You are on page 1of 89

1

အခန်း ၁ ။ အထွေထွေဖော်ပြချက်များ

၁.၁. ဥပဒေမူဘောင်

က) မြန်မာနိုင်ငံတွင် ပတ်ဝန်းကျင်ထိခိုက်မှုဆန်းစစ်ခြင်းဆိုင်ရာ လုပ်ငန်းစဉ်များကို ၂၀၁၂ ခုနှစ်၊ ပတ်ဝန်းကျင်

ထိန်းသိမ်းရေးဥပဒေ၁၊ ပုဒ်မ ၇(ဍ) နှင့် ပုဒ်မ ၂၁ အရ လည်းကောင်း၊ ၂၀၁၄ ခုနှစ် ပတ်ဝန်းကျင်ထိန်းသိမ်းရေး

နည်းဥပဒေ၂၊ ပုဒ်မ ၅၁ မှ ၆၁ အရ လည်းကောင်း၊ ၂၀၁၅ ခုနှစ် ပတ်ဝန်းကျင် ထိခိုက်မှု ဆန်းစစ်ခြင်းဆိုင်ရာ

လုပ်ထုံးလုပ်နည်း၃ (နောက်ပိုင်းတွင် “EIA ဆိုင်ရာ လုပ်ထုံးလုပ်နည်း” ဟု သုံးနှုန်းပါမည်) အရ လည်းကောင်း

မဖြစ်မနေ ကြီးကြပ်ကွပ်ကဲရမည်။

ခ) ပတ်ဝန်းကျင်ထိခိုက်မှုဆန်းစစ်ခြင်းဆိုင်ရာလုပ်ငန်းစဉ်များတွင် ပါဝင်သည့် အများပြည်သူ ပူးပေါင်းပါဝင်

ဆောင်ရွကြ် ခင်းဆိုင်ရာ လမ်းညွှန်ချက် (နောက်ပိုင်းတွင် “ လမ်းညွှန်ချက်”ဟု သုံးနှုန်းပါမည်) ကို EIA

ဆိုင်ရာ လုပ်ထုံးလုပ်နည်း၊ ဥပဒေပုဒ်မ ၁၅ အရ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး

ဝန်ကြီးဌာနက ခွင့်ပြုထားသော အာဏာပိုင်အဖွဲ့အစည်းမှထုတ်ပြန်ပြီး၊ ဤဥပဒေမူဘောင်နှင့်အညီ

အဓိပ္ပါယ်ဖွင့်ဆိုရန် ဖြစ်သည်။

ဂ) ဤလမ်းညွှန်ချက်အား ကျင့်သုံးဆောင်ရွက်ရာတွင် မြန်မာနိုင်ငံရှိ အခြားဥပဒေများအားလုံးကုလ


ိ ည်း

အမြဲလိုက်နာ ဆောင်ရွက်ရမည်။

ဃ) EIA ဆိုင်ရာ လုပ်ငန်းစဉ်များနှင့် အခြားကိစ္စရပ်များ၌ ထည့်သွင်းထားသည့် အများပြည်သူပူးပေါင်းပါဝင်

ဆောင်ရွက်ခြင်းနှင့် အထူးသက်ဆိုင်သည့် ဥပဒေများနှင့် မူဝါဒများတွင် အောက်ပါတို့ပါဝင်ပြီး၊ ယင်းတို့နှင့်သာ

ကန့်သတ်မထားပါ။

(၁) ၂၀၁၅ ခုနှစ် တိုင်းရင်းသားမျိုးနွယ်စုများဥပဒေပါ အခွင့်အရေးများကို ကာကွယ်စောင့်ရှောက်ခြင်း၊

အထူးသဖြင့်ယင်းတို့ မည်သူမည်ဝါဖြစ်ကြောင်း အသိအမှတ်ပြုခြင်း၊ အများပြည်သူပူးပေါင်းပါဝင်

ဆောင်ရွက်ခြင်း၊ စီမံကိန်းကြောင့်ထိခိုက်ခံစားရသူများ၊ စီမံကိန်းနှင့်ဆက်နွယ်ပတ်သက်သူ

တိုင်းရင်းသားမျိုးနွယ်စုများနှင့် စပ်လျဉ်းသည့်ကိစ္စများဖြစ်သည်။

(၂) ၂၀၁၅ ခုနှစ် မသန်စွမ်းသူများ၏ အခွင့်အရေးများဆိုင်ရာဥပဒေ။ မသန်စွမ်းသူများလည်း

အများပြည်သူ ပူးပေါင်းပါဝင်ဆောင်ရွက်ခြင်းဆိုင်ရာ လုပ်ငန်းစဉ်များတွင် ပါဝင်နိုင်သည့်အခွင့်အရေး

များရရှိစေရန် အစီအမံများ ပြုလုပ်ခြင်းနှင့် အထူးသက်ဆိုင်သည်။

(၃) ရင်းနှီးမြှုပ်နှံမှုဥပဒေနှင့် ရင်းနှီးမြှုပ်နှံမှု နည်းဥပဒေများ။ အထူးသဖြင့် မြန်မာ့ရင်းနှီးမြှပ်နှံမှု

ကော်မရှင်နှင့် EIA ဆိုင်ရာ သဘောတူခွင့်ပြုချက်များ ရရှိထားရန် လိုအပ်သည့် စီမံကိန်း

အဆိုပြုလွှာများ တင်ပြဆောင်ရွက်ရသည့် လုပ်ငန်းစဉ်အဆင့်ဆင့်နှင့်ဆိုင်သည်။

(၄) “မြေအသုံးချရေးနှင့်မြေသယံဇာတ စီမံခန့်ခွဲမှုနှင့်ဆိုင်သည့် ဆုံးဖြတ်ချက်ချရသည့် လုပ်ငန်းစဉ်

များတွင် အားလုံးပူးပေါင်းပါဝင်ဆောင်ရွက်နိုငရ
် န်နှင့် ပိုမိုတိုင်ပင်ဆွေးနွေးခံရရန်” ရည်ရွယ်ထား

သော အမျိုးသားမြေအသုံးချမှုမူဝါဒ၌ အများပြည်သူပူးပေါင်းပါဝင်ဆောင်ရွကြ် ခင်း လုပ်ငန်းစဉ်

အသေးစိတ်ကို သတ်မှတ်ဖော်ပြထားသည်။ ထိုလုပ်ငန်းစဉ်များသည် ဤလမ်းညွှန်ချက်နှင့် EIA


2

ဆိုင်ရာ လုပ်ထုံးလုပ်နည်းနှင့် ကိုက်ညီသည့် EIA ဆိုင်ရာ သတ်မှတ်ချက်များအရ မဖြစ်မနေ

ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များဖြစ်သည်။

၁.၂. ရည်ရွယ်ချက်များနှင့် လျှောက်ထားမှု

က) EIA ဆိုင်ရာ လုပ်ထုံးလုပ်နည်းများတွင် အများပြည်သူ ထိရောက် အဓိပ္ပါယ်ရှိစွာ ပူးပေါင်းပါဝင်မှုရှိစေရန်

သတ်မှတ်ချက်များ အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် ကျင့်သုံးရမည့် လုပ်ငန်းစဉ် အမျိုးအစား၊

ဆောင်ရွက်ရမည့် အတိုင်းအတာနှင့် နည်းလမ်းများကို ဤလမ်းညွှန်ချက်တွင် ဖော်ပြထားသည်။

၁ ပြည်ထောင်စုလွှတ်တော်ဥပဒေအမှတ် ၉/၂၀၁၂ ၊ မြန်မာသက္ကရာဇ် ၁၃၇၃ ခုနှစ်၊ တန်ခူးလဆုတ် ၈ ရက်၊

(၂၀၁၂ ခုနှစ်၊ မတ်လ ၃၀ ရက်)။

၂ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တောရေးရာဝန်ကြီးဌာန၏

အမိန့်ကြော်ငြာစာအမှတ၊် ၅၀/၂၀၁၄ ၊ မြန်မာသက္ကရာဇ် ၁၃၇၄ ခုနှစ်၊ နယုန်လဆုတ် ၈ ရက် (၂၀၁၄ ခုနှစ်၊ ဇွန်လ

၅ ရက်)။

၃ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တောရေးရာဝန်ကြီးဌာန၏

အမိန့်ကြော်ငြာစာအမှတ်၊ ၆၁၆/၂၀၁၅၊ မြန်မာသက္ကရာဇ် ၁၃၇၇ ခုနှစ်၊ နတ်တော်လဆန်း ၃ ရက် (၂၀၁၅ ခုနှစ်၊

ဒီဇင်ဘာလ ၂၉ ရက်)

ခ) ဤလမ်းညွှန်ချက်တွင် အများပြည်သူ ပူးပေါင်းပါဝင်ဆောင်ရွက်ခြင်းဟူသည့်စကားရပ်ကို အောက်ပါ

လုပ်ဆောင်ချက်များ၌ EIA ဆိုင်ရာ လုပ်ထုံးလုပ်နည်းပါ အနိမ့်ဆုံးသတ်မှတ်ချက်များအား ချုံငုံမိအောင်

ကျင့်သုံးစေရန်နှင့်၊ အဆိုပါအနိမ့်ဆုံးသတ်မှတ်ချက်များထက် ကောင်းမွန်သာလွန်သည့် အလေ့အကျင့်

ကောင်းများ ကျင့်သုံးရန်ပါ အကြံပြုထားသည် -

(၁) သတင်းအချက်အလက်ဖော်ပြခြင်း၊

(၂) တိုင်ပင်ဆွေးနွေးခြင်း၊ တွေ့ဆုံဆွေးနွေးပွဲများတွင် ချပြရှင်းလင်းခြင်းအပါအဝင်နှင့်

(၃) ဆုံးဖြတ်ချက် ချမှတ်ခြင်းအဆင့်များ အပါအဝင်၊ EIA လုပ်ငန်းစဉ်၏ အဆင့်အားလုံးတွင်

အများပြည်သူ၏အမြင်များ၊ စိုးရိမ်ပူပန်အလေးထားမှုများနှင့် သဘောထားများ၊ ဗဟုသုတများကို

ထည့်သွင်းစဉ်းစားခြင်း။
3

ဂ) EIA ဆိုင်ရာ လုပ်ထုံးလုပ်နည်းအရ၊ ဤလမ်းညွှန်ချက်ကို အောက်ပါ EIA လုပ်ငန်းစဉ်အား ရေးဆွဲခြင်း၊

ပြန်လည်သုံးသပ်ခြင်း၊ အကောင်အထည်ဖော်ခြင်းနှင့် စောင့်ကြပ်ကြည့်ရှုခြင်းများတွင် အသုံးပြုသည် -

(၁) ကနဦးပတ်ဝန်းကျင်ဆန်းစစ်ခြင်းများ (IEEs)

(၂) ပတ်ဝန်းကျင်ထိခိုက်မှုဆန်းစစ်ခြင်းများ (EIAs)

(၃) သီးခြားဆောင်ရွက်မည့် ပတ်ဝန်းကျင်စီမံခန့်ခွဲမှုအစီအစဉ်များ (EMPs)

ဃ) ဤလမ်းညွှန်ချက်ကို EIA ဆိုင်ရာ လုပ်ထုံးလုပ်နည်းနှင့် ကိုက်ညီအောင် ပုံစံပြု တည်ဆောက်ထားပြီး၊

အသုံးပြုသူများအနေဖြင့် သက်ဆိုင်ရာစီမံကိန်းအဆိုပြုလွှာနှင့်ဆိုင်သည့် EIA လုပ်ငန်းစဉ်အစိတ်အပိုင်းများကို

အောက်ပါနည်းလမ်းများအားဖြင့် ရှင်းလင်းစွာ သိရှိနိုင်ပေမည် -

(၁) လမ်းညွှန်ချက်နှင့်ယင်းကိုအသုံးပြုပုံအကြောင်း အထွေထွေဖော်ပြချက်များကို အခန်း ၁ တွင်

ဖော်ပြထားသည်။

(၂) အများပြည်သူပူးပေါင်းပါဝင်ဆောင်ရွကြ် ခင်းအစီအစဉ် ရေးဆွဲရာတွင် အသုံးပြုရမည့်

အချက်အလက်များကို အခန်း ၂ တွင် ဖော်ပြထားသည်။ EIA ဆိုင်ရာ လုပ်ထုံးလုပ်နည်း အောက်

တွင် အကျုံးဝင်သည့် စီမံကိန်းအဆိုပြုလွှာ အမျိုးအစားအားလုံး၌ အများပြည်သူ ပူးပေါင်းပါဝင်

ဆောင်ရွကခြင်းအစီအစဉ် ရေးဆွဲမှုများ ပါဝင်သင့်သည်။

(၃) ကနဦးပတ်ဝန်းကျင်ဆန်းစစ်ခြင်း (IEE) ပြုလုပ်ရန်လိုအပ်သည့် စီမံကိန်းအမျိုးအစားများကို အခန်း

၃ တွင် ဖော်ပြထားသည်။

(၄) ပတ်ဝန်းကျင်ထိခိုက်မှုဆန်းစစ်ခြင်း (EIA) ပြုလုပ်ရန်လိုအပ်သည့် စီမံကိန်းအမျိုးအစားများကို

အခန်း ၄ တွင် ဖော်ပြထားသည်။

(၅) သီးခြားဆောင်ရွက်မည့် ပတ်ဝန်းကျင်စီမံခန့်ခွဲမှု အစီအစဉ်ပါရှိရမည့် စီမံကိန်းအဆိုပြုလွှာများကို

အခန်း ၅ တွင် ဖော်ပြထားသည်။

(၆) သဘောတူခွင့်ပြုထားသော စီမံကိန်းအားလုံး အကောင်အထည်ဖော်ရာတွင် EIA လုပ်ငန်းစဉ်

လိုက်နာဆောင်ရွက်ခြင်းအား အခန်း ၆ တွင် ဖော်ပြထားသည်။

င) ဤလမ်းညွှန်ချက်တွင် စီမံကိန်းအဆိုပြုလွှာများ စတင်ရေးဆွဲစဉ်၌ပင် တတ်နိုင်သမျှစောစော အများပြည်သူ

ပူးပေါင်းပါဝင်ဆောင်ရွက်လာစေရေး အားပေးထားပြီး၊ စီမံကိန်းအဆိုပြုသူများနှင့် ဒေသခံ လူထုအကြား

ကောင်းမွန်သော ဆက်ဆံရေးများ ထူထောင်နိုင်၍ ကောင်းကျိုးရလဒ်များ ဖြစ်ပေါ်တိုးပွားစေရန် EIA

လုပ်ငန်းစဉ်များ တတ်နိုင်သမျှ ဆောင်ရွက်ကြရန် အားပေးထားသည်။

(၁) IEE/EIA ပြုလုပ်ရန် လိ/ု မလို စစ်ထုတ်သည့်အဆင့်၌၄ အများပြည်သူ ပူးပေါင်းပါဝင်မှုရှိစေရေး

မဖြစ်မနေဆောင်ရွက်ရမည်ဟု EIA ဆိုင်ရာ လုပ်ထုံးလုပ်နည်း၌ ဖော်ပြမထားသော်လည်း၊ IEE/EIA

လိ/ု မလို စစ်ထုတ်သည့်အဆင့်မတိုင်မီနှင့် ထိုအဆင့်အတွင်း၌ အများပြည်သူ ပူးပေါင်းပါဝင်

ဆောင်ရွက်စေရေး၊ ဤလမ်းညွှန်ချက်ပါ စည်းမျဉ်းများနှင့် နည်းဟန်များအတိုင်း ဆောင်ရွက်ကြရန်

စီမံကိန်းအဆိုပြုလွှာ တင်ပြသူများအား တိုက်တွန်းထားသည်။


4

(၂) ဤအဆင့်၌ အများပြည်သူပူးပေါင်းပါဝင်ခြင်းသည်လည်း အရေးပါသည်။ အကြောင်းမှာ - IEE/EIA

ပြုလုပ်ရန် လိ/ု မလို စစ်ထုတ်ပြီးနောက် EIA လုပ်ငန်းစဉ် ဆောင်ရွက်ရန်မလိုကြောင်း ဆုံးဖြတ်ချက်

ချနိုင်သည်ဖြစ်ရာ၊ ပြည်သူလူထုအနေနှင့် EIA လုပ်ငန်းစဉ် လိ/ု မလိုဟူသည့် အစိုးရဆုံးဖြတ်ချက်

တွင် ပါဝင်အကြံပြုနိုင်မည့် အခွင့်အလမ်း တစ်ရပ်လည်းဖြစ်သည်။

စ) စီမံကိန်းအဆိုပြုသူများ၊ EIA အတိုင်ပင်ခံများနှင့် အစိုးရဌာနများသည် သက်ဆိုင်ရာ အခြေအနေများ၌ EIA

ဆိုင်ရာ လုပ်ငန်းလုပ်နည်းအရ အများပြည်သူ ပူးပေါင်းပါဝင် ဆောင်ရွက်စေရေး သတ်မှတ်ချက်များ

လိုက်နာဆောင်ရွက်ရာတွင် ဤလမ်းညွှန်ချက်များကို လက်ခံကျင့်သုံးရန်ဖြစ်သည်။

၎ စစ်ထုတ်သည့်အဆင့်သည် EIA ဆိုင်ရာ လုပ်ထုံးလုပ်နည်း ၏ ကနဦးအဆင့်တစ်ခြု ဖစ်ပြီး ထိုအဆင့်တွင်

စီမံကိန်းအဆိုပြုလွှာတစ်ရပ်သည် IEE ၊ EIA၊ သီးခြားဆောင်ရွက်မည့် ပတ်ဝန်းကျင်စီမံခန့်ခွဲမှုအစီအစဉ်

(EMP) ပြုလုပ်ရန် လိ/ု မလို သို့မဟုတ် မည်သည့်ဆန်းစစ်ခြင်းမျှ ပြုလုပ်ရန် မလိုကြောင်း

ဆုံးဖြတ်ချက်ချမှတ်သည်။

ဆ) ဤလမ်းညွှန်ချက်သည် စီမံကိန်းကြောင့်ထိခိုက်ခံစားရသူများအပါအဝင် စီမံကိန်းနှင့်ပတ်သက် ဆက်နွယ်သူ

အားလုံးအား သက်ဆိုင်ရာအခြေအနေများနှင့် ကိုက်ညီအောင်စီစဉ်မှုအရ ယင်းတို့ မျှော်လင့်နိုင်သည့်

ပူးပေါင်းပါဝင်ဆောင်ရွက်နိုင်သည့်အတိုင်းအတာကို နားလည်သဘောပေါက်စေရေး ဖော်ပြပေးရန်

ရည်ရွယ်သည်။

ဇ) အများပြည်သူ ပူးပေါင်းပါဝင်ဆောင်ရွကြ် ခင်းသည် ဥပဒေကြောင်းအရ မလိုအပ်သည့်အခြေအနေ၌လည်း၊

စီမံကိန်း အဆိုပြုလွှာ ပြုစုဆောင်ရွက်ရာတွင်နှင့် စီမံကိန်းကြောင့် ထိခိုက်ခံစားရသူများ၊ စီမံကိန်းနှင့်

ပတ်သက် ဆက်နွယ်သောအခြားသူများနှင့် ဆက်ဆံရာတွင် အကျိုးရှိစေမည်ဟု မှတ်ယူထားသည့်

အခြေအနေများတွင၊် အများပြည်သူ ပူးပေါင်းပါဝင်ဆောင်ရွက်မှုလုပ်ငန်းစဉ်များကို လမ်းပြပေးရန်

ဤလမ်းညွှန်ချက်ကို အသုံးပြုနိုင်သည်။

ဈ) ဤလမ်းညွှန်ချက်တစ်ခုလုံးတွင် - EIA အတိုင်ပင်ခက


ံ နည်းလည်ထားသည်မှာ ယင်း၏ တာဝန်တစ်ရပ်

သို့မဟုတ် တာဝန်ရှိမှုမှာ - စီမံကိန်းအဆိုပြုသူကို တာဝန်ရှိသည့်၊ တာဝန်ခံရသည့် အဖွဲ့အစည်းအဖြစ်

အခြေခံအားဖြင့် အသုံးချရန်ဖြစ်ကြောင်း ဖော်ပြထားသည်။

၁.၃. အဓိပ္ပါယ်ဖွင့်ဆိုချက်များ

က) ဤလမ်းညွှန်ချက်တွင် အသုံးပြုထားသောစကားရပ်များသည် ပတ်ဝန်းကျင်ထိခိုက်မှု ဆန်းစစ်ခြင်း ဆိုင်ရာ

လုပ်ထုံးလုပ်နည်း (EIA ဆိုင်ရာ လုပ်ထုံးလုပ်နည်း) တွင် ပါရှိသည့်အတိုင်း အဓိပ္ပါယ်သက်ရောက်စေရမည်။

အထူးသဖြင့် အောက်ပါစကားရပ်များသည် ပတ်ဝန်းကျင်ထိန်းသိမ်းရေးနည်းဥပဒေများနှင့်

ပတ်ဝန်းကျင်ထိန်းသိမ်းရေးဥပဒေတို့တွင် အောက်ဖော်ပြပါအတိုင်း အဓိပ္ပါယ် သက်ရောက်စေရမည် -


5

(၁) စီမံကိန်းဆိုသည်မှာ ကူးသန်းရောင်းဝယ်ရေးဆိုင်ရာ၊ စီးပွားရေးဆိုင်ရာ၊ စိုက်ပျိုးရေးဆိုင်ရာ၊

လူမှုရေးဆိုင်ရာ၊ ပညာရေးဆိုင်ရာ၊ သိပ္ပံဆိုင်ရာ၊ နိုင်ငံရေးဆိုင်ရာ သို့မဟုတ် အခြားသော စီမံကိန်း၊

လုပ်ဆောင်မှု၊ အစီအစဉ်၊ လုပ်ငန်း၊ ဝန်ဆောင်မှု သို့မဟုတ် ကတိအာမခံချက်တစ်ခုခုဖြစ်ပြီး၊

ဆောင်ရွက်မှုတစ်ခုချင်းကြောင့်ဖြစ်စေ၊ စုပေါင်းဆောင်ရွက်မှုကြောင့်ဖြစ်စေ ပတ်ဝန်းကျင်ကို

ဆိုးကျိုးသက်ရောက်မှု ရှိနိုင်သဖြင့် ယင်းဆောင်ရွက်မှုအတွက် ပြည်ထောင်စုအစိုးရဌာန၊

အစိုးရအဖွဲ့အစည်းတစ်ခုခုထံမှ ခွင့်ပြုချက်ရယူဆောင်ရွက်စေခြင်း၊ လိုင်စင်ရယူဆောင်ရွက်စေခြင်း၊

ကန့်သတ်ခံရခြင်း သို့မဟုတ် အတိုင်းအတာတစ်ရပ်အထိ အခြားနည်းဖြင့် စည်းမျဉ်း

ကန့်သတ်ခံရသည့် စီမံကိန်းကို ဆိုလိုသည်။ [ပတ်ဝန်းကျင်ထိခိုက်မှုဆန်းစစ်ခြင်းဆိုင်ရာ

လုပ်ထုံးလုပ်နည်း၊ ပုဒ်မ ၂(က) ]

(၂) စီမံကိန်းအဆိုပြုလွှာဆိုသည်မှာ စီမံကိန်းအဆိုပြုသူက တာဝန်ယူဆောင်ရွက်လိုသည့် သို့မဟုတ်

စတင်တာဝန်ယူဆောင်ရွက်နေသည့် စီမံကိန်းတစ်ခု သို့မဟုတ် စီမံကိန်း တိုးချဲ့ခြင်းနှင့် စပ်လျဉ်း၍

အဓိကကျသော အကြောင်းအရာများနှင့် သက်ဆိုင်ရာအသေးစိတ် အချက်အလက်များ (

သိရှိထားသော သို့မဟုတ် ကြိုတင်ခန့်မှန်းသိမြင်နိုင်သော ဆိုးကျိုး သက်ရောက်မှုအားလုံး၏

သဘောသဘာဝနှင့် အတိုင်းအတာတို့ အပါအဝင် ) ကို တိကျစွာ သတ်မှတ်ဖော်ပြလျက်၊ ပုံစံ၊

အကြောင်းအရာနှင့် ဖွဲ့စည်းတည်ဆောက်ပုံအားဖြင့် ဝန်ကြီးဌာန၏ သတ်မှတ်ချက်များ၊

လမ်းညွှန်ချက်များနှင့်အညီ ရေးသားတင်ပြသည့် အဆိုပြုလွှာကို ဆိုလိုသည်။

[ ပတ်ဝန်းကျင်ထိခိုက်မှု ဆန်းစစ်ခြင်းဆုင
ိရာ လုပ်ထုံးလုပ်နည်း၊ ပုဒ်မ ၂ (ကက) ]

(၃) စီမံကိန်းကြောင့်ထိခိုက်ခံစားရသူ သို့မဟုတ် (PAP) ဆိုသည်မှာ စီမံကိန်းတစ်ခု သို့မဟုတ်

အဆိုပြုစီမံကိန်းတစ်ရပ်ကြောင့် တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်၍ဖြစ်စေ ထိခိုက်ခံရသော သို့မဟုတ်

ထိခိုက်ခံရနိုင်သော လူပုဂ္ဂိုလ်၊ တရားဝင်အဖွဲ့ သို့မဟုတ် အဖွဲ့အစည်းတစ်ရပ်ကို ဆိုလိုသည်။

ဤစကားရပ်တွင် မြေ၊ ခြံ၊ အိမ်ယာများ တရားဝင်သိမ်းယူခံရခြင်း၊ မြေအမျိုးအစားပြောင်းလဲ

ခံရခြင်းများနှင၊့် ထိုပုဂ္ဂိုလ်၊ အဖွဲ့ သို့မဟုတ် အဖွဲ့အစည်း အခြေချနေထိုင်ရာ နေရာများရှိ

ဂေဟစနစ်နှင့် ပတ်ဝန်းကျင်ဆိုင်ရာစနစ်များအပေါ် သက်ရောက်မှု သဘောသဘာဝများ အားလုံး

အကျုံးဝင်ပြီး ၊ အရွယ်အစား သတ်မှတ်ကန့်သတ်ချက်မရှိပါ။

(၄) တိုင်းရင်းသားမျိုးနွယ်စုဆိုသည်မှာ အင်အားကြီးလူ့အဖွဲ့အစည်း သို့မဟုတ် ပင်မလူ့အဖွဲ့အစည်းနှင့်

လူမှုရေး သို့မဟုတ် ယဉ်ကျေးမှုဆိုင်ရာလက္ခဏာရပ်များ ကွဲပြားခြားနားမှုရှိပြီး၊ ထိုအကြောင်းအရင်းက

ဖွံ့ဖြိုးရေးလုပ်ငန်းစဉ်များအတွင်း ယင်းတို့၏ အကျိုးစီးပွားကို ထိခိုက်နစ်နာလွယ်စေသည့်

တိုင်းရင်းသားမျိုးနွယ်စုကို ဆိုလိုသည်။ [ ပတ်ဝန်းကျင်ထိခိုက်မှု ဆန်းစစ်ခြင်းဆိုင်ရာ လုပ်ထုံး

လုပ်နည်း၊ ပုဒ်မ ၂ (ဖ) ]

(၅) ဆန္ဒမပါသော နေရာပြောင်းရွှေ့ရမှုဆိုသည်မှာ စီမံကိန်းတစ်ရပ်ကြောင့် စီမံကိန်းနှင့်မလွတ်ကင်း

သဖြင့် သို့မဟုတ် ထိခိုက်နိုင်သဖြင့် ပြောင်းရွှေ့လိုသော ဆန္ဒမရှိဘဲ နေအိမ်နေရာ ပြောင်းရွှေ့ခံရမှု

သို့မဟုတ် ကုန်ထုတ်လုပ်မှု သို့မဟုတ် ဝင်ငွေရရှိသည့် မတည်ပစ္စည်းများ မလွှဲမရှောင်သာ


6

ဆုံးရှုံးရမှုကို ဆိုလိုသည်။ [ ပတ်ဝန်းကျင်ထိခိုက်မှု ဆန်းစစ်ခြင်းဆိုင်ရာ လုပ်ထုံးလုပ်နည်း၊ ပုဒ်မ ၂

(ဗ)]

(၆) ဝန်ကြီးဌာနဆိုသည်မှာ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန (ယခင်

ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့်သစ်တောရေးရာဝန်ကြီးဌာန)ကို ဆိုလိုသည်။ [ ပတ်ဝန်းကျင်

ထိခိုက်မှု ဆန်းစစ်ခြင်းဆိုင်ရာ လုပ်ထုံးလုပ်နည်း၊ ပုဒ်မ ၂ (ဘ)]

(၇) ဦးစီးဌာန သို့မဟုတ် ECD ဆိုသည်မှာ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနကို ဆိုလိုသည်။

[ ပတ်ဝန်းကျင်ထိခိုက်မှု ဆန်းစစ်ခြင်းဆိုင်ရာ လုပ်ထုံးလုပ်နည်း၊ ပုဒ်မ ၂ (မ)]

(၈) စီမံကိန်းအဆိုပြုသူဆိုသည်မှာ ပြည်ထောင်စုသမ္မတမြန်မာနိုငင


်ံ၏ နယ်နိမိတ်ပိုင်နက်အတွင်း

စီမံကိန်းတစ်ခု သို့မဟုတ် စီမံကိန်းတစ်ခု၏ မည်သည့်အပိုင်းကဏ္ဍမဆိုအား (လေ့လာခြင်း၊

တိုင်းတာခြင်း၊ ဒီဇိုင်းရေးဆွဲခြင်း၊ ဖော်ဆောင်ခြင်း၊ အကြိုတည်ဆောက်ခြင်း၊ တည်ဆောက်ခြင်း၊

လုပ်ငန်းလည်ပတ်ခြင်း၊ လုပ်ငန်းလည်ပတ်မရ
ှု ပ်တန့်ခြင်း၊ ပိတ်သိမ်းခြင်း၊ ပိတ်သိမ်းပြီးနောက်ပိုင်း

ကိစ္စများ ဆောင်ရွက်ခြင်း)တို့ ပြုလုပ်ရန်ကြံရွယ်သည့် သို့မဟုတ် အစပျိုးဆောင်ရွက်နေသည့်

အစိုးရ သို့မဟုတ် ပုဂ္ဂလိက ကဏ္ဍမှ လူပုဂ္ဂိုလ်၊ တရားဝင်အဖွဲ့ သို့မဟုတ် အဖွဲ့အစည်းတစ်ရပ်ရပ်ကို

ဆိုလိုပြီး၊ ယင်းသို့ ဆောင်ရွက်နေစဉ်၌ အဆိုပါ ပုဂ္ဂိုလ် သို့မဟုတ် အဖွဲ့ သို့မဟုတ် အဖွဲ့အစည်းသည်

စီမံကိန်းနှင့်စပ်လျဉ်း၍ (တရားဝင် သို့မဟုတ် တရားဝင်သဘောနှင့်ညီမျှသော အသိအမှတ်ပြုမှု

ရှိသည်)့ ပိုင်ဆိုင်မှု အထောက်အထားများရှိသည် သို့မဟုတ် သာမန်အားဖြင့် အဆိုပါ

စီမံကိန်းအမျိုးအစားမှ ပိုင်ရှင်တစ်ဦးတည်းရရှိနိုင်သော ငွေရေးကြေးရေး သို့မဟုတ်

အခြားအခွင့်အရေးများ ရရှိရန် မျှော်မှန်းသည် (သို့မဟုတ် ယင်းသို့ရရှိရန် ကြောင်းကျိုးညီညွတ်စွာ

မျှော်မှန်းနိုင်သည်။) [ ပတ်ဝန်းကျင်ထိခိုက်မှု ဆန်းစစ်ခြင်းဆိုင်ရာ လုပ်ထုံးလုပ်နည်း၊ ပုဒ်မ ၂ (ယ)]

ခ) ဤလမ်းညွှန်ချက်တွင် အသုံးပြုထားသည့် ထပ်တိုးစကားရပ်များသည် အောက်ပါအဓိပ္ပါယ် သက်ရောက်

စေရမည် -

(၁) အရပ်ဖက်အဖွဲ့အစည်းများ (CSOs) ဆိုလိုသည်မှာ - ရပ်ရွာဒေသခံအဖွဲ့များ၊ အစိုးရမဟုတ်သော

အဖွဲ့အစည်းများ (NGOs) ၊ အလုပ်သမားသမဂ္ဂများ၊ အကျိုးမခံစားရသည့် ထိခိုက်လွယ်သူ

အုပ်စုများ၊ ကုသိုလ်ဖြစ်အဖွဲ့အစည်းများ၊ ယုံကြည်မှုအခြေခံသော အဖွဲ့အစည်းများ၊ ဘာသာရပ်

ဆိုင်ရာ ကျွမ်းကျင်သူအသင်းအဖွဲ့များနှင့် ဖောင်ဒေးရှင်းများအပါအဝင် အစိုးရမဟုတ်သော၊

အကျိုးအမြတ်မယူသော အဖွဲ့အစည်းများ၏ ကျယ်ပြန့်သော အခင်းအကျင်းများကိုဆိုလိုသည်။

အဆိုပါအဖွဲ့အစည်းများသည် လူ့ကျင့်ဝတ်ဆိုင်ရာ ယဉ်ကျေးမှုဆိုင်ရာ၊ နိုငင


်ံရေးဆိုင်ရာ၊

သိပ္ပံဆိုင်ရာ၊ ဘာသာရေးဆိုင်ရာ သို့မဟုတ် ပရဟိတဆိုင်ရာ အတွေးအမြင်များကို အခြေခံ၍၊

ယင်းတို့ အဖွဲ့ဝင်များ သို့မဟုတ် အခြားသူများ၏ အကျိုးစီးပွားများနှင့် တန်ဖိုးထားမှုများကို

ဖော်ပြပေးကြပြီး၊ အများပြည်သူနှင့်အတူ ရပ်တည်ပေးကြသည်။

(၂) EIA အတိုင်ပင်ခံဆသ


ို ည်မှာ - EIA ဆိုင်ရာ လုပ်ထုံးလုပ်နည်းပါ ပုဒ်မ ၁၇ မှ ၂၂ အရ

သင့်တော်သည့်အချိန်၌ ကောင်းစွာ မှတ်ပုံတင်ရမည့် ကနဦး ပတ်ဝန်းကျင်ဆန်းစစ်ခြင်း (IEE)


7

သို့မဟုတ် ပတ်ဝန်းကျင်ထိခိုက်မှု ဆန်းစစ်ခြင်း (EIA) ကို ရေးဆွဲပြုစုပေးရန် စီမံကိန်းအဆိုပြုသူက

ခန့်အပ်တာဝန်ပေးသည့် တတိယပုဂ္ဂိုလ် သို့မဟုတ် တတိယအဖွဲ့အစည်းကို ဆိုလိုသည်။

(၃) ကုစားရေးစီမံချက်ဆိုသည်မှာ - စီမံကိန်းတစ်ခုကြောင့် သို့မဟုတ် ကုမ္ပဏီ၏ လုပ်ငန်းဆောင်ရွက်မှု

များကြောင့် ထိခိုက်နစ်နာသူများမှ ယင်းတို့၏ ပူပန်မှုများ၊ နစ်နာမှုများအပေါ် ပြန်လည်ကုစား

ပေးနိုင်ရေး စဉ်းစားပေးရန် ကုမ္ပဏီ သို့မဟုတ် အစိုးရထံသို့ ပြောကြားနိုင်သည့် လုပ်ငန်းစဉ် တစ်ရပ်

ဖြစ်သည်။

(၄) အများပြည်သူဆိုသည်မှာ - တစ်ဦး သို့မဟုတ် တစ်ဦးထက်ပိုသော လူပုဂ္ဂိုလ် သို့မဟုတ် တရားဝင်

မှတ်ပုံတင်ထားသည့် အဖွဲ့အစည်းများ၏ နိုင်ငံသားဖြစ်မှု၊ အခြေချနေထိုင်မှု သို့မဟုတ်

အခြားပုံစံတစ်မျိုးဖြင့် တရားဝင်မှတ်ပုံတင်ထားမှု မည်သို့ရှိသည်ဖြစ်စေကို ဆိုလိုသည်။

ဤစကားရပ်တွင် အစိုးရဌာန၊ အစိုးရ အဖွဲ့အစည်းများလည်း ပါဝင်သည်။

(၅) အများပြည်သူပူးပေါင်းပါဝင်ဆောင်ရွက်ခြင်းဆိုသည်မှာ - ဆုံးဖြတ်ချက်တစ်ရပ်ကြောင့် တိုက်ရိုက်နှင့်

သွယ်ဝိုက်သောအားဖြင့် ထိခိုက်နစ်နာမည့်သူများကို ဆုံးဖြတ်ချက်ချသည့် လုပ်ငန်းစဉ်တွင်

ပါဝင်စေခြင်း၊ ထိရောက်အဓိပ္ပါယ်ရှိသည့်ပုံစံဖြင့် ပူးပေါင်းပါဝင်မှုဖြစ်လာရန် ယင်းတို့လိုအပ်သည့်

အချက်အလက်များပေးခြင်းဖြင့် ရေရှည်အတွက်ကောင်းမွန်သော ဆုံးဖြတ်ချက်များ တိုးတက်

ဖြစ်ပေါ်လာစေခြင်း၊ ပူးပေါင်းပါဝင်မည့်သူများနှင့် ချိတ်ဆက်ဆောင်ရွက်ခြင်းဖြင့် ယင်းတို့ထံမှရသော

သဘောထားအမြင်များ၊ ဗဟုသုတများသည် ဆုံးဖြတ်ချက်များအပေါ် အကျိုးသက်ရောက်မှု

ရှိစေခြင်း စသည်လ
ု့ပ်ငန်းစဉ်ဖြစ်သည် - ဤသို့ဖြင့် သတင်းအချက်အလက်ဖော်ပြခြင်းနှင့် တိုင်ပင်

ဆွေးနွေးခြင်း လုပ်ငန်းစဉ်နှစ်ရပ်လုံးကို လွှမ်းခြုံထားသည်။

(၆) အများပြည်သူပူးပေါင်းပါဝင်သည့် အစည်းအဝေးဆိုသည်မှာ - အများပြည်သူပူးပေါင်းပါဝင်သည့်

မည်သည့်ဆွေးနွေးမှု နည်းလမ်းအမျိုးအစားမဆိုကိုဆိုလိုပြီး၊ နည်းလမ်းတကျပြုလုပ်သော

အစည်းအဝေးများ၊ အလုပ်ရုံဆွေးနွေးပွဲများ၊ သတ်မှတ်လူအုပ်စုများနှင့်ပြုလုပ်သည့် အစည်းအဝေး

များ၊ တစ်ဦးချင်းမေးမြန်းဆွေးနွေးမှုများ စသည်တို့ ပါဝင်နိုင်သည်။

(၇) စီမံကိန်းနှငပ
့် တ်သက်ဆက်နွယ်သူများ (Stakeholder) ဆိုသည်မှာ - စီမံကိန်းတစ်ခု၏

ပင်မလုပ်ငန်း ဆောင်ရွက်မှုကြောင့် ထိခိုက်နစ်နာသူ ပုဂ္ဂိုလ်များ၊ လူအုပ်စုများ၊

လူထုများကိုဆိုလိုပြီး၊ ထိုသူများ အနေနှင့် စီမံကိန်းအဆိုပြုလွှာကြောင့်

ထိခိုက်နစ်နာခြင်းခံရနိုင်သည် သို့မဟုတ် စီမံကိန်းလုပ်ငန်းစဉ် မည်သည့်အဆင့်ကိုမဆို

(စီမံကိန်းရေးဆွဲခြင်းနှင့် တည်ဆောက်ခြင်း၌ဖြစ်စေ၊ မောင်းနှင်လည်ပတ် ခြင်း သို့မဟုတ်

ပိတ်သိမ်းခြင်းနှင့် လုပ်ငန်းဖျက်သိမ်းခြင်း၌ဖြစ်စေ) စီမံကိန်းအဆိုပြုလွှာအပေါ်၌

အကျိုးစီးပွားပတ်သက်မှုရှိနေနိုင်သည်။ ဤစကားရပ်၌ - လူပုဂ္ဂိုလ်များ၊ ထိခိုက်နစ်နာလွယ်သော

လူအုပ်စုများ၊ စီးပွားရေးလုပ်ငန်းများ၊ ရပ်ရွာလူထုများ၊ အခြားသောအစိုးရဝန်ကြီးဌာနများ၊

ဒေသန္တရအစိုးရအာဏာပိုင်များ၊ တက္ကသိုလ်၊ ကောလိပ်များ၊ ပြည်တွင်းနှင့် နိုင်ငံတကာမှ

အစိုးရမဟုတ်သော အဖွဲ့အစည်းများ၊ မီဒီယာများနှင့် စီမံကိန်းတိုက်ရိုက်သက်ရောက်မှုခံရမည့်


8

နေရာတွင် နေထိုင်ခြင်းမရှိသော်လည်း စီမံကိန်းအဆိုပြုလွှာအပေါ် စိုးရိမ်ပူပန်နေသူများ

အကျုံးဝင်သည်။

(၈) သတ်မှတ်တာဝန်နှင့် လုပ်ပိုင်ခွင့် (Terms of Reference (ToR)) ဆိုသည်မှာ - EIA

ပြုစုရန်အတွက် ပတ်ဝန်းကျင်ထိခိုက်မှု စုံစမ်းစစ်ဆေးမည့် နယ်ပယ် အတိုင်းအတာသတ်မှတ်ခြင်း

ဆိုင်ရာ အစီရင်ခံစာ (Scoping Report) နှင့်အညီ၊ အချက်အလက်များ ကောက်ယူစုဆောင်းခြင်း၊

စိစစ်သုံးသပ်ခြင်း၊ အများပြည်သူ ပူးပေါင်းပါဝင် ဆောင်ရွက်ခြင်းလုပ်ငန်းစဉ်များ အပါအဝင်၊ EIA

ရေးဆွဲပြုစုရာတွင် ဖြေရှင်းဆောင်ရွက်ရမည့် နည်းပညာဆိုင်ရာ သတ်မှတ်ချက်များနှင့်

ကိစ္စရပ်များအားလုံးကို သတ်မှတ်ဖော်ပြထားခြင်း ဖြစ်သည်။ ဤစကားရပ်တွင်

စီမံကိန်းအဆိုပြုသူနှင့် EIA အတိုင်ပင်ခံအကြား ချုပ်ဆိုထားသော စာချုပ်တစ်ရပ်အရ EIA

အတိုင်ပင်ခ၏
ံ တာဝန်ဝတ္တရားများဖော်ပြထားသည့် သတ်မှတ်တာဝန်နှင့် လုပ်ပိုင်ခွင့် ( Terms of

Reference) သို့မဟုတ် အခြားစာရွက်စာတမ်းကို မဆိုလိုပါ။

(၉) ထိခိုက်ခံစားလွယ်သော၊ အများနည်းတူအခွင့်အရေးမရသော ပုဂ္ဂိုလ်များနှင့် လူအုပ်စုဆိုသည်မှာ

လူမှုရေးဆိုင်ရာ၊ စီးပွားရေးဆိုင်ရာ၊ ယဉ်ကျေးမှုဆိုင်ရာ၊ ဘာသာရေးဆိုင်ရာ သို့မဟုတ်

နိုင်ငံရေးဆိုင်ရာ နယ်ပယ်တွင် အများနည်းတူ အခွင့်အရေးမရသည့်

မည်သည့်လူပုဂ္ဂိုလ်အုပ်စုမဆိုနှင့် ယင်းအုပ်စုများမှ လူပုဂ္ဂိုလ်များကို ဆိုလိုပြီး၊ ထိုသူများသည်

အမျိုးမျိုးသော ခံစားခွင့်များ၊ အခွင့်အလမ်းများ သို့မဟုတ် အခြားသူများ သာမန်အားဖြင့်

ရရှိခံစားနိုင်သော သယံဇာတများကို အပြည့်အဝခံစားခွင့်အား ပိတ်ဆို့ခံရခြင်း သို့မဟုတ်

ငြင်းပယ်ခံရခြင်းနှင့်၊ ယင်းတို့နေထိုင်ရာ လူ့အသိုင်းအဝိုင်း၏ စီးပွားရေးဆိုင်ရာ၊ လူမှုရေးဆိုင်ရာနှင့်

နိုင်ငံရေးဆိုင်ရာဘဝများတွင် ပြည့်ပြည့်ဝဝ ပူးပေါင်းပါဝင်ဆောင်ရွက်ခြင်းအား

တားဆီးပိတ်ပင်ခံရသည့် (လူနည်းစုတိုင်းရင်းသားများ၊ တိုင်းရင်းသားမျိုးနွယ်စုများ၊ အမျိုးသမီးများ၊

မသန်စွမ်းသူများ၊ ကလေးသူငယ်များနှင့် သက်ကြီးရွယ်အိုများ ပါဝင်ပြီး၊ ထိုသူများနှင့်သာ

ကန့်သတ်မထားပါ။) ဤစကားရပ်တွင် - ကိုယ်ပိုင်လက္ခဏာရပ်များကြောင့်

အဆိုပြုစီမံကိန်းတစ်ခု၏ ဆိုးကျိုးသက်ရောက်မှုကို အခြားသူများထက်ပို၍ ဆိုးရွားပြင်းထန်စွာ

ခံစားရနိုင်သည့် လူပုဂ္ဂိုလ်များ၊ လူအုပ်စုများ (ဥပမာ- ကလေးများ၊ သက်ကြီးရွယ်အိုများနှင့်

မသန်စွမ်းသူများသည် ကျန်းမာ သန်စွမ်းသော အရွယ်ရောက်သူများထက်ပို၍ ညစ်ညမ်းမှုဒဏ်ကို

ဆိုးရွားပြင်းထန်စွာ ခံစားရနိုင် သည်) သို့မဟုတ် ယင်းတို့၏ အနေအထားကြောင့်

အဆိုပြုစီမံကိန်း၏ ဆိုးကျိုးသက်ရောက်မှုကို အခြားသူများထက် ပိုမိုပြင်းထန်စွာ ခံစားရနိုင်သည့်

ပုဂ္ဂိုလ်များနှင့် လူအုပ်စုများ (ဥပမာ - ရွှေ့ပြောင်းနေရာချထားခံရသည်အ


ိ့မ်ထောင်စုများအနက်

အမျိုးသမီးတစ်ဦးတည်း ဦးဆောင်သည့် အိမ်ထောင်စုများသည် နှစ်ဦး သို့မဟုတ်

နှစ်ဦးထက်ပိုသူများ ဦးဆောင်သည့် အိမ်ထောင်စမ


ျုားထက် ပို၍ ဆိုးရွားပြင်းထန်သော

သက်ရောက်မှုများ ခံစားရနိုင်သည်။ ရွှေ့ပြောင်းနေထိုင်သူများ သို့မဟုတ် ရွှေ့ပြောင်းသွားလာသည့်

လုပ်သားများသည် ပြန်လည်ရုံးထနိုင်စွမ်း နည်းပါးသည့်အကြောင်းမှာ ယင်းတိသ


ု့ ည် ဒေသခံ
9

လူထုအသိုင်းအဝိုင်းနှင့် လူမှုရေးရာ သို့မဟုတ် ရုပ်ပိုင်းဆိုင်ရာအရ ပတ်သက်ဆက်နွယ်မှုမရှိဘဲ၊

ဒေသခံလူထု၏ အစိတ်အပိုင်းတစ်ရပ်မဟုတ်သောကြောင့်ဖြစ်သည်။)

၁.၄. ဤလမ်းညွှန်ချက်အားဖြင့် ထိရောက်အဓိပ္ပါယ်ရှိစွာ အများပြည်သူ ပူးပေါင်းပါဝင်ဆောင်ရွက်ခြင်း

၁.၄.၁. အများပြည်သူပူးပေါင်းပါဝင်ဆောင်ရွက်ခြင်း သဘောတရား

က) နိုင်ငံတကာတွင်၊ အများပြည်သူ ပူးပေါင်းပါဝင်ဆောင်ရွက်မှုကို ၁၉၉၂ ခုနှစ်၊ ပတ်ဝန်းကျင်နှင့်ဖွံ့ဖြိုးတိုးတက်မှု

ဆိုင်ရာ Rio ကြေငြာချက်ပါ စည်းမျဉ်းအမှတ် ၁၀ ၌ ရေရှည်ဖွံ့ဖြိုးတိုးတက်မှု၏ အဓိကအချက်အနေဖြင့်

တိကျစွာ သတ်မှတ်ဖော်ပြထားသည်။ EIA လုပ်ငန်းစဉ်များပေါ်ပေါက်လာသည့် ၁၉၇၀ ခုနှစ်နောက်ပိုင်းမှစ၍

အများပြည်သူပူးပေါင်းပါဝင် ဆောင်ရွက်မှုကို EIA လုပ်ငန်းစဉ်၏ အဓိက အစိတ်အပိုင်းတစ်ရပ်အဖြစ်

လက်ခံလာခဲ့ကြသည်။ (လေးထောင့်ကွက် ၁ ကို ကြည့်ပါ)

ခ) EIA ၏ အဓိကပန်းတိုင်မှာ ၂၀၁၂ ခုနှစ် မြန်မာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးဥပဒေ (အခန်း ၂ )ပါ

ရည်ရွယ်ချက်များ အကောင်အထည်ဖော်ရန်နှင့် ပတ်ဝန်းကျင်အပေါ် ဆိုးကျိုးသက်ရောက်နိုင်ခြေများကို

အသေးစိတ်စိစစ်သုံးသပ်၍၊ အစိုးရ၏ဆုံးဖြတ်ချက်ချသော လုပ်ငန်းစဉ်များတွင် ထည့်သွင်းစဉ်းစား

ခြင်းအားဖြင့် စီမံကိန်းအဆိုပြုလွှာများအပေါ် ဆုံးဖြတ်ချက်များ ကောင်းမွန်တိုးတက်လာစေရန်ဖြစ်သည်။

EIA ဆိုင်ရာ လုပ်ထုံးလုပ်နည်းနှင့် ဤလမ်းညွှန်ချက်များအရ၊ EIA လုပ်ငန်းစဉ်တွင် အများပြည်သူ

ပူးပေါင်းပါဝင် ဆောင်ရွက်ရန်လိုအပ်ပြီး၊ ဤအချက်သည် အထက်ပါပန်းတိုင်သို့ ရောက်ရှိရေးအတွက်

ချန်ထားမရသည့် စောစောဖြည့်ဆည်းဆောင်ရွက်ရမည့် သတ်မှတ်ချက်ဖြစ်သည်။

ဂ) EIA လုပ်ငန်းစဉ်တွင် အများပြည်သူ ပူးပေါင်းပါဝင်စေခြင်း၏ အဓိက အကျိုးကျေးဇူးမှာ ဖွံ့ဖြိုးရေးအဆိုပြုလွှာ

များအပေါ် ဆုံးဖြတ်ချက်ချရာတွင် စီမံကိန်းကြောင့် ထိခိုက်ခံစားရသူများအားလုံးနှင့်၊ စီမံကိန်းနှင့်

ပတ်သက်ဆက်နွယ်သော အခြားသူများပါ ဝင်ရောက်ပူးပေါင်းဆောင်ရွက်၊ တန်ဖိုးထား၊ လေးစားကြခြင်းဖြင့်

စီမံကိန်းများကြောင့် ဖြစ်လာနိုင်သည့် လူမှုရေးပဠိပက္ခများကို လျော့ပါးစေခြင်းဖြစ်သည်။

ဃ) အဆိုပါ ရည်မှန်းချက်ပန်းတိုင်များသို့ရောက်အောင် အောက်ပါအတိုင်း အများပြည်သူ ပူးပေါင်းပါဝင်

ဆောင်ရွက်စေခြင်းဖြင့် ပံ့ပိုးကူညီပေးနိုင်သည် -

(၁) ဤလမ်းညွှန်ချက်တွင် သတ်မှတ်ဖော်ပြထားသည့်၊ အကြံပြုထားသည့်အတိုင်း EIA လုပ်ငန်းစဉ်၏

အစောပိုင်းအဆင့်များနှင့် လုပ်ငန်းစဉ်တလျှောက်တွင်နှင့်၊ စီမံကိန်းအကောင်အထည်ဖော်စဉ်နှင့်

လုပ်ငန်းလည်ပတ်စဉ်တလျှောက် အများပြည်သူ ပူးပေါင်းပါဝင်ဆောင်ရွက်မှုကို စနစ်တကျ ပုံဖော်

တည်ဆောက်၊ စီစဉ်ဆောင်ရွက်လျှင်။

(၂) စီမံကိန်းကြောင့် ထိခိုက်ခံစားရသူများ၊ စီမံကိန်းနှင့် ပတ်သက်ဆက်နွယ်သော အခြားသူများနှင့်

ထိရောက်အဓိပ္ပါယ်ရှိစွာ လက်တွေ့ကျကျ ထိတွေ့ဆက်ဆံမှုရှိလျှင်နှင့်၊ ယင်းတို့၏ စိုးရိမ်ပူပန်မှု၊

နစ်နာမှုများနှင့် သဘောထားမှတ်ချက်များကို အဆိုပြုစီမံကိန်း၏ ဒီဇိုင်းပုံစံရေးဆွဲခြင်းနှင့် လုပ်ကိုင်

လည်ပတ်ခြင်းတို့တွင် တတ်နိုင်သမျှ အတိုင်းအတာတစ်ခုအထိ များစွာပေါင်းစပ် ထည့်သွင်း

အသုံးပြုမှုရှိလျှင်။
10

(၃) ကျား/မ တန်းတူညီမျှရေး အာမခံမှုနှင့်အတူ အမျိုးသမီးများ၊ ထိခိုက်ခံစားလွယ်သော၊

နှိမ့်ချဆက်ဆံခံရသော အောက်ခြေလူတန်းစားအုပ်စုများနှင့် ပုဂ္ဂိုလ်များ၏ အကျိုးစီးပွားများနှင့်

လိုအပ်ချက်များအပေါ် အထူးအလေးထားလျက်၊ စီမံကိန်းကြောင့် ထိခိုက်ခံစားရသူများနှင့်

စီမံကိန်းအဆိုပြုလွှာအပေါ် စိတ်ဝင်စားသော အခြားသူများ၏ လိုအပ်ချက်များ၊ အခြေအနေများနှင့်

ကိုက်ညီစွာ ပူးပေါင်းပါဝင်ဆောင်ရွက်နိုင်ရေး စီစဉ်ပေးလျှင်။

င) အများပြည်သူပူးပေါင်းပါဝင်ဆောင်ရွက်ခြင်းသည် စီမံကိန်းကြောင့် ထိခိုက်ခံစားရသူများ (PAPs) ၊

စီမံကိန်းနှင့် ပတ်သက်ဆက်နွယ်သော အခြားသူများနှင့် ချိတ်ဆက်ဆောင်ရွက်ရသည့်

လုပ်ငန်းစဉ်တစ်ရပ်ဖြစ်ပြီး၊ ထိုလုပ်ငန်းစဉ်တွင် အနိမ့်ဆုံးအဆင့်အဖြစ် -

(၁) စီမံကိန်းကြောင့် ထိခိုက်ခံစားရသူများ (PAPs)၊ စီမံကိန်းနှင့် ပတ်သက် ဆက်နွယ်သော

အခြားသူများကို ပူးပေါင်းပါဝင်ဆောင်ရွက်ရေးလုပ်ငန်းစဉ်များအား သင့်တော်သောအချိန်၌၊

သေချာစွာ အသိပေးထားခြင်းရှိရမည်။

(၂) အဆိုပြုစီမံကိန်းနှင့် ယင်းကြောင့်ဖြစ်လာမည့် သက်ရောက်မှုများနှင့်စပ်လျဉ်း၍ နားလည်နိုင်သော

အလွယ်တကူ ရယူနိုင်သော အချက်အလက်အသေးစိတ်များ ပေးရမည်။

(၃) စီမံကိန်းကြောင့် ထိခိုက်ခံစားရသူများ (PAPs)၊ စီမံကိန်းနှင့် ပတ်သက်ဆက်နွယ်သော

အခြားသူများ အနေနှင့် သဘောထားမှတ်ချက်များပေးနိုင်ရန်နှင့် စီမံကိန်းအဆိုပြုလွှာ သို့မဟုတ်

လုပ်ဆောင်ချက် အပေါ် ဆုံးဖြတ်ချက် မချမှတ်မီ တင်ပြမှုများပြုလုပ်နိုင်ရန်

အခွင့်အရေးများပေးရမည်။

(၄) စီမံကိန်းကြောင့် ထိခိုက်ခံစားရသူများ (PAPs)၊ စီမံကိန်းနှင့် ပတ်သက်ဆက်နွယ်သော

အခြားသူများ ၏ သဘောထားမှတ်ချက်များ၊ စိုးရမ်ပူပန်မှုများ၊အလေးထားမှုများ နှင့်

ဗဟုသုတများကို EIA လုပ်ငန်းစဉ်၏ ကဏ္ဍအားလုံး၊

ဆုံးဖြတ်ချက်ချမှတ်သည့်အဆင့်များအပါအဝင်၌ သေချာစွာ ထည့်စဉ်းစားပေးရမည်။

(၅) အများပြည်သူ ပူးပေါင်းပါဝင်ဆောင်ရွက်ခြင်းလုပ်ငန်းစဉ်၏ ရလဒ်များနှင့် စီမံကိန်းဒီဇိုင်းနှင့်

ဆိုးကျိုးသက်ရောက်မှု လျှော့ချရေးအစီအမံများအပေါ် အဆိုပါ ရလဒ်များ၏ သက်ရောက်မှုများကို

စီမံကိန်းကြောင့် ထိခိုက်ခံစားရသူများ (PAPs)၊ စီမံကိန်းနှင့် ပတ်သက်ဆက်နွယ်သော

အခြားသူများအား ပြန်လည်အသိပေးရမည်။

(၆) အကျပ်ကိုင်ခြင်း သို့မဟုတ် ကြောက်ရွံ့စေရန် ခြိမ်းခြောက်ခြင်းများမရှိစေဘဲ

ပူးပေါင်းပါဝင်ဆောင်ရွက်ခွင့်ကို အကာအကွယ်ပေးရမည်။

စ) ဤလမ်းညွှန်ချက်အရနှင့် EIA ဆိုင်ရာ လုပ်ထုံးလုပ်နည်းအရ အကောင်အထည်ဖော်ရာ၌၊ အများပြည်သူ

ပူးပေါင်းပါဝင်ဆောင်ရွက်ခြင်းကို အောက်ပါတို့နှင့် ရောထွေးစိတ်ရှုပ်ခြင်းမရှိစေရ၊ မဖြစ်စေသင့်ပါ -

(၁) ရပ်ရွာလူထုအကျိုးအတွက် ရည်ရွယ်သည့် “ လူမှုစီးပွားတာဝန်ယူမ”ှု (CSR) သို့မဟုတ် အခြားသော

ပြုမူဆောင်ရွက်မှုပုံစံများ သို့မဟုတ် သဘောတရားများ [ငွေချေးပေးခြင်း သို့မဟုတ်

အမြတ်ခွဲဝေပေးခြင်းတို့ ပါဝင်သည်ဖြစ်စေ၊မပါဝင်သည်ဖြစ်စေ] ။ ဤကြိုးပမ်းမှု သို့မဟုတ်


11

ထည့်ဝင်မှု တစ်ရပ်ရပ်သည် ဆန္ဒအလျောက်သီးခြားဆောင်ရွက်မ၊ှု EIA လုပ်ငန်းစဉ်များပါ

အများပြည်သူ ပူးပေါင်းပါဝင်ဆောင်ရွက်ခြင်းအတွက် တရားဝင်သတ်မှတထ


်ားသည့်

လုပ်ဆောင်ချက်များပြင်ပက အပိုဆောင်းဆောင်ရွက်မှုဖြစ်ပြီး၊ စီမံကိန်းအား ခွင့်ပြုချက်ပေးစဉ်က

သတ်မှတ်ချက်များနှင့် ကိုက်ညီရမည်။

(၂) လူမှုစီးပွားစစ်တမ်းများ သို့မဟုတ် အခြားလေ့လာမှုများသည် EIA လုပ်ငန်းစဉ်တစ်ခုတွင်

စီမံကိန်းအဆိုပြုလွှာ၏ လူမှုစီးပွားထိခိုက်မှုဆန်းစစ်ခြင်းကို အထောက်အကူပြုရန် ရည်ရွယ်ခဲ့သည်။

ယင်းတို့သည် EIA လုပ်ငန်းစဉ်များတွင် အဓိကကျသောအရာများဖြစ်ပြီး၊ အများပြည်သူ

ပူးပေါင်းပါဝင်ဆောင်ရွက်ခြင်း လုပ်ငန်းစဉ်များအားဖြင့်လည်း သတင်းအချက်အလက်များ သိရှိ

နိုင်သည်။ သို့ရာတွင် အများပြည်သူ ပူးပေါင်းပါဝင်ဆောင်ရွက်ခြင်းကို လုပ်ငန်းစဉ်အလိုက် (ဥပမာ-

လူမှုစီးပွားစစ်တမ်းတစ်ခု၏ အစိတ်အပိုင်းတစ်ရပ်အဖြစ် မေးခွန်းများ ဖြေကြားခြင်းဖြင့်သာ)

ကန့်သတ်မထားသင့်ပါ။ သို့မဟုတ် ကိစ္စရပ်အလိုက် (ဥပမာ - လူမှုရေး သို့မဟုတ် စီးပွားရေး

ကိစ္စရပ်များ ဖြင့်သာ) ကန့်သတ်မထားသင့်ပါ။

လေးထောင့်ကွက် ၁ ။ Rio ကြေငြာချက်ပါ အများပြည်သူ ပူးပေါင်းပါဝင်ဆောင်ရွက်ခြင်း

Rio ကြေငြာချက်ပါ စည်းမျဉ်းအမှတ် ၁၀

ပတ်ဝန်းကျင်ဆိုင်ရာကိစ္စရပ်များကို - သက်ဆိုင်ရာအဆင့်အလိုက် သက်ဆိုင်ရာနိုင်ငံသားများအားလုံး

ပူးပေါင်းပါဝင်ဆောင်ရွက်ခြင်းဖြင့် အကောင်းဆုံးကိုင်တွယ် ဆောင်ရွက်ကြသည်။ နိုင်ငံတော်အဆင့်တွင် -

အစိုးရအာဏာပိုင်များ ကိုင်ထားသည့် ပတ်ဝန်းကျင်ဆိုင်ရာအချက်အလက်များ - အန္တရာယ်ရှိပစ္စည်း

များနှင့် ရပ်ရွာအသိုင်းအဝိုင်းအတွင်း လုပ်ဆောင်ချက်များနှင့်ဆိုင်သည့် အချက်အလက်များ အပါအဝင်၊

ဆုံးဖြတ်ချက်ချသည့် လုပ်ငန်းစဉ်များတွင် ပါဝင်ဆောင်ရွက်ရန် အခွင့်အရေးများကို လူပုဂ္ဂိုလ်တိုင်း

ကောင်းစွာ ရရှိရမည်။ နိုင်ငံတော်အစိုးရများသည် အချက်အလက်များ ကျယ်ကျယ်ပြန့်ရရှိနိုင်ရန်

ပြုလုပ်ပေးခြင်းဖြင့် အများပြည်သူသိရှိနားလည် ပူးပေါင်းပါဝင်လာစေရန် တိုက်တွန်းအားပေးရမည်။

တရားမျှတမှု ပြန်လည်ရှာ ဖွေပေးခြင်းနှင့် ပြန်လည်ကုစားပေးခြင်းအပါအဝင် တရားစီရင်ရေးနှင့်



အုပ်ချုပ်ရေးဆိုင်ရာ အစီအမံများကို ထိရောက်စွာ ရရှိခံစားစေရမည်။

၁.၄.၂. ထိရောက်အဓိပ္ပါယ်ရှိစွာ အများပြည်သူပူးပေါင်းပါဝင်ဆောင်ရွက်ခြင်းအတွက် အဓိကကျသောစည်းမျဉ်းများ

က) ထိရောက်အဓိပ္ပါယ်ရှိစေရန် အများပြည်သူ ပူးပေါင်းပါဝင်ဆောင်ရွက်ခြင်းကို အောက်ပါစည်းမျဉ်းများနှင့်အညီ

ဆောင်ရွက်သင့်သည် -

(၁) ရိုးသားဖြောင့်မတ်ခြင်း။ စီမံကိန်းနှင့်ပတ်သက်ဆက်နွယ်သူများအနေနှင့် ထိရောက်အဓိပ္ပါယ်ရှိစွာ

ပူးပေါင်းပါဝင်နိုင်စေရန် အများပြည်သူ ပူးပေါင်းပါဝင်ဆောင်ရွက်ခြင်းကို ရိုးသားပွင့်လင်းစွာ၊

မှန်ကန်စွာ၊ ပွင့်လင်းမြင်သာစွာ ဆောင်ရွက်သင့်သည်။


12

(၂) အားလုံးပါဝင်ခြင်း။ အများပြည်သူ ပူးပေါင်းပါဝင်ဆောင်ရွက်ခြင်းသည် လူတိုင်းပါဝင်နိုင်သော

မျှတညီညွတ်သော လုပ်ငန်းစဉ်ဖြစ်သင့်သည်။ လက်လှမ်းမီရန်ခက်ခဲသည့် ပတ်သက်ဆက်နွယ်

သူများ ပါဝင်ဆောင်ရွက်နိုင်စေရန် ကြောင်းကျိုးဆီလျော်သော ကြိုးပမ်းအားထုတ်မှုများဖြင့်

စီစဉ်ပေးသင့်သည်။ အမျိုးသမီးများ၊ ထိခက


ိုခံစားလွယ်သော၊ အများနည်းတူအခွင့်အရေးမရသော

လူအုပ်စုများနှင့် ပုဂ္ဂိုလ်များ၏ လိုအပ်ချက်များကို အထူးအလေးထားသင့်သည်။

(၃) အသိပေးခြင်း။ စီမံကိန်းအဆိုပြုလွှာနှင့် EIA လုပ်ငန်းစဉ်တို့နှင့်ဆိုင်သည့် အချက်အလက်

အားလုံးကို ပတ်သက်ဆက်နွယ်သူများ နားလည်နိုင်သော၊ အလွယ်တကူ ရရှိနိုင်သော ပုံစံဖြင့်

ယဉ်ကျေးမှုအရ သင့်တော်သော နည်းလမ်းများအားဖြင့် အသိပေးရမည်။ အဓိက အရေးကြီး

အချက်အလက်များနှင့် အကြောင်းအရာ အပြည့်အစုံ ပါဝင်စေရမည်။

(၄) တုန့်ပြန်ဖြေကြားခြင်းနှင့် အပြန်အလှန်ဆက်သွယ်ဆောင်ရွက်ခြင်း။ အများပြည်သူ ပူးပေါင်းပါဝင်

ဆောင်ရွက်ခြင်းသည် ဆွေးနွေးအဖြေရှာမှုကို အားပေးသင့်သည်။ စီမံကိန်းနှင့်

ပတ်သက်ဆက်နွယ်သူများ၏ အမြင်များ၊ ပူပန်မှုများ၊ အကြံဥာဏ်များကို EIA

လုပ်ငန်းစဉ်အားလုံးတွင် ထည့်သွင်းစဉ်းစားမှုသို့ ဦးတည်စေ၍၊ စီမံကိန်းအဆိုပြုလွှာအပေါ်

ဆုံးဖြတ်ချက်အပါအဝင်၊ စီမံကိန်းနှင့် ပတ်သက် ဆက်နွယ်သမ


ျူားပေးပို့သည့်

သဘောထားအမြင်များကို မည်သို့ထည့်သွင်းစဉ်းစားကြောင်း ယင်းတို့ထံ ပြန်လည်ဖြေကြားခြင်းပါ

ပါဝင်သင့်သည်။

(၅) လေးစားခြင်း။ စီမံကိန်းနှငပ


့် တ်သက်ဆက်နွယ်သူများအားလုံးကို လေးစားတန်ဖိုးထားသင့်သည်။

စီမံကိန်း အဆိုပြုသူသည် တက်ကြွစွာနားထောင်ပေးခြင်း၊

စီမံကိန်းနှငပ
့် တ်သက်ဆက်နွယ်သူများ၏ လိုအပ်ချက်များကို

နားလည်သဘောပေါက်ရန်အားထုတ်ခြင်းနှင့် ယင်းတို့အနေနှင့် မည်သို့ပါဝင်ဆောင်ရွက်လိုသည်ကို

နားလည်အောင် ပြုလုပ်ခြင်းဖြင့် ရလဒ်များတိုးတက်အောင် ပြုလုပ်သင့်သည်။

၅ ပတ်ဝန်းကျင်နှင့်ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ ကုလသမဂ္ဂ ဆွေးနွေးပွဲ၊ Rio de Janiero မြို့၊ ဘရာဇီးနိုင်ငံ။

၁၉၉၂ ခုနှစ်၊ ဇွန်လ ၃ ရက်မှ ၁၄ ရက်။ ပတ်ဝန်းကျင်နှင့်ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ Rio ကြေငြာစာတမ်း၊ U.N. Doc.A/

CONF. 151/26/Rev.1 [Vol. I], Annex I [Aug. 12, 1992] , Principle 10.

၁.၄.၃. ထိရောက်အဓိပ္ပါယ်ရှိစွာ အများပြည်သူပူးပေါင်းပါဝင်ဆောင်ရွက်ခြင်းအတွက် ကောင်းမွန်သော အစီအစဉ်

ရေးဆွမ
ှဲု

က) အများပြည်သူပူးပေါင်းပါဝင်ဆောင်ရွက်ခြင်း ထိရောက်အဓိပ္ပါယ်ရှိစေရန်၊ ကောင်းစွာ အစီအစဉ်ရေးဆွဲရန်

လိုသည်။ သို့မှသာ -
13

(၁) အဆိုပြုစီမံကိန်း၏ စိန်ခေါ်မှုများနှင့် စီမံကိန်းကြောင့် ဆိုးကျိုးသက်ရောက်မှု ခံစားရနိုင်သည်များကို

အချိုးညီမျှတသည့် ပုံစံဖြင့် ကိုင်တွယ်ဆောင်ရွက်နိုင်သည်။်

(၂) လုံလောက်သော အချိန်နှင့်အရင်းအမြစ်များ ပေးခြင်းခံရသည်။

(၃) စီမံကိန်းကြောင့်ထိခိုက်ခံစားရသူ (PAPs) များ အားလုံးနှင့် စီမံကိန်းနှငပ


့် တ်သက်ဆက်နွယ်သော

အခြားသူများ ပါဝင်လာသည်။ ထို့အပြင်

(၄) စီမံကိန်းအဆိုပြုလွှာပါ အဓိကပြဿနာရပ်များကို ပစ်မှတ်ထားသည်။

ခ) စီမံကိန်းအဆိုပြုသူနှင့် EIA အတိုင်ပင်ခံတို့သည် စီမံကိန်းကြောင့် ထိခိုက်ခံစားရသူများနှင့် တိုင်ပင်ဆွေးနွေး၍

EIA လုပ်ငန်းစဉ်အတွင်း အများပြည်သူ ပူးပေါင်းပါဝင် ဆောင်ရွက်စေခြင်း အစီအစဉ်တစ်ရပ်ကို

ရေးဆွဲသင့်သည်။

ဂ) ဤအစီအစဉ်သည် သက်ဆိုင်ရာစီမံကိန်းအဆိုပြုလွှာ၊ ဒေသန္တရ ပတ်ဝန်းကျင်အနေအထား၊ ပါဝင်ဆောင်ရွက်

မည့် ရပ်ရွာလူထု၊ ပူပေါင်းပါဝင်မည့်သူများ၏ စွမ်းဆောင်ရည်တို့နှင့် ကိုက်ညီအံဝင်ရန်လိုသည်။

ဃ) အများပြည်သူ ပူးပေါင်းပါဝင်ဆောင်ရွက်ခြင်း အစီအစဉ် ရေးဆွရ


ဲ န် လမ်းညွှန်ချက်များကို အခန်း ၂ တွင်

ဖော်ပြထားသည်။

၁.၄.၄. စီမံကိန်းကြောင့် ထိခိုက်ခံစားရသူများ (PAPs) နှင့် စီမံကိန်းနှငပ


့် တ်သက်ဆက်နွယ်သောအခြားသူများကို

စိစစ် သတ်မှတ်ခြင်း

က) စီမံကိန်းအဆိုပြုလွှာနှင့် သက်ဆိုင်သည့် PAP များနှင့် စီမံကိန်းနှင့်ပတ်သက်ဆက်နွယ်သော အခြားသူများကို

စိစစ်သတ်မှတ်၍ မေးခွန်းများမေးရန်၊ ယင်းတို့၏ အမျိုးမျိုးသော စိုးရိမ်ပူပန်မှုများ၊ ရပိုင်ခွင့်များနှင့်

ယင်းတို့လိုအပ်သော သတင်းအချက်အလက်များကို စိစစ်သတ်မှတ်၍ မှတ်တမ်းပြုစုထားရန် များစွာ

အရေးကြီးသည်။ အကြောင်းမှာ -

(၁) စီမံကိန်းအဆိုပြုလွှာတစ်ခုစီ၌ မတူညီသော PAP များ၊ စီမံကိန်းနှင့် ပတ်သက်ဆက်နွယ်သော

အခြားသူများ ပါဝင်မည်ဖြစ်သောကြောင့် ဖြစ်သည်။

(၂) မတူညီသော PAP များနှင့် စီမံကိန်းနှင့်ပတ်သက်ဆက်နွယ်သော အခြားသူများသည် မတူညီသော

နည်းလမ်းများအားဖြင့် သက်ရောက်မှုခံစားရလိမ့်မည်။ (ဆိုလိုသည်မှာ - အမျိုးသမီးများက

အမျိုးသားများနှင့် မတူညီသော ပုံစံဖြင့် သက်ရောက်မှုခံစားရနိုင်သည်။)

(၃) မတူညီသော PAP များနှင့် စီမံကိန်းနှင့်ပတ်သက်ဆက်နွယ်သော အခြားသူများသည် မတူညီသော EIA

လုပ်ငန်းစဉ်အဆင့်များနှင့် သက်ဆိုင်နိုင်သည်။

(၄) တူညီသောနေရာများ၌ စီမံကိန်းအမျိုးမျိုးဆောင်ရွက်လျှင်ပင်၊ စီမံကိန်းနှင့်ပတ်သက်ဆက်နွယ်သော

တူညီသောလူများသည် သက်ရောက်မှု ပုံစံအမျိုးမျိုးကို ခံစားရနိုင်သည်။

ခ) အောက်ပါကိစ္စရပ်များအတွက် EIA လုပ်ငန်းစဉ်၏ အစောပိုင်းအဆင့်များ၌ပင် စီမံကိန်းနှင့်

ပတ်သက်ဆက်နွယ်သူများကို စိစစ်သတ်မှတ်ထားရမည် -

(၁) အောင်မြင်သော ချိတ်ဆက်ဆောင်ရွက်မှုရစေရန်၊


14

(၂) စီမံကိန်းနှင့် နောက်ထပ်ပတ်သက်ဆက်နွယ်သူများကို ဆက်လက်စိစစ်ဖော်ထုတ်သတ်မှတ်မှုများ

ဆောင်ရွက်ရန်၊

(၃) လေးစားမှုနှင့် ယုံကြည်မှုတည်ဆောက်ရန်၊

(၄) အများပြည်သူ ပူးပေါင်းပါဝင်ဆောင်ရွက်ခြင်းအတွက် လုံလောက်သော ဘတ်ဂျက်ပမာဏ

ခြေ
ဲ ဝချထားရန်၊

(၅) ရှင်းလင်းဆွေးနွေးခြင်း၊ စီမံကိန်းနှင့်ပတ်သက်ဆက်နွယ်သူများ၏ သီးသန့်အရေးကိစ္စရပ်များကို

ထည့်သွင်းစဉ်းစားခြင်းနှင့် အချက်အလက်ကောက်ယူစုဆောင်းခြင်းတို့အတွက် အချိန်များများရရန်။

ဂ) စီမံကိန်းနှင့်ပတ်သက်ဆက်နွယ်သူများကို ခွဲခြားစိစစ်သတ်မှတ်သည့် လုပ်ငန်း၏ အစိတ်အပိုင်းတစ်ရပ်မှာ -

မတူညီသော ပတ်သက်ဆက်နွယ်သူအုပ်စုများနှင့် စီမံကိန်းအဆိုပြုသူနှင့် EIA အတိုင်ပင်ခံတို့အကြားက

ဆက်သွယ်ရေးလမ်းကြောင်းများ သတ်မှတ်ရန်ဖြစ်သည်။ ဤနေရာတွင် စီမံကိန်းနှင့် ပတ်သက်ဆက်နွယ်သူ

အုပ်စုများမှ အမှန်တကယ် တာဝန်ပေးခန့်ထားသည့် အသိအမှတ်ပြုခံရသော ပြောရေးဆိုခွင့်ရှိသူများပါ

ပါဝင်သင့်သည်။

ဃ) ဇယား ၂ (အခန်း ၂ ကိုကြည့်ပါ) တွင် စီမံကိန်းကြောင့် ထိခိုက်ခံစားရနိုင်ခြေရှိသူများနှင့် စီမံကိန်းနှင့်ပတ်သက်

ဆက်နွယ်နိုင်ခြေရှိသော အခြားသူများစာရင်းကို ဖော်ပြထားသည်။

၁.၄.၅. အချက်အလက် လိုအပ်ချက်များ

က) EIA လုပ်ငန်းစဉ်များတွင် ထိရောက်စွာ ပူးပေါင်းပါဝင်ဆောင်ရွက်ရန်နှင့် အဆိုပြုစီမံကိန်း၏ သက်ရောက်မှု

များအား သိရှိ၍ သဘောထားအမြင်များ ထည့်ဝင်နိုင်ရန်၊ စီမံကိန်းကြောင့် ထိခိုက်ခံစားရသူများနှင့် စီမံကိန်းနှင့်

ပတ်သက်ဆက်နွယ်သည့် အခြားသူများအနေနှင့် အဆိုပြုလွှာနှင့်ဆိုင်သည့် အချက်အလက်အားလုံး

ရရှိစေရမည်။ ဤအပိုင်းတွင် နည်းပညာအချက်အလက်များရယူမှု ပါဝင်သည်။

ခ) အလားတူပင်၊ EIA လုပ်ငန်းစဉ်တစ်ရပ်သည် ဆုံးဖြတ်ချက် ချမှတ်ရာတွင် အထောက်အကူပြုသော၊

အသုံးဝင်သော ကိရိယာတစ်ခုဖြစ်စေရန် စီမံကိန်းအဆိုပြုသူနှင့် ဆုံးဖြတ်ချက်ချသူများသည် သက်ဆိုင်ရာ

နောက်ဆုံးရသတင်းအချက်အလက်အားလုံးအပေါ်အခြေခံ၍ ဆန်းစစ်မှုပြုရန်လည်း လိုအပ်သည်။

ဤအပိုင်းတွင် ထိရောက်အဓိပ္ပါယ်ရှိစွာ အများပြည်သူ ပူးပေါင်းပါဝင်ဆောင်ရွက်စေခြင်းဖြင့် မကြာခဏ

ရရှိထားသော ဒေသန္တရနှင့် တိုင်းရင်းသားမျိုးနွယ်စုဆိုင်ရာ အကောင်းဆုံး ဗဟုသုတများ ပါဝင်သည်။

ဂ) အလားတူစွာ၊ အများပြည်သူ ပူးပေါင်းပါဝင်ဆောင်ရွက်ခြင်း လုပ်ငန်းစဉ်များအားဖြင့် စီမံကိန်းအဆိုပြုသူများ၊

စီမံကိန်းကြောင့် ထိခိုက်ခံစားရသူများ၊ စီမံကိန်းနှင့် ပတ်သက်ဆက်နွယ်သော အခြားသူများနှင့် ဆုံးဖြတ်ချက်

ချသူများအကြား အချက်အလက်များ အပြန်အလှန် စီးဆင်းနိုင်စေရမည်။

ဃ) EIA ဆိုင်ရာ လုပ်ထုံးလုပ်နည်း၊ ပုဒ်မ ၁၃ (ခ) နှင့် လိုက်လျောညီထွေသော အထွေထွေ စည်းမျဉ်းတစ်ရပ်

အနေနှင့်၊ စီမံကိန်းအဆိုပြုသူသည် စီမံကိန်းနှင့် ဆိုင်သည့် အချက်အလက်အားလုံးကို အများပြည်သူသို့


15

အချိန်နှင့်တပြေးညီ ဖွင့်ဟဖော်ပြရမည်။ ဤလမ်းညွှန်ချက်၏ နောက်ပိုင်းအခန်းများတွင် EIA လုပ်ငန်းစဉ်ပါ

အဆင့်အမျိုးမျိုးအလိုက် သတင်းအချက်အလက်များ ဖော်ပြရမည့် အချိန်ကာလ သတ်မှတ်ချက်များနှင့်

လုပ်နည်းလုပ်ဟန်များကို အသေးစိတ် ဖော်ပြထားသည်။

င) စီမံကိန်းအဆိုပြုလွှာ သို့မဟုတ် ကနဦးပတ်ဝန်းကျင် ဆန်းစစ်ခြင်း (IEE) / ပတ်ဝန်းကျင်ထိခိုက်မှုဆန်းစစ်ခြင်း

(EIA) နှင့်ဆိုင်သည့် အချက်အလက်များကို စီးပွားရေးအရ သို့မဟုတ် နိုင်ငံတော်လုံခြုံရေးအရ လျှို့ဝှက်စွာ

ထားရှိရသည်မှာ အလွန်ရှားပါး ပေလိမ့်မည်။

(၁) အချက်အလက်များများ တတ်နိုင်သမျှ ဖော်ပြသင့်သော်လည်း ဤဖြစ်ရပ်များ၌ အချို့အချက်အလက်

များကို မဖော်ပြဘဲ၊ ထိုသို့မဖော်ပြရသည့်အကြောင်းပြချက်များပေးရန် ရှင်းလင်းစွာ ဖော်ပြထားသည်။

(၂) ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန(ECD)သို့ တင်ပြချိန်တွင် အဆိုပါ လျှို့ဝှက် အချက်အလက်များကို

သီးခြားစာရွက်စာတမ်းတွင် ထည့်သွင်းသင့်သည်။

စ) အများပြည်သူ ပူးပေါင်းပါဝင်ဆောင်ရွက်မှု ထိရောက်အဓိပ္ပါယ်ရှိစေရန်အတွက် စီမံကိန်းကြောင့် ထိခိုက်

ခံစားရသူများ၊ စီမံကိန်းနှင့်ပတ်သက်ဆက်နွယ်သောအခြားသူများအား စီမံကိန်းနှင့်ဆိုင်သည့် အချက်အလက်

များပေး၍၊ ထိုအချက်အလက်များအပေါ်သုံးသပ်ရန်နှင့် ယင်းတို့၏ သဘောထားအမြင်များ တုန့်ပြန်ဖြေကြား

နိုင်ရေး ပြင်ဆင်ရန်နှင့် ပြန်လည်တုန့်ပြန်ဖြေကြားနိုင်ရန် အချိန်အလုံအလောက်ပေးရမည်။

ဆ) ကနဦးပတ်ဝန်းကျင်ဆန်းစစ်ခြင်း (IEE) သို့မဟုတ် ပတ်ဝန်းကျင်ထိခိုက်မှုဆန်းစစ်ခြင်း (EIA) အတွက် စုံစမ်း

စစ်ဆေးမှုများ တိုးတက်ဖြစ်ပေါ်လာသည်နှင့်အမျှ စီမံကိန်းအဆိုပြုလွှာနှင့်ဆိုင်သည့် အချက်အလက်များ

တိုးပွားလာလိမ့်မည်ဖြစ်ရာ - ထိုအချက်အလက်များ တိုးတက်ရရှိနိုင်ရေး ဆောင်ရွက်ပေးသင့်သည်။ ဤသို့

ဆောင်ရွက်ရန်အလို့ငှာ၊ စီမံကိန်းအဆိုပြုသူများသည် အောက်ပါတို့ကို အခြေခံ၍ အချက်အလက်များ

ဖွင့်ဟဖော်ပြရန် ကြိုးပမ်းဆောင်ရွက်ရမည် -

(၁) စီမံကိန်းအဆိုပြုသူတစ်ဦးသည် စီမံကိန်းအဆိုပြုလွှာအား အများပြည်သူသို့ စောစောအသိပေး၍၊

အဆိုပြုလွှာနှင့် EIA လုပ်ငန်းစဉ် နှစ်ခုလုံးနှင့် စပ်လျဉ်းသည့် အချက်အလက်များ( စီမံကိန်းဆိုင်ရာ

အချက်အလက်အသေးစိတ်ကို မည်သည့်နေရာတွင် မည်သို့ ရယူနိုင်ကြောင်းနှင့် EIA လုပ်ငန်းစဉ်တွင်

မည်သို့ ပါဝင်ဆောင်ရွက်နိုင်ကြောင်း အပါအဝင် )ကို စောစောပေးနိုင်လေ ပိုမိုကောင်းလေဖြစ်သည်။

(၂) စီမံကိန်းအဆိုပြုလွှာနှင့် ယင်းကြောင့် ဖြစ်လာနိုင်သည့် သက်ရောက်မှုများအကြောင်း အသစ်

သို့မဟုတ် နောက်ဆုံးရ သတင်းအချက်အလက်များ ရလျှင်ရခြင်း၊ အများပြည်သူသို့ ဖြစ်နိုင်လျှင်

အမြန်ဆုံး ဖော်ပြပေးသင့်သည်။

(၃) ရရှိထားသော အချက်အလက်များကို အချက်အလက်မပြည့်စုံ၍ဟူသော အကြောင်းပြချက်တစ်ခုဖြင့်

ချုပ်ကိုင်ထားခြင်း မပြုရ။

ဇ) သက်ဆိုင်ရာအချက်အလက်များအားလုံးကို ခြွဲ ခမ်းစိစစ်ရာတွင် နောက်ဆုံးရ အသေးစိတ်ဗဟုသုတ

အချက်အလက်များအပေါ် အားထားခြင်းနှင့် ဖြစ်နိုင်ခြေရှိသည့် အချက်အလက်များ ရရှိနိုင်ခြင်းတို့ နှစ်ခုအကြား

ချိန်ညှိခြင်းပါဝင်သည်။
16

ဈ) သက်ဆိုင်ရာ စီမံကိန်းအဆိုပြုလွှာပေါ်မူတည်၍၊ ယင်းနှင့်သက်ဆိုင်သည့် အချက်အလက်များလည်း

ကွဲလွဲပေလိမ့်မည်။ သို့ရာတွင် ကနဦး ပတ်ဝန်းကျင် ဆန်းစစ်ခြင်း (IEE) သို့မဟုတ် ပတ်ဝန်းကျင် ထိခိုက်မှု

ဆန်းစစ်ခြင်း (EIA) အဆင့်တစ်ခုစီအလိုက် သာမန်အားဖြင့် ရရှိနိုင်သည့် အနည်းဆုံး အချက်အလက်များကို

ဇယား ၁ တွင် စုစည်းဖော်ပြထားသည်။

ည) အချက်အလက်များပေးရာတွင် ပစ်မှတ်ထားသော ပရိသတ်က အလွယ်တကူ နားလည်သဘောပေါက်နိုင်၊

အသုံးပြုနိုင်သည့် ပုံစံနှင့်၊ ဘာသာစကားအားဖြင့် ပေးရန်လိုအပ်သည်။ ထို့အပြင် ယင်းတို့အနေနှင့် နားလည်

သဘောပေါက်နိုင်ရန်၊ စဉ်းစားသုံးသပ်နိုင်ရန်နှင့် ပြန်လည်တုန့်ပြန်ဖြေကြားနိုင်ရန် အချိန်အလုံအလောက်

ပေးရန်လိုသည်။

ဋ) တိုင်းရင်းသားမျိုးနွယ်စုမှ ပုဂ္ဂိုလ်များ သို့မဟုတ် ထိခိုက်ခံစားလွယ်သော အခြားလူအုပ်စုများကို ထိခိုက်မည့်

စီမံကိန်းအဆိုပြုလွှာများ၌ အချက်အလက်များ ဖော်ပြနိုင်ရေး နောက်ထပ်နည်းလမ်းများ အသုံးပြုရန်

များသောအားဖြင့် လိုအပ်သည်။ သို့မှသာ ယင်းတို့အနေနှင့် ထိရောက်အဓိပ္ပါယ်ရှိစွာ၊ အပြည့်အဝ ပူးပေါင်း

ပါဝင်ဆောင်ရွက်ရန် အခွင့်အလမ်းများ ရရှိနိုင်ပေမည်။

ဌ) အထူးသဖြင့်၊ ကြီးမားသော သို့မဟုတ် ရှုပ်ထွေးသော စီမံကိန်းအဆိုပြုလွှာများနှင့် စပ်လျဉ်း၍ စီမံကိန်းကြောင့်

ထိခိုက်ခံစားရသူများနှင့် စီမံကိန်းနှင့်ပတ်သက်ဆက်နွယ်သော အခြားသူများအနေနှင့် များပြားလှသော

သတင်းအချက်အလက်များကြောင့် ရှုပ်ထွေးကာ သဘောပေါက်မှု အားနည်းနိုင်ခြေရှိသည်ကိုလည်း

စီမံကိန်းအဆိုပြုသူများ သိရှိသဘောပေါက်ထားရန်လည်း လိုအပ်သည်။ ဤစိန်ခေါ်မှုကို စီမံခန့်ခွဲရန်၊

စီမံကိန်းအဆိုပြုသူများအနေနှင့် အသေးစိတ်အချက်အလက်များ ထပ်မံဖြည့်ဆည်းနိုင်ရေး အောက်ပါ

သင့်တော်သော နည်းလမ်းများအတိုင်း စဉ်းစားထားရန် လိုသည် -

(၁) နည်းပညာဆိုင်ရာနှင့် နည်းပညာနှင့်မဆိုင်သော အချက်အလက်အကျဉ်းချုပ်များ

(၂) ရှည်လျား၊ အသေးစိတ်သော စာရွက်စာတမ်းများကို နှုတ်ဖြင့် (သို့မဟုတ် အခြားသော အမြင်အာရုံ

ဆိုင်ရာ နည်းလမ်းမျာ်းဖြင့် ) ရှင်းပြခြင်း

ဇယား ၁ ။ သာမန်အားဖြင့် EIA လုပ်ငန်းစဉ်၏ အဆင့်တစ်ခုစီအလိုက် ဖွင့်ဟဖော်ပြရန် မျှော်မှန်းထားသည့် အနည်းဆုံး

အချက်အလက်များ

IEE/EIA အဆင့် ဖွင့်ဟဖော်ပြရန် သာမန်အားဖြင့် မျှော်မှန်းထားသည့် အနည်းဆုံး အချက်အလက်များ

IEE/EIA ဆောင်ရွက်ရန် • စီမံကိန်းအဆိုပြုလွှာဆိုင်ရာ ဖော်ပြချက်များ

လိ/ု မလို စိစစ်ခြင်း - မြေပုံများနှင့်ရုပ်ပုံများ

(Screening) - စီမံကိန်းအမျိုးအစား၊ အရွယ်အစား၊ စီမံကိန်းတည်နေရာနှင့်

အကောင်အထည်ဖော်မည့် အချိန်ကာလ စသည့် အကျဉ်းချုပ်

- အဆိုပြုလွှာ၏ သမိုင်းကြောင်းနှင့် နောက်ခံအခြေအနေ

- စီမံကိန်း ဆောင်ရွက်သင့်/မသင့် ဆန်းစစ်အကဲဖြတ်ခြင်း၊ မျှော်မှန်းထား


17

သည့် အကျိုးရလဒ်များအပါအဝင်

• စီမံကိန်း အဆိုပြုသူနှင့် ဆိုင်သည့် အသေးစိတ်အချက်အလက်များ

- ဆက်သွယ်ရမည့်လိပ်စာ

- ယခင်အတွေ့အကြုံများ

- စီမံကိန်းအား ဘဏ္ဍာငွေ ပံ့ပိုးသူများ

(EIA ပြုလုပ်ရန် လိုအပ် • အထက်ပါအချက်အလက်အားလုံး

သည့် စီမံကိန်းအမျိုး • IEE /EIA ပြုလုပ်ရန် လိ/ု မလို ဆုံးဖြတ်ချက်

အစားများ အတွက်)၆ • စီမံကိန်းဆိုင်ရာ အသေးစိတ်ဖော်ပြချက်များ


ပတ်ဝန်းကျင် ထိခိုက်မှု - အခြားနည်းလမ်းများအားဖြင့် ဆောင်ရွက်မည့်စီမံကိန်းအဆိုပြုလွှာ
စုံစမ်းစစ်ဆေးရမည့် ( ဥပမာ - အခြားနေရာ များ၊ အရွယ်အစား၊ အခြားနည်းပညာများ
နယ်ပယ်အတိုင်းအတာ သို့မဟုတ် အခြားနည်းဖြင့် လုပ်ငန်းလည်ပတ်မည့် အစီအစဉ်များ)
သတ်မှတ်ခြင်း(Scoping) - အဆိုပြုစီမံကိန်း ဆောင်ရွက်မည့်ကာလအပိုင်းအခြားများ (အကြို

တည်ဆောက်ရေးလုပ်ငန်းများ၊ တည်ဆောက်ရေးနှင့်လုပ်ငန်း

လည်ပတ်ရေး မျှော်မှန်းအချိန်ကာလများ အပါအဝင်)

- လိုအပ်သော မြေပမာဏနှင့် ဖြစ်နိုင်ဖွယ်ရှိသည့် ရွှေ့ပြောင်းနေရာချထားမှု

• ထိခိုက်နိုင်ခြေများကို ကနဦးစိစစ်ဖော်ထုတ်မှု အခြေအနေအကျဉ်းချုပ်

- တိုက်ရိုက်နှင့် သွယ်ဝိုက် သက်ရောက်မှုများ

- အတိမ်းအစောင်းမခံသော သို့မဟုတ် အရေးကြီးသော နေရာများ

- အလားတူစီမံကိန်းများ သိ့မ
ု ဟုတ် အခြားစီမံကိန်းများ ဆောင်ရွက်ခဲ့သည့်

အတွေ့အကြုံများ

၆ EIA ဆိုင်ရာ လုပ်ထုံးလုပ်နည်းအရ၊ EIA ပြုလုပရ


် န်လအ
ို ပ်သည့် စီမံကိန်းများသာ ပတ်ဝန်းကျင်ထိခိုက်မှု

စုံစမ်းစစ်ဆေးရမည့် နယ်ပယ်အတိုင်းအတာ သတ်မှတ်သည့်အဆင့် ကို ဆောင်ရွက်ရန် လိုအပ်သည်။


18

• စီမံကိန်းကြောင့် ထိခိုက်ခံစားရသူများနှင့် စီမံကိန်းနှင့်ပတ်သက်ဆက်နွယ်

နေသော အခြားသူများကို ကနဦး ခွဲခြားစိစစ်သတ်မှတ်ထားမှုအခြေအနေ

အကျဉ်းချုပ်

• EIA လုပ်ငန်းစဉ် အကျဉ်းချုပ်၊ မျှော်မှန်းထားသည့် အချိန်ကာလသတ်မှတ်ချက်

• ရေးဆွဲထားသည့် အများပြည်သူ ပူးပေါင်းပါဝင်ဆောင်ရက


ွြ် ခင်းလုပ်ငန်းစဉ်များ၏

အခင်းအကျင်း

• ပတ်ဝန်းကျင်ထိခိုက်မှု စုံစမ်းစစ်ဆေးမည့် နယ်ပယ် အတိုင်းအတာ သတ်မှတ်

သည့် အစီရင်ခံစာမူကြမ်း၊ Terms of Reference နှင့် အများပြည်သူ ပူးပေါင်း

ပါဝင်ဆောင်ရွက်ခြင်း အစီအစဉ်

IEE/EIA စုံစမ်းစစ်ဆေး • အထက်ပါအချက်အလက်အားလုံး

ခြင်းနှင့် အစီရင်ခံစာပြုစု • စုံစမ်းစစ်ဆေးမည့် နယ်ပယ်အတိုင်းအတာ သတ်မှတ်သည့် အတည်ပြုပြီးသော

ရေးဆွဲခြင်း အစီရင်ခံစာနှင့် သတ်မှတ်တာဝန်နှင့် လုပ်ပိုင်ခွင့် (Terms of Reference) (EIA

ဆောင်ရွက်ရမည့် စီမံကိန်း အမျိုးအစားဖြစ်ပါက) နှင့် အများပြည်သူပူးပေါင်း

ပါဝင် ဆောင်ရွကြ် ခင်းအစီအစဉ်

• အများပြည်သူပူးပေါင်းပါဝင် ဆောင်ရွက်ခြင်းအစီအစဉ်နှင့်စပ်လျဉ်းသည့်

နောက်ဆုံးဖြစ်ပေါ်တိုးတက်မှုအခြေအနေများ

• စီမံကိန်းအဆိုပြုလွှာနှင့် ဖြစ်နိုင်ခြေရှိသည့် ထိခိုက်မှုများနှင့်စပ်လျဉ်းသည့်

နည်းပညာဆိုင်ရာနှင့် သိပ္ပံဆိုင်ရာ အသေးစိတ်အချက်အလက်များ

- အခြားနည်းလမ်းဖြင့် စီမံကိန်းဆောင်ရွက်နိုင်ရေး အချက်အလက်

အသေးစိတ်များ

- ထိခိုက်မှုဆန်းစစ်သည့်နည်းလမ်း

- စိစစ်တွေ့ရှိရသည့် ထိခိုက်မှုများ၏ စိန်ခေါ်မှုများကို ဆန်းစစ်ခြင်း

- ထိခိုက်မှုလျော့ချရေး အစီအမံများ (သက်ဆိုင်ရာ အစီအမံများကို မည်သည့်

အကြောင်းကြောင့်စဉ်းစားရကြောင်း၊ မည်သည့်အကြောင်းကြောင့် အခြား

အစီအမံများကို မစဉ်းစားရကြောင်း အသေးစိတ်များအပါအဝင်)

- သာမန်ပြည်သူများ အလွယ်တကူ နားလည်နိုင်ရေးအတွက်

အချက်အလက် အကျဉ်းချုပ်အား ရိုးရှင်းသော စကားလုံးများဖြင့်

(ဆိုလိုသည်မှာ - ပညာရပ်ဆိုင်ရာ စကားရပ်သုံးစွဲမှု အကန့်အသတ်ဖြင့်)

• စီမံကိန်းကြောင့် ထိခိုက်ခံစားရသူများ၊ စီမံကိန်းနှင့်ပတ်သက်ဆက်နွယ်သော

အခြားသူများထံမှ ရရှိထားသော တုန့်ပြန်ဖြေကြားချက်များ အကျဉ်းချုပ်


19

• IEE သို့မဟုတ် EIA အစီရင်ခံစာ မူကြမ်း နှင့် ပတ်ဝန်းကျင်စီမံခန့်ခွဲမှု အစီအစဉ်

(EMP) (ဘတ်ဂျက် လိုအပ်ချက်များ အပါအဝင်)

ပြန်လည်သုံးသပ်ခြင်းနှင့် • အထက်ပါအချက်အလက်အားလုံး

ဆုံးဖြတ်ခြင်း • တင်ပြထားသော IEE သို့မဟုတ် EIA အစီရင်ခံစာ

• IEE သို့မဟုတ် EIA ဆိုင်ရာ အပြီးသတ် ဆုံးဖြတ်ချက်

- ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ လိုက်နာဆောင်ရွက်မှု သက်သေခံ

လက်မှတ်နှင့် IEE သို့မဟုတ် EIA ကို အတည်ပြုခဲ့လျှင်၊ အခြား

သတ်မှတ်မည့် စည်းကမ်းချက်များ

- အများပြည်သူ ပူးပေါင်းပါဝင်ဆောင်ရွက်ခြင်း လုပ်ငန်းစဉ်များမှရသော

တုန့်ပြန်ချက်များကို ဆုံးဖြတ်ချက်ချရာတွင် မည်သို့ထည့်သွင်းစဉ်းစား

ကြောင်း အကျဉ်းချုပ်

စောင့်ကြပ်ကြည့်ရှုခြင်း • အထက်ပါအချက်အလက်အားလုံး

• စီမံကိန်းအကောင်အထည်ဖော်မှုဆိုင်ရာ နောက်ဆုံးရအချက်အလက်များ

• စီမံကိန်း စောင့်ကြပ်ကြည့်ရှုခြင်းအစီရင်ခံစာ

• အသုံးစရိတ်အသေးစိတ်

- ထိခိုက်မှုလျော့ချရေးနှင့် စီမံခန့်ခွဲရေး အစီအမံများ

- စောင့်ကြပ်ကြည့်ရှုခြင်းစနစ်များ

- စီမံကိန်းကတိကဝတ်များ

• ပတ်ဝန်းကျင်စီမံခန့်ခွဲမှု အစီအစဉ်နှင့် စပ်လျဉ်းသည့်နောက်ဆုံးရ

အချက်အလက်များ

• လိုက်နာရမည့်ကိစ္စများအပေါ် ချိုးဖောက်မှုများနှင့် အရေးယူဆောင်ရွက်မည့်

အစီအမံများ အသေးစိတ်

• ရပ်ရွာလူထုနှင့် ထိတွေ့ဆက်ဆံသည့် လုပ်ထုံးလုပ်နည်း မှတ်တမ်းများ

၁.၄.၆. ဘာသာစကား

က) စီမံကိန်းအဆိုပြုလွှာတစ်ခုအပေါ် အများပြည်သူ ပူးပေါင်းပါဝင်ဆောင်ရွက်မှု ထိရောက်ခြင်း ရှ/ိ မရှိသည်

စီမံကိန်းကြောင့် ထိခိုက်ခံစားရသူများ၊ စီမံကိန်းနှင့် ပတ်သက်ဆက်နွယ်သော အခြားသူများနှင့် စီမံကိန်း

ဆိုင်ရာ အချက်အလက်များအားဖြင့် ဆက်သွယ် ဆောင်ရွက်သည့် နည်းလမ်းအပေါ် များစွာမူတည်နေသည်။

ခ) စီမံကိန်းအဆိုပြုသူများနှင့် EIA အတိုင်ပင်ခံများသည် စီမံကိန်းကြောင့် ထိခိုက်ခံစားရသူများ၊ စီမံကိန်းနှင့်

ပတ်သက်ဆက်နွယ်သော အခြားသူများအား စီမံကိန်းဆိုင်ရာ အချက်အလက်များအားဖြင့် ဆက်သွယ်

ဆောင်ရွက်နိုင်ရေး ပြင်ဆင်ထားသင့်သည်။ ဤအပိုင်းတွင် ရိုးရှင်းသော စကားလုံးများအားဖြင့် (ပညာရပ်


20

ဆိုင်ရာ စကားရပ်များ သုံးစွဲမှုအကန့်အသတ်ဖြင်)့ ၊ အများပြည်သူ အလွယ်တကူနားလည်နိုင်ရေး ဒီဇိုင်းပုံဖော်

ထားသည့်အတိုင်း ဆက်သွယ်ဆောင်ရွက်ရမည်။

(၁) ဥပမာ - စုံစမ်းစစ်ဆေးရသည့် နယ်ပယ်အတိုင်းအတာသတ်မှတ်သည့် အစီရင်ခံစာ (Scoping

Report) ၊ IEE အစီရင်ခံစာများ၊ EIA အစီရင်ခံစာများနှင့် အခြားစာရွက်စာတမ်းများနှင့်အတူ

နည်းပညာမဆန်ဘဲ၊ ရိုးရှင်းသော စကားလုံးများသုံး၍ သာမန်ပြည်သူများ နားလည်နိုင်အောင်

ရေးသားထားသော အကျဉ်းချုပ် အစီရင်ခံစာပါ ပူးတွဲပါရှိသင့်သည်။

ဂ) အများပြည်သူ ပူးပေါင်းပါဝင်သော အစည်းအဝေးများအတွက်၊ စီမံကိန်းအဆိုပြုသူများနှင့် EIA အတိုင်ပင်ခံ

များ ပြင်ဆင်ထားသင့်သည်မှာ -

(၁) သာမန်ပြည်သူ နားလည်လွယ်စေရေး၊ နည်းပညာမဆန်သောစတိုင်ဖြင့် ရိုးရှင်းသောာ စကားလုံးများ

သုံး၍ ( ဆိုလိုသည်မှာ - ပညာရပ်ဆိုင်ရာ စကားလုံး သုံးစွဲမှု အကန့်အသတ်ဖြင်)့ အစည်းအဝေး

တက်ရောက်သူများအား နှုတ်ဖြင့် ရှင်းလင်းဆွေးနွေးမှုများ ပြုလုပ်ရန်

(၂) အခြားသော ဆက်သွယ်ရေးကိရိယာများ ဥပမာ - နမူနာပုံစံများ၊ မြေပုံများ၊ ဗီဒီယိုများ၊

အပြန်အလှန် ဆက်သွယ်နိုင်သော ဝက်ဘ်ဆိုဒ် များ စသည်ကို အသုံးပြုရန်

ဃ) ထို့အပြင် အကယ်၍ အဆိုပြုစီမံကိန်းသည် ဗမာစကားကို ပင်မဘာသာစကားအဖြစ်အသုံးမပြုသော PAP

များအပေါ် ထိခိုက်နိုင်ခြေရှိလျှင် စီမံကိန်းအဆိုပြုသူနှင့် EIA အတိုင်ပင်ခံတို့သည် စီမံကိန်းဆိုင်ရာ

အချို့အချက်အလက်များကို PAP များ၏ ပင်မဘာသာစကားဖြင့် ဘာသာပြန်ဆိုရန် ပြင်ဆင်ထားသင့်သည်။

င) ဤနေရာတွင် စာဖြင့်ရေးသား ရှင်းလင်းတင်ပြသော အချက်အလက်များနှင့် နှုတ်ဖြင့် ရှင်းလင်းဆွေးနွေးသော

အချက်အလက်များ ပါဝင်သင့်သည်။

စ) အလားတူပင်၊ EIA အတိုင်ပင်ခံအနေနှင့် PAP များ၊ စီမံကိန်းနှင့် ပတ်သက်ဆက်နွယ်သော အခြားသူများ၏

တုန့်ပြန်မှုများကို ကောင်းစွာ နားလည်စေရန် အများပြည်သူ ပူးပေါင်းပါဝင်သည့် အခမ်းအနားအားလုံး၌

စကားပြန်များ ရရှိနိုင်ရန် စီစဉ်ထားသင့်သည်။

၁.၅. အများပြည်သူ ပူးပေါင်းပါဝင်ဆောင်ရွကြ် ခင်း လုပ်ငန်းစဉ်များအတွက် ဘတ်ဂျက်ရေးဆွဲခြင်း

က) EIA လုပ်ငန်းစဉ်အတွက် ဒီဇိုင်းပုံဖော်ခြင်း၊ အစီအစဉ်ရေးဆွဲခြင်း၊ စီမံကိန်းစီမံခန့်ခွဲခြင်းများကို စီမံကိန်း

အဆိုပြုသူက ရင်းနှီးမြုပ်နှံခြင်းဖြစ်သည်။ အထူးသဖြင့် ကဏ္ဍများစွာနှင့် လုပ်ငန်းကာလအပိုင်းအခြားများစွာ

ပါဝင်သည့် ဖွံ့ဖြိုးရေး အဆိုပြုလွှာကြီးများကို စီမံကိန်းအဆိုပြုသူက ရင်းနှီးမြုပ်နှံခြင်းဖြစ်သည်။

ခ) EIA ဆိုင်ရာ လုပ်ထုံးလုပ်နည်းပါ (ပုဒ်မ ၄၃၊ ၆၉၊ ၈၂ နှင့် ၁၂၂) အရ၊ စီမံကိန်းအဆိုပြုသူသည် EIA

လုပ်ငန်းစဉ်နှင့်ဆိုင်သည့် ကုန်ကျစရိတ်အားလုံး၊ အများပြည်သူ ပူးပေါင်းပါဝင်ရန် ထောက်ပံ့ဖြည့်ဆည်းခြင်း

နှင့် အကောင်အထည်ဖော်ခြင်းများ အပါအဝင်အပေါ် ကျခံရသည်။

ဂ) အများပြည်သူ ပူးပေါင်းပါဝင်ဆောင်ရွက်ခြင်းသည် EIA လုပ်ငန်းစဉ်၏ သတ်မှတ်ချက်တစ်ခုဖြစ်ပြီး၊ စီမံကိန်း

အဆိုပြုသူနှင့် EIA အတိုင်ပင်ခံတို့သည် အများပြည်သူ ပူးပေါင်းပါဝင် ဆောင်ရွက်နိုင်ရန် ဘတ်ဂျက်

အလုံအလောက် ရရှိအောင် ဆောင်ရွက်ရမည်။ ဤနေရာတွင် စီမံကိန်းအဆိုပြုသူနှင့် EIA


21

အတိုင်ပင်ခံတို့အကြား ချုပ်ဆိုသည့် ကန်ထရိုက်စာချုပ်တစ်ရပ် သို့မဟုတ် သဘောတူစာချုပ်တန်ဖိုး

အပါအဝင်ဖြစ်သည်။

ဃ) သာမန်ပြည်သူများသည် EIA လုပ်ငန်းစဉ်များတွင် ပါဝင်ဆောင်ရွက်ရာ၌ သို့မဟုတ် EIA လုပ်ငန်းစဉ်

များအပေါ် အစိုးရ၏ ဆန်းစစ်မှုများအတွက် စရိတ်စကများ မကျခံသင့်ပါ။ ဤကုန်ကျစရိတ်အားလုံးသည်

စီမံကိန်းအဆိုပြုသူ ကျခံမည့် EIA ဘတ်ဂျက်တွင် ပါဝင်ရန်ဖြစ်သည်။

င) စီမံကိန်းအဆိုပြုလွှာကို အတည်ပြု၍ စီမံကိန်းဆက်လက် အကောင်အထည်ဖော်လျှင်၊ ပတ်ဝန်းကျင်စီမံခန့်ခွဲမှု

အစီအစဉ် (EMP) နှင့် ပတ်ဝန်းကျင်ထိန်းသိမ်းမှု လိုက်နာဆောင်ရွက်ရေး သက်သေခံကတ်ထဲတွင် EIA

လုပ်ငန်းစဉ်များ စောင့်ကြပ်ကြည့်ရှုခြင်းနှင့် စီမံခန့်ခွဲခြင်းဆိုင်ရာ တာဝန်များကို ထည့်သွင်းထားရပေမည်။

အချို့အစီအစဉ်များတွင် ထိခိုက်နစ်နာသူ ရပ်ရွာလူထုများက ပူးပေါင်းပါဝင်ဆောင်ရွက်ခြင်းများ ပါဝင်နိုင်

သည်။

စ) အကောင်အထည်ဖော်ခြင်းအဆင့်တွင် စောင့်ကြပ်ကြည့်ရှုခြင်း၊ စီမံခန့်ခွဲခြင်းနှင့် အများပြည်သူ ပူးပေါင်း

ပါဝင်ဆောင်ရွက်ခြင်း လုပ်ဆောင်ချက်များအားလုံးကို ဌာနတွင်းအစီအစဉ်ဖြင့် ဆောင်ရွက်သည်ဖြစ်စေ၊

ပြင်ပမှတတိယအဖွဲ့အစည်း သို့မဟုတ် ရပ်ရွာလူထုကိုယ်စားလှယ်များက ဆောင်ရွက်သည်ဖြစ်စေ စီမံကိန်း

ဘတ်ဂျက်မှ ရန်ပုံငွေ အလုံအလောက်ပေးထားသင့်သည်။

ဆ) EIA လုပ်ငန်းစဉ်များ ဆောင်ရွက်ခြင်းနှင့် EMP အကောင်အထည်ဖော်ခြင်းတို့နှင့်ဆိုင်သည့် ကုန်ကျစရိတ်

အားလုံးသည် (စီမံကိန်းအဆိုပြုလွှာကို အတည်ပြုခဲ့လျှင်) စီးပွားရေးလုပ်ကိုင်မှု၏ သာမန်ကုန်ကျစရိတ်

အစိတ်အပိုင်းဖြစ်သည်။
1

အခန်း ၂ ။ အများပြည်သူ ပူးပေါင်းပါဝင်ဆောင်ရွကြ် ခင်း အစီအစဉ်ရေးဆွဲခြင်း

၂.၁. အများပြည်သူ ပူးပေါင်းပါဝင်ဆောင်ရွက်ခြင်းအစီအစဉ်များ၏ ရည်ရွယ်ချက်နှင့် အကျိုးကျေးဇူးများ

က) လုံလောက်သော၊ အားလုံးပါဝင်နိုင်သော၊ သင့်တော်သော အများပြည်သူ ပူးပေါင်းပါဝင်ခြင်းကို ဆောင်ရွက်

ခြင်းမရှိလျှင်၊ စီမံကိန်းအဆိုပြုသူများသည် စီမံကိန်းကြောင့် ထိခိုက်ခံစားရသူများ၊ စီမံကိန်းနှင့် ပတ်သက်

ဆက်နွယ်သော အခြားသူများထံမှ ဆန့်ကျင်ဘက်သဘော တုန့်ပြန်မှုကို ကြုံတွေ့နိုင်သည့် စိန်ခေါ်မှုရှိသည်။

IEE သို့မဟုတ် EIA က အဆိုပြုစီမံကိန်းကြောင့် ဖြစ်ပေါ်မည့် အဓိကထိခိုက်မှုများကို ဖော်ထုတ်သတ်မှတ်

ခြင်း၊ လျော့ချကုစားခြင်းများ မပြုလုပသ


် ည့် တကယ့်စိန်ခေါ်မှုတစ်ရပ်လည်း ရှိသည်။ ဤသို့ဖြစ်လျှင် အဆိုပြု

စီမံကိန်းကို ပယ်ချခြင်းသို့ ဦးတည်သွားနိုင်သည် သို့မဟုတ် IEE အစီရင်ခံစာ သို့မဟုတ် EIA အစီရင်ခံစာကို

ပြန်လည်ရေးဆွဲပြုစုရလျှင် လုပ်ငန်းများ များစွာနှောင့်နှေးကြန့်ကြာသွားနိုင်သည်။

ခ) ထို့ကြောင့် ထိရောက်သော ဆောင်ရွက်မှုဖြစ်စေရန်၊ အများပြည်သူ ပူးပေါင်းပါဝင်ဆောင်ရွက်ခြင်းကို EIA

လုပ်ငန်းစဉ်တလျှောက် စနစ်တကျ ပုံဖော်၊ အစီအစဉ်ရေးဆွဲ ဆောင်ရွက်ရန်လအ


ို ပ်သည်။ (ထို့အပြင်

အတည်ပြု ထားသော စီမံကိန်းများ အကောင်အထည်ဖော်စဉ်တလျှောက်တွင်လည်း အစီအစဉ်ရေးဆွဲထား

သည့်အတိုင်း ဆက်လက်ဆောင်ရွက်ရမည်။)

ဂ) ကောင်းမွန်သော၊ အများပြည်သူ ပူးပေါင်းပါဝင်ဆောင်ရွကြ် ခင်း အစီအစဉ်ကို ချမှတ်ဆောင်ရွက်ရန်

အရေးကြီးသည်။ သို့မှသာ စီမံကိန်း အဆိုပြုသူအား အောက်ပါ အကျိုးကျေးဇူးများရရန် ကူညီနိုင်ပေမည် -

(၁) ရပ်ရွာလူထုအသိုင်းအဝိုင်း၏ ယုံကြည်မှုနှင့် အထောက်အပံ့တည်ဆောက်ရန်

(၂) ဒေသန္တရ ဗဟုသုတများနှင့် ရပ်ရွာလူထု၏ အမှန်တကယ်စိုးရိမ်ပူပန်မှု၊ အလေးထားမှုများကို

သိရှိနားလည်၍ ဖြေရှင်းဆောင်ရွက်ပေးရန်

(၃) IEE သို့မဟုတ် EIA အပြီးသတ်မှုနှင့် EMP အကောင်အထည်ဖော်မှု နှောင့်နှေး၍၊

ကြန့်ကြာမှုများနှင့် စရိတ်တက်မှုများကို လျှော့ချရန်

(၄) စီမံကိန်းများ သို့မဟုတ် လုပ်ဆောင်ချက်များတွင် ကြုံတွေ့နိုင်သည့် ဥပဒေကြောင်းအရ

တရားစွဲဆိုမှုများကို ရှောင်ရှားရန်

(၅) စီမံကိန်းကတိကဝတ်များကို ထိရောက်စွာ ဖြည့်ဆည်းဆောင်ရွက်နိုင်စွမ်းရှိရန် သို့မဟုတ်

တိုင်ကြားမှုများကို ဖြေရှင်းဆောင်ရွက်နိုင်စွမ်းရှိရန်

(၆) အများပြည်သူ ပူးပေါင်းပါဝင်ဆောင်ရွက်ခြင်း အစီရင်ခံစာ ပြုစုတင်ပြခြင်းဆိုင်ရာ

သတ်မှတ်ချက်များကို EMP နှင့်အညီ လိုက်နာဆောင်ရွက်နိုင်စွမ်းရှိရန်

ဃ) ဤလမ်းညွှန်ချက်တွင် စီမံကိန်းအဆိုပြုသူအားလုံးအား အများပြည်သူ ပူးပေါင်းပါဝင် ဆောင်ရွက်ခြင်း

အစီအစဉ် ပြုစုရေးဆွဲရန်နှင့်၊ စီမံကိန်းကြောင့် ထိခိုက်ခံစားရသူများ၊ စီမံကိန်းနှင့်ပတ်သက်ဆက်နွယ်သော

အခြားသူများ၏ စိုးရိမ်ပူပန်မှုများ၊ အလေးထားမှုများ၊ အခက်အခဲများကို ဖော်ထုတ်စိစစ်၍ IEE သို့မဟုတ်

EIA နှင့် စီမံကိန်းဆိုင်ရာ EMP တွင် မည်သို့ ပေါင်းစပ်ထည့်သွင်းရမည်ကို သတ်မှတ်ရန်

တိုက်တွန်းထားသည်။
2

င) စီမံကိန်းအဆိုပြုသူများသည် EIA အားလုံးတွင် အများပြည်သူ ပူးပေါင်းဆောင်ရွကြ် ခင်း အစီအစဉ် တစ်ရပ်ကို

ပြုစုရေးဆွဲရမည်ဖြစ်ပြီး၊ ထိုအစီအစဉ်ကို စုံစမ်းစစ်ဆေးရမည့် နယ်ပယ်အတိုင်းအတာ သတ်မှတ်သည့်

အဆင့်၌ Terms of Reference ၏ အစိတ်အပိုင်းတစ်ရပ်အဖြစ် EIA ဆိုင်ရာ လုပ်ထုံးလုပ်နည်းပါ ဥပဒေပုဒ်မ

၅၂ အရ ECD က စဉ်းစားအတည်ပြုရန်ဖြစ်သည်။

စ) အရိုးရှင်းဆုံး၊ အဖြောင့်တန်းဆုံးသော IEE များ ဖြစ်လျှင်တောင်မှ၊ စီမံကိန်းအဆိုပြုသူများအနေနှင့် စီမံကိန်း

အဆိုပြုလွှာအားလုံးတွင် အများပြည်သူ ပူးပေါင်းပါဝင်ဆောင်ရွကြ် ခင်း အစီအစဉ်ကို ရေးဆွဲရန်

ဤလမ်းညွှန်ချက်တွင် အကြံပြုထားသည်။

၂.၂. စီမံကိန်းကြောင့် ထိခိုက်ခံစားရသူများ (PAPs) နှင့် စီမံကိန်းနှင့်ပတ်သက်ဆက်နွယ်သောအခြားသူများကို

ခွဲခြားစိစစ်သတ်မှတ်ခြင်း

က) IEE သို့မဟုတ် EIA လုပ်ငန်းစဉ်တွင် အစောဆုံးဆောင်ရွက်ရမည့် လုပ်ငန်းတာဝန်မှာ အဆိုပြုစီမံကိန်းကြောင့်

ထိခိုက်နစ်နာနိုင်သော PAPs များနှင့် စီမံကိန်းနှင့် ပတ်သက်ဆက်နွယ်သော အခြားသူများကို ခွဲခြားစိစစ်

သတ်မှတ်ရန်ဖြစ်သည်။

ခ) ဤသို့စိစစ်သတ်မှတ်ရာတွင် စီမံကိန်းနေရာ၏ပတ်လည်ကို အချင်းဝက်တစ်ခုဖြင့် ရိုးရှင်းစွာ ပိုင်းခြား

သတ်မှတ်စိစစ်မည့်အစား (ဥပမာ - ၅ ကီလိုမီတာ သို့မဟုတ် ၁၀ ကီလိုမီတာ စသည်ဖြင်)့ စီမံကိန်း

အဆိုပြုလွှာတွင်ဖော်ပြထားသော ဖြစ်လာနိုင်သည့် ထိခိုက်မှုများကိုအခြေခံ၍ စိစစ်သင့်သည်။ ဤနည်းသည်

အဆိုပြုစီမံကိန်းနေရာအနီးအနားကလူများနှင့် ပတ်ဝန်းကျင်အခြေအနေတို့ကို စိစစ်သတ်မှတ်နိုင်သည့်

အသုံးဝင်သော စမှတ်တစ်ခုဖြစ်နိုင်သည်။ သို့သော် စီမံကိန်းကြောင့် ထိခိုက်မှုရှိမည့်ဧရိယာကိုမူ စီမံကိန်း

ကြောင့်ဖြစ်လာနိုင်သည့် ထိခိုက်မှုများအားလုံးကို ထည့်သွင်းစဉ်းစား၍ တိုးချဲ့သတ်မှတ်သင့်သည်။

(၁) ဥပမာ - မိုင်းတွင်းတစ်ခုမှထွက်သော တွင်းထွက်များကို သယ်ယူပို့ဆောင်ရန်အသုံးပြုသည့်

လမ်းများအနီးအနားတွင် နေထိုင်သူများ သို့မဟုတ် ညစ်ညမ်းမှုဖြစ်နိုင်သည့် အရင်းအမြစ်ရှိရာ

နေရာ၏အောက်ဘက်ပိုင်းတွင် နေထိုင်သူများကို စီမံကိန်းနှင့်ပတ်သက်ဆက်နွယ်သူများဟု

စဉ်းစားသင့်သည်။

ဂ) စီမံကိန်းကြောင့် ထိခိုက်ခံစားရသူများ (PAPs) အား စိစစ်သတ်မှတ်ခြင်းကို EIA လုပ်ငန်းစဉ်၌ တတ်နိုင်သမျှ

စောစောပြုလုပ်သင့်သည် - IEE/EIA ပြုလုပ်ရန်လ/ို မလို စစ်ထုတ်သည့် အဆင်၌


့ ဖြစ်စေ၊ ECD က IEE/EIA

ပြုလုပ်ရန်လ/ို မလို ဆုံးဖြတ်ပြီးနောက်တွင်ဖြစ်စေ၊ EMP လိုအပ်ကြောင်း ECD က ဆုံးဖြတ်ပြီးနောက်တွင်

ဖြစ်စေ ပြုလုပ်သင့်သည်။

ဃ) ဤလုပ်ငန်းစဉ်တွင် စီမံကိန်းကြောင့်ထိခိုက်ခံစားရမည့်သူများ (PAPs) နှင့် စီမံကိန်းနှင့်ပတ်သက်ဆက်နွယ်

လာမည့်သူများကို အောက်ပါအတိုင်း စိစစ်သတ်မှတ်၍ အသေးစိတ် ဆန်းစစ်ခြင်းပါဝင်သည် -

(၁) အဆိုပြုစီမံကိန်းကြောင့် တိုက်ရိုက်ထိခိုက်ခံစားရမည့် PAPs နှင့် စီမံကိန်းနှင့်ပတ်သက်ဆက်နွယ်

လာမည့်သူများ
3

(၂) အဆိုပြုစီမံကိန်းကြောင့် သွယ်ဝိုက်၍ ထိခိုက်ခံစားရမည့် PAPs နှင့် စီမံကိန်းနှငပ
့် တ်သက်ဆက်နွယ်

လာမည့်သူများ

(၃) အဆိုပြုစီမံကိန်းကြောင့် PAPs နှင့် စီမံကိန်းနှင့်ပတ်သက်ဆက်နွယ်သော အခြားသူများအပေါ်တွင်

ကျရောက်လာနိုင်သည့် ထိခိုက်မှုများ

င) စီမံကိန်းကြောင့် ထိခိုက်ခံစားရသူများ (PAPs) နှင့် စီမံကိန်းနှင့်ပတ်သက်ဆက်နွယ်သောအခြားသူများကို

နမူနာအဖြစ်ဖော်ပြထားသည့် ဇယား ၂ ကိုကြည့်ပါ။

ဇယား ၂ ။ စီမံကိန်းကြောင့် ထိခိုက်ခံစားရမည်သမ


ျူား (PAPs) နှင့် စီမံကိန်းနှင့်ပတ်သက်ဆက်နွယ်သော

အခြားသူများစာရင်း၇

• ဒေသအတွင်းမှ မြေပိုင်ရှင်များနှင့် အခြေချနေထိုင်သူများ

စီမံကိန်းကြောင့် • ဒေသအတွင်းနှင့် အနီးတဝိုက်မှ တိုင်းရင်းသားမျိုးနွယ်စုများနှင့် တိုင်းရင်းသား


ထိခိုက်ခံစားရသူများ အုပ်စုများ

(PAPs) • ဒေသမှ သယံဇာတများ အသုံးပြုကောင်းအသုံးပြုနိုင်သူများ

• စီမံကိန်းကြောင့် ထိခိုက်မှုရှိမည့် ရေ၊ မြေ နှင့် အခြားသယံဇာတများကို မှီခို

အားထားနေရသူများ

• ထိခိုက်ခံစားလွယ်သော၊ အများနည်းတူအခွင့်အရေးမရသော လူအုပ်စုများ၊

သက်ကြီးရွယ်အိုများ၊ မသန်စွမ်းသူများ၊ သယံဇာတကို မှီခိုလုပ်ကိုင်အားထားရ

သည့်လအ
ူုပ်စုများနှင့် ဆင်းရဲသားများ

• စီမံကိန်းကြောင့် ပတ်ဝန်းကျင်ဆိုင်ရာ သို့မဟုတ် လူမှုရေးဆိုင်ရာ ထိခိုက်မှု

ခံစားရဖွယ်ရှိသည့် အခြားပုဂ္ဂိုလ်များ၊ အဖွဲ့အစည်းများ၊ စီးပွားရေးလုပ်ငန်းများ

စသည်

အစိုးရအာဏာပိုင်များ • ဝန်ကြီးဌာနများနှင့် အခြားသောအစိုးရအဖွဲ့အစည်းများ - ပြည်ထောင်စုအဆင့်၊

ပြည်နယ်/တိုင်းဒေသကြီးအဆင့် ၊ ခရိုင်အဆင့်၊ မြို့နယ်အဆင့်၊ ရပ်ကွက်နှင့်

ကျေးရွာအုပ်စုအဆင့်

• ကျေးလက်ဒေသအဆင့် ဆယ်အိမ်မှူး/ရာအိမ်မှူးများနှင့် အခြားသော

ကျေးလက် ဒေသအာဏာပိုင်များ

• သက်ဆိုင်ရာ စီမံကိန်းအဆိုပြုလွှာနှင့် ဆက်စပ်ဖြစ်လာနိုင်သည့်ကိစ္စများတွင်

တာဝန်ရှိသည့် အစိုးရအဖွဲ့အစည်းများ။ ဥပမာ -

• ဒေသတွင်း ညစ်ညမ်းမှု ထိန်းချုပ်ခြင်း (ရေ၊ စွန့်ပစ်အမှိုက်၊ မြေ၊ ဆူညံသံနှင့်

လေထုညစ်ညမ်းမှုတို့အပါအဝင်)

• သဘာဝအနေအထား၊ ယဉ်ကျေးမှုအမွေအနှစ်နှင့် မြေပြင်လက္ခဏာ


4

အသွင်အပြင်များ ကာကွယ်စောင့်ရှောက်ခြင်း

• အများပြည်သူကျန်းမာရေးနှင့် ဘေးကင်းလုံခြုံရေး

• လုပ်ငန်းခွင်ကျန်းမာရေးနှင့် ဘေးကင်းလုံခြုံရေး

• အရေးပေါ်အခြေအနေ စီမံခန့်ခွဲခြင်း

• မြေအသုံးချမှုထိန်းချုပ်ရေး၊ ပထဝီအနေအထားအလိုက် စီမံချက်ရေးဆွဲခြင်း၊

ဇုန်များဖော်ထုတ်သတ်မှတ်ခြင်း

• စိုက်ပျိုးရေး၊ စွမ်းအင်၊ သစ်တော၊ ငါးလုပ်ငန်း သို့မဟုတ် အကျိုးစီးပွား ထိခိုက်မှု

ရှိနိုင်သည့် အခြားကဏ္ဍများ

• ထိခိုက်မှုများသည် နယ်စပ်ဖြတ်ကျော် ဖြစ်ပွားနိုင်လျှင် အိမ်နီးချင်းနိုင်ငံများမှ

အာဏာပိုင်များ

စီမံကိန်းနှင့်ပတ်သက် • ပတ်ဝန်းကျင်ဆိုင်ရာ၊ လူမှုရေးဆိုင်ရာနှင့် ဖွံ့ဖြိုးရေးဆိုင်ရာများအပေါ်

ဆက်နွယ်သော စိတ်ဝင်စားသော ဒေသန္တရ၊ ပြည်တွင်းနှင့် နိုင်ငံတကာအဖွဲ့များ

အခြားသူများ • အပြည်ပြည်ဆိုင်ရာ အေဂျင်စီများ

• ဒေသန္တရလုပ်ငန်းရှင်များအသင်းနှင့် စီးပွားရေးလုပ်ငန်းအသင်းများ ဥပမာ -

ကုန်သည်များအသင်း၊ ကုန်သွယ်ရေးအသင်းများ စသည်

• အရပ်ဖက်အဖွဲ့အစည်းများ (ဥပမာ - အမျိုးသမီးအဖွဲ့များ၊ လူငယ်အဖွဲ့များ၊

ဒေသခံ လူထုအဖွဲ့များ၊ အခြေချနေထိုင်သူများအဖွဲ့ စသည်)

• ပတ်ဝန်းကျင်နှင့် သဘာဝသယံဇာတ အသုံးပြုသူများကို ကိုယ်စားပြုသည့်

အဖွဲ့များ၊ ဥပမာ-လယ်သမားများ၊ ငါးဖမ်းသမားများ၊

စားသုံးရန်နှင့်ရောင်းဝယ်ရန် ဒေသသယံဇာတကိုအသုံးပြုသော အမျိုးသမီးများ၊

ကမ္ဘာလှည့်ခရီးသွားလုပ်ငန်း လုပ်ကိုင်သူများ

• သုတေသနအဖွဲ့အစည်းများ၊ တက္ကသိုလ်များနှင့် အခြားသော နည်းပညာ

စင်တာများ

• ဒေသန္တရနှင့်ပြည်တွင်းမီဒီယာများ

• ရွေးကောက်ခံကိုယ်စားလှယ်များ၊ ရပ်ရွာလူထု၏ယုံကြည်လေးစားမှုရသူများ

ဥပမာ - ဘာသာရေးခေါင်းဆောင်များ သို့မဟုတ် ဆရာ/ဆရာမများ

• သိပ္ပံပညာလိုက်စားသူ အသိုင်းအဝိုင်း၊ သုတေသနပြုသူများ၊ ပညာရေး

အသိုင်းအဝိုင်း

• တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများ

• ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ကိုယ်စားလှယ်များ
5

• ဒေသန္တရနှင့် ပိုမိုကျယ်ပြန့်သော လူထုအသိုက်အဝန်းမှ သာမန်လူများ

၇ မဲခေါင်ဒေသတွင်း ပတ်ဝန်းကျင်ထိခိုက်မှုဆန်းစစ်ခြင်းတွင် အများပြည်သူပူးပေါင်းပါဝင်ဆောင်ရွက်ခြင်း

ဆိုင်ရာ လမ်းညွှန်ချက်များ (ပထမအကြိမ် တည်းဖြတ်မ)ှု နှင့် လိုက်ဖက်အောင်ပြင်ဆင်ခဲ့သည်။

၂.၃. ကိစ္စများစိစစ်သတ်မှတ်ခြင်းနှင့် ဖြစ်လာနိုင်သည့် ထိခိုက်မှုများကို ကနဦးဆန်းစစ်ခြင်း

က) အများပြည်သူ ပူးပေါင်းပါဝင်ဆောင်ရွက်ခြင်းအစီအစဉ်ရေးဆွဲရာတွင် ဖြစ်လာနိုင်သောကိစ္စများကို

စိစစ်သတ်မှတ်၍ ထည့်သွင်းထားရန်နှင့် အဆိုပြုစီမံကိန်းကြောင့် ဖြစ်လာနိုင်သည့် ထိခိုက်မှုများကို

ကနဦးဆန်းစစ်၍ ထည့်သွင်းထားရန် လိုအပ်သည်။

ခ) ဤသို့ပြုလုပ်ခြင်းသည် ကနဦးစိစစ်သတ်မှတ်ခြင်းနှင့် ဆန်းစစ်ခြင်းမျှသာဖြစ်မည်၊ သို့သော် - အများပြည်သူ

ပူးပေါင်းပါဝင်ဆောင်ရွက်ခြင်းအစီအစဉ် မူကြမ်းအတွက် ဘောင်ချရာတွင် အထောက်အပံ့ဖြစ်စေရန် လိုအပ်

သည်။ IEE သို့မဟုတ် EIA ပြုစုစဉ်အတွင်း အသေးစိတ်များ ထပ်မံသုံးသပ်ထည့်သွင်းနိုင်ပြီး၊ EIA

ပြုလုပ်ရမည့် စီမံကိန်းများအတွက် စုံစမ်းစစ်ဆေးရမည့် နယ်ပယ်အတိုင်းအတာ သတ်မှတ်သည့် အစီရင်ခံစာ

ရေးဆွဲရာတွင်လည်း ဤအချက်များကို ထည့်သွင်းသင့်သည်။

ဂ) စီမံကိန်းအဆိုပြုသူသည် EIA လုပ်ငန်းစဉ်၏ အစိတ်အပိုင်း တစ်ရပ်အနေနှင့်၊ အောက်ပါတို့ကို IEE သို့မဟုတ်

EIA အစီရင်ခံစာတွင် ထည့်သွင်းဆောင်ရွက်ရန်နှင့် အထောက်အထားအဖြစ်ပေးရန် လိုအပ်ပေလိမ့်မည် -

(၁) စီမံကိန်းကြောင့် ထိခိုက်ခံစားရသူ (PAPs) များ၊ စိစစ်သတ်မှတ်ထားသော ပတ်သက်ဆက်နွယ်

သူများ၏ စိုးရိမ်ပူပန်၊ အလေးထားမှုများနှင့်ဆိုင်သည့် အဓိကအကြောင်းအရာများအပေါ်

ဆန်းစစ်သုံးသပ်ချက်

(၂) ဤကိစ္စများကို ဖြေရှင်းပေးနိုင်ရန် အများပြည်သူ ပူးပေါင်းပါဝင်ဆောင်ရွက်ခြင်းကို မည်သို့

ဆောင်ရွက်ပေးခဲ့ကြောင်း

(၃) ဤကိစ္စများကို တုန့်ပြန်ဖြေရှင်းပေးရန်ပြုလုပ်သည့် အများပြည်သူ ပူးပေါင်းပါဝင် ဆောင်ရွက်ခြင်း၏

ရလဒ်များ
6

(၄) ဖြစ်ပေါ်လာသည့် ကိစ္စအလိုက် - အများပြည်သူ ပူးပေါင်းပါဝင်ဆောင်ရွက်ခြင်းအစီအစဉ် သို့မဟုတ်

ဗျူဟာအပေါ် ပြောင်းလဲမှု တစ်စုံတစ်ရာပြုလုပ်ရန်လ/ို မလို

(၅) တည်ဆောက်ခြင်း၊ စီမံခန့်ခွဲခြင်း၊ လုပ်ငန်းလည်ပတ်ခြင်း သို့မဟုတ် စီမံကန


ိးပိတ်သိမ်းခြင်း

ကာလများတွင် အဆိုပါအရေးကိစ္စများသည် စိတ်ပူစရာအဖြစ် ဆက်လက်ရှိနိုင်ခြင်း ရှ/ိ မရှိ

(၆) တွေ့ရှိရသည့် ကိစ္စများအလိုက် သို့မဟုတ် IEE/EIA လုပ်ငန်းစဉ်ကာလအတွင်း ပေါ်ပေါက်

လာဖွယ်ရှိသည့် ကိစ္စအသစ်များအလိုက် အများပြည်သူ ပူးပေါင်းပါဝင်ဆောင်ရွက်ခြင်းကို

မည်သို့ပြင်ဆင်ဆောင်ရွက်မည်ဖြစ်ကြောင်း

ဃ) စီမံကိန်းလုပ်ငန်းများ တိုးတက်မှုရှိလာသည်နှင့်အမျှ စိုးရိမ်ပူပန်မှုများလည်း ပြောင်းလဲလာနိုင်သည်ဖြစ်ရာ

အများပြည်သူ ပူးပေါင်းပါဝင်ဆောင်ရွက်ခြင်းအစီအစဉ်ကို အခြေအနေ၊ အချိန်အခါနှင့် ကိုက်ညီအောင်

မွမ်းမံပြင်ဆင်သင့်သည်။

(၁) ဥပမာ - ဓာတ်သတ္တုတူးဖော်သည့်လုပ်ငန်း၌ မြေပေါ်ရှာဖွေတူးဖော်မှုလုပ်ငန်းများ စသောအခါ

သို့မဟုတ် လွန်တွင်းများ အင်တိုက်အားတိုက် တူးဖော်ဆောင်ရွက်သောအခါ၌ အများပြည်သူ

ပူးပေါင်းပါဝင်ဆောင်ရွက်ခြင်းအစီအစဉ်ကို မွမ်းမံပြင်ဆင်သင့်သည်။

၂.၄. အများပြည်သူ ပူးပေါင်းပါဝင်ဆောင်ရွက်ခြင်းအစီအစဉ်တွင် ပါဝင်သည့် အကြောင်းအရာများ

က) အများပြည်သူ ပူးပေါင်းပါဝင်ဆောင်ရွက်ခြင်းအစီအစဉ်သည် အများနှင့်ဆိုင်သော စာရွက်စာတမ်းဖြစ်ရာ၊

အောက်ပါအတိုင်း ပြုစုရေးဆွဲသင့်သည် -

(၁) သက်ဆိုင်ရာစီမံကိန်းအဆိုပြုလွှာ၏ ရည်ရွယ်ချက်များ သတ်မှတ်ဖော်ပြသည်။

(၂) စီမံကန
ိးကြောင့် ထိခိုက်ခံစားရမည့်သူများ (PAPs) နှင့် စီမံကိန်းနှင့်ပတ်သက်ဆက်နွယမ
် ည့်သူများ

နှင့်စပ်လျဉ်းသည့် အသေးစိတ်ဖော်ပြချက်များနှင့် စိစစ်သုံးသပ်ချက်များ ပါဝင်သည်။

- စီမံကိန်းအဆိုပြုလွှာကြောင့် ထိခိုက်ခံစားရနိုင်သည့် PAP နှင့် စီမံကိန်းနှင့်

ပတ်သက်ဆက်နွယ်သော အခြားသူများ

- စီမံကိန်းအဆိုပြုလွှာကြောင့် PAP ဖြစ်လာနိုင်သူများ/အခြားပတ်သက်ဆက်နွယလ


်ာနိုင်သူများ

အပေါ်ကျရောက်နိုင်သည့် ထိခိုက်မှုများ

- PAP ဖြစ်လာနိုင်သူအမျိုးမျိုး၊ အခြားပတ်သက်ဆက်နွယလ


်ာနိုင်သူအမျိုးမျိုးတို့ စိုးရိမ်ပူပန်ဖွယ်

ရှိသည့် ဧရိယာများ

(၃) အများပြည်သူ ပူးပေါင်းပါဝင်ဆောင်ရွက်ခြင်းကို မည်သို့သေချာအောင် ဆောင်ရွက်မည်ကို ဖော်ပြ

ထားသည်မှာ -

- ပုဂ္ဂိုလ်များ၊ ရပ်ရွာလူထုများနှင့် စီမံကိန်းနှင့်ပတ်သက်ဆက်နွယ်သော လူအုပ်စုများကို

စီမံကိန်းအဆိုပြုလွှာ၏ သဘောသဘာဝနှင့် ဖြစ်လာနိုင်သည့် ထိခိုက်မှုများ၊ စီမံကိန်းမှ


7

ရလာနိုင်သည့် အကျိုးကျေးဇူးများနှင့်စပ်လျဉ်းသည့် အချက်အလက်များကို နားလည်

သဘောပေါက်ရန် ပေးထားသည်။

- စီမံကိန်းအဆိုပြုသူသည် IEE သို့မဟုတ် EIA ရေးဆွဲပြုစုသည့်အဆင့်၏ အစောပိုင်း

ကာလတွင် ရပ်ရွာလူထု၏ စိုးရိမ်ပူပန်မှု၊ အလေးထားမှုများကို ဖော်ထုတ်စိစစ်သတ်မှတ၍


ဖော်ပြနိုင်သည်။

- PAP နှင့် စီမံကိန်းနှင့်ပတ်သက်ဆက်နွယ်သော အခြာသူများအား IEE အစီရင်ခံစာ သို့မဟုတ်

EIA အစီရင်ခံစာ ရေးဆွဲပြုစုမည့် အဆိုပြုအချိန်ကာလကို အသိပေး၍၊ EIA ဆိုင်ရာ

လုပ်ထုံးလုပ်နည်းအရ သက်ဆိုင်ရာ လုပ်ဆောင်ချက်များ စတင်မလုပ်ဆောင်မီ ကြိုတင်

အကြောင်းကြားပေးသည်။

- အများပြည်သူ ပူးပေါင်းပါဝင်ဆောင်ရွက်ခြင်း လုပ်ငန်းစဉ်တွင် တွေ့ရှိရသည့် အရေးကိစ္စများကို

EIA လုပ်ငန်းစဉ်အတွင်း ဖြေရှင်းဆောင်ရွက်ပေးပေလိမ့်မည်။

(၄) EIA လုပ်ငန်းစဉ်တစ်လျှောက်လုံးတွင် ဤလမ်းညွှန်ချက်ပါ သတ်မှတ်ချက်များနှင့် ဆက်လက်

ကိုက်ညီစေရေး အများပြည်သူပူးပေါင်းပါဝင်ဆောင်ရွက်ခြင်းအစီအစဉ်ကို ပြန်လည်မွမ်းမံပြင်ဆင်ရန်

လုပ်ထုံးလုပ်နည်းများသတ်မှတ်သည်။ ဤအပိုင်းတွင် - အများပြည်သူ

ပူးပေါင်းပါဝင်ဆောင်ရွက်ခြင်း အစီအစဉ်သည် အောက်ပါတို့ကို သေချာစေရမည်ဖြစ်သည် -

- ဤလမ်းညွှန်ချက်ပါ ရည်ရွယ်ချက်များနှင့် ဆက်လက်ကိုက်ညီစေသည်။

- အခြားထပ်တိုးကိစ္စများ သို့မဟုတ် အများပြည်သူ ပူးပေါင်းပါဝင်ဆောင်ရွက်ခြင်း လုပ်ငန်းစဉ်

အတွင်း စိစစ်တွေ့ရှိရသည့် စီမံကိန်းနှင့်ပတ်သက်ဆက်နွယသ


်ူ နောက်တိုးပုဂ္ဂိုလ်များပါ

ထည့်သွင်းစေသည်။

- လုံလောက်သော၊ အားလုံးပါဝင်နိုင်သော၊ အခြေအနေအချိန်အခါနှငသ


့် င့်တော်သော

အများပြည်သူပူးပေါင်းပါဝင်ဆောင်ရွက်ခြင်းလုပ်ငန်းစဉ်ကို ဆက်လက်ထိန်းသိမ်းစေသည်။

- IEE အစီရင်ခံစာ သို့မဟုတ် EIA အစီရင်ခံစာ ရေးဆွဲတင်ပြစဉ်အတွင်း၊ အများပြည်သူ

ပူးပေါင်းပါဝင်ဆောင်ရွက်ခြင်း လုပ်ငန်းစဉ်များ၌ တွေ့ရှိရသည့် ကိစ္စများကို တုန့်ပြန်

ဖြေရှင်းစေသည်။

ခ) အများပြည်သူပူးပေါင်းပါဝင်ဆောင်ရွက်ခြင်းအစီအစဉ်ကို ရိုးရှင်းသော စကားလုံးများဖြင့် (ဆိုလိုသည်မှာ -

ပညာရပ်ဆိုင်ရာစကားလုံးသုံးစွဲမှု အကန့်အသတ်ဖြင်)့ ရေးသားသင့်သည်။ အများပြည်သူပူးပေါင်းပါဝင်

ဆောင်ရွက်ခြင်းအစီအစဉ်တွင် အနည်းဆုံးအဖြစ် - အောက်ပါအကြောင်းအရာများ ပါဝင်သင့်သည် -

(၁) အများပြည်သူပူးပေါင်းပါဝင်ဆောင်ရွက်ခြင်းလုပ်ငန်းစဉ်၏ ရည်ရွယ်ချက်များ

(၂) လုပ်ငန်းအဖွဲ့၏ တာဝန်နှင့်ဝတ္တရားများ

(၃) စီမံကိန်းကြောင့်ထိခိုက်ခံစားရသူ (PAPs)များ၊ စီမံကိန်းနှင့်ပတ်သက်ဆက်နွယ်သော အခြားသူ

များကို ရှာဖွေစစ
ိ စ်သတ်မှတ်ခြင်းနှင့် ဆန်းစစ်ခြင်း
8

(၄) ရပ်ရွာလူထုအသိုင်းအဝိုင်းမှ စီမံကိန်းနှင့်ပတ်သက်ဆက်နွယသ
်ူများ၏ ထိခိုက်နစ်နာမည့်ကိစ္စများ၊

အခွင့်အလမ်းများ၊ သဘောထားများ၊ မျှော်မှန်းချက်များကို ဖော်ထုတ်စိစစ်သတ်မှတ်ခြင်း

(၅) PAPs နှင့် စီမံကိန်းနှငပ


့် တ်သက်ဆက်နွယ်သောအခြားသူများနှင့် ဆက်သွယ်ဆောင်ရွက်ရာတွင်

အသုံးပြုမည့် ကိရိယာများနှင့်နည်းလမ်းများ၊ စီမံကိန်းအဆိုပြုလွှာနှင့် EIA လုပ်ငန်းစဉ်ဆိုင်ရာ

အချက်အလက်များ ဖြန့်ဝေမည့်နည်းလမ်းများ အပါအဝင်

(၆) အများပြည်သူပူးပေါင်းပါဝင်ဆောင်ရွက်ခြင်း လုပ်ဆောင်ချက်များ ဆောင်ရွက်သည့် အကြိမ်

အရေအတွက်နှင့် ဆောင်ရွက်ပုံအနေအထား

(၇) အများပြည်သူပူးပေါင်းပါဝင်ဆောင်ရွက်စဉ် တွေ့ရှိရသည့်ကိစ္စများကို ကိုင်တွယ်ဖြေရှင်း

ပေးသည့်လုပ်ငန်းစဉ်

(၈) EIA လုပ်ငန်းစဉ်အတွင်း၊ တိုင်ကြားမှုများအား စီမံခန့်ခွဲခြင်းနှင့် ပြန်လည်ကုစားရေး လုပ်ထုံး

လုပ်နည်းများ

(၉) အများပြည်သူပူးပေါင်းပါဝင်သည့် အစည်းအဝေးများ ကျင်းပသည့်အချိန်ကာလ

(၁၀) အများပြည်သူပူးပေါင်းပါဝင်သည့် အစည်းအဝေးများတွင် ဖြန့်ဝေမည့် အချက်အလက်များ

(၁၁) အများပြည်သူပူးပေါင်းပါဝင်ဆောင်ရွက်ခြင်းလုပ်ငန်းစဉ်များကို စောင့်ကြပ်ကြည့်ရှုခြင်း၊

သုံးသပ်ခြင်း၊ အစီရင်ခံစာတင်ပြခြင်း

ဃ) အများပြည်သူပူးပေါင်းပါဝင်ဆောင်ရွက်ခြင်းအစီအစဉ်၏ ခေါင်းစီးစာမျက်နှာတွင် အောက်ပါအချက်အလက်

များ ပါဝင်သင့်သည် -

(၁) စာရွက်စာတမ်းခေါင်းစဉ်

(၂) အဆိုပြုစီမံကိန်း၏အမည်နှင့် တည်နေရာ

(၃) စီမံကိန်းအဆိုပြုသူ

(၄) EIA အတိုင်ပင်ခံ (အကယ်၍ တစ်ဦးတည်းရှိလျှင်)

(၅) စာရွက်စာတမ်းပြုစုသည့်ရက်စွဲ

(၆) စာရေးသူအမည်၊ ဆက်သွယ်ရန်လိပ်စာအသေးစိတ်နှင့် ရာထူးအပါအဝင်

င) စီမံကိန်းအဆိုပြုသူသည် အများပြည်သူပူးပေါင်းပါဝင်ဆောင်ရွက်ခြင်းအစီအစဉ် မူကြမ်းအပေါ် စီမံကိန်း

ကြောင့် ထိခိုက်ခံစားရသူများနှင့်တိုင်ပင်၍ ယင်းတို့၏ သဘောထားမှတ်ချက်များ ရယူသင့်သည်။

စ) အများပြည်သူပူးပေါင်းပါဝင်ဆောင်ရွက်ခြင်းအစီအစဉ်ကို ပုံမှန်ပြန်လည်သုံးသပ်သင့်သည်။ IEE အစီရင်ခံစာ

သို့မဟုတ် EIA အစီရင်ခံစာ ရေးဆွဲစဉ်အတွင်း လိုအပ်လျှင် ပြန်လည်မွမ်းမံ ပြင်ဆင်သင့်သည်။

၂.၅. အများပြည်သူ ပူးပေါင်းပါဝင်ဆောင်ရွက်ခြင်းအစီအစဉ်အတွက် အရင်းအမြစ်များ ရှာဖွေဖြည့်ဆည်းခြင်း

က) အများပြည်သူပူးပေါင်းပါဝင်ဆောင်ရွက်ခြင်း အစီအစဉ်ကို ထိရောက်စွာ အကောင်အထည်ဖော်ရန်၊

အရင်းအမြစ်များကို ကောင်းစွာ ဖြည့်ဆည်းထားရန်လအ


ို ပ်သည်။
9

ခ) စီမံကိန်းအဆိုပြုသူသည် EIA လုပ်ငန်းစဉ်၏ အဆင့်အားလုံး၌ အများပြည်သူပူးပေါင်းပါဝင်ဆောင်ရွကြ် ခင်း

ကုန်ကျစရိတ်အားလုံးကို ကျခံရမည်။

(၁) ဤကုန်ကျစရိတ်များတွင် - စီမံကိန်းအဆိုပြုသူက ခန့်ထားသည့် EIA အတိုင်ပင်ခံအတွက်

ကုန်ကျစရိတ်နှင့် (EIA ဆိုင်ရာ လုပ်ထုံးလုပ်နည်းပါ ပုဒ်မ ၄၃၊ ၆၉ နှင့် ၁၂၂ တို့နှင့်အညီ)

ပြန်လည်သုံးသပ်ခြင်း၊ ဆုံးဖြတ်ချက်ချခြင်းအဆင့်များနှင့် အတည်ပြုထားသောစီမံကိန်းများအား

စောင့်ကြပ်ကြည့်ရှုခြင်းအဆင့်များအတွင်း EIA အာဏာပိုင်က အများပြည်သူ ပူးပေါင်းပါဝင်ရန်

ဆောင်ရွက်သည့် ကုန်ကျစရိတ်များ ပါဝင်သည်။

(၂) ထို့ကြောင့် အများပြည်သူပူးပေါင်းပါဝင်ဆောင်ရွက်ခြင်းအစီအစဉ် အကောင်အထည်ဖော်ခြင်းဆိုင်ရာ

ကုန်ကျစရိတ်များကို ရှင်းလင်းစွာစိစစ်သတ်မှတ်ထားပြီး၊ ယင်းစိစစ်ချက်နှင့်အညီ ဘတ်ဂျက်

ဖြည့်တင်းထားရမည်။

(၃) ဘတ်ဂျက်ရရှိမှု မည်သို့ရှိစေကာမူ၊ အများပြည်သူပူးပေါင်းပါဝင်မှု ထိရောက်အဓိပ္ပါယ်ရှိပြီး၊

အရည်အသွေးကောင်းရလဒ်များ ရရှိရေးမှာ ဦးစားပေးကိစ္စဖြစ်သည်။

(၄) စီမံကိန်းအဆိုပြုသူသည် အများပြည်သူပူးပေါင်းပါဝင်ဆောင်ရွက်ခြင်း ကုန်ကျစရိတ်များကို

ဖြတ်တောက်ရန်ကြိုးပမ်းမှုမှ ရှောင်ကြဉ်သင့်သည်။ အကြောင်းမှာ - နောက်ပိုင်းတွင် နှောင့်နှေး

ကြန့်ကြာမှုများနှင့် ပဠိပက္ခများကြောင့် ကုန်ကျသည့်စရိတ်က ဖြတ်တောက်၍သက်သာသွားသည့်

ငွေထက် ပိုများနိုင်သောကြောင့်ဖြစ်သည်။

ဂ) အများပြည်သူပူးပေါင်းပါဝင်ဆောင်ရွက်ခြင်းအစီအစဉ်အတွက် ခွဲဝေချထားရမည့် အရင်းအမြစ်များတွင်

အချိန်နှင့်ငွေကြေးအရင်းအမြစ်များ ပါဝင်သည်။

(၁) အချက်အလက်များ ဖြန့်ဝေပေးပြီးနောက်တွင်၊ စီမံကိန်းနှင့်ပတ်သက်ဆက်နွယသ


်ူအားလုံးသည်

ရှင်းလင်းဆွေးနွေးထားသည့် အချက်အလက်များနှင့် သဘောထားများကို သိရှိနားလည်ရန်၊

ဆန်းစစ်ရန်နှင့် အဆိုပြုလွှာအပေါ် ယင်းတို့ တုန့်ပြန်ချက်/သဘောထားများဖော်ပြရန်၊ အချိန်

အတိုင်းအတာတစ်ခု လိုအပ်လိမ့်မည်။

(၂) အချို့လူအုပ်စုများသည် အခြားသူများထက် အချိန်ပမ


ိုလိုအပ်လိမ့်မည်။ အချို့လူအုပ်စုများအတွက်

မတူညီသော ဆွေးနွေးပွဲများ စီစဉ်ပေးရန်လိုအပ်လိမ့်မည်။ သို့မဟုတ် အချို့လူအုပ်စုများသည်

ယင်းတို့ရပ်ရွာအသိုင်းအဝိုင်းရှိ ရပ်ရွာခံများနှင့်တိုင်ပင်ဆွေးနွေးရန် လိုအပ်လိမ့်မည်။

(၃) စာဖြင့်ရေးသားထားသော စာရွက်စာတမ်းများနှင့် အများပြည်သူပူးပေါင်းပါဝင်သည့် အစည်းအဝေး

မှတ်တမ်းများကို ဘာသာစကားအမျိုးမျိုး (ဗမာဘာသာစကားနှင့် ဒေသခံဘာသာစကား အပါအဝင်)သို့

အခြေအနေအရလိုအပ်လျှင် ဘာသာပြန်ဆိုနိုင်ရန် ရန်ပုံငွေ အလုံအလောက် ခွဲဝေချထားပေးရမည်။

ဃ) အများပြည်သူပူးပေါင်းပါဝင်ဆောင်ရွက်ခြင်းအစီအစဉ်တွင် - စီမံကိန်းအဆိုပြုသူအနေနှင့် ယင်းပစ်မှတ်

ထားသော ပရိသတ်နှင့်ဆိုင်သည့်အရေးကြီးအချက်အလက်များ ဥပမာ- ယဉ်ကျေးမှုဆိုင်ရာ အတိမ်းအစောင်း

မခံမှုအနေအထား၊ ဘာသာစကားအခက်အခဲ၊ ကျောင်းသင်ပညာရေး ပြီးမြောက်မှုအဆင့်တို့ကို ထည့်သွင်း


10

စဉ်းစား၍ ယင်းတို့နှင့်သင့်တော်သည့် နည်းလမ်းဖြင့် မည်သို့အထိရောက်ဆုံး ဆက်သွယ်ဆောင်ရွက်နိုင်မည်

ကိုလည်း စဉ်းစားထားသင့်သည်။

(၁) စီမံကိန်းအဆိုပြုသူ၏ ကိုယ်စားလှယ်များကို ရွေးချယ်ရာတွင်၊ စီမံကိန်းကြောင့် ထိခိုက်ခံစားရသူ

များအပေါ်ထားရှိသည့် စာနာစိတ်၊ ရပ်တည်ပေးမှု၊ ဆက်ဆံရေးအတွေ့အကြုံနှင့် မှန်ကန်

ဖြောင့်မတ်မှုများအပြင်၊ ဗဟုသုတကြွယ်ဝမှုနှင့် ပညာရပ်ဆိုင်ရာကျွမ်းကျင်မှုတို့ကို အခြေခံ၍

ရွေးချယ်သင့်သည်။

(၂) ဆက်သွယ်ဆောင်ရွက်မှုအားလုံးသည် လေးစားမှု၊ ပွင်းလင်းရိုးသားစွာဆက်ဆံမှု၊ ပူးပေါင်းပါဝင်

ဆောင်ရွက်သူများအပေါ် စိတ်အားထက်သန်စွာ နားထောင်ပေးမှုနှင့် ယင်းတို့ထံမှ စိတ်အား

ထက်သန်စွာ သင်ယူမှုတို့အပေါ် အခြေခံရန် အရေးကြီးသည်။

၂.၆. အများပြည်သူ ပူးပေါင်းပါဝင်ဆောင်ရွက်ခြင်းအစီအစဉ် အကောင်အထည်ဖော်ခြင်း

က) အများပြည်သူပူးပေါင်းပါဝင်ဆောင်ရွက်ခြင်းအစီအစဉ် အပြီးသတ်ပြုစုပြီးသည်နှင့်တပြုင်နက် (EIA

ပြုလုပရ
် န်လအ
ို ပ်သည့် စီမံကိန်းများတွင်၊ သတ်မှတ်တာဝန်နှင့် လုပ်ပိုင်ခွင့် (Terms of Reference) ၏

အစိတ်အပိုင်းတစ်ရပ်အဖြစ် ECD က အတည်ပြုပေး ရမည်)၊ ယင်းကို စီမံကိန်းအဆိုပြုသူက

အကောင်အထည်ဖော်ဆောင်ရွက်ရမည်။

ခ) အများပြည်သူပူးပေါင်းပါဝင်ဆောင်ရွက်ခြင်းအစီအစဉ်ကို အောက်ပါအတိုင်း အကောင်အထည်ဖော်သင့်သည်-

(၁) EIA လုပ်ငန်းစဉ်၏ အဆင့်တစ်ခုစီတွင် သတ်မှတ်ဖော်ပြထားသည့်အတိုင်း ထိရောက်အဓိပ္ပါယ်

ရှိသောပူးပေါင်းပါဝင်မှုဖြစ်စေရေး အနိမ့်ဆုံးသတ်မှတ်ချက်များကို ထည့်သွင်းစဉ်းစား ဆောင်ရွက်

သင့်သည်။

(၂) အချိန်နှင့်တပြေးညီဖြစ်သော၊ အများလက်လှမ်းမီသော၊ စနစ်တကျရေးဆွဲထားသော အစီအစဉ်

ဖြစ်သင့်ပြီး၊ ရည်မှန်းချက်များ ရှင်းလင်းစွာ ပါရှိသင့်သည်။

(၃) အချက်အလက်များကို ရိုးရှင်းသောစကားလုံးများဖြင်(့ ဆိုလိုသည်မှာ- ပညာရပ်ဆိုင်ရာစကားရပ်များ

သုံးစွဲမှုအကန့်အသတ်ဖြင်)့ ပေးသင့်သည်။

(၄) ပူးပေါင်းပါဝင်ဆောင်ရွက်သူများ၏ စွမ်းဆောင်ရည်အပါအဝင်၊ အများပြည်သူ ပူးပေါင်းပါဝင်နိုင်ရေး

အခက်အခဲများကို ထည့်သွင်းစဉ်းစား ကျော်လွှားထားသည့် လုပ်ဆောင်ချက်များအားဖြင့်

ဆောင်ရွက်သင့်သည်။

(၅) မျှော်မှန်းထားသည့် ပူးပေါင်းပါဝင်မှုအဆင့်နှင့် စီမံကိန်းအဆိုပြုသူ၏ ကတိကဝတ်များကို

စီမံကိန်းကြောင့် ထိခိုက်ခံစားရသူများနှင့် စီမံကန


ိးနှင့်ပတ်သက်ဆက်နွယ်သောအခြားသူများအား

ရှင်းလင်းစွာ ဖော်ပြထားသင့်သည်။

(၆) ရပ်ရွာလူထု၏ သဘောထားပြန်ကြားမှုများရရှိရန်၊ ပြဿနာများအပေါ် ဆန်းစစ်စဉ် ကြုံတွေ့

နိုင်သောကိစ္စများကို ဖော်ထုတ်သတ်မှတ်ရန်နှင့် IEE သို့မဟုတ် EIA အစီရင်ခံစာရေးဆွဲရန်

ဆက်သွယ်ရေးလမ်းကြောင်းများ သတ်မှတ်ထားသင့်သည်။
11

(၇) ပူးပေါင်းပါဝင်ဆောင်ရွက်သူများအား ယင်းတို့ပူးပေါင်းပါဝင်မှု၏ ရလဒ်များကို ပြန်ကြားပေးသည့်

လုပ်ငန်းစဉ်များ ပါဝင်သင့်သည်။

(၈) ချိတ်ဆက်ဆောင်ရွက်သည့် ဗျူဟာများ ထိရောက်မှုရ/ှိ မရှိ သုံးသပ်၊ စိစစ်သင့်သည်။

ဂ) အများပြည်သူပူးပေါင်းပါဝင်ဆောင်ရွက်ခြင်းလုပ်ငန်းစဉ်များနှင့် လုပ်ဆောင်ချက်များသည် -

(၁) လူပုဂ္ဂိုလ်များ၊ ရပ်ရွာလူထုများ၊ စီမံကိန်းနှင့် ပတ်သက်ဆက်နွယ်သော အခြားလူအုပ်စုများအတွက်

ထိရောက်အဓိပ္ပါယ်ရှိစွာ ချိတ်ဆက်ဆောင်ရွက်နိုင်မည့် အခွင့်အလမ်းများကို တိုးပွားစေသင့်သည်။

(၂) ချိတ်ဆက်ဆောင်ရွက်သည့် လုပ်ငန်းစဉ်များတွင် ပါဝင်ဆောင်ရွက်သော လူတန်းစားအားလုံးကို

ကိုယ်စားပြုကြသည့် လူပုဂ္ဂိုလ်များ၊ ရပ်ရွာလူထုများ၊ စီမံကိန်းနှင့် ပတ်သက်ဆက်နွယ်သော အခြား

လူအုပ်စုများအတွက် ချိတ်ဆက်ဆောင်ရွက်မှုကို အားပေး၊ အထောက်အကူပြုသည့်

လုပ်ငန်းစဉ်များ ဖြစ်သင့်သည်။

(၃) ချိတ်ဆက်ဆောင်ရွက်နိုင်မည့် အခွင့်အလမ်းများကို အထောက်အကူပြုသည့် ယဉ်ကျေးမှုအရ

သင့်တော်သော၊ ပရိတ်သတ်နှင့် အံကိုက်သော နည်းလမ်းများ ရေးဆွဲသတ်မှတ်သင့်သည်။

(၄) စီမံကိန်းအကြောင်း၊ နည်းပညာဆိုင်ရာ လေ့လာမှုအကြောင်း၊ ထိခိုက်မှုများနှင့် စိန်ခေါ်မှုများ

စီမံခန့်ခွဲမည့်လုပင
် န်းစဉ်များအကြောင်း ပွင့်လင်းစွာ၊ ထင်သာမြင်သာစွာ ဆွေးနွေးပေးခြင်းဖြင့်

အဆိုပြုစီမံကိန်း စီမံခန့်ခွဲမှုအပေါ် စီမံကိန်းနှင့် ပတ်သက်ဆက်နွယ်သောသူများ၏ ယုံကြည်မှုများ

တိုးပွားစေသင့်သည်။

(၅) ရပ်ရွာလူထု၏ ဗဟုသုတများ၊ အမြင်များ၊ စိုးရိမ်ပူပန်မှုများနှင့် အလေးထားမှုများကို နည်းပညာ

ဆိုင်ရာ စူးစမ်းလေ့လာမှုအစီအစဉ်၏ ဒီဇိုင်းပုံစံနှင့် ဆုံးဖြတ်ချက်ချမှတ်ခြင်းတို့တွင် သင့်တော်သလို

ထည့်သွင်းအသုံးပြုခြင်းဖြင့် စူးစမ်းလေ့လာသည့် လုပ်ဆောင်ချက်များနှင့် ဆုံးဖြတ်ချက်ချမှတ်ခြင်း

တို့တွင် ရေရှည်အကျိုးကို ထည့်သွင်းစဉ်းစားမှုများ တိုးတက်လာစေ သင့်သည်။

ဃ) စီမံကိန်းကြောင့် ထိခိုက်ခံစားရသူများ၊ စီမံကိန်းနှင့် ပတ်သက်ဆက်နွယသ


်ူများနှင့် စောစောချိတ်ဆက်

ဆောင်ရွက်ခြင်းဖြင့် စီမံကိန်းအဆိုပြုသူများအနေနှင့် EIA လုပ်ငန်းစဉ် တိုးတက်လာသည်နှင့်အမျှ

အခြားလူအုပ်စုများနှင့် အပြန်အလှန် ချိတ်ဆက်ဆောင်ရွက်နိုင်မည့် အကောင်းဆုံးနည်းလမ်းများကို

ဖော်ထုတ်ရာတွင် အကူအညီရလိမ့်မည်။

င) သာမန်အားဖြင့်၊ အများပြည်သူပူးပေါင်းပါဝင်မည့် အစည်းအဝေးအရေအတွက်ကို သတ်မှတ်ဆုံးဖြတ်ရာတွင်

စီမံကိန်းအဆိုပြုသူသည် အောက်ပါတို့ကို စဉ်းစားဆောင်ရွက်သင့်သည် -

(၁) စီမံကိန်းကြောင့် ထိခိုက်ခံစားရသူများ၊ စီမံကိန်းနှင့် ပတ်သက်ဆက်နွယ်သော အခြားသူများ၏

တန်ဖိုးထားမှုများ၊ စိုးရိမ်ပူပန်မှုများ၊ သဘောထားအမြင်များ

(၂) စီမံကိန်းကြောင့် ထိခိုက်ခံစားရသူများ၊ စီမံကိန်းနှင့် ပတ်သက်ဆက်နွယ်သော အခြားသူများ၏

စီမံကိန်းဆိုင်ရာ အချက်အလက်များအပေါ် မျှော်မှန်းချက်များ

(၃) အဆိုပြုစီမံကိန်းကြောင့် ဖြစ်လာနိုင်သော ထိခိုက်မှုများ


12

(၄) စီမံကိန်းကြောင့် ထိခိုက်ခံစားရသူများ၊ စီမံကိန်းနှင့် ပတ်သက်ဆက်နွယ်သော အခြားသူများ၏

အဆိုပြုစီမံကိန်းအပေါ် စိတ်ဝင်စားမှုအတိုင်းအတာ

(၅) စီမံကိန်းကြောင့် ထိခိုက်ခံစားရသူများ၊ စီမံကိန်းနှင့် ပတ်သက်ဆက်နွယ်သော အခြားသူများ

အကြားက လက်ရှိဆက်ဆံရေးအနေအထား

(၆) လူပုဂ္ဂိုလ်များ၊ ရပ်ရွာလူထုအသိုင်းအဝိုင်းမှ ပတ်သက်ဆက်နွယသ


်ူများနှင့် လူအုပ်စုများ၏

လိုအပ်ချက်များ

(၇) စီမံကိန်းနှင့် ပတ်သက်ဆက်နွယသ


်ူအမျိုးမျိုးနှင့် လူအုပ်စုအမျိုးမျိုးအလိုက် အသုံးပြုရမည့်

နည်းလမ်း အမျိုးမျိုး၊ အမျိုးသမီးများပူးပေါင်းပါဝင်ဆောင်ရွက်မှု တိုးတက်မြင့်မားလာစေမည့်

နည်းလမ်းများ အပါအဝင်

(၈) ထိခိုက်ခံစားလွယ်သော၊ အများနည်းတူအခွင့်အရေးမရသော လူအုပ်စုများ၊ လူပုဂ္ဂိုလ်များထံမှ

ယင်းတို့ သဘောထား ပြန်ကြားချက်များရရန်ကို သင့်တော်သော အခွင့်အလမ်းများပေးထားရန်

လိုအပ်ခြင်း

စ) စီမံကိန်းကြောင့်ထိခိုက်ခံစားရသူများ၊ စီမံကိန်းနှင့် ပတ်သက်ဆက်နွယ်သော အခြားသူများ အရေအတွက်

များများတက်ရောက်နိုင်ရန် အများပြည်သူပူးပေါင်းပါဝင်မည့် အစည်းအဝေးများကို အလုပ်ချိန်အတွင်းသာ

ကျင်းပရုံသာမကဘဲ၊ တစ်နေ့တာအတွင်း အမျိုးမျိုးသောအချိန်များ၌ သင့်လျော်သလို ကျင်းပသင့်သည်။

ဆ) IEE သို့မဟုတ် EIA လုပ်ငန်းစဉ်၏ သက်ဆိုင်ရာအဆင့်တစ်ခု၌ အစည်းအဝေးတစ်ခုသာလျှင် ကျင်းပရန်

ရှိပါက အခြားနည်းလမ်းဖြင့် အများပြည်သူ ပူးပေါင်းပါဝင်ဆောင်ရွက်နိုင်မည့် အခွင့်အရေး နောက်တစ်ကြိမ်ကို

တစ်နေ့တာ၏ အခြားအချိန်၌ ပြုလုပ်ပေးရန် စဉ်းစားသင့်သည်။ (ဥပမာ - သတင်းအချက်အလက်များ

မေးမြန်းဆွေးနွေးသည့်အစီအစဉ်)

၂.၇. အများပြည်သူ ပူးပေါင်းပါဝင်ဆောင်ရွက်နိုင်ရေး ဆက်သွယ်ရမည့် ပုဂ္ဂိုလ်

က) EIA ပြုစုရန်လိုအပ်သည့် စီမံကိန်းအဆိုပြုလွှာ အမျိုးအစားဖြစ်ပါက၊ စီမံကိန်းအဆိုပြုသူသည်

စီမံကိန်းကြောင့် ထိခိုက်ခံစားရသူ(PAP)များနှင့် ဒေသခံလူထုအသိုင်းအဝိုင်းတို့နှင့်

တာဝန်ယူချိတ်ဆက်ဆောင်ရွက်ရန် လူတစ်ဦးကို ခန့်ထားဆောင်ရွက်ရန် စဉ်းစားသင့်သည်။

ခ) ထိုသူသည် စီမံကိန်းအဆိုပြုသူ၏ ဝန်ထမ်းတစ်ဦးဖြစ်နိုငသ


် ည် သို့မဟုတ် EIA ပြုလုပ်ရန်ခန့်ထားသော EIA

အတိုင်ပင်ခံ ဖြစ်နင
ိုသည်။

ဂ) ဆက်သွယ်ရေးတာဝန်ခံသည် ယင်း၏တာဝန်များကို ထမ်းဆောင်နိုင်သည့်၊ လိုအပ်လျှင်

ဒေသယဉ်ကျေးမှုများ သိရှိနားလည်စေရေး သင်တန်းများပါ ပေးနိုင်သည့် ကျွမ်းကျင်မှုနှင့် အတွေ့အကြုံရှိသူ

ဖြစ်သင့်သည်။

ဃ) ဆက်သွယ်ရေးတာဝန်ခံ၌ အောက်ပါတာဝန်များ ရှိနိုင်သည် -

(၁) ရပ်ရွာလူထုအစည်းအဝေးများ ကျင်းပခြင်း


13

(၂) မေးခွန်းများ၊ သဘောထားမှတ်ချက်များနှင့် တိုင်ကြားမှုများကို အချိန်နှင့်တပြေးညီ ဂရုတစိုက်

ဖြေကြားခြင်း

(၃) လူကိုယ်တိုင် သွားရောက်၍ဖြစ်စေ၊ email ၊ ဖုန်းတို့ဖြင့်ဖြစ်စေ ဆက်သွယ်နိုင်ခြင်း

(၄) စီမံကိန်းဆိုင်ရာ အချက်အလက်များကို တိကျစွာ၊ အမြဲမပြတ်ရရှိနိုင်စေရန် စီမံကိန်းအဆိုပြုလွှာ

နှင့်စပ်လျဉ်းသည့် အချက်အလက်များကို (လူမှုရေးမီဒီယာများနှင့် အင်တာနက်စာမျက်နှာများ

အပါအဝင်၌) ဖော်ပြထားရှိပေးခြင်း

(၅) စီမံကိန်းကြောင့် ထိခိုက်ခံစားရသူများနှင့် စီမံကိန်းနှင့် ပတ်သက်ဆက်နွယ်သော အခြားသူများအား

စီမံကိန်းဆိုင်ရာ အချက်အလက်များကို အများပြည်သူပူးပေါင်းပါဝင်ဆောင်ရွက်ခြင်းအစီအစဉ်တွင်

သတ်မှတ်ဖော်ပြထားသော နည်းလမ်းများအားဖြင့် အချိန်နှင့်တပြေးညီ ဖွင့်ဟဖော်ပြခြင်း။

၂.၈. အများပြည်သူ ပူးပေါင်းပါဝင်ဆောင်ရွက်ခြင်းကို အားပေးသည့် သီးသန့် လုပ်ထုံးလုပ်နည်းများ

၂.၈.၁ ထိခိုက်ခံစားလွယ်သော၊ အများနည်းတူအခွင့်အရေးမရသော လူအုပ်စုများနှင့် လူပုဂ္ဂိုလ်များအပေါ်

အထူးအလေးထားခြင်း

က) စီမံကိန်းနှင့် ပတ်သက်ဆက်နွယသ
်ူများကို ခွဲခြားစိစစ်သတ်မှတ်ရာတွင် ရပ်ရွာအသိုင်းအဝိုင်းအတွင်း ထိခိုက်

ခံစားလွယ်သူလူအုပ်စုများ ၏ ထိရောက်စွာ ပူးပေါင်းပါဝင်ဆောင်ရွက်နိုင်စွမ်း တိုးတက်လာ စေရန် ယင်းတို့၏

အထူးလိုအပ်ချက်များကို စဉ်းစားပေးရန်လည်းလိုအပ်သည်။

ခ) ဤအပိုင်းတွင် တိုင်းရင်းသားမျိုးနွယ်စုများနှင့် သို့မဟုတ် အခြားဘာသာစကားများ သို့မဟုတ် ဒေသသုံး

ဘာသာစကားများ အသုံးပြုသည့် တိုင်းရင်းသားအုပ


ုစုများ၊ မသန်စွမ်းသူများ၊

ဆင်းရဲမှုအခြေခံမျဉ်းအောက်တွင် နေထိုင်ရပ်တည်ရသူများ၊ မြေယာမဲ့များ၊ ကလေးသူငယ်များနှင့်

သက်ကြီးရွယ်အိုများ၏ ကိုယ်စားလှယ်များ ပူးပေါင်းပါဝင်ဆောင်ရွက်မှု တိုးတက်လာစေရန်

စဉ်းစားဆောင်ရွက်မှုများ ပါဝင်သည်။ ဤလူအုပ်စုများ၊ လူပုဂ္ဂိုလ်များ ပူးပေါင်းပါဝင်နိုင်စေရန်၊

နောက်ထပ်အထောက်အကူများလိုအပ်နိုင်သည်။

ဂ) အစီအစဉ်ပါ သီးသန့်အကြောင်းအရာများသည် ထိခိုက်ခံစားလွယ်သော လူအုပ်စုများအားလုံးနှင့် ချိတ်ဆက်

ဆောင်ရွက်နိုင်ရန် စီစဉ်ထားခြင်းဖြစ်သင့်သည်။ များသောအားဖြင့် အသုံးဝင်သော ဗျူဟာတစ်ရပ်မှာ ပူးပေါင်း

ပါဝင်မည့်သူများမှ မည်သည့်ကိစ္စကိုမဆိုတင်ပြစေရန် သို့မဟုတ် အစည်းအဝေးများတွင် ဖြေကြားပေးစေ

လိုသည့် မေးခွန်းများကို (ဥပမာ - email ၊ စာ၊ သို့မဟုတ် နှုတ်ဖြင့် စီမံကိန်းအဆိုပြုသူထံသ)ို့

ကြိုတင်တင်ပြရန် ဖိတ်ခေါ်ခြင်းဖြစ်သည်။ မည်သည့်နည်းလမ်းများကျင့်သုံးသည်ဖြစ်စေ၊ အများပြည်သူ

ပူးပေါင်းပါဝင်ဆောင်ရွက်ခြင်း အစီအစဉ်သည် စီမံကိန်းနှင့် ပတ်သက်ဆက်နွယသ


်ူများ၏

သီးခြားလိုအပ်ချက်များကိုအခြေခံ၍ EIA လုပ်ငန်းစဉ်တလျှောက် ချိတ်ဆက်ဆောင်ရွက်ရန်

အချိန်အလုံအလောက် ပေးထားရမည်။

ဃ) စုံစမ်းစစ်ဆေးသည့်ကာလအတွင်း၌၊ စီမံကိန်းအဆိုပြုသူသည် စီမံကိန်းအဆိုပြုလွှာကြောင့် ဖြစ်လာနိုင်သော

ထိခိုက်မှုများအပေါ် ဆွေးနွေးမှုများတွင် ထိခိုက်ခံစားလွယ်သူများ သို့မဟုတ် ရပ်ရွာအသိုင်းအဝိုင်းအတွင်း


14

အများနည်းတူအခွင့်အရေးမရသောသူများပါ ပါဝင်ဆွေးနွေးခွင့်အပြည့်အဝရစေရန် အချိန်ပိုပေးခြင်းနှင့်

နောက်ထပ်အစည်းအဝေးများ စီစဉ်ပေးခြင်းတို့ ဆောင်ရွက်သင့်သည်။

၂.၈.၂ တိုင်းရင်းသားမျိုးနွယ်စုများနှင့် တိုင်းရင်းသားအုပ်စုများအပေါ် အထူးအလေးထားခြင်း

က) တိုင်းရင်းသားမျိုးနွယ်စုများပါဝင်သည့် အများပြည်သူပူးပေါင်းပါဝင်ဆောင်ရွက်ခြင်းလုပ်ငန်းစဉ်များ၌ အဆိုပါ

တိုင်းရင်းသားမျိုးနွယ်စုများ၏ စိုးရိမ်ပူပန်မှုများနှင့် သဘောထားအမြင်များကို အပြည့်အဝ စဉ်းစားပေး၍

ဖြေရှင်းဆောင်ရွက်နိုင်စေရန် အထူးအလေးပေးစဉ်းစားမှုများ ပြုလုပ်ရန်လအ


ို ပ်သည်။

ခ) တိုင်းရင်းသားမျိုးနွယ်စုအသိုင်းအဝိုင်းမှ ထိရောက်စွာပါဝင်ဆောင်ရွက်နိုင်ရန် အတားအဆီးများစွာရှိကြသည်။

ယင်းအတားအဆီးများတွင် ဘာသာစကားအခက်အခဲ၊ နေရာဒေသအားဖြင့် ဝေးလံခေါင်ဖျားဒေသဖြစ်ခြင်း၊

EIA လုပ်ငန်းစဉ်နှင့် ရင်းနှီးကျွမ်းဝင်မှုမရှိခြင်း၊ သိပ္ပံဆိုင်ရာနှင့် နည်းပညာဆိုင်ရာကိစ္စများကို တိုင်းရင်းသား

မျိုးနွယ်စုများ၏ ဘာသာစကားများဖြင့် ရှင်းပြရန်လအ


ို ပ်ခြင်း၊ စီမံကိန်းအဆိုပြုသူများနှင့် EIA အတိုင်ပင်ခံ

များသည် တိုင်းရင်းသားမျိုးနွယ်စုများနှင့် မည်သို့ထိတွေ့ဆက်ဆံရမည်ဆိုသည့် ဗဟုသုတနည်းပါးခြင်းတို့

ပါဝင်သည်။

ဂ) စီမံကိန်းအဆိုပြုလွှာတစ်ခုအပေါ် IEE သို့မဟုတ် EIA ပြုလုပ်ရန် အမြင့်ဆုံး ဆုံးဖြတ်ချက်ကို အစိုးရက

တာဝန်ယူချမှတ်ခြင်းဖြစ်သော်လည်း၊ “လွတ်လပ်စွာ ကြိုတင်အသိပေးသဘောတူညီချက်ရယူခြင်း” (FPIC)

စည်းမျဉ်းကို လိုက်နာကျင့်သုံးခြင်းသည် ဤဆုံးဖြတ်ချက်အပေါ် သက်ရောက်မှုအချို့ရှိနိုင်သည်။

(၁) “လွတ်လပ်စွာ ကြိုတင်အသိပေးသဘောတူညီချက်ရယူခြင်း” စည်းမျဉ်းအရ တိုင်းရင်းသား

မျိုးနွယ်စုများ၌ သက်ဆိုင်ရာအခွင့်အရေးများရှိပြီး ထိုအခွင့်အရေးများကို လေးစားသင့်ကြောင်း

ဖော်ပြထားသည်။

(၂) “လွတ်လပ်စွာ ကြိုတင်အသိပေးသဘောတူညီချက်ရယူခြင်း” စည်းမျဉ်းသည် တိုင်းရင်းသား

မျိုးနွယ်စုများ၏ အခွင့်အရေးများနှင့် မြေနှင့်သယံဇာတများအပေါ် ရပိုင်ခွင့်များအပေါ် လေးစား

လိုက်နာသောအားဖြင့် အဓိကထားကျင့်သုံးစေရန်ရည်ရွယ်ပြီး၊ တိုင်းရင်းသားမျိုးနွယ်စုများ၏



အခွင့်အရေးများဆိုင်ရာ ကုလသမဂ္ဂကြေငြာစာတမ်းတွင် ပြဌာန်းဖော်ပြထားသည်။

(၃) ဤစည်းကမ်းချက်၏ ရည်ရွယ်ချက်မှာ တိုင်းရင်းသားမျိုးနွယ်စုများအား ယင်းတို့ဘဝများ၊ မြေများနှင့်

သယံဇာတများ၊ ယင်းတို့အပေါ်သက်ရောက်လာနိုင်သည့် ဖွံ့ဖြိုးရေးစီမံကိန်းများနှင့် စပ်လျဉ်း သည့်

ဆုံးဖြတ်ချက်များအပေါ်၌ ကိုယ်ပိုင်ဆုံးဖြတ်ချက် ချခွင့်ပေးရန်ဖြစ်သည်။

(၄) “လွတ်လပ်စွာ ကြိုတင်အသိပေးသဘောတူညီချက်ရယူခြင်း” စည်းမျဉ်း ကျင့်သုံးခြင်းရှ/ိ မရှသ


ိ ည်

စီမံကိန်းအဆိုပြုလွှာများ၏ နောက်ခံအခြေအနေများကို များသောအားဖြင့် ဖော်ပြသည်။

သဘောတူညခ
ျီက်ရယူခြင်းမရှိလျှင်၊ စီမံကိန်းကြောင့်ထိခိုက်ခံစားရသူ တိုင်းရင်းသားမျိုးနွယ်စုများ

အား ဆန္ဒမပါဘဲ နေရာမှဖယ်ရှားမှု၊ ရွှေ့ပြောင်းနေရာချထားမှု သို့မဟုတ် ထုတ်လုပ်နိုင်စွမ်းဆုံးရှုံးမှု၊

ဝင်ငွေရရှိမှု သို့မဟုတ် အသက်မွေးဝမ်းကျောင်း အထောက်အကူပြု မတည်ပစ္စည်းများဆုံးရှုံးမှုများ

ပါဝင်လာမည်ဖြစ်သည်။
15

(၅) “လွတ်လပ်စွာ ကြိုတင်အသိပေးသဘောတူညီချက်ရယူခြင်း” စည်းမျဉ်း ကျင့်သုံးခြင်းသည်

စီမံကိန်းကြောင့်ထိခိုက်ခံစားရသူ တိုင်းရင်းသားမျိုးနွယ်စုများအား EIA လုပ်ငန်းစဉ်တွင်

ပြောရေးဆိုခွင့်ပေးသည့် ရိုးရှင်းသော နည်းလမ်းတစ်ရပ်ဖြစ်သည်။

ဃ) တိုင်းရင်းသားမျိုးနွယ်စုအသိုင်းအဝိုင်းကို ထိခိုက်နိုင်သည့် စီမံကိန်းအဆိုပြုလွှာများ ပိုင်ဆိုင်ထားသော

စီမံကိန်းအဆိုပြုသူသည် တိုင်းရင်းသားမျိုးနွယ်စုများပါဝင်သည့် အများပြည်သူပူးပေါင်းပါဝင်ဆောင်ရွက်ခြင်း

လုပ်ငန်းစဉ်များတွင် အောက်ပါတို့ကို ထည့်သွင်းဆောင်ရွက်ရမည် -

(၁) ယင်းတို့၏ ယဉ်ကျေးမှုနှင့် ယုံကြည်ချက်များကို လေးစားတန်ဖိုးထားရမည်၊

(၂) တိုင်းရင်းသားမျိုးနွယ်စုအသိုင်းအဝိုင်း၏ ရိုးရာအလေ့အထများနှင့် သဘာဝသယံဇာတများ

ရယူသုံးစွဲမ၊ှု

(၃) စီမံကိန်းကြောင့် ထိခိုက်မှုရှိမည့်ဧရိယာများမှ သဘာဝသယံဇာတများ ထုတ်ယူသုံးစွဲခွင့်ကို

အကာအကွယ်ပေးရမည်၊

(၄) အများပြည်သူပူးပေါင်းပါဝင်သည့် အစည်းအဝေးများ သို့မဟုတ် ဆွေးနွေးမှုများ မကျင်းပမီ

အချက်အလက်များကို ယင်းတို့နားလည်နိုင်သည့်ပုံစံဖြင့် ကြိုတင်ရရှိစေရမည်။

(၅) တိုင်းရင်းသားမျိုးနွယ်စုများ ပါဝင်တက်ရောက်သည့် အများပြည်သူဆိုင်ရာ အစည်းအဝေးများသည်

အချိန်ပိုကြာလိမ့်မည်ဖြစ်ပြီး၊ ယင်းတို့အနေနှင့် အဆိုပြုစီမံကိန်းကြောင့် ဖြစ်လာမည့် ထိခိုက်မှုများကို

အပြည့်အဝ စဉ်းစားမိနိုင်ရန် အစည်းအဝေးများ ပိုမိုကျင်းပပေးရန် လိုအပ်လိမမ


့် ည်။

င) စီမံကိန်းအဆိုပြုသူသည် တိုင်းရင်းသားမျိုးနွယ်စုများအနေနှင့် ယင်းတို့မြေနှင့် အသက်မွေးဝမ်းကျောင်း

လုပ်ငန်းများအပေါ် စီမံကိန်းကြောင့် ထိခိုက်မှုရှိလာနိုင်သည်များကို အသေးစိတ်နားလည်သဘောပေါက်

စေရန် ဆောင်ရွက်ရမည်။ ဤသို့ဆောင်ရွက်ရာတွင် - စီမံကိန်းအဆိုပြုသူသည် ထိခိုက်နစ်နာမှုရှိနိုင်သည့်

ဒေသခံလူထုများကို စီမံကိန်းဆိုင်ရာအချက်အလက်များ ကြိုတင်ဖြန့်ဝေပေးရန် အစီအမံများနှင/့် သို့မဟုတ်

အဆိုပြုစီမံကိန်းဆိုင်ရာ အသေးစိတ်အချက်အလက်များကို ရှင်းပြရန်အစည်းအဝေးများစွာ ကျင်းပပေးရန်နှင့်

မေးမြန်းလာသော မေးခွန်းများကို ဖြေကြားပေးရန် စသည့်အစီအမံများ ကြိုတင်ပြုလုပ်ရန် လိုအပ်သည်။

(၁) ဥပမာ - စီမံကိန်းအဆိုပြုသူသည် စီမံကိန်းနှင့်စပ်လျဉ်းသည့် သတင်းအချက်အလက်များပေးသည့်

အစည်းအဝေးကျင်းပရန် ရွေးချယ်နိုင်ပြီး၊ ထိုအစည်းအဝေးတွင် ဒေသခံလူထုအား အချက်အလက်

များကို နှုတ်ဖြင့်၊ အမြင်အားဖြင့် ရှင်းလင်းဆွေးနွေးနိုင်သည်။

(၂) အချက်အလက်ပေးသည့် အစည်းအဝေးများကျင်းပရုံသက်သက်ဖြင့် EIA ဆိုင်ရာ လုပ်ထုံးလုပ်နည်းပါ

သတ်မှတ်ချက်များအရ စီမံကိန်းအဆိုပြုသူ၏တာဝန်ဖြစ်သည့် အများပြည်သူ ပူးပေါင်းပါဝင်သည့်

အစည်းအဝေးများ ကျင်းပရန်ဟူသည့်အချက်ကို ပြည့်မီကျေပွန်လိမ့်မည် မဟုတ်ပါ။

စ) စုံစမ်းစစ်ဆေးသည့်ကာလအတွင်း၌၊ စီမံကိန်းအဆိုပြုသူသည် တိုင်းရင်းသားမျိုးနွယ်စုများအနေနှင့်

အောက်ပါ ကိစ္စရပ်များတွင် ပါဝင်ဆွေးနွေးခွင့်ရစေရန် အချိန်အပိုပေးခြင်းနှင့် အစည်းအဝေးများ

ပိုမိုကျင်းပခြင်း ပြုလုပ်ပေးသင့်သည် -
16

(၁) တိုင်းရင်းသားမျိုးနွယ်စုအသိုင်းအဝိုင်းမှ တိုင်းရင်းသားများကို အစောဆုံးရွှေ့ပြောင်းနေရာချထားမှု

တစ်ရပ်ရပ်ကို ရှောင်ရှားခြင်း

(၂) ရွှေ့ပြောင်းနေရာချထားရေးလုပ်ဆောင်မည့်အစီအစဉ်နှင့် အသက်မွေးဝမ်းကျောင်းလုပ်ငန်းများ

ပြန်လည်ထူထောင်ရေးအစီအစဉ်အပေါ် တိုင်းရင်းသားမျိုးနွယ်စုအသိုင်းအဝိုင်းမှ

သဘောတူကြောင်း သေချာစေခြင်း

(၃) အသက်မွေးဝမ်းကျောင်းလုပ်ငန်းများအပေါ် ထိခိုက်မှုနည်းပါးစေခြင်းနှင့် အသက်မွေးဝမ်းကျောင်းမှု

အပေါ် မည်သည့်ထိခိုက်မှုမဆိုအတွက် လျော်ကြေးပေးခြင်း

(၄) စီမံကိန်းတည်ဆောက်ခြင်းနှင့် လုပ်ငန်းလည်ပတ်ခြင်းကာလအတွင်း၊ အငြင်းပွားမှုများ ဖြေရှင်းရန်

ပြန်လည်ကုစားရေးလုပ်ငန်းစဉ်များ သတ်မှတ်ခြင်း။

၈ ကုလသမဂ္ဂအထွေထွေညီလာခံ၊ တိုင်းရင်းသားမျိုးနွယ်စုများ၏ အခွင့်အရေးများဆိုင်ရာ ကုလသမဂ္ဂ

ကြေငြာစာတမ်း၊ resolution/adopted by the General Assembly, 2 October 2007, A/RES/61/295.

http://www.un.org/esa/socdev/unpfii/documents/DRIPS en.pdf
1

အခန်း ၃ ။ ကနဦးပတ်ဝန်းကျင်ဆန်းစစ်ခြင်း(IEE) ပြုလုပ်ရန်လိုအပ်သည့် စီမံကိန်းအမျိုးအစားများ

၃.၁. အထွေထွေ

က) EIA ဆိုင်ရာ လုပ်ထုံးလုပ်နည်း၊ ပုဒ်မ ၃၂ အရ၊ စီမံကိန်းအဆိုပြုသူသည် ကနဦးပတ်ဝန်းကျင် ဆန်းစစ်ခြင်း

(IEE)နှင့် ကိုယ်တိုင်အစီရင်ခံတင်ပြခြင်း ပြုလုပ်နိုင်သည် သို့မဟုတ် ထိုသို့ပြုလုပ်ရန် EIA

အတိုင်ပင်ခံတစ်ဦးဦး ခန့်ထားနိုင်သည်။ ရှင်းလင်းမှုရှိစေရန်ရည်ရွယ်၍ ဤအခန်းတွင်

စီမံကိန်းအဆိုပြုသူကိုသာ ရည်ညွှန်းဖော်ပြပါမည်။ သို့ရာတွင် စီမံကိန်းအဆိုပြုသူမှ ဆောင်ရွက်သင့်သည်ဟု

ရည်ညွှန်းဖော်ပြထားသည့် ကိစ္စအားလုံးတွင် ယင်းခန့်အပ်တာဝန်ပေးထားသည့် EIA

အတိုင်ပင်ခံတစ်ဦးဦးအား ထည့်သွင်းဆောင်ရွက်နိုင်သည်။

ခ) ကနဦးပတ်ဝန်းကျင်ဆန်းစစ်ခြင်း (IEE) ရေးဆွဲရန် ပထမအဆင့်မှာ စီမံကိန်းအဆိုပြုလွှာနှင့်စပ်လျဉ်း၍

ဖြစ်လာနိုင်သော ထိခိုက်မှုများနှင့် စိုးရိမ်ပူပန်မှုများကို စီမံကိန်းကြောင့် ထိခိုက်ခံစားရမည့်သူ (PAP)များ၊

စီမံကိန်းနှင့် ပတ်သက်ဆက်နွယန
ိုင်သောအခြားသူများ(ECD အပါအဝင်)နှင့် တိုင်ပင်ဆွေးနွေး

ဆောင်ရွက်ရန်ဖြစ်သည်။ ဤသို့ ဆောင်ရွက်ရန် အရေးကြီးသည်။ အကြောင်းမှာ -

ကနဦးပတ်ဝန်းကျင်ဆန်းစစ်ခြင်း (IEE) ပြုလုပ်ရန်လိုအပ်သည့် စီမံကိန်းအမျိုးအစားများတွင် ECD ၏

ဆုံးဖြတ်ချက်တစ်ရပ်ပါရှိသည့် နည်းလမ်းကျစွာ နယ်ပယ်အတိုင်းအတာသတ်မှတ်သည့်အဆင့်မပါရှိသောကြောင့်

ဖြစ်သည်။

ဂ) ဤလုပ်ငန်းစဉ်ကို အထောက်အကူပြုရန် အများပြည်သူပူးပေါင်းပါဝင်ဆောင်ရွက်ခြင်းအစီအစဉ် မူကြမ်း

ရေးဆွဲရန် စီမံကိန်းအဆိုပြုသူအားတိုက်တွန်းပါသည်။

ဃ) အများပြည်သူပူးပေါင်းပါဝင်ဆောင်ရွက်ခြင်းအစီအစဉ်တွင် လုပ်ငန်းစဉ်တစ်ရပ်ကို အကြမ်းဖျင်းဖော်ပြလိမ့်မည်

ဖြစ်ပြီး၊ စီမံကိန်းအဆိုပြုသူသည် IEE အစီရင်ခံစာပြုစုစဉ်အတွင်း ထိုလုပ်ငန်းစဉ်ကို လိုက်နာကျင့်သုံး

လိမ့်မည်။ ဤလုပ်ငန်းစဉ်ကို အခန်း ၂ တွင် အကြမ်းဖျဉ်းဖော်ပြထားသည်။

(၁) အကောင်းဆုံးရလဒ်များရရှိရန် အများပြည်သူပူးပေါင်းပါဝင်ဆောင်ရွက်ခြင်း အစီအစဉ်ကို

စီမံကိန်းကြောင့်ထိခိုက်ခံစားရမည့်သူ (PAP)များ၊ စီမံကိန်းနှင့် ပတ်သက်ဆက်နွယန


ိုင်သော

အခြားသူများနှင့် တိုင်ပင်ဆွေးနွေး၍ ရေးဆွဲသင့်သည်။

(၂) အများပြည်သူပူးပေါင်းပါဝင်ဆောင်ရွက်ခြင်းအစီအစဉ်၏ အဓိကရည်ရွယ်ချက်မှာ စီမံကိန်းကြောင့်

ထိခိုက်ခံစားရမည့်သူ (PAP)များ၊ စီမံကိန်းနှင့် ပတ်သက်ဆက်နွယန


ိုင်သောအခြားသူများအား

ကနဦးပတ်ဝန်းကျင်ဆန်းစစ်ခြင်းအဆင့်တွင် ထိရောက်စွာ ချိတ်ဆက် ပူးပေါင်းဆောင်ရွက်ရန်

ဖြစ်သည်။

(၃) အများပြည်သူပူးပေါင်းပါဝင်ဆောင်ရွက်ခြင်းအစီအစဉ်ကို ကနဦးပတ်ဝန်းကျင်ဆန်းစစ်ခြင်းလုပ်ငန်း

တလျှောက်တွင် ပြန်လည်သုံးသပ်၍ ပြင်ဆင်ရေးဆွဲသင့်သည်။ စီမံကိန်းအဆိုပြုသူက

အချက်အလက်အသစ်များ စုဆောင်းရရှိသောကြောင့်ဖြစ်သည်။

င) အများပြည်သူပူးပေါင်းပါဝင်ဆောင်ရွက်ခြင်းအစီအစဉ် ရေးဆွဲစဉ်အတွင်း စီမံကိန်းကြောင့်

ထိခိုက်ခံစားရမည့်သူ (PAP)များက ဖော်ပြသည့် စိုးရိမ်ပူပန်မှုများနှင့်ကိစ္စများကို


2

သေချာစွာမှတ်တမ်းတင်ထားသင့်သည်။ သို့မှသာ ဤကိစ္စများကို IEE စုံစမ်းစစ်ဆေးစဉ်အတွင်း

စုံစမ်းစစ်ဆေးနိုင်ပြီး ဖြေရှင်းဆောင်ရွက်နိုင်ပေမည်။

စ) စံစ
ု မ်းစစ်ဆေးမှုရလဒ်များကို စီမံကိန်းကြောင့်ထိခိုက်ခံစားရမည့်သ(ူ PAP)များအား IEE ဆောင်ရွက်စဉ်

ကာလအတွင်း အသိပေးသင့်သည်။ ဤအချက်သည် ထိရောက်အဓိပ္ပါယ်ရှိစွာ အများပြည်သူပူးပေါင်း

ပါဝင်မှု၏ အဓိကအစိတ်အပိုင်းတစ်ရပ် ဖြစ်သည်။

ဆ) အများပြည်သူပူးပေါင်းပါဝင်ဆောင်ရွက်ခြင်းလုပင
် န်းစဉ်မှရသော သဘောထားမှတ်ချက်များသည် အဆိုပြု

စီမံကိန်း၏ ဒီဇိုင်းပုံစံနှင့် စီမံကိန်းရေးဆွဲမှုအပေါ် သြဇာလွှမ်းမိုးသင့်သည်။ ဤသဘောထားမှတ်ချက်များက

ဖြစ်လာနိုင်သည့် ဆိုးကျိုးသက်ရောက်မှုများကို လျော့ချရန်၊ စီမံကိန်းအဆိုပြုလွှာအား ပြန်လည်ပြင်ဆင်ရန်

လမ်းပြနိုင်သည်။

ဇ) IEE ရေးဆွဲရာတွင် ဤလမ်းညွှန်ချက်အသုံးပြုပုံကို ပုံ ၁ တွင် ဖော်ပြထားသည်။

ဈ) IEE အစီရင်ခံစာအပေါ် သုံးသပ်ရာတွင် ဤလမ်းညွှန်ချက်အား အသုံးပြုပုံကို ပုံ ၂ တွင် ဖော်ပြထားသည်။


စီမံကိန်းအဆိုပြုသူသည် IEE IEE လုပ်ငန်းစဉ် စတင်ကြောင်း အသိပေးရန်


အစီရင်ခံစာကို
အများပြည်သူသို့ ထုတ်ပြန်သည် အချက်အလက်များကို
အများပြည်သူအား
ECD သည် IEE အစီရင်ခံစာကို ဖွင့်ဟဖော်ပြရန်
အများပြည်သူသို့ အများပြည်သူ ပူးပေါင်းပါဝင်
ထုတ်ပြန်သည် ဆောင်ရွက်ရေးအစီအစဉ်ရေးဆွဲရန်

အချက်အလက်များ
ECD သည် သဘောထား ဆက်လက်ဖွင့်ဟဖော်ပြရန်
မှတ်ချက်များ တင်ပြရန်
ပထမအကြိမ်အစည်းအဝေး
အများပြည်သူအား ဖိတ်ခေါ်သည်
အကြောင်းကြားစာထုတ်ပြန်ရန်

ပထမအကြိမ်အစည်းအဝေး
အများပြည်သူပူးပေါင်းပါဝင်သော ကျင်းပရန်
အစည်းအဝေးများအတွက်
အကြောင်းကြားစာများ ထုတ်ပြန်သည် သဘောထားမှတ်ချက်များကို IEE

၃.၂. IEE လုပ်ငန်းစဉ် စတင်ခြင်းအား အသိပေးခြင်း


ပုံ ၁။ IEE ရေးဆွဲရာတွင် လမ်းညွှန်ချက် အသုံးပြုခြင်း

တွင်ထည့်သွင်းစဉ်းစားရန်
3

စီမံကိန်းနေရာသို့
အများပြည်သူပါဝင်သော လေ့လာရေးသွားရောက်ရန်
အစည်းအဝေးများကျင်းပသည်
အချက်အလက်များ
ဆက်လက်ဖွင့်ဟဖော်ပြရန်

သဘောထားမှတ်ချက်များကို IEE ဒုတိယအကြိမ်အစည်းအဝေး


အစီရင်ခံစာအပေါ် သုံးသပ်ရာတွင်

ပုံ ၂။ IEE အစီရင်ခံစာအပေါ် သုံးသပ်ရာတွင် လမ်းညွှန်ချက်အား အသုံးပြုခြင်း


အကြောင်းကြားစာထုတ်ပြန်ရန်
ထည့်သွင်းစဉ်းစားပေးသည်
ဒုတိယအကြိမ်အစည်းအဝေးကျင်းပရန်

ဝန်ကြီးဌာနသို့ ECD ၏ သဘောထားမှတ်ချက်များကို


သဘောထားမှတ်ချက်များ IEE တွင် ထည့်သွင်းစဉ်းစားရန်
ပေးပို့သည်
IEE အစီရင်ခံစာအပေါ် နောက်ဆုံးအကြိမ်
ရှင်းလင်းဆွေးနွေးရန်

IEE အစီရင်ခံစာကို ECD သို့တင်ပြရန်


ဝန်ကြီးဌာန၏ အပြီးသတ်ဆုံးဖြတ်ချက်ကို
အများပြည်သူသို့ ထုတ်ပြန်သည်
4

က) EIA ဆိုင်ရာ လုပ်ထုံးလုပ်နည်း၊ ပုဒ်မ ၃၄ အရ၊ စီမံကိန်းအဆိုပြုသူသည် IEE လုပ်ငန်းစဉ် စတင်ကြောင်း

အများပြည်သူသို့ အသိပေးထုတ်ပြန်ရမည်။

ခ) အသိပေးစာတွင် ပါဝင်သင့်သည့် အနည်းဆုံးအချက်အလက်များမှာ -

(၁) စီမံကိန်းအမျိုးအစားနှင့်တည်နေရာ

(၂) IEE လုပ်ငန်းစဉ်နှင့်စပ်လျဉ်းသည့် အချက်အလက်များ

(၃) စီမံကိန်းနှင့်စပ်လျဉ်းသည့် ရနိုင်သမျှ အချက်အလက်အသေးစိတ်၊ ထိုအချက်အလက်များကို

မည်သို့ရယူနိုင်သည်ပါ အပါအဝင်

(၄) စီမံကိန်းနှင့်စပ်လျဉ်းသည့် အချက်အလက်များတောင်းယူရန် ဆက်သွယ်ရမည့် လိပ်စာ

အသေးစိတ်

(၅) နောက်ဆုံးရအချက်အလက်များကို မည်သည့်နေရာတွင် ရှာဖွေရမည်နှင့်စပ်လျဉ်းသည့် သတင်း

အချက်အလက်များ

(၆) IEE အပေါ် သဘောထားမှတ်ချက်များကို စာဖြင့်ရေးသား၍ စီမံကိန်းအဆိုပြုသူထံသို့ မည်သို့

တင်ပြနိုင်ကြောင်း သတင်းအချက်အလက်များ

ဂ) အသိပေးပုံနည်းလမ်း။ စီမံကိန်းအဆိုပြုသူသည် IEE လုပ်ငန်းစဉ် စတင်ကြောင်း အသိပေးစာကို

အောက်ပါနည်းလမ်းများအားဖြင့် ထုတ်ပြန်သင့်သည် -

(၁) စီမံကိန်းအဆိုပြုသူ၏ ဝက်ဘ်ဆိုဒ်ပေါ်တွင်

(၂) ဒေသသတင်းစာများတွင် ကြောငြာများ ထည့်သွင်းခြင်းဖြင့်

(၃) စီမံကိန်းနေရာတွင် ရှင်းလင်းစွာ ဖတ်ရှုနားလည်မှတ်မိနိုင်သော ဆိုင်းဘုတ်ကြီးတစ်ခုကို

သိသာထင်ရှားစွာ စိုက်ထူခြင်း

(၄) ဒေသန္တရအစိုးရ၊ အိမ်နီးချင်းများ၊ ဒေသခံဘာသာရေးအသင်းအဖွဲ့များနှင့် ဒေသခံလူထုအသင်းအဖွဲ့

များအား ပစ်မှတ်ထားအသိပေးခြင်း

(၅) အဆိုပြုစီမံကိန်း၏တည်နေရာ၊ သဘောသဘာဝတို့အရ အခြားသင့်တော်ရာနည်းလမ်းများအားဖြင့်

ဃ) အသိပေးသည့်အချိန်ကာလ။ စီမံကိန်းအဆိုပြုသူသည် IEE လုပ်ငန်းစဉ်စတင်ကြောင်းအသိပေးလွှာကို IEE

အရ ပထမအကြိမ်အများပြည်သူ ပူးပေါင်းပါဝင်ဆောင်ရွက်မှု မစတင်မီ အနည်းဆုံး ၁၄ ရက် ကြိုတင်

ထုတ်ပြန်ရမည်။

၃.၃. အချက်အလက်များ ဖွင့်ဟဖော်ပြခြင်း

က) ဖွင့်ဟဖော်ပြသည့် အချိန်ကာလ။ အဆိုပြုစီမံကိန်းနှငစ


့် ပ်လျဉ်းသည့် အချက်အလက်များကို IEE

လုပ်ငန်းစဉ် စတင်ကြောင်း အသိပေးစာထုတ်ပြန်ချိန်နှင့် တပြိုင်နက်တည်း ရရှိနိုင်စေရမည်။ (EIA ဆိုင်ရာ

လုပ်ထုံးလုပ်နည်း၊ ပုဒ်မ ၃၄)

ခ) စီမံကိန်းအဆိုပြုသူသည် -
5

(၁) စီမံကိန်းကြောင့်ထိခိုက်ခံစားရမည့်သူများ၊ အရပ်ဖက်အဖွဲ့အစည်းများ၊ ရပ်ရွာလူထုကိုယ်စားလှယ်

များ၊ ဒေသခံဘာသာရေးခေါင်းဆောင်များနှင့် ဒေသန္တရအသင်းအဖွဲ့များ၊ သက်ဆိုင်ရာ ဝန်ကြီးဌာန

များနှင့် ပြည်ထောင်စုအဆင့်နှင့် ပြည်နယ်/တိုင်းဒေသကြီးအဆင့် အစိုးရအဖွဲ့အစည်းများ၊

စီမံကိန်းအပေါ် စိတ်ဝင်စားသောအခြားသူများ အပါအဝင်၊ (ထိုသူများနှင့်သာ ကန့်သတ်မထားပါ)

အများပြည်သူသို့ အချက်အလက်များကို မြန်မြန်ဆန်ဆန် ဖြန့်ဝေပေးရမည်။

(၂) အချက်အလက်အားလုံးကို စီမံကိန်းဝက်ဆိုဒ(် များ)နှင့် စီမံကိန်းနှင့်နီးသော၊ အများပြည်သူ

အဆင်ပြေစွာ သွားရောက်နိုင်သောနေရာများ (ဥပမာ- စာသင်ကျောင်းများ၊ အထွေထွေ

အုပ်ချုပ်ရေး ဦးစီးဌာနရုံးများ၊ ဘုန်းကြီးကျောင်းများ စသည်) မှ မည်သူမဆို ရယူနိုင်ရမည်။

ဂ) အကြောင်းအမျိုးမျိုးကြောင့် စီမံကိန်းအဆိုပြုလွှာ တစ်ခုနှင့်တစ်ခုအကြားတွင် အများပြည်သူရရှိနိုင်သည့်၊

စီမံကိန်းနှင့်သက်ဆိုင်သည့် အချက်အလက်များ၊ စီမံကိန်းအမျိုးအစားနှင့် တည်နေရာ အပါအဝင်တို့သည်

အမျိုးမျိုးကွဲပြားနိုင်သည်။ သာမန်အားဖြင့် စီမံကိန်းအဆိုပြုလွှာ၏ အတိုင်းအဆနှင့် အမျိုးအစားတို့ကို

ရှင်းလင်းစွာ ဖော်ပြနိုင်ရန် အောက်ပါအချက်အလက်များကို ပေးသင့်သည် -

(၁) စီမံကိန်းအဆိုပြုလွှာ အကျဉ်းချုပ်၊ စီမံကိန်းအမျိုးအစား၊ အရွယ်အစား၊ တည်နေရာနှင့်

ဆောင်ရွက် မည့် အချိန်ကာလများအပါအဝင်

(၂) စီမံကိန်းအဆိုပြုသူများ (စီမံကိန်းအပေါ် ငွေကြေးပံ့ပိုးသူများ အပါအဝင်)

(၃) မျက်မြင်ကြည့်ရှုနိုင်သော အချက်အလက်များ၊ ဓာတ်ပုံများ၊ မြေပုံများ၊ ရေးဆွဲထားသောဒီဇိုင်းပုံစံ

များ၊ ရုပ်ပက
ုာံးချပ်များအပါအဝင်

ဃ) တတ်နိုင်သမျှ အချက်အလက်များများကို အများပြည်သူ စဉ်းစားနိုင်ရန်နှင့် ထပ်မံဆွေးနွေးနိုင်ရန် ပေးထား

သင့်သည်။ အချက်အလက်များ ဖွင့်ဟဖော်ပြခြင်းနှင့် ဆိုင်သည့် လေးထောင့်ကွက် ၂ ကိုလည်းကြည့်ပါ။

င) အချက်အလက်များသည် စီမံကိန်းနှင့်သက်ဆိုင်သော အချက်အလက်များဖြစ်သင့်ပြီး၊ စီမံကိန်းကြောင့်

ထိခိုက်ခစ
ာံးရမည့်သူများနှင့် စီမံကိန်းနှင့်ပတ်သက်ဆက်နွယ်နိုင်သောအခြားသူများ နားလည်နိုင်သော

ပုံစံတစ်ရပ်ဖြင့် ပေးခြင်းဖြစ်သင့်သည်။ ဆိုလိုသည်မှာ ပညာရပ်ဆိုင်ရာ စာရွက်စာတမ်းများကို ရိုးရှင်းသော

ဒေသသုံးဘာသာစကားဖြင့် ရှင်းလင်းဖော်ပြသင့်သည်။

စ) သိပ္ပံဆိုင်ရာနှင့် ပညာရပ်ဆင
ိုရာ အချက်အလက်များကို ရှင်းပြပေးရန် တောင်းဆိုမှုတစ်ရပ်ရှိပါက၊ စီမံကိန်း

အဆိုပြုသူသည် သင့်တော်သော ပညာရှင်များနှင့် လူထုအကြား အစည်းအဝေးတစ်ခု စီစဉ်ပေးသင့်သည်။

ဆ) အများပြည်သူသို့ ဖွင့်ဟဖော်ပြသော အချက်အလက်များကို အောက်ပါ နည်းလမ်းအားဖြင့် ရရှိနိုင်ရန်

ဆောင်ရွက်သင့်သည် -

(၁) စီမံကိန်းဝက်ဘ်ဆိုဒ်နှင့် စီမံကိန်းအဆိုပြုသူ၏ ဝက်ဘ်ဆိုဒ(် များ)တွင်

(၂) အများပြည်သူ ပူးပေါင်းပါဝင်သော လှုပ်ရှားမှုများနှင့် စီမံကိန်းနှင့်ဆိုင်သော အခြားလှုပ်ရှားမှုများ

တွင် ဖြန့်ဝေခြင်း

(၃) စီမံကိန်းအဆိုပြုသူ၏ရုံးများတွင[် အီလက်ထရောနစ်ပုံစံများ (အပျော့ထည်များ)နှင့်

စာရွက်စာတမ်းမိတ္တူများ (အမာထည်များ)အားဖြင်]့
6

(၄) စီမံကိန်းနေရာနှင့် စီမံကိန်းကြောင့် ထိခိုက်ခံစားရမည့်သူများနှင့်နီးသော၊ သွားလာရအဆင်ပြေ၊

လက်လှမ်းမီသော၊ လွတ်လပ်သောနေရာများ (ဥပမာ- စာသင်ကျောင်းများ၊ အထွေထွေ

အုပ်ချုပ်ရေးဦးစီးဌာနရုံးများ၊ ဘုန်းကြီးကျောင်းများ စသည်) တွင် စာရွက်စာတမ်းမိတ္တူများကို

လေ့လာကြည့်ရှုနိုင်ရန် ရရှိနိုင်ခြင်း

ဇ) စီမံကိန်းကြောင့်ထိခိုက်ခံစားရမည့်သူများ၊ စီမံကိန်းနှင့် ပတ်သက်ဆက်နွယ်သော အခြားသူများအား

ပေးအပ်သည့် အချက်အလက်အားလုံးကို ဒေသခံလူထုအသိုင်းအဝိုင်းပြင်ပမှ ပုဂ္ဂိုလ်များပါ လက်လှမ်း

မီနိုင်ရန်နှင့် ဖြန့်ဝေမှုလက်ခံရရှိရန် အများနှင့်ဆိုင်သော အချက်အလက်များအဖြစ် ကိုင်တွယ်ဆောင်ရွက်

သင့်သည်။
7

လေးထောင့်ကွက၂
် ။ IEE အချက်အလက်များ ဖွင့်ဟဖော်ပြခြင်း

မည်သည့်အချက်အလက်အမျိုးအစားကို ပေးအပ်သင့်ပါသလဲ ?

• စီမံကိန်းဆိုင်ရာ အကျဉ်းချုပ်အချက်အလက်များ၊ မြေပုံများ၊ အစီအစဉ်မူကြမ်းများနှင့် အခြား


ရနိုင်သော အချက်အလက်များအပါအဝင်
• တည်ဆောက်ရေးအချိနက
်ာလလျာထားချက်အသေးစိတ်နှင့် ဖြစ်လာနိုင်သော
ထိခိုက်မှုများအကြောင်း အကျဉ်းချုပ် ဖော်ပြချက်- အချက်အလက်များ ပိုမိုရနိုင်သောအခါ
ပြန်လည်မွမ်းမံပြင်ဆင်၍ ပေးအပ်ရန်ဖြစ်သည်။
• စီမံကိန်းအဆိုပြုလွှာ နှင့်၊ ဖြစ်လာနိုင်သော ထိခိုက်မှုများနှင့်ဆိုင်သော သိပ္ပံဆိုင်ရာ သို့မဟုတ်
ပညာရပ်ဆိုင်ရာ အချက်အလက်များ
• ဒေသခံလူထုအသိုင်းအဝိုင်း၊ အရပ်ဖက်အဖွဲ့အစည်းများနှင့် အစိုးရဌာန/အဖွဲ့အစည်းများထံမှ
ကနဦး သဘောထားမှတ်ချက်များ
• စီမံကိန်းအဆိုပြုသူသည် ကနဦးသဘောထားမှတ်ချက်များအပေါ် စာဖြင့်တုန့်ြ့ပန်ဖြေရှင်းချက်

များကို လူထသ
ို့ အသိပေးသင့်သည်။

• စီမံကိန်းကြောင့် ထိခိုက်ခံစားရမည့်သူများနှင့် စီမံကိန်းနှင့် ပတ်သက်ဆက်နွယလာမည့်

အခြားသူများ၏ IEE အစီရင်ခံစာမူကြမ်းအပေါ် သဘောထားမှတ်ချက်များ၊ ပတ်ဝန်းကျင်စီမံခန့်ခွဲမှု

အစီအစဉ်မူကြမ်း

• IEE အစီရင်ခံစာ၊ ပတ်ဝန်းကျင်စီမံခန့်ခွဲမှုအစီအစဉ်နှင့် အများပြည်သူ ပူးပေါင်းပါဝင် ဆောင်ရွက်

ခြင်းအစီအစဉ်

၃.၄.• IEE ရေးဆွဲစဉ်အတွင်း၊ အများပြည်သူ ပူးပေါင်းပါဝင်ဆောင်ရွက်ခြင်း


• အများပြည်သူပူးပေါင်းပါဝင်သည့် အစည်းအဝေးအရေအတွက်
၃.၄.၁

က) EIA ဆိုင်ရာ လုပ်ထုံးလုပ်နည်း၊ ပုဒ်မ ၃၄ (ခ)အရ၊ ဝန်ကြီးဌာနသည် စီမံကိန်းအဆိုပြုသူအား IEE ရေးဆွဲစဉ်

အတွင်း အများပြည်သူပူးပေါင်းပါဝင်သည့် အစည်းအဝေးများ အနည်းဆုံး ၂ ကြိမ် ကျင်းပရန်

သတ်မှတ်သည်။

(၁) ဤအစည်းအဝေးများတွင် IEE အစီရင်ခံစာအပေါ် နောက်ဆုံးအကြိမ် ရှင်းလင်းဆွေးနွေးခြင်း

မပါဝင်ပါ။ (၄.၄.၄ ကိုကြည့်ပါ)

(၂) အစည်းအဝေးအရေအတွက် အနည်းငယ်သာပြုလုပ်ခြင်းအပေါ် ရှင်းလင်းစွာ အကဲဖြတ်ခံရန်

လိုလိမ့်မည်။ ဤနေရာတွင် အများပြည်သူ ပူးပေါင်းပါဝင်ခဲ့မှုရလဒ်များက မည်သို့ ဆက်လက်

ထိရောက် အဓိပ္ပါယ်ရှိဦးမည်ဖြစ်ကြောင်း ဖော်ပြချက်များ ပါဝင်ရန်လအ


ို ပ်သည်။

(၃) စီမံကိန်းအဆိုပြုသူသည် အများပြည်သူပူးပေါင်းပါဝင်သည့် အစည်းအဝေး ၂ ကြိမ်အောက်သာ

ပြုလုပ်နိုင်ရေးအတွက် ECD ထံမှ အသေးစိတ် အတည်ပြုချက် ရယူရမည်။


8

ခ) ဤအစောပိုင်းအဆင့်တွင်ပင်၊ စီမံကိန်းအဆိုပြုသူသည် အမျိုးသား၊ အမျိုးသမီးနှစ်ရပ်လုံး အစည်းအဝေး

များသို့ တက်ရောက်နိုင်ရန်နှင့် ယင်းတို့၏ စိုးရိမ်ပူပန်မှုများကို ဖော်ပြနိုင်ရန် သီးခြားအစည်းအဝေးများ

ကျင်းပပေးရန် စဉ်းစားသင့်သည်။

၃.၄.၂ အများပြည်သူပူးပေါင်းပါဝင်သည့် အစည်းအဝေးများ စီစဉ်ခြင်းနှင့်ကျင်းပခြင်း

က) အများပြည်သူပူးပေါင်းပါဝင်သည့် အစည်းအဝေးများကျင်းပရန် အသိပေးသည့်အချိန်ကာလ။ အများ

ပြည်သူပူးပေါင်းပါဝင်သည့် အစည်းအဝေးတစ်ခုမကျင်းပမီ ၁၄ ရက်ထက်မနည်း ကြိုတင်၍ အသိပေး

စာထုတ်ပြန်သင့်သည်။

ခ) အသိပေးသည့်နည်းလမ်း။ စီမံကိန်းအဆိုပြုသူသည် အများပြည်သူပူးပေါင်းပါဝင်သည့် အစည်းအဝေး

တစ်ခုကျင်းပရန် အသိပေးစာထုတ်ပြန်မှုကို အောက်ပါနည်းလမ်းများအတိုင်း ပြုလုပ်သင့်သည် -

(၁) စီမံကိန်းအဆိုပြုသူ၏ ဝက်ဘ်ဆိုဒ်ပေါ်တွင်

(၂) ဒေသသတင်းစာတွင် ကြော်ငြာစာများ ထည့်သွင်းခြင်းအားဖြင့်

(၃) စီမက
ိံန်းနေရာတွင် ရှင်းလင်းစွာ ဖတ်ရှုနားလည်မှတ်မိနိုင်သော ဆိုင်းဘုတ်ကြီးတစ်ခုကို သိသာ

ထင်ရှားစွာ စိုက်ထူခြင်း

(၄) ဒေသန္တရအစိုးရ၊ အိမ်နီးချင်းများ၊ ဒေသခံလူထုအသင်းအဖွဲ့များအား ပစ်မှတ်ပေး အသိပေးခြင်း

ဂ) အများပြည်သူ ပူးပေါင်းပါဝင်သည့် အစည်းအဝေးများ ကျင်းပခြင်း။ အများပြည်သူပူးပေါင်းပါဝင်သည့် IEE

အစည်းအဝေးအားလုံး၌ အောက်ပါအကြောင်းအရာများ အနည်းဆုံး ပါဝင်သင့်သည်-

(၁) စီမံကိန်းအဆိုပြုသူက စီမံကိန်းနှင့်စပ်လျဉ်း၍ ရှင်းလင်းဆွေးနွေးခြင်း။ အောက်ပါအကြောင်းအရာ

များ ပါဝင်သင့်ပြီး၊ ထိုအကြောင်းအရာများနှင့်သာ ကန့်သတ်မထားပါ -

- အဆိုပြုစီမံကိန်းအကြောင်းဖော်ပြချက်များ

- စီမံကိန်းအကောင်အထည်ဖော်မည့် ပင်မကာလများ (ဒီဇိုင်း၊ အကြိုတည်ဆောက်ခြင်း၊

တည်ဆောက်ခြင်း၊ လုပ်ငန်းလည်ပတ်ခြင်း၊ လုပ်ငန်းလည်ပတ်မှုရပ်ခြင်း၊ စီမံကိန်း

ပိတ်သိမ်းခြင်း၊ ပိတ်သိမ်းပြီးနောက်ပိုင်း ကိစ္စများဆောင်ရွက်ခြင်း)

- စီမံကိန်း၏ နောက်ခံသမိုင်းအကျဉ်း

- စီမံကိန်း အကောင်အထည်ဖော်ရန် ရေးဆွဲထားသည့်ကာလများ

- စီမံကိန်းနှင့်ဆက်စပ်သည့် ရှိရင်းစွဲ အခြေခံအဆောက်အအုံများ၏ အမှန်အခြေအနေ

- စီမံကိန်းဆောင်ရွက်ရန်လ/ို မလို ဆန်းစစ်ချက် အကျဉ်းချုပ်အပါအဝင်

- အဆိုပြုလွှာအား အခြားနည်းဖြင့် ဆောင်ရွက်နိုင်ခြေများ၊ အခြားနေရာများတွင်

ဆောင်ရွက်ခြင်းအပါအဝင်

- စီမံကိန်းကြောင့် ဖြစ်လာနိုင်သော ထိခိုက်မှုများ (တိုက်ရိုက်၊ သွယ်ဝိုက်နှင့်

အခြားစီမံကိန်းများကြောင့် ထိခိုက်မှုများပါ စုစည်းပေါင်းစပ် သက်ရောက်ခြင်းများ)


9

လေနှင့်ရေသို့ ထုတ်လွှတ်မှုများ၊ စွန့်ပစ်အမှိုက်များ၊ ဆူညံသံ၊ ယာဉ်ကြောပိတ်ဆို့ခြင်း၊ အနံ့၊

သို့မဟုတ် အခြားအမျိုးအစား ထိခိုက်မှုတို့ အပါအဝင်

- IEE စုံစမ်းစစ်ဆေးခြင်းအဆင့်၌ အများပြည်သူပူးပေါင်းပါဝင်ဆောင်ရွက်ခြင်းအစီအစဉ်

- စီမံကိန်းနှင့်စပ်လျဉ်းသည့် ပြန်လည်ကုစားရေး လုပ်ထုံးလုပ်နည်း သို့မဟုတ် လူထုနှင့်

တိုင်ပင်ဆွေးနွေးရေးကော်မတီကို ထူထောင်ရန်

(၂) အများပြည်သူက သဘောထားမှတ်ချက်များကို နှုတ်ဖြင့်ပေးနိုင်သည့်အခွင့်အရေး

(၃) စာဖြင့်ရေးသားဖော်ပြထားသည့် သဘောထားမှတ်ချက်များကို မည်သို့ပေးပို့နိုင်ကြောင်း

အသေးစိတ်၊ သဘောထားမှတ်ချက်များ တင်ပြနိုငသ


် ည့် နောက်ဆုံးရက်များ အပါအဝင်

ဃ) စီမံကိန်းအဆိုပြုသူသည် အောက်ပါတို့အပေါ် အထူးစဉ်းစားပေးရမည်-

(၁) အမျိုးသမီးများ ပါဝင်နိုင်ရန် မည်သို့အကောင်းဆုံး စီစဉ်ပေးရမည်

(၂) ထိခိုက်ခံစားလွယ်သော၊ လူမှုအသိုင်းအဝိုင်းအတွင်း အများနည်းတူအခွင့်အရေးမရသောသူများ၊

အလွန်ဆင်းရဲသူများ နှင့် မသန်စွမ်းသူများ အပါအဝင်ထံမှ သဘောထားအမြင်များရနိုင်စေရန်

(၃) တိုင်းရင်းသားမျိုးနွယ်စုများ ပါဝင်နိုင်ရန် မည်သို့ အကောင်းဆုံးစီစဉ်ပေးရမည်

ဃ) စီမံကိန်းအဆိုပြုသူသည် အောက်ပါတို့ကို သေချာစေရမည် -

(၁) အများပြည်သူပူပေါင်းပါဝင်သည့် အစည်းအဝေးမှတ်တမ်းများနှင့် သဘောထားမှတ်ချက်များကို

မှတ်တမ်းတင်ထားရမည်။

(၂) ဤမှတ်တမ်းများကို ဖိုင်တွဲ၍ ထိန်းသိမ်းထားရမည်။

(၃) EIA ဆိုင်ရာ လုပ်ထုံးလုပ်နည်း၊ ပုဒ်မ ၃၇ အရ ဤမှတ်တမ်းများအား ECD မှ သုံးသပ်နိုင်ရန် IEE

အစီရင်ခံစာနှင့်အတူ ECD သို့ တင်ပြရမည်။

၃.၄.၃ စီမက
ိံန်းဧရိယာသို့ လေ့လာရေးခရီးစဉ်များ

က) အများပြည်သူပူးပေါင်းပါဝင်ဆောင်ရွက်ခြင်း လုပ်ငန်းစဉ် ထိရောက်မှုတိုးတက်စေရန်၊ ဝန်ကြီးဌာနသည်

ECD နှင့် အခြားသက်ဆိုင်ရာ အစိုးရအဖွဲ့အစည်းများအတွက် အဆိုပြုစီမံကိန်းနေရာသို့ လေ့လာရေး

ခရီးစီစဉ်ပေးရန် စီမံကိန်းအဆိုပြုသူအား တိုကတ


်ွန်းသည်။

ခ) မည်သည့်လေ့လာရေးခရီးစဉ်မဆို စီမံကိန်းကြောင့်ထိခိုက်ခံစားရမည့်သူများနှင့်တိုင်ပင်၍ စီစဉ်သင့်သည်၊

အများပြည်သူအား အသိပေးသင့်သည်၊ စီမံကိန်းကြောင့်ထိခိုက်ခံစားရမည့်သူများပါ လိုက်ပါနိုင်ရန်

လမ်းဖွင့်ပေးသင့်သည်။

ဂ) လေ့လာရေးခရီးစဉ်များကို သက်ဆိုင်ရာဝန်ကြီးဌာနများ၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့် စီမံကိန်း

ကြောင့် ထိခိုက်ခံစားရမည့်သူများ၏ ကိုယ်စားလှယ်များအကြား ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ရမည်။

၃.၄.၄ IEE အစီရင်ခံစာအပေါ် နောက်ဆုံးအကြိမ် ရှင်းလင်းဆွေးနွေးခြင်း


10

က) IEE အစီရင်ခံစာကို ECD သို့ မတင်ပြမီ၊ နောက်ဆုံးအကြိမ် အလုပ်ရုံဆွေးနွေးပွဲတစ်ခု ပြုလုပ်ရန် စီမံကိန်း

အဆိုပြုသူအား တိုက်တွန်းသည်။ သို့မှာသာ စီမံကိန်းကြောင့် ထိခိုက်ခံစားရမည့်သူများနှင့် စီမံကိန်းနှင့်

ပတ်သက်ဆက်နွယ်သော အခြားသူများအား IEE အပေါ် ကောက်ချက်ချမှုများနှင့် အကြံပြုချက်များကို

အသိပေးနိုင်မည်ဖြစ်သည်။

ခ) အဆိုပြုထားသော ပတ်ဝန်းကျင်စီမံခန့်ခွဲမှုအစီအစဉ် (EMP) အကြောင်း ရှင်းလင်းဆွေးနွေးမှုတစ်ရပ်လည်း

နောက်ဆုံးအကြိမ် ရှင်းလင်းဆွေးနွေးခြင်းတွင် ပါဝင်သင့်သည်။ ဤအပိုင်းတွင် စီမံကိန်းအား

အတည်ပြုလျှင် စီမံကိန်းအကောင်အထည်ဖော်စဉ် ကျင့်သုံးဆောင်ရွက်မည့် လူထုတိုင်ကြားမှုများကို

ကိုင်တွယ် ဆောင်ရွက်မည့် လုပ်ထုံးလုပ်နည်းများ၊ သို့မဟုတ် အငြင်းပွားမှုဖြေရှင်းမည့် လုပ်ငန်းစဉ်

အကြောင်း အသေးစိတ်များလည်း ပါဝင်သင့်သည်။

ဂ) လေ့လာရေးခရီးစဉ်သို့ ဖိတ်ကြားခံရသူများတွင် အရပ်ဖက်ကိုယ်စားလှယ်များ၊ ဒေသခံလူထု၊

ပြည်ထောင်စုအဆင့်နှင့် ပြည်နယ်/တိုင်းဒေသကြီးအဆင့်မှ သက်ဆိုင်ရာ အစိုးရဌာန/အဖွဲ့အစည်းများ၊

စီမံကိန်းအဆိုပြုလွှာနှင့် ပတ်သက်သည့် အခြားသူများ ပါဝင်သင့်သည်။

ဃ) စီမံကိန်းကြောင့် ထိခိုက်ခံစားရမည့်သူများနှင့် စီမံကိန်းနှင့် ပတ်သက်ဆက်နွယ်သော အခြားသူများသည်

IEE အစီရင်ခံစာအပေါ် သုံးသပ်သည့် အဆင့်အတွင်း၊ ECD သို့ သဘောထားမှတ်ချက်များ တင်ပြနိုင်ရေး

ပြင်ဆင်ရန် ဤကိစ္စကို အခွင့်အရေးတစ်ရပ်သဖွယ် အသုံးချနိုင်သည်။

၃.၄.၅ IEE အစည်းအဝေးများနှင့် စပ်လျဉ်းသည့် အကျဉ်းချုပ်အချက်အလက်များ

က) IEE ရေးဆွဲစဉ်ကာလအတွင်း အနည်းဆုံးဆောင်ရွက်ရမည့် အစည်းအဝေးများနှင့် စပ်လျဉ်းသည့်

အကျဉ်းချုပ်တစ်ရပ်(အစည်းအဝေးများတွင် မည်သူပါဝင်သင့်သည်နှင့် မျှော်မှန်းထားသည့်

ရည်မှန်းချက်နှင့်ရလဒ်များအပါအဝင်) ကို ဇယား ၃ တွင် ဖော်ပြထားသည်။

ဇယား ၃။

မည်သူပါဝင်သင့်သလဲ ? အစည်းအဝေးအပေါ် မျှော်မှန်းထားသည့်

ရည်ရွယ်ချက်နှင့်ရလဒ်များကအဘယ်နည်း?

ပထမအကြိမ် ဒေသအဆင့်နှင့် ပြည်နယ်/တိုင်းအဆင့် တွင် စီမံကိန်းကြောင့်ထိခိုက်ခံစားရမည့်သူများ

အစည်းအဝေး စီမံကိန်းကြောင့် ထိခိုက်ခံစားရမည့် သူများ၊ နှင့် စီမံကိန်းနှင့် ပတ်သက်ဆက်နွယသ


်ူ

ဒေသအဆင့်နှင့် ပြည်နယ်/တိုင်း အဆင့် များကို စီမံကိန်းအဆိုပြုလွှာအကြောင်း

အရပ်ဖက်အဖွဲ့အစည်းများ၊ သယံ ဇာတနှင့် အသိပေးရန်

သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး

ဝန်ကြီးဌာန၊ ပြည်နယ်နှင့် တိုင်းဒေသကြီး

အဆင့် ပတ်ဝန်းကျင် ထိန်းသိမ်းရေး


11

ဦးစီးဌာန၊ အခြားသက်ဆိုင်ရာ

အစိုးရဌာနများ၊

စီမံကိန်းကြောင့်ထိခိုက်ခံစားရမည့်သူများကို

ဒေသအာဏာပိုင်များ IEE လုပ်ငန်းစဉ်နှင့် ထိုလုပ်ငန်းစဉ်အား

မည်သို့ ဆောင်ရွက်မည်ဖြစ်ကြောင်း အသိ

ပေးရန်

အမျိုးသမီးများ၊ ထိခိုက်ခံစားလွယ်သော နောက်အစည်းအဝေးများအတွက် ရေးဆွဲ

လူအုပ်စုများပါဝင်နိုင်ရန် အထူးအလေး ပေး ထားလျှင်၊ စီမံကိန်းကြောင့် ထိခိုက်ခံစား

ဆောင်ရွက်သင့်သည် ရမည့်သူများကို အဆိုပြုတင်ပြထားသည့်

အများပြည်သူ ပူးပေါင်းပါဝင်ဆောင်ရွက်ခြင်း

အစီအစဉ်အား အသိပေးရန်

စီမံကိန်းအဆိုပြုသူနှင့် IEE အတိုင်ပင်ခံ လာမည့်အစည်းအဝေးအတွက် နေ့ရက်

သတ်မှတ်ရန်

ဒုတိယအကြိမ် ဒေသအဆင့်နှင့် ပြည်နယ်/တိုင်းအဆင့် တွင် IEE တွင် ထည့်သွင်းရမည့် အချို့ကိစ္စရပ်

အစည်းအဝေး စီမံကိန်းကြောင့် ထိခိုက်ခံစားရမည့် သူများ၊ များအတွက် စီမံကိန်းကြောင့် ထိခိုက်ခံစား

(နှင့် ဒေသအဆင့်နှင့် ပြည်နယ်/တိုင်း အဆင့် ရမည့်သူများနှင့် စီမံကိန်းနှင့်ဆက်နွယ်

လိုအပ်လာလျှင် အရပ်ဖက်အဖွဲ့အစည်းများ၊ သယံ ဇာတနှင့် ပတ်သက်သော အခြားသူများထံမှ ကနဦး

နောက်လာမည့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး သဘောထားမှတ်ချက်နှင့် အကြံဥာဏ်များ

အစည်းအဝေး ဝန်ကြီးဌာန၊ ပြည်နယ်နှင့် တိုင်းဒေသကြီး အပေါ် တုန့်ပြန်ဖြေကြားပေးရန်

တစ်ခုခ)ု အဆင့် ပတ်ဝန်းကျင် ထိန်းသိမ်းရေး

ဦးစီးဌာန၊ အခြား သက်ဆိုင်ရာ

အစိုးရဌာနများ၊

ဒေသအာဏာပိုင်များ IEE ဆိုင်ရာ နောက်ဆုံးအချက်အလက်များ

ပေးရန်

စီမံကိန်းအဆိုပြုသူနှင့် IEE အတိုင်ပင်ခ၊ံ

စကားပြန်(များ)။

ဤအစည်းအဝေးတွင် အမျိုးသား၊

အမျိုးသမီးနှစ်ရပ်လုံးအတွက်
12

(ပွဲဖြစ်မြောက်ရေးတာဝန်ခံအမျိုးသမီးများ

နှင)့် သီးခြားအစည်းအဝေးများပါထည့်သွင်း

ကျင်းပသင့်သည်။ ပြီးမှ အမျိုးသား၊

အမျိုးသမီးနှစ်ရပ်ပေါင်း၍ အစည်းအဝေး

ကျင်းပသင့်သည်။

IEE အစီရင်ခံစာ ဒေသအဆင့်နှင့် ပြည်နယ်/တိုင်းအဆင့် တွင် IEE အစီရင်ခံစာ အပေါ် ရှင်းလင်းဆွေးနွေး

အပေါ် စီမံကိန်းကြောင့် ထိခိုက်ခံစားရမည့် သူများ၊ ရန်နှင့် စီမံကိန်းကြောင့် ထိခိုက်ခံစားရမည့်

နောက်ဆုံး ဒေသအဆင့်နှင့် ပြည်နယ်/တိုင်း အဆင့် သူများနှင့် စီမံကိန်းနှင့် ပတ်သက်ဆက်နွယ်

အကြိမ် ရှင်းလင်း အရပ်ဖက်အဖွဲ့အစည်းများ၊ သယံ ဇာတနှင့် လာမည့် အခြားသူများ၏ သဘောထား

ဆွေးနွေးခြင်း သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး မှတ်ချက်များနှင့် စိုးရိမ်ပူပန်မှုများကို

ဝန်ကြီးဌာန၊ ပြည်နယ်နှင့် တိုင်းဒေသကြီး အစီရင်ခံစာထဲတွင် မည်သ့ထ


ို ည့်သွင်း

အဆင့် ပတ်ဝန်းကျင် ထိန်းသိမ်းရေး စဉ်းစားဆောင်ရွက်ပေးကြောင်း ရှင်းလင်း

ဦးစီးဌာန၊ အခြား သက်ဆိုင်ရာ ဆွေးနွေးပေးရန်

အစိုးရဌာနများ၊

သွယ်ဝက
ို ၍
် ထိခိုက်မှုခံရမည့် လူပုဂ္ဂိုလ်/

အဖွဲ့အစည်းများနှင့် စီမံကိန်း သို့မဟုတ်

ဒေသအပေါ် စိတ်ဝင်စားသော အစိုးရ

မဟုတ်သော ပြည်တွင်း အဖွဲ့အစည်းများ

လည်း ပါဝင်နိုင်သည်

ဒေသအာဏာပိုင်များ၊

စီမံကိန်းအဆိုပြုသူ နှင့် IEE အတိုင်ပင်ခံ

၃.၅. IEE အစီရင်ခံစာအပေါ် သတ်မှတ်ချက်များ

က) EIA ဆိုင်ရာ လုပ်ထုံးလုပ်နည်း၊ ပုဒ်မ ၃၆ (ဆ) အရ၊ IEE အစီရင်ခံစာတိုင်းတွင် အများပြည်သူ ပူးပေါင်း

ပါဝင်ဆောင်ရွက်ခြင်းလုပ်ငန်းစဉ်များ၏ ရလဒ်များ၊ အများပြည်သူထံမှ ရရှိသော အကြံပြုချက်များ၊

လက်ခံရရှိသည့် သဘောထားမှတ်ချက်များအပေါ် စီမံကိန်းအဆိုပြုသူ၏ စာဖြင့် တုန့်ပြန်ဖြေရှင်းချက်များ

ပါဝင်ရန်လိုအပ်သည်။
13

ခ) အများပြည်သူပူးပေါင်းပါဝင်ဆောင်ရွက်ခြင်းလုပ်ငန်းစဉ်များ ဆောင်ရွက်ပုံ အကျဉ်းချုပ်သက်သက်သာ

မဖြစ်စေဘဲ၊ အများပြည်သူ ပူးပေါင်းပါဝင်ဆောင်ရွက်ခြင်း၏ ရလဒ်များကိုပါ ထည့်သွင်းစဉ်းစားရန်

ကျယ်ပြန့်သော တာဝန်ဝတ္တရားတစ်ရပ် ရှိသည်။

ဂ) အများပြည်သူပူးပေါင်းပါဝင်ဆောင်ရွက်ခြင်းလုပ်ငန်းစဉ်၏ရလဒ်များ။ အများပြည်သူပူးပေါင်းပါဝင်

ဆောင်ရွက်ခြင်းလုပ်ငန်းစဉ်၏ ရလဒ်များကို အစီရင်ခံရာတွင်၊ စီမံကိန်းအဆိုပြုသူသည် IEE အစီရင်ခံစာ၌

အောက်ပါတို့ကို အနည်းဆုံး ထည့်သွင်းရမည် -

(၁) အများပြည်သူပူးပေါင်းပါဝင်ဆောင်ရွက်ခြင်းလုပ်ငန်းစဉ်များတွင် အသုံးပြုသည့် နည်းလမ်း၊

အများပြည်သူပူးပေါင်းပါဝင်ဆောင်ရွက်ခြင်း အစီအစဉ်တစ်ရပ်ရပ် ရေးဆွဲခြင်းအပါအဝင်။

(၂) အများပြည်သူပူးပေါင်းပါဝင်ဆောင်ရွက်ခြင်းလုပ်ငန်းစဉ် စတင်ကြောင်း ကနဦးအသိပေးစာနှင့်

အချက်အလက်များအား အများပြည်သူထံပေးပိအ
ု့ သိပေးမှု (အသိပေးသည့် နည်းလမ်းများနှင့်

အသိပေးမှုပြုလုပ်သည့် နေ့စွဲတို့အပါအဝင်)

(၃) အများပြည်သူပူးပေါင်းပါဝင်သည့် အစည်းအဝေးများ ကျင်းပမည့်အကြောင်း အသိပေးစာ

(အသိပေးသည့် နည်းလမ်းများနှင့် အသိပေးမှုပြုလုပ်သည့် နေ့စွဲတို့အပါအဝင်)

(၄) အများပြည်သူပူးပေါင်းပါဝင်သည့် အစည်းအဝေးများ ကျင်းပခဲ့သည့် နေရာနှင့် ကျင်းပခဲ့သည့်

အကြိမ်အရေအတွက်

(၅) အများပြည်သူပူးပေါင်းပါဝင်သည့် အစည်းအဝေးများသို့ တက်ရောက်သည့် လူအရေအတွက်

(ကျား/မ ခွဲခြားဖော်ပြရန်)

(၆) အများပြည်သူပူးပေါင်းပါဝင်သည့် အစည်းအဝေးများတွင် နှုတ်ဖြင့် သဘောထားမှတ်ချက်ပေးသည့်

လူအရေအတွက်

(၇) လက်ခံရရှိထားသည့် စာဖြင့်ရေးသားတင်ပြသည့် ပြည်သူ့သဘောထားမှတ်ချက် အရေအတွက်

(၈) စီမံကိန်းကြောင့်ထိခိုက်ခံစားရမည့်သူများနှင့် စီမံကိန်းနှင့် ပတ်သက်ဆက်နွယ်သော အခြားသူ

များက တင်ပြသည့် ကိစ္စရပ်များ အကျဉ်းချုပ်

(၉) ထိုသို့ တင်ပြသော ကိစ္စများကို ဖြေရှင်းဆောင်ရွက်ခဲ့ပုံများအား IEE အစီရင်ခံစာတွင် ဖော်ပြခဲ့ခြင်း

ဃ) စီမံကိန်းအဆိုပြုသူသည် အများပြည်သူ ပူးပေါင်းပါဝင်ဆောင်ရွက်ခြင်း အစီအစဉ်ကို ရေးဆွဲ၊

အကောင်အထည်ဖော်ခဲ့လျှင်၊ IEE အစီရင်ခံစာတွင် အဆိုပါအစီအစဉ် အကျဉ်းချုပ်နှင့် IEE

ရေးဆွဲစဉ်အတွင်း ယင်းကိုမည်သို့ အကောင်အထည်ဖော်ခဲ့သည်ကိုလည်း ထည့်သွင်းသင့်သည်။

(အများပြည်သူ ပူးပေါင်းပါဝင်ဆောင်ရွက်ခြင်း အစီအစဉ်ကို IEE အစီရင်ခံစာနှင့် ပူးတွဲဖော်ပြခြင်း)

င) သဘောထားမှတ်ချက်များကို တုန့်ပြန်ဖြေရှင်းခြင်း။ EIA ဆိုင်ရာ လုပ်ထုံးလုပ်နည်း၊၊ ပုဒ်မ ၃၆ (ဆ)အရ၊

စီမံကိန်းအဆိုပြုသူသည် လက်ခံရရှိထားသည့် သဘောထားမှတ်ချက်များအပေါ် တုန့်ပြန်ဖြေရှင်းချက်များ

ပေးရမည်။ ထိုဖြေရှင်းချက်များတွင် အဆိုပါ သဘောထားမှတ်ချက်များကို IEE အစီရင်ခံစာ၏

မည်သည့်နေရာတွင် ရှင်းလင်းဆွေးနွေးထားကြောင်း၊ အဆိုပြုစီမံကိန်း၏ ပတ်ဝန်းကျင်စီမံခန့်ခွဲမှု

အစီအစဉ်နှင့်အညီ ဆောင်ရွက်ခြင်းအပါအဝင်အား ဖော်ပြသင့်သည်။ သို့မဟုတ်ပါက ထိုသဘောထား


14

မှတ်ချက်များနှင့် အကြံပြုချက်များကို မည်သည့်အကြောင်းကြောင့် ပယ်ချခဲ့ရကြောင်း ကြောင်းကျိုးဆက်စပ်

ဝေဖန်မှု ပေးသင့်သည်။

၃.၆. EIA အစီရင်ခံစာအပေါ် သုံးသပ်ရာတွင် အများပြည်သူပူးပေါင်းပါဝင် ဆောင်ရွက်ခြင်း

၃.၆.၁ အထွေထွေ

က) EIA ဆိုင်ရာ လုပ်ထုံးလုပ်နည်း၊ ပုဒ်မ ၃၉ အရ၊ နောက်ဆုံးပြုစုထားသော IEE အစီရင်ခံစာအပေါ် ECD မှ

သုံးသပ်စဉ်အတွင်း အများပြည်သူ ပူးပေါင်းပါဝင်ဆောင်ရွက်ရန် လိုအပ်သည်။

ခ) သုံးသပ်သည့်အဆင့်တွင် အများပြည်သူပူးပေါင်းပါဝင်ဆောင်ရွက်ခြင်းသည် အောက်ပါကိစ္စများ

ဖြစ်ပေါ်စေရန် အရေးကြီးသည် -

(၁) စီမံကိန်းနှင့် ပတ်သက်ဆက်နွယသ


်ူများသည် နောက်ဆုံးပြုစုထားသော IEE အပေါ်သုံးသပ်၍

သဘောထားမှတ်ချက်များ ပေးနိုင်မည့်အခွင့်အလမ်းရရှိစေသည်။

(၂) စီမံကိန်းနှင့် ပတ်သက်ဆက်နွယသ


်ူများသည် စီမံကိန်းအဆိုပြုသူ နှင့် အမှီအခိက
ု င်းသော

ဆုံးဖြတ်ချက် ချမှတ်သူများအား ယင်းတို့ သဘောထားအမြင်များ တင်ပြနိုင်သည့်

အခွင့်အလမ်းရရှိစေသည်။

(၃) ဆုံးဖြတ်ချက်ချမှတ်သူများသည် စီမံကိန်းနှင့် ပတ်သက်ဆက်နွယသ


်ူများ၏ သဘောထားအမြင်

များကို လွတ်လပ်အမှီအခိုကင်းစွာ ရရှိစေသည်။

(၄) ဆုံးဖြတ်ချက်ချမှတ်သူများသည် စီမံကိန်းကြောင့်ထိခိုက်ခံစားရမည့်သူများနှင့် စီမံကိန်းနှင့်

ပတ်သက်ဆက်နွယ်သော အခြားသူများ၏ စိုးရိမ်ပူပန်မှု၊ အလေးထားမှုများကို IEE နှင့် EMP ထဲသို့

ထည့်သွင်းခဲ့ခြင်းကို အတည်ပြုနိုင်သည်။

ဂ) EIA ဆိုင်ရာ လုပ်ထုံးလုပ်နည်း၊ ပုဒ်မ ၃၉ အရ၊ ECD သည် တင်ပြလာသော IEE

အစီရင်ခံစာများအပေါ်သုံးသပ်ရာတွငန
ှ်င၊့် IEE အစီရင်ခံစာအပေါ် ဆုံးဖြတ်ချက်ရရှိရေးအတွက်

ရည်ရွယ်အသိပေးသော အများပြည်သူပူးပေါင်းပါဝင် ဆောင်ရွက်ခြင်း လုပ်ငန်းစဉ်များအပေါ်

သုံးသပ်ရာတွင် ပေါင်းစပ်ညှိနှိုင်းပေးရန် တာဝန်ရှိသည်။

ဃ) EIA ဆိုင်ရာ လုပ်ထုံးလုပ်နည်း၊ ပုဒ်မ ၄၃ အရ၊ စီမံကိန်းအဆိုပြုသူသည် သုံးသပ်ခြင်းအဆင့်အတွင်း၊

အများပြည်သူပူးပေါင်းပါဝင်သည့် လုပ်ဆောင်ချက်များ ဆောင်ရွကသ


် ည့် ကုန်ကျစရိတ်များအားလုံးကို

ကျခံရမည်။

င) EIA ဆိုင်ရာ လုပ်ထုံးလုပ်နည်း၊ ပုဒ်မ ၄၂ အရ၊ IEE အစီရင်ခံစာ တင်ပြခဲ့ပြီး ရက် ၆၀ အတွင်း IEE

အစီရင်ခံစာအပေါ် ဆုံးဖြတ်ချက်ချမှတ်ပေးရန်လိုအပ်သဖြင့် ဤအဆင့်တွင် အများပြည်သူ ပူးပေါင်းပါဝင်

ဆောင်ရွက်ခြင်းလုပ်ငန်းစဉ်များကို အောက်ပါကိစ္စများအတွက် အချိန်လုံလောက်စွာပေး၍ တည်ဆောက်

ရမည် -

(၁) စီမံကိန်းကြောင့်ထိခိုက်ခံစားရမည့်သူများနှင့် စီမံကိန်းနှင့် ပတ်သက်ဆက်နွယလ


်ာမည့်သူများ

အနေနှင့် IEE အစီရင်ခံစာကို ရယူသုံးသပ်နိုင်ရန်


15

(၂) စီမံကိန်းကြောင့်ထိခိုက်ခံစားရမည့်သူများအနေနှင့် IEE အစီရင်ခံစာအပေါ် ယင်းတို့ သဘောထား

မှတ်ချက်များ ပြုစုတင်ပြနိုင်ရန်

(၃) စီမံကိန်းကြောင့်ထိခိုက်ခံစားရမည့်သူများအနေနှင့် အများပြည်သူ ပူးပေါင်းပါဝင်သည့်

အစည်းအဝေးများ၌ ပါဝင်တက်ရောက်နိုင်ရန်

(၄) ECD အနေနှင့် ဤအဆင့်တွင် IEE အစီရင်ခံစာအပေါ် အကြံပြုချက်များ ရေးသားရာတွင် -

အများပြည်သူပူးပေါင်းပါဝင်ဆောင်ရွက်မှုရလဒ်များကို ထည့်သွင်းစဉ်းစားရန်

၃.၆.၂ စီမံကိန်းအဆိုပြုသူမှ IEE အစီရင်ခံစာကို အများပြည်သူသို့ ဖွင့်ဟဖော်ပြခြင်း

က) စီမံကိန်းအဆိုပြုသူနှင့် ECD နှစ်ဦးလုံးသည် EIA ဆိုင်ရာ လုပ်ထုံးလုပ်နည်းအရ IEE အစီရင်ခံစာကို

အများပြည်သူ လေ့လာသုံးသပ်နိုင်ရေး ထုတ်ပြန်ပေးရန် တာဝန်ရှိသည်။

ခ) EIA ဆိုင်ရာ လုပ်ထုံးလုပန


် ည်း၊ ပုဒ်မ ၃၈ အရ၊ စီမံကိန်းအဆိုပြုသူသည် IEE အစီရင်ခံစာကို ECD သို့

တင်ပြပြီးနောက်၊ ၁၅ ရက်ထက် နောက်မကျစေဘဲ၊ အရပ်ဖက် အဖွဲ့အစည်းများ၊ စီမံကိန်းကြောင့်

ထိခိုက်ခံစားရမည့်သူများ၊ ဒေသခံလူထုနှင့် စီမံကိန်းနှင့် ပတ်သက်ဆက်နွယန


ိုင်သော အခြားသက်ဆိုင်ရာ

ပုဂ္ဂိုလ်/အဖွဲ့အစည်းများအား ဖွင့်ဟဖော်ပြရမည်။

ဂ) စီမံကိန်းအဆိုပြုသူသည် (လေ့လာသုံးသပ်ရန် IEE အစီရင်ခံစာ ရရှိနိုင်ရေး စီစဉ်ထားရမည့်အပြင်) IEE

အစီရင်ခံစာကို ဖွင့်ဟဖော်ပြရန်IEE အစီရင်ခံစာ ရနိုင်ကြောင်း အသိပေးစာများကို အောက်ပါနေရာများ

အပါအဝင် ဆွေးနွေးပွဲ အမျိုးမျိုးတွင် ထုတ်ပြန်ရမည် -

(၁) စီမံကိန်းအဆိုပြုသူ၏ ဝက်ဘ်ဆိုဒ်ပေါ်တွင်

(၂) ဒေသသုံးမီဒီယာ (ဥပမာ - သတင်းစာများနှင့် ရေဒီယ)ို မှတဆင့်

(၃) စီမံကိန်းနေရာတွင် ရှင်းလင်းစွာ ဖတ်ရှုနားလည်မှတ်မိလွယ်သော ဆိုင်းဘုတ်ကို သိသာထင်ရှားစွာ

စိုက်ထူခြင်း

(၄) ဒေသန္တရအစိုးရ၊ စီမံကိန်းကြောင်ထ


ိ့ခိုက်ခံစားရမည့်သူများ၊ ဒေသခံ အရပ်ဖက်အဖွဲ့အစည်းများကို

ပစ်မှတ်ထား အသိပေးခြင်းနှင့်

(၅) သက်ဆိုင်ရာနေရာနှင့် အဆိုပြုစီမံကိန်း၏ သဘောသဘာဝနှင့်သင့်လျော်သော အခြား

နည်းလမ်းများမှတဆင့်

ဃ) စီမံကိန်းအဆိုပြုသူသည် IEE အစီရင်ခံစာကို ECD သို့ တင်ပြပြီးနောက်၊ ၁၅ ရက်ထက်နောက်မကျစေဘဲ၊

ထိုအစီရင်ခံစာကို အများပြည်သူ လေ့လာသုံးသပ်နိုင်ရေး ရရှိနိုင်ရန် အောက်ပါနည်းလမ်းများ ဆောင်ရွက်

ထားရမည် -

(၁) စီမံကိန်းအဆိုပြုသူ၏ ဝက်ဘ်ဆိုဒ်ပေါ်တွင် တင်ခြင်း

(၂) IEE အစီရင်ခံစာ မိတ္တူကို သင့်လျော်သော အများပြည်သူနှင့်ဆိုင်သည့်နေရာများ (ဥပမာ -

စာကြည့်တိုက်များ၊ အထွေထွေအုပ်ချုပ်ရေးရုံး၊ ရပ်ရွာလူထုစုဝေးခန်းမ၊ ဘုရားကျောင်းများ

စသည်) တို့တွင် ထားရှိခြင်းနှင့်


16

(၃) စီမံကိန်းအဆိုပြုသူ၏ ရုံးများတွင် IEE အစီရင်ခံစာ မိတ္တူများကို ရရှိနိုင်ရန် ဆောင်ရွက်ထားခြင်း

၃.၆.၃ ECD မှ IEE အစီရင်ခံစာကို အများပြည်သူသို့ ဖွင့်ဟဖော်ပြခြင်း

က) EIA ဆိုင်ရာ လုပ်ထုံးလုပ်နည်း၊ ပုဒ်မ ၃၉ အရ၊ ECD သည် IEE အစီရင်ခံစာရရှိပြီးနောက် အများပြည်သူ

လက်လှမ်းမီနိုင်ရန် တတ်နိုင်သမျှ အမြန်ဆုံး ဆောင်ရွက်သင့်သည်။ မည်သည့်အခြေအနေ၌မဆို၊ ECD မှ

IEE အစီရင်ခံစာ လက်ခံရရှိသည့်နေ့ရက်မှ ၁၄ ရက်အတွင်း ထိုသ့ရ


ို ရှိနိုငရ
် န် ဆောင်ရွက်သင့်သည်။

ခ) ECD သည် IEE အစီရင်ခံစာကို ဖွင့်ဟဖော်ပြရန် IEE အစီရင်ခံစာရနိုင်ကြောင်း အသိပေးစာများကို

အောက်ပါနေရာများအပါအဝင် မတူညီသော ဆွေးနွေးပွဲများစွာ၌ ထုတ်ပြန်သင့်သည်။ ထို့အပြင်

(လေ့လာသုံးသပ်ရန်အလို့ငှာ IEE အစီရင်ခံစာကို ရရှိနိုင်ရန် ဆောင်ရွက်ပေးသင့်သည်)

(၁) ဝန်ကြီးဌာနနှင/့် သို့မဟုတ် ECD ၏ ဝက်ဘ်ဆိုဒ်ပေါ်တွင်

(၂) ဒေသသုံးမီဒီယာ (ဥပမာ - သတင်းစာများ) မှတဆင့်

(၃) ဒေသန္တရအစိုးရ၊ စီမံကိန်းကြောင့်ထိခိုက်ခံစားရမည့်သူများနှင့် ဒေသဆိုင်ရာ အရပ်ဖက်

အဖွဲ့အစည်းများကို ပစ်မှတ်ထားအသိပေးခြင်း

ဂ) ECD သည် အများပြည်သူ လေ့လာသုံးသပ်နိုင်ရေး IEE အစီရင်ခံစာ ရရှိနိုင်ရန် အောက်ပါနည်းလမ်း

များအားဖြင့် ဆောင်ရွက်ရမည်-

(၁) ဝန်ကြီးဌာနနှင/့် သို့မဟုတ် ECD ၏ ဝက်ဘ်ဆိုဒ်ပေါ်တွင် တင်ခြင်းနှင့်

(၂) အများပြည်သူ လေ့လာသုံးသပ်နိုင်ရန်အတွက် ဒေသဆိုင်ရာ ECD ရုံးများတွင် IEE အစီရင်ခံစာ

မိတ္တူများ ရရှိရန် ဆောင်ရွက်ခြင်း

ဃ) ဤသို့ဆောင်ရွက်ရန် ECD သည် စီမံကိန်းအဆိုပြုသူအား အစီရင်ခံစာများနှင့် ဆက်စပ်

စာရွက်စာတမ်းအားလုံးကို အီလက်ထရောနစ် မိတ္တူပုံစံများနှင့် စာအုပ/် စာရွက်မိတ္တူ များ (အမာထည်များ)

နှစ်မျိုးလုံး တင်ပြစေရမည်။

၃.၆.၄. IEE အစီရင်ခံစာအပေါ် အများပြည်သူမှ တင်ပြခြင်းများ

က) အများပြည်သူ၏ စာဖြင့်ရေးသားထားသော သဘောထားမှတ်ချက်များ တင်ပြရန်ဖိတ်ခေါ်ခြင်း။ EIA

ဆိုင်ရာ လုပ်ထုံးလုပ်နည်း၊ ပုဒ်မ ၃၉ (ခ)အရ၊ ECDသည် ယင်းထည့်သွင်းစဉ်းစားနိုင်ရန်အတွက် IEE

အစီရင်ခံစာအပေါ် အများပြည်သူ၏ သဘောထားအမြင်များကို စာဖြင့်ရေးသားတင်ပြကြရေး

ဖိတ်ခေါ်ရန်လိုသည်။

ခ) ဤသို့ပြုလုပ်ရန် ECD သည် IEE အစီရင်ခံစာရရှိနိုင်ကြောင်း အသိပေးစာများတွင်

သဘောထားမှတ်ချက်များကို စာဖြင့်ရေးသားတင်ပြနိုင်ကြောင်း ဖိတ်ခေါ်မှုတစ်ခုကိုပါ သိသာထင်ရှားစွာ၊

ရှင်းလင်းစွာ ထည့်သွင်းသင့်သည်။ ဤသတင်းအချက်အလက်၌် အများပြည်သူအား အောက်ပါတို့ကို

အသိပေးသင့်သည် -
17

` (၁) စီမံကိန်းအဆိုပြုလွှာနှင/့် သို့မဟုတ် IEE အစီရင်ခံစာအပေါ် သဘောထားမှတ်ချက်များကို

စာဖြင့်ရေးသား တင်ပြနိုင်သည့် ယင်းတို့အခွင့်အရေး။

(၂) ECD သို့ သဘောထားမှတ်ချက်များ တင်ပြရာတွင် အသုံးပြုလိုသည့် နည်းလမ်း

(၃) အများပြည်သူထံမှ သဘောထားမှတ်ချက်များ လက်ခံမည့် နောက်ဆုံးရက်

ဂ) စီမံကိန်းအဆိုပြုလွှာနှင/့် သို့မဟုတ် IEE အစီရင်ခံစာအပေါ် အများပြည်သူ၏ သဘောထား

မှတ်ချက်များကို စာဖြင့်ရေးသား တင်ပြရန် အသိပေးပြီးနောက်၊ အများပြည်သူအား အနည်းဆုံးရက် ၂၀ မျှ

အချိန်ပေးရမည်။ တင်ပြရမည့် အချိန်ကာလ မကုန်ဆုံးမီနှင့် တင်ပြချက်အားလုံးကို ECD က

ထည့်သွင်းစဉ်းစားမှုမပြီးမီ ECD သည် IEE အစီရင်ခံစာအပေါ် အကြံပြုချက်များ ပေးလိမ့်မည်မဟုတ်ပါ။

ဃ) ECD သည် စာဖြင့်ရေးသားထားသော သဘောထားမှတ်ချက်များကို စာရွက်စာတမ်းမိတ္တူ (အမာထည်) နှင့်

အီလက်ထရောနစ်ပစ
ုံ နှစ်မျိုးလုံးကို လက်ခံသင့်သည်။

၃.၆.၅. IEE အစီရင်ခံစာနှင့်စပ်လျဉ်းသည့် အများပြည်သူ ပူးပေါင်းပါဝင်သည့် အစည်းအဝေးများ

က) EIA အစီရင်ခံစာ လုပ်ထုံးလုပ်နည်း၊ ပုဒ်မ ၃၉(ဂ)အရ၊ စီမံကိန်းကြောင့် ထိခိုက်ခံစားရမည့်သူများနှင့်

စီမံကိန်းနှင့် ပတ်သက်ဆက်နွယန
ိုင်သော အခြားသူများအား IEE အစီရင်ခံစာအပေါ် သုံးသပ်၍ ယင်းတို့

သဘောထားအမြင်များ ထည့်ဝင်နိုင်သည့် အခွင့်အရေးပေးရန် အများပြည်သူပူးပေါင်းပါဝင်သည့် အစည်းအဝေး

များကို ဒေသန္တရအဆင့်တွင် စီစဉ်ပေးရန်ဖြစ်သည်။

(၁) ECD သည် အများပြည်သူ ပူးပေါင်းပါဝင်သည့် အစည်းအဝေး အနည်းဆုံး ၁ ကြိမ်ကို

အဆိုပြုစီမံကိန်းနေရာနှင့် များစွာနီးသည့် သင့်လျော်သောနေရာတစ်ခုတွင် စီစဉ်ရန် စီမံကိန်း

အဆိုပြုသူအား ညွှန်ကြားရမည်။

(၂) သုံးသပ်ဆဲ စီမံကိန်းအဆိုပြုလွှာ၏ သဘောသဘာဝအပေါ် မူတည်၍ ECD သည် IEE

အစီရင်ခံစာနှင့် စပ်လျဉ်းသည့် အစည်းအဝေးများ နောက်ထပ်စီစဉ်ရန် ညွှန်ကြားနိုင်သည်။

ခ) ECD သည် အများပြည်သူပူးပေါင်းပါဝင်သည့် အစည်းအဝေးများကို စီမံကိန်းအဆိုပြုသူက စီစဉ်ကျင်းပ

စေရေး၊ စီမံကိန်းအဆိုပြုသူအား အောက်ပါတို့အပေါ် လမ်းညွှန်ချက်များပေးရန် တာဝန်ရှိသည် -

(၁) အစည်းအဝေးအရေအတွက်၊ နေရာနှင့် အချိန်ကာလ

(၂) အစည်းအဝေးများ ကျင်းပမည့်အကြောင်းကို စီမံကိန်းကြောင့်ထိခိုက်ခံစားရမည့်သူများနှင့်

စီမံကိန်းနှင့် ပတ်သက်ဆက်နွယ်သော အခြားသူများအား မည်သို့အသိပေးမည်။

(၃) အသိပေးချိန်နှင့် အစည်းအဝေးများ ကျင်းပချိန်အကြား အနည်းဆုံး အချိန်မည်မျှယူမည်။

(အနည်းဆုံး ၁၄ ရက်)

ဂ) အစည်းအဝေးများအား အသိပေးရာတွင် အနည်းဆုံးအဖြစ် အောက်ပါနေရာများတွင် ကြေငြာချက်များ

ထည့်သွင်းသင့်သည် -

(၁) စီမံကိန်းအဆိုပြုသူ၏ ဝက်ဘ်ဆိုဒ်နှင့် ECD ၏ ဝက်ဘ်ဆိုဒ(် များ)ပေါ်တွင်

(၂) လူမှုမီဒီယာမှတဆင့်
18

(၃) စီမံကိန်းနေရာနှင့် အစည်းအဝေးကျင်းပမည့်နေရာများ၌ ရှင်းလင်းစွာ ဖတ်ရှုနားလည် မှတ်မိ

လွယ်သော ဆိုင်းဘုတ်တစ်ခုအား သိသာထင်ရှားစွာ စိုက်ထူခြင်းအားဖြင့်

(၄) ရေဒီယိုနှင့် သတင်းစာများတွင် ကြော်ငြာများ ထည့်သွင်းခြင်းမှတဆင့်

(၅) စီမံကိန်းနှင့် ပတ်သက်ဆက်နွယလ


်ာနိုင်သူများကို စိစစ်သတ်မှတ်၍ ပစ်မှတ်ထား ဖိတ်ကြားခြင်း

အားဖြင့်

(၆) သက်ဆိုင်ရာနေရာနှင့် အဆိုပြုစီမံကိန်း၏ သဘောသဘာဝတို့အရ အခြားသင့်တော်ရာ

နည်းလမ်းများအားဖြင့်

ဃ) စီမံကိန်းကြောင့်ထိခိုက်ခံစား ရမည့်သူများနှင့် စီမံကိန်းနှင့် ပတ်သက်ဆက်နွယလ


်ာနိုင်သူအားလုံး၊ IEE

စုံစမ်းစစ်ဆေးခြင်းအဆင့်၌ သဘောထားမှတ်ချက်များ ပေးခဲ့သူများအပါအဝင်အား အများပြည်သူများ

ပူးပေါင်းပါဝင်သည့် အစည်းအဝေးအားလုံးသို့ ဖိတ်ကြားသင့်ပြီး၊ အစည်းအဝေး၌ ကိုယ်စားပြု ခွင့်များ

ပေးသင့်သည်။

င) IEE အစီရင်ခံစာအပေါ် သုံးသပ်ဆွေးနွေးမည့် အများပြည်သူ ပူးပေါင်းပါဝင်သည့်အစည်းအဝေးများသို့

အရပ်ဖက်အဖွဲ့အစည်းများနှင့် မီဒီယာများကို ဖိတ်ကြားသင့်သည်။

စ) အများပြည်သူ ပူးပေါင်းပါဝင်သည့်အစည်းအဝေးများ ကျင်းပစဉ်၊ ECD သည် -

(၁) သဘောထားမှတ်ချက်များအားလုံးကို တိကျစွာ မှတ်တမ်းတင်ရန် တာဝန်ရှိပေမည်။

(၂) များသောအားဖြင်၊့ IEE လုပ်ငန်းစဉ်နှင့် စပ်လျဉ်းသည့် မေးခွန်းများအပေါ် ဖြေကြားပေးရန်နှင့်

အထူးသဖြင်၊့ ဆုံးဖြတ်ချက်ချမှတ်သည့် လုပ်ငန်းစဉ်နှင့်သက်ဆိုင်သည့် မေးခွန်းများအပေါ်

ဖြေကြားပေးရန် တာဝန်ရှိပေမည်။

ဆ) အများပြည်သူ ပူးပေါင်းပါဝင်သည့်အစည်းအဝေးများကျင်းပစဉ်၊ စီမံကိန်းအဆိုပြုသူသည် -

(၁) နောက်ဆုံးပြုစုထားသော IEE အစီရင်ခံစာအပေါ် ရှင်းလင်းဆွေးနွေးခြင်းနှင့် အဓိက

အကြောင်းအရာများ၊ ယခင်ပြုလုပ်ခဲ့သည့် အများပြည်သူ ပူးပေါင်းပါဝင် ဆောင်ရွက်ခြင်း

လုပ်ငန်းစဉ်များတွင် တွေ့ရှိချက်များနှင့် ရလဒ်များကို အဓိကထားဆွေးနွေးခြင်းတို့အတွက်

တာဝန်ရှိလိမ့်မည်။

(၂) IEE အစီရင်ခံစာနှင့်ဆိုင်သည့် မေးခွန်းများကို ဖြေကြားပေးရန် တာဝန်ရှိလိမ့်မည်။

၃.၆.၆ IEE အစီရင်ခံစာအပေါ် ပြည်သူ့သဘောထားမှတ်ချက်များနှင့် အကြံပြုချက်များအား စဉ်းစားခြင်း

က) EIA ဆိုင်ရာ လုပ်ထုံးလုပ်နည်း၊ ဥပဒေ ၃၉(ဃ)အရ၊ ECD သည် IEE အစီရင်ခံစာအပေါ် သုံးသပ်စဉ်

ကာလ၌ လက်ခံရရှိသည့် သဘောထားမှတ်ချက်များနှင့် အကြံပြုချက်များအားလုံးကို စုစည်း၍ သုံးသပ်ပြီး၊

IEE အစီရင်ခံစာအပေါ် အကြံပြုချက်များနှင့်အတူ ဝန်ကြီးဌာနသို့ တင်ပြရမည်။

ခ) IEE အစီရင်ခံစာအပေါ် အကြံပြုချက်များတွင် အောက်ပါ အကျဉ်းချုပ်များ ပါဝင်သင့်သည်-

(၁) IEE အစီရင်ခံစာ သုံးသပ်စဉ်အတွင်း ဆောင်ရွက်ခဲ့သည့် အများပြည်သူ ပူးပေါင်းပါဝင်

ဆောင်ရွက်ခြင်း
19

(၂) လက်ခံရရှိခဲ့သည့် ပြည်သူ့သဘောထားမှတ်ချက်များ

(၃) IEE အစီရင်ခံစာအပေါ် သုံးသပ်စဉ်ကာလနှင့် IEE အစီရင်ခံစာအပေါ် သဘောထားမှတ်ချက်များ

ပုံဖော်ရေးသားစဉ်အတွင်း ပြည်သူ့သဘောထားမှတ်ချက်များကို မည်သို့စဉ်းစားခဲ့ကြောင်း

(၄) စီမံကိန်းအဆိုပြုလွှာကိုအတည်ပြု၍ အကောင်အထည်ဖော်လျှင်၊ စီမံကိန်းကြောင့်ထိခိုက်

ခံစားရမည့်သူများနှင့် စီမံကိန်းနှင့် ပတ်သက်ဆက်နွယလ


်ာမည့် အခြားသူများ ကြုံတွေ့နိုင်သည့်

အဓိကကျသော ထိခိုက်မှုများ

၃.၆.၇. ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ လိုက်နာဆောင်ရွက်မှု သက်သေခံ လက်မှတ်

က) EIA ဆိုင်ရာ လုပ်ထုံးလုပ်နည်း၊ ပုဒမ


် ၄၁(ဂ)အရ၊ စီမံကိန်းကို အတည်ပြုလျှင်၊ ECD သည်

ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ လိုက်နာဆောင်ရွက်မှု သက်သေခံ လက်မှတ် (ECC) ၊

ပတ်ဝန်းကျင်စီမံခန့်ခွဲမှု အစီအစဉ် (EMP) နှင့် အတည်ပြုမှုအခြေအနေများကို ECD ၏ ဝက်ဘ်ဆိုဒ်တွင်

ရရှိနိုင်စေရန်နှင့် စာရွက်စာတမ်းမိတ္တူများကို ECD ရုံးများတွင် လေ့လာသုံးသပ်နိုင်စေရန် ဆောင်ရွက်

ရမည်။

စီမံကိန်းအဆိုပြုသူသည် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ လိုက်နာဆောင်ရွက်မှု သက်သေခံ

လက်မှတ်(ECC) ကို ယင်း၏ ဝက်ဘ်ဆိုဒ်များတွင် ရရှိနိုင်ရန်လည်း ဆောင်ရွက်သင့်သည်။


အခန်း ၄။ EFAပြုလုပ်ရန်လိုအပ်သည့် စီမံကိန်းအမျိုးအစားများ

၎.၁ တတိယအဖွဲ့အစည်းဖြစ်သော EFAအတိုင်ပင်ခံ

က) EFAဆိုင်ရာ လုပ်ထုံးလုပ်နည်း၊ ပုဒ်မ၄၅အရ စီမံကိန်းအဆိုပြုသူသည် EFAစုံစမ်းစစ်ဆေးမှု ပြုလုပ်ရန်


နှင့် အစီရင်ခံတင်ပြရန် မှတ်ပုံတင်ထားသော တတိယပုဂ္ဂိုလ် သို့မဟုတ် တတိယအဖွဲ့အစည်းကို ခန့်ထားရ
မည်။ (ဤနေရာတွင် EFAအတိုင်ပင်ခံကိုရည်ညွှန်းခြင်းဖြစ်သည်။)

ခ) EFAအတိုင်ပင်ခံကို EFAစုံစမ်းစစ်ဆေးရမည့် နယ်ပယ်အတိုင်းအတာသတ်မှတ်ခြင်းပြုလုပ်ရန်လည်း


များသောအားဖြင့်

(ဂ) EFAအတိုင်ပင်ခံသည် ဤလမ်းညွှန်ချက်နှင့်အညီ လိုက်နာဆောင်ရွက်ရန် လိုအပ်မည်။

(ဃ) စီမံကိန်းအဆိုပြုသူနှင့် EFAအတိုင်ပင်ခံစကားရပ်တို့ကို ဤအခန်းတစ်ခုလုံးတွင် အပြန်အလှန်သုံးစွဲစဉ်


အတွင်း၊ EFAအတိုင်ပင်ခံ၏တာဝန် သို့မဟုတ် ၀တ္တရားတစ်ရပ်အဖြစ် ရည်ညွှန်းထားသည်များမှာ စီမံကိန်း
အဆိုပြုသူက အခြေခံအားဖြင့် လိုက်နာရမည့် တာဝန်များအဖြစ် နားလည်ထားသင့်သည်။

၎.၂ နယ်ပယ်အတိုင်းအတာသတ်မှတ်ခြင်း

၁.၁.၂ အထွေထွေ

က) နယ်ပယ်အတိုင်းအတာသတ်မှတ်ခြင်းဆိုသည်မှာ စီမံကိန်းနှင့် ပတ်သက်ဆက်နွယ်သူများနှင့်


တိုင်ပင်၍၊ ECD၏ သဘောတူညီချက်နှင့်အညီ ပတ်ဝန်းကျင်ထိခိုက်မှုမှုဆိုင်ရာ အဓိကကိစ္စရပ်များနှင့်
ဖြစ်ပေါ်နိုင်သော ပြဿနာများ ကို ဖော်ထုတ်စိစစ်သတ်မှတ်ခြင်းနှင့် EFAဆန်းစစ်ခြင်းကို
အာရုံစိုက်ခြင်းဖြစ်သည်။

ခ) စုံစမ်းစစ်ဆေးမည့် နယ်ပယ်အတိုင်းအတာသတ်မှတ်သည့်ကာလအတွင်း EFAပြုလုပ်ရန် သတ်မှတ်


တာဝန်နှင့် လုပ်ပိုင်ခွင့်အသေးစိတ(် Terms of Reference)ကို ဖော်ထုတ်လိမ့်မည်။ ဤအပိုင်းတွင် အများပြည်
သူပူးပေါင်းဆောင်ရွက်ခြင်း အစီအစဉ်ပါဝင်ရမည်။ နှစ်ခုလုံးကို ECDက အတည်ပြုရန်ဖြစ်သည်။

ဂ) EFAအတိုင်ပင်ခံသည် EFAအစီရင်ခံရေးဆွဲစဉ်အတွင်း အများပြည်သူပူးပေါင်းပါဝင်သော


ဆောင်ရွက်ခြင်းဆိုင်ရာချဉ်းကပ်မှုအတွက် အစီအစဉ် အကြမ်းဖျဉ်းရေးဆွဲရန် နယ်ပယ်အတိုင်း
အတာသတ်မှတ်သည့် အဆင့်၌ အများပြည်သူပူးပေါင်းပါဝင်ဆောင်ရွက်ခြင်းအစီအစဉ်ကို မူကြမ်းရေးဆွဲရမည်။
ဤလုပ်ငန်းစဉ်ကို အခန်း၂တွင် အကြမ်းဖျင်းဖော်ပြထားသည်။

(၁) အများပြည်သူပူးပေါင်းပါဝင်ဆောင်ရွက်ခြင်းအစီအစဉ်ကို စီမံကိန်းကြောင့် ထိခိုက်ခံစားရမည့်


သူများ၊ စီမံကိန်းနှင့် ပတ်သက်ဆောင်ရွက်သော အခြားသူများနှင့် တိုင်ပင်၍ ရေးဆွဲသင့်သည်။

(၂) စီမံကိန်းအဆိုပြုသူသည် အချက်အလက်သစ်များ ရယူစုဆောင်းသောကြောင့် အများပြည်သူ


ပူးပေါင်းဆောင်ရွက်ခြင်း အစီအစဉ်ကို EFAလုပ်ငန်းစဉ်တလျှောက်၌ နောက်ဆုံးရ အချက်အလက်များ ဖြည့်
ဆည်း၍ ပြန်လည်ပြင်ဆင်မွမ်းမံသင့်သည်။

(၃) အများပြည်သူပူးပေါင်းဆောင်ရွက်ခြင်းအစီအစဉ်၏ အဓိကရည်ရွယ်ချက်မှာ စီမံကိန်းကြောင့်


ထိခိုက်ခံစားရမည့် အခြားသူများအနေနှင့် EFAလုပ်ငန်းစဉ်တွင် ထိရောက်စွာ ပါဝင်ဆောင်ရွက်နိုင်စေရန်
ဖြစ်သည်။
(၄) အများပြည်သူပူးပေါင်းဆောင်ရွက်ခြင်း အစီအစဉ်ကို စုံစမ်းစစ်ဆေးသည့် အဆင့်၌
ဆောင်ရွက် ရန်အဓိကထားသော်လည်း၊ (အထူးသဖြင့် ကြီးမားသော စီမံကိန်းအဆိုပြုလွှာများ၌ သို့မဟုတ်
ကြီးမားကျယ် ပြန့်စွာ ထိခိုက်မှုရှိနိုင်သည့် စီမံကိန်းအဆိုပြုလွှာများ၌ စုံစမ်းစစ်ဆေးမည့်
နယ်ပယ်အတိုင်းအတာသတ်မှတ် သည့်အဆင့်တွင်လည်း အများပြည်သူ ပူးပေါင်းဆောင်ရွက်ခြင်းဆိုင်ရာ
အသေးစိတ်အစီအစဉ်တစ်ရပ်ကို ကတိပြုနိုင်သည်။

(ဃ) စီမံကိန်းအဆိုပြုသူသည် စုံစမ်းစစ်ဆေးမည့် နယ်ပယ်အတိုင်းအတာသတ်မှတ်သည့်အဆင့်၌ စီမံကိန်း


ကြောင့် ထိခိုက်ခံစားရမည့်သူများက ဆင်ပြသည့် စိုးရမ်ပူပန်မှုများနှင့် ကိစ္စရပ်များကို TORအတွင်း ထည့်သွင်း
စေသင့်သည်။ သို့မှသာ အဆိုပါ ကိစ္စများကို EFAစုံစမ်းစစ်မေးသည့်အဆင့်၌ စုံစမ်းစစ်ဆေး၊
ဖြေရှင်းဆောင်ရွက် နိုင်ပေမည်။ စုံစမ်းစစ်ဆေးမှုရလဒ်များကို စီမံကိန်းကြောင့် ထိခိုက်ခံဏားရမည့်သူများအား
EFAလုပ်ငန်းစဉ် အတွင်းဆက်သွဝ်အသိပေးရန် လိုအပ်သည်။ ဤလုပ်ဆောင်ချက်သည် အများပြည်သူ
ပါဝင်ဆောင်ရွက်ခြင်း၏ အဓိကအစိတ်အပိုင်းတစ်ရပ်ဖြစ်သည်။

(င) အများပြည်သူ ပူးပေါင်းပါဝင်ဆောင်ရွက်ခြင်းလုပ်ငန်းစဉ်မှ သဘောထားမှတ်ချက်များသည် အဆိုပြု


စီမံကိန်း၏ဒီဇိုင်းပိုင်းဆိုင်ရာနှင့် စီမံကိန်းရေးဆွဲမှုအပေါ် သြဇာလွှမ်းမိုးသင့်သည်။ ကွင်းဆင်းစစ်ဆေးမည့်
နယ်ပယ်အတိုင်းအတာ သတ်မှတ်သည့်အဆင့်၌ စုဆောင်းရရှိသည့် အချက်အလက်များသည် စီမံကိန်း
အဆိုပြု သူအတွက် အရေးကြီးသည်။ ဤသဘောထားမှတ်ချက်များသည် စီမံကိန်းကြောင့် ဖြစ်လာနိုင်သော
ပြင်းထန်သော ထိခိုက်မှုများကို လျော့ချရန် စီမံကိန်းအဆိုပြုလွှာကို ပြန်လည်ပြင်ဆင်မှုများ ပြုလုပ်
လမ်းပြပေးသင့်သည်။ စီမံကိန်းအဆိုပြုသူသည် အများပြည်သူ၏ သဘောထားမှတ်ချက် တစ်ရပ်ရပ် ကို
မည်သည့်အကြောင်းကြောင့် ပယ်ချခဲ့ကြောင်း ရှင်းလင်းချက်ပေးရန် ပြင်ဆင်ထားသင့်သည်။

စ) EFAစုံစမ်းစစ်ဆေးမည့် နယ်ပယ်အတိုင်းအတာသတ်မှတ်ခြင်းတွင် ဤလမ်းညွှန်ချက်အသုံးပြုပုံကို ပံ၁



တွင် ဖော်ပြထားသည်။
ပုံ ၃ - EIA စုံစမ်းစစ်ဆေးမည်န
့ ယ်ပယ်တိုင်းတာသတ်မှတ်ခြင်းအတွက် လမ်းညွှန်ချက်လျှောက်ထားမှု

TOR နှင့် အများပြည်သူပူးပေါင်းပါဝင်ခြင်း အစီအစဉ်


နယ်ပယ်အတိုင်းအတာသတ်မှတ်မှု စတင်ကြောင်း

နယ်ပယ်အတိုင်းအတာသတ်မှတ်မှု အစီရင်ခံစာ၊
အချက်အလက်များ ဆက်လက်ဖွင့်ဟဖော်ပြရန်

ဒုတိယအကြိမ်အစည်းအဝေးကျင်းပခြင်း။ TOR
အများပြည်သူ ပူးပေါင်းပါဝင်ခြင်း အစီအစဉ်

မူကြမ်းနှင့် အများပြည်သူပူးပေါင်းပါဝင်ခြင်း
နယ်ပယ်အတိုင်းအတာသတ်မှတ်မှု တွင်

ပထမအကြိမ်အစည်းအဝေးကျင်းပခြင်း

ကို ECD သို့ တင်ပြခြင်း


အစီအစဉ် တင်ပြခြင်း
အသိပေးရန်

နယ်ပယ်အတိုင်းအတာသတ်မှတ်မှု အစီရင်ခံစာနှင့်
ဒုတိယအကြိမ်အစည်းအဝေးအတွက် အသိပေးစာ
ပထမအကြိမ်အစည်းအဝေးအတွက် အသိပေးစာ

နယ်ပယ်အတိုင်းအတာသတ်မှတ်မှုအတွက်
အချက်အလက်များကို အများပြည်သူအား

TOR တွင် မှတ်ချက်များ ပေါင်းဖြည့်ခြင်း


ဖွင့်ဟဖော်ပြခြင်း

မှတ်ချက်များ
ထုတ်ခြင်း

ထုတ်ခြင်း

၁.၁.၃ နယ်ပယ်အတိုင်းအတာသတ်မှတ်ခြင်းဖြင့် စတင်ကြောင်းအသိပေးခြင်း

က) EFAဆိုင်ရာ လုပ်ထုံးလုပ်နည်း၊ ပုဒ်မ ၄၉(င)ပါ သတ်မှတ်ချက်များ ဆောင်ရွက်ရန်၊ စီမံကိန်းအဆိုပြုသူ


သည် EFAစုံစမ်းစစ်ဆေးမည့် နယ်ပယ်အတုင
ိးအတာသတ်မှတ်ခြင်း လုပ်ငန်းစဉ်စတင်ကြောင်း အများပြည်သူ
သို့ အသိပေးစာကို ထုတ်ပြန်ရမည်။

ခ) အသိပေးစာပါ အကြောင်းအရာများ။ အများပြည်သူထံ အသိပေးစာတွင် အောက်ပါအချက်အလက်များ


ပါဝင်သင့်သည်။

(၁) စီမံကိန်းအမျိုးအစားနှင့် တည်နေရာ

(၂) EFAစုံစမ်းစစ်ဆေးမည့် နယ်ပယ်အတိုင်းအတာသတ်မှတ်ခြင်း လုပ်ငန်းစဉ်များ၊ အများပြည်သူ


ပူးပေါင်းပါဝင်ဆောင်ရွက်ရန် စီမံထားသော အစည်းအဝေးများနှင့် နယ်ပယ်အတိုင်းအတာသတ်မှတ်ခြင်း
လုပ်ငန်းစဉ် ဆောင်ရွက်မည့် မျှော်မှန်းအချိန်ကာလတို့နှင့်ဆိုင်သည့် အချက်အလက်များ

(၃) အချက်အလက်များတောင်းခံနိုင်သည့် လိပ်စာအသေးစိတ်

(၄) နောက်ဆုံးရအချက်အလက်များကို မည်သည့်နေရာတွင် ရှာဖွေရမည်နှင့် စပ်လျဉ်းသည့်


အချက်အလက်များ

(၅) စာဖြင့်ရေးသားထားသော စီမံကိန်းဆိုင်ရာ သဘောထားမှတ်ချက်များကို စီမံကိန်း အဆိုပြုသူ


ထံသို့ မည်သို့တင်ပြနိုင်ကြောင်း အချက်အလက်များ
(ဂ) အသိပေးပုံနည်းလမ်း။ စီမံကိန်းအဆိုပြုသူသည် EFAစုံစမ်းစစ်ဆေးမည့် နယ်ပယ်အတိုင်းအတာ
သတ်မှတ်ခြင်းလုပ်ငန်းစဉ် စတင်ကြောင်း အများပြည်သူထံသို့ အသိပေးစာကို အောက်ပါနည်းလမ်းများအား
ဖြင့် ထုတ်ပြန်သင့်သည်။

(၁) စီမံကိန်းအဆိုပြုသူ၏ ၀က်ဘ်ဆိုဒ်ပေါ်တွင်

(၂) ဒေသသတင်းများတွင် ကြော်ငြာများထည့်သွင်းခြင်းဖြင့်

(၃) စီမံကိန်းနေရာတွင် ရှင်းလင်းစွာ ဖတ်ရှုနားလည်မှတ်မိနိုင်သော ဆိုင်းဘုတ်ကို သိသာထင်ရှား


စွာ စိုက်ထူခြင်း

(၄) ဒေသအစိုးရ၊ ဒေသခံဘာသာရေးခေါင်းဆောင်များနှင့် ဒေသခံဘာသာရေးအဖွဲ့အစည်းများ၊


အိမ်နီးချင်းများနှင့် ဒေသခံလူထုအသင်းအဖွဲ့များကို ပစ်မှတ်ထား အသိပေးခြင်း

(၅) သက်ဆိုင်ရာနေရာနှင့် အဆိုပြုစီမံကိန်း၏ သဘောသဘာဝနှင့် ကိုက်ညီသော အခြား


နည်းလမ်းများအားဖြင့်

(ဃ) အသိပေးမည့် အချိန်ကာလ။ စီမံကိန်းအဆိုပြုသူသည် စီမံကိန်းကြောင့် ထိခိုက်ခံစားရမည့်သူများ


သို့မဟုတ် စီမံကိန်းနှင့် ပတ်သက်ဆက်နွယ်သော အခြားသူများနှင့် ပထမအကြိမ်အစည်းအဝေး မပြုလုပ်မီ
အနည်းဆုံး ၁၄ရက် ကြိုတင်၍ EFAနယ်ပယ်အတိုင်းအတာသတ်မှတ်သည့် လုပ်ငန်းစဉ် စတင်ကြောင်း
အသိပေး စာကို ထုတ်ပြန်သင့်သည်။

၁.၁.၄ အချက်အလက်များ ဖွင့်ဟဖော်ပြခြင်း

က) စီမံကိန်းအဆိုပြုသူနှင့် EFAအတိုင်ပင်ခံတို့သည် -

(၁) စီမံကိန်းကြောင့် ထိခက


ိုခံစားရမည့်သူများ၊ အရပ်ဖက်အဖွဲ့အစည်းများ၊ ရပ်ရွာလူထု
ကိုယ်စားလှယ်များ၊ ဒေသခံဘာသာရေးခေါင်းဆောင်များနှင့် အဖွဲ့အစည်းများ၊ ပြည်ထောင်စုအဆင့်နှင့်
ပြည်နယ်နှင့် တိုင်းဒေသကြီး အဆင့်မှ သက်ဆိုင်ရာ ၀န်ကြီးဌာနများနှင့် အစိုးရဌာန/အဖွဲ့အစည်းများ၊
စီမံကိန်းအပေါ် စိတဝ
် င်စားသော အခြားသူများအပါအ၀င် အများပြည်သူအား အချက်အလက်များ
တက်တက်ကြွကြွဖြန့်ဝေပေးရမည်။

(၂) အချက်အလက်အားလုံးကို အများပြည်သူလက်လှမ်းမီသော စီမံကိန်းဝက်ဘ်ဆိုဒ(် များ)နှင့်


အများပြည်သူအဆင်ပြေစွာ သွားလာနိုင်သော/ စီမံကိန်းနှင့်နီးသောနေရာများ (ဥပမာ - ကျောင်းများ၊
အထွေထွေအုပ်ချူပ်ရေးဦးစီးဌာနရုံးများ၊ ဒေသခံလူထုစုဝေးခန်းမများစသည်) တို့ မှ ရယူနိုင်စေရမည်။

ခ) အကြောင်းအမျိုးမျိုးကြောင့် စီမံကိန်းအဆိုပြုလွှာ တစ်ခုနှင့်တစ်ခုအကြား၌ပင် အများပြည်သူရရှိနိုင်သည့်၊


စီမံကိန်းနှင့် သက်ဆိုင်သည့် အချက်အလက်များ၊ စီမံကိန်းအမျိုးအစားနှင့် တည်နေရာအပါအ၀င်တို့သည်
အမျိုးမျိုးကွဲပြားပေလိမ့်မည်။ သာမန်အားဖြင့် စီမံကိန်းအဆိုပြုလွှာ၏ အတိုင်းအဆနှင့် အမျိုးအစားတို့ကို ရှင်း
လင်းစွာ ဖော်ပြနိုင်ရန် အောက်ပါအချက်အလက်များကို ပေးသင့်သည်။

(၁) စီမံကိန်းအဆိုပြုလွှာအကျဉ်းချူပ်၊ စီမံကိန်းအမျိုးအစား၊ အရွယ်အစား၊ တည်နေရာနှင့် ဆောင်


ရွက်မည့် အချိန်ကာလများ အပါအ၀င်
(၂) စီမံကိန်းအသုံးပြုသူများနှင့် စပ်လျဉ်းသည့် အသေးစိတ်အချက်အလက်များ (စီမံကိန်းအပေါ်
ငွေကြေးပံ့ပိုးသူများအပါအ၀င်)နှင့်

(၃) မျက်မြင်ကြည့်ရှုနိုင်သောအချက်အလက်များ၊ ဓာတ်ပုံများ၊ မြေပုံများ၊ ရေးဆွဲထားသော ဒီဇိုင်း


ပုံစံများနှင့် ရုပ်ပုံကားချပ်များ အပါအ၀င်

ဂ) အများပြည်သူစဉ်းစားနိုင်ရန်နှင့် ထပ်မံဆွေးနွေးနိုင်ရန် တတ်နိုင်သမျှ အချက်အလက်များများ ပေးထားသင့်


သည့် အချက်အလက်များ ဖွင့်ဟဖော်ပြခြင်းနှင့်ဆိုင်သည့် လေးထောင့်ကွက်ကိုလည်း ကြည့်ပါ။

ဃ) အချက်အလက်များသည် စီမံကိန်းနှငသ
့် က်ဆိုင်သော အချက်အလက်များဖြစ်သင့်ပြီး စီမံကိန်းကြောင့်
ထိခိုက်ခံစားရမည့်သူများ၊ စီမံကိန်းနှင့် ပတ်သက်ဆက်နွယ်သော အခြားသူများ၊ နားလည်နိုင်သော ပုံစံဖြစ်သင့်
သည်။ ဆိုလိုသည်မှာ ပညာဆိုင်ရာ စာရွက်စာတမ်းများကို ရိုးရှင်းသောဒေသသုံးဘာသာစကားဖြင့် ရှင်းလင်း
ဖော်ပြသင်သ
့ ည်။

င) သိပ္ပံဆိုင်ရာနှင့် ပညာရပ်ဆိုင်ရာ အချက်အလက်များကို ရှင်းပြပေးရန် တောင်းဆိုမှုတစ်ရပ်ရှိပါက EFA


အတိုင်ပင်ခံသည် သင့်လျော်သော ပညာရှင်များနှင့် လူထုအကြား အစည်းအဝေးတစ်ခု စီစဉ်ပေးသင့်သည်။

စ) အများပြည်သူသို့ ဖွင့်ဟဖော်ပြသော အချက်အလက်များကို အောက်ပါနည်းလမ်းအားဖြင့် ရရှိနိုင်ရန်


ဆောင်ရွက်သင့်သည်။

(၁) စီမံကိန်း (၀က်ဘ်ဆိုဒ)် နှင့် စီမံကိန်းအဆိုပြုသူ၏ ၀က်ဘ်ဆိုဒ(် များ)ပေါ်တွင်

(၂) အများပြည်သူပူးပေါင်းပါဝင်သော လှုပ်ရှားမှုများနှင့် စီမံရေးနှင့်ဆိုင်သော အခြားလှုပ်ရှားမှုများ


တွင် ဖြန့်ဝေခြင်း

(၃) စီမံကိန်းအဆိုပြုသူနှင့် EFAအတိုင်ပင်ခံတို့၏ ရုံးများတွင် (အီလက်ထရောနစ်ပုံစံများ


(အပျော့ထည်များ)နှင့် စာရွက်စာတမ်းမိတ္တူများ (အမာထည်များ)အားဖြင်)့

(၄) စီမံကိန်းနေရာနှင့် စီမံကိန်းကြောင့် ထိခိုက်ခံစားရမည့်သူများနှင့်နီးသော၊ သွားလာရ


အဆင်ပြေ လက်လှမ်းမီသော၊ လွတ်လပ်သော နေရာများ (ဥပမာ - စာသင်ကျောင်းများ၊
အထွေထွေအုပ်ချူပ်ရေးဦးစီးဌာန ရုံးများ ဒေသခံလူထုစုဝေးခန်းမများ စသည်) တွင် စာရွက်စာတမ်းမိတ္တူများကို
လေ့လာကြည့်ရှုနိုင်ရန် ရရှိနိုင်ခြင်း

(၅) သက်ဆိုင်ရာနေရာနှင့် အဆိုပြုစီမံကိန်း၏ သဘောသဘာဝအရ


အခြားသင့်လျော်ရာနည်းလမ်း များအားဖြင့်

(ဆ) စီမံကိန်းကြောင့် ထိခိုက်ခံစားရမည့်သူများ၊ စီမံကိန်းနှင့် ပတ်သက်ဆက်နွယ်သော အခြားသူများအား


ပေးအပ်သည့် အချက်အလက်အားလုံးကို ဒေသခံလူထုအသိုင်းအ၀ိုင်းပြင်ပမှ ပုဂ္ဂိုလ်များပါ လက်လှမ်းမီနိုင်ရန်၊
ဖြန့်ဝေမှုလက်ခံရရှိရန်၊ အများနှင့်ဆိုင်သော အချက်အလက်များအဖြစ် ကိုင်တွယ်ဆောင်ရွက်သင့်သည်။

လေးထောင့်ကွက် ၃။ EFA နယ်ပယ်အတိုင်းအတာသတ်မှတ်ခြင်းအဆင့်တွင် အချက်အလက်များ ဖွငဟ


့်
ဖော်ပြခြင်း
မည်သည့်အချက်အလက်အမျိုးအစားကို ပေးအပ်သင့်ပါသလဲ?
• စီမံကိန်းဆိုင်ရာ အကျဉ်းချူပ်အချက်အလက်များ၊ မြေပုံများ၊ အစီအစဉ်မူကြမ်းများနှင့်
အခြားရနိုင်သော အချက်အလက်များအပါအ၀င်
• တည်ဆောက်ရေးကာလလျာထားချက်အသေးစိတ်နှင့် ဖြစ်လာနိုင်သော ထိခိုက်မှုများအကြောင်း
အကျဉ်းချူပ်ဖော်ပြချက် (များသောအားဖြင်)့
• စီမံကိန်းအဆိုပြုလွှာနှင့် ဖြစ်လာနိုင်သော ထိခိုက်မှုများနှင့်ဆိုင်သော သိပ္ပံဆိုင်ရာ သို့မဟုတ်
ပညာရပ်ဆိုင်ရာ အချက်အလက်များ
• ဒေသခံလူထုအသိုင်းအ၀ိုင်း၊ အရပ်ဖက်အဖွဲ့အစည်းများနှင့် အစိုးရဌာန/အဖွဲ့အစည်းများထဲမှ ကနဦး
သဘောထားမှတ်ချက်များ
• နယ်ပယ်အတိုင်းအတာသတ်မှတ်ခြင်းအစီရင်ခံစာမူကြမ်း သတ်မှတ်ထားသည့်တာဝန်နှင့် လုပ်ပိုင်ခွင့်
များနှင့် အများပြည်သူပူးပေါင်းပါဝင်ဆောင်ရွက်ခြင်းအစီအစဉ်
• သတ်မှတ်ထားသောတာဝန်နှင့် လုပ်ပိုင်ခွင့်များနှင့် အများပြည်သူပူးပေါင်းပါဝင်ဆောင်ရွက်သော
အစီအစဉ်

၁.၁.၅ အများပြည်သူပူးပေါင်းပါဝင်သော လုပ်ဆောင်ချက်များ

က) EFAဆိုင်ရာ လုပ်ထုံးလုပ်နည်း၊ ပုဒ်မ ၅၀(ခ)အရ၊ ၀န်ကြီးဌာနသည် စီမံကိန်းအဆိုပြုသူအား EFA


စီမံကိန်းတစ်ခု၏ နယ်ပယ်အတိုင်းအတာသတ်မှတ်သည့်အဆင့်အတွင်း အများပြည်သူပူးပေါင်းပါဝင်သည့်
အစည်းအဝေးများ အနည်းဆုံး၂ကြိမ် ကျင်းပရန် သတ်မှတ်သည်။

(၁) အစည်းအဝေးအရေအတွက် နှစ်ကြိမ်အောက်ပြုလုပ်ခြင်းအပေါ် ရှင်းလင်းစွာ အကဲဖြတ်ခံရန်


လိုလိမ့်မည်။ ဤနေရာတွင် အများပြည်သူပူးပေါင်းပါဝင်ခဲ့မှုရလဒ်များက မည်သို့ထိရောက်အဓိပ္ပါယ်ရှိဦးမည်
ဖြစ်ကြောင်းဖော်ပြချက်များ ပါဝင်ရန်လိုသည်။

(၂) စီမံကိန်းအဆိုပြုသူသည် အများပြည်သူပူးပေါင်းပါဝင်သည့် အစည်းအဝေး ၂ကြိမ်အောက် သာ


ပြုလုပ်နိုင်ရေးအတွက် ECDထံမှ အသေးစိတ်အတည်ပြုချက် ရယူရမည်။

ခ) အဆိုပြုစီမံကိန်း၏ အရွယ်အစားနှင့် တည်နေရာအပေါ် မူတည်၍၊ ၀န်ကြီးဌာနသည်


နယ်ပယ်အတိုင်းအတာ သတ်မှတ်သည့်အဆင့်အတွင်း၊ အများပြည်သူပူးပေါင်းပါဝင်သည့် အစည်းအဝေး
အနည်းဆုံး ၂ကြိမ်ပြုလုပ်ရန် စီမံကိန်းအဆိုပြုသူအား သတ်မှတ်နိုင်သည်။

ဂ) ဤအစောပိုင်းအဆင့်တွင်ပင် စီမံကိန်းအဆိုပြုသူနှင့် EFAအတိုင်ပင်ခံတို့သည် အမျိုးသား၊ အမျိုးသမီး


နှစ်ရပ်လုံး၊ အစည်းအဝေးများသို့ တက်ရောက်နိုင်ရန်နှင့် ယင်းတို့၏ စိုးရိမ်ပူပန်မှုများကို ဖော်ပြနိုင်ရန် သီးခြား
အစည်းအဝေးများ ကျင်းပပေးရန် စဉ်းစားသင့်သည်။

(ဃ) အများပြည်သူပူးပေါင်းပါဝင်သည့် အစည်းအဝေးများ ကျင်းပခြင်း။ နယ်ပယ်အတိုင်းအတာသတ်မတ


ှ်
သည့်အဆင့်အတွင်း အများပြည်သူပူးပေါင်းပါဝင်သည့် အစည်းအဝေးအားလုံး၌ အောက်ပါအကြောင်းအရာများ
အနည်းဆုံးပါဝင်သင့်သည်။

(၁) စီမံကိန်းအဆိုပြုသူက စီမံကိန်းအဆိုပြုလွှာနှင့် စပ်လျဉ်း၍ ရှင်းလင်းဆွေးနွေးခြင်း။ အောက်ပါ


အကြောင်းအရာများပါဝင်သင့်ပြီး ထိုအကြောင်းအရာများနှငသ
့်ာ ကန့်သတ်မထားပါ။
- အဆိုပြုစီမံကိန်းအကြောင်း ဖော်ပြချက်များ
- စီမံကိန်းအကောင်အထည်ဖော်မည့်ပင်မကာလများ (ဒီဇိုင်း၊ အကြိုတည်ဆောက်ခြင်း၊
တည်ဆောက်ခြင်း၊ လုပ်ငန်းလည်ပတ်ခြင်း၊ လည်ပတ်မှုရပ်ခြင်း၊ စီမံကိန်းပိတ်သိမ်းခြင်း၊
ပိတ်သိမ်းပြီးနောက်ပိုင်းကိစ္စများ ဆောင်ရွက်ခြင်း)
- စီမံကိန်း၏ နောက်ခံသမိုင်းအကျဉ်း
- မျှော်မှန်းထားသည့် ရင်းနှီးမြှပ်နှံမှုပမာဏနှင့် အကျိုးအမြတ်များ (အခွန်များနှင့် royalty
ကြေးစသည်)
- စီမံကိန်းနှင့် ဆက်စပ်သည့် အကျိုးအမြတ် ရာခိုင်နှုန်းစသည့် ရှိရင်းစွဲ အခြေခံ အဆောက်အအုံ
များ၏ အမှန်တကယ်အခြေအနေ
- အဆိုပြုလွှာနှင့်စပ်လျဥ်းသည့်အခြားနည်းဖြစ်နိုင်ခြေများ၊ အခြားဖြစ်နိုင်ခြေနေရာများ။
နည်းလမ်းနှင့်နေရာကို ကန့်သတ်မထားပါ။
- စီမံကိန်းကြောင့် ဖြစ်လာနိုင်သော ထိခိုက်မှုများ (တိုက်ရိုက်၊ သွယဝ
ိုက်နှင့် အခြားစီမံကိန်းများ
ကြောင့် ထိခိုက်မှုများပါ စုစည်းပေါင်းစပ်သက်ရောက်ခြင်း)နှင့်
- ဖြစ်လာနိုင်သော ထိခိုက်မှုများမှ ရှောင်ရှားရန်၊ လျှော့ချရန်နှင့် စီမံခန့်ခွဲရန် အစီအမံများ၊
အဆိုပြုပေးသော ပတ်ဝန်းကျင်စီမံခန့်ခွဲမှုအစီအစဉ် (EMP)အပါအ၀င်

(၂) အများပြည်သူ၏ သဘောတူညီချက်များအပါအ၀င်ဖြင့် ပေးနိုင်သည့် အခွင့်အရေးများ

(၃) အမျိုးသမီးများပါ ပါဝင်နိုင်ရန် တန်းတူညီမျှသည့် အခွင့်အရေးများ

(၄) ထိခိုက်ခံစားလွဝ်သော၊ အများနည်းတူအခွင့်အရေးမရသောပုဂ္ဂိုလ်များ၊ အလွန်ဆင်းရဲသူများ၊


မသန်စွမ်းသူများနှင့် တိုင်းရင်းသားမျိုးနွယ်စုများ၏ သဘောထားအမြင်များ ရယူမည့် အစီအမံများ

(င) EFAဆိုင်ရာ လုပ်ထုံးလုပ်နည်း၊ ပုဒ်မ ၅၁(ဆ)အရ၊ စီမံကန


ိးအဆိုပြုသူသည် အောက်ပါတို့ကို သေချာ
စေရမည်။

(၁) အများပြည်သူပူးပေါင်းပါဝင်ဆောင်ရွက်သည့် အစည်းအဝေးမှတ်တမ်းများနှင့် သဘောထား


မှတ်ချက်များကို မှတ်တမ်းတင်ထားရမည်။

(၂) ဤမှတ်တမ်းများကို ဖိုင်တွဲ၍ ထိန်းသိမ်းထားရမည်။

(၃) ဤမှတ်တမ်းများကို EFAနယ်ပယ်အတိုင်းအတာသတ်မတ


ှ်ခြင်း အစီရင်ခံစာနှင့်အတူ ECDသို့
တင်ပြရမည်။

(စ) နယ်ပယ်အတိုင်းအတာသတ်မှတ်ခြင်းအဆင့်၌ အချက်အလက်များရယူရန်နှင့် အများပြည်သူ ပူးပေါင်း


ပါဝင်ဆောင်ရွက်ခြင်း လုပ်ငန်းစဉ်များ ဆောင်ရွက်ရန်နည်းလမ်းအမျိုးမျိုးရှိသည့် အဆိုပြုစီမံကိန်း သို့မဟုတ်
ကာကွယ်ချက်များ သဘောသဘာဝနှင့် ရှုပ်ထွေးမှုအလိုက်နှင့် စိတဝ
် င်တစားတက်ရောက်သူအရေအတွက်
အလိုက် ကျင်းပရသည့် အစည်းအဝေးပုံစံ အမျိုးအစားများနှင့် ပုံစံများ ကွဲပြားခြားနားနိုင်သည်။

(ဆ) နယ်ပယ်အတိုင်းအတာသတ်မှတ်ခြင်းအဆင့်၌ သတ်မှတ်ထားသော အများပြည်သူပူးပေါင်း


ပါဝင်ဆောင်ရွက်သော အစည်းအဝေးများ ကျင်းပခြင်းအပြင်၊ အခြားအစည်းအဝေးများ ကျင်းပ၍ နယ်ပယ်
အတိုင်းအတာသတ်မှတ်ခြင်းကို အထောက်အကူပြုရန် စီမံကိန်းအဆိုပြုသူအား တိုက်တွန်းသည့်
ဤအပိုင်းတွင် ဆောင်ရွက်နိုင်သည့်နည်းလမ်းနှင့် အခြားဒီဇိုင်းပုံစံများကို စဉ်းစား၍ လုပ်ငန်းအဖွဲ့ငယ်များတွင်
ပါဝင်သူများနှင့် “အလုပရ
်ုံဆွေးနွေးပွဲများ” ကျင်းပခြင်းတို့ ပါဝင်နိုင်သည်။

(ဇ) စီမံကိန်းတည်နေရာအပေါ်မူတည်၍၊ ၀န်ကြီးဌာနသည် ဘာသာစကားတူ မပြောဆိုသူများအား အချက်


အလက်များ ဘာသာပြန်ဆိုပေးနိုင်ရေး၊ အများပြည်သူပူးပေါင်းပါဝင်သည့် လုပ်ဆောင်ချက်များ၌ စကားပြန်များ
စီစဉ်ထားရှိရန် စီမံကိန်းအဆိုပြုသူအား ညွှန်ကြားသတ်မှတ်နိုင်သည့် နုည်းပညာဆိုင်ရာနှင့် သိပ္ပံဆိုင်ရာ စကား
ရပ်များနှင့် ကိစ္စများကို ဂရုတစိုက်ရှင်းလင်းထားရန် လိုအပ်နိုင်သည်။

၁.၁.၆။ အများပြည်သူပူးပေါင်းပါဝင်ဆောင်ရွက်ခြင်းဆိုင်ရာ အချိန်ကာလသတ်မှတ်ချက်

က) စီမံကိန်းအဆိုပြုသူသည် အများပြည်သူပူးပေါင်းပါဝင်သည့်အစည်းအဝေးတစ်ခုစီအတွက် ကြိုတင်


အသိပေးစာများကို အောက်ပါနည်းလမ်းများအားဖြင့် ထုတ်ပြန်သင့်ပါသည်။

၁) စီမံကိန်းအဆိုပြုသူ၏ ၀က်ဘ်ဆိုဒ်ပေါ်တွင်

၂) လူမှုမီဒီယာများမှတဆင့်

၃) ဒေသသတင်းစာများတွင် ကြော်ငြာများထည့်သွင်းခြင်းဖြင့်

၎) စီမံကိန်းနေရာတွင် ရှင်းလင်းစွာဖတ်ရှုနားလည်မှတ်မိနိုင်သော ဆိုင်းဘုတ်တစ်ခုကို သိသာထင်ရှားစွာ


စိုက်ထူခြင်း

၅) ရေဒီယိုနှင့် ရုပ်မြင်သံကြားကြေငြာချက်များမှတစ်ဆင့်

၆) ဒေသန္တရ အာဏာပိုင်များ၊ ဒေသခံဘာသာရေးခေါင်းဆောင်များနှင့် ဒေသခံဘာသာရေးအဖွဲ့အစည်းများ၊


အိမ်နီးချင်းများ၊ ဒေသခံလူထုအသင်းအဖွဲ့များနှင့်
၇) စီမံကိန်းအဆိုပြုလွှာ၏ အရွယ်အစားနှင့် တည်နေရာအပေါ်မူတည်၍ အခြားသော နည်းလမ်းများအားဖြင့်

ခ) စီမံကိန်းအဆိုပြုသူသည် စီမံကိန်းကြောင့် ထိခိုက်ခံစားရမည့်သူများအတွက် သင့်လျော်သောအချိန်တွင်


နယ်ပယ်တိုင်းတာသတ်မှတ်ခြင်းအစည်းအဝေးများကို စီစဉ်သင့်သည်။
ဂ) စီမံကိန်းအဆိုပြုသူသည် နယ်ပယ်တိုင်းတာသတ်မှတ်ခြင်းအစည်းအဝေး မပြုလုပ်မီ အနည်းဆုံး ၁၄ ရက်
ကြိုတင်၍ အသိပေးထုတ်ပြန်ရမည်။ အစည်းအဝေးများပိုမိုကျင်းပရန် လိုအပ်လျှင် (သို့) EIA အတိုင်ပင်ခံပေး
သော အချက်အလက်များအပေါ် စဉ်းစားချိန် ပိုမိုလိုအပ်ကြောင်း စီမကိံန်းကြောင့် ထိခိုက်ခံစားရမည့်သူများက
တောင်းဆိုလျှင် ဖော်ပြပါအချိန်ကို တိုးမြှင့်ပေးနိုင်သည်။
ဃ) အစည်းအဝေးတိုင်းတွင် နောက်အစည်းအဝေးကျင်းပမည့် ကိစ္စကို (လိုအပ်လျှင်) ဆွေးနွေးသင့်ပါသည်။
စီမံကိန်းအဆိုပြုသူ (သိ)ု့ EIA အတိုင်ပင်ခံသည် EIA လုပ်ငန်းစဉ်အတင်းရှေ့ဆက်ဆောင်ရွက်မည့် အဆင့်များ
နှင့် ပတ်သတ်၍ တတ်နိုင်သမျှ ရှင်းရှင်းလင်းလင်းဖော်ပြသင့်ပါသည်။ ဤလုပ်ဆောင်ချက်သည် လူထုနှင့်
ယုံကြည်မှုတည်ဆောက်နိုင်သည့် အဓိကနည်းလမ်းဖြစ်ပါသည်။
င) စီမံကိန်းကြောင့် ထိခိုက်ခံစားရမည့်သူများနှင့် စီမံကိန်းနှင့် ပတ်သတ်ဆက်နွယ်သောအခြားသူများ အနေနှင့်
စီမံကိန်း အဆိုပြုသူ (သု)ိ့ EIA အတိုင်ပင်ခံက ပေးသော အချက်အလက်များအပေါ် စဉ်းစားနိုင်ရန်
အစည်းအဝေး တစ်ခုနှင့် တစ်ခုအကြားတွင် အချိန်အနည်းဆုံး ၁၄ ရက်မျှ ပေးထားသင့်ပါသည်။
စ) အများပြည်သူပူးပေါင်းပါဝင်ဆောင်ရွက်ခြင်းသည် နယ်ပယ်အတိုင်းအတာ သတ်မှတ်ခြင်းအဆင့်၏
အဆုံးနားတွင် မှသာ ဆောင်ရွက်ခြင်းမဖြစ်သင့်ပါ။ စီမံကိန်းနှင့် ပတ်သတ်ဆက်နွယ်သူများအနေနှင့် ကိစ္စရပ်
များအပေါ် စဉ်းစားနိုင်ရန် နယ်ပယ်အတိုင်းအတာ သတ်မှတ်ခြင်းအစီရင်ခံစာ၊ TOR နှင့် အများပြည်သူ
ပူးပေါင်းပါဝင်ဆောင်ရွက်ခြင်း အစီအစဉ်ကို အပြီးသတ် ပြုစုကာ ECD သို့ မတင်ပြမီ သုံးသပ်ပေးနိုင်ရေး၊
ယင်းတို့၏အမြင်များ ထည့်ဝင်ဖော်ပြနိုင်စေရန် အချိန်အလုံအလောက်ရရှိစေရမည်။

၁.၁.၇။ နယ်ပယ်အတိုင်းအတာသတ်မှတ်ခြင်းအဆင့်တွင် အများပြည်သူပူးပေါင်းပါဝင်ဆောင်ရွက်ခြင်း၏


ရလဒ်များ

က) EIA ဆိုင်ရာ လုပ်ထုံးလုပ်နည်းပုဒ်မ ၅၁ အရ စီမံကိန်း အဆိုပြုသူ (သု)ိ့ EIA အတိုင်ပင်ခံသည် နယ်ပယ်


အတိုင်းအတာ သတ်မှတ်ခြင်းအစီရင်ခံစာ တစ်စောင်ရေးသားကာ သုံးသပ်ရန်နှင့် သဘောထားမှတ်ချက်ပေးရန်
ECD သို့ တင်ပြရပါမည်။

ခ) EIA ဆိုင်ရာ လုပ်ထုံးလုပ်နည်းပုဒ်မ ၅၂ နှင့် ၅၃ အရ နယ်ပယ် အတိုင်းအတာ သတ်မှတ်ခြင်းအစီရင်ခံစာ


တွင် EIA အစီရင်ခံစာတွင် ထည့်သွင်းရန်လိုအသည့် သတ်မှတ်တာဝန်နှင့် လုပ်ပိုင်ခွင့်များ (TOR) မူကြမ်းတစ်
စောင်ပါဝင်ရမည်။ TOR မူကြမ်းတွင် EIA စုံစမ်းစစ်ဆေးရာတွင် အများပြည်သူ ပူးပေါင်းပါဝင်ဆောင်ရွက်ခြင်း
အဆိုပြု အစီအစဉ် ပါဝင်ရမည်။

ဂ) EIA နယ်ပယ် အတိုင်းအတာ သတ်မှတ်ခြင်းအဆင့်တွင် အများပြည်သူ ပူးပေါင်းပါဝင်ဆောင်ရွက်ခြင်း


လုပ်ငန်းစဉ်၏ ရလဒ်များ

EIA နယ်ပယ် အတိုင်းအတာ သတ်မှတ်ခြင်းအဆင့်တွင် အများပြည်သူ ပူးပေါင်းပါဝင်ဆောင်ရွက်ခြင်း


လုပ်ငန်းစဉ်၏ ရလဒ်များအား အစီရင်ခံတင်ပြရေးသတ်မှတ်ချက်ကို ဖြည့်ဆည်းရန် စီမံကိန်းအဆိုပြုသူ သည်
နယ်ပယ် အတိုင်းအတာ သတ်မှတ်ခြင်းအစီရင်ခံစာတွင် အောက်ပါတို့ကို ထည့်သွင်းသင့်သည်။
၁) EIA နယ်ပယ် အတိုင်းအတာ သတ်မှတ်ခြင်း လုပ်ငန်းစဉ်စတင်ကြောင်း ကနဦးအသိပေးစာနှင့် အချက်
အလက်များအား အများပြည်သူထံပေးပို့အသိပေးမှု (အသိပေးသည့် နည်းလမ်းများနှင့်
အသိပေးမှုပြုလုပ်သည့်ရက်စွဲတို့အပါအ၀င်)
၂) အများပြည်သူပါဝင်သည့် အစည်းအဝေးကျင်းပမည့်အကြောင်း အသိပေးစာ (အသိပေးသည့်နည်းလမ်း
များနှင့် အသိပေးမှုပြုလုပ်သည့်ရက်စွဲတို့အပါအ၀င်)
၃) အများပြည်သူပါဝင်သည့် အစည်းအဝေးများ ကျင်းပခဲ့သည့်နေရာနှင့် အကြိမ်အရေအတွက်
၎) အများပြည်သူပါဝင်သည့် အစည်းအဝေးများသို့ တက်ရောက်ခဲ့သည့် လူအရေအတွက် (ကျား၊မ
ခွဲခြားဖော်ပြရန်)
၅) အများပြည်သူပါဝင်သည့် အစည်းအဝေးများတွင် နှုတ်ြဖင့် သဘောထားမှတ်ချက်ပေးသည့် လူအရေ
အတွက်
၆) လက်ခံရရှိထားသည့် စာဖြင့်ရေးသားတင်ပြသည့် ပြည်သူ့သဘောထားမှတ်ချက် အရေအတွက်
၇) လက်ခံရရှိသည့် သဘောထားမှတ်ချက်များ၏ သဘောသဘာဝနှင့် ယင်းတို့အား နယ်ပယ် အတိုင်းအတာ
သတ်မှတ်ခြင်းအဆင့်နှင့် TOR မူကြမ်းရေးဆွဲခြင်းတို့တွင် မည်သို့ ထည့်သွင်းစဉ်းစားထားကြောင်း

ဃ) ECD သည် နယ်ပယ် အတိုင်းအတာ သတ်မှတ်ခြင်းအစီရင်ခံစာ၊ သတ်မှတ်တာဝန်နှင့် လုပ်ပိုင်ခွင့်များ


(TOR နှင့် အများပြည်သူ ပူးပေါင်းပါဝင်ဆောင်ရွက်ခြင်း အဆိုပြု အစီအစဉ်တို့ကို သုံးသပ်အတည်ပြုပြီးသည်နှင့်
တပြိုင်နက် စီမံကိန်းအဆိုပြုသူနှင့် EIA အတိုင်ပင်ခံတို့သည် EIA ရေးဆွဲခြင်းအဆင့်ကို ဆက်လက်ဆောင်ရွက်
နိုင်ပါသည်။
င) သဘောထားမှတ်ချက်များအပေါ် တုန့်ပြန်ဖြေကြားခြင်း။ စီမံကိန်းအဆိုပြုသူသည် လက်ခံရရှိသည့်
သဘောထား မှတ်ချက်များအပေါ် ဖြေရှင်းချက်များပေးရပါမည်။ ထိုဖြေရှင်းချက်များတွင် အဆိုပါ သဘောထား
မှတ်ချက်များကို TOR နှင့် EIA စုံစမ်းစစ်ဆေးခြင်းအဆင့်၏ အများပြည်သူ ပူးပေါင်းပါဝင်ဆောင်ရွက်ခြင်း
အဆိုပြု အစီအစဉ်တို့တွင် မည်သည့်နေရာများ၌ ထည့်သွင်းဆောင်ရွက်ထားကြောင်း (သိ)ု့ ထိုသဘောထား
မှတ်ချက် (သု)ိ့ အကြံပြုချက်များကို မည်သည့်အကြောင်းကြောင့်ပယ်ချခဲ့ရကြောင်း ကြောင်းကျိုးဆက်စပ်
ဝေဖန်မှု ပေးသင့်သည်။

၁.၂။ EIA စုံစမ်းစစ်ဆေးစဉ်အတွင်း အများပြည်သူ ပူးပေါင်းပါဝင်ဆောင်ရွက်ခြင်း


၁.၂.၁။ အထွေထွေ
က) EIA စုံစမ်းစစ်ဆေးခြင်းအဆင့်သည့် စီမံကိန်းကြောင့်ထိခိုက်ခံစားရမည့်သူများ၊ အခြားပတ်သတ်ဆက်နွယ်
သူများနှင့် ပတ်ဝန်းကျင်တို့အပေါ် စီမံကိန်းအဆိုပြုလွှာကြောင့် ထိခိုက်နိုင်ခြေများကို လေ့လာသုံးသပ်ရန်
ဖြစ်သည်။

ခ) ဤလုပ်ငန်းစဉ် ပြီးစီးအောင်မြင်ရန် အချိန်နှင့် အားထုတ်မှုများစွာ လိုအပ်ပါသည်။ စုံစမ်းစစ်ဆေးခြင်းအဆင့်


သည် ၆ လမှ ၂ နှစ်အထိ ကြာမြင့်နိုင်သည်။

ဂ) စုံစမ်းစစ်ဆေးခြင်းသဘောသဘာဝနှင့် နယ်ပယ်အတိုင်းအတာသည် စီမံကိန်းနေရာ အနီးတ၀ိုက်တွင်


ထိခိုက်သည့် ပမာဏအပေါ် မူတည်သည်။ ဤပမာဏသည် TOR ၊ သက်ဆိုင်ရာကဏ္ဍအလိုက် ရေးဆွဲထားနိုင်
သည့် လမ်းညွှန်ချက်များ၊ IEE / EIA လိုမလို စစ်ထုတ်ခြင်းနှင့် နယ်ပယ် အတိုင်းအတာ သတ်မှတ်ခြင်းအဆင့်
များတွင် စီမံကိန်းကြောင့်ထိခိုက်ခံစားရမည့်သူများနှင့် စီမံကိန်းနှင့် ပတ်သတ်ဆက်နွယ်သော အခြားသူများက
ဖော်ပြခဲ့သည့် စိုးရိမ်ပူပန်မှုတို့အပေါ် မူတည်ပေလိမ့်မည်။

ဃ) EIA လုပ်ငန်းစဉ်၏ ဤအစိတ်အပိုင်းသည် အချိန်အယူဆုံးဖြစ်ရာ အများပြည်သူ ပူးပေါင်း ပါဝင်


ဆောင်ရွက်ခြင်းကို ပုံသေဆက်တိုက် လုပ်ကိုင်သွားရန် လိုအပ်လိမ့်မည်။ စီမံကိန်းအဆိုပြုသူနှင့် EIA
အတိုင်ပင် ခံတို့သည် စီမံကိန်းကြောင့် ထိခိုက်ခံစားရမည့်သူများ၊ စီမံကိန်းနှင့် ပတ်သတ်ဆက်နွယ်သော
အခြားသူများကို EIA ဆိုငရ်ာ လုပ်ထုံးလုပ်နည်းအရ၊ ဤလမ်းညွှန်ချက်အရနှင့် ECD မှ ထုတ်ပြန်သော
နည်းပညာဆိုင်ရာ အခြားလမ်းညွှန်ချက်များအရ တွေ့ဆုံ၊ ဆွေးနွေး၊ မေးမြန်းစုံစမ်း၊ တိုင်ပင်ရမည်။

င) EIA စုံစမ်းစစ်ဆေးခြင်းကို ဆောင်ရွက်ပြီးသည်နှင့် တပြိုင်နက် EIA အတိုင်ပင်ခံသည် EIA အစီရင်ခံစာ


မူကြမ်းကို ဆက်လက်ပြုစုရန် လိုအပ်ပါမည်။

စ) EIA စုံစမ်းစစ်ဆေးခြင်းအဆင့်တွင် ဤလမ်းညွှန်ချက်အသုံးပြုပုံအား ပုံ ၂ တွင် ဖော်ပြထားပါသည်။



ပုံ ၄ EIA ရေးဆွဲခြင်းတွင် ဤလမ်းညွှန်ချက်အား အသုံးပြုခြင်း

...............................
၁.၂.၂။ EIA စုံစမ်းစစ်ဆေးခြင်း လုပ်ငန်းစဉ်စတင်ကြောင်းအသိပေးခြင်း
က) EIA ဆိုင်ရာ လုပ်ထုံးလုပ်နည်းပုဒ်မ ၆၁ ပါ သတ်မှတ်ချက်များအကောင်အထည်ဖော်ရန်
စီမံကိန်းအဆိုပြုသူသည် EIA စုံစမ်းစစ်ဆေးခြင်း လုပ်ငန်းစဉ်စတင်ကြောင်း အသိပေးစာကို ထုတ်ပြန်ရမည်။

ခ) အသိပေးစာပါအကြောင်းအရာများ။
အများပြည်သူသို့ အသိပေးစာတွင် အနည်းဆုံး အောက်ပါအချက်အလက်များ ပါဝင်သင့်သည်။
၁) စီမံကိန်းအမျိုးအစားနှင့် တည်နေရာ
၂) အဆိုပြုစီမံကိန်း၏ မြေနေရာ အသုံးချရန် လိုအပ်ချက်များနှင့် ဖြစ်လာနိုင်သော ထိခိုက်မှုများနှင့်
စပ်လျဉ်းသည့် အချက်အလက်များ
၃) EIA စုံစမ်းစစ်ဆေးခြင်းအဆင့်များ၊ ရေးဆွဲထားသည့် အများပြည်သူ ပူးပေါင်း ပါဝင်သည့်
အစည်းအဝေး တစ်ရပ်ရပ်နှင့် EIA စုံစမ်းစစ်ဆေးခြင်းအတွက် မျှော်မှန်း အချိန်ကာလ တို့နှင့် စပ်လျဉ်း
သည့်အချက်အလက်များ
၎) အတည်ပြုပြီးသည့် နယ်မြေအတိုင်းအတာသတ်မှတ်ခြင်းအစီရင်ခံစာ၊ သတ်မှတ်တာဝန်နှင့်
လုပ်ကိုင်ခွင့်များ (TOR) နှင့် အများပြည်သူ ပူးပေါင်းပါဝင်ဆောင်ရွက်ခြင်း အဆိုပြု အစီအစဉ်
အကြောင်း အသေးစိတ်အချက်အလက်များ
၅) စီမံကိန်းအဆိုပြုလွှာနှင့် EIA စုံစမ်းစစ်ဆေးခြင်းတို့နှင့် စပ်လျဉ်းသည့် အချက်အလက်များ
တောင်းခံရန် ဆက်သွယ်ရမည့်လိပ်စာ
၆) စီမံကိန်း အဆိုပြုလွှာနှင့် EIA စုံစမ်းစစ်ဆေးခြင်းတို့နှင့် စပ်လျဉ်းသည့် နောက်ဆုံးရအချက်
အလက်များကို မည်သည့်နေရာတွင် ရှာဖွေနိုင်ကြောင်းအချက်အလက်များ
၇) စီမံကိန်း အဆိုပြုလွှာနှင/့် သို့ EIA စုံစမ်းစစ်ဆေးခြင်းဆိုငရ်ာ သဘောထားမှတ်ချက်များကို စီမံကိန်း
အဆိုပြုသူသို့ မည်သို့ တင်ပြနိုင်ကြောင်း အချက်အလက်များ
၈) အသိပေးပုံနည်းလမ်း။
စီမံကိန်းအဆိုပြုသူသည် EIA စုံစမ်းစစ်ဆေးခြင်း လုပ်ငန်းစဉ်စတင်ကြောင်း အများပြည်သူသို့
အသိပေးစာကို အောက်ပါနည်းလမ်းများအားဖြင့် ထုတ်ပြန်သင့်သည်။
(၁) စီမံကိန်းအဆိုပြုသူ၏ ၀က်ဘ်ဆိုက်ပေါ်တွင်
(၂) ဒေသသတင်းစာများတွင် ကြော်ငြာများထည့်သွင်းခြင်းအားဖြင့်
(၃) စီမံကိန်းနေရာတွင် ရှင်းလင်းစွာဖတ်ရှုနားလည်မှတ်မိနိုင်သော ဆိုင်းဘုတ်တစ်ခုကို
သိသာထင်ရှားစွာ စိုက်ထူခြင်း
(၄) ဒေသန္တရ အာဏာပိုင်များ၊ ဒေသခံဘာသာရေးခေါင်းဆောင်များနှင့်
ဒေသခံဘာသာရေးအဖွဲ့အစည်းများ၊ အိမ်နီးချင်းများ၊ ဒေသခံလူထုအသင်းအဖွဲ့များကို
ပစ်မှတ်ထားအသိပေးခြင်း
(၅) စီမံကိန်းအဆိုပြုလွှာ၏ အရွယ်အစားနှင့် တည်နေရာအပေါ်မူတည်၍ သင့်လျော်ရာ
နည်းလမ်းများအားဖြင့်

(ဂ) အသိပေးမည့်အချိန်ကာလ။
စီမံကိန်းအဆိုပြုသူသည် EIA စုံစမ်းစစ်ဆေးခြင်းလုပ်ငန်းစဉ်စတင်ကြောင်း အသိပေးလွှာကို စီမံကိန်းကြောင့်
ထိခိုက်ခံစားရမည့်သူများနှင့် ပထမအကြိမ် အစည်းအဝေး မတိုင်မီ အနည်းဆုံး ၁၄ ရက် ကြိုတင်ထုတ်ပြန်ရ
မည်။

၁.၂.၃။ အချက်အလက်များဖွင့်ဟဖော်ပြခြင်း

က) EIA ဆိုင်ရာ လုပ်ထုံးလုပ်နည်းပုဒ်မ ၆၁ (က) အရ စီမံကိန်း အဆိုပြုသူ နှင့် EIA အတိုင်ပင်ခံတို့သည် -


(၁) စီမံကိန်းကြောင့် ထိခိုက်ခံစားရမည့်သူများ၊ အရပ်ဖက်အဖွဲ့အစည်းများ၊ ရပ်ရွာလူထု
ကိုယ်စားလှယ်များ၊ ဒေသခံဘာသာရေးခေါင်းဆောင်များနှင့် အဖွဲ့အစည်းများ၊
ပြည်ထောင်စုအဆင့်နှင့် ပြည်နယ်နှင့် တိုင်းဒေသကြီး အဆင့်မှ သက်ဆိုင်ရာ ၀န်ကြီးဌာနများနှင့်
အစိုးရဌာန/အဖွဲ့အစည်းများ၊ စီမံကိန်းအပေါ် စိတဝ
် င်စားသော အခြားသူများအပါအ၀င်
အများပြည်သူအား အချက်အလက်များ တက်တက်ကြွကြွဖြန့်ဝေပေးရမည်။

(၂) အချက်အလက်အားလုံးကို အများပြည်သူလက်လှမ်းမီသော စီမံကိန်းဝက်ဘ်ဆိုဒ(် များ)နှင့်


အများပြည်သူအဆင်ပြေစွာ သွားလာနိုင်သော/ စီမံကိန်းနှင့်နီးသောနေရာများ (ဥပမာ - ကျောင်းများ၊
အထွေထွေအုပ်ချူပ်ရေးဦးစီးဌာနရုံးများ၊ ဒေသခံလူထုစုဝေးခန်းမများစသည်) တို့ မှ ရယူနိုင်စေရမည်။

ခ) အကြောင်းအမျိုးမျိုးကြောင့် စီမံကိန်းအဆိုပြုလွှာ တစ်ခုနှင့်တစ်ခုအကြား၌ပင် အများပြည်သူရရှိနိုင်သည့်၊


စီမံကိန်းနှင့် သက်ဆိုင်သည့် အချက်အလက်များ၊ စီမံကိန်းအမျိုးအစားနှင့် တည်နေရာအပါအ၀င်တို့သည်
အမျိုးမျိုးကွဲပြားပေလိမ့်မည်။ သာမန်အားဖြင့် စီမံကိန်းအဆိုပြုလွှာ၏ အတိုင်းအဆနှင့် အမျိုးအစားတို့ကို ရှင်း
လင်းစွာ ဖော်ပြနိုင်ရန် အောက်ပါအချက်အလက်များကို ပေးသင့်သည်။

(၁) စီမံကိန်းအဆိုပြုလွှာအကျဉ်းချူပ်၊ စီမံကိန်းအမျိုးအစား၊ အရွယ်အစား၊ တည်နေရာနှင့် ဆောင်


ရွက်မည့် အချိန်ကာလများ အပါအ၀င်

(၂) စီမံကိန်းအသုံးပြုသူများနှင့် စပ်လျဉ်းသည့် အသေးစိတ်အချက်အလက်များ (စီမံကိန်းအပေါ်


ငွေကြေးပံ့ပိုးသူများအပါအ၀င်)နှင့်

(၃) မျက်မြင်ကြည့်ရှုနိုင်သောအချက်အလက်များ၊ ဓာတ်ပုံများ၊ မြေပုံများ၊ ရေးဆွဲထားသော ဒီဇိုင်း


ပုံစံများနှင့် ရုပ်ပုံကားချပ်များ အပါအ၀င်

(၄) စီမံကိန်းအား အခြားနည်းလမ်းများဖြင့် ဆောင်ရွက်ခြင်းနှင့် ထိုနည်းလမ်းများအပေါ် ထည့်သွင်း


စဉ်းစားခြင်းဆိုင်ရာ အသေးစိတ်အချက်အလက်များ
(၅) စီမံကိန်းအဆိုပြုလွှာနှင့် ဖြစ်လာနိုင်သော ထိခိုက်မှုများ၊ ဖော်ထုတ်စိစစ်ထားသော ထိခိုက်နိုင်ခြေ
များအပေါ် ဖြစ်နိုင်ခြေ အနည်း/အများဆန်းစစ်ခြင်းအပါအ၀င် နည်းပညာဆိုင်ရာနှင့် သိပ္ပနံ ည်းကျ
အသေးစိတ်အချက်အလက်များ
(၆) ထိခိုက်မှု ဆန်းစစ်ခြင်းနည်းလမ်းအကျဉ်းချုပ်နှင့်
(၇) ထိခိုက်မှု လျှော့ချနိုင်မည့်အစီအမံများအပေါ် ကနဦးစဉ်းစားထားမှု အကျဉ်းချုပ် (သက်ဆိုင်ရာ
အစီအမံများအား မည်သည့်အကြောင်းကြောင့် စဉ်းစားပြီး ၊ အခြားသက်ဆိုင်ရာ အစီအမံများအား
မည်သည့်အကြောင်းကြောင့်မစဉ်းစားကြောင်းအသေးစိတ်အချက်အလက်များအပါအ၀င်)
ဂ) အချက်အလက်များသည် စီမံကိန်းနှင့် သက်ဆိုင်သောအချက်အလက်များဖြစ်သင့်ပြီး စီမံကိန်းကြောင့်
ထိခိုက် ခံစားရမည့်သူများ၊ စီမံကိန်းနှင့် ပတ်သတ်ဆက်နွယ်သော အခြားသူများနားလည်နိုင်သော ပုံစံတစ်ရပ်
နှင့် ပေးခြင်းမျိုးဖြစ်သင့်ပါသည်။
(၁) ဆိုလိုသည်မှာ ပညာရပ်ဆိုင်ရာ စာရွက်စာတမ်းများကို ရိုးရှင်းသော ဒေသသုံးဘာသာဖြင့်
ရှင်းလင်း ဖော်ပြသင့်သည်။
(၂) ထပ်ဖြည့်မည့် အချက်အလက်များကို ရိုးရှင်းသောစကားလုံးများ (ဆိုလိုသည်မှာ ပညာရပ်ဆိုင်ရာ
စကားရပ်သုံးစွဲမှု အကန့်အသတ်ဖြင်)့ အသုံးပြုရန် လိုအပ်နိုင်ပါသည်။ သို့မှသာ သာမန်ပြည်သမျူား
အနေနှင့် စီမံကိန်းအဆိုပြုလွှာနှင့် EIA ဆန်းစစ်စစ်ဆေးခြင်းတို့နှင့် သက်ဆိုင်သည့် အချက်အလက်
အားလုံးကို အလွယ်တကူ နားလည်ပေမည်။
ဃ) သိပ္ပဆိုံင်ရာနှင့် ပညာရပ်ဆိုင်ရာ အချက်အလက်များကို ရှင်းပြပေးရန် တောင်းဆိုမှုတစ်ရပ်ရှိပါက EIA
အတိုင်ပင်ခံသည် သင့်တော်သော ပညာရှငမ်ျားနှင့် လူထုအကြားအစည်းအဝေးတစ်ရပ် စီစဉ်ပေးသင့်သည်။
င) စီမံကိန်းကြောင့် ထိခိုက် ခံစားရမည့်သူများ၊ စီမံကိန်းနှင့် ပတ်သတ်ဆက်နွယ်သော အခြားသူများထံ မှ
ရရှိထားသော သဘောထားမှတ်ချက်အကျဉ်းချုပ်ကို အများပြည်သူရရှိနိုင်စေရန်လည်း ဆောင်ရွက်ပေးသင့်
သည်။
စ) အများပြည်သူစဉ်စားနိုင်ရန်နှင့် ထပ်မံဆွေးနွေးနိုင်ရန် တတ်နိုင်သမျှ အချက်အလက်များများ ပေးထားသင့်
ပါသည်။
ဆ) အများပြည်သူသို့ ဖွင့်ဟဖော်ပြသောအချက်အလက်များကို အောက်ပါနည်းလမ်းအားဖြင့် ရရှိဆောင်ရွက်
သင့်သည်။
(၁) စီမံကိန်း (၀က်ဘ်ဆိုဒ)် နှင့် စီမံကိန်းအဆိုပြုသူ၏ ၀က်ဘ်ဆိုဒ(် များ)ပေါ်တွင်

(၂) အများပြည်သူပူးပေါင်းပါဝင်သော လှုပ်ရှားမှုများနှင့် စီမံရေးနှင့်ဆိုင်သော အခြားလှုပ်ရှားမှုများ


တွင် ဖြန့်ဝေခြင်း

(၃) စီမံကိန်းအဆိုပြုသူနှင့် EFAအတိုင်ပင်ခံတို့၏ ရုံးများတွင် (အီလက်ထရောနစ်ပုံစံများ


(အပျော့ထည်များ)နှင့် စာရွက်စာတမ်းမိတ္တူများ (အမာထည်များ)အားဖြင်)့

(၄) စီမံကိန်းနေရာနှင့် စီမံကိန်းကြောင့် ထိခိုက်ခံစားရမည့်သူများနှင့်နီးသော၊ သွားလာရ


အဆင်ပြေ လက်လှမ်းမီသော၊ လွတ်လပ်သော နေရာများ (ဥပမာ - စာသင်ကျောင်းများ၊ အထွေထွေ
အုပ်ချူပ်ရေး ဦးစီးဌာနရုံးများ ဒေသခံလူထုစုဝေးခန်းမများ စသည်) တွင် စာရွက်စာတမ်းမိတ္တူများကို
လေ့လာ ကြည့်ရှုနိုင်ရန် ရရှိနိုင်ခြင်း

(၅) သက်ဆိုင်ရာနေရာနှင့် အဆိုပြုစီမံကိန်း၏ သဘောသဘာဝအရ အခြားသင့်လျော်ရာ


နည်းလမ်း များအားဖြင့် (၅) စီမံကိန်းအဆိုပြုလွှာ၏ အရွယ်အစားနှင့် တည်နေရာအပေါ်မူတည်၍
သင့်လျော်ရာ နည်းလမ်းများအားဖြင့်
ဇ) စီမံကိန်းကြောင့် ထိခိုက်ခံစားရမည့်သူများ၊ စီမံကိန်းနှင့် ပတ်သက်ဆက်နွယ်သော အခြားသူများအား
ပေးအပ်သည့် အချက်အလက်အားလုံးကို ဒေသခံလူထုအသိုင်းအ၀ိုင်းပြင်ပမှ ပုဂ္ဂိုလ်များပါ လက်လှမ်းမီနိုင်ရန်၊
ဖြန့်ဝေမှုလက်ခံရရှိရန်၊ အများနှင့်ဆိုင်သော အချက်အလက်များအဖြစ် ကိုင်တွယ်ဆောင်ရွက်သင့်သည်။

လေးထောင့်ကွက် ၄ - EIA စုံစမ်းစစ်ဆေးခြင်းအဆင့်တွင် အချက်အလက်များဖွင့်ဟဖော်ပြခြင်း


မည်သည့်အချက်အလက်အမျိုးအစားကို ပေးအပ်သင့်ပါသလဲ ?
• စီမံကိန်းဆိုင်ရာ အကျဉ်းချုပ်အချက်အလက်များ၊ မြေပုံများ၊ အစီအစဉ်မူကြမ်းများနှင့် အခြား ရနိုင်သော
အချက်အလက်များအပါအဝင်
• တည်ဆောက်ရေးအချိန်ကာလလျာထားချက်အသေးစိတ်နှင့် ဖြစ်လာနိုင်သော ထိခိုက်မှုများအကြောင်း
အကျဉ်းချုပ် ဖော်ပြချက်- အချက်အလက်များ ပိုမိုရနိုင်သောအခါ ပြန်လည်မွမ်းမံပြင်ဆင်၍
ပေးအပ်ရန်ဖြစ်သည်။
• စီမံကိန်းအဆိုပြုလွှာနှင့်၊ ဖြစ်လာနိုင်သော ထိခိုက်မှုများနှင့်ဆိုင်သော သိပ္ပံဆိုငရ
်ာ သို့မဟုတ်
ပညာရပ်ဆိုင်ရာ အချက်အလက်များ
• ဒေသခံလူထုအသိုင်းအဝိုင်း၊ အရပ်ဖက်အဖွဲ့အစည်းများနှင့် အစိုးရဌာန/အဖွဲ့အစည်းများထံမှ ကနဦး
သဘောထားမှတ်ချက်များ
• စီမံကိန်းအဆိုပြုသူသည် ကနဦးသဘောထားမှတ်ချက်များအပေါ် စာဖြင့်တုန့်ပြ
့ န်ဖြေရှင်းချက် များကို
လူထသ
ို့ အသိပေးသင်သ
့ ည်။

• စီမံကိန်းကြောင့် ထိခိုက်ခံစားရမည့်သူများနှင့် စီမံကိန်းနှင့် ပတ်သက်ဆက်နွယလာမည့် အခြားသူများ၏

IEE အစီရင်ခံစာမူကြမ်းအပေါ် သဘောထားမှတ်ချက်များ၊ ပတ်ဝန်းကျင်စီမံခန့်ခွဲမှု အစီအစဉ်မူကြမ်း

• IEE အစီရင်ခံစာ၊ ပတ်ဝန်းကျင်စီမံခန့်ခ


ွဲ့မှုအစီအစဉ်နှင့် အများပြည်သူ ပူးပေါင်းပါဝင် ဆောင်ရွက်

ခြင်းအစီအစဉ်

၁.၂.၄။ အများပြည်သူပူးပေါင်းပါဝင်သည့် လုပ်ဆောင်ချက်များ


၁.၂.၄.၁။ အများပြည်သူပူးပေါင်းပါဝင်သည့် အစည်းအဝေးအရေအတွက်
က) ဤအဆင့်တွင် နယ်ပယ်အတိုင်း အတာ သတ်မှတ်ခြင်းအဆင့် အတွင်း ရေးဆွဲထားသည့် ECD က
အတည်ပြုထားသည့် အများပြည်သူ ပူးပေါင်း ပါဝင်ဆောင်ရွက်ခြင်း အစီအစဉ်ကို လိုက်နာ
ဆောင်ရွက်လိမ့်မည်။

ခ) EIA စုံစမ်းစစ်ဆေးခြင်းအဆင့်အတွင်း အများပြည်သူ ပူးပေါင်း ပါဝင်ဆောင်ရွက်ခြင်းကို ထိရောက်


အဓိပ္ပါယ်ရှိစေရန် စီမံကိန်းကြောင့် ထိခိုက် ခံစားရမည့်သူများ၊ စီမံကိန်းနှင့် ပတ်သတ်ဆက်နွယ်သော
အခြားသူများသည်
(၁) ပထမဦးစွာ အဆိုပြုစီမံကိန်းအကြောင်း၊ စီမံကိန်းအဆိုပြုသူနှင့် စီမံကိန်းဆိုင်ရာ နောက်ခံ
အချက်အလက်များ၊ အများပြည်သူ ပူးပေါင်း ပါဝင်ဆောင်ရွက်ခြင်းအစီအစဉ်တို့ကို အပြည့်အဝ
အသိပေးခံရပြီး ထိုအချက်အလက်များအပေါ် သုံးသပ်ရန် အချိန်အလုံအလောက်ရရြှိ ကရန် လိုအပ်
ပါသည်။
(၂) ဒုတိယအနေနှင့် ယင်းတို့၏ အတွေးအမြင်များ၊ ဗဟုသုတများအား EIA စုံစမ်းစစ်ဆေးစဉ်အတွင်း
တိုင်ပင်ဆွေးနွေးခံရခွင့်ရရှိရန် လိုအပ်ပါသည်။
(၃) တတိယအနေဖြင့် စုံစမ်းစစ်ဆေးရာမှ တွေ့ရှိချက်များနှင့် ထိုစစ်ချက်များအပေါ် သဘောထားမှတ်
ချက်များပေးခွင့်ရရှိရန် လိုအပ်ပါသည်။
(၄) နောက်ဆုံးတွင် EIA အစီရင်ခံစာအား အပြီးသတ်ပြုစုကာ ECD သို့ မတင်ပြမီ သုံးသပ်နိုင်ရေး၊
EIA အစီရင်ခံစာမူကြမ်းပေါ်တွင် သဘောထားမှတ်ချက်များအား နည်းလမ်းတကျပေးခွင့်ရရှိရန်
လိုအပ်ပါ သည်။

ဂ) ဤအဆင့်တွင် ထိရောက်အဓိပ္ပါယ်ရှိစွာ အများပြည်သူပူးပေါင်းပါဝင် ကျင်းပရမည့် အစည်းအဝေးအရေ


အတွက်သည် အဆိုပြုစီမံကိန်း၏ သဘောသဘာဝ၊ တည်နေရာနှင့် စီမံကိန်းနှင့် ပတ်သတ်ဆက်နွယ်သူများ
အကြား အဆိုပြုလွှာအပေါ် သိရှိနားလည်မှုအဆင့်အတန်း - IEE / EIA လိုမလို စစ်ထုတ်ခြင်း အဆင့်နှင့်
နယ်ပယ် အတိုင်းအတာ သတ်မှတ်ခြင်းအဆင့်များတွင် ဆောင်ရွက်ထားသည့် အများပြည်သူပူးပေါင်းပါဝင်မှု
အတိုင်းအတာအပေါ် မူတည်ကာ ကွဲပြားပေလိမ့်မည်။
ဃ) EIA ပြုလုပ်ရန် လိုအပ်သည့် ပိုမိုသေးငယ်သော စီမံကိန်းအဆိုပြုလွှာ အမျိုးအစားများအတွက် EIA စုံစမ်း
စစ်ဆေးခြင်းအဆင့်အတွင်း စီမံကိန်းကြောင့် ထိခိုက် ခံစားရမည့်သူများ၊ စီမံကိန်းနှင့် ပတ်သတ်ဆက်နွယ်သော
အခြားသူများနှင့် အနည်းဆုံး အစည်းအဝေး နှစ်ကြိမ်ကျင်းပရန် လိုအပ်ပါလိမ့်မည်။

င) အရွယ်အစားပိုမိုကြီးမားသော စီမံကိန်းအဆိုပြုလွှာများ (သိ)ု့ များစွာသောထိခိုက်မှုအမျိုးမျိုးရှိနိုင်သည့်


အဆိုပြုလွှာများ (သိ)ု့ ကျယ်ပြန့်သောနေရာအပေါ်ထိခကိုမှု ရှိနိုင်သည့် အဆိုပြုလွှာများ (ဥပမာ - ဓာတ်သတ္တု
တူးဖော်ခြင်းစီမံကိန်းများ (သိ)ု့ အခြေခံအဆောက်အဦ စီမံကိန်းများ) တွင် (များသောအားဖြင့်
အစည်းအဝေးများစွာ) အစည်းအဝေး နှစ်ကြိမ်ထက်ပိုမိုလိုအပ်ပါလိမ့်မည်။

စ) လိုအပ်မည့်အစည်းအဝေးအရေအတွက် အတိအကျကို အများပြည်သူအစီအစဉ်၊ သက်ဆိုင်ရာ အခြေအနေ


များနှင့် စီမံကိန်းအဆိုပြုသူနှင့် ညှိနှိုင်းဆွေးနွေးမှုတို့အပေါ် အခြေခံကာ ဆုံးဖြတ်ရန်မှာ EIA အတိုင်ပင်ခံ၏
တာဝန်ဖြစ်ပေမည်။ (အဆိုပါအရေအတွက်သည် အများပြည်သပူးပေါင်းပါဝင်မအ
ှု စီအစဉ်ပါအစည်းအဝေးအရေ
အတွက်ထက် မနည်းသင့်ပါ။)

၁.၂.၄.၂။ အများပြည်သူပူးပေါင်းပါဝင်သည့် အစည်းအဝေးများစီစဉ်ခြင်းနှင့် ကျင်းပခြင်း


က) EIA ဆိုင်ရာ လုပ်ထုံးလုပ်နည်းပုဒ်မ ၆၁ ပါ သတ်မှတ်ချက်များအကောင်အထည်ဖော်ရန် စီမံကိန်းအဆိုပြု
သူသည် အများပြည်သူပူးပေါင်းပါဝင်သည့် အစည်းအဝေးတစ်ခုစီအတွက် ကြိုတင်အသိပေးစာကို အောက်ပါ
နည်းလမ်းအားဖြင့် ထုတ်ပြန်သင့်ပါသည်။
၁) စီမံကိန်းအဆိုပြုသူ၏ ၀က်ဘ်ဆိုဒ်ပေါ်တွင်

၂) လူမှုမီဒီယာများမှတဆင့်

၃) ဒေသသတင်းစာများတွင် ကြော်ငြာများထည့်သွင်းခြင်းဖြင့်

၎) စီမံကိန်းနေရာတွင် ရှင်းလင်းစွာဖတ်ရှုနားလည်မှတ်မိနိုင်သော ဆိုင်းဘုတ်တစ်ခုကို


သိသာထင်ရှားစွာ စိုက်ထူခြင်း

၅) ရေဒီယန
ှိုင့် ရုပ်မြင်သံကြားကြေငြာချက်များမှတစ်ဆင့်

၆) ဒေသန္တရ အာဏာပိုင်များ၊ ဒေသခံဘာသာရေးခေါင်းဆောင်များနှင့်


ဒေသခံဘာသာရေးအဖွဲ့အစည်းများ၊ အိမ်နီးချင်းများ၊ ဒေသခံလူထုအသင်းအဖွဲ့များနှင့်
၇) စီမံကိန်းအဆိုပြုလွှာ၏ အရွယ်အစားနှင့် တည်နေရာအပေါ်မူတည်၍ အခြားသော
နည်းလမ်းများအားဖြင့်

ခ) EIA အတိုင်ပင်ခံသည် စီမံကိန်းကြောင့် ထိခိုက်ခံစားရမည့်သူများအတွက် သင့်လျော်သောအချိန်တွင်


နယ်ပယ်တိုင်းတာသတ်မှတ်ခြင်းအစည်းအဝေးများကို စီစဉ်သင့်သည်။
ဂ) စီမံကိန်းအဆိုပြုသူသည် နယ်ပယ်တိုင်းတာသတ်မှတ်ခြင်းအစည်းအဝေး မပြုလုပ်မီ အနည်းဆုံး ၁၄ ရက်
ကြိုတင်၍ အသိပေးထုတ်ပြန်ရမည်။ အစည်းအဝေးများပိုမိုကျင်းပရန် လိုအပ်လျှင် (သို့) EIA အတိုင်ပင်ခံပေး
သော အချက်အလက်များအပေါ် စဉ်းစားချိန် ပိုမိုလိုအပ်ကြောင်း စီမံကိန်းကြောင့် ထိခိုက်ခံစားရမည့်သူများက
တောင်းဆိုလျှင် ဖော်ပြပါအချိန်ကို တိုးမြှင့်ပေးနိုင်သည်။
ဃ) စီမံကိန်းကြောင့် ထိခိုက်ခံစားရမည့်သူများနှင့် စီမံကိန်းနှင့် ပတ်သတ်ဆက်နွယ်သောအခြားသူများ
အနေနှင့် စီမံကိန်း အဆိုပြုသူ (သု)ိ့ EIA အတိုင်ပင်ခံက ပေးသော အချက်အလက်များအပေါ် စဉ်းစားနိုင်ရန်
အစည်းအဝေး တစ်ခုနှင့် တစ်ခုအကြားတွင် အချိန်အနည်းဆုံး ၁၄ ရက်မျှ ပေးထားသင့်ပါသည်။
င) အစည်းအဝေးတိုင်းတွင် နောက်အစည်းအဝေးကျင်းပမည့် ကိစ္စကို (လိုအပ်လျှင်) ဆွေးနွေးသင့်ပါသည်။
စီမံကိန်းအဆိုပြုသူ (သိ)ု့ EIA အတိုင်ပင်ခံသည် EIA လုပ်ငန်းစဉ်အတင်းရှေ့ဆက်ဆောင်ရွက်မည့် အဆင့်များ
နှင့် ပတ်သတ်၍ တတ်နိုင်သမျှ ရှင်းရှင်းလင်းလင်းဖော်ပြသင့်ပါသည်။ ဤလုပ်ဆောင်ချက်သည် လူထုနှင့်
ယုံကြည်မှုတည်ဆောက်နိုင်သည့် အဓိကနည်းလမ်းဖြစ်ပါသည်။
စ) အများပြည်သူပူးပေါင်းပါဝင်သည့်အစည်းအဝေးများကျင်းပခြင်း
အများပြည်သူပူးပေါင်းပါဝင်သည့်အစည်းအဝေးများအားလုံးတွင် အောက်ပါအချက်အလက်များအနည်းဆုံးပါဝင်
သင့်သည်။
(၁) အများပြည်သူပူးပေါင်းပါဝင်သည့်အစည်းအဝေး၏ ရည်ရွယ်ချက်များကို ပေါ်လွင်ထင်ရှားစွာဖော်ပြ
ထားသည့် အခမ်းအနားအစီအစဉ်တစ်ရပ်
(၂) စီမံကိန်းအဆိုပြုလွှာအကြောင်းကို စီမံကိန်းအဆိုပြုသူမှ ရှင်းလင်းဆွေးနွေးခြင်း (များ)
ပါဝင်ပါသည်။ သို့သော် ထိုအကြောင်းအရာများနှင့်သာ ကန့်သတ်မထားပါ။
- အဆိုပြုစီမံကိန်းအကြောင်းဖော်ပြချက်များ
- စီမံကိန်း၏ ပင်မလုပ်ငန်းကာလများ (ဒီဇိုင်း၊ အကြိုတည်ဆောက်ခြင်း၊ တည်ဆောက်ခြင်း၊ လုပ်ငန်း
လည်ပတ်ခြင်း၊ လည်ပတ်မှု ရပ်တန့်ခြင်း၊ စီမံကိန်းပိတ်သိမ်းခြင်း၊ ပိတ်သိမ်းပြီးနောက်ပိုင်း …….
များဆောင်ရွက်ခြင်း)
- စီမံကိန်း၏ နောက်ခံသမိုင်းအကျဉ်း
- စီမံကိန်းရေးဆွဲထားသည့် စီမံကိန်းကာလများ၊ အများပြည်သူပူးပေါင်းပါဝင်ခြင်းအစီအစဉ်
အကောင်အထည်ဖော်ခြင်းကာလအပါအ၀င်
- စီမံကိန်းနှင့် ဆက်စပ်ေ်နသည့် ရှိရင်းစွဲအခြေခံအဆောက်အဦများ၏ လက်ရှိအခြေအနေ
- စီမံကိန်းဆောင်ရွက်ရန်လိုမလို ဆန်းစစ်ချက်အကျဉ်းချုပ်အပါအ၀င်
- အဆိုပြုလွှာအား အခြားနည်းလမ်းများဖြင့် ဆောင်ရွက်နိုင်ခြေများ၊ အခြားနေရာများတွင်
ဆောင်ရွက်ခြင်း အပါအ၀င်
- စီမံကိန်းကြောင့် ပတ်ဝန်းကျင်နှင့် ပြည်သူ့ကျန်းမာရေး ဆိုင်ရာ ထိခိုက်မှု ဖြစ်လာနိုင်ခြေများ
(တိုက်ရိုက်၊ သွယ၀ိုက်နှင့် အခြားစီိမံကိန်းများကြောင့် ထိခိုက်မှုများပါ စုစည်းပေါင်းစပ်သက်ရောက်
ခြင်း) ၊ လေနှင့် ရေဆိုင်ရာ ထုတ်လွှတ်မှုများ၊ စွန့်ပစ် ပစ္စည်းများ၊ ဆူညံသံ၊ ယာဉ်ကြောပိတ်ဆို့မှု၊
အနံ့ (သိ)ု့ အခြားထိခိုက်မှုအမျိုးအစားတစ်ခုခု
- စီမံကိန်းကြောင့် လူမှုစီးပွားဆိုင်ရာနှင့် ယဉ်ကျေးမှုဆိုင်ရာ ထိခိုက်နငိုခြေများ၊ ၀င်ငွေများနှင့် အသက်
မွေးဝမ်းကျောင်းလုပ်ငန်းများအပေါ် ထိခိုက်မှုများ၊ စီမံကိန်းကြောင့် ရွှေ့ပြောင်းနေရာချထားရန်
လိုအပ်ချက် တစ်ခုခုတို့အပါအ၀င်
- ဥပဒေအရ ကာကွယ်စောင့်ရှောက်ပေးထားသော အမျိုးသားအဆင့်၊ ပြည်နယ်/တိုင်းဒေသကြီးရှိ
နေရာဒေသများတွင် ထိခိုက်မှု ဖြစ်နိုင်ခြေများ
-ဇီဝဗေဒဆိုင်ရာ အစိတ်အပိုင်းများအပေါ် ထိခိုက်နိုင်ခြေများ၊ ရှားပါးသော မျိုးတုန်းပျောက်ကွယ်မည့်
အန္တရာယ်ရှိသော ထိခိုက်ခံစားလွယ်သော မျိုးရိုးဗီဇများအပေါ် အထူးအလေးပေးခြင်းနှင့်
- ဖြစ်လာနိုင်သော ထိခိုက်မှုများမှ ရှောင်ရှားရန်၊ လျှော့ချရန်နှင့် စီမိံခန့်ခွဲရန် အစီအမံများ၊ စီမံကိန်း၏
ပတ်ဝန်းကျင်စီမံကိန်းရေးဆွဲမှုအစီအစဉ် (EMP) မူကြမ်းအပါအ၀င်
- စီမံကိန်းအတွက် ထူထောင်ရန်လိုအပ်သည့် တိုင်ကြားမှု ဆန်းစစ်ရေးလုပ်ထုံးလုပ်နည်းနှင့်
ရပ်ရွာလူထုအား တိုင်ပင်ဆွေးနွေးပေးသည့် ကော်မတီ

(၃) EIA လုပ်ငန်းစဉ်၏ တိုးတက်မှု ယနေ့အခြေအနေ


(၄) နှုတြ် ဖင့် သဘောထားမှတ်ချက်ပေးရန် အများပြည်သူ၏ အခွင့်အလမ်းများ
(၅) အများပြည်သူပူးပေါင်းပါဝင်သည့်အစည်းအဝေးမှတ်တမ်းများကို မှတ်တမ်းတင်ထားသင့်ပါ သည်။
စီမံကိန်းအဆိုပြုသူသည် အဆိုပါမှတ်တမ်းများကို ECD သို့ တင်ပြရမည့်အပြင် ဖိုင်တွဲကာ
ထိန်းသိမ်းထားရပါမည်။
ဆ) EIA အတိုင်ပင်ခံသည် EIA စုံစမ်းစစ်ဆေးသည့်အဆင့်တွင် ရေးဆွဲသည့် ပတ်ဝန်းကျင်စီမံခန့်ခွဲမှု အစီအစဉ်
(EMP) မူကြမ်း နှင့် EMP အကောင်အထည်ဖော်ရန် အဆိုပြုဘတ်ဂျက်တို့ကို စီမံကိန်းကြောင့်
ထိခိုက်ခံစားရမည့်သူများနှင့် စီမံကိန်းနှင့် ပတ်သတ်ဆက်နွယ်သောအခြားသူများအား သဘောထားမှတ်ချက်
ရယူရန် ရှင်းလင်းဆွေးနွေးသင့်ပါသည်။
ဇ) စီမံကိန်းကြောင့် ထိခိုက်ခံစားရမည့်သူများနှင့် စီမံကိန်းနှင့် ပတ်သတ်ဆက်နွယ်သောအခြားသူများ၏
သဘောထားမှတ်ချက်များကို ထည့်သွင်းစဉ်းစားကာ ပတ်ဝန်းကျင်စီမံခန့်ခွဲမှုအစီအစဉ်မူကြမ်းကို ပြန်လည်
ပြင်ဆင်ရေးဆွဲသင်သ့  ည်။

၁.၂.၄.၃။ စီိမံကိန်းနေရာသို့ လေ့လာရေးခရီးစဉ်များ


က) EIA ဆိုင်ရာ လုပ်ထုံးလုပ်နည်း ပုဒ်မ ၆၁ (ဃ) အရ အများပြည်သူပူးပေါင်းပါဝင်ခြင်းလုပ်ငန်းစဉ်၏
တန်ဖိုးနှင့် ထိရောက်မှုတိုးတက်စေရန် စီမံကိန်းအဆိုပြုသူနှင့် EIA အတိုင်ပင်ခံတို့သည် ECD နှင့်
အခြားသက်ဆိုင်ရာ အစိုးရအဖွဲ့အစည်းများ အဆိုပြုစီမံကိန်းနေရာသို့ လေ့လာရေးသွားရောက်နိုင်ရန် စီစဉ်ပေး
ရမည်။
(၁) ဤကိစ္စကို စီိမံကိန်းကြောင့် ထိခိုက်ခံစားရမည့်သူများနှင့် ကြိုတင်ပြုလုပ်သင့်ပါသည်။
ခ) လေ့လာရေးခရီးစဉ်များကို သက်ဆိုင်ရာ ၀န်ကြီးဌာနများ၊ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံးနှင့် စီိမံကိန်း
ကြောင့် ထိခိုက်ခံစားရမည့်သူများ၏ ကိုယ်စားလှယ်များနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်သင့်ပါသည်။
ဂ) မည်သည့်လေ့လာရေးခရီးစဉ်တွင်မဆို ရည်ရွယ်ချက်များနှင့် ခရီးစဉ်အစီအစဉ်များအား ရှင်းလင်းစွာ
သတ်မှတ် ဖော်ပြပေးသင့်သည်။
ဃ) ဤလေ့လာရေးခရီးစဉ်များကို ပွင့်လင်းမြင်သာစွာဆောင်ရွက်သင့်ပြီး စီိမံကိန်း ကြောင့် ထိခိုက်ခံစားရ
မည့်သူများပါ ပါဝင်နိုင်ရန် လမ်းဖွင့်ပေးသင့်သည်။
င) တက်ရောက်သူများစာရင်းအပါအ၀င် လေ့လာရေးခရီးစဉ်ဆိုင်ရာ အသေးစိတ်မှတ်တမ်းများကို EIA
အတိုင်ပင်ခံမှ ထိန်းသိမ်းသင့်ပြီး EIA အစီရင်ခံစာထဲတွင် ရှင်းလင်းစွာဖော်ပြသင့်ပါသည်။

၁.၂.၄.၄။ EIA အစီရင်ခံစာအပေါ် နောက်ဆုံးအကြိမ်ရှင်းလင်းဆွေးနွေးခြင်း


က) EIA ဆိုင်ရာ လုပ်ထုံးလုပ်နည်း ပုဒ်မ ၅၀ (ခ) အရ EIA အစီရင်ခံစာကို ECD သို့ မတင်ပြမီ
အများပြည်သူသို့ ရှင်းလင်းဆွေးနွေးနိုင်ရေး စီစဉ်ရန် ၀န်ကြီးဌာနသည် စီမကိံန်းအဆိုပြုသူနှင့် EIA အတိုင်ပင်ခံ
တို့အား ညွှန်ကြားသတ်မှတ်သည်။ သို့မှသာ စီိမံကိန်းကြောင့် ထိခိုက်ခံစားရမည့်သူများနှင့် စီမံကိန်းနှင့်
ပတ်သတ်ဆက်နွယ်သောအခြားသူများအား EIA အပေါ် ကောက်ချက်ချမှုများ၊ သဘောထားမှတ်ချက်များ နှင့်
ပတ်ဝန်းကျင်စီမံခန့်ခွဲမှုအစီအစဉ် (EMP) တို့အကြောင်း အသိပေးနိုင်မည်ဖြစ်သည်။
ခ) နောက်ဆုံးအကြိမ်ရှင်းလင်းဆွေးနွေးခြင်းတွင် အဆိုပြုထားသော ပတ်ဝန်းကျင်စီမံခန့်ခွဲမှုအစီအစဉ် (EMP)
အကြောင်း ရှင်းလင်းဆွေးနွေးမှုတစ်ရပ်လည်း ပါဝင်ရမည်။ ဤအပိုင်းတွင် စီမံကိန်းအား စောင့်ကြပ်
ကြည့်ရှုခြင်း အဆင့်တွင် အများပြည်သူပူးပေါင်းပါဝင်ရန် အဆိုပြုလုပ်ထုံးလုပ်နည်းအသေးစိတ်နှင့်
တိုင်ကြားမှုများကို ကိုင်တွယ်ဆောင်ရွက်မည့် လုပ်ထုံးလုပ်နည်းများ (သိ)ု့ စီိမံကိန်းအတည်ပြုလျှင်
စီမံကိန်းအကောင်အထည် ဖော်စဉ်တွင်ကျင့်သုံး ဆောင်ရွက်မည့် အငြင်းပွားမှု
ဖြေရှင်းခြင်းလုပ်ငန်းစဉ်တို့အကြောင်း အသေးစိတ်များ ပါဝင်ရမည်။
ဂ) စီမံကိန်းအဆိုပြုသူသည် ဒေသခံလူထု၊ အရပ်ဘက်အဖွဲ့အစည်းများနှင့် အခြားပတ်သတ်ဆက်နွယ်သူများ
၏ ကိုယ်စားလှယ်များအား ဤနောက်ဆုံးအကြိမ် ရှင်းလင်းဆွေးနွေးပွဲသို့ တက်ရောက်ရန် ဖိတ်ကြားကာ ECD
မှ ကျွမ်းကျင်သော အရာထမ်းများနှင့် အခြားသော အစိုးရဌာနများမှ အရာရှိများအား လေ့လာသူများအဖြစ်
ဖိတ်ကြားရမည်။
ဃ) စီိမံကိန်းကြောင့် ထိခိုက်ခံစားရမည့်သူများနှင့် စီမံကိန်းနှင့် ပတ်သတ်ဆက်နွယ်သောအခြားသူများသည်
ဤကိစ္စအပေါ် သဘောထားမှတ်ချက်ရေးသားရန်နှင့် သုံးသပ်ခြင်းအဆင့်တွင် ECD သို့ တင်ပြနိုင်ရန်
အခွင့်အလမ်း တစ်ရပ်အဖြစ် အသုံးချနိုင်သည်။

၁.၂.၄.၅။ EIA စုံစမ်းစစ်ဆေးခြင်းအဆင့် အစည်းအဝေးများအကျဉ်းချုပ်


က) EIA စုံစမ်းစစ်ဆေးခြင်းအဆင့်အတွင်း အနည်းဆုံး မျှော်မှန်းထားသည့် အစည်းအဝေးများအကြောင်း
အကျဉ်းချုပ်၊ မည်သူပါဝင်သည့်သည်၊ အစည်းအဝေးများ၏ မျှော်မှန်းရည်ရွယ်ချက်နှင့် ရလဒ်များကို ဇယား ၂
တွင် ဖော်ပြထားပါသည်။

ဇယား ၅ - EIA စုံစမ်းစစ်ဆေးခြင်းအဆင့် အစည်းအဝေးများအကျဉ်းချုပ်

အစည်းအဝေး၏ မည်သူပါဝင်သင့်သနည်း မျှော်မှန်းထားသည့်


သဘောသဘာဝ နှင့် အစည်းအဝေးရည်ရွယ်ချက်နှင့် ရလဒ်များမှာ
ရည်ရွယ်ချက် အဘယ်နည်း။
စုံစမ်းစစ်ဆေးခြင်းအဆင့် ဒေသန္တရအဆင့်တွင် စီမံကိန်းအဆိုပြုလွှာ။ အများပြည်သူပူး
အစောပိုင်းတွင် စီမံကိန်းကြောင့် ပေါင်းပါဝင်မှုအစီအစဉ်နှင့် EIA
အသိပေးဖော်ပြသည့် ထိခိုက်ခံစားရသူများ၊ စုံစမ်းစစ်ဆေးခြင်းဆိုင်ရာ TOR တို့ကို
အစည်းအဝေးများ စီမံကိန်းကြောင့် ထိခိုက်ခံစားရသူများအား
ဒေသခံအရပ်ဖက်အဖွဲ့အစည်းများ၊ အသိပေးရန်

သက်ဆိုင်ရာ ဒေသအာဏာပိုင်များ၊ - စုံစမ်းစစ်ဆေးခြင်းအဆင့်တွင်


သုတေသနပြုခြင်းနှင့်
စီမံကိန်းအဆိုပြုသူ လေ့လာသုံးသပ်ခြင်း အတွက်
အချက်အလက်များပေးနိုင်မည့် PAP
များနှင့် စီမံကိန်းနှင့် ပတ်သတ်
ဆက်နွယ်သူများအား စုံစမ်းဖော်ထုတ်
ရန်။
EIA စုံစမ်း စစ်ဆေးခြင်းနှင့် ဒေသန္တရအဆင့်တွင် ဒေသန္တရ ပတ်ဝန်းကျင်နှင့် စီမံကိန်း
အချက်အလက်စုဆောင်းစဉ် စီမံကိန်းကြောင့် အဆိုပြုလွှာအပေါ် စီမံကိန်းကြောင့်
အတွင်း ထိခိုက်ခံစားရသူများ၊ ထိခိုက်ခံစားရသူများနှင့် ပတ်သတ်
အများပြည်သူပူးပေါင်း ဆက်နွယ်သူများ၏ ဗဟုသုတ၊ အတွေ့အကြုံနှင့်
ပါဝင်သည့် အစည်းအဝေးများ ဒေသခံအရပ်ဖက်အဖွဲ့အစည်းများ၊ သဘောထားအမြင်များကို EIA အချက်အလက်
စုဆောင်းသည့် လုပ်ငန်းစဉ် တွင် ရရှိနိုင်ရန်။
နည်းပညာဆိုင်ရာ နှင့် သိပံ္ပဆိုင်ရာ
ကျွမ်းကျင်ပညာရှင်များ စုံစမ်းစစ်ဆေးရာတွင် အစောပိုင်းနှင့်
(ရပ်ရွာလူထုက တောင်းဆိုလျှင် လက်ရှိတွေ့ရှိချက်များ၊ ဖြစ်လာနိုင်သော
(သို့) လိုအပ်သည်ဟု စီမံကိန်းဆိုင်ရာ ထိခိုက်မှုများနှင့် သုံးသပ်ချက်များ
စဉ်းစားခဲ့လျှင်) - အဆိုပါထိခိုက်မှုများကို လျှော့ချရန်
အစီအမံများကို စီမံကိန်းကြောင့်
ထိခိုက်ခံစားရသူများနှင့် ပတ်သတ်
စီမံကိန်းအဆိုပြုသူ၊ စကားပြန် ဆက်နွယ်သူများအား ရှင်းပြရန်။
(များ) စီမံကိန်းကြောင့် ထိခိုက်ခံစားရသူများနှင့်
ပတ်သတ် ဆက်နွယ်သူများအား အဆိုပါ
တွေ့ရှိချက်များနှင့် လေ့လာသုံးသပ်ချက်
များအပေါ် တုန့်ပြန်မေးမြန်းခွင့်နှင့် ယင်းတို့၏
အမြင်များကို ရှင်းလင်းဆွေးနွေး ခွင့်ပေးရန်။
EIA အစီရင်ခံစာမူကြမ်း နှင့် ဒေသန္တရအဆင့်တွင် EIA အစီရင်ခံစာမူကြမ်းအပေါ် ရှင်းလင်း
ဆိုင်သည့် အစည်းအဝေးများ စီမံကိန်းကြောင့် ဆွေးနွေးရန်၊ စုံစမ်းစစ်ဆေးမှု ရလဒ်များ
ထိခိုက်ခံစားရသူများ၊ (ထိခိုက်မှုများ၊ အခြားနည်းလမ်းများ၊
ရှောင်ရှားနိုင်ရန်နှင့် လျှော့ချရန် အစီအမံများ နှင့်
ဒေသခံနှင့်ပြည်တွင်း ပတ်ဝန်းကျင်စီိမံခန့်ခွဲမှု အစီအစဉ်အပါ အ၀င်)နှင့်
အရပ်ဖက်အဖွဲ့အစည်းများ၊ စီမံကိန်းကြောင့် ထိခိုက်ခံစားရသူများနှင့်
ပတ်သတ် ဆက်နွယ်သူများ၏ အမြင်များကို
နည်းပညာဆိုင်ရာ နှင့် သိပံ္ပဆိုင်ရာ မည်သို့ပေါင်းစပ်ထည့်သွင်းသည်ကို
ကျွမ်းကျင်ပညာရှင်များ ရှင်းပြပေးရန်။

စီမံကိန်းအဆိုပြုသူ၊ စီမံကိန်းကြောင့် ထိခိုက်ခံစားရသူများအား


လျော်ကြေးနှင့် အခြားလျာထားသော
စကားပြန် (များ) အကျိုးခံစားခွင့်များနှင့် ဆိုင်သည့်
အချက်အလက်များ ပေးရန်။

EIA အစီရင်ခံစာကို အပြီးသတ်ရေးဆွဲမှု မပြုမီ


EIA မူကြမ်းအပေါ် သဘောထား မှတ်ချက်များ
ပေးရန်။ စီမံကိန်းကြောင့် ထိခိုက်ခံစားရသူများနှင့်
ပတ်သတ် ဆက်နွယ်သူများအား
အခွင့်အရေးတစ်ရပ် ပေးရန်
EIA အစီရင်ခံစာ အပေါ် ဒေသန္တရအဆင့်တွင် အပြီးသတ်ပြုစုထားသည့် EIA အစီရင်ခံစာအပေါ်
နောက်ဆုံးအကြိမ် ရှင်းလင်း စီမံကိန်းကြောင့် ရှင်းလင်းဆွေးနွေးရန်
ဆွေးနွေးခြင်း ထိခိုက်ခံစားရသူများ၊ (ပတ်ဝန်းကျင်စီမံခန့်ခွဲမှုအစီအစဉ် (EMP) နှင့်
တိုင်ကြားမှုနှင့် ပြန်လည်ကုစားမှုဆိုင် ရာ အဆိုပြု
ဒေသခံနှင့်ပြည်တွင်း လုပ်ထုံးလုပ်နည်း (သို့) အငြင်းပွားမှု ဖြေရှင်းခြင်း
အရပ်ဖက်အဖွဲ့အစည်းများ၊ လုပ်ငန်းစဉ်အပါအ၀င်)

စီမံကိန်းအဆိုပြုသူ၊

စကားပြန် (များ)

၁.၂.၅။ အများပြည်သူပူးပေါင်းပါဝင်ခြင်းနှင့် စပ်လျဉ်းသည့် EIA အစီရင်ခံစာပါသတ်မှတ်ချက်များ

၁.၂.၅.၁။ အများပြည်သူပူးပေါင်းပါဝင်ခြင်းရလဒ်များအား စဉ်းစားခြင်း


က) EIA ဆိုင်ရာ လုပ်ထုံးလုပ်နည်း ပုဒ်မ ၆၃ အရ EIA အစီရင်ခံစာတွင် နည်းလမ်းနှင့် ချဉ်းကပ်ပုံ၊
တိုင်ပင်ဆွေးနွေးမှုနင
ှ့် ဆောင်ရွက်ခဲ့သည့် လုပ်ဆောင်ချက်များအကြောင်း အကျဉ်းချုပ်၊ တိုင်ပင်ဆွေးနွေးမှု
ရလဒ်များ၊ ရှေ့ဆက်တိုင်ပင်ဆွေးနွေးခြင်းနှင့် အချက်အလက်များ ဖော်ပြခြင်းတို့ ပါဝင်ရန် လိုအပ်သည်။
ခ) EIA ဆိုင်ရာ လုပ်ထုံးလုပ်နည်း အရ အများပြည်သူပူးပေါင်းပါဝင်ခြင်းလုပ်ငန်းစဉ်များကို စုစည်းဖော်ပြရုံမျှ
သာမက အများပြည်သူပူးပေါင်းပါဝင်ခြင်းရလဒ်များကို EIA တွင် ထည့်သွင်းစဉ်းစားရန် လိုအပ်ပါသည်။ ဤကိစ္စ
သည် လုပ်ထုံးလုပ်နည်းသတ်မှတ်ချက်တစ်ရပ်မျှသာမဟုတ်ဘဲ ကျယ်ပြန့်သော ၀တ္တရားတစ်ခုဖြစ်ပါသည်။
ဂ) လမ်းညွှန်ချက်၏ ဤအပိုင်းတွင် အများပြည်သူပူးပေါင်းပါဝင်ခြင်းရလဒ်များကို EIA လုပ်ငန်းစဉ်အတွင်းသို့
မည်သို့မည်ပုံ ပေါင်းစပ်ထည့်သွင်းသင့်သည်နှင့် EIA အစီရင်ခံစာတွင် မည်သို့ ထင်ဟပ်ဖော်ပြသင့်သည်
ဟူသည့် နောက်ထပ် လမ်းညွှန်ချက်များကို ဖော်ပြထားသည်။
ဃ) အများပြည်သူပူးပေါင်းပါဝင်ခြင်းလုပ်ငန်းစဉ်များမှ တွေ့ရှိချက်များကို EIA လုပ်ငန်းစဉ် တစ်လျှောက်လုံး
အဆင့်တိုင်းတွင် ထည့်သွင်းစဉ်းစားသင့်သည်။
င) ဤတွေ့ရှိချက်များတွင် အထူးသဖြင့် (ထိခိုက်မှု လျှော့ချရေး အစီအမံများအား ထည့်သွင်းမစဉ်းစားမီနှင့်
စဉ်းစားပြီး နောက်ပိုင်း) ထိခိုက်မှုဖြစ်နိုင်ခြေများအပေါ် သုံးသပ်မှုများ၊ ထိခိုက်မှု လျှော့ချရေး အစီအမံများ၏
ဒီဇိုင်းပုံစံ (စီမံကိန်းနှင့် ပတ်သတ်ဆက်နွယ်သူများ ဖော်ထုတ်တင်ပြသည့် လိုအပ်ချက်မျာ )နှင့် စိုးရိမ်ပူပန်မှုများ
အပေါ် ဖြေရှင်းဆောင်ရွက်ပေးသည့် အစီအမံများနှင့် ပြဿနာသစ်များ (သု)ိ့ စိုးရိမ်ပူပန်မှုအသစ်များ
မဖန်တီးရေး အစီအမံများအပါအ၀င်) နှင့် စီမံခန့်ခွဲခြင်းနှင့် စောင့်ကြပ်ကြည့်ရှုခြင်းအစီအစဉ်များ (စီမံကိန်းနှင့်
ပတ်သတ်ဆက်နွယ်သူများ၏ လက်ရှိပူးပေါင်းဆောင်ရွက်မှု တိုးတက်စေရန် အပါအ၀င်) တို့ပါဝင်သင့်သည်။
စ) အများပြည်သူပူးပေါင်းပါဝင်ခြင်းလုပ်ငန်းစဉ်များမှ တွေ့ရှိချက်များသည် EIA လုပ်ငန်းစဉ်တွင် အသုံးပြုသည့်
အများပြည်သူပူးပေါင်းပါဝင်ခြင်းအစီအစဉ်များအား ပြန်လည်သုံးသပ်ပြင်ဆင်ခြင်းများအပေါ် သြဇာလွှမ်းမိုးသင့်
ပါသည်။ သို့မှသာ အများပြည်သူပူးပေါင်းပါဝင်ခြင်းနည်းလမ်းများနှင့် ချဉ်းကပ်ပုံများသည် စီမံကိန်းနှင့်
ပတ်သတ်ဆက်နွယ်သူများ၏ လိုအပ်ချက်များနှင့် အကိုက်ညီဆုံး၊ ဖြေရှင်းဆောင်ရွက်မှု အရှိဆုံးဖြစ်ပေမည်။
ဆ) အများပြည်သူပူးပေါင်းပါဝင်ခြင်း၏ ရလဒ်များက EIA လုပ်ငန်းစဉ်ကို ရှင်းလင်းစွာမှတ်တမ်းတင်ထားသင့်
ကြောင်း၊ လာမည့် အများပြည်သူ ပူးပေါင်းပါဝင်ခြင်းလုပ်ငန်းစဉ်များတွင် ရှင်းလင်းဖော်ပြသင့်ကြောင့်၊ EIA
အစီရင်ခံစာတွင် ထင်ဟပ်ဖော်ပြသင့်ကြောင်း အသိပေးဖော်ပြခဲ့ပါသည်။

၁.၂.၅.၂။ EIA အစီရင်ခံစာအား မှတ်တမ်းတင်ခြင်း


က) လမ်းညွှန်ချက်၏ ဤအပိုင်းတွင် EIA အစီရင်ခံစာပါ အများပြည်သူဖြင့်တိုင်ပင်ဆွေးနွေးခြင်းနှင့်
အချက်အလက်တင်ပြခြင်းအခန်း၏ အကြောင်းအရာ တစ်ခုစီအပေါ် မည်သို့ ရှင်းလင်းဖော်ပြသင့်ကြောင့်
စီမံကိန်းအဆိုပြုသူအား EIA ဆိုင်ရာ လုပ်ထုံးလုပ်နည်း ပုဒ်မ ၆၃ အရ နောက်ထပ်လမ်းညွှန်ချက်များ
ပေးထားပါသည်။

ခ) နည်းလမ်းနှင့် ချဉ်းကပ်ပုံအား ရှင်းလင်းရာတွင် ပါဝင်သင့်သည်မှာ -
(၁) EIA ရေးဆွဲခြင်းအဆင့်အားလုံးတွင် အသုံးပြုခဲ့သည့် အများပြည်သူပူးပေါင်းပါဝင်ခြင်းအစီအစဉ်
အကျဉ်းချုပ်တစ်ရပ်၊ အများပြည်သူပူးပေါင်းပါဝင်ခြင်းအစီအစဉ် အပေါ် ပြင်ဆင်မှုများအပါအ၀င်
(၂) EIA အစီရင်ခံစာနှင့် ပူးတွဲဖော်ပြထားသည့် အများပြည်သူပူးပေါင်းပါဝင်ခြင်းအစီအစဉ်နှင့်
(၃) အများပြည်သူပူးပေါင်းပါဝင်ခြင်းအစီအစဉ်အရ မည်သို့ လိုက်နာဆောင်ရွက်ကြောင်းအကျဉ်း ချုပ်၊
ကြုံတွေ့ရသည့် ပြဿနာများနှင့် ပြည်သူများကို မည်သို့ဖြေရှင်းခဲ့ကြောင်းအပါအ၀င်

ဂ) အများပြည်သူပူးပေါင်းပါဝင်ခြင်း လုပ်ငန်းစဉ်များနှင့် ဆောင်ရွက်ခဲ့သည့် လုပ်ဆောင်ချက်များ အကြောင်း


အကျဉ်းချုပ်တွင် အောက်ပါတို့ ပါဝင်သင့်သည်။
(၁) အများပြည်သူပူးပေါင်းပါဝင်သည့် လုပ်ဆောင်ချက်များအားလုံး စီစဉ်ဆောင်ရွက်မှု အသေးစိတ် -
ရက်စွဲနှင့်အချိန်များ၊ နေရာများ၊ တက်ရောက်သူများ၊ ရှင်းလင်းဆွေးနွေးပေးသူများ
(ကျွမ်းကျင်မှုများနှင့် ရည်ရွယ်ချက်များ အပါအ၀င်)၊ အခမ်းအနားရည်ရွယ်ချက်များနှင့် အခမ်းအနား
အစီအစဉ်များ
(၂) အများပြည်သူပူးပေါင်းပါဝင်သည့် လုပ်ဆောင်ချက်များ စီစဉ်ကျင်းပရန် ချဉ်းကပ်ပုံ အကျဉ်းချုပ်၊
အခမ်းအနားကျင်းပချိန်ကာလ၊ ဖိတ်ကြားသည့်ကာလ၊ ဖိတ်ကြားသည့်နည်းလမ်းများနှင့်
ဒေသခံလူထုနှင့် အစိုးရ အရာရှိများနှင့် ဆက်ဆံရန် ချဉ်းကပ်ပအုံ ပါအ၀င်နှင့်
(၃) အများပြည်သူပူးပေါင်းပါဝင်သည့် လုပ်ဆောင်ချက်များနောက်ပိုင်းတွင် စီမံကိန်းနှင့်
ပတ်သတ်ဆက်နွယ်သူများအား ပေးသည့် ပြန်လည်ဖြေရှင်းချက်အကျဉ်းချုပ်
ဃ) အများပြည်သူပူးပေါင်းပါဝင်ခြင်းရလဒ်များကို ရှင်းပြရာတွင် -
(၁) ဤလမ်းညွှန်ချက်တွင် အသေးစိတ်ဖော်ပြထားသော ချဉ်းကပ်ပုံနှင့် ကိုက်ညီသည့်သည်။
(၁.၂.၅.၁ ကို ကြည့်ပါ။)
(၂) EIA အစီရင်ခံစာ၏ အများပြည်သူပူးပေါင်းပါဝင်ဆောင်ရွက်ခြင်းအခန်းတွင် အများပြည်သူပူးပေါင်း
ပါဝင်ခြင်းရလဒ်များသည် EIA အစီရင်ခံစာ၏ အခြားအစိတ်အပိုင်းများကို မည်သို့
သြဇာလွှမ်းမိုးခဲ့ကြောင်း အကျဉ်းချုပ်ပါဝင်သင့်သည်။
(၃) EIA အစီရင်ခံစာတွင် ဖော်ပြမထားသည့် ကြီးမားသောတွေ့ရှိချက်တစ်ခုခု (သိ)ု့ အများပြည်သူ
ပူးပေါင်းပါဝင်ဆောင်ရွက်ခြင်းမှ ရရှိသော သဘောထားအမြင်များ ၊ ဗဟုသုတများ၊ အကြောင်းပြချက်
များကို ဖော်ထုတ်စိစစ်သင့်ပါသည်။
င) ရှေ့ဆက်လက်ဆောင်ရွကမ် ည့် အများပြည်သူပူးပေါင်းပါဝင်ဆောင်ရွက်ခြင်းလုပ်ငန်းစဉ်များအပေါ်
ရှင်းလင်းချက်များတွင် -
(၁) အများပြည်သူပူးပေါင်းပါဝင်ဆောင်ရွက်ခြင်း အစီအစဉ်ပါမည်သို့ ပြင်ဆင်မွမ်းမံမည်ဖြစ်ကြောင်း
အသေးစိတ်များပါဝင်သင့်သည်။
(၂) ပတ်ဝန်းကျင်စီမံခန့်ခွဲမှုအစီအစဉ်နှင့် ကိုက်ညီသင်သ့  ည်။
(၃) စီမံကိန်းအကောင်အထည်ဖော်ခြင်းကာလများအတွက် EIA အစီရင်ခံစာတွငအ် ဆိုပြုထားသော
တိုင်ကြားမှုဆိုင်ရာ လုပ်ထုံးလုပ်နည်း တစ်ရပ်ရပ်နှင့် ချိတ်ဆက်ထားသင့်သည်။
စ) EIA အစီရင်ခံစာပါ ဖွင့်ဟဖော်ပြချက်များအပေါ် ရှင်းလင်းချက်များတွင်
(၁) EIA လုပ်ငန်းစဉ်၏ အဆင့်တိုင်းတွင် အဆိုပါစာရွက်စာတမ်းများအား ရေးသားပြုစုထားသည့်
ဘာသာစကားများအပါ အပါအ၀င် ဖွင့်ဟဖော်ပြသင့်သည့် စီမံကိန်းဆိုင်ရာ စာရွက်စာတမ်း အားလုံး၏
စာရင်း
(၂) အချက်အလက်ဖွင့်ဟဖော်ပြရန် အသုံးပြုသောနည်းလမ်းများအကြောင်းအသေးစိတ်နှင့်
ဖွင့်ဟဖော်ပြခဲ့သည့် နေရက်များ
(၃) ဖွင့်ဟဖော်ပြခဲ့ခြင်းမရှိသည့် (သိ)ု့ တည်းဖြတ်ထားသည့် စီမံကိန်းအကြောင်းအရာ
စာရွက်စာတမ်းအကျဉ်းချုပ်များ ၊ အကြောင်းပြချက်များ
ဆ) EIA အစီရင်ခံစာ၏ အများပြည်သူပူးပေါင်းပါဝင်သော ဆောင်ရွက်ခြင်းဆိုင်ရာ မှတ်တမ်းတွင် -
(၁) တိုင်ပင်ဆွေးနွေးခဲ့သည့် စီမံကိန်းနှင့် ပတ်သတ်ဆက်နွယ်သအူ ရေအတွက် (သိ)ု့ အချိုးအစား အား
ဖော်ပြခြင်းဖြင့် အကန့်အသတ်မထားသင့်ပါ။
(၂) လူမ-ှု စီးပွားအခြေခံစစ်တမ်းများ (သိ)ု့ လက်ရှိလူမှုဘ၀အခြေအနေများ (သိ)ု့ ဖြစ်လာနိုင်သော
ထိခိုက်မှုများကို အခြားပုံစံဖြင့် ဆန်းစစ်ခြင်းဖြင့် မရောထွေးသင့်ပါ။

၁.၃။ EIA အစီရင်ခံစာအပေါ် သုံးသပ်စဉ်အတွင်း အများပြည်သူပူးပေါင်းပါဝင်ဆောင်ရွက်ခြင်း


၁.၃.၁။ အထွေထွေ
က) EIA ဆိုင်ရာ လုပ်ထုံးလုပ်နည်း ပုဒ်မ ၆၇ အရ နောက်ဆုံးပြုစုထားသော EIA အစီရင်ခံစာအပေါ် ECD က
သုံးသပ်စဉ်အတွင်း အများပြည်သူပူးပေါင်းပါဝင်ဆောင်ရွက်ခြင်းလိုအပ်ပါသည်။
ခ) EIA အစီရင်ခံစာအပေါ် သုံးသပ်စဉ်အတွင်း အများပြည်သူပူးပေါင်းပါဝင်ဆောင်ရွက်ခြင်းသည် အောက်ပါတို့
ကို ဖြစ်ပေါ်စေရန် အရေးကြီးပါသည်။
(၁) စီမံကိန်းနှင့် ပတ်သတ်ဆက်နွယ်သူများသည် နောက်ဆုံးပြုစုထားသော EIA အပေါ်သုံးသပ်ကာ
သဘောထားမှတ်ချက်များပေးနိုင်မည့် အခွင့်အရေး ရရှိပါသည်။
(၂) စီမံကိန်းနှင့် ပတ်သတ်ဆက်နွယ်သူများသည် ယင်းတို့၏ သဘောထားအမြင်များကို ဆုံးဖြတ်ချက်
ချမှတ်သူများသို့ စီမံကိန်းအဆိုပြုသူနှင့် EIA အတိုင်ပင်ခံများအား အမှီအခိုကင်းစွာ တင်ပြနိုင်မည့်
အခွင့်အရေး ရရှိသည်။
(၃) ဆုံးဖြတ်ချက်ချမှတ်သူများသည် စီမံကိန်းနှင့် ပတ်သတ်ဆက်နွယ်သူများ၏ သဘောထား
အမြင်များကို လွတ်လပ်အမှီအခိုကင်းစွာ ရရှိစေသည်။
(၄) ဆုံးဖြတ်ချက်ချမှတ်သူများသည် အများပြည်သူပူးပေါင်းပါဝင်ဆောင်ရွက်ခြင်းအစီအစဉ်အား
မှန်ကန်စွာလိုက်နာဆောင်ရွက်ခြင်းရှိ၊မရှိနှင့် စီမံကိန်းကြောင့် ထိခိုက်ခံစားရမည့်သူများနှင့် စီမံကိန်းနှင့်
ပတ်သတ်ဆက်နွယ်သူများ၏ စိုးရိမ်ပူပန်မှုများအား EIA နှင့် EMP အတွင်းသို့ ပေါင်းစပ်ထည့်သွင်း
စဉ်းစား ခဲ့ခြင်းရှိမရှိအား အတည်ပြုနိုင်ပါသည်။
ဂ) EIA ဆိုင်ရာ လုပ်ထုံးလုပ်နည်း ပုဒ်မ ၆၇ အရ ECD သည် တင်ပြလာသော EIA များအပေါ် သုံးသပ်ရာတွင်
EIA ဆိုင်ရာဆုံးဖြတ်ချက်အတွက် အသိပေးလိုသည့် အများပြည်သူပူးပေါင်းပါဝင်ဆောင်ရွက်ခြင်း လုပ်ငန်းစဉ်
များအပေါ် သုံးသပ်ရာတွင် ပေါင်းစပ်ညှိနှိုင်းပေးရန် တာဝန်ရှိပါသည်။
ဃ) ပုဒ်မ ၆၉ အရ စီမံကိန်းအဆိုပြုသူသည် သုံးသပ်ခြင်းအဆင့်တွင် အများပြည်သူ ပူးပေါင်း ပါဝင်
ဆောင်ရွက်ခြင်း လုပ်ဆောင်ချက်များအတွက် သက်ဆိုင်ရာကုန်ကျစရိတ်အားလုံးကို ကျခံရပါမည်။
င) EIA ဆိုင်ရာ လုပ်ထုံးလုပ်နည်း ပုဒ်မ ၆၇ အရ EIA အစီရင်ခံစာတင်ပြပြီး ရက် ၃၀ အတွင်း ဆုံးဖြတ်ချက်
တစ်ရပ်ချမှတ်ရန် ဖြစ်ပါသည်။ ဤအဆင့်တွင် အများပြည်သူပူးပေါင်းပါဝင်ဆောင်ရွက်ခြင်း လုပ်ငန်းစဉ်များကို
အောက်ပါတို့အတွက် လုံလောက်စွာပုံဖော်တည်ဆောက်ရပါမည်။
(၁) စီမံကိန်းကြောင့်ထိခိုက်ခံစားရမည့်သူများနှင့် စီမံကိန်းနှင့် ပတ်သတ်ဆက်နွယ်သော အခြားသူများ
EIA အစီရင်ခံစာကို ရယူသုံးသပ်နိုင်ရန်။
(၂) စီမံကိန်းကြောင့်ထိခိုက်ခံစားရမည့်သူများနှင့် စီမံကိန်းနှင့် ပတ်သတ်ဆက်နွယ်သော အခြားသူများ
EIA အစီရင်ခံစာအပေါ် သဘောထားမှတ်ချက်များရေးသားတင်ပြနိုင်ရန်။
(၃) စီမံကိန်းကြောင့်ထိခိုက်ခံစားရမည့်သူများနှင့် စီမံကိန်းနှင့် ပတ်သတ်ဆက်နွယ်သော အခြားသူများ
အများပြည်သူပူးပေါင်းပါဝင်သည့် အခမ်းအနားများသို့ ပါဝင်တက်ရောက်နိုင်ရန် နှင့်
(၄) ECD သည် ဤအဆင့်တွင် အများပြည်သူပူးပေါင်းပါဝင်ဆောင်ရွက်ခြင်း ရလဒ်များအပေါ်
စဉ်းစားကာ EIA အစီရင်ခံစာအပေါ်သဘောထားမှတ်ချက်များပေးရန်။
စ) EIA အစီရင်ခံစာတွင် ဤလမ်းညွှန်ချက်အသုံးပြုပုံကို ပုံ ၃ တွင် ဖော်ပြထားပါသည်။

ပုံ ၅။ IEE အစီရင်ခံစာအပေါ် သုံးသပ်ရာတွင် လမ်းညွှန်ချက်အား အသုံးပြုခြင်း


အစည်းအဝေးများကို ပြည်နယ်နှင့်တိုင်းဒေသကြီး
စီမံကိန်းအဆိုပြုသူသည် EIA အစီရင်ခံစာကို

/ပြည်ထောင်စုအဆင့်တွင်ကျင်းပသည်

သဘောထားမှတ်ချက်များ ပေးပို့သည်
ဒေသအစည်းအဝေးများကျင်းပသည်
အများပြည်သူအား ဖိတ်ခေါ်သည်
အများပြည်သူသို့ ထုတ်ပြန်သည်

အများပြည်သူပါဝင်သော

အများပြည်သူပါဝင်သော
ECD သည် သဘောထား
မှတ်ချက်များ တင်ပြရန်

ဝန်ကြီးဌာနသို့ ECD ၏
/ပြည်ထောင်စုအဆင့်အစည်းအဝေးများအတွက်

ဝန်ကြီးဌာန၏ အပြီးသတ်ဆုံးဖြတ်ချက်ကို
အကြောင်းကြားစာများ ထုတ်ပြန်သည်

အကြောင်းကြားစာများ ထုတ်ပြန်သည်

အစီရင်ခံစာအပေါ် သုံးသပ်ရာတွင်
သဘောထားမှတ်ချက်များကို EIA
အများပြည်သူပူးပေါင်းပါဝင်သော

အများပြည်သူပူးပေါင်းပါဝင်သော

အများပြည်သူသို့ ထုတ်ပြန်သည်
EECD သည် EIA အစီရင်ခံစာကို

ထည့်သွင်းစဉ်းစားပေးသည်
ပြည်နယ်နှင့်တိုင်းဒေသကြီး
အစည်းအဝေးများအတွက်
အများပြည်သူသို့
ထုတ်ပြန်သည်

၁.၃.၂။ စီမံကိန်းအဆိုပြုသူက နောက်ဆုံးပြုစုထားသော EIA အစီရင်ခံစာကို ဖွင့်ဟဖော်ပြခြင်း


က) EIA ဆိုင်ရာ လုပ်ထုံးလုပ်နည်း ပုဒ်မ ၆၅ အရ စီမံကိန်းအဆိုပြုသူသည် EIA အစီရင်ခံစာကို ECD သို့
တင်ပြပြီး ၁၅ ရက်အတွင်း အများပြည်သူသို့ ဖွင့်ဟဖော်ပြရပါမည်။
ခ) EIA အစီရင်ခံစာအား ဖွင့်ဟဖော်ပြရန်။ စီမံကိန်းအဆိုပြုသူသည် EIA အစီရင်ခံစာရရှိနိုင်ကြောင်း
အသိပေးစာများသုံးသပ်နိုင်ရန် EIA အစီရင်ခံစာ ရရှိနိုင်ရေးစီစဉ်ထားရမည့်အပြင် အောက်ပါနေရာများအပါ
အ၀င်ဆွေးနွေးပွဲအမျိုးမျိုးတွင် ထုတ်ပြန်ရမည်။
(၁) ပြည်တွင်းမီဒီယာများဖြင့် (ဆိုလိုသည်မှာ သတင်းစာများနှင့် ရေဒီယ)ို
(၂) စီမံကိန်း ၀က်ဘ်ဆိုဒ်ပေါ်တွင် (သိ)ု့ စီမံကိန်းအဆိုပြုသူ၏ ၀က်ဘ်ဆိုဒ်ပေါ်တွင်
(၃) အများနှင့်ဆိုင်သော အစည်းအဝေးနေရာများ (ဥပမာ - စာကြည့်တိုက်များ၊ လူထုစည်းဝေးခန်းမ
များ)
(၄) စီမံကိန်းအဆိုပြုသူ၏ရုံးများ

(၅) စီမံကိန်းနေရာတွင် သိသာထင်ရှားသော ရှင်းလင်းစွာဖတ်ရှုနားလည်မှတ်မိနိုင်သော


ဆိုင်းဘုတ်တစ်ခုကို သိသာထင်ရှားစွာ စိုက်ထူခြင်း

(၆) ဒေသအစိုးရ၊ စီမံကိန်းကြောင့်ထိခိုက်ခံစားရမည့်သူများနှင့်


ဒေသခံအရပ်ဖက်အဖွဲ့အစည်းများအား ပစ်မှတ်ထားအသိပေးခြင်းနှင့်

(၇) သက်ဆိုင်ရာနေရာနှင့် အဆိုပြုစီမံကိန်း၏ သဘောသဘာဝတို့အရ အခြားသင့်လျော်ရာ


နည်းလမ်းများအားဖြင့်

၁.၃.၃။ နောက်ဆုံးပြုစုထားသော EIA အစီရင်ခံစာကို ECD မှ ဖွင့်ဟဖော်ပြခြင်း


က) EIA ဆိုင်ရာ လုပ်ထုံးလုပ်နည်း ပုဒ်မ ၆၅ အရ ECD သည် တင်ပြလာသည့် EIA အစီရင်ခံစာကို အများပြည်
သူ သိရှိစေရန် ဆောင်ရွက်ရမည်။
ခ) ECD သည် EIA အစီရင်ခံစာကို အောက်ပါနည်းလမ်းများဖြင့် အများပြည်သူသို့ ထုတ်ပြန်သင့်သည်။
(၁) ECD ၏ ၀က်ဘ်ဆိုဒ်ပေါ်တွင်
(၂) ECD ၏ ပြည်နယ်/တိုင်းဒေသကြီးများတွင်
(၃) အစိုးရ၏ တရားဝင်ကြေညာချက်များမှတစ်ဆင့် (ဥပမာ - သတင်းစာများ)
ဂ) ECD သည် တင်ပြလိုသော EIA အစီရင်ခံစာများအား အောက်ပါအချိန်ကာလအတွင်း အများပြည်သူ
ရရှိနိုင်စေရန် ပြုလုပ်ပေးသင့်သည်။
(၁) ECD မှ လက်ခံရရှိပြီး ၁၅ ရက်အတွင်း
(၂) အများပြည်သူပူးပေါင်းပါဝင်သည့် အခမ်းအနားများမပြုလုပ်မီ အနည်းဆုံး ၁၅ ရက်အတွင်း
ပြုလုပ်ရန်နှင့်
(၃) EIA အစီရင်ခံစာနှင့်သက်ဆိုင်သည့် သဘောထားမှတ်ချက်များအား မရေးသားမီ အနည်းဆုံး ရက်
၃၀ ကြိုတင်ကာ ၀န်ကြီးထံသို့ တင်ပြရန်
ဃ) ဤသို့ပြုလုပ်ရန် စီမံကိန်းအဆိုပြုသူမှ အစီရင်ခံစာများနှင့် သက်ဆိုင်ရာစာရွက်စာတမ်းအားလုံးကို
ဒစ်ဂျစ်တယ်မိတ္ထူများနှင့် စာရွက်စာတမ်းမိတ္ထူများ (အမာထည်များ) နှစ်မျိုးစလုံးတင်ပြစေရေး ECD မှ
သတ်မှတ်ညွှန်ကြားရန် လိုအပ်ပါသည်။

၁.၃.၄။ IEE အစီရင်ခံစာအပေါ် အများပြည်သူ၏ သဘောထားမှတ်ချက်များတင်ပြခြင်း


က) က) အများပြည်သူ၏ စာဖြင့်ရေးသားထားသော သဘောထားမှတ်ချက်များ တင်ပြရန်ဖိတ်ခေါ်ခြင်း။ EIA

ဆိုင်ရာ လုပ်ထုံးလုပ်နည်း၊ ပုဒ်မ ၆၇ (ခ)အရ၊ ECDသည် ယင်းထည့်သွင်းစဉ်းစားနိုင်ရန်အတွက် EIA

အစီရင်ခံစာအပေါ် အများပြည်သူ၏ သဘောထားအမြင်များကို စာဖြင့်ရေးသားတင်ပြကြရေး

ဖိတ်ခေါ်ရန်လိုသည်။

ခ) ဤသို့ပြုလုပ်ရန် ECD သည် EIA အစီရင်ခံစာရရှိနိုင်ကြောင်း အသိပေးစာများတွင်

သဘောထားမှတ်ချက်များကို စာဖြင့်ရေးသားတင်ပြနိုင်ကြောင်း ဖိတ်ခေါ်မှုတစ်ခက


ိုပါ

သိသာထင်ရှားစွာ၊ ရှင်းလင်းစွာ ထည့်သွင်းသင့်သည်။ ဤသတင်းအချက်အလက်၌်

အများပြည်သူအား အောက်ပါတို့ကို အသိပေးသင့်သည် -

` (၁) စီမံကိန်းအဆိုပြုလွှာနှင/့် သို့မဟုတ် EIA အစီရင်ခံစာအပေါ် သဘောထားမှတ်ချက်များကို

စာဖြင့်ရေးသား တင်ပြနိုင်သည့် ယင်းတို့အခွင့်အရေး။

(၂) ECD သို့ သဘောထားမှတ်ချက်များ တင်ပြရာတွင် အသုံးပြုလိုသည့် နည်းလမ်း

(၃) ECD အနေဖြင်အ


့ များပြည်သူထံမှ သဘောထားမှတ်ချက်များ လက်ခံမည့် နောက်ဆုံးရက်

ဂ) စီမံကိန်းအဆိုပြုလွှာနှင/့် သို့မဟုတ် EIA အစီရင်ခံစာအပေါ် အများပြည်သူ၏ သဘောထား

မှတ်ချက်များကို စာဖြင့်ရေးသား တင်ပြရန် အသိပေးပြီးနောက်၊ အများပြည်သူအား အနည်းဆုံးရက်

၃၀ မျှ အချိန်ပေးရမည်။ တင်ပြရမည့် အချိန်ကာလ မကုန်ဆုံးမီနှင့် တင်ပြချက်အားလုံးကို ECD က

ထည့်သွင်းစဉ်းစားမှုမပြီးမီ ECD သည် IEE အစီရင်ခံစာအပေါ် အကြံပြုချက်များ

ပေးလိမ့်မည်မဟုတ်ပါ။
ဃ) ECD သည် စာဖြင့်ရေးသားထားသော သဘောထားမှတ်ချက်များကို စာရွက်စာတမ်းမိတ္တူ

(အမာထည်) နှင့် အီလက်ထရောနစ်ပုံစံ နှစ်မျိုးလုံးကို လက်ခံသင့်သည်။

၁.၃.၅။ အများပြည်သူများပူးပေါင်းပါဝင်သည့် အစည်းအဝေးများ


က) EIA ဆိုင်ရာ လုပ်ထုံးလုပ်နည်း ပုဒ်မ ၆၅ အရ စီမံကိန်းနှင့်ပတ်သတ်ဆက်နွယ်နေသူအမျိုးမျိုးအနေနှင့် EIA
အစီရင်ခံစာအပေါ်သုံးသပ်ရာတွင် ယင်းတို့၏အမြင်များကို ထည့်ဝင်နိုင်သည့်အခွင့်အရေးရစေရန်
အများပြည်သူ များပူးပေါင်းပါဝင်သည့် အစည်းအဝေးများကို အဆင့်အမျိုးမျိုးအလိုက် ကျင်းပပေးရန် ဖြစ်သည်။
ခ) စီမံကိန်းအဆိုပြုသူက အများပြည်သူပူးပေါင်းပါဝင်သည့်အစည်းအဝေးများကို စီစဉ်ကျင်းပစေရန် ECD တွင်
တာဝန်ရှိပြီး အောက်ပါအကြောင်းအရာများအတွက် စီမံကိန်းအဆိုပြုသူထံသို့ ညွှန်ကြားပေးရန်လိုအပ်ပါသည်။
(၁) အစည်းအဝေးအရေအတွက်၊ နေရာနှင့်အကြိမ်ရေ
(၂) အစည်းအဝေးများနှင့်စပ်လျဉ်းပြီး စီမံကိန်းကြောင့် ထိခိုက်ခံစားရမည့်သူများနှင့် စီမံကိန်းနှင့်
ပတ်သတ်ဆက်နွယ်နေသူများအား မည်သို့ အသိပေးအကြောင်းကြားမည်
(၃) အသိပေးအကြောင်းကြားမှုနှင့် အစည်းအဝေးများကြားရှိအနည်းဆုံးအချိန်ပမာဏ

ဂ) အစည်းအဝေးအသိပေးစာတွင် ဖွင့်ဟဖော်ထုတ်မှုအနည်းဆုံးပါဝင်ရပါမည်။

(၁) စီမံကိန်း ၀က်ဘ်ဆိုဒ်ပေါ်တွင် (သိ)ု့ စီမံကိန်းအဆိုပြုသူ၏ ၀က်ဘ်ဆိုဒ်ပေါ်တွင်


၂) လူမှု မီဒီယာများဖြင့်

(၃) စီမံကိန်းနေရာနှင့် အစည်းအဝေးနေရာများတွင် သိသာထင်ရှားသော ရှင်းလင်းစွာဖတ်ရှု


နားလည်မှတ်မိနိုင်သော ဆိုင်းဘုတ်တစ်ခုကို စိုက်ထူခြင်း
(၄) ရေဒီယို၊ ရုပ်မြင်သံကြားနှင့် သတင်းစာတို့တွင် ကြော်ငြာခြင်းဖြင့်

(၅) စီမံကန
ိးကြောင့်ထိခိုက်ခံစားရမည့်သူများနှင့် အခြားသော သက်ဆိုင်သူများထံ
ဒေသခံအရပ်ဖက်အဖွဲ့အစည်းများအား ဖိတ်ကြားခြင်းဖြင့်

ဃ) EIA စုံစမ်းစစ်ဆေးမှုတွင် ပါဝင်မှတ်ချက်ပေးခဲ့ကြသူများအပါအ၀င် စီမံကိန်းကြောင့်ထိခိုက်ခံစား


ရမည့်သူများနှင့် အခြားသော သက်ဆိုင်သူများအား အများပြည်သူများပူးပေါင်းပါဝင်သည့်
အစည်းအဝေးများအားလုံးသို့ ဖိတ်ကြားကာ ကိုယ်စားပြုမှုအခွင့်အရေးပေးရပါမည်။

င) အများပြည်သူများပူးပေါင်းပါဝင်သည့် အစည်းအဝေးများသို့ အရပ်ဘက်လူမှုအဖွဲ့အစည်းများနှင့် မီဒီယများ


ဖိတ်ကြားရပါမည်။

စ) အများပြည်သူများပူးပေါင်းပါဝင်သည့် အစည်းအဝေးများတွင် ECD သည် အောက်ပါတို့အတွက် တာဝန်ရှိ


ပါသည်။
(၁) မှတ်ချက်အားလုံးကို သေချာတိကျစွာမှတ်တမ်းတင်ခြင်း
(၂) EIA လုပ်ငန်းစဉ်နှင့် ဆုံးဖြတ်ချက်ချခြင်းလုပ်ငန်းစဉ်တွင် ယေဘုယျ အားဖြင့် မေးခွန်းများကို
ဖြေဆိုခြင်းနှင့်
ဆ) အများပြည်သူများပူးပေါင်းပါဝင်သည့် အစည်းအဝေးများတွင် စီမံကိန်းအဆိုပြုသူသည် အောက်ပါတို့
အတွက် တာဝန်ရှိ ပါသည်။
(၁) အပြီးသတ် EIA အစီရင်ခံစာကိုတင်ပြခြင်းနှင့် ယခင်အများပြည်သူပူးပေါင်းပါဝင်ခြင်း
လုပ်ငန်းစဉ်များနှင့် စပ်လျဉ်းသည့် အဓိကပြဿနာများ၊ တွေ့ရှိချက်များနှင့် ရလဒ်များကို
အလေးပေးဖော်ပြခြင်း နှင့်
(၂) EIA အစီရင်ခံစာနှင့်စပ်လျဉ်းသည့်မေးခွန်းများကို ဖြေဆိုခြင်း

၁.၃.၆။ အများပြည်သူပူးပေါင်းပါဝင်သောဆောင်ရွက်ခြင်းအားအစီရင်ခံခြင်း
က) EIA ဆိုင်ရာ လုပ်ထုံးလုပ်နည်း ပုဒ်မ ၆၅ အရ ၀န်ကြီးဌာနသို့ တင်ပြသည့် EIA အစီရင်ခံစာအပေါ် ECD ၏
သဘောထားမှတ်ချက်များတွင် အောက်ပါအကျဉ်းချုပ်များပါဝင်သင့်သည်။
(၁) EIA အစီရင်ခံစာသုံးသပ်စဉ်အတွင်းအများပြည်သူပူးပေါင်းပါဝင်ခြင်း
(၂) လက်ခံရရှိသည့် အများပြည်သူ၏မှတ်ချက်များ
(၃) ပြန်လည်သုံးသပ်စဉ်အတွင်း ပြည်သူ့မှတ်ချက်များကို မည်သို့ထည့်သွင်းစဉ်းစားသည်၊ EIA
အစီရင်ခံစာသို့ အကြံပြုချက်များအဖြစ်ပြောင်းလဲထည့်သွင်းသည်
(၄) စီမံကိန်းအဆိုပြုလွှာကို အတည်ပြုကာ အကောင်အထည်ဖော်ပါက စီမံကိန်းကြောင့်
ထိခိုက်ခံစားရမည့်သူများနှင့် အခြားသော သက်ဆိုင်သူများအပေါ် ကျရောက်လာနိုင်သည့် အဓိက
သက်ရောက်မှုများ

(ခ) ECD သည် EIA အစီရင်ခံစာအပေါ် စီမံကိန်းနှင့်ပတ်သတ်ဆက်နွယ်နေသူများ၏ သဘောထားမှတ်ချက်


များအား ပြန်လည်ဖြေကြားရန် အတွက် ရေးသားသင့်ပြီး EIA အစီရင်ခံစာအပေါ်ဆုံးဖြတ်ချက်များ ထွက်ပေါ်
လာပြီးနောက်တွင် အများပြည်သူသို့ တတ်နိုင်သမျှ အမြန်ဆုံးဖော်ပြသင့်သည်။

၁.၃.၇။ ပတ်ဝန်းကျင်ထိန်းသိမ်းရေး ဆိင်ုရာ လိုက်နာဆောင်ရွက်မှု သက်သေခံလက်မှတ်


က) စီမံကိန်းကို အတည်ပြုလျှင် ECD သည် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ လိုက်နာဆောင်ရွက်မှု
သက်သေခံလက်မှတ် (ECC)၊ ပတ်ဝန်းကျင်စီမံခန့်ခွဲမှုအစီအစဉ် (EMP) နှင့် အတည်ပြုမှုအခြေအနေများ ကို
ECD ၏ ၀က်ဘ်ဆိုက်ဒ်တွင် ရရှိနိုင်စေရန် ဆောင်ရွက်သင့်သည်။
ခ) စီမံကိန်းအဆိုပြုသူသည် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ လိုက်နာဆောင်ရွက်မှု သက်သေခံလက်မှတ်
(ECC) ကို ယင်းဝက်ဘ်ဆိုက်ဒ်များတွင်လည်း ရရှိနိုင်ရန်ဆောင်ရွက်သင့်သည်။


အခန်း ၅ : သီးခြားရပ်တည်နိုင်သော EMP များ
က) ပတ်ဝန်းကျင်ထိခိုက်မှုဆန်းစစ်ခြင်းဆိုင်ရာ လုပ်ထုံးလုပ်နည်းပါ ပုဒ်မ ၈ အရ ECD အတွက် ဤလုပ်ထုံး
လုပ်နည်း မထုတ်ပြန်မီတွင် တည်ဆောက်ရေးလုပ်ငန်းများ စတင်ခဲ့ပြီးဖြစ်သော (သိ)ု့ လုပ်ငန်း ဆောင်ရွက်ပြီး
ဖြစ်သော လုပ်ငန်းအသီးသီးအနေဖြင့် စီမံကိန်းအတွက် ပတ်ဝန်းကျင်ဆိုင်ရာ ဆန်းစစ်မှုပြုလုပ်ပြီးနောက်
ပတ်ဝန်းကျင် စီမံခန့်ခွဲမှုအစီအစဉ်ရေးဆွဲအကောင်အထည်ဖော်ခြင်း (EMP) ကို ပြုလုပ်ရန် လိုအပ်ပါသည်။

ခ) ထို့အပြင် ပတ်ဝန်းကျင်ထိခိုက်မှုဆန်းစစ်ခြင်းဆိုင်ရာ လုပ်ထုံးလုပ်နည်းပါ ပုဒ်မ ၂၄ အရ ၀န်ကြီးဌာနသည်


စိစစ်မှုအဆင့်သို့ ရောက်ရှိလာသည့် အခြားမည်သည့် စီမံကိန်းကိုမဆို IEE (သိ)ု့ EIA မလိုအပ်သည့်တိုင်
ပတ်ဝန်းကျင်စီမံခန့်ခွဲမှု အစီအစဉ်ရေးဆွဲရန် လိုအပ်ခြင်းရှိမရှိ ရွေးချယ်သတ်မှတ်နိုင်ပါသည်။

ဂ) ပတ်ဝန်းကျင် စီမံခန့်ခွဲမှုအစီအစဉ်ရေးဆွဲအကောင်အထည်ဖော်ခြင်း (EMP) သည် အဆိုပြု ပရောဂျက်၏


ဖြစ်ပေါ်လာနိုင်ခြေရှိသော သက်ရောက်မှုများကို စီမံခန့်ခွဲရာတွင် အရေးပါသည့် အပိုင်းဖြစ်ပါသည်။
ယင်းသည် PAP နှင့် အခြားသော ပါဝင်သင့်ပါဝင်ထိုက်သူများနှင့် အကြံပြုဆွေးနွေးမှုအတွက် အဓိက
အကြောင်းအရာဖြစ်ပါသည်။

ဃ) EMP တွင် အစီအစဉ်ခွဲများစွာပါဝင်ပြီး ယင်းတို့ကို ပရောဂျက်အဆင့်အမျိုးမျိုးအဖြစ် ပိုင်းခြားနိုင်ပါသည်။

(i) တည်ဆောက်ရေးမတိုင်မီ

(ii) တည်ဆောက်ရေးကာလအတွင်း

(iii) လုပ်ငန်းလည်ပတ်ခြင်း

(iv) လုပ်ငန်းပိတ်သိမ်းခြင်းနှင့် ရပ်တန့်ခြင်း

(v) ပြန်လည်ထူထောင်ခြင်းနှင့် ယခင်အခြေအနေဖြစ်စေခြင်း

င) EMP မူကြမ်းကို EMP အကောင်အထည်ဖော်ရေးအတွက် လိုအပ်သည့် ဘတ်ဂျက်နှင့် အတူ ပြင်ဆင်ထားပြီး


PAP နှင့် အခြားသော ပါဝင်သင့်ပါဝင်ထိုက်သူများထံသို့ တင်ပြကာ မှတ်ချက်တောင်းခံရပါမည်။

စ) PAP နှင့် အခြားသော ပါဝင်သင့်ပါဝင်ထိုက်သူများ၏ မှတ်ချက်များကို EMP မူကြမ်းတွင် ထည့်သွင်းကာ


ပြန်လည် ပြင်ဆင်ရပါမည်။

ဆ) ECD ထံသို့ မတင်မီ အစီအစဉ်ခွဲများနှင့်အတူ အပြီးသတ် EMP ကို PAP နှင့် အခြားသော ပါဝင်သင့်
ပါဝင်ထိုက်သူများထံသို့ တင်ပြရပါမည်။

ဇ) ပရောဂျက်ကို အတည်ပြုသည့်အခါ EMP ကို ECC နှင့်အတူ ပြည်သူများထံသို့ အသိပေးကြေညာရပါမည်။

ဈ) အဆိုပါအချက်အလက်များအားလုံးကို ပရောဂျက်အဆိုပြုလျှောက်ထားသူ၏ ၀က်ဘ်ဆိုက်တွင်


တင်ပြထားရ ပါမည်။

ည) ဇယား ၅ က သီးခြားရပ်တည်နိုင်သော EMP ကြိုတင်ပြင်ဆင်နေစဉ်အတွင်း အသိပေးတင်ပြရန်


လိုအပ်သည့် အချက်အလက်အမျိုးအစားအကျဉ်းချုပ်ကို ဖော်ပြထားပါသည်။

ဋ) ပရောဂျက်အတည်ပြုမှု ရရှိပြီးနောက် ပြည်သူများပူးပေါင်းပါဝင်သည့်လုပ်ငန်းစဉ်ကို တည်ဆောက်ရေး


ကာလ၊ လုပ်ငန်းလည်ပတ်စဉ်ကာလ နှင့် လုပ်ငန်းရပ်ဆိုင်းခြင်း/ပိတ်သိမ်း ခြင်း/ပိတ်သိမ်းပြီး နောက်ပိုင်း
အဆင့်တို့တွင် ဆက်လက်လုပ်ဆောင်ရပါမည်။ EMP အစီရင်ခံစာသည် အနာဂတ်တွင် အများပြည်သူ
ပူးပေါင်းပါဝင်မှုလုပ်ငန်းစဉ်ကို အောက်ပါအချက်များတွင် အဓိပ္ပါယ်သတ်မှတ်ဖွင့်ဆိုရပါမည်။
(i) ပရောဂျက်၏အဆင့်အားလုံးတွင် အများပြည်သူနှင့် တိုင်ပင်ဆွေးနွေးမှုလုပ်ငန်းစဉ်များ၏
ရည်ရွယ်ချက်များ

(ii) ဆွေးနွေးညှိနှိုင်းမှုကော်မတီ (များ)

(iii) တိုင်ကြားမှုများနှင့် လျော်ကြေးပေးမှုယန္တရား


(iv) ထုတ်ဖော်တင်ပြခြင်း

ဇယား ၅ : EMP ကြိုတင်ပြင်ဆင်မှုဆိုင်ရာ အချက်အလက်ထုတ်ဖော်မှု


မည်သည့် အချက်အလက်အမျိုးအစားကို ပေးရမည်နည်း။
• မြေပုံများအပါအ၀င် စီိမံကိန်းခြုံငုံဖော်ပြချက်၊ မူကြမ်းအစီိအစဉ်များနှင့် အခြားသော
ရရှိနိုင်သော အချက်အလက်များ
• တည်ဆောက်ရေးကာလအသေးစိတ်နှင့် အချက်အလက်များ ပိုမိုရရှိနိုင်သည် နှင့် အမျှ
ထပ်မံဖြည့်စွကထ
်ားသည့် ဖြစ်နိုင်ခြေရှိသောသက်ရောက်မှုများခြုံငုံဖော်ပြချက်။
• တည်ဆောက်ခြင်းနှင့် လုပ်ငန်းလည်ပတ်ဆောင်ရွက်ခြင်းမှသည် ပိတ်သိမ်းခြင်းနှင့် ပြန်လည်
ထူထောင်ခြင်း စသည့် ပရောဂျက်၏ အဆင့်အားလုံးအတွက် EMP
• ပရောဂျက်မဆောင်ရွက်မီ ပတ်ဝန်းကျင်ဆိုင်ရာ ဆန်းစစ်မှုရလဒ်များ
• ပရောဂျက်အဆိုပြုမှုနှင့် သက်ရောက်မှုဖြစ်နိုင်ခြေများနှင့်စပ်လျဉ်းသည့် သိပ္ပန
ံ ည်းကျ (သိ)ု့
ပညာရပ်ဆိုင်ရာ အချက်အလက်များ
• အစီအစဉ်ခွဲများပါဝင်သည့် EMP နှင့် ECC.
အခန်း ၆ : စီမံကိန်းစောင့်ကြပ်ကြည့်ရှုခြင်းနှင့် ကိုက်ညီမှု

၆.၁။ အထွေထွေ
က) ပုဒ်မ ၈၃၊ ၈၅၊ ၉၁ နှင့် ပတ်ဝန်းကျင်ထိခိုက်မှုဆန်းစစ်ခြင်းဆိုင်ရာ လုပ်ထုံးလုပ်နည်းပါ အခန်း ၉ တို့က
အပ်နှင်းထားသော အခွင့်အာဏာအရ သက်ဆိုင်သည့် ပတ်ဝန်းကျင်ဆိုင်ရာ ဥပဒေများအားလုံး၊
နည်းဥပဒေများနှင့် စီမံကိန်းပေါ်မူတည်ကာ EMP နှင/့် သို့ ECC တွင်ဖော်ပြထားသော ကတိက၀တ်များအတိုင်း
ကိုက်ညီမှု ရှိစေရန်အလို့ငှာ ECDတွင် အတည်ပြုထားသော စီိမံကိန်းများအားလုံး (သိ)ု့ လုပ်ဆောင်ချက်များ
အားလုံးသည် စီမံကိန်း၏ အဆင့်တိုင်းတွင် စောင့်ကြပ်ကြည့်ရှုမှုတစ်မျိုးမျိုး ကို လုပ်ဆောင်ရပါမည်။

ခ) စောင့်ကြပ်ကြည့်ရှုမှုသည် စီမံကိန်းအကောင်အထည်ဖော်မှု၏ အဆင့်အားလုံးတွင် ပါရှိရပါမည်။

(i) အကြိုတည်ဆောက်ခြင်း

(ii) တည်ဆောက်ခြင်း

(iii) လုပ်ငန်းလည်ပတ်ဆောင်ရွက်ခြင်း

(iv) လုပ်ငန်းပိတ်သိမ်းခြင်း နှင့် ရပ်စဲခြင်း နှင့်

(v) ပြန်လည်ထူထောင်ရေးနှင့် ယခင်အတိုင်းဖြစ်စေရန်လုပ်ဆောင်ခြင်း

ဂ) စောင့်ကြပ်ကြည့်ရှုမှုသည် အတည်ပြုထားသည့် သတ်မှတ်ချက်များအရ စီမံကိန်းကို လည်ပတ်


ဆောင်ရွက်ခြင်းဖြစ်သည် ဟူသည့်အချက်ကိုဖော်ပြခြင်းဖြင့် ဒေသခံများအားကျေနပ်နှစ်သိမ့်မှုရရှိစေရန်
ကူညီပေးပါသည်။ ဆိုးရွားပြင်းထန်သည့် နောက်ဆက်တွဲများမဖြစ်ပေါ်မီ စီမံကိန်းအကောင်အထည်ဖော်မှု
ကာလ အတွင်း ပေါ်ထွက်လာနိုင်သည့် ပြဿနာများနှင့် စိုးရိမ်ပူပန်မှုများကို တုန့်ပြန်နိုင်၊ ပြန်လည်ပြင်ဆင်
နိုင်ရန် အကူအညီပေးပါသည်။
ဃ၊ စောင့်ကြပ်ကြည့်ရှုမှုသည် အောက်ပါတို့ကိုလည်းဖော်ပြနိုင်ပါသည်။

(i) IEE/EIA အစီရင်ခံစာ၊ EMP ၊ ECC နှင့် အခြားသော စာချုပ်ချုပ်ဆိုထားသည့် သဘောတူညီချက်များ


တွင် ဖော်ပြထားသည့် အချက်များနှင့် မကိုက်ညီခြင်း (သိ)ု့ အကောင်အထည်ဖော်ရန်
ပျက်ကွက်ခြင်း

(ii) လျော့ပါးသက်သာစေမှုနှင့် စီမံခန့်ခွဲမှုအစီအမံများတွင် အားနည်းချက်များရှိခြင်း (ဆိုလိုသည်မှာ


IEE/EIA အစီရင်ခံစာနှင့် EMP ပါ ဖော်ပြချက်များအတိုင်း အကောင်အထည်ဖော်ရပါမည်။
သို့ရာတွင် မျှော်လင့်ထားသည့်အတိုင်း ရှောင်ရှားနိုင်မှု (သိ)ု့ သက်ရောက်မှုကို လျော့နည်းစေမှု
ကတော့ ဖြစ်ချင်မှဖြစ်ပါလိမ့်မည်။)

(iii) IEE/EIA အစီရင်ခံစာတွင် မပါဝင်သည့် သက်ရောက်မှုအသစ်များနှင့် ဆီလျော်သော လျော့ပါး


သက်သာစေမှု လုပ်ဆောင်ချက်များနှင့် EMP တွင် ဆက်စပ်သည့် ပြင်ဆင်ချက်များနှင့်

(iv) တူညီသော ပရောဂျက်များ (သိ)ု့ တူညီသောနေရာတွင် လုပ်ဆောင်မည့် စီမံကိန်းများအတွက်


အနာဂတ် EIA လုပ်ငန်းစဉ်များနှင့် သက်ဆိုင်နိုင်သည့် လေ့လာတွေ့ရှိမှုများနှင့် အတွေ့အကြုံများ

၆.၂။ ပရောဂျက်စောင့်ကြပ်ကြည့်ရှုမှုတွင် အများပြည်သူနှင့် တိုင်ပင်ဆွေးနွေးမှု


က) ပတ်ဝန်းကျင်ထိခိုက်မှုဆန်းစစ်ခြင်းဆိုင်ရာ လုပ်ထုံးလုပ်နည်းပါ ပုဒ်မ ၂၄ အရ EMP လိုအပ်သော
စီမံကိန်းအားလုံးအတွက် EMP တွင် သက်ဆိုင်ရာပါဝင်သင့် ပါဝင်ထိုက်သူများ၏ အခန်းကဏ္ဍများနှင့်
တာဝန်များအပါအ၀င် စီမံကိန်းအကောင်အထည်ဖော်မှု စောင့်ကြပ်ကြည့်ရှုရေးတွင် အများပြည်သူများ
ပါဝင်ဆောင်ရွက်နိုင်ရန် ရှင်းရှင်းလင်းလင်းဖော်ပြထားရပါမည်။

ခ) ပတ်ဝန်းကျင်ထိခိုက်မှုဆန်းစစ်ခြင်းဆိုင်ရာ လုပ်ထုံးလုပ်နည်းပါ ပုဒ်မ ၆၃ အရ EIA အမျိုးအစား


စီမံကိန်းများအတွက် EMP လိုအပ်ပြီး ယင်းတွင် စီမံကိန်းအဆင့် (ဆိုလိုသည်မှာ တည်ဆောက်ခြင်း၊
လုပ်ငန်းလည်ပတ်ဆောင်ရွက်ခြင်းစသည်) အလိုက် ဆောင်ရွက်မည့် အစီအစဉ်ခွဲများကို စောင့်ကြပ်
ကြည့်ရှုခြင်း ပါဝင်ပါသည်။ အများပြည်သူများ ပါဝင်ဆောင်ရွက်မှု လုပ်ငန်းစဉ်များသည် အစီအစဉ်ခွဲတစ်ခုစီနှင့်
သက်ဆိုက်မှု ရှိရပါမည်။

ဂ) IEE စုံစမ်းစစ်ဆေးမှုအဆင့် (သိ)ု့ EIA နယ်ပယ်သတ်မှတ်မှုနှင့် စုံစမ်းစစ်ဆေးမှုအဆင့်များ အတွင်း PAP နှင့်


အခြားသော ပါဝင်သင့်ပါဝင်ထိုက်သူများက ထောက်ပြသည့် မှတ်ချက်များနှင့် စိုးရိမ်ပူပန်မှုများကို ထည့်သွင်း
စဉ်းစားကာ စီမံကိန်းစောင့်ကြပ်ကြည့်ရှုမှုတွင် အများပြည်သူပူးပေါင်းပါဝင်မအ
ှု တွက် အဆိုပြုသည့်
လုပ်ငန်းစဉ်ကို လွှမ်းမိုးနိုင်ရပါမည်။

၆.၃။ သတင်းအချက်အလက်ထုတ်ဖော်မှု
က) စီမံကိန်းစောင့်ကြပ်ကြည့်ရှုမှုတွင် အများပြည်သူပူးပေါင်းပါဝင်မှုဆိုင်ရာလုပ်ငန်းစဉ်များအနေဖြင့် စီမံကိန်း
အဆိုပြုသူသည် စီမံကိန်း အကောင်အထည်ဖော်သည့် အဆင့်များအတွင်း (စီမံကိန်း စောင့်ကြပ် ကြည့်ရှုမှု
အစီရင်ခံစာများအပါအ၀င်) စီမံကိန်းအချက်အလက်များကို အများပြည်သူထသိုံ့ အသိပေးချပြမှုနှင့် PAP နှင့်
အခြားသောပါဝင်သင့်ပါဝင်ထိုက်သူများထံသို့ ထုတ်ဖော်မှုကို မည်သို့မည်ပုံဆောင်ရွက်မည်ကို တိတိကျကျ
ရှင်းလင်းဖော်ပြရပါမည်။

ခ) သတင်းအချက်အလက်များအားလုံးကို မြန်မာ၊ အင်္ဂလိပ်နှစ်ဘာသာဖြင့် ဖော်ပြပြီး ပြည်သူများ


အလွယ်တကူ သိနားလည်စေရန် ပညာရပ်စကားအသုံးအနှုန်းများထည့်သွင်းရေးသားခြင်းမပြုရပါ။

ဂ) စီမံကိန်းအကောင်အထည်ဖော်နေစဉ်အတွင်း PAP နှင့် အခြားသောပါဝင်သင့်ပါဝင်ထိုက်သူများသည်


အောက်ပါသတင်းအချက်အလက် စုံစုံလင်လင်ကို ရရှိနိုင်ကြရပါမည်။

(i) ပုံမှန်စောင့်ကြည့်လေ့လာမှုနှင့် လုပ်ဆောင်မှုအစီရင်ခံစာများ

(ii) လျော့ပါးသက်သာစေခြင်းနှင့်စီမံခန့်ခွဲမှု ဆောင်ရွက်ချက်များ၊ စောင့်ကြပ်ကြည့်ရှုမှု စနစ်များနှင့်


စီမံကိန်းကတိက၀တ်များနှင့် စပ်လျဉ်းသည့် စီမံကိန်းကုန်ကျစရိတ်အသေးစိတ်

(iii) စီမံကိန်းသတ်မှတ်ချက်များနှင့် ကတိက၀တ်များနှင့် ကိုက်ညီခြင်း

(iv) မလိုက်နာဘဲဖောက်ဖျက်ကျူးလွန်မှုများနှင့် ပြန်လည်ကုစားရေးဆောင်ရွက်ချက်ဆိုင်ရာ အချက်


အလက်များ

(v) နောက်ဆုံးရအခြေအနေကို ဖြည့်စွက်ထားသည့် EMP များနှင့် စီမံကိန်းအတည်ပြုသတ်မှတ်


ချက်များ
(vi) စံသတ်မှတ်ချက်နှင့်နှိုင်းယှဉ်လျှင် အမှန်တကယ် ထုတ်လွှတ်မှုများ

(vii) အဆိပ်အတောက်ဖြစ်စေသည့် စွန့်ပစ်ပစ္စည်းများ၊ ညစ်ညမ်းသည့် ပစ္စည်းများထုတ်လွှတ်မှု (သိ)ု့


အန္တ ရာယ်ရှိ သော စွန့်ပစ် ပစ္စည်းများကို သယ်ယူပို့ဆောင်ခြင်း

(viii) ပြည်သူများ၏ စိုးရိမ်ပူပန်မှုအပေါ် တုန့်ပြန်ဆောင်ရွက်မှုနှင့် လုပ်ဆောင်မှုများ


ဃ) သတင်းအချက်အလက်ထုတ်ဖော်မှုကို ပံ့ပိုးကူညီပေးရန်အလို့ငှာ သတ်မှတ်ထားသည့် လေ့လာသုံးသပ်
မည့်နေရာနှင့် ထိခိုက်ခံစားရသူများ၏ အနီးဝန်းကျင်တွင် သတင်းအချက်အလက်ဌာန တည်ထောင်ရန်
အကြံပြုပါသည်။ ဒေသခံများ (သိ)ု့ ဒေသရုံးက သဘောတူညီထားသည့် နေရာဖြစ်ကာ PAP က
သွားရောက်လည်ပတ်နိုင်သည့်နေရာ ဖြစ်ရပါမည်။

၆.၄။ စောင့်ကြပ်ကြည့်ရှုမှုအစီရင်ခံစာများ
က) ပတ်ဝန်းကျင်ထိခိုက်မှုဆန်းစစ်ခြင်းဆိုင်ရာ လုပ်ထုံးလုပ်နည်းပါ ပုဒ်မ ၁၀၈ အရ စီမံကိန်းအဆိုပြု
သူများသည် ECD (သိ)ု့ စီမံကိန်း၏ EMP/ECC က ချမှတ်ထားသည့် အစီအစဉ်အတိုင်း စောင့်ကြပ်ကြည့်ရှုမှု
အစီရင်ခံစာများကို တင်ပြရန်လိုအပ်ပါသည်။ စီမံကိန်းအဆိုပြုသူများသည် စောင့်ကြပ်ကြည့်ရှုမှု အစီရင်ခံစာ
များကို ECD ထံသို့ အနည်းဆုံး ၆ လတစ်ကြိမ် တင်ပြရပါမည်။

ခ) စီမံကိန်း စောင့်ကြပ်ကြည့်ရှုမှုတွင် အများပြည်သူ ပူးပေါင်းပါဝင်မှုနှင့်စပ်လျဉ်းပြီး ပရောဂျက်၏ ကာလ


အလိုက် စောင့်ကြပ်ကြည့်ရှုမှုအစီရင်ခံစာများတွင် အောက်ပါအချက်များပါရှိရပါမည်။

(i) PAP နှင/့် သို့ အခြားသော ပါဝင်သင့်ပါဝင်ထိုက်သူများထံသို့ စီမံကိန်းနှင့် သက်ဆိုင်သည့်


အချက်အလက်များ ဖြန့်ဝေပေးခြင်း/ရရှိစေခြင်းအပါအ၀င် ယခင်အစီရင်ခံစဉ်ကာလအတွင်း
စီမံကိန်းစောင့်ကြပ်ကြည့်ရှုမှုတွင် PAP နှင/့် သို့ အခြားသော ပါဝင်သင့်ပါဝင်ထိုက်သူများ
ပူးပေါင်းပါဝင်မှုအကျဉ်းချုပ်

(ii) စောင့်ကြပ်ကြည့်ရှုမှုတွင် အများပြည်သူများပူးပေါင်းပါဝင်မှုအတွက် စီမံကိန်းလုပ်ငန်းစဉ်များကို


အကောင်အထည်ဖော်ရာတွင် တွေ့ကြုံရသည့် စိန်ခေါ်မှုအကျဉ်းချုပ်

(iii) အဆိုပါစိန်ခေါ်မှုများကို ဖြေရှင်းရန် အဆိုပြုလုပ်ငန်းများ

ဂ) ပတ်ဝန်းကျင်ထိခိုက်မှုဆန်းစစ်ခြင်းဆိုင်ရာ လုပ်ထုံးလုပ်နည်းပါ ပုဒ်မ ၁၁၀ အရ စီမံကိန်းအဆိုပြု


သူများသည် လိုအပ်သောစီမံကိန်းစောင့်ကြပ်ကြည့်ရှုမှု အစီရင်ခံစာများအား ၀န်ကြီးဌာနသို့ တင်ပြသည့်
နေ့ရက်မှ (၁၀) ရက်အတွင်း အများပြည်သူသိရှိနိုင်စေရန် လုပ်ထုံးလုပ်နည်းကို တည်ဆောက်ရပါမည်။

ဃ) စီမံကိန်းအဆိုပြုသူများသည် ယင်းတို့၏ စီမံကိန်း စောင့်ကြပ်ကြည့်ရှုမှု အစီရင်ခံစာများကို အောက်ပါ


နည်းလမ်းများဖြင့် တင်ပြရပါမည်။

(i) ဒစ်ဂျစ်တယ် မိတ္တူကို စီမံကိန်း (သိ)ု့ စီမံကိန်းအဆိုပြုသူ၏ ၀က်ဘ်ဆိုက်တွင် တင်ထားရပါမည်။


(ii) စောင့်ကြပ်ကြည့်ရှုမှု အစီရင်ခံစာများကို အများပြည်သူစုဝေးရာနေရာများ(ဥပမာ - စာကြည့်တိုက်များ၊
ပြည်သူ့ခန်းမများ) တွင် ကြည့်ရှုသုံးသပ်နိုင်စေရန် တင်ပြရပါမည်။

(iii) စီမံကိန်းရုံးဌာနများတွင်လည်း အစီရင်ခံစာများ ကြည့်ရှုသုံးသပ်နိုင်ပါသည်။

င) ထို့အပြင် စီမံကိန်းအဆိုပြုသူများသည် တောင်းခံလာသူများအား စီမံကိန်း စောင့်ကြပ်ကြည့်ရှုမှု


အစီရင်ခံစာများကို ဒစ်ဂျစ်တယ် မိတ္တူ ဖြင့် တင်ပြနိုင်ရန် ပြင်ဆင်ထားရပါမည်။

စ) စီမံကိန်းအဆိုပြုသူသည် တောင်းခံချက်ရရှိပြီး (၁၀) ရက်အတွင်း ဒစ်ဂျစ်တယ် မိတ္တူကို အီးမေးလ်ဖြင့်


ဖြစ်စေ၊ တောင်းခံသူနျင့် သဘောတူညီထားသည့် အခြားနည်းလမ်းဖြင့်ဖြစ်စေ ပေးပိ့ရု ပါမည်။

၆.၅။ တိုင်ကြားမှုများနှင့် နစ်နာမှုများအတွက် လုပ်ငန်းစဉ်


က) စီမံကိန်းအဆိုပြုသူသည် EMP တွင် တိုင်ကြားမှုများနှင့် နစ်နာမှုများကို မည်သို့ စီမံမည်ကို ဖော်ပြထား
ရပါမည်။ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ လိုက်နာဆောင်ရွက်မှု သက်သေခံလက်မှတ်တွင် စီမံကိန်း
အတည်ပြုချက် ရရှိပြီးသည့်နောက်ဆက်လက်ဆွေးနွေးမှုများပြုလုပ်မည့်သတ်မှတ်ချက်များနှင့် တိုင်ကြားမှုများ
ကို ကိုင်တွယ်မည့်နည်းလမ်းများပါဝင်နိုင်ပါသည်။

ခ) စီမံကိန်း စောင့်ကြပ်ကြည့်ရှုမှုတွင် PAP နှင့် ပါဝင်သင့်ပါဝင်ထိုက်သူများ ၏ ပူးပေါင်းပါဝင်မှုကို ပံ့ပိုးကူညီရန်


အလို့ငှာ စီမံကိန်းအကောင်အထည်ဖော်သည့် အဆင့်အားလုံးတို့တွင် ပေါ်ပေါက်လာသော ပတ်ဝန်းကျင်နှင့်
လူမှုရေးဆိုင်ရာအကြောင်းအရာများနှင့် စပ်လျဉ်းပြီး တိုင်ကြားမှုနှင့် နစ်နာမှုများအတွက် လုပ်ငန်းစဉ် (CGM)
ကို ထူထောင်ရန် စီမံကိန်းအဆိုပြုသူအား အားပေးတိုက်တွန်းထားပါသည်။1

ဂ) စီမံကိန်းအဆိုပြုသူသည် ဒေသခံ အာဏာပိုင်များနှင့်အတူ CGM ကို စီမံခန့်ခွဲရပါမည်။


ထိုသို့ဒေသခံအာဏာ ပိုင် များပါဝင်မှုကို ကော်မတီဖွဲ့ခြင်းမှတစ်ဆင့်လုပ်ဆောင်ပြီး အဆိုပါကော်မတီသည်
မကြာခဏ တွေ့ဆံပုါ မည်။ ဆက်စပ် အခမ်းအနားများတွင် အခါအားလျော်စွာ တွေ့ဆုံပါမည်။

ဃ) CGM ၏ ပုံစံသည် စီမံကိန်းအမျိုးအစား၊ သက်ရောက်မှုဖြစ်နိုင်ခြေ၊ စီမံကိန်းကာလ နှင့် ECC တွင်


ပါဝင်သည့် လိုအပ်ချက်များအပေါ် မူတည်ပါသည်။

(i) ဥပမာ - နှစ၃


် ၀ ကြာမြင့်သည့် နေရာကျယ်တစ်ခုကို စိုးမိုးထားသည့် သတ္တုတွင်းတူး စီမံကိန်းတစ်ခုတွင်
အလွန် အသေးစိတ်ကျသော ဒေသခံများပါဝင်သောတရားဝင်စီမံခန့်ခွဲရေးကော်မတီနှင့် တိုင်ကြားမှုများကို
ကိုင်တွယ်မည့် သတ်မှတ်အဖွဲ့အစည်းရှိရပါမည်။ ခရီးသွားဖွံ့ဖြိုးရေးလုပ်ငန်းငယ်တစ်ခုသည် တိုင်ကြားမှု
များကို မှတ်တမ်းတင်ရန်နငှ့် တုန့်ပြန်ဖြေကြားရန် ၀န်ထမ်းတစ်ဦး ခန့်အပ်နိုင်ပါသည်။
င) CGM သည် တာဝန်ယူမှုရှိရမည်။ မည်သူမဆို အလွယ်တကူချဉ်းကပ်နိုင်ရမည်။ ကြိုတင်ခန့်မှန်းနိုင်ရမည်။
ပွင့်လင်းမြင်သာမှုရှိရမည်။

စ) CGM တွင် စီမံကိန်း၏ မည်သည့်အဆင့်တွင်မဆို PAP နှင့် အခြားသော ပါဝင်သင့်ပါဝင်ထကိုသူ


များအနေဖြင့် စီမံကိန်းအဆိုပြုသူထံသို့ တိုင်ကြားနိုင် (သိ)ု့ နစ်နာမှုကို ဖော်ပြနိုင်သည့ှ်ရှင်းလင်းသောနည်းလမ်း
ရှိရပါမည်။

ဇ) CGM အနေဖြင့် အလွယ်တကူဆက်သွယ်ရမည့်သူကို ဖော်ပြပေးရပါမည်။

ဈ) CGM အနေဖြင့် တိုင်ကြားမှုကို စစ်ဆေး၊ ကိုင်တွယ်ရမည့် နောက်ဆက်တွဲ လုပ်ငန်းစဉ်ကို


ရှင်းရှင်းလင်းလင်းဖော်ပြရန် အရေးကြီးပါသည်။ ယင်းတို့တွင် မည်သူက တိုင်ကြားမှုကို စစ်ဆေးမည်၊
မည်သည့် လုပ်ဆောင်ချက်ကို ချမှတ်ဆောင်ရွက်မည်၊ တိုင်ကြားမှုကို ပြန်လည်တုန့်ပြန်ဖြေဆို နိုင်ရန်
အချိန်မည်မျှ ကြာမြင့်မည်ဟူသည့်အချက်များ ပါဝင်ရပါမည်။

ည) မှတ်ချက်များအားလုံးနှင့် တိုင်ကြားမှုများအားလုံးကို များသောအားဖြင့် တိုင်ကြားမှုမှတ်တမ်းတွင်


စာရင်းရေးမှတ်ထားခြင်းနှင့် နှုတ်ဖြင့်တိုင်ကြားမှုများနှင့် လက်ရေးဖြင့်တိုင်ကြားမှုများကို မှတ်စုမှတ်ခြင်းတို့ ကို
CGM အနေဖြင့် သေချာစေရပါမည်။ အဆိုပါတိုင်ကြားမှုမှတ်တမ်းသည် အများပြည်သူကြည့်ရှုနိုင်သည့်
စာရွက်စာတမ်းဖြစ်ကာ ယင်းကို အဆင်ပြေသည့်နေရာနှင့်အချိန်တွင် PAP သို့ တင်ပြရပါမည်။

ဋ) ဖြေရှင်းရန်ခက်ခဲသည့် (သိ)ု့ လူများစွာအပေါ်ထိခိုက်နစ်နာစေသည့် တိုင်ကြားမှုများအတွက် CGM အနေဖြင့်


လွတ်လပ်သော (သိ)ု့ ကြားနေညှိနှိုင်းပေးသူအဖြစ်ပါဝင်ဆောင်ရွက်ပြီးတိုင်ကြားမှုများကို သုံးသပ်ကာ စီမံကိန်း
အဆိုပြုသူထံ အကြံပြုချက်များပေးနိုင်မည်ဖြစ်သည်။

ဌ) PAP ၏ လူ့အခွင့်အရေးကိုလေးစားပြီး တိုင်ကြားသူတိုင်းကို သိက္ခာနှင့် လေးစားမှုနှင့် ဆက်ဆံရမည်ကို


CGM အနေဖြင့် သေချာစေရပါမည်။
ဍ) CGM ၏ ရည်ရွယ်ချက်သည် တိုင်ကြားသူ၏ တရားဝင်အခွင့်အရေးများကိုလေးစားပြီး အငြင်းပွားမှုများကို
ဖြေရှင်းရန်ဖြစ်ပါသည်။ CGM က အငြင်းပွားမှုကို မြန်မြန်နှင့် တရားမျှတမှုရှိရှိဖြင့် ပွင့်ပွင့်လင်းလင်း မဖြေရှင်းနိုင်

1 This is also recommended by the UN Guiding Principles on Business and Human Rights
လျှင် တိုင်ကြားသူသည် အဆိုပါကိစ္စရပ်ကို ECD ထံတွင် တင်ပြနိုင်ပါသည် (သိ)ု့ တရားရုံးတွင် တင်ပြနိုင်ပါ
သည်။

You might also like