You are on page 1of 12

B2B Marketing Strategy ဆိုတာ??

B2B Marketing Strategy ဆိုတာနဲ့ outbound technique လို့ခေါ်ဆို


နိုင်တဲ့ ကိုယ်သတ်မှတ်ထားပြီးသား targeted prospects တွေဆီ လှမ်း
ကြော်ငြာတာ Sales message လှမ်းပို့တာ စတာတွေကို မြင်ယောင်မိကြ
မယ်ထင်ပါတယ်။ တကယ်တော့ ယခုခေတ် B2B Marketing Strategy
များဟာ ပိုပြီးကျယ်ပြန့်လာပါတယ်။ Buyer များဘက်ကလဲ B2B
product or service များကို ရွေးချယ်ရာမှာ သူတို့ဆီပေးပို့လာတဲ့
message တွေ proposal တွေတင်မဟုတ်ပဲ ကိုယ်တိုင် research များ
ပြုလုပ်ပြီး အပ်နှံမည့် business ဘက်ကို အသေးစိတ်လေ့လာလာကြပါ
တယ်။

ဒါကြောင့် သင်ဟာ B2B Product or Service Provider တယောက်ဆို


အောက်မှာဖော်ပြမဲ့ B2B Marketing Strategy တွေကို လတ်မလွှတ်ပဲ
လေ့လာထားသင့်တယ်လို့ အကြံပေးပါရစေ။
(၁) Research များပြုလုပ်ခြင်း

Research ပြုလုပ်တာဟာ marketing ရဲ့ ကျောရိုးတခုပါပဲ။


ဈေးကွက် ( marketplace research )က စလို့ ကုန်ပစ္စည်း
အမှတ်တံဆိပ်များ ( Brand research ) ထိ ပြုလုပ်ထားခြင်းဖြင့်
မိမိလုပ်ငန်းအတွက် ပိုမိုတိကျတဲ့ Decision တွေကို ချမှတ်နိုင်မှာ
ဖြစ်ပါတယ်။ ဒီ research နည်းလမ်းများကို ကိုယ့်ရဲ့ prospect
များ client များအတွက်ပါ ပြုလုပ်ပေးခြင်းဟာ သူတို့ရဲ့ business
များကိုပါ ကောင်းကျိူးဖြစ်စေတာကြောင့် သင့်လုပ်ငန်း
reputation အတွက်လဲ ကောင်းမွန်စေမှာ ဖြစ်ပါတယ်။ မှန်ကန်​
ကောင်းမွန်တဲ့ Decision ​တွေချမှတ်နိုင်ဖို့ Market
Researchပြုလုပ်ပုံကို ​ပြောပြ​ပေးသွားပါမယ်။

- Competitor Analysis
- User Behavior in Social Media Groups
- Users' Biggest Concerns about the product
- Keyword Research စတာ​တွေပဲ ဖြစ်ပါတယ်။
(၂) Niche-Driven Strategy
Niche- Driven ဆိုတာကတော့ ကိုယ်အထူးပြုပြီးသွားချင်တဲ့
industryအမျိုးအစားတခုကို သေချာလေ့လာပြီး ထို industry မှ
business အမျိုးအစားများကိုသာ ideal customer အနေနဲ့
သတ်မှတ်လိုက်တာဖြစ်ပါတယ်။ ဥပမာသင်ဟာ မီးခံ​​သေတ္တာ​ရောင်း
တဲ့companyဆို မီးခံ​သေတ္တာကို တခြား company ​လုပ်ငန်းတွေ
အတွက် ဦးတည်​ရောင်း​ပေးချင်တာလား ဒါမှမဟုတ် အိမ်သုံး
အတွက် မီးခံ​သေတ္တာ​ရောင်း​ပေးချင်တာလား စသဖြင့် ideal
audience သတ်မှတ်ခြင်းကို ဆိုလိုပါတယ်။ ဒီလိုပြုလုပ်ခြင်း
အားဖြင့် target audience ကို ပိုမိုတိကျစွာနားလည်သွားပြီး buyer
persona များ​ရေးဆွဲလို့ရသွားပါမယ်။ Buyer Persona များ​ရေးဆွဲ
ပြီး ​နောက်တဆင့်အ​နေနဲ့ ထို persona နဲ့ ကိုက်ညီတဲ့ marketing
strategy၊ content strategy များ​ရေးဆွဲပြီး သာလွန်ကောင်းမွန်တဲ့
unique experience တွေကို ပေးနိုင်မှာဖြစ်ပါတယ်။
(၃) လုပ်ငန်းအတွက် website
ကောင်းကောင်းတခု

သင်ဟာ B2B Product or Service Provider တယောက်ဆို professional


website တခုတော့လိုအပ်ပါတယ်။ ဒီလိုရှိထားခြင်းအားဖြင့် လုပ်ငန်း image
ကိုလဲ တက်စေသလို
အခြားလုပ်ငန်းရှင်များအတွက်လဲ သင့်ကို ရှာဖွေရပိုမိုလွယ်ကူသွားစေပါတယ်။
လေ့လာမှုတွေအရ ၈၀ ရာခိုင်နှုန်းသော B2B လုပ်ငန်းရှင်တွေဟာ လုပ်ငန်းတွေ
ရဲ့ website ကိုလေ့လာလေ့ရှိကြတာမို့ company website ဟာ ရှိကိုရှိထား
သင့်တယ်လို့ အကြံပေးပါရစေ။ Website ကောင်းကောင်းတခုဖန်တီးနိုင်ဖို့
အတွက် သေချာပြင်ဆင်ထားသင့်တဲ့အရာများကတော့ UI UX Design, SEO,
Website usability နဲ့ လာရောက်လေ့လာသူ visitor များကို ဆွဲဆောင်နိုင်စေ
မဲ့ content, blog စတာတွေပဲ ဖြစ်ပါတယ်။
(4) Social Media
Social Media Presence ကလဲ လုပ်ငန်းရှင်များအတွက်အရေးပါတဲ့ အချက်
တခုဖြစ်ပါတယ်။ Social Media Channel တခုချင်းစီရဲ့ အ​ရေးပါအသုံး၀င်ပုံကို
နားလည်ထားဖို့လိုပါတယ်။ facebook ဟာဆိုရင် entertainment နှင့် fun၊
ကိုယ့် audience နဲ့ connect ဖြစ်​နေဖို့ အသုံးဝင်ပါတယ်။ Linkedin က​တော့
b2b လုပ်ငန်းရှင်များအတွက် professional ကျကျသုံးစွဲ​နေတဲ့ platform ဖြစ်
တာမို့ သင့်လုပ်ငန်းဟာ b2b လုပ်ကိုင်​နေတဲ့လုပ်ငန်းဆို linkdin platform ​
ပေါ်မှာရှိ​နေဖို့ လိုပါတယ်။ Instagram Platform က​တော့
vlogger/influencer များနှင့် affiliate marketing ပြုလုပ်ဖို့ အ​​ကောင်းဆုံး​
နေရာဖြစ်ပါတယ်။ သင့် target audience ဟာ Gen z ​နောက်ပိုင်း လူငယ်များ
ဖြစ်ခဲ့မယ်ဆို instagram page ​ကောင်း​ကောင်းတခုဖွင့်ထားဖို့လိုပါတယ်။
Social Media(Facebook) ကို အဓိကထားအသုံးပြုနေတဲ့ မြန်မာနိုင်ငံကဲ့သို့
နိုင်ငံမှာတော့ social media facebook presence ဟာ ရှိကိုရှိထားသင့်တဲ့
အရာလို့ အကြံပေးပါရစေ။ Social Media ဆိုတာ သင့်လုပ်ငန်း reputation,
expertise နဲ့content တွေကို ကျွ မ်းကျင်စွာ ချပြနိုင်တဲ့ နေရာတခုဖြစ်ပါတယ်။
သင့်လုပ်ငန်းအတွက် အသုံးဝင်အကျိုးရှိတဲ့ contacts များ၊ social influencer
များကိုလဲ ချိတ်ဆက်နိုင်တဲ့ နေရာကောင်းတခုဖြစ်ပါတယ်။ လူတွေရဲ့ စကား
သံတွေကို နားထောင်ပြီး ကိုယ့်ရဲ့ product or service တွေကို ပြုပြင်မွန်းမံ
ခြင်း( Social listening )များ ပြုလုပ်နိုင်ပါတယ်။
(5) ကြော်ငြာများ
သင့်လုပ်ငန်းကို website, SEM, Social Media နဲ့ cookie-based
technology များကို အသုံးပြုပြီး retargeting ပြန်လုပ်တာစတာတွေ
နဲ့ ကြော်ငြာနိုင်ပါတယ်။ Advertising ကြော်ငြာများဖန်တီးကြော်ငြာ
ခြင်းဟာ သင့်လုပ်ငန်း product or service ရဲ့ sales ကို တိုးတက်စေ
ရုံသာမက သင့်လုပ်ငန်းရဲ့ ကျွ မ်းကျင်ရာ expertise ကို လူတွေအများ
ကြီးကို ချပြနိုင်တာဖြစ်ပါတယ်။ Advertising platform တွေ များပြား
လာတာနဲ့အမျှ လုပ်ငန်းရှင်တေွဘက်လဲ မိမိတို့တက်နိုင်တဲ့ budget
နဲ့ purpose ကို ချိန်ညှိပြီး လိမ်မာပါးနပ်စွာ ဆောင်ရွက်သင့်ပါတယ်၊၊
product တခု​ရောင်းရလျှ င် profit margin ဘယ်​လောက်ရှိမလဲ ဆို
တာ​ တွက်ချက်ထားရပါမယ်။ profit margin, ads budget နဲ့ return
on investment(ROI) 3မျိုးကို ချိန်ညှိသုံးစွဲပြီး Analysis ပြုလုပ်​​နေရ
ပါမယ်။ ဘယ်​လောက်သုံးလိုက်ရင် ဘယ်​လောက်ပြန်ရမယ် အမြတ်
ဘယ်​လောက်ကျန်မယ် စတဲ့အချက်​တွေဟာ ads run ​တော့မယ်ဆို
အဓိကထားစဥ်းစားသင့်တဲ့အရာ​တွေပါပဲ။
(၆) Referral Marketing
Referral Marketing ဟာ B2B industry မှာတော့ တမူ
ထူးခြားပါတယ်။ ဘာလို့လဲဆိုတော့ လူတွေက သူတို့
ကိုယ်တိုင် သုံးဖူးတဲ့ experience မရှိပဲ အခြားသူကိုပြန်ညွှန်း
တတ်လို့ပါ။ ဘာတွေပေါ်မူတည်ပြီး ညွှန်းပေးကြတာလဲဆို
တော့ လုပ်ငန်းရဲ့ reputation နဲ့ ကျွ မ်းကျင်မှုတို့ကို မူတည်
ပြီး referral ပေးကြတာဖြစ်ပါတယ်။ ဒါကြောင့် လုပ်ငန်းရှင်
တွေအနေနဲ့ မိမိတို့လုပ်ငန်းရဲ့ ကျွ မိးကျင်မှုကို လူအများ
မြင်သာ‌ေအာင် content marketing များပြုလုပ်ခြင်း၊
client testimonial များချပြခြင်းတို့ဖြင့် reputation ကို
တည်ဆောက်နိုင်ပါတယ်။
(၇) Marketing
Automation, CRM, and
Lead Nurturing
Marketing Automation ဆိုတာကတော့ manually ထပ်ခါထပ်ခါလုပ်နေရ
တဲ့ marketing process တွေကို software technology နဲ့ အလိုအလျောက်
လုပ်ပေးပြီး work load ကိုလျော့ချပေးနိုင်တာဖြစ်ပါတယ်။ ဒါပေမဲ့ လုပ်ငန်း
မှာလုပ်ဆောင်နေရတဲ့ process တွေအတွက် အသုံးဝင်မဲ့ tool ကို သေချာ
ရွေးချယ်တတ်ဖို့ လိုပါတယ်။

CRM- Customer relationship management software မ‌ျားကိုတော့


client data များ၊ contacts များကို သေချာစုဆောင်းပြီး retargeting များ
ပြုလုပ်ခြင်း၊ marketing များပြုလုပ်ခြင်း စသဖြင့် လိုအပ်သလိုအသုံးချလို့ရပါ
တယ်။

Lead Nurturing- Sales Funnel မှာရှိနေတဲ့ customer တယောက်ချင်းစီရဲ့


buyer journey stage ကို လေ့လာစောင့်ကြည့်ပြီး marketing process များ
လုပ်ဆောင်ခြင်းကို lead nurturing လို့ ခေါ်ဆိုကြပါတယ်။ Lead nurturing
process မှာ targeted, analytics-driven email marketing campaigns
တွေပါဝင်ပါတယ်။ ဒီလိုပြုလုပ်တာဟာ customer တွေကို သူတို့‌ေရာက်ရှိနေ
တဲ့ buyer journey stage ပေါ်မူတည်ပြီး targeted campaign တွေကို
လုပ်ဆောင်တာမို့ ပို engaging ဖြစ်ပြီး client နဲ့ မိမိတို့အကြား ကောင်းမွန်တဲ့
ဆက်ဆံရေးကို တည်ဆောက်နိုင်မှာဖြစ်ပါတယ်။
(၈) Testing and Optimization

လုပ်ငန်းရှင်များဟာ မိမိတို့ပြုလုပ်ထားတဲ့ marketing effort


များ၊ plan များဟာ လက်တွေ့မှာရော တကယ်အကျိုးရှိပြီး
result ကိုမြင်ရရဲ့လားဆိုတာကို အမြဲ test လုပ်နေဖို့ လိုပါတယ်။
ရရှိလာတဲ့ test result များအပေါ်လဲ မူတည်ပြီး optimization
actionများကိုလဲ လိုအပ်ရင်လိုအပ်သလို လုပ်ဆောင်နေဖို့ အ‌ေ
ရးကြီးပါတယ်။ Facebook ads များ run ရာမှာ campaign
budget optimization များပြုလုပ်ပြီး ဘယ် audience ဘယ်​
ကြော်ငြာ content က result​ကောင်းလဲဆိုတာ ​စောင့်ကြည့်​​
လေ့လာ​နေရပါမယ်။ optimization ပြုလုပ်ပြီးမှ ရရှိလာတဲ့ ​
ကြော်ငြာ content အမျိုးအစား၊ audienceအမျိုးအစားကို
budget များများထည့်ပြီး ဦးတည်​ကြော်ငြာတဲ့အခါ ပို​ရောင်း​
ကောင်းလာတာကို ​တွေ့ရပါလိမ့်မယ်။ ဒါ့အပြင် A/B Test ဖြင့်
campaign များ၊ Landing Page များ၏ performance ကို
တိုင်းတာခြင်းများပြုလုပ်နိုင်ပါတယ်။
(၉) Analytics and Reporting

Campaign များ strategy များပြီးမြောက်သွားတဲ့အခါ Analytics Tools များဖြစ်တဲ့


google analytics, social media analyticsများကိုအသုံးပြီး result metrics ကို
report တခုအနေနဲ့ စုဆောင်းထားပါ။ analytics metric ​တွေဖြစ်တဲ့ bounce rate,
traffic ပမာဏ​တွေကို မူတည်ပြီး retargeting ပြန်လုပ်လို့ရပါတယ်။ bounce rate
များ​နေတဲ့ website page တခုဟာ လူအများစိတ်၀ငိစားပြီး ၀င်၀င်ကြည့်​နေတဲ့
စာမျက်နှာလို့ သတ်မှတ်လို့ရပါတယ်၊ ​နောက်ပိုင်းမှာ ထို စာမျက်နှာမှာ​ရေးသားထား
တဲ့ content အမျိူးအစားများ၊ product များကို audienceကို ပိုမိုပြသ​ပေးခြင်းဟာ
brand awareness နဲ့ sales ကို တိုးတက်​စေပါတယ်။ ဒါ့အပြင် analytics report
များဟာ နောက်ပိုင်းပြုလုပ်မည့် marketing process များအတွက် မှန်ကန်တဲ့
action plan နဲ့ decision making process များကို လမ်းပြပေးနိုင်မှာ ဖြစ်ပါတယ်။

ဒီလောက်ဆိုရင် B2B Business များအတွက်မရှိမ


ဖြစ် Marketing Strategy 9 ခု
ကိုနားလည်သွားလိမ့်မယ်လို့မျှော်လင့်ပါတယ်။
B2B market နဲ့ ပက်သက်ပြီး Strategy
တွေ Marketing အကူအညီတွေလိုအပ်
ရင်တော့ Idea Planet နဲ့ ဆက်သွယ်နိုင်
ပါတယ်

ဆက်သွယ်ရမယ့် phone number ကတော့-


09979209734
Email-
ideaplanetmarketingagency@gmail.com

You might also like