You are on page 1of 8

အန်စီအေ အလုပ် ဖြစ်နေသလား

BNI-MPM (Hnin Ko)

မြန်မာ့ငြိမ်းချမ်းရေးဖြစ်စဉ်တစ်ခုလုံး၏ သမိုင်းဝင်အခြေခံအုတ်မြစ်အဖြစ် မှတ်တမ်းပြုထားခဲ့သည့် တစ်နိုင်ငံလုံး


ပစ္ခတ္တုိက္ခုိက္မႈ ရပ္စေ
ဲ ရးသဘောတူစာချုပ် (Nationwide Ceasefire Agreement-NCA)ကို ဦးသိန်းစိန် အစိုးရနှင့်
တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ (၈)ဖွဲ့အကြား ၂၀၁၅ခုနှစ် အောက်တိုဘာလ ၁၅ရက်တွင် လက် မှတ် ရေးထိုးခဲ့သည်။ အခန်း
(၇)နှင့် အပိုဒ် (၃၃)ပိုဒပ
်ါသော NCA အတွက် အစိုးရနှင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ (၁၇)ဖွဲ့ အကြား (၁၇)လကြာ
ဆွေးနွေးညှိုနှိုင်းခဲ့ရပြီး အမှန်တကယ်လက်မှတ်ရေးထိုးကြချိန်တွင် တော့ အဖွဲ့ (၈)ဖွဲ့ ကသာ လက်မှတ်ရေးထိုးခဲ့ သည့်အတွက်
NCA အစား 8-CA ဟု ဝေဖန်ခ့သ
ဲူများပင် ရှိခ့သ
ဲ ည်။ စစ်ရေး၊ တိုင်းရင်းသားအရေးလေ့လာ သုံးသပ်သူများ၏ အဆိုအရ NCA
တွင်ပါဝင် လက်မှတ် ရေးထိုးကြသော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့(၈)ဖွဲ့ ၏ တပ်အင်အားသည် မြန်မာပြည်တွင်းရှိ
အမှန်တကယ် လက်နက်ကိုင် အဖွဲ့ အစည်းအားလုံး၏ (၂၀)ရာခိုင်နှုန်း ခန့်သာ ရှိနိုင်ကြောင်း တွက်ဆကြပါသည်။

BNI-Myanmar Peace Monitor


https://www.mmpeacemonitor.org/ 1
မည်သ့ပ
ို င်ဖြစ်စေ ၂၀၁၅ခုနှစ် ဒီဇင်ဘာလအတွင်း ကျင်းပသော ပြည်ထောင်စုလွှတ်တော်တွင် ကန့်ကွက်သူမရှိ
အတည်ပြုခဲ့သည့် NCA သည် စစ်ရေးပဋိပက္ခများအား နိုင်ငံရေးနည်းဖြင့် တွေ့ဆုံဆွေးနွေးညှိုနှိုင်းကာ အဖြေ ရှာနိုင်ရေး
တံခါးပေါက်တစ်ခု ဖြစ်လာခဲပ
့ါသည်။

NCA အရ စစ်ဘက်ဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် စစ်ဘက် ဆိုင်ရာ ကျင့်ဝတ်များကို လိုက်နာမှုရှိစေရန်အ တွက်


ပစ္ခတ္တုိက္ခုိက္မႈရပ္စေ
ဲ ရးဆုိင္ရာ ပူးတြေ
ဲ စာင့်ကြည့်ရေးကော်မတီ(Joint Monitoring Committee-JMC) ကို
တပ်မတော်ဘက်နှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တို့မှ နှစ်ဖက်ကိုယ်စားလှယ်များ နှင့်အတူ ၎င်းတို့ခန့်အပ်သော အရပ်သား
ကိုယ်စားလှယ်များပါထည့်သွင်းကာ ဖွဲ့ စည်းခဲ့သည်။ ထို့အပြင် ငြိမ်းချမ်းရေးဖြစ်စဉ်ကြီးတစ်ခုလုံးကို အကောင်အထည် ဖော်နိုင်
ရေးအတွက် အားလုံးပါဝင်သည့် နုင
ိ င
်ေ
ံ ရးဆွေးနွေးပွမ
ျဲားကျင်းပနုင
ိရန် ပြည်ထောင်စုငြိမ်းချမ်းရေးဆွေးနွေးမှု ပူးတွေ
ဲ က်ာမတီ
(Union Peace Dialogue Joint Committee-UPDJC) ကိုလည်း ဖွဲ့ စည်းခဲ့သည်။

တစ်ဆက်တည်းတွင် NCA လက်မှတ်ရေးထိုးထားသော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများအနေဖြင့်


သက်ဆိုင်ရာအပစ်ရပ်နယ်မြေများအတွင်း ပညာရေး၊ ကျန်းမာရေး၊ လူမှုရေး၊ စီးပွားရေး၊ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး၊
တိုင်းရင်းသားလူမျိုးများ၏ ဘာသာစကား၊ စာပေနှင့် ယဉ်ကျေးမှုထိန်းသိမ်းမြှင့်တင်ရေး၊ ဒေသ ဆိုင်ရာ တည်ငြိမ်အေးချမ်းရေးနှင့်
တရားဥပဒေစိုးမိုးရေး၊ ဒေသဖွံ့ ဖြိုးရေးနှင့် မူးယစ်ဆေးဝါးတိုက်ဖျက်လုပ်ငန်း များအတွက် နှစ်ဖက်ပူးပေါင်းဆောင်ရက
ွ်ကြရန်ဆို
သည့် အချက်လည်း NCA စာချုပ်တွင် ပါဝင်လက်မှတ်ရေးထိုး ခဲ့ကြသည်။

ချုပ်၍ဆိုရသော် အခန်း(၇)ခန်းနှင့် အပိုဒ(် ၃၃)ပိုဒ်ပါ NCA သည် မြန်မာပြည်တွင်း စစ်ရေးပဋိပက္ခများရပ်ဆိုင်းပြီး


အမှန်တကယ်ငြိမ်းချမ်းရေးရရှိရေးအတွက် တံခါးပေါက်တစ်ခုဟုဆိုနိုင်သော်လည်း မြန်မာနိုင်ငံအတွင်း တိုက်ပွဲပဋိပက္ခများ
အမှန်တကယ်ရပ်ဆိုင်းသွားခဲ့သလား၊ ပြည်တွင်းစစ်ကြောင့် နေရပ်စွန့်ခွာထွက်ပြေးကြရသော စစ်ဘေးသင့်သူများ (IDPs)
အနေဖြင့် နေရပ်ပြန်နိုင်ကြပြီလား၊ စစ်ပွဲအတွင်း အသုံးပြုခဲ့ကြသော မြေမြုပ်မိုင်းများကို ရှင်း လင်းနေပြီလား၊ ငြိမ်းချမ်းရေးနှင့်
အနာဂတ်ဖက်ဒရယ်ဒီမိုကရေစီစနစ်ဆီသို့ တွေ့ဆုံဆွေးနွေးရေးခရီး မည်မျှပေါက် ရောက်ခဲ့ပြီလဲ၊ စသော မေးခွန်းများက NCA ၏
တန်ဖိုးကို တွက်ချက်ပေးနေလိမ့်မည်ဟု ယူဆရပါသည်။

BNI-Myanmar Peace Monitor


https://www.mmpeacemonitor.org/ 2
နှစ်အလိုက် တိုက်ပမ
ျွဲားအခြေအနေ

BNI(Burmar News International)၏ ငြိမ်းချမ်းရေးစောင့်ကြည့်အဖွဲ့(Myanmar Peace Monitor-MPM)တွင် ဖော်ပြခဲ့ပြီး


လစဉ် စာရင်းများအရ နှစ်အလိုက် တိုက်ပွဲဖြစ်ပွားမှုများကို ရှုကြည့်ပါက NCA လက်မှတ်ရေးထိုးခဲ့သည့် ၂၀၁၅ခုနှစ်သည်
တိုက်ပွဲဖြစ်ပွား မှုအမြင့်ဆုံးနှစ်ဖြစ်ခဲ့ပါသည်။ ထူးခြားချက်အဖြစ် ၂၀၁၅ခုနှစ် တစ်နှစ်တည်းတွင်ပင် NCA လက်မှတ်မထိုးခင်နှင့်
NCA လက်မှတ်ထိုးပြီးအချိန်များထက် တိုက်ပွဲများဖြစ်ပွားခဲ့ပါ သည်။ ၂၀၁၃ခုနှစ်ကတော့ တိုက်ပွဲဖြစ်ပွားမှု ဒုတိယအမြင့်ဆုံးနှစ်
အဖြစ် ရပ်တည်ခဲ့ပါသည်။

နှစ်အလိုက် ခြုံကြည့်သော် NCAလက်မှတ်ရေးထိုးပြီးနောက်ပိုင်း တိုက်ပွဲများလျော့ကျသွားသည်ကို တွေ့ရသော်လည်း


တိုက်ပွဲများလုံးဝရပ်တန့်သွားခဲ့ခြင်းမရှိသေးသလို သိသာစွာလျော့ကျသွားသည်ဟုလည်း ဆိုရန်ခက်ခဲ ပါသည်။ အကြောင်းဆိုရ
လျှင် ၂၀၁၉ခုနှစ် ဇန်န၀ါရီလ ၄ရက်နေ့၊ ရခိုင်ပြည်နယ်ရှိ ရဲစခန်းအချို့အား ရက္ခိုင့်တပ်မတော်(ULA/AA)မှ ၀င်ရောက်
တိုက်ခိုက်ခဲ့ချိန်မှစတင်ကာ ယနေ့အထိ တိုက်ပွဲများဖြစ်ပွားနေဆဲဖြစ်ပါသည်။

၂၀၁၈ခုနှစ်အတွင်း NCAလက်မှတ်ရေးထိုးထားသည့် ရှမ်းပြည်ပြန်လည်ထူထောင်ရေးအဖွဲ့(RCSS/SSA)နှင့် တပ်မတော်


အကြား တိုက်ပွဲဖြစ်ပွားသည့် အကြိမ်ပေါင်း (၈၀)ကျော်ရှိခဲ့သည်ဟု RCSS/SSAခေါင်းဆောင် ဗိုလ် ချုပ်ကြီးယွတ်စစ်က ဆိုခဲ့ပါ
သည်။ RCSS/SSAသည် NCAလက်မှတ်ရေးထိုးထားသည့် အဖွဲ့ (၈)ဖွဲ့ တွင် ဒုတိယ မြောက် အင်အားအကြီးဆုံးအဖွဲ့ဖြစ်ပါသည်။

အလားတူ NCAလက်မှတ်ထိုးအဖွဲ့များအနက် အင်အားအကြီးဆုံးဟုဆိုနိုင်သော ကရင်အမျိုးသားအစည်းအရုံး


(KNU)နှင့် တပ်မတော်အကြား တိုက်ပွဲများကလည်း ရပ်တန့်သွားခြင်းမရှိခဲ့ပါ။ ၂၀၁၅ခုနှစ်မှ စတင်ပြီး ယနေ့အထိ တပ်မတော်နှင့်
KNU အကြား တိုက်ပွဲဖြစ်ပွားမှုပေါင်း အကြိမ် (၅၀)ကျော် ဖြစ်ပွားခဲ့ပါသည်။

BNI-Myanmar Peace Monitor


https://www.mmpeacemonitor.org/ 3
နှစ်အလိုက် တွေ့ဆုံဆွေးနွေးမှု အညွှန်း

ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တစ်လျှောက် ညှိုနှိုင်းဆွေးနွေးရန် တွေ့ဆုံမှုအညွှန်းကို ထောက်ရှုကြည့်ပါက ၂၀၁၇ခုနှစ် သည်


တွေ့ဆုံဆွေးနွေးမှုအကြိမ်ရေ အများဆုံးအဖြစ်တွေ့ရှိရပါသည်။ ၂၀၁၇ခုနှစ၊် ဇူလှိုင်လ အတွင်း ပြည်ထောင်စု
ငြိမ်းချမ်းရေးညီလာခံ -၂၁ရာစုပင်လုံ ဒုတိယအကြိမ်အစည်းအဝေးကျင်းပနိုင်ခ့သ
ဲ လို ၄င်းမှတစ်ဆင့် အချက် (၃၇)ချက်ပါ
ပြည်ထောင်စုသဘောတူ စာချုပ် အစိတ်အပိုင်း(၁)ကို ရရှိခ့ပ
ဲါသည်။ အစိုးရအနေဖြင့် NCA လက်မှတ်မထိုးရသေးသော
တိုင်းရင်းသားလက်နက်ကိုင်အ ဖွဲ့ များအား NCA တွင် ပါဝင်လာရေး ဆွေးနွေးမှုများရှိခဲ့သလို NCA အရ
အကောင်အထည်ဖော်ရမည့် လုပ်ငန်းစဉ်များကို လည်း ဆောင်ရွက်နိုင်ခ့သ
ဲ ည်ကို တွေ့ရသည်။

၂၀၁၈ခုနှစ် ဖေဖော်ဝါရီလထဲတွင်တော့ မွန်ပြည်သစ်ပါတီ(MNSP)၊ လားဟူအစည်းအရုံး(LDU)တို့နင


ှ့် အစိုးရ အကြား
NCAလက်မှတ်ရေးထိုးနိုင်ခဲ့သည်အထိ တွေ့ဆုံဆွေးနွေးမှုများ၏ တိုးတက်မှုကို မြင်တွေ့ခဲ့သည်။ အလားတူ NCA အရ
အကောင်အထည်ဖော်ရမည့် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ-၂၁ရာစုပင်လုံအစည်းအဝေးကိုလည်း တတိယအကြိမ်အဖြစ်
ကျင်းပနိုင်ခ့က
ဲာ အချက် (၁၄)ချက်ပါ ပြည်ထောင်စုသဘောတူစာချုပ် အစိတ်အပိုင်း (၂)ကို ရရှိခ့ပ
ဲါသည်။

သို့သော်လည်း ၂၁ရာစုပင်လုံ တတိယအကြိမ်အစည်းအဝေးကျင်းပပြီးနောက်ပိုင်းတွင်တော့ ငြိမ်းချမ်းရေးလုပ်ငန်း


စဉ်ကြီးတစ်ခုလုံး ရပ်တန့်သွားရလောက်သည်အထိ အခြေအနေများဖြစ်ပေါ်ခဲ့ပါသည်။ NCAအရ ဖြစ်ပေါ်လာသည့် ပြည်ထောင်စု
ငြိမ်းချမ်းရေးညီလာခံကို လေးကြိမ်အထိ ကျင်းပနိုင်ခဲ့သည့်တိုင် လုံခြုံရေးကဏ္ဍအတွက် သဘောတူညီချက် တစုံတရာ
မရရှိသေးခြင်းအပြင် တပ်မတော်ဖက်မှ တင်သွင်းလာသော တစ်ခုတည်းသော တပ်မတော်ထားရှိရေးနှင့် ပြည်ထောင်စုမှ
ခွဲမထွက်ရေးဆိုသည့် စကားရပ်များသည် ပုမ
ံ န
ှ သ
်ွားနေသော ငြိမ်းချမ်းရေးလမ်းခရီးအတွက် အဟန့်အတားတစ်ရပ်
ဖြစ်စေခဲ့သည်။

BNI-Myanmar Peace Monitor


https://www.mmpeacemonitor.org/ 4
NCA လက်မှတမ
် ထိုးခင် နှင့် လက်မှတ်ရေးထိုးပြီး တိုက်ပွန
ဲ င
ှ့် တွေ့ဆုံဆွေးနွေးမှု အညွန်း

RCSS/SSAအနေနေဖြင့် JMC အစည်းအဝေးများတွင် ပါဝင်မှုကို ယာယီရပ်ဆိုင်းခဲ့သလို KNUအနေဖြင့်လည်း NCA


အရဖြစ်ပေါ်နေသော တရားဝင်ဆွေးနွေးပွမ
ျဲားတွင် ပါဝင်မှုကို ယာယီရပ်ဆိုင်းလိုက်ကြသည်။ ထို့ကြောင့် ၂၀၁၈ခုနှစ်အား ငြိမ်း
ချမ်းရေးနှစ် အဖြစ် အစိုးရမှ ဟစ်ကြွေးထားခဲ့သည့်တိုင် ငြိမ်းချမ်းရေးဖြစ်စဉ်အတွင်း တရားဝင်ဆွေးနွေးမှုများရပ်ဆိုင်းသွားခဲ့ပြီး
အလွတ်သဘောတွေ့ဆုံမှုအချို့သာ ရံဖန်ရံခါ တွေ့ရပါတော့သည်။

ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အတွင်း တိုက်ပွဲဖြစ်ပွားမှုနှင့် တွေ့ဆုံဆွေးနွေးမှုကို နှိုင်းယှဉ်ကြည့်ပါက မျဉ်းပြိုင်ကဲ့သို့ ဖြစ်နေ


ပါသည်။ ၂၀၁၉ခုနှစ်၏ (၇)နှစ်တာကာလအတွင်းမှပင် တိုက်ပွဲဖြစ်ပွားသည့်ရက်ပေါင်း (၁၇၀)ကျော်ရှိခ့သ
ဲ ည့်အတွက် တိုက်ပွဲဖြစ်
ပွားမှုများရပ်တန့်ဖိ့ဆ
ိုသည်က အလားအလာ နည်းနေသည်။

၂၀၁၈ခုနှစ် ဒီဇင်ဘာလ ၂၁ရက်မှ ၂၀၁၉ခုနှစ် စက်တင်ဘာ ၂၁ရက်အထိ အဆင့်ဆင့်တိုးချဲ့ကာ စစ်တိုင်းကြီး (၅)ခုတွင်


တပ်မတော်စစ်ရေးလှုပ်ရှားမှုများ ယာယီရပ်ဆိုင်းထားသော်လည်း နယ်မြေချဲ့ထွင်မှုများနှင့် တိုက်ပွဲများ ဖြစ်ပွားနေဆဲဖြစ်သည်။
အထူးသဖြင့် တပ်မတော်တစ်ဖက်သက်အပစ်ရပ်နယ်မြေတွင် မပါဝင်သော ရခိုင်ပြည်နယ်ရှိ မြို့နယ်တိုင်းနီးပါး တိုက်ပွဲများဖြစ်
ပွားနေပါသည်။ တိုက်ပွဲကြောင့် ရခိုင်ပြည်နယ်တစ်ခုတည်းတွင်ပင် စစ်ဘေးရှောင်ဒုက္ခသည်ပေါင်း (၆၀၀၀၀) ကျော်ရှိနေကြောင်း
ရခိုင်တိုင်းရင်းသားများကွန်ကရက်(REC)က ထုတ်ပြန်ထားသည်။

BNI-Myanmar Peace Monitor


https://www.mmpeacemonitor.org/ 5
နှစ်အလိုက် စစ်ဘေးရှောင် နေရပ်စန
ွ့ ခ
်ွာသူများ IDPs အရေအတွကအ
် ညွန်း

"စစ်ပွဲတစ်ခုတွင် ပထမဆုံးကျဆုံးသွားသည်က အမှန်တရားပင်ဖြစ်ကြောင်း" လွန်ခဲ့သော ရာစုနှစ်တစ်ခုက အမေရိကန်


အထက်လွှတ်တော်အမတ် ဟီရမ်ဒဗယူဂျွန်ဆင်က ပြောခဲ့ဖူးသည်။ သို့ဆိုလျှင် အဆိုပါအမှန်တရားသည် စစ်ဘေးဒဏ်
ပြည်သူများပင် ဖြစ်ကြောင်း ထပ်မံညွှန်းဆိုအပ်ပါသည်။ စစ်မက်ပဋိပက္ခဖြစ်ပွားရာ အရပ်ဒေသများရှိ တိုင်းရင်းသားပြည်သူ
များသည် “ဘာ အမှားတစ်ခုမှ မကျူးလွန်ခဲ့ပါဘဲ” စစ်ဘေးရှောင်အဖြစ် နေ့ရပ်စန
ွ့ ခ
်ွာ ထွက်ပြေးခဲ့ကြရသည်။

BNI-Myanmar Peace Monitor ၏ မှတ်တမ်းများအရ နှစ်အလိုက် တိုက်ပွဲများကြောင့် ထွက်ပြေးခဲ့ရေသော


စစ်ဘေးရှောင်ဦးရေသည် ၂၀၁၃ခုနှစ်နှင့် ၂၀၁၅ခုနှစ်များတွင် (၁၂၅၀၀၀) ကျော်အထိ အမြင့်ဆုံးရှိနေခဲ့ပါသည်။ ၂၁၀၅ခုနှစ်
နောက်ပိုင်း စစ်ဘေးရှောင် အရေအတွက် လျော့ကျလာခဲ့သည်ဟုဆိုနိုင်သော်လည်း နှစ်စဉ် သောင်းနှင့်ချီကာ ထပ်မံထွက်ပြေး
တိမ်းရှောင်နေရသည်ကို တွေ့ရပါသည်။ BNI-MPMမှ ရရှိထားသော စာရင်းများအရတော့ ယနေ့အထိ အမှန်တကယ်
နေရပ်ပြန်နိုင်သော စစ်ဘေးဒုက္ခသည်အရေအတွက် သည် ရာဂဏန်းမျှသာ ရှိသေးကြောင်း တွေ့ရှိရပါသည်။

၂၀၁၉ခုနှစ် သြဂုတ်လဒုတိယအပတ်က ကချင်ပြည်နယ်ဝိုင်းမော်မြို့ပေါ်တွင် ပြုလုပ်သော စစ်ဘေးရှောင်ပြည် သူများနှင့်


လူထုတွေ့ဆုံပွဲတစ်ခုတွင် စစ်ဘေးရှောင်များ အိမ်ပြန်နိုင်ရေးအတွက် မြေမြုပ်မိုင်းများ ရှင်းလင်းပေးဖို့၊ ပြန်လည်နေရာ
ချထားရေးအစီအစဉ်များ စနစ်တကျရှိဖို့၊ အခြေအနေတစ်ခုရောက်သည်အထိ စားဝတ်နေ ရေးပံ့ပိုးကူညီပေးဖို့၊ ကလေးများ
ပညာရေးနှင့် ကျန်းမာရေးအတွက် ကောင်းမွန်စွာ စီစဉ်ပေးဖို့ (https://bit. ly/2Z705bG) စသော လိုလား ချက်များကို
ကြားသိရပါသည်။

BNI-Myanmar Peace Monitor


https://www.mmpeacemonitor.org/ 6
ငြိမ်းချမ်းရေးအတွက်ရှေ့ဆက် NCA အလုပ်ဖြစ်နိုင်သလား

သတင်းမှတ်တမ်းများကို ရှုကြည့်လျှင် NCA အရ အပစ်အခတ်ရပ်စထ


ဲားပြီး ငြိမ်းချမ်းရေးဆွေးနွေးပွဲများ ဖော်ဆောင်နေ
သည့်ကာလအတွင်း ပညာရေး၊ ကျန်းမာရေးအစ မူးယစ်ဆေးဝါးတိုက်ဖျက်ရေးအဆုံး ဒေသဖွံ့ ဖြိုးရေးလုပ်ငန်းများနှင့် လုံခြုံရေး
ဆိုင်ရာကိစ္စရပ်များကို အပစ်ရပ်တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ များ (EAOs) နှင့် အစိုးရ၊ တပ်မတော်တို့အကြား ပူးပေါင်း
လုပ်ဆောင်ရန် သဘောတူထားခဲ့ကြသော်လည်း လက်တွေ့မြေပြင်တွင်မူ ဖော်ပြစရာမရှိသေးပါ။

NCA တွင် လက်မှတ်ထိုးအဖွဲ့များအား မတရားအသင်းအဖြစ်မှ ပယ်ဖျက်သည်ဆိုသော်လည်း အပစ်ရပ်အဖွဲ့ တစ်ဖွဲ့


ဖြစ်သော ABSDF ခေါင်းဆောင်အချို့ကို မတရားအသင်းဆက်သွယ်မှုဖြင့် တပ်မတော်မှ တရားစွဆ
ဲို၊ အမှုဖွင့် အရေးယူမှုများ
ရှိခ့သ
ဲ ည်။ https://bit.ly/2RqD9Bu

အလားတူ မူးယစ်ဆေးဝါးတိုက်ဖျက်ရေး ပူးပေါင်းဆောင်ရက


ွ်ရမည်ဆိုသော်လည်း မွန်ပြည်နယ်တွင် မူးယစ်ဆေးဝါး
ဖမ်းဆီးရမိခဲ့သည့် အပစ်ရပ်အဖွဲ့ မွန်ပြည်သစ်ပါတီကို မွန်ပြည်နယ် လုံခြုံရေးနှင့် နယ်စပ်ရေးရာဌာနမှ သတိပေးမှုများ ရှိခ့သ
ဲ ည်။
https://bit.ly/2HKWo38

BNI-Myanmar Peace Monitor


https://www.mmpeacemonitor.org/ 7
ကရင်ပြည်နယ် ဖာပွန်ဒေသအတွင်း ဒေသဖွံ့ ဖြိုးရေးအကြောင်းပြုကာ တပ်မတော်မှ လမ်းဖောက်လုပ်မှုကြောင့် တပ်မ
တော်နှင့် KNU အကြားတိုက်ပွဲများ ဖြစ်ပွားခဲ့သည်။ သို့သော် တပ်မတော်အနေဖြင့် အဆိုပါလမ်းအား ဆက်လက်ဖောက်
လုပ်မည်ဟုပင် ကြေညာချက်ထုတ်ခဲ့သေးသည်။ ထို့ကြောင့် ဖာပွန်ဒေသတွင်း တိုက်ပွဲများ၊ ထိတွေ့မှုများ မကြာခဏဖြစ်ပွားနေ
ပါသည်။ https://bit.ly/2m6nd8p

လက်ရှိတွင် မြန်မာ့ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင် တိုက်ပွဲများဖြစ်ပွားလိုက်၊ စစ်ဒဏ်သင့်ပြည်သူများ နေရပ်စွန့် ခွာ


ထွက်ပြေးလိုက်၊ အလွတ်သဘော တွေ့ဆုံဆွေးနွေးပွဲများ ရံဖန်ရံခါ ကျင်းပလိုက်နှင့်သာ မြင်တွေ့နေရပါသည်။ ငြိမ်းချမ်းရေး
ခရီးလမ်းသည် အရှိန်တန့်ကာ ရှေ့တိုးရန် ခက်နေသည်ဟုဆိုရပါမည်။ NCA အရ ဖြေရှင်းပေးနိုင် မည့် ယန္တရားများဖြစ်သော
JMC နှင့် UPDJC တို့ကလည်း KNUနှင့် RCSS/SSA တို့ ယာယီနုတ်ထွက်ထားသဖြင့် တရားဝင်အစည်းအဝေးခေါ်ရန်ပင်
အခက်ကြုံနေပါသည်။

NCA လက်မှတ်ရေးထိုးထားသော ချင်းအမျိုးသားတပ်ဦး(CNF)မှ ခေါင်းဆောင်တစ်ဦးဖြစ်သူ ဆလိုင်း


လျန်မှုန်းဆာခေါင်သည် NCA ယန္တရားလည်ပတ်မှု ရပ်တန့်နေသဖြင့် စိုးရိမ်နေကြောင်း ယခုလို ပြောဆို ထားသည်။

‘‘တိုက်ပွဲတွေ ပြန်ဖြစ်လာလို့ JMC လည်း အလုပ်မဖြစ်ဘူးဆိုရင်၊ UPDJC လည်း အလုပ်မဖြစ်ဘူးဆိုရင် ဘာဖြစ်


သွားမလဲဆိုတော့ NCA စာချုပ်အရ ဖန်တီးထားတဲ့ ယန္တရားအားလုံးပျက်စီးပြီးတော့ နောက်ကြောင်းပြန်သွားမယ်။ ပြီးတော့
ဟိုး...ငြိမ်းချမ်းရေး မစခင် အခြေအနေမျိုး ပြန်ရောက်မှာ တော်တော် စိုးရိမ်တယ်’’ ( https://bit.ly/2lC7k9w )

အပစ်ရပ် တိုင်းရင်းသားအဖွဲ့ များစုစည်းထားသော ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဦးဆောင်အဖွဲ့ (PPST) ၏ ယာယီ အဖွဲ့


ခေါင်းဆောင် ဗိုလ်ချုပ်ကြီးယွတ်စစ်၏ အဆိုအရတော့ NCA လက်မှတ်ရေးထိုးခဲ့ပြီးသော လေးနှစ်တာ ကာလကို ခြုံကြည့်ပါက
NCAလမ်းကြောင်းဖြင့် ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေး လမ်းစသည် မသေချာမှုများနှင့်ေ၀၀ါးနေသေး သည်ဟု
ရှုမြင်ရပါသည်။

၂၀၁၉ခုနှစ် သြဂုတ်လ ၂၁ရက်၊ ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင် ကျင်းပသော PPST အစည်းအဝေးတွင် ဗိုလ်ချုပ်ကြီး


ယွတ်စစ်က “NCA ကို လက်မှတ်ရေးထိုးခဲ့တာ အခုဆိုရင် (၄)နှစ်တင်းတင်းပြည့်ဖို့ နီးကပ်လာပါပြီး၊ ငြိမ်း ချမ်းရေးလုပ်ငန်းစဉ်နဲ့
ပတ်သက်လို့ ပြန်လည်သုံးသပ်ကြည့်ရင် ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးအတွက် လမ်းစက
ဝေဝါးနေဆဲပဲဖြစ်ပါတယ်”ဟု ဆိုခဲ့သည်။ https://bit.ly/2lFnuiE

BNI-Myanmar Peace Monitor


https://www.mmpeacemonitor.org/ 8

You might also like