You are on page 1of 2

Huge Underground Search for Mysterious Dark Matter Begins

လျှို့ဝှ က်ဆန်းကြယ်သော မမြင်ရသည့်ဒြပ်သား (Dark Matter) အတွက် ကြီးမားသော မြေအောက်ရှ ာဖွေမှု စတင်ပါပြီ

(Techlife News 2022-07-16)


မြေအောက် တစ်မို င်အနက်ရှိ ရွှေတွင်းဟောင်းတစ်ခု အတွင်း၌ ရှ ားပါးသော အရည်ဖြစ်နေသည့်ဓာတ်ငွေ့များ ဖြည့်ထားသည့် တို က်

တေနီယမ်ကန်တစ်ခု ရှိသည်။ ထို နေရာ၌ သိပ္ပံ ပညာရှ င်များသည် ယခု အချိန်အထိ မတွေ့နို င်သော အရာများဖြစ်သည့် dark matter

ကို စတင်ရှ ာဖွေနေပြီဖြစ်သည်။

စကြဝဠာ၏ ဒြပ်ထု အများစု ကို မမြင်နို င်သော အရာများဖြင့်ဖွဲ့စည်းထားသည်ဟု သိပ္ပံ ပညာရှ င်များက ဆို ကြသည်။

၎င်းတို့မရှိလျှင် ကျွန်ု ပ်တို့ ဤနေရာတွင် ရှိမည်မဟု တ်ဟု ဆို ကြသည်၊ သို့သော် ၎င်းတို့သည် ဘာလဲဆို သည်ကို မသိပေ။ ဤကြီးမား

လှ သော ပဟေဠိကို ဖြေရှ င်းစေမည့် ပြိုင်ပွဲဝင်ရန်အတွက် South Dakota ပြည်နယ် Lead မြို့မြေအောက်သို့ သု တေသနအဖွဲ့တစ်ဖွဲ့

ရောက်ရှိနေသည်။

သိပ္ပံ ပညာရှ င်များအတွက် မေးခွန်းသည် အခြေခံ ဖြစ်သည် ဟု Lawrence Berkeley National Laboratory မှ ရူ ပဗေဒ

ပညာရှ င် Kevin Lesko ကပြောသည်။

တစ်မို င်ထူ သော အညစ်အကြေးများနှ င့် ကျောက်တုံ းကြီးများ၊ ဧရာမကန်ကြီးတစ်ကန်၊ ဒု တိယရေကန်နှ င့် ကမ္ဘာပေါ်တွ င် အ

သန့်စင်ဆုံ း တို က်တေနီယမ်သည် ကျွန်ု ပ်တို့အားလုံ းကို နေ့စဉ်နှ င့်အမျှ ဖြတ်သန်းနေသော ကော့ စမစ် ရောင်ခြည်များနှ င့် အမှုန်များ

အားလုံ းကို ပိတ်ဆို့သွားလိမ့်မည်ဟု ယူ ဆကြသည်။ သို့သော် dark matter အမှုန်များသည် အဆို ပါ အတားအဆီးအားလုံ းကို ဖြတ်

ကျော်နို င်သည်ဟု သိပ္ပံ ပညာရှ င်များက ယူ ဆကြသည်။ ၎င်းအမှုန်များသည် ကန်အတွင်းရှိ ဇီနွန် (xenon) အရည်ထည့်ထားသော

စည်ပို င်းကြီးထဲသို့ ဝင်ရောက်ပြီး ဇီနွန်နျူကလိယထဲသို့ ထို းဖောက်ဝင်ရောက်ကာ၊ အလင်းရောင်ထွက်လာပေလိမ့်မည်။ ထို အလင်းကို

"the time projection chamber" ဟု အမည်ပေးထားသည့် ကိရိယာတစ်ခု မှ မြင်နို င်သဖြင့် dark matter အမှုန်များတည်ရှိကြောင်း

ကို ထု တ်ဖော်ပြသနို င်လိမ့်မည်ဟု မျှော်လင့်ကြသည်။

၎င်းတို့ပိတ်ဆို့ရန်မျှော်လင့်ထားသော နောက်ခံ ရောင်ခြည်အများစု ကို စစ်ထု တ်ရန် စက်ကိရိယာများက လု ပ်ဆောင်နေပုံ ရ

သည်။ "ဤအလွန်ရှ ားပါးသော အပြန်အလှ န်သက်ရောက်မှုအမျ ိုးအစားကို ရှ ာဖွေရန်၊ အလု ပ် နံ ပါတ်တစ်သည် စမ်းသပ်မှုကျော်လွန်

မည့် သာမန်ရောင်ခြည်အရင်းအမြစ်အားလုံ းကို ဖယ်ရှ ားပစ်ရန်ဖြစ်သည်" ဟု University of Maryland မှ ရူ ပဗေဒပညာရှ င် Carter

Hall က ပြောခဲ့ သည်။

သူ တို့ရဲ့ တွက်ချက်မှုတွေနဲ့ သီအို ရီတွေအားလုံ း မှ န်ကန်တယ်ဆို ရင်တော့ တစ်နှ စ်ကို dark matter ၏ ခဏတာ

အရိပ်အယောင် ၂ ခု လောက်သာ မြင်နို င်မယ်လို့ ထင်ပါတယ်။ သိပ္ပံ ပညာရှ င်ပေါင်း ၂၅၀ ပါဝင်သော အဖွဲ့သည် လာမည့် ၂ နှ စ်

အတွင်း ၎င်းတို့သည် တို င်းတာမှုရလဒ်များ အဆ ၂၀ ပို မို ရရှိမည်ဟု ခန့်မှ န်းထားသည်။

စမ်းသပ်မှုပြီးဆုံ းချိန်တွင် ဤကိရိယာဖြင့် dark matter ကို ရှ ာဖွေနို င်ခြေမှ ာ "၁၀% အောက်ဖြစ်နို င်သည်" ဟု ရူ ပဗေဒ

ပညာရှ င်နှ င့် စမ်းသပ်မှုဆို င်ရာ ပြောရေးဆို ခွင့်ရှိသူ Hugh Lippincott က သတင်းစာရှ င်းလင်းပွဲတွင် ပြောကြားခဲ့ သည်။

Sanford Underground Research Facility ရှိ LUX-ZEPLAN ဟု ခေါ်သော စမ်းသပ်မှုဆီသို့ သိပ္ပံ ပညာရှ င်များကို ခေါ်

ဆောင်သည့် လှေ ကားနှ စ်စင်းသည် ပြေးလွှားနေသည်။ ၁၀ မိနစ်ကြာ အဆင်းသည် ပို က်ကွန်များဖြင့် စီတန်းထားသည့် အေးမြသော
နံ ရံ များရှိသည့် လို ဏ်ခေါင်းတစ်ခု တွင် အဆုံ းသတ်သည်။ စို ထို င်းနေသည့် မို င်းတွင်းဟောင်းသည် နည်းပညာမြင့် ဓာတ်ခွဲခန်းတစ်ခု

အဖြစ်သို့ ရောက်ရှိလာသည်။ သို့သော် ဖု န်မှုန့်များနှ င့် ညစ်ညမ်းမှုများသည် ထို ဓါတ်ခွဲခန်းအတွက် ရန်သူ များဖြစ်ကြသည်။

သံ ခမောက်များကို သန့်ရှ င်းသော အသစ်များနှ င့် လဲလှ ယ်ပြီး နှ စ်လွှာရှိသည့် အပြာရောင် ဘွတ်ဖိနပ်များကို စီးနင်းရသည်။

စမ်းသပ်မှု၏ နှ လုံ းသားမှ ာ cryostat ဟု ခေါ်သော ဧရာမရေကန်ကြီးဖြစ်သည် ဟု ဦးဆောင်အင်ဂျင်နီယာ Jeff Cherwinka

က စက်ပစ္စည်းအား ပိတ်ပြီး ရေမဖြည့်မီ ၂၀၁၉ ခု နှ စ် ဒီဇင်ဘာလ ခရီးစဉ်တွင် ပြောကြားခဲ့ သည်။ သူ ကရှ င်းပြသည်မှ ာ ထို ရေကန်ကြီး

သည် "ကမ္ဘာ့ အသန့်စင်ဆုံ း တို က်တေနီယမ်" ဖြင့် ဒီဇို င်းပြုလု ပ်ထားသည့် "အအေးခံ ဓါတ်ဗူ း ကဲ့ သို့" ဖြစ်သည်၊ ဇီနွန် (xenon)

ဓါတ်ငွေ့အရည်ကို အအေးခံ ပြီး နောက်ခံ ရောင်ခြည် အနည်းဆုံ းဖြစ်အောင် ထိန်းသိမ်းထားရန်ဖြစ်သည်။

စမ်းသပ်မှု ရူ ပဗေဒ ညှိနှိုင်းရေးမှူး Aaron Manalaysay က ရှ င်းပြသည်မှ ာ ဇီနွန်သည်အရေးပါသည်။ dark matter အမှုန်

တစ်ခု သည် ဇီနွန်၏ အီလက်ထရွန်တစ်လုံ းနှ င့်သော်လည်းကောင်း၊ ဇီနွန်၏နျူကလီယပ်နှ င့်သော်လည်းကောင်း တို က်မိခြင်းရှိမရှိကို

သု တေသီများအား သိရှိစေနို င်သောကြောင့်ဖြစ်သည်။ ဇီနွန်၏နျူကလိယကို တစ်စုံ တစ်ခု ထိမှ န်ပါက ရှ ာဖွေနေသည့် dark matter

ဖြစ်နို င်ချေပို များကြောင်း ၎င်းက ဆို သည်။

ဤသိပ္ပံ ပညာရှ င်များသည် လွန်ခဲ့ သောနှ စ်ပေါင်းများစွာက ဤနေရာတွင် အလားတူ အသေးစားစမ်းသပ်မှုတစ်ခု ကို စမ်းသပ်

ခဲ့ ကြသည်။ စမ်းသပ်မှုရလဒ် အချည်းနှီးတက်လာပြီးနောက်၊ သူ တို့သည် အကြီးစားစမ်းသပ်မှုကို ပြုလု ပ်ရမည်ဟု သိလာကြသည်။

နောက်ထပ် အကြီးစားစမ်းသပ်မှုတစ်ခု ကို အီတလီတွင် ပြိုင်ဘက်အသင်းမှ လု ပ်ဆောင်နေသော်လည်း ယခု အချိန်အထိ ရလဒ်များကို

ထု တ်ပြန်ကြေညာခြင်းမရှိသေးပေ။

သိပ္ပံ ပညာရှ င်များသည် စကြာဝဠာမှ ာ မည်သည့်အတွက်ကြောင့် ထင်သလို မဖြစ်တာလဲ ဆို သည်ကို နားလည်ရန် ကြိုးစား

နေကြသည်။

လျှို့ဝှ က်ဆန်းကြယ်မှု၏ တစ်စိတ်တစ်ပို င်းမှ ာ dark matter ဖြစ်သည်။ စကြာဝဠာအတွင်း၌ ၎င်းတွင် ဒြပ်ထု အများစု ရှိ

သည်။ ဂယ်လဆီများ (ကြယ်စု များ) ရှိ ကြယ်များနှ င့် အခြားပုံ မှ န်အရာများကို တို င်းတာသောအခါ ထို နေရာတွင် dark matter ရှိ

နေသည်ကို နက္ခတ္တ ဗေဒပညာရှ င်များက သိကြသည်။ ဤအစု အဝေးများကို ပို မို တင်းကျပ်အောင် ထိန်းထားရန် ဆွဲငင်အား လုံ

လုံ လောက်လောက်နီးပါး မရှိသည်ကို သူ တို့ တွေ့ရှိရသည်။ အပြင်မှ ာ တခြားဘာမှ မရှိဘူ းဆို ရင် ဂယ်လဆီများတွေဟာ မြန်မြန်ဆန်

ဆန် ကွဲကွာသွားလိမ့်မယ်လို့ Manalaysay က ဆို ပါတယ်။

ဒါကြောင့် မမြင်ရတဲ့ ဒြပ်သား (dark matter) တွေရှိတယ်ဆို တာ သံ သယနည်းနည်းရှိပေမဲ့ အဲဒါက ဘာလဲဆို တာ သံ သယ

တွေ အများကြီးရှိတယ်။ ဦးဆောင်သီအို ရီမှ ာ မမြင်ရတဲ့ ဒြပ်သား (dark matter) တွင် WIMPs ဟု ခေါ်သော အရာများပါဝင်သည်။

WIMP ဆို သည်မှ ာ အားပျော့ သောအပြန်အလှ န်သက်‌ရောက်မှုရှိသည့် ဒြပ်ထု ကြီးမားသည့်အမှုန်များ (weakly interacting

massive particles) ဖြစ်သည်။

ထို သို့ဖြစ်လျှင် LUX-ZEPLAN သည် WIMP တို့ကို သိရှိနို င်မည်ဖြစ်သည်။ Lippincott က "Wimps တွေ ပု န်းအောင်း

လို့ရတဲ့ နေရာကို ငါတို့ရှ ာချင်တယ်"

You might also like