You are on page 1of 395

#မိုးထိတောင်သိုင်းသမား #ZYN

ZweYan Naing

အခန်း (၁) အပိုင်း တစ်


ရှောင်စစ်တောင်ထိပ်မှ သိုင်းပြိုင်ပွဲ

ရှောင်စစ်တောင်...
ရှောင်စစ်တောင် မှာ သိပ်မြင့်မားသော တောင်တစ်လုံးတော့ မဟုတ်ပေ။ သို့သော် တောင်တန်း သဖွယ် တောင်ထွဋ် လေးခု
သွယ်တန်းလျက်ရှိပီး အမြင့်ဆုံးတောင်ထွဋ် မှာမူ တိမ်တိုက်များ ရစ်ဝဲလျက် ရှိသဖြင့် တောင်ထိပ်ရှုခင်းမှာ ကျော်ကြားလှပေသည်။

တောင်ထိပ် မြေကွက်လပ် တွင် သက်တော်ငါးဆယ်ခန့် ရှိဟန်တူသော ရှောင်လင်ဘုန်းတော်ကြီးတစ်ပါး က လက်နောက်ပစ်ကာ


ရပ်လျက်ရှိလေသည်။
ဘုန်းတော်ကြီး၏ အမူအရာ က တစ်စုံတစ်ရာကို စောင့်နေသည့် အလားပင် ငြိမ်သက်လျက်ရှိ သည်။
အဖြူအမည်းရောထွေးနေသော မုတ်ဆိတ်မွှေးများမှာ ဘုန်းတော်ကြီး၏ တည်ငြိမ်မှုကို ဖြည့်စွက်ပေးနေသယောင်ပင်။

"ဟူး... ဟူး.."
ဟု လေတိုးသံ တစ်ချက်ကြားရကာ ဘုန်းတော်ကြီး နောက်သို့ တစ်စုံတစ်ယောက် ရောက်ရှိလာသည်။
ဘုန်းတော်ကြီးက လှည့်၍ပင် မကြည့်ပဲ

" ဒကာကြီး ရောက်လာပီလား "


ဟု ပြောလိုက်သည်။
ရောက်လာသူက မဆိုင်းမတွပင်

" ဆရာတော်က အရင်ရောက်နေတာပဲ တပည့်တော် အားတောင်နာ မိတယ် "


ဟု ခပ်ပြုံးပြုံး ပြောလိုက်သည်။
ဘုန်းတော်ကြီး က

" အားနာစရာမလိုပါဘူး ဒကာကြီး ဝေထင်း


ဒကာကြီးတွမ့် နဲ့ ဒကာကြီးစီးမင် ရောက်လာတဲ့ အချိန်ကြရင် ဘုန်းကြီး တို့ ပြိုင်ပွဲ စကြတာပေါ့ "
ဟု ဝေထင်း ဆိုသူဘက်ကို လှည့်၍ ပြောလိုက်သည်။
ဝေထင်း က

" ရှောင်လင်ကျောင်းထိုင် ဆရာတော် ရွမ်းအိ တောင်ရောက်နေတာကို မလာသေး တာတော့ ဟိုလူနှစ်ယောက် ယဉ်ကျေးမှု မရှိတာပဲ
ဆရာတော် "
ဟု ရောက်မလာသေးသည့် လူနှစ်ယောက် ကို အထင်သေးဟန်ဖြင့် ပြောလိုက်သည်။

ထို့အချိန်တွင် လေတိုးသံများ ဆက်တိုက် ဆိုသလို ထွက်ပေါ်လာပီး တောင်ထိပ် မြေကွက်လပ်သို့ လူရိပ်နှစ်ခု ရှေ့ဆင့် နောက်ဆင့်
ပေါ်လာသည်။
အရှေ့မှ လူရိပ်က ခြေလိုက်လိုက်သည်နှင့် တစ်ပြိုက်နက် ထဲ ဝေထင်း ကိုလှမ်းကာ

" နောင်ကြီးဝေထင်း ကတော့ ကျနော် တို့ကို အမြဲ အပြစ် မြင်နေသလိုပဲ "


ဟု လှမ်းကာ ခနဲ့လက
ိုသည်။

နောက်က လူရိပ်ကတော့ ဘာမှမပြောပဲ ဘုန်းတော်ကြီးရွှမ်းအိ ကို လက်သီးဆုပ်ကာ ဂါရဝပြု လိုက်ပီး အသာအယာပင်


ယပ်ထောင်ထုတ်ကာ ခတ်လျက်ရှိသည်။

အရှေ့လူရိပ်မှာ အသက်လေးဆယ်ခန့် ရှိဟန်တူပီး သစ်လွင်သောအဝတ်အစားကို ဝတ်ဆင်လျက် ပုံစံကတော့ ဂိုဏ်းချုပ်တစ်ဦးပမာ


ပင်ရှိသည်။
မျက်နှာထားမှာ ချိုလွင်ကာ အတွင်းစိတ်ကို ဖုံးကွယထ
်ားတတ်ပုံပေါ်သည်။

အနောက်က လူရိပက
် တော့ ငယ်ရွယ်ပုံပေါ်သေးသည်။ အသက်လေးဆယ်ပင် ပြည့်ဟန်မတူသလို ဝတ်စားထားပုံမှာ မင်းညီမင်းသား
ဆန်လှသည်။ ခန်ည
့ားသော မျက်နှာ အသွင်အပြင် နှင့် ယပ်တောင်ခတ်နေပုံမှာ ဟိတ်ဟန်ပါသည်။
ဝေထင်းပုံစံကတော့ အမာရွတ်တစ်ချို့ က ခန့်ညားသော မျက်နှာကို ဖျက်လျက်ရှိပီး ခပ်နွမ်းနွမ်းအဝတ်အစားကလဲ လူအထင်ကြီးစရာ
မရှိပေ။ အသက်ကတော့ လေးဆယ်ကိုအတော်ကျော်ဟန် ရှိပီး မျက်နှာထားက ခပ်ထန်ထန် ရှိသည်။

ဘုန်းတော်ကြီးရွှမ်းအိ က ထို ကွဲပြားလွန်းသော လူသုံးယောက်ကို လွှမ်းခြုံ ကြည့်လိုကရ


် င်း

"ဒကာကြီးတို့ အားလုံး စုံပီဆိုတော့ ဘုန်းကြီးတို့ စလိုက်ကြရအောင် "


ဟု အေးချမ်းစွာပင် ပြောလိုက်သည်။

ထိုစဉ် စကားတစ်ခွန်းမှ မပြောရသေးသော မင်းညီမင်းသား ဟန်ဖြင့် တွမ့် ဆိုသူက

"ဆရာတော်ကြီးရွှမ်းအိ ခဏလောက် နေပါဦး တပည့်တော်တို့ ပြိုင်ပွဲကို ဒိုင်အဖြစ် ကြီးကြပ်ပေးဖို့ တပည့်တော်


ဂိုဏ်းချုပ်လေးယောက်ကို ဖိတ်ထားမိပါတယ် သူတို့အလာကို ခဏလောက် စောင့်ပါရစေ "
ဟု ခွင့်တောင်းလိုက်သည်။

ဝေထင်း က
"တွမ့်ကျန်းချွမ် ... မင်းကတော့ ဦးရီးတော်လို့ မပြောရဘူး အတော်ဇာချဲ့တာပဲ ကွ "
ဟု စိတ်မရှည်စွာဖြင့် အပြစ်တင်လိုက်သည်။

စီးမင်ဆိုသူက
"အဲ့လိုတော့ မပြောနဲ့လေ နော်တော်ဝေထင်း ဂိုဏ်းချုပ်တေကို ဖိတ်တဲ့အထဲမှာ ကျနော်လဲပါတယ် ...
ကျနော်တို့ နှစ်ယောက် ရဲ့ အစီအစဉ်က
သိုင်းပြိုင်ပွဲကို အသိသက်သေ ဒိုင်လူကြီးတွေနဲ့ ဖြစ်စေချင်တာပဲ...
ဒါမှသာ သိုင်းလောကရဲ့ နံပါတ်တစ် သိုင်းသမားဟာ ဘယ်သူဆိုတာ သိုင်းလောကတစ်ခုလုံးတန်းသိသွားမှာပေါ့ "
ဟု ဝင်ပြောလိုက်သည်။

ဘုန်းတော်ကြီးရွှမ်းအိ က
"ဒကာကြီးတို့ အကြံလဲ မဆိုးပါပူး...
အသိသက်သေတွေ ပါတော့လဲ ကောင်းတာပါပဲ "
ဟု ငြင်းဆန်စရာမရှိပုံဖြင့် ခပ်အေးအေးပြောလိုက်သည်။

ဝေထင်း ကလဲ ဆက်မငြင်းချင်တော့ဟန်ဖြင့်


" အေးကွာ... ငါကတော့ သိုင်းမြန်မြန်ပြိုင်ချင်တာပဲ သိတယ် မင်းတို့လူတေ မြန်မြန်လာအောင် လုပ်ကြ "
ဟု စိတ်မရှည်စွာ ရေရွတ်လိုက်သည်။

ထိုအချိန်တွင် တောင်ထိပ်ပေါ်သို့ လေတိုးသံများ ထွက်ပေါ်လာပီး လူလေးယောက် ရောက်ရှိလာသည်။


ထိုသူများမှာ
ဝူတန်ဂိုဏ်းချုပ်ရသေ့ကြီး ကျန်းယွမ် ၊
ဝါဆန်းဂိုဏ်းချုပ် ပိုင်ချုန်း ၊
ခွန်လွန်ဂိုဏ်းချုပ်ရသေ့ကြီး မုစန်း နှင့်
သူဖုန်းစားဂိုဏ်းချုပ်ကြီး ပုလုံ တို့ဖြစ်ကြသည်။

ဝူတန်ဂိုဏ်းချုပ် ရသေ့ကြီး ကျန်းယွမ် မှာ အသက်လေးဆယ်ကျော်ဟန်တူပီး မျက်နှာခပ်လတ်လတ်ရှိကာ ရိုးရိုးရှင်းရှင်းပင်


ရသေ့ဝတ်စုံကို ဝတ်ဆင်ထားသည်။ မုတ်ဆိတ်မွှေးခပ်စစဖြင့် မျက်လုံးအစုံက တည်ငြိမ်သည်။ ဓားကို လက်ကပင်
ဆုပ်ကိုင်လျက်ရှိသည်။

ဝါဆန်းဂိုဏ်းချုပ် ပိုင်ချုန်း ကတော့ ဝေထင်း ကဲ့သို့ပင် အဝတ်အစားခပ်နွမ်းနွမ်းပင် ရှိသည်။ သို့သော် မျက်လုံးအစုံကတော့


စူးရှလွန်းသည်။ သူ့၏ ရုပ်ရည်မှာ လေးဆယ်ကျော်နေသည့်တိုင် မုတ်ဆိတ်ကင်းစင်ကာ ခန့်ညားသည်။ သူက ဓားကို လက်တစ်ဖက်ဖြင့်
မြေပြင်တွင် ထောက်ကိုင်ထားသည်။

ခွန်လွန်ဂိုဏ်းချုပ် မုစန်းရသေ့ကြီးကတော့ ဆရာတော်ရွှမ်းအိ လိုပင် ငါးဆယ်ကျော်နေလေပီ။ အရပ်ခပ်ရှည်ရှည် ရှိကာ ရသေ့ဝတ်စုံကို


ဝတ်ဆင်လျက် ရှိသည်။ သူ၏ မုတ်ဆိတ်မွှေးရှည်များက သူ့ကို အတော်ပင် ခန့်ညားစေသဖြင့် ဓားကိုလွယ်ကာ ရသေ့များကိုင်လေ့
ရှိသော ကြက်မွှေးကို ကိုင်ထားသောအခါ ရှေးပန်းချီထဲမှ ရသေ့တို့ ပုံစံအတိုင်းပင် ဖြစ်သွားသည်။
သူဖုန်းစားဂိုဏ်းချုပ် ပုလုံကတော့ အရပ်ခပ်ပြတ်ပြတ်ရှပ
ီး မျက်နှာထား တည်ကြည်သည်။ အသက်ကမူ လေးဆယ်ကျော်ဟန်ပင်
မတူသေးချေ။
ဝါးစိမ်းတုတ် ကို လက်ဖြင့်ထောက်ကာ ခပ်အေးအေး အမူအရာရှိသည်။

ရောက်လာသူများထဲမှ သုံးယောက်မှာ ဓားသိုင်းအဓိကထားသော သိုင်းဂိုဏ်းချုပ်များ ဖြစ်ကြရာ ဓားသမားဖြစ်သော ဝေထင်းက သိရှိ


နေသည်။

ဝေထင်းက ရောက်လာသူတွေကို လှမ်းကြည့်လိုက်ပီး တစ်ချက်ရယ်ကာ


" ဒိုင်တွေဆိုလို့ ဘယ်သူတွေများလဲလို့ အောက်မေ့မိတယ် ကျုပ်ကို ရှုံး ထားတဲ့ အရှုံးသမားတွေပါလား "
ဟု ခနဲ့လိုက်သည်။

ရောက်လာသူများမှာ ဝါရင့် သိုင်းဂိုဏ်းချုပ်ကြီးတွေ ဖြစ်သော်လဲ ဝေထင်းစကားကြောင့် မျက်နှာ တစ်ချက်ပျက်သွားပီး


ဘာစကားမှမပြောနိုင်ဖြစ်နေကြသည်။
အဘယ့်ကြောင့် ဆိုသော် သူတို့ သုံးယောက်စလုံးက ဓားသိုင်းအရာတွင် ဝေထင်းကို ရှုံးထားဖူးသည် မဟုတ်ပါလား။
သို့သော် သူဖုန်းစားဂိုဏ်းချုပ်ကြီး ပုလုံ က မခံချင်ဟန်ဖြင့်
" နောင်တော် ဝေထင်း ကျုပ်ကတော့ ခင်များကို မရှုံးဖူးသေးလို့ ခင်များစကားကို ရုတ်သိမ်းလိုက်ရင် ကောင်းမယ် "
ဟု ပြန်ပြောလိက
ုသည်။

ထိုစဉ် ဆရာတော်ရွှမ်းအိ က စကားမရှည်စေလို သဖြင့် အားလုံးကို လှမ်းကာ


" ကဲ လူလဲ စုံပီ... စကြရအောင်
ဘယ်သူနဲ့ ဘယ်သူ အရင်ယှဥြ် ပိုင်ကြမလဲ "
ဟု မေးလိုက်သည်။

ဝေထင်း က စီးမင်ကို့ဝေ ဘက်လှည့်ပီး


" ကျုပ်က သူ့ရဲ့ ထျန်းစန်းနတ်လက်သီးသိုင်း ဆိုတာကို စမ်းကြည့်ချင်နေတာ ကြာပီ...
လူပြောများတဲ့အတိုင်း အစွမ်းထက် ပါ့မလားလို့ "
ဟု သူ့၏ အဖျားကော့ နေသော တစ်ဖက်သွားဓားကို ဆွဲထုတ်ကာ လက်နှစ်ဖက်နှင့် ကိုင်ပီး ခပ်တည်တည်ပင် ပြောလိုက်သည်။

စီးမင်ကို့ဝေ ကလဲ လက်နှစ်ဖက်ကို သံလက်အိတ်စွပ်ကာ အသင့်ပြင်ထားပီး


" တစ်ဖက်သွားဓားသိုင်း ဆိုတာကော ထင်သလောက် စွမ်းပါ့မလား ကြည့်ရသေးတာ ပေါ့ "
ဟု အရှုံးမခံပြန်ပြောလိက
ု သ
် ည်။

ထို့နောက် ဝေထင်းမှပင် စတင်ကာ


"ယား.." " ဟူး..."
ဟု မာန်တစ်ချက်သွင်းပီး စီးမင်ကို့ဝေ ကို ဓားဖြင့် တည့်တည့် ခုတ်ချလိုက်သည်။ အတော်ကိုပင် အားအင်ပါသော
ခုတ်ချက်ဖြစ်တာကြောင့် လေတိုးသံပင် ထွက်ပေါ်လာသည်။
စီးမင်ကို့ဝေ လဲ ဘေးသို့တိမ်းရှောင်ရင်း လက်သီးဖြင့် ဝေထင်း နံဘေးကို လှမ်းတွက်လိုက်သည်။
ဝေထင်းက ချက်ချင်းပင် ဓားကိုင်လက် ကိုလှည့်ပီး လက်သီးကို ဓားဖြင့် ထိုးခံလိုက်သည်။
" ထန်... "
ဟု သော သံချင်းထိခတ်သည့်အသံ ထွက်ပေါ်လာပီး မီးပွားလေးများပါ စင်ထွက်လာသည်။
ဝေထင်း နှင့် စီးမင်ကို့ဝေ တို့မှာ လက်နက်ချင်းထိရာမှ တစ်ယောက် အတွင်း အား အဆင့်ကို တစ်ယောက် ရိပ်စားမိကြပီး သက်ပြင်း
ကျိတ်ချမိကြသည်။ သူတို့နှစ်ယောက် မတိမ်းမယိမ်း ဖြစ်နေကြသည် မဟုတ်ပါလား။
သိုင်းကွက် သက်သက်ဖြင့်သာ အနိုင်ယူရန် ကြိုးစားရမည်မို့ နှစ်ဦးသား တတ်စွမ်းသမျှဖြင့် သိုင်းကွက်များရာချီအောင်
ပြန်လည်တိုက်ခိုက်လိုက်ကြသည်။

ထိုသူနှစ်ယောက် စတိုက်စဉ်မှာပင် ဘုန်းတော်ကြီးရွှမ်းအိ က တွမ့်ကျန်းချွမ် ဘက်သို့ လှည့်ကာ


" ဒကာတော်တွမ့်...ဘုန်းကြီးတို့လဲ စသင့်ပီး ထင်တယ် "
ဟု ပြောလိုက်သည်။
တွမ့်ကျန်းချွမ် ကလဲ ယပ်တောင်ကို ခေါက်ကာ လက်သီးဆုပ် ဂါရဝပြု လိုက်ပီး
" တင်ပါ့ ဘုရား... စတာပေါ့ဘုရား "
ဟု ယပ်တောင်ကို ခါးတွင် ထိုးကာ ပြန်ပြောလိုက်သည်။

ဘုန်းတော်ကြီးရွှမ်းအိ က
" ဒါဖြင့် ဒကာကြီး အရင်စပါ "
ဟု တည်တည်ငြိမ်ငြိမ် ပင် ပြောလိုက်သည်။

တွမ့်ကျန်းချွမ် က လှုပ်ရှားနေသော စိတ်ကို လေအဝရှုသွင်းကာ ထိန်းချုပ်လိုက်ပီး


သူ၏ နေမင်းရောင်ခြည် လက်ချောင်းသိုင်း ဖြင့် ဘုန်းတော်ကြီးကို တိုက်ခိုက်လိုက်သည်။
ဘုန်းတော်ကြီးရွှမ်းအိ က သိုင်းကွက်ကို တည်တည်ငြိမ်ငြိမ် ပင် ရှောင်တိမ်း လိုက်ပီး ရှောင်လင်သိုင်းပညာများထဲမှ ပန်လော့လက်ဝါး
သိုင်းဖြင့် ပြန်လည် တိုက်ခိုက်လိုက်သည်။
အကွက်ငါးဆယ်ခန့် အပြန်အလှန် တိုက်ခိုက်ပီးသော် ဘုန်းတော်ကြီး၏ ပန်လော့လက်ဝါး သိုင်းမှာ တွမ့်ကျန်းချွမ်၏ လက်ချောင်းဖြင့်
အကြောထိုးကွက် များကို မယှဉ်သာတော့ပေ။ ဘုန်းတော်ကြီးမှာ တွမ့်ကျန်းချွမ်ထက် အတွင်းအားအရာတွင် ပိုသာသူ ဖြစ်၍သာ
ခုခံနိုင်ခြင်းဖြစ်သည်။
သို့သော် ကြာရှည်တွင်မလွယ်တော့။
တွမ့်ကျန်းချွမ် လဲ သူ့ဘက်က အသာရသဖြင့် အားတက်က လက်ချောင်းသိုင်းကို ကြိုးစားပီး ထုတ်ဖော်လိုက်သည်။ ဘုန်းတော်ကြီးမှာ
ခုခံရန် မဖြစ်နိုင်သဖြင့် အတွင်းအားအပြည့် သုံးကာ ပန်လော့လက်ဝါး ဖြင့် လက်ဝါး တစ်ချက်ရိုက်ထုတ်ကာ တွမ့်ကျန်းချွမ်
ကိုနောက်ဆုတ်အောင် ပြုလုပ်လိုက်သည်။
တွမ့်ကျန်းချွမ် လဲ အတွင်းအားချင်း မယှဉ်သာသဖြင့် နောက်တစ်လှမ်း ဆုတ်လိုက်သည်။ ထိုသို့ တစ်လှမ်း ဆုတ်လိုက်ခြင်းက
အခွင့်အရေးတစ်ရပ် ဖြစ်သွားပီး ဘုန်းတော်ကြီးက ပန်လော့လက်ဝါး သိုင်းမှ နဂါးခြေသည်းဖမ်းချုပ် သိုင်း သို့ ပြောင်းလဲ
ကစားလိုက်သည်။
နဂါးခြေသည်းဖမ်းချုပ် သိုင်း ကို ပြောင်းလဲ ကစားလိုက်သောအခါတွင်တော့ တွမ့်ကျန်းချွမ် ၏ နေမင်းရောင်ခြည် လက်ချောင်းသိုင်း နှင့်
တန်းတူ အခြေအနေသို့ ပြန်ရောက်ရှိသွားသည်။
တွမ့်ကျန်းချွမ် ၏ အကြောထိုးကွက်များ နှင့် ဘုန်းတော်ကြီးရွှမ်းအိ ၏ ဖမ်းချုပ်ကွက် များမှာ အဆင့်မြင့်မားလေရာ
ကြည့်ရှု့နေသော သိုင်းဂိုဏ်းချုပ်များ မှာ အတော်ပင် အသည်းတယားယား ဖြစ်နေကြသည်။ နောက်ထပ် သိင
ုးကွက်ပေါင်း
ငါးဆယ်ကျော်ခန့် ယှဉ်ပြိုင်အပီးမှာမူ တွမ့်ကျန်းချွမ်မှာ အတွင်းအားနိမ့်ကျသူ ဖြစ်သဖြင့် ဘုန်းတော်ကြီးရွှမ်းအိ ၏ အတွင်းအားလှိုင်းဒဏ်
ကိုခံရကာ အနည်းငယ်မူးဝေသလို ခံစားလာရသည်။
ဘုန်းတော်ကြီးမှာမူ အတွင်းအားအပြည့်ဖြင့် တည်တည်ငြိမ်ငြိမ် ပင် ဖမ်းချုပ်ကွက်များကို ကစားလျက်ရှိသည်။

တစ်ဖက်တွင် ဝေထင်း နှင့် စီးမင်ကို့ဝေ တို့လဲ အကွက်ပေါင်း နှစ်ရာနီးပါး ယှဉ်ပြိုင်ပီးကြပီ ဖြစ်သည်။ ယှဉ်ပြိုင်သော သိုင်းကွက်တွေ
များလာလေလေ ဝေထင်း၏ ဓားကွက်များမှာ ပိုမိုရှုပ်ထွေးလာလေလေ ဖြစ်ကာ စီးမင်ကို့ဝေ မှာ အတော်ကို ကြိုးစားခုခေ
ံ နရသည်။
သူတို့၏ အတွင်းအားချင်း ကလဲ မတိမ်းမယိမ်း ဖြစ်နေသဖြင့် အတွင်းအားကို အဓိကအသုံးပြုရသော ထျန်းစန်းနတ်လက်သီး သိုင်းမှာ
သိုင်းကွက်ကို အဓိကထားသော ဝေထင်း၏ တစ်ဖက်သွားဓားသိုင်း ကို ခုခံရုံကလွဲပီး တိုက်စစ်ပင် မဆင်နိုင်တော့ချေ။ ကြာလာလျှင်
စီးမင်ကို့ဝေ မှာ အတွင်းအားကုန်ခမ်းပီး အမောပင်ဖောက်လာနိုင်ချေရှိသည်။
အကွက်နှစ်ရာ့ငါးဆယ် မပြည့်မိမှာပင် စီးမင်ကို့ဝေ တစ်ယောက် မျက်စိများပြာဝေကာ ရှုပ်ထွေးသော ဓားကွက်များကို မခုခံနိုင်တော့ပဲ
လက်မောင်းတွင် ဝေထင်း၏ ဓားချက် အထိခံလိုက်ရသည်။
ဝေထင်း က ဓားကို ချကာ ဝမ်းသားအားရ ရယ်မောလိုက်သည်။ သူအနိုင်ရသွားပီ မဟုတ်ပါလား။

ZweYan Naing
May 1

#မိုးထိတောင်သိုင်းသမား #ZYN
အခန်း (၁) အပိုင်း နှစ်
ရှောင်စစ်တောင်ထိပ်မှ သိုင်းပြိုင်ပွဲ
"ဟား.... ဟား....ဟား.... "
စီးမင်ကို့ဝေ လဲ သွေးယိစ
ီုးနေသော ဘယ်ဘက် လက်မောင်းကို သွေးကြောပိတ်ကာ မျက်နှာရှ့မ
ှုဲံ့လျက် ရှိနေသည်။

ထိုအချိန်တွင် သိုင်းကွက်ပေါင်း တစ်ရာ့ငါးဆယ်ကျော်ခန့် ခုခံပီးသော တွမ့်ကျန်းချွမ် မှာလဲ အခြေအနေ မကောင်းပေ။ ဘုန်းတော်ကြီး၏


အတွင်းအားလှိုင်းများ ဖိနှိပ်မှုကြောင့် မနည်းပင် ခုခံသိုင်းကွက်တွေကို ထုတ်နေရသည်။ လက်များက မလှုပ်ချင်လောက်အောင်ပင်
လေးလံလာသည်ကို ခံစားနေရသည်။
ဝေထင်း၏ ရယ်သံကြီး ကြားရပီး သိုင်းကွယ်နှစ်ဆယ် မပြည့်မိမှာပင် တွမ့်ကျန်းချွမ် မှာ ဘုန်းတော်ကြီးရွှမ်းအိ ၏ နဂါးခြေသည်းဖမ်းချုပ်
ကွက်အတွင်း လက်နှစ်ဖက်စလုံး အမိခလ
ိုံက်ရသည်။ အနိုင်ရသူ ဘုန်းတော်ကြီးရွှမ်းအိ မှာ သိုင်းကွက်နှစ်ရာပြည့်အောင်ပင်
မကစားလိုက်ရချေ။
ဘုန်းတော်ကြီးက အနိုင်ရပီးနောက် တည်ငြိမ်စွာပင် တွမ့်ကျန်းချွမ်၏ လက်ကို ပြန်လွှတ်ပေးလိုက်သည်။
တွမ့်ကျန်းချွမ် လဲ လက်သီးဆုပ်ကာ ဂါရဝပြုပီး အမောဖြေနေလိုက်သည်။

ကြည့်ရှု့နေသော ဂိုဏ်းချုပ်များ အပါအဝင် ဝေထင်း ကပါ ဘုန်းတော်ကြီး ၏ ကြီးမားသော အတွင်းအားကို ကျိတ်ကာ


ချီးကျူးမိကြသည်။ သိုင်းပညာချင်း ညီသော်လဲ အတွင်းအားဖြင့် အနိုင်ယူနိုင်ခဲ့သည် မဟုတ်ပါလား။

ဝေထင်း က မာနသံဖြင့်
" ကဲ... ဆရာတော် တပည့်တော်တို့ အနိုင်ရသူ နှစ်ဦးပဲ သိုင်းလောကရဲ့ ဦးလျှောင် နေရာကို ဆက်ယှဉ်ရတော့မယ်... ဆရာတော်
အသင့်ဖြစ်ရင် စကြရအောင် "
ဟု စိန်ခေါ်လိုက်သည်။

ဘုန်းတော်ကြီးရွှမ်းအိ က တည်ငြိမ်စွာပင်
" အဆင်သင့်ပါပဲ ဒကာကြီး....
ဒကာကြီး အရင်စလိုက်ပါ "
ဟု ပြောလိုက်သည်။

"ယား... " " ဝှစ.် . ဝှစ.် . ဟူး "


ဝေထင်း က ယား ခနဲ မာန်သွင်းကာ
ဓားသုံးချက် ဆက်တိုက်ဆိုလို ခုတ်ချလိုက်သည်။ သူ၏ ဓားခုတ်ပုံမှာ စီးမင်ကု့ေ
ိ ဝ နှင့် ယှဉ်ပြိုင်စဉ်ကထက် သုံးဆခန့် ပိုမိုပြင်းထန်
သဖြင့် ကြည့်နေသူများက ခုနက စီးမင်ကို့ဝေ ကို ဝေထင်းက ပညာလျှိုပီး ယှဉ်ပြိုင်နေခြင်း ဖြစ်ကြောင်း သိရှိလိုက်ရသည်။ မကြာခင်
ဘုန်းတော်ကြီး ၏ တစ်ကိုယ်လုံးကို ဝေထင်း၏ ဓားရိပ်များလွှမ်းခြုံလျက် ဖြစ်သွားသည်။
ဘုန်းတော်ကြီးရွှမ်းအိ မှာ ဝေထင်း၏ ဓားကွက်များက အလွန်ပင်ပြင်းထန်လှသဖြင့် နဂါးခြေသည်းဖမ်းချုပ် သိုင်းကွက် အစား
ရှောင်လင်သိုင်းပညာ ၇၂မျိုးတွင် အဆင့်အမြင့်ဆုံးသော ရိကျင့်အကြောပြောင်း အတွင်းအားကိုသုံးကာ ဒုတယ
ိ အဆင့်အမြင့်ဆုံး
ဖြစ်သော လက်တစ်ထောင်လက်ဝါးဖြင့် ခုခံလိုက်ရသည်။
ဆရာတော်၏ ခုခံချက်မှန်ကန်သည် ဟု ဆိုရပေမည်။ အဘယ့်ကြောင့် ဆိုသော် ရိကျင့်အကြောပြောင်း အတွင်းအားမှာ
သန့်စင်မှန်ကန်သဖြင့် တော်ရုံ ဓားရိပ်များမှာ ထိုးဖောက်နိုင်ခြင်းမရှိပေ။ လက်ဝါးတစ်ထောင်သိုင်း မှာလဲ လက်ဝါးရိပ်များ များစွာ
ခွဲထွက်ခုခံ စေနိုင်ရာ ဝေထင်း၏ ဓားရိပ်များမှာ ထိုးဖောက်ရန် မဖြစ်နိုင်တော့ပေ။ ဝေထင်းမှာ သိုင်းကွယ်ငါးဆယ်ကျော်
တိုက်ခိုက်အပီးတွင် အနည်းငယ်စိုးရိမ်စိတ်ဖြစ်ပေါ်လာသည်။ သူတတ်ကျွမ်းသမျှ အစွမ်းကုန်တိုက်ခိုက် သော်လဲ ဘုန်းတော်ကြီး၏
ခံစစ်သိုင်းကွက်မှာ လုံလွန်းလှသည်။
မတတ်နိုင်တော့သော ဝေထင်းမှာ ဘုန်းတော်ကြီး ၏ ဟာကွက်ကို ရှာဖွေရင်းပင် ဓားကွက်များကို ထုတ်လျက်ရှိသည်။
ကြည့်ရှု့နေသော သိုင်းသမားများမှာ ဘုန်းတော်ကြီးရွှမ်းအိ ၏ သိုင်းပညာကို မချီးကျူးပဲ မနေနိုင်တော့ချေ။
အကွက်ပေါင်း နှစ်ရာကျော်လေသော် ဝေထင်း မှာ အသက်ရှုများပင် ကြပ်လာလေသည်။ သူတတ်ကျွမ်းသော ဓားကွက် များအပြင်
ဒီဆယ်နှစ်ပိုင်းအတွင်း သူထပ်မံတီထွင်ထားသော ဓားကွက်များပါ ကုန်တော့မည် ဘုန်းတော်ကြီး၏ ဟာကွက်မှာ ရှာ၍မရသေးချေ။

တစ်ဖက်က ဘုန်းတော်ကြီးရွှမ်းအိ မှာလဲ ဝေထင်းကို လေးစားမိလာသည်။ မိမိမှာ သိုင်းကွက်ပေါင်း နှစ်ရာကျော် ခုခံနေနိုင်သော်လဲ


တိုက်စစ်တစ်ကွက်မှ ပြန်လည်တိုက်နိုင်ခြင်းမရှိအောင် အဆတ်မပြတ်တိုက်စစ်ဆင် နိုင်သော ဝေထင်းမှာ အလွန်ပင်
လေးစားစရာကောင်းသည် မဟုတ်ပါလား။
ဘုန်းတော်ကြီးမှာ ဆက်လက်ခုခံနေလျှင် တိုက်စစ်မဆင်နိင
ုပဲ လက်ပန်းကျသွားမည် စိုးသဖြင့် ရိကျင်းအတွင်းအား ကိုအပြည့်ထုတ်ကာ
လက်ဝါးတစ်ချက် ရိုက်ထုတ်ပီး ဝေထင်း၏ အဆက်မပြတ်တိုက်နေသော ဓားရိပ်များကို တားဆီးလိုက်သည်။
" ဝုန်း... "
ဝေထင်းမှာ အလွန်တရာ ပြင်းထန်သော လက်ဝါးလှိုင်း က ဖိနှပ
ိလာသဖြင့် ဓားကိုင်လက် တုန်ခါသွားကာ ခဏမျှ ရပ်တန့်သွားရသည်။
ဘုန်းတော်ကြီးက ထိုအခွင့်အရေးကို လက်လွှတ်မခံ လက်ဝါး ချက်များကို ဝေထင်းဆီသို့ အဆက်မပြတ် ပို့လွှတ်လိုက်သည်။
" ဟူး.. ဟူး.. ဟူး.. ဟူး... "
ဝေထင်းမှာ ဓားကို လက်နှစ်ဖက်ဖြင့် ဆုပ်ကိုင်ရင်း အသည်းအသန်ပင် ခုခံကာကွယ်လိုက်ရသည်။ ဝေထင်းက တစ်သက်တာအတွင်း
အကောင်းဆုံးသော ပြိုင်ဘက်နှင့် တွေ့ဆုံရသဖြင့် ဝမ်းမြောက်ကာ သိုင်းကွက်များကို အပြန်အလှန်ပင် ရောနှော အသုံးပြုပီး
ခုခံနေရသည်။
ဘုန်းတော်ကြီး ကလဲ မိမိမှာ အတွင်းအားသာသော်လဲ အနိုင်မရနိုင်သေး သည့် အဖြစ်ကို တွေးမိက အစွမ်းကုန်ပင် သိုင်းကွက်များကို
ထုတ်ဖော်လျက်ရှိသည်။
အတန်ကြာတိုက်ခက
ိုနေရာမှ ဘုန်းတော်ကြီး က နောက်ထပ် အတွင်းအားအပြည့်ဖြင့် လက်ဝါးတစ်ချက် ရိုက်ထုတပ
်ီး ဝေထင်းကို
နောက်ဆုတ်သွားစေသည်။ ဝေထင်းလဲ လက်ဝါးလှိုင်း ကို ဓားဖြင့် ထိုးခွဲလိုက်သော်လဲ နောက်သို့ ခြေငါးလှမ်းမျှဆုတ်လိုက်ရသည်။

ဘုန်းတော်ကြီးရွှမ်းအိ က ဆက်မတိုက်ပဲ ခဏရပ်လိုက်ပီး ဝေထင်းအား


" ဒကာကြီး ဝေထင်းရဲ့ ဓားကွက်တွေက အတော့်ကို ကောင်းလှပါပေတယ်... ဘုန်းကြီးက လက်နက်မဲ့ အတွင်းအားသုံးပီး ဒီအတိုင်း
ဆက်ယှဉ်နေရင်တော့ အနိုင်အရှုံးကွဲ မယ် မထင်ဘူး ပီးတော့ တိုက်ရတာလဲ အားမရဘူးဖြစ်မယ် အဲ့ဒီတော့
ဘုန်းကြီးက ရှောင်လင်ကျောင်းရဲ့ လျှို့ ဝှက် မီးစွဓ
ဲားသိုင်း နဲ့ ယှဉ်ပြိုင်မယ် "
ဟု လှမ်းပြောလိုက်သည်။

ထို့နောက် ဝူတန်ဂိုဏ်းချုပ် ဘက်သို့ လှည့်လိုက်ပီး


" ရသေ့ကြီးကျန်း... ရသေ့ကြီးရဲ့ ဓားကို ဘုန်းကြီးကို ခဏငှါးလို့ရမလား "
ဟု မေးလိုက်သည်။

ဝူတန်ဂိုဏ်းချုပ် ရသေ့ကြီးကျန်းယွမ် က ဘုန်းတော်ကြီးကို သူ၏ဓားကို တရိတ


ု သေ လှမ်းပေးလိုက်သည်။ ရှောင်လင်ကျောင်း နှင့်
ဝူတန်ဂိုဏ်း မှာ အမြဲ တစ်ဦးနှင့်တစ်ဦး လေးစားကြသည် မဟုတ်ပါလား။
ဘုန်းတော်ကြီးရွှမ်းအိ က ဓားကို ဓားအိမ်မှ ချွတ်လိုက်ပီး ကန့်လန့်ဖြတ် ထောင်ကာ သိုင်းကွက်ခင်းလိုက်သည်။
ဝေထင်းမှာ ရှောင်လင်ကျောင်း၏ မီးစွဲဓားသိုင်း ကို မကြားဖူးသဖြင့် မိမိ၏ အကောင်းဆုံး ဓားကွက်ကို ခင်းကာ
အသင့်ပြင်နေလိုက်သည်။
ထိုအချိန်တွင် ဘုန်းတော်ကြီး ကိုင်ထားသော ဓားမှာ နီရဲလာလေသည်။ ဓားမှာ ပန်းပဲဖိုတွင် အပူပေးသော သံချောင်းကဲ့သို့ နီရဲနေ
ခြင်းဖြစ်သည်။ ဘုန်းတော်ကြီးမှာ အတွင်းအားကို အသုံးပြုပီး မီးစွဲဓားသိုင်း၏ အနှစ်သာရ အတိုင်း အပူဓာတ်ကို
ထုတ်ဖော်လိုက်ခြင်းဖြစ်သည်။
ဝေထင်း အပါအဝင်ကျန်သူများမှာ ထိုအဖြစ်ကို မြင်လျှင် အံ့သြမိကြသည်။
ဤဘုန်းတော်ကြီးက သိုင်းပညာရပ်များကို အတော်ပင် စုံလင်အောင် တတ်ကျွမ်းနေသည် မဟုတ်ပါလား။

မီးစွဲဓားသိုင်း...
မီးစွဲဓားသိုင်း မှာ တစ်ဖက်လူကို အပူဒဏ်မခံနိုင်အောင် ပြုလုပ်ပီး အသိဥာဏ် ဝေဝါးစေကာ အနိုင်ယူနိုင်သလို သူ့အပူဓာတ် ဖြင့်
ထိမိပါကလဲ လောင်ကျွမ်းသွားစေနိုင် လောက်သော အဆင့်မြင့် သိုင်းပညာရပ် ဖြစ်သည်။ ပြိုက်ဘက်မှာ ဓားမှ အပူဒဏ်ကြောင့်
မခံမရပ်နိုင်အောင် ပူလောင်ကာ သိုင်းကွက်အမှားများ ပြုလုပ်မိပီး ရှုံးနိမ့်သွားကြတာ ချည်းဖြစ်သည်။ သို့သော် ထိုဓားသိုင်းမှာ
ရှောင်လင်သိုင်းပညာ ၇၂ မျိုးတွင် ကြမ်းတမ်းသည့် သဘောဆောင်သော သိုင်းပညာဖြစ်တာကြောင့် ကျင့်ရန် တားမြစ် ထားသဖြင့်
တတ်မြောက်သူ မရှိပေ။
ယခုတွင်မူ ရှောင်လင်ကျောင်းထိုင် ကိုယ်တော်ကြီး ရွှမ်းအိ က ထုတ်ဖော်ပြသ လိုက်ပီဖြစ်သည်။

ဝေထင်း လဲ နီရဲနေသော ဓားကို သတိထားကာ မိမိ၏ အကောင်းဆုံး တောင်ဖြိုဓားကွက် ဖြင့် ဘုန်းတော်ကြီးကို ခုတ်ချလိုက်သည်။
" ဟူး... " " ထန်.. "
လေတိုးသံပြင်းပြင်း ထွက်သွားပီး ဘုန်းတော်ကြီးဆီသို့ ဓားမှာ မိုးကျလာလေသည်။ ဘုန်းတော်ကြီး ရွှမ်းအိမှာ ထိုဓားကွက်ကို သုံးကြိမ်မျှ
ရင်ဆိုင်ခုခံဖူးသော်လဲ အထင်မသေးဝင့်ပဲ မီးစွဲဓားသိုင်း မှ ဓားကွက်ဖြင့် နီရဲနေသော ဓားကို ကန့်လန့်ခံကာ ခုခံလိုက်သည်။

ထိုသို့ဖြင့် ဓားကွက်များ အပြန်အလှန် တိုက်ခိုက်နေကြသည်မှာ အကွက်ပေါင်း ငါးဆယ်ခန့် ရှိလာပီ ဖြစ်သည်။


ကြည့်ရှု့နေသူများမှာ အသက်ပင်မရှုရဲလောက်အောင် မျက်တောင်မခတ်တမ်း အာရုံစိုက်ကာ ကြည့်ရှု့လျှက်ရှိကြသည်။
သူတို့ကြည့်နေကြသည်မှာ ဒီဘက်ခေတ် အတော်ဆုံး သိုင်းသမားနှစ်ဦး၏ အကောင်းဆုံးပြိုင်ပွဲ မဟုတ်ပါလား။
သိုင်းကွက်တွေ များလာသလို ဝေထင်းမှာ နှေးကွေးလေးလံလာသည်။ ဘုန်းတော်ကြီး၏ နီရဲသောဓားမှ အပူရန
ှိက
တရိပ်ရိပ်မြင့်တက်လာကာ သူ့ကိုအပူဒဏ်ဟပ်နေသည် မဟုတ်ပါလား။
ဝေထင်းမှာ ပင်ပန်းနွမ်းနယ် လာသဖြင့် ဓားကွက်များကို မစဉ်းစားနိုင်တော့ချေ။ ဒီအတိုင်းဆိုလျှင် နောက် ဆယ်ကွက်ပင် ဝေထင်း
ခံနိုင်တော့မည်မဟုတ်ပေ။ သူ့တစ်ကိုယ်လုံး ချွေးများရွဲနစ်ကာ မူးဝေလာသည် မဟုတ်ပါလား။
ဘုန်းတော်ကြီး ကတော့ အပူဒဏ်ကို သိပ်ခံစားရပုံ မပေါ်ချေ။ ဓားလက်ကိုင် သစ်သားကို မီးကျွမ်းပီး ပြုတ်ကျသွားသည့် တိုင် ဓားကို
မြဲမြဲကိုင်ကာ မီးစွဲဓားသိုင်း ကို ထုတ်ဖော်လျှက်ပင် ရှိနေသည်။
ဝေထင်း အခြေအနေကို ရိပ်စားမိသော ဘုန်းတော်ကြီးက ပွဲအမြန်ဖြတ်ရန် ရည်ရွယ်ကာ မီးစွဓ
ဲားသိုင်း မှ အစွမ်းထက်ဆုံး
တိုက်ကွက်ဖြစ်သည့် လောင်မီးသိုင်းကွက်ကို ထုတ်ဖော်လိုက်သည်။

"ထန်..." "ဝုန်း.."
ဟူသော ဓားချင်းထိသံ ထွက်ပေါ်လာပီး နောက်တစ်ဆက်တည်း လွင့်စင်သံပါ ကြားလိုက်ရသည်။
လွင့်ထွက်သွားသည်က ဝေထင်းဖြစ်သည်။ ဘုန်းတော်ကြီး၏ လောင်မီးသိုင်းကွက်ကို ဝေထင်းက တောင်ဖြိုဓားကွက်ဖြင့်ပင် ခံဆောင်
လိုက်ရာ အတွင်းအားခြင်းကွာခြားသဖြင့် လွင့်စင်သွား ခြင်းဖြစ်သည်။
" ဝေါ့ "
ဝေထင်း မှာ လွင်စင့်သွားသည့်သာမက သွေးများပါ အန်ထုတ်လိုက် မိသည်။ သူ့ခန္ဓာကိုယ် ထဲသို့ အပူလှိုင်းများ ဝင်ရောက်လာတာကို
ခံစားလိုက်ရပီး မူးဝေသွားသည်။ ချွေးများရွဲနစ် နေသော်လဲ အပူဒဏ်က သက်သာခြင်း မရှိပေ။ အတွင်းအားကျင့်စဉ် ကို ထိုင်ကျင့်ကာ
ပျံ့နှံ့ ပြိုကွဲသွားသော အတွင်းအားများကို စုစည်းပီး အပူဒဏ်ကို မနည်းပင် ထိန်းချုပ်ဖို့ ကြိုးစားနေသည်။
ဘုန်းတော်ကြီးမှာ အပြင်းအထန်ဒဏ်ရာ ရသွားသော ဝေထင်းကို ကြည့်ကာ စိတ်မကောင်းဖြစ်သွားမိပီး နီရဲနေဆဲ ဖြစ်သော ဓားကို
လွှတ်ချလိုက်မိသည်။
နှုတ်မှလဲ " အော်မီတော်ဖော" အပြန်အလှန် ရွတ်ဆိုလိုက်သည်။
သိုင်းဂိုဏ်းချုပ်များကလဲ ဝေထင်းကို စိတ်မကောင်းဖြစ်ဟန် ကြည့်နေကြပီး ဘုန်းတော်ကြီး၏ သိုင်းစွမ်းကို ကြောက်ရွံမိ သွားကြသည်။
ဤဘုန်းတော်ကြီးက ရှောင်လင်ကျောင်း၏ သူရဲကောင်း သာမက သိုင်းလောက ပထမ သိုင်းလောက ဦးလျှောင် သိုင်းသမား
မဟုတ်ပါလား။
တွမ့်ကျန်းချွမ် ကတော့ ဘုန်းတော်ကြီး၏ အပူဓာတ် ထွက်သည့် ဓားသိုင်းကို မြင်ရသော် သူတို့ တာ့လီပြည် ကောင်းကင်နဂါးကျောင်း ၏
အေးစိမ့်လက်ဝါး ဆိုသော သိုင်းပညာရပ်ကို သတိရမိသည်။ ထိသ
ိုင်းပညာရပ်မှာ လဲ အအေးလှိုင်းများ ထွက်ပေါ်တတ်ပီး ကျင့်ရန်
ခက်ခဲလှသည့်အပြင် ကြမ်းတမ်းရက်စက်သော သိုင်းကွက်များ ပါဝင်သဖြင့် မကျင့်ရန် တားမြစ်ထားကာ ကျောင်းထိုင်ဆရာတော် မှ
သိမ်းဆည်းထားကြောင်း အမှတ်ရမိသည်။
စီးမင်ကို့ဝေ ကတော့ ဘုန်းတော်ကြီး၏ မီးစွဲဓားသိုင်း ကို အတော်ပင် သဘောကျမိသည်။ သူ၏ ထျန်းစန်းနတ်လက်သီး သိုင်းနှင့်
လိုက်ဖက်သော ကျင်စ
့ ဉ်ဟု သူထင်မှတ်မိလေသည်။ မီးစွဲဓားသိုင်း ၏ ဓားကွက်များကလဲ သူ့အကြိုက် ပြင်းထန် ရက်စက်သည်
မဟုတ်ပါလား။

#မိုးထိတောင်သိုင်းသမား #ZYN
အခန်း (၁) အပိုင်း သုံး
ရှောင်စစ်တောင်ထိပ်မှ သိုင်းပြိုင်ပွဲ

ကွမ်းတစ်ညှက်ခန့်ကြာသော်အခါ ဝေထင်းမှာ အတွင်းအားများပြန်လည်စုစည်နိုင်ပီး မတ်တပ်ထကာ ဘုန်းတော်ကြီး အပါအဝင်


ရှိနေသောသူများကို ကြည့်လိုက်သည်။
သူ၏ မျက်နှာမှာ ဖျော့တော့လျက် ရှိနေသည်။ ဝေထင်း မှ အသံကို တည်ငြိမ်အောင် ကြိုးစားကာ

"ဆရာတော်ရဲ့ မီးစွဓ
ဲားသိင
ုး ကတော့ အံ့မခန်းပါပဲ... အပူလှိုင်းတွေအပြင် ဓားကွက်တွေက လဲ ပြင်းထန်ရက်စက်တယ် ဒါပေမဲ့
ဓားသိုင်းချည်းသက်သက်ဆို တပည့်တော်ကို အနိုင်မရနိုင်တာ ဆရာတော်လဲ သိမယ်ထင်ပါတယ် "
ဟု ခနဲ့သံဖြင့် ပြောလိုက်သည်။

သိုင်းဂိုဏ်းချုပ်များ နှင့် တွမ့်ကျန်းချွမ် တို့လဲ အတွင်းဒဏ်ပြင်းထန်စွာ ရထားတာတောင်မှ ခနဲ့နိုင်နေသေးသော ဝေထင်း ကို ကြည့်ကာ
အာဂလူပေတကား ဟု ချီးကျူးမိကြသည်။
စီးမင်ကို့ဝေ ကတော့ ဝေထင်း ကို ကြည့်ပီး နှာခေါင်းတစ်ချက်ရှုံ့ကာ
" အတော်ကြီးကျယ်တဲ့ လူ "
ဟု ရေရွတ်လိုက်သည်။

ဘုန်းတော်ကြီးရွှမ်းအိ က တည်ငြိမ်စွာပင်
" ဟုတ်ပါတယ် ဒကာကြီးဝေထင်း... ဓားပညာချည်းသက်သက်ဆိုရင်တော့ ဘုန်းကြီးနဲ့ ဒကာကြီး တို့က အနိုင်အရှုံးမကွဲ ပါဘူး... ဒါပေမဲ့
သိုင်းပညာ အရကော အတွင်းအားအရကော ဘုန်းကြီးက သာတာ ဒကာကြီးလက်ခံမယ် ထင်ပါတယ် "
ဟု ပြန်ဖြေလိုက်သည်။

ဝေထင်း လဲ သက်ပြင်း တစ်ချက်ချကာ


" ဟုတ်ပါတယ်လေ ဆရာတော်က တပည့်တော်ထက် သိုင်းပညာသာပါတယ် တပည့်တော် အရှုံးကို လက်ခံပါတယ် "
ဟု လက်လျှော့ လိုက်ဟန်ဖြင့် ဖြေလိုက်သည်။

တွမ့်ကျန်းချွမ် က အခုမှ သတိရဟန်ဖြင့်


သူ့အတွင်းအိတ်ထဲမှ ဒဏ်ကြေဆေး ပုလင်းကို ထုတ်ကာ ဝေထင်းကို ပေးလိက
ုသည်။
" အကိုကြီးဝေထင်း... ကျနော်တို့ နန်းတွင်းဆေးကို သံုး လိုက်ပါ အကိုကြီးရဲ့ ဒဏ်ရာ သက်သာတာ မြန်စေပါတယ် "
ဟု ပြောလိုက်သည်။
ဝေထင်းက ဆေးပုလင်းကို တစ်ချက်ကြည့်ကာ တွေဝေနေပီးမှ လှမ်းယူလိုက်သည်။ ထို့နောက် ဆေးကို မော့သောက်လိုက်ကာ
အတွင်းအားကို လှည့်ပတ်ကြည့်လိုက်သည်။ တခဏအတွင်းမှာပင် ပိတ်ဆို့နေသညိ့ သွေးကြောများ ပြန်ပွင့်ပီး ဝေထင်းမှာ
သွေးရောင်ပြန်လွှမ်းလာသည်။ နန်းတွင်းဒဏ်ကြေဆေးသည်က အစွမ်းထက်လှပေသည်။

ထို့ကြောင့် ဝေထင်းက တွမ့်ကျန်းချွမ်ကို အလေးအနက်ထားပီး ကြည့်ကာ


" တွမ့်ကျန်းချွမ်... မင်းရဲ့ ကြင်နာမှုကြောင့် ငါမင်းအတွက် ဘာပဲဖြစ်ဖြစ် တစ်ခု လုပ်ပေးမယ်လို့ ကတိပေးတယ် "
ဟု ကတိစကားပြောလိုက်သည်။

ထိုစဉ် သူဖုန်းစားဂိုဏ်းချုပ် ပုလုံ က


" ပထမ နဲ့ ဒုတိယ နေရာတော့ ကွဲပြားသွားပီ တတိယ နဲ့ စတုတ္ထ နေရာကို ပြိုင်ကြည့်ဦးမှာလား ... ဦးရီးတော်တမ
ွ့် နဲ့ နောင်ကြီး စီးမင် "
ဟု မေးလိုက်သည်။
စီးမင်ကို့ဝေ တစ်ချက်ပြုံးကာ
" ဒါပေါ့ ဦးရီးတော်တွမ့် နဲ့ ကျုပ်က ခင်မင်တယ် ဆိုပေမဲ့လဲ အနိုင်အရှုံး တော့ ကွဲအောင် လုပ်ရမှာပေါ့ "
ဟု ယုံကြည်ချက် အပြည့်ဖြင့် ပြောလိုက်သည်။

ဘုန်းတော်ကြီးရွှမ်းအိ ရော ဝေထင်း ရောပါ စီးမင်ကေ


ို့ ဝ က တွမ့်ကျန်းချွမ် ကို မနိုင်ကြောင်း သိသော်လဲ ဝင်မပြောကြချေ။
ထိုအကြောင်းကို ပုလုံ မှာ ရိပ်စားမိသည်။
သိုင်းဂိုဏ်းချုပ်များ ထဲတွင် ပုလုံ က အသက်အငယ်ဆုံး ဖြစ်သလို သိုင်းပညာအကောင်းဆုံးလဲ ဖြစ်သည်။ သူ၏ နဂါးနိုင်လက်ဝါး
ဆယ့်ရှစ်ကွက် နှင့် ခွေးရိုက်တုတ်သိုင်းမှာ လဲ အဆင့်လွန် သိုင်းပညာတွေပင် ဖြစ်သည်။ ကျွမ်းကျင်မှု နှင့် အတွင်းအား
လိုအပ်ချက်ကြောင့်သာ တစ်ဆင့်နိမ့်သလို ဖြစ်နေခြင်းဖြစ်သည်။
တကယ်တမ်းယှဉ်လျှင် စီးမင်ကို့ဝေ နှင့် မတိမ်းမယိမ်းပင်ဖြစ်သည်။
ပုလုံ က ကြီးကျယ်နေသော စီးမင်ကို့ဝေ ကို အမြင်ကတ်သဖြင့် ဇွတ်အတင်းယှဉ်ခိုင်းခြင်း ဖြစ်သည်။

တွမ့်ကျန်းချွမ် လဲ မငြင်းသာသဖြင့်
" ကောင်းပီ နောင်တော်စီးမင်... ကျနော်တို့ ယှဉ်ကြည့်ကြတာပေါ့ "
ဟု ပြန်ပြောလိက
ုသည်။

ထို့နောက် စီးမင်ကို့ဝေ ကပင် သိုင်းကွက်စကာ နတ်လက်သီးကို အတွင်းအားအပြည့်ဖြင့် သုံးချက် ထိုးလိုက်သည်။


"ဝှစ.် .. ဝှစ.် .. ဝှစ်... "
တွမ့်ကျန်းချွမ် ကလဲ သူ၏ လက်ချောင်းဖြင့် အကြောထိုးကွက် များကို စတင်ကာ ခုခံလိုက်သည်။ စီးမင်ကို့ဝေ က လက်သီးကို
သံလက်အိတ်စွပ်ထားသဖြင့် တွမ့်ကျန်းချွမ် မှာ လက်သီးကို လက်ချောင်းဖြင့် ထိုးရန်မလွယ်ပေ။ တခြား ခန္ဓာကိုယ်
အစိတ်အပိုင်းများကိုသာ လျင်မြန်စွာ ထိုးပီး တိုက်စစ်ဆင်နေသည်။ ထျန်းစန်းနတ်လက်သီး သိုင်းမှာ အမှန်တကယ်ပင်
ရိရန်နေမင်းရောင်ခြည် လက်ချောင်းသိုင်း ကို မယှဉ်နိုင်ပေ။ စီးမင်ကို့ဝေ က မည်မျှပင် ကြိုးစားပါစေ တွမ့်ကျန်းချွမ် ၏ သွက်လက်သော
အကြောထိုးကွက်များကို ထိုးဖောက်၍ မရပေ။ တွမ့်ကျန်းချွမ်၏ လက်ချောင်းများမှာ မထင်မှတ်နေရာများမှပင် ထွက်ပေါ်လာကြသည်။
သိုင်းကွက်နှစ်ရာကျော် ခုခံပီးနောက် စီးမင်ကို့ဝေ မှာ လုံးဝပင် မခုခံနိုင်တော့ချေ သူ့မှာ အတွင်းအားသုံးရလွန်းသဖြင့်လဲ
မောပန်းနေလေပီ။ တွမ့်ကျန်းယွမ်မှာ တိုက်ပွဲကို အဆုံးသတ်ရန် အစွမ်းအထက်ဆုံး နေလာနှင်းပျောက် သိုင်းကွက်ဖြင့် စီးမင်ကို့ဝေ ကို
တိုက်ခိုက်လိုက်သည်။
စီးမင်ကို့ဝေ မှာ မောပန်းနေသည်မို့ မရှောင်နိုင်တော့ပဲ ရင်ဘတ်ကို လက်ညှိုးဖြင့် နှစ်ချက် အကြောထိုးခံ လိုက်သည်။
" အွန့်... "
ဟု သောအသံ ထွက်လာပီး လူရိပ်နှစ်ခုမှာ ကွဲထွက်သွားလေသည်။ တွမ့်ကျန်းချွမ်က အတွင်းအားကို တစ်ဝက်သာသုံးလိုက်သဖြင့်
စီးမင်ကို့ဝေ မှာ အတွင်းဒဏ်ရသော်လဲ ပြင်းထန်ခြင်းမရှိပေ။ စီးမင်ကို့ဝေက ဒဏ်ရာ ပြင်းထန်ခြင်းမရှိသော်လဲ မျက်နှာမှာမူ
ရှုံ့မဲ့လျက်ရိသ
ှ ည်။ ဒီနေ့ သိုင်းပြိုင်သူ လေးဦးတွင် သူက လုံးဝ အရှုံးသမား ဖြစ်ခဲ့သည် မဟုတ်ပါလား။ မပြိုင်ပဲ နေလိုက်ရင်မှ ပူးတွဲ
တတိယ ဖြစ်နိုင်သေးသည် အခုတော့...
စီးမင်ကို့ဝေ က ချက်ချင်းပင် မျက်နှာကို ပြင်လိုက်ပီး တွမ့်ကျန်းချွမ်ကို လက်သီးဆုပ် ဂါရဝပြု ကာ

" လေးစားပါတယ် ဦးရီးတော်တွမ.့် .. ဦးရီးတော်ရဲ့ ညှာတာမှုကို ကျေးဇူးတင်ပါတယ် "


ဟု ပြောလိုက်သည်။

တွမ့်ကျန်းချွမ် လဲ လက်သီးဆုပ်ကာ ပြန်ဂါရဝပြု လိုက်ပီး အားနာစွာဖြင့်


" ကျေးဇူးတင်ပါတယ် နောင်တော်စီးမင် "
ဟု ပြန်ပြောလိက
ုသည်။
ထိုစဉ် ပုလုံ က ဝင်ရောက်ပီး
" ကဲ နောင်ကြီးတို့ နေလဲဝင်တော့မယ် အနိုင်အရှုံးလဲ ကွဲပီးဆိုတော့ ပြန်ဆင်း ကြစို့လား "
ဟု ပြောလိုက်သည်။

ထိုအခါမှ လူအားလုံးလဲ ပတ်ဝန်းကျင်ကို သတိထားမိကြသည်။ သူတို့ စတင် ယှဉ်ပြိုင်စဉ်က မနက်သာရှိသေးသည်။ မဟုတ်ပါလား။


အခုတော့ နေပင် ဝင်ခါနီးနေပီ အလင်းရောင်များလဲ မှိန်ပြလျက် ရှိတော့သည်။
သိုင်းဂိုဏ်းချုပ်များ က သိုင်းပြိုင်သူ လေးဦးအား လက်သီးဆုပ် ဂါရဝပြု ပီး နောက် သူဖုန်းစားဂိုဏ်းချုပ် ပုလုံ က
" သိုင်းလောကရဲ့ ပထမ ဒုတိယ တတိယ နဲ့ စတုတ္ထ နေရာကို သိုင်းသမားတိုင်း သိစေဖို့ကတော့ ကျနော့်တာဝန်ထားလိုက်ပါ
ကျနော့်ဂိုဏ်းသားတွေက နေရာအနှံ့ရှိတယ် ဆိုတော့ သူတို့ကို သတင်းဖြန့် ခိုင်းလိုက်ပါမယ် "
ဟု ပြောကာ ဦးစွာ တောင်အောက် ဆင်းသွားလေသည်။

ထို့နောက် ဘုန်းတော်ကြီးရွှမ်းအိ နှင့် ဝူတန်ဂိုဏ်းချုပ်ကြီး ကျန်းယွမ် တို့က တစ်တွဲ


ဝါစန်းဂိုဏ်းချုပ် ပိုင်ချုန်း နှင့် ခွန်လွန်ဂိုဏ်းချုပ် မုစန်း တို့က တစ်တွဲ စကားတပြောပြောဖြင့် ဆင်းသွားလေသည်။
ဝေထင်း၊ တွမ့်ကျန်းချွမ် နှင့် စီးမင်းကို့ဝေ တို့ပဲ ကျန်ခဲ့ရာ တွမ့်ကျန်းချွမ်က နှုတ်ဆက်ပီး ဆင်းဟန်ပြင်လိုက်စဉ် ဝေထင်း က
" ညီလေးတွမ.့် .. ငါမင်းကို ပြောစရာရှိသေးတယ် "
ဟု ပြောလိုက်ရာ
တွမ့်ကျန်းချွမ် က ပြုံး၍
" ဒါဆို အကိုကြီးဝေ ကျနော် တည်းတဲ့ဆီ လိုက်ခဲ့လေ အရက်ကောင်းတိုက်ပါ့မယ် "
ဟု ပြောလိုက်သည်။
ဝေထင်း လဲ အရက်ကောင်း ဆိုသော အသံကြောင့် ပြုံးခဲသော မျက်နှာမှာ ဝင်းလက်သွားပီး တွမ့်ကျန်းချွမ် နောက်သို့
ကောက်ကောက်ပါအောင် လိုက်သွား လေတော့သည်။
စီးမင်းကို့ဝေ က ထို့အဖြစ်ကို ကြည့်ကာ နှာခေါင်းရှုံ့ လိုက်ပီး သူလဲ တောင်အောက်သို့ ဆင်းသွားလေသည်။

ဤသို့ဖြင့် ရှောင်စစ်တောင် သိုင်းပြိုင်ပွဲ ကြီးမှာ ပြီးဆုံးခဲ့တော့သည်။ ပုလုံ၏ သတင်းဖြန့်ပေးမှု ကြောင့် သိုင်းလောကသားများမှာ


ကျော်ကြားလှသော သိုင်းသမားများ ဖြစ်သည့် ဆရာတော်ကြီးရွှမ်းအိ ၊ ဓားသမား ဝေထင်း ၊ ဦးရီးတော်တွမ့် နှင့် စီးမင်ကို့ဝေ တို့၏
သိုင်းပညာအဆင်အ
့ တန်းကို သိရှိသွားကြရလေသည်။

မိုးထိတောင်သိုင်းသမား #ZYN
အခန်း (၂)
ဓားသမား၏ ကတိစကား
ဝေထင်း မှာ တွမ့်ကျန်းချွမ့်၏ အရက်ကောင်းကောင်း တိုက်မည် ဟုသော စကားတစ်ခွန်းနဲ့ပင် တွမ့်ကျန်းယွမ် နောက်သို့
လိုက်ပါသွားတော့သည်။ သိုင်းလောက ပထမ ဘုန်းတော်ကြီးရွှမ်းအိ ကိုပင် ဓားပညာမှာ သရေကျသော အတော်ဆုံးဓားသမား
ဝေထင်းမှာ အရက်ကောင်းကြိုက်သူ ယစ်ထုပ်ကြီး ဖြစ်ပေသည် မဟုတ်ပါလား။

ဝေထင်း...
သိုင်းလောကတွင် ဝေထင်းဆိုသော နာမည်မှာ မကြားဖူးသူ မရှိကြချေ။ ဓားပညာကောင်း သလောက် ကိုယ်ထင်ရာ စွတ်ရွတ်လုပ်သော
ဝေထင်းမှာ တိုက်ပွဲပေါင်းများစွာ ကြုံဖူးသည်။ ပြောရရင် ဝေထင်းဘဝမှာ အကုန်ကြုံဖူးသည်ဟု ပြောရမည်။ သူဆယ်ကျော်သက်
အရွယ်က ဓားသမားဖြစ်ချင်လွန်းသဖြင့် ဓားသိုင်းသင်ရန် ရွာမှ ထွက်လာပီးနောက်ပိုင်း ကတည်းကပင် ဝေထင်းမှာ သိုင်းလောကထဲ
ကျင်လည်နေခဲ့ခြင်းဖြစ်သည်။ တိုက်ဆိုင်စွာပင် အရှေ့နယ်စပ်ဒေသ မှ လာသော နိပွန် သိုင်းသမားတစ်ဦးက ဝေထင်းကို
တပည့်မွေးကာ ပြည်မဓားသိင
ုးနှင့် မတူ ကွဲပြားသော ဓားပညာကို သင်ပေးခဲ့သည်။ ဓားသိုင်းတင် မကပါ ကိုင်ဆောင်သော
ဓားပါကွဲပြားသည်။
နိပွန်တို့ အခေါ် ကင်ဒို ဟုခေါ်သော အသွားရှည်ကာ အဖျားတွင် အနည်းငယ်ကော့ပီး သေးသွယ်သွားသော တစ်ဖက်သွားဓား
ကိုကိုင်ဆောင်ကြခြင်း ဖြစ်သည်။ ထို့ကြောင့် ဝေထင်း၏ ဓားပညာမှာ ဓား၏ အသွားတစ်ဖက်ကုပ
ိဲ အားပြုကာ ထိုးခြင်းခုတ်ခြင်း
ဖြစ်သည်။ အသွားတစ်ဖက်ဖြင့်သာ တိုက်ခိုက်သော်လဲ ထိုဓားသိုင်းမှာ လျင်မြန်မှု ပြင်းထန်မှု တိကျမှု တို့ကို အသားပေးသဖြင့်
ကျွမ်းကျင်လျှင် ကျွမ်းကျင်သည့် အလျောက် ဓားကွက် အသစ်များထွက်ပေါ်လာနိုင်သည်။ သဘောတရားကိုသာ အဓိကထားပီး
ဓားကွက်မှာ အရှင်ရှိသည့် ဓားပညာဖြစ်လေသည်။ ဝေထင်းဆရာက ဝေထင်းကို ဓားသိုင်း၏ နာမည် ပြောပြခဲ့သော်လဲ
သိုင်းလောကသားများက ဝေထင်းကိုင်ဆောင်သော ထူးခြားသည့် တစ်ဖက်သွားဓားကို အစွဲပြုပီး တစ်ဖက်သွားဓားသိုင်း
ဟုသာခေါ်ကြသည်။
ဝေထင်းမှာ အသက် နှစ်ဆယ်ကျော် အရွယ်ကတည်းက ဓားပညာကိုသာ အရူးအမူးလို လေ့ကျင့်ပီး သိုင်းလောကထဲ
ကျင်လည်ခဲ့သည်မှာ ယခု အသက်လေးဆယ်ကျော် ငါးဆယ် ပြည့်ခါနီးမှသာ အတော်ဆုံးဓားသမား ဆိုသော အဆင့်သို့
ရောက်လာခဲ့ရသည်။
တိုက်ပွဲပေါင်းများစွာ သိုင်းပြိုင်ပွဲပေါင်းများစွာ ရင်ဆိုင်ပီး သေမလို ဖြစ်ခဲ့သည်မှာလဲ မနည်းတော့ချေ။ သူ့၏ မျက်နှာမှ အမာရွတ်များက
သက်သေပင်ဖြစ်သည်။ ဝေထင်း၏ ဓားပညာမှာ ကောင်းမွန်သော်လဲ ဝေထင်း၏ဆရာက အတွင်းအားပညာ မသင်ပေးခဲ့ရာ ဝေထင်းမှာ
သိုင်းလောကထဲ ကျင်လည်ရာတွင် ဒုက္ခမျိုးစုံ တွေ့ခဲ့ရခြင်း ဖြစ်သည်။ ယခုမှမူ ဝေထင်း၏ အတွင်းအားမှာ အတော်ပင် မြင့်မားနေပီ
ဖြစ်သည်။ ဝေထင်းမှာ ဓားပညာသာ တော်ပီး တခြားသိုင်းပညာရပ်များ ချို့ တဲ့နေခြင်းကို အမြဲပင် သိမ်ငယ် ခံစားနေရသည်။

တွမ့်ကျန်းချွမ်...
တွမ့်ကျန်းချွမ် မှာမူ ဝေထင်းနှင့် ဆန့်ကျင်ဘက် ဟုပင် ပြော၍ရသည်။
မင်းမျိုးမင်းနွယ် ဖြစ်ပီး သိုင်းမျိုးရိုး ဖြစ်သဖြင့် ငယ်စဉ်ကတည်းကပင် သိုင်းပညာကို ကောင်းကင်နဂါး ဘုန်းကြီးကျောင်းတွင်
သင်ကြားရသည်။ တွမ့်မျိုးနွယ် တို့၏ အထိမ်းအမှတ် ဂုဏ်ယူစရာ နေမင်းရောင်ခြည် လက်ချောင်းသိုင်းကို ငယ်စဉ်ကပင် ကျွမ်းကျင်စွာ
တတ်မြောက်အောင် လေ့ကျင့်ရသည်။ မင်းညီမင်းသား ဖြစ်သဖြင့် သာမန် မှူးမတ်မျိုးရိုးများထက် သာအောင် မိုး နဂါး အတွင်းအားပညာ၊
တိမ်နဂါး ကိုယ့်ဖော့ပညာ များကိုပါ ထူးချွန်အောင် သင်ကြားပေးခြင်းခံရလေသည်။ သို့သော် တွမ့်မျိုးနွယ် တို့သည် လက်နက်မဲ့သာ
တိုက်ခိုက်တတ်ကြရာ ဓားပညာတွင် ထူးချွန်သော သိုင်းသမားမရှိ သလို အဆင့်မြင့်သော ဓားပညာလဲ မရှိကြပေ။
ထို့ကြောင့် တွမ့်ကျန်းချွမ်မှာ အမြဲတစ်စေ ဓားပညာနဲ့ ပတ်သတ်လျှင် စိတ်အားထက်သန်မှု အပြည့်ရှိလေသည်။

ရှောင်စစ်တောင် အောက်သို့ ရောက်သော် တော်ခြေရှိ မန်တူဆိုသော မြို့ လေးသို့ တွမ့်ကျန်းချွမ်က ဦးတည်ကာ သွားလျက်ရှိသည်။
ဝေထင်းကတော့ ဘာမှမပြောပဲ တွမ့်ကျန်းချွမ် နဲ့အတူ လမ်းလျှောက်လျက်ရှိသည်။

မန်တူမြို့ ...
ဤမြို့ လေးမှာ ရှောင်စစ်တောင်ခြေ၌ ရှိသော မြို့ ငယ်လေးသာ ဖြစ်သည်။
ရှောင်စစ်တောင် လို ရှု့ခင်းကောင်းသည့် နေရာနှင့် နီးကပ်သော်လဲ မြို့ ကလေး ဖြစ်နေရခြင်းမှာ ဤမြို့ မှ သုံးလေးနာရီ ခရီးအကွာတွင်
မြစ်ဝါမြစ် ကမ်းနံဘေးရှိ လို့ရန်မြို့ ကြီး တည်ရှိနေသောကြောင့် ဖြစ်သည်။ မန်တူမှာ မြို့ ငယ်လေး ဖြစ်သည့် အားလျော်စွာ
တည်းခိုဆောင်မှာလဲ တစ်ခုတည်းသာ ရှိသည်။ ထိုတည်းခိုဆောင် မှာ စားသောက်ဆိုင် နှင့် တွဲလျက် ဖွင့်ထားခြင်းဖြစ်သည်။
ထိုဆိုင်ပင်လျင် ရှောင်စစ်တောင်သို့ ရှုခင်းကြည့်သူများ ညအိပ်ညနေ လာရောက်၍သာ ဖွင့်ထားခြင်းဖြစ်သည့် အတွက် ဆိုင်နာမည်က
ရှုခင်းသာ ဟု ပေးထားသည်။

တွမ့်ကျန်းချွမ် က မန်တူမြို့ လဲ ဝင်ဝင်ခြင်း လမ်းမပေါ်ရှိ ရှုခင်းသာ တည်းခိုဆောင်ထဲ ဝင်လိုက်သည်။ တည်းခိုဆောင်၏ ရှေ့မျက်နှာစာ
မှာ စားသောက်ဆုင
ိဖွင့် ထားလေရာ စားသောက်သူ တစ်ယောက်စ နှစ်ယောက်စ ရှိနေကြသည်။ တွမ့်ကျန်းချွမ်က ဆိုင်ထဲဝင်ကာ
ထောင့်ကျသော စားပွဲတွင် ဝင်ထိုင် လိုက်သည်။ ဝေထင်းလဲ ထိုစားပွဲတွင်ပင် ထိုင်လိုကသ
် ည်။ တွမ့်ကျန်းချွမ် ဆိုင်ထဲ ဝင်စဉ်ကပင်
ဆိုင်ရှင်မှာ ခရီးဦးကြိုပြုကာ လိုအပ်မှာနိုင်ရန် ဘေးတွင်ရပ်နေလေသည်။ ဤမြို့ ငယ်လေးသို့ အဝတ်အစား တောက်တောက်ပပဖြင့်
မင်းညီမင်းသားများ လာခဲ သည်မဟုတ်ပါလား။ ဤမင်းသားကတော့ အပေးကမ်းလဲရက်ရော သည်ကို ဆိုင်ရှင်သိထားသည်လေ။

တွမ့်ကျန်းချွမ်က ဘေးတွင်ရပ်နေသော ဆိုင်ရှင်ကို တစ်ချက်ကြည့်ကာ ဝေထင်းဘက်သို့ လှည့်ရင်း


" အကိုကြီးဝေထင်း...ဆာနေပီထင်တယ် တစ်ခုခုမှာလေ ဒီဆိုင်ကလက်ရာမဆိုးဘူး အရက်ကတော့ ကျနော် တာ့လီက သယ်လာတဲ့
အရက်ပဲသောက်ကြတာပေါ့ "
ဟု ပြောလိုက်သည်။

ဝေထင်း က အမြည်းကို စိတ်မရှိဟန်ဖြင့်


" ရတယ် ညီလေးတွမ.့် .. အကိုက အမြည်းထက် အရက်ကောင်းကိုပဲ စိတ်ဝင်စားတယ် ကျန်တာ မင်းစိတ်ကြိုက် လုပ်ပါ "
ဟု ပြန်ပြောလိက
ုသည်။

တွမ့်ကျန်းချွမ်က ဝေထင်း စကားကိုကြားသော် ဆိုင်ရှင်ဘက်သို့လှည့်ပီး


" ဆိုင်ရှင်... ကျနော်နဲ့ပါလာတဲ့ လူနှစ်ယောက်ဆသ
ွီားပီး အရက်အိုးသယ်ခဲ့ ကျနော် စောင့်နေတယ် လို့ပြောပေးပါလား... ပီးတော့
စားစရာက ဒီမှာ ရနိင
ုတဲ့ ဟင်းလေးငါးမျိုး လောက်နဲ့ ထမင်းနှစ်ယောက်စာ ယူခဲ့ပါ "
ဟု မှာလိုက်သည်။

ဆိုင်ရှင်လဲ ချက်ချင်းပင် ပြေးကာ မှာလိုက်သည်ကို သွားလုပ်တော့သည်။ ခဏမျှ အကြာမှာ လူနှစ်ယောက်က အရက်ခရား နှစ်လုံးကို
တစ်လုံးစီ သယ်လာတာ မြင်လိုက်ရသည်။ ထိုသူနှစ်ယောက်မှာလဲ အသွင်အပြင်ခန့်ညား သည်။ အသက်ကတော့ သုံးဆယ်ကျော်ဟန်
ရှိသည်။ ထိုသူ နှစ်ယောက်က တွမ့်ကျန်းချွမ် ရှိရာစားပွဲပေါ်သို့ အရက်ခရား နှစ်လုံးကို တင်ပီးသည်နှင့် နံဘေးတွင်
ရပ်စောင့်နေလိုက်သည်။ တွမ့်ကျန်းချွမ်က လက်ခါပြလိုက်ရာ ထိုသူနှစ်ယောက်မှာ စားပွဲနှစ်လုံးကျော်သို့သွားပီး ညစာမှာစား
နေတော့သည်။

အရက်ခရားနှစ်လုံးရောက်သည်နှင့် တွမ့်ကျန်းချွမ်က အရက်နစ


ှ်ခွက် ငှဲ့လိုက်ပီး တစ်ခွက်ကို ဝေထင်းရှေ့သို့ ပို့လိုက်သည်။
ဝေထင်းက အရက်ခွက်မှ ထွက်ပေါ်လာသော အနံ့ကိုရှုလိုက်ပီး
" တကယ်အရက်ကောင်းပဲ... ပြည်မက အရက်နဲ့တော့ မတူဘူး... ဒါပေမဲ့ အရက်ကောင်းဖြစ်တာ သေချာတယ် "
ဟု ဝမ်းသာအားရပြောလိုက်သည်။

တွမ့်ကျန်းချွမ် က ဝေထင်းကို ပြုံးပြလိုက်ပီး


" အကိုကြီးဝေထင်းက သတင်းကြားရတဲ့ အတိုင်း အရက်ကောင်းဆို အကုန် နားလည်တဲ့သူပဲ လေးစားပါတယ်ဗျာ "
ဟု ပြောလိုက်သည်။

ဝေထင်းက အရက်ခွက်ကို အရသာခံကာ သောက်လိုက်ရင်း မျက်နှာတည်သွားကာ


" ညီလေးတွမ.့် .. ငါမင်းကို ပြောစရာရှိတယ် ဆိုတာ မင်းသိမှာပါ... ငါပြောခဲ့တဲ့ စကားအရ ငါမင်းကို ဘာပြန်လုပ်ပေးရမလဲ "
ဟု မေးလိုက်သည်။

တွမ့်ကျန်းချွမ်က ဝေထင်းကို ပြုံးပြပီး


" အကိုကြီးဝေထင်း... ကျနော်တို့လဲ အရမ်းပင်ပန်းလာတယ်... အဲ့ဒီအကြောင်းတွေ မပြောခင် ညစာစားပီး အရက်တစ်ခရားကို
အရင်ကုန်အောင် သောက်ကြမလား ... ကျနော်လဲ အကိုကြီးကို ဘာတောင်းဆိုရမလဲ စဉ်းစားချိန်ရတာပေါ့ "
ဟု ပြန်ပြောလိက
ုသည်။
တွမ့်ကျန်းချွမ် စကားအဆုံးမှာပဲ ဆိုင်ရှင်က မှာကြားထားတဲ့ ဟင်းလျာများကို အငွေ့တထောင်းထောင်း နှင့် လာပို့ပေး လေတော့သည်။

ဝေထင်းလဲ ဆာသလို ရှိလာသဖြင့် ဘာစကားမှ မပြောတော့ပဲ ညစာကို စားသောက်လိုက်တော့သည်။ တွမ့်ကျန်းချွမ်လဲ


ဝေထင်းနည်းတူ စားသောက်လုက
ိသည်။ မကြာခင်မှာပင် အရက်တစ်ခရားကုန်ကာ ဟင်းလျာ တော်တော်များများ လျော့သွားသည်။
ဝေထင်းက နောက်ဆုံး အရက်တစ်ခွက်ကို သောက်ပီး အစားအသောက်ကို လက်စသတ်ကာ
" ကဲ... ညီလေးတွမ့်... မင်းဘာတောင်းဆိုမလဲ စဉ်းစားလို့ရပီလား "
ဟု မေးလိက
ုသည်။

တွမ့်ကျန်းချွမ်လဲ အစားအသောက်ကို လက်စသတ်ကာ ဝေထင်းကို စိုက်ကြည့်ရင်း


" ကျနော် စဉ်းစားလို့ရပီ အကိုကြီး... အကိုကြီးအတွက်တော့ အနည်းငယ် အခက်အခဲဖြစ်မယ် ထင်တယ် "
ဟု မတင်မကျ ဖြင့် ပြောလိုက်သည်။
ဝေထင်းက တွမ့်ကျန်းချွမ် စကားကို ကြားသော် စိတ်မရှည်ဟန်ဖြင့်
" ညီလေးတွမ.့် .. ဆရာတော်ရဲ့ အပူဓာတ် အတွင်းအားက ငါ့ကို ဘယ်လောက် ဒုက္ခ ရောက်စေလဲ မင်းအမြင်ပဲ အကယ်၍ မင်းသာ
မင်းရဲ့ အစွမ်းထက်တဲ့ နန်းတွင်းဒဏ်ကြေဆေး မပေးရင် ငါ့မှာ ခြောက်လလောက် ကုယူရမှာ မင်းအသိပ.ဲ ..
ဒါကြောင့် ဘယ်လောက်ခက်ခဲတဲ့ ကိစ္စဖြစ်ဖြစ် ငါ့အသက်က လွဲလို့ ငါလုပ်ပေးမယ် မင်းပြောသာပြောလိုက် "
ဟု စိတ်ရင်းဖြင့် ပြောလိုက်သည်။

တွမ့်ကျန်းချွမ် လဲ ဝေထင်း၏ စကားကြားသော် တစ်ခုခုကို ဆုံးဖြတ်ပီးဟန်ဖြင့် ဝေထင်းကို ကြည့်ကာ


" ကဲ... ဒါဆိုလဲ ကျနော် အားမနာတော့ပဲ တောင်းဆိုပီဗျာ... ကျနော် ဖြစ်စေချင်တာက တော့ အကြို ကီး ဝေထင်းကို ကျနော်သ
့ားရဲ့
ဆရာဖြစ်စေချင်တာပဲ... ကျနော့်သားကို ဓားပညာသင်ပေးစေချင်တယ် "
ဟု ပြောလိုက်လေတော့သည်။

ဝေထင်းမှာ တွမ့်ကျန်းချွမ်၏ စကားကို ကြားသော် မထင်မှတ်ပဲ အံ့သြမိသည်။


သူတွေးထင်သည်မှာ တွမ့်ကျန်းချွမ်က သူ့ကို တစ်စုံတစ်ယောက်ကို သတ်ခိုင်းမယ် ရန်သူကို ရင်ဆိုင်ခိုင်းမယ် စသည်ဖြင့်
သူ့အကျိုးအတွက် အသုံးချမည်ဟု ထင်မှတ်နေသည်။ ယခုမူ တွမ့်ကျန်းချွမ်က သူတွေးထင်သည်နှင့် ဆန့်ကျင်စွာ သူ့သား၏
ဆရာအဖြစ် လုပ်ပေးရန် တောင်းဆိုနေလေပီ။ ဝေထင်းလဲ စကားပြန်မပြောနိုင်ပဲ တွေဝေသွားသည်။ တွမ့်ကျန်းချွမ်သား၏
ဆရာလုပ်မည် ဆိုလျှင် ပြည်မသိုင်းလောကမှ ထွကက
်ာ တာ့လီပြည်သို့ လိုက်သွားရမည် မဟုတ်ပါလား။ အနှစ်နှစ်ဆယ်ကျော်
ကျင်လည်ခဲ့သော သိုင်းလောကမှ ထွက်ရန် ဆုံးဖြတ်ချက်ကမူ ဝေထင်းအဖို့ မလွယ်ကူလှပေ။

တွမ့်ကျန်းချွမ်လဲ ဝေထင်း တွေဝေ နေသည်ကို ကြည့်ပီး


" အကိုကြီးကို သိုင်းလောက ကထွက်ပီး တာ့လီမှာ အမြဲနေဖို့ မဆိုလိုပါဘူး... ကျနော့်သားကိုလဲ ပညာသင်ရင်း အကိုကြီးလဲ
သိုင်းလောကကို မကြာမကြာ ဝင်ထွက်သွားလာပေါ့ အဲ့လိုဆို မကောင်းဘူးလား "
ဟု အကြံပေးလိုက်သည်။

တွမ့်ကျန်းချွမ် ၏ စကားကို ကြားသော် ဝေထင်းလဲ ပြသနာပြေလည်ပီး ဆုံးဖြတ်ပီးဟန်ဖြင့်


" ဟုတ်တယ်... အဲ့ဒီအကြံကောင်းတယ် တာ့လီကိုလဲ သွားမယ်... မကြာမကြာ ပြည်မလဲ ပြန်လာတာပေါ့... ကောင်းပီ ညီလေးတွမ့်
မင်းရဲ့သားကို ငါဝေထင်းရဲ့ တပည့်အဖြစ် လက်ခံလိုက်ပီ "
ဟု ကတိစကားပြောလိုက်သည်။

ဝေထင်း၏ ကတိပေးစကား ကြားသော် တွမ့်ကျန်းချွမ်မှာ ဝမ်းသာအားရ ဖြစ်သွားပီး ကျန်အရက်ခရားမှ အရက်နှစ်ခွက်ကို အမြန်ငှဲ့ကာ


ဝေထင်းကို တစ်ခက
ွ် ထိုးပေးလိုက်သည်။
" ဒါဆို သဘောတူတဲ့ အထိမ်းအမှတ်နဲ့ ကျနော်တို့ နှစ်ယောက် အမူး သောက်ကြတာပေါ့ ကျနော် နောက်ထပ်
နှစ်ခရားထပ်ယူခိုင်းလိုက်မယ်... မနက်ဖြန် ကျရင်တော့ တာ့လီကို သွားကြမယ်လေ "
ဟု ပြောလိုက်သည်။

ဝေထင်း ကလဲ ဝမ်းမြောက်စွာဖြင့်


" ကောင်းတယ်... အမူးသောက်ပီး ငါတို့ တာ့လက
ီို သွားကြမယ် "
ဟု ပြောလိုက်သည်။ တွမက
့်ျန်းယွမ်လဲ သူ့လူနှစ်ယောက်ကို လက်ယပ်ခေါ်ကာ နောက်ထပ် အရက်ခရားများ ယူခိုင်း လိုက်သည်။
ထို့နောက် သိုင်းလောကတွင် ဒုတိယ နှင့် တတိယ အတော်ဆုံး သိုင်းသမား နှစ်ယောက်မှာ မန်တူမြို့ ငယ်လေး ရှိ ရှု့ခင်းသာ
စားသောက်ဆိုင်အတွင်း ပျော်ရွှင်စွာဖြင့် မူးမှောက်အောင် သောက်နေကြတော့သည်။

#မိုးထိတောင်သိုင်းသမား #ZYN
အခန်း (၃)
ပျောက်ဆုံးသွားသော သိုင်းကျမ်း

ရှောင်စစ်တောင် သိုင်းပြိုင်ပွဲပြီးဆုံးသွားသည် မှာ ငါးနှစ် ပင်ကျော်လေပီဖြစ်သည်။


ရှောင်လင်ကျောင်းသည်လဲ သိုင်းလောက၏ ဦးလျှောင်အဖြစ်သို့ ပြန်လည် ရောက်ရှိသွားသည်မှာ ငါးနှစ်ပင် ရှိလေပြီ။
ဘုန်းတော်ကြီးရွှမ်းအိ က ရှောင်လင်၏ ကျဆင်းနေသော ဂုဏ်သိက္ခာကို ပြန်လည်ဆယ်ယူနိုင်ခဲ့သည် မဟုတ်ပါလား။
" ဒေါင်... ဒေါင်... ဒေါင်... ဒေါင် "
ညကြီး အချိန်မတော် သံချောင်းခေါက်သံများ တဒေါင်ဒေါင် ဖြင့် ရှောင်လင်ကျောင်း တစ်ခုလုံး ဆူညံ ပွက်လောရိုက် သွားသည်။
ဘုန်းကြီးများမှာလဲ ပျားပန်းခတ်မျှ လှုပ်ရှား သွားလာနေကြသည်။

တိုက်အုပ်ဆရာတော် ရွှမ်းမု မှာ ကျမ်းစာဆောင် ရှေ့တွင် စိတ်ပျက်သည့် အမူအရာဖြင့် ရပ်လျှက်ရှိသည်။


ရွှမ်းမု ကိုယ်တော်မှာ ပိန်ပါးသည်။ သက်တော်ကတော့ လေးဆယ်ပြည့် ဟန်တူသည်။ တည်ကြည်သော မျက်နှထားရှိကာ
မုတ်ဆိတ်ကင်းစင်သည်။
ထိုစဉ် အဆောင်ထဲမှ ဘုန်းကြီးလေးပါး ထွက်လာကာ ထိုအထဲမှ အသက်အကြီးဆုံး သော ဘုန်းကြီးက ရွှမ်းမုကို လက်အုပ်ချီကာ
" တိုက်အုပ်ဆရာတော်ကြီး... ကျမ်းစာစောင့်တဲ့ ရွှမ်းစန်း ကိုယ်တော် သေဆုံးသွားပါပီ "
ဟု ဝမ်းနည်းသံဖြင့် ပြောလိုက်သည်။

ရွှမ်းမု လဲ ဂိဏ
ုးတူညီတော် ရွှမ်းစန်း အတွက် ယူကြုံးမရ ဖြစ်သော အသံဖြင့်
" ရွှယ်စင်း... ကျမ်းစာတွေကို စစ်ကြည့်စမ်း မင်းက ရွှမ်းစန်းရဲ့ တပည့်ဆိုတော့ ဘာကျမ်းစာတွေ ပျောက်လဲ သိမှာပဲ... ရွှမ်းစန်းကို
သတ်တာဟာ ကျမ်းစာခိုးဖို့ လုပ်ရင်း သတ်တာလို့ ငါယူဆတယ် "
ဟု ရွှယ်စင်း ကိုယ်တော်ကို ပြောလိုက်သည်။
ရွှယ်စင်း လဲ ကျမ်းစာဆောင် ထဲသို့ နောက်တစ်ခေါက်ပြန်ဝင်ကာ ကျမ်းစာများကိုစစ်ဆေးနေတော့သည်။

ထို့်နောက် ရွှမ်းမု က ကျန် ဘုန်းကြီး သုံးပါးဘက်သို့ လှည့်ကာ


"ရွှယ်ထင်း၊ ရွှယ်ချန်း ... မင်းတို့နှစ်ယောက် ရှောင်လင်ရဲ့ တပည့်တွေအကုန်လုံးကို အကြောင်းကြားပီး မသင်္ကာစရာတွေကို လိုက်ရှာပီး
ကင်းလှည့် ၊
ရွှယ်ထန်း... မင်းက ငါနဲ့ လိုက်ခဲ့ ကျောင်းထိုင်ဆရာတော် ရွှမ်းအိ အခန်းတံခါးပိတ်ပီး တရားကျင့်တဲ့ အခန်းကိုသွားမှ ဖြစ်မယ်
ဆရာတော်ကြီးကို ဒီအဖြစ်အပျက်တွေ လျှောက်မှ ရမယ် "
ဟု မှာကြားပီး ရွှယ်ထန်းကိုခေါ်ကာ ဘုရားဝတ်ပြုဆောင် သို့ ထွက်သွားလေသည်။

ဘုရားဝတ်ပြုဆောင်သို့ ရောက်သောအခါ ဆရာတော် ရွှမ်းအိ ၏ အခန်းတံခါးမှာ ပွင့်လျှက် ရှိနေသည်ကို တွေ့ရသည်။


ဆရာတော်ရွှမ်းအိ က ရွှမ်းမုကို တွေ့သော် လက်ပြကာ လှမ်းခေါ်လိုက်သည်။ ရွှမ်းမုလဲ ရွှယ်ထန်းနှင့်အတူ အခန်းထဲသို့ လှမ်း
ဝင်လိုက်သည်။
တစ်စုံတစ်ရာတော့ ထူးခြားနေလေပီ ဆရာတော် ရွှမ်းအိ၏ မျက်နှာမှာ ဖြူဖျော့နေလျက်ရှိသည် ကိုတွေ့ရသည်။
ဆရာတော် ရွှမ်းအိ က သက်ပြင်းတစ်ချက် ချပီး ရွှမ်းမုအား ကြည့်ကာ

" ရွှမ်းမု... မင်းရဲ့ သိုင်းပညာအဆင့် ဘယ်အထိ ရောက်ပီလဲ "


ဟု မေးလိုက်သည်။
ရွှမ်းမု လဲ ရွှမ်းအိ ၏ အမေးစကားကို ထူးဆန်းသလို ဖြစ်နေရာမှ မဆိုင်းမတွ
" တပည့်တော် နဂါးခြေသည်းဖမ်းချုပ် သိုင်း နဲ့ လက်ဝါးတစ်ထောင်သိုင်းကို အောင်မြင်ပီး ပါပီ အကိုတော်... ရိကျင့် အကြောပြောင်း
အတွင်းအားကျင့်စဉ်ကိုလဲ တစ်ဝက် အောင်မြင်နေပါပီ "
ဟု ဖြေလိုက်သည်။

ရွှမ်းမု၏ အဖြေစကားကိုကြားသော် ရွှမ်းအိက အဝေးသို့ တစ်ချက်ကြည့်လိုက်ပီး သက်ပြင်းချကာ


" မလုံလောက်သေးဘူး "
ဟု အပြန်အလှန် ရေရွတ်နေမိသည်။
ရွှမ်းမု မှာ ရွှမ်းအိ ဆရာတော်၏ စကားကို ကြားသော် ထူးဆန်းစွာဖြင့်
" ဘာတွေ မလုံလောက်တာလဲ အကိုတော် "
ဟု မေးခွန်းထုတ်လိုက်သည်။
ထိုစဉ် ကျမ်းစာစစ်ဆေးရန် ထွက်သွားသော ရွှယ်စင်း ကိုယ်တော် ရောက်လာကာ ဝင်ခွင့်တောင်းလိုက်သည်။
ရွှမ်းအိ က ရွှယ်စင်းကို ကြည့်ကာ
" ဝင်ခ.ဲ့ .. မီးစွဲဓားသိုင်း ရေးထားတဲ့ ကျမ်းစာပျောက်နေတာ မလား "
ဟု ပြောလိုက်လေသည်။

ရွယ်စင်း အပါအဝင် ရွှမ်းမု နှင့် ရွှယ်ထန်း မှာ ဆရာတော်၏ စကားကို ကြားသော် အလွန်ပင် အံ့သြမိ ကြသည်။
ရွှယ်စင်း က ထိပ်လန့်စွာဖြင့်
" ဟုတ်ပါတယ် ဆရာတော်ဘုရား ... တပည့်တော် စစ်ဆေးကြည့်တော့ တခြားကျမ်းစာတွေက အကုန်စုံလင်စွာ ရှိပေမဲ့
တားမြစ်စာအုပ်စင် ပေါ်က မီးစွဲဓားသိုင်း ကျမ်းစာအုပ်ကို မတွေ့ရတော့ပါဘူး ဆရာတော် "
ဟု လျှောက်တင်လိုက်သည်။

ရွှမ်းအိ က သက်ပြင်းတစ်ချက်ချကာ
" ထားလိုက်တော့... ငါတို့ရှောင်လင်က သိုင်းကျမ်းပျောက်တာ လူမသိစေနဲ့... ပီးတော့ အဲ့ဓားသိုင်းကို ငါအသစ်ပြန် ရေးပေးမယ် ပြီးရင်
ပြန်ချိတ်ပိတ်ထားလိုက် ကဲ...မင်းတို့ အကုန်လုံး ထွက်သွားလို့ ရပီ" ဟု မှာကြားလိုက်သည်။
ရွှယ်စင်းနဲ့ ရွှယ်ထန်မှာ ရွှမ်းအိဆရာတော်၏ စကားဆုံးသော် လက်အုပ်ချီပီး ထွက်သွားကြလေတော့သည်။

ရွှမ်းမု က မေးစရာရှိနေပုံဖြင့် ကျန်ခဲ့လေရာ ရွှမ်းအိ က တစ်ချက်ကြည့်လိုက်ပီး


" ရွှမ်းမု... မင်းဘာမေးချင်တာလဲ ဆိုတာ ငါသိတယ်... ငါဘာဖြစ်လို့ တားမြစ်ထားတဲ့ သိုင်းကျမ်းကို တတ်နေရသလဲ ဆိုတာရယ်
အဲ့သိုင်းကျမ်းပျောက်တာကို ဘာလို့် သိနေရတာလဲ ဆိုတာပဲမလား "
ဟု ပြောလိုက်လေသည်။
ရွှမ်းမု လဲ ခေါင်းရှုပ်ဟန်ဖြင့်
" ညီတော့်ကို ရှင်းပြပေးပါ အကိုတော် "
ဟု ပြောလိုက်သည်။

ရွှမ်းအိ က စိတ်မသက်သာဟန်ဖြင့်
" ရွှမ်းမု... ငါရှောင်စစ်တောင် သိုင်းပြိုင်ပွဲမှာ အနိုင်ရခဲ့တာ အဲ့ဒီ မီးစွဲဓားသိုင်း ကြောင့်ပဲ
ပုလုံ နဲ့ တခြား မျက်မြင်သက်သေတွေကို ငါမေတ္တာရပ်ခံ ခဲ့လို့ ပုလုံက ငါ ရိကျင့် အကြောပြောင်းသိုင်းနဲ့ နိုင်ခဲ့တယ် လို့
သတင်းလွှင့်ခဲ့တာပဲ... တကယ်က ငါတို့တွေဟာ ရိကျင့် အကြောပြောင်းသိုင်းကို တစ်ဝက်အထိပဲ ကျင့်နိုင်ခဲ့တာ မင်းအသိပဲလေ ...
ဝေထင်းလို အတော်ဆုံး ဓားသမားကို အတွင်းအားချည်းသက်သက် နဲ့ အနိုင်ယူလို့ မရတာ အမှန်ပဲ အဲ့ဒီတော့ ငါဟာ တားမြစ်ထားတဲ့
မီးစွဲဓားသိုင်းကို ကျင့်ခဲ့ရတယ်... တားမြစ်ထားတဲ့ ဓားသိုင်းက ပြင်းထန်တယ် ရက်စက်တယ်ဆိုတာမှန်ပေမဲ့ ဓားကွက်တွေက ဝေထင်းရဲ့
ဓားပညာကို ယှဉ်နိုင်ခဲ့တယ် အဲ့ဒီမှာ အစွမ်းထက်ဆုံး ကတော့ သူ့ရဲ့ ပြင်းထန်တဲ့ အပူလှိုင်းပဲ အဲ့အပူလှိုင်းကြောင့် ဝေထင်းကို အနိုင်ရပီး
ငါတို့ရှောင်လင်ကျောင်း ခေါင်းမော့ နိုင်ခဲ့တာ အခုတော့ ဒီဓားသိင
ုးကို မျက်စိကျနေတဲ့သူ ရှိပီပေါ့လေ... ငါကတော့ ဓားသိုင်းရဲ့
မိစ္ဆာဆန်တဲ့ ကျင့်စဉ်ကို ငါ့ကိုယ်ထဲက ပယ်ဖျက်ဖို့ အခန်းပိတ်တရားထိုင်နေရတာပဲ ကြည့်တော့"
ဟု ရှည်လျားစွာ ရှင်းပြလိုက်သည်။

ရွှမ်းအိ ၏ စကားကို ကြားသော် ရွှမ်းမုက


" ဒါဆို သိုင်းကျမ်းခိုးတဲ့ သူက အဲ့ဒီနေ့က ရှောင်စစ်တောင်ပေါ်မှာ ရှိတဲ့ သူတွေထဲ က တစ်ယောက်ပဲဖြစ်ရမယ် အကိုတော် "
ဟု ပြောလိုက်သည်။
ရွှမ်းမု က ခေါင်းညိမ့်လိုက်ပီး
" ဟုတ်တယ်... ရွှမ်းမု အဲ့ဒီနေ့က ရှိတဲ့သူတွေကပဲ မီးစွဲဓားသိုင်း ရဲ့ အစွမ်းနဲ့ သိုင်းကျမ်းဟာ ရှောင်လင်မှာရှိကြောင်း သိကြတာ...
တခြားဘယ်သူမှ မသိနိုင်ဘူး "
ဟု ဖြေလိုက်သည်။

ရွှမ်းမု က စဉ်းစားလိုက်ရင်း
" ဒါဆို ဝေထင်း ကများ သဘောကျပီး လာခိုးလေသလား မသိဘူး အကိုတော် "
ဟု ပြောလိုက်သည်။
ရွှမ်းမု က ခေါင်းခါလိုက်ပီး
" မဟုတ်ဘူး ရွှမ်းမု... ဝေထင်းဟာ သူ့ဓားပညာအပေါ်မှာ ယုံကြည်မှု ပြင်းထန်လွန်းတယ် ပီးတော့ ငါက သူ့ကို ဓားပညာနဲ့ ပတ်သတ်ပီး
အနိုင်မရခဲ့ဘူး ဝေထင်းက အဲ့ဒါကို ဂုဏ်ယူနေတာ သူမဖြစ်နိုင်ဘူး "
ဟု ငြင်းဆိုလိုက်သည်။

ရွှမ်းမု က ခေါင်းရှုပ်ဟန်ဖြင့်
" ဒါဆိုရင်တော့ ဦးရီးတော်တွမ့် နဲ့ စီးမင်ကု့ေ
ိ ဝ ကလွဲ ဖြစ်နိုင်တဲ့သူ မရှိတော့ဘူး ကျန်သိုင်းဂိုဏ်းချုပ်တွေကတော့ ရှောင်လင်ကို
ရန်စရဲကြမှာ မဟုတ်ဘူး "
ဟု ပြောလိုက်သည်။
ရွှမ်းအိ လဲ ရွှမ်းမု စကားကို ကြားသော်
တွေဝေသွားသည်။ သေချာစဉ်းစား ကြည့်လျှင် သူ မီးစွဲဓားသိုင်း ကို အသုံးပြု လိုက်စဉ်က တွမ့်ကျန်းချွမ် နှင့် စီးမင်ကို့ဝေ တို့ နှစ်ဦးသား
စိတ်လှုပ်ရှားသွားကြသည်ကို မှတ်မိလိုက်သည်။ ကျန်သူများမှာ ကြောက်ရွံနေပုံသာ ပေါ်ကြသည်။
ရွှမ်းအိ လဲ စဉ်းစားနေရင်းက
" ဟုတ်တယ် ရွှမ်းမု သူတို့ နှစ်ယောက်ထဲ က တစ်ယောက်ပဲ ဖြစ်လိမ့်မယ် စီးမင်ကို့ဝေ ဆိုတာလဲ အနောက်ဘက် နယ်က
သိုင်းဂိုဏ်းတွေရဲ့ ခေါင်းဆောင်၊ တွမ့်ကျန်းချွမ် ဆိုတာကလဲ တာ့လီပြည်ရဲ့ ဦးရီးတော် ၊ သူတို့ နှစ်ယောက်ပဲ ဒီလို ငွေအား လူအား
အကုန်ခံပီး ပိရိတဲ့ ခိုးမှုကို လုပ်နိုင်ကြမှာ ပီးတော့ သူတို့နှစ်ယောက်က သိုင်းလောကမှာ တတိယ နဲ့ စတုတ္ထ အဆင့်ရှိတဲ့ သူတွေ
သူတို့မှပဲ ရွှမ်းစန်းကို ဘယ်သူမှမသိလိုက်ပဲ အလွယ်တကူ သတ်သွားနိုင်မှာ "
ဟု စိတ်ရှုပ်ထွေးစွာ ဖြေလိုက်သည်။

ရွှမ်းမု က ရွှမ်းအိကို ကြည့်ကာ


" အကိုတော် ဒီကိစ္စကို ဘယ်လို ဖြေရှင်းမလဲ သိုင်းကျမ်းခိုးတဲ့သူက တတ်ကျွမ်းသွားရင် သူ့ကို ရင်ဆိုင်ဖို့ လွယ်မှာမဟုတ်ဘူး
အဲ့ဒီဓားသိုင်းကို အနိုင်ယူနိုင်တဲ့ နည်းလမ်းများ မရှိဘူးလား အကိုတော် "
ဟု မေးလိုက်သည်။
ရွှမ်းအိ က ရွှမ်း မု၏ စကားကို ကြားသော် သက်ပြင်းတစ်ချက် ချပီး
" ဒီမီးစွဲဓားသိုင်းက မိစ္ဆာဓာတ် ပြင်းထန်တယ် ငါတို့ ဘုန်းကြီးတွေ ကျင့်မိရင် အတွင်းအား ယုတ်လျော့စေတယ် ငါတို့ အတွင်းအားတွေက
လမ်းမှန်ကျင့်စဉ်က လာတာကြောင့် ဆန့်ကျင့်ဘက် အခြေအနေမှာ ရှိတယ် လွန်ခဲ့တဲ့ ငါးနှစ်က ငါတစ်ခေါက်ထုတ်သုံးမိတာနဲ့တင် ငါ့မှာ
အတွင်းအားအတော် ယုတ်လျော့သွားတယ် မဟုတ်လား ... ရိကျင့် အကြောပြောင်းသိုင်းကို အဆုံးထိ တတ်မြောက်ရင်တော့
သွေးကြောထဲက မိစ္ဆာဓာတ်ကို ဖယ်ရှားပီး ဓားသိုင်းကို အကောင်းဘက်က သုံးလို့ရနိုင်တယ် ခက်တာက ငါတို့ရဲ့ ရိကျင့် သိုင်းကျမ်းဟာ
မပြည့်စုံဘူး တစ်ဝက်သာရှိတာ မင်းအသိပဲ မဟုတ်လား... နည်းလမ်းကတော့ တစ်ခုပဲ ကျန်တော့တယ်... တားမြစ်စာအုပ်စင် ပေါ်က
တာမိုမိစ္ဆာရှင်း လက်ဝါးသိုင်းကို မင်းတို့တွေ လေ့ကျင့် ထားကြဖို့ပဲ သိုင်းကျမ်းခိုးတဲ့သူက သိုင်းကျမ်းကို တတ်မြောက်ပီးရင်
မူရင်းတတ်မြောက်သူ ငါ့ကို လာစိန်ခေါ်မယ် လို့ ငါထင်တယ်... ငါ့အခြေအနေအရ ငါရှုံးဖို့များတယ် ရွှမ်းမု "
ဟု ရှည်လျားစွာ ပြောပီး မျက်စိမှိတ်ထားလိုက်တော့သည်။

ရွှမ်းမု လဲ ရှောင်လင်ကျောင်း၏ တာဝန်မှာ မိမိပုခုံးပေါ် ကျရောက်လာပီ ဖြစ်ကြောင်း နားလည်ထားလိုက်မိသည်။


ရွှမ်းမု က မျက်စိမှိတ်ကာ အနားယူသွားသော ကျောင်းထိုင်ဆရာတော် ရွှမ်းအိ ကို လက်အုပ်ချီ ဂါရဝပြု ကာ အခန်းထဲမှ
ထွက်ခဲ့လိုက်သည်။
အခန်းပြင်ရောက်သောအခါ ညနက်သန်းခေါင်ချိန်မှာပင် လှုပ်ရှားသွားလာနေကြသော ဘုန်းတော်ကြီး များကို ကြည့်ကာ
သက်ပြင်းချမိလိုက်သည်။
ထို့်နောက် ဆုံးဖြတ်ချက် ချလိုက်ဟန်ဖြင့် ကျမ်းစာဆောင်ကို ခြေလှမ်းများဦးတည်လိုက် တော့သည်။ ရန်သူသည် သူတို့ထက်
ခြေတစ်လှမ်း သာနေသည် မဟုတ်ပါလား။
ရှောင်လင်ကျောင်းတော် အတွက် ရွှမ်းအိသည် တားမြစ်ချက်ကို ဖောက်ဖျက် ခဲ့ရသည်။ သူသည်လဲ ဖောက်ဖျက်ရ
တော့မည်ပင်ဖြစ်သည်။

ငြိမ်သက်နေသော သိုင်းလောက က လှုပ်ရှားရန် အစပြုလိုက်ပီ မဟုတ်ပါလား ။

#မိုးထိတောင်သိုင်းသမား #ZYN
အခန်း (၄)
တာ့လီပြည်ရောက် သိုင်းသမား

မိုးထိတောင်...
မိုးထိတောင် ဆိုသည်မှာ တာ့လီပြည် နန်ကြောင် နေပြည်တော်၏ နံဘေးတွင် တည်ရှိသော မြင့်မားသည့် တောင်တစ်လုံးကို
ဆိုလိုလေသည်။ တောင်ထိပ်မှာ အမြဲတစ်စေ တိမ်များရစ်ဖွဲ့လျက် ရှိပီး မိုးကောင်းကင်ကို ထိနေသည်ဟန် ရှိသဖြင့် မိုးထိတောင် ဟု
တာ့လီရှိ လူအများက ခေါ်တွင်ကြသည်။
မိုးထိတောင် တွင် တောင်ထွဋ် သုံးခု ရှိရာ အောက်ဆုးံ တောင်ထွဋ် က အကြီးမားဆုံး ဖြစ်လေသည်။ ထိုတောင်ထွဋ် တွင်
ကောင်းကင်နဂါး ဘုန်းကြီးကျောင်း တည်ရသ
ှိ ည်။ ထိုဘုန်းကြီးကျောင်းမှာ မိုးထိတောင်တွင် တည်ရှိကာ တောင်ခြေမှ ကျောင်းတည်ရှိရာ
တောင်ထွဋ် ဆီသို့ သွားသော လှေကားထစ်များက နဂါးတစ်ကောင်သဖွယ် ရှည်လျား သောကြောင့် ကောင်းကင်နဂါး ဟု
အမည်တွင်ခြင်းဖြစ်သည်။
ကောင်းကင်နဂါးဘုန်းကြီးကျောင်း...
ကောင်းကင်နဂါးဘုန်းကြီးကျောင်းမှာ တာ့လီပြည် စတင် တည်ထောင်စဉ်ကပင် တည်ခဲ့သည် ဟု အဆိုရှိသည်။ တာ့လီပြည်သားများမှာ
ဗုဒ္ဓဘာသာဝင် များဖြစ်ကြရာ ဘုန်းတော်ကြီးကျောင်းကို တိုင်းပြည်၏ မြို့ တော် နန်ကြောင်မြို့ တော် တည်ထောင်စဉ်ကပင်
တည်ဆောက်ရန် ရည်ရွယ်ခဲ့ကြသည်။ သို့သော် မိုးထိတောင်မှာ နန်ကြောင်မြို့ တော်နှင့် အတော်အတန်ဝေးရကာ ထိုစဉ်က
တာ့လီပြည်သား များမှာ မိုးထိတောင်တွင် ဘုန်းကြီးကျောင်းတည်ဖို့ စိတ်ကူးမရှိကြချေ။
နန်ကြောင်မြို့ တော် ထဲတွင်သာ ဘုန်းကြီးကျောင်း တည်ထောင်ပီး ကိုးကွယ်ကြသည်။
တည်ထောင်သူ ဘုရင်မှ သုံးဆက်မြောက်တွင် ဆက်ခံသူ ဘုရင်က နန်းစွန့်ရန် ဆုံးဖြတ်ခဲ့ရာ နန်းတက်ဘုရင်နှင့် မှူးမတ်များက
နန်းပြန်လုမည်စိုးသဖြင့် ဆံပင်ရိတ်ပယ်ကာ ဘုန်းကြီးဝတ်ဖို့ တောင်းဆိုကြသည်။ ထိုနန်းစွန့်ဘုရင်မှာ ဘုန်းကြီးဝတ်လိုသော်လဲ
နန်ကြောင်မြို့ တော် ထဲ တွင် မနေလိုသဖြင့် မိုးထိတောင်မှာ ကျောင်းဆောက်လုပ်ပီး သူ၏ တပည့်တပန်းများနှင့် ဘုန်းကြီးဝတ်
လေတော့သည်။ နှစ်ကာလ ကြာသောအခါ နန်းစွန့် ဘုရင်တိုင်း မိုးထိတောင်ကျောင်းတွင် ဘုန်းကြီးဝတ်ရသည့် ဓလေ့ဖြစ်သွား
လေတော့သည်။ ဘုရင်များ ဘုန်းကြီးဝတ်သော ကျောင်းဖြစ်တာနှင့်အညီ ဘုန်းကြီးကျောင်းမှာ ကြီးကျယ်ခမ်းနား လေသည်။
ကျောင်းဆောင်များမှာ ထည်ဝါကာ ဘုရင်တို့၏ တပည့်တပန်းများလဲ ဘုန်းကြီးဝတ်လျက် ဘုရင်ဖြစ်ဖူးသူ ဘုန်းကြီး များကို
စောင့်ရှောက်ကြရသည်။

တာ့လီပြည် ....
တာ့လီပြည် ကို စတင်တည်ထောင်သူမှ တွမ့်မျိုးနွယ် သိုင်း သမားတစ်ဦးပင် ဖြစ်သည်။
တရုတ်ပြည်မကြီးတွင် စစ်ပွဲများဖြစ်ပွားရာ ငြိမ်းချမ်းစွာနေလိုသူ ပြည်သူလူထု ကို တွမ့်မျိုးနွယ် သိုင်းသမားက စုစည်းပီး ပြည်မကြီး၏
တောင်ဘက် ယူနန်ပြည်နယ် ဘက်တွင် နယ်မြေပိုင်းခြား သတ်မှတ်ပီး နန်ကြောင်မြို့ တော်ကို တည်ထောင်ကြသည်။ တာ့လီပြည်မှာ
နန်ကြောင် တစ်မြို့ တည်းသာ ရှိသော မြို့ ပြနိုင်ငံ ဖြစ်သော်လဲ ရွာပေါင်းလေးဆယ် ခြံရံကာ တောင့်တင်းကြွယ်ဝသော နိုင်ငင
ံ ယ်
လေးဖြစ်သည်။ စိုက်ပျိုးရေးကို အခြေခံကာ ပြည်သူလူထု မှာ ကြွယ်ဝချမ်းသာကြသော်လဲ ရိုးသားအေးဆေးကြသည်။
တိုင်းပြည်တည်ထောင်သူ တွမ့်မျိုးနွယ် ဘုရင် မှာ သိုင်းသမားမျိုးရိုး ဖြစ်သဖြင့် သူ့အနွယ်တော်တွေကို သိုင်းပညာကို သင်စေသည်။
မိမတ
ို့ တိုင်းပြည်မှာ သေးငယ်သဖြင့် အုပ်ချုပ်သူ များမှာ သိုင်းပညာတတ်ရန် လိုအပ်မဟုတ်ပါလား။
ထို့ကြောင့် အုတ်ချုပ်သူ မင်းမျိုးမင်းနွယ်များ၊ မှူးမတ်မျိုးနွယ် များမှာ သိုင်းတတ်ကြသည်။
ထို့ပြင် တွမ့်မျိုးနွယ် ဘုရင်မှ သူနန်းတက်စဉ်က အုပ်ချုပ်သူများအားလုံးကို သူ၏ တွမ့်မျိုးရိုးသို့ သွတ်သွင်းခဲ့သဖြင့် တာ့လီပြည်တွင်
အဓိကမျိုးနွယ်မှာ တွမ့်မျိုးနွယ် သာဖြစ်လေတော့သည်။

အချိန်က ရှောင်စစ်တောင် သိုင်းပြိုင်ပွဲ မှ တိုင်းတာလျှင် အနှစ်နှစ်ဆယ်ခန့်ပင် ရှိတော့မည်။ ပြည်မကြီးတွင် သိုင်းလောကမှာ


ရှုပ်ထွေးလိုက် တည်ငြိမ်လိုက် ရှိသော်လဲ တာ့လီပြည်မှာ မူ ပကတိအေးချမ်းလျှက်ရှိသည်။

အချိန်မှာ နေဝင်ခါနီး ညနေစောင်းဖြစ်သည်။ထိုအချိန်မှာ မိုးထိတောင် ရှိ ကောင်းကင်နဂါး ကျောင်းတော်မှ လူငယ်တစ်ယောက်


ထွက်လာတာကို တွေ့ကြရသည်။ ထိုလူငယ်မှာ ကျောင်းတော်မှ ထွက်လာသော်လဲ တောင်ခြေသို့မဆင်းပဲ တောင်ခါးပန်းကို
ကွေ့ပတ်ကာ ဒုတယ
ိ တောင်ထွဋ် ရှိရာသို့ တက်သွားလေသည်။
လူငယ်၏ ကိုယ်ဖော့ပညာမှာ အတော်ကို ကောင်းသည်ဖြစ်ရာ သိပ်မကြာခင်မှာပဲ ဒုတိယ တောင်ထွဋ် သို့ ရောက်ရှိသွားသည်။

တောင်ထွဋ် ပေါ်သို့ လူငယ်ရောက်သောအခါ အဘိုးအိုတစ်ယောက် က ချောက်ကမ်းပါး ထိပ်တွင် ရပ်လျက် နေဝင်ချိန်ကို


ရှု့စားနေတာကို တွေ့ကြရသည်။ ထိုအဘိုးအိုက အသက်ခုနစ်ဆယ်နားနီးကာ ခန့်ညားသော အသွင်အပြင်ရှိသည်။
လေတိုက်တိုင်းလွင့်ပျံ နေသော အဘိုးအို၏ သိုင်းဝတ်စုံ မှာ အဘိုးအိုကို ပိုမိုခန့်ထည်စေသည်။ လူငယ်က အဘိုးအိုကို ကြည့်လျက်
လက်သီးဆုပ်ကာ ဂါရဝပြု လိုက်ပီး
" ဆရာ...တပည့် ရောက်ပါပီ "
ဟု ပြောလိုက်သည်။

အဘိုးအိုက လူငယ်ဘက်သို့ လှည့်လိုက်ပီး လူငယ်ကို ကြည့်ကာခေါင်းညိမ့်ပြလိုက်သည်


လူငယ်ရောက်လာတာကို သူက လေတိုးသံကြားစဉ်ကပင် သိပီးသား ဖြစ်သည် မဟုတ်ပါလော။ အဘိုးအိုက လူငယ်ကို တစ်ချက်
သေသေချာချာ ကြည့်လိုက်သည်။ လူငယ်၏ အသွင်အပြင်မှာ အရပ်ခပ်ရှည်ရှည်ရှိကာ ကျစ်လျစ်သန်မာသော ကိုယ်လုံး ရှိသည်။
လူငယ်တွင် အထင်ရှားဆုံးဖြစ်နေသည်မှာ သူ၏ ရုပ်ရည်ပင် ဖြစ်သည်။ ရုပ်ရည်က ယောက်ျားတစ်ယောက် အတွက်
ချောမောလွန်းသည်။ အဘိုးအိုကို တရိုတသေ ဂါရဝပြု နေသော်လဲ သူ၏ပုံစံမှာ အုပ်ချုပ်သူ လူတန်းစားက ဆင်းသက်လာမှန်း
သိသာနေသည်။
အဘိုးအိုက ကျေနပ်ဟန်ဖြင့် ခေါင်းတစ်ချက်ညိမ့်ကာ
" ယွမ်အော်... မင်းဒီနေ့ရောက်တာ စောသားပဲ ... ဘာအကြောင်းရှိလို့ နေမဝင်ခင် ငါ့ဆီရောက်လာတာလဲ "
ဟု မေးလိုက်သည်။

ယွမ်အော် ဆိုသူ လူငယ်က အဘိုးအို ကို တလေးတစား မော့ကြည့်မိသည်။ ဟုတ်သည်။ ဤအဘိုးအို မှာ မျက်နှာတွင်
အမာရွတ်တစ်ချို့ ရှိနေသည့်တိုင် ခန့်ညားနေတုန်းဖြစ်သည်။ အဘိုးအို၏ အမည်နာမ ကို သိလိုက်ရလျှင် ပို၍လေးစားသွားနိုင်သည်။
ထို့သို့ဆိုရလျှင် ဤအဘိုးအို က မည်သူနည်း။
အဘိုးအိုမှာ တစ်ခြားမဟုတ် ပြည်မသိုင်းလောကတွင် ဓားဘုရင် ဟုကျော်ကြားသော သိုင်းလောက ဒုတိယဖြစ်သူ သိုင်းသမားဝေထင်း
ပင်ဖြစ်လေတော့သည်။

ဝေထင်းမှာ တွမ့်ကျန်းချွမ်၏ တောင်းဆိုချက် အရ တာ့လီပြည်သို့ လိုက်လာခဲ့သော်လဲ အစက နန်းတွင်းတွင် နေရသဖြင့် မပျော်ပေ


ပြည်မသို့ ပြန်ရန်သာ ဆုံးဖြတ်ထားသည်။ သို့သော် မိုး ထိတောင်သို့ ရောက်စဉ် လှပသော ရှု့ခင်းနှင့် နေရေးစားရေး အဆင်ပြေသော
ဘဝက သူ့ကို ဆွဲဆောင်သွားသည်မဟုတ်ပါလား။ မင်းသားတစ်ပါး၏ ဆရာအဖြစ် နေရသည်မှာ ပူပန်စရာမရှိပေ သူစိတ်ဝင်စားရာ
ဓားပညာကို ဇောက်ချကာ လေ့လာနိုင်သည် ဖြစ်လေရာ ဝေထင်းမှာ အနှစ်နှစ်ဆယ်လုံးလုံး ပြန်ရန်ပင် မတွေးမိတော့ချေ။
အနှစ်နှစ်ဆယ် လုံးလုံး ဓားပညာ လေ့ကျင့်ကာ တစ်ဦးတည်းသော တပည့်ဖြစ်သူ တွမ့်ကျန်းချွမ်၏သား တွမ့်ကျန်းယွမ် ကို
ဓားပညာသင်ပေးခြင်းဖြင့် အချိန်ကုန်လွန် စေခဲ့သည်။

တွမ့်ကျန်းယွမ် က ဝေထင်းကို တလေးတစား မော့ကြည့်နေရာမှ


" ဆရာ... ကျနော် ဒီနေ့ ကျောင်းတော်ကနေ သိုင်းပညာအားလုံး တတ်မြောက်ကြောင်း စမ်းသပ်ချက် အောင်မြင်ခဲ့တယ် ဆရာ...
ကျောင်းတော်ကလဲ ကျနော်က
ို့ ခမည်းတော် အရိုက်အရာ အတိုင်း ပြည်မသိုင်းလောက ကိုသွားဖို့ ခွင့်ပြုလိုက်တယ်... အဲ့ဒါ ဆရာ့
သဘောက ဘယ်လိုရှိသလဲ ဆိုတာ "
ဟု မဝင့်မရဲ မေးလိုက်သည်။

ဝေထင်း က တွမ့်ကျန်းယွမ် ၏ စကားကို ကြားသော် ခေါင်းညိမ့်ကာ


" အင်း... ကျန်းချွမ်ရဲ့ တပည့်တွေ ပြောတဲ့ သတင်းအရ ဆိရ
ု င် အနှစ်နှစ်ဆယ် ကြာပီးမှ ရှောင်လင်ကျောင်းက ဦးစီးပီးတော့
ရှောင်စစ်တောင်မှာ သိုင်း ပြိုင်ပွဲ ပြန်လုပ်မယ် ကြားတယ်... သွားရမှာပေါ့ကွာ လူလေးရ... မင်းအဖေဖြစ်သူက ဘုရင်ဖြစ်သွားတော့
မသွားနိုင်လို့ မင်းကို လွှတ်ရပေမဲ့ ငါကတော့ သွားနိုင်နေသေးတာပဲ ရွှမ်းအိကိုယ်တော် ရဲ့ တပည့်တွေ ဘယ်လောက်တိုးတက်နေလဲ
ကြည်ရသေးတာပေါ့... မင်းလဲ ငါ့ဆီကကော မင်းတို့မျိုးနွယ် သိုင်းပညာ ကော တတ်နေမှ တော့ ဝင်ပြိုင်ရမယ် လူလေး ... ငါကတော့
အနားနီးမှပဲ ပြိုင်ပွဲကို တန်းသွားဖို့ စိတ်ကူးရှိတယ် မင်းကကော ယွမ်အော် "
ဟု ပြန်မေးလိုက်သည်။

တွမ့်ကျန်းယွမ် က စိတ်လှုပ်ရှားဟန်ဖြင့်
" ကျနော် ကတော့ ပြိုင်ပွဲက ခြောက်လလောက် လိုသေးပေမဲ့ အခုကတည်းက သွားချင်တယ် ဆရာ... ဆရာပြောပြဖူးတဲ့ သိုင်းလောက
က အကြောင်းတွေကို တပည့် ကိုယ်တိုင် ကြုံဖူးချင်တယ် "
ဟု ပြန်ဖြေလိုက်သည်။
သူ့အဖြေကို ကြားသော် ဝေထင်း တစ်ယောက် တွမက
့်ျန်းယွမ် ကို စတွေစ
့ ဉ် ကာလကို တွေးမိသည်။ ထိုစဉ်က တွမ့်ကျန်းယွမ် မှာ
ငါးနှစ်အရွယ်သာ ရှိသေးသည်။ အခုမူ နှစ်ဆယ့်ငါးနှစ်ပင် ရှိနေပီ မဟုတ်ပါလား။ ပြည်မတွင် ဆိုလျှင် နှစ်ဆယ့်ငါးနှစ်သားအရွယ် သည်
အတော်ပင် သိုင်းလောကကို ကျင်လည်နှံ့စပ် နေလောက်ပီ ဖြစ်သည်။ အခုတော့ တွမ့်ကျန်းယွမ် မှာ ဘာမှမသိချေ။ ထိုကြောင့်
ပြည်မကို သွားချင်သည်မှာ အဆန်းမဟုတ်။

ဝေထင်း က ခေါင်းညိမ့်ကာ
" ကောင်းပါတယ် မင်းက အတွေ့အကြုံလိုချင်တော့ စောစောသွားပေါ့ ဆရာပြောပြတဲ့ အတိုင်း ပြည်မမှာက လူမျိုးစုံ ရှိတယ်
အလိမ်မခံရစေနဲ့ သူများအသုံးချတာ မခံရစေနဲ.့ .. ကျန်တာကတော့ မင်းသဘောအတိုင်း လုပ်ရင်ရတယ် ဆရာကတော့ မင်းကို
မကောင်းသူပယ် ကောင်းသူကယ် ဆိုတာတွေ ပြောနေမှာ မဟုတ်ဘူး မင်းရဲ့ စဉ်းစားဥာဏ်နဲ့ လုပ်သင့်တာ မလုပ်သင့်တာကို
စဉ်းစားပီလုပ် ဒါနဲ့ မင်းက မနက်ဖြန် မနက်ကို သွားတော့မှာလား မင်းတို့ ကျောင်းတော်က ဘာမှာလိုက်သေးလဲ "
ဟု ခွင့်ပြုပေးလိုက်သည်။

တွမ့်ကျန်းယွမ် က ဝေထင်းကို ခေါင်းညိမ့်ပြရင်း


" ကျောင်းတော်ကတော့ ကျောက်စိမ်းယပ်တောင် ကိုပေးလိုက်တယ် ဆရာ... အနှစ်နှစ်ဆယ် အတွင်း အသစ်တီထွင်ထားတဲ့
ကျောင်းတော်ရဲ့ သိုင်းပညာအသစ်အတွက် လက်နက်အဖြစ် အသုံးပြုဖို့န.ဲ့ .. ကျန်တာကတော့ နန်းတော်ကို ပြန်ပီး မယ်တော်
ထည့်ပေးတာတွေ ယူသွားရမယ် "
ဟု ဖြေလိုက်သည်။

ဝေထင်း က တွမ့်ကျန်းယွမ် ၏ မယ်တော်ထည့်ပေးတာယူမယ် ဆိုသော စကားကို ကြားသော် ရယ်လိုက်သည်။


" ဟား... ဟား... ငါတို့ယွမ်အော် က အမေချစ်တဲ့ သား ပဲ... သိုင်းလောကထဲ ဆင်းတာ မင်းရဲ့ မယ်တော် ပေးသမျှသာ ယူပီးဆင်းရရင်
မင်းသားတစ်ပါး တိုင်းခန်းလှညလ
့် ည်တာနဲ့ တူသွားမှာပေါ့ကွ
ကျောင်းတော်က ပေးတဲ့ ကျောက်စိမ်းယပ်တောင်ရယ် ဝတ်စုံ သုံးလေးစုံရယ် ငွေရယ်ပဲ ယူသွားပါကွာ "
ဟု ပြောလိုက်သည်။
ပြီးမှ တစ်စုံတစ်ခုကို သတိရဟန်ဖြင့်
" အော် ဒါနဲ့ မေ့လ.ို့ .. ဆရာမင်းကို ယူသွားဖို့ ပေးစရာရှိတယ် "
ဟု ဆိုပီး သူနေထိုင်ရာ ဝါးအိမ်ထဲသို့ ဝင်ရောက်သွားသည်။

အတန်ကြာသော် ဝေထင်း က လက်တွင် ရှည်မျောမျော အရာကို ကိုင်လာပီး ပြန်ထွက်လာသည်။


" ဒီမှာ ... ဆရာမင်းအတွက် ပြင်ထားတဲ့ ဓား"
ဟု ပြောလိုက်ပီး ဓားကို ပြလိုက်သည်။
ဓားမှာ ပုံမှန်ဓားများထက် အသွားလဲ ကျယ်သလို အရှည်လဲ ပိုရှည်သည်။ ပုံစံမှာ ရှေးဟာင်းဓားပုံစံ ရှိသည်။ လက်ကိုင်ရိုးမှာလဲ
မည်းနက်သော သစ်သားဖြင့် ပြုလုပ်ထားသည်။ထို့ကြောင့် ဓားမှာ ရုတ်တရက်ကြည့်လျှင် အနက်ရောင်ဓား ဟု မြင်ရသည်။
တွမ့်ကျန်းယွမ် က ဓားကို ယူပီး ဆ, ကြည့်လိုက်ရာ လက်ကိုင်နှင့် ဓားသွားမှာ အလေးချိန်မျှသည် ကိုင်ရတာ စီးစီးပိုင်ပင
ိုရှိလေသည်။
တွမ့်ကျန်းယွမ် က ကိုင်နေရင်းက ဓားကို ဝှေ့ယမ်းပီး သိုင်းတစ်ကွက် ကစားကြည့်လိုက်သည်။
" ဟူး... ဝှစ.် ..ဝှစ်...ဝှစ် "
လေတိုးသံများ ထွက်ပေါ်လာပီး သူ၏ ဓားကွက်များကို ကစားကြည့်ရာတွင်လဲ အဆင်ပြေမှုရှိသည်ကို တွေ့ရသည်။ သူအနေဖြင့်
ဆရာဖြစ်သူ ဝေထင်း ပြုလုပ်ပေးသော အဖျားကော့သည့် တစ်ဖက်သွား ကင်ဒို ဓားကို သာ တစ်ချိန်လုံး ကိုင်ဆောင်ပီး ဓားသိုင်း
လေ့ကျင့်ခဲ့ရာ နှစ်ဖက်သွားဓားဖြစ်လျက်နဲ့ သူတို့၏ ဓားကွက်ထဲ အံ့ဝင်သော ဓားကို အခုမှ တွေ့ဖူးတော့သည်။

တွမ့်ကျန်းယွမ် က ဓားကို ဓားအိမ်ထဲ ပြန်ထည့်ပီး ဝေထင်း အား


" ဆရာ... ဒီဓားက အတော်ထူးခြားတယ် ကျနော်တို့ ဓားကွက်နဲ့ လိုက်လျောညီထွေ ရှိတယ် ပီးတော့ ပုံမှန်ဓားတွေနဲ့လဲ ဆင်တူတယ် ...
ဒီဓားက ဘာဓားလဲ "
ဟု မေးလိုက်သည်။

ဝေထင်း က ဓားကို ကြည့်ပီး


" ပြောရရင်တော့ ဒီဓားက မင်းတို့မျိုးနွယ် ရဲ့ ဓားပဲကွ ... ဟိုနှစ်ပိုင်းက ငါ အမြင့်ဆုံး တောင်ထွဋ် ပေါ် တက်ကြည့်ရင်းက ဂူတစ်ဂူထဲ က
ကျောက်တုံးပေါ်မှာ စိုက်နေတာတွေ့လို့ နှုတ်လာခဲ့တာပဲ တွမ့်မျိုးနွယ် မှ စိုက်ခဲ့သည် လို့လဲ ရေးထားသေးတယ် ဓားကတော့
ရှေးဟောင်းဓားဆိုတော့ ကြာပီနေမှာပေါ့ကွာ ငါလဲ ရခါစက မင်းလိုပဲ ကစားကြည့်တာ အဆင်ပြေလို့ မင်းကိုပေးဖို့ သိမ်းထားတာပဲ
ငါ့အတွက်ကတော့ ဓားဆိုတာ မလိုအပ်တော့ပါဘူးကွာ "
ဟု ဖြေလိုက်သည်။

တွမ့်ကျန်းယွမ် လဲ ဝေထင်းပေးသော ဓားကို လက်ခံလိုက်ပီး သူ့ဆရာ ကို လက်အုပ်ချီကာ ဂါရဝပြု လိုက်သည်။ ထို့်နောက်
" ဒါဆို တပည့် ပြန်လိုက်ဦးမယ် ဆရာ မနက်ဖြန် မနက်ထွက်မယ် ဆိုတော့ ခမည်းတော်နဲ့ မယ်တော် တို့ကို နှုတ်ဆက် ရဦးမယ် "
ဟု ခွင့်တောင်းလိုက်သည်။
ဝေထင်း က ခေါင်းညိမ့်ကာ
" ကောင်းပီ ယွမ်အော်... မင်းသွားနှင့်ပေတော့ သိုင်းပြိုင်ပွဲ ကိုတော့ ဆရာလဲ လာကြည့်မှာပါ အဲ့ဒီအခါကျ တွေ့ကြတာပေါ့ "
ဟု ပြောလိုက်သည်။

တွမ့်ကျန်းယွမ် လဲ ဝေထင်းကို ကန့်တော့ပီးနောက် ဝေထင်းပေးသော ဓားကို ကိုင်ကာ တောင်အောက်သို့ ဆင်းသွားလေတော့သည်။


တွမ့်ကျန်းယွမ် ပျောက်ကွယ်သွားသည် ကို ကြည့်ပီး ဝေထင်းမှာ ပြုံးလိုက်မိသည်။ သိုင်း လောက တွင် နောက်ထပ် ဓားဘုရင်
တစ်ယောက် ပေါ်ထွန်းလာတော့မည် မဟုတ်ပါလား။
#မိုးထိတောင်သိုင်းသမား #ZYN
အခန်း (၅)
တတိယမြောက် ရှောင်စစ်တောင် သိုင်းပြိုင်ပွဲ နှင့် အဆိပ်ပန်း အရှုပ်တော်ပုံ

ပြည်မသိုင်းလောက ...
ပြည်မသိုင်းလောက မှာ ရှောင်စစ်တောင် သိုင်းပြိုင်ပွဲ အပီး ရှောင်လင်ကျောင်း၏ ဦးဆောင်မှုတွင် ရှိနေရာမှ ငါးနှစ်ခန့်ကြာသောအခါ
ရှောင်လင်ကျောင်းမှာ သိုင်းလောကထဲ ဝင်ရောက်စွကဖ
် က်ခြင်း နည်းလာကာ သီးသန့်ဆန်စွာ နေလာတော့သည်။ ထို့ကြောင့်
အနက်ရောင် သိုင်းသမားများ ခေါင်းထောင်လာကြကာ သိုင်းလောက ကြီး မတည်မငြိမ်ပြန်ဖြစ်လာလေသည်။ အနက်ရောင်
သိုင်းသမားများထဲ တွင် အဆိပ်ပန်းဂိုဏ်း ကို တည်ထောင်သူ အဆိပ်မယ်တော်မှာ ခေါင်းကိုက်စရာ အကောင်းဆုံးဖြစ်သည်။
အဆိပ်လက်နက်များကို အသုံးချကာ ခိုးဆိုးလုယက် မှုများဖြင့် ထင်ရာစိုင်းနေတော့သည်။
သိုင်းလောကရှိ အဖြူရောင်သိုင်းသမား တစ်ချို့ က နှိမ်နှင်းရန် ကြံစည်ကျသော်လဲ အဆိပ်ပန်းမယ်တော် မှာ အဆိပ်ပညာတင်မက
သိုင်းပညာပါ အတော်ကောင်းမွန်သဖြင့် အဖြူရောင်သိုင်းသမား များမှာ လက်ပိုက်ကာပင် ကြည့်နေကြရသည်။ ထို့ပြင် သိုင်းလောကရှိ
အတော်ဆုံး သိုင်းသမားလေးယောက်မှာ ရှောင်စစ်တောင် သိုင်းပြိုင်ပွဲ ပြီးဆုံးကတည်းက သိုင်းလောကထဲ ပြန်ဝင်လာခြင်း မရှိသဖြင့်
အဆိပ်မယ်တော်၏ အဆိပ်ပန်းဂိုဏ်း မှာ အတော်ပင် အင့်အား တောင့်တင်း လာခဲ့သည်။ အဆိပ်မယ်တော်၏ ထင်ရာစိုင်းမှုများကို
သည်းမခံနိုင်သော အဖြူရောင်သိုင်းသမားများက ရှောင်လင်ကျောင်းသို့ သွားကာ ရွှမ်းအိကုယ
ိတော်ကို သွားလျှောက်ကြသည်။ ရွှမ်းအိ
ကိုယ်တော်မှာ သက်တော်ကြီးရင့်ပီ ဖြစ်၍ ကျောင်းထိုင်နေရာကိုပင် ရွှမ်းမု ကိုယ်တော်ကို ပေးအပ်ပီး ဖြစ်ရာ လောကီရေးရာ များကို
ဝင်ပါလိုခြင်း မရှိတော့ချေ။ ထို့ကြောင့် ဝူတန်ဂိုဏ်း၊ ဝါစန်းဂိုဏ်း ၊ ခွန်လွန်ဂိုဏ်း တို့မှ ဂိုဏ်းချုပ်များကို ဖိတ်ခေါ်ပီး ဓားသံုး လက်
မဟာမိတ်အဖွဲ့ကို ဖွဲ့စေကာ သိုင်းလောကကို ဦးဆောင်စေသည်။ နှစ်နှစ် တစ်ကြိမစ
်ီ ဂိုဏ်းချုပ်များက အလှည့်ကျ အုပ်ချုပ်ရသည်။ ပုလုံ
၏ သူဖုန်းစားဂိုဏ်း ကတော့ မဟာမိတ်အဖွဲ့ထဲ မဝင်သော်လဲ သတင်းအချက်အလက်များ စုဆောင်းပေးကာ အကူအညီပေးသည်။
ထို့အပြင် ဂိုဏ်းသားများကိုပါ မဟာမိတ်အဖွဲ့ ဘက်မှ ပါဝင်တိုက်ခိုက်စေသည်။
ထိုဓားသုံးလက် မဟာမိတ်အဖွဲ့ ဦးဆောင်သော အဖြူရောင်သိုင်းသမားများ နှင့် အဆိပ်မယ်တော် ဦးဆောင်သော
အနက်ရောင်သိုင်းသမားတို့၏ တိုက်ပွဲမှာ ဆယ်နှစ်ကျော်မျှ ရှည်ကြာခဲ့သည်။

ဓားသုံးလက် မဟာမိတ်အဖွဲ့ မှ ဂိုဏ်းချုပ်များမှာလဲ မိမိတို့၏ သိုင်းပညာ လိုအပ်ချက်များကို ဆင်ခြင်သုံးသပ်ကာ


ကြိုးစားလေ့ကျင့်ခဲ့သဖြင့် အတော်ပင် တိုးတက်လာကြသည်။ တပည့်တပန်းများကို လဲ ကြိုးစားကာ ပြုစုပျိုးထောင်ကြသည်။
ပုလုံ လဲ ထို့ဂိုဏ်းချုပ်များကို အားကျမခံ သူ၏ သိုင်းပညာကို ကြိုးစားကာ လေ့ကျင့် သဖြင့် နဂါးနိုင်လက်ဝါးသိုင်း၊ ခွေးရိုက်တုတ်သိုင်း
များကို အဆင့်လွန် အထိတတ်ကျွမ်းသွားလေတော့သည်။
ထိုကြောင့် ပုလုံ ကပင် ဦးဆောင်ကာ ဆယ်နှစ်ကျော် ရှည်ကြာနေသော တိုက်ပွဲကို အဆုံးသတ်ရန် ရှောင်စစ်တောင်၌ပင်
အဆိပ်မယ်တော် အပါအဝင် အနက်ရောင်သိုင်းသမားများနှင့် အပြီးသတ်တိုက်ပွဲ ဆင်နွှဲခဲ့ကြသည်။
ထိုတိုက်ပွဲတွင် အဖြူရောင်ကော အနက်ရောင် သိုင်းသမားများပါ အထိနာခဲ့ကြပီး သိုင်းပညာကောင်းသူ အတော်များများ
သေဆုံးခဲ့ကြရသည်။သိေ
ု့ သာ် အဖြူရောင်သိုင်းသမားများက အင်အားသာလေရာ နောက်ဆုံးတွင် ခေါင်းဆောင်ပိုင်းမှ ဆိုရင်
ဓားသုံးလက် ဂိုဏ်းချုပ်သုံးယောက် နှင့် ပုလုံ တို့ကျန်သေး သော်လဲ အနက်ရောင် သိုင်း သမားများဘက် ကတော့ အဆိပ်မယ်တော်
အပါအဝင် သူ၏ ဂိဏ
ုးခွဲမှူး သုံးယောက်ထဲသာ ကျန်ရစ်တော့သည်။
ခေါင်းဆောင်ပိုင်းခြင်း တိုက်ပွဲတွင် သူဖုန်းစား ဂိုဏ်းချုပ် ပုလုံ က နဂါးနိုင်လက်ဝါး ဆယ့်ရှစ်ကွက်ကို အသုံးပြုကာ အဆိပ်မယ်တော်ကို
အနိုင်ရပီး ဒုတိယ ရှောင်စစ်တောင် တိုက်ပွဲ၏ သိုင်းလောက ပထမ အဖြစ်ရယူနိုင်ခဲ့လေသည်။ ထိုတိုကပ
်ွဲတွင် ပုလုံ က
အဆိပ်မယ်တော်၏ သိုင်းပညာကို ဖျက်ဆီးခဲ့သဖြင့် အဆိပ်မယ်တော်မှာ အရှုံးပေးပီး သိုင်းလောကမှ ထွက်ခွာသွားသည်။
ဓားသုံးလက်ဂိုဏ်းချုပ်များမှာလဲ အဆိပ်ပန်းဂိုဏ်းခွဲမှူးများ ကို အနိုင်ရသဖြင့် သိုင်းလောက၏ ဂုဏ်ထူးဆောင်
ဂိုဏ်းချုပ်များဖြစ်လာခဲ့လေသည်။ သို့သော် မဟာမိတ်အဖွဲ့၏ ဦးဆောင်သူကတော့ ပုလုံ ဖြစ်လာခဲ့သည်။
ထို ရှောင်စစ်တောင် တိုက်ပွဲကို ဒုတိယအကြိမ် ရှောင်စစ်တောင် သိုင်းပြိုင်ပွဲ ဟု ခေါ်ဆိုကြပီး ပုလုံမှာလဲ သိုင်းလောက ပထမ
သိုင်းသမား ဖြစ်လာခဲ့သည်။ဂိုဏ်းချုပ်များမှာ ပုလုံကို အားကျမိကာ သူတို့ဂိုဏ်း၏ မူပိုင်သိုင်းပညာများကို ကျွမ်းကျင်အောင်
လေ့ကျင့်လာကြသည်။ ထိုကြောင့် ဝူတန်ဂိုဏ်း မှာလဲ ထိုက်ကျိဓားသိုင်း ကို အောင်မြင်သူများ ရှိလာခဲ့သလို၊ ဝါစန်း ဂိုဏ်းမှ
မိုးကြိုးဓားသိုင်း၊ ခွန်လွန်ဂိုဏ်းမှ လျှပ်စီးဓားသိုင်း စသည်ဖြင့် ဂိုဏ်း၏ မူပိုင် အဆင့်လွန်သိုင်းပညာများကို တဖန်ပြန်လည်
အောင်မြင်အောင် ကျင့်လာနိုင်ကြသည်။
ဆယ်နှစ်ကျော် မတည်ငြိမ်ခဲ့သော သိုင်းလောကမှာလဲ ပြန်လည် တည်ငြိမ်သွားလေတော့သည်။

ထိုအချိန်တွင် ရှောင်လင်ကျောင်းမှ ငါးနှစ်တစ်ကြိမ် သိုင်းလောက ခေါင်းဆောင်ရာထူးကို သိုင်ပြိုင်ပီး ရွေးချယ်သင့်ကြောင်း၊


ထိုပြိုင်ပွဲတင
ွ် သိုင်းသမားတိုင်း သိုင်းဂိုဏ်းတိုင်း ဝင်ရောက်သင့်ကြောင်း အဆို တင်သွင်းလာခဲ့သည်။ အသက်အရွယ်ကြီးရင့် လာသော
ပုလုံ မှာလဲ ခေါင်းဆောင်ရာထူးကို စိတ်မဝင်စားသဖြင့် သဘောတူလိုက်သည်။ ဤသို့ဖြင့် ပထမအကြိမ် ရှောင်စစ်တောင် သိုင်းပြိုင်ပွဲ
ပြီးဆုံးသည်မှာ အနှစ်နှစ်ဆယ် ပြည့်သောနှစ်တင
ွ် တတိယအကြိမ် ရှောင်စစ်တောင် သိုင်းပြိုင်ပွဲ ပေါ်ပေါက်လာတော့သည်။
သိုင်းလောကရှိ သိုင်းသမားတို့ မှာလဲ သိုင်းဂိုဏ်းတွေသာမက တစ်ကိုယ်တော် သိုင်းသမားများပါ ရှောင်စစ်တောင် သိုင်းပြိုင်ပွဲ တွင်
ဝင်ပြိုင်ရန် ငါးနှစ်လုံးလုံး ပြင်ဆင်နေကြတော့သည်။

သူဖုန်းစားဂိုဏ်းချုပ်ကြီး ပုလုံ ဦးဆောင်သော သိုင်းလောကမှာ ငါးနှစ်အတွင်း၌ ကျော်ကြားသော သိုင်းသမားများစွာ


ပေါ်ထွက်လာကြသည်။ အရင်က တိမ်မြှပ်နေသော သိုင်းဂိုဏ်းများပင် ပြန်လည်ကာ နေရာရလာခဲ့သည်။
အော့မေ့ဂိုဏ်း၊ ခုံတုံဂိုဏ်းတို့မှာ ဂိုဏ်း၏ သိုင်းပညာကို ပြန်လည်လေ့ကျင့်လာနိုင်ပီး ထိပ်တန်းဂိုဏ်းကြီးများထဲသို့
ဝင်ရောက်လာခဲ့လေသည်။ သို့ရာတွင် လက်ရှိသိုင်းလောကတွင် ကျော်ကြားသော သိုင်းသမားအများစုမှာ လူငယ်သိုင်းသမား များ
ဖြစ်ကြသည်။
ထိုသူများထဲတွင် ရှောင်စစ်တောင် သိုင်းပြိုင်ပွဲ အတွက် ရေပန်းအစားဆုံးဖြစ်သော
ခုံတုံဂိုဏ်းချုပ် မော်ရိဟွာ
တောင်ပင်လယ် မင်းသားလေး ကျောက်ယွင်ကျဲ ၊
ရှောင်လင်ကျောင်းသား မင်စုထန်း ၊
သူဖုန်းစားဂိုဏ်း မှ ပိုင်လုံ ၊
ဝူတန် မှ ကျန်းစန်းယွမ် ၊
ဝါစန်း မှ ပိုင်ချုန်းရန် ၊
ခွန်လွန် မှ မုထူဝါး ၊
တို့အပြင် ပထမ ရှောင်စစ်တောင် သိုင်းပြိုင်ပွဲ မှ စတုတ္ထ ဖြစ်သူ စီးမင်းကို့ဝေ ၏ မျိုးဆက် သားဖြစ်သူ စီးမင်ကု့ခ
ျိန် တို့မှာ ငါးနှစ်အတွင်း
တစ်ရှိန်ထိုးနာမည်ကြီးလာကြသည်။

ထို့အထဲမှ တောင်ပင်လယ် မင်းသားလေး ကျောက်ယွင်ကျဲ က တောင်ပင်လယ်ဓား


ဝူတန်မှ ကျန်းစန်းယွမ် က ထိုက်ကျိဓား
ဝါစန်းမှ ပိုငခ
်ျုန်းရန် က မိုးကြိုးဓား
ခွန်လွန်မှ မုထူဝါး က လျှပ်စီးဓား
အဖြစ် ဓားလေးလက် ဟူ၍ သိုင်းသမားများက တင်စားခေါ်ဝေါ်ကြသည်။

ခုံတုံဂိုဏ်းချုပ် မော်ရိဟွာ နှင့် စီးမင်ကို့ချန့် ကတော့ လက်သီးနှစ်လုံး


ရှောင်လင်ကျောင်းသား မင်စုထန်း နှင့် ပိုင်လုံ တို့ကိုတော့ လက်ဝါးနှစ်ဖက်
အဖြစ် တွဲကာ တင်စားခေါ်ဝေါ်ကြသည်။

ထို့အပြင် သိုင်းလောကထဲတွင် မိန်းမလှ သိုင်းသမားများလဲ ပေါ်ထွန်းလာကြသည်။


အော့မေ့ဂိုဏ်း မှ ကျိုးကျစ်ယွင်
မိုးနန်းတော်မှ မိုးနတ်မယ် လီယင်းယင်း
ပျံလွှားမယ် စုန့်ချီရန်း
မုယုံစံအိမ်မှ မုယုံချန်းရှောင်း
တို့ မှာ နတ်သမီးလေးဖော် အဖြစ် သျှမ်းသျှမ်းတောက် ကျော်ကြား လာကြသည်။

ငါးနှစ်ဆိုသော် အချိန်မှာပင် အတော်ပင် မြန်ဆန်သည်လား ဟူပင် မေးရလောက်အောင် သိုင်းလောကသည် လူငယ်သိုင်းသမားများ ဖြင့်


ပြည့်နှက်ကာ နုပျိုလျက်ရှိနေတော့သည်။
သိုင်းဂိုဏ်းတိုင်းကလဲ ဆက်ခံသူ လူငယ်သိုင်းသမားများဖြင့် စည်ကားသလို သိုင်းသမားမျိုးဆက်တိုင်းကလဲ ဆက်ခံသူ သားသမီးတို့ကို
ပျိုးထောင်လျက်ရှိကြသည်။ အချိန်ကလဲ တစတစနှင့် သိုင်းပြိုင်ပသ
ွဲို့ ရောက်ရှိရန် နီးကပ် လာသည်မှာ ခြောက်လခန့်သာ
လိုတော့သည်။

သိုင်းလောက သားများ ထင်မှတ်ထားသလို ခြောက်လအကြာတွင် သိုင်းပြိုင်ပွဲ ကို ကျင်းပ နိုင်မည်လား။


သိုင်းလောက ပထမ အဖြစ် ဗိုလ်စွဲသူမှာ မည်သူဖြစ်မည်နည်း။
တည်ငြိမ်နေသည့် သိုင်းလောကကော ပြန်လည် လှုပ်ရှားတော့မည်လား။
ထိုမေးခွန်း များကတော့ မည်သူမျှ ဖြေနိုင်မည် မဟုတ်ပဲ အချိန်ကသာ အဖြေပေး သွားလိမ့်မည် ဖြစ်ကြောင်း။
#မိုးထိတောင်သိုင်းသမား #ZYN
အခန်း (၆) အပိုင်း တစ်
ကျောက်စိမ်းယပ်တောင် ဓားသမား

ကျန်းနန်ဒေသ ...
ကျန်းနန်ဒေသ မှာ တရုတ်ပြည်မကြီး၏ အချက်အချာဒေသ ဖြစ်ပီး ကျန်းဟူ ဟု ခေါ်တွင်သော သိုင်းလောက၏ အဓိက နေရာဖြစ်ကာ
သိုင်းသမားတို့ လှုပ်ရှားသွားလာမှု အများဆုံးရှိသော ပြည်နယ် ဖြစ်သည်။ ကျန်းနန်းပြည်နယ် မှာ မြို့ ကြီး သုံးမြို့ ဖြင့် ဖွဲ့စည်းထားသည်။
တရုတ်ပြည်ကို အုပ်စိုးသောမင်းတို့ရုံးစိုက်ရာ မင်းနေပြည်တော် ပေကျင်းမြို့  နှင့် တစ်ချိန်က မင်းနေပြည်တော် ဖြစ်ခဲ့ဖူးသည့် ခိုင်ဖန
ုးမြို့ 
အပြင် ရှု့မျှော်ခင်းများ လှပသည်ဆိုသော လို့ရန်မြို့  တို့ဖြစ်သည်။
နေပြည်တော်ဖြစ်သော ပေကျင်းမြို့ ကသာ မြောက်ပင
ိုးတွင် သီခြားတည်ရှိပီး ခိုင်ဖုန်းမြို့  နှင့် လို့ရန်မြို့  ကတော့ မြစ်ဝါမြစ်ကမ်း
တစ်လျောက် တည်ရှိသည်။

ယူနန်နယ်မှ အဝတ်အစားသုံးလေးစုံဖြင့် အနက်ရောင်ဓား ကိုလွယ်ကာ ယပ်တောင် တစ်ကိုင်ကိုင်လုပ်ပီး ထွက်လာသော တွမ့်ကျန်းယွမ်


မှာ ခိုင်ဖုန်းမြို့  ထဲသို့ပင် ရောက်ရှိ လာပီဖြစ်သည်။ သိုင်းလောကထဲ ဆင်းသည် ဟု ဆိုသော်လဲ ခိုင်ဖုန်းမြို့  နားသို့ မရောက်မချင်း
သိုင်းလောကဆိုသည်မှာ သာမန်ပါပဲ ဟု တွမ့်ကျန်းယွမ် တစ်ယောက် တွေးထင်လောက်အောင်ပင် မည်သည့် တိုက်ပွဲမှ မကြုံတွေ့ပဲ
အေးအေးဆေးဆေး ပင် လျှောက်လည်ကာ လာခဲ့သည် ချည်းဖြစ်သည်။ ထို့်ကြောင့် တွမ့်ကျန်းယွမ် မှာ ယူနန်နယ် တာ့လီပြည်မှ
ခိုင်ဖုန်းမြို့  သို့ တစ်လကြာအောင်ပင် အေးအေး ဆေးဆေး သွားခဲ့သည်။ ခိုင်ဖုန်းမြို့  သို့ အဝင်လမ်း ကို လျှောက်ရင်း တွမ့်ကျန်းယွမ်
တစ်ယောက် ဤမြို့ မှာ မြို့ တော်ကြီးဖြစ်၍ တစ်လတန်သည် နှစ်လတန်သည် နေရန်စဉ်းစားနေလေသည်။ သူသိရသော သတင်းအရ
သိုင်းပြိုင်ပွဲ မှာ ငါးလခန့် လိုသေးပီး သိုင်းပြိုင်ပွဲ ကျင်းပရာ ရှောင်စစ်တောင်မှာ ခိုင်ဖုန်းမှ ဆယ်ရက်ခရီးသာ ဝေးသော လို့ရန်မြို့  နားတွင်
တည်ရှိသဖြင့် တစ်မြို့ လျှင် နှစ်လခန့် နေပီး အတွေ့အကြုံရှာရန် စဉ်းစားနေမိသည်။

တွမ့်ကျန်းယွမ် မှာ စဉ်းစားနေရင်းပင် မြို့ အဝင်သို့ ရောက်သွားလေသည်။ မြို့ ထဲသို့ ဝင်ဝင်ချင်းမှာပင် ပျားပန်းခတ်မျှ
လူးလားသွားလာနေကြသော လူအများကို တွေ့ရသဖြင့် နန်ကြောင်မြို့ တော်ကိုပင် လွှမ်းဆွတ်သတိရမိသွားသည်။ တွမ့်ကျန်းယွမ် မှာ
အရမ်းစဉ်းစားနေဖို့ အချိန်မရပါ အဘယ့်ကြောင့် ဆိုသော် သူဆာလောင်နေပီ မဟုတ်ပါလား။ မနက်စာကို လမ်းရွာလေးမှ ပေါက်စီသာ
စားလာခဲ့ရာ အတော်ပင် ဗိုက်ဆာနေပီ ဖြစ်သည်။ တွမ့်ကျန်းယွမ် လဲ လမ်းမကြီးဘက်မှာ လူစည်ကားရာ ဈေးဘက်သို့ လျှောက်ကာ
စားသောက်ဆိုင်ရှာလိုက်သည်။ မကြာခင်မှာပင် လမ်းမပေါ်၌ ရွှေငါး ဆိုသော ဆိုင်သောက်ဆိုင် ကြီးကို တွေ့လိုက်ရသဖြင့်
တွမ့်ကျန်းယွမ် မှာ အတော်ပင် ဝမ်းသာသွားသည်။ ရွှေငါးဆိုသော နှစ်ထပ် စားသောက်ဆိုင်ထဲသို့ ခပ်သွက်သွက်ပင် ဝင်လိုက်သည်။
ဆိုင်ထိုင်ရောက်သော် တွမ့်ကျန်းယွမ် မှာ ပျော်သွားမိသည်။ သူအလွန်တွေ့ချင်သော သိုင်းဝတ်စုံဝတ် သိုင်းသမားကြီးငယ်များကို
စားပွဲများတွင် ဟိုဟိုဒီဒီ အစုလိုက် စားသောက် နေကြသည်ကို တွေ့ရသည် မဟုတ်ပါလား။ တွမ့်ကျန်းယွမ် လဲ အသာအယာပင်
လှေကားမှ အပေါ်တက်ကာ လမ်းမထက် သို့်မြင်နိုင်သည့် စားပွဲဆီကို လျှောက်ပီး ဝင်ထိုင်လိုက်သည်။ ဘေးဘီကို
တစ်ချက်ကြည့်လိုက်ရာ တစ်ချို့ က သူ၏ ထူးခြားသော အဝတ်အစားကို အကဲခတ်နေသည်ကို တွေ့လိုက်ရသည်။ ထို့မှသာ
တွမ့်ကျန်းယွမ် တစ်ယောက် ကိုယ့်ကိုကိုယ် အပြစ်တင်မိတော့သည်။ သူဝတ်လာမိသည်က တာ့လီပြည်က အထက်တန်းစားများ
ဝတ်ဆင်သော အဆင်အထည်ဖြစ်သည်မဟုတ်ပါလား။
ပြည်မကြီးက လူတွေအဖို့ ထိုအဆင်အထည် မှာ ထူးခြားနေသည်။ စားပွဲထိုးလေးက လာရပ်ကာ အူကြောင်ကြောင် ဖြင့် ကြည့်နေမှသာ
တွမ့်ကျန်းယွမ် လဲ မှာကြားဖို့ သတိရတော့သည်။ တွမ့်ကျန်းယွမ် လဲ စားပွဲထိုးအား ဤဆိုင်၏ အကောင်းဆုံး ဟင်းနှစ်မျိုး နှင့်
အရက်တစ်ခရား မှာလိုကသ
် ည်။ သူဟင်းကောင်း အရက်ကောင်း မသောက်ရသည်မှာ တစ်လခန့်ရှိလေပီ။ မှာလိုက်ပီးမှ တွမ့်ကျန်းယွမ်
တစ်ယောက် ငွေကို သိပ်ဖြုန်း၍ မဖြစ်ကြောင်း တွေးမိသည်။ သူထွက်လာတုန်းက သူ့ခမည်းတော်က ရွှေစင်တစ်သေတ္တာ ပေးသဖြင့်
ပြည်မထဲ ရောက်ရောက်ချင်းပင် တွမ့်ကျန်းယွမ် က ငွေလွှဲလက်မှတ်ဖြင့် လဲလိုက်ရာ ငွေသား ဆယ်သိန်းဖိုး လဲ၍ရလိုက်သည်။
ခြောက်လထဲ အတွက် ငွေဆယ်သိန်းမှာ လောက်ရုံမက ပိုလျှံ နေသည်။ သာမန်ပြည်သူတွေအတွက် ငွေဆယ်သိန်းမှာ နှစ်နှစ်စာပင်
ရှိသည်။ သို့သော် ပြည်မသိုင်းလောကမှာ ရှုပ်ထွေးပီး ဘာမဆို ဖြစ်နိုင်သောကြောင့် အရေးပေါ်အတွက် သူခြွေတာမှ ဖြစ်မည် ဟု
တွမ့်ကျန်းယွမ် စဉ်းစားမိသည်။ သိပ်လဲ စဉ်းစားချိန်မရပါ စားပွဲထိုးလေးမှ အငွေ့တစ်ထောင်းထောင်း နှင့် ဟင်းလျာနှစ်မျိုးအပြင်
အရက်တစ်ခရားပါ လာချပေးသောအခါ ဆာလောင်နေသည့် တွမ့်ကျန်းယွမ် တစ်ယောက် ခေါင်းမဖော်နိုင် အောင်
စားသောက်မိတော့သည်။

တွမ့်ကျန်းယွမ် စားသောက်နေသည်ကို ကြည့်ပီး နှစ်ဝိုင်းကျော်မှ သိုင်းသမားတစ်ဦးက အသံထွက်ကာ ရယ်မောလိုက်သည်။


" ဟား... ဟား... ငါ့ညီတို့ ဟိုတောသားစားနေတာကို ကြည့်စမ်း လူကြားထဲတောင် မရှက်နိုင်ဘူးကွ... ရွှေဝါလို ဆိုငြ် ကီးမှာ
ဟင်းလေးနှစ်မျိုးကို ခေါင်းမဖော်တမ်းစားနေတာ သနားစရာကွာ "
ဟု လှောင်ပြောင်လိုက်သည်။
တွမ့်ကျန်းယွမ် မှာ နားပါးသဖြင့် လှောင်ပြောင်သံကို ကြားလိုက်ရသည်။ သို့သော် သူက စားနေသည်ကို ရပ်တန့်ခြင်းမရှိပေ။
သူ့ကိုပြောတာ မဟုတ်သည့်အလားပင် ဆက်လက် စားသောက်နေလေသည်။ လှောင်ပြောင်သူ သိုင်းသမားမှာလဲ တွမ့်ကျန်းယွမ် ကို
သွေးကြောင်သူ ဟုထင်ကာ ဆက်လက်ပီး လှောင်ပြောင်လျက်ရှိသည်။

ထိုစဉ် တစ်ဖက်ဝိုင်းမှ လူငယ်သိုင်းသမား တစ်ဦးက လှောင်ပြောင်သံများကြောင့် စိတ်အနှောက်အယှက် ဖြစ်ဟန်ဖြင့်


လှောင်ပြောင်နေသူ သိုင်းသမားကို စိုက် ကြည့်ကာ
" ဒီမယ် မိတ်ဆွေ... အစားအသောက်ကို အာရုံစိုက်စားပါရစေ... မိတ်ဆွေတို့အသံက ကျယ်လောင်လွန်းတယ် ယဉ်ကျေးမှုမသိပဲ
တောသားပုံပေါက်နေတာက မိတ်ဆွေတို့ ဖြစ်နေပီ... ဟိုဘက်က လူမဟုတ်ဘူး "
ဟု ခပ်ထန်ထန် ပြောလိုက်သည်။

တွမ့်ကျန်းယွမ် မှာ ဗိုက်ဝသွားသဖြင့် အစားအသောက်ကို လက်စသတ်ကာ သူ့ဘက်ကကူပြောလိုက်သူ လူငယ်သိုင်းသမားကို


ကြည့်လိုက်သည်။ လူငယ်မှာ အသက်နှစ်ဆယ်ကျော်ဟန် ရှိသည်။ ပေါ့ပါးသော သိုင်းဝတ်စုံကို ဝတ်ဆင်ထားကာ စားပွဲပေါ်တွင်
ဓားပျော့ တစ်ချောင်းကို တင်ထားသည်။ ရုပ်ရည်မှာတော့ ချောမောသည်ဟု မဆိုနိုင်သော်လဲ အတော်အတန် ကြည့်ကောင်းသည်။
တွမ့်ကျန်းယွမ် မှာ ထို လူငယ်နှင့်ယှဉ်လျှင် ပိုချောမောသည်မှာ မှန်သော်လဲ ထမင်းစားနေတုန်းပင် ဓားကိုမချွတ်တမ်းလွယ်ထားပီး
ခါးတွင်လဲ ကျောက်စိမ်းရောင် ယပ်တောင်ကို ထိုးထားသေးရာ အတော်ပင် ကပို့ကရို့ နိုင်ပီး သူ၏ရုပ်ရည်ကို ဖျက်ဆီးသလိုပင်
ဖြစ်နေသည်။

လှောင်ပြောင်သူ သိုင်းသမားက လူငယ်ကို တစ်ချက် ကြည့်ပီး နှာခေါင်းရှုံ့ ကာ


" အခုတလော ဝူတန်ဂိုဏ်းသားတွေ လေကြီး နေတယ်ဆိုတာအမှန်ပဲထင်တယ် ကိုယ်နဲ့မဆိုင်ရင် ဝင်မပါနဲ့ "
ဟု ပြောလိုက်သည်။

တွမ့်ကျန်းယွမ် လဲ ယခုမှပင် ပေါ့ပါးသော သိုင်းဝတ်စုံမှာ ဝူတန်ဂိုဏ်း ဝတ်စုံဖြစ်ကြောင်း သိလိုက်ရသည်။ သူကတော့ ခိုင်ဖုန်းမြို့  သို့
ရောက်ရောက်ခြင်း ရန်ပွဲမြင်ရတော့မည် ဖြစ်သဖြင့် ကျိတ်ကာဝမ်းသာလျက်ရှိသည်။

ဝူတန်ဂိုဏ်း က လူငယ်က ခပ်အေးအေးပင်


" လေကြီးတာ ခင်များတို့ ခုံတုံဂိုဏ်းသားတွေ မဟုတ်လား လွန်ခဲ့တဲ့ငါးနှစ်ကမှ ပြန်ပေါ်လာပီး ထိပ်သီးဂိုဏ်းပုံစံဖမ်း နေတာကိုသာ
လေကြီးတယ်လို့ ခေါ်တယ် ထင်တာပဲ "
ဟု အချက်ကျကျ ပြန်ပြောလိုက်ရာ
ခုံတုံဂိုဏ်းသားမှာ အတော်ပင် ဒေါသထွက်သွားသည်။

ခုံတုံဂိုဏ်း သားက ဒေါသ သံဖြင့်


" ဟေ့ကောင်... မင်းမကျေနပ်ရင် သိုင်းပြိုင်ပီး ဘယ်သူ လေကြီးတာလဲ ဆိုတာ သိအောင် လုပ်ကြမလား"
ဟု စိန်ခေါ်လိုက်သည်။

ထိုစကားသံကို ကြားကြားချင်း ဝူတန်ဂိုဏ်းသားက တစ်ချက်ရယ် လိုက်ပီး


" ဟုတ်ပီ... ယှဉ်ကြည့်ကြတာပေါ့... ကျုပ်ထမင်းစားပီးရင် အောက်ဆင်းခဲ့မယ် လမ်းမပေါ်မှာ စောင့်လေ "
ဟု အရေးမစိုက်စွာ ပြောလိုက်သည်။

ဝူတန်ဂိုဏ်းသား၏ စကားကို ကြားသော် ခုံတုံဂိုဏ်းသားက ဒေါသအရမ်းထွက်သွား ဟန်ဖြင့် စားပွဲ မှာ ဝုန်း ခနဲ ထရပ်ကာ ဆဲဆိုရန်
ပြင်လိုက်သည်။ ထိုစဉ် တစ်ချိန်လုံး ငြိမ်၍ နားထောင်နေသော တွမ့်ကျန်းယွမ် က ဝင်ရောက်ပီး ပြောလိုက်သည်။
" ဒီမယ် အကိုကြီး... ဒီကညီလေးက မအားသေးလို့ ဖြစ်ပါလိမ့်မယ်... အကိုကြီးမစောင့်နိုငရ
် င်တော့ ကျနော် အဖော်ပြုပီး
သိုင်းကစားပေးမယ် ရမလား "

ခုံတုံဂိုဏ်းသား လဲ ဆဲဆိုရန် ပြင်နေရာမှ တွမ့်ကျန်းယွမ် က ဝင်ပြောလိုက်သည် ကို ကြည့်ပီး အံ့သြကာ


" ကောင်းတယ်... ဝူတန်းဂိုဏ်းသား ကို မရိုက်ခင် တောသားကို အရင်ရိုက်ရမယ် "
ဟု ပြောလိုက်သည်။

တွမ့်ကျန်းယွမ် က ပြောပြောဆိုဆိုပင် စားပွဲထိုးခေါ်ကာ ငွေရှင်းလိုက်ပီး ခုံတုံဂိုဏ်းသား ဘက်သို့ လှည့်ကာ


" ရပီ အကိုကြီး ကျနော့် ဘက်ကတော့ အဆင်သင့်ဖြစ်ပီ ကျနော် လမ်းမမှာ ထွက်စောင့်နေမယ် ထွက်ခဲ့ပေးပါ "
ဟု အေးအေးဆေးဆေး ပြောလိုက်သည်။

တွမ့်ကျန်းယွမ် ၏ စကားကို ကြားလိုက်ရ သောအခါ ခုံတုံဂိုဏ်းသား တင်မက ဝူတန်ဂိုဏ်း က လူငယ်နှင့် စားသောက်နေကြသူ


အကုန်လုံးမှာ အံ့သြမိ သွားသည်။ ဤလူငယ်က မည်သူနည်း ။ ခေါင်းရော မှန်ရဲ့လား ဟု ပင် တွေးမိသူရှိကြသည်။ တွမ့်ကျန်းယွမ်
ကတော့ သူ့စကားအတိုင်းပင် လှေကားမှ ဆင်းကာ လမ်းမထက်၌ ရပ်စောင့်နေလေသည်။
ခုံတုံဂိုဏ်းသား လဲ စိတ်ရှုပ်ထွေးဟန် ဖြင့် ဝရံတာမှ လမ်းမသို့ ကိုယ့်ဖော့ပညာ သုံးကာ ခုန်ချလိုက်သည်။

လမ်းမထက်သို့ ရောက်သောအခါ တွမ့်ကျန်းယွမ် က ခုံတုံဂိုဏ်းသားကို လက်သီးဆုပ်က ဂါရဝပြု လိုက်ပီး


" ကျနော်က တွမ့်ကျန်းယွမ် လို့ခေါ်ပါတယ် နောင်ကြီး နာမည်က ဘယ်လိုခေါ်လဲ "
ဟု မေးလိုက်သည်။

တွမ့်မျိုးနွယမ
်ျား ပြည်မသိုင်းလောက သို့ဝင်ရောက်လှုပ်ရှားခြင်း မရှိသည်မှာ အနှစ်နှစ်ဆယ် ပင်ရှိပီဖြစ်၍ တွမ့် ဟူ သော အမည်ကို
ကြားဖူးသူမှာ သိပ်မရှိလှပေ။

ခုံတုံဂိုဏ်းသားကလဲ မကြားဖူးသဖြင့် နယ်ခြားကလူ ဖြစ်ရမည်ဟု သေချာပေါက် တွေးကာ


" ငါကတော့ ဝမ်းပ့ လို့ခေါ်တယ် ခုံတုံဂိုဏ်း ရဲ့ တပည့်ကြီးပဲ... မင်းနောင်တရရင် ထွက်သွားလို့ ရတယ် "
ဟု ခပ်ပြုံးပြုံး ပြောလိုက်သည်။

တွမ့်ကျန်းယွမ် မှာလဲ သူ့ဆရာ ဝေထင်း ပြောပြသည့် သိုင်းဂိုဏ်းကြီးများတွင် ခုံတုဟ


ူံသော အမည်မပါရှိ၍ အထင်သိပ်မကြီးချေ။
ခပ်အေးအေးပင် ရှိနေသည်။ သူ့စိတ်ထဲတွင် မည်သို့ အနိုင်ယူရမည်ကိုသာ တွေးနေရင်း
" ရပါတယ်ဗျာ... ကဲအကိုကြီးဝမ်ပ့ စမယ် ဆို စကြတာပေါ့ နောက်တစ်ပွဲလဲ ဝူတန်းကညီလေး နဲ့ ယှဉ်ရဦးမှာမလား "
ဟု ပြောလိုက်သည်။

ဝမ်းပ့ လဲ ဒေါသထွက်သွားပီး မည်သည်စကားကို မျှမဆိုတော့ပဲ


" သတိထား.."
ဟု အော်ကာ ခုံတုံဂိုဏ်း၏ ခုနှစ်ဆင့်လက်သီး သိုင်း ဖြင့် တိုက်ခိုက်လိုက်သည်။

သိုင်းကွက် စစချင်းပင် တွမ့်ကျန်းယွမ် မှာ ထိပ်လန့်သွားမိသည်။ သူ အထင်သေးမိတာ မှားပီ ဟုလဲ သိလိုက်ရသည်။ ခုနှစ်ဆင့်လက်သီး
သိုင်းမှာ သိုင်းကွက်များက သာမန် အဆင့်မြင့် လက်သီးကွက်ပင် ဖြစ်သော်လည်း အဆင့်အလိုက် အတွင်းအားများကိုထည့်သွင်းပီး
တိုက်ခိုက်သဖြင့် အထိုးခံရသူမှာ ထိမိလျှင် အတွင်းအားပြိုကွဲပီး သေရင်သေ မသေရင် သိုင်းပညာ ပျက်ဆီးသည် အထိ အတွင်းဒဏ်ရာ
ရနိုင်ပေသည်။ ခုနှစ်ဆင့်လက်သီး သိုင်းကို ခုနှစ်ဆင့်အထိ အောင်မြင်သူမှာ ခုံတုံဂဏ
ိုးချုပ် မော်ရိဟွာ တစ်ယောက် သာရှိပီး အခု
ဝမ်းပ့မှာ တပည့်အကြီးဆုံး ဖြစ်တာကြောင့် လေးဆင့်အထိအောင်မြင် ထားသူဖြစ်သည်။

" ဝှစ.် .. ဝှစ်.. "


ဝမ်းပ့မှာလဲ တွမ့်ကျန်းယွမ် ကို အထင်သေး သဖြင့် နှစ်ဆင့်အထိသာ အားထည့်ပီး တိုက်ခုက
ိလိုက်ခြင်းဖြစ်သည်။ ဝမ်းပ့ ၏ လက်သီး
မှာ လေတိုးသံ နှစ်ချက် ထွက်ပေါ်လာပီး တွမ့်ကျန်းယွမ် ၏ မျက်နှာသို့ နှစ်ချက်ဆက်တိုက် အုပ်မိုးလာသည်။ တွမ့်ကျန်းယွမ် မှာ
လန့်သာ လန့်သော်လဲ အရှောင်အတိမ်း မပျက်ပေ။ နံဘေးသို့ လှစ်ခနဲ အသာအယာ ရှောင်တိမ်းပီး ဝမ်းပ၏ နံဘေးကို ခြေထောက်ဖြင့်
ကန်ထည့်လိုက်သည်။ ဝမ်းပ မှာ ရှောင်ရန်မလွယ်တော့သဖြင့် လက်သီးဖြင့်ပင် တွမ့်ကျန်းယွမ် ၏ ခြေထောက်ကို
လှမ်းထိုးလိုက်လေသည်။

"ဝုန်း.."
ဟု အသံထွက်ပေါ်လာပီး ဝမ်းပ့မှာ နောက်သို့ ခြေလှမ်း ငါးလှမ်း ဆုတ်လိုက်ရသည်။ တွမ့်ကျန်းယွမ် ကတော့ ရွေ့ပင်မရွေ့ချေ။
ဝမ်းပ့ က အံသြသွားမိသည်။ တွမ့်ကျန်းယွမ် ၏ အတွင်းအားမှာ သူ့ထက်သာနေပီး သူက နှစ်ကွက်အတွင်းပင် နောက်ဆုတ်
လိုက်ရသည် မဟုတ်ပါလား။ ဝမ်းပ့လဲ ရှက်စိတ်ဖြင့် ခုနှစ်ဆင့်လက်သီးသိုင်းကို သူတတ်ကျွ မ်းသမျှ လေးဆင့်အထိ တိုးမြှင့်ကာ
သိုင်းကွက်ကို ပြန်စလိုက်သည်။

" ဟူး... ဟူး.. ဟူး.. ဟူး.. "


ဒီတစ်ခေါက်တော့ ခုနကနှင့် မတူ လက်သီးတွင် အားလှိုင်းလေးခု ပါရှိနေသည်ကို တွမ့်ကျန်းယွမ် ခံစားမိလိုက်သည်။ ခုံတုံဂိုဏ်း ၏
လက်သီးသိုင်းကိုလဲ စိတ်ဝင်စားမိသွားသည်။
လက်သီး တစ်ချက်ထိုး တိုင်း အားလှိုင်းလေးခုက ပါ ဝင်ရောက် တိုက်ခိုက်လေရာ တွမ့်ကျန်းယွမ် မှာ အာရုံစိုက်ပီး ရှောင်တိမ်းနေရသည်။
ဆယ်ကွက်မြောက်အထိ ရှောင်တိမ်းပီးသော် တွမ့်ကျန်းယွမ် လဲ ပြန်တိုက်ရန်ပြင် လိုက်သည်။ တစ်ဖက်မှာ ဝမ်းပ့ ကလဲ အံ့သြမိသည်
သူ၏တိုက်ခိုက်မှုကို ပြန်မတိုက်ပဲ ရှောင်တိမ်းရုံသက်သက် လုပ်နိုင်သူမှာ သူ့တစ်သက်တွင် သူ့ဆရာ မော်ရိဟွာ တစ်ယောက်သာ
တွေ့ဖူးလေသည်။ ယခုမှာမူ နယ်ခြားမှ လာသော တွမ့်ဆိုသူက ရှောင်တိမ်းပြ နေလေပီ။ တွမက
့်ျန်းယွမ် မှာ အခုထိ
လက်နက်မထုတ်ရသေးသလို ပြန်တိုက်ဖို့ပင် သိုင်းကွက် မရွေးရသေးပေ။ တစ်ကွက်တည်းဖြင့် ပွဲသိမ်းရန် ကြံရွယ်ပီးနောက်
တွမ့်ကျန်းယွမ် က ရိရန် နေမင်းရောင်ခြည် လက်ချောင်းသိုင်း မှ နေလာနှင်းပျောက် သိုင်းကွက်ကို အတွင်းအား လေးပုံတစ်ပုံ သုံးပီး
တိုက်ခိုက်လိုက်လေသည်။

"ဝုန်း..."
ဟု သောအသံကြားပီး ဝမ်းပ့မှာ သုံးပေခန့် လွှင့်ထွက်သွားသည်။
" ဝေါ့... "
သွေးများပါအန်သည်ကို ကြည့်ခြင်းဖြင့် ဝမ်းပ မှာ အတွင်းဒဏ်ရာ ပြင်းထန်စွာ ရသွားကြောင်းသိလိုက်ရသည်။ ဝမ်းပ့၏ ညီငယ်များက
ထိုအဖြစ်ကို မြင်သော် ဝရံတာမှ ခုန်ချကာ ဝမ်းပ့ကို ဖေးမလိုက်သည်။ ကြည့်ရှု့သူ ပရိတ်အားလုံးကမူ တွမ့်ကျန်းယွမ် ၏
ပြင်းထန်ထက်မြက်သော အကြောထိုး လက်ချောင်းကွက်များကို အထင်ကြီးကာ ချီးကျူးမိကြသည်။

ဝမ်းပ့ မှာ စကားမပြောနိုင်ပဲ အတွင်းအားဖြင့် ဒဏ်ရာကို ကုစားနေသလောက် တွမ့်ကျန်းယွမ် ကတော့ အေးဆေးစွာ


ကျောက်စိမ်းယပ်တောင် ကို ထုတ်ခတ်နေပီး ဝမ်းပ့၏ လက်သီးသိုင်း ကို စဉ်းစားနေမိသည်။ လက်သီးသိုင်းက
ထူးဆန်းသည်မှာအမှန်ပင်ဖြစ်သည်။ လက်သီးတစ်ချက်တွင် အားလှိုင်းလေးမျိုး ပါဝင်နေသည်။ လေးမျိုးဖြစ်၍သာ တော်သေးသည်
ခုနှစ်မျိုးဆို ရှောင်တိမ်းရန် ခဲယဉ်းသွားမည်ဟု စဉ်းစားမိကာ ခေါင်းယမ်းမိလေသည်။

#မိုးထိတောင်သိုင်းသမား #ZYN
အခန်း (၆) အပိုင်း နှစ်
ကျောက်စိမ်းယပ်တောင် ဓားသမား

တွမ့်ကျန်းယွမ် ၏ လက်ချောင်းသိုင်းကို မြင်လိုက်ရသူ များထဲတွင် အပေါ်ထပ်၌ စားသောက်နေသူထဲမှ အဘိုးအို တစ်ယောက်လဲ


ပါဝင်သည်။ ထိုအဘိုးအိုက တွမ့်ကျန်းယွမ် ၏ ရိရန်လက်ချောင်းသိုင်းကို မြင်ပီး အတိတ်ကို သတိရမိသည်။ လွန်ခဲ့သော အနှစ်နှစ်ဆယ်
က ဦးရီးတော်တွမ့်ဆိုသူကလဲ ဤကဲ့သို့သော သိုင်းကွက်ဖြင့် သိုင်းလောကကို လှုပ်ကိုင်ခဲ့သည် မဟုတ်ပါလား။ ထို့စဉ်က အဘိုးအိုမှာ
အသက်လေးဆယ်ခန့် သာရှိသေးပီး ပျံလွှား စုန့်ဝမ် ဟူသော အမည်ဖြင့် သိုင်းလောကတွင် လှုပ်ရှား နေတုန်းဖြစ်သည်။ ထိုအချိန်က
သူ၏ သိုင်းပညာမှာ သိပ်ထက်မြက်မှု မရှိသေးပေ။
အဘိုးအို မှာ သိုင်းကွက် ကို သတိရမိသော် စိတ်လှုပ်ရှားဟန်ဖြင့်

" လူငယ်လေး... မင်းသုံးတဲ့ သိုင်းကွက်က ရိရန် နေမင်းရောင်ခြည် လက်ချောင်းသိုင်း မဟုတ်လား... သေချာပါတယ်...


မင်းကတွမ့်မျိုးနွယ် ဆိုတော့ ဒါ ရိရန် လက်ချောင်းသိုင်း ပဲ ဖြစ်ရမယ်... ငါမှတ်မိနေသေးတယ် "
ဟု ဝမ်းသာအားရ ပြောလိုက်သည်။

တွမ့်ကျန်းယွမ် က အနှစ်နှစ်ဆယ် ကြာသော်လည်း မိမိတို့်မျိုးနွယ် နှင့် သိုင်းပညာကို တွဲကာမှတ်မိသူရှိသေးသဖြင့် အံ့သြမိလေသည်။


အတန်ကြာ အံ့သြမိ ရာက လက်သီးဆုပ်ကာ ဂါရဝပြု လိုက်ပီး

" ကျွန်တော်တို့ မျိုးနွယ်နဲ့ သိုင်းပညာကို သိနေတယ် ဆိုတော့... ဘဘ က ဘယ်သူလဲ မသိဘူးဗျ... "


ဟု တရိုတသေ မေးလိုက်လေသည်။

အဘိုးအို က ခေါင်းညိမ့်ကာ စိတ်လှုပ်ရှားဟန်ဖြင့်


" ငါကတော့ ပျံလွှားအဘိုးအို စုန့်ဝမ် လို့ခေါ်တယ်... မင်းရဲ့သိုင်းကွက် အတိုင်း တစ်ပုံစံတည်း အသုံးပြုသူကို မြင်ဖူးလို့ မှတ်မိနေတာပါ...
အဲ့လိုသုံးတဲ့သူကတော့ ဦးရီးတော်တွမ့် လို့ခေါ်တဲ့သူပ.ဲ .. လွန်ခဲ့တဲ့ အနှစ်နှစ်ဆယ်က သိုင်းလောကမှာ တတိယ ရခဲ့တဲ့ ဒိတ်ဒိတ်ကြဲ
သိုင်းသမားပေါ့ကွာ "
ဟု ခပ်ရှည်ရည
ှ် ရှင်းပြလိုက်သည်။

ပျံလွှားအဘိုးအို စုန့်ဝမ် ၏ ရှင်းပြချက်ကို ကြားလိုက်ရသူများမှာ အံ့သြလွန်းသဖြင့်


ဟာ ခနဲ ဟင် ခနဲ အသံများထွက်ကာပင် ထအော်မိကြသည်။

စုန့်ဝမ် ကပင် ထပ်မံ၍ တွမ့်ကျန်းယွမ် ကို ကြည့်ကာ မေးလိုက်သည်။


" တွမ့်မျိုးရိုး လဲ တူတယ် သုံးတဲ့ သိုင်းကွက်လဲ တူတယ် ဆိုတော့ ကောင်လေး မင်းက ဦးရီးတော်တွမ့် နဲ့ ဘာတော်လဲ "

တွမ့်ကျန်းယွမ် က ခပ်အေးအေးပင် ပြုံးပြပီး


" ဟုတ်ကဲ့ ကျနော်က ဦးရီးတော်တွမ့် ရဲ့ တပည့်ပါ... ကျနော်တို့ တာ့လီပြည်မှာတော့ တွမ့်မျိုးရိုးတွေက အများကြီးပါပဲ "
ဟု ဖြေလိုက်သည်။
ထိုစဉ် အတွင်းအားဖြင့် ဒဏ်ရာကို ကုစား နေသော ဝမ်ပ့က ထလာပီး တွမ့်ကျန်းယွမ် ကို စူးစူးဝါးဝါး ကြည့်ကာ
" ဒ်ီမယ် တွမ့်မျိုးရိုး... မင်းကိုယ်မင်း သိုင်းလောက တတိယရဖူးသူရဲ့ တပည့်ဆိုပီး ဘဝင်မြင့်မယ် မကြံနဲ့ အရင်ခေတ်နဲ့ အခုခေတ်က
မတူတော့ဘူး... ကြပ်ကြပ်သတိထား "
ဟု ကြိမ်းမောင်းကာ ထွက်ခွာရန်ပြင်လိုက်သည်။

ထိုအချိန်တွင် ဝရံတာမှ လူတစ်ယောက် ခုန်ချလာကာ ဝမ်ပ့ ၏ ရှေ့တည့်တည့်တွင် ပိတ်ရပ်လိုက်သည်။ ထိုသူက ဝူတန်ဂိုဏ်း က


လူငယ်ပင် ဖြစ်သည်။ လူငယ်က ဝမ်ပ့ရှေ့တွင် ပိတ်ရပ်ကာ
" နောင်ကြီး ဝမ်ပ့... ကျနော်နဲ့ ချိန်းဆို ထားတာကို မေ့ပစ်လိုက်ပီလား "
ဟု ခပ်မာမာ မေးလိုကသ
် ည်။

ဝမ်ပ့မှာ အတွင်းဒဏ်ရာ မပျောက်ကင်း သေး၍ ဝူတန်ဂိုဏ်းက လူကို မယှဉ်လိုပေ။ သို့သော် သိက္ခာအကျ ခံပီးလဲ မငြင်းလို၍
မျက်နှာပျက်ကာ တစ်ခုခု ပြောဟန်ပြင်လိုက်စဉ် ဝူတန်ဂိုဏ်းက လူငယ်က ခပ်မြန်မြန် ဝင်ပြောလိုက်သည်။

" နောင်ကြီးက ဒဏ်ရာနဲ့ဆိုလဲ ရှိပါစေတော့ ကျနော်တို့ရဲ့ ရန်ပွဲမူလ ဇစ်မြစ်က ဟောဒီ့ နောင်ကြီးတွမ့် ကြောင့်ဆိုတော့ အကြွေးကို
နောင်ကြီးတွမ့် ဆီကပဲ ယူလိုက်ပါမယ် "
ဟု တွမ့်ကျန်းယွမ် ကို စိုက်ကြည့်ကာ ပြောလိုက်သည်။ လူငယ်မှာ သိုင်းလောက တတိယရဲ့ တပည့်ကို ပညာစမ်းချင်ဟန် ရှိလေသည်။

ပရိသတ်များမှာ ပွဲကြီးပွဲကောင်း တစ်ပွဲတွေ့ရပြန်တော့မယ် ဟု စိတ်များ လှုပ်ရှားမိကြသည်။ အဘိုးအို စုန့်ဝမ် သည်ပင် မည်သူက


အနိုင်ရမည်ကို စိတဝ
် င်စားမိသည်။ တွမ့်ကျန်းယွမ် ကတော့ အေးဆေးပင် ရှိနေသည်။ သူက အတွေ့အကြုံရှာရန် လာသဖြင့်
သူ့ကိုတိုက်ခိုက်မည် ဆိုပါက ငြင်းရန် စိတ်ကူးမရှိချေ။ သူ့ဆရာ ဝေထင်းကလဲ ယောက်ျားဆိုသည် ရန်ဖြစ်မှာကို ကြောက်နေရင်
အလကား ဟု သင်ပေးထားသည် မဟုတ်ပါလား။
ထိုစဉ် ဝမ်ပ့ မှာ အသာအယာပင် နောက်ဆုတ်ကာ ထွက်ခွာသွားတော့သည်။

သူက ဝူတန်းဂိုဏ်းသား လူငယ်ကို ကြည့်ပီး လက်သီးဆုပ်ကာ ဂါရဝပြု လျက်


" ဒီက ညီလေးက နာမည် ဘယ်လိုခေါ်လဲ မသိဘူး အကိုက တွမ့်ကျန်းယွမ် ပါ "
ဟု မိတ်ဆက်လိုက်သည်။

လူငယ်က လက်သီးဆုပ်ကာ ဂါရဝပြုပီး သူ၏ နာမည်ကို ဖြေလိုက်သည်။


" ကျနော်က ကျန်းစန်းယွမ် ပါ "
ဟု ခပ်တိုတို ဖြေလိက
ုသည်။

ကျန်းစန်းယွမ် ၏ အဖြေကို ကြားသော် ကြားရသူတိုင်းက အြံ့ သမိကြပြန်သည်။


ဓားလေးလက် တွင် အပါအဝင်ဖြစ်သော ထိုက်ကျိဓား ကျန်းစန်းယွမ် မှာ ငယ်ရွယ် သေးသည်ကို တွေ့လိုက်ရသည် မဟုတ်ပါလား။
အဘိုးအို စုန့်ဝမ်လဲ အံ့သြမိသည်။ တွမ့်ကျန်းယွမ် မှာမူ ဓားလေးလက်လဲ မသိ ထိုက်ကျိဓားလဲ မသိချေ။ သူက လူငယ်၏ အမည်မှာ
စန်းယွမ် ဖြစ်ပီး သူ့အမည် ကျန်းယွမ် နှင့် ဆင်တူသဖြင့် ပြုံးမိလိုက်သည်။

တွမ့်ကျန်းယွမ် ၏ အပြုံးကိုမြင်သော် ကျန်းစန်းယွမ် က သူ့ကို လှောင်သည်ဟု ထင်မိသည်။ ထို့ကြောင့်


" သတိထား "
ဟု တစ်ချက် အော်ကာ သူ၏ ဓားပျော့ကို ဓားအိမ်မှာ ဆွဲထုတ်ပီး ဓားချက် ခုနှစ်ချက်တိတိ တိုက်ခိုက်လိုက်သည်။
တွမ့်ကျန်းယွမ် လဲ ရုတ်တရက်မို့ လန့်ကာ အနောက်သို့ တိမ်နဂါးကိုယ်ဖော့ပညာဖြင့် ခုန်ဆုတ်လိုက်မိသည်။ သူခုန်ဆုတ်သွားပုံမှာ
လေထဲဝဲပျံသကဲ့သို့ လှပလေရာ မြင်သူအပေါင်းကာ သူ၏ ကိုယ်ဖော့ပညာကို ချီးကျူးမိကြသည်။ ကျန်းစန်းယွမ် ၏ ဓားချက် များမှာလဲ
လေကိုသာ ခုတ်မေ
ိ လသည်။ ကျန်းစန်းယွမ် ကလဲ ရှေ့သို့ဆက်တိုးကာ ထိုက်ကျိဓားသိုင်းမှ သိုင်းကွက်များဖြင့် တိက
ုခိုက်တော့သည်။

တွမ့်ကျန်းယွမ် မှာ ဆယ်ကွက်လောက်အထိ ပြန်မတိုက်ပဲ ရှောင်တိမ်းနေပြန်သည်။ သူပြန်မတိုက်ပဲ ရှောင်လေ ကျန်းစန်းယွမ် က


ပိုပီးဖိတိုက်လေဖြစ်သည်။ ထိုက်ကျိဓားသိုင်းမှာ ရေလှိုင်းများသဖွယ် အဆင့်ဆင့်တိုက်ခိုက်သော သိုင်းဖြစ်ရာ အကွက်များလေ
အားပိုကောင်းလာလေ ဖြစ်ပီး ဆယ်ကွက်ကြာသော် တွမ့်ကျန်းယွမ် မှာ အခက်အခဲ ကြုံလာသည်။ သူပြန်တိုက်မှ ဖြစ်တော့မည်ဟု
တွေးမိသည်နှင့် တစ်ပြိုက်နက် တွမ့်ကျန်းယွမ် က သူ၏ အနက်ရောင်ဓားကို ဓားအိမ်မှ ဆွဲထုတ်လိုက်သည်။
" ရွမ်း "
ဟုသော အသံကြားရပီးနောက် ဝင်းလက်သော ဓားရိပ်များ ထွက်ပေါ် လာတော့သည်။
" ထန် ... ထန်.. ထန် "
ဟူသော သံသံချင်းထိသံ များလဲ ထွက်ပေါ် လာလေသည်။
တွမ့်ကျန်းယွမ် လဲ စိတ်ပါလာကာ အကွက်ပေါင်း ငါးဆယ်လောက်ယှဉ်ပြိုင် မိကြသည်။ အကွက်ပေါင်း ငါးဆယ်ကျော်သော်
ကျန်းစန်းယွမ် မှာ သူ့အတွင်းအားက တွမ့်ကျန်းယွမ် ထက် နိမ့်ကျကြောင်း သိလိုက်သည်။ တွမ့်ကျန်းယွမ် ၏ အတွင်းအားလှိုင်းများက
ဓားမှ တဆင့် သူ့ကို ရိုတ်ခတ်နေသည် မဟုတ်ပါလား။ ကျန်းစန်းယွမ် မှာ အတော်ကို အာရုံစိုက်၍ သူတတ်ကျွမ်းသမျှ
ထိုက်ကျိဓားသိုင်းကို ရေလှိုင်းသဖွယ် အဆင့်လိုက် အဆင်လ
ို့က် အစွမ်းဆုံးသိုင်းကွက်များဖြင့် ပြန်လည် ခုခံနေသည်။
ထိုက်ကျိဓားသိုင်းက အစွမ်းထက်သော်လဲ တွမ့်ကျန်းယွမ် အဖို့မှာမူ သိပ်စိုးရိမ်စရာမရှိချေ။ ထိုက်ကျိဓားသိုင်းမှာ
အဆင့်လွန်ပညာဖြစ်သော်လဲ အသုံးပြုသူက သူ့ထက် အတွင်းအားများစွာ နိမ့်ကျသဖြင့် သူ့အဖို့ အတွင်းအားလှိုင်းများ လွှင့်ထုတ်ကာ
အလွယ်တကူ ခုခံတိုက်ခိုက်နိုင်လေသည်။

တွမ့်ကျန်းယွမ် က ထိုကက
်ျိ ဓားသိုင်းကို လေ့လာလိုသဖြင့် အနိုင်မတိုက်ပဲ အချိန်ဆွဲကာ အကွက်ပေါင်း နှစ်ရာကျော်အထိ
တိုက်ခိုက်လိုက်သည်။
ထို့အဖြစ်ကို အဘိုးအို စုန့်ဝမ်သာ ရိပ်မိပီး ကျန်သူများနှင့် ကျန်းစန်းယွမ် ကိုယ်တိုင်ပင် မသိချေ။ အဘိုးအို မှာမူ တွမ့်ကျန်းယွမ် က
လက်ချောင်းသိုင်းတင်မက ဓားသိုင်းတွင်ပါ အဆင့်လွန် အထိ တတ်မြောက်နေကြောင်း သိရ၍ အံ့သြမိပြန်သည်။ ကြည့်နေသူ
ပရိတ်သတ်များမှာလဲ တွမ့်ကျန်းယွမ်ကို ဤလူငယ်မှာ ဘက်စုံ သိုင်းပညာ တတ်ကျွမ်းသူ ပါ တကားဟု၍ မှတ်ချက်ချမိကြသည်။
ကျန်းစန်းယွမ် အဖို့ အကွက်ပေါင်း နှစ်ရာကျော်သော်အခါ သိုင်းကွက်များလဲ ထပ်လာသလို တွမ့်ကျန်းယွမ် ၏ အတွင်းအားလှိုင်း
များကြောင့် ကိုယ်လက်များ လေးလံလာလေသည်။ ထို့အဖြစ်ကို ရိပ်မိသော တွမ့်ကျန်းယွမ် က ထိုက်ကျိဓားသိုင်းကိုလဲ အတော်အတန်
သဘောပေါက်မိသဖြင့် ပွဲသမ
ိးရန် ပြင်လိုက်သည်။ သူ သဘောအကျ ဆုံး တောင်ဖြိုဓားကွက် ကို အတွင်းအား လေးပုံနှစ်ပုံ သုံးကာ
ထုတ်ဖော်လိုက်သည်။

" ဝုန်း... "


ဟု သော အသံနှင့်အတူ ကျန်းစန်းယွမ် မှာ ဆယ်ပေခန့် လွင့်ထွက်သွားသည်။ ကျန်းစန်းယွမ် မှာ တွမ့်ကျန်းယွမ် ၏ တောင်ဖြိုဓားကွက်
ကို ထိုက်ကျိဓားသိုင်း၏ အစွမ်းထက်ဆုံး ရေလှိုင်းတိုက်စားဓားကွက် ဖြင့် ခုခံလိုက်သော်လဲ အတွင်းအားခြင်းက ကွာခြားသဖြင့်
ဆယ်ပေခန့် လွင့်စင်သွားခြင်းဖြစ်သည်။ သို့သော် ရေလှိုင်းတိုက်စား သိုင်းကွက်၏ သဘောတရားအရ သက်ရောက်လာသော
အတွင်းအားလှိုင်းများကို ခုခံပေးသဖြင့် အတွင်းဒဏ်ရာတော့ မရချေ။

ထိုအဖြစ်ကို မြင်ရသူ အဘိုးအို စုန့်ဝမ်လဲ တွမ့်ကျန်းယွမ်၏ အတွင်းအားကို အထင်ကြီးမိသည်။ အတွင်းအားတင်မက သိုင်းကွက်ကိုပါ


သူတွေ့ဖူးသည် ဟု အဘိုးအို တွေးမိလိုက်သည်။ သို့သော် သိပ်ပီး မသေချာလှပေ။ ကြည့်ရှု့သူ အပေါင်းကလဲ
အတွင်းအားအလွန်ကောင်းတဲ့ လူငယ်ပါလား ဟု မှတ်ချက်ချမိကြပြန်သည်။ အဘိုးအိုမှာမူ သူကိုယ်တိုင် အစွမ်းကုန် ပညာကုန်
တိုက်သည့်တိုင် ဤလူငယ်ကို မနိုင်နိုင်ကြောင်း သိလိုက်ရသည်။

ကျန်းစန်းယွမ် က လဲကျနေရာမှ ထလိုက်ပီး


မျက်နှာပျက်ကာ ဖုန်များခါနေသည်။ ထို့နောက် တွမ့်ကျန်းယွမ် ကို လက်သီးဆုပ် ဂါရဝပြု ကာ နှုတ်ဆက်ပီး
ထွက်ခွာသွားလေတော့သည်။
" နောင်ကြီးတွမ.့် .. ညှာတာတဲ့အတွက် ကျေးဇူးတင်ပါတယ်... နောက်ကံမကုန်ရင် ပြန်ဆုံတာပေါ့ "

တွမ့်ကျန်းယွမ် လဲ လက်သီးဆုပ်ကာ ပြန်ဂါရဝပြု လိုက်ပီး ထွက်သွားရန် ခြေလှမ်းပြင်လိုက်သည်။ နေဝင်ခါနီးပီ ဖြစ်၍ သူတည်းခိုရန်


နေရာရှာရတော့မည် မဟုတပ
်ါလား။ ထိုစဉ် ရွှေငါး စားသောက်ဆိုင် အပေါ်ထပ်မှ အဘိုးအို စုန့်ဝမ် က တွမ့်ကျန်းယွမ် ကို
လှမ်းခေါ်လိုက်သည်။
" လူလေး... အပန်းမကြီးရင် အဘနဲ့ ညစာ လာစားပါလားကွဲ့ အဘလဲ ပျင်းနေတာ "

တွမ့်ကျန်းယွမ် လဲ အထွေအထူး လုပ်စရာ မရှိသည်အပြင် လှုပ်ရှားလိုက်ရ၍ ဗိုက်ဆာသလို ရှိတာကြောင့်


" ဟုတ်ကဲ့ အဘ "
ဟု လှမ်းပြောကာ ဆိုင်ထဲသို့ ပြန်ဝင် သွားလေတော့သည်။

တွမ့်ကျန်းယွမ် အပေါ်သို့ ရောက်သောအခါ အဘိုးအို စုန့်ဝမ် က အရက် တစ်ခရားမှာ၍ စောင့်နေသည်ကို တွေ့သည်။ တွမ့်ကျန်းယွမ်
လဲ စားပွဲထိုးကို ဟင်းပွဲ ခြောက်မျိုးနှင့် ထမင်း နှစ်ယောက်စာ မှာလိုက်သည်။ တွမ့်ကျန်းယွမ် ဝင်ထိုင်လိုက်လျှင် အဘိုးအို စုန့်ဝမ် က
အရက်တစ်ခွက်ငှဲ့ကာ ပေးလိုက်သည်။ တွမ့်ကျန်းယွမ် လဲ အရက်ခွက်ကို ယူကာ မော့သောက် လိုက်တော့သည်။ ထို့နောက် အဘိုးအို
စုန့်ဝမ်က တွ့မ့်ကျန်းယွမ်အား

" ငါ့တူ... က အခုမှ သိုင်းလောကထဲ ဆင်းလာပုံ ပေါ်တယ် ခုနက မင်းနဲ့ တိုက်တဲ့ နှစ်ယောက်ကို မသိဘူးထင်တယ် "
ဟု မေးလိုက်သည်။
တွမ့်ကျန်းယွမ် က ခေါင်းညိမ့်ကာ
" ဟုတ်တယ်ဗျ... ကျနော်က အခုမှ သိုင်းလောကထဲကို ဝင်လာတာဆိုတော့ ဘယ်သူ က ဘယ်သူဆိုတာ မသိဘူးဗျ... အရင်ခေတ်က
နာမည်ကြီးတဲ့ သိုင်းသမားတွေကိုပဲ ကျနော့်ဆရာ ပြောပြလို့ သိရတာ "
ဟု ပြုံးကာ ပြောလိုက်သည်။

စုန့်ဝမ် က ခေါင်းညိမ့်ကာ
" အင်း... ဒီလိုဆိုတော့လဲ ငါကပဲ ပြောပြရတာပေါ့ကွာ... မင်း ပထမ တိုက်တဲ့ သူက ဝမ်ပ့ လို့ ခေါ်တယ် သူကတော့ ခုံတုံဂိုဏ်းရဲ့
တပည့်အကြီးဆုံးပဲ သိုင်းလောကမှာတော့ မိုက်ခဲလက်သီးလို့ နာမည်ကြီးတယ် သိပ်တော့ မစွံပါဘူးကွာ... ဒါပေမဲ့ ဒုတိယ
တစ်ယောက်ကတော့ တော်တော်လေးနာမည်ကြီးတယ်ကွ ဝူတန်ဂိုဏ်းက ထိုက်ကျိဓား ကျန်းစန်းယွမ် တဲ့ သူကတော့ သိုင်းလောက က
ဓားလေးလက် ထဲက တစ်လက်ပ.ဲ .. သူတို့ဓားလေးလက် နဲ့ လက်လေးဖက် ဆိုတဲ့ သိင
ုးသမား တွေက ရှောင်စစ်တောင် သိုင်းပြိုင်ပွဲ မှာ
ဗိုလ်စွဲမယ် လို့ ရေပန်းစားနေကြတယ်... ဒါပေမဲ့ မင်းက သူ့ကို အလွယ်တကူ အနိုင်တိုက်နိုင်တော့ မင်းက ပိုတော်တယ်ဆိုတာ
လူသိသွားတာပေါ့ကွာ "
ဟု ရှင်းပြလိုက်ပီး မောသွားဟန်ဖြင့် အရက်တစ်ခွက် ငှဲ့သောက်လိုက်ပြန်သည်။ ထို့အချိန်မှာပင် စားပွဲထိုးလေးက တွမ့်ကျန်းယွမ်
မှာထားသော ဟင်းလျာများကို လာချပေးသွားသည်။

တွမ့်ကျန်းယွမ် က စုန့်ဝမ် အား ပြုံးပြကာ


" အဘ လဲ ကျနော့်ကို ရှင်းပြတာ မောရော့မယ်... ဟင်းတွေ သုံးဆောင်ပါဦး ဒီနေ့က ကျနော် ဂါရဝပြု တဲ့အနေနဲ့ ရှင်းပါရစေ "
ဟု ပြောလိုက်သည်။

စုန့်ဝမ်က တွမ့်ကျန်းယွမ် ၏ အလိုက်သိသော စိတ်ဓာတ်ကို ကျိတ်ကာ ချီးကျူးမိရင်း


" ဟုတ်ပီကွာ... ဒါကို ငါမင်းကိုအပြန်အလှန် အနေနဲ့ မင်းမသိလိုက်တဲ့ သိုင်းလောကရဲ့ အနှစ်နှစ်ဆယ်အတွင်း အဖြစ်အပျက်တွေ နဲ့
လက်ရှိသိုင်းလောကရဲ့နာမည်ကြီးတွေ ကို ပြောပြပေးမယ် "
ဟု ပြောလိုက်သည်။ ထို့နောက် သူတို့နှစ်ယောက်လဲ စားလိက
ုသောက်လိုက် နှင့် သိုင်းလောကအကြောင်း ဆွေးနွေးနေကြသည်။

#မိုးထိတောင်သိုင်းသမား #ZYN
အခန်း (၆) အပိုင်း သုံး
ကျောက်စိမ်းယပ်တောင် ဓားသမား

အတန်ကြာ စကားကောင်းနေကြပီးမှ စုန့်ဝမ်က တစ်စုံတစ်ခုကို သတိရဟန်ဖြင့်


" ငါ့တူ ကိုပြောစရာရှိတယ်... မင်းတို့ ရှောင်စစ်တောင် သိုင်းပြိုင်ပွဲ လိုပဲ သတင်းကြီးနေတဲ့ သိုင်းကျမ်းပြပွဲ ဆိုတဲ့ ပွဲတစ်ပွဲ ရှိတယ်...
မိုးနန်းတော် နဲ့ မုယုံစံအိမ် ရဲ့ သိုင်းကျမ်းလုပွဲပေါ့ကွာ... သိုင်းလောကသားတွေကို ဖိတ်ခေါ်ပီး သူတို့နှစ်ဖွဲ့ သိုင်းပြိုင်မယ် နိုင်တဲ့သူက
သိုင်းကျမ်းကိုရမယ် တဲ့ နောက် တစ်ပါတ်ဆို ချိန်းဆိုထားတဲ့နေ့ပဲ "
ဟု ပြောလိုက်သည်။

တွမ့်ကျန်းယွမ် က သိုင်းပြိုင်ပီး သိုင်းကျမ်းလု သည် ဆိုသောကြောင့် အတော်ပင် စိတ်ဝင်စားမိလေသည်။ သူက


" သိုင်းကျမ်းလုတယ် ဆိုတော့ သိုင်းကျမ်းက အဖိုးတန်သိုင်းကျမ်း ဖြစ်မှာပေါ့ ဘာသိုင်းကျမ်း တဲ့လဲ "
ဟု မေးလိုက်သည်။

စုန့်ဝမ် က ခေါင်းခါကာ
" ဟုတ်တယ်ကွ ဘာသိုင်းကျမ်းမှန်းဘယ်သူမှ မသိကြဘူး သူတို့က အရှုံးအနိုင် ကွဲမှ ပြမယ် ပြောထားတယ်... ဒါကြောင့် သိုင်းကျမ်းပြပွဲ
လို့ နာမည်တွင် နေတာပေါ့ကွာ"
ဟု ဖြေလိုက်သည်။

တွမ့်ကျန်းယွမ် လဲ စိတ်ဝင်စားကာ ထိုပွဲကို သွားချင်လာသဖြင့် စုန့်ဝမ်ကို ကြည့်ကာ


" ကျနော်တော့ စိတ်ဝင်စားသွားပီ အဘရေ.. အဘ အဲ့ဒီပွဲကို သွားရင် ကျနော့်ကို ခေါ်ပါဦး"
ဟု ပြုံးကာ ပြောလိုက်သည်။

စုန့်ဝမ် က ခေါင်းညိမ့်ကာ
" ငါကတော့ သွားမှပေါ့ကွ... သိုင်းလောကမှာ တစ်ခုခုဆို ငါက စပ်စုနေကြပဲကို... မင်းကိုခေါ်သွားလို့ ငါ့မှာ အပန်းမကြီး ပါဘူးကွာ
လမ်းမှာ စကားပြောဖော်တောင် ရသေးတယ်... ပီးတော့ သိုင်းလောကသားတိုင်း နီးပါး အဲ့နေရာကို လာကြမှာကွ မင်းလို လူသစ်လေး
အတွက်တော့ အသွားသင့်ဆုံးနေရာပဲ "
ဟု ပြောလိုက်လေသည်။

ထို့နောက် တွမ့်ကျန်းယွမ် က
" သွားတာ ဟုတ်ပီ အဘရေ ဒီနေ့ည တော့ တည်းစရာ ရှာလိုက်ဦးမယ် မနက်ဖြန် မနက်မှ သွားကြတာပေါ့ "
ဟု ပြောလိုက်သည်။

စုန့်ဝမ် ခေါင်းညိမ့်ကာ
" စိတ်မပူနဲ့ ငါ့တ.ူ .. ငါ့အိမ်ကို လိုက်ခဲ့... ငါ့အိမ်မှာပဲ တည်းပီး မနက်ကျ ခရီးထွက်ကြတာပေါ့ ငါ့အိမ်မှာ ဘယ်သူမှ မရှိဘူး "
ဟု ပြောလိုက်လေသည်။

တွမ့်ကျန်းယွမ် လဲ အဆင်ပြေသွားပီ ဟု တွေးနေရာမှ တစ်စုံတစ်ခုကို သတိရမိကာ


" အဘက ပျံလွှားအဘိုးအို စုန့်ဝမ် နော်... ဒါဆို ပျံလွှားမယ် စုန့ခ
်ျီရန်း နဲ့ ဘာတော်လဲ "
ဟု မေးလိုက်သည်။

စုန့်ဝမ် က ပြုံးလိုက်ကာ
" ငါ့မြေး"
ဟု ခပ်တိုတိုပင် ဖြေလိုက်သည်။

တွမ့်ကျန်းယွမ် လဲ အားနာမိသွားကာ
" ဒါဆို အဘ အိမ်ကို လိုက်ဖို့ အဆင်မပြေဘူးနဲ့ တူတယ်.. ကျနော် ဒီမြို့ ထဲက တည်းခိုးခန်းမှာပဲ တည်းလိုက်ပါမယ် မနက်ကျ အဘ
လာခေါ်လိုက်လေ "
ဟု ပြောလိုက်သည်။

စုန့်ဝမ် က ခေါင်းခါပြကာ အဝေးကို ကြည့်လိုက်ရင်း


" ငါ့အိမ်မှာ ဘယ်သူမှ မရှိပါဘူးကွာ ငါ့မြေးလေးက ငါ့လိုပဲ လျှောက်လည်တာ ဝါသနာပါတယ်ကွ အခုလောက်ဆို သိုင်းကျမ်းပြပွဲ လုပ်တဲ့
ထုံဝူ ရေကန်ကို ရောက်နေလောက်ပီ "
ဟု ခပ်ပြုံးပြုံး လုပ်ကာ ပြောလိုက်သည်။

တွမ့်ကျန်းယွမ် လဲ ဆက်ငြင်းရန် မကောင်းသဖြင့်


" ဒါဆိုလဲ သွားကြတာပေါ့ အဘရာ... စောစော အနားယူပီး... မနက်စောစော ခရီးထွက်ကြတာပေါ့... ကျနော်တော့ စိတ်လှုပ်ရှားနေပီ "
ဟု ပြောလိုက်သည်။

ထိုနောက် နှစေ
် ယာက်သားလဲ အစားအသောက်ကို လက်စသတ်ကာ ရွှေဝါ စားတော်ဆက်ထဲမှာ ထွက်လာကြသည်။
ကျန်ရစ်သူများကတော့ တွမ့်ကျန်းယွမ် ၏ သိုင်းပညာစွမ်းကို တီးတိုးဝေဖန်ပီး ကျန်နေခဲ့ကြလေသည်။

အဘိုးအို စုန့်ဝမ် ၏ အိမ်မှာ မြို့ စွန်တွင်ရှိပီး အတော်အတန် သပ်ရပ်လှပသော အိမ်လေးဖြစ်သည်။ နှစ်ယောက်သား လမ်းလျှောက်ရင်း
အိမ်နား ရောက်ခါနီးစဉ် လမ်းချိုးလေးထဲမှ မိန်းကလေး တစ်ယောက် ပြေးထွက်လာတာကို တွေ့လိုက်ရသည်။ ထိုမိန်းကလေးမှာ
သရဲသဘက်ကို တွေ့လာသည့် အလား အူယားဖားယား ပြေးလာသည်။ တွမ့်ကျန်းယွမ် တို့ နှစ်ဦးလဲ ကြောင်ကာ ကြည့်နေမိသည်။
မိန်းကလေးမှာ စွတ်ရွတ်ပြေးလာရာမှ တွမ့်ကျန်းယွမ် တို့ကို မြင်သော် အားတက်ဟန်ဖြင့်
" အဘ နဲ့ အကို ကျမကို ကယ်ကြပါဦးရှင် "
ဟု မျက်ရည်များ စီးကျကာ အသနားခံလိုက်သည်။

တွမ့်ကျန်းယွမ် က တစ်ခုခုပြော ဟန်ပြင်လိုက်စဉ် စုန့်ဝမ်က ဦးစွာ


" ဟုတ်ပီ မိန်းကလေး ဘာဖြစ်လာတာလဲ ပြောပါဦး အဘတို့ကူညီနိုင်တာ ကူညီပါ့မယ်"
ဟု ပြောလိုက်သည်။

မိန်းကလေး က စကားပြောဟန် ပြင်လက


ိုစဉ် အနောက်မှ ယောက်ျားနှစ်ယောက် ထွက်လာကာ တွမ့်ကျန်းယွမ် တို့အား
" ဟိတ်... ဘယ်ကကောင်တွေလဲ ကိုယ်လမ်းကိုသွား မဆိုင်ရင် ဝင်မရှုပ်နဲ့ "
ဟု ခပ်ထန်ထန် ငေါက်သံ ကြားလိုက်ရသည်။

ထိုသို့ ပြောလိုက်သူမှာ ယောက်ျားနှစ်ယောက် ထဲတွင် အသက်ပိုကြီးသည့် တစ်ယောက်ဖြစ်ပီး ထိုနှစ်ယောက်မှာ ရုပ်ချင်းဆင်သဖြင့်


ညီအကို ဖြစ်ဟန်တူသည်။ သူတို့၏ ရုပ်ရည်မှာ ကြမ်းတမ်းပီး ကောက်ကျစ်ဟန် ရှိသည်။
အခြေအနေများမှာ ရုတ်တရက် ဖြစ်လာလေရာ အတွေ့အကြုံမရှိသော တွမ့်ကျန်းယွမ် မှာ ဘာပြောရမှန်း မသိပဲ
ကြောင်ကြည့်နေလေသည်။ အဘိုးအို စုန့်ဝမ် ကတော့ ထိုညီအကို နှစ်ယောက်ကို ကြည့်ကာ ရွံရှာဟန်ဖြင့်
" အော် ဘယ်သူများလဲလို့ မြေခွေးညီနောင်ကိုး... မင်းတို့ ငါ့အမ
ိနား လာရဲတယ်ပေါ့လေ ငါဘယ်သူလဲ ဆိုတာ သိရအောင် ငါ့ကို
သေချာကြည့်စမ်း "
ဟု ပြောလိုက်သည်။

မြေခွေးညီနောင်မှာ အားနွှဲ့သူကိုသာ အနိုင်ကျင့်တတ်သော သိုင်းသမားဆိုးများ ဖြစ်ရကာ ပျံလွှားအဘိုးအို စုန့်ဝမ် လို


ထိပ်သီးသိုင်းသမားကို မယှဉ်ရဲချေ။ အခုလဲ စုန့်ဝမ် မှန်း သိသည်နှင့် လစ်ပြေးရန် ကြံတော့သည်။ သူတို့ ခြေဦးလှည့် လိုက်သည်နှင့်
အဘိုးအို စု့န်ဝမ် မှာ ရိပ်ခနဲ လှုပ်ရှားလိုက်သည်။ ပျံလွှား ဟူသော ဘွဲ့မှာ အလကားရခြင်း မဟုတ်ပေ။ ကိုယ်ဖော့ပညာ
တော်သောကြောင့် ပျံလွှား လို လျင်မြန် သဖြင့် ပျံလွှားအဘိုးအို ဟု အမည်တွင်ခြင်းဖြစ်သည်။ ယခု အဘိုးအိုက မြေခွေးညီနောင် တို့ ကို
ပိတ်ရပ်ပီး ခပ်တည်တည်ပင် ကြည့်လိုက်သည်။ မြေခွေးညီနောင် တို့မှာ သူတို့ ဒီနေ့ ဂြိုဟ်ဆိုး ဝင်ပီးဟု သိလိုက်သည်။

တွမ့်ကျန်းယွမ် မှာလဲ အဘိုးအို စုန့်ဝမ်၏ ကိုယ်ဖော့ပညာစွမ်းကို မြင်ကာ အံ့သြမိသည်။ သူ၏ တိမ်နဂါးကိုယ်ဖော့ပညာ ထက်
မလျော့သော အစွမ်းရှိသည် မဟုတ်ပါလား။

မြေခွေးညီနောင်လဲ ရှောင်တိမ်း၍ မရနိုင်တော့သဖြင့် အားတင်းကာ မြေခွေးကြီး က ခပ်ထန်ထန်ပင်


" ကဲ အဘိုးကြီး... ကျုပ်တို့်က လေးစားသမှု နဲ့ရှောင်ထွက်ပေးတာကို မလိုချင်ဘူး ဆိုတော့လဲ တိုက်ကြရတာပေါ့ "
ဟု ပြောလိုက်ကာ စကားမဆုံးခင်မှာပင် မြေခွေးငယ်က ရုတ်တရက် တိုက်ခိုက်လိုက်သည်။ စုန့်ဝမ် မှာ မြေခွေးညီနောင်က
အလစ်အငိုက် တိုက်မည် ဟု မထင်ထားသဖြင့် မြေခွေးငယ်၏ အလစ်တိုက်ကွက်ကို အသေအလဲပင် ရှောင်လိုက်ရသည်။ မြေခွေးကြီး
ကလဲ ဝင်ကာ တက်ညီလက်ညီ ဖြင့် စုန့်ဝမ်ကို တိုက်ခိုက်ကြတော့သည်။ စုန့်ဝမ်လဲ အလစ်တိုက်ခရ
ံ သဖြင့် ရှောင်နေတုန်းမှာပင် ထပ်မံ၍
ဆက်တိုက် တိုက်ခိုက်ခံရသောအခါ တိုက်စစ်ပင် ပြန်မဆင်နိုင်တော့ပဲ အကွက်နှစ်ဆယ်ခန့် ရှောင်၍သာ နေလိုက်ရတော့သည်။
မြေခွေးညီနောင်မှာ အမှန်စင်စစ် သိုင်းပညာ ညံ့သူများ မဟုတ်ပေ။ သူတို့နှစ်ဦး၏ မြေခွေးသိုင်းမှာ ညီအကိုနှစ်ယောက်
ပူးပေါင်းတိုက်လျှင် ပိုအစွမ်းထက်သော ပညာဖြစ်သည်။ တစ်ဦးချင်းစီ ပညာအရ စုန့်ဝမ်ကို မယှဉ်နိုင်သော်လဲ နှစ်ယောက်ပူးပေါင်း
တိုက်ခိုက်လျှင်မူ ခုံတုံဂိုဏ်းမှ ဝမ်ပ့ ကိုတောင် အနိုင်ရဖူးသည့် အဖြစ်အပျက်ရှိဖူးလေသည်။ ထိုကြောင့် မြေခွေးညီနောင်မှာ စုန့်ဝမ်ကို
အလစ်တိုက်ကွက်ဖြင့် လက်ဦးမှုရယူကာ အနိုင်တိုက်ရန် ဆံုး ဖြတ်ထားကြသည်။

သူတို့နှစ်ယောက်၏ ဆုံးဖြတ်ချက် မှန်ကန်သည်ဟု ပြောရမည်။ ယခုအခါ စုန့်ဝမ်မှာ ပြန်၍ပင် မတိုက်နိုင်ဖြစ်နေ လေသည်။


တွမ့်ကျန်းယွမ် က စုန့်ဝမ်၏ အခြေအနေကို မြင်သော် အကူအညီပေးရန် ပြင်လိုက်သည်။

ထိုစဉ် သူ့ဘေးတွင် ရပ်နေသော မိန်းကလေးက တွမ့်ကျန်းယွမ် ကို ဓားဖြင့် အလစ်ချောင်းကာ ထိုးလိုက်လေသည်။


"ဝှစ.် .. "
နားအလွန်ပါးသော တွမ့်ကျန်းယွမ် မှာ လေတိုးသံကြားသည်နင
ှ့် ဆတ်ခနဲ ခုန်ကာ ရှောင်တိမ်းလိုက်သည်။ သို့သော် မည်သို့မျှ
မထင်ထားသည့်သူက မထင်မှတ်သည့် အချိန်တွင် တိုက်ခိုက်လိုက်ခြင်းဖြစ်ရာ လုံးဝ လွတ်လွတ်ကျွတ်ကျွတ်တော့
မရှောင်တိမ်းနိုင်လိုက်ချေ။ ဘယ်လက်မောင်း မှာ ဓားဖြင့်ခြစ်မိသွားတော့သည်။ တွမ့်ကျန်းယွမ် က သူ့ကို ဓားဖြင့်ထိုးသူ မိန်းကလေးကို
ကြည့်ကာ မယုံကြည်ဟန်ဖြင့်
" မင်း.... မင်း... ဘယ်သူလဲ ဘာကြောင့် ငါ့ကို လုပ်ကြံချင်ရတာလဲ "
ဟု မေးလိုက်သည်။

ငိုကြွေးနေခဲ့သော မိန်းမငယ်လေးမှာ အခုအခါ တစ်ခစ်ခစ် ရယ်မောလျက် ရှိသည်။


သူမ တွမ့်ကျန်းယွမ် အား သနားသလို လှောင်သလို အကြည့်ဖြင့် ကြည့်ကာ
" သိပ်မလန့်ပါနဲ့ ရှင်ရယ်... ရှင်ကိုက ကံဆိုးလို့ ဒီအဘိုးအိုနဲ့အတူလာတာကိုး မဟုတ်ရင် ဒီလိုဖြစ်စရာ မရှိဘူး... အခုတော့ သေမင်းဆီ
တူတူသွားကြရတော့မှာပေါ့ "
ဟု ကြာသံလေးဖြင့်ပြောလိုက်လေသည်။

အမှန်စင်စစ် မြေခွေးညီနောင်မှာ စုန့်ဝမ်ကို လုပ်ကြံရန် ထိုမိန်းကလေးနှင့် ပူးပေါင်းကြံစည်ကြခြင်းဖြစ်သည်။ အဘယ့်ကြောင့် ဆိုသော်


ပျံလွှားအဘိုးအို စုန့်ဝမ်က သူတို့ အဖေဖြစ်သူ မြေခွေးသိုင်းသမား ကို ရှောင်စစ်တောင် တိုက်ပွဲတွင် သုတ်သင်ခဲ့သည် မဟုတပ
်ါလား။
ထိုစဉ်က မြေခွေးညီနောင်တို့မှာ သူတို့၏ ပူးပေါင်းသိုင်းကွက် မအောင်မြင်သေး၍ အညံ့ခံကာ နေခဲ့ကြသည်။ ယခုမူ
အပေါင်းအသင်းကောင်းတွေ့သဖြင့် လက်စားချေရန် လာခဲ့ခြင်းဖြစ်သည်။

ဤသို့ဆိုလျင် ထိုမိန်းကလေးမှာ မည်သူနည်း


ထိုမိန်းကလေးမှာ ယခုနှစ်ပိုင်းတွင်မှ နာမည်ကြီးလာသူ ကျာပွတ်မယ် စန့်ဟိုင် ဖြစ်သည်။ သိုင်းပညာအတော်ကောင်း သလို
ရက်စက်တတ်သည် ဟု နာမည်ကြီး လေသည်။ အနက်ရောင် သိုင်းသမား မဟုတ်သလို အဖြူလဲမဟုတ်ပေ။ ယခုမူ
မြေခွေးညီနောင်တို့နှင့် ပေါင်းနေသဖြင့် လူကောင်းတော့ ဖြစ်ဟန်မတူတော့။ စန့်ဟိုင် က တွမ့်ကျန်းယွမ် ကို သတ်ဖြတ်ချင်သော
အကြည့်ဖြင့် ကြည့်ကာ သူ၏ ကျာပွတ်ကို အင်္ကျီကြားမှ ထုတ်ယူလိုက်သည်။ ထို့နောက် ကျာပွတ်ကို ဝှေ့ယမ်းကာ
" ကဲ ဘဝကူးကောင်းအောင် ဘုရားတရားသာ တပေတော့ "
ဟု ပြောပီး တွမ့်ကျန်းယွမ် ၏ လည်ပင်းရှိရာသို့ ဝှေ့ယမ်းလိုက်တော့သည်။

"ရွှမ်း... "
ကျာပွတ်က တွမ့်ကျန်းယွမ် ၏ လည်ပင်းသို့ ရောက်ခါနီးတွင် ရုတ်တရုက် တွမ့်ကျန်းယွမ် က လှုပ်ရှားလိုက်သည်။ တခြားတော့ မဟုတ်
ကျာပွတ်အဖျားကို လက်ဖြင့် လှမ်းဖမ်းလိုက်ခြင်းဖြစ်သည်။ ဖမ်းမိသည်နှင့် ဆောင့်ဆွဲလိုက်ရာ
"အင့်.. "
ဟုသော အသံထွက်ကာ စန့်ဟိုင်မှာ တွမ့်ကျန်းယွမ် ရှိရာသို့ ပါလာလေသည်။ စန့်ဟိုင်မှာလဲ ခေသူမဟုတ်ပေ။ အတွင်းအားခြင်း
မယှဉ်နိုင်၍ ဆောင့်ဆွဲရာသို့ ပါလာသော်လဲ အနားသို့ ရောက်သော် ဓားဖြင့် လှမ်းထိုးလိုက်ပြန်သည်။ တွမ့်ကျန်းယွမ် မှာ
မထင်မှတ်ထားသဖြင့် ဓားကို အသည်းအသန် ခုန်ရှောင်လိုက် ရပြန်သည်။

တွမ့်ကျန်းယွမ် တစ်ယောက် စန့်ဟိုင်ကို အတော်ပင် မုန်းတီးလာလေသည်။ ဤမိန်းမသည် စည်းမရှိပဲ လစ်သလို တိုက်ခိုက်နေသည်


မဟုတ်ပါလား။ ဒေါသ ထွက်လာသည်နှင့် တစ်ပြိုက်နက် အနက်ရောင်ဓားကို ဆွဲထုတ်ကာ ချက်ချင်းပင် တောင်ဖြိုဓားကွက် ဖြင့်
စန့်ဟိုင်ကို ခုတခ
်ျလိုက်တော့သည်။
"ဟူး... "
ပြင်းထန်သော ဓားချက်ကြောင့် လေတိုးသံပင် ကျယ်လောင်စွာ ထွက်ပေါ်လာသည်။ စန့်ဟိုင်လဲ အခြေအနေ မဟန်သည်ကို သိသဖြင့်
သူမတွင်ရှိသော အတွင်းအားအကုန် သုံးကာ သူမ၏ အကောင်းဆုံးသိုင်းကွက်ဖြင့် ကျာပွတ်ကို ဓားရှိရာသို့
ပင့်ကာခံဆောင်လိုက်သည်။
"ဝုန်း..."
စန့်ဟိုင် တစ်ယောက် အရုပ်ကြိုးပြတ် ဆယ်ပေခန့် လွင့်စင်ထွက်သွားသည်။ ကျာပွတ်မှာလဲ နှစ်ပိုင်းပြတ် ထွက်သွားလေသည်။
အတွင်းအားခြင်း ကွာခြားချက်ကြီးလွန်းလှသည်မဟုတ်ပါလား။
"ဝေါ့..."
သွေးများပါထိုးအန်ကာ အတွင်းဒဏ်ရာ ရသွားသည်။ စန့်ဟိုင်မှာ ချက်ချင်းပင် ဒဏ်ကြေဆေးထုတ်ကာ သောက်လိုက်ပီး
အတွင်းအားကျင့်စဉ် ကျင့်လိုက်သည်။

တွမ့်ကျန်းယွမ်က သူမ ကို ဆက်မတိုက်တော့ပဲ စုန့်ဝမ် ရှိရာသို့ လှမ်းကြည့်လိုက်သည်။ အဘိုးအို စုန့်ဝမ် မှာ အခြေအနေမဟန်ပေ။
သိုင်းကွက် ငါးဆယ် ပြည်က
့ာနီးအထိပင် အောက်စီးမှ မထွက်နိုင်သေးပေ။ ကြာလျှင် ဒုက္ခ ရောက်သွားနိုင်သည်။ တွမ့်ကျန်းယွမ် လဲ
ထို့အဖြစ်ကို ရိပ်မိသဖြင့် အတတ်နိုင်ဆုံး အမြန်ကူညီရန် ပြင်လိုက်သည်။

"သတိထား "
ဟု အော်လိုက်ပီး ခါးမှ ကျောက်စိမ်းယပ်တောင် ကို ထုတ်ကာ အအေးအတွင်းအားလှိုင်းဖြင့် ကျောက်စိမ်းယပ်တောင် သိုင်းကွက်ကို
ထုတ်ဖော်လိုက်သည်။
မြေခွေးညီနောင်တို့လဲ စုန့်ဝမ်ကို အနိုင်ရအောင် အာရုံစိုက်နေရာမှ အအေးလှိုင်းရိုက်ခတ်လာသဖြင့် စုန့်ဝမ်ကို မတိုက်နိုင်တော့ပဲ
အအေးလှိုင်းရှိရာကို လှည့်ကာ ခုခံလိုက်သည်။ သို့သော် အအေးလှိုင်းဒဏ် ကြောင့် လှုပ်ရှားမှုမှာ နှေးကွေးသွားကြသည်။ ထို့ကြောင့်
ခုခံမှုမှာ အရာမရောက်ပဲ နှစ်ယောက်စလုံး ရင်ဘတ်ကို ယပ်တောင်ဖြင့် တစ်ချက်စီ အရိုက်ခံလိုက်ရသည်။

" ဖုန်း... ဖုန်း.. " " အွန့်.... အား.."


မြေခွေးညီနောင် တို့မှာ ရင်ဝသို့ စိမ့်တက်လာ သော အအေးလှိုင်းကို တင်းခံရင်း နောက်ဆုတ်လိုက်မိသည်။ သို့သော်
" ဝေါ့... ဝေါ့... "
မည်သို့မှ တင်းမခံနိုင်ပဲ ခိုက်ခိုက်တုန်အောင် ချမ်းကာ နှစ်ယောက်စလုံး သွေးများ အန်မိကြသည်။ သူတို့်နှစ်ယောက် အတွင်းဒဏ်ရာ
အတော်ကို ပြင်းပြင်းထန်ထန် ရသွားပီ ဖြစ်သည်။ တွမ့်ကျန်းယွမ် က အတွင်းအားကို အကုန်မသုံးလိုက်၍သာ တော်တော့သည်။
မဟုတ်လျှင် အေးခဲကာ သေသွားနိုင်သည်။

စုန့်ဝမ်မှာ သူ့ကို အကျပ်အတည်း ဖြစ်စေသည့် မြေခွေးညီနောင် ကို တွမ့်ကျန်းယွမ် က သိုင်းတစ်ကွက်တည်းဖြင့် အတွင်းဒဏ်ရာ


ရအောင် လုပ်လိုက်သော် အတော်ကို အံ့သြမိ သွားသည်။
စုန့်ဝမ်က အတွင်းအားကျင့်နေသော မိန်းကလေးကို တစ်လှည့် သွေးအန်နေသော မြေခွေးညီနောင် တို့ကို တစ်လှည့် ကြည့်ကာ
" ပြောကြစမ်း... မင်းတို့ဘာလုပ်ဖို့ ကြံနေကြတာလဲ... အနက်ရောင်သိုင်းသမား တွေ ခေါင်းမထောင်နိုင်တာ ငါးနှစ်ရှိပီ ဘယ်လိုကြောင့်
ငါ့ကိုတောင် လုပ်ကြံရဲနေကြတာလဲ "
ဟု မေးလိုက်သည်။

မေးလဲ မေးချင်စရာကောင်းလှသည်။ လွန်ခဲ့သည့် ငါးနှစ် ရှောင်စစ်တောင် တိုက်ပွဲတွင် သိုင်းလောကခေါင်းဆောင်


သူဖုန်းစားဂိုဏ်းချုပ်ကြီး ပုလုံ က အနက်ရောင်သိုင်းသမား တို့ကို ဦးဆောင် သည့် အဆိပ်ပန်းဂိုဏ်း နှင့် အဆိပ်မယ်တော် ကို
နှိမ်နှင်းပီးနောက် အနက်ရောင် သိုင်းသမား တို့်မှာ ခေါင်းပင်မထောင်ရဲကြတော့ပေ။ ယခုမူ ပျံလွှား အဘိုးအို စုန့်ဝမ်ကဲ့သို့
မဟာမိတ်အဖွဲ့တွင် အရေးပါသည့် လူကိုပင် လုပ်ကြံရဲ နေကြလေပီ။ အဘိုးအို စုန့်ဝမ် မှာ ကိုယ်ဖော့ပညာ တွင် သူမတူအောင်
တော်သဖြင့် သိုင်းပညာမှာ အဆင့်လွန် မဟုတ်သော် လဲ မဟာမိတ်အဖွဲ့၏ သြဇာရှိသူခေါင်းဆောင်များထဲတွင် ပါဝင်လေသည်။

ထိုစဉ်တွင် တွမ့်ကျန်းယွမ် နှင့် အဘိုးအို စုန့်ဝမ် ဆီသို့ အပ်များလွင့်ပျံလာလေသည်။


ခံထားရဖူးသော တွမ့်ကျန်းယွမ် တို့ နှစ်ယောက်မှာ ဒီတစ်ကြိမ်တွင်တော့ အပ်များဆီမှ လေတိုးသံကြားသည်နှင့် တစ်ပြိုက်နက်
အနောက်သို့ ကိုယ်စီ ခုန်ဆုတ်လိုက်ကြသည်။ ထွက်ပြေးရန် ချောင်းနေသော စန့်ဟိုင် နှင့် မြေခွေးညီနောင် မှာ တွမ့်ကျန်းယွမ် တို့
အနောက်ခုန်ဆုတ် သွားသည်နှင့် အခြေအနေကြည့်ကာ တစ်ဟုန်ထိုးထွက်ပြေးကြသည်။
တွမ့်ကျန်းယွမ် တို့က လိုက်ဟန်ပြင် လိုက်စဉ်တွင် ခုနထက် ပိုများသော အပ်များ ပျံလွင့် လာပြန်သည်။ စုန့်ဝမ်မှာ ကိုယ်ဖော့ပညာသုံးပီး
ထပ်မံခုန်ရှောင် လိုက်သော်လဲ တွမ့်ကျန်းယွမ် က ကျောက်စိမ်းယပ်တောင်ဖြင့် အပ်များကို ခပ်ထုတ်လိုက်လေသည်။
"ဟူး..."
အတွင်းအားကို အပြည့်သုံးလိုက်သည်ဖြစ်၍ အပ်များမှာ လာလမ်းအတိုင်း လာစဉ်ကထက် ပိုမြန်သောအရှိန်ဖြင့် ပျံ့လွင့် သွားလေသည်။
အမှောင်ရိပ်ထဲမှ " အွန့် " ဟုသော အသံကြားလိုက်ရတော့ အပ်များမှာ ပစ်သူကို ပြန်လည်ထမ
ှိန်သွားပုံပေါ်သည်။ သို့သော် ပစ်သူ၏
ထွက်ပြေးသော ခြေလှမ်းမှာ လျော့မသွားချေ။ တွမ့်ကျန်းယွမ် ဆီသို့ပင် အသံကျယ်ကျယ်ဖြင့် လှမ်းအော် သွားခဲ့သေးသည်။
" နောက်တစ်ခါ ထပ်တွေ့ကြသေးတာပေါ့ ကျောက်စိမ်းယပ်တောင် ဓားသမားရေ "

တွမ့်ကျန်းယွမ် လဲ အဘိုးအို စုန့်ဝမ်ကို လှမ်းကြည့်ကာ


" အဘ သူတို့က ဘယ်သူတွေလဲ ဘာကြောင့် အဘကို ထောင်ချောက်ဆင်သတ်ဖို့ ကြံနေကြတာပဲ "
ဟု မေးလိုက်သည်။

အဘိုးအို စုန့်ဝမ်က တွမ့်ကျန်းယွမ် ၏ လက်မောင်းက ဓားဒဏ်ရာကို ကြည့်ရင်း


"ငါ့တူ မင်းအဆင်ပြေရဲ့လား... မင်းကို သတ်သတ်မဲ့ ဒဏ်ရာရမိတယ် ငါဖြင့် အားနာလိုက်တာကွာ "
ဟု အားနာသော လေသံဖြင့် ပြောလိုက်သည်။

တွမ့်ကျန်းယွမ် အဘိုးအို၏ ဂရုစိုက်သော စကားသံကြောင့် ရှက်သွားမိလေသည်။ သူသတိမထားလိုက်မိ၍ ခံလိုက်ရသည်


မဟုတ်ပါလား။ ထိုအဖြစ်ကို သင်ခန်းစာ ယူရမည်ဟု တွေးမိလိုက်သည်။ ထို့နောက် အဘိုးအို စုန့်ဝမ်ကို
" ရပါတယ် ဗျာ အသေးအဖွဲပါ ကျနော် အသုံးမကျလို့ အလစ်တိုက်ခံရတာပဲ "
ဟု ပြောလိုက်လေသည်။

အဘိုးအို စုန့်ဝမ်က အိမ်ထဲသို့ ဝင်ရန် ခြေလှမ်းပြင်လိုက်ပီး


" ကဲ အိမ်ထဲဝင်ပီး အရင်အနားယူ ကြတာပေါ့ ငါ့တူရာ... အဲဒ
ီ့အဖြစ်အပျက်တွေက ရှည်တော့ မနက်ငါတို့ ခရီးသွားရင်းနဲ့မှ
အဘရှင်းပြမယ် အခုတော့ ဆေးထည့်ပီး အိပ်လိုက်တော့ "
ဟု ပြောလိုက်လေသည်။

တွမ့်ကျန်းယွမ် လဲ ငြင်းရန်အကြောင်း မရှိသဖြင့် အဘိုးအို စုန့်ဝမ် ၏ အိမ်ထဲဝင်ကာ ဒဏ်ရာကို ဆေးထည့်ပီး အနားယူအိပ်စက် ရန်
ပြင်တော့သည်။ သူ မအိပ်ပျော်ခင် လုပ်ကြံသူများက သူ့အား ကျောက်စိမ်းယပ်တောင် ဓားသမား ဟု ခေါ်သွားသည်ကို သတိရကာ
ပြုံးလိုက်မိသေးသည်။
" ကျောက်စိမ်းယပ်တောင် ဓားသမား "
ထိုအမည်ကို သဘောကျသဖြင့် သူ့၏ ဘွဲ့အဖြစ် အသုံးပြုရန် စဉ်းစားကာ အိပ်ပျော်သွားလေတော့သည်။
#မိုးထိတောင်သိုင်းသမား #ZYN
အခန်း (၇) အပိုင်း တစ်
ထုံဝူရေအိင
ုမှ သိုင်းကျမ်းပြပွဲ

မနက်မိုးတော်တော်လင့်မှ တွမ့်ကျန်းယွမ် လဲ အိပ်ယာမှနိုးလာသည်။ သူကိုယ်လက်သန့်စင် ပီးသော် အဘိုးအို စုန့်ဝမ်က မနက်စာစားဖို့


စောင့်နေသည်ကို တွေ့လိုက်ရသည်။ အဘိုးအို က တွမ့်ကျန်းယွမ် ကို လှမ်းကာ
" ငါ့တူ ထိုင်ကွာ မနက်စာကတော ဖြစ်သလိုပဲပေါ့... စားပီးတာနဲ့ တန်းထွက်ကြမယ် ခရီးက နှစ်ရက်ခရီးကွ "
ဟု ပြောလိုက်သည်။

တွမ့်ကျန်းယွမ် လဲ ဝင်ထိုင်ကာ စားသောက်လိုက်သည်။ အဘိုးအို၏ လက်ရာမှာ မဆိုးလှ အတော်ပင် ခံတွင်း တွေ့သည်။ ထို့နောက်
တွမ့်ကျန်းယွမ် က
" အဘ ထုံဝူရေအိုင်က ခိုင်ဖုန်းမြို့  ကနေဆို နှစ်ရက်တောင် သွားရတယ်လား ကျနော် တို့ ပြိုင်ပွဲ ကို မှီပါ့မလား.. မြင်းနဲ့ သွားမလား "
ဟု စိတ်ပူကာ ပြောလိုက်သည်။

အဘိုးအိုက ပြုံးကာ
" ငါ့တူရ ပြိုင်ပွဲက လေးရက်လောက် လိုပါ သေးတယ် လမ်းလျှောက်သွားလဲရနေတာကို မြင်းမဝယ်ချင်ပါနဲ့ကွာ မြင်းနှစ်ကောင် ဆိုတာ
ဈေးအတော်ကြီးတယ်ကွ ပီးတော့ ထိန်းသိမ်းရတာ ရှုပ်တယ် ငါကတော့ ငါ့ကိုယ်ဖော့ပညာနဲ့ သွားရတာ ပိုမြန်သလိုပ"ဲ ဟု
ပြောလိုက်သည်။

တွမ့်ကျန်းယွမ် လဲ သူက အဖော်လိုက်သူသာ ဖြစ်၍ ဆက်ကာ အတွန့်တက်မနေတော့ပေ။ ထို့နောက် နှစ်ယောက်သား ပြင်ဆင်ကာ


ခိုင်ဖုန်းမြို့ ထဲမှာ တောင်ဘက်စူးစူး သို့ ထွက်လာခဲ့ကြသည်။ မြို့ ပြင်ရောက်သော် အဘိုးအိုက တွမ့်ကျန်းယွမ် အား
" ကဲငါ့တူ သွေးပူလေ့ကျင့်ခန်းလေး စလိုက်ကြအောင်လား ငါတော့ ပြေးနှင့်ပီးကွာ နောက်က လိုက်ခဲ့ပေတော့ "
ဟု ပြောပီး သူ၏ ထက်မြက်သော ကိုယ်ဖော့ပညာ ဖြင့် ပြေးထွက်သွားသည်။

တွမ့်ကျန်းယွမ် လဲအားကျမခံ တိမ်နဂါးကိုယ်ဖော့ပညာဖြင့် နောက်ကလိက


ုသွားသည်။ အဘိုးအို၏ ကိုယ်ဖော့ပညာမှာ တွမ့်ကျန်းယွမ်
နှင့် အဆင့်တူရှိသဖြင့် တွမ့်ကျန်းယွမ် က အဘိုးနောက်သို့ လိုက်သော်လဲ တန်းတူမဖြစ်ချေ။ အဘိုးအိုက အရင်ထွက်သွားသည်
မဟုတ်ပါလား။

ထုံဝူရေအိုင်...
ထုံဝူရေအိုင်မှာ ခိုင်ဖုန်းမြို့  ၏ တောင်ဘက် တွင် တည်ရှိသော ရေအိုင်ကြီးဖြစ်သည်။ ရေအိုင်နံဘေးမှာ ရေအိုင်ကို အမှီပြု
နေထိုင်သူများ၏ ထုံဝူကျေးရွာလဲ ရှိလေသည်။ ခိုင်ဖုန်းမြို့  မှ နှစ်ရက်ခရီးသာ ရှိသဖြင့် ကျေးရွာမှာ အတော်အတန်
ဖွံဖြိုးတိုးတက်ကြသည်။ ထို့ပြင် ရေအိုင်ရှု့ခင်းမှာ လှပသဖြင့် ရှု့ခင်းကြည့်သူများလဲ လာရောက်လေ့ရှိကာ နာမည်ကျော်ကြားသည်။
သို့သော် ထုံဝူရေအိုင် က သိုင်းလောကတွင် လူသိများရခြင်းမှာတော့ ရှု့ခင်းကြောင့် မဟုတ်ပေ ရေအိုင်၏ အနောက်ဘက်တွင်
မုယုံစံအိမ် တည်ရှိသောကြောင့်သာ ဖြစ်သည်။

မုယုံစံအိမ်...
မုယုံမျိုးနွယမ
ှ်ာ သိုင်းလောကတွင် နာမည်အကြိမ်ကြိမ် ကျော်ကြားခဲ့ကြသည်။ လွန်ခဲ့သည့် အနှစ်သုံးဆယ်ခန့် ကတော့ နိမ့်ပါး နေခဲ့ပီး
ယခု ဆယ်နှစ်ပိုင်းအတွင်းမှ ပြန်လည်ကျော်ကြားလာခဲ့ခြင်းဖြစ်သည်။ နိမ့်ကျနေခဲ့သော မုယုံစံအိမ်ကို ပြန်လည် တွန်းတင်ပေးသူက
လက်ရှိ စံအိမ်သခင်ကြီး မုယုံပေါ် ဖြစ်သည်။ သူက အဖြူအနက် သိုင်းလောကသားတို့၏ တိုက်ပွဲတွင် သူဖုန်းစားဂိုဏ်းမှ ဂိုဏ်းချုပ်ကြီး
ပုလုံ ကို စွမ်းစွမ်းတမံ ကူညီပေးခဲ့ပီး သိုင်းလောကတွင် အစွမ်းပြကာ မုယုံမျိုးနွယ်တို့ကို အထင်ကြီးအောင် ကြံဆောင်နိုင်ခဲ့လေသည်။
သို့သော် လွန်ခ့ေ
ဲ သာ ငါးနှစ်က ရှောင်စစ်တောင် တိုက်ပွဲတွင်မူ ပါဝင်ခြင်း မရှိချေ။ တပည့်များသာ မုယုံပေါ် ကိုယ်စား
ပါဝင်တိုက်ခိုက်စေသည်။ သူကိုယ်တိုင်ကမူ ကျန်းမာရေးမကောင်းဟု အကြောင်းပြကာ စံအိမမ
ှ် မထွက်သည်ပင် ငါးနှစ်ကျော်တော့မည်
ဖြစ်သည်။ မုယုံပေါ် တွင် တပည့်တပန်းများ ပေါများသော်လဲ အမွေဆက်ခံသူဟူ၍ တစ်ဦးတည်းသော သမီးဖြစ်သူ မုယုံချန်းရှောင်း
သာရှိလေသည်။ မုယုံချန်းရှောင်းကတော့ သိုင်းလောကကို ဝင်ထွက်လေ့ရှိပီး နတ်သမီးလေးဖော် တွင် တစ်ဦးအဖြစ်ပါဝင်သူ ဖြစ်သည်။
ယခုမူ မုယုံစံအိမ် က သိင
ုးပြိုင်ကာ သိုင်းကျမ်းလု မည်ဆိုသဖြင့် သိုင်းလောကသားများမှာ အထူးပင် စိတ်ဝင်စားကြသည်။ မုယုံစံအိမ်နှင့်
ယှဉ်လုသူများမှာလဲ နယ်နယ်ရရတော့ မဟုတ်ပေ။ မိုးနန်းတော် ဟု အမည်တွင်သော သိုင်းအဖွဲ့အစည်း ဖြစ်သည်။

မိုးနန်းတော်...
မိုးနန်းတော် ကတော့ လွန်ခဲ့သည့် ငါးနှစ် ရှောင်စစ်တောင် တိုက်ပွဲ ပီးမှသာ နာမည်ကျော်လာခြင်းဖြစ်သည်။ မိုးနန်းတော်
နာမည်ကြီးရခြင်းမှာ တပည့်များ၏ သိုင်းစွမ်းနှင့် မိုးနတ်မယ်ဟု ခေါ်တွင်သော လီယင်းယင်း ကြောင့် ဖြစ်လေသည်။ လီယင်းယင်း ၏
အလှအပ နှင့် သိုင်းပညာစွမ်းက ညို့ ယူဖမ်းစား နိုင်သည် မဟုတ်ပါလား။ သူမသည်လဲ မုယုံချန်းရှောင်း လိုပင် နတ်သမီးလေးဖော်တွင်
ပါဝင်သူ ဖြစ်လေသည်။

အဘိုးအို စုန့်ဝမ်က ပြေးလိုက်နားလိုက်နှင့်ပင် တွမ့်ကျန်းယွမ် ကို သူသိချင်နေသော လုပ်ကြံသူ အနက်ရောင် သိုင်းသမားများ


အကြောင်းကို ပြောပြလိုက်သည်။ ထို့အပြင် မုယုံစံအိမ် နှင့် မိုးနန်းတော်တို့ အကြောင်းကိုလဲ သူသိထားသမျှ
အကုန်ပြောပြပေးလေသည်။ သူတို့နှစ်ယောက် မှာ ပြေးလိုက် ခဏနားကာ စကားပြောလိုက်နှင့်ပင် ညနေစောင်း သို့ ရောက်သော်
ထုံဝူရေအိုင်သို့ ရောက်ရှိသွားလေသည်။ သူတို့ ကိုယ်ဖော့ပညာ က အဆင့်မြင့်သဖြင့် နားနားနေနေ ခရီးဆက်သော်လဲ နှစ်ရက်ခရီးကို
နေ့မကူးပဲ ရောက်ရခ
ှိဲ့ခြင်း ဖြစ်သည်။ အဘိုးအို စုန့်ဝမ်မှာလဲ တွမ့်ကျန်းယွမ် ၏ ကိုယ်ဖော့ပညာကို ချီးကျူးမိသည် သိုင်းလောကတွင်
သူ၏ကိုယ်ဖော့ပညာကို တန်းတူလိုက်နိုင်သောသူ မရှိကြောင်း သိထားရသောကြောင့် ဖြစ်ပေသည်။ ဤလူငယ်မှာ အတွင်းအား၊
ဓားပညာ၊ ယပ်တောင်သိုင်း၊ လက်ချောင်းသိုင်း၊ ကိုယ်ဖော့ပညာ၊ အစရှိသည်ဖြင့် ဘက်စုံထူးချွန်လှသည် မဟုတ်ပါလား။

တွမ့်ကျန်းယွမ် တို့လဲ ထုံဝူရေအိုင် သို့ရောက်သော် ထုံဝူကျေးရွာထဲသို့ဝင်ကာ တည်းခိုလိုက်ကြပီး သိုင်းကျမ်းပြပွဲ နေ့သို့ ရောက်အောင်


ထုံဝူရေအိုင်ထဲ တွင် ငါးမျှားလိုက် ရှု့ခင်းကြည့်လိုက် ဖြင့် အေးအေး လူလူ စောင့်နေလိုက်ကြသည်။

တွမ့်ကျန်းယွမ် မှာ မနေ့က တစ်နေ့လုံး ထုံဝူရေအိုင် အရှေ့ဘက်တွင် အဘိုးအို စုန့်ဝမ်နှင့်အတူ ရှု့ခင်းကြည့် ငါးမျှား လုပ်နေရာမှ
ဒီနေ့တွင် မနက်စောစောထကာ ရေအိုင် အနောက်ဘက်ခြမ်းသို့ သွားရန် ရည်ရွယ် လိုက်သည်။ အဘိုးအို စုန့်ဝမ်ကတော့ ပြိုင်ပွဲသို့
လာရောက်သော တခြား သိုင်းသမားကြီးများနှင့် ရွာထဲရှိ စားသောက်ဆိုင်ထဲတွင် စကားပြော၍ ကျန်ခဲ့လေသည်။ တွမ့်ကျန်းယွမ် ကမူ
ရှု့ခင်းကြည့်ရန် အင်မတန် ဝါသနာပါရကာ တစ်ယောက်တည်းပင် ထွက်လာခဲ့ လေသည်။ သိုင်းကျမ်းပြပွဲ ကလဲ နှစ်ရက် လိုသေးသည်။
သူလဲ လုပ်စရာသိပ်မရှိသည် မဟုတ်ပါလား။ ထို့ပြင် အဓိကအချက်မှာ လူမရှိနိုင်သည့် နေရာရှာ၍ သူတတ်ကျွမ်းသမျှ သိင
ုးပညာများကို
အစအဆုံးတစ်ခေါက် လေ့ကျင့်ရဦးမည် ဖြစ်သည်။ သူမလေ့ကျင့်ဖြစ်သည်မှာ ကြာလေပီ။

ရေအိုင်၏ အနောက်ဘက်ခြမ်းမှာ အရှေ့ခြမ်းကဲ့သို့ ရေပြင်သာရှိသည်မဟုတ်ပဲ တောင်ကုန်းပုလေးများနှင့် တောတန်းလေးပါ


ရှိသည်ကိုတွေ့ရသည်။ တောတန်းလေး၏ အရှေ့တွင် မုယုံစံအိမ် တောင်ဘက်သို့ဟု လမ်းညွှန်ဆိုင်းဘုတ်ကလေး စိုက်ထူ ထားသည်
ကိုတွေ့ရလေသည်။ ထို့ကြောင့် တွမ့်ကျန်းယွမ် က မြောက်ဘက်ရှိ တောင်ကုန်းပုလေးများဆီသို့ ခြေဦးတည် လိုက်သည်။
တောင်ကုန်းပုလေးများ ဟု ထင်ရသော်လဲ တကယ်တမ်း တက်ကြည်ေ
့ သာအခါ တောင်ကုန်းများမှာ အတော်အတန်မြင့်မားပီး
လျှိုများလဲ အတော်နက်သည်ကို တွေရ
့ သည်။ တွမ့်ကျန်းယွမ် မှာ အတော်ကြာ လျှိုကြားထဲ ဆင်းနေရာမှ တစ်နေရာအရောက်တွင်
ရေသံ ကြားရပီး ရေတံခွန် အသေးစားလေးကို မြင်ရလေသည်။ တွမ့်ကျန်းယွမ် မှာ ရေတံခွန်ကို မြင်သော် ပျော်မိလေသည်။ သူက
ရေတံခွန်တွေကို နှစ်သက်သည် မဟုတ်ပါလား။ သူတို့ မိုးထိတောင်တင
ွ်လဲ ရေတံခွန်များ တော်တော်များများ ရှိလေသည်။ သူ့ဆရာ
ဝေထင်း သိုင်းကျင့်ရာ မြေကွက်လပ် အနောက်တွင်ပင် ရေတံခွန်တစ်ခုရှိလေရာ သူတို့ ဆရာတပည့်နှစ်ယောက် အမြဲလိုလို
ရေတံခွန်အောက်တွင် အတွင်းအားကျင့် သိုင်းကျင့်လေ့ရှိကြသည်။ ယခုလဲရေတံခွန် ကိုတွေ့သည်နှင့် သူရှာနေသော နေရာ တွေ့ပီ
ဆိုကာ အပေါ်အင်္ကျီချွတ်ကာ ရေထဲသို့ ဆင်းသွားလေတော့သည်။ ရေတံခွန် အောက်သို့ ရောက်ရောက်ခြင်းပင် လန်းဆန်းသွားသလို
ခံစားရကာ သူတတ်ကျွမ်းသမျှ သိုင်းကွက်များကို ထုတ်ကာ လေ့ကျင့်မိလေသည်။

ပထမဆုံးလေ့ကျင့်မိသည်ကာ သူတို့တွမ့်မျိုးနွယ်၏ ရိရန် လက်ချောင်းသိုင်း...


အကွက်ပေါင်း နှစ်ရာကျော်သော အကြောထိုးကွက်များကို သူလူမှန်းသိတတ်စ အရွယ်ကပင် ကောင်းကင်နဂါးကျောင်း တွင်
ကျွမ်းကျင်နေအောင် လေ့ကျင့်ရသည်။ သူသည် ဘုရင့်သားတော် အိမ်ရှေ့စံမင်းသား ဖြစ်သည်မဟုတ်လား။ သူတို့ မင်းမျိုးနွယ်
များသည် တခြားသူများထက် သာအောင် လေ့ကျင့်ကြရသည် ဒါမှ ထီးနန်းဆက်ခံသော အခါ သိုင်းပညာအတော်ဆုံးဖြစ်၍
မှူးမတ်များက မတော်လှန်ဝင့်ပေမည်။

လက်ချောင်းသိုင်း ကျင့်ပီးသော် သူ့ကို ကျောင်းတော်က ရလာသော အေးစိမ့်အတွင်းအားကျင့်စဉ်ကို လေ့ကျင့်ကာ အတွင်းအားကို


တစ်ကိုယ်လုံး လှညပ
် တ်လိုက်သည်။ ပတ်ဝန်းကျင် တစ်ခုလုံး အေးစိမ့်စိမ့် ဖြစ်သွားပီး သူ့ခြေထောက်အောက်မှ ရေထုမှာ ခဲလုလု
အေးခဲသွားလေသည်။ သို့သော် တွမ့်ကျန်းယွမ် မှာ ထိုအတွင်းအားကို အဆင့်ကုန် အောင်မြင်ခြင်း မရှိပေ။ ထို့နောက် အေးစိမ့်လက်ဝါး
ဆိုသော လက်ဝါးသိုင်း သုံးဆယ်ခြောက်ကွက်ကို လေ့ကျင့်လိုက်တော့သည်။ ထိုလက်ဝါးသိုင်းမှာ ပြင်းထန် ရက်စက်လွန်းသည်။
အအေးလှိုင်း အတွင်းအားကို အသုံးပြုပီး တိုက်ကွက်တိုင်း က ရန်သူကို သတ်ဖြတ်နိုင်စွမ်းပြင်းကာ ရန်သူ၏ သိုင်းကွက်ကို
ရှောင်တိမ်းရန် သိုင်းကွက်ပင် မပါရှိချေ။ တွမ့်ကျန်းယွမ် မှာ ထိုလက်ဝါးသိုင်းကို ကျင့်သာလေ့ကျင့် သော်လဲ အသုံးပြုရန်
ရည်ရွယ်ချက်မရှိချေ။ ရက်စက်လွန်းသည် မဟုတ်ပါလား။

သုံးဆယ်ခြောက်ကွက်လုံးပြီးဆုံးသောအခါ တွမ့်ကျန်းယွမ် မှာ သတ်ချင်ဖြတ်ချင်စိတ် များ ဖြစ်ပေါ်လာလေသည်။ ဤကား


ထိုသိုင်းပညာ၏ ချို့ ယွင်းချက်ပင် ဖြစ်၏။ထို့ကြောင့် ကုန်းပေါ်တက်ပီး ရိကျင့်အကြောပြောင်း ကျင့်စဉ်အတိုင်း အတွင်းအားကို
လည်ပတ်ကာ အေးစိမလ
့် က်ဝါး၏ မိစ္ဆာဓာတ် ကိုကုစားလိုက်ရသည်။ ရိကျင့် အကြောပြောင်းကျင့်စဉ် မူလမှာ ရှောင်လင်ကျောင်းက
ဆိုသော်လဲ ကျင့်စဉ်အပြည့်အစုံမှာ သူတို့ ကောင်းကင်နဂါး ဘုန်းကြီးကျောင်းတွင်သာ ရှိလေသည်။ သူတို့၏ ဘိုးဘေး ဘုရင် တွမ့်ယွိ က
မထင်မှတ်ပဲ ရလာသဖြင့် ကောင်းကင်နဂါးကျောင်းတော် က ထိမ်းသိမ်းထားခြင်းဖြစ်သည်။ ထိုအတွင်းအားကျမ်းမှာ
ကောင်းကင်နဂါးကျောင်း တွင်ပင် လေ့ကျင့်နိုင်သူ ရှားပါသည်။ ထိုပညာမှာ ကျောင်းထိုင်ဆရာတော် များသာ လေ့ကျင့်ခွင့် ရှိတာ ဖြစ်ပီး
တွမ့်ကျန်းယွမ် ၏ ခမည်းတော် တွမ့်ကျန်းချွမ် ပင် မတတ်ကျွမ်းပေ။ တွမ့်ကျန်းယွမ် က မမျှော်လင့်ပဲ တားမြစ်ထားသော
အေးစိမ့်လက်ဝါးသိုင်းကို ကျင့်မိလေရာ အဆင့်ကုန်မအောင်မြင်သဖြင့် မိစ္ဆာဓာတ် ထ၍ အတွင်းအားဖောက်ပြန်ပီး ရူးခါနီးဆဲဆဲတွင်
ကျောင်းထိုင်ဆရာတော် ခုံတိက ရိကျင့်အကြောပြောင်းသိုင်းကျမ်းကို သင်ပေးခြင်းဖြင့်ကုသပေးလိုက်ရလေသည်။
ရိကျင့်အကြောပြောင်း ကျင့်စဉ်ကို ကျင့်ပီး နောက် တွမ့်ကျန်းယွမ် ၏ သွေးကြောများမှာ နွေးထွေးကာ နေလို့ထိုင်လို့ ကောင်းသွားသည်။
ပတ်ဝန်းကျင် လဲ အေးစိမ့်နေရာမှ ပြန်လည်ကြည်လင် လာလေသည်။ ထို့ကြောင့် တွမ့်ကျန်းယွမ် က ကျောက်စိမ်းယပ်တောင် ကို
ယူကာ လှပသော ယပ်တောင်သိုင်းကွက် တစ်ရာ့ရှစ်ကွက်ကို ကစားလိုက်သည်။ ထိုသိုင်းကွက်မှာ ကောင်းကင်နဂါး ကျောင်းတော်၏
နောက်ဆုံးတီထွင် ထားသော သိုင်းကွက်ဖြစ်ပီး လှပသော သိင
ုးဟန် ရှိလေသည်။ သိုင်းကွကမ
်ျားက လှပသလို ထက်မြက်သည်။
ရန်သူကို ရှုပ်ထွေးပွေလီသော အလှည့်အပြောင်း များနှင့် ပိတ်ဖမ်းစေနိုင်သော သိုင်းကွက်များဖြစ်သည်။ ထိ့ေ
ု ကြာင့် တွမက
့်ျန်းယွမ် က
ထိုသိုင်းကို အေးစိမ့်အတွင်းအားလှိုင်းအသုံးပြုကာ မြေခွေးညီနောင်ကို တစ်ချက်တည်းဖြင့် ပိတ်ဖမ်းရန် အသုံးပြုဖူးလေသည်။

ထို့နောက်တွင်မူ အနက်ရောင်ဓားကို လှမ်းယူကာ သူ့ဆရာဖြစ်သူ ဓားဘုရင် ဝေထင်း၏ ဓားပညာကို လေ့ကျင့်လိုက်သည်။ သူ့ဆရာက


သူ့ကို သိုင်းသင်ပေးအောင် သူ့ခမည်းတော်က တောင်းဆိုထားရသည် မဟုတ်ပါလား။ ခမည်းတော် ဘုရင်ကြီးတွမ့်ကျန်းချွမ်က
ဓားပညာကို စိတ်ဝင်စားသည်ကို သူသိသည်။ သူ့ကို သူ့ဆရာ ဝေထင်းကော ခမည်းတော်ကပါ ဓားပညာတွင် ထူးချွန်စေချင်ကြသည်။
တွမ့်မျိုးနွယ်၏ ဂုဏ်ထူးဆောင် ဓားသမား အဖြစ်မြင်လိုကြသည်။ ထို့ကြောင်ပင် တွမ်းကျန်းယွမ် က အနှစ်နှစ်ဆယ်ခန့် အပင်ပန်းခံကာ
ဓားပညာကို ကြိုးစားလေ့ကျင့်ခဲ့ပေသည်။ သူ့၏ လက်ရှိ ဓားပညာမှာ ဓားနှင့်လူ တစ်သားတည်း ဆိုသော အဆင့်ကို ရောက်ရှိနေပီ
ဖြစ်သည်။ ဝေထင်း၏ သင်ကြားပေးပုံမှာ ထူဆန်းလှသည်။ ဓားကွက်များကို အလွတ်ရအောင် လေ့ကျင့်ခင
ိုးပီးသော်
မေ့သွားသည်အထိပင် သူကိုယ်တိုင် ရန်သူလို တိုက်ခိုက်ခြင်းဖြင့် သင်ပေးခြင်းဖြစ်သည်။ သို့မှသာ အသွေးအသားထဲမှ ဓားကွက်ကို
သတိရနေပီး အပြင်ပန်းတွင်တော့ ဓားကွက်ကိုမေ့လျော့နေမည် မဟုတ်ပါလား။ အမှန်စင်စစ် တွမ့်ကျန်းယွမ် မှာလဲ ဓားသိုင်းတွင်
ပါရမီကော ဝါသနာ ပါလေသည်။ သူတတ်သမျှ သိုင်းပညာများထဲတွင် ဓားပညာမှာ အဆင့်အမြင့်ဆုံးဖြစ်သည်။ သူ့ဆရာ ဝေထင်းလို
အထွဋ်အထိပ်ရောက် နေသော ဓားသမားကိုပင် အကွက်ပေါင်းထောင်ချီကာ ခုခံနိုင်သဖြင့် တွမ့်ကျန်းယွမ် ၏ ဓားပညာမှာ
လက်ရှိသိုင်းလောကတွင် ယှဉ်နိုင်သူ အလွန် ရှားပါးသည်ဟု ဆိုနိုင်လေသည်။

တွမ့်ကျန်းယွမ် မှာ သူတစ်ယောက်တည်း ရှိလေဟန်ဖြင့် ပတ်ဝန်းကျင်ကို ဂရုမထားပဲ သိုင်းလေ့ကျင့်နေသည်မှာ အတော်ပင်ကြာနေပီ


ဖြစ်သည်။ အချိန်မှာ သုံးလေးနာရီ ကြာပီ ဖြစ်သဖြင့် နေ့လည်ခင်းတောင် ရောက်နေပီ ဖြစ်သည်။
ဓားပညာလေ့ကျင့်ပီး ဓားကိုသိမ်းရန် ကုန်းပေါ်သို့ ခုန်တက်လိုက်လေသည်။ ထို့နောက် ဘောင်းဘီမှ ရေများကို ညှစ်ရန်
ချွတ်ချလိုက်သောအခါ

" အို... "


ဟူသော အသံလေးကြားလိုက်ရလေသည်။
တွမ့်ကျန်းယွမ် လဲ ရှက်သွားမိပီး ဘောင်းဘီကို အမြန်ပြန်ဝတ်ကာ အသံကြားရာသို့ လှည့်ကြည့်လိုက်မိသည်။

သူမြင်ရသည်ကား အလွန်လှပသော မိန်းမပျိုလေး တစ်ယောက်ကာ ရှက်သွေးဖြာကာ သူမ၏မျက်နှာကို လက်ဖြင့်ကာထားလျက်


ရှိသည်ကို တွေ့လိုကရ
် သည်။ ထိုမိန်းကလေးက ကိုယ်လုံးကိယ
ုပေါက် သွယ်လျကာ ရှိုက်ကြီးဖိုငယ် သွယ်သွယ်ဖြင့် ပြည့်စုံလေသည်။
သူမ၏ အဝတ်အစားမှာ သိုင်းဝတ်စုံ ဖြစ်သော်လဲ သူမ၏ အလှအပများကို ဖုံးကွယ်ခြင်းမပြုနိုင်ပေ။ ချပ်ချပ်ရပ်ရပ်ရှိကာ ပို၍ပင်
အလှတိုးစေသည်။ တွမ့်ကျန်းယွမ် မှာ တောထဲတွင် နတ်သမီးလေး တစ်ပါးကို မြင်လိုက်ရသလို ဖြစ်ကာ အံ့သြငေးကြည့် နေမိသည်။

ထိုမိန်းကလေးက ကာထားသော လက်ကို မရဲတရဲချကာ သူ့ကို ကြည့်တော့ သူမကို ငေးကြည့်နေသော အပေါ်ပိုင်းဗလာနှင့်


တွမ့်ကျန်းယွမ် ကိုတွေ့ကာ လှပသော မျက်နှာလေးမှာ ရှက်သွေးများဖြာကာ ရဲခနဲ အနီရိပ်လေးသမ်းသွားလေသည်။ သူမက
ခေါင်းလေးကို ဘေးသို့စောင်းကာ ရှက်ဝဲဝဲ ဖြစ်သွားသည်။

ထိုအဖြစ်ကို မြင်လိုက်ရသော တွမ့်ကျန်းယွမ် မှာ ရင်ဘတ်ထဲတွင် တစ်ခုခုဖောက်ခွဲခံလက


ို ရသလို ဒိန်းခနဲ
ဖြစ်ကာသွားသည်။မိန်းကလေး၏ မျက်တောင် ကောကော့လေးများ၊ စင်းနေသော နှာတံ၊ ပါးလွှာပီး နီစွေးနေသော နှုတ်ခမ်း၊
ရှက်သွေးဖြာနေသဖြင့် ရဲနေသော ပါးပြင် မို့မို့ သူအဖို့ ထိုအရာများကို အသေးစိတ်မြင်နေပီး ဒီတစ်သက်မေ့ဖျောက်ဖို့
မလွယ်ကူတော့ပေ။
#မိုးထိတောင်သိုင်းသမား #ZYN
အခန်း (၇) အပိုင်း နှစ်
ထုံဝူရေအိုင်မှ သိုင်းကျမ်းပြပွဲ

မိန်းကလေးမှာ ရှက်ဝဲဝဲဖြစ်နေရာမှ ထွက်သွားရန် ပြင်လိုက်သည်။ သို့သော် တွမ့်ကျန်းယွမ် ရပ်နေသောနေရာမှာ သူမထွက်ရန်လမ်း


ဖြစ်သောကြောင့် ထွက်မသွားနိုင် ဖြစ်နေပြန်သည်။

တွမ့်ကျန်းယွမ် လဲ ငေးကြည့်နေရင်းမှ မိန်းကလေး၏ အဖြစ်ကိုမြင်ကာ


" တောင်းပန်ပါတယ် မိန်းကလေး "
ဟု အင်္ကျီ ကို အမြန်ဝတ်ကာ လမ်းဖယ်ပေးလိုက်သည်။

မိန်းကလေးလဲ ကိုးယို့ကားယား ဖြစ်နေတာတောင်မှ ကြည့်ကောင်း နေသေးသော တွမ့်ကျန်းယွမ် ကို တစ်ချက်ကြည့်ကာ ပြေးထွက်


သွားလေသည်။ တွမ့်ကျန်းယွမ် မှာ ပြေးထွက်သွားသော မိန်းကလေးကို ငေးကြည့်ကာ ကျန်ခဲ့လေတော့သည်။

အတန်ကြာ ငေးငိုင်နေရာမှ တွမ့်ကျန်းယွမ် လဲ ဝတ်စုံများကို သပ်သပ်ရပ်ရပ် ပြင်ဝတ်ကာ ထိုနေရာမှ ပြန်လာခဲ့တော့သည်။ သူ၏


ခေါင်းထဲတွင်တော့ ထိုမန
ိးကလေးက ဘယ်သူလဲ? ဘာကြောင့်တိုက်တိုက်ဆိုင်ဆိုင် ဒီနေရာကို ရောက်နေရသလဲ? ဘယ်မှာနေသလဲ ?
စသည်ဖြင့် မေးခွန်းများ ဖြင့်သာ ပြည့်နှက်နေသည်။ သူ အမျှော်လင့်ဆုံးကတော့ သူမကို ထပ်တွေ့နိုင်ဦးမလား ဆိုသည့် မေးခွန်းပင်
ဖြစ်တော့သည်။

ရွာထဲပြန်ရောက်သော် အဘိုးအို စုန့်ဝမ်က ညစာစားရန် စောင့်နေသဖြင့် အတူပင် စားသောက်ပီး အိပ်ယာဝင်လိုက်တော့သည်။


အတွေးများကတော့ သူမဆီသာ ရောက်လျှက် မနက်ဖြန် ထိုရေတံခွန် သို့ တစ်ခေါက် ပြန်သွားကြည့်ရမည် ဟု ဆုံးဖြတ်မိလေသည်။

နောက်နေ့မနက် ရောက်သော် တွမ့်ကျန်းယွမ် မှာ ရေတံခွန်သို့သွားကာ သိုင်းလေ့ကျင့်ရင်း စောင့်နေသော်လဲ မိန်းကလေးမှာမူ


ပေါ်မလာချေ။ တွမ့်ကျန်းယွမ် လဲ ညနေစောင်းတွင် စိတ်ပျက်လက်ပျက်ဖြင့် ပြန်ခဲ့လေသည်။ သို့သော် သူ့မှာ ကြာကြာ ဆွေးချိန်မရချေ။
မနက်ဖြန်သည် သိုင်းကျမ်းပြပွဲ နေ့ဖြစ်သဖြင့် ထုံဝူကျေးရွာ သို့ ညပိုင်းတွင် သိုင်းသမားများ တစ်ဖွဲဖွဲ ရောက်လာသောကြောင့်
ဖြစ်လေသည်။ အဘိုးအို စုန့်ဝမ်မှာ သိုင်းသမားကြီးများ နှင့် တွမ့်ကျန်းယွမ် ကို မိတ်ဆက်ပေးလေသည်။ နာမည်ကျော်
သိုင်းဂိုဏ်းကြီးများ ဖြစ်သော ရှောင်လင်၊ ဝူတန်၊ ဝါစန်း၊ ခွန်လွန်၊ အော့မေ့၊ ခုံတုံဂိုဏ်းတို့်မှ တပည့်များမှာမူ ထုံဝူကျေးရွာ သို့
ရောက်မလာချေ။ ထိုဂိုဏ်းများမှာ အရှိန်အဝါကြီးသဖြင့် မုယုံစံအိမ်က တိုက်ရိုက်ဖိတ်သောကြောင့် ထိုဂိုဏ်းမှ ကိုယ်စားလှယ်များမှာ
မုယုံစံအိမ်တွင် တည်းခိုကြောင်း သိရှိရလေသည်။ သို့သော် သူဖုန်းစားဂိုဏ်းမှ ဂိုဏ်းသားများမှာမူ တခြားသိုင်းသမားတို့ နှင့်အတူ
ထုံဝူကျေးရွာ တွင်သာ တည်းခိုကြလေသည်။ သူတို့က သူတို့၏ ခေါင်းဆောင် ဂိုဏ်းခွဲမှူး ပိုင်လုံကို စောင့်နေကြခြင်း ဖြစ်သည်။ အဘိုးအို
စုန့်ဝမ်က တွမ့်ကျန်းယွမ် ကို သိုင်းသမားများအား မိတ်ဆက်ပေးရာတွင် လူငယ်သိုင်းသမား အဖြစ်သာ မိတ်ဆက်ပေးပီး
ဦးရီးတော်တွမ့်၏ မျိုးဆက်တပည့် ဟု မိတ်မဆက်ပေးချေ။ ထိုေ့ကြာင့် သိုင်းလောကသားတို့်မှာ တွမ့်ကျန်းယွမ် ကို
လူသစ်သိုင်းလောကသား ကျောက်စိမ်းယပ်တောင်ဓားသမား ဟုသာ သိရှိကြသည်။ သိုင်းလောကသားတို့မှာ မနက်ဖြန် မုယုံစံအိမ် တွင်
ကျင်းပမည့် သိုင်းကျမ်းပြပွဲ ကို စိတ်ဝင်စားက တစ်ညလုံး စိတ်လှုပ်ရှားနေကြတော့သည်။

သိုင်းကျမ်းပြပွဲ နေ့....
ဒီနေ့သည် ချိန်းဆိုထားသော သိုင်းကျမ်းပြပွဲ နေ့ဖြစ်တာကြောင့် သိုင်းသမားတို့်မှာ ခင်ရာလူစုရင်း မုယုံစံအိမ်သို့ သွားကြလေသည်။
အချိန်မှာ နေ့လည်ခင်း မရောက်တစ်ရောက် လောက်ရှိ နေလေပီဖြစ်သည်။ မုယုံစံအိမ် သို့ရောက်သောအခါ သိုင်းသမားတို့ကို
နာမည်ကျော်ကြားမှု အဆင်အ
့ လိုက် ဧည့်ခံနေရာ ချထားပေးလေသည်။ တွမ့်ကျန်းယွမ် မှာ နာမည်မရှိသော်လဲ အဘိုးအို စုန့်ဝမ်နှင့်အတူ
လာသောကြောင့် အဘိုးအို၏ တပည့်ဟု ထင်ကာ ထိပ်တန်းသိုင်းသမားများ ထိုင်ရာဝိုင်းတွင် နေရာရလေသည်။

ထိုနေရာတွင် ဝူတန်းဂိုဏ်းမှ ကျန်းစန်းယွမ် လဲ ရှိနေလေသည်။ ကျန်းစန်းယွမ် မှာ သူ၏ ဂိုဏ်းတူအကို ဖြစ်ဟန်တူသူတွေနှင့်


ထိုင်နေသည်ကို တွေ့ရသည်။ ကျန်းစန်းယွမ် က တွမ့်ကျန်းယွမ် ကိုမြင်သောအခါ အရှုံးကို သတိရမိ၍ မျက်နှာတစ်ချက်ပျက်
သွားလေသည်။ ထိ့တ
ု ခုံတုံဂိုဏ်း မှ ဝမ်ပ့ကလဲ သူ့ဆရာဖြစ်သူ မော်ရိဟွာ၏ ဘေးတွင် ထိုင်ကာ တွမ့်ကျန်းယွမ် ကို မကျေမချမ်း
ကြည့်နေလေသည်။ တွမ့်ကျန်းယွမ် ကတော့ ခပ်ပြုံးပြုံးပင် နေလိုက်သည်။ အဘိုးအိုကတော့ လူတိုင်းနှင့် သိရှိလေရာ အကုန်လုံးက
သူ့အားနှုတ်ဆက်နေကြသည်။ အဘိုးအိုကလဲ ထိပ်တန်းဂိုဏ်းများမှ ကိုယ်စားလှယ်များနှင့် တွမ့်ကျန်းယွမ် ကို သူ၏ တူဟု
ပြော၍မိတ်ဆက်ပေးလေသည်။ တွမ့်ကျန်းယွမ် လဲ အခုမှပင် ထိပ်တန်းဂိုဏ်းသားများကို နာမည်နှငလ
့်ူ တွဲကာ သိရတော့သည်။

ရှောင်လင်မှ တိုက်အုပ်ဆရာတော် ရွှယ်ထန်းနှင့် တပည့်ဘုန်းကြီးများ


ဝူတန်ဂိုဏ်း က တပည့်ကြီး ကျန်းမော်ဖုန်း နှင့်ထိုက်ကျိဓားကျန်းစန်းယွမ်တို့တပည့်များ
ဝါဆန်းဂိုဏ်းချုပ်၏သား ဖြစ်သူ ပိုင်ချုန်းရန် နှင့် ဝါစန်းတပည့်များ
ခွန်လွန်ဂိုဏ်းချုပ် အသစ်ဖြစ်သူ မုထူဝါး နှင့် တပည့်များ
ခုံတုံဂိုဏ်းချုပ် မော်ရိဟွာ နှင့် တပည့်များ
အော့မေ့ဂိုဏ်း မှ ဂိုဏ်းချုပ် ကျိုးမော့ နှင့် မိန်းမလှလေး ကျိုးကျစ်ယွင် တို့ တပည့်များ လာရောက်ကြလေသည်။

တွမ့်ကျန်းယွမ် တို့ နှစ်ယောက်မှာ စားပွဲဝိုင်းအလွတ်တွင် ဝင်ထိုင် လိုက်ကြသည်။ ဘေးဘီကို ကြည့်မိရာ ကျိုးကျစ်ယွင် ကို မြင်သော်
သူမေ့မရသော မိန်းမလှလေးကို သတိရမိသည်။ ထိုမိန်းကလေးသည်လဲ ကျိုးကျစ်ယွင် ကဲ့သို့ လှပသည် မဟုတ်ပါလား။
ကျိုးကျစ်ယွင် မှာ အသက် နှစ်ဆယ်ခန့်သာ ရှိသေးပီး ပန်းကလေး တစ်ပွင့်လို နုနယ်လှပလေသည်။ ကျိုးကျစ်ယွင် က သူ့ကို
ငေးစိုက်ကြည့်နေသော ချောမောခန့်ညားသည့် တွမ့်ကျန်းယွမ် ကို တစ်ချက်ကြည့်ကာ ရှက်ဝဲဝဲ ဖြစ်သွားလေသည်။ ထို့အဖြစ်အပျက်ကို
ကျန်းစန်းယွမ် က မြင်သော် မနာလို ဖြစ်မိလေသည်။ အကြောင်းမှာ သူသည် ကျိုးကျစ်ယွင် ကို မေတ္တာရှိနေသည် မဟုတ်ပါလား။
တွမ့်ကျန်းယွမ် ကတော့ ကျိုးကျစ်ယွင်ကို စိုက်ကြည့်နေမိသည့် အတွက် အားနာကာ ပြုံးပြပီး စင်မြင့်ထက်သို့ အကြည့်လွှဲ လိုက်သည်။
စင်မြင့်ထက်တွင် မုယုံစံအိမ်မှ လူများက အလုပ်ရှုပ် လျက်ရှိကြသည်။ သိုင်းသမားတို့မှာ စံအိမ်သခင်ကြီး မုယုံပေါ် ကို အခုထိ
မမြင်ရသေးသဖြင့် တီးတိုးဝေဖန်စကားများ ပြောကာ စောင့်နေကြလေသည်။

အတန်ကြာသော် အသက်ငါးဆယ်ကျော်ဟန် ရှိသော ဥပဓိရုပ်ကောင်းကောင်းနှင့် လူကြီးတစ်ယောက် ထွက်လာလေသည်။ သူ၏


ပုံပန်းမှာ ဟိတ်ဟန်ကောင်းသလောက် မျက်လုံးအစုံမှာမူ တည်ငြိမ်ခြင်း မရှိချေ။
ထိုလူကြီးက ပရိတ်သတ်များကို လွှမ်းခြုံ ကြည့်ကာ
" ကြွရောက်လာတဲ့ နာမည်ကျော် သိုင်းသမားများကို ကျေးဇူးတင်ပါတယ် ခင်ဗျာ... အခုလို မုယုံစံအိမ်က ဖိတ်ခေါ်ရတဲ့
အကြောင်းကတော့ ကျနော် မုယုံဖူ ဟာ မမျှော်လင့်ပဲ သိုင်းကျမ်းတစ်ခုကို လက်ဆောင် ရခဲ့ပါတယ် ဒါပေမဲ့ သိုင်းကျမ်းဟာ မပြည့်စုံပါဘူး
ပီးတော့ ကျန်တဲ့ သိုင်းကျမ်းတစ်ဝက်ကို မိုးနန်းတော်ကလဲ ပိုင်ဆိုင်ထားတယ် လို့ သိရှိရပါတယ်... ဒါကြောင့် မုယုံစံအိမ် နဲ့ မိုးနန်းတော်
ဟာ သိုင်းပြိုင်ပီး အနိုင်ရသူက သိုင်းကျမ်းကို အပြည့်အစုံပိုင်ဆိုင် မှာဖြစ်ပါတယ်... ထို့အပြင် တရားမျှတ ဖို့နဲ့ အသိသက်သေအဖြစ်
ဆောင်ရွက်ပေးကြဖို့ လူကြီးမင်းတို့ကို ဖိတ်ခေါ်ရခြင်းဖြစ်ပါတယ် "
ဟု ရှည်လျားစွာ ရှင်းပြလိုက်သည်။

ထိပ်တန်းသိုင်းသမားများ နှင့် ပရိတ်သတ်များ မှာလဲ ထိုအခါကြမှသာ သိုင်းကျမ်းပြပွဲ၏ ရည်ရွက်ချက်ကို သေချာသိရှိကြတော့သည်။


သိုင်းသမားများမှာ မုယုံဖူ က မုယုံစံအိမ် ကို အုပ်ချုပ်နေသည်ကို မည်သို့မျှ မမြင်ကြချေ အကြောင်းမှာ မုယုံဖူ သည် စံအိမ်သခင်ကြီး
မုယုံပေါ်၏ ညီဝမ်းကွဲ ဖြစ်သောကြောင့် ဖြစ်သည်။ အဘိုးအို စုန့်ဝမ် ကတော့ မုယုံချန်းရှောင်း က အုပ်ချုပ်သူ မဖြစ်သည်ကို တွေ့
သော်တစ်မျိုး တွေးမိလေသည်။ အဘိုးအို တွေးလဲ တွေးသင့်သည်။ အဘိုးအိုက စံအိမ်သခင်ကြီး မုယုံပေါ် နှင့်
ရင်နှီးလှသည်မဟုတ်ပါလား။ မုယုံပေါ် ကို လွန်ခဲ့သည့် ငါးနှစ်ခန့်ကပင် ဤစံအိမ်၌ လူမမာလာမေးဖြစ်သေးသည်။ ထိုစဉ်က
မုယုံချန်းရှောင်းကို အမွေဆက်ခံသူအဖြစ် သတ်မှတ်သည်ကို ကိုယ်တိုင်ပင် သက်သေလုပ်ခရ
ဲ့ သေးသည်။ ထို့နောက် ငါးနှစ်အတွင်း
သူတစ်ခေါက်မှ မရောက်တော့ချေ။ သို့သော် အခုအချိနထ
ိ တိုင်အောင် မုယုံပေါ် သာမက မုယုံချန်းရှောင်း ကိုလဲ တွေ့မြင်ရခြင်း
မရှိသေးသဖြင့် တစ်မျိုးထင်လာလေသည်။

ထိုအချိန်တွင် ဝေါယာဉ် တစ်ခု စံအိမ်ထဲသို့ ဝင်ရောက်လာလေသည်။ ဝေါယာဉ် ကို ထမ်းသူများမှာ ချောမောလှပသော မိန်းကလေးများ
ဖြစ်ကြပီး အဖြူရောင် အဝတ်အစားများကို ပါးလျလျ ဝတ်ထားကြလေသည်။ ပရိတ်သတ်များမှာ ထိုဝေါယာဉ် နှင့် မိန်းကလေးများကို
ကြည့်ကာ သဘောကျနေကြလေသည်။ ယောက်ျားသားများ ဖြစ်ကြသည် မဟုတ်ပါလား။

ဝေါယာဉ် မှာ စင်မြင့်နားသို့ ရောက်သော် ကာထားသော အဖြူရောင် အဝတ်စ ကလေးလှုပ်ခါသွားကာ အတွင်းမှ သွယ်လျပီး
ဖြူဥနေသော ခြေထောက်တစ်ဖက် ထွက်လာလေသည်။ ထိုမှတစ်ဆင့် လှပသော အမျိုးသမီးတစ်ယောက်က အဝတ်အစားကို
ကပို့ကရို့လေး ဝတ်ဆင်ကာ ထွက်လာလေသည်။ သူမ၏ ပုံစံမှာ အသက်နှစ်ဆယ်ခန့်မျှသာ ရှိသည်ဟု ထင်ရပီး ခေါင်းမှ ခြေအဆုံး
ဖြူဥနေကာ ထိရက်စရာပင် မရှိချေ။ ခန္ဓာကိုယ် အချိုးအစားမှာလဲ ဖွံ့ထွားစွင့်ကားလျက်ရှိပီး ပုရသ
ိ အပေါင်းတို့မှာ မျက်တောင်ပင်
မခတ်ချင်ကြတော့။ ဆွဲဆောင်မှုရှိရုံသာမက အလွန်လှသော အမျိုးသမီးဖြစ်နေသည်လေ။ အမျိုးသမီးက သုံးလေးလှမ်း လှမ်းကာ
စင်မြင့်ပေါ်ရှိ မုယုံဖူ ကို ကြည့်ပီး
" အကိုကြီး မုယုံဖူ ကျမ မိုးနတ်မယ် လီယင်းယင်း ရောက်ပါပီ... ပွဲစလိုက်ကျတော့မလား "
ဟု ချိုလွင်သော အသံကို ပိုမိုချိုလွင်အောင် ပြောလိုက်လေသည်။

ပရိသတ်အားလုံးမှာ တူမအရွယ် ရှိသူ လီယင်းယင်း က ဦးလေးအရွယ် မုယုံဖူ ကို အကိုကြီး ခေါ်လိုက်သဖြင့် အံ့သြမိ သွားကြသည်။
တစ်ချို့ ကလဲ မနာလို ကြသည်။ တွမ့်ကျန်းယွမ် လဲ ထိုအကြောင်းကို အံ့သြမိ နေသည်။
ထိုစဉ် အဘိုးအို စုန့်ဝမ် က တွမ့်ကျန်းယွမ် အား
"သိပ်အံ့သြမနေနဲ့ ငါ့တူ လီယင်းယင်း က သုံးဆယ်ကို နည်းနည်းကျော်နေပီ နုပျိုလွန်းလို့ မင်းက ငယ်တယ် ထင်နေတာ"
ဟု တီးတိုးပြောလိုက်လေသည်။

ထိုအချိန်တွင် နံဘေးမှ
" ဟုတ်တယ် ငါ့ည.ီ .. အကိုလဲ သူနဲ့ဆုံဖူးလို့ သိရတယ် သူက အကိုနဲ့ ရွယ်တူပဲ ဒါပေမဲ့ နုပျို လွန်းတယ် "
ဟု ထောက်ခံသံကြားလိုက်သည်။

တွမ့်ကျန်းယွမ် မှာ လန့်သွားမိလေသည်။ သူသည် ဘေးတွင် တစ်ယောက် လာထိုင်သည်ကို မသိအောင် သတိလက်မဲ့ ဖြစ်လွန်းသည်
မဟုတ်ပါလား။

တွမ့်ကျန်းယွမ်က သက်ပြင်းတစ်ချက်ချကာ
" ဒါနဲ့ အကိုတော်က ဘယ်သူပါလဲ ကျနော်က တွမ့်ကျန်းယွမ် ပါ "
ဟု မိတ်ဆက်လိုက်သည်။

ထိုလူမှာ အသက်သုံးဆယ်ငါး လောက်ရှိဟန် တူပီး တည်ကြည်သောရုပ်ရည် ရှိသည်။ အဝတ်မှာ ခပ်လတ်လတ်ရှိသော်လဲ အဖာရာ


ရှစ်ခုက အိတ်ကပ်သဖွယ် ဝတ်စုံတွင် ရှိနေလေသည်။ အရပ်ခပ်ရှည်ရှည်ရှိပီး ပျော်ပျော်နေတတ်ဟန်ပေါက်သည်။

ထိုလူက ပြုံးရယ်လိုက်ပီး
" တွေ့ရတာဝမ်းသာပါတယ် အကိုက ပိုင်လုံပါ သူဖုန်းစား ဂိုဏ်းက "
ဟု ပြန်ဖြေလိုက်လေသည်။

အဘိုးအို စုန့်ဝမ်က ပိုင်လုံကို ကြည့်ပီး


" ပိုင်လုံ မင်းနောက်ကျလှချည်လား ဘယ်ဝင်နေတာလဲ "
ဟု အပြစ်တင်သံဖြင့် နှုတ်ဆက် လိုက်လေသည်။

ပိုင်လုံက ပြုံးလိုက်ပီး
" အဘလို ကိုယ်ဖော့ပညာ မှမကောင်းတာ ဒီတော့ နောက်ကျတာပေါ့ "
ဟု ပြန်နောက်လိုက်သည်။

သူတို့ စကားကောင်းနေကြစဉ်တွင် မိုးနတ်မယ် လီယင်းယင်း မှာ မုယုံဖူ ၏ ဘေး စင်မြင့်ပေါ် သို့ ရောက်ရှိနေပီး ပရိသတ်ကို လှည့်ကာ
ကြည့်နေသည်။ တွမ့်ကျန်းယွမ် တို့ ဝိုင်းသို့ ကြည့်မိသော် တည်ကြည်သော ပိင
ုလုံ နှင့် ချောမောခန့်ညားသည့် တွမ့်ကျန်းယွမ် တို့ကို
တွေ့မိလေသည်။ လီယင်းယင်း က ပိုင်လုံကို ခေါင်းညိမ့်ကာ နှုတ်ဆက်လိုက်ပီး တွမ့်ကျန်းယွမ် ကိုတော့ ခပ်စူးစူးလေးကြည့်ကာ
အချိုသာဆုံး အပြုံးနှင့် ပြုံးပြလိုက်လေသည်။ လီယင်းယင်းမှာ အဘိုးအို စုန့်ဝမ်ကိုတော့ ကြည့်ပင် မကြည့်ချေ။ ပုရိသထု တိ့မ
ှုာ
ထိုအခိုက် တွမ့်ကျန်းယွမ် ကို မနာလို ဖြစ်သွားကြတော့သည်။

ထို့်ကြောင့် ပိုင်လုံက ခပ်နောက်နောက် ဟန်ဖြင့်


" ငါ့ညီကတော့ တယ်စွံတဲ့ လူပဲကွာ လီယင်းယင်းကတောင် ပြုံးပြရတယ် "
ဟု ချီးမွမ်းလိုက်လေသည်။

ထိုနော့က် အဘိုးအို စုန့်ဝမ်ကို ကြည့်ကာ ရယ်လိုက်ပီး


" တစ်ချို့ ကတော့ အကြည့်တောင် မခံရရှာဘူး "
ဟု ခနဲ့လိုက်လေသည်။

အဘိုးအို မှာမူ မည်သို့မျှ ပြန်မပြောပဲ ရယ်နေလေသည်။ တွမ့်ကျန်းယွမ် ကတော့ လီယင်းယင်း ၏ အပြုံးအပြင် ပိုင်လုံ၏
ခပ်နောက်နောက် စကားကြောင့် စိတ်ထဲ ကြည်နူးမိသလို ခံစားမိလေသည်။

ပုရိသထု တစ်ခုလုံး လီယင်းယင်း၏ အလှအပတွင် မြောပါနေကြသော်လဲ ထို့အထဲတွင် မုယုံဖူ မပါချေ။ သူက လီယင်းယင်း နှင့်
ယှဉ်ပြိုင်ရမည် မဟုတ်ပါလား။ မုယုံဖူ က လီယင်းယင်း ကို တစ်ချက်ကြည့်ပီး
" ကဲ လူစုံပီဆိုတော့ စလိုက်ကြရအောင်လား မိုးနတ်မယ်... သိုင်းလောကသား တွေရှေ့မှာ တစ်ခါတည်း အဆုံးအဖြတ် ခံယူကြတာပေါ့
"
ဟု ပြောလိုက်လေသည်။
လီယင်းယင်းကလဲ
" ကောင်းပါပီ အကိုကြီး "
ဟု ခပ်နွဲ့နွဲ့ ပြန်ပြောလိုက်လေသည်။ ပရိသတ် အပေါင်းတို့မှာ ပွဲ စပီဖြစ်သဖြင့် တိတ်ဆိတ်စွာ ကြည့်နေကြသည်။

ထို့နောက် မုယုံဖူ က သံမဏိစုတ်တံ ကို ကိုင်ကာ စာလုံးရေးဟန် ဖြင့် တိုက်ခိုက်လိုကေ


် တာ့သည်။ မုယုံဖူ အသုံးပြုသည်မှာ
သံမဏိစုတ်တံ သိုင်းဖြစ်လေသည်။ တစ်ချိန်က မုယုံပေါ်က ထိုသိုင်းဖြင့် မုယုံစံအိမ်ကို နာမည်ပြန်လည် မြှင့်တင်ပေးနိုင်ခဲ့သည်။
စုတ်တံဖြင့် အကြောကွက်များကို ထိုးနှက်သော သိုင်းပညာဖြစ်ပီး စာလုံးရေးဟန် ကို အထူးပြုသော သိုင်းကွက်များဖြင့်
ဖွဲ့စည်းထားလေသည်။ အကွက်အပြောင်း ရှုပ်ထွေးသလို သွက်လက်သည်။

မုယုံဖူ၏ သိုင်း ကွကက


ို လီယင်းယင်း ကလဲ သူမတို့ မူပိင
ု မိုးဓားသိုင်း ဖြင့် ပြန်လည် တိုက်ခိုက်လေသည်။ ဓားချက်များမှာ
မိုးသီးမိုးပေါက် ကျသလို အဆက်မပြတ် တိုက်ခိုက်သောကြောင့် မိုးဓားသိုင်း ဟု ခေါ်တွင်ခြင်းဖြစ်သည်။ လီယင်းယင်း ထုတ်ဖော်သော
မိုးဓားသိုင်း မှာ ခုခံကွက်များသော သိုင်းပညာဖြစ်ပီး တော်ရုံ သိုင်းပညာဖြင့် ထိုးဖောက်၍ မရချေ။

မုယုံဖူ၏ စာရေးဟန် စုတ်တံသိုင်းကွက် ကို လီယင်းယင်းက အကွက်ကျကျ ဖြင့် ခုခံဖျက်ထုတ်နေလေရာ တခဏအတွင်းပင် သိုင်းကွက်
ငါးဆယ်နား ရောက်လာ လေသည်။ အကွက်ငါးဆယ် ပြည့်ခါနီး တိုင်အောင် မုယုံဖူ မှာ လီယင်းယင်း ၏ ဓားကွက်ကို ထိုးဖောက်၍
မရသဖြင့် စိတ်ကျဉ်းကြပ်လာလေသည်။ ထို့နောက် လက်မှစုတ်တံကို အတွင်းအားအပြည့်ဖြင့် လီယင်းယင်း ၏
ရင်ဘတ်အကြောနေရာကို ပစ်လွှတ်လိုက်တော့သည်။ မြင်ရသူ အပေါင်းမှာ ထိုပစ်လွှတ်ချက်က အရှိန်ပြင်းထန်သောကြောင့်
လီယင်းယင်း မည်သိုကာကွယ်မည်ကို စောင့်ကြည့်နေ ကြသည်။

#မိုးထိတောင်သိုင်းသမား #ZYN
အခန်း (၇) အပိုင်း သုံး
ထုံဝူရေအိုင်မှ သိုင်းကျမ်းပြပွဲ

မုယုံဖူ ပစ်လွှတ်လိုက်သော စုတ်တံမှာ အရှိန်ပြင်းပြင်းဖြင့် လီယင်းယင်း ဆီသို့ တိုးဝင်သွားလေသည်။ လီယင်းယင်း လဲ


အနီးကပ်ပစ်လွှတလ
ိုက်သဖြင့် ရုတ်တရက် ရှောင်ရန် အခက်အခဲ ဖြစ်သွားသည်။ ထို့ကြောင့် အတွင်းအားအပြည့်သုံးကာ သူမ
ကိုင်ဆောင်ထားသော ဓားဖြင့် စုတ်တံကို ခတ်ထုတ်လိုက်လေသည်။ စုတ်တံက ဓားဖြင့် ခတ်ထုတ်ခံလိုက်ရသဖြင့် ပိုမို အရှိန်ပြင်းစွာ
ပရိသတ်များရှိရာဘက်သို့ လွင့်စင် သွားသည်။ တိတိကျကျ ဆိုရသော် တွမ့်ကျန်းယွမ် တို့ ရှိရာ ဝိုင်းသို့ လွင့်စင် လာသည် ဟု
ဆိုရပေမည်။ ထိုစုတ်တံမှာ မုယုံဖူ နှင့် လီယင်းယင်းတို့၏ အတွင်းအားအကုန် ပါဝင်သဖြင့် ပိုင်လုံ နှင့် အဘိုးအို စုန့်ဝမ် တို့မှာ
မည်သူကမှ အတွင်းဒဏ်ရာ အဖြစ်ခံပီး ဖမ်းဆီးရန် မကြံရဲကြပေ။ တွမ့်ကျန်းယွမ် တို့ သုံးယောက်မှာ ဖျက်ခနဲ ခုန်ရှောင်လိုက်ကြ သည်။
သို့သော် ပိုင်လုံနှင့် အဘိုးအိုစုန့်ဝမ် တို့က ဘေးတစ်ဖက်တစ်ချက် ဆီကို ခုန်ရှောင်လိုက်ပီး တွမ့်ကျန်းယွမ် ကတော့ အပေါ်သို့
ခုန်လိုက်ခြင်းဖြစ်သည်။

တွမ့်ကျန်းယွမ် က အပေါ်သို့ခုန်လိုက်ရာမှ ဓားကို ဆွဲထုတလ


ိုက်ပီး လေပေါ်တွင် ကျွမ်းထိုးကာ အောက်သို့ ဓားကိုစက
ိုပီး ဇောက်ထိုး
ပြန်ဆင်းလာခဲ့သည်။ ထို့နောက် အတွင်းအား အပြည့်သုံးကာ ဓားဖြင့် စုတ်တံကို ခုတ်ချလိုက်လေသည်။
" ချွမ် "
စုတ်တံမှာ သံမဏိစုတ်တံ ဖြစ်သော်လဲ တွမ့်ကျန်းယွမ်၏ ဓားဖြင့် ခုတ်ချသောအခါ တိခနဲ ပြတ်ထွက်ပီး အရှိန်သေကာ စားပွဲပေါ်သို့
ကျသွားလေသည်။ တွမ့်ကျန်းယွမ် ကတော့ ခုတ်ချပီးပီးချင်းပင် သူထိုင်ခုံပေါ်သို့ ပြန်ကျလာကာ ပြန်ထိုင်ပီး ဖြစ်နေလေသည်။ ပိုင်လုံ နှင့်
အဘိုးအို စုန့်ဝမ် တို့ အပါအဝင် ပရိတ်သတ်များမှာ တွမ့်ကျန်းယွမ် ၏ ဓားအစွမ်းနှင့် ဖြတ်ထိုးဥာဏ်ကောင်းပုံကို ချီးကျူးမိကြသည်။
စုတ်တံကို တည့်တည့်ခတ်ထုတ်ပါက အနည်းနဲ့အများ အတွင်းအားဒဏ် ခံရမည် ဖြစ်သော်လဲ အပေါ်မှ စုတ်တံ၏ ခါးလည်နေရာကို
ခုတ်ချလျှင်မူ အတွင်းအားဒဏ် ခံစရာမလို သောကြောင့် ဖြစ်သည်။ ရောက်ရှိနေသော သိုင်းဂိုဏ်းချုပ်များနှင့်
ထိပ်သီးသိုင်းသမားများမှာမူ တစ်ချက် ထိပလ
် န့်သွားကြသည်။ အကြောင်းမှာ တွမ့်ကျန်းယွမ် ၏ လှုပ်ရှားမှု တစ်ခုထဲတွင်
ကိုယ်ဖော့ပညာ၊ အတွင်းအား၊ ဓားသိုင်း နှင့် ဓားကောင်း တစ်လက်၏ ပါဝင်များကို တွေ့လိုက်ရသောကြောင့် ဖြစ်လေသည်။
ဤလူသစ်မှာ သိုင်းပညာ သုံးမျိုးလုံး အဆင့်လွန်သည် အထိတတ်ကျွမ်းနေသည် မဟုတ်ပါလား။ ထို့ပြင် ရတနာ ဓားတစ်လက် ကိုလဲ
ကိုင်ဆောင်ထားသေးသည်။

ပိုင်လုံ နှင့် အဘိုးအို စုန့်ဝမ် တို့မှာ ချက်ချင်းပင် ရိပ် ခနဲပင် ကိုယ်ထိုင်ခုံသို့ ပြန်ရောက်လာကြသည်။ စားပွဲပေါ် ရှိနေသော စုတတ
်ံကို
တစ်ချက်ကြည့်ကာ မုယုံဖူအား တစ်ခုခုပြောရန် ပြင်လိုက်စဉ်
မုယုံဖူက နောက်ထပ် စုတ်တံ တစ်ချောင်းကို ကိုင်ကာ ရပ်ကြည့်နေသည် ကို တွေ့လိုက်ရသည်။ မုယုံဖူ နှင့် လီယင်းယင်း မှာ
အံ့သြသော မျက်နှာထားများနှင့် တွမ့်ကျန်းယွမ် ကို ကြည့်နေကြသည်။ သူတို့ စိတ်ထဲတွင် ဤလူငယ် က မည်သူနည်း ဟု သာ
တွေးတောမိနေကြသည်။ ဤလူငယ်၏ သိုင်းပညာမှာ သူတို့နှစ်ဦးထက် သာနေသည် မဟုတပ
်ါလား။ မုယုံဖူက မနာလိုသော
မျက်နှာထားနှင့် ကြည့်နေသော်လဲ လီယင်းယင်း ကမူ ပြုံးရွှင်စွာ ကြည့်နေသည်။ ပြုံးရသည့် အကြောင်းအရင်းကတော့ သူမသာလျှင်
သိနိုင်မည် မဟုတ်ပါလား။

မုယုံဖူမှာ တွမ့်ကျန်းယွမ် ကို တစ်ချက်ကြည့်ပီးနောက် အတွင်းအားကို စုစည်းနေလိုက်သည်။ ခဏကြာပီးနောက် လီယင်းယင်း ဘက်သို့


လှည့်ကာ
" လီယင်းယင်း... ငါ့ရဲ့ သိုင်းကွက်ကို ကြည့် "
ဟု ခပ်ထန်ထန် ပြောလိုက်လေသည်။

လီယင်းယင်းလဲ တွမက
့်ျန်းယွမ် ကို ပြုံးကြည့်နေရာမှ မုယုံဖူနှင့် တိုက်ပွဲကို ပြန်လည် အာရုံစိုက်မိသည်။ မုယုံဖူကို ကြည့်မိတော့ ပရိသတ်
အပေါင်းနှင့် လီယင်းယင်းမှာ ဟာ ခနဲ ဟင် ခနဲ ဖြစ်သွားကြသည်။ တွမ့်ကျန်းယွမ် ကလဲ အံ့သြသွားကာ အတော်ပင် စိတ်လှုပ်ရှား
သွားသည်။ သူ့ဆရာ ဝေထင်း ကို ဖျတ်ခနဲ သတိရမိသွားလေသည်။ ထို့အတူ ရှောင်လင် တိုက်အုပ်ဆရာတော် ရွှယ်ထန်း ကလဲ
မျက်နှာတစ်ချက်ပျက်ကာ မုယုံဖူကို ခပ်စူးစူး ကြည့်လိုက်မိသည်။
အကြောင်းမှာ မုယဖ
ုံ၏ လက်မှ စုတ်တံမှာ ပန်းပဲဖိုက သံချောင်းကဲ့သို့ နီရဲနေသည် မဟုတ်ပါလား။

မီးစွဲဓားသိုင်း...
ဟုတ်ပေသည်။ မုယဖ
ုံ အသုံးပြုလိုက်သည် မှာ မီးစွဲဓားသိုင်း၏ အပူလှိုင်းအတွင်းအား ပင် ဖြစ်လေသည်။ သို့သော် သူက ဓားအစား
စုတ်တံကို အသုံးပြု သဖြင့် တွမ့်ကျန်းယွမ် နှင့် ဆရာတော် ရွှယ်ထန်း မှာ သို့လော သို့လော ဖြစ်သွားကြသည်။ ထိုဓားသိုင်း
အကြောင်းကို ဤလူအုပ်ထဲတွင် သူတို့နှစ်ယောက် အသိဆုံး မဟုတ်ပါလား။

လီယင်းယင်းက မုယုဖ
ူံ ကို ကြည့်ကာ
" ရှင်က ဒီသိုင်းကျမ်းကို ကျင့်လိုက်ပီကို ဒါပေမဲ့ ဓားကွက်မပါတဲ့ အတွင်းအားနည်း သက်သက် နဲ့တော့ ကျမကို နိုင်မယ် မထင်နဲ့"
ဟု ပြောလိုက်လေသည်။

ထိုအကြောင်းကို ကြားမှ တွမ့်ကျန်းယွမ် နှင့် ဆရာတော် ရွှယ်ထန်း မှာ မုယုံဖူက ဓားကို မသုံးရသည့် အကြောင်းကို သိရှိသွားကြသည်။

မုယုံဖူ က တစ်ချက် ရယ်လိုက်ပီး


" ဟား... ဟား... ငါ့အထင်တော့ မင်းက အဲ့သိုင်းကျမ်းထဲက ဓားကွက်ကို တတ်မယ် မထင်ပါဘူး... မိုးနန်းတော်သခင်မက မိုးဓားသိုင်း
ကိုကျော်ပီး အဲ့သိုင်းကျမ်းထဲမှာ ပါတဲ့ ဓားကွက်ကို ကျင့်မယ် မထင်ဘူး "
ဟု ပြောလိုက်သည်။

ထိုမှ သာ ပရိသတ် အပေါင်းတို့မှာ သူတို့လုနေသော သိုင်းကျမ်းမှာ ဓားကွက်နှင့် အတွင်းအားကျင့်နည်း ပါဝင်သော ဓားသိုင်းကျမ်း


တစ်ခုဖြစ်ပီး တစ်ဖက်လျှင် တစ်ခုစီ ခွဲကာရထားကြောင်း သိရှိသွားကြသည်။ တွမ့်ကျန်းယွမ်က ထိုဓားသိုင်းမှာ မည်သို့ကြောင့် ဤနေရာ
ရောက်နေပီး လုနေကြသည်ကို စဉ်းစားမရချေ။ ထို့ကြောင့် သူက စိတ်ရှုပ်ဟန်ဖြင့် ဆရာတော် ရွှယ်ထန်း ကို လှမ်းကြည့်မိသည်။
သူသိသည်မှာ ထိုသိုင်းက ရှောင်လင် မူပိုင် မဟုတ်ပါလား။ သူ့ဆရာဝေထင်းမှာ ထိုဓားသိုင်းကို အနိုင်ယူရန် အနှစ်နှစ်ဆယ် လောက်
ကြိုးစားကျင့်နေသည်မှာ သူ အသိပင် ဖြစ်သည်။ ဆရာတော် ရွှယ်ထန်း က မုယုံဖူ အပူလှိုင်းအတွင်းအား ကိုသုံးသော် သိုင်းကျမ်း
သူခိုးမိပီဟု ထင်နေရာမှ သိုင်းကျမ်းက နှစ်ခြမ်းကွဲ ပီး တစ်ယောက် တစ်ခုစီ ရနေသည် ကို တွေ့သော် ခေါင်းရှုပ်သွားပြန်သည်။
သူ့စိတ်ထဲတွင် ကျောင်းကို အမြန်ပြန်ကာ ဆရာတော် ရွှမ်းမုကို လျှောက်ရန်သာ စဉ်းစားမိတော့သည်။

မုယုံဖူ၏ စကားကို ကြားသော် လီယင်းယင်းက ပြုံးပြလိုက်ပီး


" မိုးနတ်မယ် ဆိုတဲ့ ကျမက အဲ့ဒီဓားသိုင်းကို အထင်မကြီးပေမဲ့ အချိန်ပိုနေတော့ ကျင့်ထားမိတယ်ရှင့် "
ဟု ပြန်ဖြေလိုက်သည်။

မုယုံဖူ လဲ ဒေါသထွက်သွားကာ
" သတိထား "
ဟု အော်ပီး တိုက်ခိုက်လိုက်သည်။
မုယုံဖူ၏ ဒီတစ်ခေါက် တိုက်ခိုက်ပုံမှာ ရက်စက် ပြင်းထန်သော တိုက်ခိုက်ပုံ ဖြစ်သည်။ စုတ်သံသိုင်းကွက် ၏ မူလ အနှစ်သာရ
စာရေးဟန်ပင် မပေါ်လွင်တော့ပဲ ကြမ်းကြမ်းရမ်းရမ်း တိုက်ခိုက်သည်မှန်း သိသာလှသည်။ လီယင်းယင်းကလဲ ချက်ချင်းပင်
မီးစွဲဓားသိုင်း၏ ပြင်းထန်ရက်စက်သော ဓားကွက်များဖြင့် ပြန်လည် တိုက်ခိုက်လိုက်လေသည်။ ထို့နောက် သူတို့နှစ်ယောက်မှာ
အကွက်ပေါင်း ငါးဆယ်ကျော်အောင် သူတစ်ပြန် ကိုယ်တစ်ပြန် တိုက်ခိုက် နေကြသည်။ အပေါ်ယံကြည့်လျှင် သူတစ်ပြန် ကိုယ်တစ်ပြန်
အပြင်းအထန် တိုက်ခိုက်နေကြသည် ထင်ရသော်လဲ တကယ်တမ်း လီယင်းယင်းမှာ သူမ၏ မူပိုင် မိုးဓားသိုင်းမှ ဓားကွက်များကို
ရောနှောသုံးစွဲကာ ခုခံနေရလေသည်။ အကြောင်းမှာ မီးစွဲဓားသိုင်း၏ ဓားကွက်များမှာ အပူလှိုင်းအတွင်းအား နှင့် သုံးစွဲရန်
တီထွင်ထားသဖြင့် အပူလှိုင်းအတွင်းအားမပါပဲ သုံးစွဲသောအခါ အချိတ်အဆက်မမိပဲ ဖြစ်နေလေသည်။ တစ်ဘက်က မုယုံဖူမှာ
လီယင်းယင်းထက် သိုင်းပညာ အနည်းငယ်အသာရနေသော်လဲ မီးစွဲဓားသိုင်း၏ ဓားကွက်ကို ရှိန်နေသဖြင့် တစ်ဟုန်ထိုး
မတိုက်ခိုက်ရဲချေ။

အကွက်ငါးဆယ်ကျော်သော် အခါ လီယင်းယင်း၏ ပြုံးနေသော မျက်နှာလှလှလေးမှာ မဲ့ချင်ချင် ဖြစ်နေလေသည်။ သူမ၏ ဓားသိုင်းက


အချိတ်အဆက် မမိသည်ကို မုယုံဖူက ရိပ်မိသွားလေပီ မဟုတ်လား။ မုယုံဖူမှာ မျက်နှာတည်နေရာမှ ပြုံးလာလေသည်။ လီယင်းယင်း
၏ ဓားသိုင်းမှာ ချို့ ယွင်းချက်တွေ ရှိနေသော်လဲ သူ၏အပူလှိုင်းအတွင်းအားကတော့ ချို့ ယွင်းချက် မရှိသည်မဟုတ်ပါလား။
အကွက်ပေါင်း ခုနှစ်ဆယ် နားနီးလာသောအခါ မုယုံဖူမှာ လီယင်းယင်း ကို သတ်ဖြတ်ချင်စိတ်များ တစ်ဖွားဖွား ပေါ်လာသလို
လီယင်းယင်းကလဲ မုယုံဖူကို သတ်ရန် ကြိုးစားကာ ဓားသိုင်းကို ထုတ်ဖော်နေကြသည်။ သူတို့နှစ်ယောက်၏ တိုက်ပွဲမှာ
သိုင်းပညာပြိုင်နေသည်နှင့် မတူတော့ပဲ တစ်ယောက်နှင့် တစ်ယောက်သတ်ရန် ကြိုးစားနေကြသည်နှင့် တူလာလေသည်။
တိုက်အုပ်ဆရာတော် ရွှယ်ထန်း မှာ တိုက်ပွဲကို ကြည့်ပီး မျက်နှာပျက် သထက် ပျက်လာလေသည်။ မီးစွဲဓားသိုင်း၏ မိစ္ဆာဓာတ် က
ထိုနှစ်ယောက် ကို လွှမ်းမိုး လာပီ မဟုတ်ပါလား။

လီယင်းယင်းမှာ မုယုံဖူ၏ အပူလှိုင်းဒဏ် ကြောင့် တဖြည်းဖြည်း အခြေအနေဆိုး လာလေသည်။ အကွက်ပေါင်း ခုနှစ်ဆယ်ကျော်သော်


လီယင်းယင်း မှာ ချွေးများရွဲနစ်ကာ လေးလံလာပီး သိုင်းကွက်ပင် မှန်အောင် မကစားနိုင်တော့ချေ။ ဖြစ်ကတတ်ဆန်း ပင် မုယုံဖူ၏
စုတ်တံကွက်များကို ကာကွယ် နေရသည်။ သူမ၏ ဝတ်စုံ မှ လက်မောင်းနှင့် ခြေထောက် နေရာတွင် စုတ်တံ အပေါက်ရာတွေ
များလာကာ ထိုနေရာများမှာ သွေးများစို့နေလေသည်။ ထိုဒဏ်ရာ များမှာ အပေါ်ယံ ဖြစ်သဖြင့်သာ တော်တော့သည်။ မုယုံဖူမှာ
သူအနိုင်ရနေကြောင်း သိသောအခါ လီယင်းယင်းကို သတ်ရန်ထက် အရှက်ကွဲစေရန် ကြံစည်နေတော့သည်။ ပရိသတ်များမှာ
လီယင်းယင်း ၏ အခြေအနေဆိုးကို မြင်သောအခါ သူမကို အရှက်ခွဲရန် ကြံနေသော မုယုံဖူကို အမြင်ကတ်မိကြသည်။ သို့သော်
မည်သူမျှတော့ ဝင်ကူရန် မစဉ်းစားရဲကြချေ။ မုယုံဖူ ၏ အပူလှိုင်းအတွင်းအား ကို ချေဖျက်နိုင် သလား ဆိုတာ သူတို့ မသေချာ သည်
မဟုတ်ပါလား။ ဆရာတော် ရွယ်ထန်း ပင် မျက်နှာပျက်နေသော်လဲ ဝင်မကူရဲပေ သူလဲ အပူလှိုင်းအတွင်းအားကို အနိုင်တိုက်ရန်
မသေချာလှပေ။ တွမ့်ကျန်းယွမ် မှာ လီယင်းယင်း ကို ကြည့်ပီး သနားမိနေသည်။ သူသည်လဲ မီးစွဲဓားသိုင်း ကို ရှိန်နေရသည်။
တစ်ချိန်က သူ့ဆရာကိုပင် အနိုင်ရသော ဓားသိုင်း ဖြစ်သည်လေ။ သူသည် အအေးလှိုင်း အတွင်း အားကို ကျင့်ထားသော်လဲ
အပူလှိုင်းဒဏ် ကို ခံနိုင်မည် မသေချာလှပေ။

လီယင်းယင်းမှာ အခြေအနေပိုဆိုးလာသည်။ သွေးစို့ရုံ ဒဏ်ရာတွေ များသထက် များလာသလို သူမ၏ ကပို့ကရို့ ဝတ်စုံမှာလဲ


တဖြည်းဖြည်း စုတ်ပြဲ လာလေသည်။ ဒီအတိုင်းဆက်သွားလျှင် ဝတ်စုံ ပြဲကာ သူမ တစ်ကိုယ်လုံး လူရှေ့တွင် အမြင်ခံ ရပေတော့မည်။
လီယင်းယင်းမှာ အံကြိတ်ပီး ခုခံနေသော်လဲ သူမ အတွင်းအားများမှာ ကုန်ခမ်းလာပီး အပူဒဏ်ကြောင့် မူးပင် မူးဝေလာလေသည်။

မုယုံဖူမှာ အရှက်ကွဲတော့မည် ဖြစ်သော လီယင်းယင်းကို ရမက်ခိုးဖြင့် ကြည့်ကာ


" ဟား... ဟား... မိုးနတ်မယ် မိုးနတ်မယ် မင်းလေးဘယ်လောက်လှတယ် ဆိုတာ လူတိုင်း အကုန်မြင်စေရမယ် စိတ်ချ "
ဟု ပြောပီး အတွင်းအားအပြည့်ဖြင့် ဝတ်စုံကို စုတ်တံဖြင့် ခုတ်ချလိုက်လေသည်။

လီယင်းယင်းမှာ အတွင်းအားလှိုင်းက ဖိနှိပ်ထားသဖြင့် လက်က မြှောက်မရတော့ ချေ။ စုတ်တံက သူမ၏ ဝတ်စုံနားသို့


ရောက်နေလေပီ။ ဝတ်စုံစုတ်ပြဲကာ အရှကက
်ွဲတော့မည် ဖြစ်သဖြင့် လီယင်းယင်းမှာ မျက်စိမှိတ်ထားပီး ဘုရားကိုသာ တ
မိလိုက်တော့သည်။

ထိုစဉ်
"ရပ်လိုက်စမ်း... "
ဟူသော အသံထွက်ပေါ်လာပီး အေးစိမ့်သော အတွင်းအားလှိုင်းက စုတ်တံရှိရာ ဘက်သို့ ပြင်းထန်စွာ တိုးဝင်လာလေသည်။ မုယုံဖူ၏
အပူလှိုင်းမှာ လီယင်းယင်း ကိုသာ သက်ရောက်ပီး စင်အောက်က ပရိတ်သတ် တွေကို အပူရှိကြောင်းလောက်သာ ခံစားစေနိုင်သော်လဲ
ယခု အအေးလှိုင်းမှာမူ ပတ်ဝန်းကျင် တစ်ခုလုံး ချမ်းစိမ့်စိမ့် ဖြစ်သွားလောက်သည်ထိ ပြင်းထန် လေသည်။
မုယုံဖူလဲ စုတ်တံဖြင့် လီယင်းယင်း၏ ဝတ်စုံကို စုတ်ဖြဲရန် ကြံရာမှ အေးစိမ့်သော အတွင်းအားလိင
ှုးက ပြင်းထန်စွာ တိုးဝင်လာသဖြင့်
သိုင်းကွက်ကို ရုတ်သိမ်းကာ အနောက်သို့ ခုန်ဆုတ် လိုကေ
် လသည်။ ထိုသို့ ခုန်ဆုတ် လိုက်သည့်တိုင် စုတ်တံနှင့် စုတ်တံကိုင်သော
လက်မှာ အေးခဲသွားပီး လှုပ်မရတော့ချေ။ အတွင်းအားချင်း ကွာခြားချက်က များလှပေသည်။

လီယင်းယင်းမှာ အပူဒဏ်ကြောင့် ချွေးများရွဲနစ်ပီး အတွင်းဒဏ်ထိနေရာမှ အေးစိမ့်သော လေလှိုင်းကြောင့် လန်းဆန်းသွားသလို


ခံစားလိုက်ရသည်။
"ဝေါ့..."
သို့သော် လီယင်းယင်းမှာ သွေးများအန်ထုတ် လိုက်မိသည်။ အကြောင်းမှာ အပူဒဏ် ခံပီးပီးခြင်း အအေးလှိုင်းဖြတ်ထိသွားသဖြင့်
အပူအအေး နှစ်ခု သူမ၏ကိုယ်ထဲတွင် ဆုံကာ အတွင်းဒဏ် ဖြစ်သွားခြင်းဖြစ်သည်။

ပရိသတ်အားလုံးမှာ မုယုဖ
ူံ ကို သိုင်းတစ်ကွက်ထဲဖြင့် နောက်ဆုတ်အောင် ပြုလုပ်ပီး လီယင်းယင်း ကို အရှက်မကွဲအောင်
ကာကွယ်ပေးလိုက်သူကို ကြည့်မိကြသည်။ သူတို့အကုန် အံ့သြမိ နေကြသည်မဟုတ်ပါလား။ လီယင်းယင်းကလဲ
သွေးအန်လိုက်သည့်တိုင် သူမအရှက်ကို ကာကွယ်ပေးသူကို ရအောင် ကြည့်မိလိုက်သည်။ ထိုသူက သူမသွေးအန်သည်ကို တွေ့သော်
စိတ်ပူသွားဟန်ဖြင့် သူမ၏ လက်ကောက်ဝတ် သွေးကြောကို စမ်းသပ်လိုက်သည်။ ထို့နောက် သူမ၏ သွေးကြောကွက်များကို
အတွင်းအားဖြင့် ထောက်ကာ ပိတ်ဆို့်နေသည်များကို ဖွင့်ပီး အတွင်းဒဏ်ရာ ကို သက်သာအောင် ပြုလုပ် ပေးလိုက်သည်။ ထိုမှ
တစ်ဆင့် ရင်ဘတ်ထဲမှ ကျောက်စိမ်းရောင် ဆေးဘူးလေးကို ဖွင့်ကာ ဆေးတစ်လုံးကို တိုက်ကျွေးလိုက်လေသည်။ လီယင်းယင်း
ကတော့ ထိုသူ ပြုလုပ်သမျှကို ဖျော့တော့သော မျက်နှာဖြင့် ကြည်ကြည်နှုးနှုး ခံနေလေသည်။ အကြောင်းမှာ ထိုသူ က သူမ
မျက်စိကျနေမိသော လူချောလေး တွမ့်ကျန်းယွမ် ဖြစ်နေသည် မဟုတ်ပါလား။

#မိုးထိတောင်သိုင်းသမား #ZYN
အခန်း (၇) အပိုင်း လေး
ထုံဝူရေအိုင်မှ သိုင်းကျမ်းပြပွဲ

တွမ့်ကျန်းယွမ် မှာ လီယင်းယင်း အရှက်ကွဲသည်ကို ဆက်ကြည့် မနေနိုင်တော့ချေ။ မုယုံဖူ၏ လုပ်ရပ်ကိုလဲ ရွံရှာမိနေသည်။ ထို့်ကြောင့်
မုယုံဖူ ၏ အပူလှိုင်းအတွင်းအား ကို နိုင်မနိုင် မသေချာ သော်လဲ စွန့်စားရန် ဆုံးဖြတ်လိုက်လေသည်။ သူ့တွင်
အအေးလှိုင်းထုတ်နင
ိုသော အေးစိမ့်လက်ဝါးသိုင်း ရှိသည် မဟုတ်ပါလား။ တွမ့်ကျန်းယွမ် က ရုတ်တရက် စင်ပေါ်ခုန်တက်ပီး သူ၏
အအေးလှိုင်းအတွင်းအားကို အပြည့်ထုတ်ပီး အေးစိမ့်လက်ဝါးဖြင့် ရိုက်ထုတ်လိုက် လေသည်။ တွမ့်ကျန်းယွမ် က မီးစွဲဓားသိုင်း၏
အပူလှိုင်းအတွင်းအား ကို ရှိန်ကာ အတွင်းအားအပြည့်သုံးလိုက်သော်လဲ မုယုံဖူမှာမူ သူထင်သလောက် အပူလှိုင်းအတွင်းအား ကို
ပေါက်ရောက်ခြင်း မရှိသေးချေ။ မုယုံဖူ၏ မူလအတွင်းအားမှာ ကြီးမားခြင်းမရှိသဖြင့် အပူလှိုင်းထုတ်ရာတွင် ပြင်းထန်ခြင်းမရှိလှ။
တွမ့်ကျန်းယွမ် မှာမူ ရိကျင့်အကြောပြောင်း အတွင်းအားကျင့်စဉ် ကြောင့် အတွင်းအားမှာ ကြီးမားကျစ်လစ် နေပေရာ အအေးလှိုင်းအဖြစ်
အတွင်းအားကို အပြည့်သုံးကာ ထုတ်လိုက်သော် အတွင်းအားချင်းကွာခြားချက် က ကြီးသဖြင့် မုယုံဖူ၏ စုတ်တံကိုင်လက်မှာ
အေးခဲသွားပီး မုယုံဖူမှာ အအေးလှိုင်း အတွင်းအားဒဏ် ထိသွားလေသည်။ မုယုံဖူ က အတွင်းဒဏ် ကြောင့် လည်ချောင်းသို့
ပျို့ တက်လာသော သွေးများကို အတင်းပင် မြိုချလိုက်ရသည်။ သူခုန်ဆုတ်တာ မြန်၍ပင် တော်သေးသည် မဟုတ်လျှင် သူအေးခဲကာ
ပွဲချင်းပီးသေဆုံး သွားနိုငသ
် ည် မဟုတ်ပါလား။

တွမ့်ကျန်းယွမ် က လီယင်းယင်းကို ရိရန် လက်ချောင်းသိုင်းဖြင့် သွေးကြောဖွင့် ကုသပေးပီးနောက် အိတ်ထဲမှ နန်းတွင်းဒဏ်ကြေဆေး


ကို ထုတ်ကာ တိုက်လိုက်သည်။ သူတို့မျိုးရိုး၏ ရိရန်လက်ချောင်းသိုင်းမှာ တိုက်ခိုက်ရန်ထက် သွေးကြောများကို ဖွင့်ပီး အတွင်းဒဏ်ရာ
ကို ကုသပေးရာတွင် ပိုအစွမ်းထက်ကြောင်း သူသာ အသိဆုံးပင်ဖြစ်သည်။လီယင်းယင်းမှာ ချက်ချင်းပင် မျက်နှာက
သွေးရောင်လွှမ်းကာ သက်သာသွား လေသည်။

တွမ့်ကျန်းယွမ် က မုယုံဖူ ဘက်သို့ ကြည့်လိုက်ပီး


" ဦးကြီးကို အလစ်တိုက်မိလိုက်သလို ဖြစ်သွားတာ ခွင့်လွှတ်ပါ... ဒီမိန်းကလေးရဲ့ အရှကက
ို ကာကွယ် ဖိ့န
ဲု့ ဦးကြီးရဲ့
အပူလှိုင်းအတွင်းအားကို မယှဉ်နိုင်လို့ အခုလို အမြန်တိုက်လိုက်ရတာပါ "
ဟု လက်သီးဆုတ်ကာ ဂါရဝပြု ပီး ပြောလိုက်သည်။

တကယ်တမ်း တွင် မုယုံဖူ၏ လက်တစ်ဖက် အေးခဲသွားခြင်းနှင့် မုယုံဖူ အတွင်းဒဏ်ရာ ရသွားခြင်းကို ပိုင်လုံ နှင့် ဆရာတော် ရွှယ်ထန်း
ကလွဲလို့် မည်သူမှ မမြင်မိကြချေ။ ပျံလွှား အဘိုးအို စုန့်ဝမ် နှင့် တခြား သိုင်းထိပ်သီးများပင် မမြင်နိုင်ခဲ့ပေ။ မုယုံဖူက အလျင်အမြန်
ဖုံးကွယ်နိုင်ခဲ့ လေသည်။ တွမ့်ကျန်းယွမ် မှာလဲ လီယင်းယင်းကို စိတ်ပူကာ ကုသပေးရန် စိတ်စောနေသဖြင့် မုယုံဖူ၏ အခြေအနေကို
ရိပ်စားမိခြင်းမရှိချေ။ သူတွေ့သည်မှာ မုယုံဖူ က သူ့ကို တည်ငြိမ်စွာ အခဲမကျေ ဟန်ဖြင့် ကြည့်နေသည် မဟုတ်ပါလား။ ထို့ကြောင့်
တောင်းပန်စကားပြောလိုက်ခြင်း ဖြစ်လေသည်။ သို့သော် ထိေ
ု တာင်းပန်စကား က မုယုံဖူ အတွက်တော့ လှောင်ပြောင်စကား
အဖြစ်ခံစားနေရသည်။

ထို့ကြောင့် နာကြည်းကာ မျက်နှာကိမ


ဲု့လိုက်ပီး
" ရပါတယ် မောင်ရင်... မောင်ရင်က သူရဲကောင်း ပီပီ မိန်းမလှလေးကို ကယ်ဖို့ အလစ်တိုက်လိုကရ
် တာပဲ ဦးကြီးက ခွင့်လွှတ်ပါတယ် "
ဟု ပြန်ခနဲ့လိုက်သည်။
ထိုအခါ ပိုင်လုံ က စင်ပေါ်ရှိ မုယုံဖူ ကိုလှမ်းပီး
" ဒီမှာ ဆရာကြီး မုယုဖ
ံ .ူ .. ညီလေးတွမ့်ရဲ့ လက်ဝါးချက်က အလစ်တိုက်တယ် မခေါ်ဘူးဗျ... သူက ဆရာကြီးကို ရပ်လိုက်စမ်း လို့
အော်လိုက်သေးတယ်လေ အဲ့လိုမအော်ပဲ တိုက်လိုက်ရင် ဦးကြီးအနေနဲ့ နေရာမှာတင် သေဆုံးသွားနိုင်တယ် ဆိုတာ ကျနော်
သိနေသလို ဆရာကြီးလဲ သိမှာပါ... အခုထိ မလှုပ်နိုင်သေးတဲ့ ဆရာကြီးရဲ့ ညာလက်ကိုသာ ဆေးကုလိုက်ပါဦး "
ဟု ထပြောလိုက်သည်။

ထိုအခါ ကျမှ ပရိသတ်တို့မှာ တွမ့်ကျန်းယွမ် က မုယုံဖူ ကို နောက်ဆုတ်စေရုံသာမက အတွင်းဒဏ်ရာပါ ရအောင် တိုက်နိုင်သည် ကို
သိရှိသွားကြရသည်။ ဆရာတော် ရွှယ်ထန်း က အပူလှိုင်းသုံးသူ နှင့် အအေးလှိုင်းသုံးသူ တစ်ပြိုင်နက်တည်း တွေ့ရသဖြင့်
ခေါင်းရှုပ်နေမိသည်။ တွမ့်ကျန်းယွမ် ကတော့ မုယုံဖူ၏ အပူလှိုင်းမှာ သူထင်သလို ပေါက်ရောက်ခြင်း မရှိသဖြင့် ကျိတ်ပျော်နေမိသည်။
သူသည်လဲ အေးစိမ့်လက်ဝါး ၏ နောက်ဆုံးကျင့်စဉ် ကို အောင်မြင်ခြင်း မရှိသေးချေ။ မကျင့်နိုင်သေးခြင်း ဟု ဆိုရရင် ပိုမှန်ချေမည်။

မုယုံဖူက ပိုငလ
်ုံ၏ စကားသံကြားသော်လဲ အရေးမစိုက်ချေ။ လဲကျကာ အတွင်းအားပြန်ကျင့် နေသော လီယင်းယင်း ကို ကြည့်ပီး
" မိုးနတ်မယ်... မင်းရဲ့ အရှုံးကို မင်းသိမှာပါ အဲ့တော့ ကတိအတိုင်း သိုင်းကျမ်းရဲ့ ကျန်တဲ့ တစ်ခြမ်းကို ပေးပါ "
ဟု တောင်းလိုက်လေသည်။

လီယင်းယင်းမှာ အတွင်းအားကျင့်နေရာမှ ရပ်လိုက်ပီး ချက်ချင်းပင် ဝေါယာဉ် ထမ်းသူ ကောင်မလေးတစ်ယောက်ကို ခေါ်လိုက်ပီး


" သိုင်းကျမ်း ယူခဲ့စမ်း... သူက ငါ့ကို အရှကခ
်ွဲဖြို့ ကံပေမဲ့... ငါကတော့ ငါတို့ မိုးနန်းတော်က ကတိသစ္စာ တည်တဲ့သူတွေ
ဆိုတာပြပေးရမယ် "
ဟု ခပ်ထန်ထန် ပြောလိုက်လေသည်။

လီယင်းယင်းမှာ လက်ထဲ ရောက်ရောက်ချင်း သိုင်းကျမ်း ကို ခပ်မြန်မြန် ပစ်ပေးလိုက်သည်။ သူမ ပုံစံမှာ မုယုံဖူ ကို ရွံရှာနေသလို
ဖြစ်လေသည်။ ထိ့ေ
ု နာက်
" မုယုံဖူ... ဒီနေ့ အကြွေးကို ရှင်တစ်နေ့ ဆပ်ကို ဆပ်ရမယ်... မိုးနန်းတော်က ကိုယ့်ကို စော်ကားတာကို ငြိမ်ပီးလက်ခံမှာ မဟုတ်ဘူး"
ဟု ပြောကာ စင်အောက်သို့ ဆင်းသွားလေသည်။ သူမက တွမ့်ကျန်းယွမ် ကိုတော့ အချိုသာဆုံးပြုံးပြသွားသေးသည်။

မုယုံဖူလဲ သိုင်းကျမ်း ရသွားသဖြင့် ပြိုင်ပွဲကို ပီးဆုံးကြောင်း ကြေငြာလိုက်လေသည်။ ပရိသတ်အပေါင်းတို့နှင့် တွမ့်ကျန်းယွမ် လဲ ပြန်ရန်


ပြင်လိုက်ကြသည်။ ထိုစဉ် စင်မြင့်ပေါ်သို့ လူရိပ်တစ်ခု ဖျတ်ခနဲ တက်လာလေသည်။ ထိုလူရိပ်မှာ အလွန်လှပသော မိန်းမပျိုလေးဖြစ်ပီး
အသက်နှစ်ဆယ်ကျော်ဟန် ရှိလေသည်။ သိုင်းဝတ်စုံ ခပ်ပွပွကို ဝတ်ဆင်ထားသော်လဲ သူမ၏အလှအပများက ပေါ်လွင်နေ သေးသည်။
သူမ၏ မျက်နှာမှာ စိတ်ရှုပ်နေပုံပေါ်သော်လဲ အလှမပျက်ချေ။ ပရိသတ်အပေါင်းတို့မှာ အလွန်လှပပီး ဆွဲဆောင်မှုရှိသော လီယင်းယင်း
က စင်အောက်သို့ ဆင်းသွားသော်လဲ နောက်ထပ် မိန်းမလှလေး တစ်ယောက် တက်လာသောအခါ ဝမ်းသာမိကြသည်။ တွမ့်ကျန်းယွမ်
မှာတော့ အံ့သြလွန်း၍ ပါးစပ်ပင် မစေ့နိုင်တော့ မိန်းကလေး၏ မျက်နှာကိုသာ ငေးစိုက်နေမိတော့သည်။

ထိုမိန်းကလေးက စိတ်ရှုပ်ခြင်းကို ထိန်းချုပ်လိုက် ပီးသော်


" နေကြပါဦး သိုင်းလောကသားတို့ရှင.့် .. မပြန်ကြပါနဲဥ
ီ့း... ကျမ မုယုံချန်းရှောင်း က ပရိတ်သတ်တို့ ရှေ့မှောက်မှာ
တင်ပြစရာရှိပါသေးတယ်... ရှောင်လင်တိုက်အုပ်ဆရာတော် နဲ့တကွ သိုင်းဂိုဏ်းချုပ်တွေ ထိပ်သီးသိုင်းသမားတွေ ရှိနေတော့ ကျမရဲ့
အဖြစ်ကို ကူညီပေးကြမယ် လို့ မျှော်လင်ပ
့ါတယ် "
ဟု တောင်းဆိုလိုကေ
် လသည်။

မုယုံဖူမှာ မုယုံချန်းရှောင်း စင်ပေါ်ကို တက်လာကတည်းက မျက်စိမျက်နှာ ပျက်နေလေသည်။ မုယုံချန်းရှောင်း၏ စကားကို ကြားသော်


ဒေါသထွက်သွားပီး
" တိတ်စမ်း ချန်းရှောင်း... နင့်ကိုငါ အိမ်ထဲမှာပဲ နေပါလို့ ပြောမထားဘူးလား... ဒီမှာဘာလာရှုပ်တာလဲ "
ဟု ခပ်ထန်ထန် မေးလိုက်သည်။

မုယုံချန်းရှောင်း က မုယုံဖူ ကို ရွံရှာသလို ကြည့်ကာ


" ဒီမယ် ဦးလေး... ဦးလေး ကျမအဖေကို တဖြည်းဖြည်း ချင်း အဆိပ်ခတ်သတ်ပီး စံအိမ်သခင်ကြီး နေရာကို ဝါးမြိုထားတာ
ကျမသိပီးသွားပီ... ဖေဖေလဲ အဆိပ်ကြောင့် သေဆုံးရတာကို ကျမ စုံစမ်းပီးပီ... ဦးလေး ဘယ်လောက်ယုတ်မာလဲ ဆိုတာ ဒီမှာရှိတဲ့
သိုင်းသမားတွေကို ပြောပြမလို့် ကျမ ဒီစင်ပေါ် တက်လာတာပဲ... ညီအကိုချင်းတောင် အဆိပ်ခတ်သတ်တဲ့ ယုတ်မာတဲ့ လူမျိုးကို
လက်စားချေရမယ် "
ဟု ပြောလိုက်လေသည်။
မုယုံချန်းရှောင်း ၏ စကားကို ကြားသော် ပရိတ်သတ် အပေါင်းမှာ ဟာ ခနဲ ဟင် ခနဲ ပင် အော်ဟစ်ပီး အံ့သြ သွားကြသည်။ ထိုကြောင့်
စံအိမ်သခင်ကြီး မုယုံပေါ် က ပေါ်မလာနိုင်ဖြစ်နေသည် မဟုတ်ပါလား။ပိုင်လုံ က အဖြေတစ်ခုကို သိလိုက်ရသလို ဖြစ်သွားပီး အဘိုးအို
စုန့်ဝမ် ကတော့ မျက်နှာတစ်ချက် ပျက်သွားရသည်။ တွမ့်ကျန်းယွမ် ကတော့ မိန်းကလေးကိုယ်စား ဝမ်းနည်းနေမိသည်။
ထိုအချိန် မုယုံချန်းရှောင်း က ချက်ချင်းပင် စုတ်တံထုတ်ကာ မုယုံဖူကို တိုက်ခိုက်လိုက်တော့သည်။ မုယုံဖူလဲ ဘယ်ဘက်လက်ဖြင့်
စုတ်တံကို ပြောင်းကိုင်ကာ စုတ်တံသိုင်းကွက်ဖြင့် ပြန်လည် ခုခံလိုက်လေသည်။ မုယုံဖူမှာ သိုင်းပညာ တကယ်ပင်အဆင့်မြင့်သည်။
အရင်စံအိမ်သခင်ကြီး မုယုံပေါ်နှင့်ပင် တန်းတူ အဆင့်ရှိလေသည်။ မုယုံပေါ် မှာ လွန်ခဲ့သော ဆယ်နှစ်ကပင် သိုင်းဂိုဏ်းချုပ်များနှင့်
တန်းတူရည်တူ အဆင့်ရှိလေရာ မုယုံဖူ ၏ သိုင်းပညာအဆင့်မြင့် သည်ကို သံသယရှိဖွယ် မရှိချေ။ ထို့်ပြင် ယခုသိရ သည့်အတိုင်း
အပူလှိုင်းအတွင်းအားကိုပါ တတ်ထားလေရာ သိုင်းဂိုဏ်း ချုပ်များပင် အလွယ်တကူ မယှဉ်ရဲကြချေ။ ယခုမှာမူ မုယုံဖူက
အတွင်းဒဏ်ရာရပီး လက်တစ်ဖက် သုံးမရ၍ မုယုံချန်းရှောင်း တိုက်ခိုက်သမျှကို ခုခံနေရလေသည်။ သို့သော် မုယုံချန်းရှောင်း မှာ
အနိုင်မတိုက်နိင်ချေ။ သူမက မုယုံဖူ အတွင်းဒဏ်ရာ ရကြောင်းသိရ၍ အခွင့်ကောင်းဟု ထင်ကာ တိုက်ခိုက်လိုက်သော်လဲ
သူမထင်သလို မုယုံဖူ မှာ အခြေအနေဆိုးရွားခြင်း မရှိချေ။ သူမ၏ သိုင်းကွက်များကို လက်တစ်ဖက် တည်းဖြင့် အေးဆေးဆေးဆေး ပင်
ချေဖျက်နေသည်။ သူတို့သုံးသော သိုင်းကွက်များမှာ တစ်ပုံစံတည်းပင် ဖြစ်သောကြောင့် မုယုံဖူမှာ မုယုံချန်းရှောင်း
ဘာသိုင်းကွက်သုံးမည် ကို ကြိုသိနေသည်။ အကွက်ငါးဆယ် ကျော်လာသော် အတွေ့အကြုံနှင့် ရင့်ကျက်မှုက စကားပြောလာသည်။
သိုင်းကွက်ဟန်များမှာ တစ်ပုံစံတည်းဖြစ်သော်လဲ သုံးစွဲသူ၏ အတွေ့အကြုံအလိုက် သိုင်းကွက် သုံးစွဲမှုမှာ ကွာခြားလှသည်။ ထို့ကြောင့်
အတွေ့အကြုံ နုနယ်သူ မုယုခ
ျံန်းရှောင်း မှာ အခက်တွေ့လာ ရသည်။ သူမ၏ သိုင်းကွက်များကို မုယုံဖူ က အလွယ်တကူ
ချေဖျက်နိုင်သော်လဲ မုယုံဖူ၏ သိုင်းကွက် အတွဲအစပ်များကို သူမ က သိုင်းကွက်ကို သိနေသည့်တိုင် ချေဖျက်ရန် သိုင်းကွက်ကို
အလွယ်တကူ စဉ်းစား၍ မရချေ။ အကွက်ခြောက်ဆယ်ကျော်သည်နှင့် သူမမှာ ချေဖျက်သိုင်းကွက်ကို မထုတ်နိုင်တော့ချေ။ ရုတ်တရက်
မုယုံဖူက စုတ်တံဖြင့် မုယုံချန်းရှောင်း ကို ထိုးသတ်ရန် ကြံလိုက်သည်။ ထိုသိုင်းကွက်ဟန်မှာ မူလက လက်မောင်းကို စုတ်တံဖြင့်
ထိုးသော သိုင်းကွက်ဖြစ်သော်လဲ မုယုံဖူက လည်ပင်းကို ပြောင်းလဲ ချိန်ရွယ်လိုက်ခြင်းဖြစ်သည်။ မုယုံချန်းရှောင်း မှာ လက်မောင်းကို
ထိမည် ထင်ပီး ရှောင်လိုက်သော်လဲ စုတ်တံက လည်ပင်းကို ဦးတည်လာလေသည်။ စုတ်တံ တိုးဝင်လာပုံက အလွန်လျင်မြန်သဖြင့်
သူမမှာ ရှောင်ရန် အချိန်မမီတော့ချေ။

ပရိတ်သတ်အပေါင်းတို့မှာ မုယုံဖူ၏ ရက်စက်သော သိုင်းကွက်ကို ကြည့်ပီး အပေါ်တက်ကာ မုယုံဖူကို တိုက်ခိုက် လိုကြသည်။ သို့သော်
မုယုံဖူမှာ အတွင်းဒဏ်ရာရပီး လက်တစ်ဖက် လှုပ်မရသည့်တိုင် မုယုံချန်းရှောင်း ကို အနိုင်တိုက်နိုင်သည်ကို မြင်သော်
အလကားသတ်သတ် မစွန့်စားရဲကြချေ။ ထို့အပြင် စုတ်တံမှာ အလွန်လျင်မြန်စွာ တိုးဝင်လာရာ စင်ပေါ် ခုန်တက်ပီး
တားဆီးနိုင်လောက်အောင် အချိန်မမီတော့ချေ။

ထိုအချိန်တွင် ဓားတစ်လက် က စုတ်တံသွားရာ လမ်းကြောင်းတွင် လျှက်တစ်ပြက် ဝင်ခံလိုက်လေသည်။


" ချလွမ် " " ဒေါက် "
ဓားက အတွင်းအား အပြည့်ဖြင့် လမ်းကြောင်းပေါ် တိုးဝင်လာခြင်းကြောင့် စုတ်တံကိုင်သော မုယုံဖူ ၏ ဘယ်ဘက်လက်မှာလဲ
ထုံကျင်သွားကာ စုတ်တံမှာ ကြမ်းပြင်ပေါ်သို့ ပြုတ်ကျသွားလေသည်။ မုယုံဖူမှာ ထိုဓားပိုင်ရှင် ကို ကြည့်ပီး အတော်ပင်
စိတ်ပျက်သွားမိသည်။ ထိုသူမှာ သူ့ကို ဒီတစ်နေ့လုံး အနှောင့်အယှက် ပေးနေသည် မဟုတ်ပါလား။ မှန်ပေသည် ဓားဖြင့် စုတ်တံကို
ကာလိုက်သူမှာ တွမ့်ကျန်းယွမ် ပင် ဖြစ်သည်။ သူက နဂိုကတည်းကပင် စင်မြင့်ပေါ်၌ ရှိနေသူဖြစ်သည့် အတွက် စုတ်တံကို ကာ
လိုက်ရန် သူ့အတွက် အချိန်လုံလောက်နေသည်။ ထို့အပြင် သူ၏ ကိုယ်ဖော့ပညာမှာ ပြိုင်စံရှားလှသည် မဟုတ်ပါလား။

မုယုံချန်းရှောင်း မှာ သေရွာမှ ပြန်လာသလို မျက်နှာမှာ ဖြူဖျော့ပီး တွမ့်ကျန်းယွမ် ကို ကျေးဇူးတင်စွာ ကြည့်နေလေသည်။ သူမမှာ
ကြောက်လန့်သွားသဖြင့် စကားပင် မဆိုနိုင်တော့ချေ။ တွမ့်ကျန်းယွမ် ကတော့ မုယုံဖူကိုပင် အရေးမစိုက်ပဲ မုယုံချန်းရှောင်း ကို ပြုံးကာ
ကြည့်နေလေသည်။ သူရှာဖွေနေသော နတ်သမီးလေးကို သူကယ်တင်လိုက်နိုင်သည် မဟုတ်ပါလား။ သူမကို နောက်တစ်ကြိမ်
မြင်လိုသော သူ့ဆန္ဒ လဲ ပြည့်ဝသွားလေပီ။ မုယုံဖူ မှာမူ သူ့ကို နှစ်ကြိမတ
ိုင်တိုင် တားဆီးသော တွမ့်ကျန်းယွမ် ကို အခဲမကျေ သော်လဲ
ဘာမှမတတ်နိုင်ချေ။ သူ့ လက်နှစ်ဖက်လုံး ထုံကျင်နေအောင် ဤလူက ပြုလုပ်ထားနိုင်သည်လေ။ သူအားထား ရသော
အပူလှိုင်းအတွင်းအား သည်ပင် ဤလူကို မထိခိုက်စေနိုင်ပေ ထိုလူကသာ သူ့ကို အတွင်းဒဏ်ရာ ရအောင်ပင်ပြန် လုပ်သွားလေသည်။
ထို့ကြောင့် မုယုံဖူ က ဤလူကို မရင်ဆိုင်ရန် ဆုံးဖြတ်လိုက်သည်။ ထို့သူကို ရင်ဆိုင်နိုင်သည့်တိုင် သူ့လုပ်ရပ်များ ပေါ်သွားပီ ဖြစ်သဖြင့်
သိုင်းဂိုဏ်းချုပ်များ က ဝိုင်းတိုက်ခိုက်သည်ကို ခံရနိုင်သည်။ သူထွက်ပြေးရန်သာ အခွင့်ချောင်း ရပေတော့မည်။

#မိုးထိတောင်သိုင်းသမား #ZYN
အခန်း (၇) အပိုင်း ငါး
ထုံဝူရေအိုင်မှ သိုင်းကျမ်းပြပွဲ
အချိန်က ညနေစောင်း နေဝင်ချိန်ပင် ရှိလေပီ။ စံအိမ်တစ်ခုလုံးမှာ အမှောင်ရိပ်များ တစ တစ ဖုံးလွှမ်းစ ပြုလာလေသည်။ သိတ
ို့င်
မုယုံစံအိမ်မှ အမှုထမ်းများမှာ မီးထွန်းညှိခြင်း မရှိကြပေ။ အစောပိုင်းက ပျားပန်းခတ်မျှ လှုပ်ရှားနေသော အမှုထမ်းများမှာ ယခု လူရိပ်ပင်
မမြင်ရတော့။ မုယုံဖူ မှာ ထွက်ပြေးရန် ချောင်းနေသလို ဆရာတော် ရွှယ်ထန်း ကလဲ အလွတ်မပေးပဲ ကြည့်နေလေသည်။
ကျန်သိုင်းဂိုဏ်းချုပ်များ ကတော့ ဖြစ်ပျက် သမျှကို မဆိုင်သလိုပင် ကြည့်နေကြသည်။ သူတို့ထဲတွင် ဝင်မပါရဲ သူများ ရှိသလို တမင်
ဝင်မပါချင်သူများလဲ ရှိကြသည်။ သိုင်းလောကမှာ ငြိမ်သက် နေသည်မှာ ကြာပီ ဖြစ်သဖြင့် ကိုယ်နှင့်မဆိုင်ပဲ ဝင်စွက်မိလျှင် ပြသနာတက်
နိုင်သည်ဟု ခံယူထားကြလေသည်။

ထိုစဉ် တွမ့်ကျန်းယွမ်က သူကို လုံးဝဂရုမစိုက်သဖြင့် မုယုံဖူမှာ ထွက်ပြေးရန် ခြေလှမ်းပြင်လိုက် သည်။ သို့သော် သူဦးတည်ရာ စံအိမ်
ဘက်သို့ ဘုန်းတော်ကြီး တစ်ပါးက ပိတ်ရပ်လိုက်လေသည်။

ထိုဘုန်းတော်ကြီး က တည်ငြိမ်စွာဖြင့်
" ဒကာကြီး... ဒကာကြီးတို့ အိမ်တွင်းရေးက တော့ နောက်မှ မဟာမိတ်အဖွဲ့ ခုံရုံးမှာ အစစ်ခံ လို့ရပါတယ်... ဒါပေမဲ့ သိုင်းကျမ်းကတော့
မရဘူး... ဘုန်းကြီးကို သိုင်းကျမ်းပြန်အပ်ပါ... ဒီသိုင်းကျမ်းက ဘုန်းကြီးတို့ ရှောင်လင် က အပိုင်ဖြစ်တာကြောင့် ဘုန်ကြီး ပြန်သိမ်းရ
လိမ့်မယ် "
ဟု ပြောလိုက်လေသည်။

မုယုံဖူ က တစ်ချက်ရယ်ကာ
" ဟား... ဟား.. ကိုယ်တော် ရွှယ်ထန်း စကားကို ဒီလိုလွယ်လွယ် ပြောလို့ရမလား... ကိုယ်တော်ပြောသလိုပဲ အိမ်တွင်းရေး က
နောက်မှထားပါ... သိုင်းကျမ်းက ကိုယ်တော်တို့ ရှောင်လင်က အပိုင်လို့ ဘယ်လိုပြောနိုင်လဲ ဘာသက်သေရှိလဲ "
ဟု ပမာမခန့်ပင် ပြန်ပြောလိုက်လေသည်။

ဆရာတော် ရွှယ်ထန်း မှာ မုယုံဖူ၏ စကားကြောင့် တစ်ချက်တွေသွားလေသည်။ ဟုတ်ပေသည်။ တစ်ချိန်က ရှောင်လင်ကျောင်းထိုင်


ဆရာတော် ရွှမ်းအိ က ထိုဓားသိုင်းကို အသုံးပြုခဲ့သော်လဲ ထုတ်ဖော်ခြင်းမပြုရန် တားမြစ်ခဲ့သည် မဟုတ်ပါလား။ ထိုအချိန်က
မျက်မြင်သက်သေ ရှိသူများမှာလဲ ဤနေရာတွင် မရှိကြချေ။

ဆရာတော် ရွှယ်ထန်း အခက်တွေ့နေသည် ကိုမြင်သော် တွမ့်ကျန်းယွမ် က


" နေပါဦး ကျနော် သိသလောက်ဆိုရင် အဲ့ဒီ မီးစွဲဓားသိုင်း က ရှောင်လင်ရဲ့ မူပိုင် သိင
ုးပညာပဲ... လွန်ခဲ့တဲ့ အနှစ်နှစ်ဆယ်က
ရှောင်စစ်တောင် သိုင်းပြိုင်ပွဲ မှာ ဆရာတော် ရွှမ်းအိ က ဓားဘုရင် ဝေထင်း ကို အဲ့ဒီဓားသိုင်းနဲ့ အပူလှုင
ိးအတွင်းအား ကို အသုံးပြုပီး
အနိုင်ရခဲ့တယ်... ဒါပေမဲ့ ဓားပညာမှာတော့ သရေကျခဲ့တယ်လေ... ဒါကြောင့် ဦးကြီး အနေနဲ့ ရှောင်လင်ကို
သိုင်းကျမ်းပြန်အပ်သင့်တယ် "
ဟု ဝင်ပြောလိုက်လေသည်။

ပရိသတ်အပေါင်းတို့မှာ တွမ့်ကျန်းယွမ် စကားကြောင့် အလွန်အံ့သြသွားကြသည်။ သူတို့ သိထားသည်မှာ ဆရာတော် ရွှမ်းအိ က ရိကျင့်


အကြောပြောင်းသိုင်း ဖြင့် အနိုင်ရခဲ့ခြင်း ဟူ၍ ဖြစ်သည်။

မုယုံဖူက မျက်နှာ တစ်ချက်ပျက်သွားသော်လဲ ထပ်မံ ရယ်မောကာ


" ဟား...ဟား... ဒီမယ်ကောင်လေး သိုင်းလောက တစ်ခုလုံးက လွန်ခဲ့တဲ့ အနှစ်နှစ်ဆယ် က ဆရာတော် ရွှမ်းအိ က ရိကျင့်
အကြောပြောင်းသိုင်းနဲ့ အနိုင်ရတာမှန်း အကုန်သိကြတယ်... မင်းက ဒီဓားသိုင်း နာမည်ကို သိတာနဲ့တင် မင်းပြောတာ ဟုတ်တယ် လို့
ဘယ်သူ အာမခံနိုင်လဲ... ပီးတော့ မင်းဟာ နာမည်မရှိ မျိုးရိုးမရှိတဲ့ သိုင်းသမား... မင်းပြောတာ အခြေအမြစ်မရှိဘူး "
ဟု ပြန်ပြောလိက
ုလေသည်။

မုယုံဖူ ၏ စကားကြောင့် ပရိသတ်မှာ ပြန်တွေဝေသွားကြသည်။ ဟုတ်ပေသည်။ တွမ့်မျိုးနွယ် မှာ သိုင်းလောကထဲ မဆင်းတာ


အနှစ်နှစ်ဆယ် ပင် ရှိလေပီ။ မည်သူကမှ တွမ့် ဟူသော နာမည်ကို တစ်ချိန်က သိုင်းလောက တတိယ ရသူ ဦးရီးတော်တွမ့် နှင့်
မစပ်ဆက်မိကြတော့ချေ။ ထိုကြောင့် တွမ့်ကျန်းယွမ် ကို အဘိုးအို စုန့်ဝမ်က မိတ်ဆက်ဆက်ပေး၍ သိရသော်လဲ သူ၏ မျိုးရိုးမှာ
နာမည်ကျော် သိုင်းမိသားစု ကမဟုတ် ဟု ထင်ကြလေသည်။ အဘိုးအို စုန့်ဝမ်က သူ၏ တူဟု ပြောသည့်တိုင် သူက စုန့်မျိုးရိုး လဲ
မဟုတ်သဖြင့် ပရိသတ်တို့မှာ တွမ့်ကျန်းယွမ် ၏ စကားကို ယုံရခက်ဖြစ်နေသည်။ တစ်ဖက်ကလဲ သိက္ခာသမာဓိ နှင့် ပြည့်စုံသော
ဆရာတော် ရွှယ်ထန်း က ရှိနေသဖြင့် သို့လော သို့လော စဉ်းစားနေကြသည်။

တွမ့်ကျန်းယွမ် က ပရိသတ်များ သူပြောသည်ကို မယုံသဖြင့် စိတ်ရှုပ်ကာ


" ကျနော် ဘာလို့ ဒီအကြောင်းတွေ သိတာလဲ ဆိုတော့ ကျနော်က ရှောင်စစ်တောင် သိုင်းပြိုင်ပွဲ မှာ တတိယ ရတဲ့ ဦးရီးတော်တွမ့် ရဲ့
မျိုးဆက် မို့လို့ပဲ... ကျနော်တို့ တာ့လီ တွမ့်မျိုးနွယ် က လိမ်မပြောဘူး... ကျနော့် ဆရာက ဆရာတော် ရွှမ်းအိ အဲ့ဒီ မီးစွဲဓားသိုင်း ကို
သုံးတာ မျက်မြင်ကိုယ်တွေ့ ဖြစ်ခဲ့တယ်... ခင်များ မယုံရင် အဲ့နေ့က အဲ့နေရာမှာ ရှိတဲ့ ဂိုဏ်းချုပ်ကြီးတွေ နဲ့ ဆရာကြီး စီးမင်ကို့ဝေ
ဆရာကြီး ဝေထင်း တို့ကို မေးကြည့်နိုင်တယ် "
ဟု ပြောလိုက်သည်။

ပရိသတ်များမှာ ဦးရီးတော်တွမ့် ဟူ သော အမည်ကို ကြားမှသာ ပြန်လည် သတိရ လာကြသည်။ ထို့ပြင် တာ့လီပြည် ကလာသည်
ဆိုသောကြောင့် ဤလူငယ်မှာ တော်ဝင်သွေးဖြစ်ဟန် တူသည်ဟု မှန်းဆမိကြသည်။ တာ့လီပြည် ဘုရင်ကြီး၏ တပည့်မှာ သူ့၏ တူ၊
သား မှလွဲ၍ တခြားသူ ဖြစ်နိုင်မည် မဟုတ်ချေ။

မုယုံဖူမှာ တွမ့်ကျန်းယွမ် ၏ မျိုးရိုး အခြေအနေကြောင့် ပရိတ်သတ်က ယုံသွားသည်ကိုတွေ့သော်


" ဒီမယ်သူငယ်... မင်းက တာ့လြီ ပည် ဘုရင်ကြီးရဲ့ မျိုးဆက်တပည့် ဖြစ်ရင် ဖြစ်မယ် မင်းပြောတဲ့ လူတွေက သိုင်းလောကမှာ
လှုပ်ရှားတော့တာ မဟုတ်ဘူး... မင်းပြောသလို လိုက်မေးနေရရင် အချိန်ကြာတာပေါ့ကွာ ဖြစ်နိုင်တာကို ပြောပါ"
ဟု ထပ်မံ ငြင်းလိုက်ပြန်သည်။

ထိုထက်ပို၍ တွမ့်ကျန်းယွမ် မှာ ပြောစရာ မရှိတော့ချေ။ သူ့မျိုးရိုးကိုလဲ ဖွင့်ပြောပီးလေပီ ထိုနေ့က မျက်မြင်သက်သေတွေကိုလဲ


သူထုတ်ပြောကာ သက်သေခံခင
ိုး လေသော်လဲ မုယုံဖူမှာ ခပ်တည်တည်ဖြင့် ငြင်းနေတုန်းပင် ဖြစ်သည်။ တွမ့်ကျန်းယွမ် ကော
ဆရာတော် ရွှယ်ထန်း ပါ စိတ်ရှုပ်သွားကြသည်။

ထိုအချိန်မှာ စင်အောက်ရှိ ပိုင်လုံက တည်ကြည်သော အသံဖြင့်


" ပရိသတ် အပေါင်းတို့ခင်မျာ... ဒီညီလေး တွမ့်ကျန်းယွမ် ပြောတာ အဖြစ်မှန်တွေပါပဲ... အဲဒ
ီ့ မီးစွဲဓားသိုင်းက ဆရာတော် ရွှယ်ထန်း
ပြောသလို ရှောင်လင်ရဲ့ သိုင်းပညာပါ... လွန်ခဲ့တဲ့အနှစ်နှစ်ဆယ် က ဆရာတော်ကြီး ရွှမ်းအိ ဟာ ထိုဓားသိုင်းနဲ့ ဓားဘုရင် ဝေထင်း ကို
အနိုင်ယူခဲ့ပါတယ်... သို့ပေမဲ့ ဆရာတော်ရဲ့ မေတ္တာရပ်ခံချက်ကြောင့် အသိသက်သေလုပ်သူ ဂိုဏ်းချုပ်ကြီးတွေဟာ မီးစွဲဓားသိုင်း
အကြောင်း ထုတ်မပြောခဲ့ကြ တာပါ... မိတ်ဆွေတို့ မယုံရင် ထိပ်သီးဂိုဏ်းချုပ်တွေကို မေးလို့ရပါတယ်... ကျနော် ပိုင်လုံကလဲ
မဟာမိတ်အဖွဲ့ခေါင်းဆောင် ဂိုဏ်းချုပ်ကြီး ပုလုံ ကိုယစ
်ား အာမခံပါတယ်... မိတ်ဆွေတို့ ကျနော်တို့ ဌာနချုပ်ရှိရာ မြောက်ပိုင်း
ပေကျင်းမြို့ ကို လာပီး စုံစမ်းနိုင်ပါတယ် "
ဟု ရဲရဲဝင့်ဝင့် အာမခံလိုက်လေသည်။

ပရိသတ်တို့မှာ ဆရာတော် ရွှယ်ထန်း ၏ သီလသမာဓိ အပြင် တွမ့်ကျန်းယွမ် ၏ မျိုးရိုး ကြောင့်လဲ ယုံကြည်နေကြပီ ဖြစ်သည်။ ထို့အပြင်
ပိုင်လုံ လို နာမည်ကျော် သိုင်းသမားက အာမခံ လိုကေ
် လရာ မုယုံဖူ မှာ ငြင်းဖို့ အကြောင်းမရှိတော့ချေ။

မုယုံဖူ က မျက်နှာကို မဲ့လိုက်ပီး


" ကဲ... ဟုတ်ပါပီ သိုင်းကျမ်းက ရှောင်လင် ကပဲ ထားပါတော့ ကျုပ်ရခဲ့တာ ရှောင်လင်က မဟုတ်ဘူးနော်... ကျုပ်ကို မိတ်ဆွေ
တစ်ယောက် က လက်ဆောင် ပေးခဲ့တာ အဲ့ဒီတော့ ပြန်မပေးနိုင်ဘူး "
ဟု ကပ်သတ်ကာ ပြောလိုက်ပြန်သည်။

ဟုတ်ပေသည် သူ့မှာ ဘယ်လောက် အပင်ပန်းခံကာ သိုင်းကျမ်း တစ်ခြမ်းကို ရှာထားရသည်လဲ သူသာသိသည်လေ။ ထိုဓားသိုင်းကို


လိုချင်၍ အကိုဖြစ်သူကိုပင် အဆိပ်ခတ်က လုပ်ကြံခဲ့ရလေသည်။

ဆရာတော် ရွှယ်ထန်း က သက်ပြင်းချကာ


" ဟုတ်ပီ ဒကာကြီး... ဒကာကြီးက အဆုံးထိ ပြန်မပေးနိုင်ပဲ ငြင်းနေတော့ ဘုန်းကြီးကလဲ အကြောင်းစုံ ထုတ်ပြောမှ ဖြစ်မယ်... ဒါမှ
ဘုန်းကြီးက သိင
ုးပညာသုံးပီး ပြန်ယူတဲ့ အခါ လူတွေ အထင်မှားစရာ မရှိတော့မှာ "
ဟု ပြောလိုက်တော့သည်။

ဆရာတော်၏ ဟန်ပန်မှာ ပြန်မပေးလျှင် လုယူမည့် ပုံ ရှိလေသည်။ မုယုံဖူမှာ ဆရာတော် ရွှယ်ထန်းကို ပုံမှန်ဆလ
ျှိုင် မမူသော်လဲ ယခုမှာ
သူ၏လက်နှစ်ဘက်က လှုပ်၍ပင် မရသေးသောကြောင့် ရင်မဆိုင်လိုချေ။ ထွက်ပြေးရန်သာ စဉ်းစားနေသည်။ သို့သော်
သိုင်းကျမ်းမပေးလျှင် ဤနေရာမှ ထွက်သွားရန် မဖြစ်နိုင်သဖြင့် အတော်ပင် စိတ်ရှုပ်နေလေသည်။

ဆရာတော် ရွှယ်ထန်း က ပရိသတ်များကို ခြုံကြည့်လိုက်ပီး


" လွန်ခဲ့တဲ့ ဆယ့်ငါးနှစ်က ရှောင်လင်ဟာ သိုင်းလောက အရေးကနေ ဘေးဖယ် နေလိုက်ပီး ဆရာတော်ကြီး ရွှမ်းအိ ကလဲ ကျောင်းထိုင်
နေရာကို ဆရာတော် ရွှမ်းမု ကို လွှဲပေးလိုက်တာ သိုင်းလောကသား တို့သိကြမှာပါ... ဒါဟာ ဒီဓားသိုင်း ပျောက်ဆုံးမှုကြောင့်ပါပဲ...
ဓားသိုင်းကို ခိုးသူဟာ ကျမ်းစာစောင့် ဆရာတော် ရွှမ်းစန်းကို ပါသတ်ဖြတ်သွားပါသေးတယ်... ဒီဆယ့်ငါးနှစ်အတွင်း ဘုန်းကြီးတို့
ရှောင်လင် ဟာ လူသတ်သမားသူခိုး ကို တိတ်တဆိတ် ရှာဖွေနေခဲ့တယ် ဒါပေမဲ့ အစအနတောင် ရှာမရခဲ့ဘူး... အခုတော့
သိုင်းကျမ်းပိင
ုဆိုင် ထားတဲ့ သူတွေကို သတင်းရခဲ့ပ.ီ .. သိုင်းကျမ်းပိုငတ
်ဲ့ သူတွေ သိုင်းကျမ်းကို ပြန်အပ်ပီး ဘယ်လိုရထားတယ်ဆိုတာ
ရှင်းပြပေးကြပါ"
ဟု ရှင်းပြပီး တောင်းဆိုလိုက်လေသည်။

မုယုံဖူက တိတ်တိတ်နေ သော်လဲ သိုင်းကျမ်း တစ်ခြမ်းပိုင်ထားခဲ့သူ မိုးနတ်မယ် လီယင်းယင်း က စိတ်လှုပ်ရှားစွာဖြင့်


" ဆရာတော် ရွှယ်ထန်း ရှင.့် .. တပည့်တော်မ ဒီသိုင်းကျမ်းကို ရခဲ့တာတော့ လွန်ခဲ့တဲ့ တစ်နှစ်ကျော်လောက်က သိုင်းသမားကြီး
တစ်ယောက်ကို ကူညီမိလို့ သူက လက်ဆောင်ပေးခဲ့တာပါ... ထိုသိုင်းသမားကြီးက တပည့်တော်မ ကို သူတို့ သိုင်းအဖွဲ့ကို ဝင်ဖို့
ပြောခဲ့ပါသေးတယ်... ဒါပေမဲ့ တပည့်တော်မ က လွတ်လွတ်လပ်လပ် နေချင်လို့ အခုထိ အကြောင်းမပြန်ရသေးပါဘူး "
ဟု သူမ ရထားပုံကို ရှင်းပြလိုက်သည်။

ပရိသတ်များနှင့် ဆရာတော် ရွှယ်ထန်း လဲ သိုင်းအဖွဲ့ အသစ် နှင့် သိုင်းသမားကြီး ဆိုသော စကားများကို ကြားသော် အံ့သြမိ
ကြလေသည်။ မီးစွဲဓားသိုင်း ကို လက်ဆောင် ပေးနိုင်လောက်သောသူမှာ သေချာပေါက် သိုင်းပညာအဆင့်မြင့်ပေမည် ထိုသူက
အဘယ့်ကြောင့် သူ့ထက် သိုင်းပညာနိမ့်သော လီယင်းယင်း ၏ အကူအညီကို ယူရမည်နည်း။ ထို့အပြင် ထိုသူက သူ၏ သိုင်းအဖွဲ့ကို
ဝင်ရန်ပင် ဆွဲဆောင်နေသေးသည်။ သူမ၏ စကားမှာ ထူးဆန်းနေလေသည်။

ဆရာတော် ရွှယ်ထန်း လဲ စိတ်ရှုပ်စွာ


" ဒကာမကြီး... ဒကာမကြီး ကူညီလိုက်တဲ့ သူကို ဒကာမကြီး သိလား... သူ့နာမည်က ဘယ်လိုခေါ်လဲ "
ဟု မေးလိုက်သည်။

လီယင်းယင်းက ခေါင်းခါပြကာ
" တပည့်တော်မ လဲ အဲ့ဒီ သိင
ုးသမားကြီးကို နာမည်မသိပါဘူး ဆရာတော်... သူ့ရဲ့ ပုံစံကြည့်ရတာတော့ ခန့်ခန့်ညားညားရှိပီး
သိုင်းပညာကို တော်တော် အဆင့်မြင်မြင့် တတ်ထားပုံပ.ဲ .. တပည့်တော်မ က သူ့ကို ကူညီပေးတာလဲ ဘာမှ ပြောပ့လောက်တဲ့
အကူအညီ မဟုတ်ဘူးလေ... သူက တပည့်တော်မကို သတ်သတ် သိုင်းကျမ်းပေးချင်လို့ ကူညီခိုင်းတဲ့ပုံ ပေါ်ပါတယ် "
ဟု ဖြေလိုက်သည်။

ပရိသတ်များမှာ လီယင်းယင်း ၏ အဖြေကို ကြားသော် သိုင်းကျမ်းပေးပီး လူခေါ်နေသော သိုင်းအဖွဲ့ တစ်ခု ပေါ်နေကြောင်း


သိလိုက်ရသည်။ ထိုသိုင်းကျမ်းမှာလဲ သိုင်းလောက ပထမ ရနိုင်သော သိုင်းကျမ်း ဖြစ်သောကြောင့် ပို၍ပင် စိတ်ဝင်စားမိကြ သည်။
ထိုသို့သော သိုင်းကျမ်းကိုပင် လက်ဆောင်ပေးပစ်နိုင်လျှင် ထိုသိုင်းအဖွဲ့ရှိ လူများ၏ သိုင်းပညာမှာ အလွန်ကြောက်မက်
ဖွယ်ကောင်းမည်မှာ အမှန်ပင်။ ပရိတ်သတ် တို့မှာ မုယုံဖူ ၏ စကားကို စောင့်မျှော်နေကြလေသည်။ မုယုံဖူကတော့ အင်း မလုပ် အဲ
မလုပ် နှုတ်ပိတ်နေတုန်းပင်။

ဆရာတော် ရွှယ်ထန်း က မုယုံဖူကို ကြည့်ပီး


" ဒကာကြီး... ဒကာကြီး သိုင်းကျမ်းရပုံကိုလဲ သိချင်ပါတယ်... ပြောပြပေးပါ ဒကာကြီး "
ဟု မေးလိုက်လေသည်။

မုယုံဖူကတော့ လံုး ဝ မဖြေပေ။ သူက ဒီနေရာကနေ ဘယ်လိုထွက် ရမည်ကိုသာ အသည်းအသန် စဉ်းစားနေလေသည်။

လုံးဝ မလှုပ်သော မုယုံဖူ ကို မုယုံချန်းရှောင်း က ရွံရှာသလို ကြည့်ပီး


" ဆရာတော်ဘုရား... ဒီလူယုတ်မာက အဲ့ဒီသိုင်းကျမ်းကို လိုချင်လွန်းလို့ သူအ
့ ကို တပည့်တော်မရဲ့ အဖေကို အဆိပ်ခတ် လုပ်ကြံပီး
အပိုင်စီးခဲ့တာပါ... တပည့်တော်မရဲ့ အဖေဆီ အဲ့ဒီသိုင်းကျမ်း ရောက်လာပုံကိုတော့ တပည့်တော်မလဲ မသိပါဘူး... တပည့်တော်မ
အဖေ ကလဲ သေဆုံးသွားပါပီ "
ဟု ပြောလိုက်ပီး ဖခင်ကို သတိရကာ မျက်ရည်များ ကျလာလေသည်။

ထိုစဉ် စံအိမ်ဘက်မှ မီးတောက်များ ရုတ်တရက် ထတောက်လာပီး ဟိုဟိုဒီဒီ ဆီမှ


"မီး... မီး... မီးဗျို့  "
ဟူ သော အသံများ ထွက်ပေါ်လာကြသည်။
သိုင်းသမားတို့မှာ မီး ဟူသော အသံကြောင့် ရုတ်ရုတ်သဲသဲ ဖြစ်သွားကြလေသည်။
ထွက်ပြေးရန် ချောင်းနေသော မုယုံဖူ မှာ ထိုအခွင့်အရေးကို အမိအရ ယူကာ မီးတောက် ထွက်ပေါ်လာသော စံအိမ်ဘက်သို့ ခုန်ပျံ
လိုက်လေသည်။ သူ့ကို မလွတ်တမ်း ကြည့်နေသော ဆရာတော် ရွှယ်ထန်း နှင့် တွမ့်ကျန်းယွမ် မှာလဲ ဆတ် ခနဲ
လိုက်ခုန်လိုက်ကြသည်။ သို့သော် မုယုံဖူ ဆီမှာ စာအုပ် နှစ်ခုက ဆရာတော် ရွှယ်ထန်း နှင့် တွမ့်ကျန်းယွမ် ဆီသို့ လွင့်ပျံ လာလေသည်။
ဆရာတော် ရွှယ်ထန်း နှင့် တွမ့်ကျန်းယွမ် မှာ သိုင်းကျမ်း ဖြစ်နိုင်သည် ဟု တွေးထင်မိသောကြောင့် အရှိန်သတ်ကာ စာအုပ်ကို ကိုယ်စီ
ကိုယ်စီ ဖမ်းယူလိုက်ကြသည်။ မုယုံဖူမှာမူ လွတ်လွတ် ကျွတ်ကျွတ်ပင် မီးတောက်ထဲသို့ ခုန်ဝင်သွားလေသည်။
ဟုတ်ပေသည်။ မုယဖ
ုံမှာ အခြေအနေ မဟန်သဖြင့် သိုင်းကျမ်းကို ပစ်ပေါက်ကာ မီးလောင်နေသော စံအိမ်ထဲ ခုန်ဝင်သွားခြင်း
ဖြစ်သည်။ ထိုသို့မှ မတားလျှင် သူအနေဖြင့် ဆရာတော် ရွှယ်ထန်း နှင့် တွမ့်ကျန်းယွမ် ကို တားရန် မဖြစ်နိုင်ချေ။ သိုင်းကျမ်း ကို
စွန့်လွှတ်ကာ ထွက်ပြေးရတော့သည်။

တွမ့်ကျန်းယွမ် နှင့် ဆရာတော် ရွှယ်ထန်း မှာ သိုင်းကျမ်းနှစ်ခု ကို လက်က ကိုင်ရင်း မုယုံဖူ ၏ ဥာဏ်ကောင်းပုံကို ချီးကျူးမိကြသည်။
ဤလူကား အလွန် ဥာဏ်များသော လူပေတကား။ တခြားသိုင်းသမားများမှာ မီးကို ရေများဖြင့် ကြိုးစားငြိမ်းသတ် နေကြသည်။ မီးမှာ
အနည်းငယ်သာ လောင်ကျွမ်းသဖြင့် မုယုံဖူ လွတ်အောင် တမင်ရှို့ပေးမှန်း သိသာလှသည်။ စံအိမ်ထဲသို့ ဝင်ရှာသော်လဲ မုယုံဖူ ကို
အရိပ်အယောင်ပင် မမြင်ရတော့ချေ။

တွမ့်ကျန်းယွမ် က လက်ထဲမှ သိုင်းကျမ်း ကို ကြည့်ပင် မကြည့်ပဲ ဆရာတော် ရွှယ်ထန်း ကို ပေးလိုက်လေသည်။ ဆရာတော်က
ကျေးဇူးတင်စကားပြောကာ လက်ခံယူပီး တပည့်များနှင့် အတူ နှုတ်ဆက် ထွက်ခွာ သွားတော့သည်။ လီယင်းယင်းမှာလဲ
တွမ့်ကျန်းယွမ်ကို ပြုံး၍ နှုတ်ဆက်ပီး ဝေါယာဉ် ပေါ်တက်ကာ ထွက်သွားပြန်သည်။ သိုင်းဂိုဏ်းချုပ်များနှင့်တခြားသိုင်းသမားတို့မှာ လဲ
အသီးသီးပင် မုယုံချန်းရှောင်း ကို နှုတ်ဆက်ကြရင်း ထွက်ခွာ သွားကြလေသည်။ အောင်မြင်နေသော သူကို အပြိုင်အဆိုင်
ဝန်းရံကြသော်လဲ ရှုံးနိမ့်သူကုေ
ိ တာ့ ထူမ ပေးချင်သူ မရှိသည်မှာ လောက၏နိယာမ ပင်မဟုတ်ပါလား။

အတန်ကြာသော် တစ်ပိုင်းတစ်စ မီးလောင်ကျွမ်းသွားသော မုယုံစံအိမ်ကြီး ထဲတွင် မုယုံချန်းရှောင်း၊ တွမ့်ကျန်းယွမ်၊ အဘိုးအို စုန့်ဝမ် နှင့်
ပိုင်လုံ တို့သာ ကျန်ခဲ့လေတော့သည်။
ထုံဝူရေအိုင် က သိုင်းကျမ်းပြပွဲ ကတော့ ဤနည်းနှင့်ပင် အဆုံးသတ်သွား လေတော့သည်။

#မိုးထိတောင်သိုင်းသမား #ZYN
အခန်း (၈) အပိုင်း တစ်
အနောက်နယ်ခြားက သိုင်းအဖွဲ့အစည်း

မုယုံစံအိမ် မှာ လူရိပ်လူခြေတိတ်ဆိတ်လျက် ခြောက်ကပ်ကပ် ရှိနေလေသည်။ ထို့ပြင် မီးလောင်ထားသော စံအိမ်၏အစိတ်အပိုင်း


များမှာ မီးခိုးငွေမ
ျ့ား တလူလူ ထွက်လျက်ပင် ရှိနေသေးသည်။ လွန်ခဲ့တဲ့ တစ်နာရီခန့်ကတော့ ဤစံအိမ်ကြီးမှာ လူသံ သူသံ
တိုက်ခိုက်သံ ဟစ်အော်သံများ ဖြင့် ဆူညံလျက်။

စံအိမ်တွင်း၌ မုယုံချန်းရှောင်း က လက်ဖက်ရည် တစ်အိုးသယ်လာကာ ဧည့်ခန်းဆောင်တွင် ထိုင်နေသော သူ သုံးယောက်ကို


လက်ဖက်ရည်ဖြင့် တည့်ခင်း လိုက်သည်။ ထိုသူ သုံးယောက်က သက်ပြင်းချပီး လက်ဖက်ရည်ကို သာ တွင်တွင် သောက်နေကြသည်။
သူတို့ကိုယ်စီတွင် မေးစရာစကားများ ရှိနေပုံ ရသော်လဲ သူမေး ကိုယ်မေး ဦးစားပေး စောင့်နေပံရ
ု သည်။

အတန်ကြာမှ တွမ့က
်ျန်းယွမ် က စိတ်လှုပ်ရှားဟန် ဖြင့် မုယုံချန်းရှောင်း ကို ကြည့်ပီး
" ညီမရဲ့ မုယုံစံအိမ်ကြီး ပျက်စီးသွားပီ ဆိုတော့ ရှေ့ဆက်ပီး ညီမဘာဆက်လုပ်မယ် စိတ်ကူးလဲ " ဟု မေးလိုက်လေသည်။

မုယုံချန်းရှောင်း မှာ တွမ့်ကျန်းယွမ် ၏ အမေးကို ဖြေရန် အဖြေမရှိပေ။ သူမသည် ယခုမှ အသက်နှစ်ဆယ် ပြည့်ပီးကာစ ဖြစ်သည်
မဟုတ်ပါလား။ အဆိပ်မိနေသော ဖခင် လူမမာကို နှစ်နှစ်တိတိ ပြုစုကာ နေခဲ့သော်လဲ ယခု အားကိုးစရာ ဖခင်ကြီးကလဲ မရှိတော့
တခြားအမှုထမ်းများ မှာလဲ လူယုတ်မာ မုယုံဖူ၏ နောက်သို့ ပါသွားကြလေပီ။ မိမိပိုင်သော ပစ္စည်းဥစ္စာ ဟူ၍ ဤစံအိမ်မှ
ပရိဘောဂများအပြင် စာကြည့်ခန်းထဲမှ မိမိတို့ မူပင
ို စုတ်တံသိုင်းကျမ်း သာ ရှိတော့သည်။ ထိုသိုင်းကျမ်းဖြင့်လဲ လူယုတ်မာ မုယုံဖူ ကိလ
ဲု
လက်စားမချေနိုင်။ မုယုံချန်းရှောင်း မှာ အမှန်ပင် ဘာဖြေရမှန်း မသိချေ။ သူမ၏ လှပလွန်းသော မျက်နှာလေးမှာ စိတ်ဖိစီးမှု များဖြင့်
ညှိုးငယ်နေလေသည်။

မုယုံချန်းရှောင်း၏ မျက်နှာလေးငယ် နေသည်ကို ကြည့်သော် ထိုသုံးယောက်သား မှာ ရင်ထဲတွင် မချိဖြစ်နေကြသည်။ မုယုံဖူ ကိုလဲ
သတ်ပစ်ချင်လောက်အောင်ပင် မုန်းတီးနေကြသည်။

အဘိုးအို စုန့်ဝမ် က မုယုံချန်းရှောင်း ကို ကြည့်ပီး


" အိုကွာ... ငါ့တူကလဲ... ငါ့တူမလေး မှာ ငါရှိသေးတာပဲ ငါစောင့်ရှောက်မှာပေါ့ "
ဟု ပြောလိုက်သည်။

မုယုံချန်းရှောင်း မှာ အဘိုးအို စုန့်ဝမ် ၏ စကားကြားသော် အားတက်သွားမိသည်။ အဘိုးအို စုန့်ဝမ်က သူမဖခင်၏ တစ်ဦးတည်းသော
မိတ်ဆွေဖြစ်သည် မဟုတ်ပါလား။ မုယုံပေါ် နှင့် စုန့်ဝမ် တို့မှာ လွန်ခဲ့သည့် ဆယ့်ငါးနှစ် အဆိပ်ပန်းဂိုဏ်း ကို ရင်ဆိုင်ခဲ့ကြစဉ် ကတည်းက
လက်တွဲခဲ့ကြခြင်း ဖြစ်သည်။ သွေးသောက် ညီအကိုပင် တော်ခဲ့ကြသည်။ သို့သော် လွန်ခဲ့သည့် ငါးနှစ်ခန့်က အဖြူအနက်တိုက်ပွဲတွင်
မုယုံပေါ်က မပါဝင်သဖြင့် အဘိုးအိုစုန့်ဝမ် က မုယုံပေါ်ကို စိတ်ဆိုးပီး ပစ်ထားသောကြောင့် မုယုံပေါ်၏ အခြေအနေကို မသိခြင်း
ဖြစ်လေသည်။ အားငယ်နေသော မုယုံချန်းရှောင်းမှာ အဘိုးအို စုန့်ဝမ်သာ အားကိုးရာ ကျန်တော့လေသည်။

မုယုံချန်းရှောင်း က အဘိုးအို စုန့်ဝမ် ကို ပြုံးပြရင်း


" အော်... ဒါနဲ့ အဘ... ညီမလေး ချီရန့် တောင် အဖေမဆုံးခင် လူမမာ လာမေးရင် တစ်ခေါက်ရောက်လာသေးတယ်
နှစ်ပါတ်လောက်နေပီး ပျင်းတယ် အနောက်နယ်ခြား ဘက်သွားဦးမယ် ပြောသွားတယ် အဘ "
ဟု ပြောလိုက်သည်။

အဘိုးအို စုန့်ဝမ်မှာ မုယုံပေါ်ကို စိတ်ဆိုး၍ ပစ်ထားသော်လဲ မုယုံချန်းရှောင်း နှင့်မူ အဆက်အဆံရှိသလို သူ၏မြေးမလေး စုန့်ချီရန်း နှင့်
မုယုံချန်းရှောင်း တို့မှာလဲ ညီအစ်မအရင်း သဖွယ် ချစ်ခင် ရင်းနှီးကြသည်။ စုန့်ချီရန်း ကတော့ ပျံလွှားမယ် ဆိုသည့်အတိုင်းပင် ပျံလွှား
အဘိုးအို စုန့်ဝမ်ပင် ဖမ်းမမိအောင် ခြေများ လွန်းလှသည်။

ထိုစဉ် ပိုင်လုံ က ရေနွေးခွက်ကို ချပီး


" အနောက်နယ်ခြား ဆိုလို့ ပြောရဦးမယ် အဘရေ... ကျနော် ဒီတစ်ခေါက် ဒီကို အလာမှာ ထူးခြားတဲ့ သိုင်းအဖွဲ့အစည်း တစ်ခု
အကြောင်း ခြေရာခံမိခဲ့တယ် "
ဟု ပြောလိုက်သည်။

တွမ့်ကျန်းယွမ် က စိတ်လှုပ်ရှားစွာဖြင့်
" အကိုကြီးပိုင် ပြောတဲ့ အဖွဲ့အစည်းက လီယင်းယင်း ပြောတဲ့ အဖွဲ့အစည်းနဲ့ တူနေမလား မသိဘူးနော် "
ဟု စကားထောက်လုက
ိရာ ကျန်သုံးယောက် မှာ တွေ ခနဲ ဖြစ်သွားလေသည်။

ပိုင်လုံက တစ်ချက်စဉ်းစားရင်း
" အင်း အကို အသေးစိတ်ပြောပြမယ်... စဉ်းစားကြည့်ကြပေါ့ တူ မတူ ဆိုတာ "
ဟု ပြောပီး တကယ် အသေးစိတ် ပြောပြ လေတော့သည်။

အချိန်မှာ လွနခ
်ဲ့သည့် တစ်လခန့်က ပိုင်လုံ တစ်ယောက် မြောက်ပိုင်း ဌာနချုပ်ရှိရာ ပေကျင်းမှ တောင်ဘက် သိင
ုးကျမ်းပြပွဲ ရှိရာသို့
ထွက်လာခဲ့လေသည်။ ပေကျင်း နှင့် ခိုင်ဖုန်း မှာ ဆယ့်ငါးရက် ခရီး ဖြစ်ရာ ထုံဝူရအိုင် နှင့် ဆိုလျင် ဆယ့်ခုနစ်ရက် ခရီး ဖြစ်လေသည်။
ထို့ကြောင့် ပိုင်လုံက ပိုပို လိုလို တွက်၍ တစ်လ အလို ကပင် ထွက်လာခဲ့သည်။

ပိုင်လုံ...
သူတောင်းစားဂိုဏ်း သည် ဂိဏ
ုးချုပ်ကြီး ပုလုံ လက်ထက်တွင် ထိပ်ဆုံးနေရာကို ပြန်ရောက်လာခဲ့သည် ဟု ဆိုရလျှင် ပုလုံ၏
တပည့်ကြီး ပိုင်လုံ၏ ကြိုးစားအားထုတ်မှု များလဲ ပါသည် ဟု ဆိုရမည်။ ပိုင်လုံကို ပုလုံက သူ၏ ဂိုဏ်းချုပ်နေရာ ဆက်ခံမည့်သူ ဟုပင်
သတ်မှတ်ထားသည် မဟုတ်ပါလား။ ဒီတစ်ခေါက် ရှောင်စစ်တောင် သိုင်းပြိုင်ပွဲ ပြီးဆုံးလျှင် ပိုင်လုံမှာ တရားဝင် ဂိုဏ်းချုပ်
ဖြစ်တော့မည်မှာ သေချာသလောက် ရှိနေသည်။ ပိုင်လုံမှာ ငယ်စဉ်ကတည်းကပင် မိဘမဲ့ ဖြစ်ပီး သူဖုန်းစားများလက်ထဲတွင်
ကြီးပြင်းလာသူ ဖြစ်သည်။ သူ့လိုပဲ မိဘမဲ့ ဖြစ်သူ ပုလက
ုံ သူ့အသက် ဆယ်နှစ် အရွယ်ကပင် တပည့်အဖြစ်လက်ခံပီး
သိုင်းပညာသင်ပေးခဲ့သည်။ ထို့နောက် ပုလုံ က သူဖုန်းစားဂိုဏ်းချုပ်ဖြစ်လာတော့ ပိုင်လုံမှာ အလိုလိုပင် ဂိုဏ်းချုပ်၏ တပည့်
ဖြစ်လာလေတော့သည်။ ပထမ ရှောင်စစ်တောင် သိုင်းပြိုင်ပွဲ တုန်းကပင် ပိုင်လုံမှာ ပုလုံနှင့် အတူ ပါလာခဲသ
့ ည် ဖြစ်သည်။
ထိုစဉ်ကည်းက နဂါးနိုင်လက်ဝါး သိုင်းကို ကျင့်နေရပီ ဖြစ်သည်။ ပုလုံက ကျင့်စဉ်များကို ပြန်လည်ပေါက်မြောက် အောင်
ကျင့်နိုင်သောအခါ ပိုင်လုံမှာလဲ ဆရာနှင့်ထပ်တူပင် ကျင့်နိုင်ခဲ့သည်။ အနှစ်နှစ်ဆယ်ကျော် ကျင့်လာသော ပိုင်လုံ မှာ သိုင်းပညာ အဆင့်
မည်မျှရှိမည်နည်း။ ထိုမေးခွန်းမှာ ဖြေစရာ မလိုပေ အဘယ့်ကြောင့် ဆိုသော် ပိင
ုလုံ မှာ သိုင်းလောကတွင် ရှုံးပွဲ မတွေ့ဖူးသော
သိုင်းသမားဖြစ်သည်။ ကောလဟာလ အရဆိုလျှင် ပိုင်လုံကို သူ့ဆရာ ပုလုံပင် အနိုင်မရ နိုင်တော့သည် ဟု သတင်းထွက်ဖူးသည်။
သို့သော် ပိုင်လုံ မှာ အနေအေးသဖြင့် အနက်ရောင်သိုင်း လောကသားများနှင့် တိုက်ပွဲ ပြီးဆုံးကတည်းက သူတစ်ပါး နှင့် တိုက်ခိုက်သည်
ကို သိပ်မတွေ့ရချေ။

ပိုင်လုံမှာ ဆယ့်ငါးရက်နီးပါး ပိုသေးသဖြင့် အေးအေးလူလူ ပင် ပေကျင်းမှ မြင်းစီးကာ အနောက်ဘက်သို့ ကွေ့ပတ် ထွက်ခဲ့သည်။
တစ်ပါတ် ခန့် ရွာများကို ဖြတ်ပီးသော် အနောက် လမ်းဆုံ ဟု မည်ရသော လမ်းရွာကြီး တစ်ရွာကို ရောက်ရှိလာသည်။ ထိုရွာမှာ
ရွာဟုသာ ဆိုသော်လဲ မြို့ ငယ်တစ်ခုမျှပင် စည်ကားသည်။ အဘယ့်ကြောင့်ဆိုသော် ထိုရွာ တည်ရှိရာ နေရာမှာ
အနောက်ဘက်နယ်ကြားသို့ သွားရာလမ်း ရှိသောကြောင့်ဖြစ်သည်။ အနောက်ဘက်နယ်ခြား မှ ကုန်သည်များနှင့် ခရီးသွားတို့မှာ
ပေကျင်း၊ ခိုငဖ
်ုန်း နှင့် လို့ရန်မြို့ များ ဆီသို့ မသွားခင် ဤရွာတွင် ခရီးတစ်ထောက်နားကြလေသည်။ ပိုင်လုံမှာ တမင်သတ်သတ်ပင်
ခိုင်ဖုန်း ပေကျင်း တိုက်ရိုက်လမ်းမှ မသွားပဲ ထို့ အနောက်လမ်းဆုံရွာ မှ ပတ်သွားခြင်း ဖြစ်သည်။ အနောက်ဘက်နယ်ခြား က
အခုတလော သိုင်းသမား အဝင်အထွက် များနေသည် မဟုတ်ပါလား။
အနောက်လမ်းဆုံရွာ...
ထိုရွာ မှာ ကုန်သည်များ သိုင်းသမာများ ကျင်လည်ရာ နေရာ ဖြစ်သောကြောင့် အမြဲတစ်စေ ဆူညံနေသော နေရာဖြစ်သည်။ ထိုေ့ကြာင့်
သူက ရွာထိပ် တောအုပ်စပ်နားသို့ ထွက်လာခဲ့ရာ ပိုင်လုံမှာ ရွာထိပ် တောလမ်း ပေါ်တွင် ရန်ပွဲနှင့် ကြုံလိုက်ရသည်။ အချိန်က နေ့လည်
ကျော်နေလေပီ။ သူက စိတ်ဝင်စားမိကာ ချက်ချင်းပင် သစ်ပင်ပေါ်သို့ တက်ပီး ပုန်းကာကြည့်လိုက်မိသည်။ ဖြစ်နေသည် က
တိဗက်လားမားကြီး နှင့် သိုင်းသမားကြီး တစ်ဦး။ တိဗက်လားမားကြီးမှာ ခပ်ဝဝ အရပ် ထောင်ထောင်မောင်းမောင်း နှင့် ရိုးအသော
ပုံစံရှိသော်လဲ သိုင်းပညာ ကောင်းပုံရသည်။ တစ်ဖက်က သိုင်းသမားကြီးကတော့ ခန့်ညားသည့် အသွင်အပြင်ရှိပီး သူသည်လဲ
သိုင်းပညာကောင်းပုံရသည်။ နှစ်ယောက်လုံး အသက်ကတော့ အတော်ကြီးရင့်ပုံ ရကြသည်။ လာမားကြီးက အလွန်စိတ်ဆိုးနေပီး
တစ်ဖက်က သိုင်းသမားကြီးကတော့ အနိုင်ရထားသူ ဟန်ပန် ဖြင့်ပြုံးကာ ရပ်နေလေသည်။ ထိုသန
ှူစ်ဦးမှာ တောလမ်း ဖြစ်သလို
လူသွားလူလာလဲ ကင်းသဖြင့် သူတို့ကို သစ်ပင်ပေါ် တက်ကာ ကြည့်နေသော ပိုင်လက
ိုံ သတိပြုမိကြပုံ မပေါ်ချေ။

တိဗက်လာမားကြီးက ဒေါသကို ထိန်းချုပ်ထားရသော အသံဖြင့်


" ဒီမယ် ဒကာကြီး... ဒကာကြီး လွန်ခဲ့တဲ့ နှစ်နှစ်က ခိုးသွားတဲ့ ကျလော့ သိုင်းကျမ်းကို ပြန်ပေးပါ "
ဟု ပြောလိုကေ
် လသည်။

သိုင်းသမားကြီးက မခိုးမခန့် ရယ်လိုက်ရင်း


" ပျံလွှားအဘိုးအို စုန့်ဝမ် ဆိုတာ လေနှင်ရာ သွားပီး ပျော်ပါးတတ်သူပါ ကိုယ်တော်... ဘယ်လိုကြောင့် သိုင်းကျမ်းခိုးတယ်
စွပ်စွဲနေတာလဲ... ကိုယ်တော်တို့ ကျောင်းကို တပည့်တော်က ဖြတ်သွားဖူးတာပဲ ရှိတာပါ "
ဟု ပြန်ပြောလိက
ုလေသည်။

ပိုင်လုံမှာ ထိုသိုင်းသမားကြီးက သူ့ကိုယ်သူ ပျံလွှား အဘိုးအို စုန့်ဝမ် ဟု ပြောလိုက်သောအခါ အံ့သြသွားမိသည်။ စုန့်ဝမ်ကို


သူကောင်းကောင်းသိသည် မဟုတ်ပါလား။ ထိုအဘိုးအိုမှာ စုန့်ဝမ် မဟုတ်ချေ။ အဘိုးအို စုန့်ဝမ် နာမည်သုံးကာ လိမ်ရန် ကြံနေလေပီ။

တိဗက်လာမားကြီးက စိတ်မထိန်းနိုင်ဟန်ဖြင့်
" ပျံလွှားတွေ ဘာတွေ ဘုန်းကြီး မသိဘူး... ဘုန်းကြီးသိတာ ဒကာကြီးက ဘုန်းကြီးတို့ ကျောင်းက ကျလော့ လက်ဝါးသိုင်းကို
ခိုးသွားတယ်ဆိုတာပဲ... တိဗက်ကနေ ပြည်မ အထိ ဒကာကြီးကို လိုက်ရှာနေတာ နှစ်နှစ် ရှိပါပီ ဒကာကြီး... လိမ်ဖို့ မကြိုးစားပါနဲ့ "
ဟု ခပ်ထန်ထန် ပြောလိုက်တော့သည်။

တိဗက်လားမားကြီးက ထပ်မံ၍
" စကားနဲ့ ပြောမရရင်တော့ ဘုန်းကြီးက လက်ပါရလိမ့်မယ် ဒကာကြီး... ဒကာကြီးရဲ့ သိုင်းပညာကောင်းတာ သိပေမဲ့...
ဘုန်းကြီးကတော့ တိုက်ရမှာပဲ "
ဟု ပြောလိုက်လေသည်။

ထိုအခါ စုန့်ဝမ် အယောင်ဆောင် သူက


" ဒေါသရှေ့ထားရင် မှားမှာပေါ့ ကိုယ်တော်.. တပည့်တော် လဲ ကျလော့ လက်ဝါးသိုင်း ကို ကျင့်ပီးပီ ဖြစ်လို့ မလိုအပ်တော့ပါဘူး...
ကိုယ်တော့်ကိုပြန်ပေးမှာပါ... ဒါပေမဲ့ ကိုယ်တော် အနေနဲ့ တပည့်တော်တို့ သိုင်းအဖွဲ့ ကိုတော့ ဝင်ပေးရမယ် "
ဟု ပြောလိုက်လေသည်။

တိဗက်လားမားကြီး က ခေါင်းခါလိုက်ပီး
" ဘုန်းကြီးတို့်က တိဗက်က လူတွေပါ ဒကာကြီး ဘုန်းကြီးတို့ ကျောင်းတော်က လွဲပီး ဘယ်သိုင်းအဖွဲ့ကိုမှ မဝင်နိုင်ပါဘူး...
နောက်ပီး ဒကာကြီးက ကျလော့ လက်ဝါးသိုင်း ကို ကျင့်နိုင်ပီလို့ ထင်နေပေမဲ့ အဲ့ဒီ လက်ဝါးသိုင်း အသုံးပြုပီး ဘုန်းကြီးကို
အနိုင်ယူနိုင်မယ် ထင်ရင် မှားလိမ့်မယ် ဒကာကြီး... ဘုန်းကြီး အဲ့လက်ဝါးသိုင်းကို ကျင့်လာတာ အနှစ်နှစ်ဆယ် ကျော်ပီ ကျလော့
လက်ဝါးသိုင်း နဲ့ ပတ်သတ်ရင် ဂိုဏ်းချုပ် ဆရာတော်နဲ့ ဘုန်းကြီးရဲ့ အကိုတော် ကလွဲပီး ဘုန်းကြီးကို ယှဉ်နိုင်တဲ့သူ မရှိဘူး "
ဟု အေးအေးဆေးဆေး ပြန်ပြော လိုက်လေသည်။

ထို စကားကိုကြားသော် အယောင်ဆောင် အဘိုးအိုမှာ မျက်နှာတစ်ချက် ပျက်သွားလေသည်။ တိဗက်လားမားကြီးက အေးဆေး


ဖြစ်ဟန်တူသလောက် သူကတော့ စိတ်လှုပ်ရှားနေမိသည်။ ဤ တိဗက်လားမား ကို အနိုင်ယူရန် မလွယ်တော့သည် ကို သိလိုက်ရသည်
မဟုတ်ပါလား။

ထို့အတူ သစ်ပင်ပေါ်မှ ပိုင်လုံကလဲ လက်ဝါးသိင


ုး ဟုသောကြောင့် အတော်ပင် စိတ်ဝင်စားမိသည်။ သူတို့ပြည်မတွင် အမာစား
လက်ဝါးသိုင်းဆိုလျှင် သူ၏ နဂါးနိုင်လက်ဝါး သိုင်းက အမြင့်မားဆုံး ဖြစ်လေသည်။ ယခုမူ တိဗက်နယ်မှ လက်ဝါးသိုင်း ကို
တွေ့မြင်ရတော့ပေမည်။
#မိုးထိတောင်သိုင်းသမား #ZYN
အခန်း (၈) အပိုင်း နှစ်
အနောက်နယ်ခြားက သိုင်းအဖွဲ့အစည်း

တိဗက်လားမားကြီးက အယောင်ဆောင် အဘိုးအို ၏ စကား ပြန်ပြောသည်ကိုပင် မစောင့်ချင်တော့ပေ။ သိုင်းကွက်ခင်းရန်


လက်တစ်ပြင်ပြင် ဖြစ်နေလေသည်။ သူ ဤသူခိုးကို နှစ်နှစ် တိတိ လိုက်ရှာရသည်မှာ ပင်ပန်းလွန်းလှသည် မဟုတ်ပါလား။
တစ်ဖက်မှ အဘိုးအို ကလဲ ယခုမှ ပင် ကြောက်စိတ်ဝင်လာပီး ထွက်ပြေးချင်နေ သည်။ သို့သော် သူက တစ်စုံတစ်ခုကို တွေးမိပီး
စိတ်ချသော အမူအယာ ပေါ်လာကာ တိဗက်လားမားကြီးကို ပြုံးပြလိုက်ပြန်သည်။ တိဗက်လားမားကြီး ကတော့ အဘိုးအို ၏
အမူအယာကို ကြည့်ပီး ဤဥာဏ်များလှသော သူကို ရိုက်နှက်ဆုံးမ ချင်နေမိသည်။

အယောင်ဆောင် အဘိုးအိုက ပြုံးကာ


" ဟဲဟဲ... ကျလော့သိုင်းနဲ့ မနိုင်လဲ တပည့်တော်မှာ ဝှက်ဖဲရှိပါသေးတယ်... ဒီနေ့တော့ ကိုယ်တော် ကံဆိုးတဲ့ နေ့လို့ ပြောရတော့မယ် "
ဟု ပြောလိုက်လေသည်။

တိဗက်လားမားကြီးက ထိုစကားကို ကြားသော် ဒေါသထွက်ပီး လက်ဝါးနှစ်ချက် ရိုက်ထုတ်လိုကေ


် လသည်။ လေတိုးသံများက
ပြင်းပြင်းထန်ထန် ထွက်ပေါ် လာသဖြင့် လားမားကြီးက အတွင်းအားအကုန် အသုံးပြုလိုက်ပုံပေါ်သည်။ အယောင်ဆောင် အဘိုးအိုမှာ
အသည်းအသန်ပင် ရုပ်ပျက်ဆင်းပျက် ကျွမ်းထိုးကာ ရှောင်တိမ်း လိုက်ရသည်။ သူက လာမားကြီးကို ဤမျှ အတွင်းအားကောင်းပီး
သိုင်းပညာထက်မြက် မည်ဟု မထင်ပေ။ အခုတော့ သူနောင်တ ရသွားပီ ဖြစ်သည်။ သစ်ပင်ပေါ်က ပိုင်လုံကလဲ လက်ဝါးသိုင်း နှင့်
အတွင်းအားကို ကြည့်ပီး အံ့သြသွားသည်။ ဤလာမားကြီး၏ သိုင်းပညာနှင့် အတွင်းအားမှာ သူ့ထက် မညံ့ပေ။

လာမားကြီးမှာ လက်ဝါးနှစခ
်ျက် လွဲသွားသည်ကို တွေ့သည်နှင့် အဘိုးအို တိမ်းရှောင်ရာ ဘက်သို့ နောက်ထပ် လက်ဝါးရိုက်ချက်
တစ်ချက် ထပ်မံ ရိုက်လိုက်ပြန်သည်။ အဘိုးအိုမှာ ဇောချွေးများပင် ပျံသွားပီး ထပ်မံ၍ ရုပ်ပျက် ဆင်းပျက် ရှောင်တိမ်းရပြန်သည်။
ဤသို့ဖြင့် တိုက်ကွက် နှစ်ဆယ်ကျော်သည်ထိ တိဗက်လားမားကြီး ၏ လက်ဝါးရိုက်ချက် များမှာ အယောင်ဆောင် အဘိုးအိုကို
ထိခိုက်ခြင်း မရှိချေ။

ထိုသို့ဆိုလျှင် အယောင်ဆောင် အဘိုးအို၏ သိုင်းပညာ က တိဗက်လာမားကြီးထက် သာလေသလား။ မဟုတ်ပါ အမှန်စင်စစ်


အယောင်ဆောင် အဘိုးအိ၏
ု သိုင်းပညာမှာ တိဗက်လားမား ထက် တစ်ဆင့်နိမ့် လေသည်။ သို့သော် သူက အင်မတန် ဥာဏ်များသလို
ကျလော့ လက်ဝါးသိုင်းကိုလဲ လေ့ကျင့်ပီးဖြစ်တာ ကြောင့် ရှောင်တိမ်းကွက် များကို နားလည်နေသည်။ ထို့အပြင် တိဗက်လာမားကြီး မှာ
ရိုးအသူဖြစ်သဖြင့် သိုင်းကွက်များကို အစဉ်အတိုင်းသာ အသုံးပြုနေသည်။ ဥာဏ်သုံးကာ ရောနှော မသုံးစွဲ သဖြင့် အယောင်ဆောင်
အဘိုးအိုက ခန့်မှန်း ရှောင်တိမ်းနိုင်လေသည်။

သစ်ပင်ပေါ်က ပိုင်လုံ ကတော့ အားမလို အားမရ ဖြစ်နေလေသည်။ လာမားကြီး၏ လက်ဝါးသိုင်းမှာ အမှန်ပင် ပြိုင်စံရှား
သိုင်းပညာဖြစ်သည်။ သူ၏ နဂါးနိုင်လက်ဝါး သိုင်းကို ယှဥန
ိုင်တာသေချာလေသည်။ သို့သော် ဤလားမားကြီးမှာ ရိုးအလွန်းသည်။
အယောင်ဆောင် အဘိုးအိုကတော့ ရုပ်ပျက်ဆင်းပျက် ရှောင်နေသည့်တိုင် သူကို ထိခိုက်မှု မရှိချေ။ လာမားကြီးမှာ အနိုင်မရသဖြင့်
ဒေါသထွက်ကာ သိုင်းကွက်များ ပိုမို ကြမ်းတမ်းလာလေသည်။ ဒေါသ သည် စိတ်တည်ငြိမ်မှုကို ပျက်ပြားစေသည်။
ထိပ်သီးသိုင်းသမားများ အဆင့်တွင် စိတ်တည်ငြိမ်မှုသည် အရေးကြီးလေသည်။ ယခု လာမားကြီးမှာ သိုင်းကွက် ငါးဆယ်ကျော်သည်ထိ
အယောင်ဆောင် အဘိုးအိုကို မနိုင်သဖြင့် ဒေါသထွက်လာသောအခါ အယောင်ဆောင် အဘိုးအိုမှာ ရှောင်တိမ်းခုခံနေသည့် ကြားကပင်
ပြုံးမိသေးသည်။ သူ့အကြံ အောင်မြင်သည် မဟုတ်ပါလား။ သူက ပွဲ သိမ်းရန် သူ၏ ဝှက်ဖဲ ကို ဝတ်စုံ၏ လက်မောင်းထဲမှာ
ထုတ်ယူလိုက်သည်။

အယောင်ဆောင် အဘိုးအို မှာ ယခု အချိန်ထိ သူ၏ မူရင်း သိုင်းပညာကို သုံးစွဲခြင်း မရှိသေးချေ။ တိဗက်လားမားကြီး၏ ကျလော့
လက်ဝါးသိုင်းကို ရှောင်တိမ်း၍ တစ်ဖုံ သူလေ့ကျင့်ထားသော ကျလော့ လက်ဝါးဖြင့် တစ်ဖုံ အပြန်အလှန် ခုခံနေခြင်းသာ ဖြစ်သည်။ ယခု
တော့ သူ၏ ဝတ်စုံ လက်မောင်းထဲမှာ တစ်စုံတစ်ခုကို ထုတ်ယူ လိုက်လေသည်။ ထိုအရာမှာ တစ်ခြားတော့ မဟုတ် နှစ်ပေခန့်သာ
ရှည်သော ဓားတစ်ချောင်း ဖြစ်လေသည်။ ဓားသည် နှစ်ပေခန့်သာ ရှည်သည်နှင့်အတူ ပုံစံမှာလဲ ဆန်းပြားကာ ဓားသွားက
သာမန်ဓားများထက် ပိုထူ လေသည်။

အဘိုးအို လက်ထဲ ဓားရောက်လာ သောအခါ အခြေအနေမှာ ပြောင်းလဲသွားသည်။ အဘိုးအို က သူ၏ မူလ သိုင်းပညာ ကို
ထုတ်ဖော်လိုက်သည် ဖြစ်၏။ အဘိုးအို၏ ဓားကွကမ
်ျားမှာ ခုခံကွက်များ ဖြစ်သလို အတော်ပင် အဆင့်မြင့်သော ဓားပညာ ဖြစ်သည်။
ကျလော့ လက်ဝါးသိုင်း ကိုပင် ရုပ်မပျက်ပဲ ခုခံနေနိုင်သည်။ ထို့အပြင် တိုက်ကွက် အဖြစ် အဘိုး အို က ကျလော့
လက်ဝါးသိုင်းကွက်များကို နှစ်ပေဓား အသုံးပြုကာ ဓားကွက်အဖြစ် ပြောင်းလဲ သုံးစွဲ လိုက်သောအခါ တိဗက်လားမားကြီးနှင့် အဆင့်တူ
ဖြစ်သွားလေသည်။ ပိုင်လုံက အယောင်ဆောင် အဘိုးအို၏ ဥာဏ်ကောင်းပုံကို ချီးကျူးမိလိုက်သည်။ ထိုအတူ ထိုအဘိုးအို၏
သိုင်းကွက် များကို ချေဖျက်ရန်လဲ စိတ်ထဲတွင် ကြိုးစားကြည့် လိုက်သည်။ သူ့အထင် ထိုဓားကွက်များကို အသုံးပြုသူကို သူတွေ့ဖူးသည်
ဟု ထင်နေသည်။ သို့သော် သူတွေ့ဖူးသူ ထက် အဘိုးအို မှာ ပိုမိုကျွမ်းကျင် သဖြင့်လဲ စဉ်းစားရ ခက်နေသည်။ ထို ဓားသိုင်းကို ဤ
အဘိုးအို က ခိုးထားလေသလား။

အကွက်ပေါင်း တစ်ရာကျော်လာပီ ဖြစ်သည်။ အဘိုးအိုမှာ အခြေအနေ ကောင်းလာ သလောက် တိဗက်လားမားကြီးမှာမူ ဒေါသထွက်


သဖြင့် သိုင်းကွက်များကို အမှားအယွင်းများပင် လုပ်မိလေသည်။ သူက အောက်စီးရောက်နေပီ မဟုတ်ပါလား။ သူ့ကို
တိုက်ခိုက်နေသည်မှာလဲ သူတို့၏ သိုင်းပညာကို ခိုးယူသူဖြစ်ပီး သူ့ကို ထိုသိုင်းပညာနှင့်ပင် တိုက်ခိုက်နေသဖြင့် ဒေါသကို
ထိန်းမရဖြစ်နေလေသည်။

တစ်ဖက်က အဘိုးအို မှာလဲ အထက်စီးသာ ရောက်နေသော်လဲ ပွဲသိမ်း တိုက်ခိုက်ရန် မစွမ်းချေ။ သူက ဥာဏ်သုံးပီး အသာရအောင်
တိုက်နိုင်သော်လဲ ပွဲသိမ်းရန်အတွက်မူ သိုင်းကွက်ကောင်း စဉ်းစားမရချေ။ အကွက် တစ်ရာ့ငါးဆယ် ခန့် ရောက်သော် လာမားကြီး၏
ဟာကွက် ကို မြင်လိုက်ရလေသည်။ သူ့ကို ဒေါသတကြီး တိုက်ခိုက်နေသဖြင့် လာမားကြီး၏ ဦးခေါင်းပိုင်းမှာ အကာအကွယ် မဲ့နေသည်။
အယောင်ဆောင် အဘိုးအိုမှာ အပြုံးတစ်ချက် ဝင်းလက်သွားလေသည်။ ထိုအပြုံးမှာ ကောက်ကျစ်မှု တွေ အပြည့် ။

အဘိုးအိုက ဟာကွက် တွေ့တွေ့ချင်းပင် လက်မှ ဓားကို လာမားကြီး၏ ခေါင်းကို ချိန်လိုကပ


်ီး ကျန်လက်မှလဲ လက်ဝါးရိုက်ချက် ကို
ရင်ဘတ်သို့ အတွင်းအားအကုန် သုံးကာ ရိုက်ထုတ်လိုက်သည်။ လာမားကြီးမှာ ရင်ဘတ်သို့ အတွင်းအားလိင
ှုး ရိုက်ခတ်လာသဖြင့်
လက်ဝါးနှစ်ဖက်ကို စုကာ အတွင်းအားထုတ်ပီး ခုခံလိုက်လေသည်။ ထိုအချိန်တွင် အဘိုးအိုက ချိန်ထားသော ဓားမှ ခလုတ်တစ်ခုကို
နှိပ်လိုက်လေတော့ သည်။
" ချပ်..." " ဝှစ.် ... ဝှစ.် .."
ခလုတ်အသံနှင့်အတူ ဓားသွားထဲမှ အပ်များ က လာမားကြီး၏ ဦးခေါင်းဆီသို့ လွင့်ပျံ လာလေသည်။ အနီးကပ် ပစ်လွှတ် လိုက်သည်
ဖြစ်၍ လာမားကြီးမှာ အသည်းအသန်ပင် လက်ဝါးဖြင့် ရိုက်ထတ
ု လိုက်ရလေသည်။
" ဖောက်... ဖောက်..."
သို့သော် အကုန်အစင်တော့ ရိုက်ထုတ်၍ မရနိုင်ခဲ့။ အစောဆုံး ထွက်သွားသော အပ်နှစ်ချောင်းမှာ လာမားကြီး၏ မျက်လုံး နှစ်လုံးကို
ထိုးဖောက်သွားလေတော့သည်။
" ဝုန်း..." " ဝေါ့..."
လာမားကြီးမှာလဲ ခေသူမဟုတ်။ သူ့မျက်လုံးကို အပ်များ စိုက်သွားပီး ကန်းသွားသည့်တိုင် လက်ဝါးတစ်ချက် ကိုတော့ အယောင်ဆောင်
အဘိုးအို ကို ရိုက်ထုတ်လိုက်သေးသည်။ အဘိုးအိုမှာလဲ မထင်မှတ်ထားသဖြင့် မရှောင်နိုင်ပဲ အထိခံလိုက် ရလေသည်။ သွေးအန်ကာ
အတွင်းဒဏ်ရာ ရသွားတော့သည်။ ပိုင်လုံကတော့ အခြေအနေများကို ကြည့်ကာ အံ့သြနေမိသည်။ ဤအဘိုးအို မှာ
ကောက်ကျစ်လွန်းလှသည်။

လေတိုးသံများ တိုက်ခိုက်မာန်သွင်းသံများနှင့် ဆူညံနေသော တောလမ်းလေးမှာ ရုတ်တရက်ပင် တိတ်ဆိတ်ငြိမ်သက် သွားလေသည်။


နေမှာလဲ အတော်စောင်းကာ မကြာမီ နေဝင်တော့မည် ဖြစ်သည်။ အယောင်ဆောင် အဘိုးအို မှာ လှုပ်ပင် မလှုပ်ရဲချေ။
တိဗက်လားမားကြီး က လက်ဝါးဖြင့် ရိုက်ရန် သူ့၏ အသံကို နားစွင့် နေသည် မဟုတ်ပါလား။ တိဗက်လားမားကြီးမှာ မျက်စိကန်းသွား
သော်လဲ သိုင်းပညာမှာ အဆင့်မြင့်နေတုန်း ပင် ဖြစ်သည်။ အဘိုးအိုကတော့ အတွင်းဒဏ်ရာ ရသွားသဖြင့် မယှဉ်နိုင်တော့ပေ။
သစ်ပင်ပေါ်မှ ပိုင်လုံမှာ လဲ အသက်ပင် ပြင်းပြင်း မရှုရဲပေ အခြေအနေမှာ မုန်တိုင်း တိုက်ခတ်ခါနီး ကဲ့သို့ တိတ်ဆိတ်နေခြင်းပင်။

တိဗက်လာမားကြီးက အတန်ကြာ နားစွင့် နေရာမှ အံကြိတ်ပီး


" ဒကာကြီး... ဒီနေ့တော့ သူသေကိုယ်သေ ဖြစ်မယ်... ပုန်းနိင
ုတုန်း ပုန်းနေပါ... ဒီနေ့ ဘုန်းကြီးကို သတ်နိုင်ရင်လဲ ဒကာကြီးတို့ ပြည်မ
သိုင်းလောက ပြာကျသွားစေရမယ် "
ဟု ပြောလိုက်လေသည်။

ထိုစကားကိုကြားသော် အယောင်ဆောင် အဘိုးအို မှာ မည်သမ


ိှု့မနေချေ။ တကယ်တမ်း ထိပ်လန့်သွားသူမှာ သစ်ပင် ပေါ်မှ ပိုင်လုံ
ဖြစ်လေသည်။ ဤလာမားကြီး ၏ သိုင်းပညာမှာ ကောင်းလွန်းလှသည် ထိုသို့ သော သိုင်းပညာရှင်များကို အပြစ်လုပ်မိပါက
ပြည်ပသိုင်းလောကသည် ပွက်လောရိုက်သွားနိုင်လေသည်။ ယခု အချိန်တွင် သိုင်းလောကကို တာဝန်ယူထားရ သည် မှာ သူတို့
သူဖုန်းစားဂိုဏ်း ဖြစ်တာကြောင့် သူ့အနေဖြင့် ဤဖြစ်ရပ်ကို လက်မခံနိုင်ပေ။

ထိုအချိန်တွင် တိဗက်လာမားကြီးက လက်ဝါးတစ်ချက် ရိုက်ထုတ်လိုက်ပြန်သည်။ ထိုလက်ဝါးလှိုင်း မှာ အယောင်ဆောင် အဘိုးအို၏


ဘေးနားသို့ ကျရောက် သွားလေသည်။ သို့သော် အယောင်ဆောင် အဘိုးအိုက တုတ်တုတ်မျှပင် မလှုပ် သူက အားအင် စုစည်းကာ
ထပ်မံ၍ ဓားမှ အပ်များဖြင့် တိဗက်လားမားကြီးကို ပစ်သတ်ရန် ကြံရွယ်နေခြင်းပင် ဖြစ်သည်။
တိဗက်လားမားကြီးကတော့ ဒေါတကြီးပင် လက်ဝါးရိုက်ချက်များ တစ်ချက်ပီး တစ်ချက် တဝုန်းဝုန်း ရိုက်ထုတ်နေသည်။ ပိုင်လုံမှာလဲ
ထိုလက်ဝါးလှိုင်းများကြား မဝင်နိုင်ဖြစ် နေသည်။ သူ့နှင့် သိုင်းပညာ အဆင့်တူသူ ဖြစ်သော်လဲ ဒေါသကြောင့် အတွင်းအားကုန်
ထုတ်သုံးနေ သဖြင့် မဆင်မခြင် မဝင်ရဲချေ။
အယောင်ဆောင် အဘိုးအိုကတော့ ကျိတ်ကာ သဘောကျနေသည် တိဗက်လာမားကြီး အားကုန်သွားမှသာ သူက အပ်ဖြင့်
ပစ်သတ်ရမည် မဟုတ်ပါလား။

#မိုးထိတောင်သိုင်းသမား #ZYN
အခန်း (၈) အပိုင်း သုံး
အနောက်နယ်ခြားက သိုင်းအဖွဲ့အစည်း

တိဗက်လားမားကြီး က သူရပ်နေရာ နေရာမှ လက်ဝါးဖြင့် ဝုန်းဝုန်း ရိုက်နေရာမှ တစ်စုံတစ်ခု ကို တွက်ဆမိဟန်ဖြင့် ခဏရပ်ပီး
အယောင်အဆောင် အဘိုး အို ရှိရာဘက်သို့ အတွင်းအားအပြည့်ဖြင့် လက်ဝါး တစ်ချက် ရိုက်ထုတ်လိုက်လေသည်။ ထိုအချိန်မှာ
အယောင်ဆောင် အဘိုးအိုက ဓားမှ အပ်များ ဖြင့် ပစ်ရန် ချိန်ရွယ် ထားသော အချိန်ဖြစ်ရာ လက်ဝါးလှိုင်းနှင့် အပ်များမှာ
တစ်ပြိုက်နက်တည်း ပျံ့လွင့်သွားလေသည်။
အခြေအနေက တော့ သူသေကိုယ်သေ သာ ဖြစ်သည်။ တိဗက်လားမားကြီးက အပ်များကို သူလက်ဝါးရိုက်ချက်ကြောင့် လေတိုးသံ
ံမကြားသဖြင့် မရှောင်နိုင်တော့သလို အယောင်ဆောင် အဘိုးအိုကလဲ အပ်များကို အတွင်းဒဏ်ရာ ရနေသည့်ကြားက
ပစ်လွှတ်လိုက်သဖြင့် လက်ဝါးရိုက်ချက်ကို မရှောင် နိုင်တော့ပေ။ ပိုင်လုံမှာ ဒီတိုင်း ရပ်ကြည့်မနေနိုင်တော့ချေ။

ရုတ်တရက် သစ်ပင်ပေါ်မှ အလျင်အမြန်ပင် ခုန်ဆင်းကာ ညာဘက်လက်မှ နဂါးနိုင်လက်ဝါး သိုင်းကို အသုံးပြုကာ အပ်များကို


ပုတ်ထုတ်လိုက်သည်။ တစ်ဖန် အယောင်ဆောင် အဘိုးအို အနောက် သို့ ရိပ် ခနဲ ခုန်လိုက်ကာ အဘိုးအို၏ နောက်ကျောမှ တစ်ဆင့်
အတွင်းအားအပြည့် သုံးပီး နဂါးနိုင်လက်ဝါး သိုင်းကွက်နှင့်ပင် တိဗက်လားမားကြီး၏ လက်ဝါးလှိုင်းကို ခုခံလက
ိုလေသည်။ အပ်ကို
အရင် ပုတ်ထုတ်လက
ို သဖြင့် လက်ဝါးလှိုင်းက အယောင်ဆောင် အဘိုးအိုကို ထိခါနီး ဖြစ်လေရာ ပိုင်လုံက နောက်ကျောကို
လက်ဝါးကပ်၍ အတွင်းအားသံုး ကာ ခုခံလိုက်သဖြင့် အယောင်ဆောင် အဘိုးအိုမှာ မသေနိုင်တော့ပေ။
" ဝေါ့..."
သို့သော် အတွင်းအားလှိုင်းနှစ်ခု သူ့ကိုယ်ထဲ တွင် တိုကခ
ိုက်မိသဖြင့် အတွင်းဒဏ်ရာ တော့ ထပ်မံရသွားလေသည်။ တခြားသူဆိုလျှင်
ပွဲချင်းပီးနိုင်သော အခြေအနေဖြစ်သော်လဲ အယောင်ဆောင် အဘိုးအိုမှာ နဂိုကတည်းက သိုင်းပညာမြင့် ကာ အတွင်းအားကောင်းသူ
ဖြစ်၍ သေလောက်အောင် ပြင်းပြင်းထန်ထန် မထိခိုက်ချေ။

တိဗက်လားမားကြီးက သူ့အတွင်းအားလှိုင်း ကို ခုခံသည့် လေတိုးသံကို ကြားရပီး အံ့သြသွား လေသည်။ ထို့နောက်


" ဘယ်သူမှန်း မသိပေမဲ့ သိုင်းပညာ တယ် ကောင်းပါလားကွ... ငါ့လက်ဝါးကို ခုခံနိုင်တယ် ဆိုတော့ အတော်လာတဲ့သူပဲ...
နှမျောစရာက သူခိုးအားပေး ဖြစ်နေတယ် "
ဟု ပြောလိုက်လေသည်။

တိဗက်လားမားကြီးမှာ အပ်များ ပျံလွင့် လာသည်ကို မကြားသဖြင့် ပိုင်လုံက သူအ


့ သက် ကို ကယ်လိုက်ခြင်းကို မသိချေ။ ထို့်ကြောင့်
ပိုင်လုံ ကို အယောင်ဆောင် အဘိုးအို ဘက်ကလူထင်ကာ ပြောလိုက်ခြင်း ဖြစ်သည်။

ထိုအချိန်တွင် အယောင်ဆောင် အဘိုးအိုက သွေးများကို သုတ်လိုက်ပီး ပိုင်လုံကို မကျေမချမ်း ကြည့်ကာ


" ဟုတ်တယ် ကိုယ်တော်... အဲ့ ငရှုပ်ကောင် သာ ဝင်မရှုပ်ရင် ကိုယ်တော်လဲ အပ်တွေစိုက်ပီး သေရမှာ အခုတော့ နှမျော စရာပဲ "
ဟု ပြောလိုက်ပြန်သည်။

ပိုင်လုံ က သူကအသက်ကယ်ပေးသော်လဲ သူ့ကို ကျေးဇူးမတင်တဲ့ အပြင် အပြစ်ပြော နေကြသော နှစ်ယောက်ကို ကြည့်ကာ


ရယ်မိတော့သည်။ ထိ့ေ
ု နာက်
" ဟား... ဟား.. ဟုတ်ပါတယ်ဗျာ ကျုပ် ဝင်ရှုပ်မိလို့ နှစ်ယောက်လုံး မသေတာ ကျုပ်အမှားပါ... ဒါပေမဲ့ ကျုပ်ကတော့ လူနှစ်ယောက်
ကျုပ်ရှေ့မှာ အလကားသေ သွားမှာကို မလိုလားဘူး "
ဟု ပြောလိုက်လေသည်။

အယောင်ဆောင် အဘိုးအိုက နှာခေါင်းရှုံ့ လိုက်ပီး


" ဟုတ်တာပေါ့ကွာ... မင်းက လူတွင်ကျယ် သူဖုန်းစားဂိုဏ်းက နာမည်ကျော် ပိုင်လုံ ပဲ... ဝင်ရှုပ်တာ မဆန်းပါဘူး "
ဟု ခနဲ့လိုက်လေသည်။
တိဗက်လားမားကြီး က အခုမှပင် သူ့အသက်ကို ပိုင်လုံ ကယ်လိုက်ကြောင်း သိကာ အားနာသွားမိလေသည်။ သို့သော် သူက
သူ့လက်ဝါးချက်ကို ခုခံနိုင်သူ၏ အသံမှာ ငယ်သေးသဖြင့် မယုံကြည်နိုင် ဖြစ်နေလေသည်။ ထိုေ့ကြာင့်
" ပိုင်လုံ... ဟုတ်လား
အသံကြားရတာတော့ ငယ်သေးပုံပဲ ဘယ်လိုကြောင့် ကိုယ်တော်ရဲ့ လက်ဝါးသိုင်းကို ခုခံနိုင်တာလဲ "
ဟု မေးလိုက်လေသည်။

အယောင်ဆောင် အဘိုးအိုက ထိုစကားကို ကြားသော် စိတ်ရှုပ်ဟန်ဖြင့်


" ဒါဘာဆန်းလဲ ကိုယ်တော်... သူက နဂါးနိုင်လက်ဝါး သိုင်းကို လေ့ကျင့် အောင်မြင်ထားသူပဲ ဘုန်းကြီးရဲ့ ကျလော့ လက်ဝါးကို
ခုခံနိုင်တာပေါ့ "
ဟု ပြန်ဖြေလိုက်သည်။

ပိုင်လုံက အယောင်ဆောင် အဘိုးအို ကို ခပ်ထန်ထန် ကြည့်လိုက်ပီး


" ဒါကြောင့် ခင်များက ကျလော့လက်ဝါးသိုင်း ကို သွားခိုးတာဖြစ်ရမယ်... ကျတော့်တို့ နဂါးနိုင်လက်ဝါးကို ယှဉ်နိုင်တဲ့ သိုင်းပညာ
လိုအပ်နေတာမလား... ခင်များက ဘယ်သူလဲ? ဘာလုပ်ဖို့ ကြံနေတာလဲ? ခင်များရဲ့ သိုင်းအဖွဲ့က ဘာလဲ? "
ဟု မေးလိုက်လေသည်။

တိဗက်လားမားကြီးမှာလဲ ပိုင်လုံက တစ်ဖက်လူ ဘက်မှ မဟုတ်သည်ကို သိရသော် အသာအယာပင် နားစွင့် နေလိုက်သည်။


အယောင်ဆောင် အဘိုးအို က မချိပြုံးပြုံး လိုက်ပီး အခြေအနေကို တစ်ချက် ကြည့်လိုက်သည်။ သူ့အခြေအနေ မှာ သိပ်မဟန်ခြေ
အတွင်းဒဏ်ရာ နှစ်ခါ ရထားသဖြင့် ပိုင်လုံ လက်မှ ထွက်ပြေးရန် မလွယ်ကူချေ။ ထို့အပြင် လားမားကြီးကလဲ သူ့ကို အသေသတ်ရန်
နားစွင့်နေသည် မဟုတ်ပါလား။ သူ့အနေဖြင့် စကားပြောကာ အချိန်ဆွဲ ပီး အလစ်တွင် ထွက်ပြေးရန်သာ ကျန်တော့သည်။ ထို့နောက်
သူက ရယ်ကာ

" ဟား... ဟား... ပိုင်လုံ ပိုင်လုံ... တယ်တော်တဲ့ ကောင်ပါလား... ငါအတွင်းဒဏ်ရာ ရနေလို့ ငါ့ကို ဖမ်းပီး စစ်မေးလို့ရမယ် ထင်သလား
ငါအသေသာ ခံလိုက်မယ် မင်းမေးတာတွေ ဖြေမှာ မဟုတ်ဘူး "
ဟု ပြောလိုက်လေသည်။

ပိုင်လုံက အေးစက်စက် ကြည့်ကာ


" ခင်များက ပျံလွှား အဘိုးအို စုန့်ဝမ် မဟုတ်ဘူး... သူ့လို ကျနော့်ရှေ့ကနေ ကိုယ်ဖော့ပညာနဲ့ ထွက်မသွားနိုင်ဘူးဆိုတာ သတိရ
ထားပါ... ပီးတော့ ခင်များက မိုးနန်းတော် နဲ့ ဘယ်လပ
ို တ်သတ်လဲ ဘာကြောင့် မိုးဓားသိုင်းကို လီယင်းယင်း ထက်
ကျွမ်းကျင်နေရတာလဲ "
ဟု မေးလိုက်သည်။

အဘိုးအို မှာ မျက်နှာအတော် ပျက်သွားမိ လေသည်။ သူ့၏ သိုင်းပညာကို ပိုင်လုံက သိနေသည် မဟုတ်ပါလား။ တိဗက်လားမားကြီး
ကတော့ မိုးနန်းတော်တွေ လီယင်းယင်းတွေ မသိချေ။ ထိုအဘိုးအိုက စုန့်ဝမ်ဟု ပြောပီး မဟုတ်သည် ကို ကြားရသော် ရွံရှာ
မိလေသည်။ ထိုေ့ကြာင့်

" သူခိုးကြီး... ဒကာကြီးက နာမည်ပါ လိမ်ပြောပီး သိုင်းကျမ်းခိုးခဲ့တာပေါ့လေ... အခုချက်ချင်း သိုင်းကျမ်း ပြန်အပ်ပီး သိုင်းပညာ
ဖျက်ဆီးတာကို လက်ခံပါ ပီးတော့ မျက်လုံး နှစ်လုံးကိုလဲ ပြန်ဖောက်ထုတ် ပေးပါ... မဟုတ်ရင်တော့ ဘုန်းကြီးက ရိုက်သတ်ရလိမ့်မယ်
"
ဟု ဝင်ပြောလိုက်သည်။

ပိုင်လုံက လဲ ခေါင်းညိမ့်လိုက်ပီး
" ဟုတ်တယ်... လားမားကြီးပြောတဲ့ အတိုင်း လုပ်လိုက်ပါ... ပီးတော့ ကျနော်နဲ့ မဟာမိတ်အဖွဲ့ကို သွားပီး အဘိုးအို စုန့်ဝမ် ပုံစံ
ဟန်ဆောင်တာနဲ့ မိုးဓားသိုင်းကို ခိုးထားတာကို ဖြေရှင်း ရလိမ့်မယ် "
ဟု ပြောလိုက်ပြန်သည်။

အယောင်ဆောင် အဘိုးအိုမှာ အဆိုးဆုံး အခြေအနေရောက်နေပီ ဖြစ်သည်။ မည်သို့ ထွက်ပြေးရမည်ကိုသာ ချွေးပျံအောင်


စဉ်းစားနေလေတော့သည်။ သူက အချိန်ဆွဲရန် စကားစလိုက်ပြန်သည်။

" သိုင်းကျမ်း ပြန်ပေးတာတော့ ပေးလို့ရပါတယ် ကိုယ်တော်... ဒါပေမဲ့ သိုင်းပညာနဲ့ မျက်လုံးကတော့ မဖြစ်နင


ိုဘူး... ပီးတော့
မဟာမိတ်အဖွဲ့ ကိုလဲ မလိုက်ပါရစေနဲ့... ချမ်းသာပေးကြပါ "
ဟု တောင်းပန်လိုက်လေသည်။
တိဗက်လာမားကြီး နှင့် ပိုင်လုံမှာ တောင်းပန်စကား ကြားရသဖြင့် ကြောင်သွား ကြလေသည်။ သူတို့နှစ်ယောက်မှာ ထို့သို့
မထင်မှတ်ထားချေ။ အဘိုးအိုမှာ အခွင့်အရေး ကို ချောင်းနေသူ ဖြစ်၍ ပိုင်လုံ နှင့် လာမားကြီး ခဏ ကြောင်သွားသည်နှင့် တစ်ပြိုက်နက်
ဝတ်စုံ လက်မောင်းထဲမှ မီးကျည် တစ်ခုကို ထုတ်ကာ ပစ်လွှတ်လိုက်လေသည်။

" ရွှီ " " ဖုန်း "


မီးကျည် က ကောင်းကင်ပေါ် တက်ကာ ပေါက်ကွဲ သွားမှ ပိုင်လုံတို့က ထိုအဘိုးအိုမှာ စစ်ကူ ခေါ်လိုက်ခြင်း ဖြစ်ကြောင်း
သိသွားရလေသည်။ ထို့ကြောင့် တိဗက်လားမားကြီးက အမြန်အပြတ်ရှင်းရန် လက်ဝါးရိုက်ချက် တစ်ချက်ကို အတွင်းအား အပြည့်ဖြင့်
ရိုက်ထုတ်လိုက်လေသည်။ သို့သော် အဘိုးအို မှာ လာမားကြီး လှုပ်သည်နှင့် သူက ဦးအောင် ရင်ဘတ်ထဲ မှာ သိုင်းကျမ်းကို ထုတ်ကာ
လားမားကြီးဆီသို့ ပစ်ပေါက်လိုက်လေသည်။ ပါးစပ်မှလဲ " ရော့ သိုင်းကျမ်း ပြန်ယူသွား "
ဟု အော်လိုက်သေးသည်။ ထို့ကြောင့် တိဗက်လားမားကြီးမှာ လက်ဝါးရိုက်ချက်ကို အမြန်ပြန်သိမ်းလိုက်ရပီး သိုင်းကျမ်းကို
ဖမ်းယူလိုက်ရသည်။ ပိုင်လုံ မှာ အဘိုးအို ထွက်ပြေးမည် ကို သိသဖြင့် ရိပ်ခနဲ ခုန်ကာ ပြေးလမ်းကို ပိတလ
ိုက်လေသည်။

သို့သော် အဘိုးအိုက ထိုလမ်းမှ မပြေးပဲ ပိုင်လုံကို ဓားမှ အပ်များဖြင့်ပစ် လွှတ်လိုက်လေသည်။


" ဝှစ.် .. ဝှစ်... "
လေတိုးသံများ အများအပြား ထွက်ပေါ် လာသလို ပိုင်လုံ တစ်ကိုယ်လုံး ကို အပ်များ လွှမ်းခြုံ သွားလေသည်။ ပိုင်လုံလဲ မမျှော်လင့်ပဲ
အပ်များကို ရင်ဆိုင်ရာသဖြင့် အတွင်းအားထုတ်ကာ နဂါးနိုင်လက်ဝါး ဖြင့် ပုတ်ထုတ် လိုက်ရတော့သည်။ ထိုအချိန်တွင် အဘိုးအို မှာမူ
ထွက်ပြေးလေတော့သည်။ တိဗက်လားမားကြီးကလဲ သိုင်းကျမ်းကို စစ်ဆေးနေသဖြင့် အဘိုးအို ထွက်ပြေးသည် ကို မတားလိုက်နိုင်ပေ။
ပိုင်လုံမှာ အပ်များကို ပုတ်ထုတ်ပီးသော် အဘိုးအိုမှာ အတော်ဝေးဝေး ရောက်နေလေပီ။ သို့သော် အဘိုးအို မှာ အတွင်းဒဏ်ရာ
ရထားသူ ဖြစ်သော်ကြောင့် ပိုင်လုံက အမှီလိုက်ရန် ပြင်လိုက်လေသည်။ ချက်ချင်းပင် ရိပ် ခနဲ ခုန်ကာ အဘိုးအို နောက်သို့
လိုက်သွားတော့သည်။

အဘိုးအိုမှာ အတွင်းဒဏ်ရာ ရထားသော်လဲ ကိုယ်ဖော့ပညာ အတော်ကောင်းလေသည်။ အသက်လုပြေးနေရသည် ဖြစ်သောကြောင့်


သက်စောင့်အားပါ မချန် ပြေးနေသည် ဖြစ်ရာ ပိုင်လုံက အတော်ပင် ကြိုးစားပီး နောက်က လိုက်နေရသည်။ ထို့အပြင် အဘိုးအိုက
တောထဲ ဝင်ပြေးသည် ဖြစ်ရာ နေဝင်ချိန် ဖြစ်၍ အခက်တွေ့နေရသည်။ အဘိုးအိုကို မှီလုမှီခင် အနေအထား သို့ ရောက်သော်
လက်ဝါးဖြင့် လှမ်းရိုက်ရန် ကြံလိုက်လေသည်။ သို့သော် အဘိုးအိုက ပြေးရင်း အတွင်းဒဏ်ရာ ဖောက်လာသဖြင့် ချက်ချင်းပင်
ခွေခေါက်ကာ လဲကျသွား လေသည်။ ပိုင်လုံက အရှိန်သတ်ကာ အနားကပ်ရန် ပြင်လိုက်စဉ် သစ်ပင်များကြားမှ အပ်များ မိုးသီးမိုးပေါက်
ကြသလို ထွက်ပေါ်လာလေသည်။
အပ်များက ရုတ်တရက် ထွက်လာသလို ပြာလဲ့လဲ့အရောင် သန်းနေသဖြင့် အဆိပ်အပ်များ ဟု ထင်ကာ အလန့်တကြား ပင် နောက်သို့
ခုန်ရှောင်လိုက်ရတော့သည်။ သူ့အထင် မှန်လေသည်။ အပ်များမှာ အဆိပ်အပ်များ ဖြစ်ပီး ပစ်ပုံမှာလဲ ဆန်းပြားသည်။ ပိုင်လုံ မှာ
အနောက်သို့ ခုန်ဆုတ်လိုက်သည့် တိုင် လိုက်ပါလာ သော အပ်များကို အတွင်းအားထုတ်ကာ ရိုက်ထုတ် ခုခံလိုက်ရတော့သည်။
လက်ဝါး ဆယ်ချက်ကျော် ရိုက်ထုတ်ပီးသော် အပ်များ ထပ်ဝင်လာခြင်း မရှိတော့ချေ။ ထို့အတူ လဲကျနေသော အဘိုးအိုမှာလဲ
မရှိတော့ချေ။ ပိုင်လုံလဲ စိတ်ရှုပ်ထွေးသွားပီး ပြန့်ကျဲနေသော အပ်များမှ လေးငါးချောင်းကို သေသေချာချာလေး ပုဝါနှင့် ထုတက
်ာ
သိမ်းထားလိုက်သည်။ အဆိပ်မယ်တော် နောက်ပိုင်း သိုင်းလောကတွင် အဆိပ်သုံးသူ ကို မတွေ့ရသည်မှာ ငါးနှစ်ခန့်ရှိလေပီ။ ယခု
အဆိပ်အပ်များမှာ ပစ်ပုံပစ်နည်းကလဲ ဆန်းကြယ်သလို ခုခံရှောင်တိမ်းရန်လဲ မလွယ်ကူချေ။ ပစ်သူမှာ မည်သူနည်း။ အဘယ့်ကြောင့်
သူခိုးအဘိုးအို ကို ကယ်တင်ရသနည်း။ ဤလူစု မှာ တစ်ဖွဲ့တည်း ဖြစ်ရမည် ဟု တွေးထင်မိသည်။ သူခိုးအဘိုးအို က စစ်ကူ လှမ်းခေါ်
လိုက်သည် မဟုတ်ပါလား။ သူသည် ကြောက်စရာကောင်းအောင် သိုင်းပညာတော် သော အဖွဲ့အစည်း တစ်ခုကို ခြေရာခံမိပီ ဟု
သိလိုက်ရသည်။ ထို့ကြောင့် မဟာမိတ်အဖွဲ့ ကို သတင်းပို့ရန် ကြံစည် လိုက်လေသည်။

ပိုင်လုံမှာ တွေးမိသည်နှင့် ချက်ချင်းပင် လာလမ်းအတိုင်း ပြန်လာခဲ့သည်။ သူတို့ တိုက်ခိုက်ရာနေရာ ရောက်သော်


တိဗက်လားမားကြီးကို မတွေ့ရတော့ချေ။ လာမားကြီးတို့က ပြည်မသိုင်းလောက ကို အထင်လွဲ သွားသည်ကို သေချာ
မဖြေရှင်းလိုက်ရခြင်းကြောင့် စိတ်ထဲ တစ်မျိုးဖြစ်ကာ သွားသည်။ သို့သော် သတင်းပို့ရန် အရေးကြီးသဖြင့် ပေကျင်း သို့ပင်
အမြန်ပြန်သွား လေတော့သည်။ သူပေကျင်းသို့ ရောက်သော် ဂိုဏ်းချုပ်ကြီး ပုလုံ မှာ မရှိချေ ရှောင်လင်ကျောင်းသို့ ထွက်သွားသည်ဟု
သိလိုက်ရသည်။ သူက ဂိုဏ်းက တာဝန် ရှိ သူများကို ဂိုဏ်းချူပ်ကြီးပုလုံထံ သတင်းပို့ရန် မှာကြားပီး ထုံဝူရေအိုင် သို့ ပြန်ထွက်လာခဲ့
တော့သည်။ သူရောက်သည့် နေ့မှာ သိုင်းကျမ်းပြပွဲ စသော နေ့ဖြစ်ပီး သူရောက်သည့် အချိန်တွင် ပွဲမှာ စပင် စနေလေပီ။ သူက
အဘိုးအို စုန့်ဝမ်ကို လူငယ် တစ်ယောက်နှင့် တွေ့လိုက်ရာ ဝမ်းသာသွားပီး ထိုဝိုင်းတွင် ဝင်ထိုင် လိက
ုခြင်းပင် ဖြစ်သည်။ သူတွေ့ကြုံ
သမျှကို သိုင်းပြိုင်ပွဲ ကြည့်ရင်း ပြောပြရန် ကြံလိုက် သော်လဲ သိုင်းပြိုင်ပွဲ မှာ မထင်မှတ်ပဲ စံအိမ် မီးလောင်သည့်အထိ အဖြစ်ဆိုးများကြုံ
လိုက်ရလေတော့သည်။
#မိုးထိတောင်သိုင်းသမား #ZYN
အခန်း (၉) အပိုင်း တစ်
အနောက်ဘက်သို့ ခရီး

မုယုံချန်းရှောင်း၊ စုန့်ဝမ် နှင့် တွမ့်ကျန်းယွမ် တို့မှာ ပိုင်လုံ ၏ ရှင်းပြသည်ကို နားထောင် ပီးကြသော် တွေဝေ သွားကြလေသည်။
ကြောက်စရာကောင်းအောင် သိင
ုးပညာ ထူးချွန်သော အဖွဲ့အစည်း တစ်ခုသည် ပြည်မသိုင်းလောကကို ဖျက်ဆီးရန် ကြံရွယ် နေသည်
မဟုတ်ပါလား။ ထိုအဖွဲ့အစည်းနှင့် ပတ်သတ်၍ ဘာမှ သေသေချာချာ သိရသည်လဲ မရှိချေ။ မုယုံဖူ ပင်လျှင် ထိုအဖွဲ့အစည်း နှင့်
ပတ်သတ်နေနိုင်သည်။

အတန်ကြာ တိတ်ဆတ
ိ နေရာမှ မုယုံချန်းရှောင်း က တစ်စုံတစ်ခုကို သတိရမိ ဟန်ဖြင့်
" အဘ... ခုနက ကျမပြောသလိုပဲ ညီမလေး ချီရန့် က အနောက်ဘက်နယ် ကို ထွက်သွားတာ နှစ်ပါတ်လောက်ရှိပီ ဘာအကြောင်းမှလဲ
မကြားရဘူး... အခု သိုင်းအဖွဲ့က အနောက်နယ်ခြားကို အခြေစိုက် လှုပ်ရှားတာ ဆိုတော့ စိတ်ပူရတယ် အဘ "
ဟု ပြောလိုက်လေသည်။

စုန့်ဝမ်လဲ အခုမှပင် သူ့မြေးမလေးကို စိတ်ပူ သွားမိသည်။ သူမ၏ ကိုယ်ဖော့ ပညာ ကောင်းသည်မှာ မှန်သော်လဲ သိုင်းပညာမှာမူ
သိပ်မကောင်းပေ။ သူ့စိတ်အတိုင်း ဆိုလျှင် ချက်ချင်းပင် အနောက်နယ်ကခြားသို့ သွားကာ သူ့မြေးမလေးကို ပြန်ခေါ်လိုက်ချင်မိ သည်။

ထို့ကြောင့် အဘိုအို စုန့်ဝမ်က စိတမ


် ရှည်ဟန်ဖြင့်
" ဒါဖြင့်လဲ ငါအနောက်ဘက်နယ်ကို သွားမယ်ကွာ... ငါ့မြေးလေးကို ငါစိတ်မချဘူး"
ဟု ပြောလိုက်လေသည်။

ပိုင်လုံ က တွေးတွေးဆဆ ဖြင့်


" အကယ်၍ ညီမလေး ချီရန့် သာ ဒုက္ခတွေ့ နေမယ်ဆို အဘ တစ်ယောက်ထဲသွားလို့ မဖြစ်ဘူး ထင်တယ် ကျနော်ပါ လိုက်ခဲ့ပါရစေ"
ဟု ပြောလိုက်သည်။

" ဒါဆို ကျမလဲ လိုက်မှာပေါ့ "


ဟု မုယုံချန်းရှောင်း က ဝင် ပြောလိုက်လေသည်။

မုယုံချန်းရှောင်း က လိုက်မည် ပြောလိုက်သော် တွမ့်ကျန်းယွမ် လဲ အနောက်ဘက်နယ် သို့ သွားချင်စိတ် ပေါ်လာလေသည်။ ထိုသို့


မဟုတ်လျှင်ပင် သူ့အဖို့ အနောက်ဘက် စီးရှနယ် သို့ သွားရန် အကြောင်းက ရှိသေးသည်။ သူက အလျှင်အမြန်ပင်
" ဒီလိုဆို ကျနော် ကျန်ခဲ့လို့ ဘယ်ဖြစ်မလဲ... အတူတူ သွားကြတာပေါ့ "
ဟု ပြောလိုက်သည်။

ပိုင်လုံ နှင့် အဘိုးအို စုန့်ဝမ် မှာ တွမ့်ကျန်းယွမ် က လိုက်မည် ဆိုသည် ကို ကြားသော် ဝမ်းသာမိသွားကြသည်။ တွမ့်ကျန်းယွမ် က
သိုင်းပညာ ဘက်စုံထူးချွန်သူ မဟုတ်ပါလား။ သူပါလာလျှင် အကူအညီ များစွာ ဖြစ်နိုင်လေသည်။

" အင်း... ငါ့တူလိုက်မယ် ဆို အဘကတော့ ဝမ်းသာတာပေါ့ကွာ... မင်းရဲ့ သိုင်းပညာက သိုင်းလောကမှာ ရှားမှရှားပဲကွ "
ဟု အဘိုးအို စုန့်ဝမ် က ပြောလိုက်မိသည်။
ပြောပီးမှ ပိုင်လုံကို အားနာသလို ကြည့်မိရာ

ပိုင်လုံ က ထောက်ခံဟန်ဖြင့်
" ဟုတ်တယ်အဘရေ... ညီလေးတွမ့်ရဲ့ သိုင်းပညာကတော့ ရှားမှရှားပဲ ကျနော်တို့ နဂါးနိုင်လက်ဝါး သိုင်းတောင် သူ့ဓားသိုင်း ကို
အနိုင်ရမယ် မထင်ဘူး"
ဟု ပြောလိုက်သည်။

တွမ့်ကျန်းယွမ် က သူ့ကို သိုင်းအကျော်အမော် နှစ်ဦးက ချီးကျူးနေ သဖြင့် ရှက်မိသွားလေသည်။ ထိုေ့ကြာင့် သူက မုယုံချန်းရှောင်း ကို
ကြည့်မိရာ သူမက ပိုင်လုံ မျက်နှာကို ကြည့်ကာ ပိုင်လုံ၏ စကားကို မယုံကြည်ဟန် ဖြစ်နေသည် ကို တွေ့လိုက်ရသည်။

ထိုဖြစ်ရပ် ကို အဘိုးကစုန့်ဝမ်က တွေ့သော်


" ဟုတ်တယ် သမီး... သမီး မမြင်လိုက် လို့ရှိမယ် တူမောင် တွမ်က
ျ့န်းယွမ် ရဲ့ ဓားသိုင်းက လက်ရှိ သိုင်းလောက မှာ တော့ ပြိုင်စံရှားပဲ...
အရင်က ဓားဘုရင် ဝေထင်း ရှိသေးရင်တော့ သူနဲ့ ပြိုင်ဘက်ကောင်း ဖြစ်မယ် "
ဟု ပြောလိုက်သည်။
မုယုံချန်းရှောင်း လဲ အခုမှပင် အံ့သြယုံကြည် မိလေသည်။ သူမ၏ အသက်ကို ဓားသိုင်း သုံးကာ ကယ်ပေးထားသည် ကိုလဲ
တွေးမိသွားလေသည်။ သူမက တွမက
့်ျန်းယွမ် သိုင်းကျင့်နေသည်ကို မြင်ဖူး ထားသော်လဲ ထိုမျှ ပြိုင်စံရှားသည် အထိ
အဆင့်မြင့်မည်တော့ မထင်ထားချေ။ အခု ပိုင်လုန
ှံငိ့ အဘိုးအို စုန့်ဝမ်က ပြောသော် သူမ အနေဖြင့် ယုံကြည်မိသည်။ ထိုနှစ်ယောက် မှာ
သူမ အလေးစားဆုံး နှစ်ယောက် ဖြစ်သည် မဟုတ်ပါလား။

မုယုံချန်းရှောင်းလဲ ယခုမှပင် အသက်ကယ် ပေးထားသည်ကို သတိရကာ လက်သီးဆုပ် ပီး ကမန်းကတန်း ဂါရပြုမိလေသည်။


" အသက်ကယ်ပေးတာကို ကျေးဇူး တင်ပါတယ် အကိုတွမ.့် .. ညီမ ကန်တော့တာ ကိုလက်ခံပါ "
ဟု ပြောပီး ထိုင်ကန်တော့လိုက်လေသည်။

တွမ့်ကျန်းယွမ် လဲ ရုတ်တရက်မို့် ကြောင်သွား သော်လဲ ချက်ချင်းပင် ထကာ မုယုံချန်းရှောင်း ကို ထူလိုက်လေသည်။


" ရပါတယ် ညီမရယ်... အကို့ကို အရမ်း ကျေးဇူးတင်စရာ မလိုပါဘူး "
ဟု နှစ်သိမ့်လိုက်လေသည်။

" ကဲကဲ ညလဲ အတော်နက် နေပီး အိပ်ခန်းရှာပီး အိပ်ကြတော့ မနက်ကျ စီးရှနယ် ထဲ သွားကြမယ် "
ဟု အဘိုးအို စုန့်ဝမ်က လော်ဆော် လိုက်သည်။

မုယုံချန်းရှောင်း က တွမ့်ကျန်းယွမ် တို့ သုံးယောက်ကို မီးမလောင်သည့် ဘက်မှ အခန်း တစ်ခန်းစီ နေရာချထားပေး လိုက်လေသည်။
သူမကမူ အိပ်ယာလိပ်များ ကိုယူပီး စာကြည့်ခန်းထဲသို့ ဝင်ကာ အိပ်စက်လေသည်။

မနက်မိုးလင်းသော် တွမ့်ကျန်းယွမ်၏ အိပ်ခန်းကို မုယုံချန်းရှောင်း က တံခါးခေါက် ကာ မနက်စာစားရန် ဖိတ်ခေါ်လေသည်။ သူမ က


ထိုနည်းအတိုင်းပင် ပိုင်လုံ နှင့် အဘိုးအို စုန့်ဝမ် တို့ကိုလဲ ဖိတ်ခေါ် လေသည်။ တွမ့်ကျန်းယွမ် တို့မှာ သိုင်းပညာ အပြင် အိမ်မှုကိစ္စပါ
နိုင်နင်းသော မုယုံချန်းရှောင်း ကို ချီးကျူးမိကြသည်။ သူမ၏ လက်ရာ မနက်စာမှာ စားကောင်းလှသည် မဟုတ်ပါလား။

အဘိုးအို စုန့်ဝမ်ကတော့ စီးရှ နယ်ထဲသို့ သွားရန်သာ စိတ်စောနေသည်။ သို့သော် မုယုံချန်းရှောင်း အဖို့ မုယုံစံအိမ်ကြီးကို စွန့်ပစ်ခ့ရ
ဲ န်
ဝန်လေးလျှက်ရှိသည်။ သူမ ငယ်စဉ်ကတည်းက နေလာသော စံအိမ်ဖြစ်သည်လေ။ သူမက ဘယ်ပစ္စည်း သယ်သွား ရကောင်းနိုးနိုး
ဖြစ်နေလေသည်။

ထိုစဉ် စံအိမ်ထဲသို့ သူဖုန်းစားဂိုဏ်းမှ ဂိုဏ်းသား တစ်ဦး ရောက်လာလေသည်။ ထိုသူက ပိုင်လုံ ကို အရိုအသေ ပေးပီး တွမ့်ကျန်းယွမ်
တို့ကို လဲ ဂါရဝပြု လိုက်သည်။ တွမ့်ကျန်းယွမ်မှာ ထိုလူ ဘာကြောင့် ရောက်လာမှန်း မသိချေ။ ထို့်ကြောင့် သူက အမေးပါသော
မျက်လုံးဖြင့် ပိုင်လုံကို ကြည့်လိုက်သည်။

ပိုင်လုံ က ထိအ
ု ကြည့်ကို မြင်သော် လည်ချောင်း တစ်ချက်ရှင်းလိုက်ပီး မုယုံချန်းရှောင်း ကို ကြည့်ကာ
" ညီမလေးချန်းရှောင်း... ဒီလူက ညီမ မရှိတုန်းမှာ မုယုံစံအမ
ိ ကို ထိန်းသိမ်းပေးမဲ့ သူပ.ဲ .. ထုံဝူကျေးရွာ က ဂိုဏ်းခွဲကိုလဲ ဒီမှာ
လာစောင့်ဖို့ ပြောထားတယ်... ဒါကြောင့် ညီမ စိတ်ဖြောင့်ဖြောင့်နဲ့ လိုက်ခဲ့ပါ "
ဟု ပြောလိုက်သည်။

မုယုံချန်းရှောင်း က အခုမှပင် သူမ ဝန်လေး နေသော ကိစ္စ ပြေလည်သွားသလို ခံစားရတော့သည်။ သူမ က ပိုင်လုံကို ကျေးဇူးတင်၍
မဆုံးနိုင်တော့သည့် အပြင် ချစ်ခင်လေးစားသော အကြည့်များနှင့်ပင် ကြည့်နေတော့သည်။ တွမ့်ကျန်းယွမ် ကတော့ စေ့စပ်သေချာသော
ပိုင်လုံကို ကြည့်ကာ အားကျမိသည်။ သူ၏ နတ်သမီးလေးက သူ့ကို စိတ်မဝင်စားပဲ ပိုင်လုံ ကို လေးစားနေသည် မဟုတ်ပါလား။ သူမှာ
မနာလို ဖြစ်နေသော်လဲ မတတ်နိုင်ချေ။ သူသာ မင်းသားအဖြစ်နဲ့ ဆင်းလာလျှင်တော့ ထိုလုပ်ရပ်မျိုး လုပ်ပေးနိုင်ပေမည်။ ယခု မှု သူက
တစ်ကောင်ကြွက် နာမည်မရှိ ဂိုဏ်းမရှိ သိုင်းသမားသာ ဖြစ်၍ ဘာမှ မတတ်နိုင်ပေ။ အဘိုးအို စုန့်ဝမ်ကတော့ ထိုဖြစ်ရပ်ကို
မသိချင်ယောင်သာ ဆောင်နေလိုက်သည်။

မုယုံချန်းရှောင်း က အထုပ်သိမ်းပီးသော် လေးယောက်သား မုယုံစံအိမ် အပြင်သို့ ထွက်လာကြတော့သည်။ ထုံဝူကျေးရွာ သို့


ရောက်သော် သူဖုန်းစားဂိုဏ်းသားများ က မြင်းလေးကောင် နှင့် စောင့်နေသည်ကို တွေ့လိုက်ရသည်။ ပိုင်လုံမှာ မည်သည့်အချိန် က
စီမံခန့်ခွဲ လိုက်သည်မသိ။ တွမ့်ကျန်းယွမ် မှာ အားကျပီးရင်း အားကျနေရသည်။

မြင်းများကို မြင်၍ အဘိုးအို စုန့်ဝမ်က စိတ်ရှုပ်သွားသည်ကို မြင်သော် ပိုင်လုံ က


" စီးရှနယ်က အဝေးကြီးပဲနော် အဘ... ကျနော်တို့ မြင်းစီးကို စီးမှရမယ်... ဒါမှ ညီမလေး ချီရန့် ကို ရှာရတာ ပိုမြန် မှာ "
ဟု ပြောလိုက်လေသည်။

အဘိုးအိုလဲ ဘာမှမပြောတော့ပဲ ရယ်ကာ မြင်းပေါ်သို့ တက်လိုက်လေသည်။ တွမ့်ကျန်းယွမ် လဲ မြင်းပေါ်သို့ မတက်ခင် မုယုံချန်းရှောင်း


ကို ကြည့်မိရာ သူမ က ပိုင်လုံကိုသာ ကြည့်နေသည်ကို မြင်သဖြင့် စိတ်ညစ်သွားမိသည်။ ထိုပုံစံ ဖြင့် သူ စီးရှသို့ သွားဖို့ ခံနိုင်ရည်
မရှိချေ။ ထို့အပြင် ပိုင်လုံ မှာ လူကောင်း ဖြစ်ပီး သူ့အပေါ်လဲ ကောင်း သဖြင့် ပိင
ုလုံကို ပြသနာမရှာချင်ပေ။ သူ လိုက်မယ် ပြောမိတာ
မှားပီး ဟုသာ တွေးမိတော့သည်။

ထို့်နောက် သူတို့လေးယောက်သားမှာ အနောက်ဘက်လမ်းဆုံ ရွာ ဘက်သို့ ဦးတည်ကာ မြင်းစီပီးထွက်လာခဲ့တော့သည်။ ထို့ရွှာကမှ


တစ်ဆင့်သာ စီးရှနယ်သို့ သွားလို့မည် မဟုတ်ပါလား။ အနောက်လမ်းဆုံရွာသို့ ရောက်သော် လေးယောက်သား ဟိုမေးဒီမေးဖြင့်
စနည်းနာ မိကြသည်။ မေးကြည့်မိရာ စုန့်ချီရန့် ၏ ပုံစံနှင့် ဆင်တူသော မိန်းကလေး တစ်ယောက် ဒီရွာသို့ ရောက်လာသည် မှန်သော်လဲ
ဘယ်သို့ ဆက်သွားသည် ကို မသိရချေ။ စုန့်ချီရန့် တစ်ယောက် ဒီရွာက တစ်ဆင့် စီးရှကို သွားသည်လား တိဗက်ကို သွားသည်လား
မည်သူမှ မသိနိုင် ဖြစ်နေသည်။ အဘိုးအို စုန့်ဝမ်မှာ ခေါင်းမီးတောက် နေသလို ကျန်လူများမှာလဲ ဘယ်လို လုပ်ရမည် စဉ်းစား၍
မရကြချေ။

ထိုစဉ် ပိုင်လုံက တစ်စုံတစ်ခုကို ဆုံးဖြတ်ပီးဟန်ဖြင့်


" အဘ... ကျနော်ကတော့ တိဗက်ကို သွားမှ ဖြစ်မယ်... ကျနော် ပြောပြခဲ့တဲ့အတိုင်း ပဲ တိဗက်လားမားကြီးကို ပြည်မသိုင်းလောက
အကြောင်း ရှင်းပြပေးမှ ဖြစ်မယ်လို့ ထင်တယ်... ပီးတော့ သူက အဘနာမည် ကို အထင်လွဲနေမယ် ထင်တယ် အဲ့တာ... "
ဟု ပြောပီး ပိုင်လုံက အဘိုးအို၏ ဆုံးဖြတ်ချက် ကို စောင့်နေလိုက်သည်။

အဘိုးအိုကတော့ ဘယ်လမ်းသွားရမည် ကို တကယ်ပင် စဉ်းစားမရချေ။ ထို့ကြောင့် တိဗက်လားမားကြီးများကို ရှင်းပြရင်း တိဗက်နယ်


ထဲသွားရှာရန် ဆုံးဖြတ် လိုက်မိ လေသည်။ သူက ခေါင်းတစ်ချက်ကုတ်ကာ
" အေးကွာ... အဲ့ကိစ္စကလဲ ရှိသေးတယ်... ငါ့မြေးလေးက အရေးကြီးပေမဲ့ ပြည်မသိုင်းလောက ကိစ္စက ပိုအရေးကြီး တယ်... ဒါဆို
စီးရှနယ်ထဲကိုက တူမောင်တွမ့် နဲ့ တူမလေးမုယုံ တို့ သွားပေးကြမလား... တူမောင်တွမ့်က ငါ့မြေးလေးကို မသိတော့ တူမလေး
မုယုံလိုက်သွားပေးရမယ် ထင်တယ် "
ဟု ပြောပီး မုယုံချန်းရှောင်း ကို အားနာသလို ကြည့်လိက
ုမိသည်။

တွမ့်ကျန်းယွမ် ကတော့ သူ၏ နတ်သမီးလေး နှင့် နှစ်ယောက်တည်း ခရီးသွားရမည် ဖြစ်သဖြင့် ကျိတ်ပျော်နေမိသည်။ သူက အဘိုးအို
စုန့်ဝမ်ကို ကျေးဇူးတင်စွာ ကြည့်လိုက်သည်။

မုယုံချန်းရှောင်း ကတော့ ပိုင်လုံနှင့် အတူ မသွားရသဖြင့် အနည်းငယ် စိတ်အနှောက်အယှက် ဖြစ်နေပုံရသည်။ သို့သော်


အကျိုးအကြောင်း ဆီလျော် နေသဖြင့် ငြင်း၍လဲ မကောင်းချေ။ ထို့်အပြင် တွမ့်ကျန်းယွမ် မှာ သူမ၏ အသက်သခင် ဖြစ်သဖြင့်
စိမ်းကား၍ မသင့်တော်ပေ။ သူမက ခေါင်းတစ်ချက်ညိမ့်လိုက်ကာ
" စိတ်ချပါ အဘ... ညီမလေးကို စီးရှနယ် ထဲမှာ မတွေ့တွေ့အောင် ရှာလိုက်ပါမယ်... ပီးတော့ အကိုတွမ့်ရှိနေတော့ ကျမအတွက်
စိတ်မပူပါနဲ့ "
ဟု ပြောပီး ပိင
ုလုံ၏ မျက်နှာအနေအထား ကို တစ်ချက် အကဲခတ်လိုက်သည်။

ပိုင်လုံကတော့ ခပ်တည်တည်ပင် ရှိနေသည်။ သူက သူမစကားဆုံးသည်နှင့် အဘိုးအို စုန့်ဝမ် ဘက်သို့လှည့်ကာ


" ဒါဆို အဘရေ ကျနော်တို့ ဒီနေ့တစ်ရက် တည်ခိုးခန်းရှာပီး နားကြမယ်... မနက်ဖြန် မနက်စောစော ခရီးဆက်ကြတာပေါ့... အကယ်၍
တစ်လလောက် ရှိတာတောင် မတွေ့ဘူးဆိုရင် မုယုံစံအိမ် မှာပဲ ပြန်ဆုံ ကြမယ် "
ဟု တွမ့်ကျန်းယွမ် ကိုကြည့်ကာ ပြောလိုက်သည်။

တွမ့်ကျန်းယွမ်လဲ ခေါင်းညိမ့်ကာ
" စိတ်ချပါ အကိုကြီးပိုင် နဲ့ အဘ... ညီမလေး ချီရန့် ကိုကျနော် တွေ့အောင် ရှာပေးပါ့မယ်... တွေ့သည်ဖြစ်စေ မတွေ့သည်ဖြစ်စေ
တစ်လပြည့်တာနဲ့ အကြောင်းစုံ ကို မုယုံစံအိမ်မှာ ပြန်ပြောကြတာပေါ့ "
ဟု ပြောလိုက်သည်။

သူ့အနေဖြင့် သိုင်းပြိုင်ပွဲ သွားရန်လဲ လေးလ လောက် လိုနေသေးရာ စီးရှနယ်ထဲ တစ်လသွားနေလဲ မဆိုး ဟု တွေးလိုက် မိသည်။
ထို့အပြင် သူအတွက် စီးရှနယ်ကို သတ်သတ်ကို သွားစရာရှိနေသေးသည်။ ထိုကိစ္စမှာလဲ ရှောင်စစ်တောင် သိုင်းပြိုင်ပွဲ ကိစ္စ ကဲ့သို့
သူလုပ်ကို လုပ်ရမည့် အနေအထားရှိရာ သူ့အတွက် ကံကောင်းသည် ဟု ပြောလို့ရသည်။ သူ၏ နတ်သမီးလေး ကလဲ အဖော်
လုပ်ပေးမည် မဟုတ်ပါလား။

#မိုးထိတောင်သိုင်းသမား #ZYN
အခန်း (၉) အပိုင်း နှစ်
အနောက်ဘက်သို့ ခရီး
ထို့နောက် သူတို့ သုံးဦးသား တည်းခိုခန်း လိုက်ရှာကြလေသည်။ သပ်သပ်ရပ်ရပ် တည်းခိုးခန်း တစ်ခုကို တွေ့သော် အကြိုက်တွေ့ပီး
ဝင်လိုက်ကြသည်။ ထို တည်းခိုခန်း က စားသောက်ဆိုင်နှင့် တွဲလျက် ပင် ဖွင့်ထားလေသည်။ သူတို့်လဲ အခန်းတစ်ခန်းစီ ယူကာ
ပစ္စည်းတွေ ထားပီး ညစာ စားရန် စားသောက်ခန်း ဘက် ကူးလာကြသည်။

စားသောက်ခန်းထဲ သို့ရောက်သော် လူများ စည်ကားလျက် ရှိသည်ကို တွေ့ရသည်။ ထို့ကြောင့် ထောင့်နားတွင် ရှိသော စားပွဲလွတ် ကို
မနည်းပင် ရှာလိုက်ရသည်။ စားသောက်ဆိုင်ထဲ ရှိ သူများမှာ အနောက်နယ် ထဲသို့ သွားမည့်သူ ပြန်လာသူ ခရီးသွား သိုင်းသမား
ကုန်သည်များ ဖြစ်ရကာ မုယုံချန်းရှောင်း နှင့် တွမ့်ကျန်းယွမ် ကဲ့သို့ ချောမောသော သူများကို တွေ့သော် အထူးအဆန်းလို
ကြည့်နေကြသည်။ တွမ့်ကျန်းယွမ် တို့လဲ မသိချင်ယောင်ဆောင် ပီး အစားအသောက်ကိုသာ မှာကြားကာ အာရုံစိုက်
စားနေလိုက်သည်။ ထို့ကြောင့် စားသောက်ဆိုင်ထဲရှိသူများမှာ တွမ့်ကျန်းယွမ် တို့ကို အာရုံမထားတော့ပဲ သူတို့ ပြောလက်စ
စကားများကိုသာ ပြန်ပြောနေကြတော့သည်။ တွမ့်ကျန်းယွမ်တို့လဲ အခုမှပင် ဘေးဘီကို စနည်းနာနိုင်ကြတော့သည်။

တစ်ဝိုင်းကျော်တွင်မူ ရုပ်ရည် ခပ်ကြမ်းကြမ်း ရှိသော ကုန်သည်တစ်စု ထိုင်ကာ အရက်သောက်နေကြသည်။ သူတို့ပုံပန်း


ကြည့်ရသည်မှာ တိဗက်မှ ပြန်လာပုံရှိသည်။ ခေါင်းဆောင်ဖြစ်ဟန်တူသူ က စိတ်ညစ်ဟန် ဖြင့် ခေါင်းယမ်းကာ အရက်တစ်ခွက်
မော့သောက် ပီး
" အခုတလောကွာ တိဗက်နယ်ထဲ ငါတို့ ဝင်ရတာ မလွယ်ဘူးကွ... အသက်ကြီးပီး သိုင်းတတ်တဲ့ ယောက်ျားတေကို လားမားကြီးတွေက
မသင်္ကာ ဖြစ်ပီး လိုက်စစ်နေတယ်... ဘယ်က ဘယ်လို ဖြစ်လဲ မသိပါဘူးကွာ စီးပွားရှာ ရတာ ရင်တထိတ်ထိတ် ဖြစ်နေရတယ် "
ဟု ပြောလိုက်သည်။

ကျန်လူများကလဲ သက်ပြင်းချကြပီး
" ဟုတ်တယ် ကွာ "
ဟု အပြိုင်အဆိုင် ထောက်ခံနေကြသည်။
သူတို့ကြည့်ရသည် မှာ ထိုအခက်အခဲကြောင့် အမှန်တကယ်ပင် ဒုက္ခတွေ့နေဟန် ရှိသည်။

ထိုစဉ် တစ်ဘက်ဝိုင်းမှ သိုင်းသမားဖြစ်ဟန် တူသူက ထိုကုန်သည်တို့၏ စကားကို ကြားသော်


" မင်းတို့က အဲ့အဖြစ်အပျက်ကို အခုမှလို့ ထင်နေတာလား လွန်ခဲ့တဲ့ နှစ်နှစ်တန
ုးကလဲ အခုလို တစ်ခါဖြစ်သေးတယ်... အဲ့တုန်းကလဲ
လာမားတွေက သူတရ
ိုဲ့ ကျောင်းတော်ကနေ ဆင်းပီး နေရာအနှံ့ ကို တွေ့လိုက်ရတာ... အခုအဖြစ်က အဲ့တုန်းကကို မမှီသေးပါဘူးကွာ
တစ်ပါတ်နှစ်ပါတ်လောက် နေရင် ပီးသွားမှာပါ "
ဟု ပြောလိုက်သည်။

ထိုသိုင်းသမားကြီးမှာ တိဗက်နယ်တွင် အခြေချသူ ဖြစ်ဟန်တူသည်။ သူက လာမားတို့၏ အမူအကျင့်ကို သိနေလေသည်။


ကုန်သည်ခေါင်းဆောင်က အရက်ခွက်ကို မြှောက်ကာ ဂါရဝပြု လိုက်ပီး
" ဆရာကြီး... ဆရာကြီးပြောသလိုဆို ကျနော်တို့ တစ်ပါတ် နှစ်ပါတ် စောင့်ပီးမှ တိဗက်နယ်ထဲ ဝင်ဖို့သင့်တယ် ထင်တယ် "
ဟု မေးလိုက်သည်။

သိုင်းသမားကြီးက ခေါင်းညိမ့်ကာ
" ဒါပေါ့ကွ... အခုအချိန်က သူတို့က တစ်စုံတစ်ခု ကို ရှာဖို့ ထက် လက်တုံ့ပြန်ဖို့ ပြင်ဆင်နေကြပုံပဲ "
ဟု တွေးတွေးဆဆ ပြောလိုက်သည်။

ပိုင်လုံ နှင့် အဘိုးအိုမှာလဲ သိချင်စိတ် ကို ထိန်းမရတော့ချေ။ ချက်ချင်းပင် ပိုင်လုံက တစ်ဘက်ဝိုင်းမှ သိုင်းသမားကြီးကို ကြည့်ကာ
မေးလိုက်သည်။
" အဘ... ကျနော် သိချင်လွန်းလို့ မေးပါရစေ ဒီဘက်ဝိုင်းကို ကြွခဲ့ပေးပါလား... ကျနော်တို့ ဧည့်ခံပါမယ် "

သိုင်းသမားကြီးကလဲ ပြုံးကာ
" လူလေးတို့ကြည့်ရတာ တိဗက်ကို သွားကြမဲ့ သူတွေထင်တယ်... အဲ့တော့ နယ်ခံဆီက သိချင်တာမေးကြတာ မဆန်းပါဘူး... အဘ
လာခဲ့ပါမယ် "
ဟု ပြောကာ သူသောက်လက်စ အရက်အိုး ကို ကိုင်ကာ ထလာခဲ့လိုက်သည်။

ပိုင်လုံ က သိင
ုးသမားကြီးကို တစ်ချက် အကဲခတ်ကာ
" အဘပြောတဲ့ထဲမှာ လက်တုံ့ပြန်ဖို့ ပြင်ဆင် နေပုံရတယ် ဆိုတော့ သူတို့က ဘယ်သူ့ကို လက်တုံ့ပြန်ဖို့ ပြင်ဆင်နေကြတာလဲဗျ "
ဟု မေးလိုက်လေသည်။
သိုင်းသမားကြီးက ပြောသင့် မပြောသင့် တွေဝေနေဟန်ဖြင့်
" အင်း... ဒီကိစ္စကို ပြောရရင် အရှည်ကြီးပဲကွ ပီးတော့ တိဗက်မှာတောင် လူတိုင်းသိကျတာ မဟုတ်ဘူး... ငါပြောလို့ ကောင်း မကောင်း
မခွဲခြားတတ်ဘူးကွာ "
ဟု ပြောလိုက်သည်။

တွမ့်ကျန်းယွမ် က သက်ပြင်းချလိုက်ပီး
" ပြောကြည့်ပေါ့ အဘရယ်... သူတို့ လက်တုံ့ပြန်တဲ့ ကိစ္စကို ကျနော်တက
ို့ ဝင်မရှုပ်ပါဘူး... ကျနော်တို့က တိဗက်နယ်ထဲ လူရှာဖို့
သွားတာမို့ အန္တရာယ် ကင်းအောင် ရှောင်ရန် ဆောင်ရန် အဖြစ် သိချင်တာပါ "
ဟု ဝင်ပြောလိုက်သည်။

ကျန်လူများကလဲ ခေါင်းညိမ့်ပြကာ သိုင်းသမားကြီးကို အသနားခံသလို ကြည့်လိုက် ကြသည်။ သိုင်းသမားကြီးမှာ နဂိုကတည်းက


ရိုးသားဖြောင့်မတ်ကာ ကြင်နာတတ်သူ ဖြစ်လေသည်။ ထို့ကြောင့် ဤလူစု၏ အသနားခံ မှုကို အားနာမိသည်။ ထို့အပြင် လူရှာရန်
ဆိုသော အကြောင်းပြချက်ကြောင့် သူသိထားသည့် လျှို့ ဝှက်ချက် ကို ဖွင့်ပြောချင်မိသည်။ ထိုမှသာ ဤလူစုက ကြည့်ကျက် ရှောင်နိုင်
်မည် မဟုတ်ပါလား။

ထိုစဉ် အဘိုးအို စုနဝ


့် မ်က ဝင်ကာ
" ဟုတ်တယ် ညီလေး... အကိုကြီးရဲ့ မြေးမလေး ပျောက်နေလို့ အကိုတု့က
ိ လိုက်ရှာ နေကြတာပါ... သူက တိဗက်နယ် ထဲ မှာ
ရှိတယ်ကြားတော့ သွားရှာချင်မိ တယ်လေ... အခုတလော တိဗက်နယ်က မတည်ငြိမ်တော့ မြန်မြန် ရှာတွေ့ချင်တယ် "
ဟု ပြောလိုက်သည်။

သိုင်းသမားကြီးက ဆုံးဖြတ်ပီးဟန်ဖြင့်
" ဟုတ်ပီဗျာ... ဒီလိုလုပ် ခင်များတို့ ချည်းပဲ တိဗက်နယ်ထဲ လူလိုက်ရှာရင် ကြာနေမယ် ကျနော်ပါ ကူရှာပေးမယ်ဗျာ "
ဟု ပြောလိုက်သည်။

သူက ပြောပီးသည်နှင့် တစ်ချက် လေသံ နှိမ့်ကာ


" စားပီးကြရင် ခင်များတို့ တည်းခိုတဲ့ အခန်းကို သွားပီး စကားပြောကြတာပေါ့ "
ဟု ပြောလိုက်ပြန်သည်။

တွမ့်ကျန်းယွမ် တို့လဲ သိုင်းသမားကြီးက ဤနေရာလို လူစည်ကားရာ နေရာတွင် မပြောလိုကြောင်း သိလိုက်ရသည်။


သူတို့စိတ်ထဲတွင်တော့ ထိုကိစ္စမှာ ပြည်မသို့ လက်တုံ့ပြန်မည့် ကိစ္စ မှန်းလဲ သိနေကြသည်။ ထို့်ကြောင့် ထိုအထင်လွဲနေ သည့် ကိစ္စကို
မချိန်မလွန်ခင် မြန်မြန် ဖြေရှင်း ချင်နေကြလေသည်။

ပိုင်လုံက သိုင်းသမားကြီး၏ စကားကိုကြားသော်


" အခုလို လူကူရှာပေးတာ ကျေးဇူးပါပဲ အဘရာ... အဘပါတော့ ကျနော့် ညီမလေးကို တွေ့ဖို့ ပိုသေချာတာပေါ့... ကဲကဲ သုံးဆောင်ပါဦး
အဘရေ... ပီးရင်တော့ အခန်းကို လိုက်ခဲ့ဦးဗျာ ရေနွေးကြမ်းနဲ့ ဧည့်ခံပါရစေ"
ဟု အသံခပ်ကျယ်ကျယ် ဖြင့် ပြောလိုက်သည်။

ထို့နောက် သူတို့ စားသောက်ပီးသော် အဘိုးအို စုန့်ဝမ်က သူ့အခန်းသို့ ဦးဆောင် ခေါ်သွားလေသည်။ သိုင်းသမားကြီး အပါအဝင်
လူကုန် ဝင်ပီးမှ ဘေးဘီကို အကဲခတ်ပီး တံခါးကို သေချာ ပိတ်လိုက်သည်။ သိုင်းသမားကြီးက အခန်းထဲရှိ လူများကို အကဲခတ်ကာ
လက်သီးဆုပ် ဂါရဝပြု လိုက်ပီး
" ကျနော့် နာမည်က လူခန်း ပါ... ပြည်မသား ဖြစ်ပေမဲ့ တိဗက်မှာပဲ မွေးပီး တိဗက်မှာပဲ ကြီးပါတယ် "
ဟု မိတ်ဆက်လိုက်သည်။

တွမ့်ကျန်းယွမ် တို့လဲ အသီးသီး အမည်များကို ထုတ်ဖော်ပီး မိတ်ဆက်လိုက် ကြသည်။ လူခန်းမှာ ပိုင်လုံ နှင့် အဘိုးအို စုန့်ဝမ်
နာမည်ကြားသော် အံ့သြမိလေသည်။ ဤနှစ်ယောက်မှာ ပြည်မသိုင်းလောက တွင် နာမည်ကျော် ဖြစ်သည် မဟုတ်ပါလား။ သူက
ထိုနှစ်ယောက်ကို အထင်ကြီး လေးစားဟန် ပြလေသည်။ သူက ပြည်မသို့ အဝင်အထွက် လုပ်သူ ဖြစ်၍ ပြည်မ ရှိ နာမည်ကျော်
သိုင်းသမားတို့၏ နာမည်များကို သိလေသည်။ မုယုံချန်းရှောင်း ကိုမူ နတ်သမီးလေးဖော် ထဲတွင် တစ်ယောက် အပါအဝင် ဖြစ်သည်မို့
သိတော့သိလေသည်။ တွမ့်ကျန်းယွမ် ကိုတော့ မကြားဖူး မသိဖူးသဖြင့် သိပ်အထင်မကြီးချေ။

သူက အံ့သြမိနေပီးတော့ တလေးတစား ဖြင့်


" ဒါဖြင့် နောင်ကြီးစုန့်ဝမ် ရဲ့ မြေးမလေး ဆိုတာလဲ ပျံလွှားမယ် မလား... ဘယ်လို ဖြစ်ပီး သူမက ပျောက်သွားရတာလဲ "
ဟု မေးလိုက်လေသည်။
အဘိုးအိုစုန့်ဝမ်က ခေါင်းကုတ်လိုက်ပီး
" ဒါက ဒီလိုကွ... သူက ငါ့လိုပဲ ခြေထောက်မှာ ဗွေပါတယ်ကွာ... လွန်ခဲ့တဲ့ တစ်လလောက်ကတော့ သူ့အစ်မရဲ့ မုယုံစံအိမ်မှာ
ရှိနေတာပဲ... နောက်တော့ကွာ အနောက်ဘက်နယ်ခြား ကိုသွားလည် မယ် ဆိုပီး ထွက်သွားတာပဲ... အခုထိ ဘယ်ရောက်နေလဲ ဆိုတာ
သတင်းလဲ မကြားရတာကြာပီ... ပုံမှန်ဆို ငါ့ဆီကို သူဘယ်မှာဆိုတာ နှစ်ပါတ်တစ်ခါ သတင်းပို့်နေကြပဲ... ငါကလဲ မုယုံစံအိမ်မှာ ရှိတယ်
ထင်လို့ စိတ်အေးအေးနဲ့ နေမိတာ... အခုတော့ ပျောက်နေပီလေ "
ဟု ပြောလိုက်သည်။ သူ့ပုံမှာ အတော်ပင် စိတ်ပူနေမှန်း သိသာလှသည်။ သူ့အတွက် ဒီမြေးမလေးသာ ရှိသည် မဟုတ်ပါလား။

" ဒါနဲ.့ .. ဒီက ဦးကြီးလူခန်း ပြောတဲ့ တိဗက် လားမားတွေ လက်တုံ့ပြန်မယ် ဆိုတာ ဘာကြောင့်လ.ဲ .. ဘယ်သူ့ကို လက်တုံ့ပြန် မှာတဲ့လဲ
"
ဟု ပိုင်လုံက ဝင်မေးလိုက်သည်။

လူခန်းက သက်ပြင်းတစ်ချက်ချကာ
" ဒါက ဒီလိုကွ... လွန်ခဲ့တဲ့ တစ်ပါတ်လောက် က တိဗက်နယ်စပ်မှာ အဆင့်သုံးကိုယ်တော် ဆိုတဲ့ လာမားကြီးကို တွေ့လိုက်ရတယ်...
အကောင်းတော့ မဟုတ်ဘူး... ကိုယ်တော်က မျက်စိက မမြင်တော့ဘူး ပီးတော့ လက်စားချေမယ် ဆိုပီး ဒေါသထွက် နေတာလဲ
တွေ့ရတယ်... ကိုယေ
် တ်ာကြီးကို သူတို့ကျောင်းက တပည့်တွေ ခေါ်သွားပီးနောက်မှာ နယ်စပ်မှာ စစ်ဆေးမှုတွေ စတော့တာပဲ
ကြည့်ရတာ အဆင့်သုံးကိုယ်တော်ဟာ ပြည်မထဲမှာ တစ်ယောက်ယောက် အကောက်ကြံပီး သူ့မျက်စိကို ဖျက်ဆီးတာ ခံရပုံရတယ်...
တိဗက်ဟာ ဒလိုင်းလားမား အုပ်ချုပ်တဲ့ နယ်မြေ ဖြစ်ပီး အဆင့်သုံးကိုယ်တော် တို့ရဲ့ မိုးမြေကျောင်းတော်ဟာ ကာကွယ်ရေးကို
တာဝန်ယူရတယ်လေ... သူ့ကိုထိလိုက်တာ ဟာ ပြည်မက သူတွေရဲ့ မဟာ အမှားပဲ... ဒီလားမားကိုယ်တော်တွေက သူများကို
မစော်ကားသလို သူတို့ကို စော်ကားရင်လဲ ခေါင်းငုံ့မခံကြဘူး "
ဟု ရှည်လျားစွာ ရှင်းပြလိုက်သည်။

ပိုင်လုံ နှင့် အဘိုးအို စုန့်ဝမ် မှာ အတော်ပင် ထိတ်လန့်သွားကြသည်။ သူတို့ ထိုလားမား ကျောင်းကို သွားကာ အမြန် ရှင်းပြမှ ဖြစ်မည်
ဟုလဲ တွေးမိကြသည်။ ထို့မှ မဟုတ်လျှင် လားမာတို့ နှင့် အုပ်စုလိုက် တိုက်ပွဲ ဖြစ်ပွားရပေတော့မည်။ ပြည်မ သိုင်းလောက သည်
စည်းလုံးသည် ဟု ထင်ရသော်လဲ ငြိမ်သက်နေတာ ကြာပီ ဖြစ်သဖြင့် တကယ်တမ်း တိုက်ပွဲ ဖြစ်ကြလျှင် မည်သူက ပြည်မ ဘက်မှ
ရပ်တည်ပေးမည်ဆိုတာ မသိရချေ။ မဟာမိတ်အဖွဲ့ ခေါင်းဆောင်၏ တပည့်အရင်း ဖြစ်သူ ပိုင်လုံက ထိုအဖွဲ့အတွင်း အခြေအနေကို
ကောင်းစွာ သဘောပေါက်မိသည်။ ထို့အတူ အဘိုးအို စုန့်ဝမ် ကလဲ ထိုအခြေအနေကို သိသည်သာ ဖြစ်သည်။ တခြားဂိုဏ်းတွေမှာလဲ
သူဖုန်းစားဂိုဏ်းချုပ်ကြီး ပုလုံ ကို မလွန်ဆန်ဝင့်၍သာ တည်ငြိမ်နေကြခြင်း ဖြစ်ပီး တစ်ဂိုဏ်းနှင့် တစ်ဂိုဏ်း ရန်စောင် နေကြသည် မှာလဲ
ရှိကြသည်။ ရှောင်စစ်တောင် သိုင်းပြိုင်ပွဲ မှ နောက်ထပ် ခေါင်းဆောင်အသစ် မထွက်မခြင်း သိုင်းလောကမှ စုစည်းရန် သိပ်မလွယ်
လှချေ။

ပိုင်လုံက သက်ပြင်းချကာ
" ဒါဆို အခြေအနေက မဟန်တော့ဘူးပဲ... ကျနော်တို့ တိဗက်ကို သွားလို့ ဖြစ်ပါ့မလား "
ဟု မေးလိုက်သည်။

လူခန်းက တွေဝေသွားကာ
" ငါ့အထင်တော့... ညီလေးပိုင် တို့ နာမည်တွေကို ပြောပီး ပေါ်တင် ဝင်လိုက်တာ ကောင်းမယ် ထင်တယ်... ဒီအခြေအနေနဲ့
ပုန်းလျှိုးကွယ်လျှိုး ဝင်မယ်ဆို လားမားတွေ သိသွားတဲ့ အခါ ရှင်းပြရခက်မယ် "
ဟု ပြောလိုက်သည်။

ပိုငလ
်ုံ က သက်ပြင်းချလိုက်ပီး
" ဒီအတိုင်းဆို လူမရှာခင် မိုးမြေကျောင်း ကိသ
ွုားပီး အရင်ရှင်းပြမှ ဖြစ်မယ်ထင်တယ်... အဆင့်သုံးကိုယ်တော် မျက်စိကိစ္စက ကျနော်
ကိုယ်တွေ့ ပဲ ဦးကြီးလူခန်းရေ... အဲ့ဒီလားမားကြီး နဲ့တောင် လက်ဝါးချင်း ယှဉ် မိကြသေးတယ်... ဒါကြောင့် သွားရှင်းပြချင် နေတာ "
ဟု ပြောလိုက်တော့သည်။

လူခန်းမှာ ထိုစကားကို ကြားသော် အံ့သြ၍ မဆုံးတော့ချေ။ ထို့ကြောင့် ပိုင်လုံက အစမှ ပြန်ပြောပြလိုက်ရသည်။ ထိုမှသာ လူခန်းလဲ
ဖြစ်စဉ်ကို နားလည်သဘောပေါက် သွားတော့သည်။ လူခန်းက
" ဒါဆို မနက်ဖြန် ခရီးထွက်ပီး အမြန် ရှင်းပြ ကြတာပေါ့... ဒီလိုကိစ္စမျိုး က အချိန်ဆွဲ လို့မကောင်းဘူး... ကျနော် လဲ ပြန်လိုက်ဦးမယ်...
မနက်စောစော ကျနော် ဒီလို လာခေါ်မယ် "
ဟု ပြောလိုက်သည်။
ထို့နောက် လူခန်းက နှုတ်ဆက်ကာ ထွက်သွားတော့သည်။ လူခန်း ထွက်သွားမှ တွမ့်ကျန်းယွမ် က
" ဒီလူက ယုံရလားတော့မသိဘူး အကိုနဲ့ အဘကတော့ အကုန်ထုတ်ပြောလိက
ုပီပဲ "
ဟု တွေးတွေးဆဆ ပြောလိုက်သည်။

ပိုင်လုံက ပြုံးပြကာ
" မယုံရလဲ ကိစ္စမရှပ
ိါဘူး အကိုတို့်က ရှင်းပြဖို့ သက်သက်ပဲလေ သူ မလိုက်ပဲ နေလဲ အကိုကတော့ ရောက်အောင်သွားပီး ရှင်းပြရမှာပဲ...
ပီးတော့ အကိုကို အဲ့ဒီ့ အဆင့်သုံးကိုယ်တော်က မှတ်မိဦးမယ် ထင်တာပဲ... အဲ့တော့ သူနဲ့တွေ့ရင် အဆင်ပြေမှာပါ "
ဟု ပြောလိုက်သည်။

တွမ့်ကျန်းယွမ် လဲ ခေါင်းညိမ့်ပြလိုက်သည်။ ပိုင်လုံပြောသည်က အကျိုးအကြောင်း ဆီလျော်နေလေသည်။ သူက


" ဒါလဲ ဟုတ်တာပဲ... အကိုတို့က မနက်စောစော သွားမယ်ဆိုတော့ ကျနော် တို့ အနားယူကြမှ ဖြစ်မယ်ထင်တယ် ကျနော်တို့
နှစ်ယောက်လဲ မနက်စောစော အတူတူ လိုက်ထွက်တာ ကောင်းမယ် "
ဟု မုယုံချန်းရှောင်း ကို ကြည့်ကာ ပြောလိုက်သည်။

မုယုံချန်းရှောင်း က ခေါင်းညိမ့်ပြကာ
" ဟုတ်တယ်... ကျမတို့လဲ တစ်ချိန် ထွက်ကြတာကောင်းမယ်... မိုးချုပ်တော့မယ် အကိုနဲ့ အဘလဲ အနားယူ လိုက်ကြတော့လေ "
ဟု ပြောကာ နှုတ်ဆက်ပီး သူမ အခန်း သို့ ပြန်သွားတော့သည်။

တွမ့်ကျန်းယွမ်လဲ နှုတ်ဆက်ပီး နောက်က လိုက်ဟန် ပြင်လိုက်စဉ် အဘိုးအို စုန့်ဝမ်က


" ငါ့တူ... ချန်းရှောင်း ကို လမ်းခရီးမှာ ဂရုစိုက်ပေးပါကွာ... သူက အခု အားငယ်နေမယ် ဘယ်လောက်ပဲ စိတ်တင်းထားတင်းထား
သူကြုံခဲ့ရတာတွေက မိန်းကလေး တစ်ယောက်အဖို့ မခံနိုင်စရာတွေဖြစ်တယ် "
ဟု အလေးအနက် ပြောလိုက်လေသည်။

တွမ့်ကျန်းယွမ် လဲ
" ဟုတ်ကဲ့ပါ အဘ... ကျနော် သူ့ကို အတတ်နိုင်ဆုံး ဂရုစိုက်ပါ့မယ် မှည့်တစ်ပေါက်မှ မစွန်းစေရပါဘူး ကျနော့် ကတိပေးပါတယ် "
ဟု အလေးအနက်ပင် ပြန် ကတိပေး လိုက်လေသည်။

စုန့်ဝမ်က ကျေနပ်ဟန်ဖြင့်
" ကောင်းပါပီကွာ... ငါမင်းကို ယုံပီးသားပါ...
ငါ့မြေးမလေးကိုလဲ တွေ့တာနဲ့ မုယုံစံအိမ်ကို ခေါ်ပီး စောင့်နေကြပေါ့... ကဲကဲ သွားနား လိုက်တော့ ငါ့တူ "
ဟု ပြောလိုက်သည်။

တွမ့်ကျန်းယွမ်လဲ နှုတ်ဆက်ပီး ထွက်လာခဲ့ လိုက်သည်။ ပိုင်လုံကတော့ အဘိုးအို စုန့်ဝမ် နှင့် ဆွေးနွေးစရာ ရှိသေးပုံရသည်။ သူက
အခန်းထဲမှ ထွက်မသွားသေးပေ။ တွမ့်ကျန်းယွမ်ကတော့ အခန်းသို့ ရောက်သည် နှင့် ရိကျင့် အကြောပြောင်း အတွင်းအား ကျင့်စဉ်ကို
ကျင့်နေလိုက်သည်။ မနက်ဖြန်သည် စီးရှနယ် သို့ သွားရမည် ဖြစ်ပီး ဘာတွေ ဖြစ်လာမည် ဆိုတာ မသိနိုင်ချေ။ မိမိဘက်က
အတတ်နိုင်ဆုံး ပြင်ထားရပေမည် မဟုတ်ပါလား။

#မိုးထိတောင်သိုင်းသမား #ZYN
အခန်း (၉) အပိုင်း သုံး
အနောက်ဘက်သို့ ခရီး

အချိန်က မနက်မိုး မလင်း တလင်း အချိန်ပင် ဖြစ်လေသည်။ ရာသီဥတု က အအေးပိုင်း သို့ ရောက်လာနေသဖြင့် အနည်းငယ်
အေးစိမ့်စိမ့် ဖြစ်နေလေသည်။ တွမ့်ကျန်းယွမ် တစ်ယောက် မနေ့ညက သန်းခေါင်ကျော်မှ အိပ်ပျော် ခဲ့သော်လဲ ရိကျင့် အကြောပြောင်း
ကျင့်စဉ် ကြောင့် လန်းလန်းဆန်းဆန်း ပင် နိုး လာခဲ့သည်။ သူက သူ့၏ အထုပ်အပိုးများကို သေချာစွာ စစ်ဆေးပီး ကိုယ်လက်သန့်စင်
ကာ ဝတ်စုံ တစ်စုံလဲဝတ်လိုက်သည်။ အထုပ်အပိုး ဟု ဆိုသော်လဲ သူတ
ွ့င် ဝတ်စုံ သုံးစုံနှင့် ငွေလက်မှတ်ထည့်သော အိတ်ပြား တစ်လုံး
ဓားနှင့် ယပ်တောင် တစ်ချောင်းသာ ရှိလေရာ ဘာမှ ထွေထွေထူးထူး မဟုတ်ချေ။
သူက ဝတ်စုံလဲဝတ်ရာတွင် ခါတိုင်း သူဝတ်နေကြ တာ့လီပြည်က အဆင်အထည် မဝတ်ပဲ သူလမ်းမှာဝယ်လာသော ပြည်မ
စာပေသမားဝတ်စုံကို လဲဝတ်လိုကခ
်ျင်း ဖြစ်သည်။ ထိုဝတ်စုံမှာ အကောင်းစား ဖြစ်ဟန် မတူချေ။ အရောင်အဆင်း ခပ်မှိန်မှိန် ရှိပီး
သူသူကိုကို လူဆင်းရဲ စာပေသမားများ ဝတ်နေကြ အမျိုးအစားပင် ဖြစ်သည်။ သို့သော် သူက ဆံပင်ကို သပ်သပ်ရပ်ရပ် စည်းထားပီး
ဓား လွယ်ကာ ယပ်တောင်ကို ဟန်ပါပါ ဖွင့်ခတ်လိုက်သော် အဆင့်အတန်း ရှိသော စာပေသမား ပုံပင် ပေါက်သွားလေသည်။
တွမ့်ကျန်းယွမ် လဲ ကြေးမုံပြင်မှာ ထင်ဟပ်နေသော သူ့ပက
ိုံ ကျေနပ်သလို ပြုံးလိုက်ကာ အဝတ်အိတ်ကို လွယ်ပီး စားသောက်ခန်း
ဘက်သို့ ထွက်လာခဲ့သည်။ သူ့အထင်က သူအစောဆုံး နိုးသည်ဖြစ်၍ ပိုင်လုံ တို့ကို မနက်စာစားရင်း စောင့်ရန် ဖြစ်သည်။

တွမ့်ကျန်းယွမ် က စားသောက်ခန်းသို့ရောက် သော် စားသောက်ခန်းထဲတွင် တခြားစားသောက်သူ မည်သူမှ မရှိချေ။ ပိုင်လုံ နှင့်


အဘိုးအို စုန့်ဝမ် တိသ
ု့ာရောက်နှင့် နေသည်ကို တွေ့ရသည်။ ပိုင်လုံက စာပေသမား ပုံစံ ဝတ်ဆင်ထား သော တွမ့်ကျန်းယွမ် ကို
ကြည့်ကာ
" ငါ့ညီက တကယ် လူချောပဲကွာ... ဒီလိုဝတ်စားထားတော့ နေပြည်တော် စာမေးပွဲ အောင်ထားတဲ့ ကျွမ့်ယွမ် အရာရှိ ပုံတောင်
ပေါက်နေသေးတယ် "
ဟု ချီးကျူးလိုက်လေသည်။

အဘိုးအို စုမ့်ဝမ်ကာ ပိုင်လုံ၏ ချီးကျူးစကားကို ရယ်ကာ


" ပိုင်လုံ... ပိုင်လုံ... မင်းက မင်းသားတစ်ပါး ကို ကျွမ်ယ
ွ့မ် အဆင့်နဲ့ နိင
ှုးတော့ သူ့ကို စော်ကားရာ ကြမှာပေါ့ ကွ... တာ့လီပြည်
ဘုရင်ကြီးရဲ့ မျိုးဆက် တပည့်က သူ့သား မင်းသားပဲ ဖြစ်ရမယ် ဆိုတာ မင်း သတိထားမိသင့်တယ် "
ဟု ပြောလိုက်သည်။

ပိုင်လုံ လဲ ထိုစကားကို ကြားမှ သတိထား မိပီး မျက်နှာတည်သွားကာ


" ကဲ... ညီလေးတွမ့်... မင်းစိတ်မရှိရင် မင်းအကြောင်းတွေကို အကိုတို့ကို ပြောပြ လို့ရမလား... အကိုတို့တွေဟာ တစ်ခရီးတည်း
သွားသူချင်း အကြောင်းသိ ထားကြတာကောင်းမယ် ထင်တယ် "
ဟု ပြောလိုက်သည်။

တွမ့်ကျန်းယွမ် မှာ ငြင်းစရာ အကြောင်း မရှိချေ။ သူ့အကြောင်းမှာ သူမပြောလဲ အကုန်လုံးက တစွန်းတစ သိနေကြပီး ဖြစ်လေသည်။
ထိုအပြင် သူအနေဖြင့် တကူးတက လျှို့ ဝှက် နေရန်လဲ အကြောင်း မရှိချေ။ ထိုေ့ကြာင့် ခေါင်းညိမ့်ကာ ပြောဟန် ပြင်လိုက်စဉ်
စားသောက် ခန်းထဲသို့ မုယုံချန်းရှောင်း ကာ ဝင်လာလေသည်။ သူမ ဝတ်ဆင်ထားသော ဝတ်စုံမှာ ယောကျာ်းလေး ဝတ်စုံ ဖြစ်ပီး
သူမက အတတ်နိုင်ဆုံး စာပေသမား ပုံစံ ပြင်ဆင်ထားလေရာ သူမမှာ တွမ့်ကျန်းယွမ် နှင့်ပင် ခပ်ဆင်ဆင် ဖြစ်နေလေသည်။
တွမ့်ကျန်းယွမ် က အံ့သြမိသော်လဲ တစ်ချက်တွေးမိကာ ပြုံးပြလိုက်လေသည်။

သူမ က နားစွန်နားဖျား ကြားမိဟန်ဖြင့်


" ဘယ်သူက မင်းသားလဲ အဘ... သမီးကိုလဲ ပြောပြ "
ဟု အဘိုးအို စုန့်ဝမ်ကို မေးလိုက်သည်။

ပိုင်လုံက တွမ့်ကျန်းယွမ့် ဘက်ကို လက်ပြ လိုက်ကာ


" မင်းသားဆိုရင်တော့ ဒီကညီလေးတွမ့် ပဲ ဖြစ်မယ် ထင်တယ် ဟုတ်တယ်မလား ညီလေး "
ဟု မေးလိုက်လေသည်။

" ဟုတ်ကဲ့ အကိုပိုင်... အဘ စုန့်ဝမ် ပြောသလိုပဲ ကျနော်က တာ့လီမှာတော့ မင်းသားပေါ့ဗျာ... ကျနော့် အဖေက
ဘုရင်ဖြစ်နေတာကိုး... သိုင်းပညာကတော့ တာ့လီက ကောင်းကင်နဂါး ဘုန်းကြီးကျောင်းက သင်ပေးလိုက်တာပါ... ဒါပေမဲ့
ဓားပညာကတော့ ဆရာတစ်ယောက် သတ်သတ် ရှိပါတယ် "
ဟု တွမ့်ကျန်းယွမ် က ဖြေလိုက်သည်။

မုယုံချန်းရှောင်း မှာ အဘိုးအို စုန့်ဝမ် နှင့် ပိုင်လုံ တို့က တွမ့်ကျန်းယွမ် ကို စနောက် နေသည်ဟု ထင်သော်လဲ တွမ့်ကျန်းယွမ် က
တည်ကြည်စွာ ပြန်ဖြေလိုက်သော် အံ့သြမိ သွားလေသည်။ တွမ့်ကျန်းယွမ် ကို ဤမျှ မျိုးရိုး မြင့်မြတ်သူ ဟု သူမ မထင်ထားချေ။ ပိုင်လုံ
မှာလဲ တကယ်တမ်း သိလိုက်ရသော် အံ့သြမိသည်။ ဤလူငယ်မှာ မျိုးရိုး မြင့်မြတ် သော်လဲ ဟိတ်ဟန် မရှိလှ မိမိကိုယ်ကို နှိမ့်ချ
လွန်းသည်။ သူသာ ထုတ်မပြောလျှင် ယုံကြည်နိုင်စရာ မရှိချေ။

အဘိုးအို စုန့်ဝမ် ကမူ ကြိုသိနေဟန်ဖြင့်


" ငါထင်တဲ့ အတိုင်းပါပဲ... တူမောင် ရဲ့ ရုပ်ရည် က လွန်ခဲ့တဲ့ အနှစ်နှစ်ဆယ် က ဦးရီးတော်တွမ့် ရဲ့ ရုပ်ရည်နဲ့ ဆင်နေတာပဲ "
ဟု ပြောလိုက်သည်။

တွမ့်ကျန်းယွမ် က သူ့ခမည်းတော်ကို အဘိုးအို စုန့်ဝမ်က မှတ်မိနေသဖြင့် အံ့သြမိ ပြန်သည်။ သူက


" အဘက ကျနော့် အဖေကို သိတယ်ပေါ့... အဖေ သိင
ုးလောကထဲ ကျင်လည်စဉ် က အဘနဲ့ မိတ်ဆွေဖွဲ့ခဲ့ကြတာလား "
ဟု မေးလိုက်သည်။
အဘိုးအို စုန့်ဝမ်က
" မှန်တာပေါ့ကွာ... လွန်ခဲ့တဲ့ အနှစ်နှစ်ဆယ် ကျော်က ဦးရီးတော်တွမ့် နဲ့ ငါ့ပျံလွှား ဆိုတာ ခဏ တစ်ဖြုတ် တွဲဘက်တွေ ဖြစ်ခဲ့ကြတာပေါ့
နောက်တော့ သူ့ကို စီးမင်ကို့ဝေ က လာရောလို့ ငါက ရှောင်ထွက်ခဲ့တာပဲ... ငါက အဲ့ဒီ့ သိုင်းလောက စတုတ္ထ ရတဲ့ စီးမင်းကို့ဝေ ဆိုတဲ့
လူကို မကြိုက်ဘူးကွ... အဲ့ဒီလူက အကြံကြီးတယ် ဖုံးကွယ်တတ်တယ်က.ွ .. ဦးရီးတော်တွမ့်ကလဲ သိပုံရတယ် ရှောင်စစ်တောင် ပြိုင်ပွဲ
မှာ သူ့ကို အနိုင်ယူ ပြလိုက်တယ် အဲ့နောက်တော့ သိုင်းလောကထဲက နှစ်ယောက်လုံး ပျောက်သွား တော့တာပဲ"
ဟု ပြောလိုက်လေသည်။

တွမ့်ကျန်းယွမ် က ထိုအကြောင်းတွေကို အခုမှ သိရသဖြင့် အံ့သြနေပြန်သည်။


သူ့ခမည်းတော် သည် သူသိုင်းလောကထဲ ကျင်လည်စဉ်က အကြောင်းများကို သူ့အား ပြောမပြချေ။ သိုင်းလောက အကြောင်းကို သူက
ဆရာဖြစ်သူ ဝေထင်း ဆီမှသာ ကြားသိခဲ့ရသည်။ ခမည်းတော် အလိုရ ဆိုလျှင် သိုင်းပြိုင်ပွဲတွင် ဝင်ပြိုင်ပီးသော် တာ့လီပြန်ကာ
အိမ်ရှေ့မင်းသား လုပ်ခိုင်းမည်မှာ အမှန်ပင်ဖြစ်သည်။ ခမည်းတော်က သူ့ကို သိုင်းပညာ ထူးချွန်စေချင်သော်လဲ သိုင်းလောကသား
ဖြစ်စေချင်ပုံ မရချေ။

သူက ခေါင်းညိမ့်ကာ
" ဟုတ်မယ် ထင်တယ်... ဖေဖေက သိုင်းလောကို စိတ်ကုန်နေပုံရတယ် ကျနော့် ကိုလဲ ပြိုင်ပွဲ ပီးရင် ချက်ချင်း ပြန်လာဖို့်
မှာလိုက်သေးတယ် "
ဟု ပြောလိုက်သည်။

ထိုစဉ် စားပွဲထိုးက အစားအစာများကို အငွေ့တစ်ထောင်းထောင်းဖြင့် လာချ လေသည်။ သူတို့လူစု မှာလဲ စားစရာများ ရောက်လာသဖြင့်
စကားစပြတ်ကာ စားသောက်လိုက်ကြသည်။ သူတို့စားသောက်၍ ပြီးခါနီးသော် စားသောက်ခန်းထဲသို့ လူတစ်ယောက်
ဝင်လာလေသည်။ ထိုသူမှာ လူခန်း ဖြစ်လေသည်။ လူခန်း၏ ပုံမှာ တိဗက်နယ်ထဲ သွားဖို့ အဆင့်သင့်ဖြစ်နေပုံရသည်။

လူခန်းက ဝင်ဝင်ချင်းပင် စားပွဲတွင် ထိုင်ချလိုက်ပီး လက်သီးဆုပ် ဂါရဝပြု ကာ


" အဆင့်သင့် ဖြစ်ရင် သွားကြရအောင်လား အနောက်လမ်းဆုံကနေ တိဗက်က မြင်းနဲ့ဆိုရင်တောင် ဆယ်ရက်ကျော် သွားရဦးမယ်
စောစောထွက်တာ ပိုကောင်းမယ် "
ဟု ပြောလိုက်သည်။

ပိုင်လုံ နှင့် အဘိုးအို စုန့်ဝမ်က ခရီးဆောင်အိတ်ကိုယ်စီ လွယ်လိုက်ကြရင်း ထရပ်လိုက်ကြသည်။ ပြီးမှ အဘိုးအို စုန့်ဝမ် က
တွမ့်ကျန်းယွမ် နှင့် မုယုံချန်းရှောင်း ကို ကြည့်ကာ
" ကဲ အဘတို့ သွားတော့မယ်... ငါ့တူနဲ့ ငါ့တူမ တို့လဲ စောစောထွက်ကျတော့ "
ဟု ပြောကာ နှုတ်ဆက်လိုက်သည်။

လူခန်း က တွမ့်ကျန်းယွမ် တို့ နှစ်ယောက် မလိုက်သည်ကို တွေ့သော် အံ့သြမိ သည်။ ပိုင်လုံက ထိုအဖြစ်ကိုမြင်သော်
" ဒီလိုဦးကြီးရေ... ကျနော်တို့က စီးရှကိုလဲ သွားရှာရဦးမှာဆိုတော့... လူခွဲပီး ရှာကြမလိ"ု့ ဟု ပြောလိုက်သည်။

လူခန်းက သဘောပေါက်သွားကာ ခေါင်းညိမ့်ပြလိုက်ပီး ရှေ့မှ ဦးဆောင်ကာ ထွက်သွားတော့သည်။ ပိုင်လုံ နှင့် အဘိုးအို စုန့်ဝမ် လဲ
တွမ့်ကျန်းယွမ် တို့ နှစ်ယောက်ကို တစ်ချက်ကြည့်ပီး လူခန်း နောက်သို့ လိုက်သွားလေတော့သည်။

တွမ့်ကျန်းယွမ် နှင့် မုယုံချန်းရှောင်းမှာ နှစ်ယောက်တည်း ကျန်ခဲ့သော် တစ်ယောက်နှင့် တစ်ယောက် ကြောင်အမ်းအမ်း


ဖြစ်နေကြလေသည်။ မုယုံချန်းရှောင်း မှာ တွမ့်ကျန်းယွမ် က မိမိကိုယ် စိတ်ဝင်စားနေမှန်း ရိပ်မိနေသဖြင့် အနေခက် နေမိသည်။
တွမ့်ကျန်းယွမ် မှာလဲ မိမိ စိတ်ဝင်စားနေသော မိန်းကလေး နှင့် နှစ်ယောက်တည်း ခရီးသွားရတော့မည် ကိုတွေးမိကာ ပျော်သလိုလို
ရှက်သလိုလို ဖြစ်နေမိသည်။ သူက မင်းသားတစ်ပါး ဖြစ်သော်လဲ ဘုန်းကြီးကျောင်းတွင်သာ အနေများပီး သူ့တစ်သက်လုံး
သိုင်းပညာကိုသာ ကြိုးစားလေ့ကျင့် ခဲ့သဖြင့် မိန်းကလေး များနှင့် မပတ်သတ်ဖူးချေ။

အတန်ကြာ တစ်ယောက်နှင့် တစ်ယောက် ကြည့်မိလိုက် စကားပြောမည်ပြုပီး မပြောဖြစ်လိုက်နှင့် ဖြစ်နေကြရာမှ တွမ့်ကျန်းယွမ် က


သတ္တိမွေးကာ
" ညီမလေးချန်းရှောင်း... အကိုတို့လဲ စထွက်ကြရအောင် စီးရှနယ်ကို အကိုတို့ မရောက်ဖူးတော့... လမ်းမှာ မေးရမှာတွေ ရှိသေးတယ်
ရိက္ခာ အဖြစ် ပေါက်စီ တွေလဲ ဝယ်ရဦးမယ်... စထွက်ကြတော့မလား"
ဟု ပြောကာ ခွင့်ပြုချက်တောင်းလိုက်သည်။
မုယုံချန်းရှောင်း လဲ စုန့်ချီရန့် ကို ရှာမည့် ကိစ္စ အပေါ် အာရုံပြန်ထားလိုက်ကာ
" ဟုတ်ကဲ့ အကိုတမ
ွ့်... သွားကြတာပေါ့ လမ်းမှာ ဈေးထဲဝင်ပီး ပေါက်စီလဲ ဝယ်ကြမယ် "
ဟု ပြောလိုက်သည်။

ထိုနောက် သူတို့နှစ်ယောက်လဲ တည်းခိုခန်း တွင် အပ်ထားသော မြင်းနှစ်ကောင်ကို ထုတ်ယူကာ ဈေးထဲသို့ ဦးတည် လိုက်ကြသည်။
ဈေးထဲမှ ပေါက်စီ ဝယ်ကာ စီးရှနယ် သို့ သွားရာလမ်းကို မေးစမ်းပီး စီးရှာနယ် သို့ မြင်းဖြင့် အပြေးနှင် လိုက်ကြတော့သည်။

လူပျောက်ရှာဖို့တော့ ထွက်လာကြလေပီ။ ပျောက်သောသူကို ရှာရင် တွေ့မလား ဆိုတာကတော့ ကံတရားကသာ သိနိုင်မည်


ဖြစ်ပေသည်။

#မိုးထိတောင်သိုင်းသမား #ZYN
အခန်း (၁၀) အပိုင်း တစ်
စီးရှနယ် သို့ ခရီးကြမ်း

နှစ်ပါတ်ခန့် ကြာသော်အခါ...
တွမ့်ကျန်းယွမ် နှင့် မုယုံချန်းရှောင်း တို့ နှစ်ယောက်မှာ စီးရှနယ် ရိဖျင်ထန် မြို့ တော် သို့ ရောက်ရှိသွားကြသည်။ တွမ့်ကျန်းယွမ် နှင့်
မုယုံချန်းရှောင်းတို့ နှစ်ယောက်မှာ တစ်ယောက်နှင့် တစ်ယောက် ရင်းနှီးသွားကြ သဖြင့် အရင်လို အနေမခက်ကြတော့ပေ။ နှစ်ပါတ်
ဆိုသော အချိန်ကာလက မုယုံချန်းရှောင်း အဖို့ တွမ့်ကျန်းယွမ် အကြောင်း သိရန် လုံလောက်ခဲ့လေသည်။ ရိဖျင်ထန် မြို့ တော် သို့
ရောက်သည် အထိ တွမ့်ကျန်းယွမ် မှာ မုယုံချန်းရှောင်း ကို တကယ့် ညီမအရင်းသဖွယ် စောင့်ရှောက်ပေးခဲ့သည်။ မုယုံချန်းရှောင်း မှာ
တွမ့်ကျန်းယွမ် လို မင်းသားတစ်ပါးက မ ကိစ္စ ပျော်ပါးလိုက်စား မရှိတာကို အခုမှပင် ယုံကြည်မိတော့သည်။ ဤမင်းသားမှာ တည်ကြည်
လွန်းပေသည်။ တကယ်တမ်း သူ၏ သိုင်းပညာ အဆင့်နှင့် သူမအချစ်ကို အတင်းလုယူနိုင်သည် မဟုတ်ပါလား။ သို့သော်
တွမ့်ကျန်းယွမ် ကတော့ ထိုအကြာင်းကိုပင် စကားမစချေ။ တကယ့် ညီမအရင်း သဖွယ်သာ စောင်ေ
့ ရှာက်ပေး ခဲ့သည်။ ထို့ကြောင့်
သူမလဲ တွမ့်ကျန်းယွမ် ကို ယုံကြည်ကိုးစား မိလာတော့လေသည်။

ရိဖျင်ထန် မြို့ တော်သို့ ဝင်သော် ဆင်ခြေဖုန်း ရပ်ကွက်များတွင် စုန့်ချီရန့် ပုံတူကို ပြကာ လိုက်မေးကြသည်။ သူတို့ တစ်လမ်းလုံး
ထိုနည်းတူ လိုက်မေးသော်လဲ ထူးခြားမှု မရှိချေ။ စုန့်ချီရန့် ကို မြင်သူ မရှိပေ။ ဤ အခြေအနေအရ ဆိုလျှင် ရိဖျင်ထန် မြို့ တော်တွင်
တစ်ပါတ်ခန့် ထပ်ရှာပီးနောက် တစ်လပြည့်တော့မည် ဖြစ်သဖြင့် ပြည်မသို့ ပြန်ရပေတော့ မည်။ တွမ့်ကျန်းယွမ် တို့ နှစ်ယောက်မှာ
အကြံအိုက် နေကြသည်။

စီးရှပြည်နယ် ရိဖျင်ထန်မြို့ တော်...


စီးရှနယ် သည်လဲ တာ့လီ နှင့် တိဗက် နည်းတူ ပြည်မကြီး၏ အုပ်ချုပ်မှု အောက်တွင် မရှိပဲ ကိုယ့်ထီးကိုယ့်နန်း နှင့် အုပ်ချုပ်သော
တိုင်းပြည်ဖြစ်လေသည်။ လွန်ခဲ့သည့် နှစ်ပေါင်း နှစ်ရာခန့်က စီးရှကို အုပ်စိုးသော ဘုရင်မှာ သိုင်းပညာတတ်သော မျိုးရိုး ကဖြစ်ခဲ့သည်။
ထိုဘုရင် လက်ထက်တွင် လိန်ကျို့ နန်းတော် ဟူ သော သိုင်းအဖွဲ့အစည်းမှာ စီးရှပြည်နယ် တွင် အင်အားအကောင်းဆုံး ဖြစ်ခဲ့လေသည်။
သို့သော် ထိုဘုရင်မှာ ပြည်မကြီးက လာသောသူ ဖြစ်သဖြင့် သူ့နောက်ပိုင်း ဆက်ခံသော သားများ အလှည့်တွင် မကျေနပ်သော
မှူးမတ်များ၏ ပုန်ကန်ခြင်းကို ခံရသည်။ ထို့နောက် မူလ စီးရှနယ်သား တော်ဝင်မျိုးနွယ် မှ ထီးနန်းကို ပြန်လည်
သိမ်းပိုက်လိုက်လေသည်။ ထို့အပြင် လိန်ကျို့ နန်းတော် မှာလဲ တိမ်မြှပ်သွားပီး ဘုရင်အသစ်က စတည်ထောင်သော ထျန်းစန်း
နတ်လေးပါး အဖွဲ့အစည်းမှာ စီးရှနယ် သိုင်းလောကကို အုပ်ချုပ်ထား သည်မှာ အနှစ်နှစ်ရာ နီးပါး ရှိနေလေပီ။

ထျန်းစန်း နတ်လေးပါးဂိုဏ်း...
ထျန်းစန်း နတ်လေးပါး ဆိုသည်မှာ လိန်ကျို့ နန်းတော် ပျက်စီးပီး နောက်ပိုင်း ပေါ်ထွက်လာသော သိုင်းအဖွ့အ
ဲ စည်း ဖြစ်သည်။
ထိုသိုင်းအဖွဲ့ကို နတ်လေးပါး ဟု အမည်ရသော ဂိုဏ်းချုပ်လေးယောက် က အုပ်ချုပ်ကြသည်။ ထို ဂိုဏ်း၏ ပထမဆုံးသော ဂိုဏ်းချုပ်များ
မှာ လိန်ကျို့ နန်းတော် မှ သစ္စာဖောက် တပည့်များ ဖြစ်လေသည်။ နောက်ပိုင်း တွင်မူ ဂိုဏ်းချုပ်များက ဂိုဏ်းသားများထဲမှ ဆက်ခံသူ
တပည့်မွေး ပီး အစဉ်အဆက် အုပ်ချုပ်လာကြသည်။ နန်းတွင်း နှင့် ကောင်းမွန်သော ဆက်ဆံရေး ရှိသဖြင့် နတ်လေးပါးဂိုဏ်းမှာ
စီးရှသိုင်းလောက ကို အုပ်ချုပ်ရသည်မှာ မဆန်းချေ။ ပြည်မသို့ သိုင်းလာပြိုင်သော စီးမင်ကို့ဝေ မှာ ထိုနတ်လေးပါးဂိုဏ်း မှ ဂိုဏ်းချုပ်
တစ်ယောက် ဖြစ်လေသည်။ ဂိဏ
ုးချုပ် များကို အမှတစ
် ဉ်လိုက် ခေါ်တွင်ကြပီး ဂိုဏ်းချုပ် အချင်းချင်း စည်းလုံးကြသည်။ သို့သော်လည်း
သုံးဆက်မြောက် ဂိုဏ်းချုပ်များမှ စပီး တစ်ယောက်နှင့် တစ်ယောက် သိုင်းပြိုင်လျှက်ရှိပီး မတည့်ကြတော့ချေ။ စီးမင်ကို့ဝေ မှာ
အမှတ်နှစ် ဂိုဏ်းချုပ်နေရာ၏ လေးဆက်မြောက် ဂိုဏ်းချုပ် ဖြစ်လေသည်။ အမှတ်တစ်ဂိုဏ်းချုပ် သည်လဲ လေးဆက်မြောက် ဂိုဏ်းချုပ်
ဖြစ်လေသည်။ ကျန် အမှတ်နှစ် နှင့် အမှတ်သုံးမှာ ငါးဆက်မြောက်များ ဖြစ်ကြသည်။ လက်ရှိ အမှတ်တစ်ဂိုဏ်းချုပ်မှာ ဂိုဏ်းကိစ္စတွင်
ဝင်ပါခြင်း မရှိသဖြင့် စီးမင်ကို့ဝေ ကသာ အမှတ်သုံး အမှတ်လေး ဂိုဏ်းချုပ်များကို စည်းရုံးပီး တစ်ဦးတည်း အုပ်ချုပ်လျက် ရှိသည်။
ဂိုဏ်းချုပ်တိုင်းတွင် မူပိုင် သီးသန့် သိုင်းပညာ ကိုယ်စီ ရှိကြလေသည်။

တွမ့်ကျန်းယွမ် တို့ နှစ်ယောက်လဲ မြို့ ထဲ အတန်ကြာ လိုက်မေးနေရာမှ မောပန်းပီး ဗိုက်ဆာလာကြတော့သည်။ ထိုေ့ကြာင့်
နှစ်ယောက်သား စားသောက်ဆိုင် တစ်ဆိုင် ရှာကာ ဗိုက်ဖြည့်ရန် ပြင်လိုက်ကြသည်။ ဈေးလမ်းမကြီး အတိုင်း မြင်းကိုဆွဲကာ
လျှောက်မိတော့ စားသောက်ဆိုင်ကြီး တစ်ခုကို တွေ့လိုက်ရသည်။ တွမ့်ကျန်းယွမ် တို့နှစ်ယောက် လဲထို ဆိုင်ထဲဝင်ကာ စားစရာများ
မှာကြားလိုက်ကြသည်။ စားသောက်ဆိုင် ထဲမှ လူများမှာ သူတို့ နှစ်ဦးကို လူစိမ်းမှန်းသိ သဖြင့် ဝိင
ုးကြည့်နေကြလေသည်။ အမှန်စင်စစ်
တွမ့်ကျန်းယွမ် တို့ နှစ်ယောက်မှာ စီးရှနယ် ဝတ်စုံကို ဝတ်ဆင်ထားကြသဖြင့် လူစိမ်းမှန်း မသိသာချေ။ သိသာသော အချက်မှာ သူတို့
နှစ်ဦး၏ ရုပ်ရည် ဖြစ်လေသည်။ ဟုတ်ပေသည်။ စီးရှသူ စီးရှသား တို့၏ ရုပ်ရည် မျက်နှာပေါက်မျိုး မဟုတ်သည့်အပြင်
ချောမောလွန်းနေသော တွမ့်ကျန်းယွမ် တို့ နှစ်ယောက်မှာ လူစိမ်းမှန်း သိသာလွန်း နေသည်။ အထူးသဖြင့် မုယုံချန်းရှောင်း၏ ရုပ်ရည်မှာ
ယောက်ျားလေး တစ်ယောက် ရှိသင့်သည်ထက် များစွာ ချောမောလှပေရာ လူအများအာရုံစိုက် စရာ ဖြစ်နေသည်။

တွမ့်ကျန်းယွမ် တို့ နှစ်ယောက်မှာ ဗိုက်ဆာဆာနှင့်ပင် အားပါးတရ စားနေကြသည်။ သူတို့ က ခရီးပြင်းနှင် လာသဖြင့် လမ်းတွင်
ပေါက်စီတစ်လှည့် ဆန်ပြုတ် တစ်လှည့် စမ်းချောင်းတွေ့လျှင် ငါးကင် တစ်လှည့် သာ စားခဲ့ရကာ ချက်ပြုတ်ထားသည့်
အစားအစာများကို လွမ်းနေသည်မှာ နှစ်ပါတ်ရှိနေပီ ဖြစ်သည်။သူတို့ မမြင်မိသည်က သူတို့ မြို့ ထဲ ဝင်လာကတည်းက အခုချိန်ထိ
နောက်က လိုက်ကြည့်နေသော မျက်လုံးများကို ဖြစ်သည်။

ဟုတ်ပေသည်။ သူတို့နှစ်ယောက်မှာ လူစိမ်းမှန်း သိသာသည့်အပြင် ပုံတူပန်းချီ တပြပြ နှင့် လူစည်ကားရာ နေရာတိုင်း


လျှောက်မေးနေကြရာ သူတို့ကို သတိပြုမိပီး နောက်ယောင်ခံလိုက်နေခြင်းမှာ မဆန်းပေ။ သို့သော် ထိုသူများသည် မည်သူများ
ဖြစ်သနည်း။ အဘယ့်ကြောင့် နောက်ယောင်ခံ လိုက်ရသနည်း။

နောက်ယောင်ခံ လိုက်သူမှာ နတ်လေးပါးဂိုဏ်းမှ ဂိုဏ်းခွဲမှူး တစ်ယောက် ဖြစ်လေသည်။ ထိုသူမှာ စီးရှသား ပီပီ မြင့်မားတုတ်ခိုင်သော
အရပ်အမောင်း ရှိလေသည်။ ရုပ်ရည်မှာ သိပ်မဆိုးလှ။ သိုင်းပညာကောင်းမည့် ဟန် ရှိသည်။ သူက ရုပ်ချောချော လူစိမ်းနှစ်ယောက်
လူစည်ကားရာ နေရာတိုင်း ခြေရှုပ် နေသဖြင့် လေ့လာကြည့်ရာ သူတို့ကိုင် ထားသော ပုံတူ ပန်းချီကို တွေ့ရာ ထိတ်လန့်သွားပီး နောက်မှ
တပည့် သုံးယောက်နှင့်အတူ တကောက်ကောက် လိက
ုနေခြင်း ဖြစ်သည်။ အခုလဲ စားသောက်ဆိုင်ထဲ လိုက်ဝင်ကာ ခပ်လှမ်းလှမ်းမှ
အကဲခတ်နေလေသည်။

မကြာမီပင် တွမ့်ကျန်းယွမ် တို့နှစ်ယောက်မှာ စားသောက်၍ ပြီးစီး သွားကြသည်။ သူတို့နှစ်ယောက်လဲ တည်းခိုခန်း ရှာဖို့


စားသောက်ဆိုင်ထဲမှ ထွက်လာခဲ့ကြသည်။ သူတို့ ထွက်လာခဲ့သည်မှာ လူစည်ကားသော ဈေးလမ်းပင် ဖြစ်သည်။ မုယုံချန်းရှောင်း
တစ်ယောက် ပြည်မကြီးနှင့် ယဉ်ကျေးမှု အနည်းငယ် ကွဲပြားနေတာကို ခံစားမိရင်း လျှောက်ငေးနေမိသည်။ တွမ့်ကျန်းယွမ် ကတော့
နောက်ကို လှည့်မကြည့်ပဲ ဈေးလမ်းတစ်လျှောက် ကွေ့ပတ်ကာ လျှောက်နေသည်။ သို့သော် မုယုံချန်းရှောင်း က ငေးမောနေ၍ တစ်မျိုး
မြင်းများကို ဆွဲထားရ၍ တစ်မျိုး ကွေ့ပတ်နေသော်လဲ အောင်မြင်ဟန် မတူချေ။ မုယုံချန်းရှောင်း မှာ ငေးမောနေရာမှ တည်းခိုခန်း
အချို့ ကို တွမ့က
်ျန်းယွမ် က ဝင်၍ မမေးမြန်းပဲ ကျော်သွားနေသည်ကို သတိထားမိ လာသည်။ တည်းခိုခန်း လိုက်ရှာနေသူက
အဘယ့်ကြောင့် သူ့လက်ကို ဆွဲကာ ကွေ့ပတ် လျှောက်နေရသနည်း။

သူမ စိတ်ထဲ ထူးဆန်းလာ၍ တွမ့်ကျန်းယွမ် နားကပ်ကာ


" အကို... ဘာဖြစ်လို့ ကွေ့ပတ်လျှောက်နေ တာလဲ... တည်းခိုခန်းတွေတောင် ကျော်ကုန်ပီ "
ဟု မေးလိုက်သည်။

တွမ့်ကျန်းယွမ် က ဖြေမလို လုပ်ပီး အနောက်ကို တစ်ချက်ကြည့်လိုက်ကာ မဖြေတော့ချေ။ မုယခ


ျုံန်းရှောင်း ၏ လက်ကို ဆွဲကာ
ခပ်သွက်သွက်ပင် လမ်းချိုးထဲ ချိုးဝင်လိုက်သည်။ လမ်းချိုးထဲသို့ ရောက်သော် ခြံဝင်းတစ်ခုကို မြင်သဖြင့် ခုန်ဝင်လိုက်သည်။
ကံအားလျော်စွာ ထိုခြံဝင်းမှာ လူမနေချေ။ တဲတစ်လုံးသာ ရှိပီး သစ်ပင်များ မြက်ပင်ရိုင်းများမှာ မြင်မကောင်းအောင် ဖုံးလွှမ်းလျှက်
ရှိနေသည်။ တွမ့်ကျန်းယွမ်က မြက်ပင်များကြားတွင် နေရာယူကာ ဈေးလမ်းမ ပေါ်သို့ တစ်ခုခုကို စောင့်နေသည့်အလား
ကြည့်နေလေသည်။ မြင်း နှစ်ကောင် ကတော့ ဈေးလမ်းမပေါ်တွင် ကျန်နေခဲ့သည်။ အတန်ကြာအောင်ပင် တွမ့်ကျန်းယွမ် က
မည်သည့်စကားမျှ မဆိုပဲ မုယုံချန်းရှောင်း ၏ လက်ကို ကိုင်ကာ ရပ်တန့်နေလေသည်။ မုယုံချန်းရှောင်း မှာ တွမ့်ကျန်းယွမ် ဘာဖြစ်နေလဲ
စဉ်းစား၍မရချေ။ သို့သော် သူက သူမ၏ လက်ကို တစ်ချိန်လုးံ ကိုင် ထားသဖြင့် ရှက်မိနေလေသည်။ ထိုေ့ကြာင့် သူမက လက်ကို
ရုန်းကာ ရှက်ရှက်ဝဲဝဲ ဖြင့် တစ်ခုခုပြောဟန် ပြင်လိုက်သည်။

ထိုစဉ် သူမတို့ထားခဲ့သော မြင်းနှစ်ကောင်နား သို့ လူတစ်ယောက် ရောက်လာလေသည်။ ထိုသူမှာ ဈေးလမ်းပေါ် ကျန်နေခဲ့သော


မြင်းနှစ်ကောင်ကို ကြည်က
့ာ ဝေခွဲမရ ဖြစ်နေပုံ ပေါ်သည်။ မြင်းနှစ်ကောင်ကို ကိုင်ကြည့်ကာ ဘေးဘီကို လှည့်ပတ်ကြည့် နေပြန်သည်။
သို့သော် လမ်းကြားထဲမှာ ရှိသော တွမ့်ကျန်းယွမ် တို့ကို မတွေ့ချေ။ မကြာမီ ထိုသူ၏ အနားသို့ လူသုံးယောက် ရောက်လာပြန်သည်။
ထိုသူများမှာ ပထမရောက် လာသူ၏ တပည့်များ ဖြစ်ဟန်တူသည်။ ပထမရောက်လာသူက ခြေဟန်လက်ဟန် ပြလိုက်ရာ ဘေးဘီသို့
ခွဲပီး တစ်စုံတစ်ခုကို ရှာနေကြသည်။ ပထမ ရောက်လာသူက ဘေးဘီကို ကြည့်နေရာမှ လမ်းချိုးထဲရှိ မြက်ပင် များ ဖုံးလွှမ်းနေသော
ခြံဝင်းကို မြင်သော် မျက်လုံးအရောင် တစ်ချက် လက်သွားလေသည်။ သူက ခြံဝင်းထဲသို့ ဦးတည်ကာ ခုန်ပျံ လိုက်သည်။

မုယုံချန်းရှောင်း မှာ တစ်ခုခုပြောဟန် ပြင်လိုက်ရာမှ သူတို့ဆီ ခုန်ဝင်လာသော သူကို တွေ့သော် အံ့သြမိ သွားပြန်သည်။ ထိုသူက
မြက်ပင်များကြားတွင် ရပ်ကာ အတန်ကြာ စိုကြ် ကည့်နေလေသည်။ လူမနေသည်မှာ ကြာပီဖြစ်၍ မြင်ပင်ရိုင်းများမှာ ထူပိန်းပီး
လူတစ်ရပ်ကျော်မျှ ရှည်လျားသည်ဖြစ်ရာ ထိုသူက မည်သို့ပင် ကြည့်စေကာမူ တွမ့်ကျန်းယွမ်တို့ နှစ်ယောက်ကို မမြင်ရချေ။ ထို့အပြင်
သူတို့နှစ်ယောက်မှာ တုတ်တုတ်မျှပင် မလှုပ်ရှားကြချေ။ တွမ့်ကျန်းယွမ် က အသင့်ပြင်ထားသလို ရှိပီး ငြိမ်သက်နေသလို
မုယုံချန်းရှောင်း ကတော့ အံ့သြပီး ငြိမ်သက်နေခြင်း ဖြစ်သည်။

ခဏတာမျှ စိုက်ကြည့်နေပီး ထိုသူက သက်ပြင်း တစ်ချက်ချကာ


" ထွက်ခဲ့ပါ မိတ်ဆွေ... မိတ်ဆွေ ပုန်းနေတာ သိပါတယ်... မိတ်ဆွေကို အထင်မသေးဝင့် လို့ မြက်ပင် တွေကြားထဲ
မလာနိုင်တာကိုတော့ ခွငလ
့်ွှတ်ပါ "
ဟု ပြောလိုက်သည်။

သို့သော် တွမ့်ကျန်းယွမ် က မည်သည့် စကားမျှပြန်မပြောသလို ထွက်၍လဲ မသွားချေ။ သူက ခပ်တည်တည်ပင် မလှုပ်ပဲ


ရပ်မြဲရပ်နေလေသည်။ မုယခ
ျုံန်းရှောင်း လဲ တွမ့်ကျန်းယွမ် ၏ အခြေအနေကို ကြည့်ကာ မလှုပ်ရဲချေ။

ထိုသူက ဤကဲ့သို့ ငြိမ်သက်နေခြင်းကို မနှစ်မြို့  ဟန်ဖြင့် လက်ဝါး ရိုက်ချက် တစ်ချက်ကို မြက်ပင်များကြားသို့ ရိုက်ထုတ်လိုက်သည်။
လက်ဝါးရိုက်ချက် ကြောင့် မြက်ပင်များက ပိပြားသွား လေသည်။ ထိုလက်ဝါးရိုက်ချက် က တွမ့်ကျန်းယွမ် တို့ ရှိရာသို့် မကျရောက်ချေ။
ထို့ကြောင့် တွမ့်ကျန်းယွမ် တို့ကို တွေ့သွားခြင်း မရှိ။ ထိုသူက နောက်ထပ် လက်ဝါး ရိုက်ချက် နှစ်ချက် ရိုက်ထုတ် လိုက်ပြန်သည်။
ထိုသူက တစ်ခြံဝင်းလုံး ရိုက်ထုတ်ပစ်မည့် သဘောရှိလေသည်။

#မိုးထိတောင်သိုင်းသမား #ZYN
အခန်း (၁၀) အပိုင်း နှစ်
စီးရှနယ် သို့ ခရီးကြမ်း

ထိုသူက လက်ဝါးရိုကခ
်ျက် သုံးချက် ရိုက်ထုတ်ထားသည့်တိုင် တစ်ဖက်လူက လှုပ်ရှားမှု မရှိသဖြင့် တွေဝေလာမိသည်။ ဤမြက်ပင်
များကြားတွင် လူရှိမှ ရှိပါ့မလား တွေးတောမိလာသည်။ နောက်ထပ် သုံးချက်မျှ ရိက
ုပီး မြက်ပင်များကို လှဲလိုက်လျှင် တစ်ခြံဝင်းလုံး
မြင်ရပီဖြစ်သဖြင့် စမ်းကြည့်ချင်သေးသည်။ သူက လက်ဝါးတစ်ချက် ရိုက်ထုတ်လိုက်ပြန်သည်။
ဝှီး ခနဲ လေလှိုင်းသံနှင့်အတူ မြက်ပင် တစ်အုပ်မှာ ပိပြားသွားလေသည်။ ထိုစဉ် လမ်းမပေါ်ရှိ မြင်းနှစ်ကောင်မှာ ဟီသံပေးပီး
ပြေးထွက်သွားလေသည်။ ထိုသူက လက်ဝါးတစ်ချက် ထပ်ရိုက်ဟန်ပြင် နေရာမှ ဆတ်ခနဲ ဖြစ်သွားပီး မြင်းနှစ်ကောင် ပြေးရာဘက်သို့
ကိုယ်ဖော့ပညာ သုံးကာ ပြေးလိုက်သွားတော့သည်။

တွမ့်ကျန်းယွမ် က မုယုံချန်းရှောင်းလက်ကို ဆွဲကာ


" သွားကြစို့ညီမ... ဒီလူကို ခဏပဲ လိမ်လို့ရမယ်... သူဒီနေရာကို ပြန်လာရှာမှာပဲ"
ဟု ပြောပီး မြင်းများသွားရာ ဘက်မှ ဆန့်ကျင်ဘက် အရပ်သို့ ပြေးထွက်ခဲ့ လိုက်သည်။ မြင်းများကို တွမ့်ကျန်းယွမ် က မြက်ပင်များဖြင့်
အတွင်းအားသုံးကာ ပစ်ခတ်လိုက်ခြင်းဖြစ်သည်။ သူက ထိုသူ၏ လက်ဝါး ရိုက်ချက် နှင့် တစ်ပြိုင်နက်ထဲ ပစ်လွှတ်လိုက်သောကြောင့်
လေတိုးသံမကြား ရချေ။

မြင်းများက လန့်ဖျန်ပ
ီ့း ဈေးလမ်းထဲသို့ နောက်ကြောင်း ပြန်ပြေးခြင်း ဖြစ်ရာ တွမ့်ကျန်းယွမ် တို့ နှစ်ယောက်ကမူ ဈေးလမ်းမှ
ဆန့်ကျင်ဘက် သို့ပြေးထွက် ခဲ့ခြင်း ဖြစ်သည်။ အတန်ကြာ ပြေးထွက်ခဲ့ရာ မြို့ လယ်ခေါင် လမ်းမကြီး ပေါ်သို့ ပြန်ရောက်လာလေသည်။
သူက ဘေးဘီကို တစ်ချက် အကဲခတ်နေရာမှ လူများစည်ကား နေသော ဘုံကျောင်းတစ်ခု ထဲသို့ မုယုံချန်းရှောင်း လက်ကိုဆွဲကာ
ဝင်လိုက်သည်။ ထိုဘုံကျောင်းသည် အတော်အတန် နာမည်ကျော်ဟန်တူသည်။ ဗေဒင်မေးကြသူ ဆုတောင်းလာကြသူ တို့ဖြင့်
စည်ကားလျက်ရှိသည်။ တွမ့်ကျန်းယွမ် လဲ အသာအယာပင် ရုပ်ပွားတော်များရှိရာ ဘုရားရှိခိုးခန်းမထဲ လှမ်းဝင်လိုက်သည်။ ထို့်နောက်
ခပ်တည်တည်ပင် အကျအနထိုင်ကာ ဘုရားကန့်တော့ နေလေသည်။ မုယုံချန်းရှောင်း မှာ တွမ့်ကျန်းယွမ် လုပ်သမျှကို နားမလည်သော်
လဲ အကြောင်းရှမ
ိ ည် ဟု တွေးကာ သူလဲ ဘုရားကန်တော့ နေလိုက်သည်။ အမွှေးတိုင် ထွန်းကာ ဆုတောင်း အပြီးတွင်တော့
တွမ့်ကျန်းယွမ် က ခန်းမထဲရှိ ဘုန်းကြီး တစ်ပါးကို ကပ်ကာ တစ်စုံတစ်ခု ပြောဆိုနေပြန်သည်။ ထိုဘုန်းကြီးက ခေါင်းညိမ့်ပြပီး
တစ်စုံတစ်ခု ပြန်ပြောလိုက်ရာ တွမ့်ကျန်းယွမ် က လက်ထဲမှ ငွေတုံး တစ်တုံးကို ထုတ်ပေးလိုက်လေသည်။
ထို့နောက် မုယုံချန်းရှောင်း နားသို့ပြန်ရောက် လာကာ
" ကဲ တည်းစရာ နေရာတော့ ရပီ ညီမ... အကိုနဲ့ တစ်ခန်းထဲ နေရလို့ အကျပ်အတည်း ဖြစ်ရင်လဲ တစ်ပါတ်တော့ သည်းခံပေးပါ...
အခုက ဘုံကျောင်းလဲ ဖြစ်ပီး ညီမကလဲ ယောက်ျားလေးပုံစံ ယူထားတော့ အခန်းက တစ်ခန်းပဲ ရတယ် "
ဟု ပြောလိုက်သည်။

မုယုံချန်းရှောင်း မှာ အခုမှပင် တွမ့်ကျန်းယွမ် က တည်းခိုဖို့ ဤဘုံကျောင်းထဲကို ဝင်လာ ကြောင်းသိလိုက်ရသည်။ သူမ အဖို့ မေးစရာ
များလွန်းနေသဖြင့် ခေါင်းအမြန်ညိမ့်ပြ လိုက်တော့သည်။ တွမ့်ကျန်းယွမ်က ဘုန်းကြီးကို ကြည့်လိုက်ပြန်သည်။

" လိုက်ခဲ့ကြပါ... ဒကာလေးတို့ "


ဘုန်းကြီးက ပြောပီးလျှင် ဘုံကျောင်း အနောက်ဘက်ကို ဝင်သွားလေသည်။ ဘုံကျောင်း မှာ အနောက်ဘက် က အတော်အတန်
ကျယ်ဝန်းသည်။ အဆောင် နှစ်ဆောင် ရှိပီး အဆောင်ကြီးက ဘုန်းကြီးများ နေဟန်တူသည်။ တစ်ဆောင်ကတော့ သေးကာ
ဘုံကျောင်းစောင့် နေရန် ဆောက်ထားပုံ ရသည်။ ဘုန်းကြီးက အဆောင်ငယ် ရှေ့ရပ်ကာ တံခါးသော့ကို ဖွင့်လိုက်သည်။

ထိုနော့က် သော့ကို တွမ့်ကျန်းယွမ် ကို ပေးကာ


" လိုအပ်တာ ရှိရင် ဘုန်းကြီးကို ပြောပါ ဒကာလေးတိ.ု့ .. အစားအသောက် ကတော့ ဘုန်းကြီးတို့ အဆောင်ကြီးမှာ လာစားလို့ရတယ်...
သတ်သတ်လွတ် ဟင်းလျာပဲ ရှိတာတော့ သည်းခံပေးကြပါ "
ဟု ပြောလိုက်သည်။

တွမ့်ကျန်းယွမ် က လက်သီးဆုပ် ဂါရဝပြု လိုက်ပီး


" တင်ပါ့ကိုယ်တော်... တစ်ပါတ်လောက်တော့ ဒုက္ခ ပေးပါရစေ ဘုရား "
ဟု ပြောလိုက်သည်။

" အားမနာပါနဲ.့ .. ဒကာလေးက လုံလောက်တဲ့ အလှူငွေ ထည့်ထားပီးပီပဲ... ဘုန်းကြီးတို့ကလဲ ကျေးဇူးတင်ပါတယ် "


ဟု ပြောကာ ဘုန်းတော်ကြီးက ပြန်ထွက်သွားတော့သည်။

တွမ့်ကျန်းယွမ် လဲ အဆောင်ထဲသို့ လှမ်းဝင်လိုက်သည်။ အဆောင်ငယ်မှာ အခန်းမဖွဲ့ပဲ တစ်ခန်းထဲ ထားသဖြင့်


အတော်ကျယ်ဝန်းသည်။ ခုတင်လဲ နှစ်လုံး ရှိရာ တွမ့်ကျန်းယွမ် က ခုတင်တစ်လုးံ ကို အခန်း တစ်ဖက်စီ ရွှေ့လိုက်သည်။ ထို့နောက်
ခုတင်တစ်လုံး ရှိရာ နေရာကို ကြိုးတစ်တန်း တန်းလိုက်ကာ စောင်တစ်ထည် ကိုလွှား လိုက်ပီး အခန်းတစ်ခုဖွဲ့လိုက်တော့သည်။
မုယုံချန်းရှောင်း က ရပ်ကြည့်နေရာမှ သူမအတွက် အခန်းဖွဲ့ပေးခြင်းကို သိလိုက်ရပီး ကြည်နူးမိလေသည်။ သူမတို့ နှစ်ပါတ်ခန့်
ခရီးကြမ်းနှင်လာရာ သူမအနေဖြင့် လွတ်လွတ်လပ်လပ် အနားယူ ရသည် ဟု မရှိသေးချေ။ အခုမှပင် အနားယူရပေတော့မည်။

မုယုံချန်းရှောင်းက အလိက
ုသိသော တွမ့်ကျန်းယွမ် ကို ကျေးဇူးတင်သော မျက်လုံးလေးများဖြင့် ကြည့်ကာ
" ကျေးဇူးတင်ပါတယ် အကို "
ဟု ပြောလိုက်မိသည်။

တွမ့်ကျန်းယွမ် က ပြုံးပြကာ
" နားလိုက်ဦးညီမ... အကို ကိုယ်လက်သန့်စင် ဖို့ ရေနွေးနဲ့ ရေချိုးဖို့် စည်ပိုင်း သွားရှာလိုက်ဦးမယ် "
ဟု ပြောကာ အဆောင်အပြင်သို့ ထွက်သွား ပြန်သည်။

မုယုံချန်းရှောင်း မှာ ပို၍ပင် ကျေးဇူးတင် မိပြန်သည်။ ဟုတ်ပေသည်။ သူမမှာ လမ်းတွင် စမ်းချောင်းများ တွေ့၍ ရေချိုးဆင်း နိုင်သော်လဲ
ဘုံကျောင်းထဲတွင်တော့ ဘုန်းကြီးများ ရေချိုးသည့် အခန်းတွင် ရေချိုး၍ မဖြစ်နိုင်ချေ။ မိန်းမသား ဖြစ်ချေသည် မဟုတ်ပါလား။

မုယုံချန်းရှောင်း မှာ တွမ့်ကျန်းယွမ် ကို ယုံကြည်ထားကာ ခုတင်ပေါ်တက်ကာ အနားယူလိုက်တော့သည်။ အတန်ကြာ မှ တွမ့်ကျန်းယွမ်


က စည်ပိုင်း တစ်ခု သယ်ကာ ပြန်ရောက် လာလေသည်။ သူက ချောင်းသံ ပေးလိုက်ပီး စောင်ကာ ထားသော အခန်းဘက်ကို စည်ပိုင်း
သယ်ကာ ဝင်လာတော့သည်။ စည်ပိုင်းကို နေရာ ချပေးကာ စောင်တစ်ခု ထပ်မံသယ် လာပီး ကာပေးပြန်သည်။ ထို့နောက်
ရေနွေးသယ်လာကာ စည်ပင
ိုးကို ရေဖြည့်ပေးလိုက်သည်။ တွမ့်ကျန်းယွမ် က တစ်ယောက်ထဲ ဇယ်ဆက်သလို ထို အလုပ်များ ကို
လုပ်ပေးလိုက်ခြင်း ဖြစ်သည်။ မုယုံချန်းရှောင်း မှာအားနာ နေမိသလို ဤကဲ့သို့ အောက်ခြေသိမ်း အလုပ်များကို တွမ့်ကျန်းယွမ်
ကျွမ်းကျင်နေ သည်ကို အံ့သြမိ မိနေသည်။

ထိုအဖြစ်ကို တွမ့်ကျန်းယွမ် က မြင်သော် ပြုံးပြလိုက်ပီး


" ဘာလဲ ညီမက အကိုက မင်းသားတစ်ပါး ဆိုလို့ ဒါမျိုးတွေ မလုပ်တတ်လောက်ဘူး ထင်နေတာလား... အခု လုပ်ပြတော့
အံ့သြနေတယ် ထင်တယ် "
ဟု မေးလိုက်သည်။
မုယုံချန်းရှောင်း က ခေါင်းညိမ့်ပြပီး
" ဟုတ်တယ် အကို... အကို့လို မင်းသားတစ်ပါးက ဒါမျိုး အလုပ်တွေ ကျွမ်းကျင်နေတာ အံ့သြစရာပဲ "
ဟု ပြောလိုက်သည်။

" မင်းသားလဲ... ပညာသင်တ့အ


ဲ ခါ ဆရာဖြစ်သူ ကို တပည့်ဝတ္တရား နဲ့အညီ ပြုစု ရတာပါပဲ ညီမရယ်... အကို့အဖေနဲ့ အကို့ ဆရာနဲ့က
ကျင့်ဝတ်ပိုင်းကို စည်းကမ်းကြီး ကြတယ်... ဒါကြောင့် လုပ်တတ်နေတာပါ "
ဟု တွမ့်ကျန်းယွမ် က ဆရာသမားကို လေးစားသည့် အရိပ်အယောင်ပြကာ ပြောလိုက်လေသည်။

ထို့နောက် တွမ့်ကျန်းယွမ် က အပြင်ထွက်ဟန်ပြင်ကာ ခရီးဆောင် အိတ်ကို လွယ်လိုက်ပီး


" ကဲ... ညီမလဲ ကိုယ်လက်သန့်စင် လိုက်ဦး... ပီးမှ အဆောင်ကြီးဘက်ကို လာခဲ့လေ ညစာစားဖို့ အကိုစောင့်နေမယ် "
ဟု ပြောပီး ထွက်သွားလေသည်။

မုယုံချန်းရှောင်း လဲအခုမှပင် လွတ်လွတ်လပ်လပ် ရေမိုးချိုးနိုင်သဖြင့် ပျော်မိလေသည်။ ရေစိမ်နေရင်းမှ တွမ့်ကျန်းယွမ် ၏


အလိုက်သိပုံကို ကျေးဇူးတင်မိသည်။ သူမတို့ နောက်သို့ လိုက်နေသူကို တွမ့်ကျန်းယွမ် က သိကာ မျက်ခြေဖြတ် နိုင်ခြင်းကိုလဲ
အံ့သြမိသည်။ ထိုအကြောင်း ကို စဉ်းစားမိသော် ထိုသူမှာ ဘယ်သူလဲ ဘာကြောင့် သူတို့နောက်ကို လိုက်နေရတာလဲ အစရှိသည်ဖြင့်
တွေးမိလေတော့သည်။ သို့သော် သူမ ကြာကြာ တွေးချိန်မရ တွမ့်ကျန်းယွမ်မှာ သူမနှင့် အတူ ညစာစားရန် စောင့်နေမည်
မဟုတ်ပါလား။ ထိုအခါမှသာ သူမ သိချင်သည်များကို တွမ့်ကျန်းယွမ် အား မေးလိုက်မည် ဟု တွေးကာ ရေချိုးခြင်းတွင်သာ
အာရုံစိုက်လိုက်သည်။

ကိုယ်လက်သန့်စင် ပီးသော် မုယုံချန်းရှောင်း မှာ ဝတ်စုံတစ်ထည်လဲကာ ယောက်ျားလေးပုံစံ ထပ်မံ ပြင်ဆင်လိုက်ပီး


အဆောင်ကြီးဘက်သို့ ထွက်လာခဲ့သည်။

အဆောင်ထဲရောက်သော် တွမ့်ကျန်းယွမ် က ဘုန်းတော်ကြီး နှစ်ပါးနှင့် စကားပြောနေ သည်ကို တွေလိုက်ရသည်။ သူမဝင်လာသည် ကို


သိဟန်ဖြင့် တွမ့်ကျန်းယွမ် က
" လာလေ ညီလေး... ဘုန်းတော်ကြီးတွေက တော့ ဆွမ်းစားပီးကြပီ... အကိုက ညီလေးကို စောင့်နေတာ "
ဟု ပြုံးကာ ပြောလိုက်သည်။

ဘုန်းကြီးများက အလိုက်သတိပင် ထကာ ဆွမ်းစားခန်းထဲ လိုက်ပို့လိုက်သည်။ သူမတို့လဲ ကျေးဇူးတင် ဂါရဝပြုပီး


စားသောက်လိုက်ကြသည်။ ဟင်းလျာ များမှာ သတ်သတ်လွတ် ဟင်းနှစ်မျိုးသာ ဖြစ် သော်လဲ လက်ရာမှာ စားကောင်းလှသည်။

စားသောက်ပီးသော် မုယုံချန်းရှောင်း က သူမသိချင်သည် များကို မမြိုသိပ်နိုင်တော့ ဟန်ဖြင့်


" အကို့ ကို မေးမယ် မေးမယ်နဲ့ မမေးဖြစ်ဘူး... ကျနော်တို့ နောက်လိုက် တဲ့သူတွေ ရှိတာ အကို ဘယ်လိုလုပ် သိသလဲ "
ဟု ဘေးဘီကြည့်ကာ ခပ်တိုးတိုး မေးလိုက်သည်။

တွမ့်ကျန်းယွမ် က ဖြေရန်ပြင်လိုက်သော်လဲ အခန်းထဲသို့ ဝင်လာသူ ရှိသဖြင့် မဖြေတော့ချေ။


ဝင်လာသူက တုတ်ခိုင်သန်မာသော အသွင်အပြင်ရှိလေသည်။ ထိုသူက အချိုသာဆုံး ပြုံးကာ အခန်းထဲ ဝင်လာလေသည်။ သူအပြုံးမှာ
လှောင်အိမ် ထဲရောက်နေသော ကြွက်ကလေးများကို ကြောင်ကြီးက ပြုံးပြသည်နှင့်ပင် တူသေးသည်။

"ညီလေးတို့ရာ... အကို့မှာ ရှာလိုက်ရတာ နှံ့နေတာပဲ အခုလို တွေ့မယ်မန


ှ်း သိရင် အကို ဒီကနေပဲ ထိုင်စောင့်နေမှာပေါ့ကွာ "
ဟု ရယ်ကာ ပြောလိုက်သည်။

မုယုံချန်းရှောင်း မှာ အလွန်ပင် ထိပ်လန့်သွားသည်။ ထိုသူ မှာ နေ့လည်က သူတို့နောက် လိုက်နေသော သူ ဖြစ်လေသည်။ ထိုသူ၏
လက်ဝါးသိုင်းမှာ အတော်ကို အဆင့်မြင့်သည်။ အတွင်းအားလဲ ကောင်းလှသည် မဟုတ်ပါလား။ တွမ့်ကျန်းယွမ် ကတော့
ခပ်အေးအေးပင် ပြန်ပြုံးပြနေသည်။ သူပုံစံမှာ ထိုသူ လာမည် ကို တွက်ဆထားပုံရလေသည်။ အမူအယာ ပင် မပျက်ချေ။

" အကို့ အကြောင်းကို သိချင်လို့ ဒီနေရာ ကို ဖိတ်လိုက်ရတာပါ... ပီးတော့ ကျနော်တို့လဲ ခဏနားဖို့ လိုသေးတယ်လေ... တွေ့ဖို့
အချိန်ရွှေလ
ို့က်တဲ့ သဘောပါပဲ... အကို့ကို ကျနော်တို့က ရှောင်မပြေးရဲပါဘူး"
ဟု ခပ်အေးအေး ပြောလိုက်လေသည်။

တစ်ဆက်တည်းဆိုသလို
" စီးရှ သိုင်းလောက ရဲ့ အုပ်ချုပ်သူ နတ်လေးပါးဂိုဏ်းက ပုဂ္ဂိုလ် ကို စီးရှမှာ ဘယ် ရှောင်လို့ရမလဲဗျာ ဒီလောက်လေးတော့ ကျနော်လဲ
သိထားပါတယ် "
ဟု ပြောလိုက်ပြန်သည်။
မုယုံချန်းရှောင်း မှာ အံ့သြ၍ မဆုံးနိုင်တော့။
နတ်လေးပါးဂိုဏ်းခွဲမှူး က ပို၍ပင် အံ့သြမိ လေသည်။ သူက ဤလူငယ် နှစ်ယောက်ကို မည်သူမည်ဝါ မသိသဖြင့် စကားအစ်ရန်
လာခြင်းဖြစ်ရာ ဘာမျှမသိရပဲ သူ့အကြောင်း ကိုသာ ဤလူငယ်က သိသွား၍ စိတ်ရှုပ် သွားလေသည်။

" ငါ့ညီက အမြင်တယ်စူးရှ တာပဲ... ဟုတ်ပါတယ် အကိုက ထိုလော်ဖန်ပါ နတ်လေးပါးဂိုဏ်းက အမှတ်လေး ဂိုဏ်းခွဲမှူး ဖြစ်ပါတယ် "
ဟု ဝန်ခံလိုက်လေသည်။

တွမ့်ကျန်းယွမ် က လက်သီးဆုပ် ဂါရဝပြု ကာ


" ကျနော်ကတော့ တွမ့်ကျန်းယွမ် ပါ... ဒါကတော့ ကျနော့်ညီလေး တွမ့်ကျန်းချန်း ပါ... အကိုက ကျနော်တို့ နောက်ကို လိုက်နေတာ
ဘာအကြောင်းကြောင့်လဲ မသိဘူး "
ဟု မေးလိုက်လေသည်။

မုယုံချန်းရှောင်းက သူ့ကို တွမ့်ကျန်းယွမ် က တွမ့်ကျန်းချန်း ဟု အမည်သစ် ဖြင့် မိတ်ဆက်ပေးလိုက်သော် အံ့သြမိသည်။ သို့သော်


ထို့နာမည်အတိုင်းပင် မငြင်းပဲ ထိုလော်ဖန် ကို ဂါရဝပြု နှုတ်ဆက်လိုက် လေသည်။

ထိုလော်ဖန် က သူတို့နှစ်ယောကို ပြန်ဂါရဝပြု ကာ


" ငါ့ညီတို့က တကယ်ကိုပဲ မိန်းကလေးတွေ ရှုံးအောင် ရုပ်ချောလွန်းတာပဲ လေးစားမိပါတယ် "
ဟု ပြောလိုက်သည်။

သူက တွမ့်ကျန်းယွမ် တို့ အနောက်ကို လိုက်ရခြင်း အကြောင်းကို မကြားလိုက်သလို သဘောထားကာ မဖြေပဲ နေလိုက်သည်။ ထို
အဖြစ်ကို တွမ့်ကျန်းယွမ် တို့ နှစ်ယောက်ကလဲ သိလေသည်။ ဤလူ မှာ သိုင်းပညာ ကောင်းသော်လဲ စကားအရာတွင်တော့
ဆိုးရွားလွန်းလှသည်။ ထိုသို့ ပေါ်တင် မဖြေပဲ နေလျှင် လူအ တစ်ယောက်ပင် ရိပ်မိနေနိုင်သည် မဟုတ်ပါလား။

တွမ့်ကျန်းယွမ် လဲ ဒဲ့တိုးပင်
" အကို ထိုလော်ဖန်... အကိုတို့ နတ်လေးပါးဂိုဏ်း ဆီမှာ ကျနော့် ညီမလေး စု့န်ချီရန်း ရောက်နေတယ်မလား... သူ့ကို ဘာလုပ်ဖို့
ခေါ်ထားလဲ မသိပေမဲ့... ကျနော်တို့ တွေ့ပီး ပြန်ခေါ်သွားမှ ဖြစ်မယ် "
ဟု ပြောချလိုက်တော့သည်။

" ဟားဟား... တွမ့်ကျန်းယွမ.် .. ငါ့တူက တကယ် ဥာဏ်ကောင်းတာပဲ... ဒါပေမဲ့ ထိုလော်ဖန် က မင်းနောက်ကိုပဲ လိုက်မိတာ ပါကွာ...
မင်းရှာနေတဲ့ သူ ငါတို့ဆီမှာ ရှိလို့ မဟုတ်ပါဘူး "
ဟု ပြောသံနှငအ
့် တူ လူတစ်ယောက် ထပ်မံ ရောက်ချလာလေသည်။

ထိုသူမှာလဲ အရပ်ခပ်မြင့်မြင့် ပိန်ပါးသည်။ အသက်က လေးဆယ်ကျော် လောက်သာ ရှိပုံ ပေါ်သည်။ ထူးခြားသည်က သူ၏ မျက်လုံးက
အရောင် တောက်နေသည်။ အတွင်းအား အတော် ကောင်းဟန်တူသည်။ ထိုသူ ရောက်လာသော် ထိုလော်ဖန်က " ဆရာ" ဟု ခေါ်ပီး
အနောက်ဆုတ်ကာ ရိုရိုသေသေ ရပ်နေလေသည်။ ဟုတ်ပေသည်။

ထိုသူက နတ်လေးပါးဂိုဏ်းမှ အမှတ်လေး ဂိုဏ်းချုပ် ဟူဖန်း ဖြစ်လေသည်။

#မိုးထိတောင်သိုင်းသမား #ZYN
အခန်း (၁၁) အပိုင်း တစ်
ဘုံကျောင်းထဲ က တိုက်ပွဲ

အမှတ်လေး ဂိုဏ်းချုပ်ကြီး ဟူဖန်း ...


ဟူဖန်း မှာ အမှတေ
် လးဂိုဏ်းချုပ်ကြီး ပီပီ အတွင်းအားနက်ရှိုင်း ကာ သိုင်းပညာ ကောင်းမည့်ပုံပေါ်လေသည်။ သူ့လို စီးရှ
သိုင်းလောကကို အုပ်ချုပ်ရသူ တစ်ဦးက အဘယ်ေ
့ ကြာင့် ဘုံကျောင်းတစ်ခု ထဲရှိ အမည်မသိ လူငယ် နှစ်ယောက်ကို တကူးတက
လာတွေ့ရသနည်း။ အဖြေမှာ ရှင်းလင်းလွန်းသည်။ တွမ့်ကျန်းယွမ် က ပြုံးရုံတင် မက အော်ပါရယ်ပစ်ချင်စိတ် ပေါက်နေလေသည်။
ဤလူများသည် ဒဲ့တိုး ဆန်လှသည် မဟုတ်ပါလား။ ဥာဏ်များသော အလုပ်ကို မနိုင်သမ
ျူား ဟု ပင် မှတ်ထင်မိတော့သည်။

" ဟုတ်ပါတယ် ဗျာ... အစက အကိုထိုလော်ဖန် တစ်ယောက်ထဲဆိုတော့ ကျနော့် ခန့်မှန်းချက်က သိပ်မခိုင်မာသေးဘူး အခုလို ဦးကြီးပါ
ရောက်လာတော့ ပိုပီး သေချာသွားတာပေါ့ ကျနော် သိရသလောက်ကတော့ နတ်လေးပါးဂိုဏ်းမှာ ဂိုဏ်းချုပ် လေးယောက် ရှိတယ်
ကြားတယ် အမှတ်လေးဂိဏ
ုးခွဲမှူး ထိုလော်ဖန်ရဲ့ ဆရာဆိုတော့ ဦးကြီးဟာ အမှတ်လေးဂိုဏ်းချုပ်ကြီး ဟူဖန်း ပဲ ဖြစ်ရမယ် "
ဟု တွမ့်ကျန်းယွမ် က ပြုံးလိုက်ရင်း ပြောလိုက်သည်။
ဟူဖန်း မှာ မျက်နှာတစ်ချက် ပျက်သွား လေသည်။ ဤလူငယ်က သူတို့ထင်ထား သည်ထက် အဆပေါင်းများစွာ ဥာဏ်ကောင်း
လွန်နေသည်။ သူတက
ို့ စီးရှတွင် သိုင်းပညာ အကောင်းဆုံး ဖြစ်သည်မို့ ဘယ်သူမှ သူတို့ကို ဤသို့ တုံ့ပြန်ပြောဆိုရဲသူ မတွေ့ဖူးချေ။
အခုတော့ ရုပ်ချောချော လူငယ်လေးတစ်ယောက် က မကြောက်မရွံ့ သူ့ကို စကားနိုင်လုနေလေပီ။ သူ့အနေဖြင့် မဝန်ခံ၍ လဲ မရတော့။
ဤလူငယ် က သူရှာ နေသူကို သူတို့ဖမ်းထားသည်ဟု ယြုံ ကည် နေလေပီ။

ထိုစဉ် တွမ့်ကျန်းယွမ် က
" ဦးကြီးတို့ဟာ ဘာသဘောနဲ့ ညီမလေး စုန့်ချီရန့် ကို ဖမ်းထားလဲ ကျနော် မသိဘူး... ဒါပေမဲ့ သူရဲ့ အဖိုးဖြစ်သူက အရမ်းစိတ်ပူ နေလို့
ပြန်လွှတ်ပေးပါ လို့ တောင်းဆိုချင်တယ် "
ဟု ပြောလိုက်သည်။

ဟူဖန်း က သက်ပြင်းချကာ
" ငါတို့က သူ့ကို အလကားနေရင်း ဖမ်းခေါ်ထားတာ မဟုတ်ပါဘူး... အဲ့ကောင်မလေးကိုက ခြေများလွန်းတယ်... သူက ငါတို့ဂိုဏ်းရဲ့
မြင့်မြတ်တဲ့ နေရာကို ကျူးကျော်မိလို့ သူ့အပြစ်နဲ့သူ အချုပ်ခံထားရတာပါ "
ဟု ပြောလိုက်သည်။

တွမ့်ကျန်းယွမ် က ခေါင်းခါလိုက်ကာ
" ညီမလေးက ငယ်သူမို့ မသိနားမလည်ပဲ လမ်းမှား ဝင်မိတာ ဖြစ်ပါလိမ့်မယ်... ဦးကြီးတို့ အနေနဲ့ နားလည်ပေးပါ... ပီးတော့ သူ့အဖိုးက
ပြည်မက နာမည်ကျော် ပျံလွှား အဘိုးအို စုန့်ဝမ် ပါ... ကျေးဇူးပြုပီး သူ့အဖိုး မျက်နှာထောက်ပီး အခွင့်အရေးပေးပါ လို့ ပြောချင်ပါတယ်"
ဟု ပြောလိုက်သည်။

ဟူဖန်း က ခေါင်းခါကာ
" ဒါတော့ မဖြစ်ဘူးကွ... သူ့ကို ဂိုဏ်းတူဦးလေးနှစ် ကိုယ်တိုင် စိတ်ဆိုးလို့ ဖမ်းထည့်ထားတာ... ငါ့အနေနဲ့ ပျံလွှား တွေ ဘာတွေ
မျက်နှာထောက်လို့ လွှတ်ပေးချင်တိုင်း လွှတ်ပေးလို့ မရဘူးကွ "
ဟု စိတ်ရှုပ်ပြုံ ဖင့် ပြောလိုက်သည်။

တွမ့်ကျန်းယွမ် က ဤလူနှစ်ယောက် မှာ သိုင်းပညာကောင်းပီး ရိုးသားသည် ဟု သိလိုက်ရသည်။ ဟူဖန်း လို ဂိုဏ်းချုပ် တစ်ယောက်
ဖြစ်သူကပင် သူ့ကို ကောင်းကောင်းမွန်မွန် ရှင်းပြနေသည် မဟုတ်ပါလား။ သို့သော် လူကို ဖမ်းခေါ်ထားပီး လိုက်ရှာနေသူကို
ပြန်လိုက်ချောင်း နေသည်ကတော့ ရိုးသားသည့် အပြုအမူ မဟုတ်ချေ။ သူတို့ကို ဦးဆောင်သူမှာ လူကောင်း မဖြစ်နိုင်။

တွမ့်ကျန်းယွမ် က ထိုသို့ တွေးမိသော်


" ကဲဗျာ... ဒါဆိုလဲ ကျနော့်ကို အမှတန
ှ်စ် ဂိုဏ်းချုပ်ကြီး စီးမင်ကို့ဝေ နဲ့ တွေ့ခွင့် ပေးပါ... ကျနော် ကိုယ်တိုင် သူ့ဆီမှာ
တောင်းပန်ပါရစေ... အဖိုးလုပ်သူက ကျနော့်ကို တာဝန်ပေးထားတော့ ရအောင် ပြန်ခေါ်လာဖို့ ကျနော့်မှာ တာဝန် ရှိတယ် "
ဟု ပြောလိုက်လေသည်။

တွမ့်ကျန်းယွမ် ၏ စကားကို ကြားသော် ဟူဖန်း က ရယ်ကာ


" ဟားဟား... စီးရှ မှာ နတ်လေးပါးဂိုဏ်းချုပ် တွေဟာ အုပ်ချုပ်သူတွေပါ... သူတို့ကို တွေခ
ျ့င်တိုင်း တွေ့လို့ရတာ မဟုတ်ဘူး...
အခုတောင် ငါက ရုပ်အရမ်းချောတဲ့ လူငယ် နှစ်ယောက် ဆိလ
ို့ တွေ့ဖူးချင်လို့ ပီးတော့ မင်းစကားပြောတာ ကောင်းလွန်းလို့
ထွက်တွေ့တာပဲ... ဂိုဏ်းတူဦးလေး ကို တွေ့ဖို့တော့ ခက်ခဲမယ် "
ဟု ပြောလိုက်သည်။

တွမ့်ကျန်းယွမ် က စိတ်ရှုပ်သွားပုံဖြင့်
" ကဲ... ဒါဆိုရင် ကျနော်က ဘယ်လိုလုပ်မှ ဆရာကြီး စီးမင်ကို့ဝေ နဲ့တွေ့ခွင့် ရမှာလဲ "
ဟု မေးလိုက်သည်။

ဟူဖန်းက တွမ့်ကျန်းယွမ် တို့ နှစ်ယောက်ကို အထင်သေးသလို ကြည့်လိုက်ရင်း


" မင်းတို့ နှစ်ယောက်က နုနုဖတ်ဖတ် ချောချော လေး တွေပါကွာ... စကားပြောလဲ ကောင်းတယ် မင်းမှုထမ်း သာ ဝင်လုပ်ပါ...
စောစောစီးစီး မသေချင်စမ်းပါနဲ့ "
ဟု ပြောလိုက်သည်။

တွမ့်ကျန်းယွမ် က ခေါင်းခါလိုက်ကာ
" မဖြစ်ဘူးဗျ... အသက်ကိုရင်းရတောင် ညီမလေး စုန့်ချီရန့် ကို ပြန်ပို့ပေးရမယ်... သေတာ မသေတာ ကျနော့် အဖြစ်ပါဗျာ...
ဘယ်လိုလုပ်မှ တွေ့ခွင့်ရမလဲသာ ပြောပါ "
ဟု တည်ငြိမ်စွာ ပြောလိုက်လေသည်။

ဟူဖန်း က ရယ်ကာ
" ငါ့တပည့် ထိုလော်ဖန်လို ဂိုဏ်းခွဲမှူး တစ်ယောက်ကို အနိုင်တိုက်နိုင်ရင်တော့ ဂိုဏ်းချုပ်နဲ့ တွေ့ခွင့်ရှိမယ်... ဖြစ်ပါ့မလား ငါ့အနေနဲ့
မင်းအပေါ်မှာ စေတနာ ရှိတယ်... မသေစေချင်ဘူး... ဒီအတိုင်း လှည့်ပြန်သွားပါ နောက်မှ ဟိုကောင်မလေး အဖိုးကိုလွှတ်လိုက်ပေါ့
သူ့အစွမ်းရှိရင် သူ့မြေး ကိုပြန်ခေါ်သွားနိုင်လိမ့်မယ် "
ဟု ပြောလိုက်သည်။

တွမ့်ကျန်းယွမ် က ခေါင်းခါကာ
" ကဲ... အကိုထိုလော်ဖန် စလို့ပီ "
ဟု ပြောလိုက်လေသည်။

သူ့ပုံစံမှာ စိတ်မရှည်တော့ သလိုရှိနေသည်။ သူ့စကားကြောင့် ဟူဖန်းသာ မက ထိုလော်ဖန် နှင့် မုယုံချန်းရှောင်း ပါ


ထိတ်လန့်သွားသည်။ ဤလူငယ်က အလွန်ခေါင်းမာ သည်မဟုတ်ပါလား။ မုယုံချန်းရှောင်း အနေဖြင့် အခုထိ တစ်ခွန်းမှ ဝင်ပြောနိုင်ခြင်း
မရှိသဖြင့် အားငယ် လာသည်။ သူလဲ စုန့်ချီရန့် အတွက် တစ်ခုခု လုပ်ပေးချင်မိသည်။ စုန့်ချီရန့် ကို တစ်ခါမှ မမြင်ဖူးပဲ တွမ့်ကျန်းယွမ် က
အစွမ်းကုန် တာဝန်ယူပေးနေသည် မဟုတ်ပါလား။ ညီအစ်မ တော်ထားသူ သူမ အနေဖြင့် တစ်ခုခု တော့ လုပ်ပေးသင့်သည်လေ။
ထိုလော်ဖန် ကတော့ အကြိုက်တွေ့ သွားမိသည်။ သူက ဤဥာဏ်ကောင်း ပြနေသော လူငယ်ကို ဆုံးမချင်သည်မှာ လက်ယား
နေလေပီ။ သူ့ဆရာကို အခွန်းတိုင်း အခြေအတင် ပြောနေသည်ကို ကြည့်မရ။ သူ့ပင် သူ့ဆရာကို ထိုသို့ မပြောရဲချေ။ ထို့ကြောင့်
တွမ့်ကျန်းယွမ် ၏ စကားကို ကြားသော် ရှေ့သို့ တိုးကာ ရပ်လိုက်သည်။ သူ့ပုံစံက သိုင်းကွက် ခင်းရန် အဆင်သင့် ။

ထိုစဉ် တစ်ချိန်လုံး ငြိမ်နေသော မုယုံချန်းရှောင်း က ရှေ့တိုးကာ လက်သီးဆုပ် ဂါရဝပြု လိုက်ရင်း


" အကိုထိုလော်ဖန် ရဲ့ ပညာကို ကျနော့် အကို ကိုယ်စား ကျနော် ကပဲ သင်ယူချင် ပါတယ်... အရှေ့မြေကွကလ
် ပ်ကို ကြွပါခင်ဗျာ "
ဟု ပြောပီး အခန်းပြင် ထွက်သွားလေသည်။

မုယုံချန်းရှောင်း မှာ ပြောပြောဆိုဆိုပင် ထွက်သွားသဖြင့် တွမ့်ကျန်းယွမ် မှာ တားမြစ်ချိန်ပင် မရလိုက်။ ဟူဖန်း နှင့် ထိုလော်ဖန် မှာ
ဤနှစ်ယောက်ထဲ က ဘယ်သူ့ကို ဆုံးမရသည်ဖြစ်စေ ကောင်းသည် ဟု တွေးထားသဖြင့် ချက်ချင်းပင် လက်ခံကာ အပြင်ဘက်သို့
ထွက်လိုက်ကြလေသည်။ တွမ့်ကျန်းယွမ် လဲ စိတ်ပူကာ လိုက်ထွက် ရတော့သည်။ သူ့နေဖြင့် မုယုံချန်းရှောင်း ဘာကြောင့်
ဒီလိုလုပ်သည် ကို နားမလည် နိုင်ဖြစ်နေသည်။ သူ တိုက်လျှင် နိုင်မည် ဆိုတာ သေချာလျှက်နှင့် အဘယ်ေ့ကြာင့် မသေချာ သော သူမ
က ဝင်တိုက်ချင်ရ သနည်း။ သူ နားမလည်ချေ။

အပြင်ဘက် မြေကွက်လပ်တွင် မုယုံချန်းရှောင်း က စုတ်တံကို ကိုင်ကာ ဟန်ပါပါ ဖြင့် ရပ်နေသည်ကို တွေ့ရသည်။ သူမ၏ ပုံစံမှာ
ရုပ်ချောသော စာပေသမားက ကဗျာရေးတော့မည့်ဟန် ပေါက်နေသည်။

ဟူဖန်း က သူမကို ကြည့်ကာ ပြုံးလိုက်ပီး ထိုလော်ဖန်ကို


" ငါ့တပည့် သူ့ကို ဆုံးမရုံပဲ ဆုံးမလိုက်ပါ အနာတရ မဖြစ်စေနဲ.့ .. ကောင်လေးတွေက ငယ်ငယ်ချောချောလေးတွေ သူတို့မိဘတွေ
စိတ်မကောင်း ဖြစ်လိမ့်မယ် "
ဟု ပြောလိုက်လေသည်။

" စိတ်ချပါ ဆရာ... တပည့် လက်မလွန်စေရပါဘူး "


ဟု ထိုလော်ဖန်က ကတိပေးလိုက်လေသည်။

ထိုစကားကို ကြားသော် မုယုံချန်းရှောင်း မှာ ဒေါသထွက်သွားလေသည်။ သူမကို အထင်သေးလွန်းသည် မဟုတ်ပါလား။ ဤ


လူနှစ်ယောက်မှာ သူတို့ သိုင်းပညာကို ယုံကြည်လွန်းနေ သဖြင့် မာန်တက်နေသည်။ သူမနေဖြင့် အနိုင်ယူပြချင်မိသည်။

သူမ က
" အပိုတွေ မပြောနဲ့ အကွက်ကို ကြည့် "
ဟု အော်ကာ စုတ်တံ ဖြင့် သိုင်းကွက် စလိုက်လေသည်။

သူမ အနေဖြင့် ဤစုတ်တံသင


ိုးကွက်ကို မုယုံဖူ နှင့် တိက
ုပီး ကတည်းက အသည်းအသန် လေ့ကျင့်ထားမိလေသည်။
သိုင်းကွက်ချင်းတူသော်လဲ မုယုံဖူက သူမကို အလွယ်တကူ အနိုင်ယူပြသွားသည် မဟုတ်ပါလား။ ထိုေ့ကြာင့် သူမ၏ သိုင်းပညာမှာ
လွန်ခဲ့သည့် နှစ်ပါတ်ကျော် က မုယုံချန်းရှောင်း နှင့် မတူတော့ချေ။ စုတ်တံ သိုင်းကွက်ကို ပိုမို ကျင်လည်စွာ အသုံးပြု နိုင်လာသည်။
ထိုလော်ဖန် အနေဖြင့်လဲ မုယုံချန်းရှောင်း ၏ သိုင်းကွက်ကို မြင်သော် အထင်မသေး ရဲတော့ချေ။ သူကလဲ သူ့တို့၏ ထျန်းစန်း
နတ်လက်ဝါး သိုင်းဖြင့် ခုခံ လိုက်တော့သည်။

ဟူဖန်းကတော့ ရုပ်ချောချော ကောင်လေး တစ်ယောက်တွင် ဤမျှ ကောင်းမွန်သော သိုင်းပညာ ရှိနေသည်ကို အံ့သြမိသည်။ ဤ


ကောင်လေး၏ စုတ်တံ ကွက်များမှာ ပြောင်မြောက်လှသည်။ ကျွမ်းကျင်မှုသာ ပြည့်စုံမည် ဆိုလျှင် သူ့ကိုပင် ခုခံနိုင်မည် ဟု
တွေးမိသည်။

တွမ့်ကျန်းယွမ်ကတော့ မုယုံချန်းရှောင်း သူမ၏ စုတ်တံသိုင်းကွက် ကို ပိုမို ကျွမ်းကျင် လာသဖြင့် ဝမ်းသာနေသည်။ သို့သော်
ထိုလော်ဖန် ၏ ထျန်းစန်း နတ်လက်ဝါး သိုင်းမှာလဲ အဆင့်မြင့်နေသည်။ သူမ ထို လက်ဝါးသိုင်းကို အနိုင်ယူနိုင်ပါ့ မလား
စိတ်ပူနေမိသည်။

#မိုးထိတောင်သိုင်းသမား #ZYN
အခန်း (၁၁) အပိုင်း နှစ်
ဘုံကျောင်းထဲ က တိုက်ပွဲ

မုယုံချန်းရှောင်း မှာ တကယ်ပင် ကြိုးစားပမ်းစား အစွမ်းကုန် တိုက်ခိုက်လေသည်။ စုတ်တံ မှာ စာရေးဟန် အပြည့်ဖြင့် ထိုလော်ဖန်၏
တစ်ကိုယ်လုံးရှိ အကြောများကို ထိုးဖောက်ရန် ခြိမ်းခြောက် လျက် ရှိသည်။ ထိုလောဖန် က တည်ငြိမ်စွာ ပင် ထျန်းစန်း
နတ်လက်ဝါးသိုင်း ကို ထုတ်ဖော်ပီး ခုခံနေလေသည်။ အမှန်စင်စစ် ထျန်းစန်း နတ်လက်ဝါး သိုင်းမှာ ထျန်းစန်း နတ်လက်သီး သိုင်းကို
ပုံပြောင်းထားခြင်း ဖြစ်ရာ အဆင့်မြင့်မားလေသည်။ လက်သီးကွက်များ ကို လက်ဝါးကွက် အဖြစ် ပြောင်းလဲ တိုက်ခိုက်သဖြင့်
လက်သီးကွက် များထက် အားအနည်းငယ်လျော့ နေသည်သာ ရှိသည်။ သူတို့ ယှဉ်ပြိုင်နေသည် မှာ အကွက်လေးဆယ်ကျော် ၍
ငါးဆယ်ပင် ပြည့်တော့မည် ဖြစ်သည်။ မည်သူမျှ အနိုင်ရမည့် ပုံတော့ မပေါ်သေး။ အတွင်းအား နှင့် သိုင်းပညာတွင် ထိုလော်ဖန်က
သာသော်လဲ မုယုံချန်းရှောင်းက ကြိုးစား၍ တိုက်ခိုက်နေရာ ထိုလောဖန် အနေဖြင့် ပွဲသိမ်း နိုင်ရန် လမ်းစမမြင်သေးချေ။

ဟူဖန်း နှင့် တွမ့်ကျန်းယွမ် ကတော့ နှစ်ဘက် လုံး၏ အမှားများ လိုအပ်ချက်များ ကို မြင်နေကြသည်။ ဟူဖန်း က စုတ်တံ သိုင်းကွက်ကို
ကြည့်ကာ အကြောထိုးကွက် များက ကောင်းမွန် သလောက် စာရေးဟန် ပုံစံက အနှောက့်အယှက် ဖြစ်နေသည်ဟု ထင်မိသည်။
သူ့တပည့် ထိုလော်ဖန် အတွက်မူ ဒီကောင် သိုင်းကွက်တွေ ကို မကျွမ်းကျင်၍သာ ပွဲမသိမ်းနိုင်ခြင်း ဟု သိနေလေသည်။
ဟုတ်ပေသည်။ ထိုလော်ဖန်သာ ထျန်းစန်းနတ်လက်ဝါးသိုင်း ကို ဟူဖန်း အဆင့်ထိ ကျွမ်းကျင်လျှင် မုယခ
ျံန်းရှောင်း ကို
အကွက်နှစ်ဆယ် မပြည့်မီ ပင် အနိုင်ယူနိုင်လေသည်။ တွမ့်ကျန်းယွမ် ကလဲ မုယုံချန်းရှောင်း တို့၏ စုတ်တံ သိုင်းကွက်ကို ကြည့်ကာ
အားမရချေ။ သူ၏ ရိရန်လက်ချောင်း သိုင်း လို အကြောထိုးသိုင်း ဖြစ်သော်လဲ စုတ်တံသိုင်း မှာ စာရေးဟန် ကို ဦးစားပေးလွန်းသည်။
အကြောထိုးကွက် ကို အဓိက မထားသဖြင့် ထက်မြက်သင့် သလောက် မထက်မြက် ဟု ထင်မိသည်။ ထိုသိုင်းကို မုယုံဖူက
လီယင်းယင်း နှင့် တိုကေ
် သာပွဲ တွင် စာရေးဟန် ဖျောက်ကာ တိုက်ခိုက်ခဲ့သဖြင့် အဆင့်အမြင့်ဆုံး ဖြစ်ကာ လီယင်းယင်း၏ မိုးဓားသိုင်း
ကိုပင် အနိုင်ယူ နိုင်ခဲ့သည် မဟုတ်ပါလား။ ထိုအဖြစ်ကို မြင်ထားသဖြင့် ယခု မုယုံချန်းရှောင်း ၏ သိုင်းဟန်ကို အားမရချေ။
ထိုလော်ဖန်၏ နတ်လက်ဝါး သိုင်းကတော့ သူ့ဆရာ ဝေထင်းနှင့် သူ့ခမည်းတော် ပြောသည့်အတိုင်း ထျန်းစန်းနတ်လက်သီး သိုင်းသာ
ဖြစ်သည်ကို တွေ့ရသည်။ သူ့အနေဖြင့် ထိုလက်ဝါးသိုင်းကို ရိရန်လက်ချောင်း သိုင်း အသုံးပြုကာ အနိုင်ယူနိုင်စွမ်း ရှိသည်။ ပထမ
ရှောင်စစ်တောင် သိုင်းပြိုင်ပွဲတွင် သူ့ခမည်းတော်က စီးမင်ကို့ဝေ ကို အနိုင်ယူဖူးသည် မဟုတ်ပါလား။ သူတို့ နှစ်ဦးမှာ အားမရ ဟန်ဖြင့်
သက်ပြင်းကိုယ်စီ ချမိကြသည်။ ထိုအဖြစ်ကိုလဲ သတိထား မိကာ တစ်ယောက် နှင့် တစ်ယောက် ကြည့်မိကြသည်။ ဟူဖန်းမှာ
ဤကောင်လေးက သိုင်းပညာ ပိုကောင်းမည် ဟု သိလိုက်ရသလို တွမ့်ကျန်းယွမ် မှာလဲ ဤလူကြီးကို ရိရန်လက်ချောင်းသိုင်းဖြင့်
ယှဉ်နိုင်လျှင်တောင် ထိုလောဖန်ထက် အဆပေါင်းများစွာ ရင်ဆိုင်ရခက်မည် ဟု သိလိုက်မိသည်။

အကွက်ငါးဆယ်ကျော်သော် ထိုလောဖန် မှာ သူ့၏ လက်ဝါးသိုင်းကို ယုံကြည်မှု ပြန်ရလာသဖြင့် အကွက်များကို ကျွမ်းကျွမ်းကျင်ကျင်


အသုံးချနိုင်လာသည်။ တစ်ဖက်က မုယုံချန်းရှောင်း ကမူ သိုင်းကွက် ခင်းရသည်မှာ အကျပ်အတည်း ဖြစ်လာပီး အောက်စည်းပင်
ရောက်လာလေသည်။ ဒီအတိုင်ဆိုလျှင် နောက် အကွက်နှစ်ဆယ် မပြည့်မီပင် ရှုံးနိုင်ချေ ရှိလေသည်။ ဟူဖန်း မှာ ခပ်ပြုံးပြုံး
ရှိနေသလောက် တွမ့်ကျန်းယွမ် ကမူ မပြုံးနိုင်တော့ချေ။ သူက မုယုံချန်းရှောင်း ကို အလွန်ပင် စိတ်ပူနေသည်။ ထိုလော်ဖန်၏
လက်ဝါးသိုင်း က သူမအတွက် အတွင်းဒဏ်ရာ ရစေနိုင်လေသည်။

" မုယုံဖူ... လီယင်းယင်း "


တွမ့်ကျန်းယွမ် က မုယုံချန်းရှောင်း ကို စိတ်ပူနေရာမှ ခပ်ကျယ်ကျယ် ပြောလိုက်ခြင်း ပင် ဖြစ်သည်။

မုယုံချန်းရှောင်း မှာ အောက်စီး ရောက်နေသဖြင့် အကျပ်အတည်း ဖြစ်နေရာ မှ တွမ့်ကျန်းယွမ် ၏ စကားသံကို ကြားသော်


စဉ်းစားမိသွားသည်။ ထို့အတူ ဟူဖန်း နှင့် ထိုလော်ဖန်လဲ အံ့သြမိသွားသည်။ မုယုံချန်းရှောင်း စဉ်းစားမိနေချိန်တွင်
အခွင့်ကောင်းယူပါက အလွယ်တကူပင် ထိုလော်ဖန် က အနိုင်ယူနိုင်သည် သို့သော် ထိုလော်ဖန် မှာ ထိုသို့ မလုပ်ချေ။ သူသည်လဲ ပဲ
တိုက်စစ်ကို ခဏရပ်ကာ တွမ့်ကျန်းယွမ် ကို ကြည့်လိုက်သည်။ တွမ့်ကျန်းယွမ် က အဘယ့်ကြောင့် ထိုနာမည် နှစ်ခုကို ရေရွတ်
လိုက်သနည်း။

မုယုံချန်းရှောင်း မှာ ကြောင်နေရာမှ တစ်စုံတစ်ခုကို စဉ်းစားမိသွားပီး ပြုံးလိုကမ


ိသည်။ ထိုနော့က် ထိုလော်ဖန်ကို ကျေးဇူးတင်ကြောင်း
လက်သီးဆုပ် ဂါရဝပြု လိုက်ပီး
" ပြန်စကြမယ် အကိုထိုလော်ဖန် "
ဟု ပြောလိုက်လေသည်။

ထိုလော်ဖန် လဲ စကားမပြောတော့ပဲ သိုင်းကွက်သာ ခင်းလိုက်တော့သည်။ မုယုံချန်းရှောင်း၏ ယခု တစ်ကြိမ် သိုင်းကွက် မှာ


စာရေးဟန် မပါတော့ချေ အကြောကွက် များကို ထိုးဖောက်သည့် ဟန်ပန်သာ ပါတော့သည်။ စုတ်တံသည် ဓားတို တစ်ချောင်းသဖွယ်
ထိုလော်ဖန်၏ တစ်ကိုယ်လုံးကို လွှမ်းခြုံ နေသည်။ ကြမ်းကြမ်းရမ်းရမ်း ပုံစံလဲ ဖြစ်ပေါ်နေသည်။ ထိုသိုင်းဟန်မှာ မုယုံဖက
ူ လီယင်းယင်း
ကို တိုက်ခိုကစ
် ဉ်ကကဲ့သို့ပင် ဖြစ်နေသည်။ ယခု တစ်ကြိမ် မျက်နှာပျက်မိသူမှာ ဟူဖန်း ဖြစ်သည်။ အကယ်၍ မုယုံချန်းရှောင်းသာ
ထိုသိုင်းဟန်ကို ကျွမ်းကျင်သွားပါက အကွက် ငါးဆယ် အတွင်း ထိုလောဖန် ရှုံးနိုင်လေသည်။ စုတ်တံ က ထိုလော်ဖန်၏ လက်ဝါးကို
ထိုးဖောက် သွားမည် မဟုတ်ပါလား။ လက်ဝါးသိုင်းပညာရှင် သည် လက်နက်သိုင်းပညာရှင် ကို အနိုင်ယူ ဖို့အတွက်
လက်နက်သိုင်းပညာရှင် ထက် အတွင်းအားနှင့် သိုင်းကွက် အကူးအပြောင်း ပရိယာယ် ကြွယ်ရန် လိုအပ်လေသည်။ ထိုအဆင့်များ
တူညီနေလျှင်မူ လက်နက်သိုင်းပညာရှင် က အနိုင်ရရန် ပိုသေချာလေသည်။ ယခုလဲ ထိုလော်ဖန်က မုယုံချန်းရှောင်း ထက်
အတွင်းအားနှင့် အတွေ့အကြုံ ပိုသာ၍သာ သူတင် ကိုယ်တင် ယှဉ်နိုင်နေခြင်း ဖြစ်သည်။ မုယုံချန်းရှောင်း ၏ စုတ်တံ သိုင်းကွက်မှာ
အတင်းလုပ်ယူ ထားသော စာရေးဟန် ကို ဖယ်ထုတ် လိုက်သောအခါ အကြောထိုးကွက်များ သာ ကျန်တော့သဖြင့် ပိုမြို ကမ်းတမ်းကာ
ထက်မြက်လာသည်။ ထိုလော်ဖန်၏ ထျန်းစန်း နတ်လက်ဝါး သိုင်းထက်ပင် ကောင်းမွန်သွားလေသည်။ အကြောင်းမှာ ထိုလော်ဖန် က
ထျန်းစန်းနတ်လက်ဝါး သိုင်းကို အကုန်အစင် မတတ်မြောက်သော ကြောင့် ဖြစ်လေသည်။ ဟူဖန်းမှာ တပည့် ဖြစ်သူကို သူ့နေရာ
ဆက်ခံသူအဖြစ် သတ်မှတ်မည့်နေ့မှသာ အကုန်သင်ပေးမည် ဟု ကြံရွယ်ထားပီး အစွမ်းထက်ဆုံး ဆယ်ကွက်ကို ချန်ထားခဲ့လေသည်။
ယခုမူ ဟူဖန်း မှာ နောင်တရလေပီ။ ထိုလော်ဖန် ရှုံးတော့မည်မှာ သေချာနေပီ မဟုတ်ပါလား။

သိုင်းကွက် ငါးဆယ်ကျော်လျှင် ထိုလော်ဖန် မှာ အောက်စည်း သို့ ရောက်လာလေသည်။ သူက အတွင်းအားသုံးကာ ခုခံရပေါင်း များ၍
အတွင်းအားလဲ ကုန်ခန်းစပြုနေလေပီ သို့သော် စုတ်တံမှာ သူ့ကို လွှမ်းခြုံ ထားဆဲပင် ဖြစ်သည်။ သူက လက်ပန်းကျ သဖြင့်
သိပ်မခုခံနိုင်တော့ချေ။ တစ်ဖက်က ရန်သူကလဲ သူ့သိုင်းကွက် အကူးအပြောင်း ကို ရိပ်မိကာ ကြိုတင် ပိတ်ပင် တတ်နေလေပီ။

မုယုံချန်းရှောင်း ကတော့ အနိုင်ရချေ မြင်သဖြင့် ပျော်ရွှင်ကာ ပိုပီး ကြမ်းကြမ်းတမ်းတမ်း ကစားလာသည်။


" ဖောက်... ဖောက်... " " ဗြိ... "
ဟူ သော အသံများထွက်ကာ ထိုလော်ဖန်၏ ဝတ်စုံမှာ အပေါက်ရာများ ထွက်ပေါ်လာလေသည်။ အရှောင်မြန်၍သာ ဝတ်စုံကိုပဲ
ထိခြင်းဖြစ်သည်။

ဟူဖန်းမှာ မျက်နှာပျက် သထက် ပျက်လာ လေသည်။ ထိုလော်ဖန် ကို နောက်ဆုံး သိုင်းဆယ်ကွက် သင်မပေးမိတာ နောင်တ
ရနေလေပီ။

တွမ့်ကျန်းယွမ် ကတော့ မုယုံချန်းရှောင်း ၏ သိုင်းဟန်ကို ကြည့်ကာ ကျေနပ်မိလေသည်။ သူက သုံးကြိမ်မျှ သေချာမြင်ထားရသဖြင့်


ထိုသိုင်းကို တတ်ကျွမ်းနေပီ ဖြစ်သည်။ ထို့အပြင် သူ၏ ရိရန်လက်ချောင်း သိုင်းမှ တစ်ချို့ အကွက်များကို ပေါင်းထည့်ကာ ပိုမို
ကောင်းမွန်အောင် စိတ်ထဲတွင် ပြုပြင်ထား မိလိုက်သည်။

ထိုလော်ဖန်က စုတ်တံကို ရှောင်လိုက် သော်လဲ ဝတ်စုံ တွင် အပေါက်ရာ နှစ်ခု ဖြစ်ကာ ဝတ်စုံ ပြဲသွားသဖြင့် သူရှုံးပီး ဟု
ပြောလို့ရလေသည်။ သို့သော် သူက အလျှော့မပေးပဲ အတွင်းအားအကုန် သုံးကာ သူတတ်ကျွမ်းသမျှ သိုင်းကွက်ထဲမှ အကောင်းဆုံး
သိုင်းကွက်ဖြင့် လက်ဝါး တစ်ချက် ရိုက်ထုတ်လိုက်သည်။ လက်ဝါးလှိုင်းက မုယုံချန်းရှောင်း ၏ ရင်ဘတ်နေရာ ကို ဦးတည်ကာ
အရှိန်ပြင်းပြင်းဖြင့် ဝင်လာလေသည်။ မုယုံချန်းရှောင်း မှာ ထိုလော်ဖန်နှင့် နီးကပ်နေ၍ အသည်းအသန် အနောက်သို့
ခုန်ဆုတ်လိုက်သော်လဲ ထိုလောဖန် က နောက်က ထပ်ကြပ်မခွာ လိုက်ကာ နောက်တစ်ချက် ထပ်ရိုက်ထုတ် လိုက်ပြန်သည်။
ထိုလော်ဖန်မှာ အမှန်တကယ်ပင် အတွင်းအားကောင်း လေသည်။ သူ၏ ရိုက်ချက်များမှာ အရှိန်အဟုန်ပြင်းလွန်းလှသည်။
မုယုံချန်းရှောင်း က လေထဲတွင်ပင် နောက်ကျွမ်းပစ်ရင်း ပုံပျက်ပန်းပျက် ထပ်မံရှောင်တိမ်း လိုက်ရသည်။ သူမ က အတွင်းအားအကုန်
သုံးကာ ရှောင်တိမ်း လိုက်သည် ဖြစ်၍ ခြေကုနလ
် က်ပန်း ကျနေလေပီ။ သူမ၏ ဆံပင်များပင် ပြေကျကာ ပွယောင်းယောင်း ဖြစ်နေပီး
မြေပေါ်သို့ ကျလာလေသည်။ ထိုလော်ဖန် က ထိုအဖြစ်ကို မြင်မြင်ချင်း လက်ကျန်အားအကုန် ထုတ်သုံးကာ လက်ဝါးတစ်ချက်
ရိုက်ထုတ်လိုက်သည်။ ထိုမှသာ သူအနိုင်ရတော့မည် မဟုတ်ပါလား။
မုယုံချန်းရှောင်း ကတော့ မရှောင်နိုင်တော့ သဖြင့် ထိတ်လန့်ကာ ကြည့်ရုံပဲ ကြည့်နိုင်တော့သည်။ သူမ ပုံစံမှာ ဆံပင်များ
ပွယောင်းယောင်း ဖြင့် ကပိုကရို ဖြစ်နေသော် လဲ တစ်မျိုးပင် ဆွဲဆောင်မှုရှိနေသည်။ ဟူဖန်း ပင်လျှင် ထိုကောင်လေးကို ရိုက်ရက်သူ
သူ့တပည့်အား အပြစ်တင်ချင်မိသည်။

#မိုးထိတောင်သိုင်းသမား #ZYN
အခန်း (၁၁) အပိုင်း သုံး
ဘုံကျောင်းထဲ က တိုက်ပွဲ

လက်ဝါးလှိုင်းမှာ ချက်ချင်းပင် မုယုံချန်းရှောင်း ၏ ဆီသို့ တိုးဝင်သွားသည်။ ရုတ်တရက် ဆိုသလို လူရိပ် တစ်ခုက လက်ဝါလှိုင်း နှင့်
မုယုံချန်းရှောင်း ကြားသို့ ခုန်ဝင်လာသည်။ ထိုသူက လက်တစ်ဖက် ထုတ်ကာ လက်ဝါးလှိုင်းကို ခံဆောင်လိုက်သည်။
" ဝုန်း... "
ဟု သော အသံထွက်လာကာ ထိုလော်ဖန် ၏ လက်ဝါးလှိုင်းက ပျောက်ကွယ်သွားပီး ပတ်ဝန်းကျင် တစ်ခုလုံး အေးစိမ့်စိမ့် ဖြစ်ကာ
သွားလေသည်။ ထိသ
ု၏ လက်ဝါး မှ အေးစိမ့်သော အတွင်းအား လှိုင်းများ ထွက်ပေါ်လာ ခြင်းဖြစ်သည်။ ထိုသူ၏ ချောမောသော
မျက်နှာမှာ ခပ်တင်းတင်း ရှိနေသဖြင့် ဒေါသထွက်နေပုံ ပေါက်သည်။

ဟူဖန်း က ထိုသူကို ကြည့်ကာ


" မင်းတိ့ရ
ှုံးသွားပီ ကောင်လေး... "
ဟု ပြောလိုက်သည်။

ဟုတ်ပေသည်။ ထိုသူက တွမက


့်ျန်းယွမ် ပင် ဖြစ်သည်။ သူက မုယုံချန်းရှောင်း ဒဏ်ရာ ရမည်စိုးသဖြင့် အမြန်ဝင်ပီး ကယ်လိုက်ခြင်း
ဖြစ်သည်။

တွမ့်ကျန်းယွမ် က ခေါင်းခါလိုက်ကာ
" ကျနော့်ညီမလေး မလဲကျခင် ကတည်းက ဂိုဏ်းခွဲမှူး ရဲ့ ဝတ်စက
ုံ အပေါက်တွေ ဖြစ်နေပီးသားပဲ... ပြောရရင် သရေပွဲပဲ ဖြစ်မယ် "
ဟု တည်ငြိမ်စွာ ပြောလိုက်သည်။

ဟူဖန်း မှာ ဝန်မခံလိုသော်လဲ မတတ်နိုင်ပဲ လက်ခံလိုက်ရတော့သည်။ သူက


" ဒါဆို ပြန်စကြမလား ကောင်လေး "
ဟု ပြောလိုက်လေသည်။

တွမ့်ကျန်းယွမ် က ခေါင်းငြိမ့်ကာ
" နောက်ဆုံး မှာတော့ ထျန်းစန်း နတ်လက်ဝါး သိုင်း အစစ်အမှန်ကို လေ့လာခွင့် ရတော့မယ် "
ဟု အေးစက်စက် ပြောလိုက်လေသည်။

ဟူဖန်း မျက်နှာတစ်ချက်ပျက်သွားလေသည်။ အကြောင်းမှာ တွမ့်ကျန်းယွမ် က သူ့ကို စိန်ခေါ်လိုက်သည် မဟုတ်ပါလား။ စီးရှတွင်


သူ့ကို စိန်ခေါ်ရန် မဆိုထားနှင့် မော်ကြည့်ဝင့် သူပင် မရှပ
ိါ။ အခုတော့ တွမ့်ကျန်းယွမ် က နတ်လက်ဝါး သိုင်း အစစ်အမှန်ကို
လေ့လာမည် ဟု ပြောကာ သွယဝ
ိုက် စိန်ခေါ်နေလေပီ။

အခုတော့ လူတိုင်းက သူမကို မိန်းကလေးမှန်း သိကုန်ကြပီ ဟု ထင်သဖြင့် မုယုံချန်းရှောင်း က ဆံပင်ကို ပြန်မစည်း ထားတော့ချေ။
မြေပေါ်မှ အသာအယာ ထကာ တွမ့်ကျန်းယွမ် နောက်တွင် ရပ်နေလေသည်။ ထိုလော်ဖန် လဲ သူ့ဆရာကို စိန်ခေါ်ရဲသော
တွမ့်ကျန်းယွမ် ကို ကြည့်ကာ အံ့သြနေသည်။ ဟူဖန်း ကတော့ ဒေါသထွက်နေပုံရကာ တွမ့်ကျန်းယွမ် ကို စူးစိုက်ကာ ကြည့်နေသည်။

တွမ့်ကျန်းယွမ် က အချိနမ
် ဆွဲတော့ပဲ
" သိုင်းကွက် ကြည့်ထား "
ဟု အော်ကာ ရိရန်လက်ချောင်းသိုင်း ဖြင့် ဟူဖန်း၏ အကြောမ ခြောက်နေရာ ကို လျင်မြန်စွာ ထိုးလိုက်သည်။

အကြောထိုးကွက် မှာ လျင်မြန်လှသဖြင့် ဟူဖန်း ကလဲ လက်ဝါးရိပ်များ ခွဲဖြာထွက်ကာ ခြောက်နေရာ စလုံးကို ကာကွယ် လိုက်ရသည်။
တဖန် တွမ့်ကျန်းယွမ် က သူ၏ အလွန်ကောင်းမွန်သော မိုးနဂါး ကိုယ်ဖော့သိုင်း ကို သုံးကာ လှည့်ပတ်ပီး ဟူဖန်း တစ်ကိုယ်လုံး ရှိ
အကြောနေရာ များကို ထိုးလိုက်ပြန်သည်။ ဟူဖန်း မှာ တွမ့က
်ျန်းယွမ် က လူရိပ်များ ထပ်အောင် ပြေးလွှားပီး သိုင်းကွက်
ဆင်နေသော်လဲ ပြာယာခတ် မသွားပဲ လက်ဝါးရိပ်များ ခွဲဖြာစေကာ သူ့တစ်ကိုယ်လုံး ကို ကာကွယ် လိုက်သည်။ ဤနည်း ဖြင့်
သိုင်းကွက် နှစ်ဆယ်ကျော်သွားလေသည်။
တွမ့်ကျန်းယွမ် မှာ သူထင်ထားသည့် အတိုင်းပင် ဟူဖန်းမှာ သူ တာလီမှ ထွက်လာသည့် နောက်ပိုင်း ရင်ဆိုင်ရ အခက်ဆုံးသူ ဆိုတာ
သေချာနေသည်။ သူက မိုးနဂါး ကိုယ်ဖော့ ပညာ မသုံးတော့ပဲ ရိရန်လက်ချောင်းသိုင်း ကိုသာ အတွင်းအား သုံးပုံနှစ်ပုံ အသုံးပြုပီး
စတင်တိုက်ခိုက်လိုက်တော့သည်။

ဟူဖန်း က တွမ့်ကျန်းယွမ်၏ တကယ့် သိုင်းပညာ အစစ်ကို တွေ့ရသော် မျက်လုံးပြူး မိသွားသည်။ ဤကောင်လေးတွင်


ဤမျှထက်မြက်သော သိုင်းပညာ ရှိမည်ဟု မထင်ပေ။ ထိုကောင်လေး သုံးသော လက်ချောင်း အကြောထိုးကွက် များကို ခုခံရင်း
ထိတ်လန့်လာမိသည်။

တွမ့်ကျန်းယွမ် ကတော့ အသေအချာပင် အာရုံစိုက် ထုတ်ဖော်နေသည်။ သူ၏ လက်ညှိုးနှစ်ချောင်း မှာ ဟူဖန်း၏ တစ်ကိုယ်လုံးရှိ
အကြောကွက်များကို ဓားတစ်ချောင်း သဖွယ် ခြိမ်းခြောက်နေသည်။

ဟူဖန်း က အတွင်း အားဖြင့် အနိုင်ယူရန် ကြံပီး အတွင်းအား အပြည့်သုံးကာ လက်ဝါးရိပ်များ တဟူးဟူး ထအောင် ရိုက်ခုတ်
နေလေသည်။ သို့သော် ထိုလက်ဝါးရိုက်ချက် များကြားတွင် လက်ညှိုးနှစ်ချောင်းက လူးလွန့် နေပီး သူ့ကိုယ်ပေါ်ရှိ အကြောမကြီး
ခြောက်နေရာ ကို ရောက်ရောက်လာနေသည်။ သတိထားပီး မကာကွယလ
်ျှင် လက်ညှိုး တစ်ချက်နှင့် အကြောပိတ်သွားနိုင်သည်။ ဤ
နည်းဖြင့် အကွက်တစ်ရာကျော်လာသော် ဟူဖန်းမှာ အောက်စည်းက ခုခံနေရတာကို မကျေနပ်တော့ချေ။ သူက စွန့်စားရန်
ကြံလိုက်သည်။ ဟူဖန်း က လက်ဝါးရိပ်များ ဖြင့် ခုခံနေရာမှ လက်ဝါးရိပ်များကို သိမ်းလိုက်ကာ သူ့ ရင်ဘတ်အကြော နေရာကို
ဦးတည်နေသော လက်ညှိုးကို အတွင်းအားအကုန်သုံးကာ လက်ဝါးဖြင့် ခံဆောင်လိုက်လေသည်။ ထိုအကွက်မှာ ရှင်လျှင် ရွှေထီး
သေလျှင် မြေကြီး အကွက်ပင် ဖြစ်သည်။ ပုံမှန်အားဖြင့် လက်ဝါးသိုင်းသမား တို့သည် မိမိတို့၏ လက်ဝါးကို ထိုသို့ ထိုးခံခြင်းမပြုကြပေ
အတွင်းအားခြင်း ကွာခြားသည်ဟု သိမှသာ လုပ်ရဲကြလေသည်။ အခုလဲ ဟူဖန်း က သူလို ဂိုဏ်းချုပ်ကြီး ထက်တော့ ဤကောင်လေးက
အတွင်းအား မနက်ရှိုင်း နိုင်ဘူး ဟု တွေးကာ လုပ်လိုက်ခြင်း ဖြစ်သည်။

ထိုအဖြစ်ကို ထိုလောဖန်၊ မုယုံချန်းရှောင်း နှင့် တွမ့်ကျန်းယွမ် ကပါ ရိပ်မိလိုက်သည်။ တွမ့်ကျန်းယွမ် က ချက်ခြင်းပင် သူ့ တစ်ကိုယ်လုံး
ဖြန့်ကျက်ထားသော အတွင်းအား ကို စုစည်းကာ ညာဘက် လက်ညှိုးကို ပို့လွှတ် လိုက်လေသည်။ ထိုလက်ညှိုးဖြင့် ဟူဖန်း ၏
လက်ဝါးကို နေလာနှင်းပျောက် သိုင်းကွက်သုံးကာ ခံဆောင်လိုက်တော့သည်။ ဟူဖန်းမှာ တွမ့်ကျန်းယွမ် ၏ လက်ညှိုးမှ အတွင်းအား
အရှိန်ကို ခံစားရသော်လဲ စိတ်မပူချေ။ သူသုံး လိုက်သော လက်ဝါးကွက်မျာ နတ်လက်ဝါးသိုင်း ၏ အစွမ်းအထက်ဆုံး နတ်သက်ကြွေ
လက်ဝါးသိုင်းကွက် ဖြစ်သည်လေ။ ထိုသိုင်းကွက်မှာ ပြင်းထန်လွန်း သဖြင့် နတ်ပင် နတ်သက်ကြွေ လောက်သည် ဟု
တင်စားခေါ်ဝေါ်ထား ခြင်း ဖြစ်သည်။

" ဝုန်း.... " " အွန့်... " " ဝေါ့... "


ဟူသော အသံများ ဆက်တိုက် ထွက်ပေါ်လာလေသည်။

ဝုန်း ဆိုသော အသံမှာ တွမ့်ကျန်းယွမ် ၏ လက်ညှိုးမှ အတွင်းအား နှင့် ဟူဖန်း ၏ လက်ဝါးမှ အတွင်းအား တို့ ထိပ်တိုက်ဆုံ ရာမှ
ထွက်ပေါ်လာသောအသံ ဖြစ်သည်။

အွန့် ဟူသော အသံမှာမူ တွမ့်ကျန်းယွမ် က ယိမ်းယိုင်သွားပီး ခြေတစ်လှမ်း ဆုတ်ရာမှ ငြီးညူမိသော အသံဖြစ်သည်။

ဝေါ့ ဟူသော အသံကတော့ ဟူဖန်း တစ်ယောက် ခြေငါးလှမ်း ဆုတ်ရပီး သွေးပင်အန်ထွက် သွားသောအသံ ဖြစ်သည်။

ဟုတ်ပေသည်။ ဟူဖန်း ရှုံးနိမ့်သွားချေပီ။ သူက မယုံကြည်သော မျက်လုံးများဖြင့် ကြည့်နေသည်။ ပါးစပ်မှ သွေးများပင် မသုတ်နိုင်ပဲ
" မင်း... မင်း... "
ဟု သာ ရေရွတ်နေမိသည်။
ထိုလော်ဖန် က ဟူဖန်းကို ပွေ့ကာ
" ဆရာ... ဆရာ... "
ဟု မျက်ရည်များကျကာ သူ့ဆရာကို ကြည့်နေသည်။

ဟူဖန်း၏ ညာဘက် လက်ဝါးမှာ လက်တစ်ချောင်းစာ ပေါက်ထွက်နေပီး သွေးများမြင်မကောင်းအောင် စီးကျနေသည်။ ထို့ပြင် ညာဘက်


လက်တစ်ချောင်းလုံး သွင်သွင်ကျိုးကာ အဆစ်ပြုတ်နေလေသည်။ ထိုလက်မှာ ဘယ်တော့မှ သိုင်းကျင့်ရာတွင် သုံးနိုင်တော့မည်
မဟုတ်ချေ။ သာမန်အသုံးပြုရန် ကိုပင် နှစ်နဲ့ ချီအောင် လေ့ကျင့်ရတော့မည် ဖြစ်သည်။

ထိုလော်ဖန် က သူ့ဆရာကို ဤသို့ ဖြစ်အောင် လုပ်လိုက်သူကို ဒေါသတကြီး ဖြင့်ကြည့်လိုက်မိရာ တွမ့်ကျန်းယွမ် က ညာလက် ကို
အနောက်ပစ်ပီး တည်တည်ငြိမ်ငြိမ် ပြန်ကြည့်နေသည်ကို တွေ့လိုက်ရသည်။ ထိုလော်ဖန်က တစ်ချက်တွေသွားသည်။ သူအနေဖြင့်
တွမ့်ကျန်းယွမ် ကို တိုက်ခိုက်ပစ်ပီး လက်စားချေလိုသော်လဲ သူ့ဆရာပင် မနိုင်သောသူ ကို မတိုက်ရဲပေ။
"ဝေါ့..."
ထိုစဉ် ဟူဖန်း က သွေးတစ်ချက်အန် ပီး မေ့မျောသွားတော့သည်။ ထိုလော်ဖန်လဲ ဆရာဖြစ်သူ အခြေအနေကို ကြည့်ကာ ရုတ်တရက်
ပင် ဟူဖန်းကို ပွေ့ပီး ထွက်ပြေးသွားတော့သည်။ သူက နှုတ်မှ အော်သွားသည်မှာ
" တွမ့်ကျန်းယွမ်... ဒီအကြွေးကို နတ်လေးပါးဂိဏ
ုး က ဆက်ဆက် လာတောင်းမယ် "

မုယုံချန်းရှောင်း မှာ အနောက်မှ ခုန် ပီး လိုက်သွားဟန် ပြင်လိုက်သည်။


" ဟင်း... "
ဟူ သော သက်ပြင်းချသံ ကြားလိုက်ရကာ တွမ့်ကျန်းယွမ် က မြေပြင်ပေါ် ပြုတ်ကျလာသဖြင့် မုယုံချန်းရှောင်း က မလိုက်ဖြစ်တော့ပဲ
ပြေးပွေ့လိုက် ရတော့သည်။

ဟုတ်ပေသည်။ တွမက
့်ျန်းယွမ် မှာလဲ အတွင်းဒဏ်ရာ က မသေးချေ။ သူက ရိကျင့် အကြောပြောင်း သိုင်းဖြင့် အကြောမကြီးများကို
ရွေ့ပြောင်းကာ ခုခံလိုက်သဖြင့်သာ တော်သေးသည်။ သို့သော်လဲ သူ့အနေဖြင့် ပျောက်ကင်းရန် သုံးရက်လောက်
ကျင့်ယူရတော့ပေမည်။ ထိုသုံးရက်အတွင်း အတွင်းအား မထုတ်နိုင်ပဲ လူမမာ သဖွယ် နေရတော့မည် ဖြစ်သည်။

မုယုံချန်းရှောင်း မှာ အခုမှပင် တွမ့်ကျန်းယွမ် က ထိုလော်ဖန် ကြောက်သွားစေရန် ဟန်ဆောင်ပီး တင်းခံနေကြောင်း သိလိုက်ရသည်။


သူမ က စိတ်ပူ သွားကာ
" အကို အကို "
ဟု ခေါ်ပီး ငိုကြွေးမိသည်။ သူမအနေဖြင့် တွမ့်ကျန်းယွမ် မေ့လဲ သွားသဖြင့် ဘာလုပ်ရမည် မစဉ်းစားမိချေ။

အတန်ကြာ ငိုကြွေးမိရာမှ စဉ်းစားမိဟန်ဖြင့် တွမ့်ကျန်းယွမ် ကို အဆောင်ထဲသို့ သယ်သွားလေတော့သည်။ အဆောင်ထဲသို့


ရောက်သော် တွမ့်ကျန်းယွမ် ကို ကုတင်ပေါ်တင်ကာ သက်တောင့်သက်သာ ဖြစ်အောင် ပြုပြင်ပေးလိုက်သည်။ ထို့နောက် ရေဝတ်
တစ်ခုယူကာ တွမ့က
်ျန်းယွမ်၏ မျက်နှာပေါ် တင်ပီး ရေပတ်တိုက်ပေး လိုက်သည်။

တွမ့်ကျန်းယွမ် က သွေးမအန်ပဲ တင်းခံလိုက်၍ သွေးကြောငယ်များ ပိတ်ဆို့ပီး ခဏမျှ မေ့မျောသွားခြင်း ဖြစ်ရာ ရေပတ်တိုက်


လိုက်သော် တအင်းအင်း ညည်းညူ ပီး သတိရလာတော့သည်။ သူက မျက်ရည်များဝဲကာ ဆံပင်ကပိုကရို နှင့် မုယုံချန်းရှောင်း ကို
မြင်သော် သနားမိသွားလေသည်။ သူက ဒဏ်ရာ ကို တင်းခံက ထ ထိုင်လိုက်သည်။

" ညီမလေး... ငိုမနေနဲ့တော့ အကို့ ခရီးဆောင်အိတ် ထဲက ကျောက်စိမ်းပုလင်း လေးကို ထုတ်ခဲ့လိုက် ပီးတော့ အကိုတို့ ပစ္စည်းတွေ
အကုန် သိမ်းလိုကေ
် တာ့ ဒီနေရာက မလုံခြုံဘူး အမြန်ထွက်မှ ရမယ် "
ဟု ပြောလိုက်လေသည်။
သူ၏ ပုံစံက အလွန်အမင်း စိုးရိမ်နေပုံ ရလေသည်။

မုယုံချန်းရှောင်း လဲ ချက်ချင်းပင် တွမ့်ကျန်းယွမ်၏ ခရီးဆောင်အိတ်ထဲမှ ကျောက်စိမ်း ပုလင်းကို ရှာကာ ပေးလိုက်သည်။ ထို့နောက်


သူမတို့ ပစ္စည်းများကို သိမ်းကာ ဝတ်စုံကို သေချာ ပြန်ပြင်ဝတ်လိုက်သည်။

တွမ့်ကျန်းယွမ် ကလဲ ကျောက်စိမ်းပုလင်း ထဲမှ ဆေးတစ်လုံးကို သောက်လိုက် လေသည်။ ထို့နောက် အတွင်းအားကို


လှည့်ပတ်ကြည့်ကာ ပိတ်ဆို့နေသေး သဖြင့် ရင်ဘတ်ထဲ ဆစ်ခနဲ အောင့်သွားလေသည်။
" အား... "
တွမ့်ကျန်းယွမ် ၏ ညည်းသံ ကြားသော် မုယုံချန်းရှောင်း က ပြေးကာ တွဲလိုက်ရသည်။ နှုတ်မှလဲ
" အကို... မသက်သာဘူးလား လှဲနေမလား"
ဟု စိတ်ပူကာ မေးလိုက်သည်။

တွမ့်ကျန်းယွမ် က ခေါင်းခါကာ
" သွားကြမယ် ညီမ... အကိုက ဒဏ်ရာက ပျောက်ဖို့ သုံးရက်ကြာမှာ ဒီနေရာက နတ်လေးပါးဂိုဏ်းသားတွေ မကြာခင်
ရောက်လာနိုင်တယ် လုံခြုံတဲ့ နေရာ သွားရအောင် "
ဟု ပြောလိုက်သည်။

တွမ့်ကျန်းယွမ် စိတ်ပူလဲ စိတ်ပူစရာပင်။ မုယုံချန်းရှောင်း ၏ သိုင်းပညာမှာ ထိုလော်ဖန်ကို ပင် ကောင်းကောင်း မယှဉ် နိုင်သေးချေ။
နတ်လေးပါးဂိုဏ်း မှာ ဂိဏ
ုးချုပ်ပင်လျှင် လေးယောက် ရှိသဖြင့် ထိုလော်ဖန် လို သိုင်းသမား မည်မျှ ရှိမည် မပြောတတ်ချေ။ သူ့ပင်လျှင်
ဟူဖန်း ကို မနည်းတိုက်ရသည် မဟုတ်ပါလား။ သူ့အထက်က ဂိုဏ်းချုပ်များ ရောက်လာပါက သူတို့ အလွယ်တကူ ရှုံးနိမ့် သွားပေမည်။

သူက ချက်ချင်း မုယုံချန်းရှောင်း ကို အားပြုကာ ဘုံကျောင်းထဲမှ ထွက်ခွာလိုက်သည်။ အချိန်မှာ ညနက်သန်းခေါင် ပင် ရှိနေပီ
ဖြစ်သည်။ ဘုံကျောင်း ကြီးမှာလဲ တိတ်ဆိတ်လျှက် ရှိကာ ရိဖျင်ထန်မြို့ တော် ကြီးပင် ငြိမ်သက်နေလေပီ။ သူတို့နှစ်ယောက်က
မှောင်ရိပ်ကို အားပြုကာ လမ်းမကြီးကို ရှောင်ပီး အိမ်ကြိုအိမ်ကြား ထဲသို့ ကွေ့ပတ် လျှောက်နေကြသည်။ သူတို့နှစ်ယောက်မှာ
လျှောက်သာ လျှောက်နေသော်လဲ ဘယ်သွားရမည်မှန်း မသိချေ။ ထို့အပြင် မုယုံချန်းရှောင်း က တွမ့်ကျန်းယွမ် ကို တွဲပီး
သွားနေရသဖြင့် သိပ်လဲ ခရီးမတွင်ချေ။

တွမ့်ကျန်းယွမ် မှာ လျှောက်နေရင်း ဦးနှောက် ကိုအလုပ်ပေးနေရသည်။ ဒီအချိန် ဆိုလျှင် ဘုံကျောင်းကို နတ်လေးပါးဂိုဏ်းသား တွေ
ရှာဖွေနေလောက်ပီ ဖြစ်သည်။ သူတို့ နှစ်ယောက် မရှိသည်ကို တွေ့သော် သူဒဏ်ရာ ရထားသည် ကို တွေ့ပီး လိုက်ရှာကြ တော့မည်
ဖြစ်သည်။ သုံးရက်လောက် ပုန်းပီး ဒဏ်ရာ ကုရန် နေရာ အမြန်စဉ်းစားရတော့မည် ဖြစ်သည်။

သူက တစ်ခုခုကို တွေးမိသော်


" ညီမ အကိုတို့ ဘုံကျောင်း မရောက်ခင်က တဲစုတ်ကလေးကို မှတ်မိသေးလား အဲ့ကို သွားရအောင်... အဲ့နေရာက သူတို့ တစ်ခါ
ရှာပီးသားဖြစ်လို့ ထပ်လာရှာမှာ မဟုတ်ဘူး... သူတို့က အကိုတို့ကို မြို့ ပြင်တောအုပ် တွေ ဘာတွေမှာ ရှိမယ် ပဲ ထင်ကြမယ်...
ဈေးလမ်းမကြီး ဘေးက တဲလေးမှာ ရှိမယ် လို့ ထင်ကြမှာ မဟုတ်ဘူး "
ဟု ပြောလိုက်သည်။

မုယုံချန်းရှောင်း လဲ မျက်နှာဝင်းပကာ ခေါင်းညိမ့်ပြလိုက်ပီး


" သွားကြမယ် အကို "
ဟု ပြောလိုက်သည်။
ထိုနော့က် ဈေးလမ်းမကြီး သို့ဦးတည်ကာ အိမ်ကြိုအိမ်ကြား မှပင် သွားလိုက်တော့ သည်။ လမ်းမကြီးများပေါ်တွင်
နတ်လေးပါးဂိုဏ်းသားများ ရှိနေနိုင်သည်လေ။

#မိုးထိတောင်သိုင်းသမား #ZYN
အခန်း (၁၂) အပိုင်း တစ်
နတ်လေးပါးဂိုဏ်း

ထိုလော်ဖန် မှာ မေ့မျောသွားသော ဟူဖန်း ကို ကုန်းပိုးကာ ရိဖျင်ထန်မြို့ စွန် တောင်ဘက်ရှိ နတ်လေးပါးကျောင်းတော် ကို
ပြေးထွက်ခဲ့တော့သည်။ သူ့ဆရာ၏ အခြေအနေမှာ စိုးရိမ်ရသည် မဟုတ်ပါလား။

နတ်လေးပါးကျောင်းတော် ...
နတ်လေးပါးဂိုဏ်း၏ ဌာနချုပ် မှာ နတ်လေးပါးကျောင်းတော် ကြီး ဖြစ်သည်။ ရိဖျင်ထန် မှာနေထိုင်သော စီးရှ ပြည်သားတိုင်း သိုင်းပညာ
သင်ယူ လိုလျှင် နတ်လေးပါးကျောင်းတော် ကိုလာပီး သင်ယူ ရသည် ဖြစ်ရာ ခမ်းနားကြီးကျယ်သော သိုင်းကျောင်းကြီး ဖြစ်လေသည်။

ထိုလော်ဖန် အလောတကြီး ပြေးလာသည်ကို မြင်သော် ကျောင်းပေါက်ရှိ အစောင့်များက ပြေးထွက်လာကြသည်။

" အမှတ်သုံးဂိုဏ်းချုပ်ကြီး ကိုခေါ်ပေး "


ဟု ထိုလော်ဖန်က မောဟိုက်နေသော အသံဖြင့် ပြောလိုက်သည်။

အစောင့်တစ်ယောက်က အရေးပေါ် ခေါင်းလောင်းထိုးကာ ပြေးထွက် သွားလေသည်။ ထိုလော်ဖန်က ဟူဖန်းကို ကုန်းပိုးလျှက်ပင်


ကျောင်းထဲ ဝင်ကာ ခန်းမဆောင်ထဲ သို့ ဦးတည် လိုက်တော့သည်။ ခန်းမဆောင်ထဲ ရောက်သော် တာဝန်ကျ ဂိုဏ်းသား တစ်ချို့ 
ရောက်ရှိနေပီး ဟူဖန်းကို ချထားရန် ကူညီပေးကြသည်။

ခဏမျှ အကြာတွင် အမှတ်သုံးဂိုဏ်းချုပ်ကြီး ရင်းကို့ ရောက်ရှိလာသည်။ ရင်းကို့မှာ ဟူဖန်း ကဲ့သို့ အသက်လေးဆယ်ကျော်


ပင်ဖြစ်သည်။ ရုပ်ရည်မှာ သာမာန် ရုပ်ရည်ဖြစ်ပီး မျက်လုံးများက စူးရှသည်။ ရင်းကို့ မှာ အိပ်ယာမှ ကပျာကယာ ထလာပုံ ရပီး
သွေးများပေပွကာ မေ့မျောနေသော ဟူဖန်း ကိုတွေ့သော် အလန့်တကြား ဖြစ်သွားသည်။ သူက အလျင်အမြန်ပင် ဟူဖန်း၏
သွေးကြောများကို စမ်းသပ်လိုက်သည်။ ကျိုးကြေနေသော ညာလက်၊ ပြင်းထန်သော အတွင်းဒဏ်ရာ ကိုတွေ့သော် မျက်နှာပျက်ကာ
" ဘယ်သူ့လက်ချက်လဲ ငါ့ညီတော် ဟူဖန်း ကို ဒီအခြေအနေထိအောင် လုပ်နိုင်တာ "
ဟု ဒေါသသံဖြင့် မေးလိုက်သည်။

ဟုတ်ပေသည်။ စီးရှတွင် ဟူဖန်းထက် သိုင်းပညာ သာသူမှာ သူအပါအဝင် ဂိုဏ်းတူ ဦးလေး နှစ်ယောက် နှင့် ပေါင်း သုံးယောက် သာ
ရှိသည်။ သူပင်လျှင် ဟူဖန်း ကို ထိုမျှ ဒဏ်ရာ ရအောင် မလုပ်နိုင်ပေ။ သိုင်းကွက် အနည်းငယ် အသာ ဖြင့် အနိုင်ယူနိုင်ခြင်း သာ
ဖြစ်သည်။
သူ့ အမေးကို ထိုလော်ဖန်က မျက်ရည်များ ကျကာ
" လုပ်တဲ့ သူက လူငယ်လေးပါ ဂိုဏ်းချုပ်ကြီး သူ့အသက်က နှစ်ဆယ်ကျော်ပဲ ရှိပါဦးမယ်... ဒါပေမဲ့ သိုင်းပညာနဲ့ အတွင်းအားကတော့
ကြောက်စရာကောင်းအောင် ထက်မြက်ပါတယ်... ကျနော်က ဆရာ့ကို အလျင်အမြန် ထမ်းပြေးလာလို့သာ ပြန်ရောက် လာတာပါ
မဟုတ်ရင် မလွယပ
်ါဘူး "
ဟု ကြောက်စိတ် မပြေသေးဟန် ဖြင့် ပြောလိုက်သည်။

ရင်းကို့ မှာ လူငယ်လေး တစ်ယောက်က တိုက်ခိုက်လိုက်ခြင်း ဟု ကြားသော် မျက်လုံးပြူးကာ အံ့သြမိသွားသည်။ ထိုလော်ဖန်


ပြောစကားအရ ဆိုလျှင် ထိုကောင်လေးသည် သူ့ထက်ပင် သိုင်းပညာ အဆင့်မြင့်ပေလိမ့်မည်။ ထိုလော်ဖန်မှာလဲ အခုထိ
အကြောက်မပြေသေး သဖြင့် ထိုဖြစ်ရပ်မှာ အမှန်တကယ် ဖြစ်ဟန်တူသည်။ သူက သက်ပြင်းချကာ

" ဂိုဏ်းတူဦးလေး ကို သွားပင့်ကြစမ်း "


ဟု သာပြောလိုက်သည်။

ထို့နောက် ဂိုဏ်းတွင်း သမားတော်ကို ခေါ်ကာ ဟူဖန်းကို ပြုစု ခိုင်းလိုက် တော့သည်။ သူက ထိုလော်ဖန်ကို ကြည့်ကာ
" မင်းက ပင်ပန်းနေတာ ဖြစ်ပေမဲ့ မင်းဆရာဘိုးဘိုး ကို စောင့်လိုက်ဦး... ဖြစ်ပျက်သမျှ ကို အမှန်အတိုင်း အကုန် ပြောပြပေးရမယ် "
ဟု ပြောလိုက်သည်။

ကွမ်းတစ်ညှက်ခန့် အကြာတွင် အသက်ခြောက်ဆယ် ခန့်ရှိသော ထောင်ထောင်မောင်းမောင်း လူကြီး တစ်ဦးက ဟိတ်ဟန် အပြည့်ဖြင့်


ခန်းမဆောင်ထဲသို့ လှမ်းဝင်လာသည်။ ထိုလူကြီးမှာ မျက်နှာထားက ခပ်တည်တည် ရှိနေကာ စိတ်အနှောက်အယှက် ဖြစ်နေပုံ ရသည်။
သူက ခန်းမဆောင်ထဲ ဝင်သော် ဂိုဏ်းချုပ်ကြီးများ ထိုင်ရာ ထိုင်ခုံမြင့်ကြီး ပေါ်သို့ တက်ထိုင်လိုက်ပီး

" ဘာတွေ ဖြစ်ကြတာလဲ ပြောစမ်း... ငါ့ကို လာခေါ်တဲ့ တပည့်တွေ ပြောတာတော့ ဟူဖန်း ဒဏ်ရာ ရသွားတယ်ဆို...
ဘယ်သူလုပ်တာလဲ "
ဟု ခပ်ထန်ထန် မေးလိုက်လေသည်။

ရင်းကို့ က ထိုလူကြီးကို ဂါရဝပြု လိုက်ပီး


" ဒီလိုပါ ဆရာဦးလေး... ထိုလော်ဖန်ရဲ့ ပြောပြချက်အရ ဆိုရင် ဟူဖန်း ကို လူငယ်လေးတစ်ယောက် က ဒီလိုဖြစ်အောင် လုပ်သွားတယ်
လို့သိရပါတယ်... ပီးတော့ ထိုလူငယ်လေးက ပြည်မကလို့လဲ သိရပါတယ် "
ဟု ပြောလိုက်သည်။

ထိုလူကြီးမှာ ပြည်မက လူငယ်လေး ဆိုသည့် စကားကြားရသော် အံ့သြသွားပုံ ရလေသည်။ ထိုသူကြီးမှာ စီးရှ သိုင်းလောက ကို
အုပ်စိုးသူ စီးမင်ကို့ဝေ ဖြစ်လေသည်။ သူက လွန်ခဲ့သည့် အနှစ်နှစ်ဆယ်က ရှောင်စစ်တောင် သိုင်းပြိုင်ပွဲတွင် စတုတ္ထ ရခဲ့သူ ဖြစ်ရာ
သူ့တူ တပည့် ဖြစ်သက
ို ရုပ်ပျက်ဆင်းပျက် ဖြစ်အောင် ဘယ်သူက လုပ်သွားနိုင်သနည်း ဟု တွက်ဆ ကြည့်မိနေသည်။ သူက
ခေါင်းခါကာ

" ထိုလော်ဖန်... ငါ့ကို ပြောစမ်း... မင်းတို့နဲ့ အဲ့ကောင်လေးနဲ့ ဘယ်လို တိုက်ခိုက်မိကြတာလဲ... ငါ့ကို အသေးစိတ် ပြောစမ်း "
ဟု စိတ်ရှုပ်ဟန်ဖြင့် မေးလိုက်သည်။

ထိုလော်ဖန် လဲ စီးမင်းကို့ဝေ ကို တရိုတသေဖြင့် အစ အဆုံး ပြောလိုက်တော့သည်။ စီးမင်ကို့ဝေ က နားထောင်ပီးသော်


စိတ်လှုပ်ရှားကာ မျက်လုံးများပင် အရောင်တောက် လာလေသည်။ သူက
" အဲ့ကောင်လေးက လက်ချောင်းသိုင်း သုံးတာတဲ့လား "
ဟု မေးလိုက်လေသည်။

ထိုလော်ဖန် က ခေါင်းညိမ့်ကာ
" ဟုတ်ပါတယ် ဆရာဘိုးဘိုး... သူရဲ့ လက်ချောင်းသိုင်း က လျှင်မြန်ပီး ပြင်းထန်တယ် သိုင်းကွက်က ပြည်မသိုင်းကွက် တွေထက်
ဆန်းကြယ်တယ် အလှအပသိုင်းဟန် မပါပဲ ထိရောက်မှုကို ဦးစားပေးပါတယ် ဆရာဘိုးဘိုး "
ဟု ပြောပြလိုက်သည်။

စီးမင်ကို့ဝေ က ခေါင်းညိမ့်ကာ
" ဟုတ်မှာပေါ့ကွ... မင်းတို့ သူ့ကို ဘယ်လိုလုပ်နိုင်မလဲ သူက တာ့လီက တွမ့်မျိုးနွယ် ဖြစ်နေတာကိုး... ဒါပေမဲ့ ဟူဖန်း ဒီလောက်
ဖြစ်သွားတယ်ဆိုရင် အဲ့ကောင်လေးလဲ အတွင်းဒဏ်ရာ ရသွားမှာပဲ ရှာကြ... မြို့ ပြင်တောအုပ် ဘက်ပြေးပီး ခိုနေ လိမ့်မယ်...
မင်းအပြော အရဆိုရင် ဟိုချာတိတ်မလေး ကို လာကယ်တာပဲ... ဟိုချာတိတ်မ ကိုလဲ သေချာကြည့်ထားကြ "
ဟု ပြောပီး တစ်ခုခုကို စဉ်းစားနေပုံဖြင့် ငြိမ်သွားလေသည်။
ထိုလော်ဖန် နှင့် ရင်းကို့ လဲ ဂါရဝပြု ကာ ထွက်သွားလေတော့သည်။ စီးမင်းကို့ဝေ မှာ တစ်ယောက်တည်း စဉ်းစားရင်း
ကျန်ခဲ့တော့သည်။

ထိုလော်ဖန် က ဆရာဖြစ်သူ ရှိရာ အခန်းသို့ လူနာစောင့်ရန် ထွက်သွားပီး ရင်းကို့ ကတော့ တပည့်များကို ခေါ်ကာ ဟူဖန်း ကို
တိုက်ခိုက်သူကို ရှာရန် လွှတ်လိုက်တော့ သည်။ ထိုသူကို အမြန် ရှာတွေ့မှ ဖြစ်ပေမည်။ ထို့နောက် ရင်းကို က ကျောင်းတော်
အနောက်ဘက်ရှိ ပြစ်ဒဏ်ခံရာ ကျောက်သားအခန်း သို့ ထွကလ
်ာခဲ့သည်။ သူ့ဆရာဦးလေးက အပြစ်သားကို စောင့်ကြည့်ထားရန်
မှာလိုက်သည်လေ။

နတ်လေးပါးကျောင်းတော်၏ အနောက်ဘက် နယ်မြေ...


ထိုနေရာက မသက်ဆိုင်သူတွေ အဆင့်နိမ့် ဂိုဏ်းသားတွေ မဝင်နိုင်အောင် တားမြစ်ထား သော နေရာ ဖြစ်သည်။ သာမာန်အားဖြင့်
နတ်လေးပါးဂိုဏ်းသား တိုင်း ကျောင်းတော်ထဲ လွတ်လပ်စွာ သွားနိုင်ခွင့် ရှိလေသည်။ ထိုအနောက်ဘက် နယ်မြေက တော့ ချွင်းချက်
ဖြစ်သည်။ ထိုနေရာကို ဂိဏ
ုးခွဲမှူး အဆင့်သို့ရောက်မှသာ ဝင်ခွင့် ရှိလေသည်။ အကြောင်းမှာ ထိုနယ်မြေက ဂိုဏ်းချုပ်များ၏
သိုင်းကျင့်ရာ သီးသန့်နယ်မြေ နှင့် ဂိုဏ်းချုပ်ဟောင်းများ၏ သင်္ချိုင်း နယ်မြေဖြစ်သောကြောင့် ဖြစ်သည်။

ယခု ထိုနယ်မြေ ထဲရှိ ကျောက်သား အခန်း ထဲတွင် မိန်းမလှလေး တစ်ယောက် ရှိနေသည်။ ထိုမိန်းကလေးမှာ ဆယ်ကျော်သက်
အရွယ်သာ ရှိပုံပေါ်ပီး ညှိုးငယ်သော မျက်နှာလေးဖြင့် လမ်းလျှောက်နေလေသည်။ အချိန်က ညနက်သန်းခေါင် ရှိနေပီ ဖြစ်သော်လဲ
မိန်းကလေးမှာ အိပ်စက်မည့်ဟန် မရှိ အခန်းထဲ ခေါက်တုံ့ခေါက်ပြန် လျှောက်နေလေသည်။ သူမ ဤ အခန်း ထဲတွင်
ပိတ်ထားခံရသည်မှာ တစ်လခန့် ရှိနေလေပီ။ သူမကို ဖမ်းချုပ်ထားသူက သိုင်းပညာ အလွန်အဆင့်မြင့်သူ ဖြစ်သဖြင့် သူမမှာ
စိတ်ဓာတ်ကျနေလေသည်။ တကယ်ဆို ငါခြေမရှည်သင့်ဘူး ဟု သာ နောင်တ ရမိနေလေသည်။ ဟုတ်ပေသည်။ သူမက ပျံလွှားမယ်
စုန့်ချီရန့် ဖြစ်သည်။ သူမက စီးရှကို အပျော်ခရီး ထွက်ခဲ့ရာမှ နတ်လေးပါးကျောင်းတော် အကြောင်းကြားမိ ပီး စူးစမ်းချင်စိတ်
ပေါ်လာသည်။ နတ်လေးပါးကျောင်းတော် မှာ သင်တန်းကျောင်း ဖြစ်၍ ဧည့်သည် အဝင်ခံသော နေရာများပါ လေ့လာခွင့် ရခဲ့သည်။
သို့သော် ခြေရှည်သူ သူမက အနောက်ဘက် တားမြစ်နယ်မြေကို တွေ့သွားမိပီး ဝင်ချင်စိတ်က ထိန်းမရ ဖြစ်ခဲ့ရသည်။ ထို့ကြောင့်
ညနက်သန်းခေါင် တွင် ခိုးဝင်ခဲ့ရာ စီးမင်းကို့ဝေ က သိုင်းလေ့ကျင့်ရာ မှ အထွက် တိုးမိသဖြင့် အဖမ်းခံရခြင်း ဖြစ်လေသည်။ စီးမင်းကို့ဝေ
မှာလဲ ကိုယ်ဖော့ပညာ ကောင်းလှသော စုန့်ချီရန့် ကို အတော်ဖမ်းယူလိုက်ရသည်။ ထို့ကြောင့် စိတ်ဆိုးကာ သူမ ဝင်ချင်လွန်းသော
တားမြစ်နယ်မြေထဲ တွင် ချုပ်ထားခြင်း ဖြစ်လေသည်။

သူမ က အတိတ်ကို ပြန်လည်တွေးမိရာမှ ခြေသံ ကြားရသဖြင့် တံခါးပေါက်ကို လှည့်ကြည့် လိုက်မိသည်။ တံခါး အပေါ် သံတိုင်များ
ကြားမှ စူးရှသော မျက်လုံးအစုံ နှင့် နှာခေါင်းကောက်ကောက် အသက်လေးဆယ်ကျော် လူကြီး တစ်ဦးကို မြင်လိုက်ရသည်။
ထိုလူကြီးက သူမကို စူးစိုက်ကာ ကြည့်နေလေသည်။ သူမ က ထိုလူကြီး၏ အကြည့်များကြောင့် ကြောက်စိတ်ပင် ဖြစ်လာလေသည်။
ထိုလူကြီးကို သူမ သိလေသည်။ ထိုလူကြီးက သူမကို ဖမ်းချုပ်ထားသူ၏ တပည့်ဖြစ်ပီး ထိုလူကြီးသည်လဲ သိုင်းပညာ
ကောင်းလွန်းသည်။ သူမကို ထင်းရှူးစေ့ ဖြင့် ပစ်ခတ်ပီး သတ်ပစ်ရန် ပင်ကြံစည်သူ ဖြစ်သည်။ သူမ ကို ဖမ်းချုပ်ထားသူက တား
လိုက်၍သာ အခုထိ သူမ အသက်ရှင် နေခြင်း ဖြစ်သည်။ အခုလဲ သူမကို သတ်ရန် လာလေသလား စုန့်ချီရန့် မှာ ကြောက်စတ
ိဝင်ကာ
အခန်းထောင့်သို့ ဆုတ်သွားမိသည်။ ထိုလူကြီးက ကြောက်ရွံသဖြင့် တုန်ယင်နေသော စုန့်ချီရန့် ကို ကြည့်ကာ ကျေနပ်ဟန်ဖြင့်
ပြုံးပြလိုက်သည်။ ထိုအပြုံးမှာ မြင်ရသူ များက စိတ်ကြည့်နူးစေဖို့ထက် ကြောက်စိတ်ပင် ပိုမိုလာစေသည်။ ထိုလူကြီးက အတန်ကြာ
ကြည့်ပီး ပြန်ထွက်သွားတော့သည်။ ထိုအခါ မှသာ စုန့်ချီရန့် တစ်ယောက် သက်ပြင်းချပီး အိပ်ယာပေါ် တက်ကာ စောင်ကို ခေါင်းမြှီးခြုံ
ပီး အိပ်ရန် ကြိုးစားတော့သည်။ သူမသည် နေရာတကာ လျှောက်သွားနေသော်လဲ ဆယ်ကျော်သက်အရွယ် ကလေးမလေး သာ
ဖြစ်သည် မဟုတ်ပါလား။
#မိုးထိတောင်သိုင်းသမား #ZYN
အခန်း (၁၂) အပိုင်း နှစ်
နတ်လေးပါးဂိုဏ်း

နောက် သုံးရက်ကြာ လေးရက်မြောက်သော မနက်ခင်း...


ခန်းမဆောင် ထဲတွင် ရှိသော ထိုလော်ဖန် နှင့် ရင်းကို့ မှာ စိတ်ပျက်နေဟန် ရှိသည်။ မကြာခင် စီးမင်ကို့ဝေ ရောက်လာတော့မည်။
ဒီအခြေအနေကို သူတို့ဘယ်လို ရှင်းပြ ရမလဲ ဆိုသည်သာ သူတို့ ခေါင်းခြောက် နေကြ သည်။ တစ်ယောက်နှင့် တစ်ယောက်ပင်
စကားမပြောကြ။ သူတို့ တောအုပ်ကို စေ့စေ့စပ်စပ် ရှာသော်လဲ ခြေရာ လက်ရာ ပင် မတွေ့ချေ။ မြို့ တွင်းရှိ တည်းခိုခန်းများ ဈေးများ
စားသောက်ဆိုင် များတွင်လဲ ရုပ်ချောချော လူစိမ်းနှစ်ယောက် ကို တွေ့မြင်သူ မရှိကြ။ ထိုသူ နှစ်ယောက်မှာ မြေလျှိုးမိုးပျံ သွားသကဲ့သို့
ပျောက်ကွယ်နေ လေသည်။ သူတို့မှာ ကြာကြာတွေးချိန်ပင် မရ။
စီးမင်းကို့ဝေ မှာ ခန်းမဆောင် ထဲ ဝင်လာ လေသည်။ သူ့ မျက်နှာထားက ခပ်တည်တည် ရှိနေပီး ထိုင်မြင့်ကြီး ပေါ်ကနေ အမေးပါသော
အကြည့်များဖြင့် ရင်းကို့ နှင့် ထိုလော်ဖန်ကို ကြည့်လိုက်သည်။ ရင်းကို့ က သက်ပြင်းချကာ
" ဘယ်လိုမှ ရှာမတွေ့ပါဘူး ဆရာဦးလေး... အပြစ်ပေးပါ ကျနော် ခံယူပါ့မယ် "
ဟု ပြောလိုက်လေသည်။

ထိုလော်ဖန် က ဒူးထောက်ချလိုက်ကာ ဘာစကားမှမပြောတော့ပဲ ခေါင်းငုံ့နေ လေသည်။ စီးမင်ကို့ဝေ က နှစ်ယောက်လုံး ကို


ခပ်စူးစူးကြည့်ကာ
" အသုံးမကျဘူး... နှစ်ယောက်လုးံ ငါလုပ်ရင် သေကုန်တော့မယ်... တစ်ယောက်က ဂိုဏ်းချုပ် တစ်ယောက်က ဂိုဏ်းခွဲမှူးတဲ့
အတွင်းဒဏ်ရာ ရနေတဲ့ လူတစ်ယောက် ကိုတောင် တွေ့အောင်မရှာနိုင်ဘူး... ဒါနဲ့များ စီးရှသိုင်းလောက ကို အုပ်စိုးသူတွေ တဲ့လား...
တာ့လီကကောင် စော်ကားတာ ခံလိုက်ရပီ... ကြားလို့ကောင်းလား ပြောစမ်း"
ဟု ဒေါသ ထွက်ကာ အော်လိုက်လေသည်။

ရင်းကို့ က ကပျာကယာဖြင့် ဒူးထောက် လိုက်ကာ


" တောင်းပန်ပါတယ် ဆရာဦးလေး... ခွင့်လွှတ်ပေးပါ "
ဟု ကြောက်စိတ်ဝင်ကာ တောင်းပန် လိုက်သည်။ ထိုလော်ဖန်က တော့ တစ်ကိုယ်လုံး တုန်ယင်ကာ စကားပင် မပြောနိုင်တော့ချေ။

စီးမင်ကို့ဝေ က သက်ပြင်းချပီး
" ထားလိုက်တော့... ဒီနေ့ဟာ ဟိုကောင် အတွင်းဒဏ်ရာ ပျောက်သွားမဲ့နေ့ပဲ... သူတို့ တာ့လီက နန်းတွင်းကျောက်စိမ်း ဒဏ်ကြေ
ဆေးနဲ့ ဆိုရင် ဘယ်လို အတွင်းဒဏ် မဆို အရမ်းမကြီးရင် သုံးရက်အတွင်း ပျောက် မှာ အသေအချာပဲ... ဒီည နဲ့ မနက်ဖြန်ည
တားမြစ်နယ်မြေထဲမှာ ကင်းစောင့်နေကြ... အမှတ်သုံး ရင်းကို့... မင်းကိုယ်တိုင် စောင့်ဖမ်းစမ်း... မိရင် ငါ့ဆီခေါ်ခဲ.့ .. "
ဟု ပြောလိုက်လေသည်။

" ဟုတ်ကဲ့ပါ ဆရာဦးလေး... ကျနော် ကိုယ်တိုင် ကျောက်သားအခန်း ကို စောင့်ပါမယ်... ရောက်လာသူမှန်သမျှ


ပြန်မထွက်သွားစေရပါဘူး "
ဟု ကတိပေးလိုကေ
် လသည်။

ရင်းကို့ မှာ တကယ်တမ်း တွမ့်ကျန်းယွမ် ကို ယှဉ်မဖမ်းရဲချေ။ ထိုလော်ဖန် ပြောသည်မှန် လျှင် တွမ့်ကျန်းယွမ် မှာ သူ့ထက် သိုင်းပညာ
သာနေသည်လေ။ သို့သော် သူက နတ်လေးပါးဂိုဏ်း က ဂိုဏ်းချုပ်လဲဖြစ်၊ ဆရာဦးလေး ဖြစ်သူကိုလဲ ကြောက်ရသဖြင့် ဖမ်းမှ
ရတော့မည်။ ထိုအပြင် သူ၏ မူပိုင် သိုင်းပညာမှာ ယှဉ်တိုက်သော သိုင်းပညာ မဟုတ်သဖြင့် စိတ်လဲ အနည်းငယ် သက်သာရာရ
နေသည်။ လွတ်အောင် ပြေးဖို့သာ ကြံပေါ့ကွာ ဟု စိတ်ထဲ ကြုံးဝါးမိလေသည်။

စီးမင်ကို့ဝေ မှာလဲ အတော်ကို စိတ်အနှောက်အယှက် ဖြစ်နေပုံ ရသဖြင့် ရင်းကို့ တို့အား လက်ခါပြကာ


" ကဲ... သွားပြင်ကြတော့ "
ဟု ပြောလိုက်လေသည်။

ရင်းကို့ နှင့် ထိုလော်ဖန်မှာ ခပ်ကုပ်ကုပ် ထွက်သွားလေသည်။ ထိုလော်ဖန် က ဂိုဏ်းခွဲမှူး ပီသစွာ ကျောင်းတော် တစ်ခုလုံး လူစိမ်း
အဝင်မခံပဲ တပ်လှန့်ထားလေသည်။ ဤအချိန်တွင် ကျောင်းတော်အပေါ်မှ ငှက်ပျံသွားရင်တောင် ပစ်ချမည့် ပုံစံရှိသည်။

နတ်လေးပါးဂိုဏ်းမှာ ဂိုဏ်းချုပ် လေးယောက် ရှိသော်လဲ စင်စစ် တကယ့် ဂိုဏ်းချုပ်မှာ စီးမင်ကို့ဝေ သာဖြစ်သည်။ အမှတ်တစ်
ဂိုဏ်းချုပ်ကြီး တုံးဖန်းဟိုင် မှာ ဓားပညာတွင် နှစ်မျောနေပီး ဂိုဏ်းကိစ္စများကို ဝင်ရောက် စွက်ဖက်ခြင်း မရှိဟု သိရှိထားကြသည်။ သူက
တားမြစ်နယ်မြေ ထဲရှိ သိုင်းလေ့ကျင့်ရာ လှိုင်ဂူထဲ တွင်သာ နေထိုင်သည် ဟု သိရသည်။ စီးမင်ကို့ဝေ ကသာ တစ်ခါတစ်ခါ
လာရောက်ပီး သိုင်းကွက် သဘောတရားများ လာရောက် ဆွေးနွေးဖို့ ဝင်ရောက်သွားလေ့ရှိသည်။ ကျန် အမှတ်သုံး ရင်းကို့ နှင့်
အမှတ်လေး ဟူဖန်း ကတော့ တုံးဖန်းဟိုင် ကို တွေ့ဆုံဖူးခြင်း မရှိကြချေ။ သူတို့က ဝါနုသည် မဟုတ်ပါလား။ သူတို့နှစ်ယောက်မှာ
စီးမင်ကို့ဝေ ကိုပင် ကြောက်ရွံလေးစားနေရာ စီးမင်ကို့ဝေ က အလေးထားသော တုံးဖန်းဟိုင် ကိုမမြင်ဖူးသည်မှာ မဆန်းချေ။

ဒီနေ့ တွင်တော့ နတ်လေးပါး ကျောင်းတော် တစ်ခုလုံး အစောင့်များ တင်းကြပ်ကာ ဂိုဏ်းသား မဟုတ်လျှင် ကျောင်းတော်ထဲသို့
အဝင်မခံချေ။ ဂိုဏ်းသားများမှာလဲ ထိုလော်ဖန် နှင့် ရင်းကို့ တို့၏ မှာကြားချက်ကြောင့် သတိအပြည့်ဖြင့် နေရသော်လဲ
ထိပ်လန့်နေမိသည်။ အမှတ်လေးဂိုဏ်းချုပ်ကြီး ဟူဖန်းကိုပင် သေလုမျောပါး ဖြစ်အောင် လုပ်နိုင်သူ က လာမည်ဟု ကြားထားရသည်
မဟုတ်ပါလား။ သူတို့က တစ်နေ့လုံး ကင်းလှည့်ကြရင်း တွမ့်ကျန်းယွမ် အကြောင်းကိုသာ တီးတိုး တီးတိုး ပြောနေကြသည်။

ထိုလော်ဖန်မှာ သူ့ဆရာ ဟူဖန်း အိပ်ယာထဲ လဲနေသဖြင့် ယာယီအနေဖြင့် အမှတ်လေးဂိုဏ်းချုပ်ကြီး ဖြစ်နေလေသည်။ သူက ဟူဖန်း၏
တစ်ဦးတည်းသော အချစ်ဆုးံ တပည့်ဖြစ်လေသည်။ သူက တပည့် ဂိုဏ်းသားများ အရေးကို ကိုင်တွယ် နေရသဖြင့် အလွန်
အလုပ်ရှုပ်နေသည်။ တစ်ဖက်က ရင်းကို့ ကတော့ သူ့၏တပည့် သုံးယောက်ကို ခေါ်ကာ ကျောက်သားအခန်း နှင့်
တားမြစ်နယ်မြေကြားတွင် ထောက်ခြောက် ဆင်နေလေသည်။ ရင်းကို့ တွင် တပည့် ငါးယောက်ရှိရာ တပည့်အကြီး နှစ်ယောက်မှာ
ခရီးလွန်နေသဖြင့် ကျန်သုံးယောက်ကိုသာ ခိုင်းနိုင်လေသည်။ ထိုသုံးယောက်မှာ အသစ်ဖြစ်သဖြင့် ထိုလော်ဖန် တစ်ဝက်မျှသာ
သိုင်းအဆင့် ရှိလေရာ သိပ်တော့ အားမကိုးရပေ။ ထိုေ့ကြာင့် ရင်းကို့ က သူအားထားရာ တပည့်ကြီး နှစ်ယောက်ကို
သတိရနေလေသည်။

ရင်းကို့တို့ အလုပ်ရှုပ်နေသည်ကို ကျောက်သား အခန်းထဲရှိ စုန့်ချီရန့် မှာ မြင်နေရသည်။ သူမက ဘာအကြောင်းမှ မသိရ သဖြင့် သူမကို
လာကယ်မည့်သူအား ထောင်ဖမ်းမည့် အကြောင်းကို မရိပ်မိချေ။ ထောင်ခြောက်ဆင်နေကြသဖြင့် လူတစ်ယောက် ကို ဖမ်းရန်
ပြင်နေသည် ကိုသာ သိရှိရသည်။

ကျောက်သား အခန်းမှာ မြေအနေအထား အရ တားမြစ်နယ်မြေ၏ အစ နေရာတွင်ပင် ရှိသည်။ နတ်လေးပါးကျောင်းတော်၏


တောင်ဘက် တွင် ချောက်ကမ်းပါး ကြီး ရှိရာ တားမြစ်နယ်မြေ မှာ ကျောင်းတော်နှင့် ချောက်ကမ်းပါး ကို ဆက်သွယ်ထားသော
မြေနေရာပင် ဖြစ်သည်။ ချောက်ကမ်းဘား ကို မဝင်စေချင်၍သာ တားမြစ်နယ်မြေ အဖြစ် ပြုလုပ်ထားခြင်းပင် ဖြစ်သည်။
ထိုချောက်ကမ်းပါးကြီးမှာ ကျောင်းတော် အတွင်း တားမြစ်နယ်မြေ မှ ကြည့်မှသာ ရှိမှန်း သိရပီး ကျောင်းတော် အပြင်က ကြည့်လျှင်
တောအုပ် တစ်ခုက ဖုံးလွှမ်း နေသဖြင့် မမြင်ရချေ။ ထိုချောက်ကမ်းပါး အနီးတွင် လှိုင်ဂူ နှစ်လုံးရှိပီး တစ်ခုမှာ သိုင်းလေ့ကျင့်ရာ လှိုင်ဂူ
ဖြစ်ကာ တစ်ခုမှာ ဂိုဏ်းချုပ် အစဉ်အဆက်၏ သင်္ချိုင်းဂူ ဖြစ်သည်။ ထိုဂူ နှစ်လုံးကြောင့်သာ တားမြစ်ထားရခြင်း ဖြစ်သည်။
သိုင်းလေ့ကျင့်ရာ လှိုင်ဂူထဲတွင် တုံးဖန်းဟိုင် ရှိနေပီး နောက်တစ်ဂူ တွင်တော့ ဂိုဏ်းချုပ်များ၏ ကဗျည်းတိုင်များ အသုံးအဆောင်
ပစ္စည်းများ ရှိလေသည်။

စီးမင်ကို့ဝေ ကတော့ ခန်းမဆောင်ထဲတွင် တိတ်တဆိတ် ထိုင်ကာ အသည်းအသန် တွေးနေလေသည်။ သူက တွမ့်ကျန်းချွမ် ၏


တပည့်က ဤမျှ သိုင်းပညာ ကောင်းနေသည် ကို ဘဝင်မကျချေ။ သူ့ သားဖြစ်သူ စီးမင်ကို့ချန့် အတွက် အတားအဆီး
ဖြစ်စေနိုင်လေသည်။ သူက သူသ
့ားဖြစ်သူကို ရှောင်စစ်တောင် သိုင်းပြိုင်ပွဲတွင် ပထမ ရစေလိုရာ တွမ့်ကျန်းယွမ် ကို အမြန်
ရှင်းပစ်သင့်သည် ဟု တွေးမိလေသည်။ ဤစီးရှ တွင် စီးမင်ကို့ချန် ကို ယှဉ်နိုင်သူ သိပ်မရှိချေ။ ရင်းကို့ နှင့် ဟူဖန်း ပင်လျှင် စီးမင်ကို့်ချန်
ကို မယှဉ်နိုငပ
်ါ။ သို့သော် သူက သူ့သားကို ပညာဝှက်ထားခိုင်းသည်။ ရင်းကို့ နှင့် ဟူဖန်းကို အနိုင်ယူနိုင်သော်လဲ အနိုင် မယူ ခိုင်းခဲ့ပေ။
ယခုမူ စီးမင်ကု့ခ
ျိန် က ပြည်မထဲ ရောက်နေ၍သာ မဟုတ်လျှင် ထိုတွမ့်မျိုးရိုး နဲ့ တစ်ပွဲတစ်လမ်း စမ်းမိကြလေမည်။ စီးမင်ကို့ဝေ က
သူ့သား အကြောင်းကို တွေးမိရာမှ တစ်ခုကို တွေးမိဟန်ဖြင့် ပြုံးကာ စိတထ
်ဲမှ ကြုံးဝါး လိုက်လေတော့သည်။

" အနှစ်နှစ်ဆယ် က အကြွေးကို ပြန်ဆပ် ရပီပေါ့ ကွာ "

#မိုးထိတောင်သိုင်းသမား #ZYN
အခန်း (၁၃) အပိုင်း တစ်
အကျဉ်းသား နှင့် ကယ်တင်ရှင်

အချိန်က ညနက်သန်းခေါင်...
ဒီနေ့ညမှ တိုက်တိုက်ဆိုင်ဆိုင် လ က မသာချေ။ သို့သော် နတ်လေးပါး ကျောင်းတော် ကြီး တစ်ခုလုံး မီး ထိန်ထိန်လင်း နေသည်မှာ
နေ့လည်ခင်း ကဲ့သို့ပင် ထင်မှတ်နေရသည်။ တောင်ဘက်ရှိ တားမြစ်နယ်မြေ ကတော့ အမှောင်ရိပ်ထဲ ကျနေသလား မသိ မှိန်ပျပျ
အလင်းရောင် လေး သာ ရှိသည်။ ရာသီဥတု က အအေးဘက်သို့ အတော် ရောက်နေလေရာ လေတစ်ချက်ဝှေ့ လိုက်လျှင် ပတ်ဝန်းကျင်
တစ်ခုလုံး အေးစိမ့်စိမ့် ဖြစ်သွားလေသည်။

ကင်းလှည့် နေသော ဂိုဏ်းသား တစ်ချို့ မှာ လက်ဖဝါးခြင်း ပွတ်ကာ အချမ်းပြေအောင် လုပ်နေကြသည်။ သူတို့က ညနေကတည်းက
စောင့်နေသည် ဖြစ်၍ ဗိုက်ဆာနေကြသလို ပျင်းလဲ ပျင်းမိနေသည်။ သူတို့စောင့်နေသူမှာ လာပါ့မလား ဟု စိုးရိမ် နေကြသည်။

ထိုလော်ဖန်မှာ တားမြစ်နယ်မြေ အရှေ့တွင် တားမြစ်နယ်မြေ ဟု ရေးပီး စိုက်ထူထားသော ကျောက်တိုင်ကြီးကို စားပွဲ နှင့် ကုလားထိုင်
တစ်လုံးချကာ မမှိတ်မသုန် စိုက်ကြည့်နေ သည်။ သူ့စိတ်အထင်အရ မကြာမီ တောင်ဘက် တံတိုင်းပေါ်မှ ထိုသူ ခုန်ဝင် လာလိမ့်မည်။
သူအနေဖြင့် ထိုသူကို မနိုင်သော်လဲ အသေခံကာ တားဆီးရ ပေမည်။ သူ၏ တာဝန် ဖြစ်နေသည် မဟုတ်ပါလား။ ထိုလော်ဖန် က
သေရန် ဆုံးဖြတ် ထားကာ ကျောက်တိုင်ကို စိုက်ကြည့်နေတုန်းပင်။

ကျောက်သား အခန်း နံဘေးရှိ သစ်ပင်များ နံဘေးတွင် ရင်းကို့နှင့် တပည့် သုံးယောက်က ငြိမ်သက်ကာ စောင့်ဆိုင်းနေကြသည်။
ရင်းကို့သည်လဲ ထိုသူကို အနိုင်ရမည် ဟု ယုံကြည်ချက်မထားရဲပါ။ သို့သော် သူတို့က လူအရေအတွက် သာရုံသာမက ဆရာဦးလေး
ဖြစ်သူက ခန်းမထဲတွင် စောင့်နေသဖြင့် ထိုသူမှာ လွတ်မြှောက်ရန် လမ်းမရှိ ဟု ထင်မိသည်။ မိမိသာ ဥာဏ်သုံး နိုင်လျှင် ဒဏ်ရာပင်
မရပဲ ဖမ်းမိနိုင်သည် လေ။ တပည့်ဖြစ်သူ သုံးယောက်ကတော့ မျက်ကန်းတစ္ဆေမကြောက် လက်တစ်ပြင်ပြင် ဖြစ်နေကြသည်။

စီးမင်ကို့ဝေ ကတော့ခန်းမဆောင်ထဲတွင် ရှိနေဆဲပင် ဖြစ်သည်။ သူက ထိုင်ခုံမြင့်ကြီး ပေါ်တွင် ထိုင်ကာ ထိုသူကို ဝိုင်းထားပီ
ဖြစ်ကြောင်း သတင်းကို စောင့်နေလေသည်။

အတန်ကြာ စောင်ေ
့ နပီ ဖြစ်သော် နတ်လေးပါး ဂိုဏ်းသားများ က ပျင်းရိလာကြသည်။ အဘယ့်ကြောင့် ထိုသူက ပေါ်မလာသနည်း။
သူတို့မှာ ပင်ပန်းကာ ညီးညူစပြုလာကြသည်။ ရင်းကို့ နှင့် ထိုလော်ဖန် မှာမူ ငြိမ်သက်နေကြဆဲ ဖြစ်သဖြင့် ဂိုဏ်းသားများမှာ စောဒက
မတက်ရဲချေ။

" ဖတ်... ဖတ်... ဖတ် "


အလွန် တိတ်ဆိတ်နေသော အချိန်တွင် ခြေသံများ ထွက်ပေါ်လာလေသည်။ အရပ်ခပ်ပြတ်ပြတ် ရှိသော လူကြီး တစ်ဦးက နတ်လေးပါး
ကျောင်းတော် အရှေ့သို့ ရောက်လာခြင်း ဖြစ်သည်။ လူကြီးမှာ ခန့်ညားပီး အသက် ငါးဆယ်ကျော်ဟန် ရှိကာ ခပ်တည်တည်
ရပ်နေလေသည်။အစောင့်များမှာ ခြေသံကြား၍ အပြေးလာ သော်လဲ သူတို့ စောင့် နေသူ မဟုတ၍
် စိတ်ပျက်သွားကြ သည်။
ထိုလော်ဖန် က ရိပ် ခနဲ ထိုနေရာ ရောက်လာလေသည်။ သူက ထိုလူကြီး ကို တွေ့သော် စိတ်ရှုပ်သွားလေ သည်။

" အဘိုးကြီး ခင်များက ဘယ်သူလ.ဲ .. အချိန်မတော် ကျောင်းတော်ကို ဘာလာလုပ်တာလဲ... "


ဟု မေးလိုက်သည်။

ထိုစဉ် အချက်ပေးခေါင်းလောင်းသံ များ ဆူညံကာ ရင်းကို့ အပါအဝင် ဂိုဏ်းသား အကုန်လုံး ကျောင်းတော် ရှေ့သို့
ထွက်လာကြလေသည်။ ခန်းမဆောင်ထဲရှိ စီးမင်းကို့ဝေ မှာလဲ အချက်ပေးခေါင်းလောင်း သံကို ကြားရသဖြင့် ပြုံးကာ ထိုင်ခုံပေါ်မှ ထပီး
လမ်းလျှောက်လာခဲ့သည်။

ထိုလူကြီးက ထိုလော်ဖန်ကို ခပ်တည်တည် ကြည့်ကာ


" ငါက သိုင်းပြိုင်ဖို့ လာခဲ့တာကွ... ထိုလော်ဖန် ဆိုတာ ဘယ်သူလဲ ဘာကြောင့် ငါ့သမီးကို ရိုက်လွှတ်လိုက်ရတာလဲ... ခေါ်လိုက်စမ်း...
ငါ့သူ့ကို သိုင်းပြိုင်ပီး ပြန် ရိုက်ပစ်မယ်... "
ဟု မေးလိုက်သည်။

ထိုလော်ဖန်က စိတ်ရှုပ်ထွေးစွာ ဖြင့် ထိုလူကြီး ကို တစ်လှည့် သူ့ဘေးနားတွင် ရပ်နေသော ရင်းကို့ကို တစ်လှည့် ကြည့်ကာ
" ထိုလော်ဖန် ဆိုတာ ကျနော်ပ.ဲ .. နေစမ်းပါဦး... ခင်များက ဘယ်သူလဲ... ခင်များ သမီးကကော ဘယ်သူလဲ "
ဟု မေးလိုက်လေသည်။

ထိုလူကြီးက တစ်ချက်မဲ့ကာ ဝတ်စုံလက်မောင်း ထဲမှ ရှည်မျောမျော အရာတစ်ခုကို ထုတ်ယူကာ ပြလိုက်လေသည်။ ထိုအရာ


သံမဏိစုတ်တံ တစ်ချောင်း ဖြစ်ပီး ခိုင်မာပုံရလေသည်။

ထိုလော်ဖန်က နှာခေါင်းရှုံ့ကာ
" အော်... ခင်များသမီးက ရုပ်ချောလွန်းတဲ့ ကောင်လေးလား... ဒါကြောင့် ယောက်ျား တစ်ယောက်ထက် ရုပ်ချောလွန်းတယ်
ထင်နေတာ လတ်စသတ်တော့ မိန်းကလေးကိုး "
ဟု ပြောလိုက်သည်။

ရင်းကို့ က စုတ်တံကို ကိုကြည့်ပီး ထိုလူကြီးကို သူသသ


ိ လိုရှိသည် ဟု ထင်မိလေသည်။ သူက ပြည်မရှိ ထူးခြားသော
လက်နက်ကိုင်ဆောင်သူ သိုင်းသမားများကို စဉ်းစားကြည့်လိုကသ
် ည်။ ထိုစဉ် စီးမင်ကို့ဝေ မှာ ခပ်လှမ်းလှမ်းမှ ရပ်ကြည့်နေလေသည်။
သူက ထိုလူကြီးကို မြင်လိုက်သော် အံ့သြသွားသည်။ ထိုနော့က် စိတ်ရှုပ်ကာ
" ငါများ အတွက်မှားသလား "
ဟု ပင် ရေရွတ်မိလေသည်။

လူကြီး က ထိုလော်ဖန်ကို ကြည့်ကာ


" မင်းက... ထိုလော်ဖန်ပဲ ဖြစ်ရမယ်... ငါမုယုံပေါ် က ငါ့သမီးအတွက် လက်စားချေပီး... ငါ့တူမလေးကို ကယ်ထုတ်မယ် "
ဟု ပြောလိုက်လေသည်။

ရင်းကို့လဲ မုယုံပေါ်က ထုတ်ပြောလိုက်မှသာ ဤလူမှာ မုယစ


ုံအိမ်၏ အရှင်သခင် မုယုံပေါ် ဖြစ်ကြောင်း မှတ်မိသွားလေသည်။ သူ
သိထားသော သတင်းအရ ဆိုလျှင် မုယုံပေါ် မှာ စံအိမ်မှ မထွက်သည်မှာ ကြာလေပီ အဘယ့်ကြောင့် စီးရှ သို့ ရောက်နေရသနည်း။
သူတွေး၍ မရချေ။
ထို့အတူ စီးမင်ကို့ဝေ မှာလဲ မုယုံပေါ်ကို ကြည့်ကာ စဉ်းစားရခက်နေသည်။ ဤလူက ဘာကြောင့် ဤနေရာကို တိုက်တိုက်ဆိုင်ဆိုင်
ရောက်နေရသနည်း။ သို့သော် သူ့သမီး ကို ရိုကသ
်ွားသောကြောင့် ဟု ဆိုသဖြင့် လက်ခံနိုင်စရာလဲ ရှိနေသည်။ ထိုလော်ဖန် ပြောသည့်
အကြောင်းအရာထဲတွင် ရုပ်ချောလွန်းသော စုတ်တံကိုင် ကောင်လေး တစ်ယောက်လဲ ပါနေသည်လေ။ ထို့အပြင် ပျံလွှား စုန့်ဝမ် နှင့်
မုယုံပေါ်မှာ သွေးသောက် ညီအကို ဖြစ်ကြောင်းလဲ လူတိုင်း သိထားကြသည် မဟုတ်ပါလား။

ထိုလော်ဖန်က ရယ်ကာ
" ခင်များ သမီးကတော့ ကျုပ်ကို ရှုံးသွားတယ်... ခင်များကကော ဘယ်လိုလဲ... အရှက်မကွဲခင် ပြန်လိုက်တာ ကောင်းမယ် "
ဟု ပြောလိုက်လေသည်။

မုယုံပေါ်က ခပ်အေးအေးပင်
" မုယုံစံအိမ်ရဲ့ စုတ်တံသိုင်း အစစ်အမှန် ကို ပြရသေးတာပေါ့... အပြောမကြီးပါနဲ့ နောက်ဆုံးမှာတော့ ဘယ်သူက အရှက်ကွဲမလဲ
ပေါ်လာမှာပါ "
ဟု ပြောလိုက်လေသည်။

ထိုလော်ဖန်က မျက်နှာတည်သွားကာ
" ကဲ... သိုင်းကွက်ကြည့် "
ဟု အော်ကာ လက်ဝါးဖြင့် ရိုက်ထုတ်လိုက် လေသည်။

မုယုံပေါ်က ထိုလက်ဝါးလှိုင်းကို အသာအယာ ရှောင်ကာ ထိုလော်ဖန် ဆီကို ခုန်ဝင်ပီး စုတ်တံဖြင့် နှစ်ချက်ဆက်တိုက်


ထိုးလိုက်လေသည်။ စုတ်တံက သွေးကြောမကြီး နှစ်ခုကို ဦးတည်လာသဖြင့် ထိုလော်ဖန်က အမြန်ပင် ရှောင်လိုက်ရ သည်။ သူ့
စိတ်ထဲတွင်တော့ ဤလူကြီးမှာ သူ့သမီးထက် အမှန်တကယ်ပင် သိုင်းပညာသာ သည်ဟု လက်ခံသွားလေ သည်။ ထိုကဲ့သို့
ထက်မြက်သော အကြောထိုးကွက်များကို သူ့သမီး ဖြစ်သူက အသုံးမပြုနိုင်ခဲ့ချေ။ သူ့ကိုနိုငမ
် လို ဖြစ်ခဲ့သော ကြမ်းတမ်းသည့်
အကွက်များပင် ဤသို့ သပ်ရပ်ခြင်းမရှိချေ။

ထိုလော်ဖန်မှာ အထင်မသေးဝင့်တော့ပဲ သူတတ်သမျှထဲတွင် အစွမ်းအထက်ဆုံး လက်ဝါးသိုင်းကွက် များဖြင့် အဆက်မပြတ်


မုယုံပေါ်ကို တိုက်ခိုက်လိုက်တော့သည်။ ထိုလော်ဖန်မှာ အတွင်းအား အပြည့်သုံးကာ တဝုန်းဝုန်း ဖြင့် ရိုက်ခတ်နေသလောက်
မုယုံပေါ်က ထိပ်တိုက် ရင်ဆိုင်ခြင်း မရှိပဲ ရှောင်တိမ်းလိုက် ပြန်တိုက်လိုက်သာ လုပ်နေလေသည်။ သူ၏ စုတ်တံမှာ ထိုလော်ဖန် ၏
အကြောများကို ထိုးမိမလို ဖြစ်နေသည်မှာ အကြိမ်ကြိမ် ပင်။ သို့သော် ထိုလော်ဖန်က အတွင်း အားအပြည့်ဖြင့် ပြန်လည် ရိုက်ထုတ်သော်
မုယုံပေါ်က ရှောင်ထွက်သွားသည်ချည်း ဖြစ်သည်။ ထိုအဖြစ်ကို ရင်းကို့ က နားမလည်စွာ ကြည့်နေသော်လဲ စီးမင်ကို့ဝေ ကမူ
ဘဝင်မကျချေ။ အမှန်စင်စစ် မုယုံပေါ်၏ အတွင်းအားမှာ ထိုလော်ဖန်ထက် သာရမည်မှာ အမှန်ပင်။ စုတ်တံ၏ အကြောထိုးကွက်များမှာ
ထိုလော်ဖန်၏ လက်ဝါးသိုင်းထက် သာလွန် နေသည်လေ။ မုယုံပေါ်ကသာ ထိပ်တိုက် ရင်ဆိုင်လျှင် အကွက် ငါးဆယ်မကျော်မီပင်
အနိုင်ရနိုင်လေသည်။ ယခုတော့ အကွက် ငါးဆယ်ကျော်သည့်တိုင် မုယုံပေါ်မှာ အနိုင်ယူနိုင်ခြင်း မရှိ ထိပ်တိုက် မရင်ဆိုင်ပဲ
အလစ်သာချောင်းနေလေသည်။ မုယုံပေါ်က ရင်းကို့ ကို စိတ်ပူသဖြင့် အတွင်းအား ခြွေတာ နေခြင်းများလား တွေးမိပြန်သည်။ ထို့သို့
တွေးမိသော် စိတ်အနည်းငယ် အေးသွားမိသည်။ မုယုံပေါ်မှာ အဘယ်မျှ အရှောင်အတိမ်း ကောင်းသော်လဲ ရင်းကို့၏ ထင်းရှူးစေ့
ပစ်ခတ်ပုံကို ရှောင်နိုင်ရန် လမ်းမမြင်ချေ။ ထို့ကြောင့် စိတ်အေးသွား လေသည်။

" ခွပ်... ခွပ်... ခွပ်... "


ထိုစဉ် မြင်းတစ်ကောင်က ကျောင်းရှေ့သို့ အပြေးနှင်ကာ ရောက်လာလေသည်။ ထိုမြင်းပေါ်တွင် ရုပ်ချောချော အရပ်ရှည်ရှည်
လူငယ်တစ်ယောက်က ယပ်တောင် ခတ်ကာ ဟန်ပါပါ ထိုင်နေလေသည်။ ထိုသူက မုယုံပေါ် တိုက်ခိုက်နေသည်ကို ကြည့်ကာ
ခေါင်းညိမ့် နေလေသည်။

ထိုလော်ဖန် မှာ ထိုသူကို မြင်သော် ဒေါသ များ တလိပ်လိပ်ထွက်လာပီး မုယုံပေါ် ကိုပင် ဆက်မတိုက်ပဲ ထိုသူရှိရာ ကို ခုနဝ
် င်ကာ
အင်အား အပြည့်ဖြင့် လက်ဝါးတစ်ချက် ရိုက်ထုတ်ပစ်လိုက်လေသည်။ ထိုသူက ထိုလက်ဝါးကို မရှောင်ပါ သူက ညာဘက်လက် ကို
ထုတ်ကာ တန်ပြန် ရိက
ု ထ
်ုတ် လိုက်လေသည်။
" ဖပ်..."
လက်ဝါး နှစ်ခု မှ ပူးကပ်သွားပီး နောက်
" ဝုန်း... "
ထိုလော်ဖန်မှာ နောက်သို့ လွှင့်စင် သွားလေသည်။ သွေးများ ယိုစီးကာ ငြိမ်သက်နေလေသည်။ သူက အတွင်းဒဏ် ပြင်းထန်လွန်းသဖြင့်
သတိပါလစ်သွားပုံ ရသည်။
ရင်းကို့ က အပြေးထွကလ
်ာပီး ထိုလော်ဖန် ကို ပွေ့ကာ စမ်းသပ်ကြည့် လိုက်သည်။ ထိုအတွင်းဒဏ်ရာမှာ ဟူဖန်း ကဲ့သို့ တစ်ပုံစံ
တည်းပင် ဖြစ်သည်။ ထိုလော်ဖန်၏ ညာလက်မှာ သွင်သွင်ကျိုးနေလေသည်။ မျှော်နေသူက လာချေပီ။ ရင်းကို့မှာ ထိုသူကို တိုက်ခိုက်
ပစ်ချင်နေသည်။ သို့သော် သူနိုငမ
် ည် မနိုင်မည် မသေချာ၍ မလုပ်ရဲသေးပေ။ ထိုလော်ဖန်ကို ပင် တစ်ကွက်ထဲဖြင့် ဒုက္ခပေးလိုက်သည်
မဟုတ်ပါလား။ သူက စီးမင်ကို့ဝေ ကို လှည့်ကြည့်မိသည်။ စီးမင်ကို့ဝေ မှာ သူရပ်နေသော နေရာတွင် မရှိချေ။ ရင်းကို့ က
အံ့သြမိလေသည်။ အဘယ့်ကြောင့် စီးမင်ကို့ဝေ က ဤနေရာမှ ထွက်သွားသနည်း ရင်းကို့ နားမလည်နိုင်တော့ချေ။ ထိုသူကိုများ
ကြောက်လန့်ပီး ထွက်ပြေးသလား ဟု ပင် တွေးမိနေသည်။

#မိုးထိတောင်သိုင်းသမား #ZYN
အခန်း (၁၃) အပိုင်း နှစ်
အကျဉ်းသား နှင့် ကယ်တင်ရှင်

ရင်းကို့က ကြံရာမရသဖြင့် သူ့အိတ်ထဲမှ ထင်းရှူးစေ့ ငါးခုကို ယူပီး အသင့်ပြင်ထား လိုက်လေသည်။ သူက ထိုသူကို ကြည့်မိတော့
ထိုသူက မျက်နှာပျက်ကာ မုယုံပေါ်ကို တစ်ခုခု ပြောနေပုံရလေသည်။ ရင်းကို့လဲ အခြေအနေကို နားမလည်နိုင် တော့ချေ။

ထိုသူက တွမ့်ကျန်းယွမ် ပင် ဖြစ်သည်။ သူက စီးမင်းကို့ဝေ ပျောက်သွားတာကို ကြည့်ကာ စိတ်ပျက်သွားမိသည်။ ထိုလူကြီး ဤမျှ
အကင်းပါးမည်ဟု သူ မထင်ခဲ့မိချေ။ အခုတော့ စီစဉ်ထားသမျှ တလွဲတွေ ဖြစ်ကုန်လေပီ။ တွမ့်ကျန်းယွမ် က မုယုံပေါ် အဖြစ်
ရုပ်ဖျက်ထားသူ မုယုံချန်းရှောင်း ကို ခေါ်ကာ သူ၏ ယပ်တောင် ကို ပေးလိုက်လေသည်။ ထို့နောက်
" သွားတော့... ညီမလေး... လမ်းဆုံမှာ ချီရန့် စောင့်နေတယ်... နောက်ကို လှည့်မကြည့်နဲ့ တတ်နိုင်သမျှ မနားနဲ့ နယ်စပ် အထိ
ရောက်အောင်ပြေး... နယ်စပ်ရောက်ရင် ယပ်တောင် ကိုဖွင့်ကြည့်... ညီမဘာဆက်လုပ် ရမယ် ဆိုတာ အကိုရေးထားတယ် "
ဟု အလောတကြီး ပြောလိုက်လေသည်။

သူက ပြောလဲ ပြော ယပ်တောင်လဲ ပေးကာ မုယုံချန်းရှောင်း ကို မြင်းပေါ် တွန်းတင်နေသည်။ မုယုံချန်းရှောင်း က မျက်နှာ ပျက်ကာ
" အကိုကကော... မလိုက်ဘူးလား... ညီမတို့ကို ပစ်ထားတော့မှာလား "
ဟု မျက်ရည်ဝဲကာ မေးနေလေသည်။

တွမ့်ကျန်းယွမ် က အချိနလ
်ုနေရသဖြင့် မဖြေနိုင်တော့ပဲ ခေါင်းညိမ့်ပြကာ မြင်းဖင်ကို ရိက
ုလိုက်လေတော့သည်။ မြင်းမှာ တစ်ချက် ဟီး
လိုက်ပီး ပြေးထွကသ
်ွားလေသည်။

" ဝှီး... ဝှစ.် .. ဝှစ်.... ဝှစ.် .. ဝှစ် "


ရင်းကို့ က မြင်းပြေးသွားသည်ကို မြင်သော် ထင်းရှူးစေ့ ဖြင့် ပစ်ခတ်လိုက်တော့သည်။ ထင်းရှူးစေ့ ငါးစေ့မှာ မြင်းဖင် နှင့်
မုယုံချန်းရှောင်း၏ ကိုယ်ပေါ် လေးနေရာ ကို ဦးတည်ပျံသန်းသွားလေသည်။

တွမ့်ကျန်းယွမ် က လေတိုးသံ ကြားလိုက်ရသဖြင့် ကြည့်လိုက်ရာ ထင်းရှူးစေ့ များ ကိုမြင်သော် ချက်ချင်းပင် ထိုနေရာသို့ ခုန်ကာ ကြားမှ
ဖြတ်ပီး လက်ဝါးဖြင့် ရိုက်ထုတ် လိုက်လေသည်။ ထင်းရှူးစေ့ များက ပြုတ်ကျကာနီးတွင် ရင်းကို့က နောက်တစ်စေ့ကို အရှိန်ကုန်
နေသော ထင်းရှူးစေ့များကြားထဲ ပစ်လွှတ်လိုက်လေသည်။ ထိုထင်းရှူးစေ့ ဖြင့် တိုက်မိပီး ထင်းရှူးစေ့ ခြောက်စေ့ လုံး
အရှိန်ပြန်ရလာကာ တွမ့်ကျန်းယွမ် ဆီသို့ ပြေးဝင်လာတော့သည်။ တွမ့်ကျန်းယွမ် က ထိုအဖြစ်ကို မြင်သော် လန့်သွားပီး ဓားကို
ဆွဲထုတ်ကာ ထင်းရှူးစေ့များကို ခုတ်ပိုင်း လိုက်တော့သည်။

"ချွမ်... "
ဟု အသံတစ်ချက် ထွက်ပေါ်လာပီး ထင်းရှူးစေ့ များမှာ နှစ်ပိုင်းစီ ကွဲကာ မြေပေါ်သို့ ပြုတ်ကျလာသည်။ ထိုဓားချက် မှာ ရေလွှာပိုင်းခြား
ဟူသော ဓားကွက် ဖြစ်ပီး ဝေထင်း၏ ဓားပညာထဲမှ လက်နက်ပုန်းများ ကို ကာကွယ်သော ဓားကွက်ဖြစ်လေသည်။

ရင်းကို့မှာ ပြုတ်ကျနေသော ထင်းရှူးစေ့ များကို ကြည့်ကာ အံ့သြနေလေသည်။ ထိုအချိန်မှာပင် ပြင်းထန်သော အားလှိုင်း ကြီးက
တွမ့်ကျန်းယွမ် ဆီသို့ ဝင်လာလေသည်။ တွမ့်ကျန်းယွမ် မှာ အရှိန်ကို ခံစားမိသော် ထိပ်တိုက် မရင်ဆိုင်ရဲချေ ထိုအတွင်းအားလှိုင်းမှာ
သူ့၏ အတွင်းအားထက် နှစ်ဆ များသည်ကို ခံစား မိလေသည်။ သူက ဓားကို မြဲမြဲ ကိုင်ကာ ထိုအားလှိုင်းသို့ ခပ်စောင်းစောင်း
ခုတ်ချလိုက်သည်။ သူ၏ ခုတ်ချပုံမှာ အားမပါသဖြင့် ထိုအားလှိုင်းက ဓားကို ကန်ထွက်သွားစေသည်။ သူက ထိုပြန်ကန် သောအားကို
ယူကာ ထိုအားလိင
ှုးဆီမှ အပေါ်သို့ ခုန်ထွက်သွားလေသည်။ သူ၏ လှုပ်ရှားမှုမှာ အလေ့အကျင့် ရှိပီး ကွက်တိ ကျသဖြင့်
ထိုအားလှိုင်းဆီမှ လွတ်သွား လေသည်။ ထိုပညာသည်လဲ ဓားဘုရင် ဝေထင်း၏ အတွင်းအားကြီးသူ၏ ပညာကို ကာကွယ်သော
တန်ပြန်ဓားပညာ ဖြစ်လေသည်။
တွမ့်ကျန်းယွမ် က လေထဲတွင်မြှောက် နေရာမှ လှလှပပ ကျွမ်းထိုးကာ မြေပြင်သို့ ဆင်းလာလေသည်။ သူကို တိက
ုခိုက်သူကို
ကြည့်မိလိုက်တော့ စီးမင်ကို့ဝေ ဖြစ်နေသည် ကိုတွေရ
့ သည်။ စီးမင်ကို့ဝေက သူပြေးမည့် လမ်းပေါ်တွင် ပိတ်ရပ်နေပီး တွမ့်ကျန်းယွမ် ၏
ဓားပညာနှင့် ပြိုင်စံရှား သော ကိုယ်ဖော့ပညာကို အံ့သြနေမိသည်။ ဤအတိုင်း ဆိုလျှင် ဤကောင်လေးကို အခုချိန် သူနိုင်သော်လဲ
သုံးလေးနှစ် ကြာရင် ယှဉ်နိုင်မဲ့သူမရှိ ပြိုင်ဘက်ကင်း သွားပေတော့မည်။ စီးမင်ကို့ဝေမှာ ထိုသို့ တွေးမိသော် မနာလိုလာပီး အသေသတ်
ချင်စိတ်များ တဖွားဖွား ပေါ်လာလေသည်။

တစ်ဖက်က တွမ့်ကျန်းယွမ် ကလဲ စီးမင်ကို့ဝေ ၏ ကြီးမားလှသော အတွင်းအားကို ကြောက်ရွံ့နေမိသည်။ သူဒီနေ့ ကံဆိုးပီ ဆိုတာ
အတတ်သိလိုက်မိသည်။ သူအနေဖြင့် အသက် မသေရန် မနည်းကြံမှ ဖြစ်တော့မည်။ တွမ့်ကျန်းယွမ် ခေါင်းထဲတွင် အကြံပေါင်း
သောင်းခြောက်ထောင်မက တွေးနေမိတော့သည်။

စီးမင်ကို့ဝေ က ပြုံးကာ တွမ့်ကျန်းယွမ် ကို ကြည့်ပီး


" ကောင်လေး... မင်းအဖေက တာ့လီဘုရင်ကြီးလား "
ဟု မေးလိုက်သည်။

တွမ့်ကျန်းယွမ် က ခေါင်းငြိမ့်ကာ
" ဟုတ်ပါတယ် ခမည်းတော်က ဘကြီးကို သာကြောင်း မာကြောင်း နှုတ်ဆက်ခိုင်းလိုက် ပါတယ်... ဘကြီးက ဘာလို့ ကျနော်ကို
တိုက်ခိုက်နေရတာလဲ "
ဟု မေးလိုက်ပြန်သည်။

စီးမင်ကို့ဝေ က ရယ်လိုက်ပီး
" ကောင်းရောကွာ... ငါ့တူတပည့်ကို တစ်နှစေ
် လာက် သိုင်းပညာ အသုံးပြုလို့မရအောင် ရိုက်တယ်... ငါဖမ်းထားတဲ့ ငါတို့ကျောင်းထဲ
ကျူးကျော်သူ ကိုကယ်ထုတ်သွားတယ်... အခုငါ့ရှေ့တင်ပဲ ငါ့မြေးတပည့်ကို မေ့မျောကျိုးပဲ့သည် အထိ ရိုက်ပစ်တယ်... ဒါနဲ့တောင်
ငါ့ကပဲ တစ်ဖက်သတ် တိုက်သလို ပြောနိုင်သေးတယ် "
ဟု ခနဲ့ လိုက်သည်။

တွမ့်ကျန်းယွမ် က ခေါင်းခါကာ
" ဘကြီး အထင်လွဲတာပါ... ကျနော် တွမ့်ကျန်းယွမ် ရဲ့ သိုင်းပညာက ဘကြီးကို မယှဉ်နိုင်တာ ဘကြီးအသိပါ... ဘကြီးရှေ့မှာ ရော
နောက်မှာပါ ဘကြီးကို မပစ်မှားရဲပါဘူး
အခုဖြစ်ခဲ့တာတွေက ကျနော်က ကိုယ့်ကိုကိုယ် ကာကွယ်ရင်း လက်လွန်တာနဲ့ ကတိပေးထားလို့ လုပ်ပေးရတာပဲ ရှိတာပါဗျာ ဘကြီးကို
မပစ်မှားရဲပါဘူး "
ဟု အမှန်တကယ်ပင် ရှင်းပြလိုက်လေသည်။

သူ့စိတ်ထဲတွင် စီးမင်ကို့ဝေ က သူပြောတာကို လက်ခံပါစေ ဟု သာ ဆုတောင်းနေမိတော့သည်။ အကယ်၍ စီးမင်ကို့ဝေ က လက်မခံပဲ


အတင်းတိုက်ပါက သူသေရန်သာ ရှိတော့သည်။ စီးမင်ကို့ဝေ ၏ အတွင်းအားမှာ ကြီးမားလွန်းနေပီး သူအနေဖြင့် ဘယ်လိုမှ
မယှဉ်နိုင်ပေ။

စီးမင်ကို့ဝေ ကတော့ လက်မခံချေ။ သူက တွမ့်ကျန်းယွမ် ကို ဘယ်နည်းနဲ့မဆို အသေ သတ်ရန်ကြံစည်နေသည် မဟုတ်ပါလား။ သူက
ရယ်လိုက်ကာ
" တော်စမ်းပါကွာ... မင်းအဖေ ဒီနေ့ ဒီမှာ ရောက်နေရင်တောင် မင်းကို မကယ်နိုင် တော့ပါဘူး ... မင်းလုပ်တဲ့ အပြစ်တွေက
တော်တော်များနေပီ... မင်းကို ငါသတ်ပစ် လိုက်ရင်တောင် ဘယ်သူမှ ဘာမှ ပြောမှာ မဟုတ်ဘူး ကောင်လေး "
ဟု ပြောလိုက်သည်။

သူရဲ့ စကားမဆုံးခင်ပင် တွမ့်ကျန်းယွမ် က လျှပ်စစ်၏ လျင်မြန်ခြင်းမျိုး ဖြင့် နတ်လေးပါး ကျောင်းထဲသို့ ပြေးဝင်သွားတော့သည်။ သူက
အတွင်းအားအကုန် သုံးပီး ပြေးသဖြင့် အလွန်တရာမျှ မြန်ဆန်လေသည်။ ရင်းကို့ က ထင်းရှူးစေ့ ဆယ်စေ့ ကို ဆတ်ခနဲ
ပစ်လွှတ်လိုက်သော်လဲ မမှီချေ။ စီးမင်းကို့ဝေ မှာ တောက် တစ်ချက် ခေါက်ကာ နောက်မှ ရိပ်ခနဲ ပြေးလိုက်သွားလေသည်။ ထို့နောက်
မှာ ရင်းကို့လဲ အပြေးအလွှား ပင် လိုက်သွားတော့သည်။

တွမ့်ကျန်းယွမ် ဦးတည်ပြေးသော နေရာမှာ တောင်ဘက် တားမြစ်နယ်မြေ ဖြစ်သည်။ သူက ထိုနေရာကို ပထမတစ်ခါ လာရောက်ပီး
စုန့်ချီရန့် ကို ကယ်ဖူးရာ သူရောက်ဖူးသော နေရာကို ပြေးမိခြင်း ဖြစ်သည်။ စီးမင်ကို့ဝေ ကတော့ တွမ့်ကျန်းယွမ် ပြေးသော နေရာကို
ကြည့်ပီး ပြုံးမိလိုက်သည်။ ထိုနေရာသည် ချောက်ကမ်းပါးသာ ရှိသည် မဟုတ်ပါလား။ တွမ့်ကျန်းယွမ် က ကျောက်သားအခန်း နှင့်
လှိုင်ဂူ နှစ်လုးံ ကို ကျော်ပြေးသော် ရုတ်တရက် ချောက်ကမ်းပါး ကြီးကို တွေ့လိုက်ရ လေသည်။ သူက လှိုင်ဂူများထဲ မဝင်ရဲပဲ လွတ်မည်
ထင်ပီး ပြေးခဲ့ရာ ချောက်ကမ်းပါး ကိုမြင်သော် ကြောင်သွားပီး ရပ်တန့်မိသွား လေသည်။ ဒုက္ခရောက်ချေပီ။ တွမ့်ကျန်းယွမ် က သူဒီနေ့
သေကံပါနေသဖြင့် ရှောင်လွှဲ၍ မရ နိုင်တော့ဟု တွေးမိလိုက်သည်။

သူက အသက်ဝအောင် ရှုပီး အနောက်သို့ လှည့်လိုက်လေသည်။ စီးမင်းကို့ဝေ က သူ့ကို ပြုံး၍ ကြည့်နေပီး ရင်းကို့ကတော့ ဝမ်းသာမှု
ကို ဖုံးဖိမထားနိုင်ပဲ ကြည့်နေသည်ကို တွေ့လိုက်ရသည်။ တွမ့်ကျန်းယွမ် ကတော့ မသေခင် ဒီလို နတ်ဆိုးနှစ်ယောက်ကို တွေ့ရသည်မှာ
သူကံဆိုးပေစွ ဟု တွေးလိုက်တော့သည်။ ထို့အတူပင် သူက ချောက်ကမ်းပါး ထဲ ခုန်ချပီး သေတာမှ ကောင်းဦးမည် ဟု
အတွေးတစ်ချက် ရလာလေသည်။ ဤနတ်ဆိုးများ လက်ချက်ဖြင့် သေလျှင် အရိုးပင် တာ့လီ ပြန်မရောက်နိုင်ချေ။ ချောက်ထဲ ခုန်ချလျှင်
သူ့ ခမည်းတော်နှင့် စစ်သူကြီးများက သူ့အရိုးကိုတော့ ရအောင်ရှာပီး ပြန်ပို့ပေးနိုင် သည်။

သို့သော် သူက ရင်းကို့ကို လက်ဆောင် ပေးခဲ့ချင်သေးသည်။ သူက ထိုသို့ တွေးမိသည်နှင့် တစ်ပြိုက်နက် ရင်းကို့ဆီသို့ ခုန်ဝင်ကာ
တောင်ဖြိုဓားကွက် ကို အတွင်းအား အပြည့်သုံးပီး ခုတ်ချလိုက်လေသည်။ ရင်းကို့မှာ ပြင်းထန်လွန်းသော ဓားရှိန်ကြောင့် ကြောင်ပီး
ငေးကြည့်နေမိသည်။ ထို့နောက်မှ သတိရကာ ထင်းရှူးစေ့ ဆယ့်စေ့ကို ပစ်လွှတ်လိုက်လေသည်။ တွမ့်ကျန်းယွမ် က
ပြုံးလိုက်လေသည်။ သူက ထိုထင်းရှူးစေ့ များကို စောင့်နေခြင်း ဖြစ်ရာ ဓားဖြင့် ထင်းရှူးစေ့များကို သိမ်းကြုံး ရိုက်ထုတ်လိုက်သည်။
ဦးတည်ရာက စီးမင်ကို့ဝေ ဆီသို့။ စီးမင်ကို့ဝေက ထိုအကြံကို မဖြုံဟန်ဖြင့် လက်သီး ဖြင့် ဘယ်ညာ နှစခ
်ျက် ထိုးပစ်လိုက်သည်။
ထိုလက်သီးမှာ အင်အားပြည့်လွန်းသဖြင့် လေလှိုင်းသံများမှာ ဝုန်းခနဲ အသံကျယ်ကြီး ကြားလိုက်ရသည်။ ပထမတစ်ချက် မှာ
ထင်းရှူးစေ့ များကို မှန်သွားပီး ထင်းရှူးစေ့များက မီးလောင်ကျွမ်းကာ အငွေ့ပျံသွားလေသည်။ နောက်တစ်ချက်၏ ဦးတည်ရာကတော့
တွမ့်ကျန်းယွမ် ၏ ရင်ဘတ်သို့။

ရင်းကို့မှာ သူ၏ ထင်းရှူးစေ့များကို တွမ့်ကျန်းယွမ် က ရိုက်ထုတ်လိုက်သည် မြင်သော် ကြောင်သွားပြန်သည်။


" ဝုန်း... အွန့်... ဝေါ..." " ဝုန်း... အား...."
ပထမအသံက ရင်းကို့ အသံဖြစ်သည်။ တွမ့်ကျန်းယွမ် က ကြောင်နေသော ရင်းကို့ကို အလွတ်မပေးပဲ အေးစိမ့်လက်ဝါးဖြင့် ရိုက်ထုတ်
လိုက်ခြင်းဖြစ်သည်။ ထိေ
ု့ ကြာင့် ရင်းကို့မှာ ရင်ဘတ်တစ်ခုလုံး အေးခဲမတတ် အေးစိမ့်လာကာ သွေးများအန်ပီး နောက်ဆုတ်သွားခြင်း
ဖြစ်သည်။
ဒုတိယ အသံကတော့ တွမ့်ကျန်းယွမ် ၏ အသံပင် ဖြစ်သည်။ သူက ရင်းကို့ကို အားကုန်သုံးကာ ရိုက်ထုတ်နေသဖြင့် စီးမင်ကို့ဝေ ၏
လက်သီးလှိုင်းကို မရှောင်နိုင်တော့ချေ။ ဝုန်းခနဲ အထိမှာတော့ ရင်ဘတ်နေရာ ဝတ်စုံ တစ်ခုလုံး မီးကျွမ်းကာ လေထဲသို့
မြောက်တက်သွားသည်။ သူက လက်သီးလှိုင်းထိခါနီးတွင် ရိကျင့် အကြောပြောင်းသိုင်း သုံးက ရင်ဘတ်အကြောမကြီးများ ကို
နေရာရွေ့ လိုက်မိသဖြင့် သေလောက်အောင်တော့ အတွင်းဒဏ်ရာ မရချေ။ သိေ
ု့ သာ် အားလှိုင်းများက ပြင်းထန်လွန်းသဖြင့် လေထဲသို့
အတော်ကို မြှောက်တက် သွားရသည်။ သူက ဓားကိုတော့ ကျစ်ကျစ်ပါအောင် ဆုတ်ထားသေးသည်။ သို့သော် အတွင်းအားမှာ
ဘယ်လိုမှ ထုတ်မရတော့ သူ လွတ်လွတ်လပ်လပ် ပင် အားခနဲ အော်ကာ ချောက်ထဲ ပြုတ်ကျသွား တော့သည်။

စီးမင်က့ေ
ို ဝက ပြုံးမိသည် ထိုချောက်ကြီးမှာ နက်ရှိုင်းလွန်းလှသည် မဟုတ်လား။ တွမ့်ကျန်းယွမ်အဖို့ ရှင်ရန် အကြောင်းမရှိချေ။
သူ့လက်သီးကို သူသိသည်။ ထိသွားသူမှာ ကံကောင်းလွန်းသဖြင့် အကြောမကြီးများကို မထိပဲ ချက်ချင်း မသေနိုင်ရင်တောင်
အတွင်းအားပြိုကွဲမှု ကြောင့် အတွင်းအားကို တစ်လခန့်ပင် အသုံးမပြုနိုင်တော့ချေ။ အတွင်းအား အသုံးမပြုနိုင်သော ချောက်ထဲကျသူ
သိုင်းသမားမှာ အဘယ်မှာ ရှင်နိုင်တော့ အံ့နည်း။ စီးမင်ကို့ဝေ က တွမ့်ကျန်းယွမ် ၏ အား ခနဲ အသံနက်ကြီးကို နားဝင်ချိုနေကာ

" သွားပေဦးတော့ ကောင်လေးရေ"


ဟု ခပ်တိုးတိုး ရေရွတ်လိုက်တော့သည်။

#မိုးထိတောင်သိုင်းသမား #ZYN
အခန်း (၁၄)
အသက်နှင့်ရင်းသော ကတိ

မုယုံချန်းရှောင်း မှာ မြင်းပေါ်တွင် ပါသွားသော်လဲ နောက်သို့ လှည့်ကြည့် လှည့်ကြည့် ဖြစ်နေလေသည်။ သူမက စီးမင်ကို့ဝေ ဆိုသော
လူကြီးကို တွမ့်ကျန်းယွမ် အနိုင်မတိုက်နိုင်မှန်း သိနေရာ ထွက်ပြေးနိုင်ဖို့ သာ မျှော်လင့်မိတော့သည်။

ဈေးလမ်းမကြီးသို့ ရောက်သော် စုန့်ချီရန့်ကို မြင်းတစ်ကောင်ပေါ်တွင် တွေ့လိုက်သည်။ စုန့်ချီရန့် မှာ မျက်နှာလေး ညှိုးကာ ဟိုဟိုဒီဒီ
ကြည့်နေလေသည်။ သူမ အထင် ထိုကောင်မလေးမှာ ပိနသ
်ွားပီး ကြောက်တတ်သွားပုံ ရလေသည်။ စုန့်ချီရန့်က မုယုံပေါ် အဖြစ်
ရုပ်ဖျက်ထားသော မုယုံချန်းရှောင်း ကို မြင်သော်
" ဟာ... ဘဘ.. ဘယ်တုန်းက ဒီကိုရောက်နေတာလဲ သမီးကိုလာကယ်တဲ့ အကိုက ဒီကို မမချန်းရှောင်း လာခေါ်မယ် စောင့်နေဆိုလို့
စောင့်နေတာ "
ဟု တအံ့တသြ ပြောလိုက်လေသည်။

မုယုံချန်းရှောင်း မှာ စုန့်ချီရန့် က သူမကို သူမအဖေအဖြစ် အထင်မှားနေသည်ကို သိသော် ရယ်လိုက်ပီး


" အန်မယ်လေး ငါ့ညမ
ီ ရယ်... ငါပါ နင့်အစ်မ ချန်းရှောင်းပါ... ကဲကဲ အချိန်ဆွမ
ဲ နေနဲ့ မြို့ ထဲ က အမြန်ထွက်ကြမယ် ဟိုလေ
ူ တွ
လိုက်လာရင် ဒုက္ခ တွေ့နေဦးမယ် "
ဟု ပြောလိုက်သည်။

စုန့်ချီရန့် မှာ အနောက်က လိုက်လာသည် ဟုကြားသော် သူမကိုယ်လေး တုန်ယင် သွားပီး


" သွားစို့မမ... ဒါနဲ့ ဟိုအကိုရော "
ဟု မေးကာ မြင်းကို နှင်လိုက်သည်။

မုယုံချန်းရှောင်း က ဘေးမှ မြင်းကို ခပ်သွက်သွက် စီးကာ


" သူပါမလာသေးဘူး... ဒါပေမဲ့ ငါတို့ နယ်စပ်အထိ ရောက်အောင် နှစပ
်ါတ်လောက် အပြင်းနှင်ရမယ်... သူက ငါ့ကို နယ်စပ်ရောက်မှ
ဖတ်ဖို့ စာချန်ထားခဲ့တယ် "
ဟု ပြောကာ မြို့ ပြင်ရောက်အောင် ရှေ့မှ အပြေးနှင်တော့သည်။

ခန့်မှန်းသည့် အတိုင်းပင် တစ်နာရီခန့် ကြာသော် ထိုနေရာသို့ နတ်လေးပါးဂိုဏ်းသား များရောက်လာပီး ရှာဖွေနေတော့သည်။


သူမတို့ကတော့ မြို့ ပြင်သို့ ရောက်နှင့်နေချေပီ။ မြို့ ပြင်သို့ ရောက်သော်လဲ မုယုံချန်းရှောင်း တို့မှာ မနားရဲပါ။
မနက်မိုးသောက်သည်အထိ မြင်းကို အပြင်းနှင်နေကြသည်။ မနက်မိုးစင်စင်လင်းမှသာ တစ်နာရီ နှစ်နာရီခန့် အနားယူပီး ပြန်လည်
အပြေးနှင်ကြပြန်သည်။ မိန်းမလှလေး နှစ်ယောက်မှာ အစားမမှန် အအိပ်မမှန် ပဲ နှစ်ပါတ်ခန့် နယ်စပ်ရောက်သည်အထိ အမောတကော
ခရီးဆက်ခဲ့ကြခြင်းဖြစ်သည်။ နေဝင်ချိန် ရောက်သွားလေပီ။ အနောက်လမ်းဆုံ ရွာ ဟူသော ဆိုင်းဘုတ် ကိုမြင်မှ သူမတို့
စိတ်အေးသွားကြသည်။ သူမတို့ နှစ်ယောက် ရွာထဲဝင်ပီး တစ်ရက်လောက် သေသေချာချာ အနားယူရန် ကြံကြသည်။ မုယုံချန်းရှောင်း
က အလာတုန်းက တည်းခိုခန်းကို ရှာပီး ဝင်လိုက်သော် စားသောက်ခန်းထဲတွင် ပိုင်လုံ နှင့် အဘိုးအို စုန့်ဝမ် တို့ ထိုင်နေသည်ကို
တွေ့လိုက်ရသည်။ မုယုံချန်းရှောင်း က မမျှော် လင့်ပဲ တွေ့ရသဖြင့် ဝမ်းသာကာ မျက်ရည်များပင် ဝဲလေသည်။ စုန့်ချီရန့် ကတော့
အဘိုးဖြစ်သူကို ဖက်ကာ ကြူကြူ ပါအောင် ငိုနေသည်။ ပိုင်လုံက တွမ့်ကျန်းယွမ် ကို မတွေ့သဖြင့် မေးလိုက်ရာ မုယုံချန်းရှောင်း မှာ
မျက်ရည်များကို မထိန်းနိုင်တော့ပဲ ငိုချမိလိုက်တော့သည်။ ထို့ကြောင့် စုန့်ချီရန့် တို့မြေးအဖိုး နှင့် ပိုင်လုံ မှာ ကြောင်သွားလေသည်။

မုယုံချန်းရှောင်း က သူမ စကားအစကို အားလုံးစောင့်နေသည်ဖြစ်၍ မျက်ရည်များကို သုတ်ကာ တွမ့်ကျန်းယွမ် ကိုင်နေကြဖြစ် သော


ကျောက်စိမ်းယပ်တောင် ကို ဖြန့်ပြ လိုက်လေသည်။ ထိုယပ်တောင်ထဲတွင် စာရွက် တစ်ရွက် ရှိနေပီး ထိုစာရွက်ထဲတွင်
ရေးထားသည်မှာ...

ညီမချန်းရှောင်း...
ဒီစာကို ညီမ ဖတ်ရတယ်ဆိုရင် နယ်စပ်ကို ရောက်ပီး အန္တရာယ်ကင်းနေပီ လို့ အကိုထင်တယ်... အကို ကတော့ စီးရှမှာပဲ
သေကံပါတယ်ထင်တယ် အကယ်၍ ရှောင်စစ်တောင် သိုင်းပြိုင်ပွဲ အမီ အကို ပေါ်မလာနိုင်ရင် ဒီယပ်တောင်ကို ယူပီး တာ့လီကို
သွားပါ... အကို့အဖေကို ပြပီး နတ်လေးပါးကျောင်းတော်က စီးမင်ကို့ဝေ ကို လက်စားချေခိုင်းပါ...

ဟူ၍ ခပ်သွက်သွက် ရေးထားသည်ကို ဖတ်လိုက်ရသည်။ ထိုစာကို မြင်သော် စုန့်ချီရန့် မှာ ယူကြုံးမရနိုင်အောင် ဖြစ်သွားလေသည်။
သူမကို တွမ့်ကျန်းယွမ် သည် မမြင်ဖူး မသိဖူး ပါပဲနှင့် အသက်စွန့်၍ ကယ်ပေးခဲ့သည် မဟုတ်ပါလား။ အဘိုးအို မှာ မိုက် ခနဲ
ဖြစ်သွားသလို တွမ့်ကျန်းယွမ် ၏ ကတိတည်မှုကို အလွန်ကို လေးစားမိသွားသည်။ သူကိုယ်တိုင် အသေခံပီး သူတောင်းဆို သလို
မိန်းကလေး နှစ်ယောက်အား ဘေးမသီရန်မခ ပို့ပေး လိုက်သည်လေ။ ပိုင်လုံ ကတော့ တောက် တစ်ခေါက် ဖြစ်ကာ
ဒေါသထွက်နေသည်။

သူ က စိတ်မထိန်းနိုင်ဟန်ဖြင့်
" စိတ်ချပါ ညီလေးတွမရ
့်ာ... မင်းအဖေက ခွင့်လွှတ်တယ် ဆိုရင်တောင် ငါက အဲ့ စီးမင်ကို့ဝေ ဆိုတဲ့ လူကြီးကို ရအောင် သတ်ပစ်မယ် "
ဟု အံကြိတ်ကာ ရေရွတ်လိုက်သည်။

သူ၏ ရေရွတ်သံမှာ ကျိန်စာရွတ်ဆို လိုက်သလို အားလုံး၏ နားထဲ သို့ ဝင်သွားလေသည်။ ကြားရသူအပေါင်းမှာ ကြက်သီးများပင်
ထသွားသည်။ ပိုင်လုံမှာ စိတ်ဆုံးဖြတ်ထားဟန် ရှိလေသည်။ မုယုံချန်းရှောင်း မှာ အငိုမတိတ် နိုင်တော့ သူမကို တွမ့်ကျန်းယွမ် က
တစ်လမ်းလုံး အရေးပေးခဲ့တာတွေ၊ ဂရုစိုက်ခဲ့တာတွေ သတိရကာ မျက်ရည်ကျမဆုံးနိုင်အောင် ဖြစ်နေလေသည်။ ထို့အတူ စုန့်ချီရန့်
မှာလဲ ငူငူငိုင်ငိုင် ဖြစ်ကာ စိတ်ထဲတွင် လစ်ဟာနေသည်။ သူမသာ ခြေရှည်ပီး ထိုကျောင်းဝင်းထဲ ကျော်မဝင်ခဲ့လျှင် သူမသာ အဖမ်းမခံ
ခဲ့ရလျှင် တွမ့်ကျန်းယွမ် လဲ သေစရာ အကြောင်းမရှိချေ။ သူမ က ငေးကြောင်နေရာမှ မုယုံချန်းရှောင်း က တကယ်ပင်
ပူဆွေးနေသည်ကို တွေ့သော် ရင်ထဲ မချိဖြစ်မိသည်။ ထိုအကို သည် သူအစ်မ၏ ချစ်သူဖြစ်နိုင်သည် ဟု တွေးမိလေသည်။
သူမအနေဖြင့် မုယုံချန်းရှောင်း ကိုပါ အားနာ လာမိသည်။

သူမက ရုတ်တရက် ထကာ မိမိ၏ ခေါင်းကို ရိုက်ပီး သတ်သေရန် ပြင်လိုက်သည်။ ပိုင်လုံ က လှမ်းဆွဲကာ
" ဒါဘာလုပ်တာလဲ ညီမလေး "
ဟု မေးလိုက်သည်။

" ညီမ အရမ်းစိတ်မကောင်း ဖြစ်မိတယ်... ဒါတွေအားလုံးဟာ ညီမကြောင့် ဖြစ်ရတာ ညီမအပြစ်တွေပါ... အခုတော့ အပြစ်ရှိသူ ညီမက
အကောင်းအတိုင်း ရှိနေပီး အကိုတွမ့်က အသက်ပေးလိုက်ရတယ်... ညီမ မမချန်းရှောင်း ကို အားနာလွန်းလို့ ဆက်အသက်မရှင်
ချင်တော့ဘူး "
ဟု ငိုကာ ပြောလိုက်သည်။

ပိုင်လုံက တည်ငြိမ်စွာဖြင့်
" ကလေးမဆန်စမ်းနဲ့ ညီမ... တွမ့်ကျန်းယွမ် က သူ့အသက်နဲ့ လဲပီး ကယ်ပေးထားတာ ဒီလို အလကားသေဖို့လို့ ထင်သလား...
နင်သူ့ကို ကျေးဇူးဆပ်ဖ့ဆ
ို ကောင်းကောင်း အသက်ရှင်ရမယ် "
ဟု ခပ်ထန်ထန် ပြောလိုက်သည်။

မုယုံချန်းရှောင်း ကလဲ
" ဟုတ်ပါတယ် ညီမလေးရယ် "
ဟု ငိုနေသည့်ကြားက ထောက်ခံလိုက်သည်။ ထို့နောက် သူမက ပင်ပန်းတာကော စိတ်ထိခိုက်တာကော ကြောင့် မေ့လဲသွားလေသည်။

အဘိုးအိုနှင့် ပိုင်လုံတို့လဲ ပြာယာခတ်ကာ အခန်းထဲကို ပွေ့ပီး ဆေးဆရာ ခေါ်လိုက်ရတော့သည်။ စုန့်ချီရန့်ကတော့ မုယုံချန်းရှောင်း


အနားမှ မခွာတော့ သူမက ပင်ပန်းနေသည့်တိုင် လူနာစောင့် နေချင်သည်။ ဆေးဆရာက ဆေးပေးပီး ထွက်သွားသော် ပိုင်လုံ နှင့်
အဘိုးအို စုန့်ဝမ် မှာ တိုင်ပင်မိကြပြန်သည်။

ပိုင်လုံက စာရွက်ကို နောက်တစ်ခါ ဖတ်ကြည့်ကာ


" ညီလေးတွမ့် ရဲ့ စာအရ သူက ရှောင်စစ်တောင် သိုင်းပြိုင်ပွဲ ကို ပေါ်မလာမှသာ သူအတွက် လက်စားချေ ခိုင်းတာဆိုတော့ သူအသက်
ရှင် နိုင်ချေ ရှိမယ် လိထ
ု့ င်တယ်... အဘကော ဘယ်လို ထင်သလဲ "
ဟု မေးလိုက်သည်။

စုန့်ဝမ်က ခေါင်းကုတ်ကာ
" ငါလဲ အဲ့ဒါပဲ စဉ်းစားနေတာ... သူဘာကြောင့် ဒီလို ရေးခဲ့လဲ မသိဘူး ... စီးမင်ကုေ
ိ့ ဝ က သူ့ကို ဖမ်းထားမယ် ထင်လု့မ
ျိား
ရေးခဲ့တာလား... တွေးစရာ ဖြစ်နေတယ် "
ဟု ပြောလိုက်သည်။

" ဒီလိုဆို ကျနော် တို့ သွားရှာသင့်သလား "


ဟု ပိုင်လုံက တွေးတွေးဆဆ ပြောလိုက်သည်။

စုန့်ဝမ် က
" မင်းအနေနဲ့က ချိန်းဆိုထားတဲ့အတိုင်း တိဗက်က အဆင့်နှစ်ကိုယ်တော်နဲ့ ယှဉ်ဖို့ သိုင်းလေ့ကျင့် ရဦးမယ်... စီးမင်ကို့ဝေ ဆိုတဲ့
လူကြီးက သိုင်းပညာအတော်ကောင်းတာကွ ငါဖြင့် မစဉ်းစားတတ်တော့ဘူး "
ဟု စိတ်ရှုပ်သွားဟန်ဖြင့် ပြောလိုက်သည်။

ထို့နောက် သူက စိတ်ဆုံးဖြတ်ထားဟန် ဖြင့်


" ငါတော့ သူရေးထားတဲ့အတိုင်း ရှောင်စစ်တောင် သိုင်းပြိုင်ပွဲကို သူလာနိုင်မယ် လို့ ယုံကြည်ထားချင်တယ် ကွာ... အခုဖြစ်လာသမျှ
ကိစ္စ အကုန်လုံးကိုလဲ ငါပဲ တာဝန်ယူမယ်... တွမ့်ဘုရင် ကိုလဲ ငါကိုယ်တိုင်ပဲ သွားတောင်းပန်မယ်ကွာ ဒါတွေဟာ ငါ့ကြောင့်
ဖြစ်လာတာပဲ "
ဟု ပြောလိုက်သည်။

သူပုံပန်းမှာ အလွန်စိတ်ထိခိုက်နေပုံ ရှိသည်။ သူက ညှိုးငယ်သော အကြည့်ဖြင့် မုယုံချန်းရှောင်း မေ့မျောနေသော အခန်းကို


ကြည့်နေလေသည်။
ပိုင်လုံက အဘိုးအို စုန့်ဝမ် ကို ကြည့်ကာ သူ့နည်းတူ ရင်ထဲ တင်းကြပ်လာမိသည်။ သူက ထပ်မံ၍ အဆင့်နှစ် ကိုယ်တော် အကြောင်း
တွေးမိသည်။ သူတို့၏ တိဗက်ခရီးမှာ တွမ့်ကျန်းယွမ် တိ၏
ု့ စီးရှခရီးနှင့် တခြားစီ အေးချမ်းလှသည်။ သူတို့ နှစ်ယောက်က ဗြောင်ကျကျ
မိုးမြေကျောင်းတော် ကို ခွင့်တောင်းပြီး ဝင်သလို အဆင့်သုံးကိုယ်တော် က သူ့အသံကို မှတ်မိသဖြင့် သူတို့ ရှင်းပြချက်ကို
လက်ခံသွားသည်။ တစ်ချက်သာ အဆင်မပြေ ရှိသည်။ ထိုအချက်မှာ လားမားကြီးများက သူတို့၏ ကျလော့ လက်ဝါးသိုင်း ကို
နဂါးနိုင်လက်ဝါးသိုင်း က ယှဉ်နိုင်ခြင်း ဆိုသည့်အချက် ဖြစ်သည်။ ထို့ကြောင့် သိုင်းပညာအပေါ် မာနထားလွန်းသူ
အဆင့်နှစ်ကယ
ိုတော်က ရှောင်စစ်တောင် ကို လာပီး ပိုင်လုံနှင့် သိုင်းပြိုင်မည် လက်မခံ လျှင် သူပြောတာ မယုံဟု ခပ်ညစ်ညစ်
စိန်ခေါ်တာ ခံခဲ့ရခြင်း သာဖြစ်ခဲ့သည်။ ထို့ကြောင့် သူအ
့ နေဖြင့် သုံးလအတွင်း အစွမ်းကုန် သိုင်းလေ့ကျင့် ဖို့သာ ရှိတော့သည်။ သူ့ထက်
အတွင်းအား သာမည်မှာ သေချာလွန်းနေသည် မဟုတ်ပါလား။

အခုတော့ သက်ပြင်းချကာ သူမကူညီနိုင်တော့သော တွမ့်ကျန်းယွမ် ကိစ္စကို ခဏမျှ မေ့ထားရပေတော့မည်လေ။

#မိုးထိတောင်သိုင်းသမား #ZYN
အခန်း (၁၅) အပိုင်းတစ်
မုန်တိုင်းလား လေပြေလား

ထုံဝူရေအိုင် တွင် ကျင်းပသော သိုင်းကျမ်းပြပွဲ ပီးသွားပီးနောက် သိုင်းလောက မှာ ငြိမ်ငြိမ်သက်သက် မရှိတော့ချေ။ ထိုသိုင်းပြိုင်ပွဲ တွင်
အံ့မခန်း လှသော စွယ်စုံသိုင်းပညာရှင် လူငယ် တစ်ယောက် ပေါ်ထွက်လာခြင်း နှင့် အတူ ရှောင်လင်ကျောင်း၏ အနှစ်နှစ်ဆယ် ကျော်
ဖုံးကွယ်ထားသော လျှို့ ဝှက်ချက်၊ ကြောက်မက်ဖွယ်ကောင်းအောင် သိုင်းပညာ ကောင်းသော လူတစ်စု အစရှိသည်ဖြင့်
သိုင်းလောကမှာ လှုပ်ရှားသွားစေသည့် အကြောင်းများ ရှိလာသည်လေ။

လူငယ်သိုင်းသမား များမှာ တွမ့်ကျန်းယွမ် ကို အားကျသူကကျ မနာလိုသူကလို ဖြင့် ရှိနေကြပီး သက်ကြီးပိုင်း သိုင်းသမားကြီးများ
ကတော့ ရှောင်လင် ၏ လျှို့ ဝှက်ချက် နှင့် သိုင်းအဖွဲ့အစည်း အပေါ် အာရုံစိုက် နေကြသည်။ သို့သော် သူတို့အားလုံး၏
စိတ်ထဲတွင်တော့ ဘယ်သူက ရှောင်စစ်တောင် သိုင်းပြိုင်ပွဲတွင် ပထမ ရမလဲ ကသာ အကြီးမားဆုံး စိတ်ဝင်စားမှု ဖြစ်နေကြလေသည်။

ရှောင်လင်ကျောင်း...
ရှောင်လင်ကျောင်းမှာ ခိုင်ဖုန်းမြို့ ပြင် မှ နှစ်ရွာကျော် ဟန်စစ်တောင် ပေါ်တွင် တည်ရှိပီး ဘုန်းတော်ကြီးများဖြင့် စနစ်တကျ
ဖွဲ့စည်းထားသည်။ ယခု အနှစ်ငါးဆယ်ပိုင်း တွင် ရှောင်လင်မှာ ဘုန်းတော်ကြီး ကျောင်း ဆိုသည်ထက် ပိုကာ စည်းကမ်းတင်းကျပ် သော
ဂိုဏ်းတစ်ခု အသွင်ရေ
ှိ နကြသည်။ ဂိုဏ်း၏ ခေါင်းဆောင်တိုင်းက ရှောင်လင် သိက္ခာကို မြှင့်တင်ရေးအတွက် သာ ကြိုးစား နေကြသဖြင့်
ရှောင်လင်မှာ သိုင်းလောက ဦးလျှောင်အဖြစ် ပြန်ရောက်နေသည်မှာ အနှစ်နှစ်ဆယ် ကျော်လေပီ။ လက်ရှိ သိုင်းလောကကို အုပ်ချုပ်သူ
သူဖုန်းစားဂိုဏ်းချုပ်ကြီး ပုလုံပင် ရှောင်လင် ကို အလေးထားကာ ဆက်ဆံလေသည်။

ယခုလဲ ရှောင်လင်ဂိုဏ်းသားများမှာ ပြင်းပြင်းထန်ထန် သိုင်းလေ့ကျင့်နေကြ သည်။ တိုက်အုပ်ဆရာတော် ရွှယ်ထန်း ပြန်ရောက်လာပီး


ကတည်းက အခုထိ သုံးလကျော် ပြင်းပြင်းထန်ထန် လေ့ကျင့် နေကြရခြင်း ဖြစ်သည်။ ရှောင်လင်တွင် ဘုန်းကြီးများ အပြင်
ကျောင်းသားအဖြစ် လူဝတ်များကိုလဲ လက်ခံထားတာ ဆယ့်ငါးနှစ် ရှိနေပီ ဖြစ်သည်။ ထို ကျောင်းသားများထဲတွင် မင်စုထန်း ဆိုသော
ကျောင်းသားမှာ အတော်ဆုံး ကျောင်းသား ဖြစ်လေသည်။ မင်စုထန်း မှာ သိုင်းပညာ တော်သလို တခြားကျောင်းသားများနှင့်
ရောနှောနေခြင်း မရှိချေ။ သူ့ဘဝမှာ အသက်ဆယ်နှစ် ရှောင်လင်ကျောင်း သို့ ရောက်ချိနမ
ှ် စပီး ဆယ့်ငါးနှစ် လုံးလုံး သိုင်းလေ့ကျင့်ခြင်း
ဖြင့်သာ ကုန်ဆုံးနေ ရသည်။ ထို့ကြောင့် ရုပ်ရည်သန့်ပြန့်ပီး ချောမော သော်လဲ သူက အရယ်အပြုံး မရှိချေ။ အသက်နှစ်ဆယ့်ငါး
ဆိုသော အရွယ် မှာ မိန်းကလေးများကို စိတ်ဝင်စား ရမည့်အရွယ်ပင် ကျော်လွန်နေလေပီ သို့သော် မင်စထ
ု န်း မှာမူ စိတ်ထိခိုက်စရာ
ရှိနေသကဲ့သို့ မိန်းကလေးများ ကို စိတ်မဝင်စားပေ။ သူ့ဘဝ တစ်ခုလုံးသည် တာဝန် တစ်ခု လုပ်ဆောင်ရမည့် သူလို သိုင်းကို
သာအပြင်းအထန် လေ့ကျင့်လေသည်။ ရှောင်လင်ကျောင်း၏ ခေါင်းဆောင်များမှာ မင်စုထန်း ကို လွန်စွာ အားထားပုံရသည်။ သူတို့က
မင်စုထန်း ကို အပိုစကားပင် မပြောပဲ သိုင်းပညာကိုသာ ဖိဖိစီးစီး သင်ပေးနေကြသည်။ သူတို့ပုံစံမှာ အကျိုးအမြတ် တစ်ခုအတွက်
လက်တွဲ နေကြပုံ ပင်ရသည်။ သို့သော် မင်စုထန်း လွန်စွာ လေးစားသော ရှောင်လင်ဘုန်းကြီး တစ်ပါး ရှိလေသည်။ ထိုသူက လက်ရှိ
ကျောင်းထိုင်ဆရာတော် ရွှမ်းမု ဖြစ်လေသည်။ ပြောရမည် ဆိုလျှင် မင်စုထန်း သည် ဆရာတော် ရွှမ်းမု၏ တစ်ဦးတည်းသော
ကျောင်းသား တပည့် ဖြစ်လေသည်။ တိုက်အုပ်ဆရာတော် ရွှယ်ထန်း နှင့်ပင် ဝါအရ တူညီသည်။ ဆရာတော် ရွှမ်းမုက မင်စုထန်းကို
အားထားသည် မှာ အကြောင်းရှိသည်။ မင်စုထန်းသည် တစ်ခါမြင်ဖူးသော အရာမှန်သမျှ ကို မှတ်မိသော ဥာဏ်ရည် ရှိလေသည်။
ထို့အပြင် ခန္ဓာကိုယ် အချိုးအစားမှာလဲ ပြေပြစ်ရာ သိုင်းကျင့် ဖို့ အတော်ကို သင့်တော်လေသည်။ ထိုေ့ကြာင့် မင်စုထန်း ကို ရှောင်လင်၏
သိုင်းပညာများ ကို ရသမျှ သင်ပေးကာ ရှောင်လင် ဂုဏ်ဆောင် စေလိုခြင်း ဖြစ်သည်။ သူ့အကြံ အတိုင်းပင် ဆယ့်ငါးနှစ် ဆိုသော
အချိန်က မင်စထ
ု န်း ကို ထက်မြက်သော သိုင်းသမား တစ်ဦး ဖြစ်လာစေခဲ့သည်။ သိုင်းလောကထဲ တွင် ရှောင်လင်လက်ဝါး မင်စုထန်း
ဆိုပီး ထိပ်သီး နေရာပင် ရောက်ရှိနေလေသည်။ မင်စုထန်း အဖို့ ပြိုင်ဘက်ဟု သတ်မှတ်စရာ ပင် သိပ်မရှိချေ။ အပြုံးမျက်နှာ သူဖုန်းစား
ဟု ခေါ်တွင်သော ပိုင်လုံ ကိုသာ သူအ
့ နေဖြင့် ပြိုင်ဘက်ဟု သတ်မှတ်ထားလေသည်။ မှန်ပေသည်။ ပိုင်လုံသည် လက်ရှိ သိုင်းလောက
တွင် နာမည်အကျော်ကြားဆုံး သိုင်းသမား ဖြစ်သည်။ သူ့၏ သိုင်းပညာ မှာ နက်ရှိုင်းပီး သိုင်းလောကပထမ ဖြစ်သူ ပုလုံ၏
တပည့်အရင်း ဖြစ်ရာ သူသည်သာ ပြိုင်ဘက် ဖြစ်သင့်သည် ဟု ထင်ရသည်။ ရေခဲမျက်နှာ ကျောင်းတော်သား ဟု မင်စုထန်း ကိုလဲ
ခေါ်တွင်ကြသည် မဟုတ်ပါလား။ သူတို့နှစ်ဦးမှာ မသိမသာပင် ပြိုင်ဘက်ဖြစ်နေကြလေသည်။ သိုင်းလောက တွင် သူတို့အပြင် တခြား
နာမည်ကျော် ဓားလေးလက်၊ လက်သီးနှစ်လုံး ရှိသော်လဲ မင်စုထန်း မှာ သိပ်အရေးစိုက်ခြင်း မရှိချေ။ သူက သိုင်းပညာ၏ မူလ ဟု
တင်စားကြသော ရှောင်လင်ပညာကိုသာ အထင်ကြီးသည်။ သူအနေဖြင့် အကုန်လုံးကို အနိုင်ယူနိုင်သည် ဟု ထင်နေလေသည်။ သူ၏
ဥာဏ်ရည် အရ မြင်ဖူး သမျှ သိုင်းကွက် တိုင်းကို မှတ်မိနေရာ သူ့ကို အနိုင်ယူရန် ဘယ်သိုင်းကွက် ကိုမျှ နှစ်ခါ အသုံးပြု၍ မရချေ။
ထို့အပြင် ရှောင်လင်၏ လျှို့ ဝှက် သိင
ုးကျမ်း ဖြစ်သော တာမို့ လက်ဝါးသိုင်း ကိုလဲ ဆရာတော် ရွှမ်းမု က သင်ပေးထားရာ သူ့အနေဖြင့်
မာနကြီးနေသည်မှာ ဖြစ်သင့် သည့်ဟု ဆိုရပေမည်။

မင်စုထန်း မှာ တိုက်အုပဆ


် ရာတော် ရွှယ်ထန်း နှင့်အတူ ဆရာတော် ရွှမ်းမု ၏ အခန်းထဲတွင် ရှိနေသည်။ လွန်ခဲ့သော သုံးလခန့်က
သူ့အကိုတော် ဖြစ်သော ရွှယ်ထန်း က သတင်းတစ်ခု သယ်ဆောင် လာခဲ့ရာ သူ့အနေဖြင့် သုံးလ လုံးလုံး ထိုသတင်းကြောင့်
ဖိအားများခဲ့ရသည်။ အလွန်တရာ ပြင်းထန်သော တာမို့သိုင်းကျမ်း ကျင့်စဉ်ကို အဆင့်ကုန် ငါးဆင့် အထိ အောင်မြင်အောင်
ကြိုးစားခဲ့ရသည်။ သို့သော် အဆင့်သုံးမှ မတက်နိုင်ခဲ့ချေ။

ယခု မင်စထ
ု န်း၏ မပြုံးမရယ်သော မျက်နှာမှာ စိတ်ပျက်သော အမူအယာ ပေါ်နေသည်။ ဆရာတော် ရွှမ်းမု က မင်စုထန်းကို ကြည့်ပီး
သက်ပြင်းချကာ
" ငါ့တပည့် မင်းအနေနဲ့ တာမို့ကျင့်စဉ် ကို မအောင်မြင်တာကို စိတ်မပျက်ရဘူး... ဒီကျင့်စဉ်ဟာ ရှောင်လင်တည်ထောင်စဉ် ကတည်းက
ရှိနေခဲ့ပေမဲ့ ကျင့်နိုင်တဲ့ သူဆိုတာကို ရှားပါးလွန်းတယ်... အဆင့်ကုန် အောင်မြင်ဖူးသူ ဆိုတာ ရှောင်လင်သမိုင်း မှာ နှစ်ဦးပဲ ရှိခဲ့တယ်
ဒါတောင် သူတို့တွေက အသက်ငါးဆယ်ကျော်မှ အောင်မြင်ခဲ့တာ... မင်းအနေနဲ့ အသက်နှစ်ဆယ် ကျော်မှာ အဆင့်သုံးဆိုတာ
ဥာဏ်ရည် အင်မတန်ကောင်းလွန်းလို့ ဖြစ်နိုင်တာပဲ ငါတောင် အဆင့်လေးအထိပဲ ကျင့်နိုင်ခဲ့တာ မဟုတ်လား... စိတ်ပျက်မနေပါနဲ့ "
ဟု ပြောလိုက်သည်။

ရွှယ်ထန်း ကတော့ သိုင်းပညာနှင့် ပတ်သတ်လျှင် လောဘကြီးသော ညီတော် မင်စုထန်းကို ကြည့်ကာ သက်ပြင်း ခိုးချမိသည်။ သူသည်
အကိုတော်ဖြစ်ပီး တိုက်အုပ်ဆရာတော် ဖြစ်သော်လဲ မင်စုထန်း ကိုမယှဉ်နင
ိုပါ မင်စုထန်းမှာ ဆရာတော် ရွှမ်းမု ပီးလျှင်
ဤရှောင်လင်တွင် သိုင်းအတော်ဆုံး ဖြစ်လေသည်။ သူက ချောင်းတစ်ချက် ဟန့်ကာ

" ညီလေး... မင်းအနေနဲ့ အကိုတော် ယူလာတဲ့ သတင်းကြောင့်ဆိုရင်တော့ စိတ်ချထားပါ အဲ့လူငယ်လေးက သိုင်းပညာ


အလွန်ကောင်းပေမဲ့ မင်းကိုယှဉ်နိုင်မှာ မဟုတ်ပါဘူး... ငါ့တစ်သက်မြင်ဖူးသမျှ ထဲမှာ ဆရာတော် ရွှမ်းမု ပီးရင် မင်းက
သိုင်းအတော်ဆုံးပဲ... ပိုင်လုံတောင် မင်းကို ယှဉ်လို့ရမှာ မဟုတ်ဘူး... ရှောင်စစ်တောင် သိုင်းပြိုင်ပွဲ မှာ ညီလေးပဲ ဗိုလ်စွဲမယ် ဆိုတာ
အသေချာဆုံးပဲ "
ဟု ပြောလိုက်သည်။

မင်စုထန်းမှာ သူလေးစားသော ဆရာဖြစ်သူ နှင့် အကိုတော် က နှစ်သိမ့်နေသဖြင့် ဆက်လက်ပီး စိတ်ပျက်နေလို့ မဖြစ်ကြောင်း


သတိထားမိသည်။ သူက မျက်နှာကို ခပ်တည်တည်ပြင်လိုက်ကာ ဆရာတော် ရွှမ်းမု ကို ကန်တော့လိုက်ပီး
" စိတ်ချပါ ဆရာတော်ဘုရား... တပည့်တော် ရှောင်လင်ရဲ့ ဂုဏ်သိက္ခာ ကို အသက်နဲ့ရင်း ပီး ထိန်းသိမ်းပါမယ် "
ဟု ကတိပေးလိုကသ
် ည်။

ထိုကတိစကားကို ကြားရသော် ဆရာတော် ရွှမ်းမု ကော ရွှယ်ထန်းပါ ကျေနပ်အားရမိသည်။ မင်စုထန်း သည် မျိုးရိုး အရကော
စိတ်ဓာတ်အရပါ မာနကြီးသူ ဖြစ်သော်လဲ ရှောင်လင်ကို ချစ်စိတ်၊ ဆရာတွေအပေါ် လေးစားသောစိတ်မှာမူ သူမတူအောင်
ဆန်းကြယ်သည်။ မာနကြီးသူ ဖြစ်သည့်အလျောက် ကတိပေးပီးလျှင် အသက်သာအသေခံမည် ဖြစ်ပီး ကတိစကားကိုတော့
ချိုးဖောက်မည့်သူ မဟုတ်ချေ။ သိုင်းပြိုင်ပွဲ မှာလဲ တစ်လပင် မလိုတော့သော အခြေအနေ ဖြစ်ရာ မင်စုထန်းကော သူတို့ရှောင်လင်ပါ
အလုပ်များကြတော့မည် ဖြစ်သည်။ အဘယ့်ကြောင့်ဆိုသော် ရှောင်လင်မှာ သိုင်းပြိုင်ပွဲ ၏ အဓိက ကျင်းပသူ ဖြစ်သောကြောင့်
ပေတည်း။ အခုဆိုလျှင် ဂိုဏ်းချုပ်ကြီး ပုလုံပင် ရှောင်လင်ကို လာစောင့် နေလေပီ။

#မိုးထိတောင်သိုင်းသမား #ZYN
အခန်း (၁၅) အပိုင်းနှစ်
မုန်တိုင်းလား လေပြေလား
ပိုင်လုံ ...
အပြုံးမျက်နှာ သူဖုန်းစား ပိုင်လ.ုံ ..
အပြုံးမျက်နှာ ဟု အမည် နှင့်လိုက်အောင် ပိုင်လုံ မှာ မည်သည့်အချိန်မဆို အပြုံးမပျက်သူ ဖြစ်လေသည်။ သူ့အပြုံးမှာ မြင်ရသူအပေါင်း
စိတ်အေးစေသည်။ အဘယ့်ကြောင့် ဆိုသော် သူပိုင်နိုင်သော အစီအစဉ် ရှိမှသာ ပြုံးလေရာ အပြုံးကိုမြင်ရသူတ့မ
ှိုာ ဤကိစ္စကို ပိုင်လုံ
ဖြေရှင်းနိုင်မည် ဆိုတာ သေချာစေသည်။ ယခု မူ ပိုင်လုံမျက်နှာမှာ အပြုံးမမြင်ရ သည်မှာ နှစ်လခန့်ရှိပီ ဖြစ်သည်။ ပေကျင်းရှိ
ဌာနချုပ်ကို ပြန်ရောက်နေကတည်းက ပိုင်လုံမှာ မပြုံးနိုင် ဖြစ်နေသည်။ သူ့အနေဖြင့် မပြုံးနိုင်ရုံသာမက စိတ်ပါဆင်းရဲနေသည် ဟု
ပြောနိုင်သည်။ အကြောင်းကလဲ ရှိလေသည်။ ထိုအကြောင်းမှာ ရှောင်စစ်တောင် သိုင်းပြိုင်ပွဲ ကြောင့်လား ဟု ထင်လျှင်
မှားပေလိမ့်မည်။ ပိုင်လုမ
ှာံ သူ့ဆရာ ပုလုံကဲ့သို့ပင် သိုင်းလောက ပထမဆိုသော နာမည်ကို အလေးထားသူ မဟုတ်ပါ။ သူ့အနေဖြင့်
သိုင်းဝင်ပြိုင်ခြင်း မှာလဲ ရိုးရိုးပင် သူ့သိုင်းပညာအဆင့်ကို သိချင်ရုံသာ ဖြစ်သည်။ ထို့အပြင် ဆရာဖြစ်သူ၏ ဂုဏ်သိက္ခာ အရကြောင့်သာ
ဝင်ပြိုင်ခြင်း ဖြစ်သည်။ အနိုင်အရှုံး ကို ဖိအားများနေခြင်း မရှိချေ။ ထိုသို့ဆိုလျှင် အဘာ့်ကြောင့် မပြုံးနိုင် ဖြစ်နေရသနည်း။ အဖြေက
နှစ်ချက် ရှိသည်။ တစ်ချက်က သူ့အနေဖြင့် မုယစ
ုံအိမ်က ထွက်လာကတည်းက စိတ်ညစ်နေခြင်း ဖြစ်သည်။ ကိစ္စက တွမ့်ကျန်းယွမ် ၏
သေဆုံးခြင်း သို့်မဟုတ် ပျောက်ဆုံးခြင်း ကြောင့် ဖြစ်သည်။ သူ့အနေဖြင့် ထိုကိစ္စကို ဘဝင်မကျချေ။ စီးရှသို့်သွားကာ မေးမြန်း
ဖြေရှင်းလိုက်ချင် နေသည်။ သို့သော် နှစ်အချက် အရ သူ့နေဖြင့် ထိုကိစ္စကို မလုပ်နိုင်ပဲ ဖြစ်နေရသည်။ နှစ်အချက်က သူ့ကို
တိဗက်လားမားကြီး တစ်ပါးက သိုင်းပြိုင်ဖို့ ချိန်းထားခြင်းပင် ဖြစ်သည်။ ထိုလားမားကြီးမှာ သူ့ထက် အတွင်းအားသာသူ ဖြစ်သဖြင့်
သူ့အနေဖြင့် နှစ်လလုံးလုံး အပြင်းအထန် အတွင်းအားလေ့ကျင့်နေရသည်။ သို့သော် နိုင်ရန် ရာခိုင်နှုန်းကတော့ အလွန်နည်းသည်။
ပထမဆုံး အနေဖြင့် သူ့ဘဝတွင် စိတ်ဒုက္ခရောက်နေခြင်း ဖြစ်သည်။ သူ့ဆရာ ဖြစ်သူ ပုလုံကတော့ သူ့ကို လက်လွှဲချင် နေသူ ဖြစ်ရာ
ဝင်စွက်ဖက်ခြင်း မရှိတော့ချေ။ သိုင်းပြိုင်ပွဲ ကိုကျင်းပရန်သာ အာရုံထားနေပီး သိုင်းကျမ်းခိုးသူ အဖွဲ့အစည်းကိုသာ စုံစမ်းနေလေသည်။
ယခုလဲ ရှောင်လင်ကျောင်း ရှိရာသို့သွားကာ ထိုကိစ္စ ကို ဆရာတော် ရွှမ်းမု နှင့် တိုင်ပင်နေ လေသည်။ ပိုင်လုံ တစ်ယောက်သာ မပြုံးနိုင်
မရယ်နိုင်ပဲ သိုင်းလေ့ကျင့်နေရသည်။ သူ့အနေဖြင့် သိုင်းပြိုင်ပွဲ တွင် စီးမင်ကု့ေ
ိ ဝ တို့ သားအဖကို မြင်ပါက ရအောင် ဖြေရှင်း ပစ်မည် ဟု
တေးထားလေသည်။ သိုင်းပြိုင်ပွဲ ကလဲ တစ်လပင် မလိုတော့ချေ။

ဝူတန်း...
ဝူတန်းဂိုဏ်းချုပ် ကျန်းယွမ်...
ကျန်းယွမ်မှာ အသက်ခြောက်ဆယ် ကျော်ပီ ဖြစ်သည်။ သူက ရသေ့ဝတ်ဖြစ်ရာ အသက်ကြီးလေ မုတ်ဆိတ်ဖြူများက ခန့်ညားမှု
တိုးလေဖြစ်နေသည်။ အနှစ်နှစ်ဆယ် ဆိုသော အချိန်ကာလကို သူဘယ်လို ဖြတ်ကျော်ခသ
ဲ့ နည်း ဟု မေးလျှင် သူ့အနေဖြင့်
သိုင်းလေ့ကျင့်ခြင်း ဟုသာ အဖြေပေး ပေလိမ့်မည်။ ဟုတ်ပေသည်။ သူ့အနေဖြင့် ဂိုဏ်း၏ မူပိုင်သိုင်းပညာများကို
အဆင့်အတန်းမြင့်မားအောင် ပြန်လည်ကြိုးစား ကျင့်ယူခဲ့ရလေသည်။ ထိုက်ကျိဓား သိုင်းနှင့် ခုနှစ်စင်ကြယ် ဓားကွက်ကို ပြန်လည်
ကျင့်ယူနိုငရ
်ာ ယခု သိုင်းလောကတွင်တော့ ထိပ်သီးဂိုဏ်းကြီး အဖြစ်တင့်တယ်နေစေသည်။ သိုသော့် သူက ဂိုဏ်းတည်ရာ
ဝူတန်တောင်ပေါ်ရှိ ဝူတန်ကျောင်းတော်ကနေတော့ မခွာတော့ချေ။ ဂိုဏ်းကိစ္စများကို တပည့်ကြီး ဖြစ်သူ ကျန်းမော်ဖုန်း ကိုသာ
လွှဲအပ်ထားတော့သည်။

ဝူတန်း တပည့်ကြီး ကျန်းမော်ဖုန်း...


ကျန်းမော်ဖုန်း မှာ အသက်လေးဆယ်နီးပါး ရှိပီး ကျန်းယွမ်၏ တပည့်အကြီးဆုံး ဖြစ်သည်။ ဂိုဏ်းချုပ်ကျန်းယွမ် နှင့်အတူ
အကောင်းအဆိုးများကို ဖြတ်သန်းခဲ့သူ ဖြစ်ရာ အတွေ့အကြုံ ရင့်ကျက်သည်။ သူသည်လဲ ရသေ့ဝတ်သူ ဖြစ်ပီး လက်ရှိတွင်
ဂိုဏ်းချုပ်မဟုတ်သော ဂိုဏ်းချုပ် ဖြစ်လေသည်။ သိုသေ
့ာ် ထူးခြားသော အချက်ရှိလေသည်။ ထိုအချက်မှာ ကျန်းမော်ဖုန်း၏
သိုင်းပညာအဆင်က
ို့ သိရှိသူ မရှိချေ။ သူက အမြဲတစ်စေ ဂိုဏ်းတူညီများနှင့် သွားလာနေပီး သိုင်းပညာပြရသော ကိစ္စများတွင်
ညီဖြစ်သူများကိုသာ ပွဲထုတ်လေ့ရှိကာ သူကိုယ်တိုင်ကတော့ ဝင်မပါချေ။ ထို့အပြင် အတတ်နိုင်ဆုံး တိက
ုပွဲကို ရှောင်ရှားလေ့ရှိ သဖြင့်
သူသိုင်းပညာအသုံးပြုသည်ကို မမြင်ဖူးကြချေ။ လွန်ခဲ့သည့် ဆယ့်ငါးနှစ် အဖြူအနက် သိုင်းလောက တိုက်ပွဲတွင်ပင် ကျန်းမော်ဖုန်း မှာ
နောက်တန်းတွင် ဥာဏ်ရည် အသုံးပြုပီး တိုက်ခိုက်သူဖြစ် လေသည်။ ထိုေ့ကြာင့် ဝူတန်၏ သိုင်းပညာ ဂုဏ်ဆောင် နာမည်ကျော်
သိုင်းသမားမှာ ကျန်းမော်ဖုန်း မဟုတ်ပဲ ကျန်းစန်းယွမ် ဟု ခေါ်သော အသက်နှစ်ဆယ်ခန့် လူငယ်လေး ဖြစ်လေသည်။ ထိုက်ကျိဓား ဟု
အမည်တွင် သော ကျန်းစန်းယွမ် မှာ လူငယ် သလို စိတ်ဆတ်သည်။ ကျန်းမော်ဖုန်း နှင့်မတူ ရောက်လေရာတွင် ရန်ပွဲ ဖြစ်တတ်ရာ
သိုင်းလောကသား တို့က ထိုက်ကျိဓားထက် ရန်လိုဓား ဟု အမည်ပြောင်ခေါ်တွင်ခဲ့သည်။ သိုသော့် ကျန်းစန်းယွမ် ၏ သိုင်းပညာမှာ
အတော်ကို အဆင့်မြင့်ရာ ရန်ပွဲတိုင်းတွင် အနိုင်ရသည်က များသည်။ ထို့အပြင် သူက မနိုင်ဘူးဟု ထင်ရသူ သိုင်းသမားကြီးများကို
စော်ကား ရန်ဖြစ်လေ့မရှိချေ။ သူလို လူငယ်ပိုင်းများ ကိုသာ သိင
ုးပညာစမ်းသပ် သလို ရန်စခြင်းဖြစ်ရာ သိုင်းလောကသား တို့မှာ
အပြစ်ပြောရန် မလွယ်တော့ချေ။ ယခု မူ သူ့အနေဖြင့် ကျန်းမော်ဖုန်း ၏ ရှေ့တွင် တုပ်တုပ်မျှ မလုပ်နိုင်ပဲ ရှိနေသည်။
အဘယ့်ကြောင့်နည်း ။ ဒီနေ့ က ထုံဝူရေအိုင် ရှိ မုယုံစံအိမ် မှ ပြန်လာသော သုံးလမြောက်နေ့ ဖြစ်သလို သူအနေဖြင့် လေ့ကျင့်ခန်း ကို
စမ်းသပ်ရမည့်နေ့လဲ ဖြစ်လေသည်။ သူက စိတ်လှုပ်ရှား ကာ မလှုပ်နိုင် ဖြစ်နေသည်။ ခဏနေလျှင် ဂိုဏ်းချုပ်ကြီး ကျန်းယွမ်
ကိုယ်တိုင်ပင် သူသိုင်းကစား ပြသည်ကို လာကြည့်တော့ပေမည်။ ကျန်းမော်ဖုန်း က တိတ်တဆိတ်ပင် တည်တည်ငြိမ်ငြိမ်
စောင့်စားနေလေသည်။ ကျန်းစန်းယွမ် မှာ အကိုတော် ကျန်းမော်ဖုန်း နှင့် ဆရာဖြစ်သူ ကျန်းယွမ် တို့က သူ့အပေါ် အမြဲအလိုလိုက်
အလေးပေးသည်ကို သတိထားမိခဲ့သည်။ သူသည် မိဘမဲ့ ဖြစ်သော်လဲ ကျန်းယွမ် က ကျန်းမော်ဖုန်း နည်းတူ သူ့ကို ကျန်းမျိုးနွယ် ထဲ
သွတ်သွင်းပေးခဲ့သည်။ ကျန်းမော်ဖုန်း မှာ ကျန်းယွမ၏
် မွေးစားသား တပည့်ကြီး ဖြစ်ရာ ကျန်းယွမ်က အလေးပေးခြင်းမှာ မထူးဆန်းချေ။
သိုသော့် သူ့ကိုပါ စေတနာထားခြင်းကမူ ကျေးဇူးတင်သလို ထူးဆန်း နေရသည်။ ထို့အတူ ကျန်းမော်ဖုန်း သည်လဲ သူ့ကို တခြား
ဂိုဏ်းတူညီများထက် အလေးပေးသည်။ သူပြသနာရှာခဲ့သမျှ ကို ခွှင့်လွှတ်ကာ ဖုံးဖိပေးသည်ချည်း ဖြစ်သည်။ လွန်ခဲ့သော
သုံးလကျော်က ကိစ္စက လွဲ၍။ ကျန်းမော်ဖုန်း မှာ အစက သူ တွမ့်ကျန်းယွမ် နှင့် တိုက်ပီး ရှုံးနိမ့်ကြောင်းကို သူအသုံးမကျ ၍ ဟုသာ
ထင်ပီး ကျော်သွားပေမဲ့ မုယုံစံအိမ် မှာ တွမ့်ကျန်းယွမ် ၏ သိုင်းပညာကို မြင်ရသော် သူ့ကို ဂူပိတ်ကာ သိုင်းလေ့ကျင့် စေတော့သည်။
ဒီနေ့ကတော့ သူ ထိုက်ကျိဓားသိုင်းကို အသုံးပြုကာ ခုနှစ်စင်ကြယ် ဓားကွက်ကို ဖြိုခြွဲ ပရမည့်နေ့ ဖြစ်သည်။ ဝူတန်၏ ခုနှစ်စင်ကြယ်
ပူးပေါင်း ဓားကွက်မှာ ရှောင်လင်၏ လို့ဟန် ပူးပေါင်း တုတ်သိုင်း၊ သူဖုန်းစားဂိုဏ်း၏ ခွေးရိုက်တုတ် ပူးပေါင်း တုတ်သိုင်းကဲ့သို့
ဆန်းကြယ်သော ပူးပေါင်း တိုက်ရသည့် ပညာဖြစ်သည်။ ထိုသိုင်းကွက်များ မှာ နာမည်ကျော် သလောက် အစွမ်းထက်ကြသည်။
ယခုတိုင် ဖြိုခွဲနိုင်သူ မရှိသလောက်ရှားပါးသည်။ ယခု ဆယ့်ငါးနှစ်နောက်ပိုင်း တွင်မူ ဖြိုခွဲနိုင်သူ ပင် မရှိသေးချေ။ ရှောင်လင်လို့ဟန်
တုတ်သိုင်း မှာ အယောက် တစ်ရာ့ရှစ်ပါး ပါအောင် ကစားရသော ပူးပေါင်းသိုင်း ဖြစ်သည့်အလျှောက် ရှုပ်ထွေးပီး သိုင်းကွက် ခင်းရန်
မလွယ်ကူချေ။ ရှောင်လင်ကျောင်း ကို လာရောက်တိုက်ခိုက်သူကို တားဆီးရန် ဖန်တီးထားသဖြင့် ထိုတုတ်သိုင်းကို မြင်ဖူးသူ
မရှိသေးချေ။ ထုတ်ဖော်ခြင်းမရှိသေး ဟုသာ ပြောရပေမည်။ ထို့အတူ သူဖုန်းစားဂိုဏ်း၏ ခွေးဆိုးမောင်းထုတ် ဟူသော ပူပေါင်း
တုတ်သိုင်းမှာလဲ အယောက် ဆယ်ချီမှ ရာချီ ပူးပေါင်းကစား ရသည်ဖြစ်ရာ အဖြူအနက် တိုက်ပွဲတွင် တစ်ခါသာ အသုံးပြုဖူးပီး
အနိုင်ရဖောက်ထွက်နိုင်သူ မရှိသေးချေ။ သိုသော့် ဝူတန်၏ ခုနှစ်စင်ကြယ် ဓားကွက် မှာမူ ထူးခြားသည်။ ပါဝင်သူ ခုနစ်ယောက် သာ
လိုအပ်ရာ ကျန်းမော်ဖုန်း က တိုက်ပွဲတိုင်း လိုလို တွင် သုံးစွဲပြပီး ပါဝင်သူ ခုနှစ်ယောက်၏ မူရင်း သိုင်းပညာအဆင့် ပေါ် မူတည်ကာ
အစွမ်းကလဲ ကွဲပြားသည်။ သာမာန် ဝူတန်တပည့်များ၏ ခုနှစ်စင်ကြယ် ဓားကွက်ကို ထိုးဖောက်နိုင်သူ ရှိသော်လဲ ကျန်းမော်ဖန်း၏
အောက်က ညီတော် ခုနှစ်ယောက်၏ ဓားကွက်ကိုတော့ ထိုးဖော်နိုင်သူ မပေါ်သေးပါ။ ထိုခုနှစ်ယောက် မှာ ခုနှစ်စင်ကြယ် ဓားသမားများ
ဟု တင်စားခေါ်ဝေါ် ရသည်အထိ သိုင်းပညာတော်ကြလေသည်။ ဒီနေ့တော့ ကျန်းစန်းယွမ် က စမ်းသပ်ရပေတော့မည်။

" ဂိုဏ်းချုပ်ကြီး ကြွလာပီ "


ဟူ သော အသံကြောင့် ကျန်းစန်းယွမ် သာမက ကျန်းမော်ဖုန်းပင် ခေါင်းထောင် သွားသည်။ တောင်ထိပ်ရှိ ကျောင်းဆောင်
ငယ်လေးထဲမှာ အဖြူရောင်ဝတ်ဆင် ထားသော ရသေ့ကြီး တစ်ပါး က သိမ်မွေ့စွာ ဆင်းလာသည်ကို မြင်ကြရသည်။ သူတို့က
သိုင်းလေ့ကျင့်ရာ မြေကွက်လပ်ကျယ်ကြီး တွင် ရပ်နေကြရာ ရသေ့ကြီးက လှေကားများကို အသုံးပြုပီး ခပ်မြန်မြန် ဆင်းလာသည်ကို
တွေ့ကြရသည်။ ကျန်းစန်းယွမ် မှာ ဂိုဏ်းချုပ်ကြီး ကျန်းယွမ် ကို တွေ့လိုက်ရသဖြင့် ပိုမို စိတ်လှုပ်ရှားကာ ဆတ် ခနဲပင် လှုပသ
်ွားမိသည်။
မှန်ပေသည်။ ဂိုဏ်းချုပ်ကြီး ကျန်းယွမ် မှာ တောင်ထိပ်ရှိ ကျောင်းဆောင်ငယ် ထဲမှ မဆင်းလာသည် မှာ ငါးနှစ်ခန့်ပင် ရှိတော့မည်။
ဒီနေ့တော့ ဆင်းလာပေးသည် မဟုတ်ပါလား။ ကျန်းယွမ်က မြေကွက်လပ် နှင့် လှေကားထစ်နားတွင် ချထားသော ထိုင်ခုံမြင့်ကြီး
ပေါ်တွင် ထိုင်ချလိုက်သည်။ သူက မတ်တပ်ရပ်ကာ ခေါင်းငုံ့ဂါရဝပြု နေသော ကျန်းစန်းယွမ် ကို ဂုဏ်ယူသော အပြုံးဖြင့်
ကြည့်လိုက်သည်။ ပီးမှ ဘေးတွင် ရပ်နေသော ကျန်းမော်ဖုန်း ကို စရန် အချက်ပြလိုက်လေသည်။ ကျန်းမော်ဖုန်းက ခုနစ်စင်ကြယ်
ဓားသမားများကို မျက်ရိပြ် ပ လိုက်ရာ ခုနှစ်ယောက် စလုံးက ကျန်းယွမ် နှင့် ကျန်းမော်ဖုန်း တို့ရှိရာကို ဂါရဝပြု လိုက်ပီး ကျန်းစန်းယွမ် ကို
ဝိုင်းထားလိုက်သည်။ သူတို့က ဝိုင်းထားသည်ဟု ဆိုရသော်လဲ စက်ဝိုင်းလို အပိတ် ဝိုင်းထားခြင်း မဟုတ်ချေ။ ခုနစ်စင်ကြယ် ပုံစံအတိုင်း
ခပ်စောင်းစောင်း ဝိုင်းထားခြင်းဖြစ်သည်။ ကျန်းစန်းယွမ် က သူ့ကို ဝိုင်းထားသော အကွက်ကို ကြည့်ကာ သက်ပြင်းချလိုက်မိ သည်။
သူက ထိုဓားကို ဖြိုခွဲရန် သုံးလလောက် ဂူပိတ်ပီး သိုင်းကျင့်ခဲ့သော်လဲ တကယ်တမ်း ဖြိုခွဲနိုင်မည်ဟု ယုံကြည်ချက် မရှိချေ။

#မိုးထိတောင်သိုင်းသမား #ZYN
အခန်း (၁၅) အပိုင်း သုံး
မုန်တိုင်းလား လေပြေလား

ကျန်းစန်းယွမ် က စိတ်ကို တည်ငြိမ်အောင် ထားပီး အသက်ကို ရှုသွင်းလိုကသ


် ည်။ ထို့နောက်
" ယား " ဟု အော်ကာ သူ့အနီးတွင် ရှိသော အမှတ်တစ်ကို ထိုက်ကျိဓားသိုင်း မှ ဓားကွက်များဖြင့် စတင်တိုက်ခိုက် လိုက်သည်။
အမှတ်တစ်မှာ စင်စစ် ကျန်းစန်းယွမ် နီးပါးပင် အတွင်းအားကောင်း သူဖြစ်ရာ ဓားကို ဓားချင်းပင် ရင်ဆိုင်လိုက်သည်။
" ထန် " ဟူသော ဓားချင်းထိသံ ထွက်ပေါ်လာပီး အမှတ်တစ်က အနည်းငယ် ယိုင်သွားလေသည်။ ကျန်းစန်းယွမ် ကတော့ လက်က
ထုံကျင်ရုံသာ ဖြစ်သွားပီး သူက ယိုင်သွားသော အမှတ်တစ်ကို ဓားဖြင့် ပက်လိုက်သည်။ အမှတ်တစ်မှာ ယိုင်သွားသဖြင့် မရှောင်နိုင်ပါ။
သို့သော် အနောက်မှ အမြှီး နေရာတွင် ရှိသော အမှတ်ခုနစ် က ရုတ်တရက် ထွက်လာပီး ထိုးခံလိုက်သည်။ ထိုနည်းတူစွာဖြင့်
အမှတ်ခြောက်၊ ငါး၊ လေး မှသည် အမှတ်နှစ် ထိတိုင်အောင် တစ်ယောက် တစ်ကွက်စီ ကျန်းစန်းယွမ် အား အစဉ်အတိုင်း တိုက်ခိုက်
ကြသည်။ ကျန်းစန်းယွမ် မှာတော့ ရေပက်မဝင်အောင် ခုခံကွက်များ ကိုနောက်ဆုတ်ရင်း ထုတ်လိုက်ရတော့ သည်။ သို့သော်
အမှတ်တစ်မှာ မည်သည့်အချိန်က သူအနောက်ရောက်နေ မှန်းမသိ အနောက်မှ ညာ သံပေးပီး တိုက်ခိုက်လာပြန်သည်။ ထို့ကြောင့်
အနောက်ကို လှည့်ကာ ဓားဖြင့် ကာလိုက်ရသည်။ ထို့နည်းတူစွာ ကျန်းစန်းယွမ်ကို တစ်ယောက် တစ်ကွက်စီ အကွက်ကျကျ
တိုက်ခိုက်နေရာ ကျန်းစန်းယွမ် မှာ အကွက် ငါးဆယ်ကျော် တိုက်စစ်ပင်မဆင်နိုင်တော့ပဲ ထိုက်ကျိဓားသိုင်း၏ နာမည်ကျော်
အားလွှဲအားပြောင်း ပုံစံဖြင့် ခုခံနေရတော့သည်။ ထိုအဖြစ်ကို ကျန်းမော်ဖုန်း က မြင်သော် ဘာမှမပြောပဲ ခေါင်းယမ်းမိသည်။ ကျန်းယွမ်
ကတော့ ပြုံးကာ ကျန်းမော်ဖုန်း ဘက်သို့ လှည့်ပီး
" တပည့်ကြီး... မင်းအနေနဲ့ဆိုရင်ကော ခုနစ်စင်ကြယ် တွေရဲ့ တိုက်ကွက်ကို ဘယ်နှစ်ကွက်လောက်ထိ ခုခံပီး ထိုးဖောက်နိုင် မလဲ "
ဟု မေးလိုက်သည်။

ကျန်းမော်ဖုန်း က တစ်ချက်တွေဝေ သွားကာ


" လက်ရှိ အခြေအနေအရတော့ အကွက်နှစ်ရာကျော် ခုခံပီး ခုနှစ်စင်ကြယ်တွေကို မောပန်းအောင် လုပ်နိုင်မှ ရမယ် ဂိဏ
ုးချုပ်ကြီး...
အကွက်အနေနဲ့ကတော့ ထိုးဖောက်ဖို့ မဖြစ်နိုင်သလောက်ပ.ဲ .. သူတို့ခုနစ်ယောက်က လက်တွဲလာတာ ကြာပီ ဖြစ်လို့ တစ်ယောက်စိတ်
တစ်ယောက် နားလည်နေကြပီ ဖြိုခွင်းဖို့ မဖြစ်နိုင်တော့ဘူး"
ဟု ပြောလိုက်သည်။

ကျန်းယွမ်က ခေါင်းယမ်းကာ
" မဖြိုခွင်းနိုင်တဲ့ ဓားကွက်ဆိုတာ မရှိဘူးကွ... တစ်တောင်ထက် မြင့်တဲ့ တောင် ဆိုတာ ရှိစမြဲပ.ဲ .. ခုနစ်စင်ကြယ် တွေရဲ့
ပူးပေါင်းဓားကွက် ဟာ ဘယ်လောက် ကောင်းနေပါစေ အတွင်းအားမှာ သူတို့ ခုနစ်ယောက်ပေါင်းထက် သာတဲ့သူနဲ့ ရင်ဆိုင်ရမယ်ဆို
အခက်တွေ့မှာပဲ ထိုသူက အတွင်းအားအပေါ် အခြေခံတဲ့ ဓားသိုင်းကို အသုံးပြုမယ် ဆိုရင် အရှုံးပါ တွေ့မယ် "
ဟု ပြောလိုက်သည်။

ကျန်းမော်ဖုန်း လဲ အခုမပ
ှ င် နားလည်သွားပီး
" သူတို့ရဲ့ ဓားကွက်ကို အတွင်းအားသုံးပီး မွှေနှောက်ရိုက်ထုတ် ပစ်ရင် အကွက်ပျက်သွားနိုင်တယ် ဆိုတဲ့ သဘောလား ဂိုဏ်းချုပ်ကြီး "
ဟု မေးလိုက်သည်။

ကျန်းယွမ် က ခေါင်းငြိမ့်ကာ
" အမှန်ပဲ... ပူးပေါင်းဓားကွက် တစ်ခုကို ဖြိုခွဲ ဖို့ဆိုတာ ပါဝင်သူတွေကို ဖရိုဖရဲ ဖြစ်အောင် ရိုက်ထုတ်ပစ်တဲ့ နည်းက အရိုးရှင်းဆုံးပဲ...
ဒါကို ကာကွယ်ဖို့ ခုနှစ်စင်ကြယ် ဓားကွက် မှာ တစ်ယောက်ကို ကျန်ခြောက်ယောက်က အတွင်းအားပူးပေါင်းပီး ဖြိုခွင်းသူကို ဖိနပ
ှိဖို့
တီထွငထ
်ားတာ... အကယ်၍ ဖြိုခွင်းသူက သူတို့ ခုနစ
ှ်ယောက်ပေါင်းထက် အတွင်းအားသာလွန် နေရင်တော့ အလွန်ဆုံး
ငါးကွက်တောင် ခံမှာမဟုတဘ
်ူး "
ဟု ဖြေလိုက်သည်။

ကျန်းမော်ဖုန်း က ပြုံးကာ
" သိုင်းလောကမှာ ခုနှစ်စင်ကြယ် ခုနှစ်ယောက်ပေါင်းထက် အတွင်းအား နက်ရှိုင်းတဲ့သူကော ရှိရဲ့လား ဆရာရယ်...
မလေးမစားပြောတာတော့ မဟုတ်ဘူး လက်ရှိ သိုင်းလောက ပထမ ဆရာကြီး ပုလုံ တောင် အဲ့အဆင့်ထိ နက်ရှိုင်းမယ် မထင်ဘူး"
ဟု ပြောလိုက်သည်။

ကျန်းယွမ်းကာ ခေါင်းငြိမ့် ထောက်ခံလိုက်ပီး


" ဒါတော့ ဒါပေါ့ကွာ... အခုထိ မရှိသေးလို့ လဲ ခုနှစ်စင်ကြယ် ဓားကွက်က အဲ့လို ရုပ်ပျက်ဆင်းပျက် မဖြိုခွင်းခံရသေးတာပေါ့ "
ဟု ပြောလိုက်သည်။

သူတို့ နှစ်ယောက် စကားကောင်းနေစဉ် မှာပင် ကျန်းစန်းယွမ်မှာ အသေအလဲ ခုခံနေရသည်မှာ အကွက်တစ်ရာပင် ကျော်လေပီ။ သူက
အမှတ်တစ်နှင့် ပင် အတွင်းအားသိပ်မကွာရာ ခုနှစ်စင်ကြယ် တို့၏ ဓားကွက်ကို အတွင်းအားဖြင့် မယှဉ်နိုင်ချေ။ အားလွှဲသည့်
သဘာဝရှိသည့် ထိုက်ကျိဓားသိုင်း ကြောင့်သာ ဤမျှ အထိ ခုခံနိုင်ခြင်း ဖြစ်သည်။ ထိုက်ကျိဓားသိုင်း မှ အတွင်းအားများကို
လမ်းလွှဲပေးသည့် အတွက် ခုခံနိုင်ခြင်းပင်။ ထို့အပြင် ခုနှစ်စင်ကြယ် များမှာ ဖြိုခွင်းသူက ညီငယ် လဲဖြစ် လေ့ကျင့်ခြင်းလဲ ဖြစ်သဖြင့်
အတော်အတန် အလျှော့ပေးနေကြသည်။ တိုက်ပွဲဝင်သည့် ပုံစံမျိုး မဟုတ်ပဲ ထိန်းချုပ်ကာ တိုက်နေကြသည်။

သူတို့ တိုက်ခုက
ိနေကြသော မြေကွက်လပ်မှာ ဝူတန်းကျောင်းတော်ကြီး၏ ဝတ်ပြုဆောင် အရှေ့တွင် ဖြစ်ပီး မြေကွက်လပ် အောက်တွင်
တောင်အောက် ဆင်းရာ လှေကားထစ်ကြီးများ ရှိလေသည်။ ဘေးနှစ်ဘက်တွင်တော့ အဆောက်အအုံ ဟူ၍ မရှိပဲ ချောက်ကမ်းပါး သာ
ရှိနေသည်။ မြေကွက်လပ်မှာ အတော်အတန် ကြီးမားပီး ကျယ်ဝန်းသည်။ ဝူတန်းဂိုဏ်းသားများ အားလုံးလိုလို လာရောက် ရပ်ကြည့်နေ
သည့်တိုင် ကျယ်ကျယ်ဝန်းဝန်း ရှိနေသည်။ ဝူတန်းဂိုဏ်းသားများမှာ သူတို့ဂိုဏ်း၏ အဆင့်အမြင့်ဆုံး သော ခုနှစ်စင်ကြယ်
ဓားသမားများကို ကျန်းစန်းယွမ် က ခုခံနိုင်သဖြင့် အြံ့ သနေကြသည်။ ကျန်းစန်းယွမ်ကိုလဲ ငယ်ငယ်ရွယ်ရွယ် ဖြင့် ဤမျှ
သိုင်းတော်ရသလား ဟု ချီးကျူးနေကြသည်။ ထိုအထဲတွင် အရပ်ခပ်ရှည်ရှည် ရှိသော ဂိတ်စောင့် ဝတ်စုံ ဝတ်ဆင်ထားသူတော့
မပါပါချေ။ သူ၏ မျက်လုံးအစုံက သိုင်းကွက်များကို စူးစိုက်ကာ ကြည့်နေပီး နှုတ်ခမ်းကို ခပ်တင်းတင်းစေ့ ထားပုံအရ အားမလိုအားမရ
ဖြစ်နေဟန် တူသည်။ ထိုသူက အရပ်ရှည်သော်လဲ လူအုပ်ကြားတွင် ရပ်နေရာ ပေါ်လွင် ထင်ရှားခြင်း မရှိချေ။ ထိုလူက ခဏမျှ
ထပ်ရပ်နေပီးသော် အနောက်သို့ တဖြည်းဖြည်းဆုတ်ကာ အဆောက်အအုံ များကြားထဲသို့ ဝင်ရောက်ပျောက်ကွယ် သွားသည်။

ဂိုဏ်းချုပ်ကြီး ကျန်းယွမ် မှာ ကျန်းစန်းယွမ် မခုခံနိုင်တော့သည်ကို တွေ့သော် ရပ်တန့်ခိုင်း ဟန်ပြင်လိုက်ပီးမှ အတွေးပြောင်းကာ


ဒီအတိုင်းရပ်ကြည့်နေလိုက်သည်။ ထိုအဖြစ်ကို ကျန်းမော်ဖုန်းက မြင်သော် ကျေနပ်စွာ ပြုံးလိုက်သည်။ ကျန်းစန်းယွမ် မှာ
အကွက်နှစ်ရာပြည့်ခါနီးတွင် ဆက်မတိုက် နိုင်တော့ပဲ အမိခံလိုက် ရတော့သည်။ ဓားခုနှစ်လက်က သူ့၏ သေကွင်းသေကွက် များကို
ချိန်ရွယ်မိနေသည် မဟုတ်ပါလား။ သူက အရမ်းမောပန်းနေကာ အသက်ကိုပင် မနည်းရှုသွင်းနေရသည်။ အတွင်းအားချင်း မမျှမှုကြောင့်
ရှုံးနိမ့်ရသည်ကို မခံနိုင်ဖြစ်နေသည်။ အကယ်၍ သူသာ လုံလောက်သော အတွင်းအားရှိလျှင် သူ့ဓားသိုင်းမှာ ထိုဓားကွက်ကို ကောင်းစွာ
ခုခံနိုင်မှာ သေချာနေသည်။ ဤကဲ့သို့ ရုပ်ပျက်ဆင်းပျက် တော့ မရှုံးနိုင်ချေ။ ဂိုဏ်းချုပ်ကြီး ကျန်းယွမ် သင်ပေးသော ထိုက်ကျိ
အတွင်းအားကို အချိန်မှန်မှန် မလေ့ကျင့်ဖြစ်ခဲ့ခြင်းကိုသာ နောင်တရမိနေ သည်။ သို့သော် နောင်တဆိုသည်မှာ နောင်မှ တရသည်
ဆိုသည့်အတိုင်း အခုအချိန်မှာ တော့ အရှုံးသမား အဖြစ်သာ နေတော့မည်။ သူက စိတ်အားငယ်သော မျက်နှာဖြင့် ဆရာဖြစ်သူ
ဂိုဏ်းချုပ်ကြီး ကျန်းယွမ် ကို ကြည့်လိုက်မိသည်။

ကျန်းယွမ်က စိတ်ပျက်လက်ပျက် ဖြစ်နေသလို ကျန်းမော်ဖုန်းက တော့ တည်ငြိမ်နေလေသည်။ အတန်ကြာမှ ဂိုဏ်းချုပ်ကြီး ကျန်းယွမ်


က သက်ပြင်းချကာ
" စန်းယွမ်... မင်းအရင်နှစ်တွေထက်စာရင် တော့ တိုးတက်လာသားပဲ... မင်းအနေနဲ့ ထိုက်ကျိဓားသိုင်းကို ဒီထက်ပိုပီး လေ့ကျင့်ဖို့
လိုဦးမယ်... ဒီအတိုင်းဆိုရင်တော့ ရှောင်စစ်တောင် သိုင်းပြိုင်ပွဲမှာ ဝူတန် ကိုယ်စားပြု ပြိုင်ရမဲ့သူက မင်းမဖြစ်နိုင် တော့ဘူး...
မင်းအကိုတော် ကျန်းမော်ဖုန်း ပဲ ဝင်ပြိုင်ရတော့မယ် "
ဟု ပြောလိုက်လေသည်။

ကျန်းမော်ဖုန်း မှာ သူ့ကို ဝင်ပြိုင်ခိုင်းမည် ဟု ကြားသော် အံ့သြကာ တုန်လှုပ်သွားမိသည်။ သူက ထိုသိုင်းပြိုင်ပွဲတွင် ဝင်မပြိုင်ချင်ပေ။
ထို့ကြာင့် အလျင်အမြန်ပင်
" ဆရာ... ကျနော် မပြိုင်ပါရစေနဲ့... ညီလေးကိုပဲ ပြိုင်ခိုင်းလိုက်ပါ... သူ့လက်ရှိ အရည်အချင်းနဲ့ ပထမ မဖြစ်နိုင်လဲ တစ်ဆယ်
အတွင်းဝင်မှာပါ... ကျနော်က သိုင်းမလေ့ကျင့် ဖြစ်တာ ကြာပီမို့ ချက်ချင်းကြီး ပြိုင်ဖို မလွယ်ဘူး ဆရာ... "
ဟု ပြောလိုက်သည်။

စိတ်ပျက်သွားသော ကျန်းစန်းယွမ် မှာ ကျန်းမော်ဖုန်း ၏ အငြင်းစကားကို ကြားမှသာ ပျော်ရွှင်သွားသည်။ အကိုကြီးက ငါ့ကို


တကယ်ချစ်တာပဲ ဟု တွေးမိလေ သည်။ ဟုတ်ပေသည်။ ကျန်းမော်ဖုန်း မှာ သူ့ကို အမှန်တကယ်ပင် အလိုလိုက်သည်။ သိုင်းမကျင့်ပဲ
လစ်ပြေးသော်လဲ အပြစ်မယူ တောင်အောက်ဆင်း ရန်ဖြစ်သော်လဲ အပြစ်ယူချေ။ ထို့အပြင် ဆရာဖြစ်သူ မသိအောင်ပင်
ဖုံးဖိထားပေးသည်။ အခုလဲ သူပြိုင်ချင်နေသည်ကို ရအောင် ပြောပေးနေသည်လေ။ ဂိုဏ်းချုပ်ကြီး ကျန်းယွမ် မှာ ကျန်းမော်ဖုန်း ၏
စကားကို ကြားသော် လက်ခံဟန်ဖြင့်
" ကဲကွာ... ဒါဆိုလဲ ပြိုင်ကြည့်ပေါ့... ပေါ့ပေါ့တန်တန် သဘောထားမယ်တော့ မကြံနဲ့ တစ်လနီးပါး လိုသေးပေမဲ့ အခုထဲက
ပြင်ဆင်ကြပေတော့ "
ဟု ပြောကာ တောင်ထိပ်ရှိ ကျောင်းဆောင် ပေါ်တက်ရန် ထရပ်လိုက်လေသည်။ ကျန်သူများကလဲ ပြန်ကြရန် အကုန် အနေအထား
ပြင်လိုက်ကြသည်။

ထိုစဉ် အရိပ်တစ်ခုက အဆောက်အအုံများ ကြားမှ ပျံထွက်လာကာ မြေကွက်လပ် အလယ်တွင် ရပ်နေလေသည်။ ထိုအရိပ် မှာ
လူတစ်ယောက် ဖြစ်ပီး တိတက
ျိကျ ဆိုရလျှင် အရပ်ခပ်ရှည်ရှည် ပိန်ပိန်ပါးပါး ရှိသော ယောက်ျားတစ်ယောက် ဖြစ်သည်။ ထိုသူက
မျက်နှာတွင် အမည်းရောင် အဝတ်စ စည်းထားကာ ခေါင်းတွင်လဲ အမည်းရောင် ခမောက်တစ်ခုကို ဆံပင်တွင်စွပ်ကာ
ဆောင်းထားသည်။ ထို့အပြင် ဝတ်စား ဆင်ယင် ထားပုံ မှာလဲ ထူးခြားသည်။ အမည်းရောင် ဝတ်ရုံရည်ကြီးကို ခန့်ခန့်ညားညား ရုံထားပီး
အောက်တွင်တော့ အမည်းရောင် ကိုယ်ကျပ်ဝတ်စုံကို ဝတ်ဆင်ထားသည်။ တစ်ကိုယ်လုံး နက်မှောင် နေရာ အဖြူသာ ဝတ်ဆင်သော
ဝူတန်ဂိုဏ်းသားများ အလယ်တွင် ပေါ်လွင်နေပေသည်။ ထို့အပြင် အမည်းရောင် ဝတ်ရုံရှည်ကြီးမှာ ထူးခြားသော ကနုတ်ပန်းများကို
ရွှေရောင်ဖြင့် ပုံဖော် ထားရာ ထိုသူမှာ အတော်ကို ထူးခြားနေလေသည်။
ဂိုဏ်းချုပ်ကြီး ကျန်းယွမ် မှာ ထိုသူ ခုန်ပျံဝင်လာ ကတည်းက မျက်နှာထား တည်နေပီး အသင့်အနေအထား ရှိနေသည်။ ကျန်းမော်ဖုန်း
က ထိုဝတ်ရုံရည
ှ်ကို မြင်သော် အံ့သြရိပ်များ ပေါ်လာလေသည်။ ထို့အဖြစ်ကို တခြားသူများက မရိပ်မိသော်လဲ ကျန်းမော်ဖုန်း ကိုသာ
ကြည့်နေသော် ဝတ်စုံ အမည်းနှင့်သူက တွေ့သွားလေသည်။ ကျန်းစန်းယွမ် နှင့် ကျန်ဂိုဏ်းသားများ မှာတော့ အံ့သြတကြီး
ကြည့်နေကြသည်။ ခဏမျှ ကြောင်နေပီးသော် ရန်အဖြစ်သန်သူ ကျန်းစန်းယွမ် က ဒေါသထွက်ဟန်ဖြင့်

" ခင်များက ဘယ်သူလ.ဲ .. ဘာကိစ္စနဲ့ ဝူတန်ကျောင်းတော်ပေါ်ကို မလေးမစား ခွင့်မတောင်းပဲ တက်လာတာလဲ "


ဟု ခပ်မာမာမေးလိုက်သည်။

ဝတ်စုံမည်းနှင့်လူ က အခုမှ ကျန်းစန်းယွမ် ကို သတိထားမိဟန်ဖြင့် လှည့်ကြည့်ပီး


" မင်းအနိုင်မယူနိုင်တဲ့... ခုနစ
ှ်စင်ကြယ် ဓားကွက်ကို လေ့လာမလို့ တက်လာတာ... ဘာဖြစ်လဲ "
ဟု အေးစက်စက်ဖြေလိုက်သည်။

ကျန်းစန်းယွမ် က ဒေါသထွက်သွားပီး ဓားဆွဲထုတ်ကာ ခုတ်ချလိုက်သည်။ ထိုသူက အသာအယာ ရှောင်တိမ်းပီး ရယ်ပင်


ရယ်လိုက်သည်။ ထိုသူ၏ ပုံစံမှာ ကျန်းစန်းယွမ် ၏ ဓားကွက်အားလုံးကို ဘယ်လိုရှောင်တိမ်းရမှန်း သိနေပုံရသည်။ ထိုသူ၏
ခြေလှမ်းကွက်များမှာလဲ ရှုပ်ထွေးပီး လျင်မြန်လှကာ ကျန်းစန်းယွမ် မှာ ဒေါသတကြီး ဖြင့် ခုတ်ပိုင်းနေသော်လဲ အရာမရောက်ချေ။
ထိုသူက လျင်လျင်မြန်မြန်ပင် ရှောင်တိမ်းနေပီး ရယ်နေလေသည်။ ထို့နောက် အရယ်ရပ်ကာ

" ထိုက်ကျိဓားသိုင်း ဆိုတာ ဒီလို ဒေါသတကြီး ခုတ်ပင


ိုးဖို့မဟုတ်ဘူး... ရန်သူရဲ့ ဓားကွက်ကို ခုခံပီး အမှားရှာ တိုက်ရတဲ့ သိမ်မွေ့တဲ့
အပျော့စား ဓါးပညာပဲ... မင်းဒီလို ခုတ်ပိုင်းချင်နေရင် ခွန်လွန်ဂိုဏ်းရဲ့ အမာစားဓားပညာ သွားသင်ပါလား "
ဟု ခနဲ့ လိုက်သည်။

ထိုအချက်မှာ ကျန်းစန်းယွမ် ကိုသာမက ဂိုဏ်းချုပ်ဖြစ်သူ ကျန်းယွမ်ကိုပါ ထိခိုက်သွားသည်။ ကျန်းယွမ်က ကျန်းစန်းယွမ်ကို


ကျန်းမော်ဖုန်း လက်အပ်ထားရာ အခုမှပင် ကျန်းစန်းယွမ် တစ်ယောက် အလိုလိုက်ခံရပီး ထိုက်ကျိဓားသိုင်း ကို သေချာ နားလည်ခြင်း
မရှိကြောင်း သိလိုက်ရသည်။ သူက ခုနှစ်စင်ကြယ်များကို အောက်စည်းမှ တိုက်ခိုက်ရခြင်းမှာ အတွင်းအား ကွာခြားချက်ကြောင့် ဟုသာ
ထင်နေခဲ့သည်။ ထို့ကြောင့် ဝတ်စုံမည်းနှင့်လူ ၏ စကားကို ကြားသော် အံ့သြကာ ကျန်းမော်ဖုန်း ကို စိုက်ကြည့်လိုက်သည်။
ကျန်းမော်ဖုန်းက ခေါင်းငုံ့လိုက်ပီး ကျန်းယွမ်၏ အကြည့်ကို ရှောင်လိုက်သည်။

ဝတ်စုံမည်းနှင့်လူ က ရှောင်ရတာ ပျင်းလာဟန်ဖြင့် လက်သီးတစ်ချက် ထုတ်ကာ ထိုးလိုက်လေသည်။ ဒေါသတကြီး ခုတ်ပိုင်း နေသော


ကျန်းစန်းယွမ် မှာ လျင်မြန်သော လက်သီးချက်ကို မရှောင်နိုင်ချေ။ ရင်ဘတ် ကို အထိခံလိုက်ရလေသည်။ သို့သော် ထိုလက်သီးချက်မှာ
အတွင်းအားမပါသဖြင့် ကျန်းစန်းယွမ်မှာ အနောက်သို့ ယိုင်သွားရုံ ရင်ဘတ်က အညိုအမဲ စွဲရုံသာ ဖြစ်သွားပီး အတွင်းဒဏ်ရာ
တော့မရချေ။ ထိုလက်သီးချက်ကို မြင်ပီး အံ့သြသွားသူမှာ နှစ်ယောက် ရှိသည်။ ထိုသူများက ကျန်းယွမ် နှင့် ကျန်းမော်ဖုန်း ။
ကျန်းယွမ်က အခုမှပင် လက်သီးကွက်ကို မှတ်မိဟန်ဖြင့် မျက်မှောင်ကြုတ်ကာ

" လူလေးက... စီးမင်မျိုးနွယ်လား... ထိုက်ကျိသိုင်း အစစ်ကို လေ့လာချင်တယ် ဆိုရင် ကျန်းစန်းယွမ် နဲ့ မတိုက်ပါနဲ့ ကျန်းမော်ဖုန်း
ရှိနေသားပဲ "
ဟု ပြောလိုက်သည်။

ထိုစကားမှာ ထူးဆန်းနေရာ ဝတ်စုံမည်းနှင့်လူ က ရယ်လိုက်ပီး


" ဘယ်လို ဂိုဏ်းချုပ်ကြီးက သူ့တပည့်ရဲ့ သိုင်းပညာကို အသေအလဲ သိချင်နေရတာလဲ... ပီးတော့ အဲ့ဒီ့ တပည့်ကလဲ သူ့ရဲ့
အားအထားရဆုံး တပည့်ကြီး ဖြစ်နေတယ်... ဟားဟား... ရပါတယ် ကျုပ်က လူမရွေးပါဘူး..."
ဟု ပြောလိုက်သည်။

သို့သော် ထိုသူက စီးမင်မျိုးရိုး ဖြစ်ကြောင်းကိုမူ မငြင်းသလို ဝန်လဲ မခံချေ။

ကျန်းမော်ဖုန်း မှာ ထိုသူ၏ စကားကြောင့် ဂိုဏ်းချုပ်ကြီး ကျန်းယွမ် က သူ့အပေါ် အမြင်များ တစ်မဟုတ်ချင်း ပြောင်းလဲသွား သည်ကို
ခံစားမိသဖြင့် လန့်ကာ အနောက်ပင် ဆုတ်မိသည်။ ကျန်းယွမ် ကတော့ ကျန်းမော်ဖုန်းကို ဝေခွဲမရနိုင်သော အကြည့်ဖြင့် ကြည့်ကာ
" မင်း အနေနဲ့ ဘာကိစ္စမှ မရှိဘူးဆိုရင် အဲ့လူကို ထိုက်ကျိဓားသိုင်း အစွမ်းပြပေး လိုက်ပါ... ဒီနှစ်ပိုင်းအတွင်း မင်းဘာဖြစ်လို့
သိုင်းပညာကို ဝှက်ထားလဲ ဆိုတာ ငါသိချင်တယ် "
ဟု ပြောလိုက်သည်။

ကျန်းမော်ဖုန်း လဲ သက်ပြင်းချကာ
" ဟုတ်ကဲ့ပါ ဆရာ "
ဟု ပြောပီး ဓားတစ်ချောင်းကို ထုတ်ကာ ဝတ်စုံမည်းနှင့်လူ ဆီသို့ ခုန်ဝင်လိုကသ
် ည်။ ကျန်းမော်ဖုန်း ၏ ဓားပညာမှာလဲ ကျန်းစန်းယွမ်
အတိုင်းပင် ထိက
ုကျိဓားသိုင်း ကို သေချာနားလည်ဟန် မတူချေ။ ဝတ်စုံမည်းနှင့်လူ က အသာအယာပင် ရှောင်တိမ်းကာ
လက်သီးကွက်များ ခပ်စိတ်စိတ် ထိုးပီး ဖိအားပေးနေသည်။ ထိုသူက ပြင်းထန်သော လက်သီးထိုးကွက် များ ဖြင့် တိုက်ခိုက်လာသဖြင့်
ကျန်းမော်ဖုန်း မှာ အခက်တွေ့နေသည်။ သူ၏ ထိုက်ကျိဓားသိုင်း မှာ လက်သီးကွက်များကို မယှဉ်နိုင်ပေ။ ထို့အပြင် သူ၏
တိုက်ခိုက်ပုံမှာ ထိက
ုကျိဓားသိုင်း ကို မကစားချင်ဟန်ပါ ပေါက်နေသည်။ ထိုအဖြစ်ကို ကျန်းယွမ်က မြင်သော် စိတ်ပျက်စွာ "တောက်"
တစ်ချက် ခေါက်လိုက်မိသည်။ ဝတ်စုံမည်းနှင့်လူ ကတော့ အပြင်းအထန်ပင် တိုက်ခိက
ုနေသည်။

ထို့ကြောင့် ကျန်းမော်ဖုန်း က ဝတ်စုံမည်းနှင့်လူ နားကို တိုးကာ


" စီးမင်သခင်လေး... တော်ရုံပဲ လုပ်တာကောင်းမယ်... ဘာမှမဖြစ်ခင် တောင်ပေါ်က ဆင်းသွားပါ... ပြိုင်ပွဲမှာပဲ တွေ့ကြတာပေါ့ "
ဟု ခပ်တိုးတိုး ပြောလိုက်လေသည်။

ဝတ်စုံမည်းနှင့်လူ က ထိစ
ု ကားကို ကြားသော် ဆက်မတိုက်တော့ပဲ ရပ်လိုက်ပီး
" တော်ပီဗျာ... ထိုက်ကျိဓားသိုင်း က စုတ်ပြတ်နေတာပဲ... ခုနက ကြည့်ရတဲ့ ခုနှစ်စင်ကြယ် ဓားကွက်ကပဲ အလုပ်ဖြစ်မယ် ထင်တယ်...
အဲ့ဒါပဲ စမ်းတော့မယ် "
ဟု ပြောလိုက်လေသည်။

ကျန်းမော်ဖုန်း ကတော့ ချက်ချင်းပင် အနောက်ဆုတ်သွားကာ မျက်နှာငယ်လေး ဖြင့် ကျန်းယွမ်း အနားတွင် ရပ်နေလေ သည်။
ကျန်းစန်းယွမ် အပါအဝင် ဝူတန်ဂိုဏ်းသားများမှာ ကျန်းမော်ဖုန်း ၏ ရှုံးနိမ့်မှုကို အံ့သြကာ ကြည့်နေကြသည်။ သူတို့အကိုကြီး ဖြစ်သူ၏
သိုင်းပညာမှာ သူတို့ ထင်သလို မထက်မြက်ပဲ ဖြစ်နေသည် မဟုတ်ပါလား။

#မိုးထိတောင်သိုင်းသမား #ZYN
အခန်း (၁၅) အပိုင်း လေး
မုန်တိုင်းလား လေပြေလား

ဝူတန်ဂိုဏ်းချုပ်ကြီး ကျန်းယွမ်ကတော့ မျက်နှာ ပျက်ကာ ဒေါသထွက်နေလေသည်။ အနှစ်နှစ်ဆယ် အတွင်း ဝူတန်မှာ ဤကဲ့သို့


စော်ကားမှုမျိုးကို ခံရခြင်း မရရှိချေ။ ထို့ကြောင့် သူက ခုနှစ်စင်ကြယ် များဘက် ကို လှည့်ကြည့်ကာ
" တက် "
ဟု အမိန့်ပေးလိုက်သည်။

သူ့အမိန့်ရသည်နှင့် တပြိုက်နက် ခုနှစ်စင်ကြယ် ဓားသမားတို့က ခုနှစ်စင်ကြယ် အတိုင်း ဝိုင်းလိုက်ကြသည်။ သူတို့၏ ပုံစံမှာ


အလေးအနက်ရှိနေပီး ဝတ်စုံမည်းနှင့်လူ သေရင်တောင် ပေးမထွက်နိုင် ဟု ပြောနေသလား မှတ်ထင် ရသည်။ ဝတ်စုံမည်းနှင့်လူ
ကတော့ ဝိုင်းထားပံက
ို လှည့်ပတ်ကြည့်ကာ ခေါင်းငြိမ့်နေလေသည်။ သူက ရုတ်တရက် အမှတ်တစ်ကို ကြည့်နေရာမှ လက်သီးဖြင့်
ထိုးလိုက်ရာ လက်သီးမှ အားလှိုင်း ခုနှစ်ခု ဖြာထွက်လာ လေသည်။ ထိုအားလှိုင်းများမှာ ခွဲဖြာပီး ခုနှစ်စင်ကြယ် တို့ဆီ
ရောက်သွားလေရာ ခုနှစ်ယောက်လုံး ဓားကိုယမ်းကာ ခုခံလိုက်ရသည်။ ထိုအကွက်ကို ကျန်းယွမ်က မြင်သော် လန့်ကာ
ရေရွတ်မိသည်။
" ခုနှစ်ဆင့်လက်သီး "
ထိုမှ တစ်ဆက်တည်း
" မင်း... ဘယ်သူလဲ စီးမင်မျိုးရိုး မဖြစ်နိုင်ဘူး ခုံတုံဂိုဏ်းနဲ့ ဘယ်လိုပတ်သတ်သလဲ "
ဟု မေးလိုက်မိသည်။

ဝတ်စုံမည်းနှင့်လူ က ရယ်ကာ
" အဲ့ဒီအကွက်ကို ကျနော် သိပ်မကျွမ်းကျင် သေးဘူးဗျ... အားလှိုင်းခွဲဖြာတဲ့နေရာ မှာ အမှားအယွင်း ရှိနေသလိုပ.ဲ .. ထားပါတော့
ခုံတုံဂိုဏ်းသားတွေ တွေ့မှ မေးကြည့်ရဦးမယ်"
ဟု သာ ဖြေလိုက်သည်။

သူ့အဖြေက အမေးနှင့် ကိုက်ညီခြင်းမရှိချေ။ သို့သော် သူက ခုံတုံဂိုဏ်းသား မဟုတ် ကြောင်းကိုတော့ သွယ်ဝိုက်ဖြေသွားခဲ့သည်။ သူက
ပြောပီးသော် လက်သီးချက် ခုနှစ်ချက်ကို လျင်မြန်စွာ ဆက်တိုက် ထိုးချသွားသည်။ ထိုလက်သီးချက်များ၏ ဦးတည်ရာ က
ခုနှစ်စင်ကြယ်များ ။ ထိုလက်သီးတွင် ပါသော အားလှိုင်းမှာ ပြင်းထန်လွန်း သဖြင့် ခုနှစ်စင်ကြယ်များမှာ ပူးပေါင်း ဓားကွက်ထက်
ထိုက်ကျိဓားသိုင်း မှ ရေလွှာတိုက်စား အကွက်ကိုသာ ကိုယစ
်ီသုံးပီး ခုခံလိုက်ရတော့သည်။ ထိုအကွက်မှာ အတွင်းအားကြီးသူတို့နှင့်
ရင်ဆိုင်ရာတွင် အတော်ကို အသုံးတည့်သည်။ ဝေထင်း၏ တန်ပြန်ဓား ပညာနှင့်ပင် ဆင်တူသည်။ ယခုလဲ ခုနှစ်စင်ကြယ်တု့မ
ှိာ
အတွင်းအားလှိုင်း ထိမိသော်လဲ မူးဝေလွင့်စင် သွားရုံကလွဲ၍ အတွင်းဒဏ်ရာ တော့ မရကြချေ။
ဂိုဏ်းချုပ်ကြီး ကျန်းယွမ်ကတော့
" ကောင်းလိုက်တဲ့ အတွင်းအား "
ဟု သာ အသံထွက်နိုင်တော့သည်။

ဟုတ်ပေသည်။ ထို ဝတ်စုံမည်းနှင့်လူ ၏ အတွင်းအားမှာ လွန်စွာနက်ရှိုင်းနေပီး လက်သီးချက်များကလဲ သေသပ်သည်။


တစ်ချက်ထဲတွင်ပင် အတွင်းအားများစွာ ပါဝင်နေသည်။ ကျန်းယွမ်ကတော့ ထိတ်လန့်နေကာ ထိုသူကို ကြည့်နေရသည်။ ထိုသူမှာ
ဘယ်လိုကြည့်ကြည့် လူငယ် ဖြစ်သော်လဲ အတွင်းအားမှာမူ သူ့ထက်သာမက အတော်ကို နက်ရှိုင်းနေရာ မတွေးတတ်အောင်
ဖြစ်နေရသည်။ သူ့အနေဖြင့် ထိုက်ကျိဓားသိုင်း ဖြင့် အစွမ်းကုန် တိုက်ခိုက်သည့်တိုင် ထိုလူငယ်ကို အနိုင်ရရန် အာမ မခံနိုင်ချေ။

ဝတ်စုံမည်းနှင့်လူ က ကျန်းယွမ်၏ စိတ်ထဲကို သိနေသည့် အလား စူးရှသော အကြည့်ဖြင့် ကြည့်ကာ


" ကဲ... သိချင်တာလဲ သိပီးပီ ဆိုတော့ ပြန်တော့မယ်... ခွင့်ပြုကြပါဦး "
ဟု ပြောကာ ပြေးထွက်ဟန် ပြင်လိုက်သည်။

ကျန်းယွမ်မှာ တား၍မရနိုင်သည်ကို သိသဖြင့် မတားပဲ စကားတစ်ခွန်းသာ အော်ပြောလိုက် သည်။


" နာမည်လေးတော့ ပြောခဲ့ပါ "

ထိုသူက အံ့မခန်းလောက်သော ကိုယ်ဖော့ပညာဖြင့် လှေကားထစ်များဆီသို့ ခုန်ပျံသွားလေသည်။ ထို့နောက် အောက်ခြေမှ


အသံကျယ်ကြီး တက်လာပီး မြေကွက်လပ်ရှိ လူများနားထဲ စီခနဲ ဝင်သွားလေသည်။ ထိုအသံကား

" စီးရှ... တုံးဖန်းဟိုင် "


ဟူ သော စကားနှစ်ခွန်းသာ ဖြစ်လေသည်။

ဝူတန်ဂိုဏ်းချုပ်ကြီး ကျန်းယွမ်မှာ ထိုစကားကို ကြားသော် တွေဝေသွားပီး ခေါင်းရှုပ်နေမိသည်။ သူသိထားသော သတင်းများအရ


စီးရှတွင် သိုင်းပညာ အမြင့်ဆုံးမှာ စီးမင်ကို့ဝေ သာ ဖြစ်သည်။ ယခု ဝတ်စုံမည်းနှင့်လူ မှာ စီးမင်က့ေ
ို ဝ ထက်ပင်
သိုင်းပညာကောင်းနေဟန် တူသည်။ ထိုသူကို သိုင်းလောကပထမ ပုလုံ ပင် အနိုင်ရရန် မသေချာချေ။ အတွင်းအား နက်ရှို်င်းမှုကလဲ
ဒီအသက်အရွယ် နှင့် ထိုမျှ နက်ရှိုင်းနေခြင်းမှာ ဆန်းကြယ်လန
ွ်းသည်။ သူက အတွေးများထဲ နစ်ဝင်နေရာမှ သတိထားမိသော်
ဘေးတွင်ရှိသော တပည့်များမှာ ပွက်လောရိုက်နေကြသည်။ အကြောင်းမှာ ကျန်းမော်ဖုန်း ပျောက်ဆုံး နေခြင်း ဖြစ်သည်။
ကျန်းမော်ဖုန်းသည် ထိုသူ အော်လိုက်စဉ်က ထွက်ပြေးသွားဟန် တူသည်။ အဘယ့်ကြောင့် ထွက်ပြေး သွားသနည်း။ ကျန်းယွမမ
ှ်ာ
စဉ်းစားမရချေ။ သူက ကျန်းမော်ဖုန်း သိုင်းပညာ ကြိုးစားမှု မရှိသည်ကို ဆူရန်သာ တွေးထားရာ ထိုသို့ ထွက်ပြေးခြင်းကို နားမလည်ချေ။
ကျန်းမော်ဖုန်း မှာတော့ ဘယ်လိုအထင်မှား သွားသည်မသိ ထွက်ပြေးသွားချေပီ။ ကျန်းယွမ်က ခေါင်းယမ်းကာ ဝတ်ပြုဆောင်ကြီးထဲ
လှမ်းဝင်လိုက်သည်။ သူ့တွင် အားထားစရာ တပည့်ကြီး မရှိတော့သည့် အပြင် အနှစ်နှစ်ဆယ် အတွင်း မကြုံဖူးသော အရှက်ကွဲ မှုနဲ့လဲ
ကြုံထားရလေသည်။ သိုင်းနှစ်ကွက် ထဲ သုံးပီး ခုနှစ်စင်ကြယ် ဓားကွက်ကို ဖြိုခွဲပီး ဝူတန်ကို လုပ်ချင်တိုင်း လုပ်သွားသူ ပေါ်နေပီလေ။
သူက ဂိုဏ်းကိစ္စများ ကို ပြန်လည်စီမံရပေတော့မည်။

ဝါဆန်းဂိုဏ်း...
ဝါဆန်းဂိုဏ်းမှာ ဝါဆန်းတောင် ပေါ်တွင် တည်ရှိသည်။ ထိုဝါဆန်းတောင်မှာ အလွန်တရာ ရှုခင်းလှပလေရာ နာမည်ကျော်ကြားသည်။
ဝါဆန်းတောင်က လို့ရန်မြို့ ၏ အရှေ့ဘက် ဆယ်ရက်ခရီး ခန့်ရှိသော နေရာတွင် တည်ရှိရာ လူသွားလူလာ မပြတ်ချေ။
ဝါဆန်းတောင်ခြေ တွင်ပင် မုဆိုးများ ၏ ရွာငယ်လေး တည်ရှိသည်။ ဝါဆန်းတောင်မှာ အခြားတောင်များလို တောင်တစ်လုံးထဲ
ထီးထီးကြီး မဟုတ်ချေ။ ခွန်လွန်ကဲ့သို့ပင် တောင်တန်း ဖြစ်ပီး ခွန်လွန် တောင်တန်း ထက်တော့ အတော်သေးငယ် သည်။
ဝါဆန်းတောင်တန်းငယ် ဟု ပြောရပေမည်။ ဝါဆန်းဂိုဏ်းမှာ ဝါဆန်းတောင်တန်းများထဲမှ အပြေပြစ်ဆုံး တောင်ကုန်းပေါ်တွင် တည်ရှိပီး
ထိုတောင်ကုန်းမှာ အရမ်းမြင့်မားခြင်း မရှိချေ။ သစ်ပင်များကတော့ စိမ်းစိုကာ ထူထပ်သည်။ တောင်ခြေရွာ နှင့်လဲ နီးကပ်သည်။
ဝါဆန်းဂိုဏ်းမှာ ထိပ်သီးဂိုဏ်း ဖြစ်သော်လဲ ပေါ်ပေါက်လာသည်မှာ မကြာသေးချေ။ အနှစ်ငါးဆယ်သာ ရှိသေးသည်။ ဂိုဏ်းချုပ်မှာလဲ
သုံးဆက်သာ ရှိသေးပီး လက်ရှိဂိုဏ်းချုပ် ပိုင်ချုန်း မှာ ဂိုဏ်းချုပ်သက်တမ်း အရှည်ဆုံးဖြစ်သည်။ ပထမဆုံး ဂိုဏ်းချုပ် လက်ထက်က စပီး
နာမည်ကျော်ခဲ့သော်လဲ ဒုတိယ ဂိုဏ်းချုပ် လက်ထက်တွင် သိုင်းပညာယုတ်လျော့ သွားပီး တတိယ ဂိုဏ်းချုပ် ပိုင်ချုန်း လက်ထက်မှသာ
ပြန်လည် ဦးမော့လာခြင်း ဖြစ်သည်။ ပိုင်းချုန်း၏ ကြိုးစားမှု ကြောင့်ဆို ရရင် မမှားချေ။ ပိုင်ချုန်းမှာ ရိုးသား ဖြောင့်မတ်ပီး
တည်ကြည်သည်။ ထိုသို့ မှန်ကန်သော စိတ်ဓာတ်ကို သိုင်းပညာကောင်း ဖြည့်စွက်လိုက်ရာ ဝါဆန်းဂိုဏ်း နာမည်ကျော်သည်မှာ
မဆန်းတော့ချေ။ ယခု နှစ်ပိုင်းတွင်တော့ ပိုငခ
်ျုန်းသည် ဝါဆန်းတောင်ထိပ် တစ်နေရာရှိ သိုင်းလေ့ကျင့်ရာ လှိုင်ဂူမှ မထွက်ပဲ ရှိနေသည်။
သူ့အနေဖြင့် မိုးကြိုးဓားသိုင်း နှင့် မိုးကြိုးအတွင်းအား ပညာကို အဆင့်ကုန် အောင်မြင်ချင်နေ သည်။ ထိုမှသာ ပထမ ဂိုဏ်းချုပ်ကဲ့သို့
သိုင်းလောကအလယ်တွင် လက်မထောင်နိုင် ပေမည်။ သို့သော် ထိုသိုင်းကျမ်းမှာ အဆင်က
ု့န် အောင်ရန် ခက်ခဲလွန်းသည်။ နောက်ပိုင်း
ကျင့်စဉ်များမှာ နားမလည်နိုင်သော အနေအထား ရှိသဖြင့် သူက ခေါင်းအေးအေးထား စဉ်းစားရန် ထိုလှိုင်ဂူထဲတွင် နေထိုင်နေခြင်း
ဖြစ်သည်။ သူ့သား ဖြစ်သူ ပိုင်ချုန်းရန် ကို ဂိုဏ်းကိစ္စတွင် လွှဲအပ်ထားပီး ဖြစ်ရာ သူ့အနေဖြင့် စိတ်အေးအေးဖြင့် နှစ်ချီကာ လေ့ကျင့်
နိုင်သည်။ သူက ရှောင်စစ်တောင် သိုင်းပြိုင်ပွဲ အကြောင်းကြားသော်လဲ သိပ်ဂရုမထားချေ။ ထိုပွဲကို လူငယ်များပွဲဟုသာ ထင်မှတ်ထားပီး
သူကတော့ လူကြီး ဂိုဏ်းချုပ်တွေချည်း တစ်ပွဲ နွဲချင်မိသည်။

ဝါဆန်းတောင် ပေါ်ရှိ ဝါဆန်းဂိုဏ်း ဌာနချုပ် တွင် ယာယီဂိုဏ်းချုပ် ပိုင်ချုံးရန် တစ်ယောက် စိတ်မရှည်စွာ ခေါက်တုံ့ခေါက်ပြန်
လျှောက်နေလေသည်။ အချိန်က ညနက်သန်းခေါင် ဖြစ်သော်လဲ ပိုင်ချုံးရန် မှာ အိပ်ရပုံ မပေါ်ချေ။ တစ်စုံတစ်ရာ ကိုစောင့်မျှော်
နေပုံရသည်။
"ဖတ်.... ဖတ်.... "
ခြေသံ ခပ်တိုးတိုး ကြားရပီး လူရိပ်တစ်ခုက ပိုင်ချုံးရန် ၏ အိပ်ခန်းနားသို့ ကပ်လာလေသည်။ ထိုလူရိပ်က ကျွမ်းကျင် နေပုံရပီး တံခါးကို
နှစ်ချက်တွဲစီ သုံးခါ ခေါက်လိုက်ရာ လမ်းလျှောက်နေသော ပိုင်ချုံးရန်က ဝမ်းမြောက်ဝမ်းသာ တံခါးဖွင့်လိုက်သည်။ သူက လူရိပ်ကပ်
သည်ကို သိသော်လဲ တံခါးခေါက်သံ ကို နားထောင်နေပုံရသည်။ ထိုလူရိပ်မှာ ဘေးဘီကြည့်ကာ အခန်းထဲဝင်လိုက်ပီး
ခေါင်းမှာဆောင်းထားသော ခမောက်ကို ချွတ်ချလိုက်သည်။ ထိုသူကို မြင်လျှင် ပိုင်ချုန်းရန်က ပြုံးပြလိုက်ပီး
" နောင်ကြီးကျန်း... ထိုင်ပါ "
ဟု ပြောလိုက်လေသည်။

မှန်ပေသည်။ ထိုသူက ဝူတန်မှ ထွက်ပြေး လာသော် ကျန်းမော်ဖုန်း ဖြစ်လေသည်။ ကျန်းမော်ဖုန်း က ရောက်ရောက်ချင်းပင် ပိုင်ချုန်းရန်
အား
" ညီလေးပိုင် ငါပို့လိုက် တဲ့ စာအတိုင်း ခေါင်းဆောင်ကြီးဆီ စာပို့လိုက်ရဲ့လား ငါအခြေအနေက မဟန်တော့ဘူး... ခဏလောက်တော့
ရှောင်နေမှ ဖြစ်မယ် "
ဟုပြောလိုက်သည်။

ပိုင်ချုန်းရန် က ခေါင်းငြိမ့်ပြလိုက်ပီး
" နောင်ကြီးကျန်း က ပို့ဆိုလို့သာ ပို့လိုက်ရတယ်... စီးရှမှာ ဒီလောက် သိုင်းပညာ မြင့်မားတဲ့လူ ရှိလို့လား... ခေါင်းဆောင်ကြီးက
ယုံမယုံတော့ ကျနော်လဲ မပြောတတ်ဘူး... လောလောဆယ်တော့ နောင်ကြီးကျန်း အနေနဲ့ ရှောင်ဖို့ထက် မုယုံဖူ ကို လိုက်ရှာတာ
ပိုကောင်းလိမ့်မယ် နောင်ကြီးရဲ့ အပြစ်ကို မုယုံဖူ ကိုရှာပီး ဖာထေးသင့်တယ် ထင်တာပဲ... ခေါင်းဆောင်ကြီးက ဒါမှ နောင်ကြီးကျန်း ကို
သက်ညှာပေးမယ် ထင်တယ် "
ဟု ပြောလိုက်သည်။

ကျန်းမော်ဖုန်း က ခေါင်းငြိမ့်ပီး
" အဲ့ ဝတ်စုံမည်းနှင့်လူ အကြောင်းက မကြာခင် ခေါင်းဆောင်ကြီး သိသွားမှာပါ... ဘာပဲဖြစ်ဖြစ်ပါ ငါအနေနဲ့ မုယုံဖူကို ရှာထားတာ
ကောင်းမယ် ထင်တာပဲ "
ဟု ပြောလိုက်သည်။

ပိုင်ချုန်းရန် က ကျန်းမော်ဖုန်း စကားဆုံးသော် အံဆွဲထဲမှာ ရွှေတုံးများကို ထုတ်လိုက်ပီး ပေးလိုက်သည်။


" နောင်ကြီးကျန်း... ဒါက နောင်ကြီးအတွက် သုံးလစာ ခွဲတမ်းပဲ... ခေါင်းဆောင်ကြီးက ပို့လိုက်တာ ကြာပီ... နောင်ကြီး အနေနဲ့
မုယုံဖူကို ရှာတွေ့မယ်ဆို ဒီထက်မက ရနိုင်မယ် လို့ မှာလိုက်တယ် "
ဟု ပြောလိုက်သည်။

ကျန်းမော်ဖုန်းက လောဘမျက်လုံး များဖြင့် ရွှေတုံးများကို အာသာငမ်းငမ်း ကြည့်ကာ သူ့အိတ်ထဲ ကျုံးထည့်လိုက်လသည်။ ပိုင်ချုန်းရန်


က ကျန်းမော်ဖုန်း ကို သဘာကျသလို ကြည့်ရင်း ပြုံးမိလေသည်။ ဤလူသည် ငွေမျက်နှာကြောင့် ဂိုဏ်းကို သစ္စာဖောက်သူ
မဟုတ်ပါလား။ သူကတော့ ဝါဆန်းဂိုဏ်း တိုးတက်ရေးအတွက် စဉ်းစားကာ သစ္စာခံခဲ့ခြင်း ဖြစ်သည်။ သူ့အနေဖြင့် ရွှေငွေများကို
လောဘမရှိ ထိုအဖွဲ့အစည်းသို့ ဝင်လျှင် အဆင့်မြင့်သော သိုင်းကျမ်း များ ပေး၍သာ ဝင်ခဲ့ခြင်း ဖြစ်သည်။ သူတို့ အဖွဲ့အစည်း အကြောင်း
မုယုံစံအိမ် တွင် ပေါ်သွားသော်လဲ သူတို့မှာ ဟန်ဆောင်ကောင်းလွန်းလှသည်။ အနည်းငယ်မျှ ပင် မျက်နှာပျက်ခြင်း မရှိကြချေ။ ထို့အတူ
အဖွဲ့အစည်းမှာလဲ ကောင်းကောင်း လည်ပတ်နေတုန်းပင် ဖြစ်သည်။ ကျန်းမော်ဖန
ုး က ရွှေတုံးများကို အိတ်ထဲ ထည့်ပီးသော်
ပိုင်ချုန်းရန်ကို အလျင်စလို နှုတ်ဆက်ကာ ထွက်သွားတော့ သည်။ ပိုင်ချုန်းရန် မှာလဲ စောင့်မျှော် နေသည့် ကိစ္စ ပီးသွား၍ မီးအိမ် ကို
မှုတ်လိုက်ကာ အိပ်ယာပေါ် တက်လိုက် တော့သည်။

ပိုင်ချုန်းရန်၏ အခန်းထဲမှ မီးမှိတ်သွားသော် အနက်ရောင် အရိပ်တစ်ခုက ခေါင်မိုးပေါ်မှ ပျံဝဲသွားလေသည်။ ထိုအရိပ်က


ဝါဆန်းတောင်ထိပ် ကို ဦးတည်ပြေးလွှား နေ သည်။ တောင်ထိပ်ရောက်သော် လှိုင်ဂူတစ်ခု ရှေ့တွင် ရပ်ပီး ငြိမ်သက်နေသည်။ လရောင်
တစ်ချက် လင်းလာသော် ထိုအရိပ်မှာ အမည်းရောင် ဝတ်ရုံရှည် ဝတ်ဆင်ပီး ခမောက်ဆောင်းထားသော လူဖြစ်ကြောင်း
တွေ့လိုက်ရသည်။ ထိုသူ၏ က ငြိမ်နေသော်လည်း သူထံမှ အေးစက်သော အငွေ့အသက်များ ပျံလွင့်နေသလို ခံစားရသည်။ ထိုစဉ်
လှိုင်ဂူထဲမှ အသံထွက်ပေါ်လာလေသည်။

" ရောက်မှတော့ ဝင်ခဲ့ပါ မိတ်ဆွေ "


အသံမှာ ခပ်မာမာ ဖြစ်နေသဖြင့် စိတ်ဓာတ်ခိုင်မာသော လူကြီးတစ်ယောက် က ပြောလိုက်ပုံရသည်။

" မဝင်တော့ပါဘူး ဂိုဏ်းချုပ်ကြီး... ကျနော် ဒီကိုလာတာက သတင်းတစ်ခုပေးစရာ ရှိလို့ပါ... ဂိုဏ်းချုပ်ကြီးရဲ့ သားကို လွှတ်မထားပါနဲ.့ ..
သူက အခုလျှို့ ဝှက်တဲ့ သိုင်းအဖွဲ့အစည်း တစ်ခုကို သစ္စာခံထားတယ်... သူ့လုပ်ရပ်ကြောင့် ဒုက္ခရောက်တဲ့သူတွေ ပေါ်လာလိမ့်မယ် "
ဟု ခပ်မှန်မန
ှ် ပြန်ပြောလိုက်သည်။

စကားဆုံးသော် လှိုင်ဂူထဲမှ လူရိပ်တစ်ခု ပျံထွက်လာပီး ဝတ်စုံမည်းနှင့်လူ ရှေ့တွင် ရပ်နေလေသည်။ ဝတ်စုံမည်းနှင့်လူ မှာ


သူ့ရှေ့တည့်တည့် ပျံထွက်လာသော်လဲ မလှုပ်မယှက်ပဲ ရှိနေသဖြင့် လှိုင်ဂူထဲမှာ လူရိပ်မှာ အံ့သြနေသည်။ လရောင် တစ်ချက်
လင်းသွားသော် လိင
ှုဂူထဲမှ လူရိပ်သည် အသက်ခြောက်ဆယ်ကျော် လူကြီးတစ်ယောက် ဖြစ်ကြောင်းတွေ့ရသည်။ ထိုလူကြီးမှာ
ဆံပင်များက မည်းနက်နေပီး မုတ်ဆိတ်ကင်းစင်သဖြင့် နုပျိုပုံရသည်။ အထူးခြားဆုံး မှာ မျက်လုံးများက စူးရှတောက်ပြောင်နေပီး
လက်တစ်ဖက်က ဓားကို အောက်စိုက်ကာ ခပ်လျော့လျော့ ကိုင်ထားသည်။ သူက လက်ပိုက်ကာ ရပ်နေသော ဝတ်စုံမည်းနှင့်လူ ကို
ခေါင်းစခြေဆုံး အပြန်အလှန် ကြည့်နေလေသည်။ ဝတ်စုံမည်းနှင့်လူ ၏ မျက်လုံးကို ကြည့်မိလျှင် အံ့သြမိသွားသည်။
ထိုဝတ်စုံမည်းနှင့်လူ၏ မျက်လုံးမှာ အရောင်မထွက်ပဲ အတွင်းအား မရှိသကဲ့သို့ ပုံမှန် မျက်လုံးအနေအထား ဖြစ်သည်။
သိုင်းလောကတွင် အတွင်းအား ကောင်းမကောင်းမှာ နားထင် ချိုင့်ဝင်ခြင်း မျက်လုံးအရောင် စူးရှတောက်ပြောင်ခြင်း အပေါ်
မူတည်သည်။ ယခု ဝတ်စုံမည်းနှင့်လူ မှာ ပိန်ပိန်ပါးပါး ရှိသော်လဲ နားထင်မှာလဲ မချိုင့် မျက်လုံး ကလဲ ပုံမှန်သာ ဖြစ်သည်။ သို့သော်
ဘာရယ်ကြောင့်မှန်း မသိ ထိုသအ
ူ့ နီးတွင် အေးစက်စက် အငွေ့အသက်များ ခံစားမိနေသည်။ ထိုသူသည် အတွင်းအား ကို အဆင့်လွန်
သွား၍သာ ဤသို့ ပုံမှန်အခြေအနေ ပြန်ရောက်သွားခြင်း ဖြစ်မည် ဟု ခန့်မှန်းမိနေသည်။ လှိုင်ဂူထဲမှ ထွက်လာသူမှာ
ဝါဆန်းဂိုဏ်းချုပ်ကြီး ပိုင်ချုန်း ဖြစ်ပီး သူက ဝတ်စုံမည်းနှင့်လူ စကားကို စဉ်းစားနေလေသည်။

ဝတ်စုံမည်းနှင့်လူ က သက်ပြင်းချပီး
" ဂိုဏ်းချုပ်ကြီးသားကို ဂိုဏ်းချုပ်ကြီး ကိုယ်တိုင် စုံစမ်းကြည့်ပါ... လွန်ကုန်မှ တားမယ်ဆိုရင်တော့... ကျနော့် လက်ချက် နဲ့
မကောင်းတာတွေ ဖြစ်ကုန်မယ် "
ဟု ပြောလိုက်သည်။

ပိုင်ချုန်းက တွေဝေနေပီးမှ
" အခုလို သတိလာပေးတာ ကျေးဇူးတင်ပါတယ်... ကျုပ် သေချာစုံစမ်းလိုက်ပါမယ်... ဒါနဲ့ မောင်ရင်က ဘယ်သူလဲ "
ဟု ပြန်မေးလိုက်သည်။

" စီးရှ... တုံးဖန်းဟိုင် "


ဝတ်စုံမည်းနှင့်လူ က ထိုစကား နှစ်ခွန်းသာ ပြောပီး ရိပ် ခနဲ တောင်အောက်ကို ပြန်ဆင်းသွားလေသည်။

ပိုင်ချုန်းမှာ လျပ်စီးလက်သလို ပျောက်ကွယ်သွားသော တုံးဖန်းဟိုင် ကို ကြည့်ကာ ခေါင်းယမ်းမိလေသည်။ ထိုသူ၏ ကိုယ်ဖော့ပညာနှင့်


အတွင်းအားမှာ ပြိုင်စံရှား အဆင့်လွန်နေပီ မဟုတ်ပါလား။ ထိုသူမှာ အသံကြားရသလောက်ဆရ
ို င် မိမိသားဖြစ်သူထက်ပင် တစ်နှစ်
နှစ်နှစ် ငယ်ဦးမည်။ အဘယ့်ကြာင့် သိုင်းပညာကောင်း လွန်းနေရသနည်း။ ပိင
ုချုန်း မှာ မေးခွန်းများကို ကြာကြာ မတွေးနိုင်ချေ။
ထိုသူပြောသွားသော ကိစ္စ ကို စုံစမ်းရဦးမည် မဟုတပ
်ါလား။ သူက လှိုင်ဂူရှေ့တွင် ရပ်နေရာမှ တောင်အောက်သို့ လေးကန်သော
ခြေလှမ်းများဖြင့် ဆင်းသွားလေတော့သည်။

#မိုးထိတောင်သိုင်းသမား #ZYN
အခန်း (၁၅) အပိုင်းငါး
မုန်တိုင်းလား လေပြေလား

ခုံတုံဂိုဏ်း...
ခုံတုံဂိုဏ်းမှာ ခိုင်ဖုန်းမြို့ ထဲတွင် တည်ရှိပီး ခြံဝန်းကျယ်ကြီးဖြင့် တည်ထောင်ထားသည်။ ခုံတုံဂိုဏ်းချုပ် အသစ်ဖြစ်သူ မော်ရိဟွာ မှာ
အခုနှစ်ပိုင်း အတွင်း တစ်ဟုန်ထိုး နာမည်ကြီးလာသဖြင့် သိုင်းသင်လိုသူ တပည့်တပန်းများလဲ တိုးပွားနေသည်။ ခိုင်ဖုန်း မြို့ တွင်
အတော်ကို နာမည်ကျော် ဖြစ်နေလေသည်။ မော်ရိဟွာ မှာ အသက်သုံးဆယ်ကျော် သာ ရှိသေးပီး သူ့ဝါသနာ မှာ မိန်းမလိုက်စား
ခြင်းဖြစ်လေသည်။ သို့သော် သူက လူသိမခံရဲချေ။ အပျော်မယ်များကို ခေါ်ကာ ခြံဝန်းအနောက်ဘက်တွင် အိပ်ဆောင်
တည်ဆောက်ထားပီး ပျော်ပါးလေ့ရှိသည်။ ထိုကိစ္စ များကို ဆောင်ရွက်ပေးရသူက မိုက်ခဲလက်သီး ဝမ်ပ့ ဖြစ်သည်။ ဝမ်ပ့က
မော်ရိဟွာ၏ တပည့်ကြီး ဖြစ်ကာ အသက်မှာ ရွယ်တူပင်ဖြစ်သည်။ ဝမ်းပ့က ငယ်စဉ်ကတည်းက ဓားပြလုပ်လာပီး မော်ရိဟွာနှင့်
တွေ့ကာ တပည့်ခံပီး လိုကေ
် နခြင်း ဖြစ်သည်။

အချိန်မှာ မနက်စောစော ဖြစ်ကာ မိုးပင် မလင်းသေးချေ။ မော်ရိဟွာ တစ်ယောက် အပေါ်ပိုင်း ဗလာဖြင့် အိပ်ဆောင်ထဲမှ ထွက်လာပီး
အရှေ့မြေကွက်လပ်တွင် သိင
ုးလေ့ကျင့်နေသည်။ မော်ရိဟွာ က အပျော်အပါး လိုက်စားသော်လဲ သိုင်းလေ့ကျင့်မှု ကိုတော့
မပျက်မကွက် လုပ်လေ့ရှိသည်။ ဤအချက်က သူ့ကို နာမည်ကျော်စေခြင်း ဖြစ်သည်။ သူက လက်သီးကွက်များကို ဖြေးဖြေးမှန်မှန်
ကစားနေရာမှ အရှန
ိတင်လိုက်သည်။ လေထုမှာ ဝှီး ခနဲ ဝှီး ခနဲ အသံထွက်ကာ သိုင်းလေ့ကျင့်ရန် ပြုလုပ်ထားသော
ကောက်ရိုးအိတ်များကို ထိုးခွဲသွားသည်။ ကောက်ရိုးများမှာ ပြန့်ကျဲ ကုန်လေသည်။ ကောက်ရိုးတစ်အိတ်တွင် အပေါက်ရာ ခုနှစ်ပေါက်
ရှိနေရာ မော်ရဟ
ွိာ က ကျေနပ်စွာ ပြုံးလိုက်သည်။ ထိ့ေ
ု နာက် မောရိဟွာက အသက်ကို ခပ်ပြင်းပြင်းရှူ လိုက်ပီး အတွင်းအားအပြည့်ဖြင့်
ကောက်ရိုးအိတ်များကို ထိုးလိုက်လေသည်။ လက်သီးဆုပ် နှစ်ခုမှာ နီရဲနေပီး ထိမိသော ကောက်ရိုးအိတ်များမှာ မီးလောင်ကျွမ်း
ကုန်လေသည်။
" ဝုန်း... ဖျစ်... ဖျစ် "
ကောက်ရိုးမီး ဖြစ်သဖြင့် ခဏသာ ဝုန်းခနဲ့ တောက်လောင်ပီး ပြာကျသွားလေသည်။ ထိုအဖြစ်ကို ကျေနပ်အားရမိ နေသူက မော်ရိဟွာ
ဖြစ်သည်။ သူ သုံးလလောက် ကြိုးစားကျင့်သမျှ အောင်မြင်လေပီ။ သူ၏ ခုနှစ်ဆင့်လက်သီးကို အပူလှိုင်းအတွင်းအား ထည့်ကာ
အသုံးပြု၍ ရသွားလေပီ။ ထို အတွင်းအား သိုင်းကျမ်းကို သူလွန်ခဲ့သော တစ်နှစ်ခန့်က ရရှိခဲ့တာဖြစ်ပီး ပေါင်းစပ်လေ့ကျင့် ရာတွင်
အဆင်မပြေ ဖြစ်နေခဲ့သည်။ မုယုံစံအိမ်တွင် မုယုံဖူက အသုံးပြုပြမှသာ သူ့အနေဖြင့် ပေါင်းစပ်နိုင်ခဲ့ခြင်း ဖြစ်သည်။ မှန်ပေသည်။
သူသည်လဲ လျှို့ ဝှက်သိုင်းအဖွဲ့အစည်းကို သစ္စာခံသူ ဖြစ်သည်။ မော်ရိဟွာက သူ့လက်သီးကို ကျေနပ်စွာကြည့်ပီး
တဘက်တစ်ထည်ယူက ချွေးများ သုတ်နေလိုက်သည်။ သူက ချွေးသုတ်နေရင်းပင် အေးသလို ခံစားရသဖြင့် ဘေးဘီကို တစ်ချက်
ကြည့်လိုက်မိသည်။ ရာသီဥတုက အအေးဘက် ရောက်နေသည်မှာ အမှန်ပင် သို့သော် သူ့လို အပူလှိုင်းအတွင်းအား ကျင့်ထားသူသည်
နှင်းတောင်ပေါ်၌ပင် ဝတ်စုံပါးပါး ဝတ်ကာ နေနိုင်သူဖြစ်သည်။ သို့သော် အဘယ်ကြောင့် အေးသလို ခံစားမိရသနည်း။ အအေးဓာတ်မှာ
ပိုအေး လာသလို ရှိပီး မော်ရိဟွာမှာ တဘက် ကိုပင် အပေါ်ပိုင်းကို လွှမ်းလိုက်ရသည်။ သူက ဘေးဘီကြည့် သော်လဲ ဘာမျှ
မတွေ့သဖြင့် တင်ပျင်ခွေလျှက် ထိုင်ကာ အပူလှိုင်း အတွင်းအား ကို ကျင့်လိုက်သည်။ ထိုသို့ လည်ပတ်လိုက်သော် အအေးဓာတ်မှာ
သက်သာသလို ရှိသွားသည်။ သို့သော် ခဏမျှပင် ဖြစ်ပီး ပိုမိုအေးစိမ့်သော အငွေ့အသက်များ က သူ့ရှေ့ ဓားတစ်ကမ်း အကွာမှ
ပေါ်ထွက်လာလေသည်။ မော်ရိဟွာ မှာ မနေနိုင်တော့ပဲ မျက်လုံး ဖွင့်ကြည့် လိုက်ရာ ဝတ်စုံအမည်း ဝတ်ဆင်ထားသည့်
လူတစ်ယောက်က လက်ပိုကက
်ာ ရပ်နေကြောင်း တွေ့လုက
ိရသည်။

ထိုသူထံမှာ အေးစိမ့်သော အငွေ့အသက်များ ထွက်ပေါ်နေခြင်း ဖြစ်ပီး ထိုသူက သူ့ကို ခပ်စူးစူး ကြည့်နေလေသည်။ မော်ရိဟွာ က
ဆတ် ခနဲ့ အနောက်သို့ ခုန်ဆုတ်လိုက်ရာ အအေးဓာတ် အနည်းငယ် လျော့သွားသလို ခံစားလိုက်ရသည်။

" ကောင်းလိုက်တဲ့ အေးစိမ့်အတွင်းအား "


ဟု မော်ရိဟွာ က ချီးကျူးလိုက်သည်။

တကယ်တမ်းတော့ မော်ရိဟွာ က ထိုသို့ အအေးလှိုင်းအတွင်းအား သုံးသူကို မြင်ဖူး သည်။ ထိုသူမှ တွမ့်ကျန်းယွမ် ဟု ခေါ်သော
လူငယ်လေး ဖြစ်ပီး အအေးလှိုင်းမှာမူ ဤလူနှင့် ယှဉ်လျှင် အတော်ကွာခြားသည်။ ဤလူက ပိုမိုအေးစိမ့်ပီး ရေခဲနိုင်သည် ဟုပင်
ထင်မှတ်ရသည်။ တွမ့်ကျန်းယွမ် ၏ အအေးဓာတ်ကတော့ ပတ်ဝန်းကျင် ကို အေးစက်သော လေတိုက်သကဲ့သို့သာ
စွမ်းဆောင်နိုင်သည်။ မော်ရိဟွာ က ထိုသူကို တွမ့်ကျန်းယွမ် ၏ ဆရာဖြစ်ရမည် ဟု ထင်ကာ

" ခင်များက တွမ့်ကျန်းယွမ် ရဲ့ ဆရာလား...


ခင်များရဲ့ အေးစိမ့်အတွင်းအား က တွမ့်ကျန်းယွမ် ထက်ဆယ်ဆလောက် ပိုကောင်းနေတယ် "
ဟု မေးလိုက်သည်။

ဝတ်စုံမည်းနှင့်လူ က ခေါင်းယမ်းကာ
" တွမ့်ကျန်းယွမ် ဆိုတာ ငါမသိဘူး... ငါသိတာကတော့ မင်းက လျှို့ ဝှက်သိုင်းအဖွဲ့အစည်း တစ်ခုရဲ့ သစ္စာ ခံဆိုတာပဲ... မင်းအနေနဲ့
မင်းတို့ ခေါင်းဆောင် ဘယ်သူလဲ ဘာကိစ္စနဲ့ သိုင်းကျမ်းတွေကို ခိုးယူနေတာလဲ ပြောပြမယ် ဆိုရင်... ငါချမ်းသာပေးမယ် "
ဟု အေးစက်စက် ပြောလိုက်သည်။

မော်ရိဟွာ မှာ စိတ်ပျက်သွားပီး ရှုံ့မဲ့သွားသည်။ သူက ဤလူကို မနိုင်ချေ။ သိုသော့် သူတို့ခေါင်းဆောင် ဘယ်သူဆိုတာ ထုတ်ပြော၍လဲ
မရချေ။ ထိုခေါင်းဆောင်ကြီး ကလဲ ဤလူကဲ့သို့ပင် ကြောက်စရာကောင်း လွန်းလှသည်။ သူက ထွက်ပြေးဖို့ အကြံထုတ်နေသည်။
သို့သော် ထိုလူက မျက်စိဒေါက်ထောက် ကြည့်နေသည်လေ။ အတန်ကြာ ငြိမ်နေပီးသော် ထိုသူက စိတ်မရှည်တော့ဟန်ဖြင့်
" မော်ရိဟွာ... မင်းဆက်ငြိမ်နေမယ် ဆိုရင် ငါစိတ်မရှည်တော့ဘူး ... မင်းကို ဖမ်းပီး နှိပ်စက်မှ ဖြစ်တော့မယ် "
ဟု ပြောလိုက်ပြန်သည်။

မော်ရိဟွာက စကားဆုံးသော် စမ်းသပ်ကြည့် ဟန်ဖြင့် သူ၏ ခုနှစ်ဆင့် လက်သီး သိုင်းမှ အကောင်းဆုံး သိုင်းကွက်ကို ထုတ်ဖော်
လိုက်သည်။ ထိုသူက မရှောင်တိမ်းပဲ သိုင်းကွက်ကို စိုက်ကြည့်နေလေသည်။ လက်သီးမှ အားလှိုင်းခုနှစ်ခု ခွဲဖြာထွက်လာပီး ထိုသူ၏
တစ်ကိုယ်လုံးကို ခါနီးတွင် ထိုသူကလဲ အလျင်အမြန်ပင် လက်သီးတစ်ချက် ထိုးလိုက်လေသည်။ ထိုလက်သီးကွက်မှာ မော်ရိဟွာ
ထိုးလိုက်သည့် ပုံအတိုင်း ဖြစ်ပီး ကွာခြားသည်က အတွင်းအား ပမာဏသာ ဖြစ်လေသည်။ မော်ရိဟွာ မှာ ထိုးပီးပီးချင်း အံကြိတ်ကာ
အိပ်ဆောင်ထဲ ဝင်သွား သဖြင့် အတွင်းအားလှိုင်းများ မထိတော့ချေ။ ဝတ်စုံမည်းနှင့်လူ ကလဲ ရိပ်ခနဲ လိုက်ခုန် ဝင်သွားသည်။
အထဲသို့ရောက်သော် မော်ရဟ
ွိာ အပြင် ဝတ်စုံမဝတ်ထားသော မိန်းကလေး သုံးလေးယောက်ကို မြင်လိုက်ရသဖြင့် ဝတ်စုံမည်းနှင့်လူ မှာ
ကြောင်ပီး ခြေနှစ်လှမ်းပင် ဆုတ်မိလိုက် သည်။ မော်ရိဟွာ မှာ ဒါအခွင့်အရေး ဟု သိလက
ို က
်ာ မိန်းကလေးများကို ဝတ်စုံမည်းနှင့်
လူဆီကို တွန်းပို့လိုက်သည်။ သူကတော့ ပြတင်းပေါက်မှ ခုန်ဆင်းကာ ပျောက်ကွယ်သွားသည်။ ဝတ်စုံမည်းနှင့်လူ မှာ ဝတ်စုံမပါသော
မိန်းကလေးများကို မြင်လိုက်၍ ကြောင်နေစဉ်မှာပင် မိန်းကလေးများက သူ့ဆီတိုးဝင်လာသဖြင့် မော်ရိဟွာ ခုန်ဆင်းသွားသည်ကို
မြင်သော်လဲ လိုက်မမီတော့ချေ။ ထိုမိန်းကလေးများက အပျော်မယ် ပီသစွာ သူ့ကို ဆွဲဖက်ထားသည် မဟုတ်ပါလား။ သူက ခဏမျှ
ကြောင်နေရမှ မိန်းကလေးများကို အေးစက်စက်ဖြင့် ပြောလိုက်သည်။

" မသေချင်ရင်... ငါ့ကိုလွှတ်စမ်း "


သူ့ အသံမှာ အေးစက်နေသည့်အပြင် သူ့ကိုယ်မှလဲ အေးစက်သော အငွေ့အသက်များ ထွက်လာသဖြင့် မိန်းကလေးများမှာ
ထွက်ပြေးသွားကြသည်။ ဝတ်စုံမည်းနှင့်လူ မှာ မော်ရိဟွာကို လက်လွှတ်လိုက်ရသဖြင့် တောက် တစ်ချက် ခေါက်ကာ
ဒေါသထွက်နေလေသည်။ သူက စိတ်ဆိုးဆိုး ဖြင့် ကုတင်ကြီးကို လက်ဝါးဖြင့် ရိုက်ထည့်လိုက်ရာ
" ဝုန်း "
ဆိုသော အသံထွက်လာပီး ကုတင်မှာ တစ်စစီ ပြိုဆင်းသွားလေသည်။ သစ်သားစများမှာ ပြုတ်ထွက်နေပီး ရေခဲမှုန်လေးများလဲ
ကပ်ငြိနေလေသည်။ သူက ချက်ချင်းပင် အိပ်ဆောင်အပြင် ထွက်ကာ မော်ရိဟွာ ပြေးထွက်သည့်ဘက်ကို လိုက်သွားလေသည်။

ခဏမျှကြာသော် ထိုသူက တစ်ဖန် ပြန်ရောက်လာပီး အိပ်ခန်းကို စေ့စေ့စပ်စပ် လှည့်ပတ် ကြည့်ရှူ့နေပြန်သည်။


သူထားသွားသည့်အတိုင်း ခြေရာလက်ရာ မယွင်းသည်ကို တွေ့သော် စိတ်ပျက်သွားဟန်ဖြင့် ပြန်ထွက်သွား တော့သည်။

မနက်မိုး စင်စင်လင်းသော် ဝမ်ပ့မှာ သူ့ဆရာ မော်ရိဟွာကို နှိုးရန် အိပ်ဆောင်ထဲ လှမ်းလာခဲ့သည်။ သူက အိပ်ဆောင်
တံခါးပွင့်နေသည်ကို တွေ့သော် ထူးဆန်း နေသဖြင့် အလျင်အမြန်ပင် အိပ်ခန်းထဲ ဝင်လာခဲ့သည်။ ကုတင်ကြီး ပြိုလဲနေသည်ကို
မြင်သော် အံ့သြသွားပီး သစ်သားစများကို ဖယ်ကြည့်လိုက်လေသည်။ ကုတင်ကြီးမှာ အတော်ကြီးပီး လူငါးယောက်လောက် ပင်
ဆံ့သဖြင့် ဝမ်ပ့မှာ လူထွားကြီး ဖြစ်သည့်တိုင် ချွေးပြန်အောင် ဖယ်ထုတ်လိုက်ရသည်။ သစ်သားပြားများ တိုင်များ ဖယ်မိသော် သူ့ဆရာ
မော်ရိဟွာ တစ်ယောက် သစ်သားပြားများ အောက်တွင် ပက်လက်ကြီး မေ့မျောနေသည်ကို တွေ့လိုက်ရသည်။ ဝမ်ပ့ က
ပြာယာခတ်သွားပီး ပွေ့ထူကာ သွေးကြောများကို စမ်းသပ်လိုက်သည်။ မော်ရိဟွာမှာ ပြင်းထန်သော အတွင်းဒဏ်ရာ ရနေပီး
ထိုဒဏ်ရာကြောင့် မေ့မျောနေကြောင်း သိလိုက်ရသည်။ သူက ချက်ချင်းပင် ကျောပိုးကာ ဆေးဆရာဆီ သို့ ပြေးသွားတော့သည်။

ထိုအဖြစ်အပျက်၏ အဖြစ်မှန်မှာ မော်ရိဟွာ သည် ပြတင်းပေါက် မှ ခုန်ဆင်းသွားသည် မှန်သော်လဲ ထိုသူ၏ ကိုယ်ဖော့ပညာမှာ


အရမ်းကောင်းသဖြင့် မလွတ်နိုင်သည်ကို သိလေသည်။ ထို့ကြောင့် သူက ခုန်ဆင်းပီးသည်နှင့် ချက်ချင်းပင် ကုတင်နှင့် နံရံ
ကပ်ထားသော ခွေးတိုးပေါက်မှ ကုတင်အောက်ရှိ အံဝှက်ထဲတွင် ပုန်းနေခြင်း ဖြစ်သည်။ ထိုကုတင်ကြီးသည် သူက မိန်းမလိုက်စားရန်
သီးသန့်ပြင်ထားခြင်း ဖြစ်ရာ အံဝှက်များ နံရံနှင့် ဆက်နေသော အပေါက်များ ပါရှိလေသည်။ ထိုအချက်ကပင် သူ့အဖို့ ကံကောင်းစေခြင်း
ဖြစ်သည်။ သို့သော် ဝတ်စုံမည်းနှင့်လူ က ဒေါသတကြီး ကုတင်ကို ရိုက်ချိုးလိုက်ရာ သူပါ ထိသွားပီး အသံပင် မထွက်နိုင်ပဲ မေ့မျော
သွားလေသည်။ ဝတ်စုံမည်းနှင့်လူ ကတော့ သူ မော်ရိဟွာကို ရိုက်ဖမ်းမိထား ကြောင်း မသိချေ။ နောက်တစ်ခေါက်လာပီး ကြည့်သော်လဲ
ခြေရာလက်ရာ မပျက်သဖြင့် ဒေါသထွက်ကာ ပြန်ထွက်သွားလေသည်။

ခိုင်ဖုန်းမြို့  မှ ထွက်လာသော ဝတ်စုံမည်းနှင့်လူ မှာ ရှောင်စစ်တောင် ရှိရာ လို့ရန်မြို့ ဘက်သို့ ဦးတည်သော လမ်းပေါ်
ရောက်လာလေသည်။ ရှောင်စစ်တောင် သိုင်းပြိုင်ပွဲ မှာ ဆယ်ရက်ခန့်သာ လိုတော့ပီး လို့ရန်မြို့  နှင့် တစ်ဝိုက်မှာ သိုင်း သမားများနှင့်
စည်ကားနေပေတော့မည်။ အခုအချိန်မှာ မိုးမလင်း တလင်း ဖြစ်၍ လူသွားလူလာ မရှိ သေးချေ။ ထိုသူက လမ်းဘေးသို့ဆင်းကာ
အနက်ရောင်ဝတ်ရုံ ရှည်ကြီးကို ချွတ်ပီး အသေအချာ ခေါက်၍ ခရီးဆောင် အိတ်ထဲ ထည့်လိုက်သည်။ ထို့နောက် ဘေးဘီကို
တစ်ချက်ကြည့်ပီး အနက်ရောင် ကိုယက
်ျပ်ဝတ်စုံ ကို အပြာရောင် စာပေသမား ဝတ်စုံဖြင့် ပြောင်းကာ လဲဝတ် လိုက်သည်။
နောက်ဆုံးတွင်မှ ခမောက်ကြီး နှင့် မျက်နှာကို ကွယ်ထားသော အဝတ်စ ကို ဖယ်လိုက်သော အခါ ချောမောလွန်းသော မျက်နှာ
ပေါ်ထွက်လာလေသည်။ သူက ဝတ်စုံကို သပ်သပ်ရပ်ရပ် ဖြစ်အောင် ဆန့်ကာ အဝတ်နှင့် ပတ်ထားသော ဓားရှည် တစ်ချောင်းကို
ခါးတွင် ချိတ်ဆွဲလက
ိုသည်။ ဓားတိုတစ်ချောင်းကိုလဲ တော့ အိတ်ထဲ ထည့်ကာ ခရီးဆောင်အိတ် ကို သိုင်းလွယ်လိုက်ပီး လေတစ်ချက်
ချွန်ကာ လမ်းပေါ် ပြန်တက်ခဲ့တော့သည်။ သူ၏ ပုံပန်းမှာ စာပေဝတ်စုံဝတ် လူငယ် သိုင်းသမား ပုံပေါက်နေပီး ဆွေကြီးမျိုးကြီး ရုပ်လဲ
ပေါက်သည်။ ခုနက အမည်းရောင်ဝတ်စုံ နှင့် လူ ပုံစံနှင့် ယှဉ်လျင် ဘာမှမဆိုင်တော့ချေ။
မှန်ပေသည်။ သူက ကျောက်စိမ်းယပ်တောင် ဓားသမား (ဝါ) တွမ့်ကျန်းယွမ် ဖြစ်လေသည်။

ချောက်ထဲကျသွားသော တွမက
့်ျန်းယွမ် မှာ အဘယ့်ကြောင့် အဆမတန် သိုင်းပညာတိုး တက်လာရသနည်း။ သူ့လို သိုင်းလောက
အကြောင်းဝင်မစွက်လိုသူက အဘယ့်ကြောင့် လျှို့ ဝှက် အဖွ့အ
ဲ စည်း အကြောင်းကို ရုပ်ဖျက် နာမည်ပြောင်းပီး စုံစမ်းနေရသနည်း။
ထို့အတူ သိုင်းလောကမှာလဲ ရှောင်စစ်တောင် သိုင်းပြိုင်ပွဲ နီးလာသည်နှင့် အမျှ လှုပရ
ှ်ားလာလေသည်။ အခြေအနေမှာ မုန်တိုင်းလား
လေပြေလား ခွဲခြား ၍ပင် မရချေ။

တွမ့်ကျန်းယွမ် မှာ လိရ


ု့ န်မြို့  ကို ဦးတည်ပီး လေ၏ အလျင်ကဲ့သို့ လျင်မြန်စွာ ပြေးထွက်သွားတော့သည်။ ထို့်အတူ သူ့စိတ်အစဉ် မှာလဲ
လွန်ခဲ့သော သံုး လကျော် ဆီသို့ ပြန်လည် ရောက်ရှိသွားသည်။

#မိုးထိတောင်သိုင်းသမား #ZYN
အခန်း (၁၆) အပိုင်း တစ်
မမျှော်လင့်သော အဖြစ်အပျက်

" အား.... "


အသံနက်ကြီးမှာ ချောက်ကမ်းပါး တစ်ခုလုံး ဟိန်းထွက်သွားပီး တစ်ဖြည်းဖြည်း တိမ်ဝင်သွားသည်။

တွမ့်ကျန်းယွမ် က သေခါနီး ဖြစ်၍ ကြောက်လန့်စိတ်များ ပင်ပျောက်ကာ ခေါင်းများ ကြည်လင်လာတော့သည်။ သူက မအော်တော့ပဲ


လက်မှ ဓားဖြင့် ကျောက်သား နံရံကို ဓားဖြင့် စိုက်ချလိုက်တော့သည်။ ပဲပြားကို လှီးချလိုက်သလိုပင် ဓားက ကျောက်နံရံထဲ ဝင်ကာ
လူရော ဓားပါ တန်းလန်းကြီး ပြုတ်ကျသွားတော့သည်။ ဓားက ကောင်းလွန်းနေသဖြင့် သူထင်သလို အတားအဆီး မဖြစ်ချေ။
ပြုတ်ကျသော အရှန
ိမှာ မလျော့သွားပဲ ဖြစ်နေသည်။ သူက ဓားကို အတွင်းအားမပါပဲ ဆုတ်ကိုင်ထားရသဖြင့်လဲ လက်ဖဝါး နှစ်ဖက်
လုံးမှာ ကွဲသွားကာ သွေးများ စိုရွှဲကုန်သည်။ သူကတော့ သေနေ့စေ့ပီ ဟု သာမှတ်လိုက်တော့သည်။ သူဘယ်လောက် ကြိုးစား ကြိုးစား
တားဆီးလို့ မရနိုင်တော့သည် မဟုတ်ပါလား။ သူက စိတ်လျှော့ကာ မျက်စိမှိတ်ထား လိုက်တော့ သည်။

ထိုစဉ် သူပြုတ်ကျရာ ဘေးဘက်မှာ ဂူပေါက်ကဲ့သို့ အဝလေးထဲမှ စောင် ကဲ့သို့ ဝတ်ရုံရှည်ကြီး ထိုးထွက်လာကာ ကွေ့ပတ်ပီး သူ့ကို
ဖမ်းယူလိုက်သည်။ ထိုဝတ်ရုံထဲတွင် ပါသော အတွင်းအားမှာ ကြီးမားလွန်းသဖြင့် လူရော ကျောက်နံရံထဲစိုက်ဝင်နေသော ဓားပါ စွေ့ခနဲ
ရစ်ပတ်ခံလိုက်ရတော့သည်။ ဝတ်ရုံရှည်ကြီးက ရစ်ပတ်ပီးလျှင် လျှော ခနဲ သူထွက်လာရာ လိင
ှုဂူပေါက်ကလေးထဲ
ဆွဲယူသွားတော့သည်။

ဂူမှာ ဂူပေါက်နှင့် မတူ အထဲတွင် ကျယ်ဝန်းကာ ရှည်လဲ ရှည်လျားသည်။ ဝတ်ရုံရှည်ကြီးက မြွေတစ်ကောင်သဖွယ် ပြန်
ရုတ်သွားလေသည်။ တွမ့်ကျန်းယွမ် မှာ အခုမှပင် အံ့သြပြေသွားပီး ဝတ်ရုံရှည်ကြီး ထွက်လာရာ သို့ ကြည့်မိလိုက်သည်။
ဝတ်ရုံရှည်ကြီးက ကျောက်နံရံကို မှီထိုင်နေသော ဆံပင်များရှည်လျားကာ ပိန်လှီနေသည့် အဘိုးအို တစ်ဦး၏ လက်မှ ထွက်လာသည်ကို
တွေ့လိုက်ရသည်။ အဘိုးအိုက တွမ့်ကျန်းယွမ် ကို ကြည့်ကာ မပြုံးစဖူး ပြုံးလိုက်မိသည်။

အနှစ်သုံးဆယ် အတွင်း ပထမဆုံး သူမြင်ရသော လူသားမှာ ရုပ်ချောလွန်း နေသည် မဟုတ်ပါလား။ ဤကောင်လေးမှာ ရင်ဘတ်နေရာ
ဝတ်စုံစုတ်ပြဲ နေပီး ကြွက်သားများ အမြှောင်းလိုက် ပေါ်နေသလို ရှည်လျားသော အရပ်ကြောင့်သာ ယောက်ျားစစ်စစ် ဖြစ်မှန်း
သေချာသိရသည်။ မဟုတ်လျှင် မိန်းကလေး လို့ သူထင်မိမှာ အမှန်ပင်။

တွမ့်ကျန်းယွမ် က အဘိုးအိုက သူ့ကို ကြည့်ကာ ပြုံးလိုက်သော် ဘာကြောင့်ရယ် မသိ အဘိုးအိုကို သနားမိသွားသည်။ သူက
" အဘိုး... ကျနော်ကို ကယ်တင်ပေးတာ ကျေးဇူးပါပဲ... "
ဟု အမှန်တကယ် ကျေးဇူးတင်ကာ ထိုင် ကန်တော့လိုက်သည်။

အဘိုးအိုက ကန့်တော့ခြင်းကို နှစ်ခေါက်သာ လက်ခံသည်။ တတိယအခေါက်တွင်တော့ ဝတ်ရုံရှည်ကြီး ထွက်လာကာ တွမ့်ကျန်းယွမ် ၏


လက်ကို ရစ်ပတ်ကာ ကန်တော့မရအောင် ထောက်ထားလိုက်သည်။ တွမ့်ကျန်းယွမ် က ကြောင်သွားကာ
" အဘိုးက... ဘာကြောင့် "

အဘိုးအိုက စကားမဆုံးခင်
" ငါက ငါ့တပည့် ကန်တော့တာပဲ သုံးခါအတိ လက်ခံမယ် ဆုံးဖြတ်ထားတယ်... ငါ့မှာ တပည့်လဲ မရှိတော့... ဘယ်သူကန်တော့ တာမှ
သုံးခါပြည့်အောင် မခံနိုင်ဘူး "
ဟု ပြောလိုက်သည်။

တွမ့်ကျန်းယွမ် လဲ မကန်တော့တော့ပဲ ရပ်လိုက်သည်။ ထိုမှသာ ဝတ်ရုံရှည်ကြီးက ပြန်လည် ရုတ်သိမ်းသွားသည်။ အဘိုးအိုက


သက်ပြင်းချလိုက်ကာ
" ကောင်လေး... ငါခုနက မင်းရဲ့ လက်ကောက်ဝတ် သွေးကြောကို စမ်းမိတော့ မင်းရဲ့ အတွင်းအားတွေဟာ ပြိုကွဲနေတာကို
တွေ့တယ်... မင်း စီးမင်းကို့ဝေ ရဲ့ သားနဲ့များ ရင်ဆိုင်ခဲ့ရသလား သူရဲ့ ထျန်းစန်းနတ်လက်သီး သိုင်းထဲက အရက်စက်ဆုံး
ကောင်းကင်ဖြိုခွဲ သိုင်းကွက် နဲ့ အတွင်းအားတွေ ဖြိုခွဲ ခံထားရတာ တွေ့တယ်"
ဟု မေးလိုက်သည်။

တွမ့်ကျန်းယွမ် က ထိုအဘိုးအိုမှာ စီးမင်ကို့ဝေ ၏ သိုင်းကွက်ကိုပင် သိနေသဖြင့် နတ်လေးပါးဂိုဏ်းသား များလားဟု တွေးကာ


လန့်သွားလေသည်။ သူက ဓားကို ကောက်ကိုင်လိုက်ပီး
" အဘိုးက ဘယ်သူလဲ... နတ်လေးပါးဂိုဏ်း ကလူလား... ကျနော့် အတွင်းအား မစုစည်းနိုင်တော့ဘူး ဆိုပီး အထင်မသေးနဲ့ ကျနော့်မှာ
ဓားပညာ ရှိသေးတယ် "
ဟု ပြောလိုက်လေသည်။

ထိုအဘိုးအိုမှာ ဓားပညာ ဟူ သော စကားကြောင့် ပြုံးလိုက်ပီး


" ဟုတ်တယ်ကွ... ငါက နတ်လေးပါးဂိုဏ်း ကပဲ... မင်းရဲ့ ဓားပညာကို စမ်းချင်တယ်ကွ "
ဟု ပြောလိုက်သည်။

ပြောပီးပီးချင်းပင် ဝတ်ရုံရှည်ကြီးက ထိုးထွက်လာကာ တွမ့်ကျန်းယွမ် ကို တိုက်ခိုက်လိုက်သည်။ တိုက်ကွက်များ မှာ ဓားသိုင်းကွက်


များဖြစ်သည်ကို တွေေ
့ သာ် တွမ့်ကျန်းယွမ် က ပြုံးမိလိုက်သည်။ သူက အတွင်းအား သုံးမရသော်လဲ ဓားပညာ က အကောင်းအတိုင်း
ဖြစ်နေဆဲပင်။

တွမ့်ကျန်းယွမ် ကလဲ သူ့ဆရာဝေထင်း၏ အကောင်းဆုံး ဓားကွက်များဖြင့် ပြန်လည် တိုက်ခိုက်လိုက်သည်။ အဘိုးအိုမှာ မထင်မှတ်ပဲ


လူငယ်လေးဆီမှ အဆင့်လွန် ဓားပညာ ထွက်လာသဖြင့် အံ့သြမိသွားသည်။ သူက စိတ်ပါလာကာ အစွမ်းကုန် တိုက်လိုက်တော့သည်။
တွမ့်ကျန်းယွမ် မှာတော့ အသက်ရှုကြပ် လာလေသည်။ ထိုအဘိုး အို၏ ဓားပညာမှာ အတွင်း အားကို အခြေခံသော ဓားပညာ ဖြစ်ရကာ
အကွက်တိုင်း အတွင်းအား ကြီးမားစွာ ပါဝင်နေသဖြင့် သူက တန်ပြန်ဓားကွက် ဖြင့်သာ ခုခံနေရသည်။ သူ၏ အစွမ်းအကုန်
တိုက်နိုင်ခြင်း မရှိချေ။ ယခင်အခြေအနေ ဆိုလျှင်တော့ သူက မူမည် မဟုတ် စီးမင်ကို့ဝေကို တိုက်သလိုပင် ရိကျင့် အကြောပြောင်း
အတွင်းအားသုံးကာ အတွင်းအားခြင်း ခုခံပီး ဓားပညာ ထုတ်ဖော်နိုင်ပေဦးမည်။ အခုတော့ သူက အတွင်းအားများ ပြိုကွဲ နေသဖြင့်
အတွင်းအားလှိုင်းများကို မခုခံနိုင် ရှောင်တိမ်းလိုက် တန်ပြန်အားယူ လိုကသ
်ာ လုပ်နိုင်သည်။ ထို့အပြင် ဤ အဖိုးအိုမှာ အတွင်းအား
နက်ရှိုင်းလွန်းလှသည်။ စီးမင်ကို့ဝေ ထက်ပင် အတွင်းအားကြီးမား လွန်းသည်။ သူက မိုးနဂါး ကိုယ်ဖော့ပညာ ၏ အခြေခံ
ရှောင်တိမ်းကွက်များကို သုံးကာ လှည့်ပတ်ရှောင်တိမ်းပီး ရနိုင်သမျှ ဓားကွက်များ ထုတ်ဖော်ကာ တိုက်ခိုက်လိုက်သည်။

အဘိုးအိုကလဲ ဓားပညာကိုသာ စိတ်ဝင်စားသူ ဖြစ်ရာ အတွင်းအားသုံးကာ အနိုင်ယူနိုင်သော အခြေအနေ ဖြစ်သော်လဲ မယူချေ။


ဓားကွက်များကို ယှဉ်နေလေသည်။ တဖြည်းဖြည်း အကွက်ပေါင်း ရာချီလာလေသည်။ တွမ့်ကျန်းယွမ် မှာ အတွင်းအားမရှိ၍
မောပန်းလာသလောက် အဘိုးအိုကတော့ ဓားကွက်အသစ်အဆန်း များကို ရင်ဆိုင်ရသဖြင့် ပျော်ရွှင်နေသည်။

အဘိုးအိုက တွမ့်ကျန်းယွမ် မောဟိက


ုနေသည်ကို သိဟန်ဖြင့်
" အားတင်းထားပါကွ... မင်းရဲ့ ဓားသိုင်းက တကယ့်ကိုကောင်းတာပဲ... ငါစိတ်ဝင်စားနေပီ "
ဟု ပြောလိုက်သည်။

တွမ့်ကျန်းယွမ် က ထိုစကားကို ကြားသော် ချက်ချင်းပင် သိုင်းကွက်ကို ရပ်တန့်လိုက်သည်။ ထို့နောက် ထိုင်ချကာ


အမောဖြေလိုက်သည်။ အဘိုးအို မှာ ကြောင်သွားပီး
" ဟိတ်ကောင်လေး... ဘာလို့ရပ်လိုက်တာလဲ ငါအားမရသေးဘူးကွ... ဆက်တိုက်မယ် "
ဟု ပြောလိုက်သည်။

တွမ့်ကျန်းယွမ် က မောဟိက
ုသံဖြင့်
" နေပါဦး အဘိုးရာ... အမောဖြေပါရစေဦး... ကျနော်က အရင်လို အခြေအနေနဲ့ ဆိုရင်တော့ အဘိုးနဲ့ အကွက်ပေါင်း ထောင်ချီအောင်
တိုက်လို့ရတယ်... အခုတော့ အတွင်းအားမရှိလို့ အရမ်းမောနေပီ "
ဟု ပြောလိုက်သည်။
အဘိုးအိုက စိတ်ပျက်စွာဖြင့် သက်ပြင်းချလိုက်ပီး
" ဟုတ်တာပေါ့ကွာ မင်းက ပိုမောမှာပေါ့... ငါ့ဓားကွက်တွေကလဲ အတွင်းအား အရမ်းသုံးရတာကိုး... ခုခံနေရတာ ပိုမောမယ်... ဒါပေမဲ့
မင်းရဲ့ ဓားပညာက ထူးဆန်းလှချည်လားကွ... အတွင်းအားသုံး တိုက်တဲ့သူကိုလဲ မမူပဲ ကောင်းကောင်း ခုခံနိုင်တယ်... မင်းဆရာက
ဘယ်သူလဲ "
ဟု မေးလိုက်သည်။

တွမ့်ကျန်းယွမ် က ဂုဏ်ယူဟန်ဖြင့်
" ဒါတွေက ကျနော့်ဆရာ ဓားဘုရင် ဝေထင်းရဲ့ ဓားပညာ ပေါ့ဗျာ... လက်ရှိသိုင်းလောကမှာ အဆင့်အမြင့်ဆုံးပဲ"
ဟု ပြောလိုကသ
် ည်။

အဘိုးအိုက ဝေထင်း ဟု ကြားသော်


" ဒီလူက ဒီလောက်ကို တော်သွားတာလား... လွန်ခဲ့တဲ့ အနှစ်သုံးဆယ်က ပြည်မမှာ တစ်ဖက်သွား ဓားသမားဆိုတဲ့ ဓားသမား
တစ်ယောက် ရှိတာကို ငါကြားဖူးခဲ့တယ် သူ့နာမည်က ဝေထင်းပဲ... ငါက သူနဲ့ သိုင်းပြိုင်ဖို့တောင် တွေးထားခဲ့တာ အခုတော့ သူက
ဓားဘုရင်တောင် ဖြစ်နေပီပေါ့လေ... ငါသာ ဒီလိုမဖြစ်ခဲ့ရင် သူနဲ့ တိုက်ပီး ဘယ်သူသာလဲ သိရမှာ အမှန်ပဲ "
ဟု ရေရွတ်လိုက်သည်။

ထို့နောက် စိတ်လောကြီးဟန်ဖြင့်
" ကောင်လေး မြန်မြန်ထစမ်းကွာ... သူ့ဓားပညာကို ငါယှဉ်မယ်... "
ဟု တွမ့်ကျန်းယွမ် ကို လောဆော် လိုက်သည်။

တွမ့်ကျန်းယွမ်က ခေါင်းခါကာ
" မရတော့ဘူး အဘိုး... ဒီနေ့တော့ ကျနော် ချောက်ထဲကျလာတာရော... အတွင်းအား သုံးမရတာရောကြောင့် အရမ်းမောနေပီ... အဘိုး
ယှဉ်ချင်ရင် နောက်နေ့မှ ယှဉ်ဗျာ... အခုတော့ ကျနော် အိပ်ပီ "
ဟု ပြောကာ ကြမ်းပြင်ပေါ်တွင်ပင် ဓားကို ပစ်ချပီး အိပ်လိုက်တော့သည်။

အဘိုးအိုက ကြောင်သွားပီး ကြည့်နေမိသည်။ တွမ့်ကျန်းယွမ်ဆီမှ အသက်ရှုသံပြင်းပြင်း ကြားလိုက်ရပီး ငြိမ်သက်သွားမှ အဘိုးအိုက


အမှောင်ရိပ် ကျရာ ကျောက်နံရံ နားမှ ဝတ်ရုံရှည်ကို ထောက်ကာ သူ့ကိုယ်လုံးကို သယ်ပီး တွမ့်ကျန်းယွမ် အနားသို့
ရောက်လာလေသည်။ ထိုအခါ ကျမှ အဘိုးအိုမှာ အောက်ပိုင်းသေနေသူ ဖြစ်သည်ကို တွေ့လိုက်ရသည်။ သူ၏ ရုပ်ရည် မှာ
ခန့်ညားသော်လဲ ပိန်ချုံးနေသဖြင့် သိပ်မပေါ်လွင်ချေ။

သူက ပိန်လှီနေသော လက်ဖြင့် တွမ့်ကျန်းယွမ် ၏ လက်ကောက်ဝတ်ကို စမ်းကြည့်လိုက်သော် တွမ့်ကျန်းယွမ် က အမှန်တကယ်ပင်


မောဟိုက်လွန်း သဖြင့် အိပ်ပျော်နေမှန်း သိလိုက်ရသည်။ အဘိုးအို က သက်ပြင်း တစ်ချက်ချကာ
" အင်း အနှစ်သုံးဆယ် ကြာမှ အပျင်းပြေဖို့ ဖြစ်လာပါလား... ငါသေခါနီးကို အဖော်တစ်ယောက် ရှိလာတာ မိုးနတ်မင်းရဲ့ ဂရုဏာပဲ
ဖြစ်ရမယ်... ငါအယှဉ်ချင်ဆုံး ဝေထင်းရဲ့ တပည့်ဖြစ်နေတာကိုက ပိုပီး ကံကောင်းတာပဲ "
ဟု ရေရွတ်လိုက်တော့သည်။

#မိုးထိတောင်သိုင်းသမား #ZYN
အခန်း (၁၆) အပိုင်း နှစ်
မမျှော်လင့်သော အဖြစ်အပျက်

တွမ့်ကျန်းယွမ် မှာ မည်မျှကြာအောင် အိပ်နေသည် မသိ။ နိုးလာသော် ဗိုက်က တဂြီဂြီဆာကာ ရေလဲ ငတ်နေလေသည်။ သူက
လေးကန်စွာ ထရပ်လိုက်တော့ တစ်ကိုယ်လုံးမှာ ယိုင်ထိုးနေသည်။ ထိုအချိန်တွင် အဘိုးအိုက တွမ့်ကျန်းယွမ်ကို ကြည့်ကာ
" ထလာပီလား လူလေး.... ဂူအတွင်းပိုင်းမှာ ရေစီးကြောင်းလေး တစ်ခုရှိတယ် အဲ့မှာ ကိုယ်လက်သန့်စင်ပီး ရေသောက်လိုက်
ဗိုက်ဆာရင်တော့ အဲ့အနားမှာ မှိုခင်း ရှိတယ် စားလိုက်ပေါ့ကွာ... အဲ့မှိုခင်းက တစ်ပါတ်မှ တစ်ခါပဲ ပေါက်တာမို့ ကုန်အောင်တော့
မစားလိုက်နဲ့ဦး နောက်ရက် ငါတို့ နှစ်ယောက် ငတ်နေဦးမယ် "
ဟု ပြောလိုက်လေသည်။

တွမ့်ကျန်းယွမ် လဲ ရေနှင့် စားစရာ ဟု ကြားလိုက်သော် ချက်ချင်းပင် ဂူအတွင်းပိုင်း သို့ ပြေးဝင်သွားသည်။ ရေစီးကြောင်း လေးကို
တွေ့သော် အငမ်းမရ သောက်လိုက်လေသည်။ ထို့်နောက် ဘေးနားရှိ မှိုခင်းကို ကြည့်ရာ မှိုပွင့်များမှာ ခပ်သေးသေး ရှိပီး အပွင့်
လေးဆယ်လောက်သာ ရှိသည်ကို တွေ့ရသဖြင့် စိတ်ညစ်သွားလေသည်။ သူက အဆာပြေရုံ လေးငါးပွင့်သာ ခူးပီး ဝါးလိုက်သည်။
ငတ်နေ၍လားမသိ မှိုပွင့် အရသာမှာ အတော်ပင် ကောင်းနေသည်။ သူက ထပ်မစားတော့ပဲ အာရုံပြောင်းရန် ရေချိုးဖို့ ပြင်လိုက်သည်။

အောက်က ကိုယ်ကျပ်ဝတ်စုံ က ရင်ဘတ်နေရာတွင် အပေါက်ဖြစ်နေပီး ထိုအထည်ကို ချွတ်ရန် အပေါ်ရုံအထည်ကို အရင်


ချွတ်လေသည်။ ထိုတွင် အပေါ်ရုံအထည် အနောက်တွင် သိုင်းထားသော ခရီးဆောင်အိတ် အပြားလေးကလဲ ကျွတ်သွားပီး ဖုတ် ခနဲ
ပြုတ်ကျသွားလေသည်။ သူက သူနှင့် အတူ သေအတူ ရှင်မကွာ ချောက်ထဲ ပါလာသော ခရီးဆောင်အိတ် အပြားလေးကို ကြည့်ကာ
ပြုံးမိသည်။ ထို့နောက် ထိုအိတ် ထဲကို မွှေနှောက်ကာ သွန်ထုတ်လိုက်တော့ ပေါက်စီခပ်သေးသေး ခြောက်လုံး၊ မီးခတ်ကျောက် တစ်ခု၊
ကျောက်စိမ်း ဆေးပုလင်း၊ ဝတ်စုံတစ်ထည် နှင့် ငွေလွှဲလက်မှတ် တစ်ထပ်ကို တွေ့လိုက်ရ သည်။ ပေါက်စီများမှာ ပိပြားခြောက်ကပ်
နေပီး စားချင်စဖွယ် မရှိသော်လဲ တွမ့်ကျန်းယွမ် ကတော့ အကြည့်ပင် မလွှဲနိုင်ချေ။ သူက ငွေလွှဲလက်မှတ်များကို ကြည့်ကာ
ရယ်မိသည်။ ထိုငွေများမှာ ငွေသားကိုးသိန်းကျော် တန်ဖိုးရှိပီး သာမန်ပြည်သူများပင် နှစ်နှစ်လောက် သုံးကာ နေနိုင်လေသည်။
နေ့တိုင်းနေ့တိုင်း စားကောင်းသောက်ဖွယ် စားကာ စည်းစိမ်ခံလျှင်ပင် သုံးလလောက် သုံးရမည် ဖြစ်ပီး အခုတော့ ထိုငွေ
ကိုးသိန်းကျော်မှာ ချောက်ထဲတွင် ခြောက်ကပ်နေသော ပေါက်စီ ပြား ခြောက်ခုထက် အသုံးမဝင်နိုင်တော့ချေ။
ဝတ်စုံကတော့ သူ အသစ်ဝယ်ထားသော စီးရှ ပြည်က အကောင်းစား ဝတ်စုံ ဖြစ်သည်။ သူအခု ဝတ်ထားသော ဝတ်စုံမှာမူ ပြည်မ
စာပေသမား ဝတ်စုံဖြစ်ပီး အောက်ခံဝတ်ရုံမှာ ပေါက်ပြဲ နေသဖြင့် ရေချိုးကာ လဲဝတ်ရန် ကြံလိုက်သည်။ သိုသော့် ဤဂူထဲတွင် ဝတ်စုံလဲ
ကာ အလှပြရန် အကြောင်း မရှိသဖြင့် မလဲတော့ပဲ ကိုယ်တုံးလုံး ချွတ်ချိုးကာ မူလဝတ်စုံကိုပင် ပြန်ဝတ်လိုက်သည်။ အောက်ခံဝတ်ရုံ ကို
မဝတ်တော့ပဲ အပေါ်ရုံထည်ကိုသာ ခါးစည်းကြိုးထဲ ထည့်ဝတ်လုက
ိသဖြင့် ပြည်မက ဆင်းရဲသား များ ဝတ်သည့် ဟန်
ဖြစ်သွားလေသည်။ သူပုံမှာ ဆံပင်များရေစိုရွှဲ နေ၍ အမှနတ
် ကယ်ပင် ဆင်းရဲသားပုံ ပေါက်နေသည်။ သူက ရေပြင်တွင် ထင်နေသော
သူပုံကို ကြည့်ကာ ပြုံးမိလိုက်သည်။ ငွေကိုးသိန်းကျော် ပိုင်သော ဆင်းရဲသား ဟု တွေးမိသဖြင့် ပြုံးမိခြင်း ဖြစ်သည်။ ထို့နောက်က သူက
ပေါက်စီကို ကိုင်ကာ ဝတ်စုံအသစ်ကို ခရီးဆောင် အိတ်အပြားထဲ ပြန်ထည့်ပီး သယ်လာခဲ့လေသည်။

အပြင်လှိုင်ဂူ ထဲတွင် အဘိုးအိုက ကျောက်နံရံကို မှီကာ ဂူပေါက်ဝကို ငေးနေသည်ကို တွေ့ရသည်။ အဘိုးအို ကို သေချာ ကြည့်မိသော်
အောက်ပိုင်းသေ ကာ ပိန်ချုံးနေသည်ကို တွေ့ရပီး သနားစိတ်များ ဝင်လာလေသည်။ ဤ အဘိုးအို လှိုင်ဂူထဲ ရောက်နေသည်မှာ မည်မျှ
ကြာနေသနည်း။ အဘိုးအို၏ ရုပ်ရည်မှာ ခန့်ညားဟန် မပျောက်သေးချေ။ ထိုအပြင် ထိုအဖိုးအိုမှာ သိုင်းပညာ အလွန်ကောင်းပီး
သူတွေ့ဖူးသမျှ ထဲတွင် အတွင်းအားအကောင်းဆုံး ပုဂ္ဂိုလ် ဖြစ်လေသည်။ ထိုသို့ ပြိုင်ဘက်ကင်း လောက်အောင် သိုင်းပညာတော်သော
အဘိုးအိုမှာ အဘယ့်ကြောင့် လှိုင်ဂူထဲတွင် အကျဉ်းကျသလို ဖြစ်နေရသနည်း။ မည်သူက သူကို ချောက်ထက
ျဲအောင် လုပ်ခဲ့သနည်း။
တွမ့်ကျန်းယွမ် မှာ ထိုအတွေးများဖြင့် အတန်ကြာအောင် အဘိုးအိုကို ငေးကြည့်နေမိသည်။

ဂူဝကို ငေးနေသော အဘိုးအိုက သူ့ဘေးတွင် ရှိသော တွမ့်ကျန်းယွမ် ကို ကြည့်ကာ ပြုံးပြလိုက်လေသည်။ သူက တွမ့်ကျန်းယွမ် ၏
မျက်နှာကို ကြည့်ကာ တွမ့်ကျန်းယွမ် ၏ အတွေးကို ရိပ်မိပုံရသဖြင့်
" ငါဘာလို့ ဒီဂူထဲ ရောက်နေလဲ... မင်းသိချင်နေတယ် မဟုတ်လား... မင်းနဲ့ တူတူပဲပေါ့ကွာ... မင်းက စီးမင်ကို့ဝေ ရဲ့သား နဲ့တွေ့ ပြီး
ဒုက္ခ ရောက်လာတာ မလား... ငါကတော့ သူ့အဖေ အပါအဝင် ကျန်တဲ့ သစ္စာဖောက် နှစ်ယောက် ဝိုင်းတိုက်လို့ ချောက်ထဲ ကျလာတာပဲ
"
ဟု နာကျည်းသံဖြင့် ပြောလိုက်သည်။

တွမ့်ကျန်းယွမ် က ခေါင်းခါကာ
" က်ေနာ္က စီးမင္ကေ
ို့ ဝရဲ့ သားနဲ့ တိုက်ခိုက်ပီး ကျလာတာ မဟုတ်ပါဘူး... စီးမင်းကို့်ဝေ ကိုယ်တိုင် ကျနော်က ရင်းကို့ နဲ့ တိုက်နေတုန်း
အလစ်တိုက်လိုက်လို့ ကျလာတာပါ အဘိုး "
ပြောလိုက်လေသည်။

အဘိုးအိုမှာ တွမ့်ကျန်းယွမ် က စီးမင်ကို့ဝေ နှင့် ရင်းကို့ က တိုက်၍ ကျလာသည် ဆိုသော်ကြောင့် အံ့သြသွားလေသည်။ ဤ


ကောင်လေးမှာ စီးမင်ကို့ဝေ နှင့် ရင်းကို့ ကို ယှဉ် နိုင်လောက်အောင် သိုင်းပညာ ကောင်းသလား ဟု အံ့သြခြင်း ဖြစ်လေသည်။

တွမ့်ကျန်းယွမ် က အဘိုးအို အံ့သြ သည်ကို တွေ့သော်


" အဘိုးလဲ အသိပဲ ကျနော့် ဓားပညာ အရဆိုရင် ကျနော် စီးမင်ကို့ဝေ ကို အကွက်ပေါင်း ရာချီအောင် ခုခံနိုင်တယ် ဆိုတာ... ပီးတော့
ကျနော် အရင် အတွင်းအားက ရင်းကို့တို့ ဟူဖန်းတို့ထက် သာတယ်ဗျ... သူတို့နှစ်ယောက်ကို ကျနော် ရိုက်ပစ်လိုက်တာ
တစ်နှစ်လောက် အိပ်ယာထဲကနေ ထနိုင်မှာ မဟုတ်ဘူး "
ဟု ပြောကာ အခုလက်ရှိ အတွင်းအား ပြိုကွဲ နေသည်ကို သတိရပီး စိတ်ပျက်သွားလေသည်။ သူ့အတွင်းအားများမှာ လုံးဝ
စုစည်းမရတော့ချေ။
သူက ချက်ချင်းပင် သတိရပီး ရိကျင့် အကြောပြောင်း သိုင်းဖြင့် အကြောတွေ ရွှေ့ကာ စုစည်းကြည့်လိုက်သည်။ အကြောများကို အပ်နှင့်
ထိုးဆွသလို ခံစားရပီး အတွင်းအားများကတော့ ပျောက်ကွယ်သွားလေသည်။ ထို့ကြောင့် သူက လန့်ဖျန့်ပီး ထရပ်လိုက်သည်။

အဘိုးအို က သူလုပ်နေသမျှကို ကြည့်ကာ


" ကောင်လေး မင်းအတွင်းအားတွေ ပြန့်ကျဲ နေရာကနေ ပျောက်ကွယ်သွားပီ မဟုတ်လား " ဟု မေးလိုက်သည်။

တွမ့်ကျန်းယွမ် က မျက်နှာ ငယ်လေးဖြင့်


" ဟုတ်ကဲ့အဘ... ကျနော်ကို ကယ်ပါဦး... အတွင်းအားမရှိတော့တဲ့ သိုင်းသမား ဘဝက ရှင်ရက်နဲ့ သေသလိုပါပဲ အဘရယ် "
ဟု ပြောလိုက်သည်။

တွမ့်ကျန်းယွမ် က တကယ်ပင် ငိုချင်စိတ် ဖြစ်နေသည်။ သူက ချောက်ထဲကျ စဉ်ကပင် ဤကဲ့သို့ ဝမ်းနည်းခြင်း မရှိ အခုမှပင်
အမှန်တကယ် သေချင်စိတ် ဖြစ်နေသည်။အဘိုးအိုကလဲ တွမ့်ကျန်းယွမ် ကို သနားသလို ကြည့်ကာ ခေါင်းယမ်းကာ
စုတ်သတ်နေလေသည်။

တွမ့်ကျန်းယွမ် က ချက်ချင်းပြန်ထိုင်ကာ ရိကျင့် အကြောပြောင်း အတွင်းအားကျင့်စဉ် ကို အစက ပြန်ကျင့် လိုက်လေသည်။ ရိကျင့်
အကြောပြောင်း အတွင်းအားကျင့်စဉ် မှာ မှန်ကန်သော အတွင်းအားကျင့်စဉ် ဖြစ်ပီး ကျင့်လိုက်လျှင် မှန်ကန် သန့်စင်သော
အတွင်းအားကို နက်ရှိုင်းစွာ ရစေနိုင်သည်။ တွမ့်ကျန်းယွမ် မှာ ထိုကျင့်စဉ်ကို အသက်ဆယ့်ငါးနှစ် အရွယ်ကပင် ကျင့်လာသဖြင့်
သူ့ထက် အတွင်းအားကျင့်သက် ကြာသူ တစ်ချို့ ထက်ပင် နက်ရှို်င်းနေခြင်းပင် ဖြစ်သည်။ ယခုမူ သူက တစ်နာရီခန့် ကြာအောင်
ကျင့်ယူသော်လဲ အတွင်းအား အနည်းငယ်မျှ သူ့ကိုယ်ထဲတွင် ပေါ်ပေါက် မလာချေ။ သူ လွန်ခဲ့သော ဆယ်နှစ် ပထမဆုံး
ကျင့်တုန်းကပင် အပူလှိုင်းကလေး တစ်ခုက ချက်အောက်မှ တက်တာ တစ်ကိုယ်လုံးသို့ လှည့်ပတ် သွားခြင်းကို ခံစားရသည်။
နောက်ပိုင်း ထို အားလှိုင်းလေးမှာ ကြီးမားနက်ရှိုင်းလာပီး သူ၏ အတွင်းအားဖြစ်လာခြင်း ဖြစ်သည်။ ယခု မူ အားလှိုင်း မပြောနှင့်
သူကိုယ်ထဲတွင် ဘာမျှ ဖြစ်ပေါ်ခြင်းမရှိချေ။ သူက စိတ်ပျက်ကာ ငိုကြွေးမိတော့သည်။ သူ၏ အကြောများမှာ ပျက်ဆီးနေပီ ဟု သူ
ထင်သွားသည်။ ထိေ
ု့ ကြာင့်သာ အတွင်းအားကျင့်မရသည် မဟုတ်ပါလား။

အဘိုးအို က တစ်ယောက်တည်း ပြာယာခတ်ကာ ငိုကြွေးနေသော တွမ့်ကျန်းယွမ် ကို သနားမိလာသည်။ သူက လက်ပြကာ


ခေါ်လိုက်ပီး
" လူလေး... လာစမ်း... မင်းဘာတွေ ဖြစ်နေလဲ ဆိုတာ ငါစမ်းကြည့်မယ် "
ဟု ပြောလိုက်သည်။

တွမ့်ကျန်းယွမ် က ငိုနေရာမှ အပြေးပင် အဘိုးအိုနား ကပ်လိုက်သည်။ အဘိုးက လက်ကောက်ဝတ် သွေးကြော အပြင် အကြောမကြီး
ခြောက်နေရာလုံးကို သူ၏ လက်ဖြင့် ထောက်ကာ စမ်းသပ်ကြည့်သည်။ အကြောများ ပျက်ဆီးနေသည်ဟု ထင်ရသော်လဲ မပျက်ဆီးပါ
သို့သော် သွေးကြောများက ပြင်းထန်သော အတွင်းအားဖြိုခွဲမှုကြောင့် ကပြောင်းကပြန် ဖြစ်နေချိန်တွင် တွမ့်ကျန်းယွမ် က ရိကျင့်
အကြောပြောင်း သိင
ုးကို သုံးကာ အကြောများကို ထပ်မံရွှေ့လိုက်သဖြင့် သွေးကြောစီးဆင်းမှုမှာ လွဲချော်သွားခြင်း ဖြစ်သည် ကို
တွေ့ရသည်။

အဘိုးအိုက သက်ပြင်းချကာ
" လူလေး မင်းအဖြစ်က အတတ်ကြူးတာပဲ... အကယ်၍ မင်းအနေနဲ့ ရိကျင့် အကြောပြောင်းသိုင်းကို မသုံးပဲ တစ်လလောက်
ငြိမ်ငြိမ်နေမယ်ဆို မင်းအတွင်းအားတွေက နဂိုအတိုင်း ပြန်ဖြစ်မှာ... အခုတော့ မင်းက အလောကြီးပီး သွေးကြောတွေကို ရွှေ့လိုက်လို့
တစ်ချို့  သွေးကြောတွေဟာ ပြောင်းပြန်တွေစီးပီး လွဲချော်နေပီ... မင်းဟာ ဘယ်လိုအတွင်းအား ကျင့်စဉ်ကိုမှ ကျင့်လို့ ရတော့မှာ
မဟုတ်ဘူး "
ဟု ပြောလိုက်သည်။

တွမ့်ကျန်းယွမ် မှာ ငယ်ထိပ်ကို မိုးကြိုးပစ်ချ လိုက်သလို ဒိန်းခနဲ ဖြစ်ကာ ခြေပစ်လက်ပစ် ထိုင်ကျသွားလေသည်။ သွားပီ သူက ကိုယ့်
အတတ်နှင့် ကိုယ်စူးခြင်း ဖြစ်သည်။ သူသာ အလောတကြီး သွေးကြောတွေမရွှေ့လျှင် ဘာမျှ ဖြစ်မည် မဟုတ်။ အတွင်းအားဖြိုခွဲ သည့်
သိုင်းကို အထင်သေးကာ လုပ်မိသဖြင့် အခုတော့ လူညွှန့်တုံးချေပီ။ အတွင်းအားပျောက်တာ ပြန်ကျင့်၍ ရသေးသည်။ အတွင်းအားကို
ဘယ်တော့မှ ကျင့်မရလောက်အောင် သွေးကြောတွေ လွဲကုန်တာကိုတော့ ဘာမျှ မတတ်နိုင်တော့ချေ။ သူက စိတ်ပျက်သော အသံဖြင့်
" ဒါဖြင့် ကျနော့် အဖြစ်က ကုဖို့ နည်း မရှိတော့ဘူးလား... ဆရာကြီး "
ဟု မေးလိုက်လေသည်။

မေးသာမေးသည် သူအနေဖြင့် မျှော်လင့်ချက် မထားရဲချေ။ သို့သော် အဘိုးအိုက သူ့ကို စိုက်ကြည့်ကာ


" မပြောတတ်ဘူးကွ တာ့လီက ရိရန် နေမင်းလက်ချောင်းသိုင်း နဲ့ ရိကျင့် အကြောပြောင်းသိုင်းကို အတူတတ်တဲ့ သူဆိုရင်တော့ မင်းလို
အကြောလွဲနေတာကို ကုသပေးဖို့ ဖြစ်နိုင်မလား မသိဘူး"
ဟု ပြောလိုက်သည်။

တွမ့်ကျန်းယွမ် မှာ မျှော်လင့်ချက် ရှိလာသဖြင့် ပျော်သွားလေသည်။ အဘိုးအို အပြောအရ သူက ရိရန် နှင့် ရိကျင့် နှစ်ခုလုံး တတ်ရာ
သူက ကုရန်နည်းကို တွေးကြည့်လိုက် မိသည်။ အဖြစ်နိုင်ဆုံးနည်းမှာ ရိရန်လက်ချောင်းဖြင့် အကြောများကို ထောက်ကာ
ရိကျင့်နည်းအတိုင်း အတွင်းအား သွင်းကာ လှည့်ပတ်နည်း ဖြစ်ပေလိမ့်မည်။ သို့သော် ထိုကုသနည်း များမှာ အတွင်းအားသုံးကာ
အကြောကို ထောက်ရမည် ဖြစ်သဖြင့် သူအနေဖြင့် သူ့ကိုယ်သူ မကုနိုင်ချေ။ သူက အဘိုးအိုကို ကြည့်ကာ အကူအညီ တောင်းသင့်
မတောင်းသင့် တွေဝေနေသည်။

အဘိုးအိုက ပျော်သွားလိုက် တွေဝေသွားလိုက် ဖြစ်နေသော တွမ့်ကျန်းယွမ် ကို ကြည့်ကာ


" ဘာလဲကွ... မင်းက ရိကျင့် အကြောပြောင်းသိုင်းကို တတ်တာ ငါမြင်လို့ သိပေမ့.ဲ .. မင်းက တာ့လီက ရိရန်လက်ချောင်းသိုင်းကိုပါ
တတ်နေတာ လား "
ဟု မေးလိုက်လေသည်။

တွမ့်ကျန်းယွမ် က ခေါင်းငြိမ့်ကာ
" ဟုတ်တယ် အဘိုး... တကယ်တော့ ကျနော်က တာ့လီက လူပါ... အဲ့တော့ အဲ့လက်ချောင်းသိုင်းကို ကျွမ်းကျွမ်းကျင်ကျင်
တတ်ပါတယ်... ဒါပေမဲ့ ကျနော်ကို ကျနော် ကုပေးလို့မရတော့ ဒုက္ခ ဖြစ်နေတယ်...
အဲ့ဒါ "
ဟု ပြောကာ အဘိုးအိုကို ကြည့်လိုက်သည်။

အဘိုးအိုက ရယ်ကာ
" ကောင်းကွာ... မင်းကတော့ ကြံကြံဖန်ဖန် ကောင် ပဲ သိုင်းလောကထဲက ကောင်းပေ့ဆိုတဲ့ ထူးဆန်းတဲ့ သိုင်းပညာ တွေကို
တတ်တယ်... ဒါပေမဲ့ ဖြစ်ခဲလွန်းတဲ့ သွေးကြောပြောင်းပြန်စီး တဲ့ အဖြစ်ကို ရောက်နေတယ်... ကိုယ့်ကိုကိုယ် လဲ ကုမရနဲ့ မင်းအဖြစ်က
ပင်လယ်ထဲမှာ လှေစီးရင်း ရေငတ်နေသလိုပါပဲလား "
ဟု ဟက်ဟက်ပက်ပက် ရယ်ကာ ပြောလိုက်သည်။

#မိုးထိတောင်သိုင်းသမား #ZYN
အခန်း (၁၆) အပိုင်း သုံး
မမျှော်လင့်သော အဖြစ်အပျက်

အဘိုးအိုက ရယ်နေသော်လဲ တွမ့်ကျန်းယွမ် က မရယ်နိုင်ချေ။ သူက ဤ အဘိုးအိုကို အကူအညီတောင်းကာ ရိရန်နှင့် ရိကျင့်


သင်ပေးပီး ကုသခိုင်းလိုသော်လဲ ထိုပညာများကို သင်ပေးရမည့် အဘိုးအိုမှာ ပြိုင်စံရှား အတွင်းအား ကောင်းသူ ဖြစ်နေသည်။
ထိုအဘိုးအိုက မကောင်းသူ ဖြစ်နေလျှင် ကျားကို အတောင်ပံ တပ်ပေးရုံသာမက ကောင်းကင်ပါ တင်ပေးသလို ဖြစ်နေမည် ဖြစ်သည်။
သူက ဝေခွဲ မရဖြစ်ကာ စိတ်ညစ်နေသည်။

အဘိုးအိုက သူ့အဖြစ်ကို ကြည့်ကာ ရိပ်မိသည်။


" ဘာလဲ မင်းက... ငါ့ကို သင်ပေးပီး ကုခိုင်းချင်တယ်... ဒါပေမဲ့ ငါက လူဆိုး ဖြစ်နေရင် မင်းမနိုင်မှာလဲ စိုးတယ်မလား "
ဟု ပြောလိုက်သည်။

တွမ့်ကျန်းယွမ် က ခေါင်းငြိမ့်ကာ
" ဟုတ်တယ်... ကျနော့်ရဲ့ နဂို အခြေအနေ ကိုက အဘကို မနိုင်ဘူးလေ... အဘသာ ရိကျင့်နဲ့ ရိရန် တတ်သွားရင် အဘကို နိုင်တဲ့သူ
ရှိတော့မှာ မဟုတ်ဘူး... အဘက လူဆိုး ဖြစ်နေရင် ကျနော် နောင်တရမိမှာ အသေအချာပဲ "
ဟု ပြောလိုက်သည်။

အဘိုးအိုက ပြုံးကာ
" အမှန်ပဲပေါ့က.ွ .. ငါ့လို အတွင်းအား အရမ်းကြီးမားတဲ့ သူက ရိကျင့် နဲ့ ရိရန် ကို ကျင့်လိုက်ရင် သွေးကြောစီးဆင်းမှု အား
ကောင်းသထက် ကောင်းလာပီး အတွင်းအားက အခုထက် နှစ်ဆ ဖြစ်လာမှာပဲ... မင်းတောင် အသက်နှစ်ဆယ်ကျော် နဲ့
အသက်လေးဆယ် ကျော် ရင်းကို့၊ ဟူဖန်း တို့ထက် အတွင်းအားသာတာ ဒါကြောင့်ပဲ မလား "
ဟု ပြောလိုက်သည်။
တွမ့်ကျန်းယွမ် က ခေါင်းငြိမ့်ကာ ထောက်ခံလိုက်သည်။ အဘိုးအို ပြောသည် မှာ အမှန်ပင် ဖြစ်သည်။ သူ့အတွင်းအား ဤမျှ
နက်ရှိုင်းနေရခြင်းမှာ ထိုကျင့်စဉ် နှစ်ခု လိုက်ဖက်ညီနေသောကြောင့် ဖြစ်လေသည်။

အဘိုးအို က တွမ့်ကျန်းယွမ် ကို ပြုံးကာ ကြည့်လိုက်ပီး


" ငါဘဝ အကြောင်းကို ပြောပြမယ် နားထောင်... ပီးတော့ မင်းရဲ့ ရိရန် ရိကျင့် ကျင့်စဉ်တွေကို ငါမသင်ချင်ဘူး... ငါက ငါတို့ စီးရှ
သိုင်းပညာကလွဲလို့ ဘာမှ မတတ်ချင်ဘူး... ဒါပေမဲ့ မင်းရောဂါကို ကုနိုင်မဲ့ နည်းလမ်း နောက်တစ်ခု ကိုတော့ ငါသိထားတယ်...
ငါကုပေးမယ် စိတ်ချ "
ဟု ပြောလိုက်သည်။

တွမ့်ကျန်းယွမ် လဲ အဘိုးအို၏ စကားကို ကြားသော် အံ့သြကာ ဆွံ့အသွားသည်။ ဤ အဘိုးအိုက သိုင်းလောက သားတိုင်း လိုချင်သော
ရိကျင့် အကြောပြောင်း အတွင်းအားကျင့်စဉ်ကို ကိုပင် လိုချင်စိတ် မရှိချေ။ ထူးဆန်း လွန်းလှသည်။ ထို့အပြင် သူ့ကို
ကယ်ပေးထားသည့် အပြင် ထပ်မံ၍ ကုသပေးမည် ဟုပါ ပြောနေပြန်သည်။

တွမ့်ကျန်းယွမ် မှာ သံသယဝင်မိ သော သူ့အဖြစ်ကို အားနာက အဘိုးအိုကို ထိုင်ကန်တော့ လိုက်လေသည်။ နှုတ်မှလဲ
" ကျနော့်ကို ခွင့်လွှတ်ပါ အဘိုး... အဘိုးကို အထင်မှားမိပါတယ် "
ဟု တောင်းပန်လိုက်လေသည်။

ဤ တစ်ကြိမ်တွင် တွမ့်ကျန်းယွမ်မှာ သတိလက်လွတ်ပင် သုံးကြိမ်တတ


ိ ကန်တော့ လိုက်လေသည်။ သူက တောင်းပန်ချင်စိတ်
များနေသဖြင့် အဘိုးအိုက သုံးကြိမ် ကန်တော့တာ ကို လက်မခံဟူသော စကားကို မေ့ကာ ကန်တော့မိခြင်း ဖြစ်သည်။ ထို့အတူ
အဘိုးအို မှာလဲ မတားချေ။ သူ့တွင် အကြံအစည်ရေ
ှိ နလေသည်။

သုံးကြိမ်တိတိ ကန့်တော့ပီးသော် အဘိုးအိုက


" ခွင့်လွှတ်ပါတယ် ငါ့တပည့်... ကဲ ဆရာပြောတာ နားထောင် "
ဟု ပြောလိုက်တော့သည်။

ထိုအခါကျမှ တွမ့်ကျန်းယွမ် လဲ သူ့ အဖြစ်ကို ရိပ်မိသွားလေသည်။ အဘိုးအိုမှာ သူ လက်မခံမည် စိုးသဖြင့် သူ့ကို လစ်အငိုက်ဖမ်းကာ
တပည့်အဖြစ် တော်လိုက်ခြင်း ဖြစ်သည်။ သို့သော် သူ့အနေဖြင့် နဂိုကတည်းက ဆရာနှစ်ယောက် ရှိရာ နောက်တစ်ယောက်
ထပ်တော်ရခြင်းကို ပြသနာမရှိချေ။ ပြည်မသိုင်းလောကတွင်တော့ ဆရာကသာ တပည့် များစွာ လက်ခံလေ့ရှိပီး တပည့်က ဆရာ
တစ်ဦးတည်းသာ ရှိရသည်။ တွမ့်ကျန်းယွမ် က ပြည်မသား မဟုတ်သဖြင့် ထိုဓလေ့ကို အရေးမထားချေ။

သူက သက်သက်သာသာပင်
" ဟုတ်ကဲ့ ပြောပါ ဆရာ "
ဟု အလိုက်အထိုက် ပြောလိုက်သည်။

အဘိုးအိုမှာလဲ တွမ့်ကျန်းယွမ် က မငြင်းပဲ သူ့ကို ဆရာဟု ခေါ်လိုက်သော် အရမ်း ကျေနပ်သွားလေသည်။ သူက အတောက်ပဆုံး
ပြုံးကာ
" ဒီလို ငါ့တပည့်ရ... ဆရာက စီးရှပြည်က အကောင်းဆုံးကျောင်းတော် ဖြစ်တဲ့ နတ်လေးပါးဂိုဏ်း က လေးဆက်မြောက် အမှတတ
် စ်
ဂိုဏ်းချုပ် တုံးဖန်းဟိုင် ပဲ... "
ဟု အစချီကာ သူ့အကြောင်း ကို ပြောပြ လိုက်လေတော့သည်။

တုံးဖန်းဟိုင.် ..
တုံးဖန်းဟိုင် သည်က သုံးဆက်မြောက် အမှတ်တစ် ဂိုဏ်းချုပ်ကြီး၏ တပည့်ကြီး ဖြစ်လေသည်။ သူ့ကို အမှတ်တစ် ဂိုဏ်းချုပ်ကြီးက
နေရာဆက်ခံသူ အဖြစ် သတ်မှတ်ထားသည်။ သူတို့ သုံးဆက်မြောက် ဂိုဏ်းချုပ်များ မှာ တစ်ယောက်နှင့် တစ်ယောက် ပြိုင်ဆိုင်
နေကြပီး မတည့်ကြချေ။ ထို့အတူ တပည့်များကလဲ အချင်းချင်း မတည့်ကြပါ။ တစ်ရက်တွင် တားမြစ်နယ်မြေရှိ ချောက်ကမ်းပါး
ထိပ်တွင် သုံးဆက်မြောက် ဂိုဏ်းချုပ်လေးယောက် သိုင်းပြိုင်ကြရာ အမှတ်တစ် ဂိုဏ်းချုပ် က အနိုင်ရပီး ကျန် ဂိုဏ်းချုပ် များမှာ ဒဏ်ရာ
ပြင်းထန်ကာ သေဆုံးသွားကြလေသည်။ အမှတ်တစ် ဂိုဏ်းချုပ်သည်လဲပဲ ဒဏ်ရာပြင်းထန်သော ကြောင့် တစ်နှစ်ခန့်ကြာသော်
သေဆုံးသွားလေသည်။ ထို့နောက် တုံးဖန်းဟိုင် က နေရာဆက်ခံကာ အမှတ်တစ် ဂိုဏ်းချုပ် ဖြစ်လာသလို စီးမင်ကို့ဝေ ကလဲ အမှန်နှစ်
ကျန်ဂိုဏ်းချုပ် များ၏ တပည့်များကလဲ အသီးသီး အမှတ် သုံး အမှတ်လေး ဂိုဏ်းချုပ်များ ဖြစ်လာကြပြန်သည်။ သူတို့ လက်ထက်
တွင်လဲ ပြိုင်ဆိုင်မှုမှာ မလျော့ချေ။ ဆက်လက် ပြိုင်ဆိုင်နေတုန်း ဖြစ်လေသည်။ သို့သော် ဒီတစ်ခေါက် ကတော့ မတူချေ။
စီးမင်ကို့ဝေက တခြားဂိုဏ်းချုပ် နှစ်ယောက် ကို စည်းရုံးကာ တုံးဖန်းဟိုင် ကို ဝိုင်းတိုက်ကြခြင်း ဖြစ်လေသည်။ တုံးဖန်းဟိုင် ၏
သိုင်းပညာမှာ ထိုစဉ်ကပင် သူတို့၏ သိုင်းပညာနှင့် များစွာ ကွာခြားနေလေသည်။ သူတို့မှာ သူတို့ဆရာများ၏ ပညာကုန်ကို
မကျင့်ယူနိုင်သေးသော်လဲ တုံးဖန်းဟိုင်မှာ သူ့ဆရာနှင့် ထပ်တူအနေအထား အထိ ကျင့်နိုင်လေပီ ဖြစ်ရာ သူတို့အဖို့ တုံးဖန်းဟိုင် ကို
တစ်ယောက်ခြင်း အနိုင်ရရန် မဖြစ်နိုင်ချေ။ ထို့ကြောင့် စီးမင်ကို့ဝေ က အကောက်ကြံကာ တခြားသူများနှင့် ပူးပေါင်းပီး တုံးဖန်းဟိုင် ကို
လုပ်ကြံရန် ပြင်လိုက်ခြင်း ဖြစ်သည်။ ထိုပြိုင်ပွဲ မလုပ်ခင် သုံးလခန့်က တုံးဖန်းဟိုင်မှာ သူရှာနေသော အကြောင်းကို သဲလွန်စ
ရလိုက်လေသည်။ ထိုအကြောင်းမှာ အမှတ်တစ် ဂိုဏ်းချုပ်များ အချင်းချင်း သာ အစဉ်အဆက် လက်ဆင့်ကမ်းသော လျှို့ ဝှက်ချက်
ဖြစ်ရာ သူ့အနေဖြင့် သူ့ဆရာပြောပြကတည်းက ကျိတ်ရှာဖွေနေသည်မှာ အသက်လေးဆယ်ပင် ကျော်လာပီ ဖြစ်သည်။ သူက
ဂိုဏ်းတွင်း သိုင်းပြိုင်ပွဲ ကို အာရုံ မရှိချေ။ သူက သဲလွန်စနောက် သို့ လိုက်နေသဖြင့် ဂိုဏ်းတွင်း ကိစ္စများကို အာရုံမထားချေ။ သူ့ဆရာ
ဆုံးပီ ဟု သိရမှသာ ဂိုဏ်းကို ပြန်ရောက် လာလေသည်။ ထိုအချိန်တွင် စီးမင်ကို့ဝေက သိင
ုးပြိုင်ပွဲ ပြန်လုပ်ရန် ပြောလေရာ သူက
လက်ခံလိုက်သည်။ သူအ
့ နေဖြင့် ထိုသုံးယောက်ကို အလွယ်တကူ ယှဉ်နိုင် လေသည် မဟုတ်ပါလား။ ထို့အပြင် သူလိုက် နေသော
သဲလွန်စများမှ သူရထားသည့် သိုင်းကျမ်း နှစခ
်ု လဲ ရရှိထားလေရာ သူက ထိုသိုင်းပြိုင်ပွဲ ပီးလျှင် စိတ်အေးလက်အေး သိုင်းကျင့်ဖို့
စဉ်းစားထားသည်။ သူက စီးမင်ကို့ဝေ တို့ သူ့ကို မကောင်းကြံနေခြင်းကို မသိခဲ့ချေ။ ချောက်ကမ်းပါး ထိပ်တွင်ပင် သိုင်းပြိုင် ကျသော်
အစကတော့ သူ့ကို စီးမင်ကို့ဝေ က တစ်ယောက်ချင်း တိုက်လေသည်။ ထို့နောက် မယှဉ်နိင်သော် ကျန်ဂိုဏ်းချုပ်များကပါ ဝိုင်းတိုက်ကြ
လေသည်။ ထိုအခါမှ တုံးဖန်းဟိုင် က သူ့ကို မကောင်းကြံကျခြင်းကို သိရှိပီး ခံပြင်းကာ ပြင်းပြင်းထန်ထန် ပြန်တိုက်လေတော့သည်။
တုံးဖန်ဟိုင်မှာ မည်မျှပင် သူ့ဆရာနီးပါး သိုင်းတော်သည်ဖြစ်သော်လဲ နတ်လေးပါး ဂိုဏ်းချုပ်များ၏ သိုင်းပညာများမှာ မတိမ်းယိမ်း
ဖြစ်သဖြင့် သုံးယောက် တစ်ယောက် ဝိုင်းတိုက်သော် မခံနိုင်တော့ ချေ။ သူက ရင်းကို့ ဆရာ၏ ထင်းရှူးစေ့ များ သူ့ကျောရိုးကို မှန်ကာ
ချောက်ထဲ ထိုးကျခဲ့ရသည်။ သို့သော် စီးမင်းကို့ဝေ တို့ သုံးယောက်မှာလဲ မသက်သာချေ။ ရင်းကို့ ဆရာမှာ ပွဲချင်းပီး သေဆုံးကာ
ဟူဖန်း၏ ဆရာမှာ ဒဏ်ရာ အပြင်းအထန် ရခဲ့သည်။ အကြံသမား စီးမင်ကို့ဝေက တော့ နောက်ချန်နေသဖြင့် အပေါ်ယံသာ
ဒဏ်ရာရခဲ့သည်။

တုံဖန်းဟိုင်မှာ ချောက်ထဲသို့ ကျခဲ့သော်လဲ သူ၏ ဓားရတနာကို သုံးကာ တွမ့်ကျန်းယွမ် အတိုင်းပင် ကျောက်နံရံကို စိုက်ကာ
ဆင်းလာခဲ့သည်။ သို့သော် တွမ့်ကျန်းယွမ် နှင့် မတူချေ။ သူက ကံအားလျော်စွာ ဂူပေါက်တည့်တည့် သို့ ဆင်းမိခြင်းဖြစ်ရာ
အောက်အထိ မကျနိုင်တော့ပဲ ဂူထဲသို့ သာသာယာယာပင် ရောက်သွားလေသည်။ ထို့နောက် အနှစ်သုံးဆယ် လုံးလုံး ဂူထဲတွင်
ပိတ်မိနေခြင်းဖြစ်လေသည်။ ရေစီးကြောင်းမှ ရေကိုသောက်ကာ မှိုများသာ စားပီး အသက်ရှင်နေရသည်။ တစ်ခါတစ်လေ ဂူပေါက်ဝသို့
ငှက်ကလေးများ မျက်စိလည်ကာ ရောက်လာလျှင် သူက သူ၏ ဂိုဏ်း ချုပ် အထိမ်းအမှတ် ဖြစ်သော အပေါ်ဝတ်ရုံရှည်ကြီးကို
အတွင်းအားဖြင့် ထိန်းချုပ်သော နည်းလမ်း ကိုသုံးကာ ဖမ်းဆီးခြင်းဖြင့် ငှက်သားစားရသည်။ သို့သော် ဂူထဲတွင် မီးစာလုပ်စရာ ဘာမှ
မရှိသဖြင့် အစိမ်းစားရခြင်းဖြစ်သည်။ သူက သူရထားသော သိုင်းကျမ်း နှစ်ခု အနက်မှ ရှောင်းယောင် အတွင်းအား သိုင်းကျမ်းကို
အနှစ်သုံးဆယ်လုးံ အဆက်မပြတ် လေ့ကျင့်လာခဲ့ရာ အတွင်းအားမှာ လွန်စွာ နက်ရှိုင်းလာ သဖြင့် အာဟာရ မပြည့်စုံ သော်လဲ
အသက်ရှင်နိုင်ခြင်းဖြစ်လေသည်။

တွမ့်ကျန်းယွမ် မှာ တုံးဖန်းဟိုင် ၏ ဇာတ်လမ်း ကိုကြားရသော် တုန်လှုပ်မိသွားသည်။ သူ့ခမည်းတော် ပြောသလိုပင် သိုင်းလောကမှာ


ကြောက်စရာကောင်းလွန်း လှသည် နန်းတွင်းရေးကဲ့သို့ပင် အာဏာလုကြသည် မဟုတ်ပါလား။

#မိုးထိတောင်သိုင်းသမား #ZYN
အခန်း (၁၆) အပိုင်း လေး
မမျှော်လင့်သော အဖြစ်အပျက်

တုံးဖန်းဟိုင် မှာ သူ့အကြောင်းကို အကုန်အစင် ပြောပီးသော် အတိတ်ကို သတိရဟန်ဖြင့် အတွေးထဲ နစ်မျောသွား လေသည်။
တွမ့်ကျန်းယွမ် က ထိုအဖြစ်ကို ရိပ်မိသော်

" ဆရာ... ကျနော် ပေါက်စီ ခြောက်ခု ပါလာခဲ့တယ် စားဦးမလား "


ဟု ပေါက်စီအပြား ခြောက်ခုကို လက်ကမ်းကာ ပေးလိုက်သည်။

တုံးဖန်းဟိုင် က ပေါက်စီ ဆိုသော အသံကြားလိုက်ရသော် အံ့သြပီး လက်လှမ်းယူမိသည်။ သူက မှိုနှင့် အသားစိမ်းက လွဲလို့ ဘာမျှ
မစားရသည်မှာ အနှစ်သုံးဆယ် ကြာနေပီ ဖြစ်သည်။ တုံးဖန်းဟိုင် က မျက်ရည်များဝဲကာ ပေါက်စီ အပြား ခြောက်ခုကို ကြည့်နေမိသည်။
ငတ်နေသူ အချင်းချင်းပင် သူ့ကို ဦးစားပေးသူ တွမ့်ကျန်းယွမ် ကိုလဲ ကျေးဇူးတင်မိသည်။ သူက စိတ်လှုပ်ရှားနေသော အသံဖြင့်

" လူလေး... မင်းလဲ တစ်ဝက်ယူလေကွာ... ငါတစ်ယောက်ထဲ မစားနိုင်ပါဘူးကွ "


ဟု ပြောလိုက်သည်။

တွမ့်ကျန်းယွမ် က ခေါင်းခါကာ
" ဆရာပဲ စားပါ... ကျနော်က အခုမှ ချောက်ထဲ ကျလာတာ မကျခင်ကထိ အကုန် စားသောက်ခဲပ
ီ့းသား... ဆရာကတော့
အနှစ်သုံးဆယ် လုံးလုံး သေသေချာချာ စားရတယ် မှ မရှိတာ "
ဟု ပြောလိုက်သည်။

တုံးဖန်းဟိုင် က မငြင်းတော့ပါ ပေါက်စီပြား တစ်ခုကို ပါးစပ်ထဲ ထည့်လိုက်ပီး အရသာခံကာ ဝါးကြည့်လိုက်သည်။ သူ့ပါးစပ်က


မရတာကြာပီ ဖြစ်သော ဂျုံအရသာ ကြောင့် လည်ချောင်းများပင် ခြောက်ကာ သီးသွားမိသည်။
" အဟွတ်... အဟွတ်... "

တွမ့်ကျန်းယွမ် က အလျင်အမြန်ပင် ရေစီးကြောင်းသို့သွားကာ လက်ခုပ်ဖြင့် ရေခပ်ပီး တုံးဖန်းဟိုင် ကို တိုက်လိုက်သည်။ တုံးဖန်းဟိုင်


ကတော့ တပည့်ဖြစ်သူ၏ သိတတ်မှုကို ကျေနပ်နေလေသည်။

တုံးဖန်းဟိုင်က ပေါက်စီ တစ်လုံးကုန်သော် စားသောက်ခြင်းကို ခဏနားလိုက်ပီး သူ့အနောက်ဘက် ကျောက်သားနံရံ တွင်


စိုက်ထားသော ဓားတစ်လက်ကို ဆွဲထုတ် လိုက်လေသည်။ သူက ဓားကို တွမ့်ကျန်းယွမ် ကို ကမ်းပေးကာ
" လူလေး... ဒီဓားက မင်းရဲ့ ဓားလိုပဲ ထပ်တူထပ်မျှ ထက်မြက်တယ်... မင်းအနေနဲ့ ဓားနှစ်လက်ကို အားပြုပီး ချောက်ထဲကို ဆင်းပီး
သွားကြည့်မလား "
ဟု ပြောလိုက်သည်။

တွမ့်ကျန်းယွမ် က ဓားကို ကြည့်မိရာ ဓားမှာ သူ့ဓားနှင့် ဆန့်ကျင့်ဘက် ပေါ့ပါးသော အသွင်ရှိပီး ဓားအရှညမ


ှ်ာ သာမန်ဓား များထက်
တိုသည်။ ဓားပြားမှာလဲ သေးသွယ်လေသည်။ သူ့ဓားကတော့ ဓားအရှည်က ပိုရှည်ပီး ဓားပြားကလဲ ကျယ်ပြန့်သည်။ သူက
ဓားနှစ်လက်ကို ကိုင်ကြည့်ရင်း

" ကျနော့်ဓားနဲ့ ဆရာ့ဓားကို လက်ကိုင် ပီး ချောက်ထဲဆင်းရင် ဆင်းလို့ရနိင


ုမယ် ဆရာ... "
ဟု ဝမ်းသာအားရ ပြောလိုက်သည်။

ချောက်ထဲဆင်းလို့ရရင် မငတ်တော့ပဲ အမဲလိုက်ကာ စားစရာ ရှာနိုင်မည် မဟုတ်ပါလား။ တုံးဖန်းဟိုင် က ပြုံးကာ

" မင်းက ကံကောင်းလွန်းလို့ ကျောက်နံရံကို ထိုးခွဲနိုင် တဲ့ ဓားနှစ်လက် ရထားတယ်... ပီးတော့ အတွင်းအားမရှိတာကလွဲလို့ ခြေလက်လဲ
သန်စွမ်းတယ်... မင်းအတွက် ကတော့ ကံကောင်းပါတယ်ကွာ ငါ့တုန်းက ဓားက တစ်လက်ထဲ အပြင် အောက်ပိုင်း သေနေတော့
ဒါမျိုးမတွေးရဲခဲ့ဘူး "
ဟု ပြောလိုက်သည်။

တွမ့်ကျန်းယွမ် က တုံးဖန်းဟိုင် ကို နှစ်သိမ့်သလို ပြုံးပြကာ


" တပည့် အောက်ထဲဆင်းပီး နေရာ ရှာခဲ့မယ်... ပီးတော့ ဆရာ့ကို ပြန်လာခေါ်မယ်... တပည့်တို့ တတွေ တောအုပ်ထဲဆိုတော့
မငတ်တော့ဘူးပေါ့ "
ဟု ပြောလိုက်သည်။

တုံးဖန်းဟိုင်က တွမ့်ကျန်းယွမ်၏ စကားကြောင့် ပျော်မိသော်လဲ တစ်စုံတစ်ခုကို တွေးမိကာ ပြန်လည် ညိုးနွမ်းသွားသည်။ သူက


စိတ်အားလျော့သော လေသံဖြင့်

"လူလေး... မင်းသွားချင်လဲ သွားကြည့်ပေါ့ကွာ... ဆရာက တော့ ကျေးဇူးတင်တာပေါ့ "


ဟု ပြောလိုက်သည်။

တွမ့်ကျန်းယွမ် က ချက်ချင်းပင် ဓားနှစ်လက် ကို ကိုင်ကာ ဆင်းရန်ပြင်လိုက်သည်။ သူက ဂူဝတွင် ရပ်ကာ ကျောက်တုံးတစ်တုံးကို
ဓားဖြင့်ဖဲ့ပီး အောက်ကို ပစ်ချကြည့် လိုက်သည်။ ကျောက်တုံးမှာ အောက်သို့ ကျသွားသံ တော်တော်နှင့် မကြားရချေ။ ထိအ
ု ဖြစ်အရ
ချောက်အောက်ခြေမှာ အတော်ကို ဝေးသေးဟန် ရှိသည်။

တွမ့်ကျန်းယွမ်က ပြန်လှည့်ကာ တုံဖန်းဟိုင် အား


" ဆရာ... အောက်ခြေက အတော်ဝေး သေးတယ်... တပည့်က အတွင်းအား မရှိတော့ ကိုယ်ဖော့သိုင်းလဲ သုံးမရဘူး... ဒီပုံနဲ့
ဆင်းသွားရင် အလကားနေရင်း ခြေချော်ပီး သေမှာပဲ... တပည့်ရဲ့ အတွင်းအားပြန်ရမှပဲ သွားတာကောင်းမယ် ထင်တယ် "
ဟု ပြောလိုက်သည်။

တုံးဖန်းဟိုင် က ပြုံးကာ
" မင်းရဲ့ အတွင်းအား ပြန်ရဖို့က လုံးဝမလွယ်ဘူး ငါကုပေးချင် ရင်တောင် အချိန်မကျသေးဘူး... အဲ့တော့ ဒီလှိုင်ဂူထဲမှာပဲ
အမှတ်တစ်ဂိုဏ်းချုပ် တိုင်း တတ်ရမဲ့ သိုင်းပညာ တွေကို အရင်သင်ပါ... အတွင်းအားကိစ္စကတော့ တစ်လပြည့်မှ ပြောကြတာပေါ့ "
ဟု ဖြေလိုက်သည်။
တွမ့်ကျန်းယွမ် လဲ စောဒက မတက် တော့ချေ။ သူက ဆရာဆိုလျှင် ရိုသေတတ်သူ ဖြစ်သည်။ ချက်ချင်းပင် ဦးချကာ
" ဟုတ်ကဲ့ပါ ဆရာ "
ဟု ပြောလိုက်သည်။

ထို့်နောက် တုံးဖန်းဟိုင်က တွမ့်ကျန်းယွမ် ကို အမှတ်တစ်ဂိုဏ်းချုပ် များ၏ မူပိုင် ထျန်းစန်း နတ်ဓားသိုင်းကို စတင် သင်ကြားပေး
တော့သည်။

ထျန်းစန်း နတ်ဓားသိုင်း...
ထိုဓားသိုင်းမှာ လိန်ကျို့ နန်းတော် သခင် ရွှီကျူ က တီထွင်ခဲ့သော ပညာဖြစ်ပီး အလွန်ပေါ့ပါးကာ သွက်လက်သည်။ အလှည့်အပြောင်း
များသလို အတွင်းအား အခြေခံမှုလဲ တခြားဓားသိုင်းများထက် ပိုမိုသည်။ ရွှီကျူ က ရှောင်းယောင်ဂိုဏ်း ၏ နတ်သမီးဓားသိုင်း ကို
ပြုပြင်ကာ ရှောင်းယောင် အတွင်းအားဖြင့် ရောစပ် အသုံးပြုရန် တီထွင်ခဲ့သဖြင့် ထိုဓားသိုင်းမှာ အတွင်းအားကောင်းလေ
ထက်မြက်လာလေ ဖြစ်သည်။ မူလ နတ်သမီးဓားသိုင်း မှာ မိန်းကလေးများသာ ကျင့်ရန် ဖြစ်သော်လဲ ရှောင်းယောင်ဂိုဏ်းချုပ် ရွှီကျူ က
ယောက်ျားလေးများ အတွက် ထျန်းစန်း နတ်ဓားသိုင်း အဖြစ် ပြုပြင်ခဲ့ခြင်း ဖြစ်ရာ အတော်ကို အစွမ်းထက်သည်။

တွမ့်ကျန်းယွမ် မှာ အတွင်းအား တစ်စက်မျှ မရှိသဖြင့် သူလေ့ကျင့်သောအခါ အစွမ်းထက်မက


ှု မပေါ်လွင်ချေ။ တုံးဖန်းဟိုင်မှာ
ထို့အဖြစ်ကို သိသော်လဲ တစ်လ လုံးလုံး အကွက်များနှင့် သဘောတရား ကို အလွတ်ရစေရန် ထပ်တလဲလဲ လေ့ကျင့်ခိုင်းသည်။
တွမ့်ကျန်းယွမ် က သူ၏ မူလ တစ်ဖက်သွား ဓားသိုင်း ဖြင့် ချိန်ထိုးကာ အထင်ကြီးမှု သိပ်မရှိချေ။ သူ၏ တစ်ဖက်သွား ဓားသိုင်းက
အလွန်တရာ ရှုပ်ထွေးကာ အတွင်းအား မလိုအပ်ချေ။ ထျန်းစန်းနတ်ဓား သိုင်း ကတော့ အကွက်များက ဆန်းပြားသော်လဲ သူ့အတွက်မူ
ရှင်းလင်းနေသည်။ ထို့အပြင် အတွင်းအားဖြင့် တွဲဖက် အသုံးပြုရသဖြင့် ထူးခြား သည်။ အပြင်းအား နှင့် အတွင်းအား ကွဲပြားမှုကို
ဓားသိုင်း နှစ်မျိုးမှ သိရှိမိလေသည်။ သူက နှစ်မျိုးလုံးကို ရောစပ်ရန် ကြံစည်မိသည်။ သို့သော် မရချေ။

တစ်လကျော်ကြာသော အခါ တွမ့်ကျန်းယွမ် မှာလဲ ပိန်သထက် ပိန်လာပီး အဘိုးအို တုံးဖန်းဟိုင် ကလဲ အခြေအနေ ယိုယွင်း လာသည်။
ခဏခဏ အိပ္ငိုကေ
် နသလို နေ့ခင်းဘက်တွင်ပင် အိပ်ပျော်သွားသည်မှာ ခဏခဏ ရှိလေပီ။ တုံးဖန်းဟိုင် က သူ့အဖြစ်ကို
သတိထားမိဟန်ဖြင့် တွမ့်ကျန်းယွမ်ကို ခေါ်ကာ

" လူလေး... မင်းရောဂါကို ကုချိန်တန်ပ.ီ .. ပီးတော့ အမှတ်တစ်ဂိုဏ်းချုပ် တိုင်းဟာ သူ့တပည့်ကို ပြောရမဲ့ လျှို့ ဝှက်ချက်လဲ ပြောဖို့
အချိန်တန်ပီ "
ဟု ပြောလိုက်သည်။

တွမ့်ကျန်းယွမ် က အံ့သြမိ သွားသည်။ သူက တုံးဖန်းဟိုင် ၏ ကျန်းမာရေးမှာ ဆိုးရွား လာသည်ကို သိရှိရသည် မဟုတ်ပါလား။
အကယ်၍ သူသာ အတွင်းအား ရှိနေသေးလျှင် ရိရန် ရိကျင့် အသုံးပြုကာ အောက်ပိုင်း သွေးကြောများကို ပြုပြင်ပေးပီး တုံးဖန်းဟိုင် ကို
ကုသပေးချင်မိသည်။ ယခု တုံးဖန်းဟိုင် က သူ့၏ရောဂါကို ကုပေးမည် ဟု ကြားသော် ပျော်သွားမိလေသည်။

" ဘာများလဲ ဆရာ... "


ဟု ပြန်မေးလိုက်မိသည်။

တုံဖန်းဟိုင် က သူ၏ ဝတ်စုံကြားထဲ မှ ပန်းချီကားကဲ့သို့ ဝါကျင်ကျင် စာချွန်လွှာ ကို ထုတ်ပေးလိုက်သည်။ ထိုစာချွန်လွှာ ကို
ဖြန့်ကြည့်လိုက်သောအခါ ပေမိန်နတ်သိုင်း ဟု အမည်တပ်ထားသည်ကို တွေ့ရသည်။ တွမ့်ကျန်းယွမ် က ဆက်ဖြည်ကာ ဖတ်မိသော်
အံ့သြလွန်းသဖြင့် ကြောင် သွားမိလေသည်။

ပေမိန်နတ်သိုင်း...
ဟုတ်ပေသည်။ ပေမိန်နတ်သိုင်း မှာ ရှောင်းယောင်ဂိုဏ်း ၏ အထူးခြားဆုံး သိုင်းပညာ နှစ်ခုထဲတွင် အပါအဝင် ဖြစ်လေသည်။ တစ်ခုမှာ
ဆန်းကြယ်ခြေလှမ်း ဖြစ်ပီး ကျန်တစ်ခုမှာ ပေမိန်နတ်သိုင်း ဖြစ်သည်။ ရှောင်းယောင်ဂိုဏ်း ၏ နောက်ဆုံး ဂိုဏ်းချုပ် ဖြစ်သူ
လိန်ကျို့ နန်းတော် သခင် ရွှီကျူ နှင့် သူ၏ ညီတော် တာ့လီဘုရင် တွမ့်ယွိ သာ တတ်မြောက်သော သိုင်းပညာဖြစ်လေသည်။ ထိုသိုင်းမှာ
သူတစ်ပါး၏ အတွင်းအားကို စုပ်ယူသော သိုင်းပညာ ဖြစ်သဖြင့် တွမ့်ယွိကော ရွှီကျူပါ ငယ်စဉ်က အသုံးပြုပီး နောက်ပိုင်း
ထပ်မံအသုံးပြုခြင်း မရှိချေ။ ထို့အပြင် ထိပ
ု ညာမှာ ချို့ ယွင်းချက် ရှိလေသည်။ အတွင်းအားပမာဏ အများအပြား တစ်ပြိုက်နက်
စုပ်ယူမိသော် ကိုယ်တွင်းတွင် သွေးကြောဖောက်ပြန်ကာ သွေးကြောပြောင်းပြန်စီး သည့် အဖြစ်ကို ခံစားရနိုင်သည်။ ရလာဒ်ကတော့
အသက်သေဆုံးခြင်း နှင့် ရူးသွပ် နိုင်ခြင်း ဖြစ်လေသည်။ သို့သော် ကောင်းကွက် ကတော့ ပေမိန်နတ်သိုင်း တတ်သူကို အတွင်းအားဖြင့်
ဒဏ်ရာရအောင် မပြုလုပ်နိုင်ပေ။ သူက ကိုယ်တွင်းကို သက်ရောက်သော အတွင်းအား မှန်သမျှ စုပ်ယူ လိုက်သဖြင့် အတွင်းဒဏ်
မဖြစ်နိုင်တော့ချေ။
တွမ့်ကျန်းယွမ် မှာ တွမ့်ယွိ ၏ မျိုးဆက် ဖြစ်၍ ဤသိုင်းကို သိသည်ပင် ဖြစ်သည်။ ဘုရင် တွမ့်ယွိ က ကောင်းကင်နဂါးကျောင်းတော်
တွင် ဘုန်းကြီးဝတ်ခဲ့ရာ ကျောင်းတော် ကျမ်းစာဆောင်တွင် သူ့ဘဝ အကြောင်းနှင့် သူ့၏ သိုင်းပညာများ အကြောင်း ကို
ရေးသားခဲ့သည်။ သို့သော် ရှောင်းယောင်ဂိုဏ်း ၏ ပေမိန်နတ်သိုင်း နှင့် ဆန်းကြယ်ခြေလှမ်း ကိုမူ သိုင်းကျမ်း အဖြစ် မရေးသားပဲ
ချန်ရစ်ခဲ့သည်။ သူတို့ တွမ့်မျိုးနွယ် ၏ ပြိုင်ဖက်ကင်းသော သဏ္ဍန်မဲ့နတ်ဓားသိုင်း ကိုသာ ရေးသားထားခဲ့ပီး လေ့ကျင့်သူမှာ
ပေမိန်နတ်သိုင်း နှင့် ရိကျင့် အကြောပြောင်းသိုင်း ကို လိုအပ်သည် ဟူ၍ မှတ်ချက်ပေးထားခဲသ
့ ည်။ ထိုနောက် တွမ့်မျိုးနွယ် တို့မှာ
မည်သူမျှ သဏ္ဍန်မဲ့နတ်ဓားသိုင်း ကို ကျင့်နိုင်ခြင်း မရှိပဲ ထိုဓားသိုင်းမှာ ဝတ်ပြုဆောင်တွင် အလှချိတ်ထားရာ ပန်းချီကားသက်သက်
ဖြစ်နေလေတော့သည်။

တွမ့်ကျန်းယွမ် မှာ ပေမိန်နတ်သိုင်း သိုင်းကျမ်း ကို ကိုင်ထားရင် အံ့သြလွန်း သဖြင့်


" ဒါ... ဒါ... "
ဟု ရေရွတ်မိတော့သည်။

တုံးဖန်းဟိုင် က ပြုံးကာ
" မင်းက တကယ်ပဲ တွမ့်မျိုးရိုး ပဲက.ို .. ဒီသိုင်းကျမ်းကို မြင်တာနဲ့ ဒီလို အံ့သြနိုင်တာ တွမ့်မျိုးရိုး နဲ့ ရွှီမျိုးရိုးပဲ ရှိမယ် "
ဟု ပြောလိုက်လေသည်။

#မိုးထိတောင်သိုင်းသမား #ZYN
အခန်း (၁၆) အပိုင်း ငါး
မမျှော်လင့်သော အဖြစ်အပျက်

" ဆရာ... ဒီသိုင်းကျမ်းကို ဘယ်လိုရ... "


တွမ့်ကျန်းယွမ် မှာ အံသြလွန်းသဖြင့် စကားပင် ထစ်နေနေလေသည်။

တုံးဖန်းဟိုင် က ပြုံးကာ
" အမှတ်တစ်ဂိုဏ်းချုပ် တိုင်းဟာ လိန်ကျို့ နန်းတော် နဲ့ ရွှီမျိုးဆက်တွေကို အစဉ်အဆက် ရှာဖွေခဲ့ကြတယ်... ရခဲ့တဲ့ သဲလွန်စကိုလဲ
အစဉ်အဆက် ပြောပြထားခဲ့ ကြတာပေါ့ကွာ... ဆရာ့အလှည့်မှာတော့ ရွှီမျိုးနွယ် အမျိုးသမီး တစ်ယောက်နဲ့ ဆုံစည်းမိပီး
လိန်ကျို့ နန်းတော် ရဲ့ တည်နေရာ ရယ် သိုင်းကျမ်း နှစ်ခုရယ် ရခဲ့တာပေါ့ ကွာ... ငါက ပေမိန်နတ်သိုင်း ထက် ရှောင်းယောင်
အတွင်းအားသိုင်းကိုပဲ ကျင့်ဖို့ ရွေးချယ်ခဲ့တယ် "
ဟု ပြောကာ အတိတ်ကို တမ်းတမိဟန်ဖြင့် တိတ်ဆိတ် သွားသည်။

အတန်ကြာမှ
" အဲ့တုန်းကတော့ ငါက ကျောင်းတော်ကို သိုင်းပြိုင်ဖို့ ခဏပြန်လာတာပဲ... ပီးရင် သူမဆီ ကို ပြန်သွားဖို့ ရည်ရွယ် ခဲ့တယ်... ဒါပေမဲ့
ငါ့တစ်သက် မရောက်နိုင်တော့ ပါဘူးကွာ "
ဟု အားလျော့သော အသံဖြင့် ပြောလိုက်သည်။

တွမ့်ကျန်းယွမ် က ခေါင်းခါကာ
" တပည့် အတွင်းအားတွေ ပြန်ရရင် ဆရာ့ကို ထမ်းပီး ချောက်ထဲက တက်မယ်လေ... ပီးရင် ဆရာကတော် ဆီ ပြန်သွားကြတာပေါ့ "
ဟု အားပေးလိုက်လေသည်။

တုံးဖန်းဟိုင် က ခေါင်းယမ်းကာ
" မဟုတ်ဘူးကွ... ငါရဲ့ သက်တမ်းက ကုန်ခါနီးပီ... ငါ့မှာ မင်းပြုတ်ကျလာတုန်း က ဘယ်လောက် ပျော်ခဲ့ရတယ်ထင်လ.ဲ .. ဒါကြောင့်
မင်းကို ငါဂူထဲဆွဲသွင်းခဲ့တာ... အနည်းဆုံးတော့ ငါမပီးပြတ်ခဲ့တဲ့ အလုပ်တွေ တာဝန်ပေးခဲ့ဖို့ပေါ့ "
ဟု ပြောလိုက်သည်။

တုံးဖန်းဟိုင်က ထပ်မံ၍
" ဒီ ပေမိန်နတ်သိုင်း က အတွင်းအား မရှိတဲ့သူ ကျင့်ရင် ပိုကောင်းတယ် အတွင်းအားရှိရင် ရှိတဲ့ အတွင်းအားကို ဖျက်ပစ်ရတဲ့အတွက်
ငါက ရထားပေမဲ့ မကျင့်ခဲ့ဘူး... မင်းအတွက်တော့ ကွက်တိပဲ အဲ့တာကြောင့် အမြန်ကျင့်စမ်း "
ဟု ပြောလိုက်သည်။

တွမ့်ကျန်းယွမ် လဲ ချက်ချင်းပင် ထိုင်ကာ ပေမိန်နတ်သိုင်း ကို ကျင့်လေတော့သည်။ ထိုသိုင်း၏ သွေးကြော လှုပရ


ှ်ားမှု များမှာ လမ်းမှန်
သိုင်းပညာ ဟုတ်ဟန် မတူချေ။ သို့သော် သူက ဘာမှ တွေးမနေပဲ ကျင့်လိုက်လေသည်။ တစ်လခန့် အချိန်မှန်မှန် ကျင့်မိသောအခါ
သူ့ကိုယ်ထဲ၌ ဆွဲငင်အား တစ်မျိုးရှိကြောင်း ခံစားမိလာသည်။ သိုင်းကျမ်းတွင် ရေးထားသကဲ့သို့ သူက စတင်ပီး အတွင်းအားစုပ်နိုင်ပီ
ဖြစ်ကြောင်း သိလိုက်ရသည်။ ကျန်သည့် အဆင့်များမှာ စုပ်ယူရရှိသော အတွင်းအားကို အကြောများထဲ ဖြန့်ကာ ထိန်းသိမ်းနည်း
ဖြစ်သဖြင့် သိင
ုးကျင့်တာ အောင်မြင်သွားပီ ဟု ပြောလိ့ရ
ု လေသည်။ တွမက
့်ျန်းယွမ် က ပျော်ရွှင်သွားကာ တုံးဖန်းဟိုင်ကို
ပြောပြလိုက်သည်။

တုံးဖန်းဟိုင် က တွမ့်ကျန်းယွမ် ကို ခေါ်ကာ တည်ကြည်သော မျက်နှာဖြင့်


" ငါ့တပည့် ဒီနေ့ဟာ... မင်းအတွက်ရော ငါ့အတွက် ပါ အရေးကြီးတဲ့ နေ့ပဲ... ငါပြောတာ ကို တစ်ဝေမသိမ်း နားထောင်ပါ့မယ် လို့
ကတိပေးစမ်း "
ဟု ပြောလိုက်သည်။

"ဟုတ်... ဟုတ်ကဲ့ပါဆရာ "


တွမ့်ကျန်းယွမ် မှာ ဘာပြောမည်မှန်း မသိသော်လဲ ဆရာဖြစ်သူ စိတ်ချမ်းသာ အောင် ကတိပေးလိုက်လေသည်။

တုံးဖန်းဟိုင် က ဆုံးဖြတ်ပီးဟန် ဖြင့်


" မင်းရဲ့ ပေမိန်နတ်သုင
ိး နဲ့ ငါ့ရဲ့ ရှောင်းယောင် အတွင်းအားတွေကို စုပ်ယူလိုက်စမ်း "
ဟု ပြောချလိုက်လေသည်။

တွမ့်ကျန်းယွမ် မှာ လန့်သွားပီး ခေါင်းယမ်းမိလေသည်။ သူက


" ဟာ.. ဆရာ... ဒါက ဘယ်လိုဖြစ်မှာလဲ... အတွင်းအားတွေကို စုပ်လိုက်ရင် ဆရာ သေသွားမှာပေါ့... ကျနော် မလုပ်ချင်ဘူး "
ဟု အကြောက်အကန် ငြင်းလိုက်လေသည်။

တုံးဖန်းဟိုင် က တည်ငြိမ်သော မျက်နှာဖြင့်


" လူလေး... ငါ့အတွင်းအားတွေကို မစုပ်ဘူးဆိုရင် မင်းသွေးကြောတွေ ပြောင်းပြန်စီးနေတာ ပြန်လှန်လို့ရမှာ မဟုတ်ဘူး... ဒါဆို မင်းရဲ့
ရိကျင့် အတွင်းအားတွေ ဘယ်တော့မှ ပြန်မရနိုင်တဲ့အပြင် မင်းတစ်သက်လုံး ဘယ်အတွင်းအားကျင့်စဉ်မှ ကျင့်မရဘူး... ပေမိန်နတ်သိုင်း
နဲ့ စုပ်ယူထားသမျှ အတွင်း အားတွေကလဲ ခဏနဲ့ ပျောက်ကုန် မှာပဲ... မင်း အနေနဲ့ သွေးကြောပြောင်းပြန်စီး တဲ့အဖြစ် ရအောင်
အလွန်နက်ရှိုင်းတဲ့ အတွင်းအားစုပ်ဖို့ လိုနေတယ် "
ဟု ရှင်းပြလိုက်သည်။

တွမ့်ကျန်းယွမ် မှာ ထိုအဖြစ်ကို သိသော်လဲ လက်မခံချေ။


" မဖြစ်ဘူးဆရာ... ကျနော် အတွင်းအားမရှိလဲ မသေနိုင်ဘူး... ဆရာ့အသက်နဲ့တူတဲ့ အတွင်းအားတွေကို မယူချင်ဘူး "
ဟု ပြောလိုက်သည်။

တုံဖန်းဟိုင် မှာ တွမ့်ကျန်းယွမ် ကို မည်သို့မျှ ဖြောင့်ဖျ၍ ရနိုင်မည် မဟုတ်ကြောင်း သိလိုက်ရသည်။ ဤကောင်လေးက
ခေါင်းမာသည်ကို သူ နှစ်လခန့် အတူနေသဖြင့် သိလိုက်ရသည် မဟုတပ
်ါလား။

သူက လက်လျှော့ ဟန်ဖြင့်


" ကဲပါကွာ... ဒါဆိလ
ဲု မင်းအနေနဲ့ ငါသင်ပေးတာတွေကိုပဲ သွားကျင့်ချေ။ ဒီကထွက် နိုင်ရင် ငါပြောပြထားတဲ့ အတိုင်း လိန်ကျို့ နန်းတော်
ကို သွား ငါ့အကြောင်း ရှင်းပြပေးရဦးမယ် ပီးတော့ ငါ့ကိုယ်စား စီးမင်ကို့ဝေကို လက်စားချေပေး..."
ဟု ပြောလိုက်သည်။

တွမ့်ကျန်းယွမ် မှာ သူ့ကို ဇွတ်မတိုက်တွန်း သဖြင့် ပျော်သွားကာ


" ဟုတ်ကဲ့ဆရာ... ဆရာပြောသလို လုပ်ပေးပါမယ် "
ဟု ကတိပေးလိုကသ
် ည်။

ထို့နောက် သူက တုံးဖန်းဟိုင် ကို ကျောပေးကာ ပေမိန်နတ်သိုင်း ကျင့်စဉ်အတိုင်း လေ့ကျင့်ရန် ပြင်လိုက်လေသည်။ ထိုစဉ် တုံးဖန်းဟိုင်
က ဆတ် ခနဲ့ ခုန်ထကာ တွမ့်ကျန်းယွမ် ၏ နောက်ကြောကို အတွင်းအား အပြည့်သုံးကာ ရိုက်ထည့်လိုက်လေသည်။ တွမ့်ကျန်းယွမ် မှာ
လေတိုးသံကြားသော် အံ့သြပီး ကြောင်သွားမိသည်။ သို့သော် သူက အတွင်းအားမရှိသဖြင့် မရှောင်နိုင်ချေ။ တုံးဖန်းဟိုင် ၏ လက်ဝါးမှာ
တွမ့်ကျန်းယွမ် ၏ နောက်ကြော သို့ တည့်တည့်ပင် ကျရောက်သွားလေတော့သည်။ လက်ဖဝါးမှ တစ်ဆင့် အတွင်းအားလှိုင်းများ
ဝင်ရောက် လာသောအခါ ပေမိန်နတ်သိုင်း က အစွမ်းပြလေတော့သည်။ တွမက
့်ျန်းယွမ် က ကြောင်နေသော်လဲ ကိုယ်တွင်း ရှိ
ဆွဲငင်အားက ကျရောက်လာသော အတွင်းအားလှိုင်းများကို အငမ်းမရ စုပ်ယူတော့သည်။ ဤက ပေမိန်နတ်သိုင်း၏
ချို့ ယွင်းချက်တစ်ခုပင် ဖြစ်သည်။ ရိကျင့် အကြောပြောင်းသိုင်းဖြင့် ပြုပြင်မှသာ ထိုသို့ အငမ်းမရ စုပ်ယူခြင်းကို ရပ်တန့်နိုငမ
် ည်
ဖြစ်သည်။ မဟုတလ
်ျှင် တတ်မြောက်သူက ထိစပ်လာသော အတွင်းအားမှန်သမျှ အကုန်စုပ်ယူ မည်ဖြစ်လေသည်။ ယခုတော့ ရပ်တန့်၍
မရတော့ တွမ့်ကျန်းယွမ်က တုံးဖန်းဟိုင် ၏ နက်ရှိုင်းလွန်းသော ရှောင်းယောင် အတွင်းအားများကို အငမ်းမရ စုပ်ယူနေပီး တုံးဖန်းဟိုင်
မှာ အကုန်မချင်း ခွာ၍မရတော့ ဟန်ဖြစ်နေသည်။ တွမ့်ကျန်းယွမ် ကတော့ အတွင်းအားလှိုင်းများ သူ့ကိုယ်ထဲ လှိုင်းလုံး ပမာ
အလုံးအရင်းလိုက် ဝင်လာ သဖြင့် သွေးကြောများပင် ဖောင်းလာကာ ခေါင်းထဲ တွင်လဲ အလွန်တရာ မူးဝေလာသည်။ သူအနေဖြင့်
" အား... "
ဟု အဆက်မပြတ် အော်နေရုံက လွဲပီး သက်သာရန် လမ်းမမြင်ချေ။ သွေးကြောများမှာ ထကြွလာပီး သူ့တစ်လုံးမှာ အပ်များဖြင့်
ထိုးနေသလို နာကျင်နေလေသည်။ သို့သော်လဲ ရပ်တန့်၍ မရချေ။ အတွင်းအားစီးဆင်းမှုက အဆက်မပြတ် ဖြစ်နေလေသည်။
တစ်ဖက်က တုံးဖန်းဟိုင် မှာလဲ အတွင်းအားများ ကုန်ခန်း လာသဖြင့် မောပန်းလာသည်။ သူ၏ ရုပ်ရည်ပင် အိုမင်းသည်ထက်
အိုမင်းလာကာ ခန္ဓာကိုယ် မှာလဲ ချိနဲ့လာသည်။ တဖြည်းဖြည်းနှင့် အချိန်တွေ ကြာမြင့်လာသည်။ ဂူဝတွင် ဝင်နေသော အလင်းရောင်ပင်
ကွယ်ပျောက်သွားသဖြင့် နေဝင်ချိန် ရောက်မှန်း သိရလေသည်။ တုံးဖန်းဟိုင် ၏ အတွင်းအားမှာ အကုန် ကုန်သလောက်ပင် ရှိနေပီ
ဖြစ်သည်။ ထိုအချိန်တွင် တွမ့်ကျန်းယွမ် မှာ ကိုယ်ထဲတင
ွ် ဖြစ်ပေါ်နေသော အပ်များနှင် ထိုးသလို ဝေဒနာကို မခံစားနိုင်သဖြင့်
ရုန်းထွက်နေလေသည်။ သွေးကြောများမှာ ပြန်လှန်နေသဖြင့် ထိုဝေဒနာ ခံစားရခြင်း ဖြစ်ရာ တုံးဖန်းဟိုင်မှာ ဘာမျှ မတတ်နိုင်ချေ။

" ဝုန်း... "


တုံးဖန်းဟိုင် က လက်ကျန်အနည်းငယ်သော အတွင်းအားကို ပေးနေစဉ် တွမ့်ကျန်းယွမ် က ဝေဒနာကို မခံနိုင်တော့ဟန်ဖြင့်
ရုန်းထွက်ကာ အရူးတစ်ယောက်လို ပြေးထွက်သွားသည်။

" ယား... "


သွေးကြောများ ပြောင်းပြန်စီးနေသည်ကို ပြန်လှန်လိုက်သဖြင့် စိတ်လွတ်သွားခြင်း ဖြစ်ရာ ချောက်ထဲကို အရူးလို ခုန်ချသွားလေသည်။

တုံးဖန်းဟိုင်မှာ လန့်သွားပီး ဝတ်ရုံရှည်ဖြင့် လှမ်းဆွဲသော်လဲ မမှီတော့ချေ။ တွမ့်ကျန်းယွမ် မှာ အလွန်တရာ လျင်မြန်သွားလေပီ။
တုံးဖန်းဟိုင် က
" သွားပီ "
ဟု တွေးကာ စိတ်ထိခိုက်ပီး မေ့လဲသွားလေသည်။ သူ၏ အတွင်းအားများမှာ အသက်ရှင်ရန် ကျန်သေးသဖြင့် တော်တော့သည်။
မဟုတ်လျှင် စိတ်ထခ
ိုက်မှုကြောင့် အသက်ပင် ပါသွားနိုင်သည်။

ချောက်ထဲ ခုန်ချသွားသော တွမ့်ကျန်းယွမ် မှာ လွတ်လွတ်လပ်လပ် ပင် ချောက်ထဲ ကျသွားသည်။ သူက သစ်ပင်များပေါ်သို့
အဆင့်ဆင့်ကျကာ နောက်ဆုံး ရေအိုင်ထဲကျပီး မေ့သွားလေသည်။ ရေထဲကျသည် မှာ အတော်ဖြစ်သွားသည်။ မဟုတ်လျှင်
သွေးကြောများ ဖောင်းကြွ နေသော သူကိုယမ
ှ်ာ အလွန်တရာပူ နေသဖြင့် ရေအိုင်ထဲ စိမ်မနေလျှင် ချွေးထွက်လွန်ကာ
သေနိုင်လေသည်။သွေးကြောများက ရေကြောင့် တည်ငြိမ် သွားသော် ရိကျင့် အတွင်းအားများမှာ ပြန်ပေါ်လာပီး ကိုယ်ထဲရှိ
ရှောင်းယောင် အတွင်းအားများနှင့် ဆုံကာ ထိခိုက်မိလေ သည်။ ပေမိန်နတ်သိုင်း၏ သဘောအရ စုပ်ယူထားသော အတွင်းအား
အမျိုးမျိုးကို တစ်ခုတည်းအဖြစ် ပေါင်းစပ်ပေးရာ ရိကျင့် နှင့် ရှောင်းယောင်မှာ လမ်းမှန် နှင့် လမ်းလွဲ လုံးဝဆန့်ကျင့်ဘက် ဖြစ်နေသဖြင့်
သူ့ကိုယ်ထဲတွင် တိုက်ခိုက်ကုန် ခြင်းဖြစ် သည်။ ထိုအတွင်းအား အချင်းချင်း တိုက်ခိုက်နေသဖြင့် သွေးကြောမ ခြောက်ခု မှာ ပွင့်ပီး သူ၏
သိုင်းပညာအဆင့် မှာ မြင့်သထက် မြင့်လာလေသည်။ လက်ရှိ သိုင်းလောကတွင် သွေးကြောမ ခြောက်ခုကို ဖွင့်နိုင်သူ မရှိချေ။
အတွင်းအားအလွန် ကောင်းသော တုံးဖန်းဟိုင်ပင် လေးခု သာ ဖွင့်နိုင်သေးရာ တွမ့်ကျန်းယွမ်၏ အတွင်းအား မှာ တုံးဖန်းဟိုင် ထက်ပင်
သာလွန်ပီး အနက်ရှိုင်းဆုံး အဆင့်သို့ ရောက်သွားလေပီ။ သို့သော် သူက သူ့အဖြစ်ကို မသိ ရေအိုင်ထဲတွင် ပေါ်လောပေါ်ကာ
ပက်လက်ကြီး မေ့မျောနေလေသည်။

မနက်မိုးသောက်လေပီ ... နေလုံး၏ အလင်းရောင်က ကျောက်နံရံ ပေါ်ကျကာ လှိုင်ဂူထဲ ဝင်လာလေသည်။ တုံးဖန်းဟိုင် က


သူ့မျက်နှာပေါ် နေရောင်ကျလာသဖြင့် နှိုးလာလေသည်။ ချက်ချင်းပင် သူက တွမ့်ကျန်းယွမ်ကို သတိရကာ ဂူသို့ ထွက်ပီး အောက်ခြေကို
ငုံ့ကြည့်မိသည်။ မြူများ အုံ့ဆိုင်းနေသဖြင့် အောက်ခြေကို မမြင်ရချေ။ သိုသော့် သူက လက်မလျှော့
" လူလေး "
ဟု ဆက်တိုက် အော်ခေါ်လိုက်သည်။ သူစိတ်အထင်အရ တွမ့်ကျန်းယွမ် မှာ အတွင်းအားများ ပြည့်နေသဖြင့် မသေနိုင်ပေ။

တုံးဖန်းဟိုင် ၏ ခေါ်သံမှာ ပဲ့တင်နေပီး အောက်ခြေသို့ ကျယ်လောင်စွာ ရောက်လာသည်။ ရေအိုင်ထဲတွင် မေ့မျောနေသော


တွမ့်ကျန်းယွမ် မှာ အသံကြောင့် လန့်နိုးလာလေသည်။ သူ့ဆရာ၏ အသံဖြစ်သည်ကို သိရှိပီး ဘေးဘီကို ကြည့်မိရာ သူက ချောက်ထဲရှိ
တောအုပ်ထဲ ရောက်နေသည်ကို သိလိုက်ရသည်။ အခုမှပင် မနေ့က သူစိတ်လွတ်ကာ ခုန်ချလိုက်ကြောင်း မှတ်မိလာသည်။ မသေပဲ
အကောင်းအတိုင်း ရှိနေသဖြင့် အံ့သြကာ ကျေးဇူးတင်မိသည်။ သူ့ဆရာက ဆက်တိုက်ခေါ်နေသဖြင့် သူ့ဆရာ လဲ မသေကြောင်း
သိရကာ ဝမ်းသာသွားသည်။ သူက ရေအိုင်ထဲမှာ အတွင်းအားအပြည့်ဖြင့် ခုန်ထလိုက်သည်။
"ဝုန်း... "
ခနဲ့ ဖြစ်ကာ အမြင့်ကြီး မြှောက်တက် သွားသဖြင့် တွမ့်ကျန်းယွမ် မှာ လန့်ပီး ခြေမကိုင်မိလက်မကိုင်မိ ဖြစ်သွားသည်။ ခါတိုင်း သူခုန်လျှင်
ဤမျှ အမြင့်ထိ မရောက်ချေ။ သူက မနည်းထိန်းကာ မြေပေါ် ပြန်ဆင်းလိုက်ရသည်။ သူ၏ အတွင်းအား မှာ လွန်စွာ နက်ရှိုင်း
နေလေပီ။ သူက အတွင်းအားများကို လှည့်ပတ်ကြည့်ကာ သွေးကြောမ ခြောက်ခုထဲတွင် အရှိန်အဟုန်ဖြင့် လည်ပတ်နေကြောင်း
သိလိုက်ရသည်။ သူက အတွင်းအားထုတ်ကာ ခြသေ့င်္ဟိန်းသံ စနစ်ဖြင့် အပေါ်သို့ မော့ကာ အော်လိုက်သည်။

" ဆရာ... တပည့်ဘာမှ မဖြစ်ဘူး... ဆရာလဲ ဘာမှ မဖြစ်ဘူးမလား "

သူ၏ အသံမှာ ကျယ်လောင်စွာ တက်သွားရာ တုံးဖန်းဟိုင် မှာ နားများပင် အူသွားမိသည်။ သူက အောက်သို့ ငုံ့ကာ
" လူလေး... ငါ ဓားနှစ်ချောင်း ချပေးမယ် ပြန်တက်ခဲ့ "
ဟု ပြောလိုက်သည်။

ထို့နောက် ဂူထဲ ဝင်ကာ သူဓားနှင့် တွမ့်ကျန်းယွမ် ၏ ဓားကို ပစ်ချပေးလိုက်သည်။ တွမ့်ကျန်းယွမ် က သူ့ဆရာ စကားကို ကြားသဖြင့်
ဓားအကျကို စောင့်နေလေသည်။ ဓားများကျ လာသော ခုန်ပီး ဖမ်းလိုက်လေသည်။ အရှိန်ဖြင့် ကျလာသော ဓားနှစ်လက်ကို
အတွင်းအား သုံးကာ ဆွဲယူလိုက်ပီး ဓားများ လက်ထဲသို့ အရောက်တွင် သုံးလေးကွက်လောက် ကစားကြည့်လိုက်မိသည်။
သူကစားမိသည် က နှစ်လကျော် အဆက်မပြတ် ကျင့်ထားသည့် ထျန်းစန်း နတ်ဓားသိုင်း ဖြစ်လေသည်။ သူ၏ အတွင်းအားများမှာ
အလွန်နက်ရှိုင်းနေသဖြင့် ဓားသိုင်းမှာ အလွန် ထက်မြက်နေလေရာ သစ်ပင်များပင် တစ်ဝုန်းဝုန်း ဖြစ်ပီး လဲပြိုကုန်လေသည်။
ထိုအခါမှသာ သူက ထျန်းစန်း နတ်ဓားသိုင်း ၏ အစွမ်းကို အထင်ကြီးမိတော့သည်။

တွမ့်ကျန်းယွမ် လဲ အောက်ကို ဆင်းလက်စဖြင့် သူဆ


့ ရာကို အသားကျွေးရန် စဉ်းစားမိလေသည်။ ချက်ချင်းပင် အမဲလိုက်ရန်
သားကောင် ရှာကြည့်သည်။ သူက တဝုန်းဝုန်း လုပ်ထားသဖြင့် ထိုအနားတစ်ဝိုက်တွင် ဘာကောင်မျှ မရှိချေ။ အတော်ကြာ ရှာလိုက်မှ
ယုန်နှစ်ကောင်တွေ့သဖြင့် ခဲဖြင့် ပစ်ကာ ဖမ်းလိုက်လေသည်။ ထို့နောက် သစ်ကိုင်းချောက်များကို ပါ နွယ်ကြိုးဖြင့် စီးပီး
အပေါ်ပြန်တက်ရန် ကြံလိုက်သည်။

သူက အတွင်းအားအပြည့်သုံးကာ ခုန်လိုက်ပီး ညာလက်ဖြင့် ဓားရှည် ကို စိုက် ဘယ်လက်ဖြင့် ဓားတိုကို စိုက်ကာ ကျောက်နံရံကို
ကပ်ကာ တက်လာခဲ့သည်။ တစ်ချောင်းစိုက်လိုက် တစ်ချောင်နှုတ်လိုက်ဖြင့် ခပ်မှန်မှန်တက် လာခဲ့ရာ မကြာမီပင် လှိုင်ဂူပေါက်သို့
ရောက်လာလေသည်။ အပေါ်သို့ ရောက်သော် တုံးဖန်းဟိုင် က သူကို စိတ်ပူဟန်ဖြင့် ကြည့်နေသည်ကို တွေ့ရလေသည်။
တုံးဖန်းဟိုင်မှာ တွမ့်ကျန်းယွမ် ကို ပြန်တွေ့ရသဖြင့် အမှန်တကယ် ဝမ်းသာမိလေသည်။ သူလဲ မသေ တွမ့်ကျန်းယွမ် လဲ မသေသဖြင့်
ပိုမို ဝမ်းသာမိသည်။ သူက မျက်ရည်များ ကျကာ
" လူလေး "
ဟု ခေါ်လိုက်သည်။

တွမ့်ကျန်းယွမ် ကလဲ သူ့ဆရာ မသေသေးသဖြင့် ဝမ်းသာကာ သူ့ဆရာကို ပွေ့ထားမိလေသည်။ သူလဲ မျက်ရည်များကျနေလေသည်။


သူ့ဆရာက သူ့အသက်ကို ရင်းကာ သူ့ကို ကုပေးခဲ့သည် မဟုတ်ပါလား။ အတန်ကြာ ပွေ့ထားပီးမှ တွမ့်ကျန်းယွမ် က ယုန်နှစ်ကောင်ကို
သတိရကာ သူယူလာသော သစ်ကိုင်းချောက်ဖြင့် မီးမွှေးပီး ကင်လိုက်သည်။ တုံးဖန်းဟိုင် လဲ အနှစ်သုံးဆယ် ကြာမှ ယုန်ကင် ပြန်စား
ရမည် ဖြစ်သဖြင့် တွမ့်ကျန်းယွမ် ၏ သိတတ်မှုကို ပျော်ရွှင်မိသည်။ သူတပည့် ရွေးမှန်ကန်လေပီ။ တွမ့်ကျန်းယွမ် ကတော့
ယုန်ကင်ပီးသော် သူ့ဆရာကို ပေးကာ သူ့ဆရာ စားနေသည်ကို ပီတိ ဖြစ်နေလေသည်။ ဤအဘိုးအိုမှာ အလွန် သနားစရာကောင်းသည်
မဟုတ်ပါလား။ စားပီးသော် တွမ့်ကျန်းယွမ်က တစ်ခုသတိရမိကာ တုံးဖန်းဟိုင် အား

" ဆရာ... ကျနော် ရိရန် ရိကျင့် အသုံးပြုပီး ဆရာ့ ကျောရိုးသွေးကြောကို ပြုပြင်ကြည့်ပါရစေ..."


ဟု ပြောလိုက်သည်။

တုံးဖန်းဟိုင် လဲ မမျှော်လင့်သော်ငြား ခွင့်ပြုလိုက်လေသည်။ တွမ့်ကျန်းယွမ် က အတွင်းအားသုံးကာ ရိကျင့် အကြောပြောင်း


သိုင်းတွင်ပါသည့် အတိုင်း သွေးကြောများကို ရိရန် လက်ချောင်းသိုင်းဖြင့် ထိုးကာ ရွေ့ကြည့်လေသည်။ သိုသော့် ပျက်စီးနေသော
သွေးကြောများမှာ အနှစ်သုံးဆယ် ကြာသွားသဖြင့် လုံးဝ ပြုပြင်၍ မရတော့ချေ။ သွေးကြောများမှာ နေသားကျသွားပီး ဘယ်လိုမှ
ပြန်လည် ဖွင့်ရန် မဖြစ်နိုင်တော့ချေ။ တွမ့်ကျန်းယွမ် က လက်လျှော့ ကာ အပေါ်ပိုင်းရှိ မူမမှန်သော သွေးကြောများကိုသာ လည်ပတ်မှု
ကောင်းအောင် ပြုပြင်ပေးရတော့သည်။ တွမ့်ကျန်းယွမ် က အတွင်းအားသုံးကာ သွေးကြောများကို နှိပ်နယ်ပေးသဖြင့် တုံးဖန်းဟိုင်မှာ
လန်းဆန်းပီး အင်အားပြည့်ဖြိုး လာလေသည်။ ဒီအတိုင်းဆို သူမသေနိုင်တော့ချေ။ တွမ့်ကျန်းယွမ် က နှိပ်နယ်ပေးပီးသော် ပူသလို
ရှိလာသဖြင့် ဂူအတွင်းဝင်ကာ ရေစီးကြောင်းထဲတွင် စိမ်နေလိုက်သည်။ တုံးဖန်းဟိင
ု ကတော့ ချက်ချင်းပင် ရှောင်းယောင်
အတွင်းအားကျင့်စဉ် ဖြင့် ကုန်ခမ်းနေသော အတွင်းအားများကို ပြန်လည် ဖြည့်လိုက်လေသည်။ သွေးကြောများမှာ ကောင်းစွာလည်ပတ်
နေသဖြင့် အတော်အတန်ပင် ပြန်လည် စုစည်းမိလေသည်။ သို့သော် နဂိုမူလ အဆင့်ထိ ဖြစ်ရန်တော့ လေးငါးနှစ် ကျင့်ယူ ရပေဦးမည်။
တွမ့်ကျန်းယွမ် က ရေချိုးပီး ပြန်ထွက်လာလျှင် တုံးဖန်းဟိုင် မှာ ပြုံးရွှင်နေသည်ကို မြင်ရလေသည်။
သူက တုံးဖန်းဟိုင် အား
" ဆရာပျော်နေတာမြင်ရတော့... တပည့်လဲ ပျော်မိတယ်... ဒီနေ့ပဲ အပေါ်တက်ကြမလား"
ဟု ပြောလိုက်သည်။

တုံးဖန်းဟိုင် ကလဲ ခေါင်းငြိမ့်ကာ


" သွားကြမယ်ကွာ... ငါ့ကို လိန်ကျို့ နန်းတော် ကို ပို့ပေးပါ... ငါနတ်လေးပါးကျောင်းထဲ မဝင်ချင်တော့ဘူး... အဲ့ကိစ္စက လက်ရှိ
ဂိုဏ်းချုပ်ဖြစ်တဲ့ ငါ့တပည့် မင်းပဲ ဖြေရှင်း လိုက်တော့ "
ဟု ရယ်ကျဲကျဲ ဖြင့် ပြောလိုက်သည်။

သူက ထပ်ပီး
" ငါတော့ သိုင်းလောကထဲ မဝင်ချင်တော့ဘူး... လိန်ကျို့ နန်းတော် ကိုသွားပီး ဇာတ်မြှပ်နေတော့မယ် "
ဟု ပြောလိုက်ပြန်သည်။

တွမ့်ကျန်းယွမ် လဲ ခေါင်းငြိမ့်ကာ
" ဆရာသဘောပါ... ဆရာ ကောင်းသလို ဆုံးဖြတ်ပါ... ကျနော်ကတော့ သိုင်းလောကထဲ ကျင်လည်လိုက်ဦးမယ် "
ဟု ပြောပီး အထုပ်အပိုးများ ထုတ်နေလေသည်။

ထို့နောက် သူက စီးရှ ဝတ်စုံ အသစ်ကို သူ့ဆရာအား ဝတ်ပေးလိုက်သည်။ ထိုနောက် တုံးဖန်းဟိုင် ကို ကုန်ပီးကာ ဓားနှစလ
် က်ကို
လက်က ကိုင်ပီး အပေါ်တက်ရန် အသင့်ပြင် လိုက်တော့သည်။ လှိုင်ဂူ အဝသို့ သွားကာ သူအောက်ခြေက တက်လာသည့်အတိုင်း
အပေါ်သို့ တက်လာခဲ့လေသည်။ အတွင်းအားမှာ အလွန်နက်ရှိုင်းနေသဖြင့် နောက်ကျောတွင် လူတစ်ယောက် ကုန်းပိုးထားရသည့်တိုင်
ပေါ့ပါးသွက်လက် နေလေသည်။ အတန်ကြာ တက်လာသော် သူတို့ ပြုတ်ကျရာ ချောက်ကမ်းပါး သို့ ရောက်လာလေသည်။
ထိုချောက်ကမ်းပါး ပေါ်တက်မိသော် နှစ်ယောက်သား သူတို့ ပြုတ်ကျခဲ့ပုံများကို မြင်ယောင်ကာ ငေးငိုင်သွားမိသည်။

တုံးဖန်းဟိုင် က အရင် သတိဝင်လာပီး


" လူလေး... ဒီကျောင်းနယ်နမိတ်ထဲက မြန်မြန်ထွက်စမ်းကွာ... ငါနေရတာ မသတီဘူး"
ဟု ပြောလိုက်သည်။

တွမ့်ကျန်းယွမ် က တုံးဖန်းဟိုင် ၏ စကားကို ကြားသော် အမြန်ပင် ပြေးလွှားမိသည်။ နတ်လေးပါးကျောင်းတော်၏ သိုင်းလေ့ကျင့်ရာ


လှိုင်ဂူနှင့် ဂိုဏ်းချုပ်များကို ပူဇော်သော လှိုင်ဂူရှေ့ရောက်သော် တွမ့်ကျန်းယွမ်က ခဏရပ်မိလေသည်။ တုံးဖန်းဟိုင်က သိုင်းလေ့ကျင့်ရာ
ဂူထဲသို့ ဝင်စေကာ ရှောင်းယောင် အတွင်းအား သိုင်းကျမ်းကို ရှာဖွေ စေသည်။ တွေ့သော် အိတ်ထဲ ထည့်ပီး ပြန်ထွက်လာကြသည်။
ထို့နောက် ဂိုဏ်ချုပ်များ၏ အထိမ်းအမှတ် လှိုင်ဂူထဲ ဝင်ကာ အမှတ်တစ် ဂိဏ
ုးချုပ်များ ဝတ်လေ့ရှိသော ထူးခြားသည့် ဝတ်ရုံရှည်ကြီးကို
ယူစေပြန်သည်။ ထိုဝတ်ရုံရှည်ကို ကြီးမှာ ချောက်ထဲတွင် တုံးဖန်းဟိုင် ဝတ်ဆင်ထားသည်နှင့် တစ်ပုံစံတည်း ဖြစ်သည်။ ထူးခြားသော
ပန်းကနုတ်များက အနက်ရောင် ဝတ်ရုံပေါ်တွင် ခန့်ညားစွာ ရှိနေလေသည်။ တွမ့်ကျန်းယွမ် ၏ မိုးနဂါးကိုယ်ဖော့ပညာမှာ
အတွင်းအားနက်ရှုင
ိး လာမှုကြောင့် အထွဋ်အထိပ် သို့ရောက်ရှိနေပီ ဖြစ်ရာ တုံးဖန်းဟိုင် ကို ကုန်းပိုးထားသော်လဲ အလွန်
လျင်မြန်နေတုန်း ဖြစ်သည်။ ထို့ပြင် တားမြစ်နယ်မြေထဲ တွင်ဖြစ်၍ သူတို့၏ လှုပ်ရှားမှုကို ဘယ်သူမျှ သတိမထားမိချေ။ ထို့နောက်
တွမ့်ကျန်းယွမ် က သူ အရင်တစ်ခါ ထွက်တုန်းကလိုပင် ကျောက်သားအခန်း ဘေးရှိ တံတိုင်းကို ခုန်ကျော်ကာ ရိဖျင်ထန် မြို့ ထဲ
ဝင်သွားလေတော့သည်။

ဤသို့ဖြင့် ချောက်ထဲကျသွားသော တွမ့်ကျန်းယွမ်မှာ သုံးလကျော် အကျဉ်းသား ဖြစ်ပီးသော် ဘဝတူ အကျဉ်းသား တုံးဖန်းဟိုင် ကို
ကယ်တင်၍ ပြန်ထွက်လာနိုင်ခဲ့လေ တော့သည်။

#မိုးထိတောင်သိုင်းသမား #ZYN
အခန်း (၁၇) အပိုင်း တစ်
လိန်ကျို့ နန်းတော်

တွမ့်ကျန်းယွမ်မှာ သူ၏ မြင့်မားသော ကိုယ်ဖော့ ပညာနှင့်ပင် ရိဖျင်ထန် မြို့ ထဲမှ ထွက်သွားသည်။ သူက အရမ်းလျင်မြန် နေသဖြင့်
ဖြတ်သွားသူအပေါင်းမှာ လေတိုက်သွား သကဲ့သို့သာ ခံစားလိုက်ရသည်။ သူက မြို့ ပြင်ရှိ စားသောက်ဆိုင်ငယ်လေး သို့ရောက်သော်
ရပ်လိုက်ပီး ဆိုင်ထဲသို့ ဝင်လိုက်လေသည်။ ဆိုင်ထဲရောက်သော် ဟင်းလျာ ဆယ်မျိုးခန့် မှာယူကာ ငတ်ခဲ့သမျှ အတိုးချစားရန်
ပြင်တော့သည်။ တုံးဖန်းဟိုင် မှာလဲ သိတတ် သော တွမ့်ကျန်းယွမ် ကြောင့် အဆင်ပြေ နေလေသည်။ ဟင်းလျာ များ ရောက်လာ သော်
တွမ့်ကျန်းယွမ် က အရက်အိုးကြီး နှစ်အိုးမှာကာ ဆရာဖြစ်သူ ကို ပြုစုတော့ သည်။ တုံးဖန်းဟိုင် မှာ အဘယ်မျှ ပင် ငတ်နေသော်လဲ
ရုပ်ပျက်အောင် မစားချေ။ သူက ပုံမှန်ပင် စားလိုက် သောက်လိုက် လုပ်နေလေသည်။ တွမ့်ကျန်းယွမ်မှာ လဲ ထိုအတိုင်းပင် ခပ်မှန်မှန်
စားနေလေသည်။ သူတို့နှစ်ဦးပုံမှာ ရိဖျင်ထန် မြို့ ထဲမှ ထွက်လာသော ပိုက်ဆံပေါသည့် ဆရာ တပည့် နှစ်ယောက် အသွင်
ဖြစ်နေလေသည်။ တုံးဖန်းဟိုင် မှာ အနှစ်သုံးဆယ်ကျော် အရက်နှင့် ဝေးနေ သဖြင့် အနည်းငယ်မျှ သောက်မိလျှင် မူးလာတော့သည်။
သို့သော်လဲ သူက ပျော်နေသဖြင့် မမှောက်မချင်း သောက်မည် ဟု ဆုံးဖြတ်ထားလေသည်။ တွမက
့်ျန်းယွမ် ကတော့ သူ့ဆရာ
သောက်နေသည်ကို ကြည့်ကာ စားပွဲထိုးကို ပိုက်ဆံအနည်းငယ် ပေးပီး မြင်းကောင်းမြင်းသန့် နှစ်ကောင် ဝယ်ခိုင်းလိုက်လေသည်။
မြင်းများ ရောက်လာသော် ညနေစောင်းနေပီး တုံးဖန်းဟိုင် မှာလဲ မူးနေရာမှ ပြန်လည်ပင် ပြေ စပြုနေသည်။

တွမ့်ကျန်းယွမ် က တုံးဖန်းဟိုင်ကို
" ဆရာ... ညစာစားပီးမှ သွားမလား အခုပဲ သွားကြမလား... ကျနော် မြင်းနှစ်ကောင် ဝယ်ထားတယ် "
ဟု ပြောလိုက်သည်။

အမူးပြေသွားသော တုံးဖန်းဟိုင် က မစောင့် နိင


ုတော့ဟန်ဖြင့်
" ပေါက်စီ နဲ့ အသားခြောက်ပဲ ထုပ်ခဲ့ကွာ... ငါတို့ မြန်မြန်သွားရအောင် "
ဟု ပြောလိုက်သည်။

တွမ့်ကျန်းယွမ် က စားပွဲထိုးခေါ်ကာ ပေါက်စီ နှင့် အသားခြောက် မှာယူလိုက်ပီးနောက်


" ဘယ်ဘက်ကို ဦးတည်ပီး သွားရမှာလဲ ဆရာ... လိန်ကျို့ နန်းတော် က ဘယ်မှာ ရှိတာလဲ "
ဟု မေးလိုက်သည်။

တုံးဖန်းဟိုင် က ပြုံးကာ
" စီးရှ နဲ့ ပြည်မ နယ်စပ် နားက ခွန်လွန်တောင်တန်း ပေါ်မှာ "
ဟု ဖြေလိုက်လေသည်။

တွမ့်ကျန်းယွမ် လဲ ပျော်သွားကာ
" ဟာ.... ဒါဆို အတော်ပဲ ကျနော်လဲ ပြည်မပြန်ရမှာ ဆိုတော့ လမ်းသင့်တာပေါ့...
ကျနော်တို့ အမြန်သွားမယ် ဆိုရင် ရှစ်ရက် လောက်နဲ့ ခွန်လွန်တောင်တန်းပေါ် ရောက်မယ်... သိုင်းပြိုင်ပွဲ ကလဲ တစ်လလောက်
လိုသေးတော့ ဆရာ့ကို အေးအေးဆေးဆေး လိုက်ပို့လို့ရတယ် "
ဟု ပြောလိုက်သည်။

ထိုစဉ် စားပွဲထိုးက တွမ့်ကျန်းယွမ် မှာထားသော ပေါက်စီနှင့် အသားခြောက် များလာပိရ


ု့ာ တွမ့်ကျန်းယွမ် က ငွေရှင်းပီး ယူလိုက်သည်။
တုံးဖန်းဟိုင် က
" ကဲ ပီးပီဆိုတော့ သွားကြစို့ "
ဟု ပြောလိုက်တော့သည်။

ထို့နောက် ဆရာတပည့် နှစ်ယောက်မှာ နယ်စပ်ရှိ ခွန်လွန်တောင်တန်း ဆီသို့ မနေမနား ခရီးဆက်ကြလေတော့သည်။ တုံးဖန်းဟိုင်မှာ


အောက်ပိုင်းသေ နေသူဖြစ်သော်လဲ အတွင်းအားကောင်းသူ ဖြစ်သဖြင့် သာမန်လူများကဲ့သို့ပင် စွမ်းဆောင်နိုင်လေသည်။ သူက
တွမ့်ကျန်းယွမ် လုပ်ပေးသော သစ်သားဂျိုင်းထောက် နှစ်ခုကို ထောက်ကာ လမ်းပင် လျှောက်တတ်နေလေသည်။ ထို့ကြောင့် သူတို့မှာ
ခန့်မှန်းထားသကဲ့သို့ အဆင်ပြေပြေ ပင် ရှစ်ရက်မြောက် မနက်တွင် ခွန်လွန်တောင်ခြေ သို့ ရောက်လာတော့ သည်။

တောင်ခြေသို့ရောက်သော် တွမ့်ကျန်းယွမ် မှာ ကြီးမားရှည်လျားသော တောင်တန်း ကြီးကို ကြည့်ကာ အံ့သြမိ နေသည်။


ထိုတောင်တန်းကြီး မှာ နဂါးကြီးတစ်ကောင် လဲလျောင်း နေသကဲ့သို့ ရှိနေသည်လေ။
သူက တအံ့တသြ ဖြင့်
" ဆရာ.. တောင်တန်းကြီးက ရှည်လဲရှည် ကြီးလဲ ကြီးတယ်... လိန်ကျို့ နန်းတော် ကို ဘယ်လိုလုပ် ရှာရမလဲ "
ဟု မေးလိုက်သည်။

တုံးဖန်းဟိုင် က တွမ့်ကျန်းယွမ် ၏ အမေးကို ဂုဏ်ယူသလို ပြုံးရင်း


" ဒီတောင်တန်းကြီးကို ငါ မင်းအရွယ် တုန်းက ခြေရာထပ်အောင် သွားပီး လိန်ကျို့ နန်းတော် ကို ရှာခဲ့တာကွ... အခုတော့ အဲ့လို
လုပ်စရာ မလိုတော့ပါဘူးကွာ... နေရာသိနေမှတော့ တန်းသွားကြတာပေါ့ "
ဟု ပြောလိုက်သည်။

ထို့နောက် မြင်းများကို ကုန်းနှီး ဖြုတ်ကာ လွှတ်ထားခဲ့ပီး တုံးဖန်းဟိုင် က ချိုင်းထောက် ဖြင့် ထောက်ကာ ခွန်လွန်တောင်တန်း ထဲမှ
ငါးခုမြောက် တောင်ကုန်းသို့ ဦးတည် ကာ ပြေးထွက်သွားသည်။ သွေးကြောမ လေးခု ဖွင့်နင
ိုသူ တုံးဖန်းဟိုင် မှာ အတွင်းအား အများစု
တွမ့်ကျန်းယွမ် ကို ပေးလိုက်သော်လဲ အတွင်းအားမှာ နက်ရှိုင်းနေတုန်းပင် ဖြစ်သည်။ သူ၏ ရှောင်းယောင် အတွင်းအား ကျင့်စဉ်မှာ
ကောင်းမွန်လွန်းသည်။ နှစ်နာရီခန့် ကြာသော် တောင်ကုန်းပေါ်သို့ ရောက်သွားလေသည်။ တုံးဖန်းဟိုင် မှာ တစ်စုံတစ်ခု ကို
ရှာဖွေနေဟန် ရှိသည်။ သူက သစ်ပင်များ ထူထပ်နေသော တောင်ကုန်း ကို လှည့်ပတ် ကြည့်နေ လေသည်။ ဟုတ်ပေသည်။ သူ
မရောက် သည်မှာ အနှစ်သုံးဆယ် ကျော်နေပီ ဖြစ်သောကြောင့် အရာရာအားလုံးမှာ ပြောင်းလဲနေလေသည်။ တွမ့်ကျန်းယွမ် ကတော့
တုံးဖန်းဟိုင် လုပ်သမျှ ကိုသာ လိုက်ကြည့်နေမိသည်။ တုံးဖန်းဟိုင် မှာ သစ်ပင်များကို စေ့စေ့စပ်စပ် လိုက်ကြည့် နေသည်။ သူက
သစ်ပင်ကြီး တစ်ပင်ကို တွေ့သော် ဝမ်းသာဟန်ဖြင့် တွမ့်ကျန်းယွမ် ကို လှမ်းခေါ်လိုက်လေသည်။

"လူလေး... လာခဲ့ဦး... ဒီသစ်ပင်ပေါ်တက်ပီး ကြည့်စမ်း ဒီသစ်ပင်ရဲ့ ရှေ့ကိုက်တစ်ရာ အကွာမှာ လှိုင်ဂူ တစ်ခု ရှိမရှိ ကြည့်စမ်း "
ဟု ပြောလိုက်သည်။

သစ်ပင်များက ထူထပ်နေရာ ရှေ့သို့ ဘယ်လိုမှ မမြင်နိုင်ပေ။ စမ်းတဝါးဝါးဖြင့် လှိုင်ဂူ ကိုရှာနေပါက ပင်ပန်းမည်မှာ အသေချာပင်
ဖြစ်သည်။ မြင့်မားသော သစ်ပင်ပေါ် တက်ကာ အပေါ်စီးမှ ကြည့်လျှင် မူ သေချာမြင်ရနိုင်ပေမည်။ တွမ့်ကျန်းယွမ် က တုံးဖန်းဟိုင်
ပြောသည့်အတိုင်း သစ်ပင်ပေါ်ကို ကိုယ်ဖော့ပညာ သုံးကာ အပေါ်ဆုံးထိ တက်သွားလေသည်။ သူက အပေါ်ရောက်သော် ချက်ချင်းပင်
ဘေးဘီကို ကြည့်လိုက်သည်။ လှိုင်ဂူ ကဲ့သို့ တောင်နံရံ ရှိမရှိ လိုက်ကြည်နေရာ ကိုက်တစ်ရာခန့် အကွာတွင် အပေါ်သို့ ထွက်နေသော
တောင်ကုန်းလေး တစ်ခုကို တွေ့လိုက်ရ သည်။

သူက တုံးဖန်းဟိုင် အား


" ဆရာ... ရှေ့တည့်တည့် ကိုက်တစ်ရာ လောက်မှာ တောင်ကုန်းလေးတစ်ခု ရှိတာ တွေ့တယ် အဲ့ဒါလှိုင်ဂူများလား "
ဟု လှမ်းပြောလိုက်သည်။

" ဆင်းပီးလိုက်ခဲ့ "


တုံးဖန်းဟိုင် မှာ ထိုစကားပြောပီးသော် ချက်ချင်းပင် ရှေ့တည့်တည့် ကို ပြေးထွက် သွားသည်။

တွမ့်ကျန်းယွမ်က သစ်ပေါ်မှ မဆင်းတော့ပဲ တစ်ပင်နှင့် တစ်ပင် ခုန်ကူးကာ တောင်ကုန်း ဆီသို့ သွားလိုက်သည်။ သူကပင် တောင်ကုန်း
ရှေ့သို့ အရင်ရောက်သွားပီး တုံးဖန်းဟိုင် ကို စောင့်နေလေသည်။ တွမ့်ကျန်းယွမ် က သေချာကြည့်သော်လဲ တောင်ကုန်းမှာ ခြုံနွယ်များ
ဖုံးလွှမ်း နေသော ကျောက်နံရံကြီး တစ်ခု အဖြစ်သာ မြင်ရသည်။ ထိုစဉ် တုံးဖန်းဟိုင် က ရောက်လာကာ အလျင်အမြန် ပင်
ခြုံနွယ်များကို လက်ဖြင့် ဖယ်နေလေသည်။ သူ့ပုံစံမှာ ခြုံနွယ်များ ဖုံးနေခြင်းကို မနှစ်မြို့  ဟန်ပေါက်နေသည်။ ထို့အဖြစ်ကို ရိပ်မိသော
တွမ့်ကျန်းယွမ် က ဓားထုတ်ကာ ခြုံများကို ခုတ်လိုက်သည်။ ဓားကောင်း နှင့် လက်ဆ ပေါင်းစပ်မှု က အံ့မခန်းပင်။ လျပ်တပျက်
အတွင်း၌ ခြုံနွယ်များမှာ ရှင်းလင်းသွား လေသည်။ ထိုမှသာ ကျောက်နရံတွင် စာများ ထွင်းထားသည်ကို တွေ့လိုက်ရသည်။

" လိန်ကျို့ နန်းတော် "


ဟု ဟန်စာလုံး ဖြင့်ပင် ရေးသားထားပီး စာလုံး များမှာ ကြီးမားကာ နစ်ဝင်နေလေ သည်။

တုံးဖန်းဟိုင် က ထိုစာလုံးများကို ကြည့်ကာ မျက်ရည် ဝဲနေတော့သည်။ သူ့အနေဖြင့် ဝမ်းနည်းမှုကို မနည်းသည်းခံထားပုံရသည်။ သူက


အလျင်အမြန်ပင် စာလုံးများ အောက်ခြေ တွင် တစ်စုံတစ်ခုကို ရှာလိုက်သည်။ ထို့နောက် တွေ့သွားပုံရာကာ ထိုအရာကို
ဖိနှိပ်လိုက်သည်။ တွမ့်ကျန်းယွမ် က ကြည့်မိသော် ထိုအရာမှာ ဖားပုံစံ အရုပ်ကလေး ဖြစ်နေသည်ကို မြင်ရသည်။ တစ်ခဏ
မျှအကြာတွင်
" ဂျိန်း... " ဟု အသံထွက်ပေါ်လာကာ
ကျောက်နံရံ ဘေးတွင် လူတစ်ကိုယ်ဝင်စာ အပေါက်တစ်ခု ထွက်ပေါ်လာလေသည်။ ထိုအပေါက်မှာ လူဝင်လူထွက် မပြုသည် မှာ
ကြာလွန်းပုံရပီး မြက်များပင် ကျောက်သား ကြားမှ ပေါက်နေလေသည်။

တုံးဖန်းဟိုင်က တွမ့်ကျန်းယွမ် ဖက်လှည့်ကာ


" ဝင်ကြမယ် မီးခေတ်ကျောက် ပါခဲ့ရင် ရှေ့ကဝင်သွား ဆယ်လှမ်းမြောက်ရင် ညာဘက်ကို လက်လှမ်းလိုက် မီးအိမ် ရှိလိမ့်မယ် "
ဟု ပြောလိုက်သည်။

တွမ့်ကျန်းယွမ် လဲ မီးခတ်ကျောက်ကို ထုတ်ကာ ဝင်လိုက်သော် တုံးဖန်းဟိုင် ပြောသည့်အတိုင်း မီးအိမ်တွေ့သဖြင့် မီးထွန်း


လိုက်လေသည်။ ထိုမှသာ လှိုင်ဂူ တစ်ခုလုံး လင်းသွားပီး သေချာမြင်ရတော့သည်။ တုံးဖန်းဟိုင် က လှမ်းဝင်လာကာ စေ့စေ့စပ်စပ်
ကြည့်လေသည်။ ထိုလှိုင်ဂူမှာ လူမနေတော့မှန်း သိသာလွန်းသည်။ အသုံးအဆောင် ပစ္စည်းများကို ဖုံအလိမ်းလိမ်း တက်နေလေသည်။
အသုံးအဆောင် ပစ္စည်း ဟု ပြောရသော်လဲ ထိုလှိုင်ဂူထဲတွင် သေတ္တာတစ်လုံး နှင့် ကျိုးပဲ့ နေသော စားပွဲတစ်လုံး အိုးခွက် အနည်းငယ်
သာ ရှိလေသည်။ သို့သော် ကျောက်သားနရံ ကို ထွင်းထားသော စာအုပ်စင်မှာမူ အကောင်းအတိုင်း ဖြစ်ပီး အထဲမှ စာအုပ်
သုံးအုပ်မှာလဲ အကောင်းအတိုင်း ရှိနေသေးသည်။ တုံးဖန်းဟိုင် က သေတ္တာ ကို မျက်ရည်ဝဲကာ ဖွင့်နေစဉ်တွင် တွမ့်ကျန်းယွမ် ကတော့
စာအုပ်စင်ကို လက်လှမ်းကာ စာအုပ်တစ်အုပ်ကို ယူလိုက်သည်။ ထိုစာအုပ်ကို မြင်သော် တွမ့်ကျန်းယွမ် မှာ အလွန်အံ့သြသွားသည်။
စာအုပ် အဖုံးတွင် ရေးထားသည်က
" ရှောင်းယောင် သိုင်းကျမ်း "
ဟု ဖြစ်လေသည်။

ရှောင်းယောင် သိုင်းကျမ်း...
ထိုသိုင်းပညာ တိမ်မြှပ် ပျောက်ကွယ်သွား သည်မှာ နှစ်ပေါင်း သုံးရာခန့် ရှိနေလေပီ။ တွမ့်ကျန်းယွမ် က လှန်လှော ကြည့်မိသော်
သိုင်းကျမ်းထဲတွင် နတ်သမီးဓားသိုင်း၊ ထျန်းစန်းနတ်လက်သီးသိုင်း၊ ရှောင်းယောင်လက်ဝါးသိုင်း၊ ရှောင်းယောင် အတွင်းအားကျင့်စဉ်၊
ထင်းရှူးစေ့ ပစ်ခတ်ပုံ၊ အဆိပ်ပြုလုပ်နည်း ဖြေနည်း စသည်ဖြင့် သိုင်းပညာ ခြောက်မျိုး ရေးသားထားကြောင်း တွေ့ရသည်။

တွမ့်ကျန်းယွမ် မှာ အံ့သြသွားပီး နောက်တစ်အုပ်ကို လှမ်းယူကာ ကြည့်လိုက် သည်။ ထိုစာအုပ် မှာပို၍ ထူးဆန်းနေသေး သည်။
ပါးလွှာလွန်းပီး စာရွကေ
် ရ မှာလဲ ဆယ်ရွက်ခန့်သာ ရှိလေသည်။ စာအုပ် အဖုံးတွင် ရေးသားထားသည်က "စိတ်ပျိုကိုယ်နု ကျင့်စဉ်"
ဟု ဖြစ်ပီး တွမ့်ကျန်းယွမ် က လှန်ကြည့် လိုက်သော် အမှာစာတွင်ပင် "အပျိုစင် အမျိုးသမီးများသာ" ဟု ရေးသားထားသဖြင့်
တွမ့်ကျန်းယွမ်က ပိတ်ကာ နောက်တစ်အုပ် ကို ယူကြည့်မိတော့သည်။

ထိုစာအုပ်ကတော့ ပထမစာအုပ် လောက်လဲ မထူ ဒုတိယစာအုပ် လောက်လဲ မပါးချေ။ ထိုစာအုပ် အဖုံးတွင် မည်သည့်စာမျှ
ရေးထားခြင်းလဲမရှိ။ တွမ့က
်ျန်းယွမ် က လှန်ကြည့်လိုက်သော် ပထမစာမျက်နှာ တွင် ရှောင်းယောင် ဂိုဏ်းချုပ်များသာ ဟု ရေးသား
ထားလေသည်။ ဆက်လှန်မိသော် "ပေမိန်နတ်သိုင်း"
ဟု စာလုံးမည်းနှင့် ရေးထားပီး နောက်စာမျက်နှာများမှာ သူ့ကျင့်ထားသော သိုင်းကျမ်း အတိုင်းပင် တစ်ပုံစံတည်းသာ မက
လက်ရေးပါတူနေသည်ကို တွေ့ရသည်။ သိုင်းကျမ်းမှာ ပီးသွားသော်လဲ စာရွက်များ အတော်ကျန်နေရာ တွမ့်ကျန်းယွမ် က
ဆက်လှန်မိလေသည်။ တစ်ဆက်တည်း ပင် ဒုတိယ သိုင်းကျမ်း တစ်ခုကို မြင်လိုက်ရပီး နာမည်ကတော့
"ဆန်းကြယ်ခြေလှမ်း"
ဟု ရေးသားထားလေသည်။ တွမ့်ကျန်းယွမ် မှာ ထိုသိုင်းကျမ်း အကြောင်း ငယ်စဉ်ကပင် ကြားဖူးထားသည်။ သူတို့ တွမ့်မျိုးနွယ် ၏
မိုးနဂါး ကိုယ်ဖော့ပညာမှာ ထိုခြေလှမ်းကို အခြေခံပီး ဘုရင်ကြီး တွမ့်ယွိ ကတီထွင်ထား ကြောင်း ကြားဖူးသည်။ ယခုမူ သိုင်းကျမ်းကို
တွေ့ပီလေ။ တွမ့်ကျန်းယွမ်မှာ စာရွက်များကို အငမ်းမရာ သွက်သွက် လှန် လိုက်သော် နောက်ထပ် သိုင်းကျမ်း တစ်ခု ရေးထားသည်ကို
မြင်လိုက်ရပြန် သည်။
" ရှောင်းယောင် အတွင်းအား "
ဟု ရေးထားပီး အတွင်းအားနည်းစနစ် တစ်ခု ဖြစ်လေသည်။ ထိုသိုင်းကျမ်းမှာလဲ တုံးဖန်းဟိုင် ပြသည့် သိုင်းကျမ်းနှင့် တစ်ထပ်
တည်းသာ ဖြစ်သည်။

#မိုးထိတောင်သိုင်းသမား #ZYN
အခန်း (၁၇) အပိုင်း နှစ်
လိန်ကျို့ နန်းတော်

တွမ့်ကျန်းယွမ် က စာအုပ်ကို ပိတ်ပီး ဝမ်းသာလွန်းသော မျက်နှာဖြင့် တုံးဖန်းဟိုင် ဘက်သို့ လှည့်ကာ ကြည့်လိုက်သည်။ တုံးဖန်းဟိုင်
မှာ စာအုပ် တစ်အုပ်ကို ကိုင်ကာ သေတ္တာ ကိုမှီလျက် ငိုကြွေးနေလေသည်။ တွမ့်ကျန်းယွမ် လဲ လန့်သွားပီး
" ဆရာ... " ဟု ခေါ်လိုက်မိသည်။
သူ့ခေါ်သံကြောင့် တုံးဖန်းဟိုင် မှာ သတိဝင် လာကာ မျက်ရည်များကို သုတ်လိုက် လေသည်။

တွမ့်ကျန်းယွမ် က တစ်ဆက်တည်းပင်
" ဘာကိစ္စများ ဖြစ်တာလဲ ဆရာ... တပည့်ကို လဲပြောပါဦး "
ဟု မေးလိုက်တော့သည်။

တုံးဖန်းဟိုင် က သက်ပြင်းချကာ ငေးငိုင်နေပီးမှ ပြောပြရန် ချောင်းတစ်ချက် ဟန့် လိုက်တော့သည်။ ထို့နောက်


" ငါဒီကို လာတဲ့ ရည်ရွယ်ချက်တော့ ပျက်သွားပီ တပည့်ရာ... ငါတွေ့ချင်တဲ့ သူက ဒီမှာ မနေတော့ဘူး ငါ့ကိုလဲ မုန်းတီး သွားပီ
ထင်တယ်... ဒါပေမဲ့ ငါကတော့ လိုက်ရှာ မှ ဖြစ်မယ် "
ဟု ပြောလိုက်သည်။

တွမ့်ကျန်းယွမ် မှာ တုံးဖန်းဟိုင် ပြောသည် ကို သေချာ နားမလည်ချေ။ သူသိထားသည်မှာ ဒီ လိနက


်ျို့ နန်းတော် တွင် သူ့ဆရာ၏ ချစ်သူ
အမျိုးသမီးကြီး တစ်ယောက် နေသည် ဟုသာ သိထားရာ အခု တုံးဖန်းဟိုင် က သူမ မရှိတော့ဘူး ဟု ဆိုသော် အံ့သြသွား လေသည်။
သူက ခေါင်းယမ်းကာ
" ဘယ်လိုဖြစ်တာလဲ ဆရာရယ် တပည့် နားမလည်တော့ဘူး... ကျနော့်ကို နားလည်အောင် ရှင်းပြပါဦး "
ဟု ပြောလိုက်တော့သည်။

တုံးဖန်းဟိုင် ကလဲ ပြောလက်စဖြင့် ပြောပြမည့်ပုံ ရလေသည်။ သူက


" ဒီလိုကွ လွန်ခဲ့တဲ့ သုံးဆယ့်ငါးနှစ်ကပေါ့ "
ဟု အစချီကာ အဖြစ်အပျက် များကို အစအဆုံး ပြောလိုကေ
် တာ့ သည်လေ။

လွန်ခဲ့သော သံုး ဆယ့်ငါးနှစ်...


လွန်ခဲ့သော သံုး ဆယ့်ငါးနှစ် ခန့်က တုံးဖန်းဟိုင် မှာ အသက်လေးဆယ်ပင် မပြည့်သေးချေ။ သူက အချိန် ရှိသရွေ့ ခွန်လွန်တောင်တန်း
များပေါ်တွင် လိန်ကျို့  နန်းတော်ကို လိုက်ရှာ နေဆဲ ကာလဖြစ်သည်။ သူ့အသက် နှစ်ဆယ်ကျော် ကတည်းက လိုက်ရှာနေပီး
အသက်လေးဆယ် ကျော်သည်အထိ ရှာမတွေ့ နိုင်သေးချေ။ အကြောင်းမှာ ခွန်လွန်တောင်တန်းကြီးမှာ အလွန်ကြီးမား ကျယ်ပြန့်ပီး
သူ့တွင် လိန်ကျို့ နန်းတော် တည်နေရာ မြေပုံလဲ မရှိသောကြောင့် ဖြစ်သည်။ တစ်ရက်တွင် သူက ငါးလုံးမြောက် တောင်ကုန်း ပေါ်တွင်
သွားလာနေရင်း အသက်သုံးဆယ်ကျော် ခန့်ရှိသော မိန်းမလှ တစ်ဦးကို တွေ့လိုက်ရသည်။ ထိုအမျိုးသမီး မှာလဲ ရွှီမျိုးဆက် ဖြစ်ပီး
မြေပုံကိုင်ကာ သိုင်းကျမ်းကို လာရှာခြင်း ဖြစ်လေသည်။ သူတိုနှစ်ယောက်မှာ ကတောက်ကဆ များဖြစ်အပီးနောက် ပူးပေါင်း
ရှာဖွေခဲ့ကြလေသည်။ နှစ်ပါတ်ခန့် ရှာဖွေပီးနောက်မှာတော့ လိန်ကျို့ နန်းတော် ၏ သိုင်းကျမ်းထားရာ ဤဂူပေါက်ကို တွေ့ရှိ
သွားကြလေသည်။ သူတို့ ရှာတွေ့စဉ်က သိုင်းကျမ်းများမှာ ကျောက်စာချပ် များဖြင့် ရေးသားထားပီး အချပ်ပေါင်း များစွာ ဂူထဲတွင်
ပြည့်သိပ် နေလေသည်။ သူတို့က ဂူထဲတွင် နေလို့ရရန် သိုင်းကျမ်းများကို ကူးရေးပီး ကျောက်ချပ်များကို မြေမြှပ်ပစ်ခဲ့ ကြလေသည်။
ထို့သို့ သိုင်းကျမ်း ကူးရေး သော အချိန်မှာ လအတော်ခန့်ကြာညောင်းပီး တံုး ဖန်းဟိုင် နှင့် ရွှီမျိုးနွယ် အမျိုးသမီးမှာ ချစ်ကြိုးသွယ်
မိကြတော့သည်။ ထိုအမျိုးသမီး မှာ သိုင်းပညာတွင် ပါရမီ မပါ သဖြင့် သိုင်းကျမ်းကူးရေးကြရင်း သိုင်းကျင့်ရာ တွင် မဖြစ်ထွန်းချေ။
တုံးဖန်းဟိုင် ကသာ ရှောင်းယောင် အတွင်းအား ကျင့်စဉ်ကို ပေါက်မြောက် အောင် ကျင့်နိုင်ခဲ့လေသည်။ သူတို နှစ်ဦးမှာ
သိုင်းကျမ်းကူးရင်း ချစ်ကြိုးသွယ်ရင်း ပျော်ရွှင် နေသည်မှာ နတ်လေးပါးဂိုဏ်း မှ တုံးဖန်းဟိုင် ကို အခေါ်မလွှတ်မိ အထိဖြစ်သည်။ ဆရာ
ဖြစ်သူက တုံးဖန်းဟိုင် ကို မသေခင် လာတွေ့ရန် အခေါ်လွှတ်သော် တုံးဖန်းဟိုင် မှာ မဖြစ်မနေ အမျိုးသမီးကို ခွဲကာ ထွက်သွား
ရတော့သည်။ ထိုအချိန်တွင် အမျိုးသမီးမှာ တုံးဖန်းဟိုင် နှင့် ကိုယ်ဝန် ရှိနေချိန် ဖြစ်လေသည်။ သူမက သိုင်းကျမ်း အားလုံးကို ကူးရေးပီး
ကိုယ်ဝန် အတော် ရင့်မာ ချိန်အထိ တုံးဖန်းဟိုင် မှာ ပြန်ရောက် မလာနိုင်တော့ချေ။ သူက ကိုယ်ဝန်ကို မွေးရန် တောင်အောက်ဆင်းမှ
ဖြစ်မည် ကို တွေးမိကာ ဆင်းရန် ပြင်ဆင်တော့သည်။ သူမ က တုံးဖန်းဟိုင် ကို စိတ်မနာနိုင် သဖြင့် အကြောင်းစုံကို စာရေးထားခဲ့ပီး
သေတ္တာ ထဲတွင်ထည့်ကာ ထားခဲ့လေသည်။ သူမ ကူးရေးထားသော သိုင်းကျမ်း များကိုလဲ တုံးဖန်းဟိုင် ပြန်လာလျှင် တွေ့စေရန်
နေရာ၌ အသေအချာပင် ထားခဲ့သည်။ သူမက သိုင်းပညာတွင် ပါရမီ မပါ၍ မကျင့်နိုင်သော်လဲ သူမရင်သွေး အတွက် ရည်ရွယ်ကာ
သိုင်းကျမ်း နှစ်မျိုးကိုတော့ ကူးယူ သွားခဲ့လေသည်။ ထိုသိုင်းကျမ်း နှစ်မျိုးမှာ " နတ်သမီးဓားသိုင်း " နှင့် " စိတ်ပျိုကိုယ်နု ကျင့်စဉ် " တို့
ဖြစ်ကြသည်။

တုံးဖန်းဟိုင် က စာတွင်ပါသော အကြောင်းအရာ အပြင် သူ့အဖြစ်ကို ပါ ဖြည့်စွက် ပြောပီးသော် ဝမ်းနည်းနေလေ သည်။

တွမ့်ကျန်းယွမ် က အကြောင်းစုံ ကြားပီးသော်


" ဒါဆို ဆရာအတွက် သဲလွန်စ ရှိပီပဲ နတ်သမီးဓားသိုင်း တတ်တဲ့သူ စိတ်ပျိုကိုယ်နု သိုင်း တတ်တဲ့သူ ကို ရှာရမယ် "
ဟု ပြောလိုက်သည်။

ထို့သို့ ပြောရင်းမှ သူက နုပျိုလွန်းသည် ဟု တင်စားကြသော လီယင်းယင်း ကို အမှတ်ရမိ လေသည်။ လီယင်းယင်း ၏ အသက်ကလဲ
သုံးဆယ့်ငါးနှစ် ကွက်တိပင် ဖြစ်နေကြောင်း သတိထားမိပြန်သည်။ သူမသုံးသည်ကလဲ ဓားသိုင်းပင် ဖြစ်သည် မဟုတ်လား။

သူက ဝမ်းသာဟန်ဖြင့်
" ဆရာ... ကျနော် ဆရာ့သမီး ဖြစ်နိုင် တဲ့ သူကို တွေ့ပီထင်တယ် "
ဟု ပြောလိုက်သည်။

တုံးဖန်းဟိုင် က သူပင် သားလား သမီးလား မသိသော်လဲ တွမ့်ကျန်းယွမ် က သမီးဟု ပြောနေသဖြင့် စိတ်ရှုပ်သွားလေသည်။


တွမ့်ကျန်းယွမ် က တုံးဖန်းဟိုင် စိတ်ရှုပ်သွားသည် ကိုမြင်သော် သူသိ ထားသော လီယင်းယင်း အကြောင်းကို ပြောပြလိုက်တော့သည်။
တုံးဖန်းဟိုင် မှာ အကြောင်းစုံ ကြားပီးသော အကြီးအကျယ် စိတ်လှုပ်ရှား သွားသည်။ သူက လီယင်းယင်း ကို ရှာတွေ့ချင်မိသည်။
ထိုမှသာ သူသိချင်သော ရွှီအမျိုးသမီး အကြောင်း သိရပေလိမ့်မည်။
သူက စိတ်လှုပ်ရှားစွာဖြင့်
" တပည်.့ .. မင်း လီယင်းယင်း တို့ရဲ့ မိုးနန်းတော် တည်နေရာကို သိလား "
ဟု မေးလိုက်သည်။

တွမ့်ကျန်းယွမ် မှာ လီယင်းယင်း ကို မုယုံစံအိမ် တွင် တစ်ခေါက်တွေ့ဖူး သည်မှ လွဲ၍ ဘာမှ မသိချေ။ သူက ခေါင်းယမ်းကာ
" ဒါတော့... ကျနော်လဲ မသိဘူးဆရာ... ဒါပေမဲ့ သူမက နာမည်ကျော် ဖြစ်လို့ ဆရာ့အနေနဲ့ ရှောင်စစ်တောင် သိုင်းပြိုင်ပွဲ ကို သွားရင်
သူမကို တွေ့မှာပါ "
ဟု ပြောလိုက်သည်။

တုံးဖန်းဟိုင် လဲ ခေါင်းငြိမ့်ကာ
" အင်း... ငါတော့ မစောင့်နိုင်တော့ဘူး မနက်ဖြန် တောင်အောက်ဆင်း ပီး ပြည်မကို သွားကြမယ် "
ဟု ပြောလိုက်သည်။

တွမ့်ကျန်းယွမ် က လက်ထဲရှိ သိုင်းကျမ်း သုံးအုပ်ကို ကိင


ုထားရင်း
" ဒါဆို... ဒါတွေက ဘယ်လိုလုပ်ရမလဲ ဆရာ"
ဟု သိုင်းကျမ်းများကို လက်မလွှတ်နိုင် ဟန်ဖြင့် ပြောလိုက်သည်။

တုံးဖန်းဟိုင် က ပြုံးကာ
" ယူခဲ့ပေါ့က.ွ .. မယူခဲ့ချင်လဲ မင်းကျက်လိုက်ပေါ့ "
ဟု ရယ်ကျဲကျဲ ဖြင့် ပြောလိုက်သည်။

တွမ့်ကျန်းယွမ် မှာ ဥာဏ်ကောင်းသည် မှန်သော်လဲ သိင


ုးကျမ်း သုံးအုပ်ကို တစ်ညတည်းဖြင့် အလွတ်ကျက်နိုင်လောက် အောင်
မကောင်းချေ။ သူက သယ်သွားရန် သာ ဆုံးဖြတ်လိုက်လေသည်။ သူတို့ ဆရာတပည့် နှစ်ဦးမှာ ဂူထဲတွင် အိပ်ရန် ဆုံးဖြတ်ပီး မီးဖိုကာ
ပေါက်စီနှင့် အသားခြောက် အနည်းငယ် စားသောက် လိုက်ကြသည်။ တွမ့်ကျန်းယွမ် မှာ သိုင်းကျမ်းများကို ခရီးဆောင်အိတ် ထဲ
ထည့်ပီးပီ ဖြစ်၍ ထိုအိတ်ကို သူက မဖြုတ်တမ်းပင် လွယ်ထားတော့သည်။ တုံးဖန်းဟိုင် ကတော့ ပြိုင်စံရှားသော အဆင့်
ရောက်နေသည့်တိုင် သိုင်းပညာကို ရူးသွပ် လွန်းသော သူ့တပည့်ကို ကြည့်ကာ ရယ် ချင်နေသည်။

သူက နောက်ချင်စိတ် ပေါ်လာ ပီး တွမ့်ကျန်းယွမ် အား


" လူလေး... ဒီကနေ ဆယ်မိုင် အကွာ လေးလုံး မြောက်တောင်ကုန်းပေါ်မှာ ခွန်လွန် ဂိုဏ်းရဲ့ ဌာနချုပ်ရှိတယ်... မင်းသွားပီး ဓားသိုင်း
လေ့လာကြည့်မလား... လွန်ခဲ့တဲ့ နှစ်တွေတုန်းကတော့ ချာတူးလန်ပဲ... အခုတော့ မင်းအပြောအရ သူတို့ကလဲ ထိပ်တန်း ဖြစ်နေတော့
ငါတို့ ဓားသိုင်း နဲ့ ဘာကွာလဲ လေ့လာကြည့်ပါလား "
ဟု ပြောလိုက်သည်။

သူ၏ ထို စနောက်သော စကားမှာ တွမ့်ကျန်းယွမ်၏ သိုင်းလောကအပေါ် ခံယူချက် ပြောင်းသွားစေနိုင်သော အဖြစ်ကို


ကြုံသွားစေကြောင်း ထိုစဉ်က သူမသိခဲ့ချေ။ တွမ့်ကျန်းယွမ် ကတော့ သိုင်းရူး ဖြစ်ရာ ချက်ချင်းပင် ဆရာဖြစ်သူ တုံးဖန်းဟိုင်ကို
ခေါင်းငြိမ့်ပြကာ ရိပ်ခနဲ ထွက်သွား တော့သည်။ တုံးဖန်းဟိုင် ကတော့ ပြုံးပီး ကျန်ခဲ့လေသည်။

ခွန်လွန်ဂိုဏ်း...
ခွန်လွန်ဂိုဏ်း သည် ဂိုဏ်းချုပ် အသစ် တင်မြောက်ထားသည်မှာ မကြာသေးချေ။ ငါးလခန့်သာ ရှိသေးသည်။ ဂိုဏ်းချုပ်ဟောင်း
ရသေ့ကြီး မုစန်း မှာ အပြင်းအထန်ပင် မနာမကျန်း ဖြစ်နေလေသည်။ ထို့သို့ ဖြစ်သည်မှာ နှစ်ပါတ်ခန့်ရှိနေလေပီ။ ဂိုဏ်းချုပ်သစ် မုထူဝါး
မှာ နေရာအနှံ တပည့်များလွှတ်ကာ သမားတော်ရှာ ခဲ့သော်လဲ အသုံးမဝင်ချေ။ အကြောင်းမှာ မုစန်းရသေ့ကြီးက အဆိပ်တစ်မျိုး
မိနေသောကြောင့် ဖြစ်လေသည်။ မြေးတပည့် ဖြစ်သူ မုထူးဝါးမှာ ကြံရာမရ ဖြစ်နေလေသည်။ သူက ဆေးကုရန် စိတ်လောပီး
သမားတော် ရှာဖို့သာ လုံးပမ်း နေသဖြင့် မုစန်း ဘာကြောင့် အဆိပ်မိလဲ ဆိုတာ စဉ်းစားဖို့မေ့နေသည်။ အခုတော့ သူက
ခြေကုန်လက်ပန်း ကျကာ ခေါင်းအေးအေး ဖြင့် စဉ်းစားမိသော် တွေးစရာများ ပေါ်လာလေသည်။ မုစန်းရသေ့ကြီးမှာ သူ့ဆရာဘိုးဘိုး
ဖြစ်ပီး သိုင်းပညာလဲ သူ့ထက် မြင့်သည်။ လက်ရှိ သိုင်းလောကတွင် မုစန်းကို ယှဉ်နိုင်သူ မှာ ရေတွက်၍ပင် ရသည်။ ထိုသို့ ဆိုလျှင်
မုစန်း မှာ ဘာကြောင့် အဆိပ်မိရသနည်း။ မုစန်း သာ သတိရနေပါက သူ့အနေဖြင့် မေး၍ ဖြစ်နိုင်သော်လဲ မုစန်းမှာ သတိပင်
ကောင်းကောင်းမရချေ။ အသက်ကြီးရင့် နေသဖြင့် ခန္ဓာကိုယ် မှာလဲ အားနည်းနေ လေပီ။ သူက အဆိပ်ခတ်သူ ဘယ်သူလဲ
ဘာကြောင့်လဲ ကိုသာ တွေးနေမိသည်။ သူတို့ ခွန်လွန်ဂိုဏ်းသည် သိုင်းလောကထဲ ဝင်ခဲသည်။ ထင်ရှားသော ပွဲများရှိမှသာ မဖြစ်မနေ
ပုံစံမျိုးဖြင့် သွားကြသလို အရှုပ်အရှင်း လဲကင်းသည်။ ဘယ်သူကများ အငြိုးထားကာ မုစန်းကို လုပ်ကြံကြသနည်း။ မုထူးဝါးမှာ တွေးရင်း
တွေးရင်း ဂိုဏ်း ချုပ် များထိုင်ရာ ထိုင်ခေ
ုံ ပ်ါတွင် အကြံအိုက် နေလေသည်။ အဖြစ်ကို ကျေနပ် နေသော သူက ရှိလေသည်။ ထိုသူက
ဂိုဏ်းခွဲမှူး ဖြစ်သူ မုကျင်း ဖြစ်သည်။ မုကျင်း က မုစန်း၏ တပည့် ဖြစ်ပီး အသက် လေးဆယ်ကျော် ရှိသည်။ သူက ဂိုဏ်းချုပ်နေရာ ကို
သူ့အားကျော်ပီး မုထူးဝါးကို မုစန်း က ပေး လိုက်ခြင်း ကို မကျေမနပ် ဖြစ်နေလေသည်။ တကယ်တမ်း မုထူးဝါး နှင့် သူမှာ သိုင်းပညာ
မတိမ်းမယိမ်း ဖြစ်သည်။ ထိုသို့ ဖြစ်ရခြင်းမှာ လဲ မုစန်းက မုထူးဝါးကို သေချာလက်ထပ် သင်ပေးသဖြင့် သူ့ထက် သိုင်းကျင့်သက်
ပိုကြာသော မုကျင်း နှင့် ယှဉ်နိုင်သွားခြင်း ဖြစ်သည်။ မုကျင်းမှာ ထိုအဖြစ်တွေကို မနာလို ကာ အမြဲတစ်စေ ဒုက္ခပေးရန်
ချောင်းနေလေသည်။ သို့သော် အပြင်ပန်း ကတော့ ထိုပုံ မရှိချေ။ အလွန် ရိုကျိုးလိုက်နာသော ဂိုဏ်းသား အဖြစ် ရှိနေလေသည်။
လွန်ခဲ့သော တစ်လခန့်က တော့ သူက အဆက်အသွယ် ကောင်း ရကာ လက်စားချေဖို့ ကြံစည်ခဲ့ လေသည်။ သူ့အကြံမှာ
အောင်မြင်သည်။ မုစန်း မှာ အဆိပ်မိပီး အိပ်ယာထဲ လဲနေသလို မုထူးဝါးမှာလဲ ခေါင်းခြောက်ကာ စိတ်ညစ်နေ ရသည်။ သူက ထိုမျှနှင့်
မကျေနပ်နိုင်ပါ သူ့ရည်ရွယ်ချက် မှာ ဂိုဏ်းချုပ်နေရာ ဖြစ်သဖြင့် ဒီနေ့ည သူ အပိုင်ကြံရတော့မည်။ သူ့တွင် အကူအညီကောင်း ရှိသဖြင့်
သူက ပိုင်ပိုငန
ိုင်နိုင် ပင် တွက်ထားလေသည်။ ဒီည မုထူးဝါး သေပီး သူသာ ခွန်လွန်ဂိုဏ်းချုပ် ဖြစ်ရတော့မည်လေ။
#မိုးထိတောင်သိုင်းသမား #ZYN
အခန်း (၁၇) အပိုင်း သုံး
လိန်ကျို့ နန်းတော်

မုထူးဝါး မှာ ထိုင်ပီး စဉ်းစားနေသော်လဲ အဖြေမရသဖြင့် သူက သူညီဖြစ်သူ မုဖန်း ကို အခေါ်လွှတ်လိုက်သည်။ မကြာမီပင်
ဆယ်ကျော်သက် အရွယ် ကလေးသာသာ ရှိသော လူငယ်လေး တစ်ဦးက အခန်းထဲ ဝင်လာသည်။ ထိုကောင်လေးမှာ မုဖန်း ဖြစ်ပီး
မုထူးဝါး၏ တစ်ဦးတည်းသော ညီလေး ဖြစ်သည်။ မုဖန်းမှာ သိုင်းပညာ ဝါသနာ မပါသည့်အပြင် ခွန်လွန်ဂိုဏ်း ၏ ကျမ်းစာ ဆောင်မှ
မခွာချေ။ သူက စာကြမ်းပိုး ဖြစ်ပီး ကျွမ့်ယွမ် နေပြည်တော် စာမေးပွဲ ဖြေဆိုရန် လေ့လာနေခြင်းဖြစ်သည်။ မုဖန်း မှာ အရွယ် နှင့်
မလိုက်အောင် ဥာဏ်ကောင်းလွန်း သဖြင့် သူက သူ့အဖြစ်ကို တိုင်ပင်လသ
ို ည်။

မုထူးဝါး က မုဖန်း ကိုမြင်လျှင် ပြုံးပြပီး


" ဘယ်လိုလဲ ညီလေး... စာကျက်ရတာ အဆင်ပြေလား... ဒီနှစ် ကျွမ့်ယွမ် စာမေးပွဲ ဝင်ဖြေတော့မလား "
ဟု မေးလိုက်သည်။

မုဖန်းက သူ့အကို မျက်နှာကို သေချာကြည့်ကာ


" အကိုမေးချင်တာ... အဲဒ
ီ့ အကြောင်း ဟုတ်မယ် မထင်ပါဘူး... ဘာမေးချင်တာလဲ မေးပါ "
ဟု ပြောလိုက်သည်။

မုထူးဝါးက ရယ်လုက
ိပီး
" ငါ့ညီက တကယ်တော်တာပဲကွာ... ငါလိမ်လို့မရဘူး... မင်းဒီလောက် ဥာဏ်ကောင်းတာ သိုင်းမသင်တာ နှမျောစရာပဲ မဟုတ်ရင်
သိုင်းလောကမှာ အတော်ကို နာမည်ကြီးသွားမှာ "
ဟု ပြောလိုက်သည်။

မုဖန်း က မျက်နှာရှုံ့မဲ့ကာ
" လူသတ်တဲ့ ပညာကို မသင်ချင်ပါဘူး အကိုရာ... ပီးတော့ ဒီအကြောင်းတွေ ကျနော် တို့ ဆက်မပြောဖို့ သဘောတူ ထားတယ်
မလား... ကျနော် သိသလောက်တော့ ဘိုးဘိုး နေမကောင်း ဖြစ်နေတယ်ဆို... အဲ့ကိစ္စက မရိုးမရှင်း ဖြစ်နေတယ် ထင်တယ်...
ဘယ်လိုဖြစ်တာလဲ ပြောပြပါဦး "
ဟု ပြောလိုက်သည်။

မုထူးဝါးက စိတ်မကောင်းဖြစ်ဟန်နှင့်
" ဒီလိုကွ... ဆရာဘိုးဘိုးက သူ့အဆောင် ကနေသိပ်အပြင်ထွက်တာ မဟုတ်ဘူး... သူက အထဲမှာပဲ ငါတို့ ခွန်လွန်ဓားသိုင်း ရဲ့
နောက်ဆုံး သိုင်းဆယ်ကွက်ကို ကြိုးစား လေ့ကျင့်နေတာ နှစ်ချီနေပီ... ဒါပေမဲ့ လွန်ခဲ့တဲ့ နှစ်ပါတ်က ထမင်းပို့ထားတာ မစားလို့ ငါက
ဝင်ကြည့်မှ အဆိပ်မိပီး လဲကျနေတာ တွေ့ရတာပဲ ဘယ်သူက အဆိပ်ခတ်လိုက်လဲတော့ မသိဘူး ဆရာဘိုးဘိုးဟာ သတိမရပဲ
မေ့မျောနေတယ်... ကြည့်ရတာ အဆိပ်ကို တစ်ယောက်ယောက်က တားထားသလိုပဲ ဒါပေမဲ့ အရှင်းတော့ မပျောက်ကင်း စေချင်
ပုံရတယ်... အဲ့ဒါ ဘယ်သူလက်ချက်လဲ အကိုစဉ်းစားလို့မရဘူးကွာ "
ဟု ပြောပြလိုက်သည်။

မုဖန်း က ခဏမျှ စဉ်းစားနေပီး


" ကြည့်ရတာတော့ အတွင်းလူ ဖြစ်ရမယ် ဘာလို့ဆိုတော့ ဆရာဘိုးဘိုး ကို သေစေချင်ပုံ မရဘူး... အခုတလော ဂိုဏ်းထဲမှာ အကို့ကို
သဘောမကျတဲ့ လူများ ရှိသလား... ကြည့်ရတာ ဂိုဏ်းချုပ် နေရာ လိုချင်နေပုံပဲ "
ဟု ပြောလိုက်သည်။
" ဂိုဏ်းချုပ်ကြီး... ဂိုဏ်းချုပ်ကြီး "
ထိုစဉ်မှာ ပင် အခန်းထဲသို့ လူတစ်ယောက်က အမောတကော ဝင်လာလေသည်။ သူက လဲကျမတတ် မောနေဟန်ဖြင့် မုထူးဝါး ကို
ခေါ်ပီး အမောဖြေနေလေသည်။

မုထူးဝါး ကော မုဖန်းပါ ကြောင်သွားကြ သည်။ အဘယ့်ကြောင့် ဆိုသော် ထိုအမော တကော ဝင်လာသူမှာ မုထူးဝါး နှင့် သိုင်းပညာ
သိပ်မကွာသော မုကျင်း ဖြစ်နေသောကြောင့် ဖြစ်သည်။ မုထူးဝါး က ထိုင်ခုံမှ ထကာ စိတ်ပူဟန်ဖြင့်
" ဦးလေး... ဘယ်လိုဖြစ်လာတာလဲ... ဘာများဖြစ်လို့လဲ "
ဟု မေးလိုက်သည်။

မုကျင်း က ထိပ်လန့်နေဟန်ဖြင့်
" ရန်သူ... ရန်သူ... ရောက်လာတယ် ဂိုဏ်းချုပ်ကြီး... ကင်းစောင့် ဂိုဏ်းသား ဆယ်ယောက် အသတ်ခံလိုက်ရပီ... ကျနော်တောင်
အပြေးမြန်လို့ ဒီရောက်လာတာ "
ဟု ဖြေလိုက်သည်။

မုထူးဝါး နှင့် မုဖန်း မှာ မုကျင်း ပြောသမျှ ကို နားထောင်ကာ ကြောင်နေကြပြန်သည်။ ဘယ် ရန်သူက သူတို့ကို လာတိုက်သနည်း။
ဂိုဏ်းသား ဆယ်ယောက် ကိုသတ် မုကျင်း ကို ထွက်ပြေးစေအောင် လုပ်တာတောင် အသံစိုးစိမျှ မထွက်စေနိုင်သူ မှာ သိုင်းပညာ
ကောင်းလွန်းနေပေမည်။ သူက ဘာကိစ္စ နှင့် သူတို့ ခွန်လွန်လို သီးခြားနေသော ဂိုဏ်းကို ဒုက္ခပေးသနည်း။ မုထူးဝါး မှာ ဘယ်လို မှ
စဉ်းစား၍ မရချေ။ မုဖန်း ကတော့ မသိမသာ မုကျင်း အနားမှ မုထူးဝါး အနားသို့ ရွှေ့လိုက်သည်။ မုကျင်းက မုထူးဝါး မျက်နှာကို
အကဲခတ်မိတော့ မုထူးဝါး စိတ်ရှုပ် နေသည်ကို မြင်ကာ နှုတ်ခမ်းက တစ်ချက်ကလေး တွန့်ကွေးသွားသည်။ ထိုအဖြစ်ကို မုဖန်းက
မြင်သော် ပါးစပ်ဟ လိုက်လေသည်။

" ဝုန်း "...


ခန်းမဆောင် တံခါးမှာ လူတစ်ကိုယ်စာ ဖွင့်ထားပါရက်နှင့် တံခါးရွက် ကို ရိုက်ချိုးပီး နှစ်ယောက်က တစ်ပြိုက်နက် ဝင်လာလေသည်။
မုဖန်းမှ ပါးစပ်ဟ လျက် မပြော ဖြစ်တော့ပဲ ဝင်လာသူများကို ကြည့် လိုက်မိသည်။ မုကျင်းက မျက်လုံးက တစ်ချက် လက်ခနဲ ဖြစ်သွားပီး
ချက်ချင်းပင် ကြောက်ရွံသည့် ပုံဖြင့်
" သူတို့ပ.ဲ .. ဂိုဏ်းချုပ်ကြီး "
ဟု ပြောလိုက်သည်။

ဝင်လာသူ နှစ်ဦးမှာ အနက်ရောင်ကိုယ်ကျပ် ဝတ်စုံ ကိုယ်စီဖြင့် ခန္ဓာကိုယ် မှာလဲ တောင့်တောင့် တင်းတင်း ရှိသည်။ ရုပ်ချင်းလဲ
ဆင်ကြလေသည်။ ထိုအထဲမှ အကြီး ဖြစ်ဟန်တူသူက ရယ်လိုက်ကာ
" ဟားဟား... ခွန်လွန်ဂိုဏ်းချုပ် အသစ်က မင်းလား... ငါ့ကို မင်းတို့ဂိုဏ်းရဲ့ လျှပ်စီးဓားသိုင်းကျမ်း ထုတ်ပေးစမ်း... ပီးရင်
ငါတို့ခေါင်းဆောင်ကြီးရဲ့ သစ္စာခံပါ... ဒါဆိုရင် မနက်ဖြန် မနက် နေထွက်တာကို မင်းဆက်ကြည့် နိုင်မယ် "
ဟု ပြောလိုက်သည်။

မုထူးဝါးမှာ ရိုးသားသော်လဲ တုံးအ လွန်းသူ မဟုတ်ချေ။ လွန်ခဲ့သော သုံးလကျော်က ဝူတန်မှ ကျန်းမော်ဖုန်း က သူ့ကို စသလို
နောက်သလို ဖြင့်
" ညီလေး... မင်းကို လျှို့ ဝှက်အဖွဲ့က ကမ်းလှမ်း ရင် ဘယ်လိုလုပ်မလဲ "
ဟု မေးဖူးသည်။
သူက ဒေါသတကြီးဖြင့် " သေတောင် လက်မခံဘူး " ဟု ပြောလိုက်သဖြင့် ဝါဆန်းမှ ပိုင်ချုန်းရန် ကပင် ဝင်ဖျန်ဖြေ ပေးရသေးသည်။
ယခု လာသူ နှစ်ယောက်မှာ ထိုအဖွဲ့အစည်း ကဖြစ်ဟန် တူသည်။ သိုင်းကျမ်း တောင်းကာ သစ္စာခံခိုင်း နေသည် မဟုတ်ပါလား။
သူအနေ ဖြင့် အသေသာခံမည် သိုင်းကျမ်း တော့ မပေးနိုင်ချေ။ သူက ဆုံးဖြတ်ပီး ဟန်ဖြင့် မုကျင်းအား
" ဦးလေး... မုဖန်း ကို ကြည့်ထား... ဒီကောင်တွေကို ကျနော် ရင်ဆိုင်မယ် "
ဟု ပြောလိုက်သည်။

မုကျင်း က ခေါင်းငြိမြ့် ပကာ မုဖန်း အနားသို့ တိုးလိုက်သည်။ သူ့ အမူအယာ ကတော့ ကြောက်ရွံဟန် အပြည့်။ သို့သော် မုဖန်း က
မုကျင်း အနား မရောက် မိမှာပင် ရှေ့သို့ ခပ်သွက်သွက် လျှောက်ကာ မုထူးဝါး ရှေ့တွင် ရပ်လိုက်ပီး
" အကိုကြီးတို့် နှစ်ယောက် ဘယ်သူများပါလဲ
အကယ်၍ ကျနော်က သစ္စာခံမယ်ဆို ကျနော့် အတွက် ဘယ်လို အကျိုးအမြတ်ရနိုင်မလဲ "
ဟု ပြောလိုက်သည်။
ထိုစကားကြောင့် မုထူးဝါး နှင့် မုကျင်း မှာ ကြောင်သွားလေတော့သည်။ မုထူးဝါး က မယုံနိုင်သော မျက်နှာဖြင့် သူ့ညီ မုဖန်း ကို
ကြည့်နေပီး မုကျင်း ကတော့ စိတ်ရှုပ်သွား လေသည်။ အနက်ရောင် ညီအစ်ကို နှစ်ယောက် ကတော့ တစ်ယောက် နှင့် တစ်ယောက်
ကြည့်ကာ ရယ်လိုက်ကျသည်။
" ဟားဟား... "
" မမျှော်လင့်ပဲ... ဥာဏ်ကောင်းတဲ့ ကလေးကို တွေ့ရတော့ အလုပ်ပိုမြန်တာပေါ့ ကွာ... ဒါနဲ့ မင်းက ဘယ်သူလဲ သိုင်းကျမ်း ပေးနိုင်တာ
သေချာလား အရင်ပြောပါ ကျန်တာတော့ မင်းက ငါတို့်အတွက် အသုံးဝင်တဲ့သူ ဖြစ်မှ ဆက်ပြောလိ့ရ
ု မယ် "
ဟု ပြောလိုက်သည်။

မုဖန်း က ခေါင်းငြိမ့်ပီး မုထူးဝါးကို မေးငေါ့ကာ


" ကျနော်က ဒီငတံုး ရဲ့ ညီပါ... ကျမ်းစာဆောင် မှာနေတဲ့သူပေါ့... အဲ့တော့ ကျနော်သာလျှင် သိုင်းကျမ်းထားတဲ့ နေရာကို သိပါတယ်
ပီးတော့ ခင်များတို့ အတွက် အလွန် အသုံးဝင်တာက ကျနော်က သိုင်းမတတ်ဘူး ခင်များတို့ကို မလိမ်ရဲဘူး ကျနော် လိုချင်တာ
သိရတာနဲ့ တစ်ပြိုင်နက် ခင်များတို့ကို သိုင်းကျမ်း ထုတ်ပေးမှာပါ "
ဟု ပြောလိုက်သည်။

အနက်ရောင်လူ နှစ်ယောက်မှာ မုထူးဝါး လောက်ပင် သိုင်းပညာကောင်းသူများ ဖြစ်၍ မုဖန်း သိုင်းမတတ်သည်ကို လမ်းလျှောက်ပုံ


ကြည့်ကာ သိပီးသား ဖြစ်နေကြသည်။ သူတို့က ခေါင်းငြိမ့်ကာ
" ဟုတ်ပီ... မင်းက ဘာလိုချင်တာလဲ ပြောကြည်.့ .. ငါတို့ သဘောတူရင် ပေးမယ် မဟုတ်ရင်လဲ သိုင်းကျမ်းက ငါတို့ရမှာပဲ သွေးစွန်းတဲ့
အလုပ်ပို လုပ်ရတာကလွဲ လို့ပေါ့"
ဟု အေးစက်စက်ပြောလိုက်သည်။

မုဖန်း က အရွယ်နှင့် မလိုက်အောင် မျက်နှာတည်လိုက်ပီး


" ဆရာဘိုးဘိုးကို မေ့မျောနေအောင် အဆိပ်ခတ်ပေးတဲ့ သစ္စာဖောက်က ဘယ်သူလဲ... သူကူညီလို့ ခင်များတို့ လွယ်လွယ်ကူကူ
ရောက်လာနိုင်တာပဲ... သူ့ကို သိရရင် ကျနော် ကျေနပ်ပီ "
ဟု ပြောလိုက်သည်။

မုထူးဝါး မှာ မုဖန်း လုပ်နေသည်ကို နားမလည်တော့ချေ။ သိုသော့် သူလဲ သစ္စာ ဖောက်ကို သိချင်သဖြင့် ငြိမ်နေမိသည်။ မုကျင်းက
ဂဏာမငြိမ် ဖြစ်နေပီး သူက အနက်ရောင် လူနှစ်ယောက်ကို ကြည့်နေ သည်။ သူ့အကြည့်က အကူအညီတောင်းခံ သော
အကြည့်ဖြစ်သည်။ အနက်ရောင် လူနှစ်ယောက် မှာမူ မုဖန်း စကားကြောင့် ရယ်မိကြပြန်သည်။
" သူ့ကို သိတော့ မင်းက ဘာလုပ်မလို့လဲ သိုင်းမတတ်တဲ့ မင်းက မင်းထက် အရင် သစ္စာဖောက်တဲ့ သူကို နိုင်မယ် ထင်လို့လား ဒါမှ
မဟုတ် ဂတုံးပေါ် ထိပ်ကွက် ချင်တာလား "
ဟု မေးလိုက်သည်။

မုဖန်းက ခေါင်းယမ်းကာ
" ကျနော် သိုင်းကျမ်းပေးပီး အပေးအယူ လုပ်တာက သူ့လို ကိုယ်ကျိုးအတွက် မဟုတ်ဘူး... ခင်များတို့ နှစ်ယောက်က
ကျနော့်အကိထ
ု က် သာရင် သာမယ် မညံ့နိုင်ဘူး အဲ့တော့ ဘယ်နည်းနဲ့ မဆို ကျနော်တို့က ရှုံးမှာပဲ... အရှးုံ ထဲ က အမြတ်တော့
အနည်းဆုံးရအောင် ပြန်ယူသင့်တယ် ထင်လို့ လုပ်ရတာပဲ "
ဟု ပြောလိုက်သည်။

အနက်ရောင် လူနှစ်ယောက်မှာ မုဖန်း၏ စကားကိုကြားသော် သဘောကျသွား သည်။ ဤကောင်လေးက သတ္တိရှိ သလို အခြေအနေလဲ
ကြည့်တတ်သည်။ သူတို့ နှစ်ယောက်မှာလဲ သစ္စာတရားကို အလေးထားသူဖြစ်၍ ထိုသို့သော စိတ်ဓာတ် ကိုသဘာကျသည်။ သို့သော်
အရင် မဟာမိတ်ဖွဲ့သောသူ ကို လွယ်လွယ်တော့ မရောင်းနိုင်ချေ။ ထို့ကြောင့် သူတို့ နှစ်ယောက်က အဖြေရခက်နေသည်။ ထိုလူ
နှစ်ယောက်ကို ကြည့်ကာ မုဖန်း က တစ်ခုခုကို ဆုံးဖြတ်ပီး ဟန်ဖြင့် မုထူးဝါး ဘက်သို့ လှည့်လုက
ိသည်။

" အကိုကြီး... တကယ်တော့ သစ္စာဖောက် ဘယ်သူဆိုတာ ကျနော်သိပီးသားပါ... ဒါပေမဲ့ အကိုကြီး ယုံအောင်ပြချင်လို့ အကွက်ဆင်
လိုက်ရတယ်... မထင်မှတ်ပဲ ဒီလူနှစ်ယောက် ကလဲ သစ္စာရှိနေတယ်ဆိုတော့ ကျနော် တို့ ညီအကိုနှစ်ယောက် အသေခံပီး
ကာကွယ်ကြစို့... ဦးလေး မုကျင်းကို သတ်လိုက် သူက သစ္စာဖောက်ပဲ "
ဟု ပြောလိုက်တော့သည်။

မုထူးဝါး မှာ အံ့သြလွန်းပီး ကြောင်သွားပြန် သည်။ သူက ရိုးအ သဖြင့် ဤအခြေအနေ ကို နားမလည်ချေ။ ထို့အတူ မုကျင်း နှင့်
အနက်ရောင်လူ နှစ်ယောက်မှာလဲ အံ့သြ သွားကြသည်။ ဤကောင်လေးက ဥာဏ်ကောင်းလွန်းသည်။ သိုသော့် မုကျင်း က
မျက်နှာငယ်လေးဖြင့်
" တူလေး... မင်းဘယ်လို ပြောလိုက်တာလဲ ငါဘာများ အမှားလုပ်မိလို့လဲ ငါ့ကို မစွပ်စွဲသင့်ဘူး "
ဟု ပြောလိုက်သည်။

မုဖန်း က ခေါင်းယမ်းကာ
" မလိမ်ချင်ပါနဲ့တော့ ဦးလေး... ဒီလူ နှစ်ယောက် ပြောတဲ့ပုံပဲ ကြည်ပ
့ါ... သူတို့နဲ့ ပူးပေါင်းဖို့ဆိုတာ အသုံးဝင်တဲ့သူ ဖြစ်မှရမယ်လေ...
အဲ့ဒီတော့ အကိမ
ုထူးဝါး သေရင် ဂိုဏ်းချုပ်ဖြစ်မဲ့ ဦးလေး မုကျင်း လောက် သင့်တော်တဲ့သူ ရှိသေးလို့လား... ဆရာဘိုးဘိုးကို
အဆိပ်ခတ်ဖို့ဆိုတာလဲ ဦးလေးလို တပည့်အရင်းက လုပ်မှပဲ ဖြစ်မှာပဲ တကယ်တော့ ကျနော်က ဦးလေး အခန်းထဲ ဝင်လာကတည်းက
သံသယရှိလို့ ကြည့်နေခဲ့တာ ပဲ ဒီလူတွေ လွယ်လွယ်ကူကူ နဲ့ အသံမထွက်ပဲ ဒီနေရာကို လာနိုင်တာ အခုချိန်ထိ တစ်ဂိုဏ်းလုံး
ကျူးကျော်သူ ရှိတာကို မသိတာဟာ ဦးလေးလို ဂိုဏ်းခွဲမှူး မှ လုပ်နိုင်မှာ အသေအချာပဲ "
ဟု ရှင်းပြလိုက်တော့သည်။

မုထူးဝါး မှာ အခုမှပင် သဘောပေါက်သွား ပီး မုကျင်းကို စားမတတ် ဝါးမတတ် ကြည့်နေလေသည်။ မုကျင်း ကတော့ ခပ်ပြုံးပြုံးပင်
ရှိနေသည်။ သူက မုထူးဝါး ကို မရှုံးနိုင်ပေ ထိအ
ု့ ပြင် အနက်ရောင် လူနှစ်ယောက်မှာလဲ သူ့ဘက်တွင် ရှိသေးသည်လေ။ မုဖန်း မှာ
သိုင်းမတတ် သဖြင့် စိတ်ပူစရာမရှိချေ။ သူက မုဖန်း ကိုကြည့်ကာ
" နှမျောစရာပဲ... မင်းသာ မုထူးဝါး ဆိုရင် ငါဒီတစ်သက် ဂိုဏ်းချုပ်ဖြစ်မှာ မဟုတ်တော့ဘူး... အခုတော့ မင်းတို့ညီအကို
ကိုသတ်ပစ်ရတော့မယ် "
ဟု ပြောလိုက်လေသည်။

အနက်ရောင် လူနှစ်ယောက်မှာမူ ဘာစကား မှ မပြောနိုင်ချေ။ သူတို့နှစ်ယောက်က တခုခု ကို အာရုံစိုက်မိကာ မျက်နှာပျက်နေ


လေသည်။ အခန်းသည် ရုတ်တရက် အေးစိမ့် လာသည် မဟုတ်ပါလား။ သူတို့ နှစ်ယောက် နှင့် မုထူးဝါး မုကျင်း တို့မှာ အတွင်းအား
ကောင်းသဖြင့် အအေးဓာတ်ကို ခုခံနိုင်သော်လဲ မုဖန်း မှာ တဖြည်းဖြည်း ခိုက်ခိုက်တုန်အောင် ချမ်းလာသည်။ မုထူးဝါးမှာ ညီဖြစ်သူကို
အတွင်းအားဖြင့် ကူညီရန် ပြင်လိုက်သော် အအေးဓာတ်မှာ ရုတ်တရက် ပျောက်ကွယ်သွားလေသည်။ သူတို့လေးဦးမှာ အံ့သြပီး
အဆောင်ထဲ ကို လှည့်ပတ် ကြည့်မိကြလေသည်။ သိေ
ု့ သာ် ဘာမှ မရှိချေ။

ထိုစဉ် အနက်ရောင်လူနှစ်ယောက် ကန်ချိုးထားသော တံခါးပေါက်မှ လေလှိုင်းတစ်ခု ဝေါခနဲ တိုက်ခတ်လာသည်။ အခန်းထဲရှိ


လူလေးယောက်မှာ မျက်စိများကို ကွယ်မိကြသည်။ သူတို့ မျက်လုံးဖွင့်ကြည့်မိ လေတော့ လူတစ်ယောက် က လက်နောက်ပစ်ကာ
ရပ်နေသည်ကို မြင်လိုက် ရသည်။ ထိုသူက အပြာ စာပေသမား ဝတ်စုံ ဝတ်ဆင်ထားကာ ခန့်ညားသော်လဲ အဝတ်အစားမှာ ခပ်နွမ်းနွမ်း
ဖြစ်နေသည်။ ထိုသူ ပုံပန်းမှာ သူ့အိမ်သူ ဝင်လာသကဲ့သို့ အေးဆေးတည်ငြိမ် နေပီး သူက မုဖန်းကို ပြုံးပြလိုက်သည်။

" အအေးဓာတ်ကို ညီလေးခံနိုင်မယ် ထင်လို့ ထုတ်မိသွားတာ... တော်တော်အေး သွားသလား... အကို တောင်းပန်ပါတယ် "
ဟု ပြောလိုက်သည်။

ထိုအခါမှသာ အခန်းထဲ လူများမှာ အအေးဓာတ် ထုတ်သူက ဤလူငယ်ဖြစ်ကြောင်း သိလိုက်ရသည်။ သူတို့က အံ့သြကာ


ကြည့်နေသော်လဲ မုဖန်း က လက်သီးဆုပ် ဂါရဝပြု လိုက်သည်။ ထိုသူက အသိအမှတ်ပြု သလို ခေါင်းငြိမ့် ပြလိုက်ပီး အနက်ရောင်
ညီအကို နှစ်ယောက်ဘက် လှည့်ကာ
" မုထူးဝါးက မုကျင်း နဲ့ တိုက်ရဦးမယ်ဆိုရင် နောင်ကြီးတို့ နှစ်ယောက်ကိုတော့ ကျနော် ကဖျော်ဖြေပေးမှ ဖြစ်မယ် ထင်တယ်... ပီးတော့
နောင်ကြီးတို့ အဖွဲ့အစည်းကို ကျနော်က စိတ်ဝင်စားနေတယ် "
ဟု ပြောလိုက်သည်။

#မိုးထိတောင်သိုင်းသမား #ZYN
အခန်း (၁၇) အပိုင်း လေး
လိန်ကျို့ နန်းတော်

အနက်ရောင် ညီအကို နှစ်ယောက်မှာ ထိုစာပေသမား ကို ရှိန်နေသော်လဲ သိပ်တော့ အထင်မကြီးဟန်ဖြင့် ရယ်လိုက်ပီး


" မင်းကများ... ငါတို့ နှစ်ယောက်လုံးကို ယှဉ်နိုင်မယ် ထင်လို့လား "
ဟု ပြောလိုက်သည်။
စကားအသွားအလာကိုကြည့်လျှင် ထိုညီအကို မှာ ပေါင်းတိုက်မည် ခံနိုင်လား ဟု သွယ်ဝိုက် မေးခြင်းဖြစ်ရာ စာပေသမားက
နားလည်ဟန် ဖြင့် ပြုံးကာ
" ရပါတယ် နှစ်ယောက်လုံး တစ်ပြိုက်နက် တက်ခဲ့ပါ အချိန်ကုန် သက်သာတာပေါ့ "
ဟု ဖြေလိုက်လေသည်။
ထိုစဉ် မုထူးဝါး မှာလဲ မုဖန်းကို စိတ်ပူစရာမလို တော့တော့ သဖြင့် မုကျင်းကို စူးစူးဝါးဝါး ကြည့်ကာ တိုက်ခိုက်လိုက် တော့သည်။
" ယား... ချွမ် "
ဓားကို ထုတ်ကာ ဓားချက် ဆယ့်သုံးချက် တိတိ ပင် လျှပ်စီးလက်သလို ထိုးလိုက်သည်။ လျှပ်စီးဓားသိုင်း မှာ နာမည်နှင့် လိုက်ဖက်စွာပင်
မာကြောပီး မြန်ဆန်သည်။ မုကျင်း မှာလဲ ခေသူ မဟုတ်ချေ။ သူက ဓားကို လျပ်ပြက်သလို ဆွဲထုတ်ကာ အကွက်တိုင်းကို
ခုခံလိုက်လေသည်။ သူတို့ နှစ်ယောက်မှာ လက်ညီနေသည်။

စာပေသမားက လျှပ်စီးဓားသိုင်း ကို ကြည့်မိလိုက်စဉ် အနက်ရောင် ညီအစ်ကို နှစ်ယောက်မှာ လက်သီးဖြင့် ဘယ်ညာ ညှပ်ကာ
ထိုးလိုက်လေသည်။ သူတို့ ညီအကို မှာ နှစ်ယောက်တွဲ တိုက်ခိုက်ရာတွင် အတော်လေးကို လက်ညီကြသည်။ အလေ့အကျင့် ရှိဟန်
ပေါ်သည်။ စာပေသမား ကတော့ ထူးဆန်းသော ခြေလှမ်းကွက် များကို အသုံးပြုကာ ရှောင်တိမ်း နေသည်။ သိုသော့် သူက
မကျွမ်းကျင်သေးပုံ ရပီး ခြေလှမ်းများကို စဉ်းစားပီး လှမ်းနေခြင်း ဖြစ်သည်။ အနက်ရောင် ညီအကို က သူရှောင်တိမ်း နေပုံကို ကြည့်ကာ
အားတက်ပီး အတင်းပင် လက်သီးကွက်များ ဖြင့် တိုက်ခိုက်နေသည်။ မုဖန်း က တိုက်ပွဲ နှစ်ခုကို ကြည့်ကာ သိုင်းကွက်များကို
မှတ်သားနေသည်။ တစ်ဖက်က တိုက်ပွဲမှာ သူသိသော ခွန်လွန်၏ လျှပ်စီးဓားသိုင်း ဖြစ်၍ သိပ်မထူးခြားသော် လဲ
တစ်ဖက်တိုက်ပွဲကတော့ ထူးခြားသည်။ လက်သီးကွက်များက ပြည်မက ခုံတုံ ခုနှစ်ဆင့် လက်သီး ကဲ့သို့ မဟုတ်ပဲ အင်အား
အပြည့်ပါကာ အကွက်တိုင်းက ရက်စက် သည်။ ထို့အတူ စာပေသမား ၏ ခြေလှမ်းကွက် မှာ ရှုပ်ထွေးလွန်းကာ ဆန်းကြယ်သည်။
ထိုခြေလှမ်းများ က ဘယ်ညာ ပိတ်ဖမ်းနေသော လက်သီးကွက် များကိုပင် အလွယ်တကူ ရှောင်ထွက်နိုင် သည်။ တစ်ခု
အပြစ်ပြောစရာရှိသည်မှာ စာပေသမားမှာ ထိုခြေလှမ်းကွက်ကို ကျွမ်းကျင်သေးဟန် မရှိပဲ အသုံးပြုနေရာ တစ်ချက်တစ်ချက်
လက်သီးမှာ စာပေသမားကို ထိုးမိနေသည်။ သို့သော် စာပေသမားက ဘာမှဖြစ်ဟန်မတူ ချေ။ သူက သိုင်းလေ့ကျင့် နေသကဲ့သို့
အာရုံစိုက်ကာ ခြေလှမ်းကွက်ကို စဉ်းစား အသုံးပြုနေသည်။ ထိုအချက်ကို မုဖန်း သာမက အနက်ရောင် ညီအကို နှစ်ယောက် ကလဲ
ကိုယ်တိုင် ကြုံတွေ့နေရသဖြင့် အံ့သြမိနေသည်။ သူတို့ လက်သီးများကို သူတို့သိသည်။ တစ်ချက်ထိုးမိလျှင်ပင် အတွင်းဒဏ် ရစေနိုင်
ရာ လေးငါးချက် ထိုးမိသော်လဲ စာပေသမား မှာ ဒဏ်ရာရဖို့ ဝေးစွ နာကျင်ဟန်ပင် မပေါက်ချေ။ သူတို့နှစ်ယောက်မှာ တဖြည်းဖြည်း
စာပေသမားကို ကြောက်ရွံလာ လေသည်။ စာပေသမား ကတော့ ထိုအဖြစ်ကို မရိပ်မိချေ သူက ခြေလှမ်းကွက်များကိုသာ
ကျွမ်းကျင်လာအောင် သေချာ အသုံးပြုနေသည်။ သူ့အတွက် ဒီလို သိုင်းပညာ ကောင်းသော လေ့ကျင့်ဘက် ရသဖြင့် ပျော်နေပုံရသည်။

တစ်ဖက်က မုထူးဝါး တို့မှာတော့ အကွက်ပေါင်း နှစ်ရာကျော်သည့်တိုင် အနိုင်အရှုံး မပေါ်ချေ။ လက်ညီနေသည် မဟုတ်ပါလား။ သူတို့
နှစ်ဦးလုံး ကိုယ်ပေါ်တွင် တူညီစွာဖြင့် ဓားဒဏ်ရာ လေးချက်စီ ရှိနေကြသည်။ သူတို့ နှစ်ဦးမှာ တဖြည်းဖြည်း အတွင်းအားကုန်ခန်း
လာသဖြင့် ဓားကွက်များမှာလဲ လေးလံလာ သည်။ မုထူးဝါး ကတော့ သူ့ကို ကူညီသူ ရှိသဖြင့် စိတ်အေးလက်အေး ဖြင့် တိုက်ခက
ို နေပီး
မုကျင်းကတော့ တစ်ချက်တစ်ချက် တစ်ဖက်က တိုက်ပွဲ ကို သူကြည့်မိတိုင်း စာပေသမားမှာ အနက်ရောင်ညီအကို ကို
ရှောင်တိမ်းနေသေး သဖြင့် စိတ်ပူလာလေသည်။

သူစိတ်ပူသည်မှာ ဖြစ်သင့်သည်။ စာပေသမား မှာ တဖြည်းဖြည်း ကျွမ်းကျင် လာပုံရပီး အနက်ရောင် ညီအကို၏ လက်သီး များမှာ သူ့ကို
မထိနိုင်တော့ချေ။ ထို့အပြင် ထို ညီအကိုမှာလဲ အတွင်းအားကုန်ခန်းကာ မောပန်းလာသည်။ သူတို့နှစ်ယောက်မှာ သရဲ နှင့်
တိုက်နေရသလို ခံစားမိကာ ခံစားချက် သိပ်မကောင်းတော့ချေ။ ထွက်ပြေးရန်ပင် စဉ်းစားနေလေသည်။ ထိုအဖြစ်ကို ရိပ်မိဟန် တူသော
စာပေသမားက ရုတတ
် ရက် ရှောင်တိမ်းနေခြင်းကို ရပ်ကာ လက်ဝါး တစ်ချက်စီ ရိုက်ထုတ်လိုက်တော့သည်။ ထိုလက်ဝါး ရိုက်ထုတ်ပုံ
မှာ အနက်ရောင် ညီအကို၏ လက်သီးထုတ်ပုံ နှင့် တူညီကာ စာပေသမားက ပိုမို စနစ်ကျသေသပ်သည်။ ထို့ကြောင့် အနက်ရောင်
ညီအကိုမှာ အံ့သြ သွားသလို မရှောင်နိုင်တော့ပဲ အမိခံလိုက် ရသည်။
" ဖုန်း... ဖုန်း... ဝေါ့... အွန့် "
သူတို့ နှစ်ယောက်လုံးက သွေးပင် အန်ထွက်ကာ အြံ့ သလွန်းသော မျက်နှာ ဖြင့် ကြည့်နေကာ
" မင်း... မင်း... ဘယ်သူလဲ "
ဟု ပင် ရေရွတ်မိတော့သည်။

ဟုတ်ပေသည်။ ထိုလက်ဝါး မှာ ထျန်းစန်း နတ်လက်ဝါး သိုင်း ဖြစ်ပီး အမှတ်လေး ဂိုဏ်းချုပ် ဟူဖန်း အသုံးပြုစဉ်ကထက် ပိုမို
သေသပ်နေသေးသည်။ သူတို့ ညီအကိုမှာ ထိုလက်ဝါးသိုင်း ကို သိသည်လေ။ သူတို့၏ လက်သီးသိုင်းမှာ ထျန်းစန်းနတ်လက်သီး သိုင်း
ဖြစ်သည် မဟုတ်ပါလား။ သူတို့ အံ့သြနေသလို မုကျင်းမှာလဲ လန့်သွားသည်။ သူက ဓားကွက်ပါ ရပ်တန့်ကာ ကြောင်ကြည့်
နေလေသည်။ မုထူးဝါး မှာ မုကျင်းကို မုန်းတီး သော်လဲ သူက ရိုးဖြောင့် သူဖြစ် သဖြင့် အလစ်မတိုက်ပဲ ဓားဖြင့်သာ ချိန်ရွယ်
ထားတော့သည်။ တိုက်ပွဲ မှာ ပြီးဆုံးသွား လေပြီ။ စာပေသမားမှာ အကွက်နှစ်ရာကျော် ရှောင်တိမ်းနေသော်လဲ ပြန်တိုက်သော အခါ
တစ်ကွက်စီသာ ထုတ်သုံးလိုက်ရသည်။ ထိုစာပေသမားမှာ မည်သူနည်း။ ဘာကြောင့် သိုင်းပညာကောင်းလွန်း နေသနည်း။
အဘယ်ကြောင့် မုထူဝါးတို့ ညီအကို ကို ကူညီပေးရသနည်း။ ထိုမေးခွန်းများမှာ အခန်းထဲရှိ လူလေးယောက်စလုံး သိချင်နေသော
မေးခွန်းများ ဖြစ်သည်လေ။
မုကျင်း မှာ သူအမိ ခံရသည်ကို သည်သော် တုန်လှုပ်သွားသည်။ သူက တစ်ချက်ကြောင် သွား၍ သာ မုထူးဝါးက အနိင
ုရသွား ခြင်း
ဖြစ်သဖြင့် ခံပြင်းနေသည်။ သူက ရုတ်တရက် သူ့ကို ချိန်ရွယ်ထားသော ဓားကို သူ့ဓားဖြင့် ဖယ်ထုတ် ကာ ခုန်ပျံလိုက်သည်။ မုထူးဝါး မှာ
မုကျင်းက အမိခံလိုက်သဖြင့် စိတ်အေး နေရာ အခုလို ရုတ်တရက် ဖယ်ထုတ်မည် မှန်း မထင်ထားချေ။ ထိုေ့ကြာင့် အဖယ်ခံလိုက်ရပီး
အနောက်ကို ယိုင်သွားလေသည်။ သို့သော် မုကျင်း က အလစ် ခုန်ဝင်လိုက်သည်ကာ မုထူးဝါး ဆီမဟုတ်ပဲ မုထူးဝါး ဘေးတွင် လာရပ်
နေသော မုဖန်း ဆီဖြစ်လေသည်။ မုထူးဝါးမှာ အနောက်ကို ယိုင်သွားသဖြင့် သူကြည့်လိုက်ချိန်တွင် မုကျင်းမှာ မုဖန်း အနားသို့
ရောက်နေလေပီ။ မုကျင်းမှာ မည်မျှ မုဖန်း ကိမ
ုန်းနေသည်မသိ သူ့၏ သိုင်းကွက်မှာ လျှပ်စီးဓားသိုင်း ၏ အရက်စက်ဆုံး
သူသေကိုယ်သေ သိုင်းကွက် ကို အသုံးပြုလိုက်သည်။ ထိုအကွက် မှာ တစ်ကိုယ်လုံးရှိ သမျှ အားကို အသုံးပြုကာ အလျင်မြန်ဆုံး
ဖြစ်အောင် တစ်ကွက်ထိုး ထိုးသည်ဖြစ်ပီး ထိုဓားကွက် လွဲချော်လျှင် နောက်ခြေတစ်လှမ်း လှမ်းဖို့ပင် အားမချန်ထားချေ။ ထို့ကြောင့်
မုကျင်းမှာ သရဲတစ်ကောင်ထက်ပင် မြန်ဆန်လွန်း နေသည်။ ရိပ်ခနဲ ဖြတ်သန်းသွားရာ မြန်လွန်း သဖြင့် စာပေသမားပင် ပါးစပ်ဟ ကာ
ကြောင်သွားသည်။ သူက သတိရပီး ဆတ် ခနဲ လှုပ်လိုက်ချိန်မှာ တော့ မုကျင်း၏ ဓားက မုဖန်း၏ ဗိုက်ကို ထိုးပီး ဖြစ်နေသည်။

" စွပ်... အွန့် "


မုဖန်း မှာ မယုံနိုင်ဟန် ဖြင့် စိုက်ဝင် နေသော ဓားကို ဆုပ်ကိုင်ကာ ယိုင်ထိုးနေသည်။ ပါးစပ် မှလဲ သွေးများ ယိုစီးနေသည်။ ချက်ကောင်း
မဟုတ်သဖြင့် တန်းတော့ မသေနိုင်ချေ။ သို့သော် ဒဏ်ရာမှာ ဆိုးရွားလွန်းသည်။ ထုတ်ချင်းပေါက် နေသဖြင့် သေရန်သာ ရှိတော့သည်။
မုထူးဝါးမှာ ငယ်သံပါအောင် အော်လိုက်မိသည်။
" ညီလေး... "
စာပေသမားမှာလဲ ကြောင်ကာ မုဖန်း ကို ပွေ့ထားမိသည်။ မုဖန်းက သူ့ကို ကျေးဇူးတင်ဟန် ဖြင့် ကြည့်နေလေသည်။ မုထူးဝါးမှာ ရိပ်ခနဲ
ရောက်လာကာ စာပေသမား လက်မှ မုဖန်း ကို ဆွဲယူပီး အော်ငိုနေလေသည်။ မုဖန်း မှာ မသေသေးချေ။ သူက မုထူးဝါးကို နာနေသည့်
ကြားမှ ပြုံးပြနေသည်။ စာပေသမားက နှုတ်ခမ်းကို ကိုက်ပီး မုကျင်းကို ကြည့်လိုက်သည်။ မုကျင်းမှာ နှုတ်ခမ်းထောင့် ကသွေးများ ယိုစီး
နေပီး ဝမ်းမြောက်ဝမ်းသာဟန် ဖြင့် ရယ်နေလေသည်။ သို့သော် သူရယ်နေပုံ မှာ မူမမှန်ချေ။ နာကျင်နေပုံလဲ ရသည်။ မကြာမီပင်
မျက်လုံး၊ နှာခေါင်း၊ နား နှငိ့ ပါးစပ် မှာ သွေးများ ယိုစီး လာကာ ငြိမ်သက်သွားတော့သည်။ စာပေသမား က ထူးဆန်းနေသဖြင့်
အနားကို တိုးကာ စမ်းသပ်ကြည့်လိုက်သည်။ မုကျင်းမှာ သေဆုံးသွားလေပီ။ စာပေသမားက မုကျင်း ဘာကြောင့် သေဆုံးမှန်း
သိချင်သဖြင့် တစ်ကိုယ်လုံး မွှေနှောက်ရှာဖွေရာ နာမည်များမှတ်ထားသော စာရွက် အပိုင်း လေးက လွဲ၍ ဘာမျှ မတွေ့ရချေ။
အဘယ်ေ့ကြာင့် မုကျင်းမှာ သေဆုံးသွား ရသနည်း။ သူက ခေါင်းခြောက်ကာ အနက်ရောင် ညီအကို ရှိရာ ကြည့်မိသော်
ထိုနှစ်ယောက်မှာ မရှေ
ိ တာ့ချေ။ မည်သည့် အချိန်က ထွက်ပြေးသွားသည် မသိ။ မုထူးဝါးကလဲ မုဖန်းကို ပွေ့ကာ အော်ငိုနေသည်။
မုဖန်းမှာလဲ မလှုပ်တော့ သေဆုံးသွားဟန် တူသည်။

စာပေသမားမှာ ဘာလုပ်ရမှန်း မသိတော့ချေ။ သူက စာရွက်ပိုင်းလေးကို ကြည့်ကာ အတန်ကြာ ရပ်နေမိသည်။

စာရွက်ပေါ်တွင် ရေးထားသည်က နာမည်များ ဖြစ်ပီး


"ကျန်းမော်ဖုန်း ၊ ပိုင်ချုံးရန်၊ မော်ရိဟွာ
တို့နှင့် ဆက်သွယ်ပါ "
ဟု သာ ရေးထားလေသည်။

သူက ဖတ်ရင်းဖတ်ရင်း တွေးမိလေသည်။ သူခေါင်မိုးပေါ်မှာ ရှိစဉ်က ကြားထား သလို မုကျင်းမှာ သစ္စာဖောက် ဖြစ်ပီး အနက်ရောင်
ညီအကို နှစ်ယောက်မှာ လျှို့ဝှက်အဖွဲ့အစည်း ၏ ဂိုဏ်းသားများ ဖြစ်ရပေမည်။ သူတို့က သိုင်းကျမ်းလဲ လာလုကာ ဂိုဏ်းကိုလဲ သူတို့
အဖွဲ့၏ သစ္စာခံခိုင်းနေလေသည်။ ထိုသို့ ဆိုလျှင် မုကျင်းရင်ဘတ်ထဲမှ စာမှာ ထိုအဖွဲ့အစည်းက ပေးထားသည် ဖြစ်ရပေမည်။
ထိုနာမည်များမှာလဲ မုကျင်း လို ဂိုဏ်းအသီးသီး၏ သစ္စာဖောက် များ ဖြစ်ဟန်တူသည်။ သစ္စာဖောက် အချင်းချင်း ဆက်သွယ်နိုင်စေရန်
အသိပေးထားတာ ဖြစ်ရပေမည်။ ထိုသို့တွေးမိလျှင် စာပေသမား မှာ ရှင်းလင်းသွားလေသည်။ ထိုစဉ် မုထူးဝါး၏ ငိုသံမှာ တိတ်သွားပီး
သူက စာပေသမားကို မျက်ထောင့်နီ ဖြင့်ကြည့်နေလေသည်။
မုထူးဝါး က အံကြိတထ
်ားသော လေသံဖြင့်
" ခင်များကလဲ... သိုင်းကျမ်းလိုချင်လို့လား သိုင်းကျမ်းတော့ မရဘူး သေဖို့သာပြင် "
ဟု အော်ကာ ဓားဖြင့် ထိုးလိုက်လေသည်။

စာပေသမားမှာ လန့်သွားပီး အနောက်သို့ ခုန်ဆုတ် လိုက်လေသည်။ သူက အခြေအနေ နားမလည်သော မုထူးဝါးကို စိတ်ဆိုးသွားကာ
" ဒီမှာ မုထူးဝါး... ငါသာမကယ်ရင် မင်းပါ သေမယ် ဆိုတာ သတိထားမိလား... ငါက မင်းတို့ ဂိုဏ်းရဲ့ သိုင်းကျမ်းကို လိုချင်တဲ့ ကောင်
မဟုတ်ဘူး... မင်းတို့ ဂိုဏ်းရဲ့ ဓားသိုင်း ကလဲ ငါတတ်ထားတဲ့ ဓားသိုင်းကို ယှဉ်နိုင်မှာတောင် မဟုတ်ဘူး"
ဟု ပြောလိုက်လေသည်။
မုထူးဝါး မှာ ဒေါသထွက်နေသဖြင့် အမှား အမှန် မခွဲခြားနိုင်ချေ။ ထိုအချိန်တွင် စာပေသမားက သူတို့ဓားသိုင်းကို ချိုးဖဲ့ကာ
ပြောလိုက်သဖြင့် ဒေါသမှာ အစွန်ဆုံးထိ ရောက်သွားလေသည်။ ထို့ကြောင့် သူက မုကျင်း အသုံးပြုသော သိုင်းကွက်ကို သုံးကာ
စာပေသမားကို သူသေကိုယ်သေ ဓားဖြင့် ထိုးလိုက်တော့သည်။ စာပေသမား မှာ ထိုဓားကွက်ကို မြင်သော် ဒေါသထွက် သွားသည်။
ထိုဓားကွက်က မုဖန်းကို သတ်လိုက်သည် မဟုတ်ပါလား။ ထိုဓားကွက် ကိုပင် ပြန်သုံးနေသော မုထူးဝါး ကိုလဲ ရွံရှာသွားကာ
ဓားကွက်ကို မရှောင် ပဲ သေချာကြည့်လိုက်သည်။ သူက မုကျင်း သုံးတာကို မြင်လိုက်ကတည်းက ထိုဓားကွက် ကိုမည်သို့
ချိုးဖျက်ရမည်ကို သိပီးသား ဖြစ်သည်။ အမှန်မှာ ထိုဓားကွက်မှာ ရိုးရှင်းလွန်းသည်။ အမြန်နှုန်းကြောင့်သာ တစ်ဖက်လူမှာ
မရှောင်နိုင်ခြင်းဖြစ်လေရာ အခု စာပေသမားမှာ မရှောင်ပဲ ဓားက သူ့ဗိုက်နားရောက်အောင် စောင့်နေ လိုက်သည်။ အလွန်တရာ
မြန်ဆန်သော အရှိန် ဖြင့် ဓားက ဗိုက်ကို ဝင်လာသော်လဲ စာပေသမားက ထူးခြားသော ခြေလှမ်းကွက် ဖြင့်
ကိုယ်အနေအထားပြောင်းလိုက်သော် ဓားမှာ နံဘေးမှ ချော်ထွက်သွားပီး ဓားသွားမှာလဲ စာပေသမား၏ လက်ညှိုး
လက်ခလယ်နှစ်ချောင်းကြားတွင် ညှပ်သွားလေသည်။ ထိုအဖြစ်အပျက် များမှာ လျပ်တပျက် အတွင်း ဖြစ်ပွားသွားပီး မုထူးဝါးမှာ
သူ့ဓားက စာပေသမား ဗိုက်ကို မထိုးမိပဲ ညှပ်ခံထားသည်ကို တွေ့သော် အံ့သြသွားသည်။ သို့သော် သူ့တွင် စကားပြောရန်ပင်
အားမရှိတော့သဖြင့် ဓားကို လွှတ်ကာ ပြုတ်ကျသွားတော့သည်။

" ချလွမ်... "


ဓားမှာ အပိုင်းပိုင်းပြတ်ကာ ကြမ်းပြင်ပေါ် ကျသွားပီး စာပေသမားမှာ မုထူးဝါးကို အေးစက်စက် ကြည့်နေလေသည်။ သူက
လက်နှစ်ချောင်းနှင့်ပင် ဓားကို ချိုးပြသွားခြင်း ဖြစ်သည်။ စာပေသမား က
" မင်းမို့လို့... ကိုယ့်ညီကို သတ်သွားတဲ့ သိုင်းကွက် ကို ထပ်ပီး အသုံးပြုရဲတယ် မင်းလူကော ဟုတ်ရဲ့လား... ဦးနှောက်ကော
ကောင်းရဲ့လား "
ဟု ပက်ပက်စက်စက် ပြောလိုက်လေသည်။

ထိုစကားမှာ မုထူးဝါး၏ ဦးနှောက်ကို ရေဆေး လိုက်သလို ဖြစ်သွားသည်။ သူက အခုမှပင် အခြေအနေကို သုံးသပ်မိတော့ စာပေသမား
မှာ သူ့မသေအောင် ကူညီသူ ဖြစ်ပီး ရန်သူများမှာတော့ သူ့လုပ်ရပ်ကြောင့် ပြေးဖို့ အခွင့်အရေး ရကာ ပြေးလေပီ။ သူက အားကုန်
နေသဖြင့် မျက်ရည်များသာ ကျနိုင် ပီး စကားမပြောနိုင်သေးချေ။ စာပေသမားက ထိုအဖြစ်ကို မြင်သော် မုထူးဝါး စိတ်နဲ့ လူနဲ့
ပြန်ကပ်သွားကြောင်း သိရပီး စာရွက်ကို မုထူးဝါးရှေ့ ပစ်ချလိုက်သည်။

" ဒီလူတွေကို မှတ်ထား... မင်းညီကို သတ်တဲ့ မုကျင်းက ဒီလူတွေနဲ့ ပတ်သတ်နေတယ်... သူတို့က လျှို့ဝှက်တဲ့ အဖွဲ့အစည်းပဲ
သိုင်းဂိုဏ်း တွေရဲ့ သိုင်းကျမ်းတွေကို မက်လုံးပေးပီး စုဆောင်းတယ် မရရင် လုတယ် သစ္စာဖောက်တွေ မွေးတယ်... ဒီလူတွေကလဲ
ဂိုဏ်းခြောက်ဂိုဏ်းက သစ္စာ ဖောက်တွေ ဖြစ်ရမယ်... မင်းသူတို့ကို သိတယ်မလား နာမည်ကျော် သိုင်းသမားတွေပဲ "
ဟု ပြောလိုက်သည်။

မုထူးဝါးမှာ မျက်တောင်ခတ်ပြကာ သိကြောင်း ပြလိုက်သည်။ စာပေသမားက


" အေး... ဒါဆိုလဲ ပီးတာပဲ... ငါ့ကိုရော သိလား "
ဟု မေးလိုက်လေသည်။

မုထူးဝါး မှာ စာပေသမားက မေးမှ ပင် စာပေသမားကို တွေ့ဖူးသည်ဟု ထင်လာမိသည်။ သူက ခဏမျှ စဉ်းစားလိုက် သော်
မှတ်မိသွားသည်။ စိတ်လှုပ်ရှားလွန်း သဖြင့် အသံပင်ထက
ွ်လာကာ
" ခင်များ ခင်များ... တွမ့်ကျန်းယွမ် "
ဟု ရေရွတ်လိုက်သည်။

မုထူးဝါး၏ အသံမှာ တိုးသော်လဲ စာပေသမား ကကြားလိုက်သည်။ သူက ခေါင်းငြိမ့်ကာ


" မင်း မှတ်မိသားပဲ... ဟုတ်တယ် ငါတွမ့်ကျန်းယွမ်ပ.ဲ .. ငါအဲ့ဒီ အဖွဲ့အစည်းကို ဖော်ထုတ်မယ် လို့ ဆုံးဖြတ်ထားတယ် "
ဟု ပြောလိုက်သည်။

မုထူးဝါးမှာ အားတက်ဟန်ဖြင့် ခေါင်းငြိမ့်ပြ လိုက်သည်။ တွမ့်ကျန်းယွမ် မှာ မုယုံစံအိမ် မှာတွေ့စဉ်ကထက် အတော်ပိန်လာသလို


သိုင်းပညာလဲ ပိုကောင်းဟန် ရှိသည်။ အရင်က သူတို့ သိုင်းပညာအဆင့်မှာ အခုလောက် မကွာခြားချေ။ အခုတော့ သူက
အလွန်လျင်မြန်သော ဓားကွက်ကို သုံးသည့်တိုင် တွမ့်ကျန်းယွမ် ကို မထိချေ။ ဓားကိုပင် လက်နှစ်ချောင်းဖြင့် ချိုးပြသွားသည်
မဟုတ်ပါလား။ ထိုသို့သောသူ က ဖြိုခွဲမယ်ဆိုလျှင် ဖြစ်နိုင်ချေရှိသည်။ ထိုအဖွဲ့အစည်း က သူ့ညီ မုဖန်းကို သတ်လိုက်သဖြင့် သူက
မုန်းတီးနေ သော်လဲ သူကိုယ်တိုင်ကမူ မတတ်နိုင်ချေ။

တွမ့်ကျန်းယွမ် ရုတ်တရက် သတိရကာ မုထူးဝါးမှာ မုကျင်း ကဲ့သို့ သိုင်းကွက်ကို ထပ်တူထပ်မျှ သုံးသော်လဲ မုကျင်းလို
မသေဆုံးသည်ကို ကြည့်ကာ အံ့သြသွားပီး
" မင်းက ဘာလိ.ု့ .. မုကျင်းလို သိုင်းကွက် သုံးပီး မုကျင်းလို မသေရတာလဲ "
ဟု မေးလိုက်သည်။

မုထူးဝါး က မောနေသော်လဲ အားစိုက်ကာ


" ငါတို့ရဲ့ သိုင်းကွက်က အတွင်းအားပဲ ကုန်ခန်းစေတာ... တစ်ဖက်လူက မသတ်ရင် မသေနိုင်ပါဘူး... မုကျင်းဘာကြောင့် သေလဲ ငါလဲ
မသိဘူး "
ဟု ဖြေလိုက်လေသည်။

ထိုစဉ် မိုးကောင်ကင် မှာ အလင်းရောင်များ ပေါ်လာသဖြင့် နေထွက်တော့မည်မှန်း သိလိုက်ရသည်။ တွမ့်ကျန်းယွမ် မှာ နေထွက်ခါနီး
အချိန်ရောက်လာသည်ကို တွေ့သော်
" ငါသွားတော့မယ်... ကံကောင်းမယ် ဆိုရင် ရှောင်စစ်တောင်မှာ ပြန်တွေ့ကြတာပေါ့ "
ဟု ပြောကာ ဟူး ခနဲ လေတိက
ု သလို လွှင့်မျောသွားတော့သည်။

မုထူးဝါးမှာ ကြမ်းပြင်ပေါ်တွင် မှီထိုင်နေရင်း မုဖန်း နှင့် မုကျင်း အလောင်းများကို ကြည့်ကာ ကျန်နေခဲ့တော့သည်။

#မိုးထိတောင်သိုင်းသမား #ZYN
အခန်း (၁၇) အပိုင်း ငါး
လိန်ကျို့ နန်းတော်

တွမ့်ကျန်းယွမ် က သူ၏ ကောင်းမွန် လွန်းသော ကိုယ်ဖော့ပညာဖြင့် မရပ်မနား သူ့ဆရာ ရှိရာ လှိုင်ဂူသို့ ပြေးထွက်လာ ခဲ့သည်။
တစ်ခဏ အတွင်းပင် ဆယ်မိုင် ဆိုသော အကွာအဝေးကို ရောက်သွားပီး လှိုင်ဂူရှေ့ ရောက်လာလေသည်။ တွမ့်ကျန်းယွမ်မှာ
ဆရာဖြစ်သူ နိုးနေသလား ဟု တွေးကာ အသာအယာ ဂူထဲ ဝင်လာခဲသ
့ ည်။ သူထင်သည့်အတိုင်းပင် တုံးဖန်းဟိုင်မှာ နိုးနေကာ
အဝတ်အစားများပင် လဲဝတ်ပီးနေပီ။ တုံးဖန်းဟိုင်က သေတ္တာ ထဲရှိ အဝတ်ဖြင့် လဲထားခြင်းဖြစ်ပီး သူယူလာသော အမှတ်တစ်ဂိုဏ်းချုပ်
များ ဝတ်သည့် ဝတ်ရုံရှည်ကို သေချာ ခေါက်ထားသည်ကို တွေ့ရသည်။ တုံးဖန်းဟိုင် က အလည်လွန်ကာ တစ်ညလုံး ပြန်မလာသော
တပည့်ကို စေ့စေ့စပ်စပ် ကြည့်လိုက်သည်။ တွမ့်ကျန်းယွမ် ဝတ်စုံတွင် ပေနေသော သွေးများကို မြင်သော် လက်ညှိုးထိုးကာ
" လူလေး... မင်းဘာလုပ်လာတာလဲ "
ဟု မေးလိုက်သည်။

တွမ့်ကျန်းယွမ်မှာ ဝတ်စုံကို အခုမှ ကြည့်မိသော် သွေးပေနေသည်ကို တွေ့ရသည်။ ထိုသွေးများမှာ မုဖန်း၏ သွေးများဖြစ်ပီး


သူပွေ့လိုက်စဉ် ပေသွား ကြောင်း မှတ်မိလိုက်သည်။ သူက သက်ပြင်း ချပီး " ဒီလိုပါ ဆရာ " ဟု တွေ့ကြုံခဲ့သမျှ ကို
ပြောပြလိုက်လေသည်။

တုံးဖန်းဟိုင် က နားထောင် နေပီးမှ


" မင်းအပြော အရဆို သစ္စာဖောက် တွေနဲ့ ပူပေါင်းနေတဲ့ သူနှစ်ယောက်က ငါတို့ရဲ့ ထျန်းစန်းနတ်လက်သီးသိုင်း ကို အသုံးပြုတယ်ပေါ့...
ပီးတော့ မင်းက နတ်လက်ဝါး ကို အသုံးပြုလိုက်တာကိုလဲ သူတို့က အံ့သြနေတယ် ဆိုတော့ သူတို့က စီးမင်ကို့ဝေ နဲ့
ပတ်သတ်နေတာများလား "
ဟု ထင်မြင်ချက်ပေးလိုက်သည်။

တွမ့်ကျန်းယွမ် က ခေါင်းငြိမ့်ကာ
" ပြောလို့မရဘူး စီးမင်က့ေ
ို ဝ ဆိုတဲ့ လူကြီးက မကောင်းတာဆို နှစ်သက်တော့ အဲ့အဖွဲ့အစည်းထဲ ဝင်ချင်ဝင်ထားနိုင်တယ် "
ဟု ထောက်ခံလိုက်သည်။

ထို့နောက်မှ သူက သိချင်စိတ် ကို မထိန်း နိုင်ဟန် ဖြင့်


" တပည့် အံ့သြဆုံးကတော့ မုကျင်း ရဲ့ သေဆုံးမှုပဲ... ဘာဒဏ်ရာမှ မပေါ်ပဲ ဒွါရပေါက် တွေကနေ သွေးတွေ ယိုစီးကြပီး
သေသွားတာပဲ... တပည့် စမ်းသပ် ကြည့်တော့ အတွင်းဒဏ် လဲ မရှိဘူး ဒါပေမဲ့ သွေးကြောတွေက ပြတ်ထွက်နေတယ်... အဲ့ဒါ
ဘာကြောင်လ
ဲ့ ဆရာသိလား "
ဟု မေးလိုက်သည်။

တုံးဖန်းဟိုင် က သေချာစဉ်းစား နေရင်း


" သွေးကြောတွေ ပြတ်ထွကပ
်ီး သေတယ် သူများသတ်လို့ မဟုတ်ဘူး ဆိုတော့ ဘယ်လိုများလဲ ကွ "
ဟု ရေရွတ်နေသည်။
တွမ့်ကျန်းယွမ် က တစ်ခုကို သတိရဟန်ဖြင့်
" သူမသေခင်မှာ လဲ နာကျင်နေသလိုပဲ ဆရာ ပါးစပ်ကလဲ သွေးတွေ အရင်ထွက်နေတာ... ပီးတော့ အတွင်းအားကလဲ သုံးဆလောက်
တိုးလာသလိုပဲ သူသုံးတဲ့ သိုင်းကွက်ကို သူနဲ့ အတွင်းအားချင်းတူတဲ့ သူက ပြန်သုံးတာ သူ့ထက် နှေးနေတယ် ပီးတော့ အဲ့လူက
မသေဘူး "
ဟု ပြောလိုက်သည်။

တုံးဖန်းဟိုင် က လန့်သွားကာ
" အတွင်းအား ရုတ်တရက် တိုးလာတယ် ပီးတော့ သွေးကြောပြတ်သေးတယ် ဆိုတော့ မဟုတ်မှလွဲရော လွန်ခ့တ
ဲ့ အနှစ်နှစ်ရာ က
ပေါ်ခဲ့တဲ့ မိစ္ဆာနှိုးထ ကျင့်စဉ် များလား "
ဟု ရေရွတ်လိုက်သည်။

" မိစ္ဆာနှိုးထကျင့်စဉ် ဆိုတာ ဘာလဲ ဆရာ "


ဟု တွမ့်ကျန်းယွမ် ကမေးလိုက်သည်။

တုံးဖန်းဟိုင်က သက်ပြင်းချကာ
" အသက်အသေခံပီး အနိုင်ယရ
ူ တဲ့ မိုက်ရူးရဲ လမ်းလွှဲ ကျင့်စဉ်ပေါ့ကွာ ခန္ဓာကိုယ် မှာရှိတဲ့ သွေးတွေကို လန့်အောင် သွေးကြောတွေ
ဖြတ်ပစ်ပီး အတွင်းအားတိုးအောင်လုပ်တဲ့ ကျင့်စဉ်ပေါ့... လူတစ်ယောက်က သာမန်ချိန် မှာ မသယ်နိုင်တဲ့ ပစ္စည်းတွေကို
အသက်လုပြေးရမယ် ဆိုတဲ့ အချိန်မှာတော့ သယ်နိုင်သလိုမျိုး သွေးလန်ပ
ီ့း ကိုယ့်ရဲ့ အစွမ်းအစကို မြှင့်တင်တာပေါ့... ဒါပေမဲ့ သုံးပီးရင်
သေတာပဲ... "
ဟု ရှင်းပြလိုက်သည်။

" ဒါဆို အဲ့ကျင်စ


့ ဉ်က ဘယ်လို ဖြစ်ပေါ်လာတာလဲ "
ဟု တွမ့်ကျန်းယွမ် ကမေးရာ တုံးဖန်းဟိုင် က ပြုံးလိုက်ပီး
" လွန်ခဲ့တဲ့ အနှစ်နှစ်ရာ လူသုံးယောက် ရှိခဲ့တယ် မိစ္ဆာသုံးပါး လို့ နာမည်တွင် ခဲ့ကြတယ် သူတို့ရဲ့ မိစ္ဆာသိုင်းကျမ်း ကလဲ
အရမ်းအစွမ်းထက်တော့ သိုင်းလောကမှာ သူတို့ သုံးယောက်ကို ယှဉ်နိုင်တဲ့ သူမရှိဘူး သူတို့က အပူမိစ္ဆာ အအေးမိစ္ဆာ နဲ့ အဆိပ်မစ
ိ ၦာ
ဆိုတဲ့ သိုင်းသမားဆိုး သုံးယောက် ဖြစ်ကြတယ် မိစ္ဆာဆိုတဲ့ အမည်နဲ့ လိုက်အောင် ယုတ်မာတယ် မိုက်ရိုင်းတယ် သိုင်းလောကကို
ဗြောင်းဆန်အောင် ဖျက်ဆီးခဲ့ကြတယ် သူတို့လက်မှာ သေတဲ့ သိုင်းသမားတွေဆိုတာ ထောင်ချီလာတယ်.. အဲ့မှာပဲ မခံနိုင်တော့တဲ့
သိုင်းသမားတွေက သူတို့ သုံးယောက်ကို ဝိုင်းတိုက်ဖို့ ကြံကြတယ်... ဘာလို့လဲ ဆိုတော့ မိစ္ဆာ သုံးယောက်က တစ်ယောက်ချင်းကို
သိုင်းပညာက ပြိုင်စံရှားပေမဲ့ အမြဲ သုံးယောက် တပူးပူး ဖြစ်နေကြလို့ပဲ... တစ်နေ့မှာတော့ သိုင်းသမားတွေဟာ တောင်ထိပ် တစ်ခုမှာ
မိစ္ဆာသုံးပါးကို အောင်မြင်စွာ ဝိုင်းထားနိင
ုခဲ့တာပေါ့ အဲ့ဒီ တိုက်ပွဲ ဟာ သိုင်းသမားပေါင်း ငါးရာကျော် သေဆုံးအပီးမှာတော့
အဆုံးသတ်နိုင်ခဲ့တယ် မိစ္ဆာသုံးပါးရဲ့ သိုင်းကျမ်းတွေကလဲ သူတို့ရဲ့ သေဆုံးမှုနဲ့အတူ ပျောက်ဆုံးသွားတယ် လို့သိရတယ် အနှစ်နှစ်ရာ
အတွင်း ပြန်ပေါ်မလာခဲ့ဘူး အခု မိစ္ဆာနှိုးထ ကျင့်စဉ် ပြန်ပေါ်လာတော့ ကျန်တဲ့ အပူအအေး မိစ္ဆာသိုင်းတွေလဲ ပြန်ပေါ်လာမလား
စိုးရိမ်ရတယ် "
ဟု ရှည်လျားစွာ ရှင်းပြလိုက်သည်။

တွမ့်ကျန်းယွမ် မှာ အပူအအေး မိစ္ဆာ သိုင်း ဟု ကြားသော် လန့်သွားလေသည်။ သူ့တွင် အအေးဓာတ်ထုတ်နိုင်သော အေးစိမ့်လက်ဝါး
ရှိသည် မဟုတ်ပါလား။ ထိုသိုင်းမှာ မိစ္ဆာဓာတ် ပြင်းထန်ပီး သတ်ဖြတ်လိုစိတ်ကြွ စေသဖြင့် သူက မသုံးပဲ နေရခြင်းဖြစ်လေ သည်။
ထိုအပြင် သူ့သိုင်းကဲ့သို့ မိစ္ဆာဓာတ် ပြင်းထန်သော အပူလှိုင်းထုတ်နိုင်သည့် ရှောင်လင်က မီးစွဲဓားသိုင်း ကိုလဲ မြင်ဖူး ထားသည်။
ထိုသိုင်း နှစမ
်ျိုးမှာ အပူအေးမိစ္ဆာ နှစ်ပါး၏ သိုင်းမှ ဆင်းသက်လာလေသလား သူမခွဲခြားနိုင်ချေ။ သူက တုံးဖန်းဟိုင် ကို
ထိုအကြောင်းများ ပြောပြလိုက်သည်။

တုံးဖန်းဟိုင်က တွမ့်ကျန်းယွမ် စကားကို ကြားသော်


" ဖြစ်နိုင်တာပေါ့ကွာ... အဲ့ဒီသိုင်းတွေက အပူအအေးမိစ္ဆာနှစ်ပါးရဲ့ သိုင်းတွေပဲ ဖြစ်ရမယ် ဟိုတုန်းက တိုက်ခိုက်တဲ့ အထဲမှာ မင်းတို့
တွမ့်မျိုးနွယ်တွေရော ရှောင်လင်ဘုန်းကြီး တွေရော အကုန် ပါကြတာပဲလေ... သူတို့က ရထားပီး လျှို့ဝှက် ထားတာဖြစ်ရမယ်... "
ဟု ပြောလိုက်သည်။

တွမ့်ကျန်းယွမ် က အကြံအိုက်သွားဟန်ဖြင့်
" ဒါဆို ဟိုအဖွဲ့က မိစ္ဆာနှစ်ပါးရဲ့ သိုင်းပညာကို ရထားပီးနေပီ သူတို့ကို နှိမ်နှင်းမှ ဖြစ်မှာပေါ့ ဆရာ... မဟုတ်ရင် မိစ္ဆာသုံးပါး တုန်းကလို
ဖြစ်နေမယ် "
ဟု ပြောလိုက်သည်။
တုံးဖန်းဟိုင် က ပြုံးကာ
" ဒါပေါ့ မင်းအလုပ်ဖြစ်သွားတာပေါ့ မင်းကလဲ ကျန်တဲ့ မိစ္ဆာတစ်ပါး ဖြစ်နေတာကိုး... ငါကတော့ လီယင်းယင်း ကို ရှာဖို့ ငါ့မိန်းမ ကို
ရှာဖို့ပဲ တတ်နိုင်တော့မယ်... ငါတတ်သမျှ အကုန်သင်ပေးပီးရုံသာမက ငါမတတ်တဲ့ သိုင်းကျမ်းတွေကိုလဲ မင်းကို ပေးထားပီးပီပဲ အခုဆို
မင်းရဲ့ အတွင်းအားကလဲ အနှစ်တစ်ရာ အတွင်း ဘယ်သူမှ မယှဉ်နိုင်အောင် ပြိုင်ဘက်ကင်းနေပီ... မင်းပဲ တာဝန်ယူလိုက်တော့ "
ဟု ပြောလိုက်သည်။

တွမ့်ကျန်းယွမ် က ခေါင်းခါကာ
" ဆရာက မကူညီတော့ဘူးလား ဆရာ "
ဟု ငိုသံလေးဖြင့် ပြောလိုက်သည်။ သူက လက်ရှိတွင် ပြိုင်ဘက်ကင်း သိုင်းသမား အဆင့်သို့ ရောက်နေသော်လဲ အတွေ့အကြုံ
မရှိသော သိုင်းသမားလေးသာ ဖြစ်ရာ ဆရာဖြစ်သူကို အားကိုးလိုခြင်း ဖြစ်သည်။

တုံးဖန်းဟိုင်က ခေါင်းခါလိုက်ပီး ရယ်ကာ


" ဟားဟား... ပြိုင်ဘက်ကင်းတဲ့ အဆင့် ရောက်နေတာတောင် အောက်ပိုင်းမသန် တဲ့ အဘိုးကြီးကို အားကိုးဦးမလို့လား လူလေးရာ
မင်းကိုယ်မင်း ယုံကြည်ချက်ထားပါ... ငါလဲ ငါ့အတွက် လုပ်စရာတွေ ရှိနေသေးတယ် "
ဟု ပြောလိုက်လေသည်။

တွမ့်ကျန်းယွမ် လဲ တုံးဖန်းဟိုင် ၏ စကားကို ကြားသော် တွေဝေသွားလေသည်။ မှန်ပေသည်။ တုံးဖန်းဟိုင် သည် သူ့အပေါ်


ဆရာတစ်ယောက်ထက် ပိုကာ ဆက်ဆံပေးခဲ့သည်။ အသက်ပင် စွန့်ကာ ကယ်တင်ပေးသည် မဟုတ်ပါလား။ အခုသူလဲ သူ့မိသားစုကို
ရှာချင်ပေမည်။ သူ့ လုပ်ချင်သည့် ကိစ္စကို သူ့ကိုယ်သူ အားကိုး ရပေမည်။ ထိုကိစ္စမျှလောက်ကို မလုပ်နိုင် လျှင် နောက်တစ်ချိန်
သူထီးနန်းဆက်ခံသော အခါ အဆင်မပြေနိုင်ပေ။

သူက ဆုံးဖြတ်ချကာ တုံးဖန်းဟိုင်ကို


" ဟုတ်ပီ ဆရာ ကျွန်တော် ကိုယ့်အားကိုကိုး ပီး လုပ်တော့မယ်... အချိန်ရရင် ဆရာ့မိသားစု အကြောင်းပါ စုံစမ်းပေးမယ် ဆရာ "
ဟု ပြောလိုက်လေသည်။

တုံးဖန်းဟိုင်လဲ ကျေနပ်သွားပီး
" ဒါမှ ငါ့တပည့်ပေါ့ကွ... မင်းအနေနဲ့ ကြောက်နေစရာ မရှိဘူး ကိုယ်လုပ်စရာ ရှိတာကို သွေးအေးအေးနဲ့ လုပ်ပါ... ပီးတော့ မင်းရဲ့
နာမည်အမှန်ကို မဖော်ပြချင်ရင် ဒါကို ဝတ် ထားပီး ငါ့နာမည်ကိုသုံး လိုက် အရင်တုန်းက ငါဟာ ဒီလိုဝတ်စားပီး ကျင်လည်ခဲ့ဘူးတယ် "
ဟု ပြောကာ အနက်ရောင် ကိုယ်ကျပ် ဝတ်စုံ၊ အမှတ်တစ်ဂိုဏ်းချုပ် များ၏ ဝတ်ရုံရှည်၊ ခမောက် နှင့် မျက်နှာစည်း အဝတ်စ
ကိုပေးလိုက်လေသည်။

တွမ့်ကျန်းယွမ် က ချက်ချင်းပင် လဲဝတ် လိုက်ရာ အလွန်လိုက်ဖက်နေသဖြင့် တုံးဖန်းဟိုင် မှာ ကျေနပ်သွားသည်။


" ရှောင်စစ်တောင် သိုင်းပြိုင်ပွဲ မရောက်မချင်း မင်းက တုံးဖန်းဟိုင်ပေါ့ကွာ ဓားနှစ်လက် ကိုလဲ သေချာသတိထားသုံး "
ဟု သတိပေးလိုကေ
် လသည်။

" ဆရာက သွားတော့မှာလား "


ဟု တွမ့်ကျန်းယွမ် က မေးလိုက်ရာ
တုံးဖန်းဟိုင်က
" သွားရမှာက မင်း... အခုပဲ ထွက်တော့ အချိန်တွေက တန်ဖိုးရှိတယ် ငါနဲ့တော့ ရှောင်စစ်တောင်မှာ တွေ့ကြတာပေါ့ ငါကဒီမှာ ရက်ပိုင်း
နေလိုက်ဦးမယ် "
ဟု ပြောကာ နှင်လွှတ်လိုက်သည်။

တွမ့်ကျန်းယွမ် လဲ စကားမရှည်တော့ပဲ တုံးဖန်းဟိုင်ကို သုံးကြိမ် ကန်တော့ကာ တောင်ပေါ်မှ ဆင်းသွားတော့သည်။ တုံးဖန်းဟိုင်


ကတော့ တပည့်ဖြစ်သူ နောက်ကျောကို ကြည့်ကာ ပြုံးလျက် သူလုပ်ရမည့် အချက်များကို တွေးတော နေမိလေသည်။

ဤသို့ဖြင့် တွမ့်ကျန်းယွမ် မှာ ဝတ်စုံမည်းနှင့်လူ (ဝါ) တုံးဖန်ဟိုင် အဖြစ် ပြည်မသို့ ပြန်ရောက်လာခြင်း ဖြစ်လေသည်။

#မိုးထိတောင်သိုင်းသမား #ZYN
အခန်း (၁၈) အပိုင်း တစ်
မုယုံစံအိမ် ပိုင်ရှင်
မုယုံစံအိမ်...
မုယုံစံအိမ် မှာ လွန်ခဲ့သော သုံးလကျော် က စံအိမ်ကို မီးလောင်ခံလိုက်ရကာ အလုပ်သမားများ ကလဲ သစ္စာဖောက် ဖြစ်သူ မုယုံဖူနောက်
သို့ လိုက်ကာ စွန့်ပစ်သွား ကြသည်။ စံအိမ်တော်ကြီးကို လက်ရှိသခင် ဖြစ်သူ စုတ်တံနတ်သမီး မုယုံချန်းရှောင်း ပင် ထားခဲ့ပီး စီးရှသို့
ထွက်သွားခဲ့သေးသည်။ ထိုတစ်လ အတွင်း သူဖုန်းစားဂိုဏ်း မှာ စောင့်ရှောက်ထားပီး အပျောက်အရှပင် မရှိခဲ့ပေ။ ထို့နောက်
မုယုံချန်းရှောင်း နှင့်အတူ ပျံလွှားမြေးအဘိုး ပါ ပြန်ရောက် လာကာ သုံးလ လုံးလုံး အပြင်မထွက် ပဲ နေခဲ့ကြသည်။

ခမ်းနားလွန်းသော မုယုံစံအိမ်မှာ ထိန်းသိမ်းသူ အလုပ်သမားများ ဆယ်ယောက်ခန့်ပင် ပြန် ရှိနေလေပီ။ မုယုံ မျိုးနွယ်တို့မှာ ထုံဝူကျေးရွာ
တွင် ပိုင်ဆိုင် သော လယ်ယာမြေ အမြောက်အမြား ရှိရာ မုယုံဖူက ရတနာ အချို့ ကို သယ်သွားသော် လဲ မုယုံချန်းရှောင်း မှာမူ
ပြောပလောက် အောင် မနစ်နာချေ။ သူမက ပြန်ရောက် သည်နှင့် တစ်ပြိုက်နက် စီစဉ်စရာ ရှိသည် များကို စီစဉ်တော့သည်။
အလုပ်သမားများ ထပ်ငှါးကာ လယ်မြေများနှင့် ပိုင်ဆိုင်မှု တွေကို ထိန်းသိမ်းသည်။ ထိုသို့ စနစ်တကျ အလုပ်ကို အာရုံစိုက်လိုက်သော်
မုယုံစံအိမ် မှာ နဂိုမူလ အခြေအနေ အတိုင်း မခမ်းနား သေးသော်လဲ အတော်အတန် ထူထောင် လာလေသည်။ ပျံလွှားမြေးအဘိုး မှာမူ
မုယုံချန်းရှောင်း ကို ကူညီရင်း သူမ အခြေအနေ ကိုစောင့်ကြည့်နေကြသည်။ အကြောင်းမှာ မုယုံချန်းရှောင်း သည် အပြင်ပန်းကသာ
အလုပ်တွင် အာရုံစုက
ိ နေသော်လဲ သူမစိတ်က တွမ့်ကျန်းယွမ် ပျောက်ဆုံးမှုအပေါ် ပူဆွေးနေသည်လေ။ သူမအတွက် တွမ့်ကျန်းယွမ်
က မြင်မြင်ချင်း စိတ်လှုပ်ရှားစရာ မဖြစ်ခဲ့သော်လဲ သူ၏ ကြင်နာမှု တည်ကြည်မှု စောင့်ထိန်းနိုင်မှု တို့က သူမအသည်းနှလုံးကို
တံခါးခေါက် မိသွားလေသည်။ သူမမှာ သုံးလ လုံးလုံး တစ်ရက်မှ မေ့မရချေ။ တွမ့်ကျန်းယွမ် က အိမ်ပျက်ကလေးတွင် သုံးရက်တာမျှ
မလှုပ်နိုင်တုန်းက သင်ပေးထားသော ပြုပြင်ထားသည့် စုတ်တံသိုင်း နှင့် ကျောက်စိမ်းယပ်တောင် ပေါ်တွင် ထွင်းထားသော
ယပ်တောင်သိုင်း ကို ကြိုးစား၍ လေ့ကျင့်နေလေသည်။ သူမမှာ သိုင်းပညာ တွင် ပါရမီ ပါလေရာ သုံးလအတွင်း တွမ့်ကျန်းယွမ်
ကိုယ်တိုင် အသုံးပြုသကဲ့သို့သော အဆင့်ကို ရောက်ရှိလာ လေသည်။ သို့သော် သူမ၏ အတွင်းအား ကမူ တွမ့်ကျန်းယွမ်
တစ်ဝက်လောက် အထိသာ ရှိသေးသည်။ သူမတို့ မုယုံ မျိုးနွယ်တွင် အတွင်းအား သိုင်းကျမ်းကောင်း မရှိသဖြင့် ထိုသို့ဖြစ်ရခြင်း
ဖြစ်သည်။ ပျံလွှားမယ် စုန့်ချီရန့် မှာလဲ အစ်မဖြစ်သူ စိတ်နှစ်ကာ သိုင်းလေ့ကျင့် နေသည်ကို တွေ့သော် အဘိုးဖြစ်သူဆီမှ သေချာသင်ယူ
နေလေသည်။ အချုပ်အားဖြင့် ဆိုသော် မုယုံချန်းရှောင်း တို့ သုံးဦးသားမှာ သိုင်းလေ့ကျင့်ရင်း သုံးလဟူ သော အချိန်ကို
ကုန်ဆုံးခဲ့ကြလေသည်။ အကြောင်းမှာ ရှောင်စစ်တောင် သိုင်းပြိုင်ပွဲတွင် စီးမင်မျိုးရိုး များကို တွေ့ဆုံကာ လက်စားချေ ချင်နေကြသည်။

မနက်စောစော အချိန် မုယုံချန်းရှောင်းမှာ စံအိမ်အတွင်း မြေကွက်လပ် တွင် သိုင်းလေ့ကျင့် နေသည် သူမက ကျောက်စိမ်းယပ်တောင်
ကို ကိုင်ကာ တစ်ရာ့ရှစ်ကွက် သော လှပသည့် ယပ်တောင်သိုင်း ကို ကစားနေလေသည်။ တွမ့်ကျန်းယွမ်က ထိုသိုင်းကို ကာလ မည်မျှ
လေ့ကျင့်ခဲ့သည် မသိသော်လဲ မုယုံချန်းရှောင်း ကတော့ သုံးလနှင့်ပင် တတ်မြောက်နေလေသည်။ သူမက ထိုယပ်တောင်သိုင်း ကို
အလွန် နှစ်သက်ကာ သူမနှင့်လိုက်ဖက် သည်ဟု ထင်မိသည်။ တွမ့်ကျန်းယွမ် က ထိုသိုင်း ကစားသည်ကို သူမ တစ်ခေါက်သာ မြင်ဖူးပီး
တိုက်ပွဲတွင်မူ အသုံးချလေ့မရှိချေ။ အခု သူမကတော့ ထိုသိုင်းကို ယပ်တောင် ပေါ်တွင် ရေးသားထားသည့်အတိုင်း လေ့ကျင့်လိုက်ရာ
ကျွမ်းကျင်နေလေပီ။ ထို့နောက် သူမက ယပ်တောင် ကို ခါးကြား ထိုးကာ လက်ညှိုး နှစ်ချောင်း ကိုထောင်ပီး မျက်လုံးမှိတ်
ထားလိုက်သည်။ စုန့်ချီရန့် မှာ မနက် အိပ်ယာမှ နိုးနိုးချင်း မြေကွက်လပ် သို့ ထွက်လာကာ စာပေသမား ပုံစံဝတ်ဆင် ပီး
ကျောက်စိမ်းယပ်တောင် ကို ခါးကြားထိုး ထားသော လူတစ်ယောက်ကို တွေ့သော် ဝမ်းသာလွန်းသဖြင့် အော်မိ မတတ် ဖြစ်သွား သည်။
အထူးသဖြင့် ထိုသူ၏ သိုင်းဟန်မှာ ရိရန် လက်ချောင်းသိုင်း ပုံစံဖြစ်နေသည်လေ။ စုန့်ချီရန့် ၏ ခြေသံကြားသော် ထိုသူက ရိပ်ခနဲ
ခုန်ကာ လက်ချောင်းဖြင့် အကြောကွက် ကို ထိုးလိုက်လေသည်။ စုန့်ချီရန့် မှာ ကြောင်သွားသော်လဲ ခြေလှမ်း များကတော့
မကြောင်ချေ။ ထူးချွန်သော ကိုယ်ဖော့ပညာက မနေ။ ရိပ်ခနဲ ခုန်လိုက် လေသည်။ ထိုသူကလဲ ထပ်ကြပ်မခွာ လိုက်ကာ
အကြောများကို ထိုးလေသည်။ ထိုသို့ဖြင့် အကွက်ပေါင်း ငါးဆယ်ကျော် အောင် ထိုးလိုက် ပြေးလိုက်ဖြင့် ဖြစ်နေ လေသည်။ ထိုသူက
သက်ပြင်းချပီး ခါးမှ ယပ်တောင်ကို ထုတ်ကာ ယပ်တောင်သိုင်းကွက် ကို ခင်း လိုက်လျှင် စုန့်ချီရန့် မှာ ပြေးလမ်းကြောင်းများ ပိတ်သွား
လေသည်။ ထို ယပ်တောင်သိုင်းကွက် များက ပြေးလမ်းကို ပိတ်နေသလို ဝဲပျံ နေသော ယပ်တောင်ကလဲ အချိန်မရွေး ထိခိုက်မိရန်
အသင့်ဖြစ်နေလေသည်။ စုန့်ချီရန့် မှာ အသက်ရှူ ကြပ်သွားပီး အကွက် လေးဆယ် အကျော်မှာပင် အမိခံလိုက်ရ တော့သည်။ သူမမှာ
သိုင်းလောကရှိ ကိုယ်ဖော့ ပညာကောင်းသူ ဆယ်ဦးတွင် အဆင့် ငါးပင် ရှိသူ ဖြစ်ရာ သူမကို အမိဖမ်း နိုင်သော
ယပ်တောင်သိုင်းကွက်မှာ အစွမ်းထက်လွန်းနေသည်။

စုန့်ချီရန့် က ဖမ်းမိသော်လဲ ပြုံးရယ်နေပီး


" မမ တကယ်ပဲ အရမ်းတိုးတက် လာတယ် အဲ့ဒီ ယပ်တောင် သိုင်းက အစွမ်းထက်တယ် နော် ညီမလေး ဘယ်လိုရှောင်ရှောင်
သိုင်းကွက်တွေက ပိတ်ဖမ်းနေတယ် အကောင်းဆုံး ဖမ်းချုပ်တဲ့ သိုင်းပညာ တစ်ခုပဲ ဖြစ်ရမယ်... ဒါက တကယ်ပဲ အကိုတွမ့်ရဲ့
သိုင်းပညာတွေထဲက တစ်ခုလား သူက အရမ်းပညာစုံပီး တော်တယ်နော် မမ "
ဟု ပြောလိုက်လေသည်။
ဟုတ်ပေသည်။ ထိုစာပေသမား ခပ်ချောချော မှာ မုယုံချန်းရှောင်း ဖြစ်ပီး သူမက သုံးလ လုံးလုံး ထိုသို့ပင် ဝတ်ဆင်ကာ နေလေသည်
သူမက ထိုသို့ဝတ်ပါက တွမ့်ကျန်းယွမ်နှင့် ခပ်ဆင်ဆင်ရှိလေသည်။ သူမက တွမ့်ကျန်းယွမ် ကို သတိရသွားသလို မျက်နှာ
တစ်ချက်ပျက်သွားသော်လဲ ပြင်လိုက်ပီး
" အင်း... ဟုတ်တယ်ညမ
ီ အကိုတွမ့်က အရမ်းတော်တယ် သူက အစ်မကို ဒီယပ်တောင် ပေးလိုက်တာ ဒီသိုင်းနဲ့ သူ့အစား
လက်စားချေပေးစေချင် လို့ဖြစ်ရမယ် အစ်မအနေနဲ့ ဒီသိုင်းကို တစ်ဖက်ကမ်းခတ် အောင် ကျွမ်းကျင်လာမယ် ဆိုရင် စီးမင်ကို့ဝေ ကို
အနိုင်ရမှာ သေချာတယ်....
တွေ့ကြသေးတာပေါ့ လူဆိုးကြီးရာ "
ဟု အံကြိတ်ကာ ပြောလိုက်လေသည်။

ထိုစကားကို ကြားပီး သက်ပြင်းချ သွားသူ မှာ နှစ်ယောက်ရှိလေသည်။ ထိုအထဲက တစ်ယောက် ဖြစ်သောသူမှာ အဘိုးအို စုန့်ဝမ် ဖြစ်ပီး
သူက ဒီနေ့ ရှောင်စစ်တောင် ကို သွားရန်နေ့ ဖြစ်သည့် အတွက် သွားကြရန် လာခေါ်ရင်း ကြားမိခြင်း ဖြစ်သည်။ သူ သိထားသော
အသိအရ ဆိုလျှင် ထိုယပ်တောင် သိုင်းကို သူမထက် ကျွမ်းကျင်သူ တွမ့်ကျန်းယွမ် ပင် စီးမင်ကို့ဝေ ကို မယှဉ်နိုင်ရာ ထိုသိုင်း ဖြင့်
စီးမင်ကို့ဝေ ကိုနိုင်ရန် မဖြစ်နိုင်ချေ။ သို့သော် မုယုံချန်းရှောင်း ၏ မျှော်လင့်ချက် ကို မချိုးလို၍ သူက ဘာမျှမပြောချေ။

" ကဲ မြေးလေးတို့... ဒီနေ့ ထွက်မှပဲ ရှောင်စစ်တောင်ကို အချိန်မီရောက်မယ် သွားကြမယ် "


ဟု ပြောလိုက်သည်။

ထိုအခါမှ မုယုံချန်းရှောင်း တို့ နှစ်ယောက်မှာ စုန့်ဝမ် ရောက်နေသည်ကို သိသွားကြ လေသည်။ မုယုံချန်းရှောင်း မှာ ခေါင်းငြိမ့်ပြ
လိုက်သော်လဲ စုနခ
့်ျီရန့် က နှုတ်ခမ်းဆူကာ
" ဘိုးဘိုး က အမြဲအဲ့လိုပဲ... မြင်းစီးရအောင်ပါ ဆို... ကိုယ်ဖော့ပညာပဲ အားကိုးနေတယ်... သမီးက ကိစ္စမရှိဘူး ဘိုးဘိုးကို
ဆယ်လှမ်းအကွာက အမှီလိုကန
ိုင်တယ် ဒါပေမဲ့ မမက သင်ထားတာမကြာသေးတော့ ခြေလှမ်းနှစ်ဆယ်အကွာကပဲ မှီနိုင်မှာ "
ဟု ပြောလိုက်သည်။

အဘိုးအိုစုန့်ဝမ် က ပြုံးလိုက်ကာ
" ငါက အစွမ်းကုန်ပြေးမယ် ပြောမိသလား ချန်းရှောင်းကို စောင့်ရင်း တူတူသွား ကြမှာပေါ့ ဒါကြောင့် လာခေါ်တာ "
ဟု ပြောလိုက်သည်။

ရှောင်စစ်တောင်မှာ လို့ရန်မြို့  အနီး ရှိ မန်တူမြို့ ငယ် နယ်နိမိတ်တွင် တည်ရှိလေသည်။ လို့ရန်မြို့  နှင့် မန်တူ မှာ နေ့ဝက်ခရီးသာ ရှိပီး
လို့ရန်မြို့  နှင့် ခိုင်ဖုန်း မှာ ဆယ်ရက်ခရီး ရှိလေသည်။ ခိုင်ဖုန်း နှင့် ထုံဝူကျေးရွာ မှာမူ နှစရ
် က်ခရီး ဖြစ်သည်။
အကယ်၍ စုန့်ဝမ် က သူ့၏ ကိုယ်ဖော့ ပညာဖြင့် မနားမနေ ပြေးသော် ထုံဝူ မှ မန်တူကို ငါးရက်နှင့် ရောက်နိုင်သည်။ သို့သော် အခုမှာမူ
သူ့ကိုအမီ မလိုက်နိုင်သော မိန်းကလေးနှစ်ဦးပါသဖြင့် ဖြေးဖြေးမှန်မှန် သာ သွားရပေတော့မည်။ သိုသော့် ထိုမိန်းကလေး နှစ်ဦးမှာလဲ
ပျံလွှား၏ အမွေဆက်ခံသူ များဖြစ်၍ မညံ့ချေ။ ကြိုးစားပြေးပါက ရှစ်ရက်ဖြင့်ပင် ရောက်နိုင် လေသည်။

မုယုံချန်းရှောင်း တို့မှာ အလုပ်သမားများ ကို စံအိမ်ကို စောင့်ရှောက်ရန် မှာပီးသော် တန်းထွက်လာကြသည်။ သိုင်းပြိုင်ပွဲ မှာ
ဆယ်ရက်ခန့်သာ လိုတော့ရာ အမြန်ပင် ပြေးကြရလေသည်။ အဘိုးအို စုန့်ဝမ်က ရှေ့မှဦးဆောင်ကာ ပြေးနေပီး မုယုံချန်းရှောင်း နှင့်
စုန့်ချီရန့် က ရင်ဘောင်တန်းကာ နောက်မှ ပြေးနေကြသည်။ သူတို့ ပြေးနေကြပုံမှာ လျင်မြန်သဖြင့် ခရီးက အတော် တွင်လေသည်။
တစ်ရက်မကုန်မှီပင် ခိုင်ဖုန်းမြို့  သို့ ရောက်လာကြလေသည်။ အဘိုးအိုမှာ ရွှေငါးစားတော်ဆက် ရှေ့တွင် ရပ်လိုက်ကာ အထဲဝင်ရန်
မုယုံချန်းရှောင်း နှင့် စုန့်ချီရန့် ကိုစောင့်နေလေသည်။ ခဏတွင်းပင် သူမတို့ နှစ်ယောက်မှာ ရောက်လာသဖြင့် အဘိုးအိုက ဦးဆောင်ကာ
ဆိုင်ထဲ ဝင်လာကြသည်။ ဆိုင်ထဲတွင် သိုင်းသမား ဟူ၍ သိပ်မရှိချေ။ သာမန်ပြည်သူ များသာ ရှိပီး သူတို့က မုယုံချန်းရှောင်း နှင့်
စုန့်ချီရန့် ကို အတွဲများ ထင်ကာ ကြည့်နေကြသည်။ ဟုတ်ပေသည်။ မုယုံချန်းရှောင်း မှာ ယောက်ျားလေး စာပေသမား
အဖြစ်ဝတ်ဆင်လာသော်လဲ စုန့်ချီရန့် နှင့် လက်တွဲထားသည် မဟုတ်ပါလား။ အဘိုးအိုမှာ အပေါ်ထပ်သို့ တက်ရန် ပြင်လိုက်ပီး
တစ်ဆိုင်လုံးကို ဝေ့ကြည့်လိုကသ
် ည်။ ထိုဆိုင်ထဲတွင် သိုင်းသမားဟူ၍ မရှိ သာမန်သူများသာ ရှိလေသည်။ သူက ချောင်ကျသော
ဝိုင်းတစ်ခု တွင် ဝင်ပေါက်ကို နောက်ကျောပေးနေသော စာပေသမားကို တွေ့သော် ဤ နောက်ကျော ပုံစံကို မြင်ဖူးသည်ဟု
တွေးမိသည်။ သို့သော် ဘယ်နားတွင် တွေ့ဖူးမှန်း စဉ်းစားမရချေ။ ထိုသူမှာ သာမန်စာပေသမား ပုံစံ ရှိနေသည် မလား။ သူက
အကြည့်လွှဲကာ အပေါ်ထပ်သို့ တက်လိုက်သည်။ အပေါ်ထပ် ရောက်သော် သူတို့သုံးဦးသားမှာ ဆာဆာနှင့် အတော်စား
လိုက်ကြသည်။ အဘိုးအိုက ပိုက်ဆံရှင်းရန် စားပွဲထိုးကို ခေါ်လိုက်သော် စားပွဲထိုးက ပြုံးပြပီးလာကာ
" ဒီဝိုင်းအတွက် ရှင်းပီးပါပီ ဘကြီး "
ဟု ဖြေလိုက်သည်။
" ဟေ... ဘယ်သူက ရှင်းတာလဲက.ွ .. ငါအသိလဲ အခုချိန် ဆိုင်ထဲမှာ မရှိပါဘူး "
ဟု စုန့်ဝမ်က မေးလိုက်သော် စားပွဲထိုးက
" အောက်ထပ်က စာပေသမား တစ်ယောက် က သူမသွားခင် မေးပီး ရှင်းသွားတာပါ "
ဟု ဖြေလိုက်သည်။

မုယုံချန်းရှောင်း မှာလဲ စာပေသမား ဟု ကြားသော် ဒိန်း ခနဲ ဖြစ်ကာ


" သူ့ပုံစံက ဘယ်လိုနေလဲ ငါနဲ့ ဆင်သလား "
ဟု မေးလိုက်သည်။

စားပွဲထိုးလေးက အတန်ကြာ တွေဝေ နေပီးမှ ဆုံးဖြတ်လိုက်ဟန်ဖြင့်


" ဟိုအကိုကတော့ မပြောနဲ့ လို့မှာပေမဲ့ ဘာမှ ဖြစ်မယ် မထင်လို့ ပြောလိုက်မယ်ဗျာ... ဟုတ်တယ်ဗျ အဲ့အကိုရဲ့ မျက်နှာက ဒီက အကိုနဲ့
တော်တော်ဆင်တယ် မသိရင် ညီအကိုလိုပဲ "
ဟု ပြောလိုက်သည်။

မုယုံချန်းရှောင်း မှာ ထိုစကားကြားသော် မျက်ရည်ဝဲသွား ပီး


" ဟုတ်တာပေါ့ကွ မင်းလုပ်တာ ကောင်းတယ် အဲ့အကိုက ငါ့ရဲ့ အကိုကြီးကွ ငါတို့က ပုန်းတိုင်းကစားနေတာ ရော့ မင်းတော်တယ်
ဒါဆုချတာ "
ဟု ပြောကာ စားပွဲထိုးကို ငွေတစ်စ ပေးလိုက်လေသည်။

စားပွဲထိုး ထွက်သွားသော် မုယုံချန်းရှောင်းက


" အဘကြားတဲ့ အတိုင်းပဲ အကိုတွမ့်က မသေဘူး... သူခုနကတင် အောက်ထပ်မှာ ရှိနေပီး ကျမတို့် စားတာတောင် ရှင်းပေး
သွားတယ်... သူဘာဖြစ်လို့ ကျမတို့ကို လာမတွေ့ပဲ ပုန်းနေလဲတော့ မသိဘူး "
ဟု ပြောလိုက်သည်။

စုန့်ဝမ်က ခေါင်းငြိမ့်ကာ စဉ်းစားဟန်ဖြင့်


" ဒါဖြင့် ... ငါအောက်ထပ်မှာ တွေ့တဲ့ စာပေသမား က တူမောင်တွမ့် ဖြစ်မယ် ထင်တယ်... သူလာမတွေ့ပဲ ပုန်းနေတာ စဉ်းစားစရာပဲ "
ဟု ပြောလိုက်သည်။

စုန့်ချီရန့် ကတော့ တွမ့က


်ျန်းယွမ် မသေဘူး ဆိုတာ သိရ၍ ပျော်ကာ
" အို... အကိုကြီးက သမီးတို့နဲ့ ကစားချင်လို့ နေမှာပေါ့ ပြေးတမ်းလိုက်တမ်း ကစားမယ် ဆိုလဲ ကောင်းတာပဲ သမီးက အကိုကြီးကို
မိအောင်ဖမ်းပြမယ် "
ဟု ကလေးစိတ်ဖြင့် ပြောလိုက်သည်။

မုယုံချန်းရှောင်း မှာ ရယ်လိုက်သော်လဲ စုန့်ဝမ် ကာ ပြုံးကာ


" နင်လား... သူ့ကိုမိမှာ ဟိုကဖြင့် ငါနဲတ
့ န်းတူ ကိုယ်ဖော့ပညာ ကောင်းနေတာကို ... ကဲကဲ ထကြ သွားကြမယ် ဘာပဲဖြစ်ဖြစ် သူက
ငါတို့အနားမှာ ရှိနေမှာ သေချာတယ် သွားမဲ့လမ်း လဲတူနေတာပဲ "
ဟု မုယုံချန်းရှောင်း ကြည့်ကာ ပြောလိုက် သည်။

မုယုံချန်းရှောင်းမှာ စုန့်ဝမ် စကားကို နားလည် ကာ ရှက်ဝဲဝဲ ပြုံးလိုက်သည်။ စုန့်ချီရန့် ကတော့ တွမ့်ကျန်းယွမ် မှာ သူမ ဘိုးဘိုးနှင့်
တန်းတူရှိသည် ဟု ကြားသော် အံ့သြကာ လေးစားမိတော့သည်။ သူတို့ သုံးဦးသားမှာ ဝမ်းသာပီး ဆိုင်ထဲမှ ထွက်ခဲ့ကြတော့သည်။
ထို့နောက် လို့ရန်မြို့  ကို ဦးတည်ကာ ဆက်လက် ပြေးထွက်ခဲ့ကြလေသည်။

#မိုးထိတောင်သိုင်းသမား #ZYN
အခန်း (၁၈) အပိုင်း နှစ်
မုယုံစံအိမ် ပိုင်ရှင်

မုယုံချန်းရှောင်း တို့ သုံးဦးသားမှာ တွမ့်ကျန်းယွမ် ကိုတွေ့ချင်ဇောဖြင့် ဝမ်းသာအားရ ခရီးဆက်လာရာ သုံးရက်မြောက်သော နေ့တင


ွ်ပင်
လို့ရန်မြို့  သို့ ခရီးတစ်ဝက်ရှိရာ ရွာငယ်သို့ ရောက်လာလေသည်။ လမ်းခရီးတွင် ညအိပ်ချိန်မှလွဲ၍ အနည်းငယ်မျှသာ နားပီး
ပြေးလာကြရာ ထိုရွာငယ်သို့ ရောက်သော် အလွန်မောပန်း နေသဖြင့် တစ်နာရီ နှစ်နာရီ နားကာ အမောဖြေရန် ကြံလိုက်ကြသည်။
ရွာလေးထဲ ဝင်သော် စားသောက်ဆိုင်လေး ကိုမြင်သဖြင့် ဝင်ထိုင်လိုက်ကြသည်။ ဆိုင်ရှင်က ဝင်လာသူများကို ကြည့်ပီးသော်
မမှာပဲနှင့်ပင် ဟင်းလျာ ဆယ်မျိုး အရက်တစ်အိုး ချပေးလေသည်။ ထို့နောက် အနားသို့ လာကာ သူ့ဆိုင်ထဲတွင် ရေမိုးချိုး
အနားယူနိုင်ကြောင်း ငွေပေးရန် မလိုကြောင်း ပြောလေသည်။ မုယုံချန်းရှောင်း မှာ တွမ့်ကျန်းယွမ် မှာထားသည်ဟု ထင်ကာ
" ကျနော့် အကိုက မှာထားတယ် ထင်တယ် ဟုတ်တယ်မလား "
ဟု ပြောလိုက်သည်။

ဆိုင်ရှင်က ခဏမျှ ကြောင်သွားသော်လဲ ချက်ချင်းပင် မျက်နှာပြင်ကာ


" ဟုတ်ကဲ့.... အကိုကြီးဖြစ်သူက သေချာ ဂရုစိုက်ပေးပါ လို့မှာလိုက်ပါတယ် အဆင်ပြေသလို နေကြပါ "
ဟု ပြောကာ ဆိုင်နောက်ထဲ ဝင်သွား လေသည်။

သူတို့ သုံးဦးသားမှာ တွမ့်ကျန်းယွမ် ၏ အလိုက်သိတတ်ပုံကို ကျေနပ်နေကြ လေသည်။ စုန့်ဝမ် နှင့် စုန့်ချီရန့် မှာ စားသောက်ရန်
ပြင်နေသော်လဲ မုယုံချန်းရှောင်း က ရေချိုးချင်သဖြင့် ဆိုင်နောက်သို့ ဝင်ကာ ရေချိုးခန်းတွင် ရေချိုး ရန်ပြင်လိုက်သည်။ သူမ
ဆိုင်နောက်သို့ ဝင်လာသော်လဲ ဆိုင်ရှင်ကို မတွေ့ချေ။ သူမက မရှိလေ ပိုကောင်းလေဟု ထင်ကာ ခပ်သွက်သွက် အဝတ်အစားများ
ချွတ်ကာ စည်းပိုင်းထဲ ဝင်ပီး ရေစိမ်ချိုးလိုက်သည်။ ရေချိုးပီး သူမက အဝတ်များ သပ်သပ် ရပ်ရပ် ဝတ်ကာ ပြန်ထွက်လာသော်
အံ့သြကာ
" ဟင် " ဟုပင် ရေရွတ်မိသွားသည်။

သူမ တစ်ကိုယ်လုံးမှာလဲ မုန်းတီးမှု စက်ဆုပ်မှု ဒေါသ အစရှိသည်ဖြင့် ခံစားချက်များ ဖုံးလွှမ်း ကာ တုန်ယင်နေသည်။ ထိုသို့ ဆိလ
ျှုင်
သူမ မြင်လိုက်သော အရာမှာ မည်သည့်အရာ ဖြစ်သနည်း။

သူမ ပြန်ထွက်လာသော် စားပွဲပေါ်တွင် အဘိုးအို စုန့်ဝမ် နှင့် စုန့်ချီရန့် မှာ မှောက်ရက် မေ့လဲနေကာ လူနှစ်ယောက် က ဓားကို သူတို့
နှစ်ဦး၏ လည်ပင်းတွင် ချိန်ရွယ် ထားသည်။ သူမ က ထိုသူ နှစ်ဦးကို သိလေသည်။ ထိုသူနှစ်ဦးမှာ သူမဦးလေး ဖြစ်သူ မုယုံဖူ၏
လက်ရုံး နှစ်ယောက် ဖြစ်ပီး သူတို့က သူမကို ပမာမခန့် ကြည့်နေလေ သည်။ ဘေးဘက် စားပွဲဝိုင်းတွင်တော့ မုယုံဖူ က
ဟိန်ဟန်အပြည့်ဖြင့် ထိုင်ကာ သူမကို ကြည့်နေလေသည်။ သူ့အကြည့်မှာ မင်းဘယ်ပြေးမလဲ ဟူသော အကြည့်ပင် ဖြစ်သည်။ သူမက
အကြည့်လွှဲမိသော် အမှတ်မထင် ဆိုင်ရှေ့တွင် အဖြူရောင် ဝတ်ဆင်ထားသော မျက်နှာ ဖုံးစွပ် တစ်ဦးလဲ ရပ်နေတာ မြင်လိုက်ရသည်။
ထိုသူမှာ မုယုံဖူ ၏ အဖော် ဖြစ်ဟန်တူပီး ကိစ္စများကို ဝင်မပါချင်ဟန်ဖြင့် နောက်ကျော ပေးထားသည်။ မုယုံချန်းရှောင်း က
တစ်ကိုယ်လုံး တုန်ယင်နေပီး ဒေါသထွက်ကာ "လူယုတ်မာကြီး"
ဟု အော်လိုက်လေသည်။

မုယုံဖူ မှာ ထိုအသံကိုပင် နားဝင်ချို ဟန်ဖြင့် ပြုံးလိုက်လေသည်။ သူ့အပြုံးမှာ နတ်ဆိုး တစ်ကောင်လို ကောက်ကျစ်မှုတွေ အပြည့်
" ချန်းရှောင်း... ချန်းရှောင်း ငါ့ကို ဒုက္ခပေးတဲ့ နင့်ကို ငါလွှတ်ထားမယ် ထင်သလား... စံအိမ်ထဲ မှာနေတုန်းတော့ သူဖုန်းစားတွေ ရှိလို့
ဝင်မတိုက်ရပေမဲ့ အခုအချိန်မှာတော့ နင်ပြေးလို့ မလွှတ်တော့ဘူး ငါ့ဘဝကို ဖျက်ဆီးတဲ့ ဟာမ နင့်ကို သိုင်းပညာ ဖျက်ဆီးပီး
ငါ့တပည့်တွေ လက်အပ်မယ် "
ဟု ပြောကာ ရယ်လိုက်လေသည်။

မုယုံချန်းရှောင်း က မုယုံဖူ စကားကြောင့် ကြောက်လန့်သွားကာ


" လူယုတ်မာကြီး သတ္တိရှိရင် ပျံလွှားမြေးအဘိုး ကို လွှတ်ပီး သိုင်းပြိုင် မလား "
ဟု အံကြိတ်ကာ ပြောလိုက်သည်။

မုယုံဖူ က ရယ်ကာ
" ဟားဟား... ယှဉ်လဲ နင်ငါ့ကို မနိုင်ပါဘူး အဲ့တော့ အချိန်ကုန်ခံပီး ယှဉ်မနေတော့ဘူး အချိန်မရှိဘူး လာစမ်း "
ဟု ပြောကာ သိုင်းပညာကို ဖျက်ဆီးရန် အနားကို တိုးလာသည်။

မုယုံချန်းရှောင်း က အနောက်သို့ ခုန်ဆုတ် လိုက်သဖြင့် မုယုံဖူက ပျံလွှားမြေးအဘိုး ကို မေးငေါ့ပြ လိုက်သည်။ ချိန်ရွယ်ထားသော ဓားဦး
နှစ်ခုက ဂုတ်သားတွင် အနည်းငယ် နစ်ဝင်သွား သဖြင့် သွေးများ ထွက်လာလေ သည်။ မုယုံချန်းရှောင်း မှာ မတတ်သာတော့ ပေ။ သူမ
သာထွက်ပြေးမည် ဆိုလျှင် မုယုံဖူ က ပျံလွှားမြေးအဘိုး ကို သတ်ပစ်ပေလိမ့် မည်။ ထိုမြေးအဘိုးမှာ မေ့မျောနေရင်းကပင်
ဘုမသိဘမသိ အသေခံသွားရနိုင်သည်။ သူမ အနေဖြင့် မုယုံဖူကို ယှဉ်ရဲသော်လဲ လူယုတ်မာ မုယုံဖူမှာ အချိန်မရသည့်အလား
အယှဉ်မခံချေ။ သူမ ငြိမ်သွားသည်ကို တွေ့သော် မုယုံဖူက တဟားဟား ရယ်ကာ အနားသို့ တိုးလာလေသည်။ သူမမှာ မခံချင်သော်လဲ
မလှုပ်ရဲချေ။ မုယုံဖူကို သာ မီးဝင်းဝင်းတောက်နေသော အကြည့်ဖြင့် ကြည်နေလေသည်။ မုယုံဖူ မှာ အနားသို့ ရောက်သော် ပြုံးပြကာ
နားထင်ရှိ အကြောကွက်ကို ထိုးကာ သိုင်းပညာကို ဖျက်ဆီးရန် လက်မြှောက်လိုက်သည်။

ထိုစဉ်မှာ ပင်
" ရပ်လိုက် "
ဟူသော အေးစက်စက် စကားသံ ထွက်ပေါ် လာလေသည်။ အသံက ခေါင်မိုး ပေါ်မှ လာသည်ကို သိသော် မုယုံဖူက အပေါ်မော့
ကြည့်လိုက်သည်။ ဆိုင်အပေါ် ထုတ်တန်း တွင် မည်သူမျှ မရှိချေ။ မုယုံဖူက ကြောင်ကာ နောက်လှည့်ကြည့်သော် လေတစ်ချက်သာ
တိုက်သွား ပီး ပျံလွှားမြေးအဘိုး ကို ဓားဖြင့် ချိန်ထားသူ နှစ်ယောက်မှာ လွှင့်ထွက်သွား လေသည်။ ထိုသူ နှစ်ယောက် မှာ ဆိုင်ပြင် သို့
လွှင့်ထွက်သွားသည် ဖြစ်ပီး ဝတ်စုံဖြူ နား သို့ကျသွားရာ ဝတ်စုံဖြူက အလန့်တကြားဖြင့် ဆိုင်ထဲကို ကြည့်လိုက်သည်။ အပြာ
ရောင်အရိပ်ကို ရိပ်ခနဲ မြင်သော် ဝတ်စုံဖြူ မှာ ချက်ချင်းပင် ခုန်ပျံကာ ပြေးထွက်သွားသည်။ မုယုံဖူမှ အခုမှပင် အပြာရောင်ဝတ်ဆင်
ထားသူကို မြင်ရလေသည်။ ထိုသူမှာ သတ်ဖြတ်ချင်သော ပုံစံဖြင့် သူ့ကို ကြည့်နေပီး သူက ထိုသူကို မြင်ရသဖြင့်
အလွန်အံ့သြနေလေသည်။ မုယုခ
ျံန်းရှောင်း ကတော့ ထိုသူကို မြင်သော် ပျော်ရွှင်သွားပီး ပြေးဖက်ထားချင်စိတ်ကို မနည်းထိန်း
နေရသည်။

မှန်ပေသည်။ ထိုအပြာရောင်ဝတ်စုံနှင့်လူ မှာ တွမ့်ကျန်းယွမ် ဖြစ်ပီး သူက မုယုံဖူကို သတ်ပစ်ချင်လောက်အောင် စက်ဆုပ်ကာ


ကြည့်နေမိသည်။ သူ၏ ကိယ
ုမှ သူကိုယ်တိုင်ပင် သတိမထားမိပဲ အအေးလှိုင်းများ ထွက်လာ တော့သည်။ အအေးလှိုင်းများ က
ချက်ချင်းပင် ဆိုင်ထဲတွင် ပျံ့နှံ့ လာကာ ဆိုင်ထဲ ရှိ မုယုံဖူ နှင့် မုယုံချန်းရှောင်း မှာ တုန်ယင် လာကြသည်။ မုယုံဖူ မှာ အပူလှိုင်း
အတွင်းအား ကျင့်သူဖြစ်၍ ခံနိုင်သေးသော်လဲ မုယုံချန်းရှောင်း မှာ တောင့်မခံနိုင်တော့ပဲ
" အကို "
ဟု ခေါ်လိုက်မိသည်။
မုယုံချန်းရှောင်း ၏ အသံကြားမှ သတိဝင်လာ သဖြင့် အအေးဓာတ်များ မှာ ဆက်မထွက် တော့ချေ။ သူက သူ့ကိုယ်သူ အံ့သြကာ
ဘေးဘီကို ကြည့်မိတော့ ပတ်ဝန်းကျင် မှာ အတော်အေးစိမ့်နေသည်ကို တွေ့ရသည်။ မုယုံဖူ မှာ တွမ့်ကျန်းယွမ် ကို မြင်ကတည်းက
ပြေးချင်နေလေသည်။ သူက ဆိုင်ရှေ့ကို အမှတ်မထင်ကြည့်မိရာ အဖော်ဖြစ်သူ မရှိတော့သည်ကို တွေ့သော် စိတ်ပျက်သွား လေသည်။
တွမ့်ကျန်းယွမ် က အံ့သြနေသလို ဖြစ်နေသည်ကို ကြည့်မိကာ အခွင့်ကောင်း ရပီဟု ထင်ပီး ရိပ်ခနဲ ထွက်ပြေးတော့သည်။
တွမ့်ကျန်းယွမ် မှာ မိမိကိုယ်မှ အအေးဓာတ် ထွက်လာသဖြင့် အံ့သြနေရာ မုယုံဖူ က ထွက်ပြေးသော် တားရန် မမှီတော့ချေ။
အမှန်စင်စစ် သူက တားရန်လဲ စိတ်ကူး မရှိချေ။ သူ့ကိုယ်ထဲရှိ အအေးဓာတ်များ အလုပ်လုပ်ပုံကို သူသိရန် လိုအပ်နေသည်
မဟုတ်ပါလား။ သူက ရပ်ကာ စဉ်းစား လိုက်သည်။ သူရပ်သော အချိန်တွင်ပင် မုယုံချန်းရှောင်း က မျက်ရည်များကျကာ သူ့ရင်ခွင်ထဲ
တိုးဝင်ပီး ငိုကြွေးနေတော့သည်။ သူက ဆက်မစဉ်းစားနိုင်တော့ချေ။ သူချစ်ရသူ နတ်သမီးလေးက သူ့ရင်ခွင် ထဲတွင် ငိုကြွေးနေသည်
မဟုတ်ပါလား။ သူက ပွေ့ကာ ကျောကို သပ်ပီး ချော့နေလိုက် ရတော့သည်။

အတန်ကြာ ငိုကြွေးနေပီးမှ မုယုံချန်းရှောင်း က မျက်ရည်များကို သုတ်ကာ


" အကိုများ နေနိုင်လိုကတ
်ာနော် ညီမကို တစ်ခေါက်မှ လာမတွေ့ဘူး ညီမမှာတော့ အကိုသေပီ ထင်ပီး သုံးလလုံးလုံး ငိုလိုက် ရတာ "
ဟု နှုတ်ခမ်းလေးစူ ကာ ရန်တွေ့လေ တော့သည်။

တွမ့်ကျန်းယွမ် က ပြုံးကာ
" အဲ့လိုမဟုတ်ပါဘူး ညီမရယ်... ကဲကဲ အဘတို့ကို အရင်သတိရအောင် လုပ်ပေးကြမယ် ကျန်တာက အကို လူစုံရင် ရှင်းပြမယ်
ဟုတ်ပီလား "
ဟု ချော့လိုက်ရသည်။

တွမ့်ကျန်းယွမ် က ပျံလွှားမြေးအဘိုး ကို စမ်းသပ်ကြည့်သော် ရိုးရိုးမေ့ဆေး ဖြစ်သည်ကို တွေ့ရသဖြင့် ရေစိုဝတ်ဖြင့် မျက်နှာကို သုတ်ကာ
အပေါ်နှုတ်ခမ်း အလယ်ရှိ နှာကြောကို အတွငအ
်ားသုံးကာ ဖိနှိပ်လိုက်သည်။ ထိုအခါမှ ပျံလွှားမြေးအဘိုး မှာ အင်း အဲ ညည်းကာ
သတိရလာ တော့သည်။ သူတို့က တွမ့်ကျန်းယွမ် ကို မြင်သော် ခဏမျှ ကြောင်နေကြပီး မျက်လုံးများပင် ပွတ်မိကြသည်။ တွမ့်ကျန်းယွမ်
က ရယ်ကာ
" အဘ... နေကောင်းတယ် မလား "
ဟု ပြောလိုက်မှသာ အိမ်မက် မဟုတ်ကြောင်း သိသွားပီး ပျော်သွားကြ သည်။ စုန့်ချီရန့် ကလဲ တွမ့်ကျန်းယွမ် ကို အမှောင်ထဲတွင်
မဟုတ်ပဲ လင်းလင်းချင်းချင်း မြင်ရသော် ချောမောလွန်းသော ရုပ်ရည် ကို ရင်ခုန်သွားလေသည်။ သို့သော် တွမ့်ကျန်းယွမ် လက်ကို
တွဲထားသော အစ်မ ဖြစ်သူ မုယုံချန်းရှောင်းကို မြင်သဖြင့် သက်ပြင်းခိုးချမိလိုက်သည်။

စုန့်ဝမ်ကတော့ ဝမ်းသာအားရ ပခုံးပုတ်ကာ


" ဘယ်လိုဖြစ်တာလဲကွ... ငါအိပ်ပျော်သွား သလိုဖြစ်ပီး မင်းကလဲ ရောက်နေတယ် "
ဟု မေးလိုက်သည်။
မုယုံချန်းရှောင်း က ရယ်ကာ
" အဘတို့ ကိုယ့်ဂုတ် လဲ ကိုယ်စမ်းကြည့်ဦး အအိပ်မက်တာ ခေါင်းပြုတ်တော့မလို့ တော်သေးတယ် အကိုလာကယ်လု့ေ
ိ ပါ့ "
ဟု ပြောလိုက်လေသည်။

ပျံလွှားမြေးအဘိုး လဲ စမ်းကြည့်တော့ သွေးစို့ နေတာမြင်ပီး လန့်သွားလေသည်။ မုယုံချန်းရှောင်း ကပင် ဖြစ်စဉ် အစအဆုံးကို


ပြောပြလိုက်သည်။ စုန့်ချီရန့်မှာ ဖြစ်စဉ်ကို စိတ်မဝင်စားချေ။ သူမက အသက်သေ တော့မလို အဖြစ်အပျက်ကိုပင် ရယ်မော ပြောနေနိုင်
သော မုယုံချန်းရှောင်းကို ကြည့်ကာ သက်ပြင်းသာ ချနေရသည်။ ထို့အဖြစ်ကို ကြည့်ခြင်းဖြင့် မုယုံချန်းရှောင်း မှာ မည်မျှ
ပျော်နေသည်ကို အတိုင်းသား မြင်နေရသည်လေ။ စုန့်ဝမ် ကတော့ သူ့သတိ ပေါ့ဆမှု အတွက် စိတ်ပျက်ကာ သက်ပြင်း ချလိုက်သည်။

" ငါက ဆိုင်ရှင်ကို သတိမမူမတ


ိာက မင်းရှင်း ပေးထားတယ် ထင်လို့ငါ့တူရ ဒါကြောင့် မစစ်ဆေးပဲ စားလိုက်တာ... ပီးတော့ စားစရာထဲ
မှာ မေ့ဆေးမခပ်ပဲ အမွှေးတိုင် ထဲမှာ ထည့်မယ်လို့ မထင်မိဘူးလေ "
ဟု ပြောလိုက်သည်။

တွမ့်ကျန်းယွမ် က ပြုံးကာ
" ကျနော်က အဘတို့ နောက်က ဖြည်းဖြည်း လိုက်နေတာ အဘရ... ကျနော်လုပ်စရာလေး တွေလုပ်ရင်း အနောက်ကပဲ လိုက်မိတာ
တော်သေးတာပေါ့ဗျာ အရှေ့ကနေကြိုသွား မိရင် ရင်ကျိုးရချည်ရဲ့ "
ဟု ပြောပီး ချစ်ရသူ မုယုခ
ျံန်းရှောင်း ကို ချစ်မျက်ဝန်း များဖြင့် ကြည့်လိုက်သည်။

မုယုံချန်းရှောင်း က တွမ့်ကျန်းယွမ် ၏ အကြည့်ကြောင့် ကျေနပ်သွားသော်လဲ ရှက်သွေးဖြာ ကာ စကားလမ်းကြောင်းလွှဲ လိုက်သည်။


" ဒါနဲ့ အကိုက ဘယ်လို ပြန်ရောက်လာတာ လဲ ပြောပြဦးလေ "

တွမ့်ကျန်းယွမ် က မုယုံချန်းရှောင်း ၏ အမေးကြောင့် သက်ပြင်းချကာ


" ဒီအကြောင်းက ပြောရမှာ ရှည်တယ်... ကဲပါလေ... အနားယူရင်းနဲ့ တစ်ခါတည်း ပြောတာပေါ့ အဘတို့ ညီမတို့လဲ စားရင်း
အနားယူရင်း နားထောင်ကြပေါ့ "
ဟု ပြောလိုက်ရင်း စားပွဲတွင် ဝင်ထိုင်လိုက်သည်။

ကျန်သုံးယောက်သားမှာ ထူးဆန်းသော အဖြစ်အပျက်များ ကြားရမည်မှာ သေချာသဖြင့် စားပွဲတွင် သေချာ ပြန်ထိုင်ကာ


နားစွင့်ထားလိက
ုြ် ကသည်။

တွမ့်ကျန်းယွမ်က နားစွင့်နေသည့် သုံးယောက်ကို ပြုံးပြကာ


" ဒီလိုအဘရေ... "
ဟု အစချီပီး သူ ဖြစ်ခဲ့သမျှ ကို ပြောပြလိုက် တော့သည်။

#မိုးထိတောင်သိုင်းသမား #ZYN
အခန်း (၁၉) အပိုင်း တစ်
တတိယအကြိမ် ရှောင်စစ်တောင် သိုင်းပြိုင်ပွဲ

လို့ရန်မြို့ ...
လို့ရန်မြို့ မှာ လွန်ခေ
ဲ့ သာ တစ်လကျော် ကပင် သိုင်းသမား များနှင့် ပြည့်နှက်နေလေသည်။ အကြောင်းမှာ ရှင်းလွန်းသည်။
ရှောင်စစ်တောင် သိုင်းပြိုင်ပွဲ ကြောင့် မဟုတ်ပါလား။ တတိယအကြိမ် ကျင်းပသော ယခုရှောင်စစ်တောင် သိုင်းပြိုင်ပွဲမှာ ယခင် က
နှစ်ကြိမ်နှင့်မတူ သိုင်းလောကရှိ ဂိုဏ်းပေါင်းစုံ သာမက တစ်ကိုယ်တော် သိုင်းသမားများပါ ဝင်ရောက်ယှဉ်ပြိုင် ကြမည် ဖြစ်ရာ
သိုင်းလောက တစ်ခုလုံးပင် ရောက်နေသည် ဟု ဆိုရပေမည်။ တကယ်လဲ သိုင်းဂိုဏ်းပေါင်းစုံ ရောက်ရှိ နေပီး အခြေအနေကို
အကဲခတ်နေကြသည်။ ယခု အကြိမ်မှာ သိုင်းလောကရှိ အင်အား အကြီးဆုံး သူဖုန်းစားဂိုဏ်း နှင့် ရှောင်လင် ကျောင်းတော်မှ
ကြီးမှူးကျင်းပခြင်း ဖြစ်၍ လဲ ပိုမို လူစည်ကားကြလေသည်။ သိုင်းပြိုင်ပွဲ အတွက် တစ်လခန့်အလိုကပင် စည်းကမ်း ချက်များ
ထုတ်ထားလေသည်။ ယင်းတို့မှာ
ရှောင်စစ်တောင် သိုင်းပြိုင်ပွဲတွင် လူငယ်သိုင်းသမားများ အတွက် တစ်ပွဲ၊
ဂိုဏ်းချုပ်အဆင့်များ အတွက် တစ်ပွဲ၊
ဟူ၍ နှစ်ပွဲ ကျင်းပမည် ဖြစ်သည်။
လူငယ်သိုင်းသမား ဟု ဆိုသော်လဲ အသက်လေးဆယ် အထိ ဝင်ရောက် ယှဉ်ပြိုင် နိုင်သည်။
ထို လူငယ်သိုင်းသမား ပြိုင်ပွဲမှ သိုင်းလောကရှိ လူငယ်သိုင်းသမားများကို အဆင့် တစ်ဆယ်အထိ သတ်မှတ်ပေးမည် ဖြစ်ပီး
အနိုင်ရရှိသူက ဂိုဏ်းချုပ်များ၏ သိုင်းပြိုင်ပွဲ ကို ဝင်ရောက်ယှဉ်ပြိုင်ခွင့် ရှေ
ိ ပမည်။ အဆင့်တစ်ဆယ် အထိ ဝင်သူများကိုလဲ
ဂုဏ်ထူးဆောင် ရွှေပြား တံဆိပ်များ ပေးအပ်မည် ဖြစ်သည်။
ဂိုဏ်းချုပ်အဆင့်များ၏ သိုင်းပြိုင်ပွဲတွင်တော့ သိုင်းလောကရှိ တကယ့်အဆင့်များကို သတ်မှတ်ကြမည် ဖြစ်ပီး ဂိုဏ်းချုပ်များ၏
အဆင့်အလိုက် သူတို့၏ ဂိုဏ်းမှာလဲ နာမည်ကျော်သွားနိုင်ကြသည်။ အမှန်စင်စစ် လက်ရှိသိုင်းလောကတွင် ပထမရသူ ပုလုံ ကလွဲ၍
ကျန်သူများမှာ အဆင့်မည်မျှ ရှိသည်။ ဘယ်သူက ဘယ်သူထက် သာသည် ကို တရားဝင် အဆင့် သတ်မှတ်ခြင်း မရှိသေးချေ။
ထို့ကြောင့် သိုင်းလောကသား တို့မှာ ထိုစည်းကမ်းချက်များ ကို တစ်ခဲနက် ထောက်ခံကြလေသည်။ ထို့တူ ဒိုင်လူကြီးအဖြစ်
ထမ်းဆောင်မည့် သူများကို လဲ ထုတ်ဖော် ကြေငြာထားသည်။ ဒိုင်လူကြီးများ မှာ
သူဖုန်းစား ဂိုဏ်းချုပ်ကြီး ပုလုံ
ရှောင်လင် ဂိုဏ်းချုပ်ဆရာတော် ရွှမ်းမု
ဓားဘုရင် ဝေထင်း
တို့ ဖြစ်ကြသည်။

ဒိုင်လူကြီး နှစ်ဦးမှာ ဦးဆောင်ကျင်းပသူများ ဖြစ်၍ သိုင်းလောကသားတိုင်း သိကြသော်လဲ ဓားဘုရင် ဝေထင်း က ဒိုင်အဖြစ် ပြုလုပ်မည်
ကိုကြားသော် သိုင်းလောကသားတို့မှာ အံ့သြ သွားကြလေသည်။ အကြောင်းမှာ ဝေထင်း သည် ပထမအကြိမ် သိုင်းပြိုင်ပွဲတွင် ဒုတိယ
ရသူ ဖြစ်နေပီး ထိုမှစ၍ အနှစ်နှစ်ဆယ် လုံးလုံး ပျောက်ကွယ် နေသည် မဟုတ်ပါလား။ ယခုမူ ပြန်ပေါ်လာကာ ဒိုင် အဖြစ်
ကြီးကြပ်တော့မည် ဖြစ်သည်။

တွမ့်ကျန်းယွမ် တို့မှာ လို့ရန်မြို့ သို့ ရောက်သော် သိုင်းပြိုင်ပွဲ ကျင်းပရန် သုံးရက်သာ လိုတော့သည်။ ပြိုင်ပွဲဝင် တော်တော်များများပင်
မန်တူမြို့ လေးတွင် ရောက်ရှိနေလေပီ။ သူက ဒိုင်လူကြီးများ ထဲတွင် သူ့ဆရာဖြစ်သူ ဝေထင်း နာမည်ကို တွေ့သော် အံ့သြမိ နေသည်။
ဆရာဖြစ်သူ က သိုင်းပြိုင်မည် ပြောပီး ဒိုင်လုပ်နေသည် မဟုတ်ပါလား။ သို့သော် ပြိုင်ပွဲ မှာ နှစ်ခု ရှိသည် ဟု သိရသော်
မအံ့သြတော့ချေ။ သူတို့ လေးယောက်မှာ လို့ရန်မြို့  ထဲရှိ စားသောက်ဆိုင်တွင် ထိုင်ရင်း စကားစမြည် ပြောနေကြသည်။ ဘေးဘီကို
စနည်းနာ မိသော် အဘိုးအို စုန့်ဝမ်မှာ ဖင်တကြွကြွ ဖြစ်နေလေသည်။

သူက မအောင့်နိုင်သောဟန် ဖြင့်


" ငါ့တူ... ငါတော့ မန်တူကို သွားနှင့် တော့မယ် ဟိုမှာ ငါတို့ မဟာမိတ် အဖွဲ့ဝင် တွေ အကုန်ရောက်နေကြပီလို့ သိရတယ်
ငါ့မြေးမလေးတွေကိုတော့ မင်းပဲ ခေါ်ခဲ့တော့"
ဟု ပြောကာ ပြေးထွက်သွားတော့သည်။

တွမ့်ကျန်းယွမ် တိ့မ
ှုာလဲ တားမရသည်ကို သိသဖြင့် မတားတော့ချေ။ သူက မိန်းကလေး နှစ်ယောက်ကို ကြည့်ကာ
" ညီမတို့ နှစ်ရက်လောက် အခန်းအောင်းပီး အတွင်းအားကျင့် ပီး ပြင်ဆင်ကြရအောင် ဒါမှ ပြိုင်ပွဲနေ့မှာ အဆင်သင့်ဖြစ်နေမှာ "
ဟု ပြောလိုက်လေသည်။

တွမ့်ကျန်းယွမ် မှာ အမှန်တကယ်လဲ အတွင်းအားကျင့်ရန် လိုအပ်နေသည်။ သို့သော် သူများတွေလိုတော့ အတွင်းအား


နက်ရှိုင်းနေစေရန် ကျင့်လိုခြင်း မဟုတ်ချေ။ သူ့အတွင်းအားမှာ ပြိုင်ဘက်ကင်း နေပီ ဖြစ်ရာ ဆက်ကျင့်လျင်လဲ မထူးတော့ချေ။ သူ
အတွင်းအားကျင့်လို ခြင်းမှာ သူ၏ ရှောင်းယောင်း အတွင်းအားများမှာ အအေးဓာတ်အဖြစ် တစတစ ပြောင်းလဲ သွားသည်ကို
ခံစားနေရသောကြောင့် ဖြစ်လေသည်။ သူအနေဖြင့် ထိုအတွင်းအားများ ကို ထိန်းချုပ်နိုင်ရန် နည်းလမ်းရှာမှ ဖြစ်တော့မည်။ ထိုသို့ဖြင့်
သူတို့သုံးယောက်မှာ မန်တူမြို့  ဘက်ထွက်သော လမ်းပေါ်ရှိ တည်းခိုခန်း ခပ်သေးသေး လေးတွင် တည်းခို လိုက်ကြသည်။
တွမ့်ကျန်းယွမ် က မုယုခ
ျံန်းရှောင်း ကော စုန့်ချီရန့် ကိုပါ ရှောင်းယောင် အတွင်းအားနည်းစနစ် အချို့ ကို သင်ပြပေးကာ ကျင့်စေသည်။
သို့သော် အကုန်အစင်တော့ သင်ပေး၍ မဖြစ်ချေ။ ရှောင်းယောင်ဂိုဏ်း ၏ သိုင်းပညာ များကို အပြင်လူသို့ သင်ပေး၍
မကောင်းတတ်ချေ။ ထို့ကြောင့် သူက သူမတို့၏ မူရင်း အတွင်းအားနည်း စနစ် ထဲသို့ ရှောင်းယောင် အတွင်းအားကျင့်စဉ် တစ်ချို့်
ပေါင်းစပ်ကာ မြှင့်တင်ပေးလိုက်သည်။ မိန်းကလေး နှစ်ယောက်မှာ ပါရမီ ပါသူ ဖြစ်၍ နှစ်ရက် အတွင်းပင် အတွင်းအား အဆင့်တစ်ခု
တိုးတက်သွားသည်။ တွမ့်ကျန်းယွမ် ကမူ နှစ်ရက်လုံးလုံး ရိကျင့် အကြောပြောင်းသိုင်းဖြင့် ရှောင်းယောင် အတွင်းအားများကို
ထိန်းချုပ်နေလေသည်။ သူ၏ ကုသပုံမှာ မှန်ကန်သွားသည်။ ရိကျင့် မှာ လမ်းမှန်သဖြင့် ရှောင်းယောင် ကို ထိန်းချုပ်နိုင်သည်။ သူက
အအေးဓာတ် များကို ထိန်းချုပ်လာနိုင်သည်။ သို့သော် သူက အေးစိမ့်အတွင်းအားကို နောက်ဆုံးအဆင့်ထိ မအောင်မြင်သေး၍
အလုံးစုံမထိန်းချုပ်နိုင်သေးချေ။ နောက်ဆုံး အဆင့်မှာ ကျင့်ရန် ပစ္စည်းတစ်မျိုး လိုနေသဖြင့် သူက ပြိုင်ကင်းအတွင်းအား ရှိနေသည့်တိုင်
မကျင့်နိုင်သေးချေ။

နှစ်ရက်ကြာသော် သုံးယောက်သား မန်တူမြို့  ကို ထွက်လာကြသည်။ သူတို့ သုံးယောက် မှာ နောက်ကျနေ သဖြင့် လမ်းတွင်
သိုင်းသမား ဟူ၍ မတွေ့ချေ။ သိုင်းသမားတိုင်း မှာ မနေ့ည ကတည်းကပင် ရှောင်စစ်တောင်ခြေ သို့ရောက်နေကြလေပီ။
သူတို့သုံးယောက်မှာ မန်တူမြို့ မှ ထွက်ပီး ရှောင်စစ်တောင်ပေါ်သို့ တက်လာကြသည်။ မနက်ဖြန်မှ ပြိုင်ပွဲ စမည် ဖြစ်သော်လဲ
ရှောင်စစ်တောင်ပေါ်တွင် သိုင်းသမားများ ပျားပန်းခတ်မျှ စည်းကားနေကြသည်။ ကိုယ့်ဂိုဏ်း နှင့်ကို အစုလိုက် ရှိနေကြပီး နာမည်ကျော်
သိုင်းသမား များကိုတော့ မတွေ့ချေ။ ထိုသူတို့မှာ တွမ်က
ျ့န်းယွမ် ကို နတ်မိမယ် နှစ်ယောက်က ခြံရံပီး လာသည်ကို တွေ့သော် အားကျ
မနာလို ဖြစ်နေကြသည်။ သိ့ေ
ု သ်ာလဲ သူတို့က တွမ့်ကျန်းယွမ် ၏ မျိုးရိုးနှင့် သိုင်းပညာ အကြောင်းသိရှိကြရာ ရန်တော့ မစရဲကြချေ။
တွမ့်ကျန်းယွမ် တို့မှာ အေးအေးလူလူ ပင် တောင်ပေါ်သို့ တက်လာကြသည်။ တောင်ထိပ် မရောက်ခင် တောင်ခါးပန်းတွင်
မြေကွက်လပ်ကြီး တစ်ခု ခုတ်ထွင်ရှင်းလင်း ထားပီး စင်မြင့် အဖြစ် တည်ဆောက်ထား သည်ကို တွေ့လိုက်ရသည်။ ထိုအပြင် စင်မြင့်
အနောက်တွင်လဲ ဝါးဖြင့် အဆောင်ကြီး ငယ် များ ဆောက်လုပ်ထားသည်ကို မြင်ရ သည်။ တွမ့်ကျန်းယွမ်မှာ ဤတစ်ကြိမ်က
အမှန်အကန် ပင် အကြီးအကျယ် ကျင်းပ သဖြင့် ယှဉ်ပြိုင်ရမည်ကို ပင် အားတက်သွား သည်။ စင်မြင့် ပတ်လည်တွင် ဂိုဏ်းချုပ် များနှင့်
နာမည်ကျော် သိုင်းသမားများ အစု လိုက် စကားပြောနေကြရာမှ တွမ့်ကျန်းယွမ် တို့ကို မြင်သော် စကားရပ်ကာ လှည့်ကြည့်နေကြသည်။
တွမ့်ကျန်းယွမ် က အားလုံးကို ခြုံကြည့်ကာ လက်သီးဆုပ်ပီး လှမ်းဂါရဝပြုလိုက်သည်။ တစ်ချို့ က ခေါင်းငြိမ့်ပြသလို တစ်ချို့ က
ပြန်ဂါရဝပြု နေကြသည်။

ထိုစဉ် စင်မြင့်ပေါ်မှ အသက်ခုနှစ်ဆယ် ကျော် ထောင်ထောင်မောင်းမောင်း အဘိုးကြီးတစ်ဦး က လေထဲသို့ လွှင့်မျော သကဲ့သို့


တွမ့်ကျန်းယွမ် ရှေ့ကို ရောက်လာ လေသည်။ ထိုလူကြီးကို မြင်သော် တွမ့်ကျန်းယွမ် က ဒူးထောက်ကာ ကန့်တော့လိုက်လေသည်။
နှုတ်မှလဲ
" ဆရာ... နေကောင်းရဲ့လား "
ဟု နှုတ်ဆက်လိုက်လေသည်။

ထိုအဘိုးကြီးက သူ၏ ရှည်လျားသော ဝတ်ရုံရှည်ကြီးကို လက်စသိမ်းကာ တွမ့်ကျန်းယွမ် ကို ထူလိုက်ပီး


" ငါ့တပည့်တောင် ပိန်သွားပီး ယောက်ျားပီပီသသ ဖြစ်နေပါပေါ့လား ထပါ ထပါ "
ဟု ပြောလိုက်သည်။

မှန်ပေသည်။ ထိုအဘိုးကြီးမှာ ဓားဘုရင် ဝေထင်း ဖြစ်လေသည်။ သူက စင်မြင့်ပေါ် မှနေ၍ တွမက


့်ျန်းယွမ်းကို မြင်သဖြင့် ဆင်းလာခြင်း
ဖြစ်သည်။ နာမည်ကျော် သိုင်းသမားများနှင့် ဂိုဏ်းချုပ်များမှာ ထိုအဖြစ်ကို မြင်သော် အံ့သြသွားကြသည်။ တွမ့်ကျန်းယွမ် မှာ ဝေထင်း၏
တပည့် ဖြစ်နေသည်လေ။ သိုင်းလောက တတိယ၏ မျိုးဆက်ဖြစ်ပီး ဒုတိယ၏ တပည့်ဖြစ်နေခြင်း မှာ နည်းနည်းနောနော ကံကောင်းမှု
မဟုတ် ချေ။ သူတို့အားလုံးမှာ လူငယ်သိုင်းပြိုင်ပွဲ တွင် တွမ့်ကျန်းယွမ် အနိုင်ရနိုင်သည်ဟု ထင်လာကြသည်။ အစက သူတို့မှာ
တွမ့်ကျန်းယွမ် ကို တတိယ သို့ စတုတ္ထ သာ ရနိုင်မည် ဟု ထင်ကြေး ပေးထားကြ သည်လေ။

မုယုံချန်းရှောင်း နှင့် စုန့်ချီရန့် တို့မှာ မူ ဝေထင်း ကို မသိချေ။ သို့သော် ဤအဘိုးကြီးမှာ တွမ့်ကျန်းယွမ် ၏ ဆရာဖြစ်သဖြင့်
သိုင်းရာဇာကြီးမှန်း သိကာ ဂါရဝပြု လိုက်ကြသည်။ ဝေထင်းက တွမ့်ကျန်းယွမ် ဘေးမှ မိန်းမလှလေး နှစ်ယောက်ကို ကြည့်ကာ
သူ့တပည့်ကို
" ဟားဟား... မင်းကတော့ကွာ ငါ့ဆီက ထွက်သွားတာ ခြောက်လပဲ ရှိသေးတယ် ကြင်ယာ တောင်ရှာပီးနေပီလား... ပြောတော့ဖြင့်
အတွေ့အကြုံရှာချင်လို့ပါဆို "
ဟု စ လိုက်လေသည်။

တွမ့်ကျန်းယွမ် က သူဆရာက လူအများရှေ့ တွင် စ လိုက်၍ ရှက်သွားသော်လဲ မုယုံချန်းရှောင်း လက်ကို တွဲလိုက်ကာ


" ဟုတ်တယ် ဆရာ... တပည့်လဲ အတွေ့အကြုံရှာဖို့ ထွက်ခဲ့ပေမဲ့ ကြင်ယာက အရင်ရသွားတယ် "
ဟု ခပ်တည်တည်ပင် ပြန်ပြောလိုက် လေသည်။

သူတို့ ဆရာတပည့် မှာ တစ်ယောက်နှင့် တစ်ယောက် သားအဖလိုပင်ချစ်ခင်ကြသဖြင့် အပြန်အလှန် စနောက်ရဲကြသည်။


မုယုံချန်းရှောင်း ကတော့ ထိုစကားများ ကြောင့် ရှက်သွေးပိုကာ တွမ့်ကျန်းယွမ်၏ ဗိုက်ခေါက်ကို ဆွဲလိမ်မိတော့သည်။ တွမ့်ကျန်းယွမ်
မှာ နာသော်လဲ အပြုံးမပျက်ချေ။ သူက ထိုနတ်မိမယ်လေးကို သူ့ချစ်သူအဖြစ် လူအများရှေ့တွင် ကြေငြာ နိုင်ခဲ့ခြင်း ကို
ဂုဏ်ယူနေလေသည်။

ဝေထင်းက တွမ့်ကျန်းယွမ် ခါးတွင် ကျောက်စိမ်းယပ်တောင် ကို မမြင်သဖြင့် မေးရန် ပြုလိုက်ပီးမှ မုယုံချန်းရှောင်း ခါးတွင်
ထိုးထားသည်ကို တွေ့သော် မမေးတော့ချေ။ သူက တွမ့်ကျန်းယွမ်ကို စင်ပေါ်တက်ရန် လက်ဟန်ပြလိုက်သည်။ စင်ပေါ်တွင်တော့
ဂိုဏ်းချုပ်ကြီး ခုနှစ်ယောက်နှင့် အဘိုးအို စုန့်ဝမ် ရှိနေသည်။ သူတို့က ဝေထင်း နှင့် တွမ့်ကျန်းယွမ် တို့ အလာကို စောင့်နေ ကြခြင်းပင်
ဖြစ်သည်။ ဝေထင်းက တွမ့်ကျန်းယွမ် ကို ခေါ်ကာ ဂိုဏ်းချုပ်ကြီး များဖြင့် မိတ်ဆက်ပေးလိုက်သည်။ သူက မုယုံချန်းရှောင်း ကိုပါ သူ့
တပည့်မ အဖြစ် မိတ်ဆက်ပေးရာ မုယုံချန်းရှောင်းမှာ မျက်နှာ မထားတတ်အောင် ဖြစ်နေသည်။ အနောက်မှ စုန့်ချီရန့် ကတော့
မျက်နှာငယ် လေးဖြင့် သူအ
့ ဘိုးလက်ကို တွဲကာ ရပ်နေ လေသည်။ အဘိုးဖြစ်သူမှာ မြေးမလေးကို သနားမိသော်လဲ မတတ်နိုင်ချေ။
ရှောင်လင်ဂိုဏ်းချုပ်ကြီး ရွှမ်းမု
ဆရာတော်ကြီးမှာ အသက် ငါးဆယ်ကျော် သာ ရှိသေးသော်လဲ နားထင်များ ချိုင့်ခွက် လျက် မျက်လုံးအစုံမှာ စူးရှနေသည်။ ပိန်ပိန်ပါးပါး
ပင် ရှိပြီး သွက်လက်မည့်ပုံ ပေါ်သည်။ သူက စင်အောက်ကို လက်လှမ်းပြ လိက
ုရာ စင်အောက်မှ တွမ်က
ျ့န်းယွမ် လိုပင် ချောမောသော
လူငယ် တစ်ယောက် စင်ပေါ်သို့ ရိပ်ခနဲ တက်လာလေသည်။ ထိုလူငယ်က ဆရာတော်ကြီးတစ်ကွ ရှိနေသူများကို ဂါရဝပြု လိုက်သည်။
ဆရာတော်ကြီးက ကျေနပ်ဟန်ဖြင့် ပြုံးကာ
" ဒါ ကျုပ်ရဲ့ တပည့်ပဲ မင်စုထန်း လို့ခေါ်တယ် "
ဟု မိတ်ဆက်ပေးလိက
ုသည်။
မင်စုထန်း မှာ အမှန်တကယ်ပင် ရုပ်ရည် ချောမောသည်။ သို့သော် သူက ရုပ်တည်ကြီး ဖြင့် နေသဖြင့် တွမ့်ကျန်းယွမ်က ပိုချော
သယောင် ထင်ရလေသည်။ မင်စုထန်း နှင့် တွမ့်ကျန်းယွမ် မှာ တစ်ယောက်နှင့် တစ်ယောက် ကြည့်မိသော် လွယ်ကူသော ပြိုင်ဘက်
မဖြစ်နိုင်ကြောင်း ရိပ်မိကာ သက်ပြင်းကိုယ်စီ ချမိသည်။ မင်စုထန်း မှာလဲ ထုံဝူရေအိုင် မှ နာမည်ကျော် တွမ့်ကျန်းယွမ် ကို တွေ့မိသော်
နာမည်ကျော်ခြင်း မှာ အလကားမဟုတ် ဟု သိသွားရပီး တွမ့်ကျန်းယွမ် မှာလဲ ရေခဲမျက်နှာ မှာ အမှန်တကယ်ပင် ရေခဲမျက်နှာ
ဖြစ်ကြောင်း သိုင်းပညာ ထူးချွန်သူ ဖြစ်ကြောင်း အကဲခတ်မိလေသည်။

ထို့နောက် ဝူတန်ဂိုဏ်းချုပ်ကြီး ကျန်းယွမ် က တပည့်ဖြစ်သူ ကျန်းစန်းယွမ်၊


ဝါဆန်းဂိုဏ်းချုပ်ကြီး ပိုင်ချုန်း က
သားဖြစ်သူ ပိုင်ချုန်းရန်၊
ခွန်လွန်ဂိုဏ်းချုပ်ကြီး မုစန်း က
တပည့်ဖြစ်သူ မုထူးဝါး၊
အော့မေ့ဂိုဏ်းချုပ်ကြီး ကျိုးမော့ က
တပည့်ဖြစ်သူ ကျိုးကျစ်ယွင်၊
တို့ကို ခေါ်ကာ အသီးသီး မိတ်ဆက်ပေးကြသည်။

မုစန်း နှင့် မုထူးဝါး မှာ တွမ့်ကျန်းယွမ် ကို မြင်သော် လက်ကိုဆွဲကာ ကျေးဇူးတင် ကြောင်း ပြောကြသည်။ တခြားဂိုဏ်းချုပ် များက
မေးရာ သူတို့ ဂိုဏ်းတွင်း သစ္စာ ဖောက်မှု တစ်ခုကို တွမ့က
်ျန်းယွမ်က ဝင်ကာ ကူညီပေးကြောင်း ပြောပြလိက
ုလေသည်။ ထိုအဖြစ်ကို
ကြားသော် ပိုငခ
်ျုန်းရန် က မသိမသာ သက်ပြင်းချလိုက်လေသည်။ တွမ့်ကျန်းယွမ် က ပိုင်ချုန်းရန်ကို ကြည့်နေရာ ထိုသူက
သက်ပြင်းချလိုက်သဖြင့် ပြုံးမိသွားလေသည်။ ဝေထင်း မှာမူ တွမ့်ကျန်းယွမ် ၏ လုပ်ရပ်ကို ဂုဏ်ယူနေ လေသည်။ သူ့တပည့်မှာ
ကောင်းသတင်း တွေချည်း လုပ်ခဲ့သည် မဟုတ်ပါလား။
ဂိုဏ်းချုပ်များမှာ တပည့်အသီးသီးဖြင့် စကားကောင်းနေကြသော်လဲ သူဖုန်းစားဂိုဏ်းချုပ်ကြီး ပုလုံ က တပည့်ဖြစ်သူ ပိုင်လုံကို
မခေါ်သဖြင့် တွမ့်ကျန်းယွမ် က ပုလုံကို မေးမိသည်။
" ဘဘပုလ.ုံ .. အကိုကြီးပိုင်က ပြိုင်ပွဲကို မလာဘူးလား "

ပုလုံ က ခေါင်းခါကာ
" အေးကွ အခုထိတော့ မရောက်သေးဘူး သူက စီးမင်ကို့ဝေ တို့ သားအဖကို တောင်ခြေမှာ သွားစောင့်ခေါ်မယ် ပြောသွားတာပဲ "
ဟု ပြောလိုက်သည်။

ဂိုဏ်းချုပ်များနှင့် ဝေထင်းမှာ စီးမင်ကို့ဝေ ဟု အသံကြားသော် မျက်နှာတည်သွား ကြသည်။ ဒီနှစ်ပိုင်းအတွင်း စီးမင်ကို့ဝေ မှာ


အတော်ကို လက်စောင်းထက်နေသည်။ သားဖြစ်သူ စီးမင်ကို့ချန် မှာလဲ သိုင်းပညာ အရမ်းတော်နေသည် ဟု ကြားရသည် လေ။

#မိုးထိတောင်သိုင်းသမား #ZYN
အခန်း (၁၉) အပိုင်း နှစ်
တတိယအကြိမ် ရှောင်စစ်တောင် သိုင်းပြိုင်ပွဲ

ပုလုံ က ချက်ချင်းပင် စကားပြောင်း လိုက်သည်။


" ဘယ်လိုပဲဖြစ်ဖြစ် သူ့သား နဲ့ သူကတော့ ဒီ ပြိုင်ပွဲကို ဝင်ပြိုင်ကြမှာပဲ စည်းကမ်းနဲ့လဲ ညီနေတာကိုး မနက်ဖြန်တော့ ပေါ်လာမယ်
ထင်တယ် "

ကျန်ဂိုဏ်းချုပ်များနှင့် ဝေထင်းမှာ ခေါင်းငြိမ့်ကာ ထောက်ခံလိုက်ကြသည်။ ဝေထင်းက တွမ့်ကျန်းယွမ် ဘက်သို့ လှည့်ကာ


" ငါ့တပည့် မနက်ဖြန်ကြရင် သူ့သားကို အစွမ်းပြလိုက်စမ်းကွာ ငါသိပ်ကြည့်ရတာ မဟုတ်ဘူး "
ဟု ပြောလိုက်သည်။
တွမ့်ကျန်းယွမ် က
" တပည့်အစွမ်းကုန် ကြိုးစားပီး ဆရာ့မျက်နှာ မပျက်အောင် လုပ်ပါမယ် "
ဟု သာ ပြောလိုက်သည်။

ပုလုံ က အခုတိုင် မာနကြီးကာ ရှင်းရှင်း ပြောတုန်း ဖြစ်သော ဝေထင်းကို ပြုံးကာ


" နောင်ကြီးဝေထင်း ကတော့ အရင်က အတိုင်းပဲ ခပ်ပြတ်ပြတ်ပြောတုန်းပဲ "
ဟု စ လိုက်ရာ ဝေထင်း က
" ဒါပေါ့ကွ... အဲ့ကောင်ကို ငါက အရင်တုန်းကကော အခုထိကော အမြင်ကပ်တုန်းပဲ "
ဟု ဖြေလိုက်လေသည်။

ထိုစဉ် စင်အောက်မှ
" ဘာတွေ အမြင်ကပ်နေတာလဲ နောင်ကြီး ဝေထင်း... "
ဟု ရယ်ကျဲကျဲ အသံကို ကြားလိုက်ရပီး အသက်ခြောက်ဆယ်ခန့် ရှိသော ခန့်ညားသည့် အဘိုးအို တစ်ဦး စင်ပေါ်သို့ ရိပ် ခနဲ
ခုန်တက်လာသည်ကို တွေ့ရသည်။ သူ့နောက်မှ မင်းညီမင်းသား ပမာ ဝတ်ဆင်ထားသော အသက် သုံးဆယ်ခန့် လူတစ်ယောက်ပါ ခုန်၍
လိုက်လာသည်။ ထိုသူမှာ မာနက မိုးထိနေဟန် ဖြင့် ဝေထင်းမှ လွဲ၍ အားလုံးကို မတူမတန် ပုံစုံဖြင့် ကြည့်နေသည်။ ဝေထင်း၏
စူးရှသော မျက်လုံးကြောင့် ဝေထင်းကိုတော့ မကြည့်ရဲချေ။ သူ့ ရှေ့မှ အဘိုးကြီးမှာ ရယ်ကျဲကျဲ ဖြင့် ဝေထင်းကို ကြည့်လိုက်သော်
ဝေထင်း အနောက်တွင် ရပ်နေသည့် တွမ့်ကျန်းယွမ် နှင့် မုယုံချန်းရှောင်း၊ ပျံလွှား မြေးအဘိုး တို့ကို တွေ့သွားပီး အံ့သြကာ စကားပင်
မပြောနိုင်တော့ချေ။

တွမ့်ကျန်းယွမ် က ရှေ့ထွက်ကာ
" ဘကြီး... နေကောင်းတယ်နော် ဘကြီး ပို့သတဲ့ မေတ္တာကြောင့် ကျနော်ကတော့ ချောက်ထဲကျလဲ မသေဘူးဗျ "
ဟု ပြောလိုက်လေသည်။

စီးမင်ကို့ဝေ က တွမ့်ကျန်းယွမ် ကို ကြည့်ကာ


" မင်း... မင်း ဘယ်လို "
ဟု တစ်ပိုင်းတစ်စ သာ ပြောနိုင်တော့သည်။ သို့သော် သူက ချက်ချင်း ရုပ်ပြင်လိုက်ကာ
" အေးကွယ.် .. ငါ့တူ မသေတော့လဲ ဘကြီး ဝမ်းသာပါတယ် ကဲကဲ နားလိုက်ဦး ငါ့တူ မနက်ဖြန်မှ တွေ့ကြတာပေါ့ "
ဟု ပြောကာ ဂိုဏ်းချုပ်များကို နှုတ်ဆက်ပီး ပြန်ဆင်းသွားလေသည်။ အနောက်မှ မာနမင်းသားကလဲ အကုန်လုံးကို ခပ်စူးစူး ကြည့်ကာ
ထောင်မ
့ ကျိုးသော မျက်နှာ ဖြင့် လိုက်ဆင်းသွားတော့သည်။

ဂိုဏ်းချုပ်များနှင့် ဝေထင်းမှာ တွမ့်ကျန်းယွမ် ကို ဘယ်လိုကြောင့် စီးမင်ကို့ဝေ နှင့် ပတ်သတ်လဲ သိချင်သဖြင့် ဝိုင်းမေးကြသည်။
ပျံလွှားမြေးအဘိုး၊ မုယုံချန်းရှောင်း နှင့် တွမ့်ကျန်းယွမ် မှာ အကုန်လုံး လိပ်ပတ်လည် အောင် ရှင်းပြလိုက်ရတော့သည်။ ဂိုဏ်းချုပ်များ
နှင့် တပည့်များမှာ ဇာတ်ကြောင်းစုံ သိပီးသော် ရက်စက်သည့် စီးမင်ကို့ဝေ ကို သဘောမကျ ဖြစ်သွားရသည်။ ဤနေရာတွင် တစ်ခုပြော
လိုသည်မှာ တွမ့်ကျန်းယွမ်က ချောက်ထဲက ကိစ္စ အကုန်ပြောပြသော်လဲ တုံးဖန်းဟိုင် နှင့် လိန်ကျို့ နန်းတော် အကြောင်းကိုမူ
ထိမ်ချန်ထားခဲသ
့ ည်။ သူက ထိုအကြောင်းကို မုယုံချန်းရှောင်း တို့ကိုပင် အစကတည်းက မပြောပြခဲ့ချေ။ ဝေထင်းပေးသော ဓားဖြင့်
ပြန်တက်ခဲ့သည် ဟုသာ ပြောထားခြင်း ဖြစ်သည်။ အမည်းရောင်ဝတ်စုံနှင့်လူ တုံးဖန်းဟိုင် မှာ သူဖြစ်ကြောင်း မပေါ်စေလို၍ ဖြစ်သည်။

အချိန်မှာ ညနေစောင်း နေပီ ဖြစ်၍ ပုလုံ က ဂိုဏ်းချုပ်များကို နေရာချထားပေးသော ဝါးတဲများတွင် အနားယူကြရန် လောဆော်
လိုက်သည်။ သူကတော့ စီစဉ်စရာ ရှိသည် များကို စီစဉ်ရန် ဆရာတော် ရွှမ်းမု နှင့် အတူ ထွက်သွားလေသည်။ ကျန်ဂိုဏ်းချုပ်များလဲ
နှုတ်ဆက်ပီး အသီးသီး ထွကခ
်ွာသွား ကြသည်။ ပျံလွှားမြေးအဘိုး ပင် နှုတ်ဆက်ကာ ပုလုံ နောက်လိုက်သွား လေသည်။ ဝေထင်း
ကတော့ သူ့ နေထိုင်ရာ ဝါးတဲကို တွမ့်ကျန်းယွမ် နှင့် မုယုံချန်းရှောင်း ကို ခေါ်ကာ ထွက်လာခဲ့သည်။

ဝါးတဲထဲတွင် ဝေထင်းက ထိုင်ကာ တွမ့်ကျန်းယွမ် ကို ခြောက်လအတွင်း ဖြစ်ပျက်သမျှ ကို အသေးစိတ် မေးနေသည်။ ထိုအခါမှသာ
တွမ့်ကျန်းယွမ် က မထိမ်ချန်ပဲ အကုန် ပြောပြလိုက်သည်။ မုယုံချန်းရှောင်း မှာ မီးဖိုချောင်ထဲတွင် ဝင်ကာ အမှန်အကန် ချက်ပြုတ်
နေသဖြင့် ထိုစကားများကို မကြားလိုက်ချေ။ ဝေထင်းက သူ့၏ မုတ်ဆိတ်ရှည်များကို ပွတ်ကာ
" ငါဖြင့် တုံးဖန်းဟိုင် ကို အဲ့လို ကံဆိုးမယ် မထင်မိဘူး သူနဲ့ ငါနဲ့က ဟိုအရင်တုန်းက ပြိုင်ဘက်တွေပဲ တစ်ယောက်နဲ့ တစ်ယောက်
ယှဉ်ကြဖို့ အမြဲတွေးထားကြတယ် နောက်တော့ သူ့ပျောက်သွားလို့ မယှဉ်လိုက် ရဘူး "
ဟု ပြောလိုက်သည်။
တွမ့်ကျန်းယွမ် က ခေါင်းငြိမ့်ကာ
" ဆရာတုံးဖန်းဟိုင် ကလဲ အဲ့လိုပဲ ပြောပါတယ် ဆရာ "
ဟု ပြောလိုက်သည်။

ဝေထင်းက ခေါင်းငြိမ့်ကာ
" အင်း... ငါလဲ သူ့ရဲ့ သိုင်းပညာကို စမ်းသပ်ကြည့်ချင်တယ် "
ဟု ပြောပီးမှာ တစ်ခုကို စဉ်းစားမိဟန်ဖြင့်
" နေဦးကွ... မင်း မနက်ဖြန်မှာ အဲ့ကရလာ တဲ့ သိုင်းပညာတွေကို ထုတ်မသုံးနဲ့ အရင်က သိုင်းပညာတွေကိုပဲ သုံး "
ဟု ပြောလိုက်သည်။

တွမ့်ကျန်းယွမ် က ခေါင်းငြိမ့်ကာ
" ဟုတ်ကဲ့ဆရာ... ကျနော်လဲ အဲ့လိုပဲ လုပ်ဖို့ ဆုံးဖြတ်ထားပါတယ် "
ဟု ပြောလိုက်သည်။

ထိုအချိန်တွင် မုယုံချန်းရှောင်း က ဟင်းလျာများ လာချပေးသည်ကို မြင်လျင် ဝေထင်း က ရယ်လိုက်ကာ


" တပည့်ချွေးမလေးရဲ့ လက်ရာ စားပီး မနက်ဖြန်တော့ အားကြိုးမာန်တတ် ဒိုင်လုပ်ရမယ်ဟေ့... မင်းတို့ နှစ်ယောက်လဲ တခြားအတွေး
မတွေးကြနဲ့ ပြိုင်ပွဲ ဝင်ဖို့သာ စဉ်းစားထား ငါတို့က သိုင်းပညာ အဆင့်ကို ခန့်မှန်းပီး ပြိုင်ဘက်တွဲပေးထားတယ် "
ဟု ပြောလိုက်လေသည်။

မုယုံချန်းရှောင်း မှာ ရှက်သွားပီး


" ဟာ... ဆရာကလဲ "
ဟု ပြောလိုက်သည်။
တွမ့်ကျန်းယွမ် ကတော့ ဝေထင်း စကားကို စိတ်ဝင်စား ကာ
" ဘယ်လိုတွေများ ပွဲစဉ်ခွဲထားတာလဲ ဆရာ"
ဟု မေးလိုက်သည်။

ဝေထင်းက ရုပ်တည်လိုက်ပီး
" ယွမ်အော်... မင်းက ပိုင်လုံ၊ မင်စုထန်း၊ စီးမင်ကို့ချန် အစရှိတဲ့ ထိပ်တန်းသိုင်းသမား တွေနဲ့ ပြိုင်ရမယ်... ချန်းရှောင်း ကတော့
လီယင်းယင်း၊ ကျိုးကျစ်ယင
ွ် တို့လို အဆင်ြ့ မင့် သိုင်းသမားတွေနဲ့ ပြိုင်ရမယ် ...
ငါတို့က ပြိုင်ပွဲကို သုံးရက်ပဲ ကျင်းပမှာမို့ ဒီလို တစ်ခါတည်း ခွဲခြားရတာပဲ... မနက်ဖြန်မှာတော့ အဆင့်မြင့် သိုင်းသမားတွေရဲ့ ပြိုင်ပွဲ
ရှိတယ် ချန်းရှောင်း နာမည် ပါမပါတော့ ငါမသိသေးဘူး မဲနှိုက်မှာဆိုတော့ သွားကြည့်ကြရမယ် ဒုတိယ နေ့မှာမှာ ယွမ်အော် မင်းက
ပြိုင်ရမှာ မနက်ဖြန်တော့ မင်းရဲ့ ချစ်သူကို အားပေးပေါ့ကွာ "
ဟု ရှင်းပြလိုက်လေသည်။

တွမ့်ကျန်းယွမ်က မနက်ဖြန် မုယုံချန်းရှောင်း ပြိုင်ရမည်ကို သိသော် သူမ၏ အတွင်းအား ကို မြှင့်တင်ပေးရန် စဉ်းစားလိုက်သည်။ သူမက
အတွင်းအားအရာတွင် အားနည်း နေသည် မဟုတ်ပါလား။ သူက မုယုံချန်းရှောင်း ကို ခေါ်ကာ
" ညီမ စားသောက်ပီးရင် အကိုနဲ့ ခဏ အတွင်းအားကျင်ြ့ ကမယ် "
ဟု ပြောလိုက်သည်။

ဝေထင်းက တွမ့်ကျန်းယွမ် က အတွင်းအားမြှင့်တင် သည့် နည်းကို သုံးတော့မည် ဖြစ်ကြောင်း သိရကာ


" သိပ်လဲ နောက်ကျအောင် မကျင့်ကြနဲ့နော် အိပ်ရေးဝအောင်လဲ အိပ်ကျ ငါ့တော့ အိပ်တော့မယ် "
ဟု သတိပေးကာ ရှောင်ထွက်သွားပီး သူ့အခန်းထဲဝင်သွားသည်။
ဝေထင်း၏ ဝါးတဲမှာ အခန်းနှစ်ခန်း နှင့် မီးဖိုချောင်အပြင် ဧည့်ခန်းအထိ ပါသော တော်တော်လေး ကောင်းသည့် ဝါးတဲ ဖြစ်လေသည်။
ဒိုင်လူကြီး ဖြစ်သဖြင့် ထိုသို့ ရသလား မသိချေ။ တွမ့်ကျန်းယွမ် တို့ နှစ်ယောက်မှာ စားသောက်ပီးသော် ဧည့်ခန်းကို နေရာ ရှင်းလင်းကာ
အတွင်းအားကျင့် နေကြသည်။ တွမ့်ကျန်းယွမ် က မုယုံချန်းရှောင်း ကို ရှောင်းယောင်း အတွင်းအားကျင့်နည်း တစ်ချို့  သင်ပေးသဖြင့်
မုယုံချန်းရှောင်း မှာ အရင်က တွမ့်ကျန်းယွမ် ၏ တစ်ဝက်ကျော်လောက် အတွင်းအား ကောင်းနေလေပီ။ သို့သော် ထိုအဆင့်မှာ
မလုံလောက်သေးဟု တွမ့်ကျန်းယွမ်က ထင်နေသည်။ အရင်က တွမ့်ကျန်းယွမ် မှာ သွေးကြောမ တစ်ခု ဖွင့်နိုင်သည် အထိ
အတွင်းအားနက်ရှုင
ိးရာ သူက မုယုံချန်းရှောင်း ကို ထိုသို့ ဖြစ်စေချင် နေသည်။ ထို့ကြောင့် သူ့ အတွင်းအားများ ဖြင့် ကူညီကာ ရိရန်
ရိကျင့် အသုံးပြုကာ သွေးကြော ဖွင့်ပေးချင်မိသည်။ သို့သော် ထိုသို့ ပြုလုပ်ခြင်းမှာ အလွန်အန္တရာယ်များ ပီး ခက်ခဲသဖြင့်
တွေဝေနေမိသည်။ မတော်ပါက မုယုံချန်းရှောင်း မှာ အတွင်းအား ပျောက်ဆုံးနိုင်သည်။ သို့သော် အချိန်က အရေးကြီးနေသဖြင့်
တွမ့်ကျန်းယွမ် က ပြုလုပ်ပေးရန် ဆုံးဖြတ်လိုက်ပီး

" မျက်စိမှိတ်ပီး စိတ်လျှော့ထား ညီမ... အကိုက ရိရန် လက်ချောင်းသိုင်း သုံးပီး အကြောမတွေကို ထောက်မယ် အားလှိုင်းတွေ
ဝင်လာပီး အပ်နဲ့ထိုးသလို ဖြစ်ရင် သည်းခံပီး ငြိမ်ငြိမ်လေးနေနော် "
ဟု ပြောလိုက်သည်။

မုယုံချန်းရှောင်း ကတော့ ချစ်သူက မိမိ အတွက် ကောင်းတာ လုပ်ပေးနေသဖြင့် ကျေနပ်ကာ ခေါင်းငြိမ့်လိုက်လေသည်။ ထို့နောက်
တွမ့်ကျန်းယွမ် မှာ ရိကျင့် အတွင်းအားထုတ်နည်းအတိုင်း အတွင်းအားများကို စုစည်ပီး ရိရန် လက်ချောင်းသိုင်း အတိုင်း လက်ညှိုး
နှစ်ချောင်းပေါ်တွင် အားထည့်ကာ မုယုံချန်းရှောင်၏ အကြောမများထဲသို့ အတွင်းအားများ ထည့်ကာ အကြောကို နှိပ်နယ်
နှိုးဆွနေလေသည်။ မုယုံချန်းရှောင်း မှာ အားလှိုင်း များက အကြောထဲ တိုးဝင်လာပီး အပ်နဲ့ထိုးသလို မခံနိုင်အောင် ယားယံလာသော်လဲ
တွမ့်ကျန်းယွမ် က သည်းခံရန် မှာထားသဖြင့် လှုပ်ပင် မလှုပ်ချေ။ အံကြိတ်ကာ သည်းခံနေ လေသည်။ တွမက
့်ျန်းယွမ် က ချွေးများရွဲကာ
အတန်ကြာ နှိပ်နယ် ပီးနောက် မုယုံချန်းရှောင်း ၏ ပထမ သွေးကြောမကြီး မှာ ပွင့်သွားလေသည်။ ထိုအခါမှသာ တွမ့်ကျန်းယွမ်ကာ
ရပ်လိုက်ပီး ကုန်ခန်းသွားသော အတွင်းအားအချို့ ကို ရှောင်းယောင် အတွင်းအား ကျင့်စဉ်ဖြင့် ပြန်လည်ဖြည့်တင်းလိုက်သည်။
မုယုံချန်းရှောင်း ကတော့ သွေးကြောမ တစ်ခု ပွင့်သွားသဖြင့် တွမ့်ကျန်းယွမ် ထည့်ပေးထားသော အတွင်းအားကို သူမ အတွင်းအားနှင့်
ပူးပေါင်းကာ လှည့်ပတ် ကြည့်လိုက်သည်။ အားလှိုင်းတွေ စီးဆင်း နေမှုက ဇိမ်ရှိသဖြင့် အတွင်းအား ကျင့်စဉ်ကို ဆက်ကာ
ကျင့်လိုက်လေသည်။ သူမမှာ ယခင် က တွမ့်ကျန်းယွမ် အနေအထားသို့ ရောက်သွားလေပီ။

ညသန်းခေါင်ကျော်မှ မုယခ
ျုံန်းရှောင်း က ထလာပီး တွမ့်ကျန်းယွမ် ကို ကြည့်လိုက်သည်။ သူက အတွင်းအားဖြည့်တင်း နေသည်ကို
တွေ့သဖြင့် မနှောက်ယှက်တော့ပဲ အခန်းထဲ ဝင်ကာ အိပ်စက်လိုက်တော့သည်။ တွမ့်ကျန်းယွမ် ကတော့ ရှောင်းယောင် နှင့် ရိကျင့် ကို
အပြန်အလှန် ကျင့်ကာ အတွင်းအားများ အချိုးညီရန် ထိန်းချုပ်နေတုန်းပင် ဖြစ်သည်။ အမှန်အားဖြင့် သူ့အတွင်းအားများမှာ
အရမ်းများပြားနေရာ မုယခ
ျုံန်းရှောင်း ကို ပေးလိုက်သော်လဲ ခဏနှင့် ပြန်ပြည့်သည်။ သို့သော် အအေးဓာတ်များ ပေါ်ထွက်မှုကြောင့်သာ
ရိကျင့် နှင့် ရှောင်းယောင်ကို အပြန်အလှန်ကျင့်ပီး ထိန်းချုပ်နေရခြင်းဖြစ်သည်။ သူက အေးစိမ့်အတွင်းအားကို ကျင့်မိတာ မှားပီ ဟု
ပထမဦးဆုံးအကြိမ် တွေးမိလာသည်။ ထိုအအေးဓာတ်က သူ့ကို ဒုက္ခ ပေးနေသည် မဟုတ်ပါလား။ အအေးဓာတ်က သူ
မထိန်းချုပ်နိုင်သော အဆင့်ကို ရောက်ရှိသွား လျှင် ဒုက္ခရောက်ရ ပေတော့မည်။ အတတ်နိင
ုဆုံး ခပ်မြန်မြန် နောက်ဆုံးကျင့်စဉ် အထိ
အောင်မြင်အောင် လုပ်ရမည် ဟု ကြိတ်တွေးထားလိုက်သည်။

#မိုးထိတောင်သိုင်းသမား #ZYN
အခန်း (၁၉) အပိုင်း သုံး
တတိယအကြိမ် ရှောင်စစ်တောင် သိုင်းပြိုင်ပွဲ

မနက်မိုးလင်း နေလေပီ။ တွမ့်ကျန်းယွမ်မှာ အိပ်ယာဝင် ညနက် သဖြင့် နည်းနည်းနောက် ကျမှသာ နိုးလာခဲ့သည်။ ဝါးတဲတွင်တော့
ဝေထင်းကော မုယုခ
ျံန်းရှောင်း ပါ မရှိတော့ စားပွဲပေါ်တွင် မနက်စာ ပြင်ထားပေးခဲ့ကာ ထွက်သွားနှင့်ပေသည်။ ဝေထင်းက
မုယုံချန်းရှောင်း ကို ခေါ်သွားတာ ဖြစ်ရမည်။ ဝေထင်းမှာ မုယုံချန်းရှောင်း ကို သူ့တပည့်မ လိုပင် ချစ်နေသည် မဟုတ်ပါလား။
တွမ့်ကျန်းယွမ် လဲ မနက်စာကို အမြန်စားကာ အဝတ်အစား ကို သပ်သပ်ရပ်ရပ် ဝတ်ဆင်ပီး ထွက်လာခဲ့သည်။

စင်မြင့်နားသို့ရောက်သော် ပရိသတ် များ တစ်ခဲနက် ရောက်ရှိနေကာ ပါဝင်သူ သိုင်းသမားများကတော့ စင်ဘေးတွင် ထိုးထားသော


ဝါးတဲပေါ်တွင် ရှိနေကြသည်။ တွမ့်ကျန်းယွမ် လဲ မုယုံချန်းရှောင်း ကို ရှာကြည့်ရာ သူမက စုန့်ချီရန့် နှင့်အတူ ထောင့်နားတွင် ရပ်ကာ
စကားပြောနေ သည်ကို တွေ့ရသည်။ သူမက ယောက်ျားလို မဝတ်ဆင်တော့ပဲ အပြာရောင် ဝတ်စုံလှလှ လေး ဝတ်ဆင်ပီး ဆံပင်ကိုလဲ
ပြင်ထားရာ သူ့မျက်လုံးထဲတင
ွ် အတော်လှနေလေသည်။ ဘေးမှ စုန့်ချီရန့် ကလဲ ကလေးဆန်သော်လဲ အလှအပမှာမူ မုယုံချန်းရှောင်း
နှင့် အပြိုင် ဖြစ်နေသည်။ တစ်ဖက်တွင်လဲ လီယင်းယင်း က ဓားကိုပိုက်ကာ စင်မြင့်ကို ကြည့် နေသလို ကျိုးကျစ်ယွင် ကလဲ ဘေးတွင်
ကျန်းစန်းယွမ် က နှောက်ယှက်နေ သဖြင့် စိတအ
် လိုမကျ ဟန် ပေါက်နေသည်။ ပိုင်ချုန်းရန် က ဓားကိုင်ကာ စိတ်မပါဟန်ဖြင့်
တိုင်ကိုမှီကာ ငိုက်နေသည်ကို တွေ့ရသည်။ ကျန်သူများ ကိုတော့ သူမသိချေ။ ထို့ပြင် စင်ပေါ်တွင် ယှဉ်ပြိုင်နေသော သိုင်းသမား
များကိုလဲ သူမသိချေ။ သူက မုယုံချန်းရှောင်း ကို အားပေးရန်သာ လာခြင်းဖြစ်ရာ စင်ပေါ်ကို ငဲ့ပင် မကြည့်ချေ။

အတန်ကြာ တိုက်ခိုက်ပီးသော ပွဲပီးသွားပီး ဓားရှည်ကိုင်ထားသူက အနိုင်ရသွားကြောင်း သိရသည်။ ထိုမှသာ ထိုလူမှာ


တစ်ကိုယ်တော်ဓား ဟု အမည်ရှိ ဓားသမား ဖြစ်ကြောင်း သိလိုက်ရသည်။ ဒိုင်များက ပွဲစဉ် အသစ် ဖြစ် နှစ်ပွဲ တစ်ပြိုက်နက် ကျင်းပမည်
ဟုဆိုကာ စင်ကို နှစ်ခြမ်းခွဲ လိုက်ကြလေသည်။ ထို့နောက် ယှဉ်ပြိုင်ရမည့် သူများကို ကြေငြာရာ လီယင်းယင်း နှင့် ကျန်းစန်းယွမ် တို့မှာ
တစ်ခြား သူမသိသော သူများနှင့် ယှဉ်ရန် မဲကျလေသည်။ သူက လီယင်းယင်း ကို မြင်သော် တုံးဖန်းဟိုင်ကို သတိရကာ လူကြားထဲ
ရောက်နေမလား ရှာကြည့်မိ သည်။ သိ့ေ
ု သာ် ခပ်ဆင်ဆင်တူသူပင် မတွေ့ချေ။ တုံးဖန်းဟိုင် က ဒီပြိုင်ပွဲတွင် ရှိနေမည်မှာ သေချာသည်။
သူက ရှောင်စစ်တောင် တွင် ပြန်တွေ့ရန် အသေချာ ပြောခဲ့သည် မဟုတ်ပါလား။

သူက တုံးဖန်းဟိုင် အကြောင်း တွေးနေရာမှ စင်မြင့်ပေါ် ကြည့်မိသော် လီယင်းယင်း နှင့် ကျန်းစန်းယွမ် မှာ အနိုင်ရပီး ပြန်ပင် ထိုင်
နေကြလေပီ။ ဒိုင်များက နောက်တစ်ပွဲ စရန် နာမည်လေးခုကို ခေါ်လိုက်ရာ မုယုံချန်းရှောင်း နှင့် ကျိုးကျစ်ယွင် က တစ်ခြား သိင
ုးသမား
နှစ်ယောက်နှင့် ယှဉ်ရန် မဲကျလေသည်။ တွမ့်ကျန်းယွမ် လဲ ထိုပွဲကို ကြည့်ရန် ဆုံးဖြတ်လိုက်သည်။ မုယုံချန်းရှောင်း နှင့် ကျသူမှာ
လှံမင်းသား မုရန်ချောင်း ဆိုသူဖြစ်ပီး ထိုသူ၏ လှံသိုင်းကွက် များမှာ အတော်ကို ကောင်းမွန်သည်။ သို့သော် မုယုံချန်းရှောင်း ၏
အတွင်းအားမှာ ယခင်နှင့်မတူ နက်ရှိုင်း နေရာ သူမက ယပ်တောင်သိုင်းကွက် ဆယ်ကွက်မျှ ကစားလျှင် အလွယ်တကူ ပိတ်ဖမ်းမိကာ
အနိုင်ရသွားသည်။ သူက ကျိုးကျစ်ယွင် ကို ကြည့်မိတော့ သူမကလဲ တစ်ဖက်က ကျာပွတ် သိုင်းသမားကို အကွက်နှစ်ဆယ် မကျော်ခင်
အနိုင်ရသွားသည်။ သူမ၏ ဓားသိုင်း မှာ အတော်ကို ကျစ်လျစ် ကောင်းမွန်သည်ကို တွေ့ရသည်။ မုယုံချန်းရှောင်း နှင့် ကျိုးကျစ်ယွင် မှာ
အနိုင်ရသော် တစ်ယောက်နှင့် တစ်ယောက် ပြုံးပြကာ ဝါးတဲဆီသို့ ပြန်လျှောက်သွား လေသည်။ ထို့နောက် တခြားသူများမှာ သုံးခါမျှ
ထပ်တိုက်ရသော်လဲ ဒိုင်များက ပိုင်ချုန်းရန် ကို မခေါ်ချေ။ စုန့်ချီရန့်ပင် သုံးခါ တိုက်ကာ အနိုင်ရပီးလေပီ။ တွမ့်ကျန်းယွမ် မှာ
ထူးခြားသော သိုင်းပညာများ မတွေ့သေး သဖြင့် ပျင်းရိစပင် ပြုလာသည်။

ဒိုင်များထဲမှ ပုလုံက ထွက်ကာ အခု အချိန်က အနိုင်ရရှိသူများသာ ကျန်တော့ကြောင်း ထိုသူတို့က မဲနှိုက်ကာ ယှဉ်ကြရမည် ဖြစ်ကြောင်း
ပြောကြားလေသည်။ ထို့နောက် မဲနှိုက်ရာ လီယင်းယင်း နှင့် စုန့်ချီရန့် ကတစ်တွဲ၊ ကျန်းစန်းယွမ် နှင့် ကျိုးကျစ်ယင
ွ် ကတစ်တွဲ၊
မုယုံချန်းရှောင်း က ပိုင်ချုန်းရန် နှင့် တစ်တွဲ ကျလေသည်။ တွမ့်ကျန်းယွမ် မှာ ပိုင်ချုန်းရန် ၏ သိုင်းပညာကို မမြင်ဖူး သဖြင့်
မုယုံချန်းရှောင်း အတွက် စိုးရိမ်မိလေသည်။ လီယင်းယင်း နှင့် စုန့်ချီရန့် မှာ ပထမဆုံး ယှဉ်ပြိုင်ရသူ ဖြစ်သဖြင့် စင်မြင့်ပေါ်သို့
ထွက်လာကြသည်။ ပရိတသ
် တ် အပေါင်း တို့ကလဲ နတ်သမီးလေးဖော် ထဲတွင် အကြီးဆုံး နှင့် အငယ်ဆုံးက ယှဉ်ပြိုင်တော့ မည်ဖြစ်၍
အသဲအသန် စိတ်လှုပ်ရှားနေကြ သည်။ မည်သူနိုင်မလဲ သိနေသော တွမ့်ကျန်းယွမ် ပင် စိတ်လှုပ်ရှား မိလေသည်။ လီယင်းယင်း ၏
သိုင်းပညာ အရ သုံးလအတွင်း မတိုးတက်လျင်ပင် စုန့်ချီရန့် ကို မရှုံးနိုင်ချေ။ စုန့်ချီရန့် မှာ ကိုယ်ဖော့ ပညာ တိုးတက်လာသဖြင့်
တထစ်ချတော့ ပြောမရချေ။ ပြိုင်ပွဲမှာ စတင် လေပီ။ လီယင်းယင်း ကော စုန့်ချီရန့် ပါ အတည့်အတံ့ပင် တိုက်ခိုက်နေကြသည်။
လီယင်းယင်းက မိုးဓားသိုင်း ကို အကွက် ကျကျ ထုတ်ဖော် နေသလို စုန့်ချီရန့် ကလဲ ပျံလွှား လက်ဝါးကို အသေအချာ အသုံးပြု
နေသည်။ စုန့်ချီရန့် မှာ ကိုယ်ဖော့ပညာ တင်မက သိုင်းပညာပါ အတော် တိုးတက်လာသည်။ ထို့ပြင် သူသင်ပေး ထားသဖြင့်
အတွင်းအားလဲ တိုးတက်လာကာ လီယင်းယင်း မှာ အလွယ်တကူ အနိုင်မရ တော့ချေ။ သူမက မိုးဓားသိုင်းကို အစအဆုံး အကွက်ပေါင်း
နှစ်ရာကျော် ကစားသည့်တိုင် စုန့်ချီရန့် ၏ ကောင်းမွန်လွန်းသော ကိုယ်ဖော့ပညာ ကြောင့် ရှောင်တိမ်းနိုင် သေးသည်။ လီယင်းယင်း မှာ
မတတ်သာ တော့ သုံးလ အတွင်း သူမကျင့်လာသည့် ဓားသိုင်း အသစ်ကို အသုံးပြုရပေတော့မည်။ သူမက တိုက်ခိုက်နေရာမှ
ဓားကိုသိမ်းကာ ကိုယ်အနေအထားကို ပြင်လိုက်သည်။ ဓားကို မိုးပေါ်သို့ ခပ်စောင်းစောင်းလေး ကိုင်ကာ ခြေတစ်ဖက်ကိုမြှောက်ပီး
ခေါင်းစောင်းကာ က နေသည့်ဟန် ပြုလုပ် လိုက်သည်။ တွမ့်ကျန်းယွမ် မှာ ထိုဓားကွက် ကို မြင်သော် မှတ်မိသွားသည်။ ထိုဓားကွက် မှာ
နတ်သမီးကကြိုး ဟူသော ဓားကွက် ဖြစ်ပီး နတ်သမီးဓားသိုင်း သုံးဆယ့်နှစ်ကွက် မှ ပထမသိုင်းကွက် ဖြစ်သည်။ စုန့်ချီရန့် မှာ
လီယင်းယင်း က ရုတ်တရက် သိုင်းဟန် ပြောင်းသွားသော် ခဏမျှ စဉ်းစားကာ နံကြားတွင် လစ်ဟာနေသည်ကိုမြင် သဖြင့် ရိပ် ခနဲ
ခုန်ဝင်ကာ ကန်လိုက်လေသည်။ လီယင်းယင်း က မရှောင်ချေ။ သူမက ခုန်ဝင်လာသော ခြေထောက်ကို ကိုယ်တစ်ပတ် လှည့်ကာ
မြှောက်ထားသော ခြေထောက်နင
ှ့် ခံလိုက်သည်။ ထို့နောက် ခပ်စောင်းစောင်း ကိုင်ထားသော ဓားမှာ လျှောကျလာပီး ခြေထောက်ကို
ထိုးမိသွားလေသည်။ ထိုအကွက်မှာ နတ်သမီး ပန်းအိုးလွတ်ကျ အကွက် ဖြစ်ပီး လက်ထဲမှ ဓားကို တမင်ချိန်ကာ လွှတ်ချသော
အကွက်ဖြစ်သည်။ စုန့်ချီရန့်မှာ နှစ်ကွက်နှင့်ပင် ခြေထောက်ကို ထိုးမိပီး ရှုံးနိမ့်သွားတော့သည်။ သူမက လောလော ဆယ်
ထပ်မပြေးနိုင်တော့ချေ။ လီယင်းယင်း မှာ အနိုင်ရရှိသွားသဖြင့် ဒိုင်များကို ဂါရဝပြု ကာ ဝါးတဲသို့ ပြန်ရောက်သွားသည်။ ဒိုင်များ နှင့်
ပွဲကြည့်ပရိတ်သတ်များမှာ လီယင်းယင်း ၏ ဓားသိုင်းကို ချီးမွမ်းနေကြသည်။ သူမ သာ ထိုဓားသိုင်းကို ခပ်စောစော သုံးလျှင် စုန့်ချီရန့်မှာ
အလွယ်တကူ ရှူံးမည် ဖြစ်သည်လေ။

နောက်တစ်ပွဲ အဖြစ် ကျန်းစန်းယွမ် နှင့် ကျိုးကျစ်ယွင် တို့က ထွက်လာကြသည်။ ကျန်းစန်းယွမ် မှာ ကျိုးကျစ်ယွင် ကို ပိုးပန်း နေသူ
ဖြစ်ရာ မတိုက်ချင်ချေ။ သို့သော် ကျိုးကျစ်ယွင် ကတော့ သူမကို အနှောက်အယှက် ပေးသူဟု မြင်ကာ တစ်ချီ တစ်မောင်း
အခွင့်အရေးရတုန်း ဆုံးမလိုက် ချင်နေသည်။ သူမက မျက်နှာထားကို တင်းထားကာ ရုပ်တည်ဖြင့် ကြည့်နေလိုက် သည်။
ကျန်းစန်းယွမ်မှာ ထိုရုပ်ကို မြင်သော် ဒေါသကထောင်းကနဲ ထွက်မိသည်။ သူက သာ ချစ်ပြနေသော်လဲ သူမက သူ့ကို ရိုက်ကာ
အရှက်ခွဲချင်နေသည် မဟုတ်ပါ လား။ သူက ဒီကောင်မလေး ကို မှတ်အောင် ဆုံးမလိုက်မည်ဟု တွေးလိုက်သည်။ ဒိုငက
် စရန်
အချက်ပြလိုက်သောအခါ ကျိုးကျစ်ယွင် က သူမတို့၏ အော့မေ့ ဓားသိုင်းဖြင့် တိုက်ခိုက်လေသည်။ ထိုဓားသိုင်းမှာ လီယင်းယင်း ၏
နတ်သမီးဓားသိုင်း နှင့် ခပ် ဆင်ဆင် ဖြစ်နေသဖြင့် ကြည့်ရှု့သူများ မှာ အံ့သြမိကြသည်။ သိုသော့် နတ်သမီးဓားသိုင်း လောက်တော့
အစွမ်းမထက် ချေ။ ကြည့်ရသည်မှာ အော့မေ့ ဂိုဏ်းမှ ဘိုးဘေး က တစ်ချိန်က နတ်သမီးဓားသိုင်း ကို မြင်၍ မှတ်မိသမျှ ကို
ပြန်လည်တီထွင် လေ့ကျင့်ထားခြင်း ဖြစ်ဟန် တူသည်။ ကျန်းစန်းယွမ် မှာလဲ မခေချေ။ ထိုက်ကျိဓားသိုင်း ကို နားလည်နေပီး
အကွက်ကျကျ ကစားကာ ကျိုးကျစ်ယွင် ၏ တိုက်ကွက်ကို ဖျက်ထုတ်နေသည်။ အကွက်ပေါင်း နှစ်ရာကျော်ခန့်ကြာသော် ကျိုးကျစ်ယွင်
၏ ဓားသိုင်း မှာ အခြေပျက် လာသည်။ အတွင်းအားကလဲ ကုန်ခန်း လာသဖြင့် ကျိုးကျစ်ယွင် ၏ ဓားကိုင်လက် မှာ လေးလံလာသည်။
တစ်ဖက်က ကျန်းစန်းယွမ် ကတော့ ပေါ့ပါးသွက်လက် ကာ ကစားနေတုန်းပင် နောက် လေးကွက် တွင်တော့ ကျိုးကျစ်ယွင် မှာ
အမိခံလိုက် ရသည်။ ကျန်းစန်းယွမ် က မှိုရသော မျက်နှာဖြင့် ပြုံးကာ ကျိုးကျစ်ယွင် ကို ကြည့်နေသည်။ ကျိုးကျစ်ယွင် ၏ လှပသော
မျက်နှာလေးကတော့ ရှုံ့မဲ့နေ လေသည်။ ပရိတ်သတ်များမှာ ဝူတန်၏ ဓားပညာကို တကယ်ပင် လေးစားသွား ကြသည်။ တွမ့်ကျန်းယွမ်
ပင် ထိုက်ကျိဓားသိုင်း ကို အထင်ပြန်ကြီးသွား လေသည်။

နောက်တစ်ပွဲ အဖြစ် မုယုံချန်းရှောင်း နှင့် ပိုင်ချုန်းရန် မှာ ယှဉ်ပြိုင် ရတော့မည်။ မုယုံချန်းရှောင်း မှာ စင်မြင့်အလယ်တွင် ရပ်ကာ
ယပ်တောင်ကို ကိုင်ပီး စောင့်နေလေသည်။ ပိုင်ချုန်းရန် ကတော့ အခုမှ နိုးလာသူလို မျက်စိပွတ်ကာ ဒယိမ်းဒယိုင် ဖြင့်
လျှောက်လာလေသည်။ သူက ဒီနေ့ တစ်ပွဲမှ မတိုက်ရသေးချေ။ ကံကောင်းလွန်းစွာ မဲမကျပဲ ကျန်နေသူ ဖြစ်သည်။ မုယုံချန်းရှောင်း မှာ
ဘာရယ် မသိ ပိုင်ချုန်းရန် ကိုကြည့်ကာ စိတ်ထဲ လေးလံ နေသည်။ ထိုသူက အစွမ်းထက်မည်မှာ သေချာလေသည်။ ပိုင်ချုံးရန် က
စင်မြင်ပေါ် ရောက်သော် မတိုက်သေးပဲ စင်အောက်သို့ ကြည့်ကာ ရှာဖွေနေသည်။ သူက တွမ့်ကျန်းယွမ် ကို မြင်သော် သူရှာနေသည်
ကို တွေ့သွားသည့် အလား ရယ်ပြကာ စင်ပေါ်သို့ အကြည့်ပြန်လွှဲ လိုက်သည်။ ပရိသတ်များမှာ ထိုအပြုအမူ ကို ကြည့်ကာ ပိင
ုချုံးရန် က
တွမ့်ကျန်းယွမ် ကို သွယ်ဝိုက် ကာ ရန်စလိုက်ကြောင်း သိလိုက်ကြသည်။ တွမ့်ကျန်းယွမ် ကတော့ မျက်မှောင်ကြုတ် ကာ
ကြည့်နေလိုက်သည်။ မုယုံချန်းရှောင်း လဲ ထိုအဖြစ်ကို မြင်သည် ဖြစ်၍ ပိုင်ချုံးရန် ၏ စိတ်ဓာတ်ကို ရွံရှာသွားသည်။ သူမက ယပ်တောင်
ကို ညာလက်ဖြင့် ကိုင်ကာ ရင်ဘတ်ရှေ့တွင် ကာလိုက်ပီး ခြေထောက်ကို ခွဲကာ ခပ်စောင်းစောင်း အနေအထား ပြင်လိုက်သည်။
ဘယ်လက် ကတော့ ကိုယ်နှင့်ကွယ်ထားပီး လက်ညှိုး ထုတ်ကာ အတွင်းအား စု ထားလိုက်သည်။ တွမ့်ကျန်းယွမ် မှာ ထိုသိုင်းကွက်ကို
မြင်သော် မှတ်မိသွားသည်။ လက်ညှိုးတွင် အတွင်းအား ဖြည့်တင်း နေသော သိုင်းကွက် မှာ စုတ်တံသိုင်းမှ သိုင်းကွက် ဖြစ်ပီး
ယပ်တောင် ကို ကာထားခြင်းမှာ ဘာအကွက် မှ မဟုတ် ပရိယာယ် ဆင်ထားခြင်းသာ ဖြစ်လေသည်။ တွမ့်ကျန်းယွမ် က မုယုံချန်းရှောင်း
မှာ စုတ်တံသိုင်း ကို စုတ်တံ မပါပဲ သုံးနိုင်သည်ကို တွေ့ကာ ဂုဏ်ယူ မိသည်။ သို့သော် စုတ်တံသိုင်းမှာ ပိုင်ချုန်းရန် ၏ မိုးကြိုးဓားသိုင်း
ကို ယှဉ်နိုင်ပါ့မလား တွေးပူမိသည်။ ပိုင်ချုန်းရန် မှာ မုယုံချန်းရှောင်း က ခပ်စောင်းစောင်း လုပ်နေသည်ကို တွေ့သော် ဓားကို ထုတ်ကာ
တည့်တည့်ပြေးထိုး လိုက်သည်။ ဓားဦးက လည်ပင်း နားသို့ နီးလာသော် မုယုံချန်းရှောင်း က ယပ်တောင်ဖြင့် ရိုက်ဖယ် ကာ
ဘယ်လက်ညှိုးဖြင့် ဆတ် ခနဲ နံကြားကို ထိုးလိုက်သည်။ ပိုင်ချုန်းရန် က သိနေသည့် အလား ကိုယ်ကိုရို့ကာ ရှောင်လိုက်ပီး ရိုက်ထုတ်
ခံရသော ဓားကို ပြန်ဆွဲကာ ခုတ်ချလိုက်သည်။ မုယုံချန်းရှောင်း က အတွင်းအား ထုတ်ကာ ယပ်တောင်ဖြင့် ခံဆောင် လိုက်ရာ
ပိုင်ချုန်းရန် မှာ ဓားကိုင်လက် ထုံကျင်သွားပီး လွတ်ကျ မတတ် ဖြစ်သွားသည်။ ပိုင်ချုန်းရန် မှာ မျက်မှာ ပျက်သွားလေသည်။
ဤမိန်းကလေး က သူ့ထက် အတွင်းအား အနည်းငယ် သာနေသည် မဟုတ်ပါလား။ တွမ့်ကျန်းယွမ် ကလဲ ပိုင်ချုန်းရန် မှာ ယခင် က
သူ့လောက် နီးနီး အတွင်းအားကောင်းကြောင်း သိရသဖြင့် အံ့သြသွားသည်။ သိုင်းလောက က အစွယ်ဖွက်ထားသူ များလွန်းလှသည်။
မုယုံချန်းရှောင်း ကတော့ ပိုင်ချုန်းရန် က သူမလောက် အတွင်းအားမရှိကြောင်း သိရကာ ပျော်သွားပီး ယပ်တောင် သိုင်းကွက် ကို
အတွင်းအား အပြည့်ထည့်ကာ ထုတ်ဖော် လိုက်တော့သည်။ ပိုင်ချုန်းရန် မှာလဲ နည်းလမ်းမရှိတော့ သဖြင့် မိုးကြိုးဓားသိုင်း ကို
အင်အားအပြည့် ဖြင့်သုံးကာ ပြန် ခုခံ ရတော့သည်။ ဤသို့ဖြင့် အကွက်ပေါင်း နှစ်ရာ ကျော်သွားလေသည်။ မုယုံချန်းရှောင်း မှာ
အတွင်းအားသာ သဖြင့် အနိုင်ရလို သော်လဲ မိုးကြိုးဓား သိုင်း၏ ပရိယာယ် ကို မကျော်လွှားနိုင်ပေ။ ပိုင်ချုန်းရန် မှာ အမှနတ
် ကယ် ပင်
တော်သော ဓားသမား ဖြစ်ပီး ကောင်းကောင်း ခုခံနိုင်နေသည်။ ပရိသတ် တို့မှာ အံ့မခန်းသော သိုင်းစွမ်းရည် ကို ကြည့်ပီး နှစ်ဖက်လုံးကို
ချီးကျူးမိကြ သည်။ အထူးသဖြင့် မုယုံချန်းရှောင်း ၏ ယပ်တောင်သိုင်း မှာ လှပပီး အစွမ်းထက် သဖြင့် စိတ်ဝင်စားနေကြသည်။
သူတို့က မုယုံချန်းရှောင်း ကိုင်သော ကျောက်စိမ်းယပ်တောင် မှာ တွမ့်ကျန်းယွမ် ပစ္စည်းမှန်း သိသဖြင့် ပိုပီး ထူးဆန်းနေကြ သည်။
တွမ့်ကျန်းယွမ် က ယပ်တောင်ကို ကိုင်သော်လဲ တစ်ခါမှ ယပ်တောင်သိုင်း သုံးသည် ကို မမြင်ဖူးချေ။ သို့သော် သူ၏ ဘွဲ့မှာ
ကျောက်စိမ်းယပ်တောင်ဓားသမား ဖြစ်သည် မဟုတပ
်ါလား။ တွမ့်ကျန်းယွမ် သင်ပေးတာ ဖြစ်မည် ဟုသာ တွက်ဆနေကြ သည်။ ဒိုင်
လုပ်သူ များနှင့် ဂိုဏ်းချုပ်များပင် ယပ်တောင် သိုင်း၏ လှပသော သိုင်းဟန်ကို အထင်ကြီးမိ ကြလေသည်။ တွမ့်ကျန်းယွမ် မှာမူ
မုယုံချန်းရှောင်း က ထိုယပ်တောင်သိုင်း ၏ ပိတ်ဖမ်းသော အနှစ်သာရ ကို မုယုံချန်းရှောင်း အကုန် အစင် နားမလည် သေးကြောင်း
သိရသဖြင့် စိတ်ပူနေမိသည်။ ထိုသို့ ဖြစ်ရခြင်းက သူမက သူကိုယ်တိုင် သင်ပေး ၍ တတ်သည်မဟုတ်ပဲ ယပ်တောင်ပေါ်ရှိ
သိုင်းကျမ်းကိုသာ လေ့ကျင့် ထားသော ကြောင့်ဖြစ်လေသည်။ ဆရာ မပြ နည်းမကျ ဖြစ်နေခြင်းပင်။ သို့သော် အကွက်ပေါင်း
နှစ်ရာ့ငါးဆယ် မကျော်ခင် မှာပင် သူမက ယပ်တောင်ဖြင့် ပိုင်ချုန်းရန် ၏ ဓားကို လွတ်ကျအောင် ရိုက်ထုတ်ကာ အနိုင်ရသွားခဲ့သည်။
ပိုင်ချုန်းရန်က ဓားကိုင်လက် ကို ပွတ်ကာ ဓားကို ပြန်ကောက်ပီး ဝါးတဲသို့ လျှောက်သွား လေသည်။ ဒိုင်များကလဲ မုယုံချန်းရှောင်း
အနိုင်ရကြောင်း ကြေငြာလိုက်ကြသည်။ တွမ့်ကျန်းယွမ် ကတော့ ထိုသူမှာ ပညာလျှိုပီး အရှုံးပေးကြောင်း သိလိုက်ရကာ ဘဝင်မကျ
ဖြစ်နေသည်။ မုယုခ
ျံန်းရှောင်း ကတော့ ဘာမှ မသိ ကလေးတစ်ယောက်လို ပျော်ရွှင် နေသည်။
ထို့နောက် အနိုင်ရသူများ ဖြစ်သည့် လီယင်းယင်း၊ မုယုံချန်းရှောင်း နှင့် ကျန်းစန်းယွမ် တို့ကို စင်ပေါ် ခေါ်ကာ ပြုတ်ကျသူ
လက်နက်လွတ်ကျသူ အရှုံးဟု သတ်မှတ်ပီး သုံးယောက် ပတ်ချာလည် တိုက်ခိုင်းတော့သည်။ ကျန်းစန်းယွမ် မှာ ဤ သုံးယောက်ထဲတွင်
သူသိုင်းပညာ အနိမ့်ဆုံး ဖြစ်မှန်း သိသော်လဲ မိန်းကလေး နှစ်ယောက် ကို အလျော့မပေးပဲ တိုက်ခိုက်နေသည်။ အကွက်ပေါင်း
တစ်ရာခန့်မှာပင် သူက စင်ပေါ်က ပြုတ်ကျသွားတော့သည်။ ဝူတန် ဂိုဏ်းချုပ်ကြီးမှာ မျက်နှာပျက်သွားပီး ရှုတည်တည်
ဖြစ်သွားတော့သည်။ ကျန်းစန်းယွမ်ကတော့ မျက်နှာမဲ့ကာ ဓားကို ကောက်ပီး ဝူတန် ဂိုဏ်းသားများ ဘက်သို့ သွားကာ လူကြားထဲက
ပျောက်ကွယ် သွားတော့သည်။ စင်ပေါ်တွင် လီယင်းယင်း နှင့် မုယုံချန်းရှောင်း မှာ အကွက် နှစ်ရာမျှ တိုက်ပီးသော် လီယင်းယင်း က
ဓားလွတ်ကျ ပီး ရှုံးနိမ့်သွားလေသည်။ ဒိုင်များက ဒီနေ့ အတွက် အနိုင်ရသူမှာ မုယုံချန်းရှောင်း ဖြစ်ကြောင်း ကြေငြာလိုက်လေသည်။
ထို့နောက် ရှုံးနိမ့်သူများကို တဖန် ပြန်ခေါ်ကာ ယှဉ်စေသည်။ ဒီပွဲကတော့ ထိပ်သီးသိုင်း သမား နံပါတ်စဉ် သတ်မှတ်မည် ဖြစ်သဖြင့်
ရှုံးနိမ့်သူတို့မှာ မယှဉ်ချင်ကြသော်လဲ အားကြိုးမာန်တတ် စင်ပေါ်မှ မပြုတ်ကျအောင် လက်နက် မလွတ်ကျ အောင် ကြိုးစားနေကြသည်။
အရင်ဆုံးကျသူမှာ နံပါတ်စဉ် နိမ့်သွားပေ မည် ဖြစ်သည်။ ပွဲမှာ သိပ်မကြာချေ။ စုန့်ချီရန့် က အရင်ပြုတ်ကျကာ သူမနောက် မှ
ကျိုးကျစ်ယွင် နှင့် ကျန်းစန်းယွမ် ထို့နောက် လီယင်းယင်း ပြုတ်ကျသွားပီး ပိုင်ချုန်းရန် က ဒုတိယ ရသွားလေသည်။ ဒိုင်များကလဲ
နံပါတ်စဉ် သတ်မှတ်ပေးလိုက် ကြသည်။ ဤသို့ဖြင့် ရှောင်စစ်တောင် သိုင်းပြိုင်ပွဲ ပထမနေ့မှာ အနိုင်ရသူက မုယုံချန်းရှောင်း ဖြစ်ပီး
အဆင်ပြေပြေ ဖြင့် ပီးဆုံးသွားတော့ လေသည်။

#မိုးထိတောင်သိုင်းသမား #ZYN
အခန်း (၁၉) အပိုင်း လေး
တတိယအကြိမ် ရှောင်စစ်တောင် သိုင်းပြိုင်ပွဲ

ရှောင်စစ်တောင် သိုင်းပြိုင်ပွဲ ဒုတိယနေ့ ...


မနေ့က ပြိုင်ပွဲတွင် မုယုံချန်းရှောင်း က အနိုင်ရသော်လဲ သူမ ၏ နံပါတ်စဉ် မှာ အဆင့် ၅ သာ ဖြစ်လေသည်။ အကြောင်းမှာ
ထိပ်သီးလေးယောက် ဖြစ်သော ပိုင်လုံ၊ စီးမင်ကို့ချန်၊ မင်စုထန်း နှင့် တွမ့်ကျန်းယွမ် တို့မှာ သူမ ထက်သာကြောင်း လူတိုင်း သိနေကြ၍
ဖြစ်သည်။ သူတို့ လေးယောက် မှာ ဒီနေ့မှ ယှဉ်ပြိုင်ကြမည် ဖြစ်ပီး သူတို့က ဘယ်လိုဖြစ်ဖြစ် အဆင့်လေး အတွင်း ဝင်ကြမည် ဖြစ်သည်။
ဒိုင်များက မနေ့ကတည်း ကပင် ပြိုင်ပွဲ ဝင်များမှာ သုံးပွဲစီ ယှဉ်ရမည် ဖြစ်ကြောင်း ကြေငြာထားပီး ဖြစ်လေသည်။ နိုင်ပွဲ အများဆုံး
ရသူက အဆင့် ၁ အဖြစ်ကို ရပေလိမ့်မည်။

ဒိုင်လူကြီးများ ဘေးရှိ ဂိုဏ်းချုပ်များ ထိုင်ရာ ခုံများတွင် စီးမင်ကို့ဝေ ရောက်နေသည်ကို တွေ့ရသည်။ တွမ့်ကျန်းယွမ် ကတော့
မုယုံချန်းရှောင်း နှင့်အတူ ပြိုင်ပွဲဝင် များ နေရမည့် ဝါးတဲကို လျှောက်သွားလိုကသ
် ည်။ မုယုံချန်းရှောင်းမှာ ဝါးတဲသို့ မဝင်တော့ပဲ
တွမ့်ကျန်းယွမ် ကို လိုက်ပို့ပီးလျှင် နာမည်ကျော် ပုဂ္ဂိုလ်များ ထိုင်ရာ ခုံတန်း သို့သွားတာ ပျံလွှားမြေးအဘိုး နှင့် အတူ ထိုင်နေလေသည်။
ပိုင်ချုံးရန် ကတော့ မနေ့ကလိုပင် သူ့အဖေ ဖြစ်သူ ပိုငခ
်ျုံး ဘေးတွင် ငိုက်နေလေသည်။ ခဏအကြာ တွင် မင်စုထန်း ကဝါးတဲထဲ
ရောက်လာပီး ရောက်နှင့်နေသူ တွမ့်ကျန်းယွမ် ကို ဂါရဝပြု လိုကသ
် ည်။ တွမ့်ကျန်းယွမ် လဲ ပြန်ဂါရဝပြု လိုက်လေသည်။ ထို့နောက်
ရယ်သံ ခပ်ကျယ်ကျယ် နှင့်အတူ ခန့်ညားသော ရုပ်ရည်ရှိသည့် ထောင်ထောင်မောင်းမောင်း လူတစ်ယောက် ဝါးတဲထဲ
ဝင်လာလေသည်။ ထိုသူ့ အသံကိုကြားသော် တွမ့်ကျန်းယွမ် က ပြုံးကာ
" အကိုကြီးပိုင် "
ဟု ခေါ်လိုက်မိသည်။
မှန်ပေသည်။ ထိုလူမှာ ပိုင်လုံ ဖြစ်ပီး သူက တွမ့်ကျန်းယွမ် မသေသော သတင်းကို ကြားပီး ကတည်းက အပြေးလာတွေ့ ချင်နေသည်။
သို့သော် သူ့အလုပ်ကိစ္စများ မပီးပြတ်သေး သဖြင့် မလာနုင
ိချေ။ ဒီနေ့ တော့ သူတို့နှစ်ယောက် ပြန်ဆုံ ကြလေပီ။ ပိုင်လုံ က
တွမ့်ကျန်းယွမ် ကို ဝမ်းသာအားရ ပြေးဖက်ကာ ရယ်နေလေသည်။
" မင်း တော်တော် အသက်ပြင်းတဲ့ကောင် ပဲကွ... နောက်မှ အကြောင်းစုံ လာမေးဦးမယ် အခုတော့ ထိုင်ဦးကွာ ပြိုင်ပွဲဆိုတော့ "

ပိုင်လုံက မင်စုထန်းကို မြင်သဖြင့် ဂါရဝပြု လိုက်ရာ မင်စုထန်း က တလေးတစား ပင် ပြန်ဂါရဝပြု လိုက်သည်။ ထို့နောက် ဝါးတဲ သို့
မင်းညီမင်းသား ပုံစံ ဝတ်ဆင်ထားသော လူတစ်ယောက်က ဆောင့်ကြွားကြွား ဖြင့် ဝင်လာလေသည်။ ထိုသူက စီးမင်ကို့ချန် ဖြစ်ပီး
သူက မည်သူ့ကိုမှ ထီမထင်ဟန်ဖြင့် နှာခေါင်းရှုံပီး ထိုင်နေလေသည်။ ပိုင်လုံ က ထိုအဖြစ်ကိုမြင်သော် ရယ်နေသလို တွမ့်ကျန်းယွမ်
ကလဲ ပြုံးနေလိုက်သည်။ မင်စုထန်း တစ်ယောက်သာ မျက်နှာမဲ့သွားပီး ထိုလူကို စူးစူးဝါးဝါး ကြည့်မိသွားသည်။ ဒိုင်များက ပထမဆုံး
ပြိုင်ရမည့် နှစ်ယောက်ကို ကြေငြာ ရာ ပထမ တစ်ယောက် မှာ စီးမင်ကို့ချန် ဖြစ်လေသည်။ သူက အခန်းထဲရှိ လူသုံးယောက်ကို
စိန်ခေါ်သလိုမျိုး ကြည့်ကာ စင်မြင့်ပေါ် တက်ပီး ပမာမခန့် ရပ်နေလေသည်။ နောက်တစ်ယောက် ကြေငြာခံနီးတွင် အမြင်ကတ်နေသော
မင်စုထန်းက သူ့နာမည် ကျပါစေ ဟု အသံထွက်ကာ ဆုတောင်း နေတော့သည်။ ပိုင်လုံ နှင့် တွမ့်ကျန်းယွမ် မှာ ထိုဆုတောင်းသံ
ကြောင့် ပြုံးမိကြသေးသည်။ သို့သော် နာမည်ကြေငြာ သောအခါ တွမ့်ကျန်းယွမ် နာမည် သာ ခေါ်လိုက်လေသည်။ တွမ့်ကျန်းယွမ် က
အသက်ကို ဝဝရှူကာ စင်မြင့်ပေါ်သို့ တက်သွားသည်။ ပမာမခန့် ရပ်နေသော စီးမင်ကို့ချန် က တွမ့်ကျန်းယွမ် ကို မြင်သော် ပြုံးလိုက်ပီး
အထင်သေးသလို ကြည့်နေ သည်။ တွမ့်ကျန်းယွမ် ကတော့ ထိုအပြုံးကို မမူပါ သူက မုယုံချန်းရှောင်း ကို ရှာလိုက်ပီး သူမပေးမည့်
အပြုံးကိုသာ လိုချင်နေသည်။ သူ့ ဆုတောင်းပြည့်သည် ပြောရမည် နာမည်ကျော်များ ထိုင်ရာ ထိုင်ခုံတွင် ရှိသော မုယုံချန်းရှောင်း
ကသူ့ဘက် လှည့်ကာရှာ နေသော တွမ့်ကျန်းယွမ် ကို အတောက်ပဆုံး ပြုံးပြလိုက်သည်။ တွမ့်ကျန်းယွမ် မှာ ထိုထက်ပင်
ကံကောင်းသေးသည်။ အကြောင်းမှာ ထိုခုံတန်းတွင် နတ်သမီး လေးဖော် စလုံးရှိနေရာ ထိုလေးဖော် စလုံးက သူ့ကို အပြုံးဖြင့်
အားပေးလိုက်သောကြောင့် ဖြစ်သည်။ စီးမင်ကို့ချန် က ဒီအဖြစ်များကို မြင်သော် နှုတ်မှ
" ငပွေးကောင် "
ဟု ခပ်တိုးတိုး ဆဲရေလိုက်လေသည်။

တွမ့်ကျန်းယွမ်က ကြားသော်လဲ မကြားသလို ဘာမှမပြောပဲ ပြုံးသာပြ လိုက်လေသည်။ ဒိုင် များက စရန် အချက်ပေးလိုက်လေသည်။
စီးမင်ကို့ချန် က ချက်ချင်းပင် ညာလက်သီး ဖြင့် ထိုးလိုက်သည်။ ထိုလက်သီးမှာ ပုံစံက ရိုးရှင်းလွန်းသော်လဲ ဟန်ပြဖြစ်ပီး ဘယ်လက်သီး
ကမှ အတွင်းအားအပြည့် ဖြင့် တကယ့်လက်သီး ဖြစ်သည်။ ထိုအကွက်မှာ နတ်လက်သီးသိုင်း၏ ညာယောင် ဘယ်ပြ
သိုင်းကွက်ဖြစ်လေသည်။ ထိုအကွက်ကို မရှောင်၍ မရချေ။ အကြောင်းမှာ ညာလက်သီးသည် အယောင်ပြဖြစ်သော်လဲ အကယ်၍
မရှောင်ပါက ချက်ချင်း အတွင်းအား ဖြည့်ကာ တကယ့်လက်သီး ဖြစ်လာနိုင်သည်။ ဤကား နတ်သီးသိုင်း၏ အစွမ်းဆုံး
သိုင်းဆယ်ကွက်ထဲမှ ပထမ အကွက် ဖြစ်သည်။ စီးမင်ကို့ချန် မှာ တွမ့်ကျန်းယွမ် ကို အရှကက
်ွဲစေရန် ပထမ သိုင်းကွက်တွင်ပင်
အစွမ်းဆုံး အကွက်များ ထုတ်သုံးနေလေသည်။ တွမ့်ကျန်းယွမ် က ထိုလက်သီးကို ဆန်းကြယ်ခြေလှမ်း သုံးကာ ရှောင်နိုင်သော်လဲ
ထိုပညာကို မသုံးလို၍ သူ့၏ ဓားအနက်ကို ထုတ်ကာ ဝှေ့ယမ်း လိုက်လေသည်။ ထိုဝှေ့ယမ်းချက်တွင် အတွင်းအား အတော်
ထည့်လိုက်ရာ တွမ့်ကျန်းယွမ် ကို အတွင်းအား ကောင်းမည် မထင်သော စီးမင်ကို့ချန် မှာ ပြာယာခတ် သွားလေသည်။ သူက
ထိုအားလှိုင်း ကို ဘယ်လက်သီးဖြင့် ထိုးကာ ကာကွယ် လိုကရ
် သည်။ တွမ့်ကျန်းယွမ် ၏ ဝှေ့ယမ်း ချက်မှာ ဝေထင်း၏ ဓားပညာထဲမှ
လေပြင်းတိုက်ခတ် သိုင်းကွက် ဖြစ်ပီး မရှောင်နိုင်သော အားလှိုင်းများ လက်နက်ပုန်းများ ကို ကာကွယ်ရာတွင် အသုံးပြုသည်။
တွမ့်ကျန်းယွမ်က ဓားကို ဝှေ့ယမ်းပီးပီးခြင်း ဓားအိမ်ထဲ ပြန်ထည့်ကာ ဓားအိမ်ကိုပါ စင်မြင့်ပေါ်တွင် စိုက်ချလိုက်သည်။ ထို့နောက်
လက်နှစ်ဖက် ကိုမြှောက် ကာ လက်ညှိုး နှစ်ချောင်း ကိုသာ ထောင်ထားလေသည်။ ပုံစံက သူ ဓားမသုံးတော့ပဲ ရိရန်လက်ချောင်း သိုင်း
ကိုသာ သုံးတော့မည့် သဘော။ စီးမင်ကို့ချန် က တစ်ချက်မဲ့ကာ အတွင်းအား အပြည့် သုံးပီး လက်သီးတစ်ချက် ထိုးလိုက် လေသည်။
ထိုလက်သီးမှာ အင်းအား အရှိန် အပြည့်ပါကာ လှိုင်းလုံးကြီးက လှိုက်ခနဲ ထွက်သွားလေသည်။ တွမ့်ကျန်းယွမ် မှာ ထိုလှိုင်းလုံး အရှိန်ကို
ခံစားမိသော် အံ့သြ သွားလေသည်။ ထိုအရှိန်မှာ သူ့ယခင် က အတွင်းအားထက် ပိုများနေလေသည်။ တွမ့်ကျန်းယွမ် မှာ
သူချောက်ထဲသာ မကျလျှင် အရှုံးနှင့် ရင်ဆိုင်ရနိုင်သည် ဟု တွေးကာ တုံးဖန်းဟိုင်ကို ကျေးဇူးတင် မိတော့သည်။ ထိုလှိုင်းလုံးကြီးကို
တွမ့်ကျန်းယွမ် က မရှောင်ပဲ လက်ညှိုးဖြင့် တောက်ထုတ်လိုက်သည်။ ပရိသတ်များမှာ ဟာ ခနဲ ဟင် ခနဲ ဖြစ်သွားကြသည်။ ထိုသို့
အတွင်းအားလှိုင်းကို လက်ညှိုးဖြင့် တောက်ထုတ်ခြင်းမှာ အလွန်တရာ အတွင်းအား နက်ရှိုင်းမှသာ ပြုလုပ်နိုင်ခြင်း ဖြစ်ရာ ဒိုင်များသာ
မက ဂိုဏ်းချုပ်များ သည်ပင် အံ့သြလွန်း၍ ပါးစပ် မစေ့နိုင် တော့ချေ။ ဝေထင်းပင် အံ့သြ သွားလေသည်။ သူက သူ့တပည့်အပြောအရ
အတွင်းအား အဆင့်မြင့်လာခဲ့သည် ဆိုသော် လဲ ထိုမျှ နက်ရှိုင်းသွားမည် ဟု မထင်မိခဲ့ပေ။ ယခု တွမ့်ကျန်းယွမ် မှာ ပြိုင်စံရှားသော
အတွင်းအားပိုင်ရှင် ဖြစ်နေလေပီ။ စီးမင်ကို့်ဝေ က အံ့သြလွန်းပီး တစ်ခုခုကို ဆက်စပ်မိသည့်အလား တောက် တစ်ခေါက် ခေါက်
ဖြစ်နေသည်။ စီးမင်ကခ
ုျိန် ကတော့ မခံချင်လွန်းသဖြင့် မျက်နှာများပင် နီရဲကာ ပေါက်ထွက်လုမတတ်ဖြစ်နေသည်။ သူက
သိုင်းပညာဖြင့် အနိုင်ယူရန် ကြိုးစားရပေ တော့မည်။ တွမ့်ကျန်းယွမ် မှာ သူ့အတွင်းအား ကို ပြပီးသော် ထိုမျှ နှင့် မရပ်ပါ ရိရန်
လက်ချောင်းသိုင်းကို အမှန်အကန် ကစားကာ စီးမင်ကိုချန် ကို တိုက်ခိုက်လိုက်သည်။ စီးမင်ကို့ချန် ကလဲ နတ်လက်သီးသိုင်း သုံးကာ
ခုခံလေသည်။ ဝေထင်း နှင့် စီးမင်ကို့ဝေ တို့မှာ ထိုဖြစ်ရပ်ကို ကြည့်ကာ လွန်ခဲ့သော အနှစ် နှစ်ဆယ်ကို ပင် ပြန်မြင်ယောင်သွားသည်။
ထိုစဉ်ကလဲ ဤကဲ့သို့ပင် တွမ့်ကျန်းချွမ် နှင့် စီးမင်ကို့ဝေ တို့ တိုက်ခိုက်ခဲ့ကြသည် မဟုတ်ပါလား။ အကွက်ပေါင်း နှစ်ရာကျော်သော်
စီးမင်ကို့ချန် မှာ စီးမင်ကို့ဝေ တုန်းကကဲ့သို့ပင် ရှုံးရိပ် ပြလာသည်။ ထို့ကြောင့် သူက ဘယ်ဘက် လက်မှ ကောင်းကင်ဖြိုခွဲ သိုင်းကွက်ကို
ရုတ်တစ်ရက် ထုတ်သုံးကာ ညာလက်မှ ရင်ဘတ်ထဲကို နှိုက်ပီး သံဖြင့် ပြုလုပ်ထားသော ထင်းရှူးစေ့ ငါးစေ့ ကို ပစ်လွှတ်လိုက်သည်။
တွမ့်ကျန်းယွမ် မှာ ကောင်းကင်ဖြိုခွဲ သိုင်းကွက်ကို ခံထားဖူး သဖြင့် ရှိန်နေကာ ခုန်ဆုတ်လိုက်လေသည်။ သူစင်ပေါ်သို့ ပြန်ကျခါနီးတွင်
ထင်းရှူးစေ့ များက ဝဲပျံလာလေသည်။ ထိုတိုက်ကွက် အတွဲ အစပ်မှာ သူ့ကို ချောက်ထဲကျစေသော အတွဲအစပ်ဖြစ်ပီး ထိုစဉ်ကတော့
လူနှစ်ယောက် ကအသုံးပြု ခြင်းဖြစ်သည်ကို သတိရသွားကာ မခံချင်ဖြစ်မိသွားသည်။ ထိုထင်းရှူးစေ့ များမှာ ရုတ်တရက် ပစ်လိုကြ် ခင်း
ဖြစ်၍ နောက်သို့ ခုန်ရှောင်လိုက်လျင် လွတ်သည်။ ရင်းကို့၏ ပစ်နည်းစစ်စစ်ကဲ့သို့ ကြောက်စရာ မကောင်းချေ။ သို့သော် သူသာ
ခုန်ရှောင်လိုက်လျှင် စင်အောက်သို့ ပြုတ်ကျမည် ဖြစ်ပီး ရှုံးနိမ့်သွားနိုင်လေသည်။ ထိုကြောင့် သူက အကြပ်ရိုက်သွားသည်။ စီးမင်ကို့ချန်
မှာ ထိုအခွင့်အရေးကို စောင့်နေသည် ဖြစ်ရာ တွမ့်ကျန်းယွမ် ရှောင်နိုင်ရင်ပင် ထပ်မံ ပစ်လွှတ်ရန် ထင်ရှူးစေ့များကို
ဆုပ်ကိုင်ထားလေသည်။ တွမ့်ကျန်းယွမ်က ဓားမရှိ သဖြင့် ထင်းရှူးစေ့ များကို ခုတ်ပိုင်းရန် မဖြစ်နိုင်ချေ။ သို့သော် သူက ရုတ်တရက်
လက်ဝါးကို ထောင်ကာ တောင်ဖြိုဓားကွက် ကို လက်ဝါးဖြင့် အသုံးပြု လိုက်လေသည်။
" ဝုန်း "
ဆို သော အသံကြားလိုက်ရပီး လေပြင်း တစ်ချက်တိုက်သလို လှိုင်းလုံးကြီး ထွက်လာကာ ထင်းရှူးစေ့များသာမက စီးမင်ကို့ချန်ပါ
စင်မြင့်ပေါ်မှ အတော်ဝေးဝေး သို့လွှင့်ထွက်သွားသည်။ တောင်ဖြိုဓားကွက် မှာ အတွင်းအားကို တဝက်ထက်ကျော် ထည့်မှသာ
သုံးနိုင်ခြင်း ဖြစ်ရာ တွမ့်ကျန်းယွမ် ၏ အတွင်းအား တစ်ဝက်ပင်လျှင် ထိုမျှ အင်အားရှိကြောင်း ပေါ်လွင်နေပေသည်။ ထို အဖြစ်ကို
ဝေထင်း နှင့် စီးမင်ကို့ဝေ သာသိပီး ကျန်လူများကတော့ တွမ့်ကျန်းယွမ် က အင်အားအကုန် သုံးလိုက်သည် ဟုသာ ထင်နေကြသည်။
စီးမင်ကို့ချန်မှာ အတွင်းဒဏ် မရသော်လဲ စင်ပေါ်မှ ကျသဖြင့် ရှုံးနိမ့်သွားလေပီ။ ဒိုင်က အနိုင်အရှုံး ကြေငြာ လိုက်သော် သူက
မျက်နှာနီကြီးဖြင့် ဝါးတဲ ကို ခပ်ထန်ထန် လျှောက်သွားတော့သည်။ ပရိသတ် အပေါင်းတို့မှာ တွမ့်ကျန်းယွမ် ၏ သိုင်းပညာနှင့်
အတွင်းအားကို အထင်ကြီး ကာ တွမ့်ကျန်းယွမ် နာမည်ကို အော်ဟစ် အားပေးနေကြသည်။ မုယုံချန်းရှောင်း က ချစ်သူ၏
အောင်မြင်မှုကို ကျေနပ်နေဟန် ရှိသည်။ ဝေထင်းကတော့ ခေါင်းတငြိမ့်ငြိမ့် ဖြင့် တပည့်ဖြစ်သူကို ကျေနပ်နေသည်။ ထို့အတူ
ထိုအဖြစ်ကို ကျေနပ်နေသူ တစ်ယောက်လဲ ရှိသည်။ ထိုသူက အဝေး တစ်နေရာမှ ကြည်က
့ာ ပျော်ရွှင်နေလေ သည်။

နောက်တစ်ပွဲ မှာ ပိုင်လုံ နှင့် မင်စုထန် ဖြစ်လေသည်။ ထိုပွဲ မှာ မင်စုထန် စောင့်မျှော် နေသော ပွဲ ဖြစ်လေသည်။ ပိုင်လုံ နှင့် မင်စုထန်
မှာ အချင်းချင်း အရိုအသေပေး ပီး စင်မြင့်ပေါ်တွင် ရပ်နေလေသည်။ ပိုင်လုံ က နဂါးနိုင်လက်ဝါး သိုင်းဟန် ဖြင့် ရပ်နေပီး မင်စုထန် က
တာမိုမိစ္ဆာရှင်း လက်ဝါး သိုင်းဟန် အတိုင်း ရပ်နေလေသည်။ ဒိုင်များ က စရန် အချက်ပြလိုက်သော် တစ်ယောက် နှင့် တစ်ယောက်
ကြည့်ကာ အလစ်ချောင်း နေကြသည်။ နှစ်ဦးလုံး စိတ်ထဲတွင် မလွယ်ကူသော တိုက်ပွဲဖြစ်ကြောင်း သိရှိ နေကြသည်။ အတန်ကြာမှ
ပိုင်လုံက စတင် တိုက်ခိုက်လိုက်လေသည်။ မင်စုထန်း ကလဲ ချက်ချင်းပင် ခုခံလိုက်သည်။ သူတို့ နှစ်ယောက် မှာ နဂါးတစ်ကောင် နှင့်
တာအို ဘုန်းကြီး တစ်ပါး တိုက်ခိုက်သကဲ့သို့ ဖြစ်နေသည်။ နဂါးကြီးမှာ တဝုန်းဝုန်း နှင့် အင်အားအပြည့် တိုက်ခိုက်နေသလောက်
ဘုန်းကြီးကလဲ သွက်လက်စွာ ပျော့လိုက် မာလိုက်ဖြင့် ပြန်လည် တိုက်ခိုက်နေသည်။ ပရိသတ် အပေါင်းမှာ ထိုမျှ လက်ညီ၍
ကြည့်ကောင်းသော တိုက်ပွဲကို မမြင်ဖူး ကြချေ။ တွမ့်ကျန်းယွမ် ပင် မျက်လုံးမလွှဲ ချင်အောင် ကြည့်ကောင်းနေသည်။ ဒိုင်များ မှာ
ခေါင်းတငြိမ့်ငြိမ့် ဖြင့် ဂုဏ်ယူနေကြသည်။ စီးမင်ကို့ချန် ကတော့ ထိုတိုက်ပွဲ ကို ကြည့်ကာ စိတ်ညစ်သွားသည်။ ထိုနှစ်ယောက် မှာလဲ
သူ့ထက် ဘယ်လိုမှ မညံ့ချေ။ သာပင် သာနိုင်သေးသည်။ အကြကေ
် ပါင်း ငါးရာကျော်သည့်တိုင် အနိုင်အရှုံး မပေါ်ချေ။ အတွင်းအားချင်း
ကလဲ တူညီနေသဖြင့် ခွဲခြားမရ ဖြစ်နေသည်။ ဒိုင်များက သရေပွဲ အဖြစ် ပွဲရပ်လိုက်ရသည်။ မဟုတ်လျှင် သူတို့ နှစ်ယောက် မှာ
သုံးရက်သုံးည တိုင်အောင် အနိုင်အရှုံး ပေါ်မည်မဟုတ်ပေ။ နေ့လည် ရောက်ပီး ဖြစ်သဖြင့် မနေ့ကနှင့် မတူ ပြိုင်ပွဲ ကို ခဏနားက
ဝါးတဲများတွင် သက်သတ်လွတ် ဟင်းလျာ များကို ပေါက်စီ ဖြင့် ကျွေးမွေး လေသည်။ သူ့နေရာ နှင့်သူ မဟာမိတ်အဖွဲ့သားများက
လိုက်လံ ဝေငှ ပေးသဖြင့် ပရိတ်သတ်များမှာ ရုတ်ရုတ်သဲသဲ မဖြစ်ချေ။ တိတ်တိတ်ဆိတ်ဆိတ် ပင် စားသောက်ရလေသည်။ ပုလုံ ၏
အစီအစဉ် မှာ ဟာကွက်ပင် မရှေ
ိ ချ။ စီးမင်ကို့ဝေ မှာ ပုလက
ိုံ အထင်သေးမိသဖြင့် ကိုယ့်ကို ကိုယ် ဒေါသထွက်နေသည်။ သူတို့သားအဖ
နှစ်ယောက် ဒီတစ်ခေါက် မှန်းချက်နှင့် နှမ်းထွက် ကိုက်မည့်ပုံ မပေါ်ချေ။ ထို့အပြင် ဝေထင်း လို ခေါင်းကိုက်စရာ ကောင်းတဲ့ လူကလဲ
ရောက်နေပြန်သည်။

နောက်တစ်ပွဲ ပြန်စရန် ဒိုင်များက အချက်ပြ လိုက်သည်။ ဒီတစ်ခေါက် ယှဉ်ရမည့် နှစ်ယောက်က မင်စုထန်း နှင့် စီးမင်ကို့ချန် တို့
ဖြစ်လေသည်။ မင်စုထန်း က တည်တည်ငြိမ်ငြိမ် ရပ်နေသော်လဲ စီးမင်ကို့ချန် ကတော့ ဒေါသတကြီး ဖြစ်နေသည်။ သူက စရန်
အချက်ပြ လိုက် သည်နှင့် တစ်ပြိုက်နက် ထင်းရှူးစေ့များကို ပစ်လွှတ်လိုက်လေသည်။ မင်စုထန်း မှာ ထို ပစ်နည်းကို တွမ့်ကျန်းယွမ် ကို
ပစ်စဉ်က မြင်ဖူးထားသဖြင့် လက်ဝါးဖြင့် ရိုက်ထုတ် လိုက်လေသည်။ မင်စုထန်း၏ အတွင်းအား မှာလဲ အတော်ကို နက်ရှိုင်းရာ
စီးမင်ကို့ချန် က ရှိန်သွားသည်။ ထို့နောက် သူက နတ်လက်သီး သိုင်းကို သုံးကာ တိုက်ခိုက် လိုက်တော့သည်။ သို့သော် အကွက်နှစ်ရာ
ကျော်သော် မင်စုထန်း၏ တာမိုမိစ္ဆာရှင်း လက်ဝါးသိုင်းကို မယှဉ်နိုင်တော့ချေ။ စင်ပေါ်မှ ပြုတ်ကျပီး ရှုံးနိမ့်သွားလေသည်။ စီးမင်ကို့ဝေ
မှာတော့ တောက် တစ်ခေါက်ခေါက် ဖြင့် ကြိတ်မနိုင်ခဲမရ ဖြစ်နေလေသည်။ ဆရာတော် ရွှမ်းမု ကတော့ အပြုံးကို မရပ်နိုင်တော့ချေ။

ထို့နောက် နောက်တစ်ပွဲ အဖြစ် ပိုင်လုံ နှင့် တွမ့်ကျန်းယွမ် အလှည့်ကျ လေသည်။ ပိုင်လုံ မှာ တွမ့်ကျန်းယွမ် ကို ကြည့်ပီး ပြုံးပြ နေသလို
တွမ့်ကျန်းယွမ် ကတော့ ပိုင်လုံ အစွမ်းကို သိနေသဖြင့် စိတ်တအား လှုပ်ရှား နေလေသည်။ စိတ်တည်ငြိမ်အောင် ဘယ်လလ
ိုပ် ရမလဲ
မသိတော့ပဲ စိတ်ရှုပ်နေပြန်သည်။ သူက ပိုင်လုံကို ဓားသိင
ုး ဖြင့် အနိုင်မယူချင်ပေ။ ပိုင်လုံကို ယောက်ျား ပီပီသသ လက်ဝါးခြင်း
ယှဉ်ချင်နေသည်။ ထို့အပြင် ပရိသတ်များ၊ ဒိုင်များ နှင့် ဂိုဏ်းချုပ်များ ပါ ထိုပွဲကို စိတ်ဝင်စား နေကြသည်။ အမှန်အတိုင်းဆိုရသော်
ထိပ်သီးလေးယောက်၏ ပြိုင်ပွဲမှာ တစ်ပွဲမှ စိတ်ဝင်စားစရာ မကောင်းတာ မရှိချေ။ ပိုင်လုံ က နဂါးနိုင်လက်ဝါး ကို ထပ်မံ အသုံးပြုမည်
ဖြစ်သည်။ သူက အဖြူရောင် ဝတ်ဆင်ထားသဖြင့် နာမည်နှင့် လိုက်အောင် အဖြူရောင် နဂါးကြီးတစ်ကောင် လိုပင် ရဲရင့် နေသည်။
တွမ့်ကျန်းယွမ် က အပြာရောင် ဝတ်ထားပီး ဓားမပါလာ သဖြင့် သူဘာသိုင်း သုံးမည်မှန်း မသိရချေ။ သို့သော် သူ၏ အနီးတစ်ဝိုက်မှာ
အေးစိမ့်သော အငွေအ
့ သက်များ ရနေပီး သူ့မျက်လုံးမှာလဲ အေးစက်သော အရိပ်များ ပေါ်နေပြန်သည်။ ပိုင်လုံ မှာ တွမ့်ကျန်းယွမ် ၏
အကြည့်များ ပြောင်း နေသည်ကို သတိထားမိလေသည်။ သို့သော် ဒိုငမ
်ျားက စရန် အချက်ပြ လိုက်သည်နှင့် တွမ့်ကျန်းယွမ်က လက်ဝါး
ဖြင့် ရိုက်လေတော့သည်။ ပိုင်လုံ၏ အနောက်ရှိ ပရိတသ
် တ်များမှာ အေးစိမ့် သော လေအေး ကို ခံစားလိုက်ရသဖြင့်
ချမ်းစိမ့်သွားကြသည်။ ပိုင်လုံပင် အံ့သြကာ ရှောင်လိုက်ရသည်။ သူက တွမ့်ကျန်းယွမ် ၏ လက်ဝါးသိုင်းမှာ အဆင့်မြင့်သည်ကို
သိရသဖြင့် မပေါ့ဆရဲပဲ နဂါးနိုင်လက်ဝါး သိုင်း ဖြင့် ရင်ဆိုင်ရတော့သည်။ သူတို့ နှစ်ယောက် တိုက်ခိုက်နေပုံကတော့ ရေခဲနတ်ဆိုး နှင့်
နဂါးတစ်ကောင် အတိုင်းဖြစ်ပီး တဝုန်းဝုန်း အေးစိမ့်ကာ ရေခဲမှုန်များ ကပ်ပါနေသော လက်ဝါးလှိုင်း များကြား ပိုင်လုံက လူးလွန့်ကာ
ရှောင်တိမ်းနေပုံမှာ ရေခဲမုန်တိုင်း ကြားက နဂါးကြီးလိုပင် ဖြစ်နေသည်။ ပရိသတ် များမှာ မင်စုထန်း နှင့် ပွဲထက် ပိုကြမ်းတမ်းသော ပွဲကို
မြင်ရသဖြင့် အသက်ပင် မရှုနိုင်လောက်အောင် ငြိမ်သက် ပီး စိတ်ဝင်တစား ကြည့်နေကြသည်။ ထို့ပြင် ပတ်ဝန်းကျင် မှာလဲ အတော်ကို
အေးစိမ့်နေပီ ဖြစ်သည်ကို သတိထားမိကြသည်။ အကွက်ပေါင်း သုံးရာမျှ ရှိသော် ပိုင်လုံ မှာ အအေးဒဏ်ကြောင့် တစ်ကိုယ်လုံး
တုန်ယင် လာသည်။ သူအနေဖြင့် နောက် ဆယ်ကွက် ပင် ဆက်လက်ခုခံရန် မလွယ်တော့ချေ။ သိုင်းပညာချင်း တူညီနေသော်လဲ
တွမ့်ကျန်းယွမ်၏ လက်ဝါးသိုင်းမှာ ရက်စက်လွန်းနေသည်။ ထို့အပြင် အအေးလှိုင်းမှာလဲ အဆုံးမရှိတော့သည့် အလား ဆက်တိုက်
ထွက်ပေါ်နေရာ သူ့အနေ ဖြင့် မလွယ်တော့ချေ။ တစ်ဖက်က တွမ့်ကျန်းယွမ် မှာတော့ သူ့စိတ်သူ နားလည် တော့ချေ။
ထိုလက်ဝါးသိုင်းကို မသံုး လိုသော်လဲ အခုသုံးမိသောအခါ အရမ်း နှစ်သက်ပီး ပိုင်လုံကိုလဲ သတ်ဖြတ်ချင် နေလေသည်။ သို့သော် သူက
သူ့၏ သတ်ဖြတ်ချင်စိတ်ကို ထိန်းချုပ်ရန် ကြိုးစား နေလေသည်။ ထို့ကြောင့် သူ့၏ တိုက်ခိုက်မှု မှာ အရှိန်လျော့သွားလေသည်။ ပိုင်လုံ
မှာ တွမ့်ကျန်းယွမ် ၏ မျက်လုံးအရောင် ပြောင်းလဲမှု တိုက်ခိုက်သည့် ပုံစံ ပြောင်းလဲ မှု တို့ကို တွက်ဆကာ အနောက်သို့ ခုန်ဆုတ်
လိုက်လေသည်။ သူ၏ ခုန်ဆုတ်မှု ကြောင့် တွမ့်ကျန်းယွမ် မှာ ကြောင်သွားပီး တိုက်ခိုက်မှု ကိုပင် ရပ်လိုက်လေသည်။
အဘယ့်ကြောင့်ဆိုသော် ပိုင်လုံ ခုန်ဆုတ် လိုက်သည်က စင်ပေါ်မှ အောက်သို့ ကျသွားခြင်း ဖြစ်သဖြင့် တနည်းအားဖြင့်
အရှုံးပေးလိုက်ခြင်း ဖြစ်လေသည်။ အကုန်လုံးမှာ အံ့သြသွားသော်လဲ ပိုင်လုံက မူ ရပ်နေရာမှ ထိုင်ချကာ အတွင်းအား ကျင့်ပီး
ကိုယ်ထဲတွင် ပျံ့နှံ့နေသော အအေးဓာတ်ကို ထုတ်ပစ်ရန် ကြိုးစားလိုက်သည်။ ထိုမှ သာ ပရိတ်သတ်များ နှင့် ဒိုင်များမှာ ပိုင်လုံ က
အရှုံးပေးခြင်း မဟုတ် အမှန်တကယ် မယှဉ် နိုင်တော့ သဖြင့် ခုန်ဆုတ်သွားကြောင်း သိလိုက်ရလေသည်။ ထို့ကြောင့် အနိုင်ရသူ အဖြစ်
တွမ့်ကျန်းယွမ် ကို ကြေငြာလိုက် တော့သည်။ တွမ့်ကျန်းယွမ်မှာ အနိုင်ရသော်လဲ မပျော်နိုင်ချေ။ သူ့၏ အေးစိမ့်လက်ဝါးသိုင်း မှာ သူ့ကို
လွှမ်းမိုး လာသည်ကို လက်တွေ့ခံစားလိုက် ရသည် မဟုတ်ပါလား။ ဝေထင်း မှာလဲ ရက်စက်လွန်း သော တိုက်ကွက်များ ကို
မျက်နှာမပျက် ပဲ သုံးနေသည့် တွမ့်ကျန်းယွမ် နှင့် ယခု မှိုင်နေ သော တွမ့်ကျန်းယွမ် ကို ယှဉ်ကြည့်ကာ စိုးရိမ်နေသည်။

ပုလုံ နှင့် ဆရာတော် ရွှမ်းမု က မင်စုထန်း နှင့် စီးမင်ကို့ချန် ကိုခေါ်ကာ တွမ့်ကျန်းယွမ် နှင့် ပိုင်လုံ ကို ယှဉ်ဦးမလား မေးလေသည်။
မေးရသည့် အကြောင်း ရှိလေသည်။ မင်စုထန်း မှာ ပိုင်လုံ နှင့် အဆင့်တူ ဖြစ်ရာ ပိုင်လုံ မနိုင်သော တွမ့်ကျန်းယွမ် ကို နိုင်မည်
မဟုတ်ပေ။ ထို့အတူ စီးမင်ကို့ချန် မှာလဲ မင်စုထန်း ကိပ
ု င် မနိုင်ရာ ပိုင်လုံကို နိုင်ရန် မဖြစ်နိုင်ချေ။ စီးမင်ကို့ချန် က အဖေဖြစ်သူ
စီးမင်ကို့ဝေ က ခေါင်းခါပြသဖြင့် မယှဉ်လို ကြောင်း ပြောကာ သူ့အဖေနား သွားထိုင် နေသည်။ မာနမင်းသား မှာ ရှုံးပွဲများ ဆက်တိုက်
ကြုံရသဖြင့် အပိုးကျိုးသွားဟန် ရှိသည်။ မင်စုထန်း ကတော့ လက်မလျှော့ ချေ။ သူက တွမ့က
်ျန်းယွမ်ကို ရအောင် ယှဉ် မည့်ဟု
ခေါင်းမာနေလေသည်။ သူ့အနေဖြင့် ပိုင်လုံကို အနိုင်ယူနိုင်သည့် ပြိုင်ဘက် ကို လက်မလွှတ်နိုင်ချေ။ တွမ့်ကျန်းယွမ် ကတော့ ငူငူငိုင်ငိုင်
သာဖြစ်နေသည်။ ဒိုင်များက လဲ ပြောမရသဖြင့် ပြိုင်ပွဲ စရန် အချက်ပေး လိုက်ရ သည်။

မင်စုထန်း မှာ ယခု တစ်ကြိမ်တော့ လက်ဗလာ နှင့် မဟုတ်တော့ပဲ ဓားတစ်ချောင်း ကိုင်ထားလေသည်။ ထိုအဖြစ်ကို ပရိတ်သတ်များ
နှင့် ဆရာတော် ရွှမ်းမု ပါ အံ့သြ သွားသည်။ တွမ့်ကျန်းယွမ် ပင် ငေါင်နေရာမှ စိတ်ဝင်စားသွားပီး စင်ပေါ် ချထားသော သူ့ဓားကို
ကောက်ကိုင် လိုက်မိသည်။ မင်စုထန်း က တည်နေသော ရုပ်ကိုပင် မျက်မှောင်ကြုတ်ကာ
" တွမ့်ကျန်းယွမ် မင်းက ဆရာကြီး ဝေထင်း ရဲ့ တပည့်ဆိုတော့ လွန်ခဲ့တဲ့ အနှစ်နှစ်ဆယ် ကရှုံးကြွေးကို ပြန်ဆပ်ချင်နေမှာပဲ... အဲ့ဒီ
အတွက် ငါက အသင့်တော်ဆုံးပြင်ဆင် ထားတယ်... အသင့်ဖြစ်ရင် ဓားထုတ်လိုက် "
ဟု ပြောလိုက်လေသည်။
တွမ့်ကျန်းယွမ် မှာ မင်စုထန်း ဆိုလိုသော သဘောကို နားလည်သွားလေသည်။ မင်စုထန်း မှာ လွန်ခဲ့သော အနှစ်နှစ်ဆယ် က
ဆရာတော် ရွှမ်းအိ ကဲ့သို့ မီးစွဲဓားသိုင်း ကို အသုံးပြုတော့ပေမည်။ သူက ဝမ်းသာ အားရ ဓားကို ဆွဲထုတ်လိုက်မိသည်။ ဝေထင်း ကလဲ
မင်စုထန်း ရပ်နေပုံကို ကြည့်ကာ မျက်မှောင်ကြုတ် မိသည်။ သို့သော် သူ့က ဒီ အခွင့်အရေးကို စောင့်နေသည် မဟုတ်ပါလား။
အနှစ်နှစ်ဆယ် လောက် တာ့လီတွင် နေကာ တွမ့်ကျန်းယွမ် ကို ဓားသိုင်း သင်ပေးခဲ့ခြင်းမှာ ထိုဓားသိုင်း ကို အနိုင်ယူလို့၍ ဖြစ်သည်။
သူက မျက်မှောင်ကြုတ် နေရာမှ ပြုံးမိလိုက်သည်။ ဆရာတော် ရွှမ်းမု မှာ ဝေထင်း မျက်နှာပေါ်မှ အပြုံးကို မြင်သော် စိတ်မအေး
ဖြစ်သွားသည်။ ပရိတ်သတ် များကတော့ မင်စုထန်း ဓားကိုင် ထားသဖြင့် သတင်း ကြားထားသလို မီးစွဲဓားသိုင်း မြင်ရတော့ မည်ဟု
ရိပ်မိသူက ရိပ်မိနေကြသည်။

မင်စုထန်း က ကိုင်ထားသော ဓားကို ကြည့်ကာ မျက်စိမှိတ်လိုက်သည်။ ဓားမှာ တဖြည်းဖြည်း နီရဲလာပီး ပူလောင်သော


အငွေ့အသက်များ ပျံလွင့် လာသည်။ တွမ့်ကျန်းယွမ် မှာ မီးစွဲဓားသိုင်း အစစ်အမှန်ကို တွေ့ရသဖြင့် ရင်ခုန်နေသည်။ သူက ဓားကို
ခပ်စောင်းစောင်း ကိုင်ကာ တောင်ဖြိုဓားကွက် ကိုပင် အသုံးပြုရန် ရည်ရွယ် ထားသည်။ ထိုဓားကွက် တွင် နောက်ထပ် အကွက်ပွား
ဝေထင်းက ထပ်ထွင်ထားသေးသည်လေ။ အတော်နီရဲ ပီး ဓားလက်ကိုင် သစ်သားက ပြုတ်ကျသွား လျင် မင်စုထန်း မှာ ရုတ်တရက်
ခုန်ပီး တိက
ုခိုက် လိုက်လေသည်။ မင်စုထန်း မျက်လုံးများမှာ နီရဲနေပီး မီးသရဲ တစ်ကောင်လို ရက်စက်သော ဓားကွက် များ
သုံးလာလေသည်။ တွမ့်ကျန်းယွမ် မှာ အခွင့်မသာ သေးသဖြင့် တောင်ဖြိုဓားကွက် ကို မသုံးပဲ တခြားဓားကွက်များဖြင့် ခုခံလိုက်
လေသည်။ မင်စုထန်း က ရက်စက်စွာ တိုက်ခိုက်နေသလောက် တွမ့်ကျန်းယွမ် က ခပ်မှန်မှန်ပင် ခုခံနေလေသည်။ မီးနတ်ဆိုး ကို
တာအိုရသေ့ က တားမြစ် နေပုံအလား ပရိသတ် များမှာ အံ့သြတကြီး ဖြစ်နေကြ သည်။ စီးမင်ကို့ဝေ ကတော့ မင်စုထန်း ကို ကြည့်ကာ
အားရကျေနပ်နေသည်။ ဆရာတော် ရွှမ်းမု ကတော့ စိတ်ပူသော မျက်လုံးများနှင့် ကြည့်နေသည်။ အကွက်ပေါင်း နှစ်ရာကျော်လာသော်
ဝေထင်း မှာ စိတ်လှုပ်ရှားလာသည်။ သူက အကွက်နစ
ှ်ရာကျော် တွင် အပူဒဏ် နှင့် အတွင်းအားဒဏ် မခံနိုင် တော့သဖြင့် ရှုံးနိမ့်
ခဲ့ရသည် မဟုတ်ပါလား။ ယခုမူ တွမ့်ကျန်းယွမ် မှာ အပူဒဏ်လဲ ခံရပုံ မပေါ်သလို အတွင်းအားမှာလဲ အသာရနေ သဖြင့် ခပ်မှန်မှန်ပင်
မီးစွဲဓားသိုင်း ကို အကွက်စေ့သွားရန် တိုက်ခိုက်နေသည်။ မင်စုထန်း မှာလဲ တွမ့်ကျန်းယွမ် က အတွင်းအားသုံးပီး ဇွတ်အတင်းရိုက်ထုတ်
ပါကာ ရှုံးနိုင်သော်လဲ မလုပ်ပဲ အလျော့ပေး ယှဉ်ပြိုင်နေသည်ကို တွေ့သော် မခံချင်စိတ် ဖြင့် ဒေါသများ ထွက်လာသည်။ သူ၏
စဉ်းစားဆင်ခြင်ဥာဏ် မှာ ခဏတာ လွတ်ထွက် သွားလေပီ။ သူက အရူးတစ်ယောက် လိုပင် နီရဲနေသော မျက်လုံးဖြင့် မီးစွဲဓားသိုင်း၏
နောက်ဆုံး သိုင်းကွက် များကို ထုတ်ဖော် လိုက်သည်။ ထိုသိုင်းကွက်များကို ဆရာတော် ရွှမ်းအိ ပင် အသုံးမပြုခဲ့ချေ။
အရမ်းပြင်းထန်ကာ ရက်စက်လွန်းသဖြင့် ဖြစ်သည်။ တွမ့်ကျန်းယွမ် မှာ မင်စုထန်း က ပိုမို ကြမ်းတမ်းစွာ တိုက်ခိုက်လာသော်
တောင်ဖြိုဓားကွက် မှာ အကွက်ပွားများဖြင့် ခုခံလေသည်။ သို့သော် မင်စုထန်း မှာ အရူး လိုပင် ဒဏ်ရာရမည်ကို မမူပဲ တိုးဝင်နေရာ
သူ့အဖို့ အကြပ်ရိုက်လာသည်။ မင်စုထန်း ၏ ကိုယ်မှလဲ ပူလောင်သော အခိုးအငွေ့များ ထွက်လာပီး အပေါ်ဝတ်စုံ မှာ မီးပေါက်ရာ
များပင် ရှိလာသည်။ သူ၏ အနားမှာ အရမ်းပူလောင်နေရာ တွမ့က
်ျန်းယွမ် အဖို့ အခက်တွေ့နေသည်။ ပုံမှန်ဆိုလျှင် သူက
အေးစိမ့်အတွင်းအား သုံးနိုင်သဖြင့် မမူသော် လဲ သူက ထိုအတွင်းအားကို မသုံးရဲချေ။ ထို့ကြောင့် သူက အတွင်းအားသုံး ရသော
နတ်ဓားသိုင်း ကို အသုံးပြုလိုက် ရတော့သည်။ အခြေအနေမှာ ခံသာသွား သည်။ ပူလောင်နေသော မင်စုထန် ကို တွမ့်ကျန်းယွမ်က
သူ၏ ကြီးမားသော အတွင်းအားဖြင့် ဖိနှိပ်ထားနိုင်ခဲ့လေသည်။ ဝေထင်း၏ ဓားသိုင်းမှာ အတွင်းအားနှင့် ပေါင်းစပ်သုံးစွဲ ၍
သိပ်မသင့်တော် ပေမဲ့ နတ်ဓားသိုင်း ကတော့ အတွင်းအားကြီးလေ အစွမ်းကြီးမားလေဖြစ်သည်။ စီးမင်ကို့်ဝေမှာ တွမ့်ကျန်းယွမ်
သုံးသော ဓားသိုင်း ကိုမြင်ပီး ဒေါသထွက်နေလေသည်။ ထိုဓားသိုင်းမှာ သူ ယုတ်မာထားသော အကိုကြီးဖြစ်သူ တုံးဖန်းဟိုင် ၏
ဓားသိုင်း ဖြစ်သည် မဟုတ်ပါလား။ တွမ့်ကျန်းယွမ် မှာ ထိုသိုင်းကို စီးမင်ကို့ဝေ ရှေ့တွင် မသုံးလိုသော်လဲ မင်စုထန်း၏
ဖိအားပေးမှုကြောင့် သုံးရပီ ဖြစ်သည်။ ဝေထင်းမှာ ထိုဓားသိုင်း ကို မြင်သော် အလွန်အံ့သြသွားသည်။ လောက တွင် ထိုသို့
အံ့သြစရာကောင်းသော ဓားသိုင်း ရှိသေးသလား ဟု ပင် ရေရွတ်မိသည်။ ပရိတ်သတ်များကတော့ တွမ့်ကျန်းယွမ် ၏ ဓားပညာကို
သြချမိကြသည်။ မီးစွဲဓားသိုင်း ကိုပင် ဖိနှိပ်ထားသည် မဟုတ်ပါလား။ မင်စုထန်း က တွမ့်ကျန်းယွမ် ၏ အတွင်းအားလှိုင်းများကြား
လှုပ်မရ ဖြစ်နေရာမှ ဒေါသထွက်ကာ အတွင်းအားအကုန် စုပီး ရုန်းလိုက်သည်။ တွမ့်ကျန်းယွမ် မှာလဲ ရုတ်တရက်မို့
လွှတ်ပေးမိလိုက်သည်။ မင်စုထန်း ကတော့ မိစ္ဆာဓာတ် အပြည့်အဝ ပူးဝင်သွား ဟန်ဖြင့် တွမ့်ကျန်းယွမ် ကို ဓားဖြင့်ထိုးလိုက်သည်။
ဓားမှာ နီရဲရုံတင်မကတော့ပဲ မီးတောက်များ ပါထွက်ပေါ် နေလေသည်။ တွမ့်ကျန်းယွမ် က လန့်သွားကာ အတွင်းအား အပြည့်ဖြင့်
လက်ဝါးတစ်ချက် ရိုက်ထုတ်လိုက်မိသည်။ ထိုလက်ဝါးမှ အအေးလှိုင်းများ လှိုက် ခနဲ အင်တိုက်အားတိုက် ထွက်လာကာ မင်စထ
ု န်း ကို
ရိုက်ထုတ်သွားလေသည်။ မင်စုထန်း မှာ အတင်းခုခံနေသော်လဲ စင်ပေါ်မှ အောက်သို့ တော်တော်ဝေးဝေးပင် လွင့်ထွက်သွား
လေသည်။ ထို့အတူ သူ၏ ဓားမှာလဲ အငွေ့များထွက်ကာ ပုံပျက်သွားလေသည်။ မီးတောက်ကာ နီရဲနေရာမှ အလွန်အေးသော
လေလှိုင်းနှင့် ထိတွေ့သွားရသောကြောင့် သတ္တုဖြစ်သော ဓားမှာ ပုံပျက်ပန်းပျက် ဖြစ်သွားချင်းဖြစ်သည်။ မင်စုထန်း မှာလဲ သွေးများ
အန်ထွက်ကာ နှုတ်ခမ်းများက ခရမ်းယောင်သမ်းပီး ချမ်းတုန်နေသည်။ တွမ့်ကျန်းယွမ် ကတော့ ဖြစ်ပျက်သွားသည် ကို မယုံနိုင်သလို
ဖြစ်နေလေသည်။ ပရိတ်သတ် များနှင့်တကွ ဒိုင်များကလဲ မယုံနိုင်သလို ကြောင်နေကြသည်။ တွမ့်ကျန်းယွမ်၏ နောက်ဆုံးလက်ဝါး
ချက်မှာ အလွန်တရာ ပြင်းထန် လှသဖြင့် လက်ရှိ ကြည့်နေသူ များထဲတွင် ခုခံနိုင်သောသူ မရှိနိုင်ချေ။ တွမ့်ကျန်းယွမ် ကသာ တကယ်
သေစေလို၍ ဓားကို ဦးတည်ပီး မရိုက်ပဲ မင်စုထန် ကိုဦးတည်ပီး ရိုက်ပါက မင်စုထန်မှာ မီးမိစ္ဆာ ပူးကပ်နေသည့်တိုင် ပွဲချင်းပီးသေဆုံး
သွားနိုင်သည်။ အခုပင် အတွင်းဒဏ် အပြင်းအထန် ရနေသည် ဖြစ်ပေသည်။ ရှောင်လင်ကျောင်းသား များမှာ မင်စုထန် ကို ဆရာတော်
ရွှမ်းမု ဆီသယ် လာကြသည်။ ဝေထင်းက ကျောက်စိမ်းပုလင်း ထုတ်ကာ ဆေးလုံး ငါးလုံး ထုတ်ပေးလိုက်သည်။ ဆရာတော် ရွှမ်းမု က
ချက်ချင်းပင် ယူကာ တိက
ုလိုက်လေသည်။ ထို့နောက် ဘုန်းကြီး ဆယ်ပါးခန့် ထွက်လာကာ ရိကျင့် အတွင်းအားသုံး ပီးတစ်ပြိုက်နက်
ကုသကြလေသည်။ တွမ့်ကျန်းယွမ် ကတော့ မျက်နှာငယ်လေးဖြင့်
" တပည့်တော် မရည်ရွယ်ပါဘူး "
ဟု သာ ရေရွတ်နေသည်။
ဝေထင်းက ထကာ တွမ့်ကျန်းယွမ် ကို စင်မြင့်မှာ ဝေးရာသို့ ခေါ်သွားလေသည်။ မုယုံချန်းရှောင်း မှာလဲ သူတို့နောက်သို့ အပြေးလေး
လိုက်သွားလေသည်။

ပုလုံက ထကာ လက်ရှိ လူငယ်သိုင်းလောက နံပါတ် တစ် အဖြစ် တွမ့်ကျန်းယွမ် က ရရှိ သွားကြောင်း ကြေငြာလိုက်လေသည်။
မင်စုထန် က နံပါတ် နှစ်၊ ပိုင်လုံက နံပါတ်သုံး၊ စီးမင်ကို့ချန် က နံပါတ်လေး ဖြစ်ကြောင်းလဲ တစ်ခါတည်း ကြေငြာပီး ရှောင်စစ်တောင်
သိုင်းပြိုင်ပွဲကို ရုတ်သိမ်း လိုက်တော့သည်။ ပရိတ်သတ်များမှာ အံ့မခန်းသော သိုင်းပညာ များကို မြင် လိုက်ရဖြင့် ဝမ်းသာ ဝမ်းနည်း
ဖြစ်ကာ သိုင်းပညာ နိမ့်သူများက ချက်ချင်းပင် ပြန်ကုန်ကြသည်။ ဂိုဏ်းချုပ်များနှင့် သူတို့ တပည့်ကြီးများ ကတော့ မပြန်နိုင်ကြချေ။
မနက်ဖြန် ရှောင်စစ်တောင်ထိပ်တွင် ဂိုဏ်းချုပ်အဆင့်များ၏ တကယ့် သိုင်းပြိုင်ပွဲ ရှိသေးသည် မဟုတ်ပါလား။

#မိုးထိတောင်သိုင်းသမား #ZYN
အခန်း (၁၉) အပိုင်း ငါး
တတိယအကြိမ် ရှောင်စစ်တောင် သိုင်းပြိုင်ပွဲ

မိုးစင်စင် လင်းလေပီ။
တောင်ခါးပန်း တွင် လူများက အရမ်းကိုပင် နည်းသွားသည်။ ဂိုဏ်းချုပ်များနှင့် တပည့်များသာ ကျန်တော့ပီး တခြား သိုင်းသမားများမှာ
တောင်ခြေတွင်သာ သတင်းစောင့်နေကြတော့မည် ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် တောင်ထိပ်မှာ တော်ရုံ သိုင်းပညာမြင့်သူ
တက်ကြည့်ခွင့် မရှိချေ။ သိုင်းပြိုင်မည့် တောင်ထိပ် နေရာမှာ မကျဉ်းမြောင်းသော်လဲ သိုင်းပြိုင်ရာတွင် ထိခိုက်မည် စိုးသောကြောင့်
ဖြစ်လေသည်။ ပြိုင်မည့်သူများက အစွမ်းကုန် ပညာကုန် ထုတ်ပြိုင်ကြမည် ဖြစ်သည်။ သို့သော် ဝင်ပြိုင်မည့် ဂိုဏ်းချုပ်များမှာ စိတ်လေး
နေကြသည်။ သူတို့မှာ မည်မျှ ပင် သိုင်းပညာ တိုးတက်လာပါစေ တွမ့်ကျန်းယွမ် နောက်ဆုံးရိုက်ထုတ်လိုက်သော လက်ဝါးချက်ကို
ခုခံနင
ိုသူ မရှိ ဟူသော အချက်ကို သိရှိနေသောကြောင့် ဖြစ်သည်။ တွမ့်ကျန်းယွမ် မှာ တကယ်ပင် အတွင်းအား အရာ၌
ပြိုင်ဘက်ကင်းနေလေပြီ။ သိုင်းပညာ အားဖြင့်လဲ သူတို့ထက် မညံ့ရုံမက သာပင် သာနိုင်နေရာ ဂိုဏ်းချုပ်များမှာ စိတ်လေး နေကြသည်။
ဝေထင်းပင် အံ့သြလွန်း နေပီး သူ့တပည့်ကို တကြည်ြ့ ကည့် ဖြစ်နေသည် လေ။ တွမ့်ကျန်းယွမ် ကတော့ စိတ်ပျက် လက်ပျက်
ဖြစ်နေသည်။ သူက စီးမင်ကု့ေ
ိ ဝ ကို လျှို့ဝှက်အဖွဲ့အစည်း ၏ ခေါင်းဆောင် ဟု ထင်နေရာ သူ့ရှေ့တွင် နတ်ဓားသိုင်း ကစားမိ သဖြင့်
ဝတ်စုံမည်းနှင့် တုံးဖန်းဟိုင် မှာ သူမှန်း ရိပ်မိလောက်ပီ ဖြစ်သည်။ ထိအ
ု့ တူ သူ့ဆရာ တုံးဖန်းဟိုင် ကိုလဲ သုံးရက်မြောက်သည် အထိ
မတွေ့သေးချေ။ လီယင်းယင်း ကို သွား မေးရန်ပင် စဉ်းစားမိသည်။ မုယုံချန်းရှောင်း ကတော့ သူ့ကို အရိပ်တကြည့်ကြည့် နှင့်
ဂရုစိုက်ပေးနေလေသည်။

ပြိုင်ပွဲဝင်မည့် ဂိုဏ်းချုပ်များမှာ အချိန်ကျပီ ဖြစ်၍ တောင်ထိပ်သို့ တက်လာခဲ့ကြသည်။ ဝေထင်း မှာ တောင်ထိပ်တွင် ရပ်မိသော အခါ
လွန်ခဲ့သော အနှစ်နှစ်ဆယ် ကို မြင်ယောင် မိလေသည်။ မြင်ကွင်းမှာ အနည်းငယ်သာ ပြောင်းလဲနေသည်။ ကျန်းဂိုဏ်းချုပ်များမှာလဲ
ထိုအတူပင် ယခင်ကတော့ သူတို့က ပြိုင်ပွဲဝင်ခွင့်ပင် မရှိပဲ အသိသက်သေများသာ ဖြစ်ပီး ယခုတော့ ပြိုင်ခွင့်ရှိလေပီ။ ပြိုင်မည့်သူများက
တပည့်ကြီး တစ်ယောက်စီသာ ခေါ်လာကြရာ ဝေထင်း ကလဲ တွမ့်ကျန်းယွမ် ကိုသာ ခေါ်ခဲ့သည်။ မုယုံချန်းရှောင်း ပင် ပါမလာချေ။
တွမ့်ကျန်းယွမ် က ခေါ်၍သာ လာရသည် စိတ်မဝင်စားချေ။ သူက ပြိုင်ပွဲ ဝင်မည့် သူများ၏ သိုင်းပညာကို မြင်ဖူးပီး ဖြစ်နေရာ
ဘယ်လိုအနိုင်ယူရမည် ပါ သိပီးသားဟု အထင် ရှိနေသည်။ မိမိကိုယ်ကို အထင်ကြီးနေခြင်းပင် ဖြစ်သည်။ အယုတ်စွဆုံး သူ့ဆရာ
ဝေထင်း ကိုပါ အနိုင်ယူနိုင်စွမ်း ရှိသည့် ဟု အထင်ရှိနေရာ သိပ်တော့ စိတ်မပါချေ။ ပြိုင်မည့်သူများ ကလဲ တွမ့်ကျန်းယွမ် ကို မြင်သော်
အိုးတိုးအမ်းတမ်း ဖြစ်နေကြသည်။ မာနကြီး လွန်းသော စီးမင်သားအဖ ပင် အကြည့်ချင်း မဆုံအောင် ရှောင်နေကြရာ ကျန်သူများ မှာ
အဘယ်မျှ စိတ်သောကရောက်နေမှန်း သိသာသည်။

ဆရာတော် ရွှမ်းမုက သက်ပြင်းချကာ


" အိမ်း... သိုင်းပြိုင်မယ် ဆိုပီးသာ တက်လာ ရတယ် တကယ်တမ်း ကျုပ်တို့ အတွင်းအား က ဒကာလေးတွမ့်ကို မမှီကြတာ
အကုန်အသိပဲ အဲ့တော့ ဘယ်သူမှလဲ စိတ်မပါကြဘူး ဘယ်လို လုပ်ကြမလဲ "
ဟု မေးလိုက်လေသည်။

ဆရာတော့် စကားကြောင့် တွမ့်ကျန်းယွမ် မှာ အနေကြုံ့ သွားပီး ဘာမှမပြောနိုင်ဖြစ်နေ သည်။ ပုလုံ က ဝင်ကာ
" တစ်ခုတော့ရှိတယ် ဂိုဏ်းချုပ် တစ်ယောက် က သူရဲ့ အားအထားဆုံး အကွက် ကို ကစားပြ ရမယ် ပီးတော့ အဲ့အကွက် ကို ချေဖျက်
နိုင်သူက ထွက်ပီး ချေဖျက်ပြပေါ့ အခု ရှိကြတာက ဂိုဏ်းချုပ်တွေနဲ့ တပည့်ကြီး တွေပဲ ဆိုတော့ ပြသနာသိပ်ရှိမယ် မထင်ဘူး"
ဟု အကြံပေးလိုက်လေသည်။

ကျန် ဂိုဏ်းချုပ်များမှာလဲ အတန်ကြာ တပည့်များ နှင့် တီးတိုး တိုင်ပင် ပီးသော် လက်ခံလိုက်ကြသည်။ ပထမဦးစွာ ဝါဆန်း ဂိုဏ်းချုပ်ကြီး
က ဒီနှစ်ပိုင်းအတွင်း ကျင့်ထား သော မိုးကြိုးဓားသိုင်း မှ အစွမ်းအထက်ဆုံး မိုးကြိုးမုန်တိုင်း ဟူသော အကွက်ကို ပြသ လေသည်။
လေပြင်းတိုက်ခတ် သလို ဓားမှာ မနားတမ်း ဝှေ့ယမ်း နေရာမှ တိကျသော ခုတ်ချက်များက ရင်ဆိုင်သူ၏ ကိုယ်ပေါ် မိုးကြိုးပစ်သလို
လျပ်တပျက် ကျရောက် စေရာ အလွန်အဆင်ြ့ မင့်သော သိုင်းကွက် ဖြစ်လေသည်။ ပိုင်ချုန်းရန် သာ ထိုဓားကွက် ကိုတတ်လျှင်
မုယုံချန်းရှောင်း ကို မရှုံးနိုင်ရုံသာမက ထိပ်သီးလေးယောက် နှင့်ပင် ပြိုင်နိုင်စွမ်း ရှိပေမည်။ ဓားသမား များ ဖြစ်ကြသော ကျန်းယွမ၊်
မုစန်း နှင့် ဝေထင်း တို့မှာ ပိုငခ
်ျုန်း၏ ဓားကွက် ကိုကြည့်ပီး အံ့သြနေကြသည်။ ပိုင်ချုန်းမှာ ယခင် ပိုင်ချုန်း မဟုတ်တော့ ဓားဘုရင်
ဘွဲ့ပင် ရသင့်နေချေပီ။ ဝေထင်းက ခုခံကွက်ကို စဉ်းစားမိဟန်ဖြင့် ကျန်းယွမ် နှင့် မုစန်းကို ကြည့်လိုက်သည်။ မုစန်း က ရှေ့ထွက်ကာ
လျှပ်စီးဓားသိုင်း ၏ အစွမ်းထက်ဆုံး အမြန်ဆုံး ဖြစ်သည့် တိမ်ကြားက လျှပ်စီး ဓားကွက် ကို ထုတ်ဖော်လိုက်သည်။ ထိုဓားကွက်မှာ
မြန်ဆန်လွန်းသဖြင့် ဓားရိပ် ကိုပင် မမြင်ရချေ။ ဓားချက်ပေါင်း ငါးဆယ်ခန့် ထိုးခုတ်သည်ကိုပင် တစ်ခဏ မျှသာ မြင်လိုက်ရသည်။
ပိုင်ချုန်းမှာ ထိုဓားကွက်ကို မြင်သော် သူ့ဓားကွက် ကို ချေဖျက်နိုင်သည်ဟု လက်မခံချေ။ သူက
" မဟုတ်သေးပါဘူး ရသေ့ကြီး... ဒီဓားကွက် က မြန်ပေမဲ့ တကယ်တမ်းပြောရရင် ကျုပ်ဓားကွက်ကို မနိုင်သေးပါဘူး... လာဗျာ
တစ်ခေါက်လောက် တိုက်ကြည့်ကြရအောင် "
ဟု ပြောလိုက်သည်။
ကျန် သူများ၏ အမြင်မှာလဲ တူတူပင်ဖြစ်ရာ ပိုင်ချုန်းကို မတားကြချေ။

ပိုင်းချုန်း က ဓားကိုကိုင်ကာ မိုးကြိုးမုန်တိုင်း ဓားကွက်ကို ကစားလိုက်သည်။ မုစန်း ကလဲ ထပ်တူပင် တိမ်ကြားကလျှပ်စီး ဖြင့် ဓားချက်
ငါးဆယ်ကျော် ထိုးခုတ်လုက
ိသည်။ ပိုင်ချုန်း ပြောသည်မှာ အမှန်ဖြစ်လေသည်။ မုစန်း ၏ ဓားကွက်မှာ မြန်ဆန်သော်လဲ ပိုင်ချုန်းက
အချက်ငါးဆယ်လုံးကို အာရုံစိုက်ပီး ရှင်းထုတ် နိုင်လေသည်။ ထို့ကြောင့် မုစန်းရသေ့ကြီးက အရှုံးပေးသွားလေသည်။

ပိုင်ချုန်း က ဓားကိုသိမ်းရန် ပြင်လိုက်စဉ် ကျန်းယွမ်က ဓားကိုကိုင်ကာ


" ကဲ နောင်ကြီး နောက်တစ်ပွဲ ပေါ့ဗျာ "
ဟု ပြောလိုက်ပီး ထွက်လာလေသည်။

ပိုင်ချုန်းမှာလဲ နောက်တစ်ခေါက် ကစား လိုက်ပြန်သည်။ ဒီတစ်ခါတော့ ကျန်းယွမ်က ထိုက်ကျိဓားသိုင်း မှာ အစွမ်းအထက်ဆုံး


ငါးကြင်းဆီဖြင့် ငါးကြင်းကြော် ဆိုသော အကွက်ကို ထုတ်ဖော်လိုက်သည်။ ပိုင်ချုန်း၏ ပြင်းထန်သော ဓားချက်တိုင်းမှာ ကျန်းယွမ်၏
အားမပါသလိုလို ပါသလိုလို ဓားချက်ကြောင့် ပျက်ပြားတော့မလို ဖြစ်သွားသည်။ သိုသော် ကျန်းယွမ်၏ ဓားကွက်မှာ လဲ ခုခံနိုင်ရုံသာ
ဖြစ်ပီး ချေဖျက်နိုင်ခြင်း မရှိချေ။ သရေကျ သည်ဟု ပြောရပေမည်။ ကျန်းယွမ် လဲ စိတ်ပျက်ကာ အနောက်ဆုတ်သွားသည်။

ပုလုံ နှင့် ဆရာတော် ရွှမ်းမု ကတော့ ချေဖျက်ကွက်ကို သိရှိပီးဟန်တူကာ တည်ငြိမ်စွာ ရပ်နေလေသည်။ စီးမင်ကို့ဝေ ကလဲ ခပ်ပြုံးပြုံး
ဖြစ်နေသဖြင့် သူလဲ ချေဖျက် နိုင်ဟန်တူသည်။ သူတက
ို့ ဝေထင်းကို ကြည့်နေကြသည်။ အော့မေ့ဂိုဏ်းချုပ် ကျိုးမော့ ကတော့
မချေဖျက်နိုင်သဖြင့် မျက်လွှာချထားလေသည်။ ဝေထင်းက သူ့ကို ကြည့်နေကြသည်ကို တွေ့သော် တွမ့်ကျန်းယွမ် ဘက်ကို
လက်လှမ်းကာ ဓားတောင်း လိုက်သည်။ တွမ့်ကျန်းယွမ် က ဓားကို တရိုတသေ ကမ်းပေးလိုက်လျင် ဓားထုတ်ကာ မုန်တိုင်းကြားက နဂါး
ဟူသော သူ အနှစ်နှစ်ဆယ် ကြာအောင် တီထွင် ထားသည့် မိုးနဂါးဓား ရှစ်ကွက် မှ ပထမဆုံး ဓားကွက်ကို ထုတ်ဖော်လိုက်သည်။
မိုးကြိုးမုန်တိုင်း ထဲတွင် လူးလွန့်နေသော နဂါး တစ်ကောင်ပမာ ဓားမှာ သွက်လက်စွာ ထိုးခုတ်နေသည်။ ပိုင်ချုန်းမှာ ထိုဓားကွက် ကို
ကြည့်ပီး အံ့သြလွန်း နေသည်။ စင်စစ် သူ့ဓားကွက်ကို ထိုဓားကွက်က ချေဖျက် နိုင်ရုံသာမက သူပါ ထိုဓားကွက်ထဲ တွင်
ပိတ်မိနိုင်သည်။ တွမ့်ကျန်းယွမ် လဲ အံ့သြသွား သည်။ ဝေထင်းက သူ့ကို ထို မိုးနဂါးဓားသိုင်း ကို မသင်ပေးဖူးချေ။ စီးမင်ကိုဝေ၊
ဆရာတော် ရွှမ်းမု နှင့် ပိုင်လုံ တို့်မှာ ထင်မှတ်ထားသည့် အလား ခေါင်းငြိမ့် နေကြသည်။ ပိုင်ချုန်းမှာလဲ အရှုံးကို လက်ခံသွားပီး
နောက်ဆုတ်သွားလေသည်။

ဝေထင်း က ပြုံးလိုက်ပီး
" ဓားသမား မဟုတ်တဲ့ မိတ်ဆွေတို့လဲ ချေဖျက်တဲ့ သိုင်းကွက် ကိုယ်စီ ပြသွား ကြပါဦး.... ဒါမှ တရားမျှတ မှာပေါ့ "
ဟု ပြောလိုက်သည်။

စီးမင်ကို့ဝေ က ချက်ချင်းပင် ရှေ့ထွက်ကာ


ထျန်းစန်း နတ်လက်သီးသိုင်း မှ ဒုတိယ မြောက် အစွမ်းဆံုး ဖြစ်သော မြေပြင်ခွဲဖြာ သိုင်းကွက် ကိုကစားလိုက်လေသည်။ သူ့သိုင်းကွက်
မှ ထွက်လာသော အတွင်းအား အရှိန်မှာ ပြင်းထန်လွန်း သဖြင့် မြေပြင်ပင် တကယ်ကွဲတော့မည့်အလား အားလှိုင်းများ
ကွဲသွားလေသည်။ မြေကွက်လပ်တွင် ရှိသောသူများမှာ ပြင်းထန် လွန်းသော လေရှိန်ကို ခံစားလိုက်ရသည်။ ထိုသိုင်းကွက် နှင့်
ယှဉ်လျှင် ပိုင်းချုန်း တစ်ယောက် ဓားကွက်ပင် မခင်းနိင
ုတော့ပဲ အားအရှိန်နှင့် ပါသွားမည်မှာ သေချာသည်။ ဆရာတော်ရွှမ်းမုက
စီးမင်ကို့ဝေ ၏ အတွင်းအားကို သိရကာ မျက်နှာပျက်သွား လေသည်။

ပုလုံ က တည်တည်ငြိမ်ငြိမ် ပင် ခွေးရိုက်တုတ် ဟု ခေါ်သော အစိမ်းရောင် တုတ်ကို ကိုင်ကာ သုံးဆယ့်လေး ကွက်မြောက် သော
ခွေးဆိုးအစာမြူ သိုင်းကွက်ကို ထုတ်ဖော်လိုက်သည်။ ထိုသိုင်းကွက် မှာ အကွက်ပွားများ လွန်စွာ များမြောင်ပီး ရန်သူကို ပရိယာယ်
ဆင်ကာ ပိတ်ဖမ်းသော သိုင်းကွက် ဖြစ်သဖြင့် စီးမင်ကို့ဝေ ကဲ့သို့ အင်အားမပြင်းထန် သော်လဲ ပိုင်ချုန်း၏ ဓားကွက်မှာ ထို
တုတ်သိုင်းကွက်များ ကြားထဲတွင် ဓားကျိုးသွားသည့်အထိ ပိတ်မိကာ အရိုက်ခံ ရနိုင်လေသည်။ ကျန်သူများ မှာ လက်ခံသော
သဘောဖြင့် ခေါင်းငြိမ့် လိုက်ကြသည်။
ဆရာတော်ရွှမ်းမု အလှည့်သာ ကျန်တော့ သည်။ ဆရာတော်က မီးစွဲဓားသိုင်း သုံးမလား ကြည့်နေကြသော်လဲ မသုံးချေ။ သူက
တာမိုမိစ္ဆာရှင်း လက်ဝါးသိုင်း မှ မြေပြင် လက်ဝါး ဟူသော သိုင်းကွက် ကို ထုတ်ဖော် လိုက်သည်။ ထိုသိုင်းကွက် မှာ စီးမင်ကို့ဝေ ၏
သိုင်းကွက်နှင့်ပင် ဆင်တူ နေသည်။ မတူသည်မှာ စီးမင်ကို့ဝေ က အားလှိုင်းများ ကို မိမိကိုယ်မှာ ခွဲဖြာထွက်စေ သော်လဲ ဆရာတော်
ကမူ လက်ဝါးရိပ်များက တစ်ကိုယ်လုံး ပတ်လည်တွင် ဖုံးလွှမ်း နေကာ ကာကွယ်သော သိုင်းကွက်ဖြစ်သည်။ ဆရာတော်က ကစားပီး၍
သိုင်းကွက်ဖြေ လိုကရ
်ာ သူရပ်နေရာ ပတ်လည်တွင် လက်ဝါးရာ လေးခု လေးမျက်နှာ ပုံစံ ပေါ် လာလေသည်။ ထိုသိုင်းကွက် မှာ
အကောင်းဆုံး ခုခံသိုင်းကွက် ဟု ပြောလို့ရသဖြင့် ပိုင်း ချုန်းမှာ အရှုံးကို လက်ခံလိုက်လေသည်။

စီးမင်ကို့ဝေ က ရယ်ကာ
" ဒါဆို... အခု သိုင်းကွက်ထုတ်မှာ ဘယ်သူ လဲ... ထွက်ကြပါဦး "
ဟု ပြောလိုက်သည်။

တွမ့်ကျန်းယွမ်က သူ့ဆရာဆီမှ ဓားကို တောင်းကာ ထျန်းစန်းနတ်ဓားသိုင်း မှ မိုးနတ်ဓား ဟူသော သိုင်းကွက်ကို ပြသ လိုက်သည်။
ဓားချက်များမှာ မိုးသီးမိုးပေါက် ကျသလို အဆက်မပြတ် ကျရောက်လာရာ လုံလောက်သော အတွင်းအားမရှိလျှင် ကစားနိုင်မည်
မဟုတ်ချေ။ သူ့ဓား ကွက်မှာ ခုနက ကစားပြသွားသော ဆရာတော် ရွှမ်းမု ၏ လက်ဝါးသိုင်းကို ပင် ထိုးဖောက် နိုင်ရာက အကုန်လုံးမှာ
မျက်နှာ ပျက်သွား ကြသည်။ စီးမင်ကို့ဝေ ကပိုဆိုးသည်။ ထိုဓားကွက်မှာ တစ်ချိန်က တုံးဖုန်းဟိုင်က ချောက်ထဲ မကျခင်
အသုံးပြုသွားသော နှစ်ကွက် မှ တစ်ကွက်ဖြစ်ရာ ရင်းကို့၏ ဆရာ သေဆုံးစေသော အကွက် ဖြစ်သဖြင့် တုန်လှုပ်သွားသည်။ ဝေထင်း
ပင်
" ကောင်းလိုက်တဲ့ ဓားချက် "
ဟု ရေရွတ်မိသည်လေ။

စီးမင်ကို့ဝေ က ချက်ချင်းပင် ထိုဓားကွက်ကို အနိင


ုယူဖူးသော သူ့၏ အစွမ်းအထက်ဆုံး ကောင်းကင်ဖြိုခွဲ သိုင်းကွက် ကို ကစားပြ
လိုက်သည်။ ထိုသိုင်းကွက် မှာ စီးမင်ကို့ချန် ကစားစဉ်ကနှင့်ကော စီးမင်ကို့ဝေ ယခင်က တွမ့်ကျန်းယွမ် ကို ချောက်ထဲထိုးချစဉ်က
နှင့်ကော ဘာမှမဆိုင်ချေ။ စီးမင်ကို့ဝေ က သူ့၏ ရှောင်းယောင်အတွင်းအားကို အကုန် ထည့်ကာ ကစားပြလိုက်ရာ အမှန်တကယ်ပင်
ကောင်ကင်ကြီး ပြိုကျတော့ မလို ဝုန်း ခနဲ အားလှိုင်းကြီး ပေါ်လာလေသည်။ မိုးကောင်ကင် ရှိမှ ရွာ နိုင်သော မိုးဖြစ်ရာ ကောင်ကင်ကြီး
ဖြိုခွဲ ခံရလျှင် မရွာနိုင်တော့ မှာ အဆန်းမ ဟုတ်ချေ။ ဆန်းနေသည်က တွမ့်ကျန်းယွမ် က ဒီတစ်ခါ ထိုသိုင်းကွက်ကို မကြောက်ခြင်း
ဖြစ်သည်။ သူက တည်တည်ငြိမ်ငြိမ် ပင် သူ့ဆရာနှင့် တခြားသူများကို ကြည့်နေသည်။ ပိုင်လ၊ုံ မင်စုထန်း၊ စီးမင်ကို့ချန် နှင့် ပိုင်ချုန်းရန်
တို့မှာ အံ့မခန်း သော သိုင်းကွက်များကို ကြည့်ကာ သိမ်ငယ် သလိုပင် ခံစား နေရသည်။ ကျန်းယွမ်၊ ကျိုးကျစ်ယွင် နှင့် မုထူးဝါး တို့မှာမူ
သိုင်းကွက်များကို အသေးစိတ်ပင် မမြင်နိုင်တော့သဖြင့် အံ့သြနေရုံသာ တတ်နိုင်ကြသည်။

ပုလုံ က လက်ဝါးသိုင်း ဖြင့် ချေဖျက်ရန် ခွေးရိုက်တုတ် ကို ပိုင်လုံကို ပေးပီး ရှေ့ထွက် လာလိုက်သည်။ ထိုစဉ်
" နေကြဦး "
ဟူ သော အသံကြီး ထွက်ပေါ်လာကာ တောင်ထိပ် မြေကွက်လပ်သို့ အရိပ်တစ်ရိပ် ပြေးတက်လာလေသည်။ အရိပ်က မြေပြင် သို့ခြေချ
ပီးသော် လားမားတစ်ပါး ဖြစ်သည် ကိုတွေ့ရသည်။ လာမားကြီး က အားလုံးကို ကြည့်ကာ
" ဒီမှာ သိုင်းပြိုင်နေတယ် လို့ကြားတယ် ကိုယ်တော်လဲ ဝင်ပြိုင်ချင်မိတယ် ရမလား "
ဟု မေးလိုက်လေသည်။

စီးမင်ကို့ဝေ က နှာခေါင်းရှုံးပီး
" ဒါကတော့ ကိုယ်တော့် သိုင်းစွမ်းရည် ကို ကြည့်ပီး ဝင်ပြိုင်ခွင့် ပြုမပြု ဆုံးဖြတ်ရမှာပေါ့ "
ဟု ပြောလိုက်လေသည်။

လာမားကြီးက ရယ်ကာ ပိုင်လုံကို


" ဒကာလေး ကိုယ်တော် နောက်မကျ ပါဘူးနော် "
ဟု ပြောလိုက်လေသည်။
ပိုင်လုံ က ဂါရဝပြု ကာ
" မှန်ပါ့ ကိုယ်တော် အတိအကျပါပဲ ကိုယ်တော် သိုင်းကွက်ပြပါ "
ဟု ပြောလိုက်လေသည်။

လာမားကြီးက အချိန်မဆွဲပဲ လက်ဝါးတစ်ချက် ရိုက်ထုတ် ပြလိုက်လေ သည်။ ထိုလက်ဝါးမှာ သံမဏိလက်ဝါး ဟု အမည်ရပီး


ကျလော့လက်ဝါးသိုင်း ထဲမှာ အစွမ်းဆုံး အကွက်ဖြစ်လေသည်။ လာမားကြီး၏ အတွင်းအားမှာ စီးမင်ကို့ဝေ ထက် မလျော့ချေ။
အရှိန်အဟုန်မှာလဲ ပြင်းထန်လွန်း သဖြင့် စီးမင်ကို့ဝေ ၏ ကောင်းကင်ဖြိုခွဲ သိုင်းကွက် အောက် မလျော့ သော သိုင်းကွက်ဖြစ်လေရာ
တွမ့်ကျန်းယွမ် ၏ မိုးနတ်ဓား သိုင်းကွက် မှာ သေချာပေါက် ရှုံးလေသည်။ စီးမင်ကို့ဝေပင် ပါးစပ်မစေ့ နိုင်တော့ပဲ အံ့သြတကြီး
ကြည့်မိနေသည်။ ဤ လားမားကြီးမှာ သူ့နှင့် သိုင်းပညာ တန်းတူ ရှိနေသည်လေ။

ပုလုံ က ပိုင်လုံ ပြောပြသဖြင့် လာမားကြီး အဓိက ပြိုင်ချင်သော သိုင်းမှာ နဂါးနိုင်လက်ဝါး ဖြစ်ကြောင်း သိပီးဖြစ်လေ သည်။ ထို့ကြောင့်
ရှေ့ထွက်ကာ ကျားနှင့်ဆင်လယ်ပြင်မှာတွေ့ ဟု သော သိုင်းကွက်ကို ထုတ်ဖော် လိုက်သည်။ အတွင်းအား အပြည့်ထုတ်သုံးလိုက်သည်
ဖြစ်၍ အင်းအားအရှိန်မှာ ပြင်းထန်စွာ ထွက်ပေါ်လာသည်။ ထိုအင်အားမှာ လာမားကြီးနှင့် စီးမင်ကို့ဝေ တို့်အောက် လုံးဝ မလျော့သဖြင့်
ပုလုံ၏ အတွင်းအားမှာလဲ နက်ရှိုင်းလွန်းကြောင်း သိလိုက်ရသည်။ ထိုသိုင်းကွက်မှာလဲ သံမဏိလက်ဝါး နှင့် ကောင်းကင်ဖြိုခွဲ သိုင်းကွက်
များကို ယှဉ်နုင
ိရာ တွမ့်ကျန်းယွမ် က ခေါင်းငြိမ့် လိုက်လေသည်။

ဆရာတော် ရွှမ်းမု က သူ့အလှည့်ကျ လာသဖြင့် ထပ်မံ၍ လက်ဝါးရိုက်ချက် တစ်ခု ထုတ်လိုက်သည်။ ကောင်းကင်ပေါ်ကလက်ဝါး ဟု


အမည်ရသော ထိုလက်ဝါးသိုင်းကွက်မှာ တာမို့မိစ္ဆာရှင်းလက်ဝါးသိုင်း ၏ နောက်ဆုံး သိုင်းကွက် ဖြစ်သည်နှင့်အညီ အစွမ်းက
ကြီးမားလွန်းသည်။ ဆရာတော်ရွှမ်းမုက လေပေါ် ဝဲပျံသွားပီးမှာ အောက်သို့ အရှိန်ဖြင့် စိုက်ဆင်းလာပီး ရိုက်ထုတ်ခြင်း ဖြစ်ရာ
လက်ဝါးချက်မှာ ကောင်းကင်ကြီး ပိကျလာသလို အတွင်းအားရှန
ိ ပိကျလာမှုက အရမ်းကြီးမား သဖြင့် သူ့ရှေ့က ပြသွားသော
သိုင်းကွက်များထက် အစွမ်းထက်လွန်း လှသည်။ ချေဖျက်ရန် မပြောနှင့် ခုခံနိုင်သော သိုင်းကွက်ပင် မရှိဟူ ထင်ရလောက်အောင်
ပြင်းထန်ရကာ သိုင်းပညာနိမ့်သူ များမှာ ကြောက်လန့်၍ပင် အော်မိကြသည်။ လာမားကြီး နှင့် စီးမင်ကို့ဝေ မှာ မျက်နှာပျက်ကာ
ရှုံးမဲ့နေကြသည်။ သူတို့လဲ ထိုသိုင်းကွက်ကို မခုခံနိုင်ပေ။

ဝေထင်း ကတော့ တည်တည်ငြိမ်ငြိမ် ကြည့်နေလေသည်။ သူက ဓားကို ယူ၍ ရှေ့ထွက်ကာ မိုးနဂါးဓားသိုင်း မှ ငါးကွက် မြောက်သော
အထီးကျန်နဂါး ဟူသော ဓားကွက်ကို ထုတ်ဖော်လိုက်သည်။ ပိကျ လာသော လက်ဝါးကို တိုင်လုံးနှင့် ထောက်လိုက်သည့် အတိုင်းပင်
ဆရာတော်၏ လက်ဝါးကွက် ကို ဝေထင်းက ခုခံပြလိုက်သည်။ သိုသော့် ချေဖျက်ရန်တော့ မပါချေ။

တွမ့်ကျန်းယွမ်ကလဲ ရင်ဘတ်ထဲမှာ အမှတတ


် စ်ဂိုဏ်းချုပ် များကိုင်ရာ နှစ်ပေဓား ကိုဆွဲထုတ်လိုက်ပီး ဓားနှောင့်ကို လှည့်ကာ
ဖွင့်လိုက်သည်။ ဓားလက်ကုင
ိထဲမှ သံမဏိ ကြိုးထွက်လာပီး ဓားမှာ ကြိုးနှင့် ချိတ်ထားသော ပုံဆန်းလက်နက်တစ်မျိုး
ဖြစ်သွားလေသည်။ သူက အားလုံးကို ကြည့်ကာ
" ဒါကတော့ စီးရှနတ်လေးပါးကျောင်းတော် ရဲ့ အမှတ်တစ်ဂိုဏ်းချုပ်ကြီး တုံးဖန်းဟိုင် ရဲ့ ပညာပါ... စီးမင်ကို့ဝေ မခုခံနိုင်တဲ့
သိုင်းကွက်ကို ခုခံပြပီး စီးမင်ကို့ဝေထက် သာကြောင်း ပြပါမယ် "
ဟု ပြောလိုက်သည်။
စီးမင်ကို့ချန် က အံ့သြသွား သော်လဲ စီးမင်ကို့ဝေ ကမူ အရှက်ရကာ မျက်နှာကြီး နီသွားလေသည်။ ထို့နောက် တွမ့်ကျန်းယွမ် က
သံမဏိကြိုးကို လှုပ်ယမ်းကာ အရွက်ခြွေသောဆောင်းလေ ဟု အမည်ရသော သိုင်းကွက်ကို ထုတ်ဖော် လိုက်သည်။ သံမဏိကြိုးကို
ဝဲမွှတ်နေအောင် ယမ်းထားရာ နှစ်ပေခန့်ရှည်သော ဓားသွားမှာ သူဖြတ်သန်းသွားသော အရာမှန်သမျှ ကို အရွက်ခြွေသည့်အတိုင်း
ခုတ်ဖြတ်သွားမည့် ဟန်ဖြစ်နေသည်။ ထိုဓားကွက်မှာ ခံစစ်ကော တိုက်စစ်ပါ ပါသည့် ထူးခြားသော ဓားကွက် ဖြစ်ရာ
ကောင်းကင်လက်ဝါး သိုင်းကွက် ကိုခုခံနိုင်လေသည်။ ဆရာတော် က ခေါင်းငြိမ့် လက်ခံလိုက်သည်။

ပုလုံ က ရှေ့ထွက်ကာ နဂါးနိုင်လက်ဝါး သိုင်းမှ အစွမ်းအထက်ဆုံး မာနနဂါးရဲ့နောင်တ ဟူ သောအကွက်ကို သုံးပြလိုက်လေသည်။


ထိုသိုင်းကွက်မှာ သာမန်အတွင်းအားရှိသူ သုံးပါက မသိသာသော်လဲ အတွင်းအားမြောက်များစွာ ထည့်သွင်းလိုက်ပါက အစွမ်းက
အရမ်းတိုးသွားနိုင်သဖြင့် ပုလုံက သူ့၏ရှိသမျှ အတွင်းအားအကုန်ထည့်ကာ ရိုက်ထုတ်ပြ လိုက်ခြင်း ဖြစ်လေသည်။ ကြည့်နေသူ
အကုန်လုံးမှာ ဟာ ခနဲ ဟင် ခနဲ ဖြစ်ကာ မယုံနိုင်ကြတော့ပေ။ ပိုင်လုံ ပင် အံ့သြကာ ကြောင်ကြည့်နေပီး တခြားသူများက တော့
ခေါင်းကိုပင် အဆက်မပြတ်ယမ်းမိကြသည်။ အမာသိုင်းအမျိုးအစားထဲတွင် ထိုလက်ဝါးချက်မှာ အဆင့်အမြင့်ဆုံး ဖြစ်ပီး ယခု
ရိုက်ထုတ်လိုက်သော အတွင်းအားအရ ဆရာတော် ရွှမ်းမု ၏ ကောင်းကင်လက်ဝါး မှာ ချေဖျက်ခံရမည်မှာ သေချာသည်။

တွမ့်ကျန်းယွမ် ပင် လိုချင်လောဘ ဖြစ်သွားကာ သိုင်းကွက်ကို တိတ်တဆိတ် မှတ်သားမိသွားသည်။ လားမားကြီးမှာ စိတ်ပျက်ကာ


မြေပြင်ပေါ်သို့ပင် ထိုငခ
်ျမိသည်။ သူ၏ ဒူးများက ယိုင်နေပီလေ။ စီးမင်ကို့ဝေကတော့ မျက်နှာပင် လွှဲထားလိုက်မိသည်။ ပုလုံ သည်
သိုင်းလောက ပထမ ဖြစ်သည်မှာ အလကားမဟုတ်ချေ။ ဝေထင်း ကတော့ ချေဖျက်နိုင်သည် ဟု ယုံကြည်ချက် ရှိသော မျက်နှာ
ရှိနေသည်။

ရှိသော သူများမှာ လက်ခုပ်များပင် တီးကာ ပုလုံ ကို သြဘာပေးလိုက်ကြသည်။ ပုလုံ နိုင်ပီဟု ကြေငြာရန် ပြင်လိုက်ကြသည်။
တွမ့်ကျန်းယွမ် က ကပြာကယာဖြင့်
" နေကြပါဦးဗျာ... ဘဘပုလုံရဲ့ သိုင်းကွက် ကို ယှဉ်ဖို့ ဆရာတုံးဖန်းဟိုင် မှာ သိုင်းကွက် တစ်ကွက် ကျန်ပါသေးတယ် ကြည့်ပေး
ကြပါဦးဗျာ "
ဟု ပြောလိုက်သည်။
ထို့နောက် ရှေ့တိုးကာ သံမဏိကြိုးကို ထပ်ယမ်းကာ နွေဦးလေရူး ဆိုသော သိုင်းကွက်ကို ထုတ်ဖော်လိုက်သည်။ ထိုသိုင်းကွက်
နာမည်နင
ှ့် လိုက်အောင်ပင် ရက်စက်ကြမ်းတမ်းသည်။ တွမ့်ကျန်းယွမ် မှာ လက်မှ သံမဏိကြိုးကို အတွင်းအား ခပ်ပြင်းပြင်းဖြင့်
အရူးတစ်ယောက်လို ဝှေ့ယမ်းနေကာ ဓား၏ ဦးတည်ရာမှာ မှန်းမရချေ။ အချိန်မရွေး ကိုယ်ပေါ် ဓားချက် ကျလာနိုင်သဖြင့်
ထိုသိုင်းကွက်မှာ မာနနဂါးရဲ့နောင်တ ကို ယှဉ်နိုင်လေသည်။ အကုန်လုံးမှာ မျက်လုံးပြူးသွား ကြသည်။ တွမ့်ကျန်းယွမ် ၏
ဓားသိုင်းထဲတွင် အမာအပျော့ ပူးပေါင်းနေသော ဓားကွက် ကို ဤမျှ ကောင်းမွန်အောင် ပေါင်းစပ်နိုင်မည် ဟု မထင်ကြချေ။
ထိုဓားကွက်မှာ ရက်စက်လွန်းသော်လဲ ထက်မြက်လေသည်။ ကြောက်စရာအကောင်းဆုံး ဓားကွက် ဟုပြော၍ရသည်။ ပြိုင်ပွဲတွင်သာ
တွမ့်ကျန်းယွမ်က ထိုဓားကွက်သုံးလျှင် ပြိုင်ဘက်မှာ သေဆုံးရမည်မှာ မလွဲချေ။ တွမ့်ကျန်းယွမ် နှင့် ပြိုင်ဖူးသူ ပိုင်လုံ၊ မင်စုထန်း နှင့်
စီးမင်ကို့ချန် တို့မှာ ကျောရိုးထဲ စိမ့်တက်ကာ ကြောက်သွားမိသည်။

ပုလုံ က ခေါင်းငြိမ့်ကာ
" ဟုတ်တယ်... အဲ့ဓားကွက်က အခု အဘကစားပြတဲ့ မာနနဂါးရဲ့နောင်တ ကို ကောင်းကောင်း ယှဉ်နိုင်ပါတယ် "
ဟု လက်ခံလိုက်လေသည်။
သို့သော် သူက ဆက်ပီး
" ဒါပေမဲ့ အနိုင်တော့မယူနိုင်ဘူးလေ... မာနနဂါးရဲ့နောင်တ က အပျော့သိုင်းရဲ့ အဆုံးအစွန် ဖြစ်တဲ့ သိုင်းကွက် မဟုတ်ရင်
ဘယ်သိုင်းကွက်ကို မှ မရှုံးနိုင်ဘူး... အကယ်၍ အသံုး ပြုသူက လူလေးတွမ့် လောက် အတွင်းအားအဆင့် ရောက်သွား မယ်ဆိုရင်
ဘယ်သူမှ ယှဉ်နိုင်တော့မှာ မဟုတ်ဘူး "
ဟု ပြောလိုက်လေသည်။

ကျန်သူများ တွမ့်ကျန်းယွမ် ၏ မင်စုထန်း ကို ရိုက်ထုတ်လိုက်သော အတွင်းအားကို မြင်ယောင်မိကာ ထိုအတွင်းအားနှင့်


ဒီသိုင်းကွက်သာ ပေါင်းစပ်မိသွားလျှင် အမှန်တကယ် ပြိုင်ဘက်ကင်းသော သိုင်းသမား ဖြစ်ပေတော့မည် ဟု တွေးမိကြသည်။
ဝေထင်းက ပြုံးကာ
" နေကြပါဦးလေ... ကျုပ်သိုင်းကွက် ကို ကြည့်ပါဦး "
ဟု ပြောလိုက်သည်။

ကျန်သူများမှာ အံ့သြပီး ဝေထင်းကို ကြည့်လိုက် ကြသည်။ ဝေထင်းက ဓားကို ခပ်နှဲ့နှဲ့ ဖြင့် အားမပါသလို ကိုင်ပီး ပျော့ပျောင်းလွန်းသော
ပိုးချည်နဂါး ဟူ သည့် ဓားကွက်ကို ပြသလိုက်သည်။ ထိုဓားကွက်က တစ်ဖက်လူ၏ သိုင်းကွက်ကို မူတည်ပီး တွယ်ကပ်ကာ
တစ်ဖက်လူကို ချည့်နဲ့ သွားစေလေသည်။ ပုလုံ က မျက်နှာ ပျက်ကာ
" ဒါ... အပျော့သိုင်းရဲ့ အဆုံးစွန်သော သဘာဝ ကပ်ပါးပုံစံပဲ "
ဟု ပြောလိုက်သည်။ သူ့အသံမှာ တုန်ယင် နေလေရာ သူ၏ သိုင်းကွက်ကို အနိုင်ယူနိုင်ကြောင်း ထင်ရှားသည်။

တွမ့်ကျန်းယွမ် မှာ သူ့ဆရာဝေထင်း ကို ကြောင်၍ပင် ကြည့်နေသည်။ သူ့ဆရာ ကစားပြသော သိုင်းကွက်မှာ ရှုပ်ထွေးလွန်း သလို
ရိုးရှင်းလွန်းသည်။ ပေါ့ပါးသွက်လက် သလို လေးလံနှေးကွေး ပြန်သည်။ ပျော့ပျောင်းလွန်းကာ တွယ်ကပ်နေသဖြင့် ခွာချ
ရန်ခက်ခဲလှသည်။ သူက ထိုဓားသိုင်းကို ပေမိန်နတ်သိုင်း ဖြင့် သုံးပါက ယှဉ်နိုင်မည့်သူ မရှိဟု ထင်မိလေသည်။ ကျန်သူများမှာလဲ
ပါးစပ်ဟောင်းလောင်း ဖြင့် ကြောင်ငေးနေကြလေသည်။ အတန်ကြာမှ ဆရာတော် ရွှမ်းမု က သက်ပြင်းချကာ
" ဒကာကြီး ဝေထင်းကတော့ တကယ် ဓားဘုရင်ကြီး ပါပဲ... ဒကာကြီးမို့သာ ဒီလို ဆန်းကြယ်လွန်းတဲ့ ဓားကွက်ကို တီထွင်နိုင်တယ်
လေးစားပါတယ် ဒကာကြီး "
ဟု ပြောလိုက်သည်။
တခြားသူများမှာလဲ လက်ခုပ်တီးကာ ထောက်ခံလိုက်ကြသည်။ သူတို့အဖို့ ဤမျှ ကောင်းမွန်သော ဓားသိုင်းကို မြင်ရခြင်းမှာ
ကံကောင်းမှု ဟုပင် မှတ်ယူနိုင်လေသည်။

ဝေထင်း က ဝမ်းသာအားရ ရယ်ကာ


" ဟားဟား... ဟားဟား... နောက်ဆုံးတော့ ငါဟာ သိုင်းလောက ပထမ ဓားသမား ဖြစ်ပီ ပေါ့လေ... ဟားဟားဟား....
အနှစ်နှစ်ဆယ်ကျော် တာ့လီက မိုးထိတောင် မှာ သိုင်းလေ့ကျင့် လာတာ အလကား မဖြစ်ခဲ့ဘူးပဲ.... ဟားဟားဟား.... မိုးထိတောင် က
ဓားသမားကွ "
ဟု ကြိမ်းဝါးလိုက်သည်။
သူ၏ ကြိမ်းဝါး သံကြီးက ရှောင်စစ်တောင် တစ်ခုလုံးကို ပဲ့တင်ထပ် သွားသည့်အလားပင်။ ကြားရသူတို့ မှာလဲ ခေါင်းငြိမ့်ကာ
ထောက်ခံလိုက်ကြ တော့သည်။
့ထို့နောက် ဂိုဏ်းချုပ်များမှာ တောင်အောက် သို့ဆင်းသွားကြတော့သည်။ သူတို့ က သူတို့ ဂိုဏ်းသို့ ရောက်သည့်တိုင် တီးတိုး တီးတိုး
ပြောနေကြသည်မှာ ဝေထင်း၏ ထက်မြက်လွန်းသော ဓားကွက်၊ ပုလုံ၏ မာကြောလွန်းသော လက်ဝါးကွက် နှင့် တွမ့်ကျန်းယွမ် ၏
ကြမ်းတမ်းရက်စက် သော လက်နက်ဆန်း သိုင်းကွက် တို့ဖြစ်ကြပေမည်။

ရှောင်စစ်တောင် သိုင်းပြိုင်ပွဲ ပီးနောက် ပုလုံ နှင့် ရှောင်လင်ကျောင်း ကထုတ်ပြန် သည်မှာ သိုင်းလောကရှိ အတော်ဆုံးဓားသမား မှာ
ဓားဧကရာဇ် ဝေထင်း ဖြစ်ပီး ဒုတိယ မှာ သူဖုန်းစားဂိုဏ်းချုပ်ကြီး ပုလုံ၊ တတိယမှာ စီးရှနတ်လေးပါးကျောင်းတော် မှ တုံးဖန်းဟိုင်
ဖြစ်သည် ဟု ကြေငြာလိုက်သည်။
ထို့အပြင် ဂိုဏ်းများ၏ အမှတ်စဉ်မှာလဲ ပြောင်းလဲသွားသည်။ ဆရာတော် ရွှမ်းမု မှာ စတုတ္ထ ၊ တိဗက်မှ အဆင့်နှစ်ကိုယ်တော် နှင့်
စီးမင်ကို့်ဝေ က ပဉ္စမ ပူးတွဲ ရကာ ဝါဆန်းဂိုဏ်းချုပ်ကြီး ပိုင်ချုန်း က သတ္ထမ ၊ ဝူတန်းဂိုဏ်းချုပ်ကြီး ကျန်းယွမ်က အဌမ၊
ခွန်လွန်ဂိုဏ်းချုပ်ကြီး မုစန်း က နဝမ အဖြစ် ရရှိသွားကြသည်။ ဒဿမ နေရာကတော့ အော့မေ့ဂိုဏ်း ဖြစ်လေသည်။

သိုင်းလောကသားများ ကတော့ ဝေထင်း တို့ ဆရာတပည့် ကို သြချကာ ကြောက်ရွံ သွားကြသည်။ ဆရာဖြစ်သူ ဝေထင်းက
ပြိုင်ဘက်ကင်း ဓားသမား ဖြစ်သလို တပည့် တွမ့်ကျန်းယွမ် ကလဲ ပြိုင်ဘက်ကင်း အတွင်းအားပိုင်ရှင် ဖြစ်ကာ လူငယ် သိုင်းသမားများထဲ
တွင် နံပါတ်တစ် ဖြစ်ရုံသာ မက သိုင်းလောက နံပါတ်သုံး တုံးဖန်းဟိုင် မှာ သူပင် ဖြစ်လေသည်။ တွမ့်ကျန်းယွမ် က တုံးဖန်းဟိုင် ၏
ဓားသိုင်းကို သုံးကာ ပြိုင်ခဲ့ သဖြင့် အောင်မြင်မှုကို ဆရာဖြစ်သူ တုံးဖန်းဟိုင် နာမည်ခံခြင်း ဖြစ်လေသည်။

တုံးဖန်းဟိုင် မှာ ထုတ်ပြန်ကြေငြာချက်ကို ဖတ်ရသော အခါ တတိယမှာ သူဖြစ်ကြောင်း ကြေငြာထားသဖြင့် မျက်ရည်များပင် ဝဲမိသည်။
တပည့်ကောင်း တစ်ယောက် ကြောင့် ဆရာမှာ မပြိုင်သော်လဲ ဂုဏ်တက် ရလေပီ။ ဤသို့ဖြင့် တတိယအကြိမ် ရှောင်စစ်တောင်
သိုင်းပြိုင်ပွဲ မှာ အောင်မြင်စွာ ပြီးဆုံးသွားလေတော့သည်။

#မိုးထိတောင်သိုင်းသမား #ZYN
အခန်း (၂၀) အပိုင်း တစ်
တောင်ပင်လယ်ဂိုဏ်း

ရှောင်စစ်တောင် သိုင်းပြိုင်ပွဲ ပြီးဆုံးကာမှ သိုင်းလောကသားများ သတိထား မိသော အချက်မှာ တောင်ပင်လယ်မင်းသားလေး


ကျောက်ယွင်ကျဲ မှာ ဝင်မပြိုင်သလို ခံတ
ုံဂိုဏ်းချုပ် မော်ရိဟွာ နှင့် ဂိုဏ်းသားများ မှာ ရှောင်စစ်တောင် သို့ပင် မလာကြချေ။
သိုင်းလောကသားများမှာ သို့လော သို့လော တွေးမိကြသည်။ အများစုမှာ ထိုနှစ်ယောက် မှာ ကြောက်တတ်၍ ဝင်မပြိုင်ခြင်း ဟု ပင်
ပြောနေကြသည်။ ထို့သို့ ပြောနေကြသည်ကို ကျောက်ယွင်ကျဲ ကြားသိရသော် ဒေါသူပုန် ထနေလေသည်။ သူ၏ သိုင်းပညာ အဆင့်
အတန်းကို ပြလိုစိတ်များလဲ ထိန်းမရ တော့ချေ။ သူ့ဖခင် ဖြစ်သူ တောင်ပင်လယ်ဂိုဏ်းချုပ်ကြီး ကျောက်လွေ က မပြိုင်ခိုင်းသဖြင့်
မပြိုင်ရခြင်း ဖြစ်ရာ သူက စိတ်ဆိုးတော့လေသည်။ထို့ကြောင့် တောင်ပင်လယ် အနားတစ်ဝိုက် ရှိ နာမည်ကျော် သိုင်းသမားများကို
ယှဉ်ပြိုင် ကာ သတ်ဖြတ်မိတော့သည်။

တောင်ပင်လယ်...
နန့်ဟိုင် ဟု ခေါ်တွင်သော တောင်ပင်လယ် မှာ အမှန်စင်စစ် တောင်ဘက်တွင် ရှိသည် တော့မဟုတ်ချေ။ တရုတ်ပြည်မကြီး၏
အရှေ့တောင်ဘက် တွင် ရှိသော ပင်လယ် ဖြစ်သည်။ ထိုပင်လယ် ဆိပ်ကမ်းဒေသ ကို တောင်ပင်လယ် ဟု ခေါ်ကြလေသည်။
ပြည်မနှင့် အလှမ်းဝေးသဖြင့် ထိုဒေသကို တောင်ပင်လယ်ဂိုဏ်း က အုပ်ချုပ်လေသည်။ လက်ရှိအုပ်ချုပ်သူမှာ တောင်ပင်လယ်
ဂိုဏ်းချုပ်ကြီး ကျောက်လွေ ဖြစ်သည်။ ထို ဂိုဏ်းမှာ အရင်ကတော့ ပြည်မသိုင်းလောက ထဲ ဝင်ရောက်လှုပ်ရှားခြင်း မရှိသော်ချေ။
တောင်ပင်လယ်ဂိုဏ်း မှာ ထိုဒေသတွင် အုပ်ချုပ်သူ ဖြစ်ကာ ဂိုဏ်းချုပ်ကြီး ရာထူး မှာ နယ်စားကြီး ရာထူး ဖြစ်သဖြင့် ကျောက်ယွင်ကျဲ
ကို မင်းသားလေး ဟု ခေါ်သည်မှာ ဖြစ်သင့်ပေသည်။

တောင်ပင်လယ် တစ်ခုလုံး ကြောက်ရွံ နေရသော ကျောက်ယွင်ကျဲ မှာ ခန်းမကြီးထဲ တွင် ဒူးထောက်လျှက်ရှိနေသည်။ သူမျက်နှာ က
အလိုမကျသော်လဲ ကြောက်ရွံနေဟန် ရှိသည်။ သူ့ကို ကြောက်ရွံပီး ဒူးထောက် နေစေရန် မည်သူက တတ်နိုင်သနည်း။ ကျောက်ယွင်ကျဲ
ကို ထိုသို့ လုပ်နိုင်သူမှာ လောကတွင် တစ်ယောက်သာ ရှိပေမည်။ ထိုသူက ကျောက်ယွင်ကျဲ ၏ အဖေဖြစ်သူ ကျောက်လွေ
ဖြစ်လေသည်။ ကျောက်လွေ က ထိုင်ခုံမြင့်ကြီး ပေါ်တွင် ဒေါသထွက် နေဟန်ဖြင့် ဒူးထောက်နေသော ကျောက်ယွင်ကျဲ ကို
ကြည့်နေသည်။

" ဟိတ်ကောင်... မင်းကိုငါက ငြိမ်ငြိမ် နေပါလို့ ပြောထားသားနဲ့ မင်းက ဘာဖြစ်လို့ သိုင်းသမားတွေကို သတ်ပစ်နေရတာလဲ "
ကျောက်လွေ က စိတ်ရှုပ်နေဟန်ဖြင့် မေးလိုက်သည်။
" အဖေက ဘာလို့ ကျနော်ကို သိုင်းပြိုင်ပွဲ ဝင်ပြိုင်ခွင့် မပေးတာလဲ ကျနော် ပြိုင်ခွင့်ရ ရင်သူတို့က ကျနော့်ကို ငကြောက်လို့ လှောင် မှာ
မဟုတ်ဘူး သူတို့ကျနော့်ကို စော်ကားလို့ သတ်ပစ်တာ ဘာဖြစ်လဲ "
ကျောက်ယွင်ကျဲ က ခေါင်းမော့ပီး စိတ်တင်းကာ ပြန်ပြောလိုက်သည်။ သူ့ပုံစံ က အတော်နာကျည်းနေဟန် ရှိသည်။

ကျောက်လွေ က ဒေါသဖြင့်
" ဟိတ်ကောင်... မင်းသွားပြိုင်တော့ကော မင်းလက်ရှိသိုင်းပညာနဲ့ ဝေထင်းကို နိုင်မှာလား သူ့တပည့် တွမ့်ဆတ
ိဲု့ကောင် ကို
နိုင်မှာလား... မနိုင်ပဲ ပြိုင်မိလို့ စီးမင်ကို့ဝေ တို့ သားအဖ ဖြစ်သလို ငါတို့သားအဖ လိုက်ဖြစ်ရမှာလား... ငါ့သား မင်းအနေနဲ့ သိထားဖို့က
ငါတို့သာ ဂူနန်းထဲက သိုင်းကျမ်း ကိုအောင်မြင်ရင် သိုင်းလောကဆိုတာ ငါတို့ လက်ခုပ်ထဲက ရေပဲ မှတ်ထား "
ဟု အော်လိုက်သည်။

ကျောက်လွေက မျက်ထောင့်နီကြီးဖြင့် အော်လိုက်သော် ကျောက်ယွင်ကျဲ မှာ လန့်သွားလေသည်။ သူ့ဘဝ တစ်လျှောက် လုံး


ဖခင်ဖြစ်သူမှာ ကြင်နာစွာ ဆက်ဆံပီး အလိုလိုက်ခဲ့သော်လဲ အခုတလော ကျောက်လွေ မှာ စိတ်တိုလွယ် နေသလို သူ့ကိုလဲ ပစ်ပစ်ခါခါ
ပြောတတ်နေလေ သည်။ သူက ကြောက်ကြောက်လန့်လန့်ဖြင့်
" ဟုတ်... ဟုတ်ကဲ့ပါ အဖေ "
ဟု ပြောလိုက်လေသည်။

ကျောက်လွေမှာ ကျောက်ယွငက
်ျဲ ကြောက်လန့် သွားသည်ကို မြင်သော် စိတ်ပြန်ထိန်းလိုက်ပီး
" ဒါနဲ့ စီးမင်ကို့ဝေ ဆီက ရမဲ့ သိုင်းကျမ်းကော ရပီလား ငါတော့ လွန်ခဲ့တဲ့ ဆယ့်ငါးနှစ်က ရှောင်လင်ကျောင်း မှာ ဒီကောင် ကလိန်ကျ
သွားကတည်းက မယုံချင်တော့တာပဲ အိမ်ထိန်းကြီးက ဇွတ်ပြောလို့ သိုင်းကျမ်း လဲပေးလိုက်ရတယ် သူ့ဆီက သိုင်းကျမ်း ရရင်
အကုန်စုံပီ မင်းအကုန် ကျင့်ရမယ် မြန်မြန်လုပ် "
ဟု ပြောလိုက်သည်။

ကျောက်ယွင်ကျဲ မှာ
" ဟုတ်ကဲ့ အဖေ "
ဟု ပြောပီး အမြန်ထွက်လာခဲ့လေသည်။
သူ့အဖေ ပြောသလို သိုင်းကျမ်းများ အကုန် ကျင့်ရပေတော့မည်။ သူတို့ သားအဖမှာ ငွေအကုန်ခံ လူများကို စည်းရုံး သိုင်းကျမ်းများကို
ခိုးတန်ခိုး လုတန်လု ပီး စုထားသည်မှာ ပြည်မရှိ ဂိုဏ်းများ စုံလု နေလေပီ။ ကျန်သော ဂိုဏ်းများမှာ ခွန်လွန် နှင့် သူဖုန်းစား ဂိုဏ်း သာ
ကျန်တော့သည်။ စီးမင်ကို့ဝေက ခွန်လွန်ဂိုဏ်း၏ သိုင်းကျမ်း ပို့ပေးမည် ဆိုသဖြင့် သူ့အဖေက စောင့်နေခြင်း ဖြစ်သည်။ သူဖုန်းစားဂိုဏ်း
ကတော့ မရနိုင်မှန်း သူအဖေ သိနေလေရာ သိပ်မမျှော်လင့်ချေ။

သူက ခန်းမဆောင်ထဲမှ ထွက်ကာ ဂိုဏ်းဝင်များ ရှိရာ လေ့ကျင့်ဆောင်ထဲ ဝင်ခဲ့လိုက်သည်။ သိုင်းကျမ်းများကို ပို့ဆောင် လက်ခံသည့်
အဖွဲ့နှင့် ခေါင်းဆောင် အိမ်ထိန်းကြီး မှာ ထိုအဆောင်ထဲတွင် ရှိလေသည်။

ကျောက်ယွင်ကျဲ က အဆောင်ထဲ ဝင်ဝင်ချင်း အဘိုးကြီးတစ်ဦး က ခရီးဦးကြိုပြု လိုက်လေသည်။ ထိုအဘိုးကြီးမှာ ရုပ်ရည်


မခန့်ညားသော်လဲ တည်ငြိမ်သည်။ သူ့အဖေ ငယ်ငယ်ကတည်းက သူ့အဖေကို စောင့်ရှောက်လာသဖြင့် သစ္စာလဲ ရှိသည်။
ကျောက်ယွင်ကျဲ က အိမ်ထိန်းကြီး ကို ပြုံးပြကာ
" ဘယ်လိုလဲ အဘ... ဟိုလူကြီးဆီက သိုင်းကျမ်း ရောက်လာပီလား "
ဟု မေးလိုက်သည်။

အိမ်ထိန်းကြီး က ခေါင်းငုံ့ပီး
" သခင်လေး... ကျွန်တော့အပြစ်ပါ စီးမင်ကို့ဝေ ဆိုတဲ့လူကြီးကို အထင်ကြီးမိလို့ သခင်ကြီးကို အာမခံပေးခဲ့ပါတယ် အခုတော့"

" ဘာလဲ မရခဲ့ဘူးမလား... ထင်သားပဲ အဲ့ဒီသားအဖ က မာနကြီးပီး ကလိန်ကျ တာက လွဲလို့ ဘာမှ အဖြစ်မရှိဘူး "
ဟု ကျောက်ယွင်ကျဲ က အထင်သေး ဟန်ဖြင့် ပြောလိုက်သည်။ သူက အိမ်ထိန်းကြီး ကို အပြစ် လုံးဝ မတင်ချေ။

အိမ်ထိန်းကြီး က ရိပ်မိဟန်ဖြင့် သက်ပြင်းချကာ


" သခင်လေး... သူတို့အကြောင်းပြန် တဲ့ အထဲမှာ စိတ်ဝင်စားစရာကောင်းတာ တစ်ခုပါတယ်... သူတို့အပြောအရ သူတပည့်တွေက
သိုင်းကျမ်းသွားလု လို့ ရခါနီးမှာ အခုတလော နာမည်ကြီးနေတဲ့ တွမ့်ကျန်းယွမ် ဆိုတဲ့ ကောင်က ဝင်ရှုပ်လို့ မရလိုက်ဘူး ပြောတယ်...
ပီးတော့ ဝူတန် ကကောင်ကလဲ သူတို့လုပ်ရပ်ကို သိနေတဲ့ လူတစ်ယောက်ရှိတယ် အဲ့ဒီလူက သိုင်းပညာ အရမ်းကောင်းပီး အဘတို့
အဖွဲ့ကို စုံစမ်း နေတယ် လို့ စာပို့လာတယ်... နာမည်က စီးရှ က တုံးဖန်ဟိုင် တဲ.့ .. ဒါပေမဲ့ တုံးဖန်းဟိုင် ဆိုတာ တွမ့်ကျန်းယွမ် ပဲလို့လဲ
သိရတယ် သခင်လေး"
ဟု ပြောလိုက်သည်။

ကျောက်ယွင်ကျဲ က မျက်နှာမဲ့ကာ
" ဒီကောင်ကတော့ ကျနော့်လမ်းမှာ ပိတ်ရပ် နေပီ သိုင်းပညာ ကောင်းတယ် ဆိုပီး လူစွာ လုပ်နေတယ်... ထားလိုက်တော့ အဘ
ကျနော်တို့ သိုင်းကျမ်းတွေ စုံသလောက် ရှိနေပီပဲ ခွန်လွန်ဓားသိုင်း ကို မယူတော့ဘူး ရှိတဲ့ သိုင်းကျမ်းတွေကိုပဲ ယူခဲ့တော့ ကျနော်
လေ့ကျင့်မယ် "
ဟု ပြောလိုက်လေသည်။

ပြီးမှ သူက
" အော်... ဒါနဲ့ ဒီအကြောင်းတွေကို အဖေ့ကို ပြောမယ်ဆုရ
ိ င် သတိထားပြောနော် အခုတလော အဖေက တအားစိတ်ဆတ်နေ တယ်
ဘာဖြစ်နေလဲ မသိဘူး... ဟိုအဖွဲ့ ကိစ္စ ကတော့ အဘပဲ ကြည့်စီစဉ် လိုက်တော့ ငြိမ်နေတာပိုကောင်းမယ် "
ဟု ပြောလိုက်ပြန်သည်။

အိမ်ထိန်းကြီး က
" ကောင်းပါပြီ သခင်လေး "
ဟု ပြောကာ သူ သိမ်းထားသော သိုင်းကျမ်း စာအုပ်များကို ထုတ်ပေးလိုက်သည်။

သိုင်းကျမ်း များမှာ အတော် စုံလင်သည်။


ကျလော့လက်ဝါးသိင
ုးကျမ်း၊
မီးစွဲဓားသိုင်းကျမ်း၊
ထိုက်ကျိဓားသိုင်းကျမ်း၊
မိုးကြိုးဓားသိုင်းကျမ်း၊
ခုံတုံခုနှစ်ဆင့် လက်သီးသိုင်းကျမ်း၊ တို့ဖြစ်ကြသည်။

ကျောက်ယွင်ကျဲ မှာ ထိုသိုင်းကျမ်း များကို ကြည့်ကာ ပြုံးလိုက်ပီး


" ငါ့မှာ နတ်ဆိုးအတွင်းအား ကျင့်နည်း ရှိမှတော့ ဒီသိုင်းကျမ်းတွေ အောင်မြင်ဖို့ ဘယ်နှစ်နှစ် ကြာမှာလဲ... မကြာခင်တွေ့ကြသေးတာပေါ့
တွမ့်ကျန်းယွမ် ရာ "
ဟု ကြိမ်းဝါးလိုက်လေသည်။

#မိုးထိတောင်သိုင်းသမား #ZYN
အခန်း (၂၀) အပိုင်း နှစ်
တောင်ပင်လယ်ဂိုဏ်း

နတ်ဆိုးဂူနန်း...
ထိုဂူကြီးမှာ တောင်ပင်လယ်စံအိမ်ကြီး၏ အနောက်ဘက်ရှိ ကျောက်ဆောင်များ ဖြင့် ဖုံးကွယ်လျက် တည်ရှိသည်။ တောင်ပင်လယ်
စံအိမ်တည်ရှိသော နေရာ ဖြစ်သဖြင့် လူသွားလူလာလဲ မရှိချေ။ စံအိမ်မှ အမှုထမ်းများပင် ထိုနေရာသို့ မလာတတ် ကြချေ။
အကြောင်းမှာ ထိုနေရာမှာ အမြဲ စိုစွတ်မဲမှောင် နေပီး စိတ်မသိုးမသန့် ခံစား ရစေသည်။ ယခုမူ ထိုဂူနန်းကြီးထဲမှာ လူတစ်ယောက်
ရောက်ရှိနေသည်။ ထိုလူမှာ အသက်ခြောက်ဆယ်ခန့်ရှိသော်လဲ အရွယ်အတော်တင်သည်။ အသက်အရွယ် ကြီးသူဖြစ်မှန်း
မုတ်ဆိတ်များကို ထားခြင်း ကြောင့်သာ သိရသည်။ ထိုမုတ်ဆိတ်များကို လဲ စနစ်တကျ ဖြတ်တောက်ထားပုံ ရသဖြင့် လူချမ်းသာ
မှန်းသိသာသည်။ သူဝတ်စား ထားသည်မှာလဲ ခန့်ထည်လွန်းကာ နယ်စားလား မှူးမတ်လား ဟု ထင်ရသည်။ ထိုလူကြီးက
မီးထိန်ထိန်လင်း နေသော ခန်းမဆောင်ထဲတွင် လက်နောက်ပစ်ကာ ဂူနံရံ ပေါ်မှ ရုပ်ပုံစာများကို ကြည့်နေသည်။ သူ့အဖေ
သေဆုံးသွားချိန် လွန်ခေ
ဲ့ သာ ဆယ့်ငါးနှစ်ခန့်က စပီး သူဒီနေရာကို တစ်လ တစ်ခါ အချိန်မှန်မှန် လာလေ့ရှိသည်။ ထိုရုပ်ပုံစာ များကို
တစ်ဆင့်ချင်း နားလည်အောင် လေ့ကျင့် နေခဲ့သည်လေ။ ထိုလူကြီးမှာ တောင်ပင်လယ် သခင်ကြီး ကျောက်လွေ။

သိုင်းကျမ်းမှာ ရှင်းပြချက် စာသားများ မပါပဲ ရုပ်ပုံများ သက်သက်သာ ပါသောကြောင့် သူ့အဖို့ သဘောပေါက် စေရန် ဆယ့်ငါးနှစ်
ကြာခဲ့သည်။ ယခု နောက်ဆုံးအဆင့်သာ ကျန်တော့လေပီ။ သူက အတန်ကြာအောင် စိုက်ကြည့်နေပီး ဆက်စပ် စဉ်းစားနေသည်။ ရုပ်ပုံ
တွင် ဖော်ပြထားသည်မှာ ဤနေရာ အရောက်တွင် နှစ်ကာလ တိုက်စားမှုကြောင့်လား မသိ ဂူနံရံမှာ ပဲ့ထွက်ပီး အက်ကြောင်းများ
ရှိနေသဖြင့် မည်သည်ကို ဆိုလိုကြောင်း သိရဖို့ ခက်ခဲနေသည်။ ဒီလပိုင်း သူ စိတ်ဆတ် နေခြင်း မှာ ဒါကြောင့်လဲပါလေ သည်။
ယခုတလော သူကြံစည်သမျှ အနှောက်အယှက် ကြုံနေရသည် မလား။

ကျောက်လွေက သက်ပြင်းချကာ နောက်ဆုံး ရုပ်ပုံကို အက်ကြောင်းများ၊ ပဲ့ထွက်နေသည် များပါ စာလိပ်ပေါ်သို့ ကူးရေး လိုက်သည်။
စာပေ ပညာရှင် တစ်ယောက် နှစ်ယောက် လောက်တော့ ရှာရပေတော့မည်။ မူရင်းပုံ မှာ ဘယ်လိုပုံ ဖြစ်ကြောင်း သူတိတိကျကျ သိရန်
လိုအပ်နေသည်။ ယင်းမှာ သူကျင့်နေသော နတ်ဆိုးသိုင်းကျမ်း ဖြစ်သည်။

နတ်ဆိုးသိုင်းကျမ်း...
ထိုသိုင်းကျမ်း မှာ လွနခ
်ဲ့သော အနှစ်နှစ်ရာက ပေါ်ခဲ့သော မိစ္ဆာသုံးပါး မှ အသက်ရှင် ကျန်ရစ်သူ အဆိပ်မိစ္ဆာ က ရေးသားခဲ့ခြင်း
ဖြစ်သည်။ သူက အပူအအေး မိစ္ဆာ နှစ်ယောက်၏ တိုက်ကွက်များ၊ သူတို့ကို ဝိုင်းတိုက်သော သိုင်းသမားများ၏ သိုင်းကွက်များကို
လေ့လာကာ ဖြိုခွင်းရန် တီထွင်ထားခြင်းဖြစ်၍ သူ၏ မူလ အဆိပ်မိစ္ဆာသိုင်းထက် ပြင်းထန် ရက်စက် လွန်းပေသည်။ နတ်ဆိုးသိုင်း မှာ
လမ်းလွှဲ သိုင်းပညာ များတွင် အပြင်းထန်ဆုံးများမှ တစ်ခု ဟု ဆိုနိုင်သည်။ နတ်ဆိုးသိုင်းကျမ်း တွင် နတ်ဆိုးဓားသိုင်း နှင့်
နတ်ဆိုးအတွင်းအား ကျင့်စဉ် ဟူ၍ နှစ်ခုသာ ပါဝင်လေသည်။ နတ်ဆိုးအတွင်းအားကျင့်စဉ်မှာ အဆင့်ငါးဆင့် ရှိပီး
နတ်ဆိုးဓားသိုင်းမှာလဲ အကွက်ငါးကွက်သာ ရှိလေသည်။ နတ်ဆိုး အတွင်းအားကျင့်စဉ် မှာ အတွင်းအားတိုး စေရန် ဖြတ်လမ်းနည်း
မှန်သမျှ ပါလေရာ ကျင့်သူမှာ အဆင့်တစ်ကို အောင်လျှင်ပင် ဆယ်နှစ်စာ အတွင်းအား ရစေသည်။ နတ်ဆိုးဓားသိုင်း ကလဲ
အရက်စက်ဆုံး ဓားကွက်များ ဖြင့် ဖွဲ့စည်းထားပီး ငါးကွက်ထဲသာ ရှိသော်လဲ တစ်ကွက်တွင် အကွက်ပွားပေါင်း ရာချီလေရာ ကျွမ်းကျင်
နားလည်ရန် ခက်ခဲလွန်းသည်။ ထို့ပြင် ရုပ်ပုံစာ အချို့ တွင် အတွင်းအားယာယီ နှိုးဆွနည်းများလဲ ပါရှိသည်။ ထိုနည်းလမ်း များကတော့
အသေခံ နည်းလမ်းသာ ဖြစ်လေသည်။

နတ်ဆိုးဆေး လေးလုံး....
အဆိပ်မိစ္ဆာ မှာ နာမည်နှင့် လိုက်အောင် အဆိပ်နှင့် ဆေးဝါး ကျွမ်းကျင် သူ ဖြစ်ရာ ဆေးလုံးလေးလုံးကိုလဲ ချန်ထား ရစ်ခဲ့သည်။ ထိုဆေး
လေးလုံးမှာ အနီ၊ အပြာ၊ အစိမ်း နှင့် အနက် ဟူသော လေးလုံး ဖြစ်ပီး မည်သည့် ဆေးလုံးများမှန်း မသိရချေ။ သို့သော်
နတ်ဆိုးအတွင်းအားကျင့်စဉ်တွင် ပါသော မှတ်ချက်အရ ထိုဆေးထဲရှိ ဆေးနှစ်လုံး မှာ တစ်လုံးက နတ်ဆိုးဖြေဆေး ဟုခေါ်သော
အတွင်းအားတိုးဆေး ဖြစ်ပီး ကျန်တစ်မျိုးမှာ မိုးမြေအဆိပ် ဟု ခေါ်သော အဆိပ်တစ်မျိုး ဖြစ်ကြောင်း သိရလေသည်။ ကျန်နှစ်လုံးမှာ
ဘာမှန်းမသိရချေ။ ထို့အတူ မည်သည့် အရောင်က လဲ မည်သည့်ဆေး ဖြစ်သည်ကို လဲ ရှင်းပြမထားချေ။ ဖြစ်နိုင်သည်မှာ ဤနေရာမှာ
အဆိပ်မိစ္ဆာ ၏ နောက်ဆုံး နေ့ရက်များ ဖြတ်သန်းရာ နေရာလဲ ဖြစ်ကာ စိတ်ကောင်းများဝင်သွားခဲ့ပုံရသည်။ ဆေး နှင့် အဆိပ် ကို
ရောထားခဲ့သေးသည်။ သိုင်းကျမ်းကိုလဲ မှတ်တမ်းသဘောမျိုးသာ ရေးခဲ့ပီး အသေးစိတ်မရေးထားပေးခဲ့ချေ။

လက်ရှိ တောင်ပင်လယ် သခင်ကြီး ကျောက်လွေ မှာ နတ်ဆိုးအတွင်းအားကို အဆင့် လေးအထိ တတ်မြောက်သဖြင့် အနှစ်လေးဆယ်
အတွင်းအားကို ပိုင်ဆိုငထ
်ား လေသည်။ ဓားသိုင်းတွင်လဲ တောင်ပင်လယ်ဂိုဏ်း၏ မူပိုင် ဓားပညာ သာမက နတ်ဆိုးဓားကွက်ကိုလဲ
လေးကွက် အထိ တတ်မြောက်နေလေပီ။ ကျောက်လွေ မှာ စီးမင်ကို့ဝေ ကိုပင် မူသူ မဟုတ်သဖြင့် လက်ရှိ သိုင်းလောကတွင်
အဆင့်လေး ဆရာတော် ရွှမ်းမု လောက်ရှိဟန်တူသည်။

ကျောက်လွေမှာ ပုံတူကူးဆွဲ ပီးသော် ဘူးလေးထဲမှ ဆေးလုံးလေးလုံးကို ဖွင့်ကြည့် မိလေသည်။ သူက အတန်ကြာ စိုက်ကြည့် နေရာမှ
စိတ်ထိန်းကာ ဘူးကို ပိတ်လိုက် သည်။
" ဒီလူကတော့ အတော့်ကိုတော်သလောက် စိတ်ပျော့တဲ့လူပဲ... သူမို့လို့ ဒီလောက်ကောင်း တဲ့သိုင်းနဲ့ ဆေးလုံးဖော်စပ်နိုင်တာတောင်
သူ့ကိုဝိုင်းတိုက်တဲ့ သိုင်းသမားတွေကို လက်တုံ့မပြန်ခဲ့ဘူး... နှမျောစရာပဲ "
ဟု ရေရွတ်လိုက်သည်။

ထို့နောက် ပုံတူကို ခြောက်အောင် မီးကင် ပီးသော် ခေါက်ပီး ဝတ်စုံရင်ဘတ်ထဲ ထည်လ


ို့က်လေသည်။ သူက ဂူနန်းထဲမှ ထွက်လိုက်ပီးမှ
နောက်သို့ပြန်လှည့က
်ာ
" အဆိပ်မိစ္ဆာရေ... ခင်များက လက်စားချေလို မချေလို မသိပေမဲ.့ .. ကျုပ်ကတော့ ချေပေးဦးမှာပေါ့ဗျာ... ဟားဟားဟား...
ဟားဟားဟား "
ဟု အားရပါးရ ရယ်မောလိုက်လေသည်။

တောင်ပင်လယ်ဂိုဏ်းခန်းမဆောင် ...
ခန်းမဆောင်ထဲတွင် အိမ်ထိန်းကြီး နှင့် ကျောက်လွေ နှစ်ယောက်တည်းသာ ရှိနေလေသည်။ အိမ်ထိန်းကြီးမှာ ကျောက်လွေ ကို
အရိပ်အကဲကြည့်ရင်း စကားပြောသင့် မပြောသင့် ချိန်နေဟန် ရှိသည်။ ထိုအဖြစ်ကို ကျောက်လွေက သိသော်
" အိမ်ထိန်းကြီး... ခင်များ ဘာကိုတွန့်ဆုတ် တွန့်ဆုတ် ဖြစ်နေတာလဲ... ပြောစမ်း "
ဟု ငေါက်လိုက်သည်။
အိမ်ထိန်းကြီး မှာ ငေါက်သံကြောင့် ထိတ် ခနဲ ဖြစ်ကာ ကိုယ်ကိုနောက်ရို့လိုက်ပီး
" ဟို... ဟိုလေ... သခင်ကြီးကို တင်ပြစရာ ရှိလို့ပါ... အဲ့ဒါ "
အိမ်ထိန်းကြီးမှာ စကားများပင် ထစ်ကာ ကြောက်လန့်နေလေသည်။

ကျောက်လွေက ကြောက်နေသော အိမ်ထိန်းကြီးကို ကြည့်ကာ ပြုံးလိုက်ပီး


" အဘိုးကြီး... ခင်များ ကျုပ်ကို ငယ်ငယ်ကတည်းက ထိန်းလာတယ် သစ္စာရှိ တယ် ဆိုတာ ကျုပ်သိတယ်... အရေးမပါတဲ့ အမှားဆို
ကျုပ်ခွင့်လွှတ်တယ်... ပြောမှာ ပြောစမ်း "
ဟု လေသံအနည်းငယ်လျှော့ကာ ပြောလိုက်လေသည်။

အိမ်ထိန်းကြီး မှာ အခုမှပင် အသက်ရှုချောင် သွားပီး သက်ပြင်းချကာ


" စီးမင်ကို့ဝေ ကိစ္စ ပါ သခင်ကြီး... သူက သိုင်းကျမ်းမရလို့ မပေးနိုင်ဘူးလို့ ပြောလိုက် လို့ပါ "

ကျောက်လွေ ကာ မျက်နှာတည်သွားပီး အိမ်ထိန်းကြီး ကို ခပ်စူးစူးကြည့်ကာ


" ခင်များကို ကျုပ်ပြောသားပဲ... အဲ့ကောင်ကို ယုံကြည်လို့ရတာ ဘာရှိလဲ အလကား ကလိန်ကကျစ်ကောင်...
အဲ့တော့ သိုင်းကျမ်းတွေ က မစုံဘူးပေါ့... ကျဲအော် က ဘာပြောလဲ "
ဟု မေးလိုက်သည်။

အိမ်ထိန်းကြီး က ခေါင်းငုံ့ကာ
" ဟုတ်ကဲ့ပါ သခင်ကြီး... သခင်လေးကလဲ ဒီလူကို ဆုံးမမှ ဖြစ်မယ် ပြောပါတယ် ဒါပေမဲ့ သူအဲ့သိုင်းကျမ်းကို မယူတော့ပဲ ရှိတာနဲ့
ကျင့်မယ် ပြောပါတယ် "
ဟု ဖြေလိုက်သည်။

ကျောက်လွေကာ နှုတ်ခမ်းမွှေးကို သပ်ကာ


" ကျဲအော် ပြောတာမှန်တယ်... အဲ့ကောင် ဆီက ရမှ ကျင့်ရမှာလဲမဟုတ်ဘူး... မယူတော့ဘူး ထားလိုက်တော့... ငါတို့ကို
လိမ်ရဲတာတော့ ဆုံးမမှ ဖြစ်မယ်... ကျဲအော် အတွက် လုပ်တဲ့ ကိစ္စမို့ ကျဲအော် သဘော တိုင်း ဖြစ်ပါစေ"
ဟု ပြောလိုက်သည်။

"ဟုတ်ကဲ့ပါ... သခင်ကြီး "


ဟု ပြောပီးသော် အိမ်ထိန်း ကြီး က ကိုယ့်ရိုပီး အရိုအသေပေး ကာ ထွက်သွားဟန်ပြင် လိုက်သည်။

ကျောက်လွေ က လက်ပြလိုက်ပီး
" ဒါနဲ့ .... ငါ့ဆီကို စာပေသမား နှစ်ယောက် သုံးယောက်လောက် ရှာခဲ့ နှုတ်ပိတ်လို့ ကောင်း တဲ့လူမျိုး ဖြစ်ပါစေ "
ဟု အမိန့်ပေးလိုက်သည်။

" အမိန့်အတိုင်းပါ သခင်ကြီး "


အိမ်ထိန်းကြီးက ထပ်မံအရိုအသေပေးကာ ခန်းမဆောင်ထဲမှ ထွက်သွားသည်။

ကျောက်လွေကတော့ ရင်ဘတ်ထဲရှိ ဘူးလေး နှင့် စာလိပ်ကို စမ်းကြည့်ကာ ပြုံးပြုံးကြီး ကျန်နေခဲ့လေသည်။

#မိုးထိတောင်သိုင်းသမား #ZYN
အခန်း (၂၁) အပိုင်း တစ်
ဆပ်ရန်ခက်သော ကျေးဇူးတရား

ရှောင်စစ်တောင်သိုင်းပြိုင်ပွဲကြီး ပြီးလေပီ
လီယင်းယင်း မှာ တောင်ခြေရှိ မန်တူမြို့ လေး ထဲမှ မပြန်နိုင်သေးချေ။ သူမ သည် သိုင်းပြိုင်ပွဲ ပီးသော်လဲ အဘယ့်ကြောင့်
မပြန်နိုင်သေးရသနည်း။ အဖြေက ရှင်းသည်။ မန်တူမြို့် ထဲတွင် တွမ့်ကျန်းယွမ် ရှိနေသေး၍ ဖြစ်သည်။ အမှန်တကယ်တော့
တွမ့်ကျန်းယွမ် သာမက ဝေထင်း နှင့် မုယုံချန်းရှောင်း အပြင် ပျံလွှားမြေးအဘိုး ပါ ရှိနေသေးသည်။ သူတို့မှာ မန်တြူ မို့ ထဲရှိ ရှုခင်းသာ
တည်းခိုဆောင် တွင် တာ့လီမှ အကြိုတော် များကို စောင့်နေခြင်း ဖြစ်သည်။ တွမ့်ကျန်းယွမ် မှာ သိုင်းပြိုင်ရန် လာသူ ဖြစ်ရာ ပြိုင်ပီးသော်
ပြန်ရပေတော့မည်။ လီယင်းယင်း က ဘယ်ချိန်ပြန်တွေ့ရမည် ကိုမသိသောကြောင့် ရှုခင်းသာ တွင်ပင် တည်းနေကာ တွမ့်ကျန်းယွမ်ကို
အဝေးမှ ငေးကြည့်နေမိသည်။ မိုးနတ်မယ် ဆိုသော သူမ မှာလဲ ဒီလို တစ်ဖက်သတ်ချစ်ခြင်း မျိုး ကြုံရလေသလား ဟု ဆိုရပေမည်။
ဝေထင်း ထံမှ တာ့လီမှ အကြိုတော်များမှာ တစ်ပါတ်အတွင်း ရောက်မည်ဟု သိရသဖြင့် မန်တူမြို့ ထဲတွင်ပဲ စောင့်နေခြင်း ဖြစ်သည်။
တွမ့်ကျန်းယွမ် ကတော့ တာ့လီကို မြန်မြန် ပြန်ချင်နေမိသည်။ ချစ်သူ မုယုံချန်းရှောင်း ကိုလဲ ခမည်းတော် မယ်တော် တို့ဖြင့်
မိတ်ဆက်ပေးချင် နေပြီ ဖြစ်သည်။ ထို့ပြင် သူ့အတွက် အရေးတကြီး လုပ်စရာလဲ ရှိသေးသည်။ အကြောင်းက သူ့၏
အအေးဓာတ်အတွင်းအားများကို ထိန်းချုပ်ရန် လိုအပ်နေသည်။ ကောင်းကင်နဂါးကျောင်း မှ ကျောင်းထိုင်ဆရာတော် ခုံတိ ထံ
လျှောက်တင်အကြံတောင်း ရပေဦးမည်လေ။ ထို့ကြောင့် သူက အကြိုတော်များကို မျှော်နေရသည်။

တစ်ဖက်က မုယုံချန်းရှောင်း ကတော့ ချစ်သူ ဖြစ်သူက လိုက်ခဲ့ရန် တောင်းဆိုထား သော်လဲ စဉ်းစားနေမိသည်။ မိမိသည် မိဘဆွေမျိုး
မရှိ တစ်ကောင်ကြွက် ဖြစ်၍ ချစ်သူမိဘများက အထင်သေးမည် ကိုလဲ ကြောက်မိသည်။ မင်းမျိုးနွယ်များ ဖြစ်နေ၍ ကိန်းခန်းကြီးကာ
မိမိကို အသိအမှတ် မပြုပါက မိမိအရှက်ကွဲရပေတော့မည်။ သို့သော် ချစ်သူနှင့်ကမခွဲနိုင်။ ထို့ကြောင့် ဝေခွဲမရကာ
အဖြေမပေးရသေးချေ။ ပျံလွှားမြေးအဘိုး ကတော့ မုယုံချန်းရှောင်း ၏ ဆွေမျိုးဟု ဆိုနိုင်သူများမို့ သူမ သဘောကို
စောင့်နေဟန်တူကြသည်။ ဘာမှ ဝင်မပြောချေ။ မုယုံစံအိမ်ကို ပြန်လျင်လဲ လိုက်မည့် သူများဖြစ်ကာ တာ့လီကို သွားလျင်လဲ
လိုက်ပေးမည့်သူများ ဖြစ်သည်လေ။

ဝေထင်း ကတော့ စုန့်ဝမ် နှင့် စကားပြော ဖြစ်နေသည်။ အရင်က စုန့်ဝမ်နှင့် မရင်းနှီးသော်လဲ ယခုမူ သူတို့နှစ်ယောက်မှာ
အရက်သောက် စကားပြောဖော် ပင် ဖြစ်နေကြပီ ဖြစ်သည်။ ဝေထင်း က တွမ့်ကျန်းယွမ် ၏ မိုးနဂါးကိုယ်ဖော့ပညာ နှင့် ညီအောင်
ပြေးနိုင်သော စုန့်ဝမ်ကို လေးစားမိသည်။ ထိုမိုးနဂါးကိုယ်ဖော့ပညာ မှာ တာ့လီက ပြိုင်ဘက်ကင်း သိုင်းဘုရင် တွမ့်ယွိ
တီထွင်ခဲ့ခြင်းဖြစ်၍ ပြိုင်စံရှား ဖြစ်သည်လေ။ စုန့်ဝမ် ကလဲ သိုင်းလောက အတော်ဆုံး ဓားသမား နှင့် အရက်သောက် စကားပြော
နေရသော် ကျေနပ်နေလေ သည်။ သူတို့ နှစ်ဦးမှာ သိုင်းလောက အကြောင်း ဆွေးနွေးလိုက် ကျားထိုးလိုက် သောက်လိုက် ဖြင့်
တစ်ပါတ်ကို ကုန်ဆုးံ ရန် ကြံစည်ထားကြသည်။

လီယင်းယင်း မှာ နှစ်ရက်ခန့် ဆွေးကာ တွမ့်ကျန်းယွမ် တို့ အုပ်စုကို ငေးမော နေလေသည်။ သူမမှာ မိုးနန်းတော် ဟူသော အဖွဲ့အစည်း
တစ်ခု၏ သခင်မ ဖြစ်သော်လဲ ဤနေရာတွင် အလိုလိုအားငယ် နေမိသည်။ သို့သော် တွမ့်ကျန်းယွမ် တို့ အုပ်စုကမူ သူမ ကို
သတိထားမိဟန် မတူချေ။ သူတို့ချင်း ပျော်ပျော်ပါးပါး အနားယူနေကြသည်လေ။ သူမ အဖို့ ထိုသို့ လျစ်လျူရှု့ ခံထား ရသည်ကို
ဝမ်းနည်းနေမိသည်။

အလွမ်းရဲ့ည...
တိမ်များက ကောင်ကင်ပေါ်တွင် ဟိုတစ် ဒီတစ်စ ရှိနေသဖြင့် လပင် ပေါ်လိုက် ပျောက်လိုက် သာနေရသည်။ လီယင်းယင်း က
နှစ်ရက်လုံးလုံး အခန်းအောင်း နေရာမှ စိတ်မွန်းကျပ် လာသဖြင့် ရှုခင်းသာ တည်းခိုခန်း ရှိ ဥယျာဉ်လေးထဲ တွင်
လမ်းလျှောက်နေမိသည်။ သူမမှာ ဖျော့တော့ သော အမူအယာနှင့် ဝတ်စုံမှာလဲ ညအိပ်ဝတ်စုံ ခပ်ပါးပါး သာ ဝတ်ဆင်လာရာ
လနတ်သမီးများ တစ်ရေးနိုးလာသလား ဟု ပင် အထင်မှားမိစေသည်။

" မောင်လေးရယ်... မမတို့က မဖြစ်နိုင်တော့ဘူးလားကွယ် ..."


လီယင်းယင်း က မွန်းကျပ်နေသော သူမ အတွေးများကို ဖွင့်ထုတ်မိတော့သည်။

" ဟင်း "


သူမ အနောက်မှ သက်ပြင်းချသံကြား လိုက်ရသည်။ လီယင်းယင်း မှာ စိတ်ညစ်နေသူ ဖြစ်သဖြင့် သက်ပြင်းချသံ ကြားသော်လဲ
လှည့်ကြည့်ရုံ ကြည့်ကာ အတွေးထဲ ပြန်မျောနေပြန်သည်။ သက်ပြင်းချသူမှာ မနေနိုင်တော့ဟန် ရှိကာ လှစ် ခနဲ သူမ ရှေ့သို့
ပိတ်ရပ်လိုက် လေသည်။ လီယင်းယင်း က ထိုမှသာ စိတ်မပါသော မျက်လုံးလေးများဖြင့် ကြည့်လိုက်လေသည်။ ထိုသူက
မုတ်ဆိတ်များ ရှည်လျားပီး ဝတ်စုံတစ်မျိုးကို ဝတ်ဆင်ထားသည်။ ထိုဝတ်စုံ၏ အဆင်အထည်မှာ စီးရှမှ လာဟန်တူသည်။
တောက်ပြောင်ကာ ကနုတ်ပန်းများကို အနားသတ်အဖြစ် ရေးဆွဲထားလေသည်။ ထိုသူမှာ ပိန်းချုံးနေပီး ခြေထောက်များကို
ချိုင်းထောက် နှစ်ချောင်းဖြင့် ထောက်ထား ရသော်လဲ အသွင်အပြင်မှာမူ ခန့်ညားသည်။ လီယင်းယင်း မှာ ဘာကြောင့်ရယ်မသိ
ထိုလူကြီးကို ကြည့်ကာ တစ်မျိုးတစ်မည် ခံစားလိုကရ
် လေသည်။ သူမ၏ မျက်လုံးလေး များ မှာ ရုတ်တရက် အရည်လဲ့ သွားသဖြင့် သူမ
က မျက်တောင်ခတ် လိုက်လေသည်။ ထိုသူကြီးက သူမကို ကြင်နာသော အကြည့်ဖြင့် ကြည့်လိုက်ရာ သူမမှာ နွေးထွေးသလို
ခံစားလိုက်ရသည်။

အတန်ကြာ ကြည့်နေပီးမှ လီယင်းယင်းက


" အဘက ဘယ်သူများပါလဲရှင် "
ဟု စိတ်အားငယ်နေသော အသံလေးဖြင့် မေးလိုက်လေသည်။
ထိုအဘိုးအိုက ရင်ဘတ်ထဲမှ စာအုပ် တစ်အုပ်ကို ထုတ်ပြကာ
" ဖတ်ကြည့်ပါဦး သမီး... ဒီလက်ရေးက ဘယ်သူ့ လက်ရေးလဲ သမီးသိသလား "
ဟု ပေးလိုက်လေသည်။

လီယင်းယင်း မှာ စိတ်မပါသော်လဲ မငြင်းလိုဟန်ဖြင့် စာအုပ်ကို လက်ခံယူ လိုက်လေသည်။ သူမက စာအုပ်ကို ဖွင့် ကြည့်ရာ သူမ
သိသော လက်ရေးဟု ထင်မိလေသည်။ သေချာစေရန် ဖတ်ကြည့် ရာ စာအုပ်ထဲရှိ အကြောင်းအရာတွင် နစ်မျော သွားလေသည်။

အတန်ကြာဖတ်ပီးသော် သူမက စီးကျနေ သော မျက်ရည်များကို ဝတ်စုံလက်စဖြင့် သုတ်ကာ အဘိုးအိုကို ကြည့်လိုက်သည်။ သူမ က
ထိုလက်ရေးကို ရင်းရင်းနှီးနှီး သိသည်။ ထိုဇာတ်လမ်းမှာ လက်ရေးပိုင်ရှင် က သူ့ဇာတ်ကြောင်းကို တစ်ပိုင်းတစ ရေးသားထားခြင်း
ဖြစ်ရာ သူမမှာ ခံစားသွား ရလေသည်။ ထိုစာအုပ်ကို အဘိုးအိုက ယူလာခြင်းဖြစ်ရာ အဘိုးအိုမှာ ဇာတ်လမ်းထဲ က
ဇာတ်ကောင်ဖြစ်ဟန်တူသည်။ သူမ က အဘိုးအိုကို မျက်ရည်ဝဲနေသော အကြည့်ဖြင့် ကြည့်ပီး

" အမေက ဆုံးသွားတာ နှစ်ပေါင်းနှစ်ဆယ် ရှိပီ အဖေ... အခုမှ ဘာလို့ပြန် ရှာချင်နေ ရတာလဲ "
ဟု ပြောချလိုက်လေသည်။

အဘိုးအိုမှာ ထိုအဖြစ်ကို ခန့်မှန်းထားသည့် တိုင် လီယင်းယင်း နှုတ်မှ ကြားလိုက်ရသော် တုန်လှုပ်သွားပီး ချိုင်းထောက် တစ်ခုပင်
လွတ်ကျကာ ဟန်ချက်ပျက်သွားလေသည်။ လီယင်းယင်း က အဘိုးအို ပစ်လဲတော့ မည်ကို မြင်သော် မနေနိုင်ချေ။ အပြေးပင်
တွဲလိုက်လေသည်။ အဘိုးအို မှာ ကျေးဇူးတင်သလို ကြည့်ကာ ငိုကြွေး နေလေသည်။ လီယင်းယင်း မှာ နဂိုကတည်း က ငိုချင်နေသူ
ဖြစ်ရာ မျက်ရည်များမှာ တာကျိုး သလိုပင် ထွက်ကာ ငိုမိတော့ လေသည်။ လရောင် ကပင် ဝမ်းနည်း သည့် အလား အတော်ကြာ
ပျောက်ကွယ် ပေးသွားသည်။

အတန်ကြာ တစ်ယောက်နှင့် တစ်ယောက် ဖက်ငိုပြီးသွားသော် လီယင်းယင်း မှာ အဘိုးအိုကို ကြည့်ကာ


" အမေ့လက်ရေးမှန်း သိရလို့သာ ကျမ အဖေအရင်းက အဘဆိုတာ သိရတယ် မိုးနန်းတော် သခင်ကြီး လီယုံဝမ် ကိုပဲ ကျမ အဖေလို့
သုံးဆယ့်ငါးနှစ်လုံး ထင်နေခဲ့တာ... အဖေက ဘာလို့ ကျမတို့ သားအမိကို ပစ်သွားတာလဲ "
ဟု မေးလိုက်လေသည်။ သူမ၏ လေသံမှာ အပြစ်တင်သံ ပါသော်လဲ ဒေါသသံ မပေါက်ချေ။

အဘိုးအိုက လီယင်းယင်း ကို ကြင်နာဟန် ဖြင့်ကြည့်ပီး


" အဖေ မလာနိုင်ခ့တ
ဲာပါ သမီးရယ် ပစ်ထားခဲ့တာ မဟုတ်ပါဘူး... ဒါနဲ့ လီယုံဝမ် ဆိုတဲ့ သူက သမီးတို့ သားအမိ အပေါ် ကောင်းရဲ့လား
"
ဟု မေးလိုက်လေသည်။

လီယင်းယင်း က ပြုံးကာ
" အဖေလီယုံဝမ် က ကျမတို့အပေါ် ကောင်းတယ် ဆိုတာထက်ပိုခဲ့ပါတယ်... အခုပြန်တွေးကြည့်မယ်ဆိုရင် သူ့သွေးသား မဟုတ်တဲ့
ကျမကို သူ့အမွေဖြစ်တဲ့ မိုးနန်းတော်ကြီး တစ်ခုလုံး အပ်ခဲ့တာပဲ... သူ့ညီဖြစ်တ့သ
ဲူကိုတောင် မပေးခဲ့ဘူး "
ဟု ဖြေလိုက်လေသည်။

" ဒါနဲ့ အဖေက ဘာလို့ အခုမှ ပေါ်လာရတာလဲ အဖေ့နာမည်ကဖြင့် သိုင်းလောက တတိယ တောင်ဖြစ်နေတာပဲ ပီးတော့ အဖေက သူ...
သူ... သူ့ရဲ့ဆရာလဲ ဖြစ်နေသေးတယ် "
ဟု ပြောလိုက်သည်။

အဘိုးအိုမှာ တုံးဖန်းဟိုင် ဖြစ်လေသည်။ တုံဖန်းဟိုင် က လီယင်းယင်း ဆိုလိုသော အချက်ကို သိပုံရကာ သက်ပြင်းချ လိုက်ပီး
" ဟုတ်တယ်... အဖေက သိုင်းလောက တတိယ တုံးဖန်းဟိုင.် .. ဒါပေမဲ့ လွန်ခဲ့တဲ့ သုံးလကျော် အထိ အဖေက ချောက်ထဲက
သေမှာစောင့်နေတဲ့ သနားစရာ အဘိုးအို တစ်ယောက်ပဲ... တွမ့်ကျန်းယွမ် ဆိုတဲ့ တပည့်လေးက အဖေ့ကို ကယ်ခဲ့တာပဲ...
ဒါကြောင့်မို့လို့ အဖေက အခု သမီးကို တွေ့ခွင့်ရခဲ့တာ "
ဟု ပြောပြလိုက်လေသည်။

လီယင်းယင်း မှာ အံ့သြသွားပီး မျက်လုံးများ ပြူးသွားလေသည်။ သူမက အဖေဖြစ်သူမှာ သိုင်းတော်လွန်း သဖြင့် ကိန်းခန်းကြီးကာ
သူမတို့ သားအမိ ကို မခေါ်လို၍ ပစ်ထားသည် ဟု ထင်နေရာ အခုလို အဖြစ်ကို ကြားသော် အံ့သြမိလေသည်။

တုံးဖန်းဟိုင် က လဲနေသော ချိုင်းထောက်ကို အတွင်းအားဖြင့် ဆွဲယူလိုက်ကာ ပြန်ထောက် ထားလိုက်သည်။ ထိအ


ု ပြုအမူ မှာ
အတွင်းအား နက်ရှိုင်းကြောင်း သိသာ စေသဖြင့် လီယင်းယင်း တစ်ယောက် ဖခင်အရင်း ဖြစ်သူကို အံ့သြကာ တွဲထားသော လက်ကို
မဖြုတ်မိချေ။ တုံးဖန်းဟိုင်က လွယ်လွယ်နှင့် အသိအမှတ် ပြုပေးသော စိတ်ထားနူးညံ့သူ သမီးကို ကြည့်ကာ
" လာပါ သမီးရယ်... အဖေ့ဘဝ အကြောင်း သမီးကို အကုန်ပြောပြပါမယ် ... သမီးကလဲ အဖေမမှီလိုက်တဲ့ သမီးအမေ အကြောင်း
အဖေ့ကို ပြန်ပြောပြပေါ့... သမီးအခန်းကို ပြန်ကြရအောင် "

လီယင်းယင်း မှ ထိုစကားကို ကြားသော် အဖေဖြစ်သူမှာ သူမကို တစ်ချိန်လုံး စောင့်ကြည့်နေကြောင်း၊ သိင


ုးပညာ အလွန်ကောင်း
သဖြင့် သူမ မသိရခြင်း ဖြစ်ကြောင်း၊ သိရှိသွားရသည်။ သူမ အနေဖြင့် လောလောဆယ် စိတ်အားငယ်ပီး မှီခိုချင်နေရာ အဖေအရင်းကို
တွေ့ရသဖြင့် ပျော်ပီး တုံးဖန်းဟိုင် လက်ကို တွဲကာ သူမ အခန်းကို လျှောက်သွားလေတော့သည်။

ZweYan Naing
July 11 at 3:59pm

#မိုးထိတောင်သိုင်းသမား #ZYN
အခန်း (၂၁) အပိုင်း နှစ်
ဆပ်ရန်ခက်သော ကျေးဇူးတရား

တွမ့်ကျန်းယွမ်မှာ ဒီရက်ပိုင်း ချစ်သူနှင့် တူတူ ပျော်နေရသော်လဲ စိတ်မအေးနိုင်ဖြစ်နေရ သည်။ သူ၏ အအေးဓာတ် အတွင်းအားမှာ
တစ်စတစ်စ ရှောင်းယောင်အတွင်းအားကို ဝါးမြိုနေသည်ဟု ခံစားနေရသည်။ မနက် အိပ်ယာနိုးလျှင် အိပ်ယာမှာ အေးခဲမတတ်
အေးစက်နေတတ်သလို ဒေါသများလဲ ထွက်လွယ်နေသည်။ သူ့ဆရာ ဝေထင်း မှာလဲ သူ့ကို စောင့်ကြည့်ကာ တစ်ခုခု ပြင်ဆင်နေပုံ
ရသော်လဲ သူ့ကို ထိန်းချုပ် ဖို့ ခက်နေသည်လေ။ သူ့အတွင်းအားများမှာ ပြိုင်ဘက်ကင်းအောင် နက်ရှိုင်းနေသည် မဟုတ်ပါလား။

လပြည့်ည...
ဒီလပြည့်ည ပီးလျှင် မနက်တွင် အကြိုတော်များ မန်တူမြို့ သို့ ရောက်လာ တော့မည်။ ဒီညတွင် အိပ်မပျော်သူများ ရှိနေပုံရသည်။
ပျံလွှားမြေးအဘိုး မှာ ဝေထင်းကို နှုတ်ဆက်ပီး သူတို့အခန်းထဲသို့ ဝင်ရောက် အိပ်ပျော်နေလေပီ။ ဝေထင်း၏ အခန်းတံခါးမှာ
လဲပိတ်ထားသဖြင့် အိပ်ပျော် နေပုံရသည်။ တွမ့်ကျန်းယွမ် က အဝတ်အစားများ ကို သေချာ ထုပ်နေရာမှ အိပ်ရန် ပြင်လိုက်သည်။

" ဝှစ.် . "


ရုတ်တရက် ပြတင်းပေါက်မှ စာရွက် တစ်ရွက် က အပြန့်အတိုင်းပင် ပျံဝဲ လာသည်ကို တွေ့ရသည်။ ထိုစာရွက် မှာ အရှိန်ပြင်းပြင်း ဖြင့်
သူ့ဆီ ဝင်လာသဖြင့် တွမ့်ကျန်းယွမ် က အတွင်းအားထုတ်ကာ ဝတ်စုံလက်စ ဖြင့် အုပ်ဖမ်းလိုက်ရသည်။ စာရွက်ကို ပစ်သူက
လက်နက်ပုန်း အဖြစ် ပစ်လိုက်ခြင်း မဟုတ်သဖြင့် ထိုသို့ အလွယ်တကူ ဖမ်းနိုင် ခြင်း ဖြစ်သည်။ ထိုသို့ ပါးလွှာလွန်း သော စာရွက် ကို
စိတ်တိုင်းကျ ပစ်လွှတ် နိုင်သူမှာ အတွင်းအားအရာတွင် နက်ရှိုင်းကာ သိုင်းပညာကောင်းသူ လဲ ဖြစ်ရပေမည်။ တွမ့်ကျန်းယွမ် က
စာရွက်ကို ကြည့်မိတော့ စာလုံးတစ်ချို့ ကို တွေ့လိုက်ရသည်။ သူက ပျော်သွားသလို ပြုံးလိုက်သည်။ ထို့နောက် ပြတင်းပေါက် မှ
ခုန်ဆင်းပီး လေထဲမျောသွားသလို ပျောက်ကွယ် သွားလေသည်။

မုယုံချန်းရှောင်း မှာ မနက်ဖြန် တာ့လီကို လိက


ုဖြစ်မည် မလိုက်ဖြစ်မည် အဖြေပေး ရမည် ဖြစ်ရာ အိပ်မပျော်နိုင်ချေ။ သူမ ရင်ထဲက
တွေဝေမှုများကိုလဲ မဖြေရှင်း နိုင်သေးချေ။ မုယုံစံအိမ်၏ အနာဂတ်၊ မျိုးနွယ်တူ ရန်သူ ဦးလေး ကလဲ စံအိမ်ကို အပိုင်စီးရန်
ချောင်းနေသည် မဟုတ်ပါလား။ သူမ အနေဖြင့် ထိုကိစ္စများကို စွန့်လွှတ်ကာ တာ့လီတွင် မင်းသား၏ ကြင်ယာတော် အဖြစ် နေထိုင်ပါ့က
မိမိတို့ မျိုးနွယ်အပေါ် စိတ်သန့်မည် မသန့်မည် မသေချာချေ။ တာဝန် မကျေ သလို ဖြစ်နေပေမည်။ မိမိ ဖခင် ပြောထားသည့်အတိုင်း
ထုံဝူရေအိုင် တောင်ဘက် ရှိ တောင်ကြားက လျှို့ ဝှက် ကျေးရွာ ကို ရှာရမည်လား ဝေခွဲမရ ဖြစ်နေသည်။ ထိုကျေးရွာတွင် မူလ
မုယုံမျိုးနွယမ
်ျား ရှိပီး မိမိတို့ အဘိုး၏ အဖေလက်ထက် က ရွာမှ ထွက်ခဲ့ကြခြင်း ဖြစ်သည်။ ရွာတည်ရှိရာ မြေပုံကို စံအိမ်သခင်ကြီး
များသာ သိမ်းထားရာ ယခု မိမိလက်သို့ ရောက်နေလေပီ။ သူမ က စိတ်ရှုပ်ထွေး သွားသဖြင့် လေညှင်းခံ လမ်းလျှောက်ရန်
အခန်းအပြင်သို့ ထွက် လာလေသည်။ သို့သော် မနက်ဖြန် မနက် အတည်ဆုံးဖြတ် ရတော့မည် ဖြစ်သဖြင့် လမ်းပင် မလျှောက်နိုင်ပဲ
ခဏ ခဏရပ်ကာ အတွေးထဲ နစ်မျောနေပြန်သည်။ သူမ က အခန်းများ ရှိရာ ဘက်မှ တောင်ခြေ တောစပ် နားသို့ပင် ရောက်မှန်းမသိ
ရောက်လာ လေသည်။ စိတန
်ဲ့လူမကပ် သဖြင့် မည်သည့် နေရာရောက်မှန်း သတိမထားမိချေ။ အတန်ကြာ မှောင်ရိပ်ကျရာ
သစ်ပင်ရိပ်ထဲ တွင် ငြိမပ
်ီးတွေးတော နေရာမှ သူ့ဘေးမှ လေတိုက်သလို ဟူး ခနဲ အရာတစ်ခု ဖြတ်သန်းသွားသဖြင့် သတိဝင်သွား
လေသည်။ ထိုအရာက မြန်ဆန်လွန်း သဖြင့် သူမ က ဖျတ် ခနဲ ကြည့်လိုက်မိသည်။ သူမ ကလဲ အတွင်းအားကောင်းသူ ဖြစ်ရာ
ထိုအရာမှာ လူတစ်ယောက်ဖြစ်ကြောင်း သိလိုက်ရလေသည်။ ထိုသူ၏ ကိုယ်ဖော့ပညာ မှာ စုန့်ဝမ်ကိုပင် ကျော်လွန် နေကြောင်း
သိရသဖြင့် သူမက သိချင်စိတ် ဖြစ်ကာ ထိုအရာ ထွက်သွားသော အရပ်ကို လိုက်သွားမိလေသည်။ ထိုအရာကမူ တောင်ခြေရှိရာ
ရှေ့တည့်တည့် သွားသည် မှန်သော်လဲ မြန်ဆန်လွန်း သဖြင့် မမြင်ရ တော့ချေ။ သူမက အနောက်မှ သတိထား ကာ
လိုက်ရပေတော့သည်။
တွမ့်ကျန်းယွမ် မှာ သစ်ပင်များကြားသို့ ဟူး ခနဲ ရောက်လာရာ အဘိုးကြီး တစ်ဦးက သူ့ကို စောင့်နေကြောင်း တွေ့ရသည်။
ထိုအဘိုးကြီးမှာ ချိုင်းထောက် နှစ်ခု ထောက်ထားသူ ဖြစ်ရာ သူ့ဆရာ တုံးဖန်းဟိုင် ပင် ဖြစ်လေသည်။ တွမ့်ကျန်းယွမ် က ဒူးထောက်ကာ
အရိုအသေပေး လိုက်ပီး
" ဆရာ နေကောင်းပါရဲ့လား "
ဟု နှုတ်ဆက်လိုက်သည်။

တုံးဖန်းဟိုင် က အသံကြားမှ လှည့်ကြည့်ကာ


" အေးကွာ... နေကောင်းပါတယ် ထပါ "
ဟု ပြောလိုက်သည်။
သူ့ အသံမှာ စိတ်ရှုပ်နေပုံ ရပီး သူမျက်နှာ ကလဲ ပြောရခက်နေပုံ ရှိသည်။

တွမ့်ကျန်းယွမ် မှာ သူ့ဆရာ၏ မျက်နှာထား ကို ကြည့်ကာ ပြောစရာ ရှိနေကြောင်း ပြောရခက်နေကြောင်း သိရသည်။ သူက
ပြုံးလိုက်ကာ
" ဆရာ... ဘာများပြောစရာ ရှိနေတာလဲ ပြောပါ တပည့် အတတ်နိုင်ဆုံး ဆောင်ရွက် ပေးပါမယ် "
ဟု ပြောလိုက်သည်။

တုံးဖန်းဟိုင် မှာ အားနာသလို ဖြစ်နေရာမှ


" ဟုတ်ပီကွာ... တောင်းဆိုတယ်ပဲ သဘောထားပါတော့ကွာ... ဒါနဲ့ မင်း ငါ့သမီး ယင်းယင်း ကို ဘယ်လို မြင်သလဲ "
ဟု မေးလိုက်လေသည်။

တွမ့်ကျန်းယွမ် မှာ တုံးဖန်းဟိုင် က သူ့သမီး ယင်းယင်း ဟု ပြောသံကြားသော် တစ်ချက် အံ့သြသွားပီးမှ ဆက်စပ်တွေးမိသွား လေသည်။
သူက မေးခွန်းကို နားလည် သော်လဲ အံ့သြ နေသဖြင့်
" အစ်မယင်းယင်း က ဆရာ့သမီး ဆိုတာ သေချာသွားပီပေါ့... ဟုတ်လားဆရာ... ကျနော် က အစ်မကို မုယုံစံအိမ် မှာ တစ်ခေါက်
ကူညီပေးဖူးတယ် အစ်မ က သဘောကောင်း တယ် ရုပ်ရည်ကလဲ အရမ်းလှတယ် ရှားပါးတဲ့ မိန်းမလှ သူရဲကောင်း လို့မြင်ပါတယ် "
ဟု ပြောလိုက်လေသည်။

တုံးဖန်းဟိုင် က တွမ့်ကျန်းယွမ် စကားကို ကြားသော် သက်ပြင်းချကာ


" ယင်းယင်း က သိင
ုးလောကမှာ ကျင်လည် နေတာ ငါးနှစ်ရှိပ.ီ .. သူ့ရုပ်ရည် သိုင်းပညာ ကို တန်ဖိုးထားတဲ့ သိုင်းသမားယောက်ျား တွေ
ဝိုင်းဝိုင်းလည်နေတာ မင်းကြားဖူး မှာပေါ့... ဒါပေမဲ့ သူက ဘယ်သူ့ကိုမှ စိတ်မဝင်စား ခဲ့ဘူး အခုတော့ သူ့အဖြစ်က ဒုက္ခရောက်နေပီ "
ဟု ပြောလိုက်လေသည်။

တွမ့်ကျန်းယွမ် က အံ့သြကာ
" အစ်မယင်းယင်း က ဘာဖြစ်လို့လဲ ဆရာ ကျနော် တတ်နိုင်တာဆို ကူညီပေးပါမယ် "
ဟု ပြောလိုက်သည်။

တုံးဖန်းဟိုင် က အဝေးသို့ တစ်ချက်ကြည့်ပီး


" အချစ်ကိစ္စပေါ့ကွာ... သူက လူတစ်ယောက် ကို ချစ်မိနေတယ်... ဒါပေမဲ့ အဲ့ဒီလူက သူ့ကို မချစ်ဘူး တစ်ခြားတစ်ယောက် နဲ့
ရှိနေတယ်လေ... အသဲကွဲတဲ့ ရောဂါပေါ့ အဖေလုပ်တဲ့ ငါကလဲ သူ့ဘဝတစ်ခုလုံး မှာ ပျောက်ကွယ်နေတော့ လုပ်ပေးခဲ့တာလဲ
မရှိဘူးလေ... အဲ့ဒီတော့ အခုပဲဖြစ်ဖြစ် ငါစွမ်းသမျှ သူစိတခ
်ျမ်းသာအောင် လုပ်ပေး ချင်မိတယ် "
ဟု ပြောလိုက်သည်။

တွမ့်ကျန်းယွမ် လဲ သက်ပြင်းချကာ
" အချစ်ကိစ္စ ဆိုတာ လွယ်မလိုနဲ့ ခက်တယ် ဆရာ... ကျနော်လဲ နားမလည်ဘူး... အဲ့ဒီတော့ အစ်မယင်းယင်း စိတ်ချမ်းသာ အောင်
ကျနော်တို့ ဘာလုပ်ပေးကြရမှာလဲ "
ဟု ပြောလိုက်သည်။

တုံဖန်းဟိုင် က တွမ့်ကျန်းယွမ် ကို ကြည့်ကာ


" မင်းကူညီမယ် ဆိုရင်တော့ ဖြစ်နိုင်ပါတယ် လူလေး... မင်းကူညီမယ် မလား "
ဟု ပြောလိုက်သည်။
တွမ့်ကျန်းယွမ် မှာ ဘာကိစ္စကို ဘယ်လို အကူအညီပေးရမယ်မှန်း မသိသော်လဲ သူ့ဆရာ ဖြစ်သူက မတရားသော ကိစ္စများ ကို
လုပ်မည့်သူ မဟုတ်မှန်း သိသဖြင့် ခေါင်းငြိမက
့်ာ
" ဟုတ်ကဲ့ဆရာ... ကျနော် တတ်နိုင်သမျှ ကူညီပါ့မယ်... ဒါပေမဲ့ ဘယ်လိုကူညီရမှာလဲ" ဟု မေးလိုက်သည်။

" မင်း ကူညီရမှာကတော့ သူ့ကို လက်ထပ် လိုက်တာပဲ... ဘာဖြစ်လို့လဲ ဆိုတော့ မင်းက သူ ချစ်နေတဲ့ ယောက်ျားမို့လို့ "
ဟု တုံဖန်းဟိုင် က မျက်စိမှိတ်ကာ ပြောချ လိုက်လေသည်။

တွမ့်ကျန်းယွမ် မှာ ဒိန်းခနဲ ဖြစ်သွားပီး ကြားလိုက်ရသော စကားကို ပင် မယုံသလို ဖြစ်ကာ အံ့သြနေသည်။ သို့သော် သူ့ဆရာ
ဖြစ်သူမှာလဲ စနောက်သည့်ပုံ မပေါ်ချေ။ တုံးဖန်းဟိုင် မှာ ပြောပီးသည်နှင့် မျက်နှာပူ သဖြင့် တစ်ဖက်သို့ပင် လှည့်နေလေသည်။
ထိုစကားကို ကြားကာ ဒိန်း ခနဲ ဖြစ်သွား ကြသူများမှာ သူတစ်ယောက်တည်းတင် မဟုတ်ချေ။ သစ်ပင်များကြားမှ နောက်ထပ်
နှစ်ယောက်လဲ ရှိသေးသည်။ သူတို့ နှစ်ယောက်မှာလဲ ဒိန်းခနဲ ဖြစ်ကာ အံ့သြမိ သွားကြလေသည်။

" ဆရာ... ဘယ်.... ဘယ်လို... ကျနော်... ဘာ... "


တွမ့်ကျန်းယွမ် မှာ စကားများ ထစ်အ နေသ လို ဘာပြောရမှန်းလဲ မသိဖြစ်နေလေသည်။

တုံးဖန်းဟိုင် မှာ ပြောစရာ စကားရှိပုံမရ သို့သော် သူက စိတ်ကိုတင်းလိုက်ကာ


" အေးဟုတ်တယ်... မင်းအနေနဲ့ ဆရာ့ ကျေးဇူး ဆပ်တယ် သဘောထားပီး ငါ့ ဆန္ဒ ကို ဖြည့်ဆည်းပေးပါကွာ... ငါ့အနေနဲ့ ငါ့သမီး
စိတ်ချမ်းသာအောင် လုပ်ပေးချင်တယ် "
ဟု ပြောလိုက်သည်။

တွမ့်ကျန်းယွမ် မှာ အံ့သြနေရာမှ


" ဒါ... ဒါပေမဲ့... ကျနော့်မှာ လက်ထပ်မဲ့သူ ရှိနေပီသားလေ ဆရာ... ကျနော် ဘယ်လိုလုပ် "
ဟု စကားကို အဆုံးမသတ်နိုင်ပဲ ရပ်လိုက် လေသည်။

တုံးဖန်းဟိုင် က စိတ်ညစ်သလို ဖြစ်ကာ


" မင်းက မင်းမျိုးမင်းနွယ် မင်းသားပဲ နောင်တစ်ချိန် ဘုရင် ဖြစ်မှာ... မိန်းမ နှစ်ယောက်ယူလဲ ရတာပဲ မလား "
ဟု ပြောလိုက်သည်။

တွမ့်ကျန်းယွမ် က ခေါင်းခါကာ
" တာ့လီမှာက မင်းသားတွေအတွက် စည်းကမ်း တစ်ခုရှိတယ်... ကိုယ်လုပ်တော် ထားလို့ ရပေမဲ့ ကြင်ယာတော် ကတော့
တစ်ယောက်တည်း ရှိရတယ်... ဟိုအရင်က မင်းမျိုးမင်းနွယ် တွေ ထီးနန်းဆက်ခံဖို့ ရှုပ်ထွေးနေကြလို့ အဲ့ဒီစည်းကမ်းကို သတ်မှတ်
ထားခဲ့ၾကတာ... အဲ့ဒေ
ီ တာ့ ကျနော့် အနေနဲ့ ကြင်ယာတော် တစ်ယောက်ပဲ ထားလို့ရမဲ့ သဘော ဖြစ်နေတယ် ဆရာ... "
ဟု ပြောလိုက်သည်။

တွမ့်ကျန်းယွမ် မှာ အမှန်တကယ် စိတ်ရှုပ် နေပုံရသည်။ သူ့အနေဖြင့် လီယင်းယင်း လို အချောအလှ တစ်ယောက်ကို ငြင်းနေရ သည်မှာ
စိတ်ပျက်မိသည်။ သူသည် ယောက်ျားသား ဖြစ်၍ ဖြစ်နိုင်လျှင် နှစ်ယောက်မက လိခ
ျုင်သည်။ ချစ်သူ ဖြစ်သူ မုယုံချန်းရှောင်း ကို
သစ္စာရှိချင် သလို ဆရာဖြစ်သူ၏ တောင်းဆိုမှုကိုလဲ မျက်နှာမလွှဲချင်ပေ။ ယခုမူ မျိုးနွယ်၏ စည်းကမ်း ချက်ကလဲ ရှိသေးရာ တကယ့်ကို
ဘေးကျပ်နံကျပ် ဖြစ်နေသည်။ သူက စိတ်ထဲမှ ထိုစည်းကမ်းထုတ်ထားသူ ဘိုးဘေး ဘုရင်အား ကျိန်ဆဲမိနေသည်။

သူက ဆုံးဖြတ်ပီး ဟန်ဖြင့်


" ဆရာ့ကျေးဇူးကို ဆပ်ချင်ပါတယ် ဆရာ အစ်မယင်းယင်း ကိုလဲ နှစ်သက်ပါတယ် ဒါပေမဲ့ ကျနော်က သစ္စာရှိတဲ့သူ ဖြစ်ချင်တဲ့ ဆရာ...
ကျနော့်ကို သတ်ရင်သတ် ဒါမှ မဟုတ် သိုင်းပညာတွေကို ဖျက်ပစ်ပီး ဆရာ ပေးထားတာတွေ ပြန်ယူလိုက်ပါ "
ဟု ပြောလိုက်တော့သည်။

#မိုးထိတောင်သိုင်းသမား #ZYN
အခန်း (၂၁) အပိုင်း သုံး
ဆပ်ရန်ခက်သော ကျေးဇူးတရား

တုံးဖန်းဟိုင် မှာ စိတ်ပျက်သွားပီး တွမ့်ကျန်းယွမ်ကို ကြည့်ကာ


" ငါထင်နေခဲ့တာက မင်းအနေနဲ့ ငါ့ ဆန္ဒကို လိုက်လျောပေးမယ် လို့ပဲ... မမျှော်လင့်ပဲ မင်းက ဒီဒုက္ခိတ အဘိုးကြီးကို လျစ်လျူရှု
လိုက်တာကိုး... မင်းက သစ္စာရှိသူ ဖြစ်ချင်တာပေါ့လေ... ဆရာလုပ်သူကိုတော့ သစ္စာမရှိချင်ဘူးပေါ့ "
ဟု ပြောလိုက်လေသည်။
တွမ့်ကျန်းယွမ် မှာ ထိုစကားကြောင့် အတော် စိတ်ထိခိုက်သွားလေသည်။ သူက သက်ပြင်းချကာ
" အဲ့လိုမဟုတ်ပါဘူး ဆရာရယ်... ကျနော့် အနေနဲ့လဲ ဘေးကျပ်နံကျပ် အခြေအနေ မို့ပါ ဆရာ့ ကျနော့်ကို သတ်သာပစ်လိုက်ပါ "
ဟု ပြောလိုက်သည်။

တုံဖန်းဟိုင် က ခေါင်းခါပီး ဒေါသထွက်ကာ


" မင်းပြောတော့ လွယ်တယ်... ငါက မင်းသား တစ်ပါးကို သတ်ချင်တိုင်း သတ်လို့ရမလား... ပီးတော့ မင်းကို ငါက ဘာလို့
သတ်ရမှာလဲ... ငါ့သမီးက မင်းကို ချစ်နေတာ ငါသတ်လိုက်တော့ ငါ့သမီး စိတ်ဆင်းရဲမှာပေါ့... မဖြစ်နိုင်ဆုံးက ငါမင်းကို မယှဉ်
နိုင်တော့တာပဲ... "
ဟု ခပ်မာမာ ပြောလိုက်သည်။

တွမ့်ကျန်းယွမ် က စိတ်ရှုပ်သွား သဖြင့် ဘာမှ မပြောနိုင်တော့ချေ။ ပတ်ဝန်းကျင်မှာ တခဏ ခြင်းပင် အေးစိမ့်လာလေသည်။


တွမ့်ကျန်းယွမ် က ခေါင်းငုံကာ စိတ်ရှုပ် နေပုံ ရပီး ဘာမှ သတိမထားမိပုံရသည်။ သူ့ပုံ မှာ ခေါင်းခြောက်နေ သလိုရှိလေသည်။
တုံးဖန်းဟိုင် က ပတ်ဝန်းကျင် အေးစိမ့် လာမှုကို သတိပြုမိကာ တွမ့်ကျန်းယွမ် ကိုကြည့်မိလေသည်။ အအေးဓာတ်မှာ သူ့ကိုယ်မှ
ထွက်နေသည်ကိုပင် တွမ့်ကျန်းယွမ် မှာ သတိထားမိပုံ မပေါ်ချေ။ သူက ခေါင်းငုံကာ အတွေးထဲ မျောနေပုံ ရလေသည်။

ထိုစဉ် သစ်ပင်များ ကြားမှ အလွန်လှပသော မိန်းမပျိုလေးတစ်ယောက် ထွက်လာလေ သည်။ သူမ၏ မျက်နှာ လှလှ လေးမှာ စိတ်ရှုပ်မှု
ရှက်ရွံမှု တို့ ပေါ်လွင်နေကာ ဒေါသ ပင် ထွက်နေသယောင် ထင်ရသည်။ သို့သော် ထိုအရာများမှာ သူမအလှကို မထိခိုက်စေနိုင်ချေ။
သူမက နှုတ်ခမ်းပါးလေး ကိုတွန့်ကာ

" နေပါစေတော့ အဖေရာ... သူသဘောမတူ မှတော့ ထားလိုက်ပါတော့... သမီးတို့ သားအဖ သိက္ခာအကျခံပီး သူ့ကို တောင်းဆိုလို့လဲ
ဘာမှထူးခြားမှာ မဟုတ်ပါဘူး... ဒီမယ် တွမ့်ကျန်းယွမ် မင်းသွားလိုရာ သွားလိုက်ပါ ငါရော ငါ့အဖေ ရော မင်းကို
မနှောက်ယှက်တော့ပါဘူး... မင်းဘဝ မှာ ငါတို့ကို မသိခဲ့ဘူးလို့ ထားလိုက်ပါ "
ဟု ပြောလိုက်ကာ တုံးဖန်းဟိုင် လက်ကို တွဲလိုက်လေသည်။

တုံးဖန်းဟိုင် ကတော့ ဘာမှမပြောပဲ တွမ့်ကျန်းယွမ် ကို ကြည့်နေလေသည်။ သူ့ပုံစံက တွမ့်ကျန်းယွမ် ၏ ရွေးချယ်မှုကို


စောင့်နေသေယောင် ရှိသည်။

တွမ့်ကျန်းယွမ် ကတော့ စိတ်များ ရှုပ်ထွေး နောက်ကျိနေလေသည်။ အေးချမ်းလွန်း သော သူ့ဘွမှာ ဤခြောက်လအတွင်း


ခေါင်းကိုက်စရာများလွန်းလှသည်။ သူက အရာအားလုံးကို လွှတ်ချကာ ထွက်ပြေးချင် စိတ်ပင်ဖြစ်နေသည်။ စိတ်ဖိစီးမှုဒဏ်ကို
မခံနိုင်တော့ချေ။ မည်သို့ပင် သိုင်းသမား ဖြစ်စေကာမူ သူက ရွှေဇွန်းကိုက်ကာ မွေးဖွား လာသော မင်းမျိုးမင်းနွယ် မင်းသား တစ်ပါး
ဖြစ်သည်မဟုတ်ပါလား။ သူက ယဉ်ကျေးမှု၊ လူကျင့်ဝတ်နဲ့ အညီ နေထိုင်ကျင့်ကြံနေ သော်လဲ ဘဝက သူထင်ထားသလို မရိုးရှင်းချေ။
တာ့လီပြန်ကာ မိဘရင်ခွင်ထဲ မှီခို နေချင်နေလေပီ။ သူ့ခေါင်းထဲတွင် အတွေးများ ရှုပ်ထွေးနေသဖြင့် ငူငိုင် နေရာ တုံးဖန်းဟိုင် က သူ့ကို
စောင့်နေကြောင့် သတိမထားမိချေ။

တုံးဖန်းဟိုင် က စောင့်နိုင်သော်လဲ လီယင်းယင်း က မစောင့်နိုင်တော့ချေ။ သူက ငူငိုင်နေသော တွမ့်ကျန်းယွမ် ကို ကြည့်ကာ


" သွားပါတော့ ရှင.် .. ရှင်နဲ့ ကျမတို့ သားအဖ ရေစက် မှ မရှိတော့ပ.ဲ .. အဖေသင်ပေးထား တဲ့ သိုင်းပညာတွေကိုတော့ လက်ဆောင်
လို့ပဲ သဘောထားလိုက်ပါ "
ဟု ပြောချလိုက်သည်။

သိုင်းပညာ ဆိုမှ တွမ့်ကျန်းယွမ် က ခေါင်းထောင် လာလေသည်။ သူက စိတ်ထိခိုက်နေသော မျက်နှာဖြင့် လီယင်းယင်း ကိုကြည့်ကာ...
" အဲ့ဒီသိုင်းပညာတွေကို အစ်မလိုချင်တယ် ဆိုရင် ဖျက်ဆီးပေးပါမယ်... အသက်ကို လိုချင်တယ်ဆိုလဲ ပေးပါ့မယ်... အစ်မ တစ်ခွန်းပဲ
ပြောလိုက်ပါ "

လီယင်းယင်း က ခေါင်းယမ်းလိုက်ကာ
" ရှင်က ကျမတို သားအဖကို တစ်ယောက်စီ ကယ်ပေးထားပဲ ဒီလောက်တော့ ရှင်ရသင့်ပါ တယ်... ဒါပေမဲ့ နောက်များတော့ ကျမတို့ ကို
အဆက်အဆံ မလုပ်စေချင်ဘူး..."
ဟု ပြောလိုက်လေသည်။

တွမ့်ကျန်းယွမ် က နှုတ်ခမ်းကိုကိုက်ကာ
" ဒါပေမဲ့... ဆရာ့ကို ဆရာအဖြစ် အသိအမှတ်မပြုခိုင်းတာကတော့ ကျနော့်အတွက် ပြင်းထန်လွန်း ပါတယ် အစ်မရာ "
ဟု ပြောလိုက်သည်။
တုံးဖန်းဟိုင် က ဝင်ကာ
" လူလေး မင်းကို အမှတ်တစ်ဂိုဏ်းချုပ် အဖြစ်လဲ ပေးပီးပီ... ငါကလဲ နတ်လေးပါး နဲ့မပတ်သတ်ချင်တော့ဘူး... အဲ့ဒီတော့ ငါ့သမီးနဲ့ငါ
တစ်နေရာမှာ ဇာတ်မြှပ် နေတော့မယ်... သူပြောသလိုပဲ လုပ်လိုက်ပါ ပညာသင်ပေးတဲ့ ကျေးဇူးကိုတော့ ငါ့အစား သိုင်းပြိုင်ပေးပီး
တတိယနေရာ ပေးတာကို ယူလိုက်မယ်... သွားတော့လူလေး"
ဟု ပြောလိုက်လေသည်။

တွမ့်ကျန်းယွမ် မှာ ဝမ်းနည်းသွားသလို မျက်ရည်များပါကျလာလေသည်။ သူ့အနေဖြင့် ဆရာတော် ခုံတိ၊ ဝေထင်း ပီးလျှင် တုံးဖန်းဟိုင်
ကို အလေးစားဆုံး ဖြစ်ရာ ဆရာဖြစ်သူက အဆက်ဖြတ်ရန် ပြောလိုက်သော် အလွန်စိတ်ထိခိုက် ရလေသည်။ ဖြစ်ရသည့်
အကြောင်းမှာလဲ သူက ငြင်းပယ်လိုက်၍ ဖြစ်ရာ သူ့အပြစ် သက်သက်ဟု ခံစားမိလေတော့သည်။

တုံးဖန်းဟိုင် က ပြောပီးသော် လီယင်းယင်း က လက်တွဲကာ ထွက်သွားလေတော့သည်။ တွမ့်ကျန်းယွမ် တစ်ယောက် ငူငိုင်ကာ


မတ်တပ်ကြီး ကျန်ခဲ့လေသည်။ ထို့အတူ သစ်ပင်များနောက်မှ တစ်ယောက်ကလဲ တွေဝေ နေပီးမှ ဆုံးဖြတ်ချက် ချလိုက်ဟန် ဖြင့်
အသာအယာ ထွက်သွားလေသည်။

တွမ့်ကျန်းယွမ် ကတော့ ဘာကိုမှ စဉ်းစား မရတော့ချေ။ သူေ


့ ခါင်းမှာ ထုံ နေကာ ဘာဆက်လုပ်ရမှန်း မသိဖြစ်နေလေသည်။
ပတ်ဝန်းကျင် တွင်လဲ အအေးဓာတ်များက တစတစ များလာလေသည်။ အဆိပ်ကဲ့သို့ သော မိစ္ဆာဓာတ် များက သူ့သွေးကြော ထဲသို့
ဝင်ရောက်နေလေပီ။ ရှောင်းယောင်း အတွင်းအားများကို သူက ထိန်းချုပ် မထားတော့ သဖြင့် အအေးအဆိပ်များ အဖြစ်
ပြောင်းလဲလာခြင်း ဖြစ်သည်။ သူ့ကိုယ်မှာ အပြာရောင်သမ်းလာကာ ယိမ်းထိုးလာလေသည်။ အထိန်းအကွပ်မဲ့ သော အအေးဓာတ်
အတွင်းအားများက သူ့ကိုယ်ထဲ ပြေးလွှားနေသဖြင့် ယိမ်းထိုး နေခြင်း ဖြစ်သည်။

အခုမှပင် သူက သတိဝင်ကာ ထိုင်ချ လိုက်သည်။ သို့သော် " ဝေါ့ "


သွေးတစ်လုပ် အန်ထွက် သွားလေသည်။ အတွင်းအားများ ဖောက်လွှဲဖောက် ပြန် ဖြစ်နေလေရာ သူကလှုပ်လိုက်မိသဖြင့် အတွင်းဒဏ်
ဖြစ်သွားခြင်းဖြစ်သည်။ ပေမိန် နတ်သိုင်း ကျင့်ပီး ကတည်းက သူ့တွင် အတွင်းဒဏ်ရာ ဟူ၍ မရနိုင်တော့ရာ သူက ခေါင်းနပန်းကြီး
သွားလေသည်။ လန့်ဖျန့်ပီး သူက ပေမိန်နတ်သိုင်း သုံးက ပြန့်ကျဲနေ သော အအေးဓာတ်အတွင်းအားများ ကို စုပ်ယူ စုစည်းလိုက်သည်။
အအေးဓာတ် များမှာ စုသည်းမိသော် ပိုမို အားကောင်း လာပီး ကျန် ရိကျင့် အတွင်းအားများကိုပါ ဝါးမြို ကုန်လေသည်။ သွားလေပီ။
သူ့တွင် ရှိသမျှ အတွင်းအားများသည် အကုန် အအေးဓာတ်များ ဖြစ်သွားရာ သူထိုင်ချ ထားသော မြေပြင်မှာ ချက်ချင်းအေးခဲသွား
သည်။ ပတ်ဝန်းကျင်မှာလဲ ဆောင်းရာသီ အလား အေးစိမ့်ကာ ရေခဲလုလု ဖြစ်နေလေသည်။ သူက ထိုအတွင်းအားများ ကိုထိန်းချုပ်၍
မရတော့ချေ။ ထိုအတွင်းအားများမှာ သူ့သဘော သူဆောင် ကုန်ကြလေသည်။

တွမ့်ကျန်းယွမ် မှာ အတွင်းအားများကို ထိန်းချုပ်မရတော့သော ကြောင့် ထိတ်လန့်ပီး ထခုန်လိုက်မိသည်။ သူ့ကျောရိုးတွင် ဆစ်ခနဲ


ဖြစ်ကာ အရိုးအဆစ်များ အကုန်လွဲကုန်ပီး ရုပ်ပျက်ဆင်းပျက် ပြုတ်ကျသွားတော့သည်။
" ဝုန်း... အင့် "

အတွင်းအားများ လှည့်ပတ်မှုက ပုံမှန် မဟုတ် ထိန်းချုပ်မထားသဖြင့် အရိုးအဆစ်တွေ လွဲကုန်ခြင်း ဖြစ်ရာ တွမ့်ကျန်းယွမ် မှာ
နာကျင်လွန်းသော်လဲ လှုပ်မရတော့ချေ။ အရိုးအကြောများကို ပြန်တည့်ရန် သူက ရိကျင့် အကြောပြောင်း သိုင်းကို စိတ်ထဲမှ
လေ့ကျင့်ကာ အကြောများကို ရွှေ့ပြန်သည်။ သို့သော် အကြောများမှာ ပြောင်းမရတော့ချေ။ ထို့အပြင် နှပ
ိနယ်သလို ဖြစ်ကာ
ပွင့်ထားပီးသော သွေးကြောမကြီး ခြောက်ခုမှာ ပိတ်ဆို့ကန
ုသည်။ သို့ရာတွင် သူ့၏ ကြီးမားသော အတွင်းအားလှိုင်းကြီး မှာမူ
ပျောက်ကွယ် ငုတ်လျိုး သွားသည်။
ထို့်ကြောင့် သူခံစားနေရသော မူးဝေ နာကျင် သည့် ဝေဒနာလဲ ပျောက်ကွယ်သွားပီး အရိုးအဆစ်လွဲနေတာပဲ ကျန်တော့လေ သည်။
တွမ့်ကျန်းယွမ် မှာ ဆေးပညာကို အတော်အတန် တတ်မြောက်ရာ ခဲရာခဲဆစ် ပင် လွဲချော်နေသော အဆစ်များကို
ပြန်တည့်နေရလေသည်။ သူ့အတွင်းအားများ ရှိလျှင်တော့ တစ်ချက်ဆန့်လိုက်ရုံနှင့် ပီးသော ကိစ္စဖြစ်ပေမဲ့ အခုတော့ အတွင်းအားများ
ထုတ်မရတော့ သဖြင့် အတော်ကြာအောင် ပင် ကြိုးစားနေရလေသည်။

" ဟူး... "


သက်ပြင်းချပီး မှောက်ရက်လဲနေရမှာ ထလိုက် မိလေသည်။ သန်းခေါင်ယံမှ အခု မိုးသောက် သည့်အထိ တွမ့်ကျန်းယွမ် မှာ အရိုးအဆစ်
များကို တည့်နေသည်မှာ အခုမှပင် ပီးဆုံး သွားတော့သည်။ သူ့ အဖြစ်မှာ ရယ်စရာကောင်းလှသလို ငိုချင်စရာလဲ ကောင်းနေသည်လေ။
ပြိုင်ဘက်ကင်း အတွင်းအားပိုင်ရှင်မှာ ယခုနဲ့ဆို ဒုတိယ အကြိမ်မြောက် အတွင်းအားမသုံးနိုင် တော့ခြင်း ဖြစ်လေသည်။ သူ့ကုယ
ိထဲတွင်
အတွင်းအားများ ရှိသော်လဲ မသုံးရဲချေ။ မတော်တဆ ထုတ်သုံးမိသော် အအေးဓာတ် အဆိပ် အဖြစ် ထကြွလာကာ ဝေဒနာခံစား
ရပေတော့မည်။ သူက သူ့အဖြစ်ကို တွေးမိကာ မချပြုံးပြုံးလိုက်ပီး အားတင်းကာ တည်းခိုခန်းသို့ ပြန်လက
ိုတော့သည်။ မိုးလင်း
တော့မည် မဟုတ်ပါလား။
တွမ့်ကျန်းယွမ် မှာ ထော့နဲ့ ထော့နဲ့ ဖြင့် တည်းခိုခန်းထဲ ဝင်လာသော် အကြိုတော်များ နှင့် ဝေထင်းမှာ သူ့ကို စောင့်နေသည်ကို
တွေ့ရသည်။ သူ့ပုံစံမှာ ဖုံများပေပွကာ ဆံပင်များလဲ ဖရိုဖရဲ ဖြစ်ပီး စုတ်ပြတ်နေသဖြင့် အကြိုတော် ဖြစ်သူ ကိုယ်ရံတော်ကြီးမှာ
ပြာပြာသလဲ တွဲခေါ်လာ လေသည်။ ဝေထင်းမှာ မျက်လုံးများ နီရဲကာ ကြောင်စီစီ ဖြစ်နေသော တွမ့်ကျန်းယွမ် ကို ကြည့်ကာ သူ့တပည့်
တစ်ယောက် စိတ်ထိခိုက် နေကြောင်း သိရသဖြင့် လက်ထဲက စာရွက်ပိုင်းလေးကို ကြည့်မိ လေသည်။ ထိုစာရွက်ထဲတွင် ရေးထားသော
စာများမှာ တွမ့်ကျန်းယွမ် စိတ်ထိခိုက်စရာ ဖြစ်သဖြင့် တွမ့်ကျန်းယွမ် ဘယ်လိုများ သိသွားသလဲ ဟု တွေးနေမိသည်။

သူက တွမ့်ကျန်းယွမ် ကို


" ယွမ်အော်... မင်း... ရှောင်းအော် ထွက်သွားလို့ ဒီလိုဖြစ်နေတာလား... စိတ်တင်းထားစမ်းပါကွာ... မင်းက မင်းသားတစ်ပါးပဲ
ဒီလောက်ပျော့ညံ့လို့ ဖြစ်မလား "
ဟု နှစ်သိမ့်လိုက်လေသည်။

တွမ့်ကျန်းယွမ် မှာ ဝေထင်း၏ စကားကို ကြားသော် ဒိန်း ခနဲ အံ့သြသွား လေသည်။ သူက ဝေထင်း ကိုင်ထားသော စာရွက် ကို
ကြည့်ကာ ဝေထင်း စကားကို ပြန်ကြား နေမိပြန်သည်။ အခုမှပင် သူသတိရ သည်။ သူ့ အရိုးအဆစ်တွေ မလွဲခင်က သစ်တောထဲတွင်
တစ်စုံတစ်ယောက် ရှိနေ သည်ကို သူသတိထားမိသည်။ ထိုသူမှာ သူမပင် ဖြစ်ရမည်။ သူမက စကားအကုန် ကြားကာ
ရှောင်ထွက်သွားသည် ပဲ ဖြစ်ရမည်။ ထို့သို့တွေးမိသော် တွမ့်ကျန်းယွမ် မှာ ဝေါ့ ခနဲ သွေးတစ်လုပ် ထပ်အန်လိုက်မိ သည်။ သူ့၏
စိတ်ထိခိုက်မှုမှာ အတော်ပင် ကြီးကာ သွေးအန်နေလေပီ။

ဝေထင်းမှာ တွမ့်ကျန်းယွမ် က သွေးအန် လိုက်သော် စိုးရိမ်သွားလေသည်။ သူ့ သားကဲ့သို့သော တပည့်ဖြစ်သည် မဟုတ်ပါလား။


အကြိုတော် မင်းမှုထမ်း များမှာလဲ မင်းသားလေး က သွေးအန် နေသဖြင့် ပြာယာခတ်ကုန်ကြသည်။ သူတို့က အားကိုးတကြီးဖြင့်
ဝေထင်းကိုသာ ကြည့်မိကြသည်။ ဝေထင်းက တွမ့်ကျန်းယွမ် လက်ကို ကိုင်ကာ သွေးကြောကို စမ်းလိုက်သည်။ တွမ့်ကျန်းယွမ်၏
လက်မှာ ရေခဲတမျှ အေးစက်နေပီး သွေးကြောခုန် နှုန်း မှာ မရှိသလောက်နှေးနေလေသည်။ သူက အတွင်းအားထုတ်ကာ
သွေးကြောထဲ စမ်းသပ်ကြည့်မိတော့ ပြင်းထန်သော အအေးလှိုင်းက သူ့အတွင်းအားများကို စုပ်ယူ နေကြောင်း သိလိုက်ရသည်။ သူက
လန့် သွားပီး လက်ကို ချက်ချင်းပြန်ဖြုတ် လိုက်လေသည်။

" ဟာ... ယွမ်အော်... မင်း... ဘယ်လိုဖြစ်တာလဲ... မင်းမှာ ဘာလို့ ကြယ်ငင်မိစ္ဆာသိုင်း လို မိစ္ဆာအတတ်တွေ ရှိနေရတာလဲ...
အခုလက်ရှိ မင်းအတွင်းအားတွေက အကုန် အအေးဓာတ် တွေဖြစ်ကန
ုပ.ီ .. ပီးတော့ သူများအတွင်းအား တွေကို စုပ်ယူနေတယ်...
မင်းဘာလုပ်လာ တာလဲ "
ဟု လန့်ဖျန့်ပီး မေးလိုက်လေသည်။

တွမ့်ကျန်းယွမ် မှာ သွေးများပေနေသော သွားများပေါ်အောင် ပြုံးပြကာ


" နောက်မှ မေးတော့ ဆရာ... ကျနော် မဟန်တော့ဘူး... ဆရာတော် ခုံတိဆီ ပို့ပေးပါ ကျနော် ပစ္စည်းတွေအကုန် သယ်ခဲ့ပေးဦး
စာအုပ်သုံးအုပ်ပါ ယူခဲ့ပေး "
ဟု ပြောကာ မေ့မျောသွားတော့သည်။

ဝေထင်း မှာ ခေါင်းနပန်းကြီး သွားလေသည်။ သူ့တပည့် ဘာတွေဖြစ်လာသနည်း။ လောလောဆယ်တော့ သူ့အနေဖြင့် ခုံတိ ဆီပြေးမှ
ရတော့မည်။ သူက ကိုယ်ရံတော် တပ်မှူးကြီးကို လှည့်ကာ
" တပ်မှူးကြီး ယွမ်အော် ရဲ့ပစ္စည်းမှန်သမျှ တစ်ခုမကျန် အကုန်သယ်ခဲ့... ပီးတော့ တတ်နိင
ုသမျှ မြန်မြန် တာ့လီကို ပြန်ကြမယ်...
ဆေးဆရာတစ်ယောက်ပါ ပင့်ခဲ့ မိုးထိတောင် မရောက်ခင် ယွမေ
် အာ် တစ်ခုခု ဖြစ်မှာ စိုးရတယ် မြန်မြန်စီစဉ် "
ဟု ပြောလိုက်လေသည်။

ဝေထင်း မှာ မေ့မျောနေသော တပည့်ကို ကြည့်ပီး


" ဒီကလေးဟာ... ဘာကြောင့် ဒီလောက် ကံခေ နေရသလဲ "
ဟု သာ တွေးမိလေတော့သည်။

#မိုးထိတောင်သိုင်းသမား #ZYN
အခန်း (၂၂) အပိုင်း တစ်
ခိုင်ဖုန်း တိုက်ပွဲ

တတိယအကြိမ် ရှောင်စစ်တောင် သိုင်းပြိုင်ပွဲ ပြီးဆုံးသည်မှာ သုံးနှစ်ပင် ရှိလေပီ။ ထိုသိုင်းပြိုင်ပွဲ တွင် အံ့မခန်းသော သိုင်းပညာများ ကို
မြင်တွေ့ရ သဖြင့် ကြိုးစားလေ့ကျင့် ကြရာ ထို သုံးနှစ် တွင် သိုင်းအကျော်အမော် များစွာ ထွက်ပေါ် လာကြသည်။ ထို့အတူ ပျောက်
ကွယ်သွားသော သိုင်းအကျော်အမော်များလဲ ရှိပေသည်။ အဖြူရောင် သိုင်းဂိုဏ်း ကြီးမှာ လဲ တံခါးပိတ် သိုင်းကျင့်သော မူဝါဒကို
ကျင့်သုံးနေကြရာ လက်ရှိသိုင်းလောကမှာလဲ အဖြူရောင် သိင
ုးသမားများသာ အုပစ
ိုး ထားရာမှ အနက်ရောင် သိုင်းသမားများလဲ
ခေတ်ကောင်း လာကြပြန်သည်။ အဓိက သိုင်းဂိုဏ်းများ တည်ရှိရာ ကျန်းနန် ဒေသ တွင်တော့ အနက်ရောင် သိုင်းသမား များ၏
အနိုင်ကျင့်ဗိုလ်ကျမှုကို မခံရသော်လဲ အစွန်အဖျား ဒေသများတွင်မှု သိုင်းသမားများ သေဆုံးမှု အနိုင်ကျင့် ခံရမှုများက နေ့စဉ်နှင့် အမျှ
ဖြစ်နေကြသည်။ လောကကြီးမှာ နဂိုကတည်း ကပင် အားကြီးသူက အားနည်း သူကို အနိုင်ရသည် မဟုတ်ပါလား။

သို့သော် အားနည်းသူဘက်က ရပ်တည် သူများလဲ ရှိကြသေးသည်။ ရှောင်လင်မှ မင်စုထန်း မှာ နေပြည်တော် သို့သွားကာ
ထောက်လှမ်းရေးမှူးချုပ် အဖြစ် တာဝန် ထမ်းဆောင်နေလေသည်။ သူ့အလုပ်မှာ မြို့ စား နယ်စားများ ဘုရင့်သစ္စာ စောင့်သိမှု ရှိမရှိ
စုံစမ်းစစ်ဆေး ရကာ သူက လမ်းကြုံပါက အနက်ရောင် သိုင်းသမားများ ကို ဆုံးမတတ်သဖြင့် အနက်ရောင် သိုင်းသမားများမှာ
မင်စုထန်းကို ကြောက်ရွံ နေကြလေသည်။ မကြောက်၍လဲ မရချေ။ မင်စုထန်းမှာ သိုင်းထိပ်သီး ဆယ်ယောက် တွင် ဒုတိယ ရှိသူ
မဟုတ်ပါလား။ သူ့ကို ယှဉ်နိုင်သူ ဟူ၍ လက်ချိုးရေ၍ပင် ရရာ မည်သူမှ ဒုက္ခမရှာ ရဲချေ။ သို့သော် သူက မင်းမှုထမ်း ဖြစ်သဖြင့်
ကြံကြိုက်မှသာ ဆုံးမနိုင်ပေသည်။

အနက်ရောင် သိုင်းသမားများ ဖိန့်ဖိန့် တုန်အောင် ကြောက်ရသူမှာ မင်စုထန်း တစ်ယောက် တင်မကချေ။ အမှန်စင်စစ် ကျန်းနန် ဒေသ
ကို အနက်ရောင် သိုင်းသမားများ မကပ်နိုင် ခြင်းမှာ ထိုသူကြောင့်ဟု ပြောနိုင်လေသည်။ ထိုသူက သူဖုန်းစားဂိုဏ်းချုပ်ကြီး ပိင
ုလုံ ။
ပိုင်လုံက ရှောင်စစ်တောင် ပြိုင်ပွဲ ပီးပီးချင်းပင် ဂိုဏ်းချုပ်အဖြစ် တာဝန်ယူလိုက်သည်။ သူ့လက်ထက်တွင် မကောင်းသူပယ်
ကောင်းသူကယ် လုပ်ရပ်များ စွမ်းစွမ်းတမံ ကြိုးစားလေသည်။ ထို့ကြောင့်သာ အနက်ရောင် သိုင်းသမား များက ကျန်းနန်ကို မထိရဲခြင်း
ဖြစ်လေသည်။

သို့သော်လဲ သိုင်းလောကမှာ တစ်ကျော့ပြန် ရှုပ်ထွေးပွေလလ


ီာကာ ဟိုဟိုဒီဒီ သိုင်းစံအိမ်များ သိုင်းဂိုဏ်းများ ပေါ်ပေါက်လာ လိုက်
ပျောက်ကွယ်သွားလိုက် ဖြစ်နေကြသည်။ သုံးနှစ် ဆိုသော ကာလ အတွင်းမှာပင် သိုင်းထိပ်သီးအသစ်များ ပေါ်လာကြ ပီး သူတို့၏
ရပ်တည်ချက်များ ကလဲ အရင်လို မဖြူစင်ကြတော့ချေ။ ပေါ်ပေါ်တင်တင် ပင် အနက်ရောင် ဂိုဏ်း အဖြစ် တည်ထောင် ခံယူ သူများ
ရှိလာကာ သူ့နယ်နှင့်သူ အုပ်ချုပ် ကုန်ကြလေသည်။

လက်ရှိ သိုင်းလောကမှာ အဖြူရောင် သိုင်းသမားဟူ၍ ကျန်းနန်ဒေသ တွင်သာ ကျန်တော့ပီး ကျန်ဒေသများမှာ အကုန် အနက်ရောင်
ကြီးစိုးသွားလေသည်။ အဘယ့်ကြောင့်နည်း။ အကြောင်းမှာ လွန်ခဲ့သည့် နှစ်နှစ်ခန့်က စတင် ပေါ်ပေါက်လာသော အနက်ရောင်
သိုင်းစံအိမ်ကြီး တစ်ခုနှင့် ဂိုဏ်းကြီး တစ်ဂိုဏ်း ကြောင့် ဖြစ်လေသည်။

၎င်းတို့်မှာ လူအင်အားအရမ်းကြီးမားစွာ ပေါ်ထွက်လာသဖြင့် စည်းလုံးမှု အားနည်းကာ ဝါးစည်းပြေနေသော မဟာမိတ်အဖွဲ့ ဂိုဏ်းကြီး


ခြောက်ဂိုဏ်း မှာ မဖြိုခွင်းနိုင်တော့ချေ။ ထို့အပြင် သူတို့သာ အထိနာပီး ကျန်းနန်ဒေသ တွင် ငြိမ်နေ ရတော့သည်။
ထိုအနက်ရောင်အဖွဲ့အစည်း နှစ်ခုက အချင်းချင်း မတည့်ကြ၍သာ တော်တော့သည်။ မဟုတ်လျှင် သိုင်းလောက မှာ
သူတို့လက်အောက် ကြရောက် ရတော့ပေမည်။ သို့သော် တာ့လီ၊ စီးရှ နှင့် တိဗက် နယ်မြေကတော့ ထိုအဖြစ်များနှင့် ကင်းဝေးကာ
တည်ငြိမ်နေသေးသည်။

ထို့သို့ဆိုရလျှင် အဘယ့်ကြောင့် အနက်ရောင် သိုင်းသမားများ တကျော့ပြန် ခေါင်းထောင် လာရသနည်း။ သိုင်းဂိုဏ်းကြီးများက


အဘယ်ကြောင့် တံခါးပိတ်ဝါဒ ကျင့်သုံးကာ သိုင်းကျင့်နေရသနည်း။ ထိုအဖြစ်အပျက် များ၏ နောက်ကွယ်က အကြောင်း အရင်းမှာ
လွန်ခဲ့သော တစ်နှစ်ခန့်က စတင်လေသည်။

အချိန်မှာ ရှောင်စစ်တောင် သိုင်းပြိုင်ပွဲ ပီးဆုံးပီး နှစ်နှစ်အကြာ ...


သိုင်းလောက တစ်ခုလုံး အုံးအုံးထသော အကြောင်းအရာ နှစ်ခု ပေါ်လာလေသည်။ အကြောင်းမှာ တိမ်မြှပ်နေသော ထန်စံအိမ်
ပြန်လည် ပေါ်ပေါက်လာခြင်း နှင့် တောင်ပင်လယ် မင်းသားလေး၏ သိုင်းဂိုဏ်းကြီး ခြောက်ဂိုဏ်း ကို စိန်ခေါ်သံ တို့ ဖြစ်ကြလေသည်။

ထန်စံအိမ်...
ထန်မျိုးနွယ်များမှာ သိုင်းလောကတွင် အစဉ်အဆက် နာမည်ကြီးသော မျိုးနွယ်များ ဖြသ်ကြလေသည်။ အထူးသဖြင့် ထန်မျိုးနွယ် တို့၏
လက်နက်ပုန်း အတတ်ပညာ၊ အဆိပ်ပညာ နှင့် ထန်ခြေလှမ်းသိုင်းကွက် များမှာ ခေတ်အဆက် ထန်မျိုးနွယ်တို့ကို ဂုဏ်ရှိန်
မြင့်စေခဲ့သည်။ သိေ
ု့ သာ် လွန်ခဲ့သော အနှစ်တစ်ရာမှ စကာ ထန်မျိုးနွယ်တွင် လူတော်များ ရှားပါးကာ တိမ်မြှပ်သွားကြသည်။ ယခုတော့
ထန်မျိုးနွယ် မှ သိုင်းသမား သုံးယောက် က သိုင်းလောကထဲ ဆင်းကာ ထန်စံအမ
ိ ဂုဏ်ရှိန်ကို မြှင့်ဖို့ ကြိုးစား လာကြလေပီ။ ထန်စံအိမ်
မှာ အရှေ့ပိုင်း ဒေသတွင် တည်ရှိသည်။ သူတို့က ကိုယ်ပိုင် ထန်ကျေးရွာပင် တည်ထောင်ထား သည်ကို သိကြရသည်။ ထိုထန်ကျေးရွာ
မှာ ရွာသားတိုင်း သိုင်းတတ်ကာ ထန်စံအိမ်ကို တစ်သွေးတစ်သံတစ်မိန့် သစ္စာရှိကြ လေသည်။ အရှေ့ပိင
ုးနယ်စားမှာ သူ့သြဇာ ထက်
ထန်သခင်ကြီး ထန်ဖန်း ၏ သြဇာက ပိုမို ထက်မြက်နေသဖြင့် ကြောက်လန့် နေရသည်။ ရှင်းရှင်းဆိုရလျှင် အရှေ့ပိုင်း နယ်မြေမှာ
ထန်စံအိမ်က သိမ်းပိုက်ထား သည်ဟု ပြော၍ရသည်။ တိမ်မြှပ်နေသော ထန်စံအိမ်မှာ အရှေ့ပိုင်းဒေသရှိ သိုင်းသမားများကို မည်သို့
သြဇာအာဏာ သက်ရောက်စေသနည်း။ ထန်စံအိမ်၏ လုပ်ရပ်မှာ ရိုးရှင်းလွန်းသည်။ ထန်မျိုးနွယ် သိုင်းသမား သုံးယောက်မှာ
အရှေ့ပိုင်းဒေသ ရှိ သိုင်းဂိုဏ်းများ အာမခံဌာန များကို ခပ်ကြမ်းကြမ်း သုတ်သင်ကာ သြဇာခံခိုင်း ခြင်း ဖြစ်လေသည်။ ထန်စံအိမ်မှ
လူသုံးယောက် ကို အဘယ့်ကြောင့် သိုင်းသမားများက မနိုင်ကြသနည်း ဟု တွေးစရာလဲ ရှိသည်။ သို့သော် ထိုသုံးယောက်မှာ စံအိမ်
သခင်ကြီး ထန်ဖန်း ၏ မြေးများ ဖြစ်သည့် ထန်မျိုးနွယ် အတော်ဆုံး သိုင်းသမား သုံးယောက် ဖြစ်ရကာ သိုင်းသမားများမှာ အားမတန်၍
မာန်လျှော့ လိုက်ရသည်။ မလျှော့လျှင် အသက်ပါ ပျောက်သွားနိုင်လေသည်။ ထိသ
ုံးယောက်မှာ တစ်လအတွင်း သူတို့
အမိန့်မနာခံသော သိုင်းသမား တစ်ရာကျော် ကို သတ်ဖြတ်ပီး သိုင်းလောကတွင် လူသတ်သမား သုံးယောက် ဟူ၍ နာမည်
ကျော်ကြားလာတော့လေသည်။ ထန်စံအိမ် မှာလဲ အနက်ရောင် စံအိမ်အဖြစ် နာမည်ကြီး လာတော့လေသည်။ မြေးသုံးယောက်ပင်
ထိုမျှ စွမ်းရာ သခင်ကြီးဖြစ်သူ ထန်ဖန်း ဆိလ
ျှုင် အဘယ်မျှ စွမ်းမည်နည်း။ သိုင်းလောကသားတို့မှာ ခေါင်းကိုက် နေရတော့လေသည်။
သို့သော် ထန်စံအိမ်မှာ သူ့ဒေသဖြစ်သည့် အရှေ့ပိုင်းဒေသ တွင်သာ ကြီးစိုးကာ ကျန်းနန်သို့ ကျူးကျော်ခြင်း မရှိချေ။ ထို့အချက်က
ကျန်းနန် ရှိ အဖြူရောင် သိုင်းသမားများအား ထန်စံအိမ် ကိုစုပေါင်း မဖြိုခွင်းနိုင်စေသော အချက် ဖြစ်သွားလေသည်။ လူဆိုသည်မှာ
ကိုယ့်ထိမှသာ နာတတ်သူများ မဟုတ်ပါလား။

လူသတ်သမား သုံးယောက် ...


လူသတ်သမားသုံးယောက် ဟူ၍ ထန်မျိုးနွယ် မှ မြေးသုံးယောက်မှာ ကြမ်းကြမ်းရမ်းရမ်း လူကြီးများ မဟုတ်ကြပေ။ ရုပ်ရှည်ချောမော
သော လူငယ်လေး သုံးယောက်သာ ဖြစ်လေသည်။ အကြီးဆုံး ထန်ဝူ ကပင် နှစ်ဆယ့်ခုနှစ်နှစ် ခန့်သာရှိသေးပီး အငယ် အမြွှာမောင်နှမ
နှစ်ယောက် ဖြစ်သည့် ထန်ဖု နှင့် ထန်စု မှာ နှစ်ဆယ့်လေးနှစ်ခန့် သာ ရှိလေသည်။

အကြီးဆုံး ထန်ဝူ မှာ လူသတ်အပ် ဆိုသော နာမည်ဖြင့် နာမည်ကြီးပီး သူ၏ ထူးခြားချက်မှာ အလွန် အသန့်ကြိုက်ကာ ရုပ်ရည်မှာ
တော်ရုံ မိန်းမလှများထက်ပင် မိန်းမဆန်ကာ ချောမောလေသည်။ သူ့လက်မှ အပ်များမှာ တစ်ခါမှ လွဲချော်ဖူး သည်မရှိချေ။
အပ်တစ်ချောင်း အသက်တစ်သက် ဟု လိုက်အောင် လူသတ်ခြင်းတွင် ဝါသနာပါသူဖြစ်သည်။ သူတို့ သုံးယောက်သတ်သော
လူတစ်ရာကျော် တွင် သူသတ်သည်က ရှစဆ
် ယ်ကျော်လေသည်။ ထန်ဝူမှာ မိန်းမ မကျ ယောက်ျားမကျ ဖြင့် စိတ်ဝေဒနာရှင်
တစ်ဦးဖြစ်ဟန် တူသည်။

အလတ် ဖြစ်သည့် ထန်ဖု မှာ လူသတ်အဆိပ် ဟု နာမည်ကြီးကာ ခြေမလှုပ် လက်မလှုပ် ကာ အဆိပ်ခတ်နိုင်သည်ဟု အဆိုရှိသည်။
သူကတော့ ရုပ်ရည် ချောမောရုံသာ မက မိန်းမလှများကို အလွန်အကြူး စွဲလမ်း တတ်လေသည်။ ကာမဂုဏ် လိုက်စားသူ ဟူ
ပြော၍ရသည်။ သို့သော် သူက အကြမ်းဖက် ရသည်ကို ဝါသနာမပါချေ။ အဆိပ်ခတ်ကာ နှိပ်စက်ပီးမှ ပျော်ပါးတတ်သူ လူယုတ်မာ
တစ်ယောက် ဖြစ်လေသည်။

အငယ်ဆုံး လဲဖြစ် မိန်းကလေးလဲ ဖြစ်သူ ထန်စု ကတော့ လူသတ်နတ်သမီး ဟု နာမည်ကြီးလေသည်။ သူမက ဇာပုဝါခေါင်းဆောင်း ကို
အမြဲ ဆောင်းထား လေရာ သူမ မည်မျှ လှပသည် ကို အသက်ရှင်ရက်ဖြင့် တွေ့ဖူးသူမရှိချေ။ အဘယ့်ကြောင့်ဆိုသော် သူမက သူမ
သတ်မည့်သူကို မှသာ ခေါင်းဆောင်းချွတ်ပြ လေ့ရှိသောကြောင့် ဖြစ်သည်။ သို့သော် အကိုဖြစ်သူ နှစ်ယောက်ပင် ချောမောလွန်းရာ
သူမ၏ မျက်နှာမှာ နတ်သမီးတစ်ပါးမျှ လှပမည်ကာ မလွဲချေ။ ထို့ကြောင့် ဤနှစ်ပိုင်း တွင် သိုင်း သမားတို့၏ ကျိန်ဆဲ စကားများ တွင်
လူသတ်နတ်သမီး၏ မျက်နှာကို တွေ့ရပါစေ ဟု ကျိန်ဆဲစကားပင် ပေါ်ပေါက် လာလေသည်။

ထိုသုံးယောက်မှာ တစ်လမျှသော အချိန်နှင့်ပင် အရှေ့ပိုင်းဒေသ ကို သိမ်းပိုက်ကာ ထန်စံအိမ၏


် သြဇာအာဏာ ကိုထူထောင်
လိုက်ကြလေသည်။ သူတို့၏ နာမည်များမှာလဲ အရှေ့ပိုင်းဒေသမှသည် သိုင်းလောက တစ်ခုလုံးကို ပျံ့နှံ့ကာ ရောက်ရှိ သွားလေသည်။
သိုင်းထိပ်သီးစာရင်း တွင် ပါသူများကလဲ ထိုသုံးယောက်ကို အာရုံစိုက်မိ ကြလေသည်။ ထို့အတူ ထိုသုံးယောက်ကလဲ အရှေ့ပိုင်းဒေသ
တွင် ယှဉ်စရာမရှိသဖြင့် ကျန်းနန်ဒေသကို မျက်စိကျလာလေသည်။
ထို့ကြောင့် ကျန်းနန်ဒေသရှိ ခိုင်ဖုန်းမြို့ ကို ထွက်လာကြလေသည်။ လုံလောက်သော အကြောင်းအရင်းလဲ ရှိပေသည်။ အကြောင်းမှာ
ခိုင်ဖုန်းမြို့  ခုံတုံဂိုဏ်း ဌာနချုပ် တွင် ဂိုဏ်းခြောက်ဂိုဏ်း နှင့် တောင်ပင်လယ် မင်းသားလေး ကျောက်ယွင်ကျဲ တို့၏ သိုင်းပြိုင်ပွဲ ရှိသည်
မဟုတ်ပါလား။ လူသတ်သမား သုံးယောက်မှာ ထိုပွဲကို လက်လွှတ်မခံနိုင်ပေ။ ကျောက်ယွင်ကျဲ သည် အဘယ်မျှ အစွမ်းထက်၍
မိမိတို့ပင် စိန်မခေါ်ရဲသော ဂိုဏ်းခြောက်ဂိုဏ်းကို စိန်ခေါ်နိုင်ရသနည်း။ ထိုအချက်က ထန်ဝူ၏ ခေါင်းထဲတွင် ကြီးစိုးနေသလို အဖိုးဖြစ်သူ
ထန်ဖန်း ကလဲ အခွင့်ရရင် တောင်ပင်လယ် ဂိုဏ်းကို သုတ်သင်ပစ်ရန် ကြံစည်ထားသည် မလား။ ထန်စံအိမ်၏ ပန်းတိုင်မှာ
သိုင်းလောက တစ်ခုလုံးကို အုပ်ချုပ်နိုင်ရေး ဖြစ်သဖြင့် ရည်ရွယ်ချက်တူ အင်အားတူ နေသည့် တောင်ပင်လယ်ဂိုဏ်း နှင့် ကျောက်လွေ
တို့ သားအဖကို ငြိုးနေသည် မှာ အဆန်းမဟုတ်ချေ။ တကယ်တမ်း ဆိုရလျှင် တောင်ပင်လယ်ဂိုဏ်း မှာ သူတို့ ထန်စံအိမ်ထက်ပင်
လူအင်အားကြီးမား နှင့် အရှိန်အဝါ ကြီးမားသေးသည်။ တောင်ပင်လယ်ဒေသ တစ်ဝိုက် နှင့် တောင်ဘက် ပိုင်းမှာ ကျောက်လွေတို့
သားအဖသြဇာ ခံသူများ ဖြစ်လေသည်။ အခုတော့ ကျန်းနန်ဒေသ တွင် တောင်ပင်လယ်ဂဏ
ိုး နှင့် ထန်စံအိမ်၏ အားပြိုင်မှုကို
မြင်ရတော့မည်လား။ သို့မဟုတ် ကျန်းနန်ဒေသ ၏ ထို အနက်ရောင် အဖွဲ့အစည်း နှစ်ခုကို ခုခံမှု မြင်ရတော့မည် လား။
ထို့အဖြစ်များကတော့ ခိုင်ဖုန်းမြို့  ကို သွားကြည့်မှသာ သိနိုင်ပေ မည်။ သိုင်းလောက မှာ အခုချိန်ထိတော့ အဖြူရောင် သိုငသ
် မားများက
ကြီးစိုးကာ တည်ငြိမ်နေတုန်းပင် ဖြစ်သည်။

#မိုးထိတောင်သိုင်းသမား #ZYN
အခန်း (၂၂) အပိုင်း နှစ်
ခိုင်ဖုန်း တိုက်ပွဲ

တောင်ပင်လယ်ဂိုဏ်း...
တောင်ပင်လယ်ဂိုဏ်း မှာ ရှောင်စစ်တောင် သိုင်းပြိုင်ပွဲ အပီး တစ်နှစ်အကြာပင် လှုပ်ရှား လာခြင်း ဖြစ်လေသည်။ ဂိုဏ်းခွဲများ
တိုးချဲ့လာကာ တောင်ဘက်နယ်မြေ တစ်ခုလုံး သြဇာသက်ရောက်အောင် တိုးတိုး တစ်မျိုး ကျယ်ကျယ် တစ်မျိုး တရားသည်
မတရားသည် ရောနှောကာ ပြုလုပ်လာလေ သည်။ ငွေပေးကာ သိမ်းသွင်းသလို သတ်ပစ်၍လဲ ခြိမ်းခြောက်သည်။ အထူးသဖြင့်
ကျောက်ယွင်ကျဲ နှင့် သူ့ကိုယ်ရံတော် ငါးယောက်မှာ သိုင်းပညာ ကောင်းသလောက် ကြင်နာမှု မရှိ ကြမ်းကြမ်း တမ်းတမ်း ပြုလုပ်တတ်
လေသည်။ တစ်နှစ်ခန့် ကြာအောင် လူသူစုဆောင်း ပီး အင်အားတောင့်တင်းလာသော် ကျောက်ယွင်ကျဲ မှာ အဖြူရောင် သိုင်းဂိုဏ်းကြီး
ခြောက်ဂိုဏ်း ကို ပေါ်တင်ပင် စိန်ခေါ်လိုက်လေသည်။ ကျောက်ယွင်ကျဲ တွင် အစာမကြေ ဖြစ်နေသော အချက်တစ်ချက်ရှိသည်။
ထိုအချက်က သိုင်းထိပ်သီး ဆယ်ယောက် တွင် အများစုမှာ ထိုဂိုဏ်းများ မှ ဖြစ်ပီး သူ့ကို ငကြောက်ဟု ယှဉ်ပြောခံ ရသည်ကို
မခံနိုင်ဖြစ်နေခြင်းပင်။ ထို့ကြောင့် သူက အဆင့်သင့်ဖြစ်ချိန်ဝယ် စိန်ခေါ်လိုက်ခြင်း ဖြစ်လေသည်။ ထိုအပြင် ထန်စံအိမ်ကိုလဲ
သူတို့မလုပ်ရဲသည့် ကျန်းနန်ဒေသ ကို ကျူးကျော်ပြကာ နှိပ်ကွပ် ချင်နေသည်။ အဖေလုပ်သူက သိုင်းလေ့ကျင့်မှု မအောင်မြင်သေး၍
မပါနိုင်သေးသော်လဲ ကျောက်ယွင်ကျဲ ကတော့ ကျန်းနန် ဒေသ ခိုင်ဖုန်းကို ရောက်နေ လေပီ။

ခိုင်ဖုန်းမြို့ ...
ခိုင်ဖုန်းမြို့ မှာ တစ်လ ဟူသော အချိန်လေး အတွင်းမှာပင် သိုင်းသမားများဖြင့် ကြက်ပျံမကျ စည်ကား နေလေသည်။ အဖြူကော
အနက်ပါ လာရောက် ကြလေရာ ထိုမျှစည်ကားနေခြင်း ပင် ဖြစ်သည်။ အကြောင်းကတော့ ရှင်းသည် ဒီနေ့မနက် ခုံတုံဂိုဏ်း တည်ရှိရာ
ခြံဝင်းတွင် ဂိုဏ်းခြောက်ဂိုဏ်း နှင့် တောင်ပင်လယ် မင်းသားလေး တို့၏ စိန်ခေါ်ပွဲ ရှိနေသည် မဟုတ်ပါလား။ ခုံတုံဂိုဏ်း မှာ
ရှောင်စစ်တောင် သိုင်းပြိုင်ပွဲ မတက်သည့် အချိန်မှစ၍ အဖြူရောင်ဂိုဏ်း အဖြစ်မှ မသိမသာ ရှောင်ဖယ်နေသည်မှာ ကြာလေပီ။ အခုလဲ
တောင်ပင်လယ် မင်းသားလေးကို အားပေးကာ နေရာ ပေးထားသဖြင့် ခုံတုံဂိုဏ်း နှင့် ဂိုဏ်းချုပ် မော်ရိဟွာ မှာ ဘက်ပြောင်းသွားသည်
ဟု ဆိုနိုင်လေသည်။ ကျောက်ယွင်ကျဲ အဖို့လဲ ကျန်းနန် အခြေစိုက် ဂိုဏ်းကြီးတစ်ခုကို စည်းရုံးထားနိုင်သည် မှာ သူ့အဖို့ အစစအရာရာ
အခြေအနေ သာနေ စေသည်။ ဂိုဏ်းခြောက်ဂိုဏ်း မှာလဲ မော်ရိဟွာ ကိစ္စကို အပြတ်ရှင်းလို၍ ဤပွဲ ကို လာရောက်ကြခြင်း
ဖြစ်လေသည်။ ကျန်းနန် တွင် အနက်ရောင်ဂိုဏ်း မရှသ
ိ င့် ဟု သူတို့က ယူဆထားကြသည် မဟုတ်ပါလား။

ခုံတုံဂိုဏ်း တည်ရှိရာ ခြံဝန်းကျယ်ကြီး မှာ ဂိုဏ်းခြောက်ဂိုဏ်း မှ သိုင်းသမားများ ပွဲကြည့် ပရိတ်သတ် သိုင်းသမားများဖြင့် စည်ကား
ပြည့်နှက်နေလေသည်။ မော်ရိဟွာ မှာ ဘက်ပြောင်းသော်လဲ ခပ်အေးအေးပင် လိုက်လံ နှုတ်ဆက်နေလေသည်။ သူ့မျက်နှာ တွင်
အပြုံးများ မရပ်တန့်နိုင်အောင် ဖြစ်နေသည်မှာ သူ့အဖို့ သူ့သခင် ဖြစ်သူ သေချာပေါက်အနိုင်ရမည်ဟု ထင်နေပုံ ရသည်။ သူက
အိမ်ရှင်ဆိုသော အပြုအမူ ဖြင့် အရက်များပင် ဝေငှတိုက်နေသေးသည်။ ခြံဝန်းကျယ်ကြီး ထဲတွင် စင်မြင့် တစ်ခု တည်ဆောက်ထားကာ
စင်မြင့်ဘေးတွင် ခုံအမြင့်ကြီး တစ်ခုနှင့် အနည်းငယ် နိမ့်သော ခုံလေးလုံး ချထားလေသည်။ ထို့အပြင် ခုံတုံ ဂိုဏ်းသားများမှာ
အရေအတွက် များပြားစွာ ရှိနေပီး သူ့အစုနှင့်သူ စနစ်တကျ လှည့်လည် နေကြသည်။ အဖြူရောင်သိုင်းသမား များက အင်အားဖြင့်
ဝိုင်းတိုက်လျှင် ခုခံနိုင်ရန် ကြိုတင် ပြင်ဆင်ထားပုံရသည်။

ဂိုဏ်းခြောက်ဂိုဏ်း မှလဲ ပြိုင်ပွဲကို လာသူများ က မခေချေ။ ဂိုဏ်းချုပ်ကြီး တစ်ချို့ ပါ တက်ရောက်ကြသည် ဟု ဆိုရမည်။
သူဖုန်းစားဂိုဏ်း က ဂိုဏ်းချုပ် ပိုင်လုံ ဦးဆောင် မှုနှင့် အတူ ရှောင်လင်မှ အဆောင်မှူး ဆရာတော် ရွှယ်ထန်း၊ အော့မေ့ဂိုဏ်း မှ
ဂိုဏ်းချုပ်ကြီး ကျိုးမော့၊ ဝါဆန်းဂိုဏ်းမှ ဒုတိယ တပည့်ကြီး ယွင်စန်း၊ ခွန်လွန်ဂိုဏ်းချုပ် မုထူးဝါး နှင့် ဝူတန် မှ ကျန်းစန်းယွမ် တို့ က
တပည့်တပန်းများ ဖြင့် တက်ရောက်လာကြသည်။ နေရာမှာ ဂိုဏ်း ခြောက်ဂိုဏ်း ကြီးစိုးရာ ကျန်းနန်ဒေသ တွင် ဖြစ်ပီး သိုင်းပြိုင် ရုံဟုသာ
အထင်ရှိ သဖြင့် ဂိုဏ်းခြောက်ဂိုဏ်း မှာ တပည့်များ ပါသော်လဲ အနည်းငယ်သာ ဖြစ်လေသည်။ သို့သော်လဲ ပိုင်လုံကမူ သူဖုန်းစား
ဂိုဏ်းမှ ဂိုဏ်းသား တော်တော်များများကို ခိုင်ဖုန်းမြို့  ထဲဖြန့်ကျက်ထားကာ လိုအပ်လျှင် ခေါ်နိင
ုရန် ခြံဝန်းအပြင်တွင် စောင့်နေစေသည်။
သူ့အထင် အရ သိင
ုးပြိုင်ပွဲ မှာ အေးအေးချမ်းချမ်း ပြီးသွားမည်ဟု မထင်ချေ။ ထန်မျိုးနွယ် လူသတ်သမား သုံးယောက် လဲ လာမည် ဟု
သတင်းထွက်နေသည် မဟုတ်ပါလား။

ပိုင်လုံမှာ ခွေးရိုက်တုတ်ကို ကိုင်ကာ စင်မြင့်ဘေးတွင် ခပ်အေးအေး ရပ်နေလေသည်။ သူ့ရပ်နေပုံမှာ ရှုခင်းကြည့် လာသောသူ ဟုပင်
အထင်မှားနိုင်စရာ ရှိလေသည်။ သူနှင့် ဆန့်ကျင်ဘက် စိတ်လှုပ်ရှားလွန်းကာ အငြိမ်မနေနိုင်သူက တော့ ဝါဆန်းမှ ယွင်စန်း
ဖြစ်လေသည်။ ယွင်စန်း မှာ ပိုင်ချုံးရန် နောက်က ဒုတိယ တပည့်ကြီး ဖြစ်ပီး ရှောင်စစ်တောင် သိုင်းပြိုင်ပွဲ အပီးတွင် ပိုင်ချုန်းရန် ပျောက်
ကွယ်သွား သဖြင့် ဂိုဏ်းချုပ်ဖြစ်သူ ပိုင်ချုံး က ဆက်ခံသူ အသစ်အဖြစ် ရွေးချယ်ထားသော တပည့်ကြီး ဖြစ်သည်။ သူက တစ်သက်လုံး
ဂိုဏ်းတူအကို အနောက်တွင်သာ နေလာခဲ့ရာ အခုလို သူဦးဆောင်ရသော ပထမဆုံးပွဲ တွင် စိတ်အလွန် လှုပ်ရှားနေသည်မှာ
အပြစ်တော့ မဆိုနင
ိုချေ။ သူ့နှင့်အပြိုင် သူ့လို စိတ်လှုပ်ရှား နေသောသူ နှစ်ဦးလဲရှိသည်။ သို့သော်လဲ ထိုနှစ်ယောက်မှာ
အတွေ့အကြုံရှိသည် ထင်သည်။ သူ့လောက်တော့ ရုပ်မပျက်ချေ။ ထိုနှစ်ယောက်မှာ ခွန်လွန်ဂိုဏ်းချုပ် မုထူးဝါး နှင့် ကျန်းစန်းယွမ် တို့
ဖြစ်သည်။ သူတို့ နှစ်ယောက်ကတော့ နှစ်နှစအ
် တွင်း ရင့်ကျက် လာပုံရလေသည်။ ဓားကိုယ်စီ ပိုက်ကာ ဂိုဏ်းသားများရှေ့တွင်
ရုပ်တည်ဖြင့် ရပ်ကြည့်နေကြသည်။ အော့မေ့ဂိုဏ်းချုပ် ကျိုးမော့ နှင့် ဆရာတော် ရွှယ်ထန်း တို့ကမူ သာသနာ့ဘောင် ကလူများ
ဖြစ်၍လား မသိ မျက်လွှာချကာ တည်တည်ငြိမ်ငြိမ် ပင် ရှိနေသည်။ ရှောင်လင်မှာ မင်စုထန်း မပါလာ သော်လဲ အော့မေ့မှာမူ
နတ်သမီးလေးဖော် မှ ကျိုးကျစ်ယွင် က ပါလာလေသည်။ ပွဲလာကြည့်သော ပရိတ်သတ်များတွင် နတ်သမီးလေးဖော်
ကိုကြည့်ရန်သာလာသူ များလဲ ရှိကြရာ။ ကျန်သုံးဖော် မလာသဖြင့် ကျိုးကျစ်ယွင် ကိုသာ ဝိုင်းပြုံကာ ငမ်းနေကြ လေသည်။
လီယင်းယင်း မှာလဲ ရှောင်စစ်တောင် ပြိုင်ပွဲ ပီးကတည်းက ပျောက်ကွယ်သွား သလို စုန့်ချီရန့် နှင့် မုယုံချန်းရှောင်း တို့လဲ နှစ်နှစ်လုံး
သိုင်းလောကထဲ မဆင်းလာတော့ချေ။ ခြေမငြိမ်သူ ပါလေရာ စုန့်ဝမ်ပင်လျှင် မတွေ့ရသည်မှာ တစ်နှစ်ကျော်ခန့် ရှိနေပီး အခုလို ပြိုင်ပွဲ
အကြီးအကျယ်တွင်ပင် စုန့်ဝမ် ကို ရှာမတွေ့ကြချေ။ ထိုေ့ကြာင့် အကြီးအကျယ် ပြင်ဆင်ထားသော ကျောက်ယွင်ကျဲ၏ ခိုင်ဖုန်း
သိုင်းပြိုင်ပွဲ မှာ နာမည်ကျော်များ မစုံသဖြင့် ရှောင်စစ်တောင် တစ်ဝက်မျှ သာ ခမ်းနားသည်ဟု ဆိုနိုင်လေ သည်။

လူများစုံပီ ဟု အထင်ရှိသော် မော်ရိဟွာ က စင်ပေါ်တက်ကာ စင်အောက်ရှိ လူများကို အကဲခတ်နေလေသည်။ ဂိုဏ်းခြောက်ဂိုဏ်း စလုံး


သူ့အစုနှင့်သူ ရှိနေသည်ကို တွေ့သော် ပြုံးလိုက်ကာ အတွင်းအားဖြင့် ခပ်ကျယ်ကျယ် အော်လိုက်လေသည်။

"ကဲကဲ... မင်္ဂလာအချိန်ရောက်ပီဆိုတော့ ကျနော်တို့ သိုင်းပြိုင်ပွဲလေး စကြရတာပေါ့ဗျာ ရှေးဦးစွာ... တောင်ပင်လယ် သခင်လေးကို


ဖိတ်ခေါ်ပါရစေ "

ပရိသတ်များမှာ မော်ရိဟွာ၏ အသံကို ကြားသော် အတွင်းအားကောင်း သည်ကို ချီးကျူးမိကြသည်။ ဂိုဏ်းခြောက်ဂိုဏ်း က


လူများကတော့ မော်ရိဟွာ အတွင်းအား ကောင်းနေသည်ကို မနှစ်သက်ကြချေ။ သူတို့က ရုပ်များတည်သွားကြသည်။ မော်ရိဟွာ
အသံမှာ ခြံဝန်းတစ်ခုလုံးပင် ကြားရအောင် ကျယ်လောင်နေသည်လေ။ စကားသံအဆုံးတွင် စင်ပေါ်သို့ တောက်တောက် ပြောင်ပြောင်
ဝတ်ဆင် ထားသော လူငယ်တစ်ဦး တက်လာ လေသည်။ ထိုလူငယ်မှာ ရုပ်ရည်က ပြေပြစ်သော်လဲ ရက်စက်မည့်ပုံပေါ်သည်။ စူးရှသော
မျက်ဝန်းများနှင့် နားထင်ချိုင့်ခွက် နေပုံမှာ အသက်နင
ှ့်မလိုက်ချေ။ ထိုသူက ပရိတ်သတ်များ ကို ခြုံကြည်က
့ာ နှုတ်ဆက်လိုက်သည်။

" ကျနော်က တောင်ပင်လယ်က ကျောက်ယွင်ကျဲ ပါ... အခုလို ဖိတ်လိုက်ရ တာတော့... လွန်ခဲ့တဲ့ နှစ်နှစ်က သိုင်းပြိုင်ပွဲ တစ်ခုကို
ကျနော် ဝင်မပါခဲ့ရလို့ အခုမှ ပါဝင်ယှဉ်ပြိုင်ရခြင်း ဖြစ်ပါတယ် "

သူက ဆက်၍
" အဲ့ဒီပြိုင်ပွဲကို ကျနော်ဝင်မပြိုင်ခဲ့တာ က သိုင်းထိပ်သီး တွေကို ကြောက်လို့ ဆိုတဲ့ စကားလဲ ရှိထားတော့ ကျနော့် သိက္ခာအတွက်
ချေပရတဲ့ သဘောပါပဲ... ကျနော် စိန်ခေါ်ထားတဲ့ ဂိုဏ်းခြောက်ဂိုဏ်း ကတော့ ဒီအကြောင်းတွေ သိပီးဖြစ်မှာပါ... အပိုတွေမဆိုတော့ပဲ
စလိုက်ကြရ အောင်လား ... ကျနော်နဲ့အတူ ကျနော့် ကိုယ်ရံတော် ငါးယောက်ကလဲ ပါဝင်ယှဉ်ပြိုင်မှာပါ "
ဟု ပြောကာ မော်ရိဟွာ နှင့် သူ့ဘေးတွင် ရပ်နေသော လူလေးယောက်ကို ညွှန်ပြလိုက် လေသည်။

ပရိတ်သတ်များမှာ ထိုအခါမှပင် မော်ရိဟွာ သည် ကျောက်ယွင်ကျဲ၏ ကိုယ်ရံတော်ထဲမှ တစ်ယောက်ဖြစ်ကြောင်း သိလိုက်ရလေ သည်။


ကျောက်ယွင်ကျဲ ၏ ကိုယ်ရံတော် ငါးယောက်မှာ သိုင်းပညာမြင့်သလို ရက်စက် တတ်သူများဟု နာမည်ကျော်နေရာ ဂိုဏ်းခြောက်ဂိုဏ်း
က တပည့်များမှာ သက်ပြင်းချမိကြသည်။

ကိုယ်ရံတော် ငါးယောက်...
ကျောက်ယွင်ကျဲ နောက်တွင် ရပ်နေသော မော်ရိဟွာ အပါအဝင် လူငါးယောက်မှာ ထူးခြားသော အသွင်အပြင် ရှိကြသည်။ မော်ရိဟွာ
မှာ ပုံမှန်အတိုင်း ဖြစ်သော်လဲ ကျန်လေးယောက်မှာမူ ထူးခြားသည်။ လေးယောက်ထဲတွင် အဘိုးအို နှစ်ယောက် ပါကာ ထိုအဖိုးအို
နှစ်ယောက်မှာလဲ ဆန့်ကျင်ဘက် အသွင်ရှိကြသည်။ တစ်ယောက်မှာ ထောင်ထောင်မောင်းမောင်း ဖြင့် ခန့်ညားသော်လဲ
တစ်ယောက်မှာ အရပ်ပုပြတ်ပြတ်ဖြင့် ကောက်ကျစ်ဟန် ပေါ်လေသည်။ သူတို့နှစ်ဦးတူသည်ကတော့ စူးရှသော မျက်လုံးများနှင့်
ချိုင့်နေသော နားထင်များသာ ဖြစ်သည်။ နှစ်ဦးစလုံး အတွင်းအား ထိပ်တန်းရှိနေသည်မှာ ငြင်းစရာမလိုချေ။ အထူးခြားဆုံးကတော့
အဖြူရောင်ကို တစ်ကိုယ်လုံးပြည့် ဝတ်ထားပီး မျက်နှာတွင်ပါ အဖြူရောင် ခေါင်းစွပ် စွပ်ထားသော လူတစ်ယောက်နှင့် အစိမ်းရောင်
ဝတ်ရုံရှည်ကြီးကို ဘိုသီဘတ်သီ ခြုံထားကာ ခေါင်းတွင် ဝါးခမောက်ကြီးကို မျက်နှာဖုံးအောင် ဆောင်းထားသော လူတစ်ယောက်တို့
ဖြစ်ကြသည်။ ထိုသူ နှစ်ယောက်မှာ ရုပ်ရည်မမြင်ရသဖြင့် အတွင်းအားအခြေအနေကို မသိရသော်လဲ ဓားကိုင်ထားပုံအရ ဓားစွမ်းရည်
ကောင်းမည်မှာ ပြောစရာမလိုချေ။
ကျောက်ယွင်ကျဲ မှာ ပြောပီးပီးချင်းပင် မော်ရိဟွာ ကို မေးဆတ်ပြပီး သူ့အတွက် ချထားသော ထိုင်ခုံမြင့်ကြီး ပေါ်သို့ တက်ထိုင်
နေလေသည်။ ကျန်လေးယောက်မှာလဲ တစ်ဖက် တစ်ချက်စီ ချထားသော ထိုင်ခုံများ တွင် ဝင်ထိုင်လိုက်ကြသည်။ သူတို့က ထိုင်ခုံ
များချကာ ထိုင်နေသော်လဲ ဂိုဏ်းခြောက်ဂိုဏ်း ရှိ ဂိုဏ်းချုပ်များ ကိုယ်စားလှယ်များကိုတော့ ထိုင်ခုံပင် မချပေးချေ။ သက်သက်နှိမ်ချင်း
ဖြစ်ဟန် တူသည်။ မော်ရိဟွာက ရှေ့တိုးကာ စကားပြောဟန် ပြင်လိုက်သည်။ ထိုစဉ် ပိုင်လုံကာ လက်ခုပ် ကို ခပ်ကျယ်ကျယ်
တီးလိုက်လေသည်။
" ဖြောင်း... ဖြောင်း... ဖြောင်း... ဖြောင်း "
ပိုင်လုံ၏ လက်ခုပ်သံကြောင့် မော်ရိဟွာ မှာ စကားမစနိုင်တော့ပဲ ရပ်လိုက်ရသည်။ လက်ခုပ်သံမှာ သူ့၏ ပထမအော်သံထက် ပင်
ကျယ်လောင်နေသေးသည်။ ကျောက်ယွင်ကျဲ က မျက်မှောင်ကြုတ် ကာ ပိုင်လုံကို ကြည့်လိုက်မသ
ိ ည်။ တစ်ခဏ အတွင်းပင်
သူဖုန်းစားများ မှာ ဝါးထိုင်ခုံ ခြောက်လုံးကို သယ်လာပီး စင်ဘေးတွင် အစီအရီ ချထား လိုက်သည်။ ပိုင်လုံ၏ လက်ခုပ်သံမှာ ထိုအရာကို
အချက်ပေးသည် ဖြစ်လေသည်။ ထို့မှသာ ဂိုဏ်းခြောက်ဂိုဏ်း ကိုယ်စားလှယ် များမှာ အိနြေ္ဒမပျက် ထိုင်နိုင်ကြတော့သည်။ ဆရာတော်
ရွှယ်ထန်း ပင် အကွက်စေ့သော ပိုင်လုံကို ချီးကျူးမိလေသည်။

ပိုင်လုံက စကားမစနိုင်သော မော်ရိဟွာ ကို လှမ်းကာ


" ကဲ ကိုယ်ရံတော် နံပါတ်ငါးကြီး... ဘယ်သူနဲ့ ပြိုင်ချင်တာလဲ နာမည်ရွတ်လိုက်လေ... ဂိုဏ်းခြောက်ဂိုဏ်း ကတော့ အကုန်
အဆင်သင့်ပဲ "
ဟု ပြောလိုက်လေသည်။

မော်ရိဟွာ မှာ သူ့ပြောမည့်စကားကိုရော သူ့အဆင့်ကိုပါ ဒက်ခနဲ ပြောနိုင်သော ပိုင်လုံ ကိုကြည့်ကာ ထိပ်လန့်သွားလေသည်။


သူယုံကြည်နေသော ကျောက်ယွင်ကျဲကို ပင် စိတ်ပူသွားမိသည်။ ပိုင်လုံ သည် အမှန်တကယ်ပင် လက်ရုံးရည်ကော နှလုံးရည်ကော
ကောင်းသူ ဖြစ်ပေလိမ့်မည်။ ထိုသူကို ယှဉ်ပြိုင်ရသည်မှာ ဦးနှောက် ခြောက်ဖို့ကောင်းလေသည်။ ကျောက်ယွင်ကျဲ မှာ ပိုင်လုံကို ပိုပီး
သတိထားမိလာသည်။ သူ့အဖေ ပြောသလိုပင် ပိုင်လုံမှာ အတော်စွမ်းသူဟု ယုံကြည်မိလေတော့သည်။

မော်ရိဟွာ မှာ ထိပ်လန့်နေသော်လဲ ထိုင်နေသည့် ဂိုဏ်းခြောက်ဂိုဏ်း ကိုယ်စားလှယ်များကို တစ်ယောက်ချင်း ကြည့်လိုက်လေသည်။


သူ့အနေဖြင့် အနိုင်ရမည့် သူကို စိန်ခေါ်နိုင်ရန် လိုအပ်နေ သည်။ သူက မျက်လွှာချထားသော ကျိုးမော့ ကို ကြည့်ကာ ပြုံးလိုက်ပီး
နောက်
" ဟဲဟဲ... ကျုပ်က နံပါတ်ငါးဆိုတော့ ဂိုဏ်းခြောက်ဂိုဏ်း မှာလဲ အောက်ဆုံးဖြစ်တဲ့ အော့မေ့ဂိုဏ်းရဲ့ ပညာကို စမ်းပါရစေ "
ဟု ပြောလိုက်လေသည်။

အော့မေ့ဂိုဏ်းချုပ် ကျိုးမော့...
ကျိုးမော့မှာ ကျိုးကျစ်ယွင် ၏ ဆရာ ဖြစ်ပီး အသက်လေးဆယ်ကျော် ပိန်ပါးပါး သီလရှင် ကြီးဖြစ်သည်။ ဦးခေါင်းတွင် တာအိုရသေ့
များဆောင်းသော ခေါင်းဆောင်းကို ဆောင်းထားပီး လက်တွင် ပါးလွှာသော ဓားတစ်လက်ကို ကိုင်ထားလေသည်။ သူမ က မော်ရိဟွာ၏
စိန်ခေါ်သံကြားသော် ထရပ်ကာ စင်ပေါ်သို့ တက်လိုက်လေသည်။ ထိုအချိန်ထိ ကျိုးမော့သည် စကားတစ်ခွန်းမှ ပြောသည် ဟု မရှိချေ။
ရှောင်စစ်တောင် သိုင်းပြိုင်ပွဲ တွင်ပင် ကျိုးမော့မှာ လာသာ လာပီး သိုင်းကစားပြချင်း မရှိသဖြင့် ပရိတ်သတ်များမှာ သီလရှင်ကြီး၏
ဓားသိုင်း အစွမ်းကို သိချင်နေကြသည်။ ယခုတော့ သူမ က ဓားကို ခပ်စောင်းစောင်း ကိုင်ကာ မော်ရဟ
ွိာကို ခံစားချက်မရှိသည့်
မျက်လုံးများဖြင့် ကြည့်နေလေသည်။

#မိုးထိတောင်သိုင်းသမား #ZYN
အခန်း (၂၂) အပိုင်း သုံး
ခိုင်ဖုန်း တိုက်ပွဲ

မော်ရိဟွာ က အချိန်မဆွဲတော့ပဲ ချက်ချင်းပင် ခုနှစ်ဆင့် လက်သီးဖြင့် တိုက်ခိုက်လေသည်။ သီလရှင်ကြီးက အသာအယာ


ရှောင်တိမ်းကာ ဓားဖြင့် ပြန်ပက်သည်။ သီလရှင်ကြီး ဓားသိုင်းမှာ ရှောင်စစ်တောင် တွင် ကျိုးကျစ်ယွင် ကစားသည်ထက် သုံးဆလောက်
ပိုမို ထက်မြက်နေလေသည်။ ထို့အပြင် သီလရှင်ကြီး၏ မျက်နှာမှာ ခံစားချက် မရှိသလိုပင် ရှိနေသေးသည်။ မော်ရိဟွာ မှာ နိုင်မယ်ဟု
အထင်ရှိပီး ကျိုးမော့ ကိုခေါ်ထုတ်လိုက်သော်လဲ အကွက်ပေါင်း တစ်ရာမပြည့်ခင် မှာပင် အခြေပျက်လာသည်။ ပိုင်လုံမှာ ကျေနပ်
နေသလောက် ကျောက်ယွင်ကျဲ ကတော့ ဒေါသထွက်နေသည်။ မော်ရိဟွာမှာ ရှောင်တိမ်းနေသည့် ကြားမှ ကျောက်ယွင်ကျဲ ၏
ဒေါသထွက်နေသော မျက်နှာကို မြင်သော် ထိတ်လန့်သွားသည်။ ထို့ကြောင့် သူ့ကျင့်ထားသော မီးစွဲဓားသိုင်း မှ အပူလှိုင်း
အတွင်းအားကို ထုတ်လိုက် ရတော့သည်။ လက်သီးချက်များတွင် အပူဓာတ် က ပါဝင်လာပီး မော်ရိဟွာ ကိုယ်မှာ ပူလာလေသည်။
တစတစဖြင့် လက်သီးဆုပ် နှစ်ခုမှာ နီရဲလာကာ အပူလှိုင်းများက သီလရှင်ကြီး ကိုယ်ကို လွှမ်းခြုံလာသည်။ သို့သော်လဲ ကျိုးမော့မှာ
ခံစားချက်မရှိသော မျက်နှာဖြင့် ဓားသိုင်းကို သာ ကစားနေတုန်းဖြစ်သည်။ မော်ရိဟွာ ကလဲ အေးဆေးဖြစ်နေသော ကျိုးမော့ကို
မခံချင်ဖြစ်ပီး အတွင်းအားအဆင့်အကုန် သုံးကာ ခုံတုံခုနှစ်ဆင့် လက်သီး၏ သူသေကိုယ်သေ သိုင်းကွက်များကို
ထုတ်သုံးလာတော့သည်။ ရင်ဘတ်ကို ဖွင့်ကာ ဘယ်ညာ လက်သီးများ အဆက်မပြတ် ထိုးသွင်းနေလေသည်။ ရင်ဘတ်တွင်
ဟာကွက်ဖန်တီးပေးပီး ရန်သူကို အဝင်ခံသည်မှာ တကယ်တမ်းတော့ ထောင်ခြောက်ဖြစ်သည်။ ရန်သူက ထိုဟာကွက်
ကိုဝင်ရောက်လာလျှင် ညာလက်သီးဖြင့် ချေဖျက်ကာ ဘယ်လက်သီး ကအနိုင်ယူမည် ဖြစ်သည်။ သို့သော် ရင်ဘတ်ကို ဖွင့်ထားသဖြင့်
တစ်ဖက်ရန်သူက ကိုယ့်ထက် လျှင်မြန်ပါက ညာလက် မထွက်ခင် သေဆုံးနိုင်လေသည်။ သီလရှင်ကြီး မှာ ထိုပရိယာယ် ကို မသိသည်
မဟုတ်သိသည်။ သို့သော်လဲ သူ့ဓားသိုင်းမှာ နတ်သမီးဓားသိုင်း ကို အတုယူကာ တီထွင်ထားသော ဓားသိုင်း ဖြစ်သဖြင့် အစစ်လို
ထက်မြက်မှုမရှိချေ။ အကွက်နှစ်ရာ ကျော်ပါက အခြေပျက်လာလေ့ရှိသည်။ ထို့ကြောင့် သူမက အကွက်နှစ်ရာ မကျော်ခင်
အနိုင်ယူနိုင်ရန် စွန့်စားကြည့်လိုသည်။ သူမ က သူမကျင့်ထားသော ခံစားချက်မဲ့အတွင်းအား များကို အကုန်မြှင့်တင်ကာ ဓားသွားနှင့်
ဓားကိုင်လက်ပေါ်တွင် ပို့လွှတ်လိုက်သည်။ ထို့နောက်သူမ ကြည့်ထားသည့် ခွန်လွန်၏ တိမ်ကြားကလျှပ်စီး ဓားကွက်ကို အတုခိုးကာ
တိုက်ခိုက်လိုက်တော့သည်။ ထိုဓားကွက်ကို ကျိုးမော့က အတုခိုးနိုင်သည်ကို မြင်သော် မြင်ဖူးသူများက အံ့သြသွားကြလေသည်။
ဂိုဏ်းတစ်ဂိုဏ်း၏ သိုင်းကွက်ကို မသင်ပေးပဲ မြင်ရုံဖြင့် အတုခိုးနိုင်သူမှာ ရှားပါးလွန်းသည်။ ဤအတိုင်းဆိုလျှင်
ရှောင်စစ်တောင်ထိပ်တွင် ကစားပြထားသော ပြိုင်စံရှား သိုင်းကွက် များကို သီလရှင်ကြီး ကျိုးမော့ တတ်မြောက် နေပီလား။ ပိုင်လုံ
သည်ပင် ထိတ်လန့်သွား သည်။ မုထူးဝါး ကတော့ ပါးစပ် ဟောင်းလောင်း ကြီး ပွင့်ကာ အံ့သြနေသည်။ သူ့ကို မုစန်းကိုယ်တိုင်
သင်ပေးထားသည့် တိုင် သူက ထိုလျှပ်စီးဓားကွက်ကို ခြောက်လ ကျင့်ယထ
ူားရလေသည်။ အခုမူ သီလရှင် ကျိုးမော့မှာ လွန်ခဲ့သည့်
နှစ်နှစ်က တစ်ခါ မြင်ရြုံ ဖင့် ထိုပုံအတိုင်း ပြန်ကစားတတ်နေ သည်။ မော်ရိဟွာ မှာ လျှပ်စီးလက်သလို မြန်ဆန်လွန်းသော
ဓားကွက်ကိုတွေ့သော် မရှောင်နိုင်တော့ချေ။ သူက ဆုံးဖြတ်ချက် တစ်ခုချကာ ဖွင့်ထားသော ရင်ကို ရှုံ့ကာ ဝမ်းဗိုက်ကို ထိအောင်
တိုးပေးလိုက်သည်။
" စွပ်... "
ဟု အသံတစ်ချက်ကြားကာ ကျိုးမော့၏ ဓားက မော်ရိဟွာ၏ ဗိုက်တွင် စိုက်သွားလေ သည်။ ထိုအခါကျမှ ပိုင်လုံအပါအဝင်
တိမ်ကြားကလျှပ်စီး ကိုမြင်ဖူးသူများ က သက်ပြင်းချမိကြသည်။ ကျိုးမော့ အတုခိုး လိုက်သည်မှာ အပေါ်ယံ မြန်ဆန်သော
သိုင်းဟန်သာဖြစ်ပီး အနှစ်သာရပိုင်း ဖြစ်သော ဓားရိပ်ပင် မမြင်နိုင်အောင် အချက် ငါးဆယ်တိတိ ခုတ်နိုင်သော အတွင်းအား
ထည့်သွင်းနည်းစနစ်မှာ အတုမခိုးနိုင်ချေ။ သို့သော် အပေါ်ယံ ဓားချက်သည်ပင် မြန်ဆန် လွန်းနေရာ လျှပ်စီးဓားသိုင်း ၏
အစွမ်းထက်ဆုံး အကွက်ဆိုသည်မှာ ငြင်းမရချေ။ မော်ရိဟွာ က ဝမ်းဗိုက်တွင် စိုက်နေသော ဓားကိုဂရုမထားချေ။ သူက အံကြိတ်ကာ
ခံလိုက်ပီး ညာလက်သီး ဖြင့် ကျိုးမော့ကို ထိုးချလိုက်လေသည်။
"ဝုန်း... "
ကျိုးမော့မှာလဲ ထိုသို့လုပ်နိုင်မည် မထင်ထား သဖြင့် မော်ရိဟွာ၏ လက်သီးမှာ ကျိုးမော့ ရင်ဘတ်ကို ထိုးမိသွားသည်။ မော်ရိဟွာ မှာ
သူသေကိုယ်သေ လုပ်ရသဖြင့် အမျိုးသမီး များကို မထိုးသင့်သည် ထိုးသင့်သည် မရှောင်ချေ။ ရင်ဘတ်ကိုပင် ထိုးချလိုက် သည်။
ထို့်ကြောင့် ကျိုးမော့မှာ သွေးများ အန်ကာ အတွင်းဒဏ်ရာ အပြင်းအထန် ရသွားလေသည်။ မော်ရိဟွာ ကတော့ ဗိုက်တွင် စိုက်နေသော
ဓားမှာ သေကွင်းသေကွက် တွင်စိုက်နေသည် မဟုတ်သဖြင့် ဓားကို ဆွဲထုတ်ကာ လက်ဖြင့် အုပ်ပီး အနောက်ကို ဆုတ်သွားလေသည်။
အနောက်က တပည့်များက ဆရာဖြစ်သူကို အသဲအသန် ပြုစုနေကြလေသည်။ ကျိုးမော့ကို လဲ ကျိုးကျစ်ယွင် က တွဲကာ သူနေရာ
သူပြန်ခေါ်လာခဲ့သည်။

ကျောက်ယွင်ကျဲ က မျက်နှာမဲ့ကာ ရှေ့သို့ ထွက်လာပီး


" ကဲ ဂိုဏ်းချုပ်ကြီးပိုင်... ဒီပွဲက သရေလို ခေါ်မလား... "
ဟု မေးလိုက်လေသည်။

ပိုင်လုံ ကလဲ ဒဏ်ရာပြင်းထန်သော ကျိုးမော့ ကို တစ်ချက်ကြည့်ကာ


" ထားပါတော့ဗျာ... ကြည့်ရတာ ရှောင်လင် ရဲ့ သိုင်းကျမ်းသူခိုးတွေက ခင်များတပည့် တွေ ထင်တယ်... နောက်တစ်ပွဲ ကတော့
ကျုပ်တို့ ဘက်က စတာပေါ့ "
ဟု ပြောကာ ကျန်းစန်းယွမ် ကို ကြည့် လိုက်လေသည်။

ကျန်းစန်းယွမ် မှာ ပိုငလ


်ုံ၏ အချက်ပေးသော အကြည့်ကို တွေ့သော် ချက်ချင်းပင် စင်ပေါ်တက်ကာ စိန်ခေါ်လိုက်လေသည်။
" အဖြူရောင် ပုဂ္ဂိုလ်ကြီး ကြွပါ... ခင်များ ဘယ်သူလဲဆိုတာ မျက်နှာဖုံးထားရုံနဲ့ ကျုပ်မသိဘူးထင်သလား... ကျုပ်တို့ ယှဉ်ကြတာပေါ့ "

အဖြူရောင်ဝတ်ဆင်ထားသူမှာ ထိုစကား ကြောင့် ခေါင်းစွပ်ကို ချွတ်ကာ စင်ပေါ်သို့ တက်လာလေသည်။ ထိုသူမှာ ဝူတန်း မှ


ပျောက်သွားသော ကျန်းမော်ဖုန်း ဖြစ်လေသည်။ ဂိုဏ်းခြောက်ဂိုဏ်း ဝင်များနှင့် ဝူတန်ဂိုဏ်းသား များမှာ ထိုသူက ကျန်းမော်ဖုန်း
ဖြစ်နေသော် အံ့သြနေကြ သည်။ ကျန်းစန်းယွမ် က ခံပြင်းသော အကြည့်ဖြင့် အံကြိတ်ကာ ကြည့်နေ သလောက် ကျန်းမော်ဖုန်း ကမူ
သူ့မူအတိုင်း ခပ်ပြုံးပြုံးပင် ရှိနေသည်။ ကျန်းစန်းယွမ် ကို တစ်သက်လုံး သူထိန်းကျောင်း လာရာ သေချာပေါက်နိုင်မည် ဟု တွေးထား
လေသည်။ သူ တက်လာချင်းချင်းပင် ကျန်းစန်းယွမ်က တစ်ဟုန်ထိုး ဓားဖြင့် ခုတ်လေသည်။ ကျန်းမော်ဖုန်း မှာ ရှောင်လိုက် ရင်း
ပြုံးမိသည်။ ကျန်းစန်းယွမ် မှာ ဓားရေးတိုးတက်လာသော်လဲ အရင် အတိုင်း ထိုက်ကျိဓားသိုင်း ကို အပြင်းစား အဖြစ်သုံးနေဆဲ ဖြစ်သည်
မဟုတ်ပါလား။ သူက ထိုက်ကျိဓားသိုင်းကို ထိုက်ကျိဓားသိုင်း ဖြင့်သာ ခုခံလက
ိုသည်။ သူခုခံ နေပုံမှာ အလွန်တရာ အကွက်စေ့ သဖြင့်
ကျန်းစန်းယွမ် ထက်ပင် ထိုက်ကျိဓားသိုင်း ကိုနားလည်ကာ ဝူတန်းကိုယ်စားပြု ပိုပေါက် သည်။

ကျောက်ယွင်ကျဲ က ဘေးမှ ပုပြတ်ပြတ် အဖိုးကြီးကို လှမ်းကာ


" အဘိုးကြီးလီ... မြင်တယ်မလား... ဒီဓားသိုင်းက ခုခံတဲ့နေရာမှာ သုံးမှ ပိအ
ု စွမ်း ထက်တာ ဒါကြောင့် ကျုပ်က ကျင့်ထားလဲ
ကျုပ်စရိုက်နဲ့ မကိုက်လို့ ဘယ်တော့မှ မသုံးဘူး ဖြိုခွဲကွက်တွေကိုပဲ လေ့ကျင့်တယ် ကျုပ်အနေနဲ့ ဟိုဘက်က ကောင်လေးကို တောင်
ပိုသဘောကျတယ် သူတိုက်နေတာ ကျုပ်ကြိုက်တဲ့ ပုံစံပဲ "
ဟု ပြောလိုက်သည်။

အဘိုးကြီးလီ ဆိုသူမှာလဲ ဝါရင့် ဓားသမားကြီး ဖြစ်ရာ ဓားကွက်များ အကြောင်းကို နားလည်လေသည်။ သူက ကျောက်ယွင်ကျဲ
စကားကို ခေါင်းငြိမ့်ကာ ထောက်ခံလိုက်ပီး
" ဟုတ်ပါတယ် သခင်လေး... ဒါပေမဲ့ ကျန်းမော်ဖုန်း ကစားတဲ့အတိုင်းသာ ခုခံမယ် ဆို ကျနော်တောင် သိင
ုးကွက်တစ်ရာ အတွင်း သူ့ကို
မနိုင်နိုင်ဘူး... ခုခံကွက်တွေက အတော်ကို အဆင့်မြင့် တယ် "
ဟု ပြောလိုက်လေသည်။

ကျောက်ယွင်ကျဲ က ရယ်လိုက်ကာ
" အဘိုးကြီးလီ... ခင်များကလဲ ခုခံတဲ့ ဓားသိုင်းကို ကျင့်ထားလို့ ဘက်လိုက်နေတာ လား... ဒါပေမဲ့ ခင်များတီထွင်ထားတဲ့ ဓားလက်ဝါး နဲ့
ဓားမိုး ဆိုတဲ့ သိုင်းကတော့ ခုခံဖို့ မဟုတ်သလိုပဲ... ဟားဟား... "
ဟု ခနဲ့ လိုက်လေသည်။

အဘိုးကြီးလီ က လက်သီးဆုပ်ပီး အမြန် ဂါရပြု လိုက်ကာ


" ဟာ.... မဟုတ်ပါဘူး သခင်လေး... ဝူတန်း ရဲ့ ထိုက်ကျိဓားသိုင်း ဆိုတာ အရင်ကတည်း ကရှိခဲ့တာမို့ အထင်မသေးဝင့်တာပါ...
ကျနော် က ခုခံတဲ့ ဓားသိုင်းကို သင်ထားပေမဲ့ ကျနော်ရဲ့သိုင်းဟန်က သခင်လေးနဲ့ ဆင်တာ သခင်လေးသိပါတယ်... "
ဟု ပြာပြာသလဲ ပြောလိုက်လေသည်။

ကျောက်ယွင်ကျဲ က ပြုံးကာ
" ဒါကြောင့် ခင်များကို ကျုပ်က ကိုယ်ရံတော် နံပါတ်တစ် အဖြစ်ပေးထားတာပေါ့ ခင်များ သိုင်းပညာက ကျုပ်တို့ သားအဖပီးရင်
အကောင်းဆုံးဆိုတာ ကျုပ်သိပါတယ် "
ဟု ပြောလိုက်လေသည်။

သူတို့် စကားကောင်းနေစဉ် တွင် ကျန်းမော်ဖုန်း နှင့် ကျန်းစန်းယွမ် တို့မှာ အကွက် တစ်ရာကျော် တိုက်ပီးနေပီ ဖြစ်လေသည်။
ကျန်းစန်းယွမ် မှာ တိုက်ပွဲ ကြာလေ တည်ငြိမ်လေ ဖြစ်ကာ အကွက်ကျကျ ပြန်တိုက်နေလေသည်။ သူတို့မှာ တူညီသောဓားသိုင်းကို
တူညီသော ဓားကွက်ဟန်ဖြင့် တိုက်နေကြရာ သိုင်းလေ့ကျင့်သည်နှင့်ပင် တူနေသည်။ ကျန်းမော်ဖုန်း မှာ သူ့ကို လက်ရည်တူ
တိုက်နေသော ကျန်းစန်းယွမ်ကို ကြည့်ပီး အံ့သြမိနေသည်။ နှစ်နှစ်အတွင်းပင် ကျန်းစန်းယွမ် မှာ အရမ်းတိုးတက်လာ သည်
မဟုတ်ပါလား။ ကျန်းစန်းယွမ် က ကျန်းမော်ဖုန်း ပြုံးနေသည်ကို မခံနိုင်ဖြစ်ကာ ဆုံးဖြတ်ချက်တစ်ခု ချလိုက်လေသည်။ သူက
စိတ်တည်ငြိမ်အောင် ကြိုးစားလိုက်ပီး ထိုက်ကျိဓားသိုင်းကို အကွက်စေ့စေ့ ပြန်ကစားလိုက်လေသည်။ အပြင်းအထန် တိုက်သော
ပုံစံမဟုတ်ပဲ ခုခံသည့်ပုမ
ျိုံး ဖြစ်လာလေသည်။ ကျန်းမော်ဖုန်း မှာ ထိုအဖြစ်ကို မြင်သော် ကျန်းစန်းယွမ် လက်ရည်ကျ လာပီးဟု ထင်ကာ
သူလျှို့ ဝှက် လေ့ကျင့်ထားသော မီးစွဲဓားသိုင်းမှ ပြင်းထန်သည့် ဓားကွက်များကို ထုတ်ဖော် လိုက်လေသည်။ သူ၏ မီးစွဲဓားသိုင်း
အဆင့်မှာ ဓားကွက်များက အဆင့်မီသော်လဲ အပူလှိုင်းအတွင်းအား ကမူ မပါသလောက် ပင် နည်းပါးသည်။ ဓားမှာလဲ နီရဲလာသည်
အထိပင် ပူလာခြင်းမရှိချေ။ ထို့ကြောင့် ကျန်းစန်းယွမ် က အပူဒဏ်ကို ပြင်းထန်စွာ မခံစားရချေ။ ဆရာတော် ရွှယ်ထန်း ကမူ
ထိုဓားသိုင်းကို ကျန်းမော်ဖုန်း ကစားနေသည် ကိုမြင်သော် ခေါင်းယမ်းကာ ပိုင်လုံကို ကြည့်လိုက်မိသည်။ ပိုင်လုံ က တစ်ခုခုကို
ပိုင်နိုင်သည့် အလား ပြုံးနေပြန်သည်။ အပြုံးမျက်နှာ သူဖုန်းစား မှာ ပြုံးနေပြန်သည် သူ့တွင် အပိုင်တစ်ကွက် ရှပ
ိုံရသည်။ ကျန်းစန်းယွမ်
မှာ မီးစွဲဓားသိုင်း က ဓားကွက်များကို အကွက်ကျကျ ခုခံနေရာ ကျန်းမော်ဖုန်း မှာ ဒေါသထွက်လာပီး ခပ်ကြမ်းကြမ်း
တိုက်ခိုက်လာသည်။ ဒေါသ ၏ ကြမ်းတမ်းမှုက ဓားကွက်ကို ဖြည့်စွက် ပေးသဖြင့် ကျန်းစန်းယွမ် မှာ ခုခံသင
ိုး ဖြစ်သော
ထိုက်ကျိဓားသိုင်းကို ကျွမ်းကျင် သည့်တိုင် တဖြည်းဖြည်း နောက်ဆုတ်နေ ရသည်။ ကျန်းမော်ဖုန်း ကတော့ ကျန်းစန်းယွမ်
နောက်ဆုတ်လေ ပိုပီး အားသုံးကာ ဖိတိုက်လေဖြစ်သည်။ အကွက်နှစ်ရာကျော်သော် ကျန်းစန်းယွမ် မှာ နောက်ဆုတ်စရာ
မကျန်တော့ချေ။ ကျန်းမော်ဖုန်း မှာ သူ့လေ့ကျင့်နိုင်သမျှ အပူလှိုင်းအတွင်းအားကို အပြည့်ထည့်ကာ လောင်မီး ဓားကွက်ကို ထုတ်ဖော်
လိုက်သည်။ ထိုဓားကွက်မှာ ပထမအကြိမ် ရှောင်စစ်တောင် တွင် ဆရာတော် ရွှမ်းအိ က ဝေထင်းကို အနိုင်ယူရာတွင် သုံးခဲ့ရာ
အလွန်အစွမ်းထက်သည်။ ကျန်းမော်ဖုန်း မှာ မည်မျှပင် အတွင်းအား နိမ့်ကျသော်လဲ ဓားကွက် မှာ ရက်စက်ကာ ပြင်းထန် နေသည်။
ကျန်းစန်းယွမ်က ထိုဓားကွက် ကိုစောင့်နေသည့်အလား ကျန်းမော်ဖုန်း သုံးလိုက်သည့်နှင့် တစ်ပြိုက်နက် ဓားကို လှုပ် လိုက်လေသည်။
သူ့၏ သိုင်းဟန်မှာ အားပျော့သွားကာ ပူးကပ်ပီး ရန်သူကို အားအင် ကို လွှဲပြောင်း အသုံးပြုသွား လေသည်။ ထိုဓားကွက်မှာ
ငါးကြင်းဆီဖြင့် ငါးကြင်းကြော် ဟု အမည်ရပီး ရှောင်စစ် တောင်ထိပ် တွင် ကျန်းယွမ် ကစားပြသော ထိုက်ကျိ၏ အစွမ်းထက်ဆုံး
သိုင်းကွက် ဖြစ်သည်။ ကျန်းမော်ဖုန်း မှာ ထိုသိုင်းကွက်ကို မသိသဖြင့် အင်အားအပြည့် သုံးကာ ရင်ဆိုင်လိုက်ရာ
" ယား... ချွမ်... ချွမ်... "
" ဖုတ်... "
" စွပ်.... အား.... "
ဓားကွက် နှစ်ခု ဆုံ သွားသော် ဓားချင်း ပြင်းထန်စွာ ထိသွားလေသည်။ ကျန်းစန်းယွမ် ၏ ဓားကွက်မှာ ကျန်းမော်ဖုန်း ၏ အားကိုပင်
လွှဲပြောင်းယူကာ ခုခံ လိုက်သဖြင့် အင်အားက ထပ်တူ ဖြစ်သွား လေသည်။ သို့သော် ကျန်းမော်ဖုန်း၏ ဓားက ကျန်းစန်းယွမ် ၏
ဓားမကိုင်ထားသော ဘယ်ဘက်လက်ကို ခုတ်ဖြတ်မိသွားသည်။ ကျန်းစန်းယွမ် မှာ ထိုဓားကွက်က သူ့ဘယ်လက်ကို
ဦးတည်နေသော်လဲ မရှောင်ချေ။ သူက အံကြိတ်ပီး ညာလက်ကို ရှေ့တိုးလိုက်သည်။ သူမြင်ရသော ဟာကွက် မှာ သာမန်မဟုတ်ချေ။
သေကွင်းသေကွက် ဖြစ်သဖြင့် လက်မလွှတ်နိုင် သူက ဘယ်လက် ကိုအဆုံးခံကာ ရှေ့တိုးလိုက်ခြင်း ဖြစ်သည်။ ထို့ကြောင့်
ကျန်းမော်ဖုန်း ၏ ဓားက ကျန်းစန်းယွမ် ဘယ်လက်ကို ခုတ်မိသော အခါ မှာပင် ကျန်းစန်းယွမ် ဓားက ကျန်းမော်ဖုန်း ရင်ဘတ်ကို
ထုတ်ခြင်းပေါက်သွားလေသည်။

ပြိုင်ပွဲမှာ ပြီးဆုံးသွားလေပီ။ ကျန်းမော်ဖုန်း မှာ အသံနက်ကြီးဖြင့် အော်ပြီးနောက် ပြိုလဲသွားလေသည်။ ကျောက်ယွင်ကျဲ နှင့်


ကိုယ်ရံတော်များမှာ ကျန်းစန်းယွမ် ၏ ထက်မြက်လွန်းသော ခုခံကွက်နှင့် လက်တစ်ဖက် အဆုံးခံရဲသော စိတ်ဓာတ်ကို ဖြုံသွားကြသည်။
မျက်နှာများပျက်ကာ စိတ်ပျက်သွားကြလေသည်။ ပိုင်လုံကတော့ လက်တစ်ဖက် အဆုံးခံရဲလောက်အောင် ရင့်ကျက်သွားသော
ကျန်းစန်းယွမ် ကိုကြည့်ကာ ဝူတန်းတွင် သူရဲကောင်း တစ်ယောက်ပေါ်လာပီ ဟု မှတ်ချက်ချမိ သည်။ ဂိုဏ်းခြောက်ဂိုဏ်း နှင့် ဝူတန်း
တပည့်များ မှာ ကျန်းမော်ဖုန်း လို သစ္စာဖောက် ကို ကျန်းစန်းယွမ် က အပြတ်ရှင်းလိုက်ရာ သဘောကျပီး အော်ဟစ် ကာ သြဘာ
ပေးလိုက်ကြလေသည်။

ကျန်းစန်းယွမ် မှာ ပြတ်သွားသော လက်မောင်းရင်းကို သွေးကြောပိတ်ပီး သူ့လက်ပြတ် ကို အသာအယာ ကောက်ယူ လိုက်သည်။
ထို့နောက်မှ အံ့သြသော မျက်နှာ မယုံကြည်နိုင်သော မျက်လုံး ဖြင့် ပွဲချင်းပီး သေဆုံးနေသော ကျန်းမော်ဖုန်း ကို ကြည့်ကာ သူ့ဓားကို
ပြန်ဆွဲထုတ်လက
ိုလေ သည်။ ကျောက်ယွင်ကျဲ ကိုပင် ခပ်စူးစူး ကြည့်ကာ စင်အောက်သို့ ပြန်ဆင်း သွားလေတော့သည်။

ခုံတုံဂိုဏ်းသားများက စင်ပေါ်တက်လာကာ ကျန်းမော်ဖုန်း အလောင်းနှင့် သွေးများကို သန့်ရှင်းလိုက်ကြသည်။ ကျောက်ယွင်ကျဲ က


ဘေးရှိ အစိမ်းရောင် နှင့်လူကို မျက်ရိပ်ပြ လိုက်ရာ ထိုသူက စင်ပေါ်တက်သွား လေသည်။ ထိုသူက ခမောက်ကြီးကို ခပ်ငိုက်ငိုက်
ဆောင်းရင်း နှင့်ပင် ပိုင်လုံကို လှမ်းကာ
" ဒီတစ်ပွဲကိုတော့ ခင်များတို့ အနိုင်လို့ သခင်လေးက လက်ခံလိုက်တယ်... ဆက်ပီး ကျုပ်ကို ယှဉ်ဖို့ တစ်ယောက် ထွက်ခဲ့ပါ "
ဟု စိန်ခေါ်လိုက်သည်။

ပိုင်လုံမှာ ထိုသူကို ကြည့်ပီး သော် ယွင်စန်း ကို ခေါင်းငြိမ့်ပြ လိုက်လေသည်။ အမှန်တကယ် ယွင်စန်းမှာ ထိုသူကို သိသည်။
ထိုသူ့အကြောင်းကို ပိုင်လုံက ဒီခြံဝန်းထဲ မရောက်ခင်ကပင် ပြောပြထား သဖြင့် သူက တစ်ချိန်လုံး စိတ်လှုပ်ရှား နေခြင်း ဖြစ်သည်။
အခုမူ သူ၏ စိတ်လှုပ်ရှား မှုများကို ဖြေဖျောက်ရန် အချိန်တန်လေပီ။ သူက အသက်ကို ဝအောင်ရှူသွင်းကာ မိုးကြိုးအတွင်းအား ကို
လှည်ပတ် လိုက်သည်။ ထို့နောက် စင်ပေါ်သို့ ခုန်တက် လိုက်တော့လေသည်။

#မိုးထိတောင်သိုင်းသမား #ZYN
အခန်း (၂၂) အပိုင်း လေး
ခိုင်ဖုန်း တိုက်ပွဲ

ထိုသူက ယွင်စန်း စင်ပေါ်တက်လာသော် နှုတ်ခမ်းများက တွန့်ကွေးကာ လှောင်ပြုံး ပြုံးလိုက်လေသည်။ ဝါဆန်း၏ ဒုတိယ တပည့်ကြီး
ယွင်စန်း၊ ဂိုဏ်းချုပ်ဖြစ်ရန် လျာ ထားခံရသူ ယွင်စန်း၊ ထိုသူကိုပင် လှောင်ပြုံး ပြုံးပြနိုင်သူမှာ မည်သူနည်း။

ယွင်စန်း ကတော့ ထိုလှောင်ပြုံး ကို မမြင်ချေ။ သူက စိတ်လှုပ်ရှားနေခြင်းကို တည်ငြိမ်အောင် အသက်ရှူသွင်းကာ ကြိုးစားနေသည်။
ထို့နောက် လက်သီးဆုပ် ဂါရပြု လိုက်ကာ
" အကိုကြီး... မတွေ့တာကြာပီနော်... နေကောင်းရဲ့လား "
ဟု နှုတ်ဆက်လိုက်လေသည်။

သူ့စကားသံကြောင့် ဂိုဏ်းခြောက်ဂိုဏ်း နှင့် ဝါဆန်း တပည့်များမှာ အံ့သြသွားလေသည်။ ကျောက်ယွင်ကျဲ ကတော့ သဘောကျ သလို
ပြုံးနေလေသည်။ ပိင
ုလုံ ကတော့ တည်ငြိမ် နေသည်။ ဆရာတော် ရွှယ်ထန်း က ခေါင်းခါ လိုက်ကာ
" သွေးစွန်းပေဦးမယ်... အော်မိသော်ဖော် "
ဟု တရားစာရွတ်မိသွားသည်။

ဟုတ်ပေသည်။ ယွင်စန်း၏ နှုတ်ဆက်စကား အရ ထိုသူမှာ ပျောက်ဆုံးသွားသော သူ့အကို ဖြစ်သူ ပိုင်ချုန်းရန် ဖြစ်လေသည်။


ပိုင်ချုန်းရန် က ခမောက်ကို ပျင်းတွဲတွဲ ဟန်ဖြင့် ဖယ်လိုက်ပီး
" အပိုတွေ ပြောမနေနဲ့ ယွင်စန်း... မင်းကို ငါ့အဖေက မိုးကြိုးမုန်တိုင်း ဓားကွက် သင်ပေးလိုက်တယ် မဟုတ်လား... စမ်းကြည့်ရအောင်
"
ဟု ပြောလိုက်လေသည်။

ယွင်စန်း က ခေါင်းငြိမ့်ကာ ဓားကို ဆွဲထုတ် လိုက်ပီး အသင့်ပြင့်ထားလိုက်သည်။


" စကြတာပေါ့ အကိုကြီး "
ဟု ပြောကာ မိုးကြိုးအတွင်းအား ကို သူ့တွင် ရှိသမျှ အဆင့်ကုန် အထိမြှင့်ထားလိုက် သည်။ မိုးကြိုးမုန်တိုင်း ဓားကွက်မှာ
မိုးကြိုးဓားသိုင်း ၏ အပြင်းထန်ဆုံး အစွမ်းဆုံး ဓားကွက် ဖြစ်ရာ အသုံးပြုသူ၏ မိုးကြိုးအတွင်းအား ကို အဆင့်ကုန် သုံးရန်
လိုအပ်လေသည်။ ထိုသူ၏ အတွင်းအား အဆင့်အလိုက် ဓားကွက်၏ ပြင်းထန်မှုမှာ ကွာခြားသွားမည် ဖြစ်သည်။ ယွင်စန်း၏
အတွင်းအားမှာ ယခင်က ပိုင်ချုန်းရန် နှင့် သိပ်မကွာချေ။ သို့သော် ပိုင်ချုန်းရန် မှာ ကျောက်ယွင်ကျဲ ၏ ကိုယ်ရံတော် ဖြစ်နေရာ မည်မျှ
တိုးတက်လာသည် မသိ ဖြစ်နေသည်။

ပိုင်ချုန်းရန် က ယွင်စန်း၏ သိုင်းဟန်ကို ကြည့်ကာ ထိုပုံစံအတိုင်းပင် လှုပ်ရှားလိုက် သည်။ ကြည့်ရသည်မှာ သူလဲ ထိုဓားကွက် ကို
တတ်ပုံရသည်။ ယွင်စန်းမှာ အနည်းငယ် အံ့သြ သော်လဲ ထင်ထားပုံရလေသည်။
" ယား... "
သူတို့ နှစ်ယောက်မှာ ပြိုင်တူအော်ကာ တူညီသော ဓားကွက်ကို တစ်ပြိုင်နက် လှုပ်ရှားလိုက်လေသည်။
" ဂျိန်း... ချွမ် ချွမ်... "
ဓားချင်းထိသံ များမှာ မိုးကြိုးခြိမ်းသံ တမျှ ပြင်းထန် ကျယ်လောင်စွာ ထွက်ပေါ် လာလေသည်။ တခဏ အတွင်းမှာပင် အကွက်ပေါင်း
နှစ်ဆယ်ကျော် တိုကခ
ိုက်ပီး ဖြစ်သွားသည်။ ထူးခြားသည်မှာ ယွင်စန်း၏ ဓားက ပုံမှန်ဓားရောင် ဝင်းလက်နေသော်လဲ ပိုင်ချုန်းရန်၏
ဓားကတော့ နီရဲပူပြင်း နေသည်။

ဆရာတော် ရွှယ်ထန်းမှာ မျက်နှာမကောင်း ချေ။ ထို့အတူ ပိင


ုလုံမှာလဲ သိုင်းကွက်ကို ကြည့်ကာ မျက်နှာပျက်နေလေသည်။
ကျောက်ယွင်ကျဲ က မျက်မှောင်ကြုတ် ကာ
" အဘိုးကြီးလီ... ဒီကောင်သုံးတဲ့ ဓားကွက်က သူပေးထားတဲ့ သူတို့ဂိုဏ်းက ဓားသိုင်းထဲမှာ မပါပါလား... ဒီဓားကွက် ကအတော်
အဆင့်မြင့်တယ်... ကျုပ်တောင် ဖြုံတယ်... ပီးတော့ သူသုံးနေတဲ့ အပူလှိုင်း အတွင်းအားနဲ့ အရမ်းလိုက်ဖက် နေပါလား... ကြည့်ရတာ
ခင်များထက်သာမဲ့လူ ပေါ်လာပီ ထင်တယ် "
ဟု ပြောလိုက်လေသည်။

အဘိုးကြီးလီ က မျက်နှာပျက် သွားကာ


" ဟုတ်တယ် သခင်လေး... ဒီကောင်ရဲ့ အတွင်းစိတ် က ခန့်မှန်းရခက်တယ်... ကျုပ်တို့ ကိုယ်ရံတော် ငါးယောက်ထဲမှာ ဒီကောင်က
အလျှို့ ဝှက်ဆုံးပဲ... သခင်လေး သတိထားပါ... သူက ဒီဓားကွက်ကို လျှိုထားပီးမှ ထုတ်ပြနေတာ ဘာအကြံလဲ မသိဘူး "
ဟု ပြောလိုက်လေသည်။

ကျောက်ယွင်ကျဲ က ခေါင်းငြိမ့်ကာ
" သတိထားတာတော့ မမှားဘူးပေါ့လေ...
ဒါပေမဲ့ သူဘယ်လောက်စွမ်းစွမ်း... နတ်ဆိုးဓားကွက် ငါးကွက်ကိုတော့ ယှဉ်နိုင်မှာ မဟုတ်ပါဘူး... ကျုပ်လို သုံးကွက်ပဲ
တတ်တဲ့သူတောင် သူ့ကို အေးဆေး အနိုင်ယူနိုင်ပါတယ် "
ဟု မာနသံဖြင့် ပြောလိုက်လေသည်။

ယွင်စန်း နှင့် ပိုင်ချုန်းရန် မှာ တူညီသော ဓားကွက် ကို သုံးနေသည့်တိုင် ထည့်သွင်း အသုံးပြုသော အတွင်းအားမှာ ကွာခြား သည်။
ယွင်စန်းက မိုးကြိုးအတွင်းအား ကို အသုံးပြုပီး ပိုင်ချုန်းရန်က အပူလှိုင်း အတွင်းအား ကို အသုံးပြုလေသည်။ မိုးကြိုးမုန်တိုင်း ဓားကွက်
မှာ မိုးကြိုးအတွင်းအား ထက် အပှုလှိုင်းအတွင်းအား နှင့် ပိုလိုက်ဖက် နေသည်ဟု ထင်ရလေသည်။ အကြောင်းမှာ ပိုင်ချုန်းရန်၏
ဓားကွက်များကို ယွင်စန်း က မခုခံနိုင်တော့လေပီ။ ယွင်စန်းမှာ တဆုတ်ထဲ ဆုတ်နေရတော့သည်။ နီရဲသော ဓားမှ အပူဓာတ်က သူ့ကို
ထိခိုက်နေလေသည်။ ဓားချင်းထိလက
ိုတိုင်း အပူဓာတ်က သူ့ဓားကိုင်လက်မှ စီးဝင်ကာ သူ့မိုးကြိုး အတွင်းအားများကို ဖြိုခွဲနေသည်။
သူက အပူဒဏ်ကြောင့် တဖြည်းဖြည်းပင် ချွေးများစို့ လာကာ လက်ပန်းကျလာသည်။ ပိုင်ချုန်းရန် က ယွင်စန်း ၏
တိုက်ခိုက်ပုံလေးလံလာသော် ဓားကို အားထည့်ကာ မာန်သွင်းပီး ထိုးလိုက်လေသည်။ နီရဲသော ဓားမှ အပူဓာတ်များ ဖြာထွက်ကာ
ဟုတ် ခနဲ မီးပွင့်လေးများ ထွက်လာလေသည်။ ယွင်စန်း မှာ ဓားလာနေသည်ကို မြင်လိုက်သော်လဲ အပူဒဏ် ကြောင့် မိုက် ခနဲ
မူးဝေသွား ပြန်သည်။

" ရှဲ... " " အား " " ဝုန်း... "


ပိုင်ချုန်းရန် က ဓားကို လက်မှ လွှတ်လိုက်သော် ဓားလက်ကိုင် သစ်သားမှာ အပူဒဏ်ကြောင့် မီးကျွမ်းကာ ပြုတ်ကျ သွားလေသည်။
ဓားကမူ ယွင်စန်း၏ နှလုံး တည့်တည့်တွင် စိုက်ဝင်နေလေသည်။ ယွင်စန်း၏ ခန္ဓာကိုယ် မှာ ကြမ်းပြင်ပေါ် သို့ ပြိုလဲကျသွားသည်။
ကျောက်ယွင်ကျဲ မှာ ရက်စက်သော ဓားကွက်ကို ကြည့်ကာ အားရနေသည်။ ပိုင်လုံ ကတော့ စိတ်မကောင်း ဖြစ်နေသည်။
သူ့အတွက်မှား သွားသည် မဟုတ်ပါလား။ သူက ပိုင်ချုန်းရန် ဤမျှ သိုင်းပညာကောင်းမှန်း မသိချေ။ ထို့ကြောင့် ယွင်စန်းကို
ယှဉ်ခိုင်းမိခြင်းဖြစ် သည်။ ယခု အခြေအနေအရ ဆိုလျှင် ဆရာတော် ရွှယ်ထန်း ပင် ပိုင်ချုန်းရန်ကို မနိုင်နိုင်ချေ။ သူပင်
အတော်ကြိုးစားမှ အနိုင်ရနိုင်ပေမည်။

ပိုင်ချုန်းရန် က အေးအေးလူလူ ပင် ပြုတ်ကျနေသော ယွင်စန်း၏ ဓားကို ကိုင်ကာ ဓားအိမ်ထဲ ပြန်ထည့်လိုက်လေသည်။ ထို့နောက်
ဝါဆန်းဂိုဏ်းသားများ ကို လက်ယပ်ကာ လှမ်းခေါ်လိုက်သည်။
" လာသယ်ကျစမ်း.. မင်းတို့ရဲ့ အကိုလတ်ကို ပီးတော့ မင်းတို့ဂိုဏ်းချုပ် ငါ့အဖေကို ပြောလိုက် ဒီသစ္စာဓားဆိုတဲ့ ဓားကို
ငါပြန်ယူထားတယ်လို့ ငါ့လက်ထဲ ဒီဓား ရှိနေ သရွေ့ ဝါဆန်းဂိုဏ်းကလူတွေ သိုင်းလောက ထဲ မဆင်းပါနဲ့လို့ ပြောလိုက.် .. ငါနဲ့တွေ့ရင်
အကုန်သေမယ် ကြားလား "
ဟု ငေါက်လိုက်လေသည်။

ဝါဆန်းတပည့်များမှာ အကိုကြီးလဲဖြစ်၊ ရက်စက်တတ်သူမှန်းလဲ သိနေသဖြင့် ယွင်စန်းအလောင်းကို သယ်ကာ


ကြောက်ကြောက်လန့်လန့် ဖြင့် ထွက်သွားလေသည်။ သူတို့မှာ နောက်ထပ် ပွဲစဉ်ကိုပင် မကြည့်နိုင်တော့ချေ။ ခြံဝန်းအပြင်သို့ပင်
တန်းထွက်သွားတော့လေ သည်။ ပိုင်ချုန်းရန် ကတော့ ဝါဆန်းဂိုဏ်းချုပ် များသာ ကိုင်ခွင့်ရှိသော သစ္စာဓားကို ကိုင်ကာ သူ့နေရာသို့
ပြန်သွားလေသည်။ သူက ကျောက်ယွင်ကျဲ ကို ပြုံး၍ပင် နှုတ်ဆက် လိုက်သေးသည်။ ကျောက်ယွင်ကျဲ က ဘဝင်မကျ သလို
ခံစားလိုက်ရသည်။ သို့သော် ဘာမှ မပြောချေ။ သူက ဘယ်ဘက်ရှိ ခန့်ညားသော အဘိုးကြီးကို ကြည့်လိုက်သည်။ အဘိုးကြီးက
လက်သီးဆုတ် ဂါရဝပြု ကာ ရှေ့သို့ ထွက်လာလေသည်။

စင်မြင့်ပေါ်သို့ရောက်သော် ခန့်ညားသော အဘိုးကြီးက ကျယ်လောင်သော အသံဖြင့်


" ကဲ မြင်တဲ့ အတိုင်းပါပဲ... ခုနကပွဲကတော့ ကျုပ်တို့ဘက်က အနိုင်ရသွားပါတယ်... ဆက်ယှဉ်နိုင်ကြသေးရင် ထွက်ခဲ့ပါ "
ဟု ပြောလိုက်လေသည်။

ဆရာတော်ရွှယ်ထန်း က ထိုအသံကို ကြားသော် တရားစာရွတ်နေရာမှ မျက်လုံးဖွင့် လိုက်ကာ


" ဒကာကြီးက အခုထိ နောင်တ မရသေးပဲ ကိုး ... မီးစွဲဓားသိုင်း ကို အားကိုးနေကြတဲ့ ဒကာကြီးတို့ကို ရှောင်လင်ရဲ့ စစ်မှန်တဲ့ ပညာ
ပြပေးပါမယ် "
ဟု ပြောလိုက်လေသည်။

ဆရာတော်ရွှယ်ထန်း အပြောအရ ထိုအဘိုးကြီးကို သူသိနေဟန် ရှိလေသည်။ ပိုင်လုံ က မျက်မှောင်ကြုတ် ကာ သေချာ စိုက်ကြည့်မိမှ


ထိုအဘိုးကြီးမှာ မျက်နှာတွင် သားရေမျက်နှာဖုံး စွပ်ထားသည်ကို တွေ့လိုက်ရသည်။ ထိုအဘိုးကြီး မှာ မည်သူနည်း။

အဘိုးကြီးက ရယ်ကာ
" ဟားဟား... မထင်ရဘူး ဆရာတော်က ဆယ့်ငါးနှစ်ကြာတာတောင် တပည့်တော် ကိုမှတ်မိတုန်း ပဲလား... "
ဟု ပြောလိုက်လေသည်။

ဆရတော် ရွှယ်ထန်း က မျက်မှောင်ကြုတ်ပီး


" အပိုတွေ ပြောမနေနဲ့ ရွှယခ
်ျီး... မင်းသစ္စာ ဖောက်ပီး လမ်းပြခဲ့လို့ ဆရတော် ရွှမ်းစန်း အသတ်ခံခရ
ဲ့ တာ... မင်းကို လိုက်ရှာနေတာ
ကြာပီ... အပုန်းကောင်းလှပီ ထင်နေတာ လက်စသတ်တော့ တောင်ပင်လယ် သူခိုးဂိုဏ်း မှာ ပုန်းနေတာကိုး "
ဟု ဒေါသဖြင့် ပြောလိုက်လေသည်။
ကျောက်ယွင်ကျဲ မှာ သူတို့ဂိုဏ်းကို ရွှယ်ထန်း က သူခိုးဂိုဏ်း ဟု ပြောလိုက်သော် မခံချင် ဖြစ်သွားလေသည်။ သို့သော် ဘာမျှတော့
မပြောချေ။ ဤသို့ ဖြစ်မည်ကို ကြိုသိနေပုံ ရသည်။ အဘိုးကြီးမှာ မျက်နှာတွင်တပ် ထားသော မျက်မှာဖုံးတု နှင့်တူ ခေါင်းက
ဆံပင်များကို ပါချွတ်လိုက်ရာ ကတုံးပြောင် ဖြစ်နေသော မျက်နှာကြမ်းကြမ်းနှင့် အဘိုးအို တစ်ယောက်ပုံ ပေါ်လာလေသည်။

ဆရတော် ရွှယ်ထန်း က ထိုသူကို ရွှယ်ချီး ဟု ခေါ်ဆိုပုံအရ ထိုသူမှာ အရင်က ရှောင်လင် ဘုန်းကြီး ဖြစ်ဟန်တူသည်။ သို့သော် ထိုသူ၏
အသက်အရွယ်မှာ ဆရာတော် ရွှမ်းမု နီးပါးရှိလေသည်။ အဘယ်ကြောင့် ရွှယ် အဆင့်သာ ရှိလေသနည်း။

ရွှယ်ချီး...
ရွှယ်ချီး ကိုယ်တော်မှာ တခြား ရွှယ်အဆင့် ဆရာတော်များကဲ့သို့ ငယ်မွေးခြံပေါက် ဘုန်းကြီး မဟုတ်ချေ။ ဆရာတော် ရွှမ်းစန်း နှင့်
ရွယ်တူပင် ဖြစ်ပီး ဆရာတော် ရွှမ်းစန်း က ရှောင်လင် မှ အပြင်ထွက်ချိန်တွင် ဓားပြများကြောင့် သေခါနီး ဖြစ်သူ ရွှယခ
်ျီး ကို
ကယ်တင်ကာ တပည့်အဖြစ် လက်ခံထား ခြင်းဖြစ်သည်။ ရွှယ်ချီး မှာ လူကောင်း မဟုတ်သဖြင့် ဘုန်းကြီးဝတ် သော်လဲ
ကိုယ်ကျိုးအတွက် ကြံစည်နေခဲ့လေသည်။ သူက လောဘကြီးစွာ ရှောင်လင် သိုင်းပညာ များကို ခိုးကျင့်နေခဲ့လေသည်။ ထို့နောက်
ကျောင်းထိုင်ဆရာတော် ရွှမ်းအိ၏ မီးစွဲဓားသိင
ုး အကြောင်းကို သိရှိသွားပီး ထိုဓားသိုင်းကို လိုချင်လောဘ တတ်မိတော့ သည်။
ထို့နောက် သူက လမ်းပြကာ စီးမင်ကို့ဝေ၊ ကျောက်လွေ တို့ဖြင့် ပူးပေါင်းကာ ခိုးယူကြတော့လေသည်။ ဆရာတော် ရွှမ်းစန်း က
သိရှိသွားသဖြင့် သူတို့ သုံးယောက်က ဝိုင်းဝန်း သတ်ဖြတ် လိုက်ကြလေသည်။ ထို့နောက် တွင် ကျောက်လွေနောက် လိုက်ကာ
ပါသွားတော့ လေသည်။ အစက ရှောင်လင် ဆရာတော် များမှာ ရွှယ်ချီး ကသစ္စာဖောက် မှန်း မရိပ်မိကြချေ။ အဘယ်ေ့ကြာင့် ဆိုသော်
သူက ထိုအဖြစ်များ မဖြစ်မီ တစ်လအလိုက ပင် ကျောင်းတွင်မပျော် ဟု စာရေးကာ ထွက်သွားသောကြောင့် ဖြစ်သည်။ သူက
စာရေးထွက်သွား သည်မှာ စီးမင်ကို့ဝေ တို့ဖြင့် ပူးပေါင်းရန် ထွက်သွားခြင်း ဖြစ်သည်။ နောက်မှသာ ဆရာတော်ရွှမ်းအိ မှာ တွေးမိပီး
အရှက်ရသွားလေသည်။ ထို့ကြောင့် ရှောင်လင် မှာ သိုင်းလောကမှ အနားယူ ကာ ငြိမ်သက်နေခဲ့ရလေသည်။

ဆရာတော် ရွှယ်ထန်း မှာ တခြားကိစ္စ မှန်သမျှ သည်းခံသော်လဲ ရွှယ်ချီး ကိုမြင်သော် ဒေါသကို မချုပ်တီးနိုင်တော့ချေ။ သူက စင်ပေါ်သို့
ဝုန်း ခနဲ ခုနတ
် က် ကာ တိုက်ခိုက်လိုက်တော့သည်။ ဆရာတော် အသုံးပြုသော သိုင်းမှာ နဂါးလက်သည်းသိုင်း ဖြစ်ပီး သူက ရွှယ်ချီးကို
ဖမ်းချုပ်ရန် ကြံလိုက် ခြင်းဖြစ်သည်။ ရွှယ်ချီးမှာလဲ မခေချေ။ သူက ချက်ချင်းပင် မီးစွဲဓားသိင
ုး ကို လက်ဝါးဟန် ဖြင့်
အသုံးပြုလိုက်လေသည်။ ရွှယ်ချီး ၏ လက်ဝါးမှာ နီရဲနေလေသည်။ အပူလှိုင်းများ လဲ ထွက်လာကာ ရွှယ်ထန်း ကို လွှမ်းခြုံ
လာလေသည်။ ရွှယ်ထန်း ကိုယ်တော်မှာ ရိကျင့်အတွင်းအား ရှိသဖြင့် အပူလှိုင်းကို သိပ်ပီး မမူချေ။ သူက ခပ်သွက်သွက်ပင်
နဂါးလက်သည်း သိုင်းကို ကစားလိုက်သည်။ ရွှယ်ချီး မှာ ဆယ့်ငါးနှစ်ကြာအောင် မီးစွဲဓားသိုင်း ကိုလေ့ကျင့် လာသဖြင့် သိုင်းစွမ်းရည် မှာ
အရင်က ရွှယ်ချီး မဟုတ်တော့ချေ။ ဓားကွက်ကို လက်ဝါးကွက် အဖြစ် အသုံးပြုနေသည့်တိုင် အပေါ်စီးမှ တိုက်ခိုက်နေလေသည်။
အမှန်စင်စစ် ဆရာတော် ရွှယ်ထန်း က လက်ဦးပီး တိက
ုခိုက်လိုက်ခြင်းမှာ ရွှယ်ချီး ကို ဓားမကိုင်နိုင်စေရန် ဖြစ်သည်။ ရွှယ်ချီး သာ
ဓားကိုင် မိပါက သူ့အနိုင်ရရန် မလွယ်တော့ ချေ။ အကြောင်းမှာ သူက မီးစွဲဓားသိုင်း ကို မတတ်သလို တာမို့မိစ္ဆာရှင်းလက်ဝါးသိုင်း ကိုလဲ
မတတ်သောကြောင့် ဖြစ်သည်။

ပိုင်လုံ မှာ မပြုံးနိုင်တော့ချေ။ မထင်မှတ်ပဲ ရှောင်လင် သစ္စာဖောက် နှင့် တွေ့နေရသည် မဟုတ်ပါလား။ သူက သက်ပြင်းချလိုက်ကာ
ဘေးရှိ တပည့်တစ်ယောက်ကို တီးတိုး ပြောလိုက်လေသည်။ ထိုတပည့်မှာ ပိုင်လုံ ပြောသည်ကို နားထောင်ပီးသော် လူအုပ်ကြား မှ
အခြေအနေကြည့်ကာ ခြံဝန်း အပြင်သို့ ထွက်သွားလေသည်။

ဆရာတော် ရွှယ်ထန်းမှာ အပြင်းအထန် တိုက်နေသည့်တိုင် အကွက်နှစ်ရာကျော် သော် အခြေပျက် လာလေသည်။ ရွှယ်ချီး မှာ
ရွှယ်ထန်း ကို အနိင
ုရနေသဖြင့် ပျော်နေလေသည်။ သူက ရွှယအ
် ဆင့်တွင် နောက်ဆုံး ဖြစ်ရာ ရှောင်လင်တွင် နေစဉ်က
အကြီးဆုံးဖြစ်သူ ရွှယ်ထန်းကို အသက်ငယ်သော် လဲ ဝါကြီးသဖြင့် ဝတ်ပြု ခဲ့ရသည် မဟုတ်ပါလား။ ထိုအဖြစ်ကို သူက
မမေ့နိုင်သေးချေ။ အခုတော့ လက်စားချေခွင့် ရလေပီ။ ဆရာတော် ရွှယ်ထန်း က ရှုံးရိပ် ပြလာသဖြင့် အတွင်းအားဖြင့် အနိုင်ယူ ရန်
ကြံလိုက်လေသည်။ သူက နဂါးလက်သည်း သိုင်းဖြင့် တိုက်ခိုက်နေရာမှ ပန်လော့လက်ဝါး ဖြင့် သူ့တွင်ရှိသမျှ ရိကျင့်အတွင်းအား များကို
စုစည်းကာ ရိုက်ထည့်လုက
ိလေသည်။ ရွှယ်ချီး မှာ ရွှယ်ထန်းကာ အတွင်းအားသုံး ပီး အနိုင်ယူလို့၍ ရိုက်ချသည်ကို သိသော်လဲ
မရှောင်ပါ။ သူက လောင်မီးသိုင်းကွက်ကို လက်ဝါးဖြင့်ပင် သုံးကာ သူကျင့်ထား သော အပူလှိုင်းအတွင်းအား များအကုန်ထည့် သွင်း၍
ခံဆောင်လိုက်လေသည်။ ထိုသိုင်းကွက် မှာ အပူလှိုင်းအပြည့်ပါဝင် သဖြင့် ကျန်းမော်ဖုန်း အသုံးပြုစဉ်က နှင့် ဘာမျှမဆိုင်ချေ။
" ဖတ်.. " " ဝုန်း... "
လက်ဝါး နှစ်ခု ဖတ် ခနဲ ထိပီးသော် ဝုန်း ခနဲ အတွင်းအားလှိုင်း နှစ်ခုက တိုက်မိသွား လေသည်။
" အွန့်... " " ဝေါ့... "
ရိကျင့် အတွင်းအားမှာ စစ်မှန် သည်တ
ို့င် ဆယ့်ငါးနှစ်ကြာအောင် တစိုက်မတ်မတ် ကျင့်လာသော အပူလှိုင်းအတွင်းအား ကို
မယှဉ်နိုင်တော့ချေ။ ဆရာတော် ရွှယ်ထန်း မှာ သွေးများ အန်ထွက်ကာ အတွင်းဒဏ် အပြင်းအထန် ရကာ စင်ပေါ်မှ ပြုတ်ကျ
သွားလေတော့သည်။

ပိုင်လုံ မှာ ဆရာတော် ရွှယ်ထန်း ကို ကမန်းကတန်း ဖမ်းကာ ဖေးမ ပေးလိုကသ


် ည်။ ဆရာတော်မှာ မသေနိုင် သော်လဲ
မေ့မျောနေလေပီ။ သူက ဘုန်းကြီးများ လက်သို့ အပ်လိုက်လေသည်။ သူ့အတွင်းအားကို အသုံးပြု၍ ကုသ ပေးချင် သော်လဲ
မလုပ်ရဲချေ။ သူ ကုပေး၍ ဆရာတော် သက်သာမလား မသိသော်လဲ သူ့အတွင်းအား လျော့နည်းသွားပါ က ဤခြံဝန်း အတွင်းမှ
သူတို့အားလုံး အသက်ရှင်လျက်နှင့် ထွက်နုင
ိရန် မသေချာချေ။ ကျောက်ယွင်ကျဲ နှင့် ကျန် တစ်ယောက်မှ အခုထိ ထိုင်နေသေး သည်
မဟုတ်ပါလား။ သူတို့ဘက်တွင် မုထူးဝါး ကျန်သေးသော်လဲ မုထူးဝါး၏ အဆင့်မှာ ဆရာတော် ထက် မသာနိုင်ချေ။ သူက မျက်နှာ
အကြီးအကျယ် ပျက်နေလေပီ။

ကျောက်ယွင်ကျဲ ကတော့ ပြုံးရွှင်နေကာ ရွှယခ


်ျီးအား
" ကိုယ်ရံတော်နှစ် ကတော့ အဖေ့ရဲ့ လူလို့ မပြောရဘူး အလုပ်လုပ်တာ ပြတ်သား တာပဲ... ချီးကျူးပါတယ် ဗျာ "
ဟု ပြောလိုက်လေသည်။

ရွှယ်ချီးက ကျေနပ်သွားသလို လက်သီးဆုပ် ဂါရဝပြု လိုက်သည်။ ထို့နောက်


" ရှောင်လင် ဘုန်းကြီးတွေဟာ ဘဝမြင့် နေတာကြာပါပီ... သူတို့က တကယ်တော့လဲ ပြောသလောက် အဖြစ်မရှိပါဘူး "
ဟု ဘဝင်မြင့်သော လေသံဖြင့် ပြောလိုက်လေသည်။

ထိုစဉ် အပ်များက မိုးသီးမိုးပေါက် ကျသလို စင်မြင့်ပေါ်သို့ ကျရောက်လာလေသည်။ ရွှယ်ချီး မှာ ရုတ်တရက် အပ်များ ကျလာသဖြင့်
ပြာယာခတ်ကာ လက်ဝါးဖြင့် ရိုက်ထုတ် လိုက်လေသည်။ ပြင်းထန်သော လက်ဝါးလှိုင်းကြောင့် အပ်များမှာ လွင့်စင်သွားလေသည်။
ထိုအပ်များ က စင်ဘေးပတ်လည်ကို လွင့်စင်လာရာ ဘေးရှိ မရှောင်နိုင်သူ သာမန် သိုင်းသမားများမှာ ထိမှန်ပီး တုံး ခနဲ လဲကျ
သေဆုံးကုန် ကြလေသည်။

ထိမှန်သူတို့မှာ ပွဲကြည့်ပရိတ်သတ် ထဲမှ သိုင်းသမားတစ်ချို့ ၊ ဂိုဏ်းခြောက်ဂိုဏ်း မှ တပည့်များ နှင့် ခုံတုံဂိုဏ်းသား များပင် ပါဝင်လေရာ
ချက်ချင်းပင် အလောင်း နှစ်ဆယ်ကျော် ဖြစ်သွားလေသည်။ မထိမှန် သူများ ကလဲ ထိတ်လန့်ကာ စင်ဘေးမှ ဆုတ်သွားကြသည်။
ထိရုံနှင့် သေသော အဆိပ်မှာ ပြင်းထန်လွန်းသည် မဟုတ်ပါလား။

ပိုင်လုံမှာ မျက်မှောင်ကြုတ် မိသွားသည်။ အဆိပ်ပန်းဂိုဏ်း နှင့် အဆိပ်မယ်တော် သေဆုံးပီး ကတည်းက သိုင်းလောကတွင်


အဆိပ်သုံးသူ မရှိသည်မှာ ခုနှစ်နှစ် ခန့်ပင် ရှိလေပီ။ သူက ဘေးဘီကို လှည့်ပတ် ကြည့်လိုက်လေသည်။

ကျောက်ယွင်ကျဲ မှာလဲ အဆိပ်အပ်များကို မြင်သော် စိတ်ရှုပ်ကာ ဓားကို ကိုင်လိုက် မိသည်။ မိမိ၏ ပြိုင်ပွဲမှာ အောင်မြင်ရန်
လက်တစ်ကမ်းမျှသာ လိုတော့လေသည်။ ပိုင်လုံကို အနိုင်ရပါက ကျန်းနန်းမှာ သူလ
့ က်အောက် ကျရောက်ပေတော့မည်။ မည်သူက
လာရှုပ်နေသနည်း။

#မိုးထိတောင်သိုင်းသမား #ZYN
အခန်း (၂၂) အပိုင်း ငါး
ခိုငဖ
်ုန်း တိုက်ပွဲ

ထိုအချိန်မှာပင် အနက်ရောင် ပိတ်စ တစ်ခု က စင်မြင့်ဘေးရှိ အဆောက်အဦး၏ ခေါင်မိုးပေါ်မှ လွှင့်ပျံလာလေသည်။ ထို ပိတ်စက
စင်မြင့်ပေါ်တွင် ထောင်ထားသော ခုံတုံဂိုဏ်း၏ အလံအပေါ် တွင်ပတ်မိကာ ကြိုးသဖွယ် တန်းနေလေသည်။ ထို့နောက်
အဆောက်အဦးပေါ်မှ အနက်ရောင် ဝတ်ဆင်ထားသူ မိန်းကလေး တစ်ဦး ပေါ်ထွက်လာကာ ထိုပိတ်စတန်း ပေါ်မှ အသာယာပင်
ပြေးဆင်းလာလေသည်။
ထိုသို့ အသာအယာ ပြေးဆင်းလာ ပုံမှာ ကိုယ်ဖော့ပညာ ကောင်းလွန်းသူ ဖြစ်ကြောင်း သိသာစေသည်။ သူမ က အနက်ရောင်ကို
တစ်ကိုယ်လုံး ဝတ်ဆင်ထားပီး မျက်နှာကိုမူ အနက်ရောင် ဇာပုဝါဖြင့် စည်းထားကာ ဝင်းလက်သော မျက်လုံးအစုံကိုသာ မြင်နေရသည်။
သိုသော့် ရွှမ်းလဲ့သော မျက်လုံးအစုံမှာ ကြည်လင်နေပီး ကော့နေသော မျက်တောင်လေးများ မို့ဝန်းသော နဖူးတို့က ထိုမိန်းကလေးမှာ
မျက်နှာကို မမြင်ရသည့်တိုင် ချောမောလွန်းသူလေး ဖြစ်ကြောင်း သေချာ စေသည်။ သူက ပြေးဆင်းနေရင်း မှ
" အကိုကြီး... အကိုကြီးအပ်တွေက ပစ်တဲ့ သူကို မထိပဲ တခြားသူတွေကို ထိကုန်ပ.ီ .. ဘယ်လိုလဲ ပစ်တိုင်း မလွဲဘူးဆို "
ဟု အသံလွင်လွင်လေးဖြင့် ပြောလိုက်လေ သည်။

ထိုမိန်းကလေးက ထိုစကားကို ပြောပီးသော် စင်မြင့်ပေါ်တွင် သူတစ်ယောက်ပဲ ရှိသည့် အလား လက်ကလေးပိုက်ကာ ရပ်နေလေ


သည်။ ထို့နောက် ပိတ်စပေါ်တွင် လျှောတိုက် ဆင်းလာသော လူနှစ်ယောက် ပေါ်လာပြန် သည်။ ထိုလူနှစ်ယောက်မှာ တစ်ယောက် က
အနီရောင် တောက်တောက်ကို ဝတ်ဆင်ထားကာ မိန်းမများ ရှူံးအောင် ခြယ်သ ပြင်ဆင်ထားလေသည်။ ထိုသူမှာ ထိုသို့
ဝတ်ဆင်ထားသော်လဲ ရုပ်ရည်က ချောမောသဖြင့် ကြည့်ကောင်းနေသေးသည်။ တစ်ယောက်က မူ ကျောက်ယွင်ကျဲ ကဲ့သို့ပင်
ပိုးဖဲဝတ်စုံကို မင်းသားတစ်ပါးလို ဝတ်ဆင် ထားသည်။ သူ့ရုပ်ရည်မှာ ကျောက်ယွင်ကျဲ ထက် အတော်ပင် ချောမောနေရာ
ကျောက်ယွင်ကျဲ မှာ ထိုသူကို မြင်လျှင် ဘဝင်မကျတော့ချေ။ ထိုသူ နှစ်ယောက်က လဲ ရှေ့ဆင့်နောက်ဆင့် ပင် စင်ပေါ် ရောက်လာပီး
မိန်းကလေးနံဘေးတွင် ရပ်နေလေသည်။

မိန်းကလေးက အနီရောင်ဝတ်ဆင်ထားသူကို
" ဘယ်လိုလဲ အကိုကြီး... ညီမလေး မေးတာကို မဖြေပါလား "
ဟု စလိုက်လေသည်။

ထိုသူက ဝတ်စုံလက်စကို နှုတ်ခမ်းတွင် ကွယ် လိုက်ကာ တဟင်းဟင်း ဖြင့် ရယ်နေပီးမှ


" ညီမလေးရယ်... ဒီကတုံးကို ပစ်ချင်မှတော့ အဲ့လောက် အပ်အများကြီးသုံးမနေဘူး... အခုကြည့်လေ ကတုံးလက်ချက်နဲ့
လူနှစ်ဆယ်ကျော်လောက် သေကုန်ပီမလား ဒါသူသတ်တာပဲပေါ့... တို့နဲ့ဘာဆိုင်လဲ "
ဟု ခပ်နွဲ့နွဲ့ ပြောလိုက်လေသည်။

ဘေးမှ မင်းသားလိုလူကလဲ ပြုံးကာ


" ဟုတ်တယ် ညီမလေး... ပရိတ်သတ်တွေ ထဲမှာ ပန်းလေးတစ်ပွင့် ရှိနေတယ် မြက်ရိုင်းလေးတွေလဲ မနည်းဘူး ကတုံးရိုက်
ထုတ်လိုက်တဲ့ အပ်တွေ သူတို့ကို မထိအောင် အကိုလေးမှာ ဘယ်လောက်အားထုတ် လိုက်ရသလဲ... ဒီသူခိုးကတုံးဟာ အကျင့်ကို
မကောင်းဘူး "
ဟု ဝင်ပြောလိုက်လေသည်။

သူက ပြောလိုက်သော်လဲ အကြည့်ကမူ အော့မေ့ဂိုဏ်းဝင်များ ရှိရာ မှ မခွာချေ။ တခြားဂိုဏ်းသားများမှာ အပ်ထိမှန်ကာ သေဆုံးသူများ


ရှိသော်လဲ အော်မေ့ဂိုဏ်းဝင် များမှာမူ တစ်ယောက်မှ ထိမှန်ခြင်းမရှိချေ။

ကျိုးကျစ်ယွင် မှာမူ ထိသ


ု၏ စကားကြောင့် ခုနက အပ်များကို တားဆီးလိုက်သော အားလှိုင်းမှာ ထိုသူထုတ်လိုက်ခြင်း ဖြစ်ကြောင်း
သိလိုက်ရသည်။ ထိုသူ၏ ရုပ်ရည်မှာ တွမ့်ကျန်းယွမ် မင်စုထန်း တို့နှင့် ယှဉ်နိုင်အောင် ချောမောသော်လဲ ဘာကြောင့်ရယ်မသိ
ကျိုးကျစ်ယွင် မှာ မသတီ သလိုခံစားနေရသည်။ ထို့ကြောင့် သူမ က ကျေးဇူးတင်စကားမပြောပဲ
မသိချင်ယောင်ဆောင်လိုက်လေသည်။ ထို့အပြင် ထိုသူက တဏှာပါသော အကြည့်များဖြင့် သူမကိုယ်ကို အစုန်အဆန် ကြည့်နေသည်
မဟုတ်ပါလား။ သူမက ဆရာဖြစ်သူ ကျိုးမော့ကို ဖေးမကာ ပိုင်လုံ တို့ အနားသို့ မသိမသာ တိုးသွားလေသည်။

ရွှယ်ချီးမှာ လူငယ်လေး သုံးယောက်က သူ့ကို မှိုချိုးမျှစ်ချိုး ပြောနေသဖြင့် ဒေါသထွက်ကာ


" ဒီမယ် လူလေးတိ.ု့ .. ဒီလိုစကားပြောရဲတယ် ဆိုတော့ တော်တော်သိုင်းပညာကောင်းတယ် ထင်တယ်... ဘယ်လိုလဲ
စမ်းကြည့်ကြမလား"
ဟု အံကြိတ်ကာ ပြောလိုက်သည်။

အနက်ရောင် မိန်းကလေးက တခစ်ခစ် ရယ်ကာ စင်အောက်သို့ဆင်းသွားကာ


" အကိုကြီး နဲ့ အကိုလေး... ကတုံးကြီးကို အဖော်လုပ်မယ်ဆိုနေခဲ့လေ... ညီမလေး ကတော့ ပြိုင်ပွဲဆက်ကြည့်ချင်တာ "
ဟု ပြောလိုက်လေသည်။

သူ့အပြောကြောင့် အနီရောင်ဝတ်နှင့်လူ က ချက်ချင်းပင် သူမနောက် လိုက်ဆင်းသွား သည်။ ထို့နောက် မင်းသားပုံစံနှင့်လူ ကလဲ


ကျိုးကျစ်ယွင် ကိုသာ ကြည့်ပီး ဆင်းသွား ကြသည်။ သူတို့၏ ပုံစံမှာ ရွှယ်ချီးကို အလေးမထားသလို ဤခြံဝန်းအတွင်းရှိ မည့်သူ့ကိုမှ
ဂရုစိုက်ခြင်း မရှိပုံပေါ်သည်။

ရွှယ်ချီးမှာ သူ့ကို အဖက်မလုပ်သဖြင့် ဒေါသွက်ကာ နောက်ဆုံးမှ ဆင်းသော မင်းသားပုံစံနှင့်လူကို လှမ်းရိုက် လိုက်လေသည်။


အနက်ရောင် သိုင်းသမား ပီသသည်။ အနောက်မှ အလစ်ရိုက်သည့် တိုင် သတိပေးစကားပင် မပြောချေ။ ဆရာတော် ရွှယ်ထန်ကို
အနိုင်ယူထားသည့် လောင်မီးသိုင်းကွက်ကို အသုံးပြု လိုက်သဖြင့် ရွှယ်ချီး မှာ မည်မျှ ဒေါသထွက်နေကြောင်း သိသာနေသည်။

မင်းသားပုံစံနှင့်လူ က ကျိုးကျစ်ယွင် ကိုသာ ငမ်းနေသဖြင့် ထိုသို့ရိုက်လိုက်သည်ကို မမြင်ချေ။ အောက်မှမြင်လိုက်သူ


အနီရောင်ဝတ်နှင့်သူ က ရုတ်တရက် အပ်ဖြင့် ပစ်လိုက်လေသည်။ ရွှယ်ချီး မှာ ခရမ်းရောင် လဲ့နေသော အပ်သုံးချောင်း က သူ့လက်ဝါး
လည်ပင်း နှင့် ရင်ဘတ်ကို တိုးဝင်လာသဖြင့် မင်းသားပုံစံနှင့်လူ ကို ရိုက်ထုတ်လိုက်သော အား အရှိန်ကို အပ်သုံးချောင်းဆီသို့ ပို့လွှတ်
လိုက်လေသည်။ အပ်သုံးချောင်းမှာ တုံ့ ခနဲ့ ရပ်ကာ ပြုတ်ကျ သွားလေသည်။ အနီရောင်နှငလ
့်ူ က မင်းသားပုံစံနှင့်လူကို လှမ်းကာ
" တဏှာရူး... ကြည့်ကျက်ပီး ရူးဦး... သေကုန်ဦးမယ်... မင်းအချစ်တော် ကတုံးက သိုင်းပညာကောင်းတယ် ဆိုတာ မေ့နေသလား "
ဟု ဆဲရေလိုက်လေသည်။

မင်းသားပုံစံနှင့်လူ မှာ ထိုမှသာ သူ့အဖြစ်ကို သိရှိသွားပီး အနောက်လှည့်ကာ လက်ကို ယမ်းလိုက်လေသည်။ ဝတ်စုံလက်စမှ


အစိမ်းရောင် အခိုးအငွေ့များ ထွက်လာသည်။ ထိုအခိုးအငွေ့များ မှာ အတန်းလိုက် ရွှယ်ချီး မျက်နှာဆီသို့ တိုးဝင် သွားလေသည်။
ရွှယ်ချီးမှာ လန့်သွားပီး အားကုန်သုံးကာ အနောက်သို့ ခုန်ဆုတ်လိုက် တော့သည်။ သူ့မျက်နှာမှာ သေတွင်းမှ တက်လာသည့်နှယ်
အကြီးအကျယ် တုန်လှုပ် နေသည်။ ကျောက်ယွင်ကျဲ ပင် ထိုသူ နှစ်ယောက်၏ သိုင်းပညာကို မြင်သော် ဖြုံသွားလေသည်။ အပ်များဖြင့်
ပစ်သော အနီရောင်နှင့်လမ
ှူာ သူ့ထက် ဘယ်လိုမှ မညံ့ပေ။ ထို့အပြင် မင်းသားပုံစံနှင့်လူ က လဲ တစ်ကိုယ်လုံ အဆိပ်များဖြင့်
ပြည့်နေသည့် အလား ကြောက်စရာကောင်း လွန်းလှသည်။ ပိုင်လုံကတော့ သက်ပြင်းချ လိုက်လေသည်။ ထန်မျိုးနွယ် လူသတ်သမား
သုံးယောက်မှာ နာမည်ကြီးသလို အစွမ်းထက် လှသည် မဟုတ်ပါလား။ သူက ကျောက်ယွင်ကျဲ ကိုပင် ခေါင်းကိုက် နေရာ
ထိုသုံးယောက် ရောက်လာသဖြင့် ဘယ်လို လုပ်ရမလဲ မသိတော့ချေ။

မင်းသားပုံစံနှင့်လူ က ရယ်ကျဲကျဲဖြင့်
" ဟဲဟဲ... ကျနော်အကျင့်လဲ သိသားနဲ့ အကိုကြီးရာ... ဒါပေမဲ့ အကိုကြီး ရှိနေရင် ကျနော်က ဘယ်သူ့ကို ကြောက်နေရမှာလဲ "
ဟု အနီရောင်ဝတ်နှင့်လူ ကို ဖားလိုက်လေသည်။

အနီရောင်ဝတ်နှင့်သူ က မိန်းမရွှင်များကဲ့သို့ မျက်နှာကို မဲ့လိုက်ပီး


" အေး... ငါဆိုတာလဲ ကယ်နိုင်တာပဲ ကယ်နိုင်မယ်... မင်းကို ထိင
ုခုံမြင့်ပေါ်က လူနဲ့ ဟိုနားက အစ်ကိုကြီး ပိုင်လုံ က
သတ်မယ်ဆိုရင်တော့ ငါလဲ မတတ်နိုင်ဘူး... တဏှာမရူးနဲ့ ပွဲကြည့်မယ်ဆို ငြိမ်ငြိမ်ကြည့် "
ဟု ပြောလိုက်သည်။

အနက်ရောင်ဝတ်မိန်းကလေးက ပိုင်လုံ နှင့် ကျောက်ယွငက


်ျဲ ကို တစ်လည
ှ့်စီ ဂါရဝပြု ပီး
" ဂိုဏ်းချုပ်ကြီး နဲ့ မင်းသားလေး တို့ ပြိုင်ပွဲ စလို့ ရပါပီ... ကျမတို့ မောင်နှမ သုံးယေက် ဝင်ရှုပ်သလို ဖြစ်သွားတာကို ခွင့်လွှတ်ပါ "
ဟု ပြောလိုက်လေသည်။

ပိုင်လုံ က ပြန်ဂါရဝပြု ကာ ခေါင်းငြိမ့်ပြ လိုက်ပီး ကျောက်ယွင်ကျဲ ကတော့ နှာခေါင်းရှုံ့ လိုက်ကာ


" အေး... ဝင်ရှုပ်မှန်းသိလဲ အေးဆေးနေ ငါ့လက်က ဓားက မိန်းမတွေ ဘာတွေ နားမလည်ဘူး "
ဟု အေးစက်စွာ ပြောလိုက်လေသည်။

မိန်းကလေးမှာ ဘဝင်မကျသော်လဲ မငြင်းလို ၍ထင်သည် ဘာမျှမပြောတော့ချေ။ သူမ၏ အစ်ကို နှစ်ယောက်ကသာ ညီမဖြစ်သူကို


ငေါက်လိုက်သည့် ကျောက်ယွင်ကျဲကို ခပ်စူးစူး ကြည့်နေကြသည်။ သူတို့၏ အကြည့်မှာ ခွေးရူးတစ်ကောင်က မသေမချင်း
ကိုက်သတ်ရန် အငြိုးထားပုံမျိုး ဖြစ်ရာ ကျောက်ယွင်ကျဲမှာ အတော် ကျောချမ်းသွားလေသည်။ သို့သော်လဲ သူက မာန်တင်းလိုက်သည်။
သူသည်လဲ တောင်ပင်လယ် မင်းသားလေး ဖြစ်သည် မဟုတ်ပါလား။

ပြိုင်ပွဲမှာ အဘိုးကြီးလီ ဆိုသူနှင့် မုထူးဝါး တို့သာ ကျန်တော့ရာ သူတို့က စင်မြင့်ပေါ် တက်လာလေသည်။ ပိုင်လုံကတော့ မပြိုင်ခင်
ကတည်းကပင် ရှုံးမည်မှန်း သိနေသဖြင့် မုထူးဝါး တစ်ယောက် ဒဏ်ရာ မပြင်းစေရန်သာ ကျိတ်ဆုတောင်း မိသည်။ အဘိုးကြီးလီ
ဆိုသူကို သူက ကောင်းကောင်း သိနေသည်လေ။

အဘိုးကြီးလီက စင်ပေါ်မှ နေ၍ ပိုင်လုံကို လှမ်းကာ


" ပိုင်လုံ... တို့တွေ ဒီလိုပြန်တွေ့ကြပီနော် မင်းရိုက်လို့ ထွက်ပြေးခဲ့ရတဲ့ နေ့ကို ငါမှတ်မိ တုန်းပဲ... မင်းကို ငါမနိုင်ပေမဲ့ ငါ့သခင်လေးက
မင်းကို ငါ့အစား လက်စားချေပေးတာကို မြင်ရပီပေါ့ကွာ "
ဟု ပြောလိုက်လေသည်။

သူအမူအယာက သူယဥ
ှ ရ
် မည့် မုထူးဝါးကို အရေးမစိုက်ပုံ ဖြစ်နေသည်။ သူက သူကိုင်နေကြ ပုံဆန်းဓားကို ကိုင်လိုက်သည်။ ဓားမှာ
နှစ်ပေခန့်သာရှိပီး ဓားသွားက သာမန်ဓားများထက် ထူထဲသည်။ မုထူးဝါး က ဘာစကားမျှ မပြောချေ။ သူက သူ့၏ ရသေ့ဝတ်စုံကို
ဖြန့်လိုက်ပီး ညာလက်မှ ဓားရှည်ကို ခင်းလိုက်လေသည်။ သူက အဆင့်သင့်ဖြစ်နေလေပီ။ ဤနေရာတွင် အသက်သေသည့်တိုင်အောင်
သူက မဆုတ်မနစ် တိုက်ခိုက်တော့မည် ဖြစ်သည်။ မုထူးဝါး၏ ခိုင်မာသော စိတ်ဓာတ်ကို ခွန်လွန် တပည့်များသာမက ပရိတ်သတ်
အကုန်လုံး ပါ ခံစားမိလုက
ိကြသည်။ အဘိုးကြီးလီ ပင် အနည်းငယ် ဖြုံသွားလေသည်။

အဘိုးကြီးလီက အထင်မသေးတော့ပဲ ခပ်သွက်သွက်ပင် ယား ခနဲအော်ကာ တိုက်ခိုက်လိုက်သည်။ သူက တိုက်ပွဲကို အမြန်အဆုံးသတ်


လို၍ သူအသစ်တီထွင် ထားသော ဓားလက်ဝါး သိုင်းကွက်ကို အသုံးပြုလိုက်သည်။ နှစ်ပေဓား မှာ သာမန်ဓားထက် သေးငယ်ရာ
လက်ဝါးသိုင်းကွက်ကို ဓားသိုင်းအဖြစ် အံ့ဝင်ဂွင်ကျ ဖြစ်သွားလေသည်။ ဓားမှာ လက်ဝါးကဲ့သို့ပင် မုထူးဝါး တစ်ကိုယ်လုံးကို
တိုးဝင်သွားသည်။ မုထူး ဝါးမှာ ငြိမ်နေရာမှ ရုပ်တရက် လျှပ်စီးလက် သလို လျင်မြန်စွာ ရွေ့ပြောင်းပီး ဓားကွက်များကို ခုခံလုက
ိသည်။
အတွင်းအားချင်း မယှဉ်နိုင် သော်လဲ မုထူးဝါး၏ လျင်မြန်မှုကြောင့် အဘိုးကြီးလီ က တစ်ကွက်ထုတ်ချိန်တွင် မုထူးဝါးက
နှစ်ကွက်ထုတ်နိုင်ရာ အင်အားမှာ ညီမျှသွားသည်။

အနက်ရောင်မိန်းကလေးက အနီရောင်ဝတ်နှင့်သူ ကို လှမ်းကာ


" အကိုကြီး... ဟိုရသေ့ရဲ့ ဓားသိုင်းက အရမ်းလျင်မြန်တာပဲ... ဒီအတိုင်း ဆို အဘိုးကြီး ဒုက္ခရောက်မယ် ထင်တယ် "
ဟု ပြောလိုက်သည်။

အနီရောင်နှင့်လူ က ခေါင်းယမ်းကာ
" နင်မသိပါဘူး ညီမလေးရာ... ဒီလောက်လျင်မြန်မှတော့ အတွင်းအားပိုကုန် တာပေါ့... အစကတည်းက အဘိုးကြီးရဲ့
လက်ဝါးသိုင်းကွက်တွေထဲက အတွင်းအားကို မယှဉ်နိုင်တာ ဒီပုံအတိုင်းဆို အကွက်ငါးဆယ် မကျော်ခင် သူရှုံးမှာပဲ "
ဟု ပြောလိုက်လေသည်။

ထိုသူ၏ စကားမှာ အမှန်ပင်ဖြစ်သည်။ ထိအ


ု ဖြစ်ကို ပိုင်လုံ ကျောက်ယွင်ကျဲ မုထူးဝါး နှင့် အဘိုးကြီးလီ တို့ကလဲ သိသည်ပင်။
မုထူးဝါးမှာ လျင်မြန်မှုကို ရင်းကာ အဘိုးကြီး ဟာကွက်ကို တိုက်ခိုက်သော်လဲ အဘိုးကြီးမှာ အကွက်ကျကျ ခုခံနိုင်သည်။ အဘိုးကြီး
ခုခံကွက် များမှာ ထောင့်စေ့သည်။ မည်မျှ လျင်မြန်စွာ တိုက်ခိုကသ
် ည့်တိုင် ခုခံကာကွယ် နိုင်နေသည်။

အနက်ရောင်မိန်းကလေးက နှုတ်ခမ်းစူကာ
" ဓားကွက်ပါဆိုမှ... ဘာလက်ဝါးသိုင်းလဲ
အကိုကြီး မျက်စိမကောင်းတော့ဘူးလား "
ဟု ပြောလိုက်လေသည်။

အနီရောင်နှင့်လူ က ခေါင်းခါကာ
" စုစ.ု ... နင်တစ်ကယ် တုံးလှချည်လား...
ဒီအဘိုးကြီးက မိုး နန်းတော် သခင်ကြီး လီယုံဝမ်ရဲ့ ညီအရင်း လီကျင့်ဝမ် တဲ့... သူသုံးနေတဲ့ ဓားသိုင်းက တိဗက်က ကျလော့
လက်ဝါးသိုင်းကို သူ့ရဲ့ မိုးဓားသိုင်း နဲ့ ပေါင်းစပ် ထားတာ တိုက်ကွက်တွေက ကျလော့ လက်ဝါးသိုင်း ခုခံကွက်က မိုးဓားသိုင်း သူကတော့
ဓားလက်ဝါး လို့ခေါ်တာပဲ... "
ဟု တိတိကျကျ ရှင်းပြလိုက်လေသည်။

ပိုင်လုံ မှာ လီကျင့်ဝမ် ကို သူတစ်ယောက် သာ သိသည်ထင်နေသော်လဲ အနီရောင်ဝတ်နှင့်သူ က တိတိကျကျ သိနေသဖြင့် အံ့သြ
သွားလေသည်။ ထိ့အ
ု ပြင် ကျောက်ယွင်ကျဲ နှင့် လီကျင့်ဝမ် မှာလဲ ထိတ် ခနဲ ဖြစ်သွားကြသည်။

အနီရောင်နှင့်လူ က လီကျင့်ဝမ် ကို လှမ်းကာ


" အဘိုးကြီး ခင်များ တိဗက်နယ်စပ် ကို မသွားမိစေနဲ့နော် ခင်များလုပ်လို့ မျက်စိကန်း သွားတဲ့ အဆင့်သုံး ကိုယ်တော်က ခင်များကို
ရိုက်သတ်မှာ... ဒါပေမဲ့ စိတ်အေးလက်အေး ဖြစ်မနေနဲ့ဦး ခင်များမသေသေးတာကို ကျုပ်က သတင်းသွားပေးဦးမှာ "
ဟု ပြောလိုက်လေသည်။

လီကျင့်ဝမ် မှာ အဆင့်သုံးကိုယ်တော် ဟု အသံကြားသော် ပြာသွားကာ အာရုံစိုက်မှု လျော့သွားလေသည်။ မုထူးဝါးမှာ ဟာကွက်


ကိုစောင့်နေသူ ဖြစ်ရာ အခွင့်အရေးရပြီ ဟု သဘောပေါက်လိုက်ပီး တိမ်ကြားကလျှပ်စီး သိင
ုးကွက်ကို အတွင်းအားအကုန် ထည့်ကာ
ဓားချက်ပေါင်း ငါးဆယ်တိတိ ထိုးသွင်းလိုက် လေသည်။ သူ့သုံးလိုက်သည်မှာ ရှိသမျှ အတွင်းအား အကုနအ
် စင် ဖြစ်၍ ဓားချက်များက
လီကျင့်ဝမ် ကိုထိလျှင်ပင် သူတွင် လှုပ်စရာ အားကျန်မည် မဟုတ်တော့ချေ။

အနီရောင်ဝတ်နှင့်သူမှာ တမင်ပင် ထိုအခွင့်အရေးကိုရအောင် ဖန်တီးပေးလိုက် ခြင်း ဖြစ်သည်။ သူက အင်အားကို တွက်ကြည့်မိရာ


ကျောက်ယွင်ကျဲ တို့ဘက်မှ အတော်သာ နေသည် ကိုတွေ့သဖြင့် လီကျင့်ဝမ် ကိုသေ စေချင်နေသည်။ သို့မှသာ သူတို့က ကြားမှ
အမြတ်ထုတ်နိုင်ပေမည်။ ဂိုဏ်းခြောက်ဂိုဏ်း တွင် ပိုင်လုံ ကလွဲ၍ ကျန်သူများမှာ ဒဏ်ရာရ နေကြပီ ဖြစ်သည်။ တောင်ပင်လယ်ဂိုဏ်း
တွင်တော့ ဓားကိုင်ကာ ငိုက်နေသော ပိုင်ချုန်းရန်၊ ကတုံးကြီး ရွှယ်ချီး နှင့် လီကျင်ဝ
့ မ် အပြင် ကျောက်ယွင်ကျဲ ကျန်နေသေးသည်။
သူတို့မှာ သုံးယောက် တည်းသာ ရှိရာ ငါးယောက် သုံးယောက် မယှဉ်နိုင်ချေ။ ထို့ကြောင့် အငှါးလက်ဖြင့် လူသတ်လိုခြင်း ဖြစ်သည်။
#မိုးထိတောင်သိုင်းသမား #ZYN
အခန်း (၂၂) အပိုင်း ခြောက်
ခိုင်ဖုန်း တိုက်ပွဲ

လီကျင့်ဝမ် မှာ လျပ်တပျက် မျှသော အချိန်လေး စိတ်လွတ်သွားရာ မှ ချက်ချင်းပင် လျင်မြန်သော ဓားချက်များကို ရင်ဆိုင်လိုက်ရသော်
လန့်သွားလေသည်။ ဓားချက်များမှာ တစ်ကိုယ်လုံးကို လွှမ်းခြုံလာ သည်။ လီကျင့်ဝမ် မှာ ဆုံးဖြတ်ချက် ချလိုက်ကာ သေကွင်းသေကွက်
နေရာများကို သာ ကာကွယ်လိုက်လေသည်။ ထိုသို့ မလုပ်လျှင် မမီတော့ချေ။ ဓားချက်များမှာ လျင်မြန်လွန်း လှသည် မဟုတ်ပါလား။
အချက်ပေါင်း ငါးဆယ် ထိုးခုတ်ပီးသော် မုထူးဝါးမှာ ဓားလွတ်ကျကာ ငြိမ်သက်သွား သည်။ သူ့အဖို့ တိုက်စစ်သက်သက် ကို
အာရုံစိုက်ပီး အားကုန်ထုတ်သုံးလိုက်ရာ အချက်ပေါင်း ငါးဆယ်ထဲမှ ဘယ်နှစ်ချက် ထိသွားလဲပင် မသိချေ။ သူက မောပန်း လွန်းသဖြင့်
မလှုပ်နိုင်တော့ချေ။

ထို့သို့ဆိုလျှင် လီကျင့်ဝမ် မှာ ရှုံးသွားလေ သလား။ မဟုတ်ပါ။ လီကျင့်ဝမ်မှာ တကိုယ်လုံး ဓားဒဏ်ရာများ ပြည့်နှက် နေသော်လဲ
မသေချေ။ ဒဏ်ရာများမှာ အပေါ်ယံ သာဖြစ်ပီး သေကွင်းသေကွက် နေရာများကို မထိသဖြင့် ပကတိအတိုင်းပင် ဖြစ်သည်။ သိုသော့်
ဝတ်စုံမှာ ရာစရာမရှိ အောင် စုတ်ပြဲနေသလို ဆံထုံးကိုပင် ခုတ်ဖြတ် မိသဖြင့် ဆံပင်များပြေကျကာ ရှုပ်ပွ စုတ်ပြတ်သွားသည်။
သွေးများလဲ ယိုစီးနေသဖြင့် ကြည့်ရသူအပေါင်းမှာ လီကျင့်ဝမ် ရှုံးသွားသည် ဟု ထင်နေကြသည်။

ပိုင်လုံ က ကမန်းကတန်း ပင် စင်ပေါ်တက် ကာ မုထူးဝါးကို ဆွဲခေါ်ရန် ပြင်လိုက်လေသည်။ ကျောက်ယွင်ကျဲ က လက်ပြ လိုက်ရာ
ရွှယ်ချီးက ရိပ်ခနဲ ပိုငလ
်ုံ ရှေ့သို့ ကာလိုက်ပီး
" နေပါဦး ဂိုဏ်းချုပ်ကြီး အရှုံးအနိုင် မကွဲပြားသေးပါဘူး... ပြောရမယ်ဆိုရင် ကျုပ်တို့ဘက်ကတောင် ရှုံးနေသေးတယ်
ဘာလဲ စည်းကမ်းဖောက်ပီး တိုက်ပွဲ လုပ်တော့မလို့လား ကျုပ်တို့ကတော့ ပွဲ မရွေးဘူးနော် "
ဟု ပြောလိုက်သည်။

ထိုအခါ စင်ပေါ်မှ လီကျင့်ဝမ် က တဟားဟား နှင့် ရယ်လိုက်လေသည်။ ထိုရယ်သံကြီးမှာ ငှက်ဆိုးထိုးသံ အလား ကြားသူများ နားထဲ
သို့ဝင်သွားလေသည်။ ထိုအသံမှာ မုထူးဝါး အတွက်တော့ သေမင်းခေါ်သံ ဖြစ်လေသည်။ ပိုင်လုံ မှာကယ်ပေးချင်သော်လဲ သူဇွတ်ကယ်
လိုက်ပါက ကျောက်ယွင်ကျဲတို့မှာ ဝိုင်းတိုက်ကြမည့် ပုံပေါ်သည်။ အကုန်လုံးသာ တိုက်ပွဲဖစ်ကြလျှင် သူတို့ဘက်က လူများ
ပိုနစ်နာပေဦးမည်။ ထို့အပြင် ထန်မျိုးနွယ် သုံးယောက်မှာလဲ ရှိသေးသည်။ အကယ်၍ တိုက်ပွဲ ဖြစ်လျှင် ထိုသူများက အမြတ်ထုတ်မည်
ဖြစ်ရာ စင်ပေါ်သို့ မတက်ရဲတော့ပဲ တွန့်ဆုတ်သွား လေသည်။

လီကျင့်ဝမ် က ဓားဒဏ်ရာများ ပြည့်နေသော မျက်နှာကြီးဖြင့် မုထူးဝါးကို မခိုးမခန့် ပြုံးကာ ဓားဦးကို မုထူးဝါးဆီသို့ ချိန်ရွယ်
လိုက်လေသည်။ ပိုင်လုံ မှာ ထိုအဖြစ်ကိုမြင် သော် လီကျင့်ဝမ် က ဓားထဲမှ အပ်များဖြင့် မုထူးဝါးကို သတ်တော့မည် ဖြစ်ကြောင်း
သိလိုက်လေသည်။ သူက မုထူးဝါး ရှောင်နိုင်ရန် ဆုတောင်းမိလိုက်သည်။

သူ့ ဆုတောင်းမှာ ပြည့်ရန်မလွယ်ချေ။ မုထူးဝါး မှာ ရှောင်ရန်မဆိုထား ပါးစပ်လှုပ်ရန် ပင် အားမရှိချေ။ သူက မျက်စိမှိတ်ကာ ဘုရား
တလိုက်လေသည်။ အနီရောင်ဝတ် ဆင်ထားသော ထန်ဝူက သူဖန်တီးပေးသော အခွင့်အရေးကို မယူနိုင်သည့် မုထူးဝါး ကို
အမြင်ကတ်သွားသည်။ အသုံးမကျသူ ဟု မြင်ကာ ကူညီရန် စိတ်ကူးမရှိတော့ချေ။ ကျန် နှစ်ယောက်မှာလဲ ထပ်တူပင် ဖြစ်သည်။
သူတို့က ဘယ်သူသေသေ စိတ်မဝင်စားချေ။

ဘယ်သူမှ မကယ်နင
ိုသော မုထူးဝါးမှာ သေရပေတော့မည်။ လီကျင့်ဝမ် က ဓားရိုးမှ ခလုတ်ကလေးကို ဖိနှိပ်လိုက်သော် ချပ် ခနဲ
အသံထွက်လာ ကာ အပ်ကိုးချောင်း တိတိ ထွက်လာလေသည်။ အပ်များ၏ ဦးတည်ရာ က မုထူးဝါး၏ သေကွင်းသေကွက် နှလုံးသား
ရှိရာသို့ ဖြစ်သည်။

ထိုစဉ် ရွှီး ခနဲ လေတိုးသံ ထွက်ပေါ်လာကာ


မုထူးဝါး နှင့် အပ်များကြားသို့ အပြာရောင် အဝတ်စ တစ်စ ပြေးဝင်လာတော့သည်။ ထိုအဝတ်စမှာ ဝတ်စုံလက်စ ကို ဖြဲထား ဟန်တူပီး
ပြေးဝင်လာသော အရှိန်က ပြင်းထန်လွန်းကာ အပ်များကို ဓားတစ်ချောင်း သဖွယ် ရိုက်ထုတ်သွားသည်။
" ချွမ်... "
သံသံချင်း ထိသကဲ့သို့ပင် ထိုအဝတ်စ မှာ အပ်များကို ရိုက်ထုတ်ကာ ကြမ်းပြင်ပေါ်တွင် စိုက်နေလေသည်။

ကြည့်လိုက်ရသူ အပေါင်းမှာ ဟာ ခနဲ ဖြစ်သွားလေသည်။ အဝတ်စပိုင်း လေးကို ထိုသို့ ဓားသဖွယ် ပစ်လွှတ်နိုင်ခြင်း မှာ
သိုင်းလောကတွင် လက်ချိုးရေ၍ ရသော အတွင်းအား နက်ရှိုင်းသူများသာ လုပ်နိုင်လေသည်။ သူတို့အားလုံးက အဝတ်စလာရာ သို့
ကြည့်မိသော် မည်သူ့ကို မှ မတွေ့ရချေ။
သူတို့က ကြောင်စီစီ ဖြစ်သွားလေသည်။ ပိုင်လုံ နှင့် ကျောက်ယွင်ကျဲ ကတော့ စိတ်ထဲ တွင် မဟုတ်မှလွဲရော ထိုသူများလား ဟု
တွေးမိကြသည်။ သို့သော် မည်သူမျှပင် ပေါ်မလာချေ။ ပိုင်လုံ မှာ ချက်ချင်းပင် အသံကျယ်ကျယ်ဖြင့်
" ဒီပွဲကိုတော့ ကျုပ်တို့ ဘက်က အရှုံးလို့ သတ်မှတ်ပါတယ်... ကဲနောက်ဆုံးပွဲ အနေနဲ့ ကျုပ်ထွက်ပါမယ်... ဘယ်သူကျုပ်နဲ့ ယှဉ်မှာလဲ "
ဟု ပြောလိုက်လေသည်။

ထိုမှသာ ခွန်လန
ွ်ဂိုဏ်းသားများက မုထူးဝါး ကို တွဲခေါ်နိုင်တော့လေသည်။ ကျောက်ယွင်ကျဲ မှာ အရည်အချင်းရှိသော ရန်သူ
တစ်ယောက်ကို လွတ်ပေးလိုက်ရ သဖြင့် ဒေါသထွက်သွားလေသည်။ သူက ရှေ့ထွက်ကာ ဓားကိုထုတ်လိုက်ပီး
" သူဖုန်းစားဂိုဏ်းချုပ်ကြီး ကိုတော့ ကျုပ် ကျောက်ယွင်ကျဲ ကပဲ ယှဉ်လိုက်ပါမယ်... ကျုပ်ကို နိုင်ရင် ကျုပ်က ကျန်းနန်ကနေ
ထွက်သွားပေးမယ် ကျုပ်နိုင်ရင်တော့ ခင်များတို့ ဂိုဏ်းခြောက်ဂိုဏ်း စလုံး ကျုပ် အမိန့်ကို နာခံကြရမယ် "
ဟု ပြောလိုက်သည်။

ထန်မောင်နှမ သုံးယောက်မှာ ထိုစကား ကိုကြားသော် နှာခေါင်းရှုံ့ လိုက်ကြသည်။ သူတက


ို့ ဘယ်လိုမှပင် ကျောက်ယွင်ကျဲ ကို
သဘောမကျချေ။ အခုလို စကားကြီး စကားကျယ် ပြောလိုက်သော် ပို၍ အမြင် ကတ်သွားကြလေသည်။ သူတို့က ပိုင်လုံ ကိုပင်
နိုင်စေချင်သွားသည်။ အနီရောင် ဝတ်ထားသော ထန်ဝူက ပိုင်လုံ ရှုံးလျှင် အပ်ဖြင့် ဝင်ပစ်ရန်ပါ စဉ်းစားနေလေသည်။

ပိုင်လုံ ကတော့ ခပ်အေးအေးပင် ရှိနေသည်။ သူက စိတ်လှုပ်ရှားနေသော်လဲ စိတ်မပူချေ။ သူ့တွင် နောက်ခံ ရှိလာလေပီ။ အပြာရောင်
အဝတ်စကို ပစ်လွှတ်သူသည် မုထူးဝါး သေမည်ကိုပင် မကြည့်နိုင်ရာ သူ့ကိုဆိုလျင် နေနိုင်မည် မဟုတ်ချေ။ သူက ယုံကြည်မှု
အပြည့်ဖြင့် ကျောက်ယွင်ကျဲ ကိုကြည့်လိုက်သည်။

ကျောက်ယွင်ကျဲမှာ ရုတ်တရက် ယုံကြည်မှု အပြည့် ဖြစ်လာသော ပိုင်လုံ ကို ကြည့်ကာ တွေဝေသွားသည်။ ထို့နောက်မှသာ မာန်တင်း
ကာ ခပ်ထန်ထန် ပြန်ကြည့်လိုက် သည်။ သူ့ဘက်က အစစအရာရာ သာနေ သည်လေ။ သူက ဓားကို ထုတ်ကာ ယား ခနဲ အော်ပီး
ပြေးခုတ်လိုက်လေသည်။ သူတို့ တောင်ပင်လယ်ဓားသိုင်း မှာ ခုတ်ဓားသိုင်း ဖြစ်သည်။ ဓားက ဗြက်ကျယ်လွန်းကာ ဓားမ သဖွယ်
ရှိသည်။ ထိပ်ပိုင်းသည်ပင် သာမန်ဓားများကဲ့သို့ မချွန်ချေ။ ထောင့်ချိုး အဖြစ်ရှိလေသည်။ သူခုတ်လိုက်ပုံ မှာ ပြင်းထန်သလို
တိကျသည်။ ရှားမှရှားသော ဓားသမား ပီသသည်။ အချိန်အဆ မှန်လွန်း လေသည်။ ပိုင်လုံ မှာ နံဘေးသို့ရှောင် လိုက်ပီး လက်ဝါးဖြင့်
နံကြားသို့ ရိုက်လိုက် သည်။ အတွင်းအားလှိုင်း က ဟုတ် ခနဲ ထွက်လာကာ တိုးဝင်သွားသည်။ ကျောက်ယွင်ကျဲ က ဓားဖြင့် ထိုးခွဲကာ
ခုခံလိုက်လေသည်။ ထိုသြို့ ဖင့် အကွက်ပေါင်း ငါးဆယ်ကျော် အပြန်အလှန် တိုက်ခိုက်ကြရာ လက်ညီနေလေသည်။ ပရိတ်သတ်များ မှာ
အလွန်ကြည့်ကောင်းနေသဖြင့် မျက်စိပင် မလွှဲနိုင်ချေ။

ခပ်လှမ်းလှမ်းမှ အဆောက်အဦး ခေါင်မိုး ပေါ်တွင် ကြည့်နေသော သူတစ်ယောက်လဲ ရှိလေသည်။ ထိုသူက ဓားကို ပခုံးပေါ် တင်ကာ
ညာလက်က ဆိတ်သားရေအိတ် ကိုမြှောက်ကာ အရက်သောက်နေသည်။ ထိုသူက အပြာရောင် သိုင်းဝတ်စုံကို ဝတ်ဆင် ထားပီး
ဘယ်ဘက် လက်စမှာ တစ်ထွှာခန့် စုတ်ပြဲ နေလေသည်။သူ့ရုပ်ရည်မှာ ချောမော သော်လဲ မုတ်ဆိတ်ကျင်စွယ်များကို မရိတ်သင်ပဲ
ထားလေသည်။ သို့သော် ထိုပုံစံ ကပင် အရိုင်းဆန်ကာ တစ်မျိုး ဆွဲဆောင်မှု ရှိနေသည်။ သူက ပြိုင်ပွဲကို ကြည့်လိုက်
အရက်သောက်လိုက်ဖြင့် အေးဆေး ဖြစ်နေပုံ ရသည်။

အနက်ရောင် မိန်းကလေးမှာ ပြိုင်ပွဲကို ကြည်ေ


့ နရာမှ တစ်မျိုးတစ်မည် ခံစားရသဖြင့် အနောက်သို့ လှည့်ကြည့်မိရာ ခေါင်မိုးပေါ် တွင်
ခြေပစ်လက်ပစ်ထိုင်ကာ အရက် သောက် နေသော ထိုသူကို တွေ့သွား လေ သည်။ ထိုသူကလဲ သူမကို ကြည့်လိုက်ရာ
အကြည့်ချင်းဆုံသွားသည်။ ဘာရယ် ကြောင့်မှန်း မသိ သူမမှာ ထိုသူ၏ အကြည့်စူး ကြောင့် ရင်ဖိုသွားကာ မျက်နှာလွှဲလိုက်မိ သည်။
သတိဝင်လာ၍ ပြန်ကြည့်မိသော် ထိုသူမှာ မရှိချေ။ သူမက ဝမ်းနည်းသလို ခံစားမိကာ ပြိုင်ပွဲသို့ အကြည့်ပြန် လွှဲ လိုက်သည်။

ပြိုင်ပွဲက အတော်ပင် အရှိန်တက် နေလေပီ။ ကျောက်ယွင်ကျဲမှာ တောင်ပင်လယ် ဓားသိုင်း ကို အကုန်အစင်သုံးသော်လဲ ပိုင်လုံက
ခုခံနိုင်နေသည်။ သူက ဒေါသ ထွက်မိသလို ပိုင်လုံ ကိုလဲ ချီးကျူးမိသည်။ ဤလူမှာ အတော်ကို သိုင်းပညာကောင်း သည်
မဟုတ်ပါလား။ ကျောက်ယွင်ကျဲ က သူ သင်ထားသော နတ်ဆိုးဓားသိုင်း မှ ပထမ အကွက်ကို သုံးရန် ဆုံးဖြတ်လိုက်သည်။ သူက
နတ်ဆိုး အတွင်းအားကို အဆင့် ၁ သို့ မြှင့် တင်လိုက်သည်။ သူ၏ သွေးကြောများမှာ ခရမ်းရောင်သမ်းလာကာ သွေးကြောများ ကိုပင်
မြင်လာရသည်။ ပိုင်လုံက ထိုအဖြစ်ကို မြင်သော် ထိတ်လန့်သွားသည်။ သူက ပါးစပ် မှ တစ်စုံ တစ်ခုကို ရွတ်ရန် ပြင်လိုက်စဉ်

" နတ်ဆိုးအတွင်းအား ပါလား... "


ဟု ရေရွတ်သံ ထွက်လာလေသည်။ ပြောလိုက်သူမှာ အနီရောင် ဝတ်ထားသော ထန်ဝူ ဖြစ်ပီး သူက အံ့အားသင့် နေပုံရသည်။

ကျောက်ယွင်ကျဲ က ရယ်လိုက်ကာ
" ဟားဟား... ထန်ဝ.ူ .. မင်းကဘယ်ဆိုး လို့လဲ နတ်ဆိုးအတွင်းအား ကိုတောင် သိနေပါ့လား ကြည့်ရတာ မင်းတို့ကလဲ အဆိပ်မိစ္ဆာ နဲ့
ပတ်သတ်မယ် ထင်တယ် "
ဟု ပြောလိုက်လေသည်။

ထန်ဝူ မှာ ပြန်မဖြေချေ။ သူက လက်ချောင်းများ ချိုးကာ တွက်ချက် နေလေသည်။ သူ့အဖို့ ဒီနေ့အတွက် တွက်ခြေ မကိုက်ရန်
အလားအလာများ နေသည်လေ။ သူက မျက်နှာကို မဲ့ကာ
" ဒီလိုပဲ သိတယ် ဆိုပါတော့... ထားလိုက်ပါ ဒါတွေက အရေးမပါပါဘူး "
ဟု ပြောကာ ညီဖြစ်သူ နှင့် ညီမဖြစ်သူ ကို အသင့်ရှိနေရန် အချက်ပြလိုက်လေသည်။

ပိုင်လုံ ကတော့ သူ့ခါးတွင် ချိတ်ထားသော ခွေးရိုက်တုတ်ကို ထုတ်လိုက်လေသည်။ သူဖုန်းစားဂိုဏ်းချုပ် ဖြစ်ပီး နှစန


ှ်စ် အတွင်း ပိုင်လုံ
မှာ ခွေးရိုတ်တုတ် ကိုထုတ် ရသည် ဟု မရှိသေးချေ။ ယခုမူ သူက ထုတ်လိုက်ချေပီ။ ပိုင်လုံက ခွေးရိုက်တုတ်ကို ကိုင်ကာ
အသင့်စောင့်နေလိုက်သည်။ ကျောက်ယွင်ကျဲ ယား ခနဲ အော်ကာ နတ်ဆိုးဓားသိုင်းမှ ပထမအကွက် နတ်ဆိုးဒေါသ သိုင်းကွက်ကို
ထုတ်ဖော် လိုက်သည်။ ဓားရိပ်များမှာ အရပ် လေးမျက်နှာ မှ ခွဲဖြာလာကာ ပိုင်လုံ ဆီသို့ တိုးဝင်လာလေသည်။ ပိုင်လုံက လဲ
ခွေးရိုက်တုတ် ကို ယမ်းကာ ခွေးဆိုးအစာမြူ ဟူသော သုံးဆယ့်လေးကွက် မြောက် သိုင်းကွက်ကို ထုတ်ဖော်ကာ ခုခံလိုက်သည်။
ထို့အကွက်မှာ ပုလုံ ကိုယ်တိုင် ရှောင်စစ်တောင် ပေါ်တွင် ကစားသကဲသ
ို့ အစိမ်းရောင် အရိပ်များကာ ပိုင်လုံကို လွှမ်းခြုံ သွားလေသည်။
တုတ်အရိပ်များက ခွဲဖြာ ထွက်ပီး ခုခံသွားသဖြင့် ဝုန်း ခနဲ အသံထွက် ကာ ပိုင်လုံနှင့် ကျောက်ယွင်ကျဲ တို့မှာ ခြေဆယ်လှမ်းစီ
ဆုတ်လိုက်ကြရသည်။ အတွင်းအား နှင့် သိုင်းပညာမှာ တူညီနေလေသည်။

ကျောက်ယွင်ကျဲ မှာ ထိုအဖြစ်ကို လက်မခံ နိုင်ချေ။ ဘယ်လိုကြောင့်များ ပြည်မသိုင်း ပညာက သူတို့၏ လျှို့ ဝှက် သိုင်းကို ခုခံနိုင်
ရသနည်း။ သူက ဒေါသထွက်ကာ နတ်ဆိုးအတွင်းအား ကို အဆင့် ၂ သို့ မြှင့်တင် လိုက်သည်။ ယခင်က ခရမ်းရောင် သမ်းနေသော
သွေးကြောများမှာ သွေးကြော မကြီးများ ဖြစ်သော် ယခုမူ သွေးကြောငယ် တစ်ချို့ ပါ ခရမ်းယောင်သမ်းကာ ပေါ်လာလေသည်။
လည်ပင်းရှိ သွေးကြောများပါ ခရမ်းယောင်သမ်း နေလေ သည်။ ပိုင်လုံ မှာ အံ့သြနေသော်လဲ ခွေးရိုက်တုတ်ကို ကျစ်ကျစ်ပါအောင်
ဆုတ်ထားကာ နောက်ဆုံးသိုင်းကွက် ကို သုံးရန် ပြင်လိုက်တော့သည်။ ခွေးရိုက်တုတ် သိုင်း သုံးဆယ့်ခြောက်ကွက်တွင်
၃၅ကွက်မြောက် မြက်ရိုက်မြွေခြောက် သိုင်းကွက်ကို မသုံးတော့ပဲ ၃၆ကွက်မြောက် ဖြစ်သည့် ခွေးဆိုးမောင်းထုတ် သိုင်းကွက် ကို
အသုံးပြုရတော့မည်။ ကျောက်ယွင်ကျဲ ကလဲ နတ်ဆိုးဓားသိုင်း မှာ ဒုတိယ အကွက် နတ်ဆိုးမောဟ ကို အသုံးပြုရန် ကြံလိုက်သည်။

မျက်လုံးများပင် နီရလ
ဲာကာ ကျောက်ယွင်ကျဲ မှာ တစ်ကိုယ်လုံး တုန်ယင်လာပီး ယား ခနဲ ခုန်အုပ် လိုက်လေသည်။ ညာဘက်က ဓားမှာ
ပြင်းထန်သော အရှိန်ဖြင့် ပိုင်လုံ ဆီသို့ တိုးဝင်သွားပီး ဘယ်လက်မှာလဲ ကုတ်ဆွဲ လိုက်လေသည်။ လေပေါ်မှ ဓားရော ကုတ်ဆွဲ
ကွက်ကော ထုတ်လိုက်သည် ဖြစ်ရာ ပိုင်လုံမှာ ရှောင်ရန် နည်းမရှိချေ။ သူက ခွေးရိုက်တုတ် ကို ယမ်းလိုက်ကာ ခွေးဆိုးမောင်းထုတ်
သိုင်းကွက်ကို ထုတေ
် ဖာ် လိုက်သည်။ ခွေးရိုက်တုတ်မှာ ဓားကို ကန့်လန့်ဖြတ် ရိုက်ထုတ်လိုက်ပီး ပိုင်လုံ၊ ခြေထောက်မှာ
ကိုယ်တစ်ပတ်လည်ကာ ကျောက်ယွင်ကျဲ၏ အောက်ပိုင်းသို့ တိုးဝင်သွားသည်။ ကျောက်ယွင်ကျဲ မှာ လေပေါ်မှ ကျလာသူ ဖြစ်ရာ
အောက်ပိုင်းကို ကန်လိုက်သော် မရှောင်နိုင်ချေ။ သူက ကုတ်ဆွဲသော ဘယ်လက်ကို ပိုင်လုံ ခြေထောက်ကို ပို့ကာ ခုခံလိုက်ရသည်။
" ဝုန်း... "
ကျောက်ယွင်ကျဲ မှာ ခြေဆယ်လှမ်းစာ လွှင့်စင် သွားပီး ပြုတ်ကျလာလေသည်။ သို့သော် သူက လက်အနည်းငယ် ထုံကျင်ရုံ သာဖြစ်ပီး
ဒဏ်ရာမရချေ။ ပိုင်လုံ ကတော့ ခြေထောက်မှာ အပေါက်ရာ ငါးခု ဖြစ်ကာ သွေးများယိုစီးလာလေသည်။ ပိုင်လုံက သွေးကြော ပိတ်၊
ခါးစည်းကြိုးကို ဖြုတ်ပီး ခွေးရိုက်တုတ်ကို ကျိုးသွားသော ညာခြေတွင် ကပ်ကာ စည်းထားလိုက် လေသည်။ ထို့ကြောင့် သူက ခြေကျိုး
သွားသော်လဲ မတ်တပ်အရပ် မပျက်တော့ချေ။

ပရိတ်သတ်များမှာ ပိုင်လုံ အထိနာသွား သည်ကို မြင်သော် မျက်နှာပျက်ကာ ကြောက်စိတ်များ စိမ့်တက်လာကြသည်။ ထန်မောင်နှမ


သုံးယောက်သည်ပင် လက်ဖျားများ အေးစက်သွားကာ တစ်ယောက် နှင့်တစ်ယောက် ကြည့်မိကြသည်။ ကျောက်ယွင်ကျဲ၏
နတ်ဆိုးဓားကွက် မှာ ကြောက်ခမန်းလိလိ အစွမ်းထက်လန
ွ်းနေသည်။ ခေါင်မိုးပေါ်မှ နေ၍ အောက်သို့ဆင်းကာ လူကြားထဲ ရပ်နေသူ
ဝတ်စုံပြာနှင့်သူ ပင် အမူးပြေ သွားသလို ဆတ် ခနဲ ဖြစ်သွားလေသည်။

ပိုင်လုံကတော့ သူ့တွင် ရှိသမျှ အတွင်းအား အကုန်ကို စုစည်းနေလိုက်သည်။ သူ့အဖို့ ကတော့ နောက်တစ်ကွက် သာ ခုခံနိုင်တော့ မည်
ဖြစ်သည်။ ထိုတစ်ကွက်သည်ပင် အသက်နှင့်ရင်း၍ ခုခံရမည် ဖြစ်ရာ ပိင
ုလုံက သူ့စိတ်တွင် ရှိသောသူ လာပါစေဟု သာ
ဆုတောင်းလိုက်သည်။

ကျောက်ယွင်ကျဲ ကတော့ ဒေါသထွက် သထက် ထွက်လာနေသည်။ သူက နတ်ဆိုးဓားကွက် နှစ်ကွက် သုံးသည့်တိုင် ပိုင်လုံမှာ
မတ်မတ်ရပ်လျှက် ရှိသေးသည် မဟုတ်ပါလား။ သူက သူ့တတ်ကျွမ်းသမျှ ထုတ်သုံးရန် ဆုံးဖြတ်လိုက်သည်။ နတ်ဆိုး အတွင်းအားကို
အဆင့် ၃ အထိ မြှင့်တင် လိုက်သော် လီကျင့်ဝမ် က စိတ်ပူသော အသံဖြင့် ကမန်းကတန်း ထအော်လိုက်လေသည်။
" သခင်လေး... ရပ်လိုက်ပါ "
ကျောက်ယွင်ကျဲ မှာ မရပ်နိုင်တော့ချေ။ သူက အဆင့် ၃ အထိ မြှင့်လိုက်လျှင် သူကျင့်ကြံထားသော အတွင်းအားများ မှာ
ပြိုကွဲသွားနိုင်သည်။ အကြောင်းမှာ အဆင့် ၄ တွင်ပါသော အတွင်းအားထိန်းချုပ်နည်း များကို သူမတတ်မြောက်သောကြောင့် ဖြစ်သည်။
ထိုနည်းစနစ်ကို သူ့ဖခင် ကျောက်လွေပင် မနည်းတတ်မြောက်အောင် ကျင့်ထားရလေရာ သူမတတ်သည်မှာ အဆန်း မဟုတ်ချေ။
သိုသော့် ကျောက်ယွငက
်ျဲ က မြှင့်တင်လိုက်လေ သည်။ ဒီနေ့ သူသေ သွားသည့်တိုင် ပိုင်လုံ ကိုရှင်းမှ ဖြစ်မည်။ သူ့အဖို အရှုံးဆိုတာကို
မလိုချင်ပေ။ သူက အဆင့် ၃ အထိ မြှင့်လိုက်သော် ခရမ်းရောင် သွေးကြောများ က ပိုမို များပြားလာပီး မျက်နှာပေါ်တွင်ပါ
ပေါ်လာလေသည်။ သူက နတ်ဆိုးဓားကွက် ၏ တတိယ အကွက် နတ်ဆိုးလောဘ ကို ထုတ်သုံးပေတော့မည်။

ပိုင်လုံမှာ ခရမ်းရောင်မျက်နှာနှင့် ကျောက်ယွင်ကျဲ ကိုကြည့်ကာ အတွင်းအား အကုန် စုစည်းလိုက်သည်။ ထို့နောက် သူက ပင် စကာ
ယား ခနဲ အော်ကာ လက်ဝါးဖြင့် ရိုက်ထုတ်လိုက်သည်။ ထိုအကွက်မှာ ပုလုံ ကို သိုင်းလောက ဒုတိယ ရစေသော မာနနဂါးရဲ့နောင်တ
ဖြစ်လေသည်။ ပိုင်လုံ ၏ အတွင်းအားမှာ ပုလုံကို မမီသေးသော်လဲ သူက အကုန်အစင်သုံးလိုက်သဖြင့် ပြင်းထန်သော အားလှိုင်းကြီးက
ကျောက်ယွင်ကျဲ ဆီသို့ တိုးဝင်သွားသည်။ ကျောက်ယွင်ကျဲ မှာ ပိုင်လုံ ထိုမျှ အတွင်းအားကောင်း မည်မထင်၍ လန့်သွားလေသည်။
သို့သော် သူကလဲ ရှိသမျှ အားအကုန် သုံးကာ နတ်ဆိုးလောဘ ဓားကွက်ဖြင့် ခုတ်ကာ ခုခံခိုက်သည်။ သူ့ဓားမှ အားလှိုင်းကြီး
ထွက်လာကာ ပိုင်လုံ၏ အားလှိုင်းကြီး နှင့် ထိခိုက်သွား လေသည်။
" ဝုန်း... ဝုန်း... ဝုန်း "
တော်လဲသံ လို တဝုန်းဝုန်း သံများထွက်ပေါ် လာပီး လေပွေများပါ ထွက်လာကာ စင်မြင့်တစ်ခုလုံးကို ဖုံးလွှမ်းသွားသည်။
ပရိတ်သတ်များမှာ ကြောက်လန့်တကြား အနောက်သို့ ခုန်ဆုတ်လိုက်ကြသည်။ ကျောက်ယွင်ကျဲ ၏ ကိုယ်ရံတော်များပင် လန့်ကာ
အနောက်သို့ ဆုတ်သွားလေသည်။ ထန်မောင်နှမ သုံးယောက်ကတော့ နဂိုကပင် ခပ်ဝေးဝေးတွင် ရှိနေ၍ မပြေးပဲ ကြည့်နေ လေသည်။

နောက်ဆုံး ဝုန်းခနဲ အသံကြားကာ စင်မြင့်ကြီး ပြိုဆင်းသွားလေသည်။ စင်ဘေးတွင် ရပ်ကြည့်နေကြရာ မှ အကုန်လုံးက


ရုတ်တရက်ထပြေးသော် စင်ဘေးတွင် လူတစ်ယောက်သာ ကျန်ခဲ့ လေသည်။ ထိုသူ က လက်ဝါးတစ်ချက်ရိုက်ထုတ်ကာ
ဖုန်လုံးကြီးများကို ဖယ်ရှား လိုက်သည်။ ထိုအခါ ကျမှ မြင်ကွင်း ရှင်းသွားကာ လူနှစ်ယောက် ရပ်နေသည် ကိုမြင်ကြရသည်။ ပိုင်လုံမှာ
ဆံပင်များ ပြေကျကာ စုတ်ပြတ်နေသလို ကျောက်ယွင်ကျဲ မှာလဲ ထပ်တူပင် ဖြစ်သည်။ ပိုင်လုံက သူဘေးတွင် ရပ်နေသော
ဝတ်စုံပြာနှင့်လူကို မြင်သော် ဝမ်းသာသွားပုံ ရကာ
" ညီလေး... အကိုကြီးမရတော့ဘူး... ညီလေး ဆက်တိုက်... "
ဟု ပြောကာ မေ့မျောသွားလေသည်။

ထိုသူက ပိုင်လုံကို ပွေ့လိုက်ကာ စမ်းသပ် ကြည့်လိုက်သည်။ ပိုင်လုံ၏ အတွင်းဒဏ်ရာ ပြင်းထန်သည်ကို တွေ့သော် ရင်ဘတ်မှ
ကျောက်စိမ်းပုလင်း လေးကို ထုတ်ကာ ဆေးလုံးငါးလုံးကို တိုက်လိုက်လေသည်။ ထို့နောက် ပိုင်လုံ၏ အကြောမကြီးများကို
လက်ညှိုးဖြင့် ထောက်ကာ အတွင်းအား ပို့ကာ နှိပ်နှယ်ကုသလိုက်သည်။

တစ်ဖက်က ကျောက်ယွင်ကျဲ မှာလဲ သွေးများအန် ထွက်ကာ မချိပြုံးပြုံး နေလေသည်။ သူက နှာတစ်ဖျားအသာဖြင့် အနိုင်ရလိုက်သည်
မဟုတ်ပါလား။ သို့သော် သူ့တွင်ရှိသော အတွင်းအားများမှာ ပြိုကွဲ နေလေပီ သုံးလေးလခန့် အတွင်းအားမထုတ် နိုင်တော့ချေ။ သူက
ယိမ်းယိုင်သွား သဖြင့် လီကျင့်ဝမ် က ကမန်းကတန်း တွဲကာ
" သခင်လေး... အဆင်ပြေလား "
ဟု ပြောလိုက်လေသည်။

ကျောက်ယွင်ကျဲ က စုတ်ပြတ်ပေပွ နေသည့် ကြားမှပင် မာနသံဖြင့်


" ဘယ်လိုလဲ ဂိုဏ်းခြောက်ဂိုဏ်း ကလူတွေ ငါ့အကြောင်းကို သိပီလား... အမိန့်နာခံတော့ မလား "
ဟု အော်လိုက်လေသည်။

သူ၏ အော်သံကြောင့် ဝတ်စုံပြာနှင့်လူ က ကျောက်ယွင်ကျဲ ကို ဖြတ် ခနဲ ကြည့်လိုက် သည်။ သူ့အကြည့်မှာ ရက်စက်လိုသော
အရိပ်အငွေ့များ ပြည့်နှက်နေသဖြင့် ကျောက်ယင
ွ်ကျဲ မှာ ကြက်သီးများပင် ထ သွားလေသည်။ သူက လန့်ကာ ဘေးဘီကို ကြည့်မိသော်
တစ်ချိန်လုံးငိုက်နေသည့် ပိုင်ချုန်းရန် က သူ့နားတိုးကာ တစ်ခုခုကပ်ပြော လိုက်လေသည်။ ကျောက်ယွင်ကျဲ မှာ ထိုစကားကို ကြားသော်
ဒိန်း ခနဲ ဖြစ်ကာ ထိုလူကို ကြည့်မိလေသည်။ ထို့နောက် စိတ်ဓာတ်ကျ သလို သက်ပြင်းချကာ ဘာမှ မပြောပဲ ထွက်ခွာ
သွားတော့သည်။ အားမတန်၍မာန်လျော့ သွားပုံရလေသည်။

ဂိုဏ်းခြောက်ဂိုဏ်း တပည်မ
ျ့ားနှင့် ပရိတ်သတ်များမှာ သူတို့အနိုင်ရလိုက် သဖြင့် ဟေး ခနဲ အော်ကာ အောင်ပွဲ ခံလိုက်ကြသည်။ ထို
ဝတ်စုံပြာနှင့်လူ က ထန်မောင်နှမ များကို ကြည့်လိုက်သော် ထန်ဝူ နှင့် ထန်ဖု က အကြည့်လွှဲကာ ထွက်သွားဟန် ပြင်လိုက်လေသည်။
ထန်စု သာ ထိုသူကို အံ့သြသလို ကြည့်နေ၍ ထန်ဝူ က လက်ကိုဆွဲကာ ဇွတ်အတင်းဆွဲခေါ်ပီး ထွက်သွားကြသည်။
ထိုသူကတော့ အတန်ကြာအောင် ပိုင်လုံကို ကုသပေးပီးသော် သူဖုန်းစားများ လက်ကို အပ်ကာ ခါးမှ အရက်အိတ်ကို မော့သောက်ပီး
ထွက်သွားလေသည်။ ပရိတ်သတ်များ နှင့် ဂိုဏ်းခြောက်ဂိုဏ်း မှ သူများက ထိုသူကို သိသည်ဖြစ်လေသည်။ သို့သော် နာမည်ကိုက
မခေါ်ရဲကြချေ။ ထိုသူ၏ ပုံပန်းမှာ သူတို့သိထားသော ပုံစံ နှင့် အတော်ကွာခြားနေ၍ ဖြစ်သည်။ ယခု ဝတ်စုံပြာမှာ
အေးစက်မာကြောသော ရေခဲတုံး တစ်တုံးလိုပင် ရှိနေသည်။ ထိုသူ၏ အပြာရောင် ဝတ်စုံ နှင့် မည်းနက်သော ဓားကို ခါးတွင် ချိတ်ထားပုံ
အရက်မော့ သောက်နေပုံမှာ အေးစက်မှု အတိပီးနေ သည်။ ထိုသူက တစ်ဖြည်းဖြည်း မြင်ကွင်းမှ ပျောက်ကွယ်သွားတော့သည်။

ဤသို့ဖြင့် ခိုင်ဖုန်းတိုက်ပွဲ မှာ ဂိုဏ်းခြောက်ဂိုဏ်း ဘက်က အနိုင်ရကာ တောင်ပင်လယ်ဂိုဏ်း သာမက ထန်စံအိမ် က ပါ ကျန်းနန်မှ
ဆုတ်ခွာသွားတော့သည်။ ထိုအဖြစ်အပျက် အပီး တစ်နှစ်အကြာ လက်ရှိ အချိန်တွင်တော့ ကျန်းနန်ဒေသ သာလျှင်
အနက်ရောင်သိုင်းသမားများ ကင်းစင်လျက် ရှိနေပီး ပြည်မကြီး၏ ကျန်ဒေသများမှာ အနက်ရောင် ဂိုဏ်းများက ကြီးစိုးနေကြလေသည်။
ကျန်းနန်ဒေသ ရှိ ဂိုဏ်းကြီးခြောက်ဂိုဏ်းမှာလဲ ခိုင်ဖုန်းတိုက်ပွဲ တွင် အထိနာသွားသဖြင့် တံခါးပိတ် သိုင်းကျင့် နေကြရာ
တခြားဒေသများသို့ အကူအညီ မပေးနိုင်ချေ။ တခြားဒေသရှိ အဖြူရောင် သိုင်းသမားတို့မှာ နေပြည်တော်မှ စုံစမ်းရေးမှူး မင်စုထန်
ကိုသာ အားကိုးကြ ရလေသည်။ မင်စုထန် မှာလဲ မင်းမှူထမ်းသာ ဖြစ်ရာ နေရာတကာတော့ မကူညီနိုင်ချေ။ ထို့ကြောင့် အနက်ရောင်
သိုင်းလောကသား တို့မှာ တစ်နှစ်အကြာတွင် နောက်တစ်ကြိမ် ကျန်းနန်းကို ခြေချရန် စိုင်ပြင်လာတော့ လေသည်။ ဤတစ်ကြိမ်ကတော့
ယခင်နှင့်မတူ အောင်မြင်လေမလား ကံတရားကသာ အဆုံးအဖြတ်ပေး ပေလိမ့်မည်။

#မိုးထိတောင်သိုင်းသမား #ZYN
အခန်း (၂၃) အပိုင်း တစ်
သုံးပွင့်ဆိုင် မဟာမိတ်

အချိန်ကာလက ရှောင်စစ်တောင် သိုင်းပြိုင်ပွဲ အပီး သုံးနှစ်အကြာ...


ခိုင်ဖုန်းတိုက်ပွဲ မှ ဆိုလျှင် တစ်နှစ်အကြာ...
သိုင်းလောက မှာ အစိတ်စိတ် အမြွှာမြွှာ ကွဲနေလေပီ။ စီးရှ သိုင်းလောက၊ တိဗက် သိုင်းလောက၊ တာ့လီ သိုင်းလောက အပြင်
ပြည်မကြီး သိုင်းလောက သည်ပင် အလယ်ပိုင်း ကျန်းနန် သိုင်းလောက၊ အရှေ့ပိုင်း သိုင်းလောက နှင့် တောင်ပိုင်းသိုင်းလောက ဟူ၍
အကွဲကွဲ အပြားပြား ဖြစ်နေကြသည်။

တိဗက်ကို လားမားဘုန်းတော်ကြီးများက အစဉ်အဆက် အုပ်စိုးခဲ့ရာ တိဗက်မှာ ငြိမ်းချမ်းသည်။ ထို့အတူ စီးရှ မှာလဲ နတ်လေးပါးဂိုဏ်း
တစ်ဂိုဏ်းသာ ရှိရာ ဘာပြသနာ မှမရှိချေ။ တာ့လီ က နန်းတွင်း ကိုယ်တိုင်ကပင် သိုင်းလောကကို တိုက်ရိုက် အုပ်ချုပ်ခြင်း ဖြစ်သည်။
ထို့ကြောင့် တိုင်းပြည်နှင့် သိုင်းလောကမှ ထပ်တူပင် ဘုရင်၏ အာဏာ သက်ရောက်သဖြင့် ငြိမ်းချမ်းလေသည်။

ပြည်မကြီးသိုင်း လောက သာလျှင် အရှုပ်အထွေးများ ရှိနေကြသည်။ အနက်ရောင် သိုင်းလောကသားများ၏ ဆိုးသွမ်းမှု


အရှေ့ပိုင်းနယ်မြေ တွင် နယ်စားထက် ထန်စံအိမ် ၏ သြဇာကြီးမားမှု၊ တောင်ဘက် တောင်ပင်လယ်တွင် တောင်ပင်လယ်ဂိုဏ်းချုပ်က
နေပြည်တော်ကို ပုန်ကန်ကာ ကိုယ်ပိုင် နယ်မြေ ထူထောင်မှု များဖြင့် သိုင်းလောက အရေးသာမက တိင
ုးရေးပြည်ရေး အဖြစ်အထိပါ
ရှုပ်ထွေးလာသည်။ ထို့ကြောင့် ပြည်မကို အုပ်ချုပ်သော မင်မင်းဆက် ဘုရင်မင်းမြတ် မှာ ကျန်းနန်ဒေသကို စစ်တပ်အကာအကွယ်
ပြုကာ ကာကွယ်ထားလေသည်။ အရှေ့ပိုင်း နယ်မြေ နှင့် တောင်ပင်လယ်မှာ ကျန်းနန် နှင့်စာလျှင် အတော်ပင်သေးငယ် ရာ ဘုရင်
အဖို့တော့ နယ်မြေငယ်များ၏ ပုန်ကန်မှု အဖြစ်သာ ရှိနေသဖြင့် သိပ်တော့ ဂရုထားပုံ မရချေ။ သူက ဆွေမျိုးတော် ဖြစ်သူ တူတော်
မင်းသား မင်စုထန် ကို မင်းသား အဆောင်အယောင်ပေးကာ စုံစမ်းရေးမှူး အဖြစ် လှည့်လည် ကြီးကြပ်စေ သည်။ ဘုရင်မှာ
သိုင်းလောက ကို အထင်ကြီးသူ မဟုတ်သဖြင့် ကျန်းနန် ကိုအခြေစိုက်သော ဂိုဏ်းကြီးများနှင့် ပူးပေါင်းရန် မကြိုးစားချေ။ ထို့အတူ
ဂိုဏ်းကြီးများကလဲ နေပြည်တော် နှင့် မပူးပေါင်းလိုကြချေ။ ထို့ကြောင့် အနက်ရောင် သိုင်းသမားများမှာ အရှေ့ပိုင်းဒေသ နှင့်
တောင်ပင်လယ်တွင် ခိုလှုံကာ အင်အားကြီးထွားလာကြသည်။

စီးမင်ကို့ဝေ မှာ ပြည်မသိုင်းလောက က ဝါးစည်းပြေ သလို ဖြစ်သော် ကြားဝင်ကာ အမြတ်ထုတ်လိုသည်။ စီးရှ နှင့် ပြည်မ နယ်စပ် ရှိ
ခွန်လွန်တောင်တန်း တစ်ကြောကို သိမ်းပိုက်ကာ စီးရှ ဘုရင်အား ဆက်သ လိုခြင်း ဖြစ်သည်။ စီးရှဘုရင်က ထိုကိစ္စ အောင်မြင်ပါက
ဦးရီးတော် ရာထူး ပေးအပ်မည် ဟု ကမ်းလှမ်းထားသည် မဟုတ်ပါလား။ သူက အရှေ့ပိုင်းဒေသ ကို အပိုင်စားယူထားသော ထန်စံအိမ်
နှင့် တောင်ပင်လယ် ကို အုပ်ချုပ်နေသော တောင်ပင်လယ်ဂိုဏ်း ကို အားကျ နေသည်။ ထိုအဖွဲ့အစည်း နှစ်ခု နှင့်အတူ ပူးပေါင်းရန်လဲ
ကြံစည်ထားသည်။ ထို့ကြောင့် သူက ဆက်သားများ လွှတ်ကာ ထန်စံအိမ် သခင်ကြီး ထန်ဖန်း နှင့် ဂိုဏ်းချုပ်ချုပ်ကြီး ကျောက်လွေ
တို့ကို ချိန်းဆိုလိုက်သည်။ ထန်စံအိမ် သခင်ကြီး ထန်ဖန်း မှာလဲ တစ်ဦးတစ်ယောက်တည်း ထက် ပူးပေါင်းရန် စိတ်ဝင်စားမိသည်။
ကျောက်လွေ ကသာ စီးမင်ကို့ဝေ ကို မယုံကြည်သဖြင့် အင်တင်တင် ဖြစ်နေသည်။ သို့သော် သူက ထန်စံအိမ် သခင်ကြီး ထန်ဖန် ပါဝင်
မည်ဆိုသောကြောင့် တွေ့ဆုံဆွေးနွေး ကြည့်ရန် လက်ခံလိုက်လေသည်။

ချိန်းဆိုထားသော နေရာ မှာ ကျန်းနန်းဒေသ တွင်ပင် ဖြစ်လေသည်။ ကျန်းနန်ဒေသ ၏ အစွန်အဖျား ဖြစ်သည့် ထိုက်ကျုံးနယ်
ထိုက်ကျုံးတောင် ထိပ်ပေါ်တွင် တွေ့ဆုံရန် ချိန်ဆိုထားသည်။ သူတို့မှာ မည်သို့ပင် ပူးပေါင်းမည် ဆိုသော်လဲ တစ်ဦးနှင့်တစ်ဦး
အပြည့်အဝ မယုံကြည်နိုင်ချေ။ ထို့ကြောင့် သူတို့နယ်ထဲတွင် တွေ့ဆုံရန်ထက် ကြားနယ် ဖြစ်သော် ကျန်းနန်ဒေသ ထဲတွင်
တွေ့ဆုံကြခြင်း ဖြစ်သည်။ ထိုက်ကျုံးနယ် မှာ ကျန်းနန်ဒေသ၏ အရှေ့အလယ်ပိုင်း အစွန်အဖျား ဖြစ်၍ လူသွားလူလာ နည်းသည်။
နယ်မြေ တစ်ခုလုံးပင် လူဦးရေ နည်းပါးရာ သူတို့အဖို့ လူမြင်ခံရခြင်းမှ ရှောင်ကျဉ်နိုင်သည်။ သူတို့ သုံးဦး တွေ့ဆုံ သည်ကို
သတင်းရပါက ပိုင်လုံ နှင့် မင်စုထန် တို့မှာဘယ်နည်းနဲ့မဆို တားဆီးရန် ကြိုးစား ပေလိမ့်မည်။ ပိုင်လုံ မှာ လွန်ခဲ့သည့် တစ်နှစ်ကနှငမ
့် တူ
သိုင်းပညာလွန်စွာ တိုးတက် လာကြောင်း သိရလေသည်။ ထို့အတူ နန်းတွင်းသို့ ရောက်ရှိသွားသော မင်စုထန် ကိုလဲ
အထင်သေး၍မရချေ။ ရှောင်လင် ၏ အတော်ဆုံးတပည့် ဖြစ်ကာ နန်းတွင်းသို့ ရောက်ရှိသွားသော် မည်မျှ တိုးတက်လာမည်ကို
မခန့်မှန်းနိုင်ချေ။ တစ်နှစ် အတွင်းပင် သူတို့နှစ်ယောက်နှင့် ရင်ဆိုင်မေ
ိ သာ အနက်ရောင် သိုင်းသမားများ မှာ မည်သူမျှ အသက်ရှင်သည်
ဟု မရှိချေ။ ထို့ကြောင့် သူတို့ သုံးဖွဲ့မှာ သိုသိပ်စွာ ချိန်းဆိုကြပီး တွေ့ဆုံကြလေသည်။

ထိုက်ကျူံးတောင်...
ထိုက်ကျုံးတောင် မှာ မြင့်မားသော တောင် တစ်လုံး မဟုတ်ချေ။ သို့သော် ထိုက်ကျုံးနယ် ထဲရှိ တစ်လုံးထဲသော တောင် ဖြစ်ရာ
လူသိများကြသည်။ တောင်ကြီးမှာ ကျောက်တောင် အမျိုးအစားသာ ဖြစ်ပီး သစ်ပင် ဟူ၍ အပင်ငယ်များနှင့် ချုံနွယ်များသာ
ရှိလေသည်။ တောကောင် များ ဆေးပင်များလဲ ပေါက်ရောက်ခြင်း မရှိသဖြင့် အနီးနားရှိ ရွာများမှ ရွာသားများပင် တောင်ပေါ်သို့
တက်ခြင်း မရှိကြချေ။ ယနေ့မူ တောင်ပေါ်သို့ ဦးတည်သွားနေသူများ ရှိနေလေပီ။ မနက်ပိုင်းနေထွက်စဉ် ကပင် လူတစ်စု က
တောင်ထိပ်ပေါ်သို့ ကိုယ်ဖော့ ပညာသုံးကာ တက်သွားကြပီး အခုလဲ လူတစ်စု က တက်နေလေသည်။ သူနောက်တွင်လဲ
နောက်လူတစ်စု က ဖြေးဖြေး မှန်မှန် တက်နေသည်ကို တွေ့ရသည်။ လူသွားလူလာ နည်းသော ထိုက်ကျုံးတောင် ပေါ်
တက်လာသူများမှာ မည်သူနည်း။ ဘာအကြောင်းကြောင့် တက်လာကြသနည်း။

အဖြေက မကြာခင် သိရပေမည်။ ထိုသူများ မှာ သိုင်းသမား ဖြစ်ဟန်တူကာ သိုင်းပညာလဲ ရှားမှရှားအောင် ကောင်းသော သူများ
ဖြစ်ကြသည်။ သူတို့ တက်နေပုံ မှာ သရဲသဘက် များသဖွယ် လွှား ခနဲ လွှား ခနဲ လေထဲ ဝဲပျံကာ တက်နေကြခြင်းဖြစ်သည်။
တောင်ထိပ်တွင် ရောက်နှင့်နေသူ လူ လေးဦး ရှိလေသည်။ ထိုသူများမှာ ချိန်းဆိုသူ ဖြစ်သော စီးမင်ကို့ဝေ၊ တပည့်များ ဖြစ်သော
ရင်းကို့၊ ဟူဖန်း နှင့် သားဖြစ်သူ စီးမင်ကို့ချန် တို့ဖြစ်ကြသည်။ စီးမင်ကို့ဝေက တောင်ထိပ်ရှိ မြေကွက်လပ် ကြီးပေါ်တွင်
လက်နောက်ပစ်ကာ တက်လာသူများရှိရာ ဘက်သို့ ကြည့်နေလေသည်။ သူ့နောက်တွင် အသင့်အနေအထားဖြင့် ကျန်သုံးယောက်မှာ
ရပ်နေကြသည်။

ပထမဦးစွာ ရောက်ရှိလာသူများမှာလဲ လူလေးယောက် ပင်ဖြစ်သည်။ ရှေ့မှ ဦးဆောင်လာသူမှာ ကျောက်ယွင်ကျဲ ဖြစ်ပီး သူက ရိပ် ခနဲ
လျင်မြန်စွာ တက်လာပီး ခပ်စောင်းစောင်း ရပ်နေလိုက်သည်။ သူနောက်မှ ကပ်၍ လီကျင့်ဝမ် နှင့် ကတုံးကြီး ရွှယ်ချီး တို့က
ရောက်လာကာ အစဉ်အတိုင်း ရပ်နေလိုက်သည်။ သူတို့ပုံစံမှာ အရေးကြီး သော ပုဂ္ဂိုလ် တစ်ယောက်ကို စီတန်း စောင့်ဆိုင်း နေပုံပင်။
ရုတ်တရုတ် အသက်ခြောက်ဆယ်ခန့် ခန့်ညားသော လူကြီးတစ်ဦးက ဖျတ် ခနဲ ပေါ်လာပီး ကျောက်ယွင်ကျဲ ရှေ့တွင် ရပ်လိုက်လေ
သည်။ သူက စီးမင်ကို့ဝေ ကို ကြည့်ကာ
" နောင်ကြီးစီးမင် မတွေ့တာ အတော်ကြာပီပဲ
ဘယ်နှစ်နှစ်တောင် ရှိသွားပါလိမ့် "
ဟု နှုတ်ဆက်လိုက်လေသည်။

စီးမင်ကို့ဝေ က လက်သီးဆုပ် လိုက်ကာ


" ဟုတ်ပါ့... ညီလေးကျောက်... အခုလို လာတွေ့ရတာ ဝမ်းသာရပါတယ် "
ဟု ပြန်ပြောလိက
ုကြသည်။

သူတို့ နှုတ်ဆက်နေပုံကြည့်လျှင် ခင်မင်ရင်းနှီး သော မိတ်ဆွေများ မတွေ့တာကြာ၍ နှုတ်ဆက်သည်နှင့် တူသော်လဲ တကယ်တမ်း


သူတို့စိတ်ထဲက စကားများက တခြားစီ ဖြစ်ကြသည်။ သူတို့ကပြောဆို နှုတ်ဆက်ပီး သည်နှင့် ငြိမ်သက်နေကြသည်။ ထို့နောက်
အောက်မှ ဖျတ် ခနဲ ဖျတ် ခနဲ အရိပ်သုံးခု ပေါ်လာလေသည်။ ထိုအရိပ်သုံးခု က ထန်မောင်နှမ သုံးယောက်ဖြစ် လေသည်။ သူတို့က
တောင်ထိပ်ကို လှည့်ပတ်ကြည့်ရှု ကာ တွေ့သမျှသူကို တရိုတသေ ဂါရဝပြု နေသည်။ သူတို့ သုံးယောက်မှာ ဤလူစုတွင်
အငယ်ဆုံးဖြစ်သည် မဟုတ်ပါလား။ သူတို့ ဂါရဝပြု ပီးမှသာ အသက်ငါးဆယ်ကျော် ဟု ထင်ရသော လူကြီးတစ်ဦးက ရိပ် ခနဲ
ရောက်ရှိလာသည်။
ထို လူကြီးက ခပ်အေးအေးပင် ခေါင်းငြိမ့် ပြသဖြင့် စီးမင်ကို့ဝေ နှင့် ကျောက်လွေ မှာ ရင်ခံသွားသည်။ ထိုလူကြီးမှာ သတင်းကြီး
နေသော ထန်စံအိမ် သခင်ကြီး ထန်ဖန်း ဖြစ်လေသည်။ ထိုသူက တစ်ခေါင်းလုံး ဖြူဖွေးနေသော်လဲ ရုပ်ရည်ကမူ နူပျိုသည်။ ထန်ဖန်း
သည် တစ်ခါမျှ လူမြင်ကွင်း ထွက်သူ မဟုတ်သဖြင့် ထန်ဖန်း၏ သိုင်းပညာမှာ အဆင့်မည်မျှ ရှိကြောင်း မသိကြချေ။ သို့သော် မြေးဖြစ်သူ
သုံးယောက်ပင် ခေါင်းကိုက် ရလောက်အောင် ထက်မြက်ရာ ထန်ဖန်း မှာ အစွမ်းထက်မည် ဆိုသည် ကိုတော့ တွေးကြည့်စရာ မလိုချေ။

သူတို့ သုံးဦးမှာ ချိန်းဆိုထားသော်လဲ တစ်ဦး နှင့် တစ်ဦး မာနများထားကာ ယုံကြည်မှုလဲ မရှိကြသဖြင့် အင်တင်တင် ဖြစ်နေလေသည်။
စီးမင်ကို့ဝေ က သူက ချိန်းဆိုသူဖြစ်၍ စိတ်လျှော့ကာ
" ကဲ နောင်ကြီးထန်ဖန်း နှင့် ညီလေးကျောက် အခုလို ချိန်းဆိုလိုက်ရတဲ့ အကြောင်းကို သိပီး ဖြစ်မှာပါ... အခုဆိုရင် ဘုရင်ကလဲ
ကျန်းနန် ကို စစ်တပ်ထားပီး သိုင်းလောကကို ဝင်ရှုပ်နေတယ်... ဒါကြောင့် ကိုယ်စီကိုယ်စီ တစ်ဖွဲ့ပဲ ကောင်းစားဖို့ လုပ်ကြမယ်ဆိုရင်
မလွယ်တော့ဘူး ဆိုတာလဲ အသိပဲ... အဲအ
့ စား သုံးပွင့်ဆိုင် အကျိုးတူ ပူးပေါင်း ကြမယ်ဆိုရင်တော့ ပိုပီးအောင်မြင်နိုင်ချေ ရှိတယ်လို့
ကျုပ်ယူဆတယ်... ဘယ်လိုလဲ ပူးပေါင်းကြမလား "
ဟု ပြောလိုက်သည်။

ထန်ဖန်း နှင့် ကျောက်လွေ မှာ ထိုသို့ ပြောမည် ကိုကြိုသိသော်လဲ တကယ်တမ်း ပြောထွက်လာသောအခါ စဉ်းစားမိသွား ကြသည်။
ထို့နောက် ကျောက်လွေ က
" ပူးပေါင်းတာတော့ ဟုတ်ပါပီ... ရလာမဲ့ အကျိုးအမြတ်ကျတော့ ဘယ်လိုခမ
ွဲ လဲ တစ်ယောက်တည်း ပိုင်ဆိုင်နိုင်တဲ့ အရာကို
ကောင်းမွန်တဲ့ အကြောင်းပြချက်မရှိပဲ ခွဲဝေ ပေးနိုင်မယ်လို့တော့ ကျုပ်မထင်ဘူး... ဒီနေ့ မိတ်ဆွေ နောက်နေ့ရန်သူ ဆိုပီး သစ္စာ
ဖောက်တာတွေ ရှိလာနိုင်တယ်လေ "
ဟု ဝင်ပြောလိုက်သည်။

ထန်ဖန်း က ခေါင်းငြိမ့်ကာ
" ဟုတ်တယ်... မပူးပေါင်းခင်မှာ ကိုယ်က ဘယ်ဟာကို လိုချင်လို့ ကျန်းနန်ကို တိုက်တာလဲ... ဘာရရင်ကျေနပ်မှာလဲ ဆိုတဲ့
ရည်ရွယ်ချက် အစစ်အမှန်ကို ပွင့်လင်း သင့်တယ်လို့ ကျုပ်ထင်တယ်... ဘယ်လိုလဲ "
ဟု ပြောလိုက်ပြန်သည်။

စီးမင်ကို့ဝေ က ဥာဏ်များပီး ရည်ရွယ်ချက် ကြီးသူများခြင်း မို့ မြွေမြွေချင်း ခြေမြင်ကြ သည်ကို သက်ပြင်းချလိုက်ကာ


" ဟုတ်ပါပီဗျာ... အချင်းချင်းဆိုတော့ မလျို ထားတော့ပါဘူး... ကျုပ်ကစပြောတာပေါ့.. ကျုပ် ကျန်းနန် ကိုတိုက်ချင်တာကတော့
ခွန်လွန်တောင်တန်း တစ်ကြောကို စီးရှ ပိုင်နက် အဖြစ် သိမ်းပိုက်ချင်လို့ပဲ... ခင်များတို့ကရော "
ဟု မေးလိုက်သည်။

ထန်ဖန်း က ထိုစကားကိုကြားသော် ရုပ်တည်ကာ


" ဒါတော့ ကျုပ်နဲ့ ငြိတယ်ထင်တယ်... ဘာလို့လဲ ဆိုတော့ ကျုပ်က ကျန်းနန်ကို တိုက်ချင်တာက အရင်နန်းကျ ဘုရင်ရဲ့ မျိုးဆက်ကို
နန်းပြန်တင်ပေးဖို့ ပုန်ကန်ပီး လူစုနေတာပဲ... "
ဟု ခပ်မာမာပြောလိုက်သည်။

ကျောက်လွေ ကလဲ ဝင်ကာ


" ကျုပ်ကတော့ ရှင်းတယ် သိုင်းလောက ဂိဏ
ုးချုပ် ဖြစ်ချင်တယ်... တောင်ပင်လယ်က ကျုပ်အပိုင်မို့ ဘယ်ဘုရင်မှလဲ
လာမထိစေချင်ဘူး... "
ဟု ခပ်ပြတ်ပြတ် ပြောလိုက် ပြန်သည်။

စီးမင်ကို့ဝေ က ထန်ဖန်းကို ပြုံးကာ


" လက်စသတ်တော့ နောင်ကြီး ထန်ဖန်းက နန်းတွင်းက လာတာကိုး... လွန်ခဲ့တဲ့အနှစ် သုံးဆယ်ကျော်က ပြည်မနန်းတွင်းရဲ့
မင်းပြောင်းမင်းလွဲ ကို ကျုပ်ကြားပါသေးတယ် နန်းကျဘုရင်နဲ့ သူ့သားတော်ကို နန်းတွင်းကိုယ်ရံတော်ကြီးက ကယ်ထုတ်သွား
တယ်ဆိုတာ... နောင်ကြီးဖြစ်နေတာကိုး... ဒါဆို အခုပါလာတဲ့ နှစ်ယောက်ထဲက ဘယ်သူက မင်းသားလေးလဲ "
ဟု မေးလိုက်လေသည်။

ထန်ဖန်း က ပြုံးကာ
" ဟားဟား... ညီလေးစီးမင် မင်းက ဥာဏ်ကောင်းပေမဲ့ တစ်ခါတစ်လေ တော်တော်အ တာပဲ... ငါ့ကို နန်းတွင်း ကိုယ်ရံတော်လို့
ပြောတာ မှန်ပေမဲ့ ငါ့မြေးတွေ ကတော့ ထန်မျိုးနွယ် အစစ်ပဲ မင်းသားလေးဟာ... ငါတို့ ထန်မျိုးနွယ် စောင့်ရှောက်မှုနဲ့ လုံလုံခြုံခြုံ
ရှိနေတယ်... ငါက ဘုရင်ကြီးကိုကတိပေးထားတဲ့ အတိုင်း အကုန်သိမ်းပိုက်နိုင်မှပဲ မင်းသားလေးကို ထုတ်ပြပီး နန်းတင်မှာ...
အဲ့အခါကျတော့ ကြည့်ပေါ့ကွာ "
ဟု ပြောလိုက်သည်။

ကျောက်လွေက စိတမ
် ရှည်စွာဖြင့်
" ကဲကဲ... ဘယ်သူ နန်းတက်မလဲ ကျုပ် စိတ်မဝင်စားဘူး... ကျုပ်က ကျုပ်လိုချင်တာ ပြောပီးပီ... ကျုပ်ရည်မှန်းချက်က ခင်များတို့ကို
မထိခိုက်ဘူး... ဘယ်လိုလဲ ပူးပေါင်းကြမှာလား.. "
ဟု ပြောလိုက်သည်။

စီးမင်ကို့ဝေ က သက်ပြင်းချကာ
" ဟုတ်တယ်... နောင်ကြီးထန်ဖန်း... ခွန်လွန် တစ်ကြောကိုသာ နောင်ကြီးစွန့်လွှတ် နိုင်မယ် ဆိုရင် စီးရှကနေ စစ်တပ်အကူ ရဖို့
ကျုပ်လုပ် ပေးနိင
ုမယ်ထင်တယ်... ကျုပ်တို့ဘုရင် က ကျုပ်ကို ဦးရီးတော် အဖြစ် ကမ်းလှမ်း ထားတယ်... ဘယ်လိုလဲ ...
ညီလေးကျောက် အတွက်ကတော့ အကုန်အဆင်ပြေ နေပီးသားပဲ "
ဟု မေးလိုက်ပြန်သည်။

ထန်ဖန်း မှာ စဉ်းစားစရာ ရှိသွားသည်။ စီးမင်ကို့ဝေ ကို အခုအချိန် အချိုသပ်ထား ပါက စီးရှမှ စစ်ကူပင် ရနိုင်သည်။ မိမိ၏
မင်းသားနန်းတက်ဖို့မှာ မိမိတို့ အင်အား သက်သက်ဆို ကြာမှာအမှန်ပင် ကျောက်လွေ နှင့် စီးမင်ကို့ဝေ တို့ ကူညီလျင်မူ မြန်ဆန် သွားမှာ
သေချာသည်။ အခုအချိန်မှာတော့ သဘောတူထားကာ နန်းတက်မှ တစ်မျိုး တစ်မည် ကြံရပေမည်။ သူက ထိုသို့တွေး ပီးသော်
မတတ်သာပုံ ပေါ်အောင် လုပ်ကာ
" ဒါဆိုလဲ... ဘယ်တတ်နိုင်ပါ့မလဲ ထောင်မြင် ရာစွန့်ရမှာပေါ့ မဟုတ်ဘူးလား.."
ဟု ပြောလိုက်လေသည်။

စီးမင်ကို့ဝေ နှင့် ကျောက်လွေ မှာ ထန်ဖန်း ကိုကြည့်ကာ ပြုံးလိုက်ကြသည်။ တကယ်တမ်းတော့ သူတို့သည်လဲ ထန်ဖန်း ၏ အတွေးကို
သိသည်သာ။ မြွေမြွေချင်းမို့ ထန်ဖန်း ဘယ်အချိုးချိုးသည်ကို မြင်နေရ သည်ပင်။ သူတို့ကလဲ သစ္စာဖောက်ရန် အစကတည်းက
စိတ်ကူးထားသူများမို့
" လျှင်သူစားစတမ်းပေါ့ကွာ "
ဟု ကြိမ်းဝါးကာ ပြုံးပြလိုက်ခြင်း ဖြစ်သည်။

#မိုးထိတောင်သိုင်းသမား #ZYN
အခန်း (၂၃) အပိုင်း နှစ်
သုံးပွင့်ဆိုင် မဟာမိတ်

သူတို့ သုံးဦးသားမှာ တစ်ယောက်နှင့် တစ်ယောက် ကြည့်ကာ တဟားဟား ရယ်လိုက်ကြပီး နောက် စီးမင်ကို့ဝေ က


" ဒါဆိုရင်တော့... ကျုပ်တို့ ပူးပေါင်းကြပီပေါ့ ကဲကဲ ကျုပ်တို့ရဲ့ သုံးပွင့်ဆိုင် မဟာမိတ် အဖွဲ့ နဲ့ ပတ်သတ်ပီး တိုင်ပင်ကြရအောင် "
ဟု လော်ဆော်လိုက်သည်။

ကျောက်လွေက မထီတရီ ပြုံးကာ


" မဟာမိတ်ဖွဲ့တာတော့ ဟုတ်ပီ ဘယ်သူက ခေါင်းဆောင် လုပ်မှာလဲ... ခေါင်းဆောင် ကောင်းမှ အဖွဲ့အစည်း ဆိုတာလဲ အောင်မြင် မှာ
မဟုတ်လား "
ဟု ပြောလိုက်လေသည်။

ထန်ဖန်း က ပြုံးကာ
" ညီလေးကျောက် ဆိုလိုတာက ဘယ်သူက သိုင်းပညာအမြင့်ဆုံးလဲ ခွဲခြားပီး ခေါင်းဆောင် ပေးမယ်ပေါ့လေ "
ဟု ပြောလိုက်သည်။

ကျောက်လွေ က ခေါင်းငြိမ့်ကာ
" ဒါပေါ့ နောင်ကြီးရယ် ဒါဖြစ်သင့်တာပဲလေ "
ဟု ပြောလိုက်သည်။

ထန်ဖန်း က ပြုံးကာ
" ညီလေးစီးမင် ကတော့ သိုင်းလောက မှာ အဆင့် ငါး လို့ နာမည်ကျော်ပီးသားပဲ... သူ့ထက် မြင့်တဲ့သူတွေကလဲ လှုပ်ရှားမှု
သိပ်မရှိတော့ဘူးဆိုတော့ သူအဆင့်က တော်တော်မြင်တ
့ ယ် ပြောရမယ်... ညီလေးကျောက် အတွက်ကျတော့ ညီလေးရဲ့
နတ်ဆိုးဓားကွက် ငါးကွက် က သုံးကွက်ပဲတတ်တဲ့ သားဖြစ်သူကတောင် ပိုင်လုံကို အနိုင်ယူနိုင်တယ်ဆိုတော့ နည်းနည်းပို
အဆင့်မြင့်တယ် ပြောရမယ် ဒါပေမဲ့ ညီလေးတို့ နှစ်ယောက် က ငါထန်ဖန်း ရဲ့ သိုင်းပညာကို မီမယ်ထင်လို့လား "
ဟု ပြောချလိုက်လေသည်။

ကျောက်လွေမှာ မခံချင်ဖြစ်သွားသော်လဲ သူ့ဓားကွက် အကြောင်းပါ သိနေသော ထန်ဖန်းကို ကြည့်ကာ တွေးနေမိသည်။ ဤလူကြီးမှာ


နေပုံထိုင်ပုံ ထူးဆန်းလှသည်။ နန်းတွင်းမှ လာသည်ဖြစ်၍ ဘာအထူးအဆန်း သိုင်းပညာများတတ်မြောက်နေသနည်း ဟု
တွေးဆမိသွားသည်။ သူက စိတ်တင်းကာ
" ပြောပါဦး နောင်ကြီးထန်ဖန်း... နောင်ကြီး က ဘာသိုင်းပညာတွေများ တတ်နေလို့လဲ "
ဟု မေးလိုက်သည်။

ထန်ဖန်းက ရယ်လက
ိုကာ
" ဒီမယ် ကျောက်လွေ... မင်းရဲ့မူလ သိုင်းပညာ ဖြစ်တဲ့ တောင်ပင်လယ် ခုတ်ဓားသိုင်း ကိုတော့ ငါမသိဘူး... ဒါပေမဲ့ မင်းကျင့်ထားတဲ့
နတ်ဆိုးအတွင်းအား နဲ့ နတ်ဆိုးဓားကွက် ငါးကွက် ကတော့ ငါမတတ်ပေမဲ့ သူ့ဇစ်မြစ်ကို ငါသိတယ်...
လွန်ခဲ့တဲ့အနှစ်နှစ်ရာ က သိုင်းလောကမှာ မိစ္ဆာသုံးပါး ပေါ်ထွက်ခဲ့တယ်... အပူမိစ္ဆာ ၊ အအေးမိစ္ဆာ နဲ့ အဆိပ်မိစ္ဆာ တို့ပဲ... သူတို့ကို
သိုင်းလောကသားတွေက ဝိုင်းတိုက်လို့ ရှုံးနိမ့်သွားကြတယ် ဒါပေမဲ့ သူတို့က မသေကြဘူး... အပူမိစ္ဆာ ဟာ ရှောင်လင်မှာ
ဘုန်းကြီးဝတ်ပီး သေတဲ့အထိ နေထိုင်သွား သလို အအေးမိစ္ဆာ ကလဲ တာ့လီက ကောင်းကင်နဂါးကျောင်း မှာ သေတဲ့အထိ
နေသွားကြတယ်... နောက် အဆိပ်မိစ္ဆာ ကတော့ မင်းတို့ တောင်ပင်လယ် ဘက်ကို ထွက်ပြေးတိမ်မြှပ်သွားတယ်... သူတို့ဟာ သူတို့ရဲ့
ပျက်စီးသွားတဲ့ သိုင်းပညာတွေကိုလဲ ပြန်ကျင့်ယူနိုင်ကြသလို အဆက်အသွယ်လဲ မပြတ်ကြဘူး... ဆယ်နှစ်တစ်ကြိမ် စီ နှစ်ခါတိတိ
သုံးယောက်သား ပြန်ဆုံပီး သိုင်းပညာ ဖလှယ်ကြသေးတယ်... နောက်ဆုံးတစ်ခေါက် တွေ့ဆုံကြတော့ ဘုန်းကြီးဝတ်နေတဲ့ အပူမိစ္ဆာ ရဲ့
တရားချမှု မှာ ကျန်နှစ်ယောက်က တရားရသွားပီး သူတို့ဟာ တောထွက်သွားကြတာပဲ... ဒါကြောင့် ဒုတိယအကြိမ် တွေ့ဆုံမှုမှာ ပါတဲ့
သူတို့ရဲ့ မိစ္ဆာဓာတ်သိုင်းပညာကို ဖြေနည်းကို ဘယ်သူမှ မသိကြတော့ဘူး... ပထမတစ်ကြိမ်တုန်းက မြှင့်တင်ထားတဲ့ ပညာတွေသာ
သူတို့နားခိုရာ ကိုယ်စီမှာ ကျန်နေခဲ့ကြတာပဲ... ဒါကြောင့် ရှောင်လင်မှာ မီးစွဲဓားသိုင်း ရှိပီး တွမ့်ကျန်းယွမ် က အအေးဓာတ်လက်ဝါးသိုင်း
သုံးနိုင်တယ် မင်းက နတ်ဆိုးဓားကွက် ကို ရခဲ့တာပဲ... အဲ့ဒီ သုံးမျိုးမှာ မင်းရဲ့ နတ်ဆိုးဓားကွက် က အမြင့်ဆုံးပေါ့ကွာ... "
ဟု ရှင်းပြလိုက်လေသည်။

စီးမင်ကို့ဝေ မှာ မိစ္ဆာသုံးပါး နှင့် ပတ်သတ်နေသော သတင်းများ သူမသိ သောသိုင်းပညာများကို ကြားကာ အံ့သြနေ လေသည်။
ကျောက်လွေ ကတော့ သူ့ သိုင်းပညာအကြောင်းသာ မက မိစ္ဆာသုံးပါး စလုံးအကြောင်းကို သိနေသော ထန်ဖန်းကို အရမ်းကို အံ့သြကာ
ဘာမှမပြောနိုငြ် ဖစ် နေလေသည်။

ထန်ဖန်းက စကားပင် မပြောနိုင်သော သူတို့ နှစ်ယောက်ကို ကြည့်ကာ


" မင်းတို့ နှစ်ယောက်က ငါဘာဖြစ်လို့ ဒီလောက် သိနေလဲ အံ့သြနေတယ်လား... တကယ်လို့ မင်းတို့ဟာ အဆိပ်မိစ္ဆာ ရဲ့ မျိုးနွယ်
ကိုသိရင် မအံ့သြလောက်ပါဘူး... ဟုတ်တယ် အဆိပ်မိစ္ဆာ ဟာ ထန် အမျိုးအနွယ်ပ.ဲ .. သူတို့ သုံးယောက်ရဲ့ ဆက်သွယ် မှုမှန်သမျှကိုလဲ
ထန်ကျေးရွာ ကလူတွေက စီစဉ်ပေးခဲ့ကြတယ်... ဒါပေမဲ့ အဲ့ဒီ အဆိပ်မိစ္ဆာ က ထန်မျိုးနွယ် အပေါ် သစ္စာသိပ်မရှိဘူး... သူက
ထန်မျိုးနွယ်ရဲ့ အဆိပ်ကျမ်းကို အောင်မြင်ခဲ့ပီး နတ်ဆိုး သိုင်း တီထွင်နိုင်ခဲ့တာတောင် လက်လွှဲမပေးခဲ့ဘူး ဒါကြောင့် မင်းဆီမှာ
ရောက်နေတာပဲ... "
ဟု ပြောလိုက်လေသည်။

ကျောက်လွေက ရုပ်တည်ကြီးဖြင့်
" အို... ဘာပဲဖြစ်ဖြစ် ကျုပ်ကတော့ ကျုပ်တတ်ထားတဲ့ ဓားသိုင်းကို လက်လွှဲပေး မယ်မထင်နဲ့ "
ဟု ပြတ်သားစွာ ပြောလိုက်လေသည်။

ထန်ဖန်း က ခေါင်းယမ်းကာ
" ဟားဟား... ကျုပ်ကလဲ မလိုချင်ပါဘူးကွ မင်းဟာ အဲ့ဒီဓားကွက်ကို ဆယ့်ငါးနှစ်ကြာ ကျင့်ယူရတယ် ဆိုတာ သိပီးမှတော့ ငါကလဲ
အစကနေပြန်မစချင်ပါဘူး အချိန်မရှိဘူးလေ ပီးတော့ ငါတတ်ထားတဲ့ သိုင်းပညာက မင်းထက်သာတယ် လို့ ယုံကြည်ထားမှတော့
မင်းရဲ့ဓားကွက် ကိုမလိုချင်ပါဘူး "
ဟု ပြောလိုက်လေသည်။

ကျောက်လွေက မခံချင်ဖြစ်ကာ
" ခင်များက ဘာသိုင်းတတ်လို့ ကျုပ်ရဲ့ နတ်ဆိုးဓားကွက်ကို နိုင်မယ်ထင်နေရတာလဲ သတ္တိရှိရင် အခုယှဉ်မလား "
ဟု ပင် မိုက်ကမ်းကမ်း စိန်ခေါ်လိုက်သည်။
စီးမင်ကို့ဝေ နှင့်ကျန်တပည့်များမှာ တင်းမာ လာသော အခြေအနေကို ဘယ်လိုထိန်းသိမ်း ရမှန်းမသိချေ။ အခုတွေ့ဆုံကျသော သုံးဦး
တွင် သိုင်းပညာအနိမ့်ဆုံးသူမှာ သူဖြစ်နေ သဖြင့် လဲ အားငယ်နေမိသည်။ ကျောက်လွေ ဘက်မှာ သုံးယောက်မှာ အသင့်ပြင်ထားပေမဲ့
တစ်ဘက်မှ ထန်မောင်နှမ သုံးယောက်မှာမူ အေးအေးဆေးဆေး ရှိနေကြသည်။ ကျောက်လွေ၏ စိန်ခေါ်စကားကို ထန်ဖန်းမှ ရယ်ကာ
" ဘယ်လိုလဲ ပူးပေါင်းမယ်ဆိုပီး အခုပဲ ကွဲပြဲ ကြတော့မလို့လား... ကြည့်ရတာ မင်းက နဂါးမှန်းသိအောင် အမောက်ထောင် မပြမချင်း
ရပ်မှာမဟုတ်ဘူး... လာခဲ့စမ်း မင်းတို့ရဲ့ သားနှစ်ယောက်ကို ငါနဲ့တိုက်ခိုင်း မင်းတို့ကိုယ်တိုင် လာမယ်ဆိုရင်တော့
ငါကညှာလို့ရမှာမဟုတ်ဘူး... မင်းတို့သားတွေ ကိုတော့ ငါကညှာတာပီး တိုက်ပေးမယ် ဒါမှ ငါ့အစွမ်းကိုသိမှာ "
ဟု ပြောလိုက်လေသည်။

ကျောက်ယွင်ကျဲ မှာ မငြင်းပါ သူက သူ့အဖေကို ချိုးနိမ်နေသော ထန်ဖန်းကို တအားအမြင်ကပ်နေလေသည်။ ထိုအတူ စီးမင်ကို့ချန်
မှာလဲ ဒေါသထွကေ
် နသည်ပင် သူတို့ နှစ်ယောက်က တစ်ယောက်နင
ှ့် တစ်ယောက် အဓိပ္ပါယ်ပါသော အကြည့်များ ဖြင့်ကြည့်မိကြသည်။
သူတို့က တစ်ယောက်ချင်းစီ မနိုင်သည့်တိုင် နှစ်ယောက်ပေါင်းကာ ဒုက္ခပေးတော့မည်။ သူတို့မှာလဲ အစွယ်များရှိသည် မဟုတ်ပါလား။

ကျောက်လွေ ကတော့ သူ့သားကို လွတ်ပေးချင်သည်။ ထန်ဖန်းကို လေအိုးဟု သာထင်မိလေသည်။ နတ်ဆိုးဓားကွက်လို


သိုင်းပညာမျိုးကို အနိုင်ယူနိုင်သည့် သိုင်းပညာ ရှိသည်ဟု သူမယုံကြည်ချေ။ စီးမင်ကို့ဝေ မှာ သူ့သားကို စိုးရိမ်သော်လဲ ကျောက်ယွင်ကျဲ
ပါလျှင်မူ ဖြစ်နိုင်သည် ဟု ထင်မိသည်။ ထန်ဖန်း ကတော့ ခပ်အေးအေး ရပ်ကာ ကြည့်နေသည်။

ကျောက်ယွင်ကျဲမှာ နတ်ဆိုးအတွင်းအားကို အဆင့် ၁ အထိမြှင့်ကာ နတ်ဆိုးဒေါသ သိုင်းကွက်ဖြင့် ထန်ဖန်း ၏ အပေါ်ပိုင်းကို ဓားဖြင့်


တိုက်ခိုက်လိုက်တော့သည်။ ဓားရိပ်များ ခွဲဖြာကာ ထန်ဖန်း၏ အပေါ်ပိုင်း တစ်ခုလုံးကို လွှမ်းခြုံသွားသည်။ ပုံမှန် သိုင်းကွက်မှာ
တစ်ကိုယ်လုံးကို ဖြန့်ကျက် သော်လဲ ကျောက်ယွင်ကျဲ က စီးမင်ကို့ချန် အတွက် နေရာချန်ပီး တိုက်ခိုက်လိုက်ရာ အပေါ်ပိုင်းမှာ
ကာကွယ်ရန် လေးဆမျှ ခက်ခဲသွားသည်။ ဘေးမှ စီးမင်ကို့ချန် ကလဲ လွတ်နေသော အောက်ပိုင်းကို ကောင်းကင်ဖြိုခွဲ သိုင်းကွက်ဖြင့်
အတွင်းအား အကုန် သုံးကာ လက်သီးဖြင့် ထိုးလိုက် တော့သည်။ သူတို့နှစ်ဦး၏ တိုကက
်ွက်မှာ အချိတ်အဆက်မိလွန်းသဖြင့်
သိုင်းလောက ပထမဖြစ်သူ ဝေထင်းပင် မကာကွယ်နိုင် ဟု ကျောက်လွေကော စီးမင်ကို့ဝေပါ တွေးမိသွားသည်။ သူတို့ပင် မခုခံနိုင်ချေ။
ကျောက်လွေမှာ အတော်ပင် ထိတ်လန့်သွား ရသည်။ သူ၏နတ်ဆိုးဓားကွက်မှ နောက်ဆုံး ဓားကွက် ဘုရားမကြောက်နတ်မကြောက်
ဓားကွကက
ို သုံးကာ ခုခံလျှင်ပင် ထိုသိုင်းကွက် အတွဲအစပ်ကို ခုခံနိုင်မည်ဟု မသေချာချေ။ ထိုသိုင်းကွက်ကို ခုခံနိုင်လျှင် သူ့ထက်
သေချာပေါက် သိုင်းပညာ မြင့်နေလေသည်လေ။

ထန်ဖန်း မှာလဲ စိန်ခေါ်လိုက်ပီးမှ ခေါင်းခြောက်ကာ ထိတ်လန့်သွားရသည်။ ဤလူငယ်နှစ်ယောက်၏ သိုင်းကွက်မှာ ဤမျှအထိ


လိုက်ဖက်ပီး ထက်မြက်မယ်မှန်း သူမထင်မိချေ။ အခုတော့ မြွေခြောက်ကိုက် လေပီ။ သူက အလျှော့ပေးမည် လေသံပစ် ထားသော်လဲ
မလျှော့နိုင်တော့ချေ။ သူတတ် သမျှ သိုင်းပညာနှစ်မျိုးကို အစွမ်းကုန် သုံးကာ ခုခံရတော့ပေမည်။

ထန်ဖန်း က အပေါ်ပိုင်းကို လွှမ်းခြုံလာသော ဓားချက်များကို သူတတ်ကျွ မ်းသော အတွင်းအားသိုင်း တစ်မျိုးကို သုံးကာ


တောင့်ခံလိုက်သည်။ သူ့၏ ခန္ဓာကိုယ် အပေါ်ပိုင်းမှာ သံတုံးကဲ့သို့ မာတောင့် သွားကာ ကျောက်ယွင်ကျဲ၏ ပြင်းထန်လွန်း သောဓားချက်
များမှာ တစ်ချွမ်ချွမ် မြည်ကာ အရာမထင် ဖြစ်သွားလေသည်။ စီးမင်ကို့ဝေ ၏ လက်သီးချက်ကိုတော့ ဘယ်ညာ လက်ဝါးနှစ်ဖက်ကို
စုကာ ခုခံလိုက်သည်။ ထိုလက်ဝါး နှစ်ဖက်နှင့် ထိသော လက်သီးချက်မှာ " ဒုတ် " ဟု မြည်သံလေးသာ ထွက်လာပီး စီးမင်ကို့ချန် ၏
အတွင်းအားလှိုင်းကြီးမှာ ကွယ်ပျောက် သွားလေသည်။

ကျောက်ယွင်ကျဲ နှင့် ကျောက်လွေ တို့မှာ ဟာ ခနဲ ဖြစ်ကာ အော်မိကြသည်။ စီးမင်ကို့ဝေ မှာလဲ ပါးစပ်ဟောင်းလောင်း နှင့် ကျန်
ကြည့်နေသော သူများကတော့ မျက်စိကို ပင်လက်နှင့်ပွတ်ကာ မယုံနိုင်သလို ကြည့်နေကြသည်။ အလွန်တရာ ဆန်းကြယ်လွန်းသော
အဖြစ်အပျက် ပေတည်း။

စီးမင်ကို့ချန် ကတော့ မျက်နှာရှုံ့မဲ့ကာ


" အတွင်းအားသူခိုး... ကျုပ်လက်ကို လွှတ်စမ်း "
ဟု ဒေါသ သံဖြင့်အော်လိုက်သည်။

ထန်ဖန်း က တဟားဟား ရယ်ကာ စီးမင်ကို့ချန် လက်ကို လွှတ်ပေးလိုက်ပီး


အတွင်းအားများကို လျှော့ချလိုက်လေသည်။ သူ့အဖို့ အခုမှပင် သက်သာရာရသွားသည်။ သူက ရင်ထိတ်နေရသော အခြေအနေကို
အောင်မြင်စွာ ဖြတ်ကျော်နိုင်လေပီ။ ပြိုင်စံရှား သော သိုင်းကွက်အတွဲအစပ်ကို သူခုခံနိုင်ခဲ့ လေပီ။ ထို့အပြင် သူ့ပုံစံက ဟန်ဆောင်
ကောင်းလှသဖြင့် ကျန်လူများက သူအလျှော့ပေး လိုက်သည် ဟုပင် ထင်နေ ကြမည် ဖြစ်သည်။
ကျောက်ယွင်ကျဲ နှင့် စီးမင်ကို့ချန် မှာလဲ သူတို့ အမှတ်မထင် သုံးစွဲလိုက်သော သိုင်းကွက် နှစ်ခုမှာ အရမ်းအစွမ်းထက်သွား သဖြင့်
မျှော်လင်ထ
့ားရာမှ ထန်ဖန်းက ခုခံနုင
ိ သည်ကို တွေ့သော် စိတ်ဓာတ်ကျသွား ကြလေသည်။ ထိုသိုင်းကွက်နှစ်ခု မှာ သူတို့အဖေများပင်
မခုခံနိုင်ချေ။

စီးမင်ကို့ချန် မှာ ညာလက်ကို ဘယ်လက်ဖြင့် ကိုင်ကာ ရှု့မ


ဲံ့နေပီး
" အဖေ... ဒီလူကြီးက ပေမိန်နတ်သိုင်း တတ်တယ် "
ဟု အော်ပြောလိုက်သည်။

#မိုးထိတောင်သိုင်းသမား #ZYN
အခန်း (၂၃) အပိုင်း သုံး
သုံးပွင့်ဆိုင် မဟာမိတ်

စီးမင်ကို့ဝေ မှာ စီးမင်ကို့ချန် စကားကြောင့် တွေဝေ ကာ စကားပင်မပြောနိုင်ပဲ အံ့သြ နေလေသည်။ ကျောက်လွေ မှာလဲ
ပေမိန်နတ်သိုင်း ဆိုသော သိုင်းပညာကို မသိသော်လဲ အတွင်း အားစုပ်ယူသည် ဟု ကြားသဖြင့် ထိတ်လန့်နေလေသည်။

ထန်းဖန်းက ရယ်ကာ လက်နောက်ပစ် လိုက်ပီး မျက်နှာမှ မုတ်ဆိတ်များကိုပင် ဆွဲချွတ်ပစ်လိုက်သည်။ ထို့နောက် ပြောင်ချောကာ


တင်းရင်းပီး နုပျိုနေသော သူ့မျက်နှာပေါ်မှ မသတီစရာ အပြုံးတစ်ခု ပြုံးလိုက်ကာ
" ဘယ်လိုလဲ ငါ့အစွမ်းကို သိပီလား... စီးမင်ကို့ဝေ နဲ့ ကျောက်လွေ မင်းတို့ ဘယ်လောက်ပဲ အတွင်းအားကောင်းပါစေ ငါ့ရဲ့
အတွင်းအားစုပ်သိုင်း နဲ့ ယှဉ်လို့ ရမလား မင်းတို့ ဘယ်လောက်ပဲ ဓားကွက်တွေ သိုင်းကွက်တွေ ထက်မြက်နေပါစေ ငါ့ရဲ့
သံမဏိကိုယ်ထည် သိုင်းကို ထိုးဖောက်နိုင် မလား...
ဟားဟားဟား ဟားဟား... "
ဟု တဟားဟား ရယ်ကာ ပြောလိုက်လေ သည်။

စီးမင်ကို့ဝေ က သူ့သားဖြစ်သူ စီးမင်ကို့ချန် ၏ သွေးကြောများကို စမ်းသပ်ကြည့်နေပီးမှ အတွင်းအားများ စုပ်ယူခံရမှုမှာ နည်းပါး


သော်လဲ သွေးကြောငယ် တစ်ချို့ ပိတ်ဆို့ ကုန်ကြောင်း သိရကာ စဉ်းစားမိနေသည်။ ထို့စဉ် ကျောက်လွေ၏ နောက်မှ လီကျင့်ဝမ် မှာ
ထန်ဖန်းကို ကြည့်ကာ တစ်ခုခုကို သတိရမိ သွားသည်။ သူက ကျောက်လွေ နားကပ်ကာ တီးတိုး ပြောဆိုလိုက်သည်။ ကျောက်လွေမှာ
လီကျင့်ဝမ်၏ စကားကို ကြားရသော် တဟားဟား အော်ရယ်လိက
ုလေသည်။

"ဟားဟားဟား... ဟားဟားဟား... ငါ့နှယ့်ကွာ သိုင်းပညာမြင်လ


ှ့ပီရဲ့ဆိုပီး အထင်တွေကြီးနေတာ... လက်စသတ်တော့ ထန်ဖန်း
ခင်များကြီးက မိန်းမစိုးကြီးကိုဗျ...
ဟားဟားဟား... "

ထန်ဖန်း မှာ ကျောက်လွေ၏ လှောင်ပြောင် သောစကားကို ကြားသော် ဒေါသများ မခံမရပ်နိုင်အောင် ထွက်လာလေသည်။ သို့သော်
သူက ထိန်းချုပ်လက
ိုရသည်။ အဘယ်ကြောင့် ဆိုသော် ကျောက်လွေမှာ သူသုံးသော သိုင်းပညာကို သိနေသည့်တိုင် သူ့ကို
လှောင်ရဲနေသေးသည်။ ကျောက်လွေ တွင် မည်သည့် ဝှက်ဖဲများရှိနေသနည်း။ သူ့ကို ဒေါသများ ဆွကာ တိုက်ခိုက်ရန်
ဥာဏ်ဆင်ခြင်းလား။ အကယ်၍ သူက တိုက်လိုက်ပါက စီးမင်ကို့ဝေ က ကျောက်လွေ ဘက်မှ ဝင်ကမ
ှူာ သေချာနေ သည်။
ထိုသို့ဆိုလျှင် သူရှူံးရန် များနေသည်။

" မင်းက ဘာကြောင့် ငါ့ကို ဒီလိုပြောနိုင် ရတာလဲ ကျောက်လွေ.."


ဟု မေးလိုက်သည်။

ကျောက်လွေ က လှောင်ပြောင်ရယ်မော နေရာမှ အထင်သေးသလို တစ်ချက်ကြည့်ပီး


" ကျုပ်ကတော့ ဒါမျိုး အောက်တန်းကျတဲ့ သိုင်းပညာကို မသိပါဘူး ဒါပေမဲ့ ကျုပ်ရဲ့ ကိုယ်ရံတော်ကြီးက သိနေတယ်လေ... သူက
အရင်က မင်းမှုထမ်းဖြစ်ခဲ့တာဆိုတော့ နန်းတွင်းရဲ့ လျှို့ ဝှက်သိုင်းကျမ်းတွေကို သိထားတယ်... သူ့အပြောအရတော့ ခင်များဟာ
မိန်းမစိုးတွေ ကျင့်တဲ့ မိန်းမစိုးကိုယ်ထည်ကျင့်စဉ် ကို ကျင့်ထားတယ်ဆိုပဲ... အဲဒ
ီ့ကျင့်စဉ်က ကျင်သ
ူ့ကို ရှောင်လင်ရဲ့ နာမည်ကျော်
သံမဏိကိုယ်ထည် သိုင်းပညာလို ဓားလှံ မပေါက်အောင် ဖြစ်စေတယ်ဆ.ို .. ခင်များမို့လို့ဗျာ ယောက်ျားဘဝကို အဆုံးခံပီး ကျင့်ရဲတယ်...
ဒါကြောင့်လဲ မုတ်ဆိတ်တွေ မရှိပဲ နုပျိုနေတာကိုး "
ဟု ပြောလိုက်လေသည်။

ထန်ဖန်း မှာလဲ မထူးတော့ပီမို့ တဟင်းဟင်း ရယ်လိုက်ကာ


" အဲ့တော့ ဘာဖြစ်လဲ... ငါ အဲ့ဒီကျင့်စဉ်ကို ရခဲ့တုန်းက အသက်လေးဆယ်ကျော်ပီ ယောက်ျားဘဝ ဆိုတာ ငါ့အတွက်
လုံလောက်ခဲ့ပီးပီလေ... ငါ့သားသမီးတွေ တောင် ကလေးတွေမွေးနေပီပ.ဲ .. ဒါကြောင့် ငါ့က ကျင့်ဖို့ ဆုံးဖြတ်ခဲ့တာ ဒီကျင့်စဉ်ကို
ဆရာမရှိတဲ့အတွက် အောင်မြင်အောင် အနှစ်သုံးဆယ်ကြာတဲ့အထိ ဖြေးဖြေးကျင့် ခဲ့ရတယ် အခုတော့ ရလဒ်က ဘယ်လိုလ.ဲ .. မင်းတို့
ဓားချက်တွေက ငါ့ကို ထိခိုက်နိုင်သေးရဲ့လား "
ဟု မေးလိုက် သည်။

ထို့နောက် သူက ဆက်၍ တွေဝေနေသော စီးမင်ကို့ဝေ ကိုကြည့်ကာ


" မင်းကလဲ ငါ့ရဲ့အတွင်းအားစုပ်သိုင်း ကို ပေမိန်နတ်သိုင်း လို့ ခေါ်လိုက်တယ် မလား ငါကျင့်ထားတဲ့ သိုင်းကျမ်းက အဲ့ဒီနာမည်
မဟုတ်ဘူး... သိုင်းကျမ်းရေးသားသူရဲ့ အမှာစာ အရဆိုရင် ဒီသိုင်းကျမ်း တတ်တဲ့ သူက သိုင်းကျမ်းကိုသုံးလို့ ပေမိန်နတ်သိုင်း လို့
ခေါ်တဲ့သူရှိရင် သတ်ပေးပါလို့ မှာထားတယ် ရှောင်းယောင်ဂိုဏ်းသားတွေ နဲ့ တွမ့်မျိုးရိုး တွေပဲ ဖြစ်ရမယ် လို့လဲ ပြောထားသေးတယ်
မင်းက တွမ့်မဟုတ်တော့ ရှောင်းယောင် ဂိုဏ်းသားပဲ ဖြစ်ရမယ် ဟုတ်တယ်မလား "
ဟု မေးလိုက်သည်။

စီးမင်ကို့ဝေ က ခေါင်းယမ်းကာ
" မဟုတ်ပါဘူး... ကျုပ်က ရှောင်းယောင် အတွင်းအားဆိုတာကို တတ်တာမှန်ပါတယ် ဒါပေမဲ့ ရှောင်းယောင်ဂိုဏ်း နဲ့ ဘာမှ မဆိုင်ပါဘူး...
ကျုပ်တို့က လိန်ကျို့ နန်းတော် ကနေ ခွဲထွက်လာသူတွေပါ... ရှောင်းယောင် ဂိုဏ်းရဲ့ သိုင်းကျမ်းတွေမှာလဲ ပေမိန်နတ်သိုင်း နဲ့ဆင်တူတဲ့
ကြယ်ငင်မိစ္ဆာသိုင်း တတ်တဲ့ ကြယ်တာရာ ဂိုဏ်းသားတွေကို သတ်ပေးလို့ မှာတာ ဖတ်ဖူးပါတယ် အဲ့ဒီတော့ ခင်များက
ကြယ်တာရာဂိုဏ်းရဲ့ ကြယ်ငင်မိစ္ဆာသိုင်း ကို ရခဲ့တာ ဖြစ်မယ် "
ဟု ပြောလိုက် လေသည်။

ထိုစဉ် " ဟင်း " ဟူသော သက်ပြင်းချ သံ အရှည်ကြီး ကြားလိုက်ရသည်။ အားလုံးမှာ ကိုယ့်အပူနှင့်ကို အာရုံစိုက်နေကျရာ ထိုအသံကို
ကြားရသော် လန့်ဖျန့်သွား ကြသည်။ သူတို့က အသံကြားရာကို ကြည့်မိသော် မြေကွပ်လပ် ၏ အစွန်း ကျောက်နံရံ ပေါ်တွင်
အပြာရောင်ဝတ် ထားသော လူတစ်ယောက်က ဓားကို ထောက်ကာ ခြေပစ်လက်ပစ် ထိုင်နေသည် ကို တွေ့လိုက်ရသည်။ ထိုသူမှာ
ခမောက်ကြီး စောင်းထားပီး နေကလဲ ထိုသူဘက်မှ ထိုးနေရာ နေစူးသဖြင့် ရုပ်ရည်ကို ကြည့်၍ မရချေ။ ထိုသူအနားကို ခုန်ပျံကာ
သွားကြည့်နိုင်သော်လဲ မပိုင်လျှင် ခြင်ပင် မရိုက်တတ်သော ဤဥာဏ်များလွန်းသူ လူဆိုးတစ်သိုက် မှာ အချက်တစ်ချက်ကြောင့်
မသွားရဲကြချေ။ ထိအ
ု ချက်မှာ ထိုသူမှာ မည်သည့် အချိန်က ဤနေရာကို ရောက်ရှိ နေသနည်း။ အဘယ့်ကြောင့် မိမိတို့မှာ
သတိမထားမိရသနည်း။ ထိုသူကသာ ချောင်းမြောင်းကာ လုပ်ကြံလိုပါက မိမိတ့မ
ှိုာ ဒုက္ခများနိုင်သည်။ အခုလဲ ထိုသူက အသံပေးမှသာ
မိမိတို့က မြင်သည် မဟုတ်ပါလား။

ထိုသူက ခပ်အောအော အသံဖြင့်


" ဟုတ်ပီ... နန်းတွင်းက မိန်းမစိုးကြီးကောင်း တီထွင်တဲ့ မိန်းမစိုးကိုယ်ထည်ကျင့်စဉ် နဲ့ လူဆိုးကြီး သင်းချွန်းချိုး ရဲ့ လက်ရာ ဖြစ်တဲ့
ကြယ်ငင်မိစ္ဆာသိုင်း... ဒီနှစ်မျိုးကို တတ်ထား မှာတော့ သိုင်းလောက မှာ ပထမလို့ အော်နိုင်တာ မဆန်းပါဘူး ကြည့်ရာ ခင်များက
မိန်းမစိုးကောင်းရဲ့ ပန်းထိုးအပ်သိုင်း ကိုလဲ ရထားပုံ ရတယ် ဟုတ်ရဲ့လား "
ဟု မေးလိုက်လေသည်။

ထန်ဖန်း မှာ သိုင်းကျမ်း အမည်များ ကိုသာ မက မူရင်းတီထွင်သူများကိုပါ မှန်ကန် အောင်ပြောနိုင်သော အပြာရောင်ဝတ်နှင့်သူ ကို
အံ့သြတကြီး ကြည့်ကာ
" မင်း... မင်း... မင်းက ဘယ်သူလဲ ဘာကြောင့် အကုန်သိနေရတာလဲ "

အပြာရောင်ဝတ်နင
ှ့်သူ က တချက်ရယ် လိုက်ပီး
" ခင်များလဲ ကျောက်လွေကို ဒါမျိုးလုပ်ခဲ့တာ ပဲလေ... ဘယ်နှယ့်ကြောင့် ကိုယ့်အလှည့် ကျမှ ထိတ်လန့်နေတာလဲ "
ဟု ပြောလိုက်သည်။

ထိုစကားကို ကြားသော် သုံးဖွဲ့စလုံးမှာ ခေါင်းကျိန်းသွားကြသည်။ ထိုသူမှာ တစ်ချိန်လုံး စောင့်ကြည့်နေသည် ဟု


သဘောရသည်မဟုတ်ပါလား။ သူတို့မှာ တစ်ယောက်မျက်နှာ တစ်ယောက်ကြည့် လျက် အကြံထုတ်နေကြသည်။
အပြာရောင်ဝတ်နင
ှ့်သူ မှာ သူတို့နှင့် လွတ်ရာ တွင် နေရာယူထားသဖြင့် သူတို့က အမြန်ဆုံး ခုန်ပီးတိုက်ခိုက်နိုင်သည့်တိုင် ထိုသူမှာ
ထွက်ပြေးနိုင်ပေမည်။ ထိုသူ၏ ကိုယ်ဖော့ ပညာမှာ မိမိတို့လိုအဆင့်လွန်သိုင်းသမားများ သတိမထားမိအောင်ပင်မြင့်မားနေသည်လေ။

ထိုသူက ဆက်ကာ
" မိန်းမစိုးကိုယ်ထည်သိုင်းက ရှောင်လင် ရဲ့ သံမဏိကိုယထ
် ည် သိုင်းလို မစစ်မှန်ဘူး အားနည်းချက်တွေ များတယ်... ဒီလိုပဲ
ကြယ်ငင်မိစ္ဆာသိုင်း ကလဲ မူရင်း ပေမိန်နတ်သိုင်း လို မပြည့်စုံဘူး...
ခင်များလဲ အတွင်းအားတွေ စုပ်ယူဖူးနေတာပဲ သိမှာပါ အတွင်အားစုပ်ယူရတာ နှစ်တွေကြာလေ အတွင်းအားတွေ စုပ်ယူရတာ
နည်းလာလေ ဖြစ်မယ် ပီးတော့ တစ်ခါစုပ်ယူတိုင်း သွေးကြောမကြီးတွေ ခြောက်နေရာစလုံး နာကျင် နေရမယ်... အဲ့ဒီအချိန်မှာ တင်းခံပီး
ဆက်လက်စုပ်ယူမယ်ဆိုရင် သွေးကြောတွေ ဖောင်းကြွလာပီး ရူးသွပ်မတတ် စိတ်လွတ် သွားမယ် ပီးတော့ စုပ်ယူထားသမျှကော
ကိုယ့်မှာရှိတဲ့ အတွင်းအားကော ပျောက်ကွယ်သွားမယ်... ဘယ်လိုလဲ ခင်များ ဒါမျိုး နှစ်ကြိမ်ထက်မနည်း ဖြစ်ဖူးတယ် မလား
အဘိုးကြီးထန် "
ဟု မေးလိုက်လေသည်။

ထန်ဖန်း မှာ ဒိန်း ခနဲ ဖြစ်ကာ ခေါင်းထဲ မူးနှောက်သွားတော့သည်။ ထိုသူက အဘယ်ကြောင့် ဤမျှ အသေးစိတ် သိနေရသနည်း။ သူက
ထိုသိုင်း နှစမ
်ျိုးကို ကျင့်ပီးစ ဆယ်နှစ်ပိုင်း ကတည်းက လက်ရှိအခြေအနေမျိုး အောင်မြင်ထား ခဲ့သည်လေ။ သို့သော် ကြယ်ငင်မိစ္ဆာသိုင်း
၏ ချို့ ယွင်းချက်ကြောင့် နှစ်ကြိမ်တိတိ အတွင်းအားဆုံးရှူံးကာ သူ့အဖို့ပြန်လည်
လေ့ကျင့်ပီး အနှစ်သုံးဆယ်ကြာမှပင် ထွက်လာနိုင်ခဲ့သည်။ သွေးကြောများ ဖောင်းကြွရန် ပမာဏ အထိ သူ့မှာ မစုပ်ယူရဲတော့ချေ။
ထိုသူမှာ ဤမျှ အသေးစိတ် သိနေသဖြင့် ထိုသူသည်လဲ ကြယ်ငင်မိစ္ဆာသိုင်း ကျင့်သူ ဖြစ်ရပေမည်။

" ဒီကညီလေးက... ကျုပ်နဲ့ ဆရာတူတယ် ထင်တယ်... ဂိုဏ်းတူချင်းဆိုရင်တော့ ကူညီနိုင်တာ ရှိရင် အချင်းချင်း အပြန်အလှန် ကူညီကျ
တာပေါ့ ဆင်းခဲ့ပါ "
ဟု ပြောလိုက်လေသည်။

ကျန်လူများမှာလဲ ထိုသို့တွေးကြသည်။ ဤလူ မှာ စိတ်နေစိတ်ထား ထူးခြားသဖြင့် လူကောင်း မဖြစ်နိုင် ဟု ထင်နေကြသည်။


စီးမင်ကို့ဝေ တစ်ယောက် အပြာရောင် ဝတ်စုံကို ကြည့်ကာ စိတ်ထင့်နေသည်။ သို့သော် ထိုသူက ခြေပစ်လက်ပစ် ထိုင်နေသဖြင့်
ကိုယ်လုံးကိုယ်ထည်ကို မသိနိုင်ချေ။ ထို့ကြောင့်သူက သူ့စိတ်ထဲ ထင်နေသူ မဖြစ်နိုင်ဟု မှန်းဆလိုက်သည်။

အပြာရောင်ဝတ်နင
ှ့်သူ က ထန်ဖန်၏ စကားကို ကြားသော် အတန်ကြာ ခပ်တိုးတိုး ရယ်နေလေသည်။ ပီးမှ သူက
" ဖြစ်မှဖြစ်ရလေဗျာ... ကျုပ်က ရှောင်းယောင်ဂိုဏ်းချုပ်ဗျ... လိန်ကျို့ နန်းတော် ရဲ့ လက်ရှိသခင်လဲ ဖြစ်တယ် ဘယ်လိုလုပ်
သစ္စာဖောက် သင်းချွန်းချိုး ရဲ့ တပည့် ဖြစ်ရမှာလဲ... ကျုပ်ကျင့်ထားတာ စစ်မှန်တဲ့ ပေမိန်နတ်သိုင်း နဲ့ ရှောင်းယောင်သိုင်း ... ဟိုလူ
စီးမင်ကို့်ဝေ လို သူ့အကိုဆီက လုထားတာ မဟုတ်ဘူး..."
ဟု ပြောလိုက်လေသည်။

ထန်ဖန်မှာ ပေမိန်နတ်သိုင်း တတ်သည်ဟု ကြားသော် အံ့သြသွားပီး ကျောက်လွေ မှာမူ စိတ်ရှုပ်သွားလေသည်။ စီးမင်ကို့ဝေ မှာလွဲ၍
ကျန်သူများကတော့ ထိုသိုင်းများ၏ အစွမ်းကို နားမလည်သော်လဲ ထိုသူမှာ သေချာပေါက် အစွမ်းထက်ပေမည်ဟု သိကာ မလှုပ်ရဲပဲ
ရပ်ကြည့်နေကြသည်။ စီးမင်ကို့ဝေ ကတော့ ထိုသူကို မျက်လုံးပြူးကြည့်ကာ
" မင်း... မင်း... ဘယ်လိုသိသလဲ "
ဟု ပြောလိုက်လေသည်။

ထိုသူက ရယ်လိုက်ကာ
" ဘယ်လိုသိရမှာလဲ တုံးဖန်းဟိုင် နဲ့ တွေ့တော့ သူကပြောပြတာပေါ့ လက်ရှိ ရှောင်းယောင်ဂိုဏ်းချုပ် ဖြစ်တဲ့ ကျုပ်က ဂိုဏ်းဝင်မဟုတ်ပဲ
သိုင်းခိုးကျင့်ထားတဲ့ ခင်များတို့ တစ်သိုက်ကို လိုက်ရှာရတော့တာ ပေါ့လေ "
ဟု ဖြေလိုက်သည်။

ထိုသူ၏ စကားအရ ထိသ


ုမှာ မိမိတို့၏ အတွင်းအားများကို ဖျက်ဆီးပေတော့မည်။ စီးမင်ကို့ဝေ နှင့် တပည့်များမှာ လန့်သွားသည်။
စီးမင်ကို့ဝေ က စိတ်တင်းကာ ပြန်ပြောလိုက်သည်။
" ကြည့်ရတာ ဒီနေ့က အချိန်ကောင်း ဖြစ်မယ် မထင်ဘူး ခင်များရဲ့သိုင်းပညာက ကျုပ်တို့ တစ်ဦးချင်းစီ ထက်သာနိုင်ပေမဲ့
ပေါင်းတိုက်မယ်ဆိုရင်တော့ မခံနိုင်ဘူး ထင်တယ် ဒါကြောင့် ထွက်ပြေးဖို့ တစ်ခါတည်းပြင်ထားတာပေါ့လေ "

အပြာရောင်ဝတ်နင
ှ့်သူ က ရယ်ကာ
" ဟုတ်ပါတယ်ဗျာ... ခင်များက အတော်ဥာဏ်ကောင်းတဲ့ သူပဲ ကျုပ်အခြေအနေကို ခန့်မှန်းနိုင်တယ်... ကျုပ်က ခင်များကို အခုချိန်မှာ
ဘာမှ မလုပ်နိုင်သေးပါဘူး ဒါပေမဲ့ တစ်ချိန်ချိန်မှာ တော့ လုပ်နိုင်မှာပါ "
ဟု ပြောလိုက်လေသည်။

ထိုစကားကြောင့် ကျန်သူများမှာ အသက်ရှူချောင် သွားရသည်။ ထိုသူမှာ မိမိတို့ကို တစ်ပြိုက်နက် မတိုက်ခိုက်နိုင်ချေ။ မိမိတို့မှာ


ကြောက်ရွံနေစရာမလိုတော့ပီ။ ကျောက်လွေက ချက်ချင်းပင် ရယ်လိုက်ကာ
" ဘယ်လိုလဲ မိတ်ဆွေ တစ်ချိန်လုံး အဝေးမှာပဲ နေတော့မှာလား ဆင်းလာခဲ့ ပါဦးလေ "
ဟု လှောင်ပြောင်လိုက်သည်။
အပြာရောင်ဝတ်နင
ှ့်သူ မှာ ရယ်နေရာမှ ရပ်သွားပီး
" အခုတော့ ဘယ်ဖြစ်မလဲ ကျုပ်က ဂိုဏ်းခြောက်ဂိုဏ်း နဲ့ နေပြည်တော် ကို အကြောင်းကြားပီးမှပဲ ဆင်းလာခဲ့တော့မယ် "
ဟု ဖြေလိုက်လေသည်။

ထိုသူ့ စကားကြောင့် ထန်ဖန်၊ ကျောက်လွေ နှင့် စီးမင်ကို့ဝေ တို့ မှာ မျက်နှာပျက်သွား ကြသည်။ သူတို့၏ လျှို့ဝှက် အစည်းအဝေး မှာ
ပေါက်ကြားသွားပီ မဟုတ်ပါလား။ ထန်ဖန်း က ကျန်နှစ်ယောက်ကို မျက်ရိပ်ပြလိုက်ကာ
" ဒီအတိုင်းဆို... ကျုပ်တို့ မပူးပေါင်းလို့ မဖြစ်တော့ဘူးပဲ... အစကတည်းက စီစဉ်ထားသလိုပဲ လုပ်ကြတာပေါ့ နောက်တစ်လနေရင်
ကျန်းနန်ကို အင်အားအကုန်သုံးပီး တိုက်ခိုက်ကြတာပေါ့ ကျုပ်တို့က လူအင်အားစီစဉ်ထားပီးသားပါ ကျန်းနန်သားတွေနဲ့
နေပြည်တော်သာ တစ်လအတွင်း ပြင်ဆင်နိုင်ရင် လုပ်ကြည့်ကြပေါ့ "
ဟု ပြောလိုက်လေသည်။

ကျောက်လွေကလဲ ခေါင်းငြိမ့်ကာ
" ကျုပ်ရဲ့ တောင်ပင်လယ်ဂိုဏ်း ကလဲ အဆင်သင့်ပါပဲ... ခင်များတို့နဲ့ မပူးပေါင်းလဲ ကျန်းနန်ကိုတိုက်ဖို့ ပြင်ထားပီးသားပါ... အခုလို
ဖြစ်သွားတော့ ပိုအဆင်ပြေတာပေါ့ "
ဟု ထောက်ခံလိုက်သည်။

ထိုစကားများကို ကြားသော် အပြာရောင်ဝတ်နှင့်သူ မှာ စိတလ


ှ်ုပ်ရှားသွား ပုံရသည်။ သူက အယောင်ယောင်မှားမှားဖြင့် ခါးအနောက်မှ
ထိုးထားသော ဘူးသီးခြောက် ဘူးကို မော့ကာ သောက်လိုက်မိလေသည်။ ထိုသူ မော့သောက်နေသော်ဟန်ကို ကြည့်ကာ ထန်းစု မှာ
သူမေ့မရသောသူ တစ်ယောက် ကိုမြင်ယောင်မိလေသည်။ သူမက အို ခနဲ တစ်ချက် အသံထွက်ကာ
" သူ... သူ... သူ များဖြစ်နေလား "
ဟု တွေးမိသည်။ သူမကို မည်သူမျှ ဂရုမထား သဖြင့် ထိုအဖြစ်ကို မြင်လိုက်သူ မရှိချေ။

စီးမင်ကို့ဝေ က ထိုသူကို ထိခိုက်သွားသည် ကိုတွေ့သော် အောင်ပွဲခံ သလို ပြုံးကာ


" ကျုပ်ကတော့ ကျုပ်ဂိုဏ်းသားတွေနဲ့ တိုက်လို့ အဆင်ပြေတာနဲ့ စီးရှစစ်တပ်ကို အချက်ပေးလိက
ုမှာပဲ ဒါဆို တစ်ချက်ခုတ်
နှစ်ချက်ပြတ်မဟုတ်ဘူးလား "
ဟု ပြောလိုက်လေသည်။

ထိုသူက ကာ ဓားကို တင်းတင်းဆုပ်ကာ


" ခင်များတို့တွေ ကျန်းနန်နားကို ကပ်လို့ ရမယ် မထင်နဲ့ ပိုင်လုံ၊ မင်စုထန် နဲ့ ကျုပ် ရှိနေသရွေ့ အနားကို မသီစေရဘူး "
ဟု ပြောလိုက်သည်။

ထန်ဖန်က ပြုံးကာ
" လုပ်ကြည့်ပေါ့ကွာ မင်းတို့ကလဲ သုံးယောက် ငါတို့ကလဲ သုံးယောက်
ဘယ်သူပိုစွမ်းလဲ ကြည့်ရသေးတာပေါ့ "
ဟု ပြန်ပြောလိက
ုသည်။

ကျောက်လွေက ရယ်ကာ
" တစ်လအတွင်း ကျန်းနန်တော့ ဆူပွက်ဖို့သာ ပြင်ထား "
ဟု ပြောလိုက်ပြန်သည်။

ထိုသူမှာ မကြားချင်တော့ဟန်ဖြင့် ဖျတ် ခနဲ ထကာ လေထဲမျောလွင့်သွားလေသည်။ ကျန်သူများမှာ ထိုသူ၏ ပြိုင်စံရှားသော


ကိုယ်ဖော့ပညာကို ငေးကြည့်နေပီးမှ သတိဝင်လာလေသည်။ သူတို့မှာ ဟန်ကိုယ်ဖို့ကာ ထိုသူကို ခြောက်လိုက် ရသော်လဲ
တကယ်တမ်း ကျန်းနန်ကို တိုက်ရန်မူ တစ်လထက်မနည်း ပြင်ရပေဦး မည်လေ။ သူတို့က တစ်ယောက်နှင့်
တစ်ယောက်ကြည့်နေကြသည်။

ထန်ဖန် က သက်ပြင်းချကာ
" အကျိုးတူ ဘုံပိုင် လုပ်ကြတာပေါ့... ညီတူညီမျှ အားစိုက်ပီးတော့ ကိုယ်လိုချင်တာ ကိုယ်ယူကြမယ် ဘယ်လိုလဲ "
ဟု မေးလိုက်သည်။

ကျောက်လွေ က ခေါင်းငြိမ့်ကာ
" ကျုပ်က တောင်ဘက်ကျတဲ့ ခိုင်ဖုန်း ကို တိုက်ခိုက်မယ်... ခင်များက အရှေ့နဲ့ နီးတဲ့ လို့ရန်ကို တိုက.် .. နောင်ကြီးစီးမင်က စီးရှနဲ့ နီးတဲ့
မြောက်ပိုင်း ပေကျင်း ကို တိုက်ခိုက် ဒီလိုဆို သူတို့ မခံသာပါဘူး "
ဟု ထောက်ခံလိုက်သည်။

စီးမင်ကို့ဝေ ကတော့ သူဖြစ်စေချင်သလို ဖြစ်လာသည့်အတွက် အပြာရောင်ဝတ်နှင့်သူ ကိုပင် ကျေးဇူးတင်မိလေသည်။ သူက


ကပြာကယာ ခေါင်းကို ငြိမ့်ကာ
" ဒါပေါ့... ဒီလိုပဲ လုပ်ကြတာပေါ့ဗျာ "
ဟု ပြောလိုက်လေသည်။

ထို့နောက် သူတို့မှာ အနည်းငယ် တိုင်ပင်ကာ ထိုက်ကျုံးတောင် ပေါ်မှ ဆင်းသွားကြလေ သည်။

မကြာမီရက်ပိုင်း အတွင်းမှာပင် သိုင်းလောက မှာ ပွက်လောရိုက်သွားလေသည်။ အနက်ရောင်သိုင်းအဖွဲ့အစည်းကြီး သုံးခုမှာ


မဟာမိတ်ပြုလိုက်ကြောင်း ကျန်းနန်ကို တစ်လအတွင်း တိုက်ခိုက်တော့မည် ဖြစ်ကြောင်း ဖြစ်လေသည်။ ထိုအကြောင်းကို
ဖောက်သည်ချသူများမှာ သူဖုန်းစားဂိုဏ်း က ဂိုဏ်းသားများ ဖြစ်နေသဖြင့် သိုင်းသမားများ မှာ ယုံကြည်မိကြသည်။ သိုင်းအဖွဲ့အစည်း
အသေးများမှာလဲ ဂိဏ
ုးခြောက်ဂိုဏ်းကို ခိုလှုံလာကြပီး ဂိုဏ်းခြောက်ဂိုဏ်းမှာလဲ မဟာမိတ်အဖွဲ့အသွင် အသက်ဝင်လာ ကြသည်။
အဖွဲ့ချုပ်ကြီးကတော့ သူဖုန်းစားဂိုဏ်းချုပ် ပိုင်လုံ ဖြစ်ပီး ပါဝင်သူ ဂိုဏ်းပေါင်းစုံ ဂိုဏ်းသားများမှာ တိက
ုပွဲ အတွက်
ပြင်ဆင်နေကြလေသည်။

ဤသို့ဖြင့် သိုင်းလောကမှာ အဆိပ်မယ်တော် နှင့် အဆိပ်ပန်းဂိုဏ်း ထကြွစဉ်ကကဲ့သို့ တစ်ခေါက်ပြန်လည် ဆူပူလာတော့ လေသည်။


ဘုရင်မင်းမြတ် မှာလဲ မနေသာ တော့ချေ။ မင်စုထန် ကို သိုင်းလောကသို့ လွှတ်ကာ ရှင်းခိုင်းရလေပီ။ ဒီတစ်ခေါက်မှာ အရင် ရှစ်နှစက

တိုက်ပွဲထက် အဆပေါင်းများစွာ ပြင်းထန်မည်က မြေကြီးလက်ခတ်မလွဲချေ။

#မိုးထိတောင်သိုင်းသမား #ZYN
အခန်း (၂၄) အပိုင်း တစ်
မရှင်းနိုင်သော ပဟေဠိ

ပေကျင်းမြို့ ...
ပေကျင်းနေပြည်တော်ကြီး ၏ တောင်ဘက် မြို့ စွန်တွင် ဘုံကျောင်းပျက်ကြီး တစ်ခု ရှိလေသည်။ ထိုဘုံကျောင်းကြီးမှာ တစ်ချိန်က
ဘုရင်တို့ ကိုးကွယ်ရာ ဖြစ်ဟန်တူ ကာ ကျယ်ဝန်းခမ်းနားသော်လဲ ယခုမှ ပြိုကျ ပျက်စီးနေသဖြင့် ဝတ်ပြုဆောင်သာ ကျန်ခဲ့လေသည်။
သို့သော် ဘုံကျောင်းပျက် ဆို၍ အမှိုက်များ အပျက်အစီးများ ပြည့်နှကက
်ာ ရှုပ်ပွနေသည် ဟု ထင်လျှင် မှားသွားပေမည်။
ထိုဘုံကျောင်းပျက်မှာ သန့်ရှင်းသပ်ရပ်ကာ အတော်ကို ကြည့်ပျော်ရှု့ပျော် ရှိသဖြင့် နေ့စဉ် သန့်ရှင်းရေး လုပ်သူများ ရှိသည် ဟု
သိနိုင်သည်။ ပေကျင်းမြို့ သားများမှာ ပြိုကျသွားပီးသား ဘုံကျောင်းတစ်ကျောင်းကို အရေးစိုက်မည့်ပုံ မပေါ်ပါ။ ထိုသို့ ဆိုလျှင်
မည်သူကများ ထိုဘုံကျောင်းကို သန့်ရှင်းကာ စောင့်ရှောက် နေသနည်း။ အကယ်၍ သင်သာ သိုင်းလောကသား မှန်လျှင် ထိုမေးခွန်းကို
မမေးချေ။ အဘယ်ေ
့ ၾကာင့္ဆုေ
ိ သာ် ထိုဘုံကျောင်းပျက် မှာ သူဖုန်းစားဂိုဏ်း ၏ ဌာနချုပ် ဖြစ်သော ကြောင့်ပေတည်း။

ဘုံကျောင်းပျက်မှာ တစ်ခုတည်းသော အကောင်းအတိုင်းကျန် နေသည် ဟူ၍ ဝတ်ပြုခန်း သာ ရှိနေသည်။ ထို ဝတ်ပြုခန်း ထဲတွင်
လူနှစ်ယောက် ရှိနေသည်။ တစ်ယောက်မှာ အဖြူဝတ်စုံ ခပ်နွမ်းနွမ်း ကို ဝတ်ဆင်ထားပီး တည်ကြည်သော မျက်နှာဖြင့်
စကားပြောနေသည်။ ကျန်တစ်ယောက်ကတော့ အပြာရောင်ပိုးဖဲ ဝတ်စုံကိုပင် ဖရိုဖရဲ ဝတ်ဆင်ထားကာ မျက်နှာတွင်လဲ
မုတ်ဆိတ်ကျင်စွယ် များက အရိုင်းဆန်စွာ ပေါက်ရောက်နေသည်။ ထိုသူက အဖြူရောင်ဝတ်စုံ နှင့်လူကို စကားပြောနေသော်လဲ
တစ်ချက်တစ်ချက် မျက်ဝန်းတွင် အဆွေးရိပ်သမ်း နေလေသည်။ အဖြူရောင် ဝတ်စုံနှင့် သူက ထိုအရာကို သတိပြုမိပုံရကာ
သက်ပြင်းချလိုက်သည်။

" ညီလေး... မင်းဒီမှာ နေတာလဲ တစ်ပါတ်ရှိပီ အကိုကြီးကို မင်း ဒီသုံးနှစ်အတွင်း ဘာဖြစ်လာလဲ ဆိုတာ ပြောဖို့ သင့်ပီ ထင်တယ်...
မင်းကို သုံးနှစ်အတွင်းမှာ ငါ တစ်ခါပဲ တွေ့ခဲ့ရတယ် ဒါလဲ မင်းက ငါသေမှာ စိုးလို့ ဝင်ကယ်တုန်းကပဲ... အခုလဲ မင်းသတင်းပေးလို့
သိုင်းလောကတစ်ခုလုးံ ကို ဟိုအဖွဲ့အစည်း သုံးခုအကြောင်း သတင်းဖြန့်ပီးပီ... မင်းလဲ နှလုံးသားရေးကို ခဏမေ့ပီး အများကောင်းကျိုးကို
သေသေချာချာ မလုပ်ကြည့်ချင်ဘူးလားကွာ"

အပြာရောင်ဝတ်စုန
ှံင့်သူ က ငေးငိုင်နေရာမှ
" ဟုတ်တယ် အကိုကြီး ကျနော် မပျော်ဘူး ဗျာ... ရင်ထဲမှာ တနုံ့နုံ့ခံစားနေရတယ်... ကျနော် ဘာဖြစ်ခဲ့လဲ ဆိုတာ ကျနော်
ဘာမြင်ခဲ့ရတယ် ဆိုတာ ပြောလိုက်ရင် သက်သာသွားမလား မသိဘူး "
ဟု ပြောလိုက်လေသည်။
အဖြူရောင်ဝတ်စုံနှင့်သူ က အားတက်ကာ
" ဟုတ်ပီ ညီလေး ငါ့ကိုအားလုံးပြောလို့ ရတယ်ကွာ... ငါ့က မင်းအကိုပါကွ... ငါ့ညီ စိတ်ချမ်းသာ ဖို့ အကိုလုပ်တဲ့သူက အတတ်နိုင်ဆုံး
ဖြေရှင်းပေးမှာပါ "
ဟု အားပေးနှစ်သိမ့်လိုက်လေသည်။

အပြာရောင်ဝတ်စုန
ှံင့်သူ က တစ်ချက်တွေဝေ ပီးမှ ဆုံးဖြတ်လိုက်ဟန်ဖြင့်
" ကဲပါလေ... အကိုကြီးကိုတော့ ပြောရဲပါတယ် တခြားလူကိုတော့ ရှက်လွန်းလို့ ပြောမထွက်ဘူး... "
ဟု အစချီက ပြောပြလိုက်လေသည်။

ထိုအပြာရောင်ဝတ်စုံနှင့်သူ မှာ တွမ့်ကျန်းယွမ် ဖြစ်လေသည်။ သပ်ရပ်စွာ နေထိုင်တတ် သော မင်းသားတစ်ပါးက အဘယ့်ကြောင့်


မုတ်ဆိတ်ကျင်စွယ်များဖြင့် အရှုံးသမားလို လေလွင့်နေရသနည်း။ အဖြူရောင် ဝတ်စုံ နှင့် ပိုင်လုံ မှာ ထိုအကြောင်းကို သိချင်လွန်းကာ
အာရုံစိုက်ပီး နားထောင် လိက
ုလေသည်။

ဇာတ်လမ်း အစမှာ တွမ့်ကျန်းယွမ် သည် ရှောင်စစ်တောင် သိုင်းပြိုင်ပွဲ အပီး တစ်ပါတ်အကြာမှာတင် တာ့လီ မိုးထိတောင် ကို
ပြန်သွားရသည်။ သူ့အဖြစ်က ဆိုးရွားလွန်းသည်။ အအေးအဆိပ်ဒဏ် ခံရ၍ အတွင်းအားများပြိုကွဲ ရုံသာ မက ဆရာ ဖြစ်သူ နှင့်
ဆရာ့သမီး ကပါ အထင်လွဲပီး ထွက်သွားကြသည်။ ထို့အပြင် အသက်နှင့် ထပ်တူ ချစ်ရသူကပါ စာတစ်စောင်သာ ချန်ခဲ့ပီး
စွန့်ခွာသွားပြန်သည်။ သို့သော် သူက အားမလျှော့ချေ။ တစ်နှစ်တိတိ မိုးထိတောင် တွင် ကြိုးစားကာ သိုင်းလေ့ကျင့်သည်။ သူ့၏
အအေးဓာတ် အဆိပ်ကို ထိန်းချုပ်နိုင်ရန် ကောင်းရာနိုးနိုး သိုင်းကျမ်းမှန်သမျှ အကုန်လေ့ကျင့်သည်။ လိန်ကျို့ နန်းတော် မှ
ရှောင်းယောင်ဂိုဏ်း ၏ သိုင်းပညာများ၊ ဝေထင်း၏ မိုးနဂါးဓားသိုင်း အပါအဝင် တာ့လီ၏ သဏ္ဍန်မဲ့နတ်ဓားသိုင်း ကိုပါ လေ့ကျင့်ခသ
ဲ့ ည်။
နောက်ဆုံး သဏ္ဍန်မဲ့နတ်ဓားသိုင်း နှင့် ရိကျင့် အကြောပြောင်းသိုင်း တို့ကြောင့် အအေးဓာတ် ကိုထိန်းချုပ်နိုင်ခဲ့လေသည်။ သို့သော်
အရှင်းတော့ မပျောက်ချေ။ အဆိပ် မထစေရန် အတွင်းအားသုံးပီး တိုင်း အရက်ပြင်းကို သောက်ပေးရသည်။ ပူပြင်းသော အရက်များ ကို
သွေးကြောထဲ ပို့ကာ အအေးဓာတ်ကို ဖြိုခွဲရခြင်း ဖြစ်သည်။ အရှင်းပျောက်ရန်မူ အေးစိမ့်လက်ဝါး ကို တီထွင်သူ အအေးမိစ္ဆာ ၏
မှတ်ချက်အတိုင်း အဆိပ်မိစ္ဆာ ဆီမှ အအေးဓာတ်ဖြေဆေး ရရန် လိုအပ်နေလေသည်။ ထို့ကြောင့် သူက တစ်နှစ်အကြာတွင်
ဆေးလဲရှာရင်း သူ့ကို အထင်လွဲသွားသူ မုယုံချန်းရှောင်း ကိုလဲ ရှာချင် သဖြင့် သိုင်းလောကထဲ နောက်တစ်ခေါက် ဆင်းခဲ့လေသည်။

"ပျောက်သောသူ ရှာလျှင်တွေ"့ ဟူသော စကား မှာ တိကျသော အချိန်ကာလ မပါသဖြင့် တစ်နှစ်ကျော် ရှာသော်လဲ တွမ့်ကျန်းယွမ် မှာ
ဆေးအကြောင်း လဲ မကြားရသလို မုယုံချန်းရှောင်း အကြောင်းလဲ မကြားရချေ။ တော်ရုံ လက်မလျှော့သော တွမ့်ကျန်းယွမ် မှာ
စိတ်ဓာတ်ကျလာသည်။ ထို့ကြောင့် သူက တာ့လီ ပြန်ရန်ပင် စိတ်ကူးမိတော့သည်။ ထိုစဉ်မှာပင် ထန်စံအမ
ိ နှင့် တောင်ပင်လယ်ဂိုဏ်း
တို့မှာ နာမည်ကျော် လာလေသည်။ ထို့ကြောင့် သူက စိတ်ဝင်စား ကာ ပိုင်လုံကို မေးမြန်းရန် ပေကျင်း ကို
ရောက်လာတော့သည်။ပေကျင်း ကို လာသော်လဲ ပိုင်လုံမှာ ဂိုဏ်းခြောက်ဂိုဏ်း ကို လှည့်ကာ လူစုနေသဖြင့် မရှိချေ။ ထို့ကြောင့် သူက
ရောက်တုန်း ရောက်ခက
ို ပြည်မကြီး ၏ နန်းတော်သို့ ဝင်ကြည့်ရန် ဆုံးဖြတ်လိုက် မိသည်။ တာ့လီနန်းတွင်းနှင့် ဘာကွာခြား သလဲ
ဆိုသော အတွေးမှာ သူ ငယ်စဉ်ကတည်း က ကိန်းအောင်းနေရာ ယခုလို ပြိုင်စံရှားသော ကိုယ်ဖော့ပညာ ရှိနေသဖြင့် သူအဖို့
ဝင်ကြည့်ရန်မူ လွယ်ကူ လွန်းနေလေသည်။ သို့သော် ထိုအဖြစ်ကပဲ သူ၏ ပျော်ရွှင်မှုမှန်သမျှ ပျက်စီးစေနိုင် ကြောင်း မသိခဲ့ချေ။

အတွေး နှင့် လှုပ်ရှားမှု ထပ်တူကျသော တွမ့်ကျန်းယွမ်မှာ ထိုညမှာတင် နန်းတော် သို့ ခိုးဝင်လိုက်လေသည်။ တောသား မြို့ ရောက်
ကဲ့သို့ပင် တာ့လီမှ မင်းသားတစ်ပါး ဖြစ်သော တွမ့်ကျန်းယွမ် မှာ ပြည်မကြီး၏ ခမ်းနား ကြီးကျယ် လွန်းသော နန်းတော်ကြီးထဲတွင်
မျက်စိလည်လုနီးပါး အံ့သြမင်သက် ဖြစ်နေလေသည်။ သူက အဆောင်တော်များ မိဖုရားများ၊ မင်းသားများ မှသည် မောင်းမ
အဆောင်အထိ စေ့စေ့စပ်စပ် လိုက်ကြည့် နေလေသည်။ ထိုအကျင့်က သူ့ကို ဒုက္ခပေး ခြင်း ဖြစ်လေသည်။ သူက နန်းတော် ဥယျာဉ် ထဲ
အရောက်တွင် ဘုရင်မင်းမြတ် လရှုစား ထွက်သည်နှင့် ကြုံသော် စိတ်ဝင်စားကာ ချောင်းကြည့်မိသည်။ အစက တတ်နိုင်သမျှ
အနားကပ်ကာ ပြည်မဘုရင်ကို စနောက် ရန် ကြံလိုက်သော်လဲ ဘုရင်နှင့် စကားပြောနေသူ ကိုတွေ့သော် မလုပ်ရဲတော့ချေ။ အကြောင်း
မှာ ဘုရင်ဖြစ်သူနှင့် အသဲအသန် တိုင်ပင် နေသူမှာ သိုင်းထိပသ
်ီး အဆင်၂
့ ဖြစ်သူ မင်စုထန် ဖြစ်နေသဖြင့် ဖြစ်သည်။ မင်စုထန် လို
လူမျိုးပင် ခစား နေရာ သူ့ အနေဖြင့် မခန့်လေးစား မလုပ်ရဲချေ။ သို့သော် သူက ဘာများ တိုင်ပင် နေကြသလဲ သိချင်သဖြင့်
အနားတိုးကာ ချောင်းနားထောင် မိသည်။ သူ၏ သိုင်းပညာ အဆင့်အရ သာမာန်လူ ဖြစ်သော ဘုရင်၏ စကားများကို
တော်ရုံအဝေးမှပင် ကြားနိုင်သည်လေ။ ဘုရင်က မင်စုထန်ကို သူပေးစားသူကို ယူရန် တိုက်တွန်းနေလေ သည်။ ဘုရင်က မင်စုထန် ကို
တူတော် မင်းသားအဖြစ် ပေးအပ်ထားသဖြင့် မင်းသား၏ ကြင်ယာတော် မှာ ဘုရင် ပေးစားသူသာ ဖြစ်ရပေမည်။ မင်စုထန် အနေဖြင့်
မငြင်းရဲပါ သူက အရိုအသေပေးကာ လိက
ုနာမည် ဖြစ်ကြောင်း ကတိခံလိုက်ရသည်။ ဘုရင်က အချက်ပြ လက်ခုပ်တီးလိုက်ရာ
မိုးနတ်မယ် တစ်မျှ လှပလွန်းသော မိန်းကလေး တစ်ယောက်မှာ မင်းသမီးတစ်ပါး ကဲ့သို့ ဝတ်စားဆင်ယင်ထားပီး မှူးကြီးမတ်ရာ တစ်ဦး
က ဘေးမှ ခေါ်ဆောင်လာလေသည်။ ဘုရင်က ထိုအမတ်ကြီးကို မြင်သော် ပြုံး၍ နှုတ်ဆက်လေသည်။ ထိုမိန်းကလေးမှာမူ
ပြုံးနေသော်လဲ အပြုံးများက အသက်မပါချေ။ တွမ့်ကျန်းယွမ် တစ်ယောက်မှာက မိမိမျက်စိ ကို မိမိမယုံနိုင်ဖြစ်ကာ ပွတ်သပ်ပီး ကြည့်နေ
ရသည်။ ဘုရင်က အမတ်ကြီးကို ဝန်ကြီးချုပ် မုယုံ ဟု ခေါ်လိုက်မှသာ ထို မိန်းကလေးမှာ မိမိရှာနေသူ မုယုံချန်းရှောင်း ဖြစ်ကြောင်း
သေချာသွားရတော့သည်။ ဆွေမျိုးမရှိသော မုယုံချန်းရှောင်း မှာ အဘယ့်ကြောင့် နန်းတွင်းရောက်ကာ မင်းသား ဖြစ်သူ မင်စုထန်၏
ကြင်ယာတော် ဖြစ်နေရသနည်း။ ထို့အပြင် ဝန်ကြီးချုပ် မုယုံ ဆိုသူ အဘိုးကြီး နှင့်လဲ မည်သို့ ပတ်သတ်ပီး ဘုရင်ကိုယ်တိုင်
သဘောတူသော အဆင့်ကို ရောက်နေရသနည်း။ တွမ့်ကျန်းယွမ် မှာ နားမလည်နိုင်တော့ချေ။ သူက စိတ်အလှုပ်ရှားလွန်ကာ
ငေးငိုင်နေတော့ သည်။ ဘုရင်ကတော့ မင်စုထန် ကို မုယုံချန်းရှောင်း နှင့် လက်ထပ်ရန် နေ့ရက်ပင် သတ်မှတ်လိုက်လေပီ။ မင်စုထန် မှာ
မုယုံချန်းရှောင်း နှင့် တွမ့်ကျန်းယွမ် အကြောင်းကို သိသဖြင့် အံ့သြနေဟန် ရှိသည်။ သို့သော် သူက မင်းမိန့်လဲ ပါသလို မုယုံချန်းရှောင်း
ကလဲ မငြင်းဆန်သဖြင့် ခေါင်းငြိမ့်ကာ အသာအယာ မင်းမိန့်ကို လက်ခံလိုက်တော့သည်။ မုယုခ
ျံန်းရှောင်း ကတော့ ကံစီမံရာ ကို
အေးဆေးလက်ခံ လိုက်ပုံရသည်။ မည်သည့် စကားမျှ မဆိုချေ။ ဝန်ကြီးချုပ်မုယုံ ဆိုသူ အဘိုးကြီးကတော့ ပျော်နေပုံရကာ
မုယုံချန်းရှောင်း လက်ကို ကိုင်ကာ အဖိုးဂုဏ်ယူတယ် ဟု တွင်တွင် ပြောနေလေသည်။ ချောင်းကြည့်နေသူ တွမ့်ကျန်းယွမ် ကတော့
"ငါလဲ မင်းသားတစ်ပါး ပါကွာ" ဟုသာ အသံတိတ်ရေရွတ်ရင်း နန်းတွင်းမှ ထွက်သွားလေတော့သည်။

ထို့နောက်တွင်တော့ ပေကျင်းမြို့ တွင် အရက်သမားတစ်ယောက် တိုးလာကာ တွမ့်ကျန်းယွမ် မှာ တစ်လကျော် ကြာအောင်


နေ့စဉ်ရက်ဆက် မူးရူးနေတော့သည်။ ပါလာသမျှ ငွေလွှဲလက်မှတ်များမှာလဲ ကုန်လေပီ။ အထက်တန်းစား စားတော်ဆက် မှသည်
နောက်ဖေးလမ်းကြား အရက်ပုန်း ဆိုင် အထိ ပေကျင်းမြို့ တွင် တွမ့်ကျန်းယွမ် မသောက်ဖူးသည့် အရက်ဆိုင်ဟူ၍ မရှိချေ။
ပိုက်ဆံကုန်သွားသဖြင့် အမူးပြေသွားသော အခါမှသာလျှင် သူက သတိဝင်လာတော့ သည်။ ထို့ကြောင့် သူက ပိုင်လုံထံ ပိုက်ဆံချေး ရန်
စုံစမ်းလိုက်သော် ပိုင်လုံမှာ ခိုင်ဖုန်းတွင် သိုင်းပြိုင်သွားသည် ဟု ကြားသဖြင့် အရက်အိတ် ခါးကြားထိုး ကာ လိုက်သွား လေတော့သည်။
ထိုအဖြစ်ကပင် ကျန်းနန် သိုင်းလောကနှင့် ပိုင်လုံကို ကယ်တင်သလို ဖြစ်သွားတော့လေသည်။ အဝတ်စ တစ်ပိုင်း၊ လက်ဝါးချက်
တစ်ချက် နှင့် အကြည့်တစ်ချက် ထိုအရာများနှင့်ပင် ကျောက်ယွင်ကျဲ ကို နောက်ဆုတ် သွားစေသော ဝတ်စုံပြာမှာ တွမ့်ကျန်းယွမ် ပင်
ဖြစ်သည် မဟုတ်ပါလား။

တွမ့်ကျန်းယွမ် က ထိုနောက်ပိုင်း သူအိမ်ပြန် သွားကြောင်း ပြောလိုက်သော် ပိုင်လုံ က


" ဒါဆို ညီလေးက ညီမလေးမုယုံကို ထပ်မတွေ့တော့ဘူးပေါ့... သူရော ဟုတ်ရဲ့လားကွာ... မျိုးနွယ်တူချင်းဆိုတော့ ရုပ်ဆင်တာ
ဖြစ်ပါလိမ့်မယ် "
ဟု ပြောလိုက်သည်။

တွမ့်ကျန်းယွမ် က မချိပြုံးပြုံး ကာ ရင်ဘတ်ထဲမှ ကျောက်စိမ်းယပ်တောင် ကို ထုတ်ပြလိုက်ပီး


" ဒီမှာလေ ဒါကိုကြည့်ပါဦး.... အကိုကြီးလဲ သိမှာပါ ဒါဘာပစ္စည်းလဲဆိုတာ... ကျနော်ကလဲ အိမ်ပြန်ရောက်တော့ အကိုကြီးတွေးသလို
တွေးမိတယ်... ငါအထင်မှားတာ ဖြစ်မှာပါ နာမည်တူမရှား လူတူမရှားပေါ့... ဒါကြောင့် အိမ်ကနေ နောက်တစ်ခေါက်
ထွက်လာခဲတ
့ ယ်ဗျာ... ဒီတစ်ခါတော့ မင်းသား မင်စုထန်ရဲ့ အိမ်တော် ကိုတန်းသွားလိုက်တယ်... မင်စုထန် ကတော့ နယ်လှည့်စစ်ဆေး
နေတယ် မရှိဘူးတဲ.့ .. ဒါနဲ့ သူ့ကြင်ယာတော် ကို သွားတွေ့လိုက်တော့ သူမှသူပါပဲဗျာ... ကျနော့်ကို ဒီယပ်တောင် ထုတ်ပေးပီး သူ့ကို
မေ့လိုက်ပါတော့ သူ့ဘဝနဲ့သူ နေပါရစေလို့ ပြောလွှတ်လိုက်တယ်... "
ဟု ပြောလိုက်လေသည်။

ပိုင်လုံ က သက်ပြင်းချကာ
" ဖြစ်ပီးတာတွေကလဲ ပြင်လို့မရတော့ဘူး ငါ့ညီ မင်းအနေနဲ့ ဒီကိစ္စတွေကို မေ့ပစ်ပီး သိုင်းပညာပေါ်ပဲ အာရုံစိုက်ထားပါလား...
မင်းအပြောအရဆိရ
ု င် မင်းရောဂါက အရှင်း မပျောက်သေးဘူးဆိ.ု .. ဘယ်လိုလုပ်မလဲ "
ဟု စကားလမ်းကြောင်းလွှဲ လိုက်သည်။

တွမ့်ကျန်းယွမ် က ထိုအကြောင်းကို တွေးမိသော် စိတ်မပါသလို ဖြင့်


" လမ်းစတော့ တွေ့တယ် ဟိုရက်ပိုင်းက ကျနော် စိတ်ညစ်လို့ ထိုက်ကျုံးတောင် ပေါ်မှာ အရက်သောက်နေတုန်း ကြားရတဲ့ ဟိုလဆ
ိုး
သုံးယောက်ရဲ့ ပြောစကားအရ ဆိုရင် ကျောက်လွေ ဆီမှာ သို့မဟုတ် ထန်စံအိမ် မှာ ဖြေဆေး ရှလ
ိ မ
ိ့်မယ် ခက်တာက ကျနော်က
သူတို့ကို အနိုင်တိုက် နိုင်လား မသေချာဘူး... အတော်ဥာဏ်များ တဲ့ လူကြီးတွေ ဆိုတော့ ဒီကိစ္စကလဲ မိုးဖြိုရသလောက်
ခက်ခဲနေတယ်"
ဟု ပြောလိုက်သည်။

ပိုင်လုံ က ခေါင်းခါကာ
" မဟုတ်သေးပါဘူး ငါ့ညီရာ... သူတို့နဲ့ အကိုကြီးတို့က တိုက်ကြမှာပဲ ငါ့ညီ တစ်ယောက်တည်း လုပ်စရာမလိုပါဘူး... မင်းအနေနဲ့
နည်းနည်းအာရုံစိုကပ
်ီး ကူညီ မယ်ဆိုရင် ကို ငါတို့အောင်မြင်နိုင်ပါတယ် "
ဟု ပြောလိုက်သည်။

တွမ့်ကျန်းယွမ် က ဆက်မပြောလိုဟန်ဖြင့် ခေါင်းငြိမ့်ကာ


" ဟုတ်ပါပီ အကိုကြီးရာ... ကျနော် လဲ ကျန်းနန် ကိုကာကွယ်မှာပါ ဒီကိစ္စတွေ ပီးရင်တော့ ဖြေဆေးရရ မရရ ကျနော် တာ့လီ
ပြန်တော့မယ်... ခမည်းတော်က ထီးနန်းလွှဲပီး မိုးထိတောင်မှာ ဘုန်းကြီး ဝတ်ချင်နေပီ "

ပိုင်လုံ က တွမ့်ကျန်းယွမ် ၏ ကတိစကား ကို ကြားသော် သဘောကျကာ


" ဒီလိုမှပေါ့က.ွ .. ဒါမှငါ့ညီ...
ဒါနဲ့ မင်းလိုအပ်တာရှိရင် ငါ့ကိုပြောနော် ငါအကုန်လုပ်ပေးမယ်... "
ဟု ပြောလိုက်လေသည်။

တွမ့်ကျန်းယွမ် မှာ ပိုင်လုံ၏ လောကွတ်ချော် သော စကားကိုကြားသော် စချင်လာသဖြင့် မျက်နှာကို ငယ်ချလိုက်ကာ


" လိုအပ်တာတော့ ရှိပါတယ် အကိုကြီးရယ် ဒါပေမဲ့ အကိုကြီးက ပေးနိုင်မလား မသိဘူး ဖြစ်နေတယ် "
ဟု ပြောလိုက်သည်။

ပိုင်လုံ မှာ အသက်ကယ်ဖူးသူ ဖြစ်နေ၍ အမှန်တကယ် ကျေးဇူးဆပ်ချင်နေရာ အခွင့်ရ ပီဟု တွေးကာ


" ပြောကွာ မကောင်းမှု မဟုတ်ရင် ဘာမဆို လုပ်ပေးမယ်... ငါ့ညီ ရဲရဲသာပြောလိုက် "
ဟု အားပါးတရ ဖြေလိုက်သည်။

တွမ့်ကျန်းယွမ် မှာ ငယ်ထားသောမျက်နှာ ကို ပိုငယ်အောင် လုပ်ကာ


" ကျနော် လိုချင်တာကတော့ နဂါးနိုင်လက်ဝါး သိုင်းရဲ့ နောက်ဆုံး သိုင်းကွက် မာနနဂါးရဲ့နောင်တ ကို သင်ချင်တာပဲ "
ဟု ပြောချလိုက်လေသည်။

သူ့အတွေးမှာ သူတစ်ချိန်လုံး စိတ်ညစ်စရာ များပြောမိ၍ ပိုင်လုံ ကို အကျပ်ရိုက်အောင် စနောက်ပီး ညီအကိုနှစ်ဦး ရယ်မောကာ
ဖြေဖျောက်ရန် ဖြစ်လေသည်။ သို့သော် ပိုင်လုံ က မသင်ပေးနိုင် ဟု မပြောချေ။ ပိုင်လုံ က ခေါင်းငြိမ့်လိုက်ပီး ပြုံးလိုက်ကာ
" ဒါများကွာ ဒီလောက်ပြောနေရသလား... ဖြစ်တာပေါ့ အခုကို သင်ပေးလို့ရတယ်
တစ်ကွက် တည်း မသင်နဲ့ သုံးကွက် အထိ သင်ပေးနိုင်တယ် "
ဟု ပြောလိုက်လေသည်။

တွမ့်ကျန်းယွမ် မှာ အံ့သြသွားကာ


" တကယ်ပြောတာလား အကိုကြီး... တကယ်သင်ပေးလို့ရတာလား သူဖုန်းစား ဂိုဏ်းချုပ်တွေပဲ တတ်သင့်တာ မဟုတ်ဘူးလား ... "
ဟု မေးလိုက်သည်။

ပိုင်လုံ က ခေါင်းငြိမ့်ကာ
" ဟုတ်တယ် ခွေးရိုက်တုတ်သိုင်း နဲ့ နဂါးနိုင်လက်ဝါးသိုင်း က သူဖုန်းစား ဂိုဏ်းချုပ်တွေပဲ သင်ရတဲ့ သိုင်းတွေပ.ဲ .. ခွေးရိုက်တုတ်
ကတော့ ဂိုဏ်းချုပ် ဖြစ်မှကို သင်ရပေမဲ့ နဂါးနိုင်လက်ဝါး ကတော့ ဂိုဏ်းချုပ် ဖြစ်နိုင်ချေ ရှိသူတိုင်း အတွင်းအားလုံလောက်ရင်
သင်လို့ရတယ် "
ဟု ပြောလိုက်သည်။

တွမ့်ကျန်းယွမ် က ကပြာကယာဖြင့်
" ကျနော်က ဂိုဏ်းချုပ်မလုပ်ချင်ဘူးနော် ဂိုဏ်းဝင်လဲ မလုပ်ဘူး "
ဟု ငြင်းလိုက်ရာ

ပိုင်လုံ က တဟားဟား ရယ်လိုက်ပီး


" ငါ့ညီရာ... မင်းကိုလဲ မဝင်ခိုင်းပါဘူး ငါသင်ပေးမယ် ပြောတာက တခြားစည်းကမ်း တစ်ခုကြောင့်ပါ... ဂိုဏ်းချုပ်တွေဟာ အပြင်
လူတစ်ယောက်ကို ချစ်၍ဖြစ်စေ ကျေးဇူး ဆပ်ဖို့ဖြစ်စေ အကြောင်းကြောင်းကြောင့် နဂါးနိင
ုလက်ဝါးသိုင်း ကို သုံးကွက်
သင်ပေးလို့ရတယ်... ဒါကြောင့် ငါက သင်ပေးမယ် ပြောတာပါ "
ဟု ဖြေလိုက်လေသည်။

တွမ့်ကျန်းယွမ် က ရယ်ကာ
" မသိဘူးလေ... ကျနော်က ဘုရင် မလုပ်ရပဲ သူဖုန်းစား ဖြစ်ရတော့မယ် ထင်လို့... ပီးတော့ တစ်ကွက်ဆို ရပါပီဗျာ...
ဘာလို့သုံးကွက်လဲ များနေဦးမယ် "
ဟု ပြောလိုက်သည်။

ပိုင်လုံက ခေါင်းခါပီး
" မဟုတ်ဘူးငါ့ညီ... နဂါးနိုင်လက်ဝါး ဆယ့်ရှစ်ကွက် မှာ အခြေခံ နှစ်ကွက်က မသင်မနေရပဲ... အဲ့နှစ်ကွက်တတ်မှသာ ကျန်တဲ့
ဆယ့်ခြောက်ကွကက
ို နားလည်ပီး အပြည့်အဝ အသုံးပြုလို့ရမှာ ဒါကြောင့် စည်းကမ်း မှာ အခြေခံ နှစ်ကွက်နဲ့ တခြားတစ်ကွက်
ပေါင်းသုံးကွက် သင်ပေးခိုင်းတာပေါ့ကွ "
ဟု ပြောလေသည်။

တွမ့်ကျန်းယွမ် က လက်ခံလိုက်ဟန်ဖြင့်
" စိတ်ဝင်စားတယ်ဗျာ...အခုပဲ သင်ပေးလိုက်တော့ အကိုကြီး "
ဟု အားတက်သရော ပြောလိုက်တော့သည်။

ပိုင်လုံ က ပြုံးကာ
" အေးပါကွာ... လာ... အနောက်က တောအုပ်ထဲ လိုက်ခဲ့ ငါပြပေးမယ် မင်းရဲ့ အစွမ်းအစနဲ့ဆို နှစ်ရက် သုံးရက် နဲ့ ကျွမ်းကျင်သွား မှာပါ
"
ဟု ပြောပီး ဘုံကျောင်း အနောက် သို့ ထသွား လိုက်လေသည်။
တွမ့်ကျန်းယွမ် မှာလဲ နောက်မှ ထပ်ကြပ်မခွာ လိုက်သွားလေသည်။

#မိုးထိတောင်သိုင်းသမား #ZYN
အခန်း (၂၄) အပိုင်း နှစ်
မရှင်းနိုင်သော ပဟေဠိ

ပေကျင်းမြို့  ရွှေနဂါးစားတော်ဆက်...
ရွှေနဂါးစားတော်ဆက် ဆိုသည်မှာ ပေကျင်း နေပြည်တော်ကြီးတွင် အကြီးကျယ်ဆုံး သော စားသောက်ဆင
ိုကြီး ဖြစ်သည်။ မြို့ အဝင်
လမ်းမကြီး နှင့် ဈေးလမ်းမကြီး ဆုံရာ အလည် တည့်တည့် တွင် ရှိရုံသာမက သုံးထပ် အဆောက်အအုံကြီး ဖြစ်ရာ အတော်ကို
ကြီးကျယ်ခမ်းနားပေသည်။ ဤမျှ ကြီးကျယ်ခမ်းနေ နေသည်ဆိုလျှင် ကုန်ကျ စရိတ်က မည်သိုရှိမည်နည်း။ မေးစရာလိုမည် မထင်ချေ။
ဈေးကြီးပေသည်။ သိ့ေ
ု သာ် ဤ ဆိုင်မှာ တခြားဆိုင်တွေလို အဆင့်အတန်း မခွဲခြားချေ။ ငွေပါပါက သူဖုန်းစားကိုပင် ဝန်ဆောင်မှု
အပြည့်ပေးလေသည်။ သုံးထပ် ဖြစ်၍ အထပ်တိုင်းမှာ အမြဲတစ်စေပင် ထူးခြားမှုအပြည့် လူအပြည့် ရှိနေလေသည်။

တွမ့်ကျန်းယွမ် က ထိုဆိုင်ရှေ့တွင် ခပ်တည်တည်ရပ်နေလေသည်။ သူပုံစမ


ှာံ သွေးကြွေးဆပ်မည့် ဟန်ပန်အပြည့်။ သူက ဖရိုဖရဲ
ဝတ်စုံကို ပြင်မဝတ်ပဲ ရွှေချောင်း နှစ်ချောင်းကို ညာလက်ကကိုင် ဘယ်လက်က ဓားအနက်ရောင်ကို ကိုင်ကာ ဝင်သွားလေသည်။

ဆိုင်ထဲဝင်ဝင်ချင်း ပင် သူက မာန်အပြည့်နှင့် နှစ်ထပ်သို့ တန်းကာ ဝင်သွားလေသည်။ အောက်ထပ်တွင်ရှိသော သူအပေါင်းမှာ


ထိုအဖြစ်ကို တအံ့တသြ ကြည့်နေကြသည်။ အောက်ထပ်မှာ တော်ရုံဈေးကြီးသော်လဲ အပေါ်ရောက်လေ ဈေးကြီးလေ ဖြစ်သည်
မဟုတ်ပါလား။ အောက်ထပ်တွင် တစ်ယောက်တည်း စားသောက်နေသော ချစ်စဖွယ် မိန်းကလေး တစ်ယောက်ကလဲ ထိုအဖြစ်ကို
မြင်လျှင် လှပဝိုင်းစက်နေသော မျက်ဝန်းလေးများကိုပင် ပင့်ကာ ပင့်ကာဖြင့် စိတ်ဝင်တစား လိုက်ကြည့်နေသည်။

သူမ က စားပွဲထိုး ကိုခေါ်ကာ


"အပေါ်ထပ်မှာဘာရှိလဲ "
ဟု မေးမြန်း လိုက်သည်။

လည်ဝယ်သော စားပွဲထိုးမှာလဲ ထိုအဖြစ်ကို မြင်လိုက်သဖြင့် ပြုံးပီး


" မမလေးက... ဟိုလူကို ကြည်ပ
ီ့း အံ့သြ နေတာထင်တယ်... အပေါ်ထပ်မှာက လောင်းကစားဝိုင်းတွေ ပါတဲ့ စားသောက်ခန်း ပါ ...
ဈေးကတော့ ဒီဟာရဲ့ နှစ်ဆပေါ့ဗျာ... ဟိုလူက ရွှေချောင်းတွေ ကိုင်ပီး တက်သွားမှတော့... လောင်းကစားဖို့ပဲ ဖြစ်မှာပေါ့ဗျာ..."
ဟု ဖြေလိုက်လေသည်။

မိန်းကလေးက အြံ့ သကာ မျက်တောင်လေး များကို ပုတ်ခတ် ပုတ်ခတ်လုပ်ရင်း


" ဒီလူက ဒါမျိုးလုပ်တတ်တယ်လား.. "
ဟု ရေရွတ်မိသည်။
ထို့နောက်မှ
" ဒါဆို အပေါ်ဆုံးထပ်ကရော "
ဟု မေးလိုက်ရာ
စားပွဲထိုးလေးက ပြောရခက် သလို ဖြစ်နေပီး
" ဟို... ဟို... ဟိုလေ... ဘယ်လိုပြောရမလဲ "

မိန်းကလေးက စိတ်မရှည်တော့ချေ။
" ဖြေမှာဖြေစမ်းပါ... ကျမ ဟိုလူအပေါ်ဆုံးထိ တက်သွားမလား သိချင်နေတယ် "
ဟု မေးလိုက်ပြန်သည်။

စားပွဲထိုးက စိတ်တင်းကာ
" အပေါ်ဆုံးထပ်ကတော့ ဈေးအကြီးဆုံးပါပဲ ဘာလို့လဲဆိုတော့ အပျော်မယ်တွေပဲ ဧည့်ခံ ကျတယ် အပေါ်မှာက ဘာမဆိုရတယ်လေ "
ဟု ပြောလိုက်လေသည်။

မိန်းကလေးမှာ ဒိန်း ခနဲ ဖြစ်ကာ


" ဒါဆို ဒီလူတက်သွားလို့ မဖြစ်ဖူး "
ဟု ရေရွတ်ကာ ထပီး သွားဟန် ပြင်လိုက်သည်။ စားပွဲထိုးလေးက တားမယ် ကြံလိုက်သော်လဲ သူ့အလုပ်မဟုတ်သဖြင့်
အဆူခံရမည်စိုးကာ မတားတော့ချေ။

မိန်းကလေး ကတော့ ခပ်မြန်မြန်ပင် လှေကားပေါ် တက်ကာ ဒုတယ


ိ ထပ်ကို တက်လိုက်လေသည်။ ဒုတိယထပ်မှာ
ယောက်ျားသားများသာ ရှိနေကြပီး လောင်းကစားဝိုင်းများဖြင့် ဆူညံနေလေ သည်။ ကစားနေသူများမှာ လူမျိုးစုံဖြစ်ရာ သူတို့က
နတ်သမီးတမျှ လှပသူလေး တက် လာသည်ကို မြင်သော် တအံ့တသြ ကြည့်နေကြသည်။ သူမပုံစံက သိုင်းသမ ပုံပေါက်နေ၍ စ တော့
မ,စ ရဲကြချေ။ သူမက လဲ ခပ်တည်တည်ပင် လူကြားထဲတိုးကာ ရှာဖွေလိုက်သည်။ သူမစိတ်အထင်အတိင
ုး သေချာနေသည်။ ထိုသူမှာ
ဤအထပ်တွင်ပင် မရှိချေ။ သူမက စိတ်လေး သလို သက်ပြင်း တစ်ချက်ချကာ အပေါ်ဆုံးထပ်ကို တက်ရန် လှေကားပေါ် သို့
ခြေလှမ်းလိုက်သည်။ ထိုစဉ် အပေါ်ထပ်မှ အပြာရောင် ပိုးဖဲ ဝတ်စုံကို မင်းသားတစ်ပါးနှယ် တောက်တောက် ပြောင်ပြောင် ဝတ်စား
ထားသူ တစ်ဦး ဆင်းလာသဖြင့် သူမက ဘေးကပ်ပေးမိသည်။ ထိုသက
ို ဖျတ် ခနဲ ကြည့်မိရာ အလွန်သပ်ရပ်ပီး ချောမော
နေသည်ကိုတွေ့ရသည်။ သူမက တစ်ချက်သာ ကြည့်ပီး ကျော်သွားပီးမှ နောက်ပြန် လှည့်ကြည့်မိတော့ ထိုသူ၏ လက်တွင်
အနက်ရောင်ဓား နှင့်အတူ ကျောက်စိမ်းယပ်တောင် ကိုင် တဖျတ်ဖျတ် ခတ်နေသည်ကို မြင်ရသည်။ သူမက တစ်ချက် တွေးမိပီး
အပေါ်သို့ ဆက်မတက်ပဲ ထိုသူ့ နောက်သို့ ခြေဦးလှည့်လိုက်သည်။

သူမက ထိုသူ့လက်ကို ဖျတ် ခနဲ ဆွဲလိုက်ကာ


" ဒီမှာ... ရှင်ကဘယ်သူလ.ဲ .. ဘာကြောင့် အကိုကြီးတွမ့်ပုံစံ ဝတ်စားထားရတာလဲ "
ဟု မေးလိုက်လေသည်။

ထိုသူက ရုတ်တရက် လက်ကိုဆွဲကာ မေးခံလိုက်ရသော်လဲ ပြာယာမခတ်ချေ။ သူက မိန်းကလေး၏ ဆွဲထားသော လက်ကို ပင်
နောက်လက်တစ်ဖက်ဖြင့် အုပ်ကိုင်လိုက် ပီး ကျေနပ်သလိုပြုံးကာ
" ဒီကညီမလေးက ဘယ်သူလဲ... ကျုပ် တွမ့်ကျန်းယွမ် ကိုသိလို့လား... လာပါလေ အောက်မှာ စားရင်းသောက်ရင်း ပြောကြတာပေါ့ "
ဟု ပြောလိုက်သည်။

မိန်းကလေးက လက်ကို အကိုင်မခံလို၍ ဆတ် ခနဲ ရုန်းလိုက်သည်။ သို့သော် ခဏသာ လွတ်သွားပီး ထိုသူက ပြန်ကိုင် လိုက်လေသည်။
မိန်းကလေးမှာ ထိုသူ၏ သိုင်းပညာအဆင့်အတန်းကို ရိပ်မိသွား လေသည်။ သူမကိုပင် ဖမ်းချုပ်နိုင်သဖြင့် ထိုသူ မှာ ထိပ်ဆုံး
သိုင်းထိပ်သီး လေးယောက် အဆင့်ပင်ရှိပေလိမ့်မည်။ သူမ က ကြောက်လန့်သွားကာ ချွေးများပင် ပျံလာလေသည်။

ထိုသူကတော့ မိန်းကလေးကို ပြီတီတီ ကြည့်ကာ လက်ကလေးကို နမ်းလိုက်လေသည်။


" အားပါးပါး... နူးညံ့ပီးမွှေးကြိုင်နေတာပဲ
လာပါညီမရယ်... အကိုနဲ့ ထမင်းလက်ဆုံ စားကြမယ် ပီးရင် တည်းခိုခန်းသွားပီး ချစ်ပွဲဝင် ကြတာပေါ့ "

မိန်းကလေးမှာ လက်ကို အနမ်းခံလိုက် ရသဖြင့် ရှက်နေရာမှ ထိုသူ၏ အရိုင်းဆန် သောစကားများကို ကြားလိုက်ရသော်


ဒေါသထွက်သွားလေသည်။ သူမက အားကုန် သုံးကာ ဆောင့်ရုန်းလိုက်ပီး လက်ဝါးကို ထောင်ကာ အသင့်ပြင်ထား လိုက်သည်။ သူမ၏
မျက်နှာလေးကတော့ ဒေါသကြောင့် နီစွေးနေလေသည်။
ထိုအဖြစ်ကို ကြည့်နေသူများမှာ မိန်းကလေးကို သနားနေကြကာ မိန်းကလေးဘက်မှ ဝင်ပီး ဒေါသထွက်နေ ကြသည်။
အမြင်ကတ်မိသော လူကြီး တစ်ယောက် လောင်းကစားဝိုင်း မှ ထကာ
" ဟိတ်ကောင်... မင်းက ဆူလားညံလား နဲ့ ဘာကောင်လဲကွ... မင်း.. အစ်... အစ်... "
" ဝုန်း... "
ထိုလူကြီးမှာ စကားပင် ဆုံးအောင် မပြောနိုင် ရှာပေ တွမ့်ကျန်းယွမ် ဆိုသူက လက်တစ်ချက် အလှုပ်တွင် အစိမ်းရောင် အငွေ့တန်းလေး
ထွက်သွားပီး ရှူမိကာ လည်ပင်းကို ဆုပ်ကိုင်ကာ အရုပ်ကြိုးပြတ် လဲကျ သေဆုံးသွားလေသည်။

ထိုလူကြီးကို ကြည့်ကာ ဘယ်သူမှ ဝင်မပြော ရဲတော့ချေ။ မင်းသားပုံစံနှင့်လူ မှာ ရုပ်ချော သလောက် လူသတ် ပက်စက်လေသည်။
မျက်တောင်ပင်မခတ်ပဲ အေးဆေးစွာ သတ်ပြသွားသည် မဟုတ်ပါလား။ မိန်းကလေး မှာလဲ ထိတ်လန့်သွားပီး သူမ မျက်နှာပေါ်တွင်
ကြောက်ရိပ်ကလေးများ သမ်းနေလေသည်။

ထိုမင်းသားပုံစံနှင့်လူကို ဒုတိယထပ် ရှိ လူတိုင်းကြောက်ရွံနေသော်လဲ မကြောက်ရွံသူ နှစ်ယောက် ရှိသေးသည်။ တစ်ယောက် က


အပေါ်ဆုံးထပ်နှင့် ဒုတိယထပ် ကြား လှေကား ပေါ်တွင် ရပ်နေသော မိန်းကလေးတစ်ယောက်နှင့် တာဝန်ခံ အခန်းထဲမှ ရွှေတုံးအိတ်ကို
ဆွဲကာ ထွက်လာသော အပြာရောင်ဝတ်စုံ ဖရိုဖရဲ နှင့် ယောက်ျားတစ်ယောက်တို့ ဖြစ်လေသည်။ မိန်းကလေးမှာ မျက်နှာကို
အနက်ရောင် ဇာပုဝါ ပါးပါးဖြင့် အုပ်ထားပီး သူမ၏ မျက်လုးံ ကိုသာ မြင်ရလေသည်။ ဝတ်စက
ုံ တော့ ပန်းနုရောင် ဝတ်စုံကို သေသပ်စွာ
ဝတ်ဆင် ထားလေသည်။ သူမက ဘဝတူ မိန်းကလေး တစ်ယောက် ဒုက္ခရောက်နေသည်ကို သွေးအေးအေးဖြင့် ကြည့်နေလေသည်။
သူမ ပုံစံမှာ ထိုမြင်ကွင်းများကို ရိုးအီနေဟန် ရှိသည်။ အပြာရောင်ဝတ်နှင့်လူ ကတော့ သူ့လက်မှ ရွှေတုံးအိတ်ကို ကိုင်ကာ
မင်းသားပုံစံနင
ှ့်လူကို စူးစူးရဲရဲ ကြည့်နေလေ သည်။ သူက လမ်းတွင် ပိတ်နေသော လူများကို တွန်းဖယ်ကာ မိန်းကလေးနှင့်
ထိုလူအကြား ဝင်လိုက်လေသည်။

ပရိသတ်များနှင့် မိန်းကလေး နှစ်ဦးမှာ အံ့သြ သွားကာ " ဟာ... ဟင်.. " အသံများ ထွက်သွားကြသည်။ ဟုတ်ပေသည်။ ထိုသူ
နှစ်ယောက်မှာ ဆင်တူသလို ရှိလေသည်။ မင်းသားပုံစံနှင့်လူ ကလဲ အပြာရောင် ဝတ်ဆင် ကာ ဓားအနက်ကို ကိုင်ထားသလို၊ ဖရိုဖရဲ
ပုံစံနှင့်လူ ကလဲ အပြာရောင် ဝတ်ကာ ဓားအနက်ကို ကိုင်ထားသည်။ သူတို့ နှစ်ယောက် ပုံစံမှာ ဆင်တူသော်လဲ များစွာ ကွာခြားမှုကလဲ
ရှိနေသည်။ မင်းသားပံစ
ုံ နှင့် လူက သပ်ရပ်စွာ ချောမောပီး အထက်တန်း ကျသလောက် ဖရိုဖရဲနှင့်သူကတော့ မုတ်ဆိတမ
်ျားဖြင့်
အမူးသမားရုပ် ပေါက်နေသည်။ သို့သော် ငြင်းမရသည်က ထိုအမူးသမားမှာ မုတ်ဆိတ်များဖြင့် ရှုပ်ပွစွာ ရှိသည့်တိုင်
ချောမောနေတုန်းပင်။

မင်းသားပုံစံနှင့်လူက ထိုအမူးသမားကို မြင်လျှင် စိတ်ညစ်သွားသလို ဖြစ်သွားသည်။ သူက ထိုလူကို ရင်မဆိုင်ချင်ပေ။ ထိုလူကို


သူသိနေသည်လေ။ သို့သော်လဲ သူက ကျွံမိချေပီ။ မိန်းကလေးကတော့ ထိုအမူးသမား ကိုမြင်လျှင် ပျော်သွားကာ လက်ကို တွဲလိုက်ပီး
" အကိုကြီး... သူ... သူ ညီမလေးကို စော်ကားတယ်... "
ဟု တိုင်တောလိုက်သည်။

ထိုသူက မိန်းကလေး၏ လက်ကို အသာအယာ ဖြုတ်ချကာ ပြုံးပြလိုက်သည်။ ထို့နောက် မင်းသားပုံစံနှင့်လူကို အေးစက်စွာ ကြည့်ကာ
" ထန်ဖု... မင်းက ဘာလို့ ငါ့ပုံစံ ဝတ်စားပီး ငါ့ညီမကို စော်ကားချင်နေရတာလဲ "
ဟု မေးလိုက်လေသည်။

ဟုတ်ပေသည်။ မင်းသားပုံစံနှင့်လူ မှာ ထန်ဖု ဖြစ်သည်။ သူက တွမ့်ကျန်းယွမ် ပုံစံ ဝတ်စားထားမိစဉ် တွမ့်ကျန်းယွမ် အစစ်နှင့်
တိုက်တိုက်ဆိုင်ဆိုင် ဝင်တိုးခြင်း ဖြစ်သည်။ အမူးသမားရုပ်နှင့် သူမှာ တွမ့်ကျန်းယွမ် ဖြစ်လေသည်။ သူက လောင်းကစားဝိုင်း တွင်
ရှုံးကြွေးဆပ်ရန် အံစာတုံးခေါက်နည်းကို တစ်ပါတ်ကျော် လေ့ကျင့်ပီး အချီကြီး လာလောင်းခြင်းဖြစ်သည်။ အခုတော့ ရွှေတစ်အိတ်
အနိုင်ရကာ ပြန်အထွက် ထိုအဖြစ်ကို တွေ့ခြင်း ဖြစ်သည်။ ထိုသို့ ဆိုလျှင် မိန်းကလေးမှာ မည်သူနည်း။ တွမ့်ကျန်းယွမ် ကို
ကောင်းကောင်းသိကာ အကိုကြီး ဟု ချွဲနွှဲ့နိုင်သူမှာ သိုင်းလောကတွင် နှစ်ယောက်မရှိချေ။ သူမက ပျံလွှားမယ် စုန့်ချီရန့် ဖြစ်လေသည်။
သူမက တွမ့်ကျန်းယွမ် ကို အမှတ်မထင် လှမ်း တွေ့ သဖြင့် လိုက်ရှာရာမှ အတုကို မြင်သဖြင့် ပြသနာဖြစ်ခြင်း ဖြစ်လေသည်။ ထန်ဖု မှာ
အဘယ်ကြောင့် တွမ့်ကျန်းယွမ် ပုံစံ ဝတ်ဆင် ရသနည်း။ အဘယ်ကြောင့် ပေကျင်းကို ရောက်နေရသနည်း။ အဓိက လက်သည်မှာ
လှေကားပေါ်မှ ဆင်းလာနေသော သူ့ညီမ ထန်စုစု ကြောင့် ဖြစ်လေသည်။ ထန်ဖု မှာ တစ်လောကလုံးရှိ မိန်းမများကို တဏှာအတွက်
အသုံးချကာ မတူမတန်သလို ဆက်ဆံတတ်သော်လဲ သူ့ညီမကိုမူ ငုံထား မတတ် ချစ်မြတ်နိုးလေသည်။ သူ့ညီမ တောင်းဆိုသမျှကို
ငြင်းသည်ဟူ၍ မရှိချေ။ သူ့အကို ဖြစ်သူ ထန်ဝူ ကလဲ ထန်စုစု ကို ချစ်သော်လဲ သူက ပိုကဲသည်။ အလိုလိုက် လွန်းသည်။ အခုလဲ
သူမကြောင့် ပေကျင်း ရောက်ကာ ထိုသို့ ဝတ်စားမိပီး ပြသနာ တက်ခြင်း ဖြစ်လေသည်။

ထန်ဖု မှာ အကြပ်ရိုက်ကာ ဖြေစရာမရှိ ဖြစ်နေသည်။ သူ ဘာကြောင့် ဒီလို ဝတ်ထားလဲ မဖြေချင်ပေ။ သို့သော်လဲ မဖြေလျှင်
တွမ့်ကျန်းယွမ် က တိုက်ခိုက် ပေတော့မည်။ သူက တွမ့်ကျန်းယွမ် ကို အနိုင်ရရန် လမ်းမမြင်ချေ။ သူက စိတ်ရှုပ်စွာ ဖြင့် လက်သီးဆုပ်
ဂါရဝပြု လိုက်ပီး
" တိုက်ဆိုင်သွားတယ် ပြောရမှာပေါ့ဗျာ... ဒီနေ့မှ ကျနော်ကလဲ အပြာရောင်ဝတ်ချင် စိတ်ဖြစ်ပီး ဝတ်လိုက်မိတာပေါ့ဗျာ... ဓားအနက်
ကတော့ အလှကိုင်ကြည့်တာပါ... ယပ်တောင်ကလဲ မကိုင်ဖူးလို့ စာပေသမား ပုံစံ ဖမ်းကြည့်တာပေါ့ဗျာ... ပေကျင်းက
နေပြည်တော်ဆိုတော့ စာပေသမားတွေ ပေါများတယ်လေ... "
ဟု တောင်စဉ်ရေမရ ရမ်းသမ်း ပြောလိုက်လေသည်။

တွမ့်ကျန်းယွမ် မှာ အမှန်အတိုင်း ပြောသည် ဟု မထင်သဖြင့် ခပ်တင်းတင်းပင် စိုက်ကြည့်ကာ


" ဒါတွေထားပါ... ခင်များ ကျုပ်ညီမကို ဘာလို့ စော်ကားရတာလဲ "
ဟု မေးလိုက်လေသည်။

ထန်ဖု မှာ အကြပ်ရိုက်ကာ ဘာဖြေရမှန်း မသိ ဖြစ်နေလေသည်။ သူက မိန်းမလှ မှန်သမျှ တဏှာရူးနေကြ ဖြစ်ရာ စုန့်ချီရန့် ကို
ဘယ်သူမှန်း မသိသော်လဲ သူ့ကို လာကပ် သဖြင့် အခွင့်အရေးကို လက်မလွှတ်နိုင်ပဲ တဏှာရူးလိုက်ခြင်းပင် ဖြစ်သည်။ အခုတော့
ကျားအမြှီးကို ဆွဲကာ ကျားရှေ့ မှောက်ရက် လဲမိလေပီ။

ထိုစဉ် လှေကားမှ ဆင်းလာသော မိန်းကလေးမှာ ထန်ဖု အနားတိုးကာ ရပ်လိုက်ပီး သူမက တွမက


့်ျန်းယွမ် ကို စိုက် ကြည့်ကာ
ပြောချလိုက်လေသည်။
" ကျမ အကိုက ဘာလို့ ဒီလိုဝတ်ထားလဲ သိလား... ကျမတို့ ပေကျင်းကို ရောက်တုန်း ကျမက ရှင့်ကို သတိရလွန်းလို့ ရှင့်ရဲ့
ရှောင်စစ်တောင် သိုင်းပြိုင်ပွဲ တုန်းက ပုံစံ ကို ကျမ အကိုကို ဝတ်ခိုင်းလိုက်တာပဲ... "

တွမ့်ကျန်းယွမ် မှာ မိန်းကလေး တစ်ယောက် က ထိုသို့ ပေါ်တင် ဖွင့်ပြောသော် ကြောင် သွားလေသည်။ ထန်ဖု မှာလဲ သူ့ညီမ
စကားကြောင့် ရှက်ကာ မျက်နှာကြီးမဲ့သွား သည်။ သို့သော်လဲ သူ့ညမ
ီ က သူ့ဘက်ပါမည့် ပုံစံရှိသောကြောင့် စိတ်အေးသွားရသည်။
တွမ့်ကျန်းယွမ်ကို သူတစ်ယောက်တည်း မယှဉ်နိုင်သော်လဲ သူ့ညီမ ပါလျှင် ဖြစ်နိုင်ချေ ရှိလေပီ။ သူမက လူသတ်နတ်သမီး ထန်စုစု
ဖြစ်သည် မဟုတ်ပါလား။ သူတို့ မောင်နှမ သုံးယောက်တွင် ထန်ဝူက သိုင်းအတော်ဆုံး ဖြစ်ကာ ထန်ဖု က အည့ဆ
ုံး ဖြစ်လေသည်။
သူက အဆိပ်ပညာ တွင်သာ အားသန်သဖြင့် သူ့ညီမ ထန်စုစု လောက် သိုင်းပညာ မကောင်းချေ။

တွမ့်ကျန်းယွမ် က ကြောင်နေသော်လဲ စုန့်ချီရန့် က ကြောင် မနေပါ။ သူမက မိန်းကလေးတန်မဲ့ လူကြားထဲတွင် ချစ်ကြောင်း


ကြိုက်ကြောင်း ဖွင့်ပြောရဲသော ထန်စုစု ကို သဝန်တိုစွာ ကြည့်လိုက်သည်။ ထိေ
ု့ နာက် တွမ့်ကျန်းယွမ် လက်ကို နောက်တစ်ခါ
ခပ်တင်းတင်း တွဲလိုက်ကာ
" ဘယ်လို မောင်နှမတွေလဲ အပြောရဲ သလို လက်လဲ သွက် ကြပါလား... အကိုကြီးကို စွဲလမ်းနေတယ် လို့ ပြောရဲသေးတယ်... ရှင်နဲ့
ကျမ အကိုကြီးက ဘယ်မှာများ ပတ်သတ်ဖူးလို့လဲ "
ဟု ပြောချလိုက်သည်။

ထိုစကားမှာ ထန်စုစု နှင့် ထန်ဖု ရင်ဝကို မှန်သလို အရှိုက်ထိသွားလေသည်။ စုန့်ချီရန့် ပြောသည်မှာ မှန်နေသည်လေ။ ထန်ဖု မှာ
တဏှာရူးကာ စုန့်ချီရန့် ကို ဆွဲလား ရမ်းလား လုပ်မိသလို ထန်စုစု ကလဲ မိန်းကလေးတန်မဲ့ သတိရကြောင်း လူကြားထဲ ပြောမိသည်။
တကယ်တမ်း ထန်စုစု မှာ တွမ့်ကျန်းယွမ် ကို စွဲလမ်းမိသော်လဲ တွမ့်ကျန်းယွမ် နှင့် သူမ မှာ ပတ်သတ်ဖူးခြင်း မရှိချေ။ တွေ့ဆုံဖူးသည်ပင်
တစ်ခါလား ရှိလေသည်။ ထိုစဉ်ကလဲ တွမ့်ကျန်းယွမ် က ခေါင်မိုးပေါ်တွင် သူ့ဘာသာ အရက်သောက် နေသည်ကို သူမက မြင်သဖြင့်
စိုက်ကြည့်မိခြင်း ဖြစ်သည်။ ထိုစဉ်က ခဏတာအကြည့်ခြင်း ဆုံသွားရာမှ သူမက စွဲလမ်း သွားခြင်းပင် ဖြစ်သည်။ အခုလဲ ပေကျင်း ကို
တွမ့်ကျန်းယွမ် ရောက်နေကြောင်း သတင်း ကြားသဖြင့် လာရှာခြင်း ဖြစ်လေသည်။ သူတို့ မောင်နှမမှာ စုန့်ချီရန့် စကားကြောင့်
အရှက်ရကာ ငြိမ်သွားလေသည်။

ထန်စုစုက တခဏမျှ ရှက်သွားသော်လဲ စုန့်ချီရန့်ကို ခပ်တင်းတင်း ပြန်ကြည့်လိုက် သည်။ စုန့်ချီရန့် မှာ တွမ့က
်ျန်းယွမ် လက်ကို
သူမကိုယ်လုံးနှင့် ပူးကပ်ကာ ခပ်နွဲ့နွဲ့ ကိုင်ထား ပီး သူမကို မကြောက်မရွံပြန်ကြည့်နေ လေသည်။ သူ့အကို ဖြစ်သူက သိုင်းထိပ်သီး
ဆယ်ယောက်တွင် အဆင့်တစ် ဖြစ်သဖြင့် လည်းကောင်း သူမကို အရေးပေး၍ လည်းကောင်း ထန်စစ
ု ကို နှိမ်ချင်ပုံရသည်။ ထန်စုစု က
ဟက် ခနဲ တစ်ချက်ရယ်ကာ စုန့်ချီရန့် ကို မုန်းတီးစက်ဆပ
ုစွာ ကြည့်လိုက် ပီးနောက်
" ဒီမယ် အကိုတွမ.့် .. ရှင့်ညီမကို ကျမ အကို က အနိုင့်ထက်စီးနင်း လုပ်ပီး နမ်းလိုကတ
် ယ် ဒါကို ရှင်ဘယ်လို ဖြေရှင်းမလဲ "
ဟု ပြောလိုက်သည်။

သူမ စကားကြောင့် တွမ့်ကျန်းယွမ် သာမက စုန့်ချီရန့် နှင့် ထန်ဖု ပါ အံ့သြ သွားလေသည်။ ထန်ဖု ကတော့ စိတ်ညစ်သွားသည်။ သူက
သူ့ညီမမှာ သူ့ကိုလွတ်အောင် ကြံပေးမည် ဟု ထင်နေရာ အခု စကားအရ သေတွင်းပို့ နေလေပီ။ စုန့်ချီရန့် ကတော့ ထန်စုစု က
ကြောက်ပီး ကိုယ်လွတ်ရုန်း ရန် ကြံနေသည် ဟု ထင်ကာ တစ်ချက်ပြုံးပီး ပြောလိုက် ပြန်သည်။
" အကိုကြီး... သူအကိုက ညီမလေးကို လူလည်ခေါင်မှာ အရှက်ခွဲတယ် ဆုံးမမှ ဖြစ်မယ်... တန်ရာတန်ကြေး ပေါ့ "
စုန့်ချီရန့် မှာလဲ တွမ့်ကျန်းယွမ် ကို သဘောကျနေသူ ပင်။ ထို့ကြောင့် သူမက ထန်စုစက
ို အမြင်မကြည်ချေ။ သူမက အခွင့်ကြုံတုန်း
ပိုပိုသာသာ ပြောလိုက်ခြင်း ဖြစ်လေသည်။ တွမ့်ကျန်းယွမ် ကတော့ ဘာလုပ်ရမှန်း မသိချေ။ သူက မမျှော်လင့်ပဲ မိန်းကလေးနှစ်ဦး၏
အားပြိုင်မှုကြား ရောက်သလို ခံစားမိသဖြင့် ရှောင်ထွကခ
်ျင် နေသည်။ သို့သော် ရှောင်ထွက်ရန် လမ်းမရှိ လူလည်ခေါင်
ဖြစ်နေသည်လေ။ ထို့အတူ ထန်ဖု မှာလဲ စိတ်ပျက်လက်ပျက် ဖြစ်နေလေ သည်။ သူလဲ ထွက်ပြေးချင်နေသော်လဲ မပြေးနိုင်ချေ။
ထန်စုစု တစ်ယောက်သာ စုန့်ချီရန့် စကားကို ကြားသော် ဝမ်းသာ အားရ ပြုံးလိုက်လေသည်။

သူမက တွမ့်ကျန်းယွမ် ကို ရွှန်းလဲ့သော မျက်လုံးအစုံဖြင့် ကြည့်ကာ


" ဘယ်လိုလဲ အကိုတွမ့် ညီမလေးအတွက် လက်တုံ့ပြန်တော့မလား... မျက်လုံး အတွက် မျက်လုံး... လက်အတွက် လက် အစားပြန်
လျော်ပေးရမယ် ဆိရ
ု င်... ညီမလေးလုပ်သူ ရဲ့ လက်ကို အနမ်းခံရတဲ့အတွက် အကိုတွမ့် ကလဲ ကျမကို ပြန်နမ်းလေ "
ဟု ပြောချလိုက်လေသည်။

#မိုးထိတောင်သိုင်းသမား #ZYN
အခန်း (၂၄) အပိုင်း သုံး
မရှင်းနိုင်သော ပဟေဠိ

တွမ့်ကျန်းယွမ် မှာ ကြောင် သွားသလို ထိုစကား ကိုကြားလိုက်ရသူ အပေါင်းမှာလဲ ကြောင် သွားကြသည်။ ထန်စုစု မှာ မပြောရဲ
သည့်စကား မရှိချေ။ သူမက အမှန်တကယ် တွမ့်ကျန်းယွမ် ကို စွဲလမ်းနေပုံရသည်။ သူတို့ ထန်မောင်နှမ များမှာ စိတ်ထင်ရာ
တဇွတ်ထိုး လုပ်တတ်သူများ ဖြစ်ရာ တွမ့်ကျန်းယွမ် မှာ ခေါင်းကိုက်သွားသည်။

ပရိတ်သတ်များ ကလဲ ထန်စုစု ၏ အပြောရဲ ပုံကို အံ့သြနေကြသည်။ တစ်ချို့ မှာမူ မိန်းကလေး နှစ်ယောက် ယှဉ်လု နေရအောင်
ခန့်ညားသူ တွမ့်ကျန်းယွမ်ကို မနာလို အားကျ ဖြစ်နေကြသည်။ ထန်စုစု မှာ တွမ့်ကျန်းယွမ် တွေဝေ နေသည်ကို တွေ့သော် လက်ကို
ရှေ့သို့ ဆန့်တန်းကာ ထိုးပေးလိုက်လေ သည်။ သူမ ပုံစံက တွမ့်ကျန်းယွမ် က သူမ လက်ကို မနမ်းမချင်း ထွက်သွားမည့် ပုံ မပေါ်ချေ။

စုန့်ချီရန့် မှာ ထန်စုစု ကို တော်တော် အမြင်ကတ်နေပီ ဖြစ်သည်။ ထန်စုစု က လက်ကို ထိုးပေးသော် သူမက ထိုလက်ကို
ပုတ်ချလိုက်သည်။
" ဝှစ်... "
သူမ က အားအပြည့်ဖြင့် ပုတ်ထုတ် လိုက်သော်လဲ ထန်စုစု ကရှောင်ထွက် လိုက်လေသည်။ စုန်ခ
ျီ့ရန့် မှာ အရှိန်လွန်ကာ
မှောက်ရက်လဲမတတ် ဖြစ်သွားလေသည်။ တွမ့်ကျန်းယွမ် မှာ တွေဝေနေရာမှ ဆတ် ခနဲ စုန့်ချီရန့် လက်ကို ကိုငက
်ာ ဟန်ချက်ထိန်း
ပေးလိုက်ရလေသည်။ ထိုအချိန် ထန်စုစု က ရှေ့တိုးက လှစ် ခနဲ တွမ့်ကျန်းယွမ် နား ကပ်လိုက်လေသည်။ တွမ့်ကျန်းယွမ် မှာ
မထင်ထားသည့်အချိန် ဖြစ်သည်က တစ်ကြောင်း တွေဝေနေတုန်း မှာပင် စုန့်ချီရန့် ကို အာရုံစိုက်လိုက်ရသည်က တစ်ကြောင်း ကြောင့်
ထန်စုစုက သူ့အနားကပ်လာမည် မထင်ချေ။

" ရွတ်... "


ထိုအသံ ကြားရပီးမှာပင် ထန်စုစု မှာ ရိပ် ခနဲ ပြေးထွက်သွားတော့သည်။ သူမနောက် သို့ အကိုဖြစ်သူ ထန်ဖု ကလဲ ပါသွားလေသည်။
တွမ့်ကျန်းယွမ် အပါအဝင် ပရိတ်သတ်များမှာ အံ့အားသင့်လွန်း သဖြင့် ထိုမောင်နှမ ထွက်သွားသည်ကို တားမြစ်ရန် သတိမရကြ ပေ။
ထန်စုစု က ဘာလုပ်သွားသနည်း။ သူမ က အပြင်ဘက်မှပင် အော်ပြောသွား သေးသည်။
" တွမ့်ကျန်းယွမ်... ရှင့်ကို ကျမရဲ့ ပထမဆုံး အနမ်းပေးလိုက်တယ်... ရှင်ဟာ ကျမ အပိုင် ဖြစ်သွားပီ နောက်မှ ပြန်တွေ့ကြတာပေါ့ "

တွမ့်ကျန်းယွမ် မှာ နှုတ်ခမ်းကို လက်ဖြင့် ပွတ်ရင်း ထန်စုစု၏ နှုတ်ခမ်းမှ နူးညံ့သော အထိအတွေ့ကို ဖျတ် ခနဲ စဉ်းစားမိသွား သည်။
ထိုအဖြစ်ကို စုန့်ချီရန့် က မြင်သော် နှုတ်ခမ်းဆူ လိုက်ပီး
" အကိုကြီး... ဒီတိုင်းရပ်နေတော့မှာလား ကျမ ထမင်းစားနေလက်စကြီး မပီးသေးဘူး သွားပြန်စားမယ် လိုက်ခဲ့ "
ဟု ပြောကာ လက်ကိုဆွဲ ပီး အောက်ထပ် သို့ ဆင်းသွားလေသည်။

စုန့်ချီရန့် မှာ သူမထိုင်နေသော ဝိုင်းမှာ ပင် ပြန်ထိုင်လိုက်လေသည်။ ထို့နောက် စားပွဲထိုးကို ခေါ်ကာ ထမင်းတစ်ယောက်စာ အပြင်
ဟင်းလေးပွဲ နှင့် အရက်တစ်အိုး ထပ်မှာ လိုက်လေသည်။ တွမ့်ကျန်းယွမ် မှာ စုန့်ချီရန့် ကို မြင်လျှင် မုယုံချန်းရှောင်း ကို သတိရမိ၍
မထိုင်ချင်သော်လဲ စုန့်ချီရန့် မှာ သူ့ညီမလေး သဖွယ် ဖြစ်နေသဖြင့် ထိုင်လိုက် ရသည်။ သူက တူကို သေချာကိုင်ကာ ဟင်းများ ထည့်ပီး
တစ္လုတ္စား လိုကေ
် သာ် စုန့်ချီရန့်မှာ မစားပဲ သူ့ကို ဟင်းခပ်ပေးရန် စောင့်နေကြောင်း မြင်လိုက်ရသည်။ သူက
" ညီမလေးလဲ စားလေ... ဗိုက်ဆာ တယ်ဆို အကို့ ကိုပဲ ဟင်းထည့်ပေးမနေနဲ့ အကိုက ဇိမ်မခံ တတ်ဘူး... "
ဟု ပြောလိုက်လေသည်။

စုန့်ချီရန့် က ပြုံးကာ
" စားမှာပေါ့ အကိုကြီးရာ... မတွေ့တာ အရမ်းကြာလို့ ပျော်ပီး ညီမဝတ္တရားကျေ ကြည့်တာပါရှင်... "
ဟု ခပ်မြူးမြူးလေး ပြောလိုက်လေသည်။

တွမ့်ကျန်းယွမ်က တစ်လုတ်ဝါး လိုက်ပီး


" ဟုတ်သားပဲ... ညီမလေးကို မတွေ့တာ သုံးနှစ်တောင် ရှိပ.ီ .. ညီမလေး အခြေအနေ က ဘယ်လိုလဲ အဆင်ပြေလား အဘစုန့်ဝမ် ကော
ဘယ်မှာကျန်ခဲ့လဲ "
ဟု မေးလိုက်လေသည်။

စုန့်ချီရန့် က ရယ်ကာ
" အကိုကြီးကတော့ တရပ်စပ် မေးနေတယ် ဘယ်ဟာ အရင်ဖြေရမလဲ "
ဟု ပြန်ပြောလိက
ုသည်။

တွမ့်ကျန်းယွမ် က သူ့အဖြစ်ကို သတိထားမိကာ အရှိန်သတ်လိုက်ပီး အရက်တစ်ခွက် ငှဲ့ကာ သောက်လိုက်သည်။


" ဖြေချင်တာကနေ စဖြေပါ ညီမတော် ... အကိုတော် နားထောင်ပါ့မယ် "
ဟု အရွှန်းဖောက် လိုက်သည်။

စုန့်ချီရန့် က ပျော်မြူးကာ ဖြေဟန် ပြင်ပီးမှ တစ်စုံတစ်ခု ကို သတိရသလို သက်ပြင်းချပီး


" အဘိုးကတော့ လွန်ခဲ့တဲ့ နှစ်နှစ် ကတည်းက ရှောင်လင်မှာ ဘုန်းကြီး ဝတ်သွားတယ်... ညီမကတော့ ဒီပေကျင်း မှာပဲ နေတာ ကြာပီ...
အခု ရှောင်လင်ကို သွားပီး အဘိုးကို ကန်တော့မလို့ ထွက်လာတာ "
ဟု ဖြေလိုက်လေသည်။

တွမ့်ကျန်းယွမ် မှာ စုန့်ချီရန့် က အဘိုး ဖြစ်သူ စုန့်ဝမ် ဘုန်းကြီးဝတ်ကာ သူမကို ခွဲခွာ သွားသဖြင့် စိတ်မကောင်းဖြစ်နေသည် ဟု
အထင်ရှိကာ သက်ပြင်းချသည်ကို ဆက်မတွေးချေ။ သူပင် စုန့်ဝမ်က ရှောင်လင် တွင် ဘုန်းကြီးဝတ်သည်ကို အံ့သြ နေ သည်လေ။
" အဘက ဘုန်းကြီးဝတ်လိုက်တာလား... သတင်းလဲ မကြားမိဘူး... ဘယ်ကဘယ်လို ဖြစ်တာလဲ "
ဟု စားလက်စ ပန်းကန်နှင့် တူကိုချကာ သိချင်စိတ် အပြည့်ဖြင့် မေးလိုက်လေသည်။

စုန့်ချီရန့် က မဖြေချင်သလို ရှိသော်လည်း အကျိုးအကြောင်းများ ဆက်စပ်နေသဖြင့် မဖြေလို့မကောင်းချေ။


" အဲ့အကြောင်းတွေ ပြောရမယ် ဆိုရင် အကိုကြီး မကြားချင်တဲ့ မမချန်းရှောင်း အကြောင်းပါ ပြောမှဖြစ်မယ် ညီမ ပြောလို့ ဖြစ်မလား "

တွမ့်ကျန်းယွမ် က သက်ပြင်းချကာ အရက်နှစ်ခွက်ဆင့် သောက်ချလိုက်ပီး


" ရပါတယ် ပြောပါ... အခုတော့ အကိုကြီး ဒါတွေကို စိတ်ထဲမထားတော့ပါဘူး... ကိုယ်လမ်းနဲ့ ကိုယ်ပဲ လမ်းကြောင်းခြင်းမှ မတူတာ
ဟုတ်တယ်မလား "
ဟု ပြောလိုက်သည်။

စုန့်ချီရန့် ကလဲ သက်ပြင်းချကာ


" ဇာတ်လမ်း အစကတော့ အဲ့နေ့က မမ က အကိုနဲ့ အကိုဆရာ ပြောနေကြတာကို ကြားပီး ရှောင်ထွက်မယ် စိတ်ကူးရာက စတာပဲ...
သူ့အပြောအရတော့ သူ့အတွက် နဲ့ အကို့တို့ အချေအတင်မဖြစ်စေချင်ဘူး တဲ့လေ ... မမနဲ့ညီမတို့ မြေးအဘိုး လဲ မုယုံ မျိုးနွယ်တွေ
ရှိတယ်လို့ ကြားတဲ့ ရွာကို အရှာထွက်ခြဲ့ ကတယ်... ဒါပေမဲ့ ပေကျင်းကို သွားတဲ့ လမ်းမှာပဲ မင်းမှုထမ်းတွေက မုယုံစံအိမ်အကြောင်း
စုံစမ်းနေတာ တွေ့ရတယ် ဘိုးဘိုးက စုံစမ်းကြည့်တော့ မင်းမှုထမ်းတွေရဲ့ သခင်ဖြစ်သူက အမတ်ချုပ်ကြီး မုယုံတဲ့ သူက မမချန်းရှောင်း
နဲ့ဆို အဘိုးဝမ်းကွဲတော်တယ် ပြောတယ်...
အဲ့နောက်တော့ မမနဲ့ ညီမတို့လဲ ပေကျင်း နေပြည်တော်က အမတ်ချုပ်စအ
ိံမ်ကို ရောက်သွားကြတယ်... အမတ်ချုပ်ကြီးက
မုယုံမျိုးနွယေ
် တွကို စုစည်းထားတယ်လေ... မမကိုလဲ သူ့အမွေခံမြေး အဖြစ်နေရာပေး လိုက်တယ်... အဲ့နောက်ပိုင်း ဇာတ်လမ်းတော့
အကိုကြီး သိမှာပါ လွန်ခဲ့တဲ့ သုံးလကျော် က မမ နေတဲ့ မင်းသားစံအိမ်ကို သွားပီး ကျောက်စိမ်းယပ်တောင် ပြန်ယူခဲ့သေးတယ် ဆိ.ု ..
ညီမလဲ အဲ့စံအိမ်မှာပဲ နေတယ်... ဘိုးဘိုး ကတော့ မုယုံ စံအိမ်မှာ ကတည်းက ညီမတို့ကို စိတ်ချရပီး ဆိုပီး ရှောင်လင် သွားပီး
ဘုန်းကြီးဝတ်လိုက်တာပဲ "
ဟု ရှည်လျားစွာ ပြောပီး အာခြောက် သွားသဖြင့် အရက်တစ်ခွက်သောက် လိုက်လေသည်။

တွမ့်ကျန်းယွမ် မှာ စုန့်ချီရန့် ပြောသော ဇာတ်လမ်း အကြောင်းစုံကို သိပီးသော် မုယုံချန်းရှောင်း ကို အပြစ်မမြင်တော့ချေ။ သူတို့
နှစ်ဦးမှာ ကံတရား၏ ကျီစားမှု ကြောင့် လွဲချော်ခဲ့ရကြောင်း သိသွားရသည်။ သို့သော် မှောက်ပီးသား ရေကို ခွက်ထဲ ပြန်ထည်မ
့ ရ
သကဲ့သို့ အခုချိန်မှတော့ အရာရာသည် ပြင်ရန် နောက်ကျ နေလေပီ။ သူက စိတ်ရှုပ်သွားသဖြင့် ခေါင်းထဲ ရှင်းသွား အောင်
အရက်အိုးကို မော့ကာ တစ်ကျိုက်ထဲ မော့သောက်ချလိုက်သည်။

စုန့်ချီရန့်မှာ တားလိုသော်လဲ မတားဖြစ်ချေ။ သူမက ခံစားနေရသော တွမ့်ကျန်းယွမ် ကို ကြည့်ကာ ကရုဏာပိုနေသည်။ထိုဇာတ်လမ်းကို


အကြောင်းစုံသိသည်မှာ သူမတစ်ယောက်တည်း မဟုတ်ပါလား။ ရင်နာရ သည်မှာလဲ နှစ်ဆပင်။ တစ်ဖက်က ချစ်ရသူ တစ်ဖက်က
မိမိ၏ အစ်မ။ သူမ ကလဲ တွမ့်ကျန်းယွမ် လို သောက်ကာ မူးပီး အရာရာကို မေ့ပစ်ချင်မိသည်မှာ အကြိမ်ကြိမ်ပင်။ ထို့ကြောင့် သူမက
မတားမြစ်တော့ပဲ ညှိုးငယ်စွာဖြင့် တွမ့်ကျန်းယွမ်ကို ကြည့်နေလိုက်သည်။

တွမ့်ကျန်းယွမ် မှာ တစ်အိုးလုံး မော့သောက် လိုက်သော်လဲ မမူးချေ။ သူက အရက်များကို သွေးကြောထဲတွင် အပူဓာတ်ဖြစ်အောင်
ညှစ်ထုတ်လိုက်သည်။ ချွေးများစိုရွှဲကာ ထွက်လာပီး သူ၏ ကိုယ်မှာ ရေလောင်း ချိုးသလို ဖြစ်သွားလေသည်။

စုနခ
့်ျီရန့် က ထိုအဖြစ်ကို မြင်သော် စိတ်ပူပီး
" အကိုကြီး.... "
ဟု ခေါ်လိုက်မိသည်။

တွမ့်ကျန်းယွမ် က လက်ကာပြကာ
" ဘာမှမဖြစ်ဘူး ညီမလေး... အခုမှပဲ ရင်ထဲက အလုံးကြီးကျပီး လန်းဆန်းသွား တော့တယ်... ကဲကဲ... ထမင်း ပီးအောင် စားမယ် ပီးရင်
တည်းခိုးခန်းသွား ရေမိုးချိုးကြမယ် ... အဲ့နောက် မနက်ဖြန် မနက် ရှောင်လင် ကိုသွားမယ် "
ဟု ပြောလိုက်လေသည်။

စုန့်ချီရန့် မှာ သူမ နှင့်အတူ တွမ့်ကျန်းယွမ် က လိုက်မည်ဆိုသော် အတိုင်းမသိ ပျော်သွား လေသည်။ သူမက ဝမ်းသာမှုကို ဖုံးဖိမရ
သဖြင့် အော်လိုက်ကာ
" ဟေး... ဒါမှ တို့အကိုကြီးကွ... အကိုကြီးက လိုက်ပ့မ
ို ယ်ဆိုတော့ ညီမလေးက ပျော်တာပေါ့... ဒါနဲ့ အကိုကြီးက ဘိုးဘိုးကို
တွေ့ရုံပဲလား "
ဟု မေးလိုက်သည်။

တွမ့်ကျန်းယွမ် က ပြုံးလိုက်ပီး စားလက်စ ကို လက်စသတ်လိုက်ကာ


" မဟုတ်ဘူး ညီမလေး... အကိုကြီးက ရှောင်လင်ကျောင်းကို ပေးစရာ ပစ္စည်းတစ်ခု ရှိတယ်... အကိုကြီးက လေလွင့်နေလို့
မပေးဖြစ်တာ... ဒီထက်ပိုပီး အချိန်ဆွဲလို့ မဖြစ်တော့ဘူး... သိုင်းလောက က မုန်တိုင်း ထန်ပြန်ဦးမယ်... အကိုကြီး အနေနဲ့ ဘာကူညီနိုင်
မလဲ ဆိုတာ ရှောင်လင်ကျောင်းထိုင် ဆရာတော်နဲ့ ဆွေးနွေးရဦးမယ် "
ဟု ပြောလိုက်သည်။

စုန့်ချီရန့် က ခပ်မြူးမြူးလေး ရယ်လိုက်ကာ


" ညီမလေးကတော့ ဒါတွေ မသိဘူး... အကိုကြီးနဲ့ သွားရမယ်ဆို ပျော်တာပဲ သိတယ်... စားပြီး သွားမယ်နော် ညီမ တည်းတဲ့
တည်ခိုးခန်းကို လိုက်ခဲ့ အကိုကြီး "
ဟု ပြောလိုက်သည်။

တွမ့်ကျန်းယွမ် က တဟားဟားရယ်ကာ
" အမိန့်တော်မြတ်အတိုင်းပါ နှမတော်လေး... ရှေ့ကနေ လမ်းပြတော်မူပါ... အခုစားထား သမျှကိုလဲ နှမတော်လေးပဲ ရှင်းတော်မူ
လိုက်ပါ ဘုရား... "
ဟု ရွှတ်နောက်နောက် ပြောချလိုက်သည်။

စုန့်ချီရန့်ကတော့ မျက်စောင်းချိုချိုလေး ထိုးကာ တစ်ခစ်ခစ် ရယ်လိုက်မိတော့ လေသည်။

#မိုးထိတောင်သိုင်းသမား #ZYN
အခန်း (၂၅) အပိုင်း တစ်
ရိကျင့်အကြောပြောင်းသိုင်း

ရှောင်လင်ကျောင်းတော်...
ရှောင်လင်ကျောင်း မှာ ခိုင်ဖုန်းမြို့ ပြင် နှစ်ရွာကျော် ဟန်စစ်တောင်ပေါ်တွင် တည်ရှိလေသည်။ ပေကျင်း နှင့် ခိုင်ဖုန်း မှာ ဆယ့်ငါးရက်ခရီး
ဖြစ်သော်လဲ တွမ့်ကျန်းယွမ် နှင့် စုန့်ချီရန့် မှာ ကိုယ်ဖော့ပညာကောင်း လွန်းသူများ ဖြစ်သဖြင့် တစ်ပါတ်ဆိုသော အချိန်သည်ပင်
လုံလောက်စေသည်။ သူတို့ နှစ်ယောက် ဟန်စစ်တောင်ပေါ် ရောက်သည့် အချိန်မှာ ညနေစောင်းနေလေပီ။

စုန့်ချီရန့် မှာ တစ်လမ်းလုံး တွမ့်ကျန်းယွမ် နှင့် ပျော်ပျော်ရွှင်ရွှင် ခရီးသွားလာရသဖြင့် အူမြူး နေလေသည်။ သူမက ဟန်စစ်တောင်
ပေါ်ရောက်သော် တွမ့်ကျန်းယွမ် ကို စချင် သဖြင့် ရှေ့သို့ တစ်ဟုန်ထိုး ပြေးထွက်သွား သည်။ ပါးစပ်မှ တစ်ခစ်ခစ်ရယ်ကာ
" အကိုကြီး မိအောင်ဖမ်းနိုင်ရင် ဖမ်းကြည့် "
ဟု အော်သွားသေးသည်။

ဟန်စစ်တောင် မှာ ရှောင်လင်ဘုန်းကြီး များသာ ရှိပီး အနီးအနားရှိ ရွာများကလဲ ဘုန်းတော်ကြီးများကို ရိုသေလေးစား သဖြင့် ထင်းရှာ
သစ်ခုတ်လောက်သာ လာကြသည်။ ထို့ကြောင့် ဟန်စစ်တောင်မှာ ဘုန်းတော်ကြီး များ၏ တရားစာရွတ်ဖတ်ချိန် မှလွဲ၍
တိတ်ဆိတ်နေလေသည်။ ယခုမူ မိန်းကလေး တစ်ဦး၏ ခိုးခိုးခစ်ခစ် ရယ်သံများမှာ တောင်ကြော တစ်လျှောက် ပဲ့တင်ထပ်နေ လေပီ။

တွမ့်ကျန်းယွမ် မှာ ကလေးဆန်လွန်းသော စုန့်ချီရန့်ကို ရယ်ချင်သဖြင့် လိုက်မဖမ်းပဲ အေးအေးလူလူ သာ လမ်းလျှောက်


တက်လာခဲ့သည်။ သူ့အရှေ့တွင် ရှောင်လင် ကျောင်းတော် ဟု ရေးသားထားသော မုခ်ဦးကြီးပင် မြင်နေရလေသည်။ ထို မုခ်ဦးဝ သို့
ရောက်ရန် လှေကားထစ်မှာ တစ်ရာ့ရှစ် ထစ် ရှိလေသည်။ သူက ပထမဆုံး အထစ် တွင် ရပ်ကာ စဉ်းစားလိုက်မိသည်။
ဤကျောင်းတော်ကြီးမှာ သိင
ုးပညာ၏ မူလအစ ဖြစ်သည် ဟု ဆိုရိုးစကား ရှိသည်။ မိမိသည် သိုင်းလောကထဲ သုံးနှစ်ကျော်
ကျင်လည်ခဲ့သော်လဲ ရှောင်လင်ကျောင်း ကို မရောက်ဖူးချေ။ သမိုင်းအစဉ်အလာ ကြီးမား သော ကျောင်းတော်ကြီးကို မိမိမှာ ယခု
အချိန် ခြေချခွင့် ရချေပီ။ တွမ့်ကျန်းယွမ်က ပီတိ ဖြာကာ ရွှင်လန်းသော စိတ်ဖြင့် ခြေတစ်လှမ်း လှမ်းလိုက်လေသည်။

ထိုစဉ်မှာပင် မုခ်ဦးဝ ဆီမှ အသံဗလံများ ဆူညံစွာ ထွက်ပေါ်လာသည်။


" မပြန်နိုင်ဘူး... ကျမက ကျမအဘိုးကို လာကန်တော့တာပါလို့ ဘယ်နှစ်ခါ ပြောရမလဲ... တွေ့ရုံလေးတွေ့တာ အပြစ်ဖြစ်သလား...
ဘယ်လိုဘုန်းကြီးတွေလ"ဲ

" မဖြစ်နိုင်ဘူး ဒကာမလေး... ရှောင်လင်ကျောင်းရဲ့ စည်းကမ်းအရ ဘုရားရှိခိုး ကျောင်းဆောင်ကလွဲပီး အမျိုးသမီးတွေ ကျောင်းဝင်းထဲ


ခြေချခွင့် မရှိဘူး... ပြန်သွားပါ "

" အို... ဘယ်လိုစည်းကမ်းလဲ မြေးမ ဖြစ်တဲ့သူ က အဘိုးလုပ်တဲ့သူကို တွေ့ချင်တာ ဘာအပြစ်မို့ တားဆီးနေရတာလဲ ကျမ
လက်မခံဘူး... အဝင်မခံရင် ဇွတ်ဝင်မှာပဲ "

တွမ့်ကျန်းယွမ် မှာ ထိုအသံများကို ကြားသော် ပြသနာတက်နေမှန်း သိကာ ရိပ် ခနဲ ပင် မုခ်ဦးဝ ဆီသို့ ခုန်ဝင်လိုက်လေသည်။ သူ
မြင်ရသည်မှာ ဆရာတော် ရွှယ်ထန်း ကဲ့သို့ ရွှေဝါရောင် သင်္ကန်းကို ဝတ်ဆင်ထားသူက ဘုန်းကြီး ငါးပါးကို ခြံရံကာ စုန့်ချီရန့် နှင့်
အခြေအတင် ဖြစ်နေခြင်းပင်။ ထိုဘုန်းကြီး ၏ ရုပ်သွင်မှာ ပိန်ပါးပီး ခေါင်းမာဟန် ရှိသည်။
သူက ကြားမှဝင်ကာ
" ဘာလိုကိစ္စများ ရှိလို့ပါလဲ ဆရာတော်... သူက ကျနော့ ညီမလေးပါ သူ့အဘိုးက ရှောင်လင်မှာ ဘုန်းကြီးဝတ်သွားလို့
လာကန်တော့တာပါ "
ဟု ရှင်းပြလိုက်လေသည်။

ဘုန်းတော်ကြီးက စိတ်ရှုပ်သော မျက်နှာဖြင့် တွမ့်ကျန်းယွမ်ကို ကြည့်ကာ


" ဒီမယ် ဒကာလေး ရှောင်လင်မှာ တစ်လ တစ်လ ဘုန်းကြီးလာဝတ်တဲ့သူတွေ မနည်းဘူး ... ဒီမှာဘုန်းကြီးဝတ်မယ် ဆိုရင်
အပြင်လောကနဲ့ အဆက်အသွယ်ဖြတ်ထား ရတယ်... ဒါမှ တရားဘာဝနာကို အနှောက်အယှက်ကင်းကင်း ကျင့်နိုင်မှာ ပီးတော့
ရှောင်လင်မှာ ဧည့်တွေ့တဲ့ အလေ့အထ မရှိဘူး "
ဟု ခပ်ပြတ်ပြတ်ပြောလိုက်လေသည်။

စုန့်ချီရန့်ကတော့ ဒေါသထွက်ကာ မျက်နှာလေးပင် နီနေလေပီ။ သူမက တွမ့်ကျန်းယွမ်ကို အားကိုးသဖြင့် ဘာမျှတော့ ဝင်မပြောချေ။


တွမ့်ကျန်းယွမ်က ခေါင်းကုတ် မိလိုက်သည်။ ဟုတ်ပေသည်။ ဘုန်းကြီး၏ စကားမှာ အကျိုးအကြောင်း ဆီလျော်မှု တော့ရှိသည်။
သူတို့၏ ကောင်းကင်နဂါး ကျောင်းတော်ကတော့ ရှောင်လင်နှင့် မတူချေ။ ဘုန်းကြီးများမှာ အထက်တန်းလွှာ ဖြစ်သဖြင့်
မိသားစုဝင်များက ဝတ်ပြုလာကြ ရသည်။ ရှောင်လင်တွင်တော့ ထိုအလေ့အထ ရှိမည်မဟုတ်ချေ။ သို့သော် စုန့်ချီရန့် မှာမူ
သူမအဘိုးကို တွေခ
ျ့င်နေ ပေမည်။

သူက သက်ပြင်းချကာ
" ဒါဆို ကျနော်တို့က မတွေ့နိုင်တော့ ဘူးပေါ့ ဆရာတော်... ကျနော်တို့က အဝေးကနေ လာခဲ့ရတာမို့ တစ်ချက်လောက် ဦးစားပေး
လို့ရမလား... သူ့အဘိုးကလဲ နာမည်ကျော် သိုင်းသမား စုန့်ဝမ်ပါ ဒါကြောင့် နာမည်ကျော် ဆိုတဲ့ မျက်နှာထောက်ပီး တစ်ခါလောက်
ချွင်းချက်ပေးပီး တွေခ
ွ့င့်ပေးလို့ရမလား ဆရာတော် "
ဟု တောင်းပန်လိုက်သည်။

သူ၏စကားက ဘုန်းကြီးကို ပို၍ စိတ် အနှောက်အယှက် ဖြစ်သွားဟန် တူသည်။ ဘုန်းတော်ကြီးမှာ ကျမ်းစာဆောင် အဆောင်မှူး
ရွှယ်စင်း ဖြစ်သည်။ ရွှယ်စင်း မှာ သံတုံးထက် မာကြောသော ဘုန်းကြီး ဟု ရှောင်လင် တွင် နာမည်ကြီးသည်။ ရွှယ် အဆင့်
ဘုန်းတော်ကြီးများတွင် လူ့ဂွစာ ကန့်လန့်ကြီး ဖြစ်ကာ စည်းကမ်းကို ၏သည် မရွေး တိတိကျကျ လိုက်နာသူ ဖြစ်သည်။ ရွှယ်စင်းမှာ
ငယ်စဉ်ကတည်းက ရှောင်လင် အပြင်သို့ တစ်ခါမှ ထွက်သူ မဟုတ်ချေ။ သူက သိုင်းပညာကျင့်ကြံ သော်လဲ သိုင်းသမားများကို
မနှစ်သက်သူ ဖြစ်သည်။ သူ့ဆရာ ရွှမ်းစန်း ကို ရှောင်လင် သစ္စာဖောက် နှင့် အပြင်သိုင်းသမားများက လုပ်ကြံသွားရာ သူ့အဖို့
စည်းကမ်းကို တိကျ လိုက်နာမှု နှင့် သိုင်းသမားများကို မနှစ်မြို့  မှုက အလွန်ကြီးမားလေသည်။ အခုလဲ တွမ့်ကျန်းယွမ် က
နာမည်ကျော်သိုင်းသမား ၏ မြေးဖြစ်သဖြင့် ချွင်းချက်ပေးရန် ပြောလိုက်သော် သူက စိတ်ဆိုးသွားလေ သည်။

" နာမည်ကျော် သိင


ုးသမားက ဘာလို့ ရှောင်လင် လာပီး ဘုန်းကြီးဝတ်တာလဲ သိုင်းပညာတွေ ခိုးချင်လို့လား... အခုလို
လာတွေ့နေတာကလဲ အဘိုးလုပ်သူက ခိုးထားသမျှကို မြေးကို သင်ပေးချင်တာ မလား ... ဘယ်ရမလဲ တွေ့ခွင့်မပေးနိုင်ဘူး "
ဟု ခပ်မာမာ ပြောချလိုကသ
် ည်။

စုန့်ချီရန့် မှာ အဘိုးဖြစ်သူကို သူခိုးဟု စွပ်စွဲ လိုက်သော် ဒေါသမှာ ငယ်ထိပ်ရောက် သွားပီး


" အော်... ဘုန်းကြီးဖြစ်ပီး ထင်ရာ စွတ်ပြော နေတယ်... ရှင်က ဘယ်လောက်သိုင်းတတ် လို့လဲ သတ္တိရှိရင် ပြိုင်မလား "
ဟု မိုက်မိုက်ကန်းကန်း စိန်ခေါ် လိုက်မိတော့သည်။

နဂိုကတည်းက အမြင်ကတ်နေသော ရွယ်စင်း မှာ ထိုစိန်ခေါ်သံကိုကြားသော်


" အန်မယ်... ငါတိ့ေ
ု ရှာင်လင်ကိုလာပီး ငါ့ကို မိုက်မိုက်ရိုင်းရိုင်း စိန်ခေါ်နေပြန်ပီ ဒါကြောင့် ငါက သိုင်းသမားဆိုတာ တွေကို မပတ်သတ်
ချင်တာ... လာခဲ့စမ်း ရိုက်နှက်ဆုံးမ ပေးလိုက်မယ် "
ဟု ပြောလိုက်သည်။

တွမ့်ကျန်းယွမ် မှာ အခြေအနေတွေ တင်းမာ ကုန်သဖြင့် ဝင်ကာ


" နေကြပါဦးဗျာ... ကျနော့်ညီမ အပြောအဆို မတတ်တာကို ကျနော်တောင်းပန်ပါတယ်... ဘုန်းကြီးကပဲ တစ်ဆိတ်ခွင့်လွှတ်ပေးပါ...
ကိုယ်တော့် အနေနဲ့ တွေ့ခွင့်မပေးနိုင်ဘူး ဆိုရင် ဆရာတော် ရွှယ်ထန်းကို ခေါ်ပေးပါ ဆရာတော့်ကို ကျနော် သိပါတယ် "
ဟု ဖျန်ဖြေ လိုက်လေသည်။

စုန့်ချီရန့် မှာ ဒေါသထွက်နေသော်လဲ တွမ့်ကျန်းယွမ် က ငြိမ်စေချင်သဖြင့် ငြိမ်နေ လိုက်လေသည်။ ရွှယ်စင်း ကတော့ ထိုသို့ မဟုတ်ချေ။
သူက သူ့အကိုတော် ရွှယ်ထန်း ကို ခေါ်ခိုင်းလိုက်သော် ပိုဒေါသထွက် သွားလေသည်။
" နေစမ်းပါဦး... အိပ်ယာထဲ လဲနေတဲ့ ငါ့အကိုတော် က ဘာကြောင့်မို့လို့ ထပီး မင်းတို့ကို လာတွေ့ရမှာလဲ... အခုချိန်မှာ ငါက
ရှောင်လင်ရဲ့ တာဝန်ခံပဲ ငါဝင်ဆိုမှ ဝင်ရမယ် အကောင်းပြောနေတုန်း လာလမ်းအတိင
ုး ပြန်ကြပါ "
ဟု ခပ်ပြတ်ပြတ် ပြောလိုက်ပြန်သည်။

တွမ့်ကျန်းယွမ် က အံ့သြကာ
" ဟာ... ဆရာတော် ရွှယ်ထန်းက ဘာများ ဖြစ်လို့ပါလဲ... "
ဟု မေးလိုက်လေသည်။

ရွှယ်စင်း က မဖြေချင်သော်လဲ အရစ်ရှည် နေသည့် တွမ့်ကျန်းယွမ်ကို ကြည့်ကာ


" မင်းတို့လို သိုင်းသမားတွေ ပြသနာရှာလို့ လွန်ခဲ့တဲ့တစ်နှစ်က ခိုင်ဖုန်းမှာ တိုက်ပွဲ ဖြစ်ကြတယ်လေ... သိုင်းလောကကို အုပ်စိုးမယ်
ကာကွယ်မယ်နဲ့ ရန်ဖြစ်ကြတာပဲ
ငါ့အကိုတော်က ပိုင်လုံကြောင့် လိုက်သွားပီး နောက်ဆုံး ဒဏ်ရာရလာတာပဲ အသက်အရွယ် အရကြောင့် အခုထိ မသက်သာပဲ
အိပ်ယာထဲ လဲနေတာပဲ "
ဟု ပြောလိုက်လေသည်။

တွမ့်ကျန်းယွမ် က ခေါင်းကုတ်ကာ
" မနှစ်က ကျနော်မြင်ပုံအရဆိုရင် ဆရာတော် ရဲ့ ဒဏ်ရာက ပြင်းထန်ပေမဲ့ သူ့ရိကျင့် အတွင်းအားနဲ့ ကုမယ်ဆိုရင် သုံးလမကြာပါဘူး
ပျောက်ရမှာပါ... ဒါ တစ်ခုခုပဲ "
ဟု ရေရွတ်လိုက်လေသည်။

ရွှယ်စင်း က ပြုံးကာ
" အော် ဒကာလေးက ရိကျင်အ
့ တွင်းအား ရဲ့ အစွမ်းကို သိနေတာကိုး... မဆိုးပါဘူး "
ဟု ပြောလိုက်သည်။

တွမ့်ကျန်းယွမ် က လက်အုပ်ချီလိုက်ကာ
" ဆရာတော် ဘုရား... မလွန်ဘူးထင်မယ် ဆိုရင် တစ်ဆိတ်လောက် ကျောင်းထိုင် ဆရာတော် ရွှမ်းမု ကို တွေ့ခွင့်ရမလား ဘုရား...
တပည့်တော် ဆွေးနွေးစရာရှိလို့ပါ"
ဟု ပြောလိုက်သည်။

ရွှယ်စင်းမှာ သံသယများပီး အယုံအကြည် နည်းပါးသူ ဖြစ်ရာ ရိကျင့်အကြောင်း၊ ရွှယ်ထန်း၏ ဒဏ်ရာအကြောင်း ပြောပီးမှ ဆရာတော်
ရွှမ်းမု ရှိမရှိ မေးနေ၍ သဘောမကျ တော့ချေ။ သူ့တွင် ဒီပုံ ဖြစ်နေရသည့် အကြောင်းအရင်း ခိုင်လုံစွာ ရှိလေသည်။ ဆရာတော် ရွှမ်းမု
မှာ လွန်ခဲ့သော တစ်နှစ်ခန့်ကပင် သူ့ကို တာဝန်ခံ ပေးကာ တပည့်နှစ်ယောက်နှင့်အတူ တံခါးပိတ်ကာ သိုင်းပညာအကြောင်း
ဆွေးနွေးလေ့ကျင့် နေလေသည်။ သူ့ကို မှာခဲ့သည်မှာ သိုင်းလောကတွင် လူငယ် အနက်ရောင်သိုင်းသမားများ ပေါ်နေသည်
ထိုသူများမှာ ရှောင်လင်ကို လာတိုက်ခိုက်နိုင် သည် ကာကွယ်ပါ ဟူ၍ပင် ဖြစ်သည်။ သူက တစ်သက်လုံး ရှောင်လင်မှ ထွက်သူ
မဟုတ်ရာ မည်သူက မည်သူ ဖြစ်ကြောင်း သေချာမသိချေ။ နာမည်ကျော် သိုင်းသမား ဆိုသည်များကိုလဲ သူစိတ်မဝင်စားချေ။ သူသိ
သည်မှာ မည်သူပင်ဖြစ်စေ ရှောင်လင်ကို ကျူးကျော်ပါက မောင်းထုတ်ရမည် ဆိုသည် ပင်။ ယခုလဲ သိုင်းပညာ ကောင်းဟန်တူ သော
လူငယ်စုံတွဲ နှစ်ယောက် က ဧည့်တွေ့ချင်ကြောင်း က စကာ ကျောင်းထိုင်ကိုပင် တွေ့ချင်နေပြန် သည်။ သူက သံသယ ရှိနေလေပီ။
သူက ဘေးမှ တပည့် ဘုန်းကြီး ငါးပါးထဲမှ ခပ်ဝဝ ဘုန်းတော်ကြီးကို လှမ်းကာ
" ကျင်းတု... သိုင်းလောကမှာ ရှိတဲ့ နာမည်ကြီးတွေထဲက ယောက်ျားမိန်းမ ခပ်ချောချော စုံတွဲ ဆိုတာ ရှိလား မောင်နမ
ှ ဖြစ်ဖြစ်
သမီးရည်းစားဖြစ်ဖြစ် "
ဟု ပြောကာ တွမ့်ကျန်းယွမ် နှင့် စုန့်ချီရန့် ကို မသင်္ကာသော အကြည့်ဖြင့် ကြည့်ကာ ပြောလိုက်လေသည်။

တွမ့်ကျန်းယွမ် မှာ သူတို့ကို သံယဝင် နေကြောင်း သိသဖြင့်


" ဆရာတော်က ကျနော်က တွမ့်ကျန်းယွမ် လို့ခေါ်ပါတယ်... ဒီညီမလေးက စုန့်ချီရန့် ပါ သူမက ပျံလွှားမယ် လို့နာမည်ကျော်ပါတယ်
ကျနော်တို့က အနက်ရောင်သုင
ိးသမားတွေ မဟုတ်ပါဘူး "
ဟု ဖြေရှင်းလိုက်လေသည်။

ကျင်းတု က တွမ့်ကျန်းယွမ် ကို ကြည့်ကာ ခါးကြားမှ စာအုပ်တစ်အုပ်ကို လှန်ကာ ဖတ်လိုက်သည်။ သူက ရွှယ်စင်း ကို
" ဆရာတော်... ဒီစာအုပ်အရ ဆိုရင် အပြာရောင်ဝတ်စုံကို ဝတ်တယ် ဓားအနက် ရောင်ကို ကိုင်တဲ့ ရုပ်အရမ်းချောတဲ့သူ ဆိုရင်
တွမ့်ကျန်းယွမ် လို့ပါတယ် ဆရာတော်... သူ့ပုံစံနဲ့ ကိုက်ညီနေတယ်... "
ဟု ပြောလိုက်သည်။
ရွှယ်စင်းက သံသယ မပြေဟန်ဖြင့်
" ဒီလောက်ကတော့ အတုလုပ်မယ်ဆိုရင် လွယ်လွယ်ကူကူ လိုက်လုပ်နိုင်တာပဲ... တခြားရုပ်ချောတဲ့ သိုင်းသမား မရှိတော့ဘူးလား...
ကျင်းတု "
ဟု မေးလိုက်သည်။

တွမ့်ကျန်းယွမ် နှင့် စုန့်ချီရန့် ကတော့ စိတ်ပျက်သွားလေပီ။ သူတို့က ကျင်းတု ကိုယ်တော် စကားကိုသာ စောင့်နေလိုက် တော့သည်။
ကျင်းတု ကိုယ်တော်က စာအုပ်ကို ခပ်သွက်သွက် လှန်ကြည့် နေပီး
" ဆရာတော်... သိုင်းလောကမှာ ရုပ်အရမ်းချောတဲ့ သိုင်းသမားဆိုလို့ တွမ့်ကျန်းယွမ် နဲ့ ကျနော်တို့ မင်စုထန်း အပြင် အခုနှစ်ပိုင်း
နာမည်ကြီးလာတဲ့ ထန်ဝူ နဲ့ ထန်ဖု ဆိုတဲ့ အနက်ရောင် သိုင်းသမား နှစ်ယောက် ရှိပါတယ်... ထန်ဝူက မိန်းမ မကျ ယောက်ျားမကျ ပေမဲ့
ထန်ဖု ကတော့ ယောက်ျားစစ်စစ်ပါ.. ဆရာတော် "
ဟု ပြောလိုက်လေသည်။

ထို့နောက် ဘေးမှ စုန့်ချီရန့်ကို ကြည့်ကာ တိုးတိုးကပ်ကာ ပြောလိုက်ပြန်သည်။ ရွှယ်စင်းမှာ ထိုစကားကို ကြားသော် မျက်နှာကြီးနီကာ
ရွံမုန်းသလို ဖြစ်သွားလေ သည်။ သူက တွမ့်ကျန်းယွမ် ကို ရွံရှာသလို ကြည့်ကာ
" လက်စသတ်တော့ ဒကာကြီးက ပန်းဘီလူး ထန်ဖု ကိုး... ဒီမိန်းကလေးကိုလဲ သွေးဆောင်ဖြားယောင်းပီး ခေါ်လာတယ် ပေါ့လေ...
ရှောင်လင်ကို ကျူးကျော်နိုင်မယ် ထင်လို့လား "
ဟု မာမာထန်ထန် ပြောလိုက်လေသည်။

စုန့်ချီရန့် ကတော့ အံ့အားသင့်ကာ ဘာစကား မျှ မပြောနိုင်တော့ချေ။ တွမ့်ကျန်းယွမ်က သက်ပြင်းချကာ


" တပည့်တော်ငြင်းနေလဲ ဆရာတော်က ယုံမှာ မဟုတ်ဘူး... အဲ့ဒီတော့ ရှောင်လင်က အပြင် ထွက်ဖူးတဲ့ ကိုယ်တော်တွေ ခေါ်မေး
ကြည့်ပါ လွန်ခဲ့တဲ့ သုံးနှစ်က ရှောင်စစ်တောင် ကို လာဖူးတဲ့သူဆို တပည့်တော်ကို သိကြမှာပါ "
ဟု ပြောလိုက်သည်။

ကျင်းတု က ခေါင်းခါကာ
" ရှောင်လင်မှာက လူတိုင်း အပြင်မထွက် ရဘူး.... ထွက်ခွငရ
့ှ်ိတဲ့သူတွေက ဆရာတော် ရွယ်ထန်း အဆောင်က ဘုန်းကြီးတွေပဲ
ရှိတယ်... သူတို့ကလဲ အခု ဒဏ်ကျဆောင်မှာ တံခါးပိတ်ပီး တရားဆင်ခြင်နေကြရတယ် "
ဟု ဝင်ပြောလိုက်လေသည်။

ရွှယ်စင်း က ဝင်ကာ
" ဟုတ်တယ် သူတို့အပြစ်ပဲ သူတို့အသုံးမကျ လို့ အကိုတော် ဒဏ်ရာရလာတာ ဒါကြောင့် ငါက လက်ရှိတာဝန်ခံ အနေနဲ့
ဒဏ်ပေးထားတာပဲ "
ဟု ပြောလိုက်လေသည်။

တွမ့်ကျန်းယွမ် က စိတ်ရှုပ်သွားလေသည်။ သူက ခေါင်းကုတ်ကာ


" ဒါဆို ဆရာတော်က တပည့်တော် တွမ့်ကျန်းယွမ် ပါ ကျောင်းထိုင်ဆရာတော် နဲ့ ဆွေးနွေးချင်လို့ လာတာပါဆိုတာ မယုံကြည်
နိုင်ဘူးပေါ့လေ... တပည့်တော်လဲ ဘယ်လို သက်သေပြရမလဲ မသိတော့ဘူး "
ဟု ပြောလိုက်လေသည်။

ရွှယ်စင်းကတော့ ပြတ်ပြတ်သားသား ပင်


" ဘာပဲ ဖြစ်ဖြစ် သက်သေမပြနိုင်မှတော့ ပြန်ပေတော့ ဒကာ "
ဟု ပြောလိုက်လေသည်။

ကျင်းတု က စာအုပ်ကို ကြည့်နေရင်းနဲ့မှ


" ဒီမှာရေးထားတာတော့ တွမ့်ကျန်းယွမ် ဆိုတာ သိုင်းလောကမှာ တတိယ အဆင့်ရှိပီး သိုင်းထိပ်သီးလူငယ် ဆယ်ယောက်မှာ အဆင့်
၁လို့ သိရတယ်... သိုင်းလောက တတိယဆို ကျောင်းထိုင် ဆရာတော် ထက် တစ်ဆင့်မြင့်တယ် ဆရာတော် ရွှယ်စင်း "
ဟု ပြောလိုက်လေသည်။

ရွှယ်စင်းက မျက်မှောင်ကြုတ်ကာ
" ဘာကွ... တတိယရတာ တုံးဖန်းဟိုင် ဆို ဘယ်လိုလုပ် တွမ့်ကျန်းယွမ် ဖြစ်ပီး ဒီလို လူငယ်တစ်ယောက်က ဆရာတော် ရွှမ်းမု ထက်
သာနေရတာလဲ "
ဟု ပြောလိုက်လေသည်။
ကျင်းတု က အငေါက်ခံရသဖြင့် ပြာသွားကာ စာအုပ်ကို ပြလိုက်ပီး
" ဒီ...ဒီမှာ ရေးထားတာပါ ဆရာတော်... တုံးဖန်းဟိုင်ဟာ တတိယ ရသူဖြစ်ပေမဲ့ တစ်ကယ်တမ်းယှဉ်ပြိုင်သူက တွမ့်ကျန်းယွမ်
ဖြစ်ပါတယ်တ.ဲ့ .. တုံးဖန်းဟိုင်ရဲ့ပညာကို သုံးပီး ယှဉ်ပြိုင်ခဲ့လို့ တုံးဖန်ဟိုင် ကို နေရာပေး ခဲ့တာပါတဲ.့ .. နောက်ပီး တွမ့်ကျန်းယွမ်
ဆိုတဲ့သူက အတွင်းအား အရာမှာ ယှဉ်နိုင်သူ မရှိ သိုင်းလောက ပြိုင်ဘက်ကင်း ဖြစ်တယ် လို့လဲ ရေးထားပါတယ် "
ဟု ကြောက်ကြောက်နှင့် ဖတ်ပြလိုက် လေသည်။

ရွှယ်စင်း မှာ သဘောမကျတော့ချေ။ ရှောင်လင် ထက် သိုင်းပညာသာသူများ ရှိနိုင်သည် ကို လက်ခံသော်လဲ လူငယ်တစ်ယောက်က
သာသည်ကိုတော့ လက်မခံနိုင်ချေ။ သူက မကျေနပ်သည်ကို လက်ရှိ တွမ့်ကျန်းယွမ် ဟု ပြောနေသူကို ပုံချရန် ပြင်လိုက်တော့သည်။
" အောင်မယ်... ဒီလောက်တောင် တော်တဲ့ သူကြီးပါလားဟ... ဒီမယ်ဒကာ မင်းက ဒီလို တော်တဲ့ ပုဂ္ဂိုလ် ဖြစ်မယ် ဆိုရင် ရှောင်လင်
ကိုလာပီး ငါ့ဆရာ ရွှမ်းမုနဲ့ ဆွေးနွေးမယ် ဆိုတာကို လက်ခံပေးမယ်... အဲ့ဒီတော့ ငါ့ကို သက်သေပြပါ "
ဟု ပြောလိုက်လေသည်။

တွမ့်ကျန်းယွမ် ကလဲ ပြုံးကာ


" ဘယ်လိုသက်သေပြရမလဲ ဆရာတော် ပြောပါ "
ဟု ယုံကြည်ချက် အပြည့်ဖြင့် ပြောလိုက်လေ သည်။

ရွှယ်စင်း ကတော့ ယုံကြည်မှု အပြည့်ရှိနေ သော တွမ့်ကျန်းယွမ် ကိုပြုံးကြည့်ကာ


" ဟော ဟိုမှာ... ရှိတဲ့ ခေါင်းလောင်းကြီးကို မြင်တယ်မလား... ခေါင်းလောင်းကြီးဟာ ပိဿချိန် သုံးသောင်းကျော် ရှိတယ်... ရှောင်လင်
မှာ ဒီခေါင်းလောင်းကြီးကို အသံမြည် အောင်ရိုက်နိုင်တာ လူသုံးယောက်ပဲ ရှိတယ် အရင်ကျောင်းထိုင် သူဖုန်းစားဂိုဏ်းချုပ်ကြီး ပုလုံ နဲ့
လက်ရှိကျောင်းထိုင် တို့ပဲ... ဒီခေါင်းလောင်း ကို မြည်အောင် သုံးချက်တိတိ ရိုက်နိုင်မယ် ဆိုရင် တွမ့်ကျန်းယွမ် ဆိုတာ လက်ခံ
ပေးမယ်... ဒါ့အပြင် တံခါးပိတ်ကျင့်နေတဲ့ ကျောင်းထိုင် ဆီကိုလဲ ခေါ်သွားပေးမယ် "
ဟု ပြောလိုက်လေသည်။

ရွှယ်စင်း ၏ တောင်းဆိုချက်မှာ အကျိုးအကြောင်းဆီလျော်နေသည်လေ။ အတွင်းအားအရာတွင် ပြိုင်ဘက်ကင်းသူ ဖြစ်ပါက


ထိုခေါင်းလောင်းကို သေချာပေါက် အသံမြည်အောင် ရိုက်နိုင်ပေမည်။ တွမ့်ကျန်းယွမ် မှာ ပြိုင်ဘက်ကင်း အတွင်းအား ရှိသူဟု
နာမည်ကျော်ရာ တခြားသူများက သူ၏ပုံစံကို အတုလုပ်နိုင် မည်ဖြစ်သော်လဲ သူ၏ ပြိုင်ဘက်ကင်း အတွင်းအားကိုတော့ အတု
လုပ်နိုင်မည် မဟုတ်ချေ။ အတွင်းအားမှာ အတုလုပ်နိုင် သော အရာ မဟုတ်သည်လေ။

တွမ့်ကျန်းယွမ် ကတော့ ထိုခေါင်းလောင်း ကို လှမ်းကြည်က


့ာ စိတ်ညစ်သွားတော့သည်။ ထိုခေါင်းလောင်းကြီးမှာ တကယ်ပင်
ကြီးမားလေးပင်သည်။ အနည်းဆုံး သွေးကြောမကြီး သုံးခုဖွင့်နိင်သူမှသာ အားကုန်ထုတ်ပီး အသံမြည်အောင် ရိုက်နိုင်မည် ဖြစ်သည်။
သူ့တွင် ဘာရောဂါ မှ မရှိလျှင်တော့ အကြောင်းမရှိချေ။ သူက သွေးကြောမကြီး ခြောက်ခုစလုံး ဖွင့်နိုင်သူ ဖြစ်၍ တစ်ဝက်ခန့်သုံးကာ
အေးဆေး ရိုက်နိုင်လေသည်။ သို့သော် ယခုမူ သူ့တွင် အအေးဓာတ်အဆိပ် ထကြွနိုင်သည့် ရောဂါ ရှိရာ သူက ထိုမျှလောက်သော
အတွင်းအား ပမာဏကို လက်လွတ်စပယ် မသုံးစွဲရဲချေ။ ထို့အပြင် ဘုန်းတော်ကြီးကျောင်း ကို လာခဲ့သဖြင့် ကျောင်းပြင်တွင်
သူ့အရက်အိတ်ကို ထားခဲ့ရာ အတွင်းအား သုံးပီးတိုင်း အရက်ဖြင့် ဖြေရန် လဲ မဖြစ်နိုင်။

တွမ့်ကျန်းယွမ် က ခေါင်းယမ်းလိုက်ကာ
" တပည့်တော် အနေနဲ့ ယခုလောလောဆယ် ခေါင်းလောင်းကို ရိုက်မပြနိုင်ပါဘူး... ဖြစ်နိုင်ရင် အတွင်းအားအစား သိုင်းပညာနဲ့ ပဲ
သက်သေပြချင်ပါတယ် "
ဟု ပြောလိုက်တော့သည်။

#မိုးထိတောင်သိုင်းသမား #ZYN
အခန်း (၂၅) အပိုင်း နှစ်
ရိကျင့်အကြောပြောင်းသိုင်း

ရွှယ်စင်း မှာ သူ့ထင်ထားသည်မှာ မှန်နေပီ ဟု တွေးမိလိုက်သည်။ သူက ခပ်အေးအေး ပြုံးလိုက်ကာ


" ဒါဆို ဒကာလေးက သိုင်းပညာ ကောင်းတယ် လို့ဆိုလိုတာပေါ့... ရပါတယ် ကိုယ်တော်က လက်ခံပေးရမှာပေါ့... အရင်ဆုံး
ကိုယ်တော်တို့ ငါးပါးရဲ့ သဏ္ဍန်ငါးမျိုး ပူးပေါင်းကွက်ကို ဖြိုခွဲကြည့်ပါ အနိုင်ရရင် နောက်တစ်ဆင့်ပေါ့ "
ဟု ပြောလိုက်လေသည်။
တွမ့်ကျန်းယွမ် မှာ သူမကြားဖူးသော သိုင်း ဖြစ်သဖြင့် အံ့သြသွားသော်လဲ
" ကောင်းပါပီ ဆရာတော် "
ဟု သာ ပြောလိုက်လေသည်။

သဏ္ဍန်ငါးမျိုးသိုင်း...
သဏ္ဍန်ငါးမျိုးသိုင်းမှာ ရှောင်လင်၏ ခုနှစ်ဆယ့်နှစ်မျိုး သိုင်းပညာများတွင် ပါဝင်သော သိုင်းပညာ ဖြစ်လေသည်။ ကြိုးကြာ၊ မြွေ၊
မျောက်၊ နှံကောင် နှင့် ကျား သတ္တဝါ ငါးမျိုး၏ တိုက်ခိုကပ
်ုံကို အတုယူကာ သိုင်းပညာအဖြစ် တီထွင်ထားခြင်း ဖြစ်သည်။ ထိုငါးမျိုးလုံးကို
တစ်ယောက်တည်းက ကျင့်နိုင်ပါက ထိုသူမှာ သိုင်းဘုရင် ဖြစ်သွားနိုင်လေသည်။ သို့သော် ရှောင်လင် သမိုင်းတစ်လျှောက် ငါးမျိုးစလုံး
တစ်ဦးတည်း ပေါက်မြောက်သူမှာ မရှိသလောက် ရှားပါးလွန်း သည်။ ယခုပင် အပါအဝင် ဘုန်းကြီး ငါးပါးမှာ တစ်ယောက် တစ်မျိုးစီသာ
ကျင့်နိုင်ကြပီး ပူးပေါင်း တိုက်ကွက် သဘောမျိုးသာ အသုံးပြုနိုင် ကြလေသည်။ သို့သော် ထိုသိုင်းပညာ ငါးမျိုးမှာ တစ်မျိုးစီကပင်
အဆင့်မြင့်မားရာ ပူးပေါင်းလိုက်ပါက ပိုပီးအဆင့်မြင့်မား ပေမည်။

ရွှယ်စင်း၏ စကားအဆုံးတွင် ကျင်းတု မှ လွ၍


ဲ ကျန်ဘုန်းကြီး လေးပါးမှာ ရှေ့တိုးကာ ကြိုးကြာ၊ မြွေ၊ မျောက် နှင့် နှံကောင် ပုံစံ
သိုင်းကွက် ခင်းလိုကေ
် လသည်။ ကျင်းတု မှာ စာအုပ် တစ်အုပ်ထုတ်ပီး ကြမ်းပြင်ပေါ် ထိုင်ချကာ စုတ်တံတစ်ချောင်း နှင့် အသင့်ရှိ
နေသည်။ သူ့ပုံစံက ဒီတိုက်ပွဲကို မှတ်တမ်းတင် တော့မည့်ပုံပင်။ ဆရာတော် က သူ့တပည့်များ သိုင်းကွက်ကို ကြည့်ကာ
" ကဲ... ဒကာ အဆင့်သင့်ဖြစ်ရင် ကျားလက်ဝါး ကို မြည်းကြည့်ပါ "
ဟု ပြောကာ ရှေ့သို့ ခုန်ထွက်ကာ လက်ဝါး တစ်ချက် ရိုက်ထုတ်လိုက်လေသည်။

တွမ့်ကျန်းယွမ် မှာ သတိထားပီး ရှောင်တိမ်း လိုက်လေသည်။ သိုသော့်လဲ ချက်ချင်းပင် ကျန်ဘုန်းကြီးလေးပါးက အကွက်ကျကျ


တိုက်ခိုက်လိုက်ရာ မျက်လုံးပြူးသွား လေ သည်။ ဤဘုန်းကြီးများမှာ တစ်ဦးချင်းစီ သိုင်းပညာကောင်းရုံသာမက ပူးပေါင်းမှု ကလဲ
အဆင့်မြင့်နေသည်။ တွမ့်ကျန်းယွမ် မှာ ရှောင်းယောင်ဂိုဏ်း ၏ ရှောင်းယောင်သိုင်း ကို အသုံးပြုကာ ခုခံ လိုက်ရသည်။ ရှောင်းယောင်
လက်ဝါးသိုင်း မှာ ရှောင်လင်၏ သိုင်းပညာများကို ကောင်းစွာ လိုက်လျောညီထွေ ဖြစ်စေ သဖြင့် သူ့အဖို့ သိပ်တော့ ပြာယာ
မခတ်လိုက်ချေ။ သူက လဲ အကွက်ကျကျ ခုခံနေလေရာ ဘုန်းကြီးများမှာ အံ့သြသွားကျလေသည်။ သူတို့ ငါးဦး၏ ပူးပေါင်းကွကက
ို
အကွက်ကျကျ ခုခံနိုင်သူမှာ အခုကျောင်းထိုင် ၊ မင်စုထန်း နှင့် သံမဏိကိုယ်တော်နှစ်ပါး တို့သာ ရှိဖူးလေသည်။ ယခုမူ ပြင်ပမှ
သိုင်းသမား တစ်ဦးက ခုခံနိုင်လေပီ။

တွမ့်ကျန်းယွမ် မှာ သဘောကျနေမိသည်က နှစ်ပေါင်း သုံးရာကျော် ကြာသည့်တိုင် ရှောင်းယောင်ဂိုဏ်း၏ ရှောင်းယောင် လက်ဝါးသိုင်း


မှာ ရှောင်လင်အပေါ် လွှမ်းမိုးမှု ရှိနေသေးသည်ကို ပင်ဖြစ်သည်။ သူက သဏ္ဍငါးမျိုး သိုင်းကို စိတ်ဝင်စား သဖြင့် ဘုန်းကြီးငါးပါးကို
အစွမ်းကုန် တိုက်စေရန် ဖိအားပေးကာ ကစားလိုက်သည်။ ဘုန်းကြီး ငါးပါးမှာ ငါးယောက်တစ်ယောက်ကိုပင် တစ်ဖက်လူက
ပြန်ဖိအားပေးနေသဖြင့် မခံချင်စိတ်များ ပေါ်လာကာ တတ်ကျွမ်းသမျှ အစွမ်းကုန် တိုက်ခိုက်တော့သည်။ တွမ့်ကျန်းယွမ် မှာလဲ
မပေါ့ဆပဲ သေချာပင် ခုခံနေလေသည်။ ဘုန်းကြီးငါးပါး နှင့် သူမှာ သိုင်းကွက်ပေါင်း သုံးရာကျော်သော်လဲ အနိုင်အရှုံး မကွဲချေ။

ဘေးမှ ကြည့်နေသူ စုန့်ချီရန့် က ပျင်းလာ၍ စိတ်ပျက်စွာဖြင့်


" အကိုကြီး.... ဘုန်းကြီးတွေနဲ့ ကစားမနေနဲ့ မြန်မြန်လုပ် မိုးချုပ်တော့မယ် "
ဟု ပြောလိုက်လေသည်။

တွမ့်ကျန်းယွမ် က ထိုစကားကို ကြားမှပင် ပြုံးမိသည်။ သူက သဏ္ဍန်ငါးမျိုး သိုင်းကို ဖြိုခွဲရန် နည်းရှာနေရာ ယခုတွေ့လေပီ။
ဘုန်းကြီးများမှာ သူတ၏
ို့ ပူးပေါင်းကွက် ကောင်းသော်လဲ အတွေ့အကြုံမရှိချေ။ သူက ချက်ချင်းပင် ခန္ဓာကိုယ် ကို ပတ်ချာလည်ကာ
ဂျင်တစ်လုံးလို လည်လိုက်သည်။ အတွင်းအားပါထည့်ပီး လည်လိုက်ရာ မွတ် နေပီး အထဲမှ ရှောင်းယောင် လက်ဝါး ၏
နောက်ဆုံးသိုင်းကွက် အတုနှင့်အစစ် သိုင်းကွက် အတိုင်း လက်ဝါးချက် ဆယ်ချက် ရိုက်ထုတ်လိုက်သည်။ ထိုဆယ်ချက်မှာ အတု
ငါးချက် အစစ်ငါးချက် ဖြစ်ကာ အလျင်အမြန် ရိုက်ချလိုက်သဖြင့် ခုခံသူမှာ မည်သည်က အတုမှန်း အစစ်မှန်း မသိခင် အရိုက်ခံရလေ
သည်။ ယခုလဲ ဘုန်းကြီးငါးပါး မှာ တစ်ယောက် တစ်ချက်စီ ထိမိကာ ပွဲပီး သွားလေသည်။
" ဖတ်... ဖတ်... ဖတ်.... ဖတ်.... ဖတ် "

တွမ့်ကျန်းယွမ်မှာ အတွင်းအား ကို သာမန်သာ သုံးရဲသဖြင့် ဘုန်းကြီးများမှာ အနည်းငယ် အောင့်သွားရုံက လွဲ၍ ဒဏ်ရာ မပြင်းချေ။
သူတို့၏ စိတ်ဒဏ်ရာကသာ ပိုပြင်း ပေမည်။ ရွှယ်စင်း မှာ သက်ပြင်းချကာ
" အနက်ရောင်သိုင်း သမား တစ်ယောက်က ဒီလောက် သိုင်းတော်နေတာ နှမျောစရာပဲ "
ဟု ရေရွတ်လိုက်လေသည်။

တွမ့်ကျန်းယွမ် မှာ အခုထိ သူ့ကို မယုံနိုင်သော ရွှယ်စင်းကို ကြည့်ကာ စိတ်ပျက် သွားလေသည်။ သူက စိတ်ရှုပ်ပီး
" ဟာဗျာ... ကျနော်က တွမ့်ကျန်းယွမ် ပါဆိုတာ ဘယ်လိုပြောရမလဲ... ကျနော် ဖြစ်ချင်တာ နှစ်ခုပဲ ရှိတယ် ကျောင်းထိုင်နဲ့ တွေ့ချင်တယ်
ဒီညီမလေးရဲ့ အဘိုးနဲ့ တွေ့ချင် တယ်... ဒါပဲ ကျန်တာ စိတ်မဝင်စားဘူး "
ဟု ပြောမိတော့သည်။

ရွှယ်စင်းကတော့ လက်မခံချေ။ သူက တွမ့်ကျန်းယွမ် မှာ ဤမျှ သိုင်းပညာကောင်း နေသည်က ပုံမှန်မဟုတ်နိုင် ဟုသာ တွေးနေသည်။
အဘယ့်ကြောင့်ဆိုသော် ခေါင်းလောင်းကို မရိုက်ပြနိုင်သဖြင့် ထိုသို့ တစ်ယူသန် တွေးနေခြင်းဖြစ်သည်။ သူတစ်ပါး၏ အခြေအနေကို
တွေးကာ ကိုယ်ချင်းစာပေးခြင်း ဆိုသည်မှာ သူ့အတွက် မရှိချေ။ သူက တစ်ချိန်လုံး ကိုယ့်ကိုကိုယ်သာ သိပီး သိုင်းကျင့် နေခဲ့သူဖြစ်ရာ
သူတစ်ပါးကို နားမလည်ချေ။ ယခုလို အရှူံးနှင့် ရင်ဆိုင် ရချိန်တွင် ပိုဆိုးပေသည်။

ရွှယ်စင်း က မချိပြုံးပြုံးကာ
" ငါတို့ငါးပါးကို နိုင်ပီဆိုပီး ဘဝင်မြင့် မနေနဲ့ ရှောင်လင်ကို အလွယ်တကူ ဖြိုခွဲလို့ ရမယ် ထင်ရင် မှားလိမ့်မယ်... "
ဟု ပြောလိုက်လေသည်။

သူက ကျင်းတု ဘက်လှည့်ကာ


" ငါ့အကိုတော် နှစ်ပါးကို သွားပင့်စမ်း "
ဟု ပြောလိုက်သည်။

ကျင်းတု မှာ လစ်ခနဲ ကျောင်းဝင်းထဲ ဝင်ပြေး သွားလေသည်။ တွမ့်ကျန်းယွမ် ကတော့ စိတ်ပျက်ရာမှ ဒေါသထွက်နေလေပီ။ သူက
ရှောင်လင်ကျောင်းထဲတွင် ရှောင်လင်
ဘုန်းကြီး ဖြစ်သူနှင့် ရင်ဆိုင်နေရ၍ သာ ဤမျှသည်းခံနေခြင်း ဖြစ်ရာ အတော်ကို စိတ်ပေါက်နေလေပီ။ တွမ့်ကျန်းယွမ် က စုန့်ချီရန့်
ဘက်လှည့်ကာ
" ညီမလေး... လှေကားအောက်မှာ ဆိတ်သားရေအိတ် ကျန်ခဲ့တယ် သွားယူစမ်း"
ဟု ခိုင်းလိုက်လေသည်။

ရွှယ်စင်း မှာ ထိုစကားကို ကြားသော် ထန်ဖု က အဆိပ်သုံးတော့မည် ဟု ထင်သွားသည်။ သူက တဟားဟား ရယ်ကာ
" ထန်ဖု... ထန်ဖု... အဆိပ်သုံးလို့ ငါ့အကိုတော် နှစ်ပါးကို နိုင်မယ် ထင်လို့လား ငါ့အကိုတော် ရွှယ်ထင်း နဲ့ ရွှယ်ချန်းက
သံမဏိကိုယ်တော် နှစ်ပါးကွ... တစ်ပါးက အပေါ်ပိုင်းကို သံမဏိလို မာအောင် ကျင့်နိုင်တယ် တစ်ပါးက အောက်ပိုင်းကို သံမဏိလို
မာအောင် ကျင့်နိုင်တယ်... မင်း အဆိပ်တွေက ရှောင်လင်ရဲ့ သံမဏိကိုယ်ထည် သိုင်းကို ထိရောက်မယ် ထင်လား "
ဟု ပြောလိုက်လေသည်။

တွမ့်ကျန်းယွမ် က စိတ်အချဉ်ပေါက်နေပီ ဖြစ်ရာ မဲ့ပြုံးပြုံးလိုက်ပီး


" ကြည့်ကြသေးတာပေါ့ ရှောင်လင်ရဲ့ နာမည်ကျော် သံမဏိကိုယ်ထည် သိုင်းကို "
ဟု ပြောလိုက် လေသည်။

စုန့်ချီရန့် မှာ ဖျတ် ခနဲ ပြန်ရောက်လာပီး ဆိတ်သားရေအိတ် ကို ကမ်းပေးလိုက်သည်။ တွမ့်ကျန်းယွမ် က လက်ကာ ပြပီး
" ညီမလေးပဲ ခဏယူထား... ဒီမှာ သံမဏိတုံးတွေကို နာနာရိုက်ကြည့်မလို့ "
ဟု ရွဲ့ကာ ပြောလိုက်သည်။

ရွှယ်စင်းမှာ ထောင်း ခနဲ ဒေါသထွက်သွားပီး ပြောဟန်ပြင်လိုက်သည်။ ထိုစဉ်မှာပင် တောင့်တင်းသော ခန္ဓကိုယ် ပိုင်ရှင် ဘုန်းကြီး နှစ်ပါး
ရောက်လာလေသည်။ ထိုဘုန်းကြီး နှစ်ပါးမှာ ရွှယ်စင်း ကဲ့သို့ပင် တစ်ယူသန်မည့် ပုံ ပေါက်ကာ ထူထူ အအ ဖြစ်ဟန်တူသည်။ သူတို့က
ရှူးရှူးဒိုင်းဒိုင်း ဖြစ်နေကာ တွမ့်ကျန်းယွမ် ကို ကြည့်ပီး လက်သီး တပြင်ပြင် ဖြစ်နေလေသည်။

တွမ့်ကျန်းယွမ် ကတော့ ပေါက်တဲ့နဖူး မထူးတော့ပီ ဟုသာ သဘောထားလိုက် တော့သည်။ သူ့အနေဖြင့် ယခု အချိန်မှတော့
ရှင်းပြမနေတော့ချေ။ ရှင်းပြလဲ လက်ခံနိုင်သူ များမဟုတ်ကြသဖြင့် လက်ယပ်ကာ စိန်ခေါ် လိုက်တော့သည်။ တစ်တက်စားလဲ
ကြက်သွန် နှစ်တက်စားလဲ ကြက်သွန် ပင် ဖြစ်သည် မဟုတပ
်ါလား။

ဘုန်းကြီး နှစ်ပါးမှာ သူတို့ကို မခန့်လေးစား လက်ယပ်ရုံသာ စိန်ခေါ်သဖြင့် ဒေါသထွက်ကာ သံမဏိကိုယ်ထည် သိုင်းကို


သုံးလိုက်လေသည်။ ရွှယ်ထင်း ကိုယ်တော်မှာ အပေါ်ပိုင်း တစ်ခုလုံး ဦးခေါင်း ပါမကျန် နီညိုညို ဖြစ်လာကာ လက်သီး နှစ်ဖက် ဆုပ်ကာ
ခေါင်းကို ထုလိုက်လေသည်။
" ဒေါင်... ထန်... ထန် "
သံ သံချင်း ထိသော အသံကဲ့သို့ အသံထွက် လာသဖြင့် တွမ့်ကျန်းယွမ်မှာ အံ့သြမိ နေသည်။
ရွှယ်ချန်း ကိုယ်တော်ကလဲ အားကျမခံ ခြေနှစ်ချောင်းကို ဆောင့်ချလိုက်ရာ သံတုံး နှစ်တုံးကဲ့သို့ မြေကြီးထဲ နှစ်ဝင်သွားသည်။
" ဒုန်း... ဒုန်း... "
ဟု သောအသံပင် ထွက်ပေါ်လာလေသည်။

တွမ့်ကျန်းယွမ် နှင့် စုန့်ချီရန့် မှာ ကြားရုံသာ ကြားဖူးသော သံမဏိကိုယထ


် ည်သိုင်း ပညာကို အခုမြင်လိုက်ရသဖြင့် မျက်လုံးပြူး
နေကြသည်။ ရွှယ်စင်း ကတော့ ဂုဏ်ယူသလို ပြုံးကာ
" ဒကာလေး အခုမှတော့ နောက်ဆုတ်လဲ မမှီတော့ဘူး ငါ့အကိုတော်နှစ်ပါးက ဒေါသ ထွက်ရင် ထိန်းမရဘူး "
ဟု ပြောလိုက်လေသည်။

တွမ့်ကျန်းယွမ် မှာ ထိုစကားကြောင့် မခံချင် ဖြစ်ပီး နှာခေါင်းရှုံ့လိုက်ကာ


" ဘာလုပ်မှာလဲ နှစ်ယောက်ပေါင်းမှ တစ်ခု ဖြစ်တာကိ.ု .. လာခဲ့ပါ ဆရာတော်တို့ ယှဉ် ကြည့်တာပေါ့ "
ဟု ပြောလိုက်လေသည်။

ရွှယ်ထင်း နှင့် ရွှယခ


်ျန်းမှာ မလောက်လေး မလောက်စား လူငယ်လေးက မိမိတို့ကို ထပ်မံစော်ကားနေသဖြင့် ရှူးရှူးရှဲရှဲ ဖြစ်ကာ
ပြေးဝင်လိုက်လေသည်။ ရွှယထ
် င်းမှာ ဦးခေါင်းဖြင့် ပြေးတိုက်ပီး ရွှယ်ချန်းကတော့ ခြေထောက်ဖြင့် ပြေးကန်လိုက်လေသည်။

သံမဏိကိုယ်ထည် သိုင်း...
သံမဏိကိုယ်ထည် သိုင်းမှာ ခန္ဓာကိုယ် ကို သံမဏိ ကဲ့သို့ မာကြောအောင် ကျင့်ကြံသော သိုင်းပညာဖြစ်သည်။ သို့သော် ထိုသိုင်းမှာ
ကျင့်စဉ် တစ်ခုသာ ဖြစ်ပီး တိုက်ကွက် ခုခံကွက် ပါသောသိုင်းပညာမဟုတ်ချေ။ ကျင့်သူမှာ အောင်မြင်ပါက သံတုံးကဲ့သို့ မာကြောကာ
ဓားလှံအတွင်းအား တိုးမပေါက် သော ခန္ဓာကိုယ်ကိုသာ ရရှိနိုင်သည်။ သို့သော် ငြားလဲ လုံးဝ တိုးမပေါက်သည် တော့မဟုတ်ချေ။
သူ့တွင်လဲ အားနည်းချက် ရှိသည်သာ ဖြစ်သည်။

ယခုလဲ ခန္ဓာကိုယ် တစ်ဝက်စီသာ ကျင့်နိုင် သော ဘုန်းကြီးနှစ်ပါးမှာ အကုန်အောင်မြင် ထားခြင်း မရှိသဖြင့် အားနည်းချက်က
ပိုများပေမည်။ သို့သော် ဘုန်းကြီးနှစ်ပါး မှာ တခြားရှောင်လင် သိုင်းပညာများ တတ်ကျွမ်း သဖြင့် ကာကွယ်နိုင်လေသည်။ အပေါ်ပိုင်း
မာကြောသူ ရွှယ်ထင်း မှာ ပန်လော့လက်ဝါး သိုင်းကို သူ၏ သံမဏိလက်များဖြင့် အသုံးပြုကာ တိုက်ခိုက်လေသည်။ သူက
အောက်ပိုင်းကို တိုက်ခိုက်သော သိုင်းကွက် များကိုသာ ကာကွယ်ပီး အပေါ်ပိုင်းကိုတော့ မကာကွယ်ချေ။ အောက်ပိုင်းမာကြောသူ
ရွှယ်ချန်း မှာ လေပွေခြေထောက်သိုင်း ကို အသုံးပြုကာ သံမဏိခြေထောက်များဖြင့် တိုက်ခိုက်နေသည်။ သူသည်လဲ အလားတူ ပင်
အပေါ်ပိုင်းကိုသာ ကာကွယ်ပီး အောက်ပိုင်းကိုတော့ မကာကွယ်ချေ။

တွမ့်ကျန်းယွမ် မှာ ထိုနှစ်ပါးကို တစ်ယောက်ချင်း ဆိုလျှင် အနိုင်ယူရန် လွယ်ကူသော်လဲ နှစ်ပါးပေါင်းလိုက်ရာ


ခေါင်းကိုက်သွားလေသည်။ တစ်ပါး၏ အားနည်းချက်ကို ကျန်တစ်ပါးက ကူညီ ပေးနေရာ သူ၏ လက်ဝါးများက ဘုန်းကြီးများ
ကိုထိခိုက်နေသည့်တိုင် ဘုန်းကြီး နှစ်ပါးမှာ အယားပြေသလောက် သာ ခံစားနေကြလေသည်။ အကွက်ပေါင်း သုံးရာကျော်သော်
တွမ့်ကျန်းယွမ် မှာ စိတ်ညစ်လာလေသည်။ သိုင်းပညာမှာ သူက သာနေသော်လဲ ဘုန်းကြီးများက မထိခိုက် သဖြင့် မရှုံးချေ။ သူက
ရှောင်းယောင် လက်ဝါးသိုင်း သုံးနေရာမှ စိတ်ပေါက်ကာ ရိရန်လက်ချောင်း သိုင်းသုံးကာ လက်ညှိုးတွင် အတွင်းအား ထည့်ပီး
ထိုးလိုက်တော့သည်။ ရွှယ်ထင်းက လက်မြှောက်ကာ သူ့ကိုရိက
ုရန် ပြင်နေစဉ် ချိုင်းကြားသို့ တစ်ချက်ထိုးထည့် လိုက်လေသည်။
တစ်ဖန် ဘေးမှ ကန်လာ သော ရွှယ်ချန်း နံဘေးသို့ လှစ် ခနဲ ခုန်ကာ တကောက်ကွေး ကို လက်ညှိုးတစ်ချက် ထိုးလိုက်လေသည်။

" ဝုန်း... ဝုန်း... "


"ဝေါ့... အွန့် ..."
မထင်မှတ်ပဲ စိတ်ပေါက်ပေါက်နှင့် ထိုးလိုက် သော လက်ညှိုးအကြောထိုးကွက် မှာ ထိရောက်သွားလေသည်။ ရွှယ်ထင်း နှင့် ရွှယ်ချန်း
မှာ လွင့်စင်သွားကာ သွေးပင် အန် လိုက်ရတော့သည်။ တွမ့်ကျန်းယွမ် ကတော့ အတွင်းအား ခပ်များများ သုံးမိသဖြင့် စုန့်ချီရန့် ဆီမှ
အိတ်ကိုယူကာ မော့သောက် လိုက်ရလေသည်။

သံမဏိကိုယ်ထည်သိုင်း ၏ အားနည်းချက် မှာ ငါး နေရာ ရှိလေသည်။ ချိုင်းကြား နှစ်ဖက် တံကောက်ကွေး နှစ်ခု နှင့် ရင်ညွှန့်
အရိုးဆုံရာ နေရာတို့ ဖြစ်ကြသည်။ တွမ့်ကျန်းယွမ် မှာ တိုက်တိုက်ဆိုင်ဆိုင် ထိုနေရာများကို အကြောထိုးရာတွင် ပြိုင်စံရှား သော
ရိရန်သိုင်းဖြင့် ထိုးလိုက်ရာ သံမဏိကိုယ်ထည် သိုင်းမှာ ပြိုကွဲသွားခြင်း ဖြစ်လေသည်။ ရွှယ်ထင်း နှင်း ရွှယ်ချန်း မှာ သံမဏိကိုယ်ထည်
သိုင်းကို အကုန်အစင် အောင်မြင်သူများ မဟုတ်သဖြင့်လဲ သူတို့ အားနည်းချက်မှာ ပိုပီးထိခိုက်လေသည်။

ရွှယ်စင်း မှာတော့ မျက်နှာပျက်ကာ ဒေါသလဲ ထွက်သွားသည်။ ဘုန်းကြီးလေးပါး မှာ ရွှယ်ထင်း နှင့် ရွှယ်ချန်းကို နှစ်ပါးစီ တွဲကာ
အဆောင်ထဲသို့ ခေါ်သွားကြသည်။ ရွှယ်စင်း က ကျင်းတုဘက်လှည့်ကာ
" ကျင်းတု ကာကွယ်ရေး ခေါင်းလောင်း ထိုးလိုက်စမ်း... ဒီလူဆိုးကို ရှောင်လင် တစ်ကျောင်းလုံး ထွက်ပီး ခုခံရမယ်... လော့ဟန်
တစ်ရာ့ရှစ်ပါး တုတ်သိုင်း ပြင်လိုက် "
ဟု အော်လိုက်လေသည်။

တွမ့်ကျန်းယွမ် မှာ အရက်သောက်ပီး အဆိပ်ဖြေနေရာမှ ထိုစကားကိုကြားသော်


" ဒုက္ခတော့ များပီ " ဟု ရေရွတ်မိတော့သည်။
ဟုတ်ပေသည်။ လော့ဟန် တစ်ရာ့ရှစ်ပါး တုတ်သိုင်းမှာ ပူးပေါင်းသိုင်းဖြစ်ကာ အနှစ်နှစ်ရာ အတွင်း ဖြိုခွဲနိုင်သူ မရှိသေးချေ။ ယခုမူ
ဘုန်းကြီး ရွှယ်စင်း၏ တစ်ယူသန်စိတ် က အစပြုကာ တွမ့်ကျန်းယွမ် တစ်ယောက် ဒုက္ခရောက်ချေပီ။

ရှောင်လင်ကျောင်းတော်ကြီးကတော့ မိုးချုပ် သွားသဖြင့် မီးများလင်းထိန်နေလေသည်။ ခေါင်းလောင်းထိုးသံများ ဆူညံနေကာ


တစ်ကျောင်းလုံးရှိ ဘုန်းကြီးများက ထွက်လာပီး တွမ့်ကျန်းယွမ် တို့ နှစ်ယောက်ကို ဝိုင်းထားလေသည်။ အနှစ်နှစ်ရာ အတွင်း
ရှောင်လင်ကို လာစိန်ခေါ် သူမရှိသဖြင့် ဘုန်းကြီးများမှာ တွမ့်ကျန်းယွမ် တို့ နှစ်ယောက်ကို အံ့သြသော မျက်လုံးများဖြင့်
ကြည့်နေကြသည်။ စိန်ခေါ်သူ နှစ်ယောက်မှာ ငယ်ရွယလ
်ွန်း နေသည် မဟုတ်ပါလား။

#မိုးထိတောင်သိုင်းသမား #ZYN
အခန်း (၂၅) အပိုင်း သုံး
ရိကျင့်အကြောပြောင်းသိုင်း

ဘုန်းကြီး ရွှယ်စင်း၏ အချက်ပေး ခေါင်းလောင်းသံကြောင့် လော့ဟန် တစ်ရာ့ရှစ်ပါး တုတ်သိုင်း ခင်းရန် တုတ်ကိုင် ထားသော ဘုန်းကြီး
တစ်ရာ ကျော် ထွက်လာ ကြလေသည်။ ရှောင်လင်မှာ ဘုန်းကြီး အပါး နှစ်ရာ့ငါးဆယ်ခန့် ရှိရာ တခြား ကိုယ်တော်များမှာ တွမ့်ကျန်းယွမ်
နှင့် စုန့်ချီရန့် ကို ဝိုင်းကာ ပိတ်ဆို့ထားလေသည်။ ရွှယ်စင်း က သူကိုယ်တိုင် တုတ်တစ်ချောင်း ကိုင်ကာ လော့ဟန် တစ်ရာ့ရှစ်ပါး
တုတ်သိုင်း ကို ခင်းပေတော့မည်။ သူက ဘုန်းကြီးများ ရှေ့တွင် တုတ်ကို ကိုင်ကာ မားမားမတ်မတ် ရပ်နေလိုက်သည်။

တွမ့်ကျန်းယွမ် က စိတ်ပျက်လက်ပျက် ဖြင့် သက်ပြင်းချလိုက်ပီး


" ချီရန့် ... ညီမလေး... နင်နောက်ဆုတ်နေစမ်း... ငါတကယ် အာရုံစိုက်ရတော့မယ် "
ဟု ပြောလိုက်သည်။

စုန့်ချီရန့် မှာ ကြောက်လဲကြောက်မိပီး အကိုလုပ်သူကလဲ နောက်ဆုတ်ခိုင်း သဖြင့် နောက်ဆုတ်သွားလေသည်။

ရွှယ်စင်းက အချက်ပြလိုက်ရာ ဘုန်းကြီးများ မှာ တွမ့်ကျန်းယွမ် ကို စက်ဝိုင်း ပုံစံ ဝိုင်းပတ် ထားလိုက်လေသည်။ ထို့နောက်မှ ခရုပတ် ပုံစံ
ပြောင်းကာ လည်နေကြသည်။ တွမ့်ကျန်းယွမ် မှာ ကြည့်ရင်း မျက်စိနောက် ကာ မူးဝေလာသဖြင့် မျက်စိမှိတ်ထား လိုက်ရ သည်။
ရွှယ်စင်းမှာ ထိုအဖြစ်ကို မြင်သော် သဘောကျကာ ရယ်လိုက်ပီး
" ဟားဟား... မင်းအနေနဲ့ ဒီတစ်ပွဲရှးှုံ ရင် တောင် ဂုဏ်ယူထိုက်ပါတယ်ကွာ အနှစ်နှစ်ရာ အတွင်း ဘယ်သူမှ မဖြိုခွင်းနိုင် ဘူးကွ... မင်းလို
အနက်ရောင်သိုင်းသမား တစ်ယောက်အနေနဲ့ လော့ဟန်တုတ်သိုင်းကို မြင်ဖူးတာပဲ ဂုဏ်ရှိနေပီ "
ဟု ပြောလိုက်လေသည်။

တွမ့်ကျန်းယွမ် မှာ မခံချင်စိတ်က ပေါ်လာ သဖြင့် မယှဉ်နိုင်မှန်းသိသော်လဲ ကြိုးစား ကြည့်ချင်လာလေသည်။ သူက မျက်စိမှိတ် နေရာမှ
ယား ခနဲ အော်ကာ ရှောင်းယောင် လက်ဝါးဖြင့် ရိုက်ထုတ်လိုက်လေသည်။ ဘုန်းကြီးများမှာ လည်နေရာမှ သူရိုက်ထုတ် လိုက်သော
နေရာကို စုပြုံကာ ခုခံလိုက်ကြ သည်။ သူက တစ်ခြားတစ်နေရာကို ထပ်မံ ရိုက်ထုတ် သော်လဲ ထို့အတူပင် စုပြုံကာ ခံဆောင်ကြသည်။
သို့သော်လဲ ဝိုင်းထားသည် က မပျက်ချေ။ သူက အဝိုင်းခံ ထားရဆဲပင် ဖြစ်သည်။ ဤတုတ်သိုင်းကွက် မှာရိုးရှင်းသည်။
ရိုးရှင်းလွန်းသော်လဲ ပါဝင်သူ ဘုန်းကြီးများမှာ စည်းလုံးပီး အဝင်အထွက် မှန်ကန် သဖြင့် ရုန်းထွက်၍မရချေ။ သူက အချက်ပေါင်း
သုံးဆယ်ကျော် ရိုက်ထုတ် သော်လဲ ဘုန်းကြီးများက အေးအေး ဆေးဆေးပင် လည်ပတ်နေတုန်းပင်။ သူက စိတ်ပျက်ကာ
ရပ်လိုက်လေသည်။
ခရုပတ်ပုံ၏ အဆုံးတွင် ရပ်နေသော ရွှယ်စင်း က တဟားဟား ရယ်ကာ တုတ်ကို မြှောက်ပီး
" တိုက်စစ် စ "
ဟု အော်လိုက်ကာ သူကပင် စကာ တုတ်ဖြင့် အတွင်းအား အကုန်ထည့်ကာ ရိုက်ချလိုက် တော့လေသည်။

ရွှယ်စင်းက တစ်ချက်သာ ရိုက်လိုက်သော်လဲ ဘေးမှ တုတ် တစ်ရာ့ခုနှစ်ချောင်း ကပါ ဝင်လာပီး ရိုကခ


်ျက်ပေါင်း တစ်ရာ့ရှစ်ချက် တိတိ
ဝင်လာလေသည်။ တွမ့်ကျန်းယွမ် မှာ အလွန်တရာ ထိပ်လန့်သွားကာ 'ဟာ' ဟုပင် အော်မိတော့သည်။ သူ့တစ်သက် ကြောက်
စရာအကောင်းဆုံး သိုင်းကွက်ထဲ ရောက် နေလေပီ။ တုတ်ချောင်းများတွင် ပါလာသော အတွင်းအားအရှိန်မှာ တစ်ချောင်းချင်း ဆိုလျှင်
ပေမိန်နတ်သိုင်း ဖြင့် စုပ်ယူနိုင် သော်လဲ တစ်ပြိုက်နက်ထဲ တစ်ရာ့ရှစ်ချောင်း ကိုမူကာ မစုပ်ယူ နိုင်ချေ။ အထိခံလိုက်ရ ပါက
အတွင်းဒဏ်ရာ ရရုံမက အသက်ပါ ထွက်သွားစေနိုင်သည်လေ။

တွမ့်ကျန်းယွမ် က လန့်ဖျန့်ကာ သူအသစ် သင်လာသော နဂါးနိုင်လက်ဝါး သိုင်းမှ မာနနဂါးရဲ့နောင်တ သိုင်းကွက်ကို


အတွင်းအားအကုန်အစင် သုံးကာ ခုခံ လိုက်တော့သည်။ သူ၏ အတွင်းအားလှိုင်း မှာ နဂါးကြီးတစ်ကောင် သဖွယ် တဝုန်းဝုန်း
လည်ပတ်ကာ တုတ်ရှည်များဆီသို့ ပြေးဝင် သွားတော့သည်။

ရွှယ်စင်း ကပင် လန့်ကာ


" ကောင်းလိုက်တဲ့ အတွင်းအား ...... တကယ်ပဲ ပြိုင်စံရှားလှချည်းလား "
ဟု အော်မိတော့သည်။

ထို့အပြင်သူက ဘုန်းကြီးများကို
" မဟာတံတိုင်း အပြင်ဘက် "
ဟု အော်လိုက်သည်။

ဘုန်းကြီးများမှာ တစ်ယောက်လက် ကို တစ်ယောက် ကိုင်ကာ အတွင်းအားအကုန် ထုတ်ကာ ခုခံလိုက်ကြတော့သည်။

" ဝုန်း... " " ဝေါ... "


ဟူ သောအသံကြီး ပေါ်ထွက်လာကာ ရှောင်လင် ကျောင်းအဝင် မုခ်ဦးဝ တစ်ဝိုက်မှာ လေပြင်များတိုက်ခတ်ပီး မြေမှုန်များ
တထောင်းထောင်း ထသွား လေသည်။ မြေကြီးပင် တစ်ချက် ဝုန်း ခနဲ တုန်သွားလေသည်။

ကျန် ဘုန်းကြီးများနှင့် စုန့်ချီရန့်တို့မှာ ပြင်းထန် လွန်းသော အတွင်းအားအရှိန် ကြောင့် မြေပြင်တွင် ဝပ်ကာ ရှောင်တိမ်း လိုကရ
် သည်။
သူတို့က လေငြိမ်သည့်အထိ စောင့်ကြည့်နေပီး မထရဲချေ။

ထိုစဉ် ပိန်ပါးသော ဘုန်းကြီးတစ်ပါးက ထိုနေရာသို့ ရိပ်ခနဲ ရောက်လာကာ သင်္ကန်း လက်စရှည်ဖြင့် ခတ်ထုတ်လိုက်လေသည်။


မြေမှုန်များ မှာ ဟူး ခနဲ လွင့်စင်သွားပီး ပတ်ဝန်းကျင် မှာ ကြည်လင်သွားလေသည်။

စုန့်ချီရန့် မှာ ခေါင်းထောင်ကာ ကြည့်မိတော့ ပိန်းပါးကာ မုတ်ဆိတ်များ ဖြူဖွေးနေသော ဆရာတော် တစ်ပါးက ရှေ့တွင်ရပ်နေသည် ကို
တွေ့ရသည်။ သူမက တစ်ဖန် တွမ့်ကျန်းယွမ် ကိုရှာလိုက်ရာ တွမ့်ကျန်းယွမ် မှာ ဘုန်းကြီးများ အလယ်တွင် တစ်ကိုယ်လုံး ပြာနှမ်းကာ
လဲကျနေလေသည်။ ဘုန်းကြီး တစ်ရာ့ရှစ်ပါး တွင် တွမ့်ကျန်းယွမ် ဘေးရှိ အပါးငါးဆယ်ကျော်မှာ သွေးများ အန်ထွက်ကာ
မေ့မျောနေကြသည်။ ရွှယ်စင်း သည်ပင် သွေးအန်ကာ ယိုင်ထိုးနေသည်။ ကျန် ဘုန်းကြီးများမှာလဲ ပါးစပ်ထဲတွင်
သွေးယိုစီးနေကျသည်ပင် ဖြစ်သည်။

စုန့်ချီရန့်မှာ တွမ့်ကျန်းယွမ် ကို ပြေးပွေ့ကာ ပိန်ပါးသော ဆရာတော်ကို လှမ်းပီး


" ဆရာတော်ရွှမ်းမု အကိုကြီး ကယ်ပါဦး "
ဟု ငိုယိုကာ ပြောလိုက်လေသည်။
ဆရာတော် ရွှမ်းမုမှာ တွမ့်ကျန်းယွမ် ကို စမ်းသပ်ကြည့်ရာ အအေးအဆိပ်တက် သဖြင့် မေ့မျောနေကြောင်း သိကာ အံ့သြနေလေ သည်။
သူက ခေါင်းခါကာ
" သူက အအေးလက်ဝါးကို အဆုံးထိ မကျင့် နိုင်ခဲ့ဘူး ဘာဖြစ်လ့ပ
ိုါလိမ့် "
ဟု ပြောလိုက်လေသည်။

တဖန် ရွှယ်စင်းကို ကြည့်ကာ


" ဥာဏ်နည်းလိုက်တဲ့ ငတုံးပါလား... မင်းကြောင့် ရှောင်လင်ရဲ့ အနှစ်နှစ်ရာ တည်တံ့ခဲ့တဲ့ ဂုဏ်သိက္ခာ ပျက်ဆီးတော့မလ့"ို
ဟု ငေါက်လိုက်လေသည်။

ရွှယ်စင်း မှာ သူ့အပြစ်နှင့်သူမို့ ခေါင်းငုံ့ကာ နေလိုက်ရသည်။ အမှန်မှာ သူက တွမ့်ကျန်းယွမ် ထံမှ အတွင်းအားလှိုင်း ထွက်လာသော်
သူမှားကြောင်း သိလိုက်ရ လေသည်။ သို့သော်လဲ မဆုတ်သာတော့ သဖြင့် အပြင်းအထန် ခုခံလိုက်ရသည်။ ရှောင်လင်၏
မဖြိုခွင်းနိုင်သော ပူးပေါင်း တုတ်သိုင်း မှာ သူ့ကြောင့် ပြိုကွဲမည့်ဆဲဆဲ ဖြစ်သွားသည် မဟုတ်ပါလား။ အကယ်၍ တွမ့်ကျန်းယွမ် တွင်
အအေးအဆိပ်မရှိလျှင် သူတု့သ
ိာ ရှုံးနိမ့်သွားနိုင်သည်။ ယခုလဲ သူတို့က အကုန် အတွင်းဒဏ်ရာရသော်လဲ တွမ့်ကျန်းယွမ်
မှာသူ့ရောဂါနှင့်သူ မေ့လဲခြင်း သာဖြစ်သည်။ သူတို့လက်ချက်ဖြင့် မဟုတ်ချေ။

ဆရာတော်ရွှမ်းမု က လက်ပြကာ
" လာကြ... ဒီဒကာလေးကို ငါ့အခန်းထဲ သယ်သွား... နောက်ပီး အခန်းပိတ်ပီး မီးစွဲဓားသိုင်း ကျင့်နေကြတဲ့ ရွယ်ထန်းနဲ့ သူ့တပည့်
ငါးပါးကိုခေါ်ခဲ.့ .. ရွယ်စင်း မင်းက ကိုယ်တော်တွေကို ဆေးကုပီး ငြိမ်ငြိမ်နေ "
ဟု ပြောလိုက်လေသည်။

ဘေးမှ ဘုန်းကြီးများမှာ တွမ့်ကျန်းယွမ် ကို စုန့်ချီရန့် လက်မှ သယ်သွားလေသည်။ စုန့်ချီရန့် မှာ မျက်နှာငယ်လေးဖြင့် ဆရာတော်
ရွှမ်းမုကို ကြည့်နေလေသည်။ ဆရာတော်က သက်ပြင်းချကာ
" ကဲပါလေ... ဒကာမလေးလဲ ဘုန်းကြီးနဲ့ အခန်းထဲ လိုက်ခဲ့ အဲ့မှာ ဒကာမလေး အဘိုး လဲရှိတယ် "
ဟု ပြောကာ ထွက်သွားလေသည်။

စုန့်ချီရန့် မှာလဲ အခုမှပင် ရင်ထဲက အလုံးကြီး ကျကာ ခပ်ကတ


ုကုတ်လေး လိုကသ
်ွားလေ သည်။ ပြသနာအစမှာသူမပင်မဟုတ်ပါလား။

စုန့်ချီရန့် က အခန်းထဲသို့ ဝင်လိုက်သော်


တွမ့်ကျန်းယွမ် မှာ အခင်းပေါ်တွင် လဲနေကာ ဦးခေါင်းဘေးတွင် အသက်အတော်ကြီးသော ဘုန်းကြီးတစ်ပါးက အတွင်းအားဖြင့် နှိပ်နှယ်
ကုသပေးနေသည်။ ဘေးတွင် သူမအဘိုး ရှိနေလေသည်။ စုန့ဝ
် မ်မှာလဲ ကတုံးရိပ်ကာ သင်္ကန်းဝတ် နှင့်ရှိနေလေသည်။ သူက
စုန့်ချီရန့်ကို မြင်သော် သက်ပြင်းချကာ
" မိုက်လိုက်တာ မြေးရယ် ဘာလို့နင့်အကိုကို မတားတာလဲ သူ့အတွင်းအားတွေက ထိန်းချုပ်ထားရမှာ အခုလြို ပန့်ကုန်ရင် အေးခဲပီး
သေသွားမှာပေါ့... ဘာလို့ ရွှယ်စင်း ကိုယ်တော်ကို သွားပြိုင်ကြတာလဲ "
ဟု ပြောလိုက်လေသည်။

စုန့်ချီရန့် မှာ မိမိအမှားမှန်းသိသော်လဲ ရွယ်စင်း ကိုမူ အမြင်ကတ်လွန်းသဖြင့်


" အို ဘိုးဘိုးကလဲ သမီးက အကိုကြီးကို ဘယ်လိုတားမလဲ... ပီးတော့ ဟိုဘုန်းကြီးက အကိုကြီး ဒီလောက်တောင်းပန် နေတဲ့ကြား
ကနေပီး ဇွတ်လုပ်တာ ဘိုးဘိုးရဲ့ "
ဟု နှုတ်ခမ်းဆူကာ ပြန်ပြောလိုက်လေသည်။

စုန့်ဝမ်က စုန့်ချီရန့် စကားကြောင့် ကျောင်းထိုင် ဆရာတော်ကို တောင်းပန်လိုက် လေသည်။ ဆရာတော်က ခေါင်းခါကာ


" သူ့အမှားမဟုတ်ပါဘူး ရွှယ်စင်း ရဲ့ မသိ တတ်မှုတွေကြောင့်ပါ တံခါးပိတ်ထားမိတာ ဖြစ်တဲ့ ကျုပ်အမှားလဲ ပါတာပေါ့လေ "
ဟု ပြောလိုက်သည်။
ထိုအချိန်မှာပင် ရွှယ်ထန်း နှင့်အတူ ဘုန်းကြီး ငါးပါး ရောက်လာရာ ကျောင်းထိုင် ဆရာတော် ရွှမ်းမုကာ လက်ပြကာ အနား
ခေါ်လိုက်လေသည်။ ထိုစဉ် ဦးခေါင်းထိပ် မှ အတွင်းအားသုံးကာ နှိပ်နယ်ပေးသော ဘုန်းကြီးက ထကာ နေရာဖယ်ပေးလိုက် လေသည်။
ထိုအခါမှ ထိုဘုန်းကြီးမှာ သူဖုန်းစားဂိဏ
ုးချုပ်ဟောင်း ပုလုံ ဖြစ်ကြောင်း သိရလေသည်။

ကျောင်းထိုင် ဆရာတော်က ရွှယ်ထန်းကို လှမ်းကာ


" မင်းတိ.ု့ .. သူ့ကျေးဇူးဆပ်ဖို့ အချိန်တန်ပီ... မင်းတို့ရဲ့ အပှုလှိုင်းအတွင်းအားကို သုံးပီး သူ့ရဲ့ အအေးအဆိပ်ကို ထိန်းချုပ်ပေး လိုက်ကြ "
ဟု ပြောလိုက်လေသည်။

ရွယ်ထန်း ကိုယ်တော်နှင့် ဘုန်းကြီးငါးပါး မှာ သွေးကြောမကြီး ခြောက်နေရာကို တစ်ပါးစီ နေရာယူလိုက်ကြပီး အတွင်းအားပို့ကာ အေးခဲ
နေခြင်းကို ဖြိုခွဲလိုက်ကြသည်။ အပှုလှိုင်း အတွင်းအားကြောင့် တွမ့်ကျန်းယွမ် ၏ ခန္ဓာကိုယ်မှာ ပြာနှမ်းနေရာမှ တဖြည်းဖြည်း
သွေးရောင်သမ်းကာ ပုံမှန် ပြန်ဖြစ်သွားလေသည်။ သူ့၏ ခန္ဓာကိုယ်မှာ အတော်နွေးထွေးသွားသော် ရွှယ်ထန်း ကိုယ်တော်တို့မှာ
လက်ကိုရုတ်ကာ ရပ်တန့်လိုက်ကြသည်။ ထို့နောက် ကျောင်းထိုင်း ဆရာတော်ကို ကန်တော့ကာ အခန်းထဲမှ ထွက်သွားကြလေသည်။

ကျောင်းထိုင် ဆရာတော်က စုန့်ချီရန့် ကို လှမ်းကာ


" ဒကာမလေး... သူ့ကိုယ်ပေါ်မှာ ကျောက်စိမ်း ဆေးပုလင်း ရှိလိမ့်မယ် ထင်တယ်... ရှာပီး ထုတ်ခဲ့ပါဦး "
ဟု ပြောလိုက်သည်။

စုန့်ချီရန့်မှာ ကပြာကယာပင် တွမ့်ကျန်းယွမ် ရင်ဘတ် အိတ်ထဲ နှိုက်လိုက်လေသည်။ သူမ မှာ ကြောင်အမ်းအမ်း ဖြစ်နေ၍ ကျောက်စိမ်း
ပုလင်းကို တော်တော်နှင့်ရှာမတွေ့ချေ။ ထို့ကြောင့် အိတ်ထရ
ှဲိ အရာများကို အကုန် ထုတ်လိုက်လေသည်။ ပထမ ကျောက်စိမ်း
ယပ်တောင် တစ်ချောင်း၊ ထို့နောက် ရွှေတုံးအိတ်ကလေး၊ ထို့နောက်မှ စာအုပ် တစ်အုပ် ထိုအရာများ ထွက်ပီးမှ အောက်ခြေတွင်
ကပ်နေသော ကျောက်စိမ်း ပုလင်းလေး ထွက်လာလေသည်။ သူမက ကျောက်စိမ်းပုလင်း ကို ကပြာကယာ ကျောင်းထိုင်ဆရာတော် ကို
လှမ်းပေး လိုက်ရာ စာအုပ်ကို တိုက်ချမိသွားသည်။ စာအုပ်မှာ ဆရာတော်၏ ရှေ့သို့ ကျကာ ပွင့်သွားလေသည်။ ဆရာတော်က
ကျောက်စိမ်းပုလင်းကို လှမ်းယူပီး ပွင့်သွားသော စာအုပ်ကို ပိတ်ရန် ကြံလိုက်သော် ဟာ ဟု အသံထွက်သွား လေတော့သည်။

ထိုစာအုပ်မှာ ဘာစာအုပ် ဖြစ်သနည်း။ ထိုစာအုပ်ကလေးမှာ တွမ့်ကျန်းယွမ် ရေးသားထားခြင်း ဖြစ်သည်။ အထဲက


အကြောင်းအရာများကတော့ သူ့ကိုယ်ပိုင် အကြောင်းအရာ မဟုတ်ချေ။ သူက သူကျက် ထားသော စာများကို ချရေးထားခြင်းသာ
ဖြစ်သည်။ ထိုစာများမှာ အတွင်းအား ကျင့်စဉ်တစ်ခု ဖြစ်ပီး ရှောင်လင် ကျောင်းထိုင် ပင် ဟာ ခနဲ ဖြစ်သွားစေရာ အတော်ပင်
နက်နဲသော ကျင့်စဉ် ဖြစ်ရပေမည်။ ထို့သို့ ဆိုလျှင် ထိုစာအုပ်မှာ ရိကျင့် အကြောပြောင်း အတွင်းအားကျင်စ
့ ဉ် သာလျှင် ဖြစ်သည်။

ဆရာတော်မှာ အံ့သြလွန်းသဖြင့် စာအုပ်ကို ကောက်ကိုင်ကာ ခပ်သွက်သွက် လှန် ကြည့်ရာ သူတို့ကျောင်းတွင် မပါရှိသော


နောက်ပိုင်းစာမျက်နှာများ ပါရှိသည်ကို တွေ့သော် ဝမ်းသာသဖြင့် မျက်ရည်များပင် ဝဲလာလေသည်။ သူက အကြမ်းဖျင်း တစ်ခေါက်မျှ
ဖတ်လိုက်ရာ ရှေ့ပိုင်းစာမျက်နှာ များမှာ သုံးရွက်ခန့် လိုနေသည်ကို တွေ့ရလေသည်။ သူက ခေါင်းငြိမ့်ကာ
" ဒါကြောင့်ကိုး... ဒီဒကာလေးက အအေးဓာတ် ကို မထိန်းချုပ်နိုင်တာ သူ့ရဲ့ ရိကျင့် သိုင်းကျမ်းက မစုံမလင် ဖြစ်နေလို့ပ.ဲ .. ငါတို့က
တစ်ဝက်ထဲရှိပေမဲ့ တစ်ဝက်အပြည့် ရှိသေးတယ် သူ့ဟာကတော့ တစ်အုပ်လုံး ရှိပေမဲ့ လိုအပ်နေတာပဲ... ကံတရားပေါ့လေ"
ဟု ရေရွတ်လိုက်လေသည်။

ထို့နောက် သူက စာအုပ်ကို ဘေးချကာ ကျောက်စိမ်းပုလင်းကို ဖွင့်ကြည့်ပီး ဆေးလုံး ငါးလုံးကို ယူကာ စုန့်ချီရန့်ကို ပေး၍
တိုက်စေသည်။

ကွမ်းတစ်ညှက်ခန့် အကြာတွင် တွမ့်ကျန်းယွမ် မှာ အင်း အဲ လူလွန့်ကာ သတိပြန်ရ လာလေသည်။ သူက မျက်လုံး မဖွင့်သေးပဲ
အတွင်းအားများ လည်ပတ် ကြည့်ရာ အတွင်းအားများမှာ အကောင်း အတိုင်း လည်ပတ်နေသည်ကို သိရသဖြင့် သူ့ကို ကယ်တင်ပေးသူ
ရှိလေပီ ဟု သိကာ မျက်လုံးဖွင့်ကြည့်လိုက်လေသည်။

ကျောင်းထိုင်း ဆရာတော် ရွှမ်းမုမှာ သူ့ကို ကြင်နာစွာ ကြည့်နေသည်ကို မြင်သဖြင့် သူက ထကာ လက်အုပ်ချီ ကန်တော့
လိုက်လေသည်။ နှုတ်မှလဲ
" အခုလို ကယ်တင်ပေးတာ ကျေးဇူးတင်ပါတယ် ဆရာတော် ဘုရား... တပည့်တော် မတတ်သာလို့ ဘုန်းကြီးတွေ ကို ရိုက်မိတာလဲ
အပြစ်ရှိပါတယ် အပြစ်ပေးတော်မူပါ "
ဟု ပြောလိုက်လေသည်။

ကျောင်းထိုင် ဆရာတော်က ပြုံးကာ ဘေးတွင် ထိုင်နေသော ပုလုံ ဖြစ်တလဲ ဆရာတော် ရွှမ်းလုံ ကို လှမ်းကာ
" ကဲ... ညီတော် ရွှမ်းလုံ... ဒီကလေးက ဘုန်းကြီး တွေကို ရိုက်သွားတာ မင်းရဲ့ သိုင်းကွက်နပ
ဲ့.... ဒါကြောင့် မင်းမှာလဲ တာဝန်ရှိတယ်
သူ့ကို ဘယ်လိုအပြစ်ပေး ရမလဲ ပြောစမ်း "

တွမ့်ကျန်းယွမ် မှာ ထိုစကားကို ကြားမှ ခေါင်းမော့ကာ ဘေးဘီကို ကြည့်မိတော့ သူ့ကို ပြုံးကာ ကြည့်နေသော ဆရာတော် နှစ်ပါးကို
မြင်လိုက်ရသည်။ ထိုနှစ်ပါး မှာ ပုလုံ နှင့် စုန့်ဝမ် ဖြစ်လေသည်။ ထို့အပြင် စုန့်ချီရန့် မှာ မျက်နှာငယ်လေး ဖြင့် သူ့နောက်တွင်
ကျုံ့ ကျုံ့ လေး ထိုင်နေလေသည်။

ဆရာတော် ရွှမ်းလုံ က ပြုံးလိုက်ပီး ဘေးမှ စာအုပ်ကို ကောက်ကိုင်ကာ


" ဒကာလေး... ဒီစာအုပ်က ဒကာလေး ပစ္စည်းမှန်ရဲ့လား "
ဟု မေးလိုက်လေသည်။

တွမ့်ကျန်းယွမ် က ထိုစာအုပ်မှာ သူ ဒီရက်ပိုင်း မှ ရေးထားသဖြင့် မှတ်မိနေရာ


" ဟုတ်ပါတယ် ဆရာတော်ဘုရား... တပည့်တော် ကျင့်ထားတဲ့ ရိကျင့်သိုင်းကျမ်း ကို တပည့်တော်ကိုယ်တိုင် ပြန်ရေးထား တာပါ...
ဒီကိုလာတာလဲ ဆရာတော် စုန့်ဝမ် ကို ကန်တော့ဖို့ရယ် ဒီသိုင်းကျမ်းကို ရှောင်လင် ကိုပြန်ပေးဖို့ရယ် ပါပဲ... မထင်မှတ်ပဲ ရွှယ်စင်း
ကိုယ်တော်နဲ့ တိုက်ခိုက်မိသွားတာပါ "
ဟု ရှင်းပြလိုက်လေ သည်။

ဆရာတော် ရွှမ်းမု၊ ရွှမ်းလုံ နှင့် ရွှမ်းဝမ် တို့က ပြုံးကာ ခေါင်းငြိမ့်ပီး အပြန်အလှန် ကြည့်မိ ကြသည်။ ဤလူငယ်လေး အပေါ် သူတို့
အထင်မှာ မှန်ကန်ပေသည်။

ရွှမ်းဝမ် ဝါ စုန့်ဝမ် က တွမ့်ကျန်းယွမ် ကို


" ဒကာလေးက ဘုန်းကြီးကို တကူးတက လာတွေ့တာ ကျေးဇူးတင်ပါတယ်ကွယ် ဒါပေမဲ့ ရှောင်လင်ရဲ့ လော့ဟန် သိုင်းကွက် ကို
ဖြိုခွဲခဲ့တဲ့ အပြစ် က ရှိနေတော့ အပြစ် ပေးမှ ဖြစ်မယ် "
ဟု ပြောလိုက်လေသည်။

ထို့နောက် ကျောင်းထိုင် ဆရာတော် က


" ဒကာလေးရဲ့ အအေးအဆိပ်က ဒကာလေးကို ဒုက္ခပေးနေတာကြာပီ ဘာဖြစ်လို့ ရိကျင့်သိုင်းကျမ်း ကျင့်ထားရက်နဲ့
မထိန်းချုပ်နိုင်တာလဲ... ပီးတော့ အဲ့ဒီ လက်ဝါးသိုင်းကို နောက်ဆုးံ အဆင့်အထိ အောင်မြင်အောင် မကျင့်ရတာလဲ "
ဟု မေးလိုက်လေသည်။

တွမ့်ကျန်းယွမ် က သက်ပြင်းချကာ
" တပည့်တော် လဲ အဲ့ကိစ္စကို ဆရာတော် နဲ့ ဆွေးနွေးချင်နေတာပဲ... တပည့်တော် အထင်တော့ တပည့်တော်ရဲ့ ရိကျင့် သိုင်းကျမ်း က
မပြည့်စုံသလို ခံစားနေရတယ် အစက တော့ ထိန်းချုပ်နိုင်ပေမဲ့ ရှောင်းယောင် အတွင်းအားတွေ ရှိလာတော့ မထိန်းချုပ်နိုင်တော့ဘူး
ဘုရား... ဟိုလက်ဝါးသိုင်း ကတော့ ပြောမနေပါနဲ့တော့ ဘုရား တကယ့်ကို အောက်လမ်းကျင့်စဉ်ပါ နောက်ဆုံးအဆင့်ကို ကျင့်ဖို့
လိုအပ်တဲ့ ပစ္စည်း နှစ်မျိုးက ရေခဲတောင်ထိပ်က နှင်းခဲ နဲ့ အပျိုစင်ဆယ်ယောက်ရဲ့ အမဓာတ်တဲ့ ဘုရား ဒါကြောင့် တပည့်တော်
မကျင့်နိုင်ခဲ့တာပါ "
ဟု ပြောလိုက်လေသည်။

ကျောင်းထိုင် ဆရာတော်က ခေါင်းငြိမ့်ကာ


" အအေးမိစ္ဆာ က တကယ်ကို အပူမိစ္ဆာ ထက်သာအောင် ကြိုးစားခဲ့တာပဲ ဒါကြောင့် ဒကာလေးရဲ့ လက်ဝါးသိုင်းက ဘုန်းကြီးတို့ရဲ့
ဓားသိုင်းထက် သာတာကိုး... ဒကာလေးက အောက်လမ်းကျင့်စဉ် ကို မကျင့်တဲ့ အတွက် ဂုဏ်ယူမိပါတယ်... ဒါဆို အအေးအဆိပ်က
ဖြေနိုင်တဲ့ နည်းမရှိတော့ဘူးလား "
ဟု မေးလိုက်သည်။

တွမ့်ကျန်းယွမ် က ခေါင်းငြိမ့်ကာ
" တင်ပါ့ဘုရား... တပည့်တော် သိသလောက် ကတော့ အဆိပ်မိစ္ဆာ ဆီမှာ အပူဓာတ် နဲ့ အအေးဓာတ် အတွက် ဖြေဆေးတစ်လုံးစီ
ရှိတယ်တဲ့ ဘုရား... ဒါပေမဲ့ ဆေးလုံးတွေဟာ ဘယ်နေရာမှာရှိလဲ မသိရဘူးဘုရား... အဆိပ်မိစ္ဆာ ရဲ့ မျိုးနွယ်ဖြစ်တဲ့ ထန်မျိုးနွယ် မှာလား
သိုင်းပညာကို ဆက်ခံတဲ့ တောင်ပင်လယ်သခင်ကြီး ကျောက်လွေ ဆီမှာလား မသိရဘူးဘုရား... သေချာတာတော့ ဘယ်သူ့ထဲမှာ
ဖြစ်ဖြစ် ဆေးရဖို့က မိုးဖြိုရတာထက် ခက်မှာ သေချာတာပါပဲ ဘုရား "
ဟု ပြောကာ သက်ပြင်းချလိုက်လေသည်။

ကျောင်းထိုင်ဆရာတော် နှင့် ရွှမ်းလုံ ရွှမ်းဝမ် ဆရာတော် နှစ်ပါးမှာ သူ့စကားကြောင့် အံ့သြ သွားကြလေသည်။ ထန်မျိုးနွယ် ကော
ကျောက်လွေ ပါ အဆိပ်မိစ္ဆာ နှင့် ပတ်သတ် နေလေသည်လေ။ သိုင်းလောကမှာ ဒုက္ခ ရောက်တော့မည် မဟုတ်ပါလား။

သူတို့က သက်ပြင်းချ လိုက်ကာ


" အင်း... သွေးချောင်းစီးတော့မှာပဲ ... ဘုန်းကြီးတို့က အိုပီဆိုတော့ အရင်လို မသွက်လက်တော့ဘူး... တာဝန်ကတော့ ဒကာလေးတို့
လူငယ်တေပေါ် ကျနေပီပဲ တာဝန်ကျေကြမယ် မဟုတ်လား "
ဟု မေးလိုက်လေသည်။

တွမ့်ကျန်းယွမ် က ခေါင်းငြိမ့်ကာ
" စိတ်ချပါ ဆရာတော်တ.ို့ .. တပည့်တော် နဲ့ အကိုကြီး ပိုင်လုံ ရှိနေသရွေ့တော့ သူတို့ ကျန်းနန်းကို မရစေရပါဘူး "
ဟု ကတိစကားပြောလိုက်လေသည်။

ကျောင်းထိုင်ဆရာတော်က ခေါင်းငြိမ့်ကာ
" ကဲ... ဒါဆို အပြည့်အစုံ ဖြစ်တဲ့ ရိကျင့် ကို ကျင့်ပီး ဒကာလေး ကိုယ်ထဲက အအေးအဆိပ် တွေကို ထိန်းချုပ်ကြစို့ အရှင်းတော့
မပျောက်နိုင်ပေမဲ့ အဲ့ဒီသိုင်းကို ထုတ်မသုံးမချင်း အခုလို အဆိပ်မထပဲ အတွင်းအားသုံးနိုင်တော့မှာပါ "
ဟု ပြောလိုက်လေသည်။

တွမ့်ကျန်းယွမ် မှာ ဝမ်းသာသဖြင့် မျက်ရည်များ ဝဲလာကာ


" ကျေးဇူးတင်ပါတယ် ဆရာတော်ဘုရား "
ဟု ပြောလိုက်လေသည်။

ဆရာတော်ရွှမ်းလုံက ပြုံးကာ
" ပြစ်ဒဏ်အနေနဲ့ ရှောင်လင် က ဂူထဲ မှာ တစ်လတိတိ ရိကျင့်သိုင်းကျမ်း ကို ပြန်ကျင့် ရမယ် နောက်တစ်လကတော့ ငါ့ရဲ့ နဂါးနိုင်
လက်ဝါးကို ကျင့်ရမယ် နောက်ဆုံးတစ်လ ကတော့ မင်းတတ်ထားသမျှကို သိုင်းပညာမှန် သမျှကို အကုန် ကျေညှက်အောင်
ပြန်ကျင့်ရမယ် ဘယ်လိုလဲ ငါတို့ပေးတဲ့ ပြစ်ဒဏ်က ပြင်းထန်ရဲ့လား "
ဟု မေးလိုက်လေသည်။

တွမ့်ကျန်းယွမ် က ပြုံးမိကာ
" ကျေနပ်ပါတယ် ဘုရား "
ဟု သာ ပြောလိုက်လေသည်။

ရွှမ်းဝမ်က စုန့်ချီရန့်ကို လှမ်းကာ


" မြေးလေးကတော့ ပေကျင်းကို ပြန်ပေတော့ ပြန်ပီးတော့ နင့်ခဲအို မင်စုထန်ကို သိုင်းလောကကို ကာကွယ်ပေးဖို့ ကျောင်းထိုင်
ဆရာတော်က မှာလိုက်တယ် လို့ ပြောလိုက်... ထန်မျိုးနွယ် တောင်ပင်လယ် ဂိုဏ်း နဲ့ စီးမင်ကို့ဝေ တို့အကြောင်း
သေချာပြောလိုက်လိုက် "
ဟု ပြောလိုက်လေသည်။

စုန့်ချီရန့် မှာ ခေါင်းငြိမ့်ကာ ပြေးထွက် သွားလေတော့သည်။ ရှောင်လင်မှာ အမျိုးသမီးများ ညအိပ်ညနေ နေ၍ မကောင်းတတ်ချေ။
ကျောင်းဝင်းထဲအထိ အဝင်ခံသည်ပင် အတော်လွန်နေချေပီ။ အချိန်မှာလဲ ညနက်ရုံမက မိုးပင် လင်းလု နေပီဖြစ်သည်။ သူမက
လန်းဆန်းသော ခြေလှမ်း များဖြင့် ပေကျင်းဆီသို့ ဦးတည် လိုက်လေတော့သည်။

#မိုးထိတောင်သိုင်းသမား #ZYN
အခန်း (၂၆) အပိုင်း တစ်
ရှုပ်ထွေးပွေလီသော

တွမ့်ကျန်းယွမ် တစ်ယောက် ရှောင်လင် ကို ရောက်နေသည်မှာ သုံးလတင်းတင်းပြည့် လေပီ။ သူ၏ အအေးအဆိပ်မှာလဲ ထိန်းချုပ်
နိုင်သွားသဖြင့် ပြိုင်စံရှားသော အတွင်းအား မှာ အတားအဆီးမရှိ ထုတ်၍ရသွားလေပီ။ သူက နဂါးနိုင်လက်ဝါးသိုင်း နှင့်အတူ
ပြင်းထန်သော ရှောင်းယောင် အတွင်းအား၊ မိုးနဂါးဓားသိုင်း နှင့် ပေမိန်နတ်သိုင်း၊ သဏ္ဍန်မဲ့နတ်ဓားသိုင်း နှင့် ရိကျင့်အတွင်းအား တို့ကို
ပေါင်းစပ်ကာ အလွန် အစွမ်းထက်သော ပေါင်းစပ်သိုင်းကွက် သုံးကွက် ကိုတီထွင်နိုင်ခဲ့ လေသည်။ ထိုသိုင်းကွက် သုံးကွက်မှာ
တစ်ကွက်ချင်းစီပင် အစွမ်းပကား ကြီးမား လွန်းပေရာ ယှဉ်နိုင်သူ ရှိမည် ဟု မထင်ချေ။
ဆရာတော် သုံးပါးမှာ အသက် သုံးဆယ်ပင် မပြည့်ပဲ ပြိုင်ဘက်ကင်း သွားသော တွမ့်ကျန်းယွမ် ကို ဂုဏ်ယူနေမိကြသည်။
ဤလူငယ်လေးမှာ သိုင်းပညာတွင် ပါရမီ ပါသလို ကံလဲ ကောင်းလွန်းသည်။ အစွမ်းထက်သော သိုင်းကျမ်း မှန်သမျှ
တတ်မြောက်နေကာ ပိုကောင်းအောင်ပင် ပေါင်းစပ် တီထွင်နိင
ုလေသည်။ တစ်ခု ပြောစရာရှိသည်မှာ တွမ့်ကျန်းယွမ် ၏
အအေးအဆိပ်မှာ အရှင်းမပျောက်သေးချေ။ မည်မျှပင် ပြိုင်ဘက်ကင်းသော်လဲ ထိုအရာ ကိုတော့ ကျော်လွှားနိုင်ခြင်း မရှိပေ။ ထို့အပြင်
ရန်သူ ဖြစ်သော အဘိုးကြီး သုံးဦး၏ သိုင်းပညာမှာလဲ သူန
ီ့းနီးပင် ကောင်းမွန်နေရာ သူ့အဖို အမှန်တကယ် ပြိုင်ဘက်
ကင်းသည်ဟုတော့ မဆိုနိုင်ချေ။

တွမ့်ကျန်းယွမ် က တစ်လပြည့်သဖြင့် လှိုင်ဂူ အဝကို ပိတ်ထားသော ကျောက်တုံးကို အတွင်းအားဖြင့် ဆွဲဖယ်လိုက်လေသည်။ ဂူဝ တွင်
ဆရာတော် သုံးပါးမှာ သူ့ကို စောင့်ဆိုင် နေကြလေသည်။ ထိုဘုန်းကြီးအိုကြီး သုံးပါး မှာ ဝမ်းသာသော ပီတိအဟုန်ကြောင့်
ရွှင်လန်းနေကြလေသည်။ တွမ့်ကျန်းယွမ် မှာ ချက်ချင်းပင် ဒူးထောက်ချကာ တစ်လလုံးလုံး သူ့ကို သွန်သင်လမ်းပြပေးသော
ဆရာသမား ဖြစ်သည့် ဆရာတော်သုံးပါးကို ကန်တော့ လိုက်လေသည်။

ဆရာတော်သုံးပါး က ခေါင်းငြိမ့်နေပီး ဆရာတော် ရွှမ်းမုက ဓားအနက် နှင့် ကျောက်စိမ်းယပ်တောင်၊ ဆရာတော် ရွှမ်းလုံ က


ရွှေတုံးအိတ် နှင့် ဆရာတော် ရွှမ်းဝမ် က အပြာရောင် ချည်ထည် ဝတ်စုံအသစ် ကို အသီးသီး ကမ်းပေးလိုက်ကြသည်။ တွမ့်ကျန်းယွမ်က
လက်ခံယူလိုက်သော် ဆရာတော်များက ကောင်းချီးပေးကာ
" ကဲ ဒကာလေး... ကျင့်စဉ်တွေကို အောင်မြင်ခဲ့ပီဆိုတော့ သိုင်းလောကထဲ ပြန် ဆင်းပေတော့... ဒီတစ်ခေါက် တွေဆ
ုံ့ခြင်းက
နောက်ဆုံးဖြစ်ချင် ဖြစ်လိမ့်မယ်... အနက်ရောင် သိုင်းထိပ်သီးတွေကို နှိမ်နင်း ပီး အများအကျိုးဆောင်နိုင်တဲ့ ဘုရင်ကောင်း တစ်ပါး
ဖြစ်ပါစေကွယ် "
ဟု နှုတ်ဆက်လိုက်လေသည်။

တွမ့်ကျန်းယွမ် မှာ ခွဲခွာရပီဖြစ်သဖြင့် ဝမ်းနည်းသလိုလို ရှိသော်လဲ


" တင်ပါ့ဘုရား တပည့်တော် အစွမ်းကုန် ကြိုးစားပါ့မယ် "
ဟု ပြောကာ ထွက်သွားလေတော့သည်။

တွမ့်ကျန်းယွမ် သုံးလခန့် သိုင်းကျင့် နေစဉ် တွင် သိုင်းလောကမှာ စတင် ရှုပ်ထွေးနေ လေပီ။ ဂိုဏ်းခြောက်ဂိုဏ်း က ဦးဆောင်
ဖွဲ့စည်းထားသော မဟာမိတ်အဖွဲ့ကြီး မှာ ပေကျင်း ခိုင်ဖုန်း လို့ရန် သုံးမြို့ ခွဲကာ ခုခံ နေကြရသည်။ အနက်ရောင် သိုင်းသမားများ ကလဲ
သွေးတိုးစမ်းက စတင် ကျူးကျော် နေကြလေပီ။ ပြည်မ ဘုရင်ပင် ပေကျင်းနှင့် ကျန်းနန်ကို ကာကွယ်ရန် စစ်တပ် အသုံးပြု ဖို့
ကြံရွယ်နေလေသည်။ မင်စုထန် ၏ သတင်းပေးမှု အရ ပုန်ကန်သူများက အရှေ့ပိုင်းဒေသ ကို သိမ်းပိုက်လိုက်ကြောင်း စီးရှမှာလဲ
ကျူးကျော်ရန် အရိပ်အယောင် ရှိကြောင်း သိရသဖြင့် ထိတ်လန့် နေလေသည်။ ထို့အပြင် တောင်ပင်လယ် ကလဲ ခွဲထွက်ကာ
ကျန်းနန်ကို သွေးတိုးစမ်း နေသဖြင့် အကျပ်အတည်း ဖြစ်နေရသည်။ အချုပ်အားဖြင့် ဆိုသော် ပြည်မကြီးမှာ
သိုင်းလောကတိုက်ပွတ
ဲ င်မက နယ်မြေလု ထီးနန်းလုပွဲ ပါဖြစ်ပေါ်ရန် အစပျိုးနေလေပီ။ စစ်ပွဲများ ပင် ဖြစ်ပေါ်လာနိုင်လေသည်။
တွမ့်ကျန်းယွမ် မှာ ခိုင်ဖုန်းမြို့ သို့ အရောက်တွင် ရွှေငါး စားတော်ဆက် ကို ဝင်လိုက်လေသည်။ သူက ဗိုက်လဲဆာ နေလေပီ။ သူက
သုံးလခန့် ရှောင်လင် ကျောင်းတွင် နေခဲ့ရသဖြင့် အသားနှင့် အရက်ကို တမ်းတမိနေသည်။ ထို့ကြောင့် အသားဟင်း ငါးမျိုးနှင့်
အရက်တစ်အိုး မှာကာ စိမ်ပြေနပြေ စားသောက်နေသည်။ စားသောက်ဆိုင်ထဲတွင် သိုင်းသမားများမှာ တစ်ယောက်မှ မရှိကြချေ။
တွမ့်ကျန်းယွမ် ဝင်စကပင် ဆိုင်ထဲရှိသူများမှာ သိုင်းသမား တစ်ယောက်ဝင်လာ၍ အထူးအဆန်း ဖြစ်ကာ ဝိုင်းကြည့်နေကြသေးသည်။
တွမ့်ကျန်းယွမ် က ပတ်ဝန်းကျင် ကို သိပ်အလေးမထား သဖြင့် ထိုအဖြစ်ကို သိသော်လဲ အရေးမစိုက် ချေ။

ထိုစဉ် ဆိုင်ထဲသို့ လူတစ်ယောက်ဝင် လာကာ " ဟင်းတစ်ပွဲ ထမင်းတစ်ပန်းကန် နဲ့ အရက်တစ်ခရား ဟေ့... မြန်မြန်လေး "
ဟု မှာကြားကာ သုတ်သီးသုတ်ပြာ ဖြင့် ဝင်လာလေသည်။

ထိုသူမှာလဲ သိုင်းသမား ဖြစ်၍ လူအများက ဝိုင်းကြည့်ကြပြန်သည်။ ထိုသူက ထိုင်ပီးသည်နှင့် ဘေးဘီကို ကြည့်လိုက်ရာ တွမ့်ကျန်းယွမ်
တစ်ယောက် အေးဆေး ထမင်းစားနေသည်ကို မြင်သော် ဝမ်းသာ သွားသလို ပြုံးကာ ထသွားလိုက်သည်။

" ဟာ... သခင်လေးတွမ.့် .. ဒီရောက်နေတာလား "


ဟု လက်သီးဆုပ်ကာ နှုတ်ဆက်လိုက်သည်။

တွမ့်ကျန်းယွမ် က အခုမှ သတိထားမိပီး ကြည့်လိုက်ရာ ထိုသူမှာ ဝတ်စုံတွင် အပေါက်ရာ ရှစ်ခုကို အိတ်သဖွယ် ချုပ်ထား သဖြင့်
သူဖုန်းစားဂိုဏ်းကမှန်း သိလိုက် လေသည်။ သူက နာမည်မသိ၍ ကြောင်နေရာ ထိုသူက
" ကျနော်က လောက်အင်း လေဗျာ... ဂိုဏ်းချုပ်ကြီးပိုင် ရဲ့ လက်ထောက်... သခင်လေးကို ကျနော် ခဏခဏ မြင်ဖူးပါတယ် "
ဟု ပြောလိုက်လေသည်။

ထိုအခါမှ တွမ့်ကျန်းယွမ် မှာ မှတ်မိသွား လေသည်။ သူက လောက်အင်းကို ပိုင်လုံ ဘေးတွင် တွေ့ဖူးနေကြပင်။ သူက လက်သီးဆုပ်ပီး
ပြန်နှုတ်ဆက်လိုက်ကာ
" ဟုတ်ပီဗျာ... ကျနော် မှတ်မိပ.ီ .. အကို လောက်အင်းက အကိုကြီးပိုင် နဲ့ တူတူ ပါနေကြမလား..."
ဟု နှုတ်ဆက်လိုက်သည်။

တွမ့်ကျန်းယွမ် က သူ့ကို အကို ဟု တပ်ကာ ခေါ်လိုက်သဖြင့် လောက်အင်း က ဝမ်းသာ သွားကာ


" ဟုတ်တယ် သခင်လေးတွမ.့် .. အခုလဲ ဂိုဏ်းချုပ်ကြီး နဲ့ပဲ တူတူသွားနေရတာပဲ... ပေကျင်းကနေ ခိုင်ဖုန်းတစ်လျှောက်
တူတူလာကြတာပေါ့ဗျာ... အခုတောင် ဒီဘက်ကို ခိုင်းလိုကတ
်ုန်း ထမင်းခဏ ဝင်စားတာဗျ... "
ဟု ဖြေလိုက်လေသည်။

" အကိုကြီးပိုင် က ပေကျင်းမှာ မနေပဲ ဘာဖြစ်လို့ ခိုင်ဖန


ုးရောက်နေတာလဲ ဗျ... "
ဟု တွမ့်ကျန်းယွမ် ကမေးလိုက်ရာ

လောက်အင်းက ပြုံးကာ
" ဒီလို သခင်လေးရေ မနေ့က ခိုင်ဖုန်းမြို့  အပြင် မိုင်တစ်ရာအကျော်က ကျန်းနန်းအစပ် ကျေးရွာ တစ်ခုကို တောင်ပင်ဂိုဏ်း က
ကျူးကျော် သိမ်းပိုက် ထားလို့ တိုက်ခိုက် ကြသေးတယ် ကျနော်တို့ ပေကျင်းကနေ ဆင်းလာတာတော့ လဝက်ရှိပီ... လို့ရန်ကို
ဂိုဏ်းခြောက်ဂိုဏ်း က ဝူတန်၊ အော့မေ့နဲ့ ဝါဆန်းက ကာကွယ်နေလို့ ခိုင်ဖုန်းကို ကျနော် တို့က ကာကွယ်ဖို့လာကြတာ... ပေကျင်း
ကတော့ မင်စုထန် နဲ့ စစ်တပ်က ကာကွယ် နေကြတယ်... အခုနောက်ပိုင်းတော့ စီးရှက ခွန်လွန်ကို ကျူးကျော်လို့ မင်စုထန် ကိုယတ
ိုင်
ခွန်လွန်ကို သွားတယ် ကြားတယ် "
ဟု ရှင်းပြလိုက်လေသည်။

တွမ့်ကျန်းယွမ် မှာ ဤမျှ ရှုပ်ထွေးနေမှန်း မထင်ထားချေ။ သူက အဘိုးကြီး သုံးယောက် ကို အထင်သေးမိသည်။ အဘိုးကြီးများမှာ
အမှန်တကယ်ပင် လှုပ်ရှား လေပီ။ တွမ့်ကျန်းယွမ် က သက်ပြင်းချကာ
" ဒါကြောင့် ခိုင်ဖုန်းမြို့ ထဲ မှာ သိုင်းသမား တစ်ယောက်မှ မရှိတာကို အခုကော အကိုကြီး ပိုင်က ဘယ်မှာလဲ "
ဟု မေးလိုက်လေသည်။

လောက်အင်း က ခေါင်းငြိမ့်ကာ
" ဟုတ်တယ် သခင်လေး သိုင်းသမား မှန် သမျှ နက်ဖြန် နောက်ကျေးရွာ တစ်ခုကို တောင်ပင်လယ်ဂိုဏ်းက တိုက်ခိုက်မယ် သတင်းရလို့
သွားစောင့်နေကြတယ် ဂိုဏ်းချုပ်ကြီးလဲ အဲ့မှာပဲ... ကျနော့ကို ဒီလွှတ်လိုက်တာက ခိုင်ဖုန်းမြို့ စောင့်တပ်ကို သတင်းပေးပီး အခြေအနေ
စောင့်ကြည့်ဖို့ပဲ ဂိုဏ်းချုပ်ကြီးအထင်အရ မြို့ ထဲကိုလဲ သတိထားပီးစောင်ြ့ ကည့်ရင် မမှားဘူးတဲ့.. "
ဟု ဖြေလိုက်သည်။
တွမ့်ကျန်းယွမ်က လက်ခံသလို ခေါင်းငြိမ့်ကာ
" ဟုတ်တာပေါ့ဗျာ... သိုင်းသမားတွေ မရှိရင် မြို့ စောင့်တပ် တစ်ခုထဲဆို မလွယ်ဘူး...
ကျနော်လဲ ဒီမှာစောင့်နေမှပဲ ထင်တယ် ဟိုမှာက အကိုကြီးပိုင် ရှိနေမှတော့ စိတ်ချရပါတယ် "
ဟု ပြောလိုက်လေသည်။

လောက်အင်း မှာမူ တွမ့်ကျန်းယွမ်က စောင့်ပေးမည် ဟူ၍ ပျော်သွားကာ


" ဟာ ဒါဆို အတော်ပ.ဲ . သခင်လေးက ခိုင်ဖုန်းကို စောင့်ပေးမယ် ဆိုရင် ကျနော် ဂိုဏ်းချုပ်ကြီးဆီ ပြန်ပီး သတင်းပေးလို့ရပီ မင်စုထန်က
ပေကျင်းကနေ ခွန်လွန်သွားတဲ့ သတင်းကို ကျနော်ပေးမလို့ မြို့ စောင့်ရမဲ့ တာဝန် ရှိနေတာနဲ့ စိတ်ညစ်နေတာ... သခင်လေးက
စောင့်ပေးမယ်ဆို ကျနော် မလိုတော့ဘူးပဲ ထမင်းစားပီး ဂိုဏ်းချုပ်ကြီးဆီ ပြန်ပီး သတင်းပေးလိုက်ဦးမယ် "
ဟု ပြောလိုက်လေသည်။

တွမ့်ကျန်းယွမ် က ခေါင်းငြိမ့်ကာ
" အေးအေးသွားပါဗျာ... ဒီမှာ ကျနော်ရှိနေ မှာပါ "
ဟု ပြောလိုက်လေသည်။

လောက်အင်း က ခေါင်းငြိမ့်ပီး တံဆိပ်ပြား လေးတစ်ခု ပေးကာ


" သခင်လေး ဒါကို ယူထားပါ... ဒါက ပါရင် မြို့ စောင့်တပ် ကလဲ ကိုယ့်လူဆိုတာ သိလိမ့်မယ် ပီးတော့ နောက်တစ်ပါတ် နေရင်
ပေကျင်းက ဆက်သား တစ်ယောက် သတင်းပို့ လာဦးမှာ ဒီတံဆိပ်ပြား ရှိရင် သူက သခင်လေးကို သိပီး သတင်းပေးလိမ့်မယ် "
ဟု ပြောပြလိုက်သည်။

တွမ့်ကျန်းယွမ် က သစ်သားတစ်မျိုးကို ထွင်းထားသော တံဆိပ်လေးကို ယူလိုက်ကာ


" ဒါ ဘာအမှတ်အသားလဲ အကိုလောက်အင်း "
ဟု မေးလိုက်သည်။

လောက်အင်း က ပြုံးကာ
" ဂိုဏ်းခြောက်ဂိုဏ်း ရဲ့ မဟာမိတ်အဖွဲ့ အမှတ်တံဆိပ်ပါ သခင်လေး ... အားလုံးပေါင်း အခုနှစ်ဆယ်ပဲ ရှိတယ် ဂိုဏ်းချုပ်တွေနဲ့
အရေးကြီးတာဝန် ထမ်းဆောင်တဲ့ သူတွေ ကိုင်ရတာပေါ့... အစက ကျနော်ယူထားပေမဲ့ သခင်လေးလိုလူကို လွှဲပေးလိုက်ရတာ
ဂုဏ်ယူစရာပါပဲ "
ဟု ပြောလိုက်လေသည်။

တွမ့်ကျန်းယွမ် က အသာအယာပင် သူ့ဓားရိုးတွင် ချိတ်ထားလိုက်တော့သည်။

လောက်အင်း က လက်သီးဆုပ်ကာ
" ဒါဆို ကျနော် ဂိုဏ်းချုပ်ကြီးဆီကို စားပီးရင် ပြေးလိုက်ဦးမယ်... သခင်လေး "
ဟု ပြောကာ သူ့ဝိုင်းတွင် ထိုင်ပီး တက်သုတ်ရိုက် စားသောက်နေလေသည်။

သူ့ပုံမှာ အမှန်တကယ်ပင် အချိန်လုနေပုံ ရသည်။ တွမ့်ကျန်းယွမ် ကတော့ ခပ်အေးအေးပင် စားက လောက်အင်း ထွကသ
်ွားသည်ကို
ကြည့်နေလိုက်သည်။ သူ့အတွေးတွင်တော့ သူလို တာ့လီက မင်းသားတစ်ပါးက အဘယ့်ကြောင့် ပြည်မကို ကာကွယ်ဖို့
လုပ်ဖြစ်နေသနည်း ဆိုတာကို သာ တွေးမိနေတော့လေသည်။

#မိုးထိတောင်သိုင်းသမား #ZYN
အခန်း (၂၆) အပိုင်း နှစ်
ရှုပ်ထွေးပွေလီသော

မင် မင်းဆက် နန်းတော်...


နန်းတွင်းထဲမှ ထွက်လာသော မင်စုထန် ပုံမှာ အနည်းငယ် စိတ်အနှောက်အယှက် ဖြစ်နေပုံ ရသည်။ သူက ခပ်သွက်သွက် လျှောက်နေ
ပီး သူ့အဆောင်အယောင် ဖြစ်သော ဝေါယာဉ် ကိုပင် မစီးချေ။ ဝေါယာဉ် ထမ်းသူ အမှုထမ်းများနှင့် သူ့၏ အပါးတော်မြဲ ကုန်းကုန်း မှာ
သခင်ဖြစ်သူ စိတ်အလိုမကျ သဖြင့် တိတ်တဆိတ် လိုက်ပါနေကြသည်။ နန်းတော်မှ အတော်ဝေးဝေး သို့ရောက်သော် မင်စုထန် က
နန်းတွင်းကို လည်ပြန်ကြည့်ကာ သက်ပြင်းချလိုက်သည်။ ထို့နောက် ဝေါယာဉ် ပေါ်တက်ထိုင် လိုက်လေသည်။
" လီကုန်းကုန်း... ငါစံအိမ်ကို မပြန်ပဲ အမတ်ချုပ်ကြီး မုယုံအိမ်ကို သွားမယ် ... ရောက်ရင် ငါ့ကိုနှိုး "
ဟု ပြောလိုက်လေသည်။
မင်စုထန် မှာ မင်းသားအဖြစ် မြှောက်စားခံရ သော်လဲ ဒီနှစ်ပိုင်းမှာ သူ ဘုရင်အတွက် အတော်ကို အပင်ပန်းခံထားရလေသည်။
တကယ်တမ်း လက်ရှိပြည်မ ဘုရင်မှာ သူ့ဦးရီးတော် တော်စပ်လေသည်။ လက်ရှိဘုရင် နှင့် သူ့ဖခင်တို့မှာ အနေနီးသော မင်းသား
ညီအကိုများ ဖြစ်ကြပီး လွန်ခဲ့သော အနှစ်သုံးဆယ် က နန်းလုပွဲတွင် တစ်ဖက်တည်းက ပါဝင်ခဲ့ကြလေသည်။ ထိုပွဲ ၏
အကျိုးဆက်အဖြစ် နှစ်ဦးသား ဦးရီးတော် ဖြစ်ကာ ကောင်းစားကြသေးသည်။ သို့သော် နန်းကျ ဘုရင်၏ အမှုထမ်းများက ဘုရင်နှင့်
သူ့ဖခင် ကို လုပ်ကြံကြသည်။ သူ့ဖခင်နှင့် နန်းလုသော ဘုရင်မှာ ရရှိသော ဒဏ်ရာများ ကြောင့် တဖြည်းဖြည်း နာမကျန်း ဖြစ်ကာ
သေဆုံးသွားကြရသည်။ ထို့ကြောင့် လက်ရှိ ဘုရင်မှာ ဘုရင်ဖြစ်လာခြင်းပင်။ လက်ရှိ ဘုရင် မှာ သူ့ကို အနှစ်နှစ်ဆယ်ကျော် ပစ်ထား
ပီးမှ နာမည်ကျော်လာသဖြင့် ပြန်လည် မြှောက်စားခြင်းပင် ဖြစ်သည်။ အစွယ်ရှိသူ မင်းသွေးဖြစ်၍ အနားထားကာ စောင့်ကြည့်လိုခြင်းလဲ
ဖြစ်သည်။ ဒုတိယ အချက်အနေဖြင့် လက်ရှိဘုရင်၏ သားတော် အိမ်ရှေ့စံမှာ ဆယ်နှစ်ပင် မပြည့်သေးချေ။ ဘုရင်မှာ မင်စုထန် ကို
အသုံးချကာ သူ့သား ကို နန်းတက်စေချင်နေလေသည်။ ဒါကို မင်စုထန် လဲ သိသည်ပင်။ သူ့တွင်လဲ အိပ်မက် ရှိသည်။ ဖခင်ဖြစ်သူ
မအောင်မြင် သောအိပ်မက်ကို သူဆက်မက်ချင်သည်။ သို့သော် လက်ရှိတွင် သူ့နောက်ပါသော အမတ် အရေအတွက်မှာ မရှိသလောက်
နည်းပါးသည်။ အမတ်များမှာ တစ်သက်လုံး ရှောင်လင်ကျောင်းတွင် ချို့ ချို့်တဲ့တဲ့ နေလာသော သိုင်းသမား ဖြစ်သူ အိမ်နိမ့်စံ မင်းသားကို
မထောက်ခံချင်ကြပေ။ သို့သော် အခုတော့ သူ့နောက်တွင် အမတ်ချုပ်ကြီး မုယုံ ရှိလေပီ။ သူ့ကြင်ယာတော် မှာ အမတ်ချုပ်ကြီး၏ မြေး
ဖြစ်သဖြင့် အကူအညီရနိုင်လေပီ။ အခက်အခဲ တစ်ခသ
ုာရှသ
ိ ည်။ အမတ်ချုပ်ကြီး မုယုံမှာ လက်ရှိဘုရင်၏ သစ္စာရှိ အမတ်ဖြစ်သဖြင့်
သူ့ကို ထောက်ခံမည် မထောက်ခံမည် မသိချေ။ ဘုရင်က သူ့ကို ထိန်းချုပ်ချင်သဖြင့် ဘုရင့် သစ္စာခံ အစစ်ဖြစ်သော မုယုံအိမ်နှင့် ပေးစား
ခြင်းဖြစ်ရာ ထိုအချက်မှာ နှစ်ဘက်သွားဓား ပမာ အကိုင်အတွယ် မတတ် ပါက ကိယ
ု့်ကို ပြန်ထိရှနိုင်လေသည်။ ထို့ကြောင့် သူက
အခုချိန်အထိ ငြိမ်နေခဲ့ခြင်း ဖြစ်သည်။ သူက ထီးနန်းလိုချင်သော်လဲ လက်ရှိ ဘုရင်ကို ပုန်ကန်ရန်တော့ အစီအစဉ် မရှိချေ။
အိမ်ရှေ့စံထံမှ နန်းဆက်ခံခွင့် သူ့ဆီရောက် စေရန် ကြံစည်နေခြင်းသာ ဖြစ်သည်။ သို့သော် အခုတလော မင်းမျိုးနွယ်
စာရင်းတွင်ပါသည့် ဟို့ပေနယ်စား မှာလဲ သတင်းမွှေးနေသည်။ နေပြည်တော်တွင် အမတ်များ အကြိုက်များ နေသည်လေ။
လက်ရှိဘုရင်မှာ အသက်ခြောက်ဆယ် ကျော်နေရာ ဆက်ခံသူ ပြသနာမှာ တစ်ခါပြန်လည် အသက်ဝင်လာ ပြန်သည်။ မင်းမျိုးနွယ်
များမှာ တစ်ယောက် နှင့် တစ်ယောက် အပြိုင်အဆိုင် ဖြစ်နေ ကြသည်။ သူ့အဖို့ကတော့ အမတ်ချုပ်ကြီး အင်အားရမှသာ
ဖြစ်ပေလိမ့်မည်။ သို့သော် ယခုပင် ဘုရင်က သူ့ကို စီးရှ နယ်စပ်ကိုသွားကာ ကာကွယ်ခိုင်းနေသည်။ စီးရှနယ်စပ်တွင် ကျူးကျော်မှု
ပြသနာစနေလေပီ။ ဘုရင်က တစ်ချက်ခုတ် နှစ်ချက်ပြတ် စီစဉ်ခြင်း ဖြစ်သည်ကို သူမသိသည်မဟုတ် သိနေသည်။ သူ့ကစ
ီုးရှကို
စစ်သူကြီး အဖြစ် လွှတ်ခြင်းမှာ ပေကျင်းတွင် သူ့သားတော် အိမ်ရှေ့စံအတွက် အင်အားတည်ဆောက် လိုခြင်းဖြစ်သည်။ ဤအချက်မှာ
ဟို့ပေနယ်စားလေး အတွက်လဲ အကျိုးဖြစ် စေနိုင် သည်ကိုတော့ ဘုရင်က ထည့်မတွက် မိချေ။ သူအနေဖြင့် လက်ရှိအခြေအနေမှာ
ခေါင်းကိုက်စရာကောင်း နေသည်။

" ပေ့လဲ့ရယ်... ရောက်ပါပီ "


လီကုန်းကုန်း၏ အသံကြားမှ သူက အတွေးထဲ နစ်မျောနေခြင်းကို အဆုံးသတ် လိုက်သည်။ သူက ဝေါယာဉ် ပေါ်မှ ဆင်းကာ ဝတ်ရုံကို
သပ်ရပ်အောင် ပြင် လိုက်ပီး မုယုံစံအိမ်တော် ဟူသော ဆိင
ုးဘုတ်ကြီးကို မော့ကြည့်လိုက်သည်။ အတွင်းမှ အိမ်ထိန်း
အဘိုးကြီးတစ်ယောက်က သူ့ကို ကြိုဆိုရန် ပြာပြာသလဲ ထွက်လာကြောင်း မြင်လိုက်ရ သည်။ သူကပင် ဦးအောင်
" အမတ်ချုပ်ကြီး ရှိသလား "
ဟု မေးလိုက်လေသည်။

အိမ်ထိန်းကြီးက ရှိကြောင်းပြောကာ လမ်းပြ လိုက်လေသည်။ မင်စုထန် က အိမ်တော်ထဲ လျှောက်လှမ်းနေရင်း ဤအိမ်တော်ကြီးကို


ထူးဆန်းနေသည်။ မုယုံမျိုးနွယမ
်ျားမှာ လျှို့ဝှက်ဆန်းကြယ်ကြသည်။ ထို့အပြင် စည်းလုံးမှုလဲ ရှိသည်။ သူ့တွက် အင်အား ဖြစ်နိုင်လျှင်
ကောင်းမည်ဟု ထင်မိသည်။ လက်ရှိဘုရင်ပင် မုယုံမျိုးနွယ်တို့၏ အကူအညီ ကြောင့် နန်းရခဲ့သေးသည်။ သို့သော် နန်းတက်ပီးသော်
မြှောက်စားရန် မေ့လျော့နေခဲ့သည်လေ။ အမတ်ချုပ်ကြီး ရာထူးဖြင့်သာ ချွေးသိပ်ခဲ့သည် မဟုတ်ပါလား။

သူက ခန်းမဆောင်ကြီးထဲ လှမ်းဝင်လိုက်ရာ တစ်ခေါင်းလုံးဖြူဖွေးနေသော အဘိုးကြီး တစ်ဦးက ပြုံးကာ ကြည့်နေသည်ကို တွေ့လိုက်ရ


သည်။ ထိုအဘိုးကြီး ကိုယ်ပေါ်တွင် အဝတ်ခပ်နွမ်းနွမ်းကိုသာ ဝတ်ဆင်ထားသည်။ ထိုအဘိုးကြီးကို အပြင်မှာသာ မြင်ရလျှင်
အမတ်ချုပ်ကြီး ဟု ယုံနိုင်စရာမရှိချေ။ သိုသော့် အဘိုးကြီး၏ မျက်လုံးများက စူးရှတောက်ပြောင် နေသဖြင့် မခန့်လေးစား
လုပ်ရဲကြမည်တော့ မထင်။ သူက အဘိုးကြီးကို ဂါရဝပြု လိုက်သော် အဘိုးကြီးက ခုံတွင်ထိုင်ရန် လက်ပြလိုက် လေသည်။

" ပေ့လဲ့ရယ်... ဘာကြောင့် ကျုပ်ဆီကို လာရသလဲ ကျုပ်သိနေတယ်ထင်တယ် "


ဟု ပြောလိုက်လေသည်။
မင်စုထန် မှာ မအံ့သြပါ။ သူကခေါင်းငြိမ့်ပီး
" အမတ်ချုပ်ကြီး အနေနဲ့ ကျုပ်ဘာလုပ်သင့် သလဲဆိုတာကို သင်ကြားပေးနိုင်မယ် ထင်ပါတယ်... မြေးသမက် ဆိုတော့ ဆုံးမပေးပါ "
ဟု ပြောလိုက်သည်။

အမတ်ချုပ်ကြီး က ဖြူဖွေးနေသော မုတ်ဆိတ်များကို ပွတ်သပ်ကာ ခဏမျှ စဉ်းစားပီးသော်


" ကျုပ်တို့ မုယုံအိမ်က ဘုရင့်သစ္စာခံပါ ဒါကြောင့် ပုန်ကန်ဖို့ အစီအစဉ်မရှိဘူး... ဒါကြောင့် ပေ့လဲ့ရယ် အနေနဲ့ စီးရှကိုသွားဖို့ အမိန့်
နာခံလိုက်တာ ပိုကောင်းမယ် "
ဟု ပြောလိုက်သည်။

မင်စထ
ု န် က သက်ပြင်းချပီး
" ကျုပ်စီးရှကို သွားရင် ဟိုပေ့နယ်စား က လှုပ်ရှားတော့မှာ ပဲ သူ့နောက်မှာ သိုင်းလောက မှာ နာမည်ကြီးနေတဲ့ ထန်စံအိမ်
ရှိနေတယ်ကြားတယ် ကျုပ်မှာက ဘုရင်ပေးတဲ့ စစ်တပ်ခပ်သေးသေးပဲ ရှိတယ် စီးရှစစ်တပ်ကို ခုခံနိုင်မလား မသေချာဘူး ဒီတစ်ခါ
ကတော့ ဘုရင်က ကျုပ်ကို အသေခံခိုင်းတာပဲ "
ဟု ပြောလိုက်လေသည်။

အမတ်ချုပ်ကြီး က ချထားသော လက်ဖက်ရည် ကိုတစ်ငုံမျှ သောက်လိုက်ပီး


" ဒါဟာ ပေ့လဲ့ရယ် အတွက် လှေကားလဲ ဖြစ်သွားနိုင်တယ်... အကယ်၍ ပေ့လဲ့ရယ် သာ စစ်နိုင်ခဲ့ပီး ပေကျင်းကို ပြန်ရောက်မယ် ဆိုရင်
ပေ့လဲ့ရယ်ဟာ စစ်တပ်ကို ထိန်းချုပ် နိုင်သွားမယ်... ကိုယ်က အသာအယာ စောင့်ကြည့်ပီး ပုန်ကန်မဲ့သူတွေကို ပုန်ကန်
အောင်ဖိအားပေးနိင
ုမယ် ဆိုရင် ပေ့လဲ့ရယ် ဟာ အသာအယာ ရယူနိုင်မှာပေါ့... ကျုပ်တို့ မုယုံစံအိမ် အတွက်လဲ ပေ့လဲ့ရယ် ဟာ
ထောက်ခံသင့်တဲ့ သခင်ကောင်း ဟုတ်မဟုတ် သိရှိနိုင်မဲ့ အခွင့်အရေး ဖြစ်နိုငတ
် ယ်လေ... ဘယ်လိုလဲ ပေ့လဲ့ရယ် "
ဟု မေးလိုက်သည်။

မင်စုထန် မှာ အမတ်ချုပ်ကြီး၏ စကားကြောင့် သူမမြင်မိသည်များကို မြင်သွားလေပီ။ သူက လက်သီးဆုပ် ဂါရဝပြု လိုက်ပီး
" အမတ်ချုပ်ကြီးကတော့ တကယ်လူတော်ပါ ကျုပ်မမြင်မိတာတွေကို မြင်နိုင်တာပဲ...
ဟုတ်ပီဗျာ... စီးရှကို သွားဆိုလဲ သွားရတာပေါ့... မလွယ်ပေမဲ့လဲ ဖြစ်အောင် လုပ်ပြရမှာပေါ့... ဒါမှ နောက်လိုက်တွေက
အားကိုးချင်ကြမှာ မဟုတ်လား "
ဟု ပြောလိုက်သည်။

အမတ်ချုပ်ကြီးက ပြုံးပြပီး
" ချန်းရှောင်းကို ခေါ်သွားပါ... သူနဲ့ စုန့်ချီရန့် က သိုင်းတတ်တော့ ပေ့လဲ့ရယ် အတွက် အကူအညီဖြစ်စေ မှာပါ "
ဟု ပြောလိုက်လေသည်။

မင်စုထန် မှာ မျက်မှောင်ကြုတ်ကာ


" ကျုပ်က ကျုပ်မိန်းမနဲ့ ခယ်မရဲ့ အကူအညီ ကို ယူရတဲ့ အထိနိမ့်ကျ သွားပီပေါ့လေ "
ဟု ရေရွတ်လိုက်သည်။

အမတ်ချုပ်ကြီးက ပြုံးကာ
" မဟုတ်ပါဘူး... ပေ့လဲ့ရယ်သာ မြင်တတ်မယ် ဆိုရင် ချန်းရှောင်းက ပေ့လဲ့ရယ် အတွက် အသက်ကယ်နင
ိုတဲ့ အခွင့်အရေးတစ်ခု
ဖြစ်လာမှာပါ... ကဲပါလေ ကျုပ်တတ်နိုင်တာတော့ ဒီအထိပဲ ကျန်တာ ကတော့ ပေ့လဲ့ရယ်ရဲ့ အစွမ်းအစကို ကြည့်ရမှာပေါ့ "
ဟု ပြောလိုက်သည်။

မင်စုထန် ကတော့ အမတ်ချုပ်ကြီး စကားကို အသည်းအသန် စဉ်းစားကာ ဂါရဝပြု ပီး မုယုံ စံအိမ်မှ ပြန်ထွက်ခဲ့တော့လေသည်။ သူက
ခြံရှေ့တွင် စောင့်နေသော သူ၏အမှု့ထမ်းများ ကို လက်ပြခေါ်ကာ
" အိမ်တော်ပြန်မယ် "
ဟု ပြောလိုက်တော့သည်။

ပေ့လဲ့ရယ် စံအမ
ိတော်...
မင်စုထန် မှာ မင်းသားအဖြစ် ချီးမြှောက်ပီး သုံးနှစ်အကြာမှာပင် ပေ့လဲ့ရယ် အဆင့်အထိ ချီးမြှောက်ခံထားရသည်။ ပေ့လဲ့ရယ်
ဆိုသည်မှာ အမတ်ကြီးအဆင့် ရှိသော မင်းသားဖြစ်သည်။ ပေ့လဲ့ရယ်များသည် ညီလာခံ တတ်ခွင့်ရှိသူ ဖြစ်ပီး နယ်စားများ ထက်
တစ်ဆင့်မြင့်သည်။ ထိုသူ၏ စံအိမ်တော် ဖြစ်ရာ ခမ်းနားလှပမည်ကတော့ ပြောစရာလိုမည် မထင်ချေ။
ထိုစံအိမ်ကြီးထဲတွင် အလွန်လှပသော မိန်းကလေး နှစ်ယောက်မှာ စကားပြော နေကြသည်။ တစ်ယောက်က မင်းသမီး တစ်ပါးပမာ
ဝတ်ဆင်ထားပီး ကျန်တစ်ယောက် ကတော့ သိုင်းဝတ်စုံကို ချပ်ချပ်ရပ်ရပ် ဝတ်ဆင်ထားသည်။ သို့သော် အလှအပတွင်တော့
နှစ်ယောက်စလုံးမှာ သူမသာ ကိုယ်မသာ ချည်း ဖြစ်လေသည်။

သိုင်းဝတ်စုံနှင့် မိန်းကလေးက
" ဒါပဲ မမ... ဘိုးဘိုးနဲ့ ရှောင်လင်ကျောင်း က ဆရာတော်တွေက သိုင်းလောကကို ကာကွယ် ပေးဖို့ ခဲအိုကို မှာလိုက်တယ် "
ဟု ပြောလိုက်သည်။

မင်းသမီးပမာ ဝတ်ဆင်ထားသူက
" ဒါပေမဲ့ နင့်ခဲအိုက စီးရှကို စစ်တိုက်ထွက်ဖို့ အမိန့်ရထားတယ် ဘယ်လိုလုပ်မလဲ "
ဟု ပြန်မေးလိုက်သည်။

ထိုစဉ် အခန်းထဲသို့ စကားသံနှင့်အတူ လူတစ်ယောက် ဝင်လာလေသည်။ ထိုသူမှာ မင်းသားတစ်ပါး လို ဝတ်စားထားသည်။


" ဘယ်လိုမှ လုပ်လို့မရဘူး စီးရှကိုတော့ သွားရမှာပဲ ညီမ နဲ့ ချီရန်.့ .. ခွန်လွန်တောင် ကိုကာကွယ်တာလဲ သိုင်းလောကကို
ကာကွယ်တာနဲ့ တူတူပဲ ပီးတော့ ညီမတို့ပါ လိုက်ခဲ့ရလိမ့်မယ် "

မုယုံချန်းရှောင်းက အံ့သြကာ
" ဘာဖြစ်လို့လဲ အကို "
ဟု မေးလိက
ုသည်။
မင်စုထန် က
" လိုက်မှဖြစ်မယ် ဒီမှာက နန်းတွင်းရေးနဲ့ ရှုပ်ထွေးနေတယ် ဟိုပေ့နယ်စားက အကိုမရှိရင် ညီမတို့တစ်တွေကို ဒုက္ခပေးမှာ သေချာတယ်
အကိုစိတ်မချဘူး... အမတ်ချုပ်ကြီးကလဲ ခေါ်သွားဖို့ ပြောတယ် "
ဟု ဖြေလိုက်သည်။

စုန့်ချီရန့် က အံ့သြကာ
" ညီမလေးပါ လိုက်ရမှာလား "
ဟု မေးလိုက်ရာ မင်စုထန်က ရယ်ပြပီး
" ဒါပေါ့ ညီမလေးက လဲ မိသားစုပဲလေ "
ဟု ဖြေလိုက်လေသည်။

ထို့နောက် မင်စုထန် က
" အကိုက တစ်ပါတ်အတွင်း စစ်တပ်ကို ပြင်ဆင်ပီး သွားရမယ်... ညီမတို့လဲ ပြင်ထား ကြတော့ အခြေအနေအရတော့ ဒီကို ပြန်ရောက်ဖို့
အတော်ကြိုးစားရလိမ့်မယ် "
ဟု ပြောကာ ပြန်ထွက်သွားပြန်သည်။

မုယုံချန်းရှောင်း က စိတ်ကောင်းရှိသော်လဲ အိပ်မက်ကြီးလွန်းသူ မင်စုထန်၏ ကျောပြင် ကိုကြည့်ကာ သက်ပြင်းချလိုက်ပီး


" အဲ့ဒါပဲ ကြည့်တော့ နင့်ခဲအိုက နန်းတွင်းရေး ကလွဲလို့ တခြားဘာမှမသိတော့ဘူး... သူ့အိပ်မက်ကြီးကို အကောင်အထည်ဖော်ဖို့ပဲ
အာရံစ
ိုက်နေတယ်... ငါလဲ ဘာကြောင့် ဒီအရှုပ်ထုတ်ထဲ ရောက်နေရလဲ မသိတော့ဘူး"
ဟု ရေရွတ်လိုက်လေသည်။

စုန့်ချီရန့် မှာ စိတ်ကောင်းရှိပီး မျိုးနွယ်အပေါ် သိတတ်သော အစ်မဖြစ်သူကို ကြည့်ကာ စိတ်မကောင်းဖြစ်မိသည်။ အစ်မဖြစ်သူမှာ


ချစ်သူက တစ်ယောက်ဖြစ်သော်လဲ ယူထား ရသူမှာ တစ်ယောက်ဖြစ်သည်။ ထို့အတူ နေထိုင်ချင်သော ဘဝမှာ အေးချမ်းသော
ဘဝလေး ဖြစ်သော်လဲ နေထိုင်ရသည်မှာ နန်းတွင်း အာဏာလုပွဲများ၏ ကြားထဲ တွင် ဖြစ်နေသည်။ သူမက စိတ်မကောင်း ဖြစ်မိရုံ
ကလွဲ၍ မတတ်နိုင်တော့ပါ။

မုယုံချန်းရှောင်း က သူ့ကို ကြည့်ပီး သက်ပြင်းချနေသော စုန့်ချီရန့် ကို ကြည့်ကာ


" ချီရန့် နင်ငါနဲ့ လိုက်ကို လိုက်ရမယ်... ရှောင်လင်ကို ထွက်ပြေးမသွားနဲ့နော်... နင်မရှိရင် ငါအထီးကျန်တယ် "
ဟု ပြောလိုက်သည်။

စုန့်ချီရန့် မှာ ဇက်ကလေးပုကာ


" ဟုတ်ကဲ့ပါ မမရာ... ထွက်ပြေးစရာ နေရာလဲ မရှိပါဘူး သိုင်းလောကကော နယ်မြေတွေကော ဒီလောက် ရှုပ်ထွေးနေတာ ကိ.ု ..
ဘယ်ပြေးရမှာလဲ "
ဟု ရယ်ကာ ပြောလိုက်လေသည်။

မုယုံချန်းရှောင်း က သက်ပြင်းချကာ
" ငါလဲနင့်လို့ ထွက်ပြေးလို့ရရင် ကောင်းမှာပဲ"
ဟု သာရေရွတ်လက
ိုတော့သည်။

သူ့စိတ်ထဲတွင်တော့ ဖခင်ဖြစ်သူ တဖွဖွ ပြောဖူးသော သူမ မမြင်ဘူးသည့် မုယုံရွာက အဖိုးဖြစ်သူအကြောင်းနှင့် လက်ရှိ အမတ်ချုပ်ကြီး
မုယုံ အကြောင်းသာ တွေးမိ နေတော့သည်။

#မိုးထိတောင်သိုင်းသမား #ZYN
အခန်း (၂၆) အပိုင်း သုံး
ရှုပ်ထွေးပွေလီသော

ချွမ်းကျားကျေးရွာ ....
ချွမ်းကျားကျေးရွာ မှာ အရှေ့တောင်ပိုင်း ဒေသ နှင့် ကျန်းနန်ဒေသ တို့၏ နယ်စပ်နားတွင် တည်ရှိသော ရွာကြီး ဖြစ်သည်။ ရွာမှာ
ကျန်းနန်ဒေသ ထဲ ပိုရောက်လေသည်။ လွန်ခဲ့သော နှစ်ပါတ်ခန့်က ဆယ် လီ မျှသာဝေးသော မုကျားကျေးရွာကို တောင်ပင်လယ်ဂိုဏ်း
က ဝင်ရောက် ဖျက်ဆီးသွားသဖြင့် ချွမ်းကျား ရွာသူရွာသားများမှာ ကြောက်ရွံနေကြသည်။ တကယ်တမ်းတော့ တောင်ပင်လယ်ဂိုဏ်းက
သူတို့နယ်စပ်ရွာများကို ဆက်ကြေးကောက် နေသည်မှာ ကြာလေပီ။ သူတို့ရွာများကလဲ ဆက်ကြေးပေးသည့်တိုင် မုကျားကျေးရွာ မှာ
အဖျက်အဆီး ခံရသဖြင့် ထိတ်လန့်နေကြခြင်း ဖြစ်သည်။ ယခုလဲ ခိုင်ဖုန်းမှ နာမည်ကျော် သိုင်းသမားများက ကာကွယ်ဖို့ စောင့်ပေးနေ
သည့်တိုင် သူတို့က အကြောက် မပြေသေးချေ။

ပိုင်လုံ က သိုင်းသမားများကို စုစည်းပီး ရွာ၏ ပတ်ပတ်လည် တစ်လျှောက် ကင်းများချထား လေသည်။ ရွာ၏ စည်းရိုးကိုလဲ ခိုင်ခံအောင်
အမြန်ပြုပြင်ကာ အစောင့်များလဲ ချထားသည်။ သူကိုယ်တိုင်ကတော့ ရွာ၏ တံခါးဝ ဘေးနားရှိ ရွာအဝင်လမ်းပေါ်တွင်
ရွက်ဖျင်တဲကြီးထိုးကာ ရွာလူကြီးများ သိုင်းသမားကြီးများဖြင့် ဆွေးနွေးနေသည်။ သူတို့က မုကျားကျေးရွာကို မကယ်နိုင်လိုက်
သည့်အတွက် စိတ်မကောင်းဖြစ်နေပုံရသည်။ တောင်ပင်လယ်ဂိဏ
ုးကတော့ စစ်ကြေငြာ သည့် သဘောအနေဖြင့် မုကျားကျေးရွာကို
မီးလောင်တိုက်သွင်း ပြလိုက်လေပီ။

" ရွှီး....ရွှီး....ရွှီး... "


စူးရှသော လေချွန်သံကြားရသဖြင့် ပိုင်လုံမှာ ခေါင်းထောင်မိလိုက်သည်။ ထို့အတူ ထိုင်နေသော သိုင်းသမားကြီးများကလဲ
နားစွင့်မိကြသည်။ လေချွန်သံမှာ ရွာတံခါး ဆီမှ လာခြင်းဖြစ်၍ သူတို့က နားစွင့်နေ ကြခြင်း ဖြစ်သည်။ သံုး ချက်တိတိ ချွန်သော
အမှတ်အသား မှာ သူတို့သတင်းပေး တစ်ယောက် ရွာကို လာသော အမှတ်အသား ဖြစ်လေသည်။ တခဏ အကြာမှာပဲ ရွက်ဖျင်တဲ
ထဲသို့ လူတစ်ယောက် အမောတကော ဖြင့် ပြေးဝင်လာသည်။ ထိုသူမှာ သွေးများစိုရဲက
ွှာ တစ်ကိုယ်လုံး စုတ်ပြတ်နေလေသည်။
ထိုသူက ဒဏ်ရာများ ပြည့်နှက်နေသည့်တိုင် စိတ်တင်းကာ ဝင်လာခြင်းဖြစ်သည်။

ပိုင်လုံမှာ ထိုသူကို မြင်သော် အံ့သြကာ အော်လိုကမ


ိသည်။
" ဟာ လောက်အင်း... ဘယ်လိုဖြစ်တာလဲ "

မှန်ပေသည်။ ထိုသူမှာ လောက်အင်း ဖြစ်သည်။ ခိုင်ဖုန်းမှာ ထွက်လာသော လောက်အင်း မှာ အဘယ်ကြောင့် ဒဏ်ရာများ
ရလာသနည်း။ လောက်အင်းက ပိုင်လုံ ကိုတွေ့သော် အရေးကြီးနေသော လေသံဖြင့်
" ဂိုဏ်းချုပ်ကြီး ခိုင်ဖုန်းကို မြန်မြန်သွား... တောင်ပင်လယ်ဂိုဏ်းက ကိုယ်ရံတော် ငါးယောက်က ကျနော်တို့ အစောင့်ချထားတဲ့
နေရာတွေကို ကွေ့ပတ်ပီး ခိုင်ဖုန်းကို သိမ်းပိုက်ဖို့သွားကုန်ကြပီ... သူတို့က အာမခံဌာန လိုဝတ်စားပီး ရုပ်ဖျက်သွားကြ တယ် "

ပိုင်လုံ က ကြောင်သွားကာ


" ဟာ.. ဘယ်လိုဖြစ်တာလဲ ဒီလောက် ကင်းပုန်းတွေချထားရဲ့သားနဲ့ "

" အကုန်အသတ်ခံရပီ ဂိုဏ်းချုပ်ကြီး ကျနော် တောင် အပြေးသန်လွန်းလို့ ဒီပြန်ရောက် လာတာ သူတို့က ခိုင်ဖုန်းမြို့ နား ရောက်နေပီ
မြို့ တွင်းကို တိုက်ခိုက်ဖို့တော့ အချိန်လိုအပ်ဦးမယ် ထင်တယ် "
ဟု လောက်အင်း က ပြောလိုက်သည်။
ပိုင်လုံက သက်ပြင်းချကာ
" ဒီကိုလဲ ကျောက်ယွင်ကျဲ က လာတိုက်မယ် လို့ သတင်းရထားတယ် ငါတို့ ဘယ်လို လူစုခွဲကြမလဲ ခိုင်ဖုန်းကတော့ စစ်တပ်ရှိလို့
ခုခံနိုင်မှာပါ ဒီမှာကတော့ ကျောက်ယွင်ကျဲ ကို တားဆီးဖို့ သိုင်းသမားတွေ ရှိမှရမယ် "

လောက်အင်း က သတိရသွားကာ
" ဒါနဲ့ ဂိုဏ်းချုပ်ကြီး ဟိုမှာ သခင်လေးတွမ့် ကျန်ခဲ့တယ်... သူ့ကို ကျနော် တံဆိပ်ပြား ပါ ပေးထားခဲ့တယ် "

ပိုင်လုံမှာ အခုမှပင် ပြုံးနိုင်သွားကာ


" ဒါဆိုရင်တော့ ခိုင်ဖုန်းကို စိတ်ချရပီ... ငါ့ညီတွမ့် ရှိနေတဲ့နေရာက အလုံခြုံဆုံးပဲ ဟိုကိုယ်ရံတော်ဆိုတာတွေ သူ့လက်ချက်နဲ့
ခွေးပြေးဝက်ပြေး ပြေးရလိမ့်မယ် "

ကျန်သိုင်းသမားကြီးမှာလဲ ခေါင်းငြိမ့်ကာ ပိုင်လုံကို ထောက်ခံလိုက်ကြသည်။


" တွမ့်ဆိုတာ တာ့လီက မင်းသားလေးတွမ့် မလား အဖွဲ့ချုပ်ကြီး... သူက ရှောင်လင်ရဲ့ လော့ဟန်သိုင်းကွက်ကိုတောင် ဖြိုခွဲ နိုင်တယ်လို့
သတင်းထွက်သေးတယ်... သူရှိနေမှတော့ ခိုင်ဖုန်းက လုံခြုံမှာပါ ကျနော်တို့လဲ ကျောက်ယွင်ကျဲကို အပြတ်ရှင်းနိုင်မှဖြစ်မယ် "

သူတို့က ခိုင်ဖုန်းမြို့ အကြောင်း မတွေးတော့ ချေ။ ကျောက်ယွင်ကျဲ၏ ထိုးစစ်ကို ခုခံရန်သာ ပြင်နေကြတော့သည်။ ပိုင်လုံမှာ
လောက်အင်းကိုဆေးကုရန် ခေါ်သွားစေ သည်။ သူကိုယ်တိုင်ကတော့ သိုင်းသမားများ ကို ခွေးရိုက်တုတ် ပူးပေါင်းကွက်ကို
အသုံးပြုနိုင်စေရန် လူနေရာ အခင်းအကျင်း စီမေ
ံ နလေသည်။

ခိုင်ဖုန်းမြို့ ကြီး....
ခိုင်ဖုန်းမြို့ ကြီးမှာ အရင်လို စည်ကားနေဆဲပင် ဖြစ်သည်။ သို့သော် မြို့ အဝင် ဂိတ်ပေါက် များတွင် အစစ်အဆေး ရှိနေသည်ကတော့
လေးရက်နီးပါး ရှိနေပီ ဖြစ်သည်။ မြို့ စောင့် တပ်မှာ တပ်မှူးနှင့် တပ်သားများမှာ မြို့ ထဲ လူအဝင်အထွက် ကို သေချာစစ်ဆေးနေကြ
သည်။ သိုင်းသမားပုံစံပေါက်သော သူများမှာ အစစ်အဆေးခံကြရသည်။ လူအစုအဝေးနှင့် မြို့ ထဲဝင်လိုသူတို့မှာလဲ အရှာအဖွေခံရ
သေးသည်။

မြို့ ပြင်ရှိ တောအုပ်လေးထဲတွင် အာမခံဌာန တစ်ခုမှ သိုင်းသမားများမှာ စခန်းချနေကြ သည်။ ထိုအာမခံဌာန မှာ မြို့ ထဲ ဝင်လို သော်လဲ
မြို့ စောင့်တပ်က အစစ်အဆေးကြမ်း သဖြင့် မဝင်နိုင်ဖြစ်နေသည်။ သူတို့လို တခြား အာမခံဌာန များကတော့ အစစ်ခံကာ
ဝင်သွားကြလေပီ သူတို့ကတော့ မဝင်နိုင်ချေ။ အဘယ်ေ့ကြာင့်ဆိုသော် သူတို့က သူတို့သယ်လာသော ပစ္စည်းများကို
အစစ်မခံနိုင်သောကြောင့် ဖြစ်သည်။ သူတို့က ယမ်းထုပ်များကို အများအပြား သယ်ဆောင်လာရာ မြို့ စောင့်တပ် မှာ
ထိုပစ္စည်းသယ်လာသည်ကို သိပါက ဖမ်းချုပ် ပစ်မည်မှာ အသေအချာပင်။

ထိုအထဲမှာ ခေါင်းဆောင်ဖြစ်ဟန်တူသူ ပုပြတ်ပြတ်နှင့် အဘိုးကြီးက စိတ်ရှုပ်ဟန်ဖြင့်


" ဘယ်လိုလဲကွ နံပါတ်ငါး... မင်းပြောတော့ ခိုင်ဖုန်းမြို့ စောင့်တပ်က အာပလာပါဆိ.ု .. အခုတော့ ဘယ်လိုဖြစ်တာလဲ ငါတို့
တစ်ရက်တိတိ ထိုင်စောင့်နေတာတောင် သူတို့က စစ်ဆေးနေတုန်းပဲ... "

နံပါတ်ငါးဆိုသူ က မျက်နှာမဲ့ကာ
" အရင် ခိုင်ဖုန်းမြို့ စောင့်တပ်က ဒီလိုမဟုတ်ဘူး... တစ်ခုခုတော့ မှားနေပီ နံပါတ်တစ် "

နံပါတ်တစ် က သက်ပြင်းချကာ
" ဟိုလြတ္သြားတဲေ
့ ကာင်က ပိုင်လုံကို သတင်းပေးမှာ အသေချာပဲ မတော်ရင် ငါတို့ နှစ်ဖက်ညှပ်တိုက်ခံရဦးမယ် "
ဟု ပြောလိုက်သည်။

ထို့နောက် ခဏမျှ စဉ်းစားနေရာမှ ဂတုံးပြောင်နေသော လူဘက်လှည့်ကာ


" နံပါတ်နှစ.် .. မင်းသခင်လေးဆီ အမြန်သွား ပီးတော့ အဲ့ချွမ်းကျားကျေးရွာကို ဝင်တိုက်ခိုင်း လိုက်တော့ ပိုင်လုံက ငါတို့ဆီကို လူစုခွဲပီး
လိုက်လာမယ်ဆိုရင် ဟိုမှာ အင်အားနည်း မှာပဲ ဒါဆို အလွယ်တကူနဲ့ သိမ်းပိုက် လို့ရမှာ " ဟု ပြောလိုက်သည်။

နံပါတ်နှစ် ဆိသ
ု ဂတုံးကြီးက ပြုံးကာ
" ကောင်းပီ နံပါတ်တစ် "
ဆိုကာ ပြေးထွက်သွားတော့သည်။

နံပါတ်တစ်က ကျန်လူသုံးယောက် ဘက်ကို လှည့က


်ာ
"ငါတို့ကတော့ ဒီည မြို့ ထဲရအောင် ဝင်မယ် ကြည့်ရသေးတာပေါ့ ပိုင်လုံရာ မင်းပဲ တားနိုင်မလား ငါတို့ပဲ လက်သွက်မလား ဆိုတာ.... "
ဟု ကြိမ်းဝါးလိုက်သည်။
ဓားကို ပိုက်ကာ ငိုက်နေသော အစိမ်းရောင်ဝတ် နံပါတ်သုံး နှင့် ဥပဓိရုပ်ကောင်းကာ ကုန်သည်ရုပ် ပေါက်နေသောသူ နံပါတ်လေး တို့
နှစ်ယောက်မှာ နံပါတ်တစ် စကားကြောင့် ခေါင်းငြိမ့်ပြလိုက် လေသည်။ နံပါတ်ငါးဆိုသူ ကသာ ခိုင်ဖုန်း မြို့ စောင့်တပ်၏ ပြောင်းလဲမှုကို
တွေးနေကာ စိတ်ထင့်နေ လေသည်။ သို့သော် သူက ဘာမျှတော့ မပြောချေ။ နံပါတ်တစ်မှာ သူ့ကို အမြင်မကြည်သေးသည်
မဟုတ်ပါလား။ သူတို့ငါးယောက်တွင် နံပါတ်တစ်မှာ သိုင်းပညာအကောင်းဆုံးဖြစ်ပီး ခေါင်းဆောင် ဖြစ်သဖြင့် သူက မဆန့်ကျင်ရဲချေ။

လမသာ လေမတိုက် ပူအိုက်သော လမိုက်ည တစ်ည ....


တွမ့်ကျန်းယွမ် မှာ အိပ၍
် လဲမရ အရက်လဲ မသောက်ချင်၍ မြို့ ရိုးပေါ်တက်ကာ လေညှင်းခံ လမ်းလျှောက်နေလေသည်။ သို့သော်
လမိုက်ညက သူ့ဘက်မပါချေ။ မြို့ ရိုးပေါ် တက်ကာလျှောက်နေသည့်တိုင် လေတဟူးဟူး မတိုက်သဖြင့် သူ့မှာ စိတ်ပျက်နေရသည်။
သူက မတတ်သာ သဖြင့် ကိုယ့်အားကိုယ်ကိုး ကာ ကျောက်စိမ်းယပ်တောင်ကို ဖွင့်ပီး ယပ်ခတ် နေလေသည်။

ထိုစဉ်မှာပင် မြို့ ရိုးပေါ်သို့ လှုပ်လှုပ်ရွရွ အရိပ်မဲ လေးခု တက်လာလေသည်။


အရိပ်များမှာ ခိုးကြောင်ခိုးဝှက် တက်လာရာမှ အပေါ်ရောက်သောအခါ ရုတ်တရက် ယပ်တောင်ခတ်နေသော လူငယ် တစ်ယောက်ကို
မြင်လိုက်ရသဖြင့် အံ့သြ သွားလေသည်။

ထို့အတူ တွမ့်ကျန်းယွမ် မှာလဲ ရုတ်တရက် အမဲရောင်ဝတ်ဆင်ထားသော လူလေးယောက် ကို မြင်သဖြင့် ကြောင်သွား လေသည်။
ထိုလူလေးယောက် က တွမ့်ကျန်းယွမ် မှန်းသိသွားသဖြင့် စိတ်ပျက် ကာ သက်ပြင်းချမိကြသည်။ သူတို့မှာ ပိုင်လုံ လိုက်လာမည်စိုးသဖြင့်
မြို့ ထဲ ခိုးဝင်ကာမှ ပိုင်လုံထက် ကြောက်စရာကောင်းသော သူနှင့် တည့်တည့်တိုးချေပီ။

တွမ့်ကျန်းယွမ် က ထိုလူများကို မှတ်မိသော အခါ ပြုံးလိုက်လေသည်။


" အလို... မိတ်ဆွေဟောင်းတွေပါလား မြို့ ထဲကို ခိုးကြောင်ခိုးဝှက် နဲ့ ဘာလာ လုပ်ကြတာလဲ.... မဟုတ်မှလဲေ
ွ ရာ ယမ်းထုပ်နဲ့
လာဖောက်ခွဲတာလား "

ကိုယ်ရံတော် လေးယောက်မှာ မျက်နှာ ကွက် ခနဲ ပျက်သွားကြပီး တစ်ယောက်ကို တစ်ယောက်ကြည့်မိကြသည်။ သူတို့ထဲမှ လူ


သုံးယောက်မှာ ဤလူကို မြင်ဖူးသည်။ဤလူမှာ သိုင်းပညာတင် ကြောက်စရာ ကောင်းအောင် တော်သည်မဟုတ်
အတွေးအခေါ်လဲကောင်းသည်။ သူတို့က စိတ်ပျက်သွားလေသည်။ ဤလူကို မရှု့မလှ ရှုံးနိမ့်ဖူးသူ နံပါတ်လေးမှာ ပိုဆိုးသည်။
သူ့ဘဝတွင် အမုန်းဆုံးသူမှာလဲ ဤလူ ဖြစ်သလို အကြောက်ဆုံးသူမှာလဲ ဤလူ ဖြစ်သည်။ သူက စိတ်ဓာတ်ကျကာ နံပါတ်ငါး
အနောက်သို့ ကွယ်နေလိုက်သည်။ နံပါတ်သုံး နှင့်နံပါတ်တစ် ဖြစ်သူတို့ကမူ တစ်ချိန်ချိန်တွင် ဤလူနှင့် ရင်ဆိုင်ရနိုင်သည်ဟု တွေးထားပုံ
ရကြသည် ထင်၏။ သူတို့က သိပ်ပီး မတုန်လှုပ်ချေ။ နံပါတ်ငါး ကတော့ ဤလူကို မသိသလို အထင်လဲ မကြီးချေ။ သူက
ပေစောင်းစောင်း ကြည့်ကာ အေးဆေးဖြစ် နေသည်လေ။

နံပါတ်တစ် ဖြစ်သူ လီကျင့်ဝမ်က ဟန်ဆောင်ပြုံးကာ


" ဘယ်လိုလဲ မင်းသားလေးတွမ့်.... တာ့လီနဲ့ ပြည်မ နဲ့က နိုင်ငံမတူကြပါဘူး... ဘာကြောင့် အသက်ပေးပီး ကာကွယ်ချင်နေရတာလဲ "
ဟု မေးလိုက်သည်။

တွမ့်ကျန်းယွမ် က လီကျင့်ဝမ် ၏ စကားကိုကြားသော် ရယ်လုက


ိ ကာ
" ကျုပ်က အသက်ပေးပီး မကာကွယ် ပါဘူးဗျာ... ခင်များတို့ လေးယောက်ကို တားဆီးတာဟာ ကျုပ်အသက်ကို မထိခိုက်စေနိုင်ပါဘူး...
ကျုပ်အနေနဲ့ ပြည်မ ကို ကာကွယ်ပေးတာက အိမ်နီးချင်း နိုင်ငံကို တတ်နိုင်သမျှ စောင်ေ
့ ရှာက်တာပဲ ရှိတာပါ အိမ်နီးချင်းနိုင်ငံမှာ
ဘုရင်ကောင်း ရှိမှ ဘေးက နိုင်ငံတွေက မကျူးကျော်ခံရပဲ အေးချမ်းမှာပဲလေ "
ဟု ဖြေလိုက်လေသည်။

လီကျင့်ဝမ် က ထိုစကားကြောင့် မခံနိုင်ဖြစ်ကာ အကြံအိုက်သွားသော်လဲ လက်မလျှော့ပါ။


" ဒီလိုဆို ကျုပ်က မင်းသားလေးကို ကျုပ်တို့ ဆရာကြီးသံုး ယောက်နဲ့ တွေ့ဆုံဖို့ စီစဉ်ပေးပါမယ်... သူတို့နဲ့ ဆွေးနွေးလိုက်မယ် ဆိုရင်
မင်းသားလေးအတွက် အကျိုးအမြတ် ဖြစ်မှာပါ... အခုတော့ ကျုပ်တို့ကို မမြင်ချင်ယောင်ဆောင်ပေးပါလား "

တွမ့်ကျန်းယွမ် က ခေါင်းခါကာ
" မဖြစ်နိုင်ဘူး... တကယ်တမ်း လက်တွေ့ကျကျ စဉ်းစားကြည့်ရင် ခင်များတို့ ဆရာကြီး သုံးယောက်ထဲက ဘယ်သူမှ ပြည်မ
လက်ရှိဘုရင်ကို ပုန်ကန်နိုင်တဲ့ စစ်အင်အား မရှိကြဘူး... ခင်များတို့က မြို့ ကြီးသုံးမြို့ ကို ဖောက်ခွဲ သိမ်းပိုက်ပီး တစ်စုံတစ်ယောက်
အတွက် ပွဲလန့်အောင် လုပ်ပေးကြတာပဲ... အဲ့ဒီလူဟာ ဒီကိစ္စကို အကြောင်းပြုပီး လက်ရှိ ဘုရင်ဆီက နန်းဆက်ခံခွင့် ကို ရအောင်ယူ
လိမ့်မယ်... ဒီလိုနဲ့ ဘုရင်နေရာကို လူပြောင်းဖို့ ကြံစည်နေကြတာ... ဒါကို ကျုပ်က မတာဆီးရင် လူယုတ်မာ တစ်ယောက် က
ဘုရင်အဖြစ် တက်လာမှာပေါ့ဗျ... "
လီကျင့်ဝမ် က သက်ပြင်းချကာ
" လက်ရှိအိမ်ရှေ့စံကလဲ ထက်မြက်တဲ့ ဘုရင် ဖြစ်မလာနိုင်ပါဘူး... ဆယ်နှစ်သားက ဘုရင် ဖြစ်လာရင် ဘာကောင်းတာရှိလို့လဲ "
ဟု ပြန်မေးလိုက်သည်။

တွမ့်ကျန်းယွမ် က ပြုံးလိုက်ကာ
" ဒါတော့ ကျုပ်အလုပ်မဟုတဘ
်ူး... ကျုပ်သိတာကတော့ ခင်များတို့လို လူ့အသက်ကို တန်ဖိုးမထားပဲ လုပ်ချင်ရာ လုပ်တဲ့သူတွေ
တင်တဲ့ ဘုရင်က ပိုဆိုးမယ် ဆိုတာပဲ "

တွမ့်ကျန်းယွမ် က ဆုံးဖြတ်လိုက်ပုံရကာ
ယပ်တောင်ကို သိမ်းလိုက်သည်။
" ကဲ အချိန်တွေကြာပါတယ်ဗျာ... ကျုပ်ကို ကျော်နိုင်ရင် သွားကြပေါ့ "
ဟု ပြောလိုက်ေ

#မိုးထိတောင်သိုင်းသမား #ZYN
အခန်း (၂၆) အပိုင်း လေး
ရှုပ်ထွေးပွေလီသော

လီကျင့်ဝမ် မှာလဲ ရှောင်မရတော့ပီ ဖြစ်၍ ဘာမှမပြောတော့ချေ။ နံပါတ်ငါး ဖြစ်သူ မော်ရိဟွာ ကတော့ ယခု မင်းသားလေးတွမ့် ကို
သိုင်းထိပ်သီး အဆင့်တစ် တွမ့်ကျန်းယွမ် မှန်းမသိပါ။ သူက အထက်စီးမှ ပြောနေ သည်ကို အမြင်ကတ်နေလေသည်။ ထိုကြောင့်
တွမ့်ကျန်းယွမ် က စိန်ခေါ် လိုက်သော် ချက်ချင်းပင် လက်သီးဖြင့် ပြေး ထိုးလေသည်။

တွမ့်ကျန်းယွမ် က ရယ်လိုက်ကာ
" ဟုတ်ပီ ခုံတုံဆရာကြီး ခင်များရဲ့ မီးခဲလက်သီးက တိုးတက်လာသားပဲ "
ဟု ပြောလိုက်လေသည်။

တွမ့်ကျန်းယွမ် က မော်ရိဟွာ၏ လက်သီးကို ရှောင်လိုက်သော် ဘေးမှ လီကျင့်ဝမ် က ဓားဖြင့် ပက်လိုက်လေသည်။ သူက ရုတ်တရက်
မို့ လန့်သွားသော်လဲ ရှောင်လိုက် နိုင်သည်။ သို့သော် လွတ်ထွက်သွားသော နေရာကို နံပါတ်သုံး ပိုင်ချုန်းရန် က ဓားဖြင့် ပိတ်ဆို့လိုက်ရာ
တွမ့်ကျန်းယွမ်မှာ မရှောင် နိုင်တော့ချေ။ သူက ထိုအခြေအနေကို သတိထားမိသွားလေပီ။ ဤလူသုံးယောက် မှာ သူ့ကိုတစ်ပြိုက်နက်ထဲ
တိုက်ခိုက်ပေ တော့မည်။ သူတို့၏ သိုင်းပညာမှာ တစ်ဦးချင်းစီ ဆိုရင် တွမ့်ကျန်းယွမ်ကို လုံးဝ မယှဉ်နိုင်ပေ။ ယခုလို
ပေါင်းတိုက်လိုက်သော် တွမ့်ကျန်းယွမ် မှာ ရုတ်တရက် ပိတ်မိလေပီ။ နံပါတ်သုံး က တိုက်ခိုက်နေရာမှ နံပါတ်လေးကို
လှမ်းအော်လိုက်သည်။
" နံပါတ်လေး... လာတိုက်လေ... ဘာကြောင် နေတာလဲ ခင်များက ဒီထက်ကောင်းတဲ့ အခွင့်အရေး ရှိမယ် ထင်လို့ စောင်ေ
့ နတာလား "

ထိုစကားကို ကြားမှ နံပါတ်လေး မုယုံဖူ မှာ တွမ့်ကျန်းယွမ် ဖောက်ထွက်နိုင်မည့် အပေါ်ဘက်ကို ခုန်ဝင်ကာ စုတ်တံဖြင့်
ထိုးလိုက်လေသည်။ တွမ့်ကျန်းယွမ် မှာ ဓားနှစ်ချောင်း အပြင် လက်သီးက ပိတ်ဆို့ နေသဖြင့် အပေါ်ကိုခုန်ရန် ပြင်လိုက်ရာ အပေါ်တွင်
စုတ်တံက အုပ်မိုးကျလာသဖြင့် မခုန်နိုင်တော့ချေ။ သူက မရှောင်နိုင်တော့ပဲ ခုခံကွက်များသာ ထုတ်လိုက်ရသည်။ ရှောင်းယောင်
လက်ဝါးသိုင်း မှာ လူအများ ဝိုင်းတိုက်သည်ကို ခုခံနိုင်သော သဘာဝရှိ သဖြင့် တော်သေးသည်။ သူ့ကိုဝိုင်းတိုက်သူ လေးယောက်မှ
နယ္နယ္ရရ မဟုတေ
် ချ။ အဆင့်မြင့်သိုင်းသမားများသာ ဖြစ်ရာ သူကြို ကိုးစားခုခံနေရသည်။ အကွက်ပေါင်း ငါးဆယ်ကျော်သော်
ကိုယ်ရံတော်များမှာ စိတ်မရှည်ကြတော့ပေ။ ဤလူကို အချိန်ဆွဲ တိုက်ပါက သူတို့သာမောပန်းနိုင်ပေမည်။ ဤလူမှာ ပြိုင်ဘက်ကင်း
အတွင်းအားရှိသူ ဖြစ်၍ မမောနိုင်ချေ။ ယခုပင် သူတို့ကို ချေဖျက်ရုံသာ ခုခံနေသည်။ အစွမ်းကုန် မတိုက်သေးချေ။

နံပါတစ်မှာ စိတ်မရှည်တော့ပါ။ သူက သူ၏ အစွမ်းအထက်ဆုံး သံမဏိ ဓားလက်ဝါး ဓားကွက်များ ကို ထုတ်သုံးတော့လေသည်။
ထိုကြောင့် ကျန်သူများမှာလဲ သူတို့၏ အစွမ်းအထက်ဆုံး သော သိုင်းကွက်များကို တစ်ပြိုက်နက် ထုတ်သုံးကာ
တိုက်ခိုက်လိုက်ကြတော့သည်။ ဓားနှစ်ချောင်း လက်သီးနှစ်လုံးနှင့် စုတ်တံ တို့က အရိပ်များခွဲဖြာကာ အရပ်လေးမျက်နှာ စလုံး
ရေပက်မဝင်အောင် တိုးဝင်သွား လေသည်။ တွမ့်ကျန်းယွမ် မှာ သူ့ဆီတိုးဝင် လာသော အတွင်းအားနှင့် သိုင်းကွက်များ၏ အရှိန်ကို
ဖြုံသွားလေသည်။ ဤလူ လေးယောက်၏ ပူးပေါင်းတိုက်ကွက်မှာ လော့ဟန်သိုင်းကွက် ထက် တစ်ဆင့်သာ နိမ့်ကျပေသည်။
အတွင်းအားအရှိန်က အရမ်းကို ပြင်းထန်ကာ သူ့ကို ထိပါက ပေမိန်နတ်သိုင်း နှင့်ပင် စုပ်ယူ၍ ရမည် မဟုတ်ချေ။ ဓားနှစ်လက်မှာ သူ၏
လက်နှစ်ဖက်နှင့် ရင်ဘတ်ကို ဖောက်ထွက် နိုင်ပီး စုတ်တန
ှံင့် လက်သီးနှစ်လုံး မှာလဲ ထို့နည်းတူပင် ဖြစ်သည်။ ထို့အပြင် အပူလှိုင်း
အတွင်းအားသုံးသူ သုံးယောက်ပါရှိနေရာ သူ့မှာ ပူအိုက်လွန်းသဖြင့် ချွေးတဒီးဒီးကျ နေရလေသည်။ သူက ရှောင်းယောင် လက်ဝါးကို
သုံးနေရာမှ နဂါးနိုင်လက်ဝါးသိုင်း ကိုပြောင်းလဲသုံးစွဲကာ ခုခံလိုက်ရသည်။ အတွင်းအားကိုလဲ တစ်ဝက်ခန့်သုံးနေရာမှ လေးပုံး သုံးပုံ
အထိတိုးမြှင့်လိုက်ရလေသည်။

တိုက်ပွဲမှာ အကွက်ပေါင်းတစ်ရာကျော်လေပီ။
မြို့ ရိုးပေါ်မှ တိုက်ခိုက်နေကြသူ ငါးယောက် မှာ ပြင်းထန်စွာ တိုက်ခိုက်နေကြသဖြင့် ထိုနားတစ်ဝိုက်မှာ မာန်သွင်းသံများ လေတိုးသံများ
ဖြင့် ဆူညံနေလေသည်။ ထို့ကြောင့် ထိုနေရာသို့ စစ်သားများနှင့် မြို့ စောင့်တပ်မှ တပ်မှူးပါ ရောက်ရှိကာ ကြည့်နေကြသည်။
စစ်သားများက လေးများနှင့် ချိန်ကာ ဝိုင်းထားကြသည်။ တပ်မှူးက စိတ်မချစွာဖြင့် တွမ့်ကျန်းယွမ် ကို ကြည့်နေလေသည်။ ထိုသူမှာ
မိမိနှင့် မြို့ စားမင်းကို အကူအညီပေးသူ ဖြစ်သဖြင့် ဒဏ်ရာမရစေချင်ပေ။ ထိုသူ၏ သတင်း ပေးမှုနှင့် စီမံချက်ကြောင့် မြို့ စောင့်တပ်နှင့်
လူအဝင်အထွက် စစ်ဆေးနိုင်လေသည်။ ထိုကြောင့် သူက မပစ်ခိုင်းပဲ ချိန်ရုံသာ ချိန်ထားစေခြင်း ဖြစ်သည်။ ဤလူမှာ မျိုးရိုးကလဲ
မြင့်လွန်းနေသည်လေ။ တစ်ခုခု အဖြစ်မခံ နိုင်ချေ။

လီကျင့်ဝမ် မှာ တိုကခ


ိုက်နေရင်းနှင့် ဘေးဘီကို ကြည်မ
ိ့ရာ သူတို့အခြေအနေ မဟန်ကြောင်း သိလိုက်ရသည်။ သူအနေဖြင့်
အဖမ်းတော့ မခံနိုင်။ သေကာမှ သေရော စွန့်စားရန် ကြံလိုက်တော့သည်။ သူက ကျန်လူများကို အချက်ပြလိုက်ရာ အကုန်လုံး ကလဲ
အခြေအနေကို သိသွားကြသည်။ သူတို့အားလုံးမှာ စိတ်တူကိုယ်တူပင်။ သူတို့က တွမ့်ကျန်းယွမ် ကို ပိတ်ဆို့ ဖမ်းဆီးရန်
စိတ်ကူးလိုက်ကြသည်။ ဓားခံလုပ်ကာ ထွက်ပြေးရန် ကြံကြခြင်းပင်။ သူတို့အဖို့ ထိုလမ်းကသာ အသက်ရှင် နိုင်ဦးမည်။
လေးသည်တော်များထံမှ ထွက်ပြေးရန် မဖြစ်နိုင်ချေ။ သူတို့က အဝင် အထွက် ညီညြီိ ဖင့် ပိတ်ဆို့ နေကြသည်။ သူတို့လေးဦးမှာ တစ်ခါမှ
ယခု ကဲ့သို့ တက်ညီလက်ညီ ကြိုးစားဖူးခြင်း မရှိသော်လဲ သေရေးရှင်ရေးကြောင့် အစွမ်းကုန် ကြိုးစားနေကြလေသည်။

သို့သော် သူတို့ရင်ဆိုင်ရသူမှာ တစ်ခြားသူ မဟုတ်ချေ။ သိုင်းလောက ပထမဟု ဆိုနိုင် လောက်အောင် သိုင်းတော်သူဖြစ်ရာ


မလွယ်ရေးချ မလွယ်ချေ။ တွမ့်ကျန်းယွမ် မှာလဲ ထိုသူ လေးယောက်၏ သိုင်းကွက်က သူ့ကို လော့ဟန် တုတ်သိုင်းကဲ့သို့ ပိတ်ဆို့
နေသဖြင့် စိတ်ညစ်လာလေသည်။ သူက သူ့ကို ပြိုင်နိုင်သူ မရှိတော့ပီဟု အထင်ကြီး နေရာ ရှောင်လင်မှ ထွက်ထွက်ချင်းပင်
အသေအကျေ တိုက်ခိုက်နေရသဖြင့် ပို၍ စိတ်ပျက် နေခြင်းဖြစ်သည်။ ထို့ကြောင့် သူက ပွဲသိမ်းရန် ကြံလိုက်တော့သည်။ သူအသစ်
တီထွငထ
်ားသော ပေါင်းစပ်ကွက် ကို သုံးရန် ပြင်လိုက်သည်။ ထိုအကွက်မှာ ရှောင်းယောင် အတွင်းအားများကို နဂါးနိုင်လက်ဝါး
သိုင်းတွင် ပေါင်းစပ် ထည့်သွင်းခြင်း ဖြစ်ရာ အလွန်တရာ ပြင်းထန်လွန်းသည်။ အမာစားသိုင်းပညာ ၏ ဖြစ်တန်စွမ်း နောက်ဆုံးအဆင့်ဟု
ဆိုနိုင်သည်။

သူက အသက်ကိုတစ်ဝကြီးရှုသင
ွ်း လိုက်သည်။ ထို့နောက် လက်နှစ်ဖက်ကို ခပ်ကြမ်းကြမ်းဝှေ့ယမ်းကာ ခတ်ထုတ် လိုက်သည်။
ဝိုင်းတိုက်နေသူ လေးယောက် မှာ ခတ်ထုတ်လိုက်သော အရှိန်ကြောင့် အနည်းငယ် ဆုတ်လိုက်ကြရသည်။ သူက
ထိုခဏလေးအတွင်းမှာပင် ချက်အောက်နား နေရာမှ အားလှိုင်းကို လက်ဝါးနှစ်ဖက်ကို ရွေ့ပြောင်းလိုက်ပီး သူ့တွင်ရှိသမျှ
ရှောင်းယောင်အတွင်းအား ဆယ်ပုံ ကိုးပုံကို ထည့်သွင်းကာ ရိုက်ထုတ်လိုက်တော့သည်။ သိုင်းကွက်ဟန်က မာနနဂါး၏နောင်တ ။
ထိုအတွင်းအားလှိုင်းများက ဝုန်း ခနဲ နဂါးကြီး နှစ်ကောင်လိုပင် လက်ဝါးနှစ်ဖက်မှ ထွက်လာကာ ဝိုင်းတိုက်နေသူ လေးယောက် ဆီ
ပြေးဝင်သွားတော့သည်။

ထိုသူလေးယောက်မှာ အခြေအနေမဟန် သည်ကို သိသော် အံကြိတ်ကာ သူတို့တွင် ရှိသမျှ အတွင်းအားအကုန်အစင်သုံးကာ


ခုခံလိုက်ရတော့သည်။
" ဝုန်း.... ဝေါ.... "
တော်လဲသံ ကဲ့သို့ အသံကြီးမြည်လာကာ အနားရှိ လေးသည်တော်များမှာ အတွင်းအား အရှိန် ဟပ်ပီး လွင့်စင် ကုန်ကြသည်။ မြို့ ရိုး
ပေါ်ရှိ ပြသဒ်ပြအိုးများမှာ အရှိန်ဟပ်ကာ အစိတ်စိတ်ကွဲကြေကုန်သည်။ ထိုနေရာ တစ်ဝိုက်မှာ ရာစရာပင် မရှိချေ။ မုန်တိုင်း
တိုက်ခတ်သွားသည့်အလား အရာရာသည် အက်ကွဲနေလေသည်။

တွမ့်ကျန်းယွမ် က အားအင် ကုန်ခန်းပီး မောပန်းသလို ခံစားလိုက်ရကာ အနားရှိ မြို့ ရိုး တံတိုင်းကို လှမ်းကိင
ုလိုက်ရသည်။ သူက
အတွင်းဒဏ်ရာ မရသော်လဲ မျက်စိများ ပြာဝေကာ မောဟိုက်သွားသည်။ သူသုံးလိုက်သော အတွင်းအားမှာ အလွန် များပြားသည်။
ထို့ကြောင့် အားကုန် သွားသလို ဖြစ်သွားခြင်းဖြစ်သည်။

စစ်သားများနှင့် တပ်မှူးမှာ တွမ့်ကျန်းယွမ် ကို သရဲသဘက် ကဲ့သို့ ပြူးကြောင်ကာ ကြည့်နေမိတော့သည်။ သူတို့တစ်သက်


လူတစ်ယောက်ထံမှ ဤမျှ ပြင်းထန်သော အတွင်းအားလှိုင်း ထွက်ပေါ်လာမည်ဟု မထင်မှတထ
်ားချေ။ ထိုနေရာမှာ မြေငလျင်
လှုပ်သွားသကဲ့သို့ အကုန်ကြေမွ နေကာ တွမ့်ကျန်းယွမ် ၏ ခြေထောက် နှစ်ဖက်မှာလဲ ကြမ်းခင်းတွင် အနည်းငယ် နစ်ဝင်နေ လေသည်။
သူတို့က တစ်ဖက်ရန်သူ လေးယောက်ရှိနိုင်သော နေရာကို ကြည့်မိလိုက်သည်။ ထိုသူလေးယောက်မှာ မြို့ ရိုးပေါ်တွင် မရှိချေ။
ဘယ်ဆီသို့ ရောက်သွား လဲ မသိရချေ။
ထိုနေရာနှင့်နီးသော စစ်သားတစ်ယောက် က အံ့သြနေရာမှ မြို့ ရိုးအောက်သို့ အမှတ်တမဲ့ ကြည့်မိသွားသည်။ သူက မျက်လုံးကြီး ပြူး
သထက်ပြူးကာ အသံကျယ်ကြီးဖြင့် လှမ်းအော်လိုက်တော့သည်။
" ဟာ... အောက်မှာ ပြုတ်ကျနေပီ အကုန် မလှုပ်နိုင်တော့ဘူး... သေသွားကြပီလား မသိဘူး "

တွမ့်ကျန်းယွမ် က မူးဝေနေရာမှ စိတ်တင်းကာ တပ်မှူးဘက်လှည့်ပီး


" တပ်မှူးကြီး အဲ့လူတွေကို ကြည့်လိုက်ပါဦး မသေသေးရင် ဆေးကုပေးပီး ချုပ်ထား လိုကပ
်ါ... သူတို့က ပုန်ကန်သူတွေပဲ "
ဟု ပြောလိုက်သည်။

သူကတော့ မလှုပ်နိုင်ချေ။ ရိကျင့် အကြောပြောင်းနည်းဖြင့် ကုန်ခန်းသွားသော အတွင်းအားများကို ဖြည့်တင်း ကုစားနေရသည်။ သူက


တတ်နိုင်သမျှ ငြိမ်နေရပေမည်။

တပ်မှူးက ခေါင်းငြိမ့်ပီး တပ်သားများကို လက်ပြ အချက်ပေးလိုက်ရာ တပ်သားတစ်စု က အောက်ဆင်းပီး သွားသယ်လာကြသည်။


တစ်ခဏ အတွင်း တပ်သားများမှာ လူလေးယောက် ကို သယ်လာကြသည်။ တပ်မှူးက ယိုင်ထိုးနေသော တွမ့်ကျန်းယွမ် ကို
တစ်ချက်ကြည့်ပီး သူကုယ
ိ တ
ိုင်ပင် လူလေးယောက်ကို စမ်းသပ်ကြည့်လိုက် သည်။

သူက ခေါင်းယမ်းကာ
" နှစ်ယောက်ကတော့ ပွဲချင်းပီးပဲ... ကျန်တဲ့နှစ်ယောက်ကလဲ အသက်ရှင်ရုံပဲ ကျန်တော့တယ် သူတို့အကြောတွေ အကုန်
ပြတ်ထွက်ကုန်ပ.ီ .. ဒီတစ်သက်သိုင်းပညာ သုံးလို့ရမယ် မထင်တော့ဘူး မင်းသားလေး "
ဟု လှမ်းပြောလိုက်သည်။

တွမ့်ကျန်းယွမ် က သူမောဟိုက်နေသည်ကို မသိသာအောင် အသံထိန်းကာ


" ဟုတ်ပီ... ဆေးကုပီး ချုပ်ထားလိုက်ပါ...
ကျန်တာတော့ တပ်မှူးကြီးသဘောပဲ... ကျနော် ကတော့ နားလိုက်ဦးမယ် "
ဟု ပြောကာ ထွက်သွားဟန် ပြင်လိုက် သည်။

တပ်မှူးမှာ ဤမျှ ပြင်းထန်းသော အတွင်းအားဖြင့် ရိုက်မိသော်လဲ မသေသူ လူနှစ်ယောက်ကို ကြည့်ကာ လေပူ တစ်ချက်
မှုတ်ထုတ်မိတော့သည်။
" ဟူး... ဒီလူတွေက တစ်ကယ် မလွယ်ပါ့လားဟေ့...
မင်းသားလေး သာ မရှိရင် ငါတို့တော့ အကုန်သေမှာပဲ.... လာစမ်း ဒီပုပုအဘိုးကြီးနဲ့ ထောင်ထောင်မောင်းမောင်း လူလတ်ပိုင်းကို
သယ်ခဲ့ကြ... ပီးတော့ ဆေးဆရာ ပင့်ခဲ့ဦး... ကျန်နှစ်ယောက်ကိုတော့ သေချာစစ်ဆေးပီး မြေမြှပ်လိုက်တော့ "
ဟု တပ်သားများကို အော်ပြောလိုက်သည်။

တွမ့်ကျန်းယွမ် မှာလဲ ထိုစကားကိုကြားမိရာ မသေပဲ ကျန်နေသူမှာ နံပါတ်တစ် လီကျင့်ဝမ် နှင့် နံပါတ်သုံး ပိုင်ချုန်းရန် တို့မှန်း သိလုက
ိ
ရသည်။ မုယုံဖူ နှင့် မော်ရိဟွာ ကတော့ မိုက်ဇာတ်သိမ်းသွားလေပီ။ သူက သက်ပြင်း ချကာ မြို့ ရိုးပေါ်မှ လှေကားကို သေချာကြည့် ပီး
ဆင်းလိုကသ
် ည်။ သူ့အနေဖြင့်လဲ မလွယ်ပါ အတွင်းအား ကုန်ခန်းကာ မောပန်း နေသည်။ တစ်ရက်လောက် ကောင်းကောင်း နားကာ
ငြိမ်ငြိမ် နေရတော့မည်။ ထို့ကြောင့် အနောက်ကိုပင် လှည့်မကြည့်တော့ချေ။

#မိုးထိတောင်သိုင်းသမား #ZYN
အခန်း (၂၆) အပိုင်း ငါး
ရှုပ်ထွေးပွေလီသော

ခိုင်ဖုန်းမြို့ ...
ခိုင်ဖုန်းကတော့ လုံခြုံသွားလေပီ။ တွမ့်ကျန်းယွမ် မှာ ကိုယ်ရံတော် လေးယောက် ကို လေးယောက်တစ်ယောက် ယှဉ်ချကာ
နှစ်ယောက်ပင် သေဆုံးသွား လေသည်။ ထို့အပြင် ပိုင်လုံမှာလဲ ကျန်းနန် နယ်စပ်အထိ သွားကာ ကိုယ်တင
ို တိုက်ပွဲ ဝင်ရန်
စောင့်နေလေသည်။ ထို့ကြောင့် ခိုင်ဖုန်းမှာ လုံခြုံသည်။

ပေကျင်း...
ပေကျင်းသည်က နေပြည်တော်ဖြစ်၍ ပို၍ပင် လုံခြုံသေးသည်။ ဘုရင်၏ စစ်တပ် လဲ ရှိရာ အနားပင်ကပ်နိုင်မလွယ်ချေ။ ဘုရင်က
အစွန်းအဖျားနယ်စပ် ခွန်လွန်ကိုပင် စစ်တပ် နှင့် မင်စုထန်ကို ကာကွယ်စေသေးသည်။ ထို့ကြောင့် ပေကျင်းသည်က တည်ငြိမ်နေ
သည်။ သို့သော်လဲ နန်းတွင်းရေးမှာမူ မုန်တိုင်း မတိုက်ခင် ငြိမ်သက်မှုမျိုးဖြင့် ငြိမ်သက် နေခြင်းဖြစ်ကြောင်း သိသူက သိနေကြသည်။
အမတ်များ မျိုးနွယ်ကြီးများ ကုန်သည် သူဌေးများက မိမိတို့ ရည်ရွယ်ရာ သခင်နောက် သို့အသီးသီး ခိုဝင်နေကြသည်။ မကြာခင်
ဘုရင်နေရာမှာ အပြောင်းအလဲ ရှိနိုင်လေသည်။

လို့ရန်...
သို့သော် ထန်စံအိမ်၏ နယ်နမိတ်နှင့် နီးကပ်နေသော လို့ရန်မြို့ ကတော့ မလွယ်ပါ။ လို့ရန်ကို ကာကွယ်နေသော သိုင်းသမားများ နှင့်
မြို့ စောင့်တပ်မှာ မကြာခဏဆိုသလို ခြုံခို တိုက်ခိုက်ခံရ အဆိပ်ခတ်ခံရဖြင့် အသေ အပျောက်များ နေကြသည်။ ရန်သူကိုတော့
အကောင် အထည် မမြင်ရပဲ သေဆုံး နေကြရာ တစ်လအတွင်း လူတစ်ရာ ပြည့်တော့ ပေမည်။ မဟာမိတအ
် ဖွဲ့ မှ တာဝန် ရှိသူများ
ဖြစ်သော ဝူတန်ဂိုဏ်း ၊ အော့မေ နှင့် ဝါဆန်းမှာ ခေါင်းကိုက် နေကြသည်။ သူတို့သည်လဲ တစ်ဂိုဏ်းလုံး နီးပါးဆင်းကာ လာကာကွယ်
ကြရာ အထိအခိုက် ရှိနေကြပီဖြစ်သည်။

ဂိုဏ်းချုပ်ကြီး သုံးယောက်က ခေါင်းချင်းဆိုင် ဆွေးနွေးနေကြသည်။ ရသေ့ကြီး ကျန်းယွမ် ကတော့ စိတ်ပျက်ကာ ခေါင်းယမ်းလိုက်ပီး


" ကျုပ်တော့ စိတ်ပျက်လာပီဗျာ... လူလဲ မမြင်ရပဲ သိုင်းသမားတွေ သေနေတာ တစ်ရာ ပြည့်တော့မယ်... အဲ့ဒီ ထန်အိမ် က
လူယုတ်မာတွေကို ဓားနဲ့သာ ခုတ်သတ် ချင်မိတော့တယ်... ခက်တာက ရှာမတွေ့ဘူး အခုဆို ကျန်တဲ့သိုင်းသမားတွေလဲ အားလျော့ ပီး
ကြောက်လန့်ကုန်ကြပီ... ကျုပ်တို့ ဆက်ပီးရပ်တည်ဖို့ ခက်လာပီ... ဘယ်လိုလုပ်ကြမလဲ "
ဟု မေးလိုက်သည်။

အော့မေ့ဂိုဏ်းချုပ် ကျိုးမော့ က လဲ ခေါင်းငြိမ့်ကာ ထောက်ခံလိုက်ပီး


" ဟုတ်တယ် ကျမလဲ ဆက်ပီး သည်းမခံနိုင် တော့ဘူး... ကျမတို့ သိုင်းသမားတွေစုပီး ထန်ကျေးရွာကို သွားတိုက်ကြမလား "
ဟု အကြံတောင်းခံလိုက်သည်။

ဝါဆန်းဂိုဏ်းချုပ် ပိုင်ချုံးက မေ့စေ့ရှိ မုတ်ဆိတ်ကို တစ်ချက်သပ်ပီး စဉ်းစားကာ


" သူတို့နယ်မြေထဲရောက်ရင် ကျုပ်တ့ပ
ိုပီး အထိနာမယ်ထင်တယ်... အခုတောင် ကျုပ်တို့ပဲ ခံနေရတာ... "

ကျန်းယွမ် က စိတ်ပျက်သလို ခေါင်းယမ်းကာ


" မတတ်နိုင်တော့ဘူးလေ.... ဒီမှာဆက်ပီး နေလဲ ရန်သူက အကောင်အထည်မှ မမြင်ရတာ "
ဟု ပြောလိုက်သည်။

ကျိုးမော့ က စိတ်ပျက်ကာ သက်ပြင်းချလိုက် ပီး တံခါးဝသို့ အကြောင်းမရှိပဲ ငေးနေမိသည်။ ထို့စဉ် အခန်းဝသို့ ကျိုးကျစ်ယွင်
ရောက်လာကာ ဝင်ခွင့်တောင်းလေသည်။
" ဆရာ... ကျမ ဝင်လို့ရမလား "

" ဝင်ခဲ့ ... "


ဂိုဏ်းချုပ်ကြီး သုံးယောက်မှ အကြံအိုက် နေသဖြင့် စိတ်ရှုပ်နေသော်လဲ ကျိုးကျစ်ယွင် ကို ဝင်ခွင့်ပြုလိုက်သည်။ ပိုင်ချုံးက တာအိုရသေ့
အဝတ်အစားနှင့်ပင် လှပလွန်းသော ကျိုးကျစ်ယွင် ကို ကြည့်ကာ
" သမီးက ဘာပြောစရာရှိလို့လဲ "
ဟု မေးလိုက်သည်။

ကျိုးကျစ်ယွင် က ပြောရခက်ကာ ရှက်ရွံ နေပုံ ရသည်။ သူမက မျက်နှာလေးနီကာ နှုတ်ခမ်း လေးများက လှုပ်စိစိဖြစ်နေလေသည်။
ဂိုဏ်းချုပ်ကြီး သုံးယောက်မှာ သူမပြောမည့် အကြောင်းအရာကို မသိသော်လဲ ဘာမှ မဆိုပဲ စောင့်နေလိုက်ကြသည်။ သူမက ခဏ
မျှတုံ့ဆိုင်းနေပီးသော် ဆုံးဖြတ်ချက်ချလိုက်ပီး ပြောလိုက်တော့သည်။

" ဒီလိုပါ ဆရာကြီးတို့... ထန်အိမ်က ထန်ဖုဆိုတဲ့လူက တဏှာရူးလို့ သိရပါတယ် သူ့ကို မျှားဖို့ ကျမတာဝန် ထမ်းဆောင် ပါရစေ သူ့ကို
မျှားနိုင်ရင် သူ့အကိုနဲ့ညီမလဲ ပေါ်လာ ကြမှာပါ ဒါဆို ကျမတို့ဝိုင်းပီး တိုက်ကြမယ် ဆိုရင် အနိုင်ရနိုင်မယ်ထင်တယ် "

" ချွမ်..."
ကျိုးမော့မှာ ထိုစကားကိုကြားသော် တုန်လှုပ်သွားပီး လက်မှ ဓားပင် လွတ်ကျ သွားသည်။ ကျန်းယွမ်က ခေါင်းခါကာ
" ဘယ်ဖြစ်မလဲ... သမီးဘာဖြစ်သွားနိုင်လဲ သမီးစဉ်းစားမိလား... အဲ့တဏှာရူးရဲ့ သိုင်းပညာက ထိပ်သီးလေးယောက် နဲ့
တန်းတူလောက်ရှိတယ်... သဘောက သူက ဘဘတို့ လောက်ရှိတယ် သမီးက ဘယ်လိုလုပ် အနိုင်တိုက်နိုင်မလဲ... မတော်တဆ
သမီးနစ်နာသွားနိုင်တယ်... သဘောမတူဘူး "
ဟု ငြင်းလိုက်သည်။
ပိုင်ချုန်း ကလဲ စဉ်းစားကာ
" နည်းလမ်းက ကောင်းပေမဲ့... တန်ဖိုးက ကြီးမားလွန်းတယ်... သမီးအနေနဲ့ မရင်းသင့်ဘူး "
ဟု ပြောလိုက်သည်။

ကျိုးကျစ်ယွင် က ဆုံးဖြတ်ပီးဟန်ဖြင့်
" ဆရာကြီးတို့ စေတနာကို သမီးနားလည် ပါတယ်... ဒါပေမဲ့ ဒီလို မှည့်ခြွေခြွေ ခံနေရရင် အချိန်ကြာလာတာနဲ့အမျှ သမီးတို့
အရမ်းနစ်နာ သွားမယ်လေ... ဒီနည်းလမ်းက လွဲလို့ တခြားနည်းတွေကလဲ စဉ်းစားမရဘူး ဒီနည်းက အထိရောက်ဆုံး ဖြစ်မယ် "
ဟု ပြောလိုက်သည်။

ကျန်းယွမ် မှာ အခြေအနေကို တွေးမိကာ သက်ပြင်းရှည်ကြီး ချမိတော့သည်။ သူ့ အသက်မှာ အတော်ကြီးရင့်နေလေပီ။


ဒီအရွယ်ရောက်မှ မကြုံစဖူး ဒုက္ခကြုံနေရ သဖြင့် စိတ်ပျက်နေလေသည်။ ကျိုးမော့ ကတော့ မျက်စိမှိတ်ကာ အံ့ကြိတ် နေလေသည်။
သူသည်လဲ ဒီနည်းလမ်းကို လက်ခံသော်လဲ တန်ဖိုးမှာ ကြီးမားသည်။ ပိုင်ချုန်း တစ်ယောက်သာ တည်တည်ငြိမ်ငြိမ် ဖြင့် ကျိုးကျစ်ယွင်ကို
ပြန်မေးလိုက်သည်။

" သမီးက သူ့ကို ဘယ်လိုမျှားမယ် စိတ်ကူး ထားလို့လဲ သူတို့က ဥာဏ်ကောင်းတဲ့ လူယုတ်မာတွေ ဆိုတာသိရဲ့လား "

ကျိုးကျစ်ယွင် က ခေါင်းငြိမ့်ကာ
" ဟုတ်တယ် ဒါကြောင့် သူတို့ယုံအောင် တကယ်လုပ်ရလိမ့်မယ်... ပထမ သမီးကို အာရုံစိုက်အောင် လုပ်ရလိမ့်မယ် ဒုတိယ အနေနဲ့
သမီးရှေ့မှာ သူကိုယ်တိုင် ပေါ်လာအောင် လုပ်ရမယ်... သူပေါ်လာပီ ဆိုမှ ဘဘတို့ နှစ်ယောက်က ဝိုင်းဖမ်းကြ ရမယ်လေ... သူ့ကိုမိရင်
သူ့အကိုနဲ့ ညီမလဲ ပေါ်လာမှာ သေချာပါတယ် "
ဟု ရှင်းပြလိုက်လေသည်။

ကျိုးမော့က စိတ်ဝင်စားကာ
" သူတို့က သမီးကို အာရုံစိုက်အောင် ဘယ်လို လုပ်မလို့လဲ "
ဟု မေးလိုက်သည်။

ကျိုးကျစ်ယွင် က ပြုံးကာ
" သမီးကို ခိုင်ဖုန်းမှာရှိတဲ့ အဖွဲ့ချုပ်ကြီး ပိုင်လုံကို စစ်ကူတောင်းဖို့ လွှတ်တယ် လို့ သတင်းလွှင့်ရမှာပေါ့... ဒါမှ သူတို့က ဆက်သားဖြစ်တဲ့
သမီးကို အာရုံစိုက်မိမှာ "
ဟု ဖြေလိုက်သည်။

ပိုင်းချုန်းက မုတ်ဆိတက
ို သပ်နေရင်းမှ
" ဒါပေမဲ့ တကယ်သွားမှရမယ် မဟုတ်ရင် သူတို့က ရိပ်မိမှာပဲ "

" ဟုတ်တယ် ဘဘ တကယ်သွားရရုံတင် ဘယ်ကမလဲ ဘဘတို့နှစ်ယောက်ပါ သမီးနဲ့ ရုပ်ဖျက်ပီး လိုက်ရလိမ့်မယ်... မဟုတ်ရင်


သမီးတစ်ယောက်တည်း သူ့ကို မဖမ်းနိုင်ဘူး"
ဟု ပြောလိုက်လေသည်။

ပိုင်ချုန်းက လက်ခံသလို ခေါင်းငြိမ့်ကာ


" ဒီမှာက သိုင်းတော်တဲ့ သူတွေများတော့ ဘယ်လိုပဲဖြစ်ဖြစ် ထန်မျိုးနွယ်တွေကို ခုခံ နိုင်မှာပါ ကျုပ်တို့တပည့်တွေကလဲ မဆိုး ကြပါဘူး...
ပီးတော့ ဆရာမကြီး ကျိုးမော့လဲ ရှိမယ်ဆိုရင် စိတ်ချရပါတယ် ကျုပ်တို့ လိုက်ပီး ယွင်အော်ကို စောင့်ရှောက် သင့်တယ် ထင်တယ် "
ဟု ကျန်းယွမ် ဘက်သို့ လှည့်ကာ မေးလိုက် လေသည်။

ကျန်းယွမ်က လဲ မဆိုင်းမတွ ခေါင်းငြိမ့်ကာ


" ဟုတ်တာပေါ့... ဒီလယ
ူုတ်မာတွေ အကောင်အထည် မပြရဲတာက သူတို့ဘက် မှာ သူတို့မောင်နှသုံးယောက်ကလွဲပီး
လောက်လောက်လားလား သိုင်းတော်တဲ့သူ မရှိလို့ပ.ဲ .. အဖွဲ့လိုက်ရင်ဆိုင်ရင် သူတို့ရှုံးမှာ သိလို့ တောင်ပင်လယ် နဲ့ စီးရှလို ပေါ်တင်
မတိုက်ရဲကြတာလေ... ကျုပ်တို့က မြို့ ထဲမှာ အကုန်စုစည်းထားပီး ယွင်အော် အကြံအတိုင်း ခိုင်ဖုန်းသွားတဲ့လမ်းပေါ် ထွက်ပြမယ် ဆိုရင်
သေချာပေါက် ဖမ်းမိမှာပဲ"
ဟု ပြောလိုက်သည်။

ကျိုးမော့က စိတ်ပူနေသော အသံဖြင့်


" ဒါပေမဲ့ ရှင်တို့ တစ်ခုမေ့နေကြတာက သူတို့သုံးယောက်စလုံး နောက်ကလိုက်ရင် ရှင်တို့ နှစ်ယောက်ရော ယွင်အော်ပါ ဒုက္ခရောက်မယ်
ဆိုတာပဲ... ဒါကော သတိထားမိရဲ့လား "
ဟု ပြောလိုက်လေသည်။

ကျိုးကျစ်ယွင် က နှုတ်ခမ်းလေးကို တစ်ချက် ကိုက်ကာ သက်ပြင်းချလိုက်ပီး


" ဒါကတော့ ကံတရားကို ကြည့်ရမှာပေါ့ ဆရာမရယ်... ဘယ်ပြောနိုင်မလဲ တစ်ယောက်တည်းလိုက်လာပါစေ လို့
ဆုတောင်းရမှာပေါ့လေ "
ဟု ပြောလိုက်လေသည်။

ဂိုဏ်းချုပ်သုံးယောက်မှာ ထိုထက်ပိုပီး ပြောစရာ မရှိတော့ချေ။ သူတို့မှာ ရွေးချယ်ရန် လမ်းကလဲ တစ်လမ်းသာရှိပီး ထိုလမ်းမှာ


ကံစမ်းရမည့်လမ်း ဖြစ်နေ လေသည်။ သူတို့က တစ်ယောက် မျက်နှာ တစ်ယောက်ကြည့်ကာ သက်ပြင်းချကြပီး ကျိုးကျစ်ယွင် ၏
အစီအစဉ်ကို လက်ခံလိုက် ကြသည်။ အဘိုးအို နှစ်ယောက်မှာ တဏှာရူး ထန်ဖု၏ အဖမ်းခံရလျှင် သေသည်ထက် ဆိုးကာ
ငရဲကျနိုင်သည်ကို မမှုပဲ ရဲရင့်သော ကျိုးကျစ်ယွင် ကို လေးစားသွားကြသည်။ ဤမိန်းကလေးငယ်လေးပင် ရဲရင့်နိုင်သေး လျှင် သူတို့လို
အဘိုးအိုကြီးနှစ်ယောက်မှာ ထိုမိန်းကလေးကို အဖော်ပြုကာ သေရဲသင့် ရမည်ဟု တွေးမိကြသည်။

ကျိုးမော့ကတော့ မျက်ရည်များဝဲကာ တပည့်ဖြစ်သူကို ကြည့်မိတော့သည်။ ရဲရင့်သော တပည့်အတွက် ဂုဏ်လဲယူမိ နေသည်။


သာသနာ့ဘောင်ကလူ ဖြစ်ကာ ခံစားချက်မဲ့အတွင်းအားကို လေ့ကျင့်ထား သည့်တိုင် ခံစားချက်က မြိုသိပ်မရချေ။ သူမက
ကျိုးကျစ်ယွင်ကို ကြည့်ကာ
" တစ်ပါတ်တော့ စောင့်ဦး ယွင်အော် နင့်ကို ငါ ခံစားချက်မဲ့အတွင်းအားနည်းစနစ် သင်ပေးဦးမယ် "
ဟု ပြောလိုက်လေသည်။

ကျိုးကျစ်ယွင် မှာ အော့မေ့ဂိုဏ်းချုပ်များသာ သင်ရသော ထိုအတွင်းအားကျင့်စဉ်ကို ဆရာဖြစ်သူက သင်ပေးမည်ဟု ပြောသော်


ဝမ်းသာမိသွားသည်။ သူမက မိုးနတ်မင်းကို တိုင်တည်ကာ နောက်တစ်ကြိမ်လောက် တော့ ကံတရားကို အသာပေးပါ ဟု
ဆုတောင်းမိတော့လေသည်။

#မိုးထိတောင်သိုင်းသမား #ZYN
အခန်း (၂၇) အပိုင်း တစ်
ထောင်ချောက်များ

စီးရှပြည်...
စီးရှဘုရင် မှာ အမှန်တကယ်ပင် စီးမင်ကို့ဝေ ကို ဦးရီးတော် ရာထူးပေးလိုက်လေပီ။ နယ်စပ် တစ်လျှောက်လုံး စီးမင်ကို့ဝေ နှင့်
နတ်လေးပါးဂိုဏ်းသားများ မှာ ပြည့်နှက်စွာ ရှိနေကြသည်။ အနောက်ဘက်လမ်းဆုံ ရွာပင် ခရီးသွားသူ မရှိ ခြောက်ကပ်နေသည်။
နယ်ခြားစောင့် စစ်တပ်မှာ ခွန်လွန်တောင် ပေါ်ရှိ ခွန်လွန်ဂိုဏ်းနှင့် ပူးပေါင်းကာ ခုခံ နေရသည်။ သိုသော့် ခုခံမှုမှာ ဘယ်နှစ်ရက် ခံမည်
မသိ။ သူတို့အားလုံးမှာ နေပြည်တော် မှ စစ်ကူလွှတ်မည့် စစ်သူကြီး မင်စုထန် နှင့် စစ်တပ်ကိုသာ စောင့်မျှော်နေကြသည်။

စီးမင်ကို့ဝေ မှာ သူ့ရည်ရွယ်ချက် ပြည့်သဖြင့် ပျော်ရွှင်နေသည်။ သူက ထန်မျိုးနွယ် တောင်ပင်လယ်ဂိုဏ်း တို့နှင့် ပူးပေါင်းမိသည် ကိုပင်
နောင်တရနေသည်။ သူ့အင်အားချည်း သက်သက်ဖြင့်ပင် ခွန်လွန်ကို သိမ်းပိုက်နိုင် တော့မည် မဟုတ်ပါလား။ ထန်မျိုးနွယ် နှင့်
တောင်ပင်လယ်ဂိုဏ်း ၏ ပုန်ကန်မှုကြောင့် ဤကဲ့သို့ အချောင်အခွင့်အရေး ရသည် ကိုတော့ သူက မတွေးမိချေ။ သူက တစ်ပါတ်
အတွင်း ခွန်လွန်ဂိုဏ်းတွင် စုနေသည့် လက်ကျန်အင်အားစုကို ရှင်းပစ်ရန် ကြံနေသည်။ သူက ခွန်လွန်တောင်ကို စစ်တပ် ဖြင့်
ဝန်းရံထားသည်။ တောင်ပေါ် တက်ကာ အပြတ်ရှင်းရန်ပဲ ကျန်တော့သည်။ ထိုတာဝန်ကိုတော့ သူကိုယ်တိုင် နတ်လေးပါး
ဂိုဏ်းသားများကို ဦးဆောင်ကာ တာဝန်ယူ တော့ပေမည်။

စီးရှစစ်တပ်မှ စစ်သူကြီး ရှိလော့ထူဖန်း...


စစ်သူကြီး ရှိလော့ထူဖန်း မှာ ဦးရီးတော် ဖြစ်ပီး မြှောက်ကြွ မြှောက်ကြွ ဖြစ်နေသော စီးမင်ကို့ဝေ ကို သဘောမကျချေ။ သူ့ထက်
ရာထူးမြင့်သွား၍သာ သည်းခံနေရသည်။ အမှန်အတိုင်းဆိုလျှင် ရှိလော့ထူဖန်း မှာ ပြည်မလို နိုင်ငံကြီးကို ကျူးကျော်ဖို့ အကြံကိုပင်
သဘောမတူချေ။ ပြည်မ နန်းတွင်းရေးမှာ မည်မျှပင် ရှုပ်ထွေး နေစေကာမူ စစ်အင်အားမှာ သူတို့ထက် သာလွန်နေသည်။ အကယ်၍
နန်းတက်သူ ဘုရင် အသစ်က အင်အားစုစည်းမိသော အခါ သူတို့ကို လက်တုံ့ပြန်နိုင်သည်။ ထို အကြောင်းကို သူက
လျှောက်တင်သော်လဲ ဘုရင်ဖြစ်သူက နားမဝင်ချေ။ စီးမင်ကို့ဝေ ၏ လောဘကြီးသော လျှောက်တင်ချက်ကိုသာ နားယောင်နေသည်။
ထို့ကြောင့် သူက ပြည်မကို ကျူးကျော်ရသော်လဲ စိတ်တ ထင့်ထင့် ဖြစ်နေရသည်။ ယခုလဲ သူ့ကို ခွန်လွန်တောင်ခြေတွင်
ဝန်းရံခိုင်းသလိုဖြင့် ချန်ထားခဲ့ကာ ခွန်လွန်ဂိုဏ်းရှိ လက်ကျန် ခုခံသူတွေကို ရှင်းပစ်ရန် ထွက်သွားလေပီ။
ရှိလော့ထူဖန်း က သပ်ရပ်စွာ ကျစ်ထားသော သူ့မုတ်ဆိတ်များကို တစ်ချက်သပ်ကာ သူ့ဘေးတွင် ရှိသော လက်ထောက်စစ်သူကြီး ကို
လှမ်းပီးပြောလိုက်သည်။
" ထူမုန်း... ဟိုလူကြီး တောင်ပေါ်တက် သွားပီးလား... သူ့လူတွေကော အကုန်ခေါ်သွားလား... "

" ဟုတ်ကဲ့ပါ စစ်သြူ ကီး... ဦးရီးတော်က သူ့ဂိုဏ်းသား နှစ်ရာကျော်ကို တစ်ယောက် မကျန် အကုန်ခေါ်သွားပါတယ်... "

" ကောင်းတယ် ဒါဆို ငါတို့ စစ်တပ်ကို ခွန်လွန်ကနေ နောက်ဆုတ်ခိုင်းလိုက.် .. သူအောင်မြင်သည် ဖြစ်စေ မအောင်မြင်သည် ဖြစ်စေ
ငါကတော့ အကျိုးမရှိတဲ့ အလုပ်ကို ငါ့လူတွေ အထိခိုက်ခံပီး မလုပ်ချင်ဘူး "
ဟု မျက်နှာကြမ်းကြီးကို တည်ကာ ပြတ်သား စွာပြောလိုက်သည်။

သူသိသော သတင်းအရ မကြာခင် ပြည်မက စစ်သြူ ကီး တစ်ဦး စစ်တပ်နှင့် စစ်ကူလာ တော့ပေမည်။ မိမိတို့မှာ ထိုစစ်တပ်ထက်
စစ်သည် အရေအတွက် သာသော်လဲ တစ်ဖက် စစ်သူကြီးမှာ သိုင်းသမား အကျော်အမော် တစ်ယောက်ဟု သိရသဖြင့် လွယ်မည်
မဟုတ်ချေ။ ထို့အပြင် ထိက
ဲု့သို့ ဘယ်နှစ်ဖွဲ့ လာမည်မှန်းလဲ မသိရချေ။ ခွန်လွန်မှာ သိမ်းပိုက်ပီးသော်လဲ ထိန်းသိမ်း ရန် ခက်ခဲ နေသဖြင့်
သူအလိုအရ ဆိုလျှင် အသက်စွန့်ကာ မသိမ်းပိုက်ချင်။ အကျိုးမရှိကြောင်း သိသာနေသည်လေ။

သူက ဘေးရှိ ထူမုန်း ကို ကြည့်ကာ


" ဒါပေမဲ့ ငါအနေနဲ့ တစ်ဖက်က စစ်သူကြီးကို စမ်းကြည့်ချင်သေးတယ် ဘယ်လောက် တောင် တော်တဲ့ လူဖြစ်လို့ ပြည်မဘုရင်က
ငါတို့အင်းအားထက် သုံးပုံတစ်ပုံ ပဲ ပေးပီး ကူခိုင်းရတာလဲ... ဒါကြောင့် ငါတို့ က သူဦးဆောင်တဲ့ ပြည်မစစ်တပ်ကိုတော့
တိုက်ကြည့်ရမယ်... ဒါပေမဲ့ ဒါဟာ ဟို ဦးရီးတော် အရူးကို ကူညီဖို့တော့ မဟုတ်ဘူး... သူကတော့ သူ့ထိုက်နဲ့ သူ့ကံရှိပေစေ... "
ဟု ပြောလိုက်သည်။

ထူမုန်းက ပြောင်နေသော ခေါင်းကြီးကို လက်ကြမ်းကြီးဖြင့် ပွတ်ကာ


" ဒါဆို စစ်သူကြီးက ပြည်မစစ်တပ်နဲ့ စစ်သူကြီးကို ခွန်လွန်ပေါ် အတက်ခံမယ်ပေါ့"
ဟု မေးလိုက်သည်။

ရှိလော့ထူဖန်း က ပြုံးကာ
" ဒါပေါ့ကွ... သူက ဟိုဦးရီးတော် အရူးနဲ့ သတ်ကြလိမ့်မယ် ဒါကိုမှ သူအသက်ရှင်ရင် တော့ ငါကတောင်အောက်ကနေ ဝိုင်းထားပီး
သတ်ပစ်ရမှာပေါ့... ခွန်လွန်က သိမ်းပိုက်ဖို့ ထက် ထိန်းသိမ်းရတာခက်လို့ ငါတို့ မထိန်းသိမ်းတော့ဘူး... ဒါပေမဲ့ အိမ်ပြန်လက်ဆောင်
အဖြစ်နဲ့ ရန်သူရဲ့ခေါင်း ကိုတော့ သယ်ရမယ်လေ... ဒါမှ မင်းကြီးကို လျှောက်တင်ရတာ အကြောင်းလှမှာပေါ့ "
ဟု ပြောလိုက်လေသည်။

ထူမုန်းက တစ်ချက်တွေကာ
" ဦးရီးတော်က အနိင
ုရရင်ကော စစ်သူကြီး "
ဟု မေးလိုက်ရာ ရှိလော့ထူဖန်း က ရယ်ပီး
" ဒါဆို သူ့ကို သတ်ပစ်ရမှာပေါ့ကွ... လူနှစ်ရာ နဲ့ ငါတို့ရဲ့ စစ်သည်သုံးထောင်ပါတဲ့ စစ်တပ်နဲ့ ယှဥလ
ို့ရမလား... သူ့လိုအရူးမျိုး
မင်းကြီးနား မှာ ရှိနေရင် ဒီလိုပေါက်ကရအကြံတွေ လျှောက်ပေးနေဦးမှာပဲ... တစ်ခါတည်း အပြတ် ရှင်းပစ်ရမယ် "
ဟု ပြောလိုက်သည်။

သူက သူ၏ပြောင်မြောက်သော အကြံကို သဘောကျကာ မုတ်ဆိတ်ကို တသပ်သပ်ဖြင့် ပီတိဖြာနေသည်။ ထူမုန်းကတော့ သူ့ဆရာ၏


ခဲတစ်လုံးထဲနှင့် ငှက်နစ
ှ်ကောင် ပစ်သော အကြံကိုသဘောကျကာ တဟားဟား ရယ်မောနေတော့သည်။

စီးမင်ကို့ဝေ...
ထိုအဖြစ်အပျက်များကို စီးမင်ကို့ဝေ ကတော့ ဘာမှမသိချေ။ သူက သူလုပ်သမျှ ဖြစ်နေ သဖြင့် အောက်ခြေပင် လွတ်ချင်ချင်
ဖြစ်နေသည်။ မိုးလင်းလင်းချင်ပင် သူက တပည့်များနှင့် သားတော်မောင်ကိုပါ ခေါ်ကာ ခွန်လွန်တောင်ပေါ် အေးဆေးတက်နေသည်။

ခွန်လွန်တောင်ပေါ်ရှိ ခုခံရေးအင်အားစု မှာ မခေပါ။ တောင်ကြောတစ်လျှောက် ထောင်ချောက်များ ဆင်ထားသဖြင့် သူတို့မှာ


ရှောင်ကွင်းတက်နေရသည်။ ခွန်လွန်တောင် မှာ တောင်တန်းကြီး ဖြစ်သဖြင့် တောလဲ ထူထပ်သည်။ လမ်းရိုးလမ်းစဉ်မှာ
ထောက်ချောက်များ ပြည့်နက်နေသဖြင့် သူတို့မှာ တောတိုးနေကြရသည်။ သို့တိုင် လူနစ်ရာကျော်မှာ တစ်ရာ့ငါးဆယ်ကျော်
သာကျန်တော့အောင် အဖိတ်အစင်လဲ ရှိလာလေသည်။ စီးမင်ကို့ဝေ မှာ တဖြည်းဖြည်း နှင့် မရယ်နိုင်တော့ချေ။ သူက
မိုးလင်းကတည်းက တက်လာရာ မိုးချုပ်တော့မည် တောင်ပေါ်သို့ မရောက်နိုင် သေးချေ။ ထောက်ချောက်အပြင် နယ်ခြားစောင့်
စစ်သားများက ခြုံခို၍လဲ တိုက်ခိုက်ကြ သေးသည်။ သူက စစ်တပ်ကို မခေါ်လာမိသည် ကိုနောင်တရနေသည်။ ဂုဏ်ထူးဆောင်
လိုစိတ်ဖြင့် စစ်တပ်ကို နောက်ချန်ထားမိသည်မှာ အမှားကြီးမှား လေပီ။ သူ့ဂိုဏ်းသား များမှာ အတိုက်အခိုက် တွင် ပြသနာမရှိသော်လဲ
စစ်ရေးအတွေ့အကြုံ မရှိချေ။ ယခုလို တောထဲတောင်ထဲတွင် ခြုံခိုတိုက်ခံရသော် ထိတ်လန့်နေကြသည်။ သူက
စိတ်တင်းထားလိုကသ
် ည်။ သူတို့ တောင်ပေါ်ရောက်သော် သူတို့အနိုင်ပင် ဖြစ်သည်။ သူသိထားသော သတင်းအရ
ခွန်လွန်တောင်ပေါ်ရှိ အင်အားစုမှာ လူတစ်ရာပင် မကျော်ချေ။ ထို့အပြင် ရသေ့ကြီး မုစန်း နှင့် မုထူးဝါးတို့မှာ သူ့နှင့် သူ့သားကို
ယှဉ်နိုင်သူများ မဟုတ်ချေ။

သူက ပင်ပန်းနွမ်းနယ် ကာ ထိတ်လန့် နေသော ဂိုဏ်းသားများကိုကြည့်ကာ ရင်းကို့ နှင့် ဟူဖန်းကို လှည့်ပီး


" ရင်းကို့နဲ့ ဟူဖန်း မင်းတို့ ဂိုဏ်းသားတွေကို ခေါ်ပီး ဖြေးဖြေးလိုက်လာခဲ့ ငါနဲ့ ငါ့သားနဲ့ ရှေ့ကို သွားနှင့်မယ် "
ဟု ပြောလိုက်သည်။

စီးမင်ကို့ဝေ မှာ သူ့သားကို ခေါ်ကာ ရှေ့သို့ ပြေးထွက်သွားသည်။ သူတို့သားအဖ မှာ သိုင်းပညာကောင်းလွန်းသလို စောင့်စရာ လဲ
အကြောင်းမရှိတော့သဖြင့် မိုးချုပ်ချုပ်ခြင်းပင် ခွန်လွန်ဂိုဏ်းရှိရာ တောင်ပေါ်သို့ ရောက်လာ ကြသည်။ ခြုံခိုတိုက်သူ စစ်သားများမှာ
မယှဉ် နိုင်၍လားမသိ သူတို့ကို တားဆီးခြင်း မရှိချေ။ လမ်းခရီးတစ်လျှောက် ဘာမှကို မှ မတွေ့ရပါ။

ခွန်လွန်ဂိုဏ်း...
ခွန်လွန်ဂိုဏ်း ကြီးမှာ အဆောင်ကြီး သုံးဆောင် နှင့်အဆောင်ငယ် ဆယ်ဆောင်မျှ ရှိကာ လူဦးရေ ရှစ်ဆယ်မျှရှိသော ဂိုဏ်း
တစ်ဂိုဏ်းဖြစ်သည်။ နယ်ခြားစောင့် တပ်မှာလဲ ငါးဆယ်ကျော်မျှ ကျန်သေးသဖြင့် တောင်ပေါ်တွင် လူတစ်ရာ့သုံးဆယ်ကျော် ရှိရမည်
ဖြစ်သည်။ သို့သော် ယခုမူ တစ်ဂိုဏ်းလုံး မှောင်မဲနေသလို လူသံသူသံပင် မကြားရချေ။

စီးမင်ကို့ဝေ က မှောင်မဲနေသည်ကို ဘဝင်မကျ သလိုကြည့်ကာ ခွန်လွန်ဂိုဏ်း ဟု ဆိုင်းဘုတ် ချိတ်ထားသော မုခ်ဝမှနေ၍


လှမ်းအော်လိုက်လေ သည်။
" ဟေ့... မုစန်း... ထွက်ခဲ့စမ်း... မင်းနဲ့ငါ သိုင်းပြိုင်ကြမယ်... ရှုံးတဲ့သူ သေကြေးပေါ့ကွာ ဟားဟားဟား... "

သို့သော်လဲ အတွင်းမှ ပြန်ဖြေချင်း မရှိပါ။ တိတ်ဆိတ်မြဲ တိတ်ဆိတ်နေသည်။ စီးမင်ကို့ဝေ က ရယ်နေရာမှ တည်သွားပီး ခဏမျှ
စောင့်နေသေးသည်။ ဘာသံမျှ ထွက်မလာပါ။ ဘေးမှ သားဖြစ်သူ စီးမင်ကို့ချန် က အဖေဖြစ်သူကို လှမ်းကာ
" အဖေ... ဘာသံမှ မကြားရပါလား... သူတို့ ထွက်ပြေးသွားကြတာလား "
ဟု မေးလိုက်သည်။

စီးမင်ကို့ဝေက ခဏမျှ စဉ်းစားကာ ခွန်လွန်ဂိုဏ်း ဟူ ရေးသားထားသော ဆိုင်းဘုတ်ကြီးကို ဝုန်း ခနဲ ရိုက်ချိုး လိုက်သည်။ ထို့နောက်
အသံကိုမြှင့်ကာ
" ဟေ့... မုစန်း... မင်းရဲ့ ဆိုင်းဘုတ်ကို ငါရိုက်ချိုးလိုက်ပီ... မင်းထွက်လာရင် ထွက်လာပေါ့ကွာ မဟုတ်ရင် တစ်ဂိုဏ်းလုံး
မီးတင်ရှို့ပစ်မယ် "
ဟု အော်ပြောလိုက်သည်။

သို့တိုင် အတွင်းမှ အသံပြန်ထွက်မလာပါ။ ထိုသို့ဆိုလျှင် အတွင်းမှ လူမရှိ၍လား။ မဟုတ်ပါ ထိုအသံများကို ကြားသော်လဲ မကြားသလို
လျစ်လျူရှု ကာ ရေနွေးကြမ်း ထိုင်သောက်နေသော ရသေ့အိုကြီး တစ်ယောက် ရှိလေသည်။ ထိုကျောင်းဝန်း တစ်ခုလုံးတွင် ရသေ့ကြီး
တစ်ယောက်သာ ရှပ
ီး အကုန် ရှင်းလင်းနေသည်။ ပြောရမည် ဆိုလျှင် ရသေ့ကြီးနှင့် သူ၏ဓား ရေနွေးကြမ်း ကရားတစ်ခုနှင့်
ခွက်ကလေးတစ်လုးံ သာ ရှိပေသည်။ ရသေ့ကြီးမှာ ဂိုဏ်း၏ ခန်းမဆောင် ကြမ်းပြင်ပေါ်တွင် ကျကျနန ထိုင်ချကာ
ရေနွေးကိုမှုတ်သောက်နေသည်။ အရင်ကတော့ ထိုခန်းမဆောင်ကြီးမှာ ပစ္စည်းများဖြင့် ပြည့်နှက်နေပုံရသော်လဲ ယခုမူ ရသေ့အိုကြီး
တစ်ယောက်သာ ရှေ
ိ နပီး ရှင်းလင်းနေသည်။

စီးမင်ကို့ဝေ က သူ့အသံကို တုံ့ပြန်သော အသံ မထွက်လာ၍ မျက်နှာကိုမဲ့ကာ သူ့သားကို အချက်ပြလိုက်သည်။ စီးမင်ကို့ချန် က ရိပ် ခနဲ
ပြေးထွက်ကာ ဘေးတွင် ရှိသော အဆောင်ငယ် တစ်ခုကို ရိုက်ချိုးဖျက်ဆီးလိုက်သည်။ တိတ်ဆတ
ိ သော ညဦးချိန်တွင် တိုင်လုံးများကို
နတ်လက်သီးသိုင်း ဖြင့် ရိုက်ချိုးနေသံမှာ တဝုန်းဝုန်း ရှိပီး ဆယ် လီ အကွာအဝေးကပင် ကြားနိုင်လေသည်။

စီးမင်ကို့ဝေက စိတ်မရှည်ဟန်ဖြင့် လှမ်းအော်လိုက်သေးသည်။


" မုစန်း... ဒါပီးရင်တော့ အဆောင်ကြီးပဲ ငါတကယ် မီးရှို့မှာနော် "

ထိုစဉ် သူ့အနောက်မှ အရေးကြီးသုတ်ဖျာ ဖြင့် ပြေးလာသော လူနှစ်ဆယ်ခန့်ကို တွေ့လိုက် ရသည်။ ရှေ့ဆုံးမှာ ပြေးလာသူ မှာ ရင်းကို့
ဖြစ်သည်။ ရင်းကို့မှ အသက်လု ပြေးလာပုံ ရသည်။ ပုံစံက စုတ်ပြတ် နေသည်။ ရင်းကို့ ဘာများ ကြုံခဲ့ရသနည်း။
#မိုးထိတောင်သိုင်းသမား #ZYN
အခန်း (၂၇) အပိုင်း နှစ်
ထောင်ချောက်များ

ပေကျင်း...
ပေကျင်း မှ စစ်တပ်ပြင်ကာ ထွက်လာသော မင်စုထန် မှာ ဘုရင်က ပေးသော စစ်အင်အား ကိုကြည့်ကာ ဒေါသထွက် နေသည်။ သူ၏
လူယုံတော်များ သတင်းအရ စီးရှရှိ စစ်သည်အင်အားမှာ သုံးထောင်ခန့် ရှိသည်။ ယခုမူ ဘုရင်က သူ့ကို စစ်သည် တစ်ထောင်
သာပေးလိုက်လေသည်။ အင်အား သုံးဆကွာသော ရန်သူကို သူက ဘယ်လိုလုပ်ကာ ထိပ်တိုက်ရင်ဆိုင်နိုင်မည် နည်း။ အမှန်တကယ်
ဘုရင့်လက်အောက် တွင် စစ်ဦးစီးချုပ်နှင့် စစ်သူကြီး လေးဦး ရှိသည်။ ထိုသူတို့၏ အင်အားမှာ စစ်သူကြီး တစ်ဦးလျှင် စစ်သည်
ငါးထောင်ခန့်ရှိကာ စုစုပေါင်း စစ်သည် နှစ်သောင်းခန့် ရှိသည်။ စစ်ဦးစီးချုပ် မှာ စစ်တပ်လေးခုကို အုပ်ချုပ်ရသူ ဖြစ်သည်။ သို့သော်လဲ
စစ်တပ်လေးခုကို အမိန့်ပေးခွင့်မှာ ဘုရင့် တံဆိပ်တော် ပါမှ ထိရောက်ပေမည်။ စစ်ဦးချုပ် သဘောဖြင့်ဆိုလျှင် စစ်တပ်တစ်ခု ကိုသာ
ထိန်းချုပ်နိုင်သည်။ သို့သော်ဘုရင်က ထိုစစ်သူကြီးများကို စေလွှတ်ခြင်းမရှပ
ိဲ သူ့ကို စစ်သည်အင်အား တစ်ထောင်ခန့်သာ ရှိသော
ပေကျင်းမြို့ စောင့် နန်းတွင်းစစ်တပ် ကိုပေးကာ တော်ဝင်စစ်သူကြီး ရာထူးဖြင့် စေလွှတ်ခြင်းမှာ သေလမ်းကို ပထုတ်ခြင်း ဖြစ်သည်။
သူကြားရသော သတင်းအရ ဘုရင်က သူထွက်သွားသွားခြင်းပင် အမိန့်စာ ထုတ်ကာ စစ်တပ်လေးခုကို နေပြည်တော် သို့
ပြန်ခေါ်လိုက်ကြောင်း သိရသည်။ ထိုသို့ ဖြစ်ရခြင်းမှာ ဟိုပေ့နယ်စား က ကုန်းတိုက် စကားကြောင့် ဖြစ်ရပေမည်။ ဟို့ပေနယ်စား မှာ
စစ်ဦးချုပ်၏ သားမက်ဖြစ်သဖြင့် စစ်တပ်လေးခု ထဲမှ စစ်တပ်တစ်ခုနှင့် နီးစပ်သည်။ ကျန်စစ်တပ် များမှာမူ ဘုရင်၏ သစ္စာရှိ
စစ်တပ်သုံးခု ဖြစ်ပီး တစ်ခက
ု မုယုံမျိုးနွယ် စစ်သူကြီးဦးဆောင် သော စစ်တပ်ဖြစ်သဖြင့် မင်စုထန် နှင့် သူက အင်အားခြင်းတူ
နေသည်ဟု ယူဆကာ ဟိုပေ့နယ်စား က ကြံစည် လိုက်ခြင်းပင် ဖြစ်မည်။ မင်စုထန် မှာ တောက် တစ်ချက် ခေါက်လိုက်ပီး ဘုရင်ကို
စိတ်ထဲမှ ကျိန်ဆဲ လိုကမ
ိတော့သည်။ သူက သစ္စာထား ကာ မပုန်ကန်သော်လဲ ဘုရင်က ဂရုဏာ မထားခဲ့ပေ။
စိတ်နာစရာကောင်းသည်။ သို့သော် သူ့မှာ ထိုသို့တွေးတောရန် အချိန်မရှိချေ။ နောက်ကြောင်းမအေး သလို အရှေ့တွင်လဲ ရန်သူများက
စောင့်ကြိုနေ သည် မဟုတ်ပါလား။

မင်စုထန် က စစ်တပ်ကို ဦးစီးကာ နယ်ခြားမျဉ်း အသစ်ဖြစ်နေသော ခွန်လွန် တောင်ခြေနားသို့ ရောက်လာသည်။ အရင်က ခွန်လွန်မှာ
ပြည်မပိုင်နက် ဖြစ်ပီး အခုတော့ စီးရှက တစ်ဝက်သိမ်းထားသည်။ သူက တောင်ခြေအရောက်တွင် သတင်းပို့သူ ဆက်သား၏
သတင်းတစ်ခုကြောင့် စိတ် အနည်းငယ် သက်သာရာရသွားသည်။ ခွန်လွန် တောင်ကို အနောက်မြောက်ဘက်မှ ဝိုင်းထားသော စီးရှိ
စစ်တပ်ကြီးမှာ လီသုံးဆယ် မျှ နောက်ဆုတ်သွားသည် ဟူ၍ ဖြစ်လေသည်။ အဘယ်ကြောင့် နောက်ဆုတ် သွားသည် မသိသော်လဲ
သူ့အတွက်မူ ထိုအရာက အခွင့်အရေးပင် ဖြစ်သည်။ သူက ထိုအခွင့်အရေးကို အရယူကာ ခွန်လွန် တောင်ပေါ်တက်ပီး
လက်ကျန်အင်အားစုကို ကယ်တင်ရပေမည်။ ဒီအချိန်အထိ ကြံကြံခံ နိုင်သော ထိုသူတို့မှာ အတွေ့အကြုံရင်က
ျ့က် သော
စစ်သည်များသာ ဖြစ်ရမည်။ သူက စစ်ကျမ်းများဖတ်ဖူးသော်လဲ ကိုယ်တိုင် အတွေ့အကြုံ ရှိသူမဟုတ်ချေ။ သူ၏ စစ်ပညာမှာ
စာတွေ့သာရှိသေးသည်။ သူ့အနေဖြင့် နယ်ခြားစောင့်တပ်၏ စစ်သူကြီး ကျန်းဝေ ကို သူ့ဘက်ပါအောင် စည်းရုံးရ မည်။ ကျန်းဝေမှာ
ဤနယ်ခြားတွင် သတ္တိကောင်းသူ ဟု နာမည်ကျော်သည်။ အင်အားမမျှ၍ စစ်တပ်ပျက်ကာ ရှုံးနိမ့်ရသော် လဲ အရှုံးမပေးပဲ
ဆက်လက်တိုက်ထုတ် နေသော စစ်သူကြီးဖြစ်သည်။ ကျန်းဝေ သာ သူ့လက်အောက် ရောက်ပါကာ စီးရှစစ်တပ် ကို
တိုက်ထုတ်နိုင်သည့် အခွင့်အလမ်း ရှိမည့် အပြင် နယ်ခြားတွင် တစ်နေရာတော့ ရပ်တည်၍ ရနိုင်သည်။ ယခု အခြေအနေအရ
ပေကျင်းကို ပြန်၍မရတော့ချေ။

မင်စုထန် က ကြင်ယာတော် မုယုံချန်းရှောင်း အပါအဝင် စုန်ချီရန့် နှင့် ကျန်သူ့နောက်လိုက် ရှောင်လင်၏ ကျောင်းသား သုံးဆယ်
ကိုစုစည်းကာ ခွန်လွန်တောင်ပေါ် တက်ရန် ပြင်ဆင်လိုက်သည်။ သူတို့ သုံးဆယ့်သုံး ယောက်မှာ သိုင်းပညာကောင်းသူ များ ဖြစ်သဖြင့်
သူ့တွင်ယုံကြည်မှု ရှိနေသည်။ သူ့နောက်လိုက် ရှောင်လင်ကျောင်းသား များမှာ သိုင်းထိပ်သီး အဆင့် ၁၀ ဖြစ်သော စုန့်ချီရန့် အောက်
တစ်ဆင့်သာ နိမ့်သည့် သိုင်းသမားများ ဖြစ်သဖြင့် ထိပ်တန်း သိုင်းသမားများသာ ဖြစ်သည်။ ထိုသူများကို စုစည်းရန် သူ နှစ်ရှည်လများ
ကြိုးပမ်း ခဲ့ရသည်လေ။

သူက စစ်တပ်၏ ဒုတိယစစ်သူကြီး ဖြစ်သော ရန်ဖေးကို စစ်တပ်အား တောင်ခြေ တွင် စောင့်ပေးရန် မှာကြားနေသည်။ ရန်ဖေး မှာ
အမှန်တကယ် စစ်သူကြီး ရုပ်ပေါက်သော ထောင်ထောင်မောင်းမောင်း နှင့် ခန့်ညား သော အသွင်ရှိသူ ဖြစ်သည်။ ရန်ဖေး က
စစ်ပွဲအတွေ့အကြုံရှိသော စစ်သူကြီး ဖြစ်ပီး အတွေ့အကြုံအရ သူတို့မှာ အိမ်ပြန် ခရီးသို့ ရောက်ရန်မလွယ်ကြောင်း သိရှိထား သည်။
ဘုရင်က သူတို့ကို ပေ့လဲ့ရယ် နောက် ထည့်ကာ စွန့်ပစ်လိုက်လေပီ။ သူ့အနေဖြင့် ပေ့လဲ့ရယ် နောက်လိုက်ကာ သစ္စာရှိလျှင် တော့
သခင်ကောင်းစားချိန်တွင် အိမ်ပြန်နိုင် မည်ဖြစ်သည်။ ထို့ကြောင့် သူက သစ္စာရှိရှိ ဖြင့် မင်စုထန် နောက်လိုက်ရန်အသင့် ဖြစ်နေ သည်။
မင်စုထန် မှာ မင်းမျိုးနွယ် မင်းသား ဖြစ်ရုံသာမက သိုင်းပညာကောင်းပီး သဘောကောင်းသော သခင်ဖြစ်သည် မဟုတ်ပါလား။
အောက်သက်ကြေသော သခင်ဖြစ်သဖြင့် လက်အောက်ငယ်သားများ ကို မြှောက်စားမည်မှာ ကျိန်းသေသည်။ ထို့ကြောင့် သူက
ခေါင်ငြိမ့်ကာ သူအသက် ရှိနေသရွေ့ စောင့်ရှောက်မည့်အကြောင်း ကျိန်ဆို ကတိပေးလိုက်လေသည်။ မင်စုထန်မှာ ရန်ဖေး လို
စစ်သူကြီးကို လက်အောက် ရလိုက် သဖြင့် သဘောကျနေသည်။ သူ့ရှေ့ရေးမှာ မရောရာသော်လဲ သစ္စာရှိ နောက်လိုက် တစ်ဦး
ရလိုက်လေပီ။ ရန်ဖေး မှာ မူလကတည်းက ထိုတော်ဝင်စစ်တပ်ကို အုပ်ချုပ်သော စစ်သူကြီး ဖြစ်သဖြင့် သူ့ထက် ပို၍ တပ်ကို
ကောင်းမွန်စွာ ထိန်းချုပ်နိုင် သည်။ သူက စိတ်ချကာ တောင်ပေါ်ခရီးကို ဦးတည်လိုက်တော့သည်။

သူတို့ စတင်တောင်ပေါ်တက်ချိန်မှာ နေ့လည် ဖြစ်ပီး စီးမင်ကို့ဝေ တို့မှာ မနက်စောစောက တက်သွားခြင်းဖြစ်သည်။ စီးရှစစ်တပ်မှာ


စီးမင်ကို့ဝေတို့ တက်သွားသွားခြင်း နောက်ဆုတ်သွားခြင်း ဖြစ်သည်။ သူက စီးရှ စပ်တပ် အခြေအနေကြည့်ကာ နေ့လည်တွင် တက်ခဲ့
ခြင်းဖြစ်သည်။ မင်စုထန် မှာ တောင်တက် လမ်းပေါ်တွင် ထောက်ချောက် ရှိနေနိုင် သဖြင့် တောလမ်းကိုသာ တိုးလိုက် တော့သည်။
သူတို့အားလုံးမှာ ပြည်မစစ်တပ် အမှတ်အသားပါသော ဝတ်စုံများ ဝတ်ဆင် ထားကြသည်။ အနီရောင်ချည်ကြမ်းထည် ပေါ်တွင်
နောက်ကျော၌ ပြည်မစစ်တပ် အလံ ကို ရေးဆွဲထားသည်။ မင်စုထန် ကတော့ လက်မောင်းနှစ်ဖက်တွင် နဂါးနှစ်ကောင်ပုံ ပါသော
အနီရောင်ချည်ထည်ကို ဝတ်ဆင် ထားလေသည်။ မုယုံချန်းရှောင်း နှင့် စုန်ချီရန့် ကတော့ သာမန် မိန်းမဝတ် ချည်ထည် အနီကို
ဝတ်ထားကြသည်။ တောလမ်း တိုးတိုးခြင်းပင် အရှေ့တွင် တောင်တက် နေသူ လူတစ်စု ရှိသည်ကို သိရှိသွားကြ သဖြင့် အနောက်မှ
ခပ်ခွာခွာ ကပ်လိုက် နေကြသည်။ အတော်ကြာ ကပ်လိုက် နေရာမှ နေဝင်ခါနီးတွင် ထိုလူစုကို ခြုံခို တိုက်ခိုက်ရန် ပြင်နေသော ကျန်းဝေ
နှင့် မုထူးဝါး တို့ လူစုကို တွေ့လိုက်ရသည်။ တစ်ဖက်က တောင်တက်နေသော လူစုမှာ စီးမင်ကို့ဝေ တို့ လူစုဖြစ်သည်ကို တွေ့ရသဖြင့်
အံ့သြမိကြသည်။ ထိုလူစုက စီးမင်ကို့ဝေ တို့ကို အပြတ်ရှင်းရန် ကြံနေ ကြခြင်းပင်။ မင်စုထန် မှာ အလျင်အမြန် တားဆီးလိုက် ရသည်။
စီးမင်ကို့ဝေမှာ သာမန် အဘိုးကြီး မဟုတ်ပေ။ သူတို့သာ မဆင်မခြင် ထိပ်တိုက် ရင်ဆိုင်မိပါက သူတို့ အကုန်သေဆုံးကာ
ရှုံးနိမ့်သွားနိုင်သည်။ ကျန်းဝေ နှင့် မုထူးဝါးမှာ မင်စုထန် ကိုယ်တိုင် လာကယ်သဖြင့် အံ့သြကာ ဝမ်းသာမိ ကြသည်။
သူတို့သိထားသည်မှာ မင်စုထန် သည် ပေ့လဲ့ရယ် အဆင့်ရှိသော မင်းသား တစ်ပါး မဟုတ်ပါလား။ မင်းသား ကိုယ်တိုင်
လာကယ်ခြင်းခံရသဖြင့် ဝမ်းသာကာ ပျော်ရွှင် နေသဖြင့် စီးမင်ကို့ဝေကို မတိုက်ခိုက် ဖြစ်တော့ချေ။ ထိုအချိန်တွင် စီးမင်ကို့ဝေ
တို့သားအဖ က ခွန်လွန်တောင်ပေါ်သို့ ပြေးထွက်သွားကြသည်။ မင်စုထန် မှာ ကျန် ရှိသော သူများကို တွက်ကာ ဝမ်းသာမိ သွားသည်။
ကျန်းဝေတို့ လူစုမှာ လူတစ်ရာ့ သုံးဆယ်ကျော်ရှိကာ သူတို့က သုံးဆယ်ကျော် ဖြစ်သည်။ စုစုပေါင်းမှာ တစ်ရာ့ခြောက်ဆယ်ကျော်
ဖြစ်ကာ ကျန်ရစ်ခဲ့သော ရင်းကို့နှင့်ဟူဖန်းတို့ လူစုထက် ပိုများနေလေပီ။ ထို့အပြင် သူတို့မှာ စစ်သားရော သိုင်းသမားပါ
ရောနှောနေသည့် အုပ်စုဖြစ်ရာ ပို၍ အသာရနိုင်သည်။ နတ်လေးပါးဂိုဏ်းသားတို့ မှာမူ လမ်းတစ်လျှောက် ခြုံခိုတိုက်ခိုက်မှု ခဏခဏ
ခံရသဖြင့် ထိပ်လန့်တုန်လှုပ် နေကြလေပီ။ မင်စုထန် က စီးမင်ကို့ဝေ တို့သားအဖ မကြားနိုင်လောက်သော အကွာအဝေး ကို ချိန်ဆကာ
ရင်းကို့ နှင့် ဟူဖန်း တို့ကို ဝင်ရောက်တိုက်ခိုက်လိုက် တော့လေသည်။

ရင်းကို့ နှင့် ဟူဖန်း မှာ ရန်သူများက တောထဲမှ ရုတ်တရက် အလုံးအရင်း နှင့် တိုက်ခိုက်မည် မထင်သဖြင့် ရုတ်ရုတ်သဲသဲ
ဖြစ်သွားကြသည်။ သူတို့မှာ အလျင်အမြန် ပင် ခုခံလိုက် ရတော့သည်။ သို့သော် ရန်သူများက နယ်မြေကျွမ်းကျင်သည်။
တစ်ခဏချင်းပင် သူတို့ဘက်က အယောက် ငါးဆယ်ကျော် ကျဆုံးသွား ကြသည်။ ရင်းကို့ နှင့် ဟူဖန်း မှာ ထိပ်လန့်သွား ပီး တစ်ဖက်မှ
ဦးဆောင် တိုက်ခိုက်နေသူ ကိုကြည့်မိကြ သည်။ မင်းသား တစ်ပါးနှယ် ဆံပင်ကို သပ်ရပ်စွာ စည်းထားပီး အနီရောင် ချည်ကြမ်းဝတ်စုံကို
လက်မောင်းတွင် နဂါးရုပ် ထိုးကာ ဝတ်ထားသူက ဦးဆောင်နေကြောင်း တွေ့ရသည်။ ထိုသူ၏ အနားရှိ မိန်းမလှလေး နှစ်ယောက်မှာလဲ
လှသလောက် သိုင်းပညာ အလွန်ကောင်းနေသည်။ လေးငါးကွက် တိုက်တိုင်း သူတို့လူ တစ်ယောက် လဲကျနေသည်။ ထို့အပြင်
ချည်ကြမ်းဝတ်စုံ အနီဝတ် လူသုံးဆယ်မှာလဲ ဓားရေး အရမ်းထက်ကြသည်။ ထိုသူတို့၏ ပူးပေါင်း ဓားသိုင်းကို သူတို့လူများ
မဖြိုခွင်းနိုင်ချေ။ ထိုလူများ၏ နောက်တွင်တော့ ခွန်လန
ွ် ဂိုဏ်းသားများနှင့် စစ်သားများကို တွေ့လိုက် ရသည်။ သူတို့မှာ အချိန်ကြာလျှင်
အကုန်သေဆုံးသွားနိုင်သည်။ ရင်းကို့ က ဟူဖန်း ကိုအချက်ပြကာ ချည်ကြမ်းဝတ်စုံ ဝတ်ဆင်သူ မင်းသားကို တိုက်ခိုင်းလိုက် လေသည်။
သူကိုယ်တိုင်ကမူ သူ့ တပည့် ငါးယောက်ကို ခေါ်ကာ ကျန်ဂိုဏ်းသားများ ရှိရာ ခုန်ဝင်ပီး တိုက်ခိုက်နေတော့သည်။

ဟူဖန်း က သူ့ဆီပြေးဝင်လာသည်ကို မြင်သော် မင်စုထန် က ပြုံးလိုက်မိသည်။ စီးမင်ကို့ချန် ပင်လျှင် သူ့ကို မနိုင်ရာ ဟူဖန်း မှာ သူ့ကို
အနိုင်ရရန် အကြောင်း မရှိချေ။ သူက ဆီးကြိုကာ ခပ်ပြင်းပြင်း ရိုက်ထုတ် လိုက်သည်။ ဟူဖန်း မှာ ပြင်းထန်သော လက်ဝါး အရှိန်ကို
ခံစားမိသော် အနောက်သို့ ချက်ချင်း ခုန်ဆုတလ
ိုက်ရသည်။ မင်စုထန် ကတော့ ခပ်တည်တည်ပင် ရပ်ကြည့်နေ သည်။ သူက
အခြေအနေကို အကဲခတ် ပီးသားဖြစ်သည်။ သူတို့ဘက်က ဆယ်ယောက်သာ သေဆုံးသေးသော်လဲ နတ်လေးပါး ဂိုဏ်းသားများ မှာ
ရှစ်ဆယ် ကျော်မျှ သေဆုံးနေလေပီ။ အလစ်အငိုက် တိုက်ခြင်းနှင့် နယ်မြေကျွမ်းကျင်ခြင်း က သူတို့အတွက် အောင်မြင်စေခဲ့သည်။
သူ၏ နောက်လိုက် အနီဝတ်များမှာ သိုင်းပညာ ကောင်းလွန်းသဖြင့် တစ်ယောက်မှ အထိအခိုက်မရှိ ချေ။ သူတို့ကပင် ရင်းကို့၏ စုဖွဲ့မှုမှ
ကျွံထွက်လာသော နတ်လေးပါး ဂိုဏ်းသားများကို ရှင်းပစ်နေသည်။ ထို လူသုံးဆယ်၏ ဓားရေးမှာ အရမ်းစွမ်းသည်။ ရင်းကို့မှာ
ထင်းရှူးစေ့များဖြင့် ပစ်နေသည့် တိုင် ထိုသူများကို မထိချေ။ မုထူးဝါး ဦးဆောင်သော ခွန်လွန်ဂိုဏ်းသားများကလဲ ကျန်းဝေ တို့
စစ်သားများနှင့် ပေါင်းကာ ရင်းကို့ တို့ကို ညှက်ပိတ်ပီး တိုက်ခိုက် နေသည်။ ထိုဘက်တွင်လဲ မုထူးဝါး အပြင် မုယုံချန်းရှောင်း နှင့်
စုန်ချီရန့် တို့ ရှိနေရာ ရင်းကို့မှာ လက်မလည်ချေ။
ထို့ကြောင့် မင်စုထန် က ဟူဖန်း ကို ပြုံးကာ ကြည့်နေခြင်းဖြစ်သည်။ ဟူဖန်း က ထိုအပြုံး ကို ကြည့်ကာ ဒီနေ့ သူသေနေ့စေ့ပီ
ဖြစ်ကြောင်း သိလိုက်ရသည်။ မင်စုထန် မှာ ခါးတွင် ချိတ်ထားသော ကျောက်စီဓား ကို ထုတ်ယူလိုက်ချေပီ။ မင်စုထန် ၏ ကျောက်စီဓား
မှာ သူ့ဖခမည်းတော် ဦးရီးတော် ဖြစ်စဉ်က ဘုရင်က ချီးမြှင့်သော ဓား ဖြစ်သည်။ ထိုဓားကို ယခုမှ ပထမဆုံး အကြိမ်
ထုတ်ယူလိုက်ခြင်းဖြစ်သည်။ သူက ရှောင်လင်၏ တာမို့မိစ္ဆာရှင်းလက်ဝါးသိုင်း ကို ဓားသိုင်းအဖြစ် သုံးနှစ်အတွင်း ပြောင်းလဲ ကျင့်ယူ
ထားသည်။ ပူးပေါင်းဓားကွက် အဖြစ်ပါ အောင်မြင်ထားလေသည်။ အနီဝတ် သုံးဆယ် ၏ ဓားရေးမှာ ထိုဓားကွက်များပင် ဖြစ်သည်။

ဟူဖန်း ကတော့ ဓားကို တဖြည်းဖြည်း ထုတ်ယူ နေသော မင်စုထန်ကို ကြည့်ပီး အော်လိုက်လေသည်။


" အကိုသုံး... မင်း ဆရာဦးလေးဆီ ပြေးပီး အကြောင်းကြား... ငါခုခံထားမယ်... ငါသေရင် ငါ့အတွက် လက်စားချေပေး "

ရင်းကို့ မှာ ထင်းရှူးစေ့များကို လက်မလည် အောင်ပစ်ပီး ကာကွယ်ပေးနေကာမှ ဟူဖန်း ၏ အော်သံကြောင့် ဟူဖန်းကို ကြည့်မိသွား
သည်။ မင်စုထန်၏ ဖြေးညှင်းစွာ ဓားထုတ် နေပုံကို ကြည့်မိကာ ကြောက်လန့် သွားတော့သည်။ ဟူဖန်းမှာ သေတော့မည်။ သူက
ဟူဖန်း ပြောသလို ဖောက်ထွက်ကာ ဆရာတူဦးလေးကို သွားခေါ်မှသာ ဖြစ်ပေ တော့မည်။ သူက ဟူဖန်းလို သတ္တိရှိသူ မဟုတ်ချေ။
ချက်ချင်းပင် ထွက်ပြေးရန် လမ်းရှာလိုက်တော့သည်။ သူ ထွက်ပြေးရန် လုပ်လိုက်သဖြင့် ဂိုဏ်းသား များမှာ တုန်လှုပ်သွားကြသည်။
ခေါင်းဆောင်က သူတို့ကို စွန့်ပစ်လေပီ။ ရင်းကို့၏ တပည့်များ မှာလဲ ထိပ်လန့်ကာ ရင်းကို့နား ကပ်လာကြ သည်။ ရင်းကို့က
မျက်မှောင်ကြုတ် ကာ သူ့တပည့်များကို
" ဟေ့... ငါနဲ့ လိုက်မဲ့ကောင်တွေ လိုက်ချင် ကြရင် မြန်မြန်စုစည်းပီး ထိုးဖောက်ကြစမ်း နှေးတဲ့ကောင် ကျန်ခဲ့မှာပဲ "
ဟု အော်လိုက်သည်။

ထို့်ကြောင့် ထိုစကားကိုကြားသူတို့က ထိုးဖောက်ရ လွယ်မည်ထင်သော မုထူးဝါးတို့ ဘက်ကို ဇွတ်အတင်း ဝင်တိုးတော့သည်။


မုထူးဝါးတို့မှာ ထိုသို့ ထင်မထားသဖြင့် ခုခံသော်လဲ ကျိုးပေါက်သွားတော့သည်။ ရင်းကို့မှာ ထိုအခွငအ
့် ရေးကို လက်လွတ်မခံ ချေ။ သူက
ပေါက်သွားသော နေရာကို ထင်းရှူးစေ့များ အဆက်မပြတ်ပစ်လွှတ် လိုက်လေသည်။ ထိုထင်းရှူးစေ့များကို မုယုံချန်းရှောင်း နှင့် စုန့်ချီရန့်
မှာ ပျံလွှားကိုယ်ဖော့ပညာကို အသုံးပြုကာ ရှောင်လိုက်ကြပီး ကျန်းဝေဆီ တိုးဝင်သွားသော ထင်းရှူးစေ့များကိုမူ မုထူးဝါးက သူ၏
လျင်မြန်လွန်းသော ဓားသိင
ုးကို သုံးကာ ကာကွယ်ပေးလိုက် ရတော့သည်။ ထို့ကြောင့် လူခုနစ်ဆယ်ခန့် ရှိသော
နတ်လေးပါးဂိုဏ်းသားများတွင် လူနှစ်ဆယ်ခန့်နှင့် ရင်းကို့ မှာ လွတ်မြောက် သွားတော့သည်။ ကျန်သော ဂိုဏ်းသားများ ကတော့
လက်နက်ချလိုက်လေသည်။ ခေါင်းဆောင်ကပင် စွန့်ပစ်သွားလေပီ သူတို့မှာ အလကားအသေမခံလိုပေ။

တစ်ဖက်က ဟူဖန်းနှင့် မင်စုထန် မှာလဲ အပြန်အလှန် သိုင်းကွက်ငါးဆယ်ကျော် တိုက်ခိုကေ


် နကြသည်။ ဟူဖန်းမှာ သိုင်းပညာ
တိုးတက်လာသဖြင့် ထိုမျှ ခုခံနိုင်ပေသည်။ မင်စုထန် က တိုက်ခိုက်နေရင်းပင် ပြုံးကာ ဟူဖန်းကို ပြောလိုက်သည်။
" ဒီမှာ ကိုယ့်လူ... ပတ်ဝန်းကျင်ကိုလဲ ကြည့်ဦး... အကုန်လုံးလက်နက်ချကုန်ပီ ခင်များအကိုလဲ ထွက်ပြေးသွားပီ... ဆက်တိုက်ရင်
ခင်များရှုံးမှာ သိနေရဲ့နဲ့ လက်နက်ချလိုက်ပါတော့ "

ဟူဖန်း မှာ ဘေးဘီကို ကြည့်မိကာ စိတ်ဓာတ် ကျသွားသည်။ သို့သော်သူက သစ္စာရှိသော သူ ဖြစ်သည်။ အသက်သေသည့်တိုင်
လက်နက်မချလိုပေ။ သူက မင်စုထန်ကို ပြန်ပြုံးပြကာ
" ငါ့အကိုက ငါ့ဦးလေးကို သွားခေါ်တာကွ... သူလာရင် မင်းလဲ သေရမှာပဲ အဲ့ဒီတော့ ငါကအရင် ငရဲပြည်မှာ စောင့်နေပါ့မယ် "
ဟု ပြောလိုက်လေသည်။

မင်စုထန် က ဟူဖန်း၏ ရဲရဲတောက် စကားကို ကြားသော် လေးစားမိသည်။ သူက သက်ပြင်း ချလိုက်ပီး


" ခင်များကို ကျုပ်လေးစားမိသွားပီ...
ခင်များ နာမည်ပြောပါ... ကျုပ်ကိုယ်တိုင် ခင်များအတွက် ဆုတောင်းပေးမယ်..."
ဟု ပြောလိုက်သည်။

ဟူဖန်းက ရယ်ကာ
" ဟားဟား... နတ်လေးပါးဂိုဏ်း က အမှတေ
် လး ဂိုဏ်းချုပ်ကြီး ဟူဖန်း ဆိုတာ ငါပဲ မင်းနာမည်လဲ ပြော... ငါ့ကို သတ်နိုင်တဲ့
သူနာမည်ကို ငါသိသွားချင်တယ် "
ဟု ပြန်ပြောလိက
ုသည်။

မင်စုထန် က သေမှာမကြောက်ပဲ ရယ်နိုင် သေးသည့် သတ္တခဲ ဟူဖန်းကို ကြည့်ကာ သိုင်းကွက်ကို ရပ်လိုက်သည်။ သူက ကျောက်စီဓား
ကို မြေတွင်စိုက်လိုက်ပီး ဝတ်စုံကို သပ်သပ်ရပ်ရပ် ပြန်ပြင် လိုက်သည်။ ဟူဖန်းမှာ မင်စုထန် လုပ်သမျှ ကို ဘာမှမဆိုချေ။ သူက
ထီမထင်ဟန်ဖြင့် ကြည့်နေလေသည်။ ကျန်သော လူနှစ်ရာခန့် မှာ မင်စုထန် နှင့် ဟူဖန်းကို စိတ်ဝင်တစား ကြည့်နေကြသည်။ မင်စုထန်
က ဝတ်စုံကို သပ်သပ်ရပ်ရပ် ပြင်ပီးသော် ဟူဖန်းကို လက်သီးဆုပ် ဂါရဝပြု လိုက်သည်။ သူက
" ကျုပ် ပေ့လဲ့ရယ် မင်စုထန်... ဂိုဏ်းချုပ်ကြီး ဟူဖန်းရဲ့ သတ္တိကို လေးစားလို့ ဂါရဝပြု ပါတယ်... ဂိုဏ်းချုပ်ကြီးကို လေးစားလို့
ကျုပ်တတ်သမျှ ပညာထဲက အကောင်းဆုံး ဖြစ်တဲ့ တာမို့မိစ္ဆာရှင်းလက်ဝါးသိုင်း နဲ့ တိုက်ခိုက်ပါမယ်... ဂိုဏ်းချုပ်ကြီး အသင့်ပြင် ထားပါ "

ဟူဖန်းက သက်ပြင်းချလိုကပ
်ီး ခေါင်းငြိမ့်ကာ
" ကျုပ် ဟူဖန်းလဲ ပေ့လဲ့ရယ် လို သူရဲကောင်း ပီသတဲ့ လူလက်ထဲမှာ သေရတာ ဂုဏ်ရှိတယ် လို့ ခံစားရပါတယ်... ကျုပ်တတ်ထားတဲ့
နတ်လက်ဝါးသိုင်း နဲ့ ခုခံပါမယ် "
ဟု ပြန်ပြောလိက
ုတော့သည်။

ထို့နောက် လူရိပ်နှစ်ခုမှာ ရောထွေးသွား တော့လေသည်။ ဟူဖန်းမှာ သူ့တစ်သက်တာ တွင် ရင်ဆိုင်ဖူးသမျှ တိုက်ပွဲများထက် ဒီတစ်ပွဲမှာ
အခက်ဆုံးဖြစ်သဖြင့် သက်စောင့်အား ပါမချန် တိုက်ခိုက်တော့ လေသည်။ သူက သူ့ကိုယ်သူ သေလူအဖြစ် သဘောထားကာ
တိုက်ခိုက်လေရာ မင်စုထန် မှာလဲ သတိထားကာ ခုခံနေရသည်။ သို့သော် အတွင်းအားကွာခြားချက် ရှိနေ သဖြင့် ဟူဖန်းမှာ
အကွက်တစ်ရာကျော် သော် အရေးနိမ့်လာလေသည်။ ဟူဖန်း က မထူးတော့ပီ ဟု တွေးကာ လျှာကို ကိုက်ဖြတ်
ပီးသွေးလန့်လိုက်တော့သည်။ ထိုနည်းစနစ် မှာ တောင်ပင်လယ်ဂိုဏ်း မှ ရသော နည်းဖြစ်ပီး သွေးလန့်ကာ အတွင်းအားကို
သုံးဆတိုးစေခြင်းဖြစ်သည်။ လက်ရှိ အတွင်းအားထက် သုံးဆ မြှင့်သွား သဖြင့် ဟူဖန်းမှာ မင်စုထန်ကို ယှဉ်နိုင်လာသည်။ မင်စုထန်
ကတော့ ရုတ်တရက်ကြီး အင်အား တိုးပွားလာသော ဟူဖန်းကို အတော်ပင် ခုခံနေရသည်။ သူက အထင်မသေးရဲတော့ပဲ
တတ်ကျွမ်းသမျှ သိုင်းကွက်များကို သုံးကာ ပြန်လည် တိုက်လိုက်သည်။ သို့သော် အကွက်တစ်ရာ ကျော် ထပ်မံတိုက်ခိုက် လိုက်သော်
ဟူဖန်း မှာ တဖြည်းဖြည်း အားအင်ဆုတ်ယုတ်လာ လေသည်။ မင်စုထန် က ထိုအရာကို မြင်သဖြင့် အတွင်းအားစုကာ လက်ဝါး
တစ်ချက် ရိုက်ထုတလ
ိုကေ
် တာ့သည်။ သိုင်းကွက်မှာ ကောင်းကင်ပေါ်ကလက်ဝါး ဖြစ်သည်။ တာမို့သိုင်းကျမ်း ၏ နောက်ဆုံး
အကွက်ကို ထုတ်သုံးလိုက်ခြင်း ဖြစ်သည်။ ရိပ်ခနဲ မိုးပေါ် ခုန်တက်ကာ အပေါ်မှနေ၍ အတွင်းအားသုံးကာ ရိုက်ချလိုက်ခြင်းပင်
ဖြစ်သည်။ လက်ဝါးချက်မှာ ပြင်းထန်စွာ ကျလာပီး ဟူဖန်းကိုယ်လုံးဆီ တိုးဝင်သွား သည်။ ဟူဖန်းက သူတတ်သမျှထဲမှ
အကောင်းဆုံးသိုင်းကွက်ကို ရှိသမျှ အတွင်းအား စုစည်းကာ ခုခံလိုက်သည်။

" ဝုန်း... "


မြေမှုန်များ တထောင်းထောင်း ထသွားပီး ပတ်ဝန်းကျက် တစ်ခုလုံး ဖုံးလွှမ်းသွားသည်။ ကြည့်နေသော သူများမှာ မင်စုထန်၏
သိုင်းကွက်ကို ကြည့်ကာ အံ့သြ ကြောက်ရွံ နေသည်။ သို့်သော် ဟူဖန်း၏ ခုခံကွက် ကလဲ အဆင့်မနိမ့်ပါ။ ထိုကြောင့် သူတို့က
မြေမှုန်များ ကြားထဲတွင် ရပ်နေသော ဝိုးတဝါး လူရိပ်ကို စောင့်ကြည့်နေကြခြင်းပင် ဖြစ်သည်။ ထိုလူရိပ်က ဝတ်စုံလက်စဖြင့် မြေမှုန်များ
ကို ခါကာ လမ်းလျှောက်ထွက် လာနေသည်။ ထိုနောက် စိုက်ထားသော ဓားကို ဆွဲထုတ်ကာ ခါးတွင် ပြန်ချိတ် ထားလိုက်သည်။ ထိုသူ
ထွက်လာသည်ကို မုယုံချန်းရှောင်း က ပြုံးကာ ကြိုဆို လိုက်သည်။ အနီဝတ်လူများနှင့် ကျန်းဝေ မုထူးဝါးတို့ လူစုကလဲ ဟေး ခနဲ
အော်လိုက်တော့သည်။ သူတို့သိကြသည့် အတိုင်းပင် ထိုသူမှာ မင်စုထန် ပင်ဖြစ်လေ တော့သည်။

အခန်း (၂၇) အပိုင်း သုံး


ထောင်ချောက်များ

လို့ရန်မြို့ ...
ကျိုးမော့မှာ ကျိုးကျစ်ယွင်ကို တစ်ပါတ်ခန့် အချိန်ယူကာ အသေအချာပင် ခံစားချက်မဲ့ အတွင်းအား ကို သင်ပေးနေသည်။ ဒီနေ့မှာ
တစ်ပါတ်ပြည့်သော နေ့ပင်ဖြစ်သည်။ ထိုတစ်ပါတ်အတွင်း သူတို့က သတင်းလဲ ဖြန့်ပီးသလို အသေအချာလဲ ပြင်ဆင်ကြပီး
ကြပီဖြစ်သည်။ ကျန်းယွမ် နှင့် ပိုင်ချုန်း က သူတို့နှင့် ကိုယ်လုံးကိုယ်ထည် တူသူများ ကို သူတို့အဖြစ် ရုပ်ဖျက်စေကာ သူတို့ကတော့
ရိုးအသော သိုင်းသမားအိုကြီးများ အဖြစ် တစ်ပါတ်လုံးလုံး မြို့ ထဲ လူလုံးပြထား ကြသည်။ ကျိုးကျစ်ယွင် အဆင့်သင့် ဖြစ်ပါက သူတို့က
ခိုင်ဖုန်းသွားရန် ပြင်ဆင်ပီး နေကြလေပီ။

ကျိုးကျစ်ယွင် မှာ ခံစားချက်မဲ့အတွင်းအား ကို ကျင့်လိုက်ရသဖြင့် အတွင်းအား အတော်ပင် တိုးတက် လာလေသည်။ သူမ၏ သိုင်းပညာ
မှာ တစ်ဆင့်ပင် မြင့်လာခဲ့သည်။ သို့သော် ဆိုးကျိုး အနေဖြင့် သူမတွင် ခံစားချက်များ လျော့နည်းလာသည်။ သနားခြင်း ချစ်ခြင်း
မုန်းခြင်း များကို သိရှိနိုင်စွမ်း လျော့နည်း လာခြင်း ဖြစ်သည်။ ထိုသိုင်းကျမ်းမှာ အကုန်အစင် အောင်မြင်ပါက ခံစားချက်
လုံးဝမဲ့သွားနိုင်သည် ဟု အဆိုရှိသည်။ သို့သော် ဂိုဏ်းချုပ်ဖြစ်သူ ကျိုးမော့ပင်လျှင် တပည့်မဖြစ်သူ ကျိုးကျစ်ယွင် အတွက်
မျက်ရည်ကျသေးရာ အကုန်အောင်မြင် ဟန်မတူချေ။ ထို့ကြောင့် ကျိုးကျစ်ယွင် မှာလဲ အနည်းငယ်သာ လျော့နည်းခြင်း ဖြစ်သည်။

ကျိုးကျစ်ယွင် တို့ နေသော နေရာမှာ လို့ရန်မြို့ က မြို့  တော်ဧည့်ဂေဟာ ဖြစ်သည်။ သိုင်းဂိုဏ်းချုပ်များနှင့် ဂိုဏ်းသားများကို
လို့ရန်မြို့ စားနှင့် မြို့ စောင့်တပ်မှူးက ဧည့်ဝတ်ပြုလို၍ ထိုဂေဟာကို ပေးထားခြင်း ဖြစ်သည်။ ဧည့်ဂေဟာ အရှေ့ဝင်ပေါက် မှ
လူသုံးယောက် ထွက်လာသည်။ ထိုသူများမှာ မိန်းမလှလေး ကျိုးကျစ်ယွင် နှင့် ထူအ ဟန် တူသော အဘိုးအိုနှစ်ယောက် ဖြစ်သည်။
ထိုအဘိုးအိုများမှာ သိုင်းတတ်ပုံရသည်။ ကျောတွင် ဓားတစ်ချောင်းစီ လွယ်ထား ကြသည်။

ကျိုးကျစ်ယွင် က ဘေးရှိ သိုင်းသမားအိုကြီး နှစ်ယောက်ကို လှမ်းကာ


" ကဲအဘတို့ ခိုင်ဖုန်းသွားဖို့ မြင်းသုံးကောင် ပြင်ကြပေတော့ ဒီနေ့ပဲ ထွက်ကြမယ် "
ဟု ပြောလိုက်လေသည်။

ထိုအဖြစ်အပျက်ကို ကြည့်နေသောသူ ရှိသည်။ မျက်စောင်းထိုးရှိ အပေါင်ဆိုင် မှ ခပ်ဝဝလူကြီး ဖြစ်သည်။ ထိုလူကြီးက လှပလွန်းသော


ကျိုးကျစ်ယွင် ကို စားမတတ် ဝါးမတတ်ကြည့်နေသည်။ သူက နှုတ်ခမ်းကို တွန့်ကွေးကာ မသတီစရာ ပြုံးလိုက်ပီး
" မိန်းကလေးရယ်... မင်းဘယ်ပြေးချင်လ့လ
ိဲု"
ဟု ရေရွတ်လိုက်လေသည်။

ကျိုးကျစ်ယွင် မှာ သိုင်း သမားကြီး တစ်ဦး ယူလာပေးသော မြင်းပေါ် တက်လိုက် လေသည်။ သူတို့သုံးဦးမှာ ခရီးထွက်ရန် အဆင့်သင့်
ဖြစ်နေကြပီလေ။ သိုင်းသမားကြီး တစ်ဦးက ကျိုးကျစ်ယွင်ကို တရိုတသေ ဖြင့်
" မမလေး... ဒီမြင်းတွေက ဒီမြို့ မှာ အမြန်ဆုံး မြင်းတွေပါ... ကျနော်တို့ ဆယ်ရက်သွား ရမဲ့ ခရီးကို တစ်ပါတ်နဲ့ ရောက်မှာပါ.. "
ဟု ပြောလိုက်လေသည်။

ကျိုးကျစ်ယွင် က ခေါင်းငြိမ့်ကာ
" ကောင်းတာပေါ့ အဘရယ်... ဒါမှ အဖွဲ့ချုပ်ကြီး ဆီမြန်မြန်ရောက်ပီး စစ်ကူ တောင်းနိုင်မှာ မဟုတ်လား "
ဟု ပြောလိုက်လေသည်။

ထို့်နောက် သုံးယောက်သားမှာ မြင်းကို အပြင်းနှင် သွားကြလေသည်။ သူတို့သုံးဦး မြင်ကွင်းမှ ပျောက်သော် အပေါင်ဆိုင်ထဲမှ


ခန့်ညားသော ကုန်သည်ကြီး တစ်ယောက် ထွက်လာကာ ထိုကုန်သည်ကြီး ကလဲ သူတို့ သွားရာဘက်သို့ပင် ဦးတည်ကာ မြင်းဖြင့်
ထွက်သွားလေသည်။ သို့သော် ကုန်သည်ကြီး က အပြင်းမနှင်ပါ သူက သက်တောင့်သက်သာ စီးသွားပီး နှုတ်ခမ်း ကလဲ
ပြုံးရွှင်နေသည်။ သူနှုတ်မှ ရေရွတ်နေ သော စကားကို ကျိုးကျစ်ယွင်တို့ ကြားပါက စိတ်ပျက်သွား နိုင်လေသည်။ မည်သည်ကို
ရွတ်လိုက် သနည်း။
" မိန်းကလေးရယ် ... မင်းတို့ အဖွခ
ျဲု့ပ်ကြီး က ခိုင်ဖုန်းမှာ မရှိဘူးလေ... သူက တောင်ပင်လယ် က ကျောက်ယွင်ကျဲ နဲ့ တိုက်ဖို့
ပြင်နေရော့မယ်... အဲ့ဒီပွဲပီးရင်လဲ သူ့အသက်ရှင်စရာမရှိပါဘူး... မင်းလေး ကိုတော့ ဒီအကိုကြီးက စောင့်ရှောက် ပေးရမှာပေါ့ "
ဟူ၍ ဖြစ်လေသည်။

ထိုကုန်သည်ကြီး ထွက်သွားသည်ကို ခပ်လှမ်းလှမ်းမှ အဘွားကြီး တစ်ယောက်က လှမ်းမြင်လိုက်ကာ ခေါင်းယမ်းလိုက် လေသည်။


ထို့နောက် အဘွားကြီးက တောင်ဝှေးကိုထောက်ကာ အပေါင်ဆိုင်ထဲ ဝင်သွားသည်။ ခဏမျှ ကြာသော အပေါင်ဆိုင် ထဲမှ
ခမောက်အဖြူလေး ဆောင်းထားသော မိန်းကလေး တစ်ယောက် ထွက်လာကာ မြင်းဖြင့် ထွက်သွားလေသည်။ သူတို့အားလုံး၏
ဦးတည်ရာမှာ တစ်ခုထဲပင် ဖြစ်သည်။ ခိုင်ဖုန်းမြို့ ဆီသို့...

ကျိုးကျစ်ယွင် ကျန်းယွမ် နှင့် ပိုင်ချုန်း တို့မှာ အမှန်တကယ်ပင် မနားတမ်း အပြင်းနှင်လာ ကြလေသည်။ သုံးရက်မြောက်သော်
တစ်ဝက်နီးပါး ခရီးပေါက်လာကြသည်။ သူတို့က ကြားရွာကြီးရှိ စားသောက်ဆိုင် တွင် ထိုင်ကာ နေ့တစ်ဝက်ခန့် အနားယူရန် စီစဉ်
လိုက်ကြသည်။ သူတို့က မျှားရန် ထွက်လာ ကြသူများသာ ဖြစ်ရာ အမှန်တကယ် ဆက်သားများလို အင်အားအကုန်ခံ၍ မရချေ။
အင်အားပြည့်ဝနေမှသာ ထန်ဖု နှင့် တိုက်ခိုက်သောအခါ အသာရပေမည်။ ထို့ကြောင့် လမ်းမကြီးဘေးတွင် ရှိသော
စားသောက်ဆိုင်ကြီးတွင် ရပ်လိုက်ကြသည်။ စားပွဲထိုးလေးကို မြင်းအပ်ကာ လမ်းမကြီး ကို ကောင်းကောင်းမြင်ရသော စားပွဲတွင်
ဝင်ထိုင်လိုက်ကြသည်။ သူတို့နောက် ထန်ဖု လိုက်လာသည် မလိုက်လာသည်ကို စားနေရင်းပင် အကဲခတ်ရပေမည်။

ကျိုးကျစ်ယွင်တို့မှာ မှာကြားထားသော ဟင်းလျာများကို စားသောက်ရင်း လမ်းမဘက်သို့လဲ မသိမသာ အကဲခတ်နေ ကြသည်။


သို့်သော်လဲ မင်္သကာစရာ ဟူ၍ မတွေ့ချေ။ ထို့ကြောင့် သူတို့က စိတ်ပျက်ကာ အေးအေးလူလူ ပင် ရေနွေးထိုင်သောက်
နေလိုက်ကြတော့သည်။

နှစ်နာရီခန့် ကြာသောအခါ လို့ရန်မြို့ ဘက်မှ မြင်းစီးလာသော ကုန်သည်ကြီး တစ်ဦးက ထို ဆိုင်ထဲသို့ ဝင်လာလေသည်။
ထိုကုန်သည်ကြီး က ဆိုင်ထဲရှိ မည်သူကိုမှ မကြည့်ချေ။ မာနကြီးပုံရကာ စားပွဲထိုးကိုပင် ဆူငေါက်နေသေးသည်။ သူက တန်ဖိုးကြီး
သော ဟင်းလျာများကို စားပွဲမဆန့်အောင် မှာကာ တိက
ု့ နန်း ဆိတ်ကနန်း ဖြင့် စားသောက်နေလေသည်။ ခဏမျှ ကြာသော်
ဈေးအကြီးဆုံး ဝါးစိမ်းအရက်ကို မှာကာ တစ်ခွက်ချင်း ဇိမ်ဆွဲကာ သောက်နေလေ သည်။
ကျိုးကျစ်ယွင် တို့မှာ ထိုကုန်သည်ကြီး ကို စိတမ
် ဝင်စားကြပါ လမ်းမဘက်ကိုသာ တစ်ချက်တစ်ချက် အကဲခတ်နေလေသည်။ ခဏမျှ
ကြာသော် ခိုင်ဖုန်းမြို့ ဘက်မှ လယ်သမားကြီး တစ်ယောက်က သူ့၏ ကောက်ရိုးမြင်းလှည်း ပေါ်တွင် ထိုင်လိုက်ကာ
ရောက်လာလေသည်။ လယ်သမားကြီး က စားသောက်ဆိုင်ကို တွေေ
့ သာ် စုပ်သပ်ကာ မြင်းကို ရပ်လိုက်ပီး ဝင်လာရန်
ပြင်လိုက်တော့သည်။ သူက မြင်းလှည်းမှ မြင်းကို ဖြုတ်ကာ စားပွဲထိုးကို အပ်လိုက်သည်။ သူတန်ဖိုးထားသော မြင်းကြီး ဖြစ်ကြောင်း
ခိုင်ဖုန်းမှ ပိုက်ဆံ အတော်ပေးကာ ဝယ်လာရကြောင်း အသံခပ်သြသြ ကြီးဖြင့် လေရှည်နေ သေးသည်။ စားပွဲထိုးမှာ စကားပြတ်အောင်
ဇွတ်ဖြတ်ပီး မြင်းကို ဆွဲခေါ်သွားရသည်။ ထို့နောက် သူက ဆိုင်ထဲ ဝင်ရန် ပြင်လိုက် လေသည်။ သူက ဆိုင်ထဲကို ကြည့်မိသော်
သာမန်ခရီးသွားများ၊ လှပလွန်းသော မိန်းကလေးနှင့် အဘိုးကြီးနှစ်ယောက် အပါအဝင် မာနကြီးသော ကုန်သည်ကြီးကို မြင်မိသည်။
သူက ကုန်သည်ကြီးကို ကြည့်ကာ ပြုံးပြလိုက်သော် ကုန်သည်ကြီးက ရွံရှာဟန်ဖြင့် တစ်ဖက်လှည့်ကာ တံတွေး
ထွေးပစ်လိုက်လေသည်။ ထိုအပြုအမူ မှာ အလွန် ရိုင်းစိုင်းသော်လဲ လယ်သမားကြီးက ဂရုထားဟန်မတူပါ သူက မိန်းကလေးရှိရာ ဝိုင်းမှ
တစ်ဝိုင်းကျော် ထောင့်စားပွဲသို့ ဦးတည်ကာ ထိုင်ချလိုက်သည်။ အချိန်မှာ နေ့လည်ပင် မရှိသေးသော်၍ လယ်သမားကြီး က
ခေါက်ဆွဲပြုတ် ကိုသာ မှာပီး သောက်နေလေသည်။

ထိုစဉ်မှာပင် ဆိုင်ထဲသို့ နောက်တစ်ဦး ရောက်လာပြန်သည်။ ဒီတစ်ခေါက်မှာမူ မိန်းကလေးဖြစ်သည်။ သူမက အဖြူရောင်


အဝတ်အစားကို တစ်ကိုယ်လုံးဝတ်ဆင်ပီး ခေါင်းတွင်ပင် အဖြူရောင် ခမောက်ကြီး ဆောင်းထားသေးသည်။

ကိုယ်လုံးကိုယ်ထည် မှာ အရမ်းအချိုးကျ သဖြင့် မြင်သူတိုင်းက သူမကိုပင် ကြည့်နေကြသည်။ သူမက ဆိုင်ထဲသို့ ဝင်ကာ
ရောက်နှင့်ပီးသားသူများကို တစ်ချက် ကြည့်လိုက်သည်။ သူမအကြည့်ကို အကုန်လုံးက တုံ့ပြန်ကြည့်သော်လဲ လယ်သမားကြီး နှင့်
ကုန်သည်ကြီးမှာ မကြည့်ကြချေ။ ကုန်သည်ကြီးမှာ မမြင်၍ လားမသိ အဝေးကိုငေးကာ အရက်သောက် နေပီး လယ်သမားကြီးကတော့
ခေါက်ဆွဲပြုတ် ပန်းကန်ကို အငမ်းမရ မော့သောက် နေသဖြင့် မမြင်လိုက်ချေ။ သူမ က လှပလွန်းသော ကျိုးကျစ်ယွင် ကို စူးစူးရဲရဲ
ကြည့်ကာ မျက်စောင်းထိုး ဝိုင်းတွင် ဝင်ထိုင် လိုက်သည်။ ထို့နောက် ဟင်းနှစ်မျိုးနှင့် အရက်တစ်ခရားကို မှာကာ ထိုင်သောက်
နေလေသည်။ ထိုအချိန်ထိ သူမက သူမ၏ ခမောက်ကြီးကို မဖြုတ်ပါ။ ပဝါဖြူစ ချထား သော ခမောက်မှာ သူမ၏ မျက်နှာ တစ်ဝက်ကို
ဖုံးအုပ်ထားသည်။ နှာသီးဖျားလေး နှင့် ခပ်ထူထူရှိသော နှုတ်ခမ်းလေးများကို သာ မြင်နေရသည်။ ထိုမျှသာ မြင်ရသည်ကပင်
ထိုမိန်းကလေးမှာ လှပသူလေးဖြစ်ကြောင်း သိသာနေသည်။

ကျိုးကျစ်ယွင် မှာ မထင်မှတ်ပဲ သူမကဲ့သို့ မိန်းမလှလေးရောက် လာပီး သူမကိုလဲ စူးစူးရဲရဲ ကြည့်သွား သဖြင့် စိတ်လေး နေသည်။
သူမက ဘေးရှိ အဘိုးကြီးကို စကားပြော ရန် ကြည့်လိုက်သော် အဘိုးကြီးက လက်ချိုးကာ တစ်ခုခုတွက်ချက် နေသည်။
ထိုအဘိုးကြီးမှာ ရသေ့ကြီး ကျန်းယွမ် ဖြစ်ပီး သူက ဖုန်းရွှေ အတတ်ဖြင့် တွက်ချက်နေခြင်းဖြစ်သည်။ သူတို့ တည်နေရာအနေအထားကို
တည်ကာ ဘေးမှ လူများ၏ အနေအထားနှင့် ယှဉ်တွက်နေသည်။ သူတို့ဝိုင်းမှာ လမ်းမကြီး ကို မြင်ရရန် ဦးစားပေးထိုင်လိုက်သဖြင့်
ဆိုင်ဝင်ပေါက် တည့်တည့် ဆိုင်အလယ်တွင် ရှိသည်။ ကုန်သည်ကြီးမှာ သူတို့နောက် တည့်တည့်တွင် ထိုင်နေသည်။ ညာဘက်
ဘေးတွင် အဖြူဝတ်မိန်းကလေးရှိပီး ဘယ်ဘက်တွင် လယ်သမားကြီး ရှိသည်။ အနေအထားအရ သူတက
ို့ ဝိုင်းထားခြင်း ဖြစ်သည်။
ထို့ကြောင့် ကျန်းယွမ်က ထိတ်လန့်သွားသည်။ သူ့အထင် ထိုသုံးယောက်မှာ ထန်မောင်နှမ သုံးယောက် ဖြစ်ရပေမည်။
ယောက်ျားနှစ်ယောက် မိန်းမတစ်ယောက် ကိုက်ညီနေသည်လေ။

သူက ကျိုးကျစ်ယွင် ကို ကြည့်ကာ


" ဒီနေ့တော့ ဒီဆိုင်မှာပဲ နားရအောင် မမလေး... ဆက်သွားရမဲ့ ခရီးမှာ ကြားရွာ လဲ မရှိတော့ နားစရာရှိမယ် မထင်ဘူး ကျနော်တို့လဲ
သုံးရက်တိတိ ပင်ပန်းလာတော့ နည်းနည်း အနားယူမှ ဖြစ်မယ် ထင်တယ် "
ဟု ပြောလိုက်လေသည်။

ကျိုးကျစ်ယွင် မှာ ထိုစကားကိုကြားသော် ကြောင် သွားလေသည်။ သို့သော်လဲ သူမက ခေါင်းငြိမ့်ကာ


" ကောင်းပီလေ အဘသဘောပဲ "
ဟု လက်ခံလိုက်လေသည်။

အဘိုးကြီးက ဆိုင်ရှင် ရှိရာသို့ ထကာ ညအိပ် တည်းခိုရန် အခန်းသွားမေးတော့သည်။ အတန်ကြာ စကားပြောပီးသော် ပြန်ရောက်
လာလေသည်။ သူက ကျိုးကျစ်ယွင် ကို
" အခန်းရခဲ့ပီ မမလေး... မမလေး သွားနား မယ်ဆိုရင် သွားကြတာပေါ့ "
ဟု ပြောလေသည်။

အဘိုးကြီး က ဆိုင်ဘေးပေါက် မှ ထွက်ကာ ဘေးရှိ တည်းခိုးခန်း သို့ ဝင်သွားလေသည်။


ကျိုးကျစ်ယွင် မှာလဲ ကြောင်အမ်းအမ်း နှင့်ပင် ထကာ အဘိုးကြီးနောက်သို့ လိုက်သွား လေသည်။ နောက်အဘိုးကြီး တစ်ယောက်
ကလဲ ထပ်ကြပ်မခွာ လိုက်သွားလေသည်။
သူတို့ထွက်သွားကြသည်ကို မကြည့်သလိုလို နှင့် သတိထားကြည့်နေသော သူ သုံးယောက် ရှိလေသည်။ သူတို့ သုံးဦးသား မှာ
လယ်သမားကြီး၊ ကုန်သည်ကြီးနှင့် အဖြူရောင်မိန်းကလေးတို့ ဖြစ်ကြသည်။
ခဏမျှ အကြာမှာပင် ကုန်သည်ကြီး က စားပွဲထိုးခေါ်ကာ တည်းခိုလိုကြောင်း ပြောပြန်သည်။ ဆိုင်ရှင်က ဝမ်းသာကာ
အကောင်းဆုံးအခန်းရှိကြောင်း ပေးမည် ဖြစ်ကြောင်း ပြန်ပြောသည်။ ထို့နောက် မိန်းကလေးကလဲ တည်းခို မည့်အကြောင်း
ခေါ်ပြောပြန်သည်။ ဆိုင်ရှင်မှာ ဝမ်းသာကာ အခန်းပေးလိုက်ပြန်သည်။ သို့သော် လယ်သမားကြီးကမူ တည်းခိုလိုကြောင်း မပြောပါ
သူက ခေါက်ဆွဲပြုတ် နောက်တစ်ပွဲ သာမှာလိုက်လေသည်။ ဆိုင်ရှင်မှာ နှာခေါင်းရှုံ့ပီး ပြန်ထိုင်လိုက်လေသည်။

လယ်သမားကြီးက ခေါက်ဆွဲပြုတ်မှာစား နေသည်မှာ တစ်ပွဲ တစ်ပွဲနှင့် သုံးပွဲ ရှိလေပီ။ ကုန်သည်ကြီးမှာ မှာထားသည်များကို


ကုန်အောင် မစားချေ။ သူက အကြော တစ်ချက်ဆန့်ကာ စားပွဲထိုးကို ခေါ်လိုက် လေသည်။ အလိုက်သိသော စားပွဲထိုးက
အခန်းသော့ပါ တစ်ပါတည်း ယူပေးလိုက် သည်။ ကုန်သည်ကြီးက သဘောကျကာ ကျသင့်ငွေအပြင် ငွေတုံးအသေးတစ်တုံး
အပိုပေးလိုက်လေသည်။

ကုန်သည်ကြီးက တည်းခိုခန်း ရှိရာ ဘက်သို့ ဝင်ရန်ပြင်လိုက်သော် တစ်ဖက်ခြံထဲမှ မြင်းသုံးစီးက အပြေးနှင့်တော့လေသည်။ သူတို့


ဦးတည်ရာမှာ လို့ရန်မြို့ ဆီသ.ို့ ..
မြင်းပေါ်မှ သူများမှာ ခနက တည်းခိုခန်း တွင်အနားယူရန် ဝင်သွားသော မိန်းကလေး နှင့်အဘိုးကြီး နှစ်ယောက်တို့ ဖြစ်သည်။

ကုန်သည်ကြီး မှာ ထိုအဖြစ်ကို တွေ့သော် တောက် တစ်ချက် ခေါက်လိုက်မိသည်။ ထို့နောက် စားပွဲထိုး ကို အော်ခေါ်ကာ သူ့မြင်းကို
တောင်းလေသည်။ စားပွဲထိုးလေး မှာ လန့်ဖျန့်ပီး မြင်းဇောင်းသို့ ပြေးတော့ သည်။ ခဏမျှပင်ကြာပီး စားပွဲထိုးလေးမှာ
ပြန်ရောက်လာသည်။ သူမျက်နှာက ငိုတော့မလိုပင်။

ကုန်သည်ကြီးမှ စိတ်တိုကာ
" ဘာဖြစ်တာလဲ ပြောစမ်း "
ဟု အော်လိုက်လေသည်။

စားပွဲထိုးလေးက ကြောက်လန့်ကာ
" ဟို ... ဟို... မြင်းကုန်းနှီးတွေ တစ်ခုမှ မရှိတော့လို့ပါ မြင်းဇောင်းမှာ ဘာမြင်းကုန်း နှီး မှ မရှိတော့ဘူး အကုန်လုံးပျောက်သွားပီဗျ "

" တောက်... သောက်သုံးကိုမကျဘူး ငါလုပ်လိုကရ


် င် သေတော့မယ် "
ကုန်သည်ကြီးမှာ စိတ်တိုကာ တောက်ခေါက် လိုက်ပီး စားပွဲထိုးလေးကို ရိုက်ရန် ပြင် လိုက်တော့သည်။
ထို့ကြောင့် အဖြူရောင်ဝတ် မိန်းကလေးက စားပွဲမှ ထကာ ကုန်သည်ကြီးကို တားလိုက်လေ သည်။

သူမက ချိုသာသော အသံလေးဖြင့် စားပွဲထိုးကို ပြောလိုက်လေသည်။


" မောင်လေး... ကုန်းနှီးမပါလဲ ရပါတယ်... မမမြင်းနဲ့ ဒီကုနသ
် ည်ကြီးမြင်းကို မြန်မြန်ယူခဲေ
့ ပး စောင်ထူထူ လေးထည် လောက်လဲ ယူခဲ့
ရော့ ဒါမင်းအတွက် မုန့်ဖိုး "

ထို့နောက် သူမက ကုန်သည်ကြီးကို ပြုံးပြကာ


" အကိုလတ်ဟာ ဒီလိုချည်းပဲ ထစ်ဆို ရိုက်မယ် နှက်မယ်နဲ့ အေးဆေးလုပ်ပါ "
ဟု ပြောလိုက်လေသည်။

ကုန်သည်ကြီးမှ မိန်းကလေးစကားကို ကြားသော် စိတ်လျှော့ ကာ အရက်တစ်ခွက် ကို မော့သောက်လိုက်လေသည်။ ထိုစဉ်


စားပွဲထိုးလေးမှာ ဆိုင်ရှေ့ကို မြင်းနှစ်ကောင် ခေါ်ပီး ရောက်နေလေပီ။ သူက စောင်ထူထူ လေးထည်ကိုလဲ ကိုင်ထားသည်။
ကုန်သည်ကြီး က စားပွဲထိုး လေးကို စိတ်မပြေ သလိုကြည့်နေသည်။ မိန်းကလေးက စောင် နှစ်ထည်စီကို မြင်းပေါ်တွင် ခင်းလိုက်သည်။
မြင်းကုန်းနှီးမပါသော်လဲ စောင်များကြောင့် ကုန်းနှီးကဲ့သို့ပင် စီး၍ ဖြစ်သွားသည်။ သူမက ငွေတစ်တုံးထုတ်ကာ စားပွဲထိုးလေးကို
ပေးလိုက်ပီး ထွက်သွားလေသည်။ ကုန်သည် ကြီးကလဲ မိန်းကလေးနောက်သို့ လိုက်သွားလေသည်။

ထိုစဉ် လယ်သမားကြီးက စားပွဲထိုးကို ခေါ် လိုက်သည်။


" ဟေ့ ကောင်လေး... ငါ့မြင်းလဲ ခေါ်ခဲ့ ဒီမှာ ခေါက်ဆွဲဖိုး ကြေးပြားနှစ်ဆယ် လာယူ "

စားပွဲထိုးလေးမှာ လစ်ခနဲ ပြေးထွက်ပီး လယ်သမားကြီး၏ မြင်းထွားကြီးကို ယူပေးလိုက်သည်။ ထို့နောက် မြင်းကို မြင်းလှည်းတွင်


ကူညီပီး တပ်ပေးနေသည်။ လယ်သမားကြီးက မြင်းလှည်း ကို ကူတပ် ပေးသည့် စားပွဲထိုးလေးအား ကြည့်ကာ
" ဒီမယ်ကောင်လေး... မင်းကို သဘောကျ လို့ ပြောလိုက်မယ်... ဟိုကုန်သည်ကြီး စားလို့ ကျန်နေတဲ့ ဟင်းတွေ အရက်တွေကို မထိနဲ့
စားပွဲလိုက်သယ်ပီး မြေမြှပ်ပစ်လိုက် "
ဟု ပြောလိုက်သည်။
" ဝုန်း... "
လယ်သမားကြီး၏ စကားမဆုံးမီပင် တခြား စားပွဲထိုးလေးတစ်ယောက်မှာ ပန်းကန်သမ
ိး ရန် ကုန်သည်ကြီး၏ စားပွဲသို့အလာ
အရက်ခွက်ကို ကိုင်လိုက်မိသဖြင့် ပါးစပ်မှ အမြှုပ်တွေ ထွက်ကာ လဲကျ သေဆုံးသွား လေသည်။ အရက်ခွက်ကို ကိုင်သောလက် မှာ
ချက်ချင်းပင် မည်းနက်ကာ ပုပ်နေလေပီ။

လယ်သမားကြီးမှာ ကြောင်နေသော စားပွဲထိုးလေးကို ကြည့်ကာ


" ငါပြောလို့မှ မဆုံးသေးဘူး... မင်းလဲ သေမှာ ကြောက်ရင် ငါပြောတဲ့အတိုင်း လုပ် "
ဟု ပြောကာထွက်သွားတော့လေသည်။

#မိုးထိတောင်သိုင်းသမား #ZYN
အခန်း (၂၇) အပိုင်း လေး
ထောင်ချောက်များ

ခိုင်ဖုန်းမြို့ ...
ခိုင်ဖုန်းမြို့ တွင် နားနေသော တွမ့်ကျန်းယွမ် မှာ တစ်ရက်ခန့် သေချာနားလိုက်ရသော် အင်အားပြန်ပြည့်သွားလေပီ။ သူက ခိုင်ဖုန်းမြို့ စား
ဂေဟာတွင် လေးရက်မျှ နားနေလိုက်ရသော် ပျင်းရိလာလေသည်။ ထို့အပြင် မြို့ စားမှာ သူ့ကို ဇွတ်အတင်း
သမက်တော်ချင်နေသဖြင့်လဲ စိတ်ကျဉ်းကျပ် နေမိသည်။ သူက ရှောင်ရင်းတိမ်း ရင်းဖြင့် အကျဉ်းသားများကို ချုပ်ထားသော အခန်းသို့
ရောက်လာလေသည်။ သူရိုက်ထားသော ဒဏ်ကြောင့် လီကျင့်ဝမ် နှင့် ပိုင်ချုန်းရန်မှာ သတိပင်ကောင်းကောင်းမလည်သေးချေ။
သမားတော်များဖြင့် သီးသန့်ကုသ ပေးနေရသည်။ သူက အခန်းထဲ ဝင်ရန် ခြေလှမ်းလိုက်ရာ စားပွဲပေါ် တင်ထားသော ဓားနှစ်လက် ကို
မြင်လိုက်ရသည်။ ဓားသမားဖြစ်သဖြင့် ထိုဓားနှစ်လက် ကို စိတ်ဝင်စားကာ သူက ကိုင်ကြည့်မိသည်။ တစ်လက်မှာ လီကျင့်ဝမ်
၏ဓားဖြစ်ကာ ဓားက တိုပီး ဓားသွားထူသည်။ ထိုဓားထဲ မှ အပ်များ ထွက်လာတတ်သည်ကို သူတွေ့ဖူး သည်။ မုထူးဝါးကို ပင်
ထိုအပ်များထံမှ ကယ်ပေးလိုက်ရသေးသည်။ သူက ဓားရိုးတွင် ပါသော ခလုတ်ကိုထိကြည့်ကာ ပြန်ချထားလိုက်သည်။ ထို့နောက်
နောက် တစ်လက်ကို ကိုင်ကြည့်လိုက်သည်။ ထိုဓားကို သူမြင်ဖူးသည်ဟု ထင်မိသည်။ ခဏမျှ စဉ်းစားမိတော့ ထိုဓားမှာ ဝါဆန်း
ဂိုဏ်းချုပ်ကြီး ပိုင်ချုန်း၏ ဓားဖြစ်ကြောင်း သိလိုက်ရသည်။ ပိုင်ချုန်းရန် က ခိုင်ဖုန်းတွင် ယွင်စန်း ကိုသတ်ကာ ယူသွားကြောင်း
သတိရမိသည်။ သူက ဓားကောင်းတစ်လက် ဖြစ်သော ထိုဓားကို ဆ ကြည့်ကာ ဝါဆန်းဂိုဏ်း လက်ကို ပြန်အပ်ရန် စဉ်းစားမိသည်။
ခိုင်ဖုန်း တွင်ထားခဲ့ပါက မည်သူအပိုင်သိမ်းသွား မည်မှန်း မသိရချေ။ သူက ခပ်တည်တည်ပင် ထိုဓားကို ကိုင်ကာ ပြန်ထွက်လာခဲ့သည်။
သူဦးတည်ရာက သူ့အခန်းသိ.ု့ ...
သူ လို့ရန်သို့ ခရီးထွက်ရန် ပစ္စည်းများ သိမ်းရပေဦးမည်။

တွမ့်ကျန်းယွမ် က ပစ္စည်းများ သိမ်းကာ ထွက်သွားရန် ပြင်လိုက်တော့သည်။ ထိုစဉ် အခန်းဝသို့ မြို့ စားရောက်လာလေသည်။ မြို့ စားက
ပစ္စည်းသိမ်းနေသော တွမ့်ကျန်းယွမ် ကို ကြည့်ကာ
" ဟာ မင်းသားလေး... ဘယ်သွားမလို့လဲ ခိုင်ဖုန်းမှာပဲ နေပါ... ဒီည ကျနော် ဧည့်ခံပွဲ လုပဖ
ို့ စီစဉ်ထားတယ် နေပါဦးဗျာ "
ဟု ဇွတ်အတင်းပြောလေသည်။

တွမ့်ကျန်းယွမ် မငြင်းသာသဖြင့် ပစ္စည်းထုပ်ကို ချကာ


" ဟုတ်ကဲ့ပါ ကောင်းပါပီဗျာ "
ဟု ပြောလိုက်ရတော့သည်။

မြို့ စားက သဘောကျကာ ပြန်ထွက်သွား လေသည်။ ထို့အခါမှ တွမ့်ကျန်းယွမ်က ပစ္စည်းထုပ်ကို ကိုင်ကာ သူ၏ ပြိုင်စံရှား သော
ကိုယ့်ဖော့ပညာဖြင့် မြို့ စားဂေဟာ မှ ခုန်ထွက်သွားတော့သည်။ သူက မြို့ ထဲ သို့ရောက်သော် မြင်းထွားကြီးတစ်ကောင် ဝယ်စီး လိုက်ပီး
လို့ရန်မြို့  ဘက်သို့ သွားရန် ဦးတည် လိုက်လေသည်။

မြို့ ပြင် အတော်လေးရောက်သော် လမ်းဘေး တွင် ကောက်ရိုးလှည်းကို မြင်းမပါပဲ ပင်ပင်ပန်းပန်း လူကိုယ်တိုင် ဆွဲနေသော
လယ်သမားအိုကြီး ကို တွေ့လိုက်ရလေ သည်။ သူက ထိုလယ်သမားအိုကြီးကို သနားသဖြင့် ကောက်ရိုး လှည်း ကို အစီးလိုက် ငွေတုံး
ဆယ်တုံးပေးကာ အပြတ်ဝယ် လိုက်လေသည်။ လယ်သမားကြီးမှာ ပျော်လွန်း၍ ထိုင်ရှိခိုးတော့သည်။ ကောက်ရိုးလှည်းမှာ
ငွေတစ်တုံးပင် မတန်ပါ။ တွမ့်ကျန်းယွမ် မှာ တမင်သတ်သတ် ဆယ်တုံး ပေးလိုက်ခြင်းပင် ဖြစ်သည်။ သူက ချည်ထည် ခပ်နွမ်းနွမ်းကို
ဝတ်ကာ သူ့ကို ထိုင်ကန်တော့နေသော လယ်သမားအိုကြီး ကို ကြည့်ကာ သနားစိတ်က ယိုဖိတ်လာပြန် သဖြင့် သူ့ဝတ်စုံ
အပေါ်ဝတ်ရုံကိုပင် ချွတ်ပေး လိုက်ပြန် သည်။ လယ်သမားကြီးမှာ ပျော်ရွှင်ကာ ဝတ်ထားသော ဝတ်စုံကို ချွတ်ချ ပီး ဝတ်ရုံအသစ်ကို
တန်းဝတ်လိုက်သည်။
သူက ခရီးဆောင်အိတ်ထမ
ှဲ နောက်တစ်ထည် ယူဝတ်ရန် ပြင်လိုက်စဉ် တွင် လယ်သမားကြီး ချွတ်ချထားသော ဝတ်စုံကို ကြည့်ကာ
တစ်မျိုးတွေးမိတော့သည်။

ထို့နောက် ချည်ထည် ခပ်နွမ်းနွမ်းနှင့် လူလတ်ပိုင်း လယ်သမားကြီး တစ်ယောက်က မြင်းဆွဲသော ကောက်ရိုးလှည်းကို လဲအိပ်ကာ


လိုက်ပါသွား တော့လေသည်။ လယ်သမားကြီး မျက်နှာမှာ ရွှံ့များပေလျက်။
ထိုမြင်ကွင်းကို မျက်ရည်များ စီးကျကာ ဆုတောင်းပေး နေသည်က တောက်ပြောင် သော ဝတ်ရုံ ဝတ်ဆင်ထားသော်လဲ
မလိုက်ဖက်သည့် အဘိုးအို တစ်ဦးပင် ဖြစ်သည်။ သူက ငွေတုံးများကို အတွင်းအိတ် ထဲ ထည့်ကာ ခိုင်ဖုန်းမြို့ အနားရှိ သူနေထိုင်ရာ
ရွာသို့ ပျော်ရွှင်သော ခြေလှမ်းများဖြင့် ပြန်သွားလေတော့သည်။

လယ်သမားကြီးမှာ မြင်းကောင်းမြင်းသန့် ဆွဲသော ကောက်ရိုးလှည်းကို စီးကာ အေးအေးလူလူ ပင် ခိုင်ဖုန်းမှ ထွက်လာ သည်။
လမ်းတွင် ကြားရွာမရှိရာ သူပါလာ သော ပေါက်စီလေးစားလိုက် ချောင်းတွေ့ လျှင် ငါးဆင်းဖမ်းလိုက်နှင့် ပျော်ပွဲစား ထွက် လာသည်
ဟုပင်ထင်ရသည်။ သုံးရက်ကြာ သောအခါ စားသောက်ဆိုင်ကြီး တစ်ဆိုင် ကို မြင်ရလေသည်။ သူက သုံးရက်လောက် ငတ်ခဲ့သမျှ
အတိုးချကာ မှာစားလိုက်မည် ဟု တွေးကာ ဆိုင်နားကပ်မိလေသည်။ ဆိုင်နား သို့ရောက်သော် ကျိုးကျစ်ယွင် ကို အဘိုးကြီး
နှစ်ယောက်နှင့် တွေရ
့ လေသည်။ သူက သေချာအကဲခတ်မိတော့ ထိုအဘိုးကြီးများ ဆီမှ ဓားနှစ်ချောင်းကဲ့သို့ အရိပ်အငွေ့များ
ရနေလေသည်။ လက်ရှိသိုင်းလောကတွင် ထိုသို့ အငွေ့အသက်ထွက် နိုငေ
် လာက်သော ဓားသမားမှာ များများ စားစား မရှိချေ။
ထိုအသက်အရွယ်အရ ဆိုလျှင် ထိုအဘိုးကြီး နှစ်ဦးမှာ ဝူတန်ဂိုဏ်းချုပ်ကြီး ကျန်းယွမ် နှင့် ဝါဆန်းဂိုဏ်းချုပ်ကြီး ပိုင်ချုံန်း တို့ပင် ဖြစ်ရပေ
မည်။ သူက ပိုင်ချုန်းကို ဓားပြန်ပေးရန် လာခြင်းဖြစ်ရကာ ပိုင်ချုန်းကို တွေ့သော် ပျော်သွားလေသည်။ နှုတ်ဆက်လိုက်ရန်
ပြင်လိုက်သော် သူတို့နောက်တွင် ရှိသော ကုန်သည်ကြီးကို မြင်မိတော့သည်။ ထိုကုန်သည်ကြီး ကို ကြည့်ရသည်မှာ လူသတ်လိုသော
အရိပ်အငွေမ
ျ့ား လွှမ်းခြုံ နေသည် ဟု ထင်နေသည်။ သာမန် ကုန်သည် တစ်ယောက်ဆိုလျှင် ထိုသို့ အရိပ်အငွေ့ မထွက်သင့်ပေ။ သူက
ကျိုးကျစ်ယွင် တို့ တစ်ခုခုဖြစ်တော့မည် ဟု ထင်လာလေသည်။ သို့သော်လဲ မသေချာ၍ လဲ ဖြစ် သူနှင့်လဲ မဆိုင်သဖြင့် ပွဲကြည့်ဖို့သာ
ဆုံးဖြတ်လိုက်ပီး သူ့ဇာတ်ရုပ် ကိုပီပြင်အောင် စားပွဲထိုးလေးကို လေကြောရှည် ပေးလိုက် သည်။ ထို့နောက်မှ ဆိုင်ထဲဝင် ကာ ရှိသမျှ
လူများကို လိုက်ကြည့်လေသည်။
သူ့ပုံစံက နွမ်းပါးပီး စကားများသော လယ်သမားကြီးပင်။ သူက ကုန်သည်ကြီးကို တမင်ပင် ရယ်ပြလိုက်သေးသည်။ ကုန်သည်ကြီးမှာ
သူ့ကို ရွံ၍လားမသိ တစ်ဖက်လှည့်ကာ တံတွေးထွေး လိုက်လေ သည်။ သူကတော့ အသာအယာပင် ကျိုးကျစ်ယွင် တို့ ဝိုင်း၏
တစ်ဝိုင်းကျော် ထောင့်ဝိုင်းတွင် ထိုင်ကာ ခေါက်ဆွဲပြုတ် တစ်ပွဲ မှာသောက်နေတော့သည်။

သူ့စိတ်ထဲတွင်တော့
" ဒါစပ်စုချင်တဲ့ ဝဋ်ကြွေးပဲ သူများကိစ္စကို သိချင်တာနဲ့ ဝယ်စားနိုင်တဲ့ အရက်နဲ့ ဟင်းကောင်းတွေ မစားရပဲ ခေါက်ဆွဲပြုတ်
ပဲသောက်နေရတယ် "
ဟု ကိုယ့်ကိုကိုယ်သာ ကျိန်ဆဲမိတော့သည်။

သူက ခေါက်ဆွဲပြုတ်ကို အငမ်းမရ စားသောက် နေစဉ်မှာပင် ဆိုင်ထဲသို့ လူတစ်ယောက် ထပ်မံ၍ ဝင်လာပြန်သည်။


မိန်းကလေးတစ်ယောက် ဖြစ်ပီး အဖြူရောင် ဝတ်စုံကို ခေါင်းစခြေဆုံး ဝတ်ဆင်ထားသည်။ ထို့အပြင် ပိတ်ဖြူစ ကာထားသော ခမောက်
ကိုလဲ ဆောင်းထားသေးသည်။ ထိုမိန်းကလေးက ဆိုင်ထဲဝင်ဝင်ချင်း အကုန်လုံး ကို လိုက်ကြည့်နေသည်။ သူက ကပြာကယာ
ခေါက်ဆွဲပြုတ် ပန်းကန်လုံးကို မကာ မျက်နှာကိုကွယ်ပီး မော့သောက် လိုက်လေသည်။ မိန်းကလေးမှာ သူ့ကို မကြည့်မိတော့ချေ။
ထို့နောက် ထိုမိန်းကလေး မှာ ဟင်းနှစ်မျိုးနှင့် အရက်တစ်ခရား မှာသောက်နေတော့သည်။ သူက ခမောက်မှ ပိတ်ဖြူစက
မကွယ်နိုင်သော ထိုမိန်းကလေး၏ နှုတ်ခမ်း ထူထူလေးများကို ခေါက်ဆွဲပန်းကန် ကွယ်ကာ ခိုးကြည့်နေမိသည်။ ထိုနှုတ်ခမ်း ကို
သူရင်းနှီးနေသည်လေ။

သူက ကျိုးကျစ်ယွင် တို့ဘက် ပြန်အကဲခတ် မိတော့ အဘိုးကြီးတစ်ယောက်က လက်ချိုးကာ ဖုန်းရွှေ တွက်နေသည်။ အဘိုးကြီးမှာ
ပညာစုံပုံရသည်။ အခြေအနေ မဟန်မှန်းသိကာ ထပီး အခန်းငှါးလိုက်သည်။ သူက ကုနသ
် ည်ကြီးနှင့် အဖြူရောင် မိန်းကလေး တို့ကို
အကဲခတ်လိုက်တော့ ထိုနှစ်ယောက်မှာ တစ်ယောက်ကို တစ်ယောက် မကြည့်ကြချေ။ ကုန်သည်ကြီး မှာ စိတ်ဆိုးနေသကဲ့သို့ပင်
မိန်းကလေး ဘက်သို့ လုံးဝမလှည့်ချေ။ ဟင်းလျာများကို တူဖြင့် ဖွနေသည်။ သူလက်ကြားမှ အစိမ်းရောင် အမှုန်လေးများ
ကျလာသည်ကို တွေ့ရတော့သည်။ ထိုအဖြစ်မှာ အရမ်းကို မြန်ဆန်လွန်းသည်။ သူသာ မျက်စိလျင်သူ မဟုတ်လျှင် ကုန်သည်ကြီးမှာ
သတိလက်လွတ် မဖြစ်လျှင် မြင်ရမည် မဟုတ်ချေ။ သို့တိုင် ထိုအဖြစ်ကို မြင်လိုက်သူ မရှိချေ။ သူက ကုန်သည်ကြီးကို သိသွား လေပီ။
ထိုကြောင့် ကျိုးကျစ်ယွင် တို့ကို စိတ်ပူမိလေသည်။

ဆိုင်ရှင်နှင့် စကားပြောနေသော အဘိုးကြီးမှာ ပြန်ရောက်လာသော် ကျိုးကျစ်ယွင်ကို ခေါ်ကာ တည်းခိုခန်း ဘက် ထွက်သွားလေ သည်။
မကြာခင်မှာပင် ကုန်သည်ကြီးနှင့် မိန်းကလေးတို့ကလဲ တည်းခိုလိုကြောင်း ပြောကာ ကျသင့်ငွေ ထုတ်ပေးနေသည်။ သူကလဲ
အားကျမခံ ဆိုငရ
ှ်င်ကို ခေါ်လိုက်ပီး ခေါက်ဆွဲပြုတ် တစ်ပွဲထပ်မှာလိုက်သည်။ ဟုတ်ပေသည်။ အဘိုးကြီးမှာ အန္တရာယ် ရှိမှန်းသိ၍
ထွက်ပြေးခြင်းဖြစ်ရာ တည်းခိုမည် မဟုတ်ချေ။ သူက ပိုက်ဆံအကုန်မခံနိုင်။ ထို့ကြောင့် ခေါက်ဆွဲပြုတ်သောက်ကာ ကုန်သည်ကြီး နှင့်
မိန်းကလေးကို ထိုင်ကြည့် နေသည်။ သူတို့ဘယ်အချိန် သရုပ်မှန်ပေါ် လာမလဲ သိနေမိသည်။ သိ့ေ
ု သာ် သူက သုံးပွဲ စားနေသည့်တိုင်
ထိုနှစ်ယောက်မှ မလှုပ်ရှား သေးချေ။

သုံးပွဲမြောက်ကုန်ခါနီးမှ ကုန်သည်ကြီးက အကြောဆန့်ကာ လှုပ်ရှားတော့သည်။ ထိုစဉ် မှာပင် ကျိုးကျစ်ယွင် နှင့် အဘိုးကြီး နှစ်ဦးက
ထွက်ပြေးတော့သည်။ ကုန်သည်ကြီးမှာ ဒေါသထွက်ပီး သူ့မြင်းကို အော်တောင်းတော့ သည်။ သို့သော် ကျိုးကျစ်ယွင် တို့မှာ
မြင်းကုန်းနှီးတွေ အကုန် ဖျောက်သွားပုံ ရသည်။ ကုန်သည်ကြီးက ဒေါသဖြင့် စားပွဲထိုးကို ရိုက်သတ်ရန် ပြုလိုက်သော် မိန်းကလေးမှာ
မနေနိုင်တော့ချေ။ သူမက ထကာ တားလိုက်တော့သည်။ သူတို့အဖြစ် မှာ ပေါ်လေပီ။ ကုန်သည်ကြီးမှာ ထန်ဖု ဖြစ်ပီး မိန်းကလေးမှာ
သူ့အမြွှာညီမ ထန်စုစု ဖြစ်လေသည်။ သူမ၏ နှုတ်ခမ်းများကို သူ့အနေဖြင့် မေ့နိုင်စရာမရှိချေ။

ထန်စုစု တားလိုက်သည်ကြောင့် ထန်ဖုမှာ စိတ်လျှော့ပီး အရက်တစ်ခွက်သောက် လိုက်သည်။ သူက အရက်ခွက်ကို ပြန်အချ တွင်
လက်ကို ခွကထ
်ဲ ထည့်လိုက်သည်။ တွမ့်ကျန်းယွမ် မှာ ထိုအရာကို မြင်သော် စိတ်ပျက်သွားသည်။ ထန်ဖုမှာ မဆိုင်သူများ ကိုပါ
သတ်ရန်ကြံနေလေပီ။ ထန်စုစု ကတော့ စောင်ထူထူများ ဝယ်ကာ မြင်းပေါ် လွှားလိုက်သည်။ ထိုစောင်များကြောင့် မြင်းကုန်းနှီး မရှိလဲ
စီးနိုင်လေပီ။ သူတို့က ကျိုးကျစ်ယွင် တို့နောက် ဒုန်းစိုင်းကာ ထွက်သွားလေသည်။ သို့သော် မှီရန် မလွယ်ပါ။ သူကလဲ မြင်းကို
တောင်းလိုက် လေသည်။ သူလဲ လိုက်ရပေဦးမည်။ ထို မောင်နှမများမှာ ကောင်းတဲ့လူများ မဟုတ်ချေ။ သူက မြင်းလှည်း ကူတပ်
ပေးသော စားပွဲထိုးကို သနားကာ စားပွဲကို မထိရန် သတိပေးလိုက်သည်။ သို့သော်လဲ တခြားစားပွဲထိုးမှာ သွားထိမိကာ သေသွားလေပီ
ဖြစ်သည်။ သူလဲ သက်ပြင်းချ ကာ မြင်းလှည်းကို ခပ်ပြင်းပြင်း မောင်းလိက
ု ရတော့သည်။

သူ့မြင်းလှည်းမှာ ကောက်ရိုးများသာပါရာ ပေါ့ပါးသည်။ မြင်းမှာလဲ မြင်းကောင်း ဖြစ်ရာ ခဏချင်းပင် ထန်ဖု နှင့် ထန်စုစု ကို မှီလာ
တော့သည်။ ထန်စုစု မှာ အေးအေးလူလူ စီးနေသော်လဲ ထန်ဖုကမူ အလျင်လို နေပုံရ သည်။ သူက တွမ့်ကျန်းယွမ် ၏ မြင်းကြီးကို
လိုချင်လောဘဖြင့် ကြည့်နေသည်။ သူက ထိုနှစ်ယောက်ဘေး မှ ယှဉ်ကာ တမင်မောင်း လိုက်သည်။

ထန်ဖုက မနေနိုင်သော အခါ


" ဟေ့ လယ်သမားကြီး... ခင်များမြင်းနဲ့ ကျုပ်မြင်းနဲ့ လဲမလား "
ဟု မေးလိက
ုသည်။

တွမ့်ကျန်းယွမ် မှာ ရယ်ကျဲကျဲ လုပ်ကာ


" ဟဲဟဲ... ကျုပ်ကအရူးမဟုတ်ဘူးဗျ... အကွာကြီးကို လဲတာက ငတုံးတွေမှ လုပ်တာ
ကျုပ်က လူလည်ဗျ မြတ်တာပဲ လုပ်တယ် "
ဟု ပြန်ပြောလိက
ုသည်။

ထန်စုစုမှာ အခုမှပင် လယ်သမားကြီးကို သေချာကြည့်မိတော့သည်။ သူမက မျက်မှောင်ကြုတ် ကာ သေချာပင် ကြည်ေ


့ န သည်။

ထန်ဖု မှာ ဒေါသထွက်သွားပီး


" အော် လူလည်ကြီးကိုး... ထားပါတော့ ဘယ်လောက်အလိုက်ပေးရမလဲ "
ဟု ရွဲ့မေးလိုက်သည်။
တွမ့်ကျန်းယွမ် က ပြုံးကာ
" ခင်များက ဟိုကောင်မလေးနောက် လိုက်ဖို့ အလျင်လိုနေတာဆိုတော့ ကျုပ်ကလဲ ဈေးတောင်းလို့ ကောင်းတာပေါ့ဗျာ ဟဲဟဲ... "
ဟု ပြောလိုက်သည်။

ထိုအခါကျမှ ထန်ဖု နှင့် ထန်စုစုမှာ ဤလူ သည် သာမန်လယ်သမား မဟုတ်ကြောင်း သိလိုက်ရသည်။ ထိုလူမှာ အကဲခတ်
ကောင်းလွန်းလှသည်။ သူက ရိုက်သတ်ပီး မြင်းလုရန် စဉ်းစားထားသည်ပင် မလုပ်ရဲ တော့ချေ။ ထိုသူမှာ မိမိတို့နား တမင်ကပ်
လာခြင်းဖြစ်ကြောင်း သိသွားသည်။

" ဈေးပဲပြောကြည့်ပါ... ကျုပ်တတ်နိုင်ရင် ပေးတာပေါ့ "


ဟု ထန်ဖု က မေးလိုက်သည်။

" ဟဲဟဲ ခင်များက ဟိုမိန်းမလှလေး နောက်လိုက်တယ် ဆိုတော့ ဘာပဲဖြစ်ဖြစ် မိန်းမတစ်ယောက်ရမှာပဲဗျာ... ကျုပ်မြင်းကို ဟောဒီက
ခင်များညီမနဲ့ လဲမယ် "
ဟု ရယ်ကာ ဖြေလိုက်သည်။

ထန်ဖု မှာ ဒေါသက ငယ်ထိပ်သို့ ဆောင့် တက်သွားလေသည်။ သူက တဆတ်ဆတ် တုနက


်ာ အော်ဆဲတော့သည်။ သူ့ဘဝ တွင်
အမြတ်နိုးဆုံးမှာ ထိုညီမလေး မဟုတ်ပါလား။
" ဘာ .... မအေပေး... ငါ့ညီမကိုများ ရာရာစစ လိုချင်တယ် ဟုတ်လား... မင်းက ဘာကောင်မို့လဲ ခွေးသားရဲ့ "

" အောင်မယ်လေး ဟားဟား ဟားဟား...


ထန်ဖု ထန်ဖု ... မင်း သူများညီမတွေကို ဖျက်ဆီးနေတုန်း ကတော့ ဒါမျိုး မတွေးကြည့်မိဘူးလား ကွ.... "

ထန်ဖု မှာ ထိုစကားကို ကြားသော် အသံကို မှတမ


ိသွားသည်။ ထိုသူမှာ သူကြောက်၍ ထွက်ပြေးခဲ့သောသူ ဖြစ်သည်။ ယခု
ပြန်တွေ့ပြန်ပီ။ သူက မြင်းကို မရပ်ရဲပါ အသားကုန် ဒုန်းစိုင်းပြေးတော သ
့ ည်။ ထိုသူဆိုလျှင် သူ့ညီမမှာ ဘာမှဖြစ်မည် မဟုတ်ချေ။
ပစ်ထားခဲ့၍ ရလေသည်။ မပစ်ထားခဲ့ပါကလဲ သူ့ညီမမှာ ခေါ်၍ရမည် မဟုတ်ချေ။

တွမ့်ကျန်းယွမ် မှာ ထန်ဖု က ထိုသို့ ပြေးမည် မထင်သဖြင့် ရုတ်တရက် ကြောင်သွားသည်။ သူက လိုက်မည်ပြင် သော် ထန်စုစု က
သူ့ရှေ့တွင် ပိတ်ရပ်နေ သည်။

သူမက ခမောက်ကိုပင် မဆောင်းတော့ချေ။ သူမ၏ ဝင်းမွတ်သော မျက်နှာလေးမှာ သူ့ရှေ့တွင် ပကတိအတိုင်းပေါ်နေသည်။


နှာတံစင်းစင်းလေး ဘဲဥပုံ မျက်နှာ မဆိုသလောက် ထူနေသော နှုတ်ခမ်းလေးတို့ မှာ သူ့နေရာနှင့်သူ ရှိနေရာ ရွှေစင်ရုပ်ထု ကဲ့သို့ပင်
အရမ်းလှပလွန်းနေသည်။ သူမ ကို ယခုမြင်လိုကပ
်ါက လူသတ်နတ်သမီး ထန်စုစု ဟု မည်သူမှ ယုံမည်မဟုတ်ချေ။ သူမပုံမှာ
အရမ်းဖြူစင်နေသည်။ ထိရက်စရာပင် မရှိချေ။ တွမ့်ကျန်းယွမ် မှာ သတိ လက်လွတ်ပင် ငေးကြည့်မိတော့သည်။

" ကျမသိသားပဲ... ရှင်ကျမကို မေ့မရပါဘူး ဒါကြောင့် လိုက်ရှာနေတယ် မလား "


ထန်စုစု က သူမရဲ့ ချိုသာသော အသံလေး ကို တမင်ချွဲပြစ်က ပြောလိုက်သည်။

သူမ၏ နှုတ်ခမ်းကလေး လှုပ်လာပုံ ညီညာစီတန်းနေသော သွားလေးပေါ်လာပုံ စကားပြောလျှင် မျက်ခံုး လေးတွန့်သွားပုံ ထိုအရာများကို


တွမ့်ကျန်းယွမ် မှာ အသေးစိတ် မြင်နေလေသည်။ သူက သူမစကားကို ကြားသော်လဲ ဖြေချင်စိတ် မရှိပါ။ သူမကို သာ ငေးနေမိသည်။
#မိုးထိတောင်သိုင်းသမား #ZYN
အခန်း (၂၇) အပိုင်း ငါး
ထောင်ချောက်များ

ချွမ်ကျားကျေးရွာ...
ပိုင်လုံ မှာ ဆယ်ရက်တိတိ ပင် သိုင်းသမား များကို ခွေးရိုက်တုတ် ဝင်္ကပါ သိုင်း ကို နေရာချကာ သင်ပေးနေသည်။ ရန်သူမှာ အုပ်စုနှင့်
တက်လာမည်မှာ အမှန်ပင် သူက လွန်ခဲ့သော ရှစ်နှစ်က တိုက်ပွဲတွင်ပင် ပါဝင်ခဲ့ဘူးရာ အတွေ့အကြုံအရ ချွမ်းကျား ကျေးရွာ မှာ
သေချာပေါက် လာတိုက်ခံရပေ မည်။ သို့သော်လဲ ဒီတစ်ခေါက်မှာ သိုင်းဂိုဏ်း များနေရာလုရုံတင်မက ပုန်ကန်မှုပါ ပါလေရာ သူ့အနေဖြင့်
ပိုပီး သတိထားနေရသည်။ ထို့ကြောင့် သူက ရွာကို တံတိုင်း နှစ်ထပ် ကာထားလေသည်။ အပြင်မှာ သူတို့ သိုင်းသမားများ နေပီး
ရွာသားများကို အတွင်း၌ နေစေသည်။ ထိုမှသာ တိုက်ခိုက် ကြပါက ရွာသားများကို မထိခိုကေ
် ပမည်။ သူတို့လဲ စိတ်အေးအေးဖြင့်
တိုက်ခိုက်နိုင် ပေမည်။

" တူ... တူ... တူ.... တူ... တူ... "


မနက်စောစောပင် အချက်ပေးသံ ကြားလိုက်ရာကာ ပိုင်လုံ နှင့် သိုင်းသမားကြီး များမှာ ပြေးထွက်လာကြသည်။ ခရာသံ ငါးချက်မှာ
ရန်သူ လာပီ ဟူသော အသံ ဖြစ်သည်။ သူတို့က ပြာယာခတ်ကာ အမြန်ပင် ပြင်ဆင်ထားကြသည်။ ကင်းပုန်း များနှင့် တံတိုင်းပေါ်မှ
လေးသမားများမှာ တိုက်ခိုက်နေကြလေပီ။ ရန်သူများမှာ ရွာတံခါးကို ချိုးနေကြသည်။

ပိုင်လုံက ရွာတံခါးနားပြေးကာ မင်းတုန်းကို သူ့အတွင်းအားဖြင့် တောင့်ခံထားလိုက် သည်။ ကျန်သိုင်းသမားများမှာလဲ ပြေးကာ တံခါးကို


ထောက်ထားကြသည်။ ထို့မှသာ ပိုင်လုံ က လက်လွှတ်လိုက်ပီး အခြေအနေ ကိုကြည်မ
ိ့သည်။ သူတို့မှာ အင်အား သုံးရာခန့်
သာရှိသော်လဲ ရန်သူများမှာ ငါးရာကျော်ခန့် ရှိသည်။ ရန်သူများမှာ အတင်းပင် တံတိုင်းကို ကျော်တက် ချိုးဖျက် လုပ်နေကြသည်။
ထိုပုံဆိုလျှင် မကြာပါ တံတိုင်းမှာ ကျိုးတော့မည်။ သူက တံတိုင်းကို ကျော်အောင် ခုန်လိုက်သည်။ သုံးဆင့်မျှသာ ထောက်လိုက်ပီး သူ၏
ကောင်းမွန်လွန်းသော ကိုယ်ဖော့ပညာကြောင့် အပြင်ဘက်သို့ ရောက်သွားလေသည်။ သူက အပြင်သို့ ရောက်လျှင် မဲမဲမြင်ရာ
လိုက်ရိုက်တော့ သည်။ သူ့ရိုက်ချက်များကြောင့် ရန်သူ အမြောက်အမြားမှာ ရှိန်ပီး နောက်ဆုတ် သွားလေသည်။

ထိုအရာကို မြင်သော် ရန်သူများကို ဦးဆောင်လာသူ လူတစ်ယောက်က သူ့ဘေးမှ တစ်ယောက်ကို လက်ပြလိုက် သည်။ ထိုသူ့ဘေးမှ
ကတုံးကြီးမှာ အနားမှ လူငါးယောက်ကိုခေါ်ကာ ပြေးထွက်သွား သည်။ ခိုင်းလိုက်သည့် ထိုသူကတော့ မြင်းကို တံတိုင်းဆီသို့
ဒုန်းစိုင်းသွားသည်။

ပိုင်လုံ မှာ မဲမဲမြင်ရာ ရိုက်နေရာမှ သူ့ နားသို့ ပြေးဝင်လာသော လူခြောက်ယောက်ကို လှမ်းရိုက်လိုက်သည်။ ထိုလူများက
ရှောင်တိမ်းကာ သူ့ကိုပင် ပြန်ကာရိုက်လိုက် သေးသည်။ ထိုသူများမှာ သိုင်းပညာ ကောင်းပုံရလေသည်။ ထိုထဲမှ ခေါင်းဆောင်
ကတုံးကြီးမှာ အသည်းအသန်ပင် ဓားဖြင့် လိုက်ခုတ်နေသည်။ သူ့ဓားမှာ နီရဲနေလေ သည်။ ပိုင်လုံ မှာ ထိုဓားကို သတိထားကာ
ရှောင်တိမ်းနေရသည်။ တစ်ဖက်က ငါးယောက် ကလဲ သူ့ကို ပိတ်ဆို့နေသည်။ ပိုင်လုံ မှာ ထိန်းချုပ်ခံရလေပီ။

ထိုအချိန်မှာပြင် မြင်းစီးလာသူက တံခါးနား အရောက် မြင်းပေါ်မှ ခုန်ပျံကာ လေပေါ်တွင် ဓားဆွဲထုတ်ကာ ရွာတံခါးကို ခုတ်ချလိုက်
သည်။ ဝုန်း ခနဲ အသံကြီး ပေါ်လာသည်။ ရွာတံခါးကြီးမှာ အက်ကွဲကာ မင်းတုန်းပါ မကျန် ပြုတ်ထွက်ကုန်သည်။ တံခါးကြီး
ပွင့်သွားလေရာ ရန်သူများမှာ ဟေး ခနဲ အော်ဟစ်ပီး ရွာထဲ ဝင်တိုးကြတော့သည်။

ခုခံနေသော သိုင်းသမားကြီးများမှာလဲ မခေပါ။ သူတို့က တံခါးပွင့်သွားသည်နှင့် ဗျုဟာ ပြောင်းလိုက်ကြသည်။ လူငါးဆယ်စီ စုဖွဲ့ကာ


ငါးဖွဲ့ ဖွဲ့ပီး ခွေးရိုက်တုတ်ဝင်္ကပါ ပုံစံနှင့် ခုခံကြသည်။ ဝင်တိုးလာသူများမှာ ထိုထဲ ဝင်သွားကာ အကုန် သေဆုံးကုန်သည်။ ရှေ့တက်တိုး၍
မရချေ။ မြင်းစီးသမားမှာ ထိုအရာကိုတွေ့သော် သူကိုယ်တိုင် ဝင်တိုက်လေသည်။ သို့သော်လဲ ထိုအစုအဖွဲ့ ငါးဖွဲ့မှာ
အဝင်အထွက်ညီသည်။ အလှည့်အပြောင်း သွက်လက်သည်။ သူက ခုခံနိုင်သော်လဲ သူ့ဘေးက လူများမှာ တစ်ယောက်ပီးတစ်ယောက်
သေကုန်သည်။ သူက မခံချင်ဖြစ်ကာ ဇွတ်ပင် တိုက်ခိုက်နေသည်။ သူ့ကို သုံးဖွဲ့မျှ ထိန်းနေရ သဖြင့် တခြားသူများကို ကျန်နှစ်ဖွဲ့ကပဲ
ထိန်းရလေသည်။ လေးသမားများကလဲ တံတိုင်းပေါ်မှနေ၍ ကူပစ်ပေးနေသည်။

တစ်ဖက်က ပိုင်လုံကတော့ လူခြောက်ယောက် ကြားတွင် ပိတ်မိနေ သည်။ သူက ခေါင်းအေးအေးထားကာ ကြည့်မိသော် သူ့ကို
ဓားဖြင့်လိုက်ခုတ် နေသည် က ရှောင်လင်သစ္စာဖောက် ကတုံး ရွှယ်ချီး ဖြစ်သည်ကို တွေ့ရသည်။ သူက ရွှယ်ချီးမှန်း သိသော်
အတွင်းအားများ တိုးမြှင့်ကာ ဖောက်ထွက်ဖို့ ကြိုးစားလိုက် သည်။ သို့သော် တခြားငါးယောက် မှာလဲ မညံ့ချေ။ သူတို့၏
တောင်ပင်လယ် ခုတ်ဓားသိုင်း မှာ ကောင်းလှသည်။ တစ်ချက်မှားသည်နှင့် ပိုင်လုံမှာ အပိုင်းပိုင်း ပြတ်သွားနိုင်သည်။ ပိုင်လုံမှာ
နဂါးနိုင်လက်ဝါး သိုင်းကို အပြန်အလှန် သုံးစွဲခုခံ နေသည့်တိုင် အကွက်နှစ်ရာ ကျော်သည် အထိ ဖောက်မထွက်နိုင်ချေ။
မြင်းစီးသမားမှာ ခိုင်ဖုန်းတွင် ပိုင်လုံကို နှာတဖျားဖြင့် အနိုင်ရဖူးသော ကျောက်ယွင်ကျဲ ဖြစ်လေသည်။ သူက သူဖုန်းစားဂိုဏ်း ၏
နာမည်ကျော် ခွေးရိုက်တုတ် ဝင်္ကပါ သိုင်းကို ရင်ဆိုင် နေသည်။ သူက ကြမ်းကြမ်းရမ်းရမ်း တိုက်ခိုက်တတ်သူ ဖြစ်ရာ ဝင်္ကပါ
တွေဘာတွေ နားမလည်ချေ။ ဇွတ်အတင်း တိုးဝင်နေသည်။ သာမန်လူဆိုလျှင် ထိုသို့ တိုးဝင်ပါက ဆယ်ကွက်ပင် မခံသော်လဲ
ကျောက်ယွင်ကျဲမှာ သာမန်လူ မဟုတ်ပေ။ အတွင်းအားကော သိုင်းပညာပါ ထိပ်သီး အဆင့်ရှိသူ ဖြစ်ရာ သုံးဖွဲ့အထိပင် လာရောက်
ခုခံနေရသည်။

တစ်ဖွဲ့လျှင် လူငါးဆယ်ပါကာ သုံးဖွဲ့ဖြစ်သော ကြောင့် ကျောက်ယွငက


်ျဲ ရင်ဆုင
ိ နေသည်မှာ လူအယောက် တစ်ရာ့ငါးဆယ်
ဖြစ်လေသည်။ အကွက်ပေါင်း နှစ်ရာကျော် သော် ကျောက်ယွင်ကျဲမှာ တဖြည်းဖြည်း ဆုတ်နေရသည်။ သူက နတ်ဆိုးဓားကွက်
သုံးကွက် ကို ထုတ်လိုက်ရတော့သည်။ သို့သော်လဲ သူက အားနည်းချက်ကို မမြင်နိုင်သူ ဖြစ်ရာ ထိုဓားကွက်များမှာ စွမ်းသော်ငြား
သိပ်မထိရောက်ချေ။ ဝင်္ကပါ ဆိုသည့်အတိုင်း သူ့ကိုသာ ဝိင
ုးထားခံ ရတော့သည်။

ပိုင်လုံကတော့ တဖြည်းဖြည်းနှင့် အသာရ လာသည်။ သူက တွမ့်ကျန်းယွမ် သင်ပေး ထားသော ရှောင်းယောင် အတွင်းအား
ထုတ်နည်းကို သူ၏ နဂါးနိုင်လက်ဝါး သိုင်း နှင့် ပေါင်းစပ်သုံးစွဲ လိုက်ရာ ရလဒ်မှာ သူက အထက်စီးက ဖြစ်သွားလေပီ။ အတွင်းအား
ထုတ်ရသည်မှာ အရမ်းအဆင်ပြေ လိုက်ဖက် နေသည်။

ကတုံးရွှယ်ချီးမှာ သူအောက်စည်း ရောက်သွားသော် တစ်ဖက်ကို ကြည့်မိ လေသည်။ သူ့ သခင်လေးမှာ အခြေအနေ မဟန်ပါ။
အဝိုင်းခံထားရသည်။ သူက သွားကူချင်နေသည်။ ထို့ကြောင့် မီးစွဲဓားသိုင်း မှ လောင်မီးသိုင်းကွက်ကို ရှိသမျှ အတွင်းအားအကုန်
သုံးကာ တိုက်ခိုက်လိုက်တော့သည်။ဘေးမှ ငါးယောက် ကလဲ အခြေအနေကြည့်ကာ တောင်ပင်လယ်ခုတ်ဓားသိုင်း၏ အစွမ်းဆုံး
အကွက်များဖြင့် ပံ့ပိးု လိုက်သည်။

ပိုင်လုံမှာ သိုင်းကွက်အရှိန်များကို လန့်ကာ မာနနဂါး၏နောင်တ သိုင်းကွက်ကို ထုတ်ဖော်ပီး အင်အားအပြည့်ဖြင့် ခုခံလိုက် လေသည်။


ရွှယ်ချီး၏ ဓားမှာ ပိုင်လုံ၏ လက်ဝါးလှိုင်းများနှင့် ထိပ်တိုက်တွေ့ခါနီးတွင် ရွှယ်ချီးက ဓားကို လက်ဖနောင့်နှင့် ပုတ်လွှတ်လိုက်လေသည်။
သူကမူ သိုင်းကွက်ကို အတွင်းဒဏ် အဖြစ်ခံပီး ရုတ်သိမ်းသွားသည်။ ထို့နောက် သူက သူ့သခင်လေး အနားသို့ ခုန်ပျံထွက် သွားသည်။
ပိုင်လုံ ကတော့ သိုင်းကွက်ကို ရုတ်၍ မဖြစ်ပါ။ သူက ဓားကိုပါ လက်ဝါးလှိုင်းဖြင့် ခံဆောင်လိုက်သည်။

" ဝုန်း... "


လူရိပ်များ လက်ဝါးရိပ်များ ရောထွေးသွားပီး မုန်တိုင်းတိုက်သလို ဖုန်တထောင်းထောင်း ထသွားသည်။ ပိုင်လုံ မှာ ဖင်ထိုင်ရက် လဲကျ
နေသည်။ သူ့ဘေးတွင်တော့ လူငါးယောက် မှာ လဲကျသေဆုံးနေသည်။ သူက ထိုသူများကို တစ်ချက်ကြည့်ကာ ရွာထဲသို့
အကြည့်လွှဲလိုက်သည်။ သူတို့က အသာစီး ရနေလေပီ။ ကျောက်ယင
ွ်ကျဲ နှင့် ရွှယ်ချီး မှာ သူ၏ ခွေးရိုက်တုတ်ဝင်္ကပါ အဖွဲ့တွင် ပိတ်မိ
နေသည်။ သူက ပြုံးလိုက်ကာ ထိုနေရာသို့ ခုန်ဝင်သွားသည်။

သူက ကျောက်ယွင်ကျဲ ကို မတိုက်ပါ။ မဆင်မခြင် ဝင်္ကပါ တိက


ုကွက်ထဲ မဝင်ချေ။ သူက ရွာထဲ ဝင်နေသော တခြားရန်သူများကို
အကုန်လိုက်ရိုက်နေသည်။ သူ၏ ဇွတ်ရိုက် သည့် ရိုက်ချက်များကြောင့် ရန်သူများမှာ နောက်ပြန်ဆုတ်ကုန်ကြသည်။ သူတို့က
သူတို့ခေါင်းဆောင် ပိတ်မိနေသဖြင့် ပိပ
ီုး စိတ်ဓာတ်ပျက်ပြား အားလျော့ နေသည်။ ပိုင်လုံက သူတို့ကို ရွာပြင်ရောက်အောင်
တွန်းထုတ်နေသည်။ သူ့ဘေးမှ တုတ်သိုင်းအဖွဲ့ နှစ်ဖွဲ့ကလဲ ကူညီနေရာ ရန်သူများမှာ မတတ်သာပဲ ဆုတ်နေရသည်။
အကုန်ရွာပြင်ရောက်သော် ရွာတံခါးတွင် တစ်ဖွဲ့က ရပ်ကာ ပိတ်ထားလိုက်တော့သည်။

ပိုင်လုံက စိတခ
်ျရသွားသဖြင့် ကျောက်ယင
ွ်ကျဲ ကို ကြည့်မိတော့သည်။ ကျောက်ယွင်ကျဲ နှင့် ရွှယ်ချီး တို့မှာ ရှူးရှူးရှဲရှဲ ဖြစ်ကာ
အရူးလိုပင် မြင်ရာခုတ်နေလေသည်။ ကြာရင် ဝင်္ကပါ မှာ သူတု့ေ
ိ ကြာင့် ပျက်နိုင် သည်။ ထို့ကြောင့် ပိုင်လုံ က ဝင်္ကပါ ကို
သေချာကြည့်ကာ ခုန်ဝင်လိုက်သည်။ သူက ဦးဆောင် အချက်ပြကာ ရွှယ်ချီး နှင့် ကျောက်ယွင်ကျဲ ကို ခွဲထတ
ုသွားသည်။

သုံးဖွဲ့မှာ အင်အားကြီးသော ကျောက်ယွင်ကျဲ ကို နှစ်ဖွဲ့နှင့် ပိုင်လုံက ပိတ်ဆို့ထားပီး ရွှယ်ချီး ကိုတော့ ကျန်တစ်ဖွဲ့က ပိတ်ဆို့ထားသည်။
ရွှယ်ချီးမှာ နောက်ထပ် အကွက်ငါးဆယ် ကျော်သော် မခံနိုင်တော့ပါ သူက အတွင်းဒဏ် ရှိရက်နှင့် အတွင်းအားများ
အလွန်အကြွံသုံးမိလေသည်။ ထို့ကြောင့် ယိုင်ထိုးလာသည်။ တုတ်သိုင်းအဖွဲ့မှာ ထိုအဖြစ်ကို ညှာတာမပေးပါ ရွှယ်ချီး က
သိုင်းကွက်ထုတ် ခုခံမှု နှေးသွားသော အခါ တခြားရန်သူများနည်းတူ ရိုက်သတ်လိုက်ကြ တော့သည်။

တစ်ဖက်က ကျောက်ယွင်ကျဲ ကတော့ သူ ချိုးဖောက်၍ ရခါနီးမှ ပိုင်လုံက ဝင်ရှုပ်ပီး သူ့ကို ကိုယ်တိုင်လာပိတ်ဆို့နေသဖြင့်


ဒေါသထွက်နေသည်။ သူက စိတဆ
ိုး နေသော်လဲ ပတ်ဝန်ကျင်က အသံများ ငြိမ်သက်သွားသဖြင့် ဘေးဘီကို ကြည့်မိရာ ရွာထဲတွင်
သူတစ်ယောက်သာ ရှေ
ိ တာ့လေ သည်။ သူ့ဂိုဏ်းသားတစ်ချို့ နှင့် ရွှယ်ချီးမှာ ပိုး စိုးပက်စက် သေနေလေပီ။ သူက ကြောက်လန့်ပီး
ဇွတ်အတင်း ခုန်ထွက်တော့ သည်။ ပိုင်လုံမှာ သူ့ကို အလွတ်မပေးပါ။ အင်အားအပြည့်ဖြင့် လက်ဝါးရိုက်ချက် ထုတ်ကာ
ပိတ်ဆို့လေသည်။ ထို့ကြောင့် ကျောက်ယွင်ကျဲမှာ အမြန်ကျွ မ်းပစ်ကာ ရှောင်လိုက်ရသည်။ သူက ဝင်္ကပါ ထဲ ပြန်ရောက်သွားပြန်သည်။
ကျောက်ယွငက
်ျဲ မှာ သူသေရတော့မည် ဟု ထင်မိတော့သည်။ သူက ဖြစ်ချင်ရာ ဖြစ်ဟု သဘောထားကာ သူ့နတ်ဆိုးအတွင်းအားများ
ကို အဆင့် ၄ အထိမြှင့်လိုကသ
် ည်။ သူ့ တစ်ကိုယ်လုံး မှာ ခရမ်းရောင်ပြောင်း သွားပီး သူက မြင်မြင်ရာလိုက်ခုတ်တော့သည်။ သူ၏
အင်အားနှင့် အရှိန်မှာ ခုနကထက် နှစ်ဆမျှ ဖြစ်လာသည်။ ပိုင်လုံမှာ ဝင်္ကပါ မပျက်စေရန် ဝင်ပီး ထိန်းလိုက်ရတော့သည်။ သူသည်လဲ
ခွေးရိုက်တုတ်ကို ခါးမှ ဖြုတ်ကာ ဝင်ပီး ကူနေရတော့သည်။ ထို့ကြောင့် အခြေအနေ မှာ နဂိုအတိုင်း ပြန်ဖြစ်သွားပြန်သည်။
ကျောက်ယွင်ကျဲ မှာ ပိတ်မိနေတုန်းပင်။

ကြောက်လန့်နေသော ကျောက်ယွင်ကျဲ က ထိုသို့ အဝိင


ုးခံထားရခြင်းကို မခံစားနိုင်တော့ ချေ။ သူက သူမကျွမ်းကျင်သော နတ်ဆိုး
အတွင်းအား အဆင့် ၅ကို မြှင့်ရန် ကြိုးစား လိုက်တော့သည်။ သူက ဓားဖြင့် သူ့ပေါင်ကို စိုက်လိုက်သည်။ သွေးများထွက်လာပီး
သွေးကြောများက တောင့်တင်းလာသည်။ ရင်ဘတ်ထဲမှ သွေးများပင် ပျို့ တက် လာသည်။ ထိုသွေးများကို ဇွတ်အတင်း မြိုချ
လိုက်သည်။ ထို့နောက် ကင်းမြှီးကောက် ထောင်ပီး အတွင်းအားကို ပြောင်းပြန်စီးစေ သည်။ ပိုင်လုံတို့မှာ မမြင်ဖူးသော ထူးဆန်းသည့်
လုပ်ရပ်ကြောင့် တိုက်ကွက်ရပ် ကာ ရပ်ကြည့်နေကြသည်။ ကျောက်ယွင်ကျဲ မှာ တစ်ကိုယ်လုံး ခရမ်းရောင်မှ နီရဲ လာသည်။
မျက်နှာနားရောက်ခါနီးတွင် ဆတ်ခနဲ တုန်ယင်ကာ လဲကျသွားတော့ သည်။

ထို့နောက် ပါးစပ်မှလဲ သွေးများအန်ထွက် နေသည်။ ပိုင်လုံတို့မှာ ပါးစပ်အဟောင်းသား ဖြင့် ကြည့်နေကြသည်။ ထိုစဉ် ရွာတံခါးဝ မှ
အရိပ်ကြီး တစ်ခု ဝဲပျံကာ ပိုင်လုံကို လက်ဝါးဖြင့် ရိုက်လိုက်သည်။ ထိုလက်ဝါးမှာ ခရောင်းသမ်းနေရာ ပိုင်လုံမှာ အထင်မသေးရဲ ချေ။
သူက သူ့တွင်ရှိသမျှအားအကုန်အစင် ထုတ်ကာ မာနနဂါး၏နောင်တ ဖြင့် ပြန် ရိုက် ထုတ်လိုက်သည်။

" ဝုန်း... " " အွန့်... "


ဝုန်း ဆိုသော အသံထွက်ပေါ်လာပီး ထိုအရိပ်ကြီးမှာ ကျောက်ယွင်ကျဲ နားသို့ လွင့်သွားသည်။ ပိုင်လုံကတော့ အနောက်သို့
အတော်ပင်လွငစ
့် င်သွားသည်။ ပိုင်လုံ မှာ သွေးပင် အန်ထွက်နေသည်။ ထိုအရိပ်ကြီး က ကျောက်ယွင်ကျဲကို ဆတ်ခနဲ ကောက်ယူ ကာ
အလွန်လျှင်မြန်သော အရှိန်ဖြင့် ပြေးထွက်သွားတော့သည်။ သူ့နှုတ်မှ စကားကတော့ လေထဲတွင် ပဲ့တင်ကာ ကျန်နေခဲ့သည်။

ထိုအသံမှာ
" သိပ်တော်တဲ့ လူငယ်ပဲဟေ့... ပြန်တွေ့ကျသေးတာပေါ့ ကွာ "
ဟူ ၍ပင် ဖြစ်လေသည်။

#မိုးထိတောင်သိုင်းသမား #ZYN
အခန်း (၂၈) အပိုင်း တစ်
ကံကြမ္မာ ဟူသည်မှာ

ခွန်လွန်ဂိုဏ်း...
ထမင်းစားဆောင်ကြီး ရှေ့တွင် ရပ်နေသော စီးမင်ကို့ဝေ မှာ သူ့ဆီကို အမောတကော ပြေးလာသော ရင်းကို့ကို ကြည့်ကာ အံ့သြ
နေသည်။ ရင်းကို့မှာ ဘယ်အရာနှင့်များ ကြုံ တွေလာ၍ သေလုမျောပါး ပြေးလာရ သနည်း။

ရင်းကို့ မှာ သူမျှော်လင့်သည့်အတိုင်း ဆရာဦးလေးဖြစ်သူကိုတွေ့သော် အားတက် သွားသည်။ ပြေးနေသော ခြေလှမ်းများမှာ ပိုပီး


သွက်လက်သွားသည်။
" ဦးလေး... ကျနော်တို့ကို ကယ်ပါဦး... ပြည်မစစ်တပ် က လူတစ်ယောက် လိုက်သတ် နေတယ် "

စီးမင်ကို့ဝေ မှာ ရင်းကို့စကားကြောင့် မျက်မှောင်ကြုတ်ကာ ...


" ဘယ်သူလဲက.ွ .. မင်းတို့ကို ထွက်ပြေးအောင် လုပ်နိုင်တဲ့ သူက "
ဟု မေးလိုက်လေသည်။

ရင်းကို့က အနားရောက်မှ စိတ်ချသွားပုံဖြင့်


" ကြည့်ရတာတော့ နေပြည်တော်က ထင်တယ် ဝတ်စားထားတာ ရာထူးကြီးပုံ ရတယ်... သိုင်းပညာကလဲ ကောင်းလွန်း တယ်...
ဟူဖန်းတော့ ကျန်ခပ
ဲီ့ "
ဟု သူလွတ်လျှင်ပီးရော သဘောဖြင့် ပြောလိုက်သည်။

စီးမင်ကို့ဝေ မှာ တကယ့်သစ္စာခံ ဟူဖန်း ကျန်ခဲ့ပီး ရင်းကို့ သာ လွတ်ခဲ့သည်ကို စိတ်ပျက်သွားသည်။ သို့သော်လဲ သူ့ကို
ဆက်အသုံးချရဦးမည် ဖြစ်သဖြင့် ဗွေမယူ တော့ချေ။ သူက သက်ပြင်းချလိုက်ပီး သူ့အမိန့်ကို စောင့်နေသော သားဖြစ်သူကို
လှမ်းခေါ်လိုက်သည်။
" ငါ့သား... လာဦး... မင်း...
မင်းအကို ရင်းကို့နဲ့ လိုက်ပီး ပြည်မစစ်တပ် ကကောင်ကို ရှင်းပေးလိုက.် .. ဒီမှာ ငါစောင့်နေမယ် "

ရင်းကို့မှာ စိတ်ပျက်ကာ မျက်နှာမဲ့သွားသည်။ ရန်သူ၏ သိုင်းပညာမှာ စီးမင်ကို့ချန် ထက် သာသည်ကို သူမျက်မြင်ကိုယ်တွေ့ပင်။


အဘိုးကြီး မှာ ဘဝင်မြင့်ပီး သားဖြစ်သူကို လွှတ်ပေးနေသည်။ ဒီပုံအတိုင်းသာဆိုလျှင် သူက သေတွင်းကနေ လွတ်သွားပီးမှ
ပြန်ခုန်ဆင်းသူ ငတုံးဖြစ်ရတော့မည်။ သူက စောဒကတက်ဟန် ပြင်လိုကသ
် ည်။ သို့သော် စီးမင်ကို့ဝေ က သူ့ကို ဂရုမစိုက်ပါ ခွန်လွန်၏
အဆောင်ကြီး တစ်ခုကို လှမ်းကာကြည့် နေသည်။ သူက အကြံတစ်ခုရကာ မတားတော့ချေ။

စီးမင်ကို့ချန် ကတော့ မြောက်ကြွကြွ ဖြစ်နေသည်။ ရင်းကို့ မနိုင်သောသူကို သူက အနိုင်ယူပြရမည် မဟုတ်ပါလား။ ရင်းကို့ က မခို့တရို့
ပြုံးလိုက်ကာ
" လာ ညီလေး... သူတို့က ဒီဘက်မှာ "
ဟု ပြောပီး ခေါ်သွားလေသည်။

သူ့ဘေးက တပည့်ကျော်က ဆရာဖြစ်သူနား ကို မျက်နှာမသာမယာဖြင့် ကပ်လာသည်။


" ဆရာ... တကယ်ပြန်သွားမလို့လား "
ဟု လေသံဖြင့် မေးလိုက်သည်။

ရင်းကို့ က သူ့တပည့်ကို ကြည့်ကာ


" ငတုံး... အ လှချည်လား... ငါပြန်သွားရင် ငါသေမှာပေါ့... ဒါပေမဲ့ မသွားရင်လဲ အဘိုးကြီးက ငါတို့ကို အပြစ်ပေးဦးမယ် အဲ့တော့
သွားချင်ယောင်ပီး ဟိုဘဝင်ရူးကို ပစ်ထားခဲ့မယ် ငါတို့ကတော့ ကျောင်းတော် ကိုတန်းပြန်ကြတာပေါ့ ကွ... အခြေအနေ ကောင်းရင်
ငါက ကျောင်းတော်ရဲ့ တစ်ဦးတည်းသော ဂိုဏ်းချုပ် ဖြစ်သွားမယ် "
ဟု တိုးတိုးတိတ်တိတ် ပြောလိုက်လေသည်။

စီးမင်ကို့ချန်မှာ တပည့်ဖြစ်သူနှင့် ခေါင်းချင်းဆိုင် နေသော ရင်းကို့ကို အထင်သေးသလို ကြည့်နေသည်။


" အကိုကြီး... လမ်းပြလေဗျာ... မြန်မြန်သွား ကြတာပေါ့... ဘာတွေကြောက်နေတာလဲ "
ဟု ပင် ပြောလိုက်သည်။

ရင်းကို့က ထိုစကားကိုကြားသော် ပြုံးကာ ရှေ့သို့ ခပ်သွက်သွက် လျှောက်လိုက်လေ သည်။ ရင်းကို့ မှာ လာသည့်လမ်းအတိုင်း
စီးမင်ကို့ချန် ကို ခေါ်ကာ ပြန်ဆင်းလာခြင်း ဖြစ်သည်။ သူ့အထင် ရန်သူမှာ သူ့နောက် လိုက်လာမည် ဖြစ်၍ လမ်းတွင် ဆုံကြပေမည်။

မင်စုထန် ဦးဆောင်လာသော အဖွဲ့မှာ ဟူဖန်းကို မြေမြှပ်ပီးသော် ခပ်သွက်သွက်ပင် ရင်းကို့ပြေးထွက်သွားသော ခွန်လွန်ဂိုဏ်း တည်ရှိရာ


တောင်ထိပ်သို့ တက်လာကြ သည်။ မုထူးဝါး နှင့် ကျန်းဝေမှာ ရသေ့ကြီး မုစန်းကို စိတ်ပူနေကြသည်။ စီးမင်ကို့ဝေ တို့သား အဖအပြင်
ရင်းကိုပါ တက်သွား လေရာ ရသေ့ကြီးမှာ အခက်ကြုံရနိုင်သည်။ သူတို့က စိတ်ပူသဖြင့် ကိုယ်ဖော့ပညာကို အစွမ်းကုန်သုံးကာ
တက်နေသည်။ မင်စုထန် ကတော့ ရှေ့ကိုယ်သုံးဆယ် အကွာကို ကြိုရောက် နေသည်။ ဤလူစုတွင် သူက သိုင်းပညာအကောင်းဆုံး
ဖြစ်ရာ ရန်သူနှင့် တွေ့ပါက သူကအရင် ခုခံနိုင်အောင် ဖြစ်သည်။

သူထင်သည့်အတိုင်းပင်။ ရှေ့တွင် ရင်းကို့ နှင့် စီးမင်ကို့ဝေ တို့ဦးဆောင်လာသော လူနှစ်ဆယ်ခန့်ကို တွေ့လိုက်ရသည်။ သူက


အမှတ်မရှိပဲ ထပ်လာသော ရင်းကို့ကို ပြုံးပြ လိုက်သည်။ ရင်းကို့က သူ့ကို မျက်နှာငယ် လေးဖြင့် ပြန်ကြည့်နေသည်။ စီးမင်ကခ
ိျု့န် မှာလဲ
မင်စုထန်ကို ညအချိန်ကြီး ဘွား ခနဲ မြင်လိုက်ရသဖြင့် လန့်သွားလေသည်။ သူက စိတ်ပျက်သွားသည်။ ထိသ
ုကို သူမနိုင်နိုင် ချေ။ သူက
ဘေးကိုကြည့်မိတော့ ရင်းကို့နှင့် သူ့တပည့်များမှာလဲ မျက်နှာပျက်နေကြ သည်။ တပည့်အချို့ က မီးတုတ် သုံးလေးခု ကိုင်ထားသဖြင့်
ထိုနေရာလေးမှာ လင်းလင်း ချင်းချင်း ရှိနေသည်။ မင်စုထန်က တစ်ယောက်တည်းပင် ဖြစ်သော်လဲ ခြိမ်းခြောက် သည့်အကြည့်ဖြင့်
အကုန်လုံးကို ကြည့်နေလေသည်။

စီးမင်ကို့ချန် က ရင်းကို့ လက်ကို ကိုင်ကာ အချက်ပြလိုက်သည်။ မင်စုထန် တစ်ယောက် တည်းရှိနေတုန်း လက်ဦးကာ တိုက်ခိုက်ရန်
ဖြစ်သည်။ သူတစ်ယောက်တည်း မနိုင်နိုင် သော်လဲ ရင်းကို့နှင့်ပေါင်းပါက အနိုင်ရနိုင် သည်လေ။ ရင်းကို့ကလဲ အချက်ပြန်ပြကာ
ခေါင်းငြိမ့်လိုက်သည်။ စီးမင်ကို့ချန် က ဝုန်း ခနဲ ခုန်ထွက်ကာ လက်သီးဖြင့် ပြေးထိုး လိုက်သည်။ သိုင်းကွက်မှာ ကောင်းကင်ဖြိုခွဲ။
မင်စုထန် မှာ တွက်ဆထားသည် ဖြစ်၍ စောစောကပင် အတွင်းအားစုစည်းပီး ဖြစ်သည်။ သူကလဲ တစ်ကွက်ကောင်း ထုတ်သုံးကာ
ပွဲသိမ်းချင်သည်။ ရသေ့ကြီး အတွက် စိုးရိမ်ရသည်လေ။ သူက အတွင်းအား အကုန်ကို လက်ဝါးတွင် ပို့လွှတ်ကာ ဟူဖန်းကို
ဇာတ်သိမ်းပေးသော ကောင်းကင်ပေါ်ကလက်ဝါး ကို သုံးလိုက်သည်။ ရိပ် ခနဲ စီးမင်ကို့ချန် ၏ ခေါင်းပေါ်သို့ ခုန်လိုက်သည်။ စီးမင်ကိုချန့်
မှာ မင်စုထန် ပျောက်သွားသဖြင့် အတွင်းအား အကုန်သုံးကာ လက်သီးဖြင့် သူ့ခေါင်းပေါ် ထိုးလိုက်သည်။ လက်သီး နှင့် လက်ဝါး မှာ
ဆုံတွေ့ကြလေပီ။
ဝုန်း ဆိုသော အသံခပ်အုပ်အုပ် ပေါ်လာကာ စီးမင်ကို့ချန် မှာ သွေးအန်ထွက်သွားသည်။ သူက ယိုင်ထိုးနေကာ ရင်းကို့ နှင့်
တပည့်များကို ရှာလိုက်သည်။ သို့သော် ပတ်ဝန်းကျင် မှာ လရောင်ခပ်မွဲမွဲသာ ရှိတော့ပီး ရင်းကို့တို့ လူစုမှာမရှိတော့ချေ။ သိုင်းကွက်
နှစ်ကွက်ဆိုသော အချိန်ကလေး အတွင်းပင် ပျောက်ကွယ်သွားလေပီ။

ထိုစဉ် မီးတုတ်ကိုင်ထားသော လူတစ်စု ရောက်လာလေသည်။ သူတို့က ခပ်သွက်သွက်ပင် စီးမင်ကို့ချန်ကို ဝိုင်းထား လိုက်သည်။


စီးမင်ကို့ချန် မှာ ယိုင်ထိုး နေပီး ထွက်မပြေးနိုင်တော့ချေ။ မင်စုထန် မှာလဲ သိပ်မသက်သာချေ။ သူ့အတွင်းအား အများစု က
ကုန်ခန်းကာ မောနေလေပီ။

သူက မုထူးဝါး ကို လှမ်းကာ


" ဂိုဏ်းချုပ်ကြီး... ရသေ့ကြီးကို မြန်မြန်သွား ကူတာကောင်းမယ်ထင်တယ် "
ဟု ပြောလိုက်သည်။

မုထူးဝါးမှာ နဂိုကတည်းက စိုးရိမ်နေရာ ကျန်းဝေ ကို အချက်ပြကာ အမြန်ပြေး ထွက်သွားသည်။ မင်စုထန်က မုယုံချန်းရှောင်း နှင့်
စုန့်ချီရန့် ဘက်လှည့်ကာ " ညီမတို့က ဒီလူရဲ့ ရှောင်းယောင် အတွင်းအား ကို နည်းနည်း နားလည်တော့ အတွင်းအား ထုတ်မရအောင်
အကြော ပိတ်ပေးပါလား "
ဟု ပြောလိုက်သည်။

မုယုံချန်းရှောင်း နှင့် စုန့်ချီရန့် တို့ကလဲ တစ်ယောက် တစ်မျိုးစီ အကြောထိုးပိတ် လိုက်ကြသည်။ စီးမင်ကို့ချန်မှာ ဒေါသတကြီး ဖြင့်
ကြည့်နေလေသည်။ အနီဝတ်များ ထဲမှ ခေါင်းဆောင်က မင်စုထန် ကို ရှူဆေးဘူး ငယ်လေး ကမ်းပေးလိုက်သည်။ မင်စုထန် က
ထိုဘူးကို နှာခေါင်းနား ကပ်ကာ အတန်ကြာ ရှူသွင်းလိုက်တော့ အားအင်ပြည့်ဝသွားပုံ ရလာသည်။ သူက မုယုံချန်းရှောင်း နှင့် စုန့်ချီရန့်
ကို ပြုံးပြကာ
" သွားကြစို့ ညီမတို့ " ဟု ပြောလိုက်သည်။

စီးမင်ကို့ဝေ မှာ ဝတ်ပြုဆောင်ဖြစ်ဟန် တူသော အဆောင်ရှေ့တွင် ရပ်ကာ အာရုံ စိုက်ပီး ရပ်နားထောင်နေသည်။ သူ့အထင်
ထိုအထဲတွင် ရသေ့ကြီး မုစန်း ရှိရပေမည်။ မုစန်း မှာ သိက္ခာကြီးမားသော ရသေ့ကြီး ဖြစ်သဖြင့် တစ်ဂိုဏ်းလုံး ခွန်လွန်ကို စွန့်ပြေး
သော်လဲ ထွက်ပြေးမည့်သူ မဟုတ်ချေ။ သူ့ အထင် အပိုင်ကွက် စောင့်ကာ သူ့ကို ကြည့် နေပုံရသည်။ သူက နားထောင် နေရင်း မှ
တံခါးနားသို့ ခြေသုံးလှမ်း လှမ်းလိုက်သည်။

ထိုစဉ် အတွင်းမှ ဝှီး ခနဲ အရာတစ်ခု ပျံထွက် လာလေသည်။ စီးမင်ကို့ဝေ မှာ ထိတ်လန့် ကာ အနောက်သို့ ခုန်ဆုတ်လိုက်သည်။ သူက
သူအဖြစ်ကို ပြုံးလိုက်မပ
ီး ထိုအရာကို ဆတ် ခနဲ ဖမ်းလိုက်သည်။ ထိုအရာ မှာ တဝှီးဝှီးလည်နေသော လက်ဖက်ရည်ကြမ်း ခွက်ကလေး
ဖြစ်လေသည်။ သူက ခွက်ကို ကိုင်ကာ
" မုစန်း... လက်ဖက်ရည်တိုက်မယ် ဆိရ
ု င် အရည်ပါပါအောင် ထည့်လေ "
ဟု ပြောလိုက်သည်။

အဆောင်ထဲမှ ဝတ်ဖြူစင်ကြယ် ဝတ်ဆင် ထားသော ရသေ့ကြီး တစ်ပါး ထွက်လာ သည်။ ရသေ့ကြီးမှာ အသက်ခုနှစ်ဆယ် ကို
အတော်ကျော် ပုံရသည်။ ဆံပင်များနှင့် မုတ်ဆိတ်မွှေးများမှာ ဖြူဖွေးနေသည်။ ရသေ့ကြီး က အဆောင်အပြင်ကို တစ်လှမ်းချင်း
လှမ်းလာသည်။ သူက ညာလက် မှ ဓားတစ်ချောင်းကို ကိုင်ကာ ဘယ်လက်ကတော့ လက်ဖက်ရည်အိုး ကို ကိုင်ထားသည်။

ရသေ့ကြီး မုစန်း က လက်ဖက်ရည်အိုးကို မြှောက်ပြပီး


" ကဲ ဆရာကြီး... သောက်ချင်တယ် ဆိုရင်ဖြင့် ခွက်ကိုကိုင်ထားပေတော့ "

ထို့နောက် ကိုယ်ကို တစ်ပတ်လှည့်ကာ အရှိန်ယူပီး လက်ဖက်ရည်အိုးကို မြှောက် ထုတ်လိုက်သည်။ ထို့နောက် ဓားကို ဖျတ် ခနဲ
ဆွဲထုတ်ကာ အလွန်တရာမြန်ဆန်သော အရှိန်ဖြင့် ဓားဖြင့် ခုတ်လိုက်သည်။ ထိုဓားချက်ကြောင့် လက်ဖက်ရည်အိုးမှာ
အစိတ်စိတ်ကွဲကာ လက်ဖက်ရည်များက ထွက်လာလေသည်။ ထိုအရည်များကို ဓားဖြင့် ဆွဲယူကာ အတန်းလေးများ ဖြစ်အောင်
ခုတ်ချလိုက်သည်။ ထိုပညာမှာ ဓားပညာသာ မက အတွင်းအားပါ ပါဝင်သော သိမ်မွေ့သည့် ဓားပညာဖြစ်သည်။ အမာစား ဓားသိုင်းကို
သုံးသည်ဟု နာမည်ကျော်သော ခွန်လွန်ဂိုဏ်းချုပ်ဟောင်းကြီး တွင် ထိုကဲ့သို့ သိမ့်မွေ့နက်နဲသော ဓားပညာ ရှိသည်ကို
မျက်မြင်မတွေ့ရလျှင် မည်သူမှ ယုံနိုင်မည် မဟုတ်ချေ။ ရသေ့ကြီးမှာ ထိုဓားပညာကို မည်သူကိုမှ ထုတ်ပြခြင်းမရှိခဲ့။ ယခုအချိန် မှာမူ
သူ့ဘဝ၏ နောက်ဆုံး အကြိမ်ဟု ထင်၍လားမသိ ထိုဓားပညာကို ထုတ်သုံးလေပီ။

လက်ဖက်ရည်များမှာ အတန်းလေးများ ဖြစ်သွားပီး ရသေ့ကြီး၏ ဓားအနီးတွင် လှည့်ပတ်နေကြသည်။ ရသေ့ကြီးမှာ အတွင်းအားကို


ဓားကိုပို့လွှတ်ကာ ထိန်းချုပ် ထားသဖြင့် ဓားဖျားမှာ တုန်ယင်နေသည်။ ထို့နောက် ရသေ့ကြီးက ဓားကို လွှတ်ပေး လိုက်သည်။
" ရွှီး... "
ဓားနှင့် လက်ဖက်ရည်အတန်းလေးများ က မြန်ဆန်သော အရှိန်ဖြင့် စီးမင်ကို့ဝေ ဆီကို တိုး ဝင်သွားသည်။ စီးမင်ကို့ဝေ ကာ ရသေ့ကြီး၏
ဓားပညာကို အံ့အားသင့်နေ သော်လဲ လက်မနှေးပါ။ သူက လက်သီးဆုပ် နှစ်ခုကို ပြင်းထန်စွာ လေထုထဲထိုးခွဲ လိုက်သည်။ ဝုန်း ခနဲ
လေပူများ ထွက်လာကာ လက်ဖက်ရည်တန်းလေး များမှာ ပြုတ်ကျသွားသည်။ သို့သော် ရသေ့ကြီး မုစန်းမှာ ဓားကို လွှတ်ပီးသည့်နှင့်
အနောက်မှ ပြန်ခုန်လိုက်လာသည်။ သူက ဓားကို ပို၍မြန်သွားအောင် လက်ဝါးဖြင့် ရိုက်ထုတ်လိုက်သည်။ ထို့ကြောင့်
လက်ဖက်ရည်တန်းလေးများက ရပ်ပီး ပြုတ်ကျသွားသော်လဲ ဓားက ယခင်ကထက် ပိုမြန်ဆန်ကာ အရှေ့ကို တိုးဝင်လာသည်။

စီးမင်ကို့ဝေ မှာ လန့်ဖြန့်ပီး အသည်းအသန် ခုန်ဆုတ်လိုက်သည်။ သို့သော် သူခြေချချပီး ချင်းမှာပင် ရသေ့ကြီးက ဓားကို
နောက်တစ်ချက် ရိုက်ထတ
ုလိုက်ပြန်သည်။ ထို့ကြောင့် ဓားက သူဆ
ီ့သို့ ထပ်မံတိုးဝင် လာပြန်သည်။ စီးမင်ကို့ဝေ က စိတ်ပျက်ကာ
ဘေးကို ခုန်လိုက်သည်။ ဓားမှာ သူ့ဘေး ကနေ ဖြတ်သွားလေသည်။ သူက တိုက်ကွင်းမှ လွတ်အောင် နောက်တစ်လှမ်း ပင်
ဆုတ်လိုက်သေးသည်။ သို့သော် ရသေ့ကြီးမှာ လျင်မြန်သောအရှိန် ဖြင့် ရိပ် ခနဲ ခုန်ကာ ဓားကို ဖမ်းယူလိုက်သည်။ ထိုနောက်
ဓားကိုဆွဲကာ တိုကခ
ိုက် ပြန်သည်။ စီးမင်ကို့ဝေ က လက်သီးတွင် အပူလှိုင်း အတွင်းအားများ အပြည့်ထည့်ကာ ပြန်ခုခံ လိုက်သည်။
လက်သီးဆုပ်နှစ်ခုမှာ နီရဲနေပီး တဝှီးဝှီး ဖြင့် ရသေ့ကြီးကို ခြိမ်းခြောက် နေသည်။ ရသေ့ကြီးမှာ ဓားကို မြန်ဆန်စွာ ဝှေ့ယမ်းပီး
လက်သီးအရှိန် သူ့ကို ဟပ်မသွားစေရန် ကာကွယ်လိုက်ရသည်။ ပူလောင်လွန်းနေသည် မဟုတ်ပါလား။

မီးစွဲဓားသိုင်း၏ အပူလှိုင်း ထုတ်နည်းမှာ ရှောင်းယောင် အတွင်းအားဖြင့် လိုက်ဖက်ပုံ ရသည်။ စီးမင်ကို့ဝေ မှာ ဘီလူးစီး သလို
အင်အားအပြည့်ဖြင့် ပြင်းထန်စွာ တိက
ုခိုက် နေသည်။ ရသေ့ကြီး မုစန်း ကတော့ အောက်စည်းရောက်ကာ ခုခံနေရ တော့သည်။
စီးမင်ကို့ဝေ ၏ မျက်လုံးအစုံမှာ နီရဲနေရာ ရသေ့ကြီးမှာ ကြောက်စိတ်များပင် ဝင်လာတော့သည်။

ရသေ့ကြီး မုစန်းက အကွက်ပေါင်း တစ်ရာကျော်သည့်အထိ ရေပက်မဝင်အောင် ခုခံနေသည်။ သို့သော် ရသေ့ကြီးမှာ တဖြည်းဖြည်း


အခြေပျက်လာသည်။ ချွေးတဒီးဒီးကျအောင် ပူလောင်နေသည်မှာ အဓိက အနှောင့်အယှက် ဖြစ်နေသည်။ ပူလွန်းသဖြင့်
သိုင်းကွက်များကို အာရံစ
ိုက်၍ မရတောချေ့။ ရသေ့ကြီးမှာ ဓားကိုင်လက် က ချွေးများဖြင့် စိုရွဲနေသည်။ သူက ဓားကို
ခပ်တင်းတင်းကိုင်ကာ သူမြင်လိုက်သော ဟာကွက်ကို ဓားဖြင့်ထိုးလိုက်သည်။ ထိုဟာ ကွက်မှာ စီးမင်ကို့ဝေ က တမင်ဟ ပေးထား
ခြင်းဖြစ်သည်။ သူက ပွဲသိမ်းလို၍ တမင်ပင် ဟာကွက် ပြပေးကာ စောင့်လိုက်သည်။ ရသေ့ကြီးက မစဉ်းစားနိုင်တော့ သူက ဓားကို
ထိုးသွင်းလိုက်သည်။ စီးမင်ကို့ဝေ က ပြုံးကာ ရသေ့ကြီး၏ ဓားကို ဘေးသို့တိမ်းကာ လက်သီးဖြင့် ဓားကိုင်လက် လက်ကောက်ဝတ် ကို
ထိုးလိုက်သည်။ ရသေ့ကြီးမှာ လှည့်ရန် မမှီိတော့ချေ။ ထိုစဉ် လက်မှ ချွေးများကြောင့် ရသေ့ကြီးလက်က ဓားမှာ ချော်ထွက်သွားသည်။
ရသေ့ကြီးက အမြန်ပင် လက်ကိုရုတ်လိုက်သည်။ စီးမင်ကို့ဝေ၏ လက်သီးမှာ ဓားရိုးကို မိမရ
ိ ရ ထိုးမိကာ ဓားရိုးမှာ ကွဲကြေကာ မီးလောင်
သွားသည်။ ဓားကတော့ လွင့်စင်သွားသည်။ ပြင်းထန်လွန်းသော မီးလက်သီး ပင်။ ရသေ့ကြီးမှာ သူ့လက်ကိုသာ ထိရင်ဟု တွေးမိကာ
ကျောချမ်းသွားသည်။ သူက အနောက်ကို ခုန်ဆုတ်လိုက်သည်။ စီးမင်ကို့ဝေ က သူ့ကို ပိုင်နိုင်သော အပြုံး ပြုံးပြကာ ကြည့်နေသည်။

လူသံများ မီးရောင်များ တလက်လက်ဖြင့် လူတစ်စုက ရိပ် ခနဲရောက်လာသည်။ စီးမင်ကို့ဝေ မှာ ထိုဘက်ကို ကျောပေးထား သဖြင့်
ဘယ်သူမှန်း မသိရချေ။ သို့သော် သူက သူ့လူများသာ ဖြစ်ရမည်ဟု ထင်နေ သည်။ သားဖြစ်သူကိုယ်တိုင် လိုက်သွား
သည်မဟုတ်ပါလား။ သူ့သားကို ယှဉ်နိုင်သူ ဤနေရာတစ်ဝိုက်တွင် ရှိမနေပါ။ သူသိထား သော သတင်းအရ သိုင်းထိပ်သီး
လေးယောက်တွင် ထိပ်ဆုံး သုံးယောက်က ဒီနေရာတွင် မရှိချေ။ ထို့ကြောင့် အဆင့် ၄ ဖြစ်သူ သူ့သားကို ယှဉ်နိုင်သူ မရှိ။ သူက
လှည့်ပင်မကြည့်ပဲ ရသေ့ကြီး မုစန်းကိုသာ ရယ်ပြနေသည်။ ရသေ့ကြီးကတော့ အံ့သြလွန်းကာ မျက်စိပြူး နေသည်လေ။

စီးမင်ကို့ဝေ က ရသေ့ကြီးအား
" မုစန်း... မင်းလက်နက်ချလိုက်မယ် ဆိုရင် ငါအသက်ချမ်းသာပေးမယ်... မင်းရဲ့သိုင်းပညာ ကိုတော့ ဖျက်ဆီးလိုက် "
ဟု ပြုံးကာပြောလိုက်သည်။

ရသေ့ကြီး မုစန်းမှာ ဘာမှမပြောပါ။ သို့သော် စီးမင်ကေ


ို့ ဝ အနောက်မှ အသံရှင်ကမူ ပြောချလိုက်လေသည်။
" လက်နက်ချရမှာက ခင်များဗျ... ခင်များ သားလုပ်တဲ့သူ မသေစေချင်ရင် သိုင်းပညာ ဖျက်ဆီးပီး တောင်အောက်ဆင်းသွား ဒါဆို
ခင်များတို့ သားအဖကို လွှတ်ပေးမယ် "

စီးမင်ကို့ဝေ မှာ ဒိန်း ခနဲ ဖြစ်သွားသည်။ သူက မယုံကြည်နိုင်သော မျက်နှာဖြင့် အနောက်လှည့်ကြည့် လိုက်ရာ အနီရောင်
ချည်ကြမ်းထည်ကို ဝတ်ဆင်ထားသူ မင်စုထန် ကို တွေ့လိုက်ရသည်။ မင်စုထန် က အချက်ပြလိုက်ရာ သူ့လူများ နှင့် မုထူးဝါး ကျန်းဝေ
တို့က စီးမင်ကို့ဝေကို ဝိုင်းထား လိုက်သည်။ မုယုံချန်းရှောင်း နှင့် စုန့်ချီရန့် က အကြောပိတ်ခံထားရသော စီးမင်ကို့ချန် ကို ရှေ့တိုးပြ
လိုက်လေသည်။ ရသေ့ကြီး မုစန်း ကတော့ ခပ်အေးအေးပင် ရပ်ကြည့်နေ သည်။ အခြေအနေမှာ ပြောင်းပြန်ပင်။ ဇောက်ထိုး
လှန်လိုက်သလို ပြောင်းလဲသွား လေပီ။
#မိုးထိတောင်သိုင်းသမား #ZYN
အခန်း (၂၈) အပိုင်း နှစ်
ကံကြမ္မာ ဟူသည်မှာ

မင်စုထန် ခွန်လွန်တော်ပေါ်သို့ တက်သွားပီး မကြာခင်တွင် စစ်သူကြီး ရန်ဖေးမှာ စစ်တပ်ကို ဦးဆောင်ပီး ခွန်လွန်တောင်တန်း


၏အရှေ့တောင်ဘက်တွင် တပ်စွဲထားသည်။
ရန်ဖေး၏ အမြင်အရ ခွန်လွန်တောင်တန်း ကြီးမှာ ပုန်းအောင်းသူများ အတွက် မြေအနေအထား သာသည်။ ခွန်လွန်တောင်
ပေါ်တက်ပြေးလျှင် ဖမ်းမမိနိုင်ဟု ထင်သည်။ ထို့ကြောင့် သူက ဆုတ်လွယ်တက်လွယ် သော အရှေ့တောင်ဘက်၌ တပ်စွဲထားခြင်း
ဖြစ်သည်။ စီးရှ စစ်တပ်ကလဲ ထိုသို့မြင်ကာ အနောက်တောင်ဘက် ဆုတ်သွားခြင်း ဖြစ်ပေသည်။

ရန်ဖေးက တပ်စွဲထားပီးနောက် ရွက်ဖျင်တဲ ထဲတွင် မြေပုံကို ကြည့်ကာ စစ်ပွဲအတွက် ပြင်ဆင်နေသည်။ ထိုစဉ် အပြင်ဘက်မှ
အမောတကော ပြေးလာသော ခြေသံကို ကြားလိုက်ရသည်။
" စစ်သူကြီး... သတင်းထူး... "

ရန်ဖေး က ရွက်ဖျင်တဲ ထဲဝင်လာသူ ဆက်သား ကို မော့ကြည့်လိုက်သည်။ ထိုဆက်သားမှာ စီးရှစစ်တပ်အခြေအနေ ကို စောင့်ကြည့်ရန်
လွှတ်ထားသူများထဲမှ တစ်ယောက် ဖြစ်သည်။
" ဘာသတင်းလဲ "
" ဟုတ်ကဲ့စစ်သူကြီး... စီးရှ စစ်တပ်က အခုပဲ လှုပ်ရှားလာပါတယ် ညတွင်ချင်းကြီး ခွန်လွန်ရဲ့ ဒုတိယတောင်ကုန်း ကို ဝိုင်းထား
ကြပါတယ် "
" ဘာ... ဒုတိယ တောင်ကုန်းဆိုရင် ပေ့လဲရယ် တက်သွားတဲ့ တောင်ကုန်းမလား ဘယ်လိုဖြစ်တာလဲ ဆုတ်သွားတဲ့ စစ်တပ်က
ဘာသဘောနဲ့ ပြန်လာဝိုင်းတာလဲ "

ရန်ဖေးမှာ စဉ်းစားရခက်နေသည်။ စီးရှ စစ်တပ်ကို ဦးဆောင်သော စစ်သူကြီးမှာ သာမန်ဟုတ်ပုံမရချေ။ မည်ကဲ့သို့သော ဗျူဟာ ကို
ထုတ်သုံးရန် ကြံနေသနည်း။ ရန်ဖေးက မျက်မှောင်ကြုတ်ကာ ခေါင်းပေါက် မထွက် စဉ်းစားနေသည်။ သူက အတန်ကြာ မှ
သက်ပြင်းချကာ
" ဟေ့ အပြင်က တစ်ယောက် လာခဲ့စမ်း "
ဟု ခေါ်လိုက်သည်။

အပြင်ဘက်မှ အစောင့်ကျနေသော စစ်သား တစ်ယောက်က ဝင်လာပီး အရိုအသေပေး လိုက်သည်။ ရန်ဖေး က ထိုစစ်သားနှင့်


သတင်းပို့သူ ဆက်သားကို ကြည့်ကာ
" ဒီဆက်သားကို တပ်မှူး ရန်ကျိုး ဆီကို ခေါ်သွား... သူပြောပြတဲ့ အကြောင်းကို မှတ်ထားပီးရင် ရန်ကျိုး ကိုယ်တိုင် ဒုတိယ
တောင်ကုန်းပေါ် တက်သွားပီး ပေ့လဲ့ရယ် ကို ဒီအကြောင်းပြောခိုင်းလိုက.် .. မြန်မြန်လုပ် တော်ကြာ ပေ့လဲ့ရယ် ဆင်းတာနဲ့ ရန်သူ
စစ်တပ်နဲ့ တိုးပီး ဒုက္ခရောက်ကုန်မယ် "
ဟု ပြောလိုက်သည်။

စစ်သားမှာ ဆက်သားကို ခေါ်ကာ အလျင်အမြန် ပင် ထွကသ


်ွားတော့သည်။ ရန်ဖေးက မျက်လုံးမှိတ် သက်ပြင်းချကာ
" အင်း... ငါတို့ ရန်အိမ် ရဲ့ ကံတရား... ပေ့လဲ့ရယ် ရဲ့ ကံတရား က ငါ့တူ ရန်ကျိုး အပေါ် မူတည်နေပါ့လား... ခြေမြန်တော် ရန်ကျိုး
ဆိုတဲ့ အမည်နဲ့ လိုက်အောင် စွမ်းဆောင်နိုင်ပါစေ လို့ပဲ မျှော်လင့်ရတော့မယ် "
ဟု ရေရွတ်လိုက်တော့သည်။

စီးမင်ကို့ဝေ...
စီးမင်ကို့ဝေ မှာ မျက်လုံးပြူးကာ မယုံကြည် နိင
ုဟန်ဖြင့် ကြည့်နေသည်။ အခြေအနေက မယုံနိုင်စရာပင်။ လူစုပီး ခွန်လွန်ကို အပြတ်
ရှင်းရန် လာသော သူ့ကို ခွန်လွန်က ပြန်ဝိုင်း ထားလေပီ။ သူ့တပည့်များမှာလဲ အဖမ်းခံထား ရသည်ကို တွေ့ရသည်။ သူ့သား
စီးမင်ကို့ချန် ကိုပင် ကောင်မလေး နှစ်ယောက်က ဖမ်းချုပ်ထားသည်။ သူ့သား မှာ အကြောပိတ်ခံထားရသဖြင့် မလှုပ်မယှက်
ဖြစ်နေသည်။ မင်စုထန် က သူ့ကို တည်ငြိမ်စွာ ကြည့်နေလေသည်။ သူက အခြေအနေကို တွက်ကြည့်ရာ သူ့ဘက်က အရှုံးချည်းသာ
ဖြစ်နေသည်။ မည်သို့ မည်ပုံ ပြန်လည် ပြောင်းယူရမည်နည်း။
ထိုစဉ် အကြောပိတ်ခံထားရသော စီးမင်ကို့်ချန် က လှုပ်ရှားမှုတစ်ခု လုပ်လိုက် တော့သည်။ သူ့က ရုတ်တရက် ခုန်ထကာ
မုယုံချန်းရှောင်း နှင့် စုန်ချီရန့် ကို တိုက်ခိုက် လိုက်သည်။ မုယုံချန်းရှောင်း နှင့် စုန့်ချီရန့် မှာ နဂိုကတည်းက စီးမင်ကို့်ချန် ကို မယှဉ်နိုင်ပါ။
အခုလို ရုတ်တရက် တိုက်ခိုက်နိုင်မည် ဟုလဲ ထင်မထားချေ။ ထို့ကြောင့် တစ်ယောက် တစ်ချက်စီ ထိကာ လဲကျသွားကြသည်။
" အွန်... အွန့်... ဝေါ့ "
သူတို့ နှစ်ယောက်မှာ အခြေအနေမဟန်ပါ သွေးများပင် အန်ထွက်သွားသည်။

မင်စုထန် မှာ ထိုအဖြစ်ကို မြင်သော ပြေးကာ ခုန်ဝင်လိုက်သည်။ သူ့ခုန်ဝင်မှုက မှန်ကန် သွားသည်ဟု ပြောရမည်။ စီးမင်ကို့ချန်က
လဲကျနေသော မိန်းကလေး နှစ်ယောက်ကို ပွဲသိမ်း သတ်ဖြတ်ရန် ပြင်လိုက်စဉ် မင်စုထန် က ဝင်ရောက်လာသောကြောင့် မင်စုထန်
ဘက်လှည့်ကာ တိုက်ခိုက်ရတော့သည်။ အနီဝတ်များက မုယုံချန်းရှောင်း နှင့် စုန့်ချီရန့် ကို ထူကာ လွတ်ရာကို တွဲပို့ပီး ပြုစုနေကြ သည်။
စီးမင်ကို့ချန်ကတော့ ထူးဆန်းစွာပင် ယခင်က မယှဉ်နိုင်ခဲ့သော မင်စုထန်ကို အပေါ်စီးမှ တိုက်ခိုက်နေသည်။

တစ်ဖက်က စီးမင်ကို့ဝေ မှာလဲ သူ့သား လှုပ်ရှား လိုကသ


် ည်နှင့် တစ်ပြိုက်နက် ရသေ့ကြီး မုစန်းကို တိုက်ခိုက်လိုက်သည်။ မုစန်း မှာ
သတိလက်လွတ် ဖြစ်မနေ၍ ခုခံနိုင် သည်။ သို့သော်အောက်စည်းမှပင်။ မုထူးဝါးက ကြည့်မနေနိုင်ပါ။ ဆရာဘိုးဘိုး ဖြစ်သူကို
ဝင်ကူတော့သည်။ ကျန်းဝေ တို့ စစ်သားများမှာမူ မည်သို့ဝင်ပါရမှန်းမသိသော် လဲ အကျဉ်းသားများကိုသာ ကြိုးတုပ်ပီး ထိန်းချုပ်
ထားလိုက်ရတော့သည်။

မင်စုထန် မှာ အောက်စည်းရောက် နေသော်လဲ ကောင်းစွာခုခံနိုင်သေးသည်။ အခြေမပျက်သေးပါ။ သူက စီးမင်ကို့ချန်ကို


အံ့သြမိနေသည်။ အဘယ်ကြောင့် အကြော ပိတ်ထားသည်ကို ဖြေနိုင်သနည်း။ ထို့အပြင် အတွင်းအားလဲ ရုတ်တရက်တိုးပွားလာ
သည်။ ယခုထုတ်သုံးနေသော အရှိန်အရ သူ့ထက်ပင် အတွင်းအားကောင်းနေလေ သည်။ ပုလုံတို့ စီးမင်ကို့ဝေတို့ နီးနီးအထိ
ရောက်နေလေသည်။ အဘယ်ကြောင့်နည်း။

တစ်ဖက်က မုထူးဝါးနှင့် မုစန်းကတော့ အခြေအနေမဟန်ပါ။ စီးမင်ကို့ဝေ မှာ ကောက်ကျစ်စွာဖြင့် သိုင်းပညာနိမ့်သူ မုထူးဝါးကို


မဲတိုက်နေသည်။ မုစန်းမှာ မုထူးဝါးကို ကယ်ပေးလိုက် သူ့ကိုယ်သူလဲ ကာကွယ်လိုက်နှင့် ဗျာများနေရသည်။ တတ်ကျွမ်း သမျှ
အကုန်ထုတ်သုံးနေ သည့်တိုင် စီးမင်ကို့ဝေ ၏ တိုက်ကွက်မှ ရုန်းမထွက်နိုင် ဖြစ်နေသည်။ စီးမင်ကို့ဝေ က ပြုံးလိုက်ကာ မုထူးဝါးကို
ဘယ်လက်သီး ဖြင့် ထိုးလိုက်သည်။ ထိုသိုင်းဟန်မှာ နတ်လက်သီးသိုင်းမှ ဘယ်ညာအယောင်ပြ သိုင်းကွကြ် ဖစ်သည်။ ထိုသိုင်းကွက်မှာ
မည်သည်ကမှ အတုအယောင်မရှိပါ နှစ်ခုလုံး အစစ်အမှန်ဖြစ်နိုင်သည်။ မုထူးဝါးမှာ အရှိန်ပြင်းသော် လက်သီးက တိုးဝင် လာသော်
မရှောင်နိုင်တော့ပါ။ သူက ဓားဖြင့် ခုခံလိုက်သည်။ မုစန်းမှာလဲ မုထူးဝါးက မခုခံနိုင်သည်ကို တွေ့သဖြင့် လက်မှဓားကို ပစ်လွှတ်ကာ
ကူညီပေးလိုက်သည်။ သို့သော် ဓားနှစ်ချောင်းက စီးမင်ကို့ဝေ ၏ ဘယ်လက် ကို ထိခါနီးမှာပင် စီးမင်ကို့ဝေ၏ ညာလက်သီး က နီရဲကာ
မုစန်းရင်ဝသို့ တိုးဝင်သွားသည်။ မုစန်းမှာ ခုခံစရာလဲ မရှိ သလိုရှောင်လဲ မရှောင်နိုင်တော့ပါ။
" ဝုန်း... " " အား... "
ရသေ့ကြီးမှာ ဆယ်ပေခန့် လွင့်စင်သွား သည်။ မုထူးဝါး မှာ ရသေ့ကြီးနောက်သို့ ခုန်ကာ ပြေးပွေ့လိုက်တော့သည်။

စီးမင်ကို့ဝေက သူတို့ကို ဂရုမထားပါ။ သူ့လက်သီး အကြောင်းသူသိသည်။ ရသေ့ကြီးမှာ အကြောများပြတ်ထွက်ကုန်ပီ။ ရင်ဘတ်ဝမှ


မီးလောင်သကဲ့သို့ လက်သီးရာ ကြီးကလဲ ပြင်းထန်စွာ အတွင်းဒဏ်ထိသွား ကြောင်းသေချာစေသည်။ သူက သူ့သားကို ခုခံနေသော
မင်စုထန် ဘက်သို့ ခုန်ဝင် ကာတိုက်ခိုက်လိုက်သည်။ မင်စုထန်မှာ နူရာဝဲစွဲလေပီ။ စီးမင်ကို့ချန် ကိုပင် အောက်စည်းကသာ ခုခံနိုင်ရာ
စီးမင်ကို့ဝေ ဝင်လာလျှင် အခြေအနေက အဆိုးရွားဆုံး ဖြစ်သွားသည်။

မုယုံချန်းရှောင်း က ထိုအဖြစ်ကို မြင်သော် အနီဝတ်များကို ကပြာကယာ ဝင်ကူခိုင်း ရသည်။ အနီဝတ်သုံးဆယ် က လဲ မင်စုထန် ကို
အမြန်ဝင်ကယ် ရတော့သည်။ အနီဝတ် များမှာ စီးမင်ကို့ချန်ကို တိုက်ကွင်းမှ ဝိုင်းရံကာ ခွဲထုတ်ပီး တိုက်ခိုက်ကြသည်။ သူတို့၏
ပူးပေါင်းဓားကွက်မှာ ထက်မြက် သည်။ စီးမင်ကို့ချန် ကို ထိန်းချုပ်ထား နိုင်သည်။ သို့သော် မင်စုထန် ကမူ စီးမင်ကို့ဝေ ကို မယှဉ်နိုင်ပါ။
အနီဝတ်များက ကယ်သော်လဲ သူ့အဖြစ်က ဒုံးရင်းပင်။ သူ့အတွင်းအားများမှာလဲ အကုန်မပြည့်ဝ သေး၍ အခြေအနေပျက်လာသည်။
စီးမင်ကို့ဝေ က ပြုံးကာ ကောင်းကင်ဖြိုခွဲ သိုင်းကွက်ဖြင့် ထိုးချလိုက်တော့သည်။ သူ့အနေဖြင့် အချိန်မဖြုန်းချင်ပါ။ သူ့သားမှာ
အချိန်လေးနာရီသာ ရသည်။ အခုပင် နှစ်နာရီနီးပါးရှိနေပီ။ သူ့သား စီးမင်ကို့ချန် ကိုဆေးကုရပေဦးမည်။ မင်စုထန်က ကောင်းကင်ဖြိုခွဲ
သိုင်းကွက်ကို ခုခံနိုင်သော သိုင်းကွက် သိသော်လဲ သူ့အတွင်းအားက စီးမင်ကို့ဝေ၏ အတွင်းအားကို မယှဉ်နိုင် သဖြင့် ခုခံ၍မရချေ။
သူက သေရမည်ကို မကြောက်သော်လဲ ဤနေရာတွင် သူ့အိမ်မက်ကြီး အကောင်အထည်မပေါ်ပဲ သေသွားရမည် ဖြစ်သဖြင့်
ထိတ်လန့်လာ သည်။ တစ်ကိုယ်လုံး ရှိသမျှ အတွင်းအားကို စုကာ မြေပြင်လက်ဝါး သိုင်းကွက်ဖြင့် ခုခံ ကာကွယ်ထားလိုက်သည်။
" ဝုန်း... အွန့်... "
ထိုကာကွယ်မှုမှာ မှန်ကန်သွားသည်။ စီးမင်ကို့ဝေ၏ လက်သီးချက်မှာ လေးပုံတစ်ပုံ ခန့်သာ မင်စုထန်ကို ထိသွားသည်။ မင်စုထန် က
သွေးတစ်လုပ် အန်လိုက်သည်။ ဤလူကြီးနှင့် သူမှာ သိပ်အကွာကြီး တော့ မဟုတ်။ သူသာ စီးမင်ကို့ချန် နှင့် မတိုက် လိုက်ရပါက
ယခုလို အဖြစ်ကြုံရမည် မဟုတ်ချေ။ စီးမင်ကို့ဝေ ကတော့ ခုခံလိုက်နိုင် သော မင်စုထန်ကို စိတ်ပျက်စွာ ကြည့်ပီး
နောက်တစ်ခေါက်ထပ်ပီး လက်သီးဖြင့် ထိုးလိုက်သည်။

ထိုစဉ် တိုက်ကွင်းထဲသို့ သစ်ပင်ပေါ်မှနေ၍ ချိုင်းထောက် နှင့် အဘိုးကြီးတစ်ဦး ခုန်ဆင်းလာသည်။ အဘိုးကြီးက မင်စုထန်ရှေ့ကို


ကျလာကာ စီးမင်ကို့ဝေ၏ လက်သီးကို လက်ဝါးဖြင့် ရိုက်ကာ ခုခံလိုက်သည်။
" ဝုန်း... "
အဘိုးကြီးမှာ အနောက်ကို သုံးလှမ်းစာ ယိုင် သွားသည်။ ချိုင်းထောက်ကိုပင် မနည်းထိန်းလိုက်ရသည်။ စီးမင်ကို့ဝေ ကတော့
လွင့်စင်ကာ လဲကျသွားလေသည်။ မင်စုထန် မှာ စီးမင်ကို့ဝေ ကိုပင် လဲကျအောင် အတွင်းအားကောင်းသော အဘိုးကြီးကို
အံ့သြနေမိသည်။ ဤအောက်ပိုင်း မသန်သော အဘိုးကြီးမှာ မည်သူနည်း။ အဘယ်ေ့ကြာင့် သူ့ကို ကယ်ပေးသနည်း။

သူက ဘေးဘီကို ကြည့်လိုက်ရာ အနီဝတ်များ က စီးမင်ကို့ချန်ကို ကောင်းစွာ ထိန်းချုပ်နိုင်ကြောင်း သိရသည်။ အမှန်တကယ် က


အနီဝတ်များ၏ တာဝန်မှာ မင်စုထန် ကိုထိန်းချုပ်ဖို့ပင် ဖြစ်သည်။ အနီဝတ်များ မှာ ရှောင်လင်ကျောင်းသားများ ဖြစ်ရာ
ကျောင်းထိုင်ဆရာတော်က မင်စုထန် ကို ထိန်းချုပ်ဖို့ ပူးပေါင်းဓားကွက်ကို တိတ်တဆိတ် သင်ကြားပေးထားသည်။ ထို့ကြောင့် သူတ့၏
ို
ဓားကွက်မှာ လော့ဟန် တုတ်သိုင်းနီးပါးပင် ကောင်းမွန်သည်။ မင်စုထန် က ထိုဓားကွက်ကိုကြည့်ကာ
သူဘယ်လိုမှဖောက်မထွက်နိုင်ကြောင်း သိလိုက်ရသည်။ ယခု သူ့ထက်သာနေသော စီးမင်ကို့ဝေပင် ထိန်းချုပ်ခံနေရသည်
မဟုတ်ပါလား။ စီးမင်ကို့ဝေမှာ ဘယ်လိုကြောင့် သူ့ထက် ချက်ချင်းကြီး သာလာကြောင်းလဲ မသိရချေ။ သူက မုယုံချန်းရှောင်း တို့ကို
သတိရသဖြင့် ကြည့်မိရာ မိန်းမလှလေးတစ်ယောက်က ဆေးကုပေးနေကြောင်း တွေ့ရသည်။ သူမကို မြင်ဖူးသည်ဟု ထင်ကာ သေချာ
ကြည့်မိတော့ လီယင်းယင်း ဖြစ်နေ လေသည်။ ပျောက်ကွယ်နေသော လီယင်းယင်း မှာ ဘယ်လိုကြောင့် ဒီနေရာ မှာပေါ်လာသနည်း။
သူက စဉ်းစားမရတော့ ထို့ကြောင့် စီးမင်ကို့ဝေ နှင့် အဘိုးကြီးတို့ကို ပြန်လည်အာရံစ
ိုက်လိုက်သည်။

စီးမင်ကို့ဝေ က လဲနေရာမှ ပြန်ထကာ ဖုန်ခါလိုက်ပီး အဘိုးကြီးကို ရယ်ပြလိုက် သေးသည်။


" ဘယ်လိုလဲ အကိုကြီး... မသေသေးပါလား ကျုပ်ထင်တာ ခင်များအသေခံပီး အတွင်းအား သွင်းပေးလို့ ခင်များ တပည့် တွမ့်ကျန်းယွမ်
က အတွင်းအားတွေတိုးလာ တယ်လို့ ထင်နေတာ... အခုတော့လဲ ကျန်းကျန်းမာမာ ပဲပါလား "

အဘိုးကြီးက တုံးဖုန်းဟိုင် ဖြစ်သည်။ သူက ရယ်လိုက်ကာ စီးမင်ကို့ဝေကို ရွံရှာသလို ကြည့်လိုက်သည်။


" အေး... ငါကကျန်းကျန်းမာမာပဲ... မင်းထက်လဲ အတွင်းအားကောင်းနေတုန်းပဲ မင်းရဲ့ သားကိုသာ ကယ်ဖို့ကြိုးစား...
သူ မိစ္ဆာနှိုးထ ကျင့်စဉ်ထဲက အကြောဖြတ်အားတိုး နည်းလမ်းကို လုပ်လိုက်ပီ.... မင်းတို့ ဒီကျင့်စဉ်တွေကို ဘယ်ကရလာလဲ မသိပေမဲ.့ ..
အချိန်မီ မဖြေပေးနိုင်ရင် တစ်သက်လုံး အကြောပြတ် သွားတော့မယ် "

စီးမင်ကို့ဝေ မှာ သူကြောက်နေသည့် အရာကို တုံးဖန်းဟိုင် က ဒက် ခနဲ ပြောလိုက် သဖြင့် ထိတ်လန့်သွားသည်။ သူ့သားမှာ
အမှန်တကယ်ပင် မိုက်ရူးရဲကာ သွေးကြောမ ခြောက်ခုတွင် နှစ်ခုကို ဖြတ်ပစ်ကာ အတွင်းအား တိုးလာစေရန်ပြုလိုက် လေသည်။
မူလက သွေးကြောမကြီး တစ်ခု ပွင့်အောင် ဖွင့်နိုင်သူ စီးမင်ကို့ချန် မှာ သွေးကြောနှစ်ခုကို ဖြတ်ပစ်လိုက်သဖြင့် အတွင်းအားမှာ သူ့အဖေ
အဆင့်ထိ မြှင့်တက် သွားလေသည်။ သို့သော်လဲ ထိုသို့ လုပ်၍ရ သော အတွင်းအားမှာ ရေရှည်မခံပါ အများဆုံး
အချိန်လေးနာရီသာရသည်။ လေးနာရီကျော်သွားပါက သွေးကြောပြတ် ဝေဒနာကို ပြင်းထန်စွာ ခံစားရကာ ဒုက္ခိတ ဖြစ်သွားနိုင်သည်။
ထိုသွေးကြောကို ပြန်ဆက်ကုသနည်းမှာလဲ ကုသသူက အတွင်းအားကောင်းကာ အလွန်မှန်ကန် တိကျသော အကြောထိုးနည်းဖြင့်
ကုသရ ပေမည်။ ထိုသို့ လုပ်နိုင်သူမှာ များများ စားစား မရှိ။ ထိုကြောင့် စီးမင်ကို့ချန် မှာ အဆိုးဘက်သာများနေသည်။

မင်စုထန် ကတော့ ဆရာတော် ပြောပြဖူးသည့် နည်းစနစ်များကို အခုမှ လက်တွေ့ကြုံရသဖြင့် အံ့သြနေသည်။ ဤအဘိုးကြီးမှာ


တွမ့်ကျန်းယွမ်၏ ဆရာ တုံးဖန်းဟိုင် ဖြစ်ပေသည်။ တုံးဖန်းဟိုင် ၏ အတွင်းအားမှာလဲ နက်ရှိုင်းလွန်းသည်။ သို့သော် တုံးဖန်းဟိုင်က
ဘာကြောင့် သူ့ကို လာကယ်ရသလဲ မသိပါ။ သူက အဘိုးကြီး နှစ်ယောက်ကို တစ်ယောက်တစ်လှည့် ကြည့်နေလိုက်သည်။
စီးမင်ကို့ဝေ က အသနားခံသလိုဖြင့်
" အကိုကြီးက ဒါတွေလဲ သိနေတာပဲ ဒါဆို ကိုယ့်တူလေးကို ကယ်ပေးပါလား "
ဟု ပြောလိုက်သည်။

တုံးဖန်းဟိုင်က မျက်နှာပြောင်တိုက်သော စီးမင်ကို့ဝေကို ရယ်လိုက်ကာ


" ဟားဟား.. ကျလဲကျတဲ့ကောင်ပဲ... ငါ့ကိုများ ကယ်ခိုင်းနေသေး... ဒီမှာ အဲ့နည်းစနစ်ကို ငါသိရုံပဲသိတာ မတတ်ဘူး ပီးတော့
ကယ်ရအောင်လဲ ငါက အကြောထိုး အကြောပြောင်း မလုပ်တတ်ဘူး... မင်းအတွက် အလျင်လိုနေရင် ဟောဟိုက ရှောင်လင်ရဲ့
ရိကျင့်အကြောပြောင်းသိုင်း ကျင့်ထားတဲ့သူရှိတယ် သူ့ကုေ
ိ မး "
ဟု မင်စုထန်ကို လက်ညှိုးထိုးပြလိုက်သည်။

မင်စုထန် က အေးစက်စက်ဖြင့်
" မကယ်နိုင်ဘူး.. ကယ်လဲမကယ်တတ်ဘူး ကျုပ်ကျင့်ထားတဲ့ ရိကျင်က
့ အတွင်းအား နည်းစနစ်ပဲပါတဲ့ တစ်ဝက်ပဲရှိတာ
အကြောပြောင်းရွှေ့နည်းပါတဲ့ ကျန်တစ်ဝက် က ပျောက်ကွယ်နေတာကြာပီ "
ဟု ဝင်ပြောလိုက်သည်။

တုံးဖန်းဟိုင်က မင်စုထန် စကားကို ကြားသော်


" ဟေ... ဒါဆို ကျန်တစ်ဝက် တတ်တဲ့သူ ရှောင်လင်မှာ ဘယ်သူမှမရှိဘူးလား... တွမ့်ကျန်းယွမ်ပဲ တတ်တာလားကွ "
ဟု မေးလိုက်သည်။

မင်စုထန် နှင့် စီးမင်ကို့ဝေ မှာ တွမ့်ကျန်းယွမ် က ရိကျင့်အကြောပြောင်းသိုင်းကို အကုန်တတ်သည်ဟု သိရသော် အံ့သြသွား


ကြလေသည်။ တွမ့်ကျန်းယွမ် မှာ ကံကောင်း လွန်းသည်။ ပြိုင်စံရှားသော သိုင်းကျမ်း မှန်သမျှ တတ်နေသည် မဟုတ်ပါလား။ သူတို့
စိတ်ထဲတွင် မနာလိုမှုများ ခံစားလိုက် ရသည်။

" ဟုတ်တယ် ဆရာကြီး... ရှောင်လင်မှာ ကျောင်းထိုင်ဆရာတော်က အစ ရိကျင့် ကို ဘယ်သူမှ အကုန်မတတ်ဘူး... ဒါပေမဲ့ တတ်လဲပဲ
ကျနော်က ကုပေးမှာမဟုတ်ဘူး သူ့စားရိတ်နဲ့သူဖြစ်တာပဲလေ "
ဟု မင်စုထန်က ပြောလိုက်လေသည်။ သူက စီးမင်ကို့ချန် ကို နဂိက
ု တည်းက ကြည့်မရသူ ဖြစ်သည် မဟုတ်ပါလား။

စီးမင်ကို့ဝေ က ထိုစကားကို ကြားသော် ဒေါသထွကက


်ာ
" ဟေ့ကောင်... မင်းဘာစကားပြောတာလဲ... မင်းကိုလဲ ငါက ကယ်ခိုင်းမယ်များ ထင်နေလား... ဝေးသေးတယ်ကွ "
ဟု အော်လိုက်လေသည်။

စီးမင်ကို့ချန် ပြုလုပ်လိုက်သော နည်းစနစ်မှာ နတ်ဆိုးအတွင်းအားတွင် ပါသော ယာယီအတွင်းအား နှိုးဆွနည်း သုံးမျိုးမှ ဒုတိယ


တစ်မျိုးဖြစ်သည်။
ပထမတစ်မျိုးမှာ လျှာကို ကိုက်ဖြတ်၍ သွေးလန့် နှိုးဆွနည်း ဖြစ်သည်။ ထိုနည်းမှာ အသုံးပြုပီးပါက သေရန်သာရှိသည်။ ဘာနှင့်မှ
ကယ်မရချေ။ သို့သော် လက်ရှိ အတွင်းအား၏ သုံးဆအထိ မြှင့်နိုင်ရာ အစွမ်းကြီးမားသည်။
ဒုတိယတစ်မျိုးက အကြောဖြတ် နှိုးဆွနည်း ဖြစ်သည်။ ဤနည်းကတော့ သွေးကြောမကြီး များကို ဖြတ်ပစ်သဖြင့် သေတော့မသေချေ။
ဖြတ်ပစ်သည့် သွေးကြောပေါ်လိုက်၍ အကြောသေကာ ဒုက္ခိတ ဖြစ်သွားနိုင်သည်။ အကြောထိုး အကြောပြင်နည်းဖြင့် ကုသမှသာ
ပြန်ကောင်းနိုင်ပေမည်။ သို့သော်လဲ လက်ရှိအတွင်းအား၏ တစ်ဆကျော် နှစ်ဆနီးပါး တိုးပွားသဖြင့် အစွမ်းထက်သည်။
တတိယတစ်မျိုး ကတော့ နတ်ဆိုးအတွင်းအား၏ အဓိကနည်း ဖြစ်ပီး ရှေ့ကနှစ်မျိုးထက် ရှုပ်ထွေးသည်။ ထို့ပြင်
အတွင်းအားတိုးပွားမှုက နည်းသလို ဘေးထွက်ဆိုးကျိုးလဲ နည်းသည်။ ခရမ်းရောင် အဆင့် နှင့် အနီရောင် အဆင့် ဆိုပီး
နှစ်ဆင့်ရှိသည်။ ထိုနည်းများမှာ တောင်ပင်လယ် ဂိုဏ်းချုပ်သားအဖ နှစ်ယောက် လက်ရှိသုံးစွဲနေပီး မည်သူ့ကိုမျှ သင်ပေးခြင်းမရှိချေ။

ထိုအကြောင်းအရာများကို သိနေသော စီးမင်ကို့ဝေ မှာ သူ့သားကို ကယ်နိုင်သူ မရှိ ဟု သေချာသိလိုက်ရလေပီ။ တုံးဖန်းဟိုင် နှင့်
မင်စုထန် စကားအရ သူ့သားကို ကယ်နိုင်သူ မှာ တွမက
့်ျန်းယွမ် တစ်ယောက်သာ ရှိလေသည်။ သို့သော် တွမ့်ကျန်းယွမ် မှာ
ဘယ်ဆီဘယ်ဝယ်မှန်း မသိ။ တွေ့လျှင်လဲ ကယ်ပေးမည် မဟုတ်ချေ။ သူက စိတ်ဒုန်းဒုန်းချကာ သူ့သားကို ကြည့်မိသည်။ စီးမင်ကို့ချန်
ကတော့ သူ့အဖြစ်သူ မရိပ်မိသေးပါ သူက တိုးပွားလာသော အတွင်းအားများကို ရက်ရောစွာ အသုံးပြုနေသည်။ သို့တိုင် သူက
ဘယ်လိုမှ အနီဝတ်များ၏ ဓားကွက်ကို ချိုးဖျက်မရချေ။

တုံးဖန်းဟိုင် က ခံစားချက် အမျိုးမျိုးဖြစ် နေသော စီးမင်ကို့ဝေ ကိုကြည့်ကာ


" ဒီမယ် စီးမင်ကို့ဝေ... ငါတို့ လွန်ခဲ့တဲ့ အနှစ်လေးဆယ်က စာရင်းကို အပြတ်ရှင်း လိုက်ရအောင်... ငါက မင်းတို့ကို ရွံလို့
လိုက်မရှာတော့ဘူး ဆုံးဖြတ်ထားတာပဲ... မင်းခြေထောက်နဲ့မင်း ငါ့ဆီရောက်လာတာ မင်းရဲ့ ကံကြမ္မာ လို့ပဲ မှတ်လိုက်ပါ "
ဟု တည်တည်ငြိမ်ငြိမ် ပြောလိုက်သည်။

မင်စုထန် မှာ အခုမှပင် တုံးဖန်းဟိုင်က သူ့ကို ကယ်ဖို့ထက် လက်စားချေလို၍ လာခြင်းဖြစ်ကြောင်း သိလိုက်ရသည်။ သူက
အလိုက်တသိပင် တိုက်ကွင်းထဲမှ ထွက်ပေးလိုက်သည်။ သူလဲ မောပန်းနေလေပီ။

စီးမင်ကို့ဝေ က ဒီနေ့သူတို့သားအဖ ဇာတ်သိမ်းပီ ဖြစ်ကြောင်း သေချာသွားသည်။ သူ့အနေဖြင့် တုံးဖန်းဟိုင် ကို မနိုင်ချေ။ သိုင်းလောက
တတိယ အဆင့်ရှိသူ မဟုတ်ပါလား။ သူက သက်ပြင်းချကာ သူ့သား၏ လမ်းစဉ်လိုက်ရန် ဆုံးဖြတ် လိုက်တော့သည်။

#မိုးထိတောင်သိုင်းသမား #ZYN
အခန်း (၂၈) အပိုင်း သုံး
ကံကြမ္မာ ဟူသည်မှာ

စီးမင်ကို့ဝေ က အံကြိတက
်ာ သွေးကြောမ တစ်ခုကို ဖြတ်ပစ်လိုက်သည်။ တစ်ကြောထဲ ဖြတ်ပစ်မှသာ အနိုင်ရလျှင် သိပ်မထိခိုက်မည်
ဖြစ်သည်။ သို့သော် အတွင်းအားတိုးပွားမှု ကလဲ နည်းသွားသည်။ သူက ပါးစပ်တွင် ပျို့ လာသော သွေးတစ်လုတ် ကို ထွေးလိုက် သည်။
ထို့နောက် တုံးဖန်းဟိုင် ကို စူးစိုက် ကာ ကြည့်လိုက်တော့သည်။ ဒီလူကြီးကို ရှင်းနိုင်မှသာ မင်စုထန် ကို သတ်နိုင် တော့မည်လေ။ သူက
ချက်အောက်မှ တက်လာသော အားလှိုင်းများကို လက်နှစ်ဖက် တွင် စုစည်းထားလိုက်သည်။ အကြောဖြတ်အားတိုးနည်းမှာ နာကျင်လှ
သည်။

တုံးဖန်းဟိုင် က သက်ပြင်းချလိုက်ပီး ခေါင်းယမ်းလိုက်သည်။


" မင်းလဲ ကိုယ့်စားရိတ်နဲ့ကိုယ် သွားမဲ့ကောင် ပါလားကွ... အေး ဒီလောက်ဖြစ်လှတာ ငါကိုယ်တိုင်လိုက်ပို့ပေး ဦးမယ် "

တုံးဖန်းဟိုင် က တစ်ကိုယ်လုံးလှည့်ပတ်ထား သော အတွင်းအားများကို စုစည်းပီး သံမဏိချိုင်းထောက် အတွင်းပို့လွှတ်ထား သည်။


သူက ရိပ်ခနဲ ခုန်ဝင်ကာ တိုက်ခိုက် လိုက်လေသည်။ ခြေမသန်သော်လဲ ခုန်ဝင် သွားပုံက မြန်ဆန်တိကျသည်။ စီးမင္ကုေ
ိ့ ဝ က
အလျင်အမြန်ပင် ပြန်လည် ခုခံလိုက် သည်။ သူတို့နှစ်ယောက် မှာ တစ်ယောက်နှင့် တစ်ယောက် အကဲစမ်းနေရာ အတွင်းအား
အကုနမ
် သုံးကြသေးချေ။ တုံးဖန်ဟိုင် က စီးမင်ကို့ဝေ၏ အတွင်းအား မည်မျှတိုးလာ သည်ကို သိချင်သလို စီးမင်ကို့ဝေ ကလဲ
တုံးဖန်းဟိုင် အတွင်းအားမည်မျှထိ နက်ရှိုင်းကြောင်း သိလိုသည်။ ထိေ
ု့ ကြာင့် သူတို့နှစ်ဦး မှာ အကွက်ငါးဆယ်ကျော်အထိ
ကျားချောင်းချောင်းနေကြတုန်းပင်။

တစ်ဖက်က မင်စုထန် ကတော့ ထိုသို့ မဟုတ်ပါ။ သူက အခွင့်အရေးကို လက်လွှတ် ခံမည်သူ မဟုတ်ချေ။ ထို့ကြောင့် တုံးဖန်းဟိုင် က
စီးမင်ကို့ဝေ ကို တိုက်ခိုက်သည်နှင့် တစ်ပြိုက်နက် စီးမင်ကို့ချန် ကို ဝင်ရောက် တိုက်ခိုက်လေသည်။ သူက ပူးပေါင်း ဓားကွက် ကို
အနည်းငယ်မျှ နားလည်သဖြင့် အဝင်အထွက် သိရှိသည်။ အနီဝတ်များကလဲ မင်စုထန် ဝင်လာသဖြင့် အရှိန်အနည်းငယ် ချပေး
လိုက်ကြသည်။ စီးမင်ကို့ချန် ကတော့ ပိတ်ဆို့ခံထားရသော ဒေါသမှန်သမျှကို မင်စုထန် အပေါ် ပံခ
ျုလိုက်သည်။ မင်စုထန် က
စောစောက မင်စုထန် မဟုတ်ပါ နီရဲသော မျက်လုံးများနှင့် ဖြစ်နေလေပီ။ ဓားမှာလဲ နီရဲကာ ပူလောင်နေသည်။ သူ၏ ကျောက်စီဓားမှာ
မုယုံချန်းရှောင်း လက်တွင် ရောက်နေပီး သူက ရသေ့ကြီးမုစန်း၏ ဓားကို ကောက်ကိုင်ထားခြင်းဖြစ်သည်။ အနီဝတ်များက မင်စုထန်
မီးစွဲဓားသိုင်း သုံးသည်ကို တွေ့သော် ဘေးမှနေ၍ တစ်ချက် တစ်ချက် ပိတဆ
့ိုရုံသာ ကစားကြတော့ သည်။ မင်စုထန်၏ တိုက်ကွက်ကို
ရှုပ်မိမည် စိုးကာ ဝင်မတိုက်ကြတော့ချေ။ သူတို့က ထိုဓားသိုင်းကို နားမလည်ကြသည် မဟုတ်ပါလား။
ရက်စက်သော သူသေကိုယ်သေ တိုက်ကွက် များကြောင့် ကြည့်နေကြသူများမှာ တုံးဖန်းဟိုင် နှင့် စီးမင်ကို့ဝေ တို့တိုက်ပွဲထက် မင်စုထန်
နှင့် စီးမင်ကို့ချန် တို့ တိုက်ပွဲကို စိတ်ဝင်စားနေကြသည်။ နီရဲနေသော ဓားမှာ လေထုထဲတွင် တရှဲရှဲ မြည်နေသလို စီးမင်ကို့ချန်၏
လက်သီးနှစ်လုံးကလဲ လေထုကို တဝှီးဝှီး ထိုးခွဲနေသည်။ တစ်ယောက်က အတွင်းအားသာသလို တစ်ယောက်က သိုင်းပညာသာသဖြင့်
လက်ညီနေကြသည်။ သူတို့တိုက်ပွဲမှာ အမှားစောင့်ရမည့်တိုက်ပွဲပင်ဖြစ်သည်။ အပူလှိုင်းအတွင်းအားမှာ အကြောဖြတ် အားတိုးနည်း
သုံးထားသော သူ့အပေါ် ထိရောက်ခြင်းမရှိပါ။ ထိုသူ၏ နာကျင်မှုက အဆမတန်ကြီးမားသဖြင့် ခန္ဓာကိုယ် မှာ ပူသည်အေးသည်
အထိအတွေ့ မသိတော့ချေ။ ထို့ကြောင့် စီးမင်ကို့ချန် က အပူဒဏ်ကို မခံစားရပဲ အသေအချာ တိုကခ
ိုက် နေလေသည်။

စီးမင်ကို့ဝေမှာ တုံးဖန်းဟိုင် ကို တိုက်ရင်း သူ့သားကို သတိရမိသဖြင့် ကြည့်မိရာ အနီဝတ်များက ဝိုင်းထားပီး မင်စုထန်က
ဝင်တိုက်နေသည်ကို တွေ့ရသည်။ သူက ခံပြင်းသွားကာ
" ယုတ်မာတဲ့ ခွေးကောင် "
ဟု အော်လိုက်မိသည်။

" ဒုတ်...အွန့် ... "


စီးမင်ကို့ဝေမှာ အာရုံလွတ်သွားသဖြင့် သံမဏိချိုင်းထောက် ဖြင့် အထိုးခံလိုက်ရ သည်။ ရင်ဘတ်ထဲမှ အောင့်တက်ကာ သွေးတစ်လုတ်
ပျို့ တက်လာသည်။ သူက အတင်းမြိုချကာ တုံးဖန်းဟိုင်အား
" အတော်ရက်စက်ပါလား... အလစ်ချောင်းပီး တိုက်တယ်ပေါ့လေ "
ဟု အပြစ်တင်လိုက်သည်။

တုံးဖန်းဟိုင် က ရယ်ကာ
" ဒါမျိုးစကားတွေ မင်းတို့ငါ့ကို ချောက်ထဲ ဝိုင်းတွန်းချတုန်းက ငါမကြားမိပါဘူးကွဟေ... ဘယ်လိုလဲကွ ကိုယ့်ထိတော့
နာတတ်တယ်လား... ပီးတော့ မင်းကို ဘယ်သူက အလစ်တိုက်သလဲ မင်းဘာသာ စိတ်များပီး မရှောင်နိုင်တာ ငါ့အပြစ်လား "
ဟု ပြောလိုက်လေသည်။

စီးမင်ကို့ဝေ မှာ မခံချင်သော်လဲ ပြန်မပြော နိုင်ပါ။ မျက်ထောင့်နီကြီးဖြင့် အံကြိတ်ထား လိုက်လေသည်။ သူက အကြောဖြတ်
လိုက်သည့်တိုင် တုံးဖန်းဟိုင်မှာ အနည်းငယ် သာနေသေးသည်။ ထို့ကြောင့် နောက်တစ်ကြော ထပ်ဖြတ်ရန် ကြံလိုက် တော့သည်။
ဤလူကြီးကို ငရဲကို အတူခေါ်သွားမည်ဟု တွေးမိတော့သည်။

စီးမင်ကို့ဝေ က တိုက်ခိုက်နေရင်းမှ လက်သီးဖြင့် အားကုန် ထိုးလိုက်သည်။ တုံးဖန်းဟိုင် မှာ ထိပ်တိုက်မရင်ဆိုင်လို၍ ဘေးသို့


ရှောင်ပေးလိုက်သည်။ စီးမင်ကို့ဝေ က ထိုအခွင့်အရေးကို ယူကာ သိုင်းကွက် ကို ရပ်ပီး နောက်ထပ်သွေးကြောမကြီးတစ်ခု ကို
ဖြတ်ပစ်လက
ိုြ် ပန်သည်။ ချက်အောက်မှ အတွင်းအားများ ဝုန်းခနဲ လှိုက်တက်လာပီး ပါးစပ်မှ သွေးတစ်လုတ်ကို ထပ်မံထွေးထုတ်
လိုက်သည်။ သူက သွေးများပေပွနေသော ပါးစပ်ကြီးဖြင့် တုံးဖန်းဟိုင်ကို ရယ်ပြလိုက် သည်။

" ကဲအကိုကြီး... ပြန်လှည့်စရာ ဘာမှမရှိ တော့ဘူး... အတူတူသေကြတာပေါ့ "


ဟု ပြောလိုက်တော့သည်။

တုံးဖန်းဟိုင်မှာ မျက်နှာကွက်ခနဲ ပျက်သွား တော့သည်။ သူ့အတွင်းအားမှာ ခုနက စီးမင်ကုေ


ိ့ ဝထက် အနည်းငယ်သာသော်လဲ ယခုမူ
မယှဉ်နိုင်တော့ပါ။ သူက သက်ပြင်းချ လိုက်မိတော့သည်။
" အေးပေါ့... မင်းမိုက်ဇာတ်ကို ငါပဲ သိမ်းပေးရမှာပေါ့ "

တုံးဖန်းဟိုင်က ချိုင်းထောက်များကို သူ့ခြေထောက်များတွင် ကပ်ကာ အဝတ်စဖြဲ ပီး စည်းလိုက်တော့သည်။ ထို့နောက် ရင်ဘတ်ထဲမှ


ဓားတစ်ချောင်းကို ထုတ်ယူ လိုက်သည်။ ထိုဓားမှာ တွမ့်ကျန်းယွမ် က ရှောင်စစ်တောင်တွင် တုံးဖန်းဟိုင်၏ သိုင်းပညာဖြစ်သော
ထျန်းစန်းနတ်ဓားသိုင်း ကို အသုံးပြုသည့် အမှတ်ဂိုဏ်းချုပ်များ၏ ဓားဖြစ်လေသည်။

ထိုဓား၊ ဂိုဏ်းချုပ်များ၏ ဝတ်ရုံရှည် နှင့် ရှောင်းယောင်သိုင်းကျမ်းများ ကို တွမ့်ကျန်းယွမ် က လွန်ခဲ့သော နှစ်နှစ်ခန့် ကပင်
လိန်ကျို့ နန်းတော် ဂူထဲတွင် ပြန်လာ ထားသွားသည်။ တုံးဖန်းဟိုင် နှင့် လီယင်းယင်း တို့မှာ ထိုနေရာတစ်ဝိုက်တွင် အခြေချပီး
သိုင်းလေ့ကျင့်ဇာတ်မြှပ်နေကြခြင်း ပင်ဖြစ်သည်။ တွမ့်ကျန်းယွမ် ကို တွေ့သော်လဲ မခေါ်လို၍ မမြင်ချင်ယောင် ဆောင်ကာ
ပုန်းနေကြသည်။ သို့သော် တွမ့်ကျန်းယွမ် ပြန်လာထားသော ပစ္စည်းများ ကိုမူ သိမ်းထားကြလေသည်။ တုံးဖန်းဟိုင် မှာ
ရွှီမျိုးနွယ်သွေးပါသော သူ့သမီးကို ရှောင်းယောင်ဂိုဏ်းချုပ်ဖြစ်စေချင်သည်။ ထို့ကြောင့် ထိုသိုင်းကျမ်းများကို သေချာ
သင်ပေးနေသည်မှာ နှစ်နှစ်ရှိလေပီ။ လီယင်းယင်း ကလဲ ပေမိန်နတ်သိုင်း မှလွဲ၍ ကျန်သင
ိုးပညာများကို တတ်ကျွမ်းနေပီ ဖြစ်သည်။
စိတ်ပျိုကိုယ်နု ကျင့်စဉ်ကို အောင်မြင်ထားသူ လီယင်းယင်းမှာ သင်လွယ် တတ်လွယ်သည်။ သူမက
ကျွမ်းကျင်မှု သာ လိုတော့သည်။

တုံးဖန်းဟိုင် ၏ နှစ်ပေဓားကို ကြည့်ကာ စီးမင်ကို့ဝေ အမှတ်ရမိသည်က ရှောင်စစ်တောင်ထိပ်တွင် တွမ့်ကျန်းယွမ် ကစားပြသော


သိုင်းကွက် နှစ်ကွက်။ ထိုသိုင်းကွက်များကို သူခုခံပါက သူသေမည်သာ။ သူက အသဲအသန်ပင် ဟာကွက်ကို ရှာရန်
ခေါင်းကိုအလုပ်ပေး လိုက်သည်။

တုံးဖန်းဟိုင် ကတော့ ဓားနှောင့်ကို လှည့်ကာ ဓားကို ကြိုးတပ်သောပုံဆန်းလက်နက် ဖြစ်အောင် ပြုပြင်လိုက်လေပီ။ သူက ငူငိုင်
နေသော စီးမင်ကို့ဝေ ကို
" သတိထား " ဟု အော်ကာ
တိုက်ခိုက်လိုက်တော့သည်။

အရွက်ခြွေသောဆောင်းလေ...
ဓားမှာ ကြိုးတပ်ထားသည့်အတွက် လိုရာကို သွားနိင်သည်။ တုံးဖန်ဟိုင်ကမူ မတ်တပ်ရပ် နေရာမှ မရွေ့ပါ။ ရွေ့၍လဲမရချေ။ ဓားကိုသာ
လက်ဖြင့်ဝှေ့ယမ်းပီး တိုက်ခိုက်နေသည်။ စီးမင်ကို့ဝေ မှာ အသဲအသန် ခုန်ရှောင် နေရင်းမှ သတိရမိသွားသည်။ တွမ့်ကျန်းယွမ်
သုံးသော ထိုဓားကွက် ၏ ဟာကွက်ကို ရှာမရသော်လဲ ယခု တုံးဖန်းဟိုင် သုံးသော ဓားကွက် မှာက ဟာကွက်ပေါ်နေသည်။ တုံးဖန်းဟိုင်
မှာ နေရာရွေ့မရသည် မဟုတ်ပါလား။ သူက အနောက်သို့ ခုန်ရှောင် နေရာမှ အနားသို့ တိုးဝင်လာလေသည်။ တုံးဖန်းဟိုင် မှာလဲ
သူ့အကြံကိုသိသည်။ အနားကို အကပ်မခံပါ ဓားကို ပိုမိုပြင်းထန်စွာ ဝှေ့ယမ်းလိုက်သည်။ သို့သော် စီးမင်ကို့ဝေ မှာ ထိရှသော
ဒဏ်ရာများကို မမူပဲ ဇွတ်တိုး ဝင်လာသည်။ သူက မည်မျှပင် ဒဏ်ရာ ရစေကာမူ သူ၏ ကောင်းကင်ဖြိုခွဲ သိုင်းကွက် ဖြင့် တုံးဖန်းဟိုင် ကို
ရိုက်ပစ်လသ
ို ည်။

တုံးဖန်းဟိုင် မှာလဲ မတတ်သာတော့ချေ။ အရွက်ခြွေသောဆောင်းလေ မှ နွေဦးလေရူး ကိုပြောင်းလဲ သုံးစွဲလိုက်သည်။ စီးမင်ကို့ဝေ က


ဓားမှာ ရုတ်တရက် ပြောင်းလဲသွားပီး ကြမ်းကြမ်းရမ်းရမ်း တိုးဝင်လာသော်လဲ မမူတော့ပါ သူက မရှောင်တော့ပဲ လက်သီး
တစ်လုံးပစ်သွင်းလိုက်သည်။ ဓားက သူ့ ဝမ်းဗိုက်ကို ဖောက်ထွက်သွားသလို သူ့လက်သီးကလဲ တုံးဖန်းဟိုင်ကို ထိုးမိ သွားတော့သည်။

" ဖောက်... ဝုန်း ... " " အား... "


တုံးဖန်းဟိုင်မှာ ဆယ်ပေခန့် လွင့်စင်သွားပီး သွေးများ ထိုးအန်တော့သည်။
" ဝေါ့... "
သူက မယုံနိုင်သော မျက်လုံးဖြင့် စီးမင်ကို့ဝေ ကိုကြည့်နေသည်။ ထိုသိုင်းကွက်ဖြင့် သူအရင် တစ်ခါကလဲ ချောက်ထဲထိုးချခံ ရသည်။
ယခုလဲ အထိုးခံရလေပီ။

လီယင်းယင်းမှာ သူအ
့ ဖေအဖြစ်ကိုတွေ့သော် အဖေ ဟူ တစ်ကြော်ကြော် အော်ခေါ်ပီး ပြေးပွေ့တော့သည်။ သူမက မျက်ရည်များကျ
ကာ သူ့အဖေကို စမ်းသပ်ကြည့်တော့ တုံးဖန်းဟိုင်မှာ အတွင်းအားပျောက်ဆုံးကာ အကြောများပြတ်ထွက်ကုန်လေပီ။ သို့သော်
သေတော့ မသေနိုင်သေးပါ။ တုံးဖန်းဟိုင်က သူ့သမီးကို အားပြုကာ ထထိုင်လိုက်သည်။

စီးမင်ကို့ဝေမှာ သွေးများစိုရွှဲနေသော ဝမ်းဗိုက်ကြီးမှ ဓားကို ဆွဲထုတ်လိုက်ကာ


" ဟားဟား... ဟားဟား... နောက်ဆုံးမှာတော့ တော်လှပါပီဆိုတဲ့ တုံးဖန်းဟိုင်ကို ငါသတ်နိုင်လိုက်ပီကွ "
ဟု အော်ရယ်ကာ ငြိမ်သက်သွားတော့သည်။

သူက တုံးဖန်းဟိုင် က ထထိုင်ကာ သူ့ကို ကြည့်သွားခြင်းကို မမြင်သွားချေ။ သူ့က ဓားက ဗိုက်ကိုစိုက်သွားခြင်းခြင်းမှာပင်


အမြင်အကြားအာရုံများက ချုပ်ငြိမ်းနေလေပီ ဖြစ်သည်။ တုံးဖန်းဟိုင် က စီးမင်ကို့ဝေ၏ ဇာတ်သိမ်းကို သက်ပြင်းချရင်း သူ့သမီးကို
ချော့နေသည်။ သူ့အဖြစ်ကလဲ မလွယ်ပါ သိင
ုးပညာများ ပျက်ဆီးကုန်ပီ ဖြစ်သည်။ သူလျင်၍သာ စီးမင်ကို့ဝေ သေသွားရသည်။ သူက
ထိုအတွင်းအားများကို မယှဉ်နိုင်ပါ။ ထိုအတွင်းအားများက တွမ့်ကျန်းယွမ် နီးပါးပင် ရှိလေသည်။

စီးမင်ကို့ချန် မှာ သူ့အဖေ၏ အဖြစ်ဆိုးကြောင့် အရူးတစ်ယောက်လိုပင် မင်စုထန်ကို တိုက်ခိုက်တော့သည်။ သူ၏ တိုက်ခိုက်မှုမှာ


အကွက်မရှိတော့ သားရဲတိရိစ္ဆာန် တစ်ကောင်လိုပင် အတင်းတိုးဝင်တိုက်ခိုက်ရာ မင်စုထန်မှာ မယှဉ်သာတော့ချေ။ အနီဝတ်များကလဲ
ဝင်ရောက် တိုက်ခိုက်ရတော့သည်။ သို့တိုင် အတွင်းအားအရှိန်ကြောင့် သူတို့မှာ အောက်စည်းမှပင် မနည်းတိမ်းရှောင်နေရ သည်။
စီးမင်ကို့ချန့်မှာ ဒဏ်ရာများကို မမူ သဖြင့် ပိုဆိုးသည်။ ချက်ကောင်းကို ထိမိမှသာ လဲကျတော့မည်ဖြစ်သည်။

ရသေ့ကြီး မုစန်း က မင်စုထန်ကို အခက်ကြုံ နေသည်ကို တွေ့သော် မုထူးဝါးအား


" ငါ့မြေး... မင်း တိမ်ကြားကလျှပ်စီး နဲ့ အဲ့ကောင်ရဲ့ခေါင်းကို ဝင်ဖြတ်ပေးလိုက် "
ဟု ပြောလိုက်သည်။

မုထူးဝါးက ဓားကို တင်းတင်းကိုင်ကာ


" ဖြစ်ပါ့မလား... ဆရာဘိုးဘိုး... "
ဟု မေးလိုက်သော်
" ဖြစ်တယ် ခုနနေကျရင် မင်စုထန်က သူရှိသမျှ အင်အားအကုန်နဲ့ ခုခံတော့မယ် အဲ့အချိန်ကို အကိုက်ဝင်ပီး သုံးလိုက်...
မှတ်ထားရမှာက အချက်ငါးဆယ်လုံး အပေါ်ပိုင်းကိုပဲ ခုတ်ရမယ် "
ဟု ဖြေလိုက်လေသည်။

မုထူးဝါး က ရိပ်ခနဲ ခုန်ဝင်လာသည်။ အနီဝတ် များမှာလဲ ကြုံသလိုခုခံနေကြသဖြင့် ပူးပေါင်းဓားကွက် မထုတ်နိုင်ကြချေ။ ထို့်ကြောင့်


မုထူးဝါးဝင်လာသော်လဲ မသိသာပါ။ မုထူးဝါးက ဝင်လာပီး ဓားကို ကိုင်ကာချောင်းနေသည်။ မင်စုထန်က မုထူးဝါး
ဝင္လာသည္ကေ
ို တွ့သော် အားတက်သွားပီး သူ၏ အပူလှိုင်း အတွင်းအားများကို အကုန်အစင် ထုတ်ကာ လောင်မီးသိုင်းကွက်ဖြင့်
တိုက်ခိုက်လိုက် တော့သည်။ စီးမင်ကို့ချန်မှာ ထိုသိုင်းကွက်ကို ခုခံလိုက်ရသောကြောင့် အရှိန်က ခဏ တန့်သွားသည်။
ထိုခဏလေးမှာပင် မုထူးဝါး ကဝင်ကာ အလွန်တရာမြန်ဆန်သော အရှိန်ဖြင့် အချက်ငါးဆယ် ခုတ်ချလိုက်တော့ သည်။

" ဝှစ်... ဝှစ်... ဝှစ်... ရွမ်း "


" ဒုတ်... "
လေတိုးသံ ဓားသံများ ကြားလိုက်ရပီး ခေါင်းပြတ်ကြီးတစ်ခု ဒုတ် ခနဲ ပြုတ်ကျ လာတော့သည်။ မုထူးဝါးမှာ သိုင်းကွက်ပီး သည်နှင့်
လှည့်မကြည့်ပဲ ချက်ချင်းပြန်ပြေး သွားသည်။ သူက ခေါင်းပြတ်ကြီးကို မကြည့်ချင်ပါ။ မင်စုထန် ကသာ ဖင်ထိုင်ရက် လဲကျနေပီး
ခေါင်းပြတ်ကြီးကို ကြည့်မိသည်။ သူက သွေးမထွက်လာသော ခုတ်ချက်များ ကိုကြည့်ကာ ဘယ်နှစ်ချက်တိတိ ခုတ်မိ၍ သွေးပင်
ပန်းမထွက်လာသနည်းဟု သာ စဉ်းစားနေမိတော့သည်။ သူသည်လဲ အတွင်းဒဏ်ရာ ရသွားသဖြင့် မလှုပ်နိုင်ချေ။

မုယုံချန်းရှောင်း နှင့်အနီဝတ်များမှာ မင်စုထန် ကို ပြေးထူကြလေသည်။ အချိန်က မနက်ခင်း ရောင်နီပင် သမ်းချေပီ။ သူတို့အကုန်လုံး
မောပန်းကာ ပါးစပ်ပင် လှုပ်ချင် စိတ်မရှိကြချေ။ အကုန်လုံးက တစ်ယောက်နဲ့တစ်ယောက် အကြည့်များဖြင့် သာ
စကားပြောနေကြသည်။

ရသေ့ကြီး မုစန်းက ချောင်းဟန့်ကာ


" အကုန်လုံး ပင်ပန်းသွားကြပီဆိုတော့ ကျုပ်တို့ ဂိုဏ်းကိုလုက
ိပီး အနားယူကြပါဦး "
ဟု ဖိတ်ခေါ်လိုက်ကြသည်။

မင်စုထန်က ခေါင်းငြိမြ့် ပကာ တုံးဖန်းဟိုင် ဘက်ကို ကြည့်လိုက်သည်။ တုံးဖန်းဟိုင် က လဲ ပြန်လည် ခေါင်းငြိမ့်ပြကာ သူ့သမီးကို
တွဲပို့ခိုင်းတော့သည်။ ရှေ့မှ ရသေ့ကြီး ကတော့ ဦးဆောင်ကာ ဝင်သွားလေပီ။ မုထူးဝါး က အကျဉ်းသားများကို ဂိုဏ်းသားများနှင့်
ဝိုင်းကာ ခေါ်သွားပီး ကျန်းဝေနှင့် စစ်သည်များကတော့ စီးမင်သားအဖ၏ အလောင်းကို မြေမြှပ်ရန် ကျန်ခဲ့လေသည်။
ရသေ့ကြီး မုစန်း မှာ ခန်းမဆောင်ကြီးထဲတွင် တုံးဖန်းဟိုင် နှင့် မင်စုထန် ကို သေချာနေရာ ချထားပေးသည်။ သူ့တွင် ရှိသမျှ
အားတိုးဆေးများကိုလဲ တိုက်ကျွေးနေသည်။ ထိုသူနှစ်ယောက် မကယ်လျှင် ခွန်လွန်မှာ ပြာပုံ ဖြစ်သွားမည် မဟုတ်ပါလား။ မင်စုထန်
မှာ မုယုံချမ်းရှောင်း နှင့် စုန့်ချီရန့် က ဘေးတွင် ပြုစုပေးသဖြင့် အတော်အတန် သက်သာလာသည်။ တုံးဖန်းဟိုင်ကတော့
အခြေအနေမကောင်းပေ။ သူ၏ အကြောပြတ်သွားခြင်းမှာ ကုသနိုင်သူ ရှားပါးသည်။ သို့သော် သိုင်းပညာသုံးမရ သည်ကလွဲ၍
အသက်အန္တရာယ် မရှသ
ိ ည်က တော်သေးသည် ဟု ပြောရပေမည်။

မုစန်းရသေ့ကြီးက အကုန်လုံးကို မနက်စာ ကျွေးရန် မုထူးဝါး နှင့်တိုင်ပင်နေသည်။ ထိုစဉ် ခန်းမဆောင်ထဲသို့ ကျန်းဝေ က စစ်တပ်ဝတ်စုံ
ဝတ်ဆင်ထားသူ ထောင်ထောင်မောင်းမောင်း လူငယ်တစ်ဦး အားခေါ်ဆောင်လာသည်။ သူက မင်စုထန် ကို မြင်သော် ဂါရဝပြု လိုက်ပီး
" ပေ့လဲ့ရယ်... စစ်သူကြီး ရန်ဖေးလွှတ်လိုက် လို့တဲ့ တပ်မှူး ရန်ကျိုးရောက်လာတယ် "

မင်စုထန် က ရန်ကျိုးကို ကြည့်မိသော် ရန်ကျိုး၏ စစ်တပ်ဝတ်စမ


ှုံာ ပေပွစုတ်ပြတ်နေ လေသည်။ တောတိုးထားသည်မှာ မပြောပဲ
သိသာသည်။ မျက်နှာတွင်လဲ အစင်းများ ဒဏ်ရာများ ရှိနေသည်။ သူက အလျင်အမြန်ပင် ထရပ်ကာ ရန်ကျိုး လက်ကို ဆွဲလိုက်ပီး
" ပြောစမ်း ရန်ကျိုး... ငါ့စစ်တပ် ဘာဖြစ်လို့လဲ ရန်ဖေးကောဘာဖြစ်သွားလဲ "
ဟု စိုးရိမ်တစ်ကြီး မေးလိုကသ
် ည်။

ရန်ကျိုးက တည်ငြိမ်အောင် လုပ်လိုက်ပီး


" ဟုတ်ကဲ့ ပေ့လဲ့ရယ်... စစ်တပ် က ဘာမှ မဖြစ်ပါဘူး ဒုတိယစစ်သူကြီး လဲ ကောင်းပါတယ်... ဒါပေမဲ့ ပေ့လဲ့ရယ် တောင်ပေါ်က
ဆင်းလို့ရမယ် မထင်ဘူး ဒီတောင်ကုန်းကို စီးရှစစ်တပ်က ညဦးပိုင်း ကတည်းက ပိတ်ဆို့ထားတယ် ကျနော်တောင် မနည်းကို
သူတို့စစ်တပ် ကြားထဲ ခိုးဝင်ပီး ဒီပေါ်တက် လာရတာ "
ဟု ပြောလိုက်လေသည်။

မင်စုထန် မှာ စိတ်ပျက်သွားကာ


" ဟာ... ဒါထောင်ချောက်ပဲ ငါ့က စီးမင်ကို့ဝေကို စီးရှစစ်တပ်ရဲ့ အကြီးအကဲ လို့ထင်နေတာ... အခုတော့ မဟုတ်ဘူးပဲ... ဟိုမှာက
ဥာဏ်များတဲ့ စစ်သူကြီး တစ်ယောက် သပ်သပ်ရှိနေတာပဲ... အခုတော့ ဘယ်လိုလုပ်ကြမလဲ "
ဟု ရေရွတ်လိုက်တော့သည်။

သူ့ရေရွတ်သံမှာ အဖြေမရှိချေ။ အဖြေအစား သက်ပြင်းချသံများသာ ကြားလိုက်ရသည်။

#မိုးထိတောင်သိုင်းသမား #ZYN
အခန်း (၂၈) အပိုင်း လေး
ကံကြမ္မာ ဟူသည်မှာ

စီးရှစစ်သူကြီး ရှိလော့ထူဖန်း...
ရှိလော့ထူဖန်း မှာ ရွက်ဖျင်တဲထဲတွင် ဝမ်းသာ အားရဖြစ်နေသည်။ သူဖမ်းမိထားသော သူများ၏ သတင်းအရ ဦးတော်အရူးမှာ
ဒုက္ခတွေ့နေလေပီ။ တစ်ဖက်ရန်သူမှာလဲ အဆင်ပြေပြေပင် သူထင်သည့်အတိုင်း ပိတ်မိနေပီ ဖြစ်သည်။ သူက မျက်နှာငယ်လေး နှင့်
ထိုင်နေသော ရင်းကို့ကို အောင်ပွဲခံသလိုဖြင့် ကြည့်ကာ
" ဘယ်လိုလဲ ဂိုဏ်း ချုပ်ကြီး... ကိုယ့အ
် ခြေအနေ ကိုယ်သိပီလား "
ဟု မေးလိုက်သည်။

ရင်းကို့ မှာ သက်ပြင်းချကာ


" သိပါပီ စစ်သူကြီး... စစ်သူကြီး ကျနော့်ကို အိမ်ပြန်ခွင့်ပြုမယ်ဆို... စီးမင်ကို့ဝေ စုဆောင်းထားတဲ့ စည်းစိမ်တစ်ဝက်ကို ပေးပါမယ် "
ဟု ပြောလိုက်သည်။
ရှိလော့ထူဖန်း က ရယ်လိုက်ကာ
" ဟားဟား... တစ်ဝက် ဟုတ်လား...
ကျုပ်က အကုန်လုခ
ျိင်တာ ဘယ်လိုလဲ ပေးနိုင်ရဲ့လား... မပေးနိုင်လဲ ကိစ္စမရှိပါဘူး ဒီမှာပဲ သေပေါ့... နတ်လေးပါးကျောင်းတော်
ကတော့ နောက်မှ ဘုရင်ပိုင်သိမ်းခံရမှာပဲ "
ဟု ပြောလိုက်သည်။

ရင်းကို့မျက်မှာမှာ ဇီးရွက်မျှပင်မရှိတော့။ သူက ငိုတော့မည့်ပုံနှင့် ဒူးထောက်လိုက်ပီး


" ပေး... ပေး ပါမယ် ဗျာ... ကြိုက်တာယူပါ
ကျနော့်ကို အိမ်ပြန်ရောက်အောင်ပဲ လုပ်ပေးပါ "
ဟု ပြောလိုက်သည်။

ရှိလော့ထူဖန်း က ကျေနပ်သလို ပြုံးကာ ရင်းကို့ကို ထူမ လိုက်သည်။ ထို့နောက် တဟဲဟဲရယ်ကာ


" ဒီလိုမှပေါ့ ဂိုဏ်းချုပ်ကြီးရဲ့ ဒါဆို အဆင်ပြေ တာပေါ့... ဒါပေမဲ့ အခုတော့ သွားခွင့်မပေး နိုင်သေးဘူး ကျုပ် ရန်သူကိုသတ်စရာရှိတယ်
အဲ့မှာ ဂိုဏ်းချုပ်ကြီးရဲ့ သစ္စာစောင့်သိမှုကို စောင့်ကြည့်ရဦးမယ်လေ "
ဟု ပြောလိုက်သည်။

ရင်းကို့ မှာ သဘောပေါက်သွားလေပီ။ ရှိလော့ထူဖန်း မှာ သူ့ကို အသုံးချတော့မည်။ အသုံးချသည်မှ မိမိသေသည့်အထိ အခုလို
ခြိမ်းခြောက် နေတော့မည် ဖြစ်သည်။ သူလဲ ယောက်ျားသား မြွေပွေးပေမို့ အံ့ကြိတ်လိုက် မိတော့သည်။ သူက ခေါင်းငြိမ့်ပြကာ
" ဟုတ်ကဲ့ပါ စစ်သူကြီး ကျုပ်တာဝန် ထမ်းဆောင် ဖို့ အသင့်ရှိနေပါတယ် "
ဟု ပြောလိုက်သည်။
သူ့စိတ်ထဲတွင်တော့
" နေနှင့်ဦးပေါ့ အရူးရာ... မင်းလိုအရူးကို ငါခွန်လွန်ပေါ်မှာ နှပ်ချခဲ့တာပါကွ " ဟူ၍။

ခွန်လွန်ဂိုဏ်း...
ခွန်လွန်ဂိုဏ်း ကတော့ လူနာစခန်း၊ ဒုက္ခသည်စခန်း ဆိုရလောက်အောင် လူနာများ နှင့် ပိတ်မိနေကြသည်။ မင်စုထန် မှာ
သူ့အတွင်းဒဏ်ရာကိုပင် သိပ်အာရုံမစိုက် နိုင်တော့ပဲ ခေါင်းပေါက်ထွက်မတတ် စဉ်းစား နေကြသည်။ သူ့နှင့်အတူ ရန်ကျိုး နှင့် ကျန်းဝေ
တို့ကလဲ စားပွဲတွင်ထိုင်ကာ မြေပုံကို ကြည့်ပီး အကြံထုတ်နေကြသည်။

အရင်က ဝတ်ပြုဆောင်ကြီးမှာ ယခုမူ လူနာဆောင် ဖြစ်နေသည်။ တံုး ဖန်းဟိုင် မှာ သိုင်းပညာများ ပျောက်ကွယ်နေသဖြင့်
သွားရလာရသည်မှာ သိပ်အဆင်မပြေတော့။ ထို့အတူ ရသေ့ကြီး မုစန်းမှာလဲ အတွင်းအား များပျက်ဆီးသွားသဖြင့် ချူချာလာသည်။
မုယုံချန်းရှောင်း နှင့် စုန်ချီရန့် မှာလဲ အတွင်းဒဏ်ရာ အနည်းငယ်စီ ရထားသဖြင့် နား ရန်လိုအပ်နေသည်။ သူတို့က မင်စုထန်ကို
ပြုစုပေးလိုက်သဖြင့် သူတို့ဒဏ်ရာက ကောင်းမလားပဲ တန့် သွားသည်။ ယခုမူ လူနာဆောင်တွင် လဲလျောင်းကာ အကုခံနေရသည်။
လူနာများ က များပြားသော်လဲ ကုသသူက တစ်ယောက်တည်းပင် ဖြစ်သည်။ သူမက လီယင်းယင်း ပင် ဖြစ်သည်။ သူမက
ဆေးပညာကို တီးမိခေါက်မိရှိသဖြင့် တတ်သမျှ မှတသ
် မျှ ကုသပေးနေသည်။ သို့သော်လဲ ကောင်မလေး နှစေ
် ယာက်ကသာ
တိုးတက်လာပီး အဘိုးကြီးနှစ်ဦးကမူ သက်သာမလာချေ။ လီယင်းယင်း ခေါ် တုံးဖန်းယင်းယင်း မှာ စိတ်ညစ်နေရသည်။

မုထူးဝါး ကတော့ ခွန်လွနက


ို ပြန်လည် ပြုပြင်နေရသည်။ လူများလာသဖြင့် အဆောင်များတိုးချဲ့သည်သာမက ပြောင်းရွှေ့ ထားသည့်
ပစ္စည်းများကိုပါ ပြန်ရွှေ့နေရသည်။ သူသည်လဲ သုံးရက်လုံးလုံး အလုပ်ရှုပ်နေသည်။ မည်မျှ ရှုပ်နေသနည်း ဟု ဆိုရလျှင် မုစန်းကိုပင်
သွားမကြည့်နိုင်ချေ။ သူက ရန်သူစစ်တပ် တောင်ပေါ်တက်လာမည်ကို ကြောက်လန့် နေသဖြင့် ထောင်ချောက်များကိုပါ ပြန်ပြုပြင်
နေရသည်။

စုန့်ချီရန့် မှာ သူ့အတွင်းဒဏ်ရာကို တွမ့်ကျန်းယွမ် သင်ပေးထားသည့် ရှောင်းယောင် နည်းစနစ်ဖြင့် ကုစားနေရင်း


" ဟာကွာ... ဒီနားရောက်ရင် ပျို့ ပျို့ တက်လာတယ်... အကိုကြီးရဲ့ ကျောက်စိမ်းဆေးလုံး ရှိရင် နှစ်ရက်ဆို ပျောက်ရမှာကို အခုတော့
တစ်ပါတ်နေလို့တောင် ပျောက်ပါ့မလားမသိ "
ဟု ညဉ်းညူလိုကသ
် ည်။
ထိုစကားကို ကြားသူ မုယခ
ျုံန်းရှောင်းမှာလဲ သက်ပြင်းချကာ
" ချီရန့် နင်အဓိပ္ပါယ်မရှိတာတွေ ပြောမနေနဲ့ ကိုယ့်ဒဏ်ရာကိုသာ အာရုံစိုက်ပါ "
ဟု ဟန့် လိုက်လေသည်။

ထိုစဉ် တုံးဖန်းယင်းယင်း က ဆေးနှစ်ခွက်ကို ကိုင်ကာဝင်လာပီး


" မမ ရဲ့ ဆေးကတော့ မင်းတို့ ကျောက်စိမ်းဆေးလောက်တော့ မစွမ်းဘူး ဒါပေမဲ့ ညီမတို့က ရှောင်းယောင်နည်းနဲ့ကုစား
နေတယ်ဆိုရင်တော့ ကူညီပေးနိုင်တယ် "
ဟု ပြောလိုက်သည်။

စုန့်ချီရန့် က အံ့သြကာ
" မမယင်း ကလဲ ရှောင်းယောင် အတွင်းအား နည်းကို သိတယ်လား "
ဟု မေးလိုက်သည်။

တုံးဖန်းယင်းယင်း က ခေါင်းငြိမ့်ကာ
" သိတာပေါ့ မမက လက်ရှိ ရှောင်းယောင် ဂိုဏ်းချုပ်ပ.ဲ .. တွမ့်ကျန်းယွမ် က မမရဲ့ အဖေအမေ ဆီက ဒီသိုင်းကျမ်းတွေ
သင်သွားခဲ့တာပဲကို "
ဟု ပြောလိုက်သည်။

သူက တစ်ဆက်တည်းပင် မျက်နှာမဲ့ကာ


" အဲ့ဒီ မကောင်းတဲ့သူက မထင်မှတ်ပဲ ဂိုဏ်းရဲ့ သိုင်းပညာတွေကို လျှောက်သင်ပေး နေတယ်... တွေ့မှ ဆုံးမရမယ် "
ဟု ပြောလိုက်သည်။

မုယုံချန်းရှောင်း မှာ ဘာမှမပြောသော်လဲ စုန့်ချီရန့် ကမူ ထိုလေသံကို သဘောမကျ သဖြင့် နှုတ်ခမ်းဆူကာ


" မမယင်းကို သဘောကျပေမဲ့ အကိုကြီးကို မကောင်းပြောတာကို ညီမလေး သည်းမခံဘူး နော်... မကုပေးနဲ့တော့ နေပါစေ ရတယ် "
ဟု ပြောချလိုက်သည်။

တုံးဖန်းယင်းယင်း မှာ စုန့်ချီရန့် ကိုကြည့်ကာ ပြုံးမိသွားသည်။ ကောင်မလေးမှာ ဆေးမမီပါ။ တကယ်တော့ သူမကလဲ တွမ့်ကျန်းယွမ်ကို
အပြစ်တင်လိုက်သော်လဲ စိတ်ထဲပါလှ၍ မဟုတ်ချေ။ စိတ်နာ၍သာ ပြောထွက်သွားခြင်းသာ။ အကယ်၍ သူမက
တကယ်ဆုံးမလိုသော်လဲ သူမအနေဖြင့် တွမ့်ကျန်းယွမ် ကိုမနိုင်ပါ။ သူမက သူမတို့ သုံးယောက်အဖြစ်ကို တွေးမိပီး သက်ပြင်းချ
လိုက်သည်။ သူမတို့ သုံးယောက်မှာ လူတစ်ယောက်တည်းကို ချစ်မိနေကြသည် မဟုတ်ပါလား။

တုံးဖန်းယင်းယင်း က စုန့်ချီရန့်ကို စလိုသဖြင့်


" ဒီမယ်ညီမလေး နင် ဒီဆေးကို မသောက်ရင် နင့်အကိုကြီးကို ငါရိုက်ပစ်မှာပဲ"
ဟု ခြောက်လိုက်သည်။

မုယုံချန်းရှောင်း မှာလဲ တုံးဖန်းယင်းယင်း ၏ သဘောကို သိသဖြင့် ပြုံးမိသည်။ စုန့်ချီရန့် မှာမူ ရယ်လိုက်ပီး


" မမယင်း က ဘယ်လိုလုပ် အကိုကြီးကို ရိုက်လို့ရမှာလဲ မမက အကိုကြီးကိုမှ မနိုင်တာ အကိုကြီးက သိုင်းလောကမှာ
ပြိုင်ဘက်ကင်းဖြစ်နေပီ "
ဟု ပြောလိုက်သည်။

တုံးဖန်းယင်းယင်း က မျက်နှာကိုတည် လိုက်ကာ စုန့်ချီရန့် ကိုကြည့်ပီး


" သူ့ဘာသူ ပြိုင်ဘက်ကင်းကင်း ငါက ရိုက်ချင်တယ် ရပ်နေစမ်းဆိုရင် သူရပ်နေရမှာပဲ... သူက ငါ့အပေါ်အကြွေး ရှိတယ် ညီမလေးရဲ့
ဘယ်လိုလဲ ဆေးသောက်တော့ မလား "
ဟု မေးလိုက်ရာ မုယုံချန်းရှောင်း က ဝင်ပီး
" ဟုတ်တယ် အဲ့ဒါတော့ ငါ့အသိပဲ "
ဟု ပြောပီး ဆေးကိုမော့သောက်လိုက်သည်။

စုန့်ချီရန့် မှာမူ ကြောင်ဆောင်တောင်လေး ဖြစ်နေပီး တုံးဖန်းယင်းယင်း ကိုကြည့်ကာ


" တကယ်ကြီးလား မမယင်း... ဒါဆို ညီမလေး ဆေးသောက်ပါမယ် အကိုကြီးကို မနှိပ်စက်ပါနဲ့နော် "
ဟု ပြောကာ ဆေးကို မော့သောက် လိုက်သည်။

ထို့်နောက် သူတို့က အတွင်းအားကျင့်ကာ ဒဏ်ရာကို ကုစားနေသည်။ တုံးဖန်းယင်းယင်း က သူတို့ကို ကြည့်ပီး နောက် ဆုံးဖြတ်ချကာ
မုယုံချန်းရှောင်း နားသို့ ကပ်လိုက်သည်။ မုယုံချန်းရှောင်း၏ ကျောပြင်ကို ကပ်ကာ သူမအတွင်းအားဖြင့် ကူညီပေးလိုက်သည်။
သူတို့ကုသနေသော နည်းစနစ်မှာ တူညီသဖြင့် အတွင်းအားများက ပေါင်းစပ်သွားပီး ဒဏ်ရာကိုကုစားမှုမှာလဲ မြန်ဆန်လာသည်။
ထမင်းတစ်အိုးကျက် ခန့် ကြာသော် တုံးဖန်းယင်းယင်း က မုယုံချန်းရှောင်း ကျောမှ လက်ဝါးကို ခွာလိုက်သည်။ သူမက နဖူးမှချွေးများကို
လက်စဖြင့် သုတ်ကာ တစ်ဖက်ရှိ စုန့်ချီရန့် ဆီသို့ ကူးသွားလိုက်သည်။ ထို့နောက် ယခင်အတိုင်းပင် ကျောမှအတွင်းအားသွင်းပီး
ကုစားခြင်းကို ပြုလုပ်ပေးလိုက်သည်။ ထိုသို့ ပြုလုပ်ခြင်းမှာ ကုသပေးသူက အတော်ပင် အတွင်းအားကုန်ခန်းပေမည်။ နှစ်ယောက်ဆက်
ကုသပေးခြင်းက ပိုဆိုးသည်။ တုံးဖန်းယင်းယင်း မှာ ရှောင်းယောင်ဂိုဏ်းက သိုင်းပညာများကို ပေမိန်သိုင်းမှ လွဲ၍ အကုန်တတ်မြောက်
သော်လဲ အတွင်းအားနက်ရှိုင်းမှု လိုနေသဖြင့် ပင်ပန်းနေခြင်း ဖြစ်သည်။ တွမ့်ကျန်းယွမ် သာဆိုလျှင် အကြောထိုးပီး ကုရုံမျှဖြင့်
လေးယောက်လုံးကို ကုပေးနိုင်ပေမည်။ သို့သော် တွမ့်ကျန်းယွမ် မှာ ဤနေရာတွင် မရှိ။ သူ့ကိုလိုအပ်နေမှန်းလဲ မသိချေ။

စီးရှစစ်တပ်....
ရှိလော့ထူဖန်း ကတော့ မြေပုံကို ကြည့်ကာ အင်အားချိန်ဆနေသည်။ သူက ဒုတိယ တောင်ကုန်း ဆိုသော နေရာကို လက်ဖြင့်
ထောက်ကာ
" ထူမုန်း ဒီနေရာမလား ခွန်လွန်ဂိုဏ်းရှိတာ"
ဟု မေးလိုက်သည်။
ခေါင်းပြောင်းကြီး ထူမုန်းက ခေါင်းငြိမ့်ပြ သည်။

သူက မုတ်ဆတ
ိကို ပွတ်ကာ
" မင်းကာ စစ်သည်နှစ်ထောင်နဲ့ ဒီစောင့် ငါက အပေါ်တက်ပီး ခေါင်းသွားယူမယ်... ငါးရက်တိတိစောင့်လာတာ အဘိုးကြီးလဲ
ကြွပီထင်တယ် သူတ့လ
ိဲု အထိနာနေမှာပဲ "
ဟု ပြောလိုက်သည်။

ထူမုန်းက ရှိလော့ထဖ
ူ န်း ကို ကြည့်ကာ
" ဟုတ်ကဲ့ပါ စစ်သူကြီး... စစ်သည် တစ်ထောင် တိတိ ကျနော်ပြင်လိုက်ပါမယ် "
ဟု ပြောပီးထွက်သွားတော့သည်။

ရှိလော့ထူဖန်း က လက်လှမ်းပြကာ
" နောက်နှစ်ရက်အတွင်း ထွက်မယ် ဟိုငကြောက် ကိုလဲ ပါအောင်ခေါ်ခဲ့ ဒီကောင့်ကို အသုံးချစရာရှိတယ် "
ဟု မှာလိုက်သည်။ ထို့နောက် သူက သူ၏ ချတ်ဝတ်တန်ဆာများကို စစ်ဆေးနေသည်။

ပြည်မစစ်တပ်...
စစ်သူကြီး ရန်ဖေး မှာ ရန်သူများကလဲ မလှုပ်၊ သွားသူများဆီမှ သတင်းလဲ မကြားသဖြင့် အားမလိအ
ုားမရဖြစ်နေသည်။ သူက
တစ်ချိန်လုံး စီးရှစစ်တပ်ကို စောင့်ကြည့်နေ သည်။ ငါးရက်ပြည့်သော် သည်းမခံနိုင် တော့ပါ။ သူက အတင်းဝင်တိုက်ချင်လာ သည်။
ထို့ကြောင့် တပ်မှူးများကို ခေါ်ကာ အစည်းအဝေး လုပ်လိုက်သည်။

ရန်ဖေးက တပ်မှူးလေးယောက် ကိုကြည့်ကာ


" ကျုပ်ကတော့... ဘယ်လိုမှ သည်းမခံနင
ိုတော့ဘူး ပေ့လဲ့ရယ်ကို ကယ်ဖို့ တောင်ခြေက စီးရှစစ်တပ်ကို ဝင်တိုက်မယ် တပ်မှူးတို့ရော
ဘယ်လိုသဘောရသလဲ "
ဟု မေးလိုက်သည်။

တပ်မှူးများမှာ တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်နေကြသည်။ သူတို့ကလဲ ဝေခွဲရခက်နေကြသည်။ သူတို့က မြေအနေအထား


သာသော်လဲ ရန်သက
ူ သူတို့ထက် အင်းအားသုံးဆများသည်။ သူတို့ အောင်မြင်ရန် ရာခိုင်နှုန်း မှာနည်းပါးသည်။ တစ်ဖက်က
ကြည့်လျှင်လဲ ပေ့လဲ့ရယ်မှာ သူတို့သခင်ဖြစ်နေသဖြင့် အသက်ပေးကာ ကယ်ပေးသင့်သည်။

ရန်ဖေး က တွေဝေနေသည်ကို ကြည့်ကာ


" ကဲဗျာ မဲပေးမယ်... တိုက်မယ် ဆိုတဲ့သူ လက်ထောင် "
ဟု ပြောလိုက်သည်။

တပ်မှူးနှစ်ယောက်မှာ လက်ထောင်သည်။ ထိုတပ်မှူးမှာ မင်စုထန်၏ သစ္စာခံများဖြစ်ပီး နေပြည်တော် ကတည်းက ပါလာခြင်းပင်။


သူတို့က သခင်ဖြစ်သူကို သစ္စာရှိသည်။ လက် မထောင်သူ တပ်မှူးနှစ်ယောက်ကမူ ဒီတော်ဝင်စစ်တပ်၏ တပ်မှူးသုံးယောက်မှ
နှစ်ယောက်ဖြစ်သည်။ သူတ့က
ို မသေချာ သော စစ်ပွဲကို မတိုက်လိုပေ။

ရန်ဖေးက မဲညီနေသဖြင့် စိတ်ညစ်သွားကာ


" ဒါဆို နှစ်ရက်စောင့်ကြည့်ကြမယ်... စီးရှ စစ်တပ်က တစ်ခုခုလှုပ်ရှားမယ်ဆိုရင် ကျုပ်ကတော့ ဘာပဲဖြစ်ဖြစ်တိုကမ
ှ်ာပဲ "
ဟု ပြတ်ပြတ်သားသား ပြောချလိုက်သည်။

#မိုးထိတောင်သိုင်းသမား #ZYN
အခန်း (၂၈) အပိုင်း ငါး
ကံကြမ္မာ ဟူသည်မှာ

ခွန်လွန်ဂိုဏ်း....
မင်စုထန် မှာ တစ်ပါတ်ပြည့်သော် ဒဏ်ရာက ငါးပုံလေးပုံခန့် ပျောက်ကင်းသွားသည်။ သူ့အနေဖြင့် စိတ်အပူဆုံးမှာ စစ်တပ်ကိုသူ
ပြန်ရောက်ဖ့ပ
ို င်ဖြစ်သည်။ သူ့ဘဝမှာ ထိုစစ်တပ် အပေါ်သာမူတည်နေသည်။ သူသာ ပြန်မရောက်ပါက သူ့အိမ်မက်မှာ
ဆက်မက်၍မရနိုငေ
် တာ့ချေ။ စစ်တပ်တွင် သူမရှိပဲ အဝိုင်းခံထားရသည်ကို နေပြည်တော်က ကြားသိပါက စစ်သူကြီး အသစ်ခန့်အပ်ကာ
သူ့စစ်တပ်ကို ပြန်သိမ်းသွားနိုင်သည်။ ထို့ကြောင့် သူက ခေါင်းမီးတောက်အောင် စဉ်းစားကာ တောင်အောက်ဆင်းရန် ကြိုးစားနေသည်။
တစ်ပါတ်ပြည့်သော်လဲ သူ့အနေဖြင့် ရာခိုင်နှုန်းပြည့် အောင်မြင်မည့် နည်းလမ်း စဉ်းစားမရချေ။ သူတို့အားလုံး တစ်ပြိုက်နက်
ဆင်းတိုက်ကာ ဖောက်ထွက်ပြေးခြင်းသာ အကောင်းဆံုး နည်းဖြစ်နေသည်။ သို့သော်လဲ ထိုနည်းလမ်းမှာ အထိအခိက
ု အကျအဆုံး
များပေမည်။ မတတ်နိုင်ပါ ဆင်းမှ ရပေမည်။

သူက ခွန်လွန်ဂိုဏ်းချုပ် မုထူးဝါးကို ဖိတ်ခေါ်ကာ တိုငပ


် င်နေသည်။ စားပွဲတွင် ထိုင်နေကြသူများမှာ နယ်ခြားစစ်တပ်၏ စစ်သူကြီး
ကျန်းဝေ၊ တပ်မှးူ ရန်ကျိုး၊ ပေ့လဲ့ရယ် မင်စုထန် နှင့် အိမ်ရှင်ဖြစ်သူ ခွန်လန
ွ်ဂိုဏ်းချုပ် မုထူးဝါး တို့ဖြစ်သည်။

မင်စုထန် က တိတ်ဆိတ်နေမှုကို ဖြိုခွဲကာ


" ဂိုဏ်းချုပ်ကြီး ကျုပ်ကတော့ ဆင်းမှရမဲ့ အခြေအနေ ဖြစ်နေပီဗျာ... ဂိုဏ်းချုပ်ကြီး ဘက်ကရော ဘယ်လိုလဲ ကျုပ်ကိုကူညီမလား "
ဟု မေးလိုက်သည်။

မုထူးဝါး မှာ ထိုစကားကို အဖြေစဉ်းစား နေသည်မှာ သူ့ကို မင်စုထန်က ဖိတ်ခေါ်သည် ဆိုကတည်းကပင်။ သို့သော် အခုထိ
အဖြေရှာမရေချေ။ သူက အကြာကြီး အချိန်မဆွဲသင့်သည်မို့ သက်ပြင်းချကာ
" ကျုပ်လဲ ပေ့လဲ့ရယ်ကို ကူညီချင်ပါတယ် ဒါပေမဲ့ ကျုပ်မှာ ဆရာဘိုးဘိုးကို စောင့်ရှောက်ရမဲ့တာဝန်၊ ခွန်လွန်ဂိုဏ်းရဲ့ တာဝန် ကလဲ
ရှိသေးတယ်... ပီးတော့ ပေ့လဲ့ရယ်ရဲ့ နည်းလမ်းကလဲ ရာနှုန်းပြည့် အောင်မြင်ဖို့လဲ မလွယ်ဘူး "
ဟု ပြောလိုက်သည်။

ကျန်းဝေ က ခေါင်းငြိမ့်ပီး
" ဒါတော့လဲ ဟုတ်ပါတယ် မိတ်ဆွေကြီးကလဲ တာဝန်တွေကြားရောက်နေတာကိုး "
ဟု ပြောလိုက်သည်။
ရန်ကျိုးကတော့ ခေါင်းယမ်းကာ
" ကျုပ်တို့ စစ်အင်အားလေးပဲဆို ဖောက်ထွက် ဖို့အရမ်းခက်ခဲမှာဗျ... ဂိုဏ်းချုပ်ကြီး ကူညီပေးမယ်ဆိုရင်တောင် ခက်ခဲနေတာကို "
ဟု ညဉ်းညူလိုကသ
် ည်။

မင်စုထန် ကတော့ မျက်နှာတည်ကာ


" ဒီကိစ္စက သေရှင်ရှင်ရေးဆိုတော့ အကူအညီတောင်းရတာ အားနာဖို့ ကောင်းပါတယ် ရန်ကျိုး... ဂိုဏ်းချုပ်ကြီးကို ဖိအားမပေးပါနဲ့ "
ဟု ပြောလိုက်သည်။

မုထူးဝါးမှာ ဖိအားများဝင်လာသဖြင့် အားနာ သလိုလို ဖြစ်လာသည်။ သူက သိပ်ဥာဏ်ကောင်းသူ မဟုတ်ချေ။ သူ့ညီ သာဆိုလျှင်
စကားအလှရှာကာ ငြင်းနိုင်မည် ဖြစ်သော်လဲ သူကတော့ မငြင်းနိုင်ပဲ တွေဝေနေသည်။ သို့သော်လဲ သူ့စိတ်ထဲတွင် ဆရာဘိုးဘိုး မုစန်း
နှင့် ခွန်လွန်ကသာ ပထမ ဦးစားပေးဖြစ်သည်။

သူက သက်ပြင်းချကာ
" ဒီလိုလုပ်ပါလား ပေ့လဲ့ရယ်... ကျုပ်ကတော့ မကူညီနိုင်ပေမဲ့ ခွန်လွန်ရဲ့ ဂိုဏ်းသား ဆယ်ပုံ ကိုးပုံကို ထည့်ပေးလိုက်ပါမယ်...
ကျုပ်ကတော့ ဆရာဘိုးဘိုး နဲ့ ဆရာကြီး တုံးဖန်းဟိုင် တို့ကို စောင့်ရှောက်ဖို့ နေရစ်ခဲ့ရဦးမယ် ခွန်လွန်ကလဲ စောင့်ရှောက် ရဦးမယ်လေ
"
ဟု ပြောလိုက်သည်။

မင်စုထန် မှာ မုထူးဝါး စကားကိုကြားသော် ဒီထက်ပို၍ မရနိုင်တော့မှန်း သိလိုက်သည်။ ဤသည်ပင် သူ့ကို အားနာလွန်းသဖြင့်
လုပ်ပေးခြင်းသာ ဖြစ်ပေမည်။ သူက ဆက်မပြောတော့ပါ။ ထပ်ပြောချင်နေသော ရန်ကျိုးကို လက်ပြကာ တားလိုက်ပီး
" ဂိုဏ်းချုပ်ကြီးကို ကျေးဇူးတင်ပါတယ် အခုလို ကူညီပေးတာကို ကျုပ်ပေ့လဲ့ရယ် မင်စုထန် ကျေးဇူးမမေ့ပါဘူး... ကိစ္စအောင်မြင်ရင်
ကျေးဇူးဆပ်ပါ့မယ် "
ဟု ပြောလိုက်သည်။

ကျန်းဝေက ခေါင်းငြိမ့်ပီး
" ဒီလောက်ဆို ကျုပ်တို့ အောင်မြင်နိုင်ချေ ရှိပါတယ် ပေ့လဲ့ရယ် "
ဟု ထောက်ခံလိုက်သည်။

မုထူးဝါး မှာတော့ အခုမှပင် အသက်ရှူချောင် သွားကာ ပြုံးလိုက်ပီး


" ကဲဗျာ ဒါဆို ကျုပ် ဆရာဘိုးဘိုး ဆီသွား လိုက်ဦးမယ်.... ခွင့်ပြုပါဦး "
ဟု ပြောကာ ထထွက်သွားတော့သည်။

မင်စုထန် က မုထူးဝါးကို ကြည့်နေပီးမှ


" ရန်ကျိုး... ငါတို့ ဒီညပဲဖောက်ထွက်မယ်
ကျန်းဝေ... မင်းက ခွန်လွန်ဂိုဏ်းသားတွေကို ဦးဆောင်ခဲ့ မင်းစစ်သားတွေကိုတော့ ရန်ကျိုးကိုပေးလိုက် "
ဟု ပြောလိုက်သည်။

ကျန်းဝေ နှင့် ရန်ကျိုးက


" အမိန့်အတိုင်းပါ ပေ့လဲ့ရယ် "
ဟု ပြောကာ ထွက်သွားတော့သည်။

မင်စုထန် ကမူ မုယုံချန်းရှောင်း တို့ ရှိမည့် အဆောင်သို့ သွားလိုက်သည်။ သူမတို့လဲ အထုပ်ပြင်ရပေဦးမည်။ သူက အဆောင်ထဲ
နားသို့ရောက်သော် အတွင်းမှ စကားသံများ ကို ကြားလိုက်ရသည်။

" မမယင်း က ဘာလို့ အကိုကြီးကို စိတ်ဆိုး နေရတာလဲ မမချန်းရှောင်း "

" ချီရန့်ရယ် နင်ကလဲ အ လိုက်တာ နင့်မမယင်းက အကိုတွမ့်ကို စိတ်ဆိုးနေတာ မဟုတ်ဘူး... သူက အချစ်ကြီးလို့ အမျက်ကြီး
နေတာဟဲ့ "

" ဘယ်လိုကြီးလဲ မမချန်းရှောင်းရယ် ဒါဆို ညီမလေးတို့ သုံးယောက်လုံးက အကိုကြီးကို ဝိုင်းကြိုက်နေကြရတာလား "

" အဲ့လိုလဲ မဟုတ်ပါဘူးကွယ.် .. ရှောင်စစ်တောင်ခြေမှာ ငါက အစ်မယင်းကို ဦးစားပေးမယ် ဆိုပီး ထွက်လာကတည်းက ငါနဲ့ အကိုတွမ့်နဲ့
ဇာတ်လမ်းက ပြတ်ပီးသားပါ အစ်မယင်း ကိုလဲ အကိတ
ွု့မ့်က ငြင်းလိုက်တယ် ဆိုတော့ နင့်အတွက်ပါပဲ ချီရန့်ရယ် "

" ဟီးဟီး.. အဲ့လို့ကြီးလား... ဒါဖြင့် မမချန်းရှောင်းက အကိုကြီးကို မချစ်တော့ဘူး ပေါ့လေ... တကယ်မုန်းသွားပီလား "
" အကိုတွမ့်က ငါ့ချစ်ဦးသူပဲ ဘယ်မုန်းလို့ ရမလဲ... ဒါပေမဲ့ ငါ့မှာ ခင်ပွန်းရှိတယ် ငါက သစ္စာမဲ့တဲ့ မိန်းမအဖြစ်မခံနိုင်ဘူး ငါ့ခင်ပွန်းကို
ငါသစ္စာရှိရမယ် ငါ့ခင်ပွန်းကလွဲလို့ တခြားယောက်ျားကို မစဉ်းစားချင်တော့ဘူး "

ထိုစကားများကို ကြားမိပီး မင်စုထန် မှာ ခံစားချက် အမျိုးမျိုး ဖြစ်နေလေသည်။ ထိုစဉ် သူ့ဘေးမှ သက်ပြင်းချသံ ကြားသော်
လန့်သွားလေသည်။ ထိုသူမှာ အလွန်လပ
ှ သော မိန်းကလေး တစ်ယောက်ပင် ဖြစ်သည်။ သူမက လီယင်းယင်း ခေါ် တုံးဖန်းယင်းယင်း။
သူမလဲ ထိုစကားများကို ကြားမိပုံရသည်။ မင်စုထန် လန့်သွားခြင်းမှာ သူ့အနားကို သူမ ရောက်လာသည်ကို သူမသိလိုက်၍ ဖြစ်သည်။
အရင်က လီယင်းယင်းမှာ သူထက် သိုင်းပညာနိမ့်ကျသည်။ ယခုမူ သူမ၏ ခြေသံကို သူမကြားမိချေ။ သူ့ထက်ပင် သာနေသည်ဟု
ထင်ရသည်။ သူမက သူ့ကို ခေါင်းငြိမ့်ပြကာ ပြန်လှည့်ထွက် လိုက်သည်။ သူကလဲ ပြန်ခေါင်းငြိမ့်ပြ လိုက်မိတော့သည်။ ထို့နောက်
အတန်ကြာမျှ ရပ်နေပီး အထဲက အသံဆက်မကြားချိန်မှ အခန်းထဲ ဝင်လိုက်လေသည်။

" ကဲ ညီမတို့ ဒဏ်ရာသက်သာကြပီလား "


အမေးသံနဲ့ ဝင်လာသူက မင်စုထန် ။
မုယုံချန်းရှောင်း နှင့် စုန့်ချီရန့် မှာ ထိုအမေးသံ ကြောင့် ရင်ဖိုသွားကြသည်။ သူမတို့ ပြော နေသော စကားများကို မင်စုထန် မကြား၍
တော်သေးသည် ဟု တွေးမိကြသည်။
" ဟုတ်ကဲ့ အကို ... ဒဏ်ရာက ပျောက်သွားပါပီ အစ်မယင်းယင်းက သူ့အတွင်းအားနဲ့ ကုစားပေးလို့ မြန်မြန်ဆန်ဆန် ပျောက်သွားတာပါ
"
ဟု ဖြေလိုက်သည်။

မင်စုထန် က အံ့သြကာ
" ဟာ... လီယင်းယင်း က အဲ့လောက် တောင် သိုင်းပညာကောင်းသွားတာလား "
ဟု မေးလိုက်သည်။

" ဟုတ်တယ် အကိုကြီး... အစ်မယင်း က အခု ရှောင်းယောင်ဂဏ


ိုးချုပ်တဲ့ သူက အကိုကြီးတွမ့်ကိုတောင် ရိုက်ပစ်မယ်
ပြောနေသေးတယ် သိုင်းပညာကော အတွင်းအားကော အရမ်းတိုးတက်လာတယ်"
ဟု စုန့်ချီရန့် က ဖြေလိုက်သည်။

မင်စုထန် က မျက်မှောင်ကြုတ် ကာ စဉ်းစား နေပီးမှ ရပ်လိုက်ပီး


" ဒါတွေထားပါ... အကိုတို့ ဒီကနေ ညဘက် ဖောက်ထွက်ကြရမယ်... ညီမတို့ နှစ်ယောက်လဲ အားမွေးထားကြဦး တိုက်ပွဲ က
ပြင်းထန်မယ်... ဒါပေမဲ့ အကို့မှာလဲ စစ်တပ်ရှိတဲ့ဆီကို ပြန်ကိုပြန်ရမဲ့ တာဝန် ရှိနေတော့ ဖောက်ထွက် ကြရမယ် "
ဟု ပြောလိုက်သည်။

လမိုက်ည....
ရှိလော့ထူဖန်း မှာ ရင်းကို့ကို ရှေ့မှ လမ်းပြတက်ခိုင်းပီး ဒုတိယတောင်ကုန်းပေါ် တက်လာနေသည်။ လူအင်အားများ၍
သော်လည်းကောင်း ရင်းကို့လို တစ်ခေါက် တက်ဖူးသူပါ၍ သော်လည်းကောင်း ခပ်သွက်သွက် တက်နိုင်လာသည်။ သို့သော်လဲ
ထောင်ချောက်များတွင်တော့ စစ်သားများ ထိခိုက်မိကာ အကျအဆုံး အတော်များများရှိသည်။ ထိုသို့ဖြစ်ရခြင်းမှာ ရင်းကို့က တမင်ပင်
ထောက်ချောက်များကို မရှောင်ကွင်းပဲ နင်းစေသောကြောင့် ဖြစ်သည်။ သူက မင်စထ
ု န် ထက် ရှိလော့ထူဖန်း ကို
ပိုအထိနာစေချင်နေသည်။ လူတစ်ထောင်ပါသော စစ်တပ်မှာ ကိုး ရာကျော် မျှသာကျန်တော့သည်။ လမ်းမှာလဲ တစ်ဝက်ခန့်
ရောက်လေပီ။ ရှိလော့ထူဖန်း ကတော့ လူနည်းသွားသော်လဲ အရေးမစိုက်ပါ သူက မင်စုထန်ကို ဖမ်းနိုင်မည်ဟု ယုံကြည်နေသည်။
ဆက်တက်ရန် အမိန့်ပေးလိုက်သည်။

စီးရှစစ်တပ်ကို အဆက်မပြတ် စောင့်ကြည့် နေသော ရန်ဖေးမှာ စ်ီရှ စစ်တပ်က လူစုခွဲကာ တောင်ပေါ်တက်သွားကြောင်း သိရသော်
စိတ်လှုပ်ရှားသွားသည်။ သူက အရေးပေါ်အစည်းအဝေး ခေါ်ကာ ချက်ချင်း စီးရှစစ်တပ်ကို အလစ်အငိုက်ဖမ်း တိုက်ရန်
ဆုံးဖြတ်လိုက်တော့သည်။ သူတို့သည်လဲ လမိုက်ည၏ အမှောင်ကို အကာအကွယ် ယူကာ ရွေ့လျားတော့လေသည်။

ရင်းကို့ မှာ ခွန်လွန်နှင့် နီးလာလေ ထောင်ခြောက်များကို နင်းစေလေဖြစ်သည်။ ကိုးရာကျော်သော စစ်သည်တို့မှာ ခွန်လွန်ဂိုဏ်း


နယ်နမိတ်နား ရောက်သော် ရှစ်ရာကျော်မျှသာ ကျန်တော့သည်။ ရှိလော့ထူဖန်း မှာ ရင်းကို့ကို မသင်္ကာ သော်လဲ ခွန်လွန်ဂိုဏ်းကို
လှမ်းမြင်ရသဖြင့် ဘာမျှမပြောတော့ချေ။ သူက စစ်သည်များဖြင့် ဝိုင်းထားရန် ပြင်လိုကသ
် ည်။ သို့သော် ခွန်လွန်ဂိုဏ်းက မီးပင်မရှိချေ။
မှောင်မိုက်နေကာ အသံလဲ မကြားရချေ။ ရှိလော့ထူဖန်း က တစ်စုံတစ်ခုကို တွေးမိကာ မီးတုတ်များ လင်းထိန်နေအောင်
ထွန်းခိုင်းလိက
ုသည်။
ထိုစဉ် သူတို့် စစ်တပ်ဘေးရှိ သစ်ပင်များ ကြားမှ ခပ်သုတ်သုတ် ဆင်းနေသော လူရာကျော် အဖွဲ့တစ်ဖွဲ့ကို မြင်သွားကြသည်။
ရှိလော့ထူဖန်း မှာ ကျိနဆ
်ဲကာ
" လိုက်ကြစမ်း " ဟု အမိန့်ပေးလိုက်တော့ သည်။

မင်စုထန် တို့မှာ ရှိလော့ထူဖန်း တို့ တောင်ပေါ် တက်လာကတည်းက သိကြ သည်။ သိ့ေ


ု သာ် အင်အားမမျှ သဖြင့်
အတင်းရင်ဆိုင်ဖောက်ထွက်ရန်ထက် တိတ်တဆိတ် ထွက်ပြေးရန်ကြံလိုက်ကြ သည်။ ရှိလော့ထူဖန်း တို့ ခွန်လွန်နား ရောက်မှ
တစ်ဂိုဏ်းလုံး မီးမှိတ်စေပီး ထွက်ပြေးကြခြင်းပင် ဖြစ်သည်။ ခွန်လွန် တွင်တော့ မုစန်း မုထူးဝါး နှင့် တပည့် ဆယ်ယောက်ခန့် ပီးလျှင်
တုံးဖန်းဟိုင် တို့သားအဖသာ ကျန်နေခဲ့သည်။ မုထူးဝါး နှင့် တပည့်များက အမှောင်ထဲတွင် စောင့်ကြည့်နေကြသည်။ သူတို့ဆီ
ရောက်လာပါက တိုက်ခိုက်ပစ်ရန်ဖြစ်သည်။ တုံးဖန်းယင်းယင်း ကတော့ မုယုံချန်းရှောင်း တို့ လွတ်မြောက်ပါစေကြောင်း ဆုတောင်း
ပေးနေသည်။ မင်စုထန် ကတော့ ဦးဆောင်က စီးရှစစ်တပ် နံဘေးမှာ လစ်ထွက်လာသည်။ သူတို့ အကုန်ပျောက်ခါနီးတွင်
မီးများလင်းထိန် လာပီး သူတို့ကို မြင်သွားကြလေပီ။ ထို့ကြောင့် မင်စုထန် က အစွမ်းကုန် ဆင်းပြေးရန် အမိန့်ပေးလိုက်သည်။ သူ
ကိုယ်တိုင်လဲ မုယုံချန်းရှောင်း စုန့်ချီရန့် ကျန်းဝေ နှင် ရန်ကျိုး တို့ကို ဦးဆောင်ပီး ပြေးတော့သည်။ အနီဝတ်များမှာလဲ
ထပ်ချပ်မခွာပါသွားကြသည်။

ရန်ဖေး မှာ စီးရှစစ်တပ်နားရောက်သော် အခြေအနေကို အကဲခတ်ကြည့်ရာ စစ်တပ်မှာ တောင်ပေါ်သို့ တစ်စုံတစ်ခု ကို မျှော်ပီး
လှည့်ထားသည်ကို တွေ့ရသည်။ စီးရှ စစ်တပ်မှာ လာတိုက်မည့်သူ ရှိမည်ဟု ထင်ထားပုံမရချေ။ အောင်ပွဲခံ ကြရန် ပြင်ဆင်နေကြသည်။
စစ်သားများမှာလဲ မူးရူးကခုန်ရန် မျှော်လင့်ပီး အကင်များ မီးပုံ များပြင်ဆင်နေကြသည်။ ထူမုန်းက သူ့ဆရာ ရှိလော့ထူဖန်း အောင်ပွဲရ
ပြန်လာလျှင် ကြိုဆိုရန် ပြင်နေကြခြင်းပင် ဖြစ်သည်။ ရန်ဖေး က ထိုအခွင့်အရေးကို လက်လွှတ် မခံပါ အတင်းပင် ဝင်ရောက် တိုက်ခိုက်
တော့လေသည်။ စီးရှ စစ်တပ်မှာ ဝရုန်းသုန်းကား ဖြစ်သွားကြသည်။ သူတို့က ဘာဖြစ်သည်ကို သိသွားသော် နောက်ကျ နေချေပီ။
ရန်သူများမှာ စခန်းထဲထိ ဝင်စီးနေကြပီ ဖြစ်သည်။ ထူမုန်းမှာ လဲ မူးနေရာမှ ပြေသွားကာ ဘာလုပ်ရမှန်းမသိ ဖြစ်နေသည်။ စခန်း မှာလဲ
မီးလောင်ကုန် ပီဖြစ်သည်။ ထူမုန်းက မီးစွဲနေသည်ကို ကြည့်ကာ ဆုတ်ခွာနေရင်း တစ်ဖက်ရန်သူ အင်အားကို တွက်ဆကြည့်နေသည်။
ရန်သူမှာ အင်အားတစ်ထောင်ခန့်သာ ရှိသော်လဲ တိုက်ခိုက်နေကြသည်မှာ အားမာန်အပြည့်ပင် ဖြစ်သည်။ သူတို့ကတော့
အလစ်အငိုက်ဖမ်း တိုက်ခံရ သဖြင့် အားလျော့ကာ ထွက်ပြေး နေကြသည်။ သူက စစ်တပ်ကို စုမရတော့ သဖြင့် ဆုတ်ရန်
အချက်ပြလိုက်သည်။ စစ်သားများမှာလဲ နဂိုကတည်းက ဆုတ်ချင် နေကြသည်။ ရာထူးအမြင့်ဆုံးသူက ဆုတ်ရန် အချက်ပြသော်
တစ်ချိုးတည်း လစ်ပြေး ကြတော့သည်။ ရန်ဖေးကတော့ အထွက်ပြေး မခံပါ ဇွတ်အတင်းလိုက်တိုက်ခိုက်နေသည်။ သူတို့၏
အတင်းတိုက်ခိုက်မှုကြောင့် နှစ်ဖက် စလုံး အထိအခိုက်များသွားသည်။ သို့သော်လဲ ထူမုန်း တို့က အောင်မြင်စွာ ဆုတ်ခွာနိုင်သွားသည်။
စစ်သည်အင်အား ကတော့ တစ်ဝက်ပင် မကျန်ပါ။ နှစ်ထောင်ကျော် မှ ကိုးရာကျော်အထိသာ ကျန်ပီး ဆုတ်ခွာသွားနိုင်သည်။ ရန်ဖေး
တို့မှာလဲ တစ်ထောင်ကျော်မှ ခုနှစ်ရာကျော် သာ ကျန်တော့လေသည်။ ထိုစခန်းတွင်း တွင်တော့ အလောင်းများ ထပ်လျှက်။
ပတ်ဝန်းကျင် တစ်ခုလုံး မှာ သွေးညှီနံ့များ ညှော်နံ့များဖြင့် ဖုံးလွှမ်းနေလေသည်။

ထူမုန်း ကတော့ ရန်သူအင်အားမည်မျှ ကျန်သည်ကို စိတ်မဝင်စားအားပါ။ သူက စစ်တပ်ပုံမပျက်စေရန် မနည်းပင် ဆုတ်ပြေး


လာရသည်။ သူက အနောက်ကို မကြည်အ
့ား ယခင်စခန်းထဲရောက်မှသာ သူတို့ စစ်သည်အင်အား ကို စစ်ဆေးရတော့သည်။
အကျအဆုံးမှာ ထက်ဝက်ကျော်နေသဖြင့် စိတ်ပျက်သွားလေသည်။ စစ်တပ်တစ်ခုလုံး မကျသည်ပင် တော်သေးသည်။ သူက မဆုတ်ပဲ
ခံတိုက်နေပါက သေချာပေါက် အကုန် ကျဆုံးကြမည် ဖြစ်သည်။ ရန်သူများက အသေခံ အတင်းတိုက်ကြသည် မဟုတပ
်ါလား။ သူက
သက်ပြင်းချကာ စစ်သူကြီး ရှိလော့ထူဖန်း ကိုသာ မျှော်လင့် နေသည်။

ရန်ဖေးမှာလဲ အနိုင်ရလိုက်သဖြင့် ကျေနပ် နေသည်။ သူက ဒဏ်ရာရသူများကို အနားပေးကာ ကျဆုံးသူများကို စစ်ဆေး နေသည်။
အကောင်းအတိုင်း ရှိသူများကို တော့ စီးရှ စစ်သည် ဝတ်စုံများကို ဝတ်ဆင်စေသည်။ အလောင်းများမှ ချွတ်ယူ ဝတ်ဆင်ကြပီး
အလောင်းများကိုတော့ ထူမုန်းတို့ ဆုတ်ခွာသွားသည့် ဘက်ကို ရွှေ့ကာ မီးရှို့စေသည်။ လူတစ်ထောင်ကျော် အလောင်းကို
မီးတင်ရှို့နေသဖြင့် ပတ်ဝန်းကျင် တစ်ခုလုံးမှာ မီးရောင်ဖြင့် နီရဲ နေသည်။ အနံ့အသက်များက ဆိုးရွာလှသည် မှာလဲ ငြင်းစရာမလိုပေ။
မြင်ကွင်းမှာ အနိဌာရုံဆန်လှသည်။ စစ်သည် များနှင့် တပ်မှူးများမှာ အော့အန် နေကြရသည်။ ပြုံးနိုင်သူ ဟူ၍ ရန်ဖေး တစ်ယောက်သာ
ရှိပေသည်။ သူကတော့ သူအကြံအတိုင်းဖြစ်လာသဖြင့် ပြုံးနေခြင်းပင် တခြားဘာကိုမှ မမြင်နိုင်တော့ချေ။

ရှိလော့ထူဖန်း တို့မှာ ဇွတ်အတင်း လိုက်ကြသော် မင်စုထန် တိ့က


ု လဲ ခုခံကာ ပြေးကြသည်ပင်။ လိုက်သူပြေးသူ က ညီနေကြသည်။
အတော်ကြာ ပြေး လိုက်သော် တောင်ခြေကို မြင်ရတော့သည်။ ကောင်းကင်ကြီးမှာ နီရဲနေသည်လေ။ မီးရောင်များက လင်းထိန်ကာ
ညှော်နံ့များ မွှန်ထူနေသည်။ မင်စုထန် တို့မှာ လန့်ဖျန့်ပီး ရပ်ပင်ရပ်မိကြသည်။ တောင်ခြေမှာ ဘာများ ဖြစ်နေကြသနည်း။
ရှိလော့ထူဖန်း ကလဲ ထိုအဖြစ်ကိုမြင်သည်။ သူက တောင်ပေါ် မှ မှန်ပြောင်း ဖြင့် အခြေအနေကို လှမ်းကြည့်လိုက်ရာ
တိုက်ပွဲဖြစ်ထားသည်ကို မြင်ရသည်။ သို့သော် စစ်သားများမှာ သူတို့စစ်တပ် ဝတ်စုံ ဝတ်ဆင်ပီး ရှိနေသဖြင့် ထူမုန်း စစ်နိုင်ထား ခြင်း
ဖြစ်မည်ဟု ထင်သွားသည်။ သူက ကြောင်ပီး ရပ်တန့်သွားသော မင်စုထန် တို့ကို အနားတိုးကာ ရပ်ကြည့်နေသည်။

မင်စုထန် မှာ လဲ ထိုအဖြစ်ကိုမြင်သည်ပင် ရန်သူဝတ်စုံများဖြင့် စစ်တပ်ကိုမြင်သော် စိတ်ဓာတ်ကျသွားသည်။ သူ့တို့ကို ရှေ့နောက်


ပိတ်ညှပ်နေလေပီ။ ပြေးရန် မဖြစ်နိုင်တော့ချေ။ သူ့စစ်တပ်မှာ တောင်ခြေ ရှိ စီးရှစစ်တပ်ကို လာတိုက်ရာမှ ကျဆုံးသွား
သည်ဖြစ်ရပေမည်။ သူ့စစ်တပ်မှာ ဆုံးလေပီ။ သူ၏ စိတ်ပျက်မှုမှာ အောက်ဆုံးထိ ကျသွားလေပီ။ ဒေါသများသာ ကျန်တော့ သည်။
သူက ရန်သူ၏ ခေါင်းဆောင်ကို စူးစူးဝါးဝါး ကြည့်ကာ သတ်ပစ်ချင်နေသည်။

ရှိလော့ထူဖန်း ကတော့ သူနှင့် ဆန့်ကျင်ဘက် သူ့ကို ပျော်ပျော်ကြီး စိုက် ကြည့်နေသည်။ သူကဝိုင်းထား၍ ရသော်လဲ မဝိုင်းပဲ
တန်းစီကာ ရပ်ကြည့်နေသည်။
" ဘယ်လိုလဲ ပြည်မ စစ်သူကြီး ...
မင်းခေါင်းကို ကိုယ့်ဘာသာဖြတ်ပီး ဆက်သ မလား... ငါကိုယ်တိုင် ဆင်းဖြတ်ပေးရမလား"
ဟု မေးလိုက်သည်။

မင်စုထန် တို့မှာ မခံချင်သော်လဲ မတတ်နိုင်ပါ။ လူရှစ်ရာကျော်နှင့် တစ်ရာ့ငါးဆယ်ကျော် ဆိုသည်မှာ ကွာခြား လွန်းလှသည်။ သူတို့မှာ
နောက်ဆုတ်လဲ မရ ရှေ့တိုးလဲ မရ။ အကြပ်အတည်း ကြုံနေလေပီ။ သူက မိုက်ရူးရဲ ဆန်ဆန် ဇွတ်တိုက်ပစ်ရန်သာ ကြံနေတော့သည်။
သူသာ ရန်သူ၏ ခေါင်းဆောင်ကို သတ်ပစ်နိုင်လျှင် အခွင့်အရေး ရနိုင်သည် ဟု ထင်မိသည်။ ထို့ကြောင့် အချိန်မဆိုင်းပဲ ရိပ်ခနဲ ခုန်ဝင်ပီး
တိုက်ခိုက်တော့သည်။

ကျန်သူများကလဲ ခေါင်းဆောင်က လှုပ်ရှား လိုက်သဖြင့် သေမထူး နေမထူး ဟု သတ်မှတ်ကာ ဝင်တိုက်ကြတော့သည်။ ရှိလော့ထူဖန်း


ကတော့ ထင်ထားသည် ဖြစ်၍ သူ့စစ်သည်များကို ခုခံခိုင်းတော့သည်။ သူကိုယ်တိုင်လဲ မင်စထ
ု န်ကို ခုခံနေသည်။ ထိုပတ်ဝန်းကျင်မှာလဲ
ရုတ်တရက် ဆူညံသွားတော့သည်။

#မိုးထိတောင်သိုင်းသမား #ZYN
အခန်း (၂၈) အပိုင်း ခြောက်
ကံကြမ္မာ ဟူသည်မှာ

ရန်ဖေး မှာ တောင်ပေါ်ကို အာရုံစိုက်နေရာ တောင်ခြေနှင့် သိပ်မဝေးသော အကွာအဝေး တွင် မီးများလင်းထိန် ကာ ဆူညံနေသဖြင့်
တိုက်ပွဲဖြစ်နေသည်ဟု သိလိုက်ရသည်။ သူက သူ့စစ်တပ် တစ်ခုလုံးကို ခေါ်ကာ ထိုနေရာသို့ သုတ်ခြေတင်လေသည်။ သူ့အထင်
ပေ့လဲ့ရယ်မှာ ပိတ်မိနေပီ ဖြစ်ပေ မည်။ ရန်သူကလဲ သူတို့ညှပ်ပိတ် ဖမ်းမိပီ ဟုထင်နေကြပေမည်။ ထိုသို့ဖြစ်အောင် သူကိုယ်တိုင်
စီးရှစစ်တပ် ဝတ်စုံများဝတ်ဆင် စေခြင်းဖြစ်သည်။ သူ့ထင်သည့်အတိုင်း ဖြစ်လေပီ။ ပေ့လဲ့ရယ် တို့ မကျဆုံးခင် အမြန်ရောက်မှ
ဖြစ်ပေမည်။

သူတို့ ထိုနေရာသိေ
ု့ ရာက်သော် တိုက်ပွဲမှာ အပြင်းထန်ဆုံး အချိန်ပင်။ မင်စုထန်မှာ ရှိလော့ထူဖန်း ကို ဝိုင်းပတ်ကာ ကာကွယ် နေသော
လူနှစ်ရာကျော်ကို ဘီလူးသရဲစီး သလို နီရဲနေသော မျက်လုံးနှင့် မီးစွဲနေသော ကျောက်စီဓား ကိုကိုင်ကာ တိုက်ခိုက် နေသည်။ သူ့ကို
ရှိလော့ထူဖန်း သာ မက တခြား စစ်သားများပါ ကြောက်ရွံနေကြ သည်။ စီးရှစစ်သားများမှာ လူအင်အား အဆမတန်သာ၍သာ
ဆက်တိုက်ရဲကြသည်။ မဟုတ်ပါက မီးသရဲ ပူးကပ်နေသော မင်စုထန်ကို ကြောက်ကာ ပြေးကြမည်ပင်။

မုယုံချန်းရှောင်း တို့ ညီအစ်မ မှာလဲ အပြင်းအထန်တိုက်ခိုက်နေသည်။ သူတို့နှင့် အနီဝတ်သုံးဆယ်မှာ ရန်သူများ ပတ်လည်ဝိုင်းကာ


တိုက်ခိုက်နေသော်လဲ အခြေမပျက်ပါ။ ကျန်းဝေ နှင့် ရန်ကျိုး မှာလဲ ကျောချင်းကပ်ကာ အပြင်းအထန် ခုခံနေသည်။ ကျန်ဂိုဏ်းသားများ
စစ်သားများ ကတော့ တဖြည်းဖြည်း ကျဆုံး နေကြလေပီ။ လက်ပန်းကျမှု အင်အားမမျှမှု က သူတို့ကို အရှုံးဘက်သို့ ဆွဲခေါ်နေကြ
သည်။

ရန်ဖေးမှာ ကြည့်မနေနိုင်တော့ပါ သူက သူ့စစ်သည်များကို လက်မောင်းတွင် ပြင်ဆင်ထားသော အဝတ်နီစများ ပတ်ခိုင်းလိုကသ


် ည်။
ထို့နောက်တော့ ညာ သံ ပေးကာ တိုက်ခိုက်တော့လေသည်။ သူတို့ လူအင်အားမှာလဲ ခုနှစ်ရာကျော်ရှိရာ အလုံးအရင်း
ဝင်တိုက်ပစ်သော် စီးရှ စစ်သား နှစ်ရာကျော်မှာ တစ်ခဏအတွင်းပင် ကျဆုံးသွားသည်။ စီးရှစစ်သားများ နှင့် ရှိလော့ထူဖန်း မှာ
သူတို့လူဟု စိတ်ချလက်ချ ရှိနေရာမှ သူတက
ို့ တိုက်ခိုကေ
် သာ် အငိုက်မိသွားကြသည်။ မင်စုထန် ၏ လူများမှာ ပြောင်းလဲသွားသော
အခြေအနေကို ကြည့်မိသော် ရန်ဖေးကို တွေ့ရပီး အနီစပတ်ထားသော စီးရှစစ်သားများမှာ သူတို့လူများ ဖြစ်သည်ကို တွေ့ရသည်။
သူတို့က အားတက်ကာ ဇွတ် တိုက်စစ်ဆင်တော့သည်။ စီးရှစစ်သား များမှာ ထိုအဖြစ်ကြောင့် စုဖွဲ့ထားမှု ပျက်ပြား သွားကာ
ကစဉ်ကလျား ဖြစ်သွားတော့သည်။ ရန်ဖေးကတော့ သူ့စစ်တပ်ကို စနစ်တကျပင် အဆုတ်အတက် မှန်မှန်ဖြင့် မှည့်ခြွေခြွေတော့
လေသည်။ အထူးသဖြင့် အနီဝတ်များ၏ ဖိအားပေးမှုကို ဘေးမှနေရင်း အပြတ်ရှင်း ရသည်မှာ လက်တွဲညီနေကြသည်။ မုယုံချန်းရှောင်း
နှင့် စုန့်ချီရန့် ကတော့ မင်စုထန် ဘေးတွင်ရှိ နှစ်ရာမျှသော စစ်သားအစုအဖွဲ့ကြီးကို ဝင်ရောက်ပီး နှောင့်ယှက် ပေးနေသည်။ ထိုအဖွဲ့၏
အလည်တွင် ရှိလော့ထူဖန်း မှာ ကြောက်လန့်ကာ တုန်ယင်နေသည်။ သူက မင်စုထန် ကို လူဟု ပင်မထင်တော့ပါ။ သရဲဟုသာ
မြင်နေသည်။

တစ်နာရီမျှ အကြာတွင် စီးရှစစ်တပ်မှာ အကုန်ကျဆုံးကုန်လေပီ။ ရန်ဖေး၏ စစ်တပ်မှာ သိပ်ပီးအကျအဆုံးမရှိ ချေ။ သူတို့က လက်ကျန်
တစ်ရာမျှသော အစုအဖွဲ့လေးကို ဝိုင်းထားကြသည်။ အနီဝတ်များကတော့ တစ်ဖက်ကနေ အတင်းထိုးဖောက်နေသည်။
တစ်ခြားတစ်ဖက် တွင်တော့ အရူးတစ်ယောက်လို ထိုးခုတ်နေသော မင်စုထန် ရှိနေသည်။ မင်စုထန် မှာ သူ၏ မိစ္ဆာဓာတ်ကို
ထိန်းချုပ်၍မရတော့ပါ။ သူဒေါသထွက်ရသည့် မူလအကြောင်းအရင်း ဖြစ်သည့် ရှိလော့ထူဖန်း မသေမချင်း ရပ်သွားမည့်ပုံ မပေါ်ချေ။
ထို့ကြောင့် အရူးလို ဝင်တိုက်နေသည်။ သူ၏ အတွင်းအားမှာလဲ သုံးမကုန်နိုင်သကဲ့သို့ ပြင်းထန်စွာ တိုက်ခိုက်နေသည်။
ထိုအစုအဖွဲ့လေးမှာ နောက်ထပ် နာရီဝက်ခန့်ပင် သူ့ကို ခုခံနိုင်ပုံ မရတော့ပါ။

ရန်ဖေးနှင့် တခြားသူများကတော့ ပေ့လဲ့ရယ် ၏ ရက်စက်ပြင်းထန်သော သိုင်းပညာကို အံ့သြကြောက်ရွံစွာကြည့်နေကြသည်။


ညနက်ကြီးတွင် မီးသရဲတစ်ကောင် သောင်းကျန်းနေသလို အဖြစ်ကို လက်တွေ့ မြင်ရသဖြင့် တုန်ယင်နေကြသည်။ သူတအ
ို့ ဖို့
ထိုမီးသရဲမှာ သူတို့သခင်ဖြစ်ပီး ရန်သူမဟုတ် သည်ကိုပင် ကျေးဇူးတင်နေကြသည်။ နီရဲသော မျက်လုံးအစုံမှာ ဒေါသကြောင့်
ဝင်းဝင်းတောက်နေသည်။ မသိလျှင် မီးပင် ပွင့်ထွက်မတတ်။ လက်မှ ဓားမှာလဲ မီးတောက်များပင် ကပ်နေကာ ပြင်းထန်သော
အပူရှိန်မှာ ခပ်ဝေးဝေးမှပင် ခံစားနေရသည်။ မင်စုထန်၏ ဝတ်စုံမှာ မီးလောင်ကျွမ်း ထားသကဲ့ပင် ပေါက်ပြဲနေလေပီ။ နီရဲပူလောင်သော
ဓားကို ဝှေ့ယမ်းလိုက်တိုင်း သွေးများရဲကာ ပန်းထွက်ပီး ရန်သူများ၏ ကိုယ်ခန္ဓာ အစိတ်အပိုင်းများ ပျံဝဲကုန် သည်မှာ
ခြောက်ခြားစရာကောင်းလှသည်။

စီးရှစစ်တပ်၏ သစ္စာရှိမှုမှာ အံ့အားသင့်စရာပင် သူတ့က


ို မယှဉ်နိုင်မှန်း သိသော်လဲ အသေခံကာ သူတို့စစ်သူကြီးကို
ကာကွယ်ပေးနေကြသည်။ ရှိလော့ထူဖန်း ကတော့ ကြက်သေသေနေလေပီ။ သူက အကြောက်လွန်ကာ ကြောင်သွားလေပီ။
မုယုံချန်းရှောင်း ကတော့ အလောင်းများ သွေးညှီနံ့များကို မကြည့်ချင်သလို ထိုးအန် နေသည်။ သူ့ယောက်ျားဘေး ပတ်ဝန်းကျင် မှာ
အတော်ကို ဆိုးရွားနေသည်။ ဘေးတွင်ရှိတော့ စုန့်ချီရန့်ကတော့ ယိုင်ထိုး ကာ မေ့လဲချင်နေသည်။ သူမသည်လဲ ထိုမြင်ကွင်းကို
ကြောက်နေသည်။ မုယုံချန်းရှောင်း က သူမကို ဖေးမလိုက်ကာ အနီဝတ်များကို လှမ်းခေါ်လိုက်သည်။
"အကိုကြီးတို့ ရပ်လိုက်တော့ ဒီကိုလာခဲ့ "

အနီဝတ်များက တစ်ဖက်မှ ပိတ်ဆို့ နေရာမှ ရပ်ပီး ပြေးလိုက်ကြသည်။ သူတို့သည်လဲ ထိုနေရာတွင် မနေချင်ပေ။ မြင်ကွင်းမှာ
စက်ဆုပ်စရာ ကောင်းလွန်းနေသည်။ မင်စုထန် တစ်ယောက်သာ မိစ္ဆာဓာတ် ဖုံးလွှမ်း နေသဖြင့် တဟားဟား အော်ရယ်ပီး
တိုက်ခိုက်နေသည်။ သွေးများက ဖြာခနဲ ထွက်လာပီး သူ့ကိုယ်တွင်စိုရွဲနေသည်။

မုယုံချန်းရှောင်း က အနီဝတ်ထဲမှ အကြီးဆုံးသူ ကို ကြည့်ကာ


" အကိုကြီးတို့ ဓားသိုင်း ပြင်ထားပါ
ပေ့လဲ့ရယ်က ဟိုလူကို သတ်ပီးရင် ကျမတို့ဘက် လှည့်လာမယ် သူက မိစ္ဆာဓာတ် တွေပြည့်နေပီ... သူ့ကို နေထွက်တဲ့အထိ
ထိန်းချုပ်နိုင်မှ ရမယ်... အကိုကြီးတို့ ဒါကို သိတယ်မလား ရှောင်လင်ကျောင်းထိုင် ဆရာတော်က ပြောဖူးမှာပါ "
ဟု ပြောလိုက်သည်။

အနီဝတ်များက သက်ပြင်းချကာ ခေါင်းငြိမ့်ပြပီး


" ဟုတ်တယ် မမလေး... ပေ့လဲ့ရယ်ကို ထိန်းချုပ်ဖို့ ဓားကွက်တစ်မျိုး ဆရာတော်က သင်ပေးထားတယ် အခုအတိုင်းဆိုရင်
အဲ့ဓားကွက်ကို ထုတ်သုံးရတော့မယ် "
ဟု ဖြေလိုက်သည်။

မုယုံချန်းရှောင်း က ခေါင်းငြိမ့်ကာ
" ဒါဆို ပြင်ထားပေတော့.... မကြာခင် သူ ဟိုလူကြီးကို သတ်မိတော့မယ် ... သူ့ကို အားကုန်ပီး မေ့လဲတဲ့အထိ ထိန်းချုပ်ရမယ် ပီးမှ
အကိုတို့ကပဲ ရိကျင့်နဲ့ သန့်စင်ပေးပါ "
ဟု ပြောလိုက်သည်။

သူတို့ က အသင့်ပြင် ကာ ဓားကို ကိုင်ပီး မင်စုထန် ကို ကြည့်နေကြသည်။ မင်စုထန် မှာ စစ်သားတစ်ရာကျော်ကို တစ်ယောက် မကျန်
သတ်ဖြတ်ကာ ကြက်သေ သေနေသော ရှိလော့ထူဖန်း ကို စူးစူးဝါးဝါး ကြည့်နေလေသည်။ သူက လက်ကို မြှောက် လိုက်သော် ရှဲ ခနဲ
လေထုကို ထိုးခွဲသွားသည်။ ထို့နောက်တော့ ရှိလော့ထူဖန်း မှာ နှစ်ခြမ်းကွဲ ကာ သွေးတွေ အဆက်မပြတ်ပန်း ထွက်လာသည်။ မင်စုထန်
မှာ သွေးများက မျက်နှာကို စင်သွားသဖြင့် အနည်းငယ် အသိစိတ် ကပ်လာသည်။ သူက ဓားကို ကိုင်ကာ ခဏမျှ ကြောင်သွားပီး
ဘေးဘီကို ကြည့်မိ သည်။ လူပေါင်း ခုနှစ်ရာကျော်မှာ တူညီသော ကြောက်ရွံသည့်မျက်နှာထားဖြင့် သူ့ကို ကြည့်နေသည်ကို
တွေ့ရသည်။ သူ့စိတထ
်ဲတွင် သူ့ကို ရွံမုန်းနေသည်ဟု ထင်သွားက ထောင်းခနဲ ဒေါသက ထွက်လာသည်။

ဒေါသထွက်လာသော် မျက်လုံးအစုံမှ ပြန်လည် နီရဲလာကာ ဓားမှ မီးတောက်များလဲ ထွက်လာတော့သည်။ မုယုံချန်းရှောင်း က


ထိုအရာကို စိုးရိမ်ကာ
အနီဝတ်များကို အလျင်အမြန်ပင်
" စကြတော့ အကိုကြီးတို့ "
ဟု အမိန့်ပေးလိုက်တော့သည်။

အနီဝတ်များမှာ မင်စုထန် သူတို့ဆီ မလာခင် အလျင်စလို ဝိုင်းပီး ဓားကွက်ထဲ ပိတ်ဆို့ လိုက်ကြသည်။ ရန်ဖေး ရန်ကျိုး နှင့် ကျန်းဝေ
တို့ကတော့ အံ့အားသင့်လျက် သူတို့က မုယုံချန်းရှောင်း ဆီပြေးလာကြသည်။ သူတို့၏ စစ်သူကြီးကို ဘာကြောင့် သူ့လက်စွဲ
တော်များက တိုက်ခိုက်နေကြသနည်း။ တိုက်ခိုက်ခိုင်းသူမှာလဲ စစ်သူကြီး၏ ကြင်ယာတော် ဖြစ်နေသည်။ သူတို့က
နားမလည်တော့ချေ။

ရန်ဖေးက အံ့သြကာ မင်စုထန်ကို အင်တိုက်အားတိုက် ပိတ်ဆို့နေသည်ကို ကြည့်ပီး


" သခင်မလေး... ဒါဘယ်လိုဖြစ်တာလဲ ဘာလို့ ပေ့လဲ့ရယ်ကို ဝိုင်းတိုက်ခိုင်းတာလဲ "
ဟု မေးလိက
ုသည်။

ရန်ကျိုး နှင့် ကျန်းဝေ မှာလဲ ထိုအဖြေကို စောင့်နေကြသည်။ စုန့်ချီ့ရန်ကတော့ အင်အားမရှိသဖြင့် ခြေပစ်လက်ပစ် ထိုင်ချကာ
အမောဖြေနေလေသည်။ မုယုခ
ျံန်းရှောင်း က သက်ပြင်းချကာ
" ရှင်တို့ မသိဘူး သူကျင့်ထားတဲ့ မီးစွဲဓားသိုင်း က ရှောင်လင်မှာ ပိတ်ပင်ထားတဲ့ ဓားသိုင်းတစ်မျိုးပဲ ... အဲ့ဓားသိုင်းက မိစ္ဆာဓာတ် ရှိတယ်
ကျင့်တဲ့သူ အသုံးပြုသူကို မိစ္ဆာဖြစ်သွားစေတယ်... ပေ့လဲ့ရယ် က အရင်က ဒီအဆင့်ထိ မုန်းတီးတဲ့ ဒေါသစိတ်တွေနဲ့ မသုံးဖူးဘူး
ဒါကြောင့် သူ့ရဲ့ ရိကျင့် အတွင်းအားတွေက မိစ္ဆာဓာတ်ကို ထိန်းချုပ်ထားနိုင်တယ် အခုကတော့ သူလဲ မထိန်းချုပ်နိုင်တော့ဘူး
ယခုလက်ရှိ တိုက်ခိုက်နေတဲ့သူက ပေ့လဲ့ရယ် မဟုတ်ဘူး မီးမိစ္ဆာပဲ "
ဟု ရှည်လျားစွာ ရှင်းပြလိုက်သည်။

ရန်ဖေး တို့မှာ အံ့သြစွာ ဒီလောက် ဆန်းကြယ်တဲ့ သိုင်းပညာရှိသေးတယ်လား။ ပေ့လဲ့ရယ် ဟာ ပြိုင်ဘက်ကင်းဖြစ်မှာပေါ့ ဟု


ချီးကျူးလိုက်ကြသည်။ မုယုံချန်းရှောင်း မှာ ဘာမှ မပြောပါ သူက မင်စုထန်ကို ထိန်းချုပ်မှု အောင်မြင်ပါစေ ဟုသာ ဆုတောင်းနေသည်။
မနက်လင်းရန်လဲ လေးဆယ့်ငါးမိနစ်မျှသာလိုတော့သည်။ အနီဝတ်များမှာ မောပန်းနေကြပီ ဖြစ်သော်လဲ တောင့်ခံနိုင်ပါစေ
ဆုတောင်းရပေမည်။

အမောဖြေနေသော စုန့်ချီရန့် ကသာ


" ဘယ်ကသာ အကိုမင် က ပြိုင်ဘက်ကင်းလဲ... ခင်များတို့ ရှောင်စစ်တောင်ထိပ်မှာ ကျင်းပတဲ့ သိုင်းပြိုင်ပွဲ မကြည့်ဘူးကြလို့
ဒါမျိုးပြောတာ အကိုမင်က အဲ့ဒီမှာ အရင်တစ်ခေါက်ကလဲ ဒါမျိုးအဆင့်ဖြစ်အောင် သုံးဖူးတယ် အဲ့ဒါကြောင့် သူ့ဆရာက ဟိုအနီဝတ်
အကိုကြီးတွေကို ထိန်းချုပ်ဖို့ သင်ပေးပီး အနားမှာ ထားထားတာ... အဲ့တုန်းကတော့ အခုလို ဝိုင်းချုပ်နေစရာမလိုဘူး...
တကယ့်ပြိုင်ဘက်ကင်း သိုင်းသမားက လက်ဝါးတစ်ချက်တည်းနဲ့ အကိုမင်ကို မေ့လဲသွားအောင် ရိုက်ထုတ်ပစ်လိုက်တာပဲ အကိုမင်ရဲ့
မီးတွေငြိမ်း ဓားကြီးကွေးကောက် သွားပီး မေ့လဲသွားတာပဲ "
ဟု မခံချင်ဖြစ်ကာ ပြောလိုက်လေသည်။

ရန်ဖေးတို့မှာ ထိုစကားကိုကြားသော် အလွန်တရာ အံ့သြသွားကြသည်။ သူတို့က မင်စုထန်၏ သိုင်းစွမ်းကိုပင် ကြောက်ရွံ နေကြရာ


မင်စုထန်ကို လက်ဝါးတစ်ချက်ဖြင့် မေ့လဲအောင် ရိုက်ပစ်နိုင်သူရှိသည် ဟု ကြားလိုက်ရသော် ဟာ ခနဲ ဟင် ခနဲ ဖြစ်သွား ကြသည်။
လောကသည် ကျယ်လွန်းသည်။ တစ်တောင်ကို မြင့်သည်ထင်သော်လဲ ထိုတောင်ထက်မြင့်သော တောင်တစ်ခု ရှိနေပြန်သည်
မဟုတ်ပါလား။ လောက က အပြောကျယ်သော ပင်လယ်ပမာပင်။

ရန်ဖေး က စုနခ
့်ျီရန့် ဘက်လှည့်ကာ
" မမလေးစုန့် .... ဒါဆို ပေ့လဲ့ရယ် ကို အဲ့ဒီလို ဖြစ်အောင် လုပ်နိုင်တာ ဘယ်သူလဲ သိုင်းလောကပထမ ဓားဧကရာဇ်ကြီး ဝေထင်းလား "
ဟု မေးလိုက်သည်။

စုန့်ချီရန့် က ပြုံးကာ
" စစ်သူကြီးရန် က ဘယ်ဆိုးလို့လဲ ဘဘဝေထင်းကို သိနေတာပဲ... စစ်သူကြီးရန် ပြောတာ နည်းနည်းလိုတယ်... ဘဘဝေထင်း
မဟုတ်ဘူး... ဘဘ က အကိုမင် ကို အနိုင်ရနိုင်ပေမဲ့ တစ်ချက်တည်းနဲ့တော့ မစွမ်းဆောင်နိုင်ဘူး အကွက်ငါးဆယ်ကျော် တော့ ယှဉ်မှ
ရမယ်... ဟိုလူကတော့ အဲလ
ို့ မဟုတ်ဘူး သူ့အတွင်းအားက ပြိုင်ဘက်ကင်း နေလို့ သူတစ်ချက်ရိုက်တာက ဘဘဝေထင်း နှစ်ယောက်
အားကုန် ရိုက်သလောက် ရှိတယ် ဒါကြောင့် တစ်ချက်တည်း နဲ့ ပွဲသိမ်းနိုင်တာ "
ဟု ပြောလိုက်သည်။

ကျန်းဝေ မှာ စုန့်ချီရန့် က နာမည်မပြောပဲ ဝေ့နေသဖြင့် သိချင်စိတ်ပြင်းပြလာကာ


" မမလေးစုန့်ကလဲ... ဘယ်သူလဲ ပြောပြပါဆို ဝေ့ဝိုက်နေတယ်.... အဲ့လောက်တောင် စွမ်းရင် ဘာလို့ သူက သိုင်းလောက ပထမ
မဖြစ်တာလဲ "
ဟု ထောက်လိုက်သည်။

စုန့်ချီရန့် က ရယ်လိုက်ပီး
" သူက အဲ့ပထမနေရာကို ဘယ်လုလ
ိုပ် ရပါ့မလဲ ယူချင်စိတ်မှ မရှိတာ...
ဘာကြောင့်လဲ သိလား "
ဟု မေးလိုက်သည်။

အကုန်လုံးမှာ သိချင်နေတုန်း သူတို့ကို ဖြတ်မေးသဖြင့် ခေါင်းကို အမြန်ခါပြကာ


" မသိပါဘူး ပြောပြပါ "
ဟု ပြိုင်တူပင်ပြောမိကြသည်။

စုန့်ချီရန့် က ပြောမလိုဖြင့် မုယုံချန်းရှောင်း ကို ကြည့်လိုက်သည်။ မုယုံချန်းရှောင်း မှာ မကြားသလို ဟန်ဆောင်ကာ မင်စုထန် နှင့်
အနီဝတ်တို့၏ တိုက်ပွဲကို ကြည့်နေသည်။ အနီဝတ်များကော မင်စုထန်ပါ နှေးကွေး လာနေကြလေပီ။ မနက်ရောင်နီကလဲ တဖြည်းဖြည်း
လင်းချင်းနေလေပီ။ နေသာ အပြည့်အဝထွက်ပီး မင်စုထန်ကို ထိုးမိသည့် အချိန်ရောက်ပါက မင်စုထန်မှာ မောပန်းကာ
မေ့လဲတော့မည်။ မီးမိစ္ဆာ ပူးကပ်သည် ဆိုသော်လဲ အချိန်အကြာကြီး မပူးကပ်နိုင်ပါ လူတို့၏ ကိုယ်မှာ ကန့်သတ်ချက်တွေ ရှိသည်လေ။

စုန့်ချီရန့်က မုယုံချန်းရှောင်း ကိုကြည့်ပီးမှ တစ်ဖက်ကို လှည့်ကာ ပြုံးပြပီး


" ဘာကြောင့်လဲ ဆိုတော့ ပထမရတာ သူ့ဆရာအရင်း မို့လို့ပဲ... သူက သူ့ဆရာထက် အတွင်းအားအရာမှာ အရမ်းသာနေပေမဲ့
သူ့ဆရာကိုပဲ ဦးစားပေးလိုက်တယ်လေ "
ဟု ဖြေလိုက်သည်။

ရန်ဖေးက ခေါင်းကုတ်ကာ
" တပည့်က ဆရာထက်သာတယ် ပီးတော့ ဆရာကို ဦးစားပေးတယ် ဟုတ်လား မမလေးစုန့် "
ဟု မေးလိုက်သည်။

စုန့်ချီရန့်ကာ ပြုံးကာ
" ဟုတ်တယ်... အဲ့လိုအဖြစ်တွေ ရှိတယ် အဲ့လူက အဲ့လို နားလည်ရခက်တဲ့သူပဲ "
ဟု ဖြေလိုက်သည်။

ကျန်းဝေ မှာ နာမည်ကိုသာ သိချင်နေရာ နာမည်မသိရသေးသဖြင့် အားမလိုအားမရ ဖြစ်ကာ


" ဟာဗျာ... မမလေးစုန့်ကလဲ ကျုပ်က နာမည်သိချင်တာဗျ... အဲ့လူက ဘယ်သူလဲ "
ဟု မေးလိုက်သည်။

စုန့်ချီရန့် က မဖြေသေးပဲ ကောင်းကင်ကို မော့ကြည့်လိုက်သည်။ ထိုလူနှင့် ပတ်သတ်၍ သူမတွင် အမှတ်တရများစွာရှိသည်။ ထိုသူကို


သူမ အနေဖြင့် ဆယ်ကျော်သက်အရွယ် စွဲလမ်းမှုဟု ထင်မိသော်လဲ ထိုအရာမှာ ကြာလေစွဲမြဲလေဖြစ်နေလေပီ။ သူမအနေဖြင့်
ယခုအချိန်တွင် သတိအရဆုံးမှာ ထိုသူဖြစ်ပီး ထိုသူကို အမြဲတစ်စေ မြင်တွေ့ချင်နေတော့ သည်။ သွားလဲ ဒီစိတ် စားလဲ ဒီစိတ်
အိမ်မက်ထဲ အထိပင် ပါလာသဖြင့် သူမမှာ မောပန်းနေလေပီ။ ထိုသူကတော့ သူမကို ညီမလေး တစ်ယောက်ထက် ပို၍ ချစ် မလာပါ။
ချစ်စရာညီမလေးလိုပင် အလိုလိုက် ထားသည်သာ ရှိသည်။

သူမက ဝဲတက်လာသော မျက်ရည်များမကျအောင် မျက်တောင်ကို ပုတ်ခတ် ပုတ်ခတ် လုပ်လိုက်ပီး


" အဲ့လူက... မိုးထိတောင် သိုင်းသမား
တွမ့်ကျန်းယွမ် တဲ့
သူကမှ သိုင်းလောက ပြိုက်ဘက်ကင်းပဲ "
ဟု ဖြေလိုက်သည်။
ရန်ဖေး က နာမည်ကိုကြားမှ ခေါင်းငြိမ့်ကာ
" လက်စသတ်တော့ သိုင်းလောကထိပ်သီး အဆင်၁
့ မင်းသားလေး တွမ့်ပဲ ကိုး...
တာ့လီပြည်ရဲ့ အိမ်ရှေ့စံမင်းသား က ဒီလောက်တောင် အစွမ်းထက်နေတာပဲ "
ဟု ရေရွတ်လိုက်သည်။

နေလုံးကြီးမှာ အရှေ့အရပ်မှ လျင်လျင်မြန်မြန်ပင် ထွန်းလင်းလာသည်။ အလင်းရောင်များမှာ ထိန်လင်းလာကာ လူသားများအပေါ်


ကျရောက်လာသည်။ လူအရှင်များက နွေးထွေးမှု ကိုခံစား လိုက်ရပီး လူအသေများကတော့ ဘာမှ မခံစားရချေ။ မုယုံချန်းရှောင်း မှာ
အလင်းရောင်များကြားမှာ အကျည်းတန်သော အနိဌာရုံ မြင်ကွင်းကို ကြည့်မိကာ သက်ပြင်းချလိုက်သည်။

သူမ၏ သက်ပြင်းချသံအဆုံးမှာပင် အနီဝတ် များကို တိုက်ခိုက်နေသော မင်စုထန် မှာ ခေါက် ခနဲ လဲကျသွားသည်။ အနီဝတ်များမှာ
အခုမှပင် စိတ်အေးသွားကာ ခြေပစ်လက်ပစ် ထိုင်ချလိုက်ကြသည်။ သူတို့မှာ သေချင်လောက်အောင် မောပန်းနေလေပီ။

မုယုံချန်းရှောင်း က ရန်ဖေး ဘက်လှည့်ကာ


" စစ်သူကြီးရန်... ပေ့လဲ့ရယ်ကို ခေါ်ပီး စစ်တပ်ကို ဆုတ်တော့...
စစ်သူကြီးကျန်း အနီဝတ်တွေကို ဂရုစိုက်ပီး ပြုစုပေးပါ ပီးတော့ အလောင်းတွေကို သေချာမြှပ်ပေးပါ
တပ်မှူးရန်... တောင်ပေါ်ပြန်တက်ပီး မမယင်း ကို ကျမခေါ်လိုက်တယ်လို့ ပြောပီးခေါ်ခဲ့ "
ဟု တန်းစီကာ အမိန့်ပေးလိုက်သည်။

ရန်ဖေး တို့ သုံးယောက်မှာ ရှင်းလင်းပြတ်သား သော အမိန့်ကြောင့်


" ဟုတ်ကဲ့ပါ သခင်မလေး "
ဟု ပြောပီး ထွက်သွားတော့သည်။

မုယုံချန်းရှောင်း က စုန့်ချီရန့် ကို ကြည့်ကာ


" နင်က ငါ့နောက်လိုက်ခ.ဲ့ .. ဒီနေရာက နေရတာ မသိုးမသန့်နဲ့ "
ဟု ပြောပီး ထွက်သွားလေသည်။

စုန့်ချီရန့် က သူ့ကိုပါ အမိန့်ပေးသွားသော အစ်မဖြစ်သူကို ပြောင်ပြကာ


" ဟုတ်ကဲ့ပါ သခင်မလေး "
ဟု ရယ်ကာ ပြောလိုက်သည်။

သူမစိတ်ထဲတွင်တော့ ဒါကြောင့် ဘိုးဘိုးကြီး မုယုံက မမကို ခေါ်သွားခိုင်းတာကိုး ဟု တွေးမိတော့သည်။ မုယုံချန်းရှောင်း မှာ


လှပရုံသာမက ဥာဏ်ကောင်းပီး ထက်မြက်သော မိန်းမတစ်ယောက် ဖြစ်ပေသည်။ ထိုသို့မိန်းမမျိုးမှာ ရှားပါးလွန်း လှသည်။ လုပ်ငန်းကြီး
လုပ်သော ယောက်ျားတစ်ယောက်အတွက် သဘောထားကြီးကာ ဥာဏ်ပညာ ထက်မြက်သော မိန်းမတစ်ဦး၏ ပံ့ပိုးမှု လိုအပ်သည်မှာ
အမှန်ပင်။ ထိုကဲ့သို့သော အမျိုးသမီးကို ကြင်ယာတော်အဖြစ် ရသော မင်စုထန်မှာ သူ့အိမ်မက်ကြီးနှင့် နီးစပ်နိုင်စေသော ခြေလှမ်း
တစ်လှမ်း လှမ်းမိလိုက်ပီဟုပင် ဆို၍ရနိုင်လေသည်။

#မိုးထိတောင်သိုင်းသမား #ZYN
အခန်း (၂၉) အပိုင်း တစ်
အရှုပ်အထွေးများ

ထန်စုစု၏ အပြုံးလေးက တွမ့်ကျန်းယွမ် ကို ထိန်းချုပ်ထားသလိုပင် တွမ့်ကျန်းယွမ် မှာ ထန်စုစု၏ အမေးကို မဖြေပါ။ ထန်စုစု ကတော့
မဖြေသည်ကို စိတ်မဆိုးပါ ချေ။သူမ စွဲလမ်းနေသူက သူမအလှတွင် နစ်မျော နေသည် မဟုတ်ပါလား။ သူမက လက်ကိုင်ပုဝါလေး
ထုတ်ယူကာ တွမ့်ကျန်းယွမ် ၏ မျက်နှာမှ ရွံများကို သုတ်ပေးလိုက်သည်။ ထိုအချိန်ထိ တွမ့်ကျန်းယွမ် မှာ မလှုပ်မယှက် ထန်စုစုကို
ကြည့်နေတုန်းပင်။ ရွံ့များ ပြောင်သွားသော် သူမက တွမ့်ကျန်းယွမ်၏ ချောမောသော မျက်နှာကို ကျေနပ်သလို ပြုံးပြကာ
မျက်လုံးချင်းဆုံအောင် ကြည့်လိုက်သည်။ ထို့နောက် သူမ လုပ်ဖူးသော အလုပ်တစ်ခုကို ထပ်မံလုပ်ရန် အားထုတ်လိုက်တော့
လေသည်။

ထန်စုစု၏ နှုတ်ခမ်းထူထူအိအိလေးမှာ တွမ့်ကျန်းယွမ်၏ ပါးလျသော နှုတ်ခမ်းနှင့် ထိရန် အနည်းအငယ်အလိုတွင် တွမ့်ကျန်းယွမ် က


စိတ်ထိန်းကာ အနောက်ကို တိမ်းရှောင်လိုက်သည်။ သူက သက်ပြင်းချကာ အနောက်သို့ ခုန်လိုက်ခြင်း ဖြစ်သည်။

သို့သော် ထန်စုစုမှာ မရပ်ပါ။ သူမက တစ်ကိုယ်လုံး ပစ်ဝင်ကာ နမ်းရန်ကြိုးစား လိုက်ခြင်းဖြစ်ရာ တွမ့်ကျန်းယွမ်က အနောက်
ဆုတ်လိုက်သော် ဟန်ချက်ပျက်ကာ ရှေ့ကို ဟပ်ထိုးလဲကျမတတ်ဖြစ်သွားသည်။ သူမက သူမကိုယ်ကို ထိန်း၍ရသော်လဲ မထိန်းပါ။
လဲကျစေရန် ပစ်ထားလိုက်သည်။ သူမသာ လဲကျပါက မျက်နှာလှလှလေးမှာ လမ်းပေါ် မှောက်ရက်လဲကာ အနာတရ ရသွားနိုင် သည်။
တွမ့်ကျန်းယွမ်မှာ လန့်သွားပီး မြန်ဆန်လွန်းသော အရှိန်ဖြင့် သူမ၏ ကိုယ်လုံးလေးကို ပြေးပွေ့လိုက်ရတော့သည်။ ထိုမိန်းကလေးမှာ
တဇွတ်ထိုး ဆန်လှသည်။ သူသာ ပြေးမပွေ့လျှင် အမှန်တကယ် လဲချပစ်မည်သာ။

သူမကိုယ်လုံးလေးကို ပွေ့မိသော် နူးညံ့သော အထိအတွေ့ ကြောင့် တွမ့်ကျန်းယွမ် မှာ ဖိန်း ခနဲ ရှိန်း ခနဲ ဖြစ်သွားလေသည်။ သူက
မျက်နှာ မထားတတ်အောင် နီရဲကာ သူမကို ငုံ့ကြည့်မိသည်။ သူမသည်လဲ သူ့လိုပဲ ခံစားနေရသလား။

သူမက ကတော့ ပြုံးရွှင်ကာ မော့ကြည့်လိုက် သည်။ လက်နှစ်ဖက်က တွမ့်ကျန်းယွမ၏


် ပါးနှစ်ဖက်ကို ဖြတ်ခနဲ ဖမ်းကိုင်လိုက်ပီး ခုနက
သူမ မအောင်မြင်သော အလုပ်ကို ပိုင်နိုင်စွာ အဆုံးသတ်လိုက်သည်။ နှုတ်ခမ်း အစုံ၏ နူးညံ့မှုက နှုတ်ခမ်းမှတစ်ဆင့် ရင်ဘတ်ထဲထိ
တိုးဝင်လာသဖြင့် တွမ့်ကျန်းယွမ်၏ စဉ်းစားနိုင်စွမ်းများက ပျောက်ကွယ်သွားသည်။ သူသိသည်မှာ နူးညံ့သော နှုတ်ခမ်းများ၏
အထိအတွေ့ သာဖြစ်တော့သည်။

အတန်ကြာမှပင် သူမ က ထိကပ်ထားသော နှုတ်ခမ်းအစုံကို ခွာလိုက်သည်။


" ရွှတ်... "
ခွာပီးသား နှုတ်ခမ်းကိုပင် ရွှတ် ဟု အသံထွက်အောင် ပြန်နမ်းလိုက်ပီး နောက် တွမ့်ကျန်းယွမ် ၏ နှလုံးသား ရှိရာ ဝဲဘက်ရင်အုံကို
မျက်နှာလေးအပ်ကာ နားထောင်ကြည့်လိုက်သည်။
တ ဒိတ်ဒိတ် နှင့် စည်တီးသလို အသံကျယ်ကြီးမှာ သူမနားထဲ ချိုမြိန်စွာ ဝင်လာတော့သည်။ သူမက လက်နှစ်ဖက်ဖြင့် တင်းကြပ်စွာ
တွမ့်ကျန်းယွမ် ကို ပြန်ဖက်ထားလိုက်တော့သည်။

တွမ့်ကျန်းယွမ် မှာတော့ အဖြစ်အပျက်များက အိမ်မက်လိုပင် မယုံနိုင်စရာ။ သူက ယောင်ယမ်းပီး သူမ၏ကိုယ်လုံး နွေးနွေးလေးကို


ဖက်ထားမိတော့သည်။ သူမ၏ ရနံ့လေးက မွှေးပျံ့ကာ သူ့နှာခေါင်းသို့ ရစ်ဝဲလာသည်။ သူက ထိရ
ု နံ့လေးကို ရှုသွင်းလိုက်ပီးနောက်
သက်ပြင်းရှည်ကြီး ချလိုက်သည်။ ထို့နောက် သူမကို ဖက်ထားသော လက်များကို ဖယ်လိုက်ပီး သူမမျက်နှာ ဖူးဖူးလေးကို ဆွဲမော့လိုက်
သည်။ မျက်လုံးချင်းဆုံအောင် ကြည့်ပီး
" မထင်မှတ်ပဲ ငါ့လို အကြောမာတဲ့ကောင်လဲ မင်းရဲ့ အလှအပမှာ နစ်မျောသွားရတယ်လို့ကွယ် ငါတော့ ဒုက္ခပဲ "
ဟု ပြောလိုက်လေသည်။

ထန်စုစု မှာ ထိုစကားကို ကြားသော် သွားလေးများ အကုန်ပေါ်အောင် ပြုံးလိုက်ပီး တွမ့်ကျန်းယွမ်ကို ရီဝေဝေလေး စိုက်ကြည့်ကာ
" ဘာတွေစိုးရိမ်နေတာလဲ ရှင်ရယ်... "
ဟု ပြောလိုက်သည်။

" ကဲ စုစု ဖယ်တော့... ငါ မင်းအကိုကို သွားဆုံးမရဦးမယ် သူက ဟိုမိန်းကလေးကို ဖျက်ဆီးချင်နေတာ "


တွမ့်ကျန်းယွမ် မှာ သူမကို ကြည့်နေရင်းမှ ကြာရင် သူစိတ်မထိန်းနိုင်တော့ပီ ကို သိကာ သူမကို ဆွဲဖယ်လိုက်ပီး မြင်းလှည်းပေါ်
ပြန်တက်လိုက်သည်။

ထန်စုစု မှာ ထိုစကားကြောင့် မျက်နှာလေး မဲ့သွားပီး နှုတ်ခမ်းလေးဆူကာ


" တွမ့်လန်... ဒါရှင်နဲ့ ဘာဆိုင်လို့လဲ
အဲ့ကောင်မက ရှင့်ချစ်သူလား ဒါဆို ကျမကိုယ်တိုင် ရအောင်ဖမ်းပီး အကိုလတ်ဆီ ပို့ပေးလိုက်မယ် "
ဟု ပြောလိုက်သည်။

တွမ့်ကျန်းယွမ် မှာ သူမနားတွင် ဆက်မနေလို တော့ပါ။ သူက ဘာမှပြန်မပြောပဲ မြင်းလှည်း ကိုမောင်းထွက်လိုက်သည်။ ထန်စုစု မှာ
တောက်တစ်ချက်ခေါက်ကာ မြင်းပေါ်တက်ပီး လိုက်သွားတော့သည်။ သူမက တွမ့်ကျန်းယွမ် ကို လက်လွှတ်မခံနိုင်ပါ။ သူတို့က
ရှေ့ဆင့်နောက်ဆင့် ဒုန်းစိုင်း စီးနေကြသည်။ တွမ့်ကျန်းယွမ်၏ မြင်းကြီးမှာ သန်မာသဖြင့် လှည်းပါသော်လဲ ရှေ့မှပြေးနေသည်။
ထန်စုစုက မနည်းပင်မီအောင် လိုက်နေရသည်။ သို့သော်လဲ တစ်ဖြည်းဖြည်း ဝေးကွာလာကာ ထန်စုစု မှ
အနောက်တွင်ကျန်ခဲ့တော့သည်။

တွမ့်ကျန်းယွမ် က အခုမှပင် အသက်ရှူချောင် သွားသလို သက်ပြင်းချမိ လေသည်။ သူက နှုတ်ခမ်းကို သပ်မိပီးမှ မလုံမလဲ ဖြစ်သလို
ခံစားမိသွားသည်။ ထို့ကြောင့် အရှက်ပြေ ရယ်လိုက်မိသည်။ သူ့စိတ်များကို သူလုပ်စရာရှိသော ကိစ္စအပေါ်သို့ အာရုံပြောင်းလိုက်သည်။
သူ့အနေဖြင့် ထန်ဖု ရော ကျိုးကျစ်ယွင် တို့ကိုပါ မှီမှဖြစ်မည်။ မဟုတ်လျှင် ထန်ဖု လက်တွင် ကျိုးကျစ်ယွင် ဘဝလေး
ပျက်ဆီးသွားနိုင်သည်။ သူက မိုးချုပ်သည် အထိ ဒုန်းစိုင်းစီးလိုက်သည်။

ညရောက်လေပီ။ အလင်းရောင်များက ချုပ်ငြိမ်းကာ အမှောင်ထက


ု ကြီးစိုးလာသည်။ တွမ့်ကျန်းယွမ် က ညအိပ်ရန်နေရာ ရှာရင်း
မြင်းလှည်းဘောင်တင
ွ် မီးအိမ်လေး ချိတ်ထားလိုက်သည်။ သူက ခပ်ဖြေးဖြေး မောင်းကာ နေရာရှာလိုက်သည်။
ထိုစဉ် အရှေ့ဘက်မှ ဓားသံများ တိုက်ခိုက်သံများ ကြားလိုက်ရသည်။
" ထန်... ထန် "

" ဟားဟား အိုကြီးအိုမတွေ မသေချင်ရင် ဘေးဖယ်နေကြ "

" ဟေ့ကောင် လေကျယ်မနေနဲ့ မင်းသာ အဆိပ်မသုံးရင် ငါတို့ကို နိုင်မလားကွ "

" အဆိပ်ဆိုတာလဲ ပညာပဲဗျ... သိုင်းပညာတော်ရုံနဲ့ ဘာလုပ်မှာလဲ လူတော်ဆိုတာ ဘက်စုံတော်ရတယ်ဗျ "

" ဝှစ် ဝှစ်... "

" ဟဲဟဲ အချစ်ကလေး ဘေးဖယ်နေစမ်း မင်းလေးရဲ့ လှပတဲ့ ခန္ဓာကိုယ်မှာ ဒဏ်ရာ မဖြစ်စေချင်ဘူး "

တွမ့်ကျန်းယွမ်မှာ ထိုအသံများကြောင့် ထန်ဖုနှင့် ကျိုးကျစ်ယွင် တို့ တိုက်ခိုက်နေကြ ကြောင်းသိလိုက်ရသည်။ သူက မြင်းလှည်းကို


နေရာတွင်ရပ်ထားခဲ့ကာ ကိုယ်ဖော့ပညာ သုံး၍ အလျင်အမြန် ရှေ့တိုးလိုက်သည်။

မြင်ကွင်းမှာ မလှပပါ လူတစ်ယောက်ကို သုံးယောက်က ဝိုင်းတိုက်နေသည်။ ပုံမှန် ဆိုလျှင် အတိုက်ခံရသူမှာ အခြေအနေဆိုး နေမည်
ဖြစ်သော်လဲ ယခုမူ ဇောက်ထိုး ဖြစ်နေသည်။ သုံးယောက်မှာ အသဲအသန် ခုခံနေရသည်။ တစ်ယောက်တည်း ဖြစ်နေသူက
စိတ်အေးလက်အေး ပင် အချိန်ဆွဲတိုက်နေသည်။ သူက ပိုင်ကွက် ရှိနေသည်လေ။ အဘိုးကြီးနှစ်ယောက်မှာ သိုင်းပညာအရ သူနှင့်
လက်ရည်ညီသော်လဲ သူသုံးလိုက်သော အဆိပ်ကြောင့် အတွင်းအား အပြည့်မထုတ်နိုင်ကြချေ။ ထို့ကြောင့် သူက
သုံးယောက်တစ်ယောက် အထက်စီးက တိုက်နေခြင်းဖြစ်သည်။ သို့သော်လဲ သူပွဲမသိမ်းနိုင်ပါ အဘိုးကြီးများ က ဓားရေးကောင်းသလို
မိန်းကလေးကလဲ သိုင်းပညာကောင်းနေသည်။ သူက အချိန်ဆွဲကာ အဘိုးကြီးနှစ်ယောက် အဆိပ် တက်မည့် အချိန်ကို
စောင့်နေခြင်းပင်။

တွမ့်ကျန်းယွမ် က မှောင်ရိပ်ခိုကာ အသာအယာကြည့် နေလိုက်သည်။ သူက အဘိုးကြီးများ၏ ဓားသိင


ုး နှင့် ကျိုးကျစ်ယွင်
ကစားနေသော ဓားသိုင်းကို စိတ်ဝင်စား နေသည်။ သို့သော်လဲ အဘိုးကြီး နှစ်ယောက်မှာ အခြေအနေမဟန်ပါ။ တဖြည်းဖြည်း
လေးလံနှေးကွေး လာသည်။ ထန်ဖု က အခွင့်အရေးရပီဟု တွေးကာ ပြုံးလိုက်မိတော့သည်။ သူက လက်ကိုမြှောက်ကာ ပွဲသိမ်း
ရိုက်ချက် ရိုက်ထုတ်လိုက်သည်။ ထန်မျိုးနွယ်၏ အဆိပ်လက်ဝါး ကို အသုံးပြုလိုက်ခြင်း ဖြစ်သည်။ အစိမ်းရောင်သမ်းနေသော
လက်ဝါးအစုံက အဘိုးကြီး နှစ်ဦး ရင်ဝဆီသို့ တပြိုက်နက် တိုးဝင်သွားသည်။

ထိုစဉ် တွမ့်ကျန်းယွမ် က အနောက်ကနေ အလစ်ဝင်ကာ ထန်ဖု၏ မေ့ကြောကို ထိုးလိုက်တော့သည်။


" ဝှစ် "
မြန်ဆန်တိကျ သော ခြေလှမ်းကြောင့် သေသပ်သော အကြောထိုးကွက်က အောင်မြင်သွားသည်။ ထန်ဖုမှာ ဘယ်ဖြစ်သွားမှန်းပင်
မသိလိုက်ရ။ မေ့မြော သွားသည်။ တွမ့်ကျန်းယွမ် ၏ ကိုယ်ဖော့ပညာ မှာ ပြိုင်စံရှားနေရာ အသံစိုးစဉ်းမျှ မထွက်ချေ။ အကယ်၍ အသံ
ထွက်လျှင်လဲ ယခုလို မြန်ဆန်လွန်းသော အလစ်အငိုက် တိုက်ခိုကမ
ှ်ုကို ထန်ဖု မရှောင်နိုင်ပါ။ ပညာချင်း ကွာခြားနေသည်။

အဘိုးကြီး နှစေ
် ယာက် နှင့် ကျိုးကျစ်ယွင် မှာ ကြောင်ကြည့်နေသော် တွမ့်ကျန်းယွမ် က ရယ်ပြလိုက်သည်။ ထိုအခါမှ သူတို့မှာ
တွမ့်ကျန်းယွမ် ကို မှတ်မိသွားသည်။ လယ်သမားကြီး အဖြစ် ရုပ်ဖျက် ထားသည်များမှာ ထန်စုစု ဖျက်တာ ခံလိုက်ရသည်လေ။

" မင်းသားလေးတွမ့်... အခုလိုကူညီပေးတာ ကျေးဇူးတင်ပါတယ် "


ကျိုးကျစ်ယွင် က ပြောလိက
ုခြင်း ဖြစ်သည်။ အဘိုးကြီး နှစ်ယောက်ကတော့ စကားမပြောနိုင်ပဲ အဆိပ်တက်နေလေပီ။ ထို့ကြောင့်
တွမ့်ကျန်းယွမ်က ထန်ဖု၏ ကိုယ်ထဲသို့ သတိထားကာ လှန်လှောရှာဖွေ လိုက်သည်။ ဖြေဆေးကို သေချာပေါက် ဆောင်ထားပေမည်။
ပုလင်းလေး လေးငါးလုံး တွေ့သော် ဖွင့်ကြည့်မိသည်။ သူက နှာခေါင်းတွင် တေ့ကာ အကုန်လုံးကို ရှူကြည့်လိုက်သည်။ မူးနောက်လိုက်
ကြည်လင်လိုက် ဖြစ်သွားလေသည်။

သူက ပုလင်း နှစ်လုံးကို ထုတ်ပေးကာ


" ဒီနှစ်လုံး ထဲက တစ်ခုခုပဲ ရှူကြည့်ကြပါဦး"
ဟု ပြောလိုက်သည်။

ကျိုးကျစ်ယွင် က လှမ်းယူလိုက်ကာ အဘိုးကြီး နှစ်ယောက်ကို ရှူစေသည်။ အတန်ကြာသော် နှစ်ယောက်လုံး အဆိပ်


ပြေသွားပုံရသည်။ သူတို့က ထိုင်ချကာ ကိုယ်တွင်းမှ အဆိပ်လက်ကျန် အညစ် အကြေးများကို အတွင်းအားကျင့်ကာ
ညှစ်ထုတ်နေကြသည်။

တွမ့်ကျန်းယွမ် ကတော့ ခပ်အေးအေးပင် အနောက်ပြန်လှည့်ကာ သူ့လည


ှ်းကို သွားမောင်းလာခဲ့သည်။ သူက ကျိုးကျစ်ယွင်
ကိုကြည့်ကာ
" ကဲ... ညီမလေးကျိုးနဲ့ အဘတို့ ဒီတဏှာရူးကို ကျနော်သယ်ခ့မ
ဲ ယ် ရှေ့ဆက်ကြစို့ ... အနောက်လိုက်လာတဲ့ တစ်ယောက်ကို ကျနော်
ရင်မဆိုင်ချင်ဘူး "
ဟု ပြောလိုက်သည်။

ကျိုးကျစ်ယွင် က ခေါင်းငြိမက
့်ာ မြင်းပေါ် တက်လိုက်သော်လဲ အဘိုးကြီးများမှာ တွမ့်ကျန်းယွမ် က ထန်ဖုကို မြင်းလှည်းပေါ်
တင်ပီးသည်အထိ ထ မလာကြချေ။ အဘိုးကြီးများမှာ ရှုံ့မဲ့ကာ ဆက်ထိုင်နေကြ သည်။ ကြည့်ရသည်မှာ အတွင်းအားဖြင့် ညှစ်ထုတ်မှု
အဆင်ပြေပုံ မရဖြစ်နေသည်။

တွမ့်ကျန်းယွမ် က သက်ပြင်းချ ကာ အဘိုးကြီး နှစ်ယောက်လုံး၏ လည်ဂုတ်ရှိ သွေးကြောမကြီးကို လက်ညှိုး နှစ်ချောင်း သုံးကာ


ထောက်လိုက်သည်။ သူ၏ အကြောထိုးသိုင်းမှာ ထက်မြက်သဖြင့် ထောက်ပီး သွေးကြောနှိပ်နယ်ပေး လိုက်ရာ အဘိုးကြီးနှစ်ယောက်၏
သွေးကြောများမှာ လည်ပတ်မှု အားကောင်းသွားသည်။ ထို့ကြောင့် သူတို့က ညှစ်ထုတ၍
် ရသွားသည်။ အဘိုး ကြီးများက ထရပ်လိုက်ပီး
သူ့ကို ကျေးဇူးတင်စကား ပြောရန် ပြင်လိုက်ကြသည်။

သူက လက်ကာပြကာ
" မလိုပါဘူး အဘတို့ ခပ်မြန်မြန် သွားကြရအောင်ပါ ကျနော် အလျင်လိုနေတယ် "
ဟု ပြောလိုက်လေသည်။

ထို့နောက် အဘိုးကြီး နှစ်ယောက်၊ မိန်းမလှလေး တစ်ယောက်နှင့် မြင်းလှည်းမောင်းသော လယ်သမား တစ်ယောက်တို့မှာ ထိုနေရာမှ


ခပ်သွက်သွက် ထွက်သွားကြတော့သည်။

နှစ်နာရီခန့် ကြာသော် ထိုနေရာသို့ ပြေးရလွန်း၍ မောပန်းနေသော မြင်းတစ်ကောင် နှင့် အဖြူရောင် မိန်းကလေး တစ်ယောက်
ရောက်လာလေသည်။ သူမက မြင်းကြောင့် ထိုနေရာတွင်ရပ်လိုကရ
် သည်။ သို့သော် ထိုနေရာရှိ အနေအထားကို ကြည့်မိကာ
ဒေါသထွက်သွားသည်။ ထိုနေရာတွင် မြင်းလှည်းရာများ ရှုပ်ထွေးနေသော ခြေရာများ က တိုက်ပွဲ တစ်ခု သို့မဟုတ် လူတစ်စု
ဝိုင်းဖွဲ့သွားကြပုံ ရနေသည်။ သူမက တောက် တစ်ချက် ခေါက်မိသည်။

" တောက်... ဟိုကောင်မကို တွေ့သွားသေး တာကိုး.... ငါဒီလောက်လိုက်နေတာ မမှီဘူး ဒါ ... ဒီမြင်းစုတ်ကြောင့်ပ.ဲ ..


တွမ့်လန်... တွမ့်လန်..... ရှင် ဘယ်လောက်ပြေးပြေး ထန်စုစု ဆိုတဲ့ ကျမ လက်ကလွတ်မှာ မဟုတ်ပါဘူး... "
ဟု ကြိမ်းဝါးလိုက်သည်။

သူမက သစ်ပင်တစ်ပင် အောက်သို့ မြင်းကို ဆွဲခေါ်ကာ ပင်စည်တွင် ချည်ထားလိုက် သည်။ ထို့နောက် သစ်ကိုင်းခြောက်များ စုကာ
မီးမွှေးပီး ဖိုထားလိုက်တော့သည်။ သူမ က ဒီည ဒီနေရာတွင် အိပ်ရပေတော့မည်။ မြင်းကုန်းနှီး လုပ်ထားသည့် စောင်နှစ်ထည် ကို
ဖြန့်ခင်းပီး ပင်စည်ကို မှီကာ ထိုင်လိုက် တော့သည်။ သူမ အိပ်မပျော်ခင် ရေရွတ် မိသည်က
" အကိုလတ်လဲ ဘယ်ရောက်နေလဲ မသိ "
ဟူ၍သာ ဖြစ်တော့သည်။

#မိုးထိတောင်သိုင်းသမား #ZYN
အခန်း (၂၉) အပိုင်း နှစ်
အရှုပ်အထွေးများ

လို့ရန်မြို့ ...
နှစ်ရက်ကျော် သုံးရက်နီးပါး ဒုန်းစိုင်းလာသော မြင်းသုံးကောင် နှင့် မြင်းလှည်း တစ်စီးမှာ လို့ရန်မြို့ ထဲသို့ ရောက်ရှိလာကြသည်။ ထိုလူစု
က ဂိုဏ်းချုပ်ကြီး နှစ်ယောက်နှင့် တွမ့်ကျန်းယွမ် ကျိုးကျစ်ယွင် တို့ နှစ်ယောက် ဖြစ်သည်။ တွမ့်ကျန်းယွမ် ၏ သတင်းပေးမှု ကြောင့်
ခိုင်ဖုန်းမှာ လုံခြုံကြောင်း ပိုင်လုံ မှာ ကျောက်ယွင်ကျဲ နှင့် တိုက်ခိုက်နေကြောင်း သူတို့ သိသွားကြသည်။ ဝါဆန်းဂိဏ
ုးချုပ် ပိုငခ
်ျုန်းသာ
သူ့သား အဖြစ်ကို တွေးမိပီး ငိုင်တွေနေသည်။ သူ့သားမှာ အကြောပြတ် သွားကြောင်း သိရသည်။ သို့သော် တွမ့်ကျန်းယွမ် က
မည်သူနှင့်တိုက်သည်မသိ ဆိုသောကြောင့် လက်သည်ကို မသိရပါ။ သို့သော်လဲ သူကမူ ထိုသူကို ကျေးဇူးတင် မိသည်။ သတ်တော့
သတ်မသွားခဲ့သည် မဟုတ်ပါလား။ သူ့လက်ထဲတွင်တော့ လက်စွဲတော် သစ္စာဓား ပြန်ရောက်နေလေပီ။
ထိုကဲ့သို့ ဓားကောင်းတစ်လက်ကို ပြန်ရသည် ကပင်တော်သေးဟု ဆိုရမည်။

ထိုလူစု က မြို့ ဝင်ဂိတ်ဝ မှနေ၍ မြို့ တော် ဧည့်ဂေဟာထဲ တန်းပီး မောင်းဝင်သွားကြ သည်။ ဧည့်ဂေဟာ ထဲမှ စိတ်ပူပန်နေပုံ ရသော
အမျိုးသမီးရသေ့တစ်ပါး က စိတ်ကို ထိန်းကာ ခပ်မှန်မှန်ထွက်လာသည်။ သူက ကျိုးကျစ်ယွင်ကို ကြည့်ကာ သက်ပြင်းချလိုက် သည်။
ဂိုဏ်းချုပ်ကြီး နှစ်ယောက်ကလဲ မြင်းပေါ်က အသာအယာဆင်းကာ မြင်းလှည်းကို ကြည့်လိုက်ကြသည်။ သူတို့က လက်ပြလိုက်ရာ
သိုင်းသမား ငါးယောက် ရောက်လာသည်။

" လာကြစမ်း... ဒီအကျဉ်းသားကို မြေအောက်ခန်းထဲ ထည့်ထားလိုက်ကြ နောက်နှစ်နာရီဆို သူနှိုးလာတော့မယ် သူ့နားကို ဘယ်သူမှ


မကပ်နဲ့ သူက အဆိပ်ကောင်.... ကြားလား "
စိတ်မြန်လက်မြန် ရှေ
ိ သာ ပိုင်ချုန်း က ပြောလိုက်ခြင်းပင်။

သိုင်းသမားများမှာ တွမက
့်ျန်းယွမ် လက်မှ ကုန်သည်ကြီးပုံစံ နှင့် မေ့မျောနေသောသူ ကို ဝိုင်းထမ်းကာ ထွက်သွားကြသည်။
အော့မေ့ဂိုဏ်းချုပ် ကျိုးမော့က ကျိုးကျစ်ယွင် လက်ကို ကိုင်ပီး ရသေ့ကြီး ကျန်းယွမ် ကို
" ရသေ့ကြီးတို့က ဘယ်လိုလုပ် လူလေးတွမ့် နဲ့တွေ့ကြတာလဲ... ဒီအဆိပ်ကောင်ကိုရော ဘယ်လိုလုပ် ဖမ်းမိလာကြတာလဲ "
ဟု မေးလိုက်သည်။

ရသေ့ကြီးက ခေါင်းခါပြကာ
" ကျုပ်တို့ အစွမ်းကြောင့် မဟုတ်ပေါင်ဗျာ...
ကဲပါ... အထဲရောက်မှ ဆက်ပြောကြတာပေါ့"
ဟု ဖြေလိုက်သည်။

သူတို့အားလုံး အထဲဝင်ကာ နေရာတကျ ထိုင်နေကြပီးသော် ရသေ့ကြီးက ဖြစ်ကြောင်း ကုန်စင် ပြောပြလိုက်သည်။ ကျိုးမော့ မှာတော့
အံ့အားသင့်နေသည်။ သူက
" လူလေးတွမ.့် .. ငါမယုံကြည်လို့တော့ မဟုတ်ပါဘူး ဒါပေမဲ.့ .. မင်းက သူ့ကို တစ်ကွက်ထဲသုံးပီး အနိုင်ယူနိုင်တာ အမှန်ပဲလား "
ဟု မေးလိုက်သည်။

တွမ့်ကျန်းယွမ် က ပြုံးလိုက်ကာ
" မှန်ကန်တဲ့ နည်းလမ်းနဲ့ အနိုင်ယူခဲ့တာ မဟုတ်ဘူး ဂိုဏ်းချုပ်ကြီး ခင်ဗျ... ကျနော်က အလစ်ဝင်ပီး တိုက်လိုက်တာ... အဲ့တုန်းက
အဆိပ်ကောင်က ဂိုဏ်းချုပ်ကြီးနှစ်ယောက် ကိုမဲနေတုန်း အလစ်ဝင်တိုက်လိုက်တာ...
ကျနော်က သူ့ကိုပေရှည်ပီး မတိုက်ချင်ဘူး သူက သိပ်ဥာဏ်များတယ်မဟုတ်လား "
ဟု ဖြေလိုက်သည်။

ပိုင်ချုန်း က မုတ်ဆိတ်ကို ပွတ်ပီး စဉ်းစားနေရင်းက


"အဲ့တုန်းက မင်းသုံးလိုက်တဲ့ ခြေလှမ်းကွက် နဲ့ အကြောထိုးပုံက အရမ်းကိုသေသပ်တိကျ ပီး မြန်ဆန်လွန်းတယ် အဆိပ်ကောင် က
အလစ်အငိုက်မမိလဲ ငါးကွက်ထက် ပိုပီး ခံနိုင်မှာ မဟုတ်ပါဘူး ငါတို့လဲ မခုခံနိုင်ဘူး အဲ့ဒါ ဘာသိုင်းတွေလဲ ငါတစ်ခါမှ မမြင်ဖူး
မကြားဖူးတဲ့ လှုပ်ရှားမှုတွေပဲ "
ဟု ပြောလိုက်သည်။

ရသေ့ကြီး ကျန်းယွမ်ကလဲ စဉ်းစားကာ


" အကြောထိုးပုံ က ရိရန်ကျီ လဲ မဟုတ်ဘူး ခြေလှမ်းကွက်ကဆို မြင်တောင် မမြင်ဖူးဘူး ငါ့မှာ ဒီလောက်ပြောင်မြောက်တဲ့ သိုင်းကွက်
ရှိသေးရဲ့လားလို့ ရေရွတ်မိသေးတယ် "
ဟု ဝင်ပြောလိုက်သည်။

တွမ့်ကျန်းယွမ် က ပြုံးလိုက်ပီး
" ရိရန်ကျီ ( နေမင်းရောင်ခြည် လက်ညှိုးသိုင်း) ဟုတ်ပါတယ် ဒါပေမဲ့ ပိုပီးရှေးကျတဲ့ အမျိုးအစားပါ...
သဏ္ဌန်မဲ့နတ်ဓားသိုင်း လို့တော့ အရင်က ခေါ်ကြတယ်ပြောတယ် ... ကျနော် အိမ်တစ်ခေါက်အပြန်မှာ ကျင့်ခဲ့တာပါ...
ခြေလှမ်းကွက် ကတော့ တခြားက သိုင်းပညာပါ ရှောင်းယောင်ဂိုဏ်းဆိုတဲ့ ရှေးဟောင်းဂိုဏ်းတစ်ခုက ခြေလှမ်းကွက်ပါ
ဆန်းကြယ်ခြေလှမ်း လို့ခေါ်ပါတယ် "
ဟု ဖြေလိုက်သည်။

ကျိုးမော့က ဝင်ကာ
" တစ်ခုချင်းစီကို သိပ်အစွမ်းထက်မဲ့ သိုင်းပညာတွေပဲ လူလေးတွမ့်က ပေါင်းစပ် သုံးစွဲနိုင်တော့ အရမ်းကိုအစွမ်းထက် သွားတာပေါ့....
လေးစားပါတယ်ကွယ်
လူလေးက တကယ့်ကို သိုင်းဧကရာဇ် ဖြစ်ထိုက်တဲ့သူပဲ "
ဟု ချီးကျူးလိုက်သည်။
ထိုစကားများကို စိတ်မဝင်စားပဲ တစ်စုံတစ်ရာ ကိုသာ တွေးတောနေသူ ရှိသည်။ သူမက ကျိုးကျစ်ယွင်။ တွမ့်ကျန်းယွမ် က သူမတို့ကို
ကယ်ပီးပီးခြင်း ဇွတ်အတင်း လို့ရန်အထိ ခေါ်လာသည်မှာ အဘယ်ကြောင့်နည်း။ အနောက်က လိုက်လာသူကို ရင်မဆိုင်လို၍ ဟု
ပြောထွက်ခဲ့သေးသည်။ အနောက်က လိုက်လာသူ ကမည်သူနည်း။ အကြောင်းအရာများကို ဆက်စပ်စဉ်းစား ကြည့်မိတော့
အဖြူရောင်မိန်းကလေးသာ ဖြစ်ရမည်။ သူမက မည်သူနည်း။ ရသေ့ကြီး မှာ ဆိုင်ထဲတွင် ဖုန်းရွှေတွက်စဉ်က ဘေးရှိ လူသုးံ ယောက်ကို
ထန်မောင်နှမ သုံးယောက် ဟု တွက်မိခဲ့သည်။ တကယ်တမ်းတော့ ကုန်သည်ကြီးသာ ထန်ဖု ဖြစ်နေပီး လယ်သမားကြီးမှာ ထန်ဝူ
မဟုတ်ပါ။ တွမ့်ကျန်းယွမ် ဖြစ်နေသည်။ ထိုသို့ဆိုလျှင် အဖြူရောင်မိန်းကလေးမှာ ထန်စုစု ဖြစ်နိုငပ
်ါ့မလား။ ထန်စုစု ဆိုလျှင်
ထန်ဖုနှင့်အတူ ပါလာရပေမည်။ သို့သော် ပါမလာချေ။ သူမက မည်သူနည်း။ အဘယ့်ကြောင့် တွမ့်ကျန်းဝမ် က ကြောက်လန့်ပီး
ထွက်ပြေးနေရသနည်း။ တွမ့်ကျန်းယွမ် ၏ လက်ရှိသိုင်းပညာမှာ ပြိုင်စံရှားသည် ထွက်ပြေးလောက်စရာ အကြောင်းမရှိချေ။
ကျိုးကျစ်ယွင် မှာ စဉ်းစားရင်း ခေါင်းခြောက်လာသည်။

နှုတ်ဆိတ်၍မနေနိုင်တော့သော ကျိုးကျစ်ယွင် က မျက်မှောင်ကြုတ် ကာ


" အကိုတွမ့်ကို မေးစရာလေးရှိတယ်...
ဖြေပေးနိုင်မလား "
ဟု မေးလိုက်သည်။

တွမ့်ကျန်းယွမ် မှာ ကျိုးကျစ်ယွင် မျက်နှာကို ကြည့်ပီး သူမ ဘာကိုမေးချင်မှန်း သဘောပေါက်မိသည်။ သူဖြေရခက်မှာ လဲ


သိလိုက်ရသည်။ သို့သော်မဖြေ၍မရ။ သူက ခေါင်းကို လေးပင်စွာ ငြိမ့်ပြလိုက်ပီး
" မေးလေ ညီမလေး... "
ဟု ပြောလိုက်သည်။

" ဒီလိုပါ အကိုတွမ့်က ပြောခဲ့တယ်လေ အနောက်က လိုက်လာတဲ့သူကို ရင်မဆိုင်ချင် ဘူး အလျင်လိုနေတယ် ဆိုပီး... အနောက်က
လိုက်လာတဲ့သူက ဘယ်သူလဲဟင် "

တွမ့်ကျန်းယွမ် လဲ ရှောင်မရသည်မို့ မရှောင်တော့ပါ။


" ညီမလေးလဲ သိပါတယ် ဆိုင်ထဲမှာ ရှိတဲ့ အဖြူရောင်ဝတ် မိန်းကလေးပဲ ... သူလိုက်လာတာ အကိုက သူနဲ့မတွေ့ချင်ဘူး"
ဟု ဖြေလိုက်သည်။

ကျိုးကျစ်ယွင် က ခေါင်းငြိမ့်ကာ
" ဒါဆို သူက ဘယ်သူလဲ ... သိုင်းပညာ ဘယ်လောက်ကောင်းလို့ အကိုက ရှောင်နေရတာလဲ ဟင် "
ဟု ထပ်မံမေးလိုက်သည်။

တွမ့်ကျန်းယွမ် က မဖြေချင်သော်လဲ ဖြေရန် ပါးစပ်ဟ လိုက်စဉ် ခြံဝန်းထဲမှ အော်ဟစ်သံများ ကြားလိုက်ရသည်။ အခန်းထဲ သို့
သိုင်းသမားတစ်ဦး ဝင်လာပီး
" ဂိုဏ်းချုပ်ကြီးတို့ လူနှစ်ယောက်လာတိုက် နေပါတယ် အခု သူတို့ကို ကျန်းစန်းယွမ် ဦးဆောင်ပီး ခုခံနေကြပါတယ် "
ဟု သတင်းလာပေးလေသည်။

တွမ့်ကျန်းယွမ် က မဖြေတော့ပဲ ခေါင်းယမ်းကာ


" လာသင့်တဲ့သူတွေတော့ လာကုန်ပီ "
ဟု ရေရွတ်လိုက်သည်။

ဂိုဏ်းချုပ်ကြီး သုံးယောက် မှာ ပြေးထွက်သွား ကြတော့သည်။ ကျိုးကျစ်ယွင် ကတော့ တွမ့က


်ျန်းယွမ် ကို ကြည့်ကာ
" အကိုတွမ့်ကော မလိုက်ဘူးလား "
ဟု မေးလိုက်သည်။

တွမ့်ကျန်းယွမ် က ခေါင်းခါပြပီး
" နှစ်ယောက်တည်း လာတာဆိုရင် အကိုလိုက်စရာ မလိုတော့လောက်ဘူး ပီးတော့ ညီမမေးတဲ့တစ်ယောက်လဲ ပါလိမ့်မယ် အကိုသူ့ကို
မတွေ့ချင်ဘူး "
ဟု ပြောကာ ထိုင်ရာက မထပဲ လက်ဖက်ရည် ကိုသာ ယူသောက်လိုက်သည်။

ကျိုးကျစ်ယွင် က ခေါင်းငြိမ့်ပြကာ အခန်းပြင် သို့ထွက်သွားသည်။ မထွက်ခင် သူမ မြင်လိုက်ရသည်က လက်ဖက်ရည်ခွက် ကို


ကိုင်ထားသော တွမ့်ကျန်းယွမ် ၏လက်မှာ တစ်ချက်တုန်သွားခြင်းပင်။ တွမ့်ကျန်းယွမ် မှာ စိတ်လှုပ်ရှားနေပုံရသည်။ ဘာကြောင့်
ဖြစ်ရသနည်း။ သို့သော် သူမက သိလိုစိတ် ကြောင့် အပြင်ကို ထွက်သွားသည်။
ခြံဝန်းရှေ့တွင်တော့ လက်တစ်ဖက်တည်း သာ ရှိသော ကျန်းစန်းယွမ် က ခုနှစ်စင်ကြယ် ဓားသမား ခုနှစ်ယောက်ကို ဦးဆောင်က
လူတစ်ယောက်ကို တိုက်ခိုက်နေသည်။ ထိုလူက အေးအေးလူလူ ပင် ခုခံနေသည်။ သူက တစ်ခုခုကို စောင့်နေပုံရသည်။ ထိုလူပုံစံက
မိန်းမ မကျ ယောက်ျားမကျ သို့သော် သိုင်းပညာကတော့ အတော်ကို ကောင်းပုံရသည်။ ထိုသူ့ဘေးတွင်တော့ အဖြူရောင်
ဝတ်ဆင်ထားသူ မိန်းကလေး တစ်ယောက်က ဒေါသထွက်နေသော ပုံစံဖြင့် ခါးထောက်ကာ ရပ်နေသည်။ သူမက
ဒေါသထွက်နေသော်လဲ အလှအပက မလျော့ပါ။ နတ်သမီးလေးတစ်ပါး စိတ်ကောက်နေသည်နှင့်ပင် တူသည်။ ကြည့်နေသူများမှာ
ရန်သူဖြစ်နေသည့်တိုင် သူမအလှတွင် နစ်မျောနေကြသည်။ ကျိုးကျစ်ယွင် ရောက်လာမှသာ လနှစ်စင်း အပြိုင်သာသလို ဖြစ်ပီး
သတိဝင်သွားကြ လေသည်။

ဂိုဏ်းချုပ်ကြီး သုံးယောက် က ထိုသူကို ကြည့်ကာ ဓားများကိုယ်စီ ဆွဲထုတ် လိုက်ကြသည်။ ထို့နောက် တစ်ပြိုက်နက်ပင် ဝင်ကာ
တိုက်ခိုက်ကြသည်။ သူတို့ ဝင်တိုက်လိုက်သော် ကျန်းစန်းယွမ် နှင့် ခုနှစ်စင်ကြယ် ဓားသမားများက ဖယ်ပေး လိုက်ကြသည်။
အတိုက်ခံရသူက ကပြာကယာပင် သူ၏ အစွမ်းထက်သော ခြေလှမ်းသိုင်းကို သုံးကာ ရှောင်တိမ်း နေသည်။

ရသေ့ကြီး ကျန်းယွမ် က ခေါင်းငြိမ့်ကာ


" ထန်ဆယ့်နှစ်မျိုးခြေလှမ်းပါလား
ထင်တဲ့အတိုင်းပဲ မင်းက ထန်ဝူ ဖြစ်နေတာကိုး "
ဟု ရေရွတ်လိုက်သည်။

ထန်ဝူမှာ စကားပြန်မပြောနိုင်ပါ။ သေချာ အာရုံစိုက်ကာ ခုခံနေရသည်။ ဂိုဏ်းချုပ်ကြီး သုံးယောက်၏ ပူးပေါင်းတိုက်ခိုက်မှုမှာ


အစွမ်းထက်လွန်းသည်။ သူက စိတ်ညစ်ကာ
" ဟဲ့ စုစု... ငါ့ကို လာကူစမ်း "
ဟု အော်လိုက်သည်။

ကျိုးကျစ်ယွင် ကို စူးစူးဝါးဝါး ကြည့်နေသော အဖြူရောင်မိန်းကလေးမှာ ထိုအသံကြောင့် ရိပ် ခနဲ ခုန်ဝင်ပီး တိုက်ခိုက်လိုက်သည်။ သူမ၏
ခြေလှမ်းကွက်ကလဲ ထန်ဝူနှင့် ထပ်တူပင်။ ထန်ဝူမှာ အသက်ရ
ှ်ုချောင် သွားသော် အတွင်းအားများ စုစည်းကာ ခုန်ထွက်လိုက်သည်။
" စုစု ... နင် နှစ်ကွက်စာလောက် ထိန်းထား"

ခုန်ထွက်သွားသော ထန်ဝူမှာ လွတ်ရာနေရာ ရောက်သော အတွင်းအားများ လည်ပတ်ကာ ကျင့်စဉ်တစ်ခုကို ထုတ်ဖော်လိုက်သည်။


ထို့နောက် ဂိုဏ်းချုပ်ကြီး သုံးယောက်၏ ဓားများကြားထဲ ပြန်ခုန်ဝင်သွားတော့သည်။

ထန်စုစု မှာ ခြေလှမ်းကွက်ကို သုံးကာ သေမလိုတိမ်းရှောင်ပီးမှ သူ့အကို ပြန်ရောက်လာသော ချွေးများပျံကာ


နောက်ဆုတ်သွားလေသည်။ သူမက အမောဖြေကာ ရပ်ကြည့်နေသည်။ ထန်ဝူ မှာ ဓားများကို မကြောက်ပါ။ သူ့ကိုထိနိုင်သော
ဓားချက်များကို မရှောင်ပဲ ဝင်တိုးပီး အပ်များဖြင့် ပစ်လိုက်သည်။ သူသေ ကိုသေ အကွကြ် ဖစ်သောကြောင့် ဂိုဏ်းချုပ်ကြီး များမှာ
မရှောင်၍မရပါ။ သုံးသက်နှင့် တစ်သက် မလဲလိုချေ။ သူတက
ို့ ခုန်ရှောင်ကာ ဓားကွက်ကို ရုတ်သိမ်း လိုက်ရသည်။ သို့သော်
ထိုအခွင့်အရေးကို လက်လွှတ်မခံလိုသူ ကျန်းစန်းယွမ် မှာ ဂိုဏ်းချုပ်ကြီးများ နောက်အဆုတ်နှင့် အကိုက် လက်မှဓားကို ထန်ဝူ ရင်ဝသို့
ပစ်လွှတ်လိုက်သည်။

" ဝှီး... "


ဓားမှာ အရှိန်ပြင်းထန်စွာ တိုးဝင်သွားသည်။ ထန်ဝူမှာ အနားရောက်မှပင် ကြားလိုက်ရ သည်။ သူက မရှောင်နိုင်တော့ပါ။ အံ့ကြိတ်ကာ
ခုန်ပီး ဝမ်းဗိုက်ဖြင့် ဆီးခံလိုက် တော့သည်။
" ထန်... ချလွမ်... "
ဓားမှာ သံကိုသံချင်း ထိသကဲ့သို့ အသံထွက်ကာ ပြုတ်ကျသွားတော့သည်။

မြင်လိုက်ရသူ အကုန်လုံး မှာ ဟာ ခနဲ ဟင် ခနဲ ဖြစ်ကာ အံ့သြသွားကြသည်။ ဟုတ်ပေသည်။ ဝမ်းဗိုက်ကို ဖောက်ထွက်
သွားနိုင်လောက်အောင် အရှိန်ပါသော ဓားမှာ မည်သည်ကြောင့် ပြုတ်ကျသွားရသနည်း။ ထန်ဝူမှာ ဘယ်လိုပညာရပ်ကို တတ်မြောက်
နေသနည်း။

" ဟင်းဟင်း... အဖြူရောင်သိုင်းသမားတွေတဲ့ ကြားလို့ကောင်းရဲ့လား သုံးယောက် နဲ့ တစ်ယောက် လဲ ဝိုင်းတိုက်သေး... လက်နက်နဲ့လဲ


အလစ်ချောင်းပစ်သေး...
ဘုရားစူး သူတော်ကောင်းကြီးတွေပါလား "
ထန်ဝူ၏ ညှောင်နာနာအသံကြီးမှာ ကြားရသူ အပေါင်း၏ နားထဲသို့ ခံရခက်စွာ ဝင်သွား သည်။ သူက လှောင်ရယ်ရယ်ပီး ပြောလိုက်
ခြင်းပင်။ ဂိုဏ်းချုပ်ကြီးများနှင့် ကျန်းစန်းယွမ် တို့မှာ ခေါင်းငုံ့သွားကြသည်။ အရှက်တရား က ကြီးစိုးသွားသည်လေ။ သူတို့လုပ်ရပ်က
အမှန်တကယ်ပင် ထန်ဝူပြောသလို ဖြစ်နေသည်။

" ဒီမယ်... တစ်ဖက်သတ်ပြောမနေနဲ့...


ရှင်တို့ဘက်က လူတောင်မမြင်ရပဲ ကျမတို့ လူတွေကို အဆိပ်ခတ်တာ ချောင်းသတ်တာ တွေ နည်းမှမနည်းတာရှင.့် .. ရှင်တို့လို
အောက်တန်းကျတဲ့ သူတွေကို ဒီနည်းနဲ့ တုံ့ပြန်တာ မလွန်ပါဘူးရှင် "

မနေနိုင်သော ကျိုးကျစ်ယွင်က ပြန်ပြောလိုက်ခြင်းပင်။ ထန်ဝူမှာ ကျိုးကျစ်ယွင် စကားကြောင့် ရယ်နေသည်ကို ရပ်ကာ


မျက်နှာကိုမဲ့လိုက်ပီး
" နင်က ဘာကောင်မမို့ ငါ့ကို ဒီလိုပြောရဲ ရတာလဲ... နင့်ကိုသာ ငါ့ညီက စိတ်မဝင်စားရင် နင်သေတာကြာလှပ.ီ ... အခုလဲ ငါ့ညီကို
နင်ဖြားယောင်းပီး ခေါ်သွားတာ ငါသိတယ် အခုထုတ်ပေးစမ်း မြေခွေးမ... ရုပ်လှသလောက် ကောက်ကျစ်တဲ့ဟာမ "
ဟု ဆဲရေကာ ပြောလိုက်သည်။

ကျိုးကျစ်ယွင် မှာ တာအိုဝါဒဖြင့် နေထိုင် သူဖြစ်ရာ ထိုသို့သော စကားများ ကိုကြားလိုက်ရသော် ပြန်မပြောနိုင်တော့ပါ။ သူမက
ကြောင်အ သွားသည်။ စကားများက ရုတ်ရင့်လှသည်။

ထိုစဉ် ရပ်ကြည့်နေသော ထန်စုစု က ကျိုးကျစ်ယွင် အနောက်သို့ ကြည့်ကာ


" တွမ့်လန်... ရှင်ထွက်ခ.ဲ့ .. ပုန်းမနေနဲ့ "
ဟု အော်လိုက်လေသည်။

#မိုးထိတောင်သိုင်းသမား #ZYN
အခန်း (၂၉) အပိုင်း သုံး
အရှုပ်အထွေးများ

ထန်စုစုက အော်ပြောလိုက်သည်။ သို့သော် ဘာသံမှမကြားသလို မည်သူမျှ လဲ ထွက်မလာပါ။ ထန်စုစု မှာ နှုတ်ခမ်းလေးကို


ကိုက်လိုက်ပီး ကျိုးကျစ်ယွင်ကို မုန်းတီးစက်ဆုပ်သော အကြည့်ဖြင့်ကြည့်ကာ
" မြေခွေးမ... နင်ငါ့ရဲ့ တွမ့်လန်ကို ဘယ်နားမှာ ဖွက်ထားသလဲ... ငါ့အကိုလတ် ကိုရရင်တော်ပီပေါ့...
ငါ့ချစ်သူကိုပါ လိုချင်နေရသလား "
ဟု အော်လိုက်သည်။

ကျိုးကျစ်ယွင် မှာ စော်ကားသော စကားများကို မခံစားနိုင်ပါ ငိုကြွေးမိတော့ သည်။ သူတို့၏ စကားလုံးတိုင်းသည် သူမကို
ထိခိုက်နေသည် မဟုတ်ပါလား။ ကျန်စန်းယွမ် မှာ သူတိတ်တခိုးချစ်နေသူ ကို စော်ကားတာကို ကြည့်မနေနိုင်တော့ချေ။

" ဟေ့... အပျက်မ... နင်လင်က ဘယ်သူလဲ နင့်အကို တဏှာရူးကို ငါတို့ဖမ်းထားတာ ဟုတ်တယ်... တဏှာရူးကို ဖမ်းတာ
လူကောင်းတွေရဲ့ လုပ်ရပ်ပ.ဲ .. အကိုက မယားတရူးသလို နင်လဲ လင်တရူး မနေနဲ့ "

ကျန်းစန်းယွမ် ၏ စကားမှာ ထန်ဝူ နှင့် ထန်စုစု၏ ဒေါသများကို မီးရှို့ပေးသလိုပင်။ ထန်ဝူ မှာ လက်ကိုမြှောက်ကာ မိုးရွာချ သကဲ့သို့
အပ်များကို ကျန်းစန်းယွမ်ဆီ ပစ်လိုက်လေသည်။ ထန်စုစုကလဲ ရိပ်ခနဲ ခုန်ဝင်သွားသည်။ ကျန်းစန်းယွမ် မှာ ခေသူ မဟုတ်ပါ။
သူသည်လဲ သိုင်းပညာကောင်းသူ တစ်ယောက်ပေ။ သူက ဝတ်စုံကို ချွတ်ကာ ဝှေ့ယမ်းပီး ကာကွယ်လိုက်သည်။ သို့သော် အပ်များထဲမှ
တစ်ချို့ က ခြေထောက်ကို ထိမှန်ကာ သူ့အကြောများတုန့်ဆိုင်းသွား တော့သည်။ သူက လန့်ဖျန့်ကာ တုန်လှုပ်သွားစဉ်
သူ့ပါးတစ်ဖက်ဆီမှ ဖြန်း ဟူသော အသံကြားလိုက်ရပီး သူသည်လဲ ဖင်ထိုင်ရက်လဲကျကာ အီဆောင့်သွားသည်။ လက်ဖြင့်
စမ်းကြည့်မိသော် ပါးတစ်ဖက်မှာ မခံမရပ်နိုင်အောင် နာကျင်နေသည်။ သူ ပါးစပ်ထဲမှ သွေးများနှင့်အတူ သွားနှစ်ချောင်းလဲ
ပြုတ်ကျလာသည်။

သူက အံ့သြစွာကြည့်မိတော့ ထန်စုစုမှာ သူ့နေရာသူရပ်နေကာ လက်ကို ပုဝါလေး ထုတက


်ာ သုတ်နေသည်။ သူမက ရွံစရာ တစ်ခုခုကို
ကိုင်မိသလိုပင်။ ဂိုဏ်းချုပ်ကြီး များနှင့် သိုင်းသမားများမှာ ခေါင်းခါနေကြ သည်။ ထန်မောင်နှမ များမှာ အစွမ်းထက်လှ ပေသည်။
ထန်မောင်နှမများက သူတို့ကို ယခု အချိန်ထိ မတိုက်ပဲ နေခြင်းမှာ ကစား နေခြင်းသာ ဖြစ်သည်။ သူတို့ထင်သလို ကြောက်၍ မဟုတ်ပါ။
ယခုကဲ့သို့ နှစ်ယောက်ထဲပင် ဝင်ကာ ရမ်းကားရဲလျှင် သုံးယောက်စလုံးဆိုပါက လွယ်မည်မဟုတ်။ သူတို့အနေဖြင့် ထန်ဖုကို
မိထားသည်က တော်သေး ဟုဆုရ
ိ ပေမည်။
ထန်စုစု က ခပ်အေးအေးပင် အဆောင်ထဲသို့ ကြည်ေ
့ နပီး နှုတ်ခမ်းလေးမဲ့ကာ
" တွမ့်လန်... ရှင်ဒီနေ့ ထွက်မလာရင် ဒီအဘိုးကြီး အဘွားကြီးတွေ အကုန်အသေပဲ ဟိုမြေခွေးမလဲ ချန်မထားဘူး "
ဟု ပြောချလိုက်လေသည်။

ထန်စုစု၏ ပြတ်သားသော စကားသံကြောင့် သက်ပြင်းချသံ ပေါ်လာကာ လူရိပ် တစ်ခု ခုန်ထွက်လာသည်။ ထိုသူက အပြာရောင်
ပိုးဖဲဝတ်စုံကို သပ်ရပ်စွာ ဝတ်ဆင်ထားသော တွမ့်ကျန်းယွမ် ဖြစ်သည်။ သူက ထန်စုစု ကို စိတ်ပျက်သလို ကြည့်ကာ
" စုစ.ု .. မင်းငါ့ကို ဘာဖြစ်စေချင်နေတာလဲ
ကိုယ့်လမ်းကို သွားလို့မရဘူးလား "
ဟု ပြောလိုက်သည်။

ထိုအခါမှ ရှိနေသူအပေါင်းမှာ ထန်စုစု တ နေသော သူမ၏ချစ်သူက တွမ့်ကျန်းယွမ် ဖြစ်ကြောင်း သိလိုက်ကြရသည်။ တွမ့်လန် ဟူသော
အခေါ်က တာ့လီတွမ့်မျိုးများကို သူတို့ အိမ်သူသက်ထားများက ယောက်ျားဟု ခေါ်သော ချစ်စနိုးအခေါ်အဝေါ် ဖြစ်လေ သည်။
သူတို့အားလုံးမှာ သက်ပြင်းချ မိကြသည်။ တွမ့်ကျန်းယွမ် ဆိုသူမှာ သိုင်းလောက ထိပ်သီး အဆင်၁
့ ဖြစ်သည်။ သူ၏ သိုင်းပညာမှာ
ပြိုင်ဘက်ကင်းဟု ဆိုရလောက်အောင် ကောင်းသည်။ ထိုသူက မဘက်လိုက်ကာ သူတို့ကို ရန်ပြုလျှင် သေရန်သာရှိတော့မည်။
ဂိုဏ်းချုပ်ကြီး များမှာလဲ တုန်လှုပ်သွား ကြသည်။

ထန်စုစု က တွမ့်ကျန်းယွမ် ကို ချစ်ရည်ရွန်းလဲ့ သော အကြည့်ဖြင့်ကြည့်ကာ


" တွမ့်လန်... ရှင်ဖမ်းသွားတဲ့ အကိုလတ်ကို ပြန်လွှတ်ပေးပါ... ပီးတော့ ကျမနဲ့ လိုက်ခဲ့ ...
ကျမကို အဘိုးဆီမှာ လာတောင်းရမ်းလေ "
ဟု ပွင့်ပွင့်လင်းလင်း ပြောလိုက်သည်။

ကြားသူများက အံ့သြသွားကြသည်။ ထန်စုစု မှာ မပြောရဲ မဆိုရဲသည် မရှိချေ။ မိန်းကလေးတန်မဲ့ လူပုံအလယ်တွင်


ပြောထွက်ရဲနေသည်။ တခြားသိုင်းသမား များကတော့ တွမ့်ကျန်းယွမ် က ထန်ဖုကို ဖမ်းပေးသည် ဆိုသောကြောင့် အနည်းငယ်
စိတ်အေးသွားကြသည်။ သို့သော်လဲ အလုံးစုံတော့ စိတ်မချနိုင်ကြသေးပါ။ သူတို့က တွမ့်ကျန်းယွမ် ၏ အဖြေကို စောင့်စားနေကြသည်။

တွမ့်ကျန်းယွမ် က ခေါင်းခါပြကာ
" မဖြစ်နိုင်ဘူး စုစု... ငါမင်းကို ချစ်မိတာ မှန်တယ်... ဒါပေမဲ့ မင်းနဲ့ငါနဲ့ က တစ်လမ်းစီ ဖြစ်နေတယ်... မင်းအဘိုးဆိုတာ တစ်နေ့ ငါနဲ့
ရန်သူတွေ ဖြစ်ကြမှာပဲ... ပီးတော့ မင်းအကို ထန်ဖုက အပြစ်တွေများနေပီ ငါဖမ်းပေး ပေမဲ့ ပြန်လွှတ် မလွှတ်က ငါနဲ့မဆိုင်တော့ဘူး "
ဟု ဖြေလိုက်သည်။

ထန်စုစု မှာ မျက်နှာလေးငယ်သွားကာ တွမ့်ကျန်းယွမ်ကို စိတ်နာသလို ကြည့်နေသည်။ ထန်ဝူကတော့ ဒေါသထွက် ကာ


တဆတ်ဆတ်တုန်နေသည်။ သို့သော်လဲ သူ့အနေဖြင့် တွမ့်ကျန်းယွမ်ကို နိုင်မည် မဟုတ်ပါ။ ထို့ကြောင့် စိတ်ထိန်းနေရသည်။ သူက
ဆုံးဖြတ်ချက်ချကာ ထန်စုစု လက်ကိုတွဲလိုက်သည်။ ထို့နောက် ထွက်သွားတော့သည်။

" ဟေ့.. တွမ့်မျိုးရိုး... ဒီအကြွေးကို မှတ်ထား ငါ့အဘိုးကို ခေါ်ပီး ငါကိုယ်တိုင် ပြန်လာတောင်းမယ်... "
ဟု ကြိမ်းဝါးသွားသည်။

တွမ့်ကျန်းယွမ် မှာ အခုမှပင် သက်ပြင်းချ မိတော့သည်။ သူက ထန်စုစုကို ခပ်မာမာ ပြောလွှတ်လိုက်ရသည်ကို စိတ်ပျက်မိသည်။
သူမ၏ မျက်ဝန်းများထဲတွင် သိမ်ငယ်မှုကို မြင်တွေ့လုက
ိရသည်။ သူမ မည်မျှ အရှက်ရ သွားလေမလဲ။ အဘယ်မျှ မာကျောစေကာမူ
ထန်စုစု သည်လဲ မိန်းကလေးတစ်ယောက်ပင် ဖြစ်သည် မဟုတ်ပါလား။ သူက စိတ်မကောင်း ဖြစ်မိကာ ကိုယ့်ကိုကိုယ် ကျိန်ဆဲမိသည်။
ဘာကြောင့် ထိုမျှအထိ ပြောလိုက်ရသနည်း။ သူမကို ချော့မော့ကာ ပြောသင့်သည် ဟု နောင်တရမိနေသည်။

ဂိုဏ်းချုပ်ကြီးများနှင့် သိုင်းသမားများမှာလဲ ငိုင်တွေနေသော တွမ့်ကျန်းယွမ်ကို ကြည့်ကာ ခေါင်းယမ်းမိကြသည်။ အချစ် ဆိုသည်မှာ


တွက်ရန်ခက်သော ပုစ္ဆာတစ်ပုဒ် ဖြစ်သည်။ သူတို့လဲ ဝင်ရောက် အဖြေရှာပေး၍ မရပါ။ သူတို့က အဆောင်ထဲဝင်ကာ တိုင်ပင်ရဦး မည်။
ထန်ဝူက သူ့အဘိုးကိုခေါ်လာမည် ဟု ကြိမ်းဝါးသွားသည်လေ။

ငိုင်နေသော တွမ့်ကျန်းယွမ် နံဘေးတွင် ကျုံ့ ကျုံ့ လေး ရပ်ကာ စောင့်နေသော ကျိုးကျစ်ယွင် ကို ကျန်းစန်းယွမ် က ကြည့်ကာ
ရင်ထဲမချိသလို ဝမ်းနည်းစိတ်က ပျို့ တက်လာ သည်။ မျက်လုံးများက ရုတ်တရက် စိုစွတ် ကာ မြင်ကွင်းက မှုန်ဝါးသွားသည်။ သူက
ဟက် ခနဲ တစ်ချက်ရယ်ကာ လှည့်ထွက် သွားသည်။ သူငိုသည်မှာ နာလို့ ဟု သူ့ကိုသူ ဖြေသိမ့်နေသော်လဲ ရင်ထဲက အနာလား ပါးက
အနာလားတော့ သူ မခွဲခြားနိုင်ပါ။

ကျိုးကျစ်ယွင် မှာ သူမကြောင့် သွားများ ကျွတ်ထွက်ကာ ယောင်ကိုင်းသွားသော ကျန်းစန်းယွမ် ကို လှည့်ပင်မကြည့်ပါ။ ငိုင်နေ သော
တွမ့်ကျန်းယွမ် ကိုသာ ငေးကြည့်နေမိ သည်။ ထိုသူ၏ ချောမောသော မျက်နှာမှာ စိတ်ညစ်နေသဖြင့် အမျိုးမျိုးသော အရိပ်များ
ဖြတ်ပြေးနေသည်။ သူမက ထိုအရိပ်များကို ဘာသာပြန်ဖို့ ကြိုးစားလိုက်ရင်း
" အကိုတွမ့်... အထဲဝင်ကြရအောင်လေ "
ဟု ပြောလိုက်သည်။

ကျိုးကျစ်ယွင် ၏ အသံလွင်လွင်ကြောင့် တွမ့်ကျန်းယွမ်က သတိဝင်လာသည်။ သူက ဘေးဘီကို ကြည်မ


ိ့တော့ အကုန်လုံးက
ဝင်ကုန်ကြလေပီ။ သူမ တစ်ယောက်တည်း သာ သူ့ကိုရပ်စောင့်နေကြောင်း သိရသည်။ သူမ၏ မျက်နှာလေးမှာ ငိုထားသဖြင့်
အနည်းငယ် အမ်းကာ နီစွေးစွေးလေး ဖြစ်နေသည်။ မျက်ဝန်းလေးမှာကလဲ အရည်လဲ့နေကာ ထိုမျက်ဝန်းများက
စကားပေါင်းထောင်သောင်းမက ပြောနေသလိုပင်။ သူက အကြည့်လွှဲလိုက်ပီး
" ဝင်ကြတာပေါ့ ညီမလေး "
ဟု ပြောလိုက်သည်။

ကောင်းကင်ကြီးကတော့ မည်သူ့ဘက်ကို ပါကြောင်း မသိရချေ။ သို့သော် အချိန်မဟုတ် အခါမဟုတ် ရုတ်တရက် မှောင်မဲပီး မိုးများ
ရွာသွန်းတော့လေသည်။
" ဂျိန်း... ဂျလိန်း.. "
" အမေ့... "
ကျိုးကျစ်ယွင် မှာ အဆောင်ထဲ လှမ်းအဝင် ရုတ်တရက် မိုးခြိမ်းသံကြောင့် လန့်ကာ တွမ့်ကျန်းယွမ် လက်ကို တွဲထားမိသည်။ သူမက
လန့်ပီး ပူးကပ်နေရာ တွမ့်ကျန်းယွမ် မှာ အထိအတွေ့ကြောင့် ပူအိုက်သလိုပင် ခံစားလိုက်ရသည်။ ထို့ကြောင့် သူက သူမ
လက်ကလေးကို ဆုပ်ကိုင်လိုက်ပီး ပူးကပ် မနေရန် ခွာလိုက်လိုက်သည်။

အဆောင်ထဲရောက်သော် မည်သူမျှ မရှိတော့ပါ။ တွမ့်ကျန်းယွမ် က သက်ပြင်းချ ကာ ကျိုးကျစ်ယွင် ၏ လက်ကို လွှတ်ပေး လိုက်သည်။


သူမက ရှက်ဝဲဝဲ ဖြစ်နေပီးမှ စင်္ကြန်လမ်းမှတစ်ဆင့် သူမအခန်းရှိရာ ဘက်သို့ ပြေးထွက်သွားတော့သည်။ တွမ့်ကျန်းယွမ် မှာ ဧည့်ခန်းတွင်
ယောင်တောင်တောင်ဖြင့် ကျန်နေခဲ့သည်။ သူ့ကို မည်သမ
ျှူလဲ ဧည့်ဝတ်ပြုသူ မရှိပါ။ သူက ထိုင်ချကာ တံစက်မြိတ်မှ စီးကျနေသော
မိုးရေစက်များ ကို တစ်စက်ချင်း ရေတွက်နေလိုက်သည်။

#မိုးထိတောင်သိုင်းသမား #ZYN
အခန်း (၂၉) အပိုင်း လေး
အရှုပ်အထွေးများ

တွမ့်ကျန်းယွမ် က မိုးရေစက်များကို မည်မျှအထိ ရေတွက်နေမှန်းမသိပါ။ သူက တစ်ဆယ်ကျော်လျှင် စိတ်ပျံ့လွင့်သွား သဖြင့်


တစ်ဆယ်အထိသာ ရေတွက်နိုင်သည်။ မိုးမှာ ရုတ်တရက်ရွာသော မိုးဖြစ်၍ ရုတ်တရက်ပင် တိတ်သွားလေသည်။ သူက ပျင်းရိနေသဖြင့်
အကြောတချက်ဆန်က
့ာ ဘေးဘီကြို ကည့် လိုက်သည်။ အလိုက်အသင့်ပင် ထိုအချိန်တွင် ဂိုဏ်းချုပ်ကြီး သုံးယောက် က အခန်းထဲ
ဝင်လာကြသည်။ ဂိုဏ်းချုပ်ကြီးများ မှာ တစ်နေရာတွင် အသဲအသန် ဆွေးနွေးပီး ထလာကြပုံရသည်။

စိတ်မြန်လက်မြန် ရှိသော ပိုင်ချုန်းက တွမ့်ကျန်းယွမ် ကို ကြည့်ကာ


" ငါ့တူ... မင်းက ထန်ဖန်း နဲ့ တိုက်ခိုက်တဲ့ နေရာမှာ ကူညီပေးမလား ငါတို့သိချင်နေတယ်... မင်းသိတဲ့အတိုင်းပဲ ငါတို့က
ထန်ဝူတို့မောင်နှမကိုတောင် မနည်း ယှဉ်နေရတာ ထန်ဖန်းကိုယ်တိုင်လာရင် ဘယ်လိုမှ ခံနိုင်မှာမဟုတ်ဘူး "
ဟု မေးလိုက်သည်။

တွမ့်ကျန်းယွမ် က ခေါင်းငြိမ့်ကာ
" ဒါကြောင့်ပဲ ကျနော် ဒီအခန်းထဲမှာ ထိုင်နေခဲ့တာပဲလေ... အဘတို့လဲ သိမှာပါ ကျနော်က တခြားတိုင်းပြည်ကလူ ဆိုပေမဲ့
သိုင်းလောကအရေးဆိုရင် မှန်တဲ့ဘက်က ရပ်ပေးမှာပါ "
ဟု ဖြေလိုက်လေသည်။

ရသေ့ကြီး ကျန်းယွမ်က စိတ်သက်သာရာ ရသွားသလို ခေါင်းငြိမ့်လိုက်ပီးမှ တစ်ခုခုကို တွေးမိကာ သက်ပြင်းချလိုက်သည်။


" လူလေးတွမ့် ကူညီတာလဲ ဟုတ်ပါပီ... ငါတို့ကလဲ ထန်ဝူတို့ လူအင်အားကို ယှဉ်နိုင်ဖို့ တစ်ခုခု ပြင်ဆင်ထားမှဖြစ်မယ် ထင်တယ်
ထန်မျိုးနွယ် တွေက မြို့ ထဲရောက်နေပီးသား ဆိုတော့ မြို့ သားတွေနဲ့ရောနှောကုန်ပီ ဘယ်လိုလုပ်ကြမလဲ "
လေးယောက်သား အသံများတိတ်ဆိတ်သွား သည်။ ကိုယ်စီကယ
ိုစီ နည်းလမ်းများ တွေးနေကြသည်။ တွမ့်ကျန်းယွမ် က
ငြိမ်မနေတော့ပဲ
" ဒါကတော့ မီးစင်ကြည့်က ရမှာပဲ အဘတို့ရေ.... ကျနော် သိရသလောက် ထန်မျိုးနွယ်က ဒီနေရာမှာ သူတို့ရှိသမျှ အင်အားကို
အသုံးပြုမှာမဟုတ်ဘူး... ထန်ဖန်း ဆိုတဲ့ အဘိုးကြီးက မင်းဆရာအမတ်ကြီး ဖြစ်ချင်နေတာ သူက လို့ရန်လောက်ကို
အာရုံထားမှာမဟုတ်ဘူး... အခုက ကျနော်တို့ က သူ့မြေးကို ဖမ်းမိထား လို့သာ ရောက်လာမယ်ထင်တယ် "
ဟု ပြောလိုက်သည်။

တစ်ချိန်လုံးငြိမ်နေသော ကျိုးမော့ က
" ထန်မျိုးနွယ်ဆိုလို့ ပြောရဦးမယ် နေ့လည်က တိုက်ပွဲမှာ ထန်ဝူက ဓားလှံမတိုး ဘူးပဲ... သူတို့မှာ ဘာလှည့်ကွက်များ ရှိနေတာလဲ...
သိုင်းပညာကောင်းရတဲ့အထဲ ဓားလှံမတိုးရင် ယှဉ်ရတာအတော်ခက်မယ် "
ဟု ဝင်ပြောလိုက်သည်။

အဘိုးကြီး နှစေ
် ယာက်ကတော့ မုတ်ဆိတ် ကိုယ်စီ သပ်ကာ ခေါင်းယမ်းနေသည်။ သူတို့က နေ့လည်က တိုက်ကွက်များကို စဉ်းစားကာ
အဖြစ်အပျက်ကို ပြန်တွေးနေ သည်။ တွမ့်ကျန်းယွမ် က ထိုအဖြစ်ကို သူလဲ ချောင်းကြည့်နေရာမှ မြင်လိုက်သဖြင့်
" အင်း ကြည့်ရတာ ထန်ဝူကလဲ အဲ့သိုင်းကို ကျင့်ထားတာ ဖြစ်ရမယ် ဒါကြောင့် မိန်းမ မကျ ယောက်ျားမကျ ဖြစ်နေတာကိုး... ဒါပေမဲ့
သူရဲ့ အပ်ပစ်ပုံက ပြီးပြည့်စုံမှု မရှိသေးဘူး အဲ့ဒါ ကံကောင်းတယ် ပြောရမယ် "
ဟု ပြောပြလိုက်သည်။

ကျိုးမော့က မျက်မှောင်ကြုတ် ကာ
" အဲ့ဒါ ဘာသိုင်းလဲ... ဓားလှံမပေါက်အောင် စွမ်းတာလား "
ဟု မေးလိုက်သည်။

တွမ့်ကျန်းယွမ် က ခေါင်းငြိမ့်ကာ
" ဟုတ်တယ် ဆရာမကြီး... အဲ့သိုင်းက နန်းတွင်းကလာတာ မိန်းမစိုးကြီး ကောင်း တီထွင်ခဲ့တဲ့ မိန်းမစိုးကိုယ်ထည်သိုင်း ဆိုတာပဲ...
အစွမ်းကတော့ ရှောင်လင်ရဲ့ သံမဏိကိုယ်ထည်သိုင်း လိုပဲ ဓားလှံတိုး မပေါက်ဘူး... ဒါပေမဲ့ ကျင့်စဉ်က အောက်တန်းကျပါတယ်ဗျာ "
ဟု ဖြေလိုက်သည်။

ပိုင်ချုန်းက ဝင်ကာ
" ဘာလဲ မိန်းမစိုးကျင့်စဉ်ဆိုတော့ ယောက်ျားဘဝ အဆုံးခံကျင့်ရတာလား "
ဟု မေးလိုက်သည်။

တွမ့်ကျန်းယွမ် က ခေါင်းသာ ငြိမ့်ပြလိုက် လေသည်။ ဂိုဏ်းချုပ်ကြီး သုံးယောက် မှာ အံ့သြတကြီး ဖြစ်သွားကြသည်။


" ဒီလို ကျင့်စဉ်တွေက ပေါ်မလာတာကြာပီပဲ ဘယ်လိုကြောင့် ပြန်ထွက်ပေါ်လာတာလဲ "
ဟု ရေရွတ်မိကြသည်။

တွမ့်ကျန်းယွမ် က သက်ပြင်းချကာ
" မိန်းမစိုးကြီး ကောင်း က အဲ့သိုင်းတစ်ခုထဲ တင်တီထွင်ပီး သိုင်းလောက ပထမဖြစ်ခဲ့တာ မဟုတ်ဘူး သူ့မှာ ပထမ လို့ လက်မထောင်
နိုင်တဲ့ သိုင်းပညာရှိသေးတယ်... ပန်းထိုးအပ်သုင
ိး ဆိုတာပဲ အရမ်းကို အစွမ်းထက်ပီး ယှဉ်နိုင်တဲ့ သိုင်းပညာမရှိဘူး လို့ကြားတယ် အဲ့ဒီ
အပ်သိုင်းက အရမ်းလျင်မြန်ပီး ပြင်းထန် လွန်းလို့ သိုင်းကျမ်းကို တစ်ဝက်ပဲ အောင်မြင်ရင်ကို လက်မထောင်နိုင်တယ်... ထန်ဝူက
အဲ့သိုင်းကျမ်းကို ရထားပုံရတယ်... ဒါပေမဲ့ ဘာကြောင့်ရယ်တော့မသိဘူး သူက သိုင်းကျမ်းရဲ့ လေးပုံတစ်ပုံကိုတောင် အောင်မြင်ပုံ
မရဘူး "
ဟု ပြောပြလိုက်သည်။

ဂိုဏ်းချုပ်ကြီးများမှာ ပါးစပ်အဟောင်းသား ဖြစ်နေကြသည်။ သူတို့စိတ်ထဲ ထန်ဝူပင် ထိုမျှလောက် တော်နေပါက ထန်ဖန်း ဆိုလျှင်


မည်မျှတော်မည်နည်း ဟု တွေးနေကြသည်။
တွမ့်ကျန်းယွမ်က ပြုံးလိုက်ကာ
" ဂိုဏ်းချုပ်ကြီးတို့က ထန်ဖန်းကို စိုးရိမ်သွား ကြတယ်ထင်တယ်... ပြောလက်စနဲ့တော့ ဆက်ပြောရဦးမယ်... ထန်ဖန်း အဘိုးကြီးက
ထန်ဝူလိုပဲ မိန်းမစိုးကိုယ်ထည်သိုင်း ကျင့်ထားလို့ ဓားလှံတိုးမပေါက်ဘူး... ပီးတော့ သူ့မှာ ရှေးကျတဲ့ အတွင်းအားစုပ် ယူတဲ့ ပညာရပ်လဲ
ရှိသေးတယ်...
ရှောင်းယောင်ဂိုဏ်း ကနေ ခွဲထွက်လာတဲ့ ကြယ်တာရာဂိုဏ်းရဲ့ ကြယ်ငင်မိစ္ဆာသိုင်း ကို သူက ရသွားတယ်လေ... ကံကောင်းတာက
အဲ့ဒီသိုင်း နှစ်မျိုးလုံးက တုပထားတဲ့ မပြည့်မစုံတွေ ဖြစ်နေတာပဲ... ပီးတော့ ထန်ဖန်းက ပန်းထိုးအပ်သိုင်း မတတ်ဘူးလို့ ထင်ရတယ်... "
ဟု ထပ်မံပြောပြလိုက်သည်။

ဂိုဏ်းချုပ်များမှာ စိတပ
်ျက်လက်ပျက်ဖြင့် သက်ပြင်းများသာ ချလိုက်ကြသည်။ သူတို့က လက်ဖက်ရည်ကို တွင်တွင်သောက်နေရာ မှ
ပိုင်ချုန်းက တွမ့်ကျန်းယွမ် ကို ကြည့်ပီး
" ဒါနဲ့ လူလေးက ဘာကြောင့် ဒါတွေကို အသေးစိတ်သိနေကြတာလဲ "
ဟု မေးလိုက်သည်။

တွမ့်ကျန်းယွမ် က ထိုစဉ်က အခြေအနေကို ပြန်တွေးမိကာ တစ်ချက်တွန့်သွားရင်း


" အဲ့တုန်းက ကံကောင်းလို့ဗျို့ ... ကျနော်က ကိုယ့်ကိုကိုယ် သိုင်းပညာကောင်းလှပီ ထင်ပီး သူတို့ အဘိုးကြီးသုံးယောက် တိုင်ပင်နေတဲ့
နေရာမှာ သူတို့ကို သွားခြိမ်းခြောက်မိတာ ပေါ့ဗျာ... ကံကောင်းပီး ပြေးဖို့လမ်းရှိလို့ မသေတာပဲ... ဒါနဲ့သူတို့ကို ဟန်ကိုယ်ဖို့ပီး
ထပ်ခြိမ်းခြောက်လစ်ပြေးလာရတာ "
ဟု ဖြေလိုက်သည်။ သူ့ပုံမှာ တကယ် နောင်တရနေပုံရသည်။

ဂိုဏ်းချုပ်ကြီး သုံးယောက်ကတော့ ထိုမျှ သိုင်းပညာကောင်းလှသော အဘိုးကြီးများကို ခပ်တည်တည်ခြိမ်းခြောက်ကာ ပြန်ထွက်လာ သူ


တွမ့်ကျန်းယွမ်ကို ပိုပီး အံ့သြနေကြသည်။ ထို အဘိုးကြီးများမှာ အရူးများမဟုတ်ကြပေ။ ကံတရားဟူသော အချက်မျှနှင့် ထို
အဘိုးကြီးများ လက်မှ လွတ်မည်မဟုတ်။ သေချာပေါက် အဘိုးကြီးများ ထိပ်လန့်အောင် လုပ်နိုင်ခဲ့၍သာ ယခုလို ပြန်ထွက်လာနိုင်ခြင်း
ဖြစ်ရပေမည်။ ယခုလဲ တွမ့်ကျန်းယွမ်မှာ ထိုအဘိုးကြီးများကို ကြောက်ရွံ့ဟန် မရှိချေ။ သူတို့က ဤကောင်လေးမှာ ပိုင်ကွက်တစ်ခု
တော့ရှိရမည်ဟု တွေးမိကြသည်။

ပိုင်ချုန်းက တွမ့်ကျန်းယွမ် ကိုကြည့်ကာ


" မေးရမှာတော့ အားနာပါတယ် လူလေး...
ထန်ဖန်း နဲ့ ကျောက်လွေ ကို မင်းကပဲ မြင်ဖူးတော့ မင်းကိုပဲ မေးကြည့်ရမယ်... သူတို့သိုင်းပညာ အဆင့်က ဘယ်လောက်ရှိ သလဲ....
မင်းရဲ့ဆရာဝေထင်းထက် သာနိုင်ကြလား "
ဟု မေးလိုက်လေသည်။

တွမ့်ကျန်းယွမ် က တွေဝေသွားပီး
" သိုင်းပညာတော့ မပြောတတ်ပေမဲ့ အတွင်းအားတော့ သာကြမယ်ထင်တယ်...
ကျောက်လွေမှာလဲ နတ်ဆိုးအတွင်းအား ဆိုတဲ့ မိစ္ဆာကျင့်စဉ်တစ်ခု ရှိတယ် အရမ်းကို အစွမ်း ထက်တာ သိကြမှာပါ.... အကိုကြီးပိုင် ကို
ကျောက်ယွင်ကျဲ က အနိုင်ယူပြဖူး တယ်လေ.... ထန်ဖန်းကတော့ အတွင်းအား အကောင်းဆုံးဖြစ်မယ် ကျနော်လဲ သူ့အတွင်းအား
ဘယ်လောက်ရှိတယ် ဆိုတာ မသိဘူး "
ဟု ဖြေလိုက်သည်။

ရသေ့ကြီး ကျန်းယွမ်က လေပူများကို မှုတ်ထုတ်ကာ


" ဟူး.... ဒီအတိုင်းဆို ငါတို့က ထန်ဖန်းကို ဘယ်လိုတားဆီကြမလဲ... လူလေးတွမ့်က သူ့ကို ယှဉ်နိုင်ရင်တောင် ထန်ဝူနဲ့ သူ့ညီမက
ရှိသေးတယ် "
ဟု ပြောလိုက်သည်။

တွမ့်ကျန်းယွမ် က စိတ်ဓာတ်ကျနေသော ဂိုဏ်းချုပ်ကြီး များကို ကြည့်ကာ


" ဒီလိုလဲ ဘယ်ဟုတ်မလဲ အဘရ...
တကယ်တမ်းက အဘတို့သုံးယောက်ရဲ့ သိုင်းပညာက ထန်ဝူနဲ့ သိပ်မကွာပါဘူး... သုံးယောက်ပေါင်းက သူ့ထက်သာပါတယ် သူက
ဓားလှံမပေါက်လို့ အဘတိက
ု့ ထိတ်လန့်ပီးဖြစ်သွားတာပါ... ကျနော်က ရှောင်လင်ရဲ့ သံမဏိကိုယ်ထည်သိုင်း ကျင့်ထားတဲ့သူကို
လေ့လာဖူးတယ် အားနည်းချက်တွေ တူမယ်ထင်တယ် ကျနော် ပြောပြပါမယ် "
ဟု အားပေးလိုက်သည်။

ကျန်းယွမ်တို့မှာ အခုမှပင် တွမ့်ကျန်းယွမ်က အေးဆေးဖြစ်နေရသည့် အကြောင်းအရင်းကို သိသွားကြသည်။ ဓားလှံမပေါက်သော်လဲ


အားနည်းချက်ရေ
ှိ နလေပီ။ ထိုအချက်ကို သိထား၍ ထိုကောင်လေးမှာ ခပ်အေးအေး ဖြစ်နေခြင်းပင်။ သူတို့က စိတ်ဓာတ်ကျနေရာ မှ
အားပြန်တက်လာကြသည်။

" အားနည်းချက်က ငါးနေရာ ရှိတယ်...


ရင်ညွှန့် အရှိုက်နေရာ... ချိုင်းကြားနှစ်ဖက်... တကောက်ကွေး နှစ်ခု... အဲ့နေရာတွေက အားနည်းချက်တွေပဲ... ဒါပေမဲ့ ရှောင်လင်ရဲ့
သံမဏိကိုယ်ထည် နဲ့ တူ မတူတော့ မသိဘူးဗျ "

တွမ့်ကျန်းယွမ် က ထိုစကားကို ပြောပီး ဆက်မပြောနိုင်သလို တွန့်ဆုတ်နေသည်။ ဂိုဏ်းချုပ်ကြီး သုံးယောက်က သူ့ကို စိုက်ကြည့်ကာ


ဘာပြောမလဲ စောင့်နေကြ သည်။ ထို့ကြောင့် သူက သက်ပြင်းချကာ စိတ်တင်းပီး
" ဟို... စုစု ကို ထိန်းချုပ်ဖို့ကတော့...
ဝူတန်းရဲ့ ခုနှစ်စင်ကြယ်ဓားကွက်ကို အသုံးချမှ ဖြစ်မယ်... အဲ့ဓားသိုင်းရဲ့ ပူးပေါင်းဓားကွက်က ရှောင်လင်ရဲ့ လော့ဟန်၊
သူဖုန်းစားဂိုဏ်းရဲ့ ခွေးရိုက်တုတ်ဝင်္ကပါ နဲ့ ယှဉ်လို့ရတယ်လေ... "
ဟု ပြောလိုက်သည်။

ဂိုဏ်း ချုပ်များမှာ အခုမှပင် မည်သို့လုပ်ရမည် လုပ်သင့်သည် များကို ကွင်း ခနဲ ကွက် ခနဲ မြင်လာကြသည်။ တွမ့်ကျန်းယွမ် နှုတ်မှ
မီးစင်ကြည့်က ကြမယ် ဟု ပြောထားသည်ကို အမှတ်ရမိသည်။ သို့သော် ဤကဲ့သို့ အစီအစဉ် များ ချထားသည်မှာ မီးစင်ကြည့်ကခြင်း
မဟုတပ
်ါ။ သူတို့က ဤလူငယ်လေးကို အထင်သေးမိကြသည်။ သိုင်းပညာတော်ရုံဟု ထင်နေသော်လဲ မင်းသားတစ်ပါးမှာ
မင်းသားတစ်ပါးပင်။ အမြဲတစ်စေ အစီအစဉ် ဆွဲထားတတ်သည်။

ကျိုးမော့က တွမ့်ကျန်းယွမ် မိုးစက်များကို အဓိပ္ပာယ် မရှိထိုင်ကြည့်နေသည် ဟု သူမ အမြင်ကို နောင်တရမိသွားသည်။ တွမ့်ကျန်းယွမ်


မှာ မိုး စက်များကို ရေနေရင်း ဘာလုပ်ရမည်ကုပ
ိါ တွေးနေပုံရသည်လေ။

ရသေ့ကြီး ကျန်းယွမ်က ပြုံးနေပီးမှ တစ်ခုကို သတိရမိကာ


" ဒါပေမဲ့... ငါတို့ခုနှစ်စင်ကြယ်ဓားကွက် က ဖြိုခွဲခံရဖူးတယ်... အဲ့တုန်းက ဖြိုခွဲတဲ့သူ သူသုံးတာ ထျန်းစန်းနတ်လက်သီးသိုင်းပဲ...
လူလေးရဲ့ဆရာ တုံးဖန်းဟိုင် နာမည် သုံးသွားသေးတယ်... ဝတ်စားထားတာတော့ တစ်ကိုယ်လုံး အနက်ရောင်ပဲ "
ဟု ပြောလိုက်သည်။

ပိုင်ချုန်းက ထိုစကားကြို ကားသော် အံ့သြကာ


" ဟုတ်တယ်... အဲ့တစ်ယောက်ကို ငါလဲ တွေ့ဖူးတယ်... ငါ့ကို ငါ့သားနဲ့ပတ်သတ်ပီး ခြိမ်းခြောက်သွားသေးတယ်... သူ့ကြည့်ရတာ
အရမ်းကို အတွင်းအားကောင်းမဲ့ပုံပဲ "
ဟု ဝင်ပြောလိုက်သည်။

ကျို့ မော့က မျက်မှောင်ကြုတ်လျက် ရှိနေသည်။ သူက ထိုအဖြစ်များကို မသိသဖြင့် ဝင်မပြောပါ။ တွမ့်ကျန်းယွမ် ကသာ ကပြာကယာ
ဒူးထောက်ချလိုက်ပီး
" ဂိုဏ်းချုပ်ကြီး နှစ်ယောက်ခွင့်လွှတ်ပါ အဲ့ဒီ အနက်ရောင်လူက ကျနော်ပါပဲ... အဲ့တုန်းက ကျန်းမော်ဖုန်း နဲ့ ပိုင်းချုန်းရန် တို့ကို ဖော်ဖို့
လုပ်မိလုပ်ရာ လုပ်မိတာပါ "
ဟု တောင်းပန်လိုက်သည်။
ရသေ့ကြီး ကျန်းယွမ် နှင့် ပိုင်ချုန်းက အံ့သြ သွားသော်လဲ ပြုံးမိကြသည်။
" အော်... လူလေးတွမ့်ကိုး... ဒါကြောင့် အတွင်းအားကောင်းလှချည်လား မှတ်နေတာ လူလေးကလဲ သိုင်းပညာစုံလခ
ျှည်လား "
ဟု ပိုင်ချုန်းက ပြောလိုက်သည်။

တွမ့်ကျန်းယွမ် မှာ ပိုငခ


်ျုန်းကို ကြည့်ကာ ဆက်ပီး မလိမ်လိုတော့သဖြင့်
" ထပ်ပီးဝန်ခံစရာရှိပါတယ် အဘပိုင်ချုန်း...
အဘရဲ့သားကို သိုင်းပညာပျက်ဆီးပီး အိပ်ယာထဲလဲနေအောင် ရိုက်ပစ်တာလဲ ကျနော်ပါပဲ... အဲ့တုန်းက သူတို့
ကိုယ်ရံတော်လေးယောက်နဲ့ ကျနော် အကြိတ်အနယ် တိုက်ခိုက်ကျတုန်း ကျနော်လဲ မတတ်သာလို့ အတွင်းအား
အကုန်နီးပါးထုတ်ရိုက်မိတာပါ "
ဟု ပြောလိုက်တော့သည်။

ပိုင်ချုန်းက ခေါင်းယမ်းကာ
" မလိုပါဘူး လူလေး... ဒီကောင် ငါ့ဆီက ထွက်သွားကတည်းက သံယောဇဉ် ပြတ်ပီးသားပါ ... ယွင်စန်းကို သတ်ပစ်ပီး ဒီဓားကို
အပိုင်စီးထားလို့ ငါကတောင် သတ်ပစ်ချင်နေတာ... မင်းလုပ်တာမှန်ပါတယ် လူလေး "
ဟု လက်မှ ဓားကို ကြည့်ရင်း ပြောလိုက်သည်။

တွမ့်ကျန်းယွမ် မှာ ဝန်ခံလိုက်ရသဖြင့် စိတ်လက်ပေါ့ပါးသွားလေသည်။


ကျိုးမော့က ပြုံး၍
" ကဲ စကားကောင်းနေကြတာနဲ့ ညစာလွတ် ကုန်တော့မယ်... လူလေးနဲ့ ဆရာကြီး ပိုင်ချုန်းတို့ ညစာသွားစားကြပါ "
ဟု ပြောလိုက်လေသည်။

တွမ့်ကျန်းယွမ် က ခေါင်းငြိမ့်ကာ
" ဆရာမကြီးနဲ့ ရသေ့ကြီး ကရော မစားဖူးလား "
ဟု မေးလိုက်သည်။

ကျိုးမော့ နှင့် ရသေ့ကြီး ကျန်းယွမ် က ရယ်လိုက်ပီး


" ဘယ်ရသေ့က ညစာစားလို့လဲ လူလေးရ "
ဟု ပြောလိုက်တော့သည်။

တွမ့်ကျန်းယွမ် မှာ သူသတိလက်လွတ် ဖြစ်မိ သည်ကို ရှက်သွားကာ


" ဟုတ်သားပဲ မေ့သွားလို့ဗျာ "
ဟု ပြောပီး ရယ်နေလေသည်။

#မိုးထိတောင်သိုင်းသမား #ZYN
အခန်း (၂၉) အပိုင်း ငါး
အရှုပ်အထွေးများ

သုံးရက်ပြည့်လေပီ..
ဝူတန်းဂိုဏ်းချုပ် ရသေ့ကြီး ကျန်းယွမ်က သူကိုယ်တိုင် ဦးဆောင်ကာ ဝူတန်းဂိုဏ်းသား အားလုံးကို ခုနှစ်စင်ကြယ်ဓားကွက်ကို သင်ပေး
နေသည်။ ကျန်းစန်းယွမ် နှင့် ခုနှစ်စင်ကြယ်ဓားသမား ခုနှစ်ယောက်ကလဲ ဘေးမှနေ၍ ကူညီကာ လေ့ကျင့်နေကြသည်။
ကျန်ဂိုဏ်းချုပ်များ ဖြစ်သော ဝါဆန်းဂိုဏ်းချုပ် ပိုင်ချုန်း နှင့် အော့မေ့ဂိုဏ်းချုပ် ကျိုးမော့တို့ မှာလဲ သူတိုကိုယ်ပိုင် ဓားသိုင်းများကို
ပူးပေါင်းဓားကွက် ပုံစံဖြစ်အောင် ပြုပြင်ကာ ဂိုဏ်းသားများကို လေ့ကျင့်ပေးနေကြသည်။ သူတို့ကသုံးရက်အတွင်း အင်တိုက်အားတိုက်
လေ့ကျင့်နေကြသဖြင့် ယုံကြည်မှုလဲ ရှိနေကြသည်။ မနားမနေလေ့ကျင့်မှုက လူကို စိတ်ဓာတ်တက်ကြွစေသည်လေ။
တွမ့်ကျန်းယွမ် ကမူ ထန်ဖု ကို ချုပ်ထားရာ မြေတွင်းအခန်းဝ ကို ရောက်လာသည်။ သူသည်လဲ သုံးရက်လုံးလုံး သူတတ်သမျှ
သိုင်းပညာများကို ပြန်လည်လေ့ကျင့်နေ သဖြင့် ယခုမှပင် ထန်ဖုကို သတိရကာ လာကြည့်ခြင်းဖြစ်သည်။ သူက မြေတွင်းဝ ရှိ
သံမဏိချောင်းများ ဖြင့် ပြုလုပ်ထားသော အဖုံးကို ကြည့်နေသည်။ မြေတွင်းမှာ ပေနှစ်ဆယ်မျှ နက်သည်ဟု သိထားသော်လဲ
တွမ့်ကျန်းယွမ် မှာ သတိလက်လွတ်ဖြင့် ထိုအနားကို မသွားရဲချေ။ အထဲတွင် ရှိနေသူက ထန်မျိုးနွယ် အဆိပ်ပညာရှင် ဖြစ်နေသည်လေ။
ထို့အပြင် သူ့ကို မည်သူမျှ ဂရုမထားသဖြင့် သုံးရက်လုံးလုံး စားစရာလဲ မကျွေးကြပေ။ ငတ်နေသော ကျားနာကို သွားစသလိုများ
ဖြစ်နေမလား ဟု တွမ့်ကျန်းယွမ် က တွေးမိသေးသည်။

အထဲမှ ထန်ဖုမှာ သုံးရက်လုံးလုံး အစာမစား ရသဖြင့်မလှုပ်ချင်ဖြစ်နေသည်။ သူနောက်ဆုံး မှတ်မိသည်မှာ အဘိုးအိုနှစ်ယောက်ကို


တိုက်ရင်း သူ့ကိုတစ်စုံတစ်ယောက်က အကြောပိတ်သွားခြင်းပင်။ သူ့ကို ဘယ်သူက ဤနေရာတွင် လှောင်ထားသနည်း။
အဘယ့်ကြောင့်လှောင်ရသနည်း။ လှောင်ထားသည်ဟု ပြောရခြင်းမှာ သူ့ကို ဖမ်းထားသူများက သုံးရက်လုံးလုံး လာမတွေ့
ကြသောကြောင့် ဖြစ်သည်။ အစာလဲ မကျွေးသလို အယုတ်စွဆုံး ရေပင် လာမတိုက်ကြချေ။ သူက သုံးရက်လုံးလုံး ခေါင်းပေါက်မတတ်
စဉ်းစား နေသော်လဲ အဖြေမရပါ။ သူက နံရံမှ စီးကျနေသော ရေစီးကြောင်းလေးကို လက်ဖြင့်ခံလိုက်ပီး တစ်ငုံသောက်လိုက်သည်။
ထိုရေစီးကြောင်း ရှိ၍သာ သူရေငတ်မသေခြင်း ဖြစ်သည်။ သူသတိရခါစကတည်းက သူ့တစ်ကိုယ်လုံးကို စမ်းကြည့်ရာ
အဆိပ်နှင့်ဖြေဆေးဘူး လေးဘူး သာပျောက်ဆုံးပီး ကျန်တာ နဂိုအတိုင်းပင်။ ကြည့်ရသည်မှာ ရန်သူများက သူ့ကို နှံ့စပ်အောင် ရှာကြပုံ
မရပါ။ သို့သော် သူတွင် ရှိသည်မှာ အဆိပ်များသာ ဖြစ်သဖြင့် သူက စားမရသောက်မရဖြင့် ဒုက္ခတွေ့နေသည်။ သူက စိတ်အားပျက်စွာ
တွင်းနံရံကို မှီပီး ထိုင်ချလိုက်သည်။ ထိုစဉ် အပေါ်မှ လူတစ်ယောက် ကပ်လာသလို အရိပ်တစ်ခု ပေါ်လာသည်။

တွမ့်ကျန်းယွမ် က သက်ပြင်းချကာ အနားတိုးလိုက်သည်။ မြေတွင်း အထဲမှ ကြားရလောက်အောင် ကပ်လိုက်ပီး


" ဟေ့... ညီလေးထန်.... အထဲမှာဘယ်လိုလဲ အဆင်ပြေလား "
ဟု မေးလိုက်သည်။ သူအသံမှာ လှောင်သံ မပါသော်လဲ ပြောလိုက်သည့် စကားက လှောင်သလိုပင်။

ထန်ဖု မှာ ထိုအသံကြောင့် သူအဖြေ ရှာမရသော ပုစ္ဆာတစ်ပုဒ် အဖြေထွက်သွား သည်။ သူက ဒေါသထွက်သွားကာ
" ဟေ့ကောင်... မင်းငါ့ကို ဘာလို့ ဖမ်းထားတာလဲက.ွ .. မင်းကိုငါ ဘာလုပ်မိလို့လဲ "
ဟု မေးလိုက်လေသည်။

တွမ့်ကျန်းယွမ် မှာ ထန်ဖု၏ မာနေသေးသော အသံကို ကြားကာ ပြုံးမိသွားသည်။


" မင်းအသံ မာနေသေးတာပဲ ကြည့်ရတာ စားစရာသောက်စရာ ရှိပုံရတယ်... ဒါဆို ငါဘာမှလုပ်ပေးစရာမလိုတော့ဘူးပေါ့ "

ထန်ဖုမှာ စိတ်တိုသထက်တိုသွားကာ လက်ကိုမြှောက်ပီး လက်ဝါးတစ်ချက် ရိုက်ထုတ်သည်။


" ဟူး.. "
အစိမ်းရောင် အငွေ့တန်းတစ်ခု ထွက်သွား သည်။ ထန်ဖုမှာ အားနည်းနေသော်လဲ ခေသူ မဟုတ်ချေ။ တွမ့်ကျန်းယွမ် က ထိုအငွေ့တန်း
ကို လက်ညှိုးဖြင့် တောက်ကာ ဖိချလိုက် သည်။ အငွေ့တန်းမှာ မူလကထက် ပိုလျင်မြန်သော အရှိန်ဖြင့် တွင်းထဲ ဝင်ရောက်သွားသည်။
အထဲမှ ဆဲဆိုသံ ထွက်လာပီး ထပ်မံ၍ အငွေ့တန်းများ ထွက်မလာတော့ချေ။

ထန်ဖုက မိမိဆီ ပြန်တိုးဝင်လာသော အစိမ်းရောင်အငွေ့တန်းကို မရှောင်နိုင်ပါ။ အထိခံလိုက်ရသည်။ သူက ချက်ချင်းပင် ဆဲရေလိုက်ပီး


ဖြေဆေးထုတ်သောက်လိုက် ရလေသည်။ အားနည်းနေသဖြင့် လည်းကောင်း နေရာကျဉ်း၍ လည်းကောင်း မရှောင်နိုင်သည်ကို သိ၍
မတရားခံရသည် ဟု တွေးကာဒေါသထွက်နေလေသည်။

" ဟေ့ကောင် တွမမ


့်ျိုး... ငါ့ကိုဖမ်းထားတာ ငါ့အစ်ကိုသိရင် ငါ့အဖိုးကိုယ်တိုင် လာမှာနော် မင်းအဲ့အချိန်ကြမှ နောင်တမရနဲ့... ငါ့ကို
အခုချက်ချင်းလွှတ်စမ်း... "

တွမ့်ကျန်းယွမ်က ခပ်အေးအေးပင်။
" မင်းကို အခု လွှတ်လိုက်ရင် မင်းအဖိုးက ငါ့ကို လက်စားမချေတော့ဘူးလား "
ဟု မေးလိုက်သည်။
ထန်ဖုက ရယ်ကာ
" ဘယ်ရမလဲ ခွေးသားရ... ထန်မျိုးနွယ် သခင်လေးကို စော်ကားတာ ဒီအတိင
ုး ပီးသွားမယ်ထင်နေလို့လား "
ဟု ကြိမ်းဝါးလိုက်သည်။

တွမ့်ကျန်းယွမ် က ရယ်ကာ
" ဟား ဟား.. ဒါဆို ငါက ဘာလို့လွှတ်ပေး နေရဦးမှာလဲ... မင်းသေသွားအောင် ပစ်ထားလိုက်မယ်... မင်းကိုငါဖမ်းလာတာ
သိတဲ့သူရှိလို့လား "
ဟု ပြောလိုက်သည်။

ထန်ဖု က ထိုစကားကြောင့် မျက်နှာပျက် သွားသော်လဲ


" မင်းအထင်ကတော့ ဘယ်သူမှမသိဘူး ထင်တယ်ပေါ့... ငါ့ညီမက မင်းမှန်းသိမှာ ပါ ငါ့အထင်တော့ သူမင်းဆီငါ့ကို လာတောင်း
ပီးလောက်ပါပီ... မင်းကမပေးလို့ အဖိုးကို သွားခေါ်နေတာပဲ ဖြစ်ရမယ် "
ဟု ပြောလိုက်သည်။

တွမ့်ကျန်းယွမ် က ခေါင်းငြိမ့်မိကာ
" ဟုတ်တယ်... မင်းညီမကော မင်းအကိုကော လာသွားပါတယ်ကွာ... ဒါတောင် ငါ့ကိုမယှဉ်နိုင်ဘူးလေ... ကြည့်ရတာ မင်းအဖိုးလဲ ငါ့ကို
မှီမှာ မဟုတ်ပါဘူး "

ထန်ဖုကာ ရယ်လက
ိုပီး
" ဟားဟား... ကျလဲကျတဲ့ကောင်ကွာ ငါ့အဖိုးလို ပြိုင်ဘက်ကင်း သိုင်းသမားက မင်းကို မမှစ
ီ ရာလား... ငါ့အကိုကသာ
ပန်းထိုးအပ်သိုင်းကို အောင်မြင်ရင် မင်းမပြောနဲ့ ငါ့အဖိုးတောင် မမှီဘူးကွ "
ဟု ပြောလိုက်လေသည်။

တွမ့်ကျန်းယွမ် က လှောင်သံဖြင့်
" ခက်တာက ထန်ဝူက ပန်းထိုးအပ်သိုင်း ကို လေးပုံတစ်ပုံတောင် ကျင့်နိုင်လို့လား... မင်းအဖိုးရဲ့ သိုင်းပညာနှစ်ခုကလဲ အတုတွေ
ပါကွာ... အတွင်းအားစုပ်သိုင်းရဲ့ မူလက ငါကျင့်ထားတဲ့ ပေမိန်နတ်သိုင်းပဲ... မင်းအဖိုးတော့ မင်းကိုလာကယ်ရင်း ဒုက္ခရောက်မှာပါပဲ
ဟဲဟဲ.... "

ထန်ဖု မှာ မခံနိုင်ဖြစ်သွားကာ


" ဟေ့ကောင် လေကျယ်မနေနဲ.့ .. ငါ့အဖိုးသာ ပန်းထိုးအပ်သိုင်းသုံးလိုက်ရင် မင်းသေမှာ အမှန်ပ.ဲ .. အတွင်း အားစုပ်မရလဲ ငါ့အဖိုးက
ဓားလှံ ပီးတယ်ကွ "
ဟု ပြောလိုက်လေသည်။

တွမ့်ကျန်းယွမ် က ရုပ်တည်သွားကာ
" မင်းအဖိုးက ပန်းထိုးအပ်သိုင်း တတ်တယ်လား "
ဟု မေးလိုက်သည်။

ထန်ဖုက ရယ်ကာ
" ဟားဟား တတ်တာပေါ့က.ွ .. ငါ့အကိုကို သူကိုယ်တိုင်သင်ပေးတာပဲလေ "
ဟု ခပ်ကြွားကြွားပြောလိက
ုလေသည်။

" ဒါဆို သူလဲ ထန်ဝူတတ်သလောက်ပဲ တတ်တာပေါ့ ဟုတ်လား... ဒါကြောင့် မသုံးတာပဲ ဖြစ်ရမယ်... ဆက်ကျင့်ဖို့ အခက်အခဲ
ဖြစ်နေတယ်ထင်တယ် "
ဟု တွမ့်ကျန်းယွမ်က မေးလိုက်သည်။
ထန်ဖုက လှောင်သံဖြင့်
" အဲ့လောက်ကိုပဲ မင်းခံနိုင်မှာမဟုတ်ပါဘူး ငါ့ကို အခုလွှတ်ပေးပီး ငါ့အဖိုးကို တောင်းပန်လိုက်ရင် မင်းကို ခွင့်လွှတ်ကြမှာပါ မင်းက
မင်းသားတစ်ပါးဆိုတော့ ပူးပေါင်းလို့ ရနိုင်ပါတယ်... စိတ်ကူးမလွဲစမ်းပါနဲ့ "
ဟု ပြောလိုက်လေသည်။

တွမ့်ကျန်းယွမ် ကမူ ခပ်တည်တည်ဖြင့်


" ကျေးဇူးပဲကွာ... ငါက မင်းအဖိုးရဲ့ ပန်းထိုးအပ်သိုင်း အဆင့်ကို သိချင်နေတာကွ အခုလို ပြောပြပေးတော့ ငါအတွက်အကျိုးရှိ
တာပေါ့ကွာ... မင်းအဖိုးကို ရင်ဆိုင်ဖို့ ငါလေ့ကျင့်လိုက်ဦးမယ်ဟေ့ "
ဟု ပြောပီးလှည့်ထွက်သွားတော့သည်။

ထန်ဖု ကျန်ခဲ့ရာ မြေတွင်းကတော့ ဆဲသံဆိုသံများဖြင့် ပြည့်နှက်လျက် ကျန်ခဲ့လေသည်။

တွမ့်ကျန်းယွမ် မှာ လှည့်ထွက်သွားပီးပီးခြင်း အခန်းပြန်ပီး စဉ်းစားနေမိသည်။ ထန်ဖန်းကို သူဘယ်လိုရင်ဆိုင်ရမည်နည်း။ သူ့ဘက်က


အတွင်းအားသာသည် ဆိုသော်ငြား ထန်ဖန်း၏ သိုင်းပညာမှာလဲ အဆင့်မြင့်လွန်း နေသည်။ ကြယ်ငင်မိစ္ဆာသိုင်း တတ်သော ထန်ဖန်းကို
ပေမိန်နတ်သိုင်း ၏ အတွင်းအား စုပ်ယူမှု က ထိရောက်မယ်မထင်ချေ။ မိန်းမစိုးကိုယ်ထည်သင
ိုး ကို ချေဖျက်ရန် ကလဲ သူ၏
ရိရန်နှင့်ရိကျင့် က ထိရောက်ပါ မည်လား။ ပန်းထိုးအပ်သိုင်း ကိုရော သူ၏ မိုးနဂါးဓားသိုင်း က ယှဉ်နိုင်မည်လား။ အဖြေက
စဉ်းစားသော်လဲ ထွက်မလာချေ။

ထို့ကြောင့် သူက သူ့ဓားကို ကိုင်ကာ အခန်းပြင် မြေကွက်လပ်တွင် မိုးနဂါးဓားသိုင်း ကို တစ်ကွက်ချင်း ထွက်ကစားလိုက်သည်။
ပေါ့ပါးသွက်လက်မှု နှင့် ပျော့ပြောင်းသိမ်မွေ့မှု ကိုအခြေခံသော ထိုဓားသိုင်းမှာ ပညာပါပီး အစွမ်းထက်သည်။ ဝေထင်း အနှစ်နှစ်ဆယ်
အပင်ပန်းခံကာ တီထွင်ထားခြင်းက သက်သေခံနေသည်။ အကွက်မှာ ရှစ်ကွက် မျှသာရှိသော်လဲ တစ်ကွကတ
်ွင်ပင် လှုပ်ရှားနိုင်သော
အကွက်ခွဲပေါင်း များစွာ ရှိလေသည်။ သိုင်းကွက်ကို မေ့ပစ်ရန် မိမိ၏ လှုပ်ရှားမှုကသာ သိုင်းကွက်ဖြစ်ရန် ဝေထင်းက အမြဲတစ်စေ
မှာကြားထားသဖြင့် တွမ့်ကျန်းယွမ်မှာ တစ်ကွက်ကိုကစားရင်း နောက်တစ်ကွက်ကို အလိုက်သင့်ကူးပြောင်း ကြည့်မိသည်။
ရှစ်ကွက်လုံးဆုံးသွားသော် သူက တစ်ခုခုလိုနေသလို ခံစားရကာ ရပ်လိုက်ရသည်။

တွမ့်ကျန်းယွမ် က မိမိမှာ ဓားနှင့်လူ တစ်ထပ်တည်းကျကာ အချိန်မရွေး တုံ့ပြန်နိုငေ


် သာ လှုပ်ရှားမှုများလုပ်နိုင်သည်။ သို့သော်
အဘယ့်ကြောင့် သိုင်းကွက်များကို မမေ့နိုင်ရသနည်း ဟု တွေးမိကာ ခေါင်းယမ်း မိလေသည်။ ထို့ကြောင့် တစ်ခုခုလိုနေသည် ဟု
ခံစားရပေမည်။ သူတတ်ထားသည်မှာ များပြားလှသောကြောင့် အရေးကြုံလျင် မည်သည့်သုင
ိးဖြင့် ယှဉ်ရမည် ဆုံးဖြတ်နေ ရသည်မှာ
အလုပတ
် စ်ခုလပ
ို င်။ သူ့ကိုယ်ပိုင် စစ်စစ်ဖြစ်သော လှုပ်ရှားမှုသိုင်းဟန် မရှိပဲ သိုင်းကျမ်းများ၏ သိုင်းကွက်များကိုသာ တစ်ထပ်တည်း
သေသပ်တိကျစွာ အသုံးပြု နေရသည်။ ငါက သိုင်းပညာရှင် မဟုတ်ပဲ သိုင်းပညာသည်ပါပဲလား။ ငါက ဘယ်လောက်တောင်
ပြိုင်ဘက်ကင်း အစွမ်းထက်ပေမဲ့ စစ်မှန်တဲ့ သိုင်းပညာရှင် ဖြစ်နိုင်ပါ့မလား ဟု တွေးမိလိုက်ကာ လေပူများ မှုတ်ထုတ်မိတော့သည်။

ခပ်လှမ်းလှမ်းမှ ကြည့်နေသူ လူငါးယောက် ကတော့ အစွမ်းထက်လွန်းသော သိုင်းကွက် များကို ပိရိသေသပ်စွာ ကစားသွားသည်ကို


မြင်ပီး ခေါင်းယမ်းမိကြသည်။ ထိုလူ ငါးယောက်မှာ ဝါဆန်းဂိုဏ်းချုပ် ပိင
ုချုန်း၊ ဝူတန်းဂိုဏ်းချုပ် ကျန်းယွမ် နှင့် တပည့် ကျန်းစန်းယွမ်၊
အော့မေ့ဂိုဏ်းချုပ် ကျိုးမော့ နှင့် တပည့်မ ကျိုးကျစ်ယွင် တို့ ဖြစ်ကြသည်။ သူတို့ တွေ့မြင်လိုက်ရသည်မှာ သိုင်းလောက ပထမ
ဝေထင်း၏ ပညာဖြစ်သဖြင့် ပြိုင်ဘက်ကင်း ဓားသိုင်းဟု ဆိုနိုင်သည်။

ရသေ့ကြီးက တီးတိုးသံဖြင့်
" ဒီလောက်အစွမ်းထက်ပီး ရှုပ်ထွေးလှတဲ့ ဓားကွက်တွေကို ကျုပ်ဖြင့် ဘယ်သူမှ ခုခံနိုင်မယ် မထင်ဘူးဗျာ "
ဟု ရေရွတ်လိုက်သည်။

ကျန်ဂိုဏ်းချုပ်များမှာလဲ ခေါင်းငြိမ့်ကာ ထောက်ခံကြသည်။ သူတို့လဲ ဟာကွက် ရှာမရသလို ခုလဲမခုခံနိုင်ချေ။ ကျိုးကျစ်ယွင် မှာမူ


အရည်လဲ့သော မျက်လုံးများဖြင့် တွမ့်ကျန်းယွမ် ကို ကြည့်နေလေသည်။
ထိုအဖြစ်ကိုမြင်သော ကျန်းစန်းယွမ်က မခံချင်စိတ်ပေါ်လာကာ သူ့ဆရာအား
" ဒါပေမဲ့ ဆရာရယ်... ဒီလူက လောဘကြီးပုံ ရတယ်... ဒီလောက်အစွမ်းထက်တဲ့ ဓားသိုင်းကို တတ်ကျွမ်းနေတာတောင် ခေါင်းယမ်းပီး
စိတ်ပျက်ပြနေသေးတယ်... "
ဟု ပြောလိုက်လေသည်။

ရသေ့ကြီးက ခေါင်းယမ်းကာ
" ဟုတ်တယ်... သိုင်းပညာနဲ့ ပတ်သတ်ပီး တရားသောအားဖြင့် လောဘရှိတာက ကောင်းတယ် ငါ့တပည်.့ .. မင်းအနေနဲ့ မနာလိုပီး
မလိုတမာ ပြောမနေနဲ့... သူက ဒီလိုကြိုးစားခဲ့လို့ မင်းတို့ငါတို့ထက်သာပီး ပြိုင်ဘက်ကင်းတဲ့ အဆင့်ဖြစ်နေတာကွ အကယ်၍ သူ့ဆရာက
ဝေထင်းမဟုတ်လဲ သူ့ကြိုးစားပုံနဲ့ဆို တစ်နေ့နေ့မှာ ပြိုင်ဘက်ကင်း ဖြစ်လာဦးမှာပဲ... မင်းလဲ အတုယူပီး ကြိုးစားပေါ့ကွာ "
ဟု ပြောလိုက်လေသည်။

ကျန်းစန်းယွမ် မှာ မသိမသာအံကြိတ် လိုက်သော်လဲ အပြင်ပန်းကမူ ခေါင်းငြိမ့်ပြ လိုက်လေသည်။ ကျိုးမော့ကတော့


စကားဖြတ်လိုပုံရကာ
" ကဲကဲ... ကျုပ်တော့ အနားယူတော့မယ်...
မနက်မှ ပြန်ဆွေးနွေးကြတာပေါ့... ယွင်အော် ပြန်မယ်.... "
ဟု ပြောပီး ကျိုးကျစ်ယွင် လက်ကိုဆွဲကာ သူတို့အဆောင်ဘက်ကို ထွက်သွား လေသည်။

ပိုင်းချုန်းက လဲ ရိပ်ခနဲ ခုနက


်ာ ထွက်သွားတော့သည်။ ထိ့ေ
ု နာက် ရသေ့ကြီးကလဲ ကျန်းစန်းယွမ်းအား
" သွားမယ် စန်းယွမ်... "
ဟု ပြောလိုက်သည်။

ကျန်းစန်းယွမ် က တစ်ယောက်ထဲ မတ်တပ်ရပ်ကာ တွေးနေသော တွမ့်ကျန်းယွမ် ကိုကြည့်ကာ လှည့်ထွက်သွား တော့သည်။


သူ့ရင်ထဲတင
ွ်တော့ မခံချင်စိတ် အပြည့်ဖြင့်။ ထိုအရာများကို မသိပဲ စဉ်းစားခန်း ဝင်နေသော တွမ့်ကျန်းယွမ်မှာက သူ့သိုင်းကွက်မှာ
ဘာလိုနေသလဲ ကိုသာ ခေါင်းပေါက်မတတ် စဉ်းစားရင်း ကျန်ခဲ့လေတော့သည်။

#မိုးထိတောင်သိုင်းသမား #ZYN
အခန်း (၃၀) အပိုင်း နှစ်
ဧည့်ဂေဟာထဲက တိုက်ပွဲ

လို့ရန်မြို့  ဧည့်ဂေဟာ...
အချိန်ကာလမှာ တစ်ပါတ်တိတိပြည့်သော မနက်ပင်....
လူသုံးယောက်...
ဧည့်ဂေဟာ ရှေ့တည့်တည့်တွင် လူသုံးယောက် ရောက်နေပီး ထိုလူ သုံးယောက်ကို ဧည့်ဂေဟာ တစ်ခုလုံးရှိ သိုင်းသမားများက
ထွက်ကာ ကြည့်နေကြ သည်။ သူတို့၏ မျက်နှာထားများက တင်းမာ နေကြသည်။ သို့သော် သေချာကြည့်လျှင်မူ တင်းမာနေသော
အမူအယာကြားမှ ထိတ်လန့်နေမှုကိုလဲ တွေ့ရပေမည်။

ဂိုဏ်းချုပ်ကြီး သုံးယောက်ကလဲ မျက်နှာထား တည်တည်နှင့် ကြည့်နေကြသည်။ သူတို့ မျက်နှာကတော့ မေးခွန်းများအပြည့်ဖြင့်။


ကျန်းစန်းယွမ် နှင့် ကျိုးကျစ်ယွင် ကတော့ အံကြိတ်ကာ တစ်ယောက်တည်းသောသူကို စူးစူးဝါးဝါး ကြည့်နေကြသည်။

တစ်ဖက်က လူသုံးယောက်မှာ မည်သူများ ဖြစ်၍ ထိုမျှဖြစ်နေကြသနည်း။ လူနှစ်ယောက် မှာ သူတို့အားလုံး သိပီးသားသူများပင်။


ထိုနှစ်ယောက်က လွန်ခဲ့သော တစ်ပါတ်က လာရောက်ဖူးသူများ ဖြစ်ကြသည်။ ထန်မောင်နှမ ဖြစ်သော ထန်ဝူ နှင့် ထန်စုစု။
ထိုသို့ဆိုလျင် ကျန်တစ်ယောက်မှာ မည်သူ ဖြစ်သနည်း။

ထိုသူမှာ အသက်ခြောက်ဆယ်မျှ ရှိဟန်တူ သော်လဲ ခမ်းနားသပ်ရပ်စွာ ဝတ်ဆင်ထား သဖြင့် နယ်စားကြီးတစ်ဦးပမာ ထင်ရသည်။


အဖိုးထိုက်တန်မှန်း သိရသော ဝတ်ရုံရှည်ကြီး မှာ ထိုသူကြီးက သြဇာအာဏာ ရှိသူဖြစ် ကြောင်း သိစေနိုင်သည်။ ထိုလူကြီးမှာ
ဂိုဏ်းချုပ်များနှင့် သိုင်းသမားများကို မတူမတန်သလို ကြည့်နေသည်။

ဂိုဏ်းချုပ်များ၏ မျက်လုးံ ကလဲ ထိုလူကြီး ကိုယ်ပေါ်မှ မခွာချေ။ ထိုလူကြီးက သူတို့ ထိတ်လန့်နေသော ထန်စံအိမ် သခင်ကြီး ထန်ဖန်း
များပေလား။
ထိုစဉ် အပြာရောင် ဝတ်စုံကို သပ်ရပ်စွာ ဝတ်ဆင်ထားသူ လူငယ်တစ်ယောက် ရောက်လာလေသည်။ သူ၏ဘယ်ဘက်လက် တွင်
အနက်ရောင် ဓားရှည်တစ်ချောင်း ကိုင်ဆောင်ထားသည်။ ထိုသက
ူ နယ်စားကဲ့သို့ ဝတ်ဆင်ထားသော လူကြီးကို မြင်လျင် အံ့သြ
သွားတော့သည်။ ထိလ
ုြူ ကီးက အဘယ့်ကြောင့် ဤနေရာသို့ ရောက်လာ သနည်း။ အပြာရောင်ဝတ်စုံနှင့်သူ မှာ တွမ့်ကျန်းယွမ်
ဖြစ်သည်။ သူက နယ်စားပုံစံနှင့်လူကြီးကို သေချာသိလေ သည်။

ရသေ့ကြီး ကျန်းယွမ်မှာ တွမ့်ကျန်းယွမ် ၏ မျက်နှာအရိပ်အကဲကို ကြည့်ကာ တီးတိုး မေးမြန်းလိုက်တော့သည်။


" လူလေးတွမ.့် .. သူက ထန်ဖန်းလား "

တွမ့်ကျန်းယွမ်က ခေါင်းယမ်းကာ စိတ်လှုပ်ရှားသော အမူအယာဖြင့် ဖြေလိုက်လေသည်။


" မဟုတ်ဘူးဗျ... သူက တောင်ပင်လယ် ဂိုဏ်းချုပ်ကြီး ကျောက်လွေ... သူဘာကြောင့် ဒီနေရာ ရောက်နေလဲ ကျနော်လဲ မသိဘူး "

ထိုစကားကို ကြားလိုက်သော ကျန်ဂိုဏ်းချုပ် များကလဲ အံ့သြသွားကြသည်။ သူတို့သိ ထားသော သတင်းအရ ကျောက်လွေတို့


တောင်ပင်လယ်ဂိုဏ်းမှာ ခိုင်ဖုန်းကို တိုက်ခိုက်နေပီး ပိုင်လုံ နှင့် ရင်ဆိုင်နေကြ သည်ဟူ၍ပင်။

ထန်ဝူမှာ တွမက
့်ျန်းယွမ် မျက်နှာမှ အံ့သြ သော ပုံရိပ်ကို မြင်သော် ပိုင်နိုင်စွာဖြင့်
" ဟေ့ကောင်.. တွမ့်မျိုး မင်းက ဂိုဏ်း ချုပ်ကြီး ကျောက်လွေကို မြင်တော့ လန့်နေပီမလား "
ဟု မေးလိုက်တော့သည်။

တွမ့်ကျန်းယွမ် က သူ့ကို ပြန်မပြောပါ။ သူက ကျောက်လွေကို ဂါရဝပြု လိုက်ပီး


" ဂိုဏ်းချုပ်ကြီး ကိုယ်တိုင်ဒီကိုကြွလာတယ် ဆိုတော့... အကိုကြီးပိုင် နဲ့ ရင်ဆိုင်ကြတဲ့ နေရာမှာ ဂိုဏ်းချုပ်ကြီးဘက်က အလွဲအချော်
ရှိခဲ့ပီ ထင်တယ် "
ဟု ပြောလိုက်သည်။

ကျောက်လွေမှာ မတူမတန်သလို ကြည့်နေရာမှ ထိုစကားကြားသော် မျက်နှာ တစ်ချက်ပျက်သွားလေသည်။သူက ထန်ဝူ၏


တောင်းဆိုချက်အရ ထိုအပြာရောင် ဝတ်ဆင်ထားသူကို ဆုံးမပေးရန် လာခဲ့ခြင်း ဖြစ်သည်။ သို့သော် သူ့၏ လာရင်းကိစ္စကိုပင်
ခန့်မှန်းနိုင်နေလျင် ဆုံးမရန် သိပ်လွယ်မယ် မထင်တော့ချေ။

ကျောက်လွေကာ တင်းမာသော မျက်နှာဖြင့် တွမက


့်ျန်းယွမ်ကို ကြည့်ကာ
" မင်းက သိုင်းလောက ထိပ်သီးအဆင်၁
့ ဆိုတဲ့ တာ့လီကမင်းသားလား... မင်း အထင်ကြီးနေတဲ့ ပိုင်လုံကတော့ ငါ့လက်ဝါး
တစ်ချက်မိပီး သွေးအန်ကျန်ခဲ့တယ်... မင်းလဲ ဘယ်နှစ်ချက် ခံမလဲ ကြည့်ရသေးတာပေါ့ "
ဟု ပြောလိုက်သည်။

ထိုစကားကြောင့် ဂိုဏ်းချုပ်များနှင့် ဂိုဏ်း သား များမှာ ဟာ ခနဲ အော်ဟစ်မိကြသည်။ သူတို့၏ စိတ်ထဲတွင် ကြောက်စိတ်များ
ဝင်လာကြသည်။ အဖွဲ့ချုပ်ကြီး ပိုင်လုံ မှာ သူတို့အသိအရ သိုင်းပညာအကောင်းဆုံး ဖြစ်သည်။ တွမ့်ကျန်းယွမ် နှင့် သိုင်းပညာအရ
သိပ်ကွာလှသည်မဟုတ်ချေ။ အဆင့် ၁ နှင့် အဆင့် ၃ ဖြစ်သည် မဟုတ်ပါလား။

တွမ့်ကျန်းယွမ် က ခေါင်းယမ်းကာ ရယ်ပီး ပြောလိုက်လေသည်။


" ဟဲဟဲ... ဂိုဏ်းချုပ်ကြီးလဲ သိပ်အခြေအနေ ဟန်ပုံမရပါဘူး... အကိုကြီးပိုင်ဆီမှာ အရမ်းအစွမ်းထက်တဲ့ ပူးပေါင်းတုတ်သိုင်း
ရှိတယ်လေ... ဂိုဏ်းချုပ်ကြီးက အဲ့ဒီတုတ်သိုင်းကြောင့် ဒီကိုရောက်လာတာ ထင်တယ်... ကျောက်ယွင်ကျဲလဲ မတွေ့ပါလား တစ်ခုခုများ
ဖြစ်နေသလား "

ကျောက်လွေမှာတော့ မျက်နှာပျက်သထက် ပျက်လာသည်။ တွမ့်ကျန်းယွမ် မှာ လွယ်ကူသော ပြိုင်ဘက်မဟုတ်မှန်း သိရလေပီ။ သူက


ခပ်ပေါ့ပေါ့ သဘောထား နေရာမှ တစ်စုံတစ်ခုကို သတိရလာသည်။

" မင်း... မင်း....


ထိုက်ကျုံးတောင်ပေါ်က ဝတ်စုံပြာမလား "
ကျောက်လွေက မျက်မှောင်ကြုတ်ကာ မေးလိုက်တော့သည်။ သူထင်ထားသည့် အတိုင်းသာ ဆိုလျှင် ဤကောင်လေးမှာ
အရမ်းကြောက်စရာကောင်းသော ပြိုင်ဘက် ဖြစ်ပေမည်။ ထိုက်ကျုံးတောင်ပေါ်တွင် ဝတ်စုံပြာမှာ သူတို့ကို ဂရုမထားပဲ
ခြိမ်းခြောက်နိုင်ခဲ့သူပင် ဖြစ်သည်။ ထိုသူကို အနိုင်ရဖို့ရာ လုံးဝမလွယ်ကူပါ။

တွမ့်ကျန်းယွမ် ကလဲ သက်ပြင်းချကာ ဝန်ခံလိုက်သည်။


" ဟုတ်ပါတယ်ဗျာ... ကံကောင်းလို့ လွတ်လာတဲ့သူဆိုပါတော့ "
ထန်ဝူ နှင့် ထန်စုစု ကတော့ ထိုဝန်ခံစကား ကြောင့် တုန်လှုပ်သွားသည်။ ဤတွမ့်ကျန်းယွမ် မှာ မထင်မှတ်ထား လောက်အောင်
သိုင်းတော်နေသည်လေ။ ထန်စုစုမှာ ကျိတ်ပျော်သွားပီး မျက်နှာလေး ဝင်းသွားသည်။ ထိုက်ကျုံးတောင်ပေါ်က ဝတ်စုံပြာသာ
တွမ့်ကျန်းယွမ် ဆိုလျင် ကျောက်လွေကို ကောင်းကောင်းယှဉ်နိုင် ပေမည်။ သူမအကို၏ အကြံမှာ အောင်မြင်ရန် မလွယ်တော့ပါ။

ထန်ဝူက သက်ပြင်းချလိုက်စဉ်မှာပင် ကျောက်လွေက သူ့ဘက်လည


ှ့်ကာ တီးတိုးပြောလိုက်သည်။
" ထန်ဝူ မင်းအပ်စိုက်တာ နှစ်ရက်ပြည့်ရင် ငါ့သား ပြန်ကောင်းမှာပါနော်... မဟုတ်ရင်တော့ ငါ ဒီကောင့်ကို မတိုက်ပေး နိုင်ဘူး "

ထန်ဝူမှာ မျက်နှာရှုံ့မဲ့ကာ ကျောက်လွေအား ပြန်ပြောလိုက်လေသည်။


" စိတ်ချပါ ဂိုဏ်းချုပ်ကြီး... အပ်စိုက်ထားတာ နှစ်ရက်နေရင် သေချာပေါက် ပြန်ကောင်း သွားမှာပါ.... ဂိုဏ်းချုပ်ကြီးသာ ကျနော့်ညီကို
ကယ်ထုတ်ဖို့ကူညီပါ "

ကျောက်လွေက သက်ပြင်းချလိုက်ပီး တွမ့်ကျန်းယွမ် ကို ကြည့်လိုက်လေသည်။


" ဒီမယ်လူငယ်လေး... မင်းနဲ့ငါ သိုင်းပြိုင် ကြတာပေါ့... ဘယ်လိုလဲ "

တွမ့်ကျန်းယွမ်ကလဲ ခေါင်းငြိမ့်ကာ လက်ခံလိုက်သည်။


" ပြိုင်တာတော့ ဟုတ်ပါပီ ဂိုဏ်းချုပ်ကြီး...
လောင်ကြေးလေးတော့ ထပ်ကြတာပေါ့ ဘယ်လိုလဲ... "

" နေပါဦး သိုင်းပြိုင်မယ်ဆိုရင် ကျုပ်လဲ ပါပါရစေ "


ထန်ဝူ ကပြာကယာ ဝင်လိုက်ပီး ပြောလိုက်လေသည်။

ဂိုဏ်းချုပ်ကြီး သုံးယောက်နှင့် တပည့်များ ကတော့ ဘာမှမပြောနိုင်ကြပါ။ သူတို့က တွမ့်ကျန်းယွမ် နှင့် ရန်သူများ အချီအချ
ပြောနေသည်ကိုသာ ကြည့်နေကြသည်။ တွမ့်ကျန်းယွမ် က ထိုအဖြစ်ကို မြင်မိ သဖြင့် ခေါင်းငြိမ့်ကာ လက်ခံလိုက်သည်။

" ဟုတ်ပီလေ သုံးပွဲပြိုင်ကြတာပေါ့...


ကျုပ် နဲ့ ဂိုဏ်းချုပ်ကြီးကျောက်လွေ နဲ့ တစ်တွဲ နောင်ကြီး ထန်ဝူတို့မောင်နှမကတော့ ပြိုင်ဘက်ရွေးလိုက်ပါ "

ထန်ဝူ က လက်ခံသလို ရယ်လိုက်သည်။


" ဟုတ်ပီလေ... ကျုပ်ကတော့ ဟိုနေ့က မကျေပွဲလေး နွှဲရသေးတာပေါ့...
ဂိုဏ်းချုပ်သုံးယောက်နဲ့ သုံးယောက်တစ်ယောက် ပြိုင်မယ် "
သူ က ဂိုဏ်းချုပ်သုံးယောက်ကို နှိမ်လိုခြင်း ဖြစ်သည်။ သူ့တွင် ဓားလှံမပေါက်သော သိုင်းရှိသဖြင့် ဂိုဏ်းချုပ်သုံးယောက်၏ ဓားသိုင်းမှာ
သူ့ကို ဒုက္ခပေးနိုင်မည် မဟုတ်ပေ။

ထန်ဝူက ထန်စုစု ဘက်လှည့်ကာ မေးလိုက်သည်။


" စုစ.ု . နင် ဘယ်သူနဲ့ ယှဉ်မလဲ "

ထန်စုစု က ဝိုင်းစက်နေသော မျက်လုံးလေး များဖြင့် တစ်စုံတစ်ယောက်ကို မျက်စောင်းထိုး လိုက်သည်။ ပီးမှ ခြိမ်းခြောက်သံပါသော


အသံလေးဖြင့် ဖြေလိုက်လေသည်။ အဖြေက သုံးလုံးထဲပင်။
" ကျိုးကျစ်ယွင် "

#မိုးထိတောင်သိုင်းသမား #ZYN
အခန်း (၃၀) အပိုင်း သုံး
ဧည့်ဂေဟာထဲက တိုက်ပွဲ

" ကျိုး ကျစ် ယွင် "


သုံးလုံးထဲသော နာမည်ခေါ်သံလေးက ချိုလွင်သော်လဲ ကြားလိုက်ရသော ကာယကံရှင် မှာမူ အနည်းငယ် တုန်လှုပ် သွားသည်။ သူမ
အနေဖြင့် ထန်စုစု ကို ယှဉ်နိုင်မည် မထင်ချေ။ လက်ရှိသုင
ိးလောက တွင် အမျိုးသမီး သိုင်းသမားများ အနက် ထန်စုစု၏ သိုင်းပညာမှာ
အကောင်းဆုံး ဟု ပြော၍ရသည်။ ကျိုးကျစ်ယွင် မဆိုနှင့် သူမ၏ ဆရာဖြစ်သူ အော့မေ့ဂိုဏ်းချုပ် ကျိုးမော့ ပင် မနည်းယှဉ်ရမည်
ဖြစ်သည်။ ထန်စုစုမှာ ဂိုဏ်းချုပ်သုံးယောက်၏ ပူးပေါင်းဓားကွက် ကို နှစ်ကွက်အထိ ရှောင်တိမ်းပြဖူးသည်။ ထို့ကြောင့်
ဂိုဏ်းသံးဂိုဏ်းနှင့် မဟာမိတ်အဖွဲ့ သိုင်းသမားများမှာ ကျိုးကျစ်ယွင် ထိုစိန်ခေါ်မှု ကို လက်မခံစေရန် ဆုတောင်းမိကြသည်။
ထန်စုစု ၏ စိန်ခေါ်မှုမှာ ရိုးရှင်းသည်။ သူမချစ်သူ နှင့် မနာလိုသဖြင့် စိန်ခေါ်ခြင်း ဖြစ်ရာ ညှာတာမည်မဟုတ်ချေ။ လူသတ်နတ်သမီး ဟု
ခေါ်တွင်သည် မဟုတ်ပါလား။

တစ်ဖက်က ကျိုးကျစ်ယွင် မှာလဲ မနိုင်မှန်းသိ သော်လဲ ဂုဏ်သိက္ခာ အရ လက်ခံရမလိုပင်။ သူမအနေဖြင့် လက်မခံ၍လဲ မရတော့။ သူမ
က စိတ်ရှုပ်ထွေးစွာဖြင့် နှုတ်ခမ်းကို ကိုက်လိုက်မိသည်။

ထိုစဉ် ကျန်းစန်းယွမ် က တည်ငြိမ်သော လေသံဖြင့် ဝင်ပြောလိုက်လေသည်။


" ဒီမယ် ထန်စုစ.ု .. မင်း စိတ်မရှိဘူးဆိုရင် ငါ့ကို ပါးရိုက်သွားတဲ့ အကြွေးကို ငါပြန်ဆပ် ချင်တယ်... ဘယ်လိုလဲ ငါနဲ့ ကျိုးကျစ်ယွင်
နှစ်ယောက်ပေါင်းကို ရင်ဆိုင်ရဲလား "

ထန်စုစု က ထိုစကားကိုကြားသော် ရယ်မိ သွားသည်။ သူမ၏ အသံလွင်လွင်လေးမှာ သာယာနာပျော်ဖွယ် ထွက်ပေါ်လာသည်။


" ရပါတယ်ရှင.် .. ရသေ့စုံတွဲ ရဲ့ တောင်းဆိုမှု ကို ကျမလက်ခံပါတယ်... ကျမ အကိုကြီး ကလဲ ရှင်တို့ဆရာသုံးယောက်နဲ့
သုံးယောက်တစ်ယောက် ယှဉ်တယ်မလား ကျမကလဲ နှစ်ယောက်တစ်ယောက် ယှဉ်ပေးရမှာပေါ့ "

သူမ ၏ စကားက မဟာမိတ်အဖွဲ့သားများ နားထဲ မခံနိုင်အောင် ဖြစ်သွားကြသည်။ သူတို့အားလုံးမှာ အစော်ကားခံလိုက်ရ လေပီ။


သို့သော် ဆန့်ကျင်သောစကား မထွက်ရဲကြ။ အခြေအနေမှာ သူတို့ကို အထင်သေးလေ သူတို့အတွက် အနိုင်ရနိုင်ချေ ရှိလေ
ဖြစ်နေသည်လေ။

တွမ့်ကျန်းယွမ် ကတော့ ဘာမှ မပြောနိုင်ပါ။ သူ့အနေဖြင့် ကျောက်လွေကိုကြည့်ကာ စိတ်လပ


ှုရှားနေသည်။ ဒီနေ့သည် သူ့ဘဝ
တစ်လျှောက် အခက်ခဲဆုံးနေ့ ဖြစ်နိုင်ချေ များနေသည်။ သူက ထန်စုစုကိုပင် ဂရုမထားနိုင်တော့ပါ။ သူမ ဘာပြောနေသည်
ဘာလုပ်နေသည်ကို မမြင်တော့ချေ။

ထန်ဝူ က ဂိုဏ်းချုပ်သုံးယောက်ကို ကြည့်ပီး မေးလိုက်သည်။


" ဆရာတွေ အရင်စမလား တပည့်တွေ အရင်စမလား "

ကျိုးကျစ်ယွင် မှာ ကျန်းစန်းယွမ် က သူ့ကို အနစ်နာခံကာ ကူညီပေးသည်ကို သိသည်။ သို့သော် သူမအနေဖြင့် ထိုကျေးဇူးကို မခံယူ
လိုချေ။ ကျေးဇူးတရားဆိုသည်မှာ မဆပ်၍ မကောင်းပေ။ ဆပ်ရမည်န
့ ည်းမှာလဲ သူမဘဝ ကိုပေးဆပ်ရမည့်ပုံပေါ်နေသည်။ အချစ်မပါပဲ
သူမဘဝကို ထိုနည်းဖြင့် ကျေးဇူးမဆပ်လိုပါ။ ထို့ကြောင့် သေတာမှ ကောင်းမည် ဟု မိုက်ရူးရဲဆန်ဆန် တွေးမိသည်။ သူမက
အံကြိတ်ကာ ဓားကို ဖျတ်ခနဲ ဆွဲထုတ်ပီး ထန်စုစုဆီခုန်ဝင်လိုက် သည်။

" ရွမ်း... ဝှစ် ဝှစ် "


နတ်သမီးဓားသိုင်း နှင့် ဆင်တူသော အော့မေ့ဓားသိုင်းမှာ ထက်မြက်ပေသည်။ တိုတောင်းလှသော အချိန်ခဏလေးမှာပင် ဓားကွက်
သုံးကွက် ထုတ်ပီးဖြစ်နေသည်။ သို့သော် ဆယ်နှစ်မျိုးခြေလှမ်း က ပိုစွမ်းသည်။ ထန်စုစု က အသာအယာပင် ထိုဓားကွက်များကို
ရှောင်တိမ်းလိုက်သည်။

ကျန်းစန်းယွမ် မှာ မနေနိုင်တော့ပါ။ ကျိုးကျစ်ယွင် ခုန်ဝင်သွားသည်နှင့် သူကလဲ ခုန်ဝင်ကာ တိုက်ခိုက်တော့သည်။ သူ၏


ထိုက်ကျိဓားသိုင်းမှာ အဆင့်တစ်ဆင့် ရောက်နေလေပီ။ ကျန်းစန်းယွမ် မှာ လက်တစ်ဖက် မရှိသော်လဲ ဓားကွက်များကို
အမှားအယွင်းမရှိ အကွက်မှန်မှန် တိုက်ခိုက် နေသည်။ သူက ကျိုးကျစ်ယွင် ၏ ဓားကွက် ကို ပံ့ပိုးပေးသည့်အနေဖြင့် တိုက်ခိုက်ခြင်း
ပင်ဖြစ်သည်။ ထိုက်ကျိဓားသိုင်း မှာ တိုက်စစ် သိုင်းပညာမဟုတ်သဖြင့် ယခုလို ပံ့ပိုး ပေးခြင်းက ထိရောက်သည်။

ဆယ်ကွက်မပြည့်မီပင် ထန်စုစုမှာ အနည်းငယ် အကျပ်အတည်း ကြုံလာရသည်။ သူမက ထိုနှစ်ယောက်ကို အထင်သေးမိသည်ကို


နောင်တရသလို ဖြစ်လာသည်။ စင်စစ် ကျန်းစန်းယွမ် နှင့် ကျိုးကျစ်ယွင်မှာ သူမ ထင်သလို သိုင်းပညာနိမ့်သူများ မဟုတ်ပါ။ သူတို့၏
ဆရာဖြစ်သူများထက် တစ်ဆင့်သာ နိမ့်သော သိုင်းသမားများ ဖြစ်ကြသည်။ အတွင်းအား နက်ရှိုင်းမှုသာ လိုအပ်နေကြခြင်းဖြစ်သည်။

ပရိသတ်အပေါင်းမှာ မျက်တောင်မခတ်တမ်း ကြည့်နေကြသည်။ တိုက်ပွဲမှာ မျှသည်ဟုပင် ပြော၍ရနေသည်။ သို့သော် နှစ်ယောက်


တစ်ယောက် ဖြစ်ရုံသာမက ဓားနှစ်ချောင်း နှင့် လက်ဝါး ယှဉ်နေသဖြင့် ထိုသမ
ိျုှ့နေခြင်း ဖြစ်သည်။ ထန်စုစုမှာ အကွက်သုံးဆယ်
ပြည့်ခါနီးသော် မခံချင်စိတ်များ ပေါ်လာသည်။ သူမ အနေဖြင့် တွမ့်ကျန်းယွမ် ရှေ့တွင် ထိုနှစ်ယောက်ကို အမြန်ပွဲသိမ်း
အနိုင်ယူပြလိုသည်။ ယခုအတိုင်း တိုက်နေပါက မလွယ်ကူချေ။ ထို့ကြောင့် သူမက ဝတ်စုံလက်ရှည်ထဲမှာ အပ်များ
ထုတ်ယူလိုက်လေသည်။

ပန်းထိုးအပ်သိုင်း...
တွမ့်ကျန်းယွမ် မှာ အပ်များကို မြင်သော် မျက်မှောင်ကြုတ် မိတော့သည်။ ထန်စုစု သည်လဲ ပန်းထိုးအပ်သိုင်း တတ်မြောက် နေသလား။

မှန်ပေသည်။ ထန်စုစု မှာ အပ်များကို စတင် ပစ်လွှတ်နေလေသည်။ ကျန်းစန်းယွမ် နှင့် ကျိုးကျစ်ယွင် မှာ ချက်ချင်းပင် အောက်စည်း
ရောက်သွားကြသည်။ ထန်စုစု မျက်နှာတွင် အပြုံးပန်းများ ပြန်လည်ပွင့်လန်းလာတော့ လေသည်။ ကျန်းစန်းယွမ် နှင့် ကျိုးကျစ်ယွင်
ကတော့ အံကြိတ်ပီး အပ်များကို ခုခံနေ လေသည်။

တွမ့်ကျန်းယွမ် က ထန်စုစု သုံးနေသော ပန်းထိုးအပ်သိုင်း ကို လေ့လာနေလေသည်။ အပ်များ ပစ်လွှတ်ပုံမှာ ဆန်းကြယ်သော်လဲ


သိုင်းကွက်များမှာ သာမာန်အဆင့်မြင့် သိုင်းကွက်မျှသာဖြစ်သည်။ ပြိုင်စံရှားဟု ဆိုရလောက်အောင် မထက်မြက်သေးပါ။ ထန်စုစုများ
ပညာလျှိုထားသလား။ တွမ့်ကျန်းယွမ် မှာတွေးရခက်နေသည်။

တွမ့်ကျန်းယွမ် က အတွင်းအားအသံပို့နည်း ဖြင့် ကျိုးကျစ်ယွင်အား စကားပြောလိုက် သည်။ သူက ကျိုးကျစ်ယွင် သုံးနေသော


နတ်သမီးဓားသိုင်းအား အစစ်အမှန်သိရှိသူ ဖြစ်သဖြင့် ထောက်ပြလိုက်ခြင်းပင်။ ကျိုးကျစ်ယွင် ၏ ဓားသိုင်းကစားပုံမှာ
ပြောင်းလဲသွားသည်။ သူမ၏ မျက်နှာလေးမှာ ဝင်းပသွားပီး ယုံကြည်ချက် ပိုရှိလာသည်။ တစ်ကွက်ချင်းစီမှာ အတွင်းအား ထည့်သွင်းပုံ
ဓားအနှုတ်အသိမ်း များမှာ ခုနနှင့်မတူတော့ချေ။ ထန်စုစုမှာ အံ့သြနေလေသည်။

အော့မေ့ဂိုဏ်းချုပ် ကျိုးမော့ကလဲ ထိုပြောင်းလဲ သွားသော ဓားကွက်များကို မြင်ကာ အံ့သြနေသည်။ သူမက မျက်တောင်


မခတ်တမ်းပင် လိုက်ကာမှတသ
်ားနေသည်။ အကွက်ပေါင်း တစ်ရာသို့ပင် ရောက်လာ လေပီ။ ထန်စုစုမှာ ပွဲသိမ်းချင်၍ ပန်းထိုးအပ်သိုင်း
ကို အသုံးပြုနေသော်လဲ ကျိုးကျစ်ယွင်၏ ဓားသိုင်းမှာ ရုတ်တစ်ရက် အဆင့်မြင့်မားသွား၍ ပွဲမသိမ်းနိုင်တော့ပါ။ ကျိုးကျစ်ယွင်က
မကျွမ်းကျင်သေး၍ တော်သေးသည်။ မဟုတ်လျင် အောက်စည်း ရောက်သွားနိုင်သည်။ သူမက နှစ်ယောက် တစ်ယောက်
တိုက်ခိုက်နေရသည် မဟုတ်ပါလား။ ကျန်းစန်းယွမ်၏ ထိုက်ကျိဓားသိုင်း ကလဲ အကွက်လုံလှသည်။ သူမကို ပိတ်ဆို့နေသဖြင့်
မနည်းဖြင့် သူတစ်ပြန် ကိုယ်တစ်ပြန် တိက
ုခိုက်နေရ သည်။

စိတ်အလှုပ်ရှားဆုံးကတော့ ကျိုးမော့ပင်။ သူမတို့၏ ဓားသိုင်းမှာ အကွက်တစ်ရာကျော် လျှင် အခြေပျက်တတ်သည်။ ထိုအဖြစ်ကို


သိထားသဖြင့် ကျိုးကျစ်ယွင် ဘာလုပ်မလဲ စောင့်ကြည့်နေသည်။ ကျိုးကျစ်ယွင်မှာမူ တည်တည်ငြိမ်ငြိမ် ပင်ရှိနေသည်။ သူမ နားထဲသို့
တွမ့်ကျန်းယွမ် အသံဝင်ကာ သိုင်းကွက်များ ညွှန်ကြားနေသ၍ ရှုံးရန်မရှိပါ။

တွမ့်ကျန်းယွမ် ကလဲ မထူးတော့ပီဖြစ်၍ ရှောင်းယောင်းဂိုဏ်း၏ နတ်သမီးဓားသိုင်း ကို အကွက်နှစ်ရာကျော် အကုန်ပင် သင်ကြားပေးရန်


ပြင်လိုက်တော့သည်။ ထန်ဝန
ှူင့်ကျောက်လွေမှာ တစ်စုံတစ်ယောက် က ကျိုးကျစ်ယွင် ကို သင်ကြားပေးနေ ကြောင်း သိကြသည်။
သို့သော်လည်း သူတို့က တွမ့်ကျန်းယွမ် ဟု မထင်ပါ။ မျက်လုံးကျွတ်တော့မတတ် သိုင်းကွက်များကို ကြည့်နေသော ကျိုးမော့ ဟု
ထင်နေကြ သည်။

ထန်ဝူက ရယ်လိုက်ကာ ကျောက်လွေဘက် လှည့်ပီး ခပ်ကျယ်ကျယ်ပြောလိုက်သည်။


" ဂိုဏ်းချုပ်ကြီးရေ... အဖြူရောင် သိုင်းဂိုဏ်း ဆိုပီး နှစ်ယောက်တစ်ယောက်လဲ တိုက်သေး တိုက်ပွဲတွင်းမှာလဲ သိုင်းသင်ပေးနေတုန်းဗျ
တယ်လဲ တရားနဲ့ညီတဲ့ လူတွေပါဗျာ "

ကျောက်လွေက ခေါင်းငြိမက
့်ာ လှောင်ရယ် ရယ်လိုက်သည်။ ကျိုးမော့မှာ သူမကို ပြောမှန်းသိတာ မခံချင်ဖြစ်သွားသည်။
ကျိုးကျစ်ယွင်ကို သူမ သင်ပေးနေခြင်း မဟုတ်ချေ။ ထို့ကြောင့် သူမက ဒေါသထွက် သွားပီး စိန်ခေါ်လိုက်တော့သည်။
" ဟေ့... ငါသင်ပေးနေတာ မဟုတ်ဘူးကွ
ငါသင်ပေးနေတယ်ထင်ရင် လာယှဉ်ကြည့်စမ်း "

ထန်ဝူကလဲ မငြင်းပါ။ ချက်ချင်းပင် ခုန်ဝင်လိုက်လေသည်။ ကျန်ဂိုဏ်းချုပ်များ ကလဲ ဓားဆွဲထုတ်ကာ ကာ ယှဉ်လိုက် တော့သည်။


ထို့ကြောင့် ဓားသုံးလက် မှာ ချက်ချင်းပင် ပေါင်းစည်းသွားလေသည်။ ဂိုဏ်းချုပ်သုံးယောက်မှာ တစ်ပါတ်တိတိ
ပူးပေါင်းလေ့ကျင့်ထားသဖြင့် တိုက်ခိုက်မှုမှာ ယခင်နှင့်မတူတော့ပါ။ အချိတ်အဆက် မိမြိ ဖင့် အကွက်ဝင်နေသည်။ သို့သော်
ဓားလှံမမူသော ထန်ဝူက ဂရုမထားပါ။ ဒဏ်ရာရမည်ကို မမူသဖြင့် အထက်စီးကပင် တိက
ုခိုက်နေသည်။ တကယ်တမ်း ထန်ဝူ၏
သိုင်းပညာ အဆင့်မှာ ပိုင်လုံ၊ ကျောက်ယွင်ကျဲ တို့ထက်သာလွန်သည်။ မင်စုထန် ပင် မနိုင်လောက်ချေ။ သူ့လက်မှ အပ်များမှာလဲ
ထိပ်လန့်စရာကောင်းအောင် ပျံ့လွင့် နေသည်။

တွမ့်ကျန်းယွမ် ကတော့ သက်ပြင်းသာချမိ တော့သည်။ သူတအ


ို့ ဖြစ်က မလွယ်ပါ။ သူတစ်ယောက်တည်းဖြင့် အကုန်ရင်ဆိုင် ရမည့်
သဘောရောက်နေလေပီ။ ယခုအချိန်ထိ ကျောက်လွေမှာ သူ့ကို မျက်စိဒေါက်ထောက် ကြည့်နေဆဲပင်။
သူအနေဖြင့် ကျောက်လွေကို အာရုံစိုက်ရ မည်လား၊ ကျိုးကျစ်ယွင်ကို အကူအညီပေး ရမည်လား မကွဲပြားတော့ချေ။

ကျိုးကျစ်ယွင် မှာ တွမ့်ကျန်းယွမ် ၏ ညွှနှ်ကြားမှု မရှိတော့သဖြင့် တဖြည်းဖြည်း ယိမ်းယိုင်လာသည်။ သူမက တွမ့်ကျန်းယွမ်


ပြုပြင်ပေးထားသော နတ်သမီးဓားသိုင်း အစစ်အမှန် အကွက်တစ်ရာကို အပြန်အလှန် သုံးစွဲနေရသည်။ ထန်စုစုလို ထက်မြက်သော
သိုင်းသမားမှာ အတန်ကြာတိုက်ခိုက် မိသော် နတ်သမီးဓားသိုင်း ကို တီးခေါက်မိလာသည်။ သူမ၏ ပန်းထိုးအပ်သင
ိုးနှင့်
ဆယ်နှစ်မျိုးခြေလှမ်း မှာလဲ အဆင့်မြင့် သိုင်းပညာဖြစ်၍ နှစ်ယောက်တစ်ယောက် ကိုပင် တဖြည်းဖြည်း ပြန်လည် အထက်စီးမှ
တိုက်ခိုက်လာနိုင်လေပီ။

#မိုးထိတောင်သိုင်းသမား #ZYN
အခန်း (၃၀) အပိုင်း လေး
ဧည့်ဂေဟာထဲက တိုက်ပွဲ

" ဝှစ် ဝှစ်... "


အပ်များက လေထဲထိုးခွင်းကာ ကျန်းစန်းယွမ် ဆီသို့ ပျံဝဲသွားသည်။ ထန်စုစု က ကျိုးကျစ်ယွင် ကို အနိုင်ယူလိုသဖြင့် အနောက်မှ
ပံ့ပိုးပေးနေသော ကျန်းစန်းယွမ် ကို တိုက်ခိုက်လိုက်ခြင်းပင်။ ကျန်းစန်းယွမ် မှာ အသေအလဲ တိမ်းရှောင်းလိုက်ရသည်။ သူက
ရှောင်ပေးလိုက်ရသဖြင့် ကျိုးကျစ်ယွင် မှာ တစ်ယောက်တည်းဖြစ်သွားလေသည်။

ထန်စုစုက " ကြည့်စမ်း " ဟုအော်ကာ လက်ဝါးရိပ်များ ဖြာထွက်နေအောင် ရိုက်ထုတ်လိုကသ


် ည်။ သူမ၏ လက်ဝါးများ ကြားမှ
အဖြူရောင်အငွေ့များပါ ပါဝင် လာသည်။ ကျိုးကျစ်ယွင်မှာ မနည်းပင် ကြိုးစားပီး ရှောင်လိုက်ရတော့သည်။ သူမ က ဟန်ချက်
ပျက်သွားကာ ဓားမှာ ထန်စုစုနှင့် ဝေးရာကို ချိန်ရွယ်မိသွားသည်။ အခွင့်အရေးကို လက်လွှတ်မခံသော ထန်စုစုက အမိအရပင်
ဆယ်နှစ်မျိုးခြေလှမ်း ဖြင့် တိုးဝင်ကာ ကျိုးကျစ်ယွင်ကို ရိုက်ချလိုက် တော့လေသည်။

" ဝုန်း... အွန့် "


လက်ဝါးချက် က မိမိရရပင် ကျိုးကျစ်ယွင် ရင်ဘတ်ကိုထိသွားသည်။ ပြင်းထန်သော အတွင်းအားကြောင့် ကျိုးကျစ်ယွင်မှာ သတိ
ပါမေ့သွားတော့သည်။

တွမ့်ကျန်းယွမ် မှာ လျပ်တစ်ပြက် အတွင်း ဖြစ်ပျက်သွားသဖြင့် အံ့သြမိသည်။ ထန်စုစု မှာ တော်ရုံ သိုင်းပညာကောင်းသည် မဟုတ်ချေ။
ထန်မျိုးနွယ်၏ အဆိပ်လက်ဝါး ကိုပါ တတ်မြောက်နေသည်။

ကျန်းစန်းယွမ် မှာ မိမိ ခဏမျှ ဆုတ်သွားချိန် တွင် ကျိုးကျစ်ယွင် ထိခိုက်သွားသဖြင့် ယူကြုံးမရဖြစ်သွားသည်။ သူက ယား ခနဲ
မာန်သွင်းကာ ပြင်းထန်သော ဓားသိုင်းကွက် များကို ထုတ်သုံးတော့သည်။ သူ၏ သိုင်းဟန်မှာ ခုနနှင့် လုံးဝမတူတော့ပါ။
ဒဏ်ရာရနေသော ကျားနာတစ်ကောင်လို ခံစစ်မပါတော့ပဲ အတင်းတိုက်ခိုက်နေသည်။

ကျောက်လွေက တိုက်ပွဲ နှစ်ခုကိုကြည့်ကာ တွမ့်ကျန်းယွမ် ကို လှမ်းပြောလိုက်သည်။


" ဒီမယ် တွမ့်မျိုး... ဟိုကောင်လေးက ထန်စုစု ကို ရှုံးလိမ့်မယ်... ထန်ဝူနဲ့ ဂိုဏ်းချုပ် သုံးယောက်ကတော့ လက်ညီနေတယ်...
ဒီပွဲက ငါ့ဘက်က အသာပဲ... မင်းလောင်းကြေးထပ်မယ်ဆိုတာ ဘာလဲ "
တွမ့်ကျန်းယွမ် က သက်ပြင်းချကာ ပြန်ဖြေလိုက်မိသည်။
" ဟုတ်တယ်... စုစု က ဟိုတစ်ယောက်ကို နိုင်မှာသေချာတယ်... ထန်ဝူကတော့ မလွယ်ပါဘူး... ဒါပေမဲ့ ကျနော်ကတော့
လောင်းကြေးထပ်ရမှာပဲ ဂိဏ
ုးချုပ်ကြီး "

ကျောက်လွေက ရယ်လိုက်ကာ
" ဟားဟား... ပြောကြည့်စမ်းကွာ မင်းဘက်က ဘာကိုလောင်းမလဲ "
ဟု မေးလိုက်သည်။

တွမ့်ကျန်းယွမ် က တည်ငြိမ်အောင် စိတ်ထိန်းလိုက်ပီး...


" ကျနော် အနေနဲ့ ဂိုဏ်းချုပ်ကြီးကို မတော်တဆဖြစ်ဖြစ် အနိုင်ရခဲ့ရင်ရော ဂိုဏ်းချုပ်ကြီးက ဘာပေးမလဲ "

ကျောက်လွေက သူ့ဘက်တွင် အပိုင်ဟု အထင်ရှိနေသည်လေ။ သူက ထန်စုစု နှင့် တွမ့်ကျန်းယွမ် တို့၏ ဇာတ်ရှုပ်ကို မသိသေးပါ။
ထန်ဝူ ဖိတ်ခေါ်၍ ထန်အမ
ိ ရောက်လာကတည်းက သူ့သား၏ အတွင်းဒဏ်ရာ ကုသဖို့်သာ လုံးပမ်း နေရသည်။ ယခုလဲ ထန်ဝူ၏
ကျေးဇူးရှိ၍ လိုက်ခြဲ့ ခင်းဖြစ်သည်။ သူက တွမ့်ကျန်းယွမ် အကြောင်း သူ့သားအပြောသာ သိရသည်။ ထိုက်ကျုံးတောင်ထိပ်က ဝတ်စုံပြာ
ဖြစ်ကြောင်း သိသော်လဲ သိပ်တော့ မစိုးရိမ်ပါ။ သူအနေဖြင့် ထန်သခင်ကြီး ထန်ဖန်းကိုပင် မမူသဖြင့် တွမ့်ကျန်းယွမ် ကို မနိင
ုရင်တောင်
သရေဟုသာ သတ်မှတ် ထားလေသည်။ ထို့ကြောင့် ရယ်လိုက်ပီး ယုံကြည်မှု လွန်ကဲသော အပြောကို ပြောချလိုက်လေသည်။

" မင်းငါ့ကို နိုင်ရင် ငါ ဒီနယ်ထဲကနေ ချက်ချင်း ထွက်သွားမယ် ... လို့ရန်ကို ဘယ်တော့မှ လာမတိုက်ဘူး "

တွမ့်ကျန်းယွမ် ကလဲ ထိုစကားကြောင့် ခေါင်းငြိမ့်ကာ အဖြေပေးလိုက်သည်။


" ဟုတ်ပီဗျာ... ကျနော် ရှုံးသွားရင် တာ့လီပြန်ပီး ဒီကို ဘယ်တော့မှ ပြန်မလာတော့ဘူးလို့ ကတိပေးတယ် "

ကျောက်လွေ မှာ ထိုစကားကို သဘောကျ သွားလေသည်။ သူက တွမ့်ကျန်းယွမ် လို မင်းသား တစ်ပါးကို အကြောင်းမရှိပဲ ဒုက္ခ
မပေးလိုပါ။ တွမ့်ကျန်းယွမ်သာ ဘေးဖယ် နေလိုက်ရင် သူတို့အတွက် လွယ်ကူသွား နိုင်ပေမည်။

" ဟုတ်ပီ... မင်းမှာ သစ္စာ လူမှာ ကတိပဲ မင်းနဲ့ငါ တစ်ပွတ


ဲ စ်လမ်း တွေ့ကြတာပေါ့ "

ကျောက်လွေမှာ ပြောလဲပြော ဓားလဲ ဆွဲထုတ်ကာ ခုန်ဝင်လိုက်လေသည်။ ခရမ်းရောင်းသမ်းနေသော ဓားအရိပ်မှာ တွမ့်ကျန်းယွမ် ဆီသို့


တိုးဝင်သွားသည်။ တွမက
့်ျန်းယွမ် က သူ့၏ ရှေးဟောင်းဓားကြီး ကို ဆွဲထုတ်ပီး ခုခံလိုက်ရသည်။ ယခု နှစ်ပိုင်း အတွင်း သူ့အတွက်
ပထမဆုံး ဓားကိုင်၍ တိုက်ခိုက်ခြင်းပင်။ ကျောက်လွေ မှာလဲ ပထမဆုံး နတ်ဆိုးဓားကွက် ကို နတ်ဆိုး အတွင်းအားဖြင့် သုံးစွဲမိခြင်းပင်
ဖြစ်သည်။ ပိုင်လုံကိုပင် လက်ဝါးဖြင့်သာ အနိင
ုယူခဲ့ သည်။

ကျောက်လွေမှာ တွမ့်ကျန်းယွမ် ကို အထင်မသေးဝင့် သဖြင့် နတ်ဆိုးဓားကွက် များဖြင့် စစချင်းကိုပင် တိုက်ခိုက်လေသည်။


တွမ့်ကျန်းယွမ် ကလဲ ထို့အတူ သူ့ဆရာ ဝေထင်း၏ မိုးနဂါးဓားသိုင်း ဖြင့် ပြန်လည် တိုက်ခိုက်လေသည်။

နတ်ဆိုးဓားသိုင်း မှာ အမာစား ဖြစ်ပီး ဓားမှာ လေထုထဲ တဝှီးဝှီး အသံမြည်ကာ ထိုးခွဲ နေသည်။ အင်အား နှင့် ပြင်းထန်မှု တို့
အချိုးကျရောစပ်ထားသော ဓားကွက်များပင်။ ထို့အပြင် ရက်စက်မှုကလဲ ရောပါနေသဖြင့် နတ်ဆိုး ဓားကွက်များမှာ အဆင့်လွန် ဓားပညာ
ဖြစ်ပေသည်။

တွမ့်ကျန်းယွမ် ၏ မိုးနဂါးဓားသိုင်း ကတော့ အပျော့စား ဓားပညာပင် ဖြစ်သည်။ နှေးလိုက် မြန်လိုက်ဖြင့် ဓား၏ ဦးတည်ချက် ကို
အမျိုးမျိုးပြောင်းလဲကာ ကစားရသည်။ ထိုဓားကွက်၏ အနှစ်သာရမှာ ပူးကပ်ခြင်း ဖြစ်သဖြင့် တွမ့်ကျန်းယွမ်က အနားသို့ ကပ်ကာ
ဓားကွက်ကို ထုတ်ဖော်နေသည်။ လျင်မြန်သည့်အခါ အရမ်း မြန်ဆန်လွန်းကာ နှေးသည့်အခါ ပူးကပ်ကာ နှေးကွေးလွန်း သည်။
ထို့အပြင် တွမ့်ကျန်းယွမ်က ဓားနှစ်ခု ထိလိုက်တိုင်း ပေမိန်နတ်သိုင်းဖြင့် အတွင်းအား စုပ်ယူလေရာ ကျောက်လွေ၏
ခရမ်းရောင်ဓားစက်ဝန်း မှာ ထင်သလောက် မထိရောက်တော့ချေ။

ကျောက်လွေက သူ့အတွင်းအားများ စုပ်ယူ ခံရသဖြင့် ဒေါသထွက်သွားသည်။


" ဟေ့ကောင်... မင်းညစ်ပတ်လှချည်လားကွ ငါ့အတွင်းအားတွေ လာခိုးနေတယ် "
တွမ့်ကျန်းယွမ်က ဘာမှမပြောပါ။ နှုတ်ဆိတ်ပီး ဆက်တိုက်နေသည်။ ကျောက်လွေမှာ ဒေါသထွက်ထွက်ဖြင့် ဓားကွက်ကို
အရှိန်တင်လိုက်သည်။ နတ်ဆိုးဒေါသ ဓားကွက်ကို အပြည့်အဝ ဖြစ်စေရန် ခရမ်းရောင်သွေးကြော နှိုးဆွနည်းဖြင့် နှိုးဆွလိုက်လေသည်။
" ဝုန်း... " ခနဲ တက်လာသော အတွင်းအား များကို ဓားထဲ ပို့လွှတ်ကာ ခုတ်ချလိုက် သည်။

တွမ့်ကျန်းယွမ် ကလဲ မုန်တိုင်းကြားကနဂါး သိုင်းကွက်ဖြင့် ခုခံလိုက်သည်။ သိုင်းကွက် အတွဲအစပ်မှာ လေးကွက်တိတိ ဆက်တိုက်


ဖြစ်၍ လှိုင်စီးနဂါး၊ မြေလျှိုးနဂါး၊ မီးပုံထဲကနဂါး ဆိေ
ု သာ ကျန်သုံးကွက်ကပ
ိုါ တစ်ဆက်တည်း သုံးစွဲလိုက်တော့သည်။
မုန်တိုင်းကြားကနဂါး ဓားကွက်အတိုင်း လျင်မြန်သွက်လက်လွန်းသော ဓားကွက် များကြောင့် ကျောက်လွေမှာ တိုက်စစ်ကို
တန့်လိုက်ရသည်။ ထို့နောက် လှိုင်းစီးနဂါး မှာ လှိုင်းလုံးများလို ဆက်တိုက်ဆက်တိုက် ဆင့်ကာ တိုက်ခိုက်သဖြင့် နတ်ဆိုးမောဟ ဖြင့်
ခုခံနေရသည်။ နတ်ဆိုးမောဟ ကို သုံးရာတွင် အပြည့်အဝဖြစ်အောင် ခရမ်းရောင်သွေးကြော များကို အဆင့်မြှင့် လိုက်လျှင် ဓားကွက်မှာ
ပိုမိုပြင်းထန်လာပြန် လေသည်။ သို့သော် တွမ့်ကျန်းယွမ် ၏ မြေလျှိုးနဂါး မှာ ခုခံသော ခံစစ်ဖြစ်လေသည်။ နာမည်နှင့်လိုက်အောင်
မြေကြီးထဲ ငုတ်လျှိုးမတတ် ခံစစ်မှာ လုံလှသည်။ တွမ့်ကျန်းယွမ် မှာ ခုခံပီးမှ တိုက်စစ်အဖြစ် မီးပုံထဲကနဂါး ကို
အသုံးပြုလိုက်တော့သည်။ ကျောက်လွေကလဲ မရှောင်ချင်တော့ပါ။ နတ်ဆိုးလောဘ ဓားကွက်ဖြင့် တိုးဝင်ကာ
ရင်ဆိုင်လိုက်တော့သည်။

" ဝုန်း... ထန်... ထန်... "


သံသံချင်း ထိသံက ကျယ်လောင် သွားလေသည်။ ထိုကျမှပင် ဂိုဏ်းချုပ်သုံးယောက် နှင့် ထန်ဝူ၊ ထန်စုစု နှင့် ကျန်းစန်းယွမ် တို့မှာ
ကျောက်လွေနှင့် တွမ့်ကျန်းယွမ် တို့ တိုက်ခိုက်နေခြင်းကို သိသွားကြသည်။

ထန်စုစု မှာ တွမ့်ကျန်းယွမ် ၏ ဓားကွက်များ ကိုမြင်သော် အံ့သြမိသည်။ ထိုဓားပညာဖြင့် သူမသာ ရင်ဆိုင်ရပါက နှစ်ကွက်ပင် ခုခံနိုင်
မည်မဟုတ်ပါ။ တစ်ဖက်မှ ကျောက်လွေ၏ ဓားပညာကိုလဲ လက်ဖျားခါမိတော့သည်။

ထန်ဝူ မှာလဲ ကျောက်လွေ ကို တန်းတူ ယှဉ်ပြိုင်နိုင်သော တွမ့်ကျန်းယွမ်ကို ကြည့်ကာ စိတ်လေးသွားသည်။ ထို့ကြောင့်
အာရုံအနည်းငယ် လွတ်သွားသဖြင့် ဓားချက်များ ဖြာခနဲ သူကိုယ်ပေါ် ကျရောက်လာသည်။ သူက ဦးခေါင်းပိုင်းကို မထိရန်သာ
ရှောင်တိမ်းလိုက်ပီး ဓားများကို အထိခံလိုက်သည်။
" ထန်... ထန်...ထန်... ချွမ် "
ဓားများက သူ့ကိုယ်ပေါ်ကို ထိသော်လဲ ထိရှခြင်း ထိုးဖောက်နိုင်ခြင်းမရှိပါ။
ဂိုဏ်းချုပ်များမှာ မျှော်လင့်ထားသော ကိစ္စဖြစ်သော်လဲ လက်တွေ့ကြုံရရသော် သက်ပြင်းချမိကြသည်။ ထို့နောက် အချင်ချင်း ကြည့်ကာ
မျက်လုံးဖြင့် တိုင်ပင် လိုက်သည်။ ထို့်နောက် သူတို့ဓားကွက်များ၏ ဦးတည်ရာမှာ ပြောင်းလဲသွားသည်။ ထန်ဝူ မှာ ရုတ်တရက်
ပြောင်းလဲသွားသော ဓားကွက်များကြောင့် သတိထားကာ တိမ်းရှောင်နေရသည်။ ထိုဓားဦးများက သူ့ကိုယ်ရှိ အပျော့ဆုံးနေရာများကို
ဦးတည် နေသည်လေ။

ထန်စုစု နှင့် ကျန်းစန်းယွမ် တို့၏ တိုက်ပွဲ ကတော့ မလှပါ။ ထန်စုစု က ကျန်းစန်းယွမ် ကို ကစားကာ အပ်များဖြင့် ပစ်လွှတ်နေ သည်။
အပ်များက အရေးကြီးသော သွေးကြောများကို မထိမှန်သဖြင့် ကျန်းစန်းယွမ် မှာ ရှုံးသည်လဲမခေါ်ပါ။ ထန်စုစု က
တမင်နှိပ်စက်နေခြင်းပင်။ ရပ်ကြည့်နေကြသော မဟာမိတ်အဖွဲ့သား များမှာ လက်တစ်ပြင်ပြင် ဖြစ်နေကြသည်။ သို့သော်လဲ
မည်သူမျှတော့ မဆင်မခြင် ဝင်မတိုက်ရဲချေ။ ယခု တိုက်နေကြသူများမှာ သူတို့ထက် သိုင်းပညာသာသူများ မဟုတ်ပါလား။
ကျန်းစန်းယွမ် ကတော့ အသက်ပင်သေသေ ဟု သတ်မှတ်ကာ တိုက်ခိုက်နေသည်။ သူက အော့မေ့ဂိုဏ်းသူ များ လက်ထဲတွင်
ငြိမ်သက်မေ့မြောနေသော ကျိုးကျစ်ယွင်ကို ကြည့်ပီး ထန်စုစုကို သတ်ဖြတ်ချင်နေသည်။ သူသတိမထားမိ သည်ကတော့
သူ၏သိုင်းပညာအဆင့်မှာ သိုင်းထိပ်သီးအဆင့် ၈သာဖြစ်ပီး သူရင်ဆိုင် နေရသော ထန်စုစုမှာ ထိပ်သီး၎ယောက် ကဲ့သို့
သိုင်းဂိုဏ်းချုပ်များ အဆင့်ရှိသူ ဖြစ်နေသည်။ ထို့ကြောင့် ဆယ်ကွက် ကျော်သော် တစ်ကိုယ်လုံးနီးပါး အပ်များ ပြည့်နှက်စိုက်ဝင်ကာ
အကြောပိတ်သွား တော့လေသည်။ ထန်စုစုက လေပူမှုတ်ထုတ် လိုက်ကာ တခစ်ခစ် ရယ်လိုက်တော့သည်။
ကျန်းစန်းယွမ်၏ ပုံစံမှာ ဖြူကောင်လိုပင် ဖြစ်နေသည်။

သူမက အနိုင်ရသွားသည်နှင့် ဖျတ်ခနဲ ခြံဝင်းထဲ ပြေးဝင်သွားတော့သည်။ သူမကို မည်သူမျှ မတားဆီးနိုင်လိုက်ပါ။

နတ်ဆိုးဓားကွက် သုံးကွက်ကို အပြန်အလှန် သုံးစွဲတိုက်ခိုက်နေသော်လဲ တွမ့်ကျန်းယွမ် ၏ ဖိအားပေးခြင်းကိုသာ ခံနေရသဖြင့်


မခံချင်စိတ်များ ဖြစ်လာသည်။ သူတစ်ခါမှ အသုံးမပြုဖူးသေးသော နောက်ဆုံးဓားကွက် နှစ်ကွက်ကို ထုတ်သုံးရန် ပြင်လိုက်တော့ သည်။
နတ်ဆိုးဒေါသဖြင့် ခပ်ကြမ်းကြမ်းတိုက်ခိုက် ပစ်လိုက်သည်။ အတွင်းအားကိုလဲ အပြည့်အဝ ထည့်သွင်းလိုက်သဖြင့်
အင်အားပြင်းထန်ပုံမှာ လေမုန်တိုင်းတစ်ခု လိုပင်။ တွမ့က
်ျန်းယွမ် မှာ ထိုခပ်ကြမ်းကြမ်း တိုက်ခိုက်မှုကို သူ့အတွင်းအားအကုန်သုံးကာ
မာနနဂါးရဲ့နောင်တ ဖြင့် ခံဆောင်လိုစိတ် တဖွားဖွားဖြစ်နေသည်။ သို့သော်လဲ နိုင်မည် မသေချာ၍ မြေလျှိုးနဂါး သိုင်းကွက်ဖြင့်သာ
ပူးကပ်ပီး ခုခံလိုက်သည်။ ကျောက်လွေ၏ ပြင်းထန်လှသော လေမုန်းတိုင်းပမာ တိုက်ခိုက်မှုတိုင်းသည် တွမ့်ကျန်းယွမ်၏ မိုးနဂါးဓားသိုင်း
ဖြင့် ရင်ဆိုင်ရတိုင်း ဝဲထဲနှစ် သွားသလို ဖြစ်ဖြစ်နေသည်။ အင်အားအရှိန် များမှာ အကုန်လုံးစုပ်ယူခံရသည်။ သို့သော် ကျောက်လွေ၏
အတွင်းအားများမှာ မိစ္ဆာဓာတ်ပါသော နတ်ဆိုးအတွင်းအား ဖြစ်ရာ ထိုအတွင်းအားများ သူ့ကိုယ်ထဲသို့ စုပ်ယူလိုက်ခြင်းမှာ သူ့အတွက်
တဖြည်းဖြည်း ဆိုးကျိုးဖြစ်နေသည်ကို သူမသိချေ။ ထိန်းချုပ်ထားသော အအေးဓာတ်များမှာ လှုပ်ရှားလာလေသည်။ သူ၏ ဓားကြီးသို့
ဓားကိုင်လက်ထဲမှ အေးစိမ့်သော အငွေ့အသက်များ စီးဆင်းသွားသည်။

ကျောက်လွေမှာ တိ ခနဲ ခဏရပ်လိုက်ပီး အနောက်ကို ခုန်ဆုတ်လိုက်သည်။ တွမ့်ကျန်းယွမ် လဲ ကြောင်သွားကာ ဓားကွက်ကို


ရပ်လိုက်လေသည်။ သူက ချိန်ရွယ် ထားရင် မေးလိုက်လေသည်။
" ဂိုဏ်းချုပ်ကြီး... အရှုံးပေးတာလား "

ကျောက်လွေက တဟားဟား ရယ်ကာ...


" ဘယ်ကသာကွာ... မင်းရဲ့ဓားသိုင်းက ဝေထင်းရဲ့ ပညာဆိုပေမဲ.့ .. ငါ့ရဲ့ဓားသိုင်းကလဲ လွန်ခဲ့တဲ့ အနှစ်နှစ်ရာ မိစ္ဆာသုံးပါး ရဲ့
ပညာပါကွ... အရှုံးပေးစရာ မရှိဘူး... မင်းကို ငါ့ရဲ့ နောက်ဆုံးဓားကွက် ကိုပြပေးမယ်... ကြည့်ထား "

ကျောက်လွေက ဓားတိုလေး နှစ်ချောင်းထုတ်ကာ ရင်ဘတ်နေရာ သွေးကြောများကို စမ်းသပ်ပီး ထိုးလိုက်လေ သည်။


ကြည့်နေကြသူများမှာ ဟာ ခနဲ ဖြစ်သွားကြသည်။ ကျောက်လွေက ဘာကြောင့် ကိုယ့်ကိုကိုယ် ဓားဖြင့်ပြန်ထိုး နေသနည်း။
တွမ့်ကျန်းယွမ် သာ ခေါင်းနပန်းကြီး သွားသည်။
အနီရောင် သွေးကြော နှိုးဆွနည်း....
ဟုတ်ပေသည်။ ကျောက်လွေ ပြုလုပ်လိုက် သည်က နတ်ဆိုးအတွင်းအား ၏ နောက်ဆုံးအဆင့် အနီရောင်သွေးကြော ဖြစ်သည်။
ကျောက်လွေက ပျို့ တက်လာသော သွေးများကို မထွေးမအန်ပဲ ယိုစီးနေစေလိက
ုသည်။ သူ့တစ်ကိုယ်လုံးမှာ ပေါက်ထွက်တော့ မတတ်
နီရဲသွားသည်။ မျက်လုံးများပါ နီရဲ နေသဖြင့် ကြည့်ရသည်မှာ ဘီလူးကြီး တစ်ကောင်လိုပင်။ မဟာမိတ်အဖွဲ့သားများ မှာ ကြောက်ရွံပီး
အော်မိသူက အော်မိကြသည်။ ထန်ဝူနှင့် ဂိုဏ်းချုပ်ကြီး သုံးယောက်ပင် တိုက်ပွဲခဏရပ်ကာ ကြောင်ကြည့်နေကြသည်။ တွမ့်ကျန်းယွမ်
ကတော့ မလှုပ်မယှက်ပဲ ရှေ
ိ နသည်။ သူက ကျောက်လွေ သုံးမည့် ဓားကွက်ကို ခုခံရန် စဉ်းစားနေခြင်းပင်။ မိုးနဂါးဓားသိုင်း တွင်လဲ
လေးကွက်သာ ကျန်တော့သည်။ မည်သို့ ခုခံရမည်နည်း။
စက္ကူနဂါး
အထီးကျန်နဂါး
ဆူးနဂါး
ပိုးချည်နဂါး
ဟူသော ဓားကွက်များက ကျောက်လွေကို ယှဉ်နိုင်ပေမည်လား။

ကျောက်လွေက သွေးများပေပွနေသော မျက်နှာကြီးကို ရှုမ


ံဲ့ကာ ပြင်းထန်သော အရှိန်ဖြင့် တွမ့်ကျန်းယွမ် ကို ပြေးဝင်ကာ ဓားဖြင့်
ခုတ်လိုက်လေသည်။ ဓားရိပ်များက ဝင်းလက်ကာ အလွန်တရာပြင်းထန်သော အတွင်းအားအရှိန် ပါဝင်နေသည်။ ထိုဓားကွက်က
ငရဲပြည်ကဓား ဟူ၍....

#မိုးထိတောင်သိုင်းသမား #ZYN
အခန်း (၃၀) အပိုင်း ငါး
ဧည့်ဂေဟာထဲက တိုက်ပွဲ

ငရဲပြည်ကဓား....
ထိုဓားကွက်မှာ နာမည်နဲ့လိုက်အောင် ပြင်းထန်လွန်းလှသည်။ တွမ့်ကျန်းယွမ်မှာ သူ့ဆီ တိုးဝင်လာသော အင်အားအရှိန်ကြီးကို
အံကြိတ်ကာ လက်မှ ဓားကိုမြောက်လိုက် သည်။ သူလဲ လျင်မြန်စွာဖြင့် ဓားကွက်တစ်ခု ထုတ်ဖော်လိုက်သည်။
စက္ကူနဂါး...
ထိုဓားကွက်မှာ ထိုးဖောက်မှုကို အသုံးပြုသော ဓားကွက်ဖြစ်သည်။ စက္ကူစ တစ်ခုလို လှစ်ခနဲ လျှောခနဲ ကျောက်လွေ၏ ဓားကွက်ထဲ
ထိုးဖောက်သွားသည်။ သူက ထိုဓားကွက်ဖြင့် ထိုးဖောက်၍ ရှောင်တိမ်း သွားနိုင်သည်။ သို့သော် တွမ့်ကျန်းယွမ် က ရူးမိုက်သော
အပြုအမူတစ်ခုကို ပြုလုပလ
ိုက် တော့လေသည်။

ရပ်ကြည့်နေသော ထန်ဝူနှင့် ဂိုဏ်းချုပ်များ မှာ အံ့သြသွားကြသည်။ စက္ကူနဂါး ဓားကွက် မှာ လက်ဖျားခါလောက်အောင် ထိုး ဖောက်
နိုင်သော်လဲ တွမ့်ကျန်းယွမ် က မရှောင်တိမ်းပဲ ဝင်တိုးလိုက် ခြင်းကို ပိုမိုအံ့သြသွားသည်။

တွမ့်ကျန်းယွမ်ကတော့ အသက်ကို အပြည့်အဝရှုကာ အတွင်းအားအကုန် ထုတ်ပီး ဓားကွက်တစ်ကွက်ကို ထုတ်ဖော်ကာ ဓားကိုဓားချင်း


ယှဉ်လိုက် သည်။ ကျောက်လွေ၏ ပြင်းထန်လှသော ငရဲပြည်ကဓား ဓားကွက်ကို ခုခံနိုင်သော ဓားကွက်မှာ မည်သည်နည်း။
ထိုဓားကွက် က အထီးကျန်နဂါး ဖြစ်ပေသည်။ အင်အားကြီးသော တိုက်ကွက်များကို ခုခံရာတွင် ထိုသိုင်းကွက်မှာ အထိရောက် ဆုံးပင်။
အဘယ့်ကြောင့်ဆိုသော် ထိုသိုင်းကွက်မှာ အသုံးပြုပါက အသုံးပြုသူ၏ အတွင်းအားအကုန်အစင် ထည့်သွင်းရသော
ကြောင့်ဖြစ်ပေသည်။

" ဝုန်း... ဝုန်း... ဝုန်း... "


ပြင်းထန်လွန်းသော အတွင်းအားလှိုင်းများ ကြောင့် မြေကြီးများပင် တုန်ခါကာ တဝုန်းဝုန်း ဖြစ်သွားတော့သည်။ ထို့အပြင်
အတွင်းအားလှိုင်းများက ပတ်ဝန်းကျင်ကို ပျံ့လွင့်ထွက်လာရာ အကုန်လုံးက အသည်းအသန် တိမ်းရှောင်လိုက်ရသည်။ ထိုနေရာ
ပတ်လည်ရှိ ခြံဝင်းတံတိုင်းနှင့် အဆောင်ငယ် တစ်ခုမှာ ပြိုကျသွားသည်။ အပျက်အဆီးများ အပြည့်ဖြင့် ဖုန်များ တထောင်းထောင်း
ထလျှက်ရှိနေသည်။

ထိုစဉ် ဓားရိပ်တစ်ချက် ဝင်းလက်သွားပီး ဖုန်မှုန့်များကို ခါထုတ်လိုက်သည်။ ဓားရိပ်မှာ တိုက်ကွင်းထဲမှ လာရာ ကျောက်လွေနှင့်


တွမ့်ကျန်းယွမ် နှစ်ယောက်အနက်မှ တစ်ယောက်ဖြစ်ပေမည်။ ပြင်းထန်လွန်းသော သိုင်းကွက်များကို ထုတ်ဖော်ပီးသည့်တိုင်
အတွင်းအားပြည့်ဝနေဆဲသူက မည်သူနည်း။

တဖြည်းဖြည်း ကြည်လင်လာသော မြင်ကွင်းနှင့်အတူ ဓားဝှေ့ယမ်းလိုက်သူကို မြင်လာရသည်။ ထိုသူက ဓားကိုဝှေ့ယမ်းပီး သည်နှင့်


မြေကြီးတွင်ထောက်ကာ အနားယူ နေသည်။ ထိုသူက တွမ့်ကျန်းယွမ်ပင် ဖြစ်သည်။ သူ့ကို ပြူးကျယ်သော မျက်လုံး အစုံဖြင့်
ကြောင်ကြည့်နေသူက ကျောက်လွေ ဖြစ်သည်။ ကျောက်လွေ၏ အဝတ်အစားများ မှာ စုတ်ပြဲနေကာ ဆံပင်များလဲ ပြေကျနေ လေပီ။
ကျောက်လွေက ဓားကို ထောက်ကာ လဲကျနေရာမှ ထရပ်ရန်ကြိုးစား လိုက်လေ သည်။ ထိုးအောင့်နေသော ရင်ဘတ်မှ ဝေဒနာက
သူအပြင်းအထန် ဒဏ်ရာရသွား ကြောင်း သိလိုက်ရသည်။ တစ်ဖက်လူကို ကြည့်မိသော် မောပန်းနေရုံမျှသာ ဘာဒဏ်ရာမှ
ရပုံမပေါ်ချေ။ ကျောက်လွေက ခံရခက်သဖြင့် မချိပြုံးပြုံးလိုက်သည်။ လူငယ်လေး တစ်ယောက်ကို အလဲအကွဲ ရှုံးနိမ့်ပီးနောက်
သူ့ဘဝမှာ အဓိပ္ပာယ် မရှိတော့ချေ။ တစ်ဖက်က လူငယ်လေး၏ အတွင်းအားကို သူက နတ်ဆိုးအတွင်းအား ကို အဆင့်ငါး
သွေးကြောအနီရောင် အထိမြှင့် တင်သော်လဲ မမှီချေ။ အင်မတန် နက်ရှိုင်းလွန်း နေသည်။ သူက ရှုံးနိမ့်သွားပီ ဖြစ်၍
ထွက်သွားပေးရတော့မည်။ သို့ရာတွင် သူ့တွင် နောက်ဆုံးတစ်ကွက် ကျန်သေးသည်။ ထိုဓားကွကက
ို သုံးကာ အရှုံးကို
အဖတ်ဆယ်လိုသည်။

" တွမ့်ကျန်းယွမ်... ငါ့မှာ နောက်ဆုံးဓားကွက် တစ်ကွက် ကျန်သေးတယ်... မင်း ယှဉ်ကြည့် ဦးမလား "

" ကျနော့်မှာလဲ နောက်ထပ် နှစ်ကွက် ကျန်သေးတယ် ဂိုဏ်းချုပ်ကြီး... ယှဉ်မယ်ဆို ယှဉ်လို့ရပါတယ်... ဒါပေမဲ့ ယခုလို
အခြေအနေရောက်နေပီဆိုတော့ ... အဲ့ဒီဓားကွက်တွေကို ထုတ်သုံးလိုက်ရင် နောက်ပြန်လှည့်မရဘူးဆိုတာတော့ ဂိုဏ်းချုပ်ကြီး
နားလည်မှာပါ... ကျုပ်တို့က သေလောက်အောင် တိုက်ရမဲ့ ရန်သူတွေ ဖြစ်နေပီလား "
တွမ့်ကျန်းယွမ် က သက်ပြင်းချကာ ဖြေလိုက်ခြင်း ဖြစ်သည်။

ကျောက်လွေ မှာ တစ်ချက် တွေ ခနဲ ဖြစ်သွားလေသည်။ တွမ့်ကျန်းယွမ် က သူ့ကို သနားကာ သွယ်ဝိုက်ပြောလိုက်ခြင်းပင်။
တွမ့်ကျန်းယွမ် မှာ ဘာဒဏ်ရာမှ မရှိချေ။ သူ့က အတွင်းဒဏ်ရာ ခံစားနေရလေပီ။ အခွင့်ကောင်းမယူလို၍ ထွက်သွားရန်
အခွင့်အရေးပေးလိုက်ခြင်းဖြစ်သည်။ သူ့က တစ်ပါးသူ၏ သနားညှာတာခြင်းကို မခံလိုသော်လဲ သားဖြစ်သူကို တွေးမိကာ
အံကြိတ်လိုက်မိသည်။

" ကောင်းပီလေ... အဲ့ဒီဓားကွက်ကိုတော့ နောက်တစ်ခါ အတွက်ချန်လိုက်တာပေါ့...


မင်းရဲ့စိတ်ဓာတ်ကို လေးစားသွားပီ တွမ့်ကျန်းယွမ.် .. "
ကျောက်လွေကာ ခေါင်းငြိမ့က
်ာ ပြောလိုက် သည်။
" ဒါပေမဲ့ ငါက ကျေးဇူးကြွေးကို အတင်မခံချင်ဘူးကွ... ဒီမှာ ငါ့မှာ တန်ဖိုးကြီး ဆေးလုံး လေးလုံးရှိတယ်... မင်းကို နှစ်လုံး
ကျေးဇူးဆပ်တဲ့အနေနဲ့ပေးလိုက်မယ်... ကြိုက်ရာရွေးယူ... ဒါဆို ငါတို့ကြေပီ "

ကျောက်လွေက ရင်ဘတ်ထဲမှ ဘူးလေး ထုတ်ကာ ကမ်းပေးလိုက်သည်။ ဘူးထဲတွင် အနီ အပြာ အစိမ်း နှင့် အနက် ဆေးလုံး
လေးလုံးရှိနေသည်။ တကယ်တမ်းမှာ ကျောက်လွေက စေတနာရှိလွန်း၍ မဟုတ်ပါ။ သူ့အနေဖြင့် တွမ့်ကျန်းယွမ် ကို မုန်းလဲမုန်း သည်။
ကျေးဇူးလဲဆပ်လိုသည်။ ထို့ကြောင့် ဆေးလေးလုံးထဲတွင် အတွင်းအားတိုးဆေး နှင့် အဆိပ်ဆေးလုံး ပါသည်ကို သိရက်နှင့်
ရွေးခိုင်းခြင်းဖြစ်သည်။ အဆိပ်ဆေး ရွေးမိပါက လက်စားချေပီးသား ဖြစ်သလို အတွင်းအားဆေးရွေးမိပါကလဲ ကျေးဇူးဆပ်
ပီးသားဖြစ်ပေမည်။ ကျန်နှစ်လုံးကတော့ ဘာဆေးတွေမှန်း သူလဲမသိချေ။

တစ်ဖက်က တွမ့်ကျန်းယွမ်ကတော့ စိတ်လှုပ်ရှားသွားသည်။ သူလိုချင်နေသော ဆေးလုံးမှာ ထိုထဲမှ တစ်လုံးဖြစ်ပေမည်။ သူ၏


အအေးဓာတ်အဆိပ်ကို ဖြေပေးနိုင်မည့် ဆေးလုံး...
သူက မျက်လုံးအရောင်များ တောက်ပလာ တော့လေသည်။ သူက အရောင်များကို ကြည့်မိသော် တွန့်သွားသည်။ သူက
ကျောက်လွေမျက်နှာကို ကြည့်မိလျင် ကျောက်လွေမှာ ခပ်ပြုံးပြုံး ရှိနေသည်။ ကြည့်ရသည်မှာ အဆိပ်ဆေးလုံးပါပုံရသည်။

" ဂိုဏ်းချုပ်ကြီး... ဒါက ဘာဆေးတွေလဲ "


တွမ့်ကျန်းယွမ် က လက်ကိုရုတ်ကာ မေးလိုကြ် ခင်းဖြစ်သည်။

ကျောက်လွေက ပြုံးကာ ဖြေလိုက်သည်။


" ဘာဆေးလုံးတွေလဲတော့ ငါလဲ မသိဘူးကွ သေချာတာတော့ အဲ့ဒီဆေးလုံးတွေထဲမှာ နတ်ဆိုးအတွင်းအားဆေး နဲ့ မိုးမြေအဆိပ်ဆေး
ပါနေတယ်ဆိုတာပဲ...
မင်းကံနဲ့ ငါကံပေါ့ကွာ... ဘယ်သူက ဘာကို ရွေးမိမယ်ဆိုတာ ဘယ်သူမှမသိဘူး "

ကြားရသူအပေါင်းမှာ အံ့သြနေကြသည်။ သူတို့နှစ်ယောက်ထဲက မည်သူမဆို အတွင်းအားဆေး ရွေးမိပါက ကိစ္စမရှိသော်လဲ အဆိပ်ကို


ရွေးမိပါက သေရုံသာ ရှိပေမည်။ မဟာမိတ်အဖွဲ့သားများနှင့် ဂိုဏ်းချုပ်ကြီးများ က မရွေးရန် ဝိုင်းအော်နေကြသည်။

တွမ့်ကျန်းယွမ် ကတော့ ကံစမ်းလိုသည်။ တစ်သက်လုံး ရောဂါကြီးနှင့်မနေလိုပါ။ ဒီအတိုင်းသာ ဖြစ်နေမည်ဆိုလျှင် သူသည်


တစ်နှစ်တစ်ခါ ဂူအောင်းကာ သုံးလတိတိ အအေးဓာတ်များကို ထိန်းချုပ်နေရပေမည်။ လက်ရှိသူသုံးနိုင်သော အတွင်းအားမှာလဲ
သူ့တွင်ရှိသော အတွင်းအား၏ ဆယ်ပုံကိုးပုံသာ ဖြစ်သည်။ ကျန်တစ်ပုံမှာ အအေးဓာတ်ကိုသွေးကြောထဲ ပိတ်ဆို့နေရ သဖြင့်
ထုတ်သုံး၍မရပါ။ လက်ရှိအနေဖြင့် ကျောက်လွေကို အနိုင်ရသော်လဲ ကျောက်လွေတွင် နောက်ဆုံးတစ်ကွက်ကျန် နေသေးသည်။
ကျောက်လွေထက်သာသော ထန်ဖန်းလဲ ရှိသေးသည်။ သူ့ဘက်က အကောင်းဆုံးအခြေအနေ ဖြစ်မှ ရပေမည်။

တွမ့်ကျန်းယွမ် က မျက်စိမှိတ်ကာ ဘူးထဲသို့ လက်နှိုကလ


်ုက
ိသည်။ သူ့လက်ပြန်ထုတ် လိုက်သော် ကျောက်လွေက ဖျတ် ခနဲ ဘူးကို
ပိတ်လိုက်လေသည်။ ထို့နောက် ခေါင်းငြိမ့်ပြကာ ရိပ်ခနဲ ကိုယ်ဖော့ပညာ ဖြင့် ပြေးထွက်သွားသည်။

ရုတ်တရက်မို့ထန်ဝူမှာ ကြောင်အသွားသည်။ သူအားကိုးသော ကျောက်လွေမှာ ထွက်သွား လေပီ။ သူ့ညီမ ထန်စုစု လဲမရှိတော့ပါ။


သူက ဖျတ်ခနဲ ပြေးရန်ကြံလိုက်သည်။ သို့သော် သူ့ကိုစောင့်ကြည့်နေသော ဓားသုံးလက်မှာ သူခုန်ရာနေရာသို့လိုက်ပါပီး
ပိတ်ဆို့လိုက်သည်။ ထန်ဝူက ဒေါသထွက်ကာ ပြန်လည်တိုက်ခိုက် လိုက်သည်။ သို့သော်လဲ ဂိုဏ်းချုပ်ကြီး များမှာ သူ၏ပျော့ကွက်ကို
သိပီးသား ဖြစ်နေလေပီ။ ရင်ညွှန့်နှင့် တကောက်ကွေး နေရာများ ချိုင်းကြားနေရာ များကို ရွေးကာ တိုက်ခိုက်နေသည်။ ထန်ဝူမှာ
တိုက်ကွက် များ ဖရိုဖရဲဖြစ်ကာ ထိုနေရာများကို မထိစေရန် တင်းခံနေရသည်။ သူက အောက်စီးရောက်သွားလေပီ။

" ရွှပ.် .. "


အကွက်နှစ်ဆယ် မပြည့်မီမှာပင် ထန်ဝူမှာ ချိုင်းကြားကို အထိခံလိုက်ရသည်။
" အား... "
ထန်ဝူက မယံန
ိုင်သောမျက်နှာ ဖြင့် ဂိုဏ်းချုပ်များကို ကြည့်နေသည်။ ဂိုဏ်းချုပ်များကတော့ တည်တည်ငြိမ်ငြိမ် ပြန်ကြည့်နေကြသည်။

" အကိုကြီး...."
သံပြိုင်ခေါ်သံနှင့်အတူ ရောက်လာသည်က ထန်ဖု နှင့် ထန်စုစု တို့မောင်နှမ...
သူတို့နှစ်ယောက်က ပြေးပွေ့လိုက်ကြသည်။ ထန်ဖုမှာ အစာမရှိသဖြင့် ယိုင်နေသော်လဲ သူ့အကိုကို ထိန်းထားနိုင်သည်။

ဂိုဏ်းချုပ်များကတော့ အခွင့်အရေးကို လက်လွတ်မခံပါ။ ဂိုဏ်းသားများကို အချက်ပြ လိုက်ရာ ဂိုဏ်းသားများက သူတို့ မောင်နှမများကို


ဝိုင်းထားလိုက်ကြသည်။
ထန်ဝူက မျက်နှာမဲ့ကာ ပြောလိုက်သည်။
" ဟင်းဟင်း... အဖြူရောင်သိုင်းသမား ဆိုတဲ့ ဇာတိပြပီပေါ့ကွာ... လူယုတ်မာတွေ..."
ထို့်နောက် ထန်ဖု နှင့် ထန်စုစု ဘက်လှည့်ကာ တီးတိုးသံဖြင့် ပြောလိုက်သည်။
" နင်တို့ နှစ်ယောက် ထဲက တစ်ယောက်ယောက် ရအောင်ဖောက်ထွက် ပီး အဖိုးကို လက်စားချေခိုင်းစမ်း... ငါအသေခံတားပေးမယ်..."

ထန်ဖု နှင့် ထန်စုစု မှာ ထိုစကားကြောင့် မျက်ရည်ဝဲသွားကြသည်။ သို့သော် အခြေအနေမှာ ဆိုးလွန်းလှသည်။ အကိုကြီး ဖြစ်သူမှာ
စိတ်ထားမမှန်သော ရက်စက်တတ် သူ ဖြစ်သော်ငြား သူတို့မောင်နှမ အပေါ်တွင် တော့ မေတ္တာတရားကြီးမားသည်။ ထန်စုစု မှာ
သူတို့ဒီခြံဝင်းအတွင်း လာခဲ့သည်ကိုပင် နောင်တရသွားသည်။ သူမက စိတန
်ာနာဖြင့် တွမ့်ကျန်းယွမ် ကိုကြည့်မိသည်။
တွမ့်ကျန်းယွမ်ကတော့ သူမကိုရော မည်သူ့ကိုမျှ အာရုံမရှိပါ။ သူက ရပ်နေလက်စ နေရာတွင်ပင် လက်ဖဝါးထဲမှ ဆေးလုံး နှစ်လုံးကို
ကြည့်ကာ ခေါင်းစားနေသည်။

ထန်စုစု က သူမကို တွမ့်ကျန်းယွမ် က ဥပေက္ခာ ပြုလိုက်ပီဟု အထင်ရှိသွားသည်။ သူမက ဆေးလုံးများအကြောင်း မသိချေ။ ထိုစဉ်က
သူ့အကိုလတ်ကို သွားကယ်နေရ သည်လေ။ သူမက အံကြိတ်ကာ ထန်ဖု အား ပြောလိုက်သည်။
" အကိုလတ်ပဲ လွတ်အောင်ပြေးတော့... ညီမလေးကတော့ အကိုကြီးကို အဖော်လုပ်ပီး အသေခံတော့မယ် "

ညီမဖြစ်သူ၏ ရဲရဲတောက် စကားကြောင့် ထန်ဖုမှာ ရင်ဘတ်ထဲ ဒိန်းခနဲ ဖြစ်သွားသည်။ သူ့မျက်လုံးများထဲမှ မျက်ရည်များ ထွက်လာကာ
ငိုမိတော့သည်။ ထိုစဉ် ဂိုဏ်းချုပ်များနှင့် အဖွဲ့သားများ၏ လက်စားချေ တိုက်ခိုက်မှုက စတင်လေပီ။

" ကျား... " " ယား... "


ညာသံပေးကြပီ အစုလိုက်အပြုံလိုက် ပူးပေါင်းကာ တိုက်ခိက
ုကြသည်။ ထန်မောင်နှမ များမှာ ပြေးဝင်လာသူများကို သာမန်ဟု ထင်ကာ
တိုက်ခိုက်ကြသည်။ သို့သော် တစ်ဖက်ရန်သူများက အဆုတ်အတက်ဖြင့် စနစ်တကျပူးပေါင်း တိက
ုခိုက်နေခြင်းဖြစ်ရာ သူတို့၏
တိုက်ခိုက်မှုက မထိရောက်ချေ။

" ခုနှစ်စင်ကြယ်ဓားကွက်... "


ထန်ဝူက ထိတ်လန့်ကာ အော်မိသည်။
မှန်ပေသည်။ ထိုဓားကွက်မှာ လူအများအပြား ပါဝင်သော ခုနှစ်စင်ကြယ် ဓားကွက်ပင် ဖြစ်သည်။ သူတို့မှာ ရေတိမ်နစ်လေပီ။
သူတို့သုံးယောက်၏ တစ်ဦးချင်းစီ သိုင်းပညာမှာ တွမ့်ကျန်းယွမ် ကလွဲ၍ ဤနေရာရှိ လူများထက် သာလွန် သည်။ သို့သော်လဲ
လက်ရှိအခြေအနေအရ တော့ ရှုံးနိမ့်သူက သူတို့သာ ဖြစ်ပေမည်။ ကျောက်လွေကို ယုံကြည်ကာ ထန်အိမ်မှ သိင
ုးသမားများ
မခေါ်လာမိသည်ကို နောင်တရသွားသည်။

ထန်ဝူက ရင်ဘတ်ထဲမှ မီးကျည်ကို ပစ်လွှတ်လိုက်သည်။ ထိုအရာသည်သာ နောက်ဆုံးမျှော်လင့်ချက် ဖြစ်သည်။ မြေကြွက်များ


ရောက်လာကာ သူ့ညီနှင့် ညီမကို ကယ်သွားနိုင်စေရန် ဆုတောင်း လိုက်သည်။ ခဏတာသာ အလွတ်ပေး လိုက်ရသော်လဲ
ဂိုဏ်းချုပ်သုံးယောက်မှာ ဓားကွက်ထဲ ခုန်ဝင်ကာ ထန်ဝူကို တိုက်ခိုက် ကြပြန်သည်။ ထန်ဝူမှာ အဘက်ဘက်မှ ထိန်းချုပ်ခံနေရသည်။
ထန်ဖု ကတော့ အနည်းငယ် အဆင်ပြေနေပုံရသည်။ သူ၏ အဆိပ်များပစ်လွှတ်မှုကြောင့် ဓားကွက်ကို ဖော်ဆောင်နေသူများမှာ သူ့ကို
တိမ်းရှောင်ကာ ခံစစ်သာပိတ်ဆို့နိုင်ကြသည်။ မတိုက်ခက
ိုနိုင်ကြပါ။ ထန်စုစု မှာတော့ အခြေအနေ သိပ်မကောင်းပါ။လက်မောင်း တွင်
ဓားဒဏ်ရာ နှစ်ချက်ပင် ရနေလေပီ။

" အား... "


သူမ၏ အား ဆိုသော အသံလေးကြောင့် တွမ့်ကျန်းယွမ်မှာ ငေးငိုင်နေရာမှ လှမ်းကြည့် မိတော့သည်။ ထန်စုစုမှာ သူထင်ထားသလို
ခုနှစ်စင်ကြယ် ဓားကွက်ကို မခုခံနိုင်ပါ။ ဒဏ်ရာပင်ရနေလေပီ။ သူမ၏ အတွင်းအား နက်ရှိုင်းမှုမှာ ပြသနာရှိပုံရသည်။ သက်လုံ
မကောင်းခြင်းဖြစ်မည်။ လူအများနှင့် တိုက်ခိုက်ရာတွင် အခြေခိုင်သော အတွင်းအားနှင့် သက်လုံကောင်းရန် လိုအပ်သည်။ ထန်စုစု၏
အတွင်းအားမှာ ကြီးမားသော်လဲ ကျစ်လျစ်မှုမရှိသဖြင့် အချိန်ကြာလာလေ အားလျော့လေ ဖြစ်နေသည်။ နောက်ထပ် အကွက်နှစ်ဆယ်
ကျော်လျင် ပိုဆိုးပေတော့မည်။ သူမ ခက်ခဲစွာ တိုက်ခိုက်နေပုံမှာ သူ့အတွက် ရင်နာစရာ မြင်ကွင်းဖြစ်နေသည်။ တွမ့်ကျန်းယွမ် က
မကြည့်ရက်တော့ပါ။

တွမ့်ကျန်းယွမ် က ထိုခုနှစ်စင်ကြယ် ဓားကွက်ကို ဖြိုခွဲဖူးသူ ဖြစ်၍ အဝင်အထွက် နားလည်နေသည်။ သူက သက်ပြင်းချ လိုက်ပီး ရိပ် ခနဲ
ခုန်ဝင်သွားသည်။ ထို့နောက် ဆန်းကြယ်သော ခြေလှမ်းကွက် များဖြင့် ဓားကွက်ထဲ လျင်မြန်စွာ ကွေ့ပတ် လျှောက်ပြေးလိုက်သည်။
ထန်စုစုအနား ရောက်သော် လက်ကို ဝှေ့ယမ်းကာ ပိရိသေသပ်သော အကြောထိုးကွက်ဖြင့် မေ့ကြောကို ထိုးကာ ပွေ့ပီး ခုန်ထွက်သွား
တော့သည်။ ထိုအဖြစ်အပျက်မှာ လျင်မြန် လွန်းသဖြင့် အကုန်လုံးမှာ အပြာရောင် အရိပ်ကိုသာ မြင်လိုက်ကြရသည်။ တွမ့်ကျန်းယွမ်
ကတော့ မရှိတော့ချေ။ ပြိုင်စံရှားလှသော ကိုယ်ဖော့ပညာကြောင့် ပျောက်ကွယ်သွားလေပီ။ သူ့ အသံသာ လေထဲ ပဲ့တင်ကျန်ခဲ့သည်။

" ခွင့်လွှတ်ပါ ဂိုဏ်းချုပ်ကြီးတို့... စုစုကို ကျနော် ခေါ်သွားပါပီ.... သူ့အတွက်ကတော့ ကျနော်တာဝန်ယူလိုက်ပါမယ်... "


ဂိုဏ်းချုပ်များက ခေါင်းယမ်းမိကြသည်။ ထန်ဝူ နှင့် ထန်ဖုကတော့ သက်ပြင်းချမိကာ စိတ်အေးသွားသည်။ သူတို့ချစ်သော ညီမ
ဖြစ်သူမှာ ဒီတစ်သက် ဒုက္ခရောက်မည် မဟုတ်တော့ပါ။ သူတို့က စိတ်အေးသွားကာ အသေခံပီး ဂိုဏ်းချုပ်များကို ငရဲပြည်သို့
အပါခေါ်ရန် ဆုံးဖြတ်လိုက်ကြသည်။

" ယား... "


နောက်ဆုံးအော်သံ ဖြစ်ဟန်တူသော ထန်ဝူ၏ ညာသံကြီးက လေထဲပျံ့လွင့်လျက်...
ထောင်ချီသော အပ်များကလဲ သူ့ကိုယ်ထဲမှ အရပ်လေးမျက်နှာသို့ လွင့်သွားသည်။
ထန်ဖု ကလဲ လက်ကျန် အဆိပ်များကို အကုန်လွင့်ထုတ်ကာ လူအုပ်ထဲ ပြေးဝင်သွား လေသည်။ လူနှစ်ရာနှင့် နှစ်ယောက်မှာ
ရောထွေးသွားလေတော့သည်။

#မိုးထိတောင်သိုင်းသမား #ZYN
အခန်း (၃၁) အပိုင်း တစ်
ရန်သူ နှင့် ချစ်သူ

တွမ့်ကျန်းယွမ် မှာ ထန်စုစုကို ပွေ့ချီပီး သည်နှင့် ခြံဝန်းထဲမှ ပြေးထွက်လာခဲ့သည်။ မဟုတ်လျှင်လဲ သူက ထိုနေရာမှ ထွက်သွား ရန်
ကြံထားပီးဖြစ်၍ ခြံနောက်ဖေးတွင် သူ့မြင်းလှည်း ကို ပြင်ပီးသားပင်။ သူက မြင်းလှည်းရှိရာ သို့သွားကာ ထန်စုစုကို တင်ပီး
မောင်းထွက်လိုက်လေသည်။
သူ့နောက်မှ " ယား.." ဆိုသော အသံနက်ကြီးကို ကြားလိုက်ရ သော်လဲ သူက စိတ်တင်းကာ မြင်းလှည်းကို မောင်းထွက်
လိုက်လေသည်။ ထန်ဝူနှငထ
့် န်ဖု မှာ သေမှာ သေချာသည်။ သူက ဝင်မရှုပ်လို့တော့ပါ။ ထိုကိစ္စမှာ သိုင်းဂိုဏ်းများ၏ ကိစ္စပင်။
သူ့အရေးက အဘိုးကြီးသုံးယောက်ကို တားဆီးရေး ဟုသာ သူကခံယူထားသည်။ ထိုထက်ပို၍ အတွင်းကျကျ မပတ်သတ်
ချင်တော့ချေ။ ကျောက်လွေ၏ ကိုယ်ရံတော် များကို သတ်မိသည်ကိုပင် နောင်တရနေ သည်။
တွမ့်ကျန်းယွမ်က သက်ပြင်းချကာ မြင်းလှည်းကို ခိုင်ဖုန်းဆီသို့ ဦးတည်လိုက် သည်။ ပိုင်လုံ ဆီသို့ သွားရပေဦးမည်။ ပိုင်လုံ မှာ
အတွင်းဒဏ်ရာ ရထားသည်ဟု ကျောက်လွေ ထံမှ သိရသည် မဟုတ်ပါလား။

အလင်းရောင်များ တစတစ ချုပ်ငြိမ်းသွားပီး ညအချိန်ရောက်လာလေသည်။ တွမ့်ကျန်းယွမ် က မီးအိမ်လေး ထွန်းကာ အနားယူရန်


နေရာရှာလိုက်သည်။ လမ်းမကြီးဘေးရှိ မြေပြန့်ပြန့်လေး တစ်ခုကို တွေ့သော် မြင်းလှည်းကို ထိုနေရာတွင် ရပ်လိုက်သည်။ လှည်းမှ
မြင်းကို ဖြုတ်ကာ ခပ်လှမ်းလှမ်းရှိ သစ်ပင်လေးတစ်ပင်၌ ချည်ကာ အနားပေးလိုက်သည်။ တဖန် လှည်းနားပြန်လာကာ
သစ်ကိုင်းချောက်များ ကို ရှာဖွေပီး မီးပုံတစ်ခု မွှေးထားလိုက်သည်။ ထို့နောက် သူက လှည်းပေါ်ရှိ ထန်စုစုကို
စောင့်ကြည့်နေလိုက်သည်။ သူ့လက်ဆ သူသိသည်။ သူမမှာ စောစောကတည်းက နိုးလာသင့်သည်။ အဘယ့်ကြောင့် မနိုးသေး
ရသနည်း။

အမှန်စင်စစ် ထန်စုစု မှာ မြင်းလှည်းရပ် ကတည်းက နိုးနေပီးသားပင်။ သူ့ကို မေ့အောင် လုပ်သူကိုလဲ အစကတည်းက တွမ့်ကျန်းယွမ်
မှန်းသိပီးသားဖြစ်သည်။ သို့သော် သူမကို မြင်းလှည်းဖြင့် တင်ခေါ်ပီး ထွက်ပြေးလာမည်မှန်း မခန့်မှန်းနိုင်ချေ။ သူမကို ဘာကြောင့်
ခေါ်လာရသနည်း။ သူမ အကိုနှစ်ယောက်ကော ဘယ်ဖြစ်သွားကြ သနည်း။ ထန်စုစု မှာ တွေးမရသဖြင့် မှိန်းကာ ငြိမ်နေခြင်း ဖြစ်သည်။

တွမ့်ကျန်းယွမ် က မီးပုံမှမီးဖြင့် အသားခြောက်ကို ကင်လိုက်သော် မွှေးပျံ့သော ရနံ့က ထိုနေရာတဝိုက် ပျံ့နှံ့သွား သည်။ သူတို့
နှစ်ယောက်လုံးမှာ မနက်ကတည်းက ဘာမှမစားရသေးမှန်း တွမ့်ကျန်းယွမ် သိနေသည်။ သူမကို နိုးရန် အကောင်းဆုံးနည်းမှာ
အစားစာဖြင့် ဆွဲဆောင်ရန်သာဖြစ်သည်။
" ဂွီ " ဟူသော အသံကို ကြားလိုက်ရသော် တွမ့်ကျန်းယွမ် က ပြုံးလိုက်လေသည်။
ထိုအသံမှာ မြင်းလှည်းပေါ်က လာခြင်း ဖြစ်သည်။

" စုစ.ု .. ဆာရင် လာစားပါ... မင်းဘယ်တုန်း က ဒီလောက် ရှက်တတ်သွားတာလဲ "


တွမ့်ကျန်းယွမ် က လှမ်းခေါ်လိုက်သည်။

ထန်စုစုက သက်ပြင်းချကာ ထ လာလေ သည်။ သူမက နှုတ်ခမ်းများကို ကိုက်ထား သည်။


" ရှင.် .. ကျမကို ဘာလို့ ခေါ်လာတာလဲ
ကျမအကိုတွေကော ဘာဖြစ်သွားသလဲ "
သူမ က သူမ သိချင်သော အချက်ကို တန်းမေးလိုက်သည်။
တွမ့်ကျန်းယွမ် က လက်မှ အတန်ငယ် နွေးသွားသော အသားခြောက် တစ်ဖဲ့ကို လှမ်းပေးလိုက်ပီး ဖြေလိုက်သည်။
" မင်းကို ခေါ်လာတာက... မင်း ဒုက္ခ ရောက်မှာကို ငါ ကြည်မ
့ နေနိုင်လို့ပဲ...
မင်းအကိုတွေတော့ သေပီထင်တာပဲ... ငါက မင်းကို ခေါ်ပီးပီးခြင်း ထွက်ပြေးလာတော့ သေချာမသိဘူး "

ထန်စုစု က အသားခြောက်ကို မစားပဲ ကိုင်ထားရင်းက သူမ အကိုများကို သတိရကာ ငိုကြွေးတော့လေသည်။ တွမ့်ကျန်းယွမ် မှာ
ရုတ်တရက်မို့ ဘာလုပ် ရမှန်း မသိပါ။ ကြောင် သွားလေသည်။
" စုစ.ု .. မင်း ဘာဖြစ်တာလဲ... ဘာအဆင်မပြေလို့လဲ "
သူက စိတ်တင်းကာ ပြောလိုက်သည်။

ထန်စုစု မှာ အခုမှ သူမကို စိတ်ပူနေသော တွမ့်ကျန်းယွမ်ကို မျက်စောင်းထိုးကာ


" ဘာအဆင်ပြေစရာ ရှိလို့လ.ဲ ..
အကိုတွေက သေပီ.... လူက ပြန်ပေးဆွဲ ခံထားရတယ်... ရှင်စဉ်းစားကြည့်လေ "
ဟု ပြောလိုက်သည်။

တွမ့်ကျန်းယွမ် က စိတ်ရှုပ်သွားကာ
" ငါ... မင်းကို ပြန်ပေးဆွဲလာတာ မဟုတ်ပါဘူးကွာ... အဲ့လို မဟုတ်ပါဘူး "
ဟု ငြင်းလိုက်သည်။

ထန်စုစု က ထရပ်လိုက်ကာ
" ဒါဆို ကျမကို သွားခွင့်ပြုပါဦး "
ဟု ပြောကာ လှညထ
့်ွက်လိုက်သည်။

တွမ့်ကျန်းယွမ် က ရိပ် ခနဲ ရှေ့မှပိတ်ရပ်လိုက် ပီး ထန်စုစု လက်ကို ဆွဲကာ


" ငါ... ငါ... ဘာပြောရမှန်းမသိဘူး... ဒါပေမဲ့ မင်းကို သွားခွင့်မပြုနိုင်ဘူး "
ဟု ပြောလိုက်သည်။

ထန်စုစု က နှုတ်ခမ်းကို မဲ့ပြကာ


" ဒါ ပြန်ပေးဆွဲတာပဲလေ... ရှင် လုပ်လို့ ကျမအကိုနှစ်ယောက်လဲ သေပီးပီ ... ကျမကိုရော ဘာဖြစ်စေချင်နေတာလဲ "
ဟု ပြောလိုက်သည်။
သူမ က အမှန်တကယ် တွေဝေနေမိသည်။ အဘယ့်ကြောင့်များ ရန်သူဖြစ်သည့် ဤလူကို ချစ်မိသွားရသနည်း။

တွမ့်ကျန်းယွမ် မှာ ငိုင်တွေနေပီး ပြောစရာ စကားမရှိဖြစ်နေသည်။ သူက သူမကို တားထားသော်လဲ ခိုင်လုံသော အကြောင်းပြ
ချက်မပေးနိုင်ပါ။ သူ့ကိုယ်သူလဲ ဘာကြောင့် တားမိလဲ မသိချေ။ သူမ ပြောသလို သူမ အကိုများသေရသည်မှာလဲ သူ့ပယောဂ ပါဝင်
သည်ကို မငြင်းနိုင်ပါ။ သူ့အနေဖြင့် ဘာဆက်ပြောရမှန်း မသိဖြစ်နေသည်။

ထန်စုစု ကပင် ဆက်၍


" ရှင့်ကို ကျမ အဖိုးဆီ လာတောင်းပါဆိုတော့ လူပုံလယ်မှာ ကျမကို ငြင်းတယ်...
ကျမအကိုတွေနဲ့ ရန်ဖြစ်တယ်...
အခုမှ ကျမကို ဂရုစိုက်ပြနေတာ
ရှင် ဘာသဘောလဲ တွမ့်ကျန်းယွမ.် .. "
ဟု မေးလိုက်သည်။

" ရှင်သိလား... ကျမ သိက္ခာတွေ ထန်အိမ်ရဲ့ သိက္ခာတွေ ကျအောင် ကျမ လုပ်လုက


ိ မိတယ်ဆိုတာ ... အကိုနှစ်ယောက် ကလဲ
ကျမကြောင့်သာ သေသွားရတာ...
ကျမသာ ရှင့်ကို အရူးအမူး မချစ်မိခဲ့ရင် ဒီလို ဖြစ်မှာ မဟုတ်ဘူး... ရှင် သိရဲ့လား "
ထန်စုစု မှာ ပြောရင်းနှင့် ရှိုက်ကြီးတငင် ငိုကြွေးနေလေသည်။

တွမ့်ကျန်းယွမ် မှာ တသိမ့်သိမ့်တုန်ကာ ငိုရှိုက်နေသော ထန်စုစု၏ ကိုယ်လုံးလေးကို ကြည့်ကာ သူမ၏ ဝမ်းနည်းမှုကို ခံစားမိ
သွားသည်။ သူက လက်ကလေးကို ကိုင်ထား ရာမှ ဆွဲယူလိုက်ကာ သူမကို ထွေးပွေ့ထား လိုက်လေသည်။

" လွှတ်ပါ "


ထန်စုစု မှာ သုံးလေးခါမျှ ရုန်းကန်နေသော်လဲ တွမ့်ကျန်းယွမ် လက်မှမလွတ်ပါ။ ထွေးပွေ့ခံ ထားရသည်။ ထို့ကြောင့်
သူမကမရုန်းတော့ပဲ တွမ့်ကျန်းယွမ် ရင်ခွင်ထဲ မျက်နှာအပ်ကာ အသည်းအသန် ငိုနေတော့လေသည်။
အတန်ကြာငိုနေပီးသော် ထန်စုစု၏ မျက်နှာလေးမှာ နီစွေးနေကာ မျက်လုံးလေးများကလဲ မို့အစ်နေလေသည်။ သူမက ငိုကြွေးခြင်းကို
ရပ်လိုက်ပီး သူမအဖြစ်ကို စတွေးမိတော့သည်။ သူမ အကို ထန်ဝူက အသက်ရှင်သူကို အဖိုးဆီ သတင်းပို့ရန် မှာသွားသည်လေ။ သူမ
တစ်ယောက်သာ အသက်ရှင်ခရ
ဲ့ာ အဖိုးဖြစ်သူကို သတင်းပို့မှရမည်။ သူမက သတိရကာ ဆတ် ခနဲ ရင်ခွင်ထဲမှ ရုန်းထွက် လိုက်သည်။

တွမ့်ကျန်းယွမ် က သူ့လက်ကို ဆွဲကာ တားလိုက်ပီး မေးလိုက်သည်။


" ဘယ်သွားမှာလဲ စုစု... မင်း လက်မောင်းက ဒဏ်ရာက မသက်သာသေးဘူးလေ "

ထန်စုစု မှ ထိုအခါကျမှ သူမ လက်မောင်းက ဓားဒဏ်ရာကို ကြည့်မိသည်။ ထိုဒဏ်ရာ မှာ ဆေးစည်းထားသဖြင့် နာကျင်မှုပင်
သိပ်မခံစားရပါ။ တွမ့်ကျန်းယွမ် ဆေးထည့် ပေးထားခြင်း ဖြစ်ပေမည်။

" ကျမ... အဖိုးဆီသွားပီး သတင်းပို့ရမယ် ကျမကို လွှတ်ပေးပါ... ကျမ အကိုတွေ အတွက် လက်စားချေရမယ် "
ထန်စုစုက လက်ကုရ
ိုန်းရင်း ပြောလိုက်သည်။

တွမ့်ကျန်းယွမ် က မလွှတ်ပါ။ ပိုမိုတင်းကြပ်စွာ ဆုပ်ကိုင်ထားလိုက်ပီး


" မင်းအဖိုးဆီ သတင်းပို့ဖို့က မြေကြွက်တွေ ရှိပီသားပါ... ငါမင်းကို ခေါ်လာတုန်းက သူတို့တွေ ခြံပြင်မှာ ပုန်းနေတာ ငါမြင်တယ်
ဒါကြောင့် မင်းသွားမပြောလဲ မင်းအဖိုးဆီ သတင်းရောက်မှာပါပဲ... မင်းအဖိုးဆီ ရောက်ရင် မင်းကို မင်းအဖိုးက အပြစ်ပေး မှာ
သေချာတယ်... ငါမလွှတ်နင
ိုဘူး "
ဟု ပြောလိုက်သည်။

ထန်စုစု က မျက်မှောင်ကြုတ် လိုက်ပီး


" ကျမ အပြစ်ပေးခံရတာ ... ရှင် နဲ့ ဘာဆိုင်လို့ စိတ်ပူပေးနေရတာလဲ "
ဟု မေးလိုက်သည်။

တွမ့်ကျန်းယွမ် က ထန်စုစုလက်ကို ဆွဲယူကာ ထပ်မံပွေထ


့ားလိုက်ပီး ဖြေလိုက်သည်။
" မင်းကို ငါ အဆုံးအရှုံး မခံနိုင်လို့ "

ထန်စုစု က ပျော်ရွှင်သွားသည်။ သူမ ချစ်နေသူ ထံမှ သူမကို တန်ဖိုးထားကြောင်း ဖွင့်ဟ ပြောနေလေပီ။ သူမက နှုတ်ခမ်းလေး ကို
တွန့်ကွေးလိုက်ပီး ပြောလိုက်သည်။
" တွမ့်လန်... ရှင့်အချစ်ကို ရဖို့က တန်ဖိုးကြီးလွန်းတယ်... ကျမ အဖိုးသိရင် ကျမကို သတ်မှာ အသေအချာပဲ "

တွမ့်ကျန်းယွမ် က ထန်စုစုကို ပွေ့ထားရာမှ ဖယ်လိုက်ပီး သူပစ်ချထားသော အသားခြောက်ကို မီးပြန်ကင်လိုက်သည်။


" ကဲစုစ.ု ... ဒါတွေမတွေးနဲ့တော့...
ငါတို့ ခိုင်ဖုန်းသွားကြမယ် ဟုတ်ပီလား "

ထန်စုစု က သူမ မစားဖြစ်လိုက်သော အသားခြောက်ကို အခုမှ ဝါးလိုက်ပီး


သံလွင်လွင် လေးဖြင့် ပြုံးစိစိလုပ်ကာ
" ခိုင်ဖုန်း ဟုတ်လား... ဘာသွားလုပ်မှာလဲ "
ဟု မေးလိုက်သည်။

တွမ့်ကျန်းယွမ် က အခုငို အခုရယ် အမျိုးမျိုး လုပ်တတ်သော ထန်စုစုကို ကြည့်ကာ နောက်ချင်လာသည်။ ထို့ကြောင့်


" အကိုကြီးပိုင် ဆီ သွားမလိ့ေ
ု လ...
ချစ်သူရတာ သွားကြွားမလို့ "
ဟု ဖြေလိုက်လေသည်။

ထန်စုစုမှာ ရှက်သွားပီး တွမ့်ကျန်းယွမ် ကို လက်သီးဆုပ်လေးဖြင့် ထုလိုက်တော့ လေသည်။ တွမ့်ကျန်းယွမ် ကတော့ ခပ်တိုးတိုး
ရယ်လိုက်ကာ သူမ၏ လက်သီး လေးများကို အထိခံလိုက်သည်။

ထို့နောက် နှစဥ
်ီးသား နားရန်ပြင်လိုက် ကြသည်။ တွမ့်ကျန်းယွမ် က ထန်စုစု အိပ်ရန် ကောက်ရိုးမြင်းလှည်းပေါ်တွင် ဝတ်ရုံရှည်
တစ်ထည်ဖြန့်ခင်းပေးပီး အိပ်စေသည်။ သူက တော့ မီးပုံဘေးတွင်ထိုင်ကာ သူမအိပ်ပျော် နေသည်ကို ကြည့်လိုက်သည်။ ထန်စုစု မှာ
စိတ်ရောကိုယ်ပါ ပင်ပန်းသွားပုံရသည်။ သူမက တွမ့်ကျန်းယွမ်ကို အိပ်ယာဝင် နှုတ်ဆက်အပြုံးလေး ပြုံးပြကာ နှစ်နှစ်ခြိုက်ခြိုက်
အိပ်ပျော်သွားလေသည်။
တွမ့်ကျန်းယွမ်က အတန်ကြာ စောင့်ကြည့်နေ ပီးမှ ရုတ်တရက် ပြေးထွက်သွားသည်။ သူ ဦးတည်သည်က လမ်းတစ်ဖက်ရှိ သစ်ပင်များ
ဆီသို့...
အလွန်တရာ လျင်မြန်လှသော အရှိန်ကြောင့် ဖျတ်ခနဲပေါ်ပီး ပျောက်သွားသလိုပင် သစ်ပင်များကြားထဲ ရောက်သွားသည်။

သူက လက်လိမ်ချိုးကာ ဖမ်းမိထားသော အနက်ရောင် လူတစ်ယောက်ကို အေးစက်စက်ကြည့်လိုက်ပီး


" မင်းက ဘာလို့ ထန်ဖန်းဆီ မပြန်ပဲ ငါတို့နောက် လိုက်ချောင်းနေရတာလဲ "
ဟု မေးလိုက်သည်။

အနက်ရောင်လူမှာ ဆတ်ခနဲ တုန်သွားသည်။ သူက ကြောက်လန့်သွားပုံရသည်။ သူ၏ အခြေအနေကို တစ်ဖက်လူက အကုန်သိ
နေပုံရသည်လေ။ ထို့အပြင် ဤလူမှာ ကြောက်စရာကောင်းအောင် သိုင်းပညာ တော်လွန်းနေသည်။ ထွက်ပြေးလဲ လွတ်မည်မဟုတ်။

တွမ့်ကျန်းယွမ် က ဘာမှပြောမည့်ပုံမရသော ထိုလူကို ကြည့်ကာ ပြောလိုက်သည်။


" ကောင်းတော့ ကောင်းပါတယ်... မင်းပဲ စုစု အဖိုးဆီ မင်္ဂလာသတင်းပို့ပေးလိုက်ပါ...
စုစုကို ငါ တွမ့်ကျန်းယွမ် ခေါ်ထားတယ်... တစ်နေ့ကျရင် ငါကိုယ်တိုင် လာတောင်း ပါမယ်လို့ ပြောလိုက.် .. ကြားလား "

ထို့နောက် လွှတ်ပေးလိုက်လေသည်။ ထိုလူ မှာ လက်ကိလ


ွှုတ်ပေးလိုက်သည်နှင့် ခေါင်းငြိမ့် အရိုအသေပေးကာ ပြေးထွက်
သွားတော့လေသည်။ တွမ့်ကျန်းယွမ် က ထိုသူ၏ ကိုယေ
် ဖာ့ပညာ ကို ကြည့်ကာ ချီးကျူးမိလိုက်သည်။ ထိုသူမှာ စုန့်ဝမ် နီးပါးပင်
ကောင်းမွန်နေလေသည်။

#မိုးထိတောင်သိုင်းသမား #ZYN
အခန်း (၃၁) အပိုင်း နှစ်
ရန်သူ နှင့် ချစ်သူ

တွမ့်ကျန်းယွမ် နှင့် ထန်စုစု မှာ ချစ်စကြင်စ ဖြစ်၍ ခိုင်ဖုန်းခရီးလမ်းကို ပျော်ပွဲစား ထွက်သလိုပင် ဖြေးဖြေးဆေးဆေး သွားနေကြသည်။
သုံးရက်နှင့် ရောက်နိုင်သော ကြားရွာ စားသောက်ဆိုင် ကို လေးရက်အထိပင် ကြာမှ ရောက်လာ သည်။ ရောက်သည့်အချိန်မှာလဲ
နေ့လည် ပင်ကျော်နေလေပီ။

ထန်စုစု မှာ ထိုစားသောက်ဆိုင်ကို မြင်သော် တွမ့်ကျန်းယွမ် က လယ်သမားကြီး အဖြစ် ဟန်ဆောင်ဖူးသည်ကို သတိရမိသည်။ သူမက
ညစ်ကျယ်ကျယ် အပြုံးလေး ပြုံးလိုက်ကာ ပြောလိုက်လေသည်။
" ဟေ့... လယ်သမားကြီး... ကျမကတော့ ခေါက်ဆွဲပြုတ် မစားဘူးနော်... ဟင်းလျာ လေးမျိုးကို ဝါးစိမ်းအရက်နဲ့ မြည်းမှာ...
ပိုက်ဆံပါရဲ့လား "

တွမ့်ကျန်းယွမ် က ရယ်လိုက်ပီး ပြန်ဖြေ လိုက်သည်။


" ဒါပေါ့ မိန်းကလေးရယ်... ဟင်းလျာကို လေးမျိုးမကဘူး ဆယ်မျိုးမှာပါ... ပီးတော့ ဝါးစိမ်းမသောက်နဲ့ နွီအော်ဟုန် ဆိုတဲ့ ဈေးအကြီးဆုံး
အရက်ကိုသောက်ပါ...
မိန်းကလေး အခုလာတာက မင်းသားလေး နဲ့လေ လယ်သမားကြီးမဟုတ်ဘူး ပိုက်ဆံကို စိတ်ပူစရာမလိုပါဘူး "

နှစ်ဦးသားမှာ သူတြို့ ပဇာတ်ကို သူတို့ဘာသာ ကပီး သူတ့ဘ


ိုာသာပင် ရယ်မောမိကြသည်။ ဆိုင်ထဲအဝင်တွင် တစ်ဆိုင်လုံးမှာ နေနဲ့လ
ရွှေနဲ့မြ ပမာလိုက်ဖက်သော စုံတွဲကို ဝိုင်း ကြည့်နေကြသည်။ ထန်စုစု မှာ အပျော်ကြောင့် မျက်နှာလေးရွှင်ပျနေရာ ယခင် ကထက်ပင်
အလှတိုးနေသည်ဟု ထင်ရသည်။ သူမ က ထောင့်စားပွဲကို ဟန်ပါပါ ဝင်ထိုင်လိုက်သည်နှင့် စားပွဲထိုး လေးတစ်ယောက်
ရောက်လာသည်။ တွမ့်ကျန်းယွမ် က ထိုစားပွဲထိုးကို မှတ်မိ လိုက်သည်။ လြန္ခ့ေ
ဲ သာ် တစ်ပါတ်ကျော်က သူ့မြင်းလှည်းကို ကူတပ်ပေးသူ
စားပွဲထိုးလေး ပင်ဖြစ်သည်။ သူပြောသည့် အတိုင်း လိုက်နာသဖြင့် မသေသေးသည့်ကို တွေ့သော် ဝမ်းသာမိသွားသည်။

" ကောင်လေး... မင်းတို့ဆိုင်က အကောင်းဆုံး ဟင်းလျာ ဆယ်မျိုးချကွာ...


နွီအော်ဟုန် ရှိရင် နှစ်ခရားချ... မြန်ပေစေနော် "

တွမ့်ကျန်းယွမ် က မှာပီးပီးချင်း ထန်စုစုကို လှည့်ကြည့်မသ


ိ ည်။ ထန်စုစုမှာ ထိုင်ကတည်းကပင် သူ့ကို တစ်ချိန်လုံး စိုက်နေသည်။
သူမ၏ မျက်နှာလေးမှာ ပြုံးရွှင်နေကာ စိတ်ချမ်းသာနေပုံရသည်။ တွမ့်ကျန်းယွမ် ကလဲ ထန်စုစုကို ပြုံးပြ လိုက်လေသည်။

" စုစု ဘာတွေ အဲ့လောက်စိုက်ကြည့်နေ တာလဲ... ငါ့မျက်နှာမှာ ဘာပေနေသလဲ "


ထန်စုစု က ခေါင်းခါကာ ဖြေလိုက်သည်။
" ဘာမှမပေပါဘူး... ညီမ အံ့သြနေလို့ပါ
အကိုက ညီမကို ဒီလောက်မြန်မြန် ပြန်ကြိုက် မယ်လို့ ထင်မထားဘူး... "

တွမ့်ကျန်းယွမ်က ရှက်ရယ်ရယ်လိုက်ပီး ထန်စုစု နဖူးကို လက်ညှိုးဖြင့် တို့ကာ ပြောလိုက်သည်။


" စုစ.ု .. ငါ မင်းကို ပထမဆုံး အကြည့်ချင်းဆုံ မိသွားကတည်းက သတိထားမိနေတာပါ...
အဲ့တုန်းက ငါက အသည်းကွဲနေတော့ နောက်ထပ်အချစ်မရှာချင်လို့ မင်းကို ရှောင် နေခဲ့တာပါပဲ... ဒါပေမဲ့ မင်းက ငါ့နောက်
တစ်ချိန်လုံးလိုက်ပီး နှောက်ယှက်နေတော့ ငါ ဘယ်လိုလုပ် ရှောင်နိုင်တော့မလဲ လူဆိုးမလေးရဲ့... "

ထန်စုစု က သူမနဖူးလေးကို ပွတ်လိုက်ပီး


" တွမ့်လန်... ရှင်ကျမကို ဘာလို့ ကြိုက်တာလဲဟင်.... "
ဟု မေးလိုက်သည်။

တွမ့်ကျန်းယွမ် က မျက်မှောင်ကြုတ် ကာ ခဏမျှစဉ်းစားနေသည်။ ပီးမှ


" မသိဘူး... ငါ မင်းကို ချစ်မိသွားတာ အကြောင်းပြချက် မရှိဘူး... ဘာကြောင့်လဲ တော့ ငါမသိဘူး... မင်း ဒုက္ခရောက်မှာမြင်ရင် ငါ
ရင်ပတ
ူ ယ်... ကာကွယ်ပေးချင်တယ်... "
ဟု ဖြေလိုက်သည်။

ထို့နောက်သူက ပင် ပြန်မေးလိုက်သည်။


" မေးလက်စနဲ့ မေးဦးမယ်.....
ငါ့ကိုရော ဘာကြောင့် ကြိုက်ရတာလဲ စုစု "

ထန်စုစု ရယ်ကျဲကျဲ လေး လုပ်ကာ နှုတ်ခမ်းလေးကို ချစ်စဖွယ် ထော်လိုက်ပီး


" ရုပ.် .. ချော... လို့... "
ဟု ပျစ်ချွဲချွဲ သံလေးဖြင့် ဖြေလိုက်သည်။

တွမ့်ကျန်းယွမ် မှာ တဟားဟား ရယ်မိသွား သည်။ ဤကောင်မလေးမှာ သူ့ထက် သုံးနှစ် သာငယ်သော်လဲ ချစ်စဖွယ်အမူအယာ မျိုးစုံ
လုပ်တတ်သည်။ လိုချင်တာကိုလဲ ရအောင် ယူရဲသည်။ သူ့လို တွန့်ဆုတ်တွေဝေမနေပါ။ သူမ၏ ထိုစိတ်ဓာတ်ကြောင့်များ သူချစ်မိ
သွားသလား ဟုပင် တွေးမိသွားသည်။

ချစ်သူနှစ်ဦး၏ အချိန်ကာလမှာ တစ်နာရီသည် တစ်မိနစ်စာမျှ ရှိသည် ဆိုသလိုပင် သူတို့နှစ်ဦးသားမှာ ခဏတာမျှ ကြည်နူးမိသည်ဟု


ထင်သော်လဲ တကယ်တမ်းကမူ ဟင်းလျာဆယ်မျိုးလုံးပင် ကျက်ရန် လုံလောက်နေလေသည်။
စားပွဲထိုးလေးများမှာ ကိုယ်စီ ကိုယ်စီ ဟင်းလျာများကို သယ်လာပီး နွီအော်ဟုန် အရက် နှစ်ခရားပါ လာချပေးသွားကြသည်။

နှစ်ဦးသား လက်ကယ
ိုစီပါရဲ့နှင့် တစ်ဦးကို တစ်ဦး ခွံကျွေးနေသည်မှာလဲ ဆိုင်ထဲရှိ တစ်ကိုယ်တည်းသမားများပင် အမြင်ကတ်
လာကြသည်။ သူတ့န
ှိုစ်ဦးကတော့ အချစ်ကမ္ဘာထဲနစ်မျော ကာ ပတ်ဝန်းကျင် ကိုပင် ဂရုမထားနိုင်တော့ပါ။ ထန်စုစု မှာ ဗိုက်လဲ
အတော်ဝပီး အရက် အနည်းငယ် မူးလာ သဖြင့် တူကိုချကာ စားသောက်ခြင်း ကို ရပ်လိုက်သည်။

တွမ့်ကျန်းယွမ် က ထိုအဖြစ်ကိုမြင်၍ မေးလိုက်သည်။


" တော်ပီလား စုစု စားမကောင်းဘူးလား "
ထန်စုစု က ခေါင်းယမ်းကာ ပြုံးလိုက်ပီး
" တော်ပီ... ဆက်စားရင် ဝိတ်တက်လာလိမ့် မယ်... အရမ်းဝပီး ပုံပျက်သွားရင် ပစ်ပြေးမဲ့ သူ ရှိတယ်လေ "
ဟု မျက်စောင်းလေးထိုးကာ ပြောလိုက်သည်။

တွမ့်ကျန်းယွမ် က ရယ်လိုက်ပီး
" အန်မယ်လေး စုစုရယ် စားပါ... ဝိတ်မတက်စေရပါဘူး... များများစား ပီးရင် များများ ကိုယ်လက်လှုပ်ရှားခိုင်းမှာပေါ့ "
ဟု ပြောင်ချော်ချော် ပြန်ပြောလိုက်သည်။

ထန်စုစု က မျက်စောင်းထိုးကာ
" စပီ... နှိပ်စက်မယ် ဆိုတာ ပေါ်လာပီ "
ဟု ပြောကာ စိတ်ကောက်ဟန်ဆောင် လိုက်သည်။

တွမ့်ကျန်းယွမ် က ထန်စုစု နဖူးလေးကို လက်ညှိုးဖြင့် ထပ်မံတို့ကာ


" ကဲလူဆိုးမလေး... ဟန်ဆောင်မနေနဲ့
စားပီးရင်သွားမယ်... ငါတို့ တော်တော် နောက်ကျနေပီ... အကိုကြီးပိုင်တောင် ဒဏ်ရာသက်သာသွားပီလား မသိဘူး "
ဟု ပြောလိုက်သည်။

ထန်စုစု က အခုမှပင် ထိုကိစ္စကို သတိရသွား သလို ဖြစ်ပီး မျက်နှာလေးငယ်သွားသည်။ သူမ သည် သူတို့ရန်သူ၏ မြေးဖြစ်နေသည်
မဟုတ်ပါလား။ ခိုင်ဖုန်းရောက်လျှင် မည်သို့ ဆက်ဆံခံရမည် မသိချေ။ သူမက တွမက
့်ျန်းယွမ် လက်မောင်းကို အားကိုးတကြီးဖြင့်
ဆုပ်ကိုင်ကာ ပြောလိုက်သည်။

" အကိုကြီးပိုင် က ညီမကို မုန်းနေရင် ဘာလိုလုပ်မလဲ... အကိုကရော စိတ်ပြောင်း သွားမှာလားဟင်...."

တွမ့်ကျန်းယွမ်က စိတ်လှုပ်ရှားသဖြင့် တုန်ယင်နေသော လက်ကလေးကို အားပေးသလို ဆုပ်ကိုင်ကာ ပြုံးပြလိုက်သည်။


" ဒီကိစ္စကို စိတ်ပူစရာမလိုပါဘူး စုစုရယ်...
အကိုကြီးပိုင် က မင်းကို မုန်းနေမှာ မဟုတ်ပါဘူး... မုန်းနေလဲ မင်းအပေါ်ထားတဲ့ ငါ့ရဲ့မေတ္တာတရားက ပြောင်းလဲမှာ မဟုတ်ပါဘူး...
အခုဖြစ်နေတဲ့ ပုန်ကန်တဲ့ ကိစ္စကို ငါသိပ်ဝင်မပါချင်တော့ဘူး... ဖြစ်နိုင်သမျှ မြန်မြန် ငါတို့ တာ့လီကို ပြန်ပီး ဆေးဆေးနေကြတာပေါ့
ဟုတ်ပီလား... "

တွမ့်ကျန်းယွမ် ဆီမှ ကတိစကားကို ကြားရသော် သူမမျက်နှာလေးမှာ ပြုံးပျော် သွားသည်။ တကယ်တမ်းပြောရရင် သူတို့ နှစ်ဦး၏
အဖြစ်မှာ ရန်သူများ ဖြစ်နေသည် လေ။ တွမ့်ကျန်းယွမ်မှာ သူမ၏အဖိုး ထန်ဖန်း ကို တစ်ချိန်ချိန်မှာ ရင်ဆိုငြ် ကရဦးမည်။
သူတို့နှစ်ယောက်မှာ တစ်ယောက်၏ လမ်းပေါ် တစ်ယောက် ပိတ်ရပ်မိနေကြသည် မဟုတ်ပါလား။

တွမ့်ကျန်းယွမ် က စားပွဲထိုးကို ခေါ်ကာ ငွေရှင်းပေးလိုက်ပီး မြင်းလှည်းပေါ် ပြန်တက်ကာ ခိုင်ဖုန်းမြို့ ကို ဦးတည်လိုက် လေသည်။
လမ်းတွင် ကြားရွာ မရှိ၊ စားသောက်ဆိုင်မရှိသော်လဲ အချစ်စိတ်မွှန်ပီး ပေါက်စီနှင့် အသားခြောက် ဝယ်ရန် မေ့ခဲ့သူ နှစ်ယောက်မှာ
စမ်းချောင်းတွေ့လျင် ငါးဆင်းဖမ်းပီး ဗိုက်ဖြည့်နေရသည်။ ချစ်စကြင်စ မို့ထင် အခက်အခဲတိုင်းမှာ ရယ်မောစရာများဟု
ခံစားနေကြရသည်။ သူတို့နစ
ှ်ဦး၏ မျက်နှာမှာ အပြုံးမပျက်ကြ။

လေးရက်မျှကြာသော် မြင်းလှည်းလေးမှာ ခိုင်ဖုန်းမြို့ အဝင်လမ်းသို့ ရောက်လာလေ သည်။ တွမ့်ကျန်းယွမ် က ထိုမြင်းလှည်းကို မြို့ ထဲ
မယူလို၍ လှည်းမှ မြင်းကို ဖြုတ်ပီး လှည်းကို ထားခဲ့လိုက်သည်။ သူက ခရီးဆောင်အိတ် ကို မြင်းတွင်ချိတ်ကာ မြင်းပေါ် ဟန်ပါပါ
တက်ထိုင်နေလိုက်သည်။

ထန်စုစု က မျက်မှောင်ကြုတ်ကာ သူမ


ဘယ်နေရာမှ လိုက်ရမည်နည်း ဟု တွေးတော နေစဉ် တွမ့်ကျန်းယွမ်က သူမလက်ကို လှမ်းဆွဲကာ မြင်းပေါ်သို့ ဆွဲတင်လိုက်သည်။
ထို့နောက် သူမကိယ
ုလုံးလေးကို ပွေ့ထားပီး မြင်းကို မြို့ အဝင်ဂိတ်ပေါက်သို့ ဒုန်းစိုင်း လိုက်သည်။

မြို့ အဝင်ဂိတ်မှာ ယခင်အတိုင်း စစ်ဆေး နေတုန်းပင်။ မြို့ စောင်တပ်မှူးမှာ ဒုန်းစိုင်း လာသော မြင်းကို သေချာကြည့်မိသည်။
အနားရောက်၍ ရပ်လိုက်သော် မြင်းပေါ်မှ ဆင်းရန် ပြောမည်ပြုပီး မြင်းစီးသူကို ကြည့်လုက
ိသည်။
" ဟာ... မင်းသားလေး ပါလား..."
ဟုတ်ပေသည်။ မြင်းစီးသူမှာ နတ်မိမယ်လေး ကိုတင်ခေါ်လာသော တွမ့်ကျန်းယွမ် ဖြစ်သည်။ တပ်မှူးမှာ တွမ့်ကျန်းယွမ်ကို သိသူမို့
အရိုအသေပေးကာ နှုတ်ဆက် လိုက်သည်။

တွမ့်ကျန်းယွမ် က လက်ပြလိုက်ပီး
" တပ်မှူး... ဂိုဏ်းချုပ်ကြီးပိုင် မြို့ ထဲ ပြန်ရောက်ပီလား... "
ဟု မေးလိုက်သည်။

တပ်မှူးက ခေါင်းငြိမ့်ကာ
" ဟုတ်ကဲ့ မင်းသားလေး... ဂိုဏ်းချုပ်ကြီး ပြန်ရောက်တာ တစ်ပါတ်လောက်ရှိပါပီ... ဒဏ်ရာရလာလို့ ဧည့်ဂေဟာမှာ ဆေးကု နေပါတယ်
"
ဟု ဖြေလိုက်သည်။

တွမ့်ကျန်းယွမ် က မျက်မှောင်ကြုတ် ပီး


" အခုထိ မပျောက်သေးပါလား... ဘာဖြစ်နေတာပါလိမ့် "
ဟု ရေရွတ်မိလိုက်သည်။
ထို့နောက် တပ်မှူးကို လက်ပြကာ
" ကျနော် သွားကြည့်လိုက်ဦး မယ်ဗျာ..."
ဟု ပြောပီး မြို့ ထဲကို မြင်းစီးကာ ဝင်သွား လေသည်။ ဦးတည်ရာ က ခိုင်ဖုန်းမြို့ တော် ဧည်ေ
့ ဂဟာ ဆီသ.ို့ ..
#မိုးထိတောင်သိုင်းသမား #ZYN
အခန်း (၃၁) အပိုင်း သုံး
ရန်သူ နှင့် ချစ်သူ

ခိုင်ဖုန်းမြို့  ဧည့်ဂေဟာ...
ထိုဧည့်ဂေဟာ ထဲတွင် တောင်ပင်လယ်ဂိုဏ်း ကို ခုခံနိုင်ခဲ့သော သိုင်းသမားများ ရှိနေကြ သည်။ သိုင်းသမားများမှာ သိုင်းလေ့ကျင့်
နေကြသူများက လေ့ကျင့်နေကြသည်။ တစ်ချို့ ကလဲ နေရပ်ကို ပြန်ဖို့ရန် ပြင်ဆင် နေလေပီ။ နာမည်ကျော်သော သိုင်းသမားကြီး
အချို့ကတော့ တစ်ခုသော အခန်းအတွင်းမှာ စုပြုံကာ ရှိနေကြသည်။

" အဟွတ်.. အဟွတ်..."


ချောင်းဆိုးသံများက မကြာခဏဆိုသလို ထိုအခန်းထဲမှ ထွက်ပေါ်နေသည်။ ထိုအသံ က အခန်းထဲရှိ အိပ်ယာထဲမှ လာခြင်းပင်။
အိပ်ယာပေါ်တွင်တော့ အားနည်းနေဟန်တူ သည့် ခန့်ညားသော လူတစ်ဦးရှိနေသည်။ ဆေးဆရာ ဖြစ်ဟန်တူသူ အဘိုးကြီးတစ်ဦး က
ထိုလူ၏ လက်ကောက်ဝတ် သွေးကြော၊ နားထင်သွေးကြောများ ကို သေချာစွာ စမ်းသပ်ကြည့်နေသည်။သိုင်းသမားကြီးများ မှာ
ဆေးဆရာ တစ်ယောက် ပင့်လာ၍ အခြေအနေကြည့်ရန် ဝိုင်းအုံနေကြသည်။

စိတ်မြန်လက်မြန် ရှိသော အိတ်ရှစ်လုံး နှင့် လူတစ်ယောက်က ဆေးဆရာကြီးကို ကြည့်ကာ မေးလိုက်သည်။


" ဆရာကြီး... ဘယ်လိုလ.ဲ .. ဂိုဏ်းချုပ်ကြီး အတွင်းဒဏ်ရာက တစ်ပါတ်ကျော်တာတောင် မသက်သာပါ့လား... ဘယ်လိုဖြစ်လို့လဲ "

ဆေးဆရာကြီးက အတန်ကြာသည်အထိ ပြန်မဖြေအားပဲ တစ်စုံတစ်ခု ကို အသည်းအသန် စမ်းသပ်နေသည်။ ထို့နောက်မှ သက်ပြင်းချ


လိုက်ကာ ပြန်ဖြေလိုက်သည်။
" ကျုပ်အတွေ့အကြုံအရ ပြောရမယ်ဆိုရင် ဒါမျိုးအတွင်းဒဏ်ရာကို မကြုံဖူးဘူး... သွေးကြောမျှင်တွေ ပြတ်ထွက်သွားအောင်
အရိုက်ခံရလို့ ဖြစ်တာပဲ... ဂိုဏ်းချုပ်ကြီးက အတွင်းအားနက်ရှိုင်းလို့ သွေးကြောမကြီး တွေမထိခိုက်ပေမဲ့ သွေးကြောမျှင်တွေက
အတော်ထိခိုက်သွားတယ်... နောက်ပီး အတွင်းအားတွေက စုစည်းဖို့ခက်သွားတယ် "

ထိုစိတ်မြန်လက်မြန် ရှိသောသူကပင် မျက်မှောင်ကြုတ်ကာ ထပ်မေးလိုက်သည်။


" ဟုတ်ပါပီ... အဲ့ဒီအကြောင်းကိုတော့ ကျနော်တို့လဲ အကြမ်းဖျင်းနားလည်ပါတယ် ကျနော်သိချင်တာက အဲ့ဒီသွေးကြောပြတ် တဲ့
ဝေဒနာနဲ့ အတွင်းအားတွေ ပြိုကွဲနေတာကို ကုသလို့ရမရ သိချင်တာ "

ဆေးဆရာကြီး က ခေါင်းခါလိုက်ပီး ပြန်ဖြေလိုက်သည်။


" ကျုပ်ရဲ့ ဆေးပညာအရတော့ သွေးကြော ပြတ်တာကို ပြန်မဆက်ပေးနိုင်ဘူး... အဲ့လို လုပ်ဖို့က တိကျမှန်ကန်တဲ့ သွေးကြောနှိပ်နယ်
နည်းရယ် နက်ရှိုင်းတဲ့အတွင်းအားရယ် လိုအပ်မယ်... ကျုပ်က သိုင်းမတတ်တော့ အတွင်းအားဘယ်ရှိမလဲ "

တခြားသိုင်းသမားများမှာလဲ ထိုစကားကြောင့် စိတ်ပျက်လက်ပျက်ဖြစ်သွားကြသည်။ အိပ်ယာထဲလဲနေသူက ထိုလူများကို ပြုံးပြ လိုက်ပီး


ချောင်းဆိုးနေသည်။
" အဟွတ်... အဟွတ်... ကဲကဲ ဆရာကြီးကို ပြန်ပ့ေ
ို ပးလိုက်ကြတော့... ငါ့အတွက်တော့ စိတ်မပူနဲ့ ငါ့ညီ ရောက်လာရင်
ကုပေးလိမ့်မယ်.... "

ဆေးဆရာကြီးမှာ ထိုသူ၏ စကားကြောင့် အံ့သြသွားပီး မေးလိုက်လေသည်။


" ဘယ်လို ဂိုဏ်းချုပ်ကြီး... ဒီသွေးကြော ဆက်နည်းကို အမှန်တကယ် အသုံးပြုနိုင်တဲ့သူ ရှိသေးတယ်ပေါ့လေ ...
သူက ဘယ်သူများလဲ "

ဂိုဏ်းချုပ်ကြီးဆိုသူများ ချောင်းဆိုးနေသဖြင့် မဖြေနိုင်ပါ။ အိတ်ငယ်လေး ရှစ်လုံးချိတ်ထား သော စိတ်မြန်လက်မြန်လူကပင်


ဝင်ကာဖြေလိုက်သည်။
" ရှိတာပေါ့ဗျာ... အဲ့ဒီလူက အရင်တစ်ခါ ကတည်းက ဂိုဏ်းချုပ်ကြီးကို ကုပေးဖူးတယ် အခု အဲ့ဒီလူ ဘယ်ရောက်နေမှန်း မသိလို့
ဆေးဆရာတွေ လိုက်ရှာနေရတာပဲ... အဲ့ဒီလူ သာ ရှိနေရင် ဂိုဏ်းချုပ်ကြီးပျောက်တာ ကြာလှပီ "
" အင်း... လက်ဝါးရိုက်ချက် ထဲမှာ သွေးကြောမျှင်တွေ ပြတ်ထွက်အောင် အတွင်းအားထည့်နိုင်တဲ့ သိုင်းပညာမျိုး ရှိနေတာကိုက
အံ့သြစရာပဲ... ပြတ်သွားတဲ့ သွေးကြောမျှင်တွေကို ပြန်ဆက်ပေးနိုင်တဲ့ သွေးကြောထိုးပညာရှိတာက ပိုတောင်
အံ့သြဖိုကောင်းသေးတယ် "
ဆေးဆရာကြီးက ခေါင်းငြိမ့်ကာ ရေရွတ်လိုက်သည်။

ထိုစဉ်တွင် အခန်းဝသို့ သိုင်းသမားတစ်ဦး ရောက်လာပီး သတင်းပို့လေသည်။


" ဂိုဏ်းချုပ်ကြီး... မင်းသားလေးတွမ့် ရောက်လာပါတယ်..."

အိတ်ရှစ်လုံး နှင့်လူက ရယ်လိုက်ပီး


" အသက်ရှည်ဦးမယ်ဗျာ... သူ့အကြောင်း ပြောနေတုန်းကို ရောက်လာတယ် "

" ကျနော်အကြောင်း ဘာများ ပြောစရာ ရှိနေတာလဲ အကိုလောက်အင်း "


ထိုအသံနှင့်အတူ အခန်းထဲသို့ ဝတ်စုံပြာ ဝတ်ဆင်ထားသော လူငယ်တစ်ဦး ဝင်ရောက်လာသည်။ သူနှင့်အတူ လှပသော ဝတ်စုံဖြူ
မိန်းကလေးလဲ ပါလာလေသည်။

လောက်အင်းမှာ ရယ်ကျဲကျဲလုပ်ကာ လက်သီးဆုပ် နှုတ်ဆက်လိုက်သည်။ ထိုလူငယ်က လက်သီးဆုပ်ကာ ပြန်နှုတ်ဆက်ပီး


အိပ်ယာထဲလဲနေသူထံသို့ တန်းသွားလိုက်သည်။ အနားရှိ ဆေးဆရာ ကြီးကို ကျော်ကာ လက်ကောက်ဝတ်ကို
လှမ်းစမ်းသပ်လိုက်သည်။ ထို့နောက် မျက်မှောင်ကြုတ်ကာ ရေရွတ်လိုက်သည်။

" ဟာ... သွေးကြောတွေက ဆက်တိုက် ပြတ်ကုန်ပါလား... ဘယ်လိုဖြစ်တာလဲ အရင်တစ်ခါကထက် ပိုဆိုးနေတယ် "

ဂိုဏ်းချုပ်ကြီးဆိုသူက ချောင်းဆိုးနေသည့် ကြားထဲကပင် ရအောင် ပြောလိုက်သည်။


" အဟွပ်... အဟွပ.် .. အေးကွာ ဒီတစ်ခါက သူ့အဖေကိုက.ွ .. အမှန်အကန်ကို လက်ဝါးအရသာ ခံစားလိုက်ရတာဟေ့...
ငါ့အထင်တော့ အဆုတ်သွေးကြောတွေ ပြတ်ကုန်ပီ ထင်တယ် ဒါကြောင့် ဒီလောက် ချောင်းဆိုးနေတာ "

ဆေးဆရာကြီး ရော ထိုလင


ူ ယ်ပါ ပြိုင်တူ ခေါင်းငြိမ့်မိကြသည်။ ထိုလူငယ်က ချက်ချင်းပင် ရင်ဘတ်ထဲမှာ ကျောက်စိမ်း ဘူးလေး ကို
ထုတ်ကာ ဆေးလုံးငါးလုံး ယူလိုက်သည်။ ဆေးလုံးများကို ဂိုဏ်းချုပ်ကြီးကို ပေးလိုက်ရင်း
" ကဲအကိုကြီးပိုင်... ဒီဆေးအရင်သောက် လိုက်ဦး... ခဏနေဆေးစွမ်းပြရင် အခုတလောမှ ပြတ်ထွက်သွားတဲ့ အဆုတ်သွေးကြောကို
ဆက်ကြည့်ရအောင် "
ဟု ပြောလိုက်သည်။

ဆေးဆရာကြီးမှာမူ သွေးကြောဆက်မည် ဟု ကြားသဖြင့် အံ့သြကာ ကြည့်နေသည်။ ထိုလူငယ်က အခန်းထဲတွင် ပြည့်နေသော


သူများကို ကြည့်ကာ လောက်အင်းကို ပြောလိုက်သည်။
" အကိုလောက်အင်းနဲ့ အခန်းထဲရှိ သိုင်းသမားတို့ခင်ဗျာ... အကိုကြီးပိုင်ကို ဆေးကုတော့မှာမို့ တဆိတ်လောက် အပြင်
ထွက်နေပေးလို့ရမလားဗျာ... "

လောက်အင်း က ခေါင်းငြိမ့်ကာ သိုင်းသမား များကို ကြည့်ပီး


" ကဲ တို့တွေ အပြင်ထွက်စောင့်ကြမယ်ဟေ့.. မင်းသားလေးတွမ့် ရှိနေမှတော့ ဂိုဏ်းချုပ်ကြီး ဒဏ်ရာက ပျောက်မှာ သေချာပီပဲ "
ဟု ပြောလိုက်သည်။

သိုင်းသမားများမှာလဲ ခေါင်းငြိမ့်ကာ အလျှိုအလျှို ထွက်သွားကြသည်။ သို့သော် သူတို့က ဝတ်စုံဖြူမိန်းကလေးကို လှည့်ကြည့်


လှည့်ကြည့် ဖြစ်နေကြသေးသည်။ လောက်အင်း ကပင် ထိုမိန်းကလေးကို သေချာကြည့်ကာ " ငါသူ့ကို တွေ့ဖူးသလား "
ဟု ရေရွတ်နေသေးသည်။

ပိုင်လုံ က ဆေးသောက်ပီးသော် အခန်းထဲတွင် လူရှင်းသွားသည်။ ဆေးဆရာကြီး နှင့် ဝတ်စုံဖြူ မိန်းကလေးသာ အခန်းထဲတွင်


ကျန်တော့သည်။ ပိင
ုလုံ က ဝတ်စုံဖြူမိန်းကလေးကို ကြည့်ကာ
" ညီလေး... သူက ဘယ်သူများလဲ "
ဟု မေးလိုက်သည်။

တွမ့်ကျန်းယွမ် က ပြုံးလိုက်ပီး
" နေကောင်းသွားမှ ပြောမယ်ဗျာ... အကိုကြီး ချောင်းသံက စကားပြောရတာ အဆင်မပြေဘူး "
ဟု ပြောလိုက်သည်။

ထို့နောက် သူက အတွင်းအားထုတ်ကာ အဆုတ်ရှိသော နောက်ကျော တစ်ဝိုက်ရှိ သွေးကြောများကို နှိပ်နယ်နေသည်။ သူ၏ ရိရန်
သွေးကြောထိုးသိုင်း မှာ တိုက်ခိုက်ရန် ထက် ဆေးကုသမှုတွင် ပိုမိုအသုံးဝင်သည်။ ရိရန် လက်ချောင်းသိုင်း၏ နောက်ဆုံးအဆင့်
ဖြစ်သော သဏ္ဌန်မဲ့နတ်ဓားသိုင်း တွင်လဲ သွေးကြောများ၏ လှည်ပတ်ပုံများ၊ အတွင်းအားထည့်သွင်းပီး စီးဆင်းစေပုံများ ပါလေသည်။
ထိုနည်းစနစ်မှာ အောင်မြင်ရန် အလွန်ခက်ခဲသလို တတ်မြောက်သွားလျှင်လဲ အတွင်းအားကို လိုသလို ထုတ်သွင်းနိုင် လေသည်။

ထို့အပြင် ရိကျင့် အကြောပြောင်းသိုင်း တွင်လဲ သွေးကြောများအကြောင်း၊ သွေးကြော ရွေ့ပြောင်းနည်းများ၊ စသည်ဖြင့်


သွေးကြောများထဲသို့ အတွင်းအားထည့်သွင်း နည်းစနစ်များ ပါသေးသည်။ အမှန်စင်စစ် ရိရန် နှင့် ရိကျင်း ပေါင်းစပ်မှုမှာ
အရမ်းလိုက်ဖက်သည်။ အတွင်း အားကျင့်စဉ် အတွက်သာမက ဆေးကုသရန်လဲ အစွမ်းထက်သည်။ တွမ့်ကျန်းယွမ် သာ
ထိုသိုင်းနှစ်မျိုးကို မတတ်ကျွမ်းပါက ပေမိန် နတ်သိုင်း၏ အတွင်းအားစုပ်ယန
ူ ည်း တတ်သော်လဲ သဏ္ဌန်မဲ့နတ်ဓားသိုင်း ကို
အောင်မြင်မည်မဟုတ်ချေ။ သဏ္ဌန်မဲ့နတ်ဓားသိုင်း မှာ ကျင့်ရန် လိုအပ်ချက်များလွန်းသည်။ ထို့ကြောင့် ထိုသိုင်းကို
သဘောပေါက်အောင်မြင်သူ ဟူ၍ တွမ့်မျိုးနွယ် သမိုင်းတစ်လျှောက် လက်ချိုးရေ၍ပင်ရသည်။ တွမ့်ကျန်းယွမ် မှာ ကံကောင်းလွန်း၍ပင်
ရိရန် ရိကျင့် ပေမိန် သိုင်းကျမ်းများကို တတ်ကျွမ်းပီး ထိုသိုင်းကို အောင်မြင်စွာ ကျင့်နိုင်ခဲ့သည်။

လက်ချောင်းမှတစ်ဆင့် အတွင်းအားများကို ပိုင်လုံ၏ ကိယ


ုထဲထည့်ကာ လှည့်ပတ် စေသည်။ အဆုတ်နေရာရှိ သွေးကြောများ
ထဲလှည့်ပတ်ကာ ပြတ်ထွက်နေသော သွေးကြောများကို ဆက်နေရသည်။ ထိုသို့ ကုသခြင်းမှာ အတွင်းအားလွန်စွာမှ ကုန်ခန်းသည်။
အရင်တစ်ခေါက် ပိုင်လုံ နှင့် ကျောက်ယွင်ကျဲ တိုက်ခက
ိုစဉ်ကလဲ ပိုင်လုံကို ကုသပေးရသေးသည်။ ထိုစဉ်က တွမက
့်ျန်းယွမ် မှာ
ပိုင်လုံကို ကုသပီးသည်နှင့် အတွင်းအားအတော် ကုန်ခန်းသွားသည်။ ထိုစဉ်က ကျောက်ယွင်ကျဲနှင့် ထန်မောင်နှမ များက ထိုအဖြစ်ကို
မရိပ်မိ၍ ကြောက်ကာ ထွက်ပြေးသွားကြသည်။ သူတို့သာ တွမ့်ကျန်းယွမ် အတွင်းအားကုန်ခန်း နေကြောင်း သိပါက အဖြစ်မှာ
တစ်မျိုးဖြစ် သွားနိင
ုသည်။

တွမ့်ကျန်းယွမ် က အတော်ကြာ အတွင်းအားပို့က ကုသနေပီးမှ ရပ်လိုက်ပီး


" ဒီတစ်ခေါက်က ပိုဆိုးတယ် အကိုကြီး... ရက်ကြာသွားလို့လားတော့မသိဘူး... ပြတ်နေတဲ့ သွေးကြောတွေက ဆက်ဖို့ခက် နေတယ် "
ဟု ပြောလိုက်သည်။

ပိုင်လုံ က ချောင်းမဆိုးတော့ပဲ ရင်ဘတ်ထဲ နွေးနွေးထွေးထွေး ဖြစ်လာခြင်းကို ကျေနပ်နေသည်။ သူက အတွင်းအားများ


ပြိုကွဲနေသည်ကို မစုစည်းတော့ပဲ ရပ်ထားလိုကပ
်ီး
" မသေတော့ရင် ပီးတာပါပဲကွာ အတွင်းအား ပြိုကွေ
ဲ နတော့လဲ ဘာဖြစ်လဲ... "
ဟု မချိပြုံးပြုံးကာ ပြောလိုက်သည်။

သိုင်းသမားတစ်ယောက်အတွက် အတွင်းအား ပြိုကွဲခြင်းမှာ အတွင်းအား ပျက်ဆီးခြင်းနှင့် တန်းတူ ထိခိုက်သည်လေ။ ပိုင်လုံမှ


ဂရုမထားဟန်ဖြင့် ပြောနေသော်လဲ စိတ်ထိခိုက်မည်မှာ အမှန်ပင်။ အတွင်းအား သာ စုစည်းမရပါက သူ၏ သိုင်းပညာမှာ
အခွံသက်သက်သာ ရှိပေတော့မည်။ အတွင်းအားသုံးရသော နဂါးနိုင်လက်ဝါးသိုင်း ကိုဘယ်တော့မှ သုံးနိုင်တော့မည် မဟုတ်ပါ။

တွမ့်ကျန်းယွမ် မှာ ပိုင်လုံကို မကူညီနိုင်တော့ သဖြင့် ဝမ်းနည်းကာ သက်ပြင်းချလိုက်ပီး


" ကျနော်သာ အမြန်ရောက်ရင် ဒီလိုဖြစ်မှာ မဟုတ်ဘူး.... ကျနော်အပြစ်ပါဗျာ "
ဟု ပြောလိုက်သည်။
ပိုင်လုံက ခေါင်းခါလိုက်ကာ
" ဘယ်လိုပြောလိုက်တာလဲ ညီလေး... မင်းအပြစ်မဟုတ်ပါဘူး... ကံတရားကြောင့် ဒီလိုဖြစ်လာတာပါ... မင်းသာမရှိရင်
ငါ့အသက်ပါသေမှာပဲ အခုလိုတောင် စကားပြောနိုင်မှာ မဟုတ်ဘူး..."

ထိုစဉ် ငြိမ်သက်နေသော ဝတ်စုံဖြူဝတ် မိန်းကလေးက ဝင်ပြောလိုက်သည်။


" ဟိုလေ... တွမ့်လန်...
ညီမတစ်ခုပြောလို့ ရမလား... "

ပိုင်လုံကော တွမ့်ကျန်းယွမ် ပါ အခုမှပင် ဝတ်စုံဖြူဝတ် ထန်စုစုကို ကြည့်မိကြသည်။ ပိုင်လုံ က အမေးပါသော မျက်လုံးများဖြင့်


တွမ့်ကျန်းယွမ် ကို ကြည့်လိုက်သည်။ တွမ့်ကျန်းယွမ် က ခေါင်းငြိမ့်ကာ
" ပြောလေ စုစ.ု .. ဘာပြောချင်လို့လဲ "
ဟု ပြောလိုက်သည်။

ထန်စုစုက ရင်ဘတ်ထဲမှ စာအုပ်ပါးလေး တစ်ခုကို ထုတ်ကာ တွမ့်ကျန်းယွမ်ကို ပေးလိုက်ပီး


" ဒီစာအုပ်ထဲမှာ အပ်စိုက်ကုသနည်း တစ်ခုပါတယ်... ညီမကတော့ ဆေးပညာ ဝါသနာမပါလို့ နားမလည်ဘူး... အကို ဖတ်ကြည့်ရင်
ဖတ်ကြည့်လေ "
ဟု ပြောလိုက်သည်။

တွမ့်ကျန်းယွမ် က စာအုပက
ိုယူလိုက်ပီး အဖုံးတွင် ရေးသားထားသော စာအုပ် နာမည်ကို ဖတ်မိလိုက်သည်။ အံ့သြလွန်း၍ ထင်သည်။
အသံပင် အနည်းငယ် ကျယ်သွားသည်။ ပိုင်လုံကလဲ ထိုအသံကို ကြားလိုက်၍ မျက်လုံးပြူးသွားသည်။ ဘာမှ နားမလည်သူ
ဆေးဆရာကြီးပင် ပိုင်လုံ ကြောင့် ရောယောင်ကာ မျက်လုံးပြူးမိလေ သည်။ ထန်စုစု ကတော့ ခပ်တည်တည်ပင် ထိုင်စရာ ထိုင်ခုံရှာကာ
ငြိမ်ငြိမ်လေး ထိုင်နေလိုက်သည်။

တွမ့်ကျန်းယွမ် ဖတ်မိသော စာလုံးမှာ အနည်းမျှသာသို့သော် အံ့သြလောက်စရာပင် အကြောင်းမှာ " ပန်းထိုးအပ်သိုင်း "


ဟု ရေးသားထားသောကြောင့်ပင်ဖြစ်သည်။

#မိုးထိတောင်သိုင်းသမား #ZYN
အခန်း (၃၁) အပိုင်း လေး
ရန်သူ နှင့် ချစ်သူ

ပန်းထိုးအပ်သိုင်း...
ထိုအပ်သိုင်းဖြင့် ထန်ဝူ လူသတ်ထားသည်မှာ သိုင်းလောကတစ်ခုလုံး တုန်လှုပ်ဖွယ်ရာ ဖြစ်ခဲ့သည်။ ထိုသိုင်းကို မူရင်းတီထွင်သူ
မိန်းမစိုးကြီး ကောင်း ဆိုသူမှာလဲ ရက်စက်တတ်သူ ဖြစ်သည်။ သူသည်လဲ ထိုသိုင်းဖြင့် လူသတ် သည်မှာ ရေတွက်၍ပင်မရပါ။ ထိုသို့
လူသတ်သော သိုင်းပညာကျမ်းထဲတွင် ဆေးကုနည်း ပါသည်ဟူ၍ တွမ့်ကျန်းယွမ် မှာ မယုံကြည်နိုင်ဖြစ်နေသည်။ ထို့ကြောင့် သူက
သိုင်းကျမ်းကို ခပ်သွက်သွက် ဖတ်ကာ ထိုနေရာသို့ရောက်အောင် လှန်နေသည်။ ထိုသိုင်း၏ အတွင်းအားနည်းစနစ် မှာ
အမဓာတ်များလွန်း သည်။ ယောက်ျား တစ်ယောက် အနေဖြင့် ကျင့်ယူရန် မဖြစ်နိုင်သော အတွင်းအားနည်းစနစ်များ ပါဝင်သည်။
အဖိုဓာတ်ကင်းစင်အောင် ပြုလုပ်နည်း (သင်းကွပ်နည်း) ပင် ထည့်သွင်း ထားသေးသည်။ တွမ့်ကျန်းယွမ် မှာ မျက်မှောင်ကြုတ်ကာ
စာရွက်များကို လှန်ရင်း ရှာနေသည်။ နောက်ဆုးံ စာမျက်နှာ ရောက်ခါနီးမှပင် သွေးကြောများအကြောင်း ရှင်းပြထားသော
စာမျက်နှာတစ်ခုကို တွေ့သွားသည်။ ထိုစာမျက်နှာတွင် အပ်ပေါင်း တစ်ရာသုံးဆယ့်ခြောက်ချောင်း ကို အသုံးပြုကာ အတွင်းအားကို
ထိန်းချုပ်နည်း ရေးသားထားသည်။ အမှန်စင်စစ် ထိုနည်းမှာ ထန်စုစု ပြောသလို ဆေးကုသနည်း မဟုတ်ပါချေ။ အတွင်းအားကို
တစ်စစီပြိုကွဲ အောင် အပ်စိုက်နည်းသက်သက်ဖြင့် ပြုလုပ် နှိပ်စက်နည်းသာဖြစ်သည်။ တွမ့်ကျန်းယွမ် မှာ ထိုနည်းကို ဖတ်နေရင်း
မနေနိုင်တော့ပဲ ရေရွတ်မိလေသည်။

" အတော်ကို ဥာဏ်ကောင်းပီး ရက်စက်လွန်းတဲ့သူပဲဗျာ... သူမို့လို့သာ ဒီလိုအပ်စိုက်နည်းကို တီထွင်နိုင်တယ် "

ဆေးဆရာကြီးမှာ အံ့သြကာ တွမ့်ကျန်းယွမ် အနား တိုး ပီး လာဖတ်ကြည့်နေသည်။ တွမ့်ကျန်းယွမ် က မဖတ်တော့ပဲ ဆေးဆရာကြီးကို
ပေးဖတ်လိုက်သည်။ ပီးမှ ပိုင်လုံ ဘက်လှည့်ကာ သက်ပြင်းချပီး ပြောလိုက်သည်။
" ဆေးကုနည်း မဟုတ်ဘူး အကိုကြီးရေ... နှိပ်စက်နည်း ဖြစ်နေတယ်... ဒီသိုင်းကျမ်း နဲ့ တီထွင်တဲ့သူကတော့ စံပါပဲဗျာ... သူ့လို
ရက်စက်တဲ့သူ မကြုံဖူးဘူး..."

ထန်စုစု မှာမူ ဇက်ကလေးပုပီး ရယ်ကျဲကျဲ လုပ်နေသည်။ အကြောင်းမှာ ထိုသိုင်းကို သူမလဲ တတ်ကျွမ်းနေသည် မဟုတ်ပါလား။ သူမ
ကတော့ ထိုရက်စက်ပြတ်သားသော နည်းစနစ်များကို သဘောကျသည်။ ထိုသိုင်းကျမ်းမှာ မူရင်းသိုင်းကျမ်း၏ လေးပုံ တစ်ပသ
ုာံ
ကူးယူထားခြင်းဖြစ်၍ ထိုမျှလောက်သာ ပါခြင်းဖြစ်သည်။ သိုင်းကျမ်း အပြည့်အစုံဆိုပါက ထိုသို့ နည်းစနစ်ပေါင်း မည်မျှ ပါဝင်မည်ကို
မပြောတတ်ချေ။

ပိုင်လုံ က ထန်စုစုကို ကြည့်ပီး မျက်နှာတည် လိုက်ပီး တွမ့်ကျန်းယွမ်အား မေးလိုက်သည်။


" ညီလေး... သူက ထန်မျိုးနွယ်က မလား...
မင်း သူနဲ့ ဘယ်လို ပတ်သတ်နေတာလဲ ...
ကြည့်ရတာ သူက လူသတ်နတ်သမီး ထန်စုစု ဖြစ်မယ် ထင်တယ် "

တွမ့်ကျန်းယွမ် က ခေါင်းငြိမ့်ပြကာ
" ဟုတ်ပါတယ် သူက ထန်စုစု ပါ... ဒါပေမဲ့ လူသတ်နတ်သမီး ဆိုတာတော့ မဟုတ်တော့ပါဘူး... အခုအချိန်ကစပီး သူက
တွမ့်ကတော်ပဲ ဖြစ်လိမ့်မယ်... "
ဟု ပြောလိုက်သည်။

ပိုင်လုံ က ခေါင်းယမ်းကာ လေပူများ မှုတ်ထုတ်လိုက်ပီး


" ညီလေး... မင်း ငယ်သေးတယ်... မျိုးနွယ်ဆိုတာ ကိုယ်ကစွန့်ချင်တိုင်း စွန့်လို့ မရဘူး... ဒီကောင်မလေးက မင်းကိုချစ်လို့
မင်းနောက်လိုက်နေရင်တောင် သူ့အဖိုးက မင်းတို့ကို အလွတ်ပေးမှာ မဟုတ်ဘူး... သူ့အဖိုးလို ဥာဏ်များတဲ့သူကြောင့်
မင်းဒုက္ခရောက်လိမ့်မယ် ... အထင်လွဲခံရလိမ့်မယ်... "
ဟု ပြောလိုက်သည်။

ထိုစကားကြောင့် ထန်စုစု မှာ ငိုတော့မလိုပင် မျက်နှာလေးငယ် နှုတ်ခမ်းလေးဆူကာ တွမ့်ကျန်းယွမ် အနားကို လာပီး စိတ်ကောက်
ပြနေသည်။ သူမက တွမ့်ကျန်းယွမ် ပုခုံးကို ကိုက်ကာ ငိုပီးပြောလိုက်သည်။
" တွေ့လား... တွေ့လား... ညီမကို သဘောမကျကြပါဘူးဆိ.ု .. အခုတော့ အလကားနေရင်း အပြောခံရပီ... အဲ့ဒါရှင့်ကြောင့် တွမ့်လန်...
ဒီကဖြင့် သူ့ကို စေတနာထားပီး သိုင်းကျမ်းတောင် ထုတ်ပေးနေတာကို သူများချစ်သူကို ကွဲအောင် တိုက်တွန်းနေတယ် "

ထန်စုစုမှာ ပိုင်လုံကို ပြောလိုခြင်းပင်။ သို့သော် ပြောမကောင်းသဖြင့် တွမ့်ကျန်းယွမ် အပေါ်ပုံချလိုကြ် ခင်းသာ။ တွမ့်ကျန်းယွမ် ကတော့
အကိုက်ခံရသော ပုခုံးကို ပွတ်လိုက်ပီး
" အေးပါ စုစုရယ်... မင်း စေတနာကို အကိုကြီးသိပါတယ်... သူဆိုလိုတာက မင်းအဖိုးကြောင့် ငါဒုက္ခရောက်မှာစိုးလို့ပါ "
ဟု ချော့နေသည်။

ပိုင်လုံ ကတော့ ခေါင်းယမ်းရုံကာ လွဲ၍ ဘာမျှမပြောတော့ချေ။ သူက မျက်မှောင်ကြုတ်ပီး ရှေ့ဆက်ဖြစ်နိုင်သည် များကို


တွေးကြည့်နေသည်။

ထိုစဉ် ငြိမ်သက်နေသော ဆေးဆရာကြီးက ထအော်လေသည်။


" ဟုတ်ပီက.ွ ... ဟုတ်ပ.ီ .. နည်းလမ်း တွေ့ပီဟေ့ "

ကျန်သုံးယောက်မှာ ဆေးဆရာကြီးကို ကြည့်မိကြသည်။ ဘာများတွေ့သဖြင့် ထအော်ရသနည်း။ ဆေးဆရာကြီးက စာအုပ်ကို


ပိတ်လိုက်ပီး စားပွဲတွင် ထိုင်ချကာ အပ်စိုက်နည်းများကို ချရေးနေသည်။ ရှုပ်ထွေးလှသော သွေးကြောကွက်များကို ပုံဆွဲလိုက်ပီး
အစက်အပြောက်များချကာ အပ်များ၏ နေရာကိုချနေသည်။ သွေးကြော အကြောင်းနားလည်သော တွမ့်ကျန်းယွမ် ပင်
ထိုနေရာချပုံများကို ကြည့်ကာ မျက်လုံးပြူး နေသည်။ ဆေးဆရာကြီးက အကုန်နေရာချ ပီးသော် ဘယ်လိုလဲ ဟူသော အကြည့်ဖြင့်
တွမ့်ကျန်းယွမ် ကို ကြည့်လိုက်သည်။

တွမ့်ကျန်းယွမ် က စူးစိုက်ကာ ဖတ်နေပီးမှ ဆေးဆရာကြီးကို ဝမ်းသာအားရလက်ဆွဲကာ


" ခင်များက... တကယ့်လူပဲဗျာ... နှိပ်စက်တဲ့ နည်းကိုကြည့်ပီး ဒီလို အပ်စိုက်ကုသနည်းကို ရှာဖွေနိုင်တယ်ဆိုတော့ အတော့်ကို
ထူးချွန်တဲ့လူပဲ "
ဟု ချီးကျူးလိုက်သည်။

ဆေးဆရာကြီးက ခေါင်းယမ်းလိုက်ပီး
" တစ်ဝက်ပဲ ချီးကျူးပါဗျာ... ဘာလို့လဲ ဆိုတော့ ဒီနည်းစနစ်က အတွင်းအားပါမှ ကုသလို့ရမှာလေဗျာ... ကျုပ်မှာ အတွင်းအား မရှိတော့
ကုပေးလို့တော့ မရဘူးဗျို့ ... "
ဟု ပြောလိုက်သည်။

တွမ့်ကျန်းယွမ် က ထိုစာရွက်များကို ကြည့်ကာ ပြုံးလိုက်ပီး


" စိတ်မပူနဲ့ဗျို့ ... ခင်များသာ ကျုပ်ကို အပ်စိုက်နည်း သင်ပေး ကျုပ်အတွင်းအား သုံးပီး အကိုကြီးပိုင်ကို ကုသပေးမယ် "
ဟု ပြောလိုက်လေသည်။

ထန်စုစု ကမူ ရယ်လိုက်ပီး စာအုပ်ကို ပြန်သိမ်းလိုက်သည်။


" အဲ့ဒီနည်းက သူအရင်တွေ့တာ မဟုတ်ဘူးရှင့်... ကျမအကိုကြီး ထန်ဝူဆို အဲ့နည်းသုံးပီး ကျောက်ယွင်ကျဲ ကို ကုပေးထားတာ
ကြာလှပေါ့ "

တွမ့်ကျန်းယွမ် မှာ အခုမှပင် ကျောက်လွေ တစ်ယောက် ဘာကြောင့် လို့ရန်မြို့  ကို ရောက်လာကြောင်း သေချာသိသွားရသည်။
ပိုင်လုံနှင့် တိုက်ရာတွင် ကျောက်ယွင်ကျဲ တစ်ယောက် ဒဏ်ရာရပေလိမ့်မည်။ ထိုအဖြစ်ကို ဖခင်ဖြစ်သူ ကျောက်လွေက
မကုပေးနိုင်သဖြင့် ကုပေးနိုင်သူ ထန်ဝူ အလိုကျ လာတိက
ု ေ
် ပးခြင်းပင်။

ထန်စုစုမှာ ပြောပီးလျင် အကိုဖြစ်သူကို သတိရကာ ဝမ်းနည်းသွားသည်။ တွမက


့်ျန်းယွမ်က သူမကို နှစ်သိမ့်သလို ပြုံးပြလိုက်သည်။
ပိုင်လုံမှာမူ သိပ်ပီး စိတ်မဝင်စားသလိုပင် တစ်ခုခုကိုသာ အသည်းအသန် တွေးတောနေသည်။

ပိုင်လုံက သက်ပြင်းချလိုက်ပီး
" ကြည့်ရတာ ညီလေး ... မင်းတော့ နယ်စပ်မှာ စစ်တပ်ပြင်ဆင်နေတဲ့ မင်စုထန် နဲ့ ပြသနာတက်တော့မယ် ထင်တယ် "
ဟု ပြောလိုက်သည်။

တွမ့်ကျန်းယွမ်က အံ့သြကာ မေးလိုက်သည်။


" ဘာဖြစ်လို့လဲ အကိုကြီးပိုင.် .. ကျနော်က ဘာလုပ်လို့ သူနြဲ့ ပသနာတက်မှာလဲ... ပီးတော့ သူက မင်းသားမလား နန်းတွင်းနဲ့
ပြသနာရှိလို့လား "

ပိုင်လုံ က ပြောမယ်ပြင်ပီးမှ ထန်စုစုကို ကြည့်ကာ တွန့်ဆုတ်သွားသည်။ ပါးနပ်သော ထန်စုစု က တွမ့်ကျန်းယွမ် ၏ ရည်းစားဟောင်း


အကြောင်းပါဝင်နေမှန်း သိရှိသွားသည်။ သူမက နှုတ်ခမ်းဆူကာ
" ဟို အမမုယုံ အကြောင်းကြောင့် ပြသနာတက်ရမှာလား... တွမ့်လန် က သူ့အပေါ် စိတ်ပြတ်ပီလို့ ကျမထင်ပါတယ် "
ဟု ပြောလိုက်သည်။

တွမ့်ကျန်းယွမ် ကလဲ ခေါင်းငြိမ့်ကာ


" ဟုတ်ပါတယ် အကိုကြီး မုယုံချန်းရှောင်း အတွက်ဆိုရင်တော့ ကျနော် ပြသနာမရှာ ပါဘူး... ကျနော် ပြသနာရှာချင်ရင်လဲ ဒီအချိန်ထိ
စောင့်မနေပါဘူး အရင်ကတည်း က ပြသနာရှာခဲ့မှာပါ... အခုတော့ ကိုယ့်လမ်း ကို သွားနေကြသူတွေပါပဲ "

ပိုင်လုံ က ခေါင်းယမ်းကာ
" ငါပြောတာလဲ နားထောင်ပါဦး... အခုအခြေ အနေတွေက အရင်ကလိုမဟုတ်ဘူး... နန်းတွင်းမှာ အုပ်စု သုံးစု ကွဲနေတယ်...
လက်ရှိဘုရင်ရဲ့ အုပ်စု မင်စုထန်ရဲ့အုပ်စု နဲ့ ဟိုပေ့နယ်စား ရဲ့ အုပ်စုပဲ... ဒါကိုသိတယ် မလား... အရင်ကတော့ ဘုရင်က မင်စုထန် ကို
ဟိုပေ့နယ်စားကို ထိန်းချုပ်ဖို့ မုယုံမျိုးနွယ် တွေကိုပေးပီး အင်အားတိုးပေးခဲ့တယ် အခုတော့ ဘုရင်က ဟိုပေ့နယ်စားဘက်ကို
အလေးသာနေတယ် အခုလဲ လို့ရန်ကို ထန်အိမ်က တိုက်ခိုက်နေတာသိသိနဲ့ မသိချင်ယောင်ဆောင်ပေးနေတယ်လေ ထန်အိမ်က
ဟို့ပေ့နယ်စားရဲ့ ကျောထောက် နောက်ခံဆိုတာ သိသာနေတာပဲလေ... ဒါကြောင့် မင်းနဲ့ မင်စုထန် ရင်ဆိုင်ရ တော့မယ်လို့ ပြောတာပဲ "
ဟု ရှည်လျားစွာ ရှင်းပြလိုက်သည်။

တွမ့်ကျန်းယွမ် က မျက်မှောင်ကြုတ်ကာ
" အကိုကြီးဆိုလိုတာက... ထန်အိမ်က ကျနော့်ကို မင်စုထန်ကို သတ်ဖို့ အသုံးချတော့မယ်လို့ ဆိုလိုတာလား "
ဟု မေးလိုက်သည်။

ပိုင်လုံ က သေချာနေသလိုမျိုး တပ်အပ်ပင်


" အသေအချာပဲ... မင်စုထန်ကို သတ်ဖ့က
ို မင်းက အသင့်တော်ဆုံးပဲ သိုင်းပညာအရ ကော မင်းကို ထိန်းချုပ်ဖို့ကော... မင်းကလဲ သူတို့
ကူညီပေးလိုက်သေးတယ်လေ.. "
ဟု ထန်စုစုကို မေးငေါ့ကာ ပြောလိုက်သည်။
ထန်စုစု က အပြင်းအထန် ခေါင်းခါလိုက်ကာ
" ညီမ ဒီဟာတွေကို တစ်ခုမှမသိဘူး တွမ့်လန်.... ညီမကို အထင်မမှားပါနဲ့ "
ဟု ငိုတော့မလို ပြောလိုက်သည်။

တွမ့်ကျန်းယွမ် က ဘာမှမပြောပဲ စဉ်းစား နေသည်။ ပိုင်လုံ ကသာ ခေါင်းငြိမ့်ပီး


" ဟုတ်တယ် ထန်စုစု က ဘာမှမသိဘူး... ပြောရရင် ဒီနည်းလမ်းက မင်း ထန်စုစုကို ခေါ်သွားတယ်ဆိုတာကို ထန်ဖန်းသိရင်
ဖြစ်လာမဲ့ကိစ္စပဲ သူကြိုတွေးမိမှာ မဟုတ်ဘူး... "
ဟု ထောက်ခံလိုက်သည်။

တွမ့်ကျန်းယွမ် က ခေါင်းငြိမ့်ကာ ထန်စုစုကို ပြုံးပြလိုက်ပီး


" စုစု မင်းနဲ့မဆိုင်တာ ငါသိပါတယ်... ငါတွေးနေတာက ဒီအခြေအနေကနေ ငါဘယ်လို ရုန်းထွက်ရမလဲ ဆိုတာပဲ... အခုဆိုရင်
ထန်ဖန်းက ငါ့ကို မြေးသမက် အဖြစ် ကြေငြာပီးလောက်ပ.ီ .. ဒါကို ငါ့ခမည်းတော်လဲ သိမှာပဲ... ငါနန်းတွင်းကို ပြန်ရဦးမယ် ထင်တယ် "
ဟု ပြောလိုက်လေသည်။

#မိုးထိတောင်သိုင်းသမား #ZYN
အခန်း (၃၁) အပိုင်း ငါး
ရန်သူ နှင့် ချစ်သူ

တစ်ပါတ်အကြာ...
ပိုင်လုံ၏ အတွင်းဒဏ်ရာကို ဆေးကုရသည် မှာ တစ်ပါတ်ပင်ကြာသွားလေသည်။ တစ်ပါတ်အတွင်း တွမ့်ကျန်းယွမ် မှာ တန်ဖိုး
မဖြတ်နိုင်သော အပ်စိုက်ကုသနည်းကို တတ်ကျွမ်းသွားသလို သင်ပေးသူ ဆေးဆရာကြီးမှာလဲ အတွင်းအား ကျင့်နည်း ကို
တွမ့်ကျန်းယွမ် ဆီမှ ရရှိသွားသည်။ တွမ့်ကျန်းယွမ် က သာမန်အတွင်းအား ကျင့်စဉ်တွင် ရှောင်းယောင် အတွင်းအား နည်းများကို
ရောစပ်ကာ သင်ပေးလိုက် သည်။ ထိုဆေးဆရာကြီးမှာ ကျေးဇူးတင်ကာ သူ့ဆေးခန်းသို့ ပြန်သွား လေပီ။ သူ၏ ဆေးပညာမှာ
တစ်ဆင့်မြှင့် သွားလေပီ မဟုတ်ပါလား။ ပိုင်လုံ မှာလဲ အတွင်းဒဏ်ရာ ပျောက်ကင်း သွားသဖြင့် သိုင်းလေ့ကျင့်ခြင်း ကိုပင်
စတင်နေလေပီ။

ထန်စုစု မှာတော့ အခုရက်ပိုင်း ဇနီးမယား တာဝန်ကျေပွန်ချင်သဖြင့် မီးဖိုးချောင်ထဲတွင် သာအလုပ်ရှုပ်နေသည်။ နတ်မိမယ်တမျှ လှပပီး


သိုင်းပညာကောင်း လှသော ထန်စုစု မှာ ဟင်းချက်ပညာတွင်တော့ ပါရမီပါဟန် မတူပါ။ တွမ့်ကျန်းယွမ် မှာ တစ်ပါတ်လုံးလုံး
အောင့်အီးကာ စားနေရသည်လေ။ ပိုင်လုံ ကတော့ ကိုယ့်ဒုက္ခကိုယ်ရှာသော ညီဖြစ်သူ ၏ အဖြစ်ကို ကြည့်ကာ ရယ်မိနေ လေသည်။
ထိုအဖြစ်ကြောင့် တစ်ကိုယ်တည်းနေ တာမှ တော်သေးသည် ဟု မိမိကိုယ်ကို အားပေး အတွေး တွေးမိနေသည်။

တွမ့်ကျန်းယွမ် က သူ ပန်းပဲဖိုတွင် အထူး ပြုလုပ်ခိုင်းထားသော သံမဏိအပ် တစ်ရာသုံးဆယ့်ခြောက် ချောင်းကို ကြည့် ကာ


အားရနေသည်။ အပ်စိုက်ကုသော ဆေးပညာမှာ အတွင်းအားသုံးပီး အကြောထိုးခြင်းကဲ့သို့ တူညသ
ီ ည်။ သူ့အနေဖြင့် ထိုဆေးပညာကို
သင်ယူနိုင်ခြင်း အတွက် ကျေနပ်နေခြင်းဖြစ်သည်။ သူက ထိအ
ု ပ်များကို အဝတ်စဖြင့် သေချာသုတ်ပီး ဝါးဘူးလေးထဲ
ထည့်လိုက်လေသည်။

ထိုစဉ် အခန်းထဲသို့ ထန်စုစု က ပန်းကန်လုံး တစ်လုံးကို အဖုံးအုပ်ကာ ယူလာသည်။ သူမ၏ ပုံကို ကြည့်ရမည်ဆိုလျှင် မီးဖိုချောင်ဝတ်
ခါးစည်းအဖြူ မှာ ပေပွနေပီး မျက်နှာတွင်လဲ ဂျုံမှုန့် လား ဆန်မှုန့်လား မသိ ပေကျံနေလေသည်။ တွမ့်ကျန်းယွမ် ကတော့
ထိုပုံစံကိုကြည့်ကာ ရယ်ချင်လွန်းသဖြင့် မနည်းထိန်းနေရသည်။ ရယ်မိလိုက်လျှင် မလွယ်ပါ။ ထန်စုစု မှာ ငိုပီး စိတ်ကောက် ပေဦးမည်။
ချော့ရန် နည်းလမ်းမှာလဲ သူ့ပခုံးကို ခပ်နာနာ အကိုက်ခံရုံကလွဲလို့ တခြာ နည်းမရှိပါ။ ဒီရက်ပိုင်း သူအကိုက်ခံရ သည်မှာများနေသဖြင့်
တွမ့်ကျန်းယွမ် က အကိုက်မခံလိုချေ။ ထို့ကြောင့် သူက အောင့်အီးနေသည်။

" တွမ့်လန်.... ဒီမှာကြည့်ပါဦး "


ထန်စုစု က ပန်းကန်လုံးကို ဖွင့်ပြလိုက်သည်။
ပန်းကန်လုံးထဲတွင် အငွေ့တထောင်းထောင်း ထနေသော ပေါက်စီလိုအလုံးများ ငါးလုံးခန့် ရှိနေသည်။ တွမ့်ကျန်းယွမ် က ပေါက်စီဟု
ထင်နေသည်။ သိေ
ု့ သာ် သေးငယ်နေသည့် အရွယ်အစား ကြောင့် မျက်မှောင်ကြုတ်ကာ မေးလိုက်သည်။

" ဒါက ဘာလဲ စုစ.ု . "


" ဖက်ထုပ်လေ ..."
ထန်စုစု က ပိုင်နိုင်သော မျက်နှာထားဖြင့် ပြောကာ တစ်လုံးကို ကမ်းပေးလိုက်သည်။
တွမ့်ကျန်းယွမ် က လက်တွန့်နေရာမှ သတ္တိမွေးကာ ကိုက်ကြည့်လိုက်သည်။ ဖက်ထုပ်၏ အသားမှာ ထူလွန်းနေသလို အထဲမှ
အသားတုံးကို အတုံးလိုက် ဝါးမိသွားသည်။ တွမ့်ကျန်းယွမ် က ရယ်ချင်စိတ်ကို မထိန်းနိုင်တော့ပဲ ရယ်ချလိုက်ရာ အသားတုံးမှာ
ပါးစပ်အပြင်သို့ ထွကက
်ျ သွားသည်။

" ဟားဟား.. စုစု ရယ် ဖက်ထုပ် ထဲထည့်ရတဲ့ အစာဆိုတာ အသားကို ဒီအတိုင်းထည့်ရတာ မဟုတ်ဘူးကွ... တောက်တောက်စင်းပီး
နယ်ပီး နှပ်ထားပီးမှ အစာသွပ်ရတာ... အသားကလဲ မထူမပါး အနေတော်လေးမှ စားကောင်းတာကွဲ့... တော်ပီကွယ.် .. နောက်ကို
မင်းလေး ဘယ်တော့မှ မီးဖိုချောင်နား မကပ်နဲ့... "

ထန်စုစု ကတော့ ထိုစကားကြောင့် စိတ်ပျက်သွားသည်။ သူမက နှုတ်ခမ်းဆူပီး စိတ်ကောက်လိုက်သည်။ သို့သော် တွမ့်ကျန်းယွမ် မှာ
မချော့ပဲ သူမ၏ပုံစံကို ကြည့်ကာ ရယ်နေသည်။ သူမက စိတ်ဆိုး ကာ ဖက်ထုပ် ထည့်ထားသော ပန်းကန်လုံးကို အခန်းဝသို့
လွှင့်ပစ်လိုက် သည်။
" အင့်... ဟာ "

" ဝှစ.် .. " " ဖတ်... "


ပန်းကန်လုံးမှာ မြေပြင်ပေါ် ကျကွဲ ရမည့်အစား ဖတ်ခနဲမြည်ကာ လူတစ်ယောက်၏ ဖမ်းဆီးခြင်းကို ခံလိုက်ရသည်။ ထိုလူကာ အခန်းထဲ
ဝင်လာပီး ပြုံးစိစိ လုပ်နေသည်။ ထိုလူ၏ ပါးစပ်မှာလဲ ဖောင်းနေသဖြင့် ဖက်ထုပ် ကို စားလိုက်ဟန် တူသည်။ ထိုလူက ဖက်ထုပ်
ပန်းကန်လုံးကို စားပွဲပေါ်တင်ကာ ရယ်ကျဲကျဲ ဖြင့် ပြောလိုက်သည်။
" အသားတုံးပေါက်စီ ဆိုတာ စားရခဲတယ်ဟ ညီလေးရ... မင်းနဲ့ ဒီလောက်ထူး ချွန်တဲ့ စားဖိုမှူးကို မီးဖိုးချောင်ထဲမဝင်ခိုင်းတာ
နစ်နာတယ်ကွာ... "

" ပေါက်စီ မဟုတ်ဘူး... ဖက်ထုပ်ပါဆိုနေ "


ထန်စုစု မှာ ထိုသူကို မျက်စောင်းထိုး ပီး တွမ့်ကျန်းယွမ် အနားကို တိုးလိုက်သည်။ သူမ လုပ်နေကြဖြစ်သော တွမ့်ကျန်းယွမ်၏ ပုခုံးကို
ကိုက်မလို့ပင်။ အလှောင်ခံလိုက်ရ သဖြင့် သူမက ရှက်သွား သည်လေ။ တွမ့်ကျန်းယွမ် က အကိုက်ခံ လိုက်ပီး သူမကို
အသာထိန်းပွေ့ထားလိုက် သည်။ ပုခုံးက ဆစ်ခနဲ နာသွားသော်လဲ သူက အရယ်မပျက်ပဲ အခန်းထဲဝင်လာသူ ကို ပြန်ပြောလိုက်သည်။

" တော်ပါပီဗျာ... ဟင်းအသစ်အဆန်းတွေ စားရတာလူလဲ တစ်မျိုးဖြစ်နေပီ... ဒီကောင်မလေးကို အပ်ချုပ်ခိုင်းတာမှ တော်ဦးမယ်...


ဟင်းချက်ကတော့ မစွံဘူးဗျိုး"

ထိုလူက ပိုင်လုံ ဖြစ်သည်။ သူက အဖြူရောင် ဝတ်စုံရှည်ကို သေချာဆန့်ကာ ထိုင်ခုံတွင် ဝင်ထိုင်လိုက်ပီး တည်ငြိမ်သောအသံဖြင့်
ပြောလိုက်သည်။
" အဲ့ဒါထားလိုက်ဦး... ထန်ဖန်းက သိုင်းလောက တစ်ခုလုံးကို မင်းက သူ့မြေး သမက် ပါလို့ ကြေငြာလိုက်ပ.ီ .. ပီးတော့ သူက
ဘုရင့်သစ္စာခံအဖြစ်လဲ ခံယူလိုက်ပီ လို့ရန်ကို တိုက်ခက
ိုမိတဲ့အတွက် သူ့မြေး နှစ်ယောက် သေဆုံးခြင်းနဲ့ ချေပေးမယ် ဆိုပဲ အခုတော့
သူက ပေါ်တင်ပဲ ဟို့ပေ့နယ်စားရဲ့ မွေးစားအဖေ အမတ်ကြီး ဖြစ်သွားပီကွ... ဘုရင်ကလဲ သူတို့ဘက်ပါနေပီ ... မင်စုထန် ကို ပုန်ကန်သူ
အဖြစ်သတ်မှတ်ထားတယ်...
မုယုံမျိုးနွယေ
် တွကိုလဲ လိုက်ဖမ်းနေတယ်...
ဒါပေမဲ့ အခုထိတော့ တစ်ယောက်မှ မမိသေးဘူးကြားတာပဲ... မင်စုထန်က တော့ နယ်စပ်မှာ စစ်သည်အင်အားစုဆောင်း နေတယ်တ.ဲ့ ..
ထန်ဖန်းက မင်းကို စာပို့ လိုက်တယ် ဒီမှာ "

တွမ့်ကျန်းယွမ် မှာ ပိုင်လုံ ကမ်းပေးသော ရွှေရောင်စာအိတက


ို ဖတ်ကြည့်မိသည်။ ထိုအထဲတွင် ရေးသားထားသည်မှာ ပုံမှန်ပင်
အမတ်ကြီးတစ်ယောက်က သူ့မြေးသမက်ကို မင်္ဂလာကိစ္စ ကြောင်းလမ်းသော စာသားများ သာရှိသည်။ တွမ့်ကျန်းယွမ် မှာ
မင်းသားတစ်ပါးဖြစ်၍ ဘုရင်ကိုယ်တိုင် မင်္ဂလာရက်မြတ် သတ်မှတ်ပေးကာ ချီးမြှောက်ပေးလိုက်ကြောင်းပင် ပါသေးသည်။ ထိုရက်မှာ
နှစ်လ အကြာမှ ဖြစ်၍ တွမ့်ကျန်းယွမ် ကို တာ့လီပြန်ကာ တိုင်ပင်စေလိုကြောင်းပါ ရေးသားထားသည်။

တွမ့်ကျန်းယွမ် က ထိုစာကို ဖတ်ကာ ခေါင်းငြိမ့်လိုက်ပီး ပြောလိုက်သည်။


" ဒီအတိုင်းဆိုရင် တာ့လီပြန်ပီး ဟိုမှာ အရင် မင်္ဂလာဆောင်ရမှာပဲ... အခုထိတော့ ဘာမှ မတောင်းဆိုသေးဘူးပဲ... အကိုကြီး ပြောသလို
အဘိုးကြီးက မတွေးမိဘူး ထင်တယ် "

ပိုင်လုံ က ခေါင်းငြိမ့်ကာ ပြန်ဖြေလိုက်သည်။


" မတွေးမိတာ မဟုတ်လောက်ဘူးကွ... မင်စုထန် ထက် ကျောက်လွေတို့ သားအဖကို ပိုစိတ်ပူနေတာဖြစ်ရမယ်... အဲ့ဒီသားအဖ
ငြိမ်နေတာကြာပီက.ွ .. သူတို့တောင်ပင်လယ် က ပြည်မနန်းတွင်းက သြဇာမသက်ရောက် ဘူးလေ... "
ပိုင်လုံပြောမှပင် တွမ့်ကျန်းယွမ် တစ်ယောက် ကျောက်လွေတို့ သားအဖကို သတိရသွား သည်။ ကျောက်လွေ သူ့ကို ပေးသွားသော
ဆေးလုံးများအကြောင်းကို စဉ်းစားမိသည်။ ထိုအကြောင်းကို ဆေးဆရာကြီး နှင့် သူ သီးသန့် ဆွေးနွေးကြသေးသည်။ ဆေးဆရာကြီးက
စစ်ဆေးကြည့်ရန် သူ့ဆေးခန်းသို့ ယူသွားသည်လေ။ နောက်တစ်ပါတ်အကြာ ပြန်လာယူရန် ချိန်းဆိုထားသဖြင့် သွားယူရပေဦးမည်။
ဆေးဆရာကြီး၏ ဆေးခန်းမှာ ခိုင်ဖုန်းမြို့ ပြင် တွင်သာဖြစ်၍ သူ့အနေဖြင့် တာ့လီအပြန် ဝင်ရန်လမ်းသင့်နေသည်လေ။ သူက ထို့ကြောင့်
ထန်စုစုအား ကြည့်ကာ ပြောလိုက်သည်။
" စုစု ငါ့အိမ်ကို ပြန်ကြမယ်... တစ်ပါတ် အတွင်း မင်းဘာလိုအပ်လဲ ပြင်ထားနော်..."

ထန်စုစု ထိုစကားကြောင့် ရယ်ကျဲကျဲ လုပ်ကာ အခန်းပြင်သို့ပြေးထွက်သွားသည်။ သူမ ဦးတည်ရာမှာတော့ ဈေးသို့ပင် ဖြစ်လိမ့် မည်။
တွမ့်ကျန်းယွမ်က သူ၏ ရွှေတုံးအိတ် ကို ပေးထားသည် မဟုတ်ပါလား။

" ညီလေး... မင်း တကယ်နောင်တ မရဘူးနော်... ရင်ဆိုင်ဖို့အသင့်ဖြစ်ပီလား "


ပိုင်လုံ က တွမ့်ကျန်းယွမ် ကို ကြည့်ကာ မေးလိုက်သည်။

" ကျနော် လမ်းသစ် တွေ့ထားတယ် အကိုကြီး... အဲ့ဒါက ရှောင်ထွက်တာပဲ... တာ့လလ


ီို နိုင်ငံငယ်လေးက မင်းသားတစ်ပါးကို
ပြည်မဘုရင်က သိပ်ပီး အလေးထားမှာ မဟုတ်ပါဘူး... ကျနော်လဲ မပါချင်ဘူး... စုစုကို သူ့အဖိုးဆီမှာ တောင်းရမ်းပီးတာနဲ့ ကျနော်
ရအောင် ရှောင်ထွက်မယ် စိတ်ကူးတယ် အကိုကြီး "
တွမ့်ကျန်းယွမ် က ခေါင်းယမ်း ပီး အမှန်တကယ် အလေးအနက်ထားကာ ဖြေလိုက်သည်။

ပိုင်လုံ ကတော့ ခေါင်းယမ်းနေလေသည်။ သို့သော် လူတိုင်းသည် အတွေးမတူချေ။ သူ့အနေဖြင့် ညီဖြစ်သူ၏ ဆုံးဖြတ်ချက်ကို


လေးစားရပေမည်။ ထိအ
ု့ တူ သူယုံကြည်ရာ အလုပ်ကိုလဲ သူကိုယ်တိုင်ပင် ကြိုးစားရ ပေမည်။ မဆုတ်မနစ် ကြိုးစားပါက အောင်မြင်မှု
လမ်းစမှာ တစ်ချိန်ချိန်တွင် တွေ့လာရမည် မဟုတ်ပါလား။

တွမ့်ကျန်းယွမ် က စကားလွှဲလိုသဖြင့် ပိုင်လုံကို လို့ရန်မြို့ က ဂိဏ


ုးချုပ်များ အကြောင်း မေးမြန်းလိုက်သည်။
" အကိုကြီး... လို့ရန်က ဂိုဏ်းချုပ်ကြီးတွေနဲ့ သိုင်းသမားတွေ အခြေအနေ ဘယ်လိုရှိသလဲ... "

" ငါသတင်းရသလောက်တော့... သူတို့လဲ အဆင်ပြေကြပါတယ်... သူတို့က ထန်ဝူနဲ့ ထန်ဖု ကို အနိုင်ရလိုက်တယ်လေ... အခုတော့
သူတို့ဂိုဏ်းကို ပြန်ပီး အားမွေး နေကြတယ်... တစ်ခုပဲ ထူးဆန်းတာရှိတယ် ထန်ဝူ နဲ့ ထန်ဖု အလောင်းကို ထန်အိမ်က လူတွေ
လာသယ်သွားကြတယ်တဲ့... ကြားရသလောက်ကတော့ ကိုယ်ဖော့ပညာ သိပ်ကောင်းတဲ့လူတွေဆိုပဲ... "
ပိုင်လုံ က ဖြေလိုက်ခြင်းပင်။

တွမ့်ကျန်းယွမ် က ခေါင်းငြိမ့်ကာ
" ဟုတ်တယ်... သူတို့က မြေကြွက်လို့ ခေါ်တယ်... ထန်ဖန်းရဲ့ ကိုယ်ပိုင်တပ်ဖွဲ့ပ.ဲ .. ကိုယ်ဖော့ပညာမှာတော့ အဘစုန့်ဝမ် နီးပါးကို
ကောင်းကြတယ်ဗျ... "
ဟု ဖြေလိုက်သည်။

ပိုင်လုံ မှာ ရန်သူဖြစ်သော ထန်ဖန်း၏ အင်အားကို မခန့်မှန်းနိုင်တော့သဖြင့် စိတ်ညစ်ကာ မျက်နှာသုန်မှုန်သွားသည်။


တွမ့်ကျန်းယွမ် က ပိုင်လုံ မျက်နှာမှ အရိပ်များကို အကဲခတ်လိုက်သည်။ သူက စားပွဲပေါ်တင်ထားသော စာအုပ်ပါးလေး နှစ်အုပ်ကို
လှမ်းပေးလိုက်သည်။
" အကိုကြီး လိုအပ်မယ် ထင်တဲ့ နှစ်မျိုးကို ချန်ထားခဲ့မယ်လေ... ဒါတွေနဲ့ဆို ကျနော် မပါလဲ အကိုကြီး လုပ်ချင်တာတွေ အောင်မြင်မှာပါ
ပီးတော့ ကျနော်လဲ အရိပ်အခြေကြည့်ပီး ရောက်လာခဲ့ပါမယ် "

ပိုင်လုံမှာ စာအုပ်နှစ်အုပ်ကို ကြည့်ပင် မကြည့်ပါ။ သူက တွမ့်ကျန်းယွမ်၏ စေတနာ ကိုသာ ခံစားမိပီး ရင်ထဲကြည်နူးနေသည်။
တွမ့်ကျန်းယွမ်က ပိုင်လုံ က သူ့ကို အရမ်း ကျေးဇူးတင်နေသည် ကိုကြည့်ပီး စိတ်ပေါ့သွားစေရန် ရယ်လိုက်သည်။
" ဖတ်ကြည့်ဦး အကိုကြီး... အကိုကြီးရဲ့ လက်ရှိ အတွင်းအားက သွေးကြောမ သုံးခုပဲ ဖွင့်နိုင်သေးတယ်... အကိုကြီးသာ တစ်ပါတ်
အတွင်း နောက်တစ်ခု ဖွင့်နိုင်ရင် ကျနော် က နောက်ဆုံးနှစ်ခု ကူဖွင့်ပေးလို့ရမယ်... မဟုတ်ရင်တော့ နောက်ထပ်နှစ်လသာ
စောင့်ပေတော့ဗျိုး "

ပိုင်လုံ မှာ ထိုစကားကြောင့် စာအုပ်ကို လှန်ကြည့်မိသည်။


တစ်အုပ်က ရှောင်းယောင်အတွင်းအား ဟု ရေးသားထားသည်။ ရှောင်းယောင် အတွင်းအားမှာ ရှောင်လင်၏ ရိကျင့်အတွင်းအား
လောက် စစ်မှန်ခြင်း မရှိသော်လဲ ဘေးထွက်ဆိုးကျိုး နည်းပါးပီး အတွင်းအားကို အလျင်အမြန် တိုးပွားစေသည်။ အားနည်းချက်ဟူ၍
မိစ္ဆာကျင့်စဉ်များ ကျင်ပ
့ါက အားပေးပီး ပိုမို အစွမ်းထက်စေခြင်းသာ ရှိသည်။
နောက်တစ်အုပ်က သိုင်းမှတ်စု ဖြစ်သည်။ ထိုထဲတွင် နဂါးနိုင်လက်ဝါးသိုင်း ကို ရှောင်းယောင်အတွင်းအား ဖြင့် ရောစပ် အသုံးပြုနည်း၊
ကျောက်လွေ၏ နတ်ဆိုးဓားကွက် များအကြောင်း၊ ထန်ဖန်း၏ သိုင်းပညာနှစ်ခု အကြောင်းများ၊ အားနည်းချက်များကို
ရေးသားထားသည်။ ထိုမှတ်စုမှာ တွမ့်ကျန်းယွမ်က သူ့ကိုယေ
် တွ့ များနှင့် ဖတ်ထားမှတ်ထားသမျှကို ချရေးထားခြင်းပင် ဖြစ်သည်။
ပြိုင်ဘက်ကင်း သိင
ုးသမား တစ်ယောက် ပြုစုထားသော သိုင်းမှတ်စုဖြစ်၍ ထိုမှတ်စုမှာ တန်ဖိုးကြီး ပေသည်။

" နောက်နှစ်လကြာမှပဲ ငါ့ညီပြောသလို လုပ်ကြတာပေါ့ကွာ... အတွင်းအားဆိုတာ အလောတကြီးမကျင့်ရဘူးလို့ ငါ့ကို ဆရာက


မှာထားဖူးတယ်က.ွ ... "
ပိုင်လုံက အရင်က တွမ့်ကျန်းယွမ် သင်ပေး သဖြင့် သူအနည်းငယ်ကျင့်ဖူးသော ရှောင်းယောင်း အတွင်းအားကျင့်စဉ်ကို
အကြမ်းဖျင်းဖတ်ရင်း တွမ့်ကျန်းယွမ် ကို ပြောလိုက်သည်။

" အကိုကြီး သဘောပါဗျာ... ကျနော်ကတော့ ဟိုကလေးမ မရှိတုန်း ရွှေငါး စားသောက်ဆိုင် ကိုသွားပီး အဝသွားတီးလိုက်ဦးမယ်ဗျိုး "
တွမ့်ကျန်းယွမ်ကတော့ ပြုံးပြလိုက်ပီး ထိုစကားကို ပြန်ဖြေကာ ဟန်ပါပါ ထွက်သွားလေသည်။ တွမ့်ကျန်းယွမ် မှာ
မည်သည့်အချိန်ကတည်းက ငတ်နေမှန်း မသိရချေ။

ပိုင်လုံမှာ ထိုစကားကြောင့် ခွက်ထိုးခွက်လန် ရယ်လိုက်ပီး


" ဟားဟား ဟားဟား ငါ့လဲ စောင့်ဦးဟေ့... "
ဟု ပြောလိုက်လေသည်။

ထို့နောက် ညီနောင် နှစ်ဦးမှာ တစ်ယောက် ပုခုံး တစ်ယောက်ဖက်ကာ စားပွဲ သောက်ပွဲ ဆင်နွှဲရန် ထွက်သွားကြလေသည်။

#မိုးထိတောင်သိုင်းသမား #ZYN
အခန်း (၃၂) အပိုင်း တစ်
သူပုန် နှင့် သစ္စာခံ

နွေဦးကာလ ဖြစ်သဖြင့် ပန်းပေါင်းစုံမှာ ပွင့်ဖူးနေကြသည်။ တစ်ခါတစ်ရံ ရွာသော မိုးပြေးလေးကြောင့် ပေကျင်းမြို့ မှာ စိမ်းလန်း
စိုစွတ်နေသည်။ လူပေါင်း ထောင်ချီ မှီတင်း နေထိုင်သော မြို့ တော် ဖြစ်သည်နှင့်အညီ မြို့ တော်ကြီးမှာ မနက်လင်းသည်နှင့်
ပျားပန်းခတ်မျှ လှုပ်ရှားသွားလာ နေကြသည်။ သို့သော် ဒီနေ့က ပိုပီး ရှုပ်ထွေးနေသည်ဟု ဆိုရပေမည်။

အဘယ့်ကြောင့်နည်း။
အကြောင်းကတော့ ဒီနေ့သည် ဘုရင်မင်းမြတ် ကိုယ်တိုင် ရက်ကောင်းရက်မြတ် သတ်မှတ်ပေးထားသော မင်္ဂလာဆောင်
တစ်ခုရှိသောကြောင့် ဖြစ်သည်။ ထပ်၍ မေးရပါလျှင် သတို့သား သတို့သမီးမှာ မည်သူများဖြစ်၍ ဘုရင်ကိုယ်တိုင်က ရက်သတ်မှတ်
ပေးရသနည်း။

မည်သူမည်ဝါ ဖြစ်သနည်း ဆိုသော အမေးကို ဖြေရလျှင်တော့....

သတို့သား က တာ့လီပြည်မှ မင်းသားတစ်ပါး ဖြစ်သည်။ သိုင်းလောက ပထမ ဓားဧကရာဇ် ဝေထင်း၏ တစ်ဦးတည်းသော


တပည့်အရင်း ဖြစ်ပီး လက်ရှိသိုင်းလောကခေါင်းဆောင် သူဖုန်းစားဂိုဏ်းချုပ်ကြီး ပိုင်လုံ၏ သွေးသောက်ညီ လဲဖြစ်သည်။ ထို့အပြင်
သိုင်းလောကတွင် သူ၏ သိုင်းပညာမှာ ပြိုင်ဘက်ကင်းဟု သတ်မှတ်ထားကြသည်။ ပုန်ကန်သူဖြစ်သော တောင်ပင်လယ် ဂိုဏ်းချုပ်ကြီး
ကျောက်လွေ ကိုပင် အနိုင်ရဖူးသူ ဖြစ်သည်။ ထိုသူ၏ မျိုးရိုး နှင့် ဂုဏ်သိက္ခာ မှာ အတော်ကို ကြီးမားမည်မှာ သံသယဖြစ်ဖွယ်ရာမရှိချေ။
ထို့အပြင် ရုပ်ရည် ရူပကာမှာလဲ ပြည့်စုံသဖြင့် ထိုသူမှာ သိုင်းလောကတွင် သျှမ်းသျှမ်းတောက် ကျော်ကြားသူတစ်ယောက်ပင်။

သတို့သမီး ကတော့ ဟို့ပေ့နယ်စားကြီး၏ မွေးစားအဖေ ဂုဏ်ထူးဆောင် အမတ်ကြီး ထန်ဖန်း၏ တစ်ဦးတည်းသော


မြေးမလေးဖြစ်သည်။ ထိုမိန်းကလေးမှာ အလှအပအားဖြင့် သိုင်းလောက အလှမယ် လေးယောက်ကို ယှဉ်နိုင်သလို သိုင်းပညာ
အားဖြင့်လဲ အမျိုးသမီးသိုင်းသမားများထဲတွင် အတော်ဆုံးဟု သတ်မှတ်ခံထားရသည်။ သိုင်းလောကတွင် ထန်အိမ်၏ အရှိန်အဝါ၊
သခင်ကြီးဖြစ်သူ ထန်ဖန်း၏ အရှိန်အဝါမှာလဲ ယခုနှစ်ပိုင်း အတွင်း ထိပ်ဆုံးသို့ရောက်လာရာ သတို့သမီးမှာလဲ ခေသူမဟုတ်ချေ။

ထန်အိမ်မှာ လွန်ခဲ့သော နှစ်လကအထိ လူဆိုးများ အနက်ရောင်သိုင်းသမားများ၏ ထောက်ခံသူ အဖြစ် သတ်မှတ်ခံထားရ သော်လဲ


စံအိမ်သခင်ကြီး ထန်ဖန်း၏ ဘုရင်မင်းမြတ် အပေါ် သစ္စာခံယူ လိုက်ခြင်းကြောင့် နေ့ချင်းညချင်းပင် သစ္စာခံသူ လူကုံထံ အသိုင်းအဝိုင်း
အဖြစ်ရောက်ရှိသွားလေပီ။

ထို့ကြောင့် သတို့သား နှင့် သတို့သမီး မှာ နေနဲ့လ ရွှေနှင့်မြ သကဲ့သို့ လိုက်ဖက်လွန်း နေသည်လေ။ သိုင်းလောကတစ်ခုလုံးမှာလဲ
ထိုမင်္ဂလာဆောင် ကိစ္စကိုသာ လွန်ခဲ့သော နှစ်လလုံးလုံး ပြောဆိုနေကြသည်။ သူတို့၏ ပြောစကားကတော့ အမျိုးမျိုးပင်။ တစ်ချို့ က
တော့ ထန်အိမ်၏ အကောက်ကြံမှုကို တွမ့်ကျန်းယွမ် တစ်ယောက် အမိခံလိုက်ရပီ ဟု ပြောနေကြပီး တစ်ချို့ ကတော့ ထန်အိမ် ကို
အမြင်မှန်ရအောင် တွမ့်ကျန်းယွမ် က စွမ်းဆောင်နိုင်ခဲ့သည် ဟု ဆိုကြသည်။ အမှန်တရားကတော့ ကာယကံရှင်များသာ
သိပေလိမ့်မည်။ မည်သို့ပင်ဆိုပါစေ မင်္ဂလာပွဲ ကတော့ စတင်နေပီ ဖြစ်လေသည်။

မင်္ဂလာအခမ်းအနား ကျင်းပရာ ခြံဝန်းမှာ သတို့သမီးဖြစ်သူ၏ နေအိမ် ဖြစ်သည့် ထန်အိမ်တော် ခြံဝန်း ဖြစ်သည်။ သတို့သမီး မှာ
လွန်ခဲ့သော တစ်ပါတ်ခန့်ကမှ တာ့လက
ီ ပြန်လာသည်ဖြစ်၍ ဤခြံဝန်းကို အစိမ်းသက်သက်သာ ရှိနေသည်။ သူမက မင်္ဂလာအခန်း
အဖြစ်ပြင်ထားသော အခန်းကျယ်ကြီးတွင် ထိုင်ကာ အလှပြင်သူ အမျိုးသမီးများနှင့်အတူ အလှပြင်လျက် ရှိနေသည်။ သူမအဖို့တော့
ဤမင်္ဂလာပွဲကို အပိုအလုပ်ဟုသာ မြင်နေသည်။ တစ်သက်မှာ တစ်ခါလုပ်ရသော ပွဲမို့ အလှပြင်သူများက စိတ်ပါလက်ပါ
လုပ်ပေးနေသော်လဲ သူမကမူ အနည်းငယ် ပျင်းရိနေပုံရသည်။ ကြေးမုံပြင်ပေါ်မှ သူမ၏ နုပျိုချောမောသော ပုံရိပ်ကလေးမှာ အလှပဆုံး
ထပ်ဟပ်နေသည့်တိုင် သူမ၏ စိတ်ထဲတွင်တော့ ခန်းမဆောင်ထဲတွင် ပရိသတ်များကို ဧည့်ခံနေမည့် သတို့သား ဖြစ်သူကိုသာ
တွေးတောနေမိသည်။

မှန်ပေသည်။ သူမ၏ ပထမ မင်္ဂလာပွဲမှာ တာ့လီပြည်တွင် မင်းခမ်းမင်းနားဖြင့် တစ်ခါ ကျင်းပပီးသည်ဖြစ်၍ သူမမှာ ဤကဲ့သို့ ပွဲကို
စိတ်လှုပ်ရှားမနေပါ။ နန်းတော်ကြီးတွင် အိမ်ရှေ့စံ ကြင်ယာတော် အဖြစ် တော်ကောက်ခံရသောပွဲ နှင့် ယှဉ်လျင်မူ ဤပွဲမှာ
ပြောပလောက်အောင် မရှိပါချေ။ တာ့လီ နန်ကြောင်း တစ်မြို့ လုံး ကောင်းချီး ပေးကြသော ပွဲကပို၍ ခမ်းနားပေသည်။ ယခုကတော့
သူမအဖိုးဖြစ်သူ အလိုကျ ကျင်းပရခြင်းဖြစ်သည်။

ထန်စုစု က သူမ သတို့သား ခင်ပွန်းဖြစ်သူ တွမ့်ကျန်းယွမ် အကြောင်း တွေးနေရသည် မှာ အကြောင်းရှိသည်။ သူမခင်ပွန်းမှာ အဖိုး
ဖြစ်သူနှင့် အဆင်မပြေပါ။ တစ်ချိန်က ရန်သူ အဖြစ် ရင်ဆိုင်ဖူးကြသူများ မဟုတ်ပါလား။ ထို့အတူ ဤမင်္ဂလာပွဲမှာ မကျင်းပမီ နှစ်လ
အလိုကပင် ကြေငြာထားသဖြင့် သိုင်းလောကရှိ သိုင်းသမားပေါင်းစုံ လာရောက် ဂုဏ်ပြုကြပေဦးမည်။ ခင်ပွန်းဖြစ်သူ မှာ သိုင်းထိပ်သီး
အဆင့် ၁ ပြိုင်ဘက်ကင်းသိုင်းသမား ဟု သတ်မှတ်ခံ ထားရသဖြင့် သိုင်းသမားများ လာကြမည်မှာ မလွဲဧကန်ဖြစ်သည်။ ထိုသို့
လာသူများတွင် သူမနှင့် ပြိုင်ဘက် မိန်းမလှလေးများလဲ ပါလာကြပေဦးမည်။ အော့မေ့ဂိုဏ်း၏ ဆက်ခံသူ ဖြစ်လာသော ကျိုးကျစ်ယွင်မှာ
သူမ၏ ဆရာဖြစ်သူနှင့် ပါလာပေမည်။ တိမ်မြှပ်ပျောက်ကွယ်နေသော နတ်သမီးလေးပါးမှ လီယင်းယင်း နှင့် စုန့်ချီရန့်
တို့လာကြမည်ကိုလဲ သူမကြားသိ ထားရသည်။ ထိုအကြောင်းကို ခင်ပွန်းဖြစ်သူ က မည်သို့မြင်ကြောင်း သူမ, မသိပါ။ သို့သော်
သူမစိတ်ထဲမှာမူ ကြွားချင်သလိုလို စိတ်ပူသလိုလို ခံစားနေရသည်။

သူမက အတွေးလွန်နေရာမှ သက်ပြင်းချကာ ကြေးမုံပြင်ကို ကြည့်လိုက်မိသည်။ ကြေးမုံပြင် ပေါ်တွင် ပေါ်နေသော အရိပ်မှာ သုံးခု
ရှိသည်။ သူမ အလှပြင်သူ အမျိုးသမီး နှင့် အခြားအမျိုးသမီး တစ်ဦး။ ထန်စုစု က ထိုအမျိုးသမီးကို အမှတ်တမဲ့ စိုက်ကြည့် မိနေသည်။
အကြောင်းမှာ ထိုအမျိုးသမီး က သူမကို ဂုဏ်ယူသလိုလို အပြုံးမျိုးဖြင့် ကြည့်နေသည်လေ။ ထိုအပြုံးမျိုးကို သူမက တွေ့ဖူးသည်ဟု
ထင်မိသည်။ ကြည့်ရင်း ကြည့်ရင်း ဖြင့် မှတ်မိလာလေသည်။

ထန်စုစု က ရုတ်တရက် အနောက်လှည့်ကာ ထိုအမျိုးသမီး လက်ကို ဆွဲလိုက်သည်။

" အကိုကြီး.... အကိုကြီး အစစ်ပါနော်... အကိုကြီး .... မသေဘူးပဲ "

ထန်စုစုမှာ ထိအ
ု မျိုးသမီး ကို ဖက်ပီး ကြူကြူပါအောင် ငိုကြွေးနေတော့သည်။

" ဟဲ့... အော်... စုစု ရယ်... သိပ်ငိုမနေနဲ့ မျက်လုံးတွေ နီပီးမို့ဖောင်းနေရင် အလှပျက် လိမ့်မယ်... အို... အခုကို နံသာမှုန့်တွေ
ပျက်ကုန်ပီအေ.... တော်တော့ စုစုရယ် "

ထိုအမျိုးသမီးက သူမ၏ ညှောင်နာနာ အသံဖြင့် ထန်စုစုကို ဆူပူလိုက်ခြင်းပင်။ ထန်စုစု က ထိအ


ု သံကြားမှ ကလေးလေး
တစ်ယောက်လို ရွှင်ပျသွားသည်။ သူမ၏ သေပီထင်သော အကိုကြီးမှာ ရှင်လျက်ရှိ နေသည်လေ။ ထန်စုစုက မျက်ရည်များကို
လက်ကိုင်ပုဝါ ဖြင့်တို့ကာ သုတ်လိုက်သည်။

" ဒါနဲ့ အကိုလတ်ကော... သူဘယ်မှာလဲ...


ပီးတော့ အကိုကြီး ဒီလိုနေလို့ဖြစ်ရဲ့လား ... ဧည့်ခန်းထဲမှာ ဂိဏ
ုးခြောက်ဂိုဏ်းက ဂိုဏ်းချုပ်တွေ ရှိနေကြတယ်လေ... "

အမျိုးသမီးဖြစ်တလဲ ထန်ဝူမှာ ထန်စုစု၏ အမေးစကားကြောင့် အနည်းငယ် ဝမ်းနည်း သွားပုံရသည်။ သူက သက်ပြင်းချလိုက်ကာ


" ဖုအော် က ငါ့လို အသက်မပြင်းဘူးအေ့...
ဟိုတိုက်ပွဲမှာပဲ အသက်စွန့်သွားတယ်... ငါသာ မသေနိုင်ပဲ ဒီဘဝရောက်သွားတာ... အခုဆို အဖိုးကလဲ ငါ့အပေါ် အရင်လို
မျှော်လင့်ချက်မထားတော့ဘူး... ဒါနဲ့ ငါလဲ ဒီလိုဝတ်စားပီးနေလိုက်တော့တယ်... ဧည့်ခံပွဲထဲတော့ ငါမသွားနိုင်ဘူးပေါ့အေ....
ငါအသက်ရှင်နေတာ အသိခံလို့ဘယ်ရမလဲ... ဟိုဂိုဏ်းချုပ်အစုတ်တွေကို ကြောက်လို့ မဟုတ်ဘူး... နင့်ယောက်ျားကို ကြောက်လို့
ငါ့သိုင်းပညာက အရင်ကထက် နည်းနည်း တိုးတက်လာပေမဲ့ နင့်ယောက်ျားကိုတော့ မမှီဘူး... ဟုတ်တယ်မလား "
ဟု ရှည်လျားစွာ ဖြေလိုက်သည်။
ထန်စုစု မှာ ထိုစကားကို ခေါင်းငြိမ့် ထောက်ခံလိုက်သည်။
" အမှန်ပဲ... တွမ့်လန်ရဲ့ သိုင်းပညာအပေါ် ရူးသွပ်မှုက အဖိုးအောက် မလျော့ဘူး... ဒါကြောင့်လဲ သူက အဖိုးနဲ့ ပြိုင်ဘက်
ဖြစ်နေတယ်ထင်တယ် "

ထန်ဝူက သူ့ညီမဖြစ်သူ ထန်စုစု ကို ခပ်စူးစူးကြည့်ကာ


" နင်... ငါ အသက်ရှင်နေတာကို နင့်ယောက်ျားကို မပြောပြဘူးမလား... "
ဟု မေးလိုက်သည်။

ထန်စုစု က အလျင်အမြန် ခေါင်းငြိမ့်ပီး


" မပြောပါဘူး... အကိုကြီးရယ် "
ဟု ကတိပေးလိုက်သည်။

ထန်ဝူ မှာ စိတ်သက်သာရ ရသွားသလို လေပူ တစ်ချက် မှုတ်ထုတ်လိုက်သည်။ ပီးမှ အဝေးကို ရီဝေဝေ ကြည့်ကာ အသက်မပါ သလို
ရေရွတ်လိုက်သည်။
" ငါ... နင့် မင်္ဂလာပွဲပီးရင် ဒီကနေ ထွက်သွားတော့မယ် စုစ.ု ..
အဖိုးရဲ့ ဇာတ်ရှုပ်ကြီးမှာ ငါမပါချင်တော့ဘူး ပီးတော့ အဖိုးက ငါ့ထက် ပိုပီး တန်ဖိုးထားတဲ့ သူ ရှိနေပီလေ... သူ့ကိုပဲ ပညာအမွေ
ပေးတော့မယ်ထင်တယ်... "

ထန်စုစု က ထိုစကားကြောင့် အံ့သြကာ


" ဘယ်လိုဖြစ်တာလဲ... အဖိုးမှာ ညီမလေးတို့ မောင်နှမသုံးယောက်အပြင် အမျိုးအရင်းမှ မရှိတာကို... ထန်ရွာက လူတွေကလဲ
မျိုးနွယ်ရဲ့ အောက်ခြေမျိုးရိုးက ဆင်းသက်တာမို့လို့ အဘိုးက မချစ်ဘူးလေ.. အကိုကြီး ပြောတဲ့သူက ဘယ်သူလဲ "
ဟု မေးလိုက်သည်။

ထန်ဝူ က မချိပြုံးပြုံးကာ မျက်နှာကိုမဲ့ လိုက်သည်။ ထို့နောက် နာကျင်နေသလိုမျိုး အသံဖြင့် ဖြေလိုက်သည်။


" ဟိုပေ့နယ်စား မင်ဝေဖုန်း လေ "

ထန်စုစု က သက်ပြင်းချကာ
" အကိုကြီး... ဟို့ပေ့နယ်စားကို အဖိုးက ချစ်တယ်ထင်နေရင် အကိုကြီး မှားသွားမယ် တကယ်တော့ အဖိုးက သွေးသားရင်းဖြစ်တဲ့
ညီမတို့တစ်တွေကိုတောင် သူ့လုပ်ငန်းမှာ စတေးရဲသေးတာပဲ သူ့မှာ အချစ်စစ်ဆိုတာ မရှိပါဘူး... ဘာပဲဖြစ်ဖြစ် ညီမလေးကတော့
အကိုကြီး ထွက်သွားမှာကို သဘောတူတယ် ညီမလေးလဲ တစ်နေ့ အဖိုးနဲ့ တွမ့်လန်နဲ့ ရင်ဆိုင်ကြရမှာကို ကြောက်နေရတယ်...
ညီမလေး အနေနဲ့ တာ့လီကို အမြန်ပြန်ပီး အေးအေးဆေးဆေးပဲ နေချင်တော့တယ်.. "
ဟု အလေးအနက်ထားကာ ပြောလိုက် လေသည်။

ထန်ဝူက ခေါင်းငြိမ့်လိုက်ပီး
" ကဲ ညီမလေး... ခန်းမထဲကို သွားသင့်ပီ အခုလောက်ဆို လူတွေစုံနေလောက်ပီ ထင်တယ်... ငါအဝေးကနေ ကြည့်နေမယ် သိလား...
နင် ဒီနေ့သိပ်လှနေတယ် "
ဟု ပြောကာ အခန်းထဲမှ ထွက်သွား တော့လေသည်။

ထန်စုစု တစ်ယောက်ကတော့ ခံစားချက် အမျိုးမျိုး ဖြစ်ကာ အခန်းထဲတွင် ကျန်ခဲ့ လေသည်။ သူမ စောင့်နေသည် ကတော့ ခန်းမသို့
လာရောက်ခေါ်ဆောင်မည့် အောင်သွယ်တော်မိန်းမကြီးများကိပ
ု င်။

#မိုးထိတောင်သိုင်းသမား #ZYN
အခန်း (၃၂) အပိုင်း နှစ်
သူပုန် နှင့် သစ္စာခံ

ထန်အိမ်တော် ခြံဝန်း...
ကျယ်ဝန်းလှသော ခြံဝန်းကြီး၏ မျက်နှာစာ ဖြစ်သော ဧည့်ခန်းမဆောင်ကြီး မှာ ထည်ဝါ လွန်းလှသည်။ နန်းတော်မှ အဆောင်များ
နှင့်ပင် ယှဉ်နိုင်အောင် ကျယ်ဝန်းပီး အပြင်အဆင် ကလဲ ခမ်းနားလှသည်။ အနီရောင် စာတန်းများ မီးပုံးနီနီများက ဟိုဟိုဒီဒီ
တွေ့ရလောက်အောင် များပြားသည်။
မင်္ဂလာဧည့်ခံပွဲမှာ ထိတ်ထိတ်ကြဲ နှစ်ယောက်၏ ဧည့်ခံပွဲဖြစ်သည်နှင့်အညီ ဧည့်သည်များမှာ များပြားလှသည်။ လူနှစ်ရာကျော်ပင်
ရှိမည်ထင်၏။ ထိုလူများ မှာလဲ တစ်နည်းနည်းဖြင့် နာမည်ကျော်သူများ ပင်ဖြစ်သည်။ ထန်အိမ်၏ ဧည့်ခံသူများက
နာမည်ရှိသူများကိုသာ အဝင်ခံသဖြင့် တခြားနာမည်မရှိပဲ ဂုဏ်ပြုလိုသူများမှာ ခြံဝန်းထဲ မဝင်နိုင်ကြပေ။

သို့သော်ငြား သူဖုန်းစားဂိုဏ်းက ဦးစီးကာ ခပ်လမ


ှ်းလှမ်းရှိ ရွှေဟင်္သာ စားသောက်ဆိုင် ကိုငှါးပီး သီးသန့်ဂုဏ်ပြုပွဲ လုပ်နေကြသည်။
ထိုနေရာကို ဦးစီးသူက အိတ်ရှစ်လုံး ဂိုဏ်းခွဲမှူး လောက်အင်း ပင်ဖြစ်သည်။ မကြာမီကပင် သတို့သားက ဂိုဏ်းချုပ်ကြီး ဖြစ်သူ ပိုင်လုံနှင့်
ထန်အိမ်တော်မှ ထွက်လာပီး နှုတ်ဆက်သွားသေးသည်။ ထိုသမ
ျူားမှာ ထန်အိမ်၏ ဆက်ဆံပုံကို သဘောမကျသော်လဲ သတို့သား၏
မျက်နှာကို ထောက်ကာ အသာအယာသာ ငြိမ်နေလိုက်ကြတော့သည်။

တွမ့်ကျန်းယွမ် မှာ ပိုင်လုံနှင့်အတူ ရွှေဟင်္သာ စားသောက်ဆိုင်မှ ပြန်ရောက်သော် ခန်းမထဲ တွင် ပရိသတ်များအတော်စုံလင်နေလေပီ။


အကုန်လုံးမှာ နာမည်ကျော်များနှင့် သူတို့၏ ပတ်သတ်သူများပင် ဖြစ်သည်။ ဂိုဏ်းကြီးများ မှ ဂိုဏ်းချုပ်များနှင့် တပည့်များလဲ
ပါဝင်သည်။ လို့ရန်မြို့ တွင် ထန်အိမ်ကို ခုခံတိုက်ခိုက်ခဲ့သော ဂိုဏ်းသုံးဂိုဏ်းမှ ဂိုဏ်းချုပ်များပင် ကြွရောက်လာကြသည်။ တွမ့်ကျန်းယွမ်
မှာ ထိုဂိုဏ်းချုပ်သုံးပါးကို မျက်နှာပူမိနေသည်။ ဂိုဏ်းချုပ်များကတော့ လူကြီးဖြစ်၍ထင်၏ ဖြစ်လွယ်ပျက်လွယ်သော လောကဓံတရားကို
အသိရှိကြသည်။ တွမ့်ကျန်းယွမ် ကို မည်သို့မျှ သဘောမထားပဲ အေးဆေးစွာနှုတ်ဆက်စကားပြောကြသည်။

မအေးဆေးနိုင်သူ နှစ်ယောက်သာ ရှိသည်။ လှောင်သလိုထေ့သလို မျက်နှာပေးဖြင့် ရှိနေသူ ကျန်းစန်းယွမ် နှင့် စိတ်အားငယ်ကာ


မျက်လုံးများမို့အစ်နေသော ကျိုးကျစ်ယွင် တို့ပင် ဖြစ်သည်။ တွမ့်ကျန်းယွမ် မှာ အတတ်နိုင်ဆုံး ကျိုးကျစ်ယွင် ကို မကြည့်မိ အောင်
သတိထားပီး နှုတ်ဆက်နေရသည်။

ပိုင်လုံက ပရိသတ်များကို ကြည့်ကာ တစ်စုံတစ်ခုကို ရှာဖွေနေပီးမှ တွမ့်ကျန်းယွမ် ကို လှမ်းမေးလိုက်သည်။


" ညီလေး... မင်းရဲ့ အဖိုးယောက်က္ခမကြီး မမြင်ပါလားကွ... ငါရှာနေတာ အခုထိ မတွေ့သေးဘူး... ဒီလူကြီးက ဘယ်ရောက် နေတာလဲ
"

တွမ့်ကျန်းယွမ် က သူ့၏ အနီရောင် သတို့သားဝတ်စုံ ရင်ဘတ်နေရာမှ ပန်းဖွားကြီးကို စိတ်ကျဉ်းကျပ် သဖြင့် ဖြုတ်ပစ်လိုက်ပီး


ပိုင်လုံအမေးကို ဖြေလိုက်သည်။
" မသိဘူး အကြို ကီးရေ... မနေ့မနက် ရောက်ခါစက တစ်ခါ... မနေ့ညက စုစုနဲ့ သွားစကားပြောတော့ တစ်ခါ... စုစုပေါင်း နှစ်ခါပဲ
အဘိုးကြီးကို တွေရ
့ တယ်... ဘာတွေ အလုပ်ရှုပ်နေလဲ မသိပါဘူးဗျာ... "

ပီးမှ တစ်စုံတစ်ခုကို သတိရရာ ပိုင်လုံကို


" ဒါနဲ့ အကိုကြီး အစားအသောက်တွေကို သေချာစစ်ခင
ိုးထားသေးလား... "
ဟု လှမ်းမေးလိုက်သည်။

ပိုင်လုံက ခေါင်းငြိမ့်ကာ
" ငါစစ်ခိုင်းထားတယ် ... အခုထိတော့ အကုန် အဆင်ပြေနေတာပဲ... အဘိုးကြီး ဘာကြံနေသလဲ မပြောတတ်ဘူး... "
ဟု ဖြေလိုက်သည်။

ထိုအချိန်မှာပင် ခန်းမဆောင် အဝသို့ ကျယ်လောင်သော အသံတစ်ခု ပျံ့လွင့် လာသည်။ ထိုအသံက


" ဟိုပေ့နယ်စားကြီး ကြွရောက်လာပီ "

တွမ့်ကျန်းယွမ် နှင့် ပိုင်လုံသာမက အခန်းထဲရှိ ပရိသတ်များမှာ အကုန် ခန်းမအဝသို့ လှည့်ကြည့်မိကြသည်။ မင်းစိုးရာဇာ ပုံစံ
ဝတ်ဆင်ထားသူ လူလတ်ပိုင်း တစ်ဦးက ဘေးတွင် ခန့်ညားသော ဆံဖြူအဘိုးကြီး တစ်ဦးနှင့် အတူ ခန်းမထဲ ဝင်ရောက် လာသည်။

ထိုသူ က တွမ့်ကျန်းယွမ် ဆီသို့ တန်းတန်းမတ်မတ် လျှောက်လာကာ ပြုံးပြပီး နှုတ်ဆက်လက


ိုသည်။
"မင်းသားလေး တွမ့် ထင်ရဲ့... ကျန်းခန့်သာလို့ မာပါစ "

တွမ့်ကျန်းယွမ် ကလဲ လက်သီးဆုပ်ကာ သိုင်းလောကအတိုင်း ဂါရဝပြု လိုက်သည်။


" ပို့သတဲ့မေတ္တာကြောင့် မာပါတယ် နယ်စားကြီး... နယ်စားကြီးလဲ မာရဲ့နော် "

ဆံပင်များဖြူဖွေးနေသော ထန်ဖန်းက ထိုနှစ်ဦးကို ကြည့်ကာ ရယ်လိုက်ပီး


" ကဲကဲ... မင်းတို့နှစ်ယောက်က အဆင့်အတန်းခြင်းလဲ ညီတယ်... ဆွေမျိုးစပ်ရင်လဲ တော်တာမို့ သာမာန်လို့ပဲ ပြောကြတာပေါ့ "
ဟု ဝင်ပြောလိုက်သည်။
ထိုသူက ခေါင်းငြိမ့်ကာ
" ဟုတ်ကဲ့ပါ မွေးစားအဖေ "
ဟု ပြောလိုက်သည်။

တွမ့်ကျန်းယွမ် ကတော့ စကားမပြောတော့ပဲ ခေါင်းသာငြိမ့်ပြလိုက်သည်။ ထို့နောက် ထန်ဖန်းက သူ့နေရာ ဖြစ်သော သတို့သမီး၏


အုပ်ထိန်းသူ နေရာသို့ ထိုင်ချလိုက်သည်။ ဟို့ပေ့နယ်စား မင်ဝေဖုန်း က သူ့အတွက် သီးသန့်ချန်ထားသော ထိုင်ခုံတွင် အသာအယာ
ဝင်ထင
ိုလိုက်သည်။ ထိုနေရာမှာ သတို့သား သတို့သမီး ၏ အမျိုးများအတွက် ထိုင်စရာ ဝိုင်းဖြစ်လေ သည်။ ထို့ကြောင့် ပိုင်လုံက
အားကျမခံ ထိုဝုင
ိးထဲ ဝင်ထိုင်လိုက်သည်။ ပိုင်လုံကိုမူ ထန်ဖန်းရော မင်ဝေဖုန်းကပါ ရှိန်နေဟန် တူသည်။ ဘာမှမပြောပဲ
လက်သီးဆုပ်ကာ နှုတ်ဆက်ကြသည်။

ထန်ဖန်း က အခုထိ ခန်းမအလယ်တွင် ရပ်နေသော တွမ့်ကျန်းယွမ် ကို ကြည့်ကာ


" ငါ့မြေး... မင်း ခမည်းတော်က မလာနိုင်တာ ငါ အသိပဲ... ဒါကြောင့် ဒီ အုပ်ထိန်းသူ နေရာက ဘယ်သူထိုင်မှာလဲ...
ကြားရသလောက်ကတော့ မင်းမှာ ဆရာ နှစ်ယောက်ရှိတယ် ပြောတယ်... ဓားဧကရာဇ် ဝေထင်း နဲ့ အနောက်စီးရှ က တုံးဖန်းဟိုင် တို့
နှစ်ယောက်ထဲက ဘယ်သူ လာမလဲ... "
ဟု မေးလိုက်လေသည်။

တွမ့်ကျန်းယွမ် က ထိုစကားကြောင့် တစ်ချက် စဉ်းစားနေပီးမှ


" ကျနော့်ဆရာ ဝေထင်းက တာ့လီ ကောင်းကင်နဂါးကျောင်းတော် မှာ ဘုန်းကြီးဝတ်သွားလို့ မလာနိုင်ပါဘူး... နောက်ဆရာဖြစ်သူ
တုံးဖန်းဟိုင် ကလဲ ဇာတ်မြှပ်နေလေတော့ ကျနော်လဲ မသိဘူးဗျ မနေ့ညက စုစု နဲ့ ကျနော် တိုင်ပင်ထားသလို အဖိုးတစ်ယောက်ပဲ
ထိုင်တာပေါ့ဗျာ "
ဟု ဖြေလိုက်လေသည်။

ဂိုဏ်းချုပ်များနှင့် ပရိတ်သတ်များက ခေါင်းငြိမ့်လိုက်ကြသည်။ တွမ့်ကျန်းယွမ် ၏ ဆရာဖြစ်သူ ပုဂ္ဂိုလ်ကြီး နှစ်ယောက်မှာ ထူးဆန်းသော


စိတ်ထားရှိကြသည်။ မြင်ရဖို့ မလွယ်ပါ။ တွမ့်ကျန်းယွမ် ကတော့ သူကိုယ်တိုင် ပြောထားပီး ဖြစ်ပါရဲ့နှင့် လူလည်ခေါင်တွင် သူ့ကို
ပြန်မေးနေခြင်းကို ဘဝင်မကျ ဖြစ်သွားမိသည်။ ဘာရည်ရွယ်ချက်ဖြင့် သူ့ကို ဒီမေးခွန်း မေးရသနည်း။
သတို့သားအပြစ်ဖြစ်အောင်လုပ်လိုသလား။ သူက တာ့လီတွင် ဒီထက် သုံးလေးဆ ခမ်းနားသော ပွဲလုပ်ကာ ထန်စုစု နှင့်
မင်္ဂလာဆောင်ပီးလေပီ။ သူ့ကို အပြစ်ဖို့ ချင်လျှင် ထိုမျှဖြင့် မလုံလောက်ပါ။ ထိုပွဲ လုပ်စဉ်က ထန်အိမ်က တစ်ယောက်မှပင် မပါချေ။
သူကိုယ်တိုင်ကလဲ မခေါ်လို့၍ မခေါ်ပါ။ တွမ့်ကျန်းယွမ် မှာ ထန်ဖန်း၏ ရည်ရွယ်ချက်ကို စဉ်းစားနေမိသည်။

ထိုစဉ် အခန်းဝသို့ အရိပ်သုံးခု ဖျတ် ခနဲ ပေါ်လာကာ ပရိသတ်အပေါင်း၏နားထဲသို့ အသံတစ်ခု စီးမျော သွားသည်။
" ဟားဟား... ငါ့ တပည့် မင်္ဂလာပွဲမှာ ငါမပါလို့ ရမလားကွ... ငါလာပီဟေ့ "

တွမ့်ကျန်းယွမ် မှာ အရိပ်သုံးခုကို ကြည့်ပီး မျက်ရည်ဝဲမိသည်။


" ဆရာ... "
ဟု အော်ခေါ်ကာ အရိပ်သုံးခုမှ အလယ်က လူကို လက်ဆွဲကာ နှုတ်ဆက်လိုက်သည်။

ထိုသူ၏ ပုံစံက ခန့်ညားလှသည်။ အနက်ရောင် ဝတ်ရုံရှည်ကြီးကို ရွှေရောင် ကနုတ်ပန်းများဖြင့် ရေးဆွဲထားသည်။ ဆံပင်ကိုလဲ


သေသပ်စွာ ကျစ်ဆံမြှီး ကျစ်ထား ပီး မုတ်ဆိတ်မွှေးများကို သပ်ရပ်စွာ လှီးဖြတ်ထားသည်။ ခန္ဓာကိုယ် မှာ အနည်းငယ်
ပိန်ချုံးနေသည့်တိုင် ထိုအဘိုးကြီး၏ မျက်လုံးက အရောင်တစ်မျိုး ထွက်နေသည်။ ခြေထောက်များ မသန်သဖြင့် ချိုင်းထောက်ဖြင့်
ထောက်ထား သော်လဲ ခန့်ညားမှု က မလျော့သွားချေ။ ဘေးတွင်လဲ လှပလွန်းသော နတ်မိမယ် နှစ်ပါးက ထိန်းထားပေးသည်။
ထိုပုံရိပ်ကို ပေါင်းစပ်၍ ကြည့်ရလျှင် သိက္ခာကြီးမားသော နတ်မင်းအိုကြီး တစ်ပါးကို နတ်သမီးလေး နှစ်ပါးက တွဲလျှောက်လာသလိုပင်။

တွမ့်ကျန်းယွမ် က လက်ကို ဆွဲမိတော့ မျက်နှာတွင် အရိပ်တစ်ခုဖြတ်ပြေးသွားသည်။ သူက ဘေးရှိ မိန်းကလေးနှစ်ယောက် အနက်


အသက်ပိုကြီးဟန်တူသူ မိန်းကလေးကို ကြည့်မိသည်။ သူမက နှုတ်ခမ်းကိုက်ပြပီး မျက်မှောင်ကြုတ် ပြလိုက်ရာ တွမ့်ကျန်းယွမ် က
ဘာမှ မပြောတော့ပဲ လက်ကို လွှတ်လိုက်သည်။ ကျန်မိန်းကလေး တစ်ယောက်ကတော့ တွမ့်ကျန်းယွမ် ကို ဒေါသမျက်လုံးလေးဖြင့်
ကြည့်နေသည်။

ထန်ဖန်းက ထိုင်နေရာမှ ထကာ ထိုသူကို လက်သီးဆုပ် ဂါရဝပြု လိုက်ပီး


" ကြွပါဗျာ... နောင်ကြီး တုံးဖန်း ထင်ရဲ့... "
ဟု နှုတ်ဆက်လိုက်သည်။
" ကျေးဇူးဗျာ... နောင်ကြီးထန်ဖန်း "
တုံးဖန်းဟိုင်က ချိုင်းထောက်များကို လွှတ်လိုက်ပီး လက်သီးဆုပ် ကာ ပြန် နှုတ်ဆက်လိုက်သည်။ လက်ဖြင့် မကိုင်ထားသဖြင့်
ချိုင်းထောက်များမှာ လဲကျသင့်သော်လဲ ဘေးရှိ မိန်းကလေးက လက်ဝါးဖြန့်ကာ လှမ်းထိန်းလိုက်သဖြင့် ပြုတ်ကျမသွားပဲ နဂိုအတိုင်း
ထောင်ရက် ရှိနေသည်။ ယင်းမှာ အတွင်းအားဖြင့် အဝေးမှ ထိန်းချုပ်နည်းပင်။ ထိုသို့ဖြစ်အောင် လုပ်နိုင်သူများမှာ လက်ချိုးရေ၍
ရသည်။ အတွင်းအား အတော် နက်ရှိုင်းမှသာ ပြုလုပ်နိုင်သည်လေ။ ထိုမိန်းကလေးမှာ အတွင်းအားအရာတွင် အတော်နက်ရှိုင်း
နေလေပီ။

ထန်ဖန်းမှာ မျက်မှောင်ကြုတ်မိ သွားသည်။ ထန်ဖန်း တင်မကပါ ပရိတ်သတ်များမှာလဲ ဟာ ခနဲ အံ့သြနေမိကြသည်။ တွမ့်ကျန်းယွမ် နှင့်
ပိုင်လုံသည်ပင် မျက်လုံးပြူးနေသည်။ အကြောင်းမှာ သူတို့အားလုံး ထိုမိန်းကလေး ကို သိကြသည်။ သူတို့သိသော မိန်းကလေး မှာ
ယခုလောက် သိုင်း ပညာအဆင့်အတန်း မမြင့်မားပါ။ ယခုမူ ကြောက်စရာကောင်း လောက်အောင် မြင့်မားနေချေပီ။ ထိုမိန်းကလေးမှာ
မည်သူနည်း။

ထိုမိန်းကလေးမှာ အရင်က မိုးနန်းတော် အရှင်သခင်မ ဖြစ်သူ နတ်သမီးလေးဖော် ထဲမှ မိုးနယ်မယ် လီယင်းယင်း ဝါ တုံးဖန်းယင်းယင်း
ဖြစ်လေသည်။ သူမ၏ သိုင်းပညာမှာ လွန်ခဲ့သော သုံးနှစ်ခန့်က ရှောင်စစ်တောင် သိုင်းပြိုင်ပွဲ အရဆိုလျှင် သိုင်းထိပ်သီး အဆင့် ၇
သာရှိသော်လဲ ယခု အဝေးရောက် ထိန်းချုပ်နည်း ကို သုံးနိုင်ပုံအရ ဂိုဏ်းချုပ်များ နီးပါးပင် အတွင်းအားနက်ရှိုင်းနေလေပီ။
တွမ့်ကျန်းယွမ် ကလွဲ၍ တခြားသူများမှာ သူမကို သူ့ဆရာ၏ သမီးဖြစ်မှန်း မသိကြချေ။ ထိ့ေ
ု ကြာင့် ယခုလိုပေါ်လာသည်ကို
ထူးဆန်းနေကြလေသည်။

တွမ့်ကျန်းယွမ် မှာ သူ့ဆရာဖြစ်သူ တုံးဖန်းဟိုင် လက်ကို ကိုင်မိစဉ်ကပင် သူ့ဆရာမှာ အတွင်းအားများ ပြိုကွဲနေကြောင်း သိရသည်။
သူက အံ့သြတကြီး ဖြစ်ကာ သူ့ဆရာ၏ သမီးဖြစ်သူ ကိုကြည့်မိတော့ ထိုအဖြစ်ကို လူသိမခံလိုကြောင်း သူ့ကို မျက်နှာရိပ် မျက်နှာကဲ
ပြသွားသေးသည်။ သို့သော် သူသိချင်သည်က လာလာချင်း တုံးဖန်းဟိုင် ပြောလိုက်သော စကားသံအကြောင်းကိုပင်။ ထိုသို့
လူတိုင်း၏နားထဲကို စီးမျောနိုင်အောင် အတွင်းအားဖြင့် လွှင့်ထုတ်စကားပြောနည်း မှာ သွေးကြောမကြီးသုံးခု အထိဖွင့်နိုင်သူ များသာ
လုပ်နိုင်သော ပညာရပ်ဖြစ်သည်။ တုံးဖန်းဟိုင် မှာ အတွင်းအားပြိုကွဲနေသဖြင့် ယခုအချိန် ထိုသို့ မလုပ်နိုင်ပါ။ တစ်စုံတစ်ယောက်က
အတွင်းအား ကူးဆက်နည်းဖြင့် ကူညီပေးလိုက်ခြင်း ဖြစ်ရမည်။ ထိုသူမှာ တုံးဖန်းယင်းယင်း ဟု သူတွေးထင်မိသည်။ ဘေးမှ
တစ်ယောက်ကလဲ သူ့အမြင်အရ ထိုသို့ မလုပ်နိုင်လောက်ပေ။ ထိတ
ု စ်ယောက် အကြောင်းကို သူကောင်းကောင်း သိသည်လေ။
အဘယ့်ကြောင့် ဆိုသော ထိုတစ်ယောက်မှ သူအလိုလိုက်ထားသော ပျံလွှားမလေး ဖြစ်နေသည်လေ။ သူက ညီမ မရှိသဖြင့်
ထိုကောင်မလေးကို ညီမအရင်းသဖွယ် ချစ်မိသည်။ သူတတ်သမျှ သိုင်းပညာများကို သင်ပေးချင်သော်လဲ ထိုကလေးမက
အပျင်းကြီးကာ ကောင်းကောင်း မသင်ပါ။ သူ့ကို နွှဲ့ဆိုး ဆိုးဖို့သာ တတ်သည်။ ထန်စုစု နှင့် တကျက်ကျက် ဖြစ်မည့် ကလေးမလေး
ပင်ဖြစ်ပေသည်။ အခုလဲ သူ့ဆရာနား ရောက်နေပြန်ပီ။ သိုင်းပညာ တိုးတက်လာသလားတော့ မသိပါ။

တွမ့်ကျန်းယွမ် မှာ စဉ်းစားရခက်နေသည်။

#မိုးထိတောင်သိုင်းသမား #ZYN
အခန်း (၃၂) အပိုင်း သုံး
သူပုန် နှင့် သစ္စာခံ

ထန်ဖန်း က ရယ်လိုက်ပီး တုံးဖန်ဟိုင် ဘက်လှည့်ကာ


" နောင်ကြီးရဲ့ သမီးလို့ မဆိုရဘူး... ယင်းယင်းရဲ့ သိုင်းပညာက အတော်ကောင်း တာပဲဗျ... အဖေ့ခြေရာ နင်းနိုင်တယ်ဗျာ "
ဟု ချီးကျူးလိုက်သည်။

အကုန်လုံး မှာ အံ့သြသွားကြသည်။ ဤနေရာ ရှိသူများအားလံုး မှာ တွမ့်ကျန်းယွမ် ကလွဲ၍ မည်သူကမှ သူမကို တုံးဖန်းဟိုင်
သမီးမှန်းမသိကြပါချေ။ ပိုင်လုံသည်ပင် ဟာ ဟု ရေရွတ်မိသေးသည်။ တွမ့်ကျန်းယွမ် ကတော့ ထိတ် ခနဲ ဖြစ်သွားသည်။ ထန်ဖန်း မှ
မသိသည်မရှိအောင်ပင် အကုန်စုံစမ်း နိုင်နေလေသည်။ ယခုလဲ မည်သို့ စုံစမ်း လိုက်မှန်းသူမသိပါ။ သူက စီးရှနယ်စပ်
ခွန်လွန်တောင်ပေါ်က တိုက်ပွဲအကြောင်း သေချာမသိ၍ ဖြစ်သည်။ ပိုင်လုံပြောပြသမျှ အနည်းငယ်သာသိထားသည်။ သူလဲ သူ့ကိစ္စ
နဲ့သူ ရှုပ်နေသဖြင့် မစံစ
ု မ်းအားချေ။
ထို့အတူ တုံးဖန်းဟိုင် နှင့် တုံးဖန်းယင်းယင်း မှာလဲ စိတ်လှုပ်ရှားသွားကြသည်။ ဤ ခေါင်းဖြူကြီးမှာ ထင်ထားသည့်ထက် ပို၍
ပါးနပ်သော သဘောရှိသည်။ သိုင်းပညာလဲ ကောင်းမှာ သေချာသည်။ တုံးဖန်ဟိုင် က ခေါင်းငြိမ့်ကာ ပြန်ဖြေလိုက်သည်။
" ဒီလိုပါပဲဗျာ... သမီးကို ကိုယ့်ကိုကိုယ် ကာကွယ်နိုင်အောင် နည်းနည်းပါးပါး သင်ပေးထားတာပါ... "

ထန်ဖန်းက ထိုစကားကိုကြားသော် ပြုံးလိုက်ပီး ပြန်ပြောလိုက်သည်။


" ဟာဗျာ... နှစ်ပေါင်းများစွာ ပျောက်ကွယ် နေတဲ့ လိန်ကျို့ နန်းတော်က မျိုးဆက်တွေပဲ သိုင်းပညာတော်ရမှာပေါ့ဗျာ... ဒါ မထူးဆန်း
ပါဘူးဗျာ.... "

တုံးဖန်းဟိုင် နှင့် တုံးဖန်းယင်းယင်း မျက်နှာ များမှာ တဖြည်းဖြည်း တည်သထက်တည် လာလေသည်။ ဤလူမှာ သူတို့အကြောင်း
သိထားသည်မှာ အတော်များနေလေပီ။ သူတို့ကမူ ထိုသူအကြောင်း သိထားသည့်မှာ သိပ်မရှိပါ။ တွမ့်ကျန်းယွမ် များ ပြောလိုက်
သလားဟုပင် သံသယဝင်မိကြသည်။

တုံးဖန်းယင်းယင်း က လက်သီးဆုပ်ပီး ဂါရဝပြု ကာ ထန်ဖန်းကို ပြောလိုက်သည်။


" အခုလိုချီးကျူးတာ ကျေးဇူးတင်ပါတယ် ဘကြီး... ကျမက ဘကြီးထင်သလောက် မဟုတ်ပါဘူး ရှင.် .. "

သူမက တွမ့်ကျန်းယွမ် ဘက်လှည့်ကာ


" ကဲ မောင်လေး ဖေဖေကို တွဲပီး နေရာချ ပေးဦးလေ ရပ်ကြည့်မနေနဲ့ "
ဟု ပြောကာ တွမ့်ကျန်းယွမ် လက်ကို ဆွဲကာ တုံဖန်းဟိုင် ကို တွဲစေသည်။ တွမ့်ကျန်းယွမ် က တုံးဖန်းဟိုင်ကို တွဲကာ ထန်ဖန်းဘေးရှိ
သတို့သား အုပ်ထိန်းသူနေရာကို ထိုင်စေ သည်။ တုံးဖန်းယင်းယင်း နှင့် စုန့်ချီရန့် ကတော့ သူ့ကို ဂရုမစိုက်ပဲ ပိုင်လုံဘေးနား
သွားထိုင်နေကြသည်။

ဂိုဏ်းချုပ်များနှင့် နာမည်ကျော် သိုင်းသမား တို့ကတော့ တွမ့်ကျန်းယွမ် ၏ အသိုင်းအဝိုင်း ကြီးမားလွန်းပုံကို အံ့သြသထက် အံ့သြ


နေကြသည်။ ထိုသို့အကြောင်းများ ရှိ၍သာ ငယ်ငယ်ရွယ်ရွယ်နှင့် ဤမျှ အစွမ်းထက် နေပေသည် မဟုတ်ပါလား။

ထိုစဉ်တွင် ခန်းမ အဝသို့ ခွန်လွန်ဂိုဏ်းချုပ် မုထူးဝါး ရောက်ချလာသည်။ သူက တွမ့်ကျန်းယွမ်ကို မြင်သော် ဝမ်းသာကာ
နှုတ်ဆက်လိုက်သည်။ ကျန်ဂိုဏ်းချုပ်များ ကလဲ ထကာ နှုတ်ဆက်လိုက်သည်။ ပိုင်လုံ သည်ပင် ထကာ နှုတ်ဆက်လေသည်။ သူတို့်
ဂိုဏ်းခြောက်ဂိုဏ်း ဂိုဏ်းချုပ်များ မှာ ရှောင်လင်ဂိုဏ်းချုပ် ကလွဲ၍ စုံလင်နေလေပီ။ သို့သော် ရှောင်လင်ဂိုဏ်းချုပ်ကိုယ်စား ဆရာတော်
ရွှယ်ထန်း ကြွလာသည်လေ။ ထို့နောက် ဂိုဏ်းချုပ်များက ကိုယ့်နေရာကိုယ် ထိုင်နေကြကာ သတို့သမီးကို စောင့်နေ ကြလေသည်။
ထန်စုစု ကို မြင်ဖူးသူ သိပ်မရှိပါ။ သူမသည် ပြောနေကြသည့်အတိုင်း လှပပါရဲ့လား။ လူတိုင်းက သိချင်နေကြသည်။

ထိုစဉ်မှာပင် အောင်သွယ်တော် မိန်းမကြီး တစ်ဦးက အော်လိုက်လေသည်။


" မင်္ဂလာအချိန် ကျရောက်ပါပီရှင်... "

ထို့ကြောင့် လူတိုင်းက ခန်းမအဝကို လှည့်ကြည့်မိကြသည်။ တွမ့်ကျန်းယွမ် ပင်လျင် ရင်ခုန်စွာ ရပ်ကြည့်နေသည်။ ထန်ဖန်းသည်လဲ


အတောက်ပဆုံးပြုံးကာ ခေါင်းငြိမ့်နေသည်။

သတို့သမီးက ရောက်လာလေပီ။ အနီရောင် ပဝါစကို ခေါင်းတွင်ခြုံကာ နှုတ်ခမ်းများ ပေါ်ရုံသာ ဖော်ထားသည်။ သူမ၏ အနီရောင်
ဝတ်စုံရှည်ကြီးမှာ အနည်းငယ်ပွနေသယောင် ရှိသော်လဲ အတွင်းမှ လှပသော ကိုယ်လုံး ကိုယ်ပေါက်ကိုမူ ဖုံးကွယ်၍မရပါ။ အထူးသဖြင့်
အနီပေါ်တွင် ရွှေချည်ဖြင့် ဇာမဏီငှက်ပုံ ထိုးထားသည်က အရမ်းကို ကျက်သရေရှိနေသည်။ သတို့သား၏ ဝတ်စုံတွင်လဲ
ထိုဇာမဏီငှက်ရုပ် ရှိနေသဖြင့် သူတို့နှစ်ယောက်မှာ ဇာမဏီငှက် မောင်နှံ သဖွယ်တင့်တယ်နေသည်။ သတို့သမီးက အခန်းဝမှ
သတို့သားရပ်နေသာ နေရာအထိ တည်တည်ငြိမ်ငြိမ် လှမ်းလာလေသည်။ သူမ မျက်လုံးက သတို့သားကိုသာ ကြည့်နေပီး
သတို့သားကလဲ ထပ်တူပင်။

သူမက တွမ့်ကျန်းယွမ် အနားကို ရောက်လာသော် ယှဉ်တွဲကာ ရပ်လိုက်သည်။ ထိုစဉ် အောင်သွယ်တော် မိန်းမကြီးက


အသံကျယ်ကျယ်ဖြင့်
" မင်္ဂလာအခန်းအနား စပါတော့မယ်ရှင် အသင့်ပြင်ထားကြပါ... "
ဟု အော်လိုက်သည်။
ပရိသတ်အကုန်လုံးမှာ သတို့သမီး၏ မျက်နှာ အလှကို မမြင်ရသေးသော်လဲ ကိုယ်လုံးကိုယ်ပေါက် အလှကိုကြည့်ကာ
တီးတိုးဝေဖန်နေကြရာမှ ထိုအသံကြောင့် ငြိမ်သွားကြသည်။ တုံးဖန်းယင်းယင်း နှင့် စုန့်ချီရန့် တို့က အငြိမ်ဆုံးပင် သူတို့က သတို့သမီးကို
ပေါက်ထွက်မတတ်ကြည့် နေလေသည်။

" ပထမဆုံး ကောင်းကင် နဲ့ မြေကြီး ကို ကန်တော့မယ် "


အောင်သွယ်တော် မိန်းမကြီးက အော်လိုက်သည်။
သတို့သားနှင့် သတိသ
ု့ မီးက ခန်းမအဝသို့ လှည့်ကာ ကောင်းကင် နှင့် မြေကြီး ကို ကန်တော့ လိုက်သည်။

" ဒုတိယ မိဘကို ကန်တော့မယ် "


သတို့သားနှင့် သတိသ
ု့ မီးမှာ ထန်ဖန်းနှင့် တုံဖန်းဟိုင် ထိင
ုနေသည့်ဘက်ကို လှည့်ကာ ကန်တော့လိုက်ကြပြန်သည်။

" နောက်ဆုံးအနေနဲ့ ဇနီးမောင်နှံချင်း အပြန်အလှန် ကန်တော့မယ် "


သတို့သားနှင့် သတိသ
ု့ မီးမှာ တစ်ဦးနှင့်တစ်ဦး မျက်နှာချင်းဆိုင် လှည့်လိုက်ပီး အပြန်အလှန် ကန်တော့လိုက်ကြပြန်သည်။

" အခုဆိုရင် သုံးကြိမ်သုံးခါ ကန်တော့ ပီးပီ ဖြစ်၍ သတို့သား တွမ့်ကျန်းယွမ်နဲ့ သတို့သမီး ထန်စုစုတို့က အကြင်လင်မယား အဖြစ်ကို
ရောက်ရှိသွားပါပီ... ပုဝါကို ဖယ်လို့ရပါပီရှင် "
အောင်သွယ်တော် မိန်းမကြီးက ဝမ်းသာသော လေသံဖြင့် ပြောလိုက်သည်။

တွမ့်ကျန်းယွမ် က ထန်စုစုကို ပြုံးပြလိုက်ပီး သူမ၏ ခေါင်းပေါ်မှ အနီရောင် ပုဝါစလေးကို အပေါ်သို့ လှန်တင်လိုက်လေသည်။ သူမ၏
မျက်နှာဖူးဖူးလေး မှာ တဖြည်းဖြည်းချင်း ပေါ်ထွက်လာလေသည်။ ပရိသတ်များမှာ ဟာ ခနဲ အြံ့ သသွားကြသည်။ ဤမျှ လှပလွန်းသော
မိန်းကလေးကို သူတို့ မမြင်ဖူးကြချေ။ တုံးဖန်းယင်းယင်း၊ ကျိုးကျစ်ယွင် နှင့် စုန့်ချီရန့်တို့သည်လဲ လှပပါသည်။ သို့သော် ဤအချိန်
ဤနေရာတွင်တော့ ထန်စုစုက အလှပဆုံး ဖြစ်နေလေပီ။ သတို့သမီးဖြစ်၍ လှပအောင် ပြင်ဆင်ထားသည်က သူမကိုပို၍ အလှတိုး
စေသလားမသိပါ။

တွမ့်ကျန်းယွမ် က ထန်စုစု လက်ကို တွဲကာ ပရိတ်သတ်များဘက်ကို လှည့်လိုက်ပီး


" ကဲဗျာ... မိတ်ဆွေတို့ စားကြသောက်ကြဗျာ ဘာမှအားနာနေစရာ မလိုဘူး ဟုတ်လား "
ဟု အော်ပြောလိုက်သည်။

အကုန်လုံးက အရက်ခွက်ကို မြောက်လိုက်ပီး မင်္ဂလာ အရက်ဖြင့် ဂုဏ်ပြုလိုက်ကြသည်။


ထို့နောက် အကုန်လုံးမှာ စားကြ သောက်ကြ ဖြင့် ပျော်ရွှင်စွာ ရှိနေကြသည်။

ပိုင်လုံ နှင့် တုံးဖန်းယင်းယင်း မှာ စကားပြောနေကြရင်းမှ ထပီး ဂိုဏ်းချုပ်များ ရှိရာဝိုင်းပီး သွားကာ စကားပြောနေကြပြန် သည်။
ထန်စုစုက သူ့မအဖိုးဖြစ်သူနား သွားကာ စကားပြောနေသည်။ ထန်ဖန်းက ဟိုပေ့နယ်စားနှင့် မိတ်ဆက်ပေးနေသည်။ တွမ့်ကျန်းယွမ်
ကတော့ သူ့ဆရာအနားကပ် ကာ သူသိချင်သည်ကို မေးမြန်းနေသည်။ ခန်းမထဲရှိ လူအများမှာ ပျော်ပွဲရွှင်ပွဲပီပီ
စားသောက်ဆူညံနေကြလေသည်။

သို့သော်လဲ လူအမျိုးမျိုး စိတ်အထွေထွေ ဖြစ်၍ မပျော်နိုင်သူများလဲ ရှိသေးသည်။ စုန့်ချီရန့် နှင့် ကျိုးကျစ်ယွင် မှာ သက်ပြင်းချကာ
အရက်ကိုသာ သောက်နေကြပီး သူတို့ချင်း မျက်စိဆုံမိလျှင်လဲ အားပေးအပြုံးလား မချိပြုံးလား မသိပြုံးပြမိနေကြသည်။ ထိ့အ
ု ဖြစ်ကို
ကြည့်နေသူ ကျန်းစန်းယွမ် ကလဲ အရက်ကိုသာ ဖိသောက်ပီး စိတ်အလိုမကျဖြစ်နေလေသည်။ အပြင်ဘက် တွင်လဲ
တစ်ယောက်ရှိသေးသည်။ ယောက်ျားတစ်ယောက်နှယ် ရှည်လျားသော အရပ်ဖြင့် ထောင်ထောင်မောင်းမောင်း
အမျိုးသမီးတစ်ယောက်က ဝမ်းနည်းရီဝေ နေသော မျက်လုံးဖြင့် ကြည့်ကာ ညာလက်မှ ကိင
ုထားသော အရက်ခရားလေးကို
မော့သောက်လိုက် သည်။ ထို့နောက် သူမက ဆူညံစည်ကား နေသော မင်္ဂလာခြံဝန်းထဲမှ ရိပ်ခနဲ ခုန်ထွက်သွားလေတော့သည်။
မှောင်စပြု ချိန်ဖြစ်သဖြင့် ခြံဝန်းကြီးက မီးအိမ်များ လင်းထိန်ကာ ဆူညံ၍ ကျန်နေခဲ့လေသည်။

အထဲတွင်တော့ စားသောက်ရင်းနှင့် စကားပြောသံများ ခွက်ချင်းတိုက် ဂုဏ်ပြုသံ များ အရှိန်ကောင်းနေဆဲပင်။ သတို့သားမှာ


တစ်ခွက်တစ်ခွက်နှင့် အတော်ဝင်နေလေပီ။ ဟို့ပေ့နယ်စား မင်ဝေဖုန်းက ခန်းမအပြင်ကို တစ်ချက်ကြည့်ကာ ပြန်ရန်ပြင်လိုက်သည်။
သူ့မွေးစားအဖေဖြစ်သူ ထန်ဖန်းကို ပြန်တော့မည် ဖြစ်ကြောင်းပြောလိုက်ရာ ထန်ဖန်းက လိုက်ပ့ရ
ို န် ပြင်လိုက်သည်။ သူက
သိုင်းသမားတစ်ချို့ နား သွားကာ အရက်သောက်နေသော သတို့သားဖြစ်သူကို နှုတ်ဆက်ရန် ကပ်သွားလိုက်သည်။

တွမ့်ကျန်းယွမ် မှာ တစ်ခွက်တစ်ခွက်နှင့် မူးနေပီဟု ထင်ရသော်လဲ မမူးပါ။ သူ့အနေဖြင့် အအေးဓာတ်အတွင်းအားကို ကျင့်ထားသဖြင့်


ဘယ်လောက် သောက်သောက် မမူးနိင
ုတော့ချေ။ သူက မူးဟန်ဆောင်နေခြင်းသာ။ သူက သူ့ဆီလာနေသော ဟိုပေ့နယ်စား
ကိုမြင်လျှင် ပိ၍
ု ဒယိမ်းဒယိုင် လုပ်လိုက်လေသည်။ သူ့ကို မူးနေသည်ဟု ထင်စေချင်နေသည်။

ဟို့ပေ့နယ်စား မှာလဲ ယိမ်းယိုင်သွားသော တွမ့်ကျန်းယွမ်ကို လှမ်းထိန်းလိုက်သည်။ ကံကောင်းထောက်မခြင်းပင် သူက


တွမ့်ကျန်းယွမ်ကို ထိရန် ခေါင်းခြောက်မတတ် စဉ်းစားနေရသည်လေ။ အခုတော့ မည်သူမှ မရိပ်မိပဲ သဘာဝကျကျ ထိ၍ရလိုက်
သည်လေ။

အသာအယာ ဖမ်းထိန်းကာ လက်ကို ဆုပ်ကိုင်ပီးနောက် လွှတ်ပေးပီး ပြန်တော့မည် ဖြစ်ကြောင်း နှုတ်ဆက်လိုက်သည်။


" တူသမက်လေး... ကျုပ်ပြန်ပီနော် "

တွမ့်ကျန်းယွမ်မှာ သူလ
့ က်ထတ
ွဲင်ရောက် နေသော အရာကြောင့် ကြောင်နေပီးမှ အလျင်အမြန် ပြန်နှုတ်ဆက်လိုက်သည်။
" ကောင်းပါပီ... နယ်စားကြီး "
သူက လက်ထဲရှိသည်ကို အလွန်အမင်း ကြည့်မိချင်သော်လဲ ထန်ဖန်းက ထိုနား ရောက်လာသဖြင့် မကြည့်ဖြစ်တော့ချေ။ သူက
တစ်ဖက်ကို လှည့က
်ာ လက်ကို ဝတ်စုံရင်ဘတ်ထဲ ဖျတ်ခနဲ ထည့်လိုက်သည်။

ထို့နောက် ညမှ တစတစနက်လာလေပီ။ ဂိုဏ်းချုပ်များနှင့် အဖွဲ့ကျနေသော တုံးဖန်း သားအဖမှာ ပိုင်လုံခေါ်ဆောင်ရာ ရွှေဟင်္သာ


ဆိုင်ကို ဆက်လိုက်ရန်ပြင်နေသည်။ စုန့်ချီရန့် က အခုထိပင် တွမ့်ကျန်းယွမ်ကို စကားမပြောပဲ စိတ်ကောက် နေလေသည်။
တွမ့်ကျန်းယွမ် က ထိုနေရာသို့ လိုက်ရန် ပြင်သော်လဲ ပိင
ုလုံက အပြင်းအထန်ပင် နောက်နေ့မှလာခဲ့ရန် သူတို့စောင့်နေမည်
ဖြစ်ကြောင်းပြောကာ အကုနလ
်ုံးကို ခေါ်ချသွားသည်။

ထို့နောက် လူနှစ်ရာခန့်ရှိသော ပရိသတ်များ မှာလဲ ဂိုဏ်းချုပ်များနောက်မှ ဆက်လက် ထွက်ခွာသွားကြသည်။ ခန်းမထဲ လူမရှိတော့ မှ


တွမ့်ကျန်းယွမ် နှင့် ထန်စုစု က တစ်ယောက်ကို တစ်ယောက် ကြည့်မိ ကြသည်။ တွမ့်ကျန်းယွမ် က ပြုံးစိစိဖြင့် ထန်စုစုအား
ပြောလိုက်တော့သည်။
" မိန်းမရေ... ညနက်ပီကွာ... နားရအောင် "

ထန်စုစုမှာ မျက်စောင်းထိုး ကာ နှုတ်ခမ်းဆူပီး ပြောလိုက်တော့သည်။


" အရက်သမား ... အခုတော့ မိန်းမကို သတိရသေးတယ်ပေါ့... ဟုတ်လား "

ထို့နောက် နှစေ
် ယာက်သား တဟားဟား ရယ်မောကာ မင်္ဂလာအခန်းသို့ ထွက်သွား တော့လေသည်။

#မိုးထိတောင်သိုင်းသမား #ZYN
အခန်း (၃၂) အပိုင်း လေး
သူပုန် နှင့် သစ္စာခံ

နှစ်ရက်မြောက်သော မနက်ခင်း...
မင်္ဂလာပွဲ ကျင်းပပြီးစီး၍ နှစ်ရက်မြောက်သော နေ့ဖြစ်လေသည်။ ထန်အိမ်တော်ကြီးမှာ လွန်ခဲ့သော နှစ်ရက်ခန့်က ပွေ
ဲ တ်ာကြီးတစ်ခု
ကျင်းပခဲ့သည်ဟု မထင်ရအောင်ပင် ငြိမ်သက် နေလေသည်။

ထန်ဖန်း၏ စာကြည့်ဆောင်...
ထိုစာကြည့်ဆောင်ထဲတွင် လူသုံးဦး ရှိနေသည်။ ထန်ဖန်း က စာကြည့်စားပွဲတွင် ထိုင်နေသလို စုံတွဲတစ်တွဲ က ဧည့်သည် ထိုင်ခုံတွင်
ထိုင်နေကြသည်။ သူတို့ အမူအယာကို ကြည့်ရသည်မှာ တစ်စုံတစ်ခုကို ဆေးနွေးနေကြကြောင်း သိရသည်။

" အဲ့ဒီတော့... ငါ့မြေးတို့က တစ်လလောက် လည်ပတ်ပီးရင် တာ့လီပြန်မယ်ပေါ့ ဟုတ်လား..."


" ဟုတ်တယ် အဖိုး... ကျမတို့ လင်မယားက တာ့လီနန်းတွင်းရေးကိုလဲ ပြင်ဆင်စရာ ရှိသေးတော့ ပြည်မမှာ အကြာကြီးနေလို့ မဖြစ်ဘူး
အဖိုး... "

ဆံပင်ဖြူများရှိသော်လဲ နုပျိုကာ နတ်မင်းတစ်ပါးသဖွယ် သပ်ရပ်သန့်ရှင်းနေသူ အဘိုးအိုက သူ့ဆံပင်အဖျားပိုင်းကို ပွတ်သပ်ပီး


စဉ်းစားနေသည်။

" ဒီလထဲ မှာလဲ မင်းကြီးက... မင်းတို့ဦးလေး မင်ဝေဖုန်း ကို အိမ်ရှေ့စံ အဖြစ် လွှဲအပ်တော့မှာလေ... အဲ့ဒီအခမ်းအနားကို
မတက်တော့ဘူးလား... "
အဘိုးကြီးက မေးလိုက်သည်။

ထန်စုစု က စိတ်ရှုပ်သဖြင့် ငြင်းရန် ပြင်လိုက်စဉ်တွင် ဘေးရှိ တွမ့်ကျန်းယွမ် က အလျင်အမြန်ပင် ဖြေလိုက်သည်။


" တက်ရမှာပေါ့ အဖိုးရာ... ကျနော်လဲ ပြည်မနန်းတွင်းကို ရောက်ဖူးချင်နေတာ ကျနော်တို့ အဲ့ဒီပွဲအမှီပြန်လာခဲ့ပါမယ် အဖိုး "

ထန်ဖန်း က ပိုင်နိုင်သလိုအပြုံးဖြင့် တွမ့်ကျန်းယွမ် ကိုကြည့်ကာ


" နောက်တက်မဲ့ ပြည်မ ဘုရင်ရဲ့ ယောက်ဖတော် ဖြစ်ရတာ တာ့လီက အိမ်ရှေ့စံ အတွက်လဲ ကောင်းမွန်စရာပဲ ဖြစ်လာမှာပါ
ကဲပါလေ... နန်းတွင်းကို ဆယ့်ငါးရက်နေ့ အမှီ လာခဲ့ပါ ငါစောင့်နေမယ်... အခုက ငါးရက်ပဲ ရှိသေးတာမို့ ဆယ်ရက်အချိန်ရပါသေးတယ်
ကောင်းကောင်းလည်ကြပေါ့ ဟုတ်လား "
ဟု ပြောလိုက်လေသည်။

တွမ့်ကျန်းယွမ် နှင့် ထန်စုစုလဲ သူတို့ ခရီးဆောင်အိတ် ကို ယူကာ နှုတ်ဆက်ပီး ထွက်လာခဲ့ကြသည်။ ထန်အိမ်တော် ခြံဝန်းထဲမှ
ထွက်လာပီးပီးခြင်းပင် တွမ့်ကျန်းယွမ်မှာ စကားတစ်ခွန်းမျှမဆိုပဲ ပေကျင်းမြို့  တောင်ဘက်အစွန် ရှိ ဘုံကျောင်းပျက်ကြီးဆီကို ဦးတည်ပီး
သွားနေသည်။ ထန်စုစုမှာ အံ့သြနေသော်လဲ ယောက်ျားဖြစ်သူကို မမေးပဲ လက်တွဲကာ အေးဆေး လိုက်ပါသွားသည်။ သူမအဖို့
ဘယ်နေရာသွားသွား သူမယောက်ျား ပါလျှင် ပြည့်စုံနေပီလေ။

ဘုံကျောင်းပျက်ထဲတွင်တော့ အဖြူရောင် ဝတ်စုံကို သပ်ရပ်စွာ ဝတ်ဆင်ထားသော လူတစ်ယောက်ရှိနေသည်။ သူက


တွမ့်ကျန်းယွမ်တို့ကို မြင်သော် ပြုံးကာ ခေါင်းငြိမ့် နှုတ်ဆက်လိုက်သည်။

တွမ့်ကျန်းယွမ် က ထိုလူနားသွားကာ ထိုသူ၏ လက်ထဲကို တစ်စုံတစ်ခု ထည့်ပေး လိုက်သည်။ ထိုအရာက စာရွက်တစ်ရွက်ကို


ခေါက်ထားခြင်းပင်။ ထိုသူက စာရွက်ကို ဖွင့်ကာ ဖတ်လက
ိုသည်။ ထို့နောက် အံ့သြကာ "ဟေ"ဟုပင် ရေရွတ်မိလေသည်။

တွမ့်ကျန်းယွမ်က လှမ်းကာမေးလိုက်သည်။
" ဘယ်လိုလဲ အကိုကြီး... သွားတွေ့သင့် သလား... "

ထိုသူက သက်ပြင်းချကာ တစ်ချက်မျှ စဉ်းစား နေပြီးမှ ဖြေလိုက်သည်။


" ဒီလိုမျိုးဖြစ်လာမယ်လို့ ငါ မထင်ထားဖူးကွ.. ငါ့အထင်တော့ သွားတွေ့ကြည့်တာ မမှားဘူး ထင်တာပဲ ငါ့ည.ီ .. "

ထန်စုစု မှာ သူမကိုရှေ့ထားပီး သူမ မသိသော အကြောင်းအရာကို ပြောနေကြ သဖြင့် ဘဝင်မကျဖြစ်နေသည်။ သူမက နှုတ်ခမ်းဆူကာ
ပြောလိုက်သည်။
" တွမ့်လန်... အစ်ကိုတို့ ဘာတွေ ပြောနေကြ တာလဲ... ညီမကိုလဲ ပြောဦးလေ... "

တွမ့်ကျန်းယွမ် က သက်ပြင်းချ ပီး စူး စူးစိုက်စိုက် ကြည့်ကာ ပြောလိုက်သည်။


" စုစု ငါမင်းကို အတည်မေးမယ်... မင်းအဖိုး နဲ့ ငါနဲ့ ဘယ်သူ့ကို ရွေးချယ်မလဲ... ငါ့ကို ရွေးချယ်မယ်ဆိုရင် ငါအကုန်ပြောပြမယ်...
ဒါမှမဟုတ် မင်းမပါချင်လဲ ရတယ် ငါမင်းကို တာ့လီပြန်လိုက်ပို့ပေးမယ် ဟိုကနေ ငါ့ကိုစောင့်နေ... "

ထန်စုစု မှာ ခင်ပွန်းဖြစ်သူက ရုတ်တရက် အတည်အတံ့ မေးမြန်းလာသဖြင့် အနည်းငယ် ရိပ်စားမိလာသည်။ ကိစ္စမှာ သူမအဖိုး
ကြံစည်နေသော ပြည်မနန်းတွင်း ရေးပင်ဖြစ်သည်။ ခင်ပွန်းဖြစ်သူမှာ သူမအဖိုးကို ဆန့်ကျင်ရန် ဆုံးဖြတ်ထားပုံ ရသည်။ သူမအနေဖြင့်
မည်သူ့ဘက်ကို ပါရမည်နည်း။

ထန်စုစု က သူမ၏ချောမောသော မျက်နှာ ဖူးဖူးလေးကို တည်သွားအောင် နှုတ်ခမ်းတင်းတင်းစေ့လိုက်သည်။ ထို့နောက် တွမ့်ကျန်းယွမ်


ကို စူးစိုက်စွာ ကြည့်ပီး ဖြေလိုက်လေသည်။
" တွမ့်လန်... လွန်ခဲ့တဲ့ လပိုင်းက ကျမက ထန်မျိုးနွယ် ဖြစ်ခဲ့ပေမဲ့ အခုတော့ တွမ့်မျိုးနွယ်ရဲ့ မိန်းမဖြစ်နေပါပီ... ကျမဘာကို
ရွေးတယ်ဆိုတာ ရှင်သိသင့်တယ် "

တွမ့်ကျန်းယွမ် က ထိုစကားကို ကြားသော် ခေါင်းငြိမ့်ကာ ပြောလိုက်သည်။


" ဟုတ်ပီ စုစ.ု .. ဒါဆို မင်းအကို ထန်ဝူ ကိစ္စကို အရင်ပြောကြရအောင်... သူ မသေသေးတာ ငါသိတယ်... အခု သူဘယ်မှာလဲ "
ထိုနေ့က ထန်ဝူနှင့် ထန်စုစုတို့ ပြောနေကြ သည်ကို တွမ့်ကျန်းယွမ်နှင့် ပိုင်လုံက ကြားပီးသားပင် ဖြစ်သည်။ သူတို့က ထန်စုစု ကို
နောက်ပြောင်ရန် အသွားတွင် ကြားမိကြခြင်းပင်။ ထို့ကြောင့် သူမကို ဝန်ခံခိုင်းခြင်းဖြစ်သည်။

ထန်စုစု က အံ့သြသွားလေသည်။ သူမက ပါးစပ်လေးဟကာ ကြောင်သွားပီးမှ ခေါင်းငြိမ့်ကာ ဝန်ခံလိုက်သည်။


" ဟုတ်ပါတယ် တွမ့်လန်... အကိုကြီးက မသေသေးပါဘူး ဒါပေမဲ့ သူက အဖိုးကိစ္စတွေ မှာမပါတော့ဘူး ပြောတယ်... အဖိုးကလဲ သူ့ကို
စွန့်ပစ်လိုက်ပီထင်တာပဲ... သူ့ကို လွှတ်ပေးလို့မရဘူးလားဟင်... သူက တခြားလူအပေါ် မကောင်းပေမဲ့ ညီမအပေါ် အရမ်းကောင်းတဲ့
အကိုတစ်ယောက်ပါ "

" အင်း... သူတကယ် စိတ်ပျက်ပီး ဒီကိစ္စတွေ မှာ မပါတော့ဘူး ဆိုရင် သူ့ကို ငါတို့ကလဲ မနှောင့်ယှက်ပါဘူး ခယ်မလေးရယ်... "
ပိုင်လုံက ဝင်ကာ ပြောလိုက်လေသည်။

တွမ့်ကျန်းယွမ်ကလဲ ခေါင်းငြိမ့်ကာ
" ဒါ့ထက် ဒီနေ့ည မြို့ လယ်က ဘုံကျောင်းက ကိစ္စက ပိုပီးအရေးကြီးတယ် "
ဟု ပြောလိုက်လေသည်။

ထန်စုစုက ထိုစကားကို မျက်မှောင်ကြုတ်ကာ တွေးမိလိုက်မိသည်။ ပိုင်လုံက ထိုအဖြစ်ကို မြင်သဖြင့် လက်ထဲမှ စာရွက်ကိုကမ်းပေး


လိုက်လေသည်။ ထန်စုစုမှာ ထိုစာရွက်ကို ဖတ်ပီးသော် ဟင် ဟုအသံထွက်မိသွားသည်။ ထိုစာထဲတွင် မည်သည့်အကြောင်းအရာများ
ရေးသားထားပါသနည်း။

အချိန်က မိုးချုပ်ပီးစအချိန် ဖြစ်လေသည်။ ပေကျင်းမြို့ ကြီးမှာလဲ ဟိုတစဒီတစဖြင့် မီးအိမ်လေးများဖြင့် စည်ကားစပြုလာသည်။


သာမာန်နယ်မြို့ များတွင်တော့ မိုးချုပ်လျှင် အရက်ဆိုငမ
်ျားလောက်သာ ဖွင့်တတ် သော်လဲ ပေကျင်းလို မြို့ ကြီးပြကြီးများ ကတော့
ထိုသို့မဟုတ်ပါချေ။ အမှောင်ကို အကာအကွယ် ပြုကာ စီးပွားရှာကြသူများ အမှောင်ကို ကြိုက်နှစ်သက်သူများလဲ ရှိကြသည်။

ယခုလဲ အမှောင်ကို အကာအကွယ်ပြုကာ မီးအိမ်လေးများကို ရှောင်ကွင်းပီး အိမ်ခေါင်မိုး များပေါ်မှ ခုန်ပျံနေသူ နှစ်ယောက်ရှိသည်။


သူတို့နှစ်ယောက်မှာ တစ္ဆေသရဲများသဖွယ် လွှားခနဲ လွှားခနဲ ဖြတ်ကျော်သွားသဖြင့် မည်သူမျှ သတိမထားမိကြပေ။ ကိုယ်ဖော့ပညာ
အတော့ကိုကောင်းဟန် တူလေသည်။ တခဏခြင်းတွင်ပင် ဘုံကျောင်း တစ်ခုထဲသို့ ရောက်ရှိသွားသည်။

ဘုံကျောင်းမှာ တိတ်ဆိတ်နေလေသည်။ ဘုန်းတော်ကြီးများမှာ ညနေ ကျမ်းစာ ရွတ်ဖတ်ပီးနောက် တရားထိုင် အနားယူ


နေကြခြင်းဖြစ်ဟန်တူသည်။ ထိုသူနှစ်ယောက်မှာ ဘုံကျောင်း ထဲရောက်လျှင် ခဏမျှ ကြောင်နေပီးမှ နှစ်ယောက်အနက် ယောက်ျားက
လက်ထဲမှ ဆန်စေ့လေးကို အခန်းတစ်ခန်းထဲသို့ တောက်ထုတ် လိုက်သည်။ ထိုအခန်းမှ ဓားဆွဲထုတ်သံ ကြားလိုက်ရလေသည်။
မိန်းမဖြစ်သူက တီးတိုးသံဖြင့် ပြောလိုက်သည်။
" အကို.. အဲ့ဒီအခန်းဖြစ်မယ်တူတယ် "

ထိုစဉ် အခန်းတံခါးပွင့်လာကာ လူတစ်ယောက် မျက်နှာကို မြင်လိုကရ


် သည်။ ထိုသူက အခန်းထဲတွင် ထိုင်နေခြင်းပင် မီးရောင်က
သူ့မျက်နှာပေါ်ကျနေသဖြင့် မျက်နှာကို ကောင်းစွာမြင်နေရသည်။ ယောက်ျားဖြစ်သူက ခေါင်းငြိမ့်ကာ ဖျတ်ခနဲ ဝင်ရောက်သွားသည်။
မိန်းမဖြစ်သူက ပတ်ဝန်းကျင်ကို တခဏမျှ အကဲခတ်ပီး နောက်မှ အခန်းထဲသို့ ဝင်ရောက်သွားသည်။ အခန်းတံခါးကိုလဲ သူမကပဲ
ပြန်ပိတ် လိုက်သည်။

အခန်းထဲတွင် လူနှစ်ယောက် ရှိနေပီး တစ်ယောက်မှာ ထိုင်နေပီး တစ်ယောက် ကတော့ ဓားကို ပိုက်ကာ ရှိနေသည်။ အခန်းတံခါးကို
ဖွင့်ပေးသူမှာ ထို ဓားပိုက်ထားသူပင် ဖြစ်သည်။ ထိုင်နေသူက ခန်းထဲရောက်လာသူနှစ်ယောက်ထဲမှ ယောက်ျားဖြစ်သူကို
ပြောလိုက်သည်။

" မင်းသားလေးလဲ သိုင်းပညာက အမှန်တကယ် ပြိုင်ဘက်ကင်းပါပဲလား... ဆန်စေ့နဲ့ ပစ်လိုက်တာကို ကျုပ်ရဲ့ ကိုယ်ရံတော်က


မနည်းခုခံလိုက်ရတယ် "

ထိုဆန်စေ့ကို ပစ်လတ
ွှ်လုက
ိပုံမှာ လိန်ကျို့ နန်းတော် က သိုင်းပညာဖြစ်သော လက်နက်ပန
ုး ပစ်ခတ်နည်းဖြစ်သဖြင့် ခုခံရန်
ခက်ခဲမည်မှာ အမှန်ပင်။ သို့သော် တွမ့်ကျန်းယွမ်က အတွင်းအား သုံးပုံနှစ်ပုံ ခန့် ထည့်သွင်းလိုက်သဖြင့် ခက်ခဲသွား ခြင်းပင်။ သူ၏
အတွင်းအားသုံးပုံနှစ်ပုံခန့် မှာ လက်ရှိ ဂိုဏ်းချုပ်များ၏ အတွင်းအားနှင့် တန်းတူရှိ သဖြင့် ကိုယ်ရံတော်မှာ အတော်ကို ခုခံလိုက်ရသည်။
တွမ့်ကျန်းယွမ် က ဟို့ပေ့နယ်စား၏ လူအင်အားကို စမ်းသပ် ကြည့်ခြင်းပင်။ အခုတော့ ဟိုပေ့နယ်စားမှာ သူထင်သလို
လူအင်အားသိပ်မရှိပါ။ ကိုယ်ရံတော် ဖြစ်သူကလဲ သိုင်းပညာမှာ ထိတ်သီးအဆင့်ထိ မရှိချေ။

တွမ့်ကျန်းယွမ် က မျက်နှာ မှ အဝတ်စကို ဆွဲဖြုတ်ကာ ပြောလိုက်သည်။


" ဒါတွေက ထားလိုက်ပါတော့... နယ်စားကြီး အခုနယ်စားကြီး ကျနော့်ကို ခေါ်ရတဲ့ အကြောင်းက လုံးဝကို မထင်မှတ်ထားတဲ့
ကိစ္စဖြစ်နေတယ် ဒါအမှန်ပဲလား... ကျနော့်ကို လုပ်ကြံမလို့ လိမ်ခေါ်တယ်ဆိုရင်တော့ ဒါက ကျနော့်သိုင်းပညာရဲ့ တစ်ချို့ တစ်ဝက်ပဲ
ရှိသေးတယ်လို့ ပြောပါရစေ... "

နယ်စားကြီးဆိုသူက သက်ပြင်းချကာ
" ကျုပ်ရေးထားသမျှက အမှန်ပါပဲ... ကျုပ်က နန်းလုခံရတဲ့ ဘုရင်ဟောင်းရဲ့ သားတော်ပါ ကျုပ်ခမည်းတော်ကို တိုင်တည်ပီး
ပြောရဲပါတယ် မင်းသားလေးတွမ.့် .. "
ဟု ပြောလိုက်လေသည်။

တွမ့်ကျန်းယွမ် က ခေါင်းငြိမ့်လိုက်ပီး
" ဒါကို ကျနော်သိထားပါတယ်... ခင်များကို ထန်ဖန်းက နန်းတွင်းကနေ ကယ်ထုတ်ခဲ့တာ မဟုတ်လား... အဲ့ဒီတော့ သူ့အပေါ်
ခင်များက သစ္စာရှိသင့်တာပေါ့ "
ဟု ပြောလိုက်သည်။

ဟိုပေ့နယ်စား မင်ဝေဖုန်း မှာ ထိုစကားကြောင့် ရုပ်တည်သွားကာ တွမ့်ကျန်းယွမ် ဘေးရှိ အမျိုးသမီးကို လှမ်းကြည့်ပီး ပြောလိုက်သည်။
" တူမလေးစုစု ကိုတော့ အားနာပါရဲ့... ဒါပေမဲ့ ရှင်းအောင်တော့ပြောရမယ်... ထန်ဖန်းကို ကျုပ်က သစ္စာရှိရမယ် ဆိုတာ
နေရာမှားနေတဲ့ စကားပဲ... ကျုပ်က သခင် သူက လက်အောက်ခံပဲ အခုလို ကျုပ်ကို ကြိုးကိုင်ပီး ခြယ်လှယ်ချင်နေတာက
မဖြစ်သင့်ဘူး... "

တွမ့်ကျန်းယွမ်မှာ သဘောပေါက်သွားလေပီ။ အစကတော့ မင်ဝေဖုန်းမှာ ထန်ဖန်းလုပ်သမျှ ကို သဘောကျကာ ကျေနပ်နေပေမည်။


သို့သော် ထန်ဖန်းက ရည်ရွယ်ချက်ကြီးသော လူတစ်ယောက် ဖြစ်သဖြင့် မင်ဝေဖုန်းကို ဘုရင်နေရာယူပေးပီးလျှင် ကြိုးကိုင်ကာ
နောက်ကွယ်ကနေ ချုပ်ကိုင်ချင်လာလေပီ။ သို့သော် တစ်ချက်ရှိသည်က သူထင်သလို မင်ဝေဖုန်းမှာ ခပ်အအ လူတစ်ယောက်
မဟုတ်ချေ။ မင်ဝေဖုန်းလဲ အစွယ်ရှိသော လူတစ်ယောက်ပင်။ မတတ်သာ၍သာ အခုလိုငြိမ်ခံနေရသည် အခြေအနေပေးသော်
ရုန်းထွက်ရန် ကြံနေလေပီ။

တွမ့်ကျန်းယွမ် က မင်ဝေဖုန်းကို ကြည့်ကာ


" ကျနော်က မင်စုထန်ကို ထောက်ခံသူတွေနဲ့ ပေါင်းနေတာ နယ်စားကြီးအသိပဲလေ ... ကျနော့်ကို က နယ်စားကြီးဘက်ပါမယ် လို့
ယုံကြည်သလား "
ဟု မေးလိုက်သည်။

မင်ဝေဖုန်း က ပြုံးလိုက်ကာ
" ဒါကတော့ ကံစမ်းတာပေါ့လေ... စမ်းရလောက်တဲ့ အချက်လဲ သိထားတာကိုး ကျုပ်က မင်းသားလေးနဲ့ မင်စုထန်နဲ့ အကြောင်း
အစောကတည်းက သိထားပါတယ်... "
ဟု ဖြေလိုက်လေသည်။

ထိုအကြောင်းမှာ သူတို့၏ သုံးပွင့်ဆိုင် အချစ်ဇာတ်လမ်းကို ဆိုလိုခြင်းပင်။ မင်ဝေဖုန်း က ဆက်ပီး


" မင်စုထန် က အမှတ်သည်းခြေကြီးတဲ့ လူတစ်ယောက်ပါ... သူက သူ့အဖေ ဦးရီးတော် သေဆုံးရတဲ့ကိစ္စကို ရင်မှာသိမ်းထားပီး
သူ့တစ်သက်လုံး ဘုရင်ဖြစ်ဖို့ ကြိုးစားနေခဲ့တာ ဘာကြောင့်လို့ ထင်လ.ဲ .. သူ့ကို ဒုက္ခပေးခဲ့တဲ့သူတွေကို လက်တုံ့ပြန်ဖို့ပဲ ... သူသာ
ပြည်မဘုရင် ဖြစ်သွားရင် မင်းသားလေးရဲ့ တာ့လီပြည် ကလဲ အန္တရာယ် ကင်းမယ်မထင်ဘူး... ကျုပ်တို့ မင်းမျိုးမင်းနွယ် အကုန်လုံးလဲ
အသတ်ခံရမှာ အမှန်ပဲ... ပီးတော့ သူ့နောက်မှာ မုယုံ မျိုးနွယ်တွေရှိနေတယ်... မုယုံမျိုးနွယ်တွေ ဆိုတာက တစ်ချိန်လုံး သူတို့ရဲ့ ရန်
နိုင်ငံတော်ဟောင်းကို ပြန်တည်ထောင်ဖို့ အမြဲ ကြံစည်နေကြတာ...
တာ့စုန့် နဲ့ ရန် ဆိုပီး ပြည်မကြီးက နှစ်ခြမ်းကွဲ သွားမှာ အသေအချာပဲ "
ဟု ရှင်းပြလိုက်လေသည်။

တွမ့်ကျန်းယွမ် မှာ ထိုနိုင်ငံရေးများကို အသေအချာ စဉ်းစားနေသလောက် ထန်စုစု ကတော့ စိတ်ရှုပ်နေမိသည်။ အခြေအနေမှာ


မတိုးသာ မဆုတ်သာပင်။ သူတို့က ထန်ဖန်းကို တော်လှန်ပီး မင်စုထန် နန်းရအောင် လုပ်ပေးမိပါက တိုင်းပြည်မှာ ပိုဆိုးသွားနိုင်သည်။
ယခုလက်ရှိ မင်စုထန်၏ အင်အားမှာ တာ့စုန့် တစ်ပြည်လုံးကို မထိန်းချုပ်နိုင်ပါ။ သူ့စစ်အင်အားသည်ပင် မုယမ
ျုံိုးနွယ်များ၏
စစ်အင်အားသာ ဖြစ်နေသည်။ သို့သော် သူတို့က မင်စုထန်ကို မကူညီပဲ နေလိုက်ပါက ထန်ဖန်းက မင်ဝေဖုန်းကို နန်းတင်ကာ ကြိုးကိုင်
အုပ်ချုပ်ပေတော့မည်။ မင်ဝေဖုန်းမှာလဲ မလှန်နိုင်သဖြင့် ပြုသမျှ နုမည်သာ။ ပြည်မအရေးမှာ သူနှင့် တိုက်ရိုက် မသက်ဆိုင်သော်လဲ
သူ့တိုင်းပြည်မှာ သေးငယ်သော အိမ်နီးချင်း နိုင်ငံဖြစ်၍ သွယ်ဝိုက်၍လဲ သက်ဆိုင်နေပြန်သည်။
တွမ့်ကျန်းယွမ် က သက်ပြင်းချကာ
" ကျနော့် အနေနဲ့ တစ်ထိုင်ထဲ အဖြေပေးလို့ အဆင်မပြေဘူးထင်တယ်... တိုင်ပင်စရာရှိတာ တိုင်ပင်ရဦးမယ် "
ဟု ပြောလိုက်သည်။

မင်ဝေဖုန်းက တွမ့်ကျန်းယွမ် ကို ကြည်က


့ာ
" ကျုပ်ဘက်က တစ်ခုပြောနိုင်တာကတော့ ကျုပ်ကို ကူညီမယ်ဆိုရင် ကျုပ်ဘက်က မင်းသားလေးရဲ့ အလိုဆန္ဒ ကိုလဲ
ဖြည့်ဆည်းပေးနိုင်မှာပါ "
ဟု အလေးအနက် ပြောလိုက်လေသည်။

တွမ့်ကျန်းယွမ် က ခေါင်းငြိမ့်လိုက်ပီး
" ဒါဆို ကျနော်တို့ကို သွားခွင့်ပြုပါဦး "
ဟု ပြောကာ ထရပ်လိုက်သည်။

" ခဏနေပါဦး... "


မင်ဝေဖုန်း က လက်ကာပြကာ တားလိုက်ပီး ရင်ဘတ်ထဲမှ သစ်သားတံဆိပ်ပြားလေး ထုတ်ပေးလိုက်သည်။
" အကယ်၍ မင်းသားလေးက ကျုပ်ကို ကူညီမယ် ဆိုရင် တစ်ပါတ်အတွင်း ဒီတံဆိပ်ပြားကို ကျားသုံးကောင် အာမခံဌာန ကို
ပေးလိုက်ပါ... သူတို့က ကျုပ်ကို အကြောင်းကြားပါလိမ့်မယ်... "

တွမ့်ကျန်းယွမ် က ခေါင်းငြိမ့်လိုက်ပီး လက်သီးဆုပ်ကာ နှုတ်ဆက်လိုက်သည်။ ထို့နောက် ထန်စုစုလက်ကို ဆွဲကာ အခန်းတံခါးကိုဖွင့်ပီး


အလွန်တရာ မြန်ဆန်သောအရှိန်ဖြင့် ပျောက်ကွယ် သွားသည်။ ရုတ်တရက်ဆိုသလိုပင် ပျောက်ကွယ် သွားသဖြင့် ကိုယ်ရံတော်မှာ
မျက်နှာ တစ်ခုလုံး ဖြူဆုတ်ကာ ကြောက်ရွံမိသည်။ သူတစ်သက် ဤမျှသိုင်းပညာကောင်းသော သူကိုမမြင်ဖူးချေ။
မင်ဝေဖုန်း ကတော့ သူ၏ မုတ်ဆိတ်များကို ပွတ်ကာ မျက်မှောင်ကြုတ် ထားမိသည်။ သူ့ပါးစပ်ကလဲ ရေရွတ်မိသည်။
" ဒီလိုလူနဲ့ ရန်သူမဖြစ်ရရင်ကောင်းမယ် "

#မိုးထိတောင်သိုင်းသမား #ZYN
အခန်း (၃၂) အပိုင်း ငါး
သူပုန် နှင့် သစ္စာခံ

မနက်ခင်း ဝေလီဝေလင်း အချိန.် ...


ဘုံကျောင်းပျက်ထဲတွင် လူသုံးယောက် ရှိနေသည်။ သူတို့ပုံစံမှာ တစ်စုံတစ်ခုကို အကြီးအကျယ် ငြင်းခုန်နေကြပုံရသည်။ ထိုသုံးယောက်
ထဲမှ အသက်အကြီးဆုံးသူက သက်ပြင်းချလိုက်ပီး
" ညီလေး... မင်းဟာက ဟုတ်ကော ဟုတ်ရဲ့လား... မင်းပြောသလိုဆိုရင် မင်စုထန်နဲ့ မုယုံမျိုးနွယ်တွေကို အခွင့်အရေး
ဘယ်ပေးသင့်မလဲ... ဒါပေမဲ့ ဒါကလဲ သူ့ပြိုင်ဘက်ရဲ့ ပြောစကားပဲ ရှိသေးတယ် အမှန်ပါလို့ သေချာတဲ့ကိစ္စမဟုတ်ဘူးကွ "

ကျန်နှစ်ယောက်မှ ယောက်ျားဖြစ်သူက ခေါင်းခါကာ ပြောလိုက်သည်။


" ဟုတ်တယ် ကျနော်က ဒီစကားပြောရင် မနာလိုလို့ ပြောတယ်ဖြစ်ဦးမယ်... ပီးတော့ သက်သေကလဲ ရှိတာမဟုတ်ဘူး... ဒါပေမဲ့
ကျနော့် အထင်အရတော့ ဟိုပေ့နယ်စား ပြောတာဖြစ်နိုင်တယ်လို့ ထင်တာပဲ... "

အမျိုးသမီးဖြစ်သူကတော့ ဝင်မပြောပါ။ သူမက ထိုနှစ်ယောက် အငြင်းအခုန် ဖြစ်နေကြသည်ကို ကြည့်ပီး သက်ပြင်းချ မိလေသည်။


သူမက ဝင်ကာ
" ညီမအထင်တော့ အကိုတို့ မငြင်းကြပဲနဲ့ အခုကိစ္စမှာ ပါဝင်တဲ့သူတွေအကုန်ပေါင်းပီး တိင
ုပင်သင့်တယ်ထင်တယ် "
ဟု ပြောလိုက်သည်။

ထိုစကားကြောင့် အသက်အကြီးဆုံးသူက ခေါင်းငြိမ့်ကာ ပြောလိုက်သည်။


" ဟုတ်လိုက်လေကွာ... ခယ်မလေးပြောမှပဲ သတိရတယ်... ငါတို့နှစ်ယောက်ငြင်းနေရင် ပီးမှာမဟုတ်ဘူး... ဂိုဏ်းချုပ်တွေနဲ့
တိုင်ပင်ကြည့်ရမယ်... "
ကျန်တစ်ယောက် ထိုသူကို ကြည့်ကာ
" အကိုကြီးအနေနဲ့ ဒီကိစ္စကို တိုင်ပင်မယ် ဆိုရင် ကျနော်သယ်လာတယ်လို့ မပြောပါနဲ့ မဟုတ်ရင် ကျနော်က မနာလိုလို့ ပြောတယ်
ထင်နေကြမယ် "
ဟု ပြောလိုက်သည်။

ထိုသူက ခေါင်းငြိမ့်ကာ
" အေးပါကွာ... ငါသဘောပေါက်ပါတယ် "
ဟု ပြန်ဖြေလိုက်သည်။

ထိုသူက ချက်ချင်းပင် ဘုံကျောင်းပျက်ထဲမှ ထွက်ခွာရန် ခြေလှမ်းပြင်လိုက်သည်။ အမျိုးသမီး က လှမ်းကာမေးလိုက်သည်။


" ဘယ်လဲအကိုကြီး... "

ထိုသူက ပြုံးကာ ဖြေလိုက်သည်။


" မင်းတို့နှစ်ယောက် ပထမဆုံး ဆုံမိကြတဲ့ နေရာပေါ့က.ွ .. အဲ့ဒီ့ခြံဝန်းက အခုငါတို့ဂိုဏ်းရဲ့ ဂိုဏ်းခွဲဖြစ်နေပီ... ဂိုဏ်းချုပ်တွေရော
ဆရာကြီး တုံးဖန်းဟိုင် တို့သားအဖပါ အဲ့မှာ ရှိနေကြတယ် "

ထို့နောက် သူတို့သုံးယောက်မှာ ထွက်သွားကြသည်။ မြန်ဆန်လွန်း သောကြောင့်လား မိုးမလင်းသေးသဖြင့်


အနည်းငယ်မှောင်သောကြောင့်လား မသိပါ ထိုသုံးယောက် မှာမူ ဘုံကျောင်းရှေ့မှ ဖျတ်ခနဲ ပျောက်ကွယ်သွားကြလေသည်။

ခုံတုံဂိုဏ်း၏ ခြံဝန်း....
ထိုခြံဝန်းမှာ လွန်ခဲ့သော နှစ်နှစ်ခန့်ကအထိ ခုံတုံဂိုဏ်း၏ ခြံဝန်း ဖြစ်ခဲ့သော်လဲ ယခုမူ သူဖုန်းစားဂိုဏ်း၏ ဌာနခွဲ ဖြစ်နေလေပီ။
ပေကျင်းမြို့ ထဲတွင် ဌာနချုပ်ရှိသော်လဲ ထိုဘုံကျောင်းပျက်မှာ ဧည့်သည်များ နေရန် မသင့်တော်သဖြင့် ဤခြံဝန်းကို ဧည့်ဆောင်
အဖြစ်အသုံးပြုနေခြင်းပင် ဖြစ်သည်။

ခြံဝန်းမှာ အတော်အတန်ကျယ်ကာ အဆောင်ကြီး သုံးခုရှိသဖြင့် တော်ရုံဂိုဏ်းတစ်ခုလုံး လာတည်းလျှင်ပင် ဆန့်မှာသေချာသည်။ ယခုမူ


ဂိုဏ်းချုပ်များ နှင့် တပည့်ရင်းများသာ ရှိနေသဖြင့် အေးဆေးစွာ နေ၍ရနေသည်။

အဆောင်ကြီးတစ်ခု၏ ဧည့်ခန်းထဲတွင် ဂိုဏ်းချုပ်များက ထိုင်ကာ ရေနွေးကြမ်း သောက်ပီး ဆွေးနွေးနေကြသည်။ ဂိဏ


ုးချုပ်များ၏
မျက်နှာများမှာ တည်ကြည် နေသဖြင့် တိုင်းရေးပြည်ရေး ဆွေးနွေးနေကြ ဟန်တူသည်။ ဆွေးနွေးသည်ဟု ဆိုသော်လဲ ဂိုဏ်းချုပ်ကြီးများ
ဖြစ်သော ရသေ့ကြီး ကျန်းယွမ်၊ ဆရာမကြီး ကျိုးမော့ နှင့် ဆရာကြီး ပိုင်ချုန်း တိ့မ
ှုာ လူငယ်ဖြစ်သော မုထူးဝါး စကားကို
နားထောင်နေကြခြင်းပင်။
ဘေးရှိ ကျန်းစန်းယွမ် နှင့် ကျိုးကျစ်ယွင် တို့ကလဲ နားထောင်နေကြသည်။ မုထူးဝါး ပြောပြသော ခွန်လွန်တောင်ပေါ်က တိုက်ပွဲ
အကြောင်းမှာ ရသစုံလင်သည်။ အဓိက ဇာတ်ကောင် မင်စုထန်၏ သတ္တိနှင့် သိုင်းပညာကောင်းခြင်း၊ ကြင်ယာတော် မုယခ
ျုံန်းရှောင်း ၏
အမျှော်အမြင် နှင့် ဦးဆောင်မှုတို့လဲ ပါဝင်သည်။ ကြားရသူ အပေါင်းမှာ နားထောင်၍ ကောင်းနေကြသည်။

ထိုစဉ်တွင် အခန်းဝသို့ လူရိပ်တစ်ခု က ဖျတ် ခနဲပေါ်လာလေသည်။ ရသေ့ကြီး ကျန်းယွမ် က ရယ်လိုက်ပီး


" အဖွဲ့ချုပ်ကြီး ကတော့ တိုးတက်ပီးရင်း တိုးတက်သလားပဲဗျာ... အခုဆိုရင် ခြေသံတောင် မကြားရတော့ဘူး အရိပ်ပေါ်မှပဲ
သိရတော့တယ်... "
ဟု ချီးကျူးလိုက်သည်။

ထိုအရိပ်ပိုင်ရှင် ပိုင်လုံက ရယ်လိုက်ပီး


" ဘာတွေ ပြောနေကြတာလဲ ဗျ "
ဟု မေးလိုက်သည်။

ဝါဆန်းဂိုဏ်းချုပ်ကြီး ပိုင်ချုန်း က
" ကြားတဲ့အတိုင်းပဲဗျာ စစ်သူကြီး မင်စုထန် ရဲ့ ခွန်လွန်တိုကပ
်ွဲအကြောင်း နားထောင် နေကြတာဗျို့ ... သတင်းကြားရတာထက် အခုလို
ကိုယ်တိုင်မြင်တဲ့သူဆီက ကြားရတာ ပိုပီးနားထောင်လို့ကောင်းသဗျာ... "
ဟု ဖြေလိုက်သည်။

ပိုင်လုံ က မျက်မှောင်ကြုတ် သွားမိပီး


" မင်စုထန်ဆိုလို ပြောရဦးမယ်.... ကျနော်က သူ့ကိုထောက်ခံနေတာတော့ ထားပါတော့ ဂိုဏ်းချုပ်ကြီးတို့ကလဲ ပါကြမှာလား...
အဲ့ကိစ္စနဲ့ပတ်သတ်ပီး ကျနော့မှာ မေးစရာ တိုင်ပင်စရာတွေ ရှိနေတယ် "
ဟု ပြောလိုက်လေသည်။

ကြားရသူများမှာ ပိုင်လုံ၏ အတည်အကြည် ဖြစ်နေသော အနေအထားကြောင့် အရေးကြီးသော ကိစ္စဖြစ်မည်ကို နားလည်လိုက်


ကြသည်။ စကားဝိင
ုးကို ဦးဆောင်သူ မုထူးဝါးကပင် စကားကိုရပ် လိုက်ပီး ပိုင်လုံကို ကြည့်ကာ ပြောလိုက်သည်။
" အဖွဲ့ချုပ်ကြီး အမိန့်ရှိပါ "

ပိုင်လုံမှာ အဆောင်ကြီး တစ်ခုဆီသို့ ဖျတ် ခနဲ ပြေးသွားသော် ထန်စုစု က တွမ့်ကျန်းယွမ် ဘက်လှည့်ကာ မေးလိုက်သည်။
" အကိုကြီးပိုင်က ဘယ်တုန်းက သွေးကြောမ လေးခုအထိ ဖွင့်သွားတာလဲ တွမ့်လန် "

တွမ့်ကျန်းယွမ်က ခေါင်းငြိမ့်လိုက်ပီး
" သူ့ရဲ့ ကြိုးစားမှုနဲ့ ရှောင်းယောင် အတွင်းအားကျမ်းတို့ ပေါင်းစပ်မှုပေါ့... တော်ရုံထိပ်သီးသိုင်းပညာရှင်အနေနဲ့
အသက်လေးဆယ်မကျော်ပဲ ဒီလိုဖြစ်ဖို့ မလွယ်ဘူးလေ အကို့ဆရာတောင် အသက်ခုနှစ်ဆယ်ကျော်မှ သွေးကြောငါးခု ပွင့်သွားတာ... "
ဟု ပြောလိုက်သည်။

ထန်စုစု မှာ ရယ်ကျဲကျဲ လုပ်ကာ


" ဒါဆို ပြိုင်ဘက်ကင်း အတွင်းအား ပိုင်ရှင် တွမ့်ကျန်းယွမ် ကရော နှစ်ဆယ့်ရှစ်နှစ်နဲ့ သွေးကြောခြောက်ခု ပွင့်နေတာ
ဘာကြောင့်များလဲနော် "
ဟု ပြောလိုက်လေသည်။

တွမ့်ကျန်းယွမ် မှာ ရယ်လိုက်ကာ


" ဒါက ဒီလိုကွဲ့ ငါက အတွင်းအားခိုးတဲ့ သိုင်းတတ်တယ်လေ လိုက်ခိုးထားတာပေါ့ "
ဟု ခပ်နောက်နောက် ဖြေလိုက်သည်။

ထို့နောက်မှ ဝတ်စုံရင်ဘတ်ထဲမှ ဝါးဘူးလေးကို ထုတ်ကာ


" သွားစို့ စုစ.ု .. ဆရာတုံးဖန်းဟိင
ု ကို ငါ ဆေးကုပေးရဦးမယ် "
ဟု ပြောလိုက်လေသည်။

ထို့နောက် နှစ်ယောက်သား အဆောင်တစ်ခု သို့ ဦးတည်ကာ ခပ်ဖြေးဖြေးလျှောက် သွားတော့လေသည်။ ထန်စုစုမှာမူ သူ့ယောက်ျား၏


အတွင်းအားခိုးသိုင်း အကြောင်းကို စိတ်ဝင်စားနေသည်။ အကြောင်းမှာ သူမကို မသင်ပေးဖူးသည် မဟုတ်ပါလား။ တွမ့်ကျန်းယွမ် မှာ
သူမကို ရှောင်းယောင် အတွင်းအားလဲ မသင်ပေးပါ။ ပြီးခဲ့သည့် နှစ်လ လုံးလုံး ရိကျင့် အတွင်းအား ကျမ်းနှင့် ရိရန်
လက်ချောင်းသိုင်းကိုသာ သင်ပေးထားသည်။ သူမက ထိုသိုင်းများကို ကျင့်ရလွန်းသဖြင့် ပျင်းရိနေလေပီ။ ရိရန် လက်ချောင်းသိုင်းမှာ
သူမတတ်ထားသော သိုင်းပညာများနှင့် အဆင့်တူသော်လဲ ရိကျင့် အတွင်းအားမှာမူ ကွဲပြားသည်။ သူမတို့ ကျင့်သော အတွင်းအားမှာ
အတွင်းအား တိုးပွားအောင် နည်းမှန်သမျှနှင့် ကျင့်ရသော်လဲ ရိကျင့် ကျင့်စဉ်မှာ ခပ်ဖြေးဖြေး နှင့် သွေးကြောများ၏ လှည့်ပတ်ပုံအပေါ်
အခြေခံသည်။ ထိအ
ု ဆင့်ကို အောင်မြင်လျှင်မူ အတွင်းအား တိုးပွားခြင်းမှာ ဒီရေအလားပင်။ တစ်နှစ်ကျင့် သည်က
တခြားကျင့်စဉ်များ၏ သုံးနှစ်နှင့် ညီစေသည်။ သူမသည်ပင် နှစ်လမျှနှင့် သွေးကြောမ သုံးခုဖွင့်နိုင်နေလေပီ။ သို့သော်
သုံးခုမြောက်ကတော့ သူမယောက်ျားဖြစ်သူ တွမက
့်ျန်းယွမ် က အတွင်းအားကူးဆက်ကာ ကူညီဖွင့်ပေးခြင်းဖြစ်သည်။

ပိုင်လုံ ပြောသော စကားကို နားထောင်ပီး နောက် ကြားရသူအပေါင်းမှာ အံ့သြနေကြ သည်။ မုထူးဝါး ကမူ မျက်မှောင်ကြုတ်ပီး
" အဖွဲ့ချုပ်ကြီး ပြောလို့သာ ယုံရတယ်... ဒါဖြစ်နိုင်ပါ့မလားဗျာ... ပေ့လဲ့ရယ် က ဒီလိုလူဆိုတာ ကျနော်ဖြင့် မယုံနိုင်ဘူး "
ဟု ပြောလိုက်လေသည်။
ဆရာမကြီး ကျိုးမော့ ကမူ သက်ပြင်းချကာ
" သူက ရှောင်လင်က တားမြစ်ထားတဲ့ မီးစွဲဓားသိုင်း ကို ခိုးကျင့်ကတည်းက ငါ ရိပ်မိနေတာကြာပီ ... ပီးတော့ သူ့ကိုကြည့်ရတာ အရမ်း
လျှို့ဝှက်ပီး သိုသိပ် လွန်းတယ်... လူတစ်ယောက်က လိုတာ ထက်ပြို ပီး သည်းခံနေတယ်ဆိုရင် မူမမှန်ဘူး ဒါက နောက်တစ်ချိန်မှာ
ပေါက်ကွဲထွက် မဲ့သဘောပဲ... "
ဟု ပြောလိုက်သည်။

ရသေ့ကြီး ကျန်းယွမ် နှင့် ဂိုဏ်းချုပ်ကြီး ပိုင်ချုန်းက ဘာမှမပြောပဲ တွေးတောနေကြ သည်။ သူတို့ နှစ်ယောက်မှာ အသက်ကြီးပီ ဖြစ်၍
ကြုံရဆုံရသည်မှာလဲ မနည်းတော့ချေ။ ဒီလို အဖြစ်အပျက်များမှာ ဖြစ်တတ်သည့် သဘောကိုသိရှိကြသည်။ သို့သော်လဲ သတင်းက
ပြိုင်ဘက်ဆီက လာသည်ဖြစ်၍ ဖြစ်နိုင်သည် မဖြစ်နိင
ုသည်ကို တွေးနေကြခြင်း ဖြစ်လေသည်။

ပိုင်လုံ ကလဲ သက်ပြင်းချကာ


" ကျနော့်သဘောက ဒီလိုရှိတယ်... ကျနော့် အနေနဲ့ တစ်ယောက်ယောက် ဘက်ကို ရွေးတာထက် တိုင်းပြည်အတွက် ပိုပီး
အသားပေးသင့်တယ်... ဘယ်သူက ကောင်းကျိုးပိုပေးနိုင်သလဲ ကြည့်ရမဲ့ သဘောပဲ... တစ်ယောက်ယောက်ဘက်ကို သစ္စာရှိဖို့ကတော့
ကျနော်တို့က အမတ်တွေ မဟုတ်ကြဘူးလေ သိုင်းလောကသားတွေပဲ ဆိုတော့... သူတို့နိုင်ငံရေးမှာ အသုံးချခံ မဖြစ်အောင်
သတိထားရမယ် "
ဟု ပြောလိုက်လေသည်။

တစ်ချိန်လုံး ငြိမ်နေသော ကျန်းစန်းယွမ် က ရုတ်တရက်ဝင်ကာ မေးလိုက်သည်။


" ဒါနဲ့ တာ့လီက အိမ်ရှေ့မင်းသားကကော ဘယ်လိုသဘောရသတဲ့လ.ဲ .. သူက ဘယ်ဘက်ကို ပါမယ်စိတ်ကူးလဲ "

ကျန်းစန်းယွမ်၏ အမေးစကားမှာ အနည်းငယ် ရန်လိုသံ ပါနေသည်ကို အကုန်လုံးမှာ သတိထားမိကြသည်။ ပိုင်လုံက အလိုမကျသလို


ကြည့်ပီး
" ဒါကတော့ ငါ့ညီကိုယ်တိုင် သူ့ကို မေးကြည့်လေ... အခုတော့ သူ့ဆရာ တုံးဖန်းဟိုင် တို့ဆီ သွားနေတယ် "
ဟု ဖြေလိုက်သည်။

ရသေ့ကြီးမှာ တပည့်ဖြစ်သ၏
ူ မနာလိုမှုကို အကုန်လုံးသိသွားကြသဖြင့် သက်ပြင်းချမိ သည်။ ထိုအဖြစ်မှာ ရှက်စရာကောင်း လှသည်။
အထူးသဖြင့် ပိုင်လုံ မျက်နှာပျက် သွားသဖြင့် စိတ်လေးသွားသည်။

ထန်စုစု မှာ တုံးဖန်းယင်းယင်း နှင့် ဒီတစ်ခေါက် နှစ်ယောက်တည်း ရင်ဆိုင် ရတော့မည်ဖြစ်သဖြင့် စိတ်လှုပ်ရှား နေမိသည်။ အရင်က
သူမ လေ့လာထား သော မိုးနတ်မယ် လီယင်းယင်း နှင့် ယခု တုံးဖန်းယင်းယင်း မှာ မတူညီသော လူနှစ်ယောက် ဟု သူမ အနေဖြင့်
ခံယူထားသည်။ လူတစ်ယောက်ထဲ ဖြစ်သော်လဲ အခြေအနေမှာ မတူတော့ချေ။ လက်ရှိ တုံးဖန်းယင်းယင်း မှာ လိန်ကျို့ နန်းတော် ၏
မျိုးဆက်တပည့်ဖြစ်ပီး တွမ့်ကျန်းယွမ် ၏ ဆရာတူအစ်မအဖြစ် ရှိနေလေပီ။ သူမတို့ မင်္ဂလာပွဲတွင် ပြသွားပုံအရ အတွင်းအားမှာ
သူမထက်သာ နေလေပီ။ သိုင်းပညာလဲ သာမှာ သေချာသည်။

နှစ်ယောက်သား လျှောက်လာရင်းက တံခါးဝ အနားအရောက်တွင် တွမ့်ကျန်းယွမ် က ရပ်လိုက်သည်။ တံခါးက ရုတ်တရက်


ပွင့်လာလေသည်။ တံခါးကို ဖွင့်လိုက်သူမှာ တုံးဖန်းယင်းယင်း ပင်ဖြစ်သည်။ သူမက ထန်စုစုကိုသာ ပြုံးပြလိုက်ပီး
" လာလေ ညီမလေး "
ဟု ခေါ်လိုက်သည်။ တွမ့်ကျန်းယွမ် ကို သိပ်ပီး အရေးမစိုက်ချေ။

တွမ့်ကျန်းယွမ် ကလဲ ခပ်တည်တည်ပင် အခန်းထဲ ဝင်သွားကာ သူ့ဆရာဆီသို့ တန်းဝင်သွားသည်။ တုံးဖန်းဟိုင်မှာ ကုတင်ပေါ်တွင်


လှဲနေလျက်ရှိသည်။ သူ၏ အတွင်းအားပြိုကွဲမှု ကြောင့် သာမာန် ဒုက္ခိတ အဘိုးအိုတစ်ယောက်လို အားနည်းနေ ခြင်းပင်ဖြစ်သည်။

တွမ့်ကျန်းယွမ် က အနားသို့ကပ်ကာ သွေးကြောစမ်းလိုက်ပီး နောက် သူ့ဆရာကို ပြုံးပြကာ...


" ဆရာ... ကျနော် စကုတော့မယ်နော် "
ဟု ပြောလိုက်သည်။

ထို့နောက် ဝါးဘူးထဲမှ အပ်များကို ထုတ်ယူကာ အတွင်းအားသုံးပီး ကုသ လေတော့သည်။


ထန်စုစု မှာမူ အခန်းအလယ်တွင် ဘာလုပ်ရမှန်းမသိ ဖြစ်နေလေသည်။ စာအုပ်များ ဆေးဝါးများကို သိမ်းဆည်း ရှင်းလင်းနေသော
တုံးဖန်းယင်းယင်း က ထန်စုစုကို ကြည့်ကာ
" မမကို လာကူပါလား ညီမလေး "
ဟု လှမ်းခေါ်လိုကသ
် ည်။

ထိုမှသာ ထန်စုစုမှာ အနေမခက်တော့ပဲ လုပ်စရာရသွားလေသည်။ သူမစိတ်ထဲတွင်မူ တုံးဖန်းယင်းယင်းမှာ သဘောကောင်း လှသဖြင့်


ကျေနပ်သွားလေသည်။ အတိတ်ကိစ္စများကိုပင် နားမလည်နိုင် ဖြစ်သွားသည်။

ကျန်းစန်းယွမ် မှာ ပိုင်လုံ၏ အဖြေကြောင့် သူ့စကားလွန်သွားမှန်း သိလိုက်မိသည်။ သူက မျက်နှာပြင်လိုက်ကာ


" ကျနော်က တစ်မျိုးပြောတာ မဟုတ်ပါဘူး အခုလို တာ့စုန့်နိုင်ငံရေးက ရှုပ်ထွေးနေတော့ တာ့လီက မင်းသားက ဘယ်လိုထင်သလဲ
တွေးမိလို့ပါ... သိုင်းလောကသားတွေလဲ ဒီကိစ္စမှာ ပါဝင်နေတော့ သိချင်မိတာပါ "
ဟု စကားကို ပြန်ဖြေလိက
ုရသည်။

ဝါဆန်းဂိုဏ်းချုပ် ပိုင်ချုန်းက ဝင်ကာ


" ကြည့်ရတာတော့ အတော်ရှုပ်ထွေးတဲ့ ကိစ္စပ.ဲ .. အဖွဲ့ချုပ်ကြီးဆိုလိုတာက ကျုပ်တို့က နှစ်ဖက်လုံးကို တစ်သတ်မတ်ထဲ မပါပဲနဲ့
တတိယအင်အားစု ဖန်တီးကြဖို့လား "
ဟု မေးလိုက်သည်။

ပိုင်လုံ က ခေါင်းငြိမ့်ကာ ဖြေလိုက်လေသည်။


" အမှန်ပဲ ဂိုဏ်းချုပ်ကြီး... ကျုပ်တို့အနေနဲ့ နှစ်ဖက်လုံးထဲကနေ တိုင်းပြည်အတွက် ကောင်းတာကို ယူနိုင်ရမယ်... နှစ်ဖက်လုံးနဲ့
ပေါင်းသလို နှစ်ဖက်လုံးကို ရင်ဆိုင်ဖို့လဲ ပြင်ထားရမယ်... သူပုန် နဲ့ သစ္စာခံဆိုတာ ဒင်္ဂးပြားရဲ့ ခေါင်းနဲ့ပန်း လိုပဲ ဆန့်ကျင်ဘက် ဖြစ်ပေမဲ့
အတူတူ ရှိနေကြတယ် ပီးတော့ တစ်ခဏချင်း မှာပဲ ပြောင်းလဲလို့ရတယ်... "

ကျန်လူများမှာလဲ သဘောပေါက်သွားကြ လေပီ။ ယခုအခြေအနေမှာ တစ်ဖက်ဖက်ကို သူတို့က ထင်ထင်ပေါ်ပေါ် ဝင်မပါပဲ


စောင့်ကြည့်ခြင်းသာ အကောင်းဆုံးပင်။

ပိုင်လုံက မျက်နှာထားကို တည်သထက်တည် အောင်လုပ်ပီး ဆက်၍ပြောလိုက်သည်။


" ဒီကိစ္စမှာ တွမ့်ကျန်းယွမ် က ပါဝင်တယ် ဆိုရင်တောင် သူ့ကိုအဓိကထားလို့ မရဘူး ဘယ်လိုပဲပြောပြော သူက တခြားနိုင်ငံက ဖြစ်လို့
ဝင်ပါဖို့ မသင့်တော်ဘူး... ကျုပ်တို့ ကိစ္စကို ကျုပ်တို့ဘာသာပဲ ရအောင်ဖြေရှင်း ကြရမှာပဲ "

ကျန်သူများမှာ ခေါင်းသာငြိမ့်လိုက်ကြသည်။ သူတို့၏ရည်ရွယ်ချက်မှာ ရှင်းလင်းသွားချေပီ။ရည်ရွယ်ထားသလို ဆက်လုပ်ရန်သာ


လိုအပ်တော့သည်။ သူတို့ အောင်မြင်နိုင် ပါ့မလား ကတော့ ကံကြမ္မာကို မေးကြည့်ရပေမည်။

#မိုးထိတောင်သိုင်းသမား #ZYN
အခန်း (၃၃) အပိုင်း တစ်
အကြံအစည်များ

ကျားသုံးကောင် အာမခံဌာန...
ပေကျင်းမြို့ တွင် အာမခံဌာန များစွာရှိသည်။ ထိုထဲတွင် ကျားသုံးကောင် မှာ အလယ်အလတ် အဆင့်သာ ဖြစ်လေသည်။ အကြောင်းမှာ
သူတို့အာမခံဌာနသည် ပစ္စည်းအပ်ခြင်းကို မကြာခဏလက်ခံခြင်း မရှိသောကြောင့်ပေ။ တစ်လတွင် တန်ဖိုး အလယ်အလတ် ရှိသော
ပစ္စည်းပို့ခြင်း တစ်ခုသာ လုပ်ကိုင်လေ့ရှိသည်။ ထိုအာမခံဌာနသည် အလတ်အလတ်အဆင့် နာမည်သာရှိသော်လဲ ပစ္စည်းပျောက်ရှခြင်း
မရှိပါ။ ကျားသုံးကောင် မှာ သိုင်းသမား အတော်များများ ရှိပီး အားလုံးမှာ ပထမတန်းစား သိုင်းသမားများဖြစ်ကြသည်။ သူတို့၏
စုဖွဲ့မှုမှာလဲ စစ်တပ်သဖွယ် ကျစ်လစ်ပီး စနစ်တကျ ရှိလေသည်။ ငွေကြေးလဲ တောင့်တင်းပုံရကြသည်။

သူတောင်စားလေး တစ်ယောက်က ကျားသုံးကောင် အာမခံဌာန အကြောင်းကို သူသိသမျှ ပြောပြပီး ရပ်နေလေသည်။ တွမ့်ကျန်းယွမ်


က တွေးမိသည်မှာ ထိုဌာနမှာ မင်ဝေဖုန်း၏ ကိုယ်ရံတော်များ စုစည်းရာနေရာဖြစ်မည်။ ထန်ဖန်း မသိအောင် အာမခံဌာနအဖြစ်
ပုံဖျက်ထားပုံ ရသည်။
" ကျားသုံးကောင် ဆိုတော့ အာမခံဌာနရဲ့ ဦးစီးမှူးက သုံးယောက်လား "
ဟု မေးလိုက်သည်။

သူတောင်းစားလေးက ခေါင်းခါကာ
" တစ်ယောက်ထဲပါ မင်းသားလေး... သိုင်းလောကမှာ နာမည်ရှိတဲ့ ကျားမင်း ဝမ်းကျင်းလီ ဆိုတဲ့ သိုင်းသမားပါ "
ဟု ပြောလိုက်သည်။

တွမ့်ကျန်းယွမ် မှာအံ့သြသွားမိသည်။ အကြောင်းမှာ သူ့မင်္ဂလာပွဲတွင် ကျားမင်း ဝမ်းကျင်းလီကို တွေ့ဖူးသည်။ ထိုစဉ်ကပင်


အတွင်းအားကောင်းတဲ့သူ ဟု သတိထားမိခဲ့သည်။ ထိုလူမှာ သူတို့ သိုင်းထိပ်သီး ဆယ်ယောက် စာရင်းထဲပင် ပါနိုင်လောက်အောင်
အဆင့်ရှိသည်။ သို့သော် အဘယ့်ကြောင့် ရှောင်စစ်တောင် တွင်ဝင်မပြိုင်သနည်း။ သိုင်းလောကတွင် ထိုသို့ လက်သည်းဖွက်ထားသူ
မည်မျှရှိ လေသနည်း။

တွမ့်ကျန်းယွမ် က သက်ပြင်းချကာ ငွေနှစ်တုံးနှင့် သစ်သားတံဆိပ်ပြားကို ထုတ်ပေးလိုက်သည်။


" ဒါကို ကျားမင်း ဝမ်းကျင်းလီ လက်ထဲ ထည့်လိုက် ငါကပေးခိုင်းတာလို့ ပြော... သူတို့ပြောတာကို စောင့်နားထောင်ခဲ့... သူများတွေ
သတိမထားမိစေနဲ့ ပုံစံကိုက်အောင် ဝတ်စားသွား ကြားလား "

" ဟုတ်ကဲ့ပါ မင်းသားလေး "


သူတောင်းစားလေးမှာ ငွေပေးလိုက်သဖြင့် ပြုံးရယ်ကာ ဦးညွှတ်ပီး ထွက်သွားလေသည်။

တွမ့်ကျန်းယွမ် က သူတောင်းစား ထွက်သွားလျှင် သူထိုင်နေရာ အခန်းထဲမှ ထကာ အဆောင်တစ်ခုထဲ ဝင်သွားလိုက် သည်။


ထိုအဆောင်ထဲတွင် တုံးဖန်းဟိုင်တို့ သားအဖနှင့် ပိုင်လုံ၊ ထန်စုစုတို့မှာ စကားဝိုင်းဖွဲ့နေကြသည်။
ထန်စုစုမှာ လေးရက်အတွင်းပင် တုံးဖန်းယင်းယင်း နှင့် အတွဲမိနေသည်။ တုံးဖန်းယင်းယင်းမှာ တွမ့်ကျန်းယွမ် ကို အခုထိ
စိတ်ဆိုးမပြေသေး သော်လဲ ထန်စုစုကိုမူ ညီမသဖွယ် ချစ်ခင်ပေးသည်။ ထန်စုစုမှာလဲ အစ်မမရှိသူ ဖြစ်၍ ဝမ်းသာအားရပင်
တွဲမိကြသည်။ သူတို့ ပြောနေကြသော အကြောင်းမှာ နိုင်ငံရေး သိုင်းလောကအရေး မဟုတ်ပေ။ အဝတ်အစား နှင့် အစားအသောက်
အကြောင်းများသာ။
ပိုင်လုံ နှင့် တုံးဖန်းဟိုင် တို့ နှစ်ယောက် အသည်းအသန် ဆွေးနွေးနေသည်ကတော့ သိုင်းပညာအကြောင်းသာ ဖြစ်သည်။ သူတို့
နှစိဦးသား၏ ရှောင်းယောင်အတွင်းအား အကြောင်း ဆွေးနွေးနေကြခြင်းပင်။ သူတို့ နှစ်ယောက်စလုံးမှာ ရှောင်းယောင် အတွင်းအား
နှင့်ပင် သွေးကြောမကြီး လေးခုကို ဖွင့်နိုင်သူများ မဟုတ်ပါလား။ တွမ့်ကျန်းယွမ် ၏ အပ်စိုက်ကုသပေးခြင်းက သူ့ကို နဂိုအတိုင်း
ပြန်ဖြစ်အောင် လုပ်ပေးနိုင် လိုက်လေသည်။

" မမယင်း... ဖက်ထုတ်အစာက ဘယ်လို လုပ်ရတာလဲဟင်... ညီမကို လှောင်ထားတဲ့သူတွေ ရှိလို့ လက်တုံ့ပြန်ရမယ်... "

" ဟင်းဟင်း... ညီမလေးကို လှောင်တဲ့သူက ဟိုညီအကိုမှ ဟုတ်ရဲ့လား... ကဲပါကွယ် မမပြပေးမယ်... မီးဖိုချောင်ထဲသွားရအောင် "

သူမတို့က အခန်း တံခါးကို ဖွင့်လိုက်ရာ ပြောင်စပ်စပ် မျက်နှာပေးဖြင့် ရပ်နေသော တွမ့်ကျန်းယွမ်ကို တွေ့လိုက်ရသည်။ ရုတ်တရက်
ဖြစ်၍ နှစ်ယောက်သား လန်သ
ွ့ားလေသည်။

" အသံမကြားရဘူးထင်နေတာ လက်စသတ်တော့ ပြိုင်ဘက်ကင်းသိုင်းသမား မို့ ဘာသံမှမထွက်တာကိုး... "


တုံးဖန်းယင်းယင်း က ရွဲ့ပြောလိုက်သည်။

" အစ်မယင်းယင်း... စုစုကို တခြားဟင်းချက်နည်းတွေပါ သင်ပေးပါဦး "


တွမ့်ကျန်းယွမ် က ပြုံးကာ ပြောလိုက်သည်။

တုံးဖန်းယင်းယင်း က နှာခေါင်းရှုံ့ကာ
" ဟဲ့ နင်ကောင်းစားဖို့ သင်ပေးစရာလား... ငါက ငါ့ညီမ စားဖိုပဲ သင်ပေးမှာ "
ဟု ပြောပီး ထန်စုစု လက်ကို ဆွဲကာ ထွက်သွားလေသည်။ ထန်စုစု က တွမ့်ကျန်းယွမ် ကို လျှာထုတ်ကာ ပြောင်ပြလိုက်တော့သည်။

တွမ့်ကျန်းယွမ် က အခန်းထဲ ဝင်ဝင်ချင်းပင်


" ကျနော့်ကတော့ တံဆိပ်ပြားပို့လိုက်ပီ အကိုကြီးပိုင်... ကျန်တာကတော့ အကိုကြီးပိုင် ဆက်လှုပ်ရှားပေတော့ "
ဟု ပြောလိုက်သည်။

ပိုင်လုံက သက်ပြင်းချကာ
" ထန်ဖန်း ကိုတော့ မင်းရင်ဆိုင်ပေးမှ ရမယ် ထင်တယ် "
ဟု ပြောလိုက်သည်။
တုံးဖန်းဟိုင် က ဝင်ကာ
" ဒီလူကြီးက အလွန်ပါးနပ်တဲ့သူပဲက.ွ .. သူ့ကို တစ်ခါတည်း အမိမဖမ်းနိုင်ပဲ သွားမစကြနဲ့ ဒုက္ခများကုန်မယ် "
ဟု တားလိုက်သည်။

သူတို့နှစ်ယောက်မှာ ထိုစကားကြောင့် တွန့်ဆုတ်သွားကြသည်။ တုံးဖန်းဟိုင် ပြောသည်မှာ မှန်ပေသည်။ သူတို့အနေဖြင့် မပိုင်နင


ိုပဲ
သွားမစသင့်ချေ။

တွမ့်ကျန်းယွမ် က သက်ပြင်းချကာ
" ဒါဆိုရင်တော့ မင်စုထန်ကို ကျောက်လွေနဲ့ ပေါင်းပေးရမယ် ထင်တယ် သူတို့နှစ်ယောက် အင်အားမျှ သွားအောင်... "
ဟု ပြောလိုက်သည်။

ပိုင်လုံက လန့်သွားကာ
" ဟေ... ညီလေး မင်း စဉ်းစားပါဦးကွာ...
သူတို့ အင်အားကြီးလေ ငါတို့က ရင်ဆိုင်ရ ခက်လေပဲက.ွ .. တခြားနည်း စဉ်းစားပါ "
ဟု ပြောလိုက်သည်။

တွမ့်ကျန်းယွမ် က ခေါင်းယမ်းပီး
" မရှိတော့ဘူး အကိုကြီး... မင်စုထန် ကလဲ အင်အားမမျှရင် လှုပ်ရှားမှာမဟုတ်ဘူး ထန်ဖန်း က လက်ဦးသွားမှာ... အဲ့အခါကျရင်
ပိုရှုပ်ထွေးကုန်မယ်... စောစောစီးစီး သူတို့ နှစ်ယောက် ထိပ်တိုက်ရင်ဆိုင်ခိုင်းတာ အကောင်းဆုံးပဲ... အခုလောလောဆယ် မင်စုထန်ကို
ကူညီပေးရမယ် ဒါပေမဲ့လဲ ကျနော်တို့ ပတ်သတ်နေတာကို အသိပေးလို့မရဘူး... ဒါကြောင့် ကျောက်လွေကို အသုံးချရမှာ "
ဟု ပြောလိုက်သည်။

ပိုင်လုံမှာ တွေဝေကာ စဉ်းစားနေသည်။ တုံးဖန်းဟိုင် က ခေါင်းငြိမ့်ကာ


" ငါကတော့ ဝင်မပါချင်ဘူးဟေ့... သိတဲ့အတိုင်း ငါက စီးရှကလာတာဆိုတော့... ဒါပေမဲ့ မင်းအစ်မက ဝင်ပါချင်နေတယ်... သူက
မုယုံချန်းရှောင်း စုနခ
့်ျီရန့် တို့နဲ့ ပတ်သတ်ပီး မင်စုထန်ကို ကူညီချင်နေတာ... မင်းက ထန်အိမ်နဲ့ လက်ထပ်လိုက်လို့ မင်းကိုတောင်
သိပ်ကြည်တာမဟုတ်ဘူး "
ဟု ပြောလိုက်သည်။

တွမ့်ကျန်းယွမ် က ခေါင်းငြိမ့်ကာ
" ဒါတွေ ကျနော် နားလည်ပါတယ် ဆရာ... အစ်မယင်း ကျနော့်ကို အထင်လွဲနေတာက စုစုနဲ့ ကြာကြာပေါင်းကြည့်ရင် ပြေသွားမှာပါ ဒါနဲ့
စုန့်ချီရန့် ကော... ဘယ်သွားလဲ "
ဟု မေးလိုက်သည်။

ပိုင်လုံ က ဝင်ဖြေလိုက်သည်။
" ပြန်သွားပေါ့ နယ်စပ်ကို... သူ့အစ်မ စောင့်နေလို့ လို့ ပြောသွားတာပဲ... တကယ်ကတော့ မင်းတို့လင်မယား ကြည်နူးတာကို
မမြင်ချင်လို့ ဖြစ်မယ်... ဟားဟား ဟားဟား... "

တွမ့်ကျန်းယွမ်က မျက်နှာတည်ကာ
" ဒီကောင်မလေးကို အဲဒ
ီ့အရှုပ်ထုပ်ထဲက ဆွဲထုတ်ပီး တာ့လီခေါ်သွားရမယ်... ဒီမှာ ထားခဲ့လို့မဖြစ်ဘူး... ဘယ်သူ ဘာပြောပြော သူက
ကျနော့ ညီမလေးပဲ "
ဟု ရေရွတ်လိုက်သည်။

" ဒါနဲ့ ငါ့တပည့် မင်းအအေးဓာတ် အဆိပ် ပြေသွားပီလား "


တုံးဖန်းဟိုင်က မေးလိုကေ
် လသည်။

တွမ့်ကျန်းယွမ် က ခေါင်းငြိမ့်ကာ
" အဲ့ဒီကိစ္စပြောရဦးမယ်... သိကြတဲ့ အတိုင်းပဲ ကျောက်လွေနဲ့ ကျနော်တိုက်ပွဲမှာ ကျောက်လွေထဲက ဆေးလုံးနှစ်လုးံ ရခဲ့တယ်လေ...
အဲ့ဒီ့ဆေးလုံးတွေကို စစ်ကြည့်တော့ တစ်လုံးကအဆိပ် တစ်လုံးက ကျနော်လိုချင်နေတဲ့ အအေးအဆိပ်ဖြေဆေး ဖြစ်နေတယ်... အခု
ဖြေဆေးသောက်ပီး ကျင့်လိုက်တာ အအေးဓာတ်ကို ထိန်းချုပ်လို့ ရသွားပီ... အတွင်းအားလဲ အကုန်သုံးလို့ ရသွားပီ "
ဟု ပြောလိုက်သည်။
ပိုင်လုံ က ဝမ်းသာအားရဖြင့်
" ကောင်းလိုက်လေကွာ... ငါတို့ ကျောက်လွေကော ထန်ဖန်းကောကို မူစရာမလိုတော့ဘူး "
ဟု ပြောလိုက်လေသည်။

" အခုမှပဲ အကြံရတယ်... ကျောက်လွေထဲ မှာ ရှိတဲ့ ဆေးနှစ်လုံးက အပူဓာတ်ဖြေဆေး နဲ့ အတွင်းအားတိုးဆေး ဖြစ်လိမ့်မယ်...
ကျောက်လွေက အဆိပ်နဲ့အတွင်းအားဆေး နှစ်လုံးကိုပဲ သိတာ ကျန်နှစ်လုံးကို မသိဘူး... ကျနော် ရွေးခဲ့တာ အပြာနဲ့အစိမ်း ဆိုတော့
အနီက အပူဓာတ်ဖြေဆေး ဖြစ်ပီး အနက်က အတွင်းအားတိုးဆေး ဖြစ်မယ်... မင်စုထန်ကလဲ ခွန်လွန်တိုက်ပွဲမှာ ရိကျင့်
အတွင်းအားတွေ ပျက်ဆီးပီး အပူဓာတ်အဆိပ်မိနေတယ် ကြားတယ်... ဒါ သူတို့နှစ်ဦးကို ပေါင်းပေးလို့ရမဲ့ အချက်ပဲ "
ဟု တွမ့်ကျန်းယွမ်က လက်ဖျောက်တီးကာ ပြောလိုက်လေသည်။

ကျန်နှစ်ယောက်မှာလဲ ခေါင်းငြိမမ
့ိကြသည်။ တွမ့်ကျန်းယွမ်၏ အစီအစဉ်မှာ အဆင်ပြေနေသည်လေ။ သူတို့အနေဖြင့် ကြက်နှစ်ကောင်
ခွပ်ခိုင်းကာ အမောစောင့် ရပေမည်။ သို့သော် နှစ်ဘက်လုံးမှာ ပါးလှပ် နေအောင်လည်သော သူများဖြစ်၍ စောင့်နေမှန်း
သိသာ၍မရချေ။

ပိုင်လုံ က သက်ပြင်းချပီး
" ငါဆွေးနွေးကြည့်သလောက် ကတော့ ဂိဏ
ုးခြောက်ဂိုဏ်းမှာလဲ ယုံကြည်လို့ ရတာ သုံးဂိုဏ်းပဲ ရှိတယ်... ရှောင်လင်ရဲ့ သဘော
ကိုမသိနိုင်သလို ခွန်လွန်ကတော့ မင်စုထန်ကို သစ္စာရှိမှာသေချာတယ် မုထူးဝါးက သူ့ကို အရမ်းလေးစားနေတယ် "
ဟု ပြောလိုက်သည်။

တွမ့်ကျန်းယွမ် က တစ်ချက်မျှ စဉ်းစားနေပီး အတန်ကြာငြိမ်သက်နေသည်။ ထို့နောက်


" ဒါလဲ ကောင်းတာပဲဗျ... အကိုကြီး အနေနဲ့ မုထူးဝါးကို ကျောက်လွေဆီမှာ ဖြေဆေးရှိကြောင်း မသိမသာပြောပြလိုက်ပါ သူတို့ချင်း
ပေါင်းမိတော့ အလုပ်ရှုပ်သက်သာ တာပေါ့... ရှောင်လင်ကတော့ ဝင်ပါမှာ မဟုတ်လောက်ပါဘူး... "
ဟု ပြောလိုက်လေသည်။

ပိုင်လုံ က ခေါင်းငြိမ့်ကာ
" ဒါဆို ငါပဲ အဲ့ဒီကိစ္စကို လုပ်လိုက်မယ်... မင်းက ဘာလုပ်မှာလဲ "
ဟု မေးလိုက်သည်။

တွမ့်ကျန်းယွမ် က ပြုံးကာ
" ကျနော်က မင်ဝေဖုန်းနား ကပ်ရမှာပေါ့ ထန်ဖန်း စိတ်ကျေနပ်အောင် လုပ်ရမှာရယ် မင်ဝေဖုန်းက ဘုရင်ကောင်းတစ်ပါး ဖြစ်နိုင်လား
ဆိုတာရယ် သေချာလေ့လာရမယ်လေ... "
ဟု ဖြေလိုက်လေသည်။

တုံးဖန်းဟိုင် ကမူ ခေါင်းယမ်းကာ


" ငါက တော့ မိုးထိတောင်ကို သွားမယ်ကွ "
ဟု ပြောလိုက်သည်။

နှစ်ယောက်သားမှာ အံ့သြသွားပီး မျက်မှောင်ကြုတ် ထားမိသည်။ တွမ့်ကျန်းယွမ် ကဆိုရင် မအောင့်နိုင်ပဲ မေးလိုက်မိသည်။


" ဘာလို့လဲ ဆရာ..."

တုံးဖန်းဟိုင်က ထရပ်လိုက်ရင်း
" မင်းအစ်မယင်းယင်း က ပညာစုံသွားပီကွ ငါသင်ပေးစရာလဲ မရှိတော့ဘူး... အခုမင်းတို့ နှစ်ယောက်ကလဲ သူ့ဘေးမှာ ရှိပေးမှာဆိုတော့
ငါကတော့ ဝေထင်း ဆီသွားပီး သိုင်းသွားပြိုင်မယ် "
ဟု ပြောလိုက်လေသည်။

ပိုင်လုံ နှင့် တွမ့်ကျန်းယွမ် တို့နှစ်ယောက်မှာ


" ဗျာ... " ဟုသာ အသံထွက်နိုင်ကြ တော့လေသည်။
#မိုးထိတောင်သိုင်းသမား #ZYN
အခန်း (၃၃) အပိုင်း နှစ်
အကြံအစည်များ

စီးရှနယ်စပ်...
မုထူးဝါး မှာ ပေကျင်း ကနေ စီးရှနယ်စပ် ခွန်လွန်တောင်တန်းပေါ်ကို ခရီးအပြင်းနှင် နေသည်။ ခရီးမှာ ရာသီဥတုကို လိုက်၍ ငါးရက်
ဆယ်ရက် ဆိုသလို ကြာနိုင်သော်လဲ ဂိုဏ်းချုပ်တစ်ယောက်ဖြစ်သူ သူ့အတွက်မူ အခက်အခဲမဖြစ်ချေ။ သုံးရက်နှင့်ပင်
ရောက်နိုင်လေသည်။ ထိုသို့ ခရီးကို အပြင်းနှင်လာသည်မှာလဲအကြောင်းရှိသည်။ သူသစ္စာခံထားသော စစ်သူကြီး မင်စုထန်၏
ရောဂါအကြောင်း ဖြေဆေးအကြောင်း လမ်းစရလာခဲ့လေပီ။ ကြင်ယာတော် ဆီကို အမြန်ပြောပြပေးရမည်။

" ဝှစ်... ဝှစ်... "


ဆိုသော ခြေသံကြားလိုက်ရပီး လူရိပ်တစ်ခုမှာ ခွန်လွန်ဂုဏ
ိးထဲကို ညအချိန်မတော်ကြီး ဝင်ရောက်သွားသည်။ ထိုအဆောင်မှာ
မီးလင်းနေသော တစ်ခုထဲ အဆောင်ဖြစ်သည်။ လူရိပ်မှာ အဆောင်ထဲ ခြေချချပီးချင်း အခန်းထဲရှိ လူအများကို ဂရုမထားနိုင်ပဲ
ရေနွေးကြမ်းခွက်ကို တစ်ကျိုက်တည်း မော့သောက်လိုက်သည်။

အခန်းထဲတွင် ယောက်ျား သုံးယောက် နှင့် မိန်းမတစ်ယောက် ရှိနေသည်။ ယောက်ျား သုံးယောက်မှာ စစ်သူကြီးများ ဟန်ပန်
ဝတ်စားထားပီး အမျိုးသမီးကတော့ လှပလွန်းသော အမျိုးသမီးတစ်ယောက်ပင်။ သူမဝတ်စားထားသော အနီရောင်ချည်ထည် ဝတ်စုံမှာ
သူမနှင့် အရမ်းလိုက်ဖက်နေသည်။

" ဂိုဏ်းချုပ်ကြီး... ဘာတွေ အလျင်လို နေတာလဲဗျ... "


ယောက်ျားသုံးယောက် အနက် အငယ်ဆုံး တစ်ယောက်ဖြစ်သူ ရန်ကျိုး က မေးလိုက်လေသည်။

အခန်းထဲဝင်လာသူက အမောဖြေနေပီးမှ
" သတင်းထူးရှိလို့ဗျို့  ပေကျင်းကနေ အပြင်းနှင်လာတာ မြင်းတောင်သေသွားတယ် ဒါကြောင့် မောနေတာဗျ... "
ဟု ဖြေလိုက်သည်။

အမျိုးသမီးက နောက်ထပ် ရေနွေးကြမ်း တစ်ခွက် ငှဲ့ပေးကာ လှမ်းပေးလိုက်ပီး


" နောက်တစ်ခွက်သောက်ပီး အမောဖြေပါဦး ပီးမှဖြေးဖြေးချင်း ပြောလဲရပါတယ် ဂိုဏ်းချုပ်ကြီး..."
ဟု ပြောလိုက်လေသည်။

" ကျေးဇူးပါ သခင်မလေး "


ထိုလူက လှမ်းယူပီး သောက်လိုက်သည်။ ထို့နောက် စကားကို ပြန်ဆက်လိုက်သည်။
" ကျနော်ကြားခဲ့တာ... ပေ့လဲ့ရယ် အတွက် သတင်းဗျ... ဒါကြောင့် အပြေးလာခဲ့တာ "

ထိုင်နေသော ယောက်ျားသုံးယောက်ထဲတွင် ဖြူဖျော့သော မျက်နှာနှင့် ချောမောသူက မျက်မှောင်ကြုတ်လိုက်ပီး မေးလိုက်သည်။


" ကျုပ်အတွက် ဟုတ်လား... ဘာများပါလဲ "

" ပေ့လဲ့ရယ် အတွက် ဖြေဆေးရှိတယ် ဆိုတဲ့အကြောင်း ကြားခဲ့ရတာပါ... "


ထိုလူက ဖြေလိုက်သည်။

ပေ့လဲ့ရယ် ဆိုသူက အံ့သြသွားပီး ဝမ်းသာသော အမူအယာဖြင့် အလျင်စလို ထပ်မေးလိုက်ပြန်သည်။


" ဘယ်လို... ဖြေဆေး ဟုတ်လား... ဘယ်သူ့ဆီကကြားတာလဲ... ဘယ်မှာရှိတာလဲ... "

ထိုသူက ခေါင်းငြိမ့်ကာ
" ကျနော် အဖွဲ့ချုပ်ကြီး ပိုင်လုံ နဲ့ မင်းသားလေး တွမ့် တိုင်ပင်နေတာကို ကြားခဲ့တာပါ... ပြောတာကြတော့ မင်းသားလေးတွမ့်က
ပြောပြတာ... သူလဲ အအေးအဆိပ်ဖြေဆေးရခဲ့လို့ အပူအဆိပ် အတွကလ
်ဲ ဖြေဆေးရှိတယ်တဲ့... "

ပေ့လဲ့ရယ် ဆိုသူမှာ မင်းသားလေးတွမ့် ဆိုသော နာမည်ကိုကြားလိုက်ရသဖြင့် ရုပ်တည်သွားပီး


" ဟုတ်လား... သူက ဘယ်သူ့ဆီက ရတာတဲ့လဲ... သူ့လိုလူက ဖြေဆေး မရှိပဲတောင် ဘာမှသိပ်ပီးမထိခိုက်တာကို ဖြေဆေး
ရသွားသေးတာလား... "
ဟု ပြောလိုက်သည်။
ထိုလူက ခေါင်းငြိမ့်ကာ
" ဟုတ်တယ်ဗျ... သတင်းတွေအရဆိုရင် သူက အဆိပ်မိရက်သားနဲ့ ထိန်းချုပ်နိုင်တယ် တဲ.့ .. ပီးတော့ တောင်ပင်လယ်ဂိုဏ်းချုပ်ကြီး
ကျောက်လွေကို အနိုင်ရပီး ဖြေဆေး ရလာခဲ့တာတဲ.့ .. "

အခုချိန်ထိ စကားမပြောသေးသော အသက်ခပ်ကြီးကြီးသူ က ဝင်ကာ


" အဆိပ်မိရက်နဲ့ အတွင်းအားလဲ မပြိုကွဲတဲ့ အပြင် ကျောက်လွေလို အဆင့်လွန်သိုင်းသမား တစ်ယောက်ကို အနိုင်ယူနိုင်တာ
တကယ့်ကို ပြိုင်ဘက်ကင်းပဲ ကြောက်စရာကောင်းလောက်ပါတယ်ဗျာ "
ဟု ရေရွတ်လိုက်သည်။

ပေ့လဲ့ရယ် က အမျိုးသမီးကို တစ်ချက်ကြည့် လိုက်သည်။ အမျိုးသမီးက အကြည့်ကို ရေနွေးကြမ်း သောက်ကာ ကွယ်လိုက် လေသည်။
ပေ့လဲ့ရယ်က သက်ပြင်းချကာ
" သူပြောတာ အမှန်ဖြစ်မယ်လို့ ဂိုဏ်းချုပ်ကြီး ထင်သလား... ကျနော်ဆိုလိုတာက သူက အဆိပ်မိရက်နဲ့တောင် ကျောက်လွေကို
အနိုင်ယူနိုင်တာ ဘာကြောင့်များ အဆိပ်ဖြေဆေးကို ရှာပီးသောက်ရတာလဲ အဆိပ်ဖြေဆေးက ကျောက်လွေထဲမှာ ရှိကောရှိရဲ့လား...
ဘာကြောင့် ရှိနေတာလဲ ဆိုတာ သေချာစဉ်းစားမှဖြစ်မယ် "

ဂိုဏ်းချုပ်ကြီး ဆိုသူက ခေါင်းငြိမ့်ပီး


" ဒါပေါ့... ဒါစဉ်းစားသင့်တဲ့ ကိစ္စပါ ကျနော်လဲ တွေးမိလို့ သေချာစုံစမ်းကြည့် ပါသေးတယ်... သူက အဆိပ်ကိုထိန်းချုပ် နိုင်တယ်ဆိုပေမဲ့
အတွင်းအားတွေကို အကုန်မသုံးနိုင်ဘူးဆိုပဲ... အခု သူက ထန်အိမ်နဲ့ လက်ထပ်လိုက်ပေမဲ့ ထန်ဖန်း ကို အညံ့မခံပဲ
ယှဉ်ဖို့ကြိုးစားနေတယ်လို့ သိရတယ်ဗျ... ဒါကြောင့် သူက အဆိပ်ဖြေဆေးကို လိုက်ရှာပီး သောက်လိုက်တာပဲ... ဖြေဆေးအကြောင်း
ကတော့ ထန်အိမ်ကနေသိရတာတဲ.့ .. သိတဲ့အတိုင်း ထန်အိမ်ရဲ့ မြေကြွက်တွေက သတင်းလိုက် အင်မတန်တော်တယ်လေ...
ကျောက်လွေဆီမှာ ဆေးလေးလုံးရှိတယ်တဲ့ အတွင်းအားတိုးဆေး၊ အဆိပ်နဲ့ အပူအအေး ဖြေဆေးနှစ်လုံး ဆိုပီး ရှိတယ်... သူက
အအေးနဲ့ အဆိပ်ဆေး ရခဲ့တော့ အပူနဲ့ အတွင်းအားတိုးဆေး ကျန်ခဲ့တယ်... ကျောက်လွေအတွက်တော့ အပူဓာတ်ဖြေဆေး က
အသုံးမဝင်ပါဘူး ကျနော်တို့ သူ့ကို စည်းရုံးပီး တောင်းလို့ရမှာပါ အခုအချိန်က သူလဲ သူပန
ု ကျနော်တို့လဲ သူပုန်ဖြစ်နေတာပဲလေ..."
ဟု ရှည်လျားစွာ ပြောပီး ရေနွေးတစ်ခွက် မှုတ်သောက်နေလေသည်။

ကျန်သမ
ျူားကတော့ သူတို့ တိုင်ပင်လက်စ ကိစ္စများကိုပင် သတိမရတော့ပဲ ထိုကိစ္စကိုသာ အသည်းအသန် တွေးတော နေကြသည်။
ပေ့လဲ့ရယ်မှာမူ ယုံတစ်ဝက် မယုံတစ်ဝက် ဖြစ်နေပီး အမျိုးသမီးကတော့ မည်သည့်မှတ်ချက်မှ ဝင်မပြောချေ။

ပေ့လဲ့ရယ် က အသက်ခပ်ကြီးကြီးလူကို ကြည့်ကာ မေးလိုက်လေသည်။


" ကျန်းဝေ... မင်း ပြောကြည့်ဦး ကျောက်လွေကို ဘယ်လိုစည်းရုံးကျမလဲ... ငါတို့က သိုင်းပညာနိမ့်နေတော့ အဝင် မတတ်ရင်
အလကားလည်စင်းပေးသလို ဖြစ်ကုန်မယ်... ဘယ်လိုလုပ်ကြမလဲ "

ကျန်းဝေ က မုတ်ဆိတ်များကို ပွတ်ကာ အတန်ကြာငြိမ်သက်သွားသည်။ သူသည် တိုက်ပွဲအတွေ့အကြုံရှိသော စစ်သူကြီး တစ်ဦး


ဖြစ်သော်လဲ ယခုလို ကိစ္စမျိုးကို မကြုံဖူးသဖြင့် ပြောရခက်နေသည်။ ကျန်သူများကလဲ ကိယ
ုစီကိုယ်စီ ထိုကိစ္စကို စဉ်းစားနေကြသည်။

ထိုစဉ် တစ်ချိန်လုံးငြိမ်သက်နေသော အမျိုးသမီးက ဝင်ပြောလိုက်လေသည်။


" ကိုယ်က မဝင်ချင်ရင် တစ်ဖက်ကို ဝင်လာအောင် ဆွဲဆောင်ရမှာပေါ့ရှင် ... "

အကုန်လုံးမှာ ခေါင်းငြိမ့်မိကြသည်။ ဂိုဏ်းချုပ်ကြီးဆိုသူက မေးလိုက်သည်။


" အပြည့်အစုံ ပြောပြပါ သခင်မလေး... ဒါမှ ကျုပ်တို့ ဘာလုပ်ရမှန်းသိမှာ... "

အမျိုးသမီးက ရေနွေးခွက်ကို ချကာ


" ဒီအိမ်စာက အဖွဲ့ချုပ်ကြီးပိုင်လုံ က ဂိုဏ်းချုပ်ကြီး ရှိမှန်းသိသိနဲ့ ပြောပြလိုက်တာ ပဲဖြစ်ရမယ်... အဲ့တော့ ဖြစ်နိုင်ချေ နှစ်မျိုးရှိတယ်...
ကျမတို့ကို ဒုက္ခပေးမလို့ရယ် ကျမတို့ကို ကူညီမလို့... "
ဟု ပြောလိုက်သည်။

ထို့နောက် ထိုင်နေသော ယောက်ျား သုံးယောက် ကို ကြည့်လိုက်ပီး


" အကိုကြီးတို့ အနေနဲ့ သေချာစဉ်းစားပါ ဒီအခွင့်အရေးကို လှေကားလို့ မြင်လား... ထောက်ခြောက်လို့မြင်လား... ဆုံးဖြတ်ပီးမှပဲ
ဘာဆက်လုပ်မလဲ သေချာတွေးရမယ် "
ဟု မေးလိုက်သည်။

ယောက်ျားသုံးယောက်မှာ အသည်းအသန် မျက်မှောင်ကြုတ်ကာ စဉ်းစားနေကြသည်။ အလယ်က ရုပ်ချောသော ပေ့လဲ့ရယ် က ဆိုရင်


အသံပင်ထွက်ကာ
" တာ့လီမင်းသားဆီကဆို ငါမယုံဘူး ဒါပေမဲ့ ပိုင်လုံလို အဖွဲ့ချုပ်ကြီးက ငါတို့ကို ထောက်ခံ ပေးခဲ့တာကြာပီပဲ အခုမှ ကောက်ပီး
ဒုက္ခပေးမှာ မဟုတ်ပါဘူး... "
ဟု ရေရွတ်လိုက်သည်။

ဂိုဏ်းချုပ်ကြီးဆိုသူက ခေါင်းငြိမ့်ကာ
" ဒါဆိုရင် ပေ့လဲ့ရယ် က ဆုပ်ကိုင်တော့မယ် ပေါ့လေ... ကျနော်ကတော့ ထောက်ခံတယ် "
ဟု ပြောလေသည်။

ပေ့လဲ့ရယ်က ခေါင်းငြိမ့်ပီး
" ချန်းရှောင်း ငါတို့ကို ဘာဆက်လုပ်ရမလဲ ပြောပြပါ ညီမ..."
ဟု မေးလိုက်လေသည်။

ချန်းရှောင်းဆိုသူက ပြုံးလိုက်ပီး
" ဒီလိုရှိတယ် ... ကျမတို့က ဒီပစ္စည်းကို လိုချင်နေတာကို သတင်းလွှင့်ရမယ်... ဒါပေမဲ့ မရလဲ ဘာမှမဖြစ်သလို နေရမယ်...
အခုအချိန်မှာ ကျမတို့နယ်စပ်က အင်အားအရမ်းကြီးနေပီ ထန်ဖန်းနဲ့ ဟိုပေ့နယ်စားက မပိုင်ပဲ ကျမတို့ဆီ လာရဲမှာမဟုတ်ဘူး...
အဲ့ဒီတော့ အိမ်ရှေ့စံ ဆက်ခံပွဲပီးတာနဲ့ တောင်ပင်လယ် ကိုတိုက်မှာပဲ... ကျောက်လွေက အခုဆို အခွံပဲ ရှိတော့တယ်... သူ့သားကလဲ
ထန်ဝူ သေချာကုမပေးလို့ အခုထိပြန်မကောင်းဘူး အဲ့ဒီတော့ ထန်ဖန်းသာ သူ့ကို လာတိုက်ရင် ပြေးစရာရှာရမှာပဲ... အဲ့ဒီပြေးစရာက
ကျမတို့ ဖြစ်နေရမယ်... အဲ့ဒါ အဖွဲ့ချုပ်ကြီး ပေးတဲ့ အိမ်စာပဲ ဒါကြောင့်ပဲ သူက ပေါ်ပေါ်ထင်ထင် မကူညီတော့တာ... သူနဲ့က
ပြသနာတက် ထားတယ်မလား... ပီးတော့ သူ့ညက
ီ ထန်အိမ်က သမက် ဖြစ်ပီး ကျောက်လွေကို အနိုင်တိုက်ထားတဲ့သူလေ... "
ဟု ရှည်လျားစွာ ရှင်းပြလိုက်လေသည်။

ပေ့လဲ့ရယ် ဆိုသူက ကပြုံးလိုက်ပီး


" ကဲ ဒါဆို ကျောက်လွေကို ငါတို့ဆီ ရောက်အောင် ဝိုင်းဝန်း ကျုံးသွင်းကြတာပေါ့ ထန်ဖန်း တို့ဘက်က စတာနဲ့ ငါတို့လဲ စကြရမယ်... "
ဟု ပြောလိုက်လေသည်။

ကျန်းဝေ ဆိုသူကမူ ထိုအကြံကို သဘောကျသော်လဲ ထိုအကြံပေးသည့် အမျိုးသမီးကို ပိုပီး သတိထားမိလာသည်။ ထိုအမျိုးသမီးမှာ


ထင်ထားသည်ထက် ပိုဥာဏ်ကောင်းနေသည်။ ထို့အပြင် သူ သစ္စာခံထားသော ပေ့လဲ့ရယ်မှာ ဟန်ပန်သာ ကျန်တော့သည်။ မိမိတို့
စစ်တပ်အင်အား၏ ဆယ်ပုံ ခုနှစ်ပုံမှာ ထိုအမျိုးသမီး၏ လက်အောက်ခံ ရန်မျိုးနွယ်များ ချုပ်ကိုင်ထားပီး မိမိမှာ ကျန် သုံးပုံသာ
ကိုင်တွယ်ရသည်။ ထိုအမျိုးသမီးက ပေ့လဲ့ရယ်ကို သစ္စာမဖောက်ပါစေနဲ့ ဟုသာ တွေးမိနေသည်။

ဂိုဏ်းချုပ်ကြီးဆိုသူ မုထူးဝါးမှာတော့ ဘာမှ မသိပါချေ။ သူ့အတွက်မူ သခင်ကောင်း နောက်လိုက်ရသည်ကိုပင် ဝမ်းသာပီတိ


ဖြစ်မိနေသည်။ သူက ထိုင်နေသောသူများကို နှုတ်ဆက်ကာ ထွက်သွားသည်။

အမျိုးသမီးမှာလဲ ပေ့လဲ့ရယ်ကို တစ်ချက် ခပ်တွေတွေ ကြည့်ကာ ထွက်သွားပြန်သည်။ ပေ့လဲ့ရယ်မှာမူ အိပ်စက်ရန် စိတ်ကူးရှပ


ိုံ မရပါ။
သူ့အနေဖြင့် အတွင်းအားများ ပျက်ဆီးကုန်သည့်နေ့မှစ၍ အိပ်၍မရ နိုင်တော့ပါချေ။ သူက ကျန်းဝေ နှင့် ရန်ကျိုး ကို ကြည့်လိုက်ပီး
" ခင်များတိလ
ုဲ့ နားချင်နားလေ... ကျုပ်ကတော့ နည်းနည်းထပ်စဉ်းစား လိုက်ဦးမယ်... "
ဟု ပြောလိုက်သည်။

ကျန်းဝေမှာ စဉ်စားလျက်နှင့်ပင် နှုတ်ဆက်ကာ ထွက်ခွာသွားပီး ရန်ကျိုး ကတော့ သွက်လက်စွာ ထွက်သွားသည်။

ပေ့လဲ့ရယ် ဆိုသူကတော့ တစ်ယောက်တည်း ကျန်နေခဲ့ကာ အတွေးထဲ ချာချာလည် နေလေသည်။ ထိုအတွေးထဲတွင်တော့ ထန်ဖန်း


တွမ့်ကျန်းယွမ် တို့သာ ရှိနေလေသည်။

#မိုးထိတောင်သိုင်းသမား #ZYN
အခန်း (၃၃) အပိုင်း သုံး
အကြံအစည်များ

ပေကျင်းမြို့ တော်....
တာ့စုန့်ပြည်မကြီး၏ နန်းတွင်းတွင် ဒီနေ့ ထူးခြားနေလေသည်။ အဘယ့်ကြောင့်ဆိုသော် ဘုရင်ဖြစ်သူ က ဆယ်နှစ်အရွယ်
အိမ်ရှေ့စံမင်းသားကို ရာထူးချကာ ဟိုပေ့နယ်စား ကို အိမ်ရှေ့စံ အဖြစ်တင်မြှောက်သောနေ့ ဖြစ်လေသည်။ များသောအားဖြင့်
အိမ်ရှေ့စံတင်မြှောက်ပွဲမှာ တိုင်းသိပြည်သိ ကျင်းပသင့်သော်လဲ ယခုမူ အမတ်များစုံညီသော ညီလာခံ တစ်ခုဖြင့်သာ ကျင်းပမည်
ဖြစ်သည်။ အမတ်အများစုက ထောက်ခံသော ဟိုပေ့နယ်စားမှာ အိမ်ရှေ့စံ ဖြစ်သည်က ဘုရင်ဖြစ်သည်နှင့် သိပ်မကွာချေ။
ဘုရင်ဖြစ်သူမှာ မျက်နှာတော် က အတော်ကို ပျက်ယွင်းနေသည်။ ထိုအဖြစ်ကို သဘော မတူသည်မှာ သိသာနေသည်။ သို့သော်လဲ
အမတ် အများစုက ထောက်ခံနေသည်က လည်းကောင်း၊ သူ့ကိုလဲ ခြိမ်းခြောက် ထားသဖြင့် လည်ကောင်း သဘောမကျပေမဲ့
လုပ်ပေးရတော့ပေမည်။

တွမ့်ကျန်းယွမ် မှာ ပြည်မ နန်းတွင်းထဲ ရောက်ရှိနေသည်။ မင်ဝေဖုန်း မှာ သူ့ကို ယုံကြည်သွားပီ ဖြစ်သည်။ ထန်ဖန်းမှာမူ အနည်းငယ်
သံသယရှိသည့်တင
ို ဂရုမထား သေးချေ။ သူက အာဏာနည်းနေသော ဘုရင်ဖြစ်သူကို ကြည့်ပီး စိတ်မကောင်း ဖြစ်မိသည်။ ဘုရင်သည်
ဘုရင်ပီပသ
ီ သ အာဏာမရှိပါက ဤကဲ့သို့ အဖြစ်များ ကြုံရပေမည်။ ဤသို့ဖြင့် မင်ဝေဖုန်း မှာ အိမ်ရှေ့စံ ဖြစ်လာသည်။ သို့သော်လဲ
အာဏာရှင် အစစ်ကမူ ထန်ဖန်း သာဖြစ်သည်။

ရွှေရောင် ဝတ်ရုံရှည် ကြီးနှင့် အကျအနဖီးထားသော ဆံပင်အဖြူရောင် အရှည်ကြီးတို့က လိုက်ဖက်လွန်းနေသည်။ သူ့ကိုယ်သူ


အမတ်ချုပ်ကြီး အဖြစ်ကြေငြာပီး အမတ်များကြားထဲတွင် ထန်ဖန်း မှာ လိုက်လံ နှုတ်ဆက်နေလေသည်။ အကြောင်းမှာ မကြာမီ
တောင်ပင်လယ်ကို သိမ်းပိုက်မည် ဖြစ်၍ စစ်စရိတ် ထည့်ဝင်ကြရန် ခြိမ်းခြောက် နေခြင်းပင်။ တာ့စုန့် အမတ်များမှာ အခွန်ငွေကို
ဘုရင်ကို မှန်မှန် မဆက်သပဲ ဖြတ်စားနေကြသည်မှာ အကျင့်ပါနေကြပီ ဖြစ်သည်။ ထိုအဖြစ်ကို သိသော ထန်ဖန်းက အကုန်လုံးကို
ခြိမ်းခြောက်ကာ တောင်းခံ နေခြင်းပင်။ တွမ့်ကျန်းယွမ် မှာမူ လူလိမ်လူကောက်များ အချင်းချင်း ဖျံကျနေသည်ကို မမြင်ချင်တော့သဖြင့်
ညီလာခံကျင်းပရာ အဆောင်မှ ထွက်ခွာရန် ပြင်လိုက်သည်။

ထိုစဉ် တပ်မှူးတစ်ယောက်က သူ့အနားကို ကပ်လာကာ ခပ်တိုးတိုး ကပ်ပြောသွားသည်။


" မင်းသားလေး... ည သန်းခေါင်ယံ တစ်ချက် တိတမ
ှိာ စာကြည့်ဆောင်ကို ကြွခဲ့ပါ... "

တွမ့်ကျန်းယွမ် က လှည့်ကြည့်မိတော့ ဘုရင့် ပလ္လင်ဘေးတွင်ရှိသော မင်ဝေဖုန်းက ခေါင်းငြိမ့်ပြလေသည်။ တွမ့်ကျန်းယွမ် မှာ


ခေါင်းပြန်ငြိမြ့် ပကာ ဖျတ် ခနဲ ပျောက်ကွယ် သွားတော့သည်။

XxxxxxxxxxxxxxxxxXxxxxxxxxxxxxxxxX

တောင်ပင်လယ်ဂိုဏ်း....
ခန်းမဆောင်ထဲရှိ ကျောက်လွေမှာ ကြံရာမရ ဒေါသပုန် ထလျက်ရှိနေသည်။ ဒီလပိုင်းတွင် သူကြားရသော သတင်းများမှာ သူ့အတွက်
အမင်္ဂလာသတင်းများသာ။ တွမ့်ကျန်းယွမ် မှာ ထန်အိမ်ဖြင့် လက်ထပ်သွားခြင်း၊ ထန်အိမ်က ဘုရင့်ဘက်တော်သား အဖြစ်
ပြောင်းလဲသွားခြင်းတို့ ဖြစ်နေသည်။ သူတို့၏ သုံးပွင့်ဆိုင် အဖွဲ့မှာလဲ ထန်ဖန်း လူလည်ကျသဖြင့် ပျက်ဆီးလေပီ။ စီးမင်ကို့ဝေ
တို့သားအဖပင် သေသွားရလေပီ။ သူလဲ သူပုန်ဟု အမည်တပ်ခံထားရသည်။ ကျောက်လွေ စိတ်ထဲတွင် ထိုသို့ပါဝင်မိသည်ကို
နောင်တရ သလိုလိုခံသားနေရသည်။ မိမိဘာမိမိ တောင်ပင်လယ်တွင် ဘုရင်တဆူ လုပ်နေနိုင် သည်ကို သိုင်းလောကခေါင်းဆောင်
ဖြစ်ချင်သဖြင့် လုပ်မိရာက အကုန်ဆုံးရှုံးကာ ထွက်ပြေးရမည့်ကိန်းဆိုက်နေသည်။ အခုလက်ရှိ သူ့တွင် လူအင်အားလဲ မရှိတော့
သားဖြစ်သူမှာလဲ အကြောမသန်တော့သဖြင့် သိုင်းလေ့ကျင့်မရ စိတ်ချစရာဟူ၍ အိမ်စောင့် ထားခဲ့သော အိမ်ထိန်းကြီးသာ
ကျန်တော့သည်။

ကျောက်လွေက ခေါက်တုံ့ခေါက်ပြန် လျှောက်နေရာမှ ခန်းမထဲကို ဝင်လာသော ခြေသံကြားရသဖြင့် လှည့်ကြည့်လိုက်သည်။


ခြေသံပိုင်ရှင်က အဘိုးအို တစ်ဦးဖြစ်သည်။ သို့သော် အသံကမူ ပေါ့ပါးသွက်လက်ကာ တည်ငြိမ်သည်။ အတွင်းအား၊ သိုင်းပညာ
ကောင်းမွန်သူတစ်ဦး ဖြစ်ပုံရသည်။

ကျောက်လွေက မျက်မှောင်ကြုတ်ပီး မေးလိုက်သည်။


" အဘိုးကြီး ဘာကိစ္စပေါ်ပြန်ပီတဲ့လ.ဲ .. "

အဘိုးကြီးဆိုသူ အိမ်ထိန်းကြီးက ခေါင်းငြိမ့်ကာ ဖြေလိုက်သည်။


" ဟုတ်တယ် သခင်ကြီး... ဒီတစ်ခါတော့ ကျုပ်တို့ ထွက်ပြေးရမယ် ထင်တယ်... "

ကျောက်လွေမှာ ထိုစကားကြောင့် စိတ်ဆိုး သွားပီး အော်လိုက်လေသည်။


" ဘာကွ... ငါက ဘာလို့ ပြေးရမှာလဲ ငါ့ကို ထွက်ပြေးရအောင် ဘယ်သူက လုပ်မှာလဲ "

အိမ်ထိန်းကြီးက လန့်သွားပီး မရဲတရဲလေသံ ဖြင့်ဖြေလိုက်သည်။


" ဟို... ဟို... ထန်ဖန်း က လာတိုက်မယ် သတင်းရလို့ပါ... "
ကျောက်လွေမှာ ထိုစကားကို ကြားတော့ လုံးဝစိတ်ပျက်သွားတော့သည်။ ထန်ဖန်း သည် သူပြိုင်ဘက်ဖြစ်နိုင်သော သူ့ကို
အပြတ်ရှင်းချင်နေသည်။ တကယ်တမ်း သိုင်းပညာချင်း ယှဉ်မည်ဆိုလျှင် သူ ထန်ဖန်းကို မကြောက်ပါ။ ထို့အတူ တွမ့်ကျန်းယွမ် ကိုလဲ
မကြောက်ပါ။ သို့သော် ထန်ဖန်းသည် တွမ့်ကျန်းယွမ်လို မိမိကို သတ္တိရှိရှိဖြင့် တစ်ယောက်ချင်းယှဉ်မည် မဟုတ်ချေ။ ဘုရင့်တပ်ကြီး
ချီကာ အပြတ်ရှင်း မှာ သေချာနေသည်။

ကျောက်လွေက ရွဲ့ကာ မေးလိုက်သည်။


" ဘာလဲ သူက ဘုရင်ဖြစ်သွားပီလား.. "

အိမ်ထိန်းကြီးက အံ့သြသွားပီး ခေါင်းငြိမ့် လိုက်လေသည်။


" သခင်ကြီး ဘယ်လိုလုပ်သိသလဲ... ကျနော် ပြောမလို့ပါ... ထန်ဖန်း ရဲ့ မွေးစားသား မင်ဝေဖုန်း က အိမ်ရှေ့စံဖြစ်သွားပီ... သူက
မကြာခင် တောင်ပင်လယ်ကို လာသိမ်းမယ် သတင်းထွက်နေတယ်... "

ကျောက်လွေက သက်ပြင်းချကာ ရေရွတ်လိုက်သည်။


" တောက်... မိုးနတ်မင်းကတော့ ငါ့ကို မျက်နှာ သာမပေးဘူးထင်တယ်... ဒီလိုဖြစ်ရတယ်လို့ကွာ... "

အိမ်ထိန်းကြီးက ခပ်တိုးတိုးလေသံဖြင့် ခွင့်တောင်းလိုက်သည်။


" ဟို...ဟို.. ဟိုလေ သခင်ကြီး... ကျနော်တို့ ထွက်ပြေးကြမလား... "

ကျောက်လွေက စိတပ
်ျက်ကာ ဖြေလိုက်သည်။
" ပြေးရအောင်... ဘယ်ပြေးမှာလဲ... အဲ့ဒီ ခေါင်းဖြူကြီးက ငါ့ကို မိုးဆုံးမြေဆုံး လိုက်ရှာသတ်မှာကွ... အခုဆို ငါတစ်ယောက်ပဲ
သူ့သိုင်းပညာကို ယှဉ်ပြိုင် နိုင်တော့တာ... တွမ့်ကျန်းယွမ်က သူ့သမက် ဖြစ်နေပီ...."

အိမ်ထိန်းကြီးက အကြံရှိသလို တစ်ချက်ပြုံး လိုက်လေသည်။ ကျောက်လွေမှာ ထိုအပြုံးကို မြင်သော် မျက်မှောင်ကြုတ် ကာ မေးငေါ့ပီး


မေးလိုက်သည်။
" ပြောစမ်း ဘာတဲ့လဲ "

" ကျနော်... တစ်ခုထပ်ကြားထားသေးတယ် သခင်ကြီး.... အခုနယ်စပ်မှာ ပုန်ကန်နေတဲ့ မင်စုထန် နဲ့ မုယုံမျိုးနွယ်တွေက အင်အား
အတော်ကြီးပီး အခြေခိုင်နေပီလို့ကြားတယ် သူတို့ဆီ သွားပူးပေါင်းရင် မကောင်းဘူးလား သခင်ကြီး... "

ကျောက်လွေမှာ တစ်ချက် တွေခနဲ ဖြစ်သွားသည်။


" မင်းပြောတာ မဆိုးဘူးကွ... အဲ့ဒီ မင်စုထန် တို့နဲ့ ပူးပေါင်းမယ်ဆိုရင် ဖြစ်နိုင်ချေ ရှိတယ် ဒါပေမဲ့ အခုအချိန် ပူးပေါင်းရင် ငါက
အောက်စည်းကနေ ဝင်ရပီး အထင်သေးခံရ မှာပေါ့ကွ ဒါတော့ မဖြစ်သေးဘူး... "

အိမ်ထိန်းကြီးက စဉ်းစားနေရင်းက သူ သတင်းကောက်စဉ်က ထပ်မံကြားထားသော သတင်းတစ်ခုကို သတိရမိသွားသည်။ ထို့နောက်


ပြုံးလိုက်ကာ
" ဒီအတွက်တော့ မပူနဲ့ သခင်ကြီး... သခင်ကြီးဆီမှာ အနီရောင် ဆေးလုံး ကျန်နေသေးရင် အဆင်ပြေပီ... တန်းတူ အဆင့်နဲ့
သွားပူးပေါင်းလိ့ရ
ု ပီ... "

ကျောက်လွေက မျက်မှောင်ကြုတ်ကာ
" အနီရောင် ဆေးလုံး ဟုတလ
်ား... အဲ့ဆေးလုံး နဲ့ ဘယ်လိုပတ်သတ်နေတာလဲ "
ဟု မေးလိုက်သည်။

အိမ်ထိန်းကြီး က ခပ်တိုးတိုးလေသံဖြင့် သူ့ကြားထားသော ဆေးလုံးများအကြောင်း ကို အနားကပ်ကာ ရှင်းပြလိုက်လေသည်။


ကျောက်လွေမှာ အံ့သြကာ ပါးစပ်အဟောင်းသား ဖြစ်နေသည်။

" ငါမထင်ခဲ့ဘူး... တွမ့်ကျန်းယွမ် က ဒီလောက် ကံကောင်းလိမ့်မယ်လ.ို့ .. အဆိပ်ကို ရွေးမိတာတောင် သူလိုနေတဲ့


ဖြေဆေးကပါသွားသေးတယ်... ဒါကိုတောင် မှန်မှန်ကန်ကန် ရွေးပီးစားနိုင်သေးတယ်... ဒီလူဟာ သတ်လို့မရမဲ့ လူမျိုးပဲ... သူမှာ
သေကံမရှိဘူးကွ.... သူနဲ့ ရင်မဆိုင်ချင် တော့ဘူး... "
ကျောက်လွေက သက်ပြင်းချကာ ရေရွတ်လိုကသ
် ည်။

အိမ်ထိန်းကြီး က စိတ်ပျက်နေသော သူ့သခင်ကြီးကို အားပေးလိုက်သည်။


" စိတ်တင်းထားပါ သခင်ကြီး... မင်စုထန် နဲ့ တွမ့်ကျန်းယွမ် က မပြေလည်နိုင်မဲ့ ပြသနာ ရှိပီးသားပါ... သခင်ကြီးက ထန်ဖန်းကိုသာ
လက်စားချေရုံပဲ တွမ့်ကျန်းယွမ် ကိုက မင်စုထန် ရင်ဆိုင်လိမ့်မယ်... သူအောင်မြင်ရင် အသာအယာ ခွဲဝေယူမယ် မအောင်မြင်ရင်
ကျနော်တို့က ရှောင်ထွက် ကြမယ်လေ... "
ကျောက်လွေမှာ အိမ်ထိန်းကြီး စကားကြောင့် ပြုံးမိကာ ရေရွတ်လိုက်လေသည်။
" ငါ ခိုင်ဖုန်းကို တိုက်တုန်းက မင်းကိုသာ ခေါ်ခဲ့ရင် ကျဲအော် လဲ ဒဏ်ရာရမှာ မဟုတ်ဘူး... ငါလဲ အခုလို ဖြစ်မှာ မဟုတ်ဘူးပဲ ....
ကဲပါလေ အသင့်ပြင်ထား ငါတို့ နယ်စပ် ကိုသွားမယ်... ကျဲအော် ဒဏ်ရာကို မထိခိုက်စေ ဖို့ သတိထား ... "

အိမ်ထိန်းကြီးက ခေါင်းငြိမ့် အရိုအသေပေးပီး ထွက်သွားလေသည်။ ကျောက်လွေ တစ်ယောက်သာ တွေးတောရင်း


ကျန်နေခဲ့လေသည်။

#မိုးထိတောင်သိုင်းသမား #ZYN
အခန်း (၃၃) အပိုင်း လေး
အကြံအစည်များ

မင် မင်းဆက် နန်းတော်...


ခမ်းနားလွန်းသော နန်းတော်ကြီးမှာ ညအချိန်မတော် ဖြစ်သော်လဲ အလုံးစုံ မည်းမှောင်နေခြင်း မရှိပါ။ လင်းနေသည့် နေရာများလဲ
ရှိနေတတ်သည်။ များသောအားဖြင့် စားဖိုဆောင် နှင့် ဘုရင်မင်းမြတ်၏ စာကြည့်ဆောင် မှာ နေ့ရောညပါ နားရသည်မရှိ
လင်းထိန်နေကြ သည်သာဖြစ်သည်။ ယခုည သည်ကတော့ အနည်းငယ် ထူးခြားပုံရသည် စာကြည့်ဆောင်မှာ လင်းထိန်မနေပဲ
အနည်းငယ် မှိန်ပျသော အလင်းရောင်သာ ရှိနေသည်။ သိ့ေ
ု သာ် အထဲတွင်တော့ လူနှစ်ယောက်မှာ တစ်ယောက် မျက်နှာ
တစ်ယောက်ကြည့်ပီး တစ်ယောက်နှင့် တစ်ယောက် ထိန်းချုပ်ရန် ကြံစည်ကာ စကားပြောနေကြသည်။ သူတို့၏ ဝတ်စားပုံမှာ
ဆင်တူသည်။ တစ်ယောက်က နဂါးရုပ်ကို ရွှေချည်ထိုး ပုံဖော်ထားသော ရွှေဝါရောင် ဝတ်ရုံရှည် ကို ဝတ်ဆင်ပီး တစ်ယောက်က
ရွှေရောင်ချည်ဖြင့် နဂါးရုပ် ပုံဖော်ထားသောသော အနီရောင်ဝတ်ရုံရှည် ကို ဝတ်ဆင်ထားသည်။

ထိုသူနှစ်ယောက်မှာ သိုင်းပညာကောင်းသူ ဖြစ်ပါက သို့မဟုတ် အကြားအမြင်ရသူ ဖြစ်ပါက သူတို့ငြင်းခုန်နေခြင်းကို ထုပ်တန်းပေါ်မှ


ကြည့်နေသော အပြာရောင် ကိုယ်ကျပ်ဝတ်စုံ ဝတ်ဆင်ထားသူကို မြင်ရပေမည်။ သို့သော် ထိုသူနှစ်ယောက်မှာ အသဲအသန်
ဆွေးနွေးနေသဖြင့် ဘာကိုမှ သတိထားမိဟန် မတူပါ။ အပြာရောင် ဝတ်စုံနှင့်သူကတော့ ထိုစကားများကို အသေအချာ နားထောင်ကာ
စဉ်းစားနေပုံရ သည် လှုပ်ပင် မလှုပ်ချေ။

ရွှေရောင်ဝတ်စုံနှင့်သူက ခေါင်းခါကာ
" ငါကိုယ်တော် သဘောပေါက်ပါတယ် မင်းက အရင်နန်းကျဘုရင်ရဲ့သားတော် ဖြစ်တယ် ဆိုတာ ငါအရင်ကတည်းက ရိပ်မိနေတာပါ...
ဒါပေမဲ့ ငါမသိချင်ယောင် ဆောင်နေခဲ့တာ... အခုတော့ ဒါက ငါ့ကို ဒုက္ခရောက်စေတာပဲ "
ဟု ပြောလိုက်သည်။

အနီရောင်ဝတ်စုံနှငသ
့်ူ က သက်ပြင်းချကာ
" အကိုတော်... အကိုတော်တို့ သုံးယောက် နန်းလုကြတုန်းက ကျနော်က ဆယ်နှစ်သားပဲ ရှိပါသေးတယ်... အခုလဲ အကိုတော့်
သားတော်က ဆယ်နစ
ှ်သားပဲဆိုတော့ ဝဋ်လည်တယ်လို့ မထင်မိဘူးလား... "
ဟု မေးလိုက်သည်။

ရွှေရောင်ဝတ်စုံနှင့်သူက ခေါင်းငြိမ့်ကာ
" ဟုတ်တာပေါ့ ဝဋ်လည်တာ ပေါ့က.ွ .. ဒါပေမဲ့ မင်းအခုရောက်နေတဲ့နေရာက ရုပ်သေးရုပ်ဘဝပါကွာ... မင်းအနေနဲ့ ထန်ဖန်းကို ဘယ်လို
တော်လှန်မလဲ... ဘုရင်ဆိုတာ သူ့အထက်မှာ လူတစ်ယောက် ရှိနေသရွေ့ ဘုရင်မဟုတ်ဘူးကွ... "
ဟု ပြတ်သားစွာ ပြောလိုက်သည်။

အနီးရောင်ဝတ်စုံနှင့်သူက ပြုံးလိုက်ကာ
" ဒီအတွက် မပူပါနဲ့ ညီတော့်မှာ အစီအစဉ် ရှိပီးသားပါ... ဒီနေ့ည ဒီလိုလာပီး ဆွေးနွေး ရတာကလဲ အကိုတော့်ကို ကမ်းလှမ်းစရာ
ရှိလို့ပါပဲ... "
ဟု ပြောလိုက်သည်။
ရွှေရောင်ဝတ်စုံနှင့်သူက ရယ်ကာ
" ငါတို့နှစ်ယောက်က အသက်နှစ်ဆယ်ကျော် ကွာခြားပေမဲ့ မျိုးဆက်ဇယားအရ တော်စပ်ပုံက ညီအကိုဖြစ်တယ်.... အဲ့ဒီတော့
အကိုတော်လို့ သုံးနှုန်းတာ လက်ခံပါတယ် ဒါပေမဲ့ ဘာကိုကမ်းလှမ်းချင်တာလဲ... ငါကတော့ လက်မခံဘူး... ငါရဲ့နောက်ဆုံး အင်အားကို
ငါ့သားတော်ကို ကာကွယ်ဖို့ ချန်ထားရမယ် မင်းကို မပေးနိုင်ဘူး "
ဟု ငြင်းလိုက်သည်။

အနီရောင်ဝတ်စုံနှငသ
့်ူ က ခေါင်းငြိမ့်ကာ
" အကိုတော်က ကျနော် ဘာကိုဆိုလိုမှန်း သိနေသားပဲ... ပြောရတာ ပိုပီး အဆင်ပြေ တာပေါ့... ကဲပါလေ... နားထောင်ကြည့်ပါဦး
ကျနော် ဘာကိုကမ်းလှမ်းမယ် ဆိုတာ "
ဟု ပြောလိုက်သည်။

ရွှေရောင်ဝတ်စုံနှင့်သူက ခေါင်းခါကာ
" မင်းဘယ်လို ကမ်းလှမ်းပါစေ... စစ်သူကြီး နှစ်ယောက်ရဲ့ စစ်အင်အားက ငါ့သားတော် အတွက်ပဲ ဖြစ်ရမယ်... တာ့စုန့် ဘယ်နှစ်ခြမ်း
ကွဲထွက်သွားပါစေ ငါ့သားတော်က သူ့စစ်အင်အားနဲ့သူ ဘုရင်တစ်ပါး ဖြစ်စေရမယ်... "
ဟု ငြင်းဆန်နေလေသည်။

အနီရောင်ဝတ်စုံနှငသ
့်ူက မျက်မှောင်ကြုတ်ပီး
" အကိုတော် ဒီလို ခေါင်းမာနေမယ်ဆိုရင် မင်စုထန် နဲ့ မုယုံမျိုးနွယ်တွေက တာ့စုန့်ကို ခွဲခြမ်းပီး အုပ်စိုးသွားလိမ့်မယ်... ကျနော့်ကို
ဘုရင်တင်မဲ့ ထန်ဖန်း က တစ်ခြမ်း ကျန်နေဦးမှာပဲ... တိုင်းပြည်က လေးခြမ်းကွဲမယ် တစ်ခြမ်းနဲ့တစ်ခြမ်းလဲ သိမ်းပိက
ုဖို့
အမြဲကြိုးစားနေကြမယ် ဘေးက တိုင်းပြည်တွေကလဲ ဝိုင်းပီး တိုက်ခိုက်ကြမှာပဲ စစ်မက်ထေ
ူ ပြာကုန်မယ် ပြည်သူတွေလဲ ဒုက္ခ
ရောက်မယ်... နောက်ဆုံးမှာတော့ စစ်ရေးမကျွမ်းကျင်တဲ့ အကိုတော်ရဲ့ ငယ်ရွယ်တဲ့ သားတော်က တစ်ယောက်ယောက် လက်မှာ
သေမှာပဲ... အကိုတော်က ဒါမျိုး ဖြစ်စေချင်သလား "
ဟု ခပ်မာမာ မေးလိုက်လေသည်။

ရွှေရောင်ဝတ်စုံနှင့်သူက တွေဝေသွားကာ
" မင်း... ဘာပြောချင်တာလဲ "
ဟု မေးလိုက်သည်။

အနီရောင်ဝတ်စုံနှငသ
့်ူ က ပိုင်နိုင်စွာဖြင့်
" အဲ့ဒီ စစ်တပ်နှစ်ခုကို ကျနော့် လက်အပ်ပါ ဒါပေမဲ့ ထန်ဖန်း လက်မရောက်စေရဘူး... ပီးတော့ တူတော်ကို ကျနော့်သားအဖြစ်
မွေးစားလိုက်မယ်... ကျနော် ပီးရင် သူ့နန်းတက်ပေါ့... ကျနော့်မှာ သားမရှိဘူး သမီးတော် နှစ်ပါးပဲရှိတာ အကိုတော် အသိပဲလေ... "
ဟု ပြောလိုက်လေသည်။

ရွှေရောင်ဝတ်စုံနှင့်သူက ခေါင်းငြိမ့်ကာ
" ကမ်းလှမ်းချက်က ကောင်းပါတယ်... ဒါပေမဲ့ အာမခံချက် မရှိဘူး... အဲ့ဒီစစ်တပ် နှစ်ခု အင်အားက မင်းနဲ့ မင်စုထန်ကို ယှဉ်လို့ရတယ်
ငါက အောက်ကျခံပီး ပေးစရာ မလိုဘူး... ပေးဖို့ဆိုရင် ငါ့အတွက် အာမခံချက် တစ်ခုရဖ
ှို့လိုတယ်... ပီးတော့ မင်းက ထန်ဖန်းကို
ဘယ်လိုတော်လှနမ
် လဲ ငါမသိသေးဘူး "
ဟု ပြောလိုက်လေသည်။

အနီရောင်ဝတ်စုံနှငသ
့်ူ က ခေါင်းငြိမ့်ကာ
" အာမခံချက် လိုချင်ရင် ကျနော့်မိသားစုကို ခေါ်ထားပါ... ပီးတော့ တူတော်ကို ကျနော် တကယ် အခမ်းအနားနဲ့ မွေးစားမှာပါ... ထန်ဖန်း
အတွက်က ကတော့ စိတ်မပူပါနဲ့ သူ့ကို ယှဉ်နိုင်တဲ့ သိုင်းသမားလဲဖြစ် အင်အားလဲ သုံးနိုင်တဲ့ တာ့လီကမင်းသား ရှိပါတယ် ကျနော်
သူနဲ့ပူးပေါင်းထားတယ် "
ဟု ပြောလိုက်သည်။
ရွှေရောင်ဝတ်စုံနှင့်သူက မျက်မှောင်ကြုတ်ပီး
" တာ့လီက မင်းသားက ထန်ဖန်း သမက် မလား... မင်း လူမှားပေါင်းပီနဲ့ တူတယ်... ထန်ဖန်းကို သူက ဆန့်ကျင်စရာ ဘာအကြောင်းမှ
မရှိဘူး... "
ဟု ပြောလိုက်လေသည်။

အနီရောင်ဝတ်စုံနှငသ
့်ူ က မုတ်ဆိတ်ကို သပ်နေပီး စဉ်းစားကာ
" သူ ဘာကြောင့် ဆန့်ကျင်နေလဲတော့ သေချာမသိဘူး ဒါပေမဲ့ လူပေါင်းမမှားတာ အသေအချာပဲ... သူ့အကြောင်းပြချက်ကို သူလာမှ
နားထောင်ကြည့်ပါ... တစ်ချက်ထိုး ရင် ရောက်လာမယ်လို့ ကျနော် ချိန်းထားတယ်... "
ဟု ပြောလိုက်သည်။

ရွှေရောင်ဝတ်စုံနှင့်သူက ခေါင်းငြိမ့်ကာ
" မင်းက ဘုရင်ဖြစ်သင့်ပါတယ်... အကုနလ
်ုးံ ကို အချိန်ကိုက် ကြိုတင် တွေးတော စီစဉ်ထားတာပဲကိုး... "
ဟု ပြောလိုက်လေသည်။

ထိုစဉ်မှာပင် အပေါ်ထုပ်တန်း ပေါ်မှ ထိုင်နေသူက လှုပ်ရှားမှုတစ်ခု ပြုလုပ်လိုက် လေသည်။ အသံစိုးစဉ်းမျှ မထွက်ပဲ ဖျတ် ခနဲ
ပျောက်ကွယ်သွားခြင်း ဖြစ်သည်။ ထိုသူ၏ ကိုယ်ဖော့ပညာမှာ ပြိုင်စံရှားလောက်အောင် ကောင်းမွန်လွန်းသည်။ အောက်မှ
စကားပြောနေသော လူနှစ်ယောက်မှာ သိပင် မသိလိုက်ပါချေ။

ထို့နောက် တစ်ချက်ထိုးပီ ဖြစ်ကြောင်း မောင်းတီး၍ အော်သံကြားလိုက်ရသည်။ စာကြည့်ဆောင် တံခါးမှာ ဖျတ်ခနဲ ပွင့်သွားပီး


လေတစ်ချက်တိုက်လာသည်။ မှိန်ပျပျ မီးအိမ် လေးငါးလုံးမှာ မှိတ်တုတ်မှိတ်တုတ် ဖြစ်သွား တော့လေသည်။

ရွှေရောင်နှင့် အနီဝတ်ဆင်ထားသူနှစ်ယောက် မှာ ရုတ်တရက်မို့ ထိတ်လန့်သွားကြသည်။ တခဏချင်းမှာပင် မီးရောင်ပြန်လည်


တည်ငြိမ်သွားတော့သည်။ ထိုအခါတွင်တော့ စာကြည့်ဆောင်ထဲတွင် ရှိသောလူဦးရေမှာ ပြောင်းလဲသွားချေပီ။ အပြာရောင် ဝတ်ရုံရှည်
ဝတ်ဆင်ထားသူ တစ်ယောက် ထပ်မံတိုးလာ လေသည်။ ထိုသူ၏ ဝတ်ရုံရှည် တွင်လဲ ရွှေချည်ဖြင့် နဂါးရုပ်ပုံဖော်ထားသည်။
သို့သော်ငြား ထိုနဂါးရုပ်မှာ ပုံစံမတူချေ။ ပိုမို အနုစိတ်ကျကာ တောင်တစ်လုံးကို ရစ်ပတ်ခွေထားပုံ ဖြစ်နေသည်။ တိတိကျကျ
ဆိုရပါလျှင် ထိုသူ၏ ဝတ်ရုံရှည်ကြီးမှာ ပန်းချီကားတစ်ချပ် သဖွယ် ဖြစ်နေသည်။ ထို့ပြင် ထိုသူ၏ ဆံပင်ပုံစံ မှာ တာ့စုန့် မင်းညီမင်းသား
များနှင့် ကွဲပြားသည်။ ဆံပင်ကို အပြောင်မသိမ်းထားပဲ အရှေ့တွင် ကျစ်ဆံမြှီး နှစ်ခု ချထားသည်။ အချုပ်အားဖြင့် ဆိုရသော် ထိုသူမှာ
မျိုးရိုးမြင့်မားသူတစ်ဦးဟု ဆိုနိုင်သော်လဲ ဝတ်စားဆင်ယင်ပုံမှာ ထူးခြားသည်ဟုပင်။

အနီရောင်ဝတ်စုံနှငသ
့်ူ က ထို အပြာရောင်ဝတ်စုံနှင့်သူ ကို ပြုံးပြကာ
" မင်းသားလေးတွမ့် ကတော့ တကယ့် သိင
ုးသမားပဲဗျ... ကျုပ်တို့ ညီအကို နှစ်ယောက်ကို သတ်ပစ်မယ်ဆိုရင်တောင် ကျုပ်တို့
သိလိုက်မှာမဟုတဘ
်ူး... နန်းတွင်းရဲ့ အလုံခြုံဆုံး စာကြည့်ဆောင် ကတောင် မင်းသားလေးကို မတားဆီးနိုင်ဘူးပဲ "
ဟု ပြောလိုက်သည်။

ရွှေရောင်ဝတ်စုံနှင့်သူ ကမူ မယုံကြည်နိုင်ပုံ ဖြစ်နေကာ မျက်လုံးပြူးကြည့်ပီး


" မင်း... မင်း... တကယ်ကြီး ဖြတ်ကျော်ခဲ့ တာပေါ့လေ... ဘယ်လိုများ ဖြတ်လာခဲ့လဲ "
ဟု မေးလိုက်သည်။

အပြာရောင်ဝတ်စုန
ှံင့်သူ က ပြုံးပြကာ
" ကံကောင်းလို့ပါ မင်းကြီး... အချိန်မတော် လာရောက် ဂါရဝပြု မိတာ ခွင့်လွှတ်ပါ... "
ဟု ဖြေလိုက်သည်။

အနီရောင်ဝတ်စုံနှငသ
့်ူ က ရယ်ကာ
" ဒါတင်ဘယ်ကမလဲ အကိုတော် ဒီနေ့ လုံခြုံရေးက နှစ်ဆဗျ ကျနော်ကလဲ အကို့တော် သက်တော်စောင့် တွေရဲ့ အပြင်စည်းမှာ ကျနော့်
သက်တော်စောင့် တွေ ချထားခဲ့သေးတယ်... မင်းသားလေး လာရင် ကြိုသိရအောင်ပေါ့ဗျာ... ဒါပေမဲ့ မင်းသားလေးကတော့
လေတိုက်သလို ရောက်လာတာပဲ "
ဟု ပြောလိုက်လေသည်။

အပြာရောင်ဝတ်စုန
ှံင့်သူ က ပြုံးကာ
" ကျနော် လုပ်နိုင်တာကို ထန်ဖန်း ကျောက်လွေ မင်စုထန် ပိုင်လုံ ဆိုတဲ့ သိုင်းသမားတွေလဲ လုပ်နိုင်ပါတယ်... ဖြစ်နိုင်ရင် မင်းကြီးနဲ့
အိမ်ရှေ့စံတို့ ပိုပီး သတိထားကြပါ... "
ဟု ပြောလိုက်လေသည်။

တွမ့်ကျန်းယွမ် ၏ စကားကြောင့် ရွှေရောင် နှင့် အနီရောင် ဝတ်ဆင်ထားသူ နှစ်ယောက် မှာ တုန်လှုပ်သွားကြသည်။ သူတို့၏
စိတ်ထဲတွင် သိုင်းလောကသားများကို ကြောက်လန့်သွားပုံရသည်။

ရွှေရောင်ဝတ်စုံနှင့်သူ က သက်ပြင်းချကာ
" သိုင်းလောကသားတွေက အတော်ကို ကြောက်စရာကောင်းတာပါပဲလား "
ဟု ရေရွတ်လိုက်သည်။

အနီရောင်ဝတ်စုံနှင့်သူ ကမူ မျက်မှောင်ကြုတ် လိုက်ပီး ပြတ်သားသောအသံဖြင့်


" နောက်ရက်ကစပီး အစောင့်တွေရဲ့ သိုင်းပညာကို တိုးတက်အောင် လုပ်ထား ရမယ်... "
ဟု ပြောလိုက်သည်။

တွမ့်ကျန်းယွမ် ကမူ ဘာမှ မှတ်ချက်မပေးပဲ ငြိမ်နေလိုက်သည်။

အနီရောင်ဝတ်စုံနှငသ
့်ူ က တွမ့်ကျန်းယွမ် ဘက်လှညက
့်ာ မေးလိုက်သည်။
" မင်းသားလေး... မင်းသားလေးက ဘာကြောင့် ထန်ဖန်းကို ဆန့်ကျင်ရသလဲ အကိုတော်က သိချင်နေတယ်... ကျုပ်လဲ သိချင်နေတယ်
ဖြစ်နိုင်ရင်ပြောပြပါ "

တွမ့်ကျန်းယွမ် က ခေါင်းငြိမ့်ကာ
" အကြောင်းကတော့ ထန်ဖန်းလိုလူမျိုးက တိုင်းပြည်တစ်ခုကို အုပ်ချုပ်ဖို့ မသင့်တော်ဘူး လို့ ကျနော်ထင်လို့ပါပဲ... သူသာ တာ့စုန့်ရဲ့
အုပ်ချုပ်သူ ဖြစ်နေရင် ကျနော်တို့ တာ့လီလဲ စိတ်အေးရမှာမဟုတ်ဘူးလေ... "
ဟု ဖြေလိုက်လေသည်။

ရွှေရောင်ဝတ်စုံနှင့်သူ က တွေဝေနေကာ
" ငါ့သားတော်အတွက် အဆင်ပြေမယ်ဆိုရင် ငါနန်းဆင်းပေးရလဲ ကိစ္စမရှိပါဘူး အဓိကက ထန်ဖန်းနဲ့ မင်စုထန် လက်ထဲ အာဏာ
မကျရောက်ဖို့ပဲ "
ဟု ပြောပီး တွမ့်ကျန်းယွမ် ကို အကဲခတ် နေလေသည်။

တွမ့်ကျန်းယွမ် က သက်ပြင်းချကာ
" မင်စုထန်ကို ကျနော် တာဝန်ယူလိုက်ပါမယ် မင်းကြီး... အိမ်ရှေ့စံနဲ့ပူးပေါင်းပီး စစ်တပ်ကိုသာ ပြင်ဆင်ထားပါ... ထန်ဖန်း ကိုရင်ဆိုင်ဖို့
ကျောက်လွေကို ကျနော် စီစဉ် ထားပါတယ်... "
ဟု ပြောလိုက်လေသည်။

အနီရောင်ဝတ်စုံနှငသ
့်ူက မျက်မှောင်ကြုတ်ပီး
" မင်းသားလေးက ဒီပူးပေါင်းမှုအတွက် ဘာလိုချင်တာများ ရှိသလဲ "
ဟု မေးလိုက်လေသည်။

တွမ့်ကျန်းယွမ် က တည်ငြိမ်သော အမူအယာဖြင့် ပြောလိုက်လေသည်။


" တာ့လီရဲ့ လုံခြုံရေးပါ...
တာ့စုန့်က တာ့လီကို ညီအကို နိုင်ငံအဖြစ် သတ်မှတ်ပီး အကာအကွယ် အကူအညီပေးဖို့ပါပဲ ... "
ကျန်နှစ်ယောက်မှာ ထိုစကားကို သဘောတူကြောင်း ခေါင်းငြိမ့်မိကြသည်။ တွမ့်ကျန်းယွမ် ၏ စကားမှာ လက်မခံနိုင်စရာ မရှိပါချေ။

တွမ့်ကျန်းယွမ် က စာလိပတ
် စ်ခုကို ဖြန့်ကာ စားပွဲပေါ်သို့တင်လိုက်သည်။ ထို့နောက် ထိုလန
ှူစ်ယောက်ကို ကြည့်ကာ
" မင်းကြီးနဲ့ အိမ်ရှေ့စံတို့ ဒီစာလိပ်မှာ တံဆိပ်တော်နှိပ်ပေးကြရင် ကျနော်တို့ရဲ့ ဆွေးနွေးခြင်းကို ပိုမို စိတခ
်ျရစေမှာပါ "
ဟု ပြောလိုက်လေသည်။

ရွှေရောင်ဝတ်စုံနှင့်သူ က စားပွဲပေါ်ရှိ ကျောက်စိမ်းတံဆိပ်တော်ကို နှိပ်ခတ်ကာ အနီရောင်ဝတ်စုံနှင့်သူ ကို ကြည့်လိုက်သည်။


အနီရောင်ဝတ်စုံနှငသ
့်ူ ကလဲ ရင်ဘတ်ထဲမှ ရွှေတံဆိပ်တော်ကို နှိပ်ခတ်လိုက်လေသည်။ တွမ့်ကျန်းယွမ် က စာလိပ်ကို သေသေချချာ
လိပ်ကာ ဘူးထဲထည့်ပီး လွယ်ထား လိုက်သည်။

ထို့နောက် ထိုလူနှစ်ယောက်ကို ဂါရဝပြု လိုက်သည်။ ပီးမှ တည်ငြိမ်သောအသံဖြင့်


" အခုဆိုရင် နောက်ဆုံးအဆင့်ကို ရောက်ပီ လို့ပြောလို့ရပါတယ် မင်းကြီးနဲ့ အိမ်ရှေ့စံ... ကျနော်က မင်စုထန်နဲ့ ကျောက်လွေကို
ထန်ဖန်းနဲ့ ရင်ဆိုင်ဖို့ စီစဉ်ထားတဲ့အတွက် မင်းကြီးက နည်းနည်းကူညီပေးပါ... ကျနော်နဲ့ အိမ်ရှေ့စံက ထန်ဖန်းဘက်က ရှိနေပေးရမဲ့
အတွက် လှုပ်ရှားဖို့ အဆင်မပြေလောက်ဘူး ထင်ရပါတယ်... "
ဟု ပြောလိုက်သည်။

ရွှေရောင်ဝတ်စုံနှင့်သူ က ခေါင်းငြိမ့်ကာ
" ငါကိုယ်တော်ဘက်က တတ်နိုင်တာကို ကူညီနိုင်ပါတယ် ငါ့သားတော်ရဲ့ ရှေ့ရေးကို မင်းတို့နှစ်ယောက် အာမခံသရွေ့ပေါ့... "
ဟု ပြောလိုက်လေသည်။

ထို့နောက် တွမ့်ကျန်းယွမ် က ပြုံးလိုက်ပီး ရွှေရောင်နှင့် အနီရောင် လူနှစ်ယောက် အနား တိုးလိုက်ကာ တီးတိုးပြောကြား


လိုက်တော့သည်။ ထိုလူနှစ်ယောက်မှာ ခေါင်းတဆတ်ဆတ်ငြိမ့်ကာ သဘောကျ နေကြလေသည်။

#မိုးထိတောင်သိုင်းသမား #ZYN
အခန်း (၃၄) အပိုင်း တစ်
ရှောင်လွဲမရနိုင်သော

အမတ်ချုပ်ကြီး ထန်ဖန်း...
ငွေရောင် တောက်ပကာ ဖြောင့်စင်းနေသော ဆံပင်ရှည်ကြီးများကို တယုတယ ဖြီးသင်နေရင်းမှ ထန်ဖန်းက အခန်းအပြင်ကို
လှမ်းခေါ်လိုက်သည်။

" အပြင်က တစ်ယောက်လာစမ်း "

ချက်ချင်းဆိုသလို အနက်ရောင် မျက်နှာဖုံးစွပ် ဝတ်ဆင်ထားသော လူတစ်ယောက်က ဖျတ်ခနဲ ဝင်ရောက်လာသည်။

ထန်ဖန်းက ဒူးထောက်ကာ အရိုအသေပေး နေသော ထိုလူကို ပြုံးကာ မေးလိုက်သည်။

" ဘယ်လိုလဲ အမှတ်တစ်... မင်းလွှတ်လိုက်တဲ့ မြေကြွက်တွေ ပြန်လာပီလား... "

အမှတ်တစ်ဆိုသူမှာ ထိုအမေးကြောင့် တဆတ်ဆတ်တုန် သွားသည်။ သူက ခေါင်းကို ငုံ့သထက်ငုံ့ကာ

" ဟို... ဟို... သခင်ကြီး... အခုထိ ဘာသတင်းမှ မကြားရသေးပါဘူး ခင်ဗျ... "


ဟု ဖြေလိုက်သည်။

ထန်ဖန်း မှာ ပြုံးနေရာမှ ဒေါသထွက်သွားပီး လက်တွင် ကိုင်ထားသော ဘီးကို ချိုးပစ် လိုက်သည်။ ကျိုးပဲ့သွားသော ဘီးစိတ်မှ
အချောင်းတစ်ချောင်းကို ဖြုတ်လိုကပ
်ီး အမှတ်တစ် ရှိရာသို့ ပစ်လွှတ်လိုက်သည်။

" စွပ်... " " အင့်... "

အင့် ခနဲ အသံခပ်တိုးတိုးသာ ထွက်ပီး အမှတ်တစ်မှာ အသက်ထွက်သွားသည်။


" အမှတ်နှစ်... လာစမ်း... ဒီအလောင်းကို ရှင်းသွား... ဒီနေ့ကစပီး မင်းက အမှတ်တစ် ဖြစ်ပီ... လုပ်လက်စတွေ အကုန်တာဝန်ယူ
ကြားလား... "

ထိုစကားဆုံးပီးပီးခြင်းပင် အနက်ရောင်လူ တစ်ယောက် ထပ်မံရောက်လာကာ အမှတ်တစ် အလောင်းကို ထမ်းကာ အရိုအသေပြုရင်း


ထွက်ခွာသွားသည်။

ထန်ဖန်း က ဘီးနောက်တစ်ခုကို ယူရင်းမှ သူစိတ်လုလ


ိ က်ရ လုပ်မိတာကို နောင်တရသလိုလို ဖြစ်မိသည်။ အမှတ်တစ်မှာ
သူသင်ပေးထားသော မြေကြွက်တွေအထဲတွင် အတော်ဆုံး ဖြစ်သည်။ အမှတ်နှစ်မှာ ထိုမျှလောက် ပါးရည်နပ်ရည် မရှိပါ။ အမှတ်လေး
ဦးဆောင်သော ကျန်မြေကြွက်များမှာလဲ ကျောက်လွေနောက် လိုက်ခိုင်းလိုက်ရာ ပြန်မလာတော့ချေ။ သူထင်ထားသလို
ကျောက်လွေမှာ ခပ်ချာချာ ဟုတ်ပုံမရပါ။ ထိုမြေကြွက်များမှာ မြေကြီးထဲ ရောက်သွားပုံ ရသည်။ ဆက်စပ်၍ တွေးမိရင်း ထန်ဖန်းမှာ
တစ်စုံတစ်ခုကို သတိရသွားသည်။ ကျောက်လွေ နှင့် မင်စုထန် ပေါင်းမိသွားလျှင်....
ထိုသို့ အဖြစ်ခံ၍ မရပါ။ ကျောက်လွေ နှင့် မင်စုထန် မပေါင်းမိခင် မင်စုထန်တို့ကို ရှင်းပစ်ရလိမ့်မည်။

ထို့နောက် အခန်းပြင်သို့ လှမ်းအော် လိုက်သည်။


" အမှတ်သုံး လာခဲ့စမ်း... "

အမှတ်သုံးမှာ ဖျတ်ခနဲ ရောက်လေသည်။ ထန်ဖန်းက အမှတ်သုံးကို စူးစိုက်ကြည့်ကာ


" ထန်ဝူကို ငါ့ဆီ ရှာခေါ်ခဲ့... အရေးကြီးတယ်လို့ ပြောလိုက်... ပီးတော့ ဝေါယာဉ် ပြင်ထား ငါနန်းတွင်းသွားပီး မင်းကြီး နဲ့တွေ့ရမယ်... "
ဟု ပြောလိုက်လေသည်။

XxxxxxxxxxxxxxxxXxxxxxxxxxxxxxxxX

နေပြည်တော်မှ ဆင့်ခေါ်စာ...
ဟုတ်ပေသည်။ မင်စုထန် လက်ထဲတွင် နေပြည်တော်မှ သူ့ကို ဆင့်ခေါ်သောစာ ရောက်ရှိနေသည်။ စာအရ ဘုရင်က သူ့လုပ်ရပ်များကို
လာရောက် ဖြေရှင်းရန် ဆင့်ခေါ်ခြင်း ဖြစ်လေသည်။

အမိန့်စာလိပ်ကို ကြည့်ကာ သူ ပြုံးမိ လိုက်သည်။ သူတို့ တစ်ဖွဲ့လုံး နေပြည်တော် ကို စစ်ချီရန် အကြောင်းပြချက် ရှာနေသော်လဲ
သင့်တော်သော အချက် မတွေေ
့ သးချေ။ သို့သော် ယခု ရသွားချေပီ။

" ဘယ်နှယ့်လဲ ဆရာကြီးကျောက်လွေ... အခု ကျုပ်တို့ လက်စားချေဖို့ အခွင့်အရေးရပီ မလားဗျ.. "

မင်စုထန် က ဘေးတွင် ထိုင်နေသော ကျောက်လွေကို ပြုံးကာ မေးလိုက်သည်။

ကျောက်လွေက လက်သီးကျစ်ကျစ်ဆုပ်ကာ ဝမ်းသာအားရပြောလိုက်သည်။

" သိပ်ကောင်းတာပေါ့ ပေ့လဲ့ရယ်... ခေါင်းဖြူ ထန်ဖန်းတော့ ကျုပ်နဲ့ တွေ့ကြသေးတာပေါ့ "

ထိုအဖြစ်ကို တစ်ခန်းလုံးရှိ လူများက သဘောတူသော်လဲ အနီရောင်ဝတ် အမျိုးသမီးကမူ မျက်မှောင်ကြုတ်ကာ စဉ်းစားနေရင်းမှ


ဝင်ပြောလိုက်သည်။

" နည်းနည်းတော့ စဉ်းစားကြည့်ပါဦး... အခုလို အချိန်ကိုက်ကြီး ဆင့်ခေါ်စာ ပို့လိုက်တော့ သူတို့ဘက်က ပြင်ဆင်ထားပီနဲ့ တူတယ်... "

သို့သော် အခန်းထဲရှိ လူများမှာ နေပြည်တော် ကိုသွားကာ တိုက်ပွဲဆင်နွှဲရန် စိတ်အားထက်သန် နေကြပီ ဖြစ်သည်။ ထို့ကြောင့်
ပေ့လဲ့ရယ် မင်စုထန် က အမျိုးသမီးကို ပြုံးကာ ပြောလိုက်သည်။

" စိတ်မပူပါနဲ့ ညီမချန်းရှောင်း... အကိုတို့ လက်ရှိ စစ်အင်အားက ထန်ဖန်းရဲ့ စစ်အင်အားနဲ့ တူတူပါပဲ... ပီးတော့ ထန်ဖန်း ကိုယှဉ်ဖို့
ဆရာကြီးကျောက်လွေလဲ ရှိနေတာပဲလေ... ဟိုမှာက အကိုတို့ကို ကူညီမဲ့ သိုင်းလောကသားတွေလဲ ရှိသေးတယ်... "

အနီရောင်ဝတ်ထားသူ မုယုံချန်းရှောင်း က တွေဝေသွားသည်။


" ဒါပေမဲ့... ဟို... ဟို တစ်ယောက် ရှိသေးတယ်လေ "

ထိုစကားကြောင့် မင်စုထန် မှာ ပြုံးရွှင် နေရာမှ မေးကြောများ ထောင်သည်ထိ အံကြိတ်လိုက်ပီး


" ငါ့လမ်းမှာ လာပိတ်ရပ်မယ်ဆိုရင်တော့ ရအောင်ရှင်းပစ်ရမှာပဲ ညီမ...
ကဲကဲ ဒါတွေထားလိုက်တော့ စစ်ချီဖို့ အကုန်ပြင်ကြတော့... "
ဟု ခပ်ပြတ်ပြတ်ကာ အမိန့်ပေးလိုက်သည်။
အကုန်လုံးမှာ စိတ်အားထက်သန်စွာ အခန်းထဲမှ ထွက်သွားကြသည်။ ကျောက်လွေပင် လက်စားချေရမည်ဆို၍ တက်ကြွနေပေသည်။
မုယုံချန်းရှောင်းသာ အသည်းအသန် စဉ်းစားရင်း ထွက်သွားသည်။ မင်စုထန် က မုယုံချန်းရှောင်း ၏ ပုံစံကို ကြည့်ကာ ဟို
တစ်ယောက်ဆိုသောသူကို သတ်ပစ် ချင်နေသည်။

အဘယ့်ကြောင့် သူမ ယခုအချိန်အထိ ဟို တစ်ယောက်ကို မမေ့နိုင်ရသနည်း။ သူတို့၏ ဆက်ဆံရေးတွင် ထိုသူမှာ အရိပ်မည်း
ဖြစ်နေသည်။ ဘယ်လိုပဲဖြစ်ဖြစ် ထိုသူကို ရှင်းပစ်ရန် ဆုံးဖြတ်ချက် ချထားလိုက် လေတော့သည်။

XxxxxxxxxxxxxxxxxxxxxxxxxxxxxxxX

ပိုင်လုံ နှင့် ဂိုဏ်းချုပ်ကြီးလေးယောက် မှာ ဧည့်ဆောင်ထဲတွင် အသဲအသန် ဆွေးနွေးနေကြသည်။ တပည့်ကြီးများကမူ ဘေးမှ


နားထောင်ရုံသာ ရှိနေကြသည်။ အကြောင်းအရာက ပေကျင်းမြို့ ကို မင်စုထန်က စစ်တပ်ချီပီး လာမည့်အကြောင်းကို ခွန်လွန်ဂိုဏ်းချုပ်
ဖြစ်သူ မုထူဝါးကို လွှတ်ကာ အကြောင်းကြား လိုက်လေပီ။ သူ့ကို ကူညီရန် သိုင်းလောကသားများကို အကူအညီတောင်း ထားသည်။

ရှောင်လင် မှာ ကျောင်းထိုင်ဆရာတော်၏ တစ်ချက်လွှတ် အမိန့်ကြောင့် နိုင်ငံရေးတွင် ဝင်မပါရသဖြင့် တံခါးပိတ်ဝါဒ ကျင့်သုံးနေသည်။


ဂိုဏ်းကြီးခြောက်ဂိုဏ်းတွင် လက်ရှိမှာ ဝူတန်၊ ဝါဆန်း၊ အော့မေ့ နှင့် သူဖုန်းစားဂိုဏ်း တို့သာ ဆုံးဖြတ်ရန် ကျန်တော့သည်။ ခွန်လွန်မှာ
မင်စုထန်နောက် လိုက်နေသည်မှာ ကြာလေပီ။

အော့မေ့ဂိုဏ်းချုပ်ကြီး ကျိုးမော့ က သက်ပြင်းချကာ


" ရှောင်လင်က မပါတဲ့ နိုင်ငံရေးကို ကျုပ်က ပါဖို့ မသင့်တော်ဘူးလို့ ခံစားရတယ် ... ဒါကြောင့် ကျုပ်လဲ တံခါးပိတ်ဝါဒ ကျင့်သုံး မယ်လို့
ဆုံးဖြတ်ထားတယ်... "
ဟု ပြောလိုက်လေသည်။

ခွန်လွန်ဂိုဏ်းချုပ် မုထူးဝါးမှာ ထိုစကားကို ကြားလျှင် စိတ်ပျက်သွားမိသည်။ သို့သော် သူက ဘာမျှ မပြောပဲ အသာအယာ
ငြိမ်နေလိုက်သည်။ အကူအညီရလျှင် ကောင်းမည်ဆိုသော်လဲ ဂိုဏ်းခြောက်ဂိုဏ်း ထဲတွင် အင်အားအနည်းဆုံးဖြစ်သော
အော့မေ့ဂိုဏ်းမှ အကူအညီမရလဲ သိပ်တော့ မထိခိုက်ပါချေ။

ထိုစဉ် မုထူးဝါး၏ မျက်နှာ မှ အရိပ်များကို အကဲခတ်နေသူ ဝူတန်ဂိုဏ်းချုပ် ရသေ့ကြီး ကျန်းယွမ် က ဝင်ပြောလိုက်သည်။

" ကျုပ်တို့ ဝူတန်ကလဲ ဘာသာရေးဂိုဏ်းထဲ ပါဝင်တာဖြစ်လို့ ရှောင်လင်၊ အော့မေ့တို့ ဆုံးဖြတ်သလိုပဲ တံခါးပိတ်ဝါဒ ကျင့်သုံးပါမယ်...
အခုလို မကူညီနိုင်တာ နားလည်ပေးပါ... "

မုထူးဝါး မှာ မျက်နှာပျက်ကာ ရသေ့ကြီး ဘေးနားရှိ ကျန်းစန်းယွမ် ကို ကြည့်လိုက်သည်။ သူတို့ တိုင်ပင်ထားသလို
ဝူတန်ဂိုဏ်းချုပ်ကြီးက သဘောမတူချေ။
ကျန်းစန်းယွမ် မှာ မုထူးဝါး၏ အပြစ်တင်သလို အကြည့်ကြောင့် ရှက်သွားမိသည်။ သူတောင်းဆိုထားသလို သူ့ဆရာက
မလုပ်ပေးခဲ့သည်လေ။ ထို့ကြောင့် အရှက်ဒေါသများကို မထိန်းနိုင်တော့ပဲ ထရပ်လိုက်သည်။

" ဝူတန်က ဝင်မပါပေမဲ့ ကျုပ် ဝူတန်ဓား ကတော့ ပေ့လဲ့ရယ်ကို ကူညီမှာပါ... "


ကျန်းစန်းယွမ်မှာ ရဲရဲတောက် ထပြော လိုက်သည်။

ရသေ့ကြီးမှာ အလိုက်ကမ်းဆိုးမသိသော နုံချာသည့် တပည့်ဖြစ်သူကို ကြည့်ကာ ပြတ်သားစွာပြောချလိုက်လေသည်။

" ဝူတန်ရဲ့ စည်းကမ်းကို ဖောက်ဖျက်ရင် ဘယ်သူကို မဆို ဝူတန်ဂိုဏ်းသား အဖြစ်ကနေ ထုတ်ပယ်မယ်... ဒါအမိန့်ပဲ "

ခန်းမထဲတွင် ရုတ်တရက် တင်းမာသွားသလို ခံစားလိုက်ရသည်။ မုထူးဝါးမှာ ရသေ့ကြီး စကားကြောင့် အတော်လေး စိတ်ဆိုးမိသွား


သည်။ ကျန်းစန်းယွမ်မှာမူ မယုံကြည်နိုင်သော မျက်နှာဖြင့် ဆရာဖြစ်သူကို ကြည့်နေသည်။ ရသေ့ကြီး ကတော့ မျက်စိမှိတ်ထားသည်။
ကျန် ဂိုဏ်းချုပ်များမှာလဲ အကုန်မျက်နှာလွှဲထား ကြသည်။ ဂိုဏ်းတွင်းရေးကိစ္စ မဟုတ်ပါလား။

ဝါဆန်းဂိုဏ်းချုပ်ကြီး ပိုင်ချုံးရန် က ပိုင်လုံကို အမေးပါသော အကြည့်များဖြင့် ကြည့်လိုက် လေသည်။ ဤလူစုထဲတွင် အရေးအပါဆုံး


သူမှာ သိုင်းလောကခေါင်းဆောင်ဖြစ်သော သူဖုန်းစားဂိုဏ်းချုပ် ပိုင်လုံ မဟုတ်ပါလား။ ထို့အပြင် သူဖန
ုးစားဂိုဏ်းသား အရေအတွက် မှာ
ကျန် ဂိုဏ်းငါးဂိုဏ်းပေါင်းစာထက်ပင် နှစ်ဆရှိသေးသည်။

ပိုင်လုံ မှာ အခြေအနေကို အကဲခတ်လိုက်ပီး


" ကဲပါလေ... မပါလိုသူတွေကလဲ မပါပဲ နေနိုင်ကြပါတယ်... ကိုယ့်ဝါဒနဲ့ကိုယ်ပဲမလား အတင်းကြီး တိုက်တွန်းဖို့ မသင့်တော်ပါဘူး
ဟုတ်တယ်မလား ဂိုဏ်းချုပ်ကြီး မုထူးဝါး "
ဟု မေးကာ ဖျန်ဖြေလိုက်သည်။
မုထူးဝါးမှာ ပိုင်လုံကို မလွန်ဆန်ရဲ၍ ကြိတ်မှိတ်ကာ ခေါင်းငြိမ့်ပြလိုက်ရသည်။ သို့သော် သူကဒီအတိုင်းငြိမ်မနေနိုင်ပါ။

" ဂိုဏ်းချုပ်ကြီး ပိုင်ချုံးရန် ကရော ကူညီမှာလားဗျ... "


မုထူးဝါးက အလစ်ဖမ်းကာ မေးလိုက်သည်။

ပိုင်ချုံးရန် က ပိုင်လုံ၏ မျက်နှာကိုကြည့်ကာ ဖြေချလိုကသ


် ည်။
" ကျုပ်တို့ဂိုဏ်း က ဆက်ခံသူ နှစ်ယောက် တိတိ ဆုံးရှုံးထားတော့ ဂိုဏ်းရဲ့ အနာဂတ်က မပြေလည်ပါဘူး... ဒါကြောင့် ဂိုဏ်းအနေနဲ့
မကူညီနိုင်ပဲ ကျုပ်တစ်ယောက်ထဲသာ ကူညီပါမယ်... ဒါကလဲ အဖွဲ့ချုပ်ကြီး ပိုင်လုံ ရဲ့ဦးဆောင်မှု ရှိမှပါ... "

မုထူးဝါးမှာ ဝါဆန်းဂိုဏ်းချုပ်ကြီး ပိုင်ချုံးရန်၏ အဖြေကိုကြားသော် စိတ်ပျက်သွားမိသည်။ အခြေအနေမှာ သူတို့တွက်ဆထားသလို


မဟုတ်ချေ။ ဂိုဏ်းများမှာ ကူညီလိုပုံ မရပါ။ သူက စိတ်ပျက်ကာ ပေ့လဲ့ရယ် မင်စုထန် ဆီ ပြန်ပြေးချင်နေသည်။ ထို့ကြောင့် နောက်ဆုံး
မျှော်လင့်ချက်ဖြစ်သော သူဖုန်းစားဂိုဏ်းချုပ် ပိုင်လုံကို ကြည့်လိုက်သည်။

ပိုင်လုံက သူ့ကို ပြုံးကြည့်နေတုန်းပင်။ သူက မေးရန် ပါးစပ်ဟလိုက်သော်

" စိတ်ချပါ ဂိုဏ်းချုပ်ကြီး... ကျုပ်နဲ့ အဘ ပိုင်ချုံးရန်တို့ နှစ်ယောက်က ပေ့လဲ့ရယ် နန်းတွင်းဝင်ပီး ခစားတဲ့နေ့မှာ ဘေးမသီရန်မခ
ပဲပြန်ထွက်နိုင်အောင် စောင့်ရှောက်ပေးမှာပါ... လောလောဆယ်တော့ ဒီလောက်ပဲ ကတိပေးနိုင်တာ ခွင့်လွှတ်ပါ "
ဟု ပြောလိုက်သည်။

မုထူးဝါးမှာ စိတရ
ှ်ုပ်သွားသော်လဲ ပိုင်လုံက ကတိပေးလိုက်သည်မို့ သိပ်မဆိုးလှ ဟု တွေးမိသွားသည်။ သူက မတတ်တာတော့ပဲ
ခေါင်းငြိမ့်ပြလိုက်သည်။

" ဒါဆိုရင် ကျုပ်ကို သွားခွင့်ပြုပါဦး... ခစားဝင်မဲ့ နေ့မှာ ဂိုဏ်းချုပ်ကြီးတို့ကို အကြောင်းကြားလိုက်ပါမယ် "


ဟု ပြောလိုက်ပီး ကျန်းစန်းယွမ် ကို ကြည့်လိုက်သည်။

ကျန်းစန်းယွမ်မှာ သက်ပြင်းချကာ ဒူးထောက်ချလိုက်သည်။ ရသေ့ကြီးကို ကန်တော့ကာ


" တပည့်မိုက်ကို ခွင့်လွှတပ
်ါ... "
ပြောလိက
ုသည်။

ထို့နောက် မုထူးဝါးနောက်သို့ လိုက်ကာ ထွက်သွားလေသည်။

ကျန်လူများမှာ သက်ပြင်းကိုယ်စီ ချမိကြသည်။ ရသေ့ကြီးမှာမူ မျက်စိမှိတ်ထား ဆဲပင် ဖြစ်သည်။ သူ့တပည့်ကို ဒီတစ်သက် ပြန်မြင်ရရန်
မလွယ်ကူသော်လဲ တပည့်မိုက် ကြောင့် ကိစ္စကြီး မပျက်စေလိုပါ။

ဝါဆန်းဂိုဏ်းချုပ်ကြီး က လေပူမှုတ်ပီး
" အမုန်းတရားက လူကို အမြင်ကန်းစေတာပဲ ကြောက်စရာပါလား "
ဟု ရေရွတ်လိုက်သည်။

#မိုးထိတောင်သိုင်းသမား #ZYN
အခန်း (၃၄) အပိုင်း နှစ်
ရှောင်လွဲမရနိုင်သော

မင်စုထန်မှာ စစ်တပ်ချီကာ ပေကျင်းမြို့ ၏ အနောက်မြောက်ဘက် လီနှစ်ရာခန့်တွင် တပ်စွဲထားသည်။ သူလိုအပ်နေသည်မှာ မုထူးဝါး၏


သတင်းပို့မှုပင်။ ကောင်းသတင်း ဖြစ်ရန် သူမျှော်လင့်ထားသည်။ ထိုမှသာ ခစားဝင်တဲ့နေ့တွင် ထန်ဖန်းလက်က ပြန်ထွက်နိုင်ပေမည်။
သူ့အနေဖြင့် ကျောက်လွေကို ထိုကိစ္စတွင် ထုတ်မသုံးလိုပါ။ မပိုင်ပဲ ပြမိပါက ထန်ဖန်းက သတိထားမိကာ ရှောင်ထွက်သွားနိုင်သည်။
သူအနေဖြင့် ပိုင်လုံ၏ အကူအညီကို လိုအပ်နေသည်။

" ဖတ်... ဖတ်.. "

မင်စုထန် က အတွေးလွန်နေရာမှ ခြေသံများ ကြားလိုက်ရသဖြင့် နားစွင့်လိုက်သည်။ ခြေသံမှာ လူနှစ်ယောက်ဖြစ်ပီး ထိပ်တန်း


သိုင်းသမားများ ဖြစ်ရမည်။ ပေါ့ပါးသွက်လက် သည်။

ခြေသံများမှာ ရွက်ဖျင်တန
ဲား အရောက်မှာ ရပ်တန့်သွားသည်။ ဆက်မလှမ်းတော့ပါ။ မင်စုထန် က မျက်မှောင်ကြုတ်ကာ
ပြောလိုက်သည်။
" ဝင်ခဲ့ပါ... ဂိုဏ်းချုပ်ကြီး... ဧည့်သည်လဲ ခေါ်ခဲ့ပေါ့ ... "

သက်ပြင်းချသံ ပေါ်ကာ လူရပ


ိနှစ်ခုက ရွက်ဖျင်တဲထဲ ဝင်ရောက်လာသည်။ ထိုနှစ်ယောက်မှာ သူသိသော လူနှစ်ယောက်ပင်။
မင်စုထန်က ပြုံးကာ နှုတ်ဆက်လိုက်သည်။

" နောင်ကြီး ကျန်းစန်းယွမ် ပါလာ ပါ့လား... အခုလိုဆုံရတာ ဝမ်းသာပါတယ်ဗျာ... "

ကျန်းစန်းယွမ်က ကမန်းကတန်း လက်သီးဆုပ် ဂါရဝပြု လိုက်သည်။ မုထူးဝါး ကတော့ စိတ်ပျက်နေသော မျက်နှာဖြင့် ရပ်နေဆဲပင်။
မင်စုထန်မှာ အခြေအနေကို သိလိုက်ရလေပီ။ သို့သော် သူက အသေးစိတ်သိလိုသဖြင့် မေးလိုက်သည်။

" အဆင်မပြေခဲ့ဘူးထင်ပါ့ ဂိုဏ်းချုပ်ကြီး... ဘယ်လိုတဲ့လဲ .... "

မုထူးဝါး က သက်ပြင်းချကာ ဖြစ်သမျှကို ပြောပြလိုက်သည်။ မင်စုထန်မှာ နားထောင်ရင်း မျက်နှာတွင် အရိပ်အမျိုးမျိုး ဖြစ်ပေါ်နေသည်။


စကားပီးဆုံးသွားသော် မင်စုထန်က ပြုံးသာပြုံးလိုက်သည်။ ဘာမှမပြောချေ။

အရိပ်အခြေအကဲခတ်နေသော ကျန်းစန်းယွမ် မှာ ဒီအချိန်သည် လောင်စာဆီလောင်းရန် အကောင်းဆုံးအချိန်ဖြစ်ကြောင်း


တွေးမိလိုက်သည်။ ထို့ကြောင့်

" ဒီကိစ္စက ကျုပ်တို့ တိုင်ပင်ထားသလို ဖြစ်မလာတာ အကြောင်းတစ်ခုရှိမယ် ဆိုတာ ပေ့လဲ့ရယ်လဲ ရိပ်မိမှာပါ... "
ဟု ပြောလိုက်သည်။

မင်စုထန်မှာ ထိုစကားကြောင့် ကျန်းစန်းယွမ် ကို ကြည့်လိုက်သည်။ ကျန်းစန်းယွမ်၏ မျက်နှာမှာ အမုန်းတရားများ ပေါ်လွင်နေသည်။

" နောင်ကြီးက ဘာကို ဆိုလိုတာလဲ... "

" ဒီလိုပါ ပေ့လဲ့ရယ်... အဖွဲ့ချုပ်ကြီး ပိုင်လုံက အခုတလော တာ့လီကကောင်နဲ့ တတွဲတွဲ ဖြစ်နေပါတယ်... ဒါကြောင့် အဖွဲ့ချုပ်ကြီးက
သူ့ရဲ့ သွေးဆောင်မှုမှာ စိတ်ပါသွားပီး စိတ်ပါလက်ပါ အကူအညီမပေးနိုင်တော့တာ များလား ဆိုတာပါ "

မင်စုထန်မှာ ပြုံးလိုက်မိသည်။ သူက မုထူးဝါး စကားကို ကြားပီးပီးချင်းပင် ထိုသို့ ထင်ခဲ့သည်။ သို့သော် ကျန်းစန်းယွမ်၏ အကြံကို
သိရန် မေးလိုက်ခြင်းဖြစ်သည်။ အခုတော့ ကျန်းစန်းယွမ် မှာ သူ့လို အမြင်တူနေလေပီ။ ကြည့်ရသည်မှာ သူတို့ ရန်သူမှာ
တစ်ယောက်ထဲ ဖြစ်ပုံရသည်။

မင်စုထန်က တစ်ဖက်ထဲဖြစ်နေသော ကျန်းစန်းယွမ၏


် လက်ကို ကြည့်ကာ
" ဒီဒဏ်ရာက ဆရာကြီး ကျောက်လွေရဲ့ သားဖြစ်သူကြောင့် ရတာလို့သိရတယ်... အခုဆို ကျုပ်နဲ့ နောင်ကြီးနဲ့က ဆရာကြီးနဲ့
တစ်ဖက်တည်း ဖြစ်နေကြပီ... ရန်ငြိုးက ဘယ်လိုလုပ်မလဲ "
ဟု မေးလိုက်သည်။

ကျန်းစန်းယွမ် မှာ မင်စုထန်က သူ့ကို စမ်းသပ်နေကြောင်းသိလိုက်သည်။ သို့သော် သူက ပြန်လှည့်၍မရတော့ပါ။ လှည့်လဲ


မလှည့်ချင်တော့ပါ။ ပြတ်ပြတ်သားသား ဆုံးဖြတ်ရပေတော့မည်။

" ကျုပ်ဘဝမှာ ဒီလက်ကို ဖြတ်သွားတဲ့သူ ထက် ပိုမုန်းတဲ့သူရှိပါတယ်... သူ့အပေါ် မုန်းတဲ့အမုန်းနဲ့စာရင် လက်ဖြတ်ခံရတာ


ဘာမှမဟုတ်ပါဘူး... ဒီတော့ သူ့ကို လက်စားချေနိုင်အောင် ကူညီပေးမယ်ဆိုရင် ကျုပ်ကတောင် ဆရာကြီးကျောက်လွေကို
ကျေးဇူးတင်ရမှာပါ... "
ဟု ပြောလိုက်သည်။

မင်စုထန် က အားရပါးရ ပြုံးလိုက်သည်။ သူ့ကို အသုံးချကာ လက်စားချေလိုသူကို သူ့အနေအထားသူ သိအောင် ပြလိုက်နိုင်လေပီ။


ရန်သူခြင်းတူသော်လဲ တစ်ဖက်သူက သူ့ကို အသုံးချခြင်းကို လက်မခံနိုင်ပါ။ အခုတော့ သူကပင်ပြန်လည် အသုံးချနိုင်လေပီ။

မင်စုထန်က ခေါင်းငြိမက
့်ာ
" ဟုတ်ပီ နောင်ကြီး... အခုလို ပြတ်သားတာ သိပ်ကောင်းတယ်... ဒါမှ ရှေ့ဆက် အလုပ်လုပ်လို့ရမှာ.... "
ဟု ပြောလိုက်သည်။

ထို့နောက် မုထူးဝါးဘက်လှည့်ကာ
" ဂိုဏ်းချုပ်ကြီး... နောင်ကြီး ကျန်းစန်းယွမ် ကို ဆရာကြီးကျောက်လွေဆီက ဂိဏ
ုးပေါင်းစုံ ဓားသိုင်းကျမ်း တောင်းပေးလိုက်ပါ...
ကျုပ်က တောင်းခိုင်းလိုက်တယ် ပြောလိုက်ပါ "
ဟု ပြောလိုက်သည်။
ကျန်းစန်းယွမ် က ကျေးဇူးတင်ကာ ဂါရဝပြု လိုက်သည်။ မင်စုထန်က ပြုံးပြလိုက်ပီး
" နှစ်ပါတ်ဆိုရင် အချိန်လောက်မလား နောင်ကြီး... ကျုပ်က နောင်ကြီးကို ကျုပ်ဘေးမှာ ထားချင်တာ... ဒါမှ နောင်ကြီး
လက်စားချေချင်တဲ့သူကို နောင်ကြီး လက်စားချေနိုင်မှာပေါ့... "
ဟု ပြောလိုက်သည်။

ကျန်းစန်းယွမ် မှာ ပီတိဖြစ်ကာ
" ဟုတ်ကဲ့ပါ ပေ့လရ
ဲ့ ယ် "
ဟု ကတိပေးလိုကသ
် ည်။

မင်စုထန် က ရယ်လိုက်ပီး
" ကောင်းတာပေါ့ဗျာ.... ဒါဆို ကျုပ်တို့ နှစ်ပတ်ကြာရင် နန်းတွင်းထဲ ဝင်ကြတာပေါ့ "
ဟု ပြောလိုက်လေသည်။

XxxxxxxxxxxxxxxxxxxxxxxxxxxxxxxX

တွမ့်ကျန်းယွမ် က အခုရက်ပိုင်း စိတ်မတင်မကျ ဖြစ်နေမိသည်။ မိမိမှာ ထန်ဖန်းနှင့် ရင်ဆိုင်ရန် ပြင်ဆင်နေရာ ထန်စုစု ကို
မသိစေချင်ပေ။ မည်သပ
ို့ င်ဆိုပါစေ ထန်ဖန်း မှာ သူမ၏ အဘိုး ဖြစ်သည် မဟုတ်ပါလား။ ထို့ပြင် မုယုံချန်းရှောင်း လဲ ပါလာနိုင်ရာ
ထန်စုစုကို ရှမ
ိ နေစေချင်ပါ။ မည်သို့ လုပ်ရမည်ကို စဉ်းစားနေရသည်။

တွမ့်ကျန်းယွမ်မှာ လမ်းလျှောက်နေရင်းမှ တစ်ယောက်တည်း အရက်သောက်နေသော ဆရာဖြစ်သူ တုံးဖန်းဟိုင်ကိုတွေ့သော်


အကြံရသွားသည်။ ထို့ကြောင့် သူ့ဆရာဆီ သွားကာ အကူအညီတောင်းလိုက်သည်။

ဆရာဖြစ်သူမှာ ငြင်းဆန်ရန် ကြံလိုက်သော်လဲ တွမ့်ကျန်းယွမ် က အတင်းတောင်းဆိုနေ၍ ခေါင်းငြိမ့်လိုက် ရတော့သည်။ ထို့နောက်


တွမ့်ကျန်းယွမ် မှာ ပြုံးကာ ထွက်သွားသည်။ ခေါင်းခါပီး ကျန်ခဲ့သူမှာ တုံးဖန်းဟိုင်ပင်။ သူက အရက်ကိုသာ
ဆက်သောက်နေလိုက်သည်။

ထိုစဉ်မှာပင် ထိုနေရာသို့ ထန်စုစု နှင့် တုံးဖန်းယင်းယင်း တို့နှစ်ယောက် ရောက်လာလေသည်။

" အဖေ ခေါ်တယ်ဆ.ို .. မောင်လေးက ပြောတယ်... ဘာကိစ္စများလဲ "

တုံးဖန်းဟိုင်မှာ တွမ့်ကျန်းယွမ် က လွှတ်လိုက်ကြောင်း သိရသဖြင့် သက်ပြင်းချလိုက်သည်။ ထို့နောက်

" အေးကွယ.် .. နောက်တစ်ပတ်ထဲ အဖေက တာ့လီသွားမလိ.ု့ .. အဲ့ဒါ မရောက်ဖူးတာရယ် ကောင်းကင်နဂါးကျောင်းတော်က


တောင်ဝင်မျိုးနွယ်တွေမှ ဝင်ခွင့်ရှိတာလို့ သိရလို့ သမီးစုစုကို လိုက်ပို့ခိုင်းမလားလိ.ု့ .. သမီးယင်းယင်းလဲ လိုက်ခဲ့ပါလား "
ဟု ပြောလိုက်သည်။

ပါးနပ်ပီး ဥာဏ်ပြေးသော အမျိုးသမီး နှစ်ယောက်မှာ ထိုစကားကို နားထောင်ပီး တုံးဖန်းဟိုင်မှာ သူမတို့ကို ခေါ်ထုတ်သွားချင်


နေကြောင်း သဘောပေါက်မိကြသည်။ တုံးဖန်းဟိုင် လို သိုင်းပညာရှင် အဖို့ ကောင်းကင်နဂါးကျောင်းတော်မှာ
ဝင်ခွင့်တောင်းနေစရာမလိုပါချေ။ ထိုအကြံမှာ တွမ့်ကျန်းယွမ်ဆီမှ လာသည်ပဲ ဖြစ်ရပေမည်။

ထန်စုစု မှာ ထိုအကြံကို ရိပ်မိသော် ငြင်းဆိုရန် ပြင်လိုက်သည်။ သို့သော် တုံးဖန်းယင်းယင်းက အမြန်ဝင်၍


" ကောင်းတာပေါ့ အဖေရယ်... တာ့လီနန်းတွင်းမှာ ဇိမ်သွားခံရတာပေါ့.... လိုက်ပို့မယ်မလား ညီမလေး... "
ဟု ပြောလိုက်လေသည်။

ထန်စုစု မှာ အံ့သြကာ


" ဟိုဟာလေ.... မမ... အဲ့ဒါက... "
ဟု ပြောလိုက်သေးသည်။

သို့သော် တုံးဖန်းယင်းယင်း က မသိချင်ယောင်ဆောင်ကာ


" ဘာလဲ ညီမလေးရဲ့... တာ့လီမှာ စိတ်ဝင်စားစရာတွေ အများကြီးရှိတယ်မလား မမကို မပြချင်လို့လား... "
ဟု ပိတ်ပြောလိုက်သည်။

ထန်စုစု မှာ မငြင်းနိုငေ


် တာ့ပါ။ သူမစိတ်ထဲတွင် ဒီလိုဖြစ်အောင် ကြံစည်လိုက်သော တွမ့်ကျန်းယွမ်ကို ကိုက်ပစ်ချင်နေသည်။ သူမကို
ဘာကြောင့် ပထုတခ
်ျင်နေသည်လဲ။ ထွက်ပြေးလို့ မရအောင် သူမထက် သိုင်းပညာကောင်းသူ နှစ်ယောက်ပါ
ထည့်ပေးလိုက်သေးသည်။
ထန်စုစုက သက်ပြင်းချကာ
" ဟုတ်ကဲ့ပါ မမ နဲ့ ဘဘရယ်... သွား ကြတာပေါ့.... ဟိုတစ်ယောက်က မနေစေချင်တော့လဲ ပြန်ရတာပေါ့ "
ဟု ဝမ်းနည်းသံဖြင့် ပြောလိုက်သည်။

သူမအသံကို တွမ့်ကျန်းယွမ် ကြားမှာ သေချာသည်။ ထိုသူမှာ ပုန်း၍ ကြည့်နေတတ်သူ မဟုတ်ပါလား။

သူမ အထင်မှာ မှန်ကန်သည်။ တွမ့်ကျန်းယွမ် မှာ သေသေချာချာကို ကြားသွားရုံသာမက ခံစားသွားရသည်။ သို့သော် စိတ်တင်းကာ
လှည့်ထွကသ
်ွားလေသည်။

XxxxxxxxxxxxxxxxxxxxxxxxxxxxxxxxX

ကျားသုံးကောင် အာမခံဌာန....
ထိုအာမခံဌာနရှိ လျို့ ဝှက်ခန်းထဲတွင် ခန့်ညားသော လူလတ်ပိုင်း တစ်ယောက်က တစ်စုံတစ်ယောက်ကို စောင့်နေသလို တံခါးကို
ခပ်ဟဟဖွင့်ထားကာ ထိုင်နေသည်။

ထိုသူက အမွှေးတိုင်ကို ကြည့်လိုက်မိသည်။ ချိန်းထားသော အချိန်ရောက်နေပီ မဟုတ်ပါလား။ ထို့ကြောင့် တံခါးဝကို


အာရုံစိုက်လိုက်သည်။

ထိုစဉ်မှာပင် ထုပ်တန်းပေါ်မှ လူရိပ်တစ်ခု ကျလာလေသည်။ ထိုလူရိပ်က အပြာရောင် စာပေသမား ဝတ်စုံကို ဝတ်ဆင်ထားကာ


ပထမလူ၏ ရှေ့တည့်တည့်တွင် အကျအန ဝင်ထိုင်လိုက်သည်။

ပထမလူမှာ ထိုအဖြစ်ကို ပြုံးလိုက်ပီး


" မင်းသားလေးက ကျုပ်တံခါးဖွင့်ထားလို့ အပေါ်က ဝင်လာတယ်ထင်ရဲ့... "
ဟု ရယ်ကျဲကျဲ ပြောလိုကသ
် ည်။

အပြာရောင်လူရိပ်က ရယ်ကာ
" အိမ်ရှေ့စံကို စချင်လိုပါဗျာ... ခွင့်လွှတ်ပါ "
ဟု ပြောလိုက်သည်။

အိမ်ရှေ့စံက ခေါင်းငြိမ့်ကာ
" ရပါတယ်ဗျာ... ဒါတွေထက် တိုင်ပင်စရာလေးတွေက အရေးကြီးနေလို့ ချိန်းလိုက်ရတာပါ... အခုဆို ထန်ဖန်းက မင်စုထန်ကို
အခစားဝင်တဲ့နေ့မှာ နန်းတွင်းထဲမှာ လုပ်ကြံဖို့ အသေအချာကို စီစဉ်နေတယ်... ဒီအတိုင်းဆို ကျုပ်တို့ ဒုက္ခတွေ့မယ် ထင်တယ်... "
ဟု ပြောလိုက်သည်။

မင်းသားလေး ဆိုသူက မျက်နှာထား တည်သွားပီး


" မင်စုထန်ကလဲ ဒီကိစ္စကို ရိပ်မိမှာပါ... သူ့မှာ မုယုံမျိုးနွယ် အကြံပေးတွေ ရှိနေတာပဲ... ပီးတော့ ကျောက်လွေလဲ ရှိနေမယ်ထင်တယ်
ဒါဆို သိပ်တော့ မစိုးရိမ်ရပါဘူး "
ဟု ပြောလိုက်သည်။

အိမ်ရှေ့စံက ခေါင်းရမ်းကာ
" မထင်ဘူးဗျာ... ထန်ဖန်းက စစ်တပ်ကိုပါ နန်းတွင်းထဲ ထည့်ထားတာဗျ... မင်စုထန်တွင်မက ကျုပ်တို့ပါ အခက်အခဲ ဖြစ်နေပီ... "
ဟု ပြောလိုက်သည်။

မင်းသားလေးက ထိုစကားကြောင့် မျက်မှောင်ကြုတ်သွားကာ ...


" ဒါဆိုရင်တော့ ကျုပ်တို့ဘက်ကလဲ စစ်တပ် ပြင်ထားမှ ရလိမ့်မယ်... နန်းတွင်းကို ဝိုင်းထားရမယ် "
ဟု ပြောလိုက်သည်။

အိမ်ရှေ့စံက သက်ပြင်းချကာ
" အဲ့ဒါက နောက်မှဗျ... နောက်တစ်ပါတ်မှာ မင်စုထန်က အခစားဝင်မယ်ကြားလို့ နန်းတွင်းက လူတွေ အပြင်မထွက်ရ အပြင်ကလူတွေ
မဝင်ရ အမိန့်ထုတခ
ိုင်း ထားတယ်... ဘယ်လိုလုပ်ကြမလဲ... ကြည်ရ
့ တာ မင်စုထန်ကို သတ်ပီးရင် ကျုပ်တို့ကိုပါ သတ်မယ်ထင်တယ်...
"
ဟု ပြောလိုက်သည်။

မင်းသားလေးက ခေါင်းရမ်းကာ
" အဲ့လို မဖြစ်စေရပါဘူး အိမ်ရှေ့စံ... ကျုပ် သိုင်းလောကခေါင်းဆောင် ပိုင်လုံနဲ့ တိုင်ပင်ပီး မင်းကြီးနဲ့ အိမ်ရှေ့စံ မိသားစုတွေကို
ကာကွယ်ပေးပါမယ်... စိတ်ချပါ... အိမ်ရှေ့စံသာ စစ်တပ်ကို အသေအချာ ပြင်ထားလိုက်ပါ... "
ဟု ကတိပေးလိုကသ
် ည်။

အိမ်ရှေ့စံမှာ စိတ်သက်သာရာရသွားပီး
" ဒါဆိုရင်တော့ မင်းသားလေးကိုပဲ အားကိုးပါရစေဗျာ ..."
ဟု ပြောလိုက်သည်။

မင်းသားလေးက ခေါင်းငြိမ့်ကာ
" ကျုပ်တာဝန်ထားပါဗျာ... အခုတော့ သွားဦးမယ် ခွင့်ပြုပါ "
ဟု ပြောပီး ဖျတ်ခနဲ ထွက်သွားလေသည်။

အိမ်ရှေ့စံသာ စာရွက်စာတမ်းများ အမိန့်တံဆိပ်တော်များဖြင့် ကျန်ခဲ့လေသည်။ သူလဲ စီစဉ်ရပေဦးမည် မဟုတ်ပါလား။

#မိုးထိတောင်သိုင်းသမား #ZYN
အခန်း (၃၄) အပိုင်း သုံး
ရှောင်လွဲမရနိုင်သော

ဤနေ့ရက်က ရောက်လာလေပီ။
လူအမျိုးမျိုးက ရည်ရွယ်ချက်အမျိုးမျိုးဖြင့် စောင့်မျှော်နေသော နေ့ရက်ပင်။

မင်စုထန်မှာ အနီရောင်ပိုးသားဝတ်စုံရှည်ကြီး ကို ခန့်ထည်စွာ ခြုံထားသည်။ ရွှေချည်ထိုး ထားသော နဂါးရုပ်ပုံမှာ ရွှေရောင်


တလက်လက်ဖြင့် တောက်ပ နသည်။ ထိုဝတ်ရုံကြီးမှာ မုယုံမျိုးနွယ်တို့၏ တာ့ရန်နိုင်ငံတော်မှ ဘုရင်များဝတ်ဆင်သော နဂါးဝတ်ရုံ
ဖြစ်သည်။ ထိုဝတ်ရုံကို ထုတ်ပေးစဉ်က အသည်းမာသော မုယုံအဘိုးကြီးမှာ မျက်ရည်များပင် လည်နေသေးသည်။

မင်စုထန်က ဝတ်ရုံကို ကြည့်ကာ စိတ်တိုင်းကျနေပီးမှ ဘေးရှိ ကြင်ယာတော် ဖြစ်သူ မုယုံချန်းရှောင်း ကို ကြည့်လိုက်သည်။ သူမ၏
အလှမှာ အနီရောင် ဝတ်ရုံရှည်ကြီး ကြောင့် ကျက်သရေတိုးပွားနေသည်။ သူ့လိုပင် ဝတ်ရုံမှာ ရွှေချည်ထိုးအရုပ် ပါရှိသည်။ သို့သော်
နဂါးရုပ်မဟုတ်ပဲ ဇာမဏီငှက်ရုပ် ဖြစ်သည်။ မိဖုရားခေါင်ကြီး ဝတ်ရုံမှာ ဇာမဏီငှက်ဖြစ်ရမည်ပင်။ မုယုံချန်းရှောင်း ဘေးတွင်
မင်းသမီးဝတ်စုံ ဝတ်ဆင်ထားသော စုန့်ချီရန့် မှာလဲ အလွန်လှပနေသည်။ သူမသည်လဲ နတ်သမီးလေးဖော်ဝင်သူ မဟုတ်ပါလား။

ကျောက်လွေမှာ တောက်ပနေသော လူအကုန်လုံးကို ကြည့်ကာ နှာခေါင်းရှုံ့မိသည်။ အကြောင်းမှာ ကျန်သူများက တောက်ပြောင်စွာ


ရာထူးအလိုက် ဝတ်ဆင်ထားသော်လဲ သူကမူ ကိုယ်ရံတော် တပ်သားပုံစံ ခပ်ချာချာသာ ဝတ်ဆင်ထား ရပေသည်။ သူ့ကို ထန်ဖန်း
မရိပ်မိစေရန်ဟု ချွေးသိပ်သဖြင့် သူကမငြင်းနိုင်ပဲ ဝတ်ထားရခြင်းပင်။ သူက သူ့ဘေးရှိ လက်တစ်ဖက်နှင့်သူကို ကြည့်လိုက်မိသည်။
မင်စုထန်က ထိုသူကို သူ မလေ့ကျင့်ပဲ ပစ်ထားသော သိုင်းကျမ်းများကို ပေးခိုင်းစဉ်က သိပ်အထင်ကြီးခြင်းမရှိပါ။ သို့သော် ယခုမူ
ထိုသူထံမှ ဓားတစ်ချောင်းလို အငွေ့အသက်များထွက်ပေါ်နေသည်။ ဓားသမားချင်းမို့ သိသည်။ ထိုသမ
ှူာ နှစ်ပါတ်အတွင်း အဆင့်တစ်ခု
ပေါက်မြောက် ခဲ့လေပီ။

မင်စုထန်က အကုန်လုံးကို လှည့်ပတ်ကြည့် ရှုကာ အထူးပြင်ထားသော မြင်းရထားပေါ် တက်ပီး အော်လိုက်သည်။

" သွားမယ်ဟေ့... "

ကျန်လူများမှာလဲ မြင်းများကို အသီးသီး နှင်လိုက်ကြသည်။ စစ်သူကြီးများမှာမူ အရိုအသေပေးကာ နေခဲ့ကြသည်။ သူတို့က စစ်တပ်ကို


ထိန်းသိမ်းရပေဦးမည်။

ပေကျင်းမြို့ ဝင်ပေါက်ကို ရောက်သော် စစ်သားများကို အများအပြား တွေ့ကြရသည်။ သို့သော် သူတို့ကို အနှောက်အယှက်မပေးပဲ


မြို့ တံခါးဖွင့်ပေးကြသည်။ ထိုမှတစ်ဆင့် နန်းတွင်းအဝသို့ ရောက်ရှိလာသည်။ နန်းတွင်းမှာ တိတ်ဆိတ်နေသည်။ ကောင်းသော
အရိပ်အယောင်တော့ မဟုတ်ပါ။ သို့သော် မင်စုထန်က ဂရုမစိုက်ပဲ နေလိုက်သည်။ ကျားခံတွင်းထဲ ဝင်ရဲမှတော့ ထိုမျှလောက်ကို
ကြောက်မနေသင့်ပေ။

မင်စုထန်က မြင်းရထားပေါ်မှ ဆင်းကာ ညီလာခံလုပ်သည့် နန်းဆောင်ကြီး ရှိရာသို့ လှေကားထစ်ရှည်ကြီးမှ တက်လိုက်သည်။


သူ့နောက်မှ ရာထူးအလိုက် အဆင်ဆ
့ င့် လိုက်လာကြသည်မှာ နန်းတက်ပွဲ အခမ်းအနားနှင့်ပင် တူနေသေးသည်။

ထိုအဖြစ်ကို တာ့စုန့်မင်းကြီးမှာ စိတ်မသက်မသာဖြင့် ကြည့်နေမိသည်။ သူ့ဘေးရှိ အိမ်ရှေ့စံကတော့ မျက်နှာထား တည်တည်ပင်


ရှိနေသည်။ နန်းဆောင် အဝတွင် ရပ်နေသော လူသုံးယောက်ကမူ မင်စုထန်၏ မိမိကိုယ်ကို ယုံကြည်မှုကို ချီးကျူးမိကြသည်။
ထိုသုံးယောက်ထဲမှ တစ်ယောက်က မင်စုထန် အပေါ် ရောက်လာခါနီးသော် နန်းဆောင်ထဲ ဖျတ်ခနဲ ဝင်သွားသည်။
နန်းဆောင်ထဲတွင် မှူးမတ်များလဲ ရှိနေကြသည်။ သူတို့မှာ တီးတိုးတီးတိုး လုပ်လိုကြသော်လဲ ရွှေရောင်ဝတ်စုံနှင့် ဆံပင်ဖြူကို
ဖားလျားချထားသောသူ၏ အကြည့်ကြောင့် မလုပ်ရဲကြပေ။ ထိုသူကမူ ဘုရင့်ပလ္လင်ဘေးတွင် ထိုင်ခုံမြင့်ကြီးချကာ
အကျအနထိုင်နေသည်။ သူအကြည့်မှာလဲ မင်စုထန်၏ အကြည့်လိုပင် စူးရှမှု အပြည့်ရှိသည်။ ထိုသူက နန်းဆောင်ထဲ ဖျတ်ခနဲ
ဝင်လာသော အပြာရောင် ဝတ်စုံနှင့်သူကို ကြည့်လိုက်ရာ ထိုသူမှာ လျင်မြန်စွာ အိမ်ရှေ့စံအနားသို့ ရောက်သွား လေသည်။ သို့သော်
ထိုနားတွင် ရပ်ရုံသာ ရပ်နေ၍ သူက ဘာမျှမပြောတော့ချေ။

မင်စုထန်က နန်းဆောင်အဝသို့ရောက်သော် လက်ပြလိုက်ရာ သူ့လူတစ်ယောက် အသံကျယ်ကျယ်ဖြင့် အော်လိုက်သည်။

" နယ်စားကြီး မင်စုထန်က မင်းကြီးအား အခစားဝင်ပါတယ်... "

ဘုရင်ကြီးက မချိပြုံးပြုံးကာ လက်ပြပီး


" ဝင်စေ... "
အမိန့်ပေးလိုက်သည်။

မင်စုထန်က အပေါက်ဝတွင် ရပ်နေသော လူနှစ်ယောက်ကို မြင်သော် ခေါင်းငြိမ့်ကာ ပြုံးပြလိုက်သည်။ ထိုသူနှစ်ယောက်မှာ သူ


မခေါ်သော်လဲ ထိုနေရာကိုရောက်နေ လေသည်။ သူတို့၏ ကတိစကားကို တည်ကြောင်းပြချင်၍ဖြစ်မည်။ ဘာပဲဖြစ်ဖြစ် သူ့ဘက်က
လူများလေ ကောင်းလေမလား။

မင်စုထန်က ပလ္လင်ရှိရာသို့ မာန်အပြည့်ဖြင့် လျှောက်သွားလိုက်သည်။ သူက အမတ်များကို သိမ်းကြုံးကြည့်လိုက်သည်။ ပီးမှ


ထန်ဖန်းရှိရာ ထိုင်ခုံမြင့်ကို ကြည့်လိုက် သည်။ ထန်ဖန်းက ပိုင်နိုင်သလို ပြုံးကြည့်နေသည်။ မင်စုထန်မှာ အခုမှ ထန်ဖန်းကို
မြင်ဖူးသူဖြစ်ရာ ထန်ဖန်း၏ နုပျိုသော ရုပ်ရည်ကို မြင်လျှင် စိတ်လေးသွား မိသည်။ ဒီအဖိုးကြီးမှာ နုပျိုလွန်းသည်။ တောက်ပသော
အဝတ်အစားများနှင့် နွဲ့နှောင်းသော ကိုယ်နေဟန်ကို သဘောမကျပါ။ ထိုအဖြစ်က ထန်ဖန်း၏ နာမည်ကျော် ပန်းထိုးအပ်သိုင်း
ကြောင့်များလားဟု တွေးမိသည်။ ထိုသိုင်း၏ အစွမ်းကို မသိသဖြင့် စိတ်လေးမိသည်။
သို့သော် သူ့တွင်လဲ ဝှက်ဖဲရှိသေးသည်လေ။ ထို့ကြောင့် ခပ်အေးအေးသာ ပြုံးပြလိုက်သည်။

မင်စုထန်က ထန်ဖန်းကို အားကျမခံ ပြုံးပြပီး မင်းကြီးနှင့် အိမ်ရှေ့စံရှိရာ ပလ္လင်ကို မော့ကြည့်လိုက်သည်။ ထိုနေရာတွင် သူ


သဘောမကျသော လူများသာရှိသည်မို့ မျက်နှာထားက တည်ထားလိုက်သည်။ သို့သော် အိမ်ရှေ့စံဘေးနားရှိ အပြာရောင်
ဝတ်စုံဝတ်လူတစ်ယောက်ကို မြင်သော် တည်ထားသော မျက်နှာမှာ ထိန်းမရအောင် မဲ့သွားလေသည်။ သူအမုန်းဆုံးလူကို တွေ့လက
ိုရပီ
မဟုတ်ပါလား။ ထိုသူမှာ သူဘယ်တော့မှ ကျော်မရနိုင်သော တောင်ကြီးကဲ့သို့ သူ့ဘဝတွင် အမြဲကန့်လန့် ခံနေတတ်သည်။ အခုလဲ
ဤနေရာတွင် ရောက်နေပြန်ပီ။

မင်းကြီးက မျက်နှာမဲ့ကာ ဒေါသထွက်နေပုံ ပေါက်သော မင်စုထန်ကိုကြည့်ကာ


" ကဲ နယ်စားကြီး... ငါကိုယ်တော်ကို မောင်မင်းရဲ့လုပ်ရပ်များကို မှူးမတ်တွေ အလယ်မှာ သေချာရှင်းပြပါဦး... "
ဟု မေးလိုက်သည်။

မင်စုထန်က သူ့ကို ကြည့်နေသော မျက်လုံးများကို ဂရုမထားပဲ ယုံကြည်မှု အပြည့်ဖြင့် ဖြေလိုက်သည်။

" ကျုပ် မင်စုထန်က မင်းကြီးနဲ့ တာ့စုန် လုံခြုံရေးအတွက် သေးငယ်တဲ့ စစ်တပ်နဲ့ စီးရှကို ခုခံပေးခဲ့တယ်... ဒါပေမဲ့ ကျုပ်အတွက်
ဆုလာဒ်က သူပုန်ဆိုတဲ့ နာမည်ပျက်ကိုရခဲ့တယ်... ဒါဖြစ်သင့်သလား အခု ကျုပ်က အနောက်မြောက်ဘက် နယ်မြေတွေကို
ထိန်းချုပ်ထားနိုင်ခဲ့ပီ... အခုမှ ကျုပ်ကို လာဖြေရှင်းခိုင်း တာ ဘာသဘောလဲ... "

" ဒါကတော့ မောင်မင်းဟာ ထီးနန်းကို ခြိမ်းခြောက်တော့မယ်လို့ သတင်းကြားလို့ပဲ အခုလဲ မောင်မင်းက ကိုယ့်ကို နယ်စားကြီးလို့
သတ်မှတ်ပီး အဆောင်အယောင် အပြည့်နဲ့ ဝင်လာပီ မဟုတ်လား... မောင်မင်းရဲ့ ရည်ရွယ်ချက်က ဘာလဲ... "
မင်းကြီးက မျက်နှာတော်ကို တည်ကာ မေးလိုက်သည်။

မင်စုထန်က ရယ်လုက
ိသည်။ ထို့နောက် ထန်ဖန်း နှင့် အပြာရောင်ဝတ်လူကို လက်ညှိုးထိုးကာ
" ဟားဟား... ဟားဟား... တာ့စုန့်မင်းကြီးရဲ့ နိုင်ငံချစ်စိတ်ကတော့ အံ့သြလောက်စရာပဲ ကျုပ်လို တောင်ဝင်မျိုးနွယ် အမျိုးအရင်းကို
စွန့်ပစ်ပီး တခြားနိုင်ငံက မင်းသားနဲ့ မှူးမတ်မျိုးနွယ် မဟုတ်တဲ့သူကို အကြီးအကျယ် မြှောက်စားနေတယ်... မေးပါရစေဦး... တာ့စုန့်ကို
တကယ်အုပ်ချုပ် နေတာ မင်းကြီးနဲ့ အိမ်ရှေ့စံလား ဒီလူနှစ်ယောက်လား... "
ဟု အသံကျယ်ကျယ်ဖြင့် မေးလိုက်သည်။

ထန်ဖန်း မှာ ထိုစကားအထွက်ကို စောင့်နေသူဖြစ်ရာ ထိုစကား ဆုံးသော်


" အတင့်ရဲလှချည်လား... အရာရာစစ သူပုန်ခေါင်းဆောင်ကများ တိုင်းပြည်ရဲ့ ဘုရင်မင်းမြတ် ကိုလှောင်ပြောင်ရဲတယ်...
သေဒဏ်ထိုက်တန်တယ်... မင်းကြီးခင်မျာ သေဒဏ်ပေးတော်မူပါ... "
ဟု လျှောက်တင်လက
ိုသည်။

မင်စုထန်က ထိုစကားကို ရယ်သံဖြင့်သာ တုံ့ပြန်လိုက်သည်။ နိုင်ငံရေးအကြောင်းကို သူနောကျေနေပီးသားပင်။ သူ့ကို သေဒဏ်ပေးဖို့


ဒီလောက်မလွယ်ကူပါ။

မင်းကြီးမှာ ဘာပြောရမှန်းမသိဖြစ်နေသည်။ ထန်ဖန်းက တွန့်ဆုတ်နေသော မင်းကြီးကို ကြည့်ကာ စိတ်ပျက်မိသည်။ ထို့နောက်


ဘေးတွင်ရှိသော ကုန်းကုန်းကို မျက်ရိပ်ပြ လိုက်လေသည်။ ကုန်းကုန်းက မသိမသာ နန်းဆောင်ပြင်သို့ထွက်သွားသည်။

မင်းကြီးက ထန်ဖန်း၏စကားကို မလွန်ဆန်လို သဖြင့်လည်းကောင်း ကိုယ့်ကိုကိုယ် ယုံကြည်မှုလွန်ကဲနေသော မင်စုထန်ကို


အမြင်ကတ်သဖြင့်လည်းကောင်း အမေးစကားပြောလိုက်သည်။

" ကဲမောင်မင်း... မှူးမတ်တွေကတော့ မောင်မင်းကို သေဒဏ်ပေးစေချင်နေကြပီ... မောင်မင်းက ဘာပြောချင်သေးလဲ... "

မင်စုထန်က ရယ်နေသော မျက်နှာကို တည်လိုက်ပီး အေးစက်သောအသံဖြင့်


" ကျုပ်ကို သေဒဏ်ပေးချင်နေတဲ့ မှူးမတ်တွေဟာ တာ့စုန့်ပြည်ရဲ့ မှူးမတ်တွေပဲ တာ့စုန့်ရဲ့ဥပဒေဟာ တာ့စုန့်ပြည်သူတွေ အပေါ်ပဲ
သက်ရောက်မယ်... ကျုပ်ဟာ ဒီနေ့ဒီနေရာက စပီး မင်းကြီးရဲ့ တာ့စုန့်ပြည်သူ မဟုတ်တော့ဘူး... ဒီနေရာမှာပဲ တစ်ခါတည်း
ကြေငြာတယ် ကျုပ်မင်စုထန်ဟာ အနောက်မြောက် နယ်မြေကို တာ့ရန်နိုင်ငံတော်အဖြစ် ပြန်လည်ထူထောင်တဲ့ တာ့ရန်ဘုရင်မင်းမြတ်
မုယုံစုထန် အဖြစ်ခံယူလိုက်ပ.ီ .. "
ဟု ပြောလိုက်လေသည်။

ကြားရသူအပေါင်းမှာ အံ့သြလွန်းသဖြင့် အသံထွက်ကာ ရေရွတ်မိကြသည်။ တွမ့်ကျန်းယွမ် ပင် အံ့သြထိပ်ထန့်သွားသည်။


ထိုသို့ဖြစ်မည်ကို သူ မထင်ထားမိပါ။ မင်စုထန်မှာ သူထင်ထားသည်ထက် ပို၍ ပါးနပ်နေသည်။ ထန်ဖန်းကမူ ဒေါသထွက် သဖြင့်
လက်တစ်ပြင်ပြင်ဖြစ်နေသည်။ သူသည်လဲ ထိုသို့မထင်ထားပါချေ။

" ဟားဟား... အဆွေတော်တာ့စုန့်မင်းကြီး ကျုပ်တို့ တာ့ရန်နိုင်ငံတော်ကို အသိအမှတ်ပြု ပေးလိမ့်မယ်လို့ထင်ပါတယ် "

မင်စုထန်၏ စကားဆုံးသော် သူ့နောက်လိုက်များက တစ်ညီတစ်ညာထဲပင်


" တာ့ရန်နိုင်ငံတော် ကြီးပွားစည်ပင်ပါစေ "
ဟု သုံးကြိမ်တိတိ မာန်အပြည့်ဖြင့် ဟစ်ကြွေးလိုက်ကြသည်။

ထို့နောက် ဆက်၍ပင် သုံးကြိမ်တိတိ


" ဘုရင်မင်းမြတ် မုယုံစုထန် သက်ကျော်ရာကျော်ရှည်ပါစေ "
ဟု ဆုတောင်းလိုကြ် ကသည်။

နန်းဆောင်ထဲရှိ လူအကုန်လုံးမှာ ဆွံ့အပီး ကြောင်ကြည့်နေကြသည်။ မင်းကြီးနှင့် အိမ်ရှေ့စံပင် ဘာလုပ်ရမှန်းမသိဖြစ်ကာ


တွမ့်ကျန်းယွမ်ကို ကြည့်မိကြသည်။

ထန်ဖန်းကတော့ သူ့ကိုကျော်ကာ ဘုရင်အဖြစ် ခံယူပြသွားခြင်းကို ဘယ်လိုမှ သည်းမခံနိုင်တော့ချေ။ ထို့ကြောင့် သူက


" တယ်လဲ အတင့်ရဲတဲ့သူပါလား... ငါ့လက်ဝါးကို မြည်းကြည့်စမ်း "
ဟု အော်ဟစ်လိုက်သည်။

စကားသံမဆုံးခင်တွင်ပင် ခုန်ပျံကာ လက်ဝါးတစ်ချက် ရိုက်ထုတလ


ိုက်သည်။ မင်စုထန်က ထိတ် ခနဲဖြစ်သွားပီး ခုန်ရှောင်လိုက်သည်။
သို့သော် ထန်ဖန်းက ရိပ်ခနဲ ကပ်လိုက်ကာ ကုတ်ဆွဲ လိုက်ပြန်သည်။ မင်စုထန်က အသက်ကို အဝရှူကာ ကျွမ်းထိုးပီး ရှောင်တိမ်း
လိုက်သည်။ ထန်ဖန်းက ဆက်မလိုက်ပါ။ သူက ဇာမဏီဝတ်ရုံဝတ်ဆင်ထားသော မုယုံချန်းရှောင်း ကိုသာ လက်ဝါးဖြင့်
ရိုက်ထုတ်လိုက်သည်။ မင်စုထန်မှာ ထိုအဖြစ်ကို မြင်သော် ဟာ ခနဲ ဖြစ်သွားသည်။ ထန်ဖန်းမှာ ယုတ်မာလွန်းလှ သည်လေ။

တွမ့်ကျန်းယွမ် မှာလဲ ထိတ်ခနဲ ဖြစ်ကာ ခုန်ပျံရန် ပြင်လိုက်မိသည်။ သို့သော် သူရှိနေရာမှာ ဝေးလွန်းနေသည်။ လက်ဝါးမှာ
မုယုံချန်းရှောင်း ကို ထိရန်သိပ်မလိုတော့ပါ။ သူမက အတွင်းအားများကို စုစည်းကာ ခုခံရန်ပြင်လိုက်သည်။ သို့သော် သူမ၏
အတွင်းအားမှာ ထန်ဖန်းထက် များစွာ နိမ့်ကျနေလေသည်။

ထန်ဖန်း၏ လက်ဝါးနှင့် မုယုံချန်းရှောင်း ၏ လက်ဝါး ထိလုထိခင်တွင် လက်ဝါးတစ်ဖက်က ရိပ်ခနဲ ထွက်လာကာ ထန်ဖန်း၏ လက်ဖျံကို
အရှိနအ
် ဟုန် အပြည့်ဖြင့် ဝင်ရောက်လာသည်။ ထန်ဖန်း မှာ တစ်သက်တာအတွင်း ပထမအကြိမ် ထိတ်လန့်သွားမိသည်။ ထိုလက်ဝါး၏
အတွင်းအားအရှိန်မှာ သူ့ထက်မလျော့ပါချေ။ ထိုလက်ဝါးပိုင်ရှင်မှာ မည်သူနည်း။
ထန်ဖန်းက သူ့လက်ဝါးကို ရုတ်ကာ ခြေထောက်ကို အားပြုပီး အထက်သို့ ခုန်တက်လိုက်လေသည်။ ထို့ကြောင့် ထိုသူ၏ လက်ဝါးမှာ
သူ့လက်ဖျံကို လွဲချော်သွားသည်။ ထိုသူကလဲ အထိန်းအချုပ် ကျွမ်းကျင်သည်။ လက်ဝါးက လိုရာကိုမထိသော်လဲ ချက်ချင်းပင်
လက်ကိုပြန်ချကာ ရပ်နေလိုက်သည်။

မင်စုထန်မှာ ဖျတ်ခနဲ မုယုံချန်းရှောင်း အနားသို့ရောက်လာပီး သူမကို ကာကွယ်ထားလိုက်သည်။ ထို့နောက် ခပ်လှမ်းလှမ်းသို့


ရောက်သွားသော ထန်ဖန်းကို ဒေါသဖြင့် အော်ဟစ်လိုက်သည်။
" ခင်များ တော်တော်ယုတ်မာလှချည်လား... ဒါယောက်ျားတစ်ယောက် လုပ်ရပ်လား "

ထန်ဖန်းကမူ ထိုစကားကို နွဲ့နွဲ့နှောင်းနှောင်း ရယ်လိုက်ကာ ဖြေလိုက်သည်။


" ဟင်း..ဟင်း... ဟင်း.. သိပ်မှန်တာပေါ့ကွယ် ငါယောက်ျား မဟုတ်တော့တာ အနှစ်နှစ်ဆယ်ကျော်ပီပ.ဲ .. ယောက်ျားတွေရဲ့
လုပ်ရပ်တွေကို မမှတ်မိတော့ဘူးလေ... "

ကြားသူတွေမှာလဲ နောက်တစ်ခါ အံ့သြ သွားကြပြန်သည်။ သိုင်းပညာကော သြဇာအာဏာပါ ကြီးမားသည့် အကြံကြီးသူ ထန်ဖန်းသည်


မိန်းမစိုး ဖြစ်နေသည်လေ။ ဘုရင် နှင့် အိမ်ရှေ့စံပင် အံ့သြသွားကြသည်။ သူတို့က တွမ့်ကျန်းယွမ် ကို
" ဘယ်လိုလုပ်ကြမလဲ "
ဟုသာ မေးနိုင်ကြတော့သည်။
ထန်ဖန်းမှာ အကုန်ဖွင့်ပြောနေလေပီ။ ဤနန်းဆောင်ထဲရှိ လူတိုင်းကို သတ်ပစ်ရန် ကြံစည်နေပုံရသည်။

မင်စုထန်မှာ လန့်သွားပီး
" ဆုတ်... ဆုတ်.. "
ဟု အော်လိုက်သည်။

သူက မုယုံချန်းရှောင်း ကိုလက်တွဲကာ နန်းဆောင်ထဲမှ ခုန်ထွက်သွားသည်။ ကျန်လူများမှာလဲ ရိပ်ခနဲ လိုက်ပါသွား ကြသည်။


ထန်ဖန်းမှာ မင်စုထန် ဒီလောက် ပါးနပ်နေသဖြင့် ဒေါသထွက်မိသွားသည်။ သူကလဲ ခုန်ထွက်ရန် ကြံပီးမှ မင်းသမီး ဝတ်စုံနှင့် လှပသော
မိန်းကလေး တစ်ယောက်က ကြောင်ကြည့်ကာ ကျန်နေသေးကြောင်းတွေ့သဖြင့် လှမ်းကုတ်ဆွဲ လိုကေ
် လသည်။

သို့သော် နံဘေးမှ ဓားတစ်ချောင်းက သူ့လက်ကို ခုတ်ချလာသည်။ သူက ထိုဓားကို ကပ်ရှောင်ကာ ဓားပိုင်ရှင် ရှိရာသို့
လက်ဝါးတစ်ချက်ရိုက်ထုတ်လိုက်သည်။ လက်တစ်ဖက်က ထပ်မံပေါ်ထွက်ကာ ထိုဓားပိုင်ရှင်ကို ကာကွယ်ပေးလိုက်သည်။

" ဝုန်း... "


လက်ဝါးချင်းထိသက
ံ ကျယ်လောင်စွာ ထွက်ပေါ်လာပီး ထန်ဖန်းမှာ ခြေသုံးလှမ်း ဆုတ်လိုက်ရသည်။ တစ်ဖက်က
လက်ဝါးပိုင်ရှင်ကတော့ အနောက်သို့ လွင့်သွားသည်။ ထိုစဉ် ဘေးမှ အပြာရောင်အရိပ် တစ်ခု ရိပ်ခနဲ ထွက်ပေါ်လာသဖြင့် ထန်ဖန်းက
ခြေဖျားထောက်ကာ နန်းဆောင်အပြင်သို့ ခုန်ထွက်လိုက်သည်။ အပြာရောင်အရိပ်ကို ပေါ့သေးသေး သဘောထား၍မရပါချေ။

နန်းဆောင် အပြင်ဘက်တွင် စစ်တပ် တစ်ခုက မင်စုထန်နှင့် သူ့လူများကို ဝန်းရံထားသည်။ ထန်ဖန်းမှာ ခုန်ထွက်လာပီး အခြေအနေကို
တွေ့သော် ပြုံးမိသည်။

သူက အထဲသို့ လှမ်းပီး


" မြေးသမက်လေး... ဒါဘာသဘောလဲ "
ဟု အော်မေးလိုက်သည်။

ဟုတ်ပေသည်။ မင်းသမီးဝတ်စုံဝတ် မိန်းကလေးကို သူနောက်တစ်ကြိမ် မတိုက်ခိုက်နိုင်စေရန် ကြားဝင်လိုက်သူမှာ တွမ့်ကျန်းယွမ်


ဖြစ်လေသည်။

တွမ့်ကျန်းယွမ်က အပြင်ကို ထွက်လာပီး


" ခွင့်လွှတ်ပါ ဘိုးဘိုး... ဒီမိန်းကလေးက ကျနော့်ညီမလေးဖြစ်နေလို့ ကာကွယ်လိုက်ရ တာပါ... ဘာသဘောမှမဟုတ်ပါဘူး "
ဟု ပြောလိုက်လေသည်။

ထန်ဖန်းမှာ တွမ့်ကျန်းယွမ်၏ လုပ်ရပ်ကို မကြိုက်သော်လဲ သူ့ကို တလေးတစား တောင်းပန်လိုက်သဖြင့် ဘာမှမပြော တော့ချေ။


ထိုထက်ကြီးသော ကိစ္စရှိသေးသည် မဟုတ်ပါလား။
#မိုးထိတောင်သိုင်းသမား #ZYN
အခန်း (၃၄) အပိုင်း လေး
ရှောင်လွဲမရနိုင်သော

မင်စုထန်က သူ့ကို ဝိုင်းထားသော စစ်တပ်ကို ပြာယာမခတ်ပဲ ခပ်အေးအေးသာ ကြည့်နေသည်။ တွမ့်ကျန်းယွမ် က စုန့်ချီရန့် ကို
ကယ်လိုက်ခြင်းကော သူ့ကြင်ယာတော် မုယုံချန်းရှောင်း က ထိုအဖြစ်ကို မြင်သဖြင့် စိတ်သက်ရာရသွားပုံကိုကော ခပ်အေးအေး
သာကြည့်နေလိုက်သည်။

သူက နံဘေးရှိ ကိုယ်ရံတော်ဝတ်စုံနှင့်သူကို လှည့်ကာ


" ဆရာကြီးတို့ အစွမ်းပြရတော့မယ် ထင်ပါရဲ့ ... "
ဟု ပြောလိုက်လေသည်။

ထိုကိုယ်ရံတော်က ခေါင်းငြိမ့်ကာ တစ်ဖက်သို့ အချက်ပြလိုက်သည်။ တာ့ရန် မှူးမတ်ဝတ်စုံ ဝတ်ဆင်ထားသူများက ဝတ်စုံများကို


ချွတ်ပစ်လိုက်ကြသည်။ အနီရောင်ဝတ် ဓားသမား သုံးဆယ်၊ ခွန်လွန်ဂိုဏ်းဝတ်စုံဝတ် ဓားသမား သုံးဆယ်ခန့် ထွက်ပေါ်လာသည်။
ကိုယ်ရံတော် သုံးယောက်ထဲမှ နှစ်ယောက် ကလဲ ခေါင်းစွပ်ကို ချွတ်လိုက်သော် ခွန်လွန်ဂိုဏ်းချုပ် မုထူးဝါး နှင့် ဝူတန်ဓား ကျန်းစန်းယွမ်
ဖြစ်ကြောင်း သိလိုက်ရသည်။

မင်စုထန်က နန်းရင်ပြင်တွင်ရှိ ငါးရာခန့်သော စစ်သားများကို ကြည့်ကာ အားရပါးရ ရယ်လုက


ိသည်။

" ဟားဟား... ဟားဟား.. ခေါင်းဖြူကြီး... ကျုပ်အကြောင်းကို မကြားဖူးဘူးလား...


ကျုပ် မင်စုထန်က ဒီလူတွေနဲ့ စီးရှစစ်တပ်က စစ်သည်တစ်ထောင်ကျော်ကို ခွန်လွန်တောင် ပေါ်မှာ တစ်ယောက်မကျန်သတ်ပစ်ပီး
အနိုင်ယူခဲ့တာ... ဒီစစ်သားငါးရာကျော်က ကျုပ်ကို တားနိုင်လိမ့်မယ် ထင်လို့လား... "

စစ်သည်များမှာ ထိုဖြစ်ရပ်ကို ကြားဖူးပီးသားပင် ထို့ကြောင့် အနည်းငယ် ကြောက်စိတ်ဝင်နေကြသည်။ ထန်ဖန်း မှာ


မျက်နှာပျက်သွားသော်လဲ ပြင်လိုက်ပီး

" သိုင်းပညာမတတ်တဲ့ စီးရှစစ်တပ်နဲ့... သိုင်းလောကကို အုပ်စိုးတဲ့ ငါ ထန်ဖန်း ဦးဆောင်တဲ့ စစ်တပ်က အများကြီး ကွာခြားတယ်ဆိုတာ
ပြပေးရမှာပေါ့... တာ့ရန်ဘုရင်ကြီးကို ကျုပ်က သိုင်းပညာသင်ပေးပါရစေ "
ဟု ပြောလိုက်လေသည်။

ထို့နောက် ချက်ချင်းပင် ခုန်ပျံကာ အပ်များကို ပစ်လွှတ်လိုက်သည်။ အပ်များမှာ မိုးသီးမိုးပေါက် ကျသလို ပျံလွှင့်သွားသည်။ မင်စုထန်က
ခါးမှ ဓားကို ဖြုတ်ကာ ဝှေ့ယမ်းလိုက်သည်။ အပ်များမှာ ကန်ထွက် သွားသည်။ သို့သော် ချက်ချင်းပင် နောက်တစ်ခေါက်
ပြန်လွှင့်လာပြန်သည်။ အပ်များ ကန်ထွက် သွားပီထင်နေသော မင်စုထန်မှာ အပ်များက နောက်တစ်ခါ ပြန်လှည့်လာသော်
မရှောင်နိုင်တော့ချေ။ သူက လန့်ဖျန့်ကာ ဝတ်ရုံရှည်ကြီးကို ဖြဲကာ အပ်များလာရာသို့ ပစ်လွှတ်လိုက်သည်။ အပ်များက
အရှိန်ပြင်းထန်လွန်းသဖြင့် ချက်ချင်းပင် ဖောက်ထွက်လာသည်။ မင်စုထန်မှာ အကြပ်ရိုက်သွားလေသည်။ ထိုစဉ် လက်ဝါးလှိုင်းတစ်ခုက
အပ်များကို ပြုတ်ကျသွားအောင် ဟန့်တားလိုက်သည်။

" ဝုန်း... "

ထန်ဖန်း က ထိုလက်ဝါးပိုင်ရှင် ကိုယ်ရံတော်ကိုကြည့်ကာ ရယ်လိုက်ပီး


" ညီလေး ကျောက်လွေ... မင်းက အခုတော့ တာ့ရန်ဘုရင်ရဲ့ ကိုယ်ရံတော်ကြီး ဖြစ်နေတာလား "
ဟု မေးလိုက်သည်။

ထိုကိုယ်ရံတော်က ခရမ်းရောင်သမ်းနေသော လက်ဝါးကို အနောက်သို့ပို့လိုက်ပီး


" နောင်ကြီးက အကင်းပါးသားပဲ... ကောင်းတာပေါ့... ကျုပ်တို့ရဲ့ ပြိုင်ပွဲကို ခပ်မြန်မြန် စလို့ရတာပေါ့ "
ဟု ပြောလိုက်လေသည်။

ထန်ဖန်းက သက်ပြင်းချလိုက်သည်။ ကျောက်လွေကို မသတ်နိုင်မချင်း မင်စုထန်ကို ထိရန်မလွယ်ကြောင်း သိလိုက်ရလေပီ။ သူက


မင်စုထန်ကို ကြည့်ကာ ပြောလိုက်သည်။

" ကြည့်ရတာ တာ့ရန်ဘုရင်ကြီးက ငါထန်ဖန်းထက် တာ့လီအိမ်ရှေ့စံကို ပြောစရာတွေ များနေပုံရတယ်... မြေးသမက်လေး


ဧည့်ခံပေးလိုက်ပါဦး "

ထန်ဖန်းက ပေါ်တင်ပင် မင်စုထန်ကို တွမ့်ကျန်းယွမ် ဘက်သို့ ပို့လိုက်ခြင်းပင်။ မင်စုထန်က ဝမ်းသာအားရ ရယ်လိုက်သည်။


သို့သော် တွမ့်ကျန်းယွမ် က လက်သီးဆုပ်ကာ ဂါရဝပြု လိုက်ပီး
" ဒါတော့ ခွင့်လွှတ်ပါဗျာ... ဒီနန်းရင်ပြင်မှာ ဖြစ်ပျက်တဲ့ ကိစ္စက အမတ်ချုပ်ကြီး ထန်ဖန်း ပုန်ကန်တဲ့ ကိစ္စဖြစ်ပါတယ် တာ့ရန်ဘုရင်
မုယုံစုထန် ခင်ဗျာ... တာ့စုန့်ဘုရင်ကြီးနဲ့ အိမ်ရှေ့စံက နန်းတွင်းကနေ မထွက်ခွာမီမှာ မှာကြားလိုက်တာကတော့... အဆွေတော်
မင်းမြတ်အနေနဲ့ ဒီအရေးအခင်းကို ဖြေရှင်းနိုင်ခဲ့ရင် တာ့စုန့်နဲ့တာ့ရန် နယ်နိမိတ် ကိစ္စကို ထမ်မံဆေးနွေးပေးပါမယ် လို့ ဖြစ်ပါတယ်...
ကျနော်ရဲ့သဘောတရားကလဲ ထပ်တူပါပဲ ဒါဟာ အမတ်ချုပ်ကြီးနဲ့ အဆွေတော်တို့ရဲ့ ရန်ငြိုးကိစ္စဖြစ်လို့ မပါဝင်လိုပါဘူး... ခွင့်ပြုပါဦး "
ဟု ပြောကာ စုန့်ချီရန့် လက်ကိုဆွဲကာ ဖျတ် ခနဲ ခုန်ပျံထွက်သွားသည်။

" တောက်... "


မင်စုထန် က တောက် တစ်ချက်ခေါက် လိုက်မိသည်။ သွားလေပီ။ တွမ့်ကျန်းယွမ် မှာ သူ့ကိုရော ထန်ဖန်းကိုပါ ကောင်းကောင်းကို
အသုံးချသွားလေပီ။ အခုတော့ သူတို့နှစ်ဦးသားမှာ သူသေကိုယ်သေ တိုက်ရတော့ပေမည်။ တွမက
့်ျန်းယွမ်ကတော့ ဘာမျှဖြစ်မည်
မဟုတ်ချေ။

ထန်ဖန်းမှာ ဒေါသထွက်လွန်းသဖြင့် ဖြူဖွေးနေသောမျက်နှာမှာ နီရဲလာသည်။ သူက ဘေးက ကုန်းကုန်းကို အော်လိုက်သည်။


" ငါ့မြေး ဘယ်မှာလဲ... "

ကုန်းကုန်းက ပြေးထွက်သွားသည်။ ထိုစဉ် အရပ်ရှည်သော မိန်းမတစ်ယောက်က ခုန်ပျံကာ ရောက်လာလေသည်။ ထိုမိန်းမက


" အဘိုး အပြင်မှာရှိတဲ့ စစ်တပ်က ဆုတ်ခွာ သွားပီ ... "
ဟု ပြောလိုက်လေသည်။

ထိုစကားကြောင့် ပျော်သလိုဖြစ်သွားသူမှာ မင်စုထန်ပင် ဖြစ်သည်။ ထန်ဖန်း၏ အကြံအစည်မှာ ပျက်လေပီ။ အညံ့ခံရပေတော့မည်။

ထို့ကြောင့် သူက ထန်ဖန်းကို စည်းရုံးရန် ကြံလိုက်သည်။


" ဆရာကြီး ထန်ဖန်း... ကျုပ်တို့ချင်း အလကားနေရင်း မတိုက်ခိုက်ပဲ လက်တွဲ လိုက်ရအောင်... ကျုပ်က တာ့ရန်ဘုရင်ဆိုရင် ခင်များက
တာ့စုန့်ဘုရင်လုပ်ပေါ့... ဟုတ်တယ်မလား... "

ထိုစကားကို ကြားပီး ကျောက်လွေမှာ စိတ်ပျက်သွားသည်။ သူ့သားကို ဒုက္ခပေး သွားသော ထန်ဝူမှာ သူ့ရှေ့တွင် ရှိနေသည်လေ
မည်သို့မျှ အလွတ်မပေးနိင
ုပါ။

" ကျုပ်သဘောမတူဘူး... ယောက်ျားဆိုတာ တိုက်ရဲသေရဲပဲ ဖြစ်နေရမယ်... စကားကို အမျိုးမျိုး မပြောသင့်ဘူး... "


ဟု အော်လိုက်လေသည်။

ထန်ဖန်းမှာလဲ အကုန်လုံးမှာ လွန်ကုန်မှန်း သိနေလေသည်။ ထို့ကြောင့်သူလဲ မင်စုထန် လိုပင် လက်တွဲရန် တွေးမိသည်။ သိ့ေ
ု သာ်
ကျောက်လွေ၏ မုန်းတီးစွာ ငြင်းဆိုသံကြောင့် ဒေါသထွက်ကာ အော်လိုက်သည်။
" အေး... ဟုတ်တာပေါ့ကွာ... မင်းတော့ သေခဲ့ပေါ့ "

ထန်ဖန်းက အချက်ပြလိုက်ရာ စစ်သည်များ မှာ ကျောက်လွေကို မြှားဖြင့် ပစ်လက


ိုကြသည်။ ကျောက်လွေက ဓားဖြင့် ဝှေ့ယမ်းကာ
ကာကွယ်လိုက်သည်။ ထိုသို့ ကာကွယ်နေရင်းက မင်စုထန်ကို အမေးပါသော အကြည့်ဖြင့် ကြည့်လိုက်သည်။

မင်စုထန်မှာ အကြပ်ရိုက်နေသည်။ ကျောက်လွေက သူ့အသက်ကို ကယ်ပေးထားသူဖြစ်သည်။ ထိုသူကို သစ္စာဖောက်ကာ သူ့ကို


သေစေချင်သူနှင့် ပူးပေါင်းပါက သူ့သိက္ခာလုံးလုံးကျပေမည်။ သို့သော်လဲ ပူးပေါင်းပါက တိုက်ခိုက်နေစရာ မလိပ
ဲု အေးအေးဆေးဆေးပင်
ပြန်ထွက်နိုင် သည်လေ။ သူ့တပည့်များမှာလဲ သူ့ကို ကြည့်ကာ အဖြေစောင့်နေကြသည်။

တွေဝေနေသော မင်စုထန်ကို ကြည့်ကာ မုယုံချန်းရှောင်း က


" မောင်တော်... ဘုရင်ဆိုတာ ဂုဏ်သိက္ခာ က အရေးအကြီးဆုံးပါ... သေချာဆုံးဖြတ် သင့်ပါတယ်... "
ဟု ပြောလိုက်သည်။

မုထူးဝါးကလဲ ဝင်၍
" မင်းကြီးသာ အမိန့်ပေးလိုက်ရင် ကျတော်မျိုးတို့ ရန်သူကြီး ထန်ဖန်းကို ရအောင် လက်စားချေပေးမှာပါ "
ဟု ပြောလိုက်သည်။

မင်စုထန်မှာ အကုန်လုံး၏ အနေအထားကို အကဲခတ်လိုက်သော် အကုန်လုံးမှာ ကျောက်လွေကို ကူညီတိုက်ခိုက်လိုကြသည်။ သူက


တွေဝေနေစဉ်မှာပင် မြင်းရထား မောင်းသူ အဘိုးကြီးက နန်းတွင်းထဲ ခုန်ဝင်ကာ အော်ဟစ်လိုက်သည်။

" သခင်ကြီး ကျုပ်လာပီ... မိတ်ဆွေမပီသတဲ့ သူတွေ နောက်ဆုတ.် .. "


ထိုအဘိုးအိုမှာ ကျောက်လွေ၏ အိမ်ထိန်းကြီး ဖြစ်သည်။ မင်စုထန်မှာ ထိုစကားကြားသော် မနေသာတော့ချေ။

" အကုန်တက်... ထန်ဖန်းကို သတ်... "


ဟု အော်ကာ အမျိုးသမီးလို ဝတ်ဆင်ထားသော ထန်ဝူကို ဓားဖြင့် ပြေးထိုးလိုက်လေသည်။

သူ့အမိန့်ကြောင့် မုယုံချန်းရှောင်း၊ မုထူးဝါး နှင့် ကျန်းစန်းယွမ် တိက


ု့ လဲ စစ်သည်များဆီ ပြေးဝင်ကာ တစ်ရှိန်ထိုး တိုက်ခိုက်ကြသည်။
အနီဝတ်ဓားသမားများနှင့် ခွန်လွန်ဂိုဏ်းသားများကလဲ တိုက်ခိုက်ကြ တော့သည်။ ထိေ
ု နရာမှာ တိုက်ပွဲကြီး တစ်ခု ဖြစ်ပေါ်လာသည်။

ထန်ဖန်းမှာ ထိုဖြစ်ရပ်ကိုကြည့်ကာ ဒေါသ အရမ်းထွက်သွားသည်။ ထို့ကြောင့် ကျောက်လွေရှိရာသို့ ခုန်ဝင်လိုက်သည်။

ကျောက်လွေက ဝမ်းသာအားရပင် ဓားဖြင့် ဆီးခုတ်ချလိုက်သည်။ ဓားကွက်က နတ်ဆိုးမောဟ ဖြစ်သည်။ ဓားမှ ပြင်းထန်သော


အားလိင
ှုးကြီးမှာ ထန်ဖန်းရှိရာ တိုးဝင်သွားသည်။ ထိုလမ်းတစ်လျှောက် စစ်သည်များမှာ အပိုင်းပိုင်းပြတ်ကာ အကုန်သေဆုံးကုန်သည်။
ကျောက်လွေ၏ တစ်ကိုယ်လုံးမှာလဲ ခရမ်းရောင်သွေးကြော များကြောင့် ခရမ်းရောင်ဖြစ်နေသည်။ သူ သုံးစွဲလိုက်သည်မှာ
နတ်ဆိုးအတွင်းအား အဆင့် ၄ အထိဖြစ်သည်။

ထန်ဖန်းက အသက်ကို အဝရှုပီး ထိုဓားချက်ကို ရင်ဘတ်ဖြင့် ဆီးခံလိုက်သည်။ သူက မိန်းမစိုးကိုယ်ထည်သိုင်းကို အမြင့်ဆုံးထိ


မြင့်တင်ကာခံလိုက်ခြင်းပင်။

" ဝုန်း... "

ထန်ဖန်းမှာ ခြေလှမ်း သုံးလှမ်းဆုတ်လိုက် ရသည်။ သို့သော် ပြုံးနေတုန်းပင်။

" ညီလေးကျောက်... ဒါအကုန်ပဲလား "

ကျောက်လွေက ဘာမှမပြောပဲ အတွင်းအားများကို နောက်တစ်ခါ စုစည်း နေလိုက်သည်။ ဒီတစ်ခါ သူ နတ်ဆိုးလောဘ


ကိုသုံးရတော့မည်။

ထန်ဖန်းက ရင်ဘတ် အောင့်သက်သက် ဖြစ်သွားသည်ကို အတွင်းအားဖြင့် လှည့်ပတ် ကုစားနေရင်း လက်မှ အပ်များကို


ပစ်လွှတ်လိုက်လေသည်။ အပ်များမှာ ရာချီနေအောင် ပျံလင
ွှ့်သွားသည်။ သူတတ်သမျှ ပန်ထိုး အပ်သိုင်းတွင် ထိုသိုင်းကွက်က
အဆင့်အမြင့်ဆုံးပင်။ နေကြာပန်းခင်းထဲသို့ရွာသောမိုး ဟု အမည်ရသည်။

ကျောက်လွေမှာ အပ်များကို နတ်ဆိုးလောဘ ဖြင့် ရိုက်ထုတ်လိုက်သည်။


" ထန်... ထန်... ထန်... "
သို့သော် အပ်များက အချင်းချင်း ထိမှန်ကာ သူ့ဆီပြန်လည် ဦးတည်လာနေပြန်သည်။ ဒီတစ်ခါက ပိုဆိုးသည်။ သူက ခွဲထုတ်
လိုက်သဖြင့် အရပ်လေးမျက်နှာစလုံးမှ သူ့ဆီတိုးဝင်လာကုန်လေပီ။

ကျောက်လွေက ထိတ်လန့်ကာ နတ်ဆိုးလောဘ ဓားကွက်ကို ထုတ်မံသုံးစွဲ လိုက်သည်။ ဒီတစ်ခါတော့ သူက ရိုက်ထုတ်ပီးပီးချင်း


မြေကြီးပေါ်လှိမ့်ကာ ခုန်ထွက်လိုကသ
် ည်။ အဆင့်လွန်သိုင်းသမား တစ်ယောက်အဖို့ မြေကြီးပေါ်လိမ့်ခြင်းမှာ ဂုဏ်သိက္ခာ ထိခိုက်သည်။
သို့သော် မတတ်နင
ိုချေ။ ထိုသိုင်းကွက်ကို သူမဖြိုခွဲနိုင်ပါ။

ထန်ဖန်းက သက်သာသွားပီ ဖြစ်၍ ကြည့်မိရာ ကျောက်လွေက မြေကြီးပေါ် လှိမ့်ထွက်လာသဖြင့် ခုန်ဝင်ကာ


အဆိပ်လက်ဝါးဖြင့်ရိုက်လိုက်သည်။ ကျောက်လွေမှာ မရှောင်နိုင်တော့ချေ။ ထိုစဉ် အိမ်ထိန်းကြီး က ပြေးဝင်ကာ လက်ဝါးချက်ကို
ဝင်ခံလိုက်လေသည်။

" ဝုန်း... "


" အား.... "

အတွင်းအားအပြည့်ပါသော ထန်ဖန်း၏ အဆိပ်လက်ဝါးကို အိမ်ထိန်းကြီးမှာ မခံနိုင်ပါ။ တစ်ချက်တည်းနဲ့ပင် အသက်ထွက်သွားသည်။


ကျောက်လွေမှာ မိမိကို ထိန်းကျောင်းလာသူ သစ္စာရှိ လူယုံကြီး သေဆုံးသွားသဖြင့် ဒေါသထွက်သွားသည်။ ထို့ကြောင့်
အတွင်းအားဖြင့်ပင် သွေးကြောအချို့ ကို ပေါက်ထွက်စေကာ နတ်ဆိုးအတွင်းအားကို အဆင့် ၅ အထိ မြှင့်တင်လိုက်သည်။

တစ်ကိုယ်လုံးသွေးချင်းချင်းနီရဲလာသော ကျောက်လွေမှာ မိစ္ဆာတစ်ကောင်ကဲ့သို့ ဖြစ်လာသည်။ ထန်ဖန်းမှာ သတိထားနေသော်လဲ


မျက်နှာကမူ ပြုံးနေဆဲပင်။ တခြားတိုက်ခိုက်နေသူများမှာ အသက်လုနေသည်မို့ ထိုကဲ့သို့ ဂန္တဝင် တိုက်ပွဲကို မကြည့်အားသော်လဲ
နန်းဆောင် ခေါင်မိုးပေါ်ရှိ အပြာရောင်ဝတ် ယောက်ျားနှင့် မင်းသမီးကဲ့သို့ ဝတ်ဆင်ထားသော မိန်းကလေးမှာ စိတ်ဝင်တစား
ကြည့်နေကြသည်။
ထန်ဝူ နှင့် မင်စုထန်တို့ကမူ အပြင်းအထန် မတိုက်ပဲ ခပ်အေးအေးတိုက်ခိုက်နေကြသဖြင့် ထိုတိုက်ပွဲကို မြင်နေကြသည်။ သူတို့သည်လဲ
သူတို့တိုက်ပွဲထက် ထိုတိုက်ပွဲကို စိတ်ပါနေကြသည်။ မင်စုထန်မှာ သူ၏ မီးစွဲဓားသိုင်းထက် ပို၍ မိစ္ဆာဓာတ် ပြင်းထန်သော
နတ်ဆိုးဓားကွက် နတ်ဆိးု အတွင်းအားကို လိုချင်လောဘ ဖြစ်လာသည်။

#မိုးထိတောင်သိုင်းသမား #ZYN
အခန်း (၃၄) အပိုင်း ငါး
ရှောင်လွဲမရနိုင်သော

ကျောက်လွေမှာ အတွင်းအားများ တိုးပွားလာသော် နတ်ဆိုးဒေါသဓားကွက် ဖြင့် ဒေါသတကြီး ခုန်ဝင်လိုက်သည်။ ဒေါသထွက်နေသော


နတ်ဆိုးတစ်ကောင် မည်သို့မည်ပုံရှိသနည်းဟု မေးလျှင် ကျောက်လွေကိုသာ ပြသင့်သည်။ ထန်ဖန်း မှာ ထိပ်တိုက် ရင်မဆိုင်လို၍
စစ်သည်များကြား လှည့်ပတ်ပြေးလွှား နေသည်။ ကျောက်လွေကတော့ မုန်ယို နေသော ဆင်တစ်ကောင်လိုပင် မြင်သမျှကို ဓားဖြင့်
ခုတ်ဖြတ်သွားသည်။ သွေးများမှာ နန်းရင်ပြင်တစ်ခွင်လုံး မြင်မကောင်းအောင် ပြန့်ကျဲစိုရွဲနေသည်။ စစ်သည် အယောက် တစ်ရာခန့်မှာ
တခဏချင်းပင် အပိုင်းပိုင်းပြတ် သေဆုံး ကုန်ကြသည်။

တိုက်ပွဲဖြစ်နေသောသူများမှာလဲ ကြောက်လန့်ကာ ရပ်သွားကြသည်။ မရပ်၍ မရချေ။ သူတို့ကြားထဲ လျှောက်ပြေးနေသော


ထန်ဖန်းကြောင့် ကျောက်လွေ ခုတ်သတ်လျှင် သူတို့မရှောင်နိုင်ပါ။ စစ်သည်များ နှင့် ခွန်လွန်ဂိုဏ်းသားများမှာ ထွက်ပြေးရန်
ကြိုးစားကြသည်။ သို့သော် သူတို့အကြံမှာ သိပ်တော့မအောင်မြင်ပါချေ။ ထန်ဖန်းက သူတို့ကို အတွင်းအားဖြင့် ဆွဲယူကာ
ကျောက်လွေဆီသို့ ပစ်ပေါက်နေသည်။ အပစ်ခံရသမျှကလဲ အပိုင်းပိုင်းပြတ်ကုန်ချည်း သာဖြစ်၏။

အမှန်စင်စစ် ထန်ဖန်းမှာ ကျောက်လွေ၏ နတ်ဆိုးအတွင်းအားကို လျော့သွားနိုင်သလား စမ်းသပ်နေခြင်း ဖြစ်သည်။ သို့သော်


ကျောက်လွေမှာ အတွင်းအား လျော့နည်း သွားပုံမရပါ။ နောက်ထပ် လူတစ်ရာနီးပါး သေဆုံးပီးသော် ကျောက်လွေက
ရယ်လိုက်လေသည်။

" ဟားဟား... ဟားဟား... ဟားဟား...


ပြိုင်ဘက်ကင်းသိုင်းသမားလဲ ဆိုရဲ့ ငါ့ဓားသိုင်းကို ကြောက်လန့်ပီး လူနှစရ
်ာရဲ့ အလောင်းကြားထဲ ပုန်းနေတယ်... ဆံဖြူကောင် မင်းက
တကယ်ယောက်ျား မဟုတ်တဲ့ကောင်ပဲ မိန်းမစိုးရ... မင်းထက်စာရင် တွမ့်ကျန်းယွမ်ကမှ ဒီဓားကွက်ကို ယောကျာ်းလို ရင်ဆိုင်ပီး
အနိုင်ယူနိုင်သေးတယ်.... "

ထန်ဖန်း မှာ ကျောက်လွေ၏ စကားကို ကြားသော် မခံချင်ဖြစ်မိသည်။ သို့သော်လဲ သူ့သိုင်းပညာများမှာ အတွင်းအားကိုသာ


အခြေခံသော ခုခံသည့်သိုင်းပညာများ ဖြစ်ပီး တိုက်ခိုက်ရန် ကောင်းသော သိုင်းကွက် သိပ်မရှိချေ။ ထို့ကြောင့် ထိုဓားကွက်ကို
တိုက်ခိုက်ရန် မတတ်နိုင်သဖြင့် ရှောင်နေခြင်းသာ။ အခုတော့ ကျောက်လွေက အထင်သေးစွာ ဆဲရေနေလေပီ ဒီထက်ပို၍
ရှောင်နေပါက သတ္တိနည်းသောသူ အဖြစ်ခံရတော့ပေမည်။

" ကဲ... လေကျယ်နေတယ်... လာခဲ့စမ်း "

ထန်ဖန်းက အတွင်း အားများကို စုစည်းပီး လက်ယပ်ခေါ်လိုက်သည်။ ကျောက်လွေက ပြုံးကာ နတ်ဆိုးဒေါသ ဓားကွက်ဖြင့်


ခုန်ဝင်သွားသည်။ ထိုအပြုံးက သူ၏ ကြောက်စရာမျက်နှာကြီးတွင် မျက်နှာတွင် မပီပြင်ပါ။

" ဝုန်း... "

ထန်ဖန်းက ဓားကွက်ကို လက်ဖြင့် ဖမ်းကိုင်ကာ ရပ်တန့်လိုက်သည်။ ဓားကွက်က ရပ်တန့်သွားသော်လဲ ကျောက်လွေကမူ ဓားကို


လက်များကြားမှ ပြန်ဆွထ
ဲုတ်သွားသည်။ ထန်ဖန်းမှာ ရင်ဘတ်မှ အောင့်တက်လာပီး သူေ
့ သွးကြောများ ဗြောင်းဆန်သွားသည်။
အကြောင်းက သူက ဓားကိုကိုင်လိုက်စဉ်တွင် ကြယ်ငင်မိစ္ဆာသိုင်း ကိုသုံးကာ ကျောက်လွေ၏ နတ်ဆိုးအတွင်းအား များကို
စုပ်ယူလိုက်လေသောကြောင့် ဖြစ်သည်။

သွေးကြောများက ဗြောင်းဆန်သွားသော်လဲ အင်အားပြည့်ဝလာခြင်းကိုမူ ခံစားမိ လိုက်သည်။ ထန်ဖန်းက သွေးတစ်လုတ်


ထွေးထုတ်လိုက်ကာ
" ကောင်းလိုက်တဲ့ အတွင်းအား "
ဟု အော်လိုက်သည်။
ကျောက်လွေကမူ လျော့သွားသော အတွင်းအားများကို သွေးကြောတစ်ချို့  ဖြတ်ပစ်ကာ ထပ်မံ၍ ဖြည့်တင်းလိုက်သည်။ ဒီတစ်ခါထပ်ပီး
အစုပ်မခံရမှ ဖြစ်မည်။ ကျောက်လွေက ၄ကွက်မြောက် ဖြစ်သော ငရဲပြည်ကဓား ကို ထုတ်သုံးရန် ပြင်လိုက်သည်။ ထိုဓားကွက်ကို
တွမ့်ကျန်းယွမ် က ဖြိုခွဲသွားဖူးသဖြင့် သူက အနည်းငယ်ဖြည့်စွက်ထားသည်။

" ယား... "

ကျောက်လွေ၏ ကြောက်ခမန်းလိလိ အော်သံကြီး ပျံလွှင့်သွားပီး ဓားမှ ထွက်လာသော အတွင်းအားလှိုင်းကြီးမှာ ထန်ဖန်းကို ဖုံးလွှမ်း


သွားသည်။

ထန်ဖန်းက ဆယ်နစ
ှ်မျိုးခြေလှမ်း ကို သုံးကာ ရှောင်တိမ်းရင်း နောက်တစ်ခါထပ်၍ နေကြာပန်းခင်းထဲသို့ရွာသောမိုး ကို
သုံးလိုက်ပြန်သည်။ သို့သော် ထိုဓားလှိုင်းကြီးကို ဘယ်လိုမှ တားဆီး၍ မရတော့ချေ။ ထို့ကြောင့် မိန်းမစိုးကိုယ်ထည်သိုင်း ကို သုံးကာ
တောင့်ခံလိုက်သည်။

" ဝုန်း... "

ကျယ်လောင်သော အသံကြီးထွက်လာပီး နန်းရင်ပြင် ကြမ်းခင်းကြီးမှ ကျောက်ပြား များမှာ လွင့်စင်ထွက်ကုန်သည်။ ဖုန်များကလဲ


တထောင်းထောင်းထကာ ဘာမှမမြင် ရတော့ချေ။

" ဟားဟား... ဟားဟား... "

ရယ်သံကြီး ပေါ်ထွက်လာသည်။ ရယ်သံပိုင်ရှင် မှာ မည်သူနည်း။

ရယ်သံပိုင်ရှင် မှာ ကျောက်လွေ ဖြစ်သည်။ ထန်ဖန်းမှာ ရယ်ပင်မရယ်နိုင်ပါ။ ဖြူဖွေး ဖြောင့်စင်းနေသော ဆံပင်ဖြူများမှာ ပွယောင်းကာ
ရှုပ်ပွနေသည်။ သို့သော် ဒဏ်ရာတော့ရပုံ မရှိချေ။

" နောင်ကြီး ထန်ဖန်းက တကယ့်လူပဲ ဒီ ငရဲပြည်ကဓား သိုင်းကွက်ကို တွမ့်ကျန်းယွမ် တောင် ဒီအတိုင်း မခုခံနိုင်ဘူး... ကြည့်ရတာ
နောင်ကြီးရဲ့ ဓားလှံမပေါက်တဲ့ မိန်းမစိုးသိုင်း ကတော်တော် အစွမ်းထက်တာပဲ "

ခေါင်မိုးပေါ်မှ နားထောင်နေသော မိန်းကလေးမှာ နှုတ်ခမ်းထော်လိုက်ကာ


" အကိုကြီးက မခုခံနိုင်ခဲ့ဘူးလား "
ဟု မေးလိုက်သည်။

ဘေးမှာ အပြာဝတ်က ပြုံးလိုက်ကာ


" အကိုကြီးက အနိုင်ယူခဲ့တာကွ... မခုခံဘူး "
ဟု ဖြေလိုက်သည်။

" ထင်သားပဲ... ဒါမှ ညီမလေး အကိုကြီးကွ "


မိန်းကလေးမှာ အခုမှပင် တောက်ပစွာ ပြုံးလိုက်ပီး ရေရွတ်လိုက်သည်။

နန်းရင်ပြင်တွင်တော့ ထန်ဖန်းမှာ မောဟိုက် နေလေသည်။ အသက်ကိုမနည်းရှုနေရကာ အတွင်းအားများကို စုစည်းနေသည်။ မင်စုထန်


နှင့် ထန်ဝူမှာလဲ အံ့အားသင့်ကာ ဆက်ပင်မတိုက်တော့ပဲ ကြည့်နေမိသည်။ သူတို့၏ စိတ်ထဲတွင်တော့ ဒီလိုဓားကွက် မျိုးကို
အနိုင်ယူနိုင်သော တွမ့်ကျန်းယွမ်၏ ဓားကွက်ကို သိချင်နေသည်သာ။

ကျောက်လွေက တဖန် လက်ကျန် အတွင်းအားများကို လှည်ပတ်ကာ နောက်ဆုံးသိုင်းကွက်ကို ထုတ်ဖော်ရန် ကြံရွယ်လိုက်သည်။

" နောင်ကြီး ငရဲပြည်ကဓား ကို ခုခံနိုင်လို့ အထင်သေးမနေနဲ့ဦး... နောက်ဆုံးတစ်ကွက် ကျန်သေးတယ်... တွမ့်ကျန်းယွမ်တောင်


မမြင်ဖူးသေးတဲ့ နောက်ဆုံးသိုင်းကွက် ပေါ့ဗျာ ခင်များသေသွားရင်တောင် ဂုဏ်ယူရမှာပါ "

ထန်ဖန်းမှာမူ ဒဏ်ရာမရဟု ထင်ရသော်လဲ သူ့ရင်ဘတ်မှာ ဟက်တက်ကွဲနေလေပီ။ ဓားဒဏ်ရာကြီးမှာ ရင်ညွှန့်မှ ချက်အထိ


ရှည်လျားသည်။ အပြင်သို့မပေါ်ရခြင်းမှာ သူ့သိုင်းပညာ၏ ကောင်းကွက်ကြောင့် ဖြစ်သည်။ ဒဏ်ရာမှာ အတွင်း၌သာ ရှိပီး
အပြင်ဝတ်စုံကတော့ အကောင်းအတိုင်း ဖြစ်နေ၍ ဒဏ်ရာရသည်ကို သူကလွဲ၍ မသိကြပါ။ ကျောက်လွေက
နောက်တစ်ကွက်ကျန်သေးကြောင်း ပြောလိုက်သော် ထန်ဖန်းမှာ စိတ်ဓာတ် အောက်ဆုံးထိကျသွားသည်။

ထန်ဖန်းက မိန်းမစိုးကိုယ်ထည်သိုင်း ကို ကြယ်ငင်မိစ္ဆာသိုင်း၏ အတွင်းအားများပါ ပေါင်းထည့်လည်ပတ်စေလိုက်သည်။ ဒဏ်ရာမှာ


ပြန်စေ့သွားပီး သွေးတိတ်သွား လေသည်။ ထို့အပြင် တဖန်ပြန်လည် အားပြည့်သလိုခံစားရပြန်သည်။ သူက ဝတ်ရုံလက်မောင်းများမှ
နောက်ဆုံး ကျန်တော့သော အပ်တစ်ရာခန့်ကို စမ်းလိုက်မိသည်။ ထိုအပ်များကို သုံး၍ ကျောက်လွေကိုသတ်မှရတော့ပေမည်။
" ဟားဟား... လာပီဟေ့... "

ကျောက်လွေ၏ အော်ဟစ်သံကြီးက လှိုက် ခနဲ ထွက်ပေါ်လာသည်။ အသံက မဆုံးခင် အရပ်လေးမျက်နှာမှ ကျောက်လွေ၏


အရိပ်ရာပေါင်းများစွာက ပြေးထွက်လာပီး ထန်ဖန်းကို အလွန်တရာလျင်မြန်သော အရှိန်ဖြင့် ထိုးခုတ်ကြတော့သည်။

" ဝှီး... ဝှီး... ဝှစ်... ဝှစ.် .. "

မည်မျှပင် ထိုးခုတ်သော်လဲ ထန်ဖန်းမှာ ထိခိုက်ခြင်းမရှိပါ။ ဓားက သူ့အသားကို မထိုးဖောက်နိုင်ချေ။ ထန်ဖန်းက ငြိမ်ခံနေကာ


အခွင့်အရေးကို စောင့်လိုက်သည်။

ကျောက်လွေက တစ်ချက်ခုန်လိုက်ပီး ထန်ဖန်း၏ ခေါင်းပေါ်သို့ ခုန်တက်လိုက်သည်။ ထို့နောက်ကျွမ်းထိုးကာ ပြန်ဆင်းလာကာ ဓားကို


တစ်ကိုယ်လုံးရှိ သက်စောင့်အားပါ မကျန်သုံးကာ ရိုက်ထုတ်လိုက်သည်။

" ကောင်းကင်ဘုံကိုကျူးကျော်ခြင်း "

ကျောက်လွေ၏ အော်သံက နန်းရင်ပြင်ကို ဟိန်းထွက်သွားသည်။ ဓားမှာ မြင်ဖူးသမျှ ထဲတွင် အပြင်းထန်ဆုံးသော


အတွင်းအားလှိုင်းနှင့်အတူ ထန်ဖန်း၏ ခေါင်းပေါ်သို့ ပြေးဝင်သွားသည်။ ထန်ဖန်းမှာ ရှောင်းတိမ်းရန် မဖြစ်နိုင်တော့သည်မို့ ရှိသမျှ
အတွင်းအားကို ခေါင်းတွင်စုကာ ခံဆောင်လိုက်သည်။

" ဝုန်း... "


" ဂျလိန်း... "

မိုးကြိုးပစ်သံတစ်မျှ ကျယ်လောင်လွန်းသော အသံကြီးပေါ်ထွက်ကာ ပတ်ဝန်းကျင် တစ်ခုလုံး ပျက်ဆီးသွားသည်။ နန်းရင်ပြင်မှာ


ချိုင့်ခွက်ကြီး ဖြစ်သွားပီး ဖုန်မှုန့်များက ပြန့်ကျဲ သွားသည်။

" ဖတ်... "


" အား... "

အပေါ်မှ ကျလာသော ကျောက်လွေမှာ သက်စောင့်အားပါ မကျန်သုံးလိုက်သဖြင့် ပြုတ်ကျလာသည်ကို မထိန်းနိုင်တော့ပဲ


မြေကြီးနှင့်ဆောင့်မိကာ ဇက်ကျိုးသွား လေသည်။

ကျောက်လွေ သေဆုံးသွားလေပီ။
ထန်ဖန်း က မည်သို့ရှိသနည်း။

အား ဆိုသော အသံမှာ ထန်ဖန်း၏ အသံဖြစ် လေသည်။ ထန်ဖန်း၏ ဦးခေါင်းတွင် ကျောက်လွေ၏ ဓားက အနည်းငယ်သာ
နစ်ဝင်နေသည်။ ထန်ဖန်းမှာ အသက်မသေပါ။ သူ့၏ ခုခံသိုင်းမှာ ပြောင်မြောက်လွန်းလှသည်။ သို့သော် သူ၏ မျက်လုံးများက
ကြောင်စီစီ ဖြစ်နေလေသည်။ ထန်ဖန်းက ခေါင်းမှာ ဓားကို ဆွဲနှုတ်လိုက်ကာ ငိုကြွေးလေတော့သည်။

" သားသား... နာတယ်... သားသားခေါင်းကို ရိုကတ


် ယ်... အီး..ဟီး.. "

ပရိတ်သတ် အပေါင်းမှာ ထိုမြင်ကွင်းကို မည်သို့မျှ နားမလည်နိုင်တော့ပါချေ။ သိုင်းလောက ပထမအဆင့်ရှိ သိုင်းပညာရှင်ကြီး နှစ်ဦးမှာ


သူသေကိုယ်သေ တိုက်သော်လဲ တကယ်တမ်းက အနိုင်အရှုံးမကွဲ ပါချေ။ သို့သော် နှစ်ဦးစလုံး ဇာတ်သိမ်းက မလှပါ။

ထန်ဝူမှာ ငိုကြွေးနေသော အဘိုးဖြစ်သူကို ကြည့်ကာ စိတ်မကောင်းဖြစ်မိသည်။ ထို့ကြောင့် မင်စုထန်ရှေ့မှ ခုနထ


်ွက်ကာ
အဘိုးဖြစ်သူနား ကပ်လိုက်သည်။

" ဒေါ်ဒေါ်... သားသား ခေါင်းနာတယ်... ဆေးထည့်ပေးပါ.... အီး... "

ထန်ဖန်းက ထန်ဝူအနားကပ်လာလျှင် ခြေထောက်ကိုဖက်ကာ ငိုကြွေးနေသည်။ ထန်ဝူက မျက်ရည်ကို မထိန်းနိုင်တော့ပါ။


တစ်ခေတ်တစ်ယောက်သော ပုဂ္ဂိုလ်ကြီးမှာ ရူးရှာလေပီ။

ခေါင်မိုးပေါ်မှ အပြာဝတ်မှာ အောက်ဆင်းရန် ပြင်လိုက်သည်။ ဘေးမှ မိန်းကလေးက လိုက်ဆင်းရန် လုပ်သော် အပြာဝတ်က ဖျတ် ခနဲ
မေ့ကြောကို ထောက်လိုက်သည်။

" တစ်နာရီကြာရင်ပြေမှာ... ငြိမ်ငြိမ်နေခဲ့ပါ ညီမလေး... "

အပြာဝတ်မှာ ခုန်ဆင်းကာ ထန်ဖန်း၏ နားထင်ကြောကို ထောက်ကာ စမ်းသပ် လိုက်ပြန်သည်။

" ဟာ "
အပြာဝတ်မှာ အံ့အားသင့်သွားသည်။
အကြောင်းမှာ ထန်ဖန်းမှာ အတွင်းအား တစ်စက်မျှ မရှိတော့ပါ။ သွေးကြောများကလဲ ဇောက်ထိုးစီးဆင်းနေကာ ပြတ်ထွက် နေသည်။
သာမန်လူသာဆို သေရမည် ဖြစ်သည်။ သူသည်လဲ အဘယ့်ကြောင့် ထန်ဖန်း မသေသွားသည်ကို တွေးမရချေ။

" ယောက်ဖ... ငါအဘိုးကို ခေါ်ပီး ဇာတ်မြှပ် နေပါရစေ... "

ထိုစကားမှာ ထန်ဝူက မျက်ရည်ကျလျက် အပြာဝတ် တွမ့်ကျန်းယွမ်ကို ပြောလိုက်ခြင်းပင် ဖြစ်သည်။


တွမ့်ကျန်းယွမ် က ခေါင်းငြိမ့်ကာ မျက်နှာလွှဲ လိုက်သည်။ ထန်ဝူက အဘိုးဖြစ်သူ ထန်ဖန်း ကို ပွေ့ကာ ပြေးထွက်သွားသည်။

" ဟားဟား... "


ရယ်သံကြီး ပေါ်ထွက်လာသဖြင့် တွမ့်ကျန်းယွမ် က လှည့်ကြည့်မိသည်။ ရယ်သံမှာ မင်စုထန်၏ ရယ်သံဖြစ်ပီး သူက ကျောက်လွေ၏
အလောင်းနားတွင်ရှိကာ ရယ်မောနေသည်။ သူ့လက်တွင်တော့ စာအုပ်ပါးတစ်အုပ်ရှိနေသည်။ နာမည်က နတ်ဆိုးသိုင်းမှတ်စု ဟူ၍။

တွမ့်ကျန်းယွမ်မှာ ဟာ ခနဲ ဖြစ်ကာ အလျင်မြန်ဆုံး ပြေးပီး လုယူလိုက်သည်။ သို့သော် မင်စုထန်မှာ ရိပ်မိသည်ဖြစ်၍


အနီဝတ်များကြားထဲ ရုပ်ပျက်ဆင်းပျက်ပင် မြေကြီးပေါ်မှ လှိမ့်ဝင်သွားသည်။ တွမ့်ကျန်းယွမ် က ထပ်လုသော် အနီဝတ်များက
ဓားဆွဲထုတ်ကာ တားဆီးကြသည်။ မင်စုထန်မှာ စာဖတ်ပင် မပျက်ပါ။

" ဖယ်ကြစမ်း... ရှောင်လင်ဂိုဏ်းသားတွေကို ငါမထိခိုက်စေချင်ဘူး... "

တွမ့်ကျန်းယွမ်မှာ အရေးကြီးနေသဖြင့် အော်လိုက်ခြင်းဖြစ်သည်။ နတ်ဆိုးဓားသိုင်း လို အစွမ်းကြီးသော ဓားသိုင်းကို မင်စုထန်


တတ်မြောက်သွား၍မဖြစ်ပါ။ အခုပင် သူတို့နီးနီး စွမ်းနေရာ ထိုဓားသိုင်းရသွားလျှင် သူပင် အနိုင်ယူရန် မသေချာချေ။

အနီဝတ်များမှာ တွမ့်ကျန်းယွမ်ကို မထိန်းချုပ်နိုင်တော့သော် မုယုံချန်းရှောင်း၊ မုထူးဝါးနှင့် ကျန်းစန်းယွမ် တို့ပါ ဝင်၍ တားဆီးကြသည်။

မုထူးဝါးမှာ ယောင်ကမ်းကမ်းနှင့်ပင် တိုက်ခိုက်နေသော်လဲ သူက တွမ့်ကျန်းယွမ် ကို မတိုက်ခိုက်လိုပါ။ မုယုံချန်းရှောင်းမှာလဲ


ထပ်တူပင်။ တစ်ချိန်ကချစ်ရသူကို မထိခိုက်စေလိုပါ။ ကျန်းစန်းယွမ် တစ်ယောက်သာ အငြိုးတစ်ကြီး တိုက်ခိုက်နေသည်။
တကယ်တမ်းမှာမူ သူတို့က ညှာနေခြင်းမဟုတ်ပေ။ တွမ့်ကျန်းယွမ်ကသာ သူတို့ကို မထိခိုက်စေချင်သဖြင့် ရှောင်တိမ်း နေခြင်းပင်။
ထို့ကြောင့် မင်စုထန်မှာ စာအုပ်ကို ဆက်လက်ဖတ်ခွင့်ရနေသည်။

တွမ့်ကျန်းယွမ် မှာ မဖြစ်တော့ဟု ဆုံးဖြတ်ချက်ချကာ လူသုံးဆယ့်သုံးယောက် ကြားမှ အလွန်တရာလျင်မြန်သော သိုင်းကွက်ကို သုံးကာ


ပြေးထွက်လိုက်သည်။ ထိုသိုင်းကွက်မှာ စက္ကူနဂါး ဟူ၍ပင်။ ထိုသိုင်းကွက် သုံးလိုက်သည်နှင့် လျောခနဲ ထွက်သွားကာ မင်စုထန်၏
လက်မှ စာအုပ်ကို လုယူလိုက်သည်။

" ရွှမ်း... "


" ဝုန်း... "

တွမ့်ကျန်းယွမ်၏ တိကျလျင်မြန်သော ဓားချက်ကြောင့် စာအုပ်မှာ တစ်ခဏချင်းပင် အစိတ်စတ


ိအမြွှာမြွှာ ပြန့်ကျဲသွားသည်။ ထိုမျှမက
လက်ဝါးချက်ကြောင့် အမှုန့်အဖြစ်ပင် လွှင့်စင်သွားသည်။

" အား... "


မင်စုထန် က နာနာကျည်းကျည်း အော်လိုက်ခြင်းပင်။

သူက နတ်ဆိုးဓားကွက်များကို ဖတ်အပီး နတ်ဆိုးအတွင်းအား အရောက်တွင် အလုခံ လိုက်ရသောကြောင့် ယူကျုံးမရ ဖြစ်သွား


လေသည်။

မင်စုထန်မှာ ဒေါသကြောင့်လားမသိ မျက်လုံးများ နီရဲလာကာ သရဲတစ်ကောင်လို ဖြစ်လာသည်။ ခါးမှ ကျောက်စီဓား ကို ဆွဲထုတ်ကာ
ဝှေ့ယမ်းလိုက်သော် မီးတောက်များလဲ ထွက်ပေါ်လာသည်။

သူက ဓားကို တွမ့်ကျန်းယွမ် ကို ထိုးချိန်ကာ


" သတ်... "
ဟု အော်လိုက်လေသည်။

အနီဝတ်များနှင့် ကျန်းစန်းယွမ်မှာ တစ်မဟုတ်ချင်း ပြေးဝင်သွားသည်။ မင်စုထန်မှာ တစ်ချက်မျှ စဉ်းစားကာ ခုန်ဝင်သွားပြန်သည်။


တွမ့်ကျန်းယွမ် မှာ ဓားကို ကျစ်ကျစ်ပါအောင် ဆုပ်ပီး သူ၏ မိုးနဂါးသိုင်းကို သုံးကာ ခုခံလိုက်သည်။

မိုးနဂါးဓားသိုင်း၏ ခံစစ်မှာ ပေမိန်နတ်သိုင်း ကြောင့် ရေပက်မဝင်ချေ။ လူသုံးဆယ့် နှစ်ယောက်၏ ဓားသုံးဆယ့်နှစ်ချောင်းက


တွမ့်ကျန်းယွမ်ကို မထိခိုက်စေနိုင်ပါ။ အကွက်ငါးဆယ်တိုင်အောင် မထိခိုက်သဖြင့် ကျန်းစန်းယွမ်မှာ ဒေါသပုန်ထလာလေသည်။ သူက
သူသေကိုယ်သေ သိုင်းကွက်များ သုံးလာလေသည်။ တွမ့်ကျန်းယွမ် မှာ တစ်ဖြည်းဖြည်း အကျပ်ရိုက်လာသည်။ ခုခံနေရုံမျှနှင့်
မဖြစ်တော့ချေ။ ပြန်တိုက်မှ ရတော့ချေမည်။ သူက အတွင်းအား အပြည့်ဖြင့် အထီးကျန်နဂါး သိုင်းကွက်ကို ထုတ်သုံးလိုက်သည်။
ထိုသိုင်းကွက်မှာ ကျောက်လွေ၏ ငရဲပြည်ကဓား သိုင်းကွက်ကို အနိုင်ရသော သိုင်းကွက်ဖြစ်သဖြင့် အစွမ်းက ကြီးမားသည်။
တစ်ကွက်ထဲနဲ့ပင် အကုန်လုံး လွင့်စင်ထွက်သွားသည်။ အတွင်းအား သိပ်မကောင်းသူ တစ်ချို့ မှာမူ သွေးပင် အန်ထွက်ကုန်သည်။

ကျန်းစန်းယွမ် နှင့် မင်စုထန်မှာမူ ငါးပေခန့်သာ လွင့်သွားသည်။ တွမ့်ကျန်းယွမ် မှာ ကျန်းစန်းယွမ်၏ ကြောက်ခမန်းလိလိ


တိုးတက်လာပုံကို အံ့သြသွားသည်။ လွန်ခဲ့သော လပိုင်းကပင် ကျန်းစန်းယွမ်မှာ ထန်စုစု လက်အောက်က အရှုံးသမားပင်။ အခုတော့
မင်စုထန်နှင့် သိပ်မကွာတော့ချေ။

" ဟားဟား... တာ့လီက ခွေးကောင်... မင်း ဒီနေ့ သေနေ့စေ့ပပ


ီဲ တွေ့ကြသေးတာပေါ့... ပေ့လဲ့ရယ် အသေသတ်... "

ကျန်းစန်းယွမ်မှာ ထိုသို့ အော်ဟစ်ကာ လျင်မြန်စွာ ပြေးဝင်လာသည်။ တွမ့်ကျန်းယွမ် က ခုခံလိုက်သော် နံဘေးမှ မီးတောက်နေသော


ဓားတစ်လက်က ဝင်လာပြန်သည်။ တွမ့်ကျန်းယွမ်မှာ အကြပ်ရိုက်နေပီဖြစ်သည်။ ကျန်းစန်းယွမ် နှင့် မင်စုထန်မှာ ခုနက လူရှုပေ
် နသဖြင့်
မသုံးနိုင်သော ဓားသိုင်းအစွမ်းအကုန်ကို အခုတစ်ခါတွင် အသုံးပြုနေလေပီ။ ထိုနှစ်ယောက်မှာ သူ့ကို တူးတူးခါးခါး မုန်းတီးနေကြသဖြင့်
အလွတ်ပေးမည် မထင်ပါ။

တွမ့်ကျန်းယွမ်က မိုးနဂါးဓားသိုင်း၏ ခုခံကွက်များကိုသာ သုံးစွဲရင်း အခွင့်ချောင်း နေလေသည်။ ကျန်းစန်းယွမ် မှာ စိတ်ရှည်ဟန်


မတူတော့ချေ။ သူက အတင်းပင် ပြေးဝင်ကာ ဓားဖြင့် ပြေးထိုးလိုက်သည်။ မင်စုထန်မှာ ထိုအခွင့်အရေးကို မြင်သော် လက်လွှတ်မခံပါ။
သိုင်းကွက် ဆုတ်ရာ အနောက်ဘက်သို့ ခုန်ဝင်ကာ အတွင်းအား အပြည့်ဖြင့် လက်ဝါးတစ်ချက် ရိုက်ထုတ်လိုက်သည်။

တွမ့်ကျန်းယွမ် မှာ ရှေ့တိုးမရ နောက်ဆုတ်မရ ဖြစ်သွားလေပီ။ ထို့ကြောင့် အရှေ့က ဓားကိုတိမ်းရှောင်ကာ အနောက်မှ လက်ဝါးချက်ကို
အထိခံလိုက်လေသည်။

" ဝုန်း... "

သုံးယောက်စလုံးမှာ ပြင်းထန်သော အတွင်းအားချင်းထိခြင်းကြောင့် ကန်ထွက် သွားကြသည်။ တွမ့်ကျန်းယွမ် မှာ ပေမိန်နတ်သိုင်း


ကြောင့် အတွင်းဒဏ်ရာ မရသော်လဲ အောင့်သက်သက် ခံစားလိုက်ရသည်။ မင်စုထန်မှာမူ သွေးတစ်လုပ် ပင် ပျို့ တက်လာလေသည်။
ကျန်းစန်းယွမ် ကတော့ မထနိုင်တော့ပါ။ တွမ့်ကျန်းယွမ် က သူ့ကို အတွင်းအားဖြင့် ဆွဲယူကာ မင်စုထန်၏ လက်ဝါးကို မျှခံ
စေလိုက်သဖြင့် အတွင်းဒဏ်ရာ ရသွားလေသည်။

မင်စုထန်မှာ အခြေအနေကြည့်ကာ ဒေါသကို ထိန်းမရတော့ချေ။


" ယား... "

အရူးတစ်ယောက်လိုပင် မီးစွဲဓားသိုင်းဖြင့် ပြေးခုတ်လေတော့သည်။ မုထူးဝါးမှာ ကြည့်နေရင်းက စိတ်ပျက်လာသဖြင့်


သူ့ဂိုဏ်းသားများကို ခေါ်ကာ ထွက်သွား လေပီ။ မုယုံချန်းရှောင်း သာ ကြံရာမရသော မျက်နှာဖြင့် မင်စုထန်နှင့် တွမ့်ကျန်းယွမ် တို့ကို
ငေးကြည့်နေသည်။

တွမ့်ကျန်းယွမ် မှာ ဒေါသထွက်လာသဖြင့် ဓားကို ပစ်ချကာ အေးစိမ့်လက်ဝါး ဖြင့် တိုက်ခိုက်တော့သည်။ သူတို့၏ တိုက်ပွဲမှာ
အရင်တစ်ခါကလိုပင် မီးသရဲနှင့် ရေခဲသရဲ သဖွယ် ပြင်းထန်လေသည်။ ပတ်ဝန်းကျင်မှာ ပူလိုက်အေးလိုက်ဖြစ်နေတော့သည်။

အကွက်ပေါင်းတစ်ရာကျော်ကို တစ်ခဏတွင်းပင် တိုက်ခိုက်ပီးသော် မင်စုထန်မှာ မယှဉ်နိုင်တော့ပါ လက်ရည်ကျ လာလေသည်။

" ဝုန်း... "


" ဝေါ့... "

မင်စုထန်မှာ လက်ဝါးတစ်ချက်ထိကာ ခိုက်ခိုက်တုန်သွားလေသည်။ တစ်ကိုယ်လုံး ပြာနှမ်းကာ သွေးများအန်ချလိုက်လေသည်။

တွမ့်ကျန်းယွမ်က ဇာတ်သိမ်းပေးရန် လှမ်းအလာတွင် အနီရောင်လူရိပ်တစ်ခုက ရှေ့မှ ကားဆီးထားတော့လေသည်။

" မလုပ်ပါနဲ့ အကိုတွမ့်... ကျေးဇူးပြုပီး ညီမ ယောက်ျားကို ချမ်းသာပေးပါ... "

အနီရောင်အရိပ်မှာ မုယုံချန်းရှောင်း ဖြစ်ပီး သူမက မျက်ရည်များဖြင့် အသနားခံကာ ရှေ့မှ ပိတ်ရပ်နေသည်။

" ညီမဖယ်ပါ... ဒီလူက လူကောင်း မဟုတ်ဘူး နတ်ဆိုးဓားကွက် တွေကို မှတ်မိနေတယ် သတ်ပစ်မှရမယ်... "

တွမ့်ကျန်းယွမ်မှာ ပြတ်သားစွာ ပြောပီး မုယုံချန်းရှောင်း ကို ဆွဲဖယ်လိုက်သည်။ မင်စုထန်မှာ ထိုအဖြစ်ကို ပြဇာတ်တစ်ခုကို


ကြည့်နေသည့်အလား ရယ်မောနေသည်။
" ဟားဟား.. ဟား... "

မုယုံချန်းရှောင်းမှာ မင်စုထန်ကို စိတ်ပျက်မိ သော်လဲ မျက်စိမှိတ်ကာ တွမ့်ကျန်းယွမ်၏ လက်မောင်းကို ဆွဲထားလိုက်သည်။

" မလုပ်ပါနဲ့... ညီမမှာ သူ့ရဲ့ ရင်သွေးလေး လွယ်ထားနေရတယ်... ကလေးကို အဖေမဲ့သား ဖြစ်အောင်မလုပ်ပါနဲ့ရှင် ညီမ
တောင်းပန်ပါတယ်နော် ... "

တွမ့်ကျန်းယွမ်မှာ တုံ့ ခနဲ ဖြစ်ပီး ရပ်သွားသည်။ လောကကြီးမှာ ခဏမျှ မှောင်မိုက်သွားသလိုပင်။

" ဟားဟား... သူ့မယားလိုချင် သူ့လင် လှံနဲ့ထိုးတဲ့... စကားပုံတောင်ရှိသေးတယ်... လာပါ သတ်လိုက်စမ်းပါ... ပီးတော့မှ


ငယ်ကျွမ်းဆွေတွေ ပြန်ပေါင်းလေသတည်းပေါ့က.ွ ...
ဟားဟား ဟားဟား... ဟားဟား... "

မင်စုထန်မှာ ပြောချင်တာပြော၍ အားရပါးရ ရယ်မောနေသည်။ တစ်ကိုယ်လုံး စုတ်ပြတ် နေသော သူ့ပုံစံမှာ အခုလို စိတ်လွတ်
ကိုယ်လွတ် အရူးလို ဖြစ်နေလေသည်။ သူ့ကို ကြည့်၍ လွန်ခဲ့သော နာရီပိုင်းက ဘုရင်တစ်ပါး အဖြစ် ခန့်ခန့်ညားညား ရှိခဲ့သည်ဟု
ပြောရင် မည်သူမျှ ယုံမည် မဟုတ်ပါချေ။

တွမ့်ကျန်းယွမ် မှာ သက်ပြင်းချကာ


" ဟုတ်ပီလေ... အကို လွှတ်ပေးလိုက်ပါမယ် ညီမသဘောပါပဲ... "
ဟု ပြောပီး လှည့်ထွက်လိုက်သည်။

" ဟေ့... မင်းငါ့ကို မသတ်တာနော် ငါက တောင်းပန်နေမှာ မဟုတ်ဘူး... ငါ့ရဲ့ တာ့ရန် ကိုပြန်ရောက်ရင် မင်းတို့တာ့လီကို အရင်ဆုံး
ဖျက်ဆီးပစ်မယ်... "

မင်စုထန် က သူ့ကို တွဲထူနေသော မုယုံချန်းရှောင်း၏ လက်ကို အကြမ်းပတမ်း ဆွဲဖယ်ကာ ပြောလိုက်လေသည်။

တွမ့်ကျန်းယွမ်က အနောက်ကို လှည့်မကြည့်ပဲ ရယ်ကာ ပြောလိုက်သည်။

" မင်းရဲ့စစ်တပ်ပဲ ကျန်ပါစေဦး မင်စုထန်... မင်း ဒီနန်းဆောင်ကို ရောက်ရောက်ချင်းပဲ မင်းစစ်တပ်ကို မင်းကြီးနဲ့ အိမ်ရှေ့စံရဲ့ တပ်တွေက
သွားတိုက်နေကြတယ် အခုဆို တပ်ပျက်ပြေးလောက်ပီပေါ့... "

" ဘာ... "


" မဖြစ်နိုင်ဘူး... မဖြစ်နိုင်ဘူး... "

မင်စုထန်မှာ အရူးတစ်ယောက်လို ရေရွတ် နေလေသည်။ တွမ့်ကျန်းယွမ်၏ စကားကို မယုံလိုသော်လဲ တွမ့်ကျန်းယွမ်မှာ


အလကားနေရင်း လိမ်ပြောမည်မဟုတ်။ အခုလိုအချိန်တွင် ပို၍လိမ်မည် မဟုတ်ပါ။

" ဒါ မင်းအကြံတွေမလား... အစကနေ အခုထိ အားလုံးက မင်းကြံစည်ထားတာပဲ ဖြစ်ရမယ်... ဟုတ်တယ်မလား...


လူယုတ်မာကောင်.... "

မင်စုထန်မှာ နာကျည်းလွန်းသဖြင့် မျက်ရည်များပါ ထွက်ကာ အော်ပြောလိုက် လေသည်။

တွမ့်ကျန်းယွမ်က လှည့်ပင်မကြည့်ပါ။ ဖြေလဲ မဖြေတော့ချေ။ သူ့အနေဖြင့် သူတတ်နိုင်သမျှ လုပ်ပေးပီးလေပီ။ သူမ၏ အဖြစ်ကို


မကြည့်ရက်တော့ပါ။ သူ့စိတ်ထဲမှ အေးအေးချမ်းချမ်း နေထိုင်ရပါစေ ဟုသာ ဆုတောင်းပေးလိက
ုမိသည်။

" စွပ်... "


" အင့်.... "
" ဟားဟား... ဟား...ဟား... "

တွမ့်ကျန်းယွမ်မှာ ရုတ်တရက် ရယ်သံကြားသဖြင့် လှည့်ကြည့်လိုက်ရာ မုယုံချန်းရှောင်း မှာ ရင်ဘတ်တွင် ဓားစိုက်လျက်


လဲကျနေလေသည်။ သေတော့ မသေသေးပါ ညည်းညူ နေသည်။

" ယား... "


" ဝုန်း... "

တွမ့်ကျန်းယွမ် မှာ ဒေါသ ထောင်း ခနဲ ထွက်ကာ ခပ်လှမ်းလှမ်းရောက်နေသော မင်စုထန်ကို ဓားဖြင့် လှမ်းပေါက်လိုက်သည်။ ဓားမှာ
ညာခြေ ခြေသလုံးကို ထုတ်ချင်းပေါက် သွားကာ မြေကြီးတွင် စိုက်ဝင်သွား လေသည်။ တွမ့်ကျန်းယွမ် မှာ လက်ဝါးဖြင့် ရိုက်ရန်
ပြင်လိုက်သော် မုယုံချန်းရှောင်း က လှမ်းကာ ပြောလိုကသ
် ည်။
" အကိုတွမ့်... ညီမတောင်းပန်ပါတယ်... ညီမလုပ်သမျှ အပြစ်တွေကို ခွင့်လွှတ်ပေးပါနော်... ဒီဘဝမှာ မပေါင်းဖက်ရပေမဲ့
နောင်ဘဝမှာတော့ အကိရ
ုဲ့ ချစ်သူထပ်ဖြစ်ချင်ပါသေးတယ်..."

တွမ့်ကျန်းယွမ် မှာ မရိုက်ဖြစ်တော့ပါ။ မုယုံချန်းရှောင်းကို ပြေးပွေ့ကာ ငိုကြွေး မိသည်။

" ခွင့်လွှတ်ပါတယ် ညီမရယ်... ခွင့်လွှတ်ပါတယ်... အကိုက အမြဲခွင့်လွှတ်ပီးသားပါကွာ... "

မင်စုထန်မှာမူ မချိပြုံးပြုံးကာ ဓားကို ဆွဲထတ


ု လိုက်သည်။ ထို့နောက် ရင်ဘတ်ထဲမှ ဆေးတစ်လုံးကို ထုတ်ကာ သောက်လိုက်
လေသည်။ ထိုဆေးမှာ ကျောက်လွေ ကျန်ခဲ့သော မိုးမြေအတွင်းအားဆေးပင် ဖြစ်သည်။ အလောင်းပေါ်က တွေ့တွေ့ချင်း
သူဖွက်ထားမိတာ ကံကောင်း သည်ဟု ဆိုရပေမည်။ သူက ငိုကြွေးနေသော တွမ့်ကျန်းယွမ်ကို တစ်ချက် ကြည့်ကာ ဓားဖြင့်
လှမ်းပေါက်လိုက်သည်။

" ဝှီး... "

လေတိုးသံကြားသဖြင့် တွမ့်ကျန်းယွမ်က မော့ကြည့်မိသော် ဓားမှာ အရှိန်ပြင်းထန်စွာ ပြေးဝင်လာသည်။ တွမ့်ကျန်းယွမ် က ညာလက်ကို


မြှောက်ကာ ရိရန်ကျီ လက်ညှိုးဖြင့် တောက်ထုတ်ကာ လမ်းလွှဲလိုက်သည်။

" စွပ်... "


" အား... "

ကံဆိုးသူမှာ ကျန်းစန်းယွမ် ပင်ဖြစ်သည်။ လမ်းလွှဲသွားသော ဓားမှာ မလှုပ်နိုင်သော ကျန်းစန်းယွမ်ကို ထုတ်ချင်းပေါက်


စိုက်ဝင်သွားသည်။ အား ဟုသော အော်သံက သူ့ဘဝ၏ နောက်ဆုံးအသံပင်။

" အကို့လက်ပေါ်မှာ သေရတာ ညီမသေပျော်ပါတယ်... "

မုယုံချန်းရှောင်းမှာ မျက်ဖြူစိုက်ရင်းမှ ယောင်းယမ်းကာ ထိုစကားများကို ပြောပီး သေဆုံးသွားတော့သည်။

" တောက်... ခွေးမသား... မင်း နဲ့ ငါ ကမ္ဘာမကြေဘူးကွ... "


" အား.................................."

တွမ့်ကျန်းယွမ်မှာ မုယုံချန်းရှောင်း ကို ပွေ့ထားရင်း သူ့ကိုယ်မှ အတွင်းအားများကို ရေခဲလှိုင်းအဖြစ်ပြောင်းလဲကာ တော်တော်ဝေးဝေးရှိ


မင်စုထန် ဆီသို့ တိုးဝင်စေသည်။ မင်စုထန်မှာ ထော့ကျိုး ထော့ကျိုးနှင့်ပင် လျင်မြန်စွာ ပြေးထွက်သွား တော့လေသည်။
ရေခဲလှိုင်းများမှာ မထိနိုင်တော့ချေ။

" အား........................................"

ခံပြင်းလွန်းနေသော တွမက
့်ျန်းယွမ်မှာ ဝမ်းခေါင်းသံကြီးဖြင့် အော်ဟစ်နေဆဲပင် သူ့ကိုယ်မလ
ှဲ ရေခဲလှိုင်းများမှာ ထွက်ပေါ်နေဆဲ
ဖြစ်သည်။ အော်သံကြောင့်ရော ရေခဲလှိုင်းကြောင့်ရော နန်းရင်ပြင်ရှိ ဒဏ်ရာကြီးငယ်ဖြင့် လဲကျနေသူများမှာ အကုန်သေဆုံးကုန်ကြ
တော့သည်။

အတန်ကြာသော် အော်သံကြီး တိတ်သွားကာ တွမ့်ကျန်းယွမ် မှာလဲ မေ့မြောသွား တော့သည်။ ပတ်ဝန်ကျင် တစ်ခုလုံးမှာ


အလွန်တရာအေးစိမ့်နေပီး နန်းရင်ပြင်မှာ ရေခဲကုန်လေသည်။ ရင်ပြင်ရှိ အလောင်းများ မှာ ရေခဲတုံးပင် ဖြစ်ကုန်ကြသည်။ မခဲသူဆ၍
ို
တွမ့်ကျန်းယွမ် သာရှိတော့သည်။

ထိုစဉ် နန်းဆောင် ခေါင်မိုးပေါ်မှ လှုပ်ရှားမှု တစ်ခု ထွက်ပေါ်လာသည်။ ထိုသူမှာ တွမ့်ကျန်းယွမ် အကြောထိုးပိတ်ထားခဲ့သော စုန့်ချီရန့်
ပင်ဖြစ်သည်။ သူမက မေ့ကြောပိတ် ခံရသဖြင့် အော်သံက မထိခိုက်သလို နန်းဆောင် ခေါင်မိုးပေါ်၌ ရှိနေသဖြင့် ရေခဲလှိုင်းဒဏ်လဲ
မခံရချေ။ သူမက ကြောင်စီစီဖြင့် နိုးလာသော် နန်းရင်ပြင် တစ်ခုလုံး အေးခဲကာ အလောင်းများသာ တွေ့ပီး ကြောက်လန့်သွားသည်။
ဟိုဟိုဒီဒီ ကြည့်နေရင်းက လဲကျနေသော တွမ့်ကျန်းယွမ် ကို မြင်လျင် ခေါင်မိုးပေါ်မှ ခုန်ချလိုက်သည်။

" အကိုကြီး... "


" ဟာ... မမ... "

စုန့်ချီရန့် မှာ ထိုမျှသာ ပြောနိုင်ပီး ငိုကြွေးတော့လေသည်။ မြင်ကွင်းမှာ စိတ်ထိခိုက်စရာ အပြည့် ဖြစ်နေသည်။ အစ်မဖြစ်သူ
မုယုံချန်းရှောင်း မှာ ရင်ဘတ်တွင် ကျောက်စဓ
ီားက ထုတ်ချင်းပေါက်လျက် သေဆုံးနေကာ ရေခဲနေသည်။ သူမ၏ အကိုကြီးဖြစ်သူ
တွမ့်ကျန်းယွမ် ကလဲ သေသည်ရှင်သည် မသိရပဲ မုယုံချန်းရှောင်းကို ပွေ့ကာ လဲကျနေသည်လေ။
" အနိစ.္စ .. ဒုက္ခ... အနတ္တ... အရာခပ်သိမ်းဟာ ကံတရားရဲ့ အလိုအတိုင်းပါပဲလား...
အော်မိတော်ဖော်... "

အိုမင်းလှသော အသံဖြင့် တရားစာ ရွတ်ဆိုသံကြောင့် စုန့်ချီရန့်မှာ ငိုကြွေး နေရင်းက ကြည့်မိသည်။ သူမ မြင်ရသည်က
တည်ငြိမ်လှသော ဘုန်းကြီးအိုကြီး သုံးပါးမှာ တစ်လှမ်းချင်း သူမဆီလှမ်းလာနေသည်။ ထိုဘုန်းကြီးအိုကြီး သုံးပါးကို သူမ
ကောင်းကောင်းသိသည်။ သူတို့က ရှောင်လင်ကျောင်းထိုငဆ
် ရာတော် ပုလုံ ဆရာတော် နှင့် စုန့်ဝမ် ဆရာတော် တို့ဖြစ်ကြသည်။

ကျောင်းထိုင်ဆရာတော် က လဲကျနေသော တွမ့်ကျန်းယွမ်၏ လည်ပင်းသွေးကြောကို စမ်းသပ်ကာ သက်ပြင်းချလိုက်သည်။

" ထင်ထားသလိုပ.ဲ .. ဒီဒကာလေးက သေကံမပါဘူး... အင်း... ကံ...ကံ... "

စုန့်ချီရန့်မှာ ထိုစကားကိုကြားသော် ပျော်သွားလေသည်။ သူမ က အလျင်အမြန်ပင် ဒူးထောက်တောင်းပန် လိုက်တော့သည်။

" ဆရာတော်ကြီး... အကိုကြီးကို ကယ်ပေးပါ အကိုကြီး အသက်ရှင်မှ ဖြစ်မှာပါ... "

ဆရာတော်က ခေါင်းငြိမ့်ကာ
" သူက အပူမီးတွေ ကြောင့် နှလုံးကို လေရိုက်ပီး မေ့မျောနေတာပါကွယ်.... တခြားဘာရောဂါမှ မရှိပါဘူး... ဒါပေမဲ့ အအေးမိစ္ဆာရဲ့
အေးစိမ့်လက်ဝါးကို အလွန်အကျွံသုံးစွဲလိုက်လို့ သူ့ကယ
ိုထဲမှာ မိစ္ဆာဓာတ်တွေ ပြည့်နေပီ... ဒါကိုတော့ ဖြေမှ ဖြစ်မယ် မဟုတ်ရင်သူ့ကို
လွှတ်ထားလို့မရဘူး လောကကြီး ဒုက္ခများကုန်လိမ့်မယ် "
ဟု ပြောလိုက်သည်။

ဆရာတော် စုန့်ဝမ်က စုန့်ချီရန့် ကို ကြင်နာသော အကြည့်ဖြင့် ကြည့်ကာ


" မြေးလေးက တာ့လီက သူ့ဆရာနှစ်ယောက် နဲ့ မိသားစုကို အကြောင်းကြားပေးပါ... တွမ့်ကျန်းယွမ်ကို ရှောင်လင်က ခဏ ထိန်းသိမ်း
ထားပါတယ်လို့ "
ဟု ပြောလိုက်သည်။

စုန့်ချီရန့် မှာ မျက်ရည်များကို သုတ်ပီး ခေါင်းငြိမ့်လိုက်သည်။ ထို့နောက် သူမက လျင်လျင်မြန်မြန်ပင် ပြေးထွက်သွား လေတော့သည်။

" ဆရာတော်... ဒီကလေးကို ဘယ်လို ကယ်တင်ကြမလဲ "

ပုလုံ ဆရာတော်က ကျောင်းထိုင်ဆရာတော် ကို မေးလိုက်ခြင်းဖြစ်သည်။

" အင်း... သူ့ကို ကျမ်းစာဆောင်မှာ ပိတ်ထားပီး ဗုဒ္ဓကျမ်းစာတွေကို တစ်နှစ်တိတိ နေ့တိုင်း ရွတ်ဖတ်ခိုင်းရမယ် ... ပီးမှ
နောက်တစ်နှစ်မှာ မိစ္ဆာဓာတ်ကို ဖယ်ရှားဖို့ ရှောင်လင်ရဲ့ အဆင့်အမြင့်ဆုံးသော တာမို့မိစ္ဆာရှင်းလက်ဝါးသိုင်း ကို သင်ပေးရမယ်...
မဟုတ်ရင်တော့ လောကကြီးက သူ့ကြောင့် ဒုက္ခရောက်သွားနိုင်တယ် "

ဆရာတော်၏ အဖြေစကားမှာ သိပ်တော့ အားမရှိလှချေ။ ပုလုံဆရာတော်မှာ ဆက်မေးမနေပါ။ တွမ့်ကျန်းယွမ်ကို ပေါ့ပေါ့ပါးပါး


ကောက်ထမ်းလိုက်သည်။

စုန့်ဝမ် ဆရာတော်က လက်အုပ်ချီကာ


" တပည့်တော် ဒီအလောင်းတွေကို စီစဉ်ဖို့ ဒကာလေး ပိုင်လက
ိုံ လိုက်ရှာလိုက်ဦးမယ် အကိုတော်တ.ို့ ... "
ဟု ပြောကာ ထွက်ခွာသွားသည်။

ကျောင်းထိုင်ဆရာတော် ကလဲ
" ကဲ တို့လဲ သွားစိ.ု့ .. "
ဟု ရေရွတ်လိုက်သည်။

ပတ်ဝန်းကျင် တစ်ခုလုံးမှာ ဘုန်းကြီးအိုကြီး ၏ နှုတ်ဖျားမှ ရေရွတ်လိုက်သော


" အော်မိတော်ဖော်... " သံဖြင့်သာ ဖုံးလွှမ်းသွားတော့လေသည်။

#မိုးထိတောင်သိုင်းသမား #ZYN
အခန်း (၃၅) အပိုင်း တစ်
နိဂုံး၏ နိဂုံး

အလယ်ပိုင်း သိုင်းလောက တည်ရှိရာ တာ့စုန့်ပြည်ကြီး ပြန်လည်ငြိမ်သက်သွား သည်မှာ နှစ်နှစ် ဟူသော ကာလပင် ရှိခဲ့လေပီ။
သိုင်းလောကကို အုပ်စိုးလိုသူများ၊ တိုင်းပြည်ကို ပုန်ကန်သူများ ကြောင့် လွန်ခဲ့သော နှစ်နှစ်ခန့်ကမူ နန်းတော် ရင်ပြင်တော်ကြီးတွင်ပင်
သွေးစွန်းခဲ့ရသည်။

ယခုအချိန်တွင်တော့ တိုင်းပြည်ကလဲ ဘုရင်သစ်လက်ထက်တွင် တည်ငြိမ် အေးချမ်းနေသလို သိုင်းလောက ကလဲ


သိုင်းလောကခေါင်းဆောင် ပိုင်လုံ၏ ဦးဆောင်မှုဖြင့် အေးချမ်းနေလေသည်။

အချိန်မှာ တတိယအကြိမ် ရှောင်စစ်တောင် သိုင်းပြိုင်ပွဲ ကျင်းပရာမှဆိုလျှင် ငါးနှစ်တိတိ ရှိပီဖြစ်၍ စုတ္ထအကြိမ် သိုင်းပြိုင်ပွဲ ကျင်းပရန်
နီးကပ်လာပီဖြစ်သည်။ ယခင်ပြိုင်ပွဲတွင်တော့ ဂိဏ
ုးကြီးခြောက်ဂိုဏ်း နှင့် သိုင်းဘုရင်တို့၏ မျိုးဆက်များက ကြီးစိုး အောင်ပွဲခံ
ထားသော်လဲ ယခုတစ်ကြိမ်တွင်တော့ သိုင်းမိသားစုကြီးများ နှင့် တစ်ကယ
ိုတော် သိုင်းသမားများက ပိုမိုနာမည်ကျော် လာကြလေသည်။

နှစ်နှစ်ဆိုသော ကာလမှာပင်လျှင် သိုင်းလောကကြီး မထင်မှတ်လောက်အောင် တိုးတက်လာသည်မှာ ယုံနိုင်စရာမရှိချေ။


ဂိုဏ်းကြီးခြောက်ဂိုဏ်း ကလဲ အပိုအလိုမရှိ တည်မြဲနေဆဲပင်။ သိုင်းပညာကောင်းသော လူငယ်သိုင်းသမားများ များပြားစွာ ပေါ်ထွက်
လာကြပီး သိုင်းထိပ်သီး အဆင့် ၁၀ အတွင်း ဝင်ရန် ကြိုးစားနေကြသည်။

ဒီတစ်ခေါက် သိင
ုးပြိုင်ပွဲကို ကျင်းပသည့် သူကလဲ ဂိုဏ်းခြောက်ဂိုဏ်း အဖွဲ့အစည်း၏ အဖွဲ့ချုပ် သိုင်းလောကခေါင်းဆောင်
သူဖုန်းစားဂိုဏ်းချုပ်ကြီး ပိုင်လုံ နှင့် ဂိုဏ်းခြောက်ဂိုဏ်း ဂိုဏ်းချုပ်များ ဖြစ်ရာ ရှောင်စစ်တောင် သိုင်းပြိုင်ပွဲ သမိုင်းတစ်လျှောက်
အစည်ကားဆုံး အခမ်းနားဆုံးဟု ဆိုနိုင်သည်။ တာ့စုန်ပြည် ဘုရင်မင်းမြတ်ကလဲ ငွေကြေးထောက်ပံ့ ပေးသည်ဟု သိရသဖြင့်
ကြီးကျယ်ခမ်းနား သည်မှာ အံ့သြစရာမဟုတ်ချေ။

အလယ်ပိုင်း သိုင်းလောကတွင် အလယ်ပိုင်းသား သိုင်းလောကသားများက ဦးဆောင်ပြုလုပ်သော်လဲ တာ့လီ၊ စီးရှ၊ ထူပေါ၊ လျောင် နှင့်
တာ့ရန် အစရှိသည့် နိုင်ငံများက သိုင်းသမားများပါ ပါဝင် ယှဉ်ပြိုင်ကြသည်။ သိုင်းပြိုင်ပွဲကို ယခင် သိုင်းပြိုင်ပွဲကဲ့သို့ အဆင့်နှစ်မျိုး ခွဲကာ
ကျင်းပသည်။ လူငယ်သိုင်းသမား အတွက် သိုင်းထိပ်သီး အဆင့် ၁၀ ပြိုင်ပွဲနှင့် သိုင်းဘုရင် အဆင့်များအတွက် သိုင်းလောက ပထမ
ရွေးချယ်ပွဲ ဟူ၍ ဖြစ်သည်။ သို့သော် ထူးခြားသည်က သိုင်းလောကခေါင်းဆောင် ရာထူးကိုမူ အနိုင်ရရှိသူများကို ပေးနေကြဖြစ်သော်လဲ
ဒီတစ်ခေါက်ပြိုင်ပွဲတွင်တော့ ပေးတော့မည် မဟုတ်ပါချေ။ သိုင်းဘုရင်များပြိုင်ပွဲတွင် ဂိဏ
ုးချုပ်အဆင့် သိုင်းဘုရင်များကိုယ်တိုင်
မဲပေးရွေးချယ်ရမည်ဟု ကြေငြာထားသည်။

ပြိုင်ပွဲမှာ စတင်ရန် ရက်ပိုင်းမျှသာ လိုတော့သည်။ ရှောင်စစ်တောင်ကို ရောက်နှင့်နေသူများလဲ ရောက်နှင့်နေကြ သည်။


ခရီးဝေးသောသူများ ကသာ ယခုအချိန်အထိပင် လမ်းပေါ်ရှိနေဆဲ ဖြစ်သည်။ ငွေကြေးတတ်နင
ိုသော သိုင်းမိသားစုကြီးများကဆိုလျှင်
ရှောင်စစ် တောင်ခြေရှိ မန်တူမြို့ တွင် ခြံဝန်းများပင် ဝယ်ယူနေထိုင်ကြသည်။ ယေဘုယျ ပြောရလျှင် မန်တူမြို့ မှာ ယခင်ထက်
နှစ်ဆမျှစည်ကားသိုက်မြိုက်နေလေသည်။

ခိုင်ဖုန်းမှ မန်တူသို့ သွားရာလမ်းမှာ ယခင်က စားသောက်ဆိုင်များ ယခုလောက်မရှိပါ။ ယခုမူ ဆယ်လီခန့်တိုင်း စားသောက်ဆိုင်


တစ်ဆိုင်ရှိသဖြင့် ခရီးလမ်းကို စားသောက်ဆိုင်များကို ရေတွက်၍ပင် သွားနိုင်နေသည်။ ထိုဆိုင်များထဲတွင် မန်တူမြို့  ရောက်ခါနီး
လီသုံးဆယ်အကွာရှိ ပန်းနီနီ စားသောက်ဆိုင်မှာ အစည်ကားဆုံးပင်။ မန်တူမြို့ ထဲရှိ သိုင်းသမား အချို့ ပင် တမင်လာရောက်
စားသောက်ကြသေးသည်။ အထူးသဖြင့် ထိုဆိုင်မှာ ငါးနှစ် တစ်ခါ သိုင်းပြိုင်ပွဲရှိမှသာ ဖွင့်မည်ဟု ကြေငြာထားသဖြင့် ထူးခြားသော
ဆိုင်ဖြစ်သည်။ ဆိုင်ရှင်မိန်းမကြီးမှာ ဖော်ရွေကာ စားပွဲထိုးကောင်မလေးများကလဲ သွကလ
် က်ချက်ချာသည်။ ထိုစားသောက်ဆိုင်
နာမည်ကျော်သော အဓိက အချက်မှာ အချက်အပြုတ် ကောင်းမွန်ခြင်းနှင့် အရက်ကောင်း ရှိခြင်းတို့ကြောင့်ဖြစ်သည်။ ဆိုင်နာမည်နှင့်
တူသော ပန်းနီနီ အရက်မှာ အဝင်ချောကာ အတော်မူးသဖြင့် အရက်သမားများ၏ အကြိုက်ဖြစ်နေကြသည်။

ပြိုင်ပွဲစရန် တစ်ပါတ်မျှသာလိုသောအချိန.် ..
ပန်းနီနီ စားသောက်ဆိုင်မှာ ပြိုင်ပွဲနီးကပ် လာသဖြင့် ထပ်မံရောက်လာသော သိုင်းသမားများကြောင့် ပိုမိုစည်ကား လာပြန်သည်။
ဆိုင်ကြီးမှာ မန်တူမြို့ သို့ ဝင်ရာ လမ်းမကြီး၏ ဘေးကပ်ရပ်တွင် ရှိသော နှစ်ထပ်အဆောက်အဦးကြီး ဖြစ်သည်။ အကျယ်အဝန်းမှာလဲ
အတော် ကျယ်သဖြင့် လူအတော်ဆန့်နေသည်။

ဆိုင်အပေါ်ထပ်ရှိ ပြတင်းပေါက်ကပ်ရပ် ဝိုင်းတွင် လှပလွန်းသောအမျိုးသမီး တစ်ယောက်က တစ်ဦးတည်းထိုင်ကာ ပန်းနီနီ


အရက်ကိုထိုင်သောက်နေသည်။ သူမက တစ်စုံတစ်ခုကို စောင့်ဆိုင်းနေသလို လမ်းမပေါ်ကြည့်လိုက် သူမ၏ ခပ်လှမ်းလှမ်း တွင်ရှိသော
စားပွဲထိုးမလေးကို မေးငေါ့ကာ မေးလိုက်ဖြင့် ရှိနေသည်။ အချိန်တွေ ကြာမြင်လ
့ာသည်နှင့်အမျှ သူမ မှာ စိတ်ရှည်တော့ပုံမရတော့ချေ။

" ကောင်မလေး... ငါ့ယောင်းမ... အခုထိ မလာသေးဘူးလား... သူဘာလုပ်နေလဲ "

သူမ က စိတ်မရှည်တော့ပဲ စားပွဲထိုးမလေးကို ခပ်ကျယ်ကျယ်အော်မိတော့သည်။ အပေါ်ထပ်ရှိ ဝိုင်းများတွင် စားသောက် နေသူများမှာ


သူမ အသံကြောင့် လှည့်ကြည့် မိကြသည်။ လှပသော အမျိုးသမီး ဖြစ်သော်လဲ သူမကို ရိသဲ့သဲ့လုပ်ကာ နှောက်ယှက်ရဲသူကတော့
မရှိချေ။ အကြောင်းမှာ သူမကို သိုင်းသမားတိုင်း သိရှိကြသောကြောင့် ဖြစ်သည်။ သူမမှာ ပန်းဖြစ်သော်လဲ ဆူးရှိသည်။
စားပွဲထိုးမလေးမှာ အမျိုးသမီးကို ကြောက်ကာ တွန့်ဆုတ်တွန့်ဆုတ်ဖြင့်
" ဟို... ဟို... သခင်မက ခဏနေ လာမယ်ပဲ ပြောသွားပါတယ်... မမလေးလိုတာရှိရင် အကုန်လုပ်ပေးဖို့လဲ မှာလိုက်ပါတယ်ရှင့် "
ဟု ဖြေလိုက်သည်။

" သူ့ကို မတွေ့တာကြာလို့ လာလည်တဲ့ ယောင်းမကိုလဲ စောင့်ခိုင်းတာပဲ... ဒါနဲ့ ဟိုအမတွေကလဲ ဘာလို့မလာကြ သေးတာလဲ
ငါတစ်ယောက်ထဲ ပျင်းတယ် "

အမျိုးသမီးမှာ စိတ်ပျက်လက်ပျက်ဖြင့် ရေရွတ်လိုက်တော့သည်။

ထိုစဉ် လှေကားမှ အပေါ်ထပ်သို့ လှပသော ရသေ့မတစ်ပါး ရောက်လာလေသည်။ ရသေ့မမှာ အရယ်အပြုံးမရှိ မျက်နှာထား


တည်ငြိမ်သည်။ သူမက ရောက်နှင့်နေသူ အမျိုးသမီး၏ ရေရွတ်သံကို ကြားသော်လဲ မေးမြန်းစပ်စုခြင်းမရှိချေ။ အသာအယာပင်
ထိုဝိုင်း၌ ဝင်ထိုင်နေလိုက်သည်။

" မမယွင.် . လာပီကိုး... "

ရောက်နှင့်နေသော အမျိုးသမီးက ရေရွတ်လိုက်သည်။ ရသေ့မကလဲ အသိအမှတ်ပြုရုံ ခေါင်းငြိမ့်ပြလိုက်သည်။ အရက်သောက်ရင်း


စကားပြောဖော် လိုနေသော အမျိုးသမီးမှာ ယခုလို မပြုံးမရယ်သော ရသေ့မ ရောက်လာသဖြင့် ထူးပီး ဝမ်းသာပုံမရချေ။

ထိုစဉ်မှာပင် စားပွဲထိုးမလေးက ခေါ်လိုက်သော ဆိုင်အမှုထမ်းနှစ်ယောက် ရောက်လာပီး ဘေးဝိုင်းနှစ်ဝိုင်း အထိ ရှင်းပစ်ကာ


ကန့်လန့်ကာများဖြင့် ကာရံလိုက်လေသည်။ သူမတို့ဝိုင်းမှာ သီးသန့်ဝိုင်းပုံစံ ဖြစ်သွားတော့သည်။

ထို့နောက် ဝိုင်းထဲသို့ အမျိုးသမီးတစ်ယောက် ထပ်မံရောက်ရှိလာသည်။ သူမ၏ ဝတ်စားဆင်ယင်ပုံမှာ ထူးခြားသည်။ တာ့စုန့်


ဝတ်စားဆင်ယင်ပုံ မဟုတ်ချေ။ သို့သော် သူမသည်လဲ စားပွဲဝိုင်းတွင် ရောက်နှင့်နေ ပီးသော အမျိုးသမီးနှင့် ရသေ့မလိုပင်
လှပလွန်းသည်။

" အခုမှပဲ ပေါ်လာတော့တယ်... ဆိုင်က သူ့ဆုင


ိဖြစ်ပီး ခေါ်လိုက်ရတာ... ကိုယ့်ယောင်းမကိုတောင် ပစ်ထားတယ်..."

ပထမဆုံးရောက်သော အမျိုးသမီးက ထူးခြားသော အမျိုးသမီးကို အပြစ်တင်လိုက်သည်။ ရသေ့မကမူ အနည်းငယ်


စိတ်လှုပ်ရှားသွားပုံဖြင့် တစ်ချက်မျှ စူးစိုက်ကြည့်ကာ ပြုံးပြလိုက်သည်။

" ဖြည်းဖြည်းပေါ့ ညီမလေးရယ်... မမမှာ စုံစမ်းစရာလေးတွေရှိတော့ စောင့်နေရသေးတာကိုး... "

ထူးခြားသော အမျိုးသမီးက အသာအယာပင် ပြုံးကာ ပြန်ဖြေလိုက်သည်။ သူမပုံစံမှာ အစ်မကြီးက သူ့ညီမကို ချော့နေသလိုပင်။

" ဒါနဲ့ ချိန်းဆိုထားတဲ့ မမက မလာသေးဘူး... အဲ့ဒီမမက အမြဲနောက်ကျတယ်... "

ရောက်နှင့်နေသော အမျိုးသမီးမှာ စိတ်မပြေ သေးဘူးထင်၏။ နောက်တစ်ဦးပြောင်းကာ အပြစ်တင်လိုက်ပြန်သည်။

" လာပီကွယ.် .. စိတ်ကြီးလိုက်တာ " .

ချိုလွင်သော အသံနှင့်အတူ အနက်ရောင် ဝတ်ရုံရှည်ကြီး ဝတ်ဆင်ထားသော အမျိုးသမီးတစ်ယောက် ရောက်ရှိလာသည်။

" အခုလို ချိန်းဆိုတာ ဘာကြောင့်ပါလဲ ရှောင်းယောင်ဂိုဏ်းချုပ်ကြီး "

တစ်ခွန်းမျှ မပြောပဲ ငြိမ်နေသော ရသေ့မက ရုတ်တရက် ထမေးလိုက်ခြင်းပင်။

အနက်ရောင် အမျိုးသမီးက ရောက်နှင့် နေပီးသော အနီရောင်ဝတ်အမျိုးသမီးကို ချော့ရန်ပြင်နေရာမှ ရသေ့မဘက်လှည့်ကာ


ဖြေလိုက်သည်။

" ဝတ်စုံနီ လူသတ်သမားကြောင့်ပ.ဲ .. သူက တောင်ပင်လယ်ဘက်မှာ သောင်းကျန်းနေရာ ကနေ အခု ရှောင်စစ်တောင်ကို လှည့်လာပီလို့
သတင်းရတယ် ဂိုဏ်းချုပ်ကြီးက ဂိုဏ်းခြောက်ဂိုဏ်းမှာ သြဇာရှိသူမို့ အဖွဲ့ချုပ်ကြီး ပိုင်လုံကို ပြောပေးဖို့နဲ့ ရှောင်စစ်တောင်မှာရှိတဲ့
သိုင်းသမားတွေကို သတိထားစေချင်လို့ပါ "

အနက်ရောင် အမျိုးသမီးက ဖြေပီးသည်နှင့် အရက်တစ်ခွကင


ှ်ဲ့ကာ သောက်ချလိုက်သည်။

" မမယင်း ကလဲ မမယင်းဘာသာ အကြို ကီး ပိုင်လုံကို ပြောလဲရနေတာကိ.ု .. "

အနီရောင် အမျိုးသမီးက နားမလည်ပုံဖြင့် ဝင်ပြောလိုက်သည်။ အနက်ရောင် အမျိုးသမီး မှာ ထိုစကားကြောင့် ရှက်သလို


ပုံစံဖြစ်သွားလေသည်။

" ညီမလေးကလဲကွယ်... မမယင်း နဲ့ အကိုကြီးပိုင် တို့က ရန်ဖြစ်ထားကြတယ်ကွ နင်မသိသေးဘူးလား... "


ထူးခြားသော အပြာရောင် အဆင်ဝတ်စုံကို ဝတ်ဆင်ထားသူ အမျိုးသမီးက ရယ်ကျဲကျဲဖြင့် ဝင်ဖြေလိုက်သည်။ ရသေ့မက
ပြုံးမိတော့မလို မျက်နှာကို ထိန်းလိုက်နိုင်သော်လဲ အနီရောင် အမျိုးသမီးကမူ နှုတ်ခမ်းထော်ကာ ပြောချလိုက်သည်။

" ဘယ်လို လင်မယားလဲ... အလကားနေ ရန်ဖြစ်ပီး မခေါ်ဘူး... ပီးတော့လဲ ပြန်တည့်မှာကိုများ... "

အပြာရောင် အမျိုးသမီးမှာ အသံထွက်၍ပင် ရယ်လိုက်မိတော့သည်။ အနက်ရောင် အမျိုးသမီးကတော့ ရှက်အမ်းအမ်းဖြင့်


အရက်ကိုသာ ငှဲ့သောက်နေသည်။

" ဒါနဲ့ တုံးဖန်းသခင်မ... ဝတ်စုံနီ လူသတ်သမားက ဘယ်သူလဲ သိုင်းပညာ ဘယ်အဆင့်ထိ ရှိသလဲ... "

ရသေ့မက စကားပြောင်းကာ မေးလိုက်သည်။ ထိုအခါကျမှ ရယ်နေသော အနီအပြာ သမီးယောင်းမ နှစ်ယောက်မှာ


ရုပ်တည်သွားလေသည်။ သုံးယောက်စလုံး အနက်ရောင် အမျိုးသမီးစကားကို စောင့်မျှော်နေကြသည်။

" မမရဲ့ ရှောင်းယောင်ဂိုဏ်း က စီးရှမှာရှိတဲ့ နတ်လေးပါးဂိုဏ်း နဲ့ ဆက်စပ်တာ သိကြတယ် မဟုတ်လား... သူတို့ပြောတာကို
သိရတာတော့ ဝတ်စုံနီလူသတ်သမားက ဘယ်သူဆိုတာ မသိရပေမဲ့ သိုင်းပညာကတော့ အံ့မခန်းအောင် ကောင်းတယ်တ.ဲ့ ..
လူသတ်သမားက လွန်ခဲ့တဲ့ နှစ်ပါတ်ကျော်က နတ်လေးပါးဂိုဏ်း ကို လူလာသတ်သေးတယ် တော်သေးတာက
ဂိုဏ်းချုပ်လေးယောက်က ပူးပေါင်းပီး ကာကွယ်လိုက်နိုင်တယ်... လွန်ခဲ့တဲ့ တစ်လကျော်ကလဲ တာ့ရန်တိုင်းပြည်မှာရှိတဲ့ ရန်ကျား
သိုင်းကျေးရွာကို ရွာလုံးကျွတ် သတ်သွားသေးတယ်... တစ်လလောက်ကလဲ တောင်ပင်လယ်မှာ ရှိတဲ့ ငါးမန်းဂိုဏ်းကိုလဲ ဂိုဏ်းလုံးကျွတ်
သတ်သွားတယ်... သူက သိုင်းသမားထက် သွေးဆာနေတဲ့ မိစ္ဆာတစ်ကောင်လိုပဲ ဒါကြောင့် သူက ရှောင်စစ်တောင်ကို လာမှာ
သေချာတယ် သူ့အတွက် ရှောင်စစ်တောင်က သတ်ကွင်းပဲလေ... "

အနက်ရောင် အမျိုးသမီး၏ စကားကြောင့် ကျန်သုံးယောက်မှာ ကြက်သီးထသွား ကြသည်။ ဤမျှ ရက်စက်တတ်သောသူ


ရှိသေးပါရဲ့လား ဟုပင် တွေးမိကြသည်။ ထိုသူမှာ ရက်စက်ရုံမက သိုင်းပညာကလဲ ကောင်းနေသေးသည်။

" အင်း... သိုင်းလောကက ငြိမ်သက်နေတယ် ထင်တာ ပြန်လှုပ်ရှားနေပါပေါ့လား... ဒီအကြောင်းတွေကို အဖွဲ့ချုပ်ကြီးဆီ တင်ပြမှ


ဖြစ်တော့မယ် အစည်းအဝေးခေါ်ပီး ကာကွယ်ဖို့ ပြင်ကြရမယ်..."

ရသေ့မက သက်ပြင်းချကာ ပြောလိုက်သည်။ အပြာရောင်အမျိုးသမီးက ထိုကိစ္စထက် တစ်ခြားတစ်ခုကို စိတ်ရောက်နေရာမှ နှုတ်မှပင်


ထွက်သွားမိသည်။

" အဲ့ဒီကိစ္စလဲ အဲ့ဒီကိစ္စပေါ့... ဒါပေမဲ့ ဒီနေ့က နှစ်နှစ်ပြည့်တဲ့နေ့ပ.ဲ .. သူ ထွက်လာပီလား မသိ "

ထိုစကားကြောင့် အမျိုးသမီးအားလုံး တွေ ခနဲ ဖြစ်သွားကြသည်။ ရသေ့မဆိုလျှင် မျက်နှာ အမူအယာကိုပင် မထိန်းနိုင်ပဲ


လွမ်းဆွတ်တမ်းတသော အရိပအ
် ယောင်များ ထွက်ပေါ်လာသည်။ အနီရောင် အမျိုးသမီးက နှုတ်ခမ်းထော်ကာ ဝင်ပြောလိုက်သည်။

" နှစ်နှစ်လုံးလုံး အကိုကြီးကို မြင်ချင်လို့ ရှောင်လင်ကျောင်းကို ခိုးဝင်တာပဲ... ဟို ဘုန်းကြီးအိုကြီးရဲ့ နဂါးနိုင်လက်ဝါး ဆယ့်ရှစ်ကွက် ကို
ဘယ်လိုမှကို မကျော်နိုင်ဘူး... ဘုန်းကြီး မဟုတ်ဘူး နဂါးအိုကြီး ဖြစ်မယ်ထင်တယ်... "

" မမလဲ အကိုကြီးပိုင်ဆီကနေ အဲ့ဒီသိုင်းပညာကို လေ့လာပီး တစ်ခေါက်ခိုးဝင်သေးတယ်... မရပါဘူးကွယ် ပုလုံဆရာတော်ရဲ့အဆင့်က


အဆင့်လွန်ထက် သာလွန်နေပီ လှုပ်ရှားပုံကအစ မယှဉ်နိုင်တော့ဘူး... "

အပြာရောင်အမျိုးသမီးက စိတ်ပျက်သလို ဝင်ပြောလိုက်လေသည်။ ရသေ့မကမူ ဘာမျှ မပြောပါ။ သိ့ေ


ု သာ် သူမလဲ ထပ်တူထပ်မျှ
ခံစားနေရပုံပေါ်သည်။ အနက်ရောင် အမျိုးသမီး က ကျန်သုံးယောက်ကို နှစ်သိမ့်သလို ပြုံးပြရင်း

" ကဲပါလေ... ဒီနေ့ဆို နှစ်နှစ်ပြည့်ပီပဲမလား ငါ့ညီမလေးတွေ စောင့်ဆိုင်းနေရတာ ဒီလောက်ဆို လုံလောက်သွားပါပီ... "


ဟု ပြောလိုက်သည်။

အနီရောင်အမျိုးသမီးက ရယ်လိုက်ကာ
" မမယင်းတို့ကျတော့လဲ ထူးဆန်းပါရဲ့ လက်ထပ်တာ တစ်နှစ်ကျော်ပဲ ရှိသေးတာကို သုံးလေးခါလောက် ရန်ဖြစ်ပီး ခွဲနေကြတယ်
ယောင်းမတို့ကျတော့ ရန်လဲမဖြစ်ပဲ နှစ်နှစ်တောင် ခွဲနေရပြန်တယ်... လောကကြီးက ထူးဆန်းပါတယ်... "
ဟု ရေရွတ်လိုက်သည်။

ထိုစကားကြောင့် အနက်ရောင် အမျိုးသမီးက ရယ်လိုက်မိသည်။ အပြာရောင်အမျိုးသမီးက မူ တစ်ချက်မျှ တွေခနဲ ဖြစ်သွားပီးမှ


ပြန်ပြောလိုက်လေသည်။

" အင်း... ယောင်းမက တရားပေါက်နေရင် ရသေ့မဝတ်မလား... ဒီမှာ အော့မေ့ဂိုဏ်းချုပ် ရှိတုန်း တစ်ခါတည်း ဝတ်လိုက်လေ... "
ထိုစကားကို အနီရောင်အမျိုးသမီးက ခြေလက်များပင် ခါကာ ငြင်းလိုက်သဖြင့် ကျန်သုံးယောက်မှာ ပွဲကျသွားသည်။
ခပ်တည်တည်နေသော ရသေ့မပင်လျှင် အသံထွက်ကာ ရယ်မိသည်။

" အချိန်လဲ အတော်ကြာသွားပီ သွားခွင့်ပြုပါဦး ကျမ ဝတ်စုံနီလူသတ်သမား ကိစ္စကို အစည်းအဝေးမှာ သေချာ ဆွေးနွေး လိုက်ပါ့မယ်...
"

ရသေ့မမှာ အလုပ်များနေဟန်ဖြင့် နှုတ်ဆက်စကားပြောပီး ထွက်ခွာသွားသည်။


သူတို့ ညီအစ်မတစ်တွေပဲ ကျန်တော့သဖြင့် အနီရောင်အမျိုးသမီးက ပြုံးကာ ပြောလိုက်သည်။

" အမူးသောက်မယ် မမတို့ရေ... "

" မဖြစ်ဘူးကွ မမတို့က အိမ်ထောင်သည်တွေ နင်က အပျိုလေး နင်နဲ့ မသောက်ချင်ဘူး "

အပြာရောင်အမျိုးသမီးက ရယ်ကာ အနီရောင်အမျိုးသမီးကို နောက်လိုက်သည်။ အနက်ရောင် အမျိုးသမီးကလဲ ခေါင်းငြိမ့်ကာ


ထောက်ခံပီး စလိုက်ပြန်သည်။

" မမတို့နော်... ညီမလေးကိုပဲ စနေကြတယ် ညီမလေးက ဘာလုပ်လို့လဲ... "

အနီရောင်အမျိုးသမီးမှာ အစခံရသဖြင့် စိတ်ကောက်သလိုမျိုး ပြောလိုက်လေသည်။ ကျန်အမျိုးသမီး နှစ်ယောက်က အားရပါးရ


ပင်ရယ်လိုက်လေသည်။ အပြာရောင် အမျိုးသမီးက ထပ်မံ၍ ပြောလိုက်သည်။

" မမရှာပေးရမလား... တွမ့်ကတော်ဆိုတာ သိုင်းလောကမှာ နာမည်ရှိတော့ တွမ့်ကတော်ရဲ့ ညီမလေးဆိုရင် သိုင်းမိသားစုတွေ က


ကမ်းလှမ်းကြမှာပါ "

အနက်ရောင်အမျိုးသမီးကလဲ ပြုံး၍ ပြောလိုက်ပြန်သည်။

" ရှောင်းယောင်ဂိုဏ်းချုပ် တုံးဖန်းသခင်မရဲ့ ညီမလေးဆိုလဲ ဂိုဏ်းတွေရဲ့ ကိုယ်လူချော သိုင်းသမားတွေက ငြင်းဆန်နိုင်မထင်ပါဘူး


ဘယ်လိုလဲ မမ အောင်သွယ်ပေးရမလား "

အနီရောင်ဝတ်အမျိုးသမီးမှာ အားရပါးရပင် ရယ်ချလိုက်ပီး ပြောလိုက်တော့သည်။

" အဲ့ဒီလိုတွေ အောင်သွယ်ပီးမှ အဲ့ဒီညီမဆိုတဲ့သူက အငြိမ်မနေနိုင်တဲ့ အရှုပ်ထုပ် ပျံလွှားမယ် စုန့်ချီရန့် ဆိုတာလဲ သိရော
အကုန်ထွက်ပြေးရောမလား "

သူမ အငေါ်့တူးသော တုံ့ပြန်စကားကြောင့် ရယ်သံများမှာ ဆူညံ သွားတော့လေသည်။

#မိုးထိတောင်သိုင်းသမား #ZYN
အခန်း (၃၅) အပိုင်း နှစ်
နိဂုံး၏ နိဂုံး

သိုင်းပြိုင်ပွဲ မလုပ်ခင် တစ်လခန့်အလိုက....

တာ့ရန်ပြည် ရန်ကျားကျေးရွာ...
ထိုရွာမှာ တိုင်းပြည်ပြန်လည်တည်ထောင်ရန် အစပြုသူ မုယုံစုထန်၏ စစ်သူကြီး ရန်မျိုးနွယ်များနေထိုင်သော နေရာဖြစ်သည်။
မုယုံစုထန်မှာ ဘုရင်အဖြစ် သူ့ကိုယ်သူ ကြေငြာခဲ့သော်လဲ တာ့စုန့် နန်းရင်ပြင် တိုကပ
်ွဲကြီးမှ တာ့ရန်တိုင်းပြည်သို့
ပြန်ရောက်လာခြင်းမရှိပါ။ ထီးနန်းကို မူလ မုယုံမျိုးနွယ်မှ သိမ်းပိုက်ကာ နန်းတက် လိုက်ကြသည်။ တိုင်းပြည်မှာ တာ့စုန့်၏
ဖိနှိပ်မှုကြောင့် သေးငယ်သော်လဲ ပြန်လည် အသိမ်းပိုက်မခံရအောင်တော့ ထိန်းသိမ်းနိုင် ကြပေသည်။ ရန်ကျားကျေးရွာမှာ စစ်သူကြီး
များနေထိုင်သော နေရာဖြစ်သဖြင့် ရွာသားတိုင်းလိုလို အနည်းအကျင်းတော့ သိုင်းတတ်ကြသည်။ ထို့အပြင် ရန်မျိုးနွယ် မှာ
တာ့ရန်ပြည်တွင် မုယုံမျိုးနွယ် ပီးလျှင် အာဏာအရှိဆုံး မျိုးနွယ်ဖြစ်သဖြင့် ထိုကျေးရွာမှာ အရှိန်အဝါကြီးသည်။

သို့သော်လဲ ဖြစ်ပီးပျက်သည် ဟူသော သဘောတရားအတိုင်းပင်။ ထိုကျေးရွာကြီးမှာ တစ်ယောက်သောသူ၏ လက်ချက်ဖြင့်


တစ်ညတာအတွင်း ပျက်ဆီး သွားတော့သည်။

တာ့ရန်တစ်ပြည်လုံး ထိတ်လန့်ကာ ထိုအမှုကို စုံစမ်းသော်လဲ ရန်ကျား တစ်ရွာလုံး အသတ်မခံရခင် နံနက်က တစ်ကိုယ်လုံး နီရဲစွာ
ဝတ်ဆင်ထားသူတစ်ယောက်က ရွာကို မုန်းတီးစွာ ရပ်ကြည့်နေကြောင်းသာ စုံစမ်း၍ ရကြသည်။ ထိုရပ်ကြည့်နေသော ဝတ်စုံနီ၏
ရုပ်ရည်ကိုပင် စုံစမ်းမရကြပါ။ အုပ်ချုပ်သူ ဖြစ်သော မုယုံမျိုးနွယ်များမှာ ထိတ်လန့်ကာ လုံခြုံရေးချကာ တစ်တိုင်းပြည်လုံး
ပိုက်စိပ်တိုကရ
ှ်ာဖွေသော်လဲ ထိုသူကို ထပ်မံ မတွေ့ရတော့ပါချေ။ နောက်ထပ်လဲ လူသတ်မှု မဖြစ်ပွားတော့ချေ။ ထို့ကြောင့်
လက်လျှော့ကာ ငြိမ်သွားကြလေသည်။

တကယ်တမ်း ဝတ်စုံနီမှာမူ ရပ်တန့်သွားခြင်း မရှပ


ိါချေ။ တာ့ရန်ပြည်မှနေ၍ တောင်ပင်လယ်သို့ ပြောင်းရွေ့သွားခြင်းသာ။
အဘယ်ကြောင့်ဆိုသော် သူကို တောင်ပင်လယ်ရှိ ငါးမန်ဂိုဏ်းတွင် ပြန်လည် တွေ့ရလေသောကြောင့်ဖြစ်သည်။

ငါးမန်းဂိုဏ်း....
ငါးမန်းဂိုဏ်းမှာ တောင်ပင်လယ်ကို မူလ အုပ်စိုးသူ တောင်ပင်လယ်ဂိုဏ်းကြီးမှ ပြောင်းလဲသွားသော ဂိုဏ်းအသစ်ဖြစ်သည်။
ဂိုဏ်းအသစ်ဖြစ်သော်လဲ ဂိုဏ်း၏ အုပ်ချုပ်သူ များမှာမူ တောင်ပင်လယ်ဂိုဏ်းကပင် ဖြစ်သည်။ ဂိုဏ်း၏ ဌာနချုပ်မှာလဲ တူတူပင်
ဖြစ်သည်။ ထို့ကြောင့် ဂိုဏ်းနာမည်သာ ပြောင်းသွားသည် ဟု ဒေသခံများက သတ်မှတ်ထားကြသည်။

ငါးမန်းဂိုဏ်းမှာ ပေါ်စမှ နှစ်နှစ်အတွင်း အတော်ကို တိုးပွားလာသည်။ အကြောင်းမှာ အုပ်ချုပ်သူများထဲမှ တစ်ယောက်မှာ အရင်


တောင်ပင်လယ်ဂိုဏ်းမှ သခင်လေး ဖြစ်သည် ဟု သတင်းထွက်ပီး ထိုသခင်လေး၏ သင်ပြပေးမှုမှာ ကောင်းမွန်သည်ဟု
နာမည်ကျော်သည်။

သို့သော်လဲ ငါးမန်းဂိုဏ်းမှာ ပို၍ကြီးမားသော ဂိုဏ်းကြီးဖြစ်မလာခင် တစ်စုတ


ံ စ်ယောက်၏ ဖျက်ဆီးခြင်းကို ခံလိုက်ရတော့သည်။
ဂိုဏ်းလုံးကျွတ်ပင် တစ်ယောက်မကျန် ရက်စက်စွာ အသတ်ခံကြရသည်။ ထိုအဖြစ်များ မတိုင်ခင်က နီရဲစွာ
ဝတ်ဆင်ထားသူတစ်ယောက်က ငါးမန်းဂိုဏ်းကို မုန်းတီးစွာ ရပ်ကြည့်နေကြောင်း ဒေသခံအချို့ က ပြောကြသည်။ ထိုသူ၏ မျက်နှာမှာ
ချောမောသည်ဟု တစ်ချို့ က ပြောကြသလို တစ်ချို့ ကလဲ မကောင်းဆိုးရွားကဲ့သို့ ရုပ်ဆိုးသည်ဟု ဆိုကြသည်။ ထိုသူမှာ မည်သူဖြစ်၍
ဘာအကြောင်းကြောင့် တစ်ဂိုဏ်းလုံးကို ရက်စက်စွာ သတ်သွားကြောင်းတော့ မည်သူမျှ မသိပါ။ ထို့အပြင် တာ့စုန့်နေပြည်တော်နှင့်
အလှမ်းဝေးသောဒေသ ဖြစ်သဖြင့် အထူးတလှယ် စုံစမ်းခြင်းလဲ မခံရချေ။ ဟိုပြောဒီပြောဖြင့်သာ ပြီးဆုံးသွားတော့သည်။

ဝတ်စုံနီ လူသတ်သမားမှာ မည်သည့်ဒေသကို ရောက်ရှိကာ လူသတ်မှု ထပ်မံကျူးလွန်ဦးမယ်ကိုတော့ မည်သူမှ မသိပါချေ။

XxxxxxxxxxxxxxxxxxxxxxxxxxxxxxxX

သာယာလှသော နံနက်ခင်း တစ်ခ.ု ...

ရှောင်လင်ကျောင်းထိုင်မှာ ကျမ်းစာဆောင်ရှိ နှစ်နှစ်ကျော်ပိတ်ထားသော အခန်းတစ်ခန်း ကို တံခါးပြန်ဖွင့်ပေးလိုက်သည်။ ပိတ်ထားရာမှ


တံခါးဖွင့် သည်ဆိုသော်လဲ သံကြိုးများဖြင့် အတင်းပိတ်ထားခြင်းမှ ဖွင့်ပေးခြင်းမဟုတ်ပါ။ သစ်သားမင်းတုံးလေး ခုထားခြင်းကို
ဖြုတ်လိုက်ခြင်းသာ ဖြစ်သည်။ ထိုအခန်း တံခါးမှာ ပုံမှန်တံခါးဖြစ်သဖြင့် တော်ရုံသိုင်းသမားပင် ရိုက်ချိုးနိုင်သော်လဲ အထဲမှာ
ရှိသောသူက ရိုက်ချိုးပီး မထွက်ပါ။ ထိုသူကို အခန်းထဲ၌ ချုပ်နှောင်ထားသော အရာမှာ အသိစိတ်ဓာတ်နှင့် ကတိစကား သာဖြစ်သည်။

ကျွီ ဆိုသော တံခါးသံပေါ်လာပီး အခန်းဝသို့ အရိပ်တစ်ခုပေါ်လာသဖြင့် အခန်းထဲရှိ အပြာရောင် ချည်ကြမ်းဝတ်စုံကို ဝတ်ဆင်ထားသူက


ဘုရားဝတ်ပြု နေရာမှ လှညြ့် ကည့်လိုက်သည်။ ကျောင်းထိုင် ဆရာတော်ကို မြင်သော် တည်ငြိမ်စွာ ပြုံးပြလိုက်သည်။

" နှစ်နှစ်ပြည့်ပီထင်ပါ့ ဆရာတော်ဘုရား... ဆရာတော်က တပည့်တော်ကို တစ်နေ့တစ်ခေါက် ကျမ်းစာတွေ သင်ပေးပေမဲ့ အခုမှပဲ


ဆရာတော့်မျက်နှာကို ဖူးရတော့တယ်... "

ထိုသူ၏ တည်ငြိမ်သော စကားသံကို အကဲခတ်ကာ ဆရာတော်က လက်အုပ်ချီပီး အော်မိတော်ဖော် ဟု အရင်ရွတ်ဆိုလိုက်သည်။

" ဒကာလေးက အောင်မြင်သွားပီပ.ဲ .. ဘုန်းကြီးတို့ ရှောင်လင်မှာတောင် တာ့မို့ သိုင်းကျမ်းကို အဆင့်ကုန်အောင်မြင်သူ နှစ်ယောက်ပဲ


ရှိခဲ့တယ်... အခုတော့ သုံးယောက်မြောက်ကို တွေ့ရပီ... "

အပြာရောင်ဝတ်စုန
ှံင့်လူက သူ၏ မုတ်ဆိတ်များကို သပ်လိုက်ကာ သက်ပြင်းချလိုက်သည်။

" ဆရာတော်သာ မကယ်တင်ပေးရင် တပည့်တော်ရဲ့ ရောဂါက တပည့်တော်ကို တစ်သက်လုံးခြောက်လှန့်နေမှာပါ... အခုလို


အစွမ်းအထက်ဆုံးသိုင်းကျမ်းကို ပေးကျင့်တာကလဲ တပည့်တော်မှာ ဘယ်လိုပြန်ပေးဆပ်ရမှန်းမသိ ဖြစ်မိပါတယ်.. တပည့်တော်
ဒီဘဝမှာ ရှောင်လင်ကို အမြဲတတ်နိုင်သမျှ ကူညီပါ့မယ် "

ဆရာတော်က ထိုစကားကို ကြားသော် ကျေနပ်ပီး အားရပါးရ ပြုံးမိသည်။ ထို့နောက် သက်ပြင်းချကာ ပြောမှဖြစ်မည့် စကားကို
ပြောလိုက်လေသည်။

" ဒကာလေးက... ပီးဆုံးသွားပီ ထင်နေတဲ့ အဖြစ်တွေက အဆုံးမသတ်သေးပါဘူး... ကံတရားရဲ့အလိုကျ ဒကာလေးကိုယ်တိုင်


အဆုံးသတ်ရလိမ့်မယ်... ဒီအခန်းထဲက ထွက်သွားတာနဲ့ ဒကာလေးဟာ စိတ်သစ် လူသစ်နဲ့ တရားနဲ့အညီ ဆင်ခြင်ပါလို့
သတိပေးချင်ပါတယ် ဒကာလေး "
အပြာရောင်ဝတ်စုန
ှံင့်သူ က အဝေးကို ကြည့်ကာ တွေဝေနေပီးမှ ပြန်ဖြေလိုက်သည်။

" တင်ပါ့ဘုရား... တပည့်တော် အတတ်နိုင်ဆုံး လူသတ်လိုစိတ်ကို ထိန်းချုပ်ပါ့မယ် ဘုရား... ပီးပြတ်အောင် လုပ်ပီးရင်လဲ တာ့လီမှာပဲ
နေပါတော့မယ် ဒီအလယ်ပိုင်းဒေသကို ပြန်မလာတော့ပါဘူး ဆရာတော်ဘုရား... "

" ဒါဆိုရင် ဒကာလေး သွားလိုရာ သွားလို့ရပါပီ ဒကာလေး... "

ကျောင်းထိုင်ဆရာတော်မှာ ကျေနပ်ကာ လက်အုပ်ချီပီး အော်မိတော်ဖော် ဟု ရွတ်ဆိုကာ ထွက်သွားလေသည်။

အပြာရောင်ဝတ်စုန
ှံင့်သူက အခန်းပြင်ကို ခြေလှမ်းလိုက်ပီး ပြာလဲ့နေသော ကောင်းကင်ကို မော့ကြည့်လိုက်မိသည်။ ထို့နောက်
တစ်ချက်မျှ လှုပ်လိုက်ရာ ဖျတ် ခနဲ ပျောက်ကွယ်သွားတော့သည်။

ထိုသူ၏ သိုင်းပညာမှာ ကြောက်မက်ဖွယ် ကောင်းသော အဆင့်ကိုကျော်လွန်ကာ ဆန်းကြယ်သောအဆင့်သို့ ရောက်ရှိသွားပီ ဖြစ်သည်။


သိုင်းကွက်ဟူ၍ မရှိတော့ချေ။ ထိုသူ၏ လှုပ်ရှားမှုများကပင် သိုင်းကွက် အဖြစ် ထွက်ပေါ်နေသည်။

ထိုသူပျောက်ကွယ်သွားသည်ကို ကြည့်ပီး အိုမင်းနေသော ဆရာတော်နှစ်ပါးက ခေါင်းတစ်ငြိမ့်ငြိမ့် ဖြစ်နေကြသည်။

" သူမှပဲ ဟိုတစ်ယောက်ကို ဖမ်းနိုင်မှာပဲ... "

အသက်အနည်းငယ် ငယ်သောဆရာတော် က ရေရွတ်လိုက်သည်။ ကျန်ဆရာတော်က ခေါင်းငြိမ့်ကာ ပြန်ပြောလိုက်သည်။

" ဒါပေါ့ သူတို့ရဲ့ ကံတရားက ဒီလိုဖြစ်နေတာကိုး.... "

ထို့နောက် ဆရာတော်နှစ်ပါးလုံးက လက်အုပ်ချီကာ ဆုတောင်းပေး လိုက်ကြလေသည်။ အပြာရောင်ဝတ်စုံနှင့်သူ ကတော့


ဘယ်ဆီဘယ်ဝယ်ကို ရောက်သွားသလဲ မသိတော့ချေ။

XxxxxxxxxxxxxxxxxxxxxxxxxxxxxxxX

ရှောင်စစ်တောင် သိုင်းပြိုင်ပွဲ နီးလာသဖြင့် သိုင်းလောကမှာ လှုပ်လှုပ်ရှားရှား ဖြစ်လာသည်။ အလယ်ပိုင်းဒေသဖြစ်သော


တာ့စုန်တိုင်းပြည်မှာမူ အဖွဲ့ချုပ်ကြီး ပိုင်လုံ၏ အုပ်ချုပ်မှုကြောင့် တည်ငြိမ်အေးချမ်းသည်။

သို့သော် တာ့ရန်တိုင်းပြည်ဒေသနှင့် တောင်ပင်လယ်ကတော့ သိပ်မအေးချမ်းပါ။ လွန်ခဲ့သော ရက်ပိုင်းကပင် တစ်ပါတ်သာ ခြားပီး


အစုလိုက်အပြုံလိုက် လူသတ်မှု နှစ်ခု ဖြစ်ပွားသွားသည်။ တာ့ရန်ပြည် ရန်ကျား ကျေးရွာမှာ တစ်ရွာလုံးကျွတ် ရက်ရက်စက်စက်
အသတ်ခံရခြင်း နှင့် တောင်ပင်လယ်ဒေသရှိ ငါးမန်းဂိုဏ်း ကို ဂိုဏ်းလုံးကျွတ် ရက်ရက်စက်စက် သတ်ပစ်ခြင်း တို့ဖြစ်သည်။ ထိုနှစ်မှုမှာ
ခြေလက်လက်ရာကော သေဆုံးပုံကော တူညီသဖြင့် တစ်ဦးတစ်ယောက်ထဲက သို့မဟုတ် အဖွဲ့အစည်း တစ်ခုတည်းက တူညီသော
သတ်ပုံသတ်နည်းဖြင့် သတ်သွား ပုံရလေသည်။

ထူးခြားသည်မှာ လူသတ်သမားက ဖုံးကွယ် လိုခြင်းမရှိချေ။ ထိုနှစ်နေရာစလုံးတွင် လူအများမသေဆုံးခင်က တစ်ကိုယ်လုံးနီရဲ


အောင်ဝတ်ဆင်ထားသူတစ်ယောက်ကို တွေ့ရခြင်းက သူသည် တရားခံဖြစ်ကြောင်း သိသာစေသည်။ သို့သော် အဘယ့်ကြောင့်
ထိုကဲ့သို့ လူအမြောက်အများကို သတ်ဖြတ် နေရသလဲတော့ မည်သူမျှမသိကြပါ။

ထိုဝတ်စုံနီလူသတ်သမားကြောင့် အလယ်ပိုင်းဒေသမှ လွဲ၍ တခြားဒေသများမှာ အနည်းငယ် စိုးရိမ်ကြောင့်ကြနေကြသည်။ ထိုသူမှာ


မည်သူနည်း။ ဘာကိုလိုချင်သဖြင့် လူသတ် နေခြင်းဖြစ်သနည်း။ မည်သူမျှ မသိကြပေ။ ထို့အပြင် သိုင်းပြိုင်ပွဲ ကျင်းပရာ ကာလ
ဖြစ်သဖြင့်လဲ ထူးထူးခြားခြား သတင်းထွက်ကာ စိတ်ဝင်တစား စုံစမ်းကြခြင်းမရှိပါချေ။

စီးရှနတ်လေးပါးဂိုဏ်း...

လက်ရှိ နတ်လေးပါးဂိုဏ်း၏ အမှန်တစ် ဂိုဏ်းချုပ်ကြီးမှာ ရင်းကို့ဖြစ်သည်။ ရင်းကို့ မှာ ခွန်လွန်းတောင်မှ ခက်ခက်ခဲခဲ အသက်လု
ပြေးလာပီး နတ်လေးပါးဂိုဏ်းကို ပြန်လည် အသက်ဝင်အောင် လုပ်ခြဲ့ ခင်းပင်။ နဂို ဂိုဏ်းချုပ်များထဲတွင် သူ့အပြင် ဟူဖန်းသာ
ကျန်တော့သဖြင့် ဝါစဉ်ကြီး သိုင်းသမားများ ထဲမှ ဂိုဏ်းချုပ်နှစ်ယောက် ထပ်မံရွေးချယ်ကာ ဂိုဏ်း၏ သိုင်းပညာကို မြှင့်တင်ဖို့
ကြိုးစားနေကြသည်။ သူ၏ ကြိုးစားမှုမှာ အတော်ထိရောက်သည်။ ဂိုဏ်းမှာ စီးရှတွင် နာမည်ပြန်ကျော်ကြား လာသလို သူ့သားဖြစ်သူ
ရင်းဖေ့ ကိုလဲ ရှောင်စစ်တောင်သိုင်းပြိုင်ပွဲသို့ပင် စေလွှတ်ကာ ဂိုဏ်းနာမည်ပြန်လည် ဆယ်စေသည်။ ရင်းဖေ့သာ သိုင်းထိပ်သီး
ဆယ်ယောက်ထဲ အဆင့်ကောင်းလျှင် သူတို့ဂိုဏ်းမှာ စီးမင်ကို့ဝေ အုပ်စိုးစဉ် ကကဲ့သို့ ပြန်လည်အရှိန်အဝါ မြင့်မားလာပေမည်။

ညနေခင်းတစ်ခု ...
မှောင်ရီပျိုးစ အချိန်ဖြစ်သဖြင့် နတ်လေးပါးဂိုဏ်းရှိ ဂိုဏ်းသားများမှာ သိုင်းလေ့ကျင့်နေရာမှ အနားယူရန် ပြင်နေကြသည်။ ဟိုဟိုဒီဒီ မှစ၍
မီးအိမ်လေးများလဲ ပေါ်ထွက်လာသည်။
သို့သော် တားမြစ်နယ်မြေရှိရာ တောအုပ်ဘက်တွင်တော့ မီးအိမ်များ မရှိပါ။ ထိုနေရာကို ဂိုဏ်းချုပ်များသာ ဝင်ရောက်ခွင့် ရှိသဖြင့်
မီးအိမ်ထွန်းသူမရှိ ဖြစ်နေခြင်းပင်။ တစ်ဂိုဏ်းလုံး မီးများလင်းထိန်ပီးသော် ထိုနေရာကို မီးထွန်းရန် အမှတ် ၄ ဂိုဏ်းချုပ်
ရောက်လာလေသည်။ ဂိုဏ်းချုပ်က ခါတိုင်းလိုပင် မီးအိမ်ထွန်းကာ ပြန်ထွက်မည် ပြုလိုက်သော် ရယ်သံကြီး ပေါ်ထွက် လာလေသည်။

" ဟား...ဟား.... ဟားဟား... "

အမှတ်လေးဂိုဏ်းချုပ်မှာ လန့်ဖျန့်ပီး အသံရှိရာသို့ ကြည့်လိုက်ရာ ဝတ်စုံနီ ဝတ်ဆင်ပီး အရူးတစ်ယောက်လို ရယ်မောနေသူကို


တွေ့ရသည်။ ထိုသူ၏ ကိုယ်မှ ရက်စက်လိုသော မိစ္ဆာဆန်သည့် အငွေ့အသက်များကိုလဲ ခံစားမိလိုက်သည်။ ထိုသူမှာ
ခြောက်ခြားစရာကောင်းလှသည်။

" ရင်းကို့ ကို ခေါ်လိုကစ


် မ်း... မင်းတို့ မသေခင် မင်းတို့ဘာအပြစ်ကြောင့် သေသွားလဲ ပေးသိရမယ်... "

ဝတ်စုံနီက အမှတ်လေးဂိုဏ်းချုပ်ကို အေးစက်စက်ကြည့်ကာ ပြောလိုက်သည်။ အမှတ်လေးဂိုဏ်းချုပ်မှာ ထိုသူကို


မယှဉ်နိုင်မှန်းသိသော်လဲ သူသည်လဲ ဂိုဏ်း ချုပ်တစ်ယောက်ပေမို့ အားတင်းကာ ပြန်ပြောလိုက်သည်။

" ခင်များ ဘယ်သူလဲ... အမှတ်တစ်ဂိုဏ်းချုပ် ကိုဘာကြောင့်တွေ့ချင်ရတာလဲ... "

ဝတ်စုံနီက စိတပ
်ျက်သွားပုံရပီး လက်ဝါးတစ်ချက် ရိုက်ထတ
ုလိုက်သည်။ အားမပါသလိုထင်ရသော ရိုက်ချက်က အမှတ်လေးဂိုဏ်း ချုပ်
ဆီသို့ တိုးဝင်လာသည်။ သတိထားနေသူဖြစ်သော အမှတ်လေးဂိုဏ်းချုပ် က အားကုန်သုံးကာ ခုခံလိုက်လေသည်။

" ဝုန်း... "


" အား..... "

အတွင်းအားလှိုင်းချင်းထိသံ ဝုန်းခနဲ ထွက်ပေါ်လာပီးနောက် အမှတ်လေးဂိုဏ်းချုပ် ၏ နာကျင်သော အော်သံပါ တစ်ဆက်တည်း


ထွက်ပေါ် လာလေသည်။ အမှတ်လေးဂိုဏ်းချုပ်မှာ ရင်ညွှန့်မှ ချက်အထိ ဓားဒဏ်ရာကြီး ရသွားကာ မြေကြီးပေါ်တွင် မေ့မျောနေသည်။

အမှတ်လေးဂိုဏ်းချုပ်၏ အော်သံကြောင့် ကျန်ဂိုဏ်းချုပ်များနှင့် ဂိုဏ်းသားများမှာ တစ်ခဏချင်းပင် ရောက်လာကြသည်။ သူတို့က


ဝတ်စုံနီကို မြင်သော် အံ့သြ သွားကြသည်။ ရင်းကို့က ဒေါသထွက်သွားပီး ဝတ်စန
ုီံကို အော်ငေါက်လိုက်သည်။

" မင်းက ဘယ်သူလဲ.... ဘာအငြိုးနဲ့ အမှတ်လေးကို တိုက်ခိုက်တာလဲ... ငါတို့ကို စော်ကားပီးမှတော့ အသက်ရှင်ရှက်


ပြန်ထွက်သွားနိုင်မယ် မထင်နဲ့... "

ဝတ်စုံနီမှာ ရင်းကို့၏ ခြိမ်းခြောက်စကားကို ပြက်လုံးတစ်ခုအလား အားရပါးရ ရယ်မောကာ...

" ဟားဟား... ရင်းကိ.ု့ .. ရင်းကို့... လူကသာ အဖြစ်မရှိ ခွေးပြေးဝက်ပြေး ပြေးတတ်ပေမဲ့ လေကတော့ အတော်ကြီးတဲ့ကောင်ပဲ...
ဘယ်သူက အသက်ရှင်ရက် ပြန်ထွက်နိုင်မလဲ ကြည့်ကြသေးတာပေါ့... "

ရင်းကို့မှာ သူ့၏အရင်က အဖြစ်များကို ထုတ်ပြောသူဖြစ်သဖြင့် သူတွေ့ဖူးသလား ဟု အသည်းအသန် စဉ်းစားနေသည်။ သို့သော်လဲ


နီရဲနေသော ဝတ်စုံနှင့် ချောမောသော်လဲ ကြောက်စရာကောင်းသော ရုပ်ကိုကြည့်ကာ ဘယ်လိုမှမမှတ်မိချေ။

" ခင်များက ဘယ်သူလ.ဲ .. "


ရင်းကို့၏ အသံမှာ အနည်းငယ် ပျော့သွားလေသည်။

" ဟားဟား... ဟား..ဟား.. ငါ့ကုေ


ိ တာင် မမှတ်မိတော့လောက်အောင် ဘဝင်မြင့် သွားပီလား... တစ်ချိနက
် ငါ့ကိုကြောက်လို့
ခွန်လွန်တောင်ပေါ်က ဆင်းပြေးတဲ့ ကြွက်ကလေးကို ငါကတော့ မှတ်မိတယ်ကွ "

ရင်းကို့မှာ ထိုစကားကိုကြားသော် ဆောက်တည်ရာမရအောင် ထိတ်လန့်သွားတော့သည်။ နှုတ်မှလဲ

" မင်း... က ... မင်..စု.. ထန် "

ဝတ်စုံနီက ကြောက်ရွံနေသဖြင့် စကားပီအောင် မပြောနိုင်တော့သော ရင်းကို့ ကိုကြည့်ကာ ကျေနပ်နေလေသည်။

" မင်းအပြစ်ကို မင်းမှတ်မိသွားပီဆိုရင် လာအသေခံတော့... မင်းအထီးမကျန်အောင် မင်းရဲ့ဂိုဏ်း တစ်ဂိုဏ်းလုံးကို ငါတစ်ခါတည်း


ပို့ပေးမယ်... "

ဝတ်စုံနီ၏ အေးစက်စက် စကားသံကြီးမှာ ကြားရသူအပေါင်း၏နားထဲသို့ ခြောက်ခြားစွာ ဝင်သွားလေသည်။ အကုန်လုံးက


ထိတ်လန့်သွားကြသည်။ သူတို့၏ အားကိုးရာ ဖြစ်သော ရင်းကို့ပင် ကြောက်လွန်းသဖြင့် ဒူးတုန်နေသည်လေ။

" လူစုံရဲ့လား.... မစုံလဲ ကိစ္စတော့ မရှိပါဘူး.. ငါက တစ်ယောက်ချင်းစီ လိုက်ရှာပီး ပို့ပေးမှာပါ... "
ဝတ်စုံနီက ကြောက်ရွံနေသော လူအများကို ထပ်မံ၍ အရသာခံကာ ခြိမ်းခြောက်နေသည်။ လူစုမှာ ဆောက်တည်ရာမရတော့ချေ။
ထွက်ပြေးကုန်ကြသည်။ ဝတ်စုံနီက တစ်ဟားဟား ရယ်ကာ လိုက်ရိုက် တော့လေသည်။

" ဟားဟား... ဟားဟား... "


" ဝုန်း...ဝုန်း... ဝုန်း... "
" အား... အင့်... ကယ်ကြပါဦး... "

တစ်ခဏမှာပင် အော်သံများဖြင့် ဆူပွက် သွားပီး လူနှစ်ဆယ်ခန့် သေဆုံးသွားသည်။ ဝတ်စုံနီက လက်ဝါးသုံးချက်သာ ရိုက်ရသေးသည်။


ထိမှန်သူများမှာ ဓားဖြင့် အခုတ်ခံရသလို အပိုင်းပိုင်းအပြတ်ပြတ် သေဆုံးကြခြင်းပင်။ ထိုကြောင့် ကျန်သူများမှာ ကြောက်လန့်ပီး
ငြိမ်ကုန်ကြလေသည်။

" ရင်းကိ.ု့ ... မင်းဒီတစ်ခါ သေနေ့စေ့ပ.ီ .. "

ဝတ်စုံနီက ငြိမ်သက်နေသော ရင်းကို့ကို ပြုံးကာ ပြောလိုက်ပီး လက်ဝါးရိုက်ချက် တစ်ခု ရိုက်ထုတ်လိုက်သည်။

" ဖတ်..."

လက်ဝါးရိုက်ချက်မှာ တစ်စုံတစ်ယောက်၏ ဝင်ရောက်နှောက်ယှက်မှုကြောင့် ရင်းကို့ကို မထိပဲ ဖတ် ခနဲမြည်ကာ ပျက်ပြယ်သွား


လေသည်။ မည်သူက ရင်းကို့ကို ကယ်တင်ပေးလိုက်သနည်း။

လက်ဝါးရိုက်ချက်ကို ခုခံပေးလိုက်သူမှာ ချောက်ကမ်းပါးထဲမှ တက်လာသော အပြာရောင်ဝတ်စုံနှင့်သူ ဖြစ်သည်။ ထိုသူ၏ မျက်နှာမှာ


မုတ်ဆိတ်ကျင်စွယ်များ မရိတ်မသင်ထားသဖြင့် ရှည်လျားနေသော်လဲ ခန့်ညားနေတုန်းပင် ဖြစ်သည်။ ထိုသူက အဝေးမှပင် လှမ်းကာ
အတွင်းအားလှိုင်းဖြင့် ခုခံပေးလိုက်ခြင်းဖြစ်သည်။ ထိုသက
ို ကြည့်ကာ ဝတ်စုံနီက အံ့သြသလို ကြည့်နေသည်။

" ဒီနေ့တော့ မင်းတို့အကုန် ကံကောင်းတယ် မှတ်လိုက်ကြ.... တြွေ့ ကသေးတာပေါ့ တွမ့်ကျန်းယွမ် ရာ... "

ဝတ်စုံနီက အံ့သြနေသော်လဲ မှတ်မိသွားကာ ကြိမ်းဝါးပီး ခုန်ပျံထွက်သွားသည်။ သူက ထိုသူ ဘယ်သူမှန်းသိနေ၍ အခုချိန်တွင်


ရင်ဆိုင်လစ
ိုတ်ရှိပုံမရချေ။

အပြာရောင်ဝတ် ကတော့ လှမ်းမမီနိုင်သော အကွာအဝေးဖြစ်၍ လိုက်မသွားတော့ချေ။ လဲကျနေသော အမှတ်လေးဂိုဏ်းချုပ် ကို


သေချာကြည့်နေသည်။ အမှတ်လေးဂိုဏ်းချုပ် မှာ သေဆုံးသွားသော ဂိုဏ်းသားနှစ်ဆယ်ထက် သိင
ုးပညာကောင်း သဖြင့် ရင်ဘတ်တွင်
ဓားဒဏ်ရာရသော်လဲ မသေသေးပါ။ အပြာရောင်ဝတ် က ဒဏ်ရာကို သေချာစမ်းသမ်းပီး အကြောထောက်ကာ ကုသပေးလိုက်သည်။
အမှတ်လေးဂိုဏ်းချုပ်၏ ဒဏ်ရာမှာ စေ့သွားပီး သွေးလဲတိတ်သွားသည်။

" သူ့ကို အခန်းထဲခေါ်ပီး ပြုစုပေးလိုက် ကြပါဦး... အနာကျက်ဆေးထည့်ပေးပီးရင် သက်သာသွားမှာပါ "

အပြာရောင်ဝတ်က ဟူဖန်း ဘက်လှည့်ကာ ပြောလိုက်ခြင်းပင်။ ဟူဖန်းမှာ ယခုဆိုလျှင် အမှတ်နှစ်ဂိုဏ်းချုပ် ဖြစ်နေလေပီ။ ဟူဖန်းမှာ


ခေါင်းကို အဆတ်မပြတ်ငြိမ့်ကာ သူကိုယ်တိုင် အမှတ်လေးဂိုဏ်းချုပ် ကို ပွေ့ကာ ပြေးထွက်သွားသည်။ ဤလူစုထဲတွင် အကုန်လုံးက
ဝတ်စုံနီကို ကြောက်ရွံသော်လဲ သူကမူ ဝတ်စုံနီထက် အပြာရောင်ဝတ် ကို ပိုကြောက်သည်။ သူကောင်းကောင်း သိနေသော ပုဂ္ဂိုလ်
ဖြစ်သည် မဟုတ်ပါလား။

ရင်းကို့မှာ သက်ပြင်း ထပ်မံချမိသည်။ အပြာရောင်ဝတ်မှာ ဘာစိတ်ကူးရှိ၍ ကယ်ပေးသည်ကို မသိသဖြင့် စိတ်မအေးနိုင်ပါ။ သူသည်လဲ


အပြာရောင်ဝတ် ကို သိကာ ကြောက်သည်လေ။ ထို့ကြောင့် မထွက်သွားရဲပဲ အသာငြိမ်နေလိုက်သည်။

အပြာရောင်ဝတ်က သေဆုံးသွားသော ဂိုဏ်းသားများ၏ ဒဏ်ရာကို ကြည့်ကာ...

" အဲ့ဒီလူက ဓားမပါပဲ လက်ဝါးရိုက်ချက် သတ်သတ်နဲ့ ဒီလိုဖြစ်အောင် လုပ်သွားတာလား... "


ဟု မေးလိုက်သည်။

ရင်းကို့က ခေါင်းငြိမ့်ကာ
" ဟုတ်ပါတယ် သခင်လေး... ဒီလူရဲ့ ဓားသိုင်းက ဓားမလိုတဲ့အဆင့်ထိ ရောက်နေပီ ထင်ပါတယ်...."
ဟု ဖြေလိုက်သည်။

အပြာရောင်ဝတ်က သက်ပြင်းချကာ
" ဒီလိုဆိုရင် ငါ ဆရာတော်ကို ပေးခဲ့တဲ့ ကတိက ကျိုးရတော့မှာပါလား... "
ဟု ရေရွတ်လိုက်သည်။
ထို့နောက် ကြောင်တောင်တောင်ဖြစ်နေသော ဂိုဏ်းသားများနှင့် ရင်းကို့ကို စိုက်ကြည့်ကာ
" ငါ ဒီကို မလာသွားဖူးဘူးလို့ မှတ်ထားကြ ငါ့အကြောင်း ဘယ်သူမှမသိစေနဲ့... "
ဟု ပြောလိုက်လေသည်။

ရင်းကို့က အလျင်အမြန်ခေါင်းငြိမ့်ကာ
" အမိန့်အတိုင်းပါ သခင်လေး... "
ဟု ပြောလိုက်သည်။

အပြာရောင်ဝတ် က ခဏမျှ စဉ်းစား နေပီးမှ မြေကြီးပေါ်တွင် စာပိုဒ် လေးပိုဒ် နှင့် ပံမ


ျုားဆွဲ ကာ ထွက်သွားလေသည်။

ရင်းကို့မှာ အပြာရောင်ဝတ် ပျောက်ကွယ် သွားမှသာ ထိုစာပိုဒ်များကို ကြည့်မိသည်။ ထိုအရာများမှာ သူတို့၏ သိုင်းပညာကို


ဖြည့်စွက်ကာ အဆင့်မြှင့်ပေးသော သိုင်းကွက်များဖြစ်သည်ကို တွေ့လိုက်ရသည်။

" ဟာ... ဒီနေ့တော့ ဘုရားက တကယ်စောင့်ရှောက်တာပဲ... "

ရင်းကို့မှာ ဝမ်းသာလွန်းသဖြင့် မျက်ရည်များပါ စီးကျကာ ရေရွတ်မိသည်။ အသတ်ခံရမည့်အရေးမှ လွတ်သွားသည့် အပြင် သိုင်းပညာပါ


တစ်ဆင့်မြင့်တော့မည် မဟုတ်ပါလား။

#မိုးထိတောင်သိုင်းသမား #ZYN
အခန်း (၃၅) အပိုင်း သုံး
နိဂုံး၏ နိဂုံး

ရှောင်စစ်တောင်....

စတုတ္ထ အကြိမ် ရှောင်စစ်တောင် သိုင်းပြိုင်ပွဲ မှာ စတင်နေလေပီ။


ရှောင်စစ်တောင် တောင်ခါးပန်းတွင် တည်ဆောက်ထားသော စင်မြင့်ကြီးပေါ်တွင် သိုင်းသမားနှစ်ယောက်မှာ ယှဉ်ပြိုင်
တိုက်ခိုက်နေကြသည်။ ဒီနေ့က သိုင်းထိပ်သီး အဆင့်သတ်မှတ်ပွဲ ပထမနေ့ ဖြစ်သည်။

ဒိုင်လူကြီးများ ထိုင်ရာ ခုံတန်းတွင် ဂိုဏ်းခြောက်ဂိုဏ်း ဂိုဏ်းချုပ်များက ထိုင်နေကြသည်။


ရှောင်လင်ဂိုဏ်းချုပ် နေရာတွင် ကျောင်းထိုင်ဆရာတော် မဟုတ်ပဲ ဆရာတော် စုန့်ဝမ်က ထိုင်နေလေသည်။
ဝူတန်းဂိုဏ်းချုပ်နေရာတွင်တော့ အပြောင်းအလဲ မရှိ ရသေ့ကြီး ကျန်းယွမ် က ထိုင်နေသည်။
ဝါဆန်းဂိုဏ်းချုပ်နေရာလဲ ထိုအတိုင်းပင် ဂိုဏ်းချုပ်ကြီး ပိုင်ချုံးရန် က ထိုင်နေသည်။
သူဖုန်းစားဂိုဏ်းချုပ် နေရာတွင်တော့ ပိုင်လုံ က အဖြူရောင် ဝတ်စုံကို ဝတ်ဆင်ကာ ခန့်ခန့်ညားညား ထိုင်နေလေသည်။
သူ့ဘေးတွင်တော့ လူငယ်ဂိုဏ်းချုပ် နှစ်ယောက် ရှိနေသည်။
ခွန်လွန်ဂိုဏ်းချုပ် မုထူးဝါး နှင့် အော့မေ့ဂိုဏ်း ဂိုဏ်းချုပ်အသစ်ဖြစ်သူ ရသေ့မ ကျိုးကျစ်ယွင် တို့ထင
ိုနေသည်။

လူငယ်သိုင်းသမားပေါင်းများစွာ စင်မြင့်ပေါ် တက်ကာ ယှဉ်ပြိုင်ပီးသွားသော် နေပင် ဝင်နေချေပီ။ ဒီတစ်ကြိမ်ဝင်ပြိုင်သော


သိုင်းသမားများမှာ ယခင်ထက် ပိုများသဖြင့် သိင
ုးထိပ်သီးသတ်မှတ်ပွဲကို သုံးရက် ကျင်းပမည် ဖြစ်သည်။
ပထမနေ့ အနိုင်ရသူ ငါးယောက် ဒုတိယနေ့ အနိုင်ရသူ ငါးယောက် ရွေးချယ်ပီး တတိယနေ့ တွင်တော့ ထိုဆယ်ယောက် အချင်းချင်း
ယှဉ်ပြိုင်ကာ အဆင့်သတ်မှတ်ကြမည် ဟု ဆုံးဖြတ်ထားကြရသည်။

ပထမနေ့၏ အနိုင်ရသော သိုင်းသမား ငါးယောက်မှာ


စီးရှ နတ်လေးပါးဂိုဏ်းမှ ရင်းဖေ့
ထူပေါ မှ ဝမ်ယောက်လင်
ဝူတန်ဂိုဏ်းမှ ကျန်းလင်
ဝါဆန်းဂိုဏ်းမှ ဝမ်ရန်ဟုန်
တစ်ကိုယ်တော်သုင
ိးသမား လျှံကုဆန်း
တို့ဖြစ်ကြသည်။

ဒိုင်လူကြီးများမှာ အနိုင်ရသူများကို ကြေငြာပီး ရှောင်စစ်တောင် သိုင်းပြိုင်ပွဲ ပထမနေ့ကို ရုတ်သိမ်းလိက


ုကြသည်။

ဒုတိယနေ့...
ဒုတိယနေ့သည်လဲ ပထမနေ့လိုပင် စည်ကားသိုက်မြိုက်စွာ ရှိနေဆဲပင်။ ပထမနေ့မှာပင် ပြသနာမရှိသဖြင့် ဒိုင်လူကြီးများဖြစ်သော
ဂိုဏ်းချုပ်များမှာ စိတေ
် အးလက်အေး ရှိနေကြသည်။

စင်မြင့်ပေါ်တွင် သိုင်းသမားနှစ်ယောက်မှာ နေရာယူနေကြပီဖြစ်သည်။ ပိုင်လုံက အချက်ပြလိက


ုသော် ဗုံတီးသံ ထွက်ပေါ်လာပီး
သိုင်းပြိုင်ပွဲ စလေပီ။ ဤသို့ဖြင့် ဒုတိယနေ့သည်လဲ အောင်မြင်စွာ ပြီးဆုံးသွားသည်။

ဒုတိယနေ့၏ အနိုင်ရသော သိုင်းသမား ငါးယောက်မှာ


တာ့ရန်ပြည် မုယုံမိသားစုမှ မုယုံလုဝေ
တောင်ပိုင်းနယ် ဆန်းကွမ်း မိသားစုမှ ဆန်းကွမ်းရှောင်ရှန်း
အရှေ့ကျွန်း နန်းကုန်း မိသားစုမှ နန်းကုန်းယင်
မြောက်ပိုင်းနယ် ကုန်းစွန်း မိသားစုမှ ကုန်းစွန်းဝူပေါက်
လျောင်ပြည် အိုးရန် မိသားစုမှ အိုးရန်ချင်းချင်း
တို့ဖြစ်ကြသည်။

ဒုတိယနေ့ အနိုင်ရသူငါးယောက်တွင် ဆန်းကွမ်းရှောင်ရှန်း နှင့် အိုးရန်ချင်းချင်း တို့မှာ မိန်းကလေးများဖြစ်ပီး လှလဲ လှပကြသဖြင့်


ထူးခြားသည်ဟု ဆိုရပေမည်။

တတိယနေ့...

တတိယနေ့ကတော့ အနိုင်ရထားသူ ဆယ်ယောက်ကို အဆင့်သတ်မှတ်မည် ဖြစ်၍ ပရိသတ်များက စိတ်အဝင်စားဆုံးနေ့ ဖြစ်သည်။


ယှဉ်ပြိုင်သူ ရှစ်ယောက်မှာ ပထမအဆင့်အဖြစ် မဲနှိုက်ကာ ပြိုင်ဘက်ရွေးချယ် ကြရသည်။ မိန်းကလေးနှစ်ဦးကတော့ အလိုလို ပြိုင်ဘက်
ဖြစ်လာကြသည်။ ထိုအဆင့်တွင် အနိုင်ရသူ ငါးယောက်မှာ ဒုတိယအဆင့်အဖြစ် စင်ပေါ်တွင် ငါးယောက်စလုံး ယှဉ်ပြိုင်ရမည်ဖြစ်သည်။
ဒုတိယအဆင့်တွင်တော့ အရင်ဆုံးပြုတ်ကျသူမှာ အဆင့် ၅ ဖြစ်မည် ဖြစ်သည်။ ထို့အတူ ပထမအဆင့်တွင် ရှုံးနိမ့်သူ ငါးယောက်မှာလဲ
ထိုနည်းအတိုင်း ယှဉ်ပြိုင်ပီး အဆင့် ၆ မှ အဆင့် ၁၀ ထိ သတ်မှတမ
် ည် ဖြစ်သည်။

ဒီနေ့တွင်တော့ ဒိုင်များအပြင် တစ်ခြား ဂိုဏ်းချုပ်အဆင့်ရှိသူ နာမည်ကျော် သိုင်းသမားများပါ ဧည့်သည်တော် နေရာတွင်


ထိုင်ကာလာရောက်ကြည့်ရှုကြသည်။
လက်ရှိသိုင်းလောကတွင် ဂိုဏ်းခြောက်ဂိုဏ်း ဂိုဏ်းချုပ်များအပြင် ကျော်ကြားသူများ ဖြစ်သော....
ရှောင်းယောင်ဂိုဏ်းချုပ် တုံးဖန်းသခင်မ
တွမ့်ကတော် ထန်စုစု
ပျံလွှားမယ် စုန့်ချီရန့်
တိဗက်မှ လာမားကိုယ်တော်ကြီး ကဲ့သို့ ပုဂ္ဂိုလ်များပင် လာရောက်ကြည့်ရှုသည်ကို တွေ့ရသည်။ ပါဝင်ယှဉ်ပြိုင်သူ သိုင်းမိသားစုကြီးများမှ
အကြီးအကဲများ ကတော့ လာရောက်ခြင်း မရှိကြချေ။

ပထမပွဲစဉ်မှာ စီးရှမှ ရင်းဖေ့ နှင့် မုယုံလေ


ု ဝ တို့နှစ်ယောက် ဖြစ်ကြသည်။
ရင်းဖေ့ မှာ လက်ဝါးသာ သုံးသော်လဲ မုယုံလုဝေက ဓားကို အသုံးပြုလေသည်။ ရင်းဖေ့ အကြောင်းမှာ လူသိပီးသားပင်
သူသုံးသောသိုင်းမှာ နတ်လက်ဝါးသိုင်း နှင့် နတ်လက်သီးသိုင်းကို ရောစပ် အသုံးပြုခြင်း ဖြစ်သည်။ မုယုံလုဝေ အသုံးပြုသော
ဓားသိုင်းမှာမူ ထူးခြားသည်။ ဂိုဏ်းပေါင်းစုံ၏ အစွမ်းထက်သော ဓားကွက်မှန်သမျှကို ပုံတူ သုံးစွဲနေသည်။

ဒိုင်လူကြီးများနှင့် ပရိသတ်များမှာ အံ့သြနေကြသည်။ မုယုံမိသားစု၏ မူပိုင် သိင


ုးပညာမှာ စုတ်တံသိုင်း ဖြစ်သည် မဟုတပ
်ါလား။
ဒုတိယနေ့ကအထိပင် စုတ်တံသိုင်း ကို သုံးနေသော်လဲ အမှန်တကယ် ပညာအစစ်ထုတ်ရပီဆိုမှ ဓားသိုင်းကို သုံးစွဲနေလေသည်။
ဓားသိုင်းကလဲ ဂိုဏ်း ပေါင်းစုံ၏ ဓားကွက်များကို ရောနှောသုံးစွဲနေခြင်းဖြစ်ရာ မြင်နေရသူ ပရိတ်သတ်များမှာ ဘဝင်မကျ
ဖြစ်နေကြသည်။ မည်သူမဆို ကိုယ့်ဂိုဏ်း၏ သိုင်းကွက်များကို ဂိုဏ်းဝင်မဟုတ်သူက တတ်မြောက်နေပါက ဘဝင်ကျမည် မဟုတ်ချေ။

ရင်းဖေ့၏ နတ်လက်သီးနှင့် နတ်လက်ဝါး သိုင်းကွက်များမှာ အစွမ်းထက်သော်လဲ စီးမင်ကို့ဝေ တို့သားအဖလောက်


ထက်မြက်ခြင်းမရှိပေ။ ထိ့ေ
ု ကြာင့် မုယုံလုဝေ ၏ ဓားကွက်များအောက်တွင် အထိန်းချုပ် ခံနေရသည်။ အကွက်တစ်ရာကျော်သော်
မုယုံလုဝေက အလွယ်တကူပင် အနိုင်ရရှိ သွားတော့လေသည်။

ဒုတိယပွဲစဉ် အဖြစ် ထူပေါပြည်မှ လာသော သိုင်းသမား ဝမ်ယောက်လင် နှင့် မြောက်ပိုင်းပြည်နယ် ကုန်းစွန်းမိသားစုမှ ကုန်းစွန်းဝူပေါက်
တို့ဖြစ်ကြသည်။ ဝမ်ယောက်လင်မှာ ရှောင်စစ်တောင် သိုင်းပြိုင်ပွဲ၏ တစ်ဦးတည်းသော အပြင်အားသိုင်းသမား ဖြစ်သည်။
အရပ်ခြောက်ပေခွဲရှိသော လူသန်ကြီးတစ်ဦး ဖြစ်လေသည်။ ဒုတိယနေ့ပြိုင်ပွဲတွင် သူ၏ အဖမ်းအချုပ် နပန်းပညာကျွမ်းကျင်မှုကို
ပြသနိုင်ခဲ့သည်။ ကုန်းစွန်းဝူပေါက် ကတော့ လူကောင်ခပ်သေးသေးဖြင့် စာပေသမား ဝတ်စုံကို ဝတ်ဆင်ထားသော်လဲ လူမမာရုပ်
ပိုပေါက်နေသည်။ ပရိတ်သတ်အပေါင်းမှာ လူသန်ကြီးနှင့်မှ ယှဉ်ပြိုင်ရန် မဲပေါက်သော ကုန်းစွန်းဝူပေါက် ကို အသနားပိုနေကြသည်။

ပြိုင်ပွဲစတင်သည်နှင့် ဝမ်ယောက်လင်က ပြေးဝင်ကာ အတင်းကိုင်ပေါက်တော့သည်။ ကုန်းစွန်းဝူပေါက် ကမူ ဒုတိယနေ့လိုပင်


ဟိုယိမ်းဒီယိမ်းဖြင့် ရှောင်တိမ်းနေသည်။ ဒုတိယနေ့ကလဲ ထိုသို့ရှောင်တိမ်းနေရင်းမှ ချက်ကောင်းကို ထိထိမိမိတက
ိုခိုက်ကာ
အနိုင်ရခဲ့သည်။ အထူးသဖြင့် သူ၏ ရှောင်တိမ်းဟန်မှာ ထူးခြားသည်။ အမူးသမား တစ်ယောက်ဟန်ပန်ဖြင့် ဒယိမ်းဒယိုင် ဖြစ်နေသည်။
သို့သော် ထိုသို့ ဒယိမ်းဒယိုင် ဖြစ်နေခြင်းကပင် ခန့်မှန်းရခက် စေသည်။ ဝမ်းယောက်လင်မှာ ကုန်းစွန်းဝူပေါက် ကို ဖမ်းချုပ်ကာ
ကိုင်ပေါက်လိုသော်လဲ ယိုင်ထိုးနေသဖြင့် ဖမ်း၍မရချေ။ သူ့ကိုယေ
် ပါ်သာ ကုန်းစွန်းဝူပေါက် ၏ လက်သီးများ ကျရောက်နေသည်။
ဝမ်ယောက်လင် ကလဲ ခေသူမဟုတ်ပါ။ တော်ရုံလူဆိုလျှင် ကုန်းစွန်းဝူပေါက်၏ လက်သီးများ အထိခံရပါက နောက်ဆုတ်သွားစေနိုင်
သော်လဲ သူကတော့ မဖြုံပါ။ နာကျင်ပုံ မရချေ။

သို့သော်လဲ အကွက်ပေါင်း နှစ်ရာကျော်သော် ဝမ်ယောက်လင် မှာ မောပန်းလာသည်။ အပြင်အား သိုင်းပညာရှင်များသည် အတွင်းအား


သိုင်းပညာရှင်များလောက် သက်လုံမကောင်းချေ။ ဝမ်ယောက်လင် မောပန်းလာသည်နှင့်အမျှ ကုန်းစွန်းဝူပေါက် မှာ
ပိုမိုသွက်လက်လာသည်။ ဝမ်ယောက်လင် မှာ ကုန်းစွန်းဝူပေါက်၏ လက်သီးချက် အချက်ပေါင်းများစွာ ထိမိသော်
တဖြည်းဖြည်းအထိနာလာသည်။ ဤသို့ဖြင့် အကွက်ပေါင်း ၂၅၀ အရောက်တွင် အရှုံးပေးလိုက်ရတော့သည်။

တတိယပွဲစဉ် အဖြစ် ဝူတန်မှ မျိုးဆက်သစ် တပည့် ကျန်းလင် နှင့် အရှေ့ကျွန်းမှ လာသော နန်းကုန်းယင် တို့ဖြစ်ကြသည်။
နှစ်ဦးစလုံးမှာ ဓားသိုင်းကိုသာ သုံးသော ဓားသမားများ ဖြစ်ကြ၍ ကြည့်ကောင်းမည့် ပွဲဖြစ်သည်။ ကျန်းလင်မှာ ဝူတန်ဂိုဏ်းချုပ်
ရသေ့ကြီး ကျန်းယွမ် ကိုယ်တိုင် ကျကျနန သင်ပေးထားသဖြင့် ထိုက်ကျိဓားသိုင်း ကို ကျွမ်းကျင်သည်ဟု နာမည်ကြီးသည်။ ထို့အတူ
နန်းကုန်းမိသားစု၏ ဓားမြန်သိုင်း မှာလဲ ယခုနှစ်ပိုင်းတွင် နန်းကုန်းယင် ကြောင့် ပြန်လည်ကျော်ကြားလာသည်။ ထိုဓားသိုင်း
အကျော်အမော် နှစ်ယောက်၏ပွဲမှာ ဓားပညာကို လေ့လာနေသူများအတွက် ဗဟုသုတရစေမှာ မလွဲဧကန်ပင်။

ပွဲစသည်နှင့် နန်းကုန်းယင် က လျင်မြန်စွာ ထိုးခုတ်တော့သည်။ ဓားမြန်သိုင်းမှာ အလွန် လျင်မြန်လှသည်။ မျက်စိတမှိတ်မျှသော


အချိန်အတွင်းမှာပင် ငါးကွက်တိတိ ထုတ်သုံး ပီးပီဖြစ်သည်။ ထိုငါးကွက်ကို ခုခံလိုက်သော ကျန်းလင်၏ သိုင်းကွက်မှာ တစ်ကွက်ထဲ
ဖြစ်သည်။ ထိုက်ကျိဓားသိုင်း မှာ ခုခံရာတွင် အလွန်ခံစစ်လုံသောသိုင်းပညာ ဖြစ်ရာ နန်းကုန်းယင်မှာ မည်မျှပင် လျင်မြန်မှုကို အားပြုကာ
ထိုးခုတ်ပါစေ ကျန်းလင်၏ ဓားစက်ဝိုင်းကို မချိုးဖျက်နိုင်ချေ။ နန်းကုန်းယင် မှာ အကွက်ပေါင်း နှစ်ရာတိတိ ထိုးခုတ်ပီးသော် ကျန်းလင်က
ခုခံကွက် လေးဆယ်သာ ထုတ်ရသေးသည်။ မောပန်းလာသော နန်းကုန်းယင်က သူ့တိုက်စစ် အသုံးမဝင်သည်ကို သိသော် ရပ်လိုက်ပီး
ကျန်းလင်၏ တိုက်စစ်ကို စောင့်လိုက်သည်။

ကျန်းလင်က အခွင့်အရေးကို လက်လွှတ်မခံပါ။ ရေလှိုင်းလုံးများလို ဆင့်ကာဆင့်ကာ အဆက်မပြတ်တိုက်ခိုက် တော့လေသည်။


သိုင်းကွက်အကူးအပြောင်း သိမ်မွေ့နက်နဲသော ထိုက်ကျိဓားသိုင်း ကြောင့် နန်းကုန်းယင်မှာ ခုခံရခက် လာသည်။ မထင်မှတ်သော
နေရာများမှသာ တိုက်ခိုက်လာသော သိုင်းကွက်များ ဖြစ်၍ မနည်းကိုအာရုံစိုက်ကာ ရှောင်တိမ်း နေရသည်။ သို့သော် အကွက်ပေါင်း
ငါးဆယ်ကျော်သော် လက်မောင်းတွင် ဓားတစ်ချက်ထိကာ အရှုံးပေး လိုက်ရတော့လေသည်။

ကျန်းလင်၏ ဓားသိုင်းကို ကြည့်နေသော တွမ့်ကတော်က


" ဒီလူငယ်လေးက ပါရမီရှင် ဖြစ်လိမ့်မယ် ငါအရင်က ကျန်းစန်းယွမ်နဲ့ တိုက်တော့ ဒီလူငယ်လောက် ဓားသိုင်းမတတ်ဘူး... "
ဟု ရေရွတ်လိုက်သည်။

ကြားသွားသော တုံးဖန်းသခင်မက ရယ်ကာ စုန့်ချီရန့်ကို နောက်လိုက်လေသည်။

" ဘယ်လိုလဲ ညီမလေး ဒီလောက်ဆို အဆင်ပြေသလား... နင့်ထက်တော့ ဓားသိုင်းတော်မဲ့ပုံပ.ဲ .. "

" ဓားသိုင်းတော့ ပိုတော်မှာပေါ့ ညီမလေးက ဓားထက် ယပ်တောင်ပိုကျွမ်းတာကိုး... အတွင်း အား ဆိုရင် ဘယ်သူသာမလဲ
စမ်းကြည့်ဦးမလား.. "

စုန့်ချီရန့် က နှာခေါင်းရှုံ့လိုက်ပီး ပြောလိုက်လေ သည်။

" နင့်လို ရှောင်းယောင်အတွင်းအား ကျင့်ထားတဲ့သူကို ဘယ်သူက အတွင်းအားချင်းယှဉ်နိုင်မလဲပြော... မမယင်းပဲ နင့်ကိုနိုင်မှာ... "

တွမ့်ကတော်က သူ စထားသဖြင့် ဖြစ်လာသော စကားဝိုင်းကို သူပဲ ပြန်ပိတ်ပေးလိုက်လေသည်။

သို့သော် စုန့်ချီရန့် က
" ရိကျင့်အကြောပြောင်းသိုင်း ကျင့်ထားတဲ့ သူကပဲ နှိမ့်ချနေရသေးတယ်... တွမ့်ကတော် ကိုလဲ ဘယ်သူက အတွင်းအားချင်း
ယှဉ်ရဲတာကြလို့... "
ဟု မကြားတကြား ရေရွတ်လိုက်သေးသည်။

စတုတ္ထပွဲစဉ်က သူတို့ စကားကောင်းနေစဉ် မှာပင် စတင်လေပီ။ မဲပေါက်သူမှာ ဝါဆန်းဂိုဏ်း၏ ဆက်ခံသူအသစ် ဝမ်းရန်ဟုန် နှင့်
တစ်ကိုယ်တော် လျှံကုဆန်း တို့ဖြစ်ကြသည်။ လျှံကုဆန်း က ပေကျင်းနေပြည်တော်တစ်ဝိုက် နာမည်ကြီး နေသော
စာပေသိုင်းသမားဖြစ်သည်။ သိုင်းပညာသာမက စာပေပညာတွင်လဲ တော်သည်ဟု နာမည်ကျော်သည်။ လျှံကုဆန်းမှာ ဗျပ်စောင်းကို
တီးကာ တိုက်ခိုက်ခြင်းဖြစ်သည်။ သံစဉ်များထဲ အတွင်းအားထည့်ကာ တစ်ဖက်လူကို တိုက်ခိုက်ခြင်းပင်။ ဝမ်းရန်ဟုန် ကတော့
ဝါဆန်းတပည့်ပီသစွာ ဓားသိုင်းပညာရှင် ဖြစ်သည်။ ထူးခြားသည်မှာ ဝမ်းရန်ဟုန် မှာ အရှေ့မြောက်အရပ်မှ ကျင်းပြည်နယ် နယ်စား၏
သားတော်တစ်ပါးဖြစ်သည်ပင်။ တော်ဝင်မျိုးရိုး ဖြစ်သဖြင့် သန့်ပြန့်စွာ ဝတ်စားတတ်သည်။ ဓားကိုလဲ အမြဲတစေ ခါးတွင် အကျအန
ချိတ်ထားသည်။

လျှံကုဆန်း ကစင်ပေါ်တက်ကာ လက်သီးဆုပ် ဂါရဝပြု လိုက်သည်။ ဝမ်ရန်ဟုန်က အေးစက်စက်ဖြင့် ခေါင်းသာ ပြန်ငြိမ့်ပြသည်။


ပရိတ်သတ်များမှာ ဝမ်ရန်ဟုန်၏ အပြုအမူကို သဘောမကျသော်လဲ လျှံကုဆန်းမှာမူ ခပ်ပြုံးပြုံးပင်။ လျှံကုဆန်း က ကျောမှ
လွယ်ထားသော ဗျပ်စောင်းကို သိုင်းထားသောကြိုးများ ဖြည်ကာ နေရာချနေတုန်းမှာပင် ဝမ်ရန်ဟုန်က သတိထား ဟု ခပ်တိုးတိုးသာ
ရေရွတ်လိုက်ပီး ဝါဆန်း၏ မူပိုင် မိုးကြိုးဓားသိုင်း ဖြင့် တိုက်ခိုကေ
် တာ့ လေသည်။ ပြင်းထန် လျင်မြန်သော ဓားကွက်များက လျှံကုဆန်း
ဆီသို့ တိုးဝင်သွားသည်။ လျှံကုဆန်းကာ ဓားကွက်များကို ဗျပ်စောင်းဖြင့် ခုခံလိုက်သည်။ ထိုအခါကျမှသာ သူ၏ ဗျပ်စောင်းမှာ
ရိုးရိုးဗျပ်စောင်းမဟုတ်ပဲ သံမဏိဖြင့် ပြုလုပ်ထားကြောင်း သိရသည်။ ဝမ်ရန်ဟုန် က ပြင်းထန်စွာ တိုက်ခိုက်နေ သလို လျှံကုဆန်းကလဲ
အမှားအယွင်းမရှိ ခုခံနေသည်။ အကွက်ပေါင်း တစ်ရာကျော်သော် ဝမ်ရန်ဟုန် မှာ တိုက်စစ် ကုန်သလောက်ဖြစ်သွားသည်။ လျှံကုဆန်း
ကိုမူ မထိခိုက်သေးချေ။ လျှံကုဆန်း၏ မျက်နှာမှာ အပြုံးမှာပိုပီပြင်လာသည်။ ထို့နောက် သူက တိုက်စစ်ကိုစလိက
ုသည်။ ဗျပ်စောင်းကို
စတင်တီးခတ်လိုက်သည်။ သံစဉ်များမှာ ကြားရသူအပေါင်း၏ နားထဲသို့ သာယာစွာ တိုးဝင်လာသည်။ သို့သော် စင်မြင့်ပေါ်တွင်
တူတူရှိနေသူ ဝမ်ရန်ဟုန် အတွက်မူ သာယာနာပျော်ဖွယ် မရှိပါချေ။ ဝမ်ရန်ဟုန် မှာ ရှုံ့မဲ့ကာ အတွင်းအားဖြင့် ခုခံနေရသည်။
သံစဉ်တေးသွား တစ်ပဒ
ု ဆုံးသော် ထိုင်ချကာ အတွင်းအားကျင့်စဉ်ပင် ပြန်ကျင့်ကာ ကုစားလိုက်ရလေသည်။ ထို့ကြောင့် ဒိုင်များက
လျှံကုဆန်းကို အနိုင်ပေးလိုက်ကြသည်။ လျှံကုဆန်းမှာ ခပ်ပြုံးပြုံးပင် ယဉ်ကျေးစွာ နှုတ်ဆက်ပီး ပြန်ဆင်းသွားသည်။

ပဉ္စမပွဲကတော့ မိန်းကလေး သိုင်းသမား နှစ်ယောက်ပွဲဖြစ်သဖြင့် ပရိတ်သတ်များ စိတ်အဝင်စားဆုံးပင် ဖြစ်သည်။ သိုင်းပညာ


တွင်သာမက လှလဲလှပသူများ မဟုတ်ပါလား။ တုံးဖန်းသခင်မ၊ တွမ့်ကတော် နှင့် စုန့်ချီရန့် တို့ပင် စိတ်ဝင်တစား ဖြစ်နေကြသည်။
သူမတို့ခေတ်က သူမတို့က နတ်သမီးလေးဖော်အဖြစ် ကျော်ကြားသလို ဆန်းကွမ်းရှောင်ရှန်း နှင့် အိုးရန်ချင်းချင်း တို့ကလဲ
နတ်သမီးနှစ်ပါး ဟု သတ်မှတ်ခံ ထားရသည်။

ပွဲစသည်နှင့် ဆန်းကွမ်းရှောင်ရှန်း က စတင်တိုက်ခိုက်လိုက်သည်။ သူမသုံးသော ဓားပုံစံမှာ ရှားပါးသည်။ ဓားမှာ ကောက်လွန်းကာ


စက်ဝိုင်းပုံစံ ဖြစ်နေသည်။ ထိုဓားကို ကျွမ်းကျင်စွာကိုင်ပီး လှည့်ပတ် တိုက်ခိုက်နေသော သိင
ုးကွက်များမှာလဲ ဆန်းပြားသည်။
သိုင်းလောကတွင် တွေ့ရလေ့ ရှိသော သိုင်းကွကမ
်ျိုး မဟုတ်ပါ။ အိုးရန်ချင်းချင်း ကတော့ သံလက်အိတ်စွပ်ကာ လက်ဝါးသိုင်းဖြင့်
ပြန်လည်တိုက်ခိုက်သည်။ သူမက နဂိုက အဆိပ်သုံးသော်လဲ ယခုမူ သိုင်းပြိုင်ပွဲ ဖြစ်သဖြင့် ဒိုင်များက မေ့ဆေးကို
ပြောင်းသုံးခိုင်းထားသည်။ သူမ၏ အစိမ်းရောင်သမ်းနေသော ဖားပြုတ်လက်ဝါးသိုင်းမှာ အဆိပ်မပါသော်လဲ အဆင့်မြင့်သော
သိုင်းပညာဖြစ်ပီး ကြောက်ဖို့ကောင်းသည်။ ထို့သိုင်းကို အိုးရန်မျိုးနွယ်များပင်လျှင် အောင်မြင်စွာ ကျင့်နိုင်သူရှားပါးရာ အခုလို
ကျွမ်းကျင်စွာ သုံးနိုင်သူ ထွက်ပေါ်လာသော် ဂိုဏ်းချုပ်များ နှင့် သိုင်းသမားကြီးများမှာ စိတ်ဝင်စား နေကြသည်။ တစ်ချိန်က
အဆိပ်လက်ဝါး ကျင့်ကာ သံုး စွဲဖူးသော တွမ့်ကတော် ထန်စုစု မှာ အထူးတလှယ် စိတ်ဝင်စားနေလေသည်။

ဆန်းကွမ်းရှောင်ရှန်း၏ သိုင်းကွက်များမှာ မမြင်ဖူးသဖြင့် ဆန်းကြယ်သလို ဖြစ်နေသော်လဲ ရေရှည်မှာတော့ အိုးရန်ချင်းချင်း၏


လက်ဝါးသိုင်းကို မထိုးဖောက်နိုင်ပါ။ အိုးရန်ချင်းချင်း မှာ အကွက်ငါးဆယ်ကျော် အကဲစမ်းကာ ခုခံနေပီးနောက်
တိုက်စစ်စလေတော့သည်။ ဖားပြုတ်လက်ဝါးသိုင်းမှာ အတွင်းအားကို အဓိကအားထားသော သိုင်းဖြစ်သဖြင့် ပြင်းထန်သည်။ သို့ပေမဲ့
အိုးရန်ချင်းချင်းမှာလဲ အတွင်းအားနေရာတွင် လိုအပ်ချက် ရှိပုံရသည်။ သိုင်းကွက်များမှာ အား ပါသင့် သလောက် မပါနိုင် ဖြစ်နေသည်။
ထိုသို့တိုင် တကယ်တမ်း တိုက်စစ်စလိုက်သော် ဆန်းကွမ်းရှောင်ရှန်း မှာ မခုခံနိုင်တော့ပါ။ အကွက်တစ်ရာကျော်သော် ရှုံးနိမ့်
သွားတော့သည်။

ငါးပွဲ ဆက်တိုက် တိုက်ခိုက်ပီးသော် ဒိုင်များက သိုင်းပြိုင်ပွဲကို ခဏ နားလိုက်ကြသည်။ အနိုင်ရသူ ငါးယောက်မှာ ပြုံးပျော်နေသလို


ရှုံးနိမ့်သူ ငါးယောက်မှာ စိတ်ဆိုး စိတ်ပျက်နေကြသည်။

တုံးဖန်းသခင်မမှာ ခင်ပွန်းဖြစ်သူ အဖွဲ့ချုပ်ကြီး ပိုင်လုံနှင့် စိတ်ဆိုးပြေပီဖြစ်သဖြင့် ခေါ်ခေါ် ပြောပြော ဖြစ်နေသည်။ ပိုငလ


်ုံမှာ
အလုပ်များနေသည့်ကြားကပင် သူမ ပြောသော ဝတ်စုံနီလူသတ်သမား ကို အာရုံစိုက်ကာ ရှာဖွေနေသည်။ လုံခြုံရေးအဖြစ်
တာဝန်ယူရသော ဂိုဏ်းခြောက်ဂိုဏ်း ဂိုဏ်းသားများကို တပ်လှ့န်ထားကြသည်။ သိ့ေ
ု သ်ာလဲ မသင်္ကာစရာ ဟူ၍ မတွေ့ချေ။ ထိုသူမှာ
သိုင်းပညာအလွနေ
် ကာင်းသူဖြစ်၍ ခြေရာဖျောက်ကျွ မ်းကျင်သူများလား ဟုပင် တွေးမိကြသည်။ အခုချိန်ထိ မနှောက်ယှက်သေး
သဖြင့်လဲ စိတ်တော့ အနည်းငယ်အေးသွားကြသည်။ဝတ်စုံနီလူသတ်သမား ရောက်နေသည် မရောက်နေသည်ကတော့
သူကိုယ်တိုင်သာ သိမည်ဖြစ်သည်။

#မိုးထိတောင်သိုင်းသမား #ZYN
အခန်း (၃၅) အပိုင်း လေး
နိဂုံး၏ နိဂုံး

ခဏမျှ နားပီးသော်...

ဒိုင်များက ရှုံးနိမ့်ထားသူ ငါးယောက် ဖြစ်သော...


ရင်းဖေ့
ဝမ်ယောက်လင်
နန်းကုန်းယင်
ဝမ်ရန်ဟုန်
ဆန်းကွမ်းရှောင်ရှန်း
တို့ကို ပထမဦးစွာ ယှဉ်ပြိုင်စေသည်။

စင်မြင့်ပေါ်သို့ ငါးယောက်လုံးတက်ကာ ယှဉ်ပြိုင်ရမည် ဖြစ်ပီး အရင်ဆုံးပြုတ်ကျသူမှာ အဆင့် ၁၀ ဖြစ်မည် ဖြစ်သည်။


ဆန်းကွမ်းရှောင်ရှန်း မှာ မပြိုင်ခင်ကပင် သူမက အဆင့် ၁၀ ရမည်ကို သိကာ မတက်တော့ပဲ နှုတ်ထွက်လိုက်သည်။ ဒိုင်များကလဲ
လက်ခံသဖြင့် ယောက်ျား လေးယောက်သာ ယှဉ်ပြိုင်ကြရတော့မည် ဖြစ်သည်။ ဒိုင်များထဲမှ ရှောင်လင်ကိုယ်စား လာသော ဆရာတော်
စုန့်ဝမ်မှာ နောက်ဆုံး သိုင်းပြိုင်ကြရန်သာ ကျန်တော့သဖြင့် တောင်အောက်သို့ ပြန်ဆင်းသွားတော့သည်။ ရှောင်လင်မှာ သိုင်းပြိုင်ပွဲတွင်
ဝင်ရောက်မယှဉ်ပြိုင်လိုပါချေ။

စင်ပေါ်သို့ ရောက်ရောက်ချင်းမှာပင် ဝမ်ယောက်လင်က ရင်းဖေ့ကို အတင်းဝင် တိုက်လေသည်။ ရင်းဖေ့မှာ အစွမ်းကုန်


ကာကွယ်နေရသည်။ ဝမ်ယောက်လင်မှာ အဖမ်းအချုပ်တွင် လွန်စွာ ကျွမ်းကျင်သည်။ ရင်းဖေ့မှာ တစ်ကွက်မှားပီး အမိခံရပါက စင်ပေါ်မှ
ကိုက်ပေါက်ခံရပေမည်။

ဓားသမားချင်း ဖြစ်သော နန်းကုန်းယင် နှင့် ဝမ်ရန်ဟုန်ကလဲ အသည်းအသန် တိုက်ခိုက်နေကြသည်။ မိုးကြိုးဓားသိုင်း နှင့်


ဓားမြန်သိုင်းမှာ ဆန့်ကျင်ဘက် သဘောတရားများ ပါဝင်ကြရာ အတော်ပင် ကြည့်ကောင်းသည်။ မိုကြိုးဓားသိုင်း က ဓားကွက်ကို
ခပ်မှန်မှန်ဖြင့် အားမာန်ထည့်ကာ ကစားပီး ဓားမြန်သိုင်းကတော့ လျင်မြန်မှုကို ဦးစားပေးကာ ဓားက ဦးရာကိုထမ
ှိသာ အတွင်းအားက
နောက်ကထည့်သွင်းခြင်းပင်။ ထို့ကြောင့် နန်းကုန်းယင်က သုံးကွက် သုံးစွဲတိုင်း ဝမ်ရန်ဟုန် က တစ်ကွက်ထဲသာ ခုခံတိုက်ခိုက်သည်။

တိုက်ခိုက်နေကြရင်းဖြင့် အကွက်ရှစ်ဆယ် ကျော်သော် အစွမ်းကုန် ရှောင်တိမ်းနေသော ရင်းဖေ့မှာ အမိခံလိုက်ရသည်။ နန်းကုန်ယင်


နှင့် ဝမ်ရန်ဟုန်မှာ တိုက်ခိုက်နေရင်း ဝမ်ယောက်လင်က ရင်းဖေ့ကို မိသွားသည်ကို မြင်ရသဖြင့် မတိုင်ပင်ပဲ တိုက်ပွဲကို
ရပ်လိုက်ကြသည်။ သူတို့က ရင်းဖေ့ကို မပြုတ်ကျစေလိုချေ။ ထို့ကြောင့် ဓားကို ဦးတည်ရာပြောင်းရာ ဝမ်ယောက်လင်ကို
တိုက်ခိုက်လိုက်ကြသည်။ ဝမ်ယောက်လင်မှာ ရင်းဖေ့ကို ချုပ်မပ
ီးပီးခြင်းတွင် ထိုနှစ်ယောက် က တစ်ပြိုက်နက် တိုက်ခိုက်မည်ဟု
မထင်မိချေ။ ထိုေ့ကြာင့် အသည်းအသန် ခုန်ဆုတ်လိုက်ရသည်။ ထိုသို့ ဆုတ်လိုက်ရ သောကြောင့် ရင်းဖေ့ကို ချုပ်မိရက်သားဖြင့်
စင်မြင့်ပေါ်မှ ပြုတ်ကျသွားသည်။

" ဘာလုပ်တာလဲက.ွ .. ယောက်ျားတွေ မဟုတ်ဘူးလား... နှစ်ယောက်ပေါင်း တိုက်စရာလားကွ... ယုတ်မာတယ် "

ဝမ်ယောက်လင်မှာ ခံပြင်းစွာဖြင့် ဒေါသတကြီး အော်ဟစ်နေသည်။ ရင်းဖေ့ကိုလဲ လွှတ်ပေးလိုက်သည်။ နန်းကုန်းယင် နှင့် ဝမ်ရန်ဟုန်


ကတော့ အဖက်မလုပ်ပါချေ။

ဝမ်ယောက်လင်က ထိုသို့ အော်ဟစ်နေသဖြင့် ဒိုင်များထဲမှ ပိုင်လုံက ထလာပီး ပြောလိုက်သည်။

" စင်မြင့်ပေါ်မှ ပြုတ်ကျတဲ့ ပြိုင်ပွဲမှာ တစ်ယောက်ချင်းမတိုက်ပဲ ပူးပေါင်းပီး ပြုတ်ကျအောင်လုပ်တာမျိုးက စည်းကမ်းကို


ဖောက်ဖျက်ရာမကျပါဘူး... ဒီပြိုင်ပွဲရဲ့ စည်းကမ်းက ရိုးရှင်းပါတယ် အရင်ပြုတ်ကျသူ က အဆင့် နောက်ဆုတ်ရမှာပါ... မည်သည့်
နည်းလမ်းမဆို အကျုံးဝင်ပါတယ်... ဒီတော့ ရင်းဖေ့က အဆင့် ၉ ဖြစ်ပီး ဝမ်ယောက်လင် က အဆင့် ၈ အဖြစ် မှတ်တမ်းတင်ထား
လိုက်ပါပီခင်ဗျာ.... "
သိုင်းလောက ခေါင်းဆောင် ဖြစ်သော ပိုင်လုံ ကိုယ်တိုင် ဝင်ရောက်ပြောဆိုလိုက်သဖြင့် ဝမ်ယောက်လင်မှာ ခံပြင်းသော်လဲ
မတတ်သာတော့ပဲ ငြိမ်နေလိုက်ရသည်။ ထိုအဖြစ်ကို ကြည့်နေသူ မုယုံလုဝေ က အကြံကောင်းရသွားပီး ကုန်းစွန်းဝူပေါက် နှင့်
အိုးရန်ချင်းချင်း ကို သူ့ကိုကူညီရန် စည်းရုံးနေလေသည်။ ကျန်းလင် နှင့် လျှံကုဆန်းမှာမူ မုယုံလုဝေကို အဖက်မလုပ်ပဲ ရွံရှာနေကြသည်။

စင်မြင့်ပေါ်မှာတော့ နန်းကုန်းယင် နှင့် ဝမ်ရန်ဟုန်မှာ ထပ်မံတိုက်ခိုက် နေကြသည်။ ဒီတစ်ခေါက်ကတော့ နှစ်ဦးသားမှာ တတ်ထားသမျှ


ဓားသိုင်းကို အစွမ်းကုန်ထုတ် ကာတိုက်ခိုက်ကြသည်။ အကွက်ပေါင်း နှစ်ရာအထိ တိုက်ခိုက်အပီးတွင် နန်းကုန်းယင် မှာ
လက်ပန်းကျလာသည်။ ဝမ်ရန်ဟုန်မှာလဲ သိပ်တော့ မလွယ်ချေ။ သို့သော် သူတို့ဝါဆန်း၏ မိုးကြိုးအတွင်းအား က အဆင့်မြင့်ပီး
အခြေခိုင်သဖြင့် အနည်းငယ် အသာစီးရနေလေသည်။ နောက်ထပ် သုံးကွက်မျှ အတိုက်တွင် နန်းကုန်းယင်က မောပန်းကာအနည်းငယ်
နှောင့်နှေးသွားသဖြင့် ဝမ်ရန်ဟုန်က အမိအရ ရိုက်ချနိုင်ခဲ့လေသည်။ ထို့ကြောင့် နန်းကုန်းယင်က အဆင့် ၇ ဖြစ်ပီး ဝမ်ရန်ဟုန်က အဆင့်
၆ ဖြစ်သွားတော့သည်။

ထို့နောက်တွင်တော့ အနိုင်ရထားသူ ငါးယောက် ဖြစ်သော...


ကျန်းလင်
လျှံကုဆန်း
မုယုံလုဝေ
ကုန်းစွန်းဝူပေါက်
အိုးရန်ချင်းချင်း
တို့ အလှည့်ရောက်လာသည်။

ပရိသတ်များမှာ ပိုင်လုံ၏ မည်သည့် နည်းလမ်းမဆို အသုံးပြုနိုင်သည် ဆိုသော ကြောင့် မည်သူက မည်သူနှင့်ပေါင်းကာ


တိုက်ထုတ်မလဲကို စိတ်ဝင်စားနေကြသည်။ မုယုံလုဝေ မှာ သူစည်းရုံးထားသလို ကုန်းစွန်းဝူပေါက်၊ အိုးရန်ချင်းချင်းတို့ဖြင့် တွဲကာ
စင်မြင့်ပေါ်တက်လာကြသည်။ တစ်ဖက်က ကျန်းလင်နှင့် လျှံကုဆန်း ကလဲ အတူတူပင် တက်လာကြသည်။ ပုံစံအရ နှစ်ဖွဲ့ခွဲကာ
တိုက်ကြမည့်ပုံပေါ်သည်။

မုယုံလုဝေ က ကျန်းလင် ကို ကြည့်ကာ


" နောင်ကြီးတို့ ဝူတန်းက ကျန်းစန်းယွမ် က ကျနော်တို့ မုယုံမိသားစုကို အကျိုးပြု ဖူးပါတယ်... နောင်ကြီးလဲ ကျနော်တို့နဲ့ ပူးပေါင်းပါလား
လျှံကုဆန်းကို အရင် ရှင်းထုတ်ပစ်ရအောင်... "
ဟု ပြောလိုက်လေသည်။

ကျန်းလင် က မျက်မှောင်ကြုတ်ကာ
" ငါက စင်ပေါ်ကို တစ်ယောက်တည်း တင်လာတာ... ပီးတော့ ဒီပြိုင်ပွဲမှာ မဟာမိတ်ဆိုတာ မရှိဘူး... သူကျ ကိုယ်ကျပဲ မင်းက
ငါတို့ဂိုဏ်းရဲ့ သစ္စာဖောက်နဲ့ သိနေတယ်ဆိုတော့ မင်းကိုပဲ ကန်ချရမယ် "
ဟု ပြတ်ပြတ်သားသား ပြောလိုက်သည်။

မုယုံလုဝေက မျက်နှာပျက်ကာ စိတ်ဆိုးသွား သလောက် လျှံကဆ


ု န်း က ကျန်းလင်၏ စိတ်သဘောကို သဘောကျသွားသည်။ သူက
လက်ခုပ်တီးကာ
" ဒါမျိုးမှ ယောက်ျားပီသတာလို့ခေါ်တယ်... ကောင်းပီ နောင်ကြီးကျန်းလင် ကျုပ်က ဒီမုယုမ
ျိုံးကို လွှတ်ပေးလိုက်မယ်...
ဟိုနှစ်ယောက်ကို ကျုပ်ရှင်းပီးရင် ခင်များနဲ့ သိုင်းပြိုင်ကြတာပေါ့... "
ဟု ပြောလိုက်လေသည်။

အိုးရန်ချင်းချင်း မှာ လျှက


ုံဆန်း စကားကြောင့် တွေဝေသွားပီး စဉ်းစားမိသွားသည်။ သူတို့ အိုးရန်မျိုးနွယ်မှာ သီးသန့်ဆန်ကာ မာနကြီး
သည်။ သူမသာ မုယုံလုဝေကို ကူညီခဲ့ မိပါက သတင်းများထွက်ပေါ်နိုင်သည်။ ထို့ကြောင့် အဆင့် ၅ အဖြစ်ကျေနပ်ကာ နှုတ်ထွက်ရန်
ကြံလိုက်သည်။ ကုန်းစွန်းဝူပေါက် ကမူ လျှံကုဆန်းက သူ့ကို အထင်သေးနေသည်ဟု မြင်သဖြင့် ဒေါသထွက်ကာ အတင်းပင်
ဝင်တိုက်တော့လေသည်။

" ဒိုင်လူကြီးများရှင့်... ကျမ အိုးရန်ချင်းချင်း အဆင့် ၅ အဖြစ်ကို လက်ခံပီး နှုတ်ထွက် လိုပါတယ်ရှင.့် .. "

အိုးရန်ချင်းချင်းက ထိုသို့ပြောကာ စင်ပေါ်က ဆင်းသွားသည်။ မုယုံလုဝေမှာ စိတ်ပျက်သွားပီး ကျန်းလင်ကို ဖိတိုက်တော့သည်။


ကုန်းစွန်းဝူပေါက် နှင့် လျှံကုဆန်းကမူ တိုက်ခက
ိုနေနှင့် ကြပီဖြစ်သည်။
လျှံကုဆန်း၏ သိုင်းပညာမှာ အတော်ကို မြင့်မားသည်။ ကုန်းစွန်းဝူပေါက် က မည်မျှပင် တိုက်ခိုက်နေပါစေ ဗျပ်စောင်းတီး မပျက်ချေ။
ကုန်းစွန်းဝူပေါက် ပိုမို ဒေါသထွက်စေရန် တီးလုံးများဖြင့် ဆွပေးနေသည်။ ထိုတီးလုံးများမှာ ကုန်းစွန်းဝူပေါက် ကိုတင်မကပဲ ကျန်းလင်
နှင့် မုယုံလုဝေ ကိုပါ အနှောက့်အယှက် ပေးနေရာ သူက တစ်ခါတည်းဖြင့် သုံးယောက်စလုံးကို တိုက်ခိုကသ
် လို ဖြစ်နေလေသည်။

အကွက်ပေါင်း နှစ်ရာအကျော်တွင် လျှံကုဆန်း က အတွင်းအားကုန်ခန်းကာ မောပန်းနေသော ကုန်းစွန်းဝူပေါက် ကို စင်ပေါ်မှ


ကန်ချလိုက်လေသည်။ ကုန်းစွန်းဝူပေါက် မှာ မည်မျှပင် မကျေနပ်သော်ငြား အားမတန်၍ မာန်လျှော့လိုက်ရသည်။ အဆင့် ၎
ဆိုသည်မှာလဲ တော်ရုံနေရာမဟုတ်ချေ။

ကျန်းလင်နှင့် မုယုံလုဝေကတော့ သည်းသည်းမည်းမည်း တိုက်ခိုက်နေကြဆဲပင်။ ကျန်းလင်က ထိုက်ကျိဓားသိုင်းကို ကျွမ်းကျင်စွာ


ကစားနေသလို မုယုံလုဝေကလဲ အစွမ်းထက်သော သိုင်းကွက်မှန်သမျှကို သုံးစွဲကာ တိုက်ခိုက်နေသည်။ လျှံကုဆန်း က ထိုတိုက်ပွဲကို
ဗျပ်စောင်းတီးကာ ထိုင်ကြည့် နေလေသည်။ အကွက်ပေါင်း သုံးရာကျော် တွင်တော့ ကျန်းလင်မှာ မုယုံလုဝေ၏ ရက်စက်သော
ဓားကွက်များကို မခုခံနိုင်တော့ပဲ စင်ပေါ်မှ ပြုတ်ကျ သွားလေသည်။ အမှန်တကယ် မုယုံလုဝေမှာ ကျန်းလင်ကို
အသေသတ်ခြင်းဖြစ်သည်။ လျှံကုဆန်းက သံစဉ်ပြောင်းတီးကာ ဟန့်တားလိုက်ခြင်းဖြစ်သည်။

" အခုလို ကူညီတာ ကျေးဇူးမမေ့ပါဘူး နောင်ကြီးလျှ.ံ .. "

ကျန်းလင်းမှာ စင်အောက်မှ လှမ်းကာ လျှံကုဆန်းကို ကျေးဇူးတင်စကားပြော လိုက်သည်။ လျှံကုဆန်းက ခေါင်းငြိမ့်ပြပီး


မုယုံလုဝေကိုသာ အာရုံစိုက်လိုက်သည်။ မုယုံလုဝေမှာ သူထင်သလို လွယ်ကူသော ပြိုင်ဘက်မဟုတ်ပါ။

ဒိုင်များက မုယုံလုဝေကို ကြည့်ကာ တီးတိုး ပြောနေကြသည်။ သူတို့စိတ်ထဲတွင် မုယုံလုဝေ မှာ မင်စုထန်ကို သတိရစေသည်။
အထူးသဖြင့် တွမ့်ကတော်နှင့် စုန့်ချီရန့်မှာ မုယုံလုဝေကို အတော်အမြင်ကတ် နေကြသည်။

လျှံကုဆန်း က သတိထားကာ သူ၏ မူပိုင် သံစဉ်အတွင်းအားလှိုင်းဖြင့် တိုက်ခိုက်လိုက်သည်။ မုယုံလုဝေက ကျင်လည်စွာ ရှောင်တိမ်းပီး


ဓားကွက် အသစ်အဆန်းများဖြင့် တိုက်ခိုက်ပြန်သည်။ ဒီတစ်ခေါက်တွင်တော့ မီးစွဲဓားသိုင်းမှ သိုင်းကွက်များ ပါလာသလို တာ့မို့လက်ဝါး
သိုင်းမှ ပြုပြင်ထားသော ဓားကွက်များပါ ပါဝင်လာသည်။ လျှံကုဆန်းမှာ မုယုံလုဝေ၏ ရက်စက်ဆန်းကြယ်သော ဓားကွက်များကို
အစွမ်းကုန်ခုခံနေသည်။ လျှံကုဆန်းမှာ သူ့၏ သံစဉ်အတွင်းအားကို အဆင့်အကုန် မြှင့်တင်ကာ ပြန်လည် တိုက်ခိုက်သည်။
မုယုံလုဝေက လဲ သူ့ကိုထိခိုက်မည်ကိုပင် ဂရုမထားပဲ တိုက်စစ်သတ်သတ်ချည်းသာ တိုးဝင်တုက
ိခိုက်သည်။ သူ၏ရည်ရွယ်ချက် မှာ
အနိုင်ရရန်ထက် အသေသတ်ရန် ဖြစ်လာသည်။

ဒိုင်များကလဲ ရင်တမမဖြင့် ကြည့်နေကြသည်။ လျှံကုဆန်းမှာ ထူးချွန်သော သိုင်းသမားဖြစ်၍ တော်သေး သည်။ ပြောင်မြောက်စွာ


ခုခံနိုင်လေသည်။ အကွက်ပေါင်း နှစ်ရာအကျော်မှာတော့ မုယုံလုဝေ၏ သိုင်းကွက်ကို လျှံကုဆန်းက ခက်ခက်ခဲခဲ တိမ်းရှောင်ပီး
မုယုံလုဝေကို စင်ပေါ်မှ ဖြုတ်ချနိုင်ခဲ့လေသည်။

မုယုံလုဝေမှာ အရှက်ကြီးရှက်ကာ ဒေါသထွက်နေသည်။ သူ၏ မျက်လုံးများက လူသတ်လိုသော အရိပ်ယောင်များပင်


ပေါ်ထွက်လာသည်။ ဒိုင်များက လျှံကုဆန်းကို အဆင့် ၁ အဖြစ်ကြေငြာ နေသော် ဒေါသကို ထိန်းမရဖြစ်ကာ
အလစ်ဝင်တိုက်တော့သည်။

လျှံကုဆန်းမှာ မောပန်းနေပီဖြစ်၍ မရှောင် နိုင်တော့ပါ။ ပိင


ုလုံက ဝင်ကာ ခုခံလိုက် တော့သည်။

" ဝုန်း... "

မုယုံလုဝေမှာ ခပ်ဝေးဝေးသို့ လွင့်စင်သွား သည်။ ပိုင်လုံ၏ နဂါးနိုင်လက်ဝါးမှာ အလွန်အစွမ်းထက်လေသည်။ သိုင်းလောက


ခေါင်းဆောင်ကြီး မဟုတပ
်ါလား။

မုယုံလုဝေမှာ လဲကျနေရာမှ ထပီး ထွက်ပြေးရန် ကြံလိုက်သော် အသံကြီး တစ်ခုက ဟိန်းထွကလ


်ာသည်။

" သူခိုးမျိုးရိုး... ဘယ်ပြေးမှာလဲ... "

အသံနှင့်အတူ လက်ဝါးရိုက်ချက် တစ်ခုကလဲ မုယုံလုဝေဆီ တိုးဝင်လာသည်။ ပရိတ်သတ် များမှာ လက်ဝါးရိုက်ချက် ပိုင်ရှင်ကို


ကြည့်မိကာ ဆံပင်ဖားလျားဖြင့် အနီရောင် ဝတ်စုံဝတ်ဆင်ထားသူကို မြင်လိုက်ရသည်။ မုယုံလုဝေမှာ ခက်ခက်ခဲခဲ ပင် ရှောင်တိမ်း
လိုက်ရသည်။ သေတော့မလို ဖြစ်သွား၍ ချွေးစေးများထွက်ကာ ကြောက်လန့် သွားသည်။

" ဝတ်စုံနီလူသတ်မား..."
ပိုင်လုံအပါအဝင် ဒိုင်များက အံ့သြကာ ရေရွတ်မိကြသည်။
ဝတ်စုံနီလူသတ်မား က ထိုအသံကို ကြားကာ ရယ်လိုက်ပီး
" အခုငါက ဒီသူခိုးကောင်ကို သတ်ပစ်လိုက်မယ်... နောက်နေ့မနက်မှာ ငါ ရှောင်စစ်တောင်ထိပ်မှာ စောင့်နေမယ် သွေးမကြောင်ရင်
တက်လာခဲ.့ .. "
ဟု အော်လိုက်သည်။

ထို့နောက် မုယုံလုဝေဆီသို့ ရိပ်ခနဲ ပြေးဝင်ကာ လက်ဝါးတစ်ချက် ရိုက်လိုက်သည်။ မုယုံလုဝေမှာ အစွမ်းကုန် ခုခံလိုက်သော်လဲ အား
ခနဲ အော်ကာ လဲကျသွားတော့သည်။

ပိုင်လုံနှင့် ဒိုင်များက ထိုနေရာသို့ ရောက်လာသော် ဝတ်စုံနီမှာ မရှိတော့ချေ။ မုယုံလုဝေ ကတော့ ရင်ညွှန့်မှ ချက်အထိ
ဟက်တက်ကွဲကာ သေဆုံးနေလေပီ။ ပရိသတ်များမှာ မုယုံလုဝေလို သိုင်းထိပ်သီး အဆင့် ၂ ကို တစ်ချက်ထဲဖြင့် ရိုက်သတ်နိုင် သော
ဝတ်စုံနီကို ကြောက်လန့်သွား ကြလေသည်။

ထို့ကြောင့် သိုင်းထိပ်သီး ရသူများကော ပရိတ်သတ်များပါ တောင်ပေါ်မှ အလျင်အမြန် အုပ်စုလိုက် အလျိုလျို ဆင်းသွားကြသည်။


ပရိတ်သတ်များထဲမှ မုတ်ဆိတ်ရှည်များဖြင့် ခမောက်ဆောင်း ထားသူတစ်ယောက်ကမူ မုယုံလုဝေ၏ အဖြစ်ကို တစ်ချက် ကြည့်ပီး
ခေါင်းယမ်းကာ ထွက်ခွာသွားသည်။

ဒိုင်များနှင့် နာမည်ကျော် သိုင်းသမားကြီး များသာ ကျန်ခဲ့ကြရာ အားလုံးက မုယုံလုဝေ သေဆုံးသွားပုံကို အံ့သြနေကြသည်။

" ဒဏ်ရာကတော့ ဓားဒဏ်ရာပဲ... ဒါပေမဲ့ အဲ့ဒီလူက ဓားသုံးတာလဲ မမြင်ရဘူး... "

စုန့်ချီရန့်က ဒဏ်ရာကို သေချာကြည့်ကာ ပြောလိုက်သည်။ ကျန်လူများမှာ ထုတ် မပြောသော်လဲ ထိုသို့ပင် စဉ်းစားမိကြသည်။


ဝူတန်ဂိုဏ်းချုပ်ကြီး နှင့် ဝါဆန်းဂိုဏ်းချုပ်ကြီး တို့ကမူ အချင်းချင်းကြည့်ကာ ခေါင်းယမ်းမိကြသည်။ သူတို့အထင်အရ ထိုသူမှာ
ဓားသိုင်းတွင် အထွတ်အထိပ် ရောက်နေလေပီ။ ထို့ကြောင့် အတွင်းအားကို ဓားအဖြစ် အသုံးပြုနိုင်ခြင်းဖြစ်သည်။

" ဒီလူရဲ့ နောက်ကျောပုံစံကို ကြည်ရ


့ တာ မြင်ဖူးနေသလိုပ.ဲ .. ကြည်ရ
့ တာ ကျနော်တို့ သိတဲ့သူဖြစ်မယ်ထင်တယ်... သူက ဘာကြောင့်
မုယုံမျိုးနွယေ
် တွကို မုန်းနေတာလဲ မသိဘူး... "

မုထူးဝါးက သက်ပြင်းချပီး ပြောလိုက်သည်။ ကျန်လူများမှာလဲ စဉ်းစားနေကြသည်။ စုန့်ချီရန့် က သေချာသော အမူအယာဖြင့်


ပြောချလိုက်သည်။

" သိုင်းကွက် ဟန်ပန်က ကျောက်လွေရဲ့ နတ်ဆိုးဓားကွက်တွေပဲ... ဒီဓားကွက်တွေကို ကျမ နန်းရင်ပြင်မှာ သေချာတွေ့ဖူးလို့


မှတ်မိတယ်..."

မုထူးဝါးက ဟာ ဟုအော်လိုက်ပီး
" ဒါဆို... ဒီဓားသိုင်းကို သုံးနိုင်သူက မင်စုထန် နဲ့ ကျောက်ယွင်ကျဲ နှစ်ယောက်ပဲ ရှိတာ... ဝတ်စုံနီက ဘယ်သူများလဲ... "
ဟု ပြောလိုက်သည်။

ပိုင်လုံက သူ့အမျိုးသမီး တုံးဖန်းသခင်မကို ကြည့်လိုက်ပီး ပြောလိုက်သည်။

" ကျုပ်သိသလောက်ကတော့ ကျောက်ယွင်ကျဲ ရှိတဲ့ ငါးမန်းဂိုဏ်းဟာ လွန်ခဲ့တဲ့တစ်လက ဂိုဏ်းလုံးကျွတ် အသတ်ခံရပီး


ကျောက်ယွင်ကျဲကတော့ ပျောက်ဆုံးသွားတယ်လို့ သိရတယ်... အဲ့ဒီတော့ ဒီလူဟာ မင်စုထန် ပိုဖြစ်နိုင်တယ် လို့ ကျုပ်ထင်တယ်... "

တွမ့်ကတော် ထန်စုစု ကမူ ခေါင်းယမ်းကာ


" ဘယ်သူလဲက အရေးမကြီးဘူး... သူ့သိုင်းပညာက ကျမတို့ထက် ကျော်လွန်နေပီ... ပီးတော့ လူရှေ့မှာလဲ စိန်ခေါ်သွားသေးတယ်
ဘယ်လိုလုပ်ကြမလဲ ... "
ဟု ရေရွတ်လိုက်သည်။

စုန့်ချီရန့် ကမူ မျက်နှာလေးမဲ့ကာ


" ဒီလိုအချိန်မှာ အကိုကြီး ရှိရင် ဘယ်လောက် ကောင်းလိုက်မလဲ "
ဟု ပြောလိုက်လေသည်။

အကုန်လုံးမှာ တွမ့်ကျန်းယွမ် ကို ရုတ်တရက် သတိရသွားကြသည်။ ပိုင်လုံက မျက်မှောင်ကြုတ်ကာ ပြောလိုက်သည်။

" ဆရာတော်စုန့်ဝမ်ပြောတာ သိရသလောက်ကတော့ ညီလေးတွမ့်ကို လွန်ခဲ့တဲ့ တစ်လကတည်းက သွားခွင့်ပြု လိုက်ပီတဲ့... "


ထန်စုစုက မျက်ရည်များဝဲလာပီး
" ဒါဆိုသူက ဘာလို့ ကျမဆီမလာရတာလဲ "
ဟု ငိုသံလေးဖြင့် ပြောလိုက်သည်။

ပိုင်လုံ က စိတ်မကောင်းသလို ဖြစ်သွားပီး ကမန်းကတန်း ဖြေရှင်းလိုက်သည်။

" သူ့မှာ မပီးပြတ်သေးတဲ့ ကိစ္စ ရှိသေးတယ်တဲ့... အဲ့ကိစ္စကို ရှင်းရဦးမယ် ပြောတယ်... ဒါကြောင့်ဖြစ်မှာပါ ညီမလေး စုစု ရယ်... "

တုံးဖန်းယင်းယင်း က မုယုံလုဝေ၏ အလောင်းကို သယ်သွားနိင


ုစေရန် စီစဉ်ပေးပီးမှ ဝင်ရောက်ပြောလိုက်သည်။

" ဘာပဲဖြစ်ဖြစ် မနက်ဖြန် မောင်လေး ရောက်မလာရင်တော့ ကျမတို့ ဝိုင်းတိုက်မှ ဖြစ်တော့မယ်... "

အကုန်လုံးမှာ ထိုစကားကို ထောက်ခံမိကြ သည်။ သူတို့သည်လဲ အဆင့်မြင့် သိုင်းပညာရှင်များ ဖြစ်သော်လဲ ဝတ်စုံနီကို


တစ်ယောက်ချင်း မယှဉ်နိုင်ပါချေ။ ဝိုင်းတိုက်လျှင်တော့ ဖြစ်နိုင်ချေ ရှိသေးသည်။ အကုန်လုံးက သက်ပြင်းဖြင့်သာ နေဝင်ချိန်ကို
ကုန်ဆုံးလိုက်ကြသည်။

#မိုးထိတောင်သိုင်းသမား #ZYN
အခန်း (၃၅) အပိုင်း ငါး
နိဂုံး၏ နိဂုံး

ရှောင်စစ်တောင် သိုင်းပြိုင်ပွဲ စတုတ္ထ နေ့...

သိုင်းဂိုဏ်းချုပ်များအဆင့် ပြိုင်ပွဲအတွက်
ပိုင်လုံ
ရသေ့ကြီး ကျန်းယွမ်
ပိုင်ချုံးရန်
မုထူးဝါး
ကျိုးကျစ်ယွင်
တို့ ဂိုဏ်းချုပ်များသာမက

တုံးဖန်းယင်းယင်း
ထန်စုစု
စုန့်ချီရန့်တို့လဲ ရောက်လာကြသည်။
တိဗက်လာမားကြီးကမူ ပြန်သွားချေပီ။ သူအနေဖြင့် ဝတ်စုံနီလူသတ်မား ကဲ့သို့ အဆင့်လွန်သိုင်းသမားနှင့် အကြောင်းမရှိ
ပြသနာမတက်ချင်ပေ။ ထို့အပြင် ထိုလူနှင့် ဤလူစုမှာ ရန်ငြိုးရန်စရှိပုံကိုလဲ တွေးထင်မိသဖြင့် ရှောင်ထွက်သွားခြင်းပင်။

ပရိတ်သတ်များကလဲ တောင်ခြေရှိ မန်တူမြို့  ထဲတွင်သာ ရှေ


ိ နကြသည်။ လူဆိုသည်မှာလဲ ခန့်မှန်းရခက်သည်။ ဝတ်စုံနီလူသတ်မား ကို
ကြောက်လန့်ကြသော်လဲ မည်သူအနိုင်ရ သွားသနည်း ဆိုသည်ကိုတော့ သိချင်နေကြ သေးသည်။ ထို့ကြောင့် တောင်ခြေမြို့ တွင်
သတင်းကို စောင့်နေကြသည်။

အကုန်လုံးမှာ အဆိုးဆုံးအခြေအနေကို တွေးမိပြီးဖြစ်သဖြင့် တပည့်များကိုပင် ခေါ်မလာကြပေ။ လာကြသူများမှာ


တစ်ကိုယ်တည်းတွေပင် ဖြစ်ကြသည်။

သူတို့တို့မှာ စိတ်လေးလေးနှင့်ပင် တောင်ထိပ်သို့ တက်လာကြသည်။ တောင်ထိပ်ကတော့ လွန်ခဲ့သော ငါးနှစ် ကလိုပင် ရှုခင်းက


လှပနေဆဲဖြစ်သည်။ သူတို့ ရှစ်ယောက်မှာ ဘာရယ်မဟုတ် မြေကွက်လပ်တွင် တန်းစီရပ်မိကြသည်။ ဘေးပတ်ပတ်လည်က
ချောက်သာဖြစ်၍ ဝတ်စုံနီလူသတ်သမားမှာ မည်သည့် နေရာမှ ရောက်လာမည်မသိချေ။ သို့တိုင် ချောက်ကမ်းပါး အနားကိုက သွား၍
မစစ်ဆေးရဲပါ။ ထိုလူသတ်သမားမှာ လူသတ်ကောင် အစစ်ဖြစ်သည်။ အခွင့်အရေးပေးမိပါက ညှာမည်မဟုတ်ချေ။

အတန်ကြာ ရပ်နေကြသော် လူရှစ်ယောက် မှာ စိတ်မရှည်ကြတော့ပေ။ ထိုသူမှာ ဘာ အကြံရှိ၍ စောင့်နေမယ် ပြောပီး ပေါ်မလာ
သနည်း။

" ကဲ... ကြည့်ရတာတော့ ကျနော်တို့ ဝတ်စုံနီက နောက်ကျမယ်ထင်တယ်... ဘယ်လိုပဲဖြစ်ဖြစ် ကျုပ်တို့ကလဲ သိုင်းပြိုင်စရာရှိတော့


ပြိုင်ရမှာပဲ.... စလိုက်ကြတာပေါ့... "
ပိုင်လုံ က ဝတ်စုံနီကိစ္စကို အလေးအနက် မထားသလိုပြောလိုက်သည်။ သူ့သဘောက ဝတ်စုံနီက ထိုစကားကိုကြားကာ စိတ်ဆိုးပီး
ထွက်လာစေရန်ဖြစ်သည်။ သို့တိုင် ကြားသော်လဲ ထွက်မလာပဲ ပြုံးနေသူက ရှိနေဆဲ ဖြစ်သည်။

တခြားသူများကလဲ ပိုင်လုံစကားကို တွေးမိကြသည်။ ဝတ်စုံနီမလာမှတော့ သူတို့ မူရင်းကိစ္စကို လုပ်ရန်သာကျန်တော့သည်။


ဘာပဲဖြစ်ဖြစ် လုပ်ကို လုပ်ရမည့် ကိစ္စ မဟုတ်ပါလား။

" ကဲ...ဒါဆိုလဲ စကြတာပေါ့... ဘယ်သက


ူ အရင် သိုင်းကွက်ပြမလဲ... "

ဝါဆန်းဂိုဏ်းချုပ်ကြီး ပိုင်ချုန်းရန် က ဆုံးဖြတ်ချက် ချပီး မေးလိုကသ


် ည်။

ထန်စုစု နှင့် စုန့်ချီရန့်မှာမူ ယှဉ်ပြိုင်ရန် လာသူမဟုတ်၍ သိုင်းကွက်ပြရန် စိတ်မဝင်စားပါ။ သူမတို့လာရသည့် အကြောင်းက


တခြားတခုဖြစ်သည်။ ထို့ကြောင့် သူမတို့နှစ်ယောက်က ဘေးထွက်ကာ ဖယ်ပေးသလို ရပ်လိုက်သည်။

အငြိမ်သက်ဆုံးဖြစ်သော ကျိုးကျစ်ယွင် က ရုတ်တရက် ရှေ့ထွက်ပီး လက်သီးဆုပ် ဂါရဝပြုကာ ပြောလိုက်သည်။

" ကျမက ဂိုဏ်းချုပ်တွေထဲမှာ အငယ်ဆုံးဆိုတော့ ကျမကပဲ ပြပါရစေ... "

အကုန်လုံးက ခေါင်းငြိမက
့်ာ ခွင့်ပြုလိုက်သော် ကျိုးကျစ်ယွင်က ဓားကို ဆွဲထုတ်လိုက်သည်။ ထို့နောက် အခုနောက်ပိုင်း သူမလေ့ကျင့်
ထားသော ခံစားချက်မဲ့ဓားသိုင်းကို ပြသလေတော့သည်။ အစွမ်းထက်သော သိုင်းကွက် သုံးကွက်မျှ ကစားလိုက်သော် အကုန်လုံးမှာ
သူမ၏တိုးတက်မှုကိုကော ဓားသိုင်းအသစ်အဆန်းကိုကော ချီးကျူးမိကြသည်။ သူမက ထိုအဖြစ်ကို မြင်သော် အံကြိတ်ပီး
အစွမ်းထက်ဆုံး တစ်ကွက်ကို ပြရန်ပြင်လိုက်လေသည်။

" လာပီ...ဒါကို သေချာကြည့်ပေးပါ "

သူမ၏ ရေရွတ်သံ ခပ်တိုးတိုးမဆုံးမိ ဓားမှာ အရိပ်ပေါင်းများစွာ ခွဲဖြာသွားသည်။ ဓားကို ကစားသည်မှာ ခံစားချက်မရှိ သစ်သားရုပ် ပမာ
တောင့်တင်းပီး အချိုးမကျသလို ခံစားလိုက်ရသည်။ သို့သော်လဲ လက်ကောက်ဝတ်ကမူ ထူးဆန်းစွာ ဆန့်ကျင့်ဘက်
အချိုးကျနေလေသည်။ ထို့ကြောင့် ထိုဓားကွက်မှာ သိုင်းဟန်ကို အထင်သေးပီး ခုခံမိပါက သေချာပေါက် ရှုံးနိမ့်ပေမည်။ ထို့အပြင်
တစ်ချက်ထဲ ပွဲသိမ်းသေနိုင်လေသည်။ ထိုဓားသိုင်းမှာ သေကွင်းသေကွက်တွေကိုသာ အဓိကထား တိုက်ခိုက်သဖြင့် ရက်စက်သည်ဟု
ဆိုနိုင်သည်။

" တိကျပီး ရက်စက်တဲ့ သိုင်းကွက်ပ.ဲ .. မထင်မှတ်တဲ့ လှည့်ကွက်လဲ ပါတယ်... အထင်သေးမိရင် လည်ပင်းပြတ်မဲ့ သိုင်းကွက်ပ.ဲ .. "

ပိုင်ချုံးရန်က အားလုံးကိုယ်စား မှတ်ချက် ပေးလိုက်သည်။ အကုန်လုံးမှာ ခေါင်းငြိမ့်မိ ကြသည်။ သူတို့က ကိုယ်စီကိုယ်စီ


ချေဖျက်ကွက်ကို တွေးတောနေကြသည်။

" ကျနော့်အထင်တော့ ကျနော့်ဆရာဘိုးဘိုး တီထွင်နေတဲ့ ဓားသိုင်းက ဒီဓားသိုင်းကို နိုင်မယ် ထင်တယ် ဒါပေမဲ့ ကျနော်ရဲ့ လက်ရှိ
ဓားပညာက မချေဖျက်နိုင်ပါဘူး... ဂိုဏ်းချုပ်ကြီး ကျိုးကို အရှုံးပေးပါတယ်... "

မုထူးဝါးက သက်ပြင်းချကာ ပြောလိုက်သည်။ သူက နှစ်နှစ်လုးံ ကြိုးစားလေ့ကျင့်သော်လဲ တိုးတက်မလာပါချေ။ ထို့ကြောင့်


အမှန်အတိုင်းသာ ဝန်ခံလိုက်သည်။

တုံးဖန်းယင်းယင်း က ဓားတိုတစ်ချောင်းကို ဆွဲထုတ်ကာ ကြိုးတပ်ဓားဖြစ်အောင် ပြုပြင် လိုက်သည်။ ထိုဓားမှာ လွန်ခဲ့သော် ငါးနှစ်က


တွမ့်ကျန်းယွမ်က တုံးဖန်းဟိုင်၏ နတ်ဓားသိုင်းကို သုံးရာတွင် အသုံးပြုသော ဓားဖြစ်လေသည်။

ပိုင်လုံက သူ့မိန်းမ နတ်ဓားကို ထုတ်လိုက် သဖြင့် ပြောလိုက်သည်။

" မင်းရဲ့ နတ်ဓားသိုင်း သုံးကွက်ကို ဒီမှာရှိတဲ့ သူအကုန်မြင်ဖူးပီးသားပါကွာ... နောက်ဆုံး သိုင်းကွက် နွေဦးလေရူး ကို ဘယ်သူမှ
မချေဖျက်နိုင်သေးပါဘူး.... "

တုံးဖန်းယင်းယင်း က ဓားကို ပြန်ချကာ ငြိမ်သက်သွားသည်။ ရသေ့ကြီး ကျန်းယွမ် က သက်ပြင်းချကာ ဓားကို ဆွဲထုတ်ပီး


သိုင်းကွက်ခင်းလိုက်သည်။

" နွေဦးလေရူးကို တိုက်ကြည့်ပါရစေ... "

" ရတာပေါ့ ရသေ့ကြီး... စိတ်ကြိုက်စမ်းပါ "

တုံးဖန်းယင်းယင်းမှာ စိတ်ကျေနပ်ပီး ဓားကို ပြန်ကိုင်လိုက်လေသည်။ သူမ အနေဖြင့် ထိုဓားကွက်များကို လေ့ကျင့်ခဲ့သော်လဲ လက်တွေ့


ထုတ်သုံးဖူးခြင်းမရှိပါ။ သုံးဖူးချင်နေသည်။
" ဟားဟား... ဓားသိုင်းအစုတ်ကိုများ အဟုတ်မှတ်နေတယ်... ကြည့်ထားစမ်းဟေ့ ဘယ်ဟာက ဓားသိုင်းလဲ ဆိုတာပြပေးမယ် "

အော်သံကြီး ထွက်လာပီး လက်ဝါးရိုက်ချက် တစ်ခုက မုထူးဝါးဆီသို့ တိုးဝင်သွားသည်။ မုထူးဝါးမှာ လန့်ဖျန့်ပီး ရှောင်တိမ်းရန်


ပြင်လိုက်သည်။ သို့သော် မမှီတော့ပါ။ ထို့ကြောင့် ဓားလက်ကိုင်ကို လည်လိုက်ပီး ဓားကို ကန်လိုက်လေသည်။ ထို့နောက် ရှိသမျှ
အတွင်းအားအကုန်ဖြင့် ဓား၏ လက်ကိုင်အစွန်းကို ရိုက်ချလိုက်သည်။ ပြင်းထန်သောအရှိန်ဖြင့် ဓားက လက်ဝါးလှိုင်းဆီသို့
တိုးဝင်သွားသည်။ သူ၏ တုံ့ပြန်မှုမှာ ပြောင်မြောက်သော သိုင်းကွက် ဖြစ်လေသည်။ မြင်ရသူအပေါင်းမှာ အတော်ပင် အံ့သြသွားသည်။

" ဝုန်း... " " ထန်... "

လက်ဝါးရိုက်ချက်မှ အားလှိုင်းကြီးမှာ မုထူးဝါး ပစ်လိုက်သော ဓားဖြင့်ထိကာ ဓားချင်းထိသံ ကဲ့သို့ ထန် ခနဲ ထွက်သွားလေသည်။
ထို့နောက် ဓားမှာ ကွေးကောက်သွားသည်။ လက်ဝါးရိုက်ချက်ကတော့ ပျက်ပြယ်သွား လေသည်။

" ဟားဟား... ကြောက်ပီးပြေးတဲ့ သစ္စာဖောက်က ဘယ်ဆိုးလို့လဲ တစ်ကွက်တော့ ခံနိုင်သားပဲ... "

လက်ဝါးဖြင့် ရိုက်သူက ရယ်မောပီး ပြောလိုက်သည်။ သူသည်လဲ မထင်မှတ်ထား သဖြင့် အံ့သြနေလေသည်။ ထိုသူက ဝတ်စုံနီ
လူသတ်သမား ခေါ် မင်စုထန် ပေတည်း။

" မင်.. စု.. ထန်... "

ပိုင်လုံက ထိုသူကို ကြည့်ကာ ပြောလိုက်သည်။ အကုန်လုံးမှာလဲ မှတ်မိ သွားကြလေပီ။ မင်စုထန်မှာ အရင်ရုပ်တော့ မဟုတ်ပေ။
ပိုမိုချောမောကာ ရူးသွပ်နေပုံပေါ်သည်။ အနီရောင် ဝတ်စြုံ ကီးက ပုံတိုက်နေပီး ဆံပင်ကိုလဲ မဖြီးမသင် ဖားလျားချထားလေသည်။

" ငါ့ပုံကို မှတ်မိသားပဲ အဖွဲ့ချုပ်ကြီး... ကတိစကားတွေကော မှတ်မိသေးလား... "

မင်စုထန် က ပြုံးကာ ခနဲ့လိုက်သည်။ ပိုင်လုံမှာ မင်စုထန် နန်းရင်ပြင်မှ ထွက်နိုင်စေရန် ကူညီပေးမည်ဟု ကတိပေးဖူးသည်။ သို့သော်
မင်စုထန်က အစီအစဉ်ပြောင်းကာ ဘုရင်အဖြစ် ကြေငြာလိုက်သဖြင့် ရှုပ်ထွေးကုန်ကာ ထိုကတိကို မတည်နိုင်တော့ချေ။

" မင်း ဒီကိစ္စအတွက်လက်စားချေချင်ရင် ငါ့ဆီလာရှင်း... မဆိုင်တဲ့သူတွေ ရန်မရှာနဲ့ "

ပိုင်လုံက ပြတ်သွားစွာ ပြောလိုက်သည်။ သူ့စကားက တခြားသူများကို ဘေးဖယ်နေကြရန်လဲ သတိပေးသလိုပင်။ သူတစ်ယောက်သာ


အသေခံတိုက်မည် ဟု အချက်ပြသံပေါက်နေသည်။

" ဟားဟား... သိပ်မလောပါနဲ့... အကုန်လုံးကို တစ်ယောက်ချင်းစီ စာရင်းရှင်းမှာပါ... ဟားဟား... "

မင်စုထန်က ရယ်မောကာ ပြောလိုက်ပီး တုန်လှုပ်နေသော ကျိုးကျစ်ယွင်နှင့် သူ့ကို မုန်းတီးစွာ ကြည့်နေသော စုန့်ချီရန့်ကို


ကြည့်မိသွားသည်။ စုန့်ချီရန့်ကို မြင်သော် မေ့ထားသော မြင်ကွင်းကို ပြန်မြင်ယောင် မိသည်။ သူကိုယ်တိုင် ချစ်ရသူကို သူ့လက်ဖြင့်
သတ်လိုက်သည် မဟုတ်ပါလား။ သူမ၏ နာကျင်စွာ အော်သေ
ံ လးကို ညတိုင်းကြားယောင်ကာ သူအိပ်မရသည်မှာ နှစ်ချီနေလေပီ။

" အား.. နင်... နင်... နင်တို့ ထွက်သွားစမ်း "

မင်စုထန်က စုန့်ချီရန့်၊ ကျိုးကျစ်ယွင် နှင့် ထန်စုစုကို လက်ညှိုးထိုးကာ အော်လိုက်လေသည်။

" ရှင်က ကျမ အစ်မကိုသတ်တဲ့လူပ.ဲ .. လက်စားမချေပဲ မသွားနိုင်ဘူး... "

စုန့်ချီရန့်ကလဲ မုန်းတီးဆက်ဆုပ်သော အသံဖြင့် ပြန်အော်လိုက်သည်။

" နင့်အစ်မက ဖောက်ပြန်တာ နင်သိလား... ငါ့အရှေ့မှာ ဟိုကောင့်ကို တောင်းပန်နေတာ ဟိုကောင် သူ့ကို ချစ်တယ်ဆိုတာ သိနေလို့ပဲ
ငါသာသူ့ကို မသတ်လိုက်ရင် သူတို့ပြန်ပေါင်း ကြမှာ အသေအချာပဲ... ငါသတ်တာ အမှန်ပဲကွ... သတ်ပစ်မှရမှာ... "

မင်စုထန် က အရူးလိုပင် အော်လိုက်သည်။ သူ၏ လက်ရှိစိတ်အခြေအနေမှာ မူမမှန်တော့ချေ။ စိတ်လှုပ်ရှားလွန်းပီး ယိုင်ထိုးနေသည်။

" ကြာတယ်ကွာ... အကုန်တက်ခဲ့... "

စိတ်မထိန်းနိုင်တော့သော မင်စုထန်မှာ ထိုစကားသာ ပြောလိုက်ပီး လက်ဝါး ရိုက်ချက်များ ရိုက်ထုတ်လိုက်လေသည်။

" ဝုန်း... ဝုန်း... ဝုန်း... ဝုန်း... "


" ဝုန်း... ဝုန်း... ဝုန်း... ဝုန်း... "

ရှစ်ချက်တိတိ ရိုက်ထုတ်မှုက လူရှစ်ယောက်စီ တိုးဝင်သွားသည်။ ရူးသွပ်နေသဖြင့်လားမသိ မင်စုထန်၏ အတွင်းအားမှာ


နက်ရှိုင်းလွန်း သည်။ ရှစ်ချက် စလုံးမှာ အားအင်အပြည့်ပါဝင်နေသည်။
လူရှစ်ယောက်မှာ သူတို့၏ အစွမ်းအထက်ဆုံး သိုင်းကွက်ကုယ
ိစီဖြင့် ခုခံလိုက်ရသည်။ ထိုအထဲတွင် သိုင်းပညာအနိမ့်ဆုံးဖြစ်သော
မုထူးဝါးမှာ ခုနကမှ အတွင်းအားအကုန် သုံးစွဲထားသဖြင့် တောင့်မခံနိုင်ပါ။ အစွမ်းအထက်ဆုံး သိုင်းကွက်ကို သုံးသည့်တိင
ု
လွင့်ထွက်သွားသည်။

" အင့်... ဝေါ့... "

သွေးအန်ကာ ရင်ဘတ်မှာ ဓားဒဏ်ရာ အစင်းကြောင်းကြီး ပေါ်လာလေသည်။ သို့သော်လဲ သိုင်းပညာကောင်းသူဖြစ်၍


ကွဲထွက်မသွားချေ။ ထိန်းလိုက်နိုင်သည်။

ကျိုးကျစ်ယွငမ
ှ်ာလဲ ထပ်တူပင်။ လွင့်စင်ကာ ဒဏ်ရာရသွားသည်။ စုန့်ချီရန့်သည်လဲ အတွင်းအားအကုန် ခံဆောင်လိုက်သဖြင့်
လွင့်စင်ကာ သွေးများ ထိုးအန်တော့သည်။ သို့သော် ဓားဒဏ်ရာတော့မရချေ။

ထန်စုစု နှင့် တုံးဖန်းယင်းယင်း မှာ ခြေဆယ်လှမ်းစီ ဆုတ်ရပီး ရင်ဘတ်မှာ အောင့်တက်လာသည်။ သူမတို့နှစ်ယောက်က


လည်ချောင်းထဲမှ တက်လာသော သွေးတစ်လုတ်ကို ထွေးထုတ်လိုက်မိသည်။ သူမတို့နှစ်ယောက်မှာ အတွင်းအားအရာတွင်
တူညီနေပုံရသည်။

ရသေ့ကြီး ကျန်းယွမ်နှင့် ဂိုဏ်းချုပ်ကြီး ပိုင်ချုန်းရန် တို့ကတော့ ဆယ်လှမ်းစီ ဆုတ်ကာ အောင့်တက်လာသော အတွင်းဒဏ်ရာကို


မြိုသိပ်လိုက်နိုင်သည်။

ပိုငလ
်ုံတစ်ယောက်သာ ဒဏ်ရာမရပဲ ခြေသုံးလှမ်း ဆုတလ
ိုက်ရလေသည်။

" ဟားဟား... ဘယ်ဆိုးလို့လဲ နောက် တစ်ကွက် ထပ်စမ်းဦးမလား... "

မင်စုထန်က ရယ်မောနေသည်။ သူ့ပုံစံက ထောက်ချောက်တွင် မိနေသော ကြွက်ကလေးများကို ကစားတော့မည့်ပုံပင်။

" ရပ်လိုက်စမ်း... "

တည်ငြိမ်သောအသံနှင့်အတူ အပြာရောင် ချည်ကြမ်းဝတ်စုံနှင့် လူတစ်ယောက် ရောက်လာလေသည်။ ထိုသူက မင်စုထန် အရှေ့ကို


လျှောက်လာပီး တည့်တည့် ကြည့်ကာ ပြောလိုက်သည်။

" မင်းလုပ်ထားတဲ့ မကောင်းမှုတွေများပီ... ငါမင်းကို သတ်မိအောင် ဖိအားမပေးနဲ့ "

" ဟားဟား... တွမ့်ကျန်းယွမ.် .. ဟိုနေ့က စီးရှမှာ ငါထွက်ပြေးခဲ့လို့ မင်းကို ကြောက်တယ် ထင်နေတာလား... ဟားဟား... အဲ့ဒါက
ငါအဆင်သင့် မဖြစ်သေးလိက
ု့ .ွ .. အခုတော့ မင်းကိုပါ သတ်နိုင်ပီက.ွ .. ဟားဟား... " .

မင်စုထန် က ရယ်မောကာ ပြောလိုက်သည်။ သူ့ပုံစံက တွမ့်ကျန်းယွမ် ကို တွေ့သော်လဲ ထိတ်လန့်နေပုံမရပါ။ ရောက်လာသည်ကိုပင်


ကျေနပ်နေပုံရသည်။

" မင်းအတွင်းအားတွေက ခုနက လက်ဝါးရှစ်ချက်ကြောင့် သုံးပုံတစ်ပုံ ကုန်သွားပီပဲ... ဘာတတ်နိုင်သေးလို့လ.ဲ .. "

တွမ့်ကျန်းယွမ်က မင်စုထန် ကို အကဲခတ်ကာ ပြောလိုက်သည်။ မင်စုထန်မှာ မည်မျှ အတွင်းအားကောင်းပါစေ ပြင်းထန်လွန်းသော


လက်ဝါးရိုက်ချက် ရှစ်ချက်ကို ထုတ်လိုက်သဖြင့် အတွင်းအားများ ယုတ်လျော့သွားမည်သာ။ သူဆိုရင်လဲ ထိုသြို့ ဖစ်မှာသေချာသည်။

" ဟားဟား... ငါက မင်းမဟုတ်ဘူး... သိချင်ရင် စမ်းကြည်.့ .. "

" ဝုန်း..."

မင်စုထန်က စကားပြောနေရင်းမှာ ပြင်းထန်သော ရိုက်ချက်ကို ရိုက်ထုတ် လိုက်သည်။ အကုန်လုံးမှာ အလစ်ရက


ိုထုတ် လိုက်သဖြင့်
ထိတ်လန့်သွားသော်လဲ တွမ့်ကျန်းယွမ်က သတိမပြတ်ပါ။ ရိုးစင်းလွန်းသော လော့ဟန်လက်ဝါးဖြင့် ပြန်လည် ခုခံလိုက်သည်။

" ဖတ်... "

လက်ဝါးချင်း ဖတ် ခနဲ ထိပီး အားလှိုင်းအရှိန် မှာ ပျက်ပြယ်သွားသည်။ ဘေးမှလူများ ကတော့ လေပြင်းတစ်ချက် အတိုက်ခံ
လိုက်ရသည်။

" လော့ဟန်လက်ဝါး... ဒါ...ဒါ... တာ့မို့လက်ဝါးသိုင်းပဲ... မင်း....မင်း..."

မင်စုထန်မှာ တာ့မို့်မိစ္ဆာရှင်းလက်ဝါးသိုင်း ကို ကျင့်ဖူးသူမို့ တန်းသိသွားသည်။ အံ့သြကာ စကားများပင် ထစ်သွားလေသည်။ ထိုသိုင်းကို


သူလဲအောင်မြင်အောင် မကျင့်နိုင်သလို ရှောင်လင်သမိုင်း တစ်လျှောက် အောင်မြင်သူမှာလဲ နှစ်ယောက်သာ ပေါ်ထွက်ဖူးသည်။
သဘောတရားများမှာ တရားသဘောနှင့် ရောထွေးနေသဖြင့် တော်ရုံသူမှာ မကျင့်နိုင်ပါချေ။
" ဟုတ်တယ်... မင်း ငါ့ကို နိုင်မှာမဟုတ်ဘူး အခုလောက်နဲ့ပဲ စိတ်လျှော့လိုက်ပါ... မင်းကို ကျောင်းထိုင်ဆရာတော်က
ချေချွတ်ပေးပါလိမ့်မယ်... "

" မလိုချင်ဘူး... ငါဘယ်တော့မှ အဲ့ဒီ ဘုန်းကြီးကျောင်းကို ပြန်မသွားဘူး... ဘုန်းကြီးစုတ်တွေကို ငါဘယ်တုန်းကမှ အထင်မကြီးဘူးကွ...


ရွှမ်းမု ကိုကြောက်လို့သာ ငြိမ်နေခဲ့ရတာ... ဟားဟား... ဟားဟား ...ဟားဟား... "

မင်စုထန်မှာ ဆရာအရင်းဖြစ်သူ ကျောင်းထိုင်ဆရာတော် ကိုပင် နာမည်ခေါ်ကာ ပြောနေလေပီ။ သူက ရှောင်လင်ကျောင်းကို


အတော်ပင် မုန်းတီး နေပုံရသည်။

" ငါ့ထက်... ဒီကောင့်ကိုများ... တာ့မို့သိုင်း သင်ပေးရတယ်လို့... သစ္စာဖောက်တဲ့ ရွှမ်းမု ခင်များကြီး သေစမ်း... "

တခြားသူများမှာ မင်စုထန်ကို ရွံရှာသလို ကြည့်မိကြသည်။ သူတို့အကုန်လုံးမှာ သူတို့ မယှဉ်နိုင်သည်ကိုသိ၍ ခပ်စောစောကပင်


ဘေးတွင်စုရပ်ပီး မုထူးဝါးနှင့် ကျိုးကျစ်ယွင်ကို ကုပေးနေကြသည်။

ထန်စုစုမှာ ခင်ပွန်းဖြစ်သူက မားမားမတ်မတ် ရှေ့မှကာကွယ်ပေးနေသဖြင့် ပီတိဖြစ်နေသလို စိတ်လဲပူမိသည်။ စုန့်ချီရန့် မှာမူ


အကိုဖြစ်သူကို ဂုဏ်ယူနေလေသည်။

" တော်စမ်း... မင်စုထန်... ဆရာတော်ကို စော်ကားနေတာ ငါသည်းခံမှာ မဟုတ်ဘူး "

" သည်းမခံတော့ မင်းက ဘာလုပ်ချင်လို့လဲ ငါမင်းကိုမနိုင်ပေမဲ.့ .. မင်းရောငါ့ကို နိုင်လို့လား... ဟားဟား... ငါသာ လက်ဝါးရှစ်ချက်ကို
ဟိုလူစုကို ရိုက်မထားရင် မင်းသေတာကြာလှပ.ီ .. "

တွမ့်ကျန်းယွမ်မှာ မင်စထ
ု န် စကားကြောင့် ရင်ထဲထိတ်သွားသည်။ သူ့ထက် မင်စုထန်မှာ အတွင်းအားသာနေသည်မှာ အမှန်ပင်။
အဘယ်ကြောင့် မင်စုထန်က ထိုမျှအထိ အတွင်းအား နက်ရှိုင်းသွားရသနည်း သူတွေးမရပါ။ လက်ရှိသိုင်းလောကတွင်
အတွင်းအားအကောင်းဆုံးဖြစ်သော သူ့ထက်ပင် သုံးပုံတစ်ပုံ သာနေသေးသည်။

" ဘာပဲဖြစ်ဖြစ် ငါတို့က လူကိုးယောက် ဆိုတာ မင်းမေ့မထားနဲ့... "

တွမ့်ကျန်းယွမ်မှာ မတတ်နိုင်တော့ပဲ ရ သလို ခြိမ်းခြောက် လိုက်ရသည်။

" ဟားဟား... တယ်လဲကျတဲ့ကောင်ပဲ... မင်းက လူအင်အားနဲ့ အနိုင်ကျင့်ချင်တာလား သိုင်းလောက နာမည်ကျော်ကြီးက ဒီလိုလား...


တာ့လီက အိမ်ရှေ့စံကာ ဒီလိုလား... ဒီနေရာက ရှောင်စစ်တောင် အခုအချိန်က သိုင်းပြိုင်ပွဲနေ့... မင်းယောက်ျားဆိုရင် ငါ့ကို
တစ်ယောက်ချင်း မယှဉ်ရဲဘူးလား... "

တွမ့်ကျန်းယွမ်မှာ သက်ပြင်းချလိုက်သည်။ မတတ်နိုင်တော့ချေ။ သတ္တိနည်းသူ ယောက်ျားမဆန်သူသော မဖြစ်လိုပါ။ သူက


ဆုံးဖြတ်ချက်ချလိုက်ပီး ပြောလိုက်သည်။

" ကောင်းပီ... ယောက်ျားချင်း ရေကုန်ရေခန်း ယှဉ်ကြည့်ကြတာပေါ့... "

" ဟားဟား... ဒီလိုမှပေါ့... "

တွမ့်ကျန်းယွမ်က ဘေးမှာရှိသော ထန်စုစုကို တစ်ချက်ကြည့်လိုက်ပီး


" စုစ.ု .. မင်းတို့အောက်ဆင်းတော့... ငါ့ကို မန်တူမှာစောင်.့ .. ငါပြန်မလာရင် ရှောင်လင်ကျောင်းကိုသွားပီး ဆရာတော်
ရွှမ်းမုဆီပြေးတော့... "
ဟု ပြောလိုက်လေသည်။

" မဟုတ်ဘူးတွမ့်လန်... ညီမ အကိုနဲ့ အတူတူရှိနေမယ်... မသွားဘူး... "

ထန်စုစုမှာ သူက
ို့ နှုတ်ဆက်စကား ဆိုနေသဖြင့် ငိုသံဖြင့် အော်လိုက်သည်။ ချစ်ရသူခင်ပွန်း နှင့် နှစ်နှစ်တိတိခွဲခွာနေရပီး
ပြန်တွေ့ရသည်မှာ နာရီပိုင်းပင်မရှိသေး ခင်ပွန်းသည်က သေကွဲကွဲရမည့်စကားကို ပြောနေချေပီ။ သူမမှာ ခံနိုင်ရည်မရှိတော့ပါ။
တွမ့်ကျန်းယွမ်ဆီပြေးကာ အနောက်မှ သိုင်းဖက်ပီး ငိုကြွေးနေလေသည်။

" စုစ.ု .. ညီမ သွားပါတော့ကွာ... ငါ့ကို စိတ်မဖြောင့်အောင်မလုပ်ပါနဲ.့ .. "

"အီး..ဟီး... မသွားဘူး... မသွားဘူး... အကိုသေရင် ညီမလဲ လိုက်သေမယ် ညီမ အကို့ကို မခွဲနိုင်တော့ဘူး... "

တွမ့်ကျန်းယွမ်မှာ ထန်စုစုကို ပြောမရသဖြင့် စိတ်ရှုပ်နေသည်။ ကျန်လူများကလဲ ထိုမြင်ကွင်းကိုကြည့်ကာ ဝမ်းနည်းဒေါသ


ထွက်နေကြသည်။ မင်စုထန်ကသာ အရသာခံပီး ကြည့်နေမိသည်။ သူအနေဖြင့် တွမ့်ကျန်းယွမ် နာကျင်လေ ကျေနပ်လေပင် ဖြစ်သည်။
" အကိုကြီးနဲ့အစ်မ သူ့ကို ခေါ်သွားတော့ "

တွမ့်ကျန်းယွမ် က အနောက်ကို လှည့်ကာ ထန်စုစုကို ဖျတ် ခနဲ အကြောထိုးပိတ်ပီး အော်လိုက်လေသည်။

ပိုင်လုံက ထန်စုစုကို ပွေ့ကာ တွမ့်ကျန်းယွမ် ကို တစ်ချက်ကြည့်လိုက်သည်။ သူ့ညီမှာ အနိုင်ရရန် နည်းလမ်းရှိရမည်ဟု သူအနေဖြင့်
ယုံကြည်ထားလိုက်တော့သည်။

" ကောင်းပီ.. ငါ့ညီကို အကိုကြီး မန်တူမှာ စောင့်နေမယ်... သွားပီ.. "

ပိုင်လုံက အချက်ပြလိုက်သော် အကုန်လုံးက အံ့ကြိတက


်ာ ဆင်းရန်ပြင်လိုက်သည်။ ရသေ့ကြီးရ ကျိုးကျစ်ယွင်ကို ထမ်းလိုက်ပီး
ဝါဆန်းဂိုဏ်းချုပ်ကြီးက မုထူးဝါးကို ထမ်းလိုက်သည်။ တုံးဖန်းယင်းယင်း က ထွက်ပြေးရန်ချောင်းနေသော စုန့်ချီရန့်ကို အလစ်ဖမ်းကာ
မေ့ကြောထောက်ပီး ဆင်းပြေးသွားတော့သည်။

" ပြဇာတ်လေးက မျက်ရည်ဝဲစရာပဲ.. "

မင်စုထန် က လှောင်ရယ်ပီး ခနဲ့လက


ိုသည်။

" အပိုတွေပြောမနေနဲ့... စလို့ရပီ... "

တွမ့်ကျန်းယွမ် က တည်ငြိမ်စွာ ပြောလိုက်သည်။ မင်စုထန်၏ အတွင်းအားမှာ အလွန်နက်ရှိုင်းလွန်းသော်လဲ သူ့တွင် ပေမိန်နတ်သိုင်း


ရှိသေးသည်လေ။

" မင်းကိုငါ နှစ်ကွက်ပဲ တိုက်မယ်... အဲ့ဒီ နှစ်ကွက်က မင်းနဲ့ငါရဲ့ အဆုံးသတ်ပဲ "

မင်စုထန်က ပထမဆုံးအကြိမ် တည်ငြိမ်စွာ ကြည့်နေပီး ပြတ်သားစွာ ပြောလိုက်သည်။

တွမ့်ကျန်းယွမ် က အတွင်းအားများကို ဖြန့်ကျက်ကာ ခေါင်းငြိမ့်ပြလိုက်သည်။

" ယား... "

မင်စုထန်မှာ ရပ်နေရင်းမှ အရိပ်ပေါင်းများစွာ ခွဲထွက်သွားပီး ထိုအရိပ်များက နေရာအနှံမှ တွမ့်ကျန်းယွမ် ဆီသို့ တိုးဝင်သွားသည်။


မည်သည့်အစစ်မှန်း မသိသော်လဲ အတွင်းအားအရှိန်ကတော့ ထပ်တူညီစွာ ပါဝင်နေသည်။

" ကောင်းကင်ဘုံကိုကျူးကျော်ခြင်း "

တွမ့်ကျန်းယွမ်က ရေရွတ်လိုက်သည်။ ဟုတ်ပေသည်။ ထိုသိုင်းကွက်မှာ ကျောက်လွေက ထန်ဖန်းကို တိုက်ရာတွင် သုံးလိုက်သော


နတ်ဆိုးဓားကွက်မှ ၅ကွက်မြောက်ဖြစ်သည်။ မင်စုထန်မှာ ဓားမပါသလို ပို၍လဲ ကျွမ်းကျင်ပီး အတွင်းအားလဲပိုပြည့်ဝနေသည်။

သူက ပေမိန်နတ်သုင
ိး ကို ရှောင်းယောင် အတွင်းအားများ အကုန်လည်ပတ်ပီး အရိပ်များ၏ လက်ဝါးချက်ကို တောင့်ခံလိုက်သည်။
ထို့နောက် ရိရန်ရိကျင်း ပေါင်းစပ်ကာ ညာလက်ညှိုးဖြင့် အပေါ်ကို ထိုးလိုက်သည်။

အပေါ်တည့်တည့်မှ ဆင်းလာသော မင်စုထန်မှာ ထိတ်ခနဲ ဖြစ်ကာ ရှောင်တိမ်းလိုက်သည်။ သို့သော် လက်ညှိုးက


ဦးတည်ချက်ပြောင်းကာ လိုက်လာသဖြင့် လက်ဝါးဖြင့် အားကုန် ရိုက်ထုတ်လိုက်လေသည်။

" ဖောက်... "


" အား..."

ဖောက်ခနဲ မြည်သံနှင့်အတူ မင်စုထန်၏ ဘယ်လက်ဝါးက ဒဏ်ရာရသွားပီး အား ခနဲ အော်လိုက်လေသည်။ တွမ့်ကျန်းယွမ်၏


ညာလက်ညှိုးကတော့ ကျိုးသွားလေပီ။

သူတို့လို့ အဆင့်တွင် ဤမျှလောက် ဒဏ်ရာသည် ပြောပလောက်သော ဒဏ်ရာ မဟုတ်ပေမဲ့ ဤမျှလောက်သော ဒဏ်ရာကပင်


ကွာခြားမှုကို ဖြစ်စေနိုင်ပြန် သည်။ သို့သော် ယခုက နှစ်ဦးစလုံး ဒဏ်ရာ ရနေ၍ သရေပွဲ ဟု ခေါ်ဆိုနိုင်သည်။

မင်စုထန်က မယုံနိုင်သော မျက်နှာဖြင့် ကြည့်လိုက်မိပီး တွမ့်ကျန်းယွမ်ကလဲ မင်စုထန်၏ အတွင်းအားကို ဖြုံသွားသည်။

" ငါဒီလောက် ကြိုးစားခဲတ


့ာကို မင်းကို အနိုငမ
် ရနိုင်သေးဘူး... ဘာကြောင့်လ.ဲ .. "

မင်စုထန်မှာ စိတ်များက ပြန်လည်ဖောက်ပြန် စပြုလာသည်။ မခံချင်စိတ်များ၊ ဒေါသစိတ် များက တည်ငြိမ်နေသော


သူ့စိတ်အခြေအနေကို ဖျက်ဆီးသွားသည်။ တွမ့်ကျန်းယွမ်ကမူ အတွင်းအားများကို စုစည်း၍ ငြိမ်နေလိုကသ
် ည်။

" ဒီတစ်ခေါက်ကတော့ မင်းကို အဆိပ်မိစ္ဆာရဲ့ အစစ်အမှန် သွေးမိစ္ဆာသိုင်း ပြပေးမယ်... "


" ဘာ... ဘယ်လို..."

တွမ့်ကျန်းယွမ်မှာ အဆိပ်မိစ္ဆာ၏ သွေးမိစ္ဆာသိုင်း ဟု ကြားလိုက်ရာ ခေါင်းရှုပ် သွားတော့သည်။ မင်စုထန်က တွမ့်ကျန်းယွမ်


စိတ်ရှုပ်သွားသည်ကို ကျေနပ်စွာ ရယ်လိုက်သည်။

" အဆိပ်မိစ္ဆာရဲ့ မိုးမြေဆေးလုံးက ဘေးထွက် ဆိုးကျိုးရှိတယ်... ငါကလိုက်လေ့လာတော့ တောင်ပင်လယ်က နတ်ဆိုးဂူနန်းမှာ


အဆိပ်မိစ္ဆာရေးပီး ဖျက်ထားတဲ့ စာကြောင်းတွေကို တွေ့ရှိခဲ့တာပဲ... နတ်ဆိုးအတွင်းအားကျင့်ထားသူရဲ့ သွေးဟာ ငါ့လို
မိုးမြေဆေးလုံးသောက်ထားသူအတွက် အားတိုးဆေးပဲ... သူ့သွေးကို သောက်လေလေ အတွင်းအားတိုးလေပဲ... ဘယ်နှယ့်လဲ
ငါကိုယ်တိုင်လဲ နတ်ဆိုးအတွင်းအားကို လေ့ကျင့်လိုက်တော့ ပိုပီးပြည့်စုံသွားတာပေါ့က.ွ .. ဟားဟား... "

" မင်း... ကျောက်ယွင်ကျဲကို ဖမ်းပီး သွေးထုတ်သောက်နေတာလား... "

" ဟုတ်တယ်... ဒါပေမဲ့ မနေ့ကဒီကောင် သေသွားတယ်... အတော်ချူချာတဲ့ကောင်ပါကွာ.... "

မင်စုထန်က လူတစ်ယောက် သွေးထုတ်ခံ ရပီးသေဆံုး သွားသည်ကိုပင် ချူချာသည်ဟု အပြစ်တင်နေသေးသည်။ တွမ့်ကျန်းယွမ်မှာ


မင်စုထန်ကို လူတစ်ယောက်ဟူ၍ မမြင်နိုင်တော့ပါ။ မိစ္ဆာကောင် ဟုသာ မှတ်ထင်မိတော့သည်။ ထို့ကြောင့် သူကပင်
စတင်တိုက်ခိုက်ရန် ပြင်လိုက်လေသည်။

မင်စုထန်ကို ကြည့်ကာ ခန္ဓာကိုယ်၏ သွေးကြောများဖွဲ့စည်းပုံကို မြင်အောင် ကြည့်လိုကသ


် ည်။ ပန်းထိုးအပ်သိုင်း၊
ရိကျင်းအကြောပြောင်းသိုင်း၊ သဏ္ဌန်မဲ့နတ်ဓားသိုင်း တို့တွင် ပါဝင်သော သွေးကြောထိန်း ချုပ်နည်းစနစ်များကို
ပြန်လည်မြင်ယောင်လိုက်ပီး မင်စုထန်၏ သွေးကြောများကို တိုက်ခိုက်ရန် ကြံစည်လိုက်သည်။

မင်စုထန်ကလဲ တွမက
့်ျန်းယွမ်ကို ကြည့်ကာ အပိုင်းပိုင်းပြတ်သွားစေရန် မည်သည့်နေရာ များကို အဓိကထား တိုက်ခိုက်ရမည်ဟု
သတ်မှတ်နေလေသည်။ ထို့နောက်...

" ယား... "

ပြိုင်တူပင် ဟစ်အော်လိုက်ကာ မင်စုထန်က အတွင်းအားများကို ညာလက်ဝါးစောင်းတွင် ပို့ထားပီး ဘယ်လက်ဝါးရှိ ဒဏ်ရာမှ


သွေးများကို ပိုထွက်စေကာ တွမ့်ကျန်းယွမ် မျက်လုံးကို ပက်လိုက်သည်။ ထို့နောက် ရင်ညွှန့်မှ ချက်အထိ လက်ဝါးစောင်းဖြင့်
ခုတ်ချလိုက်သည်။

တွမ့်ကျန်းယွမ်ကလဲ ပြင်းထန်သော အရှိန်အဟုန်ဖြင့် တိုးဝင်လာသော လက်ဝါးစောင်းကို တာ့မို့လက်ဝါးသိုင်းမှ ဘုရားလက်ဝါး


သိုင်းကွက်ဖြင့် ညာဘက် လက်ဝါးဖြင့် အတွင်းအားအကုန်သုံးကာ ခံဆောင်လိုက်သည်။ ထိုစဉ် မျက်လုံးသို့ တိုးဝင်လာသော
သွေးများကို မြင်သော်လဲ ရှောင်ရန်မလွယ်တော့ချေ။ ထို့ကြောင့် မျက်လုံးမှိတ်ကာ ဆီးခံလိုကရ
် သည်။

" ဝုန်း... "

မင်စုထန်၏ လက်ဝါးစောင်းမှာ တွမ့်ကျန်းယွမ်က လက်ဝါးဖြင့်ခုခံလိုက်သဖြင့် နှစ်ဦးသား အတွင်းအားချင်းဆောင့်မိကာ


အတွင်းဒဏ်ရာကိုယ်စီ ရသွားလေသည်။ သို့သော် မင်စုထန်က ဒဏ်ရာကိုမမူပါချေ။ ချက်ချင်းပင် ဘယ်လက်ဝါးစောင်းဖြင့် လျင်မြန်စွာ
ထိုးခုတ်လိုက်သည်။ တွမ့်ကျန်းယွမ် မှာ သွေးများပေနေသဖြင့် မျက်လုံးကို မဖွင့်နိုင်သေးပါ။ ထို့ကြောင့် အခွင့်ကောင်းယူလိုက်ခြင်းပင်။

သို့သော် တွမ့်ကျန်းယွမ် က နှစ်နှစ်လုံးလုံး အခန်းအောင်းကာ အကြားအာရုံထက်မြက် အောင်ကျင့်ထားသည်ကို သိပါက


ထိုသို့လုပ်မည်မဟုတ်ပါချေ။ တွမ့်ကျန်းယွမ်က လေတိုးသံကို နားထောင်ကာ သူ၏ အလွန်လျှင်မြန်သော စက္ကူနဂါး သိုင်းကွက်ဖြင့်
လက်ဝါးစောင်းကို ရှောင်တိမ်းလိုက်သည်။ ထို့နောက် သဏ္ဌန်မဲ့ နတ်ဓားသိုင်း၏ အတွင်းအားနည်းစနစ်ဖြင့်
ရှိသမျှအတွင်းအားအကုန်သုံးကာ မင်စုထန်၏ လည်ဂုတ်ရှိ သွေးကြောမ တစ်နေရာကို ဘယ်လက်ညှိုးကို သုံးကာ ထိုးလိုက်တော့သည်။

" ဖောက်.... "


" အင့်... "

မင်စုထန်က သူ၏ အပိုင်ကွက်ကို တွမ့်ကျန်းယွမ်က ရှောင်တိမ်းနိုင်မည်ဟု ဘယ်လုမ


ှိ မတွေးမိပါချေ။ ထို့ကြောင့် တွမ့်ကျန်းယွမ်က
ဖျတ်ခနဲရှောင်လဲသော် နောက်ကျောဘက်မှ အေးခနဲ ဖြစ်သွား မိတော့သည်။ သူ့ခံစားချက်မှာ မှန်ကန်သည်။ သူက
လှည့်ရန်ပြင်လိုက်စဉ် မှာပဲ လည်ဂုတ်ရှိ သွေးကြောကွက်ကို အထောက်ခံရတော့လေသည်။ အနည်းငယ်သာ နာကျင်သွားပီး
ဘာဒဏ်ရာမှ မရသဖြင့် မင်စုထန်က ခုန်ဆုတ်လိုက်လေသည်။

" ဟားဟား... မင်း အကြောမှားပီး ထောက်မိတာလား ..."


မင်စုထန်က ရယ်ကာမေးလိုက်လေသည်။ တွမ့်ကျန်းယွမ်က တည်ငြိမ်စွာပင် ဝတ်စုံလက်စဖြင့် မျက်လုံးမှာပေနေသော သွေးများကို
သုတ်လိုက်သည်။

ထိုစဉ် ရယ်မောနေသော မင်စုထန်မှာ မရယ်နိုင်တော့ချေ။ သူ့တစ်ကိုယ်လုံး အကြောဆွဲသကဲ့သို့ ခါယမ်းတုန်ယင် နေလေသည်။

" ငါ... ငါ... ဘာဖြစ်တာလဲ... လှုပ်မရတော့ဘူး... ဘာဖြစ်တာလဲ.. မင်းငါ့ကို ဘာလုပ်လိုက်တာလဲ ..."

မင်စုထန်က ခြောက်ခြားသွားပီး အော်ဟစ် လိုက်သည်။ တွမ့်ကျန်းယွမ် သက်ပြင်းချကာ ဖြေလိုက်သည်။

" အဲ့ဒီအကြောကွက်က ပန်းထိုးအပ်သိုင်း ထဲမှာပါတဲ့ အချက်အချာ သွေးကြောကွက်ပဲ အဲ့ဒီနေရာကို အတွင်းအားသုံးပီး


ထောက်လိုက်ရင် မင်းတစ်ကိုယ်လုံး သွေးတွေဗြောင်းဆန်သွားမယ်... အဲ့ဒီ သွေးကြောကွက်က ပျက်ဆီးသွားလို့
သွေးကြောလှုပ်ရှားမှုတွေက ထိန်းချုပ်မှု မရှိတော့ပဲ ပုံမှန်မစီးဆင်းနိုင်တော့ဘူး... ရလဒ်ကတော့ ပထမ မင်းက လှုပ်မရတော့ဘူး
...ဒုတိယ မင်းရဲ့ ဒွါရပေါက်တွေကနေ သွေးတွေယိုစီးလာမယ် နောက်တော့ နာကျင်ပီး တဖြည်းဖြည်း သေမှာပဲ... "

" မင်း...အတော်ရက်.... "

မင်စုထန်မှာ စကားဆုံးအောင် မပြောနိုင်တော့ပါချေ။ ပါးစပ်မှာ အကြောဆွဲကာ စေ့သွားလေပီ။ သူက မျက်လုံးပြူးမျက်ဆန်ပြူးကာ


ခါယမ်းနေသည်။ တွမ့်ကျန်းယွမ်ကတော့ အဖြစ်ဆိုးကို မကြည့်လိုပါ။ ထို့ကြောင့် ကျိုးသွားသော ညာလက်ကို ဝတ်စုံဖြဲကာ စည်းလိုက်ပီး
တောင်အောက်သို့ ဆင်းသွားလေတော့သည်။ တောင်အောက်တွင် သူအလာကို စောင့်နေသော သူ့မိန်းမ ထန်စုစုရှိလေသည်။
သူချစ်သော ထန်စုစုအပြင် သူမိသားစု အဖြစ်တန်ဖိုးထားသော စုန့်ချီရန့်၊ ပိုင်လုံ နှင့် တုံးဖန်းယင်းယင်း တို့ဖြင့် ရှေ့ဆက်ကာ ဘဝခရီးကို
လျှောက်ရပေဦးမည်လေ။

တောင်ပေါ်တွင်တော့ သွေးအလိမ်းလိမ် ထွက်နေသော မင်စုထန်မှာ တဖြည်းဖြည်းချင်း သေဆုံးနေလေသည်။ မိစ္ဆာတစ်ကောင်လို


ရက်စက်လွန်းသော မင်စုထန်မှာ အနာကျင်ဆုံးသေနည်းဖြင့် ကြုံးရသည်မှာ ဝဋ်လည်ခြင်းပေးလားတော့ မသိချေ။ မကောင်းမှုသည်
ပြုသူထံ အမြဲတစ်စေပြန်ရောက်လာတတ်သည် မဟုတ်ပါလား။

ပြီးပါပြီ။

ZweYan Naing

You might also like