You are on page 1of 2

တတိယတန်း (မြန်မာစာ)

ဇွန်လ၊၂၀၂၁ ။

တတ်မြောက်မှု

သင်ခန်းစာပြီးဆုံ းပါက ကျောင်းသား/ကျောင်းသူ များသည်

-သင်ခန်းစာပါ အကြောင်းအရာများကို ကောင်းစွာနားလည်ရမည်။

-စာပို ဒ်များကို အဖြတ်အတောက်မှ န်မှ န်ဖြင့် ရွတ်ဖတ်နို င်ရမည်။

-လေ့ ကျင့်ရန်မေးခွန်းများကို ‌‌ဖြေဆို ရာတွင် ကို ယ်တို င်စဥ်းစားပြီးအဖြေရှ ာနို င်ရမည်။

- သူ ငယ်ချင်းများနှ င့် ပူ းပေါင်းဆောင်ရွက်ရာတွင် အပေးအယူ မျှမှုရှိရမည် ၊ ပူ းပေါင်းဆောင်ရွက်နို င်မှု ၊ အဖွဲ့ကို ဦးဆောင်နို င်မှု
၊ အသင်းသားပီသစွာ ကူ ညီပံ့ ပို းပေးမှု စသော လူ မှုဆက်ဆံ ရေးစွမ်းရည်များပါ တစ်ပါတည်း တို းတက်လာစေရမည်။

- စိတ်ကူ းဉာဏ်လည်း ရင့်သန်လာစေရမည်။

လို အပ်သော သင်ထောက်ကူ ပစ္စည်းများ

-တတိယတန်းမြန်မာဖတ်စာအု ်

-ရေးစာအု ပ်

-Power Point(ဆရာမအတွက်သာ)

သင်ကြားမှု အချိန်ဇယား

ပထမပတ် ပထမနေ့ _ဆရာမနှ င့်ကျောင်းသား/ကျောင်းသူ များ မိတ်ဆက်ခြင်း ၊ အတန်းသား


အချင်းချင်းနှုတ်ဆက်ခြင်း၊ဝါသနာတူ ရာ အကြိုက်တူ ရာများကို အု ပ်စု ခွဲကာ “ကို ယ့်
အမည်ရေးကာမိတ်ဆက်ပါ” ကတ်များကို ပြုလု ပ်စေခြင်း၊ ကြိုက်နှ စ်သက်ရာ ပစဏ
ည်းများနှ င့် ကတ်များကို အလှ ဆင်စေခြင်း ။

ဒု တိယနေ့_ မိမိကတ်များကို အလှ ဆင်ထားသည့်အရာများကို အသေးစိတ်ပြောပြစေ


ခြင်း၊ အတန်းသားအချင်းချင်း မိတ်ဆက်ကတ်များကို ဝေဖန်အကြံ ပြုစေခြင်း၊
သူ ငယ်ချင်းများအကြောင်းကို စိတ်ဝင်စားခြင်းရှိမရှိ
ပြန်လည်စစ်ဆေးမေးမြန်းခြင်း

တတိယနေ့_ နို င်ငံ တော်အလံ အကြောင်း မသင်မီ မြန်မာနို င်ငံ ၏ အကြောင်းကို


power point slides များဖြင့် အသေးစိတ် ‌ပြောပြခြင်း(တတ်နို င်သလောက်
အကျယ်တဝင့် ရှ င်းပြရန်လို သော်လည်း တတိယတန်း အရွယ်နားလည်နို င်သော
အကြောင်းအရာများသာဖြစ်ရမည်။) ၊ နို င်ငံ တော် သီချင်း ၊ အလေးပြုဦးညွှတ်ပုံ
အသေးစိတ်ကို သင်ကြားရန်။

စတု တ္ထနေ့ _ တတိယနေ့က သင်ခန်းစာအကြောင်းမှ တ်မိခြင်း ရှိ/ မရှိ ပြန်လည်


စစ်ဆေးရန် ၊ ခေတ်အဆက်ဆက်က နို င်ငံ တော်အလံ များနှ င့် အခြား အိမ်နီးချင်းနို င်ငံ
အလံ များ ၊ ဖွံ့ဖြို းပြီးနို င်ငံ မှ အလံ ပုံ များကို သိထားခြင်း ရှိ/ မရှိ စစ်ဆေး အကဲဖြတ်ရန်
၊ အကြမ်းအားဖြင့် မှ တ်မိသွားစေရန် ဂိမ်းများကစားကာ လေ့ ကျင့်ပေးရန် ။

ပဉ္စမနေ့ _ နို င်ငံ တော်အလံ ဖတ်စာတစ်ပု ဒ်လုံ းကို အဖြတ်အတောက် မှ န်မှ န်ဖြင့်
ဆရာမမှ ဖတ်ပြခြင်း(သုံ းကြိမ်) ၊ ကျောင်းသားကျောင်းသူ များကို တစ်ပို ဒ်ချင်းစီ
သော်လည်းကောင်း ၊ နှ စ်ကြောင်း သုံ းကြောင်းသော်လည်းကောင်း အလှ ည့်ကျစီ
ဖတ်‌စေခြင်း( စာဖတ်ပြခြင်း အတွက် အမှ တ်ပေးရန်)

ဒု တိယပတ် ပထမနေ့_ နို င်ငံ တော်အလံ အကြောင်း အကြမ်းအားဖြင့် မှ တ်မိ / မမှ တ်မိ ပြန်လည်
စစ်ဆေးရန် ၊ ပထမပို ဒ် ကို အသေးစိတ် ပြန်လည်သင်ကြားရန် ( အနက်အဓိပ္ပာယ် ၊
စာလုံ းပေါင်း သတ်ပုံ ၊ ‌ရေးသားပုံ ရေးသားနည်း ၊ ဝါကျဖွဲ့ ) ၊ အလေးပြုပုံ ကို
အသေးစိတ်ပြန်လည်သင်ကြားပေးပြီး နို င်ငံ တော်သီချင်း ဆို ရန်

ဒု တိယနေ့ _ ဒု တိယစာပို ဒ်ပါ အကြောင်းအရာများ ကို အသေးစိတ်သင်ကြားရန်(


အနက်အဓိပ္ပာယ် ၊ စာလုံ းပေါင်း သတ်ပုံ ၊ ‌ရေးသားပုံ ရေးသားနည်း ၊ ဝါကျဖွဲ့)

တတိယနေ့ _ တတိယစာပို ဒ်ပါအကြောင်းအရာများကို အသေးစိတ် သင်ကြားရန် (


အနက်အဓိပ္ပာယ် ၊ စာလုံ းပေါင်း သတ်ပုံ ၊ ‌ရေးသားပုံ ရေးသားနည်း ၊ ဝါကျဖွဲ့ )

စတု တ္ထနေ့ _ လေ့ ကျင့်ခန်း ( စာလုံ းပေါင်းသတ်ပုံ ၊ ဝါကျဖွဲ့၊ မေးခွန်းတို များ )


ထပ်ဆောင်းလေ့ ကျင့်ခန်းများကို အိမ်စာပေးခြင်း

ပဉ္စမနေ့ _ နို င်ငံ တော်အလံ အကြောင်းကို ပြန်လည်ဆွေးနွေးရန် ၊ သင်ခဲ့ ပြီးသော


အကြောင်းအရာများကို ဆွေး‌နွေးရန် ၊ ဆွေးနွေးခြင်း အတွက် အမှ တ်ပေးရန် ၊
(အိမ်စာ - မိမိစိတ်ကူ းဖြင့် ဖန်တီးထားသော နို င်ငံ တော် အလံ ပုံ ဖြင့် ၊ ထို အလံ ကို
အခြေပြု၍ စာတစ်ပု ဒ်ရေးသားဖန်တီးရန်)

မှ တ်စု _ကျောင်းသား ကျောင်းသူ များသည် အတန်းတွင်းလု ပ်ဆောင်မှုများတွင် တက်ကြွစွာ ပါဝင်ရမည်ဖြစ်ပြီး ထို လု ပ်ဆောင်
မှုများအတွက် အကဲဖြတ်အမှ တ်ပေးမှု လည်း ထားရှိမည်ဖြစ်သည်။ အိမ်စာများကို မိဘ (သို့ ) အကူ အညီပေးမည့်သူ တစ်ဦး
တစ်ယောက်ဆီမှ အကူ အညီတောင်းခံ ထားခြင်း ၊ ကူ းယူ ရေးသားခြင်းများ စစ်ဆေးတွေ့ရှိပါက အမှ တ်လျှော့ မည်ဖြစ်ပြီး ထို
အမှ တ်သည် အခန်းဆုံ းစစ်ဆေးမှု အထိပါ အကျ ိုးသက်ရောက်ပေမည်။

You might also like