You are on page 1of 2

သင်၏အဖွဲ့အစည်း (သို့) သင်၏လူ မှုအသို င်းအဝို င်းတွင် တစ်စုံ တစ်ခု အပြောင်းအလဲဖြစ်လာအောင် သင်ဦးဆောင်လှုပ်ရှ ားခဲ့ သည့် ဥပမာတစ်

ခု ကို ရေးသားဖော်ပြပါ။

ကျွန်မသည် 2020 အထွေထွေရွေးကောက်ပွဲတွင် စစ်ငြိမ်းပန်း Foundation မှ ဦးစီးသည့် Candidate Chat Program တွင်
Organizing Committee၏ Networking ပို င်းကို volunteer အနေဖြင့် ဦးဆောင်ပါဝင်ခဲ့ ပါသည်။ Candidate Chat Program မှ ာ
ပါတီစွဲ၊ ဘက်လို က်မှုကင်းရှ င်းသည့်၊ ပြည်သူ လူ ထု နှ င့် လွှတ်တော်ကို ယ်စားလှ ယ် လောင်းများအကြား ရင်းနှီးမှုနှ င့် အပြန်အလှ န်
နားလည်မှု ပို မို ရရှိစေရန် ရည်ရွယ်ပြုလု ပ်သော ရွေးကောက်ပွဲကာလ Information sharing အစီအစဉ်တစ်ခု ဖြစ်ပါသည်။ ထို့အပြင်
လွှတ်တော်ကို ယ်စားလှ ယ်လောင်းများ၏ နို င်ငံ ရေးထဲပါဝင်ဖြစ်ခဲ့ ပုံ နှ င့် ရွေးကောက်ပွဲတွင်ဝင်ရောက်ယှ ဉ်ပြိုင်ရသည့် အကြောင်း
အရင်း၊ အမတ်အဖြစ် ရွေးချယ်ခံ ရလျှင် ရှေ့ဆက်လု ပ်ဆောင်မည့် အစီအစဉ်များ၊ မိမိဒေသတွင်း၊ မြို့နယ်တွင်း၊ နို င်ငံ တွင်း မိမိတို့ပြုပြင်
ပြောင်းလဲချင်သည့် အရေးကိစ္စများကို ပြည်သူ လူ ထု မှ မိမိတို့မဲမပေးမီ ကြိုတင်သိရှိနားလည်နို င်စေရန် ရည်ရွယ်သည့်အစီအစဉ်တစ်ခု
လည်းဖြစ်ပါသည်။

မြန်မာနို င်ငံ တွင် မိမိတွေ့မြင်မိသလောက် ပြည်သူ လူ ထု အနေနှ င့် ကို ယ့်မြို့နယ်မှ ဝင်ရောက်ယှ ဉ်ပြိုင်မည့် လွှတ်တော်
ကို ယ်စားလှ ယ် မည်သူ ဆို သည်ကို ပင်မသိကြသည်ကို တွေ့ရှိရပါသည်။ ထို့အပြင် မြန်မာနို င်ငံ သည် ရွေးကောက်ပွဲကျင်းပသည့်
အကြိမ်အရေအတွက်နည်းနေသည့်အတွက် ပြည်သူ လူ ထု အနေဖြင့် ရွေးကောက်ပွဲဆို င်ရာနှ င့်ပတ်သတ်သည်များကို လည်း ရင်းနှီးမှု
သိပ်မရှိကြသေးပေ။ တဖက်တွင်လည်း မြန်မာနို င်ငံ ၏အခြေအနေမှ ာ ရွေးကောက်ပွဲမဲပေးရွေးချယ်ရာတွင် ပါတီအပြင် မိမိရပ်ရွာ
ဒေသ၏ အကျ ိုးများကို အမှ န်တကယ်လု ပ်ဆောင်မည့်သူ ကို ရွေးချယ်ရန်လို အပ်ကြောင်းကို မစဉ်းစားပဲ ပါတီတစ်ခု တည်းကို သာ
ကြည့်ပြီး ပုံ အောမဲပေးကြတတ်သည်မှ ာလည်း အစဉ်အလာလို ပင်ဖြစ်နေသည်။ ဒီမို ကရေစီနို င်ငံ အဖြစ် ခြေလှ မ်းနေသည့် မြန်မာနို င်ငံ
အတွက် ဤအခြေအနေမှ ာ ဒီမို ကရေစီအသွင်ကူ းပြောင်းရေးကို အနာဂတ်တွင် အန္တရာယ်/ အဟန့်အတားဖြစ်လာစေနို င်သည်။ ထို
ကဲ့ သို့ မိမိပြောင်းလဲဖော်ဆောင်ချင်နေသည်နှ င့် ဤအစီအစဉ်၏ရည်ရွယ်ချက်တို့ ကို က်ညီနေမှုကြောင့်ပါဝင်လု ပ်ဆောင်ဖြစ်ခဲ့
ပါသည်။ ထို့အပြင် ၂၀၂၀ အထွေထွေရွေးကောက်ပွဲသို့သော နို င်ငံ ရေးဆို င်ရာအရွေ့တစ်ခု တွင် အသက် ၂၀ ဝန်းကျင် လူ ငယ်တစ်ဦး၊
မြန်မာနို င်ငံ သားတစ်ယောက်အနေဖြင့် တထောင့်တနေရာမှ ပါဝင်ချင်သည့်အတွက်လည်း ဤအစီအစဉ်ကို ဝင်ရောက်လု ပ်ကို င်ဖြစ်ခဲ့
ပါသည်။ အစီအစဉ်ကို ရွေးကောက်ပွဲမတို င်ခင် 8 လပို င်းမှ စတင်ပြီးရွေးကောက်ပွဲကျင်းပသည့် ၁၁ လပို င်းအထိလု ပ်ဆောင်ခဲ့ ပါသည်။
Interview, debate ပုံ စံ နှ င့်ရို က်ကူ းပြီး Social media platform တစ်ခု ဖြစ်သည့် Sitt Nyein Pann Facebook page မှ တဆင့်
ထု တ်လွှင့်ခဲ့ ပါသည်။ Women Lead Resource Center, Youvote chatbot တို့နှ င့်ပူ းပေါင်းပြီး volunteer များ၏လု ပ်အားနှ င့်
Candidate Chat Program ကို ၄ လတာအတွင်းဖော်ဆောင်ခဲ့ ပါသည်။ အဓိကပါဝင်ပတ်သတ်သူ များမှ ာ ပါတီဥက္ကဠများနှ င့်
လွှတ်တော်ကို ယ်စားလှ ယ်လောင်းများဖြစ်သည်။ အစီအစဉ်တွင်ပါဝင်သော အမတ်လောင်းများမှ ာ အမျ ိုးသမီး၊ လူ ငယ်၊ မသန်စွမ်း
အမတ်လောင်းများ ဦးဆောင်ပါဝင်ခဲ့ သည်။ ထို အမတ်လောင်းများ လွှတ်တော်တွင်းပို မို ပါဝင်လာနို င်ရေးကို လည်း အစီအစဉ်၏
ဦးစားပေးတစ်ခု အဖြစ်ဖော်ဆောင်ခဲ့ ပါသည်။

ပရို ဂရမ်မှ အကျ ိုးသက်ရောက်မှုအနေနှ င့် ဤအစီအစဉ်ကို ကြည့်ရှုသည့် ပြည်သူ လူ ထု များအနေနှ င့် မိမိတို့မဲပေးရာတွင်
ပါတီတစ်ခု တည်းတင်မဟု တ်ပဲ ကို ယ်စားလှ ယ်လောင်းများ၏ အရည်အချင်းအကြောင်းကို ပါ သိရှိရန်လို အပ်ကြောင်း ရွေးကောက်ပွဲ
ဆို င်ရာ awareness ကို ပေးနို င်ခဲ့ ပါသည်။ မိမိတို့ ပရို ဂရမ်၏ ဦးစားပေးလု ပ်ဆောင်ချက်တစ်ခု ဖြစ်သည့် အမျ ိုးသမီးလွှတ်တော်
ကို ယ်စားလှ ယ်လောင်းနှ င့် မသန်စွမ်းလွှတ်တော်ကို ယ်စားလှ ယ်လောင်းများကို လည်း ပြည်သူ လူ ထု မှ ပို မို သတိပြုမိခဲ့ ပါသည်။ ထို့
အပြင် မိမိတို့ ပရို ဂရမ်၏ target ၇ မြို့နယ်အပြင် အခြားသောမြို့နယ်များမှ လည်း အလားတူ အစီအစဉ်များ ပြုလု ပ်ပေးရန်အတွက်
တောင်းဆို မှုများရှိခဲ့ ပါသည်။ ထို့ကြောင့် လာမည့် ၂၀၂၅ ရွေးကောက်ပွဲတွင်လည်း ဤအစီအစဉ်ကို ပို မို ကျယ်ပြန့်စွာ
အကောင်အထည်ဖော်ဆောင်သွားနို င်ရန်လည်း ရည်ရွယ်ထားပါသည်။ ဤအစီအစဉ်ကို လု ပ်ဆောင်နေစဉ်နှ င့် လု ပ်ဆောင်အပြီးတွင်
နို င်ငံ ရေးပါတီများအနေနှ င့် Media communication ပို င်းဆို င်ရာ အားနည်းမှုနှ င့် လို အပ်ချက်များအပြင် တဖက်တွင်လည်း
ပြည်သူ လူ ထု မှ ာ Voter literacy နှ င့် ပတ်သတ်၍ အားနည်းနေသည်များကို တွေ့ရှိခဲ့ ရပါသည်။ ထို့အပြင် နို င်ငံ ရေးပါတီများတွင် စီမံ
ခန့်ခွဲမှုအပို င်းတွင် လူ ကြီးများသာရှိနေပြီး လူ ငယ်များကို နေရာပေးမှုနည်းပါးနေသေးသည်ကို တွေ့ရပါသည်။ ထို့ကြောင့် လူ ငယ်တစ်
ယောက်အနေနှ င့် နို င်ငံ ရေးအဖွဲ့အစည်းများ၊ ဆုံ းဖြတ်ချက်ချရာအပို င်းများတွင် လူ ငယ်များကို လည်း ခု ထက်ပို ၍နေရာပေးသင့်သည်
ဟု ထင်မြင်မိပါသည်။ မိမိ အတွက်ရရှိခဲ့ သော ကျွမ်းကျင်မှုအနေဖြင့်ပြောရလျှင် နို င်ငံ ရေးဆို င်ရာ အသိပညာ၊ ဗဟု သု တများအရင်က
ထက် ပို မို သိရှိနားလည်လာသလို မြန်မာနို င်ငံ ၏ ဤကဲ့ သို့သောနို င်ငံ ရေးဆို င်ရာများတွင်လည်း ပါဝင်လု ပ်ဆောင်သွားဖို့ရန် ပို မို စိတ်
အားထက်သန်မိပါသည်။

You might also like