညီ၍ ကျန်းမာရေးနှင့် ညီ
ညွှတ်သည့် သဘာဝပတ်ဝန်းကျင်ကို ရရှိရန် အခွင့်အရေးရှိသည်။
(ခ) ဒေသခံဌာနေတိုင်းရင်းသားတို့၏ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းစောင့်ရှောက်ခွင့်နှင့် ၎င်းတို့အခြေချ
နေထိုင်ရာဒေသအတွင်း သဘာဝပတ်ဝန်းကျင်ထိခိုက်မှုကို ဖြစ်စေနိုင်သည့်သဘာဝသယံဇာတများ အလွန်အ
ကျွထ
ုံတ်ယူသုံးစွဲခြင်းအပေါ် ကန့်သတ်ထိန်းချုပ်ခွင့်ရှိခြင်းကို ဖက်ဒရယ်ပြည်ထောင်စုအစိုးရသည် အသိအမှတ်
ပြုရမည်။

ပုဒ်မ (၄၁) လူ့အခွင့်အရေးကော်မရှင်ထံတိုင်ကြားခွင့်


လူ့အခွင့်အရေးဖောက်ဖျက်ခံရသူ မည်သူမဆို ဖက်ဒရယ်ပြည်ထောင်စု၏ ကာကွယ်စောင့်ရှောက်မှုကို
ရယူခွင့် ရှိစေရန်အတွက် လူ့အခွင့်အရေးကော်မရှင်ထံသို့ တိုင်ကြားခွင့်ရှိစေရမည်။

22
ပုဒ်မ (၄၂) အခြေခံဥပဒေ၏အကာအကွယ်ရယူခြင်း
(က) ဖက်ဒရယ်ပြည်ထောင်စုအတွင်း နေထိုင်သူတိုင်းသည် ဖက်ဒရယ်ပြည်ထောင်စု ဖွဲ့စည်းပုံအခြေခံ ဥပဒေ၏
အကာအကွယ်ရယူရန် လိုအပ်သောအခါ၌ ဖက်ဒရယ်ပြည်ထောင်စု တရားလွှတ်တော်ချုပ်သို့ လျှောက်ထားပိုင်
ခွင့်ရှိစေရမည်။
(ခ) ဤအခွင့်အရေးကို မည်သည့်အခြေအနေတွင်မှ ရပ်ဆိုင်းထားခြင်းမရှိစေရ။

ပုဒ်မ (၄၃) ဖက်ဒရယ်ပြည်ထောင်စုအကာအကွယ်ရယူခြင်း


နိုင်ငံသားတိုင်းသည် ဖက်ဒရယ်ပြည်ထောင်စု အတွင်း၌ဖြစ်စေ၊ ဖက်ဒရယ်ပြည်ထောင်စုပြင်ပ၌ဖြစ်စေ
ဖက်ဒ ရယ်ပြည်ထောင်စု၏ ကာကွယ်စောင့်ရှောက်မှုကိုခံယူပိုင်ခွင့်ရှိစေရမည်။

ပုဒ်မ (၄၄) အပြည်ပြည်ဆိုင်ရာ စာချုပ်စာတမ်းများအား တိုက်ရိုက်ကိုးကားကျင့်သုံးခွင့်


ဖက်ဒရယ်ပြည်ထောင်စုက အတည်ပြုသော အပြည်ပြည်ဆင
ိုရာ လူ့အခွင့်အရေးစာချုပ်စာတမ်းများကို
တရားရုံး များက တိုက်ရိုက်ကိုးကားကျင့်သုံးပိုင်ခွင့် ရှိစေရမည်။

ပုဒ်မ (၄၅) တာဝန်များ


ဖက်ဒရယ်ပြည်ထောင်စု နိုင်ငံသားတိုင်းသည်-
(က) ဖက်ဒရယ်ပြည်ထောင်စုကို ကာကွယ်ရန် တာဝန်ရှိသည်။
(ခ) ဖက်ဒရယ်ပြည်ထောင်စု ဖွဲ့စည်းပုံအခြေခံဥပဒေကို လေးစားလိုက်နာရန်နှင့် ထိန်းသိမ်းကာကွယ်
စောင့်ရှောက်ရန် တာဝန်ရှိသည်။

အထူးစီမံဆောင်ရွက်မှုဆိုင်ရာအခွင့်အရေးများ
( Affirmative Action Rights )

ပုဒ်မ (၄၆) ကျား-မ တန်းတူညီမျှမှု အခွင့်အရေးအတွက်စီမံမှု


ကျား - မ တန်းတူညီမျှမှု အခွင့်အရေးကို ဖော်ဆောင်နိုင်ရေးအတွက် ဖက်ဒရယ်ပြည်ထောင်စု၏ အဆင့်
ဆင့်သော ဥပဒေပြုရေးကဏ္ဍတွင် အနည်းဆုံး အမျိုးသမီး (၃၀) ရာခိုင်နှုန်း ပါဝင်စေရမည်။

ပုဒ်မ (၄၇) ကလေးများအခွင့်အရေး


(က) ကလေးငယ်တိုင်းသည် အရွယ်မရောက်သေးသူအဖြစ် ကာကွယ်စောင့်ရှောက်မှုကို ရရှိခံစားပိုင်ခွင်ရ
ှိ့
သည်။ ကလေးငယ်တိုင်းသည် အမျိုးသားထုတစ်ရပ်လုံး၏ ဖေးမကူညီမှုကို ခံစားပိုင်ခွင့် ရှိစေရမည်။
(ခ) ကလေးများအား မိဘ (သို့မဟုတ)် အုပ်ထိန်းသူတို့၏ ဆန္ဒမပါဘဲ ၎င်းတို့၏ မိဘများထံမှ ကွဲကွာ အောင်မပြု
လုပ်ရ။ ကလေးတို့ကို ပြုစုစောင့်ရှောက်ခြင်းနှင့် သွန်သင်ပြုပြင်ခြင်းတို့သည် မိဘတို့၏ သဘာဝအခွင့်
အရေးဖြစ်သည်။ အကယ်၍ မိဘ (သို့မဟုတ)် အုပ်ထိန်းသူတို့က ၀တ္တရားပျက်ကွက်လျှင် သော်လည်းကောင်း၊

23
တနည်း နည်းကြောင့် ကလေးများခိုကိုးရာမဲ့ဘ၀သို့ ရောက်ရှိမည့် အခြေအနေမျိုးတွင် သော်လည်းကောင်း၊
ကလေးများ အားမိသားစုနှင့် ကွဲကွာစေခြင်းကို ဥပဒေအတိုင်း ဆောင်ရွက်ရမည်။
(ဂ) ကလေးများကို စီးပွားရေးနှင့် လူမှုရေးအရ ခေါင်းပုံဖြတ်ခြင်းမှ ကာကွယ်စောင့်ရှောက်မှု ပြုရမည်။ ၎င်းတို့၏
ကိုယ်ကျင့်တရား၊ ကျန်းမာရေး၊ အသက်အန္တရာယ်၊ ကိုယ်ခန္ဓာကြီးထွားဖွံ့ဖြိုးမှု၊ တခုခုကို ထိခိုက်စေသော
အလုပ်လုပ်ကိုင်ခြင်းများမှ ကာကွယ်စောင့်ရှောက်ရမည်။
(ဃ) ဖက်ဒရယ်ပြည်ထောင်စုလွှတ်တော်က ကလေးများအခွင့်အရေးဆိုင်ရာ ဥပဒေကို ပြဌာန်းပေးရ မည်။

ပုဒ်မ (၄၈) အလုပ်သမားအခွင့်အရေး


(က) အလုပ်လုပ်သူတိုင်း လူ့ဂုဏ်သိက္ခာနှင့်အညီ ရှင်သန်ရပ်တည်နိုင်ရေးအတွက-်
(၁) သင့်တင့်လျောက်ပတ်သော လုပ်ငန်းခွင်အခြေအနေများရရှိခွင့်
(၂) လူမှုဖူလုံရေးခံစားခွင့်
(၃) မျှတသောအလုပ်ချိန်သတ်မှတ်ချက်နှင့်အညီ အလုပ်လုပ်ခွင့်
(၄) အားလပ်ရက်နှင့် ခွင့်ရက်များခံစားပိုင်ခွင့်
(၅) အလုပ်သမားသမဂ္ဂများ လွတ်လပ်စွာတည်ထောင်ဖွဲ့စည်းခွင့်နှင့် စည်းရုံးခွင့်များ ရရှိစေရမည်။
(ခ) ဖက်ဒရယ်ပြည်ထောင်စုလွတ်တော်က အလုပ်သမားအခွင့်အရေးဆိုင်ရာ ဥပဒေကိုပြဌာန်းပေးရမည်။

ပုဒ်မ (၄၉) လယ်သမားအခွင့်အရေး


လယ်သမားတိုင်းသည်-
(၁) သီးနှံများကို လွတ်လပ်စွာစိုက်ပျိုးခွင့်၊ ရောင်းချခွင့်၊ ထုတ်လုပ်ခွင့်၊
(၂) အခွန်ဟူသမျှ ငွေကြေးဖြင့် ပေးဆောင်ခွင့်၊
(၃) လယ်သမားသမဂ္ဂများ လွတ်လပ်စွာဖွဲ့စည်းခွင့် ရှိစေရမည်။

ပုဒ်မ (၅၀) တန်းတူအခွင့်အရေးဖော်ဆောင်ခြင်း


ဖွံ့ဖြိုးမှုနောက်ကျလျှက်ရှိသော တိုင်းရင်းသားလူမျိုးများအတွက်ဖြစ်စေ၊ စွမ်းဆောင်နိုင်မှုအခြေအနေ
နိမ့်ပါး လျှက်ရှိသော နိုင်ငံသားအစုအဖွဲ့များအတွက်ဖြစ်စေ၊ ထုံးတမ်းစဉ်လာများအရ နိမ့်ချဖယ်ကျဉ်ခြင်းခံ
ထားရသော နိုင်ငံသားအစုအဖွဲ့များအတွက်ဖြစ်စေ၊ ဖက်ဒရယ်ပြည်ထောင်စုလွှတေ
် တ်ာက ဥပဒေပြုပြဌာန်း၍
အထူးစီမံဆောင်ရွက်ခြင်းများဖြင့် အကာအကွယ်ပေးခြင်း၊ စီမံဆောင်ရွက်ခြင်းတို့သည် နိုင်ငံသားတိုင်း တန်းတူ
အခွင့်အရေး ရရှိစေရမည်ဟူသော ပြဌာန်းချက်ကြောင့် အဟန့်အတားမဖြစ်စေရ။

24
အထွေထွေအခြေခံမူများ
( General Principles )

ပုဒ်မ (၅၁) ယေဘုယျလမ်းညွန်

ဤအခန်းတွင် ဖော်ပြထားသော မူများကို ဖက်ဒရယ်ပြည်ထောင်စု အတွက် ယေဘူယျ လမ်းညွှန်သဖွယ်


ရည်ရွယ်သည်။ နိုင်ငံတော်သည် ဥပဒေပြုရာ၌လည်းကောင်း၊ အုပ်ချုပ်ရာ၌လည်းကောင်း ထိုမူများနှင့်အညီ
ဆောင်ရွက်ရန် အလေးဂရုပြုရမည်။

ပုဒ်မ (၅၂) လူမှုရေး အခွင့်အရေး


နိုင်ငံသားတိုင်း အောက်ပါအခွင့်အရေးများကို ရရှိခံစားနိုင်ရန် ဖက်ဒရယ်ပြည်ထောင်စုတွင် ၀ါဒထားရှိ၍
ထိုဝါဒအတိုင်း ရှေးရှုဆာင်ရွက်ရမည်။
(က) ဆင်းရဲနွမ်းပါးသူများ အနေဖြင့် အိုမင်းမစွမ်းဖြစ်သောအခါ၌ သော်လည်းကောင်း၊ နာဖျားမကျန်းဖြစ်သော
အခါ၌သော်လည်းကောင်း၊ အလုပ်လုပ်ကင
ိုခြင်းငှါ မစွမ်းဆောင်နိုင်သောအခါ၌သော်လည်းကောင်း၊ အထောက်
အပံ့ရနိုင်သော အခွင့်အရေး။
(ခ) မိသားစုများနှင့် အတူတကွ နေထိုင်၊ လုပ်ကိုင်၊ ရှင်သန်၊ စောင့်ရှောက်မှုခံယူနိုင်ခွင့်အခွင့်အရေး။
(ဂ) အနားယူ၊ အပန်းဖြေမှု အတွက်ပံ့ပိုးမှုရနိုင်ခွင့် အခွင့်အရေး။
(ဃ) ဖက်ဒရယ်ပြည်ထောင်စုသည် အလုပ်သမားတို့၏ ခွန်အားနှင့် ကျန်းမာရေးတို့ကို ထိခိုက်ခြင်း မဖြစ်စေရန်
လည်းကောင်း၊ ကလေးသူငယ်နုနယ်သော အရွယ်ကို ထိခိုက်ခြင်း မဖြစ်စေရန်လည်းကောင်း၊ ထို့ပြင် ထိုသူတို့
သည် မိမိတို့၏ ကျားမ - ဘာဝ၊ အသက်၊ ခွန်အားတို့နှင့် မသင့်မလျှော်သော သက်မွေးမှု အလုပ်အကိုင်တို့တွင်
စီးပွားရေး ချို့ငဲ့မှုကြောင့် မနေသာဘဲ၊ ၀င်ရောက်လုပ်ကိုင်ရခြင်း မရှိစေရန်လည်းကောင်း၊ ယုံကြည်စိတ်ချရ
အောင် စီမံရမည်။
(င) ပြည်နယ်များသည် မီးဖွားရေးနှင့် ကလေးစောင့်ရှောက်ရေးအဖွဲ့များ၊ ကလေးဂေဟာများ၊ ကလေးထိန်း
နေ့ဌာနများကို ဖွင့်လှစ်ခြင်းအားဖြင့်၊ သားသည်အမေနှင့် ကလေးတို့၏ အကျိုးကို စောင့်ရှောက်ရန်၊ ထို့ပြင်
မီးမဖွားမီနှင့် မီးဖွားပြီး ကာလများအတွက် လုပ်ခနှင့် နားခွင့်ရရန် အခွင့်အရေးကို အခစားလုပ်ကိုင်နေသော
မိခင်တို့ ရရှိခံစားနိုင်စေရန် ၀ါဒထားရှိ၍ ထိုဝါဒအတိုင်း အထူးရှေးရှု ဆောင်ရွက်ရမည်။

ပုဒ်မ (၅၃) ပညာရေးအရပံ့ပိုးပေးရေး


ကမ္ဘာတခွင်ဆက်သွယ်ဆောင်ရွက်သော ခေတ်ကြီးနှင့် အမှီလိုက်နိုင်စေရေးအတွက် ငယ်ရွယ်သူများ
တို့၏ ပညာသင်ကြားရေးတိုးတက်စေရမည်။ ယင်းကိုဦးတည်လျက် ပြည်နယ်များက ဖော်ဆောင်နိုင်ရန် ဖက်ဒ
ရယ်ပြည်ထောင်စုက ပံ့ပိုးရမည်။

ပုဒ်မ (၅၄) ပြည်နယ်များအတွက် သာနာညီမျှမှု ဆိုင်ရာ အခွင့်အရေး


ဖက်ဒရယ်ပြည်ထောင်စုသည် အင်အားနည်း၍ တိုးတက်မှုတွင် နောက်ကျသော ပြည်နယ်များ၏ ပညာ
ရေးနှင့် စီးပွားရေးတို့ကို အထူးဂရုပြု၍ ပံ့ပိုးရမည်။ ထို့ပြင် လူမှုဆက်ဆံရေး မတရားမှုမှလည်းကောင်း၊ သူတပါး

25
ကို နစ်နာစေ၍ ကိုယ်ကျိုးရှာမှုမှ လည်းကောင်း၊ ထိုသူတို့ ကင်းလွတ်စေရန် ပြည်နယ်များက ကာကွယ်စောင့်
ရှောက်ပေးနိုင်ရေး ဖက်ဒရယ်ပြည်ထောင်စုက ပံ့ပိုးရမည်။

ပုဒ်မ (၅၅) လူမှုဘ၀ မြင့်မားစေမှုဆိုင်ရာ အခွင့်အရေး


ပြည်သူ့နေထိုင်ရေး အဆင့်အတန်း မြှင့်တင်မှုနှင့် ပြည်သူ့ကျန်းမာရေး ကောင်းမွန် တိုးတက်မှုတို့သည်
ပြည်နယ်များ၏ အဓိကတာဝန် ၀တ္တရားတစ်ခု ဖြစ်ရမည်။
ပြည်နယ်အသီးသီးသည် ကျန်းမာရေး ၀န်ထမ်းအဖွဲ့များ၊ ဆေးရုံများ၊ ဆေးပေးရုံများ၊ အထူးဆေးရုံများ၊
သူနာပြုရုံများ၊ နာလန်ထဆေးရုံများနှင့် အခြားကျန်းမာရေးရုံများကို တည်ထောင်ကြီးကြပ် အုပ်ချုပ်ပေးခြင်းအား
ဖြင့် ပြည်သူ့ကျန်းမာရေးကို ကောင်းသည်ထက်ကောင်းအောင် ဆောင်ရွက်ရမည်။

ပုဒ်မ (၅၆) အမြတ်အစွန်းအဓိက မဟုတ်သော စီးပွားရေး လုပ်ငန်းများ

ကိုယ်ကျိုး အမြတ်အစွန်းအတွက် အဓိက မဟုတ်ဘဲ လုပ်ကိုင်ဆောင်ရွက်နေသော စီးပွားရေး လုပ်ငန်း


အဖွဲ့ အစည်းများ၊ အမျိုးသားဓနရှင်များအား ပစ္စည်းငွေကြေး နှင့် နည်းပညာ အထောက်အပံ့ပေးရန် ဖက်ဒရယ်
ပြည်ထောင်စုတွင်လည်းကောင်း၊ ပြည်နယ်များအသီးသီးတွင်လည်းကောင်း မူဝါဒ၊ ၀ါဒထားရှိ ဆောင်ရွက်ရမည်။

အမျိုးသားညီညွတ်ရေး ဖက်ဒရယ် ပြည်ထောင်စု အစိုးရက ကြားကာလအတွင်း ဖော်ဆောင်မည့်


လုပ်ငန်းတာဝန်များ

ပုဒ်မ (၅၇) သင့်တင့်လျောက်ပတ်သော ဗဟိုချုပ်ကိုင်မှုကို ရှာဖွေကျင့်သုံးခြင်း


ပြည်ထောင်စု တခုလုံး၏ ငြိမ်းချမ်းတည်ငြိမ်မှုကို အထောက်အပံ့ပြုနိုင်ရန် သင့်တင့်လျောက်ပတ်
သောဗဟိုချုပ်ကိုင်မှု (Optimum Centralization) ကျင့်သုံးရန်နှင့် တင်းကြပ်သော ဗဟိုချုပ်ကိုင်မှု Rigid
Centralization ဆန့်ကျင်သွားမည်။

ပုဒ်မ (၅၈) အမျိုးသားညီညွတ်ရေး


စစ်အာဏာရှင်စနစ်နှင့် အာဏာသိမ်းစစ်ကောင်စီတို့အား ဆန့်ကျင်တိုက်ပွဲ ၀င်နေစဉ်အတွင်း
တိုင်းရင်းသားပေါင်းစုံ အခြေခံလူထုများအတွင်း မိမိတို့အမျိုးသားအသီးသီး၏ အမျိုးသားစိတ်ဓါတ်ကို
မထိပါးစေဘဲ ပြည်ထောင်စု အမျိုးသားစိတ်ဓါတ်ကို မွေးမြူပြီး ဥပဒေစိုးမိုးရေး၊ လူ့အခွင့်အရေးနှင့် ဖက်ဒရယ်စနစ်
အခြေခံများ မှနေ၍ အမျိုးသားညီညွတ်ရေး ရရှိအောင် တည်ဆောက်သွားမည်။

ပုဒ်မ (၅၉) မတရားဥပဒေများ ဖျက်သိမ်းရေး နှင့် တရားမျှတသော မြေယာဥပဒေများပေါ်ပေါက်လာစေရေး


လူတဦးချင်းလွတ်လပ်ခွင့်နှင့် ဒီမိုကရေစီအခွင့်အရေးများ၊ တိုင်းရင်းသားလူထုများ၏ ကိုယ်ပိုင်ပြ
ဌာန်းခွင့် အခွင့်အရေးများအား ထိခိုက်စေသည့် ဥပဒေများအားပယ်ဖျက်နိုင်ရေးအတွက်လည်းကောင်း၊

26
လယ်လုပ်သူ လယ်ပိုင်ခွင့် နှင့် အကန့်အသတ်ဖြင့် တဦးချင်းမြေယာပိုင်ဆိုင်ခွင့တ
့် အ
ို ပေါ် အခြေခံလျက်မြေယာ
ဥပဒေ သစ်များကိုလည်းကောင်း၊ တိုင်းရင်းသားလူထုများ၏ မြေယာအပေါ်စုပေါင်း ပိုင်ဆိုင်အသုံးချခွင့် နှင့်
သက်ဆိုင်ရာလူမျိုးများ၏ အခြားဓလေ့ထုံးတမ်းဥပဒေများကို မထိခိုက်စေဘဲ မြေယာ နှင့် သဘာဝ သယံဇာတ၊
သဘာဝပတ်ဝန်းကျင်ဆိုင်ရာဥပဒေ အပါအ၀င် လိုအပ်သောဥပဒေအသစ်များ ပြဌာန်းနိုင်ရေးအတွက် လည်း
ကောင်း၊ ပြည်ထောင်စု လွှတ်တော်သို့ တင်သွင်းသွားမည်။

ပုဒ်မ (၆၀) မြေယာကို စီမံခန့် ခွဲခြင်း။


အထက်ပုဒ်မ (၅၉) မြေယာဥပဒေများအရ လူထု၏ မြေယာအခွင့်အရေးများကို မထိပါးစေဘဲ ကျန် မြေ
ယာများအနက် ၃၀ ရာခိုင်နှုန်းအား ပြည်ထောင်စု အစိုးရကလည်းကောင်း၊ ၇၀ ရာခိုင်နှုန်းအား ပြည်နယ်များက
လည်းကောင်း စီမံခန့်ခွဲခွင့် ရှိစေရမည်။

ပုဒ်မ (၆၁) ဖက်ဒရယ်ပြည်ထောင်စု နှင့် ပြည်ထောင်စုနိုင်ငံသားတို့ ၏ လုံခြုံမှုကို ကာကွယ်စောင့်ရှောက်ခြင်း


သက်ဆိုင်ရာ ဥပဒေများပြဌာန်း၍ -
(က) ဤဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ ရွေးချယ်တင်မြှောက်ခြင်းခံရသည့် ပြည်ထောင်စုသမ္မတသည် အရေး
ပေါ်အခြေအနေတွင် စစ်သေနာပတိချုပ်အဖြစ် တာဝန်ယူ၍လည်းကောင်း၊
(ခ) ၀န်ကြီးချုပ်ကို တိုက်ရိုက်တာဝန်ခံကာ တာဝန်ထမ်းဆောင်မည့် ပြည်ထောင်စုလုံခြုံရေး အမျိုးသားထောက်
လှမ်းရေးအဖွဲ့တခုအား တည်ထောင်၍သော်လည်းကောင်း၊
(ဂ) လူထုက ရွေးချယ်တင်မြှောက်ခြင်းခံရသည့် အရပ်သားကာကွယ်ရေး ၀န်ကြီး သို့မဟုတ် အရေးပေါ်အခြေ
အနေတွင် ဖက်ဒရယ်ပြည်ထောင်စုတပ်မတော်၌ ပါဝင်ဖွဲ့စည်းသော တိုင်းရင်းသားတပ်မတော်များက ညှိနှိုင်း ကာ
ရွေးချယ်တင်မြှောက်သည့် စစ်ဘက်ဆိုင်ရာ အကြီးအကဲတဦးက ကာကွယ်ရေးဝန်ကြီးအဖြစ် တာဝန်ယူ၍
လည်းကောင်း၊
(ဃ) ၎င်းကာကွယ်ရေးဝန်ကြီး၏ ကြီးကြပ်မှုအောက်တွင် ဖက်ဒရယ်ပြည်ထောင်စု တပ်မတော် စစ်ဦးစီးအဖွဲ့ကို
ထားရှိ၍လည်းကောင်း၊

(င) လူထုက ရွေးချယ်တင်မြှောက်ခြင်းခံရသည့် အရပ်သားဖြစ်သော ပြည်ထောင်စု ပြည်ထဲရေးဝန်ကြီး၏ ကွပ်


ကဲမှုအောက်တွင် ဖက်ဒရယ်ပြည်ထောင်စုရဲတပ်ဖွဲ့၊ ပြစ်မှုဆိုင်ရာ အထူးထောက်လှမ်းရေးတပ်ဖွဲ့၊ လုံခြုံမှုထိန်း
သိမ်းရေး တပ်ဖွဲ့များအား ထားရှိ၍လည်းကောင်း၊ ကာကွယ်စောင့်ရှောက်သွားမည်။

ပုဒ်မ (၆၂) စီးပွားရေးတိုးတက်မှုအတွက် အခြေခံမူဝါဒ

စီးပွားရေးအရ နိုင်ငံတကာဈေးကွက်တွင် ပြည်တွင်းထုတ်ကုန်များ ထိရောက်စွာ ၀င်ရောက်ယှဉ်ပြိုင်နိုင်


ရေးကို ဦးတည်ပြီး တိုင်းပြည်အခြေခံအဆောက်အုံ (Infrastructure) များအား တိုင်းရင်းသားပြည်နယ်များကို
ဦးစားပေး၍ ခေတ်မှီအောင် တည်ဆောက်သွားမည်။ လယ်ယာမှစက်မှု၊ စက်မှုမှနည်းပညာ (Information
Technology) သို့တဆင့်ပြီးတဆင့်သွားခြင်းထက် ဖားခုန် အခြေခံ (leapfrogging) ဖြင့် နည်းပညာအဆင့်သို့
တိုက်ရိုက်သွားနိုင်ရေးအတွက် နည်းလမ်းများ ရှာဖွေသွားမည်။ စီးပွားရေးလုပ်ငန်းများလုပ်ဆောင်ရာတွင် ညီမျှ

27
မှုအား ပံ့ပိုးပေးနိုင်ရေးနှင့် စားသုံးသူများ၏ အခွင့်အရေးကို ကာကွယ်ပေးရေးအခြေခံတွင် ယှဉ်ပြိုင်မှုတိုးမြှင့်စေ
ရေးအတွက် Antitrust Law ကို ပြဌာန်းသွားမည်။

ပုဒ်မ (၆၃) စီးပွားရေး လုပ်ငန်းလုပ်ကိုင်ခွင့် ဦးစားပေးမှု


အမျိုးသားလုပ်ငန်းရှင်များအား ဦးစားပေးပံ့ပိုးပေးရန်၊ တိုင်းရင်းသားပြည်နယ်အသီးသီးနှင့် ပြည်ထောင်
စုယူနစ်များအတွင်းတွင် မြေယာနှင့်သယံဇာတအပေါ် အခြေခံသည့် နိုင်ငံခြားရင်းနှီး မြှုပ်နှံမှုများအား ပြည်နယ်
များ အတွင်းရှိ အမျိုးသားလုပ်ငန်းရှင်များအား ဦးစားပေးပြီး လုပ်ငန်းလိုင်စင်များ ချပေးစေရေးအတွက် လည်း
ကောင်း၊ အမျိုးသားလုပ်ငန်းရှင်များနှင့် နိုင်ငံခြားကုမ္ပဏီများ ပူးပေါင်းတည်ထောင်သည့် ဖက်စပ်လုပ်ငန်းများ
အား လိင
ုစင်များချပေးစေရေး အတွက်လည်းကောင်း၊ ပြည်နယ်များနှင့် ယူနစ်များအား လုပ်ပိုင်ခွင့်ပေးသည့်
ဥပဒေများ ပြဌာန်းပေးနိင်ရေး ပြည်ထောင်စု လွှတ်တော်သို့ တင်သွင်းသွားမည်။

ပုဒ်မ (၆၄) စီးပွားရေးလုပ်ငန်းဆိုင်ရာ အငြင်းပွားမှုများ


စီးပွားရေးကုမ္ပဏီများသည် ဖက်ဒရယ်ပြည်ထောင်စု အစိုးရနှင့် ချုပ်ဆိုလုပ်ကိုင်သည့်စာချုပ်အပေါ်
အကြောင်းပြု၍ အငြင်းပွားပါက အနုံညာတခုံရုံး (Arbitration Tribunal) ဖြင့်ဖြေရှင်းမည်ဟူသော သဘောတူ
ညီချက်မပါရှိလျှင် ဖက်ဒရယ်ပြည်ထောင်စု တရားလွှတ်တော်ချုပ်သို့ လည်းကောင်း၊ ပြည်နယ်အစိုးရနှင့် ချုပ်ဆို
လုပ်ကိုင်သည့် အပေါ်အငြင်းပွားပါက ပြည်နယ်တရားရုံးချုပ်သို့လည်းကောင်း၊ မိမိတို့ကုမ္ပဏီအချင်းချင်း
အငြင်းပွားပါက သက်ဆိုင်ရာ ပြည်နယ် တရားရုံးချုပ်သို့ လည်းကောင်း၊ စာချုပ်တွင် နိုင်ငံခြားတိုင်းပြည်တခုခုရှိ
တရားရုံးသို့တင်သွင်းအဆုံးအဖြတ်ခံယူမည်ဟု ပါရှိပါက အဆိုပါ နိုင်ငံ၏ တရားရုံးသိ့လ
ု ည်းကောင်း၊ တက်
ရောက်ကာ သက်ဆိုင်ရာကုမ္ပဏီတို့၏ အခွင့်အရေးဆုံးရှုံးနစ်နာမှုမရှိစေရန် ဥပဒေစိုးမိုးရေးအခြေခံကို အား
ကောင်းစေပြီး သေချာစေမည်။

ပုဒ်မ (၆၅) အစိုးရ၏ ၀င်ရောက်စွက်ဘက်ခြင်းများအား ကန့်သတ်ခြင်း၊ အခွန်ကောက်ခံခြင်း နှင့် ပြည်ထောင်စု


ဘဏ္ဍာရေးကော်မရှင်
ကမ္ဘာ့ဈေးကွက်တွင်ဝင်ရောက်ယှဉ်ပြိုင်နိုင်ရန် အရည်အသွေးကောင်း၊ ရောင်းပန်းလှ၊ ဈေးနှုန်းသက်
သာသော ထုတ်ကုန်များထုတ်လုပ်နိုင်စေရေးအတွက် ဖက်ဒရယ်ပြည်ထောင်စု အစိုးရကသော်လည်းကောင်း၊
ပြည်နယ်အစိုးရများ အသီးသီးကသော်လည်းကောင်း စီးပွားရေးလုပ်ငန်းများအား ၀င်ရောက်စွက်ဘက်ခြင်း
မပြုစေရေးမူကို ကျင့်သုံးသည်။ လိုအပ်လျှင် ပံ့ပိုးပေးသွားမည်။ သိ့ရ
ုာတွင် ကုမ္ပဏီအနေဖြင့်သော်လည်း
ကောင်း၊ လုပ်ငန်းရှင်များအနေဖြင့်သော်လည်းကောင်း အကျိုးအမြတ်များများရရှိလေလေ၊ အခွန်တိုးကောက်
လေလေ စနစ်ကို ကျင့်သုံးနိုင်စေရေးအတွက် လိုအပ်သည့် ဥပဒေများ ပြဌာန်းဆောင်ရွက်မည်။ ၄င်းမှ ရရှိသော
အခွန်ငွေများအားလုံး၏ ၃၀% အား (သဘာဝသယံဇာတများ ကုန်ခမ်းသွားသည့်အချိန်တွင် အစားထိုးနိုင်
စေရေးအတွက)် လူသားအရင်းအမြစ် ဖွံ့ဖြိုးရေး (Human resource development) အတွက် ပြည်ထောင်စု
အစိုးရက ကိုင်တွယ်သုံးစွဲကာ ရင်းနှီးမြှုပ်နှံသွားမည်။ ကျန် ၇၀% အား ပုဒ်မ (၆)(ခ) အရ
အချုပ်အခြာအာဏာအား အဆင့်သုံးဆင့်ခွဲဝေပြီးအုပ်ချုပ်ရေးလုပ်ငန်းများလုပ်ဆောင်ရာ၌ အသုံးပြုနိုင်ရန်နှင့်

28
ပြည်နယ်ဖွံ့ဖြိုးရေုးလုပ်ငန်းများလုပ်ဆောင်နိုင်စေရန် ဥပဒေပြဌာန်း၍ ပြည်နယ်များအား ခွဲဝေပေး သွားမည်။
ယင်းအပေါ်တွင် အငြင်းပွားမှုများ မရှိစေရန် ဖက်ဒရယ်ပြည်ထောင်စု အစိုးရနှင့် ပြည်နယ်များ၏ အစိုးရများ
အသီးသီးတိ့က
ု ကိုယ်စားလှယ်များစေလွှတ်၍ ပြည်ထောင်စု ဘဏ္ဍာရေးကော်မရှင်ကို ဖွဲ့စည်းကာ
စီမံခန့်ခွဲသွားမည်။

ပုဒ်မ (၆၆) စီးပွားရေးလုပ်ငန်းများနှင့် လူ့ အခွင့်အရေး ချိုးဖောက်မှု


ကုမ္ပဏီများ၊ စီးပွားရေးလုပ်ငန်းရှင်များ၏ လုပ်ငန်းဆောင်ရွက်မှုများကြောင့်ဒေသခံတိုင်းရင်းသားလူထု
များ၏ လူ့ အခွင့်အရေးများ ချိုးဖောက်ခံရခြင်း မရှိစေရေးအတွက် စီးပွားရေးနှင့် လူ့အခွင့်အရေးဆိုင်ရာ ကုလ
သမဂ္ဂ၏ လမ်းညွန်မူ11 ကိုင်စွဲ၍ ဥပဒေစိုးမိုးရေးအခြေခံကိုတည်ဆောက်ကာ ကာကွယ်စောင့်ရှောက်မည်။

ပုဒ်မ (၆၇) ပြည်နယ်များအချင်းချင်းအကြား စာချုပ်ချုပ်ဆိုခွင့်ရှိခြင်း


(က) ဤကြားကာလ ဖွဲ့စည်းပုံအခြေခံဥပဒေကို သော်လည်းကောင်း၊ သက်ဆိုင်ရာပြည်နယ်များ၏ ပြည်နယ်
ဖွဲ့စည်းပုံအခြေခံဥပဒေများကို သော်လည်းကောင်း၊ မဆန့်ကျင်စေဘဲ ပြည်နယ်တခုနှင့် အခြားတခု သိ့မ
ု ဟုတ်
အများအကြား အငြင်းပွားမှုများအား ငြိမ်းချမ်းစွာညှိနှိုင်း ဖြေရှင်းစေနိုင်ရေး၊ ပြည်နယ်တခုနှင့် အခြားတခု
သို့မဟုတ် အများအကြား ပူးပေါင်းကာ တိုးတက်မှုကို ရှာဖွေနိုင်စေရေး၊ ဖက်ဒရယ်ပြည်ထောင်စုအတွင်းရှိ
ပြည်နယ် အားလုံးကို ဖြတ်ကျော်လျက် ကုန်စည်စီးဆင်းမှုနှင့် ကုန်ရောင်းကုန်ဝယ်လုပ်ငန်းများ အဆင်ပြေချော
မွေ့စေရေး၊ ဥပဒေစိုးမိုးရေးနှင့် တရားမျှတမှု အခြေခံတွင် တိုးတက်ဖွံ့ဖြိုးမှုအား အတူတကွ ရှာဖွေနိုင်ရေးတို့
အတွက် ပြည်နယ်များ အချင်းချင်းအကြား စာချုပ်ချုပ်ဆိုဆောင်ရွက်ခွင့်ရှိသည်။
(ခ) တိုင်းရင်းသားပြည်သူများ နိုင်ငံသားများအနေဖြင့် ပြည်နယ်တခုမှ အခြားတခုသို့ ဖြတ်သန်းခရီး
သွားခြင်း၊ စီးပွားရေးလုပ်ကိုင်ခြင်း၊ ရွှေ့ပြောင်းအခြေစိုက်နေထိုင်ခြင်းများပြုရာတွင် ပြည်နယ်အသီးသီး၏ မတူ
ကွဲပြားသော အုပ်ချုပ်မှု၊ ပညာရေး၊ ကျန်းမာရေးနှင့် လူနေမှုစနစ်များ ချမှတ်ကျင့်သုံးမှုကြောင့် အဆင်
မပြေမှုများ ပေါ်ပေါက်ပါက ဖြေရှင်းကျော်လွှားနိုင်ရန် ပြည်နယ်များ အချင်းချင်းအကြားစာချုပ်ချုပ်ဆိုဆောင်
ရွက်ခွင့်ရှိသည်။

ပုဒ်မ (၆၈) ပြည်နယ်များအသီးသီးအနေဖြင့် ပြည်ထောင်စုအတွင်း လူဝင်မှု ကြီးကြပ်ရေးအခွင့်အာဏာ ကျင့်သုံး


ခြင်း။
ဤဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ (၃၅) ကို ကိုးကား၍ လူမျိုးကြီးတမျိုးက အခြားလူမျိုးငယ်များအားမြို
ဝါးခြင်းမှ ထိန်းသိမ်းနိုင်စေရေးအတွက်လည်းကောင်း၊ ပြည်ထောင်စုအတွင်း အတားအဆီးမရှိရွှေ့ပြောင်းနေ
ထိုင်ခြင်း၊ စီးပွားရှာဖွေခြင်းများကြောင့် ပြည်နယ်အတွင်းနေ ဒေသခံလူထုများ၏ စီးပွားရှာကြံလုပ်ပိုင်ခွင့်၊ ဆန္ဒမဲ
ပေးပိုင်ခွင့်၊ မိမိသက်ဆိုင်ရာ လူမျိုးအသီးသီး၏ ဓလေ့ထုံးတမ်း၊ အစဉ်အလာ၊ ရိုးရာ၊ စာပေ၊ ယဉ်ကျေးမှု အမွေ

11
United Nations Human Rights, Office of the High Commissioner, ‘guiding principles on business and human
rights’, New York and Geneva, (2011).
<https://www.ohchr.org/documents/publications/guidingprinciplesbusinesshr_en.pdf>

29
အနှစ်တို့အား မထိခိုက်စေရေးအတွက် သက်ဆိုင်ရာ ပြည်နယ်အသီးသီးသည် ပြည်တွင်းလူဝင်မှုကြီးကြပ်ရေး
ဥပဒေများ ပြဌာန်းကျင့်သုံးခွင့်ရှိသည်။

ပုဒ်မ (၆၉) အိမ်နီးချင်းနိုင်ငံများနှင့် ပူးပေါင်းဆောင်ရွက်ခြင်း


ပြည်နယ်များအားလုံး၏ အကျိုးစီးပွားအတွက် ပြည်ထောင်စု အစိုးရအနေဖြင့် ဖက်ဒရယ်ပြည်
ထောင်စု တခုလုံးကို ကိုယ်စားပြု၍ နိုင်ငံတကာနှင့် ဆက်သွယ်ဆောင်ရွက်သည့် ကိစ္စများတွင် သက်ဆိုင်ရာ
ပြည်နယ် အစိုးရနှင့် ညှိနှိုင်းတိုင်ပင်သွားမည်။ အိမ်နီးချင်း နိုင်ငံရှိသော ပြည်နယ်များအနေဖြင့် နယ်စပ်ဖြတ်
ကျော်ကုန်သွယ်ရေး၊ လူဝင်မှုကြီးကြပ်ရေး၊ သွင်းကုန်ထုတ်ကုန်များ ပို့ဆောင်ရေး၊ ပညာရေးနှင့် လူမှုရေး၊ ပြည်
နယ်အတွင်းနှင့် နယ်စပ်တွင် ဖြစ်ပွားသော ငွေမဲခ၀ါချသည့် လုပ်ငန်းများ၊ လူမှောင်ခို ကူးသည့် လုပ်ငန်းများ၊
အကြမ်းဘက်မှု တိုက်ဖျက်ရေး လုပ်ငန်းများအား ဒေသ၏ ထူးခြားချက်များနှင့်အညီ ပြည်နယ်အစိုးရများသည်
အိမ်နီးချင်းနိုင်ငံများနှင့် ပူးပေါင်းဆောင်ရွက်ခွင့်ရှိစေရမည်။

ပုဒ်မ (၇၀) ပြည်နယ်များအသီးသီးအနေဖြင့် အိမ်နီးချင်းနိုင်ငံများသို့ထွက်ခွါသွားရောက်ရန် လူဝင်မှု ကြီးကြပ်ရေး


အခွင့်အာဏာ ကျင့်သုံးခြင်း
အိမ်နီးချင်းနိုင်ငံရှိသော ပြည်နယ်များအသီးသီးအနေဖြင့် အထက်ပုဒ်မ (၆၉) အရ အိမ်နီးချင်းနိုင်ငံများ
နှင့်ပူးပေါင်းဆောင်ရွက်နိုင်ရေးအတွက်လည်းကောင်း၊ ပြည်ပ နိုင်ငံများမှ နိုင်ငံခြားသားများက အဆိုပါ
အိမ်နီးချင်းနိုင်ငံများကို ဖြတ်သန်းကာ သက်ဆိုင်ရာပြည်နယ်သ့တ
ိုက်ရိုက်ဝင်ရောက်လည်ပတ်ခွင့် ရှိခြင်းဖြင့်
တိုင်းရင်းသားပြည်နယ်များတွင် နိုင်ငံခြားခရီးသွား လုပ်ငန်းများလုပ်ကိုင်ခွင့်ရှိစေရေးအတွက်လည်းကောင်း ဖက်
ဒရယ်ပြည်ထောင်စု လွှတ်တော်က လိုအပ်သည့် ဥပဒေပြဌာန်းပေးမည်။

ပုဒ်မ (၇၁) အာဏာသိမ်းစစ်ခေါင်းဆောင်နှင့် အရပ်ဘက်ခေါင်းဆောင်များအား ဖမ်းဆီးအရေးယူခြင်း


၂၀၂၁ ခုနှစ်ဖေဖော်ဝါရီလ တရက်နေ့စစ်အာဏာသိမ်းရာတွင်ပါဝင်ခဲ့သောကာချုပ်ဟောင်း မင်းအောင်
လှိုင်ခေါင်းဆောင်သည့် စစ်ခေါင်းဆောင်နှင့် အရပ်ဘက်ခေါင်းဆောင်များ၊ ကုလသမဂ္ဂအချက်အလက်ရှာဖွေရေး
မစ်ရှင်က တင်သွင်းထားသော တရားခံစာရင်းတွင် ပါဝင်သည့် မင်းအောင်လှိုင်နှင့် စစ်ခေါင်းဆောင်များ၊
မင်းအောင်လှိုင်၏ အမိန့်ပေးမှုအောက်တွင် စစ်ရာဇ၀တ်မှု၊ လူမျိုးတုံး သတ်ဖြတ်မှု၊ လူသားဆန့်ကျင်မှုကျူးလွန်
ခဲ့သည့် စစ်ခေါင်းဆောင်များအား ဖမ်းဆီးအရေးယူပြီး ပြည်တွင်းတရားရုံးတွင်ဖြစ်စေ၊နိုင်ငံတကာတရားရုံးတခုခု
တွင်ဖြစ်စေ အပြစ်ပေးခြင်းဖြင့် ဥပဒေစိုးမိုးရေးအခြေခံကို တည်ဆောက်သွားမည်။

ပုဒ်မ (၇၂) CDM လှုပ်ရှားမှု ၀န်ထမ်းများ၏ အခွင့်အရေး


အမျိုးသားညီညွတ်ရေး ဖက်ဒရယ် ပြည်ထောင်စုအစိုးရအနေဖြင့် CDM လှုပ်ရှားမှုကြီးတွင် ပါဝင် ခဲ့သော၊
ပါဝင်လျက်ရှိသော ၀န်ထမ်းများ၏ လုပ်ငန်းခွင်တည်မြဲရေးနှင့် ဘ၀ရပ်တည်ရေးကို အထောက်အပံ့ ဖြစ်စေမည့်
စီမံဆောင်ရွက်မှုအားလုံးကို လုပ်ဆောင်သွားမည်။ အဆိုပါ ၀န်ထမ်းများအနက် ဆယ်စုနှစ်ပေါင်း များစွာ
အုပ်ချုပ်လာခဲ့သည့် မြန်မာစစ်တပ်၏ လျှို့ဝှက်စာရွက်စာတမ်းများနှင့် အခြားအထောက်အထားများ အား

30
သယ်ဆောင်လာပေးနိုင်မည့် ၀န်ထမ်းများ၊ စစ်ဘက်ဆိုင်ရာပုဂ္ဂိုလ်များ နှင့် ၄င်းတု့မ
ိသားစုများ၏ လုံခြုံရေး ကိုပါ
တာဝန်ယူပေးသွားမည်။

ပုဒ်မ (၇၃) တပြိုင်နက် နိုင်ငံသားဖြစ်ခွင့်အား ဖော်ဆောင်ခြင်း


စစ်အာဏာရှင်စနစ်ကို အမြစ်ပြတ်တိုက်နိုင်ရေးကိုလည်းကောင်း၊ ပြည်ထောင်စု၏ စီးပွားရေးတိုး
တက်ဖွံ့ဖြိုးမှုကို ပံ့ပိုးနိုင်ရေးတို့အတွက်လည်းကောင်း၊ သက်ဆိုင်ရာပြည်နယ်များ၏ သဘောထားကိုရယူပြီး
နိုင်ငံခြားသားအဖြစ်ခံယူပြီးသူ မြန်မာနိုင်ငံသားများအား ဖက်ဒရယ်ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ (၁၉၂) နှင့်အညီ
တပြိုင်နက် နိုင်ငံသားဖြစ်ခွင့် (Dual Citizenship) အခွင့်အရေးကို ဖော်ဆောင်ပေးသွားမည်။

ပုဒ်မ (၇၄) ပညာတော်သင်များ စေလွှတ်ခြင်း


နိုင်ငံခြားအကူအညီများကို ရှာဖွေ၍လည်းကောင်း၊ ပြည်ထောင်စုဘဏ္ဍာငွေမှ စိုက်ထုတ်သုံး
စွဲ၍လည်းကောင်း၊ အရည်အချင်းနှင့် ပြည့်စုံသော တိုင်းရင်းသားပေါင်းစုံ လူငယ်များအား နိုင်ငံခြားတိုင်းပြည်
ကြီးများသို့ ပညာတော်သင်များ စေလွှတ်သွားမည်။ စစ်အာဏာရှင်စနစ်နှင့်  အာဏာသိမ်းစစ်ကောင်စီအား
တိုက်ဖျက်ရာတွင် CDM လှုပ်ရှားမှုကြီးတွင်လည်းကောင်း၊ ဖက်ဒရယ်ပြည်ထောင်စု တပ်မတော် တွင်
လည်းကောင်း၊ ပါဝင်၍ ရွတ်ရွတ်ချွန်ချွန်တိုက်ပွဲဝင်ခဲ့သည့် လူငယ် လူလတ်များအား ဦးစားပေးရွေးချယ်
စေလွှတ်သွားမည်။

ပုဒ်မ (၇၅) လွတ်လပ်စွာထုတ်ဖော်ခွင့်အခြေခံတွင် သတင်းမီဒီယာများအား ပံ့ပိုးခြင်း


လွတ်လပ်စွာထုတ်ဖော်ခွင့်အား ဒီမိုကရေစီ၏ အသက်သွေးကြောအဖြစ်မှတ်ယူကာ ၁၉၂၃ နိုင်ငံတော်
လျှို့ဝှက်ချက် ဥပဒေအပါအ၀င် သတင်းမီဒီယာလွတ်လပ်ခွင့် အားပိတ်ပင်သော ဥပဒေများအား
ရုပ်သိမ်းမည်။ သတင်းမီဒီယာများနှင့် လူထုများ က (ပြည်ထောင်စု၏ လုံခြုံရေးဆိုင်ရာထိပ်တန်းလျှို့ဝှက်ချက်
အချို့မှလွဲ၍) အစိုးရအသီးသီး၏ လုပ်ဆောင်ချက်များအား မေးမြန်းခွင့်အပ်နှင်းသည့် သတင်းဆိုင်ရာ ဥပဒေ
တရပ်ကိုပြဌာန်းမည်။ မည်သည့်ခရိုနီကြီးများ၏ ငွေကြေးများကိုမှ လက်ခံယူခြင်းမရှိဘဲလွတ်လပ်သည့် သတင်း
လုပ်ငန်းကို လုပ်ဆောင်နေကြသည့် သတင်းဌာနများအား ပြည်ထောင်စုရန်ပုံငွေမထ
ှုတ်ယူ၍ ထောက်ပံ့မှုများ
ပေးသွားမည်။ ဖက်ဒရယ်ဖွဲ့စည်းပုံ ပုဒ်မ ၁၈ (က)နှင့်အညီ လွတ်လပ်စွာထုတ်ဖော်ခွင့်ကို အာမခံနိုင်ရေး အ တွက်
သတင်းမီဒီယာ ဥပဒေအသစ်တရပ်ကို ပြဌာန်းသွားမည်။

ပုဒ်မ (၇၆) သဘာဝသယံဇာတများ နှင့် ပြည်ထောင်စု လမ်းမကြီးများ


သဘာဝသယံဇာတများထွက်ရှိသော ပြည်နယ်များနှင့် ပြည်ထောင်စုလမ်းမကြီးများဖြတ်သန်းသွားလာ
သော ပြည်နယ်များသည် အဆိုပါ သဘာဝသယံဇာတထုတ်လုပ်မှုနှင့် လမ်းခွန်များမှ ရရှိသောဝင်ငွေ၏ ၇၀%
အား သက်ဆိုင်ရာပြည်နယ်များ ခံစားခွင့်ရှိစေရေး၊ ၃၀% အား ပြည်ထောင်စု အစိုးရသိ့လ
ွှုဲပြောင်းပေးအပ်ရေး
အတွက် ဥပဒေပြဌာန်းပေးသွားမည်။

31
ပုဒ်မ (၇၇) ဖွံ့ဖြိုးမှုနောက်ကျသော ပြည်နယ်များ

ပြည်နယ်များအချင်းချင်းအတွင်းစီးပွားရေး ကွာဟမှုနည်းပါးစေရန် ဖွံ့ဖြိုးမှုနောက်ကျနေသော ပြည်နယ်


များအား နှိုင်းယှဉ်ချက်အရပိုမိုဖွံ့ဖြိုး သောပြည်နယ်များက စုပေါင်းကာ မိမိတို့ရရှိသော ၀င်ငွေများမှနေ၍ မျှဝေ
ထောက်ပံ့သွားမည်။

ပုဒ်မ (၇၈) မူးယစ်ဆေးဝါးနှင့် ငွေကြေးခ၀ါချမှုတိုက်ဖျက်ရေး

မူးယစ်ဆေးဝါးနှင့် ငွေကြေးခ၀ါချမှုတိုက်ဖျက်ရေးတိ့အ
ုား ဖက်ဒရယ်ပြည်ထောင်စု အစိုးရသည် သက်
ဆိုင်ရာပြည်နယ်အစိုးရ သို့မဟုတ် ပြည်နယ်အစိုးရများနှင့် ညှိနှိုင်းတိုင်ပင်ပြီး အသေးစိတ်လုပ်ငန်း စဉ်များ
ချမှတ်ဖော်ဆောင်သွားမည်။

ပုဒ်မ (၇၉) အနိမ့်ဆုံးလုပ်ခ

အလုပ်လုပ်သူ တဦးချင်းစီတိုင်း၏ အနိမ့်ဆုံးလုပ်ခကို သက်ဆိုင်ရာ ပြည်နယ်အသီးသီးက


မိမိ ပြည်နယ်၏ ထူးခြားချက်အလိုက်သတ်မှတ်ပေးရန်၊ အနိမ့်ဆုံးလုပ်ခအောက် ရရှိသော အလုပ်သမား မိသားစု
ဖြစ်ပြီး အခြားဝင်ငွေလည်းမရှိကြောင်း သက်သေအထောက်အထားပြည့်စုံပါက မိသားစုဝင်များအား အခမဲ့
ဆေးဝါးကုသခွင့်နှင့် ၄င်းမိသားစု၏ ကလေးငယ်များအား အခြေခံအထက်တန်း အောင်မြင်သည်အထိ
ကျောင်းတက်ခွင့်ရဘိ့လ
ိုအပ်သည့် ပညာသင်စားရိတ်များ ထောက်ပံ့သွားနိုင်ရေးအတွက် ဖက်ဒရယ်
ပြည်ထောင်စု အစိုးရက သက်ဆိုင်ရာပြည်နယ်အား ပံ့ပိုးသွားမည်။

ပုဒ်မ (၈၀) ပြည်နယ်သစ်များ ဖွဲ့ စည်းခြင်း

ပြည်နယ်သစ်များ ဖွဲ့စည်းလိုသော နိုင်ငံရေးအင်အားစုများအနေဖြင့် ပြည်နယ်သစ်များရယူလိုပါက


ဖက်ဒရယ်ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ (၉၂)၊ (၉၃) တိန
ှု့င့်အညီ ဖက်ဒရယ်ပြည်ထောင်စုအစိုးရက ပံ့ပိုးဆောင်
ရွက် ပေးမည်။ အထူးသဖြင့် စစ်အာဏာရှင်စနစ်နှင့် အာဏာသိမ်းစစ်ကောင်စီအား တိုက်ဖျက်သည့် လှုပ်ရှားမှု
များ၊ တိုက်ပွဲများတွင် ပါဝင်ဆင်နွှဲသည့် တိုင်းရင်းသားခုခံစစ်ဆင်အဖွဲ့အစည်းများ၏ တင်ပြချက်များကို ဦးစားပေး
ဖော်ဆောင်သွားမည်။

ပုဒ်မ (၈၁) ပါတီစုံစနစ်၏ အခြေခံ


အာ ဏာရှင်ပါတီများ ပေါ်မလာစေရေးအတွက် ပါတီဝင်ထု၏ဆန္ဒကို နည်းလမ်းတကျ ထုတ်ဖော်ခွင့်ကို
အားပေး သွားမည်။ ပါတီဝင်ထု၏ ဆန္ဒအပေါ်အခြေပြုပြီး ခေါင်းဆောင်မှုကို ရွေးချယ်တင်မြှောက်သည့် ပါတီတွင်း
ဒီမိုကရေစီကို ကျင့်သုံးရေးအတွက် ပံ့ပိုးသွားမည်။

32
ပုဒ်မ (၈၂) ကုစားခြင်း နှင့် မော်ကွန်းတင်ခြင်း
(က) စစ်အာဏာရှင်စနစ် တိုက်ဖျက်ရေး CDM လှုပ်ရှားမှုကြီးတွင် ပါဝင်၍ ကျဆုံးသွားခဲ့သူများအား
လည်းကောင်း၊ ကိုယ်အဂါင်္ချို့တဲ့ ဒဏ်ရာရသူများအား လည်းကောင်း ထိုက်သင့်သည့် လျော်ကြေးငွေများ
ပေးအပ်သွားမည်။ စိတ်ပိုင်းဆိုင်ရာ ခံစားမှုများ ဖက်ဒရယ်ပြည်ထောင်စု သူရဲကောင်းဆုနှင့် အခြားခံစားခွင့်များ
အပ်နှင်းသွားမည်။
(ခ) စစ်အာဏာရှင်စနစ်ကို ခုခံတိုက်ပွဲဝင်သည့် မည်သည့် တော်လှန်ရေး အဖွဲ့အစည်း သိ့မ
ု ဟုတ်
မည်သည့်တိုင်းရင်းသား ခုခံစစ်ဆင်အဖွဲ့အစည်းများမှ ပုဂ္ဂိုလ်မဆို အမျိုးသားညီညွတ်ရေး ဖက်ဒရယ်
ပြည်ထောင်စုအစိုးရ၏ စံထားသတ်မှတ်ချက်များနှင့်ပြည့်မှီသူဖြစ်ပါက ဖက်ဒရယ်ပြည်ထောင်စု စစ်သရ
ဲူကောင်း
ဆုနှင့် အခြားခံစားခွင့်များ အပ်နှင်းသွားမည်။

ပုဒ်မ (၈၃) မင်းအောင်လှိုင် (ကာချုပ်ဟောင်း) ခေါင်းဆာင်သည့် အာဏာသိမ်းစစ်ကောင်စီကို ဆန့်ကျင်ကူး


ပြောင်းလာသူများ
အာဏာသိမ်းစစ်ကောင်စီ၏ လက်အောက်ခံတပ်များမှ ကူပြောင်းလာသူမည်သည့် အကြပ်၊ တပ်သား၊
စစ်ဗိုလ်များမဆိုတို့အား နိုင်ငံတကာ လူသားချင်းစာနာထောက်ထားသည့် ဥပဒေနှင့်အညီ ဆက်ဆံ၊ လက်ခံ၊
စောင့်ရှောက်သွားမည်။ ၎င်းတို့အနက် စစ်အာဏာရှင်စနစ်ကို ဆက်လက်တိုက်ပွဲဝင်လိုသူများအား ဖက်ဒရယ်
ပြည်ထောင်စု တပ်မတော်က စနစ်တကျစစ်ဆေးစီစစ်ပြီးနောက် သင့်တော်သည့် တာဝန်များအပ်နှင်းသွားမည်။

ပုဒ်မ (၈၄) အလုပ်သမားဥပဒေအသစ်


၁၉၂၆ ခုနှစ် အလုပ်သမားသမဂ္ဂဥပဒေအပေါ်အခြေခံ၊ ကမ္ဘာ့အလုပ်သမားအဖွဲ့ချုပ်က ပြဌာန်းထား သော
ဥပဒေများကို ကိုးကားလျက် အလုပ်သမားဥပဒေအသစ်တရပ်ကို ပြဌာန်းနိုင်ရေးအတွက် ဖက်ဒရယ်
ပြည်ထောင်စု လွှတ်တော်သို့တင်သွင်းသွားမည်။ အဆိုပါဥပဒေနှင့်အညီ အလုပ်သမားအဖွဲ့အစည်းများနှင့်
အလုပ်ရှင်အဖွဲ့ အစည်းများ၏ အခွင့်အရေးများကိပ
ုါ ကာကွယ်စောင့်ရှောက်မည်။

33
အခန်း (၃)

ဖက်ဒရယ်ပြည်ထောင်စုအဖွဲ့ဝင်ပြည်နယ်များ

Member States of the Federal Union

ပုဒ်မ (၈၅) ဖက်ဒရယ်ပြည်ထောင်စုအဖွဲ့ဝင်ပြည်နယ်များ

(က) ဖက်ဒရယ်ပြည်ထောင်စု၏ အဖွဲ့ဝင်ပြည်နယ်များသည် ဤဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ ကိုယ်ပိုင် ပြဌာန်း


ခြင့္အခြင့္အေရး အျပည့္အ၀ရွေ
ိ စရမည်။

(ခ) ဖက်ဒရယ်ပြည်ထောင်စုကို အမျိုးသားပြည်နယ်များ၊ အမျိုးသားများပြည်နယ်များနှင့် ဖက်ဒရယ်ပြည်


ထောင်စုနယ်မြေများဖြင့် ဖွဲ့စည်းစေရမည်။

ပုဒ်မ (၈၆) ဖက်ဒရယ်ပြည်ထောင်စုအဖွဲ့ဝင်ပြည်နယ်များနှင့် ဖက်ဒရယ်ပြည်ထောင်စုနယ်မြေများ

(က) ဖက်ဒရယ်ပြည်ထောင်စုအဖွဲ့ဝင်နယ်မြေများ-

ဖက်ဒရယ်ပြည်ထောင်စုအဖွဲ့ဝင် အမျိုးသားပြည်နယ်နှင့် အမျိုးသားပြည်နယ်များမှာ အောက်ပါအတိုင်း ဖြစ်


သည်။

(၁) ကချင်အမျိုးသားပြည်နယ်

(၂) ကရင်အမျိုးသားပြည်နယ်

(၃) ကရင်နီအမျိုးသားပြည်နယ်

(၄) ချင်းအမျိုးသားပြည်နယ်

(၅) မြန်မာ အမျိုးသားပြည်နယ်

(၆) မွန်အမျိုးသားပြည်နယ်

(၇) တနင်္သာရီအမျိုးသားများပြည်နယ်

(၈) ရခိုင်အမျိုးသားပြည်နယ်

(၉) ရှမ်းအမျိုးသားပြည်နယ်

(၁၀) ဧရာဝတီအမျိုးသားများပြည်နယ်

(၁၁) .....................................................

(၁၂) .....................................................

34
(ခ) ဖက်ဒရယ်ပြည်ထောင်စုနယ်မြေများ

ဖက်ဒရယ်ပြည်ထောင်စုနယ်မြေများမှာ အောက်ပါအတိုင်းဖြစ်သည်။

(၁) ဖက်ဒရယ်ပြည်ထောင်စုမြို့တော်

(၂) .......................................................

ပုဒ်မ (၈၇) ဖက်ဒရယ်ပြည်ထောင်စုအဖွဲ့ဝင်ပြည်နယ်များ၏ အခြေခံဥပဒေ

ဖက်ဒရယ်ပြည်ထောင်စု အဖွဲ့ဝင်ပြည်နယ်များသည် ဤဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ သက်ဆိုင်ရာ


ပြည်နယ်ဖွဲ့စည်းပုံများကို လွတ်လပ်စွာရေးဆွဲပြဌာန်းခွင့် ရှိစေရမည်။

ပုဒ်မ (၈၈) ဖက်ဒရယ်ပြည်ထောင်စုအဖွဲ့ဝင်ပြည်နယ်များ၏ အခွင့်အာဏာ

ဖက်ဒရယ်ပြည်ထောင်စု အဖွဲ့ဝင်ပြည်နယ်များသည် ဤဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ ဥပဒေပြုအာ


ဏာ၊ အုပ်ချုပ်ရေးအာဏာနှင့် တရားစီရင်ရေးအာဏာကို ကျင့်သုံးပိုင်ခွင့် ရှိစေရမည်။

ပုဒ်မ (၈၉) ကျန်ရှိသောအာဏာများကျင့်သုံးခွင့်

ဖက်ဒရယ်ပြည်ထောင်စု အဖွဲ့ဝင်ပြည်နယ်များသည် ဖက်ဒရယ်ပြည်ထောင်စုအစိုးရသို့ အပ်နှင်းထား


သည့်အာဏာများနှင့် ဤဖက်ဒရယ်ဖွဲ့စည်းပုံအခြေခံဥပဒေအရ ပိတ်ပင်တားမြစ်ထားသော အာဏာများမှအပ
ကျန်ရှိသော အာဏာများကို ကျင့်သုံးပိုင်ခွင့် ရှိစေရမည်။

ပုဒ်မ (၉၀) လူနည်းစုတိုင်းရင်းသား အခွင့်အရေး

(က) ဖက်ဒရယ်ပြည်ထောင်စုအဖွဲ့ဝင် ပြည်နယ်များအတွင်းရှိ လူနည်းစုတိုင်းရင်းသားများ၏ အခွင့်အရေးကို


ကာကွယ်ပြဌာန်းပေးရမည်။

(ခ) လူနည်းစုတိုင်းရင်းသားများ၏ အခွင့်အရေးကို ကာကွယ်ပြဌာန်းနိုင်ရန် ပြည်နယ်ခွဲများ၊ ပူးတွဲအုပ်ချုပ်ခွင့်ရဇုန်


များ၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသများနှင့် အမျိုးသားနယ်မြေများကို လိုအပ်လျှင်လိုအပ်သလို ပြည်နယ်ဖွဲ့စည်းပုံ
အခြေခံဥပဒေများတွင် သတ်မှတ်ပြဌာန်း ပေးရမည်။

(ဂ) အမျိုးသားပြည်နယ်အဆင့်မရှိသေးသော တိုင်းရင်းသားလူမျိုးစုများအနေဖြင့် ၎င်းတို့နေထိုင်ရာ ပြည်နယ်


တခုအတွင်း၌ ဖြစ်စေ၊ ပြည်နယ်များအတွင်း၌ဖြစ်စေ ပြည်နယ်ခွဲများ သို့တည်းမဟုတ် ပူးတွဲအုပ်ချုပ်ခွင့်ရဇုန်များ
သို့တည်းမဟုတ် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ သို့တည်းမဟုတ် အမျိုးသားနယ်မြေအဖြစ် သတ်မှတ်ပေးရန်
တောင်းဆိုခွင့် ရှိစေရမည်။

35
(ဃ) ပြည်နယ်ခွဲများ၊ ပူးတွဲအုပ်ချုပ်ခွင့်ရဇုန်များနှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ သတ်မှတ်ပေးရန်အတွက်
သက်ဆိုင်ရာပြည်နယ်အတွင်းနေထိုင်သူ ပြည်နယ်သားဦးရေ ငါးသောင်းက လက်မှတေ
် ရးထိုး၍
တောင်းဆိုလာလျှင်ဖြစ်စေ၊ အမျိုးသားနယ်မြေများ သတ်မှတ် ပေးရန်အတွက် သက်ဆိုင်ရာပြည်နယ်အတွင်း
နေထိုင်သူ နိုင်ငံသား ငါးထောင်က လက်မှတ်ရေးထိုး၍ တောင်းဆိုလာ လျှင်ဖြစ်စေ၊ သက်ဆိုင်ရာပြည်နယ်
လွှတ်တော်က အများစုဆန္ဒမဲဖြင့် အဆုံးအဖြတ်ပြုရမည်။

ပုဒ်မ (၉၁) ပြည်နယ်တပ်ဖွဲ့များ

(က) ဖက်ဒရယ်ပြည်ထောင်စု အဖွဲ့ဝင်ပြည်နယ်များသည် သက်ဆိုင်ရာပြည်နယ် လူဦးရေ၏ (၀.၂) ရာခိုင်နှုန်း


ထက်မပိုသော ပြည်နယ်ရဲတပ်ဖွဲ့ကို ဖွဲ့စည်းခွင့်ရှိစေရမည်။

(ခ) ဖက်ဒရယ်ပြည်ထောင်စုလွှတ်တော်မှ ပြဌာန်းထားသော ဥပဒေနှင့်အညီ ဖက်ဒရယ်ပြည်ထောင်စု အဖွဲ့ဝင်


ပြည်နယ်များသည် သက်ဆိုင်ရာ ပြည်နယ်လူဦးရေ၏ (၀.၁) ရာခိုင်နှုန်းအင်အားထက်မပိုသော ပြည်နယ်လုံခြုံ
ရေးတပ်ဖွဲ့ကို ဖွဲ့စည်းနိုင်သည်။

(ဂ) အထက်ဖော်ပြပါ ပုဒ်မခွဲ (က) နှင့် (ခ) အရ ပြည်နယ်ရဲတပ်ဖွဲ့နှင့် ပြည်နယ်လုံခြုံရေးတပ်ဖွဲ့များ၏ အင်အား


သတ်မှတ်ချက်အား ထူးခြားသော အခြေအနေအရ တိုးချဲ့သတ်မှတ်ပေးရန် လိုအပ်ပါက ပြည်နယ်တခုခုသည်
ဖက်ဒရယ်ပြည်ထောင်စုလွှတ်တော်သို့ တောင်းခံနိုင်ခွင့်ရှိစေရမည်။

ပုဒ်မ (၉၂) ပြည်နယ်သစ်များ ဖွဲ့စည်းပိုင်ခွင့်

ဖက်ဒရယ်ပြည်ထောင်စုအဖွဲ့ဝင် ပြည်နယ်တခုအတွင်းရှိ တဆက်တစပ်တည်း ရှိသောဒေသများကို


အခြေခံ၍သော်လည်းကောင်း၊ ပြည်နယ်နှစ်ခု သို့မဟုတ် နှစ်ခုထက်ပိုသော ပြည်နယ်များအတွင်းရှိ တဆက်တ
စပ်တည်းရှိသော ဒေသများကို ပေါင်းစပ်၍သော်လည်းကောင်း ဖက်ဒရယ်ပြည်ထောင်စုအဖွဲ့ဝင် ပြည်နယ်သစ်
များကို ဖွဲ့စည်းနိုင်သည်။

ပုဒ်မ (၉၃) ပြည်နယ်သစ်များ ဖွဲ့စည်းရေးဆိုင်ရာ ပြဌာန်းချက်

ဖက်ဒရယ်ပြည်ထောင်စု အဖွဲ့ဝင်ပြည်နယ်သစ်များကို ဖွဲ့စည်းသောအခါ အောက်ပါပြဌာန်းချက်များ


နှင့်အညီ ဖြစ်စေရမည်။

(က) တိုင်းရင်းသားလူမျိုး တမျိုးမျိုးသည် မိမိတို့၏ ကိုယ်ပိုင်ထင်ရှားချက်ဖြစ်သော ပထဝီဒေသနှင့် သမိုင်း


ကြောင်းအရ ဖက်ဒရယ်ပြည်ထောင်စု အဖွဲ့ဝင်သီးခြားပြည်နယ်တခုအဖြစ် နေထိုင်လိုသော ဆန္ဒရှိကြောင်း၊ ပြည်
နယ်သစ်ဖွဲ့စည်းလိုသော တိုင်းရင်းသားလူမျိုးစုများ နေထိုင်ရာဒေသအတွင်းရှိ ပြည်သူလူထု၏ (၃၀) ရာခိုင်နှုန်း
ထောက်ခံမှုဖြင့် သက်ဆိုင်ရာ ပြည်နယ်လွှတ်တော် သို့မဟုတ် ပြည်နယ်များ၏ လွှတ်တော်များထံသို့ ပြည်နယ်
သစ်ဖွဲ့စည်းရေးအဆိုကို တင်သွင်းရမည်။

(ခ) ထိုပြည်နယ်သစ် ဖွဲ့စည်းရေးအဆိုကို သက်ဆိုင်ရာပြည်နယ်လွှတ်တော် သို့မဟုတ် ပြည်နယ်လွှတ်တော်


များ၏ ထက်ဝက်ကျော်ထောက်ခံမှုဖြင့် အမျိုးသားလွှတ်တော်သို့ ပြည်နယ်သစ်ဖွဲ့စည်းရေးအဆိုကို တင်သွင်း
ရမည်။

36
(ဂ) အမျိုးသားလွတ်တော်သည် ပုဒ်မ (၉၃) ပုဒ်မခွဲ (ခ) အရ တင်ပြလာသော အဆိုအပေါ်တွင် အမျိုးသား
လွှတ်တော်နှင့် ပြည်နယ်လွှတ်တော်များ၏ ကိုယ်စားလှယ်များ ပါဝင်သော ပြည်နယ်သစ်ဖွဲ့စည်းရေး ဆိုင်ရာ
စုံစမ်းရေးကော်မရှင်တရပ်ကို ဖွဲ့စည်းစေရမည်။

(ဃ) ပြည်နယ်သစ်ရေးဆွဲရေးဆိုင်ရာ စုံစမ်းရေးကော်မရှင်၏ တင်ပြချက်နှင့်အညီ ပြည်နယ်သစ်ဖွဲ့စည်းရန်


အဆိုပြုထားသော တိုင်းရင်းသားလူမျိုးစုများနေထိုင်ရာ ဒေသတွင်းရှိ ပြည်သူလူထု၏ ဆန္ဒခံယူပွဲကို ကျင်းပ
ပေးရမည်။

(င) ဆန္ဒခံယူပွဲတွင် ပြည်နယ်သစ်ဖွဲ့စည်းလိုသော တိုင်းရင်းသားလူမျိုးစုများ နေထိုင်ရာဒေသတွင်း ရှိပြည်သူ


လူထု၏ (၆၀) ရာခိုင်နှုန်းကျော်သော ထောက်ခံဆန္ဒမဲကို ရရှိပါက ပြည်နယ်သစ် ဖွဲ့စည်းခြင်းသည် ဤဖွဲ့စည်းပုံ
အခြေခံဥပဒေရ အတည်ဖြစ်စေရမည်။

(စ) ပုဒ်မ (၉၃) ပုဒ်မခွဲ (င) နှင့်အညီ ပြည်နယ်သစ်ဖွဲ့စည်းရေးဆိုင်ရာ အတည်ပြုချက်ကို ရရှိပြီးပါက အမျိုး
သားလွတ်တော်သည် ဖက်ဒရယ်ပြည်ထောင်စုလွှတ်တော်သို့ ဆက်လက်တင်သွင်း၍ ဖက်ဒရယ်ပြည်ထောင်စု
လွှတ်တော်က လိုအပ်သလို ဥပဒေအဖြစ် ပြဌာန်းပေးရမည်။

(ဆ) နိုင်ငံတော်သမ္မတသည် အဆိုပါ ဥပဒေကို လက်မှတ်ရေးထိုး၍ ထုတ်ပြန်ပေးရမည်။

(ဇ) အဆိုပါဥပဒေကို သက်ဆိုင်ရာပြည်နယ် သို့မဟုတ် ပြည်နယ်များက လိုအပ်သလို ဆက်လက် အကောင်


အထည်ဖော်ရန် သက်ဆိုင်ရာပြည်နယ်ဥပဒေပြု လွှတ်တော် အသီးသီးသို့ ပေးပို့ရမည်။

ပုဒ်မ (၉၄) ပြည်နယ်သစ်များဆိုင်ရာ ဥပဒေပြုခြင်း

အထက်ပုဒ်မ (၉၂) နှင့် (၉၃) တို့တွင်ပြဌာန်းထားသည့် ပြည်နယ်သစ်များဖွဲ့စည်းခြင်းနှင့် ပတ်သက်၍


ဖက်ဒရယ်ပြည်ထောင်စုလွတ်တော်မှ ပြဌာန်းပေးရမည်။

ပုဒ်မ (၉၅) ဖက်ဒရယ်ပြည်ထောင်စု နယ်မြေသတ်ချက်ဆိုင်ရာ ဥပဒေပြုခြင်း

အထက်ပုဒ်မ (၈၆) (ခ) တွင် ပြဌာန်းထားသည့် ဖက်ဒရယ်ပြည်ထောင်စု နယ်မြေသတ်မှတ်ခြင်းနှင့်


ပတ်သက်၍ ဖက်ဒရယ်ပြည်ထောင်စု လွှတ်တော်မှ ဥပဒေပြဌာန်းပေးရမည်။

ပုဒ်မ (၉၆) ပြည်နယ်များ ကျင့်သုံးပိုင်ခွင့်မရှိသော အာဏာများ

ဖက်ဒရယ်ပြည်ထောင်စုအဖွဲ့ဝင် ပြည်နယ်များသည် နိုင်ငံခြားတိုင်းတပါးနှင့် စစ်ရေးမဟာမိတ်ပြုခြင်း၊


စစ်ဖက် ဆိုင်ရာ စာချုပ်ချုပ်ဆိုခြင်း၊ မိမိပြည်နယ်အတွင်း သီးခြားသုံးစွဲရန် ငွေစက္ကူနှင့် ငွေဒင်္ဂါးထုတ်လုပ်ခြင်း
အာဏာတို့ကိုကျင့် သုံးပိုင်ခွင့်မရှိ။

37
အခန်း (၄)
ဖက်ဒရယ်ပြည်ထောင်စုလွှတ်တော်
Assembly of Federal Union

ပုဒ်မ (၉၇) ဖက်ဒရယ် ပြည်ထောင်စု လွှတ်တော်ကို ဖွဲ့ စည်းခြင်း


ဤဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ (၂) အရ သတ်မှတ်ထားသည့် ကြားကာလ အတွင်းတွင် ဖက်ဒရယ်
ပြည်ထောင်စု တပ်မတော်က နေပြည်တော်နှင့်အခြားမြို့ကြီးများကို သိမ်းယူပြီးနောက် ပြည်နယ်များနှင့် တိုင်း
များ အသီးသီးတွင်လည်း တစုံတရာခိုင်မာသည့် အုပ်ချုပ်ရေးကို ချမှတ်နိုင်သည့် အချိန်အထိကို ကြားကာလ၏
ပထမအဆင့်ဟု သတ်မှတ်သည်။ ယင်းအဆင့်တွင် ဖက်ဒရယ်ပြည်ထောင်စုတွင် လည်းကောင်း၊ ပြည်နယ်အ
သီးသီးတွင် လည်းကောင်း လွှတ်တော်တရပ်စနစ်ကိုသာ ကျင့်သုံးသွားမည်။ အဆိုပါကာလအတွင်းတွင်
ပြည်ထောင်စုလွှတ်တော်အား အောက်ပါအချိုးအစားများ ပါဝင်စေလျက်ဖွဲ့ စည်းသွားမည်။

(၁) ၂၀၂၀ ခုနှစ် ရွေးကောက်ပွဲတွင် ပြည်ထောင်စု အဆင့်၌ ရွေးကောက်တင်မြှောက်ခြင်း ခံရသည့်


ပုဂ္ဂိုလ်များအားလုံး (၆၅%)

(၂) ပြည်နယ်တခုတွင် အဓိကအကျဆုံး တိုင်းရင်းသားခုခံစစ်ဆင်အဖွဲ့က ရွေးချယ်စေလွှတ်သော


ကိုယ်စားလှယ်များ သို့မဟုတ် ပြည်နယ်တခုအတွင်း၌ တိုင်းရင်းသားခုခံစစ်ဆင် အဖွဲ့အစည်းတခုထက်
ပိုပါက ၎င်းတို့အချင်းချင်းညှိနှိုင်းတိုင်ပင်ပြီး ရွေးချယ်စေလွှတ်သော ကိုယ်စားလှယ်များစုစုပေါင်း (၃၅%)

အထက်ကိုယ်စားလှယ်ဦးရေ စုစုပေါင်းတွင် အမျိုးသမီးကိုယ်စားလှယ်အရေအတွက် ၃၀% အနည်းဆုံး


ပါဝင်စေရန် ရွေးချယ်စေလွှတ်ရမည်။

ပုဒ်မ (၉၈) တိုင်းရင်းသား ခုခံစစ်ဆင်အဖွဲ့ အစည်း၏ အဓိပ္ပါယ်ကို သတ်မှတ်ခြင်း

အောက်ပါ အင်္ဂါရပ်အားလုံး နှင့် ပြည့်စုံသော အဖွဲ့အစည်းအား တိုင်းရင်းသားခုခံစစ်ဆင် အဖွဲ့ အစည်း


အဖြစ်သတ်မှတ်သည်။

(က) ကိုယ်ပိုင်ပြဌာန်းခွင့်ရရှိရေးအတွက်ဖြစ်စေ၊ အခြားနိုင်ငံရေးအတွေးအခေါ်အခြေခံတရပ်ရပ်ကို ကိုင်စွဲ၍


ဖြစ်စေ၊ စစ်အာဏာရှင်စနစ်နှင့် ယင်းကိုဖော်ဆောင်လျက်ရှိသော မြန်မာစစ်တပ်တ့အ
ိုား ဦးတည်ပြီး အဆက်မ
ပြတ်တိုက်ပွဲဝင်ခဲ့သည့် အတွေ့ အကြုံ သို့မဟုတ် အစဉ်အလာ အနည်းဆုံး (၁၀) နှစ်ရှိခဲ့ခြင်း။

(ခ) ရှင်းလင်းသော နိုင်ငံရေးရည်မှန်းချက်နှင့် နိုင်ငံရေးဦးဆောင်မှုရှိသော လွတ်လပ်သည့်အဖွဲ့အစည်း ဖြစ်ခြင်း။


မြန်မာစစ်တပ် (တပ်မတော်) ၏ ကွပ်ကဲမှုအောက်တွင် တနည်းနည်းဖြင့် ကျရောက်နေသော အဖွဲ့အစည်း
မဟုတ်ခြင်း။ မိခင်တိုင်းရင်းသားခုခံစစ်ဆင် အဖွဲ့အစည်းကြီးတရပ်ရပ်ကို ကျောခိုင်းပြီး ထပ်မံတည်ထောင်ထား
သည့် အဖွဲ့အစည်းမဟုတ်ခြင်း။

(ဂ) အဆိုပါနိုင်ငံရေးဦးဆောင်မှုအောက်တွင် စနစ်တကျဖွဲ့စည်းထားပြီး လက်နက်ကိုင် အင်အားအနည်းဆုံး


(၁၀၀၀) တထောင်မှ အထက်ဖြင့် ဖွဲ့စည်းထားသည့် လက်နက်ကိုင်တပ်မတော်ရှိခြင်း။

38
(ဃ) ၄င်းအဖွဲ့အစည်းက လွှမ်းမိုးထားသော (တနည်းအားဖြင်)့ ထိန်းချုပ်လှုပ်ရှားနိုင်သော နယ်မြေရှိခြင်း။

(င) စစ်အာဏာရှင်စနစ်ကို ပြတ်သားစွာ ဆန့်ကျင်ရပ်တည်ပြီး လက်ရှိ CDM လှုပ်ရှားမှုကြီးတွင်ပါဝင်လျက်


ငြိမ်းချမ်းစွာတိုက်ပွဲဝင်နေသော ပြည်သူလူထုများအား ကာကွယ်စောင့်ရှောက်လိုသည့် သဘောထား အခိုင်
အမာရှိခြင်း။

ပုဒ်မ (၉၉) ပြည်နယ်လွှတ်တော်များဖွဲ့ စည်းခြင်း

ပြည်နယ်အကြီးအငယ်အပေါ်အခြေပြု၍ ပြည်နယ်တခုချင်းစီ အတွင်းတွင် ပါဝင်ဖွဲ့စည်းစေသင့်သည့်


လွှတ်တော်ကိုယ်စားလှယ်ဦးရေကို အောက်ပါအတိုင်းသတ်မှတ်သည်။

၂၀၂၀ ပုဒ်မ ၉၈၊ ၁၆၁ (က) (၂) နှင့်


ကိုယ်စားလှယ်
စဉ် ပြည်နယ်လွှတ်တော်များ ရွေးကောက်ပွဲအနိုင်ရ (ခ) တို့ အရ ရွေးချယ်
ဦးရေစုစုပေါင်း
ကိုယ်စားလှယ်များ စေလွှတ်သည့်ကိုယ်စားလှယ်များ

၁ ကချင်ပြည်နယ် ၄၀ ဦး ၄၀ ဦး ၈၀ ဦး

၂ ကရင်နီပြည်နယ် ၁၅ ဦး ၁၅ ဦး ၃၀ ဦး

၃ ကရင်ပြည်နယ် ၁၇ ဦး ၁၇ ဦး ၃၄ ဦး

၎ ချင်းပြည်နယ် ၁၈ ဦး ၁၈ ဦး ၃၆ ဦး

၅ မွန်ပြည်နယ် ၂၃ ဦး ၂၃ ဦး ၄၆ ဦး

၆ ရခိုင်ပြည်နယ် ၁၅ ဦး ၁၅ ဦး ၃၀ ဦး

၇ ရှမ်းပြည်နယ် ၁၀၅ ဦး ၁၀၅ ဦး ၂၁၀ ဦး

အဆိုပါ ပြည်နယ်အသီးသီးတွင် ၂၀၂၀ ခုနှစ်ရွေးကောက်ပွဲအတွင်း ရွေးချယ်တင်မြှောက်ခြင်းခံရသူများ


အားလုံးသည် ကိုယ်စားလှယ်များဖြစ်သည်။ ထို့အပြင် အထက်ပါ သတ်မှတ်သည့် ကိုယ်စားလှယ် ပြည့်မှီစေရန်
သက်ဆိုင်ရာပြည်နယ်အသီးသီးအတွင်း လှုပ်ရှားလျက်ရှိပြီး ပုဒ်မ ၉၈၊ ၁၆၁ (က) (၂) နှင့် (ခ) ပါ
အခြေခံများနှင့်ကိုက်ညီသော အဖွဲ့အစည်းများက ၄င်းတို့အချင်းချင်း ညှိနှိုင်းပြီး ရွေးချယ်စေလွှတ်သော ကိုယ်
စားလှယ်များဖြင့် ဖြည့်စွက်ဖွဲ့စည်းသည်။

ပြည်နယ်တခုခုတွင် အထက်ပုဒ်မ (၉၈) ပါ ပြဌာန်းချက်များနှင့် ညီညွတ်မှုရှိသည့် တိုင်းရင်းသားခုခံစစ်


ဆင် အဖွဲ့အစည်းတခုခုမျှမရှိပါက သက်ဆိုင်ရာပြည်နယ်အတွင်း၂၀၂၀ ရွေးကောက်ပွဲတွင်ပါဝင်ယှဉ်ပြိုင်ခဲ့သော်
လည်းရွေးကောက်ပွဲစနစ်၏ အားနည်းချက်ကြောင့် ရွေးချယ်တင်မြှောက်ခြင်းမခံခဲ့ရသည့် နိုင်ငံရေးပါတီများ
အချင်းချင်းညှိနှိုင်းပြီး ကိုယ်စားလှယ်ပြည့်မေ
ှီ စရန် ဖြည့်စွက်စေလွှတ်ခွင့်ရှိသည်။

အထက်ကိုယ်စားလှယ်ဦးရေ စုစုပေါင်းတွင် အမျိုးသမီးကိုယ်စားလှယ်အရေအတွက် ၃၀% အနည်းဆုံး


ပါဝင်စေရန် ရွေးချယ်စေလွှတ်ရမည်။

39
ပုဒ်မ (၁၀၀) တိုင်းလွှတ်တော်များ ဖွဲ့စည်းခြင်း

ဤဖွဲ့ စည်းပုံအခြေခံဥပဒေနှင့်အညီ တိုင်းများအား အမျိုးသားပြည်နယ်၊ အမျိုးသားများ ပြည်နယ်များ


အဖြစ်သို့ပြောင်းလဲ ဖွဲ့စည်းခြင်းမပြုမီ လက်ရှိတည်လျက်ရှိသော တိုင်းများအား အသိအမှတ်ပြုသည်။ ၄င်းတို့
သည် ပြည်နယ်များ ရသင့်ရထိုက်သည့် အခွင့်အရေးများကို ခံစားစေရမည်။ တိုင်းလွှတ်တော်များအား ၂၀၂၀
ရွေးကောက်ပွဲတွင် ရွေးချယ်တင်မြှောက်ခြင်းခံရသည့် ကိုယ်စားလှယ်များ သက်သက်ဖြင့်သာ ဖွဲ့စည်းစေရမည်။

ပုဒ်မ (၁၀၁) ဖက်ဒရယ်ပြည်ထောင်စုလွှတ်တော်ဖွဲစည်းမှု နှင့် ဖော်ဆောင်ခြင်း


ဖက်ဒရယ်ပြည်ထောင်စုလွှတ်တော်ကို အမျိုးသားလွှတ်တော် (Chamber of Nationalities) နှင့်
ပြည်သူ့ လွှတ်တော် (Chamber of People’s Representatives) တို့ဖြင့် ဖွဲ့စည်းသည်။ ဖက်ဒရယ်ပြည်ထောင်စု
တပ်မတော်က နေပြည်တော်နှင့်အခြားမြို့ကြီးများကို သိမ်းယူပြီးနောက် ပြည်နယ် များနှင့် တိုင်းများအသီးသီး
တွင်လည်း တစုံတရာခိုင်မာသည့် အုပ်ချုပ်ရေးကို ချမှတ်နိုင်သည့်အခါတွင် ဤလွှတ်တော်များကို စတင်လည်
ပတ် ဖော်ဆောင်သွားမည်။

ပုဒ်မ (၁၀၂) ဖက်ဒရယ်ပြည်ထောင်စု၏ ဥပဒေပြုအာဏာ


ဤဖွဲ့စည်းပုံအခြေခံဥပဒေအရအပ်နှင်းထားသည့် ဥပဒေပြုအာဏာ အားလုံးသည် ဖက်ဒရယ်ပြည်
ထောင်စုလွှတ် တော်တွင်လည်းကောင်း၊ ပြည်နယ်လွှတ်တော်များအသီးသီးတွင်လည်းကောင်း တည်ရှိသည်။
ဖက်ဒရယ်ပြည်ထောင်စု လွှတ်တော်သည် -

(က) အမျိုးသားညီညွတ်ရေး ဖက်ဒရယ်ပြည်ထောင်စု အစိုးရက ခြောက်လတကြိမ် တင်သွင်းလာသော


ဘတ်ဂျက်များအား စိစစ်နိုင်သည်။ ပြင်ဆင် ဖြည့်စွက်ပြီး အတည်ပြုနိုင်သည်။ ခြောက်လတကြိမ် တင်သွင်းလာ
သည့် အသုံးစာရင်းများကိုလည်း ငွေကြေးအလွဲသုံးစားမှုများရှိမရှိ ပြည်ထောင်စု စာရင်းစစ်ချုပ်၏ စစ်ဆေး
တင်ပြချက်အပေါ်အခြေပြု၍ အစိုးရအဖွဲ့ဝင် တဦးဦးကိုသော်လည်းကောင်း၊ တချို့ကိုသော်လည်းကောင်း
ဥပဒေနှင့်အညီ အရေးယူရန် အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်သို့အမှုကို လွှဲပြောင်းပေးအပ်နိုင်
သည်။
(ခ) ဖက်ဒရယ်ပြည်ထောင်စု တပ်မတော် (Federal Defense Forces) အတွက် လိုအပ်သော အသုံးစားရိတ်
မှန်သမျှကိုလည်း ဖက်ဒရယ်ပြည်ထောင်စု တပ်မတော် စစ်ဦးစီးအဖွဲ့၏ တင်ပြချက်အပေါ်ကာကွယ်ရေးဝန်ကြီး
စစ်ဆေး အတည်ပြုချက်ဖြင့် အစိုးရအဖွဲ့က ဖက်ဒရယ်ပြည်ထောင်စု လွှတ်တော်သို့တင်သွင်း တောင်းခံရမည်။
(ဂ) အောက်ပါ တိုင်းပြည်အဆောက်အအုံများ လွတ်လပ်၊ ဘက်မလိုက်၊ ထက်မြက်စေရန် လိုအပ်သော ဘဏ္ဍာ
ငွေအား အမျိုးသားညီညွတ်ရေး ဖက်ဒရယ် အစိုးရထံမှ တောင်းခံစရာမလိုဘဲ တိုက်ရိုက် အတည်ပြုချပေးစေရ
မည်။
(၁) ပြည်ထောင်စု တရားလွှတ်တော်ချုပ်
(၂) ပြည်ထောင်စု စာရင်းစစ်ချုပ်
(၃) ပြည်ထောင်စု လူ့ အခွင့်အရေးကော်မရှင်
(၄) ပြည်ထောင်စု ဥပဒေစိုးမိုးရေး ကော်မရှင်

40
(၅) ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်
(၆) ပြည်ထောင်စု အဂတိလိုက်စားမှု တိုက်ဖျက်ရေးက်ာမရှင်
(၇) ပြည်ထောင်စု တရားစီရင်ရေးရာ ၀န်ဆောင်မှု ကော်မရှင်
(၈) ပြည်ထောင်စု သတင်းမီဒီယာ ကောင်စီ
(၉) ပြည်ထောင်စု အမျိုးသမီးရေးရာ ကော်မရှင်
(၁၀) အမှန်တရားဖော်ထုတ်ရေးနှင့် အမျိုးသားပြန်လည်သင့်မြတ်ရေး ကော်မရှင်
(၁၁) သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးကော်မရှင်
(၁၂) ကလေးအခွင့်အရေး ကာကွယ်ရေးကော်မရှင်
(၁၃) လူနည်းစုအခွင့်အရေး ကာကွယ်ရေးကော်မရှင်
(ဃ) အထက်ပါ ကော်မတီ၊ ကော်မရှင်များ ဖွဲ့စည်းရာတွင် မြန်မာမဟုတ်သည့် အခြားတိုင်းရင်းသားလူမျိုးများ
သုံးပုံတပုံနှင့် အမျိုးသမီးဦးရေ သုံးပုံတပုံ ပါဝင်စေရမည်။ အဆိုပါ ကော်မတီ၊ ကော်မရှင်များ ဖွဲ့စည်းခြင်းနှင့်
စပ်လျဉ်း၍ ဖက်ဒရယ်ပြည်ထောင်စုလွှတ်တော်က သက်ဆိုင်ရာဥပဒေများ ပြဌာန်းရမည်။ ပြည်ထောင်စု
တရားလွှတ်တော်ချုပ်ဖွဲ့စည်းမှုကို ပုဒ်မ (၁၇၇) တွင် သီးခြားပြဌာန်းထားသည်။
(င) ၁၉၈၂ ခုနှစ် နိုင်ငံသားဖြစ်မှု ဥပဒေအား ဖျက်သိမ်းပြီး လူ့အခွင့်အရေးစံနှုန်းနှင့် ကိုက်ညီသည့် နိုင်ငံသားဖြစ်မှု
ဥပဒေ တရပ်ပြဌာန်းစေရမည်။

ပုဒ်မ (၁၀၃) ဖက်ဒရယ်ပြည်ထောင်စုလွှတ်တော်ပုံမှန်အစည်းအဝေး


(က) ဖက်ဒရယ်ပြည်ထောင်စုလွှတ်တော်၏ ပုံမှန်အစည်းအဝေးကို တနှစ်လျှင် အနည်းဆုံးတကြိမ်ကျင်းပ ရမည်။
(ခ) ဖက်ဒရယ်ပြည်ထောင်စုလွှတ်တော်၏ ပုံမှန်အစည်းအဝေးကို ခေါ်ယူကျင်းပရန် အနည်းဆုံးရက်ပေါင်း (၆၀)
ကြိုတင်၍ ကြေညာရမည်။
(ဂ) ဖက်ဒရယ်ပြည်ထောင်စုလွှတ်တော် ပုံမှန်အစည်းအဝေးကို ဖက်ဒရယ်ပြည်ထောင်စုသမ္မတက ခေါ်ယူ ရမည်။
(ဃ) ဖက်ဒရယ်ပြည်ထောင်စုသမ္မတသည် ဖက်ဒရယ်ပြည်ထောင်စုလွှတ်တော် ပုံမှန်အစည်းအဝေးတိုင်းတွင်
ဖက်ဒရယ်ပြည်ထောင်စု တဝှမ်းလုံးဆိုင်ရာ အခြေအနေများနှင့် စပ်လျဉ်း၍ မိန့်ခွန်းမြွက်ကြားရမည်။

ပုဒ်မ (၁၀၄) ဖက်ဒရယ်ပြည်ထောင်စုလွှတ်တော် အထူးအစည်းအဝေးနှင့် အရေးပေါ်အစည်းအဝေးများ


ဖက်ဒရယ်ပြည်ထောင်စုလွှတ်တော်၏ အထူးအစည်းအဝေးနှင့် အရေးပေါ်အစည်းအဝေးများကိ-ု
(က) အောက်ပါကိစ္စရပ်များအတွက် ခေါ်ယူခွင့် ရှိစေရမည်။
(၁) ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ချက်ကို အတည်ပြုခြင်း။
(၂) ဖက်ဒရယ်ပြည်ထောင်စု အရေးပေါ်အခြေအနေ ကြေညာချက်အား အတည်ပြုခြင်း သို့တည်းမဟုတ်
ပယ်ဖျက် ခြင်း။
(၃) ပြည်ပနိုင်ငံတစ်ခုအပေါ် စစ်ကြေညာခြင်း၊ စစ်ရပ်စဲခြင်းတို့ကို အတည်ပြုခြင်း၊ သို့တည်းမဟုတ်၊
ပယ်ဖျက်ခြင်း။
(၄) ဖက်ဒရယ်ပြည်ထောင်စုသမ္မတကို အတည်ပြုခန့်အပ်ခြင်း၊ ဖက်ဒရယ်ပြည်ထောင်စု တရားလွှတ်
တော်ချုပ်တရားသူကြီးများ ခန့်အပ်ခြင်း။

41
(ခ) ဖက်ဒရယ်ပြည်ထောင်စုလွှတ်တော်၏ အများစုဆန္ဒမဲဖြင့် တောင်းဆိုလျှင်ဖြစ်စေ၊ ဖက်ဒရယ်ပြည်ထောင်စု
ဝန်ကြီးချုပ်က တောင်းဆိုလျှင်ဖြစ်စေ သမ္မတက ဆင့်ခေါ်ပေးရမည်။
(ဂ) အစည်းအဝေးမကျင်းပမီ အနည်းဆုံး (၇) ရက်ကြိုတင်၍ ကြေညာရမည်။

ပုဒ်မ (၁၀၅) ဖက်ဒရယ်ပြည်ထောင်စုလွှတ်တော် အစည်းအဝေးများအထမြောက်ခြင်း


ဖက်ဒရယ်ပြည်ထောင်စုလွှတ်တော်၏ ကိုယ်စားလှယ်ထက်ဝက်ကျော် တက်ရောက်လာမှသာလျှင်
ဖက်ဒရယ်ပြည်ထောင်စုလွှတ်တော် အစည်းအဝေး အထမြောက်စေရမည်။

ပုဒ်မ (၁၀၆) ဆန္ဒမဲရယူခြင်း


ဖက်ဒရယ်ပြည်ထောင်စုလွှတ်တော် အစည်းအဝေးများ၌ ဆုံးဖြတ်ချက်ရယူရာတွင် အမျိုးသားလွှတ်
တော်နှင့် ပြည်သူ့လွှတ်တော်မှ တက်ရောက်လာကြသော လွှတ်တော်တစ်ရပ်ချင်းစီမှ ကိုယ်စားလှယ်များ၏
အများစုဆန္ဒမဲ ရရှိစေရမည်။
ပုဒ်မ (၁၀၇) ဖက်ဒရယ်ပြည်ထောင်စုလွှတ်တော်၏သဘာပတိ
(က) ဖက်ဒရယ်ပြည်ထောင်စုလွှတ်တော်၏ အစည်းအဝေးများတွင် အမျိုးသားလွှတ်တော်ဥက္ကဌနှင့် ပြည်သူ့
လွှတ်တော်ဥက္ကဌ တဦးဦးသည် အလှည့်ကျသဘာပတိအဖြစ် ဆောင်ရွက်ရမည်။ လွှတ်တော်ဥက္ကဌ တဦးဦး
ဆိုသည့် စကားရပ်တွင် ဒုတိယဥက္ကဌလည်း အကြုံးဝင်သည်။
(ခ) ဖက်ဒရယ်ပြည်ထောင်စုလွှတ်တော် သဘာပတိသည် ဖက်ဒရယ်ပြည်ထောင်စုလွှတ်တော် အစည်းအဝေး
များနှင့် လွှတ်တော်ကိုယ်စားလှယ်များ၏ စည်းကမ်းလိုက်နာမှုကို ထိန်းသိမ်းကြီးကြပ်ခွင့် အာဏာရှိစေရမည်။
(ဂ) ဖက်ဒရယ်ပြည်ထောင်စုလွှတ်တော်တွင် မဲခွဲဆုံးဖြတ်ရန် လိုအပ်သောကိစ္စရပ်များ၌ ဤဖွဲ့စည်းပုံအခြေခံ
ဥပဒေပါ ပြဌာန်းချက်များကို အထောက်အထားပြု၍ မဲအရေအတွက် တူညီနေသောအခါ ဖက်ဒရယ်
ပြည်ထောင်စုလွှတ်တော် သဘာပတိသည် အဆုံးအဖြတ်မဲကို ပေးနိုင်ခွင့်ရှိ၍ အနိုင်မဲကိုပေးရမည်။

ပုဒ်မ (၁၀၈) လွှတ်တော်နှစ်ရပ်စလုံးတွင် တပြိုင်နက်တည်း ကိုယ်စားလှယ်ဖြစ်ခွင့်မရှိခြင်း


လွှတ်တော်ကိုယ်စားလှယ်တဦးသည် အမျိုးသားလွှတ်တော်နှင့် ပြည်သူ့လွှတ်တော်နှစ်ရပ်စလုံး
တွင်တပြိုင်နက်တည်း ကိုယ်စားလှယ် မဖြစ်စေရ။

ပုဒ်မ (၁၀၉) ကင်းလွတ်ခွင့် အခွင့်အရေး


(က) ဖက်ဒရယ်ပြည်ထောင်စုလွှတ်တော်၏ အစည်းအဝေးတရပ်ရပ်တွင် မဲပေးခြင်း၊ ပြောဆိုဆွေးနွေးခြင်း၊
ရေးသားဖြန့်ဝေခြင်း စသည်တို့နှင့် စပ်လျဉ်း၍ မည်သည့်လွှတ်တော်ကိုယ်စားလှယ်ကိုမျှ စစ်ဆေးမေးမြန်းခြင်း၊
အရေးယူခြင်း၊ တရားစွဲဆိုခြင်းမပြုရ။
(ခ) ဖက်ဒရယ်ပြည်ထောင်စုလွှတ်တော် အစည်းအဝေးကျင်းပနေစဉ်အတောအတွင်း မည်သည့်လွှတ်တော်
ကိုယ်စားလှယ်ကိုမျှ ပြစ်မှုကျူးလွန်နေစဉ်တွင် ဖမ်းဆီးအရေးယူခြင်းမှလွှဲ၍ ဖက်ဒရယ်ပြည်ထောင်စုလွှတ်တော်
ဥက္ကဌ၏ ခွင့်ပြုချက်မရှိပဲ ပြစ်မှုတစုံတရာအတွက် ဖမ်းဆီးခြင်း၊ အရေးယူအပြစ်တင်ခြင်း မရှိစေရ။

42
ပုဒ်မ (၁၁၀) ထောက်ပံ့ကြေး
ဖက်ဒရယ်ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ်များသည် သင့်တင့်လျောက်ပတ်သည့် ငွေကြေးနှင့်
ခံစားခွင့်ကို ဖက်ဒရယ်ပြည်ထောင်စုလွှတ်တော်မှ ဥပဒေဖြင့် သတ်မှတ်ပြဌာန်းပေးသည့်အတိုင်း ခံစားပိုင်ခွင့်ရှိ
စေရမည်။ ထောက်ပံ့ကြေးတိုးမြှင့်ကြောင်း ဆုံးဖြတ်ချက်သည် နောင်လာမည့် လွှတ်တော်သက်တမ်းအသစ်၌
သာစတင်၍ အကျိုးသက်ရောက်စေရမည်။

ပုဒ်မ (၁၁၁) နိုင်ငံတကာသဘောတူညီချက်များ၊ စာချုပ်များ


ဖက်ဒရယ်ပြည်ထောင်စုလွှတ်တော်သည် ဖက်ဒရယ်ပြည်ထောင်စုအစိုးရက လက်မှတ်ရေးထိုးခဲ့ပြီး
သော နိုင်ငံတကာသဘောတူညီချက်များ၊ စာချုပ်များကို အတည်ပြုခြင်း (သို့တည်းမဟုတ)် ပယ်ချခြင်းပြုလုပ်ရ
မည်။ ဤဖွဲ့စည်းပုံအခြေခံဥပဒေ အာဏာမတည်မီ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအောက်တွင် နိုင်ငံတကာ
နိုင်ငံများနှင့် ချုပ်ဆိုခဲ့သည့် စာချုပ်စာတမ်းများအားလုံးကို ပြန်လည် စိစစ်သုံးသပ်သွားမည်။

ပုဒ်မ (၁၁၂) ပြည်ထောင်စုလွှတ်တော်ဆိုင်ရာစည်းမျဉ်းစည်းကမ်းများ


ဖက်ဒရယ်ပြည်ထောင်စုလွှတ်တော်သည် ဖက်ဒရယ်ပြည်ထောင်စုလွှတ်တော်ဆိုင်ရာ စည်းမျဉ်းစည်း
ကမ်းနှင့် လုပ်ထုံးလုပ်နည်းများကို သတ်မှတ်ပြဌာန်းရမည်။

ပုဒ်မ (၁၁၃) ရွေးကောက်ပွဲဥပဒေများ


အောက်ပါတို့ကို အခြေခံလျက် ရွေးကောက်ပွဲဥပဒေတခုကို ပြဌာန်းနိုင်ရန် ပြည်ထောင်စု လွှတ်တော်
သို့ တင်သွင်းမည်။
(က) လွတ်လပ်သော ဖက်ဒရယ် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်နှင့် လွတ်လပ်သော ပြည်နယ်
ရွေးကောက်ပွဲကော်မရှင်များ ဖွဲ့စည်းခြင်း၊
(ခ) ပြည်နယ်အလိုက် မဲဆန္ဒနယ်မြေအပေါ်အခြေခံသည့် အချိုးကျကိုယ်စားပြုစနစ် နှင့် မဲအများစုရသူ
နိုင်စတမ်းစနစ်တို့ ပေါင်းစပ်ထားသည့် ရွေးကောက်ပွဲစနစ်ကို ကျင့်သုံးခြင်း၊
(ဂ) ပြည်နယ်အသီးသီးတွင် ၄င်းတို့ပြည်နယ်၏ ပကတိ အနေအထားနှင့် လိုက်လျောညီထွေရှိစေမည့်
ရွေးကောက်ပွဲဥပဒေများအား ပြဌာန်းခွင့်ပြုခြင်း
(ဃ) ရွေးကောက်ပွဲဆိုင်ရာ ပြဿနာများနှင့် စပ်လျဉ်း၍ သက်ဆိုင်ရာ ရွေးကောက်ပွဲကော်မရှင်များ၏
ဆုံးဖြတ်ချက်ကို မကျေနပ်ပါက ဖက်ဒရယ်ပြည်ထောင်စု တရားလွှတ်တော်ချုပ်သ့လ
ို ည်းကောင်း၊
ပြည်နယ်တရား ရုံးချုပ်များသို့လည်းကောင်းအယူခံ တက်ပိုင်ခွင့်ကို အာမခံခြင်း၊

43
အမျိုးသားလွှတ်တော်
Chamber of Nationalities

ပုဒ်မ (၁၁၄) အမျိုးသားလွှတ်တော်ကို ဖွဲ့စည်းခြင်း


ဤဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ (၂) အရ သတ်မှတ်ထားသည့် ကြားကာလအတွင်း၌ ဖက်ဒရယ်
ပြည်ထောင်စု တပ်မတော်က နေပြည်တော်နှင့်အခြားမြို့ကြီးများကို သိမ်းယူပြီးနောက် ပြည်နယ် များနှင့်
တိုင်းများအသီးသီးတွင်လည်း တစုံတရာခိုင်မာသည့် အုပ်ချုပ်ရေးကို ချမှတ်နိုင်သည့် အချိန်အထိကို ကြား
ကာလ၏ ပထမအဆင့်ဟု သတ်မှတ်သည်။ ကြားကာလ၏ ဒုတိယအဆင့်တွင် ဤဖွဲ့ စည်းပုံအခြေခံဥပဒေ ပုဒ်မ
(၉၇) နှင့် (၉၈) ပါ ကျောရိုးပြဌာန်းချက်များအပေါ်အခြေခံလျက် ဥပဒေပြုအာဏာကို ကျင့်သုံးနိုင်စေရန်
အမ်ိဳးသားလႊတေ
် တ်ာကို ဖွဲ့ စည်းလည်ပတ်စေရမည်။

ပုဒ်မ (၁၁၅) လွှတ်တော်ဥက္ကဌနှင့် ဒုတိယ ဥက္ကဌများ


အမျိုးသားလွှတ်တော်ကိုယ်စားလှယ်များသည် လွှတ်တော်ဥက္ကဌနှင့် ဒုတိယဥက္ကဌတို့ကို အမျိုးသား
လွှတ်တော်ကိုယ်စားလှယ်များထဲမှ ဆန္ဒမဲပေး၍ ရွေးကောက်တင်မြှောက်ရမည်။ အမျိုးသားလွှတ်တော်ဥက္ကဌနှင့်
ဒုတိယဥက္ကဌတို့သည် ပြည်နယ်တခုတည်းမှ ကိုယ်စားလှယ်များ မဖြစ်စေရ။

ပုဒ်မ (၁၁၆) ကိုယ်စားလှယ်များ၏သက်တမ်း


အမျိုးသားလွှတ်တော်ကိုယ်စားလှယ်များ၏သက်တမ်းသည် ဤကြားကာလဖွဲ့ စည်းပုံအခြေခံဥပဒေ
နှင့်အညီ ဖြစ်စေရမည်။ ကိုယ်စားလှယ်ဦးရေ၏ ထက်ဝက်ကို (၂) နှစ်တကြိမ် ရွေးချယ်တင် မြှောက်၍
လဲလှယ်သွားရမည်။

ပုဒ်မ (၁၁၇) အမျိုးသားလွှတ်တော် ပုံမှန်အစည်းအဝေး


(က) ရွေးကောက်ပွဲကျးပပြီးနောက် ရက်ပေါင်း (၆၀) အတွင်း ပထမအကြိမ် အမျိုးသားလွှတ်တော် အစည်း
အဝေးကို ဖက်ဒရယ်ပြည်ထောင်စုသမ္မတက ခေါ်ယူကျင်းပပေးရမည်။
(ခ) အမျိုးသားလွှတ်တော်၏ ပုံမှန်အစည်းအဝေးကို အနည်းဆုံး တနှစ်လျှင်တကြိမ် ကျင်းပရမည်။
(ဂ) အမျိုးသားလွှတ်တော်ပုံမှန်အစည်းအဝေးကို အမျိုးသားလွှတ်တော်ဥက္ကဌက ခေါ်ယူပေးရမည်။
(ဃ) အမျိုးသားလွှတ်တော်ပုံမှန်အစည်းအဝေးကို ကျင်းပရန်အတွက် အနည်းဆုံးရက်ပေါင်း (၃၀) ကြိုတင်၍
ကြေညာရမည်။

ပုဒ်မ(၁၁၈) အမျိုးသားလွှတ်တော် အထူးအစည်းအဝေး (သို့တည်းမဟုတ)် အရေးပေါ်အစည်းအဝေး


(က) အနည်းဆုံး ပြည်နယ်နှစ်ခုမှ အမျိုးသားလွှတ်တော် ကိုယ်စားလှယ်အားလုံးက သော်လည်းကောင်း
အမျိုးသားလွှတ်တော်၏ ကိုယ်စားလှယ် လေးပုံတပုံကသော်လည်းကောင်း တောင်းဆိုလာပါက အမျိုးသား
လွှတ်တော်ဥက္ကဌသည် အထူးအစည်းအဝေး (သို့တည်းမဟုတ)် အရေးပေါ်အစည်းအဝေးများကို ခေါ်ယူကျင်းပ
ပေးရမည်။

44
(ခ) ဖက်ဒရယ်ပြည်ထောင်စုဝန်ကြီးချုပ်မှ တင်ပြတောင်းဆိုလာလျှင် အမျိုးသားလွှတ်တော်ဥက္ကဌသည်
အမျိုးသားလွှတ်တော်အထူးအစည်းအဝေး (သို့တည်းမဟုတ)် အရေးပေါ်အစည်းအဝေးကို ခေါ်ယူကျင်းပ
နိုင်သည်။
(ဂ) အမျိုးသားလွှတ်တော်အထူးအစည်းအဝေး (သို့တည်းမဟုတ)် အရေးပေါ်အစည်းအဝေး ခေါ်ယူကျင်းပ
ရန်အတွက် အနည်းဆုံး (၁၅) ရက်ကြိုတင် အကြောင်းကြားရမည်။

ပုဒ်မ (၁၁၉) အစည်းအဝေးအထမြောက်ခြင်းနှင့် မဲပေးခြင်း


(က) အမျိုးသားလွှတ်တော်ကိုယ်စားလှယ်ဦးရေ၏ ထက်ဝက်ကျော်တက်ရောက်လျှင် အမျိုးသားလွှတ်တော်
အစည်းအဝေးကို ကျင်းပနိုင်သည်။
(ခ) သို့ရာတွင် မဲခွဲဆုံးဖြတ်ရန်အတွက်ဖြစ်ပါက အမျိုးသားလွှတ်တော်၏ ကိုယ်စားလှယ်ဦးရေ သုံးပုံနှစ်ပုံ တက်
ရောက်မှသာ အစည်းဝေးအထမြောက်စေရမည်။ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် သုံးပုံနှစ်ပုံ တက်ရောက်
သောအစည်းအဝေးတွင် အများစုဆန္ဒမဲကိုရယူ၍ ဆုံးဖြတ်ချက်များ ချမှတ်နိုင်သည်။ သို့ရာတွင် မဲအရေ
အတွက်တူညီနေသောအခါ အမျိုးသားလွှတ်တော်ဥက္ကဌသည် အဆုံးအဖြတ်မဲကို ပေးနိုင်ခွင့်ရှိ၍ အနိုင်မဲကို
ပေးရမည်။

ပုဒ်မ (၁၂၀) အမျိုးသားလွှတ်တော်ဥက္ကဌ၏ အခွင့်အာဏာ


အမျိုးသားလွှတ်တော်ဥက္ကဌသည် အမျိုးသားလွှတ်တော်အစည်းအဝေးများနှင့် လွှတ်တော်ကိုယ်စား
လှယ်များ၏ စည်းကမ်းလိုက်နာမှုကို ထိန်းသိမ်းကြီးကြပ်ခွင့် အာဏာရှိစေရမည်။ အမျိုးသားလွှတ်တော်၏
ဥပစာအတွင်း အမျိုးသားလွှတ်တော်ဥက္ကဌ၏ ခွင့်ပြုချက်မရှိဘဲ မည်သမ
ျှူ ဝင်ရောက်ရှာဖွေခြင်း၊ ဖမ်းဆီးခြင်း
ပြုပိုင်ခွင့် မရှိစေရ။

ပုဒ်မ (၁၂၁) အမျိုးသားလွှတ်တော်၏ ရေးရာကော်မတီများ ဖွဲ့စည်းခြင်း


အမျိုးသားလွှတ်တော်တွင် နိုင်ငံခြားရေးရာကော်မတီ၊ ကာကွယ်ရေးဆိုင်ရာ ရေးရာကော်မတီ၊
ဘဏ္ဍာရေးရာကော်မတီနှင့် ကူးသန်းရောင်းဝယ်ရေးရာကော်မတီများ အပါအဝင်လိုအပ်သော ရေးရာကော်မတီ
များကို အမျိုးသားလွှတ်တော်၏ ကိုယ်စားလှယ်များဖြင့် ဖွဲ့စည်းနိုင်ခွင့်ရှိသည်။

ပုဒ်မ (၁၂၂) အမျိုးသားလွှတ်တော်ဆိုင်ရာစည်းမျဉ်းစည်းကမ်းများ


အမျိုးသားလွှတ်တော်သည် အမျိုးသားလွှတ်တော်ဆိုင်ရာ စည်းမျဉ်းစည်းကမ်း လုပ်ထုံးလုပ်နည်းများ
ကို သတ်မှတ်ပြဌာန်းရမည်။

45
ပြည်သူ့လွှတ်တော်
Chamber of People’s Representatives

ပုဒ်မ (၁၂၃) ပြည်သူ့လွှတ်တော်ဖွဲ့စည်းခြင်း


ဤဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ (၂) အရသတ်မှတ်ထားသည့် ကြားကာလ အတွင်း၌ ဖက်ဒရယ်
ပြည်ထောင်စု တပ်မတော်က နေပြည်တော်နှင့်အခြားမြို့ကြီးများကို သိမ်းယူပြီးနောက် ပြည်နယ် များနှင့်
တိုင်းများအသီးသီးတွင်လည်း တစုံတရာခိုင်မာသည့် အုပ်ချုပ်ရေးကို ချမှတ်နိုင်သည့် အချိန်အထိကို
ကြားကာလ၏ ပထမအဆင့်ဟု သတ်မှတ်သည်။ ကြားကာလ၏ ဒုတိယအဆင့်တွင် ဤဖွဲ့ စည်းပုံအခြေခံဥပဒေ
ပုဒ်မ (၉၇) နှင့် (၉၈) ပါ ကျောရိုးပြဌာန်းချက်များအပေါ်အခြေခံလျက် ဥပဒေပြုအာဏာကို ကျင့်သုံးနိုင်စေရန်
ပြည်သူ့လွှတ်တော်ကို ဖွဲ့စည်းလည်ပတ်စေရမည်။

ပုဒ်မ (၁၂၄) ပြည်သူ့လွှတ်တော်ဥက္ကဌနှင့် ဒုတိယဥက္ကဌ


ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များသည် လွှတ်တော်ဥက္ကဌနှင့် ဒုတိယဥက္ကဌတို့ကို ပြည်သူ့လွှတ်
တော် ကိုယ်စားလှယ်များထဲမှ ဆန္ဒမဲပေး၍ ရွေးကောက်တင်မြှောက်ရမည်။

ပုဒ်မ (၁၂၅) ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်သက်တမ်း


ပြည်သူ့လွှတ်တော်၏သက်တမ်းသည် ဤကြားကာလဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ ဖြစ်စေရမည်။
ပြည်သူ့လွှတ်တော်၏သက်တမ်းကို သက်ဆိုင်ရာ ပြည်သူ့လွှတ်တော်၏ ပထမအကြိမ် အစည်းအဝေး
ကျင်းပသည့် နေ့မှစ၍ စတင်ရေတွက်ရမည်။

ပုဒ်မ (၁၂၆) ပြည်သူ့လွှတ်တော်ရွေးကောက်ပွဲများကျင်းပခြင်း


ပြည်သူ့လွှတ်တော်တခု၏ ပုံမှန်သက်တမ်းမကုန်ဆုံးမီ အနည်းဆုံးရက်ပေါင်း (၆၀) အလိုတွင်
နောက်သက်တမ်း အသစ်အတွက် ပြည်သူ့လွှတ်တော် အထွေထွေရွေးကောက်ပွဲ ကျင်းပရမည်။

ပုဒ်မ (၁၂၇) ပြည်သူ့လွှတ်တော်ပုံမှန်အစည်းအဝေး


(က) ပုဒ်မ (၁၁၃) ပါ ပြဌာန်းချက်အရ ပထမအကြိမ်ပြည်သူ့လွှတ်တော် အစည်းအဝေးကို ဖက်ဒရယ်ပြည်
ထောင်စုသမ္မတက ခေါ်ယူပေးရမည်။
(ခ) ပြည်သူ့လွှတ်တော် ပုံမှန်အစည်းအဝေးကို အနည်းဆုံးတနှစ်လျှင်တကြိမ် ကျင်းပရမည်။
(ဂ) ပြည်သူ့လွှတ်တော် ပုံမှန်အစည်းဝေးကို ပြည်သူ့လွှတ်တော်ဥက္ကဌက ခေါ်ယူပေးရမည်။
(ဃ) ပြည်သူ့လွှတ်တော် ပုံမှန်အစည်းအဝေးကို ကျင်းပရန်အတွက် အနည်းဆုံးရက်ပေါင်း (၃၀) ကြိုတင်၍ ကြေ
ညာရမည်။

ပုဒ်မ (၁၂၈) ပြည်သူ့လွှတ်တော် အထူးအစည်းအဝေး (သို့တည်းမဟုတ)် အရေးပေါ်အစည်းအဝေး


(က) ပြည်သူ့လွှတ်တော် ဥက္ကဌ သည်အောက်ပါအခြေအနေတရပ်ရပ်တွင် ပြည်သူ့လွှတ်တော်အထူးအစည်း
အဝေးနှင့် အရေးပေါ်အစည်းအဝေးများကို ခေါ်ယူကျင်းပရမည်။
(၁) ဖက်ဒရယ်ပြည်ထောင်စုသမ္မတကညွှန်ကြားခြင်း။
(၂) ပြည်ထောင်စုအစိုးရဝန်ကြီးချုပ်က တောင်းဆိုခြင်း။

46
(၃) ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် လေးပုံတပုံက တောင်းဆိုခြင်း။
(ခ) ပြည်သူ့လွှတ်တော်အထူးအစည်းအဝေး (သို့တည်းမဟုတ)် အရေးပေါ်အစည်းအဝေး ခေါ်ယူကျင်းပ
ရန်အတွက် အနည်းဆုံး (၁၅) ရက် ကြိုတင်အကြောင်းကြားရမည်။

ပုဒ်မ (၁၂၉) ပြည်သူ့လွှတ်တော်အစည်းအဝေး အထမြောက်ခြင်း၊ မဲပေးခြင်း


ပြည်သူ့လွှတ်တော်ကိုယ်စားလယ်ဦးရေ (၃၀) ရာခိုင်နှုန်းကျော် တက်ရောက်လျှင် ပြည်သူ့လွှတ်တော်
အစည်းအဝေးကျင်းပနိုင်သည်။ သို့ရာတွင် မဲခွဲဆုံးဖြတ်ရန်အတွက်ဖြစ်ပါက ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်
အားလုံး၏ ထက်ဝက်ကျော်တက်ရောက်မှသာ အစည်းအဝေးအထမြောက်စေရမည်။ ဆုံးဖြတ်ချက်များ ချမှတ်
ရာတွင် တက်ရောက်သူများ၏ အများစုဆန္ဒမဲကို ရယူရမည်။ သို့ရာတွင် မဲအရေအတွက် တူညီနေသော အခါ
ပြည်သူ့လွှတ်တော် ဥက္ကဌသည် အဆုံးအဖြတ်မဲကို ပေးနိုင်ခွင့်ရှိ၍ အနိုင်မဲကိုပေးရမည်။

ပုဒ်မ (၁၃၀) ပြည်သူ့လွှတ်တော် ကို ဖျက်သိမ်းခြင်း


(က) ဖက်ဒရယ်ပြည်ထောင်စုသမ္မတသည် ဖက်ဒရယ်ပြည်ထောင်စု အစိုးရဝန်ကြီးချုပ်၏ အကြံပြုချက်အရ ပြည်
သူ့လွှတ်တော်ကို ဖျက်သိမ်းရမည်၊ (သို့တည်းမဟုတ)် ရုပ်သိမ်းရမည်။
ခြွင်းချက်။ ။ သို့ရာတွင် ပြည်သူ့လွှတ်တော်၌ အစိုးရအဖွဲ့အပေါ် အယုံအကြည်မရှအိ ဆို တင်သွင်းရာတွင်
ဝန်ကြီးချုပ်သည် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်အများစု၏ ထောက်ခံမှုကို ဆက်လက်မရရှိသောအခါ၊
ဝန်ကြီးချုပ်က လွှတ်တော်ဖျက်သိမ်းရန် (သို့တည်းမဟုတ်) ရုပ်သိမ်းရန် အကြံပြုသော်လည်း ဖက်ဒရယ်
ပြည်ထောင်စုသမ္မတသည် ဝန်ကြီးချုပ်၏ အကြံပြုချက်ကို ငြင်းပယ်နိုင်သည်။ ဤကဲ့သို့သော အခြေအနေမျိုးတွင်
ဝန်ကြီးချုပ်အသစ်တဦး၏ အမည်စာရင်းကို တင်သွင်းရန်အတွက် ဖက်ဒရယ်ပြည်ထောင်စုသမ္မတသည် ပြည်သူ့
လွှတ်တော်အား ချက်ခြင်းဆင့်ဆိုရမည်။
(ခ) ပြည်သူ့လွှတ်တော်သည် ပုဒ်မ (၁၃၀) အပိုဒ်ခွဲ (က) ၏ခြွင်းချက်အရ ဆင့်ဆိုခြင်းခံရပါက ဝန်ကြီးချုပ်သစ်၏
အမည်စာရင်းကို (၁၅) ရက်အတွင်း တင်သွင်းရမည်။ တင်သွင်းရန် ပျက်ကွက်ပါက ဖက်ဒရယ်ပြည်ထောင်စု
သမ္မတသည် ပြည်သူ့လွှတ်တော်ကို ဖျက်သိမ်းရမည်။
(ဂ) ပြည်သူ့လွှတ်တော်ကို ဖျက်သိမ်းပြီး ရွေးကောက်ပွဲအသစ်ကျင်းပ၍ အစိုးရတရပ် မဖွဲ့စည်းနိုင်မီ၊ ကြားကာ
လတွင် နိုင်ငံတော်ကို စီမံအုပ်ချုပ်ရန် ဖက်ဒရယ်ပြည်ထောင်စုသမ္မတသည် ကြားဖြတ်အစိုးရတရပ်ကို ဖွဲ့စည်း
တာဝန်ပေးရမည်။
(ဃ) ပြည်သူ့လွှတ်တော်အား ဖျက်သိမ်းပြီးနောက် ရက်ပေါင်း (၆၀) ထက်နောက်မကျစေဘဲ ပြည်သူ့လွှတ်တော်
ကိုယ်စားလှယ် ရွေးကောက်ပွဲများ ကျင်းပရမည်။

ပုဒ်မ (၁၃၁) ပြည်သူ့လွှတ်တော်ဥက္ကဌ၏ အခွင့်အာဏာ


ပြည်သူ့လွှတ်တော်ဥက္ကဌသည် ပြည်သူ့လွှတ်တော်အစည်းအဝေးများနှင့် ပြည်သူ့လွှတ်တော် ကိုယ်စား
လှယ်များ၏ စည်းကမ်းလိုက်နာမှုကို ထိန်းသိမ်းကြီးကြပ်ခွင့် အာဏာရှိစေရမည်။ ပြည်သူ့လွှတ်တော် ဥပစာ
အတွင်း ပြည်သူ့လွှတ် တော်ဥက္ကဌ၏ ခွင့်ပြုချက်မရပဲ မည်သမျှူဝင်ရောက်ရှာဖွေခြင်း၊ ဖမ်းဆီးအရေးယူခြင်း ပြုပိုင်
ခွင့် မရှိစေရ။

ပုဒ်မ (၁၃၂) စုံစမ်းရေးကော်မရှင်


ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် လေးပုံတပုံကတောင်းဆိုလျှင်၊ ပြည်သူ့လွှတ်တော်သည် စုံစမ်းရေး
ကော်မရှင်တရပ်ကို ဖွဲ့စည်းရမည်။ ပြည်သူ့လွှတ်တော်သည် ကော်မရှင်၏ လုပ်ငန်းတာဝန်များကို ဖက်ဒရယ်
ပြည်ထောင်စု လွှတ်တော်က ပြဌာန်းထားသော ကော်မရှင်ဖွဲ့စည်းခြင်းဆိုင်ရာ ဥပဒေနှင့်အညီ သတ်မှတ်ပြဌာန်း
ပေးရမည်။

47
ပုဒ်မ (၁၃၃) ပြည်သူ့လွှတ်တော်၏ ရေးရာကော်မတီများဖွဲ့စည်းခြင်း
ပြည်သူ့လွှတ်တော်တွင် နိုင်ငံခြားရေးရာကော်မတီ၊ ကာကွယ်ရေးဆိုင်ရာရေးရာကော်မတီ၊ ဘဏ္ဍာရေး
ရာကော်မတီနှင့် ကူးသန်းရောင်းဝယ်ရေးရာကော်မတီများအပါအဝင် လိုအပ်သော ရေးရာကော်မတီများကို
ပြည်သူ့လွှတ်တော်၏ ကိုယ်စားလှယ်များဖြင့် ဖွဲ့စည်းနိုင်ခွင့်ရှိသည်။

ပုဒ်မ (၁၃၄) ပြည်သူ့လွှတ်တော်ဆိုင်ရာ စည်းမျဉ်းစည်းကမ်းများ


ပြည်သူ့လွှတ်တော်သည် ပြည်သူ့လွှတ်တော်ဆိုင်ရာ စည်းမျဉ်းစည်းကမ်း လုပ်ထုံးလုပ်နည်းများကို
သတ်မှတ် ပြဌာန်း ရမည်။

၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊

အခန်း (၅)
ဖက်ဒရယ်ပြည်ထောင်စုဥပဒေပြုခြင်း
Federal Legislation

ပုဒ်မ (၁၃၅) ဥပဒေကြမ်းများတင်သွင်းခြင်း


(က) ဥပဒေကြမ်းများကို ဖက်ဒရယ်ပြည်ထောင်စု အစိုးရကသော်လည်းကောင်း ဖက်ဒရယ်ပြည်ထောင်စု
လွှတ်တော်များ ကသော်လည်းကောင်း တင်သွင်းရမည်။
(ခ) ငွေဥပဒေကြမ်းမျာကို ပြည်သူ့လွှတ်တော်၌သာ စတင်တင်သွင်းရမည်။
(ဂ) သဘာဝသယံဇာတ နှင့်စပ်လျဉ်းသော ဥပဒေကြမ်းများကို အမျိုးသားလွှတ်တော်၌သာ စတင်တင်သွင်းရ
မည်။

ပုဒ်မ (၁၃၆) ဥပဒေကြမ်းများဥပဒေဖြစ်ခြင်း


(က) ဖက်ဒရယ်ပြည်ထောင်စု ရသုံးခန့်မှန်းခြေ ငွေဥပဒေကြမ်းမှအပ ပြည်သူ့လွှတ်တော်တွင် စတင်တင်
သွင်းသော ဥပဒေကြမ်းအားလုံးသည် အဆိုပါလွှတ်တော်တွင် ထက်ဝက်ကျော် ဆန္ဒမဲရရှိပြီးနောက် အမျိုး
သားလွှတ်တော်သို့ ဆက်လက်တင်သွင်းသောအခါ အမျိုးသားလွှတ်တော်ကိယ
ုစားလှယ်များ၏ထက် ၀က်ကျော်
ဆန္ဒမဲရရှိမှသာလျှင် ထိုဥပဒေကြမ်းသည် ဥပဒေ ဖြစ်စေရမည်။
(ခ) အမျိုးသားလွှတ်တော်တွင် စတင်တင်သွင်းသော ဥပဒေကြမ်းသည် အဆိုပါ လွှတ်တော်တွင် ထက်ဝက်
ကျော် ဆန္ဒမဲရရှိပြီးနောက် ပြည်သူ့လွှတ်တော်သို့ ဆက်လက်တင်သွင်းသောအခါ ပြည်သူ့လွှတ်တော်
ကိုယ်စားလှယ် ထက်ဝက်ကျော်၏ ဆန္ဒမဲရရှိမှသာလျှင် ထိုဥပဒေကြမ်းသည် ဥပဒေ ဖြစ်စေရမည်။

ပုဒ်မ (၁၃၇) ဖက်ဒရယ်ပြည်ထောင်စု နှစ်စဉ်ရသုံးမှန်းခြေ ငွေဥပဒေကြမ်းအတည်ပြုခြင်း


ဖက်ဒရယ်ပြည်ထောင်စု နှစ်စဉ်ရသုံးမှန်းခြေ ငွေဥပဒေကြမ်းကို ပြည်သူ့လွှတ်တော်တွင်စတင် တင်သွင်း
ရမည်။ ထိုဥပဒေကြမ်းကို ပြည်သူ့လွှတ်တော်တွင် သာမန်အများစုဆန္ဒမဲဖြင့် အတည်ပြုပြီးပါက အမျိုးသား

48
လွှတ်တော်သို့ တင်ပို့ရမည်။ (၂၁) ရက်အတွင်း အမျိုးသားလွှတ်တော်မှ သာမန်အများစု ဆန္ဒမဲဖြင့်အတည်ပြု
လျှင် ဥပဒေဖြစ်စေရမည်။

ပုဒ်မ (၁၃၈) သာမန်အသုံးစရိတ်သုံးစွဲခြင်း


ဖက်ဒရယ်ပြည်ထောင်စုအစိုးရ၏ နှစ်စဉ် ရ/သုံးခန့်မှန်းခြေ ငွေဥပဒေကြမ်းကို ဘဏ္ဍာရေးနှစ်မကုန်ဆုံးမီ
ဖက်ဒရယ်ပြည်ထောင်စုလွှတ်တော်က အတည်မပြုနိုင်သေးလျှင် ယမန်နှစ်က အတည်ပြုခဲ့သည့် ဖက်ဒရယ်
ပြည်ထောင်စုအစိုးရ၏ ရ/သုံးခန့်မှန်းခြေ ငွေစာရင်းပါ သာမန်အသုံးစရိတ် ခွင့်ပြုချက် ဘောင်အတွင်းမှ သုံးစွဲနိုင်
သည်။

ပုဒ်မ (၁၃၉) ပူးတွဲညှိနှိုင်းရေးကော်မတီ


(က) လွှတ်တော်တရပ်ရပ်က အတည်ပြုပြီးသော ဥပဒေကြမ်းတခုလုံးကိုဖြစ်စေ တစိတ်တပိုင်းကိုဖြစ်စေ အခြား
လွှတ်တော်မှ အတည်ပြုနိုင်ခြင်းမရှိလျှင် ပူးတွဲညှိနှိုင်းရေးကော်မတီဖွဲ့စည်း၍ ထိုဥပဒေကြမ်းကိုညှိနှိုင်းမှု ပြုရန်
လွှတ်တော်တရပ်ရပ်ကဖြစ်စေ ဖက်ဒရယ်ပြည်ထောင်စုအစိုးရကဖြစ်စေ တောင်းဆိုနိုင်သည်။
(ခ) ပူးတွဲညှိနှိုင်းရေးကော်မတီကို လွှတ်တော်နှစ်ရပ်မှ တူညီသော ကိုယ်စားလှယ်များဖြင့် ဖွဲ့စည်းရမည်။
(ဂ) ပူးတွဲညှိနှိုင်းရေးကော်မတီသည် သက်ဆိုင်ရာလုပ်ငန်း ပြီးဆုံးသည်နှင့် ဖျက်သိမ်းပြီးဖြစ်စေရမည်။
(ဃ) ပူးတွဲညှိနှိုင်းရေးကော်မတီတွင် ညှိနှိုင်းသော်လည်း သဘောတူညီမှုမရှိပါက အဆိုပါ ဥပဒေကြမ်းသည်
ဥပဒေဖြစ်ရန် အခွင့်အလမ်းမရှိသော ဥပဒေကြမ်းဖြစ်စေရမည်။
(င) ပူးတွဲညှိနှိုင်းရေးကော်မတီတွင် သဘောတူညီမှု ရရှိသော်လည်း ပြင်ဆင်မှုရှိလျှင်သော်လည်းကောင်း၊
ပြောင်းလည်းမှုရှိလျှင်သော်လည်းကောင်း၊ ထိုဥပဒေကြမ်းအား စတင်တင်သွင်းသော လွှတ်တော်သို့ ပြန်လည်
ပေးပို့ရမည်။ ယင်းလွှတ်တော်က အတည်ပြုပြီးနောက် အခြားလွှတ်တော်သို့ပေးပို့ရာ၌ ထိုလတ
ွှ်တော်က
ဆက်လက်အတည်ပြုလျှင် ဥပဒေဖြစ်စေရမည်။
(စ) အထက်ပုဒ်မခွဲ (င) အရ ပေးပို့သော်လည်း ပုဒ်မ (၉၄) ပြဌာန်းချက်ပါ လုပ်ထုံးလုပ်နည်းအတိုင်း
အတည်မပြုနိုင်သော ဥပဒေကြမ်းသည် ဥပဒေဖြစ်ရန် အခွင့်အလမ်းမရှိသော ဥပဒေကြမ်း ဖြစ်စေရ မည်။

ပုဒ်မ (၁၄၀) ဥပဒေဖြစ်ရန်အခွင့်အလမ်းမရှိသောဥပဒေကြမ်း


ဥပဒေဖြစ်ရန် အခွင့်အလမ်းမရှိသော ဥပဒေကြမ်းကို ပယ်ချသည့်နေ့မှစ၍ (၂) နှစ်အတွင်း မည်သည့်
လွှတ်တော်တွင်မှ ထပ်မံတင်သွင်းခြင်း မရှိစေရ။

ပုဒ်မ (၁၄၁) ထုတ်ပြန်ကြေညာခြင်း ၊ အာဏာတည်ခြင်း


ဖက်ဒရယ်ပြည်ထောင်စုလွှတ်တော်မှ အတည်ပြုပြီးသော ဥပဒေကြမ်းတိုင်းကို ဖက်ဒရယ်ပြည်ထောင်စု
သမ္မတက (၇) ရက်အတွင်း လက်မှတ်ရေးထိုးထုတ်ပြန်ကြေညာရမည်။ (၇) ရက်ကျော်လွန်လျှင် သမ္မတက
လက်မှတ် ရေးထိုးခြင်းမရှိသော်လည်း အာဏာတည်စေရမည်။

49
ပုဒ်မ (၁၄၂) ဖက်ဒရယ်ပြည်ထောင်စုလွှတ်တော်၏ သီးသန့် ဥပဒေပြုအာဏာအညွန်း
ဖက်ဒရယ်ပြည်ထောင်စုလွှတ်တော်သည် အောက်ပါစာရင်းပါကိစ္စများအလို့ငှာ သီးသန့်ဥပဒေပြု
အာဏာ ရှိစေရမည်။
(က) ကာကွယ်ရေးနှင့် လုံခြုံရေးကဏ္ဍ
(၁) ဖက်ဒရယ်ပြည်ထောင်စုလက်နက်ကိုင်တပ်ဖွဲ့များနှင့် အမျိုးသားလုံခြုံရေးဆိုင်ရာအဖွဲ့များဥပဒေ
(၂) ဖက်ဒရယ်ပြည်ထောင်စုတပ်မတော်ဥပဒေ
(၃) ဖက်ဒရယ်ပြည်ထောင်စုထောက်လှမ်းရေးအဖွဲ့ဥပဒေ
(၄) အမျိုးသားလုံခြုံရေးကောင်စီဥပဒေ
(၅) ဖက်ဒရယ်ပြည်ထောင်စု ရဲတပ်ဖွဲ့ ဥပဒေ
(၆) လက်နက်နှင့် ပေါက်ကွဲစေတတ်သော ခဲယမ်းမီးကျောက်များကို ထုတ်လုပ်ခြင်း၊ ရောင်းချခြင်း၊
တင်သွင်းခြင်း၊ တင်ပို့ခြင်းဆိုင်ရာဥပဒေ
(၇) နိုင်ငံသားများ စစ်မှုထမ်းရေးဆိုင်ရာဥပဒေ
(ခ) နိုင်ငံခြားရေးကဏ္ဍ
(၁) အပြည်ပြည်ဆိုင်ရာ၊ ဒေသဆိုင်ရာနှင့် နှစ်ပြည်ထောင်ဆိုင်ရာ စာချုပ်စာတမ်းများ သဘောတူညီ
ချက်များဥပဒေ
(၂) နိုင်ငံကူးလက်မှတ်နှင့် လူဝင်မှုကြီးကြပ်ရေးဆိုင်ရာဥပဒေ
(၃) ကုလသမဂ္ဂနှင့် သံတမန်ဆိုင်ရာကိစ္စရပ်များဥပဒေ
(ဂ) စီးပွားရေးနှင့် ဘဏ္ဍာရေးကဏ္ဍ
(၁) ငွေစက္ကူနှင့် ငွေဒင်္ဂါးထုတ်လုပ်ခြင်း ၊ ဖြန့်ဝေခြင်းဆိုင်ရာဥပဒေ
(၂) ဖက်ဒရယ်ပြည်ထောင်စ၏
ု နှစ်စဉ် ရ/သုံးမှန်းခြေငွေစာရင်းဆိုင်ရာဥပဒေ
(၃) နိုင်ငံတကာ ကုန်သွယ်ရေးနှင့် ကူးသန်းရောင်းဝယ်ရေးဆိုင်ရာဥပဒေ
(၄) နိုင်ငံတကာ ငွေကြေးဆိုင်ရာအဖွဲ့အစည်းများနှင့် ဆက်သွယ်ခြင်းဆိုင်ရာဥပဒေ
(၅) သွင်းကုန်ထုတ်ကုန်အခွန်ကောက်ခံခြင်းဆိုင်ရာဥပဒေ
(၆) ဖက်ဒရယ်ပြည်ထောင်စုဗဟိုဘဏ်ဥပဒေ
(ဃ) ဆက်သွယ်ရေးနှင့် ပို့ဆောင်ရေးကဏ္ဍ
(၁) စာတိုက်နှင့် ကြေးနန်းဆက်သွယ်ရေးဥပဒေ
(၂) ဖက်ဒရယ်ပြည်ထောင်စုဆိုင်ရာ ရေဒီယိုနှင့် ရုပ်မြင်သံကြားလုပ်ငန်းများဥပဒေ
(၃) ဖက်ဒရယ်ပြည်ထောင်စု အဝေးပြေးကားလမ်းများ၊ ရထားလမ်းများ၊ ရေကြောင်းလမ်းများ၊ ကမ်းရိုး
တန်းနှင့် ပင်လယ်ရေကြောင်းသွားလာရေးများနှင့် လေကြောင်းလုပ်ငန်းများဆိုင်ရာဥပဒေ
(င) ပညာရေးကဏ္ဍ
(၁) ဘွဲ့လွန်ပညာရေး ၊ ပုဂ္ဂလိကကျောင်းများဆိုင်ရာဥပဒေ
(၂) အဆင့်မြင့်သိပ္ပံနှင့် နည်းပညာဆိုင်ရာဥပဒေ
(၃) အခြေခံပညာကို အခမဲ့သင်ကြားခွင့်ဆိုင်ရာဥပဒေ

50
(စ) ကျန်းမာရေးနှင့် လူမှုဖူလုံရေးကဏ္ဍ
(၁) ပြည်ထောင်စုဆိုင်ရာ ကျန်းမာရေးကိစ္စရပ်များဥပဒေ
(၂) ကလေးသူငယ်များ၊ အမျိုးသမီးများ၊ မသန်စွမ်းသူများနှင့် သက်ကြီးရွယ်အိုများ စောင့်ရှောက်ရေး
ဆိုင်ရာ ဥပဒေ
(၃) ကလေးများအခွင့်အရေးဆိုင်ရာဥပဒေ
(ဆ) တရားရေးကဏ္ဍ
(၁) ဖက်ဒရယ်ပြည်ထောင်စု တရားလွှတ်တော်ချုပ်၏ သီးသန့်စီရင်ပိုင်ခွင့်ဆိုင်ရာဥပဒေ
(၂) ဖွဲ့စည်းပုံအခြေခံဥပဒေတရားရုံး ကိုယ်စားလှယ်များ ရွေးချယ်ခြင်းဆိုင်ရာ ဥပဒေ
(၃) ဖက်ဒရယ်ပြည်ထောင်စု တရားရုံးများဖွဲ့စည်းခြင်းနှင့် ဖက်ဒရယ်တရားသူကြီးများ ခန့်အပ်ခြင်း
ဆိုင်ရာဥပဒေ
(၄) ဓလေ့ထုံးတမ်း ကွဲပြာခြားနားသူများအကြား လက်ထပ်ထိမ်းမြာခြင်း၊ လင်မယားကွာရှင်းခြင်းနှင့်
အမွေဆက်ခံခြင်းဆိုင်ရာဥပဒေ
(ဇ) လွှတ်တော်များရေးရာကဏ္ဍ
(၁) အမျိုးသားလွှတ်တော်နှင့် ပြည်သူ့လွှတ်တော်ကော်မရှင် ဖွဲ့စည်းခြင်းဆိုင်ရာဥပဒေ
(၂) ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များ ရွေးကောက်တင်မြှောက်ခြင်းဥပဒေ
(၃) ပြည်သူ့လွှတ်တော် စုံစမ်းစစ်ဆေးရေးကော်မရှင်များဆိုင်ရာဥပဒေ
(ဈ) စက်မှုလက်မှုကဏ္ဍ
(၁) အလေးချိန်နှင့် ချိန်တွယ်တိုင်းတာခြင်းဆိုင်ရာဥပဒေ
(၂) ကူးယူဖြန့်ချီခွင့်၊ နည်းပညာမူပိုင်ခွင့်၊ ဒီဇိုင်းနှင့် တံဆိပ်အမှတ်အသားဆိုင်ရာဥပဒေ
(၃) အလုပ်ချိန်၊ အနိမ့်ဆုံးလုပ်ခ၊ အလုပ်ပိတ်ရက်များနှင့် လုပ်ငန်းခွင် ဘေးအန္တရယ်ကင်းရှင်းရေး စံနှုန်း
သတ်မှတ်ချက် ဆိုင်ရာဥပဒေ
(ည) အရပ်ရပ်ဆိင
ုရာကဏ္ဍ
(၁) နိုင်ငံရေးပါတီများဆိုင်ရာဥပဒေ
(၂) ပြည်နယ်သစ်များဖွဲ့စည်းခြင်းဆိုင်ရာဥပဒေ
(၃) အသင်းအဖွဲ့များ နှင့် သမဂ္ဂများဖွဲ့စည်းခြင်းဆိုင်ရာဥပဒေ
(၄) ဖက်ဒရယ်ပြည်ထောင်စုမြို့တော် သတ်မှတ်ခြင်းဥပဒေ
(၅) ဖက်ဒရယ်ပြည်ထောင်စုသမ္မတ ရွေးချယ်တင်မြှောက်ခြင်းဆိုင်ရာဥပဒေ
(၆) နိုင်ငံရေးတာဝန်ထမ်းဆောင်သူ ပုဂ္ဂိုလ်များ၏ ငွေကြေးနှင့် ပစ္စည်းဥစ္စာပိုင်ဆိုင်မှုဆိုင်ရာဥပဒေ
(၇) ဖက်ဒရယ်ပြည်ထောင်စု (အဝေးရောက်) နိုင်ငံသားများ၏ အခွင့်အရေးနှင့် တာဝန်ဝတ္တရားများ
ဆိုင်ရာဥပဒေ
(၈) လူဦးရေသန်းခေါင်စာရင်း ကောက်ခြံ ခင်းဆိုင်ရာဥပဒေ
(၉) ဖက်ဒရယ်ပြည်ထောင်စု နိုင်ငံသားဖြစ်ခြင်းနှင့် နိုင်ငံခြားသားများ နိုင်ငံသားဖြစ်ခြင်းဆိုင်ရာဥပဒေ
(၁၀) ဖက်ဒရယ်ပြည်ထောင်စု အရေးပေါ် အခြေအနေဆိုင်ရာဥပဒေ
(၁၁) လူထုဆန္ဒဖော်ထုတ်ခြင်းနှင့် လုပ်ထုံးလုပ်နည်းများဆိုင်ရာဥပဒေ

51
(၁၂) အမှန်တရား ဖော်ထုတ်ရေးနှင့် ပြန်လည်သင့်မြတ်ရေးကော်မရှင်ဥပဒေ

ပုဒ်မ (၁၄၃) ထပ်တူဥပဒေပြုအာဏာအညွန်း


ဖက်ဒရယ်ပြည်ထောင်စုလွှတ်တော်နှင့် ပြည်နယ်လွှတ်တော်အသီးသီးတို့သည် အောက်စာရင်းပါကိစ္စ
များတွင် မိမိတို့ လွှတ်တော်တခုချင်းစီအလိုက် ထပ်တူဥပဒေပြုပိုင်ခွင့်အာဏာ ရှိစေရမည်။
(၁) ဖက်ဒရယ်ပြည်ထောင်စုအတွင်း ရောင်းဝယ်ခွန်၊ စီးပွားရေးလုပ်ငန်းခွန်၊ အမြတ်ခွန်၊ ယစ်မျိုးခွန်၊
ဆိပ်ကမ်းခွန်အပါအဝင် အကောက်အခွန်ဆိုင်ရာကိစ္စရပ်များ
(၂) သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး
(၃) မူးယစ်ထုံထိုင်း ဘေးဖြစ်စေတတ်သော ဆေးဝါးများ
(၄) ဖွားသေစာရင်း မှတ်ပုံတင်ခြင်း
(၅) ဖက်ဒရယ်ပြည်ထောင်စုအဖွဲ့ဝင် ပြည်နယ်တခုအတွင်း၌ ကျရောက်သည့် ဖက်ဒရယ်ပြည်ထောင်
စု၏ စွမ်းအင်စီမံကိန်းလုပ်ငန်းများ၊ ဖွံ့ဖြိုးရေးစီမံကိန်းကြီးများ
(၆) ဖက်ဒရယ်ပြည်စုအဖွဲ့ဝင် ပြည်နယ်တခုအတွင်း မြေပေါ်မြေအောက် သယံဇာတ တူးဖော်ထုတ်
လုပ်ခြင်း၊ ရောင်းချခြင်း။
(၇) နိုင်ငံခြားအစိုးရများနှင့် ကုမ္ပဏီများမှ ဖက်ဒရယ်ပြည်ထောင်စုအဖွဲ့ဝင် ပြည်နယ်များသို့ ရင်းနှီးမြုပ်
နှံခြင်းဆိုင်ရာကိစ္စရပ်များ
(၈) ဒေသဆိုင်ရာ ရေဒီယိုနှင့် ရုပ်မြင်သံကြားလုပ်ငန်းများ
(၉) ဘဏ်နှင့် အာမခံလုပ်ငန်းများ
(၁၀) နေအိမ်၊ ဥပစာ၊ မြေယာပိုင်ဆိုင်မှု လွှဲပြောင်းခြင်းဆိုင်ရာကိစ္စများ
(၁၁) တက္ကသိုလ်နှင့် အသက်မွေးဝမ်းကြောင်း ပညာရေးဆိုင်ရာ ပြဌာန်းချက်များ
(၁၂) ဖက်ဒရယ်ပြည်ထောင်စုအဖွဲ့ဝင်ပြည်နယ် တနယ်မှတနယ်သို့ ဖြတ်သန်းစီးဆင်းလျက်ရှိသော
မြစ်များနှင့် ရေးကြောင်းဆိုင်ရာ စည်းမျဉ်းသတ်မှတ်ချက်များ၊ ပြည်တွင်းပင်လယ်ရေကြောင်းနှင့်
သယ်ယူပို့ဆောင်ရေး ဆိုင်ရာ စည်းမျဉ်းသတ်မှတ်ချက်များ
(၁၃) ဒုက္ခသည်ရေးရာနှင့် နိုင်ငံရေးခိုလှုံခွင့်
(၁၄) ရာဇဝတ်မှု ဥပဒေနှင့် တရားမကျင့်ထုံးဥပဒေများ
(၁၅) ပြည်သူ့ဝန်ထမ်း လေ့ကျင့်ရေးသင်တန်းများ
(၁၆) အလုပ်သမားနှင့် လယ်သမားဆိုင်ရာ ဥပဒေပြဌာန်းချက်များ

ပုဒ်မ (၁၄၄) ဖက်ဒရယ်ပြည်ထောင်စုတရားလွှတ်တော်ချုပ် တရားရုံး၏ အဆုံးအဖြတ်ကို ခံယူခြင်း


ထပ်တူဥပဒေပြုအာဏာအညွန်းရှိ ပြဌာန်းချက်တရပ်ရပ်နှင့် စပ်လျဉ်း၍ ဖက်ဒရယ်ပြည်ထောင်စုလွှတ်
တော်ကဖြစ်စေ၊ ပြည်နယ်လွှတ်တော်တခုခုကဖြစ်စေ ဥပဒေပြုခဲ့သော် အငြင်းပွားဖွယ်ရာများ ဖြစ်ပွား လာပါက
ဖက်ဒရယ်ပြည်ထောင်စုတရားလွှတ်တော်ချုပ် တရားရုံး၏ အဆုံးအဖြတ်ကို ခံယူရမည်။

52
ပုဒ်မ (၁၄၅) ထပ်တူဥပဒေပြုအာဏာအညွန်းအရ ပြည်ထောင်စုက ဥပဒေပြုခြင်း
ထပ်တူဥပဒေပြုအာဏာအညွှန်းရှိ ပြဌာန်းချက်တရပ်ရပ်နှင့် စပ်လျဉ်း၍ ပြည်နယ်တခုခုက ဥပဒေပြု
ခဲ့သော် အခြားပြည်နယ်တခုခု သို့မဟုတ် အခြားပြည်နယ်သားတို့၏ အကျိုးစီးပွားကို ထိခိုက်နိုင်ခြင်း သို့မဟုတ်
ဖက်ဒရယ်ပြည်ထောင်စု တဝှမ်းလုံး၏ အကျိုးစီးပွားကို ထိခိုက်စေနိုင်ခြင်းဖြစ်လျှင် ဖက်ဒရယ်ပြည်ထောင်စု လွှတ်
တော်က ဥပဒေပြုရမည်။

ပုဒ်မ (၁၄၆) ပူးတွဲသဘောတူညီမှုရယူခြင်း


သဘာဝသယံဇာတ တူးဖော်ထုတ်လုပ်ခြင်းနှင့် ရောင်းချခြင်း၊ နိုင်ငံခြားရင်းနှီးမြှုပ်နှံခြင်း၊ စွမ်းအင်ထုတ်
လုပ်ခြင်းတို့အတွက် ဖက်ဒရယ်ပြည်ထောင်စုလွှတ်တော်က ဥပဒေပြုမည်ဆိုလျှင် သက်ဆိုင်ရာ ပြည်နယ်လွှတ်
တော်များကသောလည်းကောင်း၊ ပြည်နယ်လွှတ်တော်က ဥပဒေပြုမည်ဆိုလျှင် ဖက်ဒရယ်ပြည်ထောင်စုလွှတ်
တော်ကသော်လည်းကောင်း သဘောတူညီပြီးမှ ထိုဥပဒေ အာဏာတည်စေရမည်။

ပုဒ်မ (၁၄၇) ပြည်နယ်များ၏ ဥပဒေပြုအာဏာ


ဤဖွဲ့စည်းပုံအခြေခံဥပဒေအရ ဖက်ဒရယ်ပြည်ထောင်စုဥပဒေပြုအာဏာအညွှန်းများတွင် အတိအလင်း
သတ်မှတ်ပြဌာန်းထားခြင်း မရှိသောကိစ္စများနှင့် စပ်လျဉ်း၍ သက်ဆိုင်ရာပြည်နယ်လွှတ်တော်များ၌ ဥပဒေပြု
ပိုင်ခွင့်ရှိစေရမည်။

ပုဒ်မ (၁၄၈) ဖက်ဒရယ်ပြည်ထောင်စုဥပဒေက လွှမ်းမိုးခြင်း


ဖက်ဒရယ်ပြည်ထောင်စုဥပဒေနှင့် ပြည်နယ်ဥပဒေတို့ ဆန့်ကျင်ကွဲလွဲမှု ဖြစ်ပေါ်လာပါက ဖက်ဒရယ်
ပြည်ထောင်စုဥပဒေက ပြည်နယ်ဥပဒေအပေါ် လွှမ်းမိုးစေရမည်။

၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊

အခန်း (၆)
ဖက်ဒရယ်ပြည်ထောင်စုသမ္မတ
Federal President
ပုဒ်မ (၁၄၉) နိုင်ငံတော်ဦးသျှောင်
ဖက်ဒရယ်ပြည်ထောင်စုသမ္မတသည် ဖက်ဒရယ်ပြည်ထောင်စုသမ္မတနိုင်ငံတော်၏ ဦးသျှောင်ဖြစ်သည်။

ပုဒ်မ (၁၅၀) အရည်အချင်း


(က) ဖက်ဒရယ်ပြည်ထောင်စု သမ္မတ သို့မဟုတ် ဒုတိယ သမ္မတ အဖြစ်ရွေုးချယ်တင်မြှောက်ခံ မည်သူမဆို
အောက်ပါ အရည်အချင်းတို့နှင့်ပြည့်စုံရမည်။
(၁) ဖက်ဒရယ်ပြည်ထောင်စု နိုင်ငံသားဖြစ်ရမည်။
(၂) ဖက်ဒရယ်ပြည်ထောင်စုနိုင်ငံသား မိဘနှစ်ပါးမှ မွေးဖွားသူဖြစ်ရမည်။

53
(၃) ဖက်ဒရယ်ပြည်ထောင်စုအတွင်း (၁၀) နှစ်ထက်မနည်း ဆက်တိုက်နေထိုင်ခဲ့သူဖြစ်ရမည်။
(၄) သမ္မတလောင်းအဖြစ် အမည်စာရင်း တင်သွင်းသောနေ့တွင် အသက် (၃၅) နှစ်ပြည့်ပြီး ဖြစ်ရမည်။
(၅) နိုင်ငံတခု (သို့မဟုတ)် နိုင်ငံနှစ်ခုထက်ပိုသော နိုင်ငံသားမဖြစ်စေရ။
(ခ) ဖက်ဒရယ်ပြည်ထောင်စုသမ္မတနှင့် ဒုတိယသမ္မတသည် ဖက်ဒရယ်ပြည်ထောင်စု (သို့မဟုတ)် ပြည်နယ်အ
စိုးရတရပ်ရပ်၏ အဖွဲ့ဝင်သော်လည်းကောင်း၊ လွှတ်တော်တရပ်ရပ်၏ ကိုယ်စားလှယ်သော် လည်းကောင်း
မဖြစ်စေရ။ လွှတ်တော်ကိုယ်စားလှယ်တဦးဦး (သို့မဟုတ)် ပြည်နယ်အစိုးရအဖွဲ့ဝင် တဦးဦးသည် သမ္မတအဖြစ်
ရွေးချယ်တင်မြှောက်ခြင်းခံရပါက သက်ဆိုင်ရာ လွှတ်တော်ကိုယ်စားလှယ် (သို့မဟုတ)် အစိုးရအဖွဲ့ဝင်အဖြစ်မှ
နှုတ်ထွက်ပြီးဖြစ်စေရမည်။

ပုဒ်မ (၁၅၁) ကြားကာလ၏ ပထမ အဆင့်တွင် ဖက်ဒရယ်ပြည်ထောင်စု သမ္မတ ရွေးချယ်ပုံစနစ်


စစ်အာဏာရှင်စနစ်နှင့် ယင်းကို တည်ဆောက်ခုခံကာကွယ်နေသော မြန်မာစစ်တပ်အား CDM လူထု
လှုပ်ရှားမှုဖြင့်လည်းကောင်း၊ ဖက်ဒရယ်ပြည်ထောင်စုတပ်မတော် ဖွဲ့စည်း၍ စစ်ရေးနည်းဖြင့် လည်းကောင်း
တိုက်ဖျက်ရန် ကြိုးပမ်းလျက်ရှိသည့် ကြားကာလ၏ ပထမ အဆင့်တွင် ဖက်ဒရယ်ပြည်ထောင်စု သမ္မတ အဖြစ်
အောက်ပါ အရည်အချင်းနှင့် ပြည့်စုံသော ပုဂ္ဂိုလ်အား ရွေးချယ်တင်မြှောက်သည်။
(က) ဖက်ဒရယ်ပြည်ထောင်စု တဝှမ်းလုံး၌ ယခုကဲ့သို့ အရေးပေါ်အခြေအနေ ကျရောက်နေသည့် အချိန်
တွင် ဖက်ဒရယ် ပြည်ထောင်စု သမ္မတသည် ဤဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ (၁၅၃) အရ
စစ်သေနာပတိချုပ် တာဝန်ကို ထမ်းဆောင်ရမည်ဖြစ်၍ စစ်ရေးအတွေ့အကြုံနောက်ခံရှိသူ ဖြစ်ရမည်။
(ခ) ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေး၊ တိုင်းရင်းသားများ ကိုယ်ပိုင်ပြဌာန်းခွင့်ရရှိရေးတို့
အတွက် တိုင်းရင်းသား ခုခံစစ်ဆင်အဖွဲ့အစည်းများ ပါဝင်ဖွဲ့စည်းထားသော တပ်ပေါင်းစု တရပ်ရပ်တွင်
အဆင့်မြင့်တာဝန် ယူဘူးသူဖြစ်ရမည်။
(ဂ) ဤဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ (၉၈) ပါသတ်မှတ်ချက်များနှင့် ပြည့်စုံသည့် တိုင်းရင်းသားခုခံစစ်
ဆင်အဖွဲ့အစည်းများနှင့် ဖွဲ့စည်းမည့် ဖက်ဒရယ်ပြည်ထောင်စု တပ်မတော် စစ်ဦးစီးအဖွဲ့၏ ထောက်ခံမှု
ကို ရရှိသူဖြစ်ရမည်။
(ဃ) ဤကြားကာလဖွဲ့ စည်းပုံအခြေခံဥပဒေ ပုဒ်မ (၉၇) အရ ဖွဲ့ စည်းသည့် ဖက်ဒရယ် ပြည်ထောင်စု
လွှတ်တော်ကိုယ်စားလှယ်အများစု (၅၀ + ၁) ၏ ထောက်ခံမှုကို ရရှိသူလည်း ဖြစ်ရမည်။
(င) ဖက်ဒရယ်ပြည်ထောင်စု သမ္မတအဖြစ် ပြည်နယ်တခုမှ ပုဂ္ဂိုလ်အား ရွေးချယ်တင်မြှောက်လျှင်
ဒုတိယ သမ္မတအဖြစ် အခြားပြည်နယ်တခုမှ ပုဂ္ဂိုလ်အား ရွေးချယ်တင်မြှောက်စေရမည်။

ပုဒ်မ (၁၅၂) ကြားကာလ၏ ပထမ အဆင့်တွင် ဖက်ဒရယ်ပြည်ထောင်စု ဒုတိယ သမ္မတ ရွေးချယ်ပုံစနစ်


(၁) ဖက်ဒရယ်ပြည်ထောင်စု၏ ဒုတိယသမ္မတသည် စစ်ဘက်ဆိုင်ရာ အတွေ့အကြေုံရှိသူ ဖြစ်ရန်မလို။ ဒုတိယ
သမ္မတအဖြစ် အောက်ပါ အရည်အချင်းများနှင့် ပြည့်စုံသည့် အရပ်သားပုဂ္ဂိုလ်အား ရွေးချယ်တင်မြှောက်သည်။
(က) စစ်အာဏာရှင်စနစ် တိုက်ဖျက်ရေး၊ တိုင်းရင်းသား ကိုယ်ပိုင်ပြဌာန်းခွင့်ရရှိရေး၊ ဒီမိုကရေစီ ရရှိရေး
နိုင်ငံရေးတိုက်ပွဲ၊ လူထုတိုက်ပွဲများတွင် စဉ်ဆက်မပျက် ကြိုးပမ်းရာ၌ ထင်ပေါ်ကျော်ကြားသည့် ပုဂ္ဂိုလ်
ဖြစ်ရမည်။

54
(ခ) စစ်အာဏာရှင်စနစ် တိုက်ဖျက်ရေး၊ တိုင်းရင်းသား ကိုယ်ပိုင်ပြဌာန်းခွင့် ရရှိရေး၊ ဒီမိုကရေစီ ရရှိရေး
တို့နှင့်စပ်လျဉ်း၍ နိုင်ငံရေး ရည်မှန်းချက်၊ လုပ်ငန်းစဉ်နှင့် မူဝါဒတို့ အခိုင်အမာရှိသော နိုင်ငံရေးပါတီ
တရပ်ရပ်၏ ထိပ်ပိုင်းခေါင်းဆောင်ဖြစ်ရမည်။ သို့မဟုတ် ထိပ်ပိုင်းခေါင်းဆောင် ဖြစ်ခဲ့ဘူးသူ ဖြစ်ရမည်။
ဒုတိယသမ္မတ ရာထူးရယူရန် မိခင်ပါတီ၏ ထောက်ခံမှုကို ရရှိသူဖြစ်ရမည်။
(ဂ) လူပုဂ္ဂိုလ်အနေဖြင့်လည်းကောင်း၊ အထက်ပါ ပိုဒ်ခွဲ (ခ) အရ ပါတီအနေဖြင့်လည်းကောင်း
မြန်မာစစ်တပ်၊ တပ်မတော်၏ စစ်ခေါင်းဆောင်များနှင့် ဖြစ်စေ၊ အာဏာသိမ်းစစ်ကောင်စီနှင့် ဖြစ်စေ
တနည်းနည်းဖြင့် ပူးပေါင်း ဆောင်ရွက်ခြင်း၊ ယင်းသို့ ဆောင်ရွက်ရန် ကြိုးပမ်းအားထုတ်ခဲ့ခြင်းမရှိစေရ။

(ဃ) ၂၀၂၀ ခုနှစ်ရွေးကောက်ပွဲတွင် ပြည်ထောင်စုလွှတ်တော်၏ အမျိုးသားလွှတ်တော်ကိုယ်စား


လှယ်များအဖြစ် ရွေးချယ်တင်မြှောက်ခြင်းခံထားရသူများအနက် အများစု (50 + 1) ၏ ထောက်ခံမှုဖြင့်
အဆိုတင် သွင်းခြင်းခံရသူ ဖြစ်ရမည်။

(င) ဤကြားကာလ ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ (၉၇) အရ ဖွဲ့စည်းသည့် ဖက်ဒရယ်ပြည်ထောင်စု


လွှတ်တော်ကိုယ်စားလှယ် အများစု (၅၀+၁) ၏ထောက်ခံမှုကို ရရှိသူလည်းဖြစ်ရမည်။

(၂) ကြားကာလ၏ ဒုတိယ အဆင့်တွင် ဖက်ဒရယ်ပြည်ထောင်စု သမ္မတကို အောက်ပါအတိုင်းရွေးချယ်


တင်မြှောက်စေမည်။
(က) ပြည်နယ်လွှတ်တော်အသီးသီးမှ တပြည်နယ်လျှင် တဦးကျစီ ပေးပို့သော သမ္မတလောင်းများ
အနက်မှ သမ္မတတဦး နှင့် ဒုတိယ သမ္မတတဦးကို အမျိုးသားလွှတ်တော်မှ ရွေးချယ်တင် မြှောက်ရမည်။
(ခ) ပြည်နယ်တခုမှ ဖက်ဒရယ်ပြည်ထောင်စုသမ္မတအဖြစ် ရွေးချယ်ခံခဲ့ရပါက နောက်ထပ်သက်တမ်း
သုံးကြိမ်အတွင်းအဆိုပါပြည်နယ်မှ ထပ်မံရွေးချယ်ခံခြင်းမရှိစေရ။ ဤသက်တမ်းရေတွက်မှုတွင် ဒုတိယ
သမ္မတ သက်တမ်းကာလ အကြုံးမဝင်စေရ။
(ဂ) ဖက်ဒရယ်ပြည်ထောင်စုသမ္မတအသစ်ကိုရွေးချယ်တင်မြှောက်ရန်အတွက် ဖက်ဒရယ်ပြည်ထောင်စု
သမ္မတသည် မိမိ၏ရာထူးသက်တမ်းမကုန်ဆုံးမီ အနည်းဆုံး (၆) လကြိုတင်၍ အမျိုးသားလွှတ်တော်
အား ဆင့်ခေါ်ရန် အကြောင်းကြားရမည်။
(ဃ) သမ္မတရွေးချယ်ခြင်းဆိုင်ရာ ဥပဒေကို ဖက်ဒရယ်ပြည်ထောင်စုလွှတ်တော်က ပြဌာန်းပေးရမည်။

ပုဒ်မ (၁၅၃) သက်တမ်း


ဖက်ဒရယ်ပြည်ထောင်စုသမ္မတ၏ သက်တမ်းသည် ဤကြားကာလဖွဲ့စည်းပုံအခြေခံ ဥပဒေနှင့်အညီ
ဖြစ်စေရမည်။

ပုဒ်မ (၁၅၄) တာဝန်နှင့် လုပ်ပိုင်ခွင့်များ


(က) ဖက်ဒရယ်ပြည်ထောင်စု သမ္မတသည် ဖက်ဒရယ်ပြည်ထောင်စု တပ်မတော်အပါအဝင် ဖက်ဒရယ်ပြည်
ထောင်စု ကာကွယ်ရေးနှင့် လုံခြုံရေးတပ်ဖွဲ့များ၏ စစ်သေနာပတိချုပ်တာဝန်ကို ထမ်းဆောင်ရမည်။ သို့ရာတွင်

55
ဤအခွင့်အာဏာကို ဖက်ဒရယ်ပြည်ထာင်စု၏ အရေးပေါ်အခြေအနေကာလ၌သာ အပြည့်အဝကျင့်သုံးနိုင်ခွင့်
ရှိသည်။
(ခ) ဖက်ဒရယ်ပြည်ထောင်စုသမ္မတသည် ဖက်ဒရယ်ပြည်ထောင်စုအစိုးရနှင့် ညှိနှိုင်း၍ သဘောတူညီ ချက်ကို
ရယူပြီး ပြည်ပနိုင်ငံတခုခုကို စစ်ကြေညာခြင်း၊ စစ်ရပ်စဲခြင်းများ ပြုလုပ်ပိုင်ခွင့်ရှိသည်။
(ဂ) အထက်အပိုဒ် (ခ) ပါဆောင်ရွက်ချက်နှင့် ပတ်သက်၍ ဖက်ဒရယ်ပြည်ထောင်စုသမ္မတသည် အနီးကပ်ဆုံး
ပုံမှန်ဖက်ဒရယ်ပြည်ထောင်စု လွှတ်တော်အစည်းအဝေး (သို့တည်းမဟုတ)် အရေးပေါ် ဖက်ဒရယ်ပြည်ထောင်စု
လွှတ်တော်အစည်းအဝေးကို ခေါ်ယူ၍ အတည်ပြုချက်ရယူရမည်။
(ဃ) ဖက်ဒရယ်ပြည်ထောင်စုသမ္မတသည် ပြည်သူ့လွှတ်တော်က ဝန်ကြီးချုပ်အဖြစ် အမည်စာရင်း တင်သွင်း
သောပုဂ္ဂိုလ်အား ဖက်ဒရယ်ပြည်ထောင်စုအစိုးရ၏ ဝန်ကြီးချုပ်အဖြစ် ခန့်ထားရမည်။
(င) ဖက်ဒရယ်ပြည်ထောင်စုသမ္မတသည် ဖက်ဒရယ်ပြည်ထောင်စုဝန်ကြီးချုပ်က အမည်စာရင်း တင်သွင်းသော
ပုဂ္ဂိုလ်တို့ကို ဖက်ဒရယ်ပြည်ထောင်စုအစိုးရအဖွဲ့ဝင် ဝန်ကြီးများအဖြစ် ခန့်ထားရမည်။
(စ) ဖက်ဒရယ်ပြည်ထောင်စုသမ္မတသည် ဖက်ဒရယ်ပြည်ထောင်စုလွှတ်တော်၏ အတည်ပြုချက်ရရှိပြီး သူအား
ဖက်ဒရယ်ပြည်ထောင်စ၏
ု ရှေ့နေချုပ်အဖြစ် ခန့်ထားရမည်။
(ဆ) ဖက်ဒရယ်ပြည်ထောင်စုသမ္မတသည် ဖက်ဒရယ်ပြည်ထောင်စုလွှတ်တော်၏ အတည်ပြုချက်ရရှိပြီးသူအား
ဖက်ဒရယ်ပြည်ထောင်စု တရားလွှတ်တော်ချုပ် တရားသူကြီးများ နှင့် တရားလွှတ်တော်ချုပ် တရားသူကြီးချုပ်
အဖြစ်ခန့်ထားရမည်။
(ဇ) ဖက်ဒရယ်ပြည်ထောင်စုသမ္မတသည် ဖက်ဒရယ်ပြည်ထောင်စုလွှတ်တော်၏ အတည်ပြုချက်ရရှိပြီး သူအား
ဖက်ဒရယ်ပြည်ထောင်စု၏ စာရင်းစစ်ချုပ်အဖြစ် ခန့်ထားရမည်။
(ဈ) ဖက်ဒရယ်ပြည်ထောင်စုသမ္မတသည် ဖက်ဒရယ်ပြည်ထောင်စုလွှတ်တော်၏ အတည်ပြုချက်ရရှိပြီး သူအား
ဖက်ဒရယ်ပြည်ထောင်စု ကော်မရှင် အသီးသီးတု့၏
ိ အဖွဲ့ဝင်များအဖြစ် ခန့်ထားရမည်။
(ည) ဖက်ဒရယ်ပြည်ထောင်စုသမ္မတသည် ဝန်ကြီးချုပ်၏ အကြံပေးချက်အရ ဖက်ဒရယ်ပြည်ထောင်စု
အစိုးရဝန်ကြီးတဦးဦး၏ ရာထူးမှ နှုတ်ထွက်စာကို လက်ခံရမည်။ (သို့တည်းမဟုတ)် ရာထူးမှ ရပ်စဲစေ ရမည်။
(ဋ) ဖက်ဒရယ်ပြည်ထောင်စုသမ္မတသည် ဖက်ဒရယ်ပြည်ထောင်စုဝန်ကြီးချုပ်၏ အကြံပေးချက်အရ ပြည်သူ့
လွှတ်တော်ကို ဆင့်ခ်ါရမည်။ (သို့တည်းမဟုတ)် ရုပ်သိမ်းရမည်။ (သို့တည်းမဟုတ)် ဖျက်သိမ်းရမည်။ ဤသို့
ဆောင်ရွက်ရာတွင် ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ (၁၃၀) ပါ ပြဌာန်းချက်များနှင့် အညီ ဆောင်ရွက်ရမည်။
(ဌ) ဖက်ဒရယ်ပြည်ထောင်စုလွှတ်တော်က အတည်ပြုသော (သို့တည်းမဟုတ)် အတည်ပြုပြီးဖြစ်သည် ဟု
မှတ်ယူရမည့် ဥပဒေကြမ်းအား ဖက်ဒရယ်ပြည်ထောင်စုဥပဒေ ဖြစ်မြောက်လာရေးအတွက် ဖက်ဒရယ်
ပြည်ထောင်စုသမ္မတက လက်မှတ်ရေးထိုးပြီး ထုတ်ပြန်ကြေညာပေးရမည်။
(ဍ) ဖက်ဒရယ်ပြည်ထောင်စုသမ္မတသည် ဖက်ဒရယ်ပြည်ထောင်စုနှင့် စပ်လျဉ်း၍ ဖြစ်စေ ပြည်သူလူထု နှင့်
သက်ဆိုင်သည့် အရေးကြီးသောကိစ္စများနှင့် စပ်လျဉ်း၍ဖြစ်စေ အမှာလွှာဖြင့်သော်လည်းကောင်း မိန့်ခွန်းဖြင့်
သော်လည်းကောင်း ဖက်ဒရယ်ပြည်ထောင်စုလွှတ်တော်သို့ အကြောင်းကြားနိုင်သည်။
(ဎ) ဖက်ဒရယ်ပြည်ထောင်စုသမ္မတသည် အခါအားလျော်စွာ ဖက်ဒရယ်ပြည်ထောင်စုတဝှမ်းလုံးသို့ မိန့်ခွန်း
မြွက်ကြားနိုင်သည်။

56
(ဏ) ဖက်ဒရယ်ပြည်ထောင်စုသမ္မတသည် ဤဖွဲ့စည်းပုံအခြေခံဥပဒေတွင် အတိအလင်းပြဌာန်း ချက်များမှ လွဲ၍
အခြားကိစ္စများတွင် ဖက်ဒရယ်ပြည်ထောင်စုအစိုးရနှင့် ညှိနှိုင်း၍ဆောင်ရွက်နိုင်သည်။ သို့ရာတွင် ဖွဲ့စည်းပုံ
အခြေခံဥပဒေနှင့် မဆန့်ကျင်စေရ။
(တ) ဖက်ဒရယ်ပြည်ထောင်စုသမ္မတသည် အရေးပေါ်အခြေအနေ ကြေငြာခြင်းနှင့် ရုပ်သိမ်းခြင်းတို့ကို ထုတ်
ပြန်ကြေငြာပေးရမည်။
(ထ) ဖက်ဒရယ်ပြည်ထောင်စုသမ္မတသည် လွတ်ငြိမ်းချမ်းသာခွင့် ပေးနိုင်ခွင့်ရှိသည်။

ပုဒ်မ (၁၅၅) ဖက်ဒရယ်ပြည်ထောင်စု ဒုတိယသမ္မတ၏ တာဝန်နှင့် လုပ်ပိုင်ခွင့်များ


ဖက်ဒရယ်ပြည်ထောင်စု သမ္မတက လုပ်ငန်းတာဝန်များကို မိမိအလိုအလျောက် လွှဲအပ်သောအခါတွင်
ဖြစ်စေ၊ တာဝန်ကို ဆက်လက်ထမ်းဆောင်နိုင်စွမ်း မရှိတော့လျှင်ဖြစ်စေ၊ ရာထူးမှဖယ်ရှားခံရလျှင်ဖြစ်စေ၊
ကွယ်လွန်လျှင်ဖြစ်စေ ဖက်ဒရယ်ပြည်ထောင်စု ဒုတိယသမ္မတသည် သမ္မတ၏ လုပ်ပိုင်ခွင့်နှင့် တာဝန်ဝတ္တရား
များကို ထမ်းဆောင်ခွင့်ရှိစေရမည်။

ပုဒ်မ (၁၅၆) ဖက်ဒရယ်ပြည်ထောင်စုသမ္မတ နှင့် ဒုတိယသမ္မတ၏ ခံစားပိုင်ခွင့်များ


ဖက်ဒရယ်ပြည်ထောင်စုသမ္မတနှင့် ဒုတိယသမ္မတတို့သည် သီးသန့်သတ်မှတ်ထားသည့် အဆောင်
အယောင်နှင့် နေအိမ်တို့ကို ရရှိစေရမည်။ ထို့အပြင် ဥပဒေဖြင့် သတ်မှတ်ထားသော လစာနှင့် စားရိတ်များကို
ခံစားခွင့် ရှိစေရမည်။

ပုဒ်မ (၁၅၇) ဖက်ဒရယ်ပြည်ထောင်စုသမ္မတကို အရေးယူခြင်း


အောက်ဖော်ပြပါ အကြောင်းအရာတခုခုအတွက် ဖက်ဒရယ်ပြည်ထောင်စုသမ္မတကို စွပ်စွဲမှု ပြုလုပ်နိုင်
သည်။
(က) ဖက်ဒရယ်ပြည်ထောင်စုသမ္မတသည် -
(၁) ဖက်ဒရယ်ပြည်ထောင်စု၏ ကျေးဇူးသစ္စာကို ဖောက်ဖျက်ခြင်း
(၂) ဤဖွဲ့စည်းပုံအခြေခံဥပဒေကို ဖောက်ဖျက်ကျူးလွန်ခြင်း
(၃) အကျင့်သိက္ခာလွန်ကဲစွာပျက်ပြားခြင်း။
(ခ) အထက်အပိုဒ် (က) အရ သမ္မတအပေါ် စွပ်စွဲချက်အား လွှတ်တော်တရပ်ရပ်တွင် တင်သွင်းနိုင်
သည်။ လွှတ်တော်တရပ်ရပ်၏ ကိုယ်စားလှယ်အနည်းဆုံး ထက်ဝက်ကျော်မှ အတည်ပြု ထောက်ခံချက်
အရသာလျှင် စွပ်စွဲချက်ကို ဆက်လက်စုံစမ်းစစ်ဆေးနိုင်သည်။
(ဂ) ဖက်ဒရယ်ပြည်ထောင်စုလွှတ်တော်ဆိုင်ရာ လွှတ်တော်တရပ်၏ အတည်ပြုပြီးသော ထိုစွပ်စွဲချက်ကို
အခြားလွှတ်တော်တရပ်က စုံစမ်းစစ်ဆေးရမည်။
(ဃ) သက်ဆိုင်ရာ လွှတ်တော်တရပ်က စုံစမ်းစစ်ဆေးပြီးနောက် ဖက်ဒရယ်ပြည်ထောင်စုသမ္မတအား
ရာထူးတွင် ဆက်လက်၍ မထမ်းရွက်စေသင့်သော ပြစ်မှုဖြစ်သည်ဟူ၍ အဆိုပါလွှတ်တော် ကိုယ်စား
လှယ် စုစုပေါင်း၏ သုံးပုံနှစ်ပုံက အတည်ပြုခဲ့သော် ထိုအဆိုကို ဖက်ဒရယ်ပြည်ထောင်စုလွှတ်တော်သို့
ဆက်လက်တင်သွင်းရမည်။

57
(င) ဖက်ဒရယ်ပြည်ထောင်စုလွှတ်တော်သည် အထက်အပိုဒ် (ဃ) အရ တင်သွင်းလာသည့် အဆိုအား
ဖက်ဒရယ်ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ် စုစုပေါင်း၏ ထက်ဝက်ကျော်ဆန္ဒမဲဖြင့် အတည်ပြု
ပါက ဖက်ဒရယ်ပြည်ထောင်စုသမ္မတအား တာဝန်မှ ရပ်စဲစေရမည်။
(စ) စွပ်စွဲချက် စုံစမ်းစစ်ဆေးသောအခါတွင် ဖက်ဒရယ်ပြည်ထောင်စုသမ္မတသည် မိမိကိုယ်တိုင်သော်
လည်းကောင်း၊ ကိုယ်စားလှယ်ဖြင့်သော်လည်းကောင်း ခုခံချေပခွင့် ရှိရမည်။
(ဆ) ဤပုဒ်မပါ ပြဌာန်းချက်များသည် ဒုတိယသမ္မတနှင့်လည်း သက်ဆိုင်စေရမည်။

ပုဒ်မ (၁၅၈) အစားထိုးရွေးချယ်တင်မြှောက်ခြင်း


ဖက်ဒရယ်ပြည်ထောင်စုသမ္မတ ကွယ်လွန်လျှင်ဖြစ်စေ၊ ၎င်း၏တာဝန်ကို ဆက်လက်ထမ်းဆောင်နိုင်စွမ်း
မရှိ တော့လျှင်ဖြစ်စေ၊ ပုဒ်မ (၁၅၆) အရ ရာထူးမှ ဖယ်ရှားခံရလျှင်ဖြစ်စေ၊ လစ်လပ်သွားသော နေရာအတွက်
အောက်ပါတိုင်း အစားထိုးရွေးချယ်တင်မြှောက်ရမည်။
(က) ဖက်ဒရယ်ပြည်ထောင်စုသမ္မတ၏ မူလသက်တမ်း ကုန်ဆုံးသည်အထိ ဒုတိယသမ္မတသည်
ဖက်ဒရယ် ပြည်ထောင်စုသမ္မတတာဝန်ကို ဆက်လက်ထမ်းဆောင်ရမည်။
(ခ) လစ်လပ်သွားသော ဒုတိယသမ္မတတနေရာတွင် အမျိုးသားလွှတ်တော် ဥက္ကဌသည် ဒုတိယ
သမ္မတအဖြစ် တာဝန်ယူရမည်။

ပုဒ်မ (၁၅၉) ကင်းလွတ်ခွင့်


သမ္မတနှင့် ဒုတိယသမ္မတ တာဝန်ထမ်းဆောင်နေစဉ် ကာလအတွင်း ဖက်ဒရယ်ပြည်ထောင်စုသမ္မတနှင့်
ဒုတိယသမ္မတ၏ တာဝန်အရ ပြုလုပ်မှုတခုခု (သို့မဟုတ)် ပျက်ကွက်မှု တခုခုသည် နိုင်ငံတကာ ပြစ်မှုဆိုင်ရာ
ဥပဒေအရ စစ်ရာဇ၀တ်မှု၊ လူသားဆန့်ကျင်ပြစ်မှု၊ လူမျိုးတုံးသတ်ဖြတ်မှု တခုခုအတွင်းအကြုံးမ၀င်ပါက ရာဇ၀တ်
ကြောင်းအရဖြစ်စေ၊ တရားမကြောင်းအရဖြစ်စေ မည်သူတဦးတယောက်ကမျှ ဖက်ဒရယ်ပြည်ထောင်စုသမ္မတ
နှင့် ဒုတိယသမ္မတအပေါ် တရားစွဲဆိုခြင်းမပြုရ။

ပုဒ်မ (၁၆၀) တားမြစ်ခြင်း


ဖက်ဒရယ်ပြည်ထောင်စုသမ္မတနှင့် ဒုတိယသမ္မတတို့သည် လစာပေးသော အခြားလုပ်ငန်း တခုခုတွင်
သော်လည်းကောင်း၊ အမြတ်အစွန်းကို အခြေခံသည့်လုပ်ငန်းတခုခု၏ စီမံခန့်ခွဲရေးအဖွဲ့တွင် သော်လည်းကောင်း
ပါဝင်လုပ်ကိုင်ခြင်း မပြုရ။

58
အခန်း (၇)
ဖက်ဒရယ်ပြည်ထောင်စုအစိုးရ
Federal Government

ပုဒ်မ (၁၆၁) ဖွဲ့စည်းခြင်း


(က) အမျိုးသားညီညွတ်ရေး ဖက်ဒရယ်ပြည်ထောင်စုအစိုးရအား ၀န်ကြီးချုပ်ဦးဆောင်သည့် ပါလီမန်စနစ်ကို
အခြေခံလျက် အောက်ပါအမျိုးအစား (၅) မျိုးဖြင့် ဖွဲ့စည်းသည်။
(၁) ၂၀၂၀ ခုနှစ်ရွေးကောက်ပွဲတွင် အနိုင်ရ လွှတ်တော်အမတ်များအနက် ၎င်းတို့အချင်းချင်းညှိနှိုင်း
ရွေးချယ်စေလွှတ်သောကိုယ်စားလှယ်များ (၁၅)ဦး
(၂) အထက်ပုဒ်မ (၉၈) ပါ သတ်မှတ်ချက်များနှင့် ညီညွတ်စွာဖြင့် တိုင်းရင်းသားခုခံစစ်ဆင်နွှဲလျက်ရှိ
ရုံသာမကဖက်ဒရယ်ပြည်ထောင်စု တပ်မတော် ဖွဲ့စည်းရာတွင် အချိုးကျ သတ်မှတ်သော စစ်တပ်ဦးရေ
ကို စေလွှတ်နိုင်သည့် အဖွဲ့အစည်းများက နိုင်ငံတကာနှင့် ပြည်တွင်းရှိ ၄င်းတို့ ၏ သက်ဆိုင်ရာ
လူထုအသင်းအဖွဲ့ များနှင့် ညိနိုင်းကာ စာဖြင့်ရေးသားထားသည့် သဘောတူညီချက်ဖြင့်
ရွေးချယ်စေလွှတ်သော ကိုယ်စားလှယ်များ (၁၀) ဦး
(၃) အထက်ပါအမျိုးအစားနှစ်ရပ်ညှိနှိုင်းကာ စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေး လူထုတိုက်ပွဲ၊ နိုင်ငံရေး
တိုက်ပွဲများတွင် ဦးဆောင်လှုပ်ရှားခဲ့သော (သို့မဟုတ)် လှုပ်ရှားဆဲဖြစ်သော ခေါင်းဆောင်များ၊
အရပ်ဘက်လူထု အသင်းအဖွဲ့များအနက် အထက်ပါအရည်အချင်းနှင့် ပြည့်စုံသော ခေါင်းဆောင်များ
အား ရွေးချယ်ဖိတ်သည့်ပုဂ္ဂိုလ် (၁၀) ဦး
(၄) အထက်ပါအမျိုးအစား သုံးမျိုးအချင်းချင်း ညှိနှိုင်းတိုင်ပင် သဘောတူညီချက်ဖြင့် ဖိတ်ခေါ်ကာ
ပါဝင်စေသင့်သည့် ပညာရှင်များ (၁၀) ဦး
(၅) အထက်ပါအမျိုးအစား လေးမျိုးလုံး၏ ကိုယ်စားလှယ်ဦးရေအားလုံးအတွင်း ညှိနှိုင်းတိုင်ပင်ပြီးအများ
စု၏ သဘောတူညီချက်ဖြင့် ဖိတ်ခေါ်တာဝန်ပေးအပ်ခြင်းခံရသည့် ပြည်ထောင်စုရှေ့နေ ချုပ်တဦး
စုစုပေါင်း ၄၆ ဦးဖြင့် ဖွဲ့စည်းသည်။ ၄င်းတို့အနက် အနည်းဆုံး သုံးပုံတပုံသည် အမျိုးသမီးများ ဖြစ်ရမည်။

(ခ) အပိုဒ် (က) (၂) အရလူထုအသင်းအဖွဲ့ များဟူသည်မှာ နိုင်ငံတကာ နှင့် ပြည်တွင်း တွင် မိမိတို့ သက်ဆိုင်ရာ
တိုင်းရင်းသားလူမျိုးများအလိုက် ကိုယ်ပိုင်ပြဌာန်းခွင့်အတွက် လှုပ်ရှားတက်ကြွစွာ ဆောင်ရွက်လျက် ရှိသော
အောက်ပါအသင်းအဖွဲ့ တို့ ကို ဆိုလိုသည်။
(၁) တိုင်းရင်းသား လူ့ အခွင့်အရေး နှင့် ဥပဒေ အဖွဲ့ အစည်းများ၊ နိုင်ငံရေးပါတီ မဟုတ်သော်လည်း
ကိုယ်ပိုင်ပြဌာန်းခွင့်ရရှိရေးအတွက် နိုင်ငံရေးအရ စုဖွဲ့ လှုပ်ရှားသော အဖွဲ့ အစည်းများ
(၂) စစ်ကောင်စီက ကျင်းပရန် ကြေငြာထားသည့် ရွေးကောက်ပွဲတွင် ပါဝင် ယှဉ်ပြိုင်ခြင်း မပြုရန်
ပိုင်းဖြတ်အာမခံထားသည့် တိုင်းရင်းသား နိုင်ငံရေးပါတီများ
(၃) အမျိုးသမီးနှင့် လူငယ်အဖွဲ့ အစည်းများ၊ အလုပ်သမား၊ လယ်သမား၊ ကျောင်းဆရာ သမဂ္ဂစသည်
များ
(၄) ဘာသာရေး၊ လူမှုရေး၊ ယဉ်ကျေးမှု ဆိုင်ရာ အဖွဲ့ အစည်းများ

59
(ဂ) ဖက်ဒရယ်ပြည်ထောင်စုအစိုးရသည် ပြည်သူ့လွှတ်တော်အား အဖွဲလ
ို့က် စုပေါင်းတာဝန်ခံရမည်။
(ဃ) ဖက်ဒရယ်ပြည်ထောင်စုဝန်ကြီးချုပ်သည် ဖက်ဒရယ်ပြည်ထောင်စုအစိုးရကို တာဝန်ခံရမည်။

ပုဒ်မ (၁၆၂) သက်တမ်း


ဖက်ဒရယ်ပြည်ထောင်စုအစိုးရ သက်တမ်းသည် ဤကြားကာလဖွဲ့စည်းပုံအခြေခံဥပဒေ၏ သက်တမ်း
နှင့်အညီ ဖြစ်သည်။

ပုဒ်မ (၁၆၃) ၀န်ကြီးချုပ်


(က) ဤကြားကာလ ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ (၉၇) အရတည်ထောင်ဖွဲ့စည်းသော ပြည်ထောင်စုလွှတ်
တော်က အထက်ပါ အစိုးရအဖွဲ့ဝင် ၄၆ ဦးအား အတည်ပြုရမည်။ ထို့အပြင် ၂၀၂၀ ခုနှစ် ရွေးကောက်ပွဲအနိုင်ရ
ပုဂ္ဂိုလ်များအနက် အနိုင်ရပါတီက အမည်စာရင်းတင်သွင်းသော ပုဂ္ဂိုလ်တဦးအား ဖက်ဒရယ် ပြည်ထောင်စု
ဝန်ကြီးချုပ်အဖြစ်လည်းကောင်း၊ ပုဒ်မ ၉၈ (ခ)၊ ပုဒ်မ ၁၆၁ (က)(၂) ပါတိုင်းရင်းသား ခုခံစစ်ဆင် အဖွဲ့အစည်းများ
အချင်းချင်းညှိနှိုင်း၍ စေလွှတ်သော ပုဂ္ဂိုလ်တဦးအား ဒုတိယ၀န်ကြီးချုပ်အဖြစ်လည်းကောင်း ဖက်ဒရယ်
ပြည်ထောင်စုသမ္မတက ခန့်အပ်ရမည်။
(ခ) ၀န်ကြီးချုပ်က အဆိုပြုတင်ပြသော ဒုတိယ၀န်ကြီးချုပ်နှင့် ၀န်ကြီးများကိုပြည်ထောင်စုသမ္မတက ခန့်အပ်ရ
မည် (သို့မဟုတ)် ရာထူးမှ ဖယ်ရှားရမည်။
(ဂ) ၀န်ကြီးချုပ်သည် ဖက်ဒရယ်ပြည်ထောင်စုသမ္မတက တောင်းဆိုလျှင် ၎င်းအား ဆက်ခံမည့်သူ ရွေးချယ်ပြီး
သည်အထိ ဆက်လက်တာဝန်ထမ်းဆောင်ရမည်။

ပုဒ်မ (၁၆၄) ဒုတိယ၀န်ကြီးချုပ်


ပြည်ထောင်စုဝန်ကြီးချုပ်က ၎င်း၏တာဝန်များကို ထမ်းဆောင်ရန် မစွမ်းဆောင်နိုင်လျှင်ဖြစ်စေ၊
ဖက်ဒရယ် ပြည်ထောင်စုဝန်ကြီးချုပ်၏ ခွင့်ပြုချက်ဖြင့်ဖြစ်စေ၊ ဖက်ဒရယ်ပြည်ထောင်စုဝန်ကြီးချုပ်ကိုယ်စား
ဒုတိယ၀န်ကြီးချုပ်သည် တာဝန်ယူဆောင်ရွက်ခွင့်ရှိသည်။

ပုဒ်မ (၁၆၅) အစားထိုးရွေးချယ်ခန့်အပ်ခြင်း


ဖက်ဒရယ်ပြည်ထောင်စုဝန်ကြီးချုပ်ရာထူး လစ်လပ်ခဲ့လျှင် ဤဖက်ဒရယ်ပြည်ထောင်စုဖွဲ့စည်းပုံ အခြေခံ
ဥပဒေ ပုဒ်မ (၁၆၁) (၁၆၃) တို့ နှင့်အညီ ပြန်လည်အစားထိုး ရွေးချယ်ခန့်အပ်ခြင်း ပြုရမည်။

ပုဒ်မ (၁၆၆) အယုံအကြည်မရှိအဆို


(က) ဖက်ဒရယ်ပြည်ထောင်စုအစိုးရ ဖွဲ့စည်းတာဝန်ယူပြီးနောက် (၁၈) လအတွင်း အစိုးရတဖွဲ့လုံး (သို့တည်း
မဟုတ)် အစိုးရအဖွဲ့ဝင်တဦးချင်းအပေါ် အယုံအကြည်မရှိ အဆိုတင်သွင်းပိုင်ခွင့် မရှိစေရ။
(ခ) အယုံအကြည်မရှိအဆိုကို ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အားလုံး၏ ထက်ဝက်ကျော် ဆန္ဒမဲဖြင့်
အတည်ပြုလျှင် အစိုးရတဖွဲ့လုံး (သို့တည်းမဟုတ)် အဆိုတင်သွင်းခြင်းခံရသူ အစိုးရအဖွဲ့ဝင်သည် တာဝန်မှ
နှုတ်ထွက်ပေးရမည်။

60
(ဂ) အစိုးရတဖွဲ့လုံး နှုတ်ထွက်ရပါက ဤဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ (၁၆၃) အရ ရွေးချယ်ခံရသူအား ဖက်ဒရယ်
ပြည်ထောင်စုသမ္မတက ဖက်ဒရယ်ပြည်ထောင်စုဝန်ကြီးချုပ်အဖြစ် ခန့်အပ်ရမည်။

ပုဒ်မ (၁၆၇) နှုတ်ထွက်ခြင်း


(က) ဖက်ဒရယ်ပြည်ထောင်စုဝန်ကြီးချုပ်သည် မည်သည့်အခါ၌မဆို နှုတ်ထွက်လွှာကို ဖက်ဒရယ် ပြည်ထောင်စု
သမ္မတထံသို့ ပေးအပ်ခြင်းဖြင့် ရာထူးမှနှုတ်ထွက်နိုင်သည်။
(ခ) ဖက်ဒရယ်ပြည်ထောင်စုသမ္မတထံသို့ တင်သွင်းစေရန် မိမိ၏နှုတ်ထွက်လွှာကို ၀န်ကြီးချုပ်လက်သို့ ပေးအပ်
ခြင်းဖြင့် မည်သည့်အစိုးရအဖွဲ့ဝင်ဝန်ကြီးမဆို ရာထူးမှ နှုတ်ထွက်နိုင်သည်။

ပုဒ်မ (၁၆၈) အစိုးရအဖွဲ့၏ တာဝန်


(က) ဖက်ဒရယ်ပြည်ထောင်စုအစိုးရသည် ဖက်ဒရယ်ပြည်ထောင်စု၏ နှစ်စဉ်ရသုံးခန့်မှန်းခြေ ငွေစာရင်းကို ပြုစု၍
ဤကြားကာလ ဖွဲ့စည်းပုံအခြေခံဥပဒေအရ တည်ထောင်ထားသော ဖက်ဒရယ်ပြည်ထောင်စုလွှတ်တော် သို့တင်
ပြရမည်။
(ခ) ဖက်ဒရယ်ပြည်ထောင်စုအား ပြည်ပနိုင်ငံတခုခုမှ ထိပါးတိုက်ခိုက်လာလျှင် သို့တည်းမဟုတ် ထိပါးတိုက်
ခိုက်ခံရရန် အခြေအနေရှိလျှင် ဖက်ဒရယ်ပြည်ထောင်စုအစိုးရသည် ဖက်ဒရယ်ပြည်ထောင်စုကို ကာကွယ်
စောင့်ရှောက်ရန် သမ္မတ၏ ခွင့်ပြုချက်ဖြင့် အရေးယူဆောင်ရွက်နိုင်သည်။ ထိုကဲ့သို့ဆောင်ရွက်ချက်ကို
ဖက်ဒရယ်ပြည်ထောင်စုလွှတ်တော် ကျင်းပနေဆဲကာလ မဟုတ်လျှင်၊ အနီးကပ်ဆုံး ဖက်ဒရယ်ပြည်ထောင်စု
လွှတ်တော်သို့ တင်ပြရမည်။
(ဂ) ဖက်ဒရယ်ပြည်ထောင်စုအစိုးရက သဘောတူလက်မတ
ှ်ရေးထိုးသော နိုင်ငံတကာဆိုင်ရာ သဘောတူညီ
ချက်တိုင်းကို ဖက်ဒရယ်ပြည်ထောင်စုလွှတ်တော်၌ တင်ပြရမည်။

ပုဒ်မ (၁၆၉) ၀န်ကြီးဌာနများ


(က) ဖက်ဒရယ်ပြည်ထောင်စုအစိုးရသည် အောက်ပါဝန်ကြီးဌာနများအပါအ၀င် (၃၀) ထက်မပိုသော
ဝန်ကြီးဌာန များကို လိုအပ်သလို ဖွဲ့စည်းနိုင်သည်။
(၁) နိုင်ငံခြားရေးဝန်ကြီးဌာန
(၂) ကာကွယ်ရေးဝန်ကြီးဌာန
(၃) ဘဏ္ဍာရေးနှင့် စီမံကိန်းဝန်ကြီးဌာန
(၄) ပြည်ထဲရေးဝန်ကြီးဌာန
(၅) တရားရေးဝန်ကြီးဌာန
(၆) ကျန်းမာရေးဝန်ကြီးဌာန
(၇) ပညာရေးဝန်ကြီးဌာန
(၈) ဆက်သွယ်ရေးဝန်ကြီးဌာန
(၉ ) ပြန်ကြားရေးဝန်ကြီးဌာန
(၁၀) လယ်ယာနှင့် သစ်တောဝန်ကြီးဌာန

61
(၁၁) စွမ်းအင်ဝန်ကြီးဌာန
(၁၂) အလုပ်သမားဝန်ကြီးဌာန
(၁၃) သယ်ယူပို့ဆောင်ရေးဝန်ကြီးဌာန
(၁၄) စီးပွားရေးနှင့် ကုန်သွယ်ရေးဝန်ကြီးဌာန
(၁၅) လူမှုဝန်ထမ်းဝန်ကြီးဌာန
(၁၆) မြေယာနှင့် သဘာဝ သယံဇာတ စီမံခန့် ခွဲရေး ၀န်ကြီးဌာန
(၁၇) သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ၀န်ကြီးဌာန
(၁၈) ကျား - မ တန်းတူညီမျှရေး ၀န်ကြီးဌာန
(၁၉) သိပ္ပံနှင့်နည်းပညာ ၀န်ကြီးဌာန
(၂၀) သတ္တုတွင်းဝန်ကြီးဌာန

(ခ) ပြည်ထောင်စု ၀န်ကြီးနှင့် ဒုတိယ၀န်ကြီးဦးရေ စုစုပေါင်း၏ လေးပုံတပုံသည် တိုင်းရင်းသားခုခံစစ်


ဆင်အဖွဲ့များက ရွေးချယ်စေလွှတ်သော ပုဂ္ဂိုလ်များ ဖြစ်ရမည်။

(ဂ) ပုဒ်မ ၁၆၁ (က)(၁) အရ ရွေးချယ်တာဝန်ပေးအပ်ခံရသော ပုဂ္ဂိုလ်များသည် အောက်ပါ ၀န်ကြီးဌာနများ


တွင် ၀န်ကြီးများအဖြစ် တာဝန်ယူရမည်။ ပုဒ်မ ၁၆၁ (က)(၂) အရ ရွေးချယ်တာဝန်ပေးအပ်ခံရသော
ပုဂ္ဂိုလ်များသည် ဒုတိယ ၀န်ကြီးများ အဖြစ်တာဝန်ယူရမည်။

(၁) နိုင်ငံခြားရေးဝန်ကြီးဌာန
(၂) ကာကွယ်ရေးဝန်ကြီးဌာန
(၃) ဘဏ္ဍာရေးနှင့် စီမံကိန်းဝန်ကြီးဌာန
(၄) ပြည်ထဲရေးဝန်ကြီးဌာန
(၅) ပြန်ကြားရေးဝန်ကြီးဌာန

(ဃ) ပုဒ်မ ၁၆၁ (က)(၂) အရ ရွေးချယ်တာဝန်ပေးအပ်ခံရသော ပုဂ္ဂိုလ်များသည် အောက်ပါ ၀န်ကြီးဌာနများ


တွင် ၀န်ကြီးများအဖြစ် တာဝန်ယူရမည်။ ပုဒ်မ ၁၆၁ (က)(၁) အရ ရွေးချယ်တာဝန်ပေးအပ်ခံရသော
ပုဂ္ဂိုလ်များသည် ဒုတိယ ၀န်ကြီးများ အဖြစ်တာဝန်ယူရမည်။

(၁) တရားရေးဝန်ကြီးဌာန
(၂) မြေယာနှင့် သဘာဝ သယံဇာတ စီမံခန့် ခွဲရေး ၀န်ကြီးဌာန
(၃) သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ၀န်ကြီးဌာန
(၄) သတ္တုတွင်းဝန်ကြီးဌာန
(၅) စွမ်းအင်ဝန်ကြီးဌာန

62
(င) အောက်ပါ ၀န်ကြီးဌာနများအား ကော်မတီစနစ်ဖြင့် လည်ပတ်စေရမည်။ သက်ဆိုင်ရာဝန်ကြီးဌာန၏
ကော်မတီတွင် ၀န်ကြီးနှင့် ဒုတိယ ၀န်ကြီးတို့ အပြင် ပုဒ်မ (၁၆၁) အရ အမျိုးသားညီညွတ်ေ၇း ဖက်
ဒရယ် ပြည်ထောင်စု အစိုး၇အဖွဲ့ ဝင်အားလုံး၏ သုံးပုံ နှစ်ပုံ ၆၆% ကျော်တက်ရောက်သော အစည်း
အဝေး ဆုံးဖြတ်ချက်ဖြင့် ၀န်ကြီးဌာန တခုခြင်းစီအတွက် ကော်မတီဝင် ခုနှစ်ဦးစီကို ရွေးချယ် ဖိတ်ခေါ်
တာဝန်ပေးအပ်ရမည်။

(၁) နိုင်ငံခြားရေးဝန်ကြီးဌာန
(၂) ဘဏ္ဍာရေးနှင့် စီမံကိန်းဝန်ကြီးဌာန
(၃) ပြည်ထဲရေးဝန်ကြီးဌာန
(၄) မြေယာနှင့် သဘာဝ သယံဇာတ စီမံခန့် ခွဲရေး ၀န်ကြီးဌာန
(၅) သတ္တုတွင်းဝန်ကြီးဌာန
(၆) စွမ်းအင်ဝန်ကြီးဌာန

ပုဒ်မ (၁၇၀) ဖက်ဒရယ်ပြည်ထောင်စုရှေ့နေချုပ်


(က) ဖက်ဒရယ်ပြည်ထောင်စုရှေ့နေချုပ်သည် ဖက်ဒရယ်ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ် သော်လည်း
ကောင်း၊သို့မဟုတ် ပြည်နယ်အစိုးရအဖွဲ့ တရပ်ရပ်၏ အဖွဲ့ဝင်သော်လည်းကောင်း မဖြစ်စေရ။
(ခ) ဖက်ဒရယ်ပြည်ထောင်စုရှေ့နေချုပ် သို့မဟုတ် ဒုတိယရှေ့နေချုပ်သည် ဖက်ဒရယ်ပြည်ထောင်စု
လွှတ်တော်အစည်းအဝေးများတွင် တက်ရောက်ပိုင်ခွင့်ရှိပြီး မေးမြန်းမှုများကို အစိုးရကိုယ်စား ရှင်းလင်းဖြေရှင်း
ခွင့် ရှိသည်။

ပုဒ်မ (၁၇၁) အခြားတာဝန်ထမ်းဆောင်ခွင့်မရှိခြင်း


ဖက်ဒရယ်ပြည်ထောင်စုအစိုးရအဖွဲ့ဝင်များနှင့် ဖက်ဒရယ်ပြည်ထောင်စုရှေ့နေချုပ်တ့သ
ို ည် ၎င်းတို့တာ
ဝန်ယူ ဆောင်ရွက်သည့် တာဝန်များမှတပါး -
(က) လစာပေးသော အခြားလုပ်ငန်းဌာနများ၌ တာဝန်ယူခြင်းသော်လည်းကောင်း၊
(ခ) အမြတ်အစွန်းကို အခြေခံသည့် လုပ်ငန်းတခုခု၏ စီမံခန့်ခွဲရေးအဖွဲ့ဝင်အဖြစ်သော်လည်းကောင်း ပါဝင်
လုပ်ကိုင်ခြင်း မပြုရ။

ပုဒ်မ (၁၇၂) စာရင်းစစ်ချုပ်

ဖက်ဒရယ်ပြည်ထောင်စုသမ္မတသည် အမျိုးသားညီညွတ်ရေး ဖက်ဒရယ်ပြည်ထောင်စုအစိုးရက အဆိုပြု


တင်သွင်းလာသူကို ဖက်ဒရယ်ပြည်ထောင်စုလွှတ်တော်၏ အတည်ပြုချက်ဖြင့် ပြည်ထောင်စု စာရင်းစစ်ချုပ်
အဖြစ်ခန့်အပ်ရမည်။ ပြည်ထောင်စုစာရင်းစစ်ချုပ်သည် ဖက်ဒရယ်ပြည်ထောင်စုအစိုးရ၏ ငွေစာရင်းများကို
လွတ်လပ်စွာစစ်ဆေးပိုင်ခွင့်ရှိစေရမည်။ စာရင်းစစ်ဆေးတွေ့ရှိချက်များကို ဖက်ဒရယ်ပြည်ထောင်စု အစိုးရနှင့်
ဖက်ဒရယ်ပြည်ထောင်စု လွှတ်တော်သို့ အစီရင်ခံတင် ပြရမည်။

63
ပုဒ်မ (၁၇၃) အမျိုးသားညီညွတ်ရေး ဖက်ဒရယ်ပြည်ထောင်စုအစိုးရ လုပ်ငန်း တာဝန်ထမ်းဆောင်ခြင်း နှင့်
တာဝန်မှ ရပ်စဲခြင်း။

(က) ပြည်ထောင်စုဝန်ကြီးချုပ် သို့မဟုတ် ဒုတိယ ၀န်ကြီးချုပ်က ဦးဆောင်၍ အစိုးရ အဖွဲ့ ဝင်များအားလုံးသည်


ကြားကာလ၏ ပထမအဆင့်တွင် တပတ်တကြိမ် အစည်းအဝေး ထိုင်ရမည်။ တာဝန်အရသော်လည်းကောင်း၊
နာဖျားမကျန်း၍ ခွင့်တိုင်ခြင်းဖြင့် သော်လည်းကောင်း၊ လုံခြုံရေးအရ ခိုင်လုံသောအကြောင်းပြချက်ဖြင့်
သော်လည်းကောင်း၊ ပျက်ကွက်ခြင်း မဟုတ်ဘဲ အစည်းအဝေးတက်ရောက်ရန် သုံးကြိမ်ဆက်တိုက်
ပျက်ကွက်ပါက ၀န်ကြီးချုပ်သည် အဆိုပါ အစိုးရ အဖွဲ့ဝင်ဝန်ကြီးအား တရားဝင် သတိပေးနိုင်သည်။ ထပ်မံ၍
အလားတူပျက်ကွက်ပါက တာဝန်မှ ယာယီရပ်နား ထားနိုင်သည်။ သို့မဟုတ် သမ္မတထံတင်ပြပြီးရာထူးတာဝန်မှ
ရပ်စဲနိုင်သည်။

(ခ) ၀န်ကြီးတဦးဦးသည် ပေးအပ်ထားသော တာဝန်ကို ကျေပွန်စွာ မထမ်းဆောင်ခြင်း၊ သို့မဟုတ်ထမ်းဆောင်


နိုင်စွမ်းမရှိခြင်းတို့ကို တွေ့ရပါက ဒုတိယ၀န်ကြီးချုပ်နှင့် တိုင်ပင်၍ ၀န်ကြီးချုပ်က သုံးကြိမ်တိုင် သတိပေးပြီး
နောက်တွင် သမ္မတထံတင်ပြပြီး ရာထူးတာဝန်မှ ရပ်စဲနိုင်သည်။

၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊။။။

အခန်း (၈)
ဖက်ဒရယ်ပြည်ထောင်စုတရားစီရင်ရေး
Federal Judiciary

ပုဒ်မ (၁၇၄) တရားစီရင်ပိုင်ခွင့်အာဏာ


ဖက်ဒရယ်ပြည်ထောင်စု၏ တရားစီရင်ရေးအာဏာအား ဖက်ဒရယ်ပြည်ထောင်စု တရားလွှတ်တော်ချုပ်
ကလည်းကောင်း၊ ပြည်နယ် တရားရုံးချုပ်များကလည်းကောင်း ကျင့်သုံးပိုင်ခွင့်ရှိသည်။

ပုဒ်မ (၁၇၅) လွတ်လပ်စွာတရားစီရင်ပိုင်ခွင့်


တရားသူကြီးများသည် လွတ်လပ်၊ ဘက်မလိုက်၊ ထက်မြက်စွာ တရားစီရင်ရမည်ဖြစ်ပြီး တရားဥပဒေ
ကိုသာ တာဝန်ခံရမည်။

ပုဒ်မ (၁၇၆) ဖက်ဒရယ်ပြည်ထောင်စုတရားရုံးများဖွဲ့စည်းခြင်း


(က) ဖက်ဒရယ်ပြည်ထောင်စုတရားစီရင်ရေးအာဏာကို ကျင့်သုံးရန်အတွက် ဖက်ဒရယ်ပြည်ထောင်စုတရား
လွှတ်တော်ချုပ်နှင့် ၎င်း၏လက်အောက်ခံ ဖက်ဒရယ်ပြည်ထောင်စုတရားရုံးများကို ဖွဲ့စည်းထားရှိရမည်။
(ခ) ဖက်ဒရယ်ပြည်ထောင်စုတရားရုံးများဖွဲ့စည်းခြင်းနှင့် ဖက်ဒရယ်တရားသူကြီးများ ခန့်အပ်ခြင်းဆိုင်ရာ
ဥပဒေကို ဖက်ဒရယ်ပြည်ထောင်စုလွှတ်တော်က ပြဌာန်းရမည်။

64
ပုဒ်မ (၁၇၇) ကြားကာလအတွင်း ဖက်ဒရယ်ပြည်ထောင်စု တရားလွှတ်တော်ချုပ်ဖွဲ့စည်းခြင်း
(က) ဖက်ဒရယ်ပြည်ထောင်စုတရားလွှတ်တော်ချုပ်ကို တရားသူကြီး (၁၁) ဦးဖြင့် ဖွဲ့စည်းရမည်။ အနည်းဆုံး
သုံးပုံတပုံသည် အမျိုးသမီးများဖြစ်ရမည်။
(ခ) ပြည်ထောင်စု တရားစီရင်ရေး ၀န်ဆောင်မှုကော်မရှင် (Judicial Service Commission) တရပ်ကို ဥပဒေနှင့်
အညီ ဖွဲ့စည်းစေပြီး ၄င်းကရွေးချယ် အဆိုပြုသော ပြည်ထောင်စု တရားလွှတ်တော်ချုပ် တရားသူကြီးလောင်း
၆ ဦးအား ၀န်ကြီးချုပ်မှတဆင့် ပြည်ထောင်စုလွှတ်တော်သို့တင်သွင်းပြီး အတည်ပြုချက်ရ ယူရမည်။ အတည်ပြု
ချက်မရပါက နောက်ထပ်သင့်တော်သည့် ပုဂ္ဂိုလ်အား ထပ်မံ အစားထိုးတင်ပြခွင့်ရှိသည်။
(ဂ) ပြည်နယ်တရားစီရင်ရေးဝန်ဆောင်မှု ကော်မရှင်ကို ပြည်နယ်အလိုက် ဥပဒေနှင့် အညီဖွဲ့ စည်းပြီး ပြည်နယ်
အချင်းချင်းညှိနှိုင်းကာ ပြည်ထောင်စု တရားလွှတ်တော်ချုပ် တရားသူကြီးလောင်း ၅ ဦးအား ၀န်ကြီးချုပ်မှ တဆင့်
ပြည်ထောင်စုလွှတ်တော်သို့တင်သွင်းပြီးအတည်ပြုချက်ရယူရမည်။ အတည်ပြုချက် မရပါက နောက်ထပ်သင့်
တော်သည့် ပုဂ္ဂိုလ်အား ထပ်မံ အစားထိုးတင်ပြခွင့်ရှိသည်။
(ဃ) ဖက်ဒရယ်ပြည်ထောင်စုတရားလွှတ်တော်ချုပ် တရားသူကြီးအဖြစ် မည်သည့်လွှတ်တော်၏ ကိုယ်စား
လှယ်ကိုမျှ အမည်စာရင်းတင်သွင်းခြင်း မပြုရ။
(င) ဖက်ဒရယ်ပြည်ထောင်စု တရားလွှတ်တော်ချုပ် တရားသူကြီးများအနက်မှ တဦးကို တရားသူကြီးချုပ် အဖြစ်
မိမိတို့ အချင်းချင်းထဲမှ ရွေးချယ်ပြီး၊ သမ္မတက ခန့်အပ်ရမည်။

ပုဒ်မ (၁၇၈) တရားလွှတ်တော်ချုပ် တရားသူကြီးများ၏ အရည်အချင်း


ဖက်ဒရယ်ပြည်ထောင်စုတရားလွှတ်တော်ချုပ် တရားသူကြီးများသည် -
(က) ဖက်ဒရယ်ပြည်ထောင်စု နိုင်ငံသားဖြစ်ရမည်။
(ခ) အနည်းဆုံး အသက် (၄၅) နှစ် ပြည့်ပြီးသူဖြစ်ရမည်။
(ဂ) ဥပဒေရေးရာလုပ်ငန်းများတွင် အနည်းဆုံး (၁၀) နှစ် အတွေ့အကြုံရှိပြီးသူ ဖြစ်ရမည်။

ပုဒ်မ (၁၇၉) ဖက်ဒရယ်တရားလွှတ်တော်ချုပ် တရားသူကြီးများ၏သက်တမ်းကာလ


ဖက်ဒရယ်တရားလွှတ်တော်ချုပ် တရားသူကြီးများသည် -
(က) တရားသူကြီးကိုယ်တိုင်က ဖက်ဒရယ်ပြည်ထောင်စုသမ္မတထံသို့ နုတ်ထွက်လွှာကို တင်သွင်းလျှင် ဖြစ်စေ၊
(ခ) မိမိ၏တာဝန်ကို ထမ်းဆောင်ရန် မစွမ်းဆောင်နိုင်သည့် အခြေအနေသို့ရောက်ရှိလျှင်ဖြစ်စေ၊
(ဂ) အကျင့်သိက္ခာ လွန်စွာပျက်ပြားလျှင်ဖြစ်စေ၊
(ဃ) အသက် (၇၅) နှစ်ပြည့်မြောက်လျှင်ဖြစ်စေ သက်တမ်းကာလ ကုန်ဆုံးစေရမည်။

ပုဒ်မ (၁၈၀) ရုံးထိုင်ရာနေရာ


ဖက်ဒရယ်ပြည်ထောင်စု တရားလွှတ်တော်ချုပ်သည် ဖက်ဒရယ်ပြည်ထောင်စု၏ မြို့တော်တွင် ရုံးထိုင်ရ
မည်။ တရားလွှတ်တော်ချုပ်သည် ပြည်နယ်များရှိ ဖက်ဒရယ်ပြည်ထောင်စုတရားရုံးများတွင် ရုံးထိုင်ခွင့်ရှိစေရ
မည့်အပြင် လိုအပ်ပါက အခြားနေရာများတွင်လည်း ရုံးထိုင်ခွင့် ရှိစေရမည်။

65
ပုဒ်မ (၁၈၁) ဖက်ဒရယ်ပြည်ထောင်စုတရားလွှတ်တော်ချုပ်၏ စီရင်ပိုင်ခွင့်အာဏာ
(က) ဖက်ဒရယ်ပြည်ထောင်စုတရားရုံးများသည် အောက်ပါ ကိစ္စရပ်များတွင် စီရင်ပိုင်ခွင့်အာဏာ ရှိစေရမည်။
(၁) ပြည်နယ်အချင်းချင်းကြားတွင် ဖြစ်ပွားသော အငြင်းပွားမှုများ၊
(၂) ပြည်နယ်တခု၏ ပြည်နယ်သားများနှင့် အခြားပြည်နယ်တခု၏ ပြည်နယ်သားများအကြားတွင်
ဖြစ်ပွားသော အငြင်းပွားမှုများနှင့် မှုခင်းများ၊
(၃) ပြည်နယ်တရားရုံးချုပ်တခုမှ အခြားပြည်နယ် တရားရုံးချုပ်တခုသို့ လွှဲပြောင်းစစ်ဆေးရန် အမှုများ၊
(၄) ပြည်နယ်တရားရုံးတခုနှင့် အခြားပြည်နယ် တရားရုံးတခုအကြား စီရင်ပိုင်ခွင့်နှင့် ပတ်သက်သည့်
အငြင်းပွား မှုများ၊
(၅) နိုင်ငံခြားကုမ္ပဏီများနှင့် ပြည်တွင်းကုမ္ပဏီများ သို့မဟုတ် ပြည်နယ်အစိုးရ သို့မဟုတ် ဖက်ဒရယ်
ပြည်ထောင်စုတို့အကြား ချုပ်ဆိုသော စာချုပ်စာတမ်းများကို အကြောင်းပြု၍ ပေါ်ပေါက်သော အငြင်း
ပွားမှုများ၊
(၆) လူမွဲဖြစ်ခြင်းနှင့် ဒေ၀ါလီခံခြင်းဆိုင်ရာ မှုခင်းများ၊
(ခ) ဖက်ဒရယ်ပြည်ထောင်စုတရားလွှတ်တော်ချုပ်သည် အောက်ပါစာချွန်တော်အမိန့်များကိုထုတ်ပိုင်ခွင့်ရှိသည်။
(၁) ရှေ့တော်သွင်း စာချွန်တော်အမိန့်
(၂) အာဏာပေး စာချွန်တော်အမိန့်
(၃) တားမြစ်စေ စာချွန်တော်အမိန့်
(၄) အာဏာပိုင်မေး စာချွန်တော်အမိန့်
(၅) အမှုခေါ် စာချွန်တော်အမိန့်
(ဂ) ဖက်ဒရယ်ပြည်ထောင်စုတရားလွှတ်တော်ချုပ်၏ သီးသန့်စီရင်ပိုင်ခွင့် အာဏာနှင့်ပတ်သက်၍ ဖက်ဒရယ်
ပြည်ထောင်စုလွှတ်တော်မှ ဥပဒေဖြင့် ပြဌာန်းပေးရမည်။

ပုဒ်မ (၁၈၂) စုံစမ်းစစ်ဆေးခြင်း


ဖက်ဒရယ်ပြည်ထောင်စုတရားလွှတ်တော်ချုပ် တရားသူကြီးများသည် ပုဒ်မ (၁၇၉) (ခ) နှင့် (ဂ) ပါ
ပြဌာန်းချက်များ အပေါ်အခြေခံ၍ ဖက်ဒရယ်ပြည်ထောင်စုလွှတ်တော်မှ စုံစမ်းစစ်ဆေးရေးကော်မရှင်ကို ဖွဲ့စည်း
ရမည်။ ယင်းကော်မရှင်၏ စုံးစမ်းစစ်ဆေး တွေ့ရှိချက်ကို ဖက်ဒရယ်ပြည်ထောင်စုလွှတ်တော်သို့ တင်ပြရမည်။
ဖက်ဒရယ်ပြည်ထောင်စုလွှတ်တော်သည် စုံစမ်းစစ်ဆေးရေးကော်မရှင်၏ တင်ပြချက်အပေါ်တွင် မဲပေး၍
ဆုံးဖြတ်ခြင်းပြုရမည်။

ပုဒ်မ (၁၈၃) ဖက်ဒရယ်ပြည်ထောင်စု တရားသူကြီးများခန့်အပ်ခြင်း


(က) အထက်ပုဒ်မ (၁၇၇) အရ ဖက်ဒရယ်ပြည်ထောင်စုလွှတ်တော်၏ အတည်ပြုချက်ဖြင့် ဖက်ဒရယ်
ပြည်ထောင်စုသမ္မတက ဖက်ဒရယ်တရားသူကြီးများကို လက်မှတ်ရေးထိုး ခန့်အပ်ရမည်။
(ခ) ဖက်ဒရယ်တရားသူကြီးများ ခန့်အပ်ရာတွင် လူမျိုး၊ ဘာသာ၊ အသားအရောင်၊ လိင်ခွဲခြားခြင်းး မရှိစေရ။

66
ပုဒ်မ (၁၈၄) ခံစားခွင့်လစာ
ဖက်ဒရယ်တရားသူကြီးများသည် ဖက်ဒရယ်ပြည်ထောင်စု လွှတ်တော်က သတ်မှတ်ပြဌာန်းပေးသော
လစာကို ရယူခံစားပိုင်ခွင့်ရှိစေရမည်။

ပုဒ်မ (၁၈၅) အခြားတာဝန်ထမ်းဆောင်ခွင့်မရှိခြင်း


ဖက်ဒရယ်တရားသူကြီးများသည် ၎င်းတို့တာဝန်ယူဆောင်ရွက်သည့် တရားစီရင်ရေး တာဝန်မှတပါး -
(က) လစာပေးသော အခြားလုပ်ငန်းဌာနများ၌ တာဝန်ယူခြင်းသော်လည်းကောင်း၊
(ခ) အမြတ်အစွန်းကို အခြေခံသည့် လုပ်ငန်းတခုခု၏ စီမံခန့်ခွဲရေးအဖွဲ့ဝင်အဖြစ်သော်လည်းကောင်း၊
(ဂ) လွှတ်တော်တရပ်ရပ်၏ ကိုယ်စားလှယ် သို့မဟုတ် အစိုးရအဖွဲ့တခုခု၏ အဖွဲ့ဝင်သော်လည်းကောင်း မဖြစ်
စေရ။

ပုဒ်မ (၁၈၆) ကင်းလွတ်ခွင့်


ဖက်ဒရယ်တရားသူကြီးများသည် တင်ကူးကြံရွယ်ချက်ဖြင့် ဥပဒေချိုးဖောက်ခြင်းမှလွဲ၍ ၎င်းတို့၏
တရားစီရင်ရေးဆိုင်ရာ လုပ်ဆောင်ချက်များနှင့် ပတ်သက်ပြီးအရေးယူ တရားစွဲဆိုခြင်း မခံထိုက်စေရ။

67
အခန်း(၉)
နိုင်ငံသားဖြစ်ခြင်း
Citizenship
ပုဒ်မ (၁၈၇) နိုင်ငံသားအခွင့်အရေး
ဖက်ဒရယ်ပြည်ထောင်စု နိုင်ငံသားတဦးသည် ဖက်ဒရယ်ပြည်ထောင်စုအဖွဲ့ဝင် ပြည်နယ်များအားလုံး၌
နိုင်ငံသားတဦး ရသင့်ရထိုက်သော အခွင့်အရေးနှင့်ကင်းလွတ်ခွင့်များကို တူညီစွာခံစားရရှိစေရမည်။

ပုဒ်မ (၁၈၈) ပြည်နယ်သားအခွင့်အရေး


နိုင်ငံသားတဦးသည် မိမိနေရင်းဒေသပြည်နယ်မှ အခြားပြည်နယ်တခုအတွင်းသို့ ပြောင်းရွှေ့နေထိုင်
သောကိစ္စတွင် ပြောင်းရွှေ့နေထိုင်ရာ ပြည်နယ်၏ ဥပဒေနှင့်အညီသာလျှင် အဆိုပါပြည်နယ်၏ ပြည်နယ်သား
ဖြစ်ခွင့်နှင့် မဲပေးပိုင်ခွင့်၊ အရွေးချယ်ခံပိုင်ခွင့်ကို ရရှိစေရမည်။

ပုဒ်မ (၁၈၉) နိုင်ငံသားအလိုအလျောက်ဖြစ်ခြင်း


(က) ဖက်ဒရယ်ပြည်ထောင်စုအဖွဲ့ဝင် ပြည်နယ်တခုခု၏ ပြည်နယ်သားတဦးသည် ဖက်ဒရယ်ပြည်ထောင်စု
နိုင်ငံသားဖြစ်သည်။
(ခ) နိုင်ငံသားမိဘနှစ်ဦးမှ မွေးဖွားလာသူတိုင်းသည် အလိုအလျောက်နိုင်ငံသား ဖြစ်သည်။
(ဂ) နိုင်ငံသားမိဘတဦးဦးမှ ဖက်ဒရယ်ပြည်ထောင်စုနယ်နိမိတ်အတွင်း၌ မွေးဖွားလာသူတိုင်းသည် အလို
အလျောက်နိုင်ငံသားဖြစ်သည်။
(ဃ) ဤဖွဲ့စည်းပုံအခြေခံဥပဒေ အတည်ပြုသည့်အချိန်တွင် နိုင်ငံသားဖြစ်ပြီး သူများသည် အလိုအလျောက်
နိုင်ငံသား ဖြစ်သည်။
ခြွင်းချက် ။ ။ ဤပုဒ်မ (၁၉၁) ပုဒ်မခွဲ (ဃ) အရ နိုင်ငံသားဖြစ်ပြီးသူများဟုဆိုရာတွင် တရားမဝင်သော
နည်းလမ်းတခုတခုကို အသုံးပြု၍ နိုင်ငံသားဖြစ်ထားသူများ အကြုံးမဝင်စေရ။

ပုဒ်မ (၁၉၀) ဥပဒေအရနိုင်ငံသားဖြစ်ခွင့်


(က) ဤဖွဲ့စည်းပုံအခြေခံဥပဒေ အတည်မပြုမီအချိန်တွင် မြန်မာနိုင်ငံသားအဖြစ်မှ ရပ်စဲခံရသူများသည်
ဥပဒေနှင့်အညီ နိုင်ငံသားဖြစ်ခွင့်လျှောက်ထားလာလျှင် နိုင်ငံသားအဖြစ် ပြန်လည်ရရှိစေရမည်။
(ခ) ဖက်ဒရယ်ပြည်ထောင်စု နယ်နိမိတ်ပြင်ပ၌ နိုင်ငံသားမိဘတဦးဦးမှ မွေးဖွားလာသောကလေးသည် နိုင်ငံ
သားအဖြစ် လျှောက်ထားပိုင်ခွင့် ရှိစေရမည်။

ပုဒ်မ (၁၉၁) နိုင်ငံခြားသားများနိုင်ငံသားဖြစ်ခွင့်


(က) ၁၉၄၈ ခုနှစ် ဇန်နဝါရီ (၄) ရက်နေ့မတိုင်မီကပင် မြန်မာနိုင်ငံအတွင်း၌ မွေးဖွား၍ အစဉ်တစိုက်နေထိုင်လာ
ခဲ့သော နိုင်ငံခြားသားများသည် ဖက်ဒရယ်ပြည်ထောင်စုလွှတ်တော်က ပြဌာန်းထားသောဥပဒေ၊ လုပ်ထုံး
လုပ်နည်းများနှင့်အညီ နိုင်ငံသားဖြစ်ခွင့်ရှိစေရမည်။

68
(ခ) နိုင်ငံခြားသားများ နိုင်ငံသားဖြစ်ခြင်းနှင့်ပက်သက်၍ ဖက်ဒရယ်ပြည်ထောင်စုလွှတ်တော်မှ ဥပဒေပြုပြဌာန်း
ပေးရမည်။

ပုဒ်မ (၁၉၂) တပြိုင်နက်နိုင်ငံသားဖြစ်ခွင့်


ဖက်ဒရယ်ပြည်ထောင်စု နိုင်ငံသားတဦးသည် အခြားနိုင်ငံတခု၏ နိုင်ငံသားအဖြစ် ခံယူခွင့်ရှိသည်။ ထိုသို့
ခံယူခြင်းကြောင့် မူလဖက်ဒရယ်ပြည်ထောင်စု နိုင်ငံသားဖြစ်မှု အလိုအလျောက် ဆုံးရှုံးခြင်းမရှိစေရ။ တပြိုင်နက်
နိုင်ငံသားဖြစ်ခွင့်ရှိသည်။

ပုဒ်မ (၁၉၃) နိုင်ငံသားအဖြစ်မဲပေးပိုင်ခွင့်


ဖက်ဒရယ်ပြည်ထောင်စု နိုင်ငံသားတဦးသည် မိမိနေရင်းပြည်နယ်မှ အခြားပြည်နယ် တခုသို့
လည်းကောင်း၊ အခြားနိုင်ငံတခုသို့ လည်းကောင်း၊ ပြောင်းရွှေ့နေထိုင်သော်လည်း ဖက်ဒရယ်ပြည်ထောင်စု တခု
လုံးနှင့်သက်ဆိုင်သော ဆန္ဒခံယူပွဲ၊ ရွေးချယ်တင်မြှောက်ပွဲများတွင် မဲပေးပိုင်ခွင့်ရှိစေရမည်။

ပုဒ်မ (၁၉၄) ပြည်နယ်သားအဖြစ်မဲပေးခွင့်၊ အရွေးချယ်ခံပိုင်ခွင့်


ဖက်ဒရယ်ပြည်ထောင်စု နိုင်ငံသားတဦးသည် သက်ဆိုင်ရာ ပြည်နယ်တခုခုတွင်သာ မဲပေးခွင့်၊ အရွေး
ချယ်ခံပိုင်ခွင့်ရှိသည်။ ယင်းအခွင့်အရေးကို ပြည်နယ်တခုထက်ပို၍ ကျင့်သုံးပိုင်ခွင့် မရှိစေရ။

ပုဒ်မ (၁၉၅) ပြည်နယ်သားဖြစ်ခြင်း


ဖက်ဒရယ်ပြည်ထောင်စုအဖွဲ့ဝင် ပြည်နယ်များ၏ ဥပဒေပြုလွှတ်တော်များသည် ပြည်နယ်သားဖြစ်ခြင်း
ဆိုင်ရာဥပဒေကို ပြဌာန်းပိုင်ခွင့် ရှိစေရမည်။

ပုဒ်မ(၁၉၆) အဝေးရောက်နိုင်ငံသားများ
ဖက်ဒရယ်ပြည်ထောင်စု၏ ပြင်ပအခြားနိုင်ငံများသို့ ရောက်ရှိနေထိုင်လျှက်ရှိသော နိုင်ငံသားများ၏
အခွင့်အရေးနှင့် တာဝန်ဝတ္တရားဆိုင်ရာကိစ္စရပ်များအတွက် ဖက်ဒရယ်ပြည်ထောင်စုလွှတ်တော်မှ ဥပဒေပြု
ပြဌာန်းရမည်။

69
အခန်း(၁၀)
ဖက်ဒရယ်ပြည်ထောင်စုကာကွယ်ရေးနှင့်လုံခြုံရေးတပ်ဖွဲ့များ
Federal Defense and Security Services

ပုဒ်မ (၁၉၇) ဖက်ဒရယ်ပြည်ထောင်စု ကာကွယ်ရေးနှင့် လုံခြုံရေးတပ်ဖွဲ့များဆိုင်ရာ အခြေခံမူများ


(က) ဖက်ဒရယ်ပြည်ထောင်စု လက်နက်ကိုင်တပ်ဖွဲ့များသည် ဖက်ဒရယ်ပြည်ထောင်စု၏ လုံခြုံရေးနှင့် ပြည်သူ
လူထုကို ကာကွယ်စောင့်ရှောက်ရမည်။
(ခ) ဖက်ဒရယ်ပြည်ထောင်စု လက်နက်ကိုင်တပ်ဖွဲ့များသည် ငြိမ်းချမ်းရေးကို ထိန်းသိမ်းရမည်။
(ဂ) ဖက်ဒရယ်ပြည်ထောင်စု လက်နက်ကိုင်တပ်ဖွဲ့များသည် ဤဖွဲ့စည်းပုံအခြေခံ ဥပဒေကို လေးစားလိုက်နာရ
မည်။
(ဃ) ဖက်ဒရယ်ပြည်ထောင်စု လက်နက်ကိုင်တပ်ဖွဲ့များသည် မည်သည့်နိုင်ငံရေးပါတီ၏ ပါတီဝင်မျှ မဖြစ်စေရ။
မည်သည့် နိုင်ငံရေးပါတီ (သို့တည်းမဟုတ)် လူပုဂ္ဂိုလ်တို့၏ ဩဇာခံမဖြစ်စေရ။
(င) ဖက်ဒရယ်ပြည်ထောင်စုကာကွယ်ရေးနှင့် လုံခြုံရေးဆိုင်ရာတပ်ဖွဲ့များ ဖွဲ့စည်းတာဝန်ပေးအပ်မှုတွင်
ဖက်ဒရယ်ပြည်ထောင်စု အဖွဲ့ဝင်ပြည်နယ်များအားလုံး၏ အချိုးကျကိုယ်စားပြုမှုရှိရမည်။
(စ) ဖက်ဒရယ်ပြည်ထောင်စု လက်နက်ကိုင်တပ်ဖွဲ့များအတွင်း လူမျိုး၊ဘာသာ၊ အသားအရောင်၊ လိင်နှင့်
လိင်စိတ်ကွဲ ပြားမှုတို့အပေါ် အခြေခံ၍ခွဲခြားဆက်ဆံခြင်းမရှိစေရ။

ပုဒ်မ (၁၉၈) ဖက်ဒရယ်ပြည်ထောင်စုကာကွယ်ရေးနှင့် လုံခြုံရေးတပ်ဖွဲ့များ


ဖက်ဒရယ်ပြည်ထောင်စုလွှတ်တော်သည် ပြည်ထောင်စု၏ ကာကွယ်ရေးနှင့် လုံခြုံရေးဆိုင်ရာ ကိစ္စရပ်
များအတွက် လိုအပ်သော ဖက်ဒရယ်ပြည်ထောင်စု လက်နက်ကိုင်တပ်ဖွဲ့များနှင့် အမျိုးသားလုံခြုံရေးဆိုင်ရာ
အဖွဲ့များကို (ဤဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ) ဥပဒေပြဌာန်း၍ ဖွဲ့စည်းတာဝန်ပေးအပ်နိုင်သည်။

ပုဒ်မ (၁၉၉) ဖက်ဒရယ်ပြည်ထောင်စ၏


ု ကာကွယ်ရေးဆိုင်ရာအခြေခံမူဝါဒများ
ဖက်ဒရယ်ပြည်ထောင်စု၏ ကာကွယ်ရေးဆိုင်ရာ အခြေခံမူဝါဒများကို ဖက်ဒရယ်ပြည်ထောင်စု
လွှတ်တော်က ချမှတ်ပေးရမည်။

ပုဒ်မ (၂၀၀) ဖက်ဒရယ်ပြည်ထောင်စုတပ်မတော်


(က) ဖက်ဒရယ်ပြည်ထောင်စုအား ပြည်ပရန်မှ ကာကွယ်ရေးအတွက် ဖက်ဒရယ်ပြည်ထောင်စု တပ်မတော်တ
ရပ်ကို ဖွဲ့စည်းထူထောင်ရမည်။
(ခ) ဖက်ဒရယ်ပြည်ထောင်စုဝန်ကြီးချုပ်သည် ဖက်ဒရယ်ပြည်ထောင်စုလွှတ်တော်မှ ချမှတ်ထားသော
ပြည်ထောင်စုတပ်မတော်၏ ကာကွယ်ရေးဆိုင်ရာ အခြေခံမူဝါဒများကို တာဝန်ခံဆောင်ရွက်ရမည်။
(ဂ) ဖက်ဒရယ်ပြည်ထောင်စုတပ်မတော်၏ နေ့စဉ်လပ
ုငန်းဆိုင်ရာကိုစ္စများသည် ကာကွယ်ရေးဝန်ကြီးဌာန၏
ကွယ်ကဲမှုအောက်တွင် ရှိစေရမည်။

70
(ဃ) ဖက်ဒရယ်ပြည်ထောင်စုကာကွယ်ရေးဝန်ကြီးအဖြစ် ဖက်ဒရယ်ပြည်ထောင်စုတပ်မတော်တွင် လက်ရှိ
တာဝန် ထမ်းဆောင်နေသူ မည်သူ့ကိုမျှ ခန့်အပ်ခြင်းမရှိစေရ။ ဖက်ဒရယ်ပြည်ထောင်စု ကာကွယ်ရေးဝန်ကြီး
သည် အရပ်ဘက်ဆိုင်ရာပုဂ္ဂိုလ် ဖြစ်စေရမည်။

ပုဒ်မ (၂၀၁) ဖက်ဒရယ်ပြည်ထောင်စုတပ်မတော်ဖွဲ့စည်းခြင်း


(က) ဖက်ဒရယ်ပြည်ထောင်စု တပ်မတော်ကို ကြည်းတပ်၊ ရေတပ်၊ လေတပ်တို့ဖြင့် လိုအပ်ချက်နှင့်အညီ ဖွဲ့စည်း
ထားရှိရမည်။
(ခ) ဖက်ဒရယ်ပြည်ထောင်စုတပ်မတော်၏ ဖွဲ့စည်းမှုဆိုင်ရာဥပဒေကို ဖက်ဒရယ်ပြည်ထောင်စုလွှတ်တော်က
ပြဌာန်းသတ်မှတ်ရမည်။

ပုဒ်မ (၂၀၂) အရပ်ဘက်အုပ်ချုပ်ရေး


ဖက်ဒရယ်ပြည်ထောင်စု တပ်မတော်သည် မည်သည့်အချိန်အခါမဆို အရပ်ဘက်အစိုးရ အုပ်ချုပ်ရေး
အောက်တွင် ရှိစေရမည်။

ပုဒ်မ (၂၀၃) စစ်တက္ကသိုလ်များ


ဖက်ဒရယ်ပြည်ထောင်စု တပ်မတော်၏ ကြည်းတပ်၊ ရေတပ်၊ လေတပ်တို့အတွက်သီးခြားသော
စစ်တက္ကသိုလ်များ ဖွဲ့စည်းတည်ထောင်ရမည်။ ယင်းတက္ကသိုလ်များတွင် လူမျိုး၊ ဘာသာ၊ ကျားမ၊ လိင်နှင့် လိင်
စိတ်ကွဲပြားမှုအပေါ် ခွဲခြားမှု မရှိဘဲ ပြည်ထောင်စုနိုင်ငံသား တက်ရောက်ခွင့်ရေ
ှိ စရမည်။

ပုဒ်မ (၂၀၄) ပညာပေးသင်တန်းများ ဖွင့်လှစ်ပို့ချခြင်း


စစ်ပညာသင်တန်း အဆင့်ဆင့်တွင် စစ်ဘက်ဆိုင်ရာ ဘာသာရပ်များအပြင် -
(က) ဒီမိုကရေစီအခြေခံကျင့်စဉ်နှင့် လူ့အခွင့်အရေးဆိုင်ရာ သဘောတရားများ၊
(ခ) ဖက်ဒရယ်ပြည်ထောင်စု ဖွဲ့စည်းပုံအခြေခံဥပဒေအပါအဝင် အရပ်ဘက်အုပ်ချုပ်ရေးဆိုင်ရာ အခြေခံသ
ဘောတရားများကိုပါ ထည့်သွင်းသင်ကြားပို့ချရမည်။

ပုဒ်မ (၂၀၅) စစ်မှုထမ်းခြင်းဆိုင်ရာဥပဒေ


ဖက်ဒရယ်ပြည်ထောင်စု၏ အရွယ်ရောက်ပြီးသော နိုင်ငံသားတိုင်း ဥပဒေအရ စစ်မှုထမ်းရမည်။
နိုင်ငံသားများ စစ်မှုထမ်းရေးဆိုင်ရာ ဥပဒေကို ဖက်ဒရယ်ပြည်ထောင်စလ
ွှုတ်တော်မှ ပြဌာန်းပေးရမည်။

ပုဒ်မ (၂၀၆) ဖက်ဒရယ်ပြည်ထောင်စုရဲတပ်ဖွဲ့


(က) ဖက်ဒရယ်ပြည်ထောင်စု နှင့်သက်ဆိုင်သော အမျိုးသားလုံခြုံရေးနှင့် တရားဥပဒေမိုးရေးအတွက် ဖက်ဒရယ်
ပြည်ထောင်စုရဲတပ်ဖွဲ့ကို ဖွဲ့စည်းထူထောင်ရမည်။
(ခ) ဖက်ဒရယ်ပြည်ထောင်စုရဲတပ်ဖွဲ့ကို အရပ်သားအစိုးရ အုပ်ချုပ်ရေးလက်အောက်တွင် ထားရှိရမည်။

71
(ဂ) ဖက်ဒရယ်ပြည်ထောင်စုရဲတပ်ဖွဲ့ကို ဖွဲ့စည်းထူထောင်ရန်အတွက် ဖက်ဒရယ်ပြည်ထောင်စုလွှတ်တော်မှ
ဥပဒေပြဌာန်းပေးရမည်။

ပုဒ်မ (၂၀၇) ဖက်ဒရယ်ပြည်ထောင်စုထောက်လှမ်းရေးအဖွဲ့


(က) ဖက်ဒရယ်ပြည်ထောင်စုလုံခြုံရေးအတွက် ဖက်ဒရယ်ပြည်ထောင်စုထောက်လှမ်းရေးအဖွဲ့ကို ဖွဲ့စည်းသည်။
(ခ) ဖက်ဒရယ်ပြည်ထောင်စုထောက်လှမ်းရေးအဖွဲ့ကို အရပ်သားအစိုးရလက်အောက်တွင်ထားရှိသည်။
(ဂ) ဖက်ဒရယ်ပြည်ထောင်စု ထောက်လှမ်းရေးအဖွဲ့ကို ဖွဲ့စည်းထူထောင်ရန်အတွက် ပြည်ထောင်စုလွှတ်တော်မှ
ဥပဒေပြဌာန်းပေးရမည်။

ပုဒ်မ (၂၀၈) အမျိုးသားလုံခြုံရေးကောင်စီ


အမျိုးသားလုံခြုံရေးကောင်စီကို ဖွဲ့စည်းနိုင်ရန် ဖက်ဒရယ်ပြည်ထောင်စုလွှတ်တော်က ဥပဒေပြဌာန်း
ရမည်။

၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊

အခန်း(၁၁)
အရေးပေါ်အခြေအနေ
State of Emergency
ပုဒ်မ (၂၀၉) အရေးပေါ်အခြေအနေ
အောက်ပါအခြေအနေတရပ်ရပ်တွင် ဖက်ဒရယ်ပြည်ထောင်စု၏ အရေးပေါ်အခြေအနေကို ကြေညာ
ပိုင်ခွင့်ရှိသည်။
(က) ဖက်ဒရယ်ပြည်ထောင်စု နယ်နိမိတ်ကို ပြည်ပလက်နက်ကိုင်တပ်များက တိုက်ခိုက်ခြင်း (သို့တည်းမဟုတ)်
တိုက်ခိုက်မည်ဟု ခိုင်လုံသော အကြောင်းရှိခြင်း။
(ခ) ငြိမ်းချမ်းရေးနှင့် တရားဥပဒေစိုးမိုးမှုပျက်ပြားပြီး အများပြည်သူ၏ လုံခြုံမှုနှင့် အေးချမ်းသာယာမှုကို သိသာ
ထင်ရှားစွာခြိမ်းခြောက်၊ ထိပါးပျက်ပြားသည့် အခြေအနေပေါ်ပေါက်ခြင်း။
(ဂ) သဘာဝဘေးအန္တရာယ်ကြောင့် ကြီးမားသည့် ပျက်စီးဆုံးရှုံးမှုများ၊ ထိခိုက်မှုများ၊ သေဆုံးမှုများဖြစ်ပေါ်ခြင်း
(သို့တည်းမဟုတ)် ဖြစ်ပေါ်လာရန်ခိုင်လုံသော အကြောင်းရှိခြင်း။

ပုဒ်မ (၂၁၀) အရေးပေါ်အခြေအနေကြေညာခြင်း


(က) ဖက်ဒရယ်ပြည်ထောင်စုအစိုးရမှ အထက်ပုဒ်မ (၂၀၉) ပုဒ်မခွဲ (က) (ဂ) တို့အတွက် အရေးပေါ်အခြေအ
နေကြေညာပေးရန် တောင်းဆိုလာလျှင် ဖက်ဒရယ်ပြည်ထောင်စသ
ု မ္မတသည် ဖက်ဒရယ်ပြည်ထောင်စုတ၀ှမ်း
လုံး အတွက်ဖြစ်စေ၊ ဒေသတခုအတွက်ဖြစ်စေ၊ အရေးပေါ်အခြေအနေကြေညာ ပေးရမည်။

72
(ခ) ဖက်ဒရယ်ပြည်ထောင်စုအစိုးရမှ အထက်ပုဒ်မ (၂၀၉) ပုဒ်မခွဲ (ခ) အရ အရေးပေါ်အခြေအနေ ကြေညာပေး
ရန် တောင်းဆိုလာခြင်းဖြစ်ပါက ဖက်ဒရယ်ပြည်ထောင်စုသမ္မတသည် ဖက်ဒရယ်ပြည်ထောင်စု တ၀ှမ်းလုံးအ
တွက်ဖြစ်စေ၊ ဒေသတခုအတွက်ဖြစ်စေ အရေးပေါ်အခြေအနေကြေညာပေးနိုင်သည်။
(ဂ) အရေးပေါ်အခြေအနေ ကြေညာခြင်းသည် ပုဒ်မ (၂၀၉) ပုဒ်မခွဲ (က) နှင့် (ခ) ပါကိစ္စရပ်များ အတွက်ဖြစ်ပါက
ဖက်ဒရယ်ပြည်ထောင်စုဝန်ကြီးချုပ်သည် အနီးကပ်ဆုံး ဖက်ဒရယ်ပြည်ထောင်စုလွှတ်တော် ပုံမှန်အစည်းအဝေး
(သို့တည်းမဟုတ)် ဖက်ဒရယ်ပြည်ထောင်စုလွှတ်တော် အရေးပေါ်အစည်းအဝေးကို ခေါ်ယူ၍ တင်ပြအတည်
ပြုချက်ရယူရမည်။ ပြည်သူ့လွှတ်တော်က အရေးပေါ်အခြေအနေ ကြေညာခြင်းကို အတည်မပြုပါက အရေးပေါ်
အခြေအနေကြေညာခြင်းသည် ပျက်ပြယ်စေရမည်။
(ဃ) ပြည်သူ့လွှတ်တော် ဖျက်သိမ်းထားသော ကာလအတွင်း အရေးပေါ်အခြေအနေ ကြေညာခြင်းဖြစ်ပါက
ဖက်ဒရယ်ပြည်ထောင်စု ဝန်ကြီးချုပ်သည် ဖက်ဒရယ်ပြည်ထောင်စု သမ္မတထံသို့ တင်ပြ၍ အနီးကပ်ဆုံးအမျိုး
သားလွှတ်တော် အစည်းအဝေး (သို့တည်းမဟုတ)် အမျိုးသားလွှတ်တော် အရေးပေါ်အစည်းအဝေးကို ခေါ်ယူ၍
အတည်ပြုချက် ရယူရမည်။ အမျိုးသားလွှတ်တော်က အရေးပေါ်အခြေအနေကြေညာခြင်းကို အတည်မပြုပါက
အရေးပေါ်အခြေအနေကြေညာခြင်းသည် ပျက်ပြယ်စေရမည်။
ပုဒ်မ (၂၁၁) တည်ရှိသည့်သက်တမ်းကာလ
(က) အရေးပေါ်အခြေအနေကြေညာပြီးနောက် တည်ရှိရမည့် သက်သမ်းကာလကို အရေးပေါ်အခြေအနေ
ကြေညာရန်လိုအပ်သည့် အကြောင်းပေါ်မူတည်၍ အောက်ပါအတိုင်းသတ်မှတ်နိုင်သည်။
(၁) ပုဒ်မ (၂၀၉) ပုဒ်မခွဲ (က) ပါပြဌာန်းချက်အရ အရေးပေါ်အခြေအနေကို ကြေညာခြင်းဖြစ်လျှင်
သက်တမ်းကာလကို (၃) လ အထိ သတ်မှတ်နိုင်သည်။
(၂) ပုဒ်မ (၂၀၉) ပုဒ်မခွဲ (ခ) ပါပြဌာန်းချက်အရ အရေးပေါ်အခြေအနေကို ကြေညာခြင်းဖြစ်လျှင်
သက်တမ်းကာလ ကို (၁) လ အထိသတ်မှတ်နိုင်သည်။
(၃) ပုဒ်မ (၂၀၉) ပုဒ်မခွဲ (ဂ) ပါပြဌာန်းချက်အရ အရေးပေါ်အခြေအနေကို ကြေညာခြင်းဖြစ်လျှင်
သက်တမ်းကာကို (၆) လ အထိသတ်မှတ်နိုင်သည်။
(ခ) အရေးပေါ်အခြေအနေ သက်တမ်းကာလကို ထပ်မံသက်တမ်းတိုးမြှင့်ရန် လိုအပ်ပါက ပုဒ်မ (၂၁၁) ပုဒ်မခွဲ
(က) ပါ သတ်မှတ်ထားသည့် ကာလထက် မကျော်လွန်သော တိုးမြှင့်မှုတိုင်းကို ပြည်သူ့လွှတ်တော်၏ သဘော
တူအတည်ပြုချက်ဖြင့်သာ တိုးမြှင့်နိုင်သည်။ အကယ်၍ ပြည်သူ့လွှတ်တော်၏ ထက်ဝက်ကျော် ဆန္ဒမဲဖြင့်
အတည်ပြုချက်မရရှိလျှင် မည်သည့်သက်တမ်းတိုးမြှင့်ခြင်းကိုမျှ တရားဝင်မဖြစ်စေရ။
(ဂ) ပြည်သူ့လွှတ်တော် ဖျက်သိမ်းထားသော ကာလအတွင်း အရေးပေါ်အခြေအနေ သက်တမ်းကာလကို ထပ်မံ
တိုးမြှင့်ရန်လိုအပ်ပါက ဖက်ဒရယ်ပြည်ထောင်စု ဝန်ကြီးချုပ်သည် ဖက်ဒရယ်ပြည်ထောင်စု သမ္မတထံသို့ တင်ပြ
၍ အနီးကပ်ဆုံး အမျိုးသားလွှတ်တော်အစည်းအဝေး (သို့တည်းမဟုတ)် အမျိုးသားလွှတ်တော် အရေးပေါ်
အစည်းအဝေးကိုခေါ်ယူ၍ အမျိုးသားလွှတ်တော်၏ ထက်ဝက်ကျော်ဆန္ဒမဲဖြင့် အတည်ပြုချက်ရယူရမည်။ အမျိုး
သားလွှတ်တော်က အရေးပေါ်အခြေအနေသက်တမ်းကာလ ထပ်မံတိုးမြှင့်ခြင်းကို အတည်မပြုပါက ပျက်ပြယ်
စေရမည်။

73
ပုဒ်မ (၂၁၂) လုပ်ပိုင်ခွင့်နှင့်တာဝန်
(က) ပုဒ်မ (၂၀၉) ပုဒ်မခွဲ (က) ပါ ဖက်ဒရယ်ပြည်ထောင်စု၏ အရေးပေါ်အခြေအနေအောက်တွင် ဖက်ဒရယ်
ပြည်ထောင်စုသမ္မတသည် -
(၁) စစ်သေနာပတိချုပ်သည် အခွင့်အာဏာကို အသုံးပြုပြီး ဖက်ဒရယ်ပြည်ထောင်စု၏ ကာကွယ်ရေးနှင့်
လုံခြုံရေးတပ်ဖွဲ့များကို ကြီးကြပ်ကွပ်ကဲရမည်။
(၂) ဖက်ဒရယ်ပြည်ထောင်စုအတွင်းရှိ မည်သည့်ကာကွယ်ရေးနှင့် လုံခြုံရေးဆိုင်ရာတပ်ဖွဲ့ကိုမဆို
ဖက်ဒရယ်ပြည်ထောင်စုလုံခြုံရေးအတွက် ဖက်ဒရယ်ပြည်ထောင်စုအစိုးရအဖွဲ့၊ သက်ဆိုင်ရာ ပြည်နယ်
အစိုးရတို့နှင့် ညှိနှိုင်းပြီး ဆင့်ခေါ်ခွင့၊် စုစည်းခွင့်၊ တာဝန်ပေးအပ်ခွင့်၊ ရုပ်သိမ်းခွင့်ရှိစေရမည်။
(ခ) ပုဒ်မ (၂၀၉) ပုဒ်မခွဲ (ခ) ပါ ဖက်ဒရယ်ပြည်ထောင်စု၏ အရေးပေါ်အခြေအနေအောက်တွင် ဖက်ဒရယ်
ပြည်ထောင်စုအစိုးရသည် ပြည်နယ်လုံခြုံရေးတပ်များကို စုစည်းအသုံးချခြင်း၊ ပြည်နယ်အစိုးရများသို့ ညွှန်ကြား
ချက်များ ထုတ်ပြန်ခြင်းတို့ကို ပြုပိုင်ခွင့်ရှိစေရမည်။
(ဂ) ပုဒ်မ (၂၀၉) ပုဒ်မခွဲ (ဂ) ပါ ဖက်ဒရယ်ပြည်ထောင်စု၏ အရေးပေါ်ခြေအနေအောက်တွင် ဖက်ဒရယ်
ပြည်ထောင်စုအစိုးရသည် -
(၁) ပြည်နယ်လုံခြုံရေးတပ်များကို စုစည်းအသုံးချခြင်း၊ ပြည်နယ်အစိုးရများသို့ ညွှန်ကြားချက်များ
ထုတ်ပြန်ခြင်းတိ့က
ို ပြုပိုင်ခွင့်ရှိစေရမည်။
(၂) ပြည်နယ်လုံခြုံရေးတပ်ဖွဲ့များနှင့် လုံလောက်ခြင်းမရှိမှသာလျှင် ဖက်ဒရယ်ပြည်ထောင်စုတပ်မတော်
ကို အကန့်အသတ်ဖြင့် အသုံးပြုစေရမည်။
(ဃ) အရေးပေါ် အခြေအနေကာလအတွင်း ဖက်ဒရယ်ပြည်ထောင်စုအစိုးရ၏ ဆောင်ရွက်ချက်မှန်သမျှကို
အနီးကပ်ဆုံး ဖက်ဒရယ်ပြည်ထောင်စုလွှတ်တော်သို့ တင်ပြအစီရင်ခံရမည်။

ပုဒ်မ(၂၁၃) ဖွဲ့စည်းပုံအခြေခံဥပဒေအရစီစစ်ခြင်း
ဤဖွဲ့စည်းပုံအခြေခံဥပဒေအရ အာဏာအပ်နှင်းထားသော ဖက်ဒရယ်ပြည်ထောင်စု တရားလွှတ်တော်
ချုပ်သည် -
(က) အရေးပေါ်အခြေအနေတရပ်ကြေညာခြင်း
(ခ) အရေးပေါ် အခြေအနေ၏ သက်တမ်းကာလတိုးမြင့်ခြင်း
(ဂ) အရေးပေါ် အခြေအနေတရပ် ကြေညာခြင်းကြောင့် ပြဌာန်းထားသောဥပဒေ သို့တည်းမဟုတ် အခြားလုပ်
ဆောင်မှု တရပ်သည် ဤဖွဲ့စည်းပုံအခြေခံဥပဒေပါ ပြဌာန်းချက်များနှင့် ညီညွတ်ခြင်းရှိမရှိကို စီရင်ဆုံးဖြတ်နိုင်
သည်။

ပုဒ်မ (၂၁၄) အရေးပေါ် အခြေအနေကာလအတွင်း တရားစီရင်ရေး


မည်သို့သော အရေးပေါ် အခြေအနေအောက်တွင်မဆို တရားစီရင်ရေးအာဏာသည် တရားရုံးများ
တွင်သာ တည်ရှိရမည်။ တည်ဆဲဥပဒေနှင့်အညီ ခန့်အပ်ထားသော တရားသူကြီးများကသာ တရားစီရင်ရမည်။

ပုဒ်မ (၂၁၅) ရုပ်သိမ်းပိုင်ခွင့်မရှိသောအခြေခံအခွင့်အရေးများ


ဖက်ဒရယ်ပြည်ထောင်စု၏ အရေးပေါ် အခြေအနေတရပ် ကြေညာခြင်း၏ အကျိုးဆက်ကြောင့်
ပြဌာန်းသော ဥပဒေ (သို့တည်းမဟုတ)် မည်သည့်လုပ်ဆောင်မှုကမျှ အခန်း (၂) ပုဒ်မ (၁၅) နှင့် (၁၆) ပါ
အခွင့်အရေးများအပါအ၀င် နိုင်ငံသားတဦး၏ လူ့ဂုဏ်က္ခာနှင့် အသက်ရှင်ရပ်တည်ခွင့်တို့ကို မထိခိုက်စေရ။

74
ပုဒ်မ (၂၁၆) အရေးပေါ်ကာလအတွင်း ဥပဒေပြဌာန်းချက်
အရေးပေါ် အခြေအနေ ကြေညာခြင်း၏ နောက်ဆက်တွဲကြောင့် လူပုဂ္ဂိုလ်နှင့် ပတ်သက်၍ဖြစ်စေ၊
ပစ္စည်းပိုင်ဆိုင်မှုနှင့် ပတ်သက်၍ ဖြစ်စေ၊ ပုဒ်မ (၂၁၅) ပါ ရုပ်သိမ်းပိုင် ခွင့်မရှိသော အခြေခံအခွင့်အရေးများမှလွှဲ၍
မည်သည့်အခွင့်အရေးနှင့် ကန့်သတ်ချက်များအတွက်မဆို လိုအပ်သောဥပဒေကို ဖက်ဒရယ်ပြည်ထောင်စု
လွှတ်တော်မှ ဥပဒေပြုပြဌာန်း ပေးရမည်။

ပုဒ်မ (၂၁၇) အရေးပေါ်အခြေအနေပြီးဆုံးခြင်း


(က) သတ်မှတ်ထားသည့် အရေးပေါ် အခြေအနေသက်တမ်းကာလ အလို အလျောက်ကုန်ဆုံးလျှင်ဖြစ်စေ၊
သမ္မတမှ ရုပ်သိမ်းလျှင်ဖြစ်စေ၊ လွှတ်တော်တရပ်ရပ်မှ အတည်ပြုလျှင်ဖြစ်စေ အရေးပေါ် အခြေအနေသက်တမ်း
ကာလပြီးဆုံးစေရမည်။
(ခ) အရေးပေါ် သက်တမ်းကာလ ပြီးဆုံးကြောင်းကို တရားဝင်နိုင်ငံတော်ပြန်တမ်းဖြင့် ထုတ်ပြန်ကြေငြာရမည်။

၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊

အခန်း (၁၂)
အထွေထွေပြဌာန်းချက်များ
General Provision

ပုဒ်မ (၂၁၈) ဖက်ဒရယ်ပြည်ထောင်စုအလံတော်

ဖက်ဒရယ်ပြည်ထောင်စု၏ အလံတော်မှာ ………………

ပုဒ်မ (၂၁၉) ဖက်ဒရယ်ပြည်ထောင်စုတံဆိပ်

ဖက်ဒရယ်ပြည်ထောင်စု၏ ပြည်ထောင်စုတံဆိပ်မှာ …………………

ပုဒ်မ (၂၂၀) ဖက်ဒရယ်ပြည်ထောင်စုရုံးတဆိပ်

ဖက်ဒရယ်ပြည်ထောင်စု၏ ရုံးတဆိပ်မှာ

ပုဒ်မ (၂၂၁) ဖက်ဒရယ်ပြည်ထောင်စုသီချင်း

ဖက်ဒရယ်ပြည်ထောင့်စု၏ ပြည်ထောင်စုသီချင်းမှာ

ပုဒ်မ (၂၂၂) ဖက်ဒရယ်ပြည်ထောင်စုမြို့တော်


ဖက်ဒရယ်ပြည်ထောင်စု၏ မြို့တော်မှာ မဟာရန်ကုန်ဖြစ်သည်။ ဖက်ဒရယ်ပြည်ထောင်စုအစိုးရအဖွဲ့
ရုံးစိုက်ရာ နယ်မြေကို ဖက်ဒရယ်ပြည်ထောင်စန
ု ယ်မြေ အဖြစ်သတ်မှတ်သည်။ ဖက်ဒရယ်ပြည်ထောင်စုမြို့
တော်နယ်မြေအတွက် ဖက်ဒရယ်ပြည်ထောင်စုလွှတ်တော်က ဥပဒေပြဌာန်းပေးရမည်။

75
ပုဒ်မ (၂၂၃) ရုံးသုံးဘာသာ
(က) ဖက်ဒရယ်ပြည်ထောင်စု၏ ရုံးသုံးဘာသာအဖြစ် မြန်မာဘာသာနှင့် အင်္ဂလိပ်ဘာသာကို သတ်မှတ်သည်။
(ခ) ပြည်ထောင်စုအဖွဲ့ဝင် ပြည်နယ်အသီးသီးတွင် ဖက်ဒရယ်ပြည်ထောင်စု၏ ရုံးသုံးဘာသာအပြင်
ယင်းပြည်နယ်၏ အမျိုးသားဘာသာကိုလည်း ရုံးသုံးဘာသာအဖြစ် သတ်မှတ်နိုင်သည်။

ပုဒ်မ (၂၂၄) ကျမ်းသစ္စာကျိန်ဆိုခြင်း


ဖက်ဒရယ်ပြည်ထောင်စု၏-
(က) သမ္မတ
(ခ) ဝန်ကြီးချုပ်
(ဂ) အစိုးရအဖွဲ့ဝင် ဝန်ကြီးများ
(ဃ) ဖက်ဒရယ်ပြည်ထောင်စု ရှေ့နေချုပ်
(င) ဖက်ဒရယ်ပြည်ထောင်စု တရားလွှတ်တော်ချုပ် တရားသူကြီးများ
(စ) ဖက်ဒရယ်ပြည်ထောင်းစု စာရင်းစစ်ချုပ်
တို့သည် မိမိတို့အား ရွေးချယ်ခန့်အပ်တာဝန်ပေးခြင်း အတည်ပြုပြီးသည်နှင့်တပြိုင်နက် သတ်မှတ်
ပြဌာန်းထားသော ကျမ်းကျိန်လွှာအတိုင်း သက်ဆိုင်ရာနေရာဌာနများတွင် မဆိုင်းမတွ ကျမ်းသစ္စာ
ကျိန်ဆိုရမည်။

ပုဒ်မ (၂၂၅) ကော်မရှင်


ဖက်ဒရယ်ပြည်ထောင်စုလွတ်တော်သည် ပုဒ်မ ၁၀၂ (ဂ) ပါ ကောင်စီနှင့် ကော်မရှင်များ လွပ်လပ်စွာ
ဖွဲ့စည်းနိုင်ရန် ဥပဒေများ ပြဌာန်းရမည်။

ပုဒ်မ (၂၂၆) လူ့အခွင့်အရေးကော်မရှင်


(က) အမျိုးသားလွှတ်တော်က ရွေးချယ်အမည်စာရင်းတင်သွင်းသော ပုဂ္ဂိုလ် (၁၁) ဦးကို ဖက်ဒရယ်
ပြည်ထောင်စု လွှတ်တော်က လက်ခံအတည်ပြုပြီးပါက ဖက်ဒရယ်ပြည်ထောင်စုသမ္မတသည် လူ့အခွင့်အရေး
ကော်မရှင်အဖွဲ့ဝင်များအဖြစ်ခန့်အပ်တာဝန်ပေးအပ်ရမည်။
(ခ) ထိုကော်မရှင်သည် မိမိ၏ သဘောဆန္ဒအလျောက်သော်လည်းကောင်း၊ တိုင်တန်းချက်လက်ခံရရှိသော
အခါတွင်သော်လည်းကောင်း၊ လူ့အခွင့်ရေးချိုးဖောက်မှုများကို လွတ်လပ်စွာ စုံစမ်းစစ်ဆေးနိုင်ခွင့် ရှိစေရမည်။
(ဂ) လူ့အခွင့်အရေးကော်မရှင်သည် မိမိဆောင်ရွက်ချက်များကို ဖက်ဒရယ်ပြည်ထောင်စု လွှတ်တော်သို့ စီရင်ခံ
တင်ပြရမည်။

ပုဒ်မ (၂၂၇) ရွေးကောက်ပွဲကော်မရှင်


အမျိုးသားလွှတ်တော်က ရွေးချယ်အမည်စာရင်းတင်သွင်းသော ပုဂ္ဂိုလ် (၁၁) ဦးကို ဖက်ဒရယ်ပြည်
ထောင်စုလွှတ်တော်က လက်ခံအတည်ပြုပြီးပါက ဖက်ဒရယ်ပြည်ထောင်စု သမ္မတသည် ရွေးကောက်ပွဲ
ကော်မရှင် အဖွဲ့ဝင်များအဖြစ် ခန့်အပ်တာဝန်ပေးအပ်ရမည်။

76
ပုဒ်မ (၂၂၈) အမှန်တရားဖော်ထုတ်ရေးနှင့် ပြန်လည်သင့်မြတ်ရေးကော်မရှင်
(က) ဤဖွဲ့စည်းပုံအခြေခံဥပဒေ အတည်မပြုမီ ကာလအတောအတွင်း အာဏာပိုင် တရပ်ရပ်၏
ပြုမူဆောင်ရွက်ချက် တစုံတရာကြောင့် ထိခိုက်နစ်နာဆုံးရှုံးမှုခံစားရသော နိုင်ငံသားများ၏ နစ်နာချက်များကို
စုံစမ်းစစ်ဆေးဖော်ထုတ် နိုင်ရန်အတွက် အမှန်တရားဖော်ထုတ်ရေးနှင့် ပြန်လည်သင့်မြတ်ရေးကော်မရှင်တ
ရပ်ကို ဖွဲ့စည်းဆောင်ရွက်ရမည်။
(ခ) အမှန်တရားဖော်ထုတ်ရေးနှင့် ပြန်လည်သင့်မြတ်ရေးကော်မရှင်၏ ဖွဲ့စည်းမှု၊ သက်တမ်းကာလ၊ တာဝန်နှင့်
လုပ်ပိုင်ခွင့်များကို ဖက်ဒရယ်ပြည်ထောင်စုလွှတ်တော်က ဥပဒေပြဌာန်းပေးရမည်။
(ဂ) ကော်မရှင်ကို တူညီသော အမျိုးသား၊ အမျိုးသမီး ကိုယ်စားလှယ်ဦးရေဖြင့် ဖွဲ့စည်းရမည်။
(ဃ) အသွင်ကူးပြောင်းရေးကာလ နစ်နာချက်များအား ပြန်လည်ကုစားရေးအတွက်လိုအပ်သော လုပ်ဆောင်
ချက်များကို ဆောင်ရွက်နိုင်ရန် ပြည်ထောင်စုလွှတ်တော်က ဥပဒေပြဌာန်းပေးရမည်။

ပုဒ်မ (၂၂၉) နိုင်ငံတကာသဘောတူညီချက်နှင့် စာချုပ်များကိစ္စ


(က) ဖက်ဒရယ်ပြည်ထောင်စုအစိုးရက သဘောတူလက်မှတ်ရေးထိုးခဲ့ပြီး တင်ပြလာသော နိုင်ငံတကာဆိုင်ရာ
သဘောတူညီချက်များနှင့်စပ်လျဉ်း၍ ဥပဒေပြုရန်လိုသော (သို့တည်းမဟုတ)် ဥပဒေပြုရန် အကြောင်းရှိသော
နိုင်ငံတကာသဘောတူညီချက်ကို ဖက်ဒရယ်ပြည်ထောင်စုလွှတ်တော်က ဆက်လက်၍ အတည်မပြုခဲ့သော်
အဆိုပါသဘောတူညီချက်သည် အတည်မဖြစ်စေရ။
ခြွင်းချက်။ ။ ဤပုဒ်မ (ခ) သည် ဖက်ဒရယ်ပြည်ထောင်စု လွှတ်တော်သို့ တင်သွင်းလာသော ဖက်ဒရယ်
ပြည်ထောင်စု အစိုးရ၏ နည်းပညာဆိုင်ရာကိစ္စရပ်များနှင့် စီမံခန့်ခွဲအုပ်ချုပ်မှုဆိုင်ရာ အစိုးရအချင်းချင်း သဘော
တူညီချက်များနှင့် မသက်ဆိုင်စေရ။
(ခ) နည်းပညာဆိုင်ရာကိစ္စရပ်များနှင့် စီမံခန့်ခွဲအုပ်ချုပ်မှုဆိုင်ရာ ကိစ္စရပ်များ ဖြစ်မဖြစ်အတည်ပြုခြင်းကို
ဖက်ဒရယ်ပြည်ထောင် စုလွှတ်တော်က စီစစ်ဆုံးဖြတ်ရမည်။
(ဂ) ဖက်ဒရယ်ပြည်ထောင်စုလွှတ်တော်က အတည်ပြုပြဌာန်းခြင်းမပြုလုပ်လျှင် မည်သည့် နိုင်ငံတကာဆိုင်ရာ
သဘောတူညီချက်ကိုမျှ ဖက်ဒရယ်ပြည်ထောင်စု၏ ဥပဒေ တစိတ်တဒေသ မဖြစ်စေရ။

ပုဒ်မ (၂၃၀) လူဦးရေသန်းခေါင်စာရင်းကောက်ယူခြင်း။


(က) ပြည်သူ့လွှတ်တော်သည် လူဦးရေသန်းခေါင်စာရင်း ကောက်ယူရေးကော်မရှင်ကို ဖွဲ့စည်းတာဝန် ပေးအပ်ရ
မည်။
(ခ) အနည်းဆုံး ဆယ်နှစ်တကြိမ် လူဦးရေသန်းခေါင်စာရင်း ကောက်ယူရမည်။

ပုဒ်မ (၂၃၁) တရားဝင်ငွေကြေးနှင့် ပစ္စည်းပိုင်ဆိုင်မှုဆိုင်ရာပြဌာန်းချက်


(က) နိုင်ငံရေးတာဝန်ကို ထမ်းဆောင်နေသော ပုဂ္ဂိုလ်များသည် ၎င်းတို့ပိုင်ဆိုင်သောငွေကြေးနှင့် ပစ္စည်းဥစ္စာများ
ကို ဖော်ပြရန်တာဝန်ရှိစေရမည်။
(ခ) အထက်ပါ ပုဒ်မခွဲ (က) ပါပြဌာန်းချက်များနှင့် ပတ်သက်၍ ဖက်ဒရယ်ပြည်ထောင်စုလွှတ်တော်နှင့်
ပြည်နယ်ဥပဒေပြုလွှတ်တော်များမှ ဥပဒေပြဌာန်းပေးရမည်။

77
ပုဒ်မ (၂၃၂) ဖက်ဒရယ်ပြည်ထောင်စုဗဟိုဘဏ်
(က) ဖက်ဒရယ်ပြည်ထောင်စု ငွေကြေးရေးရာကို ထိန်းချုပ်ကွပ်ကဲနိုင်ရန် ဖက်ဒရယ်ပြည်ထောင်စုလွှတ်တော်မှ
ပြဌာန်းသောဥပဒေနှင့်အညီ လွတ်လပ်သော ဖက်ဒရယ်ပြည်ထောင်စု ဗဟိုဘဏ်တခု ထူထောင်ရမည်။
(ခ) ဖက်ဒရယ်ပြည်ထောင်စုဘဏ်သည် ဖက်ဒရယ်ပြည်ထောင်စု၏ ငွေကြေးတန်ဖိုးများတည်ငြိမ်မှု ရှိစေရေး
အတွက် တာဝန်ယူဆောင်ရွက်ရမည်။
(ဂ) ဖက်ဒရယ်ပြည်ထောင်စုဘဏ်သည် တမျိုးတစားတည်းသော ငွေစက္ကူနှင့် ငွေဒင်္ဂါးများထုတ်လုပ်ရမည်။

ပုဒ်မ (၂၃၃) လူထုဆန္ဒထုတ်ဖော်ခြင်း


(က) နိင
ုငံသားတိုင်းသည် မိမိ၏ ထင်မြင်ယူဆချက်ကိုသော်လည်းကောင်း၊ အကြံပြုချက်ကို သော်လည်း
ကောင်းတဦးတည်းဖြစ်စေ၊ စုပေါင်း၍ဖြစ်စေ စာဖြင့်ရေးသား၍ လက်မှတ်ရေးထိုးပြီး သက်ဆိုင်ရာအာဏာပိုင်
(သို့တည်းမဟုတ)် လွှတ်တော်တရပ်ရပ်သို့ တင်သွင်းခွင့်ရှိသည်။
(ခ) အထက်ပုဒ်မခွဲ (က) နှင့်စပ်လျဉ်း၍ ဖက်ဒရယ်ပြည်ထောင်စုလွှတ်တော်ကဥပဒေပြဌာန်းပေးရမည်။

ပုဒ်မ (၂၃၄) ဌာနေမြေယာ (Native Title) သတ်မှတ်ခြင်း


(က) ဖက်ဒရယ်ပြည်ထောင်စု အဖွဲ့ဝင်ပြည်နယ်အသီးသီးတွင် နေထိုင်ကြသောဌာနေတိုင်းရင်းသား လူနည်းစု
များ၏ မိရိုးဖလာ နေထိုင်ပိုင်ဆိုင်ခဲ့ကြသည့်နယ်မြေကိုဖြစ်စေ၊ နယ်မြေ၏တစိတ်တပိုင်းကိုဖြစ်စေ တိုင်းရင်းသား
လူနည်းစု၏ ဌာနေမြေယာအဖြစ် သတ်မှတ်နိုင်သည်။
(ခ) ဌာနေမြေယာသတ်မှတ်ခြင်းကို သက်ဆိုင်ရာပြည်နယ်လွှတ်တော်၏ ဥပဒေပြဌာန်းချက်များနှင့်အညီ
သတ်မှတ်ရမည်။

ပုဒ်မ (၂၃၅) တရားခံလွှဲပြောင်းပေးအပ်ခြင်း


ပြည်နယ်တခုအတွင်း ပြစ်မှုကျူးလွန်ပြီးနောက် အခြားပြည်နယ်တခုသို့ ထွက်ပြေးရောက်ရှိသွားသော
တရားခံတဦးအား ဖမ်းဆီးရမိထားသော ပြည်နယ်အစိုးရထံမှသက်ဆိုင်ရာပြည်နယ်အစိုးက မိမိပြည်နယ်သို့
လွှဲပြောင်းပေးအပ်ရန် တောင်းဆိုလာပါက တရားခံအားလွှဲပြောင်းပေးအပ်ရမည်။ သို့ရာတွင် ထိုသို့ လွှဲပြောင်းပေး
အပ်စေရန်ကိစ္စကို ဖမ်းဆီးရမိထားရသော ပြည်နယ်အစိုးရအား အတင်းအကြပ် ပြုမူခြင်း မရှိစေရ။
အမျိုးသားညီညွတ်ရေးဖက်ဒရယ် အစိုးရသည် တရားခံလွှဲပြောင်းခြင်းဆိုင်ရာ သဘောတူစာချုပ်များကို
နိုင်ငံခြားတိုင်းပြည်များနှင့် ချုပ်ဆိုရမည်။

78
အခန်း(၁၃)
အသွင်ကူးပြောင်းရေးကာလဆိုင်ရာပြဌာန်းချက်များ
Transitional Provisions
ပုဒ်မ (၂၃၆) တည်ဆဲဥပဒေများ
(က) တည်ဆဲဥပဒေ၊ နည်းဥပဒေများသည် ဖက်ဒရယ်ပြည်ထောင်စုလွှတ်တော်က ပယ်ဖျက်ခြင်း၊ ပြင်ဆင်ခြင်း
မပြုသေးမီ ဤဖွဲ့စည်းပုံအခြေခံဥပဒေနှင့် မဆန့်ကျင်သမျှ အတည်ဖြစ်သည်။
(ခ) တည်ဆဲစည်းမျဉ်းဥပဒေ၊ စည်းကမ်းဥပဒေ၊ အမိန့်ကြေငြာချက်များ၊ ညွန်ကြားချက်များနှင့် လုပ်ထုံးလုပ်နည်း
များကို ဖက်ဒရယ်ပြည်ထောင်စုအစိုးရက ပယ်ဖျက်ခြင်း၊ ပြင်ဆင်ခြင်း မပြုသေးမီ ဤဖွဲ့စည်းပုံအခြေခံ ဥပဒေနှင့်
မဆန့်ကျင်သမျှ အတည်ဖြစ်သည်။

ပုဒ်မ (၂၃၇) တည်ဆဲတရားရုံးများ


အဆင့်ဆင့်သော တရားရုံးများသည် ဤဖက်ဒရယ်ပြည်ထောင်စု ဖွဲ့စည်းပုံအခြေခံဥပဒေအရ တရား
ရေးစနစ်တရပ် ဖွဲ့စည်းပေါ်ပေါက်သည်အထိ တရားစီရင်ပိုင်ခွင့်အာဏာများကို ဆက်လက်ကျင့်သုံးခွင့် ရှိစေရ
မည်။

ပုဒ်မ (၂၃၈) ဝန်ထမ်းများ


ဤဖက်ဒရယ်ပြည်ထောင်စု ဖွဲ့စည်းပုံအခြေခံဥပဒေ အတည်မပြုမီက တာဝန်ထမ်းဆောင်လျှက်ရှိကြ
သော အစိုးရအမှုထမ်းအားလုံးသည် မူလရာထူးတာဝန်များအတိုင်း ဆက်လက် အမှုထမ်းဆောင်စေရမည်။

ပုဒ်မ (၂၃၉) နိုင်ငံတကာနှင့် ချုပ်ဆိုထားသော စာချုပ်စာတမ်းများ


(က) နိုင်ငံတကာ ဥပဒေများနှင့်အညီ သဘောတူချုပ်ဆိုထားသော နိုင်ငံတကာ သဘောတူညီချက်များ၊ စာချုပ်
စာတမ်းများမှအပ ဤဖက်ဒရယ်ပြည်ထောင်စု ဖွဲ့စည်းပုံအခြေခံဥပဒေ အတည်မပြုမီက မြန်မာနိုင်ငံအစိုးရ ပါဝင်
ချုပ်ဆိုခဲ့သော စာချုပ်များနှင့်စပ်လျဉ်း၍ ဖက်ဒရယ်ပြည်ထောင်စု အစိုးရမှ ပြန်လည်သုံးသပ်ပြီး ဖက်ဒရယ်
ပြည်ထောင်စုလွှတ်တော်သို့ တင်ပြရမည်။
(ခ) ဖက်ဒရယ်ပြည်ထောင်စု လွှတ်တော်က ထပ်မံအတည်ပြုသော စာချုပ်စာတမ်းများသာလျှင် ဆက်လက်
အတည်ဖြစ်စေရမည်။

ပုဒ်မ (၂၄၀) လူဦးရေသန်းခေါင်းစာရင်းကောက်ယူခြင်း


အသွင်ကူးပြောင်းရေးကာလအတွင်း လူဦးရေသန်းခေါင်စာရင်း ကောက်ယူရေးလုပ်ငန်းကို အမြန်ဆုံး
ဆောင် ရွက်နိုင်ရေးအတွက် ယာယီ လူဦးရေသန်းခေါင်းစာရင်းကောက်ယူရေး ကော်မရှင်တရပ် ဖွဲ့စည်းပြီး
ဆောင် ရွက်စေရမည်။

ပုဒ်မ (၂၄၁) ပြည်နယ်များ၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသများ၊ အမျိုးသားနယ်မြေများနှင့် ဖက်ဒရယ်ပြည်ထောင်စု


နယ်မြေများဖွဲ့စည်းခြင်း

79
(က) ဤဖွဲ့စည်းပုံအခြေခံဥပဒေ အခန်း (၃) ပုဒ်မ (၈၅) နှင့် (၈၆) အရ အမျိုးသားပြည်နယ်များ၊ အမျိုးသားများ
ပြည်နယ်များ၊ ဖက်ဒရယ်ပြည်ထောင်းစုနယ်မြေများဖြင့် ဖက်ဒရယ်ပြည်ထောင်စုကို ဖွဲ့စည်းနိုင်ရေးအတွက်
ဖက်ဒရယ်ပြည်ထောင်စုအတွင်းရှိ တိုင်းရင်းသားလူမျိုးအသီးသီးတို့သည် ညှိနှိုင်း ဆောင်ရွက်ရမည်။
(ခ) ဤဖွဲ့စည်းပုံအခြေခံဥပဒေ အခန်း (၃) ပုဒ်မ (၉၀) အရ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသများနှင့် အမျိုးသားနယ်
မြေများ ဖွဲ့စည်းနိုင်ရေးအတွက် သက်ဆိုင်ရာပြည်နယ်များအတွင်း နေထိုင်ကြသောတိုင်းရင်းသား လူမျိုးအသီး
သီးတို့သည် ညိုနှိုင်းဆောင်ရွက်ရမည်။
(ဂ) တိုင်းရင်းသားလူမျိုးအသီးသီးတို့၏ ဆန္ဒသဘောထားအမှန်ကို ဖော်ထုတ်ရယူနိုင်ရန်အတွက် လိုအပ်သော
ဒေသများတွင် စုံစမ်းစစ်ဆေးရေးအဖွဲ့ကို ဖွဲ့စည်းတာဝန်ပေးအပ်၍ ဆောင်ရွက်ရမည်။
(ဃ) အဆိုပါနယ်မြေဒေသအတွင်းရှိ သက်ဆိုင်ရာပြည်သူလူထု၏ ဆန္ဒသဘောထား ကိုကောက်ယူ ပြီး
ပြည်သူအများစု၏ ဆန္ဒနှင့်အညီ နယ်နိမိတ်ပိုင်းခြားသတ်မှတ်သည့်အတိုင်း အမျိုးသားပြည်နယ်များ၊ အမျိုး
သားများပြည်နယ်များ စာရင်းကို ဖက်ဒရယ်ပြည်ထောင်စုဖွဲ့စည်းပုံအခြခံဥပဒေတွင် ထည့်သွင်းပြဌာန်းရမည်။

ပုဒ်မ (၂၄၂) ပြည်ထောင်စု လွှတ်တော် ကိုယ်စားပြုကော်မီတီ (CRPH)


ဤကြားကာလ ဖွဲ့ စည်းပုံအခြေခံဥပဒေနှင့် အညီ တိုင်းပြည်ယန္တရား နှင့် တိုင်းပြည်အဆောက်အအုံများ
ပေါ်ပေါက်လာပြီးနောက်တွင် CRPH ကို ဖျက်သိမ်း ပြီး ဖြစ်စေ၇မည်။ ဆက်လက်တည်ရှိလည်ပတ်လိုပါက
အာဏာခွဲခြားအုပ်ချုပ်မှု (Separation of Powers) ကို ကျင့်သုံးဖွဲ့ စည်းရမည်။ အမျိုးသားညီညွတ်ရေး
ဖက်ဒရယ်ပြည်ထောင်စုမြန်မာနိုင်ငံအစိုးရ ဖွဲ့ စည်းရာ၌ပါဝင်ခြင်း မရှိသော ၂၀၂၀ ခုနှစ်ရွေးကောက်ပွဲတွင်
အနိုင်ရ လွှတ်တော်ကိုယ်စားလှယ်များသည် ဤကြားကာလ ဖွဲ့ စည်းပုံအခြေခံဥပဒေပုဒ်မ (၉၇) အရ ဖွဲ့ 
စည်းပေါ်ပေါက် လာသည့် ဖက်ဒရယ်ပြည်ထောင်စု နောက်ခံဖြင့် ပုဒ်မ ၉ ၇ (၂) အရ အခြားကိုယ်စားလှယ်များပါ
ပါဝင်စေလျက် CRPH အသစ်ကို ပြန်လည်ဖွဲ့ စည်းရမည်။ သို့ ရာတွင် ၄င်းသည် အစိုး၇ သို့ မဟုတ်
အစိုး၇သဘောဆောင်သည့် လုပ်ငန်းတာဝန်များအား ထမ်းဆောင်ခွင့်မရှိစေရ။
၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊

အခန်း(၁၄)
ဖွဲ့စည်းပုံအခြေခံဥပဒေအားပြင်ဆင်ခြင်း
Amendment of Constitution
ပုဒ်မ (၂၄၃) ဖွဲ့စည်းပုံအခြေခံဥပဒေအားပြင်ဆင်ခြင်း

(က) အတိအကျပြဌာန်းသတ်မှတ်သော ဥပဒေဖြင့်ဖြစ်စေ၊ ပြဌာန်းချက်ကို ဖြည့်စွက်ခြင်းဖြင့်ဖြစ်စေ၊ ဤဖွဲ့စည်းပုံ


အခြေခံဥပဒေကို ဖက်ဒရယ်ပြည်ထောင်စုလွှတ်တော်က ပြင်ဆင်နိုင်ခွင့် ရှိစေရမည်။

(ခ) အောက်ဖော်ပြပါ ပြဌာန်းချက်များအား ပြင်ဆင်ရန်ဖြစ်ပါက ဖက်ဒရယ်ပြည်ထောင်စု တစ်ခုလုံး


အတိုင်းအတာဖြင့် လူထုဆန္ဒခံယူပွဲ ပြုလုပ်ပြီးမှသာလျှင်ပြင်ဆင်ခွင့်ရှိစေရမည်။

(၁) ပုဒ်မ (၃) တွင်ပြဌာန်းထားသည့် ဖက်ဒရယ်ပြည်ထောင်စု၏ အမည်နှင့်သက်ဆိုင်သည့်ကိစ္စ၊

(၂) ပုဒ်မ (၅) တွင် ပြဌာန်းထားသည့် ပြည်နယ်များ၏ နိုင်ငံရေးအာဏာနှင့်သက်ဆိုင်သည့်ကိစ္စ၊

80
(၃) ပုဒ်မ (၆) တွင် ပြဌာန်းထားသည့် ဖက်ဒရယ်ပြည်ထောင်စု၏ အချုပ်အခြာအာဏာကိစ္စ၊

(၄) ပုဒ်မ (၁၁) တွင်ပြဌာန်းထားသည့် ဖက်ဒရယ်ပြည်ထောင်စု၏ နယ်နိမိတ်နှင့်သက်ဆိုင်သည့်ကိစ္စ၊

(၅) ပုဒ်မ (၁၂) တွင်ပြဌာန်းထားသည့် ပါတီစုံဒီမိုကရေစီစနစ်ကို ပြောင်းလဲခြင်းကိစ္စ၊

(၆) ပုဒ်မ (၈၆) တွင်ပြဌာန်းထားသည့် ဖက်ဒရယ်ပြည်ထောင်စုအဖွဲ့ဝင်ပြည်နယ်များကိစ္စ၊

(၇) ပုဒ်မ (၉၇) တွင်ပြဌာန်းထားသည့် ဖက်ဒရယ်ပြည်ထောင်စုလွှတ်တော်ဖွဲ့စည်းမှုကိစ္စ၊

(၈) ပုဒ်မ (၁၆၁) (က) တွင်ပြဌာန်းထားသည့် ဖက်ဒရယ်ပြည်ထောင်စုအစိုးရဖွဲ့စည်းမှုကိစ္စ။

(ဂ) အထက်ပုဒ်မ (ခ) တွင် အတိအကျ သတ်မှတ်ပြဌာန်းထားသော ပြဌာန်းချက်များနှင့် အကြုံးမဝင်သော


ပြဌာန်း ချက်များကို ပြင်ဆင်ရန်ဖြစ်ပါက ဖက်ဒရယ်ပြည်ထောင်စုလွှတ်တော်သည် ပြည်ထောင်စုအဖွဲ့ဝင်
ပြည်နယ် အားလုံး၏ သုံးပုံနှစ်ပုံ ထောက်ခံမှုဖြင့် ပြင်ဆင်နိုင်ခွင့်ရှိစေရမည်။

ပုဒ်မ (၂၄၄) ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်မှုအတည်ဖြစ်ခြင်း

ဤဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်းအား အောက်ပါနည်းလမ်းအတိုင်း ဆောင်ရွက်


ခြင်းဖြင့် အတည်ဖြစ်စေရမည်။

(၁) လွှတ်တော်တရပ်ရပ်တွင် ကိုယ်စားလှယ်ဦးရေအနည်းဆုံး သုံးပုံတစ်ပုံ ထောက်ခံမှုဖြင့် ဖက်ဒရယ်


အမျိုးသားလွှတ်တော် (သို့မဟုတ)် ပြည်သူ့လွှတ်တော်ကသော်လည်းကောင်း၊ ပြည်နယ်များသည် အမျိုးသား
လွှတ်တော်ကတဆင့်သော်လည်းကောင်း၊ ပြည်သူလူထုသည် သက်ဆိုင်ရာ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်
များကတဆင့်သော်လည်းကောင်း ပြင်ဆင်ချက်ဥပဒေမူကြမ်းကို စတင်အဆိုပြု တင်သွင်းနိုင်သည်။

(၂) ပြင်ဆင်ချက် ဥပဒေမူကြမ်းကို ဖက်ဒရယ်ပြည်ထောင်စုအဖွဲ့ဝင်ပြည်နယ်များ၊ ဖက်ဒရယ်ပြည်ထောင်စု


အစိုးရနှင့် အခြားလွှတ်တော်တရပ်သို့ အကြောင်းကြားအသိပေးရမည်။

(၃) ဖက်ဒရယ်ပြည်ထောင်စုအစိုးရနှင့် ဖက်ဒရယ်ပြည်ထောင်စု အဖွဲ့ဝင်ပြည်နယ်များသည် ပြင်ဆင်ရန်


အဆိုပြုချက်ကို လက်ခံရရှိပြီးနောက် ၎င်းတို့၏သဘောထားများကို (၄၅) ရက်အတွင်း ဖက်ဒရယ်ပြည်ထောင်စု
လွှတ်တော်သို့ ပြန်လည်းပေးပို့ရမည်။

(၄) ပုဒ်မ (၂၄၃) ပုဒ်မခွဲ (ခ) ပါ ပြဌာန်းချက်များအတွက် ဖက်ဒရယ်ပြည်ထောင်စုလွှတ်တော်၏ ကိုယ်စား


လှယ်ဦးရေ အနည်းဆုံးသုံးပုံနှစ်ပုံ၏ ထောက်ခံမှုရရှိလျှင် ပြည်နယ်လွှတ်တော်များသို့ ဆက်လက်ပေးပို့ရမည်။
ဖက်ဒရယ်ပြည်ထောင်စုအဖွဲ့ဝင် ပြည်နယ်အားလုံး၏ သုံးပုံနှစ်ပုံထောက်ခံမှုရရှိပါက လူထုဆန္ဒခံယူပွဲကို
ကျင်းပရမည်။ လူထုဆန္ဒခံယူပွဲတွင် ပြည်သူလူထု ထောက်ခံဆန္ဒမဲ ထက်ဝက်ကျော်ရရှိပါက ဥပဒေကြမ်းသည်
အတည်ဖြစ်စေရမည်။

(၅) ပုဒ်မ (၂၄၃) ပုဒ်မခွဲ (ဂ) ပါ ပြဌာန်းချက်များအတွက် ဖက်ဒရယ်ပြည်ထောင်စုလွှတ်တော်၏ လွှတ်တော်တရပ်


စီတွင် ကိုယ်စားလှယ်ဦးရေ အနည်းဆုံး သုံးပုံနှစ်ပုံ ထောက်ခံမှုရရှိလျှင် ပြည်နယ်လွှတ်တော်များသို့
ဆက်လက်ပေးပို့ပြီး ဖက်ဒရယ်ပြည်ထောင်စုအဖွဲ့ဝင် ပြည်နယ်အားလုံး၏ သုံးပုံနှစ်ပုံ ထောက်ခံမှုကို ရရှိပါက
ဥပဒေကြမ်းသည် အတည်ဖြစ်စေရမည်။

(၆) အထက်ပါအပိုဒ်ခွဲ (၄) နှင့် (၅) အရ အတည်ပြုပြီးသော ဥပဒေကြမ်းကို ပုဒ်မ (၁၅၄) အပုဒ်ခွဲ (ဋ) ပါအတိုင်း
ဆက်လက်ဆောင်းရွက်ရမည်။

81
82

You might also like