You are on page 1of 7

မြန်မာကုန်သွယ်မှုမြင့်တင်ရေးအဖွဲ့

နေ့စဉ်ဈေးကွက်သတင်းလွှာ

January 18, 2019 Volume 15, Number 12

၁၈.၁.၂၀၁၉ ဥရောပဈေးကွက်ရရှိသဖြင့် နှမ်းမျိုးစုံဈေးကောင်းနေ


ကမ္ဘာ့ရွှေဈေး = ၁၂၉၀ /-US$
ယခုနောက်ပိုင်းတွင် မြန်မာ့နှမ်းသည် ဓါတုဗေဒဆေးဝါးသုံးစွဲမှုနည်းလာခြင်း
ကြောင့် ဥရောပဈေးကွက်မှ ၀ယ်ယူလာကြသည့်အတွက် ယခုနှစ်၌ နှမ်းရောင်စုံ
မြန်မာ့ရွှေဈေး = ၁၀၅၄၀၀၀/ကျပ်
ဈေးကွက်တွင် ဈေးကောင်းရရှိနေကြောင်း ပြည်တွင်းကုန်သွယ်မှုမြှင့်တင်ရေး
ဒေါ်လာဈေး = ၁၅၄၂/ကျပ်
ဦးစီးဌာနမှသိရသည်။
CBM Rate = ၁၅၃၈/ကျပ် လက်ရှိ မြန်မာပြည်မှ နှမ်းမျိုးစုံကို အဓိကတင်ပို့နေရသည် ဥရောပနိုင်ငံများမှာ UK ၊
ဂျာမဏီ ၊ နယ်သာလန်၊ ဂရိနှင့်ပိုလန်တို့ဖြစ်ပြီး၊ ထိုနိုင်ငံများမှနှမ်းကို ယခင်
ယူရို တစ်ယူရို = ၁၇၅၂.၅ ကျပ်
ကထက် ပိုမိုဝယ်ယူလာသည့်အတွက် ယခုအခါတွင် နှမ်းမျိုးစုံ၏ဈေးမှာ နှစ်ဆခန့်
စင်္ကာပူတစ်ဒေါ်လာ = ၁၁၃၄.၇ကျပ်
အထိ မြင့်တက်လာကြောင်းသိရသည်။ ဥရောပမှာ မြန်မာ့နှမ်းမျိုးစုံက နေရာ
စတာလင်ပေါင်တစ်ပေါင် = ၁၉၉၅.၈ကျပ် ကောင်းရပြီး အဓိကသုံးစွဲရတဲ့ အကြောင်းရင်းကလည်း မြန်မာပြည် ကထွက်တဲ့
ဂျပန်ယန်းတစ်ရာ = ၁၄၀၆.၉ကျပ် နှမ်းတွေက သဘာဝအတိုင်း ဓာတုဗေဒဆေးဝါးတွေမသုံးတဲ့အတွက် ကြိုက်ကြ
တာဟု ပြည်တွင်းကုန်သွယ်မှုမြှင့်တင်ရေးဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက
သြစတြေးလျတစ်ဒေါ်လာ = ၁၁၀၆.၂ကျပ်
ပြောသည်။
တရုတ်ယွမ် (တစ်ယွမ်) = ၂၂၆.၉၆ကျပ်
ပြီးခဲ့သည့် ၂၀၁၇ ခုနှစ်အတွင်းက ဥရောပဈေးကွက်တွင် မြန်မာ့နှမ်းမျိုးစုံ၏
အိန္ဒိယရူပီး (တစ်ရူပီး) = ၂၁.၆၅၀ကျပ် ဈေးနှုန်းမှာ တစ်ပိဿာလျှင် နှမ်းဖြူ ၂,၂၀၀ ၊ နှမ်းညို ၂,၁၂၀ ခန့် ၊ နှမ်းနက် ၂,၁၁၀

ကိုရီးယားဝမ်တစ်ရာ = ၁၃၇.၂၈ကျပ်
ရွိခ့ေ
ဲ သ်ာလည်း၊ ၂၀၁၈ ခုနှစ်အတွင်း၌ နှမ်းဖြူ တစ်ပိဿာ လျှင် ၄,၃၅၀ ၊ နှမ်းညို
၎,၀၂၀ ၊ နှမ်းနက် ၅,၀၂၀ ပေါက်ဈေးများရှိခြဲ့ ပီး ယခုနှစ်တွင်လည်း ပြီးခဲ့သည့်
မလေးရှားရင်းဂစ် = ၃၇၄.၂၁ကျပ်
၂၀၁၈ ခုနှစ် ဈေးနှုန်းများထက် ပိုမိုရရှိလာနိုင်ကြောင်း ကုန်သည်များကဆိုသည်။
ထိုင်းဘတ်တစ်ဘတ် = ၄၈.၅၁၇ကျပ်
ဥရောပဘက်ကို ဒီထက်ပိုဈေးကွက်ဖောက်နိုင်ရင် နှမ်းစိုက်တောင်သူတွေ
Source: CBM Rate, etrademyanmar.com ပိုပြီးအဆင်ပြေလာမှာပါ။ အခုလည်း နှမ်းလုပ်ငန်းရှင်တွေက ဥရောပဈေးကွက်ဖက်
ထပ်ချဲ့နေတယ်ဟု မန္တလေးမြို့မှ နှမ်းကုန်သည် ဦးမြင့်ဝေကပြောသည်။
ဥရောပဈေးကွက်တွင် ဈေးကွက်ရလာသည့် မြန်မာ့နှမ်းမျိုးစုံကို ဥပရောပနိုင်ငံများရှိ
စားသောက်ဆိုင်များနှင့် မုန့်ဖုတ်လုပ်ငန်းများတွင် ပိုမိုအသုံးပြုလာကြကြောင်း
CONTACT US
သိရသည်။
ကုန်သွယ်မှုသတင်းအချက်လက်နှင့် Source: http://www.amiamyanmar.com/detail.aspx?id=5763
သုတေသနဌာနခွဲ

အချိန်အခါမဟုတ် ရွာသွန်းခဲ့သည့်မိုးကြောင့် ပဲထွက်ရှိနှုန်းထိခိုက်နိုင်


ဖုန်း ၀၁-၃၇၁၂၀၃
၀၁-၃၇၆၄၁၆ မိုးစပါးအပြီး စိုက်ထားသည့် ပဲအမျိုးမျိုး အပွင့်အဖူးထွက်ပေါ်ချိန်တွင် အချိန်အခါ
၀၁-၃၇၆၄၉၀ မဟုတ် ရွာသွန်းခဲ့သည့်မိုးကြောင့် ရေနစ်မြုပ်ခြင်းနှင့် အပွင့်ကြွေခြင်းများ ဖြစ်ပေါ်
ဖတ်စ် ၀၁- ၃၇၆၄၁၆
လျက်ရှိကြောင်း ပဲစိုက်ပျိုးတောင်သူများကပြောသည်။
http://www.trade.gov.mm မတ်ပဲ၊ ကုလားပဲနဲ့ ပဲကြီးသီးနှံတို့စိုက်ထားတာ တစ်လကျော်ကျော်၊ နှစ်လလောက်
myantradetir2016@gmail.com သက်တမ်းရနေပါပြီ။ အခု အပွင့်တွေ ပွင့်ချိန်၊ အသီးတွေ စတင်သီးချိန်မှာ
အချိန်အခါမဟုတ် မိုးရွာတဲ့အတွက် အပွင့်ကြွေ၊ ရေတွေလည်း မြုပ်ခ့တ
ဲ ယ်။ အရင် ၂
နှစ်လောက်က ဒါမျိုးတစ်ခါ ဖြစ်ဖူးတယ်။ နောက်ဆက်တွဲ အထွက်နှုန်းပိုင်း ထိခိုက်

1 | TRADE INFORMATION & RESEARCH DIVISION/MYANMAR TRADE PROMOTION ORGANIZATION (MYANTRADE)


ခဲ့တယ်။ အခုလည်း တချို့အပင်တွေ သေကုန်တာရှိတယ်။ ကျန်တဲ့ အပင်တွေကိုပဲ မျှော်ရတော့မှာ။ နောက်
ဆက်တွဲပိုးကျမယ့် အန္တရာယ်ကိုလည်း စိတ်ပူနေရတယ်ဟု နေပြည်တော်၊ တပ်ကုန်းမြို့နယ်ရှိ ပဲစိုက်တောင်သူ
ဦးဝင်းဆွေကပြောသည်။

တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် ယခုနှစ် ဇန်နဝါရီ ၅ ရက်မှ


၉ ရက်အထိ အချိန်အခါမဟုတ် မိုးရွာသွန်းမှုကြောင့် စိုက်ခင်း
အချို့ ပျက်စီးမှုများရှိနေပြီး ပြန်လည်စိုက်ပျိုးရန် အချိန်မမှီ
နိုင်ခြင်းကြောင့် နွေးစပါးစိုက်ပျိုးမှုကိုသာ အားထားရတော့မည်
ဖြစ်ကြောင်း တောင်သူများကဆိုသည်။
'မိုးစပါးသိမ်းပြီး ဆောင်းသီးနှံ စိုက်ပျိုးထားတာပါ။ အခင်းထဲ
ဝင်သွားတဲ့ ရေတွေကိုတော့ မြောင်းသွယ်ဖောက် ထုတ်နေပေ
မယ့်လည်း အပင်တွေသေတာတွေ့ရတယ်။ နောက် အခု
အချိန်က ပဲကြီးအပွင့်ချိန်ဆိုတော့ အပွင့်တွေ ထိခိုက်မှုများရင်
ပိုးကျလာမှာဖြစ်သလို အထွက်နှုန်းမှာလည်း ကျဆင်း လာဖို့ပဲ
ရှိတယ်ဟု ဧရာဝတီတိုင်းဒေသကြီး၊ ကန်ကြီးထောင့်မြို့နယ်ရှိ ပဲစိုက်တောင်သူတစ်ဦးဖြစ်သူ ကိုမြတ်လင်းကပြောသည်။
ယင်းအပြင် ဇန်နဝါရီလ ပထမပတ်အတွင်းက ဧရာဝတီတိုင်းဒေသကြီး၊ မြစ်ဝကျွန်းပေါ်ဒေသများနှင့် ရခိုင်ကမ်းရိုးတန်း
တောင်ပိုင်းအနီးတွင် လေဖိအားနည်းရပ်ဝန်းတစ်ခုဖြစ်ပေါ်ခဲ့ပြီး သက်ရောက်မှုအဖြစ် မြန်မာနိုင်ငံအလယ်ပိုင်းနှင့်
မြစ်ဝကျွန်းပေါ်ဒေသတို့တွင် နေရာအနှံ့ အချိန်အခါမဟုတ်မိုးရွာသွန်းခဲ့ကြောင်း မိုးလေဝသနှင့်ဇလဗေဒ ညွှန်ကြားမှုဦးစီး
ဌာနမှ သတင်းထုတ်ပြန်ထားသည်။
လက်ရှိ ပဲမျိုးစုံစိုက်ဧကများအနက် ၆၆ ရာခိုင်နှုန်းတွင် မတ်ပဲ၊ ပဲတီစိမ်းနှင့် ပဲစင်းငုံတို့ကို စိုက်ပျိုးကြပြီး ကျန် ၃၄
ရာခိုင်နှုန်းမှာ ပဲတီစိမ်း၊ ပဲလွန်း၊ ကုလားပဲ၊ ပဲပုပ်၊ စားတော်ပဲနှင့် အခြားပဲများအား စိုက်ပျိုးကြလျက်ရှိသကဲ့သို့ စစ်ကိုင်းတိုင်း
ဒေသကြီး၊ မန္တလေးတိုင်းဒေသကြီးနှင့် မကွေးတိုင်းဒေသကြီးတို့တွင် ပဲမျိုးစုံ စုစုပေါင်းစိုက်ဧက၏ ၅၄ ရာခိုင်နှုန်းကို
စိုက်ပျိုးလျက်ရှိကြောင်းသိရသည်။
Source: http://www.amiamyanmar.com/detail.aspx?id=5764
မြန်မာကို ကမ္ဘာလှည့်လာရောက်မှု ၃ ရာခိုင်နှုန်းမြင့်တက်ခဲ့

မြန်မာနိုင်ငံကို ပြီးခဲ့တဲ့နှစ်ထဲ လာရောက်လည်ပတ်ကြတဲ့


ကမ္ဘာလှည့်ခရီးသွားဦးရေ မြင့်တက်ခဲ့တယ်လို့ ဟိုတယ်နဲ့
ခရီးသွားလာရေးဝန်ကြီးဌာနက ပြောဆိုလိုက်ပါတယ်။
ပြီးခဲ့တဲ့ ၂၀၁၈ ဒီဇင်ဘာမှာ ကုန်ဆုံးသွားတဲ့ ၁၂ လတာ
ကာလအတွင်း မြန်မာနိုင်ငံကို လာရောက်လည်ပတ်သူ
ခရီးသွားဦးရေဟာ ၃ % အထိ မြင့်တက်ခဲ့တဲ့အတွက်
ခရီးသွားဦးရေ ၁ ဒဿမ ၄ သန်း ရှိခဲ့တာဖြစ်ပါတယ်။ ပြီးခဲ့တဲ့
၂၀၁၇ တုန်းက မြန်မာနိုင်ငံကို လာရောက်လည်ပတ်သူဦးရေ
၁ ဒသမ ၁ သန်းသာရှိခဲ့တာပါ။
မြန်မာနိုင်ငံကို မနှစ်က အများဆုံးလာရောက်လည်ပတ်ခဲ့တဲ့ နိုင်ငံကတော့ အမေရိကန်ဖြစ်ပြီး၊ ၆ သောင်း ၅ ထောင်ကျော်
ရှိခ့တ
ဲာပါ။ ဒုတိယအများဆုံးကတော့ ဥရောပနိုင်ငံတွေဖြစ်ကြတဲ့ ပြင်သစ်၊ ဗြိတိန်နဲ့ ဂျာမနီဖြစ်ပါတယ်။ အာရှကဆိုရင်တော့
မြန်မာနိုင်ငံကို လာရောက်လည်ပတ်သူ ၁ သန်းကျော်ရှိခဲ့တာပါ။ တရုတ်နိုင်ငံက အများဆုံးဖြစ်ပြီး၊ ထိုင်း၊ ဂျပန်၊
တောင်ကိုရီးယားနဲ့ စင်္ကာပူနိုင်ငံတွေက ဖြစ်ကြပါတယ်။ မြန်မာနိုင်ငံမှာ နိုင်ငံရေးပြဿနာတွေအပြင် ဒေါ်လာဈေး
မတည်ငြိမ်မှုနဲ့ ရေကြီးမှုလို သဘာဝဘေးအန္တရာယ်တွေရှိခ့ေ
ဲ ပမဲ့ ကမ္ဘာလှည့်ခရီးသွားဦးရေကတော့ မြင့်တက်လာ
နေတာလည်းဖြစ်ပါတယ်။
Source: https://www.facebook.com/rfaburmese/

2 | TRADE INFORMATION & RESEARCH DIVISION/MYANMAR TRADE PROMOTION ORGANIZATION (MYANTRADE)


အပေါင်ပစ္စည်းမပါတဲ့ ချေးငွေအတိုးနှုန်းကို ၁၆ ရာနှုန်းထက်ပိုမယူဖို့ ဗဟိုဘဏ်ထုတ်ပြန်

ပုဂ္ဂလိကဘဏ်တွေအနေနဲ့ အာမခံပစ္စည်းမပါဘဲ ချေးတဲ့


ချေးငွေကို ဗဟိုဘဏ်အတိုးနှုန်းအထက် ၆ ရာနှုန်း ပေါင်းပြီး
အမြင့်ဆုံးအတိုးနှုန်းအနေနဲ့ ၁၆ ရာခိုင်နှုန်းထက် ပိုမကောက်ခံ
ရဘူးလို့ နိုင်ငံတော်ဗဟိုဘဏ်က ဇန်နဝါရီ ၁၅ ရက်နေ့မှာ
ထုတ်ပြန်လိုက်ပါတယ်။
ဒီလို အာမခံ ပေါင်ပစ္စည်းမပါတဲ့ချေးငွေကို အမြင့်ဆုံး ၁၆
ရာခိုင်နှုန်းဆိုတဲ့ အတိုးနှုန်းသတ်မှတ်ချက်ဟာ ချေးငွေအပေါ်
ကောက်ခံရမယ့်အတိုးနှုန်း စီမံခန့်ခွဲမှုစရိတ်၊ ကတိခံကြေး
အားလုံးအပါအဝင်ကိုဆိုလိုတာဖြစ်ပြီး မည်သည့်နည်းနဲ့မဆို
အမြင့်ဆုံးအတိုးနှုန်းကိုကျော်လွန်ပြီး မကောက်ခံရဘူးလို့လည်း
ထုတ်ပြန်ချက်မှာပါဝင်ပါတယ်။ အပေါင်ပစ္စည်းပါတဲ့ ချေးငွေအတွက်တော့ အမြင့်ဆုံးအတိုးနှုန်းအနေနဲ့ ၁၃ ရာနှုန်းအထိပဲ
ကောက်ခံရမှာဖြစ်တယ်လို့လည်း သိရပါတယ်။ ဒီထုတ်ပြန်ချက်ဟာ လာမယ့်ဖေဖော်ဝါရီ ၁ရက်နေ့ကစပြီး အကျုံးဝင်မှာ
ဖြစ်ပါတယ်။
Source: https://www.bbc.com/burmese

မြန်မာမှတင်သွင်းမည့် ဆန်လုံးရှည်ကို အီးယူက သွင်းကုန်အခွန်ပြန်ကောက်မည်

မြန်မာနိုင်ငံမှ တင်သွင်းမည့် ဧည့်မထဆန်


အမျိုးအစား ဆန်လုံးရှည်ကို ယနေ့ (ဇန်န၀ါရီ ၁၈
ရက်) က စတင်၍ သွင်းကုန်အခွန် ပြန်လည်
ကောက်ခံမည်ဟု ဥရောပသမဂ္ဂ အဖွဲ့(အီးယူ) က
ထုတ်ပြန် ၏ကြေညာသည်။
မြန်မာနိုင်ငံမှ တင်သွင်းမည့် ဆန်ကို ပထမနှစ်တွင်
တစ်တန်လျှင် ၁၇၅ ယူရို (ကန်ဒေါ်လာ၂၀၀
ကျော်) အခွန်သတ်မှတ်ကာ ဒုတိယနှစ်တွင်
ယင်းထက်လျော့၍ ယူရို ၁၅၀ နှင့်တတိယနှစ်တွင်
၁၂၅ ယူရိုအခွန်သတ်မှတ်ကောက်ခံမည်ဖြစ်သည်။
နိုင်ငံရေး၊ လူ့အခွင့်အရေးကို ဦးတည်ထားသော အီးယူအဖွဲ့အစည်းသည် ယခုတစ်ကြိမ်တွင် အဖွဲ့ဝင်နိုင်ငံများ၏ ကိုယ်ကျိုး
စီးပွားကို ဦးတည်ခြင်းဖြစ်သည်။ အီးယူအဖွဲ့အတွင်း စပါးစိုက်ပျိုးသည့် အီတလီ၊ စပိန်နိုင်ငံတို့က GSP အခွင့် အရေးဖြင့်
တင်သွင်းလာသော ဆန်များနှင့် ယှဉ်ပြိုင်မရောင်းနိုင်ခြင်းက စတင်ခြဲ့ ခင်းဖြစ်ကြောင်း စီးပွားရေးလုပ်ငန်းရှင်အချို့က
ပြောသည်။
သွင်းကုန် အခွန်သက်သာခွင့်ကြောင့် GSP အခွင့်အရေးဖြင့် တင်သွင်းထားသောဆန်များက အီးယူအဖွဲ့ဝင်
ဆန်စားသုံးသည့်နိုင်ငံများတွင် ဈေးနှုန်းသက်သာသည့် အခွင့်အရေးကို ရယူနိုင်သည်ဟု ၎င်းတို့ကပြောသည်။ မြန်မာနိုင်ငံမှ
ဥရောပနိုင်ငံများသို့ ရောင်းချနေသည့် ဆန်ရှည်တစ်တန်ဈေးနှုန်းကို ကန်ဒေါ်လာ ၃၀၀ မှ ၃၅၀ အကြား သတ်မှတ်ထားရာ
အခွန်နှုန်းထပ်မံပေါင်းထည့်ပါက ရောင်းချနိုင်မည်မဟုတ်ကြောင်း မြန်မာနိုင်ငံဆန်စပါးအသင်းချုပ် ဗဟိုအလုပ်အမှုဆောင်
ဦးမျိုးသူရအေးကပြောသည်။ ဥရောပနိုင်ငံများသို့ မြန်မာနိုင်ငံမှ ဆန်၊ ပေါင်းဆန်နှင့် ဆန်ကွဲတစ်နှစ်လျှင် တန်ချိန်
လေးသိန်းမှ ငါးသိန်းအကြား တင်ပို့ရာတွင် အခွန်ပြန်ကောက်မည့် ဆန်အမျိုးအစားက တန်ချိန်တစ်သိန်းခန့်သာရှိသည်ဟု
မြန်မာနိုင်ငံဆန်စပါးအသင်းချုပ် တွဲဖက်အတွင်းရေးမှူး ဦးလူမော်မြင့်မောင်ကပြောသည်။ ၂၀၁၃ ကစတင်ပြီး
ခြောက်နှစ်ကြာခံစားခဲ့ရသော အီးယူ၏ အခွန်သက်သာခွင့် (GSP) ဆုံးရှုံးရခြင်းက မြန်မာ့ဆန်စပါးလောကအတွက်
ကာလတိုအတွင်း ကြီးမားသည့် အခက်အခဲမဖြစ်နိုင်ကြောင်း ပြည်ပသို့ဆန်တင်ပို့သူများကပြောသည်။ ပြည်ပဆန်တင်ပို့မှု

3 | TRADE INFORMATION & RESEARCH DIVISION/MYANMAR TRADE PROMOTION ORGANIZATION (MYANTRADE)


စံချိန်သစ်တင်ခြဲ့ ပီး နောက်တစ်နှစ်တွင် မြန်မာနိုင်ငံမှ ပြည်ပဆန်တင်ပို့မှုက လျော့ကျနေသည်။ ပြည်ပသို့ ဆန်တန်ချိန် ၂
ဒသမ ၅ သန်းခန့်သာ တင်ပို့နိုင်မည်ဟု မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်အဖွဲ့ဝင်အချို့က ကြိုတင်ခန့်မှန်းထားသည်။
နယ်စပ်မှ တရုတ်နိုင်ငံသို့ တင်ပို့နိုင်မှုလျော့ကျခြင်းက ပြည်ပဆန်တင်ပို့မှုကို ထိခိုက်စေသည်ဟု ၎င်းတို့ကပြောသည်။
အာဖရိကနိုင်ငံများ၊ အီးယူအဖွဲ့ဝင်နိုင်ငံအချို့နှင့် တရုတ်နိုင်ငံတို့က မြန်မာနိုင်ငံ၏ အဓိကပြည်ပဆန် တင်ပို့နေရသည့်
နိုင်ငံများဖြစ်သည်။ အရည်အသွေး အားနည်းသည့်ဆန်များကို အာဖရိကနိုင်ငံများသို့ အဓိကရောင်းချပြီး အရည်
အသွေးမြင့်ဆန်ကို အီးယူအဖွဲ့ဝင် နိုင်ငံအချို့သို့ ရောင်းချခဲ့သည်။ အီးယူအဖွဲ့ဝင်နိုင်ငံများသို့ ရောင်းချ နိုင်ခြင်းကလည်း
ကုန်သွယ်မှု အထူးအခွင့်အရေး ရရှိခြဲ့ ခင်းကြောင့်ဆိုသည်ကို ဆန်စပါးကဏ္ဍမှ ဦးဆောင်နေသူများက ပြောသည်။ ထို့အပြင်
တစ်နိုင်ငံချင်းစီ၏ အရည်အသွေးသတ်မှတ်ချက်မြင့်မားမှုက မြန်မာနိုင်ငံမှ တင်ပို့သောဆန်အရည်အသွေးကိုတိုးမြင့်စေ
သည်။ ပြည်ပသို့ ဆန်စတင်ပို့ခွင့်ရပြီး ဆယ်စုနှစ် တစ်ခုကျော်အထိ မြန်မာအခေါ် ၂၅ မှတ်ဧည့်မထဆန် အမျိုးအစားကိုသာ
အများဆုံးတင်ပို့နိုင်ခ့ေ
ဲ သာ မြန်မာနိုင်ငံအတွက် အီးယူ GSP က အရည်အသွေးပိုင်း မြှင့်တင်ရေးကူညီနိုင်ခ့သ
ဲ ည်။
ဈေးကွက်ရရှိလာခြင်းကြောင့် ဆန်စက်ပိုင်းဆိုင်ရာ အရည်အသွေး မြှင့်တင်လာနိုင်ပြီး စပါးကြိတ်ခွဲမှု အပိုင်းတွင်လည်း
လေလွင့်မှုနည်းအောင် ဆောင်ရွက်လာနိုင်သည်ဟု ဆန်စပါးကျွမ်းကျင်သူ အချို့ကဆိုထားသည်။
Source: http://www.7daydaily.com/story/147710

ထားဝယ်အထူးစီးပွားရေးဇုန် လုပ်ငန်းပြန်လည်စတင်နိုင်ရန် အီတာလျံ−ထိုင်းကုမ္ပဏီကို


မကြာမီလုပ်ကိုင်ခွင့်ပေးမည်
ထားဝယ်အထူးစီးပွားဇုန် ပြန်လည်စတင်နိုင်ရန် အီတာလျံ-ထိုင်းကုမ္ပဏီကို မကြာမီလုပ်ငန်း စတင်လုပ်ကိုင်ခွင့် (NTP)
ပေးရန် စီစဉ်နေကြောင်း ထားဝယ်အထူးစီးပွားရေးဇုန် စီမံခန့်ခွဲမှုကော်မတီ ဒုတိယဥက္ကဋ္ဌ ဒေါက်တာမြင့်ဆန်းကပြောသည်။
ထားဝယ်အထူးစီးပွားရေးဇုန် အကျယ်အ၀န်းဧက ၄၈,၀၀၀ (၁၉၆ စတုရန်းကီလိုမီတာ) မှ ဧက ၆,၆၀၀ ကျော် (၂၇ စတုရန်း
ကီလိုမီတာ) ကို လုပ်ကိုင်ခွင့် ပေးအပ်မည်ဖြစ်ပြီး စီမံကိန်းကိုးခု လုပ်ကိုင်ခွင့်ရမည်ဖြစ်သည်။ NTP ပေးဖို့ နောက်ဆုံး
ကျန်တဲ့ မြေငှားဖိှို့နေတာ ပြီးသေးဘူး။ ညှိနှိုင်းပြီးရင် ပေးသွားမယ်။ ကုမ္ပဏီက NTP ပေးပြီးလို့မှ မလုပ်နိုင်သေးဘူးဆိုရင်
မြေပြန်သိမ်းပါ့မယ်’’ဟု ဒေါက်တာမြင့်ဆန်းက ပြောသည်။
ထားဝယ်အထူးစီးပွားရေးဇုန်ကို ၂၀၀၈ တွင် စတင်ခြဲ့ ပီး မြေဧရိယာတစ်ခုလုံးကို အီတာလျံ-ထိုင်းကုမ္ပဏီက လုပ်ကိုင်ခွင့်
ရခဲ့သော်လည်း လုပ်ငန်းလုပ်ကိုင်နိုင်ခြင်းမရှိ၍ ကုမ္ပဏီနှင့်မြန်မာအစိုးရကြားညှိနှိုင်းကာ ၂၀၁၅ တွင် ဧက ၆,၆၀၀ သာ
ပေးရန် မြန်မာအစိုးရကဆုံးဖြတ်ခဲ့သည်။ လက်ရှိတွင် အထူးစီးပွားရေးဇုန် စီမံကိန်းစတင်နိုင်ရန် ထိုင်းနယ်စပ်မှ
အထူးစီးပွားရေးဇုန်သွားသည့် နှစ်လမ်းသွားလမ်းမကို အီတာလျံ-ထိုင်းကုမ္ပဏီအား ဖော်ဆောင်ခွင့်ပေးထားသည်။
ဘဏ္ဍာရေးအခက်အခဲကြောင့် စီမံကိန်းရပ်ဆိုင်းခဲ့သည့် ထားဝယ်အထူးစီးပွားရေးဇုန်ကို ၂၀၁၅ ဇူလိုင်တွင်
စီမံကိန်းပြန်လည်စတင်ရန် မြန်မာ-ထိုင်း-ဂျပန် သုံးနိုင်ငံ အစိုးရချင်းဆွေးနွေးပြီး၊ ဂျပန်အစိုးရက စီးပွားရေးဇုန်အပါအ၀င်
ထားဝယ်ဒေသဖွံ့ဖြိုးရေး ကန်ဒေါ်လာ သန်း ၈၀၀ ကျော်ထုတ်ချေးရန်သဘောတူခ့သ
ဲ ည်။
အီတာလျံ-ထိုင်းကုမ္ပဏီက ငွေကြေးမတတ်နိုင်ခြင်းကြောင့် ထားဝယ်အထူးစီးပွားရေးဇုန် အကောင်အထည်ဖော်ရန်
နှောင့်နှေးနေပြီး ကုမ္ပဏီကို အစားထိုးပါက လျော်ကြေးကန်ဒေါ်လာ သန်း ၁၃၀ ပေးရမည်ဟု စီးပွားရေးနှင့်
ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီးဦးအောင်ထူးကပြောထားသည်။
အရင်ချုပ်ထားတဲ့ စာချုပ်တွေကို ပြန်ဖျက်ရတာ ဥပဒေကြောင်းအရ ခက်ခဲပါတယ်။ ဒါကို ချိန်ဆပြီးစဉ်းစားနေရတယ်။
သဘောတူထားတာက အီတာလျံ-ထိုင်းက ကိုယ်ပိုင်ဆန္ဒအရ သူတို့ထွက်သွားရမယ်။ နောက်ကုမ္ပဏီက လက်လွှဲယူရမယ်။
ထိုစီမံကိန်းတွင် လမ်းခင်းရေးနှင့်ဒေသခံများ ပြန်လည်နေရာချထားရေး အီတာလျံ-ထိုင်းကုမ္ပဏီက ကန်ဒေါ်လာသန်း ၁၃၀
ကျော်ဖိုး ရင်းနှီးထားသည်ဟု ဦးအောင်ထူးကဆိုသည်။
Source: http://www.7daydaily.com/story/147709

4 | TRADE INFORMATION & RESEARCH DIVISION/MYANMAR TRADE PROMOTION ORGANIZATION (MYANTRADE)


စက်သုံးဆီအရည်အသွေးနှင့် အခြင်အတွယ်မမှန်သည့်ဆိုင်များကို ထောင်ခြောက်လထိချနိုင်သော
ဥပဒေဖြင့် အရေးယူမည်
ပုဂ္ဂလိက စက်သုံးဆီအရောင်းဆိုင်များတွင် ဆီသတ်မှတ်အရည်အသွေးနှင့် အခြင်အတွယ်ပြည့်ဝမှန်ကန်မှုမရှိပါက
ထောင်ဒဏ်၊ ငွေဒဏ်ချမှတ်နိုင်သော ဥပဒေဖြင့်အရေးယူမည်ဟု မြန်မာ့ရေနံထွက်ပစ္စည်းရောင်းဝယ်ရေးလုပ်ငန်း ဒုတိယ
ညွှန်ကြားရေးမှူး ဦးလရော်ကပြောသည်။
ရေနံနှင့်ရေနံထွက်ပစ္စည်းဆိုင်ရာ ဥပဒေပုဒ်မ ၃၁ ပုဒ်မခွဲ (င) အရ လိုင်စင်ရရှိသူ မည်သူမျှ ‘စံချိန် စံညွှန်း၊ အရည်အသွေးနှင့်
အခြင်အတွယ် ပြည့်ဝမှန်ကန်မှုမရှိသော ရေနံနှင့်ရေနံထွက်ပစ္စည်းများကို ဖြန့်ဖြူးရောင်းချခြင်း မပြုရဆိုသည့် တားမြစ်ချက်
အား ဖောက်ဖျက်ပါက ခြောက်လထက် မပိုသော ထောင်ဒဏ်ဖြစ်စေ၊ အနည်းဆုံး ကျပ်ငါးသိန်းမှ အများဆုံး ကျပ်သိန်း ၅၀
အထိ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်စလုံးဖြစ်စေ အရေးယူဆောင်ရွက်ခြင်းခံရမည်’ဟု ဖော်ပြထားသည်။
လက်ရှိတွင်မူ တစ်နိုင်ငံလုံးရှိ ပုဂ္ဂလိကစက်သုံးဆီများကို စစ်ဆေးနိုင်ရန် တိုင်းဒေသကြီးနှင့် ပြည်နယ်များ၌ ရေနံနှင့်
ရေနံထွက်ပစ္စည်းဆိုင်ရာလုပ်ငန်းများ ထိန်းသိမ်းကြီးကြပ်ရေးကော်မတီက Mobile Fuel Lab မော်တော်ယာဉ်မပါဘဲ
ရှောင်တခင်ဝင်ရောက်စစ်ဆေး၍ စက်သုံးဆီနမူနာများကို သက်ဆိုင်ရာဓာတ်ခွဲခန်းများသို့ပေးပို့ကာ ယခုထက် ပိုမိုတိုးချဲ့
စစ်ဆေးမည်ဖြစ်ကြောင်း ဦးလရော်ကပြောသည်။
Source: http://www.7daydaily.com/story/147696

Thura News Views


EU to reinstate duties on Myanmar and Cambodia rice
The European Commission(EU) has said it will reinstate duties on rice from Myanmar and
Cambodia to protect their own farmers. This comes after a surge in cheaper imports from the
Southeast Asian countries in recent years. “An investigation has confirmed a significant increase
of imports of Indica rice from Cambodia and Myanmar into the European Union that has caused
economic damage to European producers,” the Commission said in a statement, according to an
AFP story. “The European Commission has therefore decided today to re-introduce import duties
that will be steadily reduced over a period of three years”. Beginning last week, it said it is
applying a duty of 175 euros (US$ 200) per tonne of Indica in the first year. The duty will fall to
150 euros per tonne in the second year and 125 euros per tonne in the third. In an investigation
con-ducted last year, the Commission said it found that Indica rice imports from Myanmar and
Cambodia increased by 89 percent in the last five seasons. It was added that “prices were
substantially lower than those over the EU market”. As a result, European producers saw their
market share in the EU market fall from 61 percent to 29 percent, the report said.
Tourism bylaws to be released soon by the Ministry
Tourism bylaws setting out the rules and regulations for the industry could be released this
month by the Ministry of Hotels and Tourism. Parliament approved a new Tourism Law last year,
and since then has been working on the new by-laws. The changes include allowing tourism
businesses to apply for licences through the regional or state tourism committees. According to
an article in the Myanmar Times, those who want to operate guest houses will also be able to
apply for a three-year licence. “Tourism is a business that could be held back by too much
centralization, that is why regions and states will issue licences under the new law,” U Tint
Thwin, a retired director general from the ministry was quoted as saying.

5 | TRADE INFORMATION & RESEARCH DIVISION/MYANMAR TRADE PROMOTION ORGANIZATION (MYANTRADE)


Zingo raises funds for expansion across the region
Ko Shwe Ventures, the company behind the oral health product Zingo, has raised US$ 350,000 of
seed funding. The funding from international investors will be used to expand its products across
the region. According to an article in the Myanmar Times, the company has spent three years
conducting research and clinical trials for Zingo. The chewing gum and mouthwash is designed to
address the high amount of chewing betel nut across the country. The company will use the
latest funds to expand its presence in other parts of Southeast Asia. There are 600 million betel
users in the region which Zingo can target, the article said. Ko Shwe founder Mr Sam Glatman
said that the funds will allow Zingo to expand “in Myanmar and beyond, as well as [fund] further
product development”. In December, Zingo was awarded best in innovation for the Young
Entrepreneurs Awards 2018, by the French Chamber of Commerce in My-anmar.
Myanmar-focused investment fund to be launched
Singaporean firm Ascent Capital Partners has launched a private equity fund focusing on
Myanmar businesses in a range of sectors. Partners include a Myanmar firm, as well as a number
of other high-profile investors. The Ascent Myanmar Growth Fund (AMGF) will also include U
Aung Moe Kyaw, founder of Myanmar Distillery Co, Singaporean businessman Tony Chew,
Singapore’s state-run Temasek, JG Summit Holdings from the Philippines and the Asian
Development Bank (ADB). A report said that the fund will target Myanmar companies who
operate in the areas of education, financial services, healthcare, technology, media and
telecommunications. “These firms will be market leaders, or have the potential to be market
leaders in the future,” Mr Lim Chong Chong, founder and managing partner of Ascent Capital
Partners, was quoted as saying. “We aim to take the companies to the next level of growth such
as launching new products or services or expansion,” he said. The AMGF is aiming to spend
about US$ 100 million on between 10 and 15 investments.
Source: Thura Swiss News (Issue 349 Jan 17, 2019)

STOCK EXCHANGE (18.1.2019)

6 | TRADE INFORMATION & RESEARCH DIVISION/MYANMAR TRADE PROMOTION ORGANIZATION (MYANTRADE)


7 | TRADE INFORMATION & RESEARCH DIVISION/MYANMAR TRADE PROMOTION ORGANIZATION (MYANTRADE)

You might also like