You are on page 1of 7

Hotel Accounting

****************************************

Hotel Accounting ပိုင်းကို ၀င်ရောက်လုပ်ကိုင်လိုသူတိုင်းဟာ Hotel တစ်ခုလုံးရဲ့  Organization Structure


ကိုသိထားဖု့လ
ိုအပ်ပြီး အဲဒီ Structure အရဖွ့စ
ဲ ည်းထားတဲ့ Sale Outlet များကို သိထားရမှာဖြစ်ပါတယ်။
Sale Outlet တွေရဲ့  Forms system and Procedures တွေကို နားလည်သဘောက်ပေါက်ထားဖို့လိုပါမယ်…

Hotel Accountant လုပ်တော့မယ်ဆိုရင် သိထားသင့်သော စာရင်းအမျိုးအစားများမှာ


အောက်ပါအတိုင်းဖြစ်ပါတယ်...

(၁) Revenue နဲ့ Income ကိုခြွဲ ခားသိဖို့လိုပါတယ်


(၂) Type of Income ကို သိဖို့လိုပါတယ်
(၃) Type of Expense ကို သိဖို့လိုပါတယ်
(၄) Balance Sheet ကို သိဖို့လိုပါတယ်
(၅) Departmental Profit and Loss Account ကို သိဖ့လ
ိုပါတယ်
(၆) Financial Position ကို သိဖို့လိုပါတယ်
(၇) Budgeting and Forecasting ကို သိဖို့လိုပါတယ်
(8) Ratio Analysis ကို သိဖို့လိုပါတယ်
(၉) Financial Control and Cost Control ပိုင်းတွေကို သိဖို့လိုပါတယ်

အထက်ပါ စာရင်းများအပြင် Sale Outlet တွေမှာ ပြုစုထားတဲ့ အခြေခံစာရင်းဇယား များကို Forms system
and Procedures အတွေကို အရင်သိထားဖို့လိုအပ်ပါတယ်…

Hotel တစ်ခုမှာ Accountant ကောင်းတစ်ယောက်အနေနဲ့ လုပ်ချင်ရင် Financial Control System နဲ့ Cost
Control System တွေကို အထူးနားလည်ထားဖို့လိုအပ်ပါမယ်…
Hotel လုပ်ငန်းများအတွက် စာရင်းစနစ်ကို American Hotel and Motel Association ကနေပေါက်ပွားလာတဲ့
Uniform Accounting System ကို တကမ္ဘာလုံးက Hotel တွေမှာသုံးစွေ
ဲ နတာဖြစ်ပါတယ်…

Hotel Accountant တစ်ယောက်လုပ်တော့မယ်ဆိုရင် ပထမဆုံးသိထားရမှာက Revenue & Income


ဖြစ်ပါတယ်။Revenue ဆိုတာက နေ့တနေ့စာအတွက်ပဲ ပါဝင်နေတဲ့ ၀င်ငွေစာရင်းဖြစ်ပြီး Incomeဆိုတာကတော့
မနေ့ကရရန်ရှိတဲ့ Receivable တွေရော ဒီနေ့အတွက် ရတဲ့ Receipt တွေရော မနက်ဖန်အတွက် ကြိုတင်ရတဲ့
Deposit တို့ Advance တို့ပါဝင်တဲ့ ၀င်ငွေကို ခေါ်တာပါ။
Income of the Hotel
Hotel တခုမှာ ၀င်ငွေအမျိုးအစား အများကြီးရှိပြီး အဓိက အပိုင်း (၃)ပိုင်းကို သိထားရပါမယ်…

(1).Room Income, (2). F&B Dept Income, (3). MOD လိ့ေ


ု ခ်ါတဲ့ (Mineral Operating Dept;)

Income တို့ဖြစ်ပြီး MOD Dept; ထဲမှာပါဝင်တာတွေကတော့ Hotel အကြီးအသေးအလိုက် အများကြီးရှိနိုင်ပြီး


နမူနာအားဖြင့် Souvenir Shop, Beauty Spa, Laundry Income, Massage Income, and Karaoke Room
Income…စတဲဝ
့ န်ဆောင်မှုပေးတဲ့ အပိုင်းမှ ရရှိလာမယ့် Income များဆိုပြီး ရှိပါမယ်….

များသောအားဖြင့် ရှိတတ်သော Income အမျိုးအစားတွေမှာ အောက်ပါအတိုင်းဖြစ်ပါတယ်


(1) Room Income
(2) Food Income
(3) Beverage Income
(4) Bar Income and Minibar Income
(5) Laundry Income
(6) Souvenir Shop Income
(7) Catering Service Income
(8) Swimming Pool Income
(9) Beauty Parlor Income
(10) Karaoke Room Income
(11) Massage Income
(12) Snooker Billiard Income
(13) Mini-golf Income
(14) Business Centre Income
စသဖြင့် ဟော်တယ်အဆင့်ကိုလိုက်ပြီး အများကြီးရှိနိုင်ပါလိမ့်မယ်..

Expense of the Hotel


Hotel ရဲ့  Expense တွေကို Capital Expense နဲ့ Current Expense (Operate-Expense) ဆိုပြီး
အုပ်စုခြွဲ ကည့်ရမှာပါ…

Capital Expense တွေထဲမှာ များသောအားဖြင့် ပါဝင်တတ်တဲ့


Expense အမျိုးစားတွေကတော့
-Land
-Building
-Furniture and Fixture
-Electrical Equipment
-Glassware
-Uniform စသည်တို့ ပါဝင်တတ်ပါတယ်

Current Expense တွေထဲမှာ များသောအားဖြင့် ပါဝင်တတ်တဲ့


Expense အမျိုးစားတွေကတော့
-Payroll
-Employee Benefit
-Room Expense
-Food & Beverage Expense
-Property Operation Expense
-Fixed Expense (charges)
-General Expense တို့ဖြစ်ပါတယ်..

Payroll & Employees Benefit တွေကတော့ ၀န်ထမ်းတွေနဲ့သက်ဆိုင်တဲ့စရိတ်တွေဆိုတာ အားလုံး


သိပြီးသားမို့ အထူးမဖော်ပြပေမယ့် ဌာနအလိုက် ၀န်ထမ်းတွေကို အသေးစိတ်ခရ
ွဲ မှာဖြစ်ပါတယ်…
ဆိုလိုတာက Room နဲ့ဆိုငတ
်ဲ့ ၀န်ထမ်း၊ F & B နဲ့ဆိုင်တဲ့ ၀န်ထမ်း စသဖြင့်အသေးစိတ်ခရ
ွဲ မှာဖြစ်ပြီး
သူတ့အ
ို တွက် လစာနဲ့ ခံစားခွင့်များ ယူနီဖောင်းစရိတ်များကို အသေးစိတ်ခရ
ွဲ ပါမယ်…

#Room Expense ထဲမှာ ပါဝင်တာတွေကို အထူးတလည် ဖော်ပြပေးပါမယ်


-China, Glassware and Linen
-Commission Expense
-Contract Cleaning Expense
-Laundry and Dry Cleaning Expense
-Guest Supplies Expense
-Cleaning Supplies Expense
-Reservation Expense
-Uniforms Expense
-Miscellaneous Expense တိ့ပ
ုါဝင်ကြပါမယ်…

#Food and Beverage Expense မှာပါဝင်မယ့် အမျိုးအစားတွေကိုလည်းထပ်မံဖော်ပြပါပေးပါမယ်


-Cost of food purchase,
-Cost of gas and oil,
-Cost of other merchandise for resale တွေပါပါမယ်
#Property Operation Expense တွေထဲမှာ ပါဝင်တာတွေကတော့
-Electricity Expense
-Fuel Expense
-Operating Supplies Expense
-Miscellaneous Expense
-Repairs and Maintenance
-Water Expense တွေပါဝင်ပါတယ်

#Fixed Expense (Charges) အမျိုးအစားတွေကတော့


-Amortization Exp
-Depreciation Exp
-Fire Insurance Exp
-Interest on Loan
-Interest on Mortgages
-Property Tax
-Real Estate Tax
-Rental Expense စသည်တို့ပါဝင်သည်

#General Expense ခေါင်းစဉ်အောက်မှာ ပါဝင်တဲ့ Exp အမျိုးအစားတွေကတော့


- Franchise Fees
- Audit Firms and Lawyers တွေကိုပေးရတဲ့ Professional Fees
- General Insurance Exp
- Printing, Stationery and Postage Expense
- Guest, Personal and Property ကုန်ကျတဲ့ Security Exp
- Telephone and other Communication Fees
- Travelling Exp
- Loss on Sale of Property
- Miscellaneous Exp စသည်တို့ ပါဝင်ပါတယ်…

-Hotel တွင် P&L ရေးဆွတ


ဲ့ဲအခါ Department တခုချင်းစီရဲ့  P&L ကိုအရင်ရေးဆွရ
ဲ ပါတယ် ..

Departmental Profit & Loss Account လို့ခေါ်ပါတယ်။ဝင်ငွေရှာနိုင်တဲ့ ဌာန အားလုံးရဲ့  P &L ကို
ဌာနတခုချင်းစီဆရ
ွဲ တာဖြစ်ပါတယ်။ အဓိက ၀င်ငွေပေါ်မှာ Cost of Sale ဖြစ်ပေါ်စေတဲ့ သက်ဆိုင်ရာ Direct
Cost တွေအပြင် Other Expensesများ၊သက်ဆိုင်ရာဌာနရဲ့ ဝန်ထမ်းလစာ၊၀န်ထမ်းခံစားခွင့်၊ ယူနီဖောင်းအတွက်
ကုန်ကျစရိတ်ကအစ ဌာနအလိုက်ရှိသော သက်ဆိုင်သည့် Fixed Assets များရဲ့  Deprecation ကအစ
အကုန်ထည့်တွက်ပြီး Dept;အလိုက် P&L ကိုထုတ်ရပါတယ်။ပြီးမှ ၀င်ငွေရအောင် ပံ့ပိုးကူညီရတဲ့
ဝင်ငွေမရတဲ့ဌာနတွေအတွက် စရိတ်တွေကို ထပ်နှုတ်ပြီး Hotel တခုလုံးရဲ့  Total P&L ကိုရေးဆွရ
ဲ ပါမယ်…
Department အားလုံးရဲ့  P&L များကို တဆင့်ရေးဆြွဲ ပီးမှ Income Statement အချောသတ်ရေးဆွသ
ဲ ည့်အခါ
စာရင်းအားလုံးပြန်ပေါင်းသည့် Consolidated Profit & Loss Account ကိုရေးဆွရ
ဲ ပါတယ်…

Hotel တခုမှာ ဧည့်သည်စ၀င်တာနဲ့ မှတ်တမ်းထားရမယ့် အရေးကြီး ကဏ္ဍတခုကတော့ Bill ဖြစ်ပါတယ်။


ငွေမရမချင်း ဧည့်သည် တစ်ဦးချင်းစီကတက်လာတဲ့ Bill တွေကို Sr.No အလိုက် Up to Date ဖြစ်အောင်
စာရင်းသွင်း File ဖွဲ့သိမ်းပြီး Receivable ကို update ဖြစ်အောင်ဖော်ထားရပါမယ်…ဒါမှ ဧည့်သည် Check out
လုပ်ပြီး ငွေရှင်းချိန်မှာ ရရန်ရှိငွေများ အကုန်တောင်းခံထားနိုင်မှာဖြစ်ပါတယ်။ Bill များကို ငွေတကယ်ရမှ Cash
Receipt Vr. ဖွင့်ပြီး ပိတ်သိမ်းရပါမယ်။
Bill တွေကို သူ့ဌာနနဲ့သူ သပ်သပ်စီ ခေါင်းစဉ်တွေပေးပြီး ခွဲထားရမယ်။ဥပမာ Rest Bill, Bar Bill, Laundry Bill
စသဖြင့်ပေါ့..Hotel တွေရဲ့  တနေ့တာ စာရင်းတွေကို ည ၁၂ နာရီမှာ ပိတ်ပြီး Night Audit က တညလုံး
စစ်ဆေးပြီး နောက်တနေ့ မနက်မှာ ၀င်ငွေစာရင်းနှင့် တခြားစာရင်းအားလုံး စစ်ဆေးအတည်ပြုပြီးဖြစ်အောင်
လုပ်ထားရပါတယ်။

#Room Division အတွက် P&L ရေးဆွရ


ဲ န် သိထားသင့်သည့်အချက်များ

Revenue ပိုင်းမှာ အခန်းငှားခရတဲ့ Room Income တွေထဲမှ


(Tax and Service Charges) တွေနှုတ်ပြီး တဲ့အပြင် Breakfast အတွက် Cost တွေနဲ့ Travel agent တွေနဲ့
ဧည့်သည်တွေကို ပေးလေ့ရှိတဲ့ Allowance တွေလည်းနှုတ်ထားရပါမယ်..ဒါဆိုရင်တော့ Net Room Revenue
ကိုရပါမယ်…

#Expense (Consumption) အပိုင်းမှာတော့ ပါဝင်လေ့ရှိတဲ့ Exp Type တွေဖော်ပြပေးပါမယ်

-Room Dept;မှာရှိတဲ့ Staff တွေအတွက် ၀န်ထမ်းလစာ


-၀န်ထမ်းခံစားခွင့် Employee Benefit
-Allowances Expense (Revenue ထဲမှာ ထည့်နှုတ်သော စရိတ်များ)
- Commission (Travel Agent တွေကိုပေး)
- China, Glassware and Linen Expense (အိပ်ခန်းတွေအတွင်းမှာထည့်ထားတဲ့ ပစ္စည်းများ)
-Contract Cleaning Expense (Room နဲ့ဆိုင်တဲ့ သန့်ရှင်းရေးတွက် ကုန်ကျစရိတ်များ)
-Laundry and Dry Cleaning Expense (Room နဲ့ဆိုင်တဲ့ လျှော်ဖွတ်စရိတ်များ)
-Operating Supplies Expense (Room မှာ ဧည့်သည်တွေတွက် ထောက်ပံ့ပစ္စည်းများစရိတ်)
-Uniform Expense (Room နဲ့ဆိုင်တဲ့ ၀န်ထမ်းများအတွက် ၀တ်စုံစရိတ်)
- Other Operating Expense (ဧည့်သည်တွက်စာအုပ်ဂျာနယ်များ၊၀န်ထမ်းခရီးစရိတ်နှင့်အခြားစရိတ်များ)
-Reservation Expense (ဧည့်သည်များလာရောက်ဖို့ စီစဉ်ဆောင်ရွက်ရတဲ့ Communication Exp)
-Employees’ Meats (Room ၀န်ထမ်းများကို ကျွေးမွေးစရိတ်)
-Depreciation Expense (Room နဲ့ဆိုင်တဲ့ Fixed Assets များအတွက်)
#Food & Beverage Department အတွက် P&L ရေးဆွရ
ဲ န် သိထား သင့်သည့်အချက်များ

Hotel တွေမှာ Food Income ပိုင်းအတွက် Food Sale မှာ Sale ရယ် (F.O.C) ၀င်ငွေမရဘဲ ထုတ်လုပ်မှုရယ်၊
Complimentary လို့ခေါ်တဲ့ အခမဲ့ ကျွေးမွေးတာတွေရယ်ရှိပါတယ်။

ဝန်ထမ်းတွေကို ကျွေးမွေးရတဲ့ တန်ဖိုးတွေကို Sale Income အနေနဲ့မသွင်းရပါဘူး..


နောက်တခုကတော့ အခန်းတွေဟာ မနက်စာ (Breakfast) နဲ့တေ
ွဲ ရာင်းတာဖြစ်လို့ Room Sales ထဲမှာ
ပါဝင်နေတဲ့ မနက်စာအတွက် Cost တွေကို Food and Beverage Dept; စာရင်းထဲမှာ ပြန်ထည့်ပေးရပါမယ်..
Beverage Income ထဲမှာတော့ Dining Room, Room Service , Banquets and Public Bars
တွေမှာရောင်းချလို့ရတဲ့ အဖျော်ယမကာ အရောင်းတွေ အားလုံးပါပါတယ်..

#Food Cost of Sale တွက်ချက်နည်းကတော့-


သုံးစွခ
ဲ့တဲ့ ပစ္စည်းတွေရဲ့ တန်ဖိုးတွေကို (Cost Price) နဲ့တွက်ချက်ပြီး ကုန်သွယ်လျှော့ငွေ Trade Discount
ကိုနုတ်ပေးရပြီး သယ်ယူစရိတ်၊ သိုလှောင်စရိတ်၊ ပို့ဆောင်စရိတ်တွေကို ထည့်ပေါင်းပြီး ၀န်ထမ်းများအတွက်
အစားအစာခွင့်ပြုစရိတ်ကို နုတ်ယူရပါမယ်…

#Beverage Cost of Sale တွက်ချက်နည်းကတော့-


အဖျော်ယမကာပြင်ဆင်ရောင်းချရာမှာ ထည့်သွင်းသုံးစွခ
ဲ့တဲ့ ပစ္စည်းတွေရဲ့ တန်ဖိုးတွေကို (Cost Price)
နဲ့တွက်ချက်ပြီး ကုန်သွယ်လျှော့ငွေ Trade Discount ကိုနုတ်ပေးရပြီး သွင်းကုန်စရိတ် (Import Duties)
သယ်ယူစရိတ်၊ သိုလှောင်စရိတ်၊ ပို့ဆောင်စရိတ်တွေကို ထည့်ပေါင်းပြီး ၀န်ထမ်းများအတွက်
အစားအစာခွင့်ပြုစရိတ်ကို နုတ်ယူရပါမယ်…ထု့အ
ိ ပြင် ပုလင်းခွံတွေ ပြန်ရောင်း၇တဲ့ ၀င်ငွေကို
ထည့်ပေါင်းပြီးမှသာ အချောသတ် Beverage Cost Sale ကိုရရှိမှာဖြစ်ပါတယ်..

Other Operated Department တွေအတွက်ကတော့ Division တစ်ခုစီအလိုက် ၀င်ငွေနဲ့ သူရဲ့ သက်ဆိုင်တဲ့


စရိတ်တွေကို နှုတ်ပြီး ဌာနတခုစီ P& L တွေရေးဆွရ
ဲ မှာပါ..
Hotel တစ်ခုနဲ့တစ်ခု Service ပေးတဲ့ (Mineral Operation Departments) တွေကအနည်းအများ
မတူညီနိုင်တာကြောင့် ကိုယ့်လုပ်ငန်းမှာ ရှိတဲ့ ဌာနအလိုက် စာရင်းရေးဆွရ
ဲ မှာပါ…
ဥပမာဆိုလိုတာက ဟော်တယ်တိုင်းမှာ ရေကူးကန်မရှိသလို ဟော်တယ်တိုင်းမှာ GYM, Message, KTV
စတာတွေ မရှိနိုင် ဟော်တယ်တိုင်းမှာ Beauty Salon မရှိတာကြောင့် ကိုယ့်ဟော်တယ်မှာ
ရှိသလောက်နဲ့စာရင်းရေးဆွပ
ဲါ…

===================================
Hotel ပိုင်းအတွက် အရေးကြီးတဲ့ ကဏ္ဍနောက်တစ်ခုကတော့ Cost Control ပိုင်းဖြစ်ပါတယ်…

Cost Control ပိုင်းမှာ


(1) Operating Cost (Consumption အပါအ၀င်)
(2) Capital Expenditure
(3) Shareholder Value စတာတွေကို Control လုပ်ရပါမယ်..
Operation Cost တွေကို စီမံရာမှာ Sale Outlets တစ်ခုစီရဲ့  Operating Cost တွေကို မူလ Budget
လျာထားချက်၊ Norm တွေနဲ့ ကိုက်ညီမှု ရှိမရှိ၊ကွဲလခ
ျွဲက်တွေကို ဆန်းစစ်ရပါမယ်..
ကွလ
ဲ ရ
ွဲ တဲ့ အကြောင်းရင်းတွေကိုရှာဖွေပြီး လိုအပ်တဲ့ စီမံမှုများကိုပြုလုပ်ရပါမယ်…

Capital Expenditure တွေကို စီမံခန့်ခရ


ွဲာမှာတော့ Fixed Assets တွေကို ထိန်းသိမ်းခြင်းနှင့်
တန်ဖိုးသတ်မှတ်ခြင်းအပိုင်းနှစ်ပိုင်းပါဝင်ပါမယ်..
Hotel လုပ်ငန်းများတွင် အရေးအကြီးဆုံးအပိုင်းကဏ္ဍဖြစ်သော Costing ပိုင်းအတွက် New Castle Hotels &
Resorts ရဲ့  President & COO ဖြစ်သော Gerry Chase ရဲ့  အဆိုအရ: labor, direct expenses and
overhead expenses တွေကို အာရုံထား Control လုပ်ဖို့နဲ့ Labor cost, Food and Beverage ပိုင်းများကို
သေချာထိန်းကွက်ရန်သတိပေးထားပါတယ်…

Hotel တွေမှာ ကျင့်သုံးလေ့ရှိသော Costing Method မှာ Activity Based Costing (ABC) ကိုကျင့်သုံး သလား
Traditional costing system အရ Operating Costing ကျင့်သုံးသလားဆိုတာကိုတော့ Hotel Policy
ပေါ်မှာလေ့လာကြည့်ရပါလိ့်မ်မယ်…

အထူးဖော်ပြချက်အနေနဲ့ Hotel လုပ်ငန်းတွေမှာဖြစ်စေ Restaurant လုပ်ငန်းများအတွက်ဖြစ်စေ


Food Cost Control ဘယ်လိုလုပ်ရမယ်ဆိုတဲ့ နည်းလမ်းများကို လေ့လာနိုင်ရန် Link
လေးတစ်ခုဖော်ပြပေးထားပါတယ်…၀င်ရောက်လေ့လာကြည့်ပါလို့ တိုက်တွန်းချင်ပါတယ်…

Food Cost Control အတွက် Link လေးပါ....

https://www.bngkolkata.com/web/food-cost/

You might also like