You are on page 1of 4

အသံ သစ်များ

အသံ သစ်များသည် လူ ငယ်များအား ဘာသာစကား တစ်မျိုးဖြင့် ပြော၏။ ယင်းဘာသာစကားသည် လူ ကြီးများကို ဦးနှေ ာက်ခြောက်
စေ၏။

(၁)

၁၉၇ဝ ခု ၊ ဂျွန်လက 'ဂျွန်လ၏ မို းရေများ' ကဗျာ စာအု ပ်လေးကို ရေးဖြစ်တော့ စာအု ပ်ရဲ့ အဖွင့်မှ ာ ၁၉၆၉ ဒီဇင်ဘာ ထု တ် လို က်ဖ်
(LIFE) မဂ္ဂဇင်းက အထက်ပါ စကားစု လေးကို ဖော်ပြခဲ့ ပါတယ်။ ဒါပေမယ့် ဒီစကားစု လေးဟာ လို က်ဖ်မဂ္ဂဇင်းရဲ့ ဘယ်ဆောင်းပါး၊ ဘယ်
ကဏ္ဍက ထု တ်နှုတ်ဖော်ပြခဲ့ တာလဲ ဆို တာ ကို တော့ မပြောဖြစ်ခဲ့ ပါဘူ း။

အထက်ပါ စကားစု လေး ကတော့ ဥရောပအနောက်နို င်ငံ ၄ ယောက်နဲ့အတူ ဂီတအသံ ဘီတယ် (BEATLES) များမှ ာ သစ်များ ကမ္ဘာ
ကြီးကို ပေါက်ကွဲ ထွင်းဖောက်ချိန်၊ သူ တို့ဆီက ဂီတပွဲတော်တစ်ခု ရဲ့ ဓာတ်ပုံ များနဲ့ ဂီတဆောင်းပါးတစ်ခု ရဲ့ အဖွင့်မှ ာ ဖော်ပြထားတာ ဖြစ်
ပါတယ်။

ဂီတနဲ့သက်ဆို င်တဲ့ ဒီစကားစု လေးကို ကြီးမားထွေပြားတဲ့ ကမ္ဘာကြီးနဲ့အတူ ကဗျာဆရာတစ်ယောက်ရဲ့ ဘဝမှ ာ လက်ခ ဖော်ပြဖြစ်ခဲ့ ပါ
တယ်။

(၂)

“လက်တစ်ဖက်ပြတ် ဓားသမား” ရု ပ်ရှ င်ကားထဲမှ ာ သို င်းသမား လူ ငယ်လေးဟာ ကောက်ကျစ်တဲ့ သို င်းဆရာကြီးကို ရှုံ းသွားတော့ ကတိ
အတို င်း သူ့လက်တစ်ဖက်ကို ကို ယ်တို င် ဖြတ်ပစ်လို က်ပါတယ်။

ပြီးမှ ပြတ်ပြီး လွင့်ထွက်သွားတဲ့ သူ့လက်ပြတ်ကြီးကို ဓားနဲ့ ပစ်ပေါက်လို က်ပါတယ်။ လက်ပြတ်ကြီးနဲ့အတူ ဓားဟာ သစ်ပင်မှ ာ သွားစို က်
နေပါတယ်။

ပြီးတော့ မှ ရု ပ်ရှ င်ရဲ့ပြကွက်က ဓားစို က်နေတဲ့ လက်ပြတ် ကြီးပေါ်မှ ာ နွေမို းဆောင်း ရာသီတွေပြောင်းသွားပုံ ကို ပြတာ ဖြစ်ပါတယ်။

ဒီပြကွက်လေးဟာ ဓားစို က်ဝင်နေတဲ့ လက်တစ်ဖက်ပြတ် ကြီးနဲ့ တူ တဲ့ ကျွန်တော်တို့ရဲ့ ကဗျာဆရာဘဝအပေါ်မှ ာ နွေ၊ မို း၊ ဆောင်းတွေ
ပြောင်းသွားကြသလို အမြဲတမ်း အောက်မေ့ သတိရနေစေခဲ့ ပါတယ်။

(၃)

တကယ်လည်း နွေမို းဆောင်းတွေက ပြောင်းသွားခဲ့ ပါတယ်။

အပြောင် အလဲ၊ အဖြစ်အပျက်တွေကလည်း ကြီးမားတဲ့ အရှိန်အဟု န်နဲ့ ကျွန်တော်တို့ကို ယ်ပေါ်က ဖြတ်စီးသွားကြပါတယ်။ ဘဝပေါင်း
များစွာရဲ့ ဇာတ်၊ နိပါတ်တွေကို ဖတ်ခဲ့ ဖူ းတဲ့ ကျွန်တော်ဟာ တစ်ဘဝတည်း မှ ာပဲ ဘဝပေါင်းများစွာကို တင်ဆက် ရတာလားလို
အောက်မေ့ မိပါတယ်။

၁၉၇၀ က ၈၀ အတွင်း အိမ်ပေါင်း ၆ဝ ကျော် မိသားစု နဲ့ ပြောင်းရွှေ့ နေရာမရ ဖြစ်ခဲ့ ပါတယ်။ ၁၉၇၇ အဆောင် တန်းလျားကြီးတစ်ခု
မှ ာ ခေတ္တ ရောက်ရှိစဉ်၊ ခြေရင်းခန်းက တစ်ခန်းတည်းနေ ကဗျာဆရာ ဖော်ဝေးနဲ့ ပန်းချီဆရာ ရွှေမောင် မောင်တို့ တစ်လတည်းမှ ာပဲ
ရှေ့ဆင့်နောက်ဆင့် သေဆုံ းသွား ခဲ့ ကြပါတယ်။ အဲဒီ အဆောင်တန်းလျားကြီးဟာ နောက်တော့ ခင်မောင်တို းတို့၊ ရဲလွင်တို့ သီချင်းတွေ
ထဲက

‘’ပန်းခရမ်းပြာ”ပေါ့။ အဲဒီတု န်းက သေခြင်းတရားနဲ့ နီးနီးကပ်ကပ် အသက်ရှ င် နေထို င်ခဲ့ ရပုံ တွေကို သတိရနေမိပါတယ်။ အဲဒီအချိန်တွေ
ကစပြီး မိသားစု အတွက် ကျွန်တော့်ရဲ့ အသက်မွေးဝမ်းကျောင်းအလု ပ်က ကော်ပီ (COPY) သီချင်းရေးသမားပါတဲ့ ။

(၄)

၁၉၉ဝ ခု ရဲ့ နောက်ပို င်းမှ ာမှ ည့်ထားတဲ့ နာမည်တွေနဲ့ တလွဲ တချော် ဖြစ်ရပုံ တွေကို သူ ငယ်ချင်း ကဗျာဆရာအောင်ချိမ့်က အတွေးရပြီး
သက်တောင့်သက်သာ ရယ်မောစရာအဖြစ် ပြောလာ ပါတယ်။
‘ထယ်ဝါ’ ဆို တဲ့ အသိမိတ်ဆွေတစ်ဦးကို တွေ့ပြီး သူ ရဲ့ မထည်မဝါ ဖြစ်နေရပုံ ကို တွေးမိပါသတဲ့ ။ ဒါနဲ့ တစ်ဆက်တည်း “အောင်ချိမ့်”လို့
ပေးမိတဲ့ ကို ယ့်နာမည်နဲ့ မလို က်အောင် ရှုံ းနိမ့်ခဲ့ ရပုံ ကို လည်း တွေးမိပါသတဲ့ ။ ဒါနဲ့ တစ်ဆက်တည်းမှ ာပဲ “ချော တယ်” လို့ အဓိပ္ပါယ်
ထွက်အောင်ပေးထားပြီး မချောတဲ့ သူ ငယ်ချင်း တစ်ယောက်ကို လည်း သတိရမိပါသတဲ့ ။
ကို အောင်ချိမ့် ပြောပြနေချိန်မှ ာပဲ ကျွန်တော်ကလည်း ကို ယ့်ရဲ့ “ပြည့်စုံ သူ ” လို့ အဓိပ္ပာယ်နဲ့ နာမည်ရှိတု န်းက မပြည့်မစုံ ဖြစ်ခဲ့ ရပုံ တွေ..
ခု တစ်ခါ အသိဉာဏ်ပညာ ရှိတယ်လို့ အဓိပ္ပါယ်နဲ့ နာမည်မှ ာ မို က်လုံ းကြီးခဲ့ ပုံ တွေကို တွေးမိပြီး ကို အောင်ချိမ့်ရဲ့ ရယ်မောစရာထဲမှ ာ
ကို ယ့်ကို ယ်ကို ထည့်ရယ်မိပါတယ်။
(၅)
ဒီလို ရှုံ းနိမ့်သူ ၊ မချောသူ ၊ မပြည့်စုံ သူ ၊ မို က်မဲသူ တွေကို နားလည်ဆက်သွယ်ရခက်တဲ့ ကမ္ဘာကြီးထဲမှ ာ ကျွန်တော်တို့ရဲ့ ဆရာဒဂု န်တာရာ
က နားလည် ဆက်သွယ်နို င်ခဲ့ ပါတယ်။

၁၉၇ဝ ခု နောက်ပို င်း ကဗျာဆရာဘဝနဲ့ ရန်ကု န်မှ ာ စတင်ခြေချဖို့ ကြိုးစားတော့ ဂီတစာဆို “ရဲလွင်”ရဲ့ “ရု န်းကန်တော့ ရမ်းကု န်တယ်”
ဆို တဲ့ စကားအတို င်း စတင် အရှိန်ယူ ချိန်၊ ဆရာ့ ကို ခပ်လှ မ်းလှ မ်းကပဲ ငေးမောခဲ့ ရပါတယ်။ “ဂျွန်မို းရေ” ပုံ နှိပ်ထု တ်ဝေဖြစ်ချိန်မှ ာတော့
ဆရာနဲ့ ဆရာ ဗန်းမော်တင်အောင် တို့ကို လက်ဆောင်ပေးဖြစ်ခဲ့ ကာ အမှ တ်ရမိပါတယ်။

၁၉၇၂ မှ သမီးကြီးမွေးတော့ ‘တာရာ’လို့ ပေးဖြစ်ခဲ့ ပါတယ်။

၁၉၈၀ နောက်ပို င်း ရု ပ်ရှ င်မင်းသားကြီး ကောလိပ်ဂျင်နေဝင်း အိမ်မှ ာ ဟေမာနေဝင်းကို သီချင်းရေးပေးဖို့ရောက်တော့ ဆရာနဲ့ နှ စ်ကြိမ်၊
သုံ းကြိမ် ဆုံ ရ စကားပြောဖြစ်ခဲ့ ရပါတယ်။

၁၉၈၈ နောက်ပို င်းမှ ာတော့ မဲဇာလို့ ဆရာ အမည်ပေး ထားတဲ့ နေရာကို ရောက်ရှိပြီး အရောင်၊ အသံ ၊ ရနံ့ အဆင်အသွေး တစ်မျိုးစီ
ကွဲပြားတဲ့ လူ ငယ်များဟာ ဆရာ့ ကို သန့်ရှ င်းစွာ ချစ် စိတ်မှ ာတော့ တစ်ညီတစ်ညွတ်တည်းဖြစ်ကြပြီး ဆရာ့ အနီးကို ရောက် ဖြစ်ကြ
တော့ ကျွန်တော်တို့လည်း မလှ မ်းမကမ်းက ရှေ့ကို တို းဖြစ်ခဲ့ ကြပါတယ်။

ကျွန်တော်တို့က ပူ တဲ့ အသံ တွေနဲ့ ပြောကြတော့ ဆရာ အသံ က အေးချမ်းလို့နေပါတယ်။ ကျွန်တော်တို့က လို ရာမရောက် နို င်တဲ့ အသံ
တွေကို ထု တ်ပြကြတော့ ဆရာ့ အသံ က ရှ င်းလင်းအား ကောင်းလျက် ရှိပါတယ်။ ဆရာက ကျွန်တော်တို့ကို အားပေးပါ တယ်၊ ဖေးမပါ
တယ်။ ငြင်းစရာရှိတော့ လည်း ရန်ကု န်က မဲဇာကို အသွား ကားပေါ်မှ ာ တစ်လမ်းလုံ း ငြင်းလာပါတယ်။ ကျွန်တော်တို့ကားဟာ ဆရာ
နေထို င်ရာ အိမ်လေးရှေ့က ပြန် အထွက်မှ ာတော့ မမြင်ရသလောက် မှုန်ဝါးသွားပြီဖြစ်တဲ့ ဆရာ့ မျက်ဝန်းများနဲ့ ကျွန်တော်တို့ကား ထွက်
သွားရာဘက်ကို ငေးမျှော် မှ န်းဆကြည့်နေရင်း ကျန်ခဲ့ တဲ့ ဆရာ့ ရု ပ်ပုံ လွှာကလည်း အင်အား များနဲ့အတူ တစ်ဖက်မှ ာ လွမ်းဆွတ်
ကြေကွဲစရာများနဲ့ ပြည့်နှ က် နေတယ်ဆို တာကို ဖော်ပြလျက် ရှိပါတယ်။

(၆)

ယခု ဆရာက ကျွန်တော့်ထံ က အမှ ာစာ တောင်းပါသတဲ့ ။ ၁၉၉၄ ခု ဖေဖော်ဝါရီလကု န်လောက်မှ ာ ဆရာ့ နေရာ မဲဇာကို ရောက်သွားပါ
တယ်။
(၇)

ဆရာက “အမှ ာစာဆို တာ အသက်ကြီးတဲ့ သူ ဆီမှ ာ တောင်းရတာ၊ ငယ်တဲ့ သူ ဆီမှ ာ မတောင်းရဘူ း မဟု တ်ဘူ းဗျ။ သက်ဆို င်သူ ဆီမှ ာ
တောင်းတဲ့ သဘောပါ။ “ရု ပ်ပုံ လွှာ” တု န်းက လူ အကြောင်း ဆရာဇော်ဂျီအမှ ာ၊ ‘အယ်ဒီတာစားပွဲ’၊ ‘ပန်းနု ရောင်’ မှ ာတော့ အယ်ဒီတာတစ်
ဦးရဲ့ အမှ ာ၊ ခု လည်း သီချင်းနဲ့ ပတ်သက် တဲ့ ဒီဝတ္ထု ရေးနေရင်း လက်ခနဲ ခင်ဗျားကို သတိရတာပဲ”ဟု ဆို ပါတယ်။
အမှ န်အတို င်း ဝန်ခံ ရရင်တော့ ဆရာ့ ဆီကပြန်လာပြီး မတ်လ တစ်လလုံ း ကျွန်တော် ခြေပစ်လက်ပစ် ထို င်နေခဲ့ ပါတယ်။ ရာမတို့၊ ဒဿဂီ
ရိတို့ လေးတင်ခန်းလို ကျွန်တော် မရမယ့် အရာကို ထို င်ကြည့်နေဖြစ်ခဲ့ ပါတယ်။ သက်ဆို င်တဲ့ အရာဝတ္ထုကြီးတစ်ခု လုံ းကို ပါအောင်
မ,ပြီးမှ ပြောပြရမယ့် စကားတစ်ခွန်းရဲ့ အခန်းကဏ္ဍဟာ ရောက်ရှိလာမှ ာ မဟု တ်လား။ ဒီအင်အားများကို ပြည့်စုံ စွာ စု စည်းနို င်အောင်
အားထု တ်ရင်း ဒီနေရာရောက်အောင် ရေးသားနို င်တဲ့ နေ့ဟာ ဧပြီ ၁ ရက် နေ့ ဖြစ်ပါတယ်။

ဆရာ့ ရဲ့ “စန္ဒရားဆရာ (သို ) မဟာအချစ်” ဟာ ရု ပ်ရှ င် တေးကဗျာမဂ္ဂဇင်းအတွက် ပေးတဲ့ အခန်းဆက်ဝတ္ထုရှ ည် ဖြစ် ပါတယ်။ ဆရာရဲ့
“စန္ဒရားဆရာ (သို့) မဟာအချစ်” မှ ာ မောင် စိတ္တ ၊ အဒေါ်မှီ၊ မင်းမင်းဇော်၊ ငမို းရိပ်ဟို တယ်၊ ဗေလု ဝ စတူ ဒီယို ၊ စိတ္တ ခင်၊ အေမီ၊ ချယ်ရီရ
ဌ၊ စတိန်းဝေး စန္ဒရား၊ နတ်ရှ င်နောင်ရဲ့ ကဗျာ၊ လှိင်ထိပ်ထားဂျာနယ်၊ သခင်ကို ယ်တော်မှိုင်း ရု ပ်ထု ၊ ရု ရှ ား ကဗျာဆရာ ပွတ်ရှ ကင် ရု ပ်ထု ၊
ပို လန် စန္ဒရားဆရာ သို့ပင် ရု ပ်ထု ၊ ဗီးနပ် ရု ပ်ထု များနဲ့ ဆရာရဲ့ “မဟာအချစ်”ကို ဆရာ့ ရဲ့ ရှ င်းလင်းအားကောင်းတဲ့ ရေးဟန်များနဲ့ ထုံ မွှန်း
ထားပါတယ် ဆို တာထက် ဆရာ့ ရဲ့ “မဟာအချစ် ဟာ စိတ္တ ခင်နဲ့အတူ ကျွန်တော် တို့ လူ ငယ်လူ လတ်တွေအပေါ် ချစ်ခင်အားပေးလို စိတ်
ကို ဖွင့်လှ စ် ပြလို ဟန်ပြလို က်တာပဲလို့ ခံ စားရမှ ာ ပို ပြီး အဓိကကျနေခဲ့ ပါတယ်။

ဒါက ကျွန်တော့်ရဲ့ ခံ စားရမှုပါ။


ဆရာရဲ့ မောင်စိတ္တ က စန္ဒရားဆရာအပြင် သီချင်းရေးသူ း ကဗျာရေးသူ ၊ ဩစတီးယားပြည် ဗီယင်နာမြို့မှ ာ ကျင်းပတဲ့ ကမ္ဘာ့ ဂီတ
ပညာရှ င်များ နှီးနှေ ာဖလှ ယ်ပွဲကို တက်ရောက်သူ ၊ ဆရာကြီး သခင်ကို ယ်တော်မှိုင်းလို ပြည်သူ တွေက ချစ်ခင်လေးစာ ကြည်ညို တဲ့
ကဗျာဆရာလည်း ဖြစ်ချင်သူ အဖြစ် ကျွန်တော်တို့ လူ ငယ်တွေအပေါ် ပေးလို ဟန်ကို ပြထားတယ်လို လည်း ခံ စား ပါတယ်။

ဆရာရဲ့ “မဟာအချစ်’ထဲက ဇာတ်ကောင် အေမီက “မြမြမောင်းမောင်း” ပတ်ပျိုး၊ ‘ပျို့မှ ာတမ်း ’နဲ့ ကော်ပီ သီချင်းတစ်ပု ဒ် ကို ဆို
လို က်ပါတယ်။

စိတ္တ ခင်လေးကတော့ 'လေစိမ်းတွေတို က်နေတယ် ဆို တဲ့ ကို ယ်ပို င်သံ စဉ် သီချင်းတစ်ပု ဒ်ကို တောင်းဆို ထားပါတယ်။

ကျွန်တော်ကလည်း ကော်ပီ သီချင်းရေးသမားဘဝနဲ့ အသက် မွေးဝမ်းကျောင်းနေရပေမယ့် အသက် ၁၃ နှ စ်ရှိတဲ့ ကျွန်တော့် သားက


သူ ကြီးရင် ကော်ပီ မဆို ဘူ း၊ ကို ယ်ပို င်သံ စဉ် သီချင်းတွေကို ကို ယ်တို င်ရေးပြီး ဆို မယ်ဆို တဲ့ အနာဂတ်ကို ကြိုဆို လက်ခံ နေဖြစ်ခဲ့ ပါ
တယ်။

(၈)

မပြည့်စုံ နို င်သေးတဲ့ ဒီ အမှ ာစာ(သို့)အသံ သစ်များ အတွက် ကတော့ ဆရာနဲ့ စာဖတ်သူ အားလုံ းအတွက် ကျွန်တော့်ရဲ ယံ ယံ နဲ့ အသက်
၈၁ နှ စ်ရှိပြီဖြစ်တဲ့ ကျွန်တော့် ဖခင်ကြီး တို . ကျွန်တော် ခြေပစ်လက်ပစ်ဖြစ်နေခဲ့ တဲ့ မတ်လထဲမှ ာ ဘာသာပြန် ခဲ့ ကြတဲ့ မို က်ကယ်လ်
ဘော်တန် (MICHAEL BOLTON)ရဲ သီချင်းတစ်ပု ဒ်ကို လက်ဆောင်ပေးရင်းနဲ့ နိဂုံ းချုပ်ပါရစေ။

ငါဟာ သံ မဏိနဲ့ ပြုလု ပ်ထားသူ မဟု တ်

အဆုံ းအစမရှိတဲ့ ကောင်းကင်အောက်မှ ာ


သန်းပေါင်းများစွာသော ကြယ်များအောက်မှ ာ
တစ်သက်တာ အချိန်ကာလ အလယ်မှ ာ
ငါတို့ဟာ ဘယ်လောက်များ သေးငယ်ကြပါသလဲ
အမှ န်တရားသို့ သွားရာလမ်းတစ်လျှောက်မှ ာ
ငါဟာ ဖြောင့်တန်းစွာ မသွားနို င်
ချွတ်ချော်စွာ လျှောက်လှ မ်းလာခဲ့ ရသည်
(ငါဟာ သံ မဏိနဲ့ပြုလု ပ်ထားသူ မဟု တ်ပါ)၂

သင်ကြားခဲ့ တဲ့ သင်ခန်းစာအားလုံ း


ပို င်ဆို င်သော ခွန်အား အားလုံ းနဲ့တောင်မှ
ငါ ဖယ်ရှ ားချင်သော တောင်များကို ရွေ့လျားအောင် မလု ပ်နို င်သေးပါ
ငါ့ရဲ့ အကောင်းဆုံ း ကြိုးစားမှုထက်ကို ပို ပြီး လို အပ်နေသေးတယ်
ငါ့ရဲ့ အင်အားနဲ့ လှ မ်းမမှီနို င်တဲ့ ရည်ရွယ်ချက်တွေကလည်း ရှိနေ ဆဲ
ငါ့ရဲ့ အိပ်မက်တွေကလည်း ငါမမီတဲ့ နေရာမှ ာ ရောက်ရှိနေဆဲပါ
အို ... ဒီမျက်လုံ းတွေကပြောတဲ့ လိမ်ညာစကားတွေက
ငါ့ရဲ့ အတွင်းစိတ်မှ ာရှိနေတဲ့ အရာတွေကို ဖုံ းကွယ်ထားကြတယ်
ဒီတော့ မင်း တွေ့မြင်နေရတဲ့ မျက်နှ ာကို မယုံ လို က်ပါနဲ့
ဒါဟာ ငါ့ရဲ့ မာနမျက်နှ ာသက်သက်ပါ
ငါဟာ သံ မဏိနဲ့ ပြုလု ပ်ထားသူ မဟု တ်
ငါဟာ ကျောက်စို င်ကျောက်ခဲများနဲ့ ပြုလု ပ်ထားသူ မဟု တ်
ငါဟာ လူ အားလုံ းထက် ဘာမှ မပို တဲ့
ကောင်းကင်နဲ့ မြေကြီးကြားမှ ာ ရပ်တည် လှုပ်ရှ ားနေသူ
သွေးနဲ့သားနဲ့ လူ သားတစ်ယောက်ပါ
မင်းက ငါ့ကို ကမ္ဘာကြီးကို ငါ့ပခုံ းပေါ်မှ ာ ထမ်းထားနို င်မယ်လို့ ထင်နေတာ
မဖြစ်နို င်တဲ့ မှ ားယွင်းမှုတစ်ခု ပါပဲ
ငါဟာ ကွေးနို င် ဆန့်နို င် ချိုးနို င်တဲ့ လူ သားတစ်ယောက်ပါ
သံ မဏိနဲ့ လု ပ်ထားသူ မဟု တ်ရပါဘူ းကွယ်
မင်းအတွက် သံ ချပ်ကာဝတ်စုံ ကို ဝတ်ဆင်ရခြင်းပါလို့
လူ တွေရဲ့ သင်ကြားချက်ဟာ လိမ်ညာမှုသက်သက်ပါ ဒီ
စကားတွေကို မင်းယုံ ကြည်ရင်တော့
ဒီယုံ ကြည်မှုအတွက် မင်းရဲ့ မငို ခဲ့ ဘူ းတဲ့ မျက်ရည်တွေနဲ့ အလျော်ပေးရလိမ့်မယ်
………………………………..
………………………………..
………………………………..
ဘာကြောင့်လဲလို့ ငါ့ကို မမေးပါနဲ့
ငါ ခံ စားရမယ်လို့ မင်းမထင်ခဲ့ တဲ့ နာကျင်မှု ဝေဒနာတွေကို လည်း ဖုံ းကွယ်မထားပါရစေနဲ့
တကယ်တော့
ငါဟာ သံ မဏိနဲ့ ပြုလု ပ်ထားသူ မဟု တ်
ငါဟာ ကျောက်စို င်ကျောက်ခဲများနဲ့ ပြုလု ပ်ထားသူ မဟု တ်
ငါဟာ လူ အားလုံ းထက် ဘာမှ မပို တဲ့
ကောင်းကင်နဲ့ မြေကြီးကြားမှ ာ ရပ်တည် လှုပ်ရှ ားနေသူ သွေးနဲ့သားနဲ့ လူ သားတစ်ယောက်ပါ ...

သင်ကြားခဲ့ တဲ့ သင်ခန်းစာအားလုံ း


ပို င်ဆို င်သော ခွန်အား အားလုံ းနဲ့တောင်မှ
ငါ ဖယ်ရှ ားချင်သော တောင်များကို ရွေ့လျားအောင် မလု ပ်နို င်သေးပါ
ငါ့ရဲ့ အကောင်းဆုံ း ကြိုးစားမှုထက်ကို ပို ပြီး လို အပ်နေသေးတယ်
ငါ့ရဲ့အင်အားနဲ့ လှ မ်းမမီနို င်တဲ့ ရည်ရွယ်ချက်တွေကလည်း ရှိနေဆဲ
ငါ့ရဲ့ အိပ်မက်တွေကလည်း ငါ မမီတဲ့ နေရာမှ ာ ရောက်ရှိနေဆဲပါ။

သု ခမိန်လှိုင် ၁-၄-၉၄

You might also like