You are on page 1of 54

- - - - - - - ကုမ္ပဏီလိမိတက်

October 26, 2012 1


ကိုယ်ရေးမှတ်တမ်း

ဤ လုပ်ငန်းခွင်အန္တရာယ်ကင်းရှင်းရေး လက်စွဲစာအုပ်ကို
လုပ်ငန်းခွင်အန္တရာယ်ကင်းရှင်းရေးအကြိုသင်တန်း
တက်ပြီးသူ အောက်ပါပုဂ္ဂိုလ်အား ထုတ်ပေးသည်။

အမည် : __________________________

မှတ်ပုံတင်နံပါတ် : __________________________

လူမျိုး : __________________________

ရာထူး : __________________________

လုပ်ငန်း : __________________________

ထုတ်ပေးရက်စွဲ : __________________________

ကုမ္ပဏီ / ဌာန : __________________________

လက်မှတ် : __________________________

ဆက်သွယ်ရန် နံပါတ် : __________________________

October 26, 2012 2


မာတိကာ

• ရည်မှန်းချက် ၅
• လုပ်ငန်းခွင် အကြိုသင်တန်း ၆
• သင့်တာဝန်များ ၇
• တာဝန်ဝတ္တရား နှင့် ပြစ်ဒဏ်များ ၈
• တစ်ကိုယ်ရေ ကာကွယ်ရေးပစ္စည်း ၉
• နံနက်ခင်း စည်းဝေးပဲမ
ျွား ၁၀
• လုပ်ငန်းခွင်အန္တရာယ်ကင်းရှင်းရေးကော်မတီစည်းဝေးပွဲ ၁၁
• အလုပ်လုပ်ခင
ွ့် လက်မှတ် ၁၂
• အမြင့်မှ လိမ့်မကျစေရန် ကာကွယ်ခြင်း ၁၃
• ဂွန်ဒိုလာ ၁၄
• Mast Climbing Work Platform (MCWP) ၁၅
• Mobile Elevated Work Platform (MEWP) ၁၉
• ယာဉ်အန္တရာယ်ကင်းဝေးရေး ၂၀
• ပြိုလဲကျခြင်းမှ ကာကွယ်ရေး ၂၁
• လျှပ်စစ်အန္တရာယ်ကင်းဝေးရေး ၂၃
• ကျွင်းများ၊ လိုဏ်များ အန္တရာယ်ကင်းဝေးရေး ၂၄
• မီးအန္တရာယ်ကင်းဝေးရေး ၂၆

October 26, 2012 3


မာတိကာ

• ၀န်ချီခြင်း ၂၇
• မှန်ကန်သောလက်သုံးကိရိယာများ သုံးစြွဲ ခင်း ၃၀
• လူအားဖြင့်မ,ခြင်း နှင့် ခါးနာခြင်းအန္တရာယ် ၃၄
• ၀န်ပိုမ,ခြင်း ၃၅
• လုပ်ငန်းခွင် သန့်ရှင်းရေး ၃၆
• ၀င်ပေါက် / ထွက်ပေါက်များ ၃၇
• ကလူကျီစယ်ခြင်း ၃၈
• အန္တရာယ်ကင်းရှင်းရေး သင်္ကေတများ ၃၉
• လုပ်ငန်းခွင်ကျန်းမာရေး ၄၁
• တစ်ကိုယ်ရေ သန့်ရှင်းရေး ၄၂
• ဆူညံသံ နှင့် ခန္ဓာကိုယ်အတွင်းရေခန်းခြောက်ခြင်း ၄၃
• ထိခိုက်ဒဏ်ရာရပါက သတင်းပို့ခြင်း ၄၄
• အန္တရာယ်တွေ့ပါက သတင်းပို့ခြင်း ၄၅
• အရေးပေါ်စီမံချက် ၄၆
• လုပ်ငန်းခွင် အန္တရာယ်ကင်းရေးသည် ပထမ ၅၃
• အမေး / အဖြေ ၅၄

October 26, 2012 4


ရည်မှန်းချက်

လုပ်ငန်းခွင် အန္တရာယ်ကင်းရှင်းရေးကို သတိမူ၊ နှလုံးသွင်း


တတ်လာခြင်းဖြင့် ကုမ္ပဏီ၏ ရည်မှန်းချက်ဖြစ်သော
မတော်တဆမှုကင်းသည့် လုပ်ငန်းခွင်တစ်ခု ဖြစ်လာစေရန်

October 26, 2012 5


လုပ်ငန်းခွင်အကြို ဘေးကင်းရေးသင်တန်း
၁။ လုပ်ငန်းမစမီ လုပ်ငန်းခွင်အကြိုဘေးကင်းရေးသင်တန်းတက်ကာ သင်တန်းတက်ပြီး
ကြောင်းသက်ဆိုင်ရာကုမ္ပဏီ၏ တံဆိပ်ကို သင့်ခမောက်တွင် ကပ်ထားပါ။

၂။ လိုအပ်သောစာရွက်စာတမ်းများ တင်ပြပါ။

၃။ လုပ်ငန်းမစမီ ကုမ္ပဏီ
စည်းမျဉ်းစည်းကမ်းများ၊
အရေးပေါ်ဆက်သွယ်ရမည့်
နံပါတ်များ၊ ၀င်ပေါက်
ထွက်ပေါက်များ စသည်တို့ကို
သိအောင်လုပ်ထားပါ။

၎။ သင်၏ လက်နက်ကိရိယာများ၊ ဓါတုဗေဒဆေးဝါးများ၊


သတ်မှတ်ထားသော ပစ္စည်းသိုလှောင်ရမည့်နေရာ
စသည်တို့ကို သင်၏ ကြီးကြပ်ရေးမှူးအား မြေးမြန်းပါ။

October 26, 2012 6


သင့်တာဝန်

ဥပဒေ ၊ နည်းဥပဒေများ

 သင်သည် အန္တရာယ်ကင်းလုပ်ထုံးလုပ်နည်းများကို ဆောင်ထားရန်


သော်လည်းကောင်း၊ လိုက်နာဆောင်ရွက်ရန်သော် လည်းကောင်း
လိုသည်။
 သင်သည် အန္တရာယ်မကင်းသော အပြုအမူဖြင့် သင့်ကိုယ်သင်
သော်လည်းကောင်း၊ သင့်အနီးရှိသူများအားသော်လည်းကောင်း
အန္တရာယ် တစုံတရာမဖြစ်စေသင့်။
 သိလျက်နှင့်သော်လည်းကောင်း၊ မသိဘဲလျက်သော်လည်းကောင်း
အခြားလက်နက်ကိရိယာများကို ကစားခြင်း၊ သုံးစြွဲ ခင်း မပြုရ။
 သင့်အားပေးထားသည့် လုပ်ငန်းခွင် အန္တရာယ်ကင်းဝတ်စုံ၊ အသုံး
အဆောင်များကို အမြဲဝတ်ဆင်ရမည်။

October 26, 2012 7


တာဝန်ဝတ္တရား နှင့် ပြစ်မှုပြစ်ဒဏ်များ

 သင်သည် လုပ်ငန်းခွင်အတွင်း ချမှတ်ထားသော စည်းမျဉ်း


စည်းကမ်းများကို မလိုက်နာ၊ ချိုးဖောက်ပါက ပြစ်ဒဏ်
ပေးခြင်း ခံရမည်။

October 26, 2012 8


တစ်ကိုယ်ရေ ကာကွယ်ရေး ပစ္စည်းများ
(PPE)

 သင့်တော်သည့် လုပ်ငန်းသုံးဝတ်စုံများ
ဝတ်ဆင်ပါ။

 အလုပ်သွားတိုင်း လုပ်ငန်းသုံးခမောက်အမာ
နှင့် အန္တရာယ်ကင်းရှူးဖိနပ်ကို ၀တ်ဆင်ပါ။

 ဆူညံသောနေရာများတွင် နားကြပ်တပ်ပါ။

 မြင့်သောနေရာများ၌ အလုပ်လုပ်လျှင်
အန္တရာယ်ကင်း ကိုယ်သိုင်းကြိုး ၀တ်ဆင်ပါ။

 ကျောက်စက်တိုက်ခြင်း၊ တူထုခြင်း၊ လွှစက်


ဖြင့်ဖြတ်ခြင်း၊ ခြစ်ခြင်း၊ ခေါက်ခြင်းတို့လုပ်လျှင်
အန္တရာယ်ကင်း မျက်မှန် ၀တ်ဆင်ပါ။

 အရာဝတ္ထုများကို ကိုင်တွယ်ခြင်း၊ သယ်


ဆောင်ခြင်းတို့လုပ်ရလျှင် လက်အိတ၀် တ်ပါ။
လည်ပတ်နေသောစက်ကိရိယာများ မောင်းနှင်
လျှင်မူ လက်အိတ်မ၀တ်ဘဲ နေနိငု ပ
်ါသည်။

တစ်ကိုယ်ရေသုံးပစ္စည်းများ အမြဲဝတ်ဆင်ပါ။

October 26, 2012 9


နံနက်ခင်း စည်းဝေးပွဲ

 နံနက်ခင်းစည်းဝေးပဲမ
ွှ လုပ်ငန်းခွင် အန္တရာယ်ကင်းရေးနှင့် ပတ်သက်သည့်
သတင်းအချက်အလက်များ၊ ကာကွယ်ရမည့် နည်းလမ်းများ၊ မတော်တဆမှု
သတင်းများ၊ ကုမ္ပဏီ၏ စည်းမျဉ်း စည်းကမ်းများ စသည်တို့ကို အလုပ်သမား
များ သတိပြုမိစေရန် ဖြန့်ဝေပေးသည်။
 မည်သူမဆို မပျက်မကွက်တက်ရောက်ရန် တာဝန်ရှိသည်။
 ပျက်ကွက်သူများကို အကြောင်းမကြားပဲ ဒဏ်ရိုက်မည်ဖြစ်သည်။

October 26, 2012 10


အန္တရာယ်ကင်းရေးကော်မတီ စည်းဝေးပွဲများ

 စီမံခန့်ခွဲရေးပိုင်းမှရော အလုပ်သမားများပါ ပါဝင်လျှက် အန္တရာယ်ကင်းရေး


ကော်မတီဖွဲ့ထားရမည်။
 အန္တရာယ်မကင်းသည့်အခြေအနေ၊ အပြုအမူများ၊ ကျန်းမာရေးဆိုင်ရာ
အန္တရာယ်များတွေ့ပါက သတင်းပို့ပြီး စည်းဝေးပဲတ
ွင် ဆွေးနွေးမည်။
 ပြင်းထန်သည့် ထိခိုကဒဏ်ရာရမှုဖြစ်ပါက စုံစမ်းစစ်ဆေးပြီး နောင် ဤသို့
မဖြစ်အောင် မည်သို့လုပ်မည်ကို အကြံပြုရမည်။

October 26, 2012 11


အလုပ်လုပ်ခွင့် လက်မှတ်

ဆောက်လုပ်ရေးလုပ်ငန်းမှ အန္တရာယ်များသော
အောက်ပါလုပ်ငန်းများအတွက် အလုပ်လုပ်ခင
ွ့်
လက်မှတ် လိုပါသည်။

 မီးဖြင့်လုပ်ရသောအလုပ်
 ကျင်း၊ ချိုင့်၊ တိုင်ကီများအတွင်း ၀င်ရောက်ခြင်း
 ပိင
ု ရ
် က
ိုြ် ခင်း
 တစ်မီတာခွဲ (၅ပေ) ထက်နက်သော မြေတူးခြင်း
 ၂ မီတာ (၆ပေခဲ)ွ ထက်မြင့်သော
နေရာတွင် အလုပ်လုပ်ခြင်း
 ၀န်ချီခြင်း
 အဆောက်အဦ ဖြိုဖျက်ခြင်း
 ဥမင်လိုဏ်ခေါင်းတူးခြင်း

 အလုပ်မလုပ်မီ ဖိုမင်၊ ကြီးကြပ်ရေမှူး တို့သည် လုပ်ငန်းခွင်အန္တရာယ်ကင်းရှင်းရေး


စစ်ဆေးသူ မှ တဆင့် အလုပ်လုပ်ခငွ့်လက်မှတ်ကို စီမံကိန်းမန်နေဂျာထံ
လျှောက်ထားရမည်။

 မသိလျှင် လုပ်ငန်းခွင်အန္တရာယ်ကင်းရှင်းရေးအရာရှိထံ ချဉ်းကပ် အကူအညီ


တောင်းနိုင်ပါသည်။

October 26, 2012 12


အမြင့်မှ ပြုတ်မကျစေရန် ကာကွယ်ခြင်း

• ချိတ် - ချိတ်ထားပါ၊ ပြုတ်မကျစေနဲ့။

• ကိုယ်သိုင်းကြိုးကို သေသေချာချာဝတ်ပါ။

October 26, 2012 13


အမြင့်မှ ပြုတ်မကျစေရန် ကာကွယ်ခြင်း

October 26, 2012 14


အမြင့်မှ ပြုတ်မကျစေရန် ကာကွယ်ခြင်း

October 26, 2012 15


အမြင့်မှ ပြုတ်မကျစေရန် ကာကွယ်ခြင်း

October 26, 2012 16


ဂွန်ဒိုလာ (Gondola) အား
အန္တရာယ်ကင်းစွာ အသုံးပြုခြင်း

 ဂွန်ဒိုလာအား ဖမ်းထားမည့် နေရာတို့အတွက် လက်မှတ်ရအင်ဂျင်နီယာ


တွက်ချက်ထားသော ဒီဇိုင်းစာရွက် ယူထားပါ။

 ဂွန်ဒိုလာတပ်ဆင်ခြင်းအတွက် လက်မှတ်ရ တပ်ဆင်သူအား


လက်မှတ်ရကြီးကြပ်သူ၏ ကြီးကြပ်မှုအောက်တွင် တပ်ဆင်စေရမည်။

 ဂွန်ဒိုလာအား စနစ်တကျ သင်တန်းပေးထားသူအားသာ မောင်းနှင်


စေရမည်။ ၎င်းသည် အရေးပေါ်ကြုံလာပါက မည်ကဲ့သို့ပြုလုပ်ရမည်ကို
သိနေရမည်။

October 26, 2012 17


Mast Climbing Working platform
(MCWP)

 Mast Climber မတပ်ဆင်မီ လက်မှတ်ရအင်ဂျင်နီယာ တွက်ချက်ထားသော


ဒီဇိုင်းစာရွက် ယူထားပါ။

 Mast Climber တပ်ဆင်ခြင်းအတွက် လက်မှတ်ရတပ်ဆင်သူအား


လက်မှတ်ရကြီးကြပ်သူ၏ ကြီးကြပ်မှုအောက်တွင် တပ်ဆင်စေရမည်။

 Mast Climber အား စနစ်တကျ သင်တန်းပေးထားသူအားသာ မောင်းနှင်


စေရမည်။

 ပြုတ်ကျခြင်းမှ ကာကွယ်ပေးမည့် ကိရိယာတပ်ဆင်ထားရမည်။

 မောင်းနှင်သူတစ်ဦးလျှင် အသက်ကယ်ကြိုးတစ်ချောင်းစီ
တပ်ဆင်ပေးထားရမည်။

October 26, 2012 18


Mobile Elevated Work Platforms
(MEWP) Scissor Lift/Boom Lift

• မှန်ကန်သော အရွယ်အစားနှင့် ပုံသဏ္ဍာန်ရှိသည့် MEWP ကိုရွေးပါ။


• သုံးမည့်သူအား သင်တန်းပေးပါ။
• သုံးနေသည့် MEWP အတွက် သက်တမ်းမကုန်သေးသည့် လက်မှတ်
ရှိပါစေ။
• သုံးမည့်သူသည် နေ့စဉ်စစ်ဆေးသည့်ပုံစံကို ဖြည့်ရပါမည်။
• စက်ကိုသုံးသည့်အခါ ကိုယ်သိုင်းကြိုးကို ၀တ်ဆင်ပါ။
• လမ်းပေါ်၌ အလုပ်လုပ်ရသည့်အခါ လမ်းစည်းကမ်းများကို
လိုက်နာပါ။
• အများပြည်သူသုံးလမ်းများပေါ်တွင်ဖြစ်စေ၊ ရှုပ်သည့်နေရာများတွင်
ဖြစ်စေ အချက်ပြတစ်ယောက်ထားပါ။
• စက်ကို ပုံမှန်ပြုပြင်ထိန်းသိမ်းမှု လုပ်ပေးပါ။

October 26, 2012 19


မော်တော်ယာဉ်အန္တရာယ် ကင်းဝေးရေး

15

• လုပ်ငန်းခွင်အတွင်း
သတ်မှတ်ထားသော
အမြန်နှုံးကို လိုက်နာပါ။

• နောက်ပြန်ဆုတ်လျှင် သတိထားပါ။
• ရှုပ်သောနေရာများတွင် အချက်ပြတစ်ဦး
ထားပါ။

• ဖရိုဖရဲတင်ထားသော • တင်ထားသည့်ပစ္စည်းများကို
ပစ္စည်းများနှင့် မည်သည့်အခါမှ သေသေချာချာ ချည်နှောင်ပါ။
ကားကို မရွှေ့ပါနှင့်။

October 26, 2012 20


ပြိုလဲခြင်းမှ ကာကွယ်ရေး

• မ,နိုင်သောဝန် (SWL) ထက်


မည်သည့်အခါမှ မပိုပါစေနှင့်။

• Outriggers များကို အပြည့်


ဆန့်ထုတ်ပါ။
• အောက်ခံပြားများ အမြဲသုံးပါ။

• ငြမ်းကို မည်သည့်အခါမှ မပြင်ပါနှင့်။


• ငြမ်းဆင်လျှင်ငြမ်းဆင်သည့်အဖဲ့ေ
ွ ခါင်းဆောင်ကိုသာ ကြီးကြပ်ပါစေ။
• Form Work ဆင်လျှင် Form Work ခေါင်းဆောင်ကိုသာ ကြီးကြပ်
ပါစေ။
October 26, 2012 21
ပြိုလဲခြင်းမှ ကာကွယ်ရေး

• တူးထားသောမြောင်းများအတွင်း
မဆင်းမီ မြောင်းနံရံများကို
သေချာစွာ ထောက်ကန်ထား
သလား စစ်ဆေးပါ။
• ၄ မီတာ (၁၃ပေ) ထက်နက်သော
မြောင်းများအတွက် လက်မှတ်ရ
အင်ဂျင်နီယာ၏ တွက်ချက်မှု
လိုအပ်ပါသည်။

• ငြမ်းစင်အနီး မည်သည့်အခါမှ မြေမတူးရ။


• မြေအောက်တွင် မီးကြိုးရှိမရှိ စစ်ဆေးမှု အစီရင်ခံစာယူပါ။
• လက်မှတ်ရှိသူကိုသာ မြေတူးစက်မောင်းပါစေ။
• မြောင်းကိုစောင့်ကြည့်ရန်၊ ရာသီဥတုဆိုးပါက စစ်ဆေးရန်
တစ်ယောက်ယောက်ကို တာဝန်ပေးထားပါ။
October 26, 2012 22
လျှပ်စစ်အန္တရာယ် ကင်းဝေးရေး

• သုံးသည့်အခါတိုင်း စစ်ဆေးပါ။
• ပျက်စီးချို့ယွင်းနေသည့် ပစ္စည်းများကို
မသုံးပါနှင့်။

• လျှပ်စစ်သွယ်တန်းခြင်း၊
တပ်ဆင်ခြင်းတို့ကို မသိဘဲ
ရမ်းမလုပ်ပါနှင့်။

• စစ်ဆေးပြီးကြောင်း အာမခံချက်ရှိသည့်
ပစ္စည်းများကိုသာ သုံးပါ။

October 26, 2012 23


တိုင်ကီ၊ ကတုတ်ကျင်း၊ မြေအောက်လိုဏ်များ

• လက်မှတ်ရှိ၊ အာဏာရစစ်ဆေးသူက ဓါတ်ငွေ့တည်ရှိမှုအခြေအနေကို


စစ်ဆေးပြီး ၀င်ခွင့်လက်မှတ်ထုတ်မပေးမချင်း ကွန်ဖိုင်းစပေ့စ်အတွင်း
သို့ မ၀င်ရပါ။
• အရေးပေါ်ကယ်ဆယ်ရေးအစီအမံများ ထားရှိရမည်။

October 26, 2012 24


မီးအန္တရာယ်ကာကွယ်ရေး

 ဓါတ်ငွေ့အိုးများမှ ဓါတ်ငွေ့ယိုစိမ့်မှုရှိမရှိ စစ်ဆေးပါ။

 ဂဟေဆော်ခြင်း။ ဖြတ်ခြင်းများလုပ်လျှင်
မီးပွားများ လွင့်စဉ်ခြင်းမရှိအောင် ကာရံထားပါ။

October 26, 2012 25


မီးအန္တရာယ်ကာကွယ်ရေး

 မီးလောင်စေတတ်သည့်ပစ္စည်းများကို မီးပွားထွက်မည့်
နေရာမှ ဝေးဝေးထားပါ။

 သတ်မှတ်ထားသောနေရာတွင်သာ ဆေးလိပ်သောက်ပါ။
 စီးကရက်တိုများကို စနစ်တကျစွန့်ပစ်ပါ။
တွေ့ကရာ မပစ်ပါနှင့်။
October 26, 2012 26
ဝန်ချီခြင်း

 လူများပေါ်မှဖြတ်ကျော်၍ ၀န်ချီ၊ ၀န်မခြင်း မလုပ်ရ။

 ၀န်ချီခြင်းကို ၀န်ချီအဖွဲ့
ကသာ ပြုလုပ်ရမည်။
 သက်တမ်းရှိလက်မှတ်ရှိသော ၀န်ချီကိရိယာများကိုသုံးပါ။
 လစဉ်စစ်ဆေးမှု အရောင်ဖော်ပြထားရမည်။
 ၀န်ချီကိရိယာများကို မသုံးမီ စစ်ဆေးပါ။
October 26, 2012 27
ဝန်ချီခြင်း

Load Chart

Radius Range

 ၀န်ချီရန် အစီအစဉ်ရေးဆွဲပါ။ တည်ဆဲဥပဒေများနှင့်


ညီညွတ်ပါစေ။
 မှန်မှန်ကန်ကန် အချက်ပြပါ။
 စကားပြောစက်သုံးပြီး ဆက်သွယ်ပါ။
 ၀န်ချီခွင့်လက်မှတ် လျှောက်ထားပါ။
 ကရိန်းရပ်မည့်နေရာကို လက်မှတ်ရ အင်ဂျင်နီယာက
စစ်ဆေးရမည်။
 အန္တရာယ်ကင်းစွာဝန်မခြင်း အစီအစဉ်ကို လိုက်နာပါ။
 ရာသီဥတု ဆိုးဝါးနေလျှင် ၀န်ချီခြင်း မပြုရ။

October 26, 2012 28


မှန်ကန်သော လက်နက်ကိရိယာများကိုသာ
အသုံးပြုခြင်း

 လက်နက်ကိရိယာများ
အား မှန်မှန်ကန်ကန်
မည်ကဲ့သို့ သုံးရမည်ကို
သိထားရမည်။
 မသိလျှင် မေးပါ။
 ရမ်းမလုပ်ပါနှင့်။

October 26, 2012 29


မှန်ကန်သော လက်နက်ကိရိယာများကိုသာ
အသုံးပြုခြင်း

 စက်မှအကာပြားများကို ဖြုတ်ခြင်း၊
ပြုပြင်ပြောင်းလဲခြင်း မလုပ်ပါနှင့်။

 စက်ကိုမသုံးမီ လည်ပတ်၊ ရွေ့လျားနေသောအပိုင်းမှ


အကာပြားများသည် နေရာတကျ ရှိပါစေ။

October 26, 2012 30


လက်နက်ကိရိယာများသည်
ကောင်းမွန်နေပါစေ

 အသုံးပြုသည့်အခါတိုင်း လက်နက်ကိရိယာများကို
စစ်ဆေးပါ။

 ပျက်စီးချို့ယွင်းနေသော လက်နက်ကိရိယာများရှိလျှင်
ကြီးကြပ်သူကို သတင်းပို့ပါ။
October 26, 2012 31
အရေးပေါ် ရပ်တန့်ရန် လိုအပ်ချက်

 မိမိအသုံးပြုနေသော စက်ပစ္စည်းကိရိယာအားလုံးအား
အရေးပေါ်အခြေအနေတွင် မည်ကဲ့သို့ ရပ်တန့်ရမည်ကို
သိနေပါစေ။

October 26, 2012 32


သင့် ကျောရိုးနှင့် ခါးကို ဂရုစိုက်ပါ

 အလွန်ကြီးမားလေးလံသော ပစ္စည်းများကို မ,ဘို့


မကြိုးစားပါနှင့်။

 မ,သည့်အခါ၊ ချသည့်အခါများတွင် ဒူးကိုကွေးပါ။


 မြဲမြဲမြံမြံ ကိုင်တွယ်ပါ။ ပစ္စည်းအား ကိုယ်နှင့်နီးနီးထားပါ။
 မ,ထားစဉ် ကိုယ်ကို မလှည့်ပါနှင့်။ ခြေထောက်များဖြင့်သာ
လှည့်ပါ။
October 26, 2012 33
သင့် ကျောရိုးနှင့် ခါးကို ဂရုစိုက်ပါ

 အလွန်ကြီးမားလေးလံသော ပစ္စည်းများကို
ဖောက်ကလစ် စသော စက်ကိရိယာများဖြင့်သာ မ,ပါ။

 ကြီးမားလေးလံသော ပစ္စည်းများကို မ, ရန်


အကူအညီ ရယူပါ။

October 26, 2012 34


မ,နိုင်ချေထက် ပို မ,ခြင်းကို ရှောင်ကြဉ်ပါ

 ငြမ်းစင်များ၊ မော်တော်ယာဉ်များနှင့် စင်များပေါ်တွင်


ခံနိုင်ရည်ထက်ပိုသောဝန်များ မတင်ပါနှင့်။

October 26, 2012 35


သန့်ရှင်းသပ်ယပ်သော လုပ်ငန်းခွင်

 ပျဉ်ပြား၊ သစ်သားချောင်းများမှ သံများကို နှုတ်ထားပါ။

 သန့်ရှင်းသပ်ယပ်သော လုပ်ငန်းခွင်သည် အန္တရာယ်


ကင်းသော အလုပ်ခွင်ဖြစ်၏။ ခလုတ်မတိုက်နိုင်။
မီးဘေးအန္တရာယ်မရှိနိုင်။
October 26, 2012 36
ဝင်ပေါက်၊ ထွက်ပေါက်

 သတ်မှတ်ထားသော ၀င်ပေါက်၊ ထွက်ပေါက်၊


လှေခါး စသည်တို့ကိုသာ သုံးပါ။
 ဖြတ်လမ်းမသုံးပါနှင့်။

October 26, 2012 37


ကလူကျီစယ်ခြင်း မပြုပါနှင့်

 ကလူကျီစယ်ခြင်းသည် အန္တရာယ်ရှိ၏။
 မိမိအပြုအမူသည် မိမိအတွက်ရော
သူတစ်ပါးအတွက်ပါ အန္တရာယ်ကင်းပါစေ။

October 26, 2012 38


သင်္ကေတများ၊ အမှတ်အသားများ

October 26, 2012 39


သင်္ကေတများ၊ အမှတ်အသားများ

နှာခေါင်းစွပ် ၀တ်ပါ။ နားကြပ်ဝတ်ပါ။

မီးသတ်ဘူး မျက်နှာအကာဝတ်ပါ။

ထွက်ပေါက် မျက်မှန်တပ်ပါ။

လက်အိပ်စွပ်ပါ။ ကိုယ်သိုင်းကြိုးဝတ်ပါ။

 အန္တရာယ်ရှိသောနေရာများကို ဖြူနီတိပ်ဖြင့် ကာရံထားပါ။


October 26, 2012 40
လုပ်ငန်းခွင် ကျန်းမာရေး

အသက်ရှူအထောက်အကူပြု
ကိရိယာ

 အကြားအာရုံ စစ်ဆေးသည့် စီမံချက် ရေးဆဲထ


ွားပါ။
ဆူညံသောနေရာများတွင် အလုပ်လုပ်ရလျှင် နားကြပ်ဝတ်ပါ။
အလုပ်လုပ်ခြင်းကြောင့် နားလေးခြင်းမဖြစ်အောင် ဂရုစိုက်ပါ။
အကြားအာရုံကို ပုံမှန်စစ်ဆေးပါ။
 အသက်ရှူလမ်းကြောင်း ကာကွယ်ရေးစီမံချက် ရေးဆဲထ
ွားပါ။
အန္တရာယ်ဖြစ်နိုင်ချေ နှင့် ကာကွယ်ရမည့် နည်းလမ်းများကို
စူးစမ်းခြင်းဖြင့် အသက်ရှုအင်္ဂါအဖဲအ
ွ့ စည်းကို ကာကွယ်ပါ။
 မှန်ကန်သော အသက်ရှူအထောက်အကူပြုကိရိယာကို ရွေးချယ် ၀တ်ဆင်ပါ။

October 26, 2012 41


တစ်ကိုယ်ရေ သန့်ရှင်းရေး

 လုပ်ငန်းခွင်အတွင်း၌ အစာမစားပါနှင့်။

 အိမ်သာတက်ပြီးတိုင်း လက်ကိုစင်ကြယ်စွာ ဆေးပါ။


 စားသောက်ခြင်းမပြုမီ၊ ဆေးလိပ်မသောက်မီ
လက်ကို စင်ကြယ်စွာဆေးပါ။

October 26, 2012 42


ဆူညံသံ နှင့် ခန္ဓာကိုယ်တွင်း ရေဓါတ်ဆုံးရှုံးခြင်း

 ဆူညံသောအလုပ်များအတွက် နားကြပ်စသည့်
နားအကာအကွယ်များ ၀တ်ဆင်ပါ။

 နေပူထဲ၌ အလုပ်လုပ်ရလျှင်၊ ရာသီဥတုပူပြင်းလျှင်


ရေများများသောက်ပေးပါ။

October 26, 2012 43


ဒဏ်ရာ၊ အနာတရဖြစ်မှုများအား သတင်းပို့ခြင်း

 ထိုခိုက်ဒဏ်ရာရလျှင် သတင်းပို့ပါ။
 သင့်တော်သည့် ဆေးကုသမှု ခံယူပါ။
 မည်သူ့ကိုမှ အပြစ်မတင်ပါနှင့်။

October 26, 2012 44


အန္တရာယ်ရှိသော အခြေအနေတွေ့ပါက
သတင်းပို့ခြင်း

 အန္တရာယ်ရှိသည့်အခြေအနေတွေ့လျှင် သတင်းပို့ပါ။
 နောင် ဤကဲ့သို့မဖြစ်စေရန် သင်ခန်းစာယူပါ။
 မည်သူ့ကိုမှ အပြစ်မတင်ပါနှင့်။

October 26, 2012 45


အန္တရာယ်ရှိသော အခြေအနေတွေ့ပါက
သတင်းပို့ခြင်း

 အပြင်းအထန် ဒဏ်ရာရခြင်း  အပြင်းအထန် နာမကျန်းဖြစ်ခြင်း

 မီးဘေးအန္တရာယ်  မတော်တဆမှု

October 26, 2012 46


မီးအန္တရာယ် ကာကွယ်ရေး

 အိမ်၌သော်လည်းကောင်း၊ အလုပ်၌သော်လည်းကောင်း
မီးလောင်ခြင်းကို တွေ့ရပါက အထိတ်တလန့်မဖြစ်ပါနှင့်။
 မီးလောင်ပြီဆိုရင် ဒါလေးတွေလုပ်ဖို့ သတိရပါ။
၁။ ရှိသမျှလူအားလုံး အပြင်ကို ထွက်ခိုင်းပါ။
၂။ မီးမပြန့်နိုင်အောင် တံခါးတွေကို ပိတ်လိုက်ပါ။
၃။ မီးသတ်ဌာနကို အကြောင်းကြားပါ။
၎။ နိုင်မယ်ဆိုရင် မီးကိုငြိမ်းသတ်ပါ။ မနိုင်ဘူးဆိုရင်တော့
ဘေးလွတ်ရာကို အမြန်ဆုံးထွက်ခွာသွားပါ။
October 26, 2012 47
မီးသတ်ဘူး အသုံးပြုနည်း

 မီးကို မှန်မှန်ကန်ကန် ထိထိရောက်ရောက် ငြိမ်းသတ်နိုင်ရန်


အောက်ပါအတိုင်း အဆင့်ဆင့်လုပ်ပါ။
၁။ မီးသတ်ဘူးကို ထောင်လိုက်အနေအထား ကိုင်ထားပါ။
၂။ အထိန်းပင်ကို ဆွဲနှုတ်ပါ။
၃။ နော်ဇယ်ကို မီးလောင်ရာ အောက်ခြေသို့ ဦးတည်ထားပါ။
၎။ အန္တရာယ်ကင်းစေရာ မီးရှိရာမှ ၁ မီတာ၊ သို့မဟုတ် ၁.၅
မီတာ (၃ ပေမှ ၅ ပေ) အကွာမှ ငြိမ်းသတ်ပါ။
၅။ လက်ကိုင်မှ လီဗာကို ဆွဲညှစ်ပါ။
၆။ မီးအားအုပ်မိစေရန် နော်ဇယ်ခေါင်းကို ဘယ်ညာရမ်းပါ။
October 26, 2012 48
မီးသတ်ကိရိယာများအကြောင်း လေ့လာထားပါ

အရေးပေါ်ထွက်ပေါက်  မီးပြတ်သွားလျှင်သော်မှ
ရောင်ပြန်ဖြင့် လင်းနေသည်။
 အထဲရှိလူများအား ထွက်ပေါက်
ကို ညွှန်ပြပေးသည်။
 တစ်နှစ်တစ်ကြိမ် စမ်းသပ်ရမည်။

မီးသတ်ရေပိုက်ခေါင်း

 ဤမီးသတ်ပိုက်ကို မီးငြိမ်းသတ်ရန်
အတွက်သာ သုံးရမည်။
 နှစ်စဉ်စစ်ဆေးပြီး ပြုပြင်ထိန်းသိမ်း
ရမည်။

မီးအချက်ပေးခလုတ်
 မီးလောင်နေကြောင်း
အချက်ပေးရန် သုံးနိုင်သည်။
 အသုံးပြုရန် မှန်ကိုခဲပ
ွါ။
 နှစ်စဉ်စမ်းသပ်စစ်ဆေးပါ။

October 26, 2012 49


မီးသတ်ကိရိယာများအကြောင်း လေ့လာထားပါ

မီးအချက်ပေးခေါင်းလောင်း
 မီးအချက်ပေးကိရိယာနှင့်
ချိတ်ဆက်ထားသည်။
 နှစ်စဉ် စမ်းသပ်စစ်ဆေးရမည်။

မီးသတ်ရေပိုက်ခေါင်း

 မည်သည့်ပစ္စည်းနှင့်မှ ကာဆီး
ပိတ်ဆို့မနေစေရ။
အမြဲလမ်းရှင်းထားရမည်။
 နှစ်စဉ် စမ်းသပ်စစ်ဆေးရမည်။

မီးသတ်ဘူး

 မည်သည့်ပစ္စည်းနှင့်မှ ကာဆီး
ပိတ်ဆို့မနေစေရ။
အမြဲလမ်းရှင်းထားရမည်။
 ထင်သာမြင်သာနေရာ၌ ထားရမည်။
 နှစ်စဉ် ပြုပြင်ထိန်းသိမ်းရမည်။

October 26, 2012 50


အရေးပေါ်အခြေအနေအစီအစဉ်ကို လေ့လာထားပါ

အရေးပေါ်ခေါင်းလောင်း
အဆက်မပြတ်မည်လာပြီဆိုလျှင်
အောက်ပါတို့ကို လိုက်နာပြုလုပ်ပါ။

 မီးသတ်ကို အကြောင်းကြားပါ။

 စက်ကိရိယာအားလုံးကို ပိတ်ပါ။

 ကားမောင်းလာပါက
ကားကိုရပ်ပြီး စက်သတ်ပါ။

 အရေးပေါ်စုရပ်သို့ သွားပါ။

October 26, 2012 51


အရေးပေါ်စုရပ်

 အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့ခေါင်းဆောင်၏
ညွှန်ကြားချက်အတိုင်း လိုက်နာပါ။

 အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့

 အရေးပေါ်စုရပ်သို့ သွားပါ။
October 26, 2012 52
အန္တရာယ်ကင်းရေးသည် ပထမ

အန္တရာယ်ကင်းဘို့ဆိုတာ
ငါက စတယ်။

 ဘေးအန္တရာယ်ကင်းဘို့ဆိုတာ သင့်လက်ထဲမှာရှိတယ်။

 သင့်မိသားစုဟာ သင့်ကို လိုအပ်တယ်။

October 26, 2012 53


အမေးအဖြေ ကဏ္ဍ

October 26, 2012 54

You might also like