You are on page 1of 2

မြန်မာ

ရေကြီးခြင်းအခြေအနေအစီရင်ခံစာ

၂၇ သြဂုတ်လ ၂၀၁၉

သြဂုတ်လ ၁၃ ရက်နေ့စာရင်းများအရ ရေဘေးရှောင်ပြည်သူ

စုစုပေါင်း ၁၁၀,၀၀၀ ကျော်အထိရောက်ရှိသွားခဲ့ရာမှ လက်ရှိ

ကာလ ကယ်ဆယ်ရေး စခန်းများတွငိ ရေဘေးရှောင် ပြည်သူ

၎,၅၀၀ အောက်သာ ကျန်ရှိပါတော့သည်။

သို့သော် မိုးရာသီမကုန်ဆုံးသေးသလို ဆက်လက်မိုးသည်း

ထန်နိုင်ကြောင်း ခန့်မှန်းချက်များ ထုတ်ပြန်ထားသည်ဖြစ်ရာ

ဆက်လက်စောင့်ကြည့်ရမည့်အနေအထားဖြစ်ပါသည်။

ရေများ လုံးဝပြန်လည် ကျဆင်းသွားပါက ပြန်လည်ထူထောင်


မွန်ပြည်နယ်၊ ပေါင်မြို့နယ်တွင် ဖြစ်ပွားခဲ့သော မြေပြိုမှုကြောင့်
ရေး အတွက် အာရုံစိုက်ရမည်ဖြစ်ပါသည်။
လူပေါင်း ၇၀ ကျော် သေဆုံးခဲ့ရပါသည်။
နိုင်ငံတကာ အဖွ့အ
ဲ စည်းများကလည်း လိုအပ်ချက်များကို သိရှိ
နိုင်ရန် လေ့လာလုပ်ဆောင်နေ ကြပါသည်။

အဓိက ကိန်းဂဏန်းများ ရံပုံငွေ ဆက်သွယ်ရန်

$၂၀၀,၀၀၀ $၂၆,၀၀၀ နန်စီ မက်နယ်လီ

၎,၅၀၀ လူထုသတင်းအချက်အလက်ထုတ်ပြန်ရေးနှင့်
ကိုယ်စားပြုအရေးဆို ဆောင်ရွက်မှုဆိုင်ရာ အရာရှိ။

လက်ရှိ ရေဘေးရှောင် ဆန်အတွက် အစိုးရ၏အခြား


ခန့်မှန်း လူဦးရေ အစိုးရရံပုံငွေ အထောက်အပံ့များ nancy.mcnally@un.org
အရေးပေါ်တြုံ့ ပန်မှု

မုတ်သုန် ရေကြီးခြင်းများဆိုင်ရာ အစီရင်ခံစာ - သြဂုတ်လ ၂၆ ရက်နေ့စာရင်းများအရ။

မုတ်သုန်ကာလ ရေကြီးရေလျှံမှုများကြောင့် မြန်မာနိုင်ငံတဝန်းတွင် ပြည်သူများ ရေဘေးရှောင်နေကြရသည်ဖြစ်ရာ


သြဂုတ်လ ၁၃ ရက်နေ့စာရင်းများအရ ရေဘေးရှောင်ပြည်သူ စုစုပေါင်း ၁၁၀,၀၀၀ ကျော်အထိရောက်ရှိသွားခဲ့သည်။ လက်ရှိ
ကာလတွင် မြန်မာ့မုတ်သုန်ရာသီ၏ အရေးပေါ်ရေကြီးရေလျှံကာလ (သြဂုတ်လလယ်) ကိုကျော်လွန်သွားပြီ ဖြစ်ပြီး
နိုင်ငံတဝန်းတွင် ရေဘေးရှောင်ပြည်သူလည်း ၄,၅၀၀ အောက် ကျဆင်းသွားပြီဖြစ်ပါသည်။ သို့သော် မိုးရာသီမကုန်ဆုံးသေး
သလို ဆက်လက်မိုးသည်းထန်နိုင်ကြောင်း ခန့်မှန်းချက်များထုတ်ပြန်ထားသည်ဖြစ်ရာ ဆက်လက်စောင့်ကြည့်ရမည့် အနေ
အထားဖြစ်ပါသည်။

သြဂုတ်လ ၂၆ ရက်စာရင်းများအရ လက်ရှိရေဘေးရှောင်ပြည်သူဦးရေ၏ ထက်ဝက်ကျော်မှာ ပဲခူးတိုင်းမှဖြစ်ပြီး လူပေါင်း


၂,၅၀၀ ကျော် အိမ်မပြန်နိုင်သေးပါ။ မွန်ပြည်နယ်တွင်မူ အရေးပေါ် ရေဘေးကယ်ဆယ်ရေးစခန်းများအားလုံး ပိတ်သိမ်း
သွားပြီဖြစ်ပါသည်။ မကွေးတိုင်းတွင် ရေဘေးကယ်ဆယ်ရေးစခန်း ရှစ်ခုကျန်ရှိနေသေးပြီး ကရင်ပြည်နယ်တွင် စခန်း တခု၊
မန္တလေးတွင် စခန်း နှစ်ခု ကျန်ရှိနေပါသေးသည်။ တနိုင်ငံလုံးအတိုင်းအတာနှင့်ဆိုလျှင် ရေဘေးရှောင်စခန်း ဆယ့်နှစ်ခုသာ
ဆက်လက်ဖွင့်လှစ်ထားဆဲဖြစ်ပါသည်။

ရေဘေးရှောင်ပြည်သူတို့အတွက် အရေးကြီးဆုံးလိုအပ်ချက်များမှာ ရပ်ရွာလူထုများ၊ မြန်မာနိုင်ငံမီးသတ်ဦးစီးဌာန၊ အထွေ


ထွေအုပ်ချုပ်ရေး ဦးစီးဌာနနှင့် မြန်မာ့တပ်မတော်တို့အပါအဝင် နိုင်ငံတော်အဆင့်၊ တိုင်းနှင့် ပြည်နယ်အဆင့် ကနဦး ရေဘေး
တုံ့ပြန်လုပ် ဆောင်သူများ၊ မြန်မာနိုင်ငံကြက်ခြေနီအသင်း၊ ဘုန်းတော်ကြီးကျောင်းများ၊ ခရစ်ယာန်ဘာသာရေး ကျောင်းများ
နှင့် အခြား ဘာသာရေးအသင်းအဖွဲ့များ၊ ရပ်ရွာလူမှုအဖွဲ့အစည်းများ၊ ပုဂ္ဂလိကအလှူရှင်များအားဖြင့် လုံလောက် ကြောင်း
သိရှိရပါသည်။

နိုင်ငံတကာအဖွဲ့အစည်းများကလည်း ရေဘေးတုံ့ပြန်မှုအတွက် လိုအပ်သည်များကို လုပ်ဆောင်ထားပါသည်။ ဥပမာအားဖြင့်


ကုလသမဂ္ဂကလေးများရံပုံငွေအဖွဲ့ (UNICEF) က ရေသိုလှောင်ရန် ပုံးများ၊ ရေသန့်စင်ပေးသည့် ပစ္စည်းများနှင့် တကိုယ်
ရည် ကျန်းမာရေးသုံး ပစ္စည်းများ ပံ့ပိုးထားပါသည်။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) ကလည်း ရေသန့်စင်ပေးသည့်
ပစ္စည်းများ၊ အရေးပေါ်ဆေးကုသရန် ပစ္စည်းများပံ့ပိုးထားပြီး ကျန်းမာရေးကဏ္ဍလုပ်ဆောင်သူ လုပ်ငန်းဖော်များနှင့် အတူ
ပူးပေါင်းပြီး မြွေကိုက်ခံရပါက လုပ်ဆောင်ရမည့် နည်းလမ်းများကိုဝေငှထားပါသည်။ ထို့ပြင် WHO သည် ရွေ့လျား
ဝန်ဆောင်မှုပေးသည့် ဆေးခန်းများ လုပ်ဆောင်ရာတွင် ကူညီပေးထားကြောင်း၊ ကုလသမဂ္ဂလူဦးရေရံပုံငွေအဖွဲ့ (UNFPA)
ကလည်း အမျိုးသမီးများအတွက် တကိုယ်ရည် ကျန်းမာရေးသုံး ပစ္စည်းများကို ရေဘေးတုံ့ပြန်မှု တစိတ်တပိုင်း အဖြစ်
ပံ့ပိုးထားကြောင်းသိရပါသည်။

မိုးနှောင်းကာလတွင် ကြုံတွေ့ရနိုင်သည့် ရေကြီးရေလျှံမှုများကို ဂရုထားရင်း လက်ရှိတွင် ပြန်လည်ထူထောင်ရေးအတွက်


အာရုံစိုက်ရမည်ဖြစ်ပါသည်။ နိုင်ငံတကာ အဖွ့အ
ဲ စည်းများကလည်း လိုအပ်ချက်များကို သိရှိနိုင်ရန် လေ့လာလုပ်ဆောင်
နေကြပါသည်။ ဥပမာအားဖြင့် မွန်ပြည်နယ်တွင် ကျောင်းပေါင်း ၅၀၀ ကျော်ပိတ်ထားခဲ့ရပြီး နှင့် အိမ်ပေါင်း ၁၇၀ ကျော်
ရေဘေးကြောင့် ပျက်စီးဆုံးရှုံးခဲ့ရကြောင်း၊ ကောက်ပဲသီးနှံများနှင့် မွေးမြူရေး တိရိစ္ဆာန်များလည်း ပျက်စီးဆုံးရှုံးရခြင်းကြောင့်
တောင်သူလယ်သမားများအနေဖြင့် အသက်မွေးဝမ်းကျောင်းလုပ်ငန်းများ ပြန်လည်ထူထောင်ရန် အကူအညီများလို
အပ်မည်ဖြစ်ကြောင်း အဆိုပါ လေ့လာချက်များအရ သိရှိရပါသည်။

OCHA သည် လူသားချင်းစာနာမှု ပဋိပက္ခများကြုံတွေ့နေရသော သူများကို ကာကွယ်ရန်နှင့် အသက်ကယ်ရေးအတွက် ကမ္ဘာလုံးဆိုင်ရာ အရေးပေါ်


တုံ့ပြန်မှုများလုပ်ဆောင်ရန် ညှိနှိုင်းဆောင်ရွက်ပါသည်။ လူသားများအားလုံးအတွက် လူသားချင်းစာနာမှု စည်းမျဉ်းများနှင့် ကိုက်ညီပြီးထိရောက်သည့်
အားလုံးပါဝင်သော လုပ်ဆောင်ချက်များဖြစ်စေရန် တိုက်တွန်းပါသည်။

OCHA အကြောင်း ပိုမိုသိရှိလိုပါက https://www.unocha.org/myanmar, https://reliefweb.int/country/mmr

You might also like