You are on page 1of 216

အခန်း (၁)

Where're you going to brother


မေးခွန်းလေး ကြားရဲ့လား ...
ဆိုင်အရှေ့ကိုရောက်လို့ ပုတုကို လှည့်ကြည့်လိုက်တော့ ဒီကောင်က ကျနော့်
နောက်မှာ ခြေလှမ်း သုံးလေးလှမ်းလောက် နောက်ကျန်နေခဲ့ပြီး ဆိုင်ထဲကို မ
ရွံ့မရဲပုံစံနဲ့ လှမ်းကြည့်နေတယ်။ အတန်းပိုင်ဆရာမက "ဟိုကောင် အတန်း
ရှေ့ကို ထွက်ခဲ့စမ်း" လို့ ပြောလိုက်တိုင်းမှာ ဒီကောင် ဖြစ်သွားနေကျ ပုံမျိုး
ပေါ့။
မှောင်မှောင်မည်းမည်း မှိုင်းမှိုင်းညို့ညို့ဖြစ်နေတဲ့ ဆိုင်ထဲ ကျနော်တို့ ကြည့်
တဲ့ဘက်ကနေ မြင်နေရတဲ့ နံရံပေါ်မှာတော့ ပြက္ခဒိန်တွေ အများကြီးပဲ။
ပြက္ခဒိန်တွေကတော့ အဟောင်းအနွမ်း အရင်နှစ်တွေကဟာတွေရောထင်
တာပဲ သုံးလေးခု၊ ပင့်ကူအိမ်တွေတောင် တက်နေတယ်။ ခပ်စောင်းစောင်း
လေးရပ်ပြီး ဆံပင်အရှည်ကြီးကို ဘေးဘက်မှာ ဖားလျား ချထားတဲ့ ထက်
ထက်မိုးဦး ပုံတပုံလည်းရှိတယ်။ အဲဒီနံရံရဲ့ အပေါ်ထိပ်မှာတော့
တိုင်ကပ်နာရီ သေးသေး ဝိုင်းဝိုင်းလေး တလုံး။ နာရီကလည်း ရပ်နေတယ်
ထင်တာပဲ။ အနောက်ဘက် ထရံမိုးရဲ့ အပေါက်သေးသေးလေးတွေကနေ
နေရောင်ဟာ အဖြူရောင် ပလတ်စတစ်ကြိုးစတွေပမာ စောင်းလို့ ဆိုင်ထဲ
ကို ဝင်နေတယ်။ ခပ်မှောင်မှောင်ဆိုတော့ အဲဒီ အလင်းတန်းတွေထဲက အမှုန်
တွေကိုတောင် မြင်နေရသေးတာပေါ့။ တဆိုင်လုံး ကျနော်တို့ နဲ့ရင်းနှီးနေကျ
အရာဆိုလို့ ထက်ထက်မိုးဦးတယောက်ပဲ ရှိတယ်။
ကောင်တာမှာ တင်ထားတဲ့ အမည်းရောင် ပင်နဆိုးနစ်ကက်ဆက်ကြီးကနေ
ထွက်လာတဲ့ သီချင်းကလွဲရင် အားလုံးကောင်းပါတယ်။ ဘာသီချင်းမှန်း မ
သိဘူးဗျာ။ တခါမှကို မကြားဖူးတာ။
"ရည်ရွယ်တာတွေ ××× ခြေဦးတည့်ရာ ××× ဘယ်ကို သွားမလဲ တွေးမရ
တော့ ××× မင်းသွားတဲ့ လမ်းကောင်းရင် ငါလည်း လိုက်မလို့ ××× မင်း
နည်းနည်းလောက် ပြောခဲ့ဦး ××× "
ဆိုင်ထဲမှာက လူအများကြီးလဲ မရှိဘူး။ စုစုပေါင်းမှ တဝိုင်းတယောက်ထိုင်
နေတဲ့ လူနှစ်ယောက်တည်းရယ်။ တယောက်က သဘာဝဆေးပေါ့လိပ်ကြီးနဲ့
နောက်တယောက်ကတော့ စီးကရက်ကို လက်ချောင်းလေးတွေကော့လို့
ကိုင်ထားတယ်။ စတိုင်ကတော့ တော်တော့်ကိုမိုက်တာ။ ဆေးလိပ်ကဖွာ
လွန်းလို့ နှစ်ယောက်တည်းနဲ့တင် မီးခိုးငွေ့တွေကြား သူတို့ မျက်နှာတွေကို
င် င်း င်း မြ င် နော် ည်း ကြီး က် မျိုး
န်း
လွ လို့ နှ ည်း နဲ့ ခိုး ငွေ့ ကြားတွေ သူ တို့ မျ နှာ တွေ ကို
တောင် ကောင်းကောင်းမမြင်ရဘူး။ ကျနော်လည်း လူကြီးတယောက်ပုံမျိုး
ရင်ကို သိသိသာသာကော့ထည့်လိုက်တယ် သိတယ်မို့ လား။ ဒါပေမယ့်ဗျာ
ကြက်ရင်အုပ်ကလေးလို ဖြစ်သွားမယ် ထင်တာပဲ။ ရယ်တော့ရယ်ရတယ်။
ကျနော့် သူငယ်ချင်းထဲမှာ ဇင်ဗိုလ်ဆိုတဲ့ တကောင်ရှိတယ်။ လူက ပိန်သေး
သေးလေးရယ်။ ရန်တွေဘာတွေဖြစ်လို့ စကားများကြပြီဆိုရင် အဲ့ကောင်က
အဲ့လိုပဲ သူ့များ တခြားသူ ကြောက်မလားဆိုပြီး ရင်ကိုကော့ကော့ပြီး
စကားပြောတာ။ သူ့ စာကလေး ကင်အုပ်ကလေးကို ဘယ်သူက ကြောက်မှာ
လဲဗျာ။ အဲ့လိုလုပ်တာကိုက ရယ်စရာကြီး ဖြစ်နေတာပေါ့။
ကျနော်က အဲ့လိုမျိုး မာန်ထည့်လိုက်ပေမယ့် ပုတုကတော့ ကျနော့်နောက်
တင် ကြောက်ချေးပါနေပြီ။
"ဟေ့ကောင် အဲ့လိုကြီး ကုပ်တုပ်တုပ်လုပ်မနေနဲ့ခပ်တည်တည် ဝင် ... လာ "
လို့ ပြောလိုက်ရသေးတယ်။
ဒါပေမယ့်လည်း ပုတုက ကျနော့်ကို တချက်ကြည့် ကောင်တာမှာ ထိုင်နေတဲ့
အဒေါ် ကြီးကို မေးထိုးပြပြီး ဖြစ်ပါ့မလားကွာ ဆိုတဲ့ပုံမျိုးလုပ်နေတယ်။ မသိ
ရင် သရဲကို မြင်နေတဲ့အတိုင်းပဲ။
သူ့အင်္ကျီအောက်အနားစတွေဆိုတာလည်း တွန့်လိပ်နေတာပဲ။ သူ့ဟာသူ
ကြောက်ကြောက်နဲ့ပြန်ဆုပ်ချေထားတာ။
"လာစမ်းပါဟ မင်းအဲ့လိုလုပ်နေတာကြီးနဲ့ကို ငါတို့ ကို အထင်သေးပြီး အ
ငေါက်ခံရတော့မှာ လာခဲ့ "
သူ့ရဲ့ လည်ပင်းအထက်ကုပ်ကနေ လည်ပင်းညှစ်လိုက်သလို အတင်းသိုင်း
ဖက်လိုက်ပြီး ဆိုင်ထဲကို နှစ်ယောက်သား ဝင်သွားကြတယ်။ ပုတုတော့
ဘယ်လိုနေမယ် မသိဘူး။ ကျနော်တော့ ကိုယ့်နှလုံးခုန်သံကိုတောင် ကိုယ်
ပြန်ကြားနေရတယ်။ ဒုတ် ဒုတ် ဒုတ် ဒုတ် နဲ့ ။ အရမ်းကြီး မာန်တင်းထားရ
တော့ လက်ဖဝါးတွေတောင် ချွေးစလေးတွေစို့ လို့ ။ နတ်သားတွေ နတ်သက်
ကြွေတော့မှာဆိုရင် လက်ကတီးက ချွေးစို့ တယ်ဆိုတာ ဒါမျိုးလား မသိဘူး
လို့ တောင် အူကြောင်ကြောင် တွေးလိုက်မိသေးတယ်။ ဆိုင်ရဲ့အတွင်းဆုံး
ချောင်အကျဆုံးမှာ ရှိတဲ့ စားပွဲဆီကို တည့်တည့်မတ်မတ်လျှောက်သွား
လိုက်တယ်။ ဒါ ငါတို့ လုပ်နေကျပဲဆိုတဲ့ ဟန်မျိုး။ ယုံကြည်ချက်အပြည့်နဲ့။
ကျနော်တော့ ဘာရယ်စရာမှ ဘယ်သူမှလည်း မပြောဘဲနဲ့ ပုတုကပဲ ဟာသ
တခုခုပြောလိုက်သလို " ဟား... ဟား... ဟား... မင်းကတော့ကွာ" လို့ လူကြီး
တွေ ရယ်ကြသလိုမျိုး ခပ်ကျယ်ကျယ် ရယ်ပစ်လိုက်သေးတယ်။ အားတင်း
တာပေါ့ဗျာ သိတယ်မို့ လား။ ကျနော့် ရယ်သံကြောင့် ပုတုတောင် လန့်သွား
တယ် ထင်တယ်။
ကြော င် င် င် နော့် ကို ပြီး ကြ ည့် ယ်
"ဘာလဲကွ" တဲ့။ ကြောင်တောင်တောင်နဲ့ ကျနော့်ကိုမေးပြီး ကြည့်နေတယ်။
ကျနော်လည်း မသိချင်ယောင်ပဲ ဆောင်နေလိုက်တယ်။ ကောင်တာက
အဒေါ် ကြီးကိုလဲ တချက်ကလေးမှ မကြည့်ဘူး။ မကြည့်ရဲတာဆိုရင် ပိုမှန်
မယ်။
ဝိုင်းမှာ ထိုင်လိုက်ပြီးတဲ့နောက် ပုတုကို "ဟေ့ရောင် ခပ်တည်တည်နေ၊
ရေနွေးခွက်ထဲ ရေနွေးငှဲ့နေလိုက်ကွာ..." လို့ ခပ်တိုးတိုးပြောလိုက်တယ်။
ကျနော်ကတော့ ဆိုင်ထဲကို ဟိုကြည့်ဒီကြည့်ပေါ့။ စားပွဲထိုးက ဘယ်မှာလဲ၊
ဘယ်သူ့ကိုမှာရမှာလဲကွ ဆိုတဲ့ ဟန်ပေါ့ဗျာ။ စိတ်မရှည်တဲ့ အထာလုပ်နေ
တယ်။ စားပွဲထိုးမယ့်လူလည်း တယောက်မှမတွေ့ဘူး။ သဘာဝ
ဆေးပေါ့လိပ်ကြီးဖွာပြီး ဝိုင်းတခုမှာ ထိုင်နေတဲ့ ဘဲကြီးကတော့ ကျနော်တို့
နှစ်ယောက်ကို သူထိုင်နေတဲ့ ဝိုင်းကနေ ရှိုးနေတာ ကျနော်သိတယ်။ သိဆို
သူက ကိုယ်ကိုမလှည့်ဘဲ ခေါင်းသက်သက်တင်စောင်းပြီး သူထိုင်နေရာဝိုင်း
ကနေ အနောက်ဘက်ကျတဲ့ ကျနော်တို့ ကို ထင်ထင်ပေါ်ပေါ် ကြီး ကြည့်နေ
တာ။ ဝတ်ထားတာက စွပ်ကျယ်အင်္ကျီလက်ပြတ်နဲ့။ ခါးမှာထိုးထားတဲ့ ခပ်
ညစ်ညစ် လက်သုတ်ပုဝါလေး မြင်လိုက်တော့မှ ဒီဘဲကြီးက စားပွဲထိုးပဲလို့
သိလိုက်တယ်။
ဒါပေမယ့်လဲဗျာ "ဟေ့...မှာဦးမယ်" လို့ လှမ်းမခေါ် ရဲဘူး။ သောက်ရေးထဲမှ
ပုတုဆိုတဲ့ကောင်က ခြေတုန်လက်တုန်နဲ့ရေနွေးကြမ်းငှဲ့တာ ရေနွေးပူတွေက
ခွက်ဘေးတွေဖိတ်ကျ၊ လက်ဖက်ရည်ချိုးတွေနဲ့ စီးကပ်ကပ်ဖြစ်နေတဲ့
သစ်သားစားပွဲ မည်းမည်းကြီးပေါ်ကနေ ကျနော့်ခြေထောက်ပေါ် စီးကျလာ
လို့ လန့်ကလည်းလန့် ပူကလည်းပူ ဖြစ်သွားရသေးတယ်။
"ငါ လခွီး ပူလိုက်တာ အား လား လား..." လို့ အော်လိုက်မိတယ်။
"မင်းကလုပ်လိုက်ရင် စောက်ရမ်းချည့်ပဲ ကျော်စိန့်သားရာ ..." လို့ ကျနော်
မာန်တော့ အဲ့ကောင် ခေါင်းငုံ့ သွားတယ်။ အဖေနာမည်ခေါ်တာကကတော့
သိတယ်မို့ လားဗျာ။ ဒေါသထွက်လာရင် ဖအေနာမည်ပဲ တပ်ခေါ်ချင်တော့
တာ။ ကျောင်းမှာတော့ အတန်းကြီးတဲ့ ဘဲတွေကတော့ အဲ့လိုခေါ် ကြတာပဲ
လေ။
"ဝေး အဝေး အဝေး ××× ဟေး အဝေး ဘယ်ကိုလဲ အကိုရေ ပြောသွား
ဦး×××"
တချက်တချက်ထွက်လာတဲံ သီချင်းသံကလည်း ဓာတ်ပျက်တယ်ဗျာ ဘာ
တေမှန်းမသိဘူး။ လူကမှ ကျွတ်ကျဲနေပါတယ်ဆိုမှ စိတ်ကလဲရှုပ်လာ
တယ်။ ဒီကြားထဲ ပုတုဆိုတဲ့ကောင်က ငါးတန်းကလေးလို လုပ်နေတယ်။

ဆို င် င် က် ပြီ ကြော က် ပါ လို့ ပြီး တ် မ်း


ဆိုင်ထဲတောင် ရောက်နေပြီ။ ကြောက်ချေးပါလို့ မပြီးသေးဘူး။ နှုတ်ခမ်း
တွေလည်း ဆတ်ဆတ်တုန်လို့ ၊ သိပ်မသိသာဘူး ဆိုပေမယ့် ကျနော်နဲ့က
ကပ်ကပ်လေးထိုင်နေတာဆိုတော့ အကြောဆွဲသလိုဖြစ်နေတဲ့ သူ့နှုတ်ခမ်း
တွေ အပေါ်အောက်ခုန်နေတာကို မြင်နေရတယ်။ မသိရင် အဖျားတက်နေ
သလိုပဲ။ ဘယ်ကိုမှလည်း မကြည့်ဘူး။ ရေနွေးခွက်ကြီးကိုပဲ မမြင်ဖူးသလို
လို ခေါင်းကြီးငုံ့ ကြည့်ပြီး မထုံတက်ထေးလုပ်နေတယ်။
ခွေးမသားပုတု "တို့ လက်ဖက်ရည်ဆိုင် ထိုင်ကြည့်ကြရအောင်ကွာ" လို့
တိုင်ပင်ကြတုန်းက သူကပဲ ဦးအောင် ပြောလိုက်သေး "လုပ်လိုက်လေ ကြာ
သလားလို့ " ဆိုပဲ။
ခုကျတော့ "ပြန်ရအောင်ကွာ" တဲ့ ခပ်တိုးတိုး ပြောသေးတယ်။
"မအေဘေး မင်းပဲပြန် ငါတော့မပြန်ဘူးကွ"
ခပ်တိုးတိုးကြိတ်ပြောရင်း ဒီကောင့်ပေါင်ကိုလည်း လက်သီးနဲ့တချက်
ကြိတ်ထိုးထည့်ပစ်လိုက်တယ်။ ဒီကောင့်မှာ ထပြန်ဖို့ တောင် အင်အားရှိတော့
ပုံမပေါ်ဘူး။ ကျနော်ထိုးလိုက်တာ လက်ဆနည်းနည်းပြင်းသွားတယ်။
မျက်နှာကြီးရှုံ့ပြီး သူ့ပေါင်သူ ပွတ်နေတာများ မီးပူတိုက်နေသလိုလို
လက်သမားတွေ ရွေဘော်ထိုးနေသလိုလိုပဲ
မပြီးတော့ဘူး။ ဒီကောင်ကတော့ တကယ့်ကို စကြောက်ပါဗျာ။ မင်းဆန်းနဲ့
သာဆိုရင် ဒီလောက်ရုပ်ပျက်မှာ မဟုတ်ဘူး။
"မောင်သောင်း ဟိုကလေးတွေ မေးလိုက်ဦးလေဟယ် ..."
ကျနော်တို့ နှစ်ယောက် ဂယောက်ဂယက်တွေ ဖြစ်နေတုန်း ဆိုင်ရှင်အဒေါ် ကြီး
က ကျနော်တို့ ကို ကြည့်နေတယ်ထင်ပါရဲ့။ သဘာဝဆေးပေါ့လိပ်ကြီးဖွာနေ
တဲ့ စားပွဲထိုးဘဲကြီးကို ပြောလိုက်တယ်။ ဘဲကြီးက အဲဒီတော့မှ သူ့
ဆေးပေါ့လိပ်ကြီးကို ပြာခွက်ကြီးထဲ ထိုးသတ်လိုက်ပြီး ပျင်းရိပျင်းတွဲပုံစံနဲ့
ကျနော်တို့ ဆီ ထလာတယ်။ အဲဒီသောက်ဘဲကြီးကလည်း ဆိုင်ရှင်မပြောမ
ချင်း ထမမေးဘူးဗျာ။ တကယ့်လူပဲ။ ပြီးတော့ ကျနော်တို့ ရှေ့ လူမိုက်အထာ
နဲ့ခါးထောက်ရပ်နေတယ်။ ဘာသောက်မှာလဲ ဘာညာလဲ မမေးဘူး။
"ကျနော့်ကို လက်ဖက်ရည် ကျစိမ့်တခွက်၊ ဟေ့ရောင် မင်းက ဘာသောက်
မှာလဲ"
စားပွဲထိုးဘဲကြီးကို မော့ကြည့် ပြောလိုက်ရင်းက ပုတုကိုလည်း မေးလိုက်
တယ်။ ပုတုဆိုတဲ့ကောင် ခုထိ အကြောက်မပြေသေးဘူး။ ကျနော့်ကိုကြည့်
လိုက် စားပွဲထိုးကြီးကိုကြည့်လိုက်နဲ့ အင်မတန် စဉ်းစားဉာဏ်နည်းသေးတဲ့
ကလေးလေးလို လုပ်နေတယ်။ ဒီကောင်လုပ်ပုံနဲ့တော့ အရှက်ကွဲရချည့်လို့
နော် ည်း ဒေါ က် ယ် င် ထိုး စ် လို က် င်
ကျနော်လည်း ဒေါသကထွက်လာ တယ်ဗျာ။ ထတောင် ထိုးပစ်လိုက်ချင်နေ
ပြီ။ စားပွဲထိုးကြီး မမြင်အောင် မျက်နှာကိုတချက်ရှုံ့ပြလိုက်တော့မှ ခွေးအ
ကြီးလို ထစ်အထစ်အနဲ့အသံထွက်လာတယ်။
"ဟို ဟို လစ်ပိုတို့ ဆဲဗင်းအပ်တို့ ရလား ဦးလေး ..."
သေပါရော။ လက်ဖက်ရည်ဆိုင်လာပြီး လစ်ပိုတွေ အအေးတွေလာမေးတဲ့
ကောင်ဗျာ။ ကလေးကလားနဲ့။ နောက်ပြီး စားပွဲထိုးကိုခေါ်တာ ဦးလေးတဲ့။
အစ်ကိုလောက် ဆိုရင် ရပြီပဲဟာ။ ပုတု ဆိုတဲ့ကောင် ဒီလောက်အကြိမ်ကြိမ်
ဇာတ်တိုက်လာတာတောင် အသုံးမကျဘူး။ လက်ဖက်ရည်ဆိုင် ထိုင်ချင်၊
လူကြီးဂိုက်ဖမ်းချင်တာကျလည်း သူငယ်ချင်းတွေထဲမှာ ကျနော့်ထက် မ
လျော့ဘူး။ ခုကျ ခွေးအကြီး ကားတိုက်ခံရသလိုဖြစ်နေတာ ဘယ်လိုမှ
အမြင်မတော်တော့ဘူး။ ကျနော် ကြားဝင်ရတော့တာပေါ့။
"အစ်ကိုကြီး ကျနော့်ဟာပဲ အရင်ဖျော်လိုက်ဗျာ။ ဒီကောင် မနက်ကမှ တ
ခွက်သောက်ထားသေးလို့ သိပ်မသောက်ချင်ဘူး ဖြစ်နေတာနေမှာ ဟီး ဟီး"
ရယ်စရာလည်း မပါဘဲ သွားကြီးစိပြီး ရယ်ပြရသေးတယ်။ ဘဲကြီးကတော့
ဘာမှမပြောဘူး။ "စောက်ကလေးတွေ ဘာလာရှုပ်"" ဆိုတဲ့ သဘောထား
မျိုး၊ ရုပ်တည်ကြီးနဲ့ နောက်ထဲဝင်သွားတယ်။ ပုံစံကြည့်ရတာ သူပဲ အဖျော်
ဆရာ၊ သူပဲ စားပွဲထိုး ထင်ပါရဲ့။ "ကျစိမ့် ဝမ်းတီး" လို့ လည်း အော်မသွား
ဘူး။ သူထွက်သွားတော့မှ ကျနော်လည်း ပုတုကို ဖိငေါက်ရတော့တယ်။
"ဟေ့ရောင် ကျော်စိန့်သား လက်ဖက်ရည်သောက်ဖို့ လာတာလေ ငါလခွီး
လစ်ပို၊ ငါလခွီး ဆဲဗင်းအပ်ပါလား ငါ့မှာ လေးဆယ်ထဲပါတာ။
လက်ဖက်ရည်နှစ်ခွက်စာ အတိပဲ၊ လက်ဖက်ရည်ပဲသောက်၊ မသောက်ချင်
ရင် ဘာမှမသောက်နဲ့မင်း ရေနွေးပဲထိုင်သောက်"
"မသိဘူးလေကွာ မှာချင်ရာမှာလို့ ရတယ်လို့ မင်းပဲပြောပြီးတော့" တဲ့ ပုတုက
စောဒကတက်တယ်။
"မှာချင်ရာမှာဆိုတာ လက်ဖက်ရည်ကိုမှ ချိုစိမ့်၊ ကျစိမ့်၊ ချိုခါး၊ ပုံမှန်၊
ကျောက်ပန်းတောင်း အဲဒါမျိုးကို ပြောတာကွ။ လက်ဖက်ရည်ဆိုင်မှာ
အအေးသောက်တယ်ဆိုတာ မအေဖအေနဲ့လာတဲ့ ကလေးတွေအလုပ်ကွ"
"ဟေ့ရောင် ငါတို့ က ဘယ်လောက်ကြီးနေလို့ လဲ၊ ငါက ကလေးအထာဆို၊
မင်းကတော့ လူကြီးအထာလား မင်းရောငါရော အတူတူပဲကွ ဒီနှစ်မှခုနစ်
တန်းတက်မလို့ ပဲရှိသေးတယ်။ ကလေးပဲကွ။ လူကြီးဆိုတာ ဆယ်တန်း
လောက်မှ ဖြစ်တာ မင်းသိလား"

တ္တိ င်း ပြီး ထိ န်း န်


မအေဘေးက ခုကျတော့ သတ္တိတွေကောင်းပြီး အထိမခံရွှေပန်းကန်လာ
လုပ်နေတယ်။
"ငါယီးခလေးပါလား၊ မင်းအောက်လဲ မင်းဟာမင်း ပြန်ကြည့်ဦး . . .
တော်တော် ကျော်စိန့်သား မင်းကို နောက်တခါတော့ မခေါ်ဘူး၊ မင်းက အီး
ပေါလောကောင်ပဲ"
ခဏနေတော့ ကျနော့်လက်ဖက်ရည်ခွက် လာချတယ်။ ကျနော့်ရှေ့က
လက်ဖက်ရည်ခွက်ကို စိုက်ကြည့်ပြီး ခွေးမသား အားတွေတက်နေတာ အသိ
သာကြီး။ စားပွဲပေါ်လက်ဖက်ရည်ရောက်မှ တကယ်ဖျော်ပေးတယ်ဟ လို့
ယုံသွားသလို ရုပ်နဲ့။ လက်ဖက်ရည်မှာတာပဲ တကယ်ဖျော်မပေးလို့ ရမလား။
အဲဒီတော့မှ လှမ်းအော်တယ်။
"ကျနော့်လည်း ချိုစိမ့်တခွက်ပေးဗျ"
စားပွဲထိုးငနာကြီးကလည်း တယောက်တခါမှာနေလို့ ပဲလား မသိဘူး။
မျက်နှာကြီးကို တင်းထောင် မည်းသည်းနေတာပဲဗျာ။ နဂိုမည်းတာလည်း
ဖြစ်ချင်ဖြစ်မှာပါ။ အံတောင်တချက်ကြိတ်လိုက်သေးသလားမသိဘူး။ မသိ
ရင် ကျနော်တို့ နှစ်ယောက်များ လက်ဖက်ရည်သူတောင်းစားတွေ ကျနေတာ
ပဲ။
ပုတုအတွက်ပါ လက်ဖက်ရည်ရောက်လာတဲ့နောက်တော့ ကျနော်တို့ လည်း
လက်ဖက်ရည်တခွက်စီ ရှေ့ချရင်း တငုံ ငုံလိုက်၊ လမ်းကို ငေးလိုက်၊ တက
ယ့်လူကြီးကြီးတွေတောင် ကျနော်တို့ လောက် အိန္ဒြေရမယ် တည်ကြည်
ခန့်ညားလိမ့်မယ် မထင်ဘူး။ ရေလည်မိုက်တယ်ဗျာ။ တခုပဲ ကျနော်တို့
ဆေးလိပ်မသောက်တတ် သေးဘူး။ ဒါလည်း တနေ့ဖြစ်ရမှာပေါ့။ ဆရာမ
တွေ အထင်ကြီးအောင်လုပ်ချင်တဲ့ အတန်းထဲက တချို့ကောင်တွေ စာအုပ်
နောက်ကျောဖုံးမှာ ဝိုင်းလှနေအောင် ရေးထားတတ်တဲ့ ကဗျာလိုပဲ။
"ယောကျာ်းတံခွန် လူရည်ချွန်က ကောင်းကင်တမွတ် ကြယ်ကိုစွတ်လည်း မ
လွတ်စတမ်း ရမြဲလမ်းတည်း" တဲ့။ ခုနစ်တန်းတောင် မတက်ရသေးတဲ့
အရွယ်မှာ လူကြီးမပါဘဲ လက်ဖက်ရည်ဆိုင်ထိုင်တာကကို တချို့ကောင်
တွေ အတွက်ဆိုရင် လွန်လှပြီ။ ဟိုးအရှေ့ဆုံးဝိုင်းက ဦးလေးကြီးလို
စီးကရက်ဗူးလေး စားပွဲပေါ်ချပြီး စတိုင်ကျကျ တလိပ်ပြီးတလိပ်ထုတ်
သောက်ဖို့ ကတော့ မလွယ်သေးဘူးပေါ့ဗျာ။ တနေ့ပေါ့၊ အချိန်တွေ အများ
ကြီးရှိသေးတာပဲ။ လူတိုင်းငယ်ရာကနေ ကြီးရတာ။ ငါတို့ လည်း တနေ့
သေချာပေါက် အစ်ကိုကြီးတွေလို ဖြစ်လာမှာကွလို့ လျှာပေါ်ရောက်လာတဲ့
ခါးသက်သက်ကျစိမ့်လက်ဖက်ရည်ကို ရှုံ့မဲ့နေအောင်အရသာခံရင်း ကျုံး
ဝါးလိုက်မိတယ်။ အမှန်က ကျနော်လည်း ပုတုလို ချိုစိမ့်လောက် သောက်ရ
က် က် ည် က် င် လို့ င် စိုး လို့ စိ မ့်
မှာ၊ ခုမှ လက်ဖက်ရည်သောက်ဖူးတဲ့ ကောင်လို့ ထင်ခံရမှာ စိုးလို့ ကျစိမ့်
မှာလိုက်တာ။ အရမ်းခါးတာပဲဗျာ။ ပုတုဆိုတဲ့ကောင်ကလဲ အစောတုန်းက
သာ ဘုန်းကြီးနောက်က ကပ္ပိယလို ခွေးခြေကလေးပေါ် တရိုတသေ တင်
ပလ္လ င်ချိတ်ထိုင်နေခဲ့တာ။ သူ့ရှေ့လက်ဖက်ရည် ခွက်ရောက်ပါပြီ ဆို
ကတည်းက ရုတ်တရက်ကြီး ခြေထောက်နှစ်ချောင်းကို နွယ်ပင်များလို လိမ်
ချိတ်ပြီး ထိုင်လိုက်သေးတယ်။ နှစ်ပေါင်းများစွာ အသားကျနေတဲ့ အလုပ်
ကို လုပ်နေသလိုမျိုးပေါ့။
"မအေဘေး ခုကျတော့ စတိုင်တယ်ကျနေပါလား" လို့ ကျနော်ပြောတော့ ဒ
င်းက ပြန်ပြောသေးတယ်။
"ဟေ့ရောင်စတိုင်ရှိမှ စတားဖြစ်တာကွ" တဲ့။
"အေး မလိုင်ရှိရင်တော့ မင်း ကုလားဖြစ်မှာ" လို့ ကျနော် ပြန်ပြောလိုက်
တယ်။
အဲဒါ ခြောက်တန်းနှစ်အပြီး နွေရာသီကျောင်းပိတ်ရက်တွေထဲက တရက်မှာ
ကျနော်နဲ့ ကျနော့်သူငယ်ချင်းပုတုတို့ ရဲ့ ပထမဆုံးလက်ဖက်ရည်ဆိုင်
စွန့်စားခန်းကြီးပဲဗျ။ ကျောင်းမှာ၊ ဝင်းထဲက မှို့ပင်ကြီးပေါ်မှာ တလကိုး
သီတင်း အောင်ပွဲရစစ်သူကြီးတွေလို ပြန်ပြောပြလို့ ကို မဆုံးတော့ပါဘူး။
ကျန်တဲ့ကောင်တွေကလဲ ထစ်ခနဲရှိရင် ဝမ်းစမိုး၊ ဝမ်းစမိုးနဲ့တောင်းဆိုလို့ ကို
မပြီးဘူး။
"ဟေ့ရောင် မင်းတို့ လက်ဖက်ရည်ဆိုင်ထိုင်တုန်းက အကြောင်းလေး
ပြန်ပြောပြပါဦး" ဆိုတာချည့်ပဲ။ ပြန်ပြောပြတိုင်းလဲ
ကျနော်ကတော့ သိသိသာသာ ရင်ကိုကော့ထည့်လိုက်ပြီး ခေါင်းကိုပါမော့
ပြောတာ။ ကြက်သီးမွေးညင်းတွေတောင် ထတယ်ဗျာ။ မပီကလာပီကလာနဲ့
မေသန်းနုဘက်ထရီကြော်ငြာလိုပေါ့။ တခွက်က မီးထွန်းဖို့ ၊ တခွက်က ကက်
ဆက်ဖွက်ဖို့ ၊ တာရှည်သိပ်ခံတဲ့ ဂုဏ်တင့်မှုကြီးပဲကိုး။
အခန်း (၂)

ခု နစ်တန်းနှစ်မှာ ကျနော် အတောင့်တဆုံးအရာက အထာကျတဲ့ ဘဲကြီးတ


ဗွေ ဖြစ်ချင်တာပဲ။ ဘယ်လောက်ထိတောင်များ လူကြီးလူပျိုဖြစ်ချင်သလဲ
ဆိုရင် ရှစ်တန်းနှစ်မှာ ပုဆိုးကို ချက်ပြုတ်လို့ ခေါ်တဲ့ဝတ်နည်းနဲ့ ဝတ်တတ်
ပြီ။ သူများတွေဝတ်ထားရင် ကြည့်ရဆိုးသလိုရှိပေမယ့် ကိုယ့်ဟာကိုယ်ကျ
တော့ မိုက်တယ်ဗျ။ ပုဆိုးချက်ပြုတ် အောက်ကရှပ်တိုက်နဲ့။ တံမြက်စည်း
လှည်းပေးနေသလိုပဲ။ ကျနော်တို့ ကိုကြည့်ပြီး မျက်မှောင်ကြုတ်သွားတဲ့
စိတ်ပျက်လက်ပျက်နဲ့မျက်နှာလွှဲသွားတဲ့ ဦးလေးကြီးအဒေါ် ကြီးတွေဆိုတာ
ခဏခဏကြုံရတယ်။ မျက်နှာမလွှဲခင် မသတီသလိုက ကြည့်သွားသေး
တယ်။ ဂရုမစိုက်ပါဘူးဗျာ။ ကျနော်တို့ က အေးဆေးပဲ။ မျက်နှာကလည်း
တတိုင်းပြည်လုံး ကျနော်တို့ လုပ်စားထိုင်စားနေရတဲ့ရုပ်မျိုး။ မထီလေးစား
ပဲ။
အသံတောင်ထွက်မဖတ်တတ်သေးတဲ့ စီးကရက်ဗူးတွေ ကျောင်းရှေ့အေး
ရှားလိုက်ဆိုင်ကနေဝယ် တလိပ်ပြီးတလိပ် မီးရှို့ပြီးဖွာနေတာပဲ။ ဆယ့်နှစ်
နှစ်၊ ဆယ့်သုံးနှစ်အရွယ်လေးနဲ့ဆောင့်ြွကားြွကားပေကတ်ကတ် ကျနော်
တို့ ချာတိတ်တသိုက်ကို ရပ်ကွက်ထဲကလူကြီးတွေဆိုတာ ဘယ်လောက်
တောင် သောက်မြင်ကတ်နေလိမ့်မယ် မသိနိုင်ဘူး။ ဝင်းထဲက တချို့အဒေါ်
ကြီးတွေဦးလေးကြီးတွေဆိုရင် ကျနော့်ကိုကြည့်ပြီး နှာခေါင်းတရှုတ်ရှုတ်ပဲ။
စတာနောက်တာလိုလိုနဲ့ နရင်းရိုက်သွားတဲ့လူတွေကရှိသေးတယ်။
သက်သက် အနိုင်ကျင့်တာပေါ့ဗျာ။ သူတို့ သားသမီးသူတို့ ရိုက်ပါလား။
လူကြီးတွေက အဲ့လိုလုပ်လေ ဆယ်တန်းကျောင်းသားအရွယ်ကို မြန်မြန်
ရောက်ချင်လေပဲ။ အဲဒီထက်နည်းနည်းပိုကြီးရင် ပိုတောင်ကောင်းသေး
တယ်။ ကျနော်နေတဲ့ တိုက်တန်းလျားရဲ့ရှေ့ ဘောလုံးကွင်း၊ ဘောလုံးကွင်း
တဖက်က မြောင်းပေါင်ပုံစံမျိုး လုပ်ထားတဲ့ အုတ်ခုံစိမ်းမြမည်းမည်း
ကလေးပေါ် ညနေခင်းဆိုရင် ဆံပင်ရှည်တွေ၊ တက်တူးတွေ နားပေါက်တွေ
အသီးသီးနဲ့ ကိုယ်စီကိုယ်စီ ဆေးလိပ်ဖွာသူကဖွာ၊ ကွမ်းဝါးသူက ဝါး၊ ဂစ်
တာလေး တဒေါင်ဒေါင် တဒင်ဒင်နဲ့ လုပ်နေတဲ့ အသက်နှစ်ဆယ်အစိတ်
အရွယ် အစ်ကိုကြီးတွေကတော့ အမိုက်ဆုံးအရွယ်ပဲ။
ကျနော်တယောက်တည်း အဲ့လိုကြီးကွက်ပြီး လူပျိုဖြစ်ချင်နေတာလားဆို
ရင်တော့ ဘယ်ဟုတ်လိမ့်မှာတုန်း ကျနော်တို့ တဖွဲ့လုံးပဲ။ ကျနော်တို့ တဖွဲ့လုံး
လို့ ပြောရတာ အရမ်းများတယ်။ လူများလွန်းလို့ တယောက်ချင်းလဲ မိတ်
က် နို င် ဖြ င့် နော် ယ် ယ် င်း န်း ယ် မြ တ်
ဆက်မပေးနိုင်ဘူး။ အထူးသဖြင့် ကျနော်ရယ် ပုတုရယ် မင်းဆန်းရယ် မြတ်
ကျော်ရယ် ဝင်းကိုရယ်။ ဒါကိုက မတအားများနေပြီ။ ကျန်တဲ့ နာမည်ထည့်
မပြောတဲ့ ကောင်တွေလည်းရှိသေးတယ်။ ဒီပြင့် ကျနော်နာမည်မသိတဲ့
ကောင်တွေလည်း ကျနော်တို့ လိုပဲ။ ခုနစ်တန်းအရွယ်ဆိုတာ ဆယ့်နှစ်နှစ်၊
တချို့ကိုးလို့ ကန့်လန့်လတွေမွေးလို့ တနှစ်အောက်လိုက်ရတဲ့ကောင်တွေဆို
ရင် ဆယ့်သုံးနှစ်။ ဆယ့်သုံးနှစ်သားဆိုတာ လူပျိုဖြစ်ဖို့ တည်းတည်းလေးပဲ
ကျန်တော့တာ။ တချို့ကောင်တွေဆို ဝက်ခြံတောင်ထွက်နေပြီ။
အဲဒီအရွယ်အကုန်လုံးက အေတန်းကကောင်တွေလို နွဲ့တဲ့တဲ့နဲ့စာမှစာ၊ အိမ်
ရဲ့ အဖိအသိပ်ကို ငါးပိငါးခြောက်လို ပြားနေရတဲ့ ကောင်တွေကလွဲရင် ကျ
နော့်သူငယ်ချင်းတွေအကုန် ကျနော်လိုပဲ။ နောက်ပြီး ကျနော့်မှာက
ကျောင်းသူငယ်ချင်း အိမ်သူငယ်ချင်းရယ်လို့ ခွဲပြီးရှိတယ်။ ကျနော့်
သူငယ်ချင်းတွေဆိုတာ ကျနော်တို့ ခိုးခိုးစားနေကြ မာလကာသီးတွေ၊ သံပု
ယိုသီးတွေ၊ ငှက်ပျောသီးတွေလိုကို များတာ။ ညအိပ်ချိန်ကလွဲရင် တ
ယောက်အနားမှာ တယောက်ယောက်တော့ အမြဲရှိနေတာပဲ။ ကျနော့်
သူငယ်ချင်းတွေ အားလုံးမှာ တူညီတဲ့အချက်ကတော့ သူ့ထက်ငါဦးအောင်
လူပျိုမြန်မြန်ဖြစ်ချင်ကြတာချည့်ပဲ။ အပြေးပြိုင်ပွဲလို ပြေးလို့ များရရင် မှုန်
နေအောင်ပြေးမယ့်ကောင်တွေချည့်ပဲ။
ဝင်းထဲက သူငယ်ချင်းတွေထဲမှာတော့ ကျနော်ရယ် ပုတုရယ် မင်းဆန်းရယ်
က အစွာဆုံးပဲ။ ကျန်တဲ့ကောင်တွေလဲ သူတို့ အုပ်စုနဲ့သူတို့ ကျနော်တို့ လိုနေ
မှာပါပဲ။ လက်ဖက်ရည်ဆိုင်ထိုင်မယ့်နေ့မတိုင်ခင် ကတည်းက ကျနော်တို့
သုံးယောက်သား "တို့ လက်ဖက်ရည်ဆိုင် သွားထိုင်ကြရအောင်ကွာ" လို့
အတူတိုင်ပင်ထားတာပေမယ့် မင်းဆန်းဆိုတဲ့ကောင်က သူ့အစ်ကိုကြီး
အလစ်ထွက်ဖို့ ရာ ဘယ်လိုမှ မလစ်တာနဲ့ ကျန်ခဲ့တာ။ ဒီကောင်တော့ တ
သက်လုံးနောင်တရနေတော့မှာ။ ကျနော်နဲ့ပုတုက ကျန်တဲ့ကောင်တွေ ည
ဘက်အိပ်ရာဝင်မှ အိပ်မက်ထဲ ထည့်မက်ရတဲ့ လက်ဖက်ရည်ဆိုင်ထိုင်ဖူး
ခြင်းကို အရင်ဆုံးလုပ်ဖူးတဲ့ကောင်တွေဖြစ်သွားတယ်။ တကယ့်မာန်တက်
ချင် စရာကြီး။ သူတို့ တွေအတွက်တော့ ကျနော်နဲ့ ပုတုဆိုတာ လကမ္ဘာပေါ်
ခြေချဖူးတဲ့ကောင်တွေလိုပဲ။
"ဟေ့ရောင်တွေ အဲဒီမှာ ဘယ်ယုန် ဘယ်ဆန်ဖွပ်တဲ့ အဘိုးအိုမှမရှိဘူး။ ဘာ
ထမင်းဆီဆမ်း ဘာရွှေလင်ပန်းမှလဲ မရှိဘူးကွ" ဆိုတာမျိုးပေါ့ဗျာ။
လက်ဖက်ရည်ဆိုင်ထိုင်ပြီး နောက်နေ့ကျတော့ ကျနော်တို့ တွေရဲ့ ဌာနချုပ်
စခန်းဖြစ်တဲ့ မှို့ပင်ကြီးပေါ်မှာ တယောက်တကိုင်းစီထိုင်ကြရင်း ကျနော်တို့
နှစ်ယောက်က ဒီကောင်တွေကို သင်ခန်းစာပို့ ချ အိမ်စာပေး လုပ်နေရတာ
ပေါ့။
ဒီ င် ကြော က် ယ် ငါ တ် င်း
"ဒီကောင်က ကြောက်နေသေးတယ်ကွ ဟား ဟား ဟား ငါ ဇွတ်အတင်းဆွဲ
ခေါ်ရသေးတာပေါ့"
"အောင်မာ ကြောက်လို့ မဟုတ်ပါဘူးကွာ ငါ့ဦးလေးနဲ့ သိတဲ့လူတွေ ရှိနေမှာ
စိုးလို့ ပါ"
"ဟိုဘက်ရပ်ကွက်ကဆိုင်သွားသောက်တာကွာ မင်းဦးလေးနဲ့ ဘယ်လိုလုပ်
အသိရှိမှာလဲ၊ မင်းက စကြောက်ပဲဟာ၊ ကြောက်ရင်ကြောက်တယ်ပေါ့ မရွှီး
နဲ့ဟေ့ရောင်"
မဟာစွန့်စားခန်းကြီးအကြောင်းမစခင် ပုတုနဲ့က အရင်စကားများရသေး
တယ်။ ခုကျတော့ ဒီကောင်က မသိရင် လက်ဖက်ရည်ဆိုင်ကို ရှေ့ကနေ
ရင်ကော့ဝင်တာပဲ သူလိုလိုလုပ်နေတာ။ ဟိုမှာတုန်းကကျတော့ သေးတောင်
ထွက်မကျတာကံကောင်း။ မအေဘေး ကြောက်တုန်းက ကြောက်နေခဲ့ပြီး
တော့။ ကျနော်က အဲဒါမျိုးဆို သောက်ရမ်းတင်းတာ။
"လက်ဖက်ရည်တောင် မမှာရဲတဲ့ကောင်ကများ"
"မင်းကရော စားပွဲထိုးခေါ် ရဲလို့ လားကွ"
ကျနော်တို့ နှစ်ယောက်က အဲ့လိုရန်သတ်နေရတော့ ဟိုကောင် မင်းဆန်းက
လည်း မနေနိုင်တော့ဘူး။ ဒီကောင်ကတော့ နဂိုကတည်းကလည်း သူမလိုက်
လိုက်ရလို့ စိတ်ဆိုးနေတာလဲပါတယ်။ သူ့ညာဘက်လက်ကို လက်သီးဆုပ်
ထားပြီး အဲဒီလက်သီးဆုပ်ကို ဘယ်ဘက်လက်နဲ့ဆုပ်နေရင်းက ပြောတယ်။
မသိရင် ကျနော်တို့ ကို ထထိုးတော့မယ့်အတိုင်းပဲ။
"ပြောမှာသာပြောစမ်းပါကွာ အရေးထဲ မင်းတို့ နှစ်ကောင်က အဝေမတည့်
ဖြစ်နေသေးတယ် ငါ့လခွီး"
ဒီကောင်ကလဲအလွန်မနာလိုအားကြီးတဲ့ကောင် ခေါ်တုန်းကကျတော့ လိုက်
ဖို့ မကြိုးစားဘူး။ သူများပြောတာ နားထောင်ရမယ့်ကိစ္စကျမှ အလျင်တွေလို
ပြီး ဂဏှာမငြိမ်ဖြစ်နေတယ်။ ဒီကောင့် ခြေထောက်နှစ်ဖက်က ပြုတ်မ
ကျအောင် ကိုင်းကိုခွထားရသေးတော့ ဒီကောင့်ဟာ အသားဖြူနေလို့ သာ
မည်းများမည်းရင် မိုးမျှော်တိုက်ကြီးပေါ်တွယ်တက်နေတဲ့ စိတ်မတအားဆိုး
နေတဲ့ ကင်းကောင်ကြီးနဲ့တထေရာတည်းပဲ။ ကျနော်လဲ အချိန်မဆွဲတော့ဘဲ
စပြောပြရတယ်။
"အေးကွ ငါတို့ လည်းမဝင်ခင် ဆိုင်ထဲအရင်ရှိုးတာပေါ့ကွာ၊ လက်ဖက်ရည်
ဆိုင်လေးက မဆိုးပါဘူး။ နည်းနည်းကျဉ်းတော့ အိုက်တော့အိုက်တာပေါ့
ကွာ။ လမ်းပေါ်က ငါကြည့်လိုက်တော့ ဘဲကြီးတွေဆိုတာ မနည်းဘူးဟေ့
ရောင်ရေ၊ ထိုင်နေကြတာ ငါလည်း ပုဆိုးလေးမပြီး ခပ်တည်တည်ဝင်သွား
ပေါ့ ဒီ င် က် လို က် ယ် ဝို င်း တ် ဝို င်း
ရော ရေ ထို နေကြ ည်း ပု ဆိုး ပြီး ည် ည် သွား
တာပေါ့ကွာ၊ ဒီကောင်လဲ နောက်က လိုက်လာတယ်။ ဝိုင်းလွတ်က တဝိုင်းပဲ
ရှိတော့တာဟ။ စားပွဲထိုးကလည်း ချာတိတ်လေးပါကွာ ငါတို့ ဝင်လာတာနဲ့
အစ်ကိုလာ ဟိုတဝိုင်းလွတ်သေးတယ်လို့ လှမ်းပြောတယ်ကွ"
အမှန်က ကျနော်တို့ နှစ်ယောက်စလုံး ဘောင်းဘီတိုကလေးတွေဝတ်သွား
တာ။ ဒါပေမယ့် သိတယ်မဟုတ်လား ဖောရှောပေါ့ဗျာ။ ပုတုက ကျနော့်
မျက်နှာကို လှမ်းကြည့်တယ်။ မင်းဘာမဟုတ်တာတွေ လီဆယ်နေတာတုန်း
လို့ ပြောချင်တာနေမှာပေါ့။ ဘာမှတော့ မပြောဘူး။ ခေါင်းတညိတ်ညိတ်
လုပ်နေရင်းက သူနဲ့နီးတဲ့ကိုင်းပေါ်က ဝင်းကို ဒူးခေါင်းကို လှမ်းခေါက်ပြီး
သေချာနားထောင်ကွဆိုတဲ့ပုံမျိုး သတိပေးနေသေးတယ်။
"ကောင်တာထိုင်တာကလည်း စော်လေးတပွေပဲကွ ငါတို့ လောက်ပဲ။ သိပ်
အချောကြီးထဲကတော့ မဟုတ်ပါဘူးကွာ။ သူကလည်း ငါတို့ ဝင်လာတာမြင်
တော့ ပါးစပ်ကဘာမှမပြောပေမယ့် စားပွဲထိုးကို သေချာလုပ်ဟေ့ ဆိုတဲ့ပုံ
မျိုး လှမ်းကြည့်လိုက်သေးတယ် ဟား ဟား။ သိပ်မချောပါဘူးကွာ နော့်
ဟေ့ရောင် ပုတု"
"ဟုတ်တယ် သိပ်မချောဘူး" ပုတုကလည်း ခေါင်းတငြိမ့်ငြိမ့်နဲ့ချက်ချင်းဝင်
ထောက်ပေးတယ်။
"အဲဒါနဲ့ ငါနဲ့ ဒီကောင်လည်း လွတ်တဲ့ဝိုင်းပဲဝင်ထိုင်လိုက်ရတယ်။ ထိုင်ချင်
တာက လမ်းကိုမြင်ရတဲ့ ရှေ့ဝိုင်း ထိုင်ချင်တာကွ။ မလွတ်တော့လည်း ဘယ်
တတ်နိုင်မှာလဲ။ ထိုင်ထိုင်လိုက်ချင်းပဲ အစ်ကိုတို့ ဘာသောက်မလဲ တဲ့ မေး
တယ်"
အဲဒီနေရာရောက်တော့ ကျနော်လည်း ဒီကောင်တွေသေချာမှ နားထောင်နေ
ရဲ့လားဆိုပြီး တချက်ဝေ့ကြည့် လိုက်သေးတယ်။ အကုန်လုံးရဲ့မျက်လုံးတွေ
ဟာ ကျနော့်မျက်နှာဆီမှာချည့်ပဲ။ မြတ်ကျော်ဆိုတဲ့ကောင်ဆို လူက နဂိုကမှ
မျက်လုံးပြူးပြူး မဲမဲရှည်ရှည်ကို ဒီကောင့်ပုံစံကြည့်ရတာ ပိုမဲ ပိုရှည်လာပြီး
ပိုတောင်မျက်လုံးပြူးလာသလိုပဲ။ သွားရည်တွေတောင် ထွက်ကျတော့
မတတ် ငေးနေလိုက်တာ။ ကျနော်လည်း ကျောက ခြင်ကိုက်တာလိုလို၊
ပေါင်က ယားတာလိုလိုနဲ့ ကျနော်ထိုင်နေတဲ့ ကိုင်းကနေ နည်းနည်းပိုကြီး
သက်သောင့်သက်သာပိုဖြစ်မယ့် ကိုင်းဆီကူးပြီး အကျအနေဖြစ်အောင်
သေချာပြင်ထိုင်လိုက်တယ်။ ဆက်မပြောသေးဘူး သိပ်စိတ်ဝင်စားစရာ
လည်း မဟုတ်လှပါ ဘူးကွာဆိုတဲ့ အချိုးမျိုးနဲ့ ဘောလုံးကန်ရင်း ရထားတဲ့
ခြေမျက်စိနားက အနာဖေးလေးကိုကုတ်ပြီး ခွာကြည့်နေ လိုက်တယ်။ အနာ
ပတ်လည်ကလဲ ယားလာတာနဲ့ ဆက်ကုတ်နေရတာပေါ့။ အဲဒီလိုအနာဘေး
သားလေးတွေကို ဖွဖွလေးကုတ်ရတာတော့ တကယ့်ဖီးလ်ပဲဗျ။ ဇိမ်သိပ်ရှိ

တ် က် တ် က် တော် တော်
တာ။ ကုတ်လေ ယားလေ ဆက်ကုတ်လေ ဆက်ယားလေနဲ့ တော်တော်နဲ့ မ
ပြီးတော့ဘူးလေ။
"ဟေ့ရောင် ပုတု မင်းပဲဆက်ပြောတော့ ဒီကောင်ပြောတာအကြာကြီးပဲ ပြော
တာကကြာလှပြီ။ ခုထိ လက်ဖက်ရည်မသောက်သေးဘူး"
မင်းဆန်းက ကျနော့်ကို စိတ်မရှည်တော့ဘူး။ သူ့အပေါ်ကိုင်းမှာထိုင်နေတဲ့ ပု
တု ခြေထောက်ကို လှမ်းဆွဲပြီး ပြောတယ်။ ပြီးတော့ သူကလည်း ပုတုရဲ့
မျက်နှာကိုမြင်ရလောက်မယ့် ကိုင်းတကိုင်းဆီ ကူးလိုက်တယ်။ကျန်တဲ့
ကောင်တွေရဲ့ မျက်လုံးတွေကလည်း ချက်ချင်းပဲ ကျနော့်ဆီကနေ ပုတုဆီ
ကို အလင်းထက်မြန်တဲ့နှုန်းနဲ့ ရွှေ့ပြောင်းကုန်ကြတယ်။ လူတွေပါ လိုက်
ကိုင်းကူးကြရတာပေါ့။ ကျနော်လဲ နည်းနည်းတော့ အီးပိတ်သွားတယ်။မင်း
ဆန်းဆိုတဲ့ကောင်က အမြဲတမ်း အဲ့လိုချည့်ပဲ။ လူပါးအင်မတန်ဝတဲ့ကောင်။
နားထောင်ချင်တော့လည်း သူ၊ စိတ်မရှည်တာလည်း သူ။
"မင်းတို့ ကောင်တွေ လက်ဖက်ရည်ဆိုင်ထိုင်တယ်ဆိုတာ ဘာမှန်းသိအောင်
လို့ အသေးစိတ်ပြောပြတာ လေကွာ၊ ပုတုလို လက်ဖက်ရည်ဆိုင်ထိုင်ဖူးတဲ့
ကောင်ဆိုရင်တော့ ဘာအဲ့လောက်ပြောစရာလိုမလဲကွ၊ မင်းတို့ က စေတနာနဲ့
မတန်ဘူး အလကားဖွတ်ကျားတွေ။ ကိုယ်တိုင်လည်း မထိုင်ဖူးဘူး၊ ထိုင်ဖူး
တဲ့ကောင်တွေ စကားကျလည်း ကောင်းကောင်း နားမထောင်ချင်ဘူး။ နားမ
ထောင်ချင် ကိုယ်တိုင် လက်ဖက်ရည်ဆိုင်သွားထိုင်လိုက်လေကွာ"
ပုတုကလည်း ကျနော့်ကိုလှမ်းကြည့်နေတယ်။ ကျနော် စိတ်ဆိုးသွားတာသိ
တော့ ဒီကောင်ကလည်း ဘယ်လိုလဲ ငါပြောပြလိုက်ရမလား ဆိုတဲ့ အကြည့်
မျိုးနဲ့ကျနော့်ကို ကြည့်နေတာကိုး။ ကျနော်လည်း စိတ်ပေါက်ပေါက်နဲ့မင်းပဲ
ပြောလိုက်ကွာ လို့ ပြောလိုက်တယ်။ ပုတုကလည်း ပြောချင်နေတာ လျှာမ
တအားကို ယားနေပုံရတယ်။ တရစပ်ပြောတော့တာပဲ။
"ဒီကောင်က ကျစိမ့်မှာတယ်ကွာ၊ ငါကျ အခါးသိပ်မကြိုက်တာနဲ့ ချိုစိမ့်ပဲ
မှာလိုက်တယ်။ မဆိုးပါဘူးကွ လက်ဖက်ရည်အရသာက အဖျော်ဆရာ
ကောင်းပါတယ်။ ရေနွေးကြမ်းလဲ မဆိုးဘူး။ ဟိုဟာကွာ ရေနွေးကြမ်းခွက်
တွေ ကတော့ ညစ်ပတ်တယ်ကွ။ နောက်ပြီး ကောင်တာက အဒေါ် ကြီးကလဲ
... အဲ"
"ဘာကောင်တာက အဒေါ် ကြီးလဲ ဟိုကောင်ပြောတော့ စော်လေးဆို၊ မင်းတို့
ကောင်တွေ မညာနဲ့နော် ၊ တကယ်ရော လက်ဖက်ရည်ဆိုင်ထိုင်ခဲ့ရဲ့လား"
ချက်ချင်းပဲ ဇဝေဇဝါဖြစ်နေတဲ့မျက်နှာနဲ့ဝင်းကိုက ဝင်မေးတယ်။ မင်းဆန်း
ကလည်း ကျနော့်ကိုလည်းကြည့် ပုတုကိုလည်းကြည့် သိပ်ယုံချင်တော့ပုံ မ

ဆို ဒီ ပ် လို က် င် လို က်


ရတော့ဘူး။ ပုတုဆိုတဲ့ ဒီခွေးမသားဟာ လုပ်လိုက်ရင် အဲ့လိုသောက်တလွဲ
ချည့်ပဲ။ ကျနော်ရှေ့ကဖောသမျှ ဒီကောင်နောက်က လိုက်ဖော်တတ်တယ်။
ကျနော်လည်း မနေသာတော့ဘဲ ဝင်ပြော ရတော့တာပေါ့။ ဝင်ပြောဖို့
အကွက်စောင့်နေတာပဲဟာ။ နောက်ပြီး ဘာမှမဟုတ်တာလေးနဲ့ တကယ်
ကြီး လက်ဖက်ရည်ဆိုင်ထိုင်ခဲ့တာကို အယုံအကြည်မဲ့သွားရင် ကျနော်တို့
စွန့်စားခန်းကြီးတခုလုံး ရေစုန်မျောသွားမှာပေါ့။
"တို့ လက်ဖက်ရည်သောက်တဲ့အချိန်ကျတော့ ကောင်မလေးက ထသွားပြီ
ဟ၊ သူ့အမေကြီးလားမသိဘူး ကောင်တာထိုင်နေတာ။ ဒီကောင်က မသိ
လိုက်ဘူး။ ငါကကောင်မလေးကို ရှိုးနေတာဆိုတော့ သိတာပေါ့}}
အဲဒီတော့မှ ကျန်တဲ့ကောင်တွေလည်း ကျေနပ်သွားပုံရတယ်။
"ပုတုက မပြောတတ်ဘူးကွ၊ မင်းပဲပြောတော့ ဟေ့ရောင်" တဲ့ မြတ်ကျော်က
ကျနော့်ကိုပဲ ပွဲတောင်းတယ်။ ပုတုကတော့ သနားပါတယ် သူဘာမှတောင်မ
ပြောရသေးဘဲ အမှားပါသွားတော့ မျက်နှာလေးကို ငယ်သွားတာပဲ။ မတတ်
နိုင်ဘူးဗျာ။ သူကိုက နုံတာကိုး။ ဒီတော့ ကျနော်လည်း ဒီကောင်တွေအကုန်
ကျနော့်မျက်နှာကို မြင်ရလောက်မယ့် ကိုင်းဆီလှမ်းကူး ချောင်းတချက်ရှင်း
လိုက်ရင်း ဇာတ်လမ်းအစုံကို ပြန်ပြောရတော့တာပေါ့။ လက်ဖက်ရည်ဆိုင်
အကြောင်း စာစီစာကုံးရေးသလိုပဲ။ သိထားတာအကုန် ဟုတ်တာတွေရော
မဟုတ်တာတွေရော အိတ်သွန်ဖာမှောက် ဒေါင့်စေ့အောင်ပြောတော့တာ။
ဆိုင်အတွင်းထဲက မြင်ကွင်း၊ ဘဲကြီးတွေ လက်ဖက်ရည်ဆိုင်မှာ သောက်
စကားအရမ်းများပုံ စသဖြင့် အရင်တုန်းက ကျောင်းသွားရင်း လှမ်းလှမ်း
ငေးတတ်တဲ့ လက်ဖက်ရည်ဆိုင်တွေထဲက မြင်ကွင်းတွေပါ ထည့်ပြောရတာ
ပဲ။ တကယ်တမ်းက ကျနော်တို့ ထိုင်ခဲ့တဲ့ ဆိုင်က လူမှမရှိဘဲ။ ဆိုင်ထဲ လူမရှိ
လို့ ထိုင်ရဲတာပါကွာလို့ အပြောခံရမှာဆိုးတာနဲ့ကျနော်လဲ ဆိုင်ထဲမှာ လူတွေ
များလွန်းလို့ တယောက်နဲ့တယောက် တိုက်နေပုံ၊ ဝိုင်းတွေက ကပ်နေတော့
စကားသံတွေကလည်း ဆူညံနေတဲ့အကြောင်း စိတ်ကူးတွေလျှောက်ယဉ်ပြီး
ရေလည်ဖောတာပေါ့ဗျာ။ ဒီကောင်တွေလဲ ဘာသိတာမှတ်လို့ ။ အဆုံးသတ်
ကျမှ ဒီကောင်တွေ မခံချိမခံသာဖြစ်စေမယ့် စကားလေးနဲ့ နိဂုံးချုပ်
ပေးလိုက်တယ်။ ဒညင်းသီး၊ ငပိရည်နဲ့ ဝါးတီးဆွဲလိုက်ရသလိုပဲ မြိန်လိုက်
တာဗျာ။
"ငါတော့ လက်ဖက်ရည်ဆိုင် အမြဲသွားထိုင်တော့မယ်ကွာ၊ လက်ဖက်ရည်
သောက်ရတာ စတိုင်ကျတယ်ကွ၊ ဇိမ်ပဲ။ ငါက လက်ဖက်ရည်လည်းကြိုက်
တယ်။ မင်းတို့ လည်း လက်ဖက်ရည်ဆိုင်လေးတော့ ထိုင်ဖူးသင့်တယ်။ ငါတို့

ယ် က် က် ည် ဆို င် ထို င် ယ့် ယ် င်း တို့ တ်


အရွယ်က လက်ဖက်ရည်ဆိုင်ထိုင်ရမယ့် အရွယ်ပဲလေ။ မင်းတို့ က ခေတ်
နောက်ကျလွန်းတယ်"
စွန့်စားခန်းကို လက်စသတ်ပြီးတဲ့နောက် အကုန်လုံးရဲ့မျက်နှာတွေကို ကျ
နော် လိုက်ကြည့်မိတယ်။ လက်ဖက်ရည်ဆိုင်မထိုင်ဖူးတာ သိပ်
အောက်တန်းကျရပါလားလို့ မင်းဆန်းကအစ အကုန်လုံး တိရစ္ဆာန်ရုံထဲက
မျောက်အိုကြီးတွေလို မှိုင်မှိုင်တွေတွေတော့ ဖြစ်သွားကြတာချည့်ပဲ။ ကျ
နော်လဲ ကြိတ်ပြီးကျေနပ်နေတာပေါ့။ သိပ်ကျေနပ်နေကြောင်း မျက်နှာပေါ်
မှာမပေါ်အောင် မျက်နှာပိုးတော့သတ်ထားရတာပေါ့။
"အိမ်ပြန်လိုက်ဦးမယ်ကွာ။ အမေ့ကို ဆိုင်ထိုင်ပေးရဦးမှာ"
ပုတုကိုလည်း လစ်ရအောင်ဆိုတဲ့သဘောနဲ့ခါးတချက်တို့ လိုက်ပြီး ခပ်တည်
တည်နဲ့ သစ်ပင်အောက်ကိုဆင်း အနိုင်နဲ့ပိုင်းထွက်ခဲ့လိုက်တယ်။ ကျန်ခဲ့တဲ့
သုံးကောင်ကတော့ အပင်ပေါ်ကနေ ကျနော်တို့ နှစ်ယောက်ရဲ့နောက်ကျောကို
မချင့်မရဲနဲ့ ငေးကြည့်ကျန်နေခဲ့ကြမှာ သိပ်သေချာတာပေါ့။ မအေဘေးတွေ
မှတ်စမ်းကွာ။
ကျောင်းတွေဖွင့်တဲ့ရက် မနက်ခင်းတွေမှာဆိုရင် ကျနော်တို့ က ကျောင်းနဲ့
အိမ်ကြား တမိုင်လောက်ခရီးကို လမ်းတလျှောက်က လက်ဖက်ရည်ဆိုင်
တွေကို ငေးရင်းနဲ့ပဲ သွားကြတာ။ ကျနော်တို့ ဆိုတာ ကျနော်ရယ် ပုတုရယ်၊
မင်းဆန်းရယ် သုံးယောက်။ သုံးယောက်သား လက်ဖက်ရည်ဆိုင်မြင်လိုက်
တာနဲ့ မျက်လုံးမခွာတော့ဘူး။ ခြေထောက်က သူ့ဘာသာသူ သွားနေလို့ သာ
ကျောင်းရောက်တော့တာပဲ။ မျက်လုံးတွေက လက်ဖက်ရည်ဆိုင်မှာ တည်
လျက်ပဲ။ ကျော်သွားတော့လဲ ခေါင်းတွေစောင်းလို့ လည်ပြန်၊ ငေးနေတဲ့
လက်ဖက်ရည်ဆိုင်နဲ့ တော်တော် ဝေးဝေး မမြင်ရတော့တဲ့အထိ။ နောက်
လက်ဖက်ရည်ဆိုင်တခုအနား မရောက်မချင်း ကျန်ခဲ့တဲ့ လက်ဖက်ရည်ဆိုင်
ရဲ့ ဘယ်နေရာလေးမှာ ဘယ်လိုထိုင်လိုက်လို့ ကတော့ကွာလို့ တမ်းတနေ
တော့တယ်။ ပြီးတော့ ဆိုင်အခင်းအကျင်း၊ စားပွဲခုံတွေ၊ ခွေးခြေတွေ၊
ရေနွေးကြမ်းအိုးရဲ့ ဒန်ရောင်တောက်နေ မနေအထိ အကျိုးအပြစ်အနာ
အဆာ ခွဲခြမ်းစိတ်ဖြာ ကြတယ်။
“ဆိုင်ကကျဉ်းတယ်ကွ၊ ဝိုင်းလေးတွေက ကပ်နေတာ၊ ငါက တဝိုင်းနဲ့တဝိုင်း
တအားသိပ်နီးနေရင် မကြိုက်ဘူး” ဆိုတာမျိုး ဆရာကြီးအထာတွေနဲ့။
နောက်လက်ဖက်ရည်ဆိုင်တခုကိုတွေ့ပြန်တော့ အရင်ဆိုင်ကို ငေးခဲ့သလို
မျိုး အစကနေ ပြန်ငေး။ ကျောင်းပေါက်ရောက်တဲ့အထိပဲ။
ကျနော်တို့ နဲ့ကျောင်းမတူတဲ့ မြတ်ကျော်နဲ့ဝင်းကိုတို့ အုပ်စုလည်း ကျနော်တို့
လိုပဲ။ ဒါပေမယ့် ဒီကောင်တွေက ဖယ်ရီရှိတယ်။ ဖယ်ရီကားပေါ်ကလှမ်းငေး
ဆို င် နော် တို့ က် က် က် ည် ဆို င်
ရတာဆိုတော့ အဲ့ကောင်တွေ ကျနော်တို့ လောက်တော့ လက်ဖက်ရည်ဆိုင်
အကြောင်းမသိဘူး။ ဒီကောင်တွေက ကျနော်တို့ နဲ့ တဝင်းတည်းနေတဲ့
သူငယ်ချင်းတွေမို့ သာပါ။ အတော်များများ မတူဘူး။ သူဌေးသားလေးတွေ။
သူတို့ အဖေအမေတွေက ဒီကောင်တွေနှစ်ကောင်ကို မတအား ဖူးဖူးမှုတ်ချင်
တာ။
“သားလေး ရေချိုးတော့မယ်ဟေ့၊ သားလေးရေ စာကျက်ရအောင်ဟေ့”
အဲဒီလိုတွေသူတို့ တိုက်ဝရန်တာကနေ အော်အော်ခေါ်တာ။ အဲဒီကောင်တွေ
မှာ ခုနစ်တန်းရောက်နေပြီ။ ရေမိုးချိုးပြီးရင် မိန်းကလေးတွေလို သနပ်ခါးအ
ဖွေးသားနဲ့။ သပွတ်တံနဲ့တောင် ခြစ်ထားသေးလို့ သစ်ရွက်ခြောက်ကလေး
တွေ ပါးပေါ်တင်ထားသလို အစင်းကလေးတွေပါသေး။ အဆိုးဆုံးက
ထမင်းစားခေါ်တာပဲ။
“သားလေးရေ မန်မန်းစားမယ်” တဲ့။
ပေါတောတောနဲ့ဗျာ။ အဲဒီလို သူတို့ အမေတွေ တကြော်ကြော်အော်ခေါ်တဲ့
အချိန်ဆိုရင် ဒီကောင်တွေနှစ်ကောင်ဆိုတာ မတအားရှက်ကြတာ။ မျက်စိ
ပျက် မျက်နှာပျက်နဲ့ တန်းလစ်တာပဲ။ ဒီအရွယ်ကြီးကို မန်မန်းစားမယ်ဆို
တာကျ အောက်တယ်လေဗျာ။ သိတယ်မို့ လား။ သိက္ခာချနေသလိုပဲလေ။
အဲ့နှစ်ကောင်ဟာ အီးတောင် ကိုယ့်ဟာကိုယ် ကုန်းကြရဲ့လား မပြောတတ်
ဘူး။
ကျနော်က ပုတု၊ မင်းဆန်းတို့ လောက် မဟုတ်ပေမယ့် ဆင်းတော့
ဆင်းရဲသားပဲ။ ပုတုနဲ့မင်းဆန်းကျတော့ ဒီကောင်တွေက သူတို့ ဦးလေးတွေ၊
အစ်ကိုကြီးတွေအိမ်မှာကပ်နေရင်း ကျောင်းတက်ရတာလေ။ မုန့်ဝယ်စားဖို့
တောင် မုန့်ဖိုးမရှိတဲ့ကောင်တွေ။ ကျနော်ကချည့် ကျွေးရတာ။ မြတ်ကျော်၊
ဝင်းကိုတို့ ကျတော့ သူတို့ အဖေအမေတွေက ကျနော်တို့ အဖေအမေတွေ
ထက်စာရင်တော့ ပိုက်ဆံချမ်းသာကြတယ်။ သူတို့ အမေတွေကဆိုရင် ကျ
နော်တို့ နဲ့ ပေါင်းတာတောင် သိပ်မကြိုက်ချင်သလိုလို ဘာလိုလိုနဲ့။ ကျနော်
သုံးလေးတန်းနှစ်တွေတုန်းက အိမ်က တီဗွီမဝယ်နိုင်သေးဘူးဗျ။ အဲဒါညဆို
ရင် ဒီကောင်တွေအိမ်တွေမှာ သွားကပ်ကြည့်ရတာပေါ့။ အမြဲတမ်း မဟုတ်
ပေမယ့် တခါတလေ ကျနော်ရောက်ခါမှ တီဗွီကိုကောက်ပိတ်ချင်ပိတ်လိုက်
သေးတာ။ လူကြီးတွေကလဲ သောက်ကျင့်ယုတ်တယ်ဗျ။ ဒါပေမယ့် မြတ်
ကျော်နဲ့ ဝင်းကိုတို့ ကိုတော့ ကျနော်က ခင်ပါတယ်။ ဒီနှစ်ကောင်ကလဲ ကျ
နော့်ကိုခင်တယ်။ ဒါပေမယ့် သူတို့ အဖေတွေအမေတွေကို သောက်မြင်ကတ်
တာနဲ့ဒီကောင်တွေနဲ့သိပ်မပေါင်းဘူး။

မြ တ် ကျော် င်း ကို တို့ က် င်း နော် တို့ တို က်


မြတ်ကျော်နဲ့ ဝင်းကိုတို့ တက်တဲ့ကျောင်းက ကျနော်တို့ နေတဲ့ တိုက်
တန်းလျားတွေရဲ့ အခြားတဖက် တမိုင်ခွဲနှစ်မိုင်လောက်မှာ။ ကျနော်တို့
ကျောင်းက ကျနော်တို့ နေတဲ့ တိုက်တန်းလျားတွေရဲ့ အခြားတဖက် တမိုင်
တမိုင်ခွဲလောက်မှာ။ ဆန့်ကျင်ဘက်ပဲ။ ကျနော်တို့ က မင်္ဂလာတောင်ညွန့်၊
ဒီကောင်တွေက ဒဂုံ။ ကျနော်တို့ သူငယ်ချင်းတွေထဲ အဲ့လိုကျောင်းမတူတဲ့
သူငယ်ချင်းတွေအများကြီး။ ကျောင်းမတူတာကလည်း ငယ်ကတည်းက
ကွဲတာမျိုးတော့မဟုတ်ဘူး။ သူငယ်တန်းကနေ လေးတန်းအထိက မူလ
တန်းတုန်းကတော့ တော်တော်များများ အတူတူပဲ။ ငါးတန်းတက်တော့
ကျောင်းတွေပြောင်းရတော့ မိဘတွေ၊ ဦးလေးတွေ အကိုတွေက သူတို့ သန်
ရာသန်ရာအပ်ကြရင်း ကွဲကုန်ကြတာ။
အိမ်တွေကျတော့ တတိုက်ထဲတွေနေကြတာ အပေါ်ထပ်အောက်ထပ်။ တ
တိုက်ထဲမဟုတ်တောင် ဘေးကတိုက်မှာ။ ကျနော်တို့ အတွက်ကတော့ တိုက်
မတူတာဟာ ကွဲပြားတယ်လို့ ကို မထင်တာ။ အချိန်တိုင်း တတွဲတွဲနေကြတာ
ကိုး။ ကျောင်းကတခြား သူငယ်ချင်းတွေ ရှိပေမယ့်လည်း ကိုယ့်ရပ်ကွက်က
သူငယ်ချင်းတွေနဲ့ပေါင်းတာမျိုးနဲ့တော့ ဘယ်တူမှာလဲ။ ဒါပေမယ့် ဗရုတ်ကျ
တာခြင်းကတော့ အတူတူပါပဲ။ ကျောင်းကကောင်တွေက ပိုတောင်ဆိုးသေး
တယ်။ ကျနော်တို့ ကျောင်းက ယောကျာ်းလေးချည့် သီးသန့်ကျောင်းလေ။
ဆိုးပုံဆိုးမျိုးကတော့ အတုမရှိလောက်ဘူးကို ထင်မိတယ်။ ပြောရရင် ဒီ
အရွယ်ကလေးတွေနဲ့ ဒီလောက်ဆိုးတာယုတ်တာမျိုး ရှိပါ့မလားကွာလို့
အောက်မေ့ရအောင်ကိုဆိုးတာပဲ။
မနက်လင်းရင် ကိုယ့်ကျောင်းရှိရာဘက် ကိုယ့်အုပ်စုနဲ့ကိုယ် သွားကြတယ်။
လမ်းတလျှောက် တွေ့သမျှ လက်ဖက်ရည်ဆိုင်အတွင်းထဲကို လှမ်းငေး၊ ကျ
နော်တို့ အားလုံး လက်ဖက်ရည်ဆိုင်ထိုင်ချင်နေကြတာ ပြီးခဲ့တဲ့နှစ် နွေရာသီ
ကျောင်းပိတ်ရက်စကတည်းကပဲ။ ဒါပေမယ့်လည်း အစဆိုတာ ဘာဖြစ်ဖြစ်
ခက်တာချည့်ပဲ။ မဝံ့ရဲဘူးဗျ။
“ဟဲ့ကလေးတွေ လက်ဖက်ရည်ဆိုင် လာထိုင်တယ်ဟုတ်လား မိမဆုံးမ ဖမ
ဆုံးမကလေးတွေ ငယ်ငယ်ရွယ်ရွယ်နဲ့”
ဆိုင်ရှင်တွေက အဲ့လိုကြီး အော်ထုတ်လိုက်မလားလို့ ကြောက်ကြတာ။
တကယ်ကတော့ဗျာ ဘယ်ဒီလိုအော်မလဲဗျ။ ဒါပေမယ့် ကလေးတွေဆို
တော့ ထင်ချင်ရာထင်၊ ကြောက်ချင်ရာကြောက်ပဲလေ။ ဘယ်တတ်နိုင်မလဲ။
အကုန်လုံးက အရပ်ပုပုလေးတွေ။ ကျနော်ဆိုရင် ခုနစ်တန်းနှစ်အထိ အရပ်
က သုံးပေခွဲသာသာလောက်ပဲ ရှိမယ်ထင်တယ်။ အတန်းအတူတူထဲက နည်း
နည်းအကောင်ကြီးတဲ့ ကောင်တွေကဆို ကျနော့်ကို လိပ်တမော့တို့ ခွေးပစ်
တုတ်တို့ ခေါ် ကြတာ။ အဲ့လိုအခေါ် ခံရတိုင်း ကျနော်တော့ ဒေါသထွက်မိ
ယ် ယ် ဖြ စ် ဖြ စ် လို ခေါ် င် င်း စိ တ် ည်း
တယ်။ ဘယ်သူဖြစ်ဖြစ်အဲ့လိုအခေါ် ခံရရင် တင်းမှာပဲလေ။ စိတ်ထဲကလည်း
အမြဲတမ်း ကြိမ်းဝါးခဲ့မိတာပေါ့။
“ခွေးမသားတွေ ငါ အရပ်ရှည်လာတဲ့တနေ့ မင်းတို့ ကို ငါ့ အရပ်နဲ့ကို ဖို့ သတ်
ဦးမယ်”
ကျနော်တို့ နေတဲ့ ဝန်ထမ်းအိမ်ယာဝင်းရဲ့နာမည်ကိုရေးထားတဲ့ သံဆိုင်းဘုတ်
ကြီးတခုရှိတယ်။ အုတ်ခုံကြီးနှစ်ခုပေါ်မှာ သံတိုင်တွေနဲ့ လုပ်ထားတာ။ ကျ
နော်တို့ တိုက်ရှေ့လေးတင်ပဲဗျာ။ အဲဒီဆိုင်းဘုတ်က ဘားတန်းလိုဖြစ်နေတဲ့
သံပိုက်တွေကို အရပ်ရှည်အောင် ဘားသွားသွားဆွဲရတာလည်း အမောပဲ။ ဒါ
လည်း တော်တော်နဲ့မရှည်ပါဘူး။ အရင်ဘဝက သူများတွေကို အရပ်ပု
အောင် လုပ်ခဲ့မိလို့ လား မသိဘူး။ ကျနော့်မှာ တော်တော်နဲ့ အရပ်မထွက်လို့
တွေးမိတိုင်း စိတ်မကောင်းဖြစ်ရတယ်။ အရပ်ပုတော့ စော်လည်း သိပ်မ
ကြည်ဘူးဗျာ။ အနိုင်ကျင့်ချင်တဲ့ကောင် ကလည်း သိပ်များတယ်။
အလယ်တန်းအထက်တန်းကျောင်းတွေမှာတော့ လူကောင်းသေးတာဟာ
“လာပါ လာပါ ငါ့ကို အနိုင်ကျင့်လှည့်” လို့ ဆိုင်းဘုတ်ရေးပြီး ဖိတ်ခေါ်နေ
သလိုပဲ။
ဒါတောင်မှ ငါးတန်းနှစ်တုန်းက ယောကျာ်းလေးကျောင်းကို ပြောင်းပြီးစ
တက်ရတော့ ကျနော်တို့ တိုက်သုံးမှာပဲနေတဲ့ ကိုဘီလူးက ကျနော်တို့ သုံး
ယောက်ကို မကြောက်ဖို့ အားပေးသေးတယ်။ ကိုဘီလူးဆိုတာက ကျနော်တို့
ငယ်ငယ်ကလေးကတည်းက အတူတူ ကစားဖက် ကောင်မလေးရဲ့ အစ်ကို
ကြီး။
“မင်းတို့ ကို အနိုင်ကျင့်တဲ့ကောင်ရှိရင် ငါ့လာတိုင်ကွ၊ ဒီကျောင်းမှာ ဘီလူးဆို
ရင် မသိတဲ့ကောင်မရှိဘူး” တဲ့။
ကျနော်တို့ သုံးယောက်လုံး သူ့ကို အရမ်းလေးစားသွားတယ်။ သူက ကျနော်
တို့ ထက် သုံးတန်းကြီးတော့ အဲ့တုန်းက ရှစ်တန်းကျောင်းသားကြီးပေါ့။ တ
ကယ့်ကို ရှိန်စရာ အရွယ်ပဲ။ ဘီလူးဆိုတာက သူ့နာမည်ရင်းတော့ ဘယ်
ဟုတ်မလဲ နာမည်ပြောင်ပေါ့ဗျာ။ သူ့ရုပ်ကလဲ ဘီလူးနဲ့သိပ်မတူပါဘူး။ သဒ
တ်(သွားတက်)ကလေးတွေပါတော့ အစွယ်လေးနဲ့ ဖြစ်နေတာကိုး။ သူကလဲ
အဲဒီနာမည်ကို ကြိုက်ပုံပါပဲ။ ကျနော်တို့ က ကိုဘီလူးလို့ ခေါ်ရင် အမြဲကျေနပ်
နေတဲ့ ရုပ်ကြီးနဲ့။ ဘီလူးဆိုတော့လဲ နာမည်ကိုက ဖြဲမယ်ဆိုတဲ့ အထာပေါ့
ဗျာ။
ယောကျာ်းလေးကျောင်းကြီးကို စတက်တဲ့ ငါးတန်းနှစ်နဲ့ နောက်တနှစ်
ခြောက်တန်းနှစ်တွေကတော့ မုန့်စား ကျောင်းဆင်းချိန်ဆို သူ့ဆီသွားကြတာ
ပဲ။ သူနဲ့ထမင်းအတူစားတယ်။ များသောအားဖြင့်တော့ ကျနော့်တို့ သုံး
က် င်း ချို င့် ကို ကို ပါ ခြုံ က်
ယောက်ရဲ့ ထမင်းချိုင့်ကို သူ့ကိုခွဲကျွေးရတာပါ။ လုံခြုံရေးအတွက်
လုပ်အားခပေးသလိုမျိုးထင်တာပဲ။ သူနဲ့အတူ ကျောင်းမုန့်ဈေးတန်းကိုသွား
တယ်။ ကျနော့်ပိုက်ဆံနဲ့ပဲ အအေးတခွက်စီသောက်ကြတယ်။ ပြီးတော့
ကျောင်းအိမ်သာကို သူနဲ့အတူသွားတယ်။ ငါးတန်း ခြောက်တန်းနှစ်မှာ ကျ
နော်တို့ သုံးယောက်စလုံး ဆေးလိပ်မသောက်တတ်သေးဘူး။ ဒါပေမယ့် ကျ
နော်က တိတ်တိတ်ကလေးသင်ယူနေပြီ။ တိတ်တိတ်ကလေး သင်ယူတယ်
ဆိုတာ ကိုဘီလူး စီးကရက်ဖင်ကို ဆွဲစုပ်လိုက်ပုံ၊ အငွေ့ကို အပျောက်ရှိုက်
လိုက်ပုံ၊ အငွေ့ကို ပြန်ထုတ်ရင်လည်း နှာခေါင်းကနေ အတန်းလိုက်ကလေး
ထွက်သွားပုံတို့ ကို တကယ့်ကမ္ဘာ့အံဖွယ်ကြီးလို စောင့်ကြည့်အံ့ဩနေခဲ့မိ
တာကို ပြောတာပါ။ (တခါတလေ အငွေ့ကို စက်ဝိုင်းပုံ ကွင်းလေး ဖြစ်
အောင် ထုတ်ပြတတ်သေးတယ်ဗျ။ သောက်ရမ်းကိုမိုက်တာပါဗျာ။ ဒါပေ
မယ့် ကိုဘီလူးလဲ စက်ဝိုင်းအငွေ့ပုံကို လုပ်တိုင်း ထွက်တာတော့ မဟုတ်ပါ
ဘူး။)
သူနဲ့အဲ သလို ကျောင်းအိမ်သာမှာ မုန့်ဈေးတန်းမှာ တခါတလေ တွဲသွားတွဲ
လာလုပ်ရတာကိုက ကျနော့်တို့ အတွက် အများကြီးလုံခြုံသလို ခံစားရ
တယ်။ ဒါပေမယ့်လည်းဗျာ နည်းအမျိုးမျိုးနဲ့ ခြိမ်းခြောက် အနိုင်ကျင့်ချင်
တဲ့ကောင်ဆိုတာ အတန်းတတန်းမှာ အမြဲရှိတာပဲ။ “သွားတိုင်ရင် မင်း ဒီ
ထက်နာမယ်”လို့ ခြိမ်းခြောက်ခံရတာမျိုးကျ ဘာတတ်နိုင်မှာလဲ ကြိတ်ခံရ
တာပဲ။ နောက်ပြီး အနိုင်ကျင့်ခံရတိုင်း “ကိုကြီးဘီလူးရေ သားကိုတော့
အနိုင်ကျင့်နေပြီဗျ” ခဏ ခဏကြီး သွားတိုင်ပြောနေလို့ မှ မဖြစ်နိုင်ဘဲ။ ငါး
တန်းဆောင်နဲ့ ရှစ်တန်းဆောင်ကလည်း အဝေးကြီး။ ဒီတော့လဲ ကိုယ့်
ပြဿနာကိုယ်ရှင်း တော်ရုံတန်ရုံ အနိုင်ကျင့်ခံရတာမျိုး လောက်နဲ့တော့ ကျ
နော်တို့ ကလည်း သွားမပြောချင်တော့ပါဘူး။
အခန်း (၃)

ကျနော်နဲ့ပုတု လက်ဖက်ရည်ဆိုင်ထိုင်ပြီး နောက်တနေ့ပဲ ကျောင်းတွေစဖွင့်


လို့ ကျောင်းသွားကြတော့ လမ်းမှာ ပုတုနဲ့မင်းဆန်းကို ကျောင်းမတက်ခင်
လေး ကျောင်းနားက လက်ဖက်ရည်ဆိုင်ထိုင်ကြဖို့ အဖော်ညှိ ကြည့်သေး
တယ်။
“အေး ထိုင်ကြရအောင်ကွာ” တဲ့။
အစတော့ နှစ်ကောင်လုံး အားတက်သရောနဲ့ ပြောသေးတယ်။
လက်ဖက်ရည်ဆိုင်ရှေ့ ပလက်ဖောင်းနားလည်း ရောက်ရော “ငါတို့ ကျောင်း
ထဲဝင်တော့မယ်ကွာ ကျောင်းနောက်ကျနေလိမ့်မယ်” ဆိုပြီး နှစ်ကောင်သား
ကြောက်ချေးပါပြီး လစ်ပြေးပါလေရော။ စာအုပ်တွေအများကြီးထည့်ထား
တဲ့ လွယ်အိတ်ကြီးတွေနဲ့ သူတို့ ပေါင်နဲ့ရို က်နေတဲ့ တဘုတ်ဘုတ်အသံတောင်
မြည်တယ်။ ဒီကောင်တွေကတော့ တကယ့်ကို ချွတ်တားတွေဗျာ။ ဆိုင်ထဲ
ဝင်ခါနီးကျမှ ကျနော်တို့ ကို ရှိုးနေတဲ့ ကျောင်းသားကြီးတွေကိုကြည့်ပြီး ရှိန်
သွားကြတာ။ တယောက်တည်းကျန်ခဲ့တဲ့ ကျနော်လည်း အဲဒီလဘာဂျာနှစ်
ကောင်နောက် ပြေးလိုက်ရတော့တာပေါ့။ နောက်ကလှောင်ရယ်သံတွေ
တောင် ကြားလိုက်မိသလိုပဲ။ ရှက်လိုက်တာ။ ကျနော်လည်း ခပ်တည်တည်နဲ့
တယောက်တည်း ဝင်ထိုင်ရဲလောက်တဲ့အထိတော့ သတ္တိမရှိသေးဘူးလေ။
အလကားဖွတ်ကျား အာပေတူးကောင်တွေ။ ပုတုဆိုတဲ့ကောင် ပိုဆိုးတယ်။
သူကကျနော်နဲ့လက်ဖက်ရည်ဆိုင်အတူတူ ထိုင်ခဲ့ဖူးပြီးသား။ ပြေးချင်းပြေး
ရင် မင်းဆန်းက အရင်ပြေးရမှာ။ ဒင်းက မင်းဆန်းရှေ့ကတောင်ရောက်နေ
လိုက်သေးတယ်။
တကယ်တမ်းက ဘာမှကျောင်းနောက်ကျစရာလည်း ရှိတာမဟုတ်ဘူး။ ကျ
နော်တို့ ဝင်ထိုင်ဖို့ လုပ်တဲ့ လက်ဖက်ရည်ဆိုင်က ကျောင်းနဲ့ဆိုရင် ခြေလှမ်း
အလှမ်းနှစ်ရာသာသာလောက်လေးရှိတာ။လက်ဖက်ရည်ဆိုင် ရှေ့ကနေ
လှမ်းကြည့်လိုက်ရင် ကျောင်းတံခါးပေါက်သံတခါးကို အဝေးကဂူဝလို မြင်
နေရတာပဲလေ။ ဆိုင်ထဲမှာက စားပွဲတွေကလည်း အများကြီးခင်းထားတာ။
မနက်ခင်းဆိုရင် ကျနော်တို့ ကျောင်းက ကိုးတန်း၊ ဆယ်တန်းကျောင်းသား
ကြီးတွေဆိုတာ အဲဒီဆိုင်က ခွေးခြေပေါ်မှာ ခြေထောက်ချင်းချိတ်ထိုင်လို့
စီးကရက်လေးဖွာသောက်လိုက်ကြ၊ လမ်းကိုငေးလိုက်ကြ၊ သူတို့
အချင်းချင်း အော်ဟစ်နောက်ပြောင်ရင်း ကျယ်ကျယ်လောင်လောင်ရယ်
လိုက်ကြ။ ကျနော်တော့ သူတို့ ကိုကြည့်ရင်း သူတို့ လို လုပ်နေတယ်ဆိုတဲ့
စိ တ် ကို ဉ် လို က် က်ပြ င်း မို့ န်း င်ကြ ပ်
လို ကြ ကျ နော် သူ တို့ ကိုကြ ည့်ရ သူ တို့ လို လု နေ ဆို
စိတ်ကူးကို ယဉ်လိုက်ရတာ သက်ပြင်းတချချနဲ့မို့ ပန်းနာရင်ကြပ်
ရောဂါသည်လေးလိုပဲ မောတောင်မောတယ်။
ကျောင်းသားကြီးတွေကတော့ သိတယ်မို့ လား။ ဘာလုပ်လုပ် အထင်ကြီး
စရာချည့်ပဲ။ ပုဆိုးတွေက ချက်ပြုတ်တွေ၊ အကျႌရင်ဘတ်ဟပြဲတွေနဲ့
ထမင်းချိုင့်ဆိုရင်လည်း ဘယ်တော့မှမထုပ်ဘူး။ လွယ်အိတ်ဆိုရင်လည်း
တကယ့် သေးသေးလေးတွေ။ အထဲမှာ စာအုပ်တောင်ပါရဲ့လားမသိဘူး။
ကျနော်တို့ များ လွယ်အိတ်ကြီးထဲ စာအုပ်တွေနဲ့ ကွန်ပါဗူးတွေနဲ့ ရှုပ်ယှက်
တွေကိုခတ်နေတာဗျာ။ ကျောင်းစာအုပ်ဆိုတာကလည်း ပုံနှိပ်စာအုပ်ရော၊
ဗလာစာအုပ်ရောဆိုတော့ များလွန်းလို့ တနေ့တနေ့ လွယ်အိတ်ထမ်းရတာနဲ့
တင် ခါးကြီးကိုစောင်းလို့ ။ သေချင်စော်တောင်နံတယ်။
အိမ်ကို ကျောပိုးအိတ်လေး ဝယ်ပေးစမ်းပါဗျာလို့ ခဏခဏတော့ ပြောတာ
ပဲ။ ဝယ်မပေးဘူးဗျာ။ ဒါလေး ဝယ်ပေးလိုက်တော့ မွဲသွားမှာကျနေတာပဲ။
အဲဒီတော့ ကျနော်တို့ မှာ ရိုးရိုးလွယ်အိတ်ကိုပဲ ခေါင်းရှေ့မှာချပြီးစွပ်၊ ပြီး
တော့ ကြိုးနှစ်ချောင်းကို ချိုင်းကြားမှာညှပ်ပြီး ခေါင်းနောက်ကို လှန်တင်
လိုက်တဲ့အခါ ကျောပိုးအိတ်ပုံစံဖြစ်သွားလို့ အဲဒီလို လွယ်ကြတာပေါ့။
လွယ်အိတ်ကြိုးက လက်မောင်းနှစ်ဖက်ကို ညှစ်ထားသလိုဖြစ်နေလို့ နည်း
နည်းနာပေမယ့်လည်း အေးဆေးပါ။ ကျောပိုးအိတ်လိုမျိုးပဲ စတိုင်ကျတယ်
ထင်တာပဲကိုး။ ဒါပေမယ့်လည်း အဲဒါမျိုးကို ခြောက်တန်းနှစ် နှစ်လယ်
လောက်ကတည်းက မလွယ်တော့ပါဘူး။ ကလေးပေါက်စတွေ လွယ်တဲ့ပုံစံ
ကြီးလေ ဘာလုပ်မှာလဲ။ ကြောင်တောင်တောင်နဲ့ ကလေးကလား
အဆိုတော် လေးလေးဝါးတွေ။
ကျောင်းဝင်းထဲရောက်ပြီဆိုရင် ကိုယ့်အတန်းမှာ လွယ်အိတ်ကို အရင်ပြေး
ထားလိုက်တယ်။ ပြီးတာနဲ့ ကျောင်းတံခါးနား ပြန်လာပြီး အတန်းကြီး
ကျောင်းသားတွေ ကျောင်းထဲ ဘယ်အချိန်မှဝင်သလဲ ကျောင်းပေါက်မှာ
ရစ်သီရစ်သီနဲ့ ဘာတွေများလုပ်နေကြသေးလဲ အုန်းမွှေးလုံးထိုင်ယက်ရင်း
စောင့်ကြည့်နေလိုက်သေးတာပဲ။ ချာတိတ်တွေဟာ ကျောင်းသားကြီးတွေရဲ့
အရိပ်လိုပဲ။ ဘာလုပ်လုပ်သူတို့ ပဲအားကျပြီးလိုက်ချောင်းနေမိတော့ ကိုယ့်
ဘာသာကစားချိန်တွေ ဘာတွေတောင် လစ်ဟင်းကုန်တယ်။ အရင်ဆိုရင်
ကျောင်းရှေ့ကတ်ကလေးတွေ ထိုးကြည့်ရတဲ့ ရုပ်သေဗီဒီယို ကြည့်ချင်
ကြည့်၊ ရေခဲချောင်း စက်ဝိုင်း လှည့်ချင်လည်းလှည့်၊ နို့ မဟုတ်လည်း အရုပ်
သည်ကြီးရှေ့ ငုတ်တုတ်ထိုင်ရင်း လမုနဲ့မောင်းရတဲ့ကားကို ငေးချင်ငေးနေခဲ့
တာ။ အတန်းကြီးလာတော့ အဲဒါတွေပျင်းကုန်ရော။ လူကြီးပဲ ဖြစ်ချင်လာ
တယ်။ ကျောင်းသားကြီးတွေလုပ်သမျှ နောက်ကနေ တသွေမတိမ်းလိုက်

ပ် ဖို့ င်း ယ် င်း က် င် င်း


လုပ်ဖို့ ချောင်းနေခဲ့တယ်။ ကျောင်းထဲရောက်သွားရင်ကျ ချောင်းရတာ
အဆင်မပြေတော့ဘူးလေ။ ဒီတော့ ကျောင်းပေါက်ကနေပဲ ထိုင်ကြည့်ပေါ့။
ဒီဘဲကြီးတွေကလည်း ကျောင်းတက်ခေါင်းလောင်းထိုးပြီဆိုမှ မဝင်ချင်ဝင်
ချင်ပုံမျိုးနဲ့ ကျောင်းထဲဝင်လာတာ။ ခေါင်းလောင်းမထိုးမချင်းကတော့
ကျောင်းရှေ့မှာရှိသေးတဲ့ ဈေးသည်တွေအနား ဝယ်စားတာလည်းမဟုတ်
ဘာမဟုတ်နဲ့ ရပ်ပြီး ဝေလေလေ လုပ်နေကြတာပဲ။ ဒါမှမဟုတ်ရင်လည်း
ကျောင်းနဲ့ကပ်လျက်က အုတ်တံတိုင်းပဲခြားတဲ့ မိန်းကလေးကျောင်းဘက်
ကို ခေါ်တောရှိုးရှိုး၊ ခွေးချောင်းချောင်းနေကြတာ။ (ကျားချောင်းချောင်း
တယ်တော့ ပြောမရနိုင်ဘူး။ တကယ်တော့လည်း ကျနော်တို့ အားကျနေ
တယ်ဆိုတဲ့ အဲဒီအရွယ်ကကို တကယ်တော့ ကလေးသာသာပါဗျာ။ ကျားမှ
မဖြစ်သေးတာ၊ ဖြစ်ရင်လဲ ကျားငချွတ်ပဲ) ဒါပေမယ့်လည်း အဲဒါကကို ကျ
နော်အတွက်တော့ သောက်ရမ်းမိုက်တယ်ကွာဆိုတဲ့ အထာမျိုးပဲ။
ကျောင်းအိမ်သာဆိုရင်လည်း သူတို့ ပဲ။ အတန်းငယ်ချာတိတ်တွေအတွက်
သေးပေါက်ဖို့ လောက်ကတော့ အိမ်သာဝင်ဝင်ချင်းဘေးဘက်မှာတင်
အများပေါက်လို့ ရအောင် မြောင်းပုံစံလုပ်ပေးထားလို့ နံနံဟောင်ဟောင် ဆို
ပေမယ့်လည်း သိပ်မခက်ဘူး။ ချီးပါချင်ရင်ကျ ခက်ပြီ။ အိမ်သာတွေရှေ့က
စင်္ကြန်လျှောက်လမ်းမှာက ဒီဘဲကြီးတွေချည့်ပဲ။ သူတို့ အချင်းချင်းကို
တိုးဝှေ့နေရလို့ ကျပ်သိပ်နေတာ။ စင်္ကြန်လမ်းကျဉ်းကျဉ်းလေးကို လူ
ဆယ်ယောက်လောက် အိမ်သာတံခါးတွေကို မှီရပ်ပြီး ဆေးလိပ်သောက်နေ
ကြတာ။ ဆေးလိပ်နံ့တွေဆိုတာ မွှန်ထူလို့ ၊ မီးခိုးတွေဆိုတာလည်း မီးလောင်
နေတဲ့အတိုင်းပဲ။ အစပိုင်းတုန်းက ကျနော်တို့ လည်း ဆေးလိပ်နံ့ကို မခံနိုင်
ဘူးဗျ။ နောက်တော့လည်း ယဉ်သွားရော။
အိမ်သာထဲဝင်ရင် သူတို့ ပိတ်ရပ်ထားတဲ့ အိမ်သာရှေ့ကိုယ်ကိုယို့ ခေါင်းလေး
ငုံ့ ပြီး “ကိုကြီး နည်းနည်းလောက်ဗျ” လို့ တရိုတသေပြောပြီးဝင်ရတယ်။ မ
သိရင် အိမ်သာဝင်တာ ကျောင်းအုပ်ကြီးရုံးခန်း ဝင်ရသလိုပဲဗျာ။
တုန်တုန်ယင်ယင်နဲ့ရယ်။ ကျောင်းအိမ်သာတွေဆိုတာကလည်း သိတဲ့
အတိုင်း။ ထာဝရ ညစ်ပတ်နံစော်နေတာ။ အိမ်သာခွက်ထဲမှာ ဆေးလိပ်တို
တွေ၊ စက္ကူအမှိုက်တွေ၊ များသောအားဖြင့် ရေဆေးလို့ တောင်မရအောင် ချီး
တုံးမာမာကြီးတွေနဲ့ပိတ်နေတာပဲ။
အိမ်သာထဲရောက်ပြီဆိုရင် နှာခေါင်းကို အကျႌစနဲ့ပိ တ်ပြီးသာ ပါပေတော့။
ပြီးရင် အိမ်သာထဲက ညစ်ညစ်ပတ်ပတ်ရုပ်ပုံတွေ၊ ယုတ်တိယုတ်ကန်းကဗျာ
တွေ၊ စာတွေ လိုက်ဖတ်ပေါ့။ အဲဒီယုတ်တိယုတ်ကန်း ကဗျာတွေကို ချီးပါ
တိုင်း ဖတ်ခဲ့ရ မှတ်ခဲ့ရတော့ အလွတ်တွေကိုရနေရောပဲ။ အရမ်းညစ်ပတ်
လွန်းလို့ ပြောမပြတော့ပါဘူးဗျာ။ ယောကျာ်းလေးတွေဆို သိပါတယ်။
အိ မ် န်း မို့ စိ တ် က် အီး ပါ လို့ ပြီ လို့ င် လို က် ဦး
အိမ်သာခန်းထဲမို့ စိတ်ချလက်ချ အီးပါလို့ ရပြီလို့ တော့ မထင်လိုက်နဲ့ဦး သူ
တို့ ရှိနေရင် အီးပါတာတောင် ကျယ်ကျယ်လောင်လောင်ဖြစ်အောင် မပါရဲ
ဘူး။ တပူပူ တဗွမ်ဗွမ်လုပ်ရင် အပြင်ဘက်ကနေ ရေနဲ့လှမ်းပက်ကြသေး
တယ်။ ဘယ်လိုဘဲကြီးတွေမှန်းမသိပါဘူးဗျာ။ တချို့ဘဲကြီးတွေဆိုရင်
လည်း အိမ်သာအပေါ်က တံခါးပေါင်ထိအောင် တက်ထိုင်တက်လို့ အဲဒီကို
သူတို့ ဘယ်အချိန် ရောက်လာမလဲ ရင်တမမ ဖင်တြွကြွကဖြစ်ရသေးတယ်။
ကိုယ်အီးပါတာတော့ ဘယ်သူ့ကိုမှ မမြင်စေချင်ဘူးလေဗျာ။ သိပ်ငယ်ငယ်
တုန်းက ပုတု၊ မင်းဆန်းတို့ နဲ့ အိမ်သာခွက်တခုထဲ ဖင်ချင်ပေါက်ပြီး တ
ယောက်ကရှေ့မှာပါ၊ တယောက်က အိမ်သာခွက်အပေါက်တည့်တည့်ထဲပါ၊
စကားတပြောပြောနဲ့ပါဖူးပေမယ့် အဲဒါက ငယ်ငယ်တုန်းကလေ။
ငြိမ်ငြိမ်ဆိတ်ဆိတ်ကလေးအီးပါ။ အပေါ်ကိုလည်း သတိလေးနဲ့ကြည့်။ ငါ
သာ သူတို့ အရွယ် ရောက်ရင် သူတို့ လိုကို လုပ်ဦးမှာလို့ စိတ်ကူးယဉ်။ ငါး
တန်းခြောက်တန်းနှစ်တွေဆိုတာ အဲ့လိုကျော်ဖြတ်ခဲ့ရတာပဲ။ ဒါတွေက ကျ
နော်တို့ လို ချာတိတ်တွေ လူပျိုဖြစ်စောဖို့ လှုံ့ဆော်ပေးနေတဲ့ လက်တွေ့ဘဝ၊
လက်တွေ့လိုက်နာရမယ့် သင်ရိုးဖတ်စာအုပ်တွေပဲ။ သေချာတယ်။ ဒါ
ကြောင့်လဲ အဲဒီအိမ်သာတက်ရတဲ့အချိန်တွေဆိုရင် အတန်းတတန်း အချိန်ပို
တက်ရသလိုပဲ။ အနိုင်ကျင့်ခံရတာကို မကြိုက်ပေမယ့် လိုလိုလားလားတက်
ချင်တဲ့ အချိန်ပိုပေါ့။
ကျနော်တော့ သူတို့ ဘာတွေပြောလဲ အိမ်သာထဲကနေ ထိုင်နားထောင်နေ
လိုက်တာပဲ။ သူတို့ ပြောတာတွေကလည်း များသောအားဖြင့်တော့ ဘာမှ
မှတ်လောက်သားလောက်တာတော့လဲ မဟုတ်ပါဘူးဗျာ။ အရေမရအဖတ်မ
ရချည့်ပါပဲ။ ဆဲတာဆိုရင်လဲ မိုးကိုမွှန်လို့ တစ်တစ်ခွခွတွေ။ အဲဒါမှမဟုတ်
လဲ သူတို့ ကြိုက်နေတဲ့ ကောင်မလေးတွေ အကြောင်းချည့်။ တချိန်လုံး “အဲ့
စော်လေး အဲ့ စော်လေး” ဆိုတာချည့် ကြားနေရတာ။ အင်းပေါ့လေ အိမ်သာ
ထဲ ဆေးလိပ်ခိုးသောက်နေတဲ့ ကျောင်းသားတွေက ကျောင်းစာတွေ အော်
ဆိုနေကြတယ်လို့ ကြားချင်လို့ တော့ဘယ်ရမလဲ။
ဘာမှမဟုတ်တဲ့ အဲဒီအကြောင်းလေးကိုပဲ ဒီအတိုင်း သူတို့ အနား
ယောင်လည်လည်နဲ့သွား ရပ်နားထောင်လို့ ကများလား နဘန်အကျင်းခံရပြီ
သာမှတ်၊ မျက်ခွက်ကို ဆေးလိပ်မီးခိုးနဲ့ မှုတ်လိုက်ပြီး စောက်ကလေးတွေ
သွားစမ်းလို့ မောင်းထုတ်လိမ့်မယ်။ တခါတလေ သူတို့ စိတ်အခန့်မသင့်ချိန်
များဆိုရင် (စာမရလို့ သူတို့ လည်း ဆရာမ အရိုက်ခံရထားတာတွေ ဘာတွေ
ရှိမှာပေါ့) အတန်းငယ်ကျောင်းသားတွေကို ဘလိုင်းကြီး ဝိုင်းဆော်ပလော်
တီးတာ။ ကျနော် တခါခံရဖူးတယ်။ သူတို့ ကိုလည်း ဘာမှမလုပ်ဘဲနဲ့ဗျာ။
တကယ်ရမ်းကား အနိုင်ကျင့်တဲ့ဘဲကြီးတွေ။ တယောက်က ခေါင်းကို ပုဆိုး

ပ် ည့် လို က် ယ် ပြီး ခေါ င်း ကို ဝို င်း ခေါ က် ဝို င်း ကြ ပေါ့
နဲ့အုပ်ထည့်လိုက်တယ်။ ပြီးတော့ ခေါင်းကို ဝိုင်းခေါက် ဝိုင်းဘေကြတာပေါ့။
ပြီးတော့ သူတို့ မဟုတ်တဲ့အတိုင်းဘဲ။ အသားနာတုန်းကတော့ စိတ်ဆိုးတာ
ပေါ့ဗျာ။ ဒါပေမယ့် စိတ်ဆိုးလဲ ငဆိုးရှိတာပဲလေ။ ဘာတတ်နိုင်မှာလဲ။
နောက်တော့လည်း အဲ့လိုအလုပ်ခံရတာကိုက ကိုယ်လည်းနောက်တချိန်
ချာတိတ်တွေကို ပြန်လုပ်ဖို့ နည်းလမ်းယူရသလို ဖြစ်သွားတယ်။ သူတို့ ဟာ
ကျနော်တို့ ရဲ့ ရှေ့ဆောင်လမ်းပြပဲ။ ကျနော်တို့ သူတို့ အရွယ်ရောက်ရင်
ဖြစ်လာမယ့် အချိုးတွေကို ပုံဖော်ပြပေးနေတာ။ ပါဝါရိန်းဂျား ကြည့်ပြီး
လိုက်လုပ်လို့ ကမရဘူးဗျ။ သူတို့ လုပ်တာတွေက လိုက်လုပ်လို့ ရတယ်။
®®®®®
အခန်း (၄)

ယောကျာ်းလေးကျောင်းကို ပထမဆုံးစတက်တာ ငါးတန်းနှစ်ဆိုတော့ တ


ကယ့်ကလေးပဲ ရှိသေးတာပါဗျာ။ အမေတို့ အပ်လို့ သာ ကျောင်းကို
ရောက်လာရတယ်။ ယောကျာ်းလေးကျောင်းတွေ ဘာတွေလည်း မသိပါ
ဘူး။ မိန်းကလေးတွေ မရှိလို့ တောင် ကျနော်တို့ တွေ အံ့ဩနေမိသေးတယ်။
ပထမဆုံးရက်တွေတုန်းကတော့ ကျနော်တို့ သုံးယောက်လုံး ကိုဘီလူးနဲ့ ကပ်
လိုက်ရတာပဲ။ ဒါပေမယ့် နောက်ကျတော့လည်း သူက ကလေးတွေနဲ့
ကျောင်းအတူတူသွားရပြန်ရတာ အောက်တယ် ထင်ရင်ထင်မှာပေါ့။
ကလေးထိန်းလို ဖြစ်နေတာကိုး။ ကျနော်တို့ ကို မစောင့်တော့ဘူး။ သူ့ဘာသာ
သူဒိုးရော။
ကျနော်တို့ ကလည်း တယောက်တည်းဆိုရင်တော့ ငေါင်တောင်တောင် လန့်
တန့်တန့်ဖြစ်ချင်ဖြစ်မှာပေါ့ဗျာ။ သုံးယောက်ဆိုတော့လည်း အချင်းချင်း
လိုက်တမ်းပြေးတမ်းကစားတာလိုလို ရန်ဖြစ်တာလိုလိုနဲ့ကျောင်းကို ရောက်
မှန်းမသိ ရောက်သွားတာပဲ။ ကျနော်နဲ့ပုတုဆိုရင် နှစ်တန်းသုံးတန်းနှစ်
ကတည်းက နှစ်ယောက်အတူတူ ကျောင်းသွားတာပဲ။ ခြောက်တန်းခုနစ်
တန်းရောက်တဲ့အထိ အဖေအမေက ကျောင်းလိုက်ပို့ တဲ့ ကောင်တွေမြင်ရင်
ဘယ်လိုကောင်တွေလဲလို့ အံ့တောင်ဩမိတယ်။
ကျနော်တို့ သုံးယောက်ကတော့ ကျောင်းရောက်တော့လည်း အတူတူ၊
အိမ်သာသွားတော့လည်း အတူတူ။ ဘယ်နေရာဖြစ်ဖြစ် အတူတူပဲ။ တ
ယောက်တည်း ချော်တောငေါ့ပြီးတော့လည်း ဘယ်မှမသွားရဲဘူး။ ဒါပေ
မယ့်လည်း တခါတလေ စာသင်နေတုန်း သေးပေါက်ချီးပါချင်တာမျိုးကျ
ခက်တယ်ဗျာ။ ငါးတန်းနှစ်စလောက်တုန်းကဆိုရင် တော်ရုံတန်ရုံကတော့
အောင့်ထားတာပဲ။ ဘာလို့ မှန်းမသိဘူးဗျာ။ ဆရာမစာသင်နေတုန်း မတ်တပ်
ထပြီး “ဆရာမ သေးပေါက်ချင်လို့ ” လို့ ခွင့်တောင်းရတာကို ကျနော့်မှာ
အရမ်းဝန်လေးတယ်။ ဆရာမတွေကို ကြောက်တာလည်း ပါတာပေါ့။
ဆရာမတွေကလဲ သိတဲ့အတိုင်းပဲ။ စာတွေဘာတွေသင်ရင်လဲ သူတို့ ဘာသာ
ဘလတ်ဘုတ်ကြီးမျက်နှာမူပြီး ရေးချင်ရာတွေရေး ပြောချင်တာတွေပြော
သွားတာ။ စာရှင်းပြသလိုလို နားလည်အောင်သင်သလိုလိုတော့ ထင်စရာပဲ။
သူတို့ လဲ ရေးလို့ ပြီးရော “ကဲ ကဲ ဘာနားမလည်တာရှိလဲ” လို့ တန်းမေးတော့
တာပဲ။ ကျနော်တို့ မှာ ဘလတ်ဘုတ်က ရေးထားတဲ့စာတောင် မနည်းလိုက်
ကူးနေရတုန်းရှိသေးတယ်။ ဘာနားလည်လိုက်မတုန်းဗျာ။ လက်ကလည်း
ည်း င် ဆို ယ် ဒါ ည်
ကူးရေး နားကလည်း နားထောင်ဆိုတာ မလွယ်ဘူးဗျ။ အဲဒါ နားမလည်
လိုက်လို့ များ နားမလည်တဲ့အကြောင်း “ဆရာမ ဟိုဟာ နားမလည်လို့ ဗျ”
ပြောကြည့်ကြည့်လိုက်။
“ဟမ် ငါသင်နေတာတုန်းက နင်ဘာလုပ်နေလဲဟင် အိပ်ငိုက်နေသလား” ဆို
ပြီး ငေါက်တော့တာပဲ။လေသံကတင် မာတယ်မထင်နဲ့ မျက်နှာကလဲ
ရှစ်ခေါက်ချိုးတွေနဲ့။ ဘယ်မှာ သူတို့ ကို မေးရဲပြောရဲတော့မှာတုန်း။
နားလည်လည် မလည်လည် ငြိမ်နေတော့ပဲ။ ခုနစ်တန်းနှစ်အထိ အတန်း
ရှေ့ထွက်ခိုင်းပြီး ဖင်ချွတ်ရိုက်တဲ့ ဆရာမတွေကရှိသေးတယ်။ ယောကျာ်း
လေးချည့်ကျောင်းမို့ ကျားကျားချင်း သိပ်ရှက်စရာ မဟုတ်ပေမယ့် ဖင်ချွတ်
အရိုက်ခံရတာ ပျော်စရာမှမဟုတ်တာဗျာ။ နောက်ပြီး ဆရာမတွေက မိန်းမ
တွေပဲလေ။ နည်းနည်းတော့ ရှက်တာပေါ့။ ကျနော်ကတော့ ဖင်ချွတ်အရိုက်
မခံရဖူးပါဘူး။
ပြောရရင်ဗျာ။ ဆရာမတွေက အဲဒီလိုကြီးတွေလုပ်တော့ တခုခုဆိုရင်
ကြောက်နေတာနဲ့တင် ဘာမှမမေးရဲ မပြောရဲတော့ဘူးလေ။ ဆရာမတိုင်း အဲ့
လိုချည့်မဟုတ်ပေမယ့် အတော်များများကတော့ အဲ့လိုချည့်ပါပဲ။ ဒါပေမယ့်
လဲ မပြောရဲရဲ ပြောရဲရဲ အရဲစွန့်ပြောရမယ့် တချို့ကိစ္စတွေကလဲ ရှိသေး
တယ်။ ငါးတန်းနှစ်ရဲ့ တရက်မှာတော့ မနက်ခင်း ဒုတိယ လေးဆယ့်ငါးမိနစ်
အချိန်ကြီး အီးကပါချင်လာရော။ နေ့လယ်မုန့်စားကျောင်းဆင်းဖို့ ဆိုတာ
အဝေးကြီးလိုသေးတယ်။ အဲ့လောက်အောင့်နေဖို့ ကလည်း ဘယ်လိုမှမဖြစ်
နိုင်တော့ ဆရာမကို မရဲတရဲနဲ့ ခွင့်တောင်းရတော့တာပေါ့။ ကံကောင်းတော့
ဆရာမကလည်း ကြည်ကြည်ဖြူဖြူခွင့်ပြုပါတယ်။
အဲဒီတခေါက်ဟာ အဲဒီကျောင်းကိုစရောက်ကတည်းက ပထမဆုံးအကြိမ်
တယောက်တည်း အိမ်သာသွားမိတာ ထင်တာပဲ။ နောက်ဆုံးအကြိမ်လည်း
ဖြစ်ချင်ဖြစ်မယ်ဗျာ။ နောက်တခေါက်ကို မမှတ်မိတော့ဘူး။ စာသင်ချိန်ကြီး
ဆိုတော့ ဖြတ်သွားမိတဲ့ စာသင်ခန်းတချို့တွေထဲက စာလိုက်အော်သံတွေ
ကြားရပေမယ့်လည်း ကျောင်းကြီးတခုလုံးက ရှင်းလင်းငြိမ်သက်နေတာပဲ။
နောက်ပြီး အိမ်သာက ကျောင်းရဲ့ အနောက်ဆုံးချောင်ထဲမှာ ဆိုတော့ လမ်း
တွေကလည်း ခပ်မှောင်မှောင်ရယ်။ အဆိုးဆုံးက အိမ်သာနားရောက်ပြီဆို
ရင် စာသင်တဲ့အခန်းတွေက မရှိတော့ဘူး။ အိမ်သာနဲ့အနီးဆုံးအခန်းတွေက
ဘာလို့ မှန်းမသိ တံခါးတွေပိတ်ထားတာ။ ပြတင်းပေါက်သံတိုင်တွေ ကြားက
လှမ်းကြည့်ရင်တော့ အဲဒီအခန်းတွေထဲမှာ စာသင်ခုံအပိုတွေ၊ ဘလက်ဘုတ်
အဟောင်းတွေကို ပင့်ကူအိမ်တွေ တက်လို့ တွေ့ရနိုင်တယ်။ မှောင်ကလည်း
မှောင်။ တိတ်ကလည်းတိတ်ဆိတ်။ လူကလည်းတယောက်မှမရှိ။ ငါးတန်း
တက်ခါစနှစ်မို့ ပုဆိုးတောင် မဝတ်တတ်သေး။ လေးတန်းတုန်းက ကျောင်း

စိ မ်း င်း ဘီး စိ မ်း နော့် ကိ ထိ ပ် က် န်း လို့ က်


စိမ်းဘောင်းဘီးစိမ်းနဲ့ကျနော့်မှာ ကိစ္စက ထိပ်ဝရောက်နေလွန်းလို့ သာ ဆက်
သွားနေရတာ။ လှည့်ပြန်ချင်ပြီဗျာ။ အရမ်းကိုကြောက်နေပြီ။
အိမ်သာထဲဝင် သေးပေါက်တဲ့ မြောင်းနံဘေးက ဖြတ်လာတော့ ဘုံဘိုင်က
ရေကျသံကိုတောင် လှိုဏ်ခေါင်းထဲက အသံလို တတောက်တောက်နဲ့ ကြား
နေရတယ်။ အဲဒီကနေ အိမ်သာခန်းတွေဘက် ချိုးကွေ့လိုက်တော့ လန့်
တောင် လန့်သွားတယ်ဗျာ။ အစ်ကိုကြီးနှစ်ယောက် အိမ်သာတံခါးတွေရှေ့
မှာ ငုတ်တုတ်လေးထိုင်ပြီး ဆေးလိပ် ထိုင်သောက်နေကြတာ။ သူတို့ ကို
ရုတ်တရက်မြင်လိုက်ရတော့ လန့်သွားမိတယ် ဆိုပေမယ့်လည်း လန့်ပြီးပြီး
ချင်းပဲ အားတက်မိသွားတယ်။ တယောက်တည်းသာဆိုရင် ကျနော်ဘယ်လို
ဖြစ်နေမယ် ကိုယ့်ဟာကိုယ် တွေးမကြည့်ရဲဘူး။ ကျနော်က သရဲကြောက်
တတ်တယ်။ ကျနော်မှမဟုတ်ဘူး ပုတုလည်းသရဲကြောက်တာပဲ။ မင်းဆန်း
ကတော့ မကြောက်ဘူးလို့ ပြောတာပဲ။ဟုတ်ချင်မှလည်း ဟုတ်မှာ အဲ့ကောင်
ကလဲ ဘာမဆိုပိုပိုပြောနေကျကောင်။ ဒါပေမယ့်လည်း တခါမှသရဲနဲ့မျက်နှာ
ချင်းမဆိုင်ဘူးတော့ မသေချာပါဘူး။ တကယ်အခြောက်ခံရရင် ဒီကောင်
လည်း ကြောက်မှာပဲ။
အစ်ကိုကြီးနှစ်ယောက်က သူတို့ ကို မြင်မြင်လိုက်ချင်း ကျနော့်လန့်သွားတာ
ကို သိတယ်ဗျ။ ဆေးလိပ်သောက် နေရင်း နှစ်ယောက်သား တယောက်ကို
တယောက်ကြည့်ပြီး လှောင်ပြုံးလေးတွေပြုံးနေကြတာ ကျနော်သိတာပေါ့။
မသိချင်ယောင်ဆောင်ပြီး သူတို့ ရှေ့ကနေ ရို့ရို့လေးဖြတ်၊ အသန့်ဆုံး
အိမ်သာရှာပြီး အထဲဝင်ထိုင်လိုက်တယ်။ အဲ့တော့မှပဲ တော်တော်
သက်သောင့်သက်သာဖြစ်သွားတယ်။ အနည်းဆုံးတော့ သူတို့ နှစ်ယောက်က
ကျနော့်ကို စောင့်နေသလိုဖြစ်နေတာကိုး။ သူတို့ ရှိနေတယ်ဆိုတဲ့စိတ်နဲ့ ကျ
နော်လည်း အေးဆေးဇိမ်ဆွဲပြီးပါရင်း အိမ်သာကဗျာ၊ အိမ်သာပန်းချီတွေ
လိုက်ကြည့်နေလိုက်မိတယ်။
အိမ်သာတံခါးမှာ စာတန်းတခုက အနောက်ကိုကြည့်ဆိုလို့ အနောက်ကို
ကြည့်လိုက်မိတယ်။ အနောက်မှာလည်း ဘယ်ဘက်ကိုကြည့်တဲ့။ ကျနော့်
ပြဿနာကလည်း ဘယ်နဲ့ညာ ဘယ်တော့မှမကွဲတာ။ တချို့ကတော့လွယ်
တယ်။ အီးကုန်းရင် ဘယ်၊ ထမင်းစားရင် ညာဆိုပြီး မှတ်ကြတာ။ ကျနော်
က အီးကုန်းလည်းညာ ထမင်းစားလည်း ညာပဲဆိုတော့ မှတ်လို့ မလွယ်၊
ဘယ်ညာအမြဲလွဲတယ်။ သူက ဘယ်ကိုကြည့်ခိုင်းတာ ကျနော်က ညာကို
ကြည့်မိတယ်။ “ခိုင်းတိုင်းလုပ်တာ ငါ-ိုးမသား” တဲ့။
တကယ်က ဘယ်ဘက်ကိုကြည့်မိရင် ညာဘက်ကိုကြည့်ပါဆိုပြီး စာတ
ကြောင်းဖတ်ရဦးမှာ။ ခုတော့လည်း အဆဲခံရတာချင်းအတူတူ ကြိုအဆဲခံ
လိုက်ရတော့လည်း ပြီးတာပေါ့ဗျာ။ အိမ်သာထဲမှာတော့ အကုန်လုံးက ဆဲစာ
ည့် အိ မ် င် လို က် ကို ဖို့ ဒါ နော် ဆို
ချည့်ပဲ။ အိမ်သာထဲဝင်လိုက်တာနဲ့ကို အဆဲခံရဖို့ ပဲ။ ဒါထုံးစံပဲ။ ကျနော်ဆို
ရင် အဆုံးသတ်မှာ “ခိုင်းတိုင်းလုပ်တာ ငါ-လိုးမသား” လို့ အဆဲခံရမှာ သိသိ
ကြီးနဲ့ အိမ်သာတက်တိုင်း အဲဒီအညွှန်းစာကို လိုက်လိုက်ဖတ်တာပဲ။ ပျင်း
တာကိုးဗျ။ အိမ်သာတက်ရင်း တခြားဘာလုပ်စရာရှိတာမှတ်လို့ ။ အီးပါရင်း
အပျင်းပြေပေါ့။
“မနေ့က ခုနစ်တန်းက ချာတိတ်လေးတယောက်အကြောင်း မင်းသိပြီးပြီ
လား”
အစ်ကိုကြီးတယောက်ရဲ့ စကားသံ ထွက်လာတယ်။ ကျနော် အိမ်သာထဲ
ရောက်ကတည်းက သူတို့ ပထမဆုံး စကားပြောတာပဲ။ ခုနက အတိတ်ကြီး
တိတ်နေတာထက်စာရင် စကားသံကြားနေရတာပိုကောင်းတာပေါ့။
“ဘာဖြစ်လို့ လဲ”
“ငါလည်း ခုမနက်မှ ကျောင်းစောင့်အဘိုးကြီးက ပြောပြလို့ သိတာကွ”
“ဟုတ်လား ဘာအကြောင်းတုန်းကွ”
“ထုံးစံအတိုင်း ကျောပေါက်သရဲအခြောက်ခံရတာပေါ့ကွာ”
“ဟုတ်လား မင်းအခြောက်ခံရတုန်းကလိုပဲတဲ့လား”
အီးညှစ်နေရင်း ကျောပေါက်သရဲဆိုတဲ့ အသံကြားလိုက်ရတာ အီးနည်းနည်း
တောင် တစ်သွားတယ်။ ခေါင်းလဲ အလိုလိုထောင်သွားတယ်။
“ငါ့လိုပဲနေမှာပေါ့ကွာ။ ကောင်လေးက ကွန်ပါဗူးကျန်ခဲ့တာတဲ့”
“မင်းအခြောက်ခံရတုန်းက စတီးချိုင့်ကျန်ခဲ့တာမို့ လား”
“အေးလေ”
“ပြောပါဦး ဘယ်လိုဖြစ်တာတဲ့လဲ”
“မိနစ်နှစ်ဆယ်အစိတ်လောက် အဲ့ကလေးက ကျောင်းပြန်လာတာဆိုတော့
ကျောင်းစောင့်ကြီးကလွဲ ကျောင်းထဲဘယ်သူရှိမှာလဲကွာ။ ကွန်ပါဗူးကျန်ခဲ့
တာပဲ နောက်နေ့ကျောင်းပြန်တက်မှရှာလဲ ရနေတာပဲကိုး။ ငါ့တုန်းက
ထမင်းချိုင့်ကျတော့ နောက်နေ့ ထမင်းထုပ်ဖို့ လိုလို့ ပြန်ယူရတာ။ အဲဒါ ဒီ
ကောင်လေးကပြန်လာတော့ ကျောင်းစောင့်ကြီးကလည်း မြန်မြန်သွားကွဆို
ပြီး ကျောင်းတံခါးဖွင့်ပေးလိုက်တယ်တဲ့”
“အခြောက်ခံရတာမင်းလိုပဲမို့ လား ဘယ်လိုဖြစ်တာတဲ့လဲ”

ဒါ သိ စ် င် င်း င့်ကြီး ဒီ ငါး


“အဲဒါတော့မသိဘူးတဲ့ ဟစ်ရောင်ရေ၊ ကျောင်းစောင့်ကြီးက ဒီကလေး ငါး
မိနစ်လဲ ပြန်မလာ၊ ဆယ်မိနစ်လဲ ပြန်မလာလို့ သူ့အခန်းကို လိုက်တော့မှ။
ကောင်လေးက ကွန်ပါဗူးကြီးကိုင်ရက်နဲ့ခွေခွေလေး လဲနေတာတဲ့။ လန့်သွား
တာ နေမှာပေါ့ကွာ။ တော်သေးတယ်။ ကျောင်းစောင့်အဘိုးကြီး အရောက်
မြန်လို့ နှာတွေဘာတွေနှပ် ရေတွေဘာတွေ တောက်လိုက်မှ သတိ ပြန်လည်
လာတယ်တဲ့။ သတိရရချင်း ကျောက်ပေါက်သရဲ၊ ကျောက်ပေါက် သရဲနဲ့ ဂ
ယောင်ချောက်ခြားတွေ ပြောနေတာပဲတဲ့ကွာ”
ကျနော် ကြက်သီးမွေးညင်းတွေထပြီး ဆံပင်တွေတောင် ထောင်နေပြီ။ ဖင်
မြန်မြန်ဆေးပြီး ထပြေးချင်နေပေမယ့် ပြီးကလည်း မပြီးသေးဘူး။
နောက်ပြီး သရဲအကြောင်းပြောနေတုန်းမှ အိမ်သာထဲကနေ ထပြေးတယ်ဆို
ရှက်စရာကြီးဗျ။ ဒီအစ်ကိုကြီးတွေ ပြောနေပုံကလည်း နားထောင်နေရင်းနဲ့
ကျနော့်ကို သေချာခြောက်နေသလိုပဲဗျာ။ ကျနော်လဲ ကြောက်ကြောက်နဲ့
ချီးဆက်ပါနေရတဲ့အဆင့်ကို ရောက်နေပြီပေါ့။ ကြောက်ချီးပါတယ်ဆိုတာ
ဒါမျိုးလားမသိပါဘူးဗျာ။
“တော်သေးတာပေါ့ကွာ။ ဘာမှဖြစ်မသွားတာ။ ဒါနဲ့ဟစ်ရောင် မင်း
အခြောက်ခံရတုန်းကအကြောင်း ပြန်ပြောစမ်းပါဦးကွာ”
“ဟာ ဟစ်ရောင်ရေ အခုအခြောက်ခံရတဲ့ ကလေးကတော့ ဘယ်လို
ဘယ်ညာမသိဘူး။ ငါ့တုန်းကတော့ စောက်ရမ်းကြောက်စရာကောင်းတာ
ကွာ။ အဲ့တုန်းက ငါက ထမင်းချိုင့်ကို ခုံအောက်ကယူပြီး ကျောင်းပေါက်
ဘက်ကို ပြန်လာနေပြီ။ ရှစ်တန်းဆောင်နဲ့ကိုးတန်းဆောင်ကြားက စင်္ကြန်
လမ်းက သိတယ်မဟုတ်လား မှောင်မဲနေတာ။ ငါလည်း ပြေးတော့ပြေးလာ
တာပဲကွ။ ဖိနပ်သံ ဖတ်ဖတ်ဖတ်ဖတ်နဲ့ ကြားလို့ နောက်လှည့်ကြည့်တော့
ဘာမှမရှိပါဘူးကွာ။ နောက်မှတွေးမိတာ အဲဒါ ငါ့ဖိနပ်ကအသံကွ ဟားဟား။
ထားပါတော့ အဲဒါစင်္ကြန်ထိပ်နား ကလေးရောက်တော့ တဖက်ကနေ ငါ့
တို့ အရွယ်ပဲကွ။ ကျောင်းသားတယောက် ငါ့ဘက်ကိုလာနေတာ။ ငါလည်း
ကြောက်နေတုန်းဆိုတော့ အားတက်သွားတာပေါ့ကွာ။ ‘ဟစ်ရောင် မင်းဘာ
ကျန်ခဲ့လို့ တုန်း’ လို့ မေးတော့ ငါ့ကို ဘာမှပြန်မပြောဘူးကွာ။ မျက်လုံးကြီး
ကလည်း ဘယ်လိုကြီးမှန်းမသိဘူး။ ငါ့ကို တွေတွေကြီးစိုက်ကြည့်နေတာ။
အဲဒါနဲ့ငါလဲ ဒီကောင့်ကိုပဲ အကြောက်ပြေအနေနဲ့စကားဆက်ပြောတာပေါ့။
‘တော်သေးတယ်ကွာ မင်းကိုတွေ့လိုက်ရလို့ တယောက်တည်းဆိုတော့
ကျောပေါက်သရဲကြောက်လို့ ကွာ’ ။ အဲ့ကျတော့မှ ဒီကောင်က ‘ကျောပေါက်
သရဲ ဟုတ်လား ဒီလိုလား’ ဆိုပြီး ကျောကုန်းကြီးလှည့်ပြတာ။ ဟေ့ရောင်ရေ
ငါဆို သေးတောင်ထွက်ကျမတတ်ပဲ ၊ ခေါင်းနဘန်းတွေပါကြီးကုန်တာ
ကျောမှာအပေါက်ကြီးနဲ့ကွာ”

င်း လို ခြော က် ပေါ က်


“မနေ့က ကလေးလဲ မင်းလို အခြောက်ခံရတာပဲနေမှာ၊ ကျောပေါက်သရဲ
ကြောက်ပါတယ်ဆို ကျောပေါက်သရဲနဲ့ချည့်တိုးတာပဲနော်...ကြက်သီး
တောင်ထတယ်ကွာ...လခွမ်း၊ လာကွာ အတန်းပြန်ဒိုးရအောင်”
အဲ့နေရာရောက်တော့ ကျနော် အသားကုန်ဖင်ဆေးနေပါပြီ။ ပြီးတော့
ဘောင်းဘီတိုလေးပြန်ဝတ်။ အိမ်သာတံခါးကို ဝုန်းခနဲတွန်းဖွင့်ပြီး တချိုး
တည်းပြေးတော့တာပဲဗျာ။ ချွေးစေးတွေတောင်ပြန်လို့ တကိုယ်လုံးလည်း
ရှိန်းကနဲဖိန်းကနဲနဲ့ပဲ ။ ဖင်မှသေချာပြောင်ရဲ့လား၊ အိမ်သာရေလောင်းခဲ့
သလားတောင် မမှတ်မိတော့ပါဘူး။ ဒါပေမယ့်ဗျာ အဲသလို ပြေးထွက်လာခဲ့
တော့မှ နောက်ကကျန်ခဲ့တဲ့ ဟိုဘဲကြီးနှစ်ယောက်ရဲ့ ကျနော့်အဖြစ်ကိုကြည့်
ပြီး ရယ်လိုက်သံဟာများ အုန်းခနဲတောင် မြည်မလားမပြောတတ်ဘူး။
အကျယ်ကြီးပဲဗျာ။ မအေဘေးကြီးတွေ လူကို သက်သက်ခြောက်တာဗျ။
ချွေးပြန်ရောပဲဗျာ။
ခြောက်မှန်းသိပြီဆိုပေမယ့်လည်း ကြောက်တာကတော့ ကြောက်တာပါပဲ
ဗျာ။ အဲဒီကနောက် အတန်းတွေကြီးလာတဲ့အထိ ကျနော်တော့ အိမ်သာထဲ
တယောက်တည်း ဘယ်တော့မှမသွားရဲတော့ဘူး။ ကျောင်းမှာ ဘာပဲကျန်ခဲ့
ကျန်ခဲ့ အိမ်ကျမှ အရိုက်ခံချင် ခံလိုက်မယ်။ ဘယ်တော့မှ ပြန်မယူတော့
ဘူး။ ပုတုနဲ့ မင်းဆန်းကိုလည်း ဒီအကြောင်း ပြောပြတာပေါ့။ ပုတုဆိုရင်
ကျနော်ပြန်ပြောပြနေတုန်းကို ကျနော့်အနားကပ်ကပ်လာတယ်။ “ကျော
ပေါက်သရဲဟုတ်လား ဒီလိုလား” ဆိုတဲ့နေရာလည်းရောက်ရော အဲ့ကောင် န
သယ်မွှေးတွေဆိုတာ တန်းထောင်လို့ ပဲ။ မင်းဆန်းက ကြောက်တော့ကြောက်
ပေမယ့် အိန္ဒြေသိပ်မပျက်ဘူးဗျ။ ဟုတ်သည်ဖြစ်စေ မဟုတ်သည်ဖြစ်စေ
ဗျာ။ ကျနော်လည်း အတန်းကြီးလာတော့ အဲဒီနည်းနဲ့ပဲ ချာတိတ်တွေကို
ဖြဲခြောက်တာပေါ့။ ကျနော်တို့ နေတဲ့ ဝင်းနာမည်က “အနာဂတ်ရိပ်သာ” တဲ့။
အိမ်ထောင်သည်ဝန်ထမ်းလိုင်းခန်းတွေပေါ့ဗျာ။ တိရစ္ဆာန်ရုံနဲ့
မျက်နှာချင်းဆိုင်၊ ကန်တော်ကြီးနဲ့လဲ နီးတယ်။ သိပ်အရေးပါလှတယ်
မဟုတ်ပေမယ့်လည်း ကျနော်တို့ နေတဲ့ ဝင်းထဲမှာ ရှိနေတဲ့ တိုက်တွေပုံစံကို
ပြောပြဦးမယ်။ တထပ်မှာ အခန်းခြောက်ခန်းအတန်းလိုက်ပါတဲ့ အနီရောင်
လေးထပ်တိုက်ကြီးတွေပေါ့ဗျာ။ အပေါ်ထပ်တွေကိုတက်ဖို့ လှေကားတွေက
တောင်ဘက်မြောက်ဘက် အစွန်ဆုံး အခန်းနှစ်ခန်းရဲ့ဘေးမှာရှိတယ်။
အတောင်ပံလိုမျိုးပေါ့။ ဝင်းထဲမှာ အဲဒီလို တိုက်ကြီးတွေချည့်ပဲ အလုံးသုံး
ဆယ်ကျော်လောက်ရှိမယ်ထင်တယ်။ တခါမှရေမကြည့်ဖူးတော့ သေချာ
တော့ မသိပါဘူး။
ဝင်းကို၊ မြတ်ကျော်၊ ကိုသူ၊ ကိုမျိုးတို့ က တိုက်နံပါတ်တစ်၊ ကျနော်ရယ် မင်း
ဆန်းရယ် ပုတုရယ်က တိုက်နံပတ်သုံး။ စန်းကို၊ ဇော်ထူး၊ မော်စီတုံးတို့ က

တို က် ငါး က် စိ မြ င် င် ပြော င် တို က် တို က်


တိုက်ငါး။ မျက်စိထဲ မြင်အောင်ပြောရင် တိုက် (၁)၊ တိုက် (၃)၊
တိုက် (၅)၊ တိုက်သုံးလုံးက အတန်းလိုက် အနောက်ဘက်ကို မျက်နှာမူထား
တယ်။ အဲဒီတိုက်သုံးလုံးရဲ့ နောက်ကျောမှာ တိုက် (၂)၊ တိုက် (၄)၊ တိုက် (၆)
တိုက်သုံးလုံးက အရှေ့ဘက်ကို မျက်နှာမူထားတယ်။ ဖင်ချင်းပေါက်ပေါ့
ဗျာ။ တိုက်(၁)ရဲ့နောက်က တိုက်(၂)၊ တိုက်(၅)ရဲ့ နောက်မှာ တိုက်(၆)။ ကျ
နော်နေတဲ့ တိုက်(၃) အိမ်နောက်ဖေးပြတင်းပေါက်ကနေ လှမ်းကြည့်လိုက်
ရင်၊ တိုက်(၄)ရဲ့ အိမ်နောက်ဖေးပြတင်းပေါက်တွေကို တည့်တည့်ကြီး မြင်
နေရတယ်။ တချို့လူကြီးတွေ တခါတလေ အိမ်သာပြတင်းပေါက်ကို မပိတ်
ဘဲ အီးထိုင်ပါနေတာတောင် မြင်ဖူးသေးတယ်။ ဘယ်လိုလူကြီးတွေမှန်း မ
သိပါဘူးဗျာ။ ပြတင်းပေါက်လေးတော့ ပိတ်ဦးပေါ့။ ယိုသူမရှက် မြင်သူ
ရှက်ဆိုတာ အဲဒါပဲဗျ။
ကျနော်တို့ ဟိုးငယ်ငယ်လေး ဂွေးတန်းလန်း နှပ်ချီးတွဲလောင်းကနေ
ပေါင်းသင်းလာကြတဲ့ ငယ်ပေါင်းကြီးဖော် သူငယ်ချင်းတွေဆိုတာ
များသောအားဖြင့် အဲဒီတိုက်ခြောက်လုံးထဲကပဲ။ ကျန်တဲ့တိုက်တွေအများ
ကြီး ရှိသေးပေမယ့် အဲဒီကကောင်တွေနဲ့တော့ ကျောင်းတူတဲ့ကောင်ဆိုရင်
ကျောင်းမှာခင်တာလောက်၊ တခါတလေ ဘောလုံးချိန်းကန်ကြတာလောက်
ပဲ ရှိတယ်။ နောက်ပိုင်း အတန်းတွေကြီးလာတော့ အဲဒီခပ်ဝေးဝေးတိုက်က
ကောင်တွေနဲ့ ကျနော်တို့ တွေဆိုတာ ဂိုဏ်းစတားတွေလိုပဲ။ တဂိုဏ်းနဲ့တ
ဂိုဏ်းဆော်ဖို့ ချောင်းနေကြတော့တာ။ နောက်ဆုံးသူတို့ ဘက်က စော်ကို
တောင် သွားဖွံကြောင်ဖို့ မလွယ်လှဘူး။ ကျနော်တို့ တိုက်တွေဘက်က စော်
တွေလည်း ဖွံလာမကြောင်နဲ့ လေသေနတ်နဲ့ ချောင်းပစ်တာပဲ။ ဒါပေမယ့် ဒါ
မျိုးကဖြစ်ခဲပါတယ်ဗျာ။
လေးငါးတန်း ခြောက်တန်းအရွယ်လောက်အထိကတော့ ရန်သူတွေ
မိတ်ဆွေတွေ ဂိုဏ်းတွေ သိပ်မရှိပါဘူး။ စစ်တိုက်တမ်း ကစားတဲ့အခါမျိုး
မှာသာ ကျနော်တို့ တွေက တအုပ်စု၊ အဲဒီခပ်ဝေးဝေးတိုက်က ကောင်တွေက
တအုပ်စု လူခွဲကြကစားကြတာ။ ကျည်ဆံကတော့ ကုက္ကိုသီးတွေပဲ။ ကုက္ကို
သီးတောင့်အစိုတွေ။ အဲဒီတွေနဲ့ထိရင် တော်တော်နာတယ်ဗျ။ နောက်ပိုင်း ပ
စ္စတိုလေသေနတ်လေးတွေ ဝယ်နိုင်သွားတော့ ပိုဆိုးရော။ ကော်ကျည်ဆံ
တွေနဲ့ ပစ်တာ ဆိုတော့ မတရားနာတာကိုဗျ။ တော်သေးတယ် ဘယ်သူမှ
တော့ မျက်လုံးမကန်းခဲ့ကြဘူး။
နောက်ပြီး ကျနော်တို့ မှာက ဌာနချုပ်တပ်စခန်းလည်းရှိတယ်။ မှို့ပင်ကြီးတ
ပင်ပေါ်မှာပေါ့။ ကျောင်းပိတ်ရက် နေ့လယ်နေ့ခင်းတွေဆိုရင် အားလုံး အဲဒီ
အပင်ပေါ်မှာပဲ။ စုစုပေါင်း ဆယ်ယောက်လောက်ရှိမယ်။ အပင်ကိုင်းတွေမှာ
သစ်သားချောင်းကလေးတွေတင်ပြီး ကြိုးနဲ့ချည်။ တချို့သစ်သားချောင်း

ဝါး ခြ မ်း ပြား ကို ရို က် တ် ရို က် တ် ရို က်ပြီး


ကလေး ဝါးခြမ်းပြားလေးတွေကိုကျ မရိုက်တတ်ရိုက်တတ်နဲ့ပဲ သံနဲ့ရို က်ပြီး
လုပ်ထားတော့ နေရာကျယ်ကျယ်လည်းရှိတယ်။ အိပ်ချင်ရင်တောင် အိပ်လို့
ရသေးတယ်။ ဆရာအကျဆုံးကောင်ကတော့ ပိုမြင့်တဲ့အပေါ်ကိုင်းမှာ ထိုင်ရ
တာပေါ့။ အဲဒီအပေါ်မှာထိုင်ပြီး ဒိုးဆက်ချချင်ချ၊ စာအုပ်လှန်ချင်လှန်၊
သစ်ပင်ပေါ်ကနေ သေးအဝေးပြိုင်ပေါက်၊ တံထွေးအဝေးဆုံးပြိုင်ထွေး မ
ပျင်းရဘူးဗျ။
ဗိုက်ဆာလာတော့လည်း ဝင်းထဲမှာ သူများတကာစိုက်ထားပျိုးထားတဲ့အပင်
တွေဆီကနေ လှည့်ခိုးလို့ ရလာတဲ့ ငှက်ပျောသီး၊ မာလကာသီး၊ သရက်သီး
တွေထိုင်စားကြ။ တီဗွီကလာတဲ့ ဝူခုန်းအကြောင်း၊ ပေါင်ချိန်အကြောင်း၊ ကျ
န်းဝူကျိအကြောင်း၊ ကျန်ကျောင်းအကြောင်း ပြောကြ။ စိတ်ပါလာရင် သိုင်း
ချတမ်းကစားကြ။ တခြားဂိုဏ်းကကောင်တွေအကြောင်းပြောကြ၊ နည်း
နည်းကြီးလာတော့ ကောင်မလေးတွေ အကြောင်းတွေပါ ပြောတတ်လာကြ
တယ်။ ဒါပေမယ့် ငါးတန်းခြောက်တန်းဆိုရင်ပဲ ကိုယ်စီကိုယ်စီ ကြိုက်တဲ့
ကောင်မလေးတွေ ရှိနေကြပြီ။ ကျနော်ဆိုရင် ခြောက်တန်းနှစ်မှာ အသည်း
တခါကွဲခဲ့ဖူးပြီ။ အဲဒီကနေနည်းနည်းလေးပိုကြီးလာတော့ ကျနော်တို့ ငယ်ပါ
တွေရဲ့ မေးသိုင်းကြိုးတွေ ဆွဲဖြုတ်ကြည့်နေကြ။ ကျနော်တို့ အဲဒီမှို့ပင်ကြီး
အပေါ်မှာ ပြောခဲ့လုပ်ခဲ့တာတွေများလွန်းလို့ အကုန်လုံးကိုတောင် မမှတ်မိ
နိုင်တော့ဘူး။ သေချာတာကတော့ ကျောင်းစာအကြောင်း လုံးဝမပါတာပဲ။

ဒါ တ် က် လို့ နော် ယ် တို က် ခြော က် မော် စီ ယ် တ်


အဲဒါနဲ့ပတ်သက်လို့ ကျနော်ရယ် တိုက်ခြောက်က မော်စီတုံးရယ်ဟာ အုတ်ခုံ
မှာ အမြဲထိုင်တတ်တဲ့ အုပ်စုထဲက အစ်ကိုကြီးတွေရဲ့ ဝိုင်းဟားခြင်းကို ခံခဲ့ရ
သေးတာကိုး။ မော်စီတုံးဆိုလို့ ပြောရဦးမယ်။ ဒီကောင်က အသားဖြူဖြူ၊
မျက်နှာဝိုင်းဝိုင်းနဲ့ရယ်။ လေးတန်းနှစ်မှာမှ ဒီကောင်တွေက အိမ်ပြောင်းလာ
ကြတာ။ ရောက်ကတည်းက သူ့အဖေအမေကလည်း “သားရေ မော်စီတုံး
ရေ”လို့ အော်အော်ခေါ်တယ်။ ကျန်တဲ့သူငယ်ချင်းတွေကလည်း မော်စီတုံးဆို
လို့ သာ မော်စီတုံးခေါ် ခဲ့ရတာ။ မော်စီတုံးဆိုတာ ဘာမှန်းကို မသိဘူး။ ဒီ
ကောင်နာမည်ကလည်း ဘာနာမည်ကြီးလဲကွာ တိုင်းရင်းသားလား မသိဘူး
လို့ ထင်တာလောက်ပဲ။ ကျနော်တို့ သူငယ်ချင်းတွေမှာ တိုင်းရင်းသားတွေ
လည်း ရှိတာကိုး။ အဲ့ကောင်က လူနာမည်မှ ကြောင်တောင်တောင်ဖြစ်တာ
မဟုတ်ဘူး။ လူကလည်း ကြောင်တောင်တောင်ကောင်ရယ်။ ဒီကောင့်
ကြောင့်ပဲ ဘဲကြီးတွေ ဝိုင်းဟားတာခံရတာပေါ့ဗျာ။
ကျနော်ရှစ်တန်းနှစ်တုန်းက တရက်မှာ ညနေစောင်းဘောလုံးကန်လို့ အပြီး
မှောင်စပျိုးချိန်ပေါ့။ အိမ်မပြန်သေးဘဲ အုတ်ခုံမှာထိုင်နေကြတဲ့ အစ်ကိုကြီး
တွေအနား ဝေ့လည်ကြောင်ပတ်လုပ်ရင်း သူတို့ နဲ့ ရောကော သောကောလုပ်
ဖို့ ကြိုးစားတာပေါ့ဗျာ။ အစ်ကိုကြီးတွေကလည်း ကျနော်တို့ ကို ငေါက်မ
ထုတ်ပါဘူး။ ကျနော်တို့ နှစ်ယောက်ကို တချက်လောက်ကြည့်ပြီး သူတို့
ဘာသာ စကားဆက်ပြောနေကြတာပဲ။ ကျနော်တို့ နှစ်ယောက်စလုံး သူတို့
အနားယောင်လည်လည်လုပ်ရင်း ဘာတွေများပြောကြသလဲလို့ စပ်စုတာ
ပေါ့။ ဘဲကြီးတွေဆိုတော့ အရောဝင်ချင်တာပေါ့ဗျာ။ အဲဒါသူတို့ အနားထိုင်
ယောင်လည်လည်လုပ်နေတုန်း အစ်ကိုကြီးတယောက်က မျက်နှာပြုံးစပ်စပ်
နဲ့ကျနော်တို့ ကို လှမ်းမေးတယ်။
“ဟေ့ရောင်တွေ မင်းတို့ နှစ်ကောင် ဒစ်ပြုတ်ပြီလားကွ” တဲ့။ မေးပုံကြီး
ကဗျာ။ နှစ်ကောင်လုံး ဘာပြန်ပြောရမယ်မှန်းတောင် မသိဘူး။ ရှက်တော့
လည်း နည်းနည်းတော့ရှက်တယ်။ ဒါပေမယ့် ဘဲကြီးတွေက ကျနော်တို့ ကို
အရေးတယူလုပ် စကားပြောတာကိုတော့လည်း သဘောကျနေမိတယ်။
မော်စီတုံးကတော့ သိပ်ရှက်ပုံ မရဘူးဗျ။ ဒီကောင်က စဖြေတယ်။
“ကျနော်ကတော့ ပြုတ်ပြီဗျ။ ဆွဲဖြုတ်ပစ်လိုက်တာ”
မော်စီတုံးက အဲ့လိုဖြေလိုက်တော့ ဘဲကြီးတွေအကုန်လုံးက မဖြေရသေးတဲ့
ကျနော့်ကို ဝိုင်းကြည့်တာပေါ့။ မော်စီတုံးတောင် ဖြေသေးတာ ငါကဘာလို့ မ
ပြောရဲရမှာလဲလို့ အောက်မေ့ပြီး ကျနော်လဲဖြေရတာပေါ့။
“သူ့လိုပဲဗျ ပြုတ်ပြီးပြီ”

ဒါ ဆို င်း တို့ င် ပျို ဖြ စ် ကြ ပြီ ကြီး ပြော


“ဒါဆိုမင်းတို့ ကောင်တွေ လူပျိုဖြစ်နေကြပြီပဲကွ” တဲ့။ ဘဲကြီးတဗွေက ပြော
တယ်။
အမှန်တော့ဗျာ ဒါမျိုးတွေက လူတကာလျှောက်ပြော၊ အမေးအဖြေလုပ်နေ
ရမှာတွေလည်း မဟုတ်ပါဘူး။ ဒါပေမယ့် ကျနော်တို့ ဆိုရင် ဒီဘဲကြီးတွေက
သိပ်အဖက်လုပ်ကြတာမဟုတ်တော့ ဒီလိုမေးတာပြုတာများ သိပ်ဖြေချင်
တာပဲ။ နောက်ပြီး တကယ်လဲ ကျနော်တို့ က လူပျိုပေါက်စတွေ ဖြစ်နေကြပြီ
လေ။ ရှစ်တန်းကျောင်းသားတွေ ဖြစ်နေပြီလေ။ တနေ့ တနေ့ နှုတ်ခမ်းမွှေး
များ ပေါက်လာပြီလားလို့ မှန်ကြည့်ရတာ မောလို့ တောင်နေတယ်။ ပထမ
ဆုံးဝက်ခြံစပေါက်တာကို ထီပေါက်တာထက်တောင် ပျော်ခဲ့သေးတယ် ထင်
ပါရဲ့။ ထားပါတော့။ အဲဒါနဲ့ ခုနက ပြုံးစစနဲ့မေးတဲ့ အစ်ကိုကြီးကပဲ ဆက်
ပြောတယ်။
“လူပျိုဖြစ်ပြီဆိုတော့ မင်းတို့ ကောင်တွေ ဂွင်းတော့ တိုက်ပြီပေါ့နော်” တဲ့။
ကျနော်ရော မော်စီတုံးရော နှစ်ယောက်စလုံး ရှက်လိုက်တာ ဆိုတာဗျာ။ တ
ကိုယ်လုံး ရှိန်းတိန်းဖိန်းတိန်းတွေဖြစ်ပြီး မျက်နှာကို မပြရဲတော့ဘူး။ မေးတဲ့
အစ်ကိုကြီးကိုလည်း စိတ်ဆိုးလိုက်တာ။ ဘာပြန်ပြောရမယ်မှန်းတောင် မသိ
လို့ ခေါင်းကြီးငုံ့ ပြီး လက်ဆစ်တွေ ထိုင်ချိုးနေတာ တဖျောက်ဖျောက်ကို
မြည်လို့ ။ ဘာမှမပြောတာ ဝန်ခံတဲ့သဘောပေါ့ဗျာ။
ကျနော်တို့ က မဖြေဘဲ ရှက်နေမှန်းသိတော့ သူတို့ ဘော်ဒါချင်းတွေ ဆက်
ပြောနေကြတယ်။
“ငါတို့ တုန်းကတော့ ဒုက္ခရောက်လိုက်တာကွာနော့် ဟေ့ရောင်...။ အနီရောင်
ပျစ်ပျစ်တွေထွက်တာ။ ပုဆိုးတွေ ဆိုရင်လည်း အမြဲတမ်းအနံ့က စိမ်းရွှေရွှေ
အနံ့တွေနံလို့ ...လခွမ်း”
“အရေကြည်တွေပါ အစ်ကိုကြီးရ အဖြူရောင်ပါ”
မော်စီတုံးဆိုတာ အဲ့လိုကောင်ဗျ။ ဘဲကြီးတွေက တမင်ကလာ ငပိန်းဖမ်းတာ
ကို ဒီကောင်က မသိဘူး။ ခပ်တည်တည်နဲ့ သူကတောင် အမှားဝင်ထောက်
ပေးလိုက်သေးတယ်။
ဘဲကြီးတွေဆိုတာ တအုပ်စုလုံးရယ်လိုက်တာ အုတ်ခုံအပေါ်မှာမိုးနေတဲ့
ကုက္ကိုပင်ကြီးပေါ်က ငှက်တွေတောင် တဖန်းဖန်းနဲ့ လန့်ပြီး ထပျံကုန်ကြ
တယ်။ မျက်ရည်ထွက်တဲ့သူထွက်၊ ဗိုက်နှိပ်တဲ့သူ နှိပ်နဲ့။ ကျနော်တို့ နှစ်
ကောင်လည်း သူတို့ ရှေ့ကနေ တချိုးတည်းလစ်တော့တာပေါ့။ ပြေးတာ
အိမ်ကိုဘယ်လိုရောက်သွားမှန်း မသိဘူး။ အိမ်ရောက်တော့ အိပ်ရာပေါ်လှဲ
ရင်း အဲဒါကြီး ပြန်ပြန်တွေး ရှက်လို့ ကို မဆုံးဘူးဗျာ။ ဘယ်တော့မှ အဲဒီ

တ် ဆီ ကို က် င်း င် ပ်
အုတ်ခုံဆီ မသွားတော့ဘူး။ ကိုက်တရာအတွင်းတောင် မကပ်တော့ဘူးကွာ
လို့ ဆုံးဖြတ်ချက်ချမိခဲ့တယ်။ အုတ်ခုံကိုမြင်တိုင်း အဟားခံရတာကို ပြန်
မြင်ယောင်လာပြီး တယောက်တည်းနဲ့တင် မျက်နှာထားစရာမရှိ ဖြစ်မိတာ
ကိုး။ အုတ်ခုံကလည်း အိမ်ထဲကတောင် လှမ်းမြင်နေရတော့ ခက်ပြီပေါ့။
မော်စီတုံးကိုကျတော့ ကျနော်က နိုင်လဲ နိုင်စားတော့ နဘန်နှစ်ခါလောက်
ကျင်းပေးလိုက်သေးတယ်။
“မအေဘေး သိန်းညွန့်သား မင်းကြောင့် ငါပါစောက်ရှက်ကွဲရတာ”
“ငါလည်း မေ့သွားတာကိုးကွ မင်းကလဲ ဟီး ဟီး” တဲ့။ သွားဖြီးကြီးနဲ့
ပြန်ပြောတယ်။
ကျနော်တို့ မှာ အဲဒီရှက်စိတ်နဲ့ တလလောက် ဘောလုံးတောင် မကန်ရတော့
ပါဘူး။ အုတ်ခုံက ဘောလုံးကွင်းဧရိယာထဲမှာတင် ရှိနေတာဆိုတော့
ညနေခင်းတွေ ကျနော်တို့ ဘောလုံးကန်ကြတိုင်း အစ်ကိုကြီးတွေ အုပ်စုက
လဲ အဲဒီအုတ်ခုံမှာ စုထိုင်ကြပြီကိုး။ မနေနိုင်လွန်းလို့ သူငယ်ချင်းတွေကန်
တာသွားကြည့်ရင်တောင် ဘောလုံးကွင်း ဒီဘက်အခြမ်းက ကုက္ကိုပင်ကြီးတ
ပင်ကို ခုတ်ထားလို့ ကျန်ရစ်ခဲ့တဲ့ အမြစ်ဆုံကြီးပေါ်ကနေပဲ ကြည့်တယ်။
ဘောလုံးက အုတ်ခုံဘက်အခြမ်းရောက်သွားရင် လိုက်မကြည့်ဘူး။
မျက်လုံးက အလိုလို ရပ်သွားတယ်။ အုတ်ခုံကအစ်ကိုကြီးတွေနဲ့
မျက်နှာချင်းဆိုင်မိမှာစိုးလို့ လေ။
အဲဒီရက်တွေတုန်းကတော့ အုတ်ခုံကိုမြင်ရတိုင်း ရှက်ပြီး ရှိုးတို့ ရှန့်တန့်တွေ
ဖြစ်တာဗျာ။ ငယ်ငယ်လေးနဲ့ မာစတာဘိတ်လုပ်တာကို လူကြီးတွေသိသွား
တာလောက် ရှက်စရာကောင်းတာမရှိဘူးလို့ ထင်တာကိုး။တကယ်တမ်းကျ
ကျနော်တို့ အရွယ်တွေအကုန်လုံး အဲ့တုန်းက တကိုယ်ရေအာသာဖြေတတ်
နေကြပြီဗျ။ လူတိုင်းပဲဟာ ကျနော်တို့ မှ သက်သက်ချွန်ပြီး ဒါမျိုးလုပ်တာ
မဟုတ်ဘဲ။ ဘာရှက်စရာရှိလဲ။ ဒါပေမယ့်ရှက်တာပဲဗျာ။ သိသာသိစေ မမြင်
စေနဲ့ဆိုတာမျိုးကိုး။ သိပ်အကြာကြီးတော့လည်း မဟုတ်ပါဘူး။
နောက်တလလောက်နေတော့ အုတ်ခုံရဲ့ကျောဘက်မှာရှိတဲ့ မိန်းလမ်းကြီး
ဘက်ကို မျက်နှာပြုထားတဲ့ ကော်ဇောအရောင်းဆိုင်ကြီးဆီ ထက်ထက်မိုးဦး
ကြော်ငြာလာရိုက်တယ်။ ထက်ထက်မိုးဦးဆိုတာ စူပါကြော်ငြာ မင်းသမီး
လောက်တင် ဘယ်ဟုတ်ပါ့မလဲ။ ကျနော်တို့ လို လူပျိုပေါက်တွေရဲ့ ညှီစော်နံ
နေတဲ့ အိပ်မက်တွေ အတွက်လည်း နတ်သမီးပဲလေ။ ဒီတော့လည်း ကျနော်
တို့ နှစ်ကောင်သားမှာ ထက်ထက်မိုးဦးကို အရှင်လတ်လတ် မြင်ဖူးချင်စိတ်
က ရှက်စိတ်ထက် ပြင်းအားမြှင့်နေလို့ တင်းမခံနိုင်ဘူး။ အဲဒီကနောက်
ညနေ ညနေ အုတ်ခုံဆီကိုလည်း ကျနော်တို့ မျက်နှာပူလျက်နဲ့ပဲ ပြန်ကပ်ရဲ
ယ် စ် ကိုကြီး ဆို ည်း န်း က် န်း ပါ
သွားတယ်။ အစ်ကိုကြီးတွေဆိုတာကလည်း စတုန်းနောက်တုန်းခဏပါ။
အမြဲတမ်းဘယ်မှတ်ထားနိုင်ပါ့မလဲ။
လူပျိုဖော်ဝင်ရတာလည်း မလွယ်ပါဘူးဗျာ။
အခန်း (၅)

ခြောက်တန်းနှစ်အလယ်လောက်မှာ ကျနော် စပြီး အသည်းကွဲခဲ့တယ်။ ကျ


နော်ကြိုက်တဲ့ ကောင်မလေးက ပြန်မကြိုက်လို့ ၊ ပြန်ကြိုက်ပြီးမှ ဖြတ်သွား
လို့ စတဲ့ ဖြစ်ရိုးဖြစ်စဉ် ဇာတ်လမ်းမျိုးနဲ့ အသည်းကွဲရတာမျိုးတော့ မဟုတ်
ဘူး။ သူ့နာမည်က စုစု တဲ့။ နေတာကလည်း တတိုက်တည်းအပြင် အခန်း
ချင်းကပါ ကပ်လျက်။ ကျနော်တို့ မိသားစုက အခန်းရှစ်၊ သူတို့ မိသားစုက
ဒုတိယထပ်ရဲ့ အစွန်ဆုံးအခန်း၊ အခန်း ခုနစ်။ စုစုနဲ့ ကျနော်တို့ ဆိုတာ ငယ်
ကတည်းက ဆော့ဖော် ဆော့ဖက်။ မှတ်မှတ်ရရ သူနဲ့ကျနော် နှစ်ခါ ထိုးဖူး
တယ်။ နပန်းလုံးတာပေါ့။ ကျနော့်ကြောင့် သူ တံထောင်ပေါက်ပြဲ၊ ဖင်ကို
ပိတ်ကန်လို့ ဖင်အောင့်ဖူးတယ်။ သူ့ကြောင့်လဲ ကျနော် မျက်ကွင်းညိုဖူး
တယ်။ ငယ်တုန်းကတော့ သူက မိန်းကလေး၊ ကိုယ်က ယောကျာ်းလေးဆို
တဲ့ လိင်ကွဲပြားမှုတွေမှ မရှိတာ။ သေးပေါက်တဲ့ဥစ္စာချင်း မတူဘူးဆိုတာက
လွဲရင် ဘာသိမှာလဲ။ ဆိုတော့ ရန်ဖြစ်ရင် ဆံပင်ဆောင့်ဆွဲ မျက်ခွက်လှမ်း
ရိုက်၊ လက်သည်းနဲ့လှမ်းကုတ်၊ ကုန်းကိုက်။ ဦးသူကဆော်တာပဲ။
စုစုကလည်း ပြောရရင် ဘောပြားဘက်တောင် နည်းနည်းရောက်မလားမသိ
ဘူး။ သူတို့ မိန်းကလေးချင်း ကစားတာထက် ကျနော်တို့ နဲ့ ပိုကစားတယ်။
ဘောလုံးလာကန်တယ်။ ထွေပစ်တယ်။ ပိုက်ဆံကြေး စာအုပ်လှန်တယ်။
ဂေါ်လီတူတူရိုက်။ စစ်တိုက်တမ်းကစားရင်တောင် သူက ပါသေးတယ်။ အဲဒီ
လောက် ယောကျာ်းလေးလိုလည်းဖြစ်၊ ရန်လည်း ခဏခဏဖြစ်လို့ တ
ယောက်နဲ့တယောက် တစောင်စောင် ကြားထဲကနေ ဘယ်လိုများ ကျနော့်မှာ
သူ့အပေါ် မေတ္တာသက်ဝင်ချစ်စိတ်ထင်သွားရတယ် မမှတ်မိတော့ပါဘူး။
ဖြစ်နိုင်ခြေအကြောင်းတွေကတော့ ရှိတာပေါ့။ အဲဒီ ဖြစ်နိုင်ခြေတွေထဲကမှ
အဖြစ်အပျက်တခုက ဒီလို။
စုစုမှာ အစ်မတယောက်ရှိတယ်။ မကြည်ပြာ တဲ့။ ကျနော့်ထက် လေးငါးနှစ်
လောက်ကြီးမယ်ထင်တာပဲ။ အသေအချာတော့ မမှတ်မိဘူး။ သူတို့ မိသားစု
နဲ့ ကျနော်တို့ မိသားစုဆိုတာ အိမ်ချင်းကပ်လျက်နေခဲ့ကြတာ အကြာကြီးဆို
ပေမယ့် ဘာကြောင့်ရယ်မသိဘူး။ သူတို့ မိသားစုထဲကလူတွေနဲ့ပတ်သက်ရင်
စုစုကို ကျနော်ကြိုက်ပြီး နောက်ပိုင်းပုံရိပ်တွေပဲ ကျနော့်မှတ်ဥာဏ်ထဲမှာရှိ
တယ်။ အဲဒီအရှေ့က သူတို့ နဲ့ စကားပြောခဲ့ဖူးတာလည်း မမှတ်မိဘူး။
အတူတူကစားဖူး တာလည်း မမှတ်မိဘူး။ ဒီနေ့အထိ ကျနော်မှတ်မိနေတဲ့ စု
စုရဲ့ မျက်နှာရုပ်သဏ္ဍာန်တောင်မှ သူ့ကို ကျနော်စကြိုက်တဲ့ နှစ်က ရုပ်
က် ချိ န် နော် ဘိုး ကြီး ဖြ စ် င် ည်း နော့် တ်
ကလေးပဲ။ နောက်တချိန်ကျနော်အဘိုးကြီးဖြစ်သွားခဲ့ရင်လည်း ကျနော့်မှတ်
ဥာဏ်ထဲက စုစုဟာ ဘယ်တော့မှ အိုသွားမှာမဟုတ်ဘူး။ အဲဒီအတိုင်း
ကလေးပဲ ရှိနေတော့မှာ။
တနေ့တော့ ကျနော်တို့ တိုက်နဲ့ ကပ်လျက်က တိုက်ငါးကို မိသားစုတစု
ပြောင်းလာကြတယ်။ အဲဒီပြောင်းလာ တဲ့မိသားစုထဲမှာ ဘဲကြီးတဗွေ ပါလာ
တယ်။ တက္က သိုလ်တက်နေတာနဲ့ တူပါတယ်။ နောက်ပြီး သူက ရုပ်ချော
တယ် ထင်တာပဲ။ ရုပ်ချောတယ်ထင်တယ်လို့ ပြောရတာက ကျန်တဲ့
ယောကျာ်းလေးတွေတော့ မသိဘူး။ ကျနော်ကတော့ ယောကျာ်းချင်းချော
တာလှတာ သိပ်မသိဘူး။ အရမ်းကြီးကိုချွန်ထွက်ပြီး မင်းသားဖြစ်လောက်
တဲ့(ဥပမာ ကျနော်တို့ ဆိုင်မှာ ကွမ်းယာလာလာစားတဲ့ ကိုမျိုးသန့်လိုမျိုး) ရုပ်
မျိုးမှမဟုတ်ရင် ဟိုကောင်က ချောတယ်။ ဒီကောင်က ချောတယ်။ သိပ်မ
သိဘူး။ ကျနော်တို့ သူငယ်ချင်းတွေထဲမှာ ယောကျာ်းတယောက်လှတာချော
တာ စကားလုပ်ပြောတာ မကြားဖူးပါဘူး။ ပြောမယ့်ပြော မိန်းကလေးလှ
တာပြောမှာပေါ့ဗျာ။ ယောကျာ်းချင်းတော့ ခပ်ပါးပါးပေါ့ ဘာလုပ်ရမှာလဲ။
အကုန်လုံး အတူတူနဲ့ အနူနူကောင်တွေချည့်ပဲ။ ယောကျာ်းတယောက် ချော
ခြင်း မချောခြင်းဆိုတာတွေကို မိန်းမတွေကပဲ ဆုံးဖြတ်ကြတာ။ ယောကျာ်း
ချင်းမှာတော့ သိပ်ပလီစီခြောက်ချက်များ၊ ပုန်းသွားနိုင်တဲ့ကောင်တွေကသာ
လှတယ် ချောတယ်ဆိုတာမျိုးကို အလွန်အင်မတန်နှစ်သက်ကြတာလို့ ထင်
တယ်။ အင်း ဒါပေမယ့် ယောကျာ်းတွေလည်း ချောချင်လှချင်ကြတာပါပဲ။
အို သိပ်မထူးပါဘူးဗျာ။ ထားပါတော့။
အဲဒီဘဲကြီးပြောင်းရွှေ့လာပြီးကတည်းက ကျနော်တို့ ကတိုက်က ဒါမှမဟုတ်
တိုက်တစ်ဘက်က ရှိရှိသမျှ အပျိုပေါက်မတွေ တစခန်းထကြတော့တာပဲ။
စုစုရဲ့ အစ်မ မကြည်ပြာလဲပါတာပေါ့။ အဲ့ဘဲကြီးကိုပဲ သွားသွားချောင်းကြ
ပြီး သူတို့ အချင်းချင်း စကားဝိုင်းဖွဲ့ကြတော့တယ်။ ကျနော်တို့ က ကလေးဆို
တော့ အဲဒီလို သူတို့ စကားဝိုင်းဖွဲ့ကြပြီဆိုရင် အေးအေးဆေးဆေးနားထောင်
လို့ ရတယ်။ သူတိုနဲ့ရွယ်တူ ယောကျာ်းလေးရှေ့တော့ ဘယ်ပြောမလဲ။
အဲဒီလို အသစ်ပြောင်းလာတဲ့ အစ်ကိုကြီးဟာ ဘယ်လိုချောကြောင်း၊
ဘယ်လိုတပ်မက်စရာကောင်းကြောင်း ငါ့ဘဲလေး ငါ့လင်လေးသာဖြစ်ရင်
သိပ်ကောင်းမှာပဲ ဘာညာပေါ့ဗျာ။ မိန်းမ နှာဗူးထကြတဲ့ စကားဝိုင်းကို ကျ
နော်ဟာ ဘေးကနေ နားထောင်ရင်းနဲ့မှ ကိုယ့်ကိုပြောတာမဟုတ်ပေမယ့်
လည်း ကိုယ်နဲ့လိင်တူတဲ့ လူတယောက်အကြောင်းကို အပျိုဖြစ်ခါစ လိင်မ
တူတဲ့ ခပ်လှလှမိန်းကလေးတွေက ပြောနေသံကို ထပ်ခါထပ်ခါကြားလာမိ
တော့ ဘယ်ပုံဘယ်နည်း ဘယ်စိတ်တွေ ဘယ်လိုထြွကလာတယ်မသိဘူး
ဗျာ။ ချစ်ချင်စိတ်တွေ ဝင်လာမိတယ်။ ဒါပေမယ့် ဘယ်သူ့ကိုချစ်ရမယ်လဲ

သိ ပါ ဝို င်း ဒီ ကြီး ကို စ် လို့ ယ်


မသိပါဘူး။ စကားဝိုင်းက အဲဒီမမကြီးတွေကိုတော့ သွားချစ်လို့ ဘယ်ရမ
လဲ။ သူတို့ ကလည်း ကျနော်တို့ လို ချာတိတ်တွေကို သောက်ဖက်ကိုလုပ်တာ
မဟုတ်ဘူးရယ်။ အဲဒီတော့ မမကြီးတွေ စကားဝိုင်းမှာ ကျနော်နဲ့အတူတူ ဘု
မသိ ဘမသိ ထိုင်နားထောင်နေတဲ့ စုစုအပေါ်ကို ကျနော့်အချစ်တွေဟာ
ဝုန်းခနဲ ခုန်တက်၊ (အင်း ခုန်ဆင်းတာဖြစ်မယ်) ခုန်ဆင်းသွားတော့တာပါပဲ။
အဲဒီနေ့ကစလို့ ငယ်ကတည်းက တေဖော်တေဖက်၊ ရန်ဖြစ်ဖော် ရန်ဖြစ်ဖက်၊
ယောက်ကျမိန်းနီးနီး စုစုဟာ ကျနော့်မျက်စိထဲ လှလာလိုက်တာ။ တခါမြင်
လိုက်ရင် တခါအလှတိုးနဲ့ ငါတော့ စုစုကို ချစ်တာ သေချာနေပြီလို့ ကိုယ့်
ကိုယ်ကိုယ်ဆုံးဖြတ်နိုင်လိုက်တဲ့အချိန်မှာတော့ စုစုဟာ စင်ဒရဲလားကလေး
လောက်ကို အပြစ်ကင်းပြီး လှပလို့ နေခဲ့ပါပြီ။ အဲဒါ ကျနော်ခြောက်တန်း၊
သူက ငါးတန်းမှာ ခင်ဗျ။ ဒါပေမယ့် မေတ္တာတရားနဲ့ဝင်းလက် တောက်ပနေ
တဲ့ ငါးတန်းခြောက်တန်းကလေးတွေပါ။
စုစုကို မနက်ခင်းတခါ ညနေခင်းတခါ ညအိပ်ရာဝင်ခါနီး တခါ စသဖြင့်
အကြိမ်ကြိမ်အခါခါ မမြင်ရမနေနိုင်လောက်အောင် ဖြစ်လာခဲ့တယ်။ စား
လည်း စုစု၊ သွားလည်း စုစု၊ အီးပါလည်း စုစု။ အိပ်မက်ကလည်း စုစု
အကြောင်းပဲ။ ညညဆိုရင် အခန်းချင်းကပ်လျက်မို့ အိပ်ခန်းထဲကထွက် သူနဲ့
ကျနော့်အကြား ခြားနေတဲ့ ကွန်ကရစ်အုတ်နံရံကြီးကို နားနဲ့ကပ် စုစုရင်ခုန်
သံကလေးများ ကြားရမလားလို့ ခိုးခိုးနားထောင်ခဲ့မိတာ အကြိမ်ကြိမ်။ နံရံ
တိုင်းမှာ နားရှိတယ်ဆိုတဲ့ စကားကို ကျနော်ဟာ ဟိုးငယ်ငယ်ကလေး
ကတည်းက သဘောပေါက်ခဲ့တာပေါ့။ တခါသား ညကြီးသန်းခေါင် အဲ
သလို နံရံကြီးနားကပ်လို့ ခိုးနားထောင်နေတုန်း တရေးနိုး သေးထပေါက်တာ
ဖြစ်မယ်ထင်တဲ့ အမေနဲ့တိုးသေးတယ်။
“ဟဲ့ကောင်လေး အုတ်နံရံနားကပ်ပြီး ဘာလုပ်နေတာတုန်း” လို့ အမေက မေး
ပါလေရော။
ကျနော်လဲ ဖြေမိဖြေရာ လျှောက်ပြေတာပေါ့ဗျာ။
“နားရွက်အေးလို့ အမေရ”
ဟိုဘက်အခန်းက စုစု အသံများကြားရမလား နားထောင်နေတယ်လို့ သူ
ဘယ်လိုလုပ်သိမလဲ။ နောက်ပြီး ညကြီးအချိန်မတော်လေ။
“ဒီကလေး ပေါက်ပေါက်ရှာရှာ သွား . . .သွားစမ်း အိပ်တော့” လို့ အိပ်မှုံစုန်
မွှားနဲ့ငေါက်ပြီး အိမ်သာထဲ ဝင်သွားတယ်။ ကျနော်လည်း ကိုယ့်အခန်းထဲ
ကိုယ် ပြေးဝင်ရတော့တာပေါ့။ တဖက်အခန်းမှာ စုစုလည်း ခေါင်းရင်းကနေ

ခြေ င်း က် တ် က် လို့ အိ ပ် ပျော် ပေါ့ ကို ယ်


ခြေရင်းရောက် စကတ် မျက်နှာဖုံးလို့ အိပ်ပျော်နေမှာပေါ့။ ကိုယ်ကသာ
ကိုယ့်အတွေးနဲ့ကိုယ် ရူးနေခဲ့တာကိုး။
အဲသလိုမျိုး ဆယ်နှစ်သာသာသက်တမ်းရှိတဲ့ စုစုဆိုတဲ့ ဗိုင်းရပ်စ်ကလေး
ဟာ ဆယ့်တနှစ်သာသာ ကျနော့်ကို တမှိုင်မှိုင်တတွေတွေဖြစ်အောင် ကိုယ်
တွင်းကနေ အဆက်မပြတ် တိုက်ခိုက်လို့ နေပါတော့တယ်။ ပိုပြီး
အကြောင်းဆိုးရတာက ကျနော်နဲ့စုစုက ကျောင်းမတူဘူးလေ။ ကျနော်က
ယောကျာ်းလေးကျောင်း၊ သူက မြတ်ကျော်၊ ဝင်းကိုတို့ နဲ့အတူတူ။
ယောကျာ်းလေးတွေနဲ့အတူတူ ရောရောနှောနှောတက်ရတဲ့ကျောင်း၊
ကျောင်းကလည်း မတူလေတော့ ကျောင်းချိန်တွေမှာဆိုရင် ကျနော့်မှာ လေ
လျော့နေတဲ့ သားရေဘောလုံးလိုပဲဗျာ။ ရှုံ့တွခွေခေါက်လို့ ။ သူနဲ့အတူတူ
ကျောင်းသွားတက်တတ်တဲ့ မြတ်ကျော်၊ ဝင်းကိုတို့ ကိုတောင် မကြည်တော့
ဘူး။ သံသယတွေဖြစ်လာတယ်။ ဒီကောင်တွေ ဖြတ်ခုတ်သွားလိမ့်မယ်ဆို
တဲ့အတွေးနဲ့ စုစုကို ကျနော်ကြိုက်နေတယ်ဆိုတာ ဘယ်သူ့မှဖွင့်မပြောဘူး။
တကိုယ်တည်းကြိတ်ခံစားတယ်။ ကျောင်းတက်ရတဲ့နေ့လည်ဘက်တွေမှာ
ဆိုရင် အခြားကျောင်းက ကျောင်းခန်းတခန်းထဲမှာ စုစုတယောက် ဘာလုပ်
နေမှာပါလိမ့်။ ဘယ်မအေဘေးတေနဲ့ ကလူကျီစယ်နေမှာပါလိမ့်လို့ အမြဲ
တွေး၊ အရွယ်နဲ့မမျှအောင် ရင်လေးနေမိတာပေါ့ဗျာ။ အချစ်ဟာ သိပ်ခံရ
ခက်တာပဲ။
အဲဒီလို အဲဒီလို သောကတွေ ဗျာပါဒတွေ ဝေဒနာတွေနဲ့ ချစ်မိပြီဆိုမှတော့
လည်း လုပ်စရာက ရည်းစားစာပေးဖို့ သာ ရှိတာပဲကိုး။ ကျနော်ဟာ ကျောင်း
ခန်းထဲမှာ ရည်းစားစာတွေ ခိုးခိုးရေးပါတယ်။ အကြိမ်ကြိမ် အထပ်ထပ် ပြင်
ရေး၊ အချောကူး။ အချောကူးနေရင်းမှ မကြိုက်တော့လို့ ပြင်ရေးပြန်။ ကျ
နော့်ရဲ့ ကျောင်းဗလာစာအုပ်တွေက အလယ်စာရွက်တွေအထိ ရေးပြီးသား
ဖြစ်နေတော့ သူများစာအုပ်တွေထဲက အလယ်စာရွက်တွေပါ လိုက်ခိုးဖြုတ်
ရသေးတယ်။ နောက်ဆုံး စာကို အချောသပ်နိုင်သွားတဲ့ တနေ့မှာတော့ စုစု
ကို စာဘယ်လိုပေးရမယ်လို့ ချိန်ဆချောင်းမြောင်းနေခဲ့ပါတယ်။ အိမ်ချင်း
ကပ်လျက်ဆိုတော့ အဝေးကြီး သွားချောင်းစရာလည်း လိုတာမှမဟုတ်ဘဲ။
ညနေခင်းတခုမှာတော့ စုစုကို စာပေးဖို့ အတွက် သူတို့ အခန်းရဲ့ ဘေးမှာတင်
ရှိတဲ့ လှေကားထစ်မှာ ထိုင်ရင်း သူထွက်အလာကို တိတ်ဆိတ်တဲ့ညမှာ
သွပ်ပြားပေါ် မိုးကြီးရွာ မိုးသီးတွေကြွေသလိုမျိုး ဗြောင်းဆန်မှုမျိုးနဲ့ကျနော်
စောင့်နေခဲ့ပါတယ်။ ဗလာစာအုပ်ထဲမှာ လေးခေါက်ခေါက်ထားတဲ့ စာရွက်
ကလေးကို ထုတ်ကြည့် ဖြန့်ကြည့် ပြန်ဖတ်ကြည့်လုပ်နေလို့ ကျနော့်ရည်စား
စာ စာရွက်ကလေးဟာဆိုရင် ကျနော့်လိုပဲ ဒေါင့်ချိုးတွေမှာ ပျော့ဖတ်လို့
တောင်နေပြီ။ စုစုက အိမ်ကထွက်မလာသေး။ ဒီကောင်မလေး ငါစောင့်နေ

န်း သိ လို့ ခြား က် င်း ပြီ စ် င့် င်


မှန်းသိလို့ တခြားဘက်လှေကားကနေ ဆင်းသွားပြီလား၊ ချစ်ခွင့်တောင်မ
ပန်ရခင်မှာ မုန်းပြီလား။ ဟိုကဖြင့် သိတောင်သိမှာ မဟုတ်ဘူး။ ကျနော်က
ကြံဖန်စိုးရိမ်နေလိုက်သေးတယ်။ သူထွက်မလာလေ ကျနော့်မှာ
တဖြည်းဖြည်း ငိုမဲ့မဲ့မျက်ခွက်ကလေးဖြစ်လာလေ။
သူတို့ အခန်းဘက်ကို လှေကားတထစ်တက်ကြည့်လိုက်၊ ပြန်ထိုင်ချလိုက်၊
ဗီဒီယိုတိတ်ခွေကို ရစ်ကြည့်သလို ဆတ်ခနဲ ဆတ်ခနဲဖြစ်နေတဲ့ ကျနော့်
လှုပ်ရှားမှုက မူမမှန်တော့။ အဲဒီအချိန်မှာပဲ လှေကားဘက် ဆင်းလာမယ့်သူ
ကို မျှော်လင့်နေတဲ့ ကျနော်ဟာ လှေကားကနေ တက်လာတဲ့ စုစုအစ်မ မ
ကြည်ပြာကို သတိမထားမိ၊ မမြင်လိုက်ပါဘူး။ သူတို့ အိမ် အပေါက်ကို လှမ်း
အကြည့် လှေကားဘက်ပြန်လာထိုင်တုန်း ကျနော့်ကို တသွေမတိမ်း စူးစူး
စိုက်စိုက်ကြည့်နေတဲ့ မကြည်ပြာကို မြင်လိုက်မိတော့ ကျနော် ခေါင်းနပန်း
ကြီးသွားတယ်။
အမေ ရိုက်တော့မှာ သေချာတဲ့ အပြစ်မျိုး လုပ်ထားမိတဲ့အချိန်တွေလိုပေါ့
ဗျာ။ ငါးသည်ရဲ့လင်ဗန်းပေါ်က ငါးလိုပဲဗျာ ပါးစပ်ကြီးကပါ ဟစိဟစိဖြစ်
သွားတယ်။ အဲဒီလို ဖြစ်သွားတာကိုက ပိုမသင်္ကာစရာ ဖြစ်နေတော့တာ
ပေါ့။ နောက်ပြီး သူက ခုနကတည်းက ကျနော့်ရဲ့ လှေကားထစ်မှာ ထိုင်
လိုက်၊ ထလိုက်၊ စုစုတို့ အခန်းကိုချောင်းလိုက်၊ ဖင်ကုတ်လိုက်၊ ခေါင်းကုတ်
လိုက်နဲ့ တယောက်တည်း မျောက်ဘရိတ်ဒန့်ကနေသလို ပုံကြောင့် ဘယ်
အချိန်ကတည်းက လှေကားအောက်ကနေ ရပ်ပြီးစောင့်ကြည့်နေတယ်မသိ
ဘူး။ အုတ်လှေကားထစ်တွေကို ဖနောင့်နဲ့ပေါက်နေသလို ဒုတ် ဒုတ်နဲ့ တက်
လာရင်း ကျနော့်လက်ထဲက ဗလာစာအုပ်ကို ဇွက်ကနဲမြည်အောင် ဆောင့်ဆွဲ
ယူလိုက်ပါတယ်။ ထို့ နောက်။ အဲဒီနောက် ဘာတွေဖြစ်မလဲ။ အရှင်းကြီးပေါ့
ဗျာ။
အဲဒီတုန်းကလောက် ကျနော့်ရင်ဘတ်ထဲ ဘယ်တုန်းကမှ ကုလားဘုရားမ
လှည့်ဖူးဘူး။ အိုးစည်ဗိန်ဗောင်း တအုံးအုံးမတီးဖူးဘူး။ ပထမဆုံး
အတွေ့အကြုံဆိုတာ အမြဲ ပထမဆုံးအတွေ့အကြုံဆိုတဲ့ စကားလုံးနဲ့ကိုက်
အောင် ရသစုံပေးတာပဲ။ သို့ သော်လည်း ထင်ထားသလောက် မဆိုးခဲ့ပါဘူး။
စာအုပ်ထဲက ခေါက်ထားတဲ့ စာရွက်ကလေးကို ဆွဲထုတ်ရင်း သူ့မျက်နှာကို
လည်း ပြုံးစိစိလုပ်လို့ “ဒါကဘာလဲ ငါ့ကို ပြောစမ်းပါဦး” လို့ လှောင်ပြော
ပြောတယ်။ “ကျနော် . . .ကျနော် . . .” ဆိုတာကလွဲလို့ ကျနော့်ပါးစပ်ကလဲ
ဘာမှမထွက်။ သူကလည်း ကျနော့်ကို ဒါကဘာလဲ ပြောစမ်းပါဦးဆိုပေမယ့်
အဖြေလိုချင်လို့ မေးတဲ့ မေးခွန်းမှမဟုတ်ဘဲ။ ကျနော့်ဘာသာ သောက်
အကြီးလိုဖြစ်နေလည်း ဘာအရေးစိုက်နေမှာလဲ။ စာရွက်ကိုဖြန့်

စ် ပေါ် မိ န်း ပျို က် ထို င် လို အိ န္ဒြေ တ်


လှေကားထစ်ပေါ် မိန်းမပျိုလေးတယောက် ထိုင်သလို အိန္ဒြေရရမဟုတ်ဘဲ
ဒူးနှစ်ချောင်းထောင်ပြီး ထိုင်လိုက်ရင်း စာကို စတင်ဖတ်ပါတော့တယ်။
ထိပ်ဆုံးစာသားမှာတင် သူဟာ အူပေါက်ထွက်အောင် စတင်ရယ်ပါတော့
တယ်။ ကျနော်က
“ချစ်ရတဲ့ စုစုအတွက်” လို့ စထားတာကိုး။
“ငါ့ ညီမကို ပေးမှာတဲ့ဟေ့ ဟား ဟား ဟား စုစုက စွံသားပဲဟ”
တယောက်တည်း ဘယ်သူ့ကို ကြားစေချင်မှန်းမသိ အော်ဟစ်ပြောဆိုနေပါ
တယ်။ ပြီးတော့ သူ့ဗိုက်ကိုသူနှိပ်ရင်း ရယ်ပါတယ်။ အဲဒီပထမဆုံး
စာကြောင်းမှာတင် ဘာရယ်စရာမှမပါဘဲ ရယ်နေလိုက်တာ လေးဆယ့်ငါးသ
ချေင်္နဲ့ ကမ္ဘာကိုးသိန်းလောက် ကြာမယ်ထင်မိတယ်။ ကျနော်က သူထိုင်
နေတဲ့လှေကားထစ်ရဲ့ အောက် လှေကားထစ်မှာ ဆရာမရှေ့မတ်တပ်ရပ်
သလို လက်ပိုက်မတ်တပ်ရင်းရင်း ခေါင်းငုံ့ လို့ ကျနော့်ရဲ့ ဖော့ဖိနပ်နှစ်ဖက်
ကြားမှာ လမ်းပျောက်နေတဲ့ ပုရွတ်ဆိတ်အမည်း တကောင်ကို ငေးကြည့်နေ
မိတယ်။ အရေးထဲ အဲဒီပုရွက်ဆိတ်က ဘာဖြစ်ချင်နေမှန်းမသိဘူး။ ဖနောင့်
အနားတွေကို တိုက်သွားလိုက် တဖက်ကို လှည့်ထွက်သွားလိုက်၊ တဖက်က
ဖိနပ်အနားကို တိုက်သွားလိုက် ပြန်တိုက်လိုက်။ ဇယ်တောက်ခုံက ဇယ်သီး
လိုပဲ သူ့ခမျာလည်း ကျနော့်လို ဆောက်တည်ရာမရရှာဘူး ထင်ပါရဲ့။
ထို့ နောက် သူဟာ အရယ်ရပ်၊ ကျနော်စာ့ကို ဆက်ဖတ်ပါတယ်။ စိတ်ထဲက
လည်း ဖတ်လို့ ရနေရဲ့နဲ့ ကျနော်ရေးထားတဲ့စာကိုပဲ ကျနော့်ကို ပြန်ဖတ်ပြနေ
သလို စာလုံးပေါင်းမပြရုံတမယ် တလုံးချင်း ဖတ်နေတယ်။
“စု စု ရေ ငါ တော့ နင့် ကို ချစ် နေ ပြီ။ ကြာ ခဲ့ ပါ ပြီ ဟာ။ ဟို တ နေ့က ဆို
နင် ငါ့ ညို သ ကျီး ကို ဖြတ် ကန် တာ ငါ နာ ပေ မယ့် နင့် ကို ပြန် မ ချိုး ခဲ့
ဘူး နော်။ အဲ ဒါ နင့် ကို ချစ် လို့ ပေါ့။ ဟို ကောင် တွေ သာ ဆို နောက် က
နေ ဆ လိုက် ထိုး ပြီး လိုက် ဖျက် မှာ ။ အ ရင် တုန်း က နင့် ကို ငါ အဲ လို
ဖျက် ခဲ့ ဖူး တာ တွေ ကို တော့ တောင်း ပန် တယ်။ အဲ ဒါ ချစ် သွား လို့ ပေါ့”
“ ဟား ဟား ဟား”
ဟား ဟား ဟား ဆိုတာ ကျနော့်စာထဲ မပါပါဘူး။ မကြည်ပြာရယ်နေတာ။
ကျနော်လည်း နှာခေါင်းကို တချက်ပွတ်၊ ရှူးခနဲ သက်ပြင်းတချက် ရှိုက်
လိုက်ရင်း သူ့ နောက်ကျောက ကျနော်တို့ ဘောလုံးကွင်းနေရာကို လှမ်းငေး
ကြည့်နေဖြစ်တယ်။ ခုနကရှိနေခဲ့တဲ့ ကြောက်စိတ်တွေကိုတောင် မေ့လို့ ၊ ကျ
နော်ကိုယ်တိုင်တောင် သူဖတ်ပြတဲ့ ကျနော့်စာထဲက အကြောင်းအရာကို
မျက်စိထဲမြင်ယောင်လာမိတယ်။

တို ပ် ပြော ယ် ငါ ည်း တ်


“စု စု ရေ အ တို ချုပ် ပဲ ပြော မယ် ဟာ။ ငါ က ရည်း စား စာ မ ရေး တတ်
ဘူး။ နင့် ကို မြင် နေ ရ ရင် လည်း ငါ ဝူ ခုန်း ကား တောင် မ ကြည့် ချင်
တော့ ဘူး။ နောက် ပြီး ဗိုက် လည်း မ ဆာ ဘူး။ နင့် မျက် နှာ လေး ဟာ ငါ
သိပ် ကြိုက် တဲ့ ပန်း သီး လေး လို ပဲ။ ငါ့ အ တွက် အာ ဟာ ရ အ ပြည့် ပါ
ပဲ။ နောက် ဆုံး ပြော ရ ရင် ဟာ ခေါက် ဆွဲ ကြော် တွေ အား လုံး ထက်
တောင် နင် က လှ သေး တယ်။ ငါ့ ကို ချစ် ရင် စာ ပြန် ပါ နော်”
“ အမယ်လေးဟဲ့ ငါ့ ညီမငါတောင် အဲ့လောက်လှမယ် ငါမသိခဲ့ဘူး ဟား
ဟား ဟား။ ပေါက်တတ်ကရ တွေဟယ်။ လက်ရေးကတော့ လှသားပဲ။ ဟဲ့
ပြောစမ်း ဒါ နင့်ဘာသာနင် ရေးတာလား”
“ဟုတ် သားဘာသာသား ရေးတာပါ”
“ဆိုးတော့ မဆိုးပါဘူး စာအရေးအသားကောင်းတယ်၊ စုစုကို ငါ ပေးပေးရ
မလား ဟဲ ဟဲ”
မကြည်ပြာက အဲဒီလိုပြောပြီး စာကိုလည်းပြန်မပေးဘဲ ကျနော့်ခေါင်းကို မ
နာအောင် တချက်ပုတ်ပြီး ထွက်သွားပါတယ်။ ကျနော်လည်း အဲဒီတော့မှ
အသက်ရှူနိုင်တယ်။ တချိန်လုံးယားနေတဲ့ ဖင်ကို သူ့ရှေ့မှာမို့ မကုတ်ရဲဘဲ
အောင့်ထားရာက တဗျင်းဗျင်းကုတ်ပြီး လှေကားထစ်ပေါ်ထိုင်ချနိုင်တော့
တယ်။ ပြီးတော့ ခေါင်းကို ဆက်ကုပ်တယ်။ သူက တကယ်ပဲ စုစုကို စာပေး
ပေးမှာလားလို့ ဇဝေဇဝါတော့ ဖြစ်နေမိတုန်းပဲ။ သို့ သော်လည်း နောက်တနေ့
မှာပဲ အိမ်အနောက်ဘက် ပြတင်းပေါက်ကနေ လွှင့်ပစ်ထားလို့ ရေမြောင်းထဲ
တဝက်ရိရွဲနေတဲ့ ကျနော့်စာကို တွေ့လိုက်ရလို့ စာထဲကအတိုင်း နောက်တ
စောင်ထပ်ရေး၊ ညတညမှာ ပေးလိုက်နိုင်ပါတယ်။ စုစုဟာ တခါမှ စာမပေး
ခံရဘူးလို့ နဲ့ တူပါတယ်။ ကျနော်ပေးတဲ့ စာကိုကြည့်ပြီး
ကြောင်တောင်တောင်ဖြစ်လို့ နေတယ်။ ပြီးတော့ သူ့အကျင့်အတိုင်း ပါးစပ်
ကိုပိတ်ထားပြီး အတွင်းထဲကနေ ပိတ်ထားတဲ့နှုတ်ခမ်းတွေကို လျှာနဲ့ထိုးလို့
နေတယ်။ အဲဒါဟာ ဘာဖြစ်နေမှန်း ဝေခွဲမရဖြစ်နေတိုင်းမှာ သူလုပ်နေကျ
အကျင့်ဆိုတာ ကျနော်သိတာပေါ့။
“ရည်းစားစာ ဟဲ့၊ ဖတ်ပြီးရင် ငါ့ ပြန်ပေးနော်” လို့ ပြောပြီး ကျနော်လည်း တ
ချိုးတည်းလစ်ခဲ့တယ်။
နောက်တနေ့မှာ စုစုက ကျနော့်ကို စာပြန်ပေးပါတယ်။ ဘာမှတော့လည်း မ
ပြောဘူး။ ကျနော့်ဆီက ငှားသွားတဲ့ ပိုက်ဆံကြေးထွေပစ်လို့ ကောင်းတဲ့
ကျောက်ဒိုးပြားလေးငှားပြီး ပြန်ပေးသလိုမျိုးပဲ။

ငါ့ ကို ဖြေ လို့ နော် ပြော ယ် လို


“ငါ့ ကို အ ဖြေ ပေး လေ ဟာ” လို့ ကျနော်ပြောတော့ “ဘယ်လိုပေးရမှာ
လဲ”လို့ သူက ပြန်မေးပါတယ်။ အဲဒီတုန်းက ကျနော်တို့ နှစ်ယောက်ဟာ တီဗွီ
ကနေအချစ်ဇာတ်ကားတွေ ကြည့်နေခဲ့ကြဖူးပြီလား ကျနော် သိပ်မမှတ်မိ
ဘူး။ စုစုရဲ့ ဘယ်လိုအဖြေပေးရမှာလဲ ဆိုတဲ့ မေးခွန်းဟာ ကျနော့်ကို
အတော်လေး အကျပ်ရိုက်စေခဲ့တယ်။ ကျနော် ကိုယ်တိုင်တောင် အဖြေပေး
လေဟာ လို့ ပြောမိပေမယ့် အဖြေဆိုတာ ဘာလို့ မသေချာပါဘူး။ ချစ်တယ်
ဆိုတဲ့ စကားလုံးနဲ့ ပတ်သက်လို့ စာထဲ တကူးတကထည့်ရေးတတ်ပြီဆိုပေ
မယ့် ချစ်တယ်ဆိုတဲ့အကြောင်းနဲ့ ပတ်သက်လို့ နက်နက်ရှိုင်းရှိုင်းတော့
ဘယ်နားလည်ကြဦးမှာလဲ။
ဒီတော့လည်း “ငါ့ကို စိတ်မဆိုးဘူးမဟုတ်လား” လို့ သူ့ကို မေးလိုက်တယ်။
“မဆိုးပါဘူးဟ။ နင့်စာလေးက ဖတ်လို့ ကောင်းတယ် ဟဲ့။ နောက်ပြီး နင့်
လက်ရေးကလည်း ဝိုင်းနေတာပဲဟာ အရမ်းလှတာပဲ”
စုစုရဲ့ စကားက ကျနော့်ကို ချစ်တာပဲလို့ ကျနော်သတ်မှတ်လိုက်တယ်။ ကျ
နော်တို့ နှစ်ယောက် ပျော်ခဲ့ကြပါတယ်။ ဘောလုံးကန်ရင် ဘယ်တော့မှ တ
ယောက်တသင်းမနေတော့ဘူး။ တသင်းတည်းမှာအတူပေါ့။ ကျောက်ရုပ်
ကျောက်ဖျက်ကစားရင် သူ့ဖမ်းရမယ့်အလှည့်ဆိုရင် ကျနော်ဟာ
ကျောက်ရုပ်လို့ လုပ်လို့ ရပေမယ့် ဘယ်တော့မှ မလုပ် အမိခံတယ်။ အရုပ်
ပစ်ရင် စပ်တူကစားတယ်။ ညဘက်တွေမှာ အပျိုဖြစ်စအရွယ်တွေဖြစ်တဲ့
သူ့အစ်မ အပါအဝင် အစ်မကြီးတွေရဲ့ စကားဝိုင်းကို ကျနော်တို့ ကလေးတို့
စုနားထောင်ကြတဲ့အခါမျိုးမှာ ကျနော်က သူ့အနားမှာကပ်ထိုင်ရင်း သူ့ပုခုံး
ကို ကျနော့်ပုခုံးနဲ့ စိတ်ပေါက်လာတိုင်း တိုက်တိုက်နေမိတယ်။ တခါတလေ
သူ့လက်ကလေးကို ကျနော့်လက်ထဲထည့်ထားမိတယ်။ စုစုက ဘာမှမပြော
ဘူး။ ဆယ့်တနှစ်အရွယ် ကလေးနှစ်ယောက်ရဲ့ သမီးရည်းစား ဖြစ်ချင်းဆို
တာ မုန့်ကို ခွဲဝေစားတာ၊ အတူကစားတာအပြင် ဘာရှိနိုင်မှာလဲ။ အဲဒါကိုက
ကြည်နူးစရာ။ ခုနေခါမှာ ကျနော့်မျက်လုံးကိုမှိတ် စုစုရဲ့ ငယ်တုန်းက
မျက်နှာလေးကို မြင်ယောင်ကြည့်လိုက်တဲ့အခါ ကျနော့်မှာ
နွေးနွေးထွေးထွေးကလေး ဖြစ်သွားမိတယ်။ ဒီနောက်တော့ ငယ်ဘဝရဲ့ သိပ်
လှတဲ့ ဖန်ဂေါ်လီကလေးတလုံး သမံတလင်းပေါ်ကျလို့ အစိတ်စိတ်အမြွှာမြွှာ
ဖြစ်သွားတာကို မျက်စိထဲ မြင်လာခဲ့တယ်။
အဲဒီခြောက်တန်းပြီးလို့ သင်္ကြန်မတိုင်မီ နွေရာသီကျောင်းပိတ်ရက်တရက်
မှာ စုစုတို့ မိသားစုဟာ ကျနော်နဲ့ နောင်ဘယ်တော့မှ ပြန်မဆုံဖြစ်တော့
အောင် ဟိုးအဝေးကြီးတနေရာကို ပြောင်းရွှေ့သွားခဲ့ကြတော့တယ်။ လော်ရီ
ကားကြီးပေါ် သူတို့ ရဲ့ အိမ်ထောင်ပရိဘောဂတွေစုတင်၊ သိပ်ဝန်ကြီးတဲ့
ပစ္စည်းတွေကိုတော့ ပေးတဲ့သူကို ပေးခဲ့၊ ရောင်းတဲ့သူကို ရောင်းခဲ့ကြတယ်။
နော့် နော် တို့ တို က် က် ရှိ တို့ စို က်
(ကျနော့်အမေက ကျနော်တို့ တိုက်ရှေ့မျက်နှာစာမှာရှိတဲ့ သူတို့ အမေ စိုက်
ထားခဲ့တဲ့ ပန်းကလေးတွေကို အိုးနှင့်တကွ ဝယ်ထားခဲ့သေးလို့ ကျနော်ဟာ
လပေါင်းများစွာ အဲဒီပန်းအိုးကလေး တွေကို စုစုကို ကျနော် သိပ်လွမ်းနေတဲ့
အကြောင်း ညဘက်တွေမှာ ပြောနေခဲ့မိသေးတာပေါ့ဗျာ) ပြီးတော့ သူတို့
မိသားစုတွေအကုန် ကားပေါ်တက်ကြ၊ စုစုဟာ လော်ရီကားကြီးရဲ့ နောက်
ဖျားမှာ နောက်ပိတ်အဖုံးကို ကိုင်ထားရင်း ထိုင်လို့ နေခဲ့တယ်။ သူ့မျက်လုံး
တွေဟာ မှည့်ဝင်းလို့ ရဲရဲတွက်လို့ နေတဲ့ ဆီးသီးများပမာ။ ကျနော့်မျက်လုံး
တွေ ဟာလည်း သူ့လိုအရောင်မျိုးပဲ။ ကားကြီးက တအိအိ ကျနော်တို့ ဝင်း
ထဲက ထွက်သွားတယ်။ အိမ်နီးချင်းအချို့ ကလည်း လက်တွေပြလို့ ။ ကျ
နော်ဟာ ငိုနေခဲ့မိပါတယ်။ ကျနော်ငိုနေတာကို ဘေးကလူကြီးသူမတွေ မ
မြင်နိုင်အောင် အကွယ်တနေရာမှာရပ်လို့ စုစုကို တင်ခေါ်သွားတဲ့ လော်ရီ
ကားကြီးနဲ့အတူ စုစုရဲ့ မျက်နှာကလေး သေးသေးလေး ဖြစ်သွားတဲ့အထိ
ကျနော် လှမ်းကြည့်နေခဲ့မိတယ်။ စုစု ငိုနေခဲ့မယ်လို့ ကျနော်ထင်တယ်။ ဒါ
ပေမယ့် မသေချာတော့ပါဘူးဗျာ။ ခုအချိန်မှာဆိုရင် စုစု တောင်မှ မသေချာ
တော့ဘူးလေ။
ကျောင်းတွေပြန်ဖွင့်တဲ့အထိ ကျနော်ဟာ စုစုစိတ်နဲ့ အသည်းကွဲနေ၊ မှိုင်တွေ
နေတုန်းပဲ။ အဲဒီတုန်းက နာမည်ကြီးနေတဲ့ သီချင်းပဲလားမသိပေမယ့် ခဏ
ခဏ ကြားနေရတဲ့ သီချင်းကလည်း ထွန်းအိန္ဒြာဗိုလ်ရဲ့ ကိုယ်တို့ ဝေးနေ မိုင်
ပေါင်းကုဋေ တဲ့။ စုစုနဲ့ ကွေကွင်းခဲ့ရတဲ့နေ့ကစလို့ ကျနော်ဟာ ဘဝ
တလျှောက်လုံး ကိုယ်ချစ်တဲ့သူတွေနဲ့ ဝေးရမှာကို ပြင်းပြင်းထန်ထန်
ကြောက်ရွံ့တုန်လှုပ်ခြင်းဝေဒနာ စွဲကပ်သွားပြီလို့ ကိုယ့်ကိုယ်ကိုယ်ထင်နေမိ
တယ်။ ဒါဟာ လူတိုင်းကို ရုပ်ခန္ဓာတိုင်းဆီမှာ စွဲကပ်တဲ့ဝေဒနာလို့ ဘယ်သိ
နိုင်ဦးမလဲ။ အနေနီးခြင်းဟာ အနေဝေးဖို့ ပဲ။ စွဲမက်ဖွယ် ဆုံတွေ့မှုတိုင်းရဲ့
အဆုံးသတ်တိုင်းဟာ နာကျင်ဖွယ် ခွဲခွာရဖို့ ချည့်ပဲလေ။ သို့ သော်လည်း ခုနစ်
တန်းနှစ်ကို စတက်။ ပထမတလ၊ တလခွဲလောက်ပြီးတဲ့နောက်မှာတော့ ကျ
နော့်ရဲ့ သူရဲကောင်းခေတ်ဟာ သူ့အလိုလိုပြန်စတင်ပြန်လာတာပါပဲ။
အခန်း (၆)

ငါးတန်းခြောက်တန်းခုနစ်တန်း အဲဒီအရွယ်အနေနဲ့ ကြည့်ရင် ကျနော်က


တော်တော်ဆိုးသလားတော့ မသိပါဘူးဗျာ။ ကျောင်းမှာတော့ ကျနော်က
နည်းနည်းလက်လက်ထလွန်းတာကြောင့်ရော၊ ပုတုနဲ့မင်းဆန်းတို့ ကို မုန့်စား
ဆင်းချိန် ကျနော်ကဝယ်ဝယ်ကျွေးတာကြောင့်ရော ဒီပြင် ကျနော့်အိမ်
အကြောင်းမသိတဲ့ကောင်တွေက သူဌေးသားတွေ ဘာတွေထင်ကြသေး
တယ်။ ရယ်စရာတောင်ကောင်းတယ်။ တကယ်တော့ ကျနော်က
ဆင်းရဲသားပဲဗျ။ အဖေက ဝန်ထမ်း၊ အမေက ဈေးရောင်းတယ်။ ကျနော်
သိတတ်တဲ့ အရွယ်ကနေ ခုချိန်ထိ အမေ့မြင်လိုက်ရင် ဈေးရောင်းနေတာ
ချည့်ပဲ။ ကျနော်ငယ်ငယ်တုန်းက အကြော်ရောင်းတယ်။ နောက်တော့
အရက်ရောင်းတယ်။ နောက်တခါ အကြော်ပြန်ရောင်းတယ်။ ပြီးတော့
ကွမ်းယာရောင်းတယ်။ သူငယ်ငယ်ကလေးကတည်းက အဘွားနဲ့လိုက်ပြီး
ဈေးရောင်းခဲ့ရတာလို့ ပြောတာပဲ။ ထာဝရဈေးသည်ကြီးပေါ့ဗျာ။
ကျနော် ငါးတန်းနှစ်လောက်ကစလို့ အမေက ကျနော်တို့ ဝင်းရဲ့ ဂိတ်သံ
တံခါးကြီးရဲ့နံဘေးအစွန်ဆုံးမှာ လေးပေအကျယ်လောက်သာရှိမယ့် တဲ
သာသာ ခြေတံရှည်ဆိုင်ကလေးဆောက်လို့ ကွမ်းယာနဲ့ အခြားတိုလီမုတ်စ
ဆိုင်ကလေးဖွင့်ရောင်းတယ်။ ကျနော်တို့ ဆိုင်လေးလို အခြားဆိုင်တွေက
လည်း အတန်းလိုက်၊ ဝင်းတံခါးရဲ့ ဘယ်ဘက်၊ ညာဘက် နှစ်ဘက်စလုံးမှာ
ရှိတယ်။ မနက်ခင်းသာ ဖွင့်တဲ့ မုန့်ဟင်းခါးဆိုင်၊ နေ့လယ်သာ လာဖွင့်တဲ့
မုန့်လက်ဆောင်းဆိုင်၊ ဝက်သားတုတ်ထိုးဆိုင်၊ ရေဒီယိုကက်ဆက်ပြင်ဆိုင်၊
မီးချောင်းတို့ ဘာတို့ ရောင်းတဲ့ လျှပ်စစ်ပစ္စည်းဆိုင်၊ စက်ဘီးအပြင်ဆိုင်၊
အကြော်ဆိုင်စသဖြင့်ပဲ။ ပွဲဈေးတန်းကလေးလိုပေါ့။ အမေ့ဆိုင်ကလေး
ကတော့ အစွန်ဆုံးဆိုတော့ နေရာကောင်း၊ လမ်းဘေးကဆိုင် မြေနေရာ
ဘယ်သူမှမပိုင်ဆိုပေမယ့် အဲဒီနေရာကိုပဲ ပိုက်ဆံပေးဝယ်ထားရသေးတာ။
အမေ့ကွမ်းယာက ထုံးအစပ်ကောင်းတယ်လို့ လူတွေကပြောကြတော့ ဝယ်
စားတဲ့သူလည်း များတာပေါ့ဗျာ။ အဲဒီထက် တဖြည်းဖြည်းတိုးတက်လာ
တာပေါ့။ တနှစ်ထက်တနှစ် ပစ္စည်းအစုံလည်း တိုးတိုးပြီးတင်ရင်း ဆိုင်
ဧရိယာကို ချဲ့ချဲ့လိုက်လာခဲ့တာ ကျနော် ခုနစ်တန်းလောက်ရောက်တော့ ကျ
နော်တို့ ဆိုင်ခန်းဟာ မူလဖွင့်ခါစ ဆိုင်လေးရဲ့ သုံးဆ၊ ဆယ့်နှစ်ပေဖြစ်သွား
ပြီ။ (ဘေးကပ်လျက်က မနက်ခင်းသာဖွင့်ပြီး မုန့်ဟင်းခါးဆိုင်တွေကိုသွင်း
တဲ့ အကြော်ဆိုင်လေးကနေ နေရာ ဖဲ့ဖဲ့ဝယ်တာပေါ့) ဆိုင်ကလည်း တဲ
ခြေ ထိုး စ် ပြား ပ် ခြ င်း ထိုး ည့်ပြီး ပိ တ်
သာသာအခြေအနေက လျှာထိုးသစ်ပြားတွေ တချပ်ခြင်းထိုးထည့်ပြီး ပိတ်
ရတဲ့ ဆိုင်တံခါးနဲ့ မှန်ဘီရို နှစ်လုံးလောက်နဲ့ ဖြစ်လာ။ ရောင်းတဲ့ပစ္စည်းတွေ
ကလည်း အရင်တုန်းက ကွမ်းယာ၊ ဆေးလိပ်၊ ကလေးစားစရာ မုန့်ထည့်
ကလေး ချောင်ချိချိကနေ။ စတိုးဆိုင်ကလေး အဆင့် ဖြစ်လာတယ်။
ဆပ်ပြာ၊ သွားတိုက်ဆေး၊ ခေါင်းလျှော်ရည်၊ မဲနယ်၊ ရေဒီယိုဓာတ်ခဲ၊ ချာလီ
တံဆိပ်ခေါင်းလိမ်းဆီဗူး၊ အုန်းဆီ၊ ဆန်၊ ဆီ၊ ဆား ငရုတ်ကြက်သွန်။
ကလေးကစားစရာ၊ စားစရာဆိုလည်း တွဲလောင်းချိတ်ထားတာတွေဟာ
မျက်စိတောင်နောက်ရသေးတယ် အများကြီးပဲဗျာ။ အဲသလိုရောင်းချတဲ့
ကုန်ပစ္စည်းတွေများလာတော့ အမြတ်ကလည်း များလာတာပေါ့။ အမြတ်က
များလာတော့ မနက်ခင်း ကျောင်းမသွားခင်တခါ၊ ညနေ ကျောင်းဆင်းဆင်း
ချင်းတခါ ဆိုင်ကူထိုင်ပေးရတဲ့ ကျနော့်အတွက် ခိုးကြေးကလည်း များလာ
တာပေါ့။
သူဌေးသားတွေ သူတို့ အိမ်က တရားဝင်ပေးတဲ့ မုန့်ဖိုးနဲ့ ကျနော်တရားဝင်ရ
တဲ့ မုန့်ဖိုးက မိုးနဲ့မြေ အဟပ်ကွာ လှပေမယ့်လည်း ခိုးကြေးနဲ့ပါ ပေါင်းလိုက်
တဲ့အခါမှာတော့ ကျောင်းမှာဆိုရင် ကျနော်က သူဌေးသားတွေနဲ့တန်းတူ နီး
နီးသုံးနိုင်တာပဲ။ ရှစ်တန်းနှစ်အစမှာဆိုရင် ကျနော် ကျောင်းကို ထမင်းချိုင့်
ထုပ်မသွားတော့ဘူး။ ထမင်းချိုင့်ကြီး ထုပ်ယူသွားတာလောက် ဂိုက်ပဲ့တာ
ဖြင့် မရှိဘူးလို့ ရှစ်တန်းနှစ်ရောက်တဲ့အထိ ထမင်းချိုင့်တကိုင်ကိုင်လုပ်နေ
တဲ့ ကောင်တွေကိုလည်း နှိမ်လို့ မဆုံးဘူး။ ဒါတောင်မှ ရှစ်တန်းနှစ် အစမှာ
ထမင်းချိုင့်စထုပ်တော့ ကျနော် ငယ်ငယ် လေးကနေ ခုနစ်တန်းနှစ်ကုန်တဲ့
အထိ မျှော်လင့်တောင့်တခဲ့တဲ့ မြင်းကျားတံဆိပ် နှစ်ဆင့်ခွဲ ထမင်းချိုင့်
ကလေး အိမ်ကဝယ်ပေးခဲ့တာနော်။ သို့ သော် ဆောရီးပါ။ မထုပ်ရေးချ မ
ထုပ်ဘူး။ ထမင်းချိုင့်ကြီးကိုင်သွားရတော့ စတိုင်ပဲ့တယ်။
နေ့လယ်ခင်းတွေမှာ ကျောင်းမုန့်ဈေးတန်းက အသုပ်သည်အဒေါ် ကြီးရဲ့ ဆီ
တရွှဲရွှဲလက်ကြီးနဲ့သုတ်ပေးတဲ့ ခေါက်ဆွဲသုတ်တပွဲ (ပဲပြားတခုပါညှပ်ထည့်
ထား)၊ ချောင်းတဟွပ်ဟွပ်အဘိုးကြီးရဲ့ စဉ့်အိုးပြောင်ပြောင်ကြီးနဲ့ အသင့်
ဖျော်စပ်ပြီးသား မန်းကျည်ဖျော်ရည်တခွက်၊ အဲဒါရိုးလာရင် အရောင်
ဆိုးဆေးတွေတရဲရဲနဲ့ ဘာဖျော်ရည်မှန်း မသိတာတခွက်။ ဒါဆိုရင် ဝပြီ။ မ
တင်းတိမ်သေး မဝသေးဘူးလား၊ အူတိအူလည်နဲ့ကုလားအဘိုးကြီးရောင်း
တဲ့ အကြော်နှစ်ဆယ်ဖိုးလောက်သွားစား။ တခါတလေ ဘိုင်ပြတ်နေချိန်ဆို
အလွန်အင်မတန်ရောင်းရလွန်းတဲ့ ကလေးတွေဝိုင်းနေတဲ့ အဲဒီအကြော်ဆိုင်
နံဘေး ချဉ်းကပ်၊ လူအုပ်ကြားထဲကနေ လက်ချောင်းတွေအသာလျှိူသွင်း
ပြီး နှိုက်လိုက်ရင် အကြော်တခုနှစ်ခုကတော့ ခိုးစားလို့ ရနေတာပဲ။ အဲဒီ
ကုလားအဘိုးကြီးခမျာ မြတ်ရောမြတ်ရဲ့လားလို့ ကျနော်တော့ အမြဲတွေးမိ
တယ်။ ကိုးတန်း ဆယ်တန်းကျောင်းသားကြီးတွေဆိုတာ ဆယ်ယောက်မှာ
ငါး က် လို င် င် ခိုး ပြီး နှို က် ကြ ည့်
ကိုး န်း န်း ကျော ကြီး တွေ ဆို မှာ
ငါးယောက်က အဲ့လိုရောရောယောင်ယောင်နဲ့ခိုးပြီး နှိုက်စားနေကြတာချည့်
ပဲလေ။
ကျနော်ကတော့ တကြိမ်နှစ်ကြိမ် ခိုးနှိုက်စားဖူးတယ်ဆိုပေမယ့် အဲဒီတကြိမ်
နှစ်ကြိမ်ပါပဲ။ ကျနော့်မှာ ပိုက်ဆံ အမြဲရှိနေတာကိုး။ ရှစ်တန်းနှစ်မှာ အမေ
က ကျောင်းမုန့်ဖိုးပေးတာ တရာကျပ်။ အဲဒီတရာဆိုတာ ထမင်းချိုင့် ထုပ်မ
သွားရင် ဘယ်လိုမှမလောက်ဘူး။ မလောက်ဆို ရှစ်တန်းနှစ်မှာ ကျနော်က
မနက်ခင်းလက်ဖက်ရည်ဆိုင် အကျအနထိုင်တတ်နေပြီ။ ခွေးခြေကလေး
ပေါ်မှာ ခြေကိုချိတ်ထားပြီးထိုင်၊ လက်တဖက်က စားပွဲခုံကို ထောက်ထား
ရင်း စီးကရက်မီးခိုးတွေကို အပေါ်ကအုပ်မိုးနေတဲ့ ကုက္ကိုပင်ကြီးဆီ မှုတ်
ထုတ်ပစ်လိုက်တတ်နေပြီ။ လက်ဖက်ရည်က တခွက်ငါးဆယ်၊ စီးကရက်က
နာမည်အစုံစုံအပြားပြားနဲ့ တနေ့တဗူး။ အဲဒီလိုအထာနဲ့ မိန်းကလေး
ကျောင်းထဲ ဝင်သွားတဲ့ စော်လေးတွေကို မျက်လုံးမှေးလို့ ငေးနေ။ ဆိုင်ကို
ကွမ်းလာစားနေကြ ဦးလေးကြီးတယောက် ပြောသလိုပြောရရင်
လောကနိဗ္ဗာန် ဒုတိယထပ်ပဲ။ ပထမထပ်သာဆိုရင် ဘယ်လိုနေရမယ်မသိ
ဘူးဗျာ။
ဘာအတွက်ကြောင့် ဆိုင်ကပိုက်ဆံခိုးဖို့ မေ့ခဲ့တယ် စဉ်းစားလို့ မရနိုင်တော့
တဲ့ နေ့တွေမှာဆိုရင်တော့ နေ့လယ်ခင်းစာတွေ တူတူပုန်းကုန်ပြီပေါ့။
အူတကြုတ်ကြုတ်ဖြစ်ပြီ။ အတန်းထဲက ကိုယ်နိုင်တဲ့ကောင်တွေရဲ့
ထမင်းချိုင့်တွေဆီကနေ တလုပ်တလုပ်နဲ့ ဗိုက်ပြည့်အောင် လိုက်နှိုက်စားရ
တော့မယ်။ သို့ သော်လည်း အဲဒါက တကယ့်တခါတလေပါ။ ပုံမှန်ဆိုရင် ကျ
နော့်ခိုးကြေးက အနည်းဆုံး တနေ့နှစ်ရာသုံးရာရှိနေတော့ အေးဆေး
ကလေးမွေး။ အယူရှိရင် အပေးရှိရမယ်၊ ကျနော်တို့ ငယ်ငယ်က ရည်စားစာ
တွေမှာ စောက်ရမ်းထည့်ရေး ကိုးကားတဲ့ “သက်ရောက်မှုတိုင်းမှာ တန်ပြန်
သက်ရောက်မှုရှိတယ်” ဆိုတဲ့ နိယာမသဘောတရားအတိုင်း အမေ့ဆိုင်တော့
ကူထိုင်ပေးရတာပေါ့ဗျာ။
ဆိုင်ထိုင်ရတာက တကယ်တော့ ပျင်းစရာကြီးဗျာ။ နောက်ပြီး ကျနော်က
ဘာလို့ မှန်းမသိ ဈေးရောင်းရတာ ရှက်လည်းရှက်တယ်။ ဆင်းရဲတာကို ရှက်
တာနဲ့ တူပါတယ်။ ဆင်းရဲတာကို ရှက်ဆို ကျောင်းမှာဆိုရင်လည်း ကျနော်
တို့ က ဆရာကန်တော့ပွဲကြေး၊ သောက်ရေအိုးဝယ်ဖို့ ၊ တံမြက်စည်းဝယ်ဖို့ ၊
ဖတ်စာအုပ်ဖိုး ဘာဖိုး ညာဖိုး စသဖြင့်ဗျာ အတန်းပိုင်ဆရာမကတောင်း
တိုင်း အမြဲနောက်ကျတယ်။ အိမ်ကမပေးလို့ တော့ မဟုတ်ပါဘူး။ အဲ့
လောက် ကလေးတွေတော့ အိမ်ကတတ်နိုင်ပါတယ်ဗျာ။ ကျနော်က အိမ်ကို
တောင်းဖို့ မေ့တာတို့ ၊ သုံးလိုက်မိတာတို့ အဲဒါတွေနဲ့ အပတ်မလည်တော့
ဆရာမတွေက ငြိုငြင်တယ်ဗျ။ အလကား သူတို့ ဘာသာကျောင်းက ဝယ်

ဖြ ည့် ယ့် နော် တို့ ဆီ င်း က်ပြီး


ဖြည့်ထားမယ့်ဟာတွေ ကျနော်တို့ ဆီက တောင်းရသတဲ့လား။ နောက်ပြီး
အဲဒီကတည်းက ကျနော်က ဆရာဆရာမတွေဘာတွေဆို မကန်တော့ချင်
ဘူးဗျ။ ကိုယ့်ကို ခုံပေါ်တက်မတ်တပ်ရပ်ခိုင်း၊ ဇီးစေ့ပေါ် ဒူးထောက်ခိုင်း၊ သူ
တို့ ဘာသာ သူတို့ အိမ်မှာ ဘာဖြစ်လာမှန်းမသိ အတန်းရှေ့ထွက် ဘလတ်
ဘုတ်ကပ်ထားခိုင်းပြီး ဖင်ကိုကြိမ်နဲ့ဆော် တာဗျာ။ ဆရာမတိုင်း မဟုတ်ပေ
မယ့် အဲ့လို ဆော်တဲ့ဆရာမတွေတော့ ဘယ်လိုလုပ်ကန်တော့ချင်မှာလဲဗျာ။
အဝေးကြီး။ မုန်းတောင် မုန်းသေးတယ်။ ဒါတောင် နားသယ်မွှေးဆွဲလို့
အရပ်ရှည်လာတာတွေ၊ ဗိုက်ခေါက်ကြောကို လက်သည်းရှည်ကြီးနဲ့ ဆွဲလိမ်
တာတွေ။ သူတို့ အိမ်မှာ သူတို့ သားသမီးရော အဲ့လိုဒဏ်ပေးလား သိပ်သိချင်
တာပဲ။ ကျနော် မြင်ဖူးသမျှ ကျောင်းဆရာ ဆရာမသားတွေတော့ ကျောင်း
မှာဆိုလည်း ဖူးဖူးမှုတ်ထားကြတာဗျ။ အလကား ကျနော်တို့ ချည့် ဖိ
တွယ်တာ။ တချို့ကျနော့်ထက် ဆင်းရဲတဲ့ ကောင်တွေဆို ပိုဆိုးသေးတယ်။
ဆရာမတွေကကို တိုရှည်သည်သားတို့ ၊ အကြော်သည်သားတို့ နှိမ်ခေါ်
သေးတာ ဒါလား ဆရာမ၊ ဒါလား အနန္တဂိုဏ်းဝင်။ စိန်ဂေါ်လီဂိုဏ်းသာဝင်
လိုက် အနန္တဂိုဏ်းတော့မဝင်နဲ့။
ဒါကြောင့် ဆင်းရဲတာကြီး ကျနော်ကရှက်တယ်။ အိမ်ကဈေးရောင်းရတာကို
ကျောင်းကကောင်တွေဆို မသိစေချင်ဘူး။ ကျောင်းကကောင်တွေကလည်း
မသိတာများပါတယ်။ ကျနော်က ဆိုင်ကခိုးကြေးတွေနဲ့ပေးကမ်း ကျွေးမွေး
သူဌေးသားဂိုက်ဖမ်းတော့ ဒီကောင်တွေဆိုတာ ကျနော်နဲ့ဆို တည့်တာများပါ
တယ်။ ဒါပေမယ့်လည်း အနိုင်ကျင့်ချင်တဲ့ လူကောင်ထွားတဲ့ကောင်ဆိုတာ
အတန်းတိုင်းမှာရှိတာပဲ။ မရဘူး အနိုင်တော့ ကျင့်ခံရတာပဲ။ ကိုယ့်ဟာကိုယ်
ဈေးရောင်းစားတာကိုပဲ ကွမ်းယာသည်သားတို့ ဘာတို့ ကလာဦးမှာ။ ဒီတော့
ကျနော်က ဆိုင်ကို မထိုင်ချင်တာဗျာ။ ဒါပေမယ့် မရပါဘူး။ ကျောင်းဖွင့်
ရက်တွေမှာ ကူထိုင်ပေးရတာတော့ သိပ်မပြောပလောက်ပေမယ့်
ကျောင်းပိတ်ရက်တွေကျတော့ ဘယ်ထိုင်ချင်ပါ့မလဲ။ ကလေးတုန်းက
လည်း ကလေးမို့ ဆော့ချင်၊ လူပျိုဖြစ်ခါစကျတော့လည်း လူပျိုဖြစ်ခါစမို့ ဖွ
န်ကြောင်ချင်တာပေါ့။ အချိန်အားလေး လိုတယ်လေ။ ဒါပေမယ့်
ကျောင်းပိတ်ရက်ဆို မနက်ခင်း ဆိုင်သွားဖွင့်လည်း ကျနော်၊ အဲဒီကနေ
နေ့လယ်ခင်း ထမင်းစားချိန်အထိ ထိုင်ရတယ်။ ဈေးဝယ်စရာရှိတဲ့နေ့တွေဆို
ကိုးနာရီလောက်မှ အမေကရောက်လာ။ ကျနော်က ဈေးစာရင်းတွေလုပ် ပြီး
တော့ ကျနော်ပဲ သွားဝယ်ရတာ။ ဈေးဆိုင်ကူထိုင်ပေးရတာလောက်
စိတ်ပျက်စရာကောင်းတာမရှိဘူးဗျာ။ ပိုက်ဆံ မခိုးရရင်တောင် နေပါစေ။
ငရဲအိုးမှာသာ ချိုးကပ်လိုက်ချင်တယ် ဆိုင်မထိုင်ချင်ဘူး။
ကျောင်းပိတ်ရက်တွေမှာ နေ့လယ်ဘက် ထမင်းစားချိန်ကျတော့ အမေက
ခဏလာထိုင်ပေး၊ ကျနော်က ထမင်းပြန်စား။ နှစ်နာရီလောက်နေတော့ တခါ
ပြ န် ထို င် ငါး ရီ ပြ န် ထို င် ချိ န်
ထို ကျ နော် ပြ န် နှ နာ ရီ နေ
ပြန်ထိုင်။ ညနေ လေးငါးနာရီမှ အမေက ပြန်လာထိုင်တော့တာ။ အချိန်
အပြောင်းအလဲ အနည်းငယ်တော့ရှိတာပေါ့။ ဒါပေမယ့် များသောအားဖြင့်
တော့ ညနေပိုင်းဆိုရင် ကျနော်ထိုင်ရတာများတယ်။ ဒါကြောင့် ညနေ
ဘောလုံးကန်ချိန်ဆိုရင် ဆယ်ဂိုး ရှစ်ဂိုးတို့ ဘာတို့ ရောက်မှ ကျနော်က ရောက်
တယ်။ ကန်ပြီး သိပ်မကြာဘူး မှောင်ပြီ။ ကန်လို့ ကို မဝဘူး။ ဒုတိယပိုင်းမှ
လူစားဝင်ကစားရသလို ဖြစ်ဖြစ်နေတာကိုး။ အဲဒါ ညရှစ်ခွဲ ကိုးနာရီ
လောက်ကျပြန်တော့လည်း ဆိုင်ကူသိမ်းဖို့ သွားရသေးတာပဲ။ အဲဒီတော့
တန်အောင်တော့ ပိုက်ဆံခိုးရတာပေါ့ဗျာ။
အိမ်ကပိုက်ဆံခိုးတဲ့နေရာမှာ ရွယ်တူချင်းတွေထဲမှာတော့ ကျနော်ကကြမ်း
တယ်။ ဆရာကျတယ် ဆိုရမယ်။ ဆိုင်ရဲ့ ပိုက်ဆံသေတ္တာအသေးလေးကနေ
ခိုးထားတဲ့ ပိုက်ဆံဆိုတာလည်း ဘယ်တော့မှမလောက်လို့ ၊ အမေအိမ်မှာ
စုဆောင်းသိမ်းထားလေ့ရှိတဲ့ သံသေတ္တာကြီးထဲကနေ ခိုးရတယ်။ တခါတ
လေ ဘုရားစင်ကနေခိုးရတယ်။ ဘုရားကိုတော့ စွန့်ပါဘုရား ဘာညာ
လက်အုပ်ချီပြီး လျှောက်တင်ရတာပေါ့။
အိမ်တွင်းကိုယ်တော်ကြီးလို့ ခေါ်တဲ့ ပန်းပဲမောင်တင့်တယ်ဆီကနေလည်း ခိုး
ရတာပဲ။ ငါးကျပ်တန် ဆယ်တန်တွေကို ကတော့ပုံစံထိုးပြီး လိပ်ထားတာ
တွေပေါ့။ ပိုက်ဆံကြေး ဂေါ်လီရိုက်၊ ထွေပစ်၊ ဒိုးဆက်ချနေတုန်း ရှုံးလွန်းလို့
ရုတ်တရက် ပိုက်ဆံကုန်သွားတာမျိုးဆိုလို့ ကတော့ အိမ်တွင်းကိုယ်တော်
ကြီး အားကိုးရတာပဲ။ ဆော့လက်စတန်းလန်းတွေများတော့ “စွန့်ပါ
ကိုယ်တော်” တွေ ဘာတွေ မလုပ်နိုင်ဘူးလေ။ သူ့ကျ အမေတို့ က ဘုရား
ထက်တောင် ပိုအရေးလုပ်ပြီး သည်းပြနေလို့ ကျနော်ကလည်း သိပ်မ
လေးစားဘူး။ မလေးစားဆို ညနေဘက် မီးဖွင့်ပြီးလားဆိုရင် “ဟဲ့ အိမ်တွင်း
လိုက်ကာ ပိတ်ဦးလေ နင်တို့ နဲ့ခက်တာပဲ” လို့ အငေါက်ခံရ၊ ထိပ်ခေါက်ခံရ
တာ မနည်းဘူးလေ။ သူသေရတဲ့ နတ်ဖြစ်ရတဲ့ဇာတ်လမ်းကိုလည်း မသိလေ
တော့ ဒီမောင်နှမတွေက ဘာလို့ မီးလုံးကလေးမီးရောင်ကလေးတောင်
ကြောက်ရတာလဲလို့ အောက်မေ့ပြီး တခါတော့ အိမ်မှာဘယ်သူမှမရှိတုန်း
ဖယောင်းတိုင်ကြီးထွန်းပြီး “ဒီမှာ မင်းတို့ ကြောက်တဲ့မီး ဒီမှာလေ” လို့ သွား
ငေါ့တာ လိုက်ကာစအနီရောင်ကြီး မီးစွဲသွားလို့ စပယ်ရှယ် ဆော်ပလော်တီး
ခံရဖူးတယ်။ ခြေသလုံးမှာ ဖင်မှာဆိုတာ အရှိုးရာတွေချည့်ပဲ သုံးလေးရက်
ကောင်းကောင်းတောင် မထိုင်နိုင်ဘူး ရေလည်ဗျင်းခံရတာဗျာ။
ကျနော့်သူငယ်ချင်းတွေဆိုရင်လည်း “မင်းကို နတ်ကိုင်လိမ့်မယ် ကြည့်နေ”
လို့ အမြဲ ယုံယုံကြည်ကြည်နဲ့ ကြောက်လန့်တကြားပြောလေ့ရှိတယ်။ ကျ
နော်ကတော့ မကြောက်ပါဘူး။ နတ်ကမကိုင်ဘူး။ ကိုင်တာက အဖေနဲ့အမေ
ချည့်ပဲ။ သူတို့ အဲ့လိုပြောရင် ဂုဏ်တောင်ယူသေးတယ်။ မင်းတို့ ကြောက်တဲ့

ငါ ကြော က် ဆို ပေါ့ ဒီ င် လို ပြော


ဟာတွေ ငါမကြောက်ဘူးကွ ဆိုတဲ့သဘောပေါ့။ ဒီကောင်တွေ အဲ့လိုပြော
တိုင်း လူကြီးတွေရယ်သလို “ဟား ဟား ဟား ဟား” ကို လှိုဏ်သံထွက်
အောင် ရယ်ပစ်လိုက်တယ်။
“မင်းတို့ ကတော့ အကုန်လုံးကိုကြောက်နေတဲ့ စကြောက်တွေပါကွာ” လို့
ပြောပြောပြီး ဟားတာပေါ့။
အမေ့က ကျနော့်ကို ဆိုင်ထိုင်းခိုင်းတယ်ဆိုတာက တခြားခိုင်းစရာလူမရှိလို့
ခိုင်းတာအပြင် ကျနော် ဆိုင်ထိုင်ရင် ပိုရောင်းရလို့ ဆိုတာလည်းပါသေး
တယ်။ ကလေးဆိုတော့ လုပ်ချင်အောင်မြှောက်ပေးတာလည်း ပါမှာပေါ့
ဗျာ။ ကျနော်က ဗွေနှစ်လုံးလေ။ လက်နှီးစုတ်တောင် ရေနံဂျီးသုတ်လို့ ရ
သေးတယ်လို့ ရောင်းထွက်အောင် ပြောတတ်သတဲ့။ ဘယ်သိနိုင်မလဲလေ။
ဆိုင်ကလည်း ပစ္စည်းပစ္စယအစုံ စတိုးဆိုင်အသေးစားလေးဆိုပေမယ့်
အဓိကရောင်းကုန်ကတော့ ကွမ်းယာပါပဲ။ ကွမ်းယာဆိုတာမျိုးကလည်း ဒီ
ထုံး၊ ဒီဆေး၊ ဒီကွမ်းသီး၊ ဒီကွမ်းရွက်ကို လိပ်ထည့်ပေးတာချင်း အတူတူ
လက်ပေါက်တယ်ဆိုတာမျိုးက ရှိသေးတယ်ဗျ။ ကျနော့်မှာ ငယ်ငယ်ရွယ်
ရွယ်နဲ့ကို ဆိုင်လာစားတဲ့ ကွမ်းသမားဦးလေးကြီး၊ အစ်ကိုကြီးတွေ
တော်တော်များများက ကျနော်ယာမှ ကွမ်းကအရသာရှိသတဲ့။ အစပ်အဟပ်
တည့်သတဲ့။ ဒီတော့လည်း ရှောင်လွှဲလို့ မရ။
ကျနော်ဖြင့် ငါးတန်းလောက်ကစပြီး ကိုးတန်းဆယ်တန်းလောက်အထိ
ကတော့ ကွမ်းရွက်တွေကို ထုံးသုတ်ရင်းနဲ့ပဲ ကုန်ခဲ့ရတယ်။ လူကြီးမြန်မြန်
ဖြစ်ချင်စိတ်ကလည်း အဲဒီလို မလုပ်ချင်တာကြီး လုပ်နေရတာရဲ့ တွန်းအား
ကြောင့်လည်း ပါမယ်ထင်တယ်။ ကြီးရင်တော့ ကိုယ့်အလုပ်ကိုယ်လုပ်မယ်
ဆိုင်တော့ ထိုင်ရမှာမဟုတ်တော့ဘူးလို့ တွေးတာပေါ့။ ဒါပေမယ့်လည်း
ဈေးရောင်းရတာ သူ့နည်းသူ့ဟန်နဲ့ ကျေနပ်စရာတွေလည်း ရှိပါတယ်။ ကျ
နော်အမြဲစောင့်ကြည့်လေ့လာနေတဲ့ အစ်ကိုကြီးတအုပ်စုကလည်း ကျနော်
တို့ ဆိုင်ရှေ့က သစ်သားတန်းလျားလေးမှာ အချိန်လာဖြုန်းလေ့ရှိတာကိုး။
နောက်ပြီး ကျနော်တို့ ဆိုင်ရဲ့ အနောက်ဘက် ဝင်းအတွင်းထဲက ဗာဒံပင်
အောက်မှာ နေ့လယ်ခင်းတွေဆို ဇယ်တောက်ခုံတခုံကလည်း ရှိနေတော့
အားအားယားယားဖြစ်နေတဲ့ အစ်ကိုကြီးတွေ၊ ဦးလေးကြီးတွေ စသဖြင့် လူ
ပေါင်းစုံရဲ့ ဆဲနည်းပေါင်းစုံကလည်း ကျူရှင်ကလေးတခုတက်နေရသလိုပါ
ပဲ။
ဒါပေမယ့် ကျနော်တို့ ဆိုင်ရှေ့တန်းလျားမှာ ကွမ်းလာဝယ်ရင်း လာထိုင်ကြ
တဲ့ အစ်ကိုကြီးတွေ အများစုကတော့ ဝင်းအတွင်းထဲက ဘောလုံးကွင်း
နံဘေး အုတ်ခုံစိမ်းမြမြမှာထိုင်ကြတဲ့ အစ်ကိုကြီးတွေနဲ့ လိုင်းမတူကြဘူးလို့
ဆိုရမယ်။ အုတ်ခုံမှာလည်းထိုင်၊ ကျနော်တို့ ဆိုင်ရှေ့မှာလည်းထိုင် နှစ်နေရာ
ပါ င် စ် ကိုကြီး ချို့ ရှိ ယ့် ည်း ဖြ င့် နော်
စလုံးပါဝင်တဲ့ အစ်ကိုကြီးတချို့ ရှိပေမယ့်လည်း များသောအားဖြင့် ကျနော်
တို့ ကွမ်းယာဆိုင်ကလေးရှေ့ထိုင်တဲ့ အစ်ကိုကြီးအများစုက အလုပ်နဲ့အကိုင်
နဲ့များတယ်။ အလုပ်သွားအလုပ်ပြန် ကွမ်းယာဝင်ထုပ်ရင်းထိုင်ကြတာမျိုး၊
အလုပ်ကအပြန် ရေမိုးချိုး ဆိုင်ရှေ့ကဖြတ်သွားတဲ့ စော်တွေငမ်းဖို့ လာထိုင်
ကြတာမျိုးပေါ့ဗျာ။ ရုံးပိတ်ရက်၊ အလုပ်ပိတ်ရက် နေ့လယ်တွေဆိုရင်တော့
ကျနော်တို့ ဆိုင်ရှေ့တင်ပဲ။ တခါတလေ ဆိုင်ပိတ်တဲ့အထိ ရှစ်နာရီ ကိုးနာရီ
အထိလည်း သူတို့ ရှိကြတုန်း။ ဆိုင်ပိတ်သွားတဲ့နောက် ရှေ့မှာထွန်းထားတဲ့
မီးလုံးကလေးအောက် တခါတလေ ဂစ်တာကလေးဘာလေး ခေါက်ရင်းနဲ့
လည်း ရှိနေတုန်း။ အပြင်ထုတ်ထားတဲ့ ရေအိုးစင်ကရေနဲ့ သူတို့ ဝယ်လာတဲ့
အာမီရမ်ကလေးတွေနဲ့ပေါင်းစပ်ကစ်ကြတုန်း။
အုတ်ခုံမှာထိုင်ကြတဲ့ အစ်ကိုကြီးတွေကတော့ များသောအားဖြင့် အဝေး
သင်တက္က သိုလ်တက်နေတဲ့ ကျောင်းသားတွေ၊ သို့ မဟုတ်လည်း ကျောင်းပြီး
အလုပ်မလုပ်။ တချို့လည်း ဆယ်တန်းတဖုန်းဖုန်းကျ၊ ဆက်မဖြေ တော့တဲ့
ဘဲကြီးတွေပေါ့။ အဲဒီတုန်းက ဦးမိုးဒီကြီးရဲ့ ကြော်ငြာလို “ဒီခေတ်ကြီးထဲ
ဆယ်တန်းကလေးမှ မအောင်ရင် မင်း လိပ်ကိုပက်လက်လှန်ထားသလို
ယက်ကန်ယက်ကန်ဖြစ်နေမှာပေါ့” ဆိုတာမျိုးတွေပေါ့ဗျာ။ ဒါပေမယ့်လဲဗျာ
ကျနော်ပဲ အသိုင်းအဝိုင်းမကောင်းလို့ လား ဘာလားတော့ မသိဘူး။ ကျနော်
မြင်ဖူးသမျှ အစ်ကိုကြီးတွေကတော့ ဆယ်တန်းအောင်အောင်ကျကျ တ
နည်းနည်းနဲ့တော့ ယက်ကန်ယက်ကန် ဖြစ်နေတာတွေချည့်ပဲလို့ ထင်မိတာပဲ။
အဲဒီလိုဆိုင်ဖောက်သည်အစ်ကိုကြီးတွေထဲကမှ ကျနော်နဲ့ အလွမ်းအသင့်
ဆုံး၊ ကျနော် သဘောအကျဆုံး အစ်ကိုကြီးနှစ်ယောက်ရှိတယ်။ တယောက်
က ကိုသားကြီးတဲ့။ သူက ကျနော်တို့ နဲ့ ရှစ်တန်းကျူရှင်အတူတက်တဲ့ ကျ
နော်တို့ သူငယ်ချင်းမနဲ့ရည်းစား ဖြစ်နေတာ။ ကျနော်တို့ နဲ့အတန်းတူ ရှစ်တန်း
မို့ အပျိုတောင်ဖြစ်စရှိဦးမယ့် ဆယ့်သုံးနှစ်သမီးလေးလို့ တော့ မထင်နဲ့။
အတန်းတတန်းကို အနည်းဆုံးနှစ်နှစ်နှုန်းနဲ့နေခဲ့တော့ အတန်းကသာ ရှစ်
တန်းဖြစ်နေတာ။ အသက်က ကျနော့်အထင် ဆယ့်ခြောက်နှစ်တော့
အနည်းဆုံးရှိတယ်။
“ကိုကို ကျမကို ချာတိတ်လို့ မခေါ် နဲ့” ဆိုတဲ့အရွယ်ပေါ့။ ရုပ်ကလေးကတော့
မဆိုးဘူးဗျ လှတယ်ဆိုရမယ်။ စောက်Óဏ်ကတော့ ထိုင်းလိုက်တာ ကျနော်
တို့ နဲ့အတန်းလာတူနေတာသာကြည့်တော့။ နောင်လဲ ကျနော်တို့ က ကျော်
တက်သွားကြဦးမှာပဲ။ အဲဒီတော့ ကိုသားကြီးခမျာ ကလေးစိတ်ကလည်း မ
ပျောက်သေးတဲ့ ရုပ်ချောတဲ့Óဏ်တုံးမကို ရည်းစားလုပ်နေရတာ
ဘယ်လောက်စိတ်ဆင်းရဲရမယ် မသိပါဘူး။ ကိုသားကြီး အသက်ကတော့
ကျနော့်အထင် နှစ်ဆယ့်ငါးခြောက်တော့ ရှိပြီပေါ့။

နော် င် က် ပ် စ် ကိုကြီး က် ကို ကြီး


ကျနော်နဲ့ခင်တဲ့ နောက်ထပ်အစ်ကိုကြီးတယောက်ကျတော့ ကိုသားကြီး
ထက်တောင် သုံးလေးနှစ်ကြီးဦးမယ့် သုံးဆယ်နားကပ်နေတဲ့ ကိုမျိုးသန့်ဆို
တာပဲ။ ကိုမျိုးသန့်ကတော့ ရုပ်ကတော့ ရေလည်ချောတဲ့ဘဲကြီးဗျာ။ ကျ
နော်ပြောဖူးတယ်လေ။ ယောကျာ်းချင်းဆိုရင် တော်ရုံတန်ရုံ ချောတာ
လောက်က
ဘာမှ ထည့်ပြောနေစရာ မလိုတဲ့ကိစ္စ။ ကိုမျိုးသန့်ကတော့ တကယ့်မင်းသား
ရုပ်ဗျ။ အသားကလည်းဖြူတယ် မုတ်ဆိတ်တွေ နှုတ်ခမ်းမွှေးတွေဆိုတာ
ရိတ်ထားလိုက်ရင် မေးစေ့မှာနှုတ်ခမ်းအထက်မှာ စိမ်းမြလို့ နေတာပဲ။ စော်
ကလည်း အင်မတန်ကြည်တယ်။ တနယ်တကျေးကို ပြောင်းရွှေ့သွားရှာတဲ့
ကျနော့် စုစုလေးရဲ့ အစ်မ မကြည်ပြာတို့ အုပ်စုဆိုတာ ကိုမျိုးသန့်ကိုဆိုရင်
အသေရရ၊ အရှင်ရရ။ ဒီပြင် အပျိုပေါက်စတွေဆိုလည်း ဒီလိုပဲ။ မိန်းမနှာ
ဗူးမတွေပေါ့။ ဒါပေမယ့် ကိုမျိုးသန့်မှာတော့ စော်ရှိတယ်လို့ တခါမှ တွဲသွား
တွဲလာမတွေ့ဖူးဘူး။ သူ့အလုပ်နဲ့သူ ရှုပ်နေတာပါပဲ။ ထားပါတော့ဗျာ။
အဲဒီအစ်ကိုကြီးနှစ်ယောက်ကိုတော့ ကျနော်က သဘောကျတယ်။ ကျနော့်
ကိုလည်း သူတို့ နှစ်ယောက်က အတော်ခင်တယ်၊ ချစ်တယ်လို့ ဆိုရမယ်ထင်
တယ်။ ဆိုင်ကို ကွမ်းယာလာစားတဲ့ ဈေးသည်နဲ့ ဈေးဝယ် ဆက်ဆံရေးတင်
မဟုတ်ဘူး။ သူတို့ ညီအငယ်ဆုံးလေးတယောက်လို ကျနော့်ကို ပေါင်းသင်း
တယ်။ ကျနော်ကတော့ သူတို့ ကို အစ်ကိုကြီးတွေလို ဆိုပေမယ့် တကယ်က
ကျနော်က သူရဲကောင်းမွေးမြူရေးလုပ်နေတာပါ။ ကိုဘီလူး၊ ကိုသားကြီး၊
ကိုမျိုးသန့်၊ အုတ်ခုံကအစ်ကိုကြီးတွေ တော်တော်များများက ကျနော့်
သူရဲကောင်းတွေချည့်ပဲ။
ဒါပေမယ့်လည်း အဲဒါတွေက ရှစ်တန်းကိုးတန်းရောက်မှပါ။ ငါးတန်းခြောက်
တန်းခုနစ်တန်းအရွယ်မှာတော့ ကိုဘီလူးက ကျနော်တို့ ဟီးရိုးပဲ။ ကျနော်
ရယ် မင်းဆန်းရယ် ပုတုရယ်က ကျောင်းအတူတူ၊ အခန်းကလည်း ဘီတန်း
အတူတူဆိုတော့ အမြဲတတွဲတွဲ၊ မခွဲတမ်းဘဲ။ ကိုဘီလူးကို သဘောကျတာ
လေးစားတာလည်း တူတယ်။ ခြောက်တန်းနှစ်မှာ ကျနော်တို့ သုံးယောက်
အိမ်သာအတူတူသွားပြီဆိုရင် အိမ်သာမှာ ကိုဘီလူးကိုများ တွေ့လိုက် လို့
ကတော့ ကျနော်တို့ က အလိုလို စိတ်ကြီးဝင်သွားတယ်။ အတန်းတူတဲ့
အခြားကောင်တွေကိုလည်း ဒါ ငါတို့ အစ်ကိုကြီးကွ လို့ အစ်ကိုရင်းလိုကို
ပြောတာ။ အိမ်သာထဲမှာ သူက ဆေးလိပ်သောက်၊ သူ့မှုတ်ထုတ်လိုက်တဲ့
မီးခိုးကို သူ့ဘာသာသူ ကြည့်နေရင်းက ကျနော်တို့ သုံးယောက်ကို တွေ့လိုက်
ရင် ခေါင်းတချက်ဆတ်ပြတတ်တယ်။ “လာ ဒီနားလာ” ဆိုတဲ့သဘော
အချက်ပြတာပေါ့။ အိမ်သာတံခါးမှီရပ်နေတဲ့ သူနဲ့သူ့ ဘော်ဒါသုံးလေး
ယောက်အနား ဘာမှလည်းမဟုတ်ဘဲ ချီးစော်အနံခံပြီး မတ်တပ်သွားရပ်
တာနေတာပေါ့။ အဲသလို သူတို့ နဲ့ အတူတွဲ မတ်တပ်ရပ်နေရတာကိုက မာန်
က် န်း ခြား ဘော် ဒါ အိ မ် င် င် သိ လို
နေ လို သူ တို့ နဲ့ တူ တွဲ ရ နေရ ကို န်
တက်စရာ။ အတန်းတူ တခြားဘော်ဒါတွေ အိမ်သာထဲဝင်လာရင် မသိသလို
ပဲ နေလိုက်တယ်။ ဖြစ်နိုင်ရင် ကျနော်တို့ က ဆေးလိပ်ပါသောက်ချင်တာပါ။
ဒါပေမယ့် တောင်းရမှာမရဲလို့ မသောက်ခဲ့ရပါဘူးဗျာ။ ခုနစ်တန်း နှစ်မှသာ
ကျနော်တို့ ဆေးလိပ်စသောက်တတ်တယ်။
အဲဒီလို အိမ်သာထဲ ကိုဘီလူးနဲ့အတူမတ်တပ်ရပ်နေနိုင်ခဲ့တဲ့နေ့ဆိုရင် ညနေ
ကျောင်းဆင်းတာနဲ့ ဘောလုံးကွင်းမှာ၊ ဒါမှမဟုတ်လဲ မှို့ပင်ကြီးပေါ်မှာ
ရေလည်ပြန်ပြောပြီ။ ရုပ်ရှင်သွားကြည့်ပြီး စားမြုံ့ပြန်လို့ မဆုံးတဲ့ တောက
ကျနော့်အဘွားလိုပေါ့။ ကျန်တဲ့ကောင်တွေကို စိတ်ကြီးဝင်လျက်နဲ့ ပြန်ပြော
ပြတာ။ သုံးကောင်သား လုပြောလွန်းလို့ တခါတလေ အချင်းချင်းတောင်
ထိုးရကြိတ်ရသေးတယ်။ ငါးတန်းခြောက်တန်းနှစ်တွေမှာတော့ ကျနော်တို့
ဘာသာ တခြားအကြောင်း ပြောတာမျိုးမဟုတ်ရင် ကိုဘီလူးအကြောင်း
ချည့်ပဲ။ အိမ်သူငယ်ချင်းတွေနဲ့ ပြောရတာက ပိုကောင်းတယ်။ ကိုဘီလူးနဲ့
က ကျနော်တို့ က တတိုက်တည်းဆိုတော့ ကျောင်းမတူတဲ့ တခြားကောင်
တွေကလည်း ကိုဘီလူးကို လေးစားကြတာကိုး။ စော်တပွေကို “ဟေ့ အချစ်
လေး ပျု့ ပျု့” လို့ နောက်ကနေ ပြောင်ပြီးခေါ်လိုက်တာကအစ ကိုဘီလူးက
မိုက်တယ်ဟလို့ ကျနော်တို့ ကထင်တာ။
သူ့လက်ခုံနှစ်ဖက်မှာ တဖက်ကို ‘သတ္တိ’ ၊ တဖက်ကို ‘ဇွဲ’ ဆိုပြီး တက်တူးထိုး
လာတုန်းကများဆို၊ ကိုဘီလူးဆိုတဲ့ နာမည်ကို လက်နှစ်ဖက်မြောက်၊
ကောင်းကင်ကိုကြည့်ပြီး “ကိုဘီလူးကွ” လို့ ဟစ်ကြွေးလိုက်ချင်စိတ်ပါ
ပေါက်မိတယ်။ တကယ့်သတ္တိခဲကြီး။ ကျနော်တို့ စကားဝိုင်းဆိုရင် သူ့
အကြောင်းနဲ့စပြီး သူ့အကြောင်းနဲ့ ဆုံးတာများတယ်ဗျာ။ တခါတုန်းက ကျ
နော်တို့ ကျောင်းကအပြန် ကိုဘီလူးတို့ အဖွဲ့နဲ့သူတို့ အတန်းကပဲ တခြားအဖွဲ့
နဲ့ လမ်းပေါ်တင် ရန်ဖြစ်ကြတာ မျက်မြင်ဒိဌကြုံလိုက်ရသေးတယ်။ မင်း
ဆန်းကဆိုရင် ကိုဘီလူးတို့ အဖွဲ့ဘက်ကနေ ဝင်တွယ်ဖို့ ပါ ကျနော်တို့ ကို
လက်ကုပ်သေးတာ။ ကျနော်နဲ့ပုတုကတော့ မလှုပ်ပါဘူး။
“အကြီးတွေရန်ဖြစ်တာ ဝင်မပါနဲ့ကွ ကြားညှပ်သွားမယ်” လို့ ကျနော်က
ပညာရှိပမာ သတိပေးရသေးတယ်။ တကယ်တော့ ကြောက်တာပါ။
ကြောက်ဆို သူတို့ ထဲက တချို့က စကေဘာတွေ၊ သံလက်သီးတွေပါ ပါ
တယ်ဗျ။ သေသွားမှာပေါ့။ ဘာလက်နက်မှမပါတဲ့သူတောင် လက်ထဲက စ
တီးချိုင့်တွေနဲ့ခေါင်းတွေကို တကယ် ရိုက်ခွဲနေကြတာကိုး။ အဖွဲ့လိုက်ချကြ
တာဆိုတာ တယောက်ချင်းချတာနဲ့လည်း တခြားစီ။ ကြုံတဲ့လူကို ကြုံတဲ့လူ
က ဝင်ရိုက်၊ ဝင်ထိုးသွားတာ။ အဲဒီလူအုပ်ထဲ ကိုဘီလူးဟာ အရှေ့
အနောက်တောင်မြောက် ဟိုဘက်ပြေးဒီဘက်ပြေး လွန်းထိုးပြီး အနီးနားရှိ
တဲ့ကောင် ခေါင်းကို စတီးချိုင့်နဲ့ ဂွက်ခနဲ ဂွက်ခနဲ ရိုက်ရိုက်သွား တာများ
တ် သို င်း ကြ ည့် လို တီး ချို င့် ရို က် ပါ င့်
တရုတ်သိုင်းကားကြည့်နေရသလိုပဲ။ စတီးချိုင့်က ရိုက်ပါများတော့ အဆင့်
တွေပြုတ်ထွက်ကုန်ပြီး ထမင်းကျန် ဟင်းကျန်တွေနဲ့အတူ လမ်းပေါ်ဂလွမ်ဂ
လွမ်နဲ့ လိမ့်ထွက်သွားတဲ့မြင်ကွင်းကို ကြည့်ရတာများဗျာ စောက်ရမ်းကို
မိုက်တာပဲ။
အိမ်ပြန်ရောက်တော့ အဝတ်အစားတွေဘာတွေတောင် မလဲတော့ဘူး။
ကျောင်းလွယ်အိတ်နဲ့ထမင်းချိုင့်ကို အိမ်ရှေ့တင် ဘုတ်ခနဲချထားခဲ့ပြီး မင်း
ဆန်းရယ် ပုတုရယ် ကျနော်ရယ် သုံးယောက်သား မှို့ပင်ကြီးဆီ ပြေးတော့
တာပဲ။ ကျန်တဲ့ ကောင်တွေကို ပြန်ပြောရဦးမယ်လေ။ တချို့ကောင်တွေက
ကျောင်းကပြန်ခါစဆိုတော့ မှို့ပင်ကြီးဆီမရောက်ကြသေးလို့ အိမ်တွေအထိ
လိုက်ခေါ်ရသေးတယ်။ ပြောချင်တာ လျှားကယားနေပြီ။
“ဟေ့ရောင်တွေ လာ လာ မင်းတို့ ကောင်တွေကို ဒီနေ့ ကိုဘီလူးရဲ့ ရန်ပွဲ
အကြောင်းပြောပြမယ် စောက်ရမ်းကြမ်းတာဟေ့”
မြတ်ကျော်၊ ဝင်းကို၊ မော်စီတုံးနဲ့ ကိုဖြိုး၊ နောက်ဟိုကောင် ဇာလတ်မောင်
အကုန်လုံး အဲဒီသတင်းကြားလိုက်တာနဲ့ ပါးစပ်ပေါက်ကြီးတွေ ဝိုင်းကုန်ပြီး
“ဟာ ဟုတ်လား” လို့ ပြောရင်း မှို့ပင်ဆီ သုတ်သုတ်နဲ့ ရောက်လာကုန်ကြ
တယ်။ နားထောင်မယ့်ကောင်တွေ မရောက်သေးခင်မှာကို ကျနော်တို့ သုံး
ယောက်က သက်သောင့်သက်သာဖြစ်မယ့် ကိုင်းတွေမှာ အကျအနထိုင်ပြီး
အချင်းချင်း ပြန်ပြောနေကြသေးတာ။ သုံးယောက်လုံး ပြိုင်တူမြင်ခဲ့တာကို
ပဲ အငြင်းအခုန်က ဖြစ်ရသေးတယ်ဗျာ။ ဒီကောင်တွေနဲ့လည်းခက်တယ်။
ကျန်တဲ့ကောင်တွေ မှို့ပင်ပေါ်တက်တုန်းပဲ ရှိသေးတယ်။ သူတို့ ဆိုင်ရာ
ဆိုင်ရာ ကိုင်းပေါ်တွေမျာတောင် မထိုင်ရသေးဘူး မင်းဆန်း ဆိုတဲ့ကောင်က
သူများထက်ဦးအောင် အရင်ပြောတော့တာပဲ။
“မင်း ဟစ်ရောင် အယောက်နှစ်ဆယ်လောက်ရှိတယ် ဟိုဘက်ဒီဘက် လုံးဝ
မိုက်တာကွာ၊ မထိုးခင် မျက်နှာချင်းဆိုင်ပြီး ဒီလိုကြည့်နေကြသေးတာကွ”
တဲ့။ မင်းဆန်းဟာ စကားပြောတာကိုခဏရပ် ခါးထောက်ပြီး မျက်လုံးမှေး
တေးတေးနဲ့နှုတ်ခမ်းစူထားပုံလုပ်ပြတယ်။ ဟိုဘဲကြီးတွေက လူမိုက်အထာ
လုပ်တာ၊ ဒီကောင်လုပ်ပြ နေပုံက မုန့်ဖိုးမရလို့ စူပုတ်နေတဲ့ စောက်ကလေး
လေးကျနေတာပဲ။ ပြီးတာနဲ့ဆက်ပြောတယ်။
ပထမတော့ ကျနော်နဲ့ပုတုကလည်း ကြားထဲကနေ တယောက်တပေါက် ဝင်
ဝင်ပြောတာပေါ့။ အဲဒါ ကိုဖြိုးဆိုတဲ့ကောင်က “မင်းတို့ က လီး အဲ့လောက်
ကြီးတပြိုင်တည်းပြောနေတော့ ရှုပ်ကုန်ပြီလေကွာ မင်းဆန်းအရင်ပြော” လို့
ဝင်နှောက်လိုက်တော့ ကျနော်နဲ့ပုတုမှာလည်း မင်းဆန်းအမှားကိုပဲ စောင့်

က် ခြေ ဖြ စ် ယ် ပျော်
ထောက်ရတဲ့ အခြေအနေဖြစ်သွားတယ်။ မပျော်တော့ဘူးဗျာ။ မအေဘေး
က မြင်ခဲ့တာချင်းအတူတူ သူကချည့်ပြောနေတော့ ခံပြင်းတာပေါ့။
“ဘယ်ကောင်လဲကွ မင်းတို့ ထဲက ငါ့ဘော်ဒါကို စောက်ခွက်ပြောင်လိုက်တာ
လို့ ကိုဘီလူးက ရုပ်တည်ကြီးနဲ့ဖြဲတာကွ၊ ဒါပေမယ့် မင်းကလည်း ဟိုဘက်
ကအုပ်စုကလည်းတောင့်တယ်ဟ။ မင်းတို့ ကောင်က အရင်ဂျိုကြည့် ကြည့်
တာကွ၊ အဲ့တာကြောင့် ငါတို့ က ဝိုင်းလှောင်လိုက်တာ၊ မင်းတို့ က ဘာဖြစ်ချင်
လဲ လူမိုက်တွေလား၊ စမ်းလိုက် လေကွာ တဲ့။ ဟေ့ရောင်ရေ ကိုဘီလူးက
ဘာမှကို ဆက်မပြောတော့ဘူး။ သူ့ကောင်တွေကို နောက်ပြန်ပြီး လှည့်
စကားပြောတော့မလို တချက်လှည့်လိုက်ပြီးမှ ချက်ချင်းပြန်လှည့်လိုက်ပြီး
ဟိုဘက်အဖွဲ့ရှေ့ဆုံးကကောင်ရဲ့ စောက်ခွက်ကို လက်ဝါးနဲ့ ဖြောင်းခနဲရိုက်
ထည့်လိုက်တာ၊ ဟေ့ရောင်ရေ အဝေးကြီးက ငါတို့ တောင် အသံကြားရ
တယ် ဖြောင်းခနဲပဲကွာ”
“ကိုဘီလူးကြီးက မိုက်တယ်ကွာ ရေလည်ဂျွတ်တယ်”
“မင်းကလည်း ကိုဘီလူးက လူကြည့်တော့ အေးအေးလေးလိုနဲ့လက်ကယဉ်
တယ်ဟ . . .သွားမစမ်းနဲ့”
“အုပ်စုလိုက်ကြီးကို ဖိုက်တာနော်”
မင်းဆန်း ခဏနားလိုက်တာနဲ့ ကျန်တဲ့ကောင်တွေမှာ တယောက်တယောက်
မေးငေါ့ပြီး ကိုဘီလူး ချီးမွမ်းခန်း ဖွင့်ကြသေးတာ အကြာကြီး။
မျက်နှာထားတွေကကို မသိရင် သူတို့ ကိုယ်တိုင် ရန်ပွဲမှာ ပါခဲ့သလိုပေါ့။ ဒီ
လောက် ရောက်တော့ ကျနော်လည်း မနေနိုင်တော့ဘူး ဝင်ပြောတာပေါ့။
“အဖွဲ့လိုက်ချတာ စောက်ရမ်းမိုက်တယ်၊ မင်းတို့ ကောင်တွေ မြင်စေချင်
တယ်ကွာ၊ ကိုဘီလူးဆိုရင် ကိုယ်ဖော့ သိုင်းတောင်တက်လားမသိဘူး။ လူ
အုပ်ကြားတွေထဲ ပြေးပြေးပြီး ခေါင်းတွေကို စတီးချိုင့်နဲ့ လိုက်ရိုက်တာ၊ ငါ
တို့ ဆို လက်တွေကို ယားနေရောပဲကွာ”
ကျနော့်စကားသံဆုံးတာနဲ့ ပုတုကလည်း “ဟုတ်တယ် ဟုတ်တယ် ဝင်တွယ်
လိုက်ချင်တာကွာ” လို့ ဝင်ပြောတယ်။ အဲဒီမှာ သူတောင်းစား မင်းဆန်းက
ကျနော်နဲ့ ပုတုကိုကြည့် ထွီခနဲ တံထွေးတချက်ထွေးလိုက်ပြီး လူလယ်ခေါင်
စောက်ရှက်ခွဲပါလေရောဗျာ။
“ငါလိ လက်ယား မင်းတို့ နှစ်ကောင်ကို ဝင်တွယ်ရအောင်ကွာလို့ ငါပြော
တယ်လေ ဘာခုမှ စောက်ပိုတွေ ပြောနေတာလဲ” တဲ့။
“ဘောပါလားကွ ဟိုဘဲကြီးတွေက အတန်းကြီးတွေလေ ငါတို့ ဝင်ပါရင် ငါတို့
ပဲနာမှာပေါ့။ မင်းကြည့်လိုက်ဦး စကေဘာတွေရော၊ သံလက်သီးတွေရော၊
ဟို က် ကြီး ဆို ချိ န်း ကြိုး င် ပါ ယ် ပါ
နာ မှာ ပေါ့ ကြ ည့် လို ဦး တွေ ရော တွေ ရော
ဟိုဘက်ကဘဲကြီးတွေဆို ချိန်းကြိုးတွေတောင် ပါသေးတယ်။ ဘာမှမပါ
ရင်တောင် သူတို့ လက်သီးကြီးတွေကိုက အကြီးကြီးတွေ၊ လက်ယားတာနဲ့ပဲ
ဘလိုင်းကြီးဝင်သုတ်ရအောင် ငါတို့ က စောက်ပေါလားဟ” လို့ ကျနော်
လည်း ပြန်ကောတာပေါ့။ မင်းဆန်းကလည်း မခံဘူး။
“ဟေ့ရောင် စကြောက်က စကြောက်ပဲ၊ မင်း တကယ်သတ္တိရှိရင် ကြီးတာ
ငယ်တာမရှိဘူး ‘ဇ’ ပဲ လိုတယ် ဟေ့ရောင် ‘ဇ’ ပဲကွ”
ကျနော်လည်း တင်းပြီလေ။
“အေး ဇ ပဲလိုတဲ့ကောင်လာစမ်း၊ မင်းပြောသလို ဗလမရှိပေမယ့် ဇ ရှိတယ်
ကွ။ မင်းနဲ့ငါ ဝမ်း ဝမ်းဆွဲမယ် လာဟစ်ရောင် အပင်ပေါ်ကဆင်းလိုက်၊ ငါ
လိုးမသား မင်းစောက်ဖင်ယားတာတွေများနေပြီ”
ကျနော်လည်း ပြောပြောဆိုဆို အပင်ပေါ်ကနေ အောက်ကို မျောက်တ
ကောင်လို ကျင်လည်စွာပဲ ဆင်းလိုက်တယ်။ မင်းဆန်းကလည်း ဆင်းလိုက်
လာတယ်။ ဒီကောင် အောက်ရောက်တာနဲ့ကျနော်လည်း ဝင်လုံးတော့တာပဲ။
ကျန်တဲ့ကောင်တွေလည်း အပင်ပေါ်ကနေ အကုန်ဆင်းလိုက်လာကြပြီး ကျ
နော်တို့ နှစ်ယောက်ကို ဖျန်ဖြေပါသေးတယ်။ မရတော့ဘူး။ ကျနော်တို့ နှစ်
ကောင်က ကျနော်တို့ ကန်နေကျ နှစ်ထပ်ဘောလုံးလို လုံးထွေးနေပြီ။ ဒီ
ကောင်အပေါ်ကရောက်လိုက်၊ ကျနော်က အပေါ်ရောက်လိုက်၊ မျက်နှာတွေ
လည်း ကုတ်ဆွဲ၊ ဆံပင်တွေလည်း ဆွဲဆောင့် လေးငါးမိနစ်လောက်ကြာမယ်
ထင်တယ်။
“သန့်ဇင်ရေ...” ဆိုတဲ့ အမေ့အသံကြားမှ ရပ်သွားတယ်။ အမေကလည်း ကျ
နော်တို့ နှစ်ယောက် ရန်ဖြစ် တာကိုတွေ့သွားတာပေါ့။
“ဒီမှာရန်လာဖြစ်နေတယ်ဟုတ်လား၊ ကြည့်စမ်း ကျောင်းစိမ်းအကျႌတောင်
မလဲနိုင်ဘူးဟုတ်လား၊ နင်က မအေကို ဆိုင်လာကူထိုင်ဖို့ မလာဘဲ ဒီမှာ
ထိုးကြိတ်ပြီး အသားနာအောင်လုပ်နေတယ်ပေါ့၊ အေး အသားနာချင် တဲ့
ကောင်လာခဲ့ အိမ်ကျမှ တွေ့မယ်။ ဟိုကောင်မင်းဆန်း နင်လည်း နာမယ်၊
ဘာသူငယ်ချင်းအချင်းချင်း ရန်ဖြစ်စရာလဲ။ နင့်လည်း နင့်အစ်ကိုနဲ့ကို တိုင်
ဦးမယ်”
အဲဒီနေ့ကတော့ ကျနော်တို့ လည်း အဲ့လိုနဲ့ပဲ ပွဲသိမ်းသွားတယ်။ အဓိက
ကတော့ ကိုဘီလူးပဲ။ ကျနော်တို့ ငါးတန်းခြောက်တန်းနှစ်တွေမှာတော့
အစစအရာရာဟာ ကိုဘီလူးဂယက်တွေချည့်ပဲပေါ့။ သူ့အကြောင်းကို
ဘယ်လိုမိုက်ကြောင်း၊ ဘယ်လိုအထာကျကြောင်းဆိုတာချည့် ဖင်ပြန်ခေါင်း
ပြန်ပြောရင်းနဲ့ ဖြတ်သန်းရတာ။ ရန်ပွဲအကြောင်းပြောကြရင်းက ရန်ပွဲဖြစ်

ထိ ပါ က် န် န် ပြော င် နော် တို့ စ် န်း စ်


တဲ့အထိပါပဲ။ နောက်ဆုံးဗျာ ကုန်ကုန်ပြောရရင် ကျနော်တို့ ခုနစ်တန်းနှစ်မှာ
ကိုဘီလူးဟာ သူ့လြွပတ်ကြီးကို ကြီးဆေးဆိုလား ဘာလားပဲ သွားထိုးတာ
လား၊ လိမ်းတာလားတောင် မသိပါဘူး။ အဲဒါသွားလုပ်တာ သူ့မှာ အမြဲပုဆိုး
တမမနဲ့ပေါ့။ အထိတောင်မခံနိုင်ဘူးပြောတယ်။ ဘာဖြစ်တာလဲဗျလို့ ကျ
နော်တို့ ကမေးတော့ အရမ်းဖောင်းကားပြီး လြွပတ်လည်ပင်းနားမှာ နွားတွေ
ရဲ့ဘို့ လို ဘုကြီးတဘုဖြစ်နေတာ။ ပြည်တစိုစိုဖြစ်နေတာကြီး ကျနော်တို့ ကို
ပြတာပေါ့။ ကြောက်စရာကြီးဗျာ။ ကျနော်တို့ မှာ ကြက်သီးတောင်ထတယ်။
ဒါပေမယ့်လည်း သိတယ်မဟုတ်လား အဲသလို ရွံလည်းရွံနေလျက်ကြီးက
နေ ကိုယ့်လြွပတ်မှာ ဖြစ်နေသလိုကို အချင်းချင်း စကားလုပ်ပြောကြ
သေးတာ။ အဲဒီတုန်းက ကိုဘီလူးလည်း ကံကောင်းလို့ ယီးမဖြတ်လိုက်ရ
တယ်။ အစောပိုင်းက ကြိတ်ခံနေသေးတယ်ဗျ။ ဟိုဆေးလူးတာလိုလို ဒီ
ဆေးသိပ်တာလိုလိုပေါ့။ နောက်တော့ သူ့အဖေအမေတွေကလည်း သိသွား
တော့ ချက်ချင်း ဆေးရုံတွေဘာတွေတင်ပြီး ခွဲလိုက်ရတယ်။ ကိုဘီလူးခမျာ
သူ့သတင်း တဝင်းလုံးနီးနီးသိသွားတော့ အိမ်ထဲကအိမ်ပြင်ကို တလ
လောက်မထွက်ရဲတော့ဘူး။ အဲ့လိုဖြစ်တာလည်း ခပ်ကောင်းကောင်းပဲ။ နို့ ဆို
ကျနော်တို့ တတွေပါ ဘာသုံးရမယ်မှန်း မသိသေးတဲ့ ကိုယ့်လြွပတ်တွေကို
ကြီးဆေးတုတ်ဆေး လျှောက်ထိုးမိချင်ထိုးမိပြီး သူ့လိုဖြစ်နေဦးမှာလေ။
မင်းဆန်းနဲ့ကျနော်က ခဏ ခဏ ရန်ဖြစ်ဖက်ဆိုပေမယ့် ကျနော့်သူငယ်ချင်း
တွေထဲမှာ မင်းဆန်းနဲ့ပုတုကို အခင်ဆုံးပဲ။ သူတို့ နဲ့က နေတဲ့တိုက်ချင်းလည်း
တူ၊ ကျောင်းကလည်း တူ၊ နောက်ဆုံး ငါးတန်းကနေ ရှစ်တန်းအထိ ဘီ
အခန်းမှာ တောက်လျှောက်နေခဲ့တာချင်းလည်း တူတာကိုး။ ပုတုနဲ့ဆို
သူငယ်တန်းကတည်းက ပေါင်းလာတာ။ အဲ့ကောင်က အငိုသိပ်သန်တဲ့
ကောင်။ ငါးတန်းနှစ်အထိ ဘောင်းဘီထဲ ချီးထွက်ကျတုန်း။ ကျောင်းက
အပြန်တရက် မအောင့်နိုင်လို့ လမ်းတင် ချီးတွေထွက်ကုန်တာ။ ချီးတောင်မ
ထိန်းနိုင်မှတော့ အိပ်ရာထဲ သေးပေါက်ချတာတို့ ဘာတို့ ကတော့ မေးမနေနဲ့
တော့ပေါ့။ ပုတုက လူကလည်း နုံတုံတုံရယ်ဗျ။ နာမည်သာ ကြည့်တော့
လေ။ ဒီကောင့်နာမည်အရင်းကတော့ တကယ့်ကိုလှတာ။ လွတ်လပ်မောင်
တဲ့။ လွတ်လပ်ရေးနေ့မှာ မွေးလို့ တဲ့။ ဒီကောင်တွေအမေတွေများ မွေးတတ်
လိုက်တာ။ မွေးတာတောင် လွတ်လပ်ရေးနေ့မှ မွေးရသတဲ့။ အာဇာနည်နေ့
မွေးလို့ ဇာနည်မောင်လို့ နာမည်ပေးထားတဲ့တကောင်လည်း မြင်ဖူးတယ်။
အဲ့ကောင်ကတော့ ကျောင်းကပါ။ ကျနော်တို့ အခန်းကလည်း မဟုတ်ပါဘူး။
နာမည်ကြောင့်မှတ်မိနေတာ။ ထားပါတော့။ လွတ်လပ်မောင်ကနေ ပုတုဖြစ်
တာတော့ ကျနော်တို့ ပယောဂမပါပါဘူး။ သူ့အမေကကို ပုတုလို့ ခေါ်တာပဲ။
ငယ်တုန်းက ပုတုတု လုံးတုံးတုံးမို့ ချစ်စနိုးနဲ့ခေါ်တာနေမှာပေါ့။ ခုတော့ ပိန်
ပိန်မဲမဲကြီးပါ။
အခန်း (၇)

မင်းဆန်းကတော့ လေးတန်းနှစ်စမှ သူ့ရွာကနေ သူ့အစ်ကိုအကြီးဆုံးကြီးရှိ


ရာ ဒီလိုင်းခန်းတိုက်ခန်းတွေကို ပြောင်းလာတာဆိုတော့ သိပ်အကြာကြီး
မဟုတ်သေးပေမယ့်လည်း ကျနော်ရယ် ပုတုရယ် မင်းဆန်းရယ်ဆိုတာ ခွဲလို့
မရပါဘူး။ မင်းဆန်းက ဘောလုံးကန်တာလည်း ကောင်းတယ်။ ဒီကောင်
ကောင်းပုံက ရိုင်ယန်ဂစ်လိုမျိုးပဲ။ ရုပ်တောင် နည်းနည်းတူသလိုပဲဗျ။
တောင်ပံတလျှောက် အရှိန်အဟုန်နဲ့ ဒီကောင်ဘောလုံး ဆွဲပြေးလာတာများ
သိပ်မိုက်တာပေါ့။
ဘောလုံးကန်တာကတော့ ကျနော်တို့ အားလုံး သူ့နည်းသူ့ဟန်နဲ့ ကောင်းကြ
တာချည့်ပါပဲ။ ကျနော်ဆိုရင် ညာကိုဆွဲထွက်မလို ကိုယ်ဟန်ပြလိုက်ပြီး
ဘယ်ဘက်ကိုလှည့်ယူသွားတာမှာ သိပ်ကောင်းတာ၊ ကျနော် အဲ့လိုလှည့်
လိုက်ရင် ဘယ်ကောင်ဖြစ်ဖြစ် ကားယားကြီးကျန်ခဲ့တာချည့်ပဲ။ အဲဒီတော့
ကျနော်ကလည်း အဲသလို ခဏခဏလှည့်ထွက်တယ်။ ဒီတော့လည်း
ခဏခဏခြေစုံပစ်ဝင်တာခံရတာပဲ။ ကျန်တဲ့ကောင်တွေက ခမျာလည်း ကြာ
တော့ သောက်မြင်တွေကတ်ကုန်ကြတယ်ထင်ပါရဲ့။ သူများကောင်းတာ မ
နာလိုဖြစ်ကြတာပေါ့ဗျာ။ ကလေးတွေကန်တဲ့ ဘောပွဲဆိုတော့ ဒိုင်မရှိဘာမရှိ
နဲ့ ခံရတာပါပဲ။ ဘယ်တတ်နိုင်မလဲ။ အဲသလို တယောက်တကွက် ဘောကန်
ကောင်းကြတဲ့အထဲ မင်းဆန်းကတော့ အကောင်းဆုံးပေါ့။ မင်းဆန်းထက်
ကောင်တဲ့ကောင်တွေလည်း ရှိတော့ ရှိပါတယ်။ ဒါပေမယ့် တခါတလေ
ကောင်းတာမျိုး။ အမြဲခြေစွမ်းမပြနိုင်ဘူး။
မင်းဆန်းက ရွာကတက်လာတဲ့ကောင်ဆိုတော့ အကြမ်းပတမ်းလည်းခံ
တယ်။ နောက်ပြီး ကျနော်တို့ လို မြို့သားကလေးတွေ မလုပ်တတ်တာ၊ မသိ
တာတွေ အများကြီးသိတယ်။ ဒီကောင်က အဲ့အပိုင်းမှာတော့ ဆရာကြီးပဲ။
ဒီကောင်လုပ်သမျှထဲ ကျနော်အကြိုက်ဆုံးက ပါးစပ်ကိုစိပြီး ရှေ့သွားလေး
နှစ်ချောင်းကြားကနေ ‘ကျစ်’ ခနဲ မြည်အောင် တံတွေးထွေးတာပဲ။ သူမို့
ပေါက်ပေါက်ရှာရှာဗျာ။ ကျနော်တော့ အဲဒါဘယ်လိုမှ မလုပ်တတ်ဘူး။
ကျင့်တော့ ကျင့်ကြည့်သေးတယ်။ မေးစေ့တွေ တံတွေးပေတာပဲ
အဖတ်တင်တယ် မရပါဘူး။ နောက်ပြီး ဒီကောင်နဲ့မှ ကျနော်တို့ ဟာ လေးခွ
တွေဘာတွေကိုင်ဖူး၊ ငှက်လိုက်ပစ်ဖူးတာ။ ကျနော်တို့ ဟာကျနော်တို့ ကတော့
ငါးတန်းအရွယ်ထိ တိုက်နောက်ကျောက မြက်တောထဲမှာ ပုစဉ်းလိုက်ဖမ်း
နေတုန်း။ ပုစဉ်းဖမ်းတယ်ဆိုတာက ဘာမှလည်း ဟုတ်တာမဟုတ်ဘူး။ ဒါ
ယ့် ယ် ယ် န်း ဒီ ဉ်း မ်း ဖို့ ကို ဝါး ခြ မ်း တ်
ပေမယ့် ငယ်ငယ်တုန်းကတော့ အဲဒီပုစဉ်းဖမ်းဖို့ ကိုပဲ ဝါးခြမ်းတုတ်
ကောင်းကောင်းလေးတွေ လိုက်ရှာရတယ်။ ရလာတဲ့ တုတ်ကလေးရဲ့ထိပ်ကို
မှ ပလတ်စတစ်အိတ် အကျွတ်စားကလေးကို ဖောင်းဖောင်းလေးလုပ်
သားရေကွင်းနဲ့တွဲချည်၊ မြက်ပင်ကိုင်းပင်ရှည်ကြီးတွေရဲ့ ထိပ်ဖျားချွန်
ကလေးပေါ်မှာ၊ ညွတ်ကျနေတဲ့ မြက်ရွက်ကလေးတွေပေါ်မှာ နားနေတဲ့
ပုစဉ်းကို အသာလေး ပလတ်စတစ်နဲ့ အုပ်လိုက်တာပဲ။ ပုစဉ်းဆိုတဲ့ကောင်
တွေကလည်း ဉာဏ်သိပ်တုံးတာကိုး။ ပိတ်ထားတဲ့ အပေါ်ကိုချည့် စွတ်ပျံ
တာလေ။ အောက်လေးဘာလေး ဆင်းပျံကြည့်ပါဦး။ ထွက်လို့ ရနေတဲ့ဟာ မ
ပျံဘူးဗျာ။ ပေကပ်ပြီး အဖမ်းခံတာပဲ။
ရလာတဲ့ ပုစဉ်းလေးတွေကိုဖမ်းပြီး ကျနော်တို့ ဘာလုပ်ကြတုန်းဆိုတော့
ဘာမှမလုပ်ဘူး။ ပုလင်းအလွတ်တလုံးထဲထည့်ပြီး ပုလင်းထဲမှာ ပုစဉ်း
ကလေးပျံတာကို ထိုင်ကြည့်နေတာပဲ။ တချို့ကောင်တွေကတော့ ဘာ
ပုလင်းထဲမှ ထည့်မနေဘူး။ မိတာနဲ့တခါတည်း အတောင်ပံတွေ ခေါင်းတွေ
ဆွဲနှုတ်ပစ်တာပဲ။ တကယ်တော့ဗျာ ကျနော်တို့ ကမလွတ်နိုင်မှန်းသိနေတဲ့
အလုံပိတ်ထားတဲ့ ပုလင်းထဲမှာ ဒီပုစဉ်းလေးတွေက လွတ်နိုးနဲ့အတောင်ပံ
ပါးပါး လေးတွေညောင်းအောင် ပျံနေကြတာ တော်တော်သနားစရာကောင်း
တယ်ဗျ။ ဘာမှလည်း မဟုတ်ဘဲနဲ့တိရစ္ဆာန်ကို ပုလင်းထဲထည့် လှောင်ပိတ်
ရတယ်လို့ ကျနော်တို့ တော်တော်ရက်စက်ခဲ့တာပဲ။ ကလေးဘဝက ဖြူစင်
တယ် ဘာညာနဲ့ တခါတလေတော့လည်း သံသယဝင်စရာပဲ။ သူ့ဟာသူ
မြေကြီးထဲနေတဲ့ တီကောင်တွေဆိုရင်လည်း အလကားနေရင်း တူးဆွယူပြီး
သုံးလေးပိုင်း ပိုင်းကြည့်ကြသေးတာ။ ဒီပြင်တိရစ္ဆာန်လေးတွေကိုလည်း အဲ
သလို ရက်ရက်စက်စက်လုပ်ခဲ့တာတွေရှိတယ်။ တခုတော့ရှိတာပေါ့။
ကိုယ်လုပ်လိုက်လို့ သူတို့ မှာ သာစေနာစေရယ်တော့ ကျနော်တို့ မှာ မရှိပါ
ဘူး။ ဘယ်လိုများဖြစ်သွားမှာပါလိမ့်လို့ သိချင်ရုံပါ။ ဒီတိုင်း ပုစဉ်းခေါင်းကို
ဖြတ်တာ၊ ဘာရယ်မဟုတ်ဘဲ အိမ်မြှောင်ကို တုတ်နဲ့ရို က်မိတာပါ။
မင်းဆန်းအကြောင်းကို ဆက်ရရင် တခါတော့ ကျနော်တို့ အဲ့လိုမြက်တော
ထဲ ပုစဉ်းဖမ်းနေတုန်း မင်းဆန်းက
“ဟေ့ရောင်တွေ ခဏ ခဏ” ဆိုပြီး လက်ညှိုးကို နှုတ်ခမ်းပေါ်ဒေါင်လိုက်
တင်ပြတယ်။ တိတ်တိတ်နေ ဆိုတဲ့သဘောပေါ့။ ကျနော်တို့ လည်း ဘာမှန်းမ
သိတော့ ဇက်ကလေးတွေပုပြီး ရောက်ရာနေရာမှာ ရပ်ပြီး ဒီကောင့်
မျက်ခွက်ကိုပဲ ကြည့်နေရတာပေါ့။ ဒီကောင်က နားနား လက်ဝါးကပ်ပြီး နား
စိုက်ထောင်နေတဲ့ပုံ လုပ်နေတယ်။ သူလုပ်တော့ ကျနော်တို့ လည်း နားစွင့်
ကြည့်တာပေါ့။ ဘာမှမကြားရပါဘူး။
“နေဦးကွ ေြွမက ဖားကိုကိုက်နေတယ်” တဲ့။
တ် ယ် ယ်
“ဟေ ဟုတ်လား ဘယ်မှာလဲ ဘယ်မှာလဲ”
ကျနော်နဲ့ကျန်တဲ့ကောင်တွေထင်တာက သူ့မျက်စိရှေ့တင် မြင်နေရလို့ ပြော
တာမှတ်နေတာ။
“ဒီချုံထဲပဲကွ အသံက ဒီကနေလာနေတာ” တဲ့။ သူ့ရှေ့က ချုံပုတ်ကိုကြည့်
ရင်း ပြောတယ်။ ကျနော်တို့ လည်း သူ့အနားရောက်အောင် အဲဒီချုံပုတ်ကို
လည်း ကွေ့ပတ်ပြီး လှည့်လျှောက်ရတာပေါ့။ သူ့အနောက်နားရောက်တော့မှ
ဒီကောင်က ဘေးကတုတ်တချောင်းကောက်ပြီး ချုံကိုဖြဲပြတယ်။ ဟုတ်ပ
ဗျာ။ ဖားရဲ့ ကိုယ်တပိုင်းက မြွေပါးစပ်ထဲတောင် ရောက်နေပြီ။ ကျနော်တို့
လည်း အရမ်းကို အံ့ဩသွားတယ်။ မင်းဆန်းကိုလည်း သောက်ရမ်းကို
အထင်ကြီးသွားတာပေါ့။ ဒီကောင်က ဖားတွေ မြွေမျိုခံရတဲ့အခါ အော်တဲ့
အသံကို သိနေတာကိုး။
“မိုက်တယ်ကွာ မင်းဆန်းရာ”
“မင်းဘယ်လိုသိတုန်း ဟေ့ရောင်”
ချီးကျူးထောပနာပြုတာပေါ့။ ပုတုကတော့ အဲ့လောက်နဲ့မရပ်ဘူး။
“မြွေသားချက်စားရအောင်ကွာ ဒီမြွေကအဆိပ်ရှိလား ဟေ့ရောင်” ဆိုပြီး
မင်းဆန်းကို မေးတယ်။ မင်းဆန်းက
“အစာစားနေတဲ့ကောင်ကို မသတ်ကောင်းပါဘူးကွာ ထားလိုက်ပါ ဒီမြွေက
အဆိပ်ရှိတဲ့မြွေလည်း မဟုတ်ပါဘူး” ဆိုပြီး ကျနော်တို့ ကိုပါဆွဲခေါ်လို့ မြက်
တောထဲကနေ ထွက်ခဲ့ကြတယ်။ ဒီလိုမှမဟုတ်ဘဲ ရိုက်ကွာ ချကွာဆိုလည်း
မင်းဆန်းအပြင် ကျနော်တို့ ထဲက ဘယ်သူမှ မြွေကိုမရိုက်ရဲပါဘူး။ ကျနော်
ဆိုရင် မြွေဆို သေပြီးသားမြွေတောင် မကိုင်ရဲဘူး။ ဘယ်လိုပဲဖြစ်ဖြစ် အဲဒီ
တနေ့ကတော့ မင်းဆန်းက ကျနော်တို့ ထဲမှာ အလိုလိုဆရာကြီးဖြစ်သွားတာ
ပဲ။ နောက်ပြီး မင်းဆန်းနဲ့မှသာ ကျနော်တို့ လုပ်ဖြစ်မယ့် လုပ်ဖူးမယ့် အခြား
ကိစ္စတွေလည်းရှိသေးတယ်။
ကျနော်တို့ ခုနစ်တန်းတက်နေတဲ့နှစ်မှာပေါ့။ ခုနစ်တန်းနှစ်အလယ်မှာ ကျနော်
ရော ပုတုရော မင်းဆန်းပါ ဆေးလိပ်စသောက်တတ်ပြီ။ ကျောင်းမှာကတော့
ပြဿနာမရှိဘူး။ အိမ်သာထဲသောက်ရင်သောက်၊ ကျောင်းဆင်းချိန် ဆိုရင်
လည်း ကျနော်တို့ ကျောင်းရှေ့မှာက ဘောလုံးကွင်းကြီးရှိတော့ အဲဒီဘောလုံး
ကွင်းကြီးရဲ့ ပွဲကြည့်စင်အုတ်ခုံ တွေပေါ်တက်ပြီး အေးဆေးသောက်တာပဲ။
တယောက်နဲ့တယောက် နှာခေါင်းကနေ မီးခိုးထုတ်တာ ပြိုင်ကြတာ။ မရှိုက်
တတ်သေးတော့ မီးခိုးတွေကို မျိုချကြတာပေါ့။ ချောင်းတွေဆိုးတာ မီးခိုး
သီးတာလည်း ခဏခဏ။ နောက်တော့လည်း စတိုင်ကျကျ သောက်တတ်
ပါ ကို ဘီ တို့ လို ကြီး က် လို ပေါ့ စီး က်
သွားတာပါပဲ။ ကိုဘီလူးတို့ လို ဘဲကြီးတွေသောက်သလိုပေါ့ဗျာ။ စီးကရက်
ကို လက်ခလယ်နဲ့လက်ကြားညှပ်လို့ ၊ လက်ချောင်းလေးတွေကိုဆိုရင် ကော့
ထားတာ။ မီးခိုးကို ဘယ်တော့မှ ဝေးဝေးသိပ်မှုတ်မထုတ်ဘူး။ မျက်နှာရှေ့
မှာတင် မီးခိုးတွေဝေ့နေတာကို သိပ်သဘောကျတယ်။ နည်းနည်းတိုလာ
တော့ လက်ညှိုးလက်မနဲ့ကိုင်ပြီးသောက်၊ ပြီးတဲ့နောက် တိုသွားတဲ့
စီးကရက်ကို လမ်းပေါ် လက်မနဲ့တောက်ထုတ်လိုက်ရတာများ သိပ်အရသာ
ရှိတာပဲ။ ဘာနဲ့မှ မလဲနိုင်ဘူးဗျာ။
ကျောင်းဖွင့်တဲ့နေ့တွေမှာ ဆေးလိပ်ခိုးသောက်ရတာ ပြဿနာမရှိပေမယ့်
လည်း ကျောင်းပိတ်တဲ့နေ့တွေ ကျတော့ သောက်စရာနေရာ ပြဿနာရှိလာ
တယ်။ အိမ်မှာတော့ ဘယ်ကောင်မှ ခိုးမသောက်ရဲသေးဘူးလေ။ အဲဒါနဲ့ကျ
နော်တို့ သုံးယောက်သား ဆေးလိပ်သောက်စရာနေရာရှာရင်းနဲ့ တိရစ္ဆာန်ရုံ
ဘေးက ချိုးဖြူပိုက်လိုမျိုး ရေဆိုးမြောင်း အလုံးကြီးကိုသွားတွေ့တယ်။
ပိုက်လုံးကြီးရဲ့ အချင်းက (အမြင့်ပေါ့လေ)ကျနော့်အထင် သုံးလေးပေတော့
ရှိလိမ့်မယ်။ မိုးရာသီရေတအားကြီးတဲ့အချိန်တွေဆိုရင်တော့ ရေအနက်က
ကျနော်တို့ ခါးလောက်ရှိပေမယ့် ကျန်တဲ့အချိန်မှာတော့ ခြေမျက်စိမြုပ်ရုံ
လောက်ပါပဲ။ ကျနော်တို့ နေတဲ့ဝင်းရဲ့ အပြင်ဘက် ကားလမ်းလေးကူးလိုက်
တာနဲ့တင် အဲဒီပိုက်လုံးကြီးဆီရောက်တာပဲဆိုတော့ သိပ်ဝေးဝေးလံလံ
လည်း မဟုတ်ပါဘူး။ ဒါပေမယ့် ပိုက်လုံးထဲဝင်လို့ ရတဲ့ နေရာက ဟိုးတဖက်
ပိုက်လုံးကြီးဆုံးတဲ့ တနေရာပဲရှိတယ်။ ပိုက်လုံးကြီးဆုံးတော့ အဲဒီရေတွေက
ရိုးရိုးရေမြောင်းကြီးထဲ ဝင်သွားတာပေါ့။ အဲဒါကလည်း သိပ်အဝေးကြီး
မဟုတ်ပါဘူး။
အဲဒီပိုက်လုံးကြီးထဲကို ကျနော်တို့ သုံးယောက်သား ကျောင်းပိတ်ရက်တိုင်း
ဝင်ပြီး ဆေးလိပ်သွားသွား ခိုးသောက်ကြတာပဲ။ အပတ်တိုင်းသွားသောက်
ရင်းသောက်ရင်းမှ ကျနော်တို့ ခြေထောက်ကို ငါးတွေအမြဲတမ်း တိုက်တိုက်
သွားတာကို သတိထားထားမိလားတယ်။ တိုးတာကလည်း တခါတလေ
မဟုတ်ဘူး။ သုံးလေးမိနစ် တခါလောက်ကို ငါးက ခြေထောက်ကို
တိုက်သွားတာ၊ တချို့အကောင်တွေဆို ကိုက်ပါကိုက်တာနဲ့ တူတယ်။ အဲဒီ
မှာ မင်းဆန်းက ပြောတယ်။
“ဟေ့ရောင်တွေ ဒီလောက်ငါးတွေများနေပုံထောက်ရင် ဒီပိုက်လုံးကြီးထဲမှာ
ငါးသိုက်ကြီး ရှိကိုရှိမှာကွ” တဲ့။ ကျနော်နဲ့ပုတုကတော့ စိတ်မဝင်စားပါဘူး။
စိတ်မဝင်စားဆို အဲဒီပိုက်လုံးကြီးရဲ့အဆုံးနားလေးမှာ မတ်တပ်ရပ် သောက်
တာတောင် တယောက်နဲ့တယောက် သိပ်မမြင်ရချင်တော့ဘူး။ အပြင်ဘက်
ကိုတော့ မြင်ရတာပေါ့လေ။ ဟိုးအတွင်းထဲဆိုတာ မှောင်မည်းနေတာကြိး။
သူ့ဘာသာသူ ငါးသိုက်မကလို့ ရတနာသိုက်ပဲရှိရှိ သွားမှ မသွားရဲဘဲ။ ဒါပေ

ယ့် င်း န်း နော် တို့ စ် င် လိ ပ် က်


မယ့် မင်းဆန်းကတော့ မရဘူး ကျနော်တို့ နှစ်ကောင်ဆေးလိပ်သောက်နေ
တုန်းကို ဒီကောင်က ပါလာတဲ့ မီးခြစ်ကလေးခြစ်ပြီး ပိုက်လုံးရဲ့အတွင်းအ
မှောင်ကြီးထဲကို တယောက်တည်းတိုးဝင်သွားတယ်။ ကျနော်တို့ လည်း တား
မနေပါဘူး။ သောက်ရူး ဒီလောက်မှ ဝင်ချင်နေလည်းဝင်ပေါ့ဆိုပြီး လွှတ်
ထားတာပဲ။
ပိုက်လုံးအတွင်းထဲကို မီးခြစ်လေးခြစ်ပြီး မင်းဆ်း ဝင်သွားတာ အတော်ကြာ
တယ်။ အစောပိုင်းကတော့ မီးခြစ်ရဲ့ မီးတောက်ကလေးကို မြင်ရသေး
တယ်။ နောက် မမြင်ရတော့ဘူး။ ပုတုနဲ့ ကျနော်ဆိုရင် ပိုက်လုံးထိပ်ဝက
စောင့်နေရင်း မအေဘေးမင်းဆန်းတော့ အထဲမှာ ဘာမှမမြင်ရဘဲနဲ့ဝင်သွား
တာ ဘာမှန်းမသိတဲ့ အကောင်ကြီးတွေ ကိုက်လို့ ပဲသေပြီလား ဒါမှမဟုတ် ဒီ
လောက်အမှောင်ကြီးထဲဆိုတော့ ရှူစရာလေမရှိဘဲ သေများသေပြီလားမသိ
ဘူးလို့ စိတ်ပူရင်း ဇောချွေးတွေတောင် ပြန်တယ်ဗျာ။ သုံးလေးမိနစ်နေ
တော့မှ မီးတောက်ကလေးကို ပြန်မြင်ရတယ်။ ဒီကောင် ပြန်ထွက်လာတာ
ပေါ့။ အဲဒီတော့မှ ကျနော်တို့ လည်း သက်ပြင်းချနိုင်တယ်။ ခွေးမသား သူ့
သာသူသေတာ အရေးမကြီးဘူး။ ငါတို့ ပါ အမှုပတ်မယ်။ မင်းတို့ ကောင်တွေ
က ဒီပိုက်လုံးထဲ ဘာဝင်လုပ်ကြတာလဲ မေးရင် ဆေးလိပ်ခိုးသောက်တာလူ
မိဦးမယ် ရှာကြံပူပန်ပြီး ကြောက်နေတာပေါ့ဗျာ။ မင်းဆန်းကတော့
အေးဆေးပဲ။ တဖြည်းဖြည်းနဲ့ အပြင်ရောက်လာတယ်။ ရောက်လာတာနဲ့
လည်း ကျနော်တို့ ကို တကယ့်ရတနာသိုက်တွေ့သလို ပြောတော့တာပဲ။
“ဟေ့ရောင်တွေ ငါ ဟိုးအထဲထိဝင်ကြည့်ပြီးပြီ ပိုက်ဆက်နေရာတွေမှာ ဆယ်
ပေလောက်ကျယ်တဲ့ ကန်ကြီးတွေရှိတယ်။ အထဲမှာ ငါးတွေ စောက်ရမ်းကို
များတာဟေ့။ တီကောင်တွေလို အထွေးလိုက်ပဲ။ ဖမ်းစရာတောင် မလိုဘူး။
ဇကာနဲ့တိုက်ချရင်တောင် မနည်းဘူးရမှာကွ၊ ပြီးရင် ပြန်ရောင်းစားမယ်လေ
ကွာ။ ပိုက်ဆံတွေ စောက်ရမ်းကိုရမှာ ။ ငါးတွေက ငါးဇင်ရိုင်းတွေ။ ငါးဇင်
ရိုင်းတွေက ဈေးကောင်းတယ် ဘယ်လိုလဲ”
ကျနော်နဲ့ပုတုဆိုတာ ဘယ်လိုလုပ်စိတ်ဝင်စားမှာလဲဗျာ။ ငါးဇင်ရိုင်းမကလို့
နဂါးပဲရှိရှိ ဒီလောက်အမှောင် ကြီးထဲ သူ့လိုမဝင်ရဲပါဘူး။ ဒါပေမယ့် ဒီ
ကောင်က ဆက်ရှင်းပြတယ်။
“ဟေ့ရောင်တွေ ငါးဇင်ရိုင်းက ခုဈေးထဲမှာ တပိဿာ ခြောက်ရာလောက်ရှိ
တယ်ဟ။ တနေ့နည်းနည်းပဲ ဖမ်းဦး တထောင် ထောင့်ငါးရာတော့ အေးဆေး
ပဲ”
တနေ့တထောင် ထောင့်ငါးရာဆိုတာကတော့ တကယ်များတာဗျ။ ခုနစ်တန်း
နှစ်မှာ ကျနော့်မုန့်ဖိုးကိုက တနေ့မှ ငါးဆယ်ပဲရသေးတာ။ မှတ်မိသလောက်

နော် လို င် တ် ဖိ ပ် ခြော က် င်


ပလာဇာတခုမှာ ကျနော်လိုချင်တဲ့ ဘွတ်ဖိနပ်လေးတရံမှ ခြောက်ထောင်
လားပဲရှိတယ်။ သုံးလေးငါးရက်စုရုံနဲ့ ဝယ်နိုင်မယ့် ပမာဏဆိုတော့
စိတ်ဝင်စားလာမိတယ်။ ပုတုလည်း ဒီလိုပဲ။ ဒီကောင်က ပိုဆိုးတယ်။ ပုတု
တို့ မင်းဆန်းတို့ ဆိုတာ ဘယ်တော့မှ ကျောင်းမုန့်ဖိုးမရတဲ့ကောင်တွေ။ တ
ထောင် ထောင့်ငါးရာဆိုတာ သူတို့ အတွက်က ပိုတောင်များသေးတယ်။
ငြင်းဆန်ဖို့ ခက်ခဲလှတယ်။
ဒါနဲ့ပဲ နေပါဦးကွာ။ တထောင့်ထောင့်ငါးရာက ဟုတ်ပါပြီ။ ငါးတွေများတာ
လည်း ထားပါတော့။ ငါတို့ က ဘယ်လိုလုပ်ဖမ်းမှာတုန်းဟ။ အခုပဲ ငါတို့
ခြေထောက်အောက်က မင်းပြောတဲ့ ငါးဇင်ရိုင်းတွေကို ကြည့်ပါဦး။ ပါးစပ်
မှာလည်း စောက်ရေးထဲ ဆူးတွေက ပါသေးတယ်။ ဒီအတိုင်းတောင် ဆူးစူး
နေတာ။ ဘယ်လိုလုပ် ငါတို့ ဖမ်းပြီးရောင်းရမှာတုန်း လို့ မေးတာပေါ့။ မင်း
ဆန်းဆိုတဲ့ကောင်က ရွာသားလေ။ ဒီကောင့်ဇာတိက တော်တော်ခေါင်
တယ်။ ဘယ်နေရာလဲတော့မသိဘူးဗျာ။ ခေါင်တာပဲသိတယ်။ သူတို့ အရပ်
မှာက ကလေးတိုင်းက ဖားရိုက်၊ ငှက်ပစ်၊ ငါးမျှား၊ ငါးရှဉ့်နှိုက်၊ ဘာမှသတ်
စရာမရှိရင်တောင် လမ်းဘေးကပေါက်တဲ့ အရွက်ကို ခါးပုံစပြည့်အောင် ခူး
ပြီး အိမ်ဟင်းချက်စရာ ရှာတတ်တာမျိုးတွေ။ သူ့ရပ်ရွာမှာလည်း တိရစ္ဆာန်
တွေကို ဘယ်လောက်တောင် ဒုက္ခပေးခဲ့တဲ့ကောင်မှန်းမသိဘူး။ ဒီကောင်
တွေဆိုတာ စာကလေးတွေ ထောင်ဖမ်းရတာနဲ့။ ငါးရှဉ့်ထောင်ဖမ်းရတာနဲ့
ပေါက်တတ်ကရအကုန်လုပ်တတ်တဲ့ကောင်တွေ။ နည်းလမ်းကတော့ အမြဲရှိ
တာပေါ့။
“ငါရိုးထဲ လွယ်လွယ်လေးရယ် မင်းတို့ ကလဲ လက်နှိပ်ဓာတ်မီးတယောက်တ
လက်ဆီ အိမ်ကယူခဲ့ကွာ။ ပြီးတော့ ခြင်းတောင်းတွေပါ တယောက်တလုံး
သယ်ခဲ့ မင်းတို့ အလုပ်က ငါးကောက်ဖို့ ပဲ။ ငါကရှေ့က ဓားမနဲ့ ခေါင်းတွေ
ခုတ်ခုတ်သွားမယ်။ မင်းတို့ က ကောက်ထည့်။ ဘယ့်နှယ်လဲ”
“ချကွာ”
“စိန်လိုက်လေ”
အဲဒီလိုနဲ့ ငါးဇင်ရိုင်းသိုက်ကြီးကို နှိမ်နှင်းမယ့်အထူးတပ်ဖွဲ့ဝင်သုံးယောက်
ဖြစ်သွားတာပဲ။ နေ့တိုင်းတော့လည်း မလုပ်နိုင်ပါဘူး။ ကျောင်းကတက်ရ
သေးတာကိုး။ စနေတနင်္ဂနွေနေ့လယ်ဘက်တွေမှာ သုံးယောက်သား
ခြင်းတောင်းကိုယ်စီ၊ ဓာတ်မီးကိုယ်စီနဲ့ထွက်ကြတာပဲ။ ရလိုက်တဲ့ ငါးတွေဆို
တာများဗျာ တနေ့တနေ့မရပါဘူးဆိုရင်တောင် အနည်းဆုံး လေးငါးပိဿာ
တော့ ရတာချည့်ပဲ။ ရတဲ့ငါးတွေကို ဝင်းထဲက တိုက်တွေမှာ တကောင်က
ဗန်းရွက်၊ တကောင်က အော်ရောင်း။ အံမယ် ဈေးရောင်းရတာ အမေ့ဆိုင်ကူ

ထို င် က် တ် နော် င် ငါး န်း က်ပြီး အိ မ်


ထိုင်ပေးရတာ ရှက်တတ်တဲ့ ကျနော်တောင် ငါးဗန်းရွက်ပြီး အိမ်တကာစေ့
လည်ရောင်းတာကျ မရှက်တဲ့အပြင် ပျော်တောင်ပျော်နေသေးတယ်။
ဒါပေမယ့်ဗျာ သိတဲ့အတိုင်းပဲ ကလေးတွေဆိုရင် လူကြီးတွေက နှပ်ချတာပဲ
ဗျ။ အဲဒီတုန်းက ဈေးထဲမှာ ငါးဇင်ရိုင်းတပိဿာ လေးငါးရာအနည်းဆုံးရှိ
ပေမယ့် ကျနော်တို့ ကျတော့ နှစ်ရာ့ငါးဆယ်သုံးရာဆိုတာ အလွန်ဆုံးရတာ
ပဲ။ နှိမ်ဝယ်တာပေါ့ဗျာ။ အဲဒါတောင်မှ တနေ့ ထောင့်ငါးရာလောက်တော့ ရ
ပါတယ်။ ရေလည် စည်တာပေါ့ဗျာ။ လက်ဖက်ရည်ဆိုလည်း တနေ့ငါးခွက်
လောက်သောက်၊ ဆေးလိပ်ဆိုလည်း နာမည်မျိုးစုံနဲ့ ဗူးမျိုးစုံ။ အိမ်ထိသယ်
မသွားရဲ ဟိုဖွက်ဒီဖွက်နဲ့ ပျက်စီးကုန်တာက များပါတယ်။ ကျနော်မျှော်လင့်
တဲ့ ဖိနပ်ကလေး မဝယ်နိုင် ပေမယ့်လည်း မြို့ထဲသွား ဘေထုပ်ကနေ
ဘောင်းဘီရှည်၊ ခေါင်းစွပ်အကျႌတွေလည်း ဝယ်ဝတ်ပေါ့လေ။
တနင်္လာနေ့လောက်အထိ ငါးညှီနံ့ တနံနံဖြစ်နေတာကလွဲရင် ကျန်တာအို
ကေပါတယ်။ အေးဆေး ကလေးမွေးပဲ။
အဲသလို အပတ်စဉ် ကျနော်တို့ သုံးယောက်ဟာ ခြင်းတွေဓာတ်မီးတွေနဲ့
ရေမြောင်းပိုက်ကြီးထဲဝင် ငါးတွေခုတ် လည်ရောင်း။ ကြာတော့လည်း ကျ
နော်တို့ ရဲ့ တခြားသူငယ်ချင်းတွေက သိလာတာပေါ့။ ဒီကောင်တွေကပါ ကျ
နော်တို့ လို လိုက်ခုတ်တာပဲ။ တဖွဲ့နဲ့တဖွဲ့ ရန်တွေတောင်ဖြစ်ရသေးတယ်။
“မအေဘေးတွေ ငါတို့ လုပ်တာလည်း လိုက်လုပ်သေးတယ် ငါတို့ ရှေကတော့
မသွားနဲ့လေ”
စကားများရတာပေါ့။ ငါးတွေက ပိုက်လုံးရဲ့အတွင်းထဲသွားလေ အကောင်
ရေများလာလေမို့ စားခွက်လုရ တာပေါ့ဗျာ။ ဒါပေမယ့် သူတို့ ဟာသူတို့
ရှေ့ကသွားသွား နောက်ကလိုက်လိုက် မင်းဆန်းဦးဆောင်တဲ့ ကျနော်တို့
လောက် ဘယ်ရမှာလဲ။ မင်းဆန်းက တချက်ခုတ် တကောင်ပဲလေ။ တခါတ
လေ တချက်ထဲနဲ့ နှစ်ကောင်သုံးကောင်တောင်ရသေး။ ဒီကောင်တွေဆိုတာ
ရှေ့က ငါးခုတ်တဲ့ကောင်ကလည်း မရဲတရဲ၊ နောက်က ကောက်တဲ့ကောင်
တွေကလည်း မကောက်တတ်လို့ ငါးဇင်ရိုင်းအစွယ်စူးရတာနဲ့ တချို့ကောင်
တွေဆို အဲဒီအစွယ်စူးတဲ့အရှိန်နဲ့ ဖျားတောင်ဖျားကြသေးတယ်။ အလွန်ဆုံး
ရရင် ဒီကောင်တွေ တနေ့တပိဿာပေါ့။ မုန့်ဖိုးပဲဖိုး မဲကတ်ဖိုးလောက်ရတာ
ရယ်။
အဲဒီလို ကျနော်တို့ အဖွဲ့အပြင် နောက်ထပ်တခြားကောင်တွေအဖွဲ့နှစ်ဖွဲ့
လောက် အပတ်စဉ်စနေတနင်္ဂနွေတိုင်း မာဃဆွမ်းလောင်းအသင်းလို ပုံမှန်
ငါးခုတ်ပွဲ ကျင်းပနေတာတောင် သုံးလေးလကုန်တဲ့အထိ ငါးမျိုးကမတုံးဘူး
ဗျာ။ ပိုက်လုံးကလည်း အရှည်ကြီးဆိုတော့ ကျနော်တို့ မှာ ပထမတလနှစ်လ

က် န် င် ပို က် က် န် က် စ်
လောက်တော့ အလွန်ဆုံးသွားရရင် ပထမပိုက်ဆက်ကန်လောက်ပဲ။ နှစ်လ
ကျော်လာတော့ အဲဒီ ဆယ်ပေအကျယ် ရှစ်ပေလောက်အနက်ရှိတဲ့ ပိုက်
ဆက်ကန်ကို ထပ်ကျော်။ နောက်ထပ် ပိုက်ဆက်ကန်အထိ ထပ်သွား။ အဲဒီ
လောက်ကျ တအားလဲ မှောင်သွားပြီ။ ကျနော်တို့ ကို လိုက်တုတဲ့ကောင်တွေ
လည်း အဲ့လောက်ကျ မဝင်ရဲတော့ဘူး။
သုံးလေးလအထိ ငါးတွေမကုန်ဘူးဆိုပေမယ့် နောက်ပိုင်းကျတော့ ကျနော်
တို့ လဲ ငါးအရနည်းသွားတယ်ဗျ။ ဟိုးအတွင်းထဲ ဆက်မဝင်ရဲလို့ တော့
မဟုတ်ပါဘူး။ သိတယ်မဟုတ်လား လူကြီးတွေပေါ့။ လူကြီးတွေကပါ ကျ
နော်တို့ ခွင်ကို သိသွားတော့ ပွဲသိမ်းပြီပေါ့ဗျာ။ မင်းဆန်း ဘယ်လောက်
တော်တော် လူကြီးတွေနဲ့တော့ ဘယ်ယှဉ်လို့ ရမလဲ။ ကျနော်တို့ ဖမ်းပုံက
ရှေ့ကနေမင်းဆန်းကသွား သူ့အနားတွေ့သမျှ ငါးဇင်ရိုင်းတွေကို ဓားနဲ့ခု တ်
ကျနော်နဲ့ပုတုက ခြင်းထဲထည့်။ ဒီလောက်ပဲလုပ်တတ်တာလေ။
လူကြီးတွေကျ ပိုက်လုံးကြီးရဲ့ ဟိုးအတွင်းဆုံးတွေအထဲထိဝင်ပြီး ပိုက်ကွန်
တွေ ဘာတွေနဲ့ဖမ်းတော့ သိပ်မကြာပါဘူး။ နောက်ထပ်သုံးလလောက်နေ
တော့ အဲဒီပိုက်လုံးကြီးထဲ ငါးဇင်ရိုင်းတင်မက ရှိရှိသမျှ ငါးမျိုးစုံ မျိုးတုံး
သွားတော့တာပဲ။ ဖားတပိုင်းငါးတပိုင်းတောင် မမြင်ရတော့ဘူး။ ကျနော်တို့
မှာ ရှေ့တိုးရင်းတိုးရင်းနဲ့ နောက်ဆုံး တိရစ္ဆာန်ရုံထဲအထိဝင်လို့ ရတဲ့ မြောင်း
ပေါက်ကလေးအထိသာ ရောက်သွားတယ်။ ငါးကို ရှာမတွေ့တော့ပါဘူး။
ဘယ်လိုပဲဖြစ်ဖြစ် အဲဒီလေးငါးလအတွင်း ကျနော်တို့ သုံးယောက်မှာ
အင်္ကျီအသစ်၊ ဘောင်းဘီအသစ်တွေနဲ့ အတော်ကလေးတော့ ထောခဲ့
သေးတာပေါ့။ မင်းဆန်းကျေးဇူးပဲ။
အခန်း (၈)

ခု နစ်တန်းနှစ်နွေရာသီကျောင်းပိတ်ရက်တွေကျတော့ ကျနော်တို့ သုံးယောက်


ရဲ့ ဆိုးသွမ်းမှုဒီဂရီက ပိုပိုမြင့် လာပြီ။ အဲဒီနှစ်ကျတော့ ကိုဘီလူးကလည်း
ဆယ်တန်းဖြေထားပြီဆိုတော့ ကဲချင်တိုင်းကဲနေတဲ့အချိန်၊ သူ့ဘော်ဒါ
အပေါင်းအသင်းတွေနဲ့ သွားလာတဲ့အချိန်တွေဆိုရင်တော့ ကျနော်တို့ ကို
သိပ်အဖက်မလုပ်ပေမယ့် ကျန်တဲ့အချိန်တွေ မှာတော့ သူဟာ ကျနော်တို့ သုံး
ယောက်နဲ့ပဲ ။ သူ့ကိုကြည့်ရတာလည်း ကျနော်တို့ မှာ ဆန်းကြယ်လို့ ကိုမဆုံး
ဘူး။ တဖြည်းဖြည်းနဲ့ သူ့ကိုယ်မှာ တက်တူးတွေ ဟိုတစ၊ ဒီတစဖြစ်လာ
တယ်။ လမ်းလျှောက်ရင်လည်း ခြေသလုံးမှာ တက်တူးတွေရှိနေတော့ ပုဆိုး
လေးတမမနဲ့လျှောက်တာ၊ မိုက်တယ်ဗျာ။ ပြောသာ ပြောရတယ်။ ကိုဘီလူး
က အသားကခပ်ညိုညိုဆိုတော့ တက်တူးတွေက သူနဲ့သိပ်မလိုက်ပါဘူး။
တကယ်တမ်း ပြောရရင် ပုံတွေကလည်း သိပ်ကောင်းလှတယ်မဟုတ်ဘူး။
ကိုယ်ကမလုပ်ရဲတော့လည်း အားကျတာပေါ့။
မင်းဆန်းကတော့ လက်မောင်းမှာ ကျားရုပ်ထိုးလိုက်သေးတယ်။ ကျနော်နဲ့ပု
တုတောင် မသိလိုက်ပါဘူး။ ဒီကောင်ထိုးချင်တယ် ပူဆာတာနဲ့ ကိုဘီလူးက
တက်တူးထိုးတဲ့ဘဲကြီးတဗွေဆီ ခေါ်သွားတာတဲ့။ အဲ့ကောင်လည်း အဲတာကို
သေတဲ့အထိ နောင်တရနေရမှာ။ သူ့ကျားက ကျားနဲ့ မတူဘူး။ တိုက်ဖွိုက်
ဖြစ်နေတဲ့ ကြောင်ရုပ် ပေါက်နေတာ။ ဒါပေမယ့်လည်း ဘာရုပ်ထွက်ထွက် ဒီ
လောက် အသားအနာခံနိုင်တာကကို လွန်နေပြီ။ ကိုဘီလူးကတော့ လုံးဝ
ဆရာကြီးဗျ။ နားမှာဆိုရင်လည်း ပထမတော့ နားပေါက်က တပေါက်၊ တ
ကွင်းလောက်ပဲ။ နောက်တော့ နားတခုလုံးကို ဖောက်လိုက်တာဗျာ။ ဆယ်
ပေါက်ကြီးများတောင်ပဲ။ ကွင်းတွေလည်း တပ်ထားတော့ သူ့နားကိုကြည့်
လိုက်ရင် အားကျပြီး ကြက်သီးထမိတာလည်း တဖက်၊ နားတခုလုံး
အပေါက်တွေ ကွင်းတွေနဲ့ဆိုတော့ ရွံ့စရာကြီးလိုလည်း ဖြစ်နေတာပေါ့။
နောက်တော့ နားပေါက်တင်မကဘူး။ နို့ သီးခေါင်းညိုညိုကြီးမှာပါ ဖောက်
လိုက်သေးတယ်။ ဟာ ဘာတွေလဲကွာ လို့ ကျနော်တို့ သုံးယောက်မှာ အံ့ဩ
ဘနန်း ဖြစ်ရတယ်ဗျာ။
ကျနော်နဲ့ပုတုကတော့ အားကျရုံ ဝိုးခနဲဖြစ်သွားရုံက မတက်ပါဘူး။ ကျနော်
တို့ နှစ်ယောက်စလုံးက အသားနာမှာ ကြောက်တာချင်းတော့ တူတယ်။ ဘာ
နားမှမဖောက်ဘူး။ ဘာတက်တူးမှလည်း မထိုးဘူး။ ကိုယ့်ဘာသာကိုယ်
အသားအနာခံလို့ ထိုးဦးတော့ အဖေတို့ အမေတို့ က ဘယ်နေလိမ့်မလဲ။ ကျ
နော် ကို န် ပေါ့ အိ မ် ပေါ် ခေါ င်း င်း ဖို့ ရှိ ယ်
နော်ကို အသားကုန်ကျုံးမှာပေါ့။ အိမ်ပေါ်ကနေ ခေါင်းနဲ့ဆင်းဖို့ သာရှိတယ်။
ဒီတော့ ကျနော်နဲ့ပုတုက အိမ်ကမသိနိုင်တဲ့ ဆိုးပုံဆိုးမျိုးတွေပဲ ရှာကြံဆိုးရ
တယ်။
အဲဒီနှစ်နွေရာသီကျောင်းပိတ်ရက်မှာပဲ ကျနော်တို့ သုံးယောက် အရက်စ
သောက်တတ်တာပဲ။ သောက်တတ်တယ်ဆိုတာ အရက်သမားဖြစ်သွားတာ
ကို ပြောတာတော့မဟုတ်ပါဘူး။ အသောက်စမ်း ကြည့်တာပေါ့ဗျာ။ ပထမ
တော့ ရပ်ကွက်ထဲကဆိုင်မှာတင် ပုတုဦးလေးက ဝယ်ခိုင်းတာလိုလို၊ မင်း
ဆန်း အစ်ကိုကြီးက ဝယ်ခိုင်းတာလိုလိုနဲ့ ပျားအရက်ဘူးလေးတွေ ဝယ်စမ်း
သောက်ကြည့်ကြတာ။ အနံ့လေးကတော့ မွှေးတယ်ဗျ။ အရက်ကျတော့
ပျင်းတယ်။ တဘူးကို သုံးယောက်နှုန်းကနေ။ နောက်တကြိမ်မှာ သုံး
ယောက်ကို နှစ်ဘူးနှုန်း ဖြစ်လာတယ်။ သို့ သော်လည်း အဲဒီအရက်ကို ကျ
နော်တို့ သိပ်ခံတွင်းမတွေ့ဘူး။ မကြိုက်ဘူးဗျ။ အဲဒါနဲ့ တရပ်ကွက်ကျော်က
ခံ့ခံ့ညားညားဆိုင်တခုကို သွားပြီး မန်ကျည်းအရက်ဆိုတာသောက်စမ်း
ကြည့်ကြသေးတယ်။ အဲဒီအခေါက်ကတော့ ကိုဘီလူးလည်းပါတယ်။ သူပါ
လို့ လည်း အရက်ကိုဆိုင်ထဲ ဝင်သောက်ရဲတာပေါ့။ ကျနော်တို့ ဘာသာ ကျ
နော်တို့ ဆိုရင်တော့ ပျားအရက်နဲ့တင်အရက်ဇာတ်လမ်း နိဌိတံမှာပဲ။
ဆိုင်က အခန်းတွေဘာတွေရှိတဲ့ ဆိုင်မျိုးဗျ။ ကျနော်တို့ ကံကောင်းတာပေါ့
ဗျာ။ ဟောခန်းကြီးလိုထဲ စားပွဲ ဟိုတလုံးဒီတလုံးနဲ့ လက်ဖက်ရည်ဆိုင်လို
ခင်းကျင်းထားတာဆိုရင် ကျနော်တို့ သုံးယောက်အတွက်က သိပ်အဆင် မ
ပြေဘူး။ ကိုဘီလူးပါတယ်ဆိုပေမယ့်လည်း လူမြင်သူမြင်ကျတော့ ကျနော်
တို့ မှာ မရဲဘူးလေ။ ဘယ်လိုပဲ မာန်တင်းထားထား ကလေးရုပ်တွေက
အထင်းသားကိုး။ ကိုဘီလူးကိုက ဆယ့်ရှစ်နှစ်ပြည့်သေးတာမဟုတ်ဘူး။ ဒါ
ပေမယ့်လည်း အေးဆေးပါ။ ဘယ်သူမှ အသက်ပြည့်လားဘာလား မေးမ
နေဘူး။ ကလေးအထာတော့ သွားမလုပ်နဲ့ပေါ့။ ဆယ်ပေပတ်လည်လောက်
သာရှိမယ့် အခန်းတခန်းကျနော်တို့ ယူလိုက်တယ်။ ကိုဘီလူးကပဲ အားလုံး
ဦးဆောင်တာပါ။ သူကလည်း အစကတည်းက ကျနော်တို့ ကိုမှာထားတယ်။
“မင်းတို့ ကောင်တွေ ဘာစောက်စကားမှ ပြောမနေနဲ့ ငါ့နောက်သာ မှင်သေ
သေနဲ့လိုက်ခဲ့” တဲ့။
သူကပဲ အမြည်းတွေမှာတယ်။ ခေါက်ဆွဲကြော်ပါပဲ။ တခြားလည်း ဘာမှာ
တတ်တာလိုက်လို့ ။ မန်းကျည်း အရက်ကတော့တလုံး ဖန်ခွက်လေးခွက် ရေ
တပုလင်းနဲ့ အကျအနပဲဗျ။ ကိုဘီလူးကပဲ ခွက်တွေထဲ လိုက်ငှဲ့တယ်။ ရေ
ရောပေးတယ်။ ရှေ့ရောက်လာတဲ့ ခွက်ကလေးတွေကို ရောက်ရောက်ချင်း
သောက်ချင်ဇောနဲ့ကောက်ပြီးမော့မယ် လုပ်တော့ ကိုဘီလူးက တားတယ်။

ဦး ကြ ဦး ချီး ပ် ကြ ပေါ့
“နေဦး နေကြဦးကွ ချီးယားလေး ဘာလေးလုပ်ကြတာပေါ့” တဲ့။
ကျနော်တို့ မှာ ချီးယားဆိုတာ ဘာမှန်းကိုမသိတာ။ ကြောင်တောင်တောင်
ကလေးတွေကို ဖြစ်လို့ ။ ဘာကို ဆိုလိုတာပါလိမ့်လို့ သူ့မျက်နှာကိုပဲ ကြည့်
နေရတာပေါ့။ သူကလည်း ကျနော်ဘာတေဖြစ်နေတယ်ဆိုတာကို ဓာတ်
တယ်။
“ခွက်ချင်းတိုက်မှာကို ပြောတာကွ၊ မင်းတို့ လိုကောင်တွေနဲ့ သောက်ရတာ
လည်း လီး အကုန်သင်ပေးနေရ တာပဲကွာ” တဲ့ စိတ်ပျက်လက်ပျက်ပုံနဲ့ပြော
သေးတယ်။ ဒီတော့လည်း ချီးယားပေါ့။ ခွက်ချင်းတွေထတိုက်လိုက်တာ ကွဲ
မသွားတာတောင် ကံကောင်း။ ပြီးတဲ့နောက်တော့ တခွက်ပြီးတခွက်ပဲ။ ကျ
နော်တို့ လည်း အရက်ဝင်တုန်းခဏသာ မျက်နှာတွေရှုံ့မဲ့နေတာ။ ကုန်သွား
တော့ ထပ်ထည့် ထပ်ကစ်တာပဲ။ အမြည်းကတော့ ပိုစားတာပေါ့။ မနက်ခင်း
ဆယ်နာရီလောက်ကြီး ဘာမှမစားရသေးတော့ ဗိုက်တွေကလည်း ဆာနေပြီ
ကိုး။ နောက်ပြီး ခေါက်ဆွဲကြော် ဆိုတာ ကျနော်တို့ အတွက် အိပ်မက်စာ၊
ဖျားစာ၊ နာစာလေ။ တော်ရုံတန်ရုံစားရတာမဟုတ်ဘူးရယ်။ ကျနော်ကတော့
အကြိတ်ဆုံးပဲ။ အကြိတ်ဆုံးဆို အဲဒီဝိုင်းကိုရှင်းဖို့ ပိုက်ဆံကလည်း ကျနော်
အများဆုံးထည့်ရတာပဲလေ။ အဲဒီလိုနဲ့ တလုံးကုန်သွားတယ်။ ပုတုနဲ့ မင်း
ဆန်းတော့ မသိပေမယ့် ကျနော်ကတော့ ဘယ့်နှယ့်မှကို မနေတာ။
မန်ကျည်း အရက်က ပေါ့သားပဲ။
“နောက်တလုံး မင်းတို့ နိုင်သေးလား၊ ငါတော့ လစ်မစ်လိုသေးတယ်”
ကိုဘီလူးက မေးလာတော့ ဟိုနှစ်ကောင်ကလည်း အထင်သေးခံရမှာ
ကြောက်ပုံပဲ။
“ချဗျာ ကျော်တို့ လဲ ဘာမှဖြစ်သေးဘူး” တဲ့။ မအေဘေးတွေ အဟုတ်ပဲ။
ပြောသာပြောတာ။ ပုတုဆိုတဲ့ကောင်က အာရွဲ့နေပြီ။ ကျနော်ကတော့ တက
ယ့်ကို အေးဆေးတာ။ ဘာမှမဖြစ်လို့ ကိုယ့်ဟာကိုယ်တောင် အံ့ဩနေမိသေး
တယ်။ ဒါနဲ့ပဲ ကန့်ကွက်သူမရှိ ရာနှုန်းပြည့်သဘောတူညီချက်နဲ့ပဲ နောက်တ
လုံးထပ်မှာကြတယ်။ အမြည်းလည်း ထပ်မှာတယ်။ ကန်စွန်းပလိန်းတဲ့။ လာ
ချတော့ ကန်စွန်းရွက်ကြော်ကြီး ဖြစ်နေလို့ ကျနော်တို့ သုံးယောက်မှာ ဟင့်
ခနဲ စိတ်ပျက်သွားကြသေးတယ်။
ကန်စွန်းရွက်ကြော်ကတော့ ဘာလုပ်မှာလဲဗျာ။ အိမ်မှာလဲ နေ့တိုင်းလောက်
နီးနီး စားနေရတာကြီးကို။ သို့ ပေမယ့် ကိုဘီလူးကိုတော့ ဘယ်ကောင်က
အထွန့်တက်ရဲမှာလဲ။ ကန်စွန်းရွက်ကြော်ကြီးပဲ ဖိမြည်းရတာပေါ့။ ကန်စွန်း
ရွက်ကြော်ရည်လေးကတော့ သောက်လို့ ကောင်းတယ်ဗျ။ တလုံးခွဲလောက်
ကုန်တော့ ပုတုကတော့ လုံးဝ ဂျွတ်စပွတ်ဖြစ်နေပြီ။ မင်းဆန်းတောင်
နော် င်း တို င်း ကြီး ဖြ စ် န်း
လျှာလေး အာလေးတွေနဲ့။ ကျနော်က အကောင်းအတိုင်းကြီး ဖြစ်နေတုန်း။
ကျနော့်မှာ စဉ်းစားလို့ ကို မရဘူး။ ငါတော့ ဆရာကြီးဖြစ်နေပြီပဲလို့ ဂုဏ်ယူ
တာကလည်းတဖက်၊ တခုခုတော့မှားနေပြီထင်တယ်လို့ ထင်မိတာကလည်း
တဖက်။ ပုလင်းကိုတောင် သေချာပြန်ကြည့်လိုက်သေးတယ်။ အဲ့လိုတွေး
ရင်းနဲ့သေးကပေါက်ချင်လာတယ်။ ရေအရောကလည်း သိပ်များတာကိုး။
“ကိုဘီလူး အိမ်သာသွားဦးမယ်ဗျာ သေးအရမ်းပေါက်ချင်နေပြီ”
“အေး အေး”
ခွက်ထဲက လက်ကျန်ကို ခပ်တည်တည်နဲ့ မော့ချလိုက်သေးတယ်။ ပြီးတော့
ထိုင်ခုံကထတယ်။ ခြေလှမ်းနှစ်လှမ်းလောက်ပဲ လှမ်းရသေးတယ်။
သမံတလင်းပေါ် အုန်းခနဲ ပစ်လဲသွားတော့တာပဲဗျာ။ အဲ့နောက် ကျနော်ဘာ
မှမသိတော့ဘူး။ မနက်ခင်း ကိုးနာရီခွဲလောက်ကတည်းက စသောက်လိုက်
တာ ဆယ့်တနာရီလောက်မှာ ကျနော့်ရဲ့ အုန်းခနဲ လဲပြိုမှုကြီးနဲ့အတူ ဝိုင်း
သိမ်းလိုက်ရသတဲ့။ ကိုဘီလူးလည်း နောင်များ ကျနော်တို့ ကို တော်တော်
ဖယ်ကြဉ်သွားတယ်ဗျာ။ ကျန်တဲ့နှစ်ကောင်ကလည်း ကျနော့်လို လဲသာမကျ
တာ၊ ခြေလှမ်းမမှန်တော့ဘူး။ ကျနော်ကလည်း လဲကျသွားပြီးတဲ့နောက်
ဥဩဆွဲတာဆိုတာ တကိုယ်လုံးအန်ဖတ်တွေချည့်ပဲတဲ့။
ကိုဘီလူးက သူ့မှာ ဆိုင်ကိုတောင်းပန်ပြီး ကျနော်တို့ အမူးပြေအိပ်ရာနိုးတဲ့
အထိ အဲဒီအခန်းထဲမှာ တောက်တခေါက်ခေါက်နဲ့ ထိုင်စောင့်နေရတာတဲ့။
မတတ်နိုင်ဘူးဗျာ။ ကျနော်ဆိုရင် အဲဒီညနေမှာ ခေါင်းထဲရိပ်တိတ်တိတ်ကြီး
ဖြစ်နေရက်နဲ့ အိမ်ရောက်တော့ တနေကုန် ဘယ်သဝေထိုးနေရသလဲဆိုပြီး
ဝါးခြမ်းနှစ်ချောင်းကုန်တဲ့အထိ အဆော်ခံရတာဗျာ။ ဆိမ့်နေတာဘဲ။ ဒါ
တောင် အရက်သွားခိုးသောက်တာ မသိလို့ ။ သိသာသိသွားလို့ ကတော့ မိုး
မီးလောင်ပြီ။ ဒုက္ခိတဖြစ်အောင်တောင် ဆော်မလားမသိဘူး။ မင်းဆန်းနဲ့ပု
တုလည်း အဆော်ခံရတာပဲ။ မင်းဆန်းဆို သူ့အစ်ကိုက ထိုးတာဗျာ။ တပတ်
လောက် အဲ့ကောင်မှာ မျက်ကွင်းညိုကြီးနဲ့။ ပုတုဆိုလည်း သူ့အမေကရော
သူ့ဦးလေးကရော တွယ်တာ။အလှည့်ကျ ဂျူတီဝင်၊ ဂျူတီထွက်နဲ့ကို ဆော်
တာတဲ့။ အဲ့ကတည်းက ကျနော်တို့ လည်း နောင်ဆိုရင် “အရက်များတော့
တော် တော် ကိုယ့်လူရေ” ဖြစ်သွားတာပဲ။
ကျနော်တို့ သုံးယောက်စလုံးက လက်တည့်စမ်းတဲ့အရွယ်ဆိုတော့ မလုပ်ဖူး
မသောက်ဖူးဆိုတာမရှိရအောင် ဟိုဟာသောက်ကြည့် ဒီဟာသောက်ကြည့်
လုပ်ကြတာဆိုပေမယ့် တကယ်တော့ သုံးယောက်စလုံးက အရက်တွေ ဘာ
တွေ သိပ်ကြိုက်တတ်တဲ့အမျိုးတော့လည်း မဟုတ်ဘူးဗျ။ မူးရတဲ့အရသာ
ကို မကြိုက်တာ ဘယ်လိုကြီးမှန်း မသိဘူး။ ကျနော်ဆိုရင် အသောက်စမ်း

တို င်း ဩ ပျို့ က် နို င် န်


တိုင်း ဥဩဆွဲတာပဲ။ အူထဲကနေ ပျို့တက်လာတာ မခံနိုင်ဘူး။ အန်ရတာ
ရင်ဘတ်တွေတောင် အောင့်တယ်။ ကံကောင်းတာက ဆေးပြားတွေဘာတွေ
ရှုပ်ရှုပ်ယှက်ယှက်မပေါသေး မရှိသေးလို့ ထင်တာပဲ။ လွယ်ရင် ငြိဦးမှာပဲ။
ဟိုစပ်စပ် ဒီစပ်စပ် လျှောက်လုပ်တာကိုး။ နောက်ပိုင်းမှာ ဒါယာစီဗင်ဆိုတာ
ချကြည့်ကြသေးတယ်။ ဒါပေမယ့် အဲဒါက ပုတု၊ မင်းဆန်းတို့ နဲ့ မဟုတ်
တော့ဘူး။ မဟုတ်တော့ဆို ပုတုနဲ့မင်းဆန်းလဲ ကျနော့်အနားမှာ မရှိကြတော့
ဘူးလေ။ ကျနော်အခု ပုတုနဲ့ မင်းဆန်းတို့ ကို ဘယ်လောက်အထိ ခင်တယ်။
သူတို့ နဲ့ ဘယ်လောက်အထိ ပွေးခဲ့ကြဖူးတယ် အရှည်ကြီးပြောနေရတာ
လည်း အဲဒီအကြောင်းကို ပြောချင်လို့ ပဲ။
ကျနော်တို့ ရှစ်တန်းတက်တဲ့နှစ်ရောက်တော့ ကိုဘီလူးက ဆယ်တန်းတခါကျ
ပြီးပြီ။ ကျောင်းလဲ ဆက်မတက် တော့ဘူး။ အပြင်ဖြေဖြေမယ်ဆိုလားပဲ။ ဒါ
ပေမယ့် ကျနော်တို့ ရှစ်တန်းစတက်တဲ့ရက်ပြီး နောက်တရက်နေတော့ ကို
ဘီလူးရဲ့အဖေက ရုတ်တရက်ဦးနှောက်သွေးကြောပြတ်ပြီး သေသွားတယ်။
သူတို့ မိသားစုလည်း ဝန်ထမ်း တိုက်ခန်းတွေဖြစ်တဲ့ ကျနော်တို့ ဝင်းကနေ
ချက်ချင်းပဲပြောင်းရွှေ့သွားကြတော့တယ်။ ဘယ်ကိုပြောင်းသွား ကြတယ်
တော့ မသိပါဘူးဗျာ။ ကိုဘီလူး ညီမကလေးက ကျနော်နဲ့ သူငယ်ချင်းဆို
တော့ သူတို့ ပြောင်းရွှေ့ကြတော့ ပစ္စည်းတွေတောင် သွားကူသယ်ပေးခဲ့ပါ
သေးတယ်။ ကျောင်းမှာ ကိုဘီလူးမရှိတော့လို့ ကျနော်ရယ် ပုတုရယ် မင်း
ဆန်းရယ်တို့ မှာ နည်းနည်းဟာတာတာဖြစ်သွားတယ်ဆိုပေမယ့် ကျနော်တို့
လည်း ရှစ်တန်းရောက်ပြီဆိုတော့ နည်းနည်းတော့ဆရာကျစပြုနေပါပြီ။
ကိုးတန်းဆယ်တန်းတွေကို ရှောင်ရတာကလွဲရင် အိမ်သာ လျှောက်လှမ်းမှာ
တဖြည်းဖြည်းနေရာယူရဲနေပြီ။ ဆေးလိပ်ကလည်း ဖင်ကမီးခိုးထွက်အောင်
တောင် သောက်တတ်နေပြီလေ။ ဒါပေမယ့်ဗျာ ခွဲခွာရခြင်းတွေဟာ ပြီးပဲ မ
ပြီးနိုင်ဘူး။ ဆက်တိုက်လာတယ်။ ရှစ်တန်းနှစ်တက်တာမှ တလပြည့်တယ်
ဆိုရုံပဲရှိဦးမယ်။ ပုတုရော မင်းဆန်းရောက နှစ်ယောက်အတူတူ တပြိုင်ထဲ
ကြီး ကျောင်းထွက်သွားကြရောဗျ။ ထွက်ချင်လို့ ထွက်ရတာတော့ ဘယ်
ဟုတ်မလဲဗျာ။
ပုတုဆိုတာက သူ့ဦးလေးရဲ့ အိမ်မှာ သူ့အမေနဲ့အတူ ကပ်နေရတာ။ ပုတု အ
မေက ကျနော်တို့ လိုင်းခန်း တွေမှာ အဝတ်လိုက်လျှော်ပြီး သူ့သားကို
ကျောင်းထားရတာဗျ။ ကျနော်တို့ က တခါတလေ ပုတုကို မညှာမတာ ကျော်
စိန့်သား ကျော်စိန့်သားနဲ့ ခေါ် ကြပေမယ့် တကယ်တမ်းကျ သူ့အဖေကျော်
စိန်ကဖြင့် သေတာကြာလှပေါ့။ တွေးကြည့်တော့လည်း ကျနော်တို့ တွေဟာ
သိပ်မကောင်းဘူးဗျာ။ ဒါပေမယ့် ပုတုကလည်း သူ့ကို အဲ့လို သေပြီးသား
သူ့အဖေနာမည်တပ်ခေါ်လို့ လည်း မနာပါဘူး။ မနာဆို သူလည်း ကျနော်တို့
မင်းဆန်းတို့ တခြားကောင်တွေကိုလည်း စိတ်အချဉ်ပေါက်လာရင် ဖအေ
ည် ပ် ခေါ် ဦး အိ မ် ပ် ယ်
န်း တို့ ခြား တွေ ကို ည်း ချဉ် ရ
နာမည်တပ်ခေါ်တာပဲလေ။ သူ့အမေနဲ့သူ့ က သူ့ဦးလေး အိမ်မှာကပ်နေတယ်
ဆိုတာက ကြာတော့ကြာလှပါပြီ။ ကြာဆိုငယ်ကတည်းကပဲဗျ။ မွေး
ကတည်းကလားတောင် မသိပါဘူး။ ဖြစ်ချင်တော့ အဲဒီနှစ်ကျမှ သူ့ဦးလေး
က တခြားမြို့တခုကို ပြောင်းရဖို့ ဖြစ်လာရော။ အဲဒီက ဝန်ထမ်းတန်းလျား
ကလည်း ကျနော်တို့ နေတဲ့ တိုက်ခန်းတွေလိုမဟုတ်၊ ကျယ်လဲ မကျယ်ဘူး
ဆိုတော့ ပုတုတို့ သားအမိက လိုက်သွားလို့ လည်းမဖြစ်၊ ရွာပြန်ရဖို့ ဖြစ်လာ
ရော။ အဲဒါနဲ့ကျောင်းကနှုတ်ရတာပေါ့။
မင်းဆန်းကျတော့ တမျိုး။ သူက သူ့အစ်ကိုအကြီးဆုံးကြီးရဲ့ အိမ်မှာကပ်နေ
တာ။ ကျနော်တို့ က ငယ်သေးတော့ သိပ်နားမလည် သတိမထားမိခဲ့လို့ သာ။
မင်းဆန်းကတော့ နေ့စဉ်ခံရမှာပေါ့။ သူ့အစ်ကိုကြီးရဲ့ မိန်းမက သူနေခဲ့တဲ့
တလျှောက်လုံး မကြည်လင်ဘူးဗျ။ အမြဲတမ်း မြည်တွန်တောက်တီးနေတာ
ပေါ့ဗျာ။ ဒီတော့ သူ့အစ်ကိုကြီးလင်မယားဟာ တပတ်တခါလောက်တော့
အနည်းဆုံး တကျက်ကျက် ရန်ဖြစ်ကြတာချည့်ပဲ။ အကြီးအကျယ်ကြီး
တော့လည်း မဟုတ်ဘူးပေါ့။ ရန်ဖြစ်ကြလိုက် ပိုနေမြဲ ကျားနေမြဲ ပြန်နေ
လိုက်ကြပေါ့လေ။
မင်းဆန်းတို့ အမေကြီးကလည်း တနှစ်တခါလောက် ရွာကနေ သူ့သားနှစ်
ယောက်ဆီ လာတတ်တယ်။ ရွာကနေ ခြစ်ချုတ်စုဆောင်းထားတဲ့ ငွေ
ကလေးနည်းနည်းယူလာ မင်းဆန်းကိုလည်း မုန့်ဖို့ ပေး။ သားအကြီးဆုံးနဲ့သူ့
မိန်းမကိုလည်း အငယ်ကောင်နေတာ ကြည်ဖြူအောင်လို့ ရွာထွက် သီးနှံ
ကလေး၊ ဆန်ကလေးတွေ သယ်လာပေးရင်းနဲ့ပေါ့ဗျာ။ ဖြစ်ချင်တော့ အဲဒီ
အခေါက်ကျမှ လင်မယားစကားများကြရင်း မိန်းမလုပ်တဲ့သူက အမေတွေ
ညီတွေထိပြီး နစ်နစ်နာနာ နင်ပဲငဆတွေ ပြောထွက်ကုန်ကြရော။ သူတို့ အဲ့လို
ရန်ဖြစ်နေတဲ့အချိန်မှာ မင်းဆန်းနဲ့ ကျနော်က အိမ်ရှေ့က ဝရန်တာမှာ အတူ
ထိုင်နေတာဗျ။ အသံတွေကြားတော့ ကျနော်က စပ်စပ်စုစု လှမ်းချောင်းပေ
မယ့် မင်းဆန်းကတော့ လှည့်ကိုမကြည့်ပါဘူး။ နောက်ပြီး ဒီကောင်မျက်နှာ
လည်း မကောင်းဘူး။ မင်းဆန်းက စိတ်တော့အတော်မာတဲ့ကောင်ဗျ။ ဒီ
ကောင်ငိုတာ ကျနော်ဖြင့် တခါမှမမြင်ဖူးဘူး။ ဒါပေမယ့် အဲဒီနေ့ကတော့ ဒီ
ကောင့်မျက်နှာဟာ ဂေါ်လီလုံးလောက်ပဲရှိတော့တယ်။ ဝရန်တာသံချောင်း
အပေါက်တွေကနေ ခြေထောက်နှစ်ချောင်းစုံချပြီး အဝေးကြီးကိုငေးနေ
တယ်။ ကျနော့်က လက်တို့ ပြီး “ဟေ့ရောင် မင်းအစ်ကိုကြီး လင်မယားတော့
ရန်သတ်နေကြပြန်ပြီကွ” လို့ ပြောတာတောင် အင်းမလုပ် အဲမလုပ်ဘူး။
မင်းဆန်းရဲ့ မရီးမကြီးကလည်း လွန်ပါတယ်ဗျာ။ အမြဲတမ်း ဒါပဲရန်လုပ်နေ
တာ။ ဆဲတာတွေကလည်း ရိုင်းလိုက်တာ တအားပဲ။ ဘယ်သူက ကိုယ့်အ
မေ၊ ကိုယ်မိသားစုကို အဲလိုပြောတာခံချင်မလဲ။ မင်းဆန်းတို့ အစ်ကိုကြီးက

ည်း နို င် ပါး ကို စ် င်း ပြ င်


လည်း မခံနိုင်တော့ ပါးကိုထချပစ်ရော။ ဖောင်းခနဲနေတာပဲဗျာ။ အပြင်
ကတောင် ကြားရတယ်။ လင်မယားတွေ ကွဲမယ်ကွာမယ်တွေဖြစ်ကုန်ကြ
တော့တာပေါ့။ ဒီတော့မှ တချိန်လုံး ငြိမ်ပြီး အံကြိတ်နားထောင် နေရပုံရတဲ့
မင်းဆန်းရဲ့ အမေကြီးက မျက်ရည်စမ်းစမ်းနဲ့ပဲ ပြောရှာတယ်။
“နင်တို့ လင်မယားပြေလည်အောင်နေကြပါဟယ်။ ငါ့သားငယ်လေး ငါ့
ဘာသာငါ ရွာပြန်ခေါ်သွားပါ့မယ်။ ရွာမှာကျောင်းထားလည်းဖြစ်ပါတယ်။
နင်တို့ အဆင်ပြေတယ်ထင်လို့ ပါ”
ဒီကောင်တွေနှစ်ကောင်များ တိုက်တိုက်ဆိုင်ဆိုင်ကြီးပါဗျာ။ သေချာတိုင်ပင်
ထားရင်တောင် ပျက်ဦးမယ်။ ခုတော့ နှစ်ကောင်စလုံး ရွာပြန်ကြရတော့မယ်
တဲ့။ ဒါပေမယ့် သေချာတိုင်ပင်ထားတော့လည်း ရွာပြန်မယ့် အစီအစဉ်
ပျက်ရတာပေါ့။ ဒီအတိုင်းပုံမှန်ဆိုရင်တော့ ဒီကောင်တွေလည်း အေးအေး
ချမ်းချမ်း ရွာပြန်ကြ။ အဲဒီမှာပဲ ကျောင်းဆက်တက်ကြ အရွယ်ရောက်ကြ ဒီ
လိုဖြစ်မှာပေါ့။
သို့ သော်လည်း အဲ့လိုမဖြစ်ခဲ့ကြဘူးဗျာ။ သူတို့ အိမ်တွေမှာ အဲဒီလိုပြဿနာ
တွေဖြစ်နေကြတုန်း ကျောင်းပိတ်ရက်တရက်မှာ ကျနော်တို့ သုံးယောက်သား
ကန်တော်ကြီးမှာ ရေသွားခိုးကူးကြတယ်။ ကျနော်တို့ က တခါတလေ
ကျောင်းပိတ်ရက်၊ ကျနော်လည်း နေ့လယ်နေ့ခင်း ဆိုင်မထိုင်ရရင် အဲ့လိုပဲ
ကန်တော်ကြီးထဲက ပန်းကန်လုံးကျွန်းကိုသွားပြီး ရေခိုးကူးနေကြ။ တခါတ
လေဆိုရင် အဲဒီကျွန်းက ရှင်ဥပဂုတ် ကျောင်းဆောင်လေး ဆီကိုသွားပြီး သူ့
ဆီမှာ ပူဇော်ထားတဲ့၊ နှစ်ပြည်ဝင်ဆန်အိတ်ကလေးတွေ၊ ဆွမ်းကပ်ထားတဲ့
အသီးအနှံလေးတွေ၊ သပိတ်ထဲထည့်လှူထားတဲ့ ပိုက်ဆံလေးတွေ စွန့်ပြီးယူ
တာပဲ။ ရှင်ဥပဂုတ်က ဒါတွေဘယ်လိုလုပ် သုံးနိုင်စားနိုင်မှာ လဲဗျာ။
အဓိပ္ပါယ်မရှိတာ။ ကျနော်တို့ ကတော့ အဲဒါမျိုးတွေ့လို့ ကတော့ မတာပဲ။
“အရှင်ဘုရား တပည့်တော်တို့ ကို စွန့်ပါဘုရား” လို့ လျှောက်တင် ဦးကုန်းချ
ပြီး သယ်လာခဲ့တာပဲ။ ဆန်အိတ်တွေဘာတွေကျတော့ ဂိတ်ဝက အပေါက်
စောင့်အဖိုးကြီးတွေ မမြင်အောင်သယ်ရတာပေါ့။ ပြီးရင်တော့ ဝင်းထဲက
အိမ်ဆိုင်လေး တဆိုင်ဆိုင်မှာ ပြန်ရောင်းစား၊ ပေါ်ဆန်းမွှေးဆိုတော့ ပြန်ဝယ်
ချင်သူတွေမှ များမှများ။ အိုကေမှာ စိုပြေနေတာပဲ။ ထားပါ။ ဒါကကြုံတုန်း
ပြောပြတာ။
အဲဒီတခေါက် (ကျနော်တို့ သုံးယောက်တွဲအနေနဲ့ နောက်ဆုံးအကြိမ်ပေါ့ဗျာ)
သွားကြတော့ ထုံးစံအတိုင်း ရေတွေဘာတွေကူး။ ဆေးလိပ်ကလေးဖွာပေါ့။
မှတ်မှတ်ရရ အဲဒီအခေါက်မှာ နိုင်ငံခြားသားကြီးတယောက်ကတောင် ကျ
နော်တို့ သုံးယောက် စီးကရက်တယောက်တလိပ်ဖွာနေတာကို ဓာတ်ပုံရိုက်

ယ် နော် တို့ ည်း သိ နို င် ခြား င်


သွားသေးတယ်ဗျ။ ကျနော်တို့ လည်း မသိဘူး။ နိုင်ငံခြားသားကတောင်
ဓာတ်ပုံရိုက်တယ်ဆိုတော့ ပျော်မြူးပြီး ဂိုက်ပေးတွေကြမ်းသေးတာပေါ့။ သူ့
ကို ဆေးလိပ်ဖွာဦးမလားလို့ ဆေးလိပ်ထိုးပေးတော့၊ နိုးစမုတ် နိုးစမုတ်တဲ့
ပြန်ပြောတယ်။ နောက်မှပြန်စဉ်းစားကြည့်တော့ ကလေးသာသာချာတိတ်
ကလေးတွေ စီးကရက်ဖွာနေတာဟာ သူတို့ အတွက်က အထူးအဆန်းဖြစ်နေ
တာနေမယ်ဗျ။ အကျင့်ပျက်စာရိတ္တ မောင်ကလေးတွေလို့ ထင်သလားမ
ပြောတတ်ပါဘူး။
ရေကူးပြီး၊ ဆေးလိပ်ဖွာပြီး အရိပ်ရတဲ့သစ်ပင်အောက်ထိုင်ပြီး လေ
တဖြူးဖြူးနဲ့နှပ်နေကြတုန်း ပုတုနဲ့မင်းဆန်းက စကားစလာတယ်။
“ဟစ်ရောင် သန့်ဇင် မင်း ငါတို့ နဲ့လိုက်ခဲ့ပါလား”
“ဘယ်ကိုတုန်း နေပါဦးကွာ ဇိမ်ကျနေတာကြီးကို နေကလည်းပူတယ်ဟ မင်း
တို့ ကဘယ်သွားဦးမလို့ လဲ”
ကျနော်လဲ သာမန်ပြောရိုးပြောစဉ် တခြားတနေရာဆက်သွားဦးမယ်လို့ ပြော
တယ်ထင်တာကိုး။ မဟုတ်ဘူးဗျ။ ဒီကောင်တွေနှစ်ယောက်ရဲ့မျက်နှာတွေ
က လူကြီးမျက်နှာတွေလို တမင်တကာ ခပ်တည်တည်ကြီး လုပ်ထားတယ်။
မင်းဆန်းကပဲ ဆက်ပြောတယ်။
“ငါတို့ နှစ်ယောက် စစ်ထဲဝင်မလို့ ကွ၊ အဲဒါကြောင့် မင်းခေါ်တာ။ ရွာတော့မ
ပြန်ချင်ဘူးကွာ။ ပုတုလဲ ငါနဲ့လိုက်မှာပဲ၊ ငါတို့ ကို စစ်တပ်ထဲသွင်းပေးမယ့်
လူကြီးတယောက်နဲ့တောင် ပြောပြီးပြီ။ ပိုက်ဆံနဲ့ဆန်အိတ်လဲ ရဦးမှာကွ”
ပုတုကလည်း “ဟုတ်တယ် ဟစ်ရောင် ငါတို့ နဲ့လိုက်ခဲ့ကွာ” တဲ့။
ဒီနှစ်ကောင် ဘယ်အချိန်မှာ ဘယ်လိုတိုင်ပင်ပြီး ဘယ်လိုလှုပ်ရှားလိုက်ကြ
တယ်တောင် မသိလိုက်ဘူးဗျာ။ ကျနော့်ကို ထုတ်ပြောတော့ သူတို့ က
အကုန်ပြင်ဆင်ပြီးနေပြီ။ ပြင်ဆင်ပြီးဆို သူတို့ က အဲဒီနေ့ညနေပဲ သွားတော့
မှာ။ ကျနော်က ဒီကောင်နှစ်ကောင်ကို ချစ်လည်းချစ် ခင်လည်းခင်ပါတယ်။
ဒါပေမယ့် သူတို့ နဲ့တော့ မလိုက်ချင်ဘူးဗျာ။ တပ်ထဲဝင်တယ်ဆိုတာ ကျနော်
တို့ အပတ်စဉ်လုပ်ကြတဲ့ စွန့်စားခန်းလေးတွေလိုတော့ မဟုတ်ဘူး။ အဲဒါ
တော့ ကျနော်သိတယ်။ နောက်ပြီး ကျနော်က သူတို့ လို မဖြစ်မနေလုပ်ရတာ
မျိုးမှ မဟုတ်တာ။ သူတို့ ကိုလည်း မသွားစေချင်လို့ တားတော့တားပါသေး
တယ်။
“မင်းတို့ ကောင်တွေနော် စစ်ထဲဝင်တာလွယ်လွယ်လေးမထင်နဲ့ ရှေ့တန်းတွေ
ဘာတွေရောက်ရင် သေမှာဟ။ ရွာပြန်ပေါ့ကွာ။ ဆယ်တန်းအောင်ပြီးတော့ ဒီ
ကိုပြန်လာပြီးအလုပ်လုပ်လို့ ရတာပဲ။ မင်းတို့ ကလည်း”
တို့ စ် က် နော် လို က် ဆို သိ က်
သူတို့ နှစ်ယောက်လုံး ကျနော်မလိုက်ဘူးဆိုတာ သိတော့ မျက်နှာတွေတော့
ညှိုးသွားကြတယ်ဗျ။ ကျနော်လဲ စိတ်မကောင်းဘူး။ ပြီးတော့ ကျနော်က
သိပ်ဝမ်းနည်းတတ်တဲ့ကောင်။ မျက်ရည်လေးတောင် စို့ ချင်သလို ဖြစ်လာ
တယ်ဗျာ။
“ရွာတော့မပြန်တော့ဘူးကွာ။ အမေတို့ ကသာ ရွာပြန်ရောက်မှ ကျောင်းဆက်
ထားမယ်ပြောပေမယ့် တကယ်က ငါတို့ နှစ်ယောက်စလုံး ကျောင်းဆက်
တက်ရမှာမဟုတ်ဘူးကွ။ အလုပ်ပဲလုပ်ရမှာ ငါတို့ သိတယ်။ ငါတို့ အိမ်တွေ
က ဆင်းရဲတယ်ကွာ”
ပုတုက အဲသလိုပြောရင်း ငိုတယ်ဗျာ။ ဒီကောင်ဆက်တော့ပြောသေးတယ်။
ငိုသံကြီးနဲ့မို့ ဘာပြောမှန်း ကျနော်လည်း နားမလည်တော့ဘူး။ ပုတုငိုတော့
မင်းဆန်းက တဖက်ကိုလှည့်သွားတယ်ဗျ။ အဲ့ကောင် ဟိုဘက်လှည့် ငိုတာ
ကျနော်သိတာပေါ့။ နဂိုကမှ ကျနော်ကလည်း ငိုချင်နေတဲ့ကောင်ဗျာ။ ငယ်
ကလေးတည်းက အတူတူပေါင်းခဲ့ ဆိုးခဲ့တဲ့ သူငယ်ချင်းတွေ ခွဲရတော့မယ်
ဆိုတော့ ဘယ်သူမငိုဘဲရှိမလဲ။ ကျနော်လည်း ငိုတာပဲ။ ငိုလျက်နဲ့ ဒီကောင်
တွေကို တားပေမယ့်လည်း ဘယ်လိုမှအရာမဝင်တော့ပါဘူး။
ညနေနေဝင်ခါနီးရောက်တော့ ပုတုရော မင်းဆန်းဟာ လူကြီးတွေမသိ
အောင်ထွက်ကြတယ်။ အကျႌအဝတ်အစားထည့်တဲ့ အိတ်ကလေးဘာ
လေးတွေတောင် မပါကြပါဘူးဗျာ။ ဝင်းအပြင်ဘက်က တနေရာမှာ လူကြီး
တယောက်က နေ့လယ်ကတည်းက ကြိုစောင့်နေတာ။ ကျနော်တို့ သုံး
ယောက်ရောက်သွားတော့ အဲဒီလူကြီး ပျော်သွားတဲ့မျက်နှာကို ခင်ဗျားတို့
မြင်စေ့ချင်တယ်။ အလကားလူကြီးဗျာ။ ကျနော့်သူငယ်ချင်းတွေကို
သေတွင်းပို့ မယ့် လူကြီးဗျ။ ကျနော်တော့ ဘယ်တော့မှ မမေ့ဘူး။ ကျနော့်ကို
တောင် “မင်းပါလိုက်မှာလား” လို့ မေးသေးတယ်။ “ဘာလို့ လိုက်ရမှာလဲဗျ”
လို့ ကျနော်က ဂျစ်ကန်ကန်ပြန်ဖြေလို့ ဒေါသထွက်တဲ့ပုံတောင် ဖြစ်သွား
တယ်။
အဲဒီလူကြီးက သူ့ဆီအသင့်ပါလာတဲ့ နှစ်ဆယ့်လေးပြည် ဆန်အိတ်နှစ်အိတ်
ကို ဆိုက်ကားဆရာငှားပြီး ပုတုနဲ့မင်းဆန်းတို့ အိမ်ကို ပို့ ပေးဖို့ မှာတယ်။ တပ်
ထဲဝင်လို့ တယောက်ကို ငွေသုံးထောင်စီနဲ့နှစ်ဆယ့်လေးပြည် ဆန်တအိတ်စီ
ပေးတာကိုး။ ပိုက်ဆံတွေကိုတော့ သူတို့ သုံးဖို့ ယူထားလိုက်ပြီး ဆန်အိတ်ကို
သူတို့ အမေတွေဆီ ပို့ ခိုင်းတာဗျ။ ကျနော်လဲ သူတို့ တွေလုပ်တာကိုင်တာတွေ
ကို ဒီအတိုင်းပဲ မတ်တပ်ရပ်ကြည့်နေမိတယ်။ အဲဒီနောက် နောက်ထပ်
ဆိုက်ကားတွေထပ်ငှား ဟိုလူကြီးက တစီးသက်သက်။ နောက်တစီးမှာ ရှေ့
ခုံက မင်းဆန်း၊ နောက်ခုံမှာ ပုတုတို့ တက်ထိုင်ကြတယ်။ ပြီးတော့ တလိမ့်
လိမ့်နဲ့ ဝေးသွားတာပဲဗျာ။ တော်တော်ဝေးဝေးရောက်မှ မင်းဆန်းက ခေါင်း
ည့် ပြီး ယ် င်း ပြီ လို့ အော် ယ် ပြီး န်း
လှည့်လာပြီး “သူငယ်ချင်းရေ သွားပြီဟေ့” လို့ အော်တယ်။ ပြီးတော့ တန်း
တဖက်ပြန်လှည့်သွားတာပဲ။ ပုတုကတော့ ဘာမှကို အော်မပြောနိုင်ဘူးဗျာ။
ကလေးလေးလို တရှုံ့ရှုံ့ငိုရင်း ပါသွားလေရဲ့။ ကျနော်လည်း လမ်းနံဘေးမှာ
ထိုင်ရင်း ရှိုက်ကြီးတငင်ငိုမိတယ်။ အရမ်းဝမ်းနည်းမိတယ်ဗျာ။ ကျနော်
အဲဒီလမ်းဘေးက ပလက်ဖောင်းမှာ ထိုင်ချလိုက်ပြီး ငိုနေမိတာ အကြာကြီး
ပဲ။ ကျနော့်မျက်ရည်တွေဟာ ကျနော့်အကျႌရင်ဘတ်ထိအောင် ရွှဲရွှဲစိုလို့ ပါ
ပဲ။ စုစုနဲ့ ခွဲခွာရတုန်းက နာကျင်ခဲ့ရသလိုပါပဲ။ စုစုလိုပဲ ကျနော်ရဲ့
သူငယ်ချင်းနှစ်ယောက်ကိုလည်း ကျနော်ဟာ အဲဒီအချိန်က နောက်ဆုံးမြင်ခဲ့
ရတာပဲလေ။ အဲဒီရှစ်တန်းနှစ်ဟာ ကျနော့်အတွက် အစမကောင်းတဲ့နှစ်ပါ
ဗျာ။ နီးနီးကပ်ကပ်နေရတဲ့ ဟီးရိုးကြီး ကိုဘီလူးကလည်း ပြောင်းသွား၊
အချစ်ဆုံးသူငယ်ချင်းနှစ်ယောက်ကလည်း အဝေးကိုလွင့်စင်သွား။ ကျနော့်
အဖြစ်ကို မြင်ယောင်သာကြည့်တော့ပေါ့။ ကျောင်းသွားတော့လဲ ကျနော်တ
ယောက်တည်း၊ ကျောင်းပြန်တော့လဲ အဖော်မရှိ။ ခြောက်ခြောက်သွေ့သွေ့
ကြီးဖြစ်လို့ ၊ ကျောင်းဝင်းထဲမှာလဲ သူတို့ ကို သတိရစရာတွေက နေရာအနှံ့
ဆိုတော့ ကျနော့်မှာ ကျောင်းတက်ရတာတောင် မပျော်တော့ပါဘူး။
ကျောင်းတက်ရတာကတော့ ဘယ်တုန်းကမှ မပျော်တာပါ။ ဒါပေမယ့် အ
ရင်ကကျ ဒီကောင်တွေနဲ့ဆိုတော့ စာသင်ချိန်ကလွဲရင် သိပ်မပျင်းရဘူး။
အခုကျ မုန့်စားဆင်းချိန် ဆိုရင်တောင် မုန့်ဈေးတန်းထွက်ချင်စိတ်မရှိဘူး။
မုန့်ဈေးတန်းရှေ့က လှေကားထစ်တွေမှာထိုင်ရင်း ပျားများလို တဝီဝီ
ပြေးလွှားအော်ဟစ်ခုန်ပေါက်နေကြတဲ့ အတန်းငယ်ချာတိတ်ကလေးတွေကို
ကြည့်ရင်း ခဏခဏ မျက်ရည်ဝဲမိတယ်။
တကယ်တော့ ကျနော့်မှာ ကျောင်းမှာလည်း တခြားကျောင်းသူငယ်ချင်း
တွေ၊ အိမ်မှာလည်း ဝင်းကို၊ မြတ်ကျော်တို့ အပြင် အခြားသူငယ်ချင်းတွေရှိ
ပါသေးတယ်။ ရှိတာမှ တကယ့်ကိုအများကြီးပါ။ ဒါပေမယ့်ဗျာ ပုတု၊ မင်း
ဆန်းတို့ နဲ့တော့ ဘယ်တူမလဲ။ ကျနော်တို့ ဆိုတာ သုံးကိုယ့်တစိတ်၊ လူဆိုးသုံး
ဖော်ဗျ။ ကိုယ့်ကိုယ်ကိုယ် နာမည်အရင်းတွေ မဟုတ်တဲ့ ကျနော်တို့ သုံး
ယောက်ပဲ သိတဲ့ နာမည်တွေတောင်ရှိတယ်။ အဲဒါကတော့ မေ့သွားပါပြီ။
သုံးယောက်ကစားရတဲ့ ကစားနည်းတိုင်း ကျနော်တို့ မကစားဖူးတာ ဘာမှမ
ရှိ။ တယောက်က ဝူခုန်းဆိုရင် တယောက်က ပါကျဲ၊ တယောက်က ဝူကျင်း။
တယောက်က ကျန်ကျောင်းဆိုရင် ကျန်နှစ်ကောင်က ဝမ်ချောင်၊ မာဟန့်။
ပါဝါရိန်းဂျားဆိုရင် တယောက်တရောင်။ တခါတလေလဲ တွမ်အင်ဂျယ်ရီ
ပေါ့။ အဲ့ကျ တကောင်က ခွေးကြီး စပိုက်လုပ်ပေါ့။ ဘောလုံးကန်ရင် ကျ
နော်တို့ သုံးယောက်က တဖက်ထဲမှာ အမြဲတမ်း။ ဘာလုပ်လုပ် အတူတူပဲ။
ကလေးဘဝလက်တည့်စမ်းခဲ့သမျှ အသစ်အသစ်တွေအားလုံးဟာ ဒီနှစ်
ကောင်နဲ့ချည့် လုပ်ခဲ့တာ။ ဒီတော့ဗျာ ရက်ပိုင်း လပိုင်းလေးနဲ့တော့ ဘယ်မှာ
စ် လို့ ပါ့ နော့် တိ တို င်ဖြ စ် င်
မေ့ပစ်လို့ ရပါ့မလဲ။ ကျနော့်မှာ တနုံ့ နုံ့ နဲ့ငေးတိငေးတိုင်ဖြစ်နေခဲ့ရတာပဲ။ ရင်
ထဲမှာလဲ ဟာတာတာနဲ့။ ညညဆိုလည်း တော်တော်နဲ့အိ ပ်မပျော်ဘူး။ စုစုတို့
မိသားစု ပြောင်းသွားခဲ့တုန်းက ခံစားခဲ့ရတာနဲ့တကယ့်ကို အတူတူပါပဲ။
အမြဲတမ်းဖျတ်လတ်နေရာကနေ ရုတ်တရက်အနှေးခေတ်ကြီးထဲရောက်
သွားသလိုပဲ။ ရုပ်ရှင်တွေထဲကလို ဆိုရင်တော့ စလိုးမိုးရှင်းတွေ၊ ဖြူမဲတွေ၊
အရောင်လှလှနဲ့ ဓာတ်ပုံကားချပ်ကြီးတွေ ပြထားတာမျိုးပေါ့။ ညနေတွေဆို
ရင် ဘောလုံးတောင် ဝင်မကန်ဖြစ်တော့ဘူး။ သစ်မြစ်ဆုံကြီးပေါ်မှာထိုင်ရင်း
သူငယ်ချင်းတွေကန်တာပဲထိုင်ငေး နေမိတယ်။ မျက်လုံးကလည်း မြင်တ
ချက်၊ မမြင်တချက်ပါပဲဗျာ။ ကိုယ့်ရှေ့တကယ်ကန်နေတဲ့ကောင်တွေအစား
ဘောလုံးကို မင်းဆန်းဆွဲပြေးလာပုံတွေ၊ ခဏ ခဏအလိမ်အခေါက်ခံရလွန်း
လို့ စိတ်ဆိုးပြီး လျှောထိုးဖျက်နေတဲ့ ပုတုဟန်ပန်တွေကို မြင်မြင်လာတယ်။
ဘောလုံးကွင်းတဖက်မှာထိုင်နေတဲ့ ဘဲကြီးတွေရဲ့ တချက်တချက်ရယ်သံ
ကိုတောင် အရင်ဆို ဘာများရယ်ကြတာပါလိမ့်လို့ စူးစမ်းချင်စိတ်ကနေ
“သောက်ဘဲကြီးတွေကလည်း ယီးထဲ တိုးတိုး သက်သာမရယ်ဘူး” ဘာညာနဲ့
ငြူစူသလိုတောင်ဖြစ်လာတယ်။ ဘယ်ဟာကိုကြည့်ကြည့် အကုန်လုံးက
သောက်ပိုတွေ၊ စိတ်ပျက်စရာတွေချည့်လို့ ထင်လာမိတယ်။ ကျောင်းသွား
လည်း ဘယ်လက်ဖက်ရည်ဆိုင်မှ မငေးဖြစ်တော့ဘူးဗျာ။ မြေကြီးကိုကြည့်
ရင်း ငေါင်စင်းစင်းနဲ့တကောင်တည်းဖြစ်နေတာပဲ။ အဲဒီလိုအချိန်ကလေးမှာ
ပဲ ကျောင်းကို စိုင်းမင်းစံ ဆိုတဲ့ကောင် ပြောင်းလာခဲ့တာပဲ။
စိုင်းမင်းစံ ကျောင်းပြောင်းလာတော့ ကျောင်းတွေဖွင့်တာ နှစ်လကျော်
လောက်တောင်ရှိနေပြီ။ ဘာကြောင့်မို့ ဒီအချိန်ကြီးမှ ကျောင်းပြောင်းလာရ
တယ် မသိပါဘူး။ လူကောင်ကလည်း ထွားထွားကြီး။ ထွားဆို ဒီကောင်
ကျောင်းကိုစရောက်တဲ့နေ့က အတန်းထဲဝင်လာတော့ ကျနော်က
ကျောင်းဆရာအသစ်တောင် ထင်သေးတာ။ အရပ်ကလည်း တော်တော်မြင့်
တယ်။ ကျောင်းသစ်ကို စပြောင်းခါစမို့ ဒီကောင်လဲ ရောက်ခါစက ငေါင်
တောင်တောင်နဲ့ပဲ ။ ဒီကောင်က အကောင်ကထွားလွန်းတော့ အတန်းထဲက
လူမိုက်ဆိုတဲ့ကောင်တွေကလည်း သွားရန်မစရဲဘူး။ ပေါင်းလဲမပေါင်းဘူး။
ကျန်တဲ့ကောင်တွေကလည်း ကျောင်းသားသစ်ဒီကောင့်ကို ကွက်ကြည့်
ကွက်ကြည့်နဲ့ပဲ ။ အပေါင်းအသင်းလဲမရှိ ကျောင်းသားလဲ ကျောင်းသားသစ်
ဆိုတော့ ဒီကောင့်မှာလဲ ရှေ့ဆုံးတန်းမှာ ရုပ်တည်ကြီးနဲ့ပါပဲ။ ဒါပေမယ့်သူလဲ
အပေါင်းအသင်းလိုချင်တာပေါ့ဗျာ။ အဲဒီတော့ ဘယ်သူက ဘယ်လိုကောင်
ဆိုတာ ရှိုးနေတာ။ ဒီကောင်က ကျနော့်ကို မျက်စိကျတယ်နဲ့တူပါတယ်။
ပုံမှန်အချိန်တွေဆိုရင်တော့ ဒီကောင်ကျနော့်ကို မျက်စိကျမှာမဟုတ်ဘူး။
ကျနော့်က အလွန်လျှပ်စီးလက်တဲ့ကောင်။ ဟိုနှစ်ကောင်ရှိစဉ်ကဆို ကျနော်

တို့ က် ဆို န် က် က် ပြော င် န် တ်


တို့ သုံးယောက်ဆိုတာ အလွန်သောက်ခွက်ပြောင်၊ အလွန်ဗရုတ်ကျတဲ့
ကောင်တွေကိုး။ အဲ့နှစ်ကောင်က ထွက်သွားခါစဆိုတော့ ကျနော့်ပုံက ဘယ်
အချိန်ကြည့်လိုက် ကြည့်လိုက် ဝမ်းနည်းနေတဲ့ရုပ်နဲ့ လေးတိလေးကန်ဆို
တော့ စာတွေဘာတွေအရမ်းကြိုးစားတတ်တဲ့ စာဂျပိုးရုပ်တွေ ဘာတွေ
ထွက်နေသလား မသိပါဘူး။ ကျနော့်ကို ဒီကောင် ချဉ်းကပ်လာပါရော။
အစောပိုင်းကတော့ ဒီကောင်နဲ့မပေါင်းချင်ပါဘူး။ ဘာဖြစ်လို့ လဲဆိုတော့ ဒီ
ကောင်နဲ့ယှဉ်လိုက်ရင် ကျနော်က အကောင်တော်တော် သေးတယ်။ အရပ်
ကလည်း လက်ညှိးနဲ့လက်မလောက် နီးနီးကွာတယ်။ တွမ်ဟန့်ရဲ့ ငြါ ဆိုတဲ့
ကားထဲ သူငယ်ချင်းနှစ်ကောင်လိုပေါ့ဗျာ။ တွမ်ဟန့်က ပွဲဈေးတန်းက အရုပ်
မှာ ဆုတောင်းရင်း လူကြီးဖြစ်သွားတဲ့ကားလေ။ အဲ့သူငယ်ချင်းနှစ်ကောင်
လို ဖြစ်နေတာပေါ့။ စကားပြောရင်သာ မင်းနဲ့ငါ ဖြစ်နေတာ။ အရွယ်က မသိ
ရင် သားအဖကျနေတာပဲ။ ဒီကောင့်အသက်လည်း ဘယ်နည်းနဲ့မှ ဆယ့်
လေးငါးနှစ်မကနိုင်ဘူး။
ဒီကောင်က နသားဖားယားနဲ့ဗျာ။ ကျနော့်ကို ဇွတ်တွေပေကပ်ပြီး လိုက်
ပေါင်းတာ။ နောက်ပြီး ဒီကောင်က သူဌေးသားဗျ။ နေ့တိုင်း ပန်ဒါဝက်ဝံ
ပုဆိုးနဲ့ပဲ ။ ဘယ်နှစ်ထည်တောင် ရှိလဲမသိဘူး။ ပန်ဒါဝက်ဝံဆိုတာ ကျနော်
တို့ လို ကောင်တွေအတွက်တော့ ရှယ်ပဲလေ။ ကျောင်းတက်တဲ့ နှစ်စရောက်
တိုင်း အမေ့ကို အမြဲပူဆာနေရတာပေါ့။
“ကျောင်းစိမ်းပုဆိုးဝယ်ရင် ပန်ဒါဝက်ဝံပဲ ဝယ်ပါ အမေရာ” ပေါ့။ အမေက
လည်း ကပ်စီးဗျ။
“ဟဲ့ အဲ့တံဆိပ်က ဈေးကြီးတယ်” တဲ့။ ဝယ်တော့ဝယ်ပေးပါတယ် တထည်
တည်းရယ်။ အဲ့တထည်ကိုပဲ ကျနော့်မှာ ညစ်ပတ်ပေစုတ်သည်အထိ
ညှီစော်နံနံကြီးနဲ့ပေဝတ်နေရတယ်။
ပန်ဒါဝက်ဝံပုဆိုးကို နေ့စဉ်ထည်လဲ ဝတ်နိုင်ရုံနဲ့တော့ သူဌေးလို့ မဆိုနိုင်ပါ
ဘူး။ ဒီကောင်က အဲ့ထက်ကို ပိုသေးတယ်။ ကျနော်တို့ အဲဒီအရွယ်က
ဘယ်လိုလုပ် ပိုက်ဆံအိတ်တွေဘာတွေ ကိုင်နိုင်မှာလဲဗျာ။ လူကြီးတအား
ဖြစ်ချင်တဲ့ ကျနော်တောင် ပိုက်ဆံအိတ်ဝယ်ကိုင်ဖို့ တခါမှ စိတ်မကူးဖူးဘူး။
ထည့်စရာပိုက်ဆံမှ မရှိတာကြီး။ဒီကောင်က ပိုက်ဆံအိတ်နဲ့။ ပိုက်ဆံတွေက
လည်း ကျောင်းမုန့်ဖိုးလို့ တောင် ပြောရခက်တယ်။ အိတ်ထဲမှာ အမြဲအပြည့်၊
အများကြီးပဲ။ အဲ့တော့ ဒီကောင်က နေ့လယ်မုန့်စားကျောင်းဆင်းချိန်တွေဆို
တော်ပါတော့ကွာလို့ ပြောယူရအောင် အစုံ လျှောက်ဝယ်ကျွေးတော့တာ။
တရက်လည်းမဟုတ်၊ နှစ်ရက်လည်းမဟုတ်၊ သုံးရက်လည်းမဟုတ်၊ လေး
ရက်လည်း မဟုတ်၊ ငါးရက်လည်း မဟုတ်။ ခြောက်ရက်လည်း မဟုတ်။ နေ့
တိုင်းကြီး။ ကြာတော့ ကျနော်လဲ “မြဲမြဲခိုင်တဲ့ ကျောက်ရုပ်တွေတောင် တွန်း
တို က် ပါ လို့ ယ် ဆို င် သီ င်း လို ဒီ င် ဘော် ဒါဖြ စ်
တိုက်ပါများ နဲ့နဲ့လို့ လာတယ်” ဆိုတဲ့ ဗဒင်သီချင်းလို ဒီကောင်နဲ့ ဘော်ဒါဖြစ်
သွားရောပဲ။
မနက်ခင်းဆို နှစ်ကောင်သား လက်ဖက်ရည်ဆိုင် အတူထိုင်ကြတယ်။ ဒီ
ကောင်က လူကောင်ကြီးတော့ ဒီကောင်နဲ့အတူထိုင်ရတာ စိတ်လုံခြုံတယ်
ဗျ။ နောက်ပြီး ဘာစားရင် ပိုက်ဆံဘယ်လောက်ကျမယ် ဘာညာ တွက်နေ
စရာမလိုဘူး။ ကြိုက်တာဆွဲ အေးဆေး။ ဆေးလိပ်ကိုဗူးလိုက် မဟုတ်ဘူး။
ကက်တွန်းလိုက်ဝယ်ချင် ဝယ်လိုက်ဦး။ မင်း ဘာသောက်ချင်လဲ ဝယ်လေ
ကွာ ဆိုတာချည့်ပဲ။ သူကိုယ်တိုင်ကလဲ ဆေးလိပ်ကို စောက်ရမ်းသောက်တဲ့
ကောင်ဗျာ။ ပါးစပ်မှာ ပြတ်တယ်ကို မရှိဘူး။ တလိပ်ကုန် တလိပ်မီးညှိနေ
တာပဲ။ ကြာတော့ ကျနော့်လိုကောင်ကတောင် တားယူရတယ်။
“စိုင်းမင်းစံရာ မင်းဟာက စာသင်ကျောင်းမီးလောင်နေသလိုပဲ ခဏတော့
နားဦးမှပေါ့ကွ”
“ငါက ကြိုက်တယ်ကွ” တဲ့ ခပ်ပြုံးပြုံးပဲ ပြန်ဖြေတယ်။
အဲ့လိုနဲ့ ရှစ်တန်းနှစ်မှာ ဒီကောင်နဲ့ကျနော်က တွဲဘက်တွေဖြစ်သွားရော။ ဒီ
ကောင်ကလဲ တော်တော်တော့ ခင်တတ်တဲ့ကောင်။ စကားကလည်း သောက်
ရမ်းကိုများတာဗျာ။ တချိန်လုံးကိုပြောနေတာပဲ။ စော်တွေအကြောင်းက
အများဆုံးပေါ့။ ဒီကောင်တွဲခဲ့ဖူးတဲ့ စော်တွေအကြောင်းတွေပေါ့ဗျာ။
လုပ်ဇာတ်တွေလား မသိပါဘူး။ နောက်ပြီး သီချင်းတွေ ရုပ်ရှင်တွေဘာတွေ
အကြောင်းလဲပါတယ်။ ကျနော်ဖြင့် အဲဒီအချိန်အထိ အင်္ဂလိပ်ကားတို့ ဘာ
တို့ တကားလားပဲ ကြည့်ဖူးတယ်။ အဲဒါတောင် လူရိုင်းကား။ လူရိုင်းကားဆို
လို့ လူသားစားတာ လူသတ်တာတို့ ကြိုက်လို့ တော့မဟုတ်ဘူး။ ကျနော်တို့
အရွယ်ကောင်တွေအကုန်လုံးသိတဲ့ အန်စီဟပ်ဖ်ကားဗျ။ ဒီလူရိုင်းကောင်
တွေက တောထဲလည်လာတဲ့ လူတွေကိုဖမ်း၊ ယောကျာ်းဆို ခုတ်ထစ်
သတ်စား။ မိန်းမတွေကိုကျတော့ မခုတ်ထစ် မသတ်စားခင် တွယ်ကြ
သေးတာဗျ။ ဟီ ဟိ။ ကျနော်တို့ ကလည်း အဲဒါပဲကြည့်ချင်တာပါ။
သွေးသံရဲရဲ တခြား အခန်းတွေမကြည့်ပါဘူး။ ရစ်ကြည့်တာပဲ။ ထားပါ
တော့။
စိုင်းမင်းစံဆိုတဲ့ကောင်က နိုင်ငံခြားကားတွေ ရုပ်ရှင်တွေ တော်တော်ကြည့်
တဲ့ကောင်ဗျ။ ဒီကောင်ရုပ်ရှင်ကြည့်တာလည်း မပြောနဲ့လေ။ ဒီကောင်သူ့
အိမ်အလည်ခေါ်လို့ လိုက်သွားတော့မှ သူနေတဲ့ တိုက်ခန်းရဲ့ အောက်မှာက
ရုပ်ရှင်ရုံကြီးကိုးဗျ။ သမ္မတ ရုပ်ရှင်ရုံအနောက်က ကွန်ဒိုတိုက်မှာနေတာကိုး။
တိုက်ခန်းကြီးကလဲ အကျယ်ကြီး။ အဲ့ဒီမှာ သူ့အစ်ကိုဆိုလား သူ့ဦးလေးဆို
လား နှစ်ယောက်တည်းနေတာတဲ့။ ကျနော် သူ့အိမ်အလည်သွားတုန်း

အိ မ် ယ် ရှိ ပါ အိ မ် ည်း ယ် ယ်
ကတော့ သူ့အိမ်မှာ ဘယ်သူမှ မရှိပါဘူး။ အိမ်ကလည်း ကျယ်သာကျယ်
တာ အဝတ်ဟောင်းတွေ၊ စုပုံထားတဲ့ အဝတ်တွေ၊ မဆေးရသေးတဲ့ ပန်းကန်
တွေနဲ့ရှုပ်ယှက်ခတ်နေတာပဲ။ ကျနော်လည်း ရွံ့လို့ နောက်တခါဘယ်တော့မှ
သူ့အိမ်မလိုက်တော့ဘူး။ ကျနော်က ပန်းကန်တွေဘာတွေ မဆေးဘဲ ဒီ
အတိုင်းယင်တလောင်းလောင်းနဲ့ ပစ်ထားတာမျိုးမြင်ရင် အန်ချင်တယ်ဗျ။
မရဘူး။ ငယ်ကတည်းက ကိုယ်စားပြီးသား ပန်းကန် ကိုယ့်ဟာကိုယ်ဆေးရ
တာ။ မဆေးလို့ လည်းမရဘူး အမေကဆော်တာကိုး။
အစောပိုင်းတုန်းကတော့ ဒီကောင် သူတွဲခဲ့ဖူးတဲ့ ကောင်မလေးတွေ
အကြောင်း ပြောတဲ့အခါမျိုးတွေ ကျနော်တော့ သိပ်မယုံဘူး။ စကားအရမ်း
များတတ်တဲ့ကောင်တွေ ထုံးစံအတိုင်း ထိုးဇာတ်တွေ စိတ်ကူးယဉ်တာတွေပဲ
နေမှာလို့ ပဲ သဘောထားတယ်။ သူ့ကိုယ်သူ စော်ကြည်ဘဲလို ပြောနေပေမယ့်
ဒီကောင့်ရုပ်ကိုကြည့်ရတာဖြင့် ဘယ်နားက စော်ကြည်ဘဲဖြစ်တယ်ဆိုတာ
တွေးကြည့်လို့ မရဘူး။ အဲဒါလည်း ကျနော့်အားနည်းချက်ပဲ ထင်တယ်ဗျ။
ကျနော်တော့ ယောကျာ်းတွေထဲ ချောတယ်ဆိုတာ ကိုမျိုးသန့်လို လူမျိုးလို့ ပဲ
တလျှောက်လုံး စွဲစွဲမြဲမြဲမှတ်ထားတာ။ ဒါကြောင့်လဲ ဒါကိုပဲ ထပ်ခါထပ်ခါ
ပြန်ပြောမိနေတာပေါ့။ ဒီပြင့်ရုပ်တွေဆိုရင် ဘယ်ကောင်ဖြစ်ဖြစ် ချောတယ်
လှတယ် မထင်ဘူး။ ယောကျာ်းချင်းမို့ လို့ ဖြစ်တာလဲပါမယ်။ ယောကျာ်း
ချင်းကတော့ ချောချောလှလှ ဘာသောက်ရေး လုပ်နေစရာလိုလဲဗျာ။
နောက်ပြီး ဒီကောင်တကယ်စော်ကြည်မကြည် ကျောင်းမှကျတော့လည်း
ဘယ်သိနိုင်မလဲဗျာ။ ယောကျာ်းလေးကျောင်း ဥစ္စာ၊ စော်ကြည်တာကို
သက်သေပြစရာမှ မရှိဘဲ။ ဒီကောင့်ကို အေခန်းက အခြောက်တွေ ကြည်
သလိုလိုရှိတယ်ဆိုပေမယ့် အခြောက်ကြည်တာနဲ့ စော်ကြည်တာကလဲ မတူ
လောက်ဘူးထင်တာကိုး။ တကယ်တော့ အတူတူပါပဲဗျာ။ အခြောက်ကြည်
တယ်ဆိုလို့ ပြောရဦးမယ်။ ရှစ်တန်းနှစ်ဆိုတာ လူပျိုဖော်ဝင်စပြုပြီဆိုပေ
မယ့်လည်း တကယ်တော့ ကလေးပါပဲဗျာ။ လှချင်ပချင်တယ်ဆိုပေမယ့်
လည်း ဇွတ်ကြီးအတင်းအားထုတ်တာမျိုးမရှိပါဘူး။ လှအောင် ဘယ်လိုနေ
ရမလဲဆိုတာလဲမသိဘူး။ နဂိုရုပ်ကလဲ မလှပါဘူး။ ညဘက်အိပ်တဲ့အခါ
သနပ်ခါးလိမ်းအိပ်တာမျိုးလောက်ကို ကိုယ့်အသားအရည်ဂရုစိုက်တာမျိုး
လို့ ပြောမယ်ဆိုရင်တော့လည်း ပြောပေါ့။ အဲဒါအပြင် ဘာမှလည်း မလုပ်
တတ်ပါဘူး။
စိုင်းမင်းစံဆိုတဲ့ကောင်ကတော့ဗျာ။ လက်လန်တယ်။ တပတ်တခါ ဗျူးတီး
ဆလွန်းသွားပြီး မျက်နှာပေါင်းတင်တဲ့ကောင်ဗျ။ ပထမဆုံး
အကြိမ်(နောက်ဆုံးအကြိမ်လဲဖြစ်တယ်) ဒီကောင်မျက်နှာပေါင်းတင်တဲ့ဆီ
ကျနော်လိုက်သွားတဲ့ တခါနဲ့တင် ကျနော် တော်တော်အံ့ဩသွားမိတယ်။
တီး န်း ခြော က် င့် ခြော က် ည်း
ဗျူးတီးဆလွန်းက အခြောက်တွေဖွင့်ထားတာဗျ။ အခြောက်တွေကလည်း
ဒီကောင်ပြောပြလို့ သာ အခြောက်မှန်းသိရတာ။ အရင်ကကျနော်မြင်ဖူးခဲ့တဲ့
အခြောက်တွေဆိုတာက ဘာနို့ ဘာဖင်မှမရှိ ဂျမ်းတောကြီးတွေလေ။ သူတို့
ကတော့ ရုပ်ကလေးတွေကိုက နုထွတ်ပြီး စောက်ရမ်းလှတာဗျာ။ ဒီကောင်
က “ဟစ်ရောင် အဲဒါအခြောက်တွေနော်” လို့ တိတ်တိတ်လေး ကပ်မပြောခင်
အထိ ကျနော်ဆိုရင် ကြွေတောင်ကြွေမိနေသေးတယ်။ ဘယ်သိမလဲဗျာ နို့
တွေကလည်း မိန်းမနို့ တွေလို ထွက်နေပြီး ဖင်တွေကပါကားနေတော့ မိန်းမပဲ
ထင်တာပေါ့။ အခြောက်မှန်းလဲ သိလိုက်ရရော ဝမ်းတောင်နည်းမိသွား
တယ်။ စော်လေးနဲ့ပလူးမယ်လုပ်တုန်း အိပ်မက်ကလန့်နိုးသလိုမျိုးပေါ့ဗျာ။
အဲဒါဒီကောင်က အဲဒီအခြောက်မတွေနဲ့ ပလူးပလဲဗျာ။ ဖင်ပုတ်ခေါင်းပုတ်
တဟီးဟီးတဟားဟားနဲ့ရယ်။ ပက်လက် မျက်နှာပေါင်းတင်ခံနေရက်နဲ့
တောင် လက်တဖက်အခြောက်မတယောက်ရဲ့ ပါးကို လက်နဲ့ဖျစ်ရင်း၊
နောက်လက်တဖက်နဲ့ ဒီပြင့်အခြောက်မတယောက်ရဲ့ ဖင်ကို ဖြန်းခနဲနေ
အောင် ရိုက်လိုက်သေးတယ်။ ကောင်မတွေကလည်း နှုတ်ခမ်းကြီးစူပြီး ပီ
တီတွေဝေဖြာလို့ ပဲ။
“ကောင်လေးနော် သွား အတင်းကဲတာပဲ လူတွေရှေ့ကို အဟင့်”
ဘယ့်နှယ့်ကောင်မှန်း မသိဘူးဗျာ။ အခြောက်တွေပါ ကြည်တဲ့ကောင်။
နောက်အခေါက်တွေ ဒီကောင်ပေါင်းတင်သွားတိုင်း ကျနော့်ကိုခေါ်သေး
တယ်။ ကျနော်ကတော့ ဆောရီးပဲ ဟစ်ရောင် ယီးမှ မလိုက်တော့ဘူး။
အခြောက်မတွေက ဒီကောင့်ကို သူ့ဟာသူကြည်တာလောက်ကို အပြစ်မ
ပြောပါဘူး။ သူ့ကုသိုလ်ကံနဲ့သူပေါ့ဗျာ။ ဒီကောင်မတွေက ကျနော့်ကိုပါ နှိမ်
ချင်တာဗျ။
“မျက်နှာပေါင်းတင်ရမှာ ကောင်လေးကို မဟုတ်ဘူး။ ကောင်လေးရဲ့
သူငယ်ချင်းကို။ ကြည့်လိုက်ဦးလေ သူ့မျက်နှာက ဝက်ခြံလေးတွေနဲ့ဂျီးတွေ
လဲရှိပုံပဲ။ မျက်နှာကို ဂရုမစိုက်တတ်ဘူးနော်။ ဒီမှာ ဒို့ ကောင်လေး မျက်နှာ
လေးကဖြင့် ဒီလောက်ဖွေးပြီးနုဖတ်နေတာလေးကို ဒီက အာဘွားပေးချင်း
စိတ်ကို မနည်းထိန်းထားရတယ် အဟင့်” တဲ့ အခြောက်မ ဘယ်လောက်
လူပါးဝသလဲ စဉ်းစားသာကြည့်တော့ဗျာ။
ဒီကောင် စော်ကြည်တာကို တကယ်လက်ခံလိုက်တာတာကတော့ ကျနော်နေ
တဲ့ဝင်းထဲ အလည်ခေါ်တော့မှပဲ လက်မခံချင်ဘဲ လက်ခံလိုက်ရတာ။ ပြော
ပြဦးမယ်။ ကျနော်နေတဲ့တိုက်မှာ ကျနော်တို့ ချာတိတ်တွေအတွက်
ဘယ်တော့မှလှမ်းမမီနိုင်တဲ့ မဥ္ဇူသကနတ်ပန်းလို (အဲဒီပန်း ကျနော်လဲ မ
မြင်ဖူးပါဘူးဗျာ ခေါ်လို့ ကောင်းလို့ တင်စားတာ တကယ်တော့ လှမ်းမမီနိုင်

မျိုး ဆို င် န်း သီး တို့ န်း သီး တို့ င် ယ် င် ယ် စ်


တာမျိုးဆိုရင် ထန်းသီးတို့ အုန်းသီးတို့ နဲ့ တင်စားရမယ်ထင်တယ်။) အစ်မ
ကြီးတယောက်ရှိတယ်ဗျ။ သူက ဆယ်တန်းအောင်ပြီး တက္က သိုလ်ပထမနှစ်
တက်နေပြီ။ သူ့နာမည်က ညိုလွင် တဲ့။ အသားကလည်း တအားအညိုကြီး
မဟုတ်ပေမယ့် ညိုစိမ့်စိမ့်ကလေးနဲ့ တကယ့်ကိုချစ်စရာကောင်းတာဗျာ။
ဘော်ဒီကလဲ မိုက်တယ်။ ငါးရံ့ကိုယ်လုံးလေးဆိုတာမျိုးပေါ့။ မဟားတရား
အကိတ်ကြီးမျိုးမဟုတ်ဘူး။ တင် ရင် ခါး တကယ့်အချိုးကျ၊ ရုပ်ကလေးက
လည်းလှဆိုတော့ ကျနော်တို့ ဝင်းထဲက သူငယ်ချင်းတွေကြားမှာတော့ ထက်
ထက်မိုးဦးနဲ့ နန္ဒာလှိုင်ပြီးရင် မှောင်ရိပ်ထဲက လူပျိုအလုပ်တွေထဲမှာ
အတောင့်တခံရဆုံး ပုံရိပ်ဖော် စိတ်ကူးအယဉ်ခံရဆုံးပေါ့။ ဟိုလိုချစ်တာမျိုး
တော့ မဟုတ်ပါဘူး။ အင်း နည်းနည်းတော့ ချစ်ပါတယ်။
စိုင်းမင်းစံနဲ့ကျနော် ပေါင်းတဲ့ကာလကလေးမှာ ဒီကောင့်ကို အကြီးအကျယ်
မုန်းသွားတဲ့အကြိမ် နှစ်ကြိမ်ရှိတယ်။ ပထမအကြိမ် မုန်းသွားတဲ့ကိစ္စ
ကတော့ အဲဒီကျနော်တို့ အသည်းကျော် မညိုလွင်က ဒီကောင့်ကို စောက်ရမ်း
ကိုကြိုက်တာဗျာ။ သူတယောက်တည်းလားဆိုတော့ မဟုတ်သေးဘူး။ သူနဲ့
တသက်လုံး ငယ်ပေါင်းကြီးဖော် ပေါင်းခဲ့တဲ့ ‘မစံပယ်’ ဆိုတဲ့ အစ်မကြီးတ
ယောက်ရှိသေးတယ်။ သူတို့ က ငယ်ကလေးကတည်းက ကျောင်းအတူ
တက်လာ၊ ဆယ်တန်းလဲအတူအောင်။ တကယ့် သူငယ်ချင်းအရင်းကြီးပေါ့
ဗျာ။ အဲဒီ မစံပယ်ကပါ ဒီကောင့်ကို ေြွကတာဗျာ။ မအေဘေး ဒီကောင့်
လုပ်ပေါက်ကလည်းကြည့်ဦး တကယ့်သူငယ်ချင်းအရင်းကြီး နှစ်ယောက်
စလုံးကို ရည်းစားစကားပြောပြီး ငါးရံ့နှစ်ကောင် ဖမ်းတာ။
လှေနံနှစ်ဖက်နင်းတာ၊ နှစ်ပေါက်တပေါက် ရိုက်တာ။
အဲ့တုန်းက ဘဲကြီးတွေ စကားဝိုင်းတွေကို နားစွင့်မိရင် တခါတခါကြား
ရတတ်တဲ့ စကားတခုရှိတယ်။
“ဟေ့ရောင်တွေ သက္က ရာဇ်နှစ်ထောင်ကျရင် ယောကျာ်းနဲ့မိ န်းမအချိုးက
အုန်းသီးတတင်း နှမ်းတတင်းဖြစ်မှာကွ မိန်းမတွေ ရင်ထုပြီးလင်လုရမယ့်
ခေတ်ကြီးကိုရောက်တော့မယ် ခုကတည်းက ပြင်ဆင်ထားကြ” တဲ့။
တကယ့် ခပ်တည်တည်ကြီးတွေနဲ့ ယုံယုံကြည်ကြည် ပြောနေကြသလိုပါပဲ
ဗျာ။ ဘေးကယောင်လည်လည်နဲ့ နားထောင်နေတဲ့ ကျနော်တို့ လို ချာတိတ်
တွေက တကယ်ထင်တာပေါ့။ သက္က ရာဇ်နှစ်ထောင်ရောက်ဖို့ က သိပ်မလို
တော့ဘူးပဲ ဆိုပြီး ပျော်တောင်ပျော်နေကြသေးတယ်။
အဲဒီခေတ်ကြီးက ဘယ်တော့ဘယ်အချိန် တကယ်ရောက်မရောက် မ
သေချာပေမယ့် မိန်းမနှစ်ယောက် တကယ်ကြီး ရင်ထုပြီး လင်လုတယ်ကြ
တာကိုတော့ မျက်စိနဲ့တပ်အပ် မြင်ခဲ့ဖူးတယ်ဗျာ။ ရင်နာနာနဲ့ပေါ့။ အချစ်ဆုံး

ယ် င်း က် ကြေ န်း န် က် ဖြ စ် န်


သူငယ်ချင်းတွေကနေ တသက်မကြေတဲ့ အမုန်းဆုံးရန်ဖက်တွေဖြစ်ကုန်
တာ။ နှစ်ယောက်စလုံးနဲ့ ရည်စားဖြစ်နေတာကို နှစ်ယောက်စလုံးသိသွားတဲ့
နေ့ကဆို ကျနော့်အိမ်ထဲတင် နပန်းလုံးကြတာ။ ဆံပင်တွေဆောင့်ဆွဲ၊
မျက်ခွက်ကို လက်သည်းနဲ့ကုပ်။ အဲဒီကောင်ဟာ ဘေးကခုံမှာ မထုံတတ်
တေးမျက်နှာပေးနဲ့ ထိုင်နေရင်း “ချစ်ရေ လွန်မယ်နော်၊ အသဲရေ တော်ပါ
တော့၊ ကျနော့်ကိုချစ်ရင် တော်ကြပါတော့ဗျာ” ဆိုပြီး တတွတ်တွတ်ရွတ်နေ
တာဗျာ။ ကျနော့်မှာ ကိုယ့်အိမ်ထဲလာပြီး ကိုယ်ကြွေတဲ့ အစ်မကြီးက ဒီပြင်
တကောင်အတွက် အချစ်အတွက် အသက်ပင်သေသေဆိုပြီး ရန်ဖြစ်ဆဲဆို
နပန်းသတ်နေတာကိုကြည့်ရင်း ဘေးအိမ်တွေကကြားလို့ ပြဿနာ
အကြီးအကျယ်တက်မှာကြောက်တာကတဖက်။ မနာလိုစိတ်က တဖက်။ အ
မေတို့ သာ ဒီလိုဒီအကြောင်း ဒီကောင်မတွေက ငါ့အိမ်မှာ ရန်လာဖြစ်ကြ
တယ်ဆိုတာသိရင် ကျနော့်ကို သတ်ဦးမှာဆိုတဲ့ အသိကတဖက်။ ကျဉ်းထဲ
ကျပ်ထဲဆိုတာများ ဒီအဖြစ်အပျက်နဲ့ကိုက်ညီတာရှိကိုမရှိဘူး။
အဲဒီလောက်အထိတောင် ဖြစ်ရအောင် အချိန်ကာလတော်တော်ကြာထဲက
ဖြစ်လာတဲ့ အချစ်ဇာတ်ရှုပ်တွေလို့ မထင်လိုက်နဲ့ဦးဗျ။ အဲဒီရန်ပွဲဟာ စိုင်း
မင်းစံကို ကျနော်နေတဲ့ဝင်း ကျနော်နေတဲ့တိုက်ကို ပထမဆုံးအကြိမ်
အလည်ခေါ်လာပြီးတဲ့နောက် တလခွဲနှစ်လနီးနီးအကြာမှာ ဖြစ်တဲ့ ဘဲလုပွဲပဲ။
တကယ်တော့ ဒီလိုတွေမဖြစ်အောင် ပထမတကြိမ် နှစ်ကြိမ် သုံးကြိမ် ကျ
နော့်ဆီကို ဒီကောင်အလည်လိုက်လာကတည်းက ဖြစ်မှာတွေရိပ်မိလို့
တားဆီးဖို့ ကြိုးစားပါသေးတယ်။ အဓိကကတော့ မညိုလွင်က ဒီကောင့်ကို
ကြွေနေတာကြီးကို ဘယ်လိုမှ သဘောထားမကြီးနိုင်ဘူးဗျာ။ မစံပယ်နဲ့ဆို
သူ့ဟာသူ ဘာဖြစ်ဖြစ်ပါ။ အဲ့လိုရိပ်မိလို့ သုံးလေးကြိမ်ပြီးတဲ့နောက် ဒီကော
င့်ကို အိမ်လိုက်ခဲ့ဖို့ စကားကိုမစတော့ဘူး။ မအေဘေးက မရဘူးဗျာ။ သူ့
ဟာသူ လာလာလည်တယ်။ ညနေကျောင်းဆင်းပြီး တနာရီနှစ်နာရီဆို ဒီ
ကောင်ရောက်လာပြီ။ ကျောင်းပိတ်ရင်တွေဆိုရင်လည်း တနေ့လုံး ကျနော်
တို့ တိုက်မှာ။ တခါတလေဆို ကျနော်က အမေ့ဆိုင်မှာ ကူထိုင်ပေးနေရတာ။
ဒီကောင်က အေးဆေးဗျာ ကျနော့်တောင်မလိုတော့ဘူး။ မစံပယ်အိမ်သွား
လည်တယ်။ အဲ့မှာကော်ဖီသောက် တီဗွီကြည့်နဲ့ နှပ်နေတာပဲ။ မညိုလွင်က
လည်း ဒီကောင်ရောက်နေပြီလားဆိုတာနဲ့မစံပယ်အိမ်ရောက်နေပြီ။ အံမယ်
မချော နှစ်ယောက် ကိုယ်တယောက်။ အစကတော့ အူမြူးနေကြတာ။
နောက်တော့ သတ်ကုန်ရော။ ကောင်မတွေ နားအေးတာပဲ။
အဲဒီရန်ပွဲပြီးတဲ့နောက် ဒီကောင်လဲ ကျနော်တို့ ဝင်းထဲ မလာတော့ပါဘူး။ ကျ
နော်တောင် အံ့ဩနေမိတယ်။ ဒီကောင်က သူ့ကြွေတဲ့မိန်းမမှန်သမျှ ချစ်
တယ်ကြိုက်တယ်လို့ မရှိဘူးဗျ။ သူ့ကို လာကြွေရင်၊ သူကလည်း ပြန်ကြွေ
လိုက်တယ်။ နောက် မကြွေတော့ဘူးလား အေးဆေး။ အသည်းကွဲတယ်လို့
ည်း ရှိ နော် ဒီ င့် ကို ပို င် န်း မိ ယ်
လို နော ကြွေ ဘူး ည်း ကွဲ လို့
လည်းမရှိဘူး။ အဲ့ကျတော့ ကျနော်က ဒီကောင့်ကို ပိုတောင်မုန်းမိတယ်။ မ
ညိုလွင်တို့ မစံပယ်တို့ ကို သက်သက်အသည်းခွဲ၊ ကစားတာဗျ။ တကယ့်
ကောင်ပဲ။ ခြေဦးကိုမလှည့်တော့ဘူး။ ဟိုနှစ်ယောက်ကတော့ မြွေပါလည်း
ဆုံး သားလည်းဆုံးပဲ။
အချစ်ဆုံးသူငယ်ချင်းတွေကနေ အမြဲတမ်း တစောင်စောင်ဖြစ်နေတဲ့
တစောင်းစေးနဲ့မျက်ချေးတွေ ဖြစ်ကုန်၊ ဘယ်သူ့ဘယ်သူမှလည်း စိုင်းမင်းစံ
နဲ့ နှစ်ပါးသွားဇာတ်ကလေးကခွင့်မရ။ ကျနော့်ကို နှစ်ယောက်စလုံးက စာ
တွေကိုယ်စီကိုယ်စီရေး၊ စိုင်းမင်းစံကို ပေးပေးပါဆိုပြီး ညှော်ကြ အပူကပ်
ကြသေးလို့ ကျနော်လဲ ယူသွားပေးပါသေးတယ်။ ဒင်းက သောက်ဖက်
တောင်မလုပ်၊ ဖတ်တောင်မကြည့်ဘူး။ ဟီး ဟီး ဆိုပြီး ကျောင်းအမှိုက်ပုံးထဲ
ထည့်ပစ်လိုက်တယ်။ ကျနော်တော့ ဒီကောင့်ကို နားကိုမလည်နိုင်တာပါဗျာ။
မစံပယ်ကတော့ သိပ်အလှကြီးမဟုတ်တော့ထားပါ။ ကျနော်လက်ခံလို့ ရ
သေးတယ်။ မညိုလွင်ကျတော့ လူကလည်းလှ၊ ကိုယ်လုံး ကိုယ်ပေါက်က
လည်း လှ ဒီလိုမိန်းကလေးမျိုးကို ငြင်းလိုက်ဖို့ ဆိုတာ တော်ရုံတန်ရုံ
အသည်းမာရုံနဲ့တော့ ရမယ်မထင်ဘူး။ ဘယ်လောက်ချောချော ကြိုက်
ကြည့်ချစ်ကြည့်လို့ မရတာမျိုးတွေ ကျနော်လဲ ကြုံဖူးပါတယ်။ ဒါဆိုလည်း
အစောကတည်းက ဇာတ်လမ်းသွားမလုပ်နဲ့လေဗျာ။ ဟုတ်တယ်မဟုတ်
လား။
အဲ့ကနောက် ဒီကောင့်ကိုလည်း ကျနော်သိပ်မပေါင်းချင်တော့ဘူး။ ကျနော်
က မိန်းမတွေကို အဲ့လိုကစားတာမျိုးလည်း သိပ်မကြိုက်ဘူး။ ချစ်ရင် ချစ်၊
မုန်းရင် မုန်းပေါ့ဗျာ။ ချစ်သလိုလို မုန်းသလိုလို အီစီကလီလီ လုပ်တာမျိုး
ကျ ကျနော်က သိပ်ရွံတာ။ အရင်ကလောက် ဖက်လဲတကင်း နှစ်ပြီးပေါင်း
တာမျိုး မလုပ်ချင်တော့ပေမယ့် ဒီကောင်နဲ့အတူ လက်ဖက်ရည်ဆိုင်ထိုင်ဖြစ်
တုန်း၊ ကျောင်းမှာတော့ တွဲဘက်ဖြစ်နေတုန်းပဲ။ ဒီကောင်က သူဌေးသားဆို
တော့လည်း တချို့ကိစ္စတွေမှာ ငြင်းဆန်ရ ခက်တယ်ဗျ။ သိတယ်မဟုတ်
လား။ ဒီကောင်ကတော့ ကျနော့်ကိုတော့ တကယ်ခင်ပုံမျိုးပါ။ ဒါပေမယ့် ဒီ
ကောင်နဲ့ကျနော်ဟာ ရေစက်အကြာကြီးမပါပါဘူး။ အဲ့တာလည်း တနည်း
ကောင်းပါတယ်။
စိုင်းမင်းစံကို ဒုတိယအကြိမ် ကျနော်အကြီးအကျယ်မုန်းသွားတဲ့အကြောင်း
ပြောဦးမယ်။ ဒီကိစ္စမှာတော့ သူလွန်တယ်လို့ တော့ ပြောမရဘူးဗျာ။
တကယ်တော့ အဲဒါကျနော့်အမှားပါ။ အဲ့တုန်းက ကျနော်တို့ သူငယ်ချင်းတွေ
ထဲ ကျောင်းစိမ်း ပုဆိုးဆိုအဝတ်ချင်ဆုံးက ပန်ဒါဝက်ဝံပုဆိုးဆိုတာမျိုးပဲ။
ဖိနပ်ထဲ အစီးချင်ဆုံးက စကောဗျ။ အရင်တုန်း ကတော့ ဒီကောင်က ရိုးရိုး
သားရေဖိနပ်ပဲစီးတာပါ။ တရက်တော့ စကောဖိနပ်ကြီးတရံ စီးလာရော။ ဒီ

င် နော် င် ယ် တ် ယ် စီး နို င် င် မျိုး ဆို


ကောင်ကတော့ ကျနော်ထင်တယ် မဟုတ်လဲ ဝယ်စီးနိုင်တဲ့ကောင်မျိုးဆို
တော့ ထူးထူးထွေထွေ ဂုဏ်လုပ်နေမယ့်ကောင်စားမျိုးလည်း မဟုတ်ပါဘူး။
ဒါပေမယ့် ကျနော်တို့ လို ဟိုလူဝတ် ဒီလူဝတ် နာမည်ကြီးတံဆိပ်ဆို ဝတ်က
လည်း ဝတ်ချင်၊ မွဲကလည်း ငမွဲဆိုတဲ့ကောင်မျိုးကျတော့ ဒီကောင့်ဖိနပ်ကြီး
ကို ကြည့်ပြီး သွားရည်ကျတာပေါ့ဗျာ။
ဖိနပ်ကြည့်ပြီး သွားရည်ကျတယ်ဆိုတော့ ခွေးလိုကောင်တောင် ဖြစ်နေမ
လားမသိတော့ပါဘူး။ ဒါပေမယ့် တကယ်ပါဗျာ။ အဲဒီကာလတွေမှာ စကော
ဖိနပ်လေးသာ စီးခွင့်ရမယ်ဆိုရင်ဆိုပြီး သူများစီးတာမြင်တိုင်း တောင့်တ ရ
တာအမောပဲ။ အိပ်မက်တွေထဲတောင် စကောဖိနပ်စီးရတယ်လို့ ခဏခဏ
မက်မိတယ်။ ဒါပေမယ့် အိပ်မက်ထဲမှာ စကောဖိနပ်စီးရပုံကြီးကတော့ မစွံ
ပါဘူး။ ဖိနပ်ကို ဖိနပ်လို ခြေထောက်မှာ စီးရတာမဟုတ်ဘဲ အာလာဒင်
ကော်ဇောပျံစီးသလိုမျိုး စကောဖိနပ်ကြီးပေါ်မှာ ထိုင်စီးနေရတယ်လို့ ချည့်
မက်တာ။ တော်တော်ကြောင်တဲ့ အိပ်မက်ဗျာ။ ထားပါတော့။ ဒီကောင် အဲ့
ဖိနပ်ကြီးစီးလာတော့ ကျနော်ကလဲ မနေနိုင်ဘူးဗျ။ ဆန္ဒကို သိက္ခာနဲ့ထိန်းပါ
ဆိုတာမျိုး အောင့်အီးပြီး နေသေးတယ်။ မနေနိုင်ပါဘူး။ တချိန်လုံး ဒီကော
င့်မြင်တိုင်း ဖိနပ်ချည့် လှမ်းလှမ်းကြည့်မိပြီး တံထွေးမျိုချနေရတယ်။ အဲ
ဒါနဲ့ထုတ်ကို ပြောရတော့တာပေါ့။
“ဟစ်ရောင် မင်း စကောဖိနပ်ကြီးမိုက်တယ်ကွာ”
မိုက်တယ်ပြောကာမှ “အမ် ...” ဘာကိုပြောတာလဲကွဆိုတဲ့ပုံမျိုး အူတူတူတ
ချက်လုပ်လိုက်သေးတယ်။ ပြီးမှ “ဪ ဖိနပ်ကိုပြောတာလား” ဆိုတဲ့ဟန်နဲ့
ပြန်ဖြေတယ်။
“အေးကွ မဝယ်ပေးနဲ့ဆိုတာကို ဦးလေးက သူ ထိုင်းကိုသွားတုန်း ဝယ်လာ
တာတဲ့ကွာ”
“အေးကွ အရောင်ကိုက ခရမ်းရောင်ဆိုတော့ ဒီမှာ သိပ်မဝတ်ကြတဲ့အရောင်
မျိုးပဲ။ ဒါနဲ့ဘယ်လောက်ပေးရလဲ ဟစ်ရောင်”
“သေချာတော့ မသိဘူးကွ သူက ထိုင်းဘတ်ငွေနဲ့ဝယ်တာကိုး။ မြန်မာငွေနဲ့ဆို
ရင်တော့ တသောင်း၊ တသောင်းခွဲတော့ ရှိမလားပဲ မသိပါဘူးကွာ”
“ဟာ တသောင်းဆိုတာ နည်းတာမဟုတ်ဘူးကွ”
ရှစ်တန်းနှစ်မှာ ကျနော့် ကျောင်းမုန့်ဖိုးက တနေ့တရာပါ။ အတန်းထဲမှာ ကျ
နော့်ထက်တောင် အိမ်ကဆင်းရဲတဲ့ကောင်တွေဆို ငါးဆယ်လောက်ပဲ ရတဲ့
ကောင်တွေရှိသေးတယ်။ ကျနော့်ချစ်သူငယ်ချင်း ပုတုတို့ မင်းဆန်းတို့ ဆို
ရင် မုန့်ဖိုးဆိုတာ ဘာမှန်းကို မသိတဲ့ကောင်တွေ။ ကျနော်ရတဲ့ တနေ့တရာကို
ယ် င် င် က် ပြီး ယ် ယ့် ဖိ ပ် မ်း
ဘာမှဝယ်မစားဘဲ စုရင်တောင် ရက်တရာစုပြီး ဝယ်ရမယ့်ဖိနပ်ဗျ။ အရမ်း
စီးချင်တာလဲ မပြောနဲ့။ နောက်ပိုင်း သုံးလေးထောင်တန် အတုတွေ ထွက်
တာတောင် ဝယ်မစီးနိုင်ဘူး။ အဲ့တုန်းက ကြိုးသိုင်းဆိုရင် Walker ညှပ်ဖိနပ်
ဆို Scholl တခေတ်ပဲ။ အဲ့အချိန်ကျနော်တို့ ဘာစီးနေရတယ် ထင်လဲ။ BM
20 တို့ စင်ကြယ် ဖိနပ်တို့ ဗျ။ ရှစ်တန်းနှစ်ရောက်မှ အမေ့ကို မာမာထန်ထန်
ပူဆာမှ ရိုးရိုးဆင်ခြောက်ကောင်သားရေဖိနပ်လေး ဝယ်ပေးတာ။
တရက်ကနေ နှစ်ရက်၊ နှစ်ရက်ကနေ သုံးရက်၊ နေ့တိုင်း နေ့တိုင်း စိုင်းမင်းစံ
က စကောဖိနပ်ကြီး စီးစီး လာတာမြင်ရတော့ ကျနော်လဲ တနေ့တခြား စွဲ
လန်းလာတယ်။ နည်းနည်းလေးလောက်ဖြစ်ဖြစ် စွပ်လိုက်ချင်စိတ်
ပေါက်ပေါက်လာတယ်။ စာသင်ချိန်တောင် အာရုံက ကပ်ငြိနေတုန်းပဲ။ ခုံ
အောက်ပဲ လှမ်းလှမ်းကြည့်နေမိတယ်။ ဒီကောင်နဲ့ကျနော်က တခုံတည်းကပ်
ထိုင်တာဆိုတော့ တခါတလေ ဒီကောင် ရှေ့ကဆရာမစာသင်တာကို ငေးနေ
တဲ့ အချိန် ဒီကောင်မသိအောင် ခြေထောက်ချည့်သက်သက်သွားပြီး ဖိနပ်ထဲ
စွပ်ကြည့်နေမိတယ်။ ကြာတော့ ဒီကောင်လဲ ငပေါမှမဟုတ်တာဗျာ။ သိလာ
တာပေါ့။ အဲဒီဖိနပ်ကြီး စစီးလာတဲ့နေ့ကတွက်ရင် တပတ်လောက်ပဲ ရှိဦး
မယ်။ တရက် မနက်ခင်းကျတော့ ဒီကောင်ကပြောတယ်။
“သန့်ဇင် ဟေ့ရောင် ကျောင်းမှာရှိတဲ့အချိန်တွေ မင်း ငါ့ဖိနပ်ယူစီးချင်စီးနော်
ညနေကျောင်းဆင်းမှ ပြန်လဲပေါ့ကွာ”
ကျနော် တော်တော်ဝမ်းသာသွားတယ်။ ဝမ်းသာလွန်းလို့ ဒီကောင့်မျက်နှာကို
ကြည့်လိုက်မိတော့ ထူးထူးခြားခြား အင်း ဒီကောင်က ရုပ်တော့ဖြောင့်တဲ့
ကောင်ပဲလို့ တောင် စိတ်ကထင်မိသွားသေးတယ်။ ဖိနပ်ပေးစီးတဲ့ မျက်နှာဆို
တော့လည်း အလိုလိုလှသွားတယ်ထင်တာပဲ။ ဒါပေမယ့် သိတယ်မဟုတ်
လား။ အဲ့လောက်ကြီးတော့ ရုပ်မပေါက်စေနဲ့ပေါ့ဗျာ။ ဒီကောင်ပြောတာကိုပဲ
သိပ်အလေးမထားဟန်နဲ့ “အေး အေး” လို့ ပဲ ပြောလိုက်တယ်။ ပါးစပ်ကသာ
အမှုမထားလေဟန်ပြောတာပါ။ သူပြောပြီး ဘာမှမကြာဘူး ဖိနပ်က ကျနော့်
ခြေထောက်အောက် ရောက်နေပြီ။ နူးညံ့လိုက်တာဗျာ။ ခြေလှမ်းလှမ်းလိုက်
တိုင်း ဖိနပ်ထဲကို ခြေဖဝါးက ဇွိခနဲ ဇွိခနဲ နစ်ဝင်သွားလိုက် ပြီးတော့
အသာအယာလေး အပေါ်ကို ပြန်ကြွတက်လာလိုက်ပဲ။ ပထမနေ့ကတော့
ကျနော်ဖြင့် မြောက်ကြွမြောက်ကြွကို ဖြစ်နေတာပဲ။ တကျောင်းလုံးကို
လည်း ပတ်တာ ပတ်တာဆိုတာ ဘယ်နှစ်ပတ်မှန်းတောင် မရေနိုင်ဘူး။
ပျော်ရွှင်မှုတွေဟာ ဘယ်တော့မှ ကြာကြာမခံပါဘူးဗျာ။ ခဏကလေးနဲ့
အိတ်စပဲယာဒိတ်ဖြစ်ဖြစ်သွားတယ်။ စိုင်းမင်းစံရဲ့ ဖိနပ်ယူစီးတာ စတုတ္ထ နေ့၊
သောကြာနေ့တရက်မှာ ဘယ်တုန်းကမှ အနားသီခွင့်မရတဲ့ အခန်းတခန်းကို
သွားရဖို့ ကြုံလာတယ်။ အဲဒီအခန်းကို ခုနစ်တန်းနှစ်တုန်းကတခါ ဝင်ဖူးခဲ့
ယ် စ် န်း စ် င် င်း ကို
သေးတယ်ဗျ။ ခုနစ်တန်းနှစ်မှာ ဝင်ခဲ့ဖူးတဲ့ ကျောင်းသားတွေကို
လက်ရွေးစင်ခေါ်တာမို့ လည်း ကျနော်ဝင်ရတာပေါ့။ ရှစ်တန်းတတန်းလုံးရဲ့
အေ ဘီ စီ ဒီ အီး အထိ အခန်းအကုန်လုံးကနေ တခန်းကို ဆယ်ယောက်စီ၊
စုစုပေါင်း အယောက်ငါးဆယ် ရွေးထုတ်တော့ ဘီတန်း ဆယ်ယောက်အထဲ
မှာ ကျနော်က ပါရော။ စိုင်းမင်းစံကတော့ ဒီနှစ်မှ ကျောင်းသားသစ်ဆိုတော့
မခေါ်ဘူး။ ကျနော်လဲ စိုင်းမင်းစံရဲ့ စကောဖိနပ်လေး ကောက်လျှိုတဲ့ပြီး ငေါ့
တော့ငေါ့တော့နဲ့သွားတာပေါ့။
မာတီမီဒီယာကလပ်စ်ရွမ်း ဆိုတာကြီးပေါ့ဗျာ။ ခုနစ်တန်းနှစ် အဲဒီအခန်းထဲ
က ဝင်တုန်းက သင်ပုံလေးကိုတောင် မှတ်မိနေသေးတယ်။ အဲ့တုန်းက ကျ
နော်တို့ ကို ဝင် ဝင်ဆိုပြီး အတင်းမောင်းသွင်းလို့ သာ ဝင်သွားရတာ ဘာ
ကြောင့်မှန်းလဲ သိတာမဟုတ်ဘူး။ အထဲရောက်တော့ တီဗွီတွေ အောက်စက်
တွေ မြင်တော့ ဗီဒီယိုပြမယ်ထင်ပြီး ပျော်တောင် ပျော်နေခဲ့သေးတယ်။
နောက်မှ အဲဒါကို ကွန်ပျူတာခေါ်မှန်း သိတာကိုး။ ဆရာမ တယောက်က
ဘာကဘာဆိုတာကို ကွန်ပျူတာကြီး လက်ညှိုးနဲ့ ထောက်ထောက်ပြီး ရှင်း
ပြတယ်လေ။
“ကဲ ကဲ အကုန်လုံးလိုက်ဆို ဒါကို မော်နီတာလို့ ခေါ်တယ်။ ကဲ ဒါဘာလဲ”
“မော်နီတာပါ ဆရာမ”
“အေး တော်တယ် မှတ်ထားနော်၊ ဒါကိုတော့ စစ်စတမ်ပုံးလို့ ခေါ်တယ် ဘာ
ခေါ်လဲ”
“စစ်စတမ်ပုံးပါ ဆရာမ”
“အေး ဟုတ်ပြီး ဒါလေးကို ကီးဘုတ်၊ ဟောဒါက မောက်စ် ဒါကတော့ ယူပီ
အက်စ် ဟုတ်ပြီနော်။ ဒါတွေ အကုန်လုံးကို ပေါင်းပြီးတော့မှ ကွန်ပျူတာလို့
ခေါ်တယ် ဘာခေါ်လဲ”
“ကွန်ပျူတာပါ ဆရာမ”
“အေး ဒီနေ့တော့ ဒီလောက်ပဲ”
အဲဒါကျနော်တို့ ရဲ့ ပထမဆုံးအကြိမ် မာတီမီဒီယာကလပ်စ်ရွမ်း
အတွေ့အကြုံပါ။ ဒီတခါ ဒုတိယအကြိမ် ဆိုတော့ ပိုပြီးရင်ခုန်ရပြီ။
ကွန်ပျူတာကို ကျနော်တို့ ကို ပေးကိုင်မယ့်အဆင့်ရောက်ပြီပေါ့။ အခန်းထဲ
ပျော်ပျော်ကြီး သွားကြတာပေါ့ဗျာ။ ကိုင်ရရင်တောင် အရင်ဆုံးကိုင်ရတဲ့သူ
ဖြစ်အောင် ရှေ့ဆုံးကို အတင်းတိုးဝှေ့သွားပြီး ထိုင်တာ။ ဒါပေမယ့်လည်း
ကွန်ပျူတာနဲ့ ရေစက်မဆုံပါဘူးဗျာ။ ဘာဖြစ်တယ်မသိဘူး။ ကွန်ပျူတာက
ဝင်းဒိုးတက်မလာဘူး။ သင်မယ့် ဆရာမတွေလည်း မီးခွေက ကြိုးတွေလွတ်
လို့ ပီ က် စ် ကြော င့် ဖြ င့် တို့ င်း တိုး တိုး ကြိ တ်
ဒိုး ဘူး ယ့် ရာ တွေ ည်း ခွေ ကြိုး တွေ လွ
လို့ များလား။ ယူပီအက်စ်ကြောင့်လား စသဖြင့် သူတို့ ချင်း တိုးတိုးကြိတ်
ကြိတ်နဲ့ ချွေးပြန်နေကြတယ်။ ဆယ့်ငါးမိနစ် မိနစ်နှစ်ဆယ်လောက်အထိ
ကွန်ပျူတာက ဘာစကားမှ မဆို၊ ဘာလှုပ်ရှားမှုမပြ စခရင်မ်အမဲကြီးပဲ ဖြစ်
နေတော့ ဆရာမတွေကလည်း ကဲ ကဲ ပြန်ကြ တနင်္လာနေ့ကျမှ ပြန်ခေါ်မယ်
တဲ့။ ကျနော်တို့ လည်း ကိုယ့်အခန်းကိုယ်ပြန်ရဖို့ ဖြစ်သွားရော။ ကျနော်ဆို
ရင် မချိတင်ကဲကြီးကို ဖြစ်လို့ ။ ကိုင်ရခါနီးလေးကျမှ သောက်ကွန်ပျူတာက
ဘာဖြစ်ရသလဲကွာဆိုပြီး တောက်တခေါက်ခေါက်နဲ့ပဲ ။ ပြန်ဆိုတော့လည်း
ပြန်ရုံပေါ့ ဘယ်တတ်နိုင်မလဲ။ နောက်နေ့တွေ ရှိသေးပါတယ်ဆိုပြီး
ကွန်ပျူတာကြီး လည်ပြန် ငေးရင်း တပ်ဆုတ်လာခဲ့ရတော့တယ်။
အခန်းအပြင်လဲရောက်ရော ကျနော့်စကောဖိနပ် မတွေ့တော့ဘူး။ ခေါင်း
မီးတောက်သွားတယ်။ သွားပြီ လို့ ပါးစပ်က အလိုလိုရွတ်မိတယ်။ ကျနော့်
နောက်မှာလည်း ကျောင်းသားက တယောက်စနှစ်ယောက်စပဲ ရှိတော့တယ်။
ဖင်ရှည်ပြီး ရှေ့ဆုံးသွားထိုင်မိတော့ အထွက်မှာ နောက်ဆုံးဖြစ်နေတော့တာ
ပေါ့။ ကျနော့်နောက်က နှစ်ကောင်လဲ သူတို့ ဖိနပ်လေးတွေ သူတို့ စွပ်ပြီးထွက်
သွားကြတယ်။ အခန်းအရှေ့မှာ ဖိနပ်တရံမှကို မရှိတော့။ တကောင်ကောင်
တော့ ကျနော့်ဖိနပ်ခိုးသွားပြီဗျ။ လဲဝတ်သွားတာဆိုရင်တောင် သူ့ဖိနပ်တော့
ကျန်ခဲ့ရဦးမှာလေ။ ခုတော့ ဘာဖိနပ်အစအနမှမတွေ့တော့။ ကျနော့် ရင်ထဲ
မှာ ငိုနေပြီဗျာ။ လူကလည်း အရူးမီးဝိုင်းသလိုပဲ ပျာယာခတ်နေပြီ။
လောဘကြီးတဲ့ ရွဲကုန်သည်လို “ပေး ပေး ပေး မပေး ပေး ပေး ငါ့ စကော
ဖိနပ်ပေး” ရူးမတတ် ဖြစ်နေပြီ။ ဇောချွေးတွေကလည်းပြန်လို့ တယောက်
တည်း အရှေ့ပြေးရမလို အနောက်ပြေးရမလို ယောက်ယက်တွေခတ်လာ
တယ်။ အခန်းထဲက ဆရာမနှစ်ယောက်ကို တိုင်ပြောမယ်လို့ အခန်းထဲ ပြန်
ဝင်မယ်လုပ်တော့ ဆရာမနှစ်ယောက်ကလဲ သူတို့ ကွန်ပျူတာအစုတ်နဲ့
ဒေါသထွက်နေကြပုံပါ။ ဝင်တောင် မဝင်ရသေးဘူး။
“ဟိုကောင်လေး ပြန်တော့ဆိုတာကို ဘာလာလုပ်ပြန်သလဲ”
“ဆရာမ သား သား ဖိနပ်”
“သွားစမ်း သွား သွား စက်ပျက်လို့ စိတ်ရှုပ်နေပါတယ်ဆိုမှ”
ဆရာမတွေကလည်း အကြင်နာမဲ့တယ်ဗျာ။ အကျိုးအကြောင်းလေးတောင်
အပြောမခံဘူး။ ခွေးမောင်းသလို မောင်းလွှတ်တယ်ဗျ။ ကျနော်လည်း
အခန်းရှေ့ ငါးမိနစ် ဆယ်မိနစ် မတ်တပ်ရပ်လို့ ဖိနပ်ချွတ်ထားခဲ့တဲ့နေရာ
လေးကို ငေးစိုက်ကြည့်ရင်း ငိုချင်လာမိတယ်။ သူများဖိနပ်စီးလာမှ အခိုးခံ
ရတယ်လို့ ။ အင်္ဂလိပ်စာဆရာမ သင်ထားတာမှ မကြာသေးတဲ့ The

ဆို ဒ် ကို က် င်း တိ မိ ယ် ပြီ ငါ


Necklace ဆိုတဲ့ အပုဒ်ကို ချက်ချင်းသတိရလာမိတယ်။ သွားပြီ။ ငါတော့
ခွေးဖြစ်ပြီလို့ ကိုယ့်နဖူးကိုယ်ရိုက်၊ ကိုယ့်နဘန်ကိုယ်ပြန်ကျင်းနေမိတယ်။
စိုင်းမင်းစံကိုလည်း မပြောရဲသေးဘူး။ ကိုယ့်အခန်းကိုယ်မပြန်သေးဘဲ ရှစ်
တန်းအခန်းတွေ အကုန်လုံးတခန်းဝင်တခန်းထွက်လိုက်ကြည့်၊ ခုံတွေကြား
ထဲကနေ ကြမ်းပြင်တွေကို ကုန်းကြည့်ကွကြည့် တနာရီနီးပါးကြာအောင်
လိုက်ရှာနေမိတယ်။ ခက်တာက ကျနော်နဲ့အတူ အဲ့အခန်းထဲဝင်ကြတဲ့
ကောင် တော်တော်များများကိုလည်း ကျနော် မမှတ်မိဘူး။ ကိုယ့် ဘီခန်းထဲ
ကကောင်တွေတောင် ကိုယ်အကုန်မသိတာလေ။ ကျန်တဲ့ အေတန်း စီတန်း
ဒီတန်း အီးခန်းက ကောင်တွေ ဘယ်လိုလုပ်သိတော့မှာလဲ။ မှတ်မိတော့လဲ
ဗျာ ခိုးတဲ့ကောင်က အဲ့လောက် ဘယ်အမလဲ။ ချက်ချင်းကြီး ဘယ်ချစီးမ
လဲ တနေရာရာမှာ ဖွက်ထားမှာပေါ့။
ဘယ်လိုမှရှာမရတဲ့နောက်ဆုံး ခေါင်းငိုက်စိုက်ချ ငိုမဲ့မဲ့နဲ့ပဲ ကိုယ့်အခန်းကိုယ်
ပြန်လာ စိုင်းမင်းစံကို ရှင်းပြ တောင်းပန်ရတော့တယ်။
“သူငယ်ချင်းရာ ဖိနပ်ဘယ်ကောင်ခိုးသွားတယ် မသိဘူးကွာ၊ အခန်းအပြင်
ထွက်တော့ မတွေ့တော့ဘူး”
ခြေဗလာဖြစ်နေတဲ့ ကျနော့်ခြေထောက်ကို ကုန်းကြည့်ရင်း စိုင်းမင်းစံက တ
ချက်ဆဲလိုက်တယ်။
“ဟာ လီးကွာ”
ဒီကောင်လဲ တော်တော့်ကို စိတ်ပျက်ဒေါသထွက်သွားတဲ့ပုံရတယ်။ ဒါပေ
မယ့်လည်း ကျနော့်ရဲ့ ပြတ်ကျလုမတတ် မဲ့ရွဲ့၊ ငိုတော့မယ့်ပမာ စဉ်နေတဲ့
မျက်နှာကိုကြည့်ပြီး ဘယ်လိုခံစားသွားရတယ် မပြောနိုင်ဘူး။ အသက်ပြင်း
ပြင်းရှူလို့ နှာခေါင်းကနေ တရှူးရှူးမြည်ရင်း၊ တောက်တခေါက်ခေါက်လုပ်
ရင်း ခဏနဲ့ပဲ ငြိမ်ကျသွားတယ်။ ကျနော့်ကိုလဲ ဘာမှ ပြန်မပြောတော့ဘူး။
ကျနော့်အတွက်တော့ အဲဒါက ပိုခံစားရခက်တယ်ဗျ။ ဒီကောင့်အနေနဲ့ ကျ
နော့်ကို ပြစ်တင်ကြိမ်းမောင်းလိုက်စေချင်တာ။ ဒီကောင်က မလုပ်ဘူးဗျာ။
“မင်းဖိနပ် ငါပြန်လျော်ပေးပါ့မယ် သူငယ်ချင်းရာ”
အဲ့လိုပြောပြီး ကျနော်လည်း သူနံဘေးဝင်ထိုင်လိုက်မိတယ်။ ကျနော့်
လွယ်အိတ်ထဲမှာ အမြဲရှိတဲ့ ဂျင်းဘောင်းဘီ ဘေထုပ်ကောင်းကောင်းဝယ်
ဝတ်ဖို့ စုထားတဲ့ ပိုက်ဆံနှစ်ထောင့်ငါးရာကို ထုတ်လိုက်ပြီး ဒီကောင့်ကို
ပေးလိုက်တယ်။
“လောလောဆယ် ဒါ ယူထားကွာ ငါ့မှာလဲ ဒါပဲရှိတယ် နောက်တော့ ငါ ထပ်
ပေးပါ့မယ်”
နော့် ပို က် ကို ည့် နော့် ကို ည့် ကြ ည့် ယ်
ပါ့
ကျနော့် ပိုက်ဆံတွေကိုတလှည့် ကျနော့်ကိုတလှည့် ကြည့်နေသေးတယ်။
ကျနော်လဲ ကိုင်ထားရတာ ညောင်းလို့ သူ့ရှေ့ပဲ ချပေးလိုက်တယ်။ ဒီကောင်
လဲ ကျနော့်ကို ဘာစကားမှမပြောဘူး။ ပိုက်ဆံကို သူ့ပိုက်ဆံ အိတ်ထဲ ယူ
ထည့်လိုက်တယ်။
“ဒီနေ့တော့ ငါ့ဖိနပ်ပဲစီးပြီး မင်းပြန်ပေါ့ကွာ”
တကယ်က ကျနော့်ဖိနပ်က ဒီကောင်နဲ့ မတော်ပါဘူး။ ခဏတဖြုတ်လောက်
စီးထားလို့ ရတယ် ဆိုရုံလောက်ပဲ။
“မယူပါဘူးကွာ မင်းဖိနပ် ငါလဲ ကောင်းကောင်းမှ စီးမရဘဲ”
“စီးသွားစမ်းပါကွာ စီးမရရင်လဲ လွှင့်သာပစ်လိုက်ကွာ၊ ငါတော့ ခြေဗလာနဲ့ပဲ
ပြန်တော့မယ်။ ငါ့အပြစ်ပဲကွာ။ စကောဖိနပ် စီးချင်တဲ့သူ ဒီလောက်များတဲ့
တောထဲမှ ငါက ပစ်စလတ်ခတ်ချွတ်မိတာကိုး။ မအေပေးဖိနပ်သူခိုးကလဲ
ဘယ်အချိန်ထဲက ချောင်းနေတယ်မသိဘူးကွာ”
ကျောင်းဆင်းတော့ ဒီကောင် ကျနော့်ဖိနပ်စီးသွားပါတယ်။ ကျနော်ကတော့
တဘဝလုံး စကောဖိနပ်ကိုရော၊ မာတီမီဒီယာကလပ်စ်ရွမ်းဆိုတာကြီးကို
ရော မုန်းသွားတော့တာပဲ။ စိုင်းမင်းစံကို ဒုတိယအကြိမ်မုန်းမိတယ် ဆိုတာ
က ဒီလိုပါ။ ပျောက်ပျောက်ချင်းပဲ ကျနော် ဒီကောင့်ကို နှစ်ထောင့်ငါးရာ
ပေးလိုက်တယ်။ တနင်္လာနေ့ ကျောင်းတွေ ပြန်ဖွင့်တော့ ကျနော်လဲ သုံး
ရက်ပေါင်းခိုးထားတာလေးတွေ မုန့်တောင်ဝယ်မစားရက်ဘူး။ တထောင့်
ငါးရာ ထပ်ပေးတယ်။ နောက်ပြီး ဒီကောင့်ကို သူငယ်ချင်း မင်းဖိနပ် ငါ
ဘယ်လောက်လျော်ရမလဲဆိုပြီး မေးတာပေါ့။
“တသောင်းခွဲ” တဲ့။ ဘယ်လောက်လူပါးဝလဲ စဉ်းစားသာကြည့်တော့ဗျာ။
“ဟာ စိုင်းမင်းစံ လခွမ်း မင်းဟာက တသောင်းခွဲကြီးတော့ မလုပ်နဲ့လေကွာ၊
မင်းဝယ်တုန်းကတောင် တသောင်းခွဲပေးရလို့ လား”
“ဟေ့ရောင် အဲဒါထိုင်းကဝယ်လာတာကွ၊ ဒီမှာ မင်း ခရမ်းရောင်စကောစီးတဲ့
ကောင် မြင်ဖူးလို့ လား၊ အကုန်လုံးက အနီတွေချည့်ပဲ။ မင်းလျော်လို့ တောင်
ငါ ပြန်ဝယ်ဖို့ ခက်သေးတယ်”
“အဲဒါထားတော့ကွာ မင်းဟာက အသစ်ဈေးကြီးတောင်းတာပဲကွ၊ စီးပြီး
သား ဥစ္စာကြီးကို”
ဒီကောင့်ကို ကျနော် ပြူးတောင်ကြည့်မိတယ်။ ဘာလို့ အဲ့လောက်အလျော်
လိုချင်တယ် စဉ်းစားလို့ မရဘူးဗျာ။ ဒီကောင်က ကျနော်နဲ့ဆိုရင်
လက်ဖက်ရည်ဆိုင်ထိုင်တာ ဆေးလိပ်သောက်တာကအစ ဘယ်တုန်းကမှ
ပို က် ကိ က် တ် နော် င် ဒီ င် န်
ပိုက်ဆံကိစ္စ မတွက်ကတ်ဘူးဗျ။ ကျနော်ထင်တာက ဒီကောင် အလွန်ဆုံး
အလျော်တောင်း တသောင်းပဲ။ ဒါပေမယ့် ဒီကောင်က ကျနော့်ကို ခင်လဲခင်
တဲ့ကောင်ဆိုတော့ အဲ့လောက်တောင် တောင်းချင်မှတောင်းမယ်ပေါ့။
မဟုတ်ဘူးကိုယ့်လူရေ။ ကျနော် တော်တော်အံ့ဩသွားတယ်။ တကယ်
အတည်ပေါက်ကြီး တောင်းတာဗျာ။
ဒါပေမယ့်ဗျာ ကျနော် မပြောသာဘူး။ မှားတာကလည်း ကိုယ့်အမှားအပြင်
ဒီကောင်နဲ့ စကားများပြီး ရန်မဖြစ်ချင်ဘူး။ ရန်ဖြစ်ရင် ဒီကောင်က ကျနော့်
ကို ခါးကကိုင်ပြီး သွားကြားထိုးလို့ ရတယ်ဆိုတဲ့ ခန္ဓာကိုယ်မျိုးကြီး။ တ
ချက်ထိုးတာနဲ့ ကျနော် အရေးပေါ်ရောက်သွားမှာ။ နောက်ပြီး ကျနော့်ကို အဲ့
လိုမထိုးဖူးဘဲထားဦး ဆရာမသွားတိုင်ရင်လဲ သူများဖိနပ်ယူစီးမိတာ ရှက်
စရာကြီး။ အမေ့ကို သွားတိုင်ရင်တော့ ဗျင်းပါ အဗျင်းခံရဦးမှာ။ လျော်ရတ
ယ်ဗျို့။ ဒါပေမယ့် ကျနော်ကလဲ အချိန်ဆွဲပြီး လျော်တာ။ တလုံးတည်းမ
ပေးဘူး။ ငါးရာပေးလိုက် သုံးရာပေးလိုက်နဲ့ စာမေးပွဲကြီးမဖြေခင် နှစ်လ
လောက်အလိုကျမှ ကျေတော့တယ်။ အဲ့နောက်ပိုင်း ကျနော်ဖြင့် ဒီကောင့်
မျက်နှာ ကြည့်တောင်မကြည့်ချင်တော့ဘူး။ ဒီကောင်လဲ ကျနော်နဲ့စိမ်းသွား
တာပါပဲ။ ဒီပြင့်ခုံတောင် ပြောင်းထိုင်သွားတယ်။ ကျနော်လဲ ဒီကောင်ခုံ
ပြောင်းထိုင်တာ ဝမ်းသာတယ်။ အကောင်းဆုံးကတော့ နောက်နှစ်ကိုးတန်း
တက်တဲ့အခါ ဒီကောင်ကျောင်းပြောင်းသွားတာပဲ။ ဒီကောင်တွေက သူဌေး
တွေဆိုတော့ သူတို့ နဲ့လည်းနီးတဲ့ ကျောင်းကိုပြောင်းသွားတယ်နဲ့ တူတယ်။
ဘယ်ကိုပြောင်းလဲတော့ ကျနော်လဲ မသိပါဘူး။ ဒီကောင်နဲ့လည်း တခါမှမ
ဆုံတော့ဘူး။
ရှစ်တန်းနှစ်က ကျနော့်အတွက် တကယ့်ကိုလာဘ်မကောင်းတဲ့နှစ်ပါ။
စကောဖိနပ်ပြဿနာက နှစ်ဝက်လောက်မှာ ဖြစ်တာမို့ အဲ့ကတည်းက စိုင်း
မင်းစံနဲ့ကျနော်လဲ ခွာပြဲသွားတယ်။ ဒီတော့ တခါ ကျနော် တယောက်တည်း
အတန်းထဲ အဖော်မဲ့ပြန်ရော။ အဖော်မဲ့တာထက် ဒီကောင့်သောက်ခွက်ကြီး
မြင်မြင်နေရတာကိုက ပိုစိတ်ညစ်ဖို့ ကောင်းတယ်။ ပိုက်ဆံကလည်း အလီလီ
လျော်နေရသေးတယ်ဗျာ။ မယားငယ် လစာထောက်ပံ့ရတာ ကျနေတာပဲ။
နှစ်ကုန်ခါနီးလေ ကျနော်စိတ်ညစ်လာလေပဲ။ ကျောင်းတောင်မတက်ချင်
တော့ဘူး။ ပုတုတို့ နဲ့ လိုက်သွားရင်တောင် ကောင်းမှာကွာလို့ တွေးပြီး
စိတ်ပျက်နေမိတယ်။ ဝင်းထဲကသူငယ်ချင်းတွေနဲ့ ကစားချင်စိတ် လျှောက်
ပွေလီ သဝေထိုးချင်စိတ်ကလဲ နည်းလာတယ်။ အမေ့ဆိုင်ချည့် ကူထိုင်ပေး
နေလို့ အမေကတောင် မျက်ခုံးတွေချီလို့ ပင့်လို့ အံ့ဩနေသေးတယ်။ လူကြီး
တွေဟာ ကလေးတွေရဲ့ အဖော်ကွဲ စိတ်ဆင်းရဲရခြင်းကို နားမလည်ကြပါ
ဘူးဗျာ။ ဆိုင်ပိုထိုင်တာ ပိုက်ဆံပိုခိုးဖို့ ချည့်ထင်နေပြီး သူ့ပိုက်ဆံသေတ္တာ
လောက် လှပ်လှပ်ကြည့်နေတာပဲ။ အဲ့လောက်ကျ ကျနော်ကလည်း စိတ်က
ဆိုး ပို ခိုး ခိုး ခိုး ပါ ဖိ ပ် ဖိုး လျော်
လှ
လှ ကြ ည့် နေ ကျ ကျ နော် ည်း
ဆိုးတော့ ပိုခိုးရော။ ခိုးသာခိုးတာပါ။ ဖိနပ်ဖိုးလျော်နေရတာနဲ့
ကောင်းကောင်းလဲ မသုံးရပါဘူး။ တခြားသုံးစရာကလည်း သိပ်ရှိတာတော့
မဟုတ်ပါဘူး။ ဆိုင်ထိုင်ချိန်မဟုတ်လည်း ဆိုင်ရှေ့မှာပဲ ငုတ်တုတ်ထိုင်ပြီး
ဆိုင်ကိုကွမ်းလာဝယ်နေကျ ကိုသားကြီးနဲ့ ကိုမျိုးသန့်တို့ နဲ့ အချိန်ဖြုန်းတတ်
လာတယ်။ ဒါပေမယ့် ရှစ်တန်းနှစ်ကုန်အထိကတော့ ကိုသားကြီးနဲ့ ပိုတွဲဖြစ်
တာပါ။ ကိုသားကြီးက ကျနော်တို့ သူငယ်ချင်းမတယောက်ကို ကြိုက်နေတာ
လေ။
ကိုသားကြီးက ဆယ်တန်းနဲ့ကျောင်းထွက်လိုက်တာ ကြာလှပြီထင်တာပဲ။
ကျနော်တို့ ငယ်ငယ်လေး ကတည်းက သူက ကျောင်းမနေတော့ဘူး။ ကျနော်
တို့ တက်နေတဲ့ ယောကျာ်းလေးကျောင်းမှာပဲ သူလည်း တက်ခဲ့တာ။ တခါတ
လေတော့သူကလည်း ကျောင်းအကြောင်းတွေမေးတယ်။ ဟိုဆရာမရှိသေး
လား။ ဒီဆရာမ ရှိသေးလား။ အဆောင်သစ်တဆောင် ဆောက်လိုက်တယ်
ဆို ဘာညာပေါ့ဗျာ။ သိချင်လို့ မေးတာမျိုးလည်း မဟုတ်ပါဘူး။ သူ့ဟာသူ
ကျောင်းအလွမ်းပြေထင်ပါရဲ့။ သူ့အသက်ကတော့ ကျနော့်အထင် နှစ်ဆယ့်
ငါးနှစ် လောက်တော့ရှိမလားပဲ။ သေချာတော့ မသိပါဘူး။ သူ့အလုပ်က
ဆေးသုတ်သမား။ ညနေခင်းအလုပ်ကပြန်လာတဲ့ အချိန်ဆိုရင် တကိုယ်လုံး
ဆေးစက်တွေနဲ့။ အလုပ်ကပြန်လာရင် ရေမိုးချိုး။ ပြီးတာနဲ့ ကျနော်တို့ ဆိုင်
ရှေ့က ခုံတန်းလျားမှာ လာထိုင်နေတာပဲ။ ဂစ်တာတလုံးနဲ့ သူ့ဘော်ဒါသုံး
လေးငါးယောက်လောက်နဲ့။ ကျနော်တို့ ဆိုင်ပိတ် သွားတဲ့အထိ အဲဒီမှာ သူတို့
အဖွဲ့က ကျန်ခဲ့တုန်း။ ဂစ်တာတီးလိုက် အရက်ကလေးသောက်လိုက်ပေါ့။
ကျနော်လည်း ညဘက်တွေဆို ဆိုင်ပိတ်ပြီးရင် အိမ်မပြန်သေးဘဲ ကိုသား
ကြီးတို့ နဲ့ နေဖြစ်လာတယ်။ သူတို့ ဂစ်တာတီးသီချင်းဆိုတာ နားထောင်။ သူ
တို့ အရက်သောက်တာထိုင်ကြည့်။ တခါတလေလဲ တငုံနှစ်ငုံ ဝင်သောက်တာ
ပေါ့ဗျာ။ များသောအားဖြင့်တော့ ကျနော် မသောက်ပါဘူး။ သူတို့ ကလည်း
“ချစမ်းပါကွာ” ဘာညာ စွတ်အတင်း မတိုက်ဘူး။ ကျနော်က ငယ်လဲငယ်
သေးတာကိုး။ သူတို့ အတင်းတိုက်လည်း ကျနော်က မသောက်ချင်ဘူး။
အရက်အရသာများ ခါးသက်သက်ကြီးမို့ ၊ သူတို့ မို့ ဒါကြီးကို မျက်နှာတွေ
ရှုံ့မဲ့ပြီး မျိုနေကြတယ်လို့ စိတ်တောင်ညစ်သေးတယ်။
ကိုသားကြီးအပြင် သူတို့ အုပ်စုက ကျန်တဲ့အစ်ကိုကြီးတွေနဲ့ကျတော့ ကျ
နော်နဲ့က သိပ်မရင်းနှီးလှဘူး။ မေးတခွန်း ဖြေတခွန်းလောက်ပဲ။ ကိုသားကြီး
က တိုက်နှစ်နေတာမို့ ကျနော့်တိုက်နဲ့သိပ်မဝေးလို့ သိတာ။ ကျန်တဲ့ အစ်ကို
ကြီးတွေကျ တိုက်တဆယ်တို့ ၊ တိုက်ဆယ့်နှစ်တို့ က။ ကျနော်နဲ့အဝေးကြီး။
မျက်နှာစိမ်းတွေပဲ။ ဒါပေမယ့် သူတို့ ကြားထဲ ကန့်လန့်ကန်လန့် ပါပါလာတဲ့
ချာတိတ်ကို ဘာမှတော့ မပြောကြပါဘူး။ ကန်လန့်ကန့်လန့်ဆို သူတို့ အုပ်စု

ကိုး ရီ ယ် ရီ က် ကြီး က် ဝါး တီး


ညကိုးနာရီဆယ်နာရီလောက် ဘူတာကြီးဘက် ဝါးတီးတွေဘာတွေသွားဆွဲ
တာ၊ အရက်မသောက်ဖြစ်တဲ့ ညတွေမှာ လက်ဖက်ရည်ဆိုင်သွားထိုင်တာ
မျိုးမှာပါ ကျနော်က လိုက်လိုက်သွားတာကိုး။
ဘဲကြီးတွေနဲ့အတူ လက်ဖက်ရည်ဆိုင်ထိုင်ရတဲ့အရသာကတော့ တကယ့်ကို
ဂွတ်တာဗျာ။ သူတို့ က ကလေးလို သဘောမထားတာမျိုးလည်း ပါတာပေါ့။
သူတို့ ထိုင်သလိုပဲ ခြေကလိမ်လေးချိတ်ပြီးထိုင်၊ လမ်းကိုငေး၊ စီးကရက်
လေးဖွာ။ စီးကရက်လေးဖွာဆိုလို့ သူတို့ က ကျနော် ဆေးလိပ် သောက်တတ်
မှန်းသိတယ်ဗျ။ ပထမဆုံးတရက်မှာတင် “ဟေ့ရောင် သောက်လေကွာ၊ မင်း
သောက်တတ်နေပြီမို့ လား” ဆိုပြီး ထိုးပေးတယ်။ ကျနော်လည်း ကိုင်တာပဲ။
အဆင်ကို ပြေနေရောပဲ။ အဲဒီအချိန်တွေဆိုရင် ကိုယ်တိုင်တောင် သူတို့ လို
ဘဲကြီးတယောက်ဖြစ်နေသလိုပဲ။ သက်သောင့်သက်သာကိုရှိ၊ စိတ်ကလည်း
မြူးကြွနေတော့တာပဲ။
ညဘက် ဂစ်တာတီးတဲ့အချိန်တွေလည်း အဲ့လိုခံစားချက်မျိုးရတာပဲ။
နောက်ပြီး ကျနော်က ကိုသားကြီး ဂစ်တာတီး သီချင်းဆိုတာမျိုးဆိုရင် မ
တရားကိုနားထောင်ချင်တာ။ သူ့အသံက မိုက်တယ်ဗျ။ သူအမြဲတမ်းဆို
နေကျ သီချင်းထဲက တပုဒ်ဆိုရင် တော်တော်ကောင်းတာဗျာ။
“အရည်တွေ ပျော်ကုန်ပြီ ကိုယ့်ရဲ့အိပ်မက်တွေ xxx နှလုံးသားနေရာတွေ
xxx” ဆိုတဲ့ သီချင်းပေါ့။ အဲဒီသီချင်းများ သူဆိုလိုက်ရင် တဖွဲ့လုံးငြိမ်သွား
ကြတယ်။ ကျန်တဲ့သီချင်းတွေမှာ လိုက်ဆိုကြပေမယ့် အဲဒီသီချင်းတီးရင်
ကျန်တဲ့လူတွေကလည်း လိုက်မဆိုတော့ဘူး။ သူတီး သူဆိုပဲ။ အကုန်လုံး
လိုက်ဆိုကြတဲ့ သီချင်းကျတော့ ကျနော်ကိုယ်တိုင်လဲ သိပ်ကြိုက်တဲ့သီချင်း
ဗျ။
“ဆန်းဒေးစကူးအခန်းထဲမှာ ခင်လာသူ xxx ခုထက်ထိ မှတ်မိသေးတယ် xxx
စာဆိုလဲ မင်းကတော်တယ် xxx ဆရာ ဆရာမ ချစ်တဲ့သူရယ် xxx ကြီးပြင်း
လို့ တို့ တွေအတူတူ xxx လောကရဲ့ လမ်းတွေပေါ် xxx ဆိုးကြမိုက်ကြရင်းနဲ့
xxx”
တို့ ကတော့ ... တို့ ကတော့ ... နေရာကတော့ တဖွဲ့လုံးဝိုင်းအော်ကြတာ သိ
တယ်မို့ လား။ သီချင်းက ဝမ်းနည်းစရာဆိုပေမယ့် ဝိုင်းအော်ဆိုကြတော့
ပျော်စရာကြီးတောင်ဖြစ်နေတယ်ဗျာ။ ကျနော်တော်တော် ငယ်ငယ်တုန်းက
နွေရာသီကျောင်းပိတ်ရက်တခုမှာ သူငယ်ချင်း ခရစ်ယာန်ကောင်မလေးတ
ယောက်နဲ့ဆန်ဒေးစကူးဆိုတာ တက်ဖူးသေးတယ်ဗျ။ အဲဒီကောင်မလေးက
လည်း ခုမရှိတော့ပါဘူး။ ပြောင်းသွားပြီ။ ဝန်ထမ်းလိုင်းခန်းတွေမှာနေရတာ
အဲ့တခုကတော့ ခံစားရတယ်ဗျာ။ ကိုယ်က ခင်ပြီလား ချစ်ပြီလားဆိုရင်

ပြော င်း ကြ ကြ ပြီ န် က် ယ် ပို


ပြောင်းကြရွှေ့ကြပြီ။ ကျန်ခဲ့ရတဲ့သူမှာ မသက်သာဘူး။ ငယ်သေးတော့ ပို
ဝမ်းနည်းတတ်တာပေါ့။ အဲဒါ အဲဒီသီချင်းဆိုပြီဆိုရင် ဟိုသူငယ်ချင်း
ကောင်မလေးကလဲ အမှောင်ထဲမှာ မကောင်းတာ မဟုတ်တာတွေလုပ်နေ
တာ မဟုတ်လောက်ပေမယ့် သူ့မျက်နှာလေးမြင်ယောင်ပြီး “တို့ ကတော့ တို့
ကတော့ အော်တာပဲ” သီချင်းဆိုတာလဲ အဲ့လိုကိုယ့်မှာဖြစ်သလို ခံစားနိုင်မှ
ဖီးလ်ရှိတာဗျ။
တခါတလေ သောက်ထားတဲ့ ညတွေဆိုရင် ကိုသားကြီးမှာ ဖီးလ်လွန်းလို့
မျက်ရည်တွေတောင် ဝိုင်းနေသေးတယ်ထင်တယ်။ လုံးဝကြီးကို မုဒ်ထည့်
ဆိုတာလေ။ တချို့ဘဲကြီးတွေလည်း ငိုချင်ချင်ပဲ။ ကျနော်ဆိုရင် ဒီဘဲကြီး
တွေကလဲ ငိုသေးတာလားလို့ အံ့ဩတာပေါ့ဗျာ။ ငယ်သေးတော့ သီချင်းတ
ပုဒ်အပေါ် ခံစားတတ်ပြီဆိုပေမယ့် ဒီလောက်လဲ ထည့်နှစ်ပြီးမခံစားတတ်
သေးပါဘူး။ စုစုနဲ့ဝေးဖူး သူငယ်ချင်းတွေနဲ့ခွဲခွာခဲ့ရဖူးဆိုပေမယ့် သီချင်းတ
ပုဒ်နဲ့ ခံစားချက်ကို ဖွင့်ထုတ်လိုက်မယ်ဆိုတာမျိုးက တော်တော်ငယ်တဲ့
ချာတိတ်အရွယ်တွေရဲ့ နည်းလမ်းမျိုး မဟုတ်သေးဘူး။ ငိုချင်ရင် ဗြဲခနဲပဲ ငို
ချင်ငိုမယ်။ မျက်ရည်တွေဘာတွေဝိုင်းမနေဘူးလေ။
အစောပိုင်းတုန်းကတော့ ကိုသားကြီးက ကျနော့်ကို ပစားပေးတာ ဘာ
ကြောင့်မှန်းမသိသေးဘူးဗျ။ ကျနော်ကလဲ အစ်ကိုကြီးတွေက ကျနော့်ကို အဲ့
လို အရာလုပ်ပြီး ပေါင်းသင်းရင် အရမ်းသဘောကျပြီး ကိုယ့်အစ်ကိုရင်း
ဦးလေးအရင်းထက်တောင် ချစ်တတ်ခင်တတ်သေးတယ်။ ကျနော် ဂစ်တာ
တီးတတ်ချင်တယ်ဆိုလို့ ဂစ်တာတီးလဲ သင်ပေးသေးတယ်။ ကိုယ့်ဟာကိုယ်
ညံ့လွန်းလို့ သာ C Am Dm G ကနေ မတက်ခဲ့တာ။ ဒါတောင် အဲဒီစီအေမိုင်း
နားဒီမိုင်းနားဂျီ လေးကွက်နဲ့တင် သီချင်းဆယ်ပုဒ်လောက် ကောင်းကောင်း
တီးလို့ ရနေသေးတာပဲ။ အဲဒီထက်ပိုပြီးလဲ ဘာမှမတီးတတ်ဘူး။ ကျနော့်ရဲ့
တဘဝလုံးစာ ဂစ်တာတီးသင်ခြင်း ကိစ္စမှာ F ဟာ အဓိက အတားအဆီးကြီး
ပဲဗျာ။ နောင်လည်း ဘယ်တော့မှဆက်မသင်တော့တာ အဲ့ F ကြောင့်ပဲ။ ကိုင်
လိုက်တိုင်း အသံမထွက်ဘူး တဗျစ်ဗျစ်ပဲမြည်တယ်။ လက်ထိပ်တွေက မခံ
နိုင်ဘူးဗျ။ သောက်ရမ်းနာတယ်။ ကျနော်ကတော့ တကယ့် ငပျော့ကောင်
ပါ။ သင်ပေးတဲ့လူရှိတာတောင် မတတ်ဘူးလေ။

သိ တို့ န် စြျ တေို့ ပေါ့ဗြာ သီ ငြျး ဆို


ကက်ဆက်ခွေတခွေတန်ဖိုးက ဘယ်လောက်မှမရှိပေမယ့် အဲဒါကို ဝယ်
နားထောင်ရမယ်လို့ မသိသေးဘူးလေ။ နောက်ပြီး ကျနော့်လိုချာတိတ်က
ကိုယ်ကြိုက်တဲ့တိတ်ခွေလေးယူပြီး လက်ဖက်ရည်ဆိုင်ကိုသွား ဘဲကြီးတွေ
လုပ်ကြသလိုမျိုး ဒါလေးဖွင့်ပေးစမ်းပါဗျာလို့ ဘယ်ပြောရဲမလဲ။ ဘဲကြီး
တွေကတော့ လက်ဖက်ရည်ဆိုင်လာရင် ခွေသစ်လေးတွေ ခါးကြားထိုးထိုး
လာတတ်တယ်။ သူတို့ ခွေဖွင့်ပေးပြီဆိုတာနဲ့ ခေါင်းလေးတငြိမ့်ငြိမ့်နဲ့
ဘိန်းစားတွေလို ငြိမ်နေကြတာပဲဗျာ။ သူတို့ ဇိမ်ယူနည်းက အဲ့လိုကိုးလို့ သိ
လာတယ်။ လက်ဖက်ရည်ဆိုင်ထိုင်ရတဲ့ ဖီးလ်ကို ပိုခံစားတတ်လာတာပေါ့။
ကိုသားကြီးတို့ အုပ်စုနဲ့ သွားသွားထိုင်ရင်း သိလာရတာတွေပေါ့ဗျာ။
နောက်ပြီး ကိုသားကြီးက ကျနော့်အိမ်မှာ ကက်ဆက်ရှိမှန်းသိတော့ သူဝယ်
ထားတဲ့ ကက်ဆက်ခွေလေးတွေ ပေးနားထောင်တယ်ဗျ။ အဲ့တုန်းက ထွက်
ပြီး သူတို့ အရွယ်လူငယ်တွေကြား ခေတ်စားတဲ့ အဲလက်စ်သီချင်း၊ မျိုး
ကျော့မြိုင်သီချင်းတွေပေါ့ဗျာ။ ဇော်ဝင်းထွဋ်တို့ လေးဖြူတို့ လည်း ပါပါ
တယ်။ ဒါပေမယ့် များသောအားဖြင့် သူတို့ ပိုကြိုက်ကြ နားထောင်ကြတဲ့
စိုင်းထီးဆိုင်တို့ ခင်ဝမ်းတို့ ကျ ကျနော်က သိပ်မကြိုက်တတ်သေးဘူး။ အဲဒါ
တွေက ကလေးကြိုက်တွေ မဟုတ်ဘူးလေ။
ရှစ်တန်းနှစ်ကုန်ခါနီးကျတော့ စခွဲရတုန်းက ဘယ်လိုပဲငိုခဲ့ရတယ်ဆိုပေမယ့်
ပုတု၊ မင်းဆန်းတို့ ကို မေ့စပြုလာပြီ။ ဟိုကောင်စိုင်းမင်းစံနဲ့လဲ မျက်နှာချင်း
ကို မဆိုင်တော့ဘူး။ ကျနော့်ကျက်စားရာက အမေ့ဆိုင်ကိုပဲ ဗဟိုပြုလာ
တော့တယ်။ ကိုသားကြီးတို့ အဖွဲ့နဲ့ ရောကောသောကောလုပ်ရင်း ဆရာကြီး
အထာတွေ ဘာတွေတောင်ဖြစ်လာတယ်။ ဒီပြင်ရွယ်တူ အပေါင်းအသင်း
တွေနဲ့လဲ ပေါင်းချင်စိတ်က သိပ်မရှိတော့ဘူး။ ဒီကောင်တွေကလဲ ကလေး
အထာတွေကနေကို မတက်ဘူး။ တချို့ကောင်တွေဆို ရှစ်တန်းနှစ်ကြီးအထိ
ငယ်ငယ်တုန်းကလို ဈေးကနေ မဲကဒ်တွေဝယ်ပြီး မဲကဒ်ဒိုင်ကိုင်နေတုန်း။
ကောင်မလေးတွေနဲ့ အရုပ်ပစ်နေတုန်း။ ကျနော်ကတော့ အဲဒါမျိုးတွေ ပျင်း
တာကြာပေါ့။
ဘောလုံးတွေဘာတွေကတော့ ကန်ပါတယ်။ ဂေါ်လီနဲ့ကျင်းစိမ်တမ်းတို့
ပိုက်ဆံကြေးထွေပစ်တာတို့ ဆိုလည်း သိပ်မကစားချင်တော့ဘူး။ ပုတုတို့
မင်းဆန်းတို့ မရှိတော့တဲ့နောက်တော့ သုံးလေးငါးနှစ်လောက် ဘယ်သူရှိရှိ မ
ရှိရှိ တယောက်တည်းလဲ အပင်ပေါ်တက်ထိုင်နေတတ်တဲ့ ကျနော်တို့ ရဲ့
ဌာနချုပ်မှို့ပင်ကြီးဆီတောင် မသွားတော့ဘူး။ အားနေရင် အိမ်မှာပဲ
က် က် သီ င်း င် ယ် က်
အေးဆေး ကက်ဆက်နဲ့သီချင်းလေးဘာလေးနားထောင်၊ နေ့လယ်ဘက်
ဘယ်သူမှကို မရှိတဲ့အချိန်ဆိုရင် ဗီဒီယိုတိပ်ခွေဆိုင်ကနေ ငှားရဲနေပြီဖြစ်တဲ့
အောကားလေးဘာလေးခိုးကြည့်ပေါ့။
တချို့ညတွေဆိုရင် အဲဒီအချိန်က သိပ်ခေတ်စားတဲ့ တရာဖိုး လေးပုဒ် ကာ
ရာအိုကေဆိုင်တွေမှာတောင် တယောက်တည်း သီချင်းသွားဆိုတတ်ပြီ။
ကိုယ်ဆိုတဲ့အသံကိုယ် ပြန်နားထောင်ရအောင် အိမ်မှာရှိတဲ့ခွေတွေထဲက
သိပ်နားမထောင်တော့တဲ့ တိတ်ခွေတွေဖျက်ပြီး အသံသွင်းတယ်။ အဲဒါလဲ
တခါတော့ အဖေနားထောင်တဲ့ ဟင်္သာတထွန်းရင်လား ဘာလား သူဝယ်
ထားတာမှ မကြာသေးဘူး။ ကျနော်က ခွေဖျက်သွင်းလိုက်လို့ တဲ့ ခါးပတ်နဲ့ဗျ
င်းလိုက်တာဗျာ။ နှစ်ရက်လောက် ဖင်ချမထိုင်နိုင်ဘူးဖြစ်သွားသေးတယ်။
အန်းတိတ်ဘိုးတော်တွေနဲ့လည်း ခက်တယ်။ ငယ်တုန်းကတော့ ရိုက်ခံရတာ
က နာတာသက်သက်ပဲ။ ကြီးလာတော့ နာတာအပြင် ရှက်လဲ ရှက်တယ်ဗျ။
အရိုက်မခံချင်တော့ဘူး။ မရပါဘူးဗျာ။ ကျနော်တော့ ရိုက်တာကြီးကို
သောက်ရမ်းကိုမုန်းလှပြီ။ လူပျိုကလဲ ဖြစ်နေပြီလေ။
ရှစ်တန်းနှစ်ကုန်ခါနီးလောက်ကျတော့ အမေက ဝင်းထဲတင်ရှိတဲ့ ဆရာမတ
ယောက်သင်တဲ့ ကျူရှင်ထား တယ်ဗျ။ တကယ်တော့လည်း ဘာမှဟုတ်တာ
မဟုတ်ပါဘူးဗျာ။ ကျောင်းကသင်ခဲ့တဲ့ စာတွေကိုပဲ ပြန်လုပ်ခိုင်းတာမျိုးပါ။
အိမ်ကအတင်းတက်ခိုင်းလို့ သာ တက်ရတာ ပျင်းစရာကြီး။ ဖြစ်ချင်တော့
အဲဒီကျူရှင်မှာ ကိုသားကြီးကြိုက်နေတဲ့ အသက်ကြီးမ သန္တာက ကျနော်နဲ့
အတူတူတက်တာ။ သန္တာက လှတာတော့ တော်တော်လှတယ်ဗျ။ နောက်ပြီး
အပျိုကလည်းဖြစ်နေပြီဆိုတော့ အဆစ်အပေါက်တွေကလည်း ကျနော်တို့
လို ချာတိတ်တွေ မှန်းကြတဲ့ အဆစ်အပေါက်မျိုး ဉာဏ်ကတော့ သောက်
ရမ်းတုံးဗျို့။ စာသင်ချိန်တနာရီလောက်ကို သူ့တယောက်တည်း ရှင်းပြနေရ
တာနဲ့ ကုန်ကုန်သွားတာပဲ။ ကောင်းပါတယ်။ အဲဒီတော့လည်း ကျနော်တို့
ကျန်တဲ့ လူတွေ အချောင်နေနေရုံပဲ။
ကျူရှင်က လူအများကြီးလည်း မဟုတ်ပါဘူး။ ရှစ်ယောက်လား ကိုး
ယောက်လားပဲ ရှိတယ်။ သေချာတောင် မမှတ်မိတော့ဘူးရယ်။ ကျနော်နဲ့
နည်းနည်းပေါင်းတဲ့ထဲကဆိုရင် မော်စီတုံးတယောက်ပဲ သူငယ်ချင်းပါတာ။
မိန်းကလေးတွေကတော့ သုံးယောက်၊ သန္တာရယ် တိုက်တစ်ဆယ်နဲ့တိုက်ရှစ်
က တယောက်စီရယ်ပဲ။ ကျနော်တို့ နဲ့လည်း သိပ်မခင်တာတွေပါ။ မခင်တာ
က ပြဿနာမရှိပါဘူး။ ရုပ်တွေကလည်း မလှကြဘူးလေ။ ရုပ်မလှတာက
လဲ ထားလိုက်ဦး။ ကျနော်ကလဲ ရုပ်ချောတဲ့ကောင်မှမဟုတ်ဘဲ။ ဒါပေမယ့်
သူတို့ တွေကတော့ ချစ်မွှေးကိုမပါတဲ့ ဟာတွေဗျ။ ဘယ်လိုတွေလဲ မသိဘူး။
နားကိုမလည်နိုင်ဘူး။

ဒီ င် က် က် င်း ဖို့ င်း ဖြ င့် ရှိ ဒါ


အဲဒီကျူရှင်တက်ရတာလောက် ပျင်းဖို့ ကောင်းတာဖြင့် မရှိတော့ဘူး။ ဒါပေ
မယ့် ကိုသားကြီးအတွက်ကျတော့ အကွက်ဆိုက်သွားတယ်။ သူက သန္တာကို
ကြိုက်နေတာ နှစ်စလောက်ကတည်းက နေမှာပေါ့။ သူနဲ့ သန္တာက နေတဲ့
တိုက်တူတယ်။ ဒါပေမယ့် အထပ်က ကိုသားကြီးတို့ က ဟိုးအပေါ်ဆုံး လေး
ထပ်မှာ။ သန္တာက ဒုတိယထပ်။ ဒုတိယထပ်ကိုမှ အလယ်ခန်းဆိုတော့ ဖွံ့
ကြောင်ဘာကြောင်လုပ်ဖို့ က မလွယ်ဘူးဗျ။ ဘေးအစွန်ဆုံး အခန်းနေတဲ့
ကောင်မလေးတွေကိုကျ လွယ်တယ်။ အခန်းက လှေကားနဲ့ကလည်း ကပ်
နေတာဆိုတော့ ရစ်သီရစ်သီ လုပ်လို့ ရတယ်။ အစွန်ဆုံးအခန်းဖြစ်တော့
ဘေးပြတင်းပေါက်တွေလည်းရှိတော့ ချောင်းဖို့ အကွက်အကွင်း ကောင်း
တယ်ပေါ့ဗျာ။
တရက်တုန်းတော့ ကိုသားကြီးက ညဘက် ကျနော့်နဲ့ သူ နှစ်ယောက်တည်း
တီးဆိုင်ဒိုးကြစို့ ကွာလို့ ခေါ်တယ်။ ကျနော်ကလည်း ဒါမျိုးတော့ ဘယ်ငြင်း
လိမ့်မလဲ။ လစ်တာပေါ့။ သူက လက်ဖက်ရည်ဆိုင်ထိုင်ရင် ဝင်းထဲကဆိုင်
တွေလည်း သိပ်မထိုင်ဘူး။ ဝင်းအပြင် အခြားရပ်ကွက်က ဆိုင်ထိုင်တာ။
ကျနော်ကျတော့ ဝင်းနဲ့ ဝေးလေ ဆေးလိပ်အေးဆေးသောက်ရလေဆိုတော့
သူနဲ့ဆိုရင် လက်ဖက်ရည်ဆိုင်ခေါ် ဘယ်တော့မှမငြင်းဘူး။ ပြောသာပြော
တာပါ တခြားသူနဲ့ဆိုရင်လည်း မငြင်းပါဘူး။ ထားပါတော့ ဒီတခေါက်
ကတော့ ကိုသားကြီးက ကျနော့်ကို အကြံနဲ့ခေါ်တာဗျ။ ဆေးလိပ်ဗူးတောင်
သူသောက်တာတခါမှ မမြင်ဖူးတဲ့ ငါးသုံးလုံးဗူးနဲ့။ အဲ့တုန်းက ငါးသုံးလုံးဗူး
က ရှားသွားပြီဗျ။ သိပ်မလာတော့ဘူး။ များသောအားဖြင့် လန်ဒန်ပဲသောက်
ကြတာ။ နောက်ပေါ်တဲ့ ဗီးဂတ်ဆိုတာကတော့ ပြင်းလွန်းတယ်။ ကျနော်
တော့ မသောက်နိုင်ဘူး။ အဲဒီငါးသုံးလုံးဗူးကြီးနဲ့ဗျာ တလိပ်မှ မကုန်သေး
ဘူး။ သောက်ပါဦးကွ၊ သောက်ပါဦးကွနဲ့ခဏ ခဏကို တည်နေတော့တာပဲ။
လက်ဖက်ရည်ဆိုင်ထဲရောက် လက်ဖက်ရည်တောင် မမှာရသေးဘူး။
ခွေးခြေပေါ် ဖင်ချလိုက်တာနဲ့ပြောတော့တာပဲ။
“သန့်ဇင် မင်း သန္တာနဲ့ခင်လား” တဲ့။
ကျနော်ကလည်း လအမှ မဟုတ်တာ၊ အဲတခွန်းနဲ့တင် ဘာကိစ္စဆိုတာ သိပြီး
သားလေ။
“ခင်တာပေါ့ဗျ ကျူရှင်တခုတည်းကို ကိုသားကြီးကလဲ ဘာလဲ အစ်ကို သူ့
ကိုကြိုက်နေတာလား”
တကယ်က သန္တာနဲ့ ကျနော်က ဘယ်မှာခင်ရမှာလဲ။ ရုပ်ချောတယ် ဂျော
တောင့်တယ် ဆိုပေမယ့် ဉာဏ်တုံးတာမျိုး ကျနော်က သည်းမခံနိုင်ဘူးဗျ။
မုန်းတောင် မုန်းသေးတယ်။ နောက်ပြီး သန္တာကလည်း ကျနော်တို့ နဲ့အတန်း

ဆို က် ယ် က်ကြီး ကြီး နော် တို့ ပ်


တူဆိုတော့ သူ့ဟာသူအသက်ဘယ်လောက်ကြီးကြီး ကျနော်တို့ ကတော့ ခပ်
ပြတ်ပြတ် နင် နဲ့ငါ ခေါ်တာပဲ။ ကျူရှင်စတက်တဲ့ရက်တွေကဆို သူကသိပ်မ
ကြိုက်ချင်ဘူး။ “ဟဲ့ ငါက နင့်ထက်ကြီးတယ်” တဲ့။ လာသေးတယ် အဲဒါမျိုး
တောမှာသွားပြော ပဲ။ အမှန်ကတော့ အသက်က သုံးနှစ်ကျော်လောက်တော့
ကွာမယ်ထင်တယ်ဗျ။ အစ်မကြီးအရွယ်ပဲ။ ဒါပေမယ့် ဆောရီးပဲ။ အစ်မခေါ်
စေချင်ရင် အတန်းကြီးလိုက်လေ။ ဟုတ်တယ်မလား။
“အေးကွာ ငါ ကြိုက်နေတာ ကြာပါပြီကွာ၊ နည်းနည်းငယ်သေးတော့ ခွကျ
နေတယ်ကွ၊ နောက်ပြီး သူက အပြင်တွေ ဘာတွေ သိပ်သွားတာမတွေ့မိဘူး။
အနေအေးတယ်နဲ့တူပါတယ်ကွာ”
ကျနော်က ရယ်တောင်ရယ်ချင်တယ်။ တကယ်က သန္တာက တအားယွတာ
ဗျ။ ကျနော်ဖြင့် မြင်လိုက်တိုင်း အပြင်မှာချည့်ပဲ။ သန္တာ့အမေက ကျနော်
တို့ ဆိုင်မှာ ကွမ်းစားနေကျ။ တခါတလေ သန္တာ့ကို ဝယ်ခိုင်းလေ့ရှိတယ်။
အဲဒီလိုလာတဲ့အချိန်မျိုး ဆိုင်မှာ အစ်ကိုကြီးတွေဘာတွေနဲ့လူရှုပ်နေရင်၊
သန္တာဆိုတဲ့ကောင်မများ မခုတ်တတ်တဲ့ ကြောင်ကလေးလို အင်မတန်
ဖြူစင်လေဟန်နဲ့ ပဲတွေများနေတော့တာပဲ။ ခေါင်းကလေးငုံ့ လို လက်သည်း
လေးတွေ ညီမညီကြည့်လိုက် ကွမ်းယာထုပ်ဖို့ စောင့်နေတဲ့ ဘဲကြီးတွေကို ခိုး
ခိုးပြီးရှိုးလိုက်။ မသိရင်တော့ တကယ် ဖြူစင်သူကလေးလိုပဲ။ ကျနော်ဖြင့်
စောင်မြင်ကတ်လွန်းလို့ ။
ကျနော် ဆိုင်ထိုင်နေတဲ့အချိန်ဆို မူယာမာယာများနေတဲ့ သူ့ကိုကြာကြာမမြင်
ချင်တာနဲ့ပဲ အရင် ယာပေးလိုက်တာပဲ။ သူက ကြာကြာနေချင်တာလေ။
ဘယ်ရမလဲ။ ရော့ ရော့ နင့်ဟာ မြန်မြန်လစ်ပဲ ကျနော်ကတော့။ ဒါတွေ ကို
သားကြီးကတော့ ဘယ်သိမလဲ။ သူအလုပ်သွားနေတဲ့အချိန်တွေကိုး။
နောက်ပြီး သန္တာက လှပါတယ်ဆိုမှ လှချင်လိုက်တာလဲ အရမ်းပဲ။ မိန်းမတွေ
ဒါမျိုးချည့်နေမှာပါဗျာ။ ဒါပေမယ့် ကြိုက်နေတဲ့လူရှေ့တော့ ဒါတွေပြောလို့
ဘယ်ဖြစ်မလဲဗျာ။ သိတယ်မို့ လား။ ဖောရှောရိုက်ရတာပေါ့။
“မငယ်တော့ပါဘူးဗျာ ကျနော်တို့ နဲ့အတန်းသာတူတာ သူကအများကြီး ကြီး
တယ်ဗျ”
“အေး ငါသိပါတယ် အဲဒါကွာ ...မင်း”
“စာပေးပေးရမယ်မဟုတ်လား လုပ်စမ်းပါဗျာ ကျနော်ပေးပေးမှာပေါ့
အစ်ကိုကလဲ ဒါလေးများ။ နက်ဖြန်ရေးထားလိုက်ဗျာ”
ကိုသားကြီးလဲ ကျနော့်ကို တော်တော်သဘောကျသွားပုံရတယ်။ သူ
ကတောင် တောင်းဆိုနေစရာမလိုဘူး။ အလိုက်တသိဆိုတော့ မျက်နှာကြီး

ကို ဖြီး လို့


ကို ဖြီးလို့ ပဲ။
“ဟေ့ရောင် ဗိုက်ဆာရင် မုန့်လေးဘာလေးစားလေကွာ ဒီဆိုင်က ပူတင်းတို့
အသားပေါင်းတို့ ကောင်းတယ်ကွ” တဲ့။
တော်ပါပြီဗျာလို့ ငြင်းလိုက်ပါတယ်။ တကယ်တော့ဗျာ။ ကိုသားကြီးကို
ကူညီတယ်ဆိုတာက အပြန်အလှန်သဘောပါ။ ကျနော်က ပြောရရင်
အဖော်မဲ့နေတာ။ ဘာလို့ မှန်းမသိ ဟိုနှစ်ကောင်မရှိတော့ကတည်းက ရွယ်တူ
ကောင်တွေချင်း သိပ်ရောရောနှောနှော ပေါင်းချင်စိတ်ကလည်း မရှိဘူးဖြစ်
နေတာ။ ကိုသားကြီးတို့ အဖွဲ့နဲ့ ဟိုသွားဒီသွား လုပ်ရတာကိုလည်း အတော်
သဘောကျနေပြီ။ ပြောရရင် အမေကလည်း သူတို့ နဲ့နေတာကို သဘောကျ
တယ်ဗျ။ ကိုသားကြီးတို့ အဖွဲ့က ဆယ်တန်းတွေဘာတွေမဖြေကြတော့ပေ
မယ့် အကုန်လုံး သူ့အလုပ်နဲ့သူဗျာ။ မနက်လင်းတာနဲ့အလုပ်သွားကြ။ ညနေ
ဆို ပြန်လာကြ ဆိုင်ရှေ့မှာထိုင်ကြ။ ဆိုလိုချင်တာက အလုပ်ကြိုးစား အနေ
အေးကြတဲ့ လူငယ်တွေပေါ့လေ။ ဒီတော့ သူတို့ နဲ့နေလို့ တော့ ကျနော်ပျက်စီး
စရာမရှိဘူးလို့ တွက်ပုံရပါတယ်။ ညဘက်တွေ လက်ဖက်ရည်ဆိုင်သွားထိုင်
တာတောင် ကိုသားကြီးတို့ နဲ့မှန်းသိတော့ သိပ်မပြောဘူး။ စာကျက်တာမမြင်
ရတာ ကြာတဲ့အချိန်လောက်သာ နည်းနည်းငေါက်ချင်တာ။ နောက်ပြီး ကျ
နော်က ကျောင်းစာ သိပ်အညံ့ကြီးထဲကလည်း မဟုတ်ဘူး။ အလယ်အလတ်
လောက်ပဲ။ အတန်းထဲ လူလေးငါးခြောက်ဆယ်ရှိရင် ကျနော့်အဆင့်က
ဆယ့်တစ်တို့ ဆယ့်နှစ်တို့ အလွန်ဆုံးမှ ဆယ့်ငါးပဲ။ ဒီတော့ သူတို့ က လစဉ်ရ
ပို့ ကတ်ပြလိုက်တာနဲ့ အဆင့်ကိုကြည့်ပြီး ငေါက်သင့်မငေါက်သင့် ဆုံးဖြတ်
ကြတာပဲ။ အေးဆေးပေါ့။
ဒီတော့ ကျနော်ကလဲ ကျနော့်နည်းကျနော့်ဟန်နဲ့ ကိုသားကြီးကို ဖားတာပါ
ပဲ။ ဒါပေမယ့်လည်း ခက်တယ်ဗျာ။ တချို့ကိစ္စတွေဟာ ကျနော်ထင်သလိုမ
ဖြစ်ဘူး။ ကျနော်ထင်တာက ကိုသားကြီးကိုတော့ သန္တာက ပြန်ကြိုက်လိမ့်
မယ်ကို မထင်တာ။ အမလေး အူယားဖားလျားဗျာ။ ကိုသားကြီးက နင့်
အတွက် စာပေးလိုက်တယ် ဆိုတာနဲ့ ဒီကောင်မမျက်နှာ ဖြစ်သွားတာများ
မြင်စေချင်တယ်။ ငါးမန်းမကြီးကျနေတာပဲ သွားဖြီးကြီးနဲ့။ တကယ့် မိန်းမ
လည် သိန်းကြွယ်ဗျ။
ကျနော်ကလည်း လူတမျိုးရယ်။ ကျနော်ကြိုက်တဲ့ကောင်မလေးတွေဆိုတာ
ရုပ်သိပ်မချောတာ များတယ်။ ရုပ်သိပ်ချောလွန်းနေရင် ကျနော်က မကြိုက်
ဘူး။ မကြိုက်တဲ့အပြင် သောက်မြင်ပါကတ်သလိုပဲ။ ရုပ်ချောလို့ သောက်
မြင်မကတ်တာဆိုလို့ မညိုလွင်နဲ့ ရုပ်ရှင်မင်းသမီးတွေကိုပဲ ရှိမယ်ထင်
တယ်။ ဒါကလည်း သေချာ တွေးကြည့်တော့ ကိုယ်မရနိုင်မှန်းသိလို့
စပျစ်သီးချဉ်တယ်ဆိုတဲ့ သောက်ကျင့်မျိုးနေမှာပေါ့။ အဲ့လိုဖြစ်နေတာတော့
တ် နို င် လို လိုဖြ စ် ကိ ဆို ည်း တ် နို င်
မတတ်နိုင်ဘူးဗျာ။ သူ့အလိုလိုဖြစ်တဲ့ကိစ္စဆိုတော့လည်း ဘာတတ်နိုင်မှာ
လဲ။
ခုကိစ္စကတော့ ကျနော်ထင်တယ်ဗျ။ မိန်းကလေးတွေဆိုတာကလည်း ကိုယ့်
ထက်ကြီးတဲ့ ဘဲကြီးတွေဆိုရင် ဟုတ်ဟုတ် မဟုတ်ဟုတ် ချစ်ဇာတ်လမ်း
ထွင်ပြီး စိတ်ကူးတယဉ်ယဉ်နေကြတာမျိုးပဲ။ ကိုသားကြီးက စာပေးတယ်
ဆိုတော့ နန့်နန့်တက်ပြီးယူသွားတာပဲ။ နောက်နေ့မှာ ကိုသားကြီးက
အကျိုးအကြောင်းမေးခိုင်းလို့ ကျနော်က သူ့ကိုမေးတယ်။ ဖြေချင်သလို မ
ဖြေချင်သလို အီစီကလီပြီတီတီလုပ်နေတယ်ဗျာ။ ကျနော်ကလည်း အဲဒါ
မျိုးဆိုရင် စိတ်ကိုမရှည်တာ။
“ဟဲ့ကောင်မရေ ငါက နင့်ဘဲမဟုတ်ဘူး မူချင်ရင် နင့်ဘဲနဲ့ကျမှ မူ” လို့ ပြော
လိုက်ချင်ပေမယ့် မပြောပါဘူး။ ကျနော်လဲ ဘာကြောင့် အဲဒီသန္တာကို
မေတ္တာမဲ့ရတယ် တွေးမရဘူးဗျာ တကယ်။ ကျနော်ဟာ ဘယ်မိန်းမကိုမှ သူ့
လောက်မမုန်းဖူးဘူးနဲ့တူတယ်။ နောက်တခါ ကိုသားကြီးက စာတစောင်
ထပ်ပေးခိုင်းလို့ ကျနော်လဲ ထပ်ပေးပေး။ အဲဒီဒုတိယစာလဲကျရော။ သူလဲ
စာပြန်ပါလေရော။ မကြာပါဘူး။ ဆယ့်လေးငါးရက်လောက်ရှိမယ်ထင်တာ
ပဲ။ ရည်းစားတွေဖြစ်ကုန်ကြရော။
သူတို့ နှစ်ယောက်ညားသွားပြီးနောက်ပိုင်းကိစ္စတွေက အမျိုး အမျိုးချင်း
ရန်ပွဲတွေ၊ လင်မယား တကျက်ကျက် ဖြစ်ကြတာတွေနဲ့ရှုပ်ရှုပ်ထွေးထွေးဆို
ပေမယ့် အစပိုင်းမှာတော့ အတော်လေး ရှောရှောရှူရှူပါပဲ။ ရှစ်တန်းနှစ်ကုန်
သွားပြီး အောင်စာရင်းတွေထွက်တော့ ထုံးစံအတိုင်း တတန်းနှစ်နှစ်နေတဲ့
သန္တာ ကျပြန်တာပဲ။ အောင်စာရင်းထွက်ပြီး ဘာမှမကြာဘူး။ ကိုသားကြီး
ကလည်း ခိုးပြေးတော့တယ်။ ဒါက အတိုချုပ်ပြောပြတာပါ။ တကယ်က
အဲဒီရည်းစားစဖြစ်တာနဲ့ ခိုးပြေးတဲ့အထိ ကြားအချိန်တွေမှာ သူတို့ နှစ်
ယောက်ဆိုတာ အကြိမ်တသန်းလောက် ပြတ်လိုက်၊ စိတ်ကောက်လိုက် ပြန်
ချော့လိုက်နဲ့ပဲ ။ကျနော့်အတွက်ကတော့ အိုကေတာပေါ့။ သန္တာ့ကို ကြည့်မ
ရလို့ သောက်မြင်ကတ်တာကလွဲရင် သူတို့ ပြတ်တဲ့အခါ ကြားခံ
အဆက်အသွယ်က ကျနော်ပဲလေ။ ကိုသားကြီးအတွက် လုပ်ပေးရတာပဲဆို
ပြီး မငြိုငြင်ခဲ့ပါဘူး။
လက်ဆောင်ပေးတာတို့ အချိန်းအချက်လုပ်တာတို့ ဘာဖြစ်ဖြစ် ကျနော့်ဆီ
ကတဆင့်ပဲ။ တရုတ်ကားတွေထဲက ကုန်းကုန်းတွေကျနေတာပဲဗျာ။
အောင်သွယ်တော်ကြီးကိုဖြစ်လို့ ။ သို့ ပေမယ့်လဲ စားတော့စားသာတာပေါ့
လေ။ ကိုသားကြီးအတွက် လုပ်ပေးရတာပဲ။ ဒီလောက်လုပ်ပေးသင့်ပါတယ်
လို့ သဘောထားပါတယ်။ မငြူစူပါဘူး။ အဲ့လို ကျနော်က ကြားဝင်ပေးရ
လေ ကိုသားကြီးတို့ အုပ်စုကြားမှာ ကျနော်ဟာ တကယ့်အုပ်စုဝင်လို
ဖြ စ် ပြီး င် ပေါ့ ယ့် ယ် မ်း ဉ်း ကြ ည့် င်
ဖြစ်လာပြီး လူရာဝင်လာလေပဲပေါ့။ တကယ့်တကယ်တမ်းစဉ်းစားကြည့်ရင်
တော့ဗျာ ကိုသားကြီးတို့ ဆီက ကျနော် ဘာမှသင်ယူခဲ့ရတာမရှိပါဘူး။ ကျ
နော်လုပ်နေကျအလုပ်တွေကို ရဲဆေးတင်ပေးနိုင်ခဲ့တာမျိုးရှိတာပါ။
သူတို့ နှစ်ယောက်လည်း ခိုးပြေးရော ကျနော်လည်း နောက်တခါ ငေါင်
တောင်တောင်ဖြစ်ပြန်ရော။ ခိုးပြေးပြီး ပြန်လာတော့ ဝင်းထဲမှာပဲ နေကြ
တယ်ဆိုပေမယ့် ကိုသားကြီးက အရင်လို ညဘက်တွေ ဘာတွေတောင် မ
ထွက်တော့ဘူး။ အလုပ်မသွားတဲ့ရက်ဆိုရင်လည်း တခါတလေ နေ့လယ်
ဘက် ကွမ်းဝယ်ထွက်တာလောက်ကလွဲရင် သိပ်မတွေ့တော့ဘူး။ ကွမ်းယာ
လာဝယ်တာတောင် သူ့မိန်းမကပါလာသေးတာကိုး။ နေတာကလည်း သန္တာ
တို့ အိမ်ဆိုတော့ ယောက္ခမအိမ်တက် သမက်မျက်နှာငယ် ဆိုတာမျိုးနေမှာ
ပေါ့ဗျာ။ သူ့ဘော်ဒါတွေအုပ်စုနဲ့ကလည်း ကျနော်နဲ့က ရင်းနှီးတယ်ဆိုပေ
မယ့် သူ့မပါရင်တော့ နည်းနည်းသူစိမ်းဆန်တယ်ဗျ။ ဒီတော့ အဲဒီအုပ်စုနဲ့ပါ
မပေါင်းဖြစ်တော့ဘူး။ သူတို့ ကလည်း တကူးတကမခေါ်ဘူးလေ။
မပေါင်းချင် ပေါင်းချင်နဲ့ပဲ မော်စီတုံးတို့ ကိုမျိုးတို့ ဇော်ထူးတို့ နဲ့ ယာယီ
ပေါင်းရတော့တာပေါ့ဗျာ။ နောက်တနှစ်ဆိုရင် ကိုးတန်းစတက်ရပြီ။ ကျနော်
လဲ ပြောရရင် တဖြည်းဖြည်းနဲ့ ဝါရင့်လာပြီ။ ဘယ်သူမှမပါလည်း တ
ယောက်တည်း ရဲရဲဝံ့ဝံ့ လက်ဖက်ရည်ဆိုင်ထိုင်တာမျိုးက ြွကားဝါစရာ
တောင် မဟုတ်တော့ဘူး။ သူတို့ နှစ်ယောက် ခိုးပြေးသွားပြီးစ ရက်တွေ
နောက်ပိုင်း တချို့ရက်တွေမှာဆိုရင် တိရစ္ဆာန်ရုံလာဖွင့်တဲ့ ဂိမ်းစီးတီးထဲက
ဆိုင်တဆိုင်မှာ တယောက်တည်း ဘီယာလေးထိုင်သောက် စီးကရက်
ကလေးဖွာပြီး စတိုင်သွားသွား ကျနေလိုက်သေးတယ်။ လက်ဖက်ရည်
ဆိုင်ထိုင်တာများ ဘာအရေးလဲ။ လမ်းကိုငေးလိုက် ဖွင့်ထားတဲ့သီချင်း
နားထောင်ရင်း စီးကရက်လေးဖွာလိုက် ပျင်းစရာတောင် ကောင်းလာတယ်။
စီးကရက်တောင် ကုန်တာမြန်လွန်းလို့ ဖက်ကြမ်းဆီ ကူးစပြုနေပြီ။ ဂျိုး
သိန်းပေါ့၊ ခြင်္သေ့သုံးကောင်ပေါ့။ တခါတလေ သဘာဝတုတ်တုတ်ကြီး
တွေတောင် ကစ်လိုက်သေးတယ်။
©©©©©
အခန်း (၉)

ရှစ် တန်းအောင်စာရင်းထွက်တော့ ကျွန်တော်အောင်ပါတယ်။ ဒါကတော့ ပုံ


မှန်ပေါ့ဗျာ။ တော်တော်လေးကို စာစိတ်မဝင်စား၊ ကျောင်းပျက်၊ ဘာဆိုဘာ
မှ မဖြေဆိုတာမျိုးကလွဲရင် အတန်းတင်စာမေးပွဲတွေက ကျတဲ့သူကမရှိ
သလောက်ပါပဲ။ ရှစ်တန်းအောင်စာရင်းထွက်ပြီး သိပ်မကြာဘူး။ ဆယ်တန်း
အောင်စာရင်းတွေထွက်တယ်။ တကယ်တော့ ဆယ်တန်းအောင်စာရင်း
ထွက်တာ ကျွန်တော်နဲ့ဘာမှ မဆိုင်ပါဘူး။ နှစ်တိုင်း နှစ်ဆန်းတစ်ရက်နေ့မှာ
မူလတန်းကနေ ကိုးတန်းအထိ အတန်းတင်စာမေးပွဲတွေ အောင်စာရင်း
ထွက်တယ်။ တစ်လတစ်လခွဲလောက်ကြာတော့ ဆယ်တန်းတွေ
အောင်စာရင်း ထွက်တယ်။ ပုံမှန်ပဲ။ ဒါပေမယ့် အဲ့ဒီနှစ် ဆယ်တန်း
အောင်စာရင်းက ကျွန်တော်နဲ့ထူးထူးခြားခြားကို ဆိုင်သွားတယ်။
ကျွန်တော့်ရဲ့ ပထမဆုံး လက်ဖက်ရည်ဆိုင်ထိုင်ခြင်း၊ ပထမဆုံးအချစ်၊
ပထမဆုံးအချစ်နဲ့ရှင်ကွဲကွဲရခြင်း၊ ပထမဆုံးအနေနဲ့သူငယ်ချင်းတွေနဲ့ခွဲခွာ
ခဲ့ရခြင်းတွေမှာ ပျော်ရွှင်မှု၊ ကြေကွဲမှု၊ ဝမ်းနည်းမှု၊ ငိုရမှုတွေကို ထိထိခိုက်
ခိုက် ခံစားခဲ့ရသလိုပဲ။ အဲဒီဆယ်တန်းအောင်စာရင်းထွက်တဲ့နေ့ဟာ ကျွန်
တော့်ရဲ့ပထမဆုံး အရသာထူးတစ်ခုကို ခံစားခဲ့ရတယ်။ အံ့ဩဖွယ်
အထိအတွေ့ အရသာ စိမ့်စိမ့်လေးပေါ့ဗျာ။ မမေ့နိုင်ပါဘူး။
စုစုတို့ မိသားစု ခြောက်တန်းနှစ်နွေရာသီမှာ ပြောင်းရွှေ့သွားကြပြီးတဲ့နောက်
တစ်လတောင်မကြာဘူး။ သူတို့ အိမ်ကို မိသားစုတစ်စုပြောင်းလာတယ်။
ဝန်ထမ်းလိုင်းခန်းဆိုတော့လည်း ဒီလိုပေါ့ဗျာ။ တစ်ယောက်ဆင်း တစ်
ယောက်တက်။ တစ်မိသားစုထွက်၊ တစ်မိသားစုဝင်ပဲ။ ပြောင်းလာတဲ့
မိသားစုက လင်မယားနှစ်ယောက်တည်းပါ။ အမေတို့ နဲ့တော့ တော်တော်ခင်
တယ်။ ခင်ဆို အဲဒီလင်မယားနှစ်ယောက်ထဲက မိန်းမလုပ်သူက အရင်တုန်း
က ဒီလိုင်းခန်းတွေမှာနေပြီး ပင်စင်ယူသွားတဲ့ မိသားစုတစ်စုရဲ့တူမ။ သူက
အရင်ကတည်းက ဒီတိုက်မှာ နေခဲ့ဖူးတယ်။ ဒီတိုက်မှာ နေရင်းနဲ့ပဲ ဝန်ထမ်း
လူပျိုတစ်ယောက်နဲ့ညား။ ခုတော့ တိုက်ခန်းရပေါ့လေ။
စပြောင်းလာခါစကတော့ သူတို့ လင်မယားနှစ်ယောက်တည်းပဲဆိုပေမယ့်
မိန်းမလုပ်သူက ကိုယ်ဝန်ကြီး ပါလာတယ်။ ငါးလခြောက်လလောက်နေ
တော့ ကလေးမွေးရော။ အဲဒီတော့ ကလေးထိန်းဖို့ လူလိုနေတာနဲ့ သူ့တူမ
တစ်ယောက်ကို သူ့အိမ် ခေါ်နေစေတယ်။ ဖြစ်ချင်တော့ အဲဒီ ကလေးထိန်းဖို့

ဖို့ က် ည်း တို့ သိ င် င်


ကူဖို့ ရောက်လာတဲ့ သူ့တူမကလည်း အမေတို့ နဲ့ သိတာပဲ။ ပင်စင်ယူသွား
တယ်ဆိုတဲ့ မိသားစုအိမ်ကပဲပေါ့။ အမေကတော့ ကျွန်တော့်ကိုပြောတယ်။
“ငါ့သား မမှတ်မိဘူးလား ဒါ ပြည့်ပြည့်လေ၊ ငယ်ငယ်တုန်းက နင်တို့ နှစ်
ယောက် အတူတူဆော့ကြတာပဲဟာ”
ကျွန်တော်တော့ မမှတ်မိပါဘူး။ ဒါပေမယ့် ပြည့်ပြည့်ဆိုတဲ့ ကောင်မလေး
ကတော့ ကျွန်တော့ကို မှတ်မိတယ်တဲ့ဗျ။ ပြည့်ပြည့်က ကျွန်တော့်ထက် နှစ်
နှစ်ကြီးတော့ ပိုမှတ်မိတာဖြစ်မှာပေါ့။ ကျွန်တော်ကတော့ စဉ်းစားကြည့်လို့
ကို မရပါဘူး။ ကျွန်တော့်အတွက် ပြည့်ပြည့်က လူဟောင်းဟုတ်ဘူး။ လူ
သစ်ပဲ။ ဘယ်လိုမှ ရင်းနှီးတယ်လို့ ခံစားလို့ မရဘူး။ ဒါပေမယ့် သူကတော့
ကျွန်တော့ကို အတော်လေးခင်မင်ပုံရတယ်။ ထားပါတော့ဗျာ။ ပြည့်ပြည့်က
သူ့အဒေါ်ကလေးလည်း ကူထိန်းပေးတယ်။ ကျောင်းလည်း တက်တယ်။ စ
ရောက်ခါစက ရှစ်တန်း။ ကျွန်တော်ရှစ်တန်းဖြေပြီးတဲ့နှစ်ကျတော့ သူက
လည်း ဆယ်တန်းဖြေထားပြီးပြီ။
အိမ်မှာတော့ ကျွန်တော်က ပြည့်ပြည့်နဲ့လည်း သိပ်ရောရောနှောနှော မနေခဲ့
ဖူးပါဘူး။ တိုက်ခန်းကပ်လျက်နေရတာဆိုတော့ အဝင်တွေ့ အထွက်တွေ့
တွေ့တိုင်း သူက နှုတ်ဆက်ပေမယ့် ကျွန်တော်က ကျွန်တော့်ဘာသာ ဘာ
မှန်း မသိတာတွေနဲ့ ရှုပ်နေတော့ စိတ်ထဲလည်း သိပ်မရှိလှဘူး။ ဒါပေမယ့်
ရောက်ခါစကလို မဟုတ်၊ တစ်နှစ်နှစ်နှစ်အတွင်းမှာ ပြည့်ပြည့်ဟာ တကယ်
ပဲ ပြည့်ပြည့်ကလေးဖြစ်လာတယ်။ ပြောရရင် တင်သား၊ ရင်သားတွေထွက်
လာတယ်။ ပြည့်ပြည့်က ရုပ်အချောကြီးမဟုတ်ပေမယ့် ရုပ်ဆိုးတယ်လို့
လည်း မပြောနိုင်တဲ့ ရုပ်မျိုးပါ။ ဒါပေမယ့် ဆယ်တန်းဖြေပြီးတဲ့နှစ်ကျတော့
သူက တကယ့်မိန်းမကြီးတစ်ယောက်လို တင်တွေရင်တွေခါးတွေ အချိုးကျ
ဖြစ်လာတယ်ဗျ။ ဒီတော့ လူပျိုစိတ်ပေါက်နေပြီဖြစ်တဲ့ ကျွန်တော်လည်း
တစ်ခါတစ်လေတော့ ပြည့်ပြည့်ကို နောက်ကနေ မသိမသာ စိုက်စိုက်ကြည့်
တတ်နေပြီ။ အင်း ပြည့်ပြည့်တောင် ကြည့်လို့ ကောင်းလာပါ့လားလို့ သက်
ပြင်းမောကြီးတွေဘာတွေ ချတတ်နေပြီ။ ဒါပေမယ့် အဲ့လောက်ပဲဗျ။ သိ
တယ်မဟုတ်လား ရွာနားကမြက် ရွာနားမစားဘူး ဆိုတဲ့စကားပုံလိုပေါ့။
ကျွန်တော်ကတော့ ပြည့်ပြည့်ကို ထူးထူးထွေထွေ စိတ်ကူးလို့ လည်းမရဘူး။
သူတို့ အောင်စာရင်းမထွက်ခင်ညမှာ ကျွန်တော်လည်း ဘောလုံးကန်ရာက
အပြန် ရေတွေ ဘာတွေချိုး။ ပြီးတော့ ဘယ်မှလဲ သွားစရာ မရှိတာနဲ့
ကျွန်တော်တို့ အထပ်ကလှေကားထစ်မှာ လက်သည်း ထိုင်ညှပ်နေတယ်။
ပြည့်ပြည့်ကလည်း အိမ်ထဲမှာ သူ့အဒေါ်ရော သူ့အဒေါ်ယောက်ျားရောရှိနေ
ချိန်မို့ အိမ်ပြင် ထွက်ဝရန်တာမှာ ထွက်ရပ်ရင်း ကျွန်တော့်ကိုတွေ့တော့
ကျွန်တော်ထိုင်နေတဲ့ လှေကားထစ်မှာ လာထိုင်တယ်။ သူနဲ့ကျွန်တော်က
စ် စ် စ် စ် က် န်း င်း ပ် က် ယ်
တစ်နှစ်တစ်နှစ်ခွဲလောက်သာ အခန်းချင်း ဘေးကပ်လျက်နေလာတယ်။
အဲဒီလို ကပ်လျက်တစ်ခါမှ မထိုင်ဖူးတော့ သူထိုင်လိုက်တယ်ဆိုရင်ပဲ ကျွန်
တော့်ကိုယ်ထဲ တစ်ခုခု ဖြတ်စီးသွားသလို တွန့်ခနဲဖြစ်သွားတယ်ဗျ။
သေးပေါက်တဲ့အခါ ကြက်သီးထသွားသလိုမျိုးပဲ။ အင်း....တစ်မျိုးပဲဟလို့
စိတ်ထဲအောက်မေ့ပြီး သူ့ကိုကြည့်လိုက်တော့ ပူပန်နေတဲ့ မျက်နှာမျိုးနဲ့
အရှေ့တည့်တည့်ကို ငေးကြည့်နေတယ်။ ကျွန်တော့်ဘေးမှာ ကပ်ထိုင်နေ
တယ်ဆိုပေမယ့် သူနဲ့ကျွန်တော် အသားချင်းထိမနေပါဘူး။ သုံးလေးလက်မ
လောက်တော့ ကွာသေးတယ်။ ဒါပေမယ့် သူကလည်း ရေချိုးထားခါစမို့
ထင်တယ်။ ခေါင်းလျှော်ရည်အနံ့လေးက သင်းပျံ့ပြီး ကျွန်တော့်နှာခေါင်းထဲ
ဝင်လာရော။ အဲဒီအနံ့ကြောင့် ကျွန်တော့်မှာ မိန်းမိန်းမောမော ဖြစ်သွားရ
သေးတယ်။
ခဏနေတော့ သူ ကျွန်တော့်ကို စကားစပြောတယ်။
“ခြေသည်းတွေလည်း ညှပ်ဦးလေ၊ ကြည့်ပါဦး ခြေမခြေသည်းကြီးက
အကြီးကြီးပဲ။ ခြေသည်းတွေကလည်း ညစ်ပတ်နေတာပဲ။”
“ခြေသည်းက ညှပ်တိုင်း ခြေစွယ်ငုပ်လို့ ဟ အဲ့တာကြောင့် မညှပ်တာ။
နောက်ပြီး ငါက ဘောလုံးကန်တာလေ ခြေထောက်ကတော့ ညစ်ပတ်မှာပေါ့
နင်ကလည်း”
“မိန်းကလေးတွေက ယောက်ျားလေးကိုကြည့်ရင် တစ်ကိုယ်လုံး သန့်ပြန့်နေ
မှ ကြိုက်တာဟ၊ အထူးသဖြင့် အဲ့ဒီခြေသည်းတွေပဲ တအား ရှည်နေရင်
ညစ်ပတ်နေရင် မကြိုက်ဘူးသိရဲ့လား”
သူပြောတဲ့စကားကြောင့် ကျွန်တော်တောင်ကြောင်သွားတယ်။ ကိုယ့်
ခြေသည်းတွေကိုလည်း ငုံ့ ကြည့်မိတယ်။ သူက ဆက်ပြောသေးတယ်။
“ရေချိုးရင် ခြေသည်းတွေကို ဘရက်နဲ့တိုက်လေဟယ်၊ ဖွေးသွားလိမ့်မယ်
နင်ရေချိုးရင် တိုက်ကြည့်”
“အေးပါဟာ နင့်ဟာကလည်း မိန်းမတွေ ကြိုက်ဖို့ တောင် ငါက ခြေသည်း
တွေကို သန့်ရှင်းထားရဦးမှာလား”
“မယုံရင်နေပေါ့”
ဟုတ်ရင်လည်းဟုတ်မှာပေါ့။ မိန်းကလေးတွေက မိန်းကလေးတွေ
အကြောင်း ပိုသိမှာပဲလေလို့ ကျွန်တော်လည်း တွေးနေလိုက်တယ်။ သူ့ကို
တော့ ဘာမှပြန်ပြောမနေတော့ဘူး။ ကျွန်တော်က ဘာမှမပြောဘဲ ငြိမ်နေ
တော့ သူလည်းပဲ စထိုင်တုန်းကလိုပဲ ရှေ့တည့်တည့်ကိုကြည့်ရင်း မျက်နှာ
က စိတ်ညစ်နေပုံ ပေါက်နေပြန်ရော။
ပြ ည့်ပြ ည့် ကြော က်
ည နေ ပုံ နေပြ န် ရော
“ပြည့်ပြည့်ဘာလဲ စာမေးပွဲကျမှာ ကြောက်နေတာလား”
ကျွန်တော်မေးတော့ သူက ကျွန်တော့်ကို ရုပ်ရှင်မင်းသမီးတွေလိုပဲဗျာ
ခေါင်းကို ဖြည်းဖြည်းလေး လှည့်လာပြီး စိုက်ကြည့်နေတယ်။ ကျွန်တော်
တောင် ဘာလဲဟလို့ နည်းနည်းနေရထိုင်ရခက်သွားမိတယ်။
“အေးဟယ် အဲဒါလည်းပါတယ်။ နောက်ပြီး ငါက ဆယ်တန်းအောင်ပြီးရင်
ဒီမှာ မနေရတော့ဘူးဟ၊ အမေတို့ ဆီ ပြောင်းနေရတော့မှာ၊ အဲဒီကနေ
တက္က သိုလ်တတ်ရမှာလေ... ငါက ဒီမှာဆက်နေချင်သေးတာဟာ။ ဒီမှာနေရ
တာ ငါပျော်တယ်။ ငါ့သူငယ်ချင်းတွေကလည် ဒီမှာပဲလေ”
“ဒါနဲ့နေပါဦး နင့်အမေတို့ က ဘယ်မှာနေတာလဲ”
“မြောက်ဒဂုံမှာ၊ အဲ့မှာက ဘာမှ မရှိဘူးဟ၊ နင့် ပျင်းစရာကြီး။ ညဘက်တွေ
ဆို ပိုဆိုးတယ် ခုနစ်နာရီ ရှစ်နာရီလောက်ရှိသေးတယ် မှောင်မည်းလို့ ၊ ဘာ
သံမှကို မကြားရတော့ဘူး”
ကျွန်တော်လည်း သူပြောတာ စဉ်းစားကြည့်တယ်။ ဟုတ်တော့ဟုတ်တယ်
ဗျ။ ညဘက်တွေ မီးမရှိရင်တော့ တကယ်ပျင်းစရာကြီး။ ကျွန်တော် လေး
ငါးတန်းလောက်ကဆို နွေကျောင်းပိတ်ရင် အမေတို့ ဘက်က အမျိုးတွေ၊
အဖေတို့ ဘက်က အမျိုးတွေဆီ သွားဖူးတယ်။ ရွာတွေဗျာ။ ညဘက်ဆို
မှောင်မည်းနေတာ ကိုယ့်နှာခေါင်းကိုယ်တောင် မမြင်ရဘူး။ လက်ဖက်ရည်
ဆိုင်လည်းမရှိ၊ တီဗွီဆိုတာဝေး။ သူတို့ တွေဘယ်လိုနေကြပါလိမ့် အလကား
မတ်တင်းခေါင်းပူအောင် စဉ်းစားဖူးတယ်။ ကျွန်တော်က ကိုယ့်အတွေးနဲ့
ကိုယ် ငြိမ်နေတုန်း ရှိသေးတယ်။ ပြည့်ပြည့်က ကျွန်တော့်ဘေးတင် ငိုနေ
ရောဗျ။
“ဟဲ့ ပြည့်ပြည့် နင်က ဘာလိုဘလိုင်းကြီး ငိုနေတာတုန်းဟ”
သူက ဒူးနှစ်ဖက်ကိုထောင်ထားတယ်။ ထောင်ထားတဲ့ ဒူးနှစ်ဖက်ကို လက်နဲ့
ပိုက်၊ အဲ့ဒီလက်နဲ့ပိုက်ထားတဲ့ ဒူးကြားထဲ ခေါင်းကြီးထိုးထည့်ပြီး ငိုနေတာ။
ကျွန်တော်မေးတော့လည်း ခေါင်းကိုပဲ ခါပြတယ်။ ဘာကြောင့်မှန်းကို
ကျွန်တော်လည်း စဉ်းစားလို့ မရဘူး။ နောက်ပြီး ပြောပြဦးမယ်။ သူ့ခေါင်းက
အခုမှ လျှော်ခါစဆိုတော့ ရေက ကောင်းကောင်းမခြောက်သေးဘူးဗျ။
စည်းလည်း စည်းမထားတော့ ဆံပင်ထိပ်ဖျားမှာကပ်နေတဲ့ ရေပေါက်မွှား
မွှားလေးတွေက သူခေါင်းခါလိုက်တော့ ကျွန်တော့်ပါးကို လာလာစဉ်နေ
တယ်။ ခေါင်းလျှော်ရည်အနံ့နဲ့အတူပေါ့။
သူကတော့ သူ့ဟာသူ ဘာကြောင့် ဝမ်းနည်းမှန်းမသိ ငိုနေတာပါ။ ကျွန်တော်
ကျတော့ သူ့ရဲ့အနံ့ရယ်၊ မိန်းကလေးတစ်ယောက် ကိုယ့်နံဘေးငိုနေတဲ့ဆိုတဲ့
သိ ယ် ကြော င့် င် ပ် ပ် ဖြ စ် ယ် ချိ န် ည်း င်ပြီး
အသိရယ်ကြောင့် ရင်တလှပ်လှပ်ဖြစ်လာတယ်။ အချိန်ကလည်း နေဝင်ပြီး
စဆိုတော့ မှောင်လာပြီ။ ပြောရရင် သူ့ကို စိတ်ထဲကနေ ပစ်မှားမိလာတယ်
ဗျ။ သူထိုင်နေတဲ့ပုံစံကလည်း ကျွန်တော်နဲ့ဘေးတိုက်ဆိုတော့ ကျွန်တော့
မျက်စိရှေ့မှာ သူ့ရင်သားတွေကို မြင်နေရတယ်။ အင်္ကျီအောက်ကကဆို
ပေမယ့် အလုံးအဖန်က မြင်သာနေတာကိုး။ ကျွန်တော့်ကို ခေါင်းခါပြလိုက်
တော့ အဲဒီရင်သားတွေကပါ ခပ်ဆတ်ဆတ်ကလေး တုန်သွားတာကိုပါ ကျွန်
တော့်မှာ မြင်နေရတယ်။ ကျွန်တော် အဆင်မပြေတော့ဘူး။ ငါတော့ ထ
ထွက်သွားမှ ဖြစ်တော့မယ်လို့ ကိုယ့်ဘာသာကိုယ် သတိပေးနေမိတယ်။ ဒါ
ပေမယ့်ဗျာ ဒါမျိုးဆိုတာ သိပ်ရှောင်ထွက်ဖို့ ခဲယဉ်းတာကိုး။ ဖင်ကို ကော်နဲ့
ကပ်ထားတဲ့အတိုင်းပဲ။ နောက်ပြီး ငိုနေတဲ့ မိန်းကလေးတစ်ယောက်ကို
ဥပေက္ခာပြုပြီး တစ်ယောက်တည်း ထားရစ်ခဲ့ရလောက်အောင်လည်း
ကျွန်တော်က အသည်းမမာဘူးဗျ။
“ပြည့်ပြည့်ရယ် တော်ပါတော့ နင် ဒီနေရာကြီးငိုနေတော့ မကောင်းဘူးလေ။
လှေကားထစ်က လူတိုင်း တက်ဆင်းနေတာကြီး”
ကျွန်တော်အဲ့လိုပြောတော့ သူခေါင်းထောင်လာတယ်။ မျက်ရည်တွေသုတ်
တယ်။
“ငါကဒီမှာပဲ နေချင်တာဟ၊ စာမေးပွဲတောင် မအောင်ချင်ဘူးဟာ။ “
“နင့်အမေကို ပြောကြည့်ပေါ့ဟ၊ တို့ နေတဲ့ နေရာက မြို့လယ်ပဲ။ ဒီက
ကျောင်းတတ်ရင် ပိုအဆင်ပြေမှာ ဘာညာပေါ့”
“နင်မသိပါဘူးဟာ၊ ငါတတ်တဲ့ကျောင်းက ဆယ်တန်းအောင်ရင် ဒဂုံ
တက္က သိုလ်ပဲ ရောက်မှာဟ၊ အမေ့အိမ်နဲ့ပိုနီးနေပြီလေ။ ဒီကဆို အဝေးကြီး”
“ဟင် ဟုတ်လား အဲဒါတော့ ငါမသိဘူး။ ဒါပေမယ့် ပြောကြည့်ပေါ့ဟာ၊ နင့်
အန်တီချိုကနေတစ်ဆင့် ပြောခိုင်းပေါ့ဟာ”
“ရနေမယ် အားကြီးကြီး ငါ့အမေက သူတို့ ညီအစ်မတွေထဲ အကြီးဆုံးဟဲ့၊
အန်တီချိုက ညီမအငယ်ဆုံး အမေ့ကို တအားကြောက်ရတာ၊ အမေက ဒါ
ဆိုရင် ဟိုဟာမလုပ်ရဲဘူး။ ယောက်ျားတောင် သူပေးစားတာ ယူထားတာ
ကြီး နင်က သိလည်းမသိဘဲနဲ့..”
“ဟေ...ဟုတ်လား အဲဒါတော့ ငါလည်း ဘယ်သိမလဲဟ၊ ဒါပေမယ့် ငိုစရာ မ
လိုပါဘူး နင်ကလည်း။ နင်ငိုတာ ကြည့်ရတာ ငါစိတ်မကောင်းဘူး တစ်
မျိုးပဲ”
တကယ်လည်း လူတစ်ယောက် ငိုနေတာမြင်ရင် ကျွန်တော်က အလိုလို
လိုက်ငိုချင်တဲ့ ကောင်မျိုးဗျ။ ဘာလို့ အဲ့လိုဖြစ်ရတယ် မသိပါဘူး။ ပြည့်
ပြ ည့် ကို ည်း စိ တ် င်း တို င်း ပြော လို က် ပါ ဒါ ယ့် န် တော့်
လို ငို ချ တဲ့ မျိုး ဗျ လို့ အဲ့ ဖြလို ရ ဘူး ပြ ည့်
ပြည့်ကိုလည်း စိတ်ရင်းအတိုင်း ပြောလိုက်တာပါ။ ဒါပေမယ့် ကျွန်တော့်
အသံက အတော်လေး နူးညံ့ပျော့ပျောင်းသွားတယ်ထင်တယ်။ ပြည့်ပြည့်
ဟာ ငိုထားတဲ့ မျက်လုံးတွေနဲ့ ကျွန်တော့်ကို ပြုးပြီးကြည့်နေတယ်။ ဟုတ်
တော့လည်း ဟုတ်တယ်ဗျ။ ပြည့်ပြည့်နဲ့ ကျွန်တော်က ဒီလောက်အထိ
အောင် တစ်ခါမှ စကားမပြောဖူးသလို ဒီလောက်အထိအောင်လည်း ကပ်မ
ထိုင်ဖူးဘူး။ သူက ကျွန်တော့်ကို အဲ့လိုကြည့်နေတော့ ကျွန်တော် ဘယ်လို
စိတ်ကူးပေါက်သွားတယ် မသိဘူးဗျာ။ သူ့ပခုံးကို ဆွဲဖက်လိုက်ပြီး
ကျွန်တော်နဲ့ပိုကပ်သွားအောင် ကိုယ်ကိုဆွဲယူလိုက်တယ်။ အလိုလို လုပ်မိ
သွားတာဗျ။ ကြိုစဉ်းစားပြီး ကြံတာလည်းမဟုတ်ဘူး။ အဲ့လိုဖက်လိုက်ပြီးမှ
ရုတ်တရက် လန့်သွားပြီး လက်ကိုပြန်ရုပ်ဖို့ သတိဝင်သေးပေမယ့် ပြည့်ပြည့်
ကမရုန်းတဲ့အပြင် ကျွန်တော့်အနားကို တိုးကပ်ပြီးထိုင်တယ်။ ပြီးတော့ ကျွန်
တော့် ပခုံးပေါ် သူ့ခေါင်းကို မှီထားရော။
ကျွန်တော် သူ့ပခုံးသားလေးတွေကို ပွတ်ပေးနေမိတယ်။ ရည်းစားကို ချော့
နေတဲ့အတိုင်းပေါ့ဗျာ။ တကယ်က ပြည့်ပြည့်နဲ့ ကျွန်တော်က ဘာဆိုဘာမှ
မဟုတ်ဘူး။ ကျွန်တော်ကလည်း ခပ်တည်တည်နဲ့ ဖက်ထားတယ်။ သူက
လည်း ကျွန်တော့်ပခုံးမှာ ခေါင်းလေးမှီထားတယ်။ အချိန်က ညရှစ်နာရီနီး
နီး။ လူအများ အတက်အဆင်းလုပ်တဲ့ လှေကားဆိုပေမယ့် အဲဒီနေ့က
ကျွန်တော်တို့ နှစ်ယောက်ကို ဘယ်သူမှ မနှောင့်ယှက်ရလို့ တစ်ခုခုက
တားမြစ်ပေးထားသလိုပဲ။ ဘယ်သူမှ အတက်အဆင်းမရှိ။ ကျွန်တော်လည်း
အဲ့ဒီအတိုင်းလေးပဲ မှိန်းနေရင်းသာယာလာတယ်ဗျ။ သိတယ်မဟုတ်လား။
တစ်ကိုယ်လုံး ရှိန်းတိန်းဖိန်းတိန်းတွေ ဖြစ်လာတယ်။ သူကလည်း ငြိမ်နေ
တော့ လွန်လွန်ကျူးကျူးကို မွှေးရနံ့သင်းသင်းနဲ့ဆွဲဆောင်နေတဲ့ သူ့ဆံပင်
လေးတွေကို အဆင့်တက်ပြီး နမ်းလိုက်မိတယ်။
သူပြုံးလိုက်တယ်ဗျ။ အဲ့ဒါကို ကျွန်တော်သိတယ်။ သူ့ကို ကျွန်တော် ငုံ့ နမ်း
လိုက်တဲ့အချိန် ကျွန်တော့်ပခုံးကို ထိနေတဲ့ သူ့မျက်နှာအရေပြားလေးတွေ
တွန့်လှုပ်သွားတာ ကျွန်တော်သိတယ်။ အဲ့ဒါ သူပြုံးလိုက်တာပေါ့။ ကျေနပ်
ပီတိဖြစ်နေရင်းက သူနဲ့ငါ ဒီလောက်အိမ်ချင်းကပ်နေတာ ခုမှများ ဒီလိုတွေ
ဖြစ်ရတယ်။ နောက်ကျလိုက်တာကွာလို့ နောင်တတောင်ရမိပါတယ်ဗျာ။ ဒါ
ပေမယ့် စက္က န့်ဝက်လောက်လေး အတွင်းမှာပဲ နောင်တရတာကို မေ့သွားပြီး
သူ့ပါးလေးကို ဆွဲပြီးနမ်းလိုက်ပြန်ရော။
“သန့်ဇင် နက်ဖြန်မနက် ငါ အောင်စာရင်းသွားကြည့်တာ နင် လိုက်ခဲ့ပါ့လား”
ပြည့်ပြည့်ကပြောတယ်။
“အေး လိုက်ခဲ့မယ်လေ ဘယ်အချိန်လဲ”

ငါ စ် က် ည်း ဆို င် က် ကြ ည့် ဒါ ယ့်


“ငါတစ်ယောက်တည်း ဆိုရင်တော့ မနက်မှ သွားကြည့်ရမှာဟ။ ဒါပေမယ့်
နင်ပါရင်တော့ အန်တီ့ကို ပြောလိုက်ရင် မနက်ခင်း အစောကြီး ထွက်လို့ ရ
တာပေါ့”
ဟုတ်တော့ ဟုတ်တယ်။ သူတို့ ဆယ်တန်းအောင်စာရင်းတွေက ည
ဆယ့်နှစ်နာရီဆို ကပ်ပြီဗျ။ ကျွန်တော်က ဘယ်ငြင်းလိမ့်မလဲ။ စောလေ
ကောင်းလေပဲလို့ ကြိတ်တောင် ဆုတောင်းလိုက်သေးတယ်။
“အေး...ပြောလိုက်လေ။ ငါလည်းအမေ့ကို ပြောလိုက်မယ် ခုညမဟုတ်လား
ဘယ်အချိန်ထသွားမှာလဲ”
“မနက်ခင်း သုံးလေးနာရီလောက်ပေါ့ နင်တို့ အခန်းတံခါးကို ငါခေါက်လိုက်
မယ်”
“အိုကေ”
ကျွန်တော်တို့ လူချင်း ခဏခွာပြီး အဲဒီလိုစကားတွေပြောနေတုန်း အပေါ်
တက်ကို ဦးလေးကြီးတစ်ယောက် တက်သွားတယ်။ တော်သေးတယ် ဖက်
နေတဲ့အချိန်များတွေ့ရင် ဘယ်လိုနေမလဲမသိဘူး။ ကံတော်တော်ကောင်း
တယ်ဗျ။ ဒါပေမယ့် ဒီအခြေအနေထိရောက်လာတော့ ကျွန်တော်လည်း
သိပ်မကြောက်တော့ဘူး။ လက်ရဲဇက်ရဲဖြစ်နေပြီ။ မနက်ခင်း ထသွားမယ့်
အကြောင်း ပြောပြီးတာနဲ့ပြန်ဖက်ထားလိုက်တာပဲ။ သူက “ငါ ဝင်တော့မယ်
မိုးချုပ်နေပြီ ထမင်းလည်း မစားရသေးဘူး” လို့ ပြောတဲ့အထိပဲ။ အဲဒီလို
ပြောပြီး သူက ထတယ် ကျွန်တော်က အားမရသေးဘူး။ ကျွန်တော်လည်း
မတ်တတ်ရပ်ပြီး သူ့နှုတ်ခမ်းကို တော်တော်ကြီးကို ကြီးတဲ့ စိတ်အဟုန်နဲ့
နမ်းပစ်လိုက်တာ မောတောင်မောသွားတယ်။
“တော်တော့ကွယ် ဒီမှာအင်္ကျီတွေတောင် ကြေကုန်ပြီ အတင်းပဲနော်”
အဲ့လိုပြောပြီးလှည့်ထွက်သွားတယ်။ သူတို့ အခန်းကို ဝင်ခါနီး ကျွန်တော့်ကို
လှမ်းကြည့်ပြီး ပြုံးပြသွားသေးတယ်။ အဲဒီတော့မှ ကျွန်တော့်ဝေဒနာက
ပြင်းပြင်းထန်ထန်စလာတယ်။ သူနဲ့ထိုင်နေတုန်းကလည်း ကျွန်တော်ဗိုက်
တွေမတရားအောင့်နေတာ ဘာဖြစ်မှန်း မသိဘူး။ ပေပြီး ကြိတ်ခံနေရတာ
ပေါ့။ မတ်တတ်ရပ်လိုက်မှ သိတယ်။ ကျွန်တော်ဗိုက်အောင့်တာမဟုတ်ဘူး
ဗျ။ ဘောတွေအောင့်နေတာ။ ဘာဖြစ်တယ်ကို မသိဘူးဗျာ။ ပထမဆုံး
အတွေ့အကြုံဆိုတော့လည်း ငါ့ဥကြီးပြုတ်များ ထွက်သွားတော့မလားလို့
တောင် စိုးရိမ်လာမိတယ်။ ဒါပေမယ့်လည်း သိတယ်မဟုတ်လား။ မနက်
အစောကျရင် အဲ့ဒီထက်ကို ပိုလွတ်လပ်ဦးမှာ။ ဘောအောင့်နေပေမယ့်
လည်း ကျေနပ်ရလွန်းလို့ ခုန်ပေါက်ပြီး အခန်းကို ပြန်တာပေါ့။ သူတို့ အခန်း

ဖြ တ် မ်း င်ကြ ည့် လို က် ယ် ည့် န်း ရှိ ပါ


ရှေ့ကဖြတ်တော့ လှမ်းတောင်ကြည့်လိုက်သေးတယ်။ ဧည့်ခန်းမှာ သူမရှိပါ
ဘူး။
®®®®®
အခန်း (၁၀)

ညနှစ်နာရီလောက်ကျတော့ ကျွန်တော်နိုးပြီ။ နိုးနိုးချင်း မက်ခဲ့တဲ့အိပ်မက်


ကို ပြန်သတိရပြီး ပြုံးမိတယ်။ အိပ်မက်ကလည်း ကောင်းလိုက်တာဗျာ။
ဘောလုံးကွင်းဘေးက သစ်မြစ်ဆုံကြီးပေါ်မှာ ကျွန်တော်
တစ်ယောက်တည်း ထိုင်နေတုန်း မိုးပေါ်ကနေ ရွှေရောင်တဝင်းဝင်းနဲ့
ဟင်္သာမတစ်ကောင် ပျံသွားတာ မြင်လိုက်ရတယ်။ တကယ်တော့ ဟင်္သာ
ဆိုတာ ဘယ်လိုငှက်မှန်း ကျွန်တော်မသိပါဘူးဗျာ။ ဘဲလိုကောင်မျိုးပဲနဲ့ တူ
ပါတယ်။ ကရဝိတ်နဲ့လည်း ခပ်ဆင်ဆင်နေမှာပေါ့။ အဲဒါ ဟင်္သာမှန်း
ဘယ်လိုလုပ်သိနေသလဲဆိုတာလည်း မသိပါဘူး။ ဟာ ဟင်္သာမလေးဆို
ပြီး ကျွန်တော်ကမော့ကြည့်နေရင်းနဲ့အဲဒီဟင်္သာက တဖြည်းဖြည်းနဲ့နိမ့်နိမ့်
ကလေးဆင်းပျံလာတယ်တဲ့။
မြေပြင်နဲ့တော် တာ်နီးနီးကပ်ကပ်ရောက်မှ သဲသဲကွဲကွဲမြင်လာရတော့
ဟင်္သာမဟုတ်ဘဲနဲ့ နတ်သမီးလို အဝတ်အစားမျိုးနဲ့ ကောင်မလေးတစ်
ယောက် ဖြစ်နေတယ်ဗျ။ ဒါပေမယ့် အတောင်ပံလည်းပါတယ်။ ဇာတ်တွေ
ထဲကလို လက်မှာကွင်းနဲ့ တပ်ထားတာနေမှာပေါ့။ တစ်ကိုယ်လုံးလည်း
ရွှေရောင်တဝင်းဝင်းနဲ့ အသားအရေကပါ ဝင်းဝါနေတာ။ အဲဒီ နတ်သမီးမ
လား ဟင်္သာမလား မသိတဲ့ ကောင်မလေးဟာ ကျွန်တော့်ခေါင်းအထက်မှာ
ဝဲပြီးပျံနေတာကို တော်တော်ကြာတယ်။ ကျွန်တော်လည်း မျက်တောင်မ
ခတ်စတမ်း လိုက်ကြည့်နေမိတာပေါ့။ ပြီးတော့ သူက ကျွန်တော်ထိုင်နေတဲ့
သစ်မြစ်ဆုံကြီးပေါ်မှာ ထိုင်လျက်ကလေး လာနားတယ်။ အဲဒီတော့မှ
မျက်နှာကိုသေချာကြည့်မိတယ်။ ပြည့်ပြည့်ဗျ။ ဟင်္သာ နတ်သမီး
အဝတ်အစားနဲ့သောက်ရမ်းလှနေတဲ့ ပြည့်ပြည့်ပေါ့ဗျာ။
သူက ကျွန်တော့်ကို ပြုံးပြီးကြည့်နေလိုက်တာများ နို့ ကိုတပြွတ်ပြွတ်စို့ နေတဲ့
မွေးကင်းစကလေးလေးကို နို့ တိုက်နေတဲ့ မိခင်က ပီတိတွေဖြာပြီး ကြည့်နေ
သလိုမျိုးပဲ။ ပြုံးနေလိုက်တာလည်း အကြာကြီး။ ပြန်ပြုံးပြနေမိတဲ့
ကျွန်တော်တောင် ပါးတွေညောင်းလာတဲ့အထိပဲ။ သူကတော့ညောင်းပုံမရ
ဘူး။ ကြာတော့ ကျွန်တော်လည်း မပြုံးတော့ဘူး။ သစ်မြစ်ဆုံပေါ်တင်ပဲ သူ့
ပခုံးကို ဆွဲဖက်ပြီး မျက်နှာအနှံ့ တရွှတ်ရွှတ်နဲ့နမ်းတော့တာပဲ။ သူကလည်း
နမ်းတာကို ငြိမ်တော့ခံပါရဲ့။ ဒါပေမယ့် တခစ်ခစ်နဲ့ အသံထွက်အောင် ရယ်
နေတာဗျ။ သူက အဲ့လို တခစ်ခစ်ရယ်လေ ကျွန်တော်ကလည်း အတင်းနမ်း
လေနဲ့ အိပ်ရာက နိုးလာခဲ့တာပဲ။ မနက်အထိသာ အိပ်ရရင် ကောင်းခန်း
ထိ င် က် က် ယ် င် ယ် န်း န်း အိ ပ် က် ဆို
အထိတောင် ရောက်လောက်မယ်ထင်တယ်။ ထူးထူးဆန်းဆန်း အိပ်မက်ဆို
ပေမယ့် ပျော်စရာတော့ကောင်းတယ်ဗျာ။ အိပ်မက်တွေကို ကျွန်တော်
ကတော့ သဘောကျတယ်။ အိပ်မက်ထဲမှာ ပျော်ရရင် တကယ်ပဲ ပျော်ရတာ
ဗျ။ အိပ်မက်ဆိုး ဆိုရင်တောင် လန့်နိုးလာတဲ့အခါ အိပ်မက်လို့ ပဲ သိပြီး ပျော်
ရသေးတာပဲလေ။
အိပ်မက်ကို ပြန်တွးပြီး ပြုံးဖြဲဖြဲနဲ့ပဲ ရေတွေဘာတွေချိုး။ ဆံပင်က ခပ်တိုတို
ဆိုပေမယ့် အုန်းဆီတွေ နားထင်က စီးကျလာအောင် လိမ်း။ ကျွန်တော့်မှာရှိ
တဲ့ အင်္ကျီဘောင်းဘီတွေထဲက အကောင်းဆုံးတစ်စုံကို ထုတ်ဝတ်ပြီး
တံခါးခေါက်သံကို တက်ကြွတဲ့ ကြက်ဖလို စောင့်နေလိုက်တယ်။ မနက်
စောစောထတဲ့ ငှက်က အစာများများ စားရမယ်ပေါ့လေ။ မက်ခဲ့တဲ့
အိပ်မက်ကို လက်တွေ့ ဆက်လက်အကောင်အထည်ဖော်မယ်ပေါ့လေ။
အကြံဆိုးကြီးနဲ့ ဘုရားတွေဘာတွေတောင် မရှိခိုးစဖူး ထိုင်ရှိခိုးလိုက်သေး
တယ်။ ကျွန်တော်ကတော့ တကယ့်ကောင်ဗျ။
သိပ်အကြာကြီး မစောင့်လိုက်ရပါဘူး။ သူလည်း ကျွန်တော့်လိုပဲ ညသုံးနာရီ
ဆိုတာကို ဘယ်အချိန်ကတည်းက တက်ကြွစွာ စောင့်နေတယ်မသိနိုင်ဘူး။
ကျွန်တော့်အိမ်က တိုင်ကပ်နာရီမှာ သုံးနာရီမတ်တင်းပဲ ရှိသေးတယ်။ တံခါး
ခေါက်သံ တိုးတိုးလေး ထွက်လာတယ်။ ဒေါက်...ဒေါက်...ဒေါက် ပေါ့။
တံခါးဖွင့်လိုက်တော့ ပြည့်ပြည့်အပြင် သူ့အန်တီပါ အခန်းရှေ့မှာ ရပ်နေ
တယ်။ ပြည့်ပြည့်ကတော့ ဖြီးလိမ်း သန့်စင်ထားတာဗျ။ မွှေးကြိုင်နေတာပဲ။
ယောက်ျားဝတ် ရှပ်အင်္ကျီပွပွကို ကြယ်သီးမတပ်ဘဲ အပေါ်က ထပ်ဝတ်
ထားတယ်။ အောက်ကတော့ ထဘီပေါ့။ သူ့အန်တီကတော့ အိပ်မှုန်စုံမွှား
ဆံပင်ဖားလျားကြီးနဲ့ဗျ။ ပြီးရင် ပြန်အိပ်မှာမို့ ဒီအတိုင်း ထလာပုံရတယ်။
အခန်းရှေ့က မီးလုံးအလင်းရောင်အောက်မှာ နတ်သမီးလေးနဲ့ စုန်းမကြီး
ယှဉ်ရပ်နေသလိုဖြစ်နေတာပေါ့။
“သန့်ဇင်လေး နင့်အစ်မကို စောင့်ရှောက်ဦးနော်။ မောင်နှမတွေ လူချင်း
လည်း မကွဲစေနဲ့ဦး။ ဘယ်တွေမှလည်း လျှောက်ဝင်မနေနဲ့ အောင်စာရင်း
ကြည့်ပြီး တန်းပြန်လာခဲ့ ကြားလား ပြည့်ပြည့်ရော”
ကျွန်တော်တို့ နှစ်ယောက်စလုံး “ဟုတ်” လို့ ပြိုင်တူ ပြောလိုက်ကြတယ်။ ပြီး
တော့ နှစ်ယောက်သား အခန်းရှေ့ကနေ ထွက်ခွာကြတယ်။ လှေကားရင်း
ရောက်တာနဲ့ တင်းထားသမျှ ဖြေချပစ်လိုက်တယ်။ တိုက်အောက်ရောက်
အောင်တာင် မစောင့်နိုင်တော့ဘူး။ သူ့ပါးကို ရွှတ်ခနဲ တစ်ချက် နမ်း
ပစ်လိုက်တယ်။ အဲဒီနောက် ညအမှောင်ကြီးထဲ ဆိုပေမယ့် လမ်းမီးရောင်
တွေအောက်ကနေ သူနဲ့ကျွန်တော် လက်ချင်းချိတ်လို့ တကယ့်ကို နှေးနှေး
ကလေး လမ်း‌ေလျှာက်နေခဲ့ကြတယ်။
ရီ ဆို တော် တော့် ကို မ်း စ် က် ဖြ တ် ဖြ တ်
သုံးနာရီဆိုတာ တော်တော့်ကိုစောတာ။ လမ်းတစ်လျှောက် ဖြတ်သွားဖြတ်
လာဆိုတာ မရှိသလောက်ပဲ။ အုပ်စုလိုက် အောင်စာရင်းကြည့်ကြတဲ့အဖွဲ့
တွေ ဂျစ်ကားတွေ လေးဘီးကားတွေနဲ့ ဟေးဟား အော်သွားတာ နှစ်စီး သုံး
စီးလောက်တွေ့တယ်။ အဲဒါပဲ။ ကျွန်တော်တို့ လို ဒီအချိန်ကြီးထပြီး
လမ်းလျှောက်အောင်စာရင်းကြည့်တဲ့သူ မရှိဘူးလို့ တောင် ထင်မိတယ်။ သူ
တို့ ကျောင်းနဲ့ ကျွန်တော်တို့ တိုက်တွေနဲ့က တကယ်တော့ နှစ်မိုင်လောက်ဝေး
တာဗျ။ သူက မြတ်ကျော်တို့ ဝင်းကိုတို့ နဲ့ ကျောင်းအတူတူပဲ။ ဒါကြောင့်
ဖယ်ရီတွေစီစဉ်ပေးတာပေါ့။ ခုဟာကျတော့ အောင်စာရင်းကြည့်ဆိုတော့
ဘာဖယ်ရီမှမရှိဘူး။ နှစ်မိုင်ခရီးကို လမ်းလျှောက်သွားရတာ တကယ့်အကြာ
ကြီးဗျာ။ ကျွန်တော်တို့ နှစ်ယောက် ပိုပြီးနှေးလျှောက်တာဆိုတော့ လေးနာရီ
ထိုးလောက်ကျမှ သူတို့ ကျောင်းရှေ့ရောက်တယ်။
တစ်လမ်းလုံး လမ်းဖြည်းဖြည်းလေးလျှောက်ပြီး ကျွန်တော်တို့ ဘာလုပ်
လဲဆိုရင် ဘာမှမလုပ်ပါဘူး။ ပါးကိုနမ်းတယ် သူ့ခါးကို ပွတ်သပ်တယ်။
လက်ကိုတင်းကြပ်နေအောင် ဆုပ်ထားတယ်။ အမှန်တိုင်း ဝန်ခံရရင် သူ့
ရင်သားနဲ့ ကျွန်တော့်တံတောင်နဲ့ နှစ်ခါသုံးခါတော့ သွားရင်းလာရင်း ထိမိ
သွားတယ်။ ဒီလောက်ပဲဗျ။ ညတုန်းကတော့ စိတ်ကူးတွေယဉ်ပြီး စောင့်နေ
တာပဲ။ နှစ်ယောက်တည်း ညသန်းခေါင်ကျော်ကျော် ဆိတ်ကွယ်ရာလည်း
တကယ်ရောက်ရော ဘာလုပ်ရမယ်မှန်း ကျွန်တော်မသိဘူး။ အဲဒီအချိန်ထိ
သူနဲ့ကျွန်တော် နောက်ဆုံးအဆင့်ထိ စီးမျောရောက်ရှိမသွားအောင် တားဆီး
မယ့် အရာတစ်ခုရှိနေတာကို ကျွန်တော်မသိသေးဘူး။ ဒါပေမယ့် ကျွန်တော့်
ဘောတွေလည်း ညကလိုပဲ အရမ်းအောင့်နေပြီ။ တင်းထောင်ရမယ့် အရာ
တွေလည်း တင်းထောင်နေပြီ။ ဘောင်းဘီ ဝတ်ခဲ့တာ မှားတာပဲဗျာ။ ငယ်
သေးတော့ အတွင်းခံဘောင်းဘီလည်း မဝတ်တတ်သေး။ အတော်
ဒုက္ခရောက်တယ်။
အဲဒီလိုနဲ့ ဒဂုံ ၁ ရှေ့ ကျွန်တော်တို့ ရောက်တယ်။ အောင်စာရင်းကြည့်နေတဲ့
လူတွေအများကြီးမို့ ကျွန်တော်တို့ လူချင်း နည်းနည်းခွာလိုက်တယ်။ ပြည့်
ပြည့်တို့ ကျောင်းကို နောက်ထပ် တစ်မိုင်သာသာလောက် ထပ်သွားရသေး
တယ်။ လူရှင်းတဲ့နေရာရောက်တော့ ပြန်ပြီး ပူးကပ်သွားကြပြန်ရော။
နောက်ဆုံးတော့ သူတို့ ကျောင်းရှေ့ကို ရောက်သွားတယ်။တစ်လမ်းလုံး
အတွေ့ထူးကို ခံစားရင်းနဲ့ပေါ့ဗျာ။ တစ်လမ်းလုံးမှာ ကျောင်းရှိတဲ့နေရာကလွဲ
ရင် ဘယ်သူမှ မတွေ့ခဲ့ဘူးဆိုပေမယ့် သူတို့ ကျောင်းရှေ့လည်းရောက်ပြန်
တော့ လူတွေက တကယ်အများကြီးဗျ။ ဘယ်အချိန်ကတည်းက ထလာကြ
တယ် မသိဘူး။ တစ်ယောက်ချင်း လာကြည့်သူတွေရော၊ မိဘတွေ ဆွေမျိုး
တွေ တပြုံတမနဲ့လာကြည့်သူတွေရော။ ညအမှောင်ကြီးထဲ ပွဲတော်တစ်ခုလို
တောင် ဖြစ်နေတယ်။ ပြည့်ပြည့်လည်း အဲဒီတော့မှ
င်္ဂ င် တို့ တို့ မီး လို န် တော် င် င်း
ဖြ နေ ပြ ည့်ပြ ည့် ည်း မှ
မင်္ဂလာဆောင်သတို့ သား သတို့ သမီးတွေလို ကျွန်တော်နဲ့ တံတောင်ချင်း
ချိတ်ထားရာက ဖြုတ်လိုက်ပြီး လက်ကိုပဲ ကိုင်တွဲလိုက်တယ်။
“လာ လာ လူနည်းနည်း ကူတွန်းပေးဦး အထဲထဲ တိုးကြည့်မှရမှာ”
ကျွန်တော်လည်း သူနဲ့အတူ လက်ချင်းမဖြုတ်ဘဲ လူအုပ်ကြီးထဲ တိုးဝင်သွား
တယ်။ နှစ်မိနစ်လောက် တအိအိတိုးမှ အောင်စာရင်းတွေ ကပ်ထားတဲ့
သင်ပုန်းရှေ့ရောက်တယ်။ ပြည့်ပြည့်အောင်ပါတယ်။ အောင်တယ်လို့ သိသိ
ရချင်း သူပျော်နေပေမယ့် လူအုပ်ထဲက ပြန်ထွက်တော့ သူ့မျက်နှာ မ
ကောင်းတော့ဘူး။ ညှိုးငယ်လာပြန်ရော။ ကျောင်းပေါက်ဝနားရောက်တော့
သူ့သူငယ်ချင်းမတွေနဲ့တွေ့နေသေးတယ်။
“ပြည့်ပြည့်အောင်လား” လို့ သူ့ကိုမေးကြတယ်။ အောင်တယ်ပေါ့ သူက
လည်း ပြန်ဖြေတယ်။
“အံမယ် နင်က ဘဲငယ်ငယ်လေးနဲ့ တွဲနေတာပေါ့ဟုတ်လား၊ ကောင်မ သွက်
တယ်နော်” တဲ့။ သူ့သူငယ်ချင်းတွေက သူ့ကို ကျွန်တော်နဲ့ စနေတယ်။
ကျွန်တော်လည်း မျက်နှာထားရ ခက်နေတာပေါ့ဗျာ။
“မဟုတ်ပါဘူးဟယ်၊ ဒါငါ့မောင်လေးပါ တစ်ဝမ်းပဲကွဲတာဟ”
ရယ်ရယ်မောမောနဲ့ သူ့သူငယ်ချင်းတွေထွက်သွားတော့မှ သူက ကျွန်တော့်
နားနားကပ်ပြီး ခပ်တိုးတိုးပြောပြီး သူ့ဟာသူ ပြန်သဘောကျပြီး ရယ်နေ
တယ်။
“ဟုတ်တယ်လေ သန့်ဇင်အမေဝမ်းနဲ့ ပြည့်ပြည့်အမေဝမ်းနဲ့ တစ်ဝမ်းပဲ ကွဲ
တာပဲကိုး နော့ ဟား ဟား”
အဲဒီမှာ ကျွန်တာ် အနံ့တစ်ခုရလိုက်တယ်။ အစောတုန်းက စကားပြောရင်း
နီးနီးကပ်ကပ်ပဲဆိုပေမယ့် ဒီတစ်ခါက လူအုပ်ထဲ ကျွန်တော့်ပါးနားကို
အတင်းကပ်ပြီး ပြောလိုက်တာဆိုတော့ အနံ့က ကျွန်တော့်နှာခေါင်းထဲကို
အတင်းတိုးဝင်သွားတယ်။ တညင်းသီး နံ့ပေါ့ဗျာ။ ကျွန်တော် ဖီးနည်းနည်း
ငုပ်သွားတယ်ဗျ။ ဒါပေမယ့် ခဏပါပဲ။ အထိအတွေ့က တစ်ရစ်ပြီ တစ်ရစ်
ပိုပြီး တရစပ်ဖြစ်ပြီး ပိုပြီး နူးညံ့နေတာကိုး။ လာရာလမ်းအတိုင်းကို လာခဲ့
စဉ်ကလိုပဲ ခပ်ဖြေးဖြေး နှေးနှေး ကျွန်တော်တို့ ပြန်လာကြတယ်။ ဒဂုံ ၁
ရှေ့ကနေပြန်ဖြတ်တော့ နည်းနည်းခွာတယ်။ အပြန်ကျတော့ အဲဒီလမ်း
အတိုင်း မဆင်းတော့ဘဲ နည်းနည်း ပိုပြီးမှောင် လူလည်းပိုပြတ်တဲ့ သံရုံးနဲ့
ဟိုတယ် ကြားလမ်းကနေ ဖြတ်ပြန်တယ်။ လမ်းထဲဝင်တော့ သူရော
ကျွန်တော်ပါ ဒီဂရီ တော်တော်တက်နေပြီ။

မ်း ည်း ည်း င် မိ င် က် စ် ကို န် တော် င်


လမ်းထဲ နည်းနည်းလေးဝင်မိတာနဲ့ခရေပင်အောက်တစ်ခုကို ကျွန်တော် ဝင်
လိုက်တယ်။ သူ့ကို ဖက်ထားရင်းနဲ့ပေါ့။ ကျွန်တော့်စိတ်ကိုလည်း အဆုံးစွန်
လွှတ်ပေးလိုက်တယ်ဗျာ။ သူ့မျက်နှာနေရာအနှံ့ကို ကျွန်တော် နမ်းတယ်။
လက်ကလည်း တစ်ကိုယ်လုံးနေရာအစုံရောက်နေပြီ။ နောက်ဆုံးအဆင့်
အနေနဲ့ သူ့နှုတ်ခမ်းကိုကျွန်တော် စွဲစုပ်ပစ်လိုက်တယ်။ ဒါပေမယ့်ဗျာ ခဏ
လေးပဲ။ ပါးစပ်ကို နမ်းပြီးပြီးချင်း ကျွန်တော် ပြန်ခွာလိုက်ရတယ်။
ခုနတုန်းက ကျွန်တော်ပြောခဲ့တဲ့ သူနဲ့ကျွန်တော် နောက်ဆုံးအဆင့်ထိ စီးမျော
ရောက်ရှိမသွားအောင် ကာကွယ်တားဆီးမယ့် အရာဆိုတာ အဲဒါပါပဲ။
တညင်းသီးနံ့ဗျ။ သူ ညက တညင်းသီးတွေနဲ့ ထမင်းစားလာပုံပဲဗျာ။
ဘယ်နှစ်လုံးတောင် စားလာတယ်မသိဘူး။ နှုတ်ခမ်းကို ပြန်နမ်းမယ့်
ဟန်ပြင်လိုက်တိုင်း အနံ့က ဟောင်ခနဲ ထွက်ထွက်လာတယ်။
တကယ်တော့ ကျွန်တော်ကိုယ်တိုင်လည်း တညင်းသီး သောက်ရမ်း ကြိုက်
တာဗျ။ ဒါပေမယ့် သူများပါးစပ်က ထွက်တဲ့အနံ့ကြီးကျတော့ ဘယ်လိုမှ မ
ခံစားနိုင်ဘူးဗျာ။ ကျွန်တော်ဘယ်လိုမှ ဆက်ကြိုးစားလို့ မရတော့ဘူး။ တင်း
နေတဲ့အကြောတွေလည်း အဲဒီအနံ့ရလိုက်တိုင်း ပြန်ပြန်ပြေကျသွားလို့ ပြန်
တောင်မတင်းနိုင်တော့ဘူး။ ဘောအောင့်တာတောင် အတော်သက်သာသွား
တယ်။ အဲဒီတော့မျ ကျွန်တာ် အသိတရားဝင်လာတယ်။ တညင်းသီး အနံ့
သာ မရရင် ငါတို့ ဘယ်အထိခရီးပေါက်မှာပါလိမ့်လို့ တွေးမိပြီး နှမြောတာ
လိုလို၊ လန့်တာလိုလို ခံစားချက်ဝင်လာတယ်။ ပြည့်ပြည့်ကလည်း
ကျွန်တော် ဖြစ်နေပုံကို ရိပ်မိပုံပဲဗျ။ သူကိုယ်တိုင် ဦးဆောင်ပြီး ခရေပင်
အောက်ကနေ လမ်းပေါ် ပြန်တက်တယ်။ ကျွန်တော့်လက်ကိုတော့ ဆွဲကိုင်
ထားတုန်းပဲ။ ကျွန်တော်ကလည်း သူ့ခါးသေးသေးလေးကို ဖက်ကိုင်ထား
တုန်းပဲ။ ဒါပေမယ့်ဗျာ ဇာတ်လမ်းက ပြီးသွားပါပြီ။ အဲဒါကို အလိုလို သိနေ
တယ်။ ကျွန်တော့်မှာ ပြည့်ပြည့်ကို အားလည်းနာ၊ ဆက်ဖြစ်လို့ မရတော့တဲ့
စိတ်ကိုလည်း ဒေါသထွက်၊ နှမြောလည်းနှမြော ခံစားချက်ပေါင်းစုံနဲ့ပဲ ဗျာ။
အဲဒီလိုနဲ့ပဲ ကျွန်တော်တို့ နှစ်ယောက် အိမ် ပြန်ရောက်ခဲ့တယ်။ ကျွန်တော်တို့
အထပ်ကို တက်မယ့် လှေကားရင်း ကျတော့ ကျွန်တော် သူ့ကို နှုတ်ဆက်အ
နမ်းလေး ပေးဖို့ အားထုတ်သေးတယ်။ ပြည့်ပြည့်ဟာ ရှက်သွားသလိုပဲ။ အ
နမ်းမခံတော့ဘူးဗျ။ လှေကားထစ်ပေါ် ပြေးတက်သွားပြီး သူတို့ တိုက်ခန်းထဲ
ကို တန်းဝင်သွားပါလေရော။ ကျွန်တော့်မှာ အံ့ဩတကြီးနဲ့ ကျန်ခဲ့ရတယ်။
အိမ်ခန်းထဲလည်း မဝင်ချင်သေးတာနဲ့ လှေကားထစ်မှာထိုင်ပြီး ဖြစ်ခဲ့သမျှ
ပြန်ပြီး စဉ်းစားကြည့်နေမိတယ်။ ဖြစ်သွားခဲ့တာတွေကို ကောင်းကောင်း နား
မလည်ဘူးဗျာ။ ဟိုးငယ်ငယ်လေးတုန်းက ဖြစ်ခဲ့တဲ့ကိစ္စကို ပြန်တွေးကြည့်
နေရသလိုပဲ။ ခုလေးမှဖြစ်ခဲ့တာ သေချာတယ်လို့ သက်သေပြစရာဆိုလို့
ပြည့်ပြည့်ဆံပင်တွေဆီကနေ ဝဲကျန်နေခဲ့တဲ့ ခေါင်းလျှော်ရည်နံ့သင်းသင်း၊
ကို ယ် န် တော့် ပေါ င် င်း ဘီ
ပြ ည့်ပြ ည့် တွေ နေ ကျန် နေ လျှော် ရည်နံ့
သူ့ကိုယ်က ရေမွှေးနံ့မွှေးမွှေးလေးတွေနဲ့ကျွန်တော့်ပေါင်နဲ့‌ဘောင်းဘီ မှာ သူ့
အလိုလို စွန်းထင်းသွားတဲ့ ပျစ်ချွဲချွဲအစအနတွေပဲ ရှိတော့တယ်။
နောက်ရက်တွေမှာ ပြည့်ပြည့်က ကျွန်တော်နဲ့ လုံးဝ မဆုံမိအောင်နေတယ်။
မတော်တဆ ကျွန်တော်တို့ အထပ် ဝရန်တာ လှေကားမှာ တွေ့မိရင်တောင်
မျက်လုံးချင်းမဆုံမိအောင် ရှောင်သွားတယ်။ ပထမဆုံးတစ်ကြိမ်မှာတော့
သူနဲ့စကားပြောဖို့ ကြိုးစားမိသေးပေမယ့် နောက်တော့ ကျွန်တော် မ
ကြိုးစားတော့ဘူး။ အမှန်အတိုင်းပြောရရင် ကျွန်တော်က အထိအတွေ့ကို
စွဲလမ်းမိခဲ့တာပါ။ ပြည့်ပြည့်ရော ကျွန်တော်ပါ တစ်ယောက်ကိုတစ်ယောက်
ချစ်ခဲ့တာ မဟုတ်ဘူး။ လူပျိုပေါက်နဲ့အပျိုပေါက် နီးစပ်တုန်းခဏတာ စိတ်
ရိုင်းဝင်မိတုန်းမှာ တစ်ယောက်အပေါ်တစ်ယောက် အာသာ ဖြေကြတာမျိုး
ပါ။ သူလည်း အဲဒီလိုပဲဆိုတာ သေချာပါတယ်။ ကျွန်တော့်ကို လုံးဝ
ပစ်ပစ်ခါခါ နေနိုင်သွားတာကို ကြည့်လေ။ အောင်စာရင်းထွက်ပြီး နှစ်လ
တောင်မပြည့်ဘူး။ ပြည့်ပြည့် သူ့အမေအိမ် သူပြန်သွားတယ်။ ကျွန်တော့်ကို
နှဒတ်ဆက်တာ ဘာဖြစ်တာ ညာဖြစ်တာ တစ်ခုမှမရှိ။ ကျွန်တော်လည်း ကိုး
တန်းနှစ် အစကို တက်နေပြီမို့ ညနေခင်း ကျောင်းကပြန်လာတော့ ပြည့်ပြည့်
ကို မတွေ့တော့မှ သူ ပြန်သွားပြီဆိုတာကို သိလိုက်ရတယ်။
®®®®®
ပြည့်ပြည့်နဲ့ကိစ္စတွေ ဖြစ်ပျက်ပြီးတဲ့နောက် သူ ပြောင်းသွားလို့ စိတ်ထဲ နည်း
နည်းဝမ်းနည်းသလို ခံစားရတယ် ဆိုပေမယ့် ပျော်လည်းပျော်တယ်ဗျ။
နောက်ပြီး ဖြစ်ခဲ့တဲ့ ဘာမှအမည်မမြောက် အဖြစ်လေးကိုပဲ ပြန်တွေးမိတိုင်း
ကျေနပ်နေမိတယ်။ ပိုလွတ်လပ် ပိုပေါ့ပါးသွားသလိုပဲ။ တစ်လလောက်နဲ့
အရာရာက ပုံမှန်အတိုင်း ပြန်ဖြစ်သွားတယ်။ ကျောင်းကကောင်တွေ၊ ဝင်း
ထဲကကောင်တွေရဲ့ကြားမှာ ကိုယ်က အလိုလို တစ်ပန်းသာနေတယ်လို့ ထင်
နေမိတယ်။ ထုတ်တော့မပြောပါဘူး။ ဒါပေမယ့် တစ်ခါတလေ စကားတွေ
ဘာတွေကြုံလို့ အဲဒီအပိုင်းတွေ ရောက်လာပြီဆိုရင် အဲဒါက ဘယ်လိုအရာ
သာကွ၊ ဘယ်လိုပြီးမြောက်တာဘာညာနဲ့ ခပ်တည်တည်ကြွယ်တာပေါ့။ ဒါ
ပေမယ့် သိတယ် မဟုတ်လား ဒီကောင်တွေကလည်း ရွယ်တူအချင်းချင်း
ကျ ကြောတာ သိပ်မခံချင်ဘူး။ ကျွန်တော်ပြောပြီးတာနဲ့ ဒီကောင်တွေရဲ့
ထောမနောပြုသံကို အမြဲနားထောင်ရတယ်။
“စောက်ပေါ မင်းကလုပ်ဖူးလို့ လား အောကားတွေကြည့်ပြီး ဆရာ လာလုပ်
နေတယ်။ မင်းမကြည့်ဖူးတဲ့ ကားတွေတောင် ငါတို့ က ကြည့်ဖူးတယ်ကွ”
တဲ့။ ကျွန်တော်ကတော့ မင်းတို့ လို ချွတ်တားတွေ ထက်တော့ ငါက သာ
တယ်ကွလို့ ပြုံးပဲ နေလိုက်ပါတယ်။ ဒါမျိုးက ဘယ်သူနဲ့ ဘယ်လိုဖြစ်ခဲ့

ယ် က်ကြွား လို့ မျိုး ည်း တ် ကြီး သိ


တယ် လျှောက်ကြွားလို့ ရတာမျိုးလည်း မဟုတ်ဘူးလေ။ လူကြီးတွေ သိ
ကုန်ရင် အသတ်ခံရမှာပေါ့။
ဒါတွေထားပါဗျာ။ ကိုးတန်းနှစ်က ကျွန်တော့်အတွက် ကံကောင်းစေတဲ့ နှစ်
ပဲဗျ။ ဘာဖြစ်လို့ လဲဆိုရင် ကျောင်းတက်ပြီး နှစ်လနေတော့ ကျွန်တော် ချစ်
ရမယ့် ကောင်မလေးတစ်ယောက်ကို စတွေ့ခဲ့ရလို့ ပဲ။ ကျွန်တော် ကြိုက်
တတ်တဲ့ ပုံစံအတိုင်း သိပ်ချောသိပ်လှတဲ့ အစားထဲကတော့ မဟုတ်ပေမယ့်
ကျါန်တော် ကြိုက်ခဲ့သမျှထဲ သူက ချစ်စရာအကောင်းဆုံး အလှဆုံးလို့ ထင်
မိတယ်ဗျာ။ မေးကလေးက ချွန်ချွန်လေး၊ အသားကလေးကလည်း ဖြူ၊
ဆံပင်ကလည်း ခပ်ရှည်ရှည်ကလေးနဲ့ဆိုတော့ တရုတ်မလေးကျနေတာပဲ။
ကျန်းဝူကျိ ဇာတ်ကားထဲက ကျောက်မိန်နဲ့တောင် တူသလိုလို။ နာမည်လေး
ကလည်း သိပ်လှတယ် ‘ဟန်နီမင်းလွင်’ တဲ့။ ဒေါ်ဟန်နီနဲ့ဦးမင်းလွင်တို့ သမီး
ဖြစ်မယ် ထင်သေးတာ။ မဆိုင်ပါဘူး။ သူ့အမေနာမည်က ဒေါ်သီတာ၊ အဖေ
နာမည်က ဦးသိန်းထွန်းတဲ့။
‘ဟန်နီ’က ကျွန်တော့်ထက် တတန်းငယ်တယ်။ သူက အဲ့နှစ်မှ ရှစ်တန်း တက်
မှာ။ အစတုန်းက သူနဲ့ ကိုမျိုးသန့်နဲ့ အမျိုးတော်မှန်း မသိသေးဘူးဗျ။
နောက်မှသိရတာ။ ဟန်နီ့ရဲ့အဖေက ကျွန်တော်တို့ ဆိုင်နဲ့လေးငါးဆိုင် အကွာ
လောက်မှာ လျှပ်စစ်ပစ္စည်းတွေရောင်းတာ။ မီးချောင်းတို့ မီးလုံးတို့ ပေါ့ဗျာ။
သူကလည်း ကျွန်တော့်လိုပဲ သူ့အဖေဆိုင်မှာ ကူကူထိုင်ပေးတော့ ကျွန်တော်
တို့ ဆိုင်ရှေ့ကနေ အမြဲဖြတ်ဖြတ်သွားတယ်။ တစ်ခါတလေဆိုရင် ဘာ
စိတ်ကူးပေါက်တယ်မသိဘူး ဆိုင်ထဲမှာ ငုတ်တုတ်ထိုင်နေတဲ့ ကျွန်တော့်ကို
ပြုံးပြသွားတတ်သေးတယ်။ အစကတော့ ဘယ်နှယ့်မှမနေပါဘူး။ သူက
ပြုံးပြတော့ ကျွန်တော်ကလည်း ရယ်ပြတာပေါ့။ ဒါပေမယ့် ဖြတ်သွားဖြတ်
လာတွေက ကြာလာ၊ အပြုံးချင်း အကြည့်ချင်း ဖလှယ်တာတွေကများလာ
တော့ စွဲလမ်းလာရောဗျ။ စုစုနဲ့ ကွဲကွာရပြီးနောက်ကတည်းက ကျွန်တော်
ချစ်ရမယ့် မိန်းကလေး မရှိတာကြာလှပြီလေ။ ကျွန်တော် အချစ်ဆာနေပြီ
ထင်ပါတယ်။ နောက်ပြီး ကိုးတန်းနှစ်ဆိုတာ ရဲရဲတင်းတင်းလူပျိုဖြစ်တဲ့
အချိန်ဗျ။ ပါးပေါ်က ဝက်ခြံအဖုလေးတွေဆိုတာ ဟိုတစ်ဖု ဒီတစ်ဖုနဲ့ ထိုင်
ညှစ်နေရင်ကို မပျင်းရလောက်အောင်၊ အလုပ်တစ်ခုလို ဖြစ်လောက်အောင်
များလာနေပြီ။ ဒီတော့ အချစ်စိတ်ဆိုတာကလေးကလည်း ဟိုကဒီက ရုန်း
ကြွထွက်လာတော့တာပေါ့။ “ဟေ့ရောင် မင်း ဘာစာအုပ်တွေ ဖတ်နေတာလဲ”
ရုတ်တရက်ကြီးဆိုတော့ ကျနော် လန့်ဖြန့်သွားမိတယ်။ ခေါင်းမွေးတွေ
တောင် ထောင်သွားတယ်ဗျာ။ ကျနော်တို့ ဆိုင်ရဲ့အောက်မှာက ရေဆိုး
မြောင်းရှိတော့ ဆိုင်က ခြေတံရှည်ဆိုင်မျိုးဗျ။ ကြမ်းခင်းရဲ့ အမြင့်ကတော့
နှစ်ပေခွဲသာသာလောက်ရှိတာပါ။ အဲဒီတော့ ဈေးဝယ်လာရင် ဈေးဝယ်သူ

ကို ကြ ည့် ယ် ဒီ ယ် ည်း ပေါ် မိုး


ကို မော့ကြည့်ရတယ်။ ဒီတော့ ဈေးဝယ်သူကလည်း အပေါ်မှာမိုးနေတာ
ပေါ့။ ပြောချင်တာက ဆိုင်ပေါ်မှာထိုင်ပြီး စာဖတ်နေတယ်ဆိုပေမယ့် ဝင်လာ
တဲ့လူက အပေါ် စီးကနေမို့ အကုန်မြင်ရတယ်။ ဒီတော့ ကျနော်လဲ စာအုပ်ကို
ချက်ချင်း ဖင်အောက်ထိုးထည့် မိတာပေါ့ဗျာ။ အောစာအုပ်ဖတ်နေတုန်း လူ
မိတာမျိုးဟာ မျက်နှာထားရသိပ်ခက်၊ ရှက်ကိုးရှက်ကန်းဖြစ်စေတယ် ဆို
တာကို အောစာအုပ်ခိုးဖတ်တုန်း လူမိဖူးမှ သိမှာပဲ။ စာအုပ်ကို ဖင်အောက်
ထဲထည့်လိုက်ရင်း မျက်နှာပြောင်တိုက်ပြီး ငြင်းရတာပေါ့။
“အာ ဘာမှမဟုတ်ပါဘူး ကိုကြီးရ ဟီး”
“ငါသိပါတယ်ကွာ မင်း အောစာအုပ်တွေ ဖတ်နေတာ၊ အဲဒါဖတ်တာ ရှက်
စရာမဟုတ်ပါဘူးကွ မင်းကလဲ ယောကျာ်းချင်းပဲ။ အေး ဖတ်ပြီးတော့ ဂွင်း
တွေချည့် စွတ်တိုက်မနေနဲ့ဦး။ ကျောင်းစာလေးဘာလေးလဲလုပ်။ ဝတ္ထုတွေ
ဘာတွေကော ဖတ်တတ်ပြီလား ဒါနဲ့မင်းက ခု ဘယ်နှတန်းလဲ”
“ရှစ်တန်းဗျ၊ ကိုးတန်းတက်တော့မှာ”
“မင်းကာတွန်းစာအုပ်တွေ ဘာတွေကော ဖတ်ဖူးလား”
“ဖတ်ဖူးတာပေါ့ ကျနော် ပိုးဇာတို့ တွတ်ပီတို့ တာယာပွကြီးတို့ ကြိုက်တယ်
ဗျ၊ သိုင်းဝတ္တုတအုပ်တောင် ဖတ်ဖူးတယ် ခုနစ်တွဲတောင်ရှိတာ”
“အေးပါ မင်းဟာက အောစာအုပ်ဖတ်တာ ရဲတင်းလွန်းတယ်၊ အိမ်ကျမှ
အိမ်သာထဲဖတ်လေကွာ မင်းဟာက ဆိုင်ထိုင်နေရင်းမှ အောစာအုပ်ဖတ်ရ
တယ်လို့ လုပ် လုပ် ကွမ်းယာယာဦး”
“ဟုတ် ဟုတ်”
“နေဦး နေဦး ဟစ်ရောင် သွား မင်း လက်သွားဆေးဦး၊ မင်းကို ငါ မယုံဘူး
ဟား ဟား”
အရင်တုန်းက ကိုမျိုးသန့်နဲ့ စကားတခွန်းစ နှစ်ခွန်းစပြောဖူးပေမယ့် ဒီ
လောက်တော့ တခါမှ မပြောဖူးဘူးဗျ။ ပြောမယ့်ပြောရတော့လည်း မနိပ်ပါ
ဘူး။ အောစာအုပ်ခိုးဖတ်နေတုန်းမှ တိုးရတယ်လို့ ။ သူနဲ့မို့ တော်သေးတယ်
လို့ တောင်ဆိုရမယ်။ ဒီပြင်အစ်ကိုကြီးတွေဆိုရင် ကျနော့်ကို သောက်ရမ်း
ဟားမှာ။ ကျနော်သိသလောက်တော့ ကိုမျိုးသန့်က အနေအေးတယ်။ ဆိုင်
မှာ ကွမ်းယာဝယ်စားတာတော့ နှစ်နှစ် သုံးနှစ်မကတော့ ရှိပြီ။ ကျနော်က သူ့
နေပုံထိုင်ပုံကို သဘောကျတော့ သတိထားမိတာပေါ့။ ကွမ်းယာကလည်း
အသားကုန်စားတယ်။ တနေ့တနေ့ကို တရာ၊ တရာ့ငါးဆယ်ဖိုးလောက်တော့
ရှိမယ် သူစားတယ်။ ကွမ်းက သူစားတဲ့ ဗမာဆေး ဂုံခါးနဲ့က တဆယ်ဖိုးဆို
သုံးယာဗျာ။ တရာတရာ့ငါးဆယ်ဖိုးဆိုတာ နည်းတဲ့ အယာအရေအတွက်
တ် ခါ မ်း ယ်ပြီး က် ယ် မိ စ် ယ့် ငါး
သုံး ဗျာ ရာ ရာ့ ဖိုး ဆို နည်း တဲ့ ရေ တွ
မဟုတ်ဘူး။ တခါတလေ ကွမ်းယာဝယ်ပြီးတဲ့နောက် ဆယ်မိနစ် ဆယ့်ငါး
မိနစ်လောက် အလုပ်မသွားခင် ထိုင်တတ်တယ်ဆိုပေမယ့် ခဏတဖြုတ်ပါ
ပဲ။ ဘော်ဒါအပေါင်းအသင်းရယ်လို့ လည်း သိပ်မရှိဘူး။ ဆိုင်ရှေ့ထိုင်နေရင်
လည်း သူ့ဟာသူ စာအုပ်တအုပ်ဖတ်ရင်း ငြိမ်နေတာများတယ်။
အောစာအုပ်ဖတ်တာ သူမိသွားတော့ ကျနော့်မှာ ရှက်ကိုးရှက်ကန်းနဲ့ အ
ယောင်ယောင်အမှားမှားတွေ ဖြစ်နေပေမယ့် သူကတော့ မသိသလိုပါဘဲ။
ချက်ချင်းကြီးအတိတ်မေ့သွားသလိုတောင် ထင်ရတယ်။ နောက်နေ့တွေမှာ
လည်း အဲဒီအကြောင်း စကားစလည်းမဖော်၊ ထပ်လည်း မပြောတော့ဘူး။
ဒါပေမယ့် သူနဲ့ကျနော်က ပိုရင်းနှီးသွားသလိုတော့ ဖြစ်သွားတယ်။ ကိုမျိုး
သန့်က ဆိုင်မှာကွမ်းယာလာစားနေကျမို့ မျက်မှန်းတန်းမိ သိနေပေမယ့်
လည်း အရင်ကတော့ သူ့အကြောင်းကို ဘာမှသိတာမဟုတ်ဘူး။ လူပုံ
ကတော့ ရုပ်ရှင်မင်းသားတွေ ဖြောင့်သလို ဖြောင့်တဲ့ရုပ်ဗျ။ ရေလည်လန်း
တယ်။
သူ့ကိုကြည့်ပြီး ကျနော်ဆို အားကျတာရော၊ သိမ်ငယ်တာရော တပြိုင်တည်း
ခဏခဏ ခံစားရတယ်။ စော်ကလည်း ရေလည်ကြည်တာ။ ကျနော်က သူ့
ကို သတိထားစောင့်ကြည့်နေသလိုရှိတော့ သိတာပေါ့။ စော်လေးတွေဆိုတာ
သူ့ရှေ့ဆို အိညောင်ပတ်ညောင်နဲ့ဗျာ။ ဖြတ်ဖြတ်လျှောက်ရတာလည်း
အမော။ ကိုမျိုးသန့်များ ဆိုင်ရှေ့ထိုင်နေပြီလားဆိုရင် အပုပ်နံ့ရတဲ့ကျီးကန်း
တွေလိုပဲ ဆိုင်ရှေ့မိန်းကလေးတွေ အလိုလိုကိုများလာတယ်။ စိုင်းမင်းစံကို
လုကြတဲ့ မညိုလွင်၊ မစံပယ်တို့ ဆိုရင် စိုင်းမင်းစံနဲ့ မတွေ့ခင်အချိန်ကရော
တွေ့ပြီးနောက်ပိုင်းအချိန်မှာပါ ကိုမျိုးသန့်အကြောင်းကို ထိုင်ပြောနေကြတာ
ခဏ ခဏကြားဖူးတယ်။ ဝင်းထဲက ကောင်မလေးတော်တော်များများ ကို
မျိုးသန့်ဖြတ်သွားရင် မသိမသာရော၊ သိသိသာသာပါ လိုက်ငေးကြတာ
ခဏခဏတွေ့ဖူးတယ်။
ကိုမျိုးသန့် ကျနော့်ရဲ့ ပထမဆုံးတရားဝင်ဟီးရိုးဖြစ်ပြီး သတိထားမိစေတဲ့
အဖြစ်ကတော့ ကျနော်ခုနစ်တန်းနှစ်မှာ ဖြစ်တာ။ အဲဒီကစ ကျနော်တို့
သူငယ်ချင်းတွေကြား သူ့အကြောင်းက ကြုံရင်ကြုံသလို စကားထဲထည့်
ပြောစရာဖြစ်နေတာပေါ့။ ဒါပေမယ့်လည်း စကားတော့ သွားမပြောရဲပါဘူး။
သိတယ်မဟုတ်လား။ ဘဲကြီးတွေဆိုတာဗျာ သူတို့ က စကားစပြောတာမျိုး
မဟုတ်ရင် စကားရောဖောရောသွားမလုပ်ရဲဘူး။ အထာကြီးတွေနဲ့ ရုပ်တည်
ကြီးတွေနေကြတာ။ ကိုမျိုးသန့်က ပိုဆိုးတယ်။ အမြဲတမ်းခပ်တည်တည်ပဲ။
ကိုမျိုးသန့် ကျနော်တို့ ရဲ့ ဟီးရိုးဖြစ်စေတဲ့ အကြောင်းက ဒီလိုဗျ။ ကျနော်တို့
တိုက်သုံးရှေ့မှာ ကားလေထိုးကျွတ်ဖာဆိုင်တဆိုင်ရှိတယ်။ တာယာတွေဘာ
တွေလဲ လဲတာတပ်တာလုပ်တာကိုး။ အဲဒီဆိုင်ရဲ့ပိုင်ရှင်က ဗိုတာယာဆိုတဲ့
ဘိုး ကြီး က် ည် င်း နော် တို့ ည်း သိ
အဘိုးကြီးတယောက်ပဲ။ နာမည်အရင်းတော့ ကျနော်တို့ လည်း မသိဘူး။
တာယာတွေလုပ်လို့ ဗိုတာယာလို့ ခေါ်တာပဲသိတယ်။ ပိုင်ရှင်ဆိုပေမယ့် တခါ
တလေ ကျနော်တို့ ဝင်းထဲက အရွယ်ရောက်စ လူငယ်တယောက်နှစ်ယောက်
အလုပ်ခန့်ထားလို့ ရှိတတ်တာကလွဲရင် သူ့ချည့်ဒိုင်ခံအလုပ်လုပ်တာပါ။ ကျ
နော်တို့ ဒီတိုက်တွေက စပြီးပြောင်းလာစဉ် ဟိုးခပ်ငယ်ငယ်ကတည်းက သူရှိ
တယ်။ အဲဒီကတည်းက ဗိုတာယာဟာ ကားဘီးခွေက မူလီတွေနပ်တွေကို
သံပိုက်အကြီးကြီးတွေစွပ်ပြီး အံကြီးကြိတ်ကြိတ်ပြီးဖြုတ်၊ အံကြီးကြိတ်
ကြိတ်ပြီးတပ်။ ကျနော်တို့ နှပ်ချေးတွဲလောင်း ဂွေးတွဲလောင်းချာတိတ်
ကတည်းက ဗိုတာယာကြီးက အိုလှပြီ။ ကျနော်တို့ သာ ဂွေးတန်းလန်းကနေ
တချို့ကောင်တွေ နားပေါက်တန်းလန်းတွေ ဘာတွေဖြစ်လာတယ် သူက
လည်း ဒီရုပ်ဒီရည်နဲ့ အိုလှပြီဖြစ်တဲ့ ဗိုတာယာပဲ။ ဘာမှမပြောင်းလဲသလိုပဲ။
အဲ ဒါပေမယ့် အလုပ်ကြမ်းလုပ်တာဆိုတော့ ဘော်ဒီကတော့ ရေလည်
တောင့်တာဗျ။ ဂျပန်ကားသေးတွေက ခွေဖြုတ်တာလောက်က သိပ်မပြောပ
လောက်ပေမယ့် ကားကြီးတွေက ဂွေကိုဖြုတ်တာမျိုးကျ တော်ရုံတန်ရုံအား
လောက်နဲ့မရဘူး။ ဒီတော့ ဗိုတာယာဟာ ဘိုးတော်ကြီးဆိုပေမယ့်
လက်မောင်းကြွက်သားတွေဆိုတာ ဟဲဗီးအတုတ်ကြီးတွေ။ သွေးကြောကြီး
တွေဆိုတာလည်း ထောင်ထလို့ ပဲ။
ညနေခြောက်နာရီဆိုရင် သူ့လေထိုးကျွတ်ဖာဆိုင်ပိတ်ပြီ။ အဲဒီကနေ ညရှစ်
နာရီလောက်အထိ ရာဘာညှော်နံ့ကြီးစွဲနေတဲ့ သူ့ဆိုင်တဲကလေးထဲမှာ တ
ယောက်တည်း အရက်ထိုင်သောက်နေတတ်တယ်။ ရှစ်နာရီ ရှစ်ခွဲလောက်မှ
တဲရှေ့ခုံတန်းလျားမှာ ထွက်ထိုင်တယ်။ အဲဒီကနေ ညဆယ်နာရီ ဆယ့်တ
နာရီလောက်အထိ တောက်လျှောက်သီချင်းဆိုတော့တာပဲ။ သူဆိုတဲ့ သီချင်း
တွေက အများကြီးဆိုပေမယ့် ညတိုင်း အနည်းဆုံးနှစ်ခေါက်လောက်ဆိုတဲ့
ပင်တိုင်သီချင်းတော့ ရှိတယ်။ ကျနော်တို့ ကလည်း အဲဒီသီချင်းပဲ မှတ်မိ
တယ်။ ကျန်တဲ့ သူဆိုတဲ့သီချင်းတွေ မှတ်လည်းမမှတ်မိ၊ သိလည်း မသိ
ဘူး။ အဲဒီသီချင်းကတော့ ကျနော်တို့ တောင် အလွတ်ရတယ်။
“ဗမာ့လွတ်လပ်ရေးအတွက် xxx တပ်မတော်ဖွဲ့ဖို့ xxx ဂျပန်ပြည်မှာကွယ်
xxx တကယ်ပဲ အသက်နဲ့လဲလို့ xxx ဆင်းရဲဒုက္ခခံကာ ကြံစည်တယ် xxx
သူရဲကောင်းတဲ့ ဗိုလ်အောင်ဆန်းနဲ့xxx အာဇာနည်တွေရယ် xxx”
သူက အဲဒီသီချင်းဆိုရင် ငိုလည်း ငိုသေးတယ်ဗျ။ မသိရင် ရဲဘော်သုံးကျိပ်
ထဲ သူ့အဖေပါတာ ကျနေတာပဲ။ ရှိုက်ကြီးတငင်ကို ငိုတာ။ ဗိုလ်ချုပ်အောင်
ဆန်းကို တော်တော်ချစ်ပုံလည်းရတယ်။ သူက တခါတလေ ဗိုလ်ချုပ်
အောင်ဆန်းအကြောင်းကို နာနာကျင်ကျင် လွမ်းလွမ်းဆွေးဆွေး တမ်း
တမ်းတတကြီးနဲ့ ကျနော်တို့ ကို ပြောပြတတ်သေးတယ်။ မျက်ရည်တွေလဲ
လို့ ပေါ့ နော် တို့ ဗို လ် င် န်း သိ ည်း သိ
ကျလို့ ပေါ့။ ကျနော်တို့ ကတော့ ဗိုလ်အောင်ဆန်းတွေဘာတွေ သိလည်းမသိ
နားလည်မလည်ဘူး။ သူပြောတဲ့ ဟိုင်နန်ကျွန်းတို့ ၊ ဂျပန်တို့ ၊ စစ်ပညာသင်
တာတို့ ဆိုတာ အဝေးကြီး။ ဒါပေမယ့် ကျနော်တို့ က ပြက်ရယ် မပြုပါဘူး။ မ
ပြုဆို နားလဲမလည်ဘူးလေ။ အဲဒါကြောင့်လဲ သူ့စကားကို မလှောင်တတ်တဲ့
ကလေးတွေနဲ့ နေတယ်နဲ့ တူပါတယ်။ ကျနော်သိတဲ့ လူကြီးတော်တော်များ
များကတော့ သူ့ဆိုရင် သိပ်အကောင်းပြောကြတာမကြားဖူးဘူးဗျ။ လှောင်
ကြတာများတယ်။ နောက်ပြီး အဲဒီတုန်းက ဗိုလ်ချုပ်အောင်ဆန်းဆိုတာ လူ
တွေက သိပ်လည်းမပြောကြဘူး။ ပြောတဲ့ ဗိုတာယာကိုလည်း သူတို့ က ဝေး
ဝေးက ရှောင်ကြတယ်။ ဘာလို့ မှန်းတော့ ကျနော်လဲ ငယ်သေးတော့ မသိခဲ့
ဘူး။
အဲဒီသီချင်းကို ကျနော်တို့ အလွတ်ရနေတယ်ဆိုတာကလည်း သူဆိုနေတာ
ကို ညတိုင်းကြားနေရတာကြောင့်ချည့် မဟုတ်သေးဘူး။ ကျနော်တို့ ငယ်
ငယ် သုံးတန်းလေးတန်းအရွယ်လောက်ကနေ ငါးတန်းလောက်အထိက ည
ဘက်ဆိုရင် ဗိုတာယာရဲ့ တဲကလေးရှေ့မှာပဲ သူနဲ့အတူထိုင်ကြတာ။ ဗို
တာယာကို အဖော်ပြုကြတဲ့ ကလေးတွေပေါ့ဗျာ။ အဲဒါကလည်း မျိုးဆက်
မပြတ်ဘူး။ ကျနော်တို့ တွေ ကြီးလာတော့ ဗိုတာယာက ကျနော်တို့ အာရုံမှာမ
ရှိတော့ဘူး။ ဒီပြင် အရေးကြီးတာတွေ ခေါင်းထဲရောက်နေပြီလေ။ ဒါပေ
မယ့် ညဘက်ဆိုရင် ဗိုတာယာကို အဖော်ပြုနေတဲ့ ချာတိတ်တွေကတော့ ရှိ
တုန်းပဲ။ မုန့်ဖိုးပေးတော့လည်း သူ့အနားနေရကျိုးနပ် တာပေါ့ဗျာ။
ဗိုတာယာက ညရှစ်နာရီလောက်ဆို ဆိုင်ရှေ့ထွက်ထိုင်ပြီး သီချင်းစဆိုပြီ။
အဖွင့်ကတော့ “ဗမာ့လွတ်လပ်ရေးအတွက်” က စတာချည့်ပါပဲ။ သူ့သီချင်း
သံကြားပြီဆိုတာနဲ့ ကျနော်တို့ ကလည်း သူ့ဆီသွားပြီ။ သူသီချင်းဆိုတာ
ထိုင်နားထောင်တာပဲ။ ဒါပေမယ့် စိတ်ကူးပေါက်ရင် အဲဒီသီချင်းကို သူက
ရှေ့ကနေတိုင်ပေးတယ်။ ကျနော်တို့ တွေက နောက်ကလိုက်ဆိုပေါ့။ အဲဒီည
မျိုးဆိုရင် တယောက်ကို ငါးကျပ်တဆယ်ကတော့ သေချာပေါက် မုန့်ဖိုးရ
ပြီ။ ညတိုင်းကြီး ဆိုခိုင်း၊ ညတိုင်းကြီး မုန့်ဖိုးပေးတာမဟုတ်ပေမယ့် ကျနော်
တို့ ကတော့ သူသီချင်းဆိုခိုင်ချင်းရင် အဆင်သင့်ရှိအောင်လို့ သူနံဘေးကပ်
လျက်မထိုင်တောင် သူ့နား ပတ်ဝန်းကျင်ကလေးမှာ ပြေးဆော့နေကြတာပဲ။
“ဟေ့ ကလေးတွေ လာကြ လာကြ အာရှခေါင်းဆောင် ဗိုလ်အောင်ဆန်းဆို
မယ်” လို့ သူပြောမယ့် အသံကို နားစွင့်နေတာ။ ကြားတာနဲ့ဝုန်းဆို သူ့အနား
အကုန်ရောက်ပြီပဲ။ နေရာတောင်လုကြရသေးတယ်။ ထားပါတော့ဗျာ။
ပြောချင်တာက အဲဒီအဘိုးကြီးအကြောင်းမဟုတ်ပါဘူး။ တရက်တော့ အဲဒီ
အဘိုးကြီးကို ကျနော်တို့ ဝင်းထဲက ဘဲကြီးတဗွေက “စောက်အဘိုးကြီး လီး
တွေ ဆိုနေတာလားကွ နားညည်းတယ်” လို့ အော်ပြီး အသားလွတ် နှစ်တစ်

တ် င် ရို က် ယ် ယ့် စ် ရီ ယ့် စ် ရီ က်ကြီး ဆို


တုတ်နဲ့ဝင်ရိုက်တယ်။ ညဆယ့်တစ်နာရီ ဆယ့်နှစ်နာရီလောက်ကြီးဆိုတော့
ကျနော်တို့ လဲ မနက်ကျမှ အဲဒါကိုသိတာပါ။ ရိုက်တဲ့ဘဲကြီးကလည်း
ဝန်ထမ်းသားသမီးဗျ။ ကျနော်တို့ နေတဲ့ တိုက်တွေနဲ့ အတော်ဝေးတဲ့တိုက်
နံပါတ်နှစ်ဆယ်ကျော်က။ ဒါပေမယ့် သူ့ကို ကျနော်ကသိတယ်။ သူ့ညီက
ကျောင်းမှာ ကျနော်နဲ့တတန်းတည်းပဲလေ။ အခန်းတော့ မတူပါဘူး။ အဲ့
ကောင်ကလဲ သူ့အစ်ကို ငဆိုးလူမိုက်အရှိန်နဲ့ သိပ်ဂန်ကျယ်ချင်တဲ့ကောင်။
လူကဖြင့် ညီရောအစ်ကိုရော နံပိန်လေးတွေ။
ဗိုတာယာက အဘိုးကြီးဆိုပေမယ့် သာမန်နေ့လည်အချိန်တွေမှာ သူ့ကို အဲဒါ
မျိုးရန်ပြုလို့ ကတော့ ရန်ပြုတဲ့ကောင် သက်သာမယ် မဟုတ်ဘူး။ အဘိုး
ကြီးက ဗန်တိုဗန်ရှည်တွေပါတတ်သေးတာ။ သူ တခါတလေ သိုင်းကစား
တာကိုလည်း ကျနော်တို့ က မြင်ဖူးနေကျကိုး။ ဒါပေမယ့် ညကြီး မူးမူးရူးရူး
ဖြစ်နေချိန်ဆိုတော့
ထိုင်ရာကတောင် မထနိုင်ဘူး။ နှစ်တစ်နဲ့ရို က်တာကို လက်နှစ်ဖက်နဲ့ချည့် တ
လှည့်စီ ပေခံမိတော့ ဘယ်နှစ်ချက်တောင် လှိမ့်ရိုက်ခံရတယ်မသိဘူး လက်
နှစ်ဖက်စလုံးကို သွင်သွင်ကျိုးတာပဲ။ လေးငါးလလောက် သူ့မှာ
ကောင်းကောင်း အလုပ်မလုပ်နိုင်တော့ဘူး။ ချာတိတ်ကလေးတွေနဲ့ လွှတ်
ထားရတာ။ ဒါပေမယ့်ဗျာ ခက်တာက ရိုက်တဲ့ကောင်က ဘာမှမဖြစ်တာဘဲ။
ခေါင်းကိုသာဆင့်ရိုက်မိရင် သေသွားနိုင်တဲ့ လူရိုက်မှုကို ဝန်ထမ်းသားသမီးနဲ့
ဝင်းထဲကပ်နေပြီး ဆိုင်ဖွင့်စားရတဲ့ အဘိုးကြီးဆိုတော့ ဘာလျော်ကြေးမှ
လည်း မပေးရ၊ ဘာအမှုမှလဲမဖြစ်ဘူး။ ရိုက်တဲ့ဘဲကြီးကို ခြောက်လ ဝင်းထဲ
မနေရလို့ ခဏတဖြုတ်နှင်တာလောက်ပဲ ရှိခဲ့တယ်။ ကျနော်တို့ ဆိုတာ
စိတ်ဆိုးလိုက်တာဗျာ။ ဒါပေမယ့် ကလေးတွေဆိုတော့ ဘာတတ်နိုင်မှာလဲ။
ဗိုတာယာကြီးကတော့ သနားပါတယ်။ သူ့ကိုလုပ်တဲ့သူကို ဘာအပြစ်မှမပေး
တာ အမှုမဖွင့်တာကိုလဲ ဘာမှမကျေမနပ်မဖြစ်ဘူး။ “ကျနော်လဲ အရမ်းမူး
နေတော့ မှားတာပါပဲ ဆရာတို့ ရယ်” တဲ့။ ဝင်းရဲ့ကော်မတီအဖွဲ့ကို သူ
ကတောင် မျက်နှာငယ်လေးနဲ့တောင်းပန်နေသေးတယ်။ အဲ့လိုမဟုတ်ရင်လဲ
သူ့ကို ဝင်းထဲဆိုင်လာမဖွင့်နဲ့ဆိုရင် အဘိုးကြီးထမင်းငတ်မှာကိုး။ အလုပ်ခံရ
တဲ့ အဘိုးကြီးကသာ အဲ့ဒီလို ဗွေမယူ၊ ပြဿနာမရှာတာ။ ရိုက်တဲ့ကောင်က
သူ့ကိုဝင်းထဲခြောက်လနေခွင့်မရအောင်လုပ်တယ်ဆိုပြီး ရန်ငြိုးသိုတာဗျ။
ခြောက်လပြည့်တဲ့နေ့ ဝင်းထဲပြန်ရောက်ပြီး သိပ်မကြာဘူး။ တခါထပ်
ရန်လုပ်ပြန်ရော။ ဒီတခါတော့ အသေလုပ်တာ။ ဓားရှည်နဲ့ဝင်ခုတ်တာ။ အ
ရင်တခါလို ညကြီးသန်းခေါင်ပဲ။ ကိုမျိုးသန့်သာ အဲဒီအချိန် သူ့အလုပ်က
အပြန်မတွေ့ရင် ဗိုတာယာကတော့ အဲ့တခေါက် အသေပဲ။

ဟို က် တ်ပြီး ပြီ ကို မျိုး န့် လို့ ဒီ င် ကို


ဟိုဘဲက ဓားနဲ့ပထမတချက်ခုတ်ပြီးပြီ။ ကိုမျိုးသန့်ကတွေ့လို့ အဲဒီကောင်ကို
နောက်ကနေ ဝင်သိုင်းဖက်လိုက်တယ်။ ဟိုဘဲက သူ့ကို နောက်ကနေ သိုင်း
ဖက်ပြီးတားနေတဲ့ ကိုမျိုးသန့်ကို ဓားရှည်နဲ့နောက်ပြန်တချက် လှမ်းထိုးတာ
ကိုမျိုးသန့်ရဲ့ ပေါင်ကို ထိုးမိတာပဲ။ အဲဒီကျတော့ ကိုမျိုးသန့်က ဒီကောင် ဆွဲ
ရုံ တားရုံနဲ့ မရတော့ဘူးဆိုပြီး အုတ်နီခဲကောက်ပြီး လှမ်းထုရင်း ခဲရှောင်တဲ့
အချိန် ဝင်လုံးတော့တယ်။ ပြီးတော့ မြေကြီးပေါ် လှဲသိပ်ပြီး စောက်ခွက်ကို
လှိမ့်နေအောင်ထိုးတော့တာဗျာ။ မနက်မိုးလင်းတော့ ဝင်းကော်မတီရုံးမှာ အဲ့
ဘဲကို ကြိုးနဲ့တုပ်ထားတာ ကျနော်တို့ ချာတိတ်တွေသွားကြည့်ကြသေး
တယ်။ မျက်ခွက်ကို စုတ်ပြတ်နေတာပဲ။
ကိုမျိုးသန့်နဲ့ ဗိုတာယာကိုတော့ ဆေးရုံတင်လိုက်ရတာပေါ့။ ဗိုတာယာခမျာ
လဲ အရင်တခါကမှ ကျိုးထားတဲ့ လက်ကလေး ပြန်ဆက်ရုံရှိသေးတယ်။
ဓားနဲ့ခု တ်တာ လက်နဲ့ခံ မိလို့ တခါ ဓားခုတ်ရာကုရပြန်ရော။ အဘိုးကြီးက
သတိတော့ ကောင်းတယ်ဆိုရမယ်ဗျ။ မူးနေတာတောင် လက်နဲ့ဖြုန်းခနဲ ခံမိ
လောက်အောင် တုံ့ ပြန်မှုမြန်တာကိုး။ ဟိုကောင်ကတော့ အသေကိုခုတ်တာ
ဗျာ။ လက်နဲ့သာမခံရင် လည်ပင်းအပြတ်ပဲ။ ဝင်းကော်မတီကလဲ အဲဒီကျမှ
ပဲ ရဲလက်အပ်တော့တယ်။ ထောင်နှစ်နှစ်လားပဲ ကျသွားတယ်။ ထောင်က
လွတ်လာလဲ ဝင်းထဲကို ခြေချခွင့် လုံးဝ မပေးတော့ဘူး။ ဒါပေမယ့် ပြစ်ဒဏ်
က နည်းပါတယ်ဗျာ။ မအေဘေးကြီး ဆယ်နှစ်လောက်ကျရမှာ။ သူ့ဟာသူ
နေတဲ့အဘိုးကြီးကိုများဗျာ ရန်လုပ်ရတယ်လို့ ။
အဲဒါတွေကို ကိုမျိုးသန့်က ပြန်ပြောပြလို့ သိတယ်တော့မထင်နဲ့ဗျ။
နောက်ပိုင်း ကျနော်နဲ့အတော် ခင်မင်လာတော့ ကိုမျိုးသန့်ကို အဲ့အကြောင်း
ကျနော်မေးတိုင်း ရယ်ရယ်မောမောနဲ့ “ငါ ကိုင်လိုက်တာပေါ့ကွာ” လို့ သူ့ဟာ
သူပြန်လှောင်တဲ့ပုံမျိုးနဲ့ ပြောတတ်တယ်။ စိတ်ပါလက်ပါအရှိဆုံးအချိန်
ပြောမှ အလွန်ဆုံး “ဟိုကောင်လေးကလဲ မူးနေတာကိုးကွ၊ ဝင်လုံးလို့ လွယ်
တာပေါ့” တဲ့ ဒီလောက်ပဲ။ ဟီးရိုးဂိုက်မဖမ်းဘူးဗျာ။ ဘယ်လိုထိုးတာ
ဘယ်လိုခုတ်တာ စသဖြင့်အသေးစိတ်က ဗိုတာယာပြောပြလို့ သိရတာ။ သူ့
အသက်ကို ကယ်လိုက်တာဆိုတော့ ဗိုလ်ချုပ်အောင်ဆန်းသီချင်းရှိသလို ကို
မျိုးသန့်သီချင်းရှိရင်လဲ ညညမူးပြီး သူဆိုနေဦးမှာပဲ။ ကျနော်တို့ အတွက်
လည်း အဲ့လိုပဲ။ ကိုမျိုးသန့်ဆိုတာ လုံးဝစူပါဟီးရိုးကြီး ဖြစ်သွားတာပေါ့။
ပါဝါရိန်းဂျားထက်တောင် ပိုကြိုက်သေးတယ်။ ဝင်းထဲက အရွယ်ရောက်ပြီး
အပျိုမတွေကတော့ ပြောမနေနဲ့။ တချို့ကျနော်နဲ့ရွ ယ်တူ ကောင်မလေးတွေ
ကအစ သူ့ဦးလေးလောက် အရွယ်ကြီးကို အီစီကလီလုပ်ချင်သေးတာ။ ဟို
ကဖြင့် သောက်ဂရုကိုစိုက်တာမဟုတ်ဘူး။ နှာဗူးမတွေနဲ့လည်း မလွယ်ဘူး။
®®®®®
ကိုး န်း စ် စ် န်း စ် က် နော် သိ ပ် စိ တ် စ်
ကိုးတန်းနှစ်စမှာတော့ ရှစ်တန်းနှစ်လောက် ကျနော် သိပ်စိတ်မညစ်တော့
ဘူး။ စိုင်းမင်းစံဆိုတဲ့ကောင်လဲ ကျနော်တို့ ကျောင်းမှာ တနှစ်ထဲနေသွားပြီး
ကျောင်းပြောင်းသွားတယ် မလာတော့ဘူး။ ကျနော်ကတော့ ဝမ်းတောင်
သာသေးတယ်။ ကိုသားကြီး မိန်းမခိုးပြေးခါစကတော့ ကျနော်လဲ ပြန်ပျင်း
သွားသေးတယ်။ ညဘက်ဆိုရင် ညကြီးမိုးချုပ်အထိ လက်ဖက်ရည်ဆိုင် မ
ထိုင်ရတော့ဘူး။ ကိုသားကြီးရဲ့ဘော်ဒါတွေနဲ့ကျနော်ကခင်တယ် ဆိုပေမယ့်
လဲ သူတို့ နဲ့က ကိုသားကြီးနဲ့မှတဆင့် ခင်မင်ရသူတွေဆိုတာ ရင်ထဲကသိပ်မ
ပါဘူးဗျ။ ဖီးလ်သိပ်မလာဘူး။ ဒီဘဲကြီးတွေကလဲ များသောအားဖြင့်
ဆေးခြောက်တွေသောက်နေတာများတော့ အမြဲတမ်း
တဟီးဟီးတဟားဟားနဲ့၊ ရယ်ပဲရယ်နေကြတာလေ။ အဲသလိုဆေးခြောက်
တွေချပြီး မရယ်တဲ့ဘဲကြီးတွေကျတော့လည်း မျက်လုံးစင်းတွေနဲ့ ဘာတွေ
ပြောမှန်း နားကိုမလည်ဘူး။ တလလောက်နေတော့ ကိုသားကြီးတို့
လင်မယား ခိုးပြေးရာကပြန်အပ်ပြီး မင်္ဂလာဆောင်၊ ကိုသားကြီးလဲ အရင်
လို အမေ့ဆိုင်မှာ တခါတလေထိုင်မြဲဆိုပေမယ့် အရင်လောက်မဟုတ်တော့
ဘူး။ မိန်းမရပြီဆိုတော့ ညဘက်တွေလဲ သိပ်မထွက်တော့ဘူးဗျ။
အဲ့လိုကျနော်ပျင်းနေချိန်လေးမှာ ဟန်နီမင်းလွင်ကို ကြိုက်မိသွားတော့ ဘာပဲ
ပြောပြော အရင်ကလောက် မပျင်းတော့ဘူး။ နောက်ပိုင်း ကိုမျိုးသန့်နဲ့ပါ ပို
ရင်းနှီးလာတော့ လုံးဝကျေနပ်စရာပဲဗျာ။ ကိုမျိုးသန့်နဲ့ ပေါင်းရတာက ကို
ဘီလူးတို့ ကိုသားကြီးတို့ နဲ့ပေါင်းရပုံမျိုးနဲ့တော့ မတူဘူးဗျ။ တမျိုးတော့ တ
မျိုးပဲ။ ဘယ်လိုကွာလဲတော့ ကျနော်လဲ မပြောတတ်ဘူး။ နောက်ပြီး သူတို့
နှစ်ယောက်ထက်လဲ ကျနော်က ကိုမျိုးသန့်ကို ပိုခင်တယ်။ ဒါပေမယ့်
ကျောင်းမှာတော့ ရင်ဘတ်ချင်းပေါင်းရလောက်အောင် ဘော်ဒါကမရှိဘူး
ဖြစ်နေတုန်းပဲ။ ကိုးတန်းနှစ်ဆိုတော့ ကျောင်းမှာက ကျောင်းသားကြီး
စာရင်းဝင်နေပြီ။ ဘာပဲဖြစ်ဖြစ် ဘော်ဒါအပေါင်းအသင်းလေးရှိမှ အထာကျ
တာ။ “ယောက်ဖဘယ်လိုလဲ သားကြီး အေးဆေးပဲလား” ဘာညာပေါ့ဗျာ။
ဖောရှော နှုတ်ဆက်ရမယ့် လူလေးတော့ရှိမှ။ နို့ ဆို ခြောက်ကပ်ကပ်နဲ့
ဓာတ်ပျက်စရာကြီး။ ကျနော်ကလဲ ဗရုတ်ကျရတာ ထောင်ထောင်ထောင်
ထောင်လုပ်ရတာကို သိပ်ကြိုက်တဲ့ကောင်ကိုး။
အဲဒါနဲ့ အတန်းထဲကပဲ ကျနော်နဲ့ဘေးချင်းကပ်ထိုင်တဲ့ ထူးမောင်ဆိုတဲ့
ကောင်နဲ့ ကျနော် ဘော်ဒါ ဖြစ်လာရော။ ပုံမှန်ဆိုရင်တော့ ထူးမောင်လို
ကောင်မျိုးနဲ့ကျနော်က ဘယ်လိုမှ သူငယ်ချင်းဖြစ်လာစရာမရှိတဲ့
အခြေအနေပါ။ ကျနော်က အတန်းထဲမှာ ဘယ်တုန်းကမှ ရှေ့ဆုံးတန်းမထိုင်
သလို၊ နောက်ဆုံးတန်းလဲ ဘယ်တော့မှ မထိုင်ဖူးဘူး။ ရှေ့ဆုံးတန်းမထိုင်
တာကတော့ ဆရာမတွေနဲ့နီးလို့ မထိုင်ချင်တာပေမယ့် နောက်ဆုံးတန်း
ကတော့ များသောအားဖြင့် ကျနော့်ထက် ပိုဗရုတ်ကျတဲ့ကောင်တွေ လူဆိုး
ထို င် နော် တို့ တ် က် တိုး ပေါ က်
များ ဖြ ကျ နော့် ပို ရု ကျ တွေ လူ ဆိုး
တွေထိုင်တာများတော့ ကျနော်တို့ ဗရုတ်ကျတာလောက်က တိုးမပေါက်ဘူး။
ကျနော်ဆိုးတယ်ဆိုတာ အဲ့ကောင်တွေ အိပ်နေသလောက်ပဲရှိတယ်။ ထူး
မောင်က အဲဒီနောက်ဆုံးတန်းထိုင်နေကြကောင်တွေထဲက တကောင်ပဲ။
လူကောင်ကတော့ ကျနော့်လိုပဲ သေးသေးလေးရယ်။ ဗလမရှိပေမယ့် ဇရှိ
တယ်ဆိုတဲ့ကောင်မျိုး။ တရက်တော့ အဲဒီကောင်က အတန်းပိုင်ဆရာမ
အချိန်ကြီး နောက်ဆုံးတန်းရဲ့ ရှေ့တန်းကတကောင်နဲ့ ရန်ဖြစ်နေလို့ ဆိုပြီး
ဆရာမက ကျနော်တို့ နားပြောင်းထိုင်ခိုင်းတာနဲ့ ကျနော့်ဘေးနားရောက်လာ
တာ။
အတန်းထဲဆရာမတွေမရှိရင်တော့ ဒီကောင်နောက်ပြန်သွားတာပါပဲ။ ဒီ
ကောင်ဆွဲဆောင်လို့ သိပ်မကြာဘူး ကျနော်လဲ နောက်တန်းပါသွားတော့
တယ်။ နောက်ဆုံးတန်းကကောင်တွေ စောက်ရမ်းသောင်းကျန်းတယ်ဆိုတာ
ကို အဲဒီမှာကျနော်သိတာပဲ။ ဒီကောင်တွေကကတော့ သောင်းကျန်းတယ်ဆို
တာထက်ကို ပိုပါတယ်ဗျာ။ တချို့ဟာတွေက ကြမ်းလွန်းလို့ ပြန်ပြောရမှာ
တောင် ရဲရဲတင်းတင်းမရှိလှဘူး။ ဒါပေမယ့် ပြောပြမယ်။ ဒီကောင်တွေက
ရှစ်တန်းနှစ်လောက်ကတည်းက အတန်းထဲက ခုံအောက်တင် ဆေးလိပ်ခိုး
သောက်ရဲတဲ့ကောင်မျိုးတွေ။
တချို့ကောင်တွေဆိုရင် အခန်းထဲတင် ပျားအရက်ဗူးလေးတွေ မော့သောက်
နေကြတာ။ မူးပြီးအိပ်ပျော်နေတဲ့ကောင်နဲ့ ခုံအောက်ထဲတင် ဥဩတွေဆွဲနေ
တဲ့ကောင်နဲ့တကယ်မနိုင်ဘူး။ ဆရာမကလာမေးရင် နေမကောင်းလို့ ပါ ဘာ
ညာလျှောက်ရွှီးတာပေါ့ဗျာ။ အရက်နံ့ကြီးက ထောင်းထနေတာ ဘယ်လို
လုပ်ယုံစရာရှိမလဲ။ ဒါပေမယ့်ဗျာ ဒီကောင်တွေဆိုတာ ရုံးခန်းတွေဘာတွေ
လဲ ရောက်ခဲတယ်။ အဲရောက်ပြီဆိုရင်လဲ ကျောင်းထုတ်ခံရဖို့ ပဲ။ ဒီကောင်
တွေအဆင့်က မိဘခေါ်တဲ့အဆင့် မဟုတ်တော့ဘူး။ မိဘခေါ်ဆိုရင် ဘယ်က
မှန်းမသိတဲ့ ဆိုက်ကားဆရာတွေ၊ ရပ်ကွက်ထဲက ရှပ်ဘဲကြီးတွေကို ရှပ်ဖိုး
ပိုက်ဆံပေးပြီး ခေါ်ခေါ်လာတာကိုး။
ဒီကောင်တွေလုပ်သမျှမှာ အဆိုးဆုံးကတော့ နည်းနည်းငယ်တဲ့ ဆရာမ
အပျိုတွေကို ပက်ပက်စက်စက် ပစ်မှားတာပဲ။ ဒီကောင်တွေမပစ်မှားတာဆို
လို့ အသက်ကြီးကြီးဆရာမတွေပဲရှိတယ်။ တော်ရုံတန်ရုံ ဆရာမခပ်ချော
ချောတွေကတော့ ဘလတ်ဘုတ်မှာ စာရေးနေပြီဆိုရင်
“တောက် ... ဆရာမ ဂျောကတောင့်တယ်ကွာ အိုးကြီးကိုနည်းတာမဟုတ်
ဘူး” လို့ မက်မက်စက်စက် ပါးစပ်အရသာခံပြောကြသေးတာ။ အဲဒီထက်ပို
ရဲတဲ့ကောင်တွေကျတော့ ဆရာမက သူ့ခုံမှာထိုင်ပြီး စာအုပ်တွေ အမှတ်ခြစ်
နေတုန်း နောက်ကနေ ဇက်ကြောဆွဲပေးတာလိုလို၊ နှိပ်ပေးတာလိုလိုနဲ့ရင်ဖုံး
ကြားက နို့ သီးခေါင်းကို ချောင်းကြည့်ကြတာ။ အဲဒီလိုလုပ်တာကိုဆိုရင်
ပို င်း နော် ရိ ပ် မိ ဒီ င် ဆိုး န်း လို့ ခါ
အစောပိုင်းက ကျနော်က မရိပ်မိဘူး။ ဒီကောင်တွေ ဆိုးလွန်းလို့ တခါတ
လေလဲ ဆရာမကို ဝိုင်းဖားကြတာလို့ ပဲထင်တာ။ ထူးမောင်ခေါ်လို့ ကျနော်လဲ
ဆရာမအနား တခါလိုက်သွားတော့မှ လား လား မအေဘေးတွေ ဘာလုပ်
ကြတယ်ဆိုတာကို သိတော့တယ်။ ဒီကောင်တွေလုပ်ပုံရဲလွန်းလို့ ကျနော့်လို
ဗရုတ်ကျတဲ့ကောင်တောင် လက်ဖျားခါရတယ်။ အဆိုးဆုံးကတော့
စာသင်ခန်းထဲတင် ဘယ်သူအရင်ပြီးတယ် ဂွင်းအထုပြိုင်ကြတာပဲ။ ထူး
မောင်နဲ့ပေါင်းမိလို့ ကျနော်နောက်ဆုံးအတန်းမှာ စထိုင်တဲ့နေ့ကဆိုရင် ထိုင်ခုံ
တွေကိုက စိမ်းရွှင်ရွှင်အနံ့ကြီးစွဲနေလို့ ပျို့အန်မိမတတ်ပဲ။
ဒီကောင်တွေက အတန်းပိုင်ဆရာမလောက်ပဲ ဆရာမထင်တာ။ တကယ့်
အပေအတေကောင်တွေပါဗျာ။ အပေအတေကောင်တွေမို့ ဆင်းရဲသား
သားသမီးတွေချည့်လို့ မထင်နဲ့ဗျ။ အများစုက သူဌေးသားတွေ။ အိမ်မှာဆို
လည်း အလိုလိုက်ဖူးဖူးမှုတ်ခံထားရတဲ့ ကောင်တွေပေါ့။ ဒီတော့ ကျောင်းစာ
ကလွဲရင် အကုန်လုပ်တယ်ဆိုတာမျိုး။ တခြားကျောင်းကကောင်တွေနဲ့ချိန်း
ရိုက်ကြပြီလားဆိုရင်လဲ ဒီကောင်တွေပဲ။
ကိုးတန်းနှစ် နှစ်စပိုင်းလေးတင် ကျောင်းပြင်မှာရိုက်ပွဲဖြစ်တာလေးကို ပြော
ပြဦးမယ်။ ကျနော်အရင်ပြောဖူးတဲ့ ကျောင်းတံခါးကို လှမ်းမြင်နေရတယ်ဆို
တဲ့ဆိုင်မှာ တနေ့ ကျနော်တယောက်တည်း ငေါင်တောင်တောင်နဲ့
လက်ဖက်ရည်ထိုင်သောက်နေတုန်း ကျောင်းသားအုပ်စုကြီးတစုဗျာ ကျနော်
တို့ ကျောင်းပေါက်ရှေ့ကနေ ဖြတ်လာနေတာမြင်ရတယ်။ ကျနော်တို့
ကျောင်းပေါက်ရှေ့မှာ ရပ်ပြီးလဲ ဂဂျီဂဂျောင်တွေ လျှောက်အော်ခဲ့သေး
တယ်နဲ့တူပါတယ်။ ပထမတော့ ကိုယ့်ကျောင်းကပဲထင်လို့ သိပ်ဂရုမထားပါ
ဘူး။ နီးလာလို့ ကျောင်းတံဆိပ်တွေမြင်မှ သိတယ်။ ကျနော်တို့ ကျောင်းက
မဟုတ်ဘူး။ ဘယ်ကျောင်းကကောင်တွေမှန်းလဲမသိဘူး။ မနက်ခင်းဆို
တော့ ဆရာမတွေလဲ ကျောင်းကိုလာနေတုန်းပေါ့ဗျာ။
အဲ့မှာ ကျနော်တို့ ရှစ်တန်းနှစ်တုန်းက အင်္ဂလိပ်စာသင်တဲ့ ဆရာမက
ကျောင်းဘက်ကိုသွားနေတယ်။ သူတို့ အုပ်စုနဲ့ မျက်နှာချင်းဆိုင်ပေါ့ဗျာ။ အဲ့
ဆရာမက အပျိုလဲအပျို ချောလဲချောတယ်ဗျ။ ဆရာမဆိုတော့ အသက်က
သုံးဆယ့်ငါးလောက်တော့ရှိမလားမသိပါဘူး။ ဆရာမတွေအသက်ကို ကျ
နော်တော့ မှန်းကို မမှန်းတတ်ပါဘူးဗျာ။ ထားပါ။ အဲဒီဆရာမကို ခုနက
ဘယ်ကျောင်းကမှန်းမသိတဲ့ကောင်တွေထဲက တကောင်က “ဟိတ် ဆရာမ”
လို့ ခေါ် ပြီး ပုဆိုးလှန်ပြတာဗျ။ တကောင်ကလှန်တော့ ကျန်တဲ့ကောင်တွေက
လည်း တညီတည်းလိုက်လှန်ပြတာဗျာ။ ကျနော်တို့ နဲ့က သိပ်မဝေးဘူး။ ရှေ့
နားလေးတင်ဆိုတော့ အဲ့ကောင်တွေရဲ့ လြွပတ်တွေကိုတောင် အရှင်းသား
မြင်နေရတယ်။ ဆရာမနေရာကဆိုရင် စဉ်းစားသာကြည့်ပေတော့။ ဆရာမ
ယ် ဆို ပြီး က် ည့် ပေါ့ ည်း ဩ က်
လဲ “ဟယ်” ဆိုပြီး တဖက်လှည့်သွားတာပေါ့ဗျာ။ အံ့လည်းအံ့ဩ၊ ရှက်
လည်း ရှက်မှာပေါ့။
လက်ဖက်ရည်ဆိုင်ထဲရှိတဲ့ ကျနော်တို့ ကျောင်းက ကျောင်းသားတွေလဲ
အဖြစ်အပျက်ကိုမြင်လိုက်တာနဲ့ အကုန်ပြေးထွက်ပြီး အဲ့ကောင်တွေကို ဝိုင်း
ရိုက်တော့တာပဲ။ အများစုကတော့ ဆယ်တန်းကျောင်းသားတွေပါ။ ကျနော်
အပါအဝင် ကိုးတန်းကကောင်တွေလဲ ဘယ်လက်နှေးလိမ့်မလဲ ဆွမ်းကြီး
လောင်းဖို့ ဆိုတော့ ခွေးခြေတခုံဆွဲမပြီး ဝုန်းခနဲ ပြေးလိုက်ကြတာပဲ။ ပထမ
ဆုံး ဂွေးစလှန်ပြတဲ့ကောင်ဆိုရင် သွေးတွေကိုရဲနေတာပဲ။ ဟိုကောင်က တ
ချက်ရိုက်လိုက်၊ ဒီကောင်က စောက်ခွက်ကိုထိုးလိုက်၊ ဒီပြင်ကောင်က ကန်
လိုက်၊ ကတ္တ ရာလမ်းပေါ်က ကော်ဘောလုံးလိုပဲ လည်ထွက်နေတာ။
“ဟေ့ရောင် လှန်ဦးလေ လှန်ဦးလေ” လို့ ပြောပြောပြီးကို တွယ်ကြတာ။ ကျန်
တဲ့ ဒီကောင့်အုပ်စုကကောင်တွေဆိုတာလဲ တကွဲတပြားတွေ ပြေးကြတာဆို
တာ မှုန်နေတာပဲ။ မအေဘေးတွေ မိုက်ရိုင်းတုန်းကရိုင်းပြီး ခံရမှာကျတော့
ကြောက်တတ်လိုက်တာ။ နောက်ဆုံး အလှန်ပြခံရတဲ့ဆရာမကပဲ ကိုယ့်
ကျောင်းသားတွေ လက်လွန်မစိုးလို့ “ဟဲ့ ဟဲ့ တော်ကြတော့ တော်ကြတော့”
တားမှပဲ ရပ်တော့တာ။ သွေးသံရဲရဲနဲ့ကောင်လဲ ဆရာမ တားနေတုန်း
လှစ်ခနဲထပြေးတာပဲ။ ဆရာမက ဆက်မလိုက်နဲ့ ထားလိုက်တော့ဆိုမှ ကျ
နော်တို့ လဲ လက်ဖက်ရည်ဆိုင်ထဲ ပြန်ဝင်ထိုင်ကြတယ်။ ပြောချင်တာက အဲ့
တုန်းက အဲ့လို အုပ်စုလိုက်ဝင်သမတဲ့အထဲ ခေါင်းကွဲအောင် ပထမဆုံး
ခွေးခြေခုံနဲ့ရို က်ချလိုက်တဲ့ကောင်က ထူးမောင်ပဲ။ ကျနော်တို့ အတန်း
နောက်ဆုံးခုံကကောင်တွေကလဲ အဲ့ပွဲမှာ တော်တော်နာမည်ကြီးသွားတယ်။
“ကိုးတန်းဘီက ကောင်တွေ သွားမလုပ်နဲ့နော် အဲ့ကောင်တွေ စောက်ရမ်း
လက်ယဉ်တာ”
ကျနော်တို့ တတန်းလုံး အလိုလို မြောက်ကြွမြောက်ကြွတွေ ဖြစ်ကုန်ရောပေါ့
ဗျာ။ ရန်ပွဲဖြစ်တဲ့နေ့က ကျောင်းမတက်တဲ့ကောင်တွေကအစ “ဟေ့ရောင် ငါ့
ဘာများမှတ်နေလဲ ကိုးတန်းဘီကကွ စောက်ပေါမှတ်နေလား” တဲ့။ မြောက်
ကားကြီးတွေနဲ့ တောက်ကြွားနေကြတော့တာ။ နောက်ဆုံးဗျာ ရှေ့ဆုံးခုံထိုင်
တဲ့ ဂျယ်လိုလို မတ်လိုလိုကောင်တွေကအစ ကျောင်းထဲ တလွှားလွှားနဲ့ပဲ ။
မလွယ်ဘူး။
အခန်း (၁၁)

ဆိုင်ကူထိုင်ပေးရတာလည်း အရင်တုန်းကတော့ တကယ်ပျင်းစရာပါ။ ဒါ


ပေမယ့် နောက်ပိုင်း အဖေနားထောင်နေကျ သီချင်းလို ပြုံးတုံ့ လှယ်စရာ
လေး ရှိလာတော့ အေးချမ်းတယ်ဗျာ။ သိပ်လည်းမပျင်းရတော့ဘူး။ ဝင်း
ရှေ့ ကျွန်တော်တို့ တွေရဲ့ ဆိုင်တန်းတွေက မနက်အစောကြီး ခြောက်နာရီဆို
ရင် ဖွင့်ကြပြီ။ အဲ့အချိန်တွေဆို ဟန်နီကလည်း သူတို့ ဆိုင်ဖွင့်ဖို့ သူ့အဖေနဲ့
အတူ အိပ်ချင်မူးတူးနဲ့ နောက်က ပါလာတတ်တယ်။ ဆိုင်ရှေ့က ဖြတ်သွား
တော့ တစ်ခါ အပြန်အလှန် ပြုံးပြကြတယ်။ ဆိုင်ဖွင့်ပြီးတော့ ကျွန်တော်က
လည်း အမေရောက်လာလို့ အိမ်ပြန်၊ သူ့အဖေကလည်း သူကိုဆိုင်က ပြန်
လွှတ်လိုက်တဲ့အချိန်ကျ အတူတူ အိမ်ဘက်ပြန်ကြတယ်။ ကျောင်းဖွင့်တဲ့
အခါကျလည်း ကျောင်းတက်ချိန်နီးလို့ အိမ်ပြန်ရေမိုးချိုး အဝတ်အစားလဲဖို့
ပြန်တဲ့အခါ သူ ပြန်မှပဲ ကျွန်တော်လည်း လိုက်ပြန်တယ်။ ဟန်နီက
ကျွန်တော်တို့ တိုက်သုံးနဲ့ကျောချင်းကပ်ထားတဲ့ တိုက်လေးမှာ နေတာ။
မနက်ခင်း ဆိုင်ခင်းပြီးအပြန် သူနဲ့စကားပြောရတာ ပျော်ဖို့ ကောင်းတယ်
ဗျာ။ ကျောင်းသွားတော့လည်း သူနဲ့စကားပြောခဲ့တာလေး သူ့ဆီကရတဲ့
ကိုယ်နံ့လေးကို တွေးရင်း တစ်လမ်းလုံး ပြုံးဖြဲဖြဲနဲ့ပဲ ။ ကျွန်တော် ကိုးတန်း
နှစ်အထိ ဟန်နီနဲ့စုစု နှစ်ယောက်တည်းကိုသာ ချစ်ခဲ့ဖူးတာ။ ဘယ်
မိန်းကလေးတစ်ယောက်ဆီကမှလည်း အဖြေမရဖူးဘူး။ ပြောရရင်
ရည်းစားမထားဖူးဘူးပေါ့ဗျာ။
ဟန်နီနဲ့ကတော့ အတော်လေးအဆင်ပြေတယ်။ မနက်ခင်းဆိုင်ကနေ အိမ်
အထိအတူပြန်တဲ့လမ်းက တကယ်တော့နီးနီးလေးပါ။ ဆိုင်တွေဘက်က ပြန်
ရင် ကျွန်တော်နေတဲ့ တိုက်သုံးကို အရင်ရောက်တာ။ ပြီးတော့မှ
နောက်ကျောက တိုက်လေး။ ဒါပေမယ့် ကျွန်တော်ကတော့ သူတို့ တိုက်ရဲ့ သူ
တို့ အထပ်လှေကားအထိ လိုက်သွားတာပဲ။ ဟန်နီက သုံးထပ်မှာနေတာ။ သူ
ကလည်း ဘယ်တုန်းကမှ အမေမြင်သွားလိမ့်မယ်၊ အဖေမြင်သွားလိမ့်မယ်
လို့ မငြင်းဖူးဘူး။ မျက်နှာလေးကအမြဲ ပြုံးချိုနေတာပဲ။ ပါးချိုင့်လေး
တစ်ဖက်ပါတော့ ပိုပြီးချစ်စရာကောင်းတာပေါ့.
သူ့နောက်ကို ပထမဆုံးအကြိမ် လိုက်စကားပြောတဲ့နေ့ကိုတော့ မေ့ကိုမမေ့
ဘူး။ အဲ့နေ့က သူ့နောက်ကနေ သူ့ကိုလည်းကျော်မသွားအောင် မှေးလိုက်
ရင်း စကားပြောကြည့်ဖို့ ကြိုးစားတာပေါ့ဗျာ။ ချွေးတွေသာ ပျံလာတယ်။
စကားသံ ထွက်မလာဘူး။ ကျွန်တော့် လည်ပင်းကို တစ်ယောက်ယောက်က
စ် လို ကြုံ ရှိ ကြော က် ည်း ကြော က်
ကျွ
ညှစ်ထားသလိုပဲ။ အတွေ့အကြုံမရှိတော့ ကြောက်ကလည်း ကြောက်သေး
တယ်။ ဆိုင်ရှေ့ကဖြတ်တိုင်း ပြုံးသာပြုံးပြနေတာ နောက်ကလိုက်တော့
စိတ်ဆိုးသွားမှာ စိုးရိမ်သေးတယ်။ အဲလက်စ်ရဲ့ သီချင်းထဲကလိုပဲပေါ့။
“မင်းရဲ့နောက်က တကောက်ကောက်လိုက်ရင် ခြေလှမ်းလေးရပ်လို့ မင်း
လှည့်ကြည့်တယ် ကိုယ့်ကို ညီမလေး ခွင့်လွှတ်ပါကွယ် ရေး ရေ”
ဒါပေမယ့် အဲ့သီချင်းလိုတော့လည်း မဟုတ်ဘူး။ ကျွန်တော် နောက်က
လိုက်နေမှန်း သိသွားရော။ ကျွန်တော့်ကို လှည့်ကြည့်ပြီး ရပ်စောင့်နေတာ
ဗျ။ မျက်နှာကလည်း ပြုံးနေတာပဲဗျာ။ ဟန်နီ့အပြုံးကိုသာ အမြဲတမ်းမြင်
နေရရင် ကျွန်တော်တော့ ကိုးတန်းကနေ ဘယ်တော့မှ မကြီးချင်တော့ဘူး။
ကျွန်တော် သူ့ကို မီသွားတော့ သူကပဲ စမေးတယ်။
“အိမ်ပြန်မလို့ လား” တဲ့။
ကျွန်တော် ခုနက ကြောက်လန့်ပြီး စကားပြောမရဖြစ်နေတာတွေဟာ
အလိုလို ပျောက်ကွယ်သွားတယ်။ ဒါတောင် သူ့ကို စကားပြန်ပြောတော့
ပထမဆုံးအသံက တိမ်ဝင်သွားသေးတယ်။
“အေး... အိမ်ပြန်မလို့ လေ ညီမလေး နာမည်က ဘယ်သူတဲ့လဲ”
သူပြုံးတယ်ဗျ။ ကျွန်တော်လည်း တကယ်တော့ဗျာ။ ကိုယ်ကြိုက်နေတဲ့
ကောင်မလေးနာမည်တော့ တစ်ယောက်ယောက်ကို မေးမြန်းစုံစမ်းထားသင့်
တာပေါ့။ ဒါပေမယ့် ကျွန်တော်က အဲ့လိုကျပြန်တော့လည်း ရှက်တယ်ဗျ။
ကျွန်တော် မိန်းကလေးတစ်ယောက်ယောက်ကို ကြိုက်နေတာမျိုး ဘယ်သူမှ
မသိစေချင်ဘူး။ အဲ့တော့ ဘယ်သူ့ကိုမှ မေးမကြည့်ရဲဘူးပေါ့။
“ဟန်နီမင်းလွင် လေ”
“နာမည်လေးက လှတယ်နော် ဟီး”
ဟီး ဆိုတဲ့ အသံကို ခင်ဗျားတို့ လည်း သိမှာပဲ။ သွားဖြီးကြီးနဲ့ ပေါ့ဗျာ။
ကျွန်တော်က မိန်းကလေးတွေနဲ့ ခင်ခင်မင်မင်ပေါင်းသင်းဖူးတာ၊
စကားပြောဖူးတာမျိုး သိပ်မရှိဘူးဗျ။ ကိုယ်ကြိုက်နေတဲ့ မိန်းကလေးရှေ့
ကျ ပိုဆိုးတာပေါ့ဗျာ။ မျက်နှာ ဘယ်လို ထားရမလဲဆိုတာကို မစဉ်းစား
တတ်ဘူး။
“ဘယ်နှတန်းရှိပြီလဲ ဘယ်ကျောင်းမှာနေတာလဲ ဟန်နီမင်းလွင်က”
“ဟန်နီလို့ ပဲ ခေါ်ပါ လူတိုင်း အဲ့လိုခေါ်တာပဲဟာ ဒီနှစ် ရှစ်တန်းတက်မှာ၊
မိန်းကလေးကျောင်း (ထ-၃) မှာ တက်တာလေ မသိဘူးပေါ့။ အစ်ကို့ ကို ဟန်
နီက သိတယ်”
တို့ င်း န် တော် တို့ င်း ပ် က် န် တော် ဖြ င့်
သူတို့ ကျောင်းနဲ့ ကျွန်တော်တို့ ကျောင်းက ကပ်လျက်ဗျ။ ကျွန်တော်ဖြင့် ခုမှ
သိတယ်။ သူ့ကိုဆိုရင် သတိထားမိတာတောင် မကြာသေးဘူး။ သူ့က ကျွန်
တော့်ကို သိတယ်တဲ့။
“ဟုတ်လား ဘယ်လိုသိတာလဲ”
“ရှစ်တန်းနှစ်ကလေးနဲ့ လက်ဖက်ရည်ဆိုင်မှာ လူကြီးလုပ်ပြီး ထိုင်နေတာ
လေ ဟဲ...ဟဲ၊ အစ်ကိုက ဒီနှစ် ကိုးတန်းတက်မှာမို့ လား”
သူက ကျွန်တော် ဘယ်နှတန်းတက်မယ်ဆိုတာတောင် သိတယ်ဗျာ။
ဘယ်လိုလုပ် သိသလဲတော့ မသိဘူး။ ကျွန်တော်တော့ ရှက်တောင်သွားမိ
တယ်။ ဒါပေမယ့် ဒါမျိုးကျ အကြံတန်းပေါ်တယ်ဗျ။ ကျောင်းချင်းက ကပ်
လျက်ဆိုတော့ အခွင့်အရေးပဲလေ။
“အေးကွာ ဟန်နီ့ကို အစ်ကိုက ခုကျောင်းပိတ်ရက်မှ သိတာ၊ ဒါနဲ့ ဟန်နီက
ကျောင်းကို တစ်ယောက်တည်းသွားတာလား”
“သူငယ်ချင်းတွေနဲ့ အတူသွားတာပေါ့။ တိုက်ရှစ်မှာ နွေးနွေးနဲ့ နီလာတို့ ရှိ
တယ်လေ သူတို့ နဲ့အတူသွားတာ”
“ဒီနှစ်ကျောင်းတက်ရင် အစ်ကိုလည်း ဟန်နီတို့ နဲ့ အတူသွားမယ်လေ ရလား
ဟီး”
“ရပါတယ် ဘာဖြစ်လဲ”
အဲ့လိုပြောရင်းနဲ့ သူတို့ အထပ်ထိရောက်သွားရော။ ကျွန်တော်လည်း
သောက်ရမ်းတွေပျော်ပြီး လှေကားကို နှစ်ထစ်ကျော် သုံးထစ်ကျော်တွေ ခုန်
ဆင်းတာ။ ဒုတိယထပ်မှာ မှောက်လျက်ကြီးတောင် ပစ်လဲသေးတယ်။
ကံကောင်းလို့ မေးစေ့မကွဲတာ။ ဘာမှမဖြစ်ပါဘူး။ အချစ်အတွက် အသက်
ပင်သေသေပဲ။ ဒါပေမယ့်ဗျာ ကျောင်းကို အမြဲတမ်း သူတို့ နဲ့ မသွားနိုင်ပါ
ဘူး။ တစ်ပတ်မှာ နှစ်ရက်သုံးရက်လောက်ပဲ အတူတူသွားနိုင်တယ်။ သူတို့
ကျောင်းက ကျွန်တော်တို့ ကျောင်းထက် ကျောင်းတတ်ချိန် နာရီဝက်စော
တယ်ဗျ။ အဲဒီတော့ အိမ်က ထွက်ရတဲ့အချိန်က မတူဘူးလေ။ သူတို့ က ကြို
ထွက်ကြရတာ။ တစ်ခါတလေ သူတို့ သူငယ်ချင်းသုံးယောက်က ကျောင်း
ဝတ်စုံလေးတွေကိုယ်စီနဲ့ဆိုင်ရှေ့က ဖြတ်သွားပြီ။ ကျွန်တော်က အမေမလာ
သေးလို့ ဆိုင်မှာတင် ကွမ်းယာတွေ ယာရောင်းနေရတုန်းရှိသေးတယ်။ သူတို့
နဲ့ အတူသွားဖို့ ဆိုရင် ကျွန်တော်က ကျောင်းသွားတဲ့လမ်းမှာရှိတဲ့ ရပ်ကွက်
ဈေးထိပ်က ညောင်ပင်ကြီးအောက်ကနေ ထိုင်ထိုင်စောင့်ရတာ။ အဲဒီကနေမှ
အတူတူသွားရတာ။

န် နီ င်း တ် မ်း ယ် င် ည် ကို


ဟန်နီက ကျောင်းဝတ်စုံလေးနဲ့ အရမ်းလှတယ်ဗျာ။ ဆံပင်ရှည်လေးကို
ကျစ်ဆံမြီးနှစ်ဖက်ကျစ်ပြီး ဘယ်ဘက်ပုခုံးပေါ်မှာတစ်ခု၊ ညာဘက်ပုခုံးပေါ်
မှာတစ်ခု ချထားတာ။ အလယ်က ခေါင်းဦးရေဖြူဖြူလေးကို မြင်နေရတဲ့
ဆံပင်ခွဲကြောင်းလေးကအစ ချစ်စရာကောင်းနေရောပဲ။
တစ်ရက် ညနေခင်းတစ်ခုမှာ ကိုမျိုးသန့်က ကျွန်တော့်ကို ပြုံးပြုံးလေးနဲ့
မေးတယ်ဗျ။
“ဟေ့ရောင် လျှပ်စစ်ပစ္စည်းဆိုင်က ကောင်မလေးကို မင်း ကြိုက်နေတာ
မို့ လား”
ကျန်တဲ့လူတွေကိုသာ ကျွန်တော်က လိမ်ချင်လိမ်မယ်။ ကိုမျိုးသန့်ကျတော့
ကျွန်တော်က မလိမ်ချင်ဘူးဗျ။ အဲဒါနဲ့အမှန်အတိုင်းဖြေတာပေါ့။
“ဟုတ်တယ်ဗျ ကိုကြီးက ဘယ်လိုလုပ် သိတာတုံး”
“နေဦး နေဦး အဲ့ကိစ္စနောက်ထား၊ မင်း ငါနဲ့ကိုကြီး ကိုကြီး မလုပ်စမ်းနဲ့ကွာ၊
အဲဒါ မိန်းမတွေခေါ်တဲ့ပုံကွ၊ အစ်ကိုဖြင့်လည်း အစ်ကို ကိုမျိုးသန့်ဆိုလည်း
ကိုမျိုးသန့် လုပ်စမ်း”
“ဟုတ်…ဟုတ် အစ်ကို ... ကိုမျိုးသန့်”
“ခုနကဟာ ဆက်ပါဦး အဲ့ကောင်မလေးကို မင်းကြိုက်တယ်ပေါ့”
“ဟုတ်တယ် ချစ်စရာလေး ကိုကြီး .. အဲ ကိုမျိုးသန့်ရ၊ ကျွန်တော်တော့ ကြွေ
နေပြီဗျာ”
“အခြေအနေက ဘယ်လိုရှိပြီတုံး အဆင်ပြေနေပြီလား”
“အဲ့လိုတော့ မပြေသေးပါဘူးဗျာ။ တချို့နေ့တွေ ကျွန်တော်တို့ ကျောင်း
အတူတူသွားတယ်လေ။ သူ့ သူငယ်ချင်းနှစ်ယောက်ကလည်း ပါသေးတော့
ဖွင့်မပြောရသေးပါဘူးဗျာ။ အစ်ကိုက ဘယ်လိုလုပ်သိလဲ ကျွန်တော် ဟန်နီ့
ကို ကြိုက်နေတာ”
“မအေဘေးလေး ကိုယ်ကြိုက်တဲ့ ကောင်မလေးအကြောင်းလည်း ကိုယ်
စုံစမ်းဦး၊ ငါ သူ့ဦးလေးကွ ဟား ... ဟား”
“ဗျာ”
ရှက်လည်းရှက် လန့်လည်းလန့်ပြီး ထူပူသွားတာပဲဗျာ။ ကျွန်တော့်ဆို ဒီလို
ချည့်ပါပဲ။ စုစုကို ရည်းစားစာ ပေးဖို့ လုပ်တုန်းကလည်း သူ့အစ်မ မကြည်
ပြာနဲ့ ပက်ပင်းတိုးတယ်။ အခုတစ်ခါ ဟန်နီမင်းလွင်ဦးလေးက ကိုမျိုးသန့်
ဖြစ်နေတယ်။ ကျွန်တော့်မှာ အံ့လည်းအံ့ဩ၊ ကြောက်လည်းကြောက်သွားမိ
ယ် ကို ကြို က် ကြော င်း ပြော မိ ကြော က် ရှိ
တယ်။ သူ့တူမကို ကြိုက်နေတဲ့အကြောင်း သူ့ပြောမိတော့မှ မကြောက်ဘဲရှိ
မလားဗျာ။ ကျွန်တော့်ကို ရေလည်ကောပြီး နားရင်းတွေဘာတွေ ရိုက်ချင်
ရိုက်မှာပေါ့။ ကိုမျိုးသန့်က မျက်နှာငယ်လေးနဲ့ ဖြစ်နေတဲ့ ကျွန်တော့်ကို
ကြည့်ပြီး တဟား ဟားနဲ့ထိုင်ရယ်နေတော့တာပဲ။ ဘယ်လိုဦးလေးမှန်းတော့
ကျွန်တော်လည်း မသိပါဘူးဗျာ။ သူ့ဟာသူ တစ်ယောက်တည်း ရယ်ရင်း အ
ရယ်ရပ်သွားတော့မှ ကိုမျိုးသန့်က ပြောတယ်။
“အေး... ကြိုက်တော့လည်း ရအောင်လိုက်ပေါ့ကွာ။ အေး... မင်းငါ့ကို နေ့
တိုင်း ကွမ်းနှစ်ဆယ်ဖိုးတော့ ကျွေးမှ ဖြစ်မယ်ကွ”
ရုပ်တည်ကြီးနဲ့အံကြီးကြိတ်ပြီး ပြောတာဗျ။
“ဟုတ် ဟုတ် ကျွေး...ကျွေးမယ်လေဗျာ၊ နှစ်ဆယ်ဖိုးမဟုတ်ပါဘူး။ ကိုမျိုး
သန့် စားချင်သလောက်စား ကျွန်တော် ပိုက်ဆံ မယူပါဘူးဗျ”
ကျွန်တော်လည်း တကယ့်ကို ပူထူပြီး အထစ်ထစ်အငေါ့ငေါ့ ဖြေမိတယ်။
စိတ်ပြေလိုပြေငြား လာဘ်ထိုးတာပေါ့ဗျာ။
“ဟား..ဟား…ဟား သန့်ဇင်ရာ မင်းကတော့ တကယ့်ကောင်ပဲ ငါ စတာပါ
ကွ။ ဒါပေမယ့် ငါ့တူမလေးက ငယ်ပါသေးတယ်ကွာ။ မင်းလည်း ငယ်ငယ်
လေးရှိသေးတာပဲ ။ မင်းတို့ ကောင်တွေ ခေတ်ကျမှပဲကွာ၊ ငယ်ငယ်လေးတွေ
နဲ့ချစ်ရတာနဲ့ကြိုက်ရတာနဲ့၊ ဟား..ဟား..ကဲ…ကဲ... ငါ့အတွက် ကွမ်းယာဦး
အလုပ်သွားရဦးမယ်ဟ”
အဲဒီကနောက် ကိုမျိုးသန့်က သူ့တူမနဲ့ ပတ်သက်လို့ ဘာမှမပြောတော့ပါ
ဘူး။ ကျွန်တော့်ကိုလည်း သူ့တူမကို လိုက်တဲ့ကောင်ဆိုပြီး မုန်းသွားမယ်
ထင်တာ။ မဟုတ်ပါဘူး။ အရင်လိုပါပဲဗျာ။ သူက ကျွန်တော့်ကို ပိုတောင်ခင်
လာတယ်ဗျ။ ကျွန်တော့အတွက်ကတော့ ဟန်နီ့ကိုလည်း ဆက်ချစ်နေလို့ ရ၊
ကိုမျိုးသန့်နဲ့ကလည်း ပိုပြီးခင်လာ ဆိုင်ရဲ့နံရံမှာ အမေတို့ ရေးထားတဲ့
စာသားလို “နေအထွက်မှာ ရွှေခွက်နဲ့ ငွေအပြည့်ခပ်လာခဲ့ပါ” ဆိုတာမျိုးပဲ။
ဘာအဓိပ္ပာယ်မှန်း မသိပေမယ့် အကောင်းချည့်ပေါ့ဗျာ။
®®®®®
အခန်း (၁၂)

တကယ်တော့လည်း ဟုတ်တော့ဟုတ်ပါတယ်။ ကိုယ်ကြိုက်နေတဲ့


ကောင်မလေးအကောင်းတော့ ကိုယ်သိသင့်တာပေါ့။ တော်သေးတာပေါ့
ကျွန်တော်ကစပြီး ကိုမျိုးသန့်ကို ထုတ်မပြောမိတာ။ ကျွန်တော်က ခင်မိပြီ
ဆိုရင် လျို့ဝှက်ချက်မကျန် အကုန်ပြောတတ်တဲ့ကောင်မျိုး။ ကိုဘီလူးတို့
ကိုသားကြီးတို့ နဲ့တုန်းက အဲဒီလိုပဲ။ လက်ဖက်ရည်သောက်တာ၊ အရက်
သောက်တာလိုမျိုး ပါးစပ်ထဲလောင်းထည့်ရုံ ကိစ္စကိုတောင် “ဒီလိုသောက်
တာ မှန်ရဲ့လား။ အထာကျရဲ့လား အစ်ကိုကြီး” အဲ့လိုတွေ လျှောက်လျှောက်
မေးတာရယ်။ ကိုယ်ကြိုက်နေတဲ့ ကောင်မလေးအကြောင်းဆိုရင် ပိုပြောပြီ
ပေါ့။ ကိုမျိုးသန့်က သဘောကောင်းလို့ တော်သေးတယ်။ သူတို့ က တူဝရီး
သာ ဆိုတယ်။ တစ်ခါမှ အတူတူတွဲမမြင်ဖူးတော့ ဘယ်သိပါ့မလဲ။
နောက်ပြီး ကိုမျိုးသန့်ဆိုရင် ကျွန်တော်နဲ့ ခင်လို့ သာ ခင်နေတာ။ “ငါ ဟန်နီ့
ဦးလေးကွ” လို့ မပြောမချင်း ဝင်းထဲနေမှန်းသာသိတာ သူ ဘယ်တိုက်နေ
တာတောင် ကျွန်တော် မသိဘူး။ နောက်တစ်နေ့မနက်ကျတော့ ဟန်နီတို့ နဲ့
အတူ ကျောင်းအစောသွားရင်း မေးကြည့်တာပေါ့။ သူ့ကို ကျွန်တော်ကြိုက်
နေတာကို ကိုမျိုးသန့် သိသွားတယ်ဆိုတဲ့အကြောင်းတော့ ရှောင်ကွင်းပြောရ
တာပေါ့ဗျာ။
“ကိုမျိုးသန့်က ဟန်နီ့ဦးလေးတော်တယ်ဆို”
“ဟုတ်တယ်လေ အမေ့မောင်။ ဘာဖြစ်လို့ လဲ အကိုနဲ့ဦးမျိုးသန့်က ခင်တယ်
မို့ လား”
“အင်း ခင်တော့ခင်တာပေါ့”
“ဦးမျိုးသန့်က ဘာပြောလို့ လဲ”
“ဟင့်အင်း ဟိုလို... အဲ ဘာမှပြောတာရယ်တော့ မဟုတ်ပါဘူး။ မနေ့ကမှ
သူက ဟန်နီက ငါ့တူမလေးလေကွာလို့ ပြောလို့ အစ်ကိုတောင် အံ့ဩနေ
တာ။ ဟန်နီနဲ့ ကိုမျိုးသန့် အမျိုးတော်မှန်း အရင်က မသိဘူးလေ။ ဒါနဲ့ ကို
မျိုးသန့်က ဟန်နီတို့ အိမ်မှာပဲနေတာလား”
“နေလိုက် မနေလိုက်ပဲ။ အဖေနဲ့ ရန်ဖြစ်တဲ့အခါဆို အခြားမှာ သွားငှားနေ
တယ်။ အမေကလည်း သူ့မောင် အငယ်ဆုံးဆိုတော့ တစ်လ နှစ်လနေရင်
အတင်းပြန်ခေါ်တာပဲ။ ဦးမျိုးသန့်က အဲ့အခါကျ ပြန်လာနေပြန်ရော။ ဦးမျိုး

န့် သိ ပ် က် ကြော ည့် အိ မ် င် ပါ


သန့်က အဖေနဲ့ သိပ်မျက်နှာကြောမတည့်တော့ အိမ်မှာ မနေချင်ပါဘူး။ အ
မေက သူ့အစ်မဆိုပေမယ့် သူ့အမေလိုပဲလေ။ အစ်မအကြီးဆုံးနဲ့ မောင်
အငယ်ဆုံးဆိုတော့ အသက်ကလည်း ကွာတယ်။ ငယ်ငယ်လေးကတည်းက
ထိန်းလာရတာဆိုတော့ သူ့မောင်ကို အိမ်မှာပဲ နေစေချင်တာ”
“ဪ...ဟုတ်လား။ ကိုမျိုးသန့်က အသက် ဘယ်လောက်တောင်ရှိပြီလဲ”
“အင်း...နှစ်ဆယ့်ကိုးလား သုံးဆယ်လားပဲ ဟန်နီလည်း သေချာတော့ မသိ
ဘူး”
“ခုတော့ ဟန်နီတို့ အိမ်မှာပဲနေတာမို့ လား”
“ခုတစ်ခေါက်နေတာကြာပြီ နှစ်နှစ်လောက်တောင်ရှိပြီ အဖေနဲ့ရန်မဖြစ်ကြ
သေးဘူး ဟီး ဟီး”
“ဘာလဲ ဟန်နီကရော ကိုမျိုးသန့်ကို မနေစေချင်လို့ လား”
“အံမယ် မဟုတ်ပါဘူး ဦးမျိုးသန့်က သဘောလည်းအရမ်းကောင်းတယ်။
မုန့်ဖိုးဆိုလည်း ခဏခဏပေးတာ။ ဦးမျိုးသန့်က ဟန်နီ့ကို အရမ်းချစ်တာ
ကြီးကို။ ဟန်နီကလည်း ချစ်တာပဲ”
ဟန်နီကလည်း ချစ်တာပဲလို့ ပြောတဲ့အချိန်လေး သူ့နှုတ်ခမ်းလေး ဆူသွား
တာ မြင်ရတာများ ကြက်သီးတောင်ထသွားတယ်။ စိတ်ထဲကနေ အစ်ကို့ ကို
ရော မချစ်ဘူးလားလို့ မေးရင်း ပါးလေးကို လိမ်ဆွဲလိုက်ချင်တယ်။ ဒါပေ
မယ့်ဗျာ ကျွန်တော်ကတော့ တကယ့်စကြောက်ပါ။ တံထွေးတွေပဲ မျိုချ
လိုက်ပြီး တခြားအကြောင်းပဲ ပြောလိုက်ပါတယ်။
“ဟန်နီ ကျောင်းစာတွေမရရင် ပြောနော် အစ်ကို ရှစ်တန်းစာတွေ မမေ့
သေးပါဘူး ဟဲ ဟဲ”
ပြောသာ ပြောရတာပါဗျာ။ ကိုးတန်းစာတောင် ကျောင်းကနေ အိမ်ရောက်
ရင် ကျွန်တော်ကမေ့ပြီ။ ခပ်တည်တည်နဲ့ ဖောရှောလုပ်တာပေါ့။ တကယ်
များ မေးရင် သေပြီ။ ဟန်နီက အေခန်းကဗျ။ ကျွန်တော်သိတာပေါ့။ အေ
ခန်းကကောင်မလေးတွေဆိုတာ စာဂျပိုးမလေးတွေချည့်ပဲ သူတို့ လောက်
စာတော်တာဖြင့် ရှိကိုမရှိဘူး။ ဟန်နီကတော့ ချစ်စရာကောင်းပါသေးတယ်။
တစ်ခါတလေဆိုရင် သူ့မျက်နှာလေးကိုကြည့်နေရင်းနဲ့ ကျွန်တော်မောမော
လာတတ်တယ်။ ကြည့်နေရင်းနဲ့ ချက်ချင်း မျက်နှာလွှဲလိုက်ရတာလည်း
ခဏခဏပဲ။ ဟန်နီကတော့ ကျွန်တော့်ကို ဘယ်လို သဘောထားတယ် မသိ
ပါဘူးဗျာ။ ပြုံးပုံပြုံးနည်းသာ ပြောင်းသွားမယ်။ အမြဲတမ်းပြုံးနေတာ။

င်း ကို န် နီ စ် က် ည်း မြဲ လို့


ကျောင်းကို ဟန်နီနဲ့သာ နှစ်ယောက်တည်း အမြဲအတူ သွားရလို့ ကတော့ဗျာ
စနေ တနင်္ဂနွေတွေ ဥပုသ်နေ့ဆိုတာတွေလည်း မပိတ်နဲ့။ တစ်သက်လုံး
ကျောင်းပဲ တက်ချင်ပါတော့တယ်။ ချစ်ရတာလောက် နေလို့ ကောင်းတာဖြင့်
မရှိဘူး။ သူ့သူငယ်ချင်း ကောင်မလေးနှစ်ယောက်ကလည်း ကျွန်တော်တို့
နှစ်ယောက်ကို ဘာမှ ဝင်မနှောင့်ယှက်ပါဘူး။ သူတို့ ဟာသူတို့ ရှေ့ကဖြစ်ဖြစ်
နောက်ကပဲဖြစ်ဖြစ် သွားနေကြတာပဲ။ ကျွန်တော်တို့ ကြား စကားဝင်ပြော
တာတို့ ဘာတို့ လည်း မရှိဘူး။ ဒါပေမယ့်လည်း သူတို့ ရှိနေတာကိုက ကျွန်
တော့်အတွက်တော့ ရည်းစားစကားပြောဖို့ အဟန့်အတားပဲ။ ကျော်လွှားရ
ပေဦးမယ်။
ဟန်နီ့ကိုပေးဖို့ ဆိုပြီး ရည်းစားစာ ရေးတာဆိုရင် ဘယ်နှစောင်မှန်း မသိတော့
ဘူး။ များလှပြီ။ ဒါပေမယ့်လည်း ရေးရင်းနဲ့ မကြိုက်ဖြစ်လာလို့ ဆွဲစုတ်ပစ်
ရတာချည့်ပဲ။ နောက်ပြီး ဟန်နီနဲ့က တစ်နေ့ကို သုံးလေးငါးကြိမ်မက ဆုံနေ
တွေ့နေရတာဆိုတော့ စာပေးဖို့ ကလွယ်လွယ်လေးပါ။ ဘယ်အချိန် ပေးပေး
ရတယ်။ ဖြစ်နိုင်ရင် ကျွန်တော်က ဟန်နီ့ကို ပါးစပ်ကနေ ဖွင့်ပြောလိုက်ချင်
တယ်။ ပြောလိုက်မှ မုန်းသွားပြီး မတွေ့ရတော့မှာလည်း ကြောက်မိတယ်။
တချို့နေ့တွေမှာဆိုရင် ကျွန်တော် ဆိုင်ထိုင်ချိန် မဟုတ်တဲ့ အချိန်ဆို အိမ်မ
ပြန်ဘဲ သူတို့ ဆိုင်ရှေ့ ဖြတ်ဖြတ်လျှောက်တယ်။ သူတစ်ယောက်တည်း
ဆိုင်ထိုင်ချိန်ဆို ဆိုင်ရှေ့တင်မတ်တတ်ရပ်ပြီး သူနဲ့ စကားပြောနေလိုက်တာ
ပဲ။ သူတို့ ဆိုင်က မှန်ဘီရိုအမြင့်တွေနဲ့ မျက်နှာစာကို ကာထားတာဆိုတော့
နှစ်ယောက်စလုံး တစ်ယောက်ခေါင်းပိုင်းလေးပဲ တစ်ယောက်မြင်ရတယ်။
စကားပြောနေရင်း သူ့အဖေကြီး ရောက်လာတာမျိုး ဆိုရင်တော့ ဆိုင်က ခိုး
လာခါစ လက်ထဲနွေးတောင်မနွေးသေးတဲ့ ခိုးကြေးလေးနဲ့ ခြောက်ဆယ်ဝပ်
မီးလုံးတစ်လုံးဖြစ်ဖြစ်၊ မီးပလပ်ခေါင်းလေးတွေဖြစ်ဖြစ်၊ ခပ်တည်တည်နဲ့
ဝယ်လိုက်ရတော့တာပဲ။ အဲဒီလိုနဲ့ ဝယ်ထားတာတွေကို ဘာလုပ်ရမယ်မှန်းမ
သိ၊ လွှင့်ပစ်ရမှာ နှမြောတာနဲ့ အိတ်နဲ့ သေချာထုပ်ပြီး ဆိုင်မှာ ဒီအတိုင်း
ပစ်ထားလိုက်တာ တစ်ခါတော့ အမေက မီးလုံးလေးငါးလုံးနဲ့ ပလပ်ခေါင်း
သုံးလေးခု အထုပ်လိုက်ကြီးတွေ့သွားလို့ မေးနေသေးတယ်။
“သန့်ဇင် နင် မီးလုံးတွေ ပလပ်တွေ တိပ်တွေ ဒီလောက်အများကြီး ဘာလုပ်
ဖို့ ဝယ်ထားတာတုံး”
“ဝယ်ထားတာမဟုတ်ဘူးဗျ၊ ဆိုင်လာတဲ့ လူတစ်ယောက် ကျန်ခဲ့လို့ သိမ်း
ပေးထားတာ”
အမေကနားမလည်နိုင်သလို မျက်နှာပေးနဲ့ ကျွန်တော့်ကို ကြည့်နေပေမယ့်
ဘာမှ ဆက်မပြောတော့ဘူး။ ဟန်နီလည်း ကျောင်းပိတ်ရက်တစ်ရက်မှာ

ယ် င်း ကြီး ဆို င် ယ် ယ့် ရှိ ချိ န် န် တော့် ဆီ ည်


နေ့လယ်ခင်းကြီး ဆိုင်မှာဝယ်မယ့်သူမရှိတဲ့အချိန် ကျွန်တော့်ဆီလာလည်ဖူး
တယ်။ အမှန်အတိုင်းပြောရရင် ကျွန်တော်က ရှက်ကိုးရှက်ကန်းဖြစ်နေမိ
တယ်။ ဆိုင်ထိုင်တဲ့အချိန်ဆို ကျွန်တော့်တစ်ကိုယ်လုံးက ထုံး
အစက်အပြောက်တွေနဲ့ပေပွနေတာပဲလေ။ လက်ဆိုရင် လေးငါးနှစ်လောက်
ကွမ်းယာယာလာတဲ့လက်ဆိုတော့ ဝါကျင်ကျင်တောင်ဖြစ်နေသေးတယ်။
ဆိုင်ရှေ့အမြဲတမ်းဖြတ်နေပေမယ့် တစ်ခါမှ ဆိုင်ရှေ့မတ်တတ် လာမရပ်ဖူး
တော့ ကျွန်တော်လည်း ဘာလုပ်လို့ လုပ်ရမယ်မှန်း မသိဘူး။ အောက်ကိုပဲ
ဆင်းပြီး သူနဲ့အတူ ခုံတန်းလျားမှာထိုင်ရင် ကောင်းမလား၊ ဒါမှမဟုတ် သူ့
ကိုပဲ ဆိုင်ပေါ်ခေါ်ရင် ကောင်းမလား တွေးမိပေမယ့် အဲဒါကျ တစ်တိုင်းပြည်
လုံး မြင်ကုန်မှာလေ။ ဘယ်ဖြစ်မလဲ။ သူကလည်း ဆိုင်ပေါ်တတ်မယ်တဲ့
လား။ သူကလည်း ကျွန်တော်အဲဒီလို အယောင်ယောင်အမှားမှားတွေ ဖြစ်
နေတာမြင်ရင် ရိပ်မိပါတယ်။
“ထိုင်နေပါ အစ်ကိုကလည်း ဟန်နီ ဒီအတိုင်း အစ်ကို ကွမ်းယာယာတာ လာ
ကြည့်တာပါ”
“အခုက ယာစရာမှမရှိဘဲ”
“အစ်ကို ကွမ်းလည်း စားမှာပေါ့နော် အမြဲတမ်း ယာနေတာဆိုတော့”
“ဟင့်အင်း မစားပါဘူး။ အစ်ကိုက ဆေးလိပ်ပဲသောက်တယ်။ ကွမ်းရွက်
အနံ့၊ ဆေးအနံ့တွေကို မကြိုက်ဘူး။ ပါးစပ်ထဲ ထည့်လိုက်ရင် ဘယ်လိုကြီး
မှန်းမသိဘူး အရသာကစိမ်းဖန်ဖန်ကြီး”
“ဒါနဲ့ဟန်နီလက်ထဲက ဘာစာအုပ်လဲ”
“မင်းလူ ဝတ္ထုလေ”
“ဟန်နီက ဝတ္ထုစာအုပ်တွေတောင် ဖတ်တတ်နေပြီပေါ့”
“မနှစ်ကတည်းက ဖတ်တတ်နေပြီ၊ ဒါပေမယ့် မနှစ်ကတော့ ဝတ္ထုတွေ မဖတ်
သေးပါဘူး။ ဝတ္ထုတွေက ဒီနှစ်မှ စဖတ်တာ”
“အချစ်ဝတ္ထုတွေလား”
“အချစ်ဝတ္ထုသက်သက်ချည့်တော့ မဟုတ်ပါဘူး။ ဒါပေမယ့် အဲဒါလည်း ပါ
တာပေါ့။ ဘာလဲအကိုက အချစ်ဝတ္ထုမဖတ်ဘူးလား”
“မဟုတ်ပါဘူး ဝတ္ထု သိပ်မဖတ်ဖူးဘူး။ အချစ်ဝတ္ထုတွေက သိပ်မကောင်း
ဘူး ပြောကြလို့ လေ အစ်ကိုက သိုင်းဝတ္ထုတွေပဲ ဖတ်တာများတာ သိတယ်
မဟုတ်လား ဝှစ် ဝှစ်”

သို င်း လို့ ပြော င်း က် သို င်း က် င်း လို ပ် ပြ လို က် လို့
သိုင်းဝတ္ထုလေလို့ ပြောရင်း လက်ကသိုင်းကွက်ခင်းသလို လုပ်ပြလိုက်လို့
ဟန်နီက ပါးစပ်ကို လက်နဲ့အုပ်ပြီး တခစ်ခစ် ရယ်နေတယ်။ သူသာ ရယ်မယ်
ဆိုရင် ကျွန်တော်ကတော့ ငပေါဖြစ်ရဖြစ်ရ လုပ်မှာပဲဗျာ။ သူရယ်တာက
သိပ်ချစ်ဖို့ ကောင်းတာကိုး။
တကယ်တော့ သိုင်းဝတ္ထုဆိုတာလည်း ကျွန်တော် တစ်အုပ်တည်းဖတ်ဖူး
တာပါ။ အဲဒါတောင် တီဗွီမှာလာနေတဲ့ ဇာတ်လမ်းတွဲကို ကြိုက်လွန်းလို့
ဇာတ်လမ်း ကြိုသိချင်လွန်းလို့ ဖတ်ခဲ့တာ။ နဂါးနိုင်ဓားလေ သိတယ်မဟုတ်
လား။ အဲ့ဇာတ်ကားကတော့ ကျွန်တော့်အကြိုက်ပဲ။ အဲ့စာအုပ်ကလည်း
နည်းနည်းနောနော မဟုတ်ဘူး။ ခုနစ်တွဲတောင် ရှိတာ။ အဲဒါဖတ်ပြီးတဲ့
နောက်တော့ ဘယ်ဝတ္ထုမှမဖတ်ဖူးပါဘူး။ ကာတွန်းပဲ ဖတ်တာ။ အဲဒါတောင်
ဟိုနှစ်ကောင် မရှိတော့ကတည်းက စာအုပ်အငှားဆိုင်ဆီ မရောက်ဖြစ်တော့
ဘူး။
“ဟန်နီ စာအုပ်တွေ ဘယ်က ငှားဖတ်တာလဲ၊ နတ်သျှင်နောင်ဆိုင်ကလား”
“ဟုတ်တယ်၊ တချို့စာအုပ်တွေကတော့ ဦးမျိုးသန့်ဝယ်ပေးတာ။ သူက
လောလောဆယ် ဒါတွေပဲဖတ်ဦးတဲ့ နောက်ကျရင် ဂန္တဝင်ဝတ္ထုကြီးတွေ ပေး
ဖတ်မယ်လို့ ပြောတယ်။ စာစစဖတ်ချင်း ဂန္တဝင်ဝတ္ထုကြီးတွေဖတ်ရင် ပျင်း
သွားမျာ စိုးလို့ တဲ့။ ဟန်နီကတော့ အဲဒီဝတ္ထုကြီးတွေ ဖတ်ချင်နေပြီ။ ဒါပေ
မယ့် ဒီဝတ္ထုတွေကလည်း ဖတ်လို့ ကောင်းတာပါပဲ။ အစ်ကိုလည်း သိုင်း
ဝတ္ထုတွေချည့် ဖတ်မနေနဲ့ဦးလေ”
“ဪ...အေးပါ။ နောက်ကျ အစ်ကို့ ကိုလည်း ငှားဖတ်ဦးလေ”
“ဟုတ်...ဟုတ် ငှားမှာပေါ့။ သွားတော့မယ် ကြာနေပြီ အစ်ကို
တစ်ယောက်တည်းမြင်လို့ ခဏဝင်လာတာ သွားပြီနော်”
လက်ကလေးကို ယမ်းပြပြီး ဟန်နီထွက်သွားတယ်။ လှမ်းမြင်နေရတဲ့ ဟန်နီ့
ရဲ့ကျောပြင် ကျဉ်းကျဉ်းလေးကို လှမ်းကြည့်ရင်း “မင်း ဘယ်တော့မှ ဟန်နီ့
ကို ဖွင့်ပြောတော့မှာလဲကွာ” လို့ ကျွန်တော့်ကိုယ် ကျွန်တော်မေးကြည့်တယ်။
ဒါပေမယ့်ဗျာ ဒီအတိုင်းလေးလည်း ကျွန်တော် ပျော်ပါတယ်။ သူ့ပါးလေးကို
နမ်းချင်၊ သူ့လက်ကလေးကို ကိုင်ထားချင်တယ်ဆိုပေမယ့် အဲလိုမလုပ်ရ
လည်း ကျွန်တော် ပျော်တာပဲ။ အင်း နောက်နေ့တော့ စာအုပ်ကလေး ဘာ
လေးဖတ်မှ ဖြစ်ဦးမယ်။ ဟန်နီတောင် ဖတ်သေးတာ။ ငါက ဘာလို့ မဖတ်ရ
မှာလဲလို့ တေးထားလိုက်တယ်။ တကယ်တော့လည်း ထူးမောင်တို့ နဲ့ကျနော်
က သိပ်ပေါင်းလို့ မဖြစ်ပါဘူးဗျာ။ ကီးသိပ်မကိုက်ဘူး။ နောက်ပြီးဒီကောင်
တွေက ကျနော့်ကိုအချဉ်ဖမ်းနေတာပဲလို့ ကြာတော့သိလာတယ်။ ဒီကောင်
ခေါ်သွားလို့ နောက်ဆုံးအတန်းမှာ ကျနော် နှစ်လလောက်သွားထိုင်လိုက်
ယ် ဒီ င့် ယ် င်း ည်း င် ပေါ့ မျိုး င်
တယ်ဗျ။ ဒီကောင့်သူငယ်ချင်းတွေနဲ့လည်း ခင်လာတာပေါ့။ မျိုးအောင်၊
ငြိမ်းမြတ်ဟန်၊ ထွန်းထွန်းဇော်၊ ဇော်ရဲဝင်း၊ တရုတ်ကြီး။ ဒီကောင်တွေ
ရပ်ကွက်နဲ့ကျနော်တို့ ရဲ့ အနာဂတ်ရိပ်သာဝင်းနဲ့က ကပ်လျက်ပဲ။ တိရစ္ဆာန်ရုံ
ဘက်ထွက်တဲ့ ဝင်းတံခါးပေါက်တွေကလွဲလို့ ဘယ်အပေါက်ကထွက်ထွက်
ဒီကောင်တွေရပ်ကွက်ထဲရောက်တာပဲ။ ကျနော် ကျောင်းသွားရင်လည်း သူ
တို့ ရပ်ကွက်ထဲက ဖြတ်သွားရတာ။
ပေါင်းခါစတွေမှာတော့ တခါတလေ ဒီကောင်တွေ ရပ်ကွက်ထိပ်က သူတို့
ထိုင်နေကျဆိုင်မှာ ဒီကောင်တွေနဲ့အတူတူ သွားသွားထိုင်တယ်။
လက်ဖက်ရည်ဖိုးက များသောအားဖြင့် ကျနော်က ပိုပိုရှင်းရတယ်။ တကယ့်
တကယ်တမ်းကျ ဒီကောင်တွေက သူဌေးသားတွေများတယ်ဗျ။ ကျနော့်ကို
သက်သက် ဗိုလ်ကျတဲ့သဘောပေါ့ဗျာ။ ကျနော်ကလည်း တော်တော်နဲ့မသိ
ပါဘူး။ အပေါင်းအသင်းအသစ် အဖွဲ့အသစ်ရပြီဆိုပြီး ပျော်နေသေးတာ။
ကျနော်ကတော့ တကယ့်လဒူကောင်ပါဗျာ။
ဒီကောင်တွေနဲ့ပေါင်းမှ ဒါယာစီပင်ဆိုတာလဲ ကျနော်ချဖူးတယ်။ တကယ် ဒါ
ယာစီပင်အစစ် ဟုတ်မဟုတ်တော့ ဒါယာစီပင်အစစ်ဆိုတာ မမြင်ဘူးလို့ ကျ
နော်လဲ မသိပါဘူး။ မျိုးအောင်ဆိုတဲ့ကောင်က ယူလာတာ။ အလုံးသေး
သေးလေးတွေ ဆယ်လုံးတကတ်ဗျ။ ကျနော်လဲ ဒီကောင်တွေ ရှေ့ကလုပ်
သလို လေးငါးလုံး ပါးစပ်ထဲ ပဲလှော်လိုပစ်ထည့်၊ ရေနွေးပူပူတွေမှုတ်
သောက်။ သူတို့ တော့ ဘယ့်နှယ်နေတယ် မသိဘူး။ ကျနော်ကတော့ ဘာမှကို
မဖြစ်တာ။ ဒီကောင်တွေ ဖြစ်နေပုံကတော့ ရယ်ရတယ်။ ကျနော်ကတော့
သိပ်မထင်ဘူး။ ဆေးက အတုတွေပဲနေမှာပါ။ သူတို့ က အရက်မူးသလိုကြီး
မူးပြနေကြတာကိုး။
ကျနော် ကိုသားကြီးတို့ အဖွဲ့နဲ့ပေါင်းတော့ အဲဒီဆေးတွေ မူးပုံမူးနည်း သူတို့
ပြောပြောနေလို့ သိတယ်။ အရက်မူးပုံမျိုးကတော့ ဟုတ်ကိုမဟုတ်တာဗျ။
နောက်ပြီး ကိုသားကြီးတို့ အဖွဲ့က အစ်ကိုကြီးတွေက တကယ့်ချိုးကြီးတွေ
လေ။ ဆေးခြောက်လဲချတယ်။ မြင်းဆေးဆိုလားပဲ သေချာတော့ မသိပါ
ဘူး။ အဲဒါလဲ ချကြတာပဲ။ သူတို့ ထဲက တယောက်ဆိုရင် ဖားကန့်ဘက်
ကျောက်တူးသွားဖူးတော့ နံပါတ်ဖိုးတောင် အပ်နဲ့ထိုးဖူးတယ်ပြောတာပဲ။ သူ့
ဘော်ဒါတွေက တခါတလေ သူ့ကို ချီးဘဲလို့ တောင် နောက်ပြီးခေါ် ကြသေး
တယ်။ ချီးဘဲဆိုတာ ဘိန်းစားလို့ ခေါ်တာပဲလား ဘာလားတော့ ကျနော်လဲ
သေချာတော့မသိပါဘူး။
မျိုးအောင် ယူလာတာတွေကတော့ အချဉ်ဖမ်းခံရတာတွေ နေမှာပါဗျာ။
ဆေးဆိုင်က ဂျင်းထည့်လိုက်တာ နေမှာပေါ့။ ဘယ်ကနေဘယ်လိုတွေ ဝယ်
လာတယ် မသိပါဘူး။ ဒီဆေးမျိုးဆိုတာက ဆရာဝန်လက်မှတ်တွေ ဘာတွေ
ယ် မျိုး လို့ ကြား ယ် ကိုး န်း ယ် တိ တ် က် ကို
နဲ့ ဝယ်ရတာမျိုးလို့ ကြားဖူးတယ်။ ကိုးတန်းအရွယ် ချာတိတ်တယောက်ကို
ပါရာစီတမောရောင်းသလို ဘာမီတွန်ရောင်းသလိုတော့ ရောင်းမယ်မထင်ပါ
ဘူး။ ဒါပေမယ့် မျိုးအောင်ကတော့ ကိုးတန်းဆိုပေမယ့် ဒီကောင်ကလဲ နှစ်
ကျများတဲ့ကောင်ဗျ။ ကျောင်းထုတ်ခံရလို့ နှစ်နှစ်လောက်အောက်နေခဲ့သေး
တယ်လို့ ပြောတယ်။ ကျနော့်အထင် အဲ့ကောင်အသက်က ဆယ့်ခွန်ဆယ့်ရှစ်
တော့အနည်းဆုံးရှိမယ်။ ပြောရရင် ကိုးတန်းကျောင်းသားရုပ်ကို ဘယ်လိုမှ
မပေါက်တဲ့ကောင်ပါ။ အဆက်အသွယ်တွေဘာတွေလဲ ရှိချင်ရှိမှာပေါ့။ ပြော
လို့ တော့လဲ မရပါဘူး။ အဖွဲ့ထဲမှာ ဒီကောင်က ခေါင်းဆောင်ပဲ။ လူမိုက်လဲ
လူမိုက်။ ဒီကောင့်ကိုယ်ပေါ်မှာ တက်တူးတွေဆိုတာလည်း မနည်းဘူး။
နားပေါက်တွေကလည်း အများကြီးဗျာ။ ကျောင်းလာရင် နားကွင်းတွေချွတ်
လာရတော့ အပေါက်တွေက ရွံ့စရာတောင်ကောင်းသေးတယ်။ သူ့ပုံစံကြည့်
လိုက်ရင်လည်း အမြဲတမ်း မျက်လုံးတွေက မှေးစင်းနေတာ။ စကားပြောရင်
လဲ ဘယ်တော့ဖြစ်ဖြစ်အာလေးလျှာလေးကြီးနဲ့။ ဒီကောင်ပြောသလိုဆိုရင်
အမြဲတမ်းကွဲနေတဲ့ရုပ်မျိုးပေါ့။ ဘာပြောပြော ဆဲလိုက်တာလဲ စောက်ရမ်း
ပဲ။
“ဟေ့ရောင် သားရီးမေလိုး ဖင်မယားနက်နော် ငါလုပ်ရင် မင်း ရှဲတွေကျွတ်
ကုန်လိမ့်နော် စောက်ခွက်ပြောင်တာ တော်ရုံကောင်းတယ် ငါလိုးမသား”
အဲ့လိုတွေပြောတာဗျ။ ကျနော်လဲ အဲဒါမျိုးတွေ ဆဲတော့ ဆဲပါတယ်ဗျာ။ ဒါ
ပေမယ့် စိတ်ဆိုးမှ၊ ဒေါသထွက်မှ ဆဲတာမျိုးပါ။ ဒီကောင်က ရယ်စရာပြော
လည်း ဆဲတယ်။ ဘာပြောပြော ဆဲတယ်။
“မေလိုးတွေရေ ရှက်ကီသွားထုကြအောင်ကွာ၊ ဟိုမေလိုးလေး ကြည့်စမ်း
ဟေ့ရောင်တွေ ရယ်နေရတယ်”
ကျနော်လဲ အစောပိုင်းကတော့ တော်တော်တော့သဘောကျသားဗျ။
လေးစားသလိုလိုတောင် ဖြစ်နေသေးတယ်။ ဒီကောင်က အဖွဲ့ခေါင်းဆောင်
ဆိုတော့ တဖွဲ့လုံးကလည်း ဒီကောင့် စကားဆို လုံးဝပွဲသိမ်းပဲ။ မျိုးအောင်က
ဒါဆိုရင် ကျန်တဲ့ ထူးမောင်တို့ တရုတ်ကြီးတို့ ဘယ်ကောင်ကမှ ဘာမှ
အထွန့်တက်မနေတော့ဘူး။ သူလုပ်ဆိုလုပ်တာပဲ။ ကျနော်လဲ ဒီကောင်တွေနဲ့
နှစ်လလောက်ကလေးပဲ ပေါင်းမိလို့ ဗျာ။ နို့ ဆိုရင် မလွယ်ဘူး။ စာတွေဘာ
တွေစိတ်မဝင်စားတော့ ကိုးတန်းစာမေးပွဲတောင် ကျမလားပဲ။ တခါသား
တော့ ကိုမျိုးသန့်ကိုယ်တိုင်က ကျနော်ဒီကောင်တွေနဲ့ လက်ဖက်ရည်ဆိုင်
ထိုင်နေတာမြင်သွားတယ်နဲ့တူပါတယ်။
“သန့်ဇင်ရေ မင်းအဲဒီကောင်တွေနဲ့တော့ မပေါင်းနဲ့ကွာ၊ မင်း ပျက်စီးခြင်းငါး
ပါးတိုင်သွားလိမ့်မယ်။ အဲ့ကောင်လေးတွေက ရပ်ကွက်လူဆိုးလေးတွေကွ။

တို့ ကို ခိုး


သူတို့ ကို သွားအတုမခိုးနဲ့” တဲ့။
ကိုမျိုးသန့်လို ခပ်အေးအေးနေတတ်တဲ့ လူကတောင် သူတို့ အကြောင်းသိနေ
တာဆိုတော့ ဒီကောင်တွေ ဘယ်လောက်ဆိုးတယ် စဉ်းစားသာကြည့်တော့
ဗျာ။ ကိုမျိုးသန့်က အဲဒီလို သတိပေးလိုက်တာကြောင့်လည်း ပါတယ်။ ဒါ
ပေမယ့်လဲ ကျနော်ကိုယ်တိုင်ကလဲ ဒီကောင်တွေနဲ့ ပေါင်းရတာ ပေါင်းရင်း
သင်းရင်းနဲ့ကို မပျော်တော့ဘူးဗျ။ သူတို့ နဲ့ ပေါင်းတဲ့ အချိန်တိုကလေး
အတွင်းကို ကျနော် ရန်ပွဲကြီးနှစ်ခု ဆင်နွှဲဖူးသွားတယ်။ အမှန်ကတော့ဗျာ
ရန်ပွဲကြီးလို့ ဆိုရခက်ပါတယ်။ အနိုင်ကျင့်တာပါပဲ။ တရက်တော့ ညရှစ်နာရီ
လောက်ကြီး ဒီကောင်တွေအဖွဲ့နဲ့ ဘူတာကြီးရှေ့မှာ လက်ဖက်ရည်သွား
သောက်ရင်း ထမင်းကျော်သွားစားကြတာဗျ။ အဖွဲ့လူအကုန်ပဲ။ ဆယ်
ယောက်လောက်ရှိတယ်။ ကျနော်တို့ ကျောင်းကမဟုတ်တဲ့ ရပ်ကွက်ထဲက
သူတို့ ဘော်ဒါနှစ်ယောက်လောက်တောင်ပါသေးတယ်။
ညရှစ်နာရီလောက်ကနေ ထိုင်လိုက်တာ ကိုးခွဲလောက်ကျတော့ သမ္မတ
ရုပ်ရှင်ရုံက ညပွဲပြီးတာနဲ့ တူပါတယ်။ လူတွေတဖွဲဖွဲနဲ့ ကျနော်တို့ ထိုင်တဲ့
လက်ဖက်ရည်ဆိုင်ရှေ့ကနေ ဖြတ်ပြန်ကြတာ။ စော်တွေဆိုရင် အုပ်စုလိုက်
ကြီး ဝိုင်းလောင်ကြတာပေါ့ဗျာ။
“ဟိုစော်ကြီးက ဇယားကြီးနေမယ် ဂျောတောင့်တယ်ကွာ”
“ဟေ့ရောင် ဟိုစော်လေးရှိုးလိုက်စမ်း နို့ ကြီးက တင်းနေတာပဲကွာ လူနဲ့နို့ နဲ့မ
လိုက်ဘူး။ ဟေ့ ယာဉ်ထိန်း လိုသေးလား ဟား ဟား။ အလကားကြိုက်
ကုန်းမတွေ”
လောင်တယ်ဆိုတာ အဲ့လို အပြောခံရတဲ့သူတွေကြားအောင် လောင်တာဗျ။
တဟီးဟီး တဟားဟားနဲ့ပဲ ။ တချို့ကောင်မလေးတွေအဖွဲ့မှာ ယောကျာ်း
လေးတယောက်စ နှစ်ယောက်စပါပေမယ့် ကျနော်တို့ အဖွဲ့က ဆယ်လောက်
လောက်ရှိတော့ ဘယ်သူမှလဲ ဘာမှပြန်မပြောရဲပါဘူး။ နည်းနည်းလောက်
မျက်လုံးလှန်ကြည့်မိရင်ကို ပေါ်တင်ကြီးဖြဲတာကိုး။
“ဟိုကောင်က လီးကြည့်တာလား ကိုယ့်လမ်းကိုယ်သွား စောက်ချိုးပြေပြေ
နေနော်”
အဲဒါနဲ့ လူလဲ တဖြည်းဖြည်းနည်းသွားရောဗျ။ ဆယ်နာရီထိုးခါနီး
လောက်ကျ လူလဲတော်တော်ရှင်းသွားပြီ။ ကျနော်တို့ လဲ ပြန်ကြဖို့ ပဲ။ အဲဒီ
အချိန်မှာ မြို့ထဲဘက်ကနေ ကျနော်တို့ အရွယ်ထက်တော့ နည်းနည်းလောက်
ကြီး မယ်ဗျ။ ဆယ့်ခွန်ဆယ့်ရှစ်လောက်အရွယ်ပေါ့။ နှစ်ယောက်

မ်း က် င်း ပြော ကြ ယ် မ်း က် ဒီ စ်


လမ်းလျှောက်ရင်း စကားပြောလာကြတယ်။ လမ်းလျှောက်လာတဲ့ အဲဒီနှစ်
ယောက်ကို မေးငေါ့ပြပြီး ကျနော့်ကို မျိုးအောင်က ပြောတယ်။
“သန့်ဇင် ဟစ်ရောင် ဒီညငါ့လက်တွေစောက်ရမ်းယားနေတာ၊ အဲ့နှစ်ကောင်
ကို မင်းအရင်စဖွင့်လိုက်စမ်း။ သွား သွား ကိုင်လိုက်တော့ နောက်က ငါတို့
ဝင်မယ်”
ကျနော်က “ငါ မလုပ်ချင်ပါဘူးကွာ” လို့ ငြင်းသေးတယ်။ အဲ့တော့ ဒီကောင်
က ကျနော့်ကို ဆဲရော။
“မေလိုး မင်းက စောက်ခြောက်ပဲ။ လီးမို့ ငါတို့ အဖွဲ့ထဲ လာနေသေးလား” တဲ့။
ကျနော်လဲ တင်းတော့ တင်းသွားတယ်ဗျ။ ဒါပေမယ့် သူ့ဟာသူ သွားလာနေ
တဲ့လူတွေကို အသလွတ်ကြီး ရန်စ၊ စောက်ခွက်ဝင်ရိုက်ဆိုတဲ့ အလုပ်မျိုး
တော့ ကျနော် မလုပ်နိုင်ဘူး။ လုပ်လဲ မလုပ်ရဲဘူး။ ဒီကောင်က အဲ့လို နှိမ်
တော့ ရှက်ကလဲ ရှက်တယ်။ အဲဒါနဲ့ ကျနော့်ဘေးနားကပ်ထိုင်နေတဲ့ ထူး
မောင်ကို လက်ကုပ်ပြီး ပြောလိုက်တယ်။
“ထူးမောင် မင်းဖွင့်လိုက်စမ်းပါကွာ သွားစမ်းပါ ငါနောက်ကလိုက်ခဲ့ပါ့မယ်”
ထူးမောင်ကတော့ ကျနော့်ကို နည်းနည်းခင်ပုံရတယ်။ မျိုးအောင် တွန်းလို့
ကျနော် နေရခက်နေတာ သိပုံရတယ်။ ချက်ချင်းပဲ ထသွားလို့ ကျနော်
တောင် နောက်က မနည်းလိုက်ရတယ်။ ကျန်တဲ့ကောင်တွေကတော့ ဆိုင်မှာ
ထိုင်လျက်ပဲ ကျနော်တို့ စအလုပ်ကို ထိုင်စောင့်ကျန်ခဲ့ကြတာပေါ့။ ဆိုင်ရှေ့
အနား မရောက်ခင် ပေနှစ်ဆယ် အကွာလောက်မှာတင် ထူးမောင်က ရန်စ
တာတွေ ဘာတွေတောင် မလုပ်တော့ဘဲ “မအေလိုးတွေ” လို့ အော်ဆဲပြီး
မျက်နှာကို ဝင်ထိုးတော့တာပဲ။ ကျနော်က “ဟေ့ရောင်တွေ မင်းတို့ က
လူမိုက်လား” ဘာညာ ရန်လေးဘာလေးစပြီး အချိုးမပြေမှ ကိုင်မယ်ထင်နေ
လို့ ကြောင်ပြီး ရပ်နေမိတယ်။ ကျနော့်နောက်ကနေ မျိုးအောင်တို့ က
ကျော်သွားပြီး အုပ်စုလိုက် ဝိုင်းထိုးကြတဲ့အထိ ကျနော် ရပ်နေမိတုန်းပဲ။
ပြောရရင် ပွဲပြီးသွားတဲ့အထိ ကျနော် ဝင်မပါပါဘူး။
သနားဖို့ တောင်ကောင်းတယ်ဗျာ။ ဘလိုင်းကြီးဆွမ်းကြီးလောင်းခံရတဲ့ နှစ်
ယောက်မှာ ဝိုင်းဘေတဲ့လူက မနည်းဘူးဆိုတော့ ဟိုကောင်က ဝင်ထိုးသွား
လိုက်၊ ဒီကောင်က ဝင်ရိုက်သွားလိုက်နဲ့ မျက်ခွက်တွေကို စုတ်ပြတ်နေတာ
ပဲ။ နှစ်ယောက် ဆယ်ယောက်ဆိုတာ အုပ်စုနဲ့ဂန်ကျယ်တာပဲလေဗျာ။
လက်သီးနဲ့ထိုးဖို့ နေနေသာသာ မျက်စောင်းဝိုင်းထိုးရင်ကို ခံရတဲ့နှစ်ယောက်
မှာ သက်သာမှာမဟုတ်ဘူး။ ဒီတော့လဲ ဟိုနှစ်ယောက်မှာ လက်အုပ်တွေချီ
ဒူးကလေးတွေထောက်ပြီး တောင်းပန်ကြတော့တာပေါ့။ အဲဒီတော့မှပဲ သိပ်

ကို ကြီး ကြ ထိုး ကြိ တ် ပ် ပြီး က် က် ည်


ကို သဘောထားကြီးမားကြပုံနဲ့ အထိုးအကြိတ်ရပ်သွားပြီး လက်ဖက်ရည်
ဆိုင်ပြန်ထိုင်ကြတော့တယ်။ မရပ်ခင် ငေါက်ငမ်းသေးတာဗျ။
“မေလိုးတေ နောက်ကို စောက်ချိုးပြေပြေနေ လီးအထာတွေ မလုပ်နဲ့ကြား
လား” တဲ့။
ဟိုနှစ်ယောက်လဲ အပြေးတပိုင်း လစ်ကြတော့တာပဲ။ ရှေ့မှာမဲပြီး ကန်တဲ့
ကောင်ကကန်၊ ထိုးတဲ့ကောင်ကထိုးဆိုတော့ ကျနော်တယောက်တည်း
နောက်မှာရပ်ပြီး ဘာမှဝင်မလုပ်တာကို ဘယ်သူမှလဲ သတိမထားမိပါဘူး။
အုပ်စုလိုက်ပြန်ထိုင်ကြပြီး လက်ဖက်ရည်ဖိုးရှင်းကြတယ်။ ပြီးတော့ ကျနော်
တို့ ထိုင်နေတဲ့ ဆိုင်ရဲ့သုံးဆိုင်လောက်အကွာက ဆိုင်မှာပြောင်းထိုင်ကြတယ်။
ကျနော်က ပြန်တော့မယ်ထင်တာ။ ဒီကောင်တွေဘာလို့ ဆိုင်ပြောင်းထိုင်
တယ် နားကိုမလည်ဘူး။ ကျနော်က ပြန်လဲ ပြန်ချင်နေပြီ။ စိတ်က မလန်း
ဘူး။ ဒီကောင်တွေက မပြန်တော့ တယောက်တည်း ချွန်ပြီး ထပြန်ရင်လဲ ဒီ
ကောင်တွေက ကြိုက်မှာမဟုတ်ဘူး။ ကျနော်တော့ စိတ်ကျဉ်းကျပ်လာ
တယ်ဗျာ။ ကျနော်တို့ မင်းဆန်းတို့ ပုတုတို့ ဆိုးတယ် ဆိုတာမျိုးက ဒါမျိုး
တွေမဟုတ်ဘူးဗျ။ ထိုင်နေရင်းနဲ့ ပုတုနဲ့မင်းဆန်းတို့ ကိုတောင် သတိရလာမိ
တယ်။
ပြောင်းထိုင်တဲ့ဆိုင်မှာလဲ ဒီကောင်တွေက ဆူညံပွက်လောရိုက်နေတာပဲ။
ခုနက ဝိုင်းတွယ်လိုက်တဲ့ အဖြစ်ကို မြိန်ရည်ရှက်ရည် ပြန်ပြောနေကြတာ။
မျိုးအောင်ဆိုတဲ့ကောင် ပြန်ပြောတာဆိုရင် ကျနော် အံ့တောင် ဩမိတယ်။
ဒီကောင်က သူလုပ်ခဲ့တာကို သူများက မြင်ရသလို ပြန်ပြောနေတာဗျာ။
“မျိုးအောင်ကကွာ လက်ဆစ်တွေချိုးရင်း နောက်ကနေရှိုးနေတာကွ၊ ထူး
မောင်ဆိုတဲ့ မေလိုးကလဲ မြန်လိုက်တာကွာ၊ ဘယ်လိုဝင်ရမယ် ဇယား
တောင် မဆွဲလိုက်ရဘူး။ မျိုးအောင်လဲ ဝင်ကျွေးရတော့တာပေါ့။ ဒုတိယ
ကောင်ရဲ့ ပါးကို ခုန်ပြီး သုတ်တာကွာ၊ လိပ်ပြာလေး ပျံနေတဲ့အတိုင်းပဲ”
သူ့နာမည်သူကို သူများနာမည်ကိုပြောနေသလိုကြီး ပြောနေတာ။ ဒီကောင်
ကတော့ တကယ့် လူမိုက် အဆန်းကောင်ပါ။ ကျန်တဲ့ကောင်တွေလဲ အဲ့လို
ပေါ့။ တယောက်တပေါက်တွေ။ နှစ်ယောက်ထဲကို ဆယ်ယောက်လောက်
ဝိုင်းဘေတဲ့အကြောင်းကို ပြန်ပြောလို့ ကို မဆုံးဘူး။ တဟီးဟီး တဟားဟား
နက်ဗျာ။ ဒါပေမယ့်လည်း ဒီကောင်တွေ တဟီးဟီးတဟားဟား အကြာကြီး
သိပ်မလုပ်လိုက်ရဘူးဗျ။ ကျနော်က စကားဝိုင်းမှာ သိပ်စိတ်မပါဘူးလေ။
ကိုယ်လဲ ဘာမှဝင်မလုပ်ခဲ့တော့ ပြောစရာလဲ မရှိဘူး။ အဲဒါကြောင့် ဒီပြင်
ဝိုင်းတွေကိုပဲ ဟိုကြည့်ဒီကြည့်လုပ်နေတော့ အရင်ဆုံးမြင်တာပဲ။ လူတအုပ်
ဗျ၊ တုတ်တွေ ဓားတွေနဲ့။ ဓားတွေက ညမီးရောင် အောက်မှာဆိုတော့ တ

က် က် င်း ပြ ပြီး
န် က် ယ် နော် ဒီ ပ်
ချက်တချက် အလင်းပြန်ပြီး တောက်ပသွားတယ်။ ကျနော်လဲ အဲဒီလူအုပ်
ကို တော်တော် ဝေးဝေးကတည်းက မြင်နေရတော့ သေချာအာရုံစိုက်ကြည့်
နေမိတယ်။ ရှေ့ဆုံးက နှစ်ကောင်က ခုနက ကျနော်တို့ အုပ်စု ဝိုင်းဘေလိုက်
တဲ့ နှစ်ကောင်ဗျ။ သုတ်သုတ် သုတ်သုတ် ဟိုကြည့် ဒီကြည့်နဲ့ လာတာ။ ကျ
နော်တို့ အဖွဲ့ကို မမြင်သေးဘူး။ အဲဒီတော့မှ ခုနက ဒီကောင်တွေ ဘာကြောင့်
ဆိုင်ပြောင်းထိုင်တယ်ဆိုတာကို ကျနော်ရိပ်မိသွားတယ်။ ကျနော်လဲ ထိတ်
ခနဲဖြစ်ပြီး ကြောက်သွားတယ်ဗျ။ ပျော်မြူးမဆုံးဖြစ်နေတဲ့ ဒီကောင်တွေကို
လဲ ပြောရတာပေါ့။
“ဟေ့ရောင်တွေ ဟေ့ရောင်တွေ ဟိုဟာ ခုနက ငါတို့ လုပ်ခဲ့တဲ့ကောင်နှစ်
ကောင်မို့ လား”
ကျနော် စကားတောင် မဆုံးသေးပါဘူးဗျာ။ အဖွဲ့လိုက် ဝုန်းခနဲ ထပြေးကြ
တာ။ ဒီကောင်တွေ လှုပ်ရှားတာ မြန်လွန်းလို့ ထိုင်ခုံမှာ ကြောင်ပြီး
ငုတ်တုတ်ထိုင်ကျန်နေခဲ့တာဆိုလို့ ကျနော်တယောက်ရှိတော့တယ်။ အဲ့လို
ကြီး အုပ်စုလိုက်ကြီး ထပြေးတော့ တဖက်ကလာနေတဲ့ ဟိုကောင်တွေအုပ်စု
ကလဲ မြင်သွားတာပေါ့။ ဒီကောင်တွေကလဲ မြင်တာနဲ့လိုက်တာဗျာ။ “ဟိုမှာ
ဟိုမှာ ငါလိုးမသားတွေ လိုက်လိုက်” အော်ဆဲလိုက်သံက ကျယ်လွန်းလို့
ချက်ချင်းကြီးကို အနီးနားရောက်လာသလိုပဲ။ ကျနော်လဲ အသိဝင်ဝင်ချင်း
ထပြေးတာပဲ။ မှုန်နေတာပဲ။ ဖိနပ် ဘယ်နားကျွတ်ခဲ့တယ်လဲ မသိဘူး။
နောက်ဆုံး ကျနော်တို့ ဝင်းထဲကို ဘယ်လိုပြန်ရောက်မှန်းတောင် မသိတာ။
ဝင်းထဲပြန်ရောက်လို့ အပြေးလဲ ရပ်လိုက်ရော ရင်ဘတ်ကြီးကို ပူပြီးအောင့်
နေတာ။ လည်ပင်းအောက်နားမှာလည်း တစ်ဆို့ တစ်ဆို့ ကြီးဖြစ်လို့
တော်တော်နဲ့အသက်မရှုနိုင်ဘူး။ အသက်ရှုလိုက်တော့လဲ ပျို့တက်လာပြီး
သောက်ထားတဲ့ လက်ဖက်ရည်နဲ့ စားထားတဲ့ ထမင်းကြော်တွေ အကုန်ပြန်
အန်ထွက်တော့တာပဲ။ တော်သေးတာပေါ့ဗျာ။ အပြေးသန်လို့ နို့ ဆို ငယ်
ငယ်ရွယ်ရွယ်နဲ့သေနေခဲ့မှာပဲ။
နောက်နေ့ကျောင်းတက်တော့ မျိုးအောင်အပါအဝင် လေးယောက်လောက်
ကျောင်းမလာဘူးဗျ။ ထူးမောင်တော့ လာတယ်။ ဒီကောင့်ကို မေးကြည့်ရ
တာပေါ့။ ဒီကောင့်ပုံစံကလဲ ဘယ်နေရာမှ ထိမိခိုက်ထားပုံ မရဘူးလေ။
“ထူးမောင် ညက ဘယ်ကောင်တွေ မိသွားသေးလဲ”
“ငါလဲ သေချာမသိဘူးကွ”
နောက်တရက်ကျတော့ တရုတ်ကြီးနဲ့ ငြိမ်းမြတ်ဟန်နဲ့ ကျောင်းလာတယ်။
မျိုးအောင်ကတော့ အဲ့တပတ်လုံး ကျောင်းကိုမတက်တာ။ အဲဒီတော့မှ သိရ
တယ်။ မျိုးအောင်ရယ် ငြိမ်းမြတ်ဟန်ရယ် တရုတ်ကြီးရယ်သုံးယောက်သား
န် တော် မ်း င် ပြေး င်း ပ် မြော င်း ကြီး
ကန်တော်လေးထဲက မန္တလေးလမ်းထဲ ဝင်ပြေးရင်း ရေပုပ်မြောင်းကြီးတခု
ထဲ ဆင်းပြီး မြောင်းဖုံးရှိတဲ့အောက်နား ဝင်ပုန်းနေရတာတဲ့။ လိုက်တဲ့ကောင်
တွေကလဲ တော်တော်နဲ့ မပြန်ဘဲ လှည့်ပတ်ရှာနေကြလို့ ညဆယ့်နှစ်နာရီ
ကျော်မှ လမ်းပေါ် ပြန်တက်ပြီး အိမ်ပြန်ရတယ်တဲ့။ တရုတ်ကြီးပြောပြလို့ သိ
တာ။ ဟိုကောင် မျိုးအောင်ကတော့ နောက်နေ့တွေ အဲဒီအကြောင်း တခွန်းမှ
ကို မဟတော့ဘူး။ ဒီကောင်က မပြောတော့ ကျန်တဲ့ကောင်တွေလဲ စကား
အစ မဖော်ရဲတော့ဘူးလေ။ မအေဘေးတွေ ရှက်နေကြတာလည်း ပါတာ
ပေါ့။ ကျနော်တော့ စိတ်ထဲကနေ ဝမ်းသာမိသလိုတောင် ရှိသေးတယ်။
အဲ့နောက်လဲ ကျနော် ဒီကောင်တွေနဲ့ဆက်ပေါင်းနေတုန်းပဲ။ ဒါပေမယ့် သိပ်
ဟက်ဟက်ပက်ပက်တော့ မရှိတော့ပါဘူး။ ဒီကောင်တွေ ဘာဖြစ်လို့ အဲဒီ
လောက်တောင် စောက်ချိုးမပြေကြ၊ မိုက်ရိုင်းရဲကြတယ်ဆိုတာ သိပ်နားမ
လည်ဘူးဖြစ်နေတာ။ သူတို့ ဟီးရိုးကို မြင်လိုက်မှ ကျနော်လဲ သဘောနည်း
နည်းပေါက်သွားတယ်။
လူကိုတော့ တခါပဲ မြင်ဖူးလိုက်တာပါဗျာ။ ဘဲကြီးက နေ့ဘက်တွေဆို အိပ်
ချည့်နေပြီး ညဘက်တွေမှာပဲ အပြင်ထွက်လျှောက်ဒိုးနေတာဆိုတော့လေ။
ဒါပေမယ့် ဒီကောင်တွေစကားပြောတိုင်း
“ကိုငမန်းက ဘယ်လိုဝင်ကျုံးတာ ဟေ့ရောင်ရေ”
“ကိုငမန်းကတော့ ရေလည်ဂျွတ်တယ်”
“ကိုငမန်းက ပြောတယ်ကွ”
အဲဒါတွေက အမြဲတမ်းကြားနေရတာ။ မျိုးအောင်က အဲဒီကိုငမန်း ဂိုက်
ဖမ်းထားတာပဲဗျ။ ဘဲကြီးက အကျႌကျွတ်၊ ဘောင်းဘီတိုကလေးနဲ့ဆိုတော့
တကိုယ်လုံး တက်တူးတွေကို လှညကြွားနေသလိုပဲ။ အပေါ်ဆိုရင်
လည်ပင်းထိ၊ အောက်ဆိုဖင်ကြားအထိအောင်ရောက်တယ်။ နားပေါက်တွေ
ဆိုတာလည်း ရေသဖန်းသီးတွေကျနေတာပဲဗျာ ပြွတ်ခဲလို့ ။ နားဘေးနားက
နားသန်သီးမှာပါ ဖောက်ထားသေးတာ။ အဲဒီတင်ပဲလားဆိုတော့ မဟုတ်
သေးဘူး။ နို့ သီးခေါင်းသေးသေးလေးကိုပါ ဖောက်ပြီး ကွင်းတပ်ထားသေး
တယ်။ နှစ်ဖက်စလုံးပဲ။ ကျနော်တော့သူ့ကိုကြည့်ရင်း နာတောင်နာလာသလို
ပဲ။ ကြက်သီးတွေလဲ ထလာတယ်။
ဘဲကြီးက ဖော်ဖော်ရွေရွေလဲ မရှိဘူးဗျ။ စကားပြောရင်လဲ အကျယ်ကြီးပဲ။
လုပ်သံကြီးနဲ့ ဆွဲဆွဲပြီးပြောတာ။ ကျနော့်ကိုတောင် “ဒီကောင် ဘယ်က
ကောင်လဲဟ အရင်မတွေ့ဖူးပါဘူး။ မင်းကငါ့ကို ဂျိုကြည့်ကြည့်တာလား”
ဆိုပြီး ရုပ်တည်ကြီးနဲ့ ဖြဲခြောက်သလိုလို လုပ်သေးတယ်။ ကျနော်က နဂို

ည်း ကြ ည့်ပြီး ရှိ န် ဆို န့် မိ ပေါ့


ကတည်းက သူ့ကြည့်ပြီး ရှိန်နေတာဆိုတော့ လန့်သွားမိသေးတာပေါ့။
အလကားပါဗျာ လူသစ်မှန်းသိတော့ ဖိန့်တာပေါ့။
သူတို့ ဟီးရိုး ကိုငမန်းကြီးကို မြင်လိုက်ရတာလဲ ဒီကောင်တွေနဲ့ပေါင်းချင်
စိတ် နည်းနည်းလေးတော့ ပိုလျော့သွားတယ်ဗျ။ ဘာလို့ မှန်းတော့ မသိဘူး။
ဘူတာကြီးရှေ့က ရန်ပွဲ၊ အင်း ပြေးပွဲဆိုရင်တောင် ပိုမှန်မယ်။ အဲဒီပြေးပွဲပြီး
တဲ့နောက်တော့ ကျနော်တော့ သူတို့ နဲ့ပေါင်းရတာ စိတ်အားထက်သန်မှု နည်း
နည်းတော့ လျော့သွားတယ်။ ပေါင်းတာတော့ ပေါင်းနေတုန်းပဲ။ မပေါင်းလို့
ကလည်း မရဘူးဗျ။ တကျောင်းတည်း တခန်းတည်း ချက်ချင်းကြီး
ရှောင်ဖယ်ဖယ်နေပြန်တော့လဲ ကျနော့်ကို ရန်ရှာမှာလဲ ကြောက်ရသေး
တယ်။ ဒီတော့ မနက်ခင်းလက်ဖက်ရည်ဆိုင်အတူတွဲထိုင်ရုံ၊ တခါတလေ
အုပ်စုလိုက် ရှက်ကီသွားထုရုံလောက်ပါပဲ။ ကျောင်းပြေးတာမျိုးတော့ ကျ
နော်မလိုက်ဘူး။
ကိုးတန်းနှစ်မှာ ကျနော်က မြို့ထဲက ဦးသိန်းလွင်တို့ ၊ ဦးအောင်ခိုင်တို့ ၊ ဦး
ဉာဏ်လွင်တို့ ဆီမှာ ကျူရှင်တက်နေပြီ။ ထူးမောင်နဲ့ငြိမ်းမြတ်ဟန်ကလဲ ကျ
နော်နဲ့အတူတက်တာ။ အဲဒီတော့ ကျူရှင်အောက်က ဂိမ်းဆိုင်မှာ ဒီနှစ်
ကောင်နဲ့ ပလေးစတေရှင်တူး ဘောလုံးကန်တာပေါ့ဗျာ။ ကျူရှင်တက်တယ်
ဆိုတာထက် ကျူရှင်ပြေးပြီး ဂိမ်းချည့်ဆော့တာပါပဲ။ အဲဒီတော့ မပေါင်း
ချင်လို့ တောင် မရသလိုဖြစ်နေတာပေါ့။ မဟုတ်ရင် တယောက်တည်း စက်နဲ့
ဆော့ရတာကျ ဖီးလ်မလာဘူးဗျ။ အီးဇီးကျတော့လဲ ကိုယ်ချည့်နိုင်၊ ဟတ်ဒ်
ကျတော့လဲ ကိုယ်ချည့်ရှုံးကိုး။ ထူးမောင်နဲ့ ငြိမ်းမြတ်ဟန်ကလဲ တဖွဲ့လုံးမှာ
တော့ ကျနော်နဲ့ပေါင်းလို့ အကောင်းဆုံးထဲကလို့ တော့ ဆိုရမယ်။ နှစ်ကောင်
လုံးက ကျနော့်လိုပဲ ဆင်းရဲတယ်ဗျ။ ငြိမ်းမြတ်ဟန်ဆိုရင် ကျနော့်ထက်
တောင် ဆင်းရဲပါသေးတယ်ဗျာ။ အဲ့နှစ်ကောင်က ဘယ်လိုလုပ် ဟိုကောင်
တွေနဲ့သွားပေါင်းမိလဲ မသိပါဘူး။ တရပ်ကွက်တည်းသားမို့ နဲ့တူပါတယ်။
တချို့ကျောင်းပိတ်ရက်တွေမှာ ဒီကောင်တွေအဖွဲ့က အကုန်လုံး ပိုက်ဆံတွေ
စုပြီး ကလပ်တွေဘာတွေ တက်ကြသေးတယ်။ အဲဒါမျိုးတော့ ကျနော်
လိုက်လို့ မရပါဘူး။ ကျနော်က ညနက်ထိတော့ ထွက်လို့ မရဘူးလေ။ ထွက်
လို့ ရရင် ကျနော်လဲ လိုက်ချင်တာ။ ကလပ်တက်တယ်ဆိုတာ ဒီကောင်တွေ
ပြောလွန်းလို့ ဘယ်လိုမှန်း အရမ်းသိချင်တာပဲ။ ဒီကောင်တွေ ကလပ်သွားဖို့
အတွက် ဝတ်တဲ့ အဝတ်အစားတွေဆိုတာ လန်ထွက်နေတာဗျာ။ ထူးမောင်
တို့ ငြိမ်းမြတ်ဟန်တို့ ကအစ အဲဒီရက်ဆို ဝတ်တာ လုံးဝအထာကျတယ်။
ဟစ်ဟော့တွေ ရပ်တွေ စခေတ်စားနေပြီဆိုတော့ အဖွဲ့ထဲမှာ နည်းနည်းပို
ချမ်းသာတဲ့ ထွန်းထွန်းဇော်နဲ့ မျိုးအောင်တို့ က အမ်မီနမ်တွေ ဘာတွေ
နားထောင်၊ အမ်တီဗွီတွေကြည့်ပြီး အကျႌပွပွ ဘောင်းဘီခွကျကြီးတွေ
တ်ကြ ပြား ပြား ကြီး ဦး ပ် က်
ဝတ်ကြတာ။ လျှာပြားပြားကြီးတွေနဲ့ဦးထုပ်တွေကလဲ တယောက်တလုံး။ န
ယူးရော့ခ်တို့ ယန်းကီးတို့ စာတွေကလဲ အစုံပဲ။ လည်ပင်းမှာဆိုလဲ သတ္ထု
လည်ဆွဲကြီးတွေနဲ့ အဲဒါတွေကတော့ ကျနော့်အထင် စတီးအရည်စိမ်တွေ
ထင်တာပဲ။ တလလောက်ကတော့ တလက်လက်နဲ့ပေါ့။ နောက်ကျ သံချေး
တွေတက်လာရော။ ဘယ်လိုပဲဖြစ်ဖြစ် ဒီကောင်တွေ ဝတ်ပုံစားပုံကတော့
တကယ်အားကျစရာပဲ။ သူတို့ ကလပ်သွားတဲ့ညဆိုရင် ကျနော်တော့
စိတ်ညစ်ပြီးကျန်ခဲ့တာ။ ဒီကောင်တွေကလဲ ကျနော် ပေါင်းလိုက်တဲ့ နှစ်လ
လောက်အချိန်လေးအတွင်းကို ကလပ်ကို သုံးခေါက်လောက် သွားတာ။
စောက်ရမ်းတွေ ခေတ်မီတာပေါ့ဗျာ။ မျိုးအောင်ဆိုတဲ့ကောင် အင်္ကျီပွပွ
ဘောင်းဘီခွကျကြီးဝတ်၊ လက်နှစ်ဖက်စလုံးက လက်ညိုးတွေ လက်သန်း
တွေ လက်သူကြွယ်တွေထောင်ပြီး ကွတတနဲ့ ပလိစ် စတန် ဒတ်၊ ပလိစ် စ
တန် ဒတ် လို့ ရွတ်နေတာကြီးက ရေလည်ကိုမိုက်တာ။
သူတို့ တဖွဲ့လုံးနဲ့ကျနော်နဲ့ နောက်ဆုံးခွာပြဲသွားတဲ့ အကြောင်းကလဲ ရန်ပွဲ
ကြောင့်ပဲဗျ။ အဲဒီနေ့က ကျောင်းပိတ်ရက်။ ဥပုသ်ကျောင်းပိတ်ရက်ကြောင့်
ပဲလား ဘာကြောင့်လဲတော့ မသိဘူး။ မြို့ထဲကျူရှင်လဲ သွားမတက်ဖြစ်တဲ့
နေ့ပေါ့။ နေ့လယ်တနာရီလောက် ကျနော် အမေ့ဆိုင်ကူထိုင်ပေးနေတာ။
နေ့လယ်ဆိုတော့ ဟန်နီတောင် ကျနော့်ဆီ ခဏဝင်ပြီး စကားတွေဘာတွေ
ရပ်ပြောသွားသေးတယ်။ ဟန်နီနဲ့ စကားပြောခဲ့တာလေး ပြန်တွေးရင်း
ကြည်နူးနေတုန်းလေး ထူးမောင် ဆိုင်ကိုရောက်လာတာ။
“ဟေ့ရောင် ငါနဲ့ လိုက်ခဲ့လေကွာ ကားဂိတ်မရောက်ခင်လေး ရပ်ကွက်ထိပ်
ဘောလုံးပင်အောက်မှာ ငါတို့ တဖွဲ့လုံး ရှက်ကီထုနေကြတာ”
ကျနော်က လိုက်တော့လိုက်ချင်တယ်။ နေ့လယ်နေ့ခင်းဆို အမေက တရေး
အိပ်တော့ နှစ်နာရီခွဲ သုံးနာရီ လောက်မှ ဆိုင်ကိုပြန်လာမှာလေ။ လိုက်လို့ မရ
ဘူး။
“မင်းတို့ ထိုင်တာကြာပြီလား၊ ငါ့အမေက နှစ်ခွဲလောက်မှ လာမှာကွ၊ ခုလိုက်
လို့ မရဘူး”
“မကြာသေးဘူးဟ၊ ခုမှစထိုင်တာ ငါက ဆေးလိပ်ဗူးလာဝယ်တာ။ ငါ့
လန်ဒန်တဗူးလောက်တော့ ပေးလိုက်ဦး ယောက်ဖ။ အဲ့အချိန်လောက်မှ လာ
ခဲ့ပေါ့ကွာ ငါတို့ က အေးဆေးထိုင်မှာ”
အမှန်ကတော့ ဒီကောင် ကျနော့်ဆီ ဆေးလိပ်ဗူးလာဂုံးဆင်းတာဗျ။
ပေးလိုက်ပါတယ်။
“အေးကွာ အဲဒါဆိုလဲ အဲ့အချိန်လောက်မှ ငါလာခဲ့မယ်”

ဒီ င် လိ ပ် န်း စ် ယ် င် ကို
ဒီကောင်လဲ ဆေးလိပ်ဗူးရတော့ တန်းလစ်သွားတယ်။ ထူးမောင်ကိုတော့
ကျနော်ကခင်ပါတယ်။ ကျနော့်ကိုလဲ ဒီကောင်က ခင်တယ်။ သိပ်တော့
လူလည်မကျပါဘူး။ သူတို့ အဖွဲ့ထဲ ကျနော့်ကို ခေါ်သွားတာလဲ သူပဲလေ။ ဒီ
ကောင်က ကျနော့်လိုပဲ အိမ်ကပိုက်ဆံသိပ်ရှိတဲ့ကောင် မဟုတ်ဘူး။ သူ့အမေ
က ရုပ်ရှင်ရုံတွေရှေ့မှာ မှောင်ခိုလက်မှတ်ရောင်းတာ။ သူ့အဖေက ရှက်ကီနဲ့
သေသွားပြီ။ ထူးမောင်မှာက ညီမတယောက်ရှိသေးတယ်။ ခုနစ်တန်းလား
ရှစ်တန်းလား သေချာတော့မသိဘူး။ နေ့လယ်နေ့ခင်း သူ့အမေက အလုပ်
သွားတဲ့အချိန်ဆို ဒီကောင် အဲ့လို အပြင်လည် ထွက်နေတာချည့်ပဲ။
ထူးမောင်အိမ်ကို တခါရောက်ဖူးတယ်။ တိုက်ခန်းဆိုပေမယ့် ကျနော်တို့
တိုက်ခန်းတွေလို မဟုတ်ဘူး။ ကျဉ်းကျဉ်းလေးဗျ။ အခန်းကလဲ စုစုပေါင်းမှ
သုံးခန်းထဲ။ ကျနော်တို့ တိုက်တွေက အိပ်ခန်းနှစ်ခန်း၊ ဧည့်ခန်း၊ မီးဖိုခန်း၊
အိမ်သာခန်း အဲ့လိုပါတာ။ ဒီကောင်တွေတိုက်ခန်းက ဧည့်ခန်းရယ် အိပ်ခန်း
တခန်းရယ် မီးဖိုခန်းရယ် အိမ်သာရယ် ဒါပဲ။ အခန်းလေးတွေကလဲ တကယ့်
ကျဉ်းကျဉ်းကလေးရယ်။ ကျနော်ရောက်တုန်းက မီးပျက်နေလို့ ထင်တာပဲ။
နေ့လယ်ကြီးကို မှောင်မဲနေတာ။ အဝတ်အစားတွေကလည်း ရှုပ်ပွနေတာပဲ
ဗျာ။ တိုးလို့ တွဲလန်းတွေ။ ဝတ်ပြီးသား အကျႌတွေဆိုတာလဲ ဒီအတိုင်း
ပုံထားတာ။ ဘယ်လိုတွေနေကြတယ်မသိပါဘူး။
သူ့ညီမလေးကလဲ အဲဒီအမှောင်ထဲ ဒီအတိုင်းလေးပဲ ငုတ်တုတ်ထိုင်နေ
တယ်။ ကောင်မလေးက လှတော့လှပါတယ်။ ဒါပေမယ့် အူကြောင်ကြောင်နဲ့
သူ့အစ်ကိုနဲ့ပါလာလို့ လား မသိဘူး။ ကျနော့်ကိုတောင် မကြည်သလိုလို ဘု
ရှိုးတွေရှိုးနေတယ် ကွိုင်ပဲ။ နေ့လယ်စာတွေဘာတွေ သူတို့ ဘာသာ သူတို့
ချက်စားကြတယ်ထင်တယ်။ ဒါမှမဟုတ်လဲ ဝယ်စားချင်လဲစားမှာပေါ့။ သူ
တို့ အမေက မနက်ခင်းကနေ ထွက်သွားရင် ညမိုးချုပ်မှ ပြန်လာရတာ။
ရုပ်ရှင်အချိန်က တနေကုန်ရှိတာလေ။ တနေကုန်ရောင်းရတာပေါ့။ ထူး
မောင်ကတော့ တကယ့်ကိုအေးဆေးပဲ။ သူ့အမေသူလဲ သိပ်ကြောက်ရပုံမ
ပေါ်ပါဘူး။ ထားပါတော့ဗျာ။
နှစ်နာရီခွဲကျတော့ ဆိုင်ကို အမေရောက်လာပြီး ကျနော်နဲ့လူချင်းချိန်းတယ်။
ပထမတော့ ကျနော်လဲ အိမ်ပြန်အိပ်မလို့ ပါပဲ။ ထူးမောင်တို့ ဆီလဲ သိပ်သွား
ချင်လှတယ်မဟုတ်ဘူး။ ကျောင်းတက်တဲ့နေ့တွေဆို ထမင်းစားကျောင်း
ဆင်းချိန်ပြီး ပြန်တက်ရရင် တဝါးဝါးသမ်းပြီး အိပ်ချင်တာ မျက်လုံးက။
အဲဒီအချိန်တွေ စာမသင်ချင်ဆုံးအချိန်ပဲဗျာ။ စာသင်ရင်းနဲ့ငိုက်ငိုက်ကျတာ၊
တချို့ကောင်တွေဆို မေးထောက်လျက်ကြီးနဲ့ အိပ်တာ အာပုတ်ရည်တွေ
တောင် ကျနေသေးတယ်။ အဲ ကျောင်းပိတ်ရက် အိပ်စမ်းကွာ စိတ်ကြိုက်ဆို
ရင်ကျ အိပ်ကို မအိပ်ချင်တော့ဘူး။ အဲဒါလဲ ဘာသောက်ကျင့်မှန်းမသိဘူး
ဒါ အိ ပ် အိ ပ် င် င်း င်း င် တို့ ရှိ ဆီ
ဗျာ။ အဲဒါနဲ့ အိပ်လဲမအိပ်ချင် ပျင်းကလဲ ပျင်းတာနဲ့ ထူးမောင်တို့ ရှိရာဆီ
ရောက်သွားတော့တယ်။
ကျနော်ရောက်သွားတော့ ဒီကောင်တွေ ရေချိန်ကိုက်နေပြီဗျ။
အာလေးလျှာလေးကြီးတွေနဲ့ ဖြစ်နေပြီ။ ထူးမောင်နဲ့ မျိုးအောင်က အရက်
ဝိုင်းဘေးက ချုံပုတ်မှာတင် မတ်တပ်ကြီး ယိုင်ထိုးယိုင်ထိုးနဲ့သေးပေါက်နေ
ပြီ။ မြက်ခင်းထူထူပေါ်ခင်းထားတဲ့ ဂျပ်စက္ကူအခင်းပေါ်မှာ တရုတ်ကြီးနဲ့
ဇော်ရဲဝင်းက တခူးခူးနဲ့မှောက်နေပြီ။ စုစုပေါင်းရှစ်ယောက်။ ရှစ်ယောက်
စလုံးကို ပြဲကားနေကြပြီ။ မြက်ပင်ထူထူတနေရာမှာ အန်ဖတ်အစအနတွေ
ကလည်း ရွံ့စရာဗျာ။ အဲဒီရပ်ကွက်ထိပ် ဘောလုံးပင်အောက်က တကယ်
တော့ ကမ္ဘာအေးဘုရားလမ်းကြီးပေါ်မှာတင်ပါ။ ပလက်ဖောင်းကျယ်ကျယ်
ဘေးဆိုပေမယ့် တကယ်တော့ ခြုံတောကြီးပါ။ အဲဒီနေရာကနေ တမိနစ်
လောက် လျှောက်လိုက်ရင်ကို အောက်ယောက်လမ်းကားဂိတ်ကို ရောက်ပြီ။
ဒါပေမယ့် ချောင်ကျတယ်။ ကားလမ်းဘေးမို့ ကားတွေတဝီဝီဖြတ်မောင်း
သွားကြပေမယ့် လူသွားလူလာပြတ်တယ်။ ဒီကောင်တွေရဲ့ ဘိပေါ့။
ကျနော်လဲ သူတို့ ပုံစံတွေမြင်တာနဲ့တင် ဖီးလ်ကပျက်နေပြီ။ အရက်ကတော့
ရမ်တွေထင်ပါရဲ့။ တဂါလံပလတ်စတစ်ပုံးကြီးနဲ့ထည့်ထားတာ အောက်ခြေ
နားတောင် ရောက်နေပါပြီ။ ဒါပေမယ့် ရောက်မှတော့ မထူးတော့ဘူး ဆိုပြီး
တခွက်တော့ ဝင်ငှဲ့သောက်လိုက်တယ်။ ခွီး ပူလိုက် နံလိုက်တာဆိုတာဗျာ။
ပျို့တောင်တက်လာလို့ အသက်အောင့်ထားလိုက်ရသေးတယ်။ မျိုးအောင်
က ကျနော့်မျက်နှာရှုံ့မဲ့သွားပုံကိုကြည့်ပြီး မူးမူးနဲ့လှောင်ပြုံး ပြုံးလိုက်သေး
တယ်ထင်တယ်။မသိချင်ယောင်ဆောင်လိုက်ပြီး ဆိုင်ကနေယူလာတဲ့
လန်ဒန်ဗူးလေးဖောက်ပြီး ဆေးလိပ်သောက်နေလိုက်တယ်။ အခြေအနေ
ကတော့ မဟန်ဘူး။ မျိုးအောင်ဆိုတဲ့ကောင်က မမူးရင်တောင် လူစုံရင်
ပြဿနာရှာချင်တဲ့ကောင်မျိုး။ မူးပြီဟေ့ဆိုရင်တော့ ကွိုင်မရှာဘဲ နေကိုမနေ
ဘူး။ ဆေးလိပ်သောက်နေရင်းနဲ့ကို ငါတော့ လာမိတာ မှားပြီလို့ ကျနော့်
ဘာသာ တွေးနေမိတယ်။ ဒါပေမယ့် အရက်တခွက်လဲ ဝင်ထားတော့ နည်း
နည်းရှိန်းတိန်းဖိန်းတိန်းဖြစ်ပြီး ဆက်ထိုင်နေမိတာပဲ။ ရောက်ရောက်ချင်း
ကြီး ထပြန်လို့ လဲ မကောင်းဘူးလေ။
တိရစ္ဆာန်ရုံကနေပဲ ပြန်လာသလား၊ ကန်တော်ကြီးကနေပဲ ပြန်လာသလားမ
သိ။ အတွဲတတွဲ ကျနော်တို့ ဘက်ဆီ လျှောက်လာနေတာ မြင်ရတယ်။ ဟိန္ဒူ
စုံတွဲထင်တယ်ဗျ။ မိန်းကလေးက ဆာရီလေးဝတ်ထားတာ။ နဖူးမှာ အနီ
စက်ကလေးတွေတောင် ပါသေးတယ်။ တယောက်လက် တယောက်ကိုင်ပြီး
ကျနော်သွားသွားဆိုနေကျ ကာရာအိုကေသီချင်းတွေထဲက စုံတွဲများလို
စကားလေးတပြောပြောနဲ့ လမ်းလျှောက်လာကြတယ်။ နောက်ခံသီချင်း
ပါ လို က် င် ပြ ည့် ပြီ တို့ စ် က် ကိုကြ ည့် င်း
ကလေးသာ ပါလိုက်ရင် ပြည့်စုံသွားပြီ။ သူတို့ နှစ်ယောက်ကိုကြည့်ရင်း ကျ
နော်တောင် ပျော်သလိုလိုဖြစ်လာတယ်ဗျာ။ အရက်ကလေးတခွက်လောက်
ဝင်ထားတော့ စိတ်ကူးလေးကလဲ ယဉ်ချင်လာတယ်။ အဲဒီအတွဲက ကုလား
အကိုကြီးနေရာမှာ ကျနော်ဖြစ်နေပြီး ကုလားမလေးနေရာမှာ ဟန်နီ ဖြစ်နေ
တယ်လို့ မျက်စိထဲမြင်ယောင်လာပြီး ကျေနပ်လာမိတယ်။ အရက်ကလေး
တခွက်လောက်တော့ ထပ်သောက်ဦးမှလို့ စိတ်ကူးမိတာနဲ့ သူတို့ စုံတွဲဆီက
နေမျက်နှာလွဲ၊ ခွက်ထဲ အရက်ငှဲ့ထည့်လိုက်တယ်။ ဒီတခါတော့ ရေများများ
ရောမှဖြစ်မယ်။
“ဟေ့ရောင်တွေ ထစမ်း ဟေ့ရောင်တွေ လီးလိုတွေ လာအိပ်နေတာလား၊
ဟိုမှာကြည့်စမ်း စောက်တွဲတတွဲ၊ မိုးမမြင်လေမမြင်နဲ့ ကြည့်စမ်း၊ ဟေ့
ကောင်မျက်နှာက သိပ်စောက်ချိုးမပြေသလိုပဲ အံမယ် ငါ့တောင် ဘုရှိုးရှိုး
နေတာပဲ။ မခန့်တာ မအေလိုးကုလား တွေ့ကြသေးတာပေါ့”
မျိုးအောင်က ပြောပြောဆိုဆိုနဲ့ ထိုင်ရာကထတယ်။ ပြီးတော့ သူ့ဘောင်းဘီ
က ခါးပတ်ကိုချွတ်နေတယ်။ ကျနော်က သိလိုက်ပြီ။ စိတ်အတော်ပျက်သွား
တယ်ဗျာ။ အဲဒီကောင်ကို ကျနော် စောက်ရမ်းကို ရွံ့သွားပြီ။ မျိုးအောင်က
ပြောလိုက်တော့ ကျန်တဲ့ကောင်တွေကပါ ပစ်လဲတော့မလို ယိုးတိုးယိုင်တိုင်
တွေနဲ့ထလာကြတယ်။
“ထွန်းဇော် မင်းဖွင့်စမ်းကွာ”
အတွဲက ကျနော်တို့ နား နီးလာတယ်။ ကျနော့်တို့ ထက်တော့ ကြီးတယ်ဗျ။
နှစ်ယောက်စလုံး အသက်နှစ်ဆယ်လောက်တော့ ရှိလောက်ပြီ။ စုံတွဲထဲက
ကုလားအစ်ကိုကြီးက အဝေးကတည်းက ကျနော်တို့ အဖွဲ့ကို မသင်္ကာတဲ့ပုံနဲ့
ကွက်ကြည့်ကွက်ကြည့်လုပ်ရင်း၊ ကောင်မလေးကို ကျနော်တို့ ရှိတဲ့ဘက်
အခြမ်းကနေ တဖက်ကို ပို့ လိုက်တယ်။ သူက ကျနော်တို့ နားက ကပ်
လျှောက်မယ်ပေါ့။ ထွန်းဇော်လဲ မူးမူးကန်းကန်းနဲ့သာ ထသွားတာ၊ စုံတွဲနဲ့
ဆယ်ပေ ဆယ့်ငါးပေအကွာလောက်ရောက်တော့ ဟိန္ဒူစုံတွဲမှန်း သိသွားပုံရ
တယ်။ မျိုးအောင်ကို နောက်ပြန်လှည့်ကြည့်တယ်။ ထွန်းဇော်က ဟိန္ဒူစပ်
ဗျ။ သူ့အမေက ဟိန္ဒူလေ။ အဖေကတော့ ဗမာပါပဲ။ ဒီကောင့်ရုပ်ကလဲ
သေချာကြည့်ရင် ကုလားကျော်ဟိန်းလိုလိုဘာလိုလိုရုပ်မျိုးရယ်။ အဲဒီတော့
သူမလုပ်ချင်ဘူး။ မျိုးအောင်က သူ့ကိုနောက်ပြန်လှမ်းကြည့်တဲ့ ထွန်းဇော်
ကို လှမ်းပြောတယ်။
“လုပ်လေကွာ မင်းကဘာလဲ”
ထွန်းဇော်က ငိုင်နေတယ်။ မလှုပ်ဘူး။ ကျန်တဲ့ကောင်တွေလည်း မတ်တပ်
ရပ်နေကြတယ်ဆိုပေမယ့် ငိုက်စင်းစင်းတွေ။ စိတ်မပါလက်မပါပုံတွေပေါ့
ကြော င့် ည်း ပါ ပေါ့ ဒါ မျိုး ဆို သိ ပ် က်ြွ င်
ဗျာ။ မူးနေတာကြောင့်လည်း ပါတာပေါ့။ ဒါမျိုးဆို သိပ်တက်ြွကတဲ့ ကောင်
တွေပဲဟာ။ ကျနော်ကတော့ နောက်နားက သစ်ငုတ်တခုပေါ်မှာ
ဆောင့်ကြောင့်ပဲထိုင်နေလိုက်တယ်။ ဒီကောင်တွေမမြင်အောင် မျက်နှာရိပ်
မျက်နှာခြေနဲ့ ဟိုစုံတွဲကို နောက်ပြန်လှည့်ခိုင်းနေမိတယ်။ ပေါ်ပေါ်တင်
တင်လဲ မလုပ်ရဲဘူး။ ဒါပေမယ့် နားမလည်ဘူးနဲ့ တူပါတယ်ဗျာ။ ကျနော်တို့
ရှေ့အထိရောက်လာရော။
ထွန်းဇော်ကလဲ စုံတွဲကို လိုက်တော့ကြည့်နေပေမယ့် ဘာမှကိုမလှုပ်ရှားဘူး။
ပုံမှန်အတိုင်းဆိုရင်တော့ ဒီအချိန် “ဟေ့ရောင် မေလိုး မင်းက လီးကြည့်တာ
လား” ဆိုပြီး ပြောပြောရိုက်ရိုက် ရိုက်ပြီးလောက်ပြီ။ ကျနော်လဲ မျိုးအောင်
ကိုပဲ လှမ်းကြည့်နေမိတယ်။ ဒီကောင် ဒီစုံတွဲကျော်သွားတဲ့အချိန်အထိ ငြိမ်
နေပါစေလို့ ဆုတောင်းနေမိတယ်။ ငါလိုးမသားကြီးက မငြိမ်ဘူးဗျာ။ ဘယ်
သူမှ လှုပ်တော့မယ်မဟုတ်မှန်း သိသွားတော့ ချွတ်ပြီးလက်မှာကိုင်ထားတဲ့
ခါးပတ်နဲ့ မပြောမဆို ကုလား အစ်ကိုကြီးကို ဝင်ရိုက်ပါလေရော။ ခါးပတ်
ခေါင်းက သံခေါင်းထင်ပါရဲ့ဗျာ။ ကုလားအစ်ကိုကြီးရဲ့ ခေါင်းကနေ သွေး
တွေစီးကျလာတယ်။ ကုလားအစ်ကိုကြီးကလဲ လျင်တော့လျင်တယ်ဗျ။
မျိုးအောင်က ဒုတိယတချက်လှမ်းရိုက်တော့ ခါးပတ်ကြိုးကို လှမ်းဖမ်းပြီး
မျိုးအောင်
စောက်ခွက်ကို ဖြောင့်လက်သီးတလုံး ကျွေးထည့်လိုက်တယ်။ နောက်မှာ
ထိုင်နေတဲ့ ကျနော်တောင် ကြားတယ်ဗျာ။ ခွက်ခနဲနေတာပဲ။ မအေဘေး
နောက်လန်လဲတာပေါ့။ မြက်ပင်တွေကြားထဲ ဖင်ထိုင်ရက်ပြုတ်ကျတယ်။
တော်တော်နဲ့ပြန်မထနိုင်ဘူး။
မျိုးအောင် ပထမတချက် စရိုက်လိုက်တာနဲ့ စုံတွဲက အစ်မကြီးကတော့
တန်းပြေးတာဗျ။ ဒါပေမယ့်လဲ မိန်းမတွေများခက်တယ်ဗျာ။ သွားနေတဲ့
လမ်းဘက်ကို မပြေးဘဲ၊ လာရာလမ်းဘက်ကို ပြန်လှည့်ပြေးတယ်။ အဲဒါကို
ဇော်ရဲဝင်းဆိုတဲ့ကောင်က ခြေထောက်နဲ့လှမ်းပြီးဖြတ်ကန်တယ်။ ပါးစပ်က
လဲ ဆဲသေးတယ်။
“ဖေလိုးမ နင်က ဘယ်ပြေးမှာလဲ”
ဇော်ရဲဝင်းရဲ့ ခြေဖျားက အဲဒီအစ်မကြီးရဲ့ပေါင်ကိုပဲ ပွတ်ဆွဲသွားတော့
အစ်မကြီးကတော့ ဘာမှမဖြစ်ဘူး။ ပလက်ဖောင်းအောက် တချက်ဆင်း
ရှောင်လိုက်ပြီး ပြေးတော့တာပဲ။ ဆာရီကြီး တလွှားလွှားနဲ့ဗျာ။ နောက်ကို
လှည့်မကြည့်ဘူး။ ပါးစပ်ကလည်း တကြော်ကြော်အော်သွားတယ်။
“ဒီမှာ ဓားပြတိုက်နေလို့ ပါ ကယ်ကြပါဦး ကယ်ကြပါဦး”

ဒီ နော် ခေါ င်း ကြီး


န် ယ် ယ် ဟို င်
အဲဒီတော့မှ ကျနော်လဲ ခေါင်းနပန်ကြီးသွားတယ်။ တကယ်တော့ ဟိုကောင်
တွေက ဓားပြတိုက်တာတော့ မဟုတ်ဘူး။ သက်သက်လူအုပ်စုနဲ့ မိုက်ကြေး
ခွဲအနိုင်ကျင့်တာမျိုး။ သူက ဓားပြတိုက်တယ် အော်သွားတော့ ကျနော်လဲ
မျက်လုံးပြူးသွားပြီး နေရာကတင် ထလစ်ပြေးတော့တယ်။ ကျနော်ပြေးတဲ့
ဘက်က စုံတွဲထဲကအစ်မကြီး အော်ပြီး ပြေးသွားတဲ့ဘက်။ ကျနော်နေတဲ့
ဝင်းကလဲ အဲ့ဘက်မှာပဲလေ။ ဒါပေမယ့် ခက်တာက သူက နောက်ပြန်လှည့်
အကြည့်၊ ကျနော်ကလဲ ထပြေးအလာဆိုတော့ သူ့နောက်ကို လိုက်တယ်ထင်
ပြီး ပိုအော်ပြီး ပိုပြေးတာပေါ့။ အသံကို အကျယ်ကြီးပဲဗျာ။ တချို့ တိုက်
တွေက လူတွေတောင် ထွက်ကြည့်ကြတယ်။
ဒါပေမယ့် ကျနော်က အပြေးပိုမြန်တယ်ဗျ။ ခဏလေးနဲ့ သူ့ကိုမီပြီး ကျော်
တက်ပြေးပစ်လိုက်တယ်။ သူအနားကနေ ဖြတ်ပြေးတော့ သူက ရုတ်တရက်
ထိုင်ချလိုက်ပြီး ကျနော့်ကို ဦးတွေကုန်းချနေရော။ ပါးစပ်ကလဲ “မလုပ်ပါနဲ့
မလုပ်ပါနဲ့” လို့ အော်နေတာ အဆက်မပြတ်ပဲ။ ကျနော်လဲ ပြေးရာက ခဏ
ရပ်ပြီး
“အစ်မပြေးပြေး ကျနော်လဲ ပြေးလာတာ။ ကျနော်က ဟိုအဖွဲ့နဲ့အတူတူ
မဟုတ်ဘူးဗျ”
အဲဒီတော့မှ သူလဲ ထပြီးပြန်ပြေးတယ်။ ကျနော်တို့ ဝင်းနားရောက်တော့ ကျ
နော်လဲ ဝင်းထဲဝင်လာခဲ့ပြီး ခဏထိုင်အမောဖြေနေလိုက်တယ်။ ဟိုအစ်မ
ကြီးကတော့ တိရစ္ဆာန်ဘက်အထိ ဆက်ပြေးတယ် ထင်ပါတယ်။ မတွေ့
တော့ဘူး။ အမောဖြေနေရင်း ဖြစ်ခဲ့တာတွေ ပြန်စဉ်းစားကြည့်မိတော့ ကျ
နော် အတော်ကြောက်သွားတယ်ဗျာ။ နောက်နေ့တွေမှာ ကျနော့်ကိုပါ ဓားပြ
မှုနဲ့ ဝိုင်းဖမ်းကြမလားမသိဘူးလို့ တွေးမိရင်း ငိုတောင်ငိုချင်လာတယ်။
ကိုယ့်ကိုယ်ကိုယ်လဲ ဒေါသထွက်မိတယ်။ ကိုယ့်ဟာကိုယ် အိမ်မှာ အိပ်မနေ
ဘဲ ဖင်ယားပြီးသွားတာလေ မင်းခံပေါ့လို့ ကိုယ့်မျက်ခွက်ကိုယ် လက်သီးနဲ့
တောင် ပြန်ထိုးမိတယ်။
နောက်မှာတော့ ဘာတွေဖြစ်ကျန်ခဲ့တယ် မသိတော့ဘူး။ ကျနော်နဲ့အတူ
ထွက်ပြေးလာတဲ့ အစ်မကြီးကို လှမ်းကန်လိုက်တဲ့ ဇော်ရဲဝင်းကတော့ သူ့
အရှိန်နဲ့သူ လည်ပြီး ပစ်လဲတာ။ ပလက်ဖောင်းပေါ် ခေါင်းနဲ့ကျတဲ့ အသံ ဂွက်
ခနဲကိုတော့ ထပြေးရင်းနဲ့ ကျနော်ကြားလိုက်တယ်။ ငါလိုးမသား အုပ်ဆက်
ပွင့်ပြီး သေများသေပြီလား မသိဘူး လို့ တွေးနေရင်း သေသေကွာလို့
သူများကိုအနိုင်ကျင့်ချင်တဲ့ကောင်တွေ ဘာဖြစ်ဖြစ်လို့ တယောက်တည်း
ကျိန်ဆဲနေမိတယ်။

က် က် နော့် ကို ယ် မ်း လို ဟို င်


နောက်ရက်တွေမှာ ကျနော့်ကို ဘယ်သူမှလာမဖမ်းသလို ဟိုကောင်တွေလဲ
ဘယ်သူမှအဖမ်းမခံရပါဘူး။ ဘယ်ကောင်မှလဲ မသေဘူး။ နောက်ပြီး ထူး
မောင် ပြန်ပြောချက်အရ ပထမဆုံးတချက် ခါးပတ်ခေါင်းနဲ့ အရိုက်ခံရလို့
ခေါင်းကွဲသွားတာကလွဲရင် ဟိုအစ်ကိုကြီးက ဘာမှမဖြစ်ဘူး။ ကိုယ့်ကိုယ်
ကိုယ် မနိုင်လောက်အောင်တောင် မူးမူးရူးရူး ဖြစ်နေတာကို သူများကို ရန်
သွားရှာချင်တဲ့ မျိုးအောင်နဲ့ ငြိမ်းမြတ်ဟန်ကတော့ ဟိုကပြန်ထိုးသွားလို့
နှုတ်ခမ်းတွေ ကွဲကုန်တယ်။ ဒါတောင် ဟိုအစ်ကိုကြီးက အုပ်စုတောင့်တယ်
ဆိုပြီး ထိုးထိုးပြေးပြေး ပြေးသွားလို့ သေချာသာ တည်ပြီး ထိုးနေမယ်ဆိုရင်
အကုန်မှောက်နေအောင် သူထိုးခဲ့လို့ ရတယ်။ ဇော်ရဲဝင်းကတော့ နောက်ပြန်
လဲလို့ နောက်စေ့ပေါက်သွားတယ်။ တခြားတော့ ဘယ်သူမှ ဘာမှမဖြစ်ကြ
ဘူး။ ကျနော်က ဒီကောင်တွေ နည်းနည်းစီ ခံလိုက်ရလို့ ဝမ်းတောင်သာသေး
တယ်။ ဒါ့အပြင် ထူးမောင်ကိုလဲ ပြောလိုက်တယ်။
“ငါ ရှေ့ခုံပြောင်းထိုင်တော့မယ်ကွာ။ ဟိုကောင်တွေကို ကြည့်ပြောပေးပါဦး။
ငါ့အမေက ဒီအတိုင်းဆက်သွားနေရင် ကျောင်းထုတ်တော့မယ် ပြောနေပြီ။
အဲဒီနေ့ကလဲ အရက်ခိုးသောက်တာ သိသွားလို့ အသားကုန် အဆော်ခံရတာ
ကွ”
တကယ်ကတော့ ကျနော့်အမေက ဘာမှမသိပါဘူး။ ဒါပေမယ့် အဲ့လိုပြောမှ
ပဲ ဖြစ်မှာ။ မဟုတ်ရင် ဒီကောင်တွေ ကျနော့်ကို ရန်ရှာချင်ရှာနေမှာ။ အဲ့လို
ပြောပြီး ခုံပြောင်းထိုင်တာတောင် မျိုးအောင် ကျနော့်ကို ဘယ်အချိန် လာ
ထိုးမလဲလို့ ကြောက်နေရတာ ရင်တထိတ်ထိတ်ပဲ။ နောက်ကျောမလုံဘူးပေါ့
ဗျာ။ ထူးမောင်ကတော့ ကျနော့်ကို ဘာမှမပြောပါဘူး။ မင်းသဘောပဲလေ
လို့ ပြောရင်း ဟန်ပါပါနဲ့ ပခုံးတချက်တွန့်ပြတယ်။ ဒီကောင် ပုခုံးတွန့်ပြပုံ
ကြည့်ပြီး ကျနော် ရယ်တောင် ရယ်ချင်သွားသေးတယ်။ ဒီကောင်ကလဲ အ
မေက ရုပ်ရှင်ရုံရှေ့ မှောင်ခို လက်မှတ်ရောင်းတာနဲ့ပဲ တချိန် ရုပ်ရှင်မင်းသား
ဖြစ်လိမ့်မယ်ထင်နေတဲ့ကောင်ရယ်။ ဒီကောင်လဲ ကျနော့်ကို သိပ်တော့ မ
ကြည်ဘူးဆိုတာ ကျနော်သိတာပေါ့။
မျိုးအောင် ကျောင်းပြန်တက်တဲ့နေ့ကတော့ အဆိုးဆုံးပဲဗျာ။ ဒီကောင်နဲ့
မျက်နှာချင်းမဆိုင်မိအောင် ရှောင်နေရတာနဲ့တင် ကျနော် စိတ်ညစ်နေမိ
တယ်။ ကျနော် သူတို့ နဲသွားမထိုင်တော့တာ သူတို့ အတွက် ဘာမှမဖြစ်ပေ
မယ့် သေချာရှောင်ပြီး မင်းတို့ လိုကောင်တွေနဲ့ မပေါင်းဘူးကွာဆိုတဲ့ပုံမ
ပေါက်အောင်တော့ နေတာပဲ။ ဒါပေမယ့် မရပါဘူး။ မုန့်စားကျောင်းဆင်း
ချိန်ကျတော့ မျိုးအောင် နောက်ကနေ ရောက်လာပြီး ကျနော့် ဇက်ပိုးကို နှစ်
ချက်ဆင့်အုပ်လိုက်တယ်။

လိုး က် လို လို က် ပေါ လို လို ပ် နော် င်း ကြ ည့်


“မေလိုးလေး စောက်ရူးလိုလို စောက်ပေါလိုလိုမလုပ်နဲ့နော် ၊ မင်း ကြည့်
ကျက်နေ စောက်ခွက်စုတ်လိမ့်မယ် ကြားလား”
အမှန်အတိုင်းပြောရရင် အဲ့ကောင်ကို ကျနော်ကြောက်တယ်ဗျ။ လှန်ကို မ
ကြည့်ရဲပါဘူး။ စကားကို ပြန်မပြောရဲတာ။ ခေါင်းပဲ ငြိမ့်ပြမိတယ်။ အဲဒါလဲ
အပြစ်ဖြစ်ရတာပဲ။
“စောက်ပါးစပ်ကပြော ဟစ်ရောင် စောက်ပါးစပ်ကပြော”
“အေးပါကွာ ငါက ...”
“နာလိမ့်မယ် မင်း သတိထား၊ နောက်တခါ ငါတို့ အနားဆီယောင်လို့ တောင်
ရောက်မလာစေနဲ့မင်းအသေပဲ”
အဲ့လောက်နဲ့ ပြီးသွားတာပဲ ကျနော်တော့ ဝမ်းသာလုံးဆို့ နေတယ်။ ညနေ
ကျောင်းဆင်းတော့ လွတ်လပ်ပြီ ဆိုတဲ့ စိတ်နဲ့ ပျော်လိုက်တာဗျာ။ တက်ကြွ
လန်းဆန်းပြီး အိမ်ကို တချိုးတည်းပြေးပြီးတောင် ပြန်လိုက်ချင်သေးတယ်။
ဒီကောင်တွေနဲ့ကျနော်နဲ့ဇယားငြိမ်းသွားတာပေါ့ဗျာ။ နောက်လဲ ဘယ်တော့
မှ မျက်နှာချင်းမဆိုင်မိအောင်နေတယ်။ ကံကောင်းတယ်ဗျာ။ ဒီကောင်တွေ
အဖွဲ့နဲ့ ကင်းကင်းရှင်းရှင်းဖြစ်သွားပြီးတဲ့နောက် အပေါင်းအသင်းမရှိဘူးဆို
ပေမယ့် တကယ့်ကို လွတ်လွတ်လပ်လပ် ပျော်ပျော်ရွှင်ရွှင်နေရတာ။
အဖော်မဲ့တာ ဘာဖြစ်သေးလဲဗျာ။ ကျနော်တို့ ကျောင်းက ဘောလုံးကွင်းရယ်
လို့ သတ်သတ်မှတ်မှတ်မရှိပေမယ့် ကျောင်းအလယ်မှာ ကွက်လပ်ကျယ်
ကြီးရှိတယ်။ ဂိုးတိုင်တွေကတော့ ဘတ်စကက်ဘောဂိုးတိုင်တွေ။ အဲဒီမှာက
အတန်းငယ်ကလေးတွေ အမြဲဘောလုံးကန်နေကျ။ ကျနော်လဲ ငါးတန်း
ခြောက်တန်းလောက်တုန်းက ကန်ပါတယ်။ အတန်းကြီးလာတော့ မ
ကန်တော့ဘူး။ ဒါပေမယ့် ထူးမောင်တို့ အဖွဲ့နဲ့ မပေါင်းတော့တဲ့ နောက်ပိုင်း
တော့ ကျနော်လဲ ဘောလုံးကွင်းဘက်ဘဲ သွားသွားထိုင်ငေးတယ်။ တခါတ
လေလည်း ဝင်ကန်ပစ်လိုက်တယ်။ များသောအားဖြင့်တော့ ကလေးတွေ
ကန်တာထိုင်ကြည့်ပေါ့။
အဲဒါအပြင် နောက်ပိုင်း ကျနော်တို့ ကျောင်းကို ဘယ်သူအစပြုယူလာတယ်
မသိဘူး။ တေဘယ်တင်းနစ်တွေ ဟိုတဖွဲ့ဒီတဖွဲ့ရိုက်နေကြတာ မြင်လာရ
တယ်။ ကျနော်လဲ တေဘယ်တင်းနစ် ဘက်တံတချောင်းဝယ်ပြီး အိမ်သာမ
ရောက်ခင် အဆောင်နှစ်ခုကြားက ကွက်လပ်မှာလုပ်တဲ့ စာသင်ခုံလေးခုံ
ဆက်ထားတဲ့ စားပွဲနဲ့ တင်းနစ်ပဲ သွားသွားရိုက်နေတော့တယ်။ လူကလည်း
အစုံပဲ။ ရှစ်တန်းကျောင်းသားတွေလည်းပါတယ်။ ကိုးတန်းကဆိုရင်လည်း
အခြားအခန်းကကောင်တွေ။ တခြားအခန်းကကောင်တွေနဲ့တောင် နည်း
နည်းခင်သလိုဖြစ်လာသေးတယ်။ အဲဒါ ကိုးတန်းနှစ်ကုန်တဲ့အထိပဲ။ အဲဒီ
ချိ န် ယ် ပျော် ဖို့ င်း ယ် ဒါ ယ့် သိ ယ် တ်
အချိန်တွေ တကယ်ပျော်ဖို့ ကောင်းတယ်ဗျာ။ ဒါပေမယ့် သိတယ်မဟုတ်
လား ပျော်ဖို့ ကောင်းတယ်ဆိုတာမျိုးက အမြဲတမ်းဖြစ်နေတာမဟုတ်ဘူး။
ကြားဖြတ်အနေနဲ့ စိတ်ပျက်စရာ ဝမ်းနည်းစရာတွေကတော့ ကြုံရတာပဲ။
ထူးမောင်တို့ အဖွဲ့နဲ့ ခွာပြဲပြီး မပေါင်းရလို့ လန်းလန်းဆန်းဆန်းဖြစ်နေတုန်း
ရက်ပိုင်းကလေးလောက်ပဲ ရှိပါသေးတယ်ဗျာ။ မကောင်းသတင်းက
ရောက်လာပြန်တယ်။
စနေနေ့တရက်မှာ မင်းဆန်း ခဏခွင့်ပြန်ရင်း သူ့အစ်ကိုကြီးအိမ် ခဏဝင်
သွားတယ်။ ခဏဆိုမှ တကယ့်ခဏလေးပါ။ ကျနော်နဲ့လဲ မတွေ့လိုက်ရဘူး။
ကျနော်က မြို့ထဲ ကျူရှင်သွားတက်နေရတော့ ညနေလေးငါးနာရီမှ အိမ်ပြန်
ပြန်ရောက်တာ။ အမှန်ကတော့ ကျနော့်ကို တွေ့ချင်လို့ သူ့အစ်ကိုအိမ် ခဏ
ဝင်တာနေမှာပါ။ ကျနော်သိတာပေါ့။ သူထွက်သွားခဲ့ရတာ သူ့အစ်ကို
လင်မယားကြောင့်လေ။ ဒါကြောင့် မင်းဆန်းက သူတို့ ကို မတအားမုန်းသွား
တာ ကျနော်အသိဆုံးပဲ။ ဒါပေမယ့်ဗျာ ကျနော်နဲ့မဆုံလိုက်ရဘူး။ မင်းဆန်း
တော့ စိတ်မကောင်းဖြစ်သွားတော့မှာပဲ။
“မင်းကို အကြာကြီးထိုင်စောင့်နေတာကွ၊ ညနေစောင်းတော့ မတ္တ ရာပြန်ရမှာ
နဲ့ ရထားချိန်မမီမှာစိုးလို့ ငါအတင်းသွားခိုင်းရတယ်။ မင်းသူငယ်ချင်း ငို့ မဲ့မဲ့
နဲ့ပြန်သွားလေရဲ့။ သူလာသွားတယ် ပြောလိုက်ဦးတဲ့ မှာသွားသေးတယ်”
သူ့အစ်ကိုကြီးက ကျနော့်ကို ပြောတယ်။
“ပုတုရော မပါဘူးလားဗျ”
ကျနော် မေးလိုက်တယ်။ သူ့အစ်ကိုကြီးက ကျနော့်ကို မဖြေချင်သလိုနဲ့
တဖက်လှည့်သွားသေးတယ်ဗျ။ နှာခေါင်းကို လက်ညှိုးနဲ့ပွတ်ပြီး ဘာမှမ
ပြောဘဲ ကျနော့်ကိုစိုက်ကြည့်နေတယ်။ အကြာကြီးပဲဗျာ။ ဘာလုပ်နေမှန်း မ
သိဘူး။ ဒါလေးဖြေရမှာ ခင်ဗျားကြီးက ဘာဖြစ်နေတာတုန်းလို့ စိတ်ထဲက
နေ ဘုတောနေမိသေးတယ်။
“ပုတုက တပ်သားသစ်သင်တန်းကျောင်းတင် ငှက်ဖျားမိပြီး ဆုံးသွားတယ်
တဲ့ကွာ။ ဒီကထွက်သွားပြီး ခြောက်လလောက်နေတော့ ဆုံးတာပဲတဲ့”
ပုတုရဲ့မျက်နှာက ကျနော့် မျက်လုံးထဲပေါ်လာတယ်။ ဒီကောင်က
စိတ်သဘောထားဖြူစင်တဲ့ကောင်ပါဗျာ။ ကျနော့်ကိုလဲ မတအားခင်တာ။
သူက လူတိုင်းကို ခင်တတ်တာပါ။ ထွက်သွားတာမှ တနှစ်ခွဲလောက်
ကလေးရှိဦးမယ်။ သူ သေသွားပြီတဲ့။ ကျနော့် သူငယ်ချင်းဟာ ကလေးပဲ ရှိ
သေးတာ ဘယ်လိုလုပ်များ သေရတာလဲ။ ကျနော် ဝမ်းနည်းပြီး အားငယ်
လာတယ်ဗျာ။ ဒါပေမယ့် မင်းဆန်းရဲ့ အစ်ကိုကြီးက ကျနော့်ရှေ့မှာရပ်နေ

န်း ဆို သိ ငို မိ င် ထိ န်း ယ် နော့် က် ငို


တုန်းပဲဆိုတာ သိတော့ မငိုမိအောင် ထိန်းထားရတယ်။ ကျနော့် မျက်နှာက ငို
တော့မယောင် ပျက်နေတာ မင်းဆန်းအစ်ကိုကြီးလဲ သိမှာပဲ။ မျက်နှာကို
အတင်းဟန်လုပ်ပြီး ကျနော် ဆက်မေးတယ်။
“မင်းဆန်းက တခြား ဘာပြောသွားသေးလဲဗျ”
“တခြားတော့ ဘာမှထွေထွေထူးထူးမမှာပါဘူးကွာ၊ သူက ရှေ့တန်းတခါ
ထွက်ပြီးပြီတဲ့။ ခုတခေါက် ခွင့်ပြန်ပြီးရင်လဲ ရှေ့တန်းပြန်ထွက်ရဦးမှာဆို
တော့ နောက်တခါ ရန်ကုန်လာဖို့ မလွယ်တော့ဘူးပြောတယ်။ သူ့တပ်က
လားရှိုးမှာလို့ ပြောတာပဲ။ ငါ့လဲ သေသေချာချာဘာမှမပြောပါဘူးကွာ ဒီ
ကောင် ...”
မင်းဆန်းအစ်ကိုကြီးလဲ သူ့ညီလေးအကြောင်း ကျနော့်ကိုပြောရင်းမှ စိတ်မ
ကောင်းဖြစ်သွားပုံရတယ်။ တခါတည်းလှည့်ထွက်သွားတော့တာပဲ။ အဲဒီ
တော့မှ ကျနော်လဲ အိမ်ပြန် အိပ်ခန်းထဲဝင်ပြီး တရှုပ်ရှုပ်ငိုနေမိတယ်။ ပုတု
က တကယ်တော့ ကျနော်နဲ့အတူတူ ကျောင်းတက်နေရမှာ။ မင်းဆန်းရော
အတူတူပဲ။ ဘယ်စစ်ထဲမှ ဝင်စရာ မလိုဘူး။ ကျနော် သေတောင်သေချင်
လာမိတယ်။ အမှန်အတိုင်းပြောရရင် ပုတုနဲ့မင်းဆန်းကို ကျနော်က မေ့
တောင် မေ့နေခဲ့ပါပြီဗျာ။ ဒါပေမယ့် ဒီလိုသတင်းကြားရပြန်တော့ အရင်
တုန်းက အတူတူဆော့ခဲ့ ကစားခဲ့တာတွေက အသစ်ပြန်ဖြစ်ပြီး ပြန်သတိရ
လာပြန်တယ်။ သူတို့ ကျောင်းကထွက်ပြီး တပ်ထဲဝင်ဖို့ ထွက်သွားခါစက
ကျောင်းမှာ ကျနော်တယောက်တည်း ကျန်ရစ်ခဲ့လို့ ငေါင်တောင်တောင်ဖြစ်
ခဲ့ရတဲ့ ခံစားမှုမျိုး တခါပြန်ဖြစ်လာတယ်။ သူတို့ နဲ့အတူ ကစားခဲ့တဲ့နေရာ
တွေ၊ အိမ်သာထဲ ဆေးလိပ်ခိုးသောက်ခဲ့ကြတာတွေ၊ ကိုဘီလူးနောက် တ
ကောက်ကောက်လိုက်ရင်း ရယ်မောနေခဲ့ကြတာတွေ၊ အရက်မူးပြီး အန်ကြ
တာတွေ၊ ရေဆိုးပိုက်ထဲ ငါးဇင်ရိုင်းခုတ်ခဲ့ကြတာတွေ။ အကုန်လုံးက
မျက်ရည်ကျနေတဲ့ မျက်လုံးထဲမှာပဲ အစီအစဉ်တကျ မြင်ယောင်လာမိ
တယ်။ သူတို့ ထွက်သွားကြတုန်းက ဝမ်းနည်းမျက်ရည်ခဲ့ရသလိုမျိုး အခုတ
ခါလဲ တကျော့ပြန်ပြီး ငိုမိပြန်ရော။ မင်းဆန်းကလဲ နောက်တခါလာဖို့ မ
သေချာတော့ဘူးတဲ့။ စိတ်ထဲမှာတော့ ကျနော့်သူငယ်ချင်းနှစ်ယောက်စလုံး
ကို သေသွားသလိုပါပဲဗျာ။ ဒုတိယအကြိမ်အနေနဲ့ပေါ့။ ညပိုင်းတွေဆို ကျ
နော် အားနေပြီ။ ချစ်ရတဲ့သူငယ်ချင်းတွေ ရှိစဉ်တုန်းကတော့ဗျာ အားတယ်
ရယ်လို့ မရှိဖူးပါဘူး။ အားတယ်ဆိုတာ ဘာမှန်းကိုမသိတာ။ ထိုင်နေရင်
လည်း ဒိုးဆက်ချချင်ချ၊ ကြော်ငြာသီချင်းတွေ ပြိုင်ဆိုချင်လည်းဆို၊ ဒါမှ
မဟုတ်လည်း မိုနိုပိုလီထိုင်ကစားနေကြတာပဲ။ ထိုင်နေရမှာပျင်းလို့ လျှောက်
သွားပြီဆိုလည်း ကြုံရာသွား တွေ့ရာပေါက်တတ်ကရလျှောက်လုပ်နေကြ
တာပဲ။ မတက်ဖူးတဲ့ တိုက်တွေပေါ်တက်ကြည့်ပြီး အခန်းရှေ့ဝရန်တာတွေ
က် ကြ ည့်ကြ ယ် င်း တ် ထို င်
မှာ လျှောက်သွားကြည့်ကြတယ်။ ဘောလုံးကွင်းနံဘေးက အုတ်ခုံမှာထိုင်နေ
ကြတဲ့ အစ်ကိုကြီးတွေအနားသွားထိုင်ရင်း သူတို့ ဂစ်တာတီးတာဆိုတာကို
နားထောင်ကြတယ်။ တကြောင်းနှစ်ကြောင်း ရတော့လည်း ရောရောယောင်
ယောင်နဲ့ဝင်အော်တာပေါ့။
“ရေဒီယို ညပိုင်းပြီးဆုံးတဲ့အခါ စံတော်ချိန် ညတဖြည်းဖြည်း ညည့်နက်လာ
ခင်တို့ လမ်းကို ရောက်ခဲ့ပြန်တာ”
ကုက္ကိုပင်အောက် အုတ်ခုံပေါ်က ဘဲကြီးတွေဆီ သွားမမျှော်ဖြစ်တော့တာ
လည်းကြာပြီ။ တယောက်တည်း တချို့နေ့တွေဆို ဘာလုပ်လို့ လုပ်ရမယ်
မှန်းတောင်မသိဘူး။ ကာရာအိုကေဆိုတာတို့ ဘာတို့ ကလည်း တခါတလေပဲ
ကောင်းတာဗျ။ နောက်ပြီး သုံးပုဒ်တရာ ဆိုတော့ ဆယ့်ငါးမိနစ်ဆို သုံးပုဒ်က
ပြည့်ပြီ။ တန်အောင်လို့ နဂါးနီလိုသီချင်းမျိုးဆိုတောင် မိနစ်နှစ်ဆယ်ဆိုတာ
အလွန်ဆုံးပဲ။ နည်းနည်းကြီးလာတော့လည်း ကာရာအိုကေဆိုရတာကို ဖီးလ်
မလာတော့ဘူး။ ဂစ်တာလေးနဲ့ ကိုယ့်ဟာကိုယ်တီး ကိုယ့်ဟာကိုယ်ဆို လုပ်
ချင်တာ။ ဒါပေမယ့် ဂစ်တာလည်းမရှိဘူး။ တခါတလေဆိုင်ကိုလာတတ်တဲ့
တချို့ဘဲကြီးတွေဆီကနေ ဂစ်တာလေးခဏယူကိုင်ပြီး စီအေမိုင်းနားဒီမိုင်း
နားဂျီလေးနဲ့လှည့်ပတ်တီးတော့လည်း နှစ်ပုဒ်ပဲ။
“မင်းဘယ်လမ်းသွားသွား မင်းနောက်ကလိုက်လို့ နေမယ်”
နောက်တပုဒ်ကျတော့
“မင်းနောက်ကိုလိုက်ရင် မကြည်သလိုနဲ့လှည့်လို့ ကြည့်တယ် ညီမလေး
အရွယ် ကောင်မလေးရယ်”
ကြာတော့လည်း အဲဒီနှစ်ပုဒ်လောက်သာရတော့ ဂစ်တာတောင်မကိုင်ချင်
တော့ဘူး။ ပျင်းလာရော။ ဒီတော့ အမြဲတမ်းအားနေသလိုပဲ။ စိတ်ပျက်တယ်
ဗျာ။ အရွယ်က ဗိုလ်တာရာ့ဆီသွားပြီး “ဗမာလွပ်လပ်ရေးအတွက်
တပ်မတော်ဖွဲ့ဖို့ ” ဆိုတဲ့ သီချင်းသွားဆိုရမယ့်အရွယ်လည်း မဟုတ်တော့ဘူး
လေ။
နေ့လယ်ဘက်တွေမှာတော့ တပတ်တခါ နှစ်ပတ်တခါလောက်ပုံမှန် ကိုမျိုး
သန့်နဲ့ မြို့ထဲလျှောက်သွားတယ်။ သူကလဲ အလုပ်ကပြန်လာ တမနက်ခင်း
လုံးအိပ်၊ နေ့လယ်ဆယ့်တနာရီဆယ့်နှစ်နာရီဆို အားနေပြီလေ။ အဲ့တော့ ကျ
နော်လဲ ဆိုင်မထိုင်ရလို့ အားနေတဲ့ရက်ဆိုရင် သူ့ကို ပူဆာရတာပဲ။
“အစ်ကို မြို့ထဲသွားရအောင်ဗျာ၊ ဒါမှမဟုတ်လဲ ကားပတ်စီးရအောင်”
သူကလည်း ငြင်းခဲပါတယ်။

စို့ ငါ င်း
“အေး သွားစို့ ကွာ ငါလဲပျင်းနေတာ”
နှစ်ယောက်သားလစ်ကြတာပဲ။ တနေရာရာသွားတယ်ဆိုတာထက်
လိုင်းကားပတ်စီးတာပေါ့ဗျာ။ လိုင်းကားပတ်စီးတိုင်း အမြဲကြုံရတာ
ကတော့ မိန်းကလေးတွေ ကိုမျိုးသန့်ရှေ့မှာ ရှိုးတို့ ရှန့်တန့်တွေဖြစ် မူတွေ
ပျက် ဖြစ်နေကြတာကို ထိုင်ကြည့်နေရတာပဲ။ ကိုမျိုးသန့်က တော်တော်
ချောတဲ့လူမှန်း ကျနော်သိပါတယ်။ ဒါပေမယ့်ဗျာ မိန်းမတွေကတော့ ပိုလွန်း
တယ် ထင်မိတယ်။ လိုင်းကားပေါ် ခဏတဖြုတ်ထိုင်နေချိန်လေးမှာတောင်
အိန္ဒြေမရဖြစ်နေတာ အသိသာကြီး။ ကျနော်လဲ ချာတိတ်ပေါက်စကလေး
မှ မဟုတ်တာ။ မိန်းမတွေ တယောက်ယောက်ကို စိတ်ဝင်စားနေပြီဆိုရင်
ဘယ်လိုဆိုတာသိတာပေါ့။ ကိုမျိုးသန့်ကတော့ အေးဆေးပဲဗျ။ ပြုံးပြုံးပဲ။
သူကတော့ ရိုးနေပြီထင်ပါရဲ့ဗျာ။ ကျနော်လဲ သူ့လို ရိုးနေပါပြီကွာဆိုတာမျိုး
စော်ကြည်ဘဲ ဖြစ်တော့ဖြစ်ချင်တာပေါ့ဗျာ။ ဒါပေမယ့် ဟန်နီ့ကို ရည်းစား
စကားပြောဖို့ တောင် အားမွေးလို့ မရသေးပါဘူး။
တခါတော့ ကျနော်တို့ နှစ်ယောက် အင်းလျားကန်စောင်းကိုရောက်သွား
တယ်။ ကျနော်ကလဲ ဝတ္ထုတွေထဲ ခဏခဏဖတ်ဖူးနေလို့ မိန်းတက္က သိုလ်နဲ့
အင်းလျားကိုရောက်ဖူးချင်နေတာ။ ဗမာကားတွေရိုက်ရင်လဲ အင်းလျား
ကန်စောင်းမှာ ခုန်ပေါက်နေရတာနဲ့ အချစ်သီချင်းနောက်ခံနဲ့ လွယ်အိတ်
ကလေးပိုက်လို့ လမ်းလျှောက်နေကြတာချည့် ဆိုတော့ ဆယ်တန်းအောင်ပြီး
ရင်တော့ ငါလဲ ဒီမှာတက်ရမှာကွဆိုပြီး စိတ်ကူးယဉ်နေခဲ့တာကိုး။
ကန်ဘောင်ပေါ်မှာ လမ်းတွေဘာတွေလျှောက်ပြီး ကိုမျိုးသန့်က လာကွာ
ဘူးသီးကြော်သွားစားရအောင်ဆိုပြီး ကင်တင်းကို ခေါ်သွားတယ်။ လူလည်း
သိပ်မရှိပါဘူး။ ခပ်ခြောက်ခြောက်ရယ်။ ဘယ်သူမှလဲ ခုန်ပေါက်နေတာ၊
ရှက်သွေးဖြန်းနေတာမျိုး မမြင်ရဘူး။ အဲဒါနဲ့ကိုမျိုးသန့်ကို မေးကြည့်တော့
သူကရယ်တယ်။
“ဘယ်ကသာကွာ မင်းတက္က သိုလ်တက်ရလဲ ဒီမှာတက်ရမှာမဟုတ်ဘူး။ မင်း
မြို့စွန်က တက္က သိုလ်တွေရောက်မယ်။ ရှစ်ဆယ့်ရှစ် အရေးအခင်းပြီး
ကတည်းက ပိတ်ထားတာကြာပေါ့။ မင်းကြည့်တဲ့ ကားတွေက ဒီကန်ဘောင်
လောက်မှာပဲ ရိုက်လို့ ရတာ။ နောက်ပိုင်းတက္က သိုလ်တွေကလည်း အလကား
ပါ ငါ့ညီလေးရာ မင်းကြီးတော့သိမှာပဲ။ ငါတောင် စာပေးစာယူနှစ်နှစ်တက်
ပြီး ပျင်းလာလို့ ဆက်မတက်တော့တာ။ ဘွဲ့မရတော့လဲ စားပွဲထိုးလုပ်စားနေ
ရတာပေါ့ကွာ ဟား ဟား”
သူပြောတာတွေ အကုန်နားမလည်ပေမယ့် ဆယ်တန်းအောင်လဲ ဒီကိုမလာရ
ဘူးဆိုတော့ သိတော့ ဖီးလ်တော်တော်ငုပ်သွားတယ်ဗျာ။ ဘာလို့ များ
ကျောင်းကြီးရှိနေပါရက် ပိတ်ပစ်ရတာလဲလို့ ဒေါသထွက်နေမိတယ်။
ဓိ တ် သို လ် က် လို ပျော် င့် ပါး
အဓိကကတော့ ဖတ်ဖူးတဲ့တက္က သိုလ်နောက်ခံဝတ္ထုတွေထဲလို ပျော်ခွင့်ပါး
ခွင့် ဗရုတ်ကျခွင့်မရတော့မှာကို တွေးပြီး ဒေါသထွက်မိတာပါ။ ဘယ်သူ့ကို
ဘယ်ဝါကို ဒေါသထွက်ရမယ်ရယ်လို့ သိမှမသိဘဲလေ။
ကျနော်က ဟန်တော့ကျတယ်ဗျ။ တူမကို ကြိုက်ပြီး ရည်းစားစကားပြောဖို့
ကြိုးစားနေရင်းတန်းလန်းနဲ့ ဦးလေးနဲ့လည်း ဘော်ဒါတွေလို၊ ညီအစ်ကိုလို
ပေါင်းသင်းနေရတာကိုး။ မနက်ခင်း၊ နေ့လယ်ခင်းတွေမှာ ဟန်နီနဲ့စကားတွေ
ပြော၊ ကျေတွေနပ်၊ စိတ်ချမ်းတွေသာ။ ညနေခင်း ညခင်းတွေကျတော့
လည်း ကိုမျိုးသန့်နဲ့ လက်ဖက်ရည်ဆိုင်ထိုင်။ တပတ်သုံးလေးရက်လောက်
သူနဲ့အတူ လက်ဖက်ရည်ဆိုင်အတူလိုက်ထိုင်ဖြစ်တယ်။ ဒါပေမယ့် သူထိုင်
နေကျ “သုံးရာသီ” ဆိုတဲ့ လက်ဖက်ရည်ဆိုင်က သူတို့ တိုက်နဲ့
မျက်စောင်းထိုးမှာတင်ရှိတာ။ ဝင်းထဲကဆိုင်ဆိုတော့ ကျနော့်အတွက်တော့
ထိုင်ရတာ ဖီးလ်ကတော့သိပ်မလာပါဘူးဗျာ။ အဖေနဲ့ခင်တဲ့သူတွေ အမေနဲ့
ခင်တဲ့သူတွေ မြင်သွားရင် ရှော့ပဲ။ ဝင်းထဲမှာက ကလေး ကလေးချင်းသာ
တိုက်တွေတအားဝေးလို့ မသိရင်ရှိမယ်။ လူကြီးတွေကတော့ အကုန်လုံးက
ဝန်ထမ်းတွေချည့်ဆိုတော့ အကုန်သိနေကြတာချည့်ပဲ။ ဒီတော့
လက်ဖက်ရည်ပဲသောက်ရတယ်။ ဆေးလိပ်သောက်ချင်ရင်ကျ ကောင်တာ
အနောက်ထဲသွားပြီး သေးပေါက်တာလိုလိုနဲ့ အိမ်သာနားထိုင်သောက်နေရ
တာ ဖီးလ်မလာဘူး။ ကိုမျိုးသန့်နဲ့သာ မဟုတ်ရင် ကျနော်ကတော့ အဲဒီဆိုင်
ထိုင်ကိုမထိုင်ဘူး။ ဖွင့်တဲ့သီချင်းတွေကလည်း ဘာတွေမှန်းမသိဘူး။
ကိုမျိုးသန့်နဲ့လက်ဖက်ရည်ဆိုင်မထိုင်ဖြစ်တဲ့ နေ့ဆိုရင် ကျနော်တော်တော်
ငေါင်တယ်။ ကိုမျိုးသန့် ရှိမရှိ မေးတာလိုလိုနဲ့ ဟန်နီတို့ အိမ်သွားပြီး
လတ်လျားလတ်လျားလုပ်ရတယ်။ အပေါက်ဝမှာ ဟန်နီ့အဖေကြီး ထိုင်နေ
တာ မြင်ရင်တော့ အခန်းရှေ့ကနေ ဖြတ်သွားလိုက်တာပဲ။ မမေးတော့ဘူး။
အဲဒီလိုအခါမျိုးဆို ဟန်နီက သူ့အဖေအနား ထိုင်ရင်း ကြိတ်ရယ်ပြီးကျန်နေ
ခဲ့တာပဲ။ သူကတော့ အမြဲတမ်းရယ်နေတာပါ။ တော်တော် ချစ်မွှေးပါတဲ့
ကောင်မလေး။ တကယ်တော့ဗျာ ပြောရရင် ဟန်နီက သူ့ကိုကျနော်ကြိုက်
နေတာ သိပါတယ်။ အဲသလိုပဲ သူကလည်း ကျနော့်ကို ကြိုက်တယ်လို့ ထင်
တာပဲ။
တရက်တုန်းက ကျနော်က နတ်သျှင်နောင်ဆိုတဲ့ စာအုပ်အငှားဆိုင်က အဒေါ်
ကြီးကိုမေးပြီး စာအုပ်တအုပ်ငှားဖတ်တာဗျ။ တာရာမင်းဝေရဲ့ “ပန်းခေတ်
က လမင်း” တဲ့။ ဖတ်လို့ ကောင်းလိုက်တာဗျာ။ အဲဒီဝတ္ထု ကျနော် မတအား
ကြိုက်တာပဲ။ စာအုပ်ဖတ်ပြီးတော့ ဟန်နီ့ကို ပြောတာပေါ့။ ကြွားတာပေါ့
ဗျာ။ သူ့ကို ဒီစာအုပ်လေးဖတ်ဖူးလား။ ဖတ်လို့ ကောင်းတယ်ကွာ အစ်ကို
တော့ သိပ်ကြိုက်တာပဲလို့ ပြောတော့။ သူက မဖတ်ဖူးဘူး ငှားပါဦးဆိုတာနဲ့

နော် လို က် ယ် ဆို င် က် ပ် ကို မ်း


ကျနော်လဲ ပေးလိုက်တယ်။ သူက ဆိုင်အောက်ကနေ စာအုပ်ကို လှမ်းအယူ၊
ကျနော်က တမင်သက်သက် သူ့ကိုမကြည့်ဘဲ စာအုပ်ပေးသလိုလိုနဲ့ သူ့
လက်ကလေးကို ဆုပ်ပြီးကိုင်ထားလိုက်တာ။ နူးညံ့လိုက်တာဗျာ။ အရမ်းနေ
လို့ ကောင်းတာပဲ။ တသက်လုံး သူ့လက်ကလေးကိုပဲ ကိုင်ထားချင်တော့
တယ်။ ဟန်နီက သူ့လက်ကိုင်ထားလို့ ကျနော့်ကို ဘာမှမပြောဘူးဗျ။ သူ့
လက်ကလေးကိုလည်း ပြန်ရုပ်မသွားဘူး။ ဒီအတိုင်း ပြုံးတော့မလိုလို တည်
တော့မလိုလိုလေးနဲ့ ကျနော့်ကို ကြည့်နေတယ်။ တယောက်နဲ့တယောက်
အပြန်အလှည်ကြည့်နေကြတာ တနာရီလောက်တောင် ကြာမလားမသိဘူး
ဗျာ။ အကြာကြီးပဲ။
တကယ့်ကိုအကြာကြီးနေမှ သူ့လက်ကလေးကို ကျနော်လွှတ်ပေးလိုက်
တယ်။
“ဖတ်ပြီးရင် စာအုပ်ကို ကြိုက်ရဲ့လားလို့ အစ်ကို့ ကို ပြန်ပြောပြဦးနော်။ ကြား
လား။ စာအုပ်ကိုလဲ ဟန်နီ ပြန်မအပ်နဲ့နော် အစ်ကို့ ဘာသာ သွားအပ်လိုက်
မယ် အစ်ကို့ ကိုပဲ ပြန်ပေး”
“ဟုတ်”
ကျနော်တော့ အဲဒီတရက်လုံး လက်ကိုမဆေးချင်တော့တာ။ သူ့အနံ့ကလေး
ကျနော့်လက်မှာစွဲနေတယ်လို့ ထင်မိတယ်။ ဒါပေမယ့် မဆေးလို့ ကလည်း မ
ရဘူး။ ထုံးတွေနဲ့ ပေကျံနေတော့၊ လက်မဆေးရင် ထုံးက လက်တွေစားပစ်
တာဗျ။ လက်ဆေးလိုက်ရတာကိုတောင် စိတ်မကောင်းဖြစ်နေမိသေးတယ်။
သိပ်မကြာပါဘူးဗျာ။ အဲဒီကနောက် တပတ်ကြာတော့ ကျောင်းသွားတဲ့
လမ်းမှာ သူ့ကိုကျနော်ဖွင့်ပြောလိုက်တော့တယ်။ အဲဒီခဏတာလေး ကျနော်
တော့ ဘယ်တော့မှ မေ့တော့မယ်မထင်ဘူး။ သူ့သူငယ်ချင်းနှစ်ယောက်က
နောက်မှာ ကျနော်တို့ နဲ့ တော်တော်လေးလှမ်းလှမ်းကနေ လိုက်လာတာ။
ရုတ်တရက်ကျနော်လဲ ခြေလှမ်းတွေရပ်လိုက်တယ်။ ဇောချွေးတွေ ပြန်နေပြီ
ဗျ။ သူ့ကိုယ်နံ့လေးကို နေ့တိုင်းရှူပြီး ဘေးကနေလမ်းလျှောက်ရတာ အရမ်း
မောတယ်ဗျာ။ ပြေးလို့ မောတာမျိုးမဟုတ်ဘူး။ သိတယ်မဟုတ်လား။
အလိုလို နုံးချိနေတာ။ သူ့အနားနေရတိုင်း တကိုယ်လုံး လှုပ်ချင်စိတ်မရှိ
အောင်ကို မောလာတယ်။ မောတယ်ဆိုပေမယ့် ပျော်တော့လဲ ပျော်ပါတယ်။
ရယ်ရယ်မောမော ဆိုတာမျိုးပေါ့ဗျာ။ အဲဒါနဲ့ ကျနော်လဲ အရဲစွန့်လိုက်တော့
တယ်။
“ဟန်နီ ညီမလေး မင်းသိလား . . .”
ကျနော်ကလဲ ပြောရရင် သောက်ပေါပါဗျာ။ မင်းသိလားဆိုပြီး ရပ်ထား
လိုက်တယ်။ ဆက်ပြောရမှာက လွယ်လွယ်လေး ဟန်နီ့ကို အစ်ကိုချစ်နေတာ
ကြာ ပြီ ဒါ ကို င်း သိ ဒါ ပြော ဒါ ယ့်
ကြာပြီ။ အဲဒါကို မင်းသိရဲ့လား ဒါပဲပြောရမှာ။ ဒါပေမယ့် ကဗျာတွေ စာတွေ
လုပ်ချင်တာ။ ကောင်းကင်ကကြယ်တွေတို့ ပင်လယ်ထဲက ရေတွေတို့ ဆန်း
ဆန်းပြားပြားတွေ လျှောက်စဉ်းစားတာပေါ့ဗျာ။ ဒါပေမယ့် ဘာမှစဉ်းစားလို့
မရပါဘူး။ ပလက်ဖောင်းပေါ်လျှောက်နေတာဆိုတော့ တဝီဝီမောင်းပြေးနေ
တဲ့ လမ်းပေါ်က ကားတွေပဲ ရှိတယ်။ ကျနော်က ဆက်မလျှောက်ဘဲ ရပ်
လိုက်တော့ သူကလဲ လမ်းဆက်မလျှောက်တော့ဘူး။ ကျနော်တို့ နှစ်
ယောက်လုံးက ရပ်နေတော့ နောက်ကလိုက်လာတဲ့ သူ့သူငယ်ချင်းနှစ်
ယောက်ကလဲ အူကြောင်ကြောင်ရပ်လိုက်ကြပုံရတယ်။
“ဟန်နီ ရည်စားစကားပြောခံရဖူးလား ဟင်”
အလိုလိုကို ကျနော့်စကားတွေက ရှေ့မရောက်တော့ဘူးဖြစ်နေတယ်။ သူ့
ဘာသာသူ ရည်းစားစကား ပြောခံရဖူးဖူး မဖူးဖူး ဘာဖြစ်တုန်းဗျာ။ ဒါပေ
မယ့် ကျနော်က ဒဲ့တိုးကြီးပြောရမှာ ကြောက်နေတာ။ သူများ စိတ်ဆိုးသွား
ရင်ဆိုတဲ့ ကြောက်တဲ့စိတ်က အဝေးကြီးပတ်သွားရအောင် လုပ်နေတာပဲ။
“ငါးတန်းနှစ်တုန်းက တခါပြောခံရဖူးတယ် . . .”
အဲ့လိုပြောပြီး ရှက်လို့ နဲ့တူတယ်။ သူ ခိခနဲ တချက်ရယ်လိုက်သေးတယ်။ ဒါ
ပေမယ့် ကျနော်က ဝမ်းနည်း သွားတယ်။
“အဲ့တုန်းက အဖြေပေးလိုက်သေးလား”
“ဟင့်အင်း မပေးပါဘူး။ သူ့ကို ဟန်နီမှ မကြိုက်ဘဲ”
“အစ်ကို့ ကို ဆိုရင်ရော . . . အင်း ဟိုဟာလေ”
ဟန်နီက ခေါင်းကလေးငုံ့ သွားတယ်ဗျ။ သူ့ခြေထောက်ကလေးတွေ သူပြန်
ကြည့်နေတယ်။ အဲဒီလို သူ့ခြေထောက်လေးတွေကို သူပြန်ငုံ့ ကြည့်နေတာ
ကို ကြည့်နေရင်းနဲ့ကျနော့်ကိုယ်ထဲ အားတွေအလိုလိုဝင်လာတယ်။
“ဟန်နီ့ကို အစ်ကိုချစ်တယ် ပြောစမ်းပါ အစ်ကို့ ကို ပြန်ချစ်မှာလား”
“ . . . . . . . . . . .”
အကြာကြီးပဲဗျာ။ ဘာမှပြန်မပြောဘူး။ ကျနော့်ကိုတော့ ကြည့်နေတယ်ဗျ။
ရယ်လဲ မရယ်တော့ဘူး။ ကျနော်လဲ အနေရခက်လာတယ်။ ဝမ်းလဲနည်းလာ
တယ်။ ကျနော် ဝမ်းနည်းလာတော့ ကျနော့်မျက်နှာက ငိုမဲ့မဲ့ ဖြစ်လာရော။
အဲဒီတော့မှ သူ စကားပြောတယ်။
“နောက်နေ့မှ အဖြေပေးမယ်လေ”
“ဘယ်နေ့လဲ”
န်း က် ပေါ့
“ကမ္ဘာလဆန်းတရက်နေ့ပေါ့”
“ဟန်နီရာ အဲ့လိုကြီး မနောက်နဲ့ကွာ။ . . .”
“ချစ်တယ် ချစ်တယ် သွားတော့ . . .”
သူတိုးတိုးလေး ပြောတယ်။ ပြီးတော့ ကျနော့်ရှေကနေ လှစ်ခနဲ ထွက်ပြေး
သွားရော။ ကျနော်လဲ ဝမ်းသာလုံးဆို့ ပြီး ပြေးလိုက်ဖို့ လုပ်ပေမယ့် သူတို့
ကျောင်းရှေ့ရောက်နေပြီဆိုတော့ ကိုယ်ရှိန်သတ်လိုက်တယ်။ ပျော်လိုက်တာ
ဗျာ။ ပျော်တယ်ဆိုတာကို ခင်ဗျားတို့ ကြုံဖူးလား။ ပျော်တယ်ဆိုတာ ဒီ
အချိန်ပဲဗျ။
ကျနော်လဲ ပလက်ဖောင်းဘေး နေရင်းထိုင်ရင်းကြီး စမန်တက်လာတယ်။
ကျနော့်ဘေးက ဖြတ်သွားတဲ့ သူ့သူငယ်ချင်းနှစ်ယောက်ကိုတောင် ပျော်ပြီး
နရင်းလှမ်းရိုက်မိတော့မလို ဖြစ်သွားတယ်။ တော်သေးတယ်ဗျာ။ သတိစိတ်
ကလေးဝင်လာပြီး လက်ကလေထဲတင်တန့်သွားလို့ ပဲ။ တခါတလေ ကျနော်
က အဲ့လိုပဲဗျ။ ခံစားချက်တွေ အရမ်းပြင်းထန်လာရင် တောင်လုပ်မြောက်
လုပ်တွေလျှောက်လုပ်ချင်တာ။ နောက်ပြီး လုပ်မိလို့ လုပ်မိမှန်းတောင် သတိ
မထားမိလိုက်တာတွေရှိတယ်။
ပျော်ပျော်နဲ့ ကျောင်းဘက်ဆက်မသွားဘဲ လက်ဖက်ရည်ဆိုင်ကို နောက်က
ခွေးလိုက်သလို ပြေးတယ်။ ပြေးနေရင်းနဲ့ ပါးစပ်ကနေ တခုခုတောင် အော်
လိုက်မိသေးတယ်။ ဘာရည်ရွယ်ချက်မှမရှိဘဲ အော်လိုက်မိတာပါ။ ဒါပေ
မယ့် ဟေးတို့ အားတို့ တော့ မဟုတ်ဘဲ။ ငါးတန်းခြောက်တန်းလောက်က
တကူးတကကြီးသင်လိုက်ရတဲ့ သွပ်စကားဖြစ်နေတယ်။
“မွတ်သင်းရဲ့ အမွတ်သကို ကျွတ်သိုက်တယ်ဟေ့”
ဟန်နီ့ဆီ က အဖြေရတာနဲ့တော့ ဘာမှမဆိုင်ပါဘူး။ စိတ်ထဲရှိရာအော်လိုက်
တဲ့သဘောပါ။ ဘာလို့ အဲဒါ ဖြစ်သွားလဲတော့ ကျနော်လဲမသိဘူး။
လက်ဖက်ရည်ဆိုင်ရောက်တော့ ပြုံးဖြဲဖြဲနဲ့ပဲ ဝိုင်းလွတ်တခုမှာ ဝင်ထိုင်လိုက်
တယ်။ ဆိုင်ထဲမှာ ကျနော်နဲ့သိတဲ့ကောင်လဲ တကောင်မှမရှိဘူး။ ထူးမောင်
တို့ အဖွဲ့နဲ့လည်း ကျနော်က မပေါင်းတော့ဘူးဆိုတော့ လက်ဖက်ရည်ဆိုင်ကို
တယောက်တည်းပဲ ထိုင်ဖြစ်တာ တလလောက်ရှိနေပြီ။ ဒါပေမယ့်လဲ တ
ယောက်တည်းမကလို့ တခြမ်းထဲဖြစ်နေနေ ပျော်စရာကောင်းတာက
ကောင်းတာပဲ။ ရည်းစားဆီက အဖြေရဖူးတဲ့ ဘယ်ကောင်မဆိုသိတယ်။ အဲ့
လိုခံစားချက်ကို။
အဖြေရပြီးတဲ့နောက်နေ့တွေကတော့ ကျနော်က မနက်ခင်းကျောင်းသွားဖို့
ဆိုလည်း တက်ကြွတဲ့ ကြက်ဖ။ အမေ့ဆိုင်ကူထိုင်တော့လဲ နိုးကြားတဲ့ ဖိုး
ည်း ဆီ ဖြေ က် လို့ င်း ယ်
သခွား။ ရည်းစားဆီက အဖြေရတာလောက် နေလို့ ကောင်းတာ တကယ်ဘာ
မှကို မရှိပါဘူး။ မနက်ခင်းကျောင်းအတူသွားတဲ့အခါ သူ့သူငယ်ချင်းတွေကို
အမြဲတမ်းရှေ့ကပဲ လျှောက်ခိုင်းတော့တယ်။ နင်တို့ ရှေ့ကသွားစမ်းဟာလို့
ကျနော်က ငေါက်ပြောပြောတာပဲ။ သူတို့ က ကျနော်ထက်လဲ ငယ်တာကိုး။
ကျနော်တို့ နှစ်ယောက်ကတော့ သူတို့ နဲ့ဆယ်လှမ်းအကွာလောက်မှာ စလိုးမိုး
ရှင်းနဲ့လျှောက်တာ။ တခါတလေ လူရှင်းရင် သူ့လက်ကလေးကို ကိုင်ထား
ကြည့်မိတယ်။ နူးညံ့နေတာပဲ။ ကျနော့်ရဲ့ ပထမဆုံး ချစ်သူကလေး။
အသည်းကလေး။ နှလုံးသားကလေးဗျာ။ ဒါပေမယ့် သိပ်ကို စိတ်မထိန်းနိုင်
မှ သူ့ရဲ့မေးချွန်ချွန်ကလေးကို လက်နဲ့ကိုင်ပြီး ခါကြည့်ရုံ။ ကျစ်ဆံမြီး နှစ်
ချောင်းချထားတဲ့ သူ့ဆံပင်လေးတွေကို ကိုင်ကြည့်ရုံပါပဲ။ သူ့အသားလေး
ကို ထိကိုင်ထားရတာတောင် အသည်းယားပြီး ကြက်သီးထမိတယ်။
ဘယ်လို ကြည်နူးစရာပါလိမ့်။
®®®®®
အခန်း (၁၃)

သူများတွေက အလုပ်သွားရင်မနက်ခင်း၊ ပြန်တော့ညနေ အဲ့ဒါကပုံမှန်ပေါ့


ဗျာ။ ကိုမျိုးသန့်ကတော့ သူတို့ နဲ့ပြောင်းပြန်။ သူက အလုပ်သွားရင် ညနေ၊
ပြန်လာရင် မနက်ခင်းဆိုတော့ ကျနော်က စိတ်ဝင်စားနေတာကြာပြီ။ ဝိတ်
တာလုပ်တာမှန်းတော့ သိတယ်။ ဒါပေမယ့် ဘယ်မှာ ဝိတ်တာလုပ်တာမှန်းမ
သိဘူး။ ဝိတ်တာလုပ်တာမှန်းတောင် မသိခင်ကဆို မကောင်းတဲ့အလုပ်တွေ
များလားမသိဘူးလို့ ကလေးအတွေးနဲ့ တွေးမိသေးတယ်။ မကောင်းတဲ့
အလုပ်လို့ တွေးမိတယ်ဆိုပေမယ့် ဘယ်လိုအလုပ်မျိုးလဲဆိုတာလဲ စဉ်းစား
ကြည့်လို့ တော့မရပါဘူး။ ဒါပေမယ့် ကိုမျိုးသန့်က ကျနော့်ဟီးရိုးလေ။
ကိုယ့်ဟီးရိုးကတော့ မကောင်းတဲ့အလုပ်မျိုးတွေလုပ်မယ့်လူ မဟုတ်ဘူးလို့
အလိုလိုတွေးတော့တွေးပြီးသားပါ။ သိချင်စိတ်ကတော့ ထိန်းမရဘူး။
တရက် အလုပ်သွားဖို့ ကျနော့် ဆီကွမ်းလာထုပ်တော့ ကျနော်လဲ မနေနိုင်လို့
မေးမိတယ်။ သူ့အလုပ်ကို သိလိုက်ရတော့ ကျနော်က အံ့ဩသွားတဲ့အပြင်
အထင်တောင်ကြီးမိသွားတယ်။ ကြီးကြီးကျယ်ကျယ် ခမ်းခမ်းနားနားမို့
တော့ မဟုတ်ပါဘူး။ သူက ဝိတ်တာမှ ပိုင်အိုးနီးယားကလပ်မှာလုပ်တဲ့ ဝိတ်
တာဗျ။
ကျနော်ကဟိုကောင်တွေနဲ့ ပေါင်းနေကတည်းက ကလပ်တွေဘာတွေ သိပ်
တက်ဖူးချင်တာ။ ပိုင်အိုနီးယား ကလပ်ဆိုတာလဲ အဲ့ကောင်တွေသွား
သွားတက်တဲ့ ကလပ်ဘဲလေ။ ကျနော်က သူတို့ နဲ့ မပေါင်းတော့ပေမယ့်
လည်း ကလပ်တက်တယ်ဆိုတာ ဘယ်လိုပါလိမ့်လို့ အမြဲတွေးနေတဲ့ကောင်
ကိုး။ ကျနော်လဲ မေးတာပေါ့။ ကလပ်က ဘယ်လိုလဲ။ ဝင်ကြေးက
ဘယ်လောက်ပေးရလဲ။ ဘာတွေလုပ်ကြတာလဲ။ တခုပြီးတခုဗျာ။ ကိုမျိုး
သန့်ကတော့ ကျနော်မေးသမျှကို အစကတော့ ခပ်တည်တည်နဲ့ ဖြေသေး
တယ်။ နောက်ကျတော့ ပြုံးလာတယ်။
“ဟေ့ရောင် မင်း ကလပ်တက်ချင်နေတာမို့ လား”
“ဟုတ်တယ် အစ်ကိုရ တခါလောက်တော့ ရောက်ဖူးချင်တယ်”
“ကလပ်တက်တယ်ဆိုတာ ပိုက်ဆံပေါတဲ့ သူဌေးသားသမီးတွေ အလုပ်ပါ
ကွာ။ ဘာမှလဲ မဟုတ်ဘူး။ ကကြခုန်ကြ သောက်ကြစားကြ ဒါပါပဲ။ ဒီ
လောက်မှ မင်းကလပ်ရောက်ဖူးချင်နေရင်လဲ ညထွက်လို့ ရတဲ့တနေ့ ငါနဲ့

လို က် ပေါ့ ရှိ ယ် င်း က် က်


လိုက်ခဲ့ပေါ့ကွာ။ အေးတခုတော့ရှိတယ် မင်း အရက်တော့ မသောက်ရဘူး
နော် လေ့လာရေးခရီးပေါ့ကွာ ဘယ့်နှယ့်လဲ”
ကျနော်က အဲဒီစကားသံကို စောင့်နေတာပဲလေ။ အသားကုန်ပျော်တာပေါ့။
အရက်မသောက်ရတာများ ဘာဖြစ်လဲ။ အရက်သောက်ချင်လို့ ကလပ်
တက်ချင်တာမှ မဟုတ်ဘဲ။ သိပ်မကြာပါဘူး။ ကိုမျိုးသန့်က ခေါ်မယ် ဆို
တာနဲ့ ကျနော်လဲ အဖေ့ဆီခွင့်တောင်းတာပေါ့။ ကိုမျိုးသန့်ကို ရှေ့ထားပြီး
တော့ ပြောရတာပေါ့ဗျာ။ ဒါပေမယ့် ကလပ်တက်မယ်တော့ မပြောပါဘူး။
ပြောရရင် ကျနော့်အဖေအမေတွေကလဲ ကိုမျိုးသန့်ဆိုရင် ဟော်တယ်ဝိတ်
တာလို့ ပဲသိတာ။ ကလပ်ဝိတ်တာဆိုတာသိလဲ ကလပ်ဆိုတာ ဘာမှန်းသိကြ
မှာမဟုတ်ပါဘူး။ ကိုမျိုးသန့်အလုပ်ကို တရက် လိုက်သွားကြည့်ချင်တယ်။
ညဉ့်နက်မယ်ပေါ့ဗျာ။ ကိုမျိုးသန့်က ကျနော်တို့ ဝင်းထဲက လူငယ်တွေထဲမှာ
တော့ မွန်မွန်ရည်ရည် ယဉ်ယဉ်ကျေးကျေးရှိတဲ့ လူငယ်လို့ လူတိုင်းက
သဘောထားကြတာ။ ဗိုလ်တာရာကိစ္စမှာကတည်းက အတော်များများက
သူ့ကို သဘောကျကြတယ်။ ဒီတော့ “အေးအေး မျိုးသန့်နဲ့ဆိုရင် လိုက်သွား
ပေါ့။ တအားကြီး ညည့်မနက်စေနဲ့” ဆိုတာလောက်နဲ့ခွင့်ပြုလိုက်တယ်။
မြို့ထဲပြေးပြီး ဘောင်းဘီကောင်းကောင်းရဖို့ ဘေထုပ်ကနေ တနာရီလောက်
ကြာအောင် ရွေးဝယ်ရသေးတယ်။ သွားမယ့်နေ့ကျတော့ ကိုမျိုးသန့်က မင်း
ဆေးလိပ်သောက်မှာဆိုရင်တော့ ကိုယ့်ဟာကိုယ်ယူခဲ့။ နှစ်ဗူးလောက်တော့
ထည့်ခဲ့ပေါ့ကွာ။ ဟိုထဲကျတော့ ဈေးကမတန်မဆကြီးလို့ ပြောတာနဲ့
ဆေးလိပ်ကနှစ်ဗူး။ ခိုးကြေး ပိုက်ဆံကလေး သုံးထောင်နဲ့ကိုမျိုးသန့်နောက်
ကနေ ကားကားကားကား မြောက်ြွကမြောက်ြွကနဲ့ ပါသွားတာပဲ။ ခုနစ်နာရီ
လောက်ကျတော့ ကျနော်က ကလပ်ထဲရောက်နေပြီ။ ဝိတ်တာတချို့နဲ့
မီးလုံးတွေ၊ မီးကြိုးတွေနဲ့ အလုပ်ရှုပ်နေသူ တချို့ကလွဲရင် လူကိုမရှိသေး
ဘူး။ အပေါက်ဝမှာ အသက်ဆယ့်ရှစ်နှစ်အောက်မဝင်ရ လို့ ရေးထားတဲ့
ဆိုင်းဘုတ်တွေ့မိလို့ အထဲ ရောက်တာ နာရီဝက်လောက်ကြာတဲ့အထိ တ
ယောက်ယောက်ကများ ဆွဲထုတ်မလားလို့ ကြောက်နေမိသေးတယ်။
ကိုမျိုးသန့်က ရောက်ကတည်းက နောက်ထဲဝင်သွားပြီး ဝိတ်တာယူနီဖောင်း
လဲတယ်။ အဖြူနဲ့ အနက်ပေါ့ဗျာ။ ပြီးတော့ မြေပဲခြင်းသေးလေး တခြင်း
ကျနော့်ရှေ့ချပေးတယ်။ ပြီးတော့ ပြန်ထသွားတယ်။ ခဏနေတော့ ကျနော့်
အတွက် ကိုလာတွေ ဖန်ခွက်နဲ့ထည့်ပြီး လာချပေးပြန်တယ်။
“အရောင်ကတော့ ရမ်အရောင်ပဲကွ၊ ရှက်ကီထုသလို ဖြည်းဖြည်းချင်းကစ်
ပေါ့ကွာ ဟား ဟား”

ပြီး နော့် က် ည်း နော် ငေါ င် င်


ပြီးတော့ ကျနော့်တယောက်တည်း ထားခဲ့ရော။ ကျနော်လဲ ငေါင်တောင်
တောင်နဲ့ မြေပဲစားလိုက်၊ ကိုလာသောက်လိုက်နဲ့ ပျင်းလာတယ်။ ကလပ်
တက်ရတာလဲ မစွံပါဘူးဗျာ။ ဘာကြီးမှန်းကိုမသိဘူး။ တဖွဲဖွဲနဲ့လူတွေတော့
ရောက်ရောက်လာတယ်။ မီးရောင်လည်းမှိန်သွားတယ်။ ဒစ်စကိုလိုက်တွေ
ဘာတွေလင်းလာတယ်။ ခပ်မြူးမြူးတီးလုံးတွေလည်း ဖွင့်ထားပြီ။ တီးလုံး
ကြောင့် ဒူးလိုက်နန့်မိသလိုရှိပေမယ့် သမ်းတောင် သမ်းနေမိတယ်။
ဆေးလိပ်တဗူးထုတ်သောက်ရင်း အပေါက်ဝကနေ တဖွဲဖွဲဝင်လာတဲ့ လူတွေ
ကို ထိုင်ငေးကြည့်နေလိုက်တယ်။ ကောင်မလေးတွေလဲ လာတယ်ဗျ။
ကောင်မလေးတွေ ဆိုပေမယ့် အသက်အစိတ်၊ သုံးဆယ်အရွယ်‌တွေပါ။
ကလပ်ထဲမှာ ကျနော်က အသက်အငယ်ဆုံးပဲ။ ကိုးနာရီလောက်ကျတော့
စက်ကဖွင့်ထားတဲ့ သီချင်းသံတွေက ပိုပြီး ဆူညံလာတယ်။ အမှောင်ထဲမှာ
ပြေးနေတဲ့ မီးရောင်စုံဆလိုက်တွေကို လိုက်ကြည့်ရင်း ကျနော်တော့ မူး
တောင်လာတယ်ဗျာ။ ဆေးလိပ်ကလဲ တဗူးကို ကုန်လုလုဖြစ်နေပြီ။ ပျင်း
ပျင်းနဲ့ဆေးလိပ်ပဲထိုင်သောက် နေရတာကိုး။
ညဆယ်နာရီလောက်ကျတော့ လူတွေကလည်း အရမ်းများလာပြီ။ ဝိုင်းတွေ
အလည်က ကွက်လပ်မှာလဲ ကတဲ့သူက၊ ခုန်ပေါက်တဲ့သူက ခုန်ပေါက်။
တချို့ဘဲတွေဆိုရင် အန်ဒါဂရောင်းအကတွေတောင် ကနေလိုက်သေးတယ်။
ကြမ်းပြင်မှာ ခေါင်းကြီးစိုက်ပြီး လှည့်နေတာနဲ့ ခြေထောက်ကို
ဆန်ကောဝိုင်းလှည့်နေတာနဲ့ ပျင်းစရာတောင် ကောင်းသေးတယ်ဗျာ။ ဘာ
တွေလဲကွာလို့ အသံထွက်အောင်ထိ စုတ်သပ်ငြီးလိုက်မိတယ်။ မပျော်တဲ့
အပြင် စိတ်ပါညစ်နေပြီ။ ဆူညံနေတဲ့ တီးလုံးတွေကိုလည်း နားမခံသာတော့
ဘူး။ ထူးထူးခြားခြားဆိုလို့ ပေါင်လယ်လောက်ရောက်နေတဲ့ ရွှေရောင်
စကတ်ဝတ်ထားတဲ့ ကောင်မလေးတယောက် ကျနော့်ဆီက ဆေးလိပ်တ
လိပ်လာတောင်းသောက်သွားတာပဲ ရှိတယ်။ ကျနော့် ပုခုံးကို လက်ညှိုး
ကလေးနဲ့သာသာလေးတို့ ပြီး ပြောတယ်။
“တလိပ်လောက် တိုက်ပါလား မောင်လေး” တဲ့။ ရုတ်တရက်ကြီး လာတို့ တာ
ဆိုတော့ ခုံဝိုင်းလေးပေါ်ကနေ ပြုတ်ကျမတတ် လန့်သွားမိတယ်။
အတွေ့အကြုံမရှိတော့ အကုန်လုံးလန့်နေတာပေါ့ဗျာ။ ဆေးလိပ်ထုတ်ပေး
လိုက်တော့ “ကျေးဇူးပဲနော်” ဆိုပြီး ထွက်သွားတယ်။
ဆယ်နာရီခွဲလောက်ကျတော့ ကိုမျိုးသန့်ရောက်လာပြီး ခေါက်ဆွဲကြော်တပွဲ
လာချပေးသွားလို့ ဗိုက်ဆာ နေတာနဲ့ အတော်ဖြစ်သွားတယ်။ ခေါက်ဆွဲ
ကြော်ပဲ ကုန်းဆွဲနေလိုက်တော့တယ်။ အဆာပြေတော့ ကျနော် အိမ်သာထဲ
သွားထိုင်နေလိုက်တယ်။ အပြင်ကို ပြန်မထွက်တော့ဘူး။ အိမ်သာထဲမှာပဲ
မှန်ကြည့်လိုက်၊ စီးကရက်သောက်လိုက်။ နောက်ဆုံး ကိုမျိုးသန့်က အိမ်သာ

င် ပြီး ပြ န် င် ပြော ထိ ဒါ ပါ နော့်


ထဲဝင်လာပြီး ပြန်ရအောင် ပြောတဲ့အထိပဲ။ ဒါပါပဲဗျာ။ ကျနော့် ပထမဆုံး
ကလပ်တက်တဲ့အတွေ့အကြုံက။ ဘာမှလဲ မဟုတ်ဘူး။
“ဘယ့်နှယ်တုန်းကွ”
ကိုမျိုးသန့်က ခပ်ပြုံးပြုံးလုပ်ပြီးမေးနေသေးတယ်။ ကျနော်လဲ ဘာဖြေရ
မယ်မှန်းမသိတာနဲ့ရယ်ပဲနေလိုက်တယ်ဗျာ။
“ဒီနေ့က ဘာပွဲမှမရှိလို့ ကွ၊ လူလဲသိပ်မရှိဘူး။ တခါတလေ ဟစ်ဟော့အဖွဲ့
တွေ သီချင်းလာဆိုတဲ့ရှိုးရှိတဲ့ ညတွေဆိုရင် မင်း ထိုင်စရာနေရာတောင် မရှိ
ဘူး။ အကုန်မတ်တပ်ပဲ”
ဘာမှအဆန်းတကြယ်မဟုတ်ဘူးဆိုပေမယ့် “ပျော်စရာကောင်းပါတယ် မ
ဆိုးပါဘူး အစ်ကိုရာ” လို့ အားနာလို့ ဖြေလိုက်မိတယ်။ တကယ်က ပျော်ဖို့
နေနေသာသာဗျာ ပျင်းစရာတောင်ကောင်းပါတယ်။ အဲဒီနောက် ကိုမျိုးသန့်
က လိုက်ခဲ့ပါလားလို့ မခေါ်တော့သလို ကျနော်ကလဲ လိုက်ဖို့ အာသီသမရှိ
တော့ဘူး။ ဒါပေမယ့်လဲ ကျနော် ကလပ်ကို နောက်တခါတော့ သွားခဲ့ပါသေး
တယ်။ ဒုတိယအကြိမ်နဲ့နောက်ဆုံးအကြိမ်ပေါ့ဗျာ။
®®®®®
အခန်း (၁၄)

ဟန်နီနဲ့ ရည်းစားဖြစ်နေတဲ့ အချိန်မှာ ကျနော့်မှာ ရှက်စရာကောင်းတဲ့ ဆိုး


ဆိုးဝါးဝါးအဖြစ်တခု ကြုံရတယ်။ ဘယ်သူမှကို ကြုံဖူးချင်မှာ မဟုတ်တဲ့
အဖြစ်မျိုးပါဗျာ။ မိဘတွေပေါ့ဗျာ။ သိတယ်မဟုတ်လား။ ကိုမျိုးသန့်
အလုပ်သွားနေတဲ့တနေ့ ကျနော်လဲ ညဘက်ဆိုပျင်းတာနဲ့ မထိုင်ချင်ဘူးဆို
ပေမယ့်လဲ သုံးရာသီလက်ဖက်ရည်ဆိုင် သွားထိုင်တယ်။ ကျနော်က ကိုမျိုး
သန့်နဲ့ အမြဲပါပါလာနေကျဆိုတော့ ဆိုင်ရှင်အစ်ကိုကြီးကလည်း ကျနော့်ကို
ခင်နေ သိနေပြီ။ အဲဒီတော့ သူရယ် ကိုမျိုးသန့်ရယ်သာ အဘိုးကြီးတ
ယောက်ရယ်သာ သီးသန့်ထိုင်တတ်တဲ့ ကောင်တာအနောက်က ဝိုင်းမှာ ထိုင်
ခွင့်ပေးတယ်။ ကျနော်ကလဲ အဲဒီမှာထိုင်မှ အဆင်ပြေမှာ။ ကောင်တာ
အနောက်ထဲ မှန်ဗီရိုတွေနဲ့ကာထားတော့ အနောက်ထဲ ဝင်လာပြီးကြည့်တာမှ
မဟုတ်ရင် ဘယ်သူမှ မမြင်နိုင်တဲ့နေရာလေ။ ကျနော်လဲ အေးဆေးပေါ့။
လက်ဖက်ရည်လေး တငုံအာဆွတ်ရင်း စီးကရက်လေးဖွာရင်း ဇိမ်ကျနေ
တာ။ ဘယ်ကဘယ်လို အဖေ ရောက်လာတယ် မသိဘူးဗျာ။
“ခွေးမသား ဆေးလိပ်သောက်နေတယ် ဟုတ်လား”
အော်အော် ရိုက်ရိုက်ပဲဗျာ။ ကျနော့်မှာ လက်ဖက်ရည်ဆိုင်ထဲကနေ ထပြေးရ
တော့တာပေါ့။ တော်သေးတယ် ဘောင်းဘီတိုလေးနဲ့မို့ ပုဆိုးဝတ်ထားတဲ့နေ့
ဆိုလို့ ကတော့ တနေရာရာတင် ကွင်းလုံးကျွတ်ကျန်နေခဲ့လောက်တယ်။ ရှက်
လိုက်တာဗျာ။ တပတ်လောက် အဲ့ဒီလက်ဖက်ရည်ဆိုင် မသွားရဲတော့ဘူး။
ခက်တယ်ဗျာ။ ကိုးတန်းအရွယ် သားတယောက်ကို အဖေမကလို့ ဘာကြီး
ဖြစ်နေနေ လူလယ်ခေါင်တော့ မရိုက်သင့်ဘူး။ ဆိုင်ထဲတင်ရိုက်တာလား ဆို
တော့ မဟုတ်သေးဘူး။ ကျနော်ကပြေးတော့ သူကလည်း နောက်ကနေ
လိုက်ရိုက်၊ မှီသွားလိုက်၊ ပြန်ပြေးလိုက်။ ဝင်းထဲမှာတော့ လူရယ်စရာကြီးကို
ဖြစ်လို့ ။ ဘယ်မိဘမှ ဒီအရွယ်ကြီးကို ရိုက်တာမျိုး ကျနော်ဖြင့် မမြင်ဖူးဘူး။
ကျနော့်မှာတော့ အဆော်ခံရတာဗျာ။ ဘယ်ကတည်းက ကောက်လာတယ်မ
သိတဲ့ ဝါးခြမ်းနဲ့ အသေကို လိုက်ဆော်တာ။ နာက နာ၊ ရှက်က ရှက်ရတဲ့
အထဲ အဆိုးဆုံးက လက်ဖက်ရည်ဆိုင်နဲ့ ဟန်နီတို့ တိုက်က မျက်စောင်းထိုး
ဆိုတော့ ဘယ်သူတွေ ဘယ်လိုမြင်မြင် နောက်နေ့ ဘယ်လိုလှောင်လှောင်
ဟန်နီမြင်သွားမှာကို ကျနော်တော့ အစိုးရိမ်မိဆုံးပဲ။
ဒါပေမယ့် ဟန်နီ မြင်သွားတယ်။ တတိုင်းပြည်လုံး၊ တဝင်းလုံးကြားအောင်
အော်ဟစ်ပြီးလိုက်ရိုက်နေမှတော့ လူတကာထွက်ကြည့်ပြီပေါ့ဗျာ။ ဟန်နီက
မို့ က် စိ ယ် လို ယ် ယ် လို ယ် သိ
ရော ဘာမို့ လဲ။ သူ့မျက်စိထဲ ဘယ်လိုနေမယ်၊ ဘယ်လိုခံစားရမယ် မသိဘူး။
သူ့မျက်စိထဲ ဘယ်လိုမြင်မယ်လို့ ကျနော့်အတွေးထဲ ပြန်ပြီးမြင်ယောင်
ကြည့်တာနဲ့တင် ကျနော့်အဖြစ်က သေအောင်ရှက်ဖို့ ကောင်းနေပြီ။ ခင်ဗျား
တို့ စဉ်းစားကြည့်လေ။ ကိုယ်ချစ်တဲ့ကိုယ့်ရည်စားကောင်မလေးက ဝရန်တာ
ကနေ ကြည့်နေတယ်။ ကိုယ်က နောက်ကနေ ဖအေလိုက်ရိုက်လို့ ငိုသံပါကြီး
နဲ့အော်ပြီးပြေးနေရတယ်။
“ကြောက်ပါပြီအဖေရ နောက်မသောက်တော့ပါဘူးဗျ အား...နာတယ်ဗျ”
စဉ်းစားသာကြည့်ပါတော့ဗျာ။ မြင်ယောင်ကြည့်လို့ တောင် ဘယ်လိုမှ မ
သင့်တော်တဲ့ မြင်ကွင်းပါ။ ဆေးလိပ်လေးခိုးသောက်မိတာ ဒီလောက်လုပ်
စရာလား။ သူတို့ အဲလိုရိုက်လေ ကျနော်ကတော့ ရှေ့ကထက် ပိုခိုးသောက်
လေပဲ။ အိမ်ရောက်တော့လဲ လမ်းမှာရိုက်တဲ့ ဝါးခြမ်းက ကျိုးသွားလို့ ၊
ခါးပတ်နဲ့ ထပ် ရိုက်သေးတာ။ အဲဒီညက ကျနော်တော်တော်ငိုမိတယ်။ အစ
ကတော့ သူတို့ ရိုက်လို့ နာတာကြောင့်ရော၊ ရှက်တာကြောင့်ရော ငိုတာ။ ဒါ
ပေမယ့် အဆက်မပြတ်အချက်ပေါင်းများစွာ ဖြစ်လေတော့ သူတို့ အော်
အော်ရိုက်တဲ့ အသံတွေလည်း မကြားတော့ဘူး။
“ဒီအရွယ်ကလေးနဲ့ မင်းက ဆေးလိပ်သောက်တယ် ဟုတ်လား ခွေးမသား
မိဘကတော့ . . .”
ဟန်နီတယောက် ကျနော့်ကို အထင်သေးသွားတော့မှာပဲ ဆိုတဲ့ ဝမ်းနည်း
စိတ်နဲ့ ငိုမိတော့တာပါပဲ။ ကျနော့်အဖေရဲ့ ရိုက်ချက်တွေကြောင့် ဖင်တွေ၊
ခြေသလုံးတွေမှာထင်တဲ့ အရှိုးရာတွေက တပတ်ပါပဲ။ ခံစားချက်ကတော့
တသက်စာပဲဗျာ။ ဘယ်လိုမှမေ့ပစ်လို့ မရတော့ဘူး။ နောက်တပတ်တိတိ ကျ
နော် ဟန့်နီကို ရှောင်နေမိခဲ့တယ်။ ရှက်လို့ ပါ။ တရက်ပြီးတရက် ဟန်နီလာ
တတ်တဲ့ လမ်းတွေကနေ ရှောင်တယ်။ ကျောင်းသွားရင် ကျောင်းချိန်မီရုံ
အချိန်လေးမှ အိမ်ကထွက်တယ်။ ဆိုင်ထိုင်နေရရင် ဈေးဝယ်လာတဲ့အချိန်
ကလွဲရင် ဘယ်သူမှမမြင်ရအောင် ဗီရိုတွေနောက် ပုန်းပြီးအိပ်နေလိုက်
တယ်။ ဆေးလိပ်ကိုလည်း အဆက်မပြတ် ဖွာနေရင်းနဲ့ပေါ့။
ကျနော့်ကို ပထမဆုံးနှစ်သိမ့်ပေးခဲ့တာ ဟန်နီ မဟုတ်ဘူး။ ကိုမျိုးသန့်ဗျ။ ဒါ
ပေမယ့် ဟန်နီဟာ ကျနော်နဲ့ တွေ့ဖို့ စကားပြောဖို့ အကြိမ်ကြိမ်ကြိုးစားနေခဲ့
တာ ကျနော်သိတာပေါ့။ ဒါပေမယ့် ရှောင်နေလိုက်တယ်။ သူကလဲ ကျနော်
က တမင်တကာရှောင်နေမှန်းသိတော့ ဆိုင်ရှေ့ကဖြတ်သွားရင် လှမ်းကြည့်
ရုံပဲ။ သူ အဲဒီလို ဖျတ်ခနဲ တချက်လှမ်းကြည့်လိုက်ရင်ကိုပဲ ကျနော်က ဗီရို
နောက် ဝင်ပုန်းတော့တာ။ ဝမ်းနည်းမိတယ်ဗျာ။ ပြီးတော့ တစိမ့်စိမ့်တွေးပြီး
ရှက်နေမိတာပေါ့။ ကျနော်သူနဲ့မတွေ့ချင်သေးဘူး။ အဲဒီနေ့က သူသာမတွေ့

လို က် ယ် က် ရို က် ပါ နော် ကြိ မ်


လိုက်ဘဲ ဘယ်လောက်အရိုက်ခံရခံရပါ။ ကျနော်မမှုဘူး။ ပထမဆုံးအကြိမ်
အရိုက်ခံရတာလဲ မဟုတ်ဘူး။ အဖေတို့ အမေတို့ တွေက အလကားနေရင်း
ရိုက်နေတာမဟုတ်ပေမယ့် နှစ်လသုံးလတခါလောက်တော့ အဆော်ခံနေရ
တာပဲ။ ငယ်တုန်းကဆိုရင် အဲဒီထက်တောင် အကြိမ်ရေစိပ်သေးတယ်။
စိတ်ပျက်စရာကောင်းတယ်။ ငယ်တုန်းကတော့ အသားနာလို့ အရိုက်မခံချင်
တာ။ ကြီးတော့ကျ ရှက်လာတယ်။ ဒါပေမယ့် အိမ်ထဲတင်ရိုက်တာမျိုးက
ဆော်စမ်းဗျာ။ သိပ်ခံစားမနေတော့ဘူး။ အခုလို လူရှေ့သူရှေ့ အထူးသဖြင့်
ဟန်နီ့ရှေ့ ကလေးတယောက်ကိုရိုက်သလို ခွေးတကောင်ကိုရိုက်သလို အ
ရိုက်ခံရတာကြီးကတော့ အရမ်းနာကျင်ခဲ့ရတယ်။
အရိုက်ခံရပြီး တရက်နှစ်ရက်မှာတော့ ကိုမျိုးသန့်က ဆိုင်ကိုနေ့စဉ်လာပေ
မယ့် အရင်နေ့တွေလိုပဲ ကွမ်းယာလေးထုပ်သွား၊ ဟိုအကြောင်းဒီအကြောင်း
လေးပြော သာမန်ပဲ။ သူလဲ ကျနော်အရိုက်ခံရတဲ့အကြောင်းကို သိတာပေါ့။
ဒါပေမယ့် ကျနော်ရှက်နေသေးမှန်းသိလို့ ဘာမှတော့မပြောသေးဘူး။ သုံး
လေးရက်နေတော့ အရှိုးရာတွေလဲ ပျောက်စပြုပြီ၊ ကျနော်လဲ အရိုက်ခံရခါ
စနေ့တွေကလို သိပ်မှုန်ကုပ်ကုပ်ဖြစ်မနေတော့မှ ကိုမျိုးသန့်က ကျနော့်ကို
ပြောတယ်။
“လူကြီးတွေက ဒီလိုပါပဲကွာ၊ လူငယ်တွေအကြောင်းလဲ မသိပါဘူး။ ငါလဲ
ငယ်ငယ်က အဖေတို့ အမေတို့ ရိုက်တာခံရတာပဲ။ မှားမှားမှန်မှန် သူတို့ အလို
မကျတာနဲ့တွယ်တော့တာပဲ။ ဘာမှပြန်ရှင်းပြလို့ လည်း ရတာမဟုတ်ဘူး။ ငါ
ကတော့ ရိုက်ပြီးဆုံးမတာတွေ မကြိုက်ဘူးကွ။ ငါသာ မိန်းမတွေဘာတွေရ
ကလေးတွေရရင်တော့ ဘယ်တော့မှ မရိုက်ဘူး။ စကားနဲ့ နားလည်အောင်
ပြောရင်ရတာပဲကွာ။ ဟုတ်တယ်မို့ လား”
ကျနော်ကတော့ ဘာမှပြန်မပြောဘဲ သူ့ကိုပဲ ကြည့်နေလိုက်တယ်။ ဘာမှ
ပြန်ပြောစရာလဲမရှိဘူးလေ။
“ငါ မင်းအဖေကိုတော့ ပြောမလို့ စဉ်းစားမိသေးတယ်။ တော်ကြာ ငါ့သား ငါ
ရိုက်တာ မင်းကိစ္စ ဘာပါလဲလို့ ပြန်ဘုတောနေမစိုးလို့ ၊ ဒါပေမယ့် မင်းအဖေ
အမေတို့ က သဘောကောင်းကြပါတယ်ကွာ။ တခါတလေ စိတ်အခန့်မသင့်
တော့ ဖြစ်တာပေါ့။ ဆေးလိပ်ခိုးသောက်တာ မိသွားတာဆို ဟုတ်လား”
“ဟုတ်တယ်ဗျ”
“ဆေးလိပ်တော့ သိပ်မသောက်ပါနဲ့ကွာ မင်းက ငယ်ငယ်လေးရှိသေးတယ်။
မိဘတွေကတော့ ကိုယ့်သားသမီး ဆေးလိပ်သောက်တာ ဘယ်ကြိုက်မလဲ။
ငါဆို ခုအရွယ်ကြီးထိ ရွာပြန်ရင် အမေ့ရှေ့ ဆေးလိပ်မသောက်ရဲသေးဘူး
ဟား ဟား ဟား . . . သိသာသိစေ မမြင်စေနဲ့ဆိုတာမျိုးပေါ့ကွာ”
လို က် ရို က် လို့ ကြော က် ပါပြီ လို့ အော် ပြီး ပြေး
သူ့အမေလိုက်ရိုက်လို့ “အား အမေ ကြောက်ပါပြီဗျ” လို့ အော်ပြီးပြေးနေတဲ့
ကိုမျိုးသန့်ပုံကြီး မျက်စိထဲ မြင်ယောင်လာလို့ ကျနော်လဲ ရယ်မိသွားတယ်။
ဆေးလိပ်ကတော့ မဖြတ်နိုင်ပါဘူး။ ကျနော်က ခုနစ်တန်းထဲက ဆေးလိပ်စ
သောက်တတ်နေတာ။ စွဲနေပြီ။ နောက်ပြီး ဒီလိုရိုက်နှက်ပြီး မသောက်ခိုင်း
တာမျိုးကတော့ ပိုတောင် သောက်ချင်လာသေးတယ်။ ခိုးလုပ်ရတာလောက်
အရသာရှိတာမရှိဘူး။
“ငါ့တူမလေးကတောင် မင်းကို ပြောနေတယ်ကွ။ အဲ့နေ့က ဝရန်တာကနေ
သူကလဲ မြင်လိုက်တော့ မင်းတော့ ရှက်နေတော့မှာပဲတဲ့ . . .”
“ဟုတ်လား . . .နည်းနည်းတော့ ရှက်တာပေါ့ ကိုမျိုးသန့်ရာ၊ ကောင်မလေး
ရှေ့ဆိုတော့ ပိုဆိုးပြီပေါ့”
“ဟေ့ရောင် နေစမ်းပါဦး မင်းတို့ က ရည်းစားဖြစ်နေကြပြီလား . . .”
“ဟင် . . . ဟာ . . . မဖြစ်ပါဘူး ကိုမျိုးသန့်ကလဲ”
“ဟား ဟား ဟား စတာပါကွာ မင်းတို့ ကလေးကိစ္စတွေ ငါဝင်မနှောင့်ယှက်ပါ
ဘူးကွ ဟား ဟား၊ ရည်းစားဖြစ်နေရင်လဲ ငါ့တော့ ပြောဦးနော် ဟား ဟား”
ကိုမျိုးသန့်များ သိသွားပြီလားလို့ ကျနော်တော့ လန့်တောင်လန့်သွားတယ်။
သူ့ပုံစံကလဲ ပြီတီတီနဲ့ ဆိုတော့ သိချင်လဲ သိနေမှာပေါ့။ ဒါပေမယ့် ကျနော်
ကတော့ အမှန်အတိုင်း ဘယ်ပြောလို့ ဖြစ်မလဲ။
“ညနေ သုံးရာသီထိုင်ရအောင်လေကွာ ထွက်ခဲ့ ည ငါအလုပ်မဆင်းရဘူး။
မင်းအိမ်က အပြင်တော့ လွှတ်သေးတယ်မို့ လား”
“ရပါတယ် ကိုမျိုးသန့်ရ ကျနော်လဲ ကိုးတန်းတောင် ရှိနေပြီပဲဟာ ကလေးမှ
မဟုတ်တော့ဘဲ”
“အေးပါ ဟုတ်ပါပြီကွာ တော်ကြာ ငါနဲ့ထိုင်နေတုန်းကြီး ဆေးလိပ်သောက်
တာမိရင် မင်းအဖေနဲ့ငါနဲ့ရန်တွေဖြစ်နေရဦးမယ် ဟား ဟား”
ကိုမျိုးသန့်နဲ့ ကျနော်က လက်ဖက်ရည်ဆိုင်အတူတွဲထိုင်ကြတာ နည်းနည်း
တော့ကြာပြီ။ ကျနော် ဆေးလိပ်သောက်တာ မကြိုက်ပေမယ့် တားမြစ်တာ
မျိုးတော့လဲ သူက မလုပ်ပါဘူး။ လျှော့သောက်ကွ ဆိုတာလောက်ပဲ ပြော
တတ်တယ်။ သုံးရာသီလက်ဖက်ရည်ဆိုင်က လက်ဖက်ရည်ဆိုင်ဆိုပေမယ့်
ကိုမျိုးသန့်က ဆိုင်ရှင်နဲ့ တခါတလေ အရက်လဲသောက်ကြတယ်။ အဲလိုနေ့
မျိုး ကျနော်ပါသွားလို့ ကျနော်က လက်လှမ်းချင်သလိုလို ဘာလိုလိုလုပ်ရင်
တော့ ဆောရီးပဲ။

င် င်း ကို ငါ က် တို က် နို င် ဒါ ငါ က်


“ဟေ့ရောင် မင်းကိုငါ အရက်တော့ မတိုက်နိုင်ဘူး။ အဲဒါတော့ ငါ လက်မခံ
ဘူး။ မင်းက ကလေးပဲရှိသေးတယ်။ ဆေးလိပ်သောက်တာတောင် တားလို့
ရတော့မှာ မဟုတ်မှန်းသိလို့ ငါ သိပ်မပြောတာ။ အရက်သောက်ချင်လို့ တော့
မင်း ငါနဲ့လာမပေါင်းနဲ့ကွ” တဲ့။
မျက်နှာထားကြီးနဲ့ ရုပ်တည်ကြီးပြောတာဗျ။ ကျနော်လဲ အဲဒီတခါ သူပြော
ပြီးကတည်းက လက်လှမ်းဖို့ မကြိုးစားတော့ပါဘူး။ တကယ်တမ်းတော့ ကျ
နော်ကလဲ အရက်သောက်ချင်တယ်ဆိုတာထက် သူနဲ့ သူငယ်ချင်းပေါင်း
ပေါင်းတယ်ဆိုတဲ့ ပုံစံမျိုးလိုချင်လို့ လှမ်းမိတာပါ။ အရင်ကိုဘီလူးတို့ ကို
သားကြီးတို့ နဲ့တုန်းက သူတို့ နဲ့အတူ သောက်ဖူးတော့ ကိုမျိုးသန့်ကိုလဲ အဲလို
ပဲ အောက်မေ့လို့ စမ်းကြည့်မိတာ။ အရက်ရဲ့ အရသာကို ကျနော်ကလဲ မ
ကြိုက်တတ်ပါဘူး။
အဲဒီတခုကလွဲရင် ကိုမျိုးသန့်နဲ့လက်ဖက်ရည်ဆိုင်ထိုင်ရတာ ကျနော်က
ကြိုက်တယ်။ သူနဲ့ပေါင်းရတာကိုလဲ စိတ်ထဲက အလိုလိုကျေနပ်တယ်။
လက်ဖက်ရည်ဆိုင်အတူထိုင်ကြပြီဆိုရင် သူက သူ့ကလေးဘဝတုန်းက ရွာ
မှာနေခဲ့ရတာတုန်းအကြောင်းတွေပြောပြတတ်တယ်။ သူက ဧရာဝတီတိုင်း
ဘက်ကပဲ ကျုံဒိုးလား ဘာလား သေချာတော့မမှတ်မိတော့ဘူး။ နောက်ပြီး
စာအုပ်တွေအကြောင်း ပြောပြတယ်။ ဝတ္ထုတွေပေါ့။ ဘယ်စာအုပ်က
ဘယ်လို။ ဘယ်စာအုပ် ဘာအကြောင်း အဲဒါမျိုးတွေ။ ကျနော်လဲ
နောက်ပိုင်း စာလေးဘာလေးဖတ်တတ်လာတော့ သူပြောပြတာတွေ
သဘောကျတယ်။ ကျနော်အဲဒီတခေါက်အရိုက်ခံရပြီး နောက်တပတ်
လောက်နေတော့ သူက မြသန်းတင့်ရဲ့ လေလွင့်သူဆိုတဲ့ စာအုပ်လေးပေး
တယ်။
“အဲဒါ မင်းကို ငါ လက်ဆောင်ပေးတာ၊ ဖတ်ကြည့်ကွ၊ မင်းကြိုက်လောက်
တယ်” တဲ့။
ဖတ်ရတာ ပျင်းစရာသိပ်မကောင်းပေမယ့် သိပ်တော့မကြိုက်လှပါဘူးဗျာ။
မြန်မာဝတ္ထုတွေပဲ ဖတ်ဖူးတော့ နိုင်ငံခြားနာမည်တွေမှတ်ရတာကိုက ခေါင်း
ကိုက်တယ်။ တချို့ဟာတွေဆို နားကိုမလည်တာ။ သူတို့ အမေရိကန်လူမျိုး
တွေနဲ့ ကျနော်တို့ က သိပ်မတူဘူး။ ဟိုဒင်ကောဖီးက ကျနော်နဲ့ ရွယ်တူ
လောက်ပဲဆိုပေမယ့် ဒီကောင့်ပုံစံကတမျိုးပဲ။ ဘယ်လိုတမျိုးလဲတော့ ကျ
နော်လဲ မပြောတတ်ဘူး။ ဟိုတယ်မှာ ဖာခေါ်တဲ့အခန်းဆိုရင် ကျနော်တော့
ဟာ ဒီလိုလဲ ပါတာပဲလားဆိုပြီး စိတ်ဝင်စားသွားသေးတယ်။ ပြီးတော့ အဲ့
ကောင် ဘာမှမလုပ်ဘဲ ဒီအတိုင်းပိုက်ဆံပေးပြီး ပြန်လွှတ်တယ်တဲ့။ င
ကြောင်ကောင်ပဲ ထင်ပါတယ်ဗျာ။ နောက်ပြီး ဖာခေါင်းကြီးက အနိုင်ကျင့်
တော့လည်း ငြိမ်ခံနေတယ်။ ကျနော်သာဆိုရင်တော့ ပြန်တွယ်မှာဗျ။
ဖီး ညီ န်း လိ ပ် က် န်း ဆို င်
ကောဖီးက သူ့ညီမလေးအခန်းထဲမှာ ဆေးလိပ်သောက်တဲ့ အခန်းဆိုရင်၊ သူ
တို့ အမေပြန်လာတော့ ဆေးလိပ်နံ့က ရနေရော။ အဲဒါ သူတို့ အမေက သူ့ညီမ
လေးကို ဆေးလိပ်သောက်ထားသလား မေးတယ်တဲ့။ ကျနော်တော့ အံ့ရော
ပဲ။ ကောဖီးညီမလေးကလဲ တဖွာထဲ စမ်းဖွာကြည့်တာပါ မေမေလို့ ဖြေ
တော့။ မကြိုက်ဘူးနော် လို့ ပြောပြီး ပြီးသွားရောဗျာ။ ကျနော်က ရိုက်လိမ့်
မယ်ထင်တာလေ။ ဘယ်လောက်မိုက်လဲ။ ကျနော့်မှာတော့ ဆေးလိပ်လေး
ခိုးသောက်မိတာကို အတွယ်ခံရတာ။ အဲဒီအခန်းကိုဖတ်ပြီး ကျနော်တော့
တော်တော်လေး မကျေမနပ်ဖြစ်မိတယ်။ သူများ မိဘတွေများ ကြည့်စမ်းပါ
ဦး။ မကြိုက်ဘူးနော် နောက်မလုပ်နဲ့ ဆိုတာလောက်ပဲ။ အဲဒါမျိုးပြောရင်
ကျနော်လဲ သောက်ချင်မှ သောက်တော့မှာပေါ့ဗျာ။ ကျနော်က ချိုချိုသာ
သာပြောရင် လက်ခံပါတယ်။ ခုတော့များ။ ဟင်း အတော်ခက်တာပဲ။ ဘာပဲ
ဖြစ်ဖြစ် အဲဒီစာအုပ်က သိပ်တော့မဆိုးဘူးဗျ။ ကျနော်လဲ တခါတလေ အဲ့
လိုမျိုးစိတ်လွတ်ကိုယ်လွတ် လျှောက်သွားပစ်လိုက်ချင်တာ။ တယောက်
တည်း ကလပ်သွားတက်တာတို့ ၊ မိုးအလင်းဆိုင်ထိုင်ပြီး အရက်သောက်တာ
မျိုးတို့ တကယ့် လူကြီးတယောက်လို ညဘက်တွေ အဲ့လို လျှောက်သွား
ပစ်လိုက်ချင်တယ်။
စာအုပ်ပေးပြီး သုံးလေးရက်နေတော့ ကိုမျိုးသန့်က မေးတယ်။
“ဘယ့်နှယ်တုန်း စာအုပ်ကြိုက်ရဲ့လားကွ”
“ကြိုက်တယ်ဗျ။ အဲဒါမျိုးလေးတွေ ရှိရင် ကျနော့်ကိုပေးဖတ်ဦး”
“အေး အေး ပေးဖတ်မယ် ပေးဖတ်မယ်။ ကျောင်းစာလဲ လုပ်ဦးပေါ့ကွာ
ဝတ္ထုတွေ ငါ့မှာရှိပါတယ် ပေးဖတ်မယ်”
ကိုမျိုးသန့်က ဒီရိပ်သာဝင်းထဲမှာ ဧည့်သည့်သဘောမျိုးနေတာဆိုတော့
အပေါင်းအသင်းမိတ်ဆွေလဲ သိပ်မရှိဘူး။ သူ့အသက်က သုံးဆယ်လောက်
ဆိုပေမယ့် သူနဲ့ရွ ယ်တူ အပေါင်းအသင်း တယောက်ယောက်ရှိတာ
လက်ဖက်ရည်ဆိုင်တွဲထိုင်တာ ကျနော်တော့ မတွေ့ဖူးဘူး။ ဒါကြောင့်ပဲ ကျ
နော့်လို ချာတိတ်နဲ့ပေါင်းနေတာ ဖြစ်မယ်ထင်တယ်။
သူနဲ့အဖွဲ့ကျတဲ့လူ ဘော်ဒါလိုပေါင်းတဲ့လူဆိုလို့ နှစ်ယောက်တော့ရှိပါတယ်။
တယောက်က “သုံးရာသီ” လက်ဖက်ရည်ဆိုင်ပိုင်ရှင်။ သူလဲ ကိုမျိုးသန့်
ထက်တော့ ဆယ်နှစ်လောက်ကြီးတဲ့အရွယ်ပါ။ နာမည်က ကိုမဲကြီး တဲ့။
နာမည်အရင်းတော့မဟုတ်လောက်ဘူးထင်တာပဲ။ သူ့အသားက မီးသွေး
လောက်နီးနီးကို မဲတာမို့ ကိုမဲကြီး ခေါ် ကြတာ။ သူက ဂန်းရှော့ တပ်ထွက်ဗျ။
ခြေတုကြီးနဲ့။ “စစ်ဆို ရေတောင်စစ်မသောက်တော့ဘူးကွ” တဲ့။ သူအမြဲ
ပြောတဲ့ လက်သုံးစကားပဲ။ သူ့မိန်းမကတော့ ဝန်ထမ်း။ ဒါကြောင့် ဝန်ထမ်း
လို င်း န်း င်း တို က် တို က် ခြော က်ကြား ခြုံ ကြီး ကို င်း
လိုင်းခန်းမှာနေရင်း တိုက်လေးနဲ့တိုက်ခြောက်ကြားက ခြုံတောကြီးကို ရှင်း
ပြီး လက်ဖက်ရည်ဆိုင်ဖွင့်ထားတာ။
ကိုမျိုးသန့်နဲ့ပေါင်းတဲ့ နောက်ထပ်တယောက်ကတော့ အဘိုးကြီးပဲ။ အဲဒီအ
ဘိုးကြီးက ဝန်ထမ်းတော့ မဟုတ်ဘူး။ သူ့သမက်အိမ်မှာ နေတာလို့ ပြော
တယ်။ အဘိုးကြီးက လက်ဖက်ရည်ဆိုင်ကို အမြဲတမ်းတော့ မလာပါဘူး။
သူနေတဲ့တိုက်က တိုက်နံပတ်နှစ်ဆယ်ကျော်ဆိုတော့ သုံးရာသီ
လက်ဖက်ရည်ဆိုင်နဲ့ နည်းနည်းတော့ဝေးတယ်။ ဒီတော့ တပတ်နှစ်ရက်သုံး
ရက်လောက်ပဲ လာနိုင်တယ်။ သူလာပြီဆိုရင် ကိုမျိုးသန့်ရယ် ကျနော်ရယ်
ဆိုင်ရှင်ရယ် လေးယောက်က သီးသန့်လုပ်ထားတဲ့ ကောင်တာနောက်ကဝိုင်း
မှာ ထိုင်ကြတာ။ အဲ့လိုဆုံတဲ့နေ့တော့ တယောက်ချင်းဆို စကားနည်းကြတဲ့
သူတွေက အသားကုန်စကားတွေပြောကြတော့တာပဲ။ စာအုပ်တွေ
အကြောင်း၊ သီချင်းတွေအကြောင်း၊ ရုပ်ရှင်တွေအကြောင်း စုံနေတာပဲဗျာ။
တဝါးဝါးတဟားဟား ဖြစ်တဲ့အခါလဲဖြစ်၊ ငြင်းကြတဲ့ အခါလည်း ကျနော်
တို့ သူငယ်ချင်းတွေ ငြင်းကြပုံမျိုး အသားကုန်ငြင်းကြတာပဲ။
တချို့နေ့တွေမှာတော့ ပုံမှန်အတိုင်းပြောနေကြရင်းက ရုတ်တရက် ပုခုံးကို
နည်းနည်းနှိမ့်၊ ခေါင်းနည်းနည်းငုံ့ လိုက်ရင်းက အသံကိုခပ်အုပ်လုပ်လုပ်
ပြောကြတာမျိုးရှိသေးတယ်။ အဲဒါမျိုးပြောကြရင်တော့ နိုင်ငံရေး
အကြောင်းတွေလို့ ကိုမျိုးသန့် ပြောပြဖူးလို့ သိပေမယ့် နိုင်ငံရေးဆိုတာ ဘာ
မှန်းကျနော်တော့ နားကိုမလည်ဘူး။ ဘာလို့ အဲဒီနိုင်ငံရေးအကြောင်းပြော
ရင် အသံတိုးသွားရတယ် မသိဘူး။ သူတို့ ဆုံကြတဲ့နေ့ဆို သူတို့ က ပျော်နေ
ကြပေမယ့် ကျနော်ကတော့ ပျင်းနေရောပဲ။ သူတို့ ပြောတာတွေက
များသောအားဖြင့် ကျနော် နားမလည်တာတွေလဲ ဖြစ်နေတော့ လူပို
သက်သက်ပါပဲဗျာ။
®®®®®
အခန်း (၁၅)

ကိုမျိုးသန့်က ဟန်နီလဲ မြင်လိုက်တယ်ကွလို့ ပြောပြီး နောက်တနေ့ပဲ။


ကျောင်းသွားတော့ အိမ်ကအစောထွက်ပြီး ဟန်နီ့နဲ့အတူ ကျောင်းသွားရင်
စောင့်နေကျ ဈေးထိပ်ညောင်ပင်ကြီးအောက်ကနေ ကျနော်စောင့်နေလိုက်
တယ်။ စောင့်သာစောင့်နေရတာပါဗျာ အဲဒီအချိန်အထိ အရိုက်ခံရတဲ့နေ့က
ဟန်နီမြင်လိုက်နိုင်တဲ့ မြင်ကွင်းကို စိတ်ကူးကြည့်ရင်း အလိုလိုပြန်ရှက်နေမိ
တယ်။ ဟန်နီ့မျက်စိထဲမှာ ကျနော်က ဖြစ်နိုင်ရင် သူရဲကောင်းတယောက်လို
မျိုးပဲ မြင်စေချင်တာ။ ကျနော့်ရဲ့ ပုံပျက်ပန်းပျက် အော်ဟစ်ပြေးလွှားနေရ
တဲ့ပုံကို ဟန်နီနဲ့ ဘယ်လိုမှဆက်စပ်ကြည့်လို့ မရဘူး။ ထိုင်စောင့်နေရင်း
တော်ပါပြီကွာ မတွေ့တော့ပါဘူးလို့ စဉ်းစားမိတာ ခဏခဏပဲ။
တအောင့်လောက်နေတော့ လမ်းကွေ့ကလေးကနေ ဟန်နီပေါ်လာတယ်။ ကျ
နော်ကတော့ ကြိုစောင့်နေတော့ သူ့ကို မြင်နေပေမယ့် သူက ကျနော့်ကို မ
မြင်သေးဘူး။ သူလမ်းလျှောက်လာပုံကလေး ငေးကြည့်နေရင်းက ဝမ်းနည်း
လာမိတယ်ဗျာ။ ဘာကြောင့်မှန်းမသိဘူး။ သူကတော့ ကျနော့်ကို မမြင်သေး
ဘူး။ သူ့သူငယ်ချင်းနှစ်ယောက်နဲ့ ဘာတွေမှန်းမသိ ပြောနေတယ်။
တဖြည်းဖြည်းနီးလာတော့မှ သူက ရှေ့ကို လှမ်းကြည့်တယ်။ အပင်အောက်
မှာ ငုတ်တုတ်ထိုင်နေတဲ့ ကျနော့်ကိုလဲ မြင်လိုက်ရော ဟန်နီ့မျက်နှာကလေး
ဟာ “တည်” နေရာကနေ ပြုံးလာပြီး ကျနော့်ဆီ ပြေးလာတာဗျ။ ဝမ်းသာ
လိုက်တာဗျာ။ သူ့ကိုဆီးပြီးတောင် ပြေးဖက်လိုက်ချင်မိတယ်။ ဒါပေမယ့်
ဈေးထိပ်ဆိုတာက လူတကာ သွားလာနေတဲ့နေရာကြီးလေ။ ကျနော့်အနား
ရောက်တာနဲ့ ဟန်နီက ရုတ်တရက်ကြီး အိန္ဒြေထိန်းလိုက်ပြန်တယ်။ ခပ်
တည်တည်ဖြစ်သွားပြန်ရော။ ကောင်မလေး ငယ်ငယ်ရှိသေးတာပါဗျာ။ အံ
မယ် သူက ကျနော့်ကို စိတ်ဆိုးနေတဲ့ ပုံလုပ်ချင်တာဗျ။ နှုတ်ခမ်းတောင်
နည်းနည်းစူလိုက်သလိုပဲ။ ကျနော် အသည်းတွေတောင် ယားလာတယ်။ ပြီး
တော့ ရယ်ကလည်းရယ်ချင်တယ်။
“ဟန်နီ ခုနက ပြုံးနေတာပါနော်၊ ခု ဘယ်လိုဖြစ်သွားရပြန်တာလဲ”
“အစ်ကို့ ကို စိတ်ဆိုးနေတာပေါ့”
ကျနော့်ကို မျက်စောင်းတချက်ထိုးပြီး ရှေ့ကိုဘောက်ဆတ်ဘောက်ဆတ်
ထွက်သွားတယ်ဗျ။ ကျနော်လဲ သူ့နောက်က အသာလေးလိုက်သွားရင်း လူ

င်း ယ့် ယ် ရှိ ဉ်း မိ ယ် နော်


ရှင်းမယ့်နေရာ ဘယ်နေရာရှိမလဲ စဉ်းစားနေမိတယ်။ မရတော့ဘူး။ ကျနော်
အရမ်းကိုဖက်နမ်းပစ်လိုက်ချင်နေပြီ။
“ဘာလို့ စိတ်ဆိုးနေတာလဲ ပြောပါဦး”
“ဒီကဖြင့် သူ့ဝမ်းနည်းနေမှာပဲဆိုပြီး အားပေးမလို့ တွေ့ချင်နေတာကို။ သူက
ပဲ ပုန်းနေရသေးတယ်”
“အဲ့လို မဟုတ်ပါဘူး ဟန်နီရာ။ ဟိုနေ့က ဟန်နီအကုန်မြင်လိုက်တယ်မဟုတ်
လား”
“မြင်တာပေါ့”
“အေးလေ အဲဒါရှက်စရာကြီးမို့ လို့ ဟန်နီ့ကို အစ်ကိုက ရှက်နေလို့ ပေါ့ကွာ။
ထားပါကွာ စိတ်ဆိုးမနေနဲ့တော့ မင်းသူငယ်ချင်းတွေ မမှီအောင် လာလာမြန်
မြန်လျှောက်။ ဟိုကွေ့ကျရင် တိုက်လှေကားရင်း ခဏဝင်ရအောင် အစ်ကို
ပြောစရာရှိတယ်”
ဘာမှန်းသိတာမဟုတ်ဘူး ကျနော်က မြန်မြန်လျှောက်ဆိုတာနဲ့ အပြေးတ
ပိုင်းပဲ လျှောက်တာ။ လမ်းအဖြောင့်ကနေ ကွေ့လိုက်တာနဲ့ ကျနော်လဲ သူ့ကို
တိုက်တတိုက်ရဲ့ လှေကားရင်းထဲ ဆွဲခေါ် ပြီး ပါးတွေရော နဖူးတွေရော
နှုတ်ခမ်းတွေရော မေးစေ့တွေရော အကုန်လျှောက်နမ်းပစ်လိုက်တယ်ဗျာ။
ရှူး ရှူးနဲ့တောင် အသံတွေမြည်တယ်။ အားရတော့မှ ခွာလိုက်ပြီး သူ့ကို
အပေါ်ကမိုးလို့ ပြုံးပြုံးကြီးကြည့်နေလိုက်တယ်။
“သွား ... အဟုတ်မှတ်လို့ ”
သူက ကျနော့်လက်ကို ခပ်ဖွဖွလေးတချက်ရိုက်လိုက်ပြီး ရယ်နေတယ်။
သွား လို့ ပါးစပ်ကပြောပေမယ့် ကျနော့်ကို တွန်းမလွှတ်ပါဘူး။ နည်းနည်း
ရှက်သွားပုံတော့ရတယ်။ အသားဖြူတော့ ပါးလေးတွေ၊ နားရွက်ဖျားလေး
တွေ နီနေတာတောင် မြင်ရတယ်။ မျက်နှာကတော့ အပြုံးမပျက်ဘူး။ ရှက်
ပြုံးပေါ့ဗျာ။ ကျနော်လဲ သူရှက်နေတာလေးမြင်ရတော့ ရယ်နေမိတယ်။ နှစ်
ယောက်စလုံး တယောက်မျက်နှာတယောက်ကြည့်ပြီး ရယ်နေတာနဲ့ပဲ
နောက်က မီလာတဲ့ သူ့သူငယ်ချင်းနှစ်ယောက်ကတောင် ကျနော်တို့ နှစ်
ယောက်ကို ဘာတွေများ ဖြစ်နေကြပါလိမ့်လို့ အူကြောင်ကြောင်ကြည့်သွား
ပြီး ဆက်လျှောက်သွားကြရတယ်။ အဲဒီတော့မှ ကျနော်လဲ သူ့လက်ကလေး
ကို ကိုင်ပြီး လမ်းပေါ် ပြန်တက်ခဲ့တယ်။
“နောက်ဆို ... အဲ့လို မလုပ်နဲ့နော် ကြားလား”

ယ် ကို န်း န် နီ မ်း ကို စ် ကို ည်း လို့ ပါ


“ဘယ်ဟာကိုတုန်း ဟန်နီရဲ့ နမ်းတာကိုလား၊ အစ်ကို အသည်းယားလာလို့ ပါ
ကွာ”
“မဟုတ်ပါဘူး တမင်သက်သက်မတွေ့အောင်ရှောင်နေတာကိုပြောတာ ...”
“အဲဒါဆို အာဘွားပေးတာတော့ နောက်လဲလုပ်လို့ ပြောတာပေါ့”
“အစ်ကိုနော် ...”
“ဟား ... ဟား ...”
ကျနော်ရယ်တော့ ကျနော့်ပါးစပ်ကို သူ့လက်ဖဝါးလေးနဲ့လာပိတ်တယ်။
“သွားပါ ရယ်မနေနဲ့” တဲ့။
ပျော်စရာကောင်းလိုက်တာဗျာ။ ဟန်နီက ကျနော့်အချစ်ဦးတော့ မဟုတ်ပေ
မယ့် ရည်းစားဦးဗျ။ ပြည့်ပြည့်ကို ကျနော် နမ်းခဲ့ဖူးတယ်ဆိုပေမယ့် ဟန်နီ့
ကို နမ်းပုံမျိုးနဲ့ မတူပါဘူးဗျာ။ အဲဒါ ကျနော် ကျိန်ရဲပါတယ်။ တခါမှ ဟန်နီ့
ကို နမ်းပုံမျိုးနဲ့ တခြားမိန်းကလေးတယောက်ကို ကျနော် မနမ်းခဲ့ဖူးဘူး။
အရမ်းဖြူစင်တဲ့ အနမ်းမျိုးပါဗျာ။ အဲဒါဘယ်လောက်တောင် ကြည်နူးဖို့
ကောင်းတယ်ဆိုတာ ပြောပြဖို့ တောင် စကားလုံးမရှိဘူး။
သူတို့ ကျောင်းပေါက်နားရောက်တဲ့အထိ သူ့လက်ကလေးကို ကျနော် ကိုင်
ထားသေးတယ်။ လူအရမ်းရှုပ်တဲ့ ကျောင်းရှေ့နားအထိရောက်မှ မလွှတ်
ချင်လွှတ်ချင်နဲ့ လက်ကိုဖြေလျှော့ပေးလိုက်တယ်။ သူကလည်း ရပ်ပြီး ကျ
နော့်ကို ကြည့်နေတယ်။ သူ့ရဲ့မေးစေ့လေးကို လက်နဲ့ ခပ်ဖွဖွလေး ဆွဲယမ်း
လိုက်ရင်း “ဟန်နီ့ကို အစ်ကို အရမ်းချစ်တယ် သိလား” လို့ ကျနော်ပြုံးပြီး
ပြောတော့ သူကလည်း “အတူတူပဲ အစ်ကို့ ကိုလဲ ဟန်နီအရမ်းချစ်တယ်”
တဲ့။ ပြီးတော့ ကျောင်းထဲ သူဝင်သွားတယ်။
ဟန်နီဟာ ကျနော့်အတွက် အရာရာပါပဲဗျာ။ ကျနော့်ထက်ငယ်ပေမယ့် သူက
ကျနော့်ထက် အများကြီး လူကြီးဆန်တယ်။ သူက ကျနော့်ရည်းစားလို့
တောင် မပြောချင်ဘူး။ သူက ကျနော့်ချစ်သူပါ။ သူသာမရှိရင် ကျနော်
ဘယ်လိုနေရမယ် တွေးတောင် မတွေးတတ်ဘူး။ သူ့လက်ကလေးကို ကိုင်
ထားခဲ့မိတဲ့ ကျနော့်လက်ကလေးကို ပြန်နမ်းကြည့်မိတယ်။ အဲဒီမွှေးရနံ့
ကလေးဟာ ကျနော် ကိုယ်တိုင်ပါပဲဗျာ။ ကျောင်းနားက လက်ဖက်ရည်ဆိုင်
မှာ ထိုင်ရင်း အဲဒီပျော်ရွှင်မှုကို စားမြုံ့ပြန်ခံစားရတာကို အရသာရှိနေတာ။
တွေ့ကြသေးတာပေါ့ နောက်ကျ မကြာမကြာကို နမ်းပစ်ဦးမယ်ကွာလို့ အ
နမ်းခံရတုန်းက ရှက်သွားတဲ့ ဟန်နီမျက်နှာလေးကို ပြန်မြင်ယောင်နေမိရင်း
ကိုယ့်လျှာကိုယ် ပြန်ကိုက်မိလို့ နာသွားတဲ့အထိပဲ။ အဲဒီကျမှပဲ တယောက်
ည်း ထို င်ပြီး ပ် ဖြီး ဖြီး ဖြ စ် က် က် န်း လို့ ဖြီး ပ် ပြီး
တည်းထိုင်ပြီး စပ်ဖြီးဖြီးဖြစ်နေတဲ့ မျက်ခွက်က နာလွန်းလို့ အဖြီးရပ်ပြီး မဲ့
သွားမိတော့တယ်။ အသက်ဆယ့်လေးနှစ်အရွယ်မှာ မိန်းမတယောက်
ကိုယ်လုံးတီးဖြစ်နေတာကို မြင်ရတာက မေ့ဖို့ ခက်တယ်ဗျ။ တချိန်မှာ မိန်းမ
တယောက်ရဲ့ကိုယ်လုံးတီးသဏ္ဍာန်ဟာ ဘာမှအရေးမပါတော့ဘူးဆို
ရင်တောင် ဘာအကြောင်းကိစ္စနဲ့မြင်ရတယ်ဆိုတာကို ပိုပြီးသတိရနေဖို့ ဖြစ်
တာပေါ့။ ခိုးကြည့်နေကျ အောကားတွေထဲက ကိုယ်လုံးတီးကို ပြောတာ
မဟုတ်ဘူးနော်။ အပြင်မှာ အရှင်လတ်လတ် ကိုယ်လုံးတီးကြီးကို မြင်ဖူး
တာ။ ဒါပေမယ့်လည်း ဒီလိုပြောမိတော့ အဖြစ်အပျက်နဲ့ပတ်သက်လို့ တက
ယ့်ခံစားရတာနဲ့လွဲချော်ပြီး တလွဲတွေးမိမှာလည်း စိုးမိတယ်ဗျာ။ ဆယ့်လေး
နှစ်အရွယ် ကောင်ပေါက်လေးတယောက်အနေနဲ့ မိန်းမတယောက်ရဲ့
အဝတ်အစားမပါ ဗလာကိုယ်ကိုမြင်ရတာမျိုးက တခြားကိစ္စတွေမပါရင် တ
ကယ့်ကိုရင်ဖိုစရာပါ။ အာခေါင်တွေခြောက်လာမယ်။ အကြောတွေတင်းလာ
မယ်။ ဒါပေမယ့် တကယ်ကြုံရတဲ့ကိစ္စမှာတော့ အဲ့လိုမဖြစ်ပါဘူး။ မဖြစ်တဲ့
အပြင် စိတ်တွေတောင် နောက်ကျိရှုပ်ထွေးကုန်တယ်။ ဘာလို့ အဲ့လိုတွေဖြစ်
ရသလဲ နားလည်မလည်ခဲ့ဘူး။
ဟန်နီ့ကို ပထမဆုံးနဲ့နမ်းခွင့်ရအပြီး နောက်တရက်ညနေခင်း မြို့ထဲကျူရှင်
ကအပြန်ပေါ့။ တိရစ္ဆာန်ရုံထောင့် စစ်ရုံးချုပ်ရှေ့တည့်တည်ဂိတ်ပေါက်နား
မှာ လူတွေအုတ်အုတ်ကျက်ကျက်ဖြစ်နေတာမြင်ရတော့ ကျနော်လည်း ဘာ
များလဲလို့ သွားငေးကြည့်တာပေါ့။ လူအုပ်နားမရောက်ခင် တော်တော်ဝေး
ဝေးကတည်းက စစ်ကားတွေလဲရောက်လာ၊ သေနတ်တွေကိုင်ထားတဲ့
စစ်သားတွေအများကြီးဝိုင်းနေတာကို သတိထားမိတယ်။ နောက်ပြီး
စစ်သားတွေရော ဘေးကကြည့်နေတဲ့လူတွေရောကပါ တိရစ္ဆာန်ရုံအုတ်
တံတိုင်းနားကပ်ပေါက်နေတဲ့ မန်ကျည်းပင်ကြီးပေါ် ဝိုင်းကြည့်နေကြတယ်။
ချာတိတ်ဆိုတော့လည်း လူအုပ်ကြားအတင်းတိုးဝှေ့ဝင်သွားလို့ ရနေတော့
အလိုလို ရှေ့ဆုံးနား ရောက်သွားတယ်။ အချိန်က ညနေငါးနာရီခွဲခြောက်
နာရီလောက်ဆိုတော့ သိပ်လဲမမှောင်သေးဘူး။ မန်ကျည်းပင်ထိပ်ဖျားနီးနီး
က လူကို အထင်းသားမြင်နေရတယ်။ မယ်သီလရှင်တပါး။ အသက်တော့
အလွန်ဆုံးရှိမှ အစိတ်သုံးဆယ်လောက်ပဲရှိမယ်ထင်တာပဲဗျာ။ သိပ်တော့မ
ခန့်မှန်းတတ်ပါဘူး။ သူက တကယ့်ကို ကြမ်းကြမ်းတမ်းတမ်းတွေ ဆဲနေ
တာ။ ပထမတော့ ကျနော်လဲ ဆဲနေတာပဲ သိတယ်။ ဘာကိုဆဲနေမှန်းမသိ
ဘူး။ သေချာနားထောင်ကြည့်မှ သဲသဲကွဲကွဲကြားရတယ်။
“မအေလိုးသန်းရွှေ၊ သူတောင်းစားခင်ညွန့်”
ငယ်သေးပေမယ့် အဲဒီဆဲသံကြားလိုက်ရတာ ကျနော်တော်တော်ကြောက်
သွားတယ်ဗျ။ အနားကလူတွေ ကြည့်လိုက်တော့လည်း ကျနော့်လိုပဲ။ အဆဲ
ပ် ချိ န် င် ပေါ် ကို ကြ ည့် ကြ ယ့် က်
ရပ်သွားတဲ့အချိန် အပင်ပေါ်ကို မော့ကြည့်နေကြပေမယ့် ဆဲသံထွက်လာတာ
နဲ့ ခေါင်းတွေငုံ့ ပြီး အချင်းချင်းစကားပြောတာလိုလို တခြားနေရာကြည့်တာ
လိုလို လုပ်နေကြတယ်။ အသံကြားရတာကို ကြောက်စရာဖြစ်နေတာပေါ့
ဗျာ။ မယ်သီလရှင်ကလည်း အဲ့လို ဒေါသတကြီး ဆဲလိုက် နည်းနည်းမြင့်တဲ့
ကိုင်းကိုတက်သွားလိုက်နဲ့ အပင်ထိပ်ဖျားနီးနီး ရောက်နေပြီ။ အောက်က
စစ်သားတအုပ်ကလည်း သေနတ်တွေကိုင်ပြီး အဆင်သင့်ဆိုပေမယ့် ဘာ
လုပ်ကြရမယ်သိပုံမပေါ်ဘူး။ တချို့စစ်သားတွေကတော့ အောက်ကနေ
လှမ်းဖြောင့်ဖြနေကြတယ်။
“ ဟေ့ ဆင်းခဲ့ ဆရာလေးကို ဘာမှမလုပ်ဘူး ဆင်းခဲ့ပါ။ ပြုတ်ကျရင်သေ
လိမ့်မယ်”
သူတို့ အဲ့လိုပြောလေ ဆရာလေးကလဲ ပိုပြီးအဆဲကြမ်းလာလေ ပြီးတော့ ပို
မြင့်တဲ့ အပေါ်ကိုင်းတခုကို ကူးသွားလေပဲ။ ကျနော်လဲ အနားက တယောက်
ယောက်ကို ဘယ်လိုဘယ်အကြောင်းကြောင့် မေးချင်ပေမယ့် လူကြီးတွေ
ချည့်ဆိုတော့ မေးဖို့ ကခက်နေတယ်။ မေးကြည့်ချင်လို့ တယောက်ယောက်
ရဲ့ မျက်နှာကို သေချာစိုက်ကြည့်မိတော့လည်း အကုန်လုံးက ဘာမှမမေးနဲ့
မဖြေချင်ဘူးဆိုတာမျိုး မျက်နှာလွှဲလွှဲသွားကြတယ်။ အဲဒီတော့ နားမလည်
ပါးမလည်နဲ့ပဲ အပင်ပေါ်ကို မော့ကြည့်နေမိတာပေါ့။
“ဖေလိုးမသားတွေ နင်တို့ ငါ့ကို ဖမ်းမှာမသိဘူးများမှတ်နေလား။ ခေါ် ခဲ့ နင်
တို့ ဖအေကို ခေါ် ခဲ့။ သန်းရွှေကော မောင်အေးကော ခင်ညွန့်ကော ငါနဲ့ လာ
စကားပြောလှည့်လို့ ပြောလိုက်။ ဒီဖေလိုးမသားတွေ လူတွေကို ဒုက္ခပေးတာ
လွန်နေပြီဟဲ့ နင်တို့ မသိဘူးလား”
စစ်သားတွေကတော့ မျက်စိမျက်နှာတွေကို ပျက်နေတာပဲဗျာ။ တချို့
စစ်သားတွေဆိုရင် အတော်လေး ဒေါသထွက်နေကြပုံ၊ တောက်တခေါက်
ခေါက် အံတကြိတ်ကြိတ်နဲ့ပဲ ။ တချို့စစ်သားတွေက အပင်ပေါ်ကို
မယ်သီလရှင်မသိအောင် ခိုးတက်ပြီး နောက်ကဝင်ဖမ်းဖို့ ကြိုးစားကြသေး
ပေမယ့် မယ်သီလရှင်ဆရာလေးက တဖြည်းဖြည်း ကိုင်းနားကိုင်းဖျားလေး
တွေအထိ တွန်းတက်သွားတော့ အဲဒီအစီအစဉ်ကို စွန့်လွှတ်လိုက်ရတယ်။
စစ်သားတယောက် သစ်ပင်ပေါ်တက်ဖို့ လုပ်နေတာကို ဆရာလေးမြင်သွား
တာကြောင့်လဲပါတယ်။ သူကလှမ်းအော်တယ်။
“အပင်ပေါ်မတက်ခဲ့နဲ့နော် အေး နင်အပင်ပေါ်ရောက်တာနဲ့ ငါခုန်ချမယ်။
ငါက သေဖို့ အသင့်ပဲ”
ကျနော်လဲ ကြည့်သာကြည့်နေရတယ်။ ရင်တထိတ်ထိတ်ပဲ။ ဆရာလေးက
တဖြည်းဖြည်းကိုင်းသေးသေး လေးတွေအထိ ကူးကူးသွားတော့ ပြုတ်
လို့ စိုး ရိ မ် မိ ယ် န်း င် ယ် သီ င် တ်
တော့ကျတော့မှာပဲလို့ စိုးရိမ်လာမိတယ်။ ပန်းနုရောင်မယ်သီလရှင် ဝတ်ရုံ
လေးဟာ မမှောင်ခင်နေအကျဆည်းဆာကလေးမှာတော့ အပင်ပေါ်ထင်
ထင်ရှားရှားရှားပဲ။ ဒါပေမယ့် အမြင့်ကလည်း တော်တော်မြင့်နေပြီ။ ကျနော်
တို့ နေတဲ့တိုက်တွေရဲ့ သုံးထပ်လောက်တောင်ရှိလောက်ပြီထင်တယ်။
နောက်ပြီးဆရာလေးက သေချာကြည့်မိတော့မှ တအားအသက်ကြီးကြီး
မဟုတ်ဘူး။ အသားဖြူဖြူ၊ ပိန်သွယ်သွယ်နဲ့။ မယ်သီလရှင်ဝတ်စုံနဲ့ဆိုပေ
မယ့် ဟိုကိုင်း ဒီကိုင်းကူးနေတော့ သူဝတ်ထားတဲ့မယ်သီလရှင်ဝတ်ရုံက စုတ်
ပြဲနေပြီ။ အပေါ် ပိုင်းဆိုရင် ရှင်မြီးအကျႌလို အတွင်းခံတောင်ပေါ်နေပြီ။
အပင်ထိပ်ဖျားအထိ တက်လဲတက်၊ ပါးစပ်က ဆဲလည်းဆဲ။ ကျနော့်ဘေး
နားရပ်ကြည့်နေတဲ့ တချို့လူကြီးတွေဆိုရင် တောက်တခေါက်ခေါက်နဲ့
ဆရာလေးကို ကြိမ်းဝါးနေကြတယ်။
“ကောင်မ တပ်ချုပ်ကြီးကိုများ သူက မတန်မရာ၊ အယောင်ဆောင်
မယ်သီလရှင်ပဲနေမှာပေါ့။ ဒီလောက် မိုက်ရိုင်းဆဲဆိုနေမှတော့။ ပြုတ်ကျပြီး
သေရမှာ . . .”
သူတို့ ရဲ့ကြိမ်းဝါးသံကြားရတာ ကျနော်တော့ ကြက်သီးတောင်ထလာတယ်
ဗျာ။ သူတို့ က ဆရာလေးကို သေစေချင်နေကြတာဗျ။ ကျနော်ကတော့
ဘယ်လိုမှကို နားမလည်နိုင်ဘူး။ သူတို့ က ဘာလို့ မယ်သီလရှင်တယောက်
ကို သေစေချင်တာလဲ။ ပြောရရင် ဆရာလေးဆိုတာ ဆွမ်းခံလာလို့ မလှူနိုင်
တောင် ကန်တော့ပါသေးရဲ့လို့ ပြောရသေးတာ။ ဆရာလေးကရော ဘာလို့
ဗိုလ်ချုပ်ကြီးတွေကို ဆဲနေရတာလဲ။ အပင်ပေါ်မော့ကြည့်လိုက်၊ အောက်
ကလူတွေရဲ့ အမျိုးမျိုးသော အသံတွေကိုနားထောင်လိုက်နဲ့ ကျနော်
စိတ်ရှုပ်လာတယ်။ အဲဒါနဲ့ အပင်အောက်တည့်တည့်နီးနီးက လူအုပ်ထဲက
နေထွက်ပြီး လူအုပ်အပြင်ဘက် နောက်နားနည်းနည်းကျတဲ့ဆီ ထွက်လာ
လိုက်တယ်။ အိမ်ပြန်မယ်လို့ စဉ်းစားပေမယ့် ဒါကြီးဘယ်လိုဆက်ဖြစ်မှာလဲ
သိချင်စိတ်နဲ့ မပြန်နိုင်ပြန်ဘူး။ လူအုပ်အပြင်ဘက်ရောက်တော့ အပင်ပေါ်
မော့ကြည့်နေမိပြန်ရော။ အဲဒီကျတော့လဲ အပင်ပေါ်က ဆရာလေးကို မမြင်
ရတော့ဘူး။ ဒီတော့လည်းမနေနိုင်ဘူး။ မူလကျနော်ရပ်နေခဲ့တဲ့နေရာဆီပြန်
သွားပြီး တခါမော့ကြည့်မိပြန်ရော။ ဘာတွေဖြစ်နေတယ်ဆိုတာကို မသိပေ
မယ့် ဘာတွေဆက်ဖြစ်မယ်ဆိုတာကို သိချင်စိတ်က ထိန်းလို့ ကိုမရဘူး။
စစ်သားတယောက်က မီးခိုးရောင် တာလဘတ်စကြီးတခု ယူလာတယ်။
အပင်အောက်မှာ အဲဒီတာလဘတ်စကြီးကို စစ်သားဆယ်ယောက်လောက်
က ဆွဲဖြန့်ပြီး ကိုင်နေကြတယ်။ ဆရာလေးပြုတ်ကျလာရင် စီးဖမ်းဖို့ ပေါ့။
တချို့စစ်သားတွေကတော့ ပုခုံးအညောင်းခံပြီး အပေါ်ကို သေနတ်နဲ့ချိန်နေ
ကြတုန်းပဲ။ သူတို့ မျက်နှာတွေက တင်းမာလွန်းလို့ မသိရင် ချက်ချင်းပစ်ချ
ယ့် တို င်း ဖြော င့်ဖြ စ် ည်း
တော့မယ့် အတိုင်းပဲ။ ဖြောင့်ဖြနေတဲ့ စစ်သားတွေကလည်း ခုနက စကား
အတိုင်း ဆက်ပြီးဖျောင်းဖျနေကြတုန်းပဲ။
“ဆရာလေး ဆင်းခဲ့ပါ။ ပြုတ်ကျရင် သေလိမ့်မယ်။ လာခဲ့ပါ ဆရာလေး ဘာ
ပြောချင်တာလဲ။ ဆရာလေး ပြောချင်တဲ့သူဆီ ကျနော်တို့ သတင်းပို့ ပေး
မယ်။ ကတိပေးတယ်ဗျာ ဆင်းခဲ့ပါ”
“မအေလိုးတွေ ငါ့ကို စောက်တုံးများမှတ်နေလား တောမှာသွားပြော နင်တို့
လားကတိတည်မှာ။ နင်တို့ ငါ့ကို ထောင်ထဲပို့ မှာ ငါမသိဘူးများမှတ်နေလား။
ပစ်ချလိုက်ဟဲ့ မသာကောင်တွေရဲ့ သတ္တိရှိရင် ငါ့ကိုပစ်ချလိုက်လေ”
တဖြည်းဖြည်းနဲ့လူတွေကလည်း များများလာတော့ ရုတ်ရုတ်သဲသဲ ဖြစ်လာ
တာပေါ့ဗျာ။ ကမ္ဘာအေးဘုရား လမ်းမကြီးပေါ်ဆိုတော့ သွားနေတဲ့
လိုင်းကားတွေထဲက လူတွေကလည်း လူအုပ်ကိုကြည့်သွားကြတယ်။ တချို့
တက်စီကားတွေ၊ ကိုယ်ပိုင်ကားတွေကတော့ လမ်းဘေးချရပ်ပြီးကြည့်ဖို့
ကြိုးစားနေလို့ စစ်သားတချို့က ကားတွေမရပ်ဖို့ သွားပြီး ငေါက်လွှတ်
ခြောက်လွှတ်နေကြတယ်။ ဒါပေမယ့် မရပါဘူး။ လူအုပ်က တဖြည်းဖြည်း
များသည်ထက် ပိုများလာတယ်။ တိရစ္ဆာန်ရုံရှေ့က ညောင်ပင်ကြီးရှိတဲ့
မြက်ခင်းပြင်အကွက်ကလေးထဲမှာကို လူအုပ်က တရာနှစ်ရာလောက်ရှိနေ
ပြီ။ ကားသမားတချို့ကလည်း နီးနီးနားနားမှာရပ်ရင် စစ်သားတွေက
သေနတ်ကြီးတကားကားနဲ့ လာလာမောင်းထုတ်တော့ ခပ်ဝေးဝေးမှာသွား
ရပ်ပြီး လမ်းလျှောက်လာကြည့်ကြတာကိုး။
“ဆရာလေးတော့ သနားပါတယ်ကွာ၊ ဘယ်လောက်တောင်နာကျည်းနေ
တယ်မသိဘူး”
ကျနော့်ပခုံးနှစ်ဖက်ပေါ်ကို လက်လာတင်ပြီး နောက်ကစကားသံကြားလို့
ကြည့်လိုက်တော့ ကိုမျိုးသန့်။
“ဘာကိုနာကျည်းတာလဲ အစ်ကိုရ”
ကိုမျိုးသန့်က ကျနော့်ကို ငုံ့ ကြည့်တယ်။ သက်ပြင်းအရှည်ကြီးချပြီး ကျ
နော့်ကိုပြောတယ်။
“ဒါတွေ မင်းနာမလည်းသေးပါဘူး သန့်ဇင်ရာ၊ ဒါပေမယ့် တချိန်ကျ
နားလည်လာမှာပါ”
ကျနော်တို့ အဲ့လိုတခွန်းနှစ်ခွန်းပြောနေတုန်းမှာပဲ အပင်ပေါ်ကနေ ကိုင်းချင်း
ရိုက်သံတွေကြားလို့ မော့ကြည့်မိတော့ ဆရာလေးဟာ အပင်မှာ တန်းလန်း
ကြီးဖြစ်နေပြီ။ သူ့ရှင်မီးအကျႌနဲ့ သစ်ကိုင်းတခုနဲ့ငြိနေတာ။ အောက်က
မယ်သီလရှင်ထဘီခေါ်မလား၊ မယ်သီလရှင်သင်းပိုင်ခေါ်မလား အဲဒါ
က် ကို ပြီး ကို င်း ကို င်း ပေါ် င် ယ် ဆို
ရှ ရှ ပို
ကတော့ အောက်ကိုကျလာပြီး ကိုင်းတကိုင်းပေါ်မှာတင်နေတယ်။ ဆိုတော့
အောက်က တုံးလုံးကြီးပေါ့ဗျာ။ အောက်ကလူအကုန်လုံးက ]]ဟယ်}} ဆိုပြီး
ဖြစ်ကုန်ရော။ ရုတ်တရက်ကြည့်မိတော့ ကျနော်လဲ ချက်ချင်းမျက်နှာတော့
လွှဲလိုက်ပါတယ်။ ဒါပေမယ့်မရဘူးဗျ။ ကြည့်ချင်စိတ်က ထိန်းမရဘူး။ ပြန်
ကြည့်မိရော။ ဒါပေမယ့် စက္က န့်ပိုင်းလောက်ပဲ ကြာပါတယ်ဗျာ။ ငြိနေတဲ့
ရှင်မီးစက ပြိခနဲပြဲထွက်ပြီး ဆရာလေးလဲ အပင်အောက်ကို ဝုန်းခနဲ ပြုတ်
ကျလာတော့တာပဲ။ အောက်က တာလဘတ်စကြီးနဲ့ ဆီးဖမ်းလိုက်တော့
အနာတရဘာမှမရှိပေမယ့် လူကတော့ တုံးလုံးကြီးဗျာ။
တာလဘတ်စပေါ်ကျကျချင်း ကိုယ်တုံးလုံးကြီးဖြစ်သွားပေမယ့် ဆရာလေး
က ဇွဲတော့ကောင်းတယ်ဗျ။ အဲဒီအတိုင်းကြီးနဲ့ပဲ တန်းထပြီး ဆဲပြန်တာပဲ။
“မအေလိုး သန်းရွှေ၊ ဖေလိုးမသားခင်ညွန့်၊ စစ်အာဏာရှင်တွေ မြန်မြန်သေ
ပါစေ”
စစ်သားတွေကတော့ တာလဘတ်စထဲရောက်နေပြီဖြစ်တဲ့ ဆရာလေးကို
ကြမ်းကြမ်းတမ်းတမ်းပဲ ဆွဲချုပ်ထားလိုက်ကြတယ်။ ပြီးတော့ တာလဘတ်
စနဲ့ ပတ်ထားလိုက်ပြီး အသင့်ရပ်ထားတဲ့ အချုပ်ကားတစီးပေါ်အတင်းပစ်
ထည့်တင်ပြီး မောင်းထွက်သွားကြတော့တာပဲ။ ပွဲကြည့်နေကြတဲ့လူတွေရဲ့
တယောက်တမျိုးထင်မြင်ချက်တွေကလည်း ပိုပိုပြီး ကျယ်လောင်လာ
တယ်။ ဒါပေမယ့်လည်း လူကလည်း နည်းနည်းကျဲသွားတာပေါ့။
မယ်သီလရှင်ဆရာလေးကို ဖမ်းသွားပြီးတဲ့နောက် ကျနော်လဲ ကိုမျိုးသန့်နဲ့
အတူ သုံးရာသီလက်ဖက်ရည်ဆိုင်ကိုလိုက်သွားတယ်။ အဘိုးကြီးနဲ့ ကို
မဲကြီးတို့ က ကိုမျိုးသန့်ကို စောင့်နေကြပုံပဲ။ ဆိုင်ထဲဝင်တာနဲ့ လာကွ မျိုး
သန့် ဘယ်လို ပြီးသွားလဲလို့ လှမ်းမေးတယ်။
“ဖမ်းခေါ်သွားပြီပေါ့ဗျာ” လို့ အစချီပြီး ကိုမျိုးသန့်ကလဲ ဖြစ်စဉ်အစအဆုံး
ရှင်းပြတယ်။
“ဒီနေ့ည သတင်းတော့ မပါလောက်ဘူးထင်တာပဲကွာ”
“တီဗွီသတင်းပြောတာလား”
“မျိုးသန့်ကလဲ ငါ အဲ့လောက် အပါ့မလားကွာ။ ဒါတွေဘယ်လိုလုပ် မြန်မာ့
အသံ၊ မြဝတီက ပါနေပါ့မလဲ။ ရေဒီယိုက ပြောတာပေါ့”
ကိုမဲကြီးက ဘီဘီစီတို့ ဘာတို့ နားထောင်တယ်ဗျ။ ညနေခင်းဆိုရင် ရေဒီယို
တဂျစ်ဂျစ်နဲ့ နေတာပဲ။ ညပိုင်း လက်ဖက်ရည်ဆိုင်ထိုင်တဲ့အချိန် စားပွဲ
အလယ်အဲဒါကြီးတင်ပြီးဖွင့်ထားရင် ကျနော်ကတော့ သိပ်နားငြီးတာ။ သူ့
ရေဒီယိုကပဲ စုတ်တာလား၊ လိုင်းပဲမဖမ်းတတ်လို့ လားမသိဘူး။ တရှဲရှဲနဲ့
ယ် ကြ ည်ကြ ည် င် င် ကြား ယ် လို့ ရှိ ဒါ ခါ
ဘယ်တော့မှ ကြည်ကြည်လင်လင် ကြားရတယ်လို့ မရှိဘူး။ အဲဒါလဲ တခါ
တလေ သုံးယောက်သား ခေါင်းချင်းဆိုင်ပြီး နားထောင်ချင် နားထောင်နေ
တာပဲ။ အဲ့လိုအချိန် ကျနော်က တခုခုထပြောမိရင်တောင် သုံးယောက်လဲ
ငေါက်ခနဲ ခေါင်းက ကျနော့်ဘက်လှည့်လာပြီး တိုးတိုးကွလို့ ငေါက်တတ်ကြ
သေးတယ်။ ကျနော်က ရယ်တောင်ရယ်ချင်မိတယ်။
“မင့် အဲဒီဆရာလေးတော့ ထောင်ကို နှစ်နည်းမှာမဟုတ်ဘူးကွ သေချာ
တယ်”
အဘိုးကြီးကပြောတယ်။ ကိုမဲကြီးကလဲ ပြန်ပြောတယ်။
“စစ်ကြောရေးတင် ကိစ္စတုံးချင်တုံးနေဦးမှာ ထောင်တောင်မရောက်လောက်
ဘူးဗျ”
“ဒါမျိုး တခါမှမကြားဖူးတော့ ကြားရတာတော့ အားရတယ်ဗျာ။ အောက်က
ကြည့်နေရင်း ကိုယ်ပါဝင်ဆဲချင်စိတ်တောင် ပေါက်မိတယ်”
ကိုမျိုးသန့်က အဲ့လိုပြောပြီး သက်ပြင်းချတယ်။
“တောက် . . . ငါတို့ လဲ ဒီလိုခေတ်ကြီးထဲ လူလာဖြစ်ရတာ လူဖြစ်ရကျိုးမနပ်
လိုက်တာကွာ။ သေတော့မယ် အရွယ်သာရောက်လာတယ်။ ခေတ်ကောင်း
ဆိုတာ ဘာမှန်းမသိခဲ့ရဘူး။ ငါ့မြေးလေးတွေ လက်ထက်ကျရင်တော့ ဒါ
မျိုးတွေ မဖြစ်စေချင်ဘူးကွာ . . . ပြောရင်း ဒေါသထွက်တယ်ကွာ ငါလိုးမ
စစ်အာဏာရှင်တွေ မြန်မြန်ကျဆုံးပါစေ”
အဘိုးကြီးက ရုတ်တရက်ကြီး တောက်တွေခေါက် ဒေါသတကြီးတွေ ပြော
တာဗျ။ ကျနော်လဲ တော်တော့်ကို အံ့ဩသွားတယ်။ စစ်အာဏာရှင်ဆိုတာ
ဘာပါလိမ့်၊ ခေတ်ကောင်းဆိုတာ ဘယ်လိုဟာပါလိမ့်လို့ သိချင်လာတယ်။
“အဘ အခုက ဘာဖြစ်နေလို့ လဲဟင်၊ စစ်အာဏာရှင်က ဘာလုပ်တာလဲဗျ”
သုံးယောက်စလုံးက ကျနော့်ကို ကြည့်နေကြတယ်။ ဂရုဏာသက်တာလိုလို၊
ဒါမှမဟုတ် စိတ်မရှည်တာလိုလို အကြည့်မျိုးတွေ။ ကိုမဲကြီးကဆို “ဟူး” ခနဲ
သက်ပြင်းကြီးတောင် မှုတ်ထုတ်လိုက်သေးတယ်။ ကျနော်လဲ သူတို့
အကြည့်တွေကြောင့် မေးပြီးမှ နည်းနည်းတောင် တွန့်သွားမိတယ်။ အတော်
ကြီးကြာမှ အဘိုးကြီးကပြောတယ်။
“တို့ မြန်မာစကားပုံမှာတော့ ‘မရှိတာထက် မသိတာခက်’ ဆိုတဲ့ စကားပုံရှိ
တယ်ကွ၊ ဒါလဲ မှန်တော့ မှန်တာပါပဲ။ ဒါပေမယ့် ငါကြားဖူးတဲ့ တရုတ်
စကားပုံတခု ရှိသေးတယ်။ ‘မသိတာ သိပ်ဆိုးတယ်၊ ဒါပေမယ့်လဲ
ကံကောင်းတယ်’ တဲ့။ ဟုတ်တော့လဲ ဟုတ်တယ်။ မသိတော့ မနာရဘူးကွာ။
ဒီ ကြ ည့် ဒို့ နို င် ယ် လို ဖြ စ်
ဥပမာ ဒီကလေးပဲကြည့် အခု ဒို့ နိုင်ငံမှာ ဘယ်လိုမတရားမှုတွေဖြစ်နေ
တယ်။ လူတွေကို ဆင်းရဲတွင်းနက်အောင်၊ ပညာမတတ်အောင် ဘယ်လို
လုပ်ထားတယ်။ နိုင်ငံရေးနဲ့ပတ်သက်ရင် သူတို့ ကိုဆန့်ကျင်တာလုပ်မိရင် အ
ယုတ်အလတ်အမြတ်အရွေး ညီတူတန်းတူ ထောင်ချပေးနေတယ် ဆိုတာ
မျိုးတွေ သူမသိဘူး။ မသိတော့ ဘယ့်နှယ့်မှ မခံစားရဘူး။ သူ ကံကောင်း
တာပဲလေ။ ကံကောင်းတဲ့သူတွေ သိပ်များနေတော့လဲ မကောင်းဘူးပေါ့
ကွာ။ ဒါပေမယ့် မင်းက ငယ်ပါသေးတယ်။ ငါ့မြေးအရွယ်ပဲ ရှိဦးမယ်ထင်
တယ်။ သိပ်ငယ်သေးတော့ တချို့ကိစ္စတွေ ဘယ်နားလည်၊ ဘယ်သိနိုင်ဦးမ
လဲကွာ၊ ကြီးရင်တော့ သိအောင်ကြိုးစားရင် စိတ်ဝင်စားရင် သိလာမှာပေါ့”
အဘိုးကြီးဟာ အကြာကြီးပြောပြီးတဲ့နောက် ခွက်ထဲကျန်တဲ့ လက်ဖက်ရည်
လက်ကျန်ကို ဖြတ်လိုက်တယ်။ ပြီးတော့ ကဲ ပြန်ပြီကွာ ဆိုပြီး စိတ်ပျက်
လက်ပျက်ပုံနဲ့ထထွက်သွားတယ်။ ကိုမျိုးသန့်နဲ့ကိုမဲကြီးတို့ ကလည်း ဘာမှ
မပြောတော့ဘဲ တယောက်တပေါက် ငေးချင်ရာငေးရင်း ငြိမ်သက်လို့ သာနေ
တယ်။ တော်တော့်ကိုကြာတယ်ဗျာ။ ကျနော်လဲ တော်တော့်ကိုပဲ ပျင်းနေပြီ။
အဘိုးကြီးပြောခဲ့တဲ့စကားတွေကို စဉ်းစားကြည့်နေမိပေမယ့်လဲ ခဏပါပဲ။
“ကိုမြင့်ဦး ပြီးခဲ့တဲ့အပတ်ကမှ အိမ်ပြန်ရောက်လာတယ်တဲ့ကွ၊
ဘယ်လောက်တောင်နှိပ်စက်ထားလိုက်တယ် မသိဘူးကွာ။ သွက်သွက်ခါ
အောင် ရူးနေပြီ။ သူ့အခန်းဘေးမှာက အရင် ရုံးဟောင်းကြီးလားရှိတဲ့နေရာ
ကွာ အပင်အုပ်အုပ်ကလေးလည်း ရှိတယ်လေ။ အိမ်ထဲမနေတော့ဘဲ အဲဒီမှာ
တင်ပဲ အိပ်တော့တယ်တဲ့။ သူ့အိမ်က အဲဒီနား ကုတင်တွေဘာတွေလုပ်ထား
ပေးရတယ်။ အခန်းကို ကြောက်သွားတာလား ဘာလားမသိပါဘူး။ အဲဒါ
မနေ့က အဘိုးကြီးက ကိုမြင့်ဦးကို သွားကြည့်ပြီးအပြန် အရမ်းတွေ
ပေါက်ကွဲပြီး ဆဲလိုက်တာကွာ။ ကိုမြင့်ဦးအတွက် သူ စိတ်မကောင်း
တော်တော်ဖြစ်နေတာ”
တော်တော်ကြာမှ ကိုမဲကြီးက ကိုမျိုးသန့်ကို ပြောတယ်။ ကိုမျိုးသန့်က
လည်း ခေါင်းတညိတ်ညိတ်လုပ် သက်ပြင်းတချချလိုက်ရင်း ပြန်ပြော
တယ်။
“ကျနော်လဲ သွားကြည့်ပြီးပြီဗျ တွေ့တယ်။ အဝေးကပဲ လှမ်းကြည့်လိုက်
တော့တယ်ဗျာ။ သူ့ပုံစံက ကျနော် နှုတ်ဆက်လို့ လည်း မှတ်မိတော့မယ့်ပုံ မ
ပေါ်တော့တာနဲ့”
“အေးကွာ အဲဒါကြောင့် ငါသွားကို မကြည့်တော့တာ။ နောက်မှပဲ သွားတော့
မယ်ကွာ၊ ကိုမြင့်ဦးကို အဲ့လိုကြီးမြင်ရရင် ငါလည်း စိတ်မကောင်းဖြစ်ပြီး
ဝမ်းနည်းနေရမှာ၊ ငါလိုးမ စစ်အစိုးရကွာ တောက်”

ကို ကြီး င်း က် ကို င် င့် လို က် ယ် ဒါ


ကိုမဲကြီးက ဆဲရင်း ရေနွေးခွက်ကိုတောင် ဆောင့်ချလိုက်သေးတယ်။ ဒါပေ
မယ့် သူ့မှာ အားရပါးရတောင် စိတ်မဆိုးလိုက်ရပါဘူး။ လက်ဖက်ရည်မှာနေ
တာနဲ့ ထဖျော်တယ်။ ကျနော်လဲ သူတို့ ပြောတာတွေကို ရိပ်ဖမ်းသံဖမ်းလေး
တောင် နားမလည်တာနဲ့ကိုမျိုးသန့်ကိုပဲ မေးကြည့်ရတယ်။
“ကိုမြင့်ဦးဆိုတာ ဘယ်သူလဲ အစ်ကိုရ ဘာဖြစ်လို့ ရူးသွားတာလဲ”
ကိုမျိုးသန့်က ကျနော့်ကို ငေးကြည့်နေတယ်။ ဘယ်ကစပြောရမယ် စဉ်းစား
နေပုံပါပဲ။ ဘာမှန်းမသဲကွဲတဲ့ တခုခုပြောလိုက်ပြီးမှ ရပ်သွားတယ်။
“တို့ မိတ်ဆွေတယောက်ကို လွန်ခဲ့တဲ့ လေးနှစ်လောက်က နိုင်ငံရေးအမှုနဲ့ဖမ်း
သွားတာ ငါ့ညီလေးရ၊ လူကောင်းပါကွာ၊ အစ်ကိုအရင်တုန်းက သူ့အိမ်မှာ
တောင် အခန်းတခန်းငှားနေဖူးတယ်။ အဲ့ကတည်းက ခင်နေတာ။ စာလည်း
တအားဖတ်တဲ့လူကွာ။ အဲဒါ ပြီးခဲ့တဲ့အပတ်က ပြန်ရောက်လာတယ်။ အ
ဖမ်းခံရတုန်းက လူက သန့်သန့်ပြန့်ပြန့် ခပ်တောင့်တောင့်ကွ၊ ပြန်ရောက်လာ
တော့ လူကပိန်လှီပြီး ဖျော့တော့နေတာပဲ အရေပြားတွေလဲ တွဲလို့ ၊ အဆိုး
ဆုံးကတော့ သူ့ကိုယ်သူတောင် မသိတော့လောက်အောင် စိတ်ဖောက်ပြန်
သွားတာပဲ . . .”
ပြောနေရင်းနဲ့ကိုမျိုးသန့် အသံက တိမ်ဝင်သွားတယ်။ ကျနော့်ကိုလည်း နား
မှလည်ရဲ့လား ဆိုတဲ့ပုံနဲ့ ကြည့်နေတယ်။ ကျနော်လည်း ဆိတ်ဆိတ်ပဲနေ
လိုက်တယ်။ လက်ဖက်ရည်ဖျော်ပြီးတော့ ကိုမဲကြီးက ပြန်လာထိုင်တယ်။
“အဘိုးကြီးပြောတာတော့ ကိုမြင့်ဦးပုံက သိပ်ခံတော့မယ်မဟုတ်တော့ပါဘူး
ကွာတဲ့။ အဲဒါကြောင့်လည်း လွှတ်ပေးလိုက်တာနေမှာပေါ့။ ရူးကလည်း ရူး
နေပြီဆိုတော့”
ကိုမဲကြီးက ထိုင်ခုံမှာထိုင်ရင်း သူ့ဘာသာတယောက်တည်းပြောသလိုပဲ
ပြောနေတယ်။ ကိုမျိုးသန့်ကလည်း မှောင်နေပြီဖြစ်တဲ့ ဆိုင်အပြင်ဘက်ကို
လှမ်းငေးနေတယ်။ သူတို့ နှစ်ယောက်က ငြိမ်သက်လွန်းတော့ ကျနော့်မှာ
လည်း ခံတွင်းချဉ်လာလို့ ဆေးလိပ်သောက်ချင်တာတောင် သူတို့ ခံစားချက်
နဲ့သူတို့ ဖြစ်နေတာလေး ပျက်မှာစိုးတာနဲ့ ငြိမ်နေလိုက်ရတယ်။ မှောင်လာ
တော့ ခြင်တွေကလည်း ကိုက်တာတအားပဲဗျာ။ ခွေးခြေခုံပေါ်တင်ထားတဲ့
ကျနော့် ကျူရှင်လွယ်အိတ်ကိုတွေ့မှ သတိရတယ်။ ကျူရှင်က ပြန်လာ
ကတည်းက ကျနော် အိမ်ကိုပြန်မရောက်သေးဘူး။
“ဟေ့လူ ခြင်ဆေးခွေလေးဘာလေးထွန်းဦးဗျ၊ ခြင်တွေကလည်း မတအား
ပဲ။ နောက်ပြီး သီချင်းလေးဘာလေးဖွင့်စမ်းပါဗျာ တိတ်ဆိတ်နေတော့လဲ
စိတ်လေတာပဲအဖတ်တင်တယ်”

ပြ ဦး
န် လို့ မိ ပြီး ထို င် ယ် ပ် ကို မျိုး န့် ကို ကြီး
ပြန်ဦးမှလို့ တွေးမိပြီး ထိုင်ခုံက ထမယ်အလုပ်ကျမှ ကိုမျိုးသန့်က ကိုမဲကြီး
ကို ပြောလိုက်တယ်။ ကိုမဲကြီးလဲ ထသွားပြီး ကက်ဆက်ထဲ ခွေတခွေ
ကောက်ထည့်လိုက်တယ်။ ခဏနေတော့ သီချင်းသံထွက်လာတယ်။
“ Where’re you going to brother ? xxx မေးခွန်းလေး ကြားရဲ့လား xxx
ရည်ရွယ်တာတွေ xxx ခြေဦးတည့်ရာ xxx ဘယ်ကိုသွားမလဲ xxx တွေးမရ
တော့ xxx မင်းသွားတဲ့လမ်းကောင်းရင် ငါလဲလိုက်မလို့ xxx မင်းနည်းနည်း
လောက်ပြောခဲ့ဦး xxx တခါတရံ ငါဘယ်လဲ ခံစားဆဲမှာ xxx မင်းသွားတော့
မယ် ဟို အဝေး ဟေး ဟေ xxx”
ကိုမျိုးသန့်က သီချင်းနောက်ကနေ တိုးတိုးလေး လိုက်ညည်းနေတယ်။ ကို
မဲကြီးကလဲ ထိုင်ခုံမှာ ပြန်ထိုင်ပြီး သီချင်းအလိုက်နဲ့ ခုံခေါက်ရင်း မေးကုတ်
နေတယ်။ ကျနော့်စိတ်ထဲ ဒီသီချင်းကို ငါသိတယ်လို့ တွေးမိလာတယ်။ ဒါ
ပေမယ့်ရုတ်တရက်စဉ်းစားတော့ပေါ်မလာဘူး။ သီချင်းသံက
တဖြည်းဖြည်းနဲ့ အသားကျသလိုဖြစ်လာတော့ သေချာသွားတယ်။ ဒီ
သီချင်းကျနော်ကြားဖူးတာသေချာတယ်။ ဒါပေမယ့် ဘယ်မှာကြားဖူးတာ
မှန်း တွေးမရသေးဘူး။
“အစ်ကိုရေ စဉ်းစားလို့ လမ်းရွေးကွာ xxx ငါတကယ် အားနည်းတုန်း xxx
xxx xxx xxx xxx xxx xxx xxx xxx xxx xxx ဘယ်ကိုလဲ အစ်ကိုရေ ပြော
သွားဦး xxx မင်းသွားတော့မယ် xx ဟို အဝေး xxx”
ပထမဆုံးအကြိမ်ပေါ့ဗျာ။ ပုတုနဲ့ ကျနော် ပထမဆုံးအကြိမ် စွန့်စားလို့
လက်ဖက်ရည်ဆိုင်သွားထိုင်တုန်းက ကြားခဲ့တဲ့ သီချင်းပေါ့။ ဘယ်လိုလုပ်
မေ့နိုင်မလဲ။ ပထမဆုံးအကြိမ်တွေဆိုတာ မေ့ဖို့ ခက်တာတွေချည့်ပဲလေ။
ဟန်နီဟာ အချစ်နဲ့ပတ်သတ်ရင် ကျနော့်ဘဝရဲ့ ပထမဆုံးအလင်းရောင်ပါ။
တချို့အကြောင်းအရာတွေက ပြန်ပြောပြဖို့ နေနေသာသာ ကိုယ့်ဘာသာ တ
ယောက်တည်း ပြန်မြင်ယောင် တွေးကြည့်မိတာနဲ့တင် စိတ်ပျက်ရတယ်။
ရှက်လဲရှက်ရတယ်။ ဝမ်းနည်းရမှာတွေဆိုရင်တော့ ပြန်တောင် သတိမရချင်
ပါဘူး။ အဆင်မပြေဘူးဗျ။ တော်တော်ခက်တယ်။ ကျနော့်အနေနဲ့ဆိုရင် ငါး
တန်းခြောက်တန်းကနေစပြီး ရှစ်တန်းကိုးတန်းကာလလောက်လေးအတွင်း
မှာ ကြုံခဲ့၊ လုပ်ခဲ့တဲ့ တချို့အဖြစ်အပျက်တွေ၊ လုပ်ရပ်တွေကို ပြန်မပြော
ချင်ဘူး။ စိတ်ပျက်စရာကောင်းတဲ့အပြင် ကိုယ့်ကိုယ်ကိုယ်လဲ ရှက်မိတယ်။
နတ်သျှင်နောင်စာအုပ်ဆိုင်ကနေ စာအုပ်တွေ သွားသွားခိုးတာ။ ဖတ်တာလဲ
မဟုတ်ဘဲနဲ့နော် ။ ပြီးတော့ အဲ့စာအုပ်တွေ လွှင့်ပစ်လိုက်တာပဲ။ ရင်တုန်းပန်း
တုန်ဖြစ်ရတဲ့ အရသာကိုများ ကြိုက်လို့ လား မပြောတတ်ဘူး။

က် ယ့် ငါး ယ် မိ န်း ကြီး က် ချိုး ကို မြ တ် ကျော်


အသက်သုံးဆယ့်ငါးအရွယ် မိန်းမကြီးတယောက် ရေချိုးတာကို မြတ်ကျော်
တို့ နဲ့အတူ ချောင်းကြည့်ဖူးတယ်။ မိန်းမကြီးဆိုပေမယ့် ကျနော်တို့ တီဗွီတွေ
ထဲမှာကြည့်ရင် အဲ့အရွယ်က မိန်းမကြီးမှ မဟုတ်ဘဲဗျာ။ ခပ်ငယ်ငယ်ရှိဦးမှာ
ပေါ့။ အဲဒီမိန်းမကြီး ရေချိုးတာဆိုရင် ကြည့်ကောင်းလို့ သရက်ပင်ပေါ်ထိ
တက်ပြီး စွန့်စွန့်စားစား သုံးလေးငါးခါလောက်ကို အဖွဲ့လိုက်သွားသွား
ချောင်းကြည့်တာဗျ။ ထဘီရင်လျားနဲ့ချိုးတာဆိုတော့ ဘာမှထွေထွေထူးထူး
မြင်ရတာလဲ မဟုတ်ဘဲနဲ့ကို ချောင်းတာ။ နောက်ကျတော့ ကျနော်တို့ လုပ်နေ
တာ လူမိသွားရင် မလွယ်ဘူး ရှက်စရာကြီးလို့ တွေးမိလို့ မသွားရဲတော့ဘူး။
နောက်ပြီး ဟိုနှစ်ကောင်နဲ့အတူ တိုက်ရဲ့နောက်ဖေးကနေလျှောက်သွားပြီး
မြေညီထပ်တွေထဲမှာ ကိုယ်ကြိုက်တဲ့အရွယ် အစ်မကြီးတွေ၊ ကောင်မလေး
တွေရှိတဲ့အိမ်တွေဆို အိမ်သာပြတင်းပေါက်ကနေ သေးပေါက်တာကို သွား
ချောင်းကြည့်တာ။ ရွယ်တူ မိန်းကလေးတွေ၊ နည်းနည်းငယ်တဲ့ကလေးမ
လေးတွေနဲ့ လင်မယားလုပ်တမ်းကစားကြတာဆိုရင် ရေတောင် မရေနိုင်
ဘူး။ အဲဒီလို အဲဒီလိုမျိုးတွေပေါ့ဗျာ။ ကျနော်တို့ တွေ လုပ်ခဲ့တဲ့ ပေါက်တတ်
ကရတွေဆိုတာလည်း ကြယ်တွေလိုပဲ များတာ။ ဒါပေမယ့်လဲ အဲဒါတွေဘာ
ဖြစ်လို့ လုပ်မိမှန်းလဲ မသိဘူး။ အဲဒီတုန်းက ပြောရရင် ကျနော်တို့ လူပျို
တောင် မဖြစ်သေးဘူး။
ဒါပေမယ့် ဘယ်လိုပဲ ပြန်မပြောချင်တာတွေရှိရှိ ကျနော် ပြန်မပြောပြချင်
ဆုံးက ဟန်နီနဲ့အကြောင်းပဲ။ သူနဲ့ချစ်ခဲ့ ကြည်နူးခဲ့ရတဲ့ အကြောင်းလေးတွေ
ကိုတောင် ပြန်ပြောရတိုင်း ပျော်ရွှင်ရတဲ့ခံစားချက်ကလေး နည်းနည်းပြန်ရ
တယ်ဆိုပေမယ့် နောက်ဆုံးကျ ဝမ်းနည်းရတာပဲ။ စုစုက ကျနော့်ရဲ့အချစ်ဦး
ဆိုပေမယ့် ဟန်နီကတော့ အချစ်နဲ့ပတ်သတ်ရင် ကျနော့်ဘဝရဲ့ ပထမဆုံး
အလင်းရောင်ဗျ။ သူ့ရဲ့ မျက်နှာလေးကို မြင်ယောင်ကြည့်လို့ ရအောင် မှတ်မိ
သွားအောင် ကျနော်ပြောပြဦးမယ်။ သူ့မျက်နှာက နားထင်ကနေ ပါးအထိ
ပြေပြေကလေးဆင်းလာပြီး မေးစေ့မှာတော့ သွယ်သွားတယ်။ အသား
အရောင်က အဖြူ။ မျက်ခုံးမွှေးက နည်းနည်းပါးပေမယ့် မျက်ဆံကလေး
တွေ အနက်ရောင်တောက်ပနေတာများ ဘယ်တော့ကြည့်ကြည့် ကြောင်
မျက်လုံးလေးတွေလိုပဲ။ ပြီးတော့ ဘယ်တော့မဆို ပြုံးနေတတ်တဲ့
ကောင်မလေး။ ဆံပင်ကလဲ ခါးလောက်ထိအောင်ရှည်တယ်။ ကျစ်ဆံမြီးကို
အမြဲ နှစ်သွယ်ကျစ်ထားတယ်။ တသက်လုံးကျနော့်အာရုံမှာ စွဲထင်နေတဲ့
မျက်နှာကလေးပါ။ ခြေစွယ်ငုပ်နေတဲ့အချိန်မှာတောင် သူ့မျက်နှာလေးကို
မြင်ယောင်ကြည့်လို့ ရတယ်။ တယောက်ယောက်ကထိုးလိုက်လို့ ကျနော့်
နှာခေါင်းရိုးကျိုးပြီး သွေးတွေထွက် ပူထူနေတဲ့အချိန်မှာတောင် ဟန်နီ့
မျက်နှာကလေးကို ကျနော် ချက်ချင်း ပုံဖော်ကြည့်နိုင်တယ်။ ညဘက်တ
ရေးနိုး အိပ်ရာကထပြီး သေးထပေါက်တဲ့အချိန် ဘာရယ်မဟုတ်
င်း င် ကို ကြ ည့် မိ ခါ ကြ ယ် သိ ပ် င် ဒီကြ ယ်
ရေး နိုး ရာ ပြီး ချိန် ရ ဟု
ကောင်းကင်ကို မော့ကြည့်မိတဲ့အခါ ကြယ်တွေသိပ်များနေရင် အဲဒီကြယ်
တွေကို လမ်းကြောင်းတခုနဲ့ဆက်ပြီး ဟန်နီ့မျက်နှာလေး ကျနော် တင်ဆက်
ပြသနိုင်ပါတယ်။ ဟန်နီက ကျနော့်ဘဝရဲ့ ပထမဆုံး အလင်းရောင်ကလေး
ကိုး . . .
©©©©©
အခန်း (၁၆)

ကျနော်နဲ့ သူနဲ့က ရည်းစားဖြစ်ပြီးတဲ့နောက်လဲ သီးသန့်ချိန်းတွေ့တယ်ရယ်


လို့ မရှိသေးဘူး။ ကျောင်းသွားတဲ့လမ်းမှာ ခိုးနမ်းတာ။ ကျနော့်ဆိုင်ကို သူ
လာတဲ့အခါ သူ့လက်ကလေးကို ဆိုင်ပေါ်ကနေ ဖမ်းဆုပ်ကိုင်ထားတာ။ သူ
တို့ တိုက်လှေကားမှာ ကျစ်သိပ်နေအောင် ဖက်ထားတာ။ ကျနော်တို့ နှစ်
ယောက်ရဲ့ အချစ်ဟာ ထိတွေ့မှုဟာ အဲဒါပါပဲ။ ပြည့်ပြည့်နဲ့တုန်းကလို စိတ်
မျိုးပေါ်မလာဖူးဘူး။ သူနဲ့ချစ်သူဖြစ်တဲ့အချိန်မှာ ကျနော်က လူပျိုဖြစ်တာ
ဖြင့် ကြာလှနေပြီ။ အောကားတွေ ကြည့်တယ်။ အောစာအုပ်တွေဖတ်တယ်။
ဒါပေမယ့် သူ့ကို တခါမှပစ်မှားကြည့်လို့ မရဖူးဘူး။ သူ့ကို ဖက်ထားရတဲ့
အချိန်တွေ၊ သူ့နဖူးလေးကို အချိန်အကြာကြီးနမ်းနေမိတဲ့ အချိန်တွေမှာ ကျ
နော်ဟာ ကြည်နူးတာအပြင် ဘာစိတ်မှမဖြစ်ခဲ့ဘူး။ သူကလဲ သိပ်ငယ်သေး
တယ်။ နောက်ပြီး သူက အပျိုတောင် မဖြစ်သေးပါဘူးဗျာ။ အဲဒါကတော့
နောက်မှသိရတာပါ။ သူ့ရဲ့အပျိုဖြစ်ခြင်းကပဲ သူဟာ ကျနော့်ရဲ့ အိပ်မက်ထဲ
က နတ်သမီးလေးသက်သက် ဖြစ်သွားခဲ့ရတာပေါ့။
ကိုးတန်းစာမေးပွဲဖြေပြီးတော့ ကျနော်ဟာ ကိုယ့်ကိုယ်ကိုယ် ဘဲကြီးတဗွေ
ဖြစ်လာပြီလို့ ထင်လာမိတယ်။ ဆယ်တန်းတက်ရတော့မှာဆိုတော့ ကျောင်း
မှာ ကျနော်တို့ ထက်ကြီးတာ ဆရာ၊ဆရာမတွေပဲ ရှိတော့မှာလေ။ အဲဒီတော့
ဆယ်တန်းမတက်ရခင်ကတည်းက ချာတိတ်တွေ ငေးနေရမယ့်
ကျောင်းသားကြီးအချိုးတွေ စချိုးတတ်လာနေပြီ။ အမေ့ဆိုင်ထိုင်
ပေးလိုက်၊ လက်ဖက်ရည်ဆိုင်ထိုင်လိုက်၊ တချို့နေ့လယ်ခင်းတွေ ကိုမျိုး
သန့်နဲ့ဆူးလေဂိတ်ကိုသွား၊ တွေ့တဲ့ကားပေါ်တက်ပြီး မြို့အနှံ့ ကားလျှောက်
ပတ်စီးပေါ့ဗျာ။ အဲဒီအချိန်မှာ ကိုမျိုးသန့်ကလည်း အလုပ်ပြောင်းတယ်။
နောက်အလုပ်ကလဲ ကလပ်ဝိတ်တာပဲဆိုပေမယ့် ကန်တော်ကြီးစောင်းက
ဟော့ရှော့ကလပ်ကို ရောက်သွားတယ်။ အဲဒီကိုစပြောင်းတော့ ကျနော့်ကို
တောင် “ဒီကလပ်ကပိုကောင်းတယ်ကွ၊ နောက်မှ ငါမင်းကို ခေါ် ဦးမယ်” လို့
ပြောသေးတယ်။ ပထမအကြိမ်တုန်းက ကြုံခဲ့ရတဲ့ အတွေ့အကြုံအရ ကျ
နော်က သိပ်မက်မက်စက်စက်မရှိတော့ဘူး။ အဲ့လိုမျိုးတွေ ကျနော်က သိပ်မ
ပျော်တတ်ဘူးဗျ။
ဟန်နီနဲ့ကျနော် ပထမဆုံးအကြိမ်ချိန်းတွေ့တာ အတန်းတင်စာမေးပွဲတွေဖြေ
ပြီး နောက်တရက်မှာဗျ။ မနက်ခင်းကတည်းက နေ့လယ်နှစ်နာရီကျော်ရင်
စာအုပ်ဆိုင်ကို လာခဲ့ပါလားလို့ ကျနော်ပြောတော့ သူကလည်း လွယ်လွယ်ပဲ
ယ် ပြော ချိ န်း ယ် ည် ပေါ့ တ် င်
လာခဲ့မယ်လေ ပြောတာနဲ့ ချိန်းတွေ့တယ် မည်သွားတာပေါ့ဗျာ။ နတ်သျှင်
နောက်စာအုပ်ဆိုင်ဆိုတာက ကျနော်တို့ ဝင်းရဲ့အပြင်ဘက်ကဆိုင်ဆိုပေမယ့်
အုတ်တံတိုင်းရယ် လမ်းကလေးရယ်ပဲခြားတယ်။ အဲဒီလမ်းကလဲ
လူသွားလူလာလဲ အရမ်းကိုနည်းတယ်။ စာအုပ်ဆိုင်ရှိတဲ့လမ်းမို့ လားပဲ မသိ
ပါဘူး။
စာအုပ်ဆိုင်ကလည်း ဘယ်တော့ဖြစ်ဖြစ် ဆိုင်အပြင်ဘက်ကလူက အထဲကို
လှမ်းကြည့်ရင် မှောင်မဲနေတာ။ ဆိုင်ထဲဝင်သွားရင်လဲ ဘယ်တော့မှလူမရှိ
ဘူး။ လာငှားတဲ့လူတင် မရှိတာချည့်မဟုတ်ဘူး။ ဆိုင်ရှင်တွေပါ မရှိတာ။
တော်တော့်ကိုနည်းတဲ့ တကြိမ်တခါလောက်ပဲ စာအုပ်ဆိုင်ထဲဝင်သွားတဲ့
အခါ စားပွဲမှာ ဆိုင်ရှင်အဒေါ် ကြီးထိုင်နေတာ မြင်ရတတ်တယ်။ အဲလိုများ
မြင်ရရင် ထီတောင်ထိုးသင့်တယ်။ များသောအားဖြင့် သူတို့ က အိမ်ထဲမှာ
ချည့်နေကြတာ။ ဘယ်လိုလဲ မသိဘူးဗျာ။ ဆိုင်ကြီးဖွင့်ထားပြီး အိမ်ထဲထိုင်
နေရတယ်လို့ ။ ဒီတော့ “ဆိုင်ထဲဝင်ပြီးမှ စာအုပ်ငှားချင်လို့ ဗျို့” အော်ခေါ်ရ
တယ်။ အဲဒါတောင် တခါတလေ မကြားလို့ ထွက်မလာဘူး။ ငယ်ငယ်တုန်း
က ကျနော်တို့ တွေ စာအုပ်တွေခိုးတယ်ဆိုတာ ဘာဟုတ်သေးလဲ။ တဆိုင်
လုံးကားပေါ်တင်ပြေးတောင် သိမှာမဟုတ်ဘူး။
ဆိုင်ရှင်ကို လှမ်းခေါ်တော့ အန်တီကြီး ထွက်လာတယ်။ ဒါပေမယ့် သူ့ဆိုင်
မှာ စာအုပ်ငှားဖူးတာက လူနည်းနည်းပဲရှိလေတော့ ကျနော်တို့ နှစ်ယောက်ကို
မြင်တာနဲ့သိတယ်။
“အေး အေး ရွေးကြဦး၊ ပြီးရင် လှမ်းခေါ်လိုက်နော်”
ပြောပြီး အိမ်ထဲပြန်ဝင်သွားပြန်ရော။ သူတို့ ဖွင့်ထားတဲ့စာအုပ်ဆိုင်သူတို့ ပြန်
မုန်းနေသလိုပဲ။ ဒါပေမယ့် ကိစ္စမရှိဘူး။ ကျနော်က ပိုတောင် သဘောကျ
သွားသေးတယ်။ သိတယ်မဟုတ်လားဗျာ။ သမီးရည်းစားချိန်း တွေ့တာ
လေ။ ဘယ်သူမှမရှိလေ ကောင်းလေပေါ့။ ကျနော်လဲ ဟန်နီအနားလေးပဲ
ကပ်ပြီးရပ်နေမိတယ်။ သူ့ဆီက ထွက်လာတဲ့ ကိုယ်သင်းနံ့လေးကို ရှူနေတာ
ပေါ့ဗျာ။ ကျနော်အကြိုက်ဆုံး အနံ့ပဲ လေ။
“အစ်ကိုလဲ စာအုပ်ရွေးလေ၊ ဘာဖတ်မှာလဲ ဟန်နီ ရွေးပေးရမလား”
“ကောင်းတာပေါ့ ဟန်နီရွေးပေးတာ အစ်ကိုဖတ်မယ်၊ ဟန်နီဖတ်ဖူးတဲ့ထဲက
ရွေးပေးလေ”
သူက စာအုပ်စင်တခုဘက် ခြေလှမ်းရွှေ့သွားတယ်။ ကျနော်လဲ သူ့လက်
ကလေးကို လှမ်းကိုင်ထားလိုက်တယ်။

ပါဦး ဦး ဖြေး ဖြေး ပေါ့ ဒါ န် နီ ဖြေ နို င်


“နေပါဦး ခု မရွေးသေးနဲ့ဦးလေ ဖြေးဖြေးပေါ့။ ဒါနဲ့ ဟန်နီစာမေးပွဲဖြေနိုင်
လား”
“အင်း ဖြေနိုင်တာပေါ့ အစ်ကိုရော”
“အေးဆေး အောင်ပြီးသားပါကွာ။ နောက်နှစ်ဆယ်တန်းပဲ သေချာတယ်”
ဟန်နီက ပြုံးနေတယ်။ သူ့လက်ကလေးကိုကိုင်ပြီး သူ့မျက်နှာလေးကြည့်မိ
မှ ဟန်နီက နည်းနည်းပိန် သွားတယ်လို့ ကျနော်ထင်လာတယ်။ နဖူးထောင့်
ကလေးမှာလဲ ဝက်ခြံဖုကလေးထင်ပါရဲ့ အနီဖုကလေးတဖု တွေ့တယ်။
“နေမကောင်းဘူးလား”
“ကောင်းပါတယ် ဒါပေမယ့် ဒီရက်ပိုင်း ဗိုက်နာနာနေတယ် အစ်ကိုရ”
“အီးပါချင်လို့ လား ဟား ဟား”
“အို မဟုတ်ပါဘူး အစ်ကိုကလဲ ...”
ရှက်သွားတဲ့ ပုံလေးမို့ ကျနော်လဲ မပြောမဆို သူ့နဖူးလေးကို ကုန်းနမ်းလိုက်
တယ်။ ကျနော်လဲ ပြောရရင် လက်ရဲဇက်ရဲ နှုတ်ခမ်းရဲဖြစ်နေပါပြီ။
“အား နာတယ် အစ်ကိုရ”
“ဟင် ဘာဖြစ်လို့ လဲ”
“ဒီမှာလေ ဒီဖုလေးကို ထိမိလို့ ”
သူ့နဖူးလေး သူပြန်ပွတ်ရင်း ငိုမဲ့မဲ့ဖြစ်နေတဲ့ ဟန်နီ့ကိုကြည့်ရင်း ကျနော်လဲ
သနားသွားတယ်။
“တောင်းပန်ပါတယ်ကွာ သတိမထားမိလိုက်လို့ ဒါနဲ့ ဒီဝက်ခြံဖုလေးက အဲ့
လောက်တောင်နာလား။ မှည့်နေလို့ ထင်တယ် ပြကြည့်စမ်း”
နဖူးပေါ်က ဖုကလေးက သေချာကြည့်မိတော့မှ အနီရောင်မဟုတ်ဘူးဗျ။
ခရမ်းရောင်လေးတောင် နည်းနည် သမ်းချင်သလိုပဲ။ ဘေးကအရေပြားတွေ
လဲ တင်းနေတယ်။
“ဆေးလိမ်းလိုက်လေ ဟန်နီရဲ့ အစ်ကိုဆို ဝက်ခြံတွေခဏခဏပေါက်တာ
ထုံးလေးတို့ လိုက်ရင် ပျောက်သွားတာပဲ။ ဟန်နီက ဘာဆေးမှလဲ မလိမ်း
ဘူး။ အဲဒါကြောင့်နာတာ။ အပြန်ဆိုင်ဝင်ခဲ့ အစ်ကို ထုံးတို့ ပေးမယ်”
ကျနော်က ကြင်ကြင်နာနာလေးပြောလိုက်တော့ ဟန်နီက ကျနော့်က ကျနော့်
ရင်ခွင်ထဲကို တွန်းဝင်လာတယ်။ ကျနော်လဲ အလိုက်သင့်ဖက်ထားရင်း သူ့

ခေါ င်း ကို င် င် တ် မိ ပေါ့ ဒီ


ခေါင်းကလေးကို ညင်ညင်သာသာလေး ပွတ်ပေးနေမိတာပေါ့။ အဲဒီ
အနေအထားလေးအတိုင်း တနှစ် နှစ်နှစ် ထာဝရကြာချင်ကြာပါစေဗျာ။
ကျောက်ရုပ်တွေလို နေလိုက်ချင်တော့တယ်။
ကျနော်တို့ နှစ်ယောက် အကြည်ဆိုက်နေတာ နာရီဝက်လောက်ကြာတော့မှ
ဆိုင်ရှင် အဒေါ် ကြီးက ဘာသံမှမကြားတော့လို့ ထင်ပါရဲ့ ထွက်ကြည့်တယ်။
ကျနော်တို့ ရှိသေးတာတွေ့သွားတော့မှ အိမ်ထဲ ပြန်မဝင်ဘဲ စားပွဲမှာ
မေးထောက်ပြီး ဆိုင်နဲ့မျက်နှာချင်းဆိုင်က အုတ်တံတိုင်းကြီးထိုင်ငေးနေ
တယ်။ သူထွက်လာမှ ကျနော်တို့ ရဲ့ စာအုပ်ရွေးတဲ့အလုပ်ကလဲ စရတယ်။
အစောပိုင်းက ဘာစာအုပ်မှမရှာဘဲ သူ့လက်ကလေးကိုင်လိုက်၊ ဆံပင်လေး
သပ်ပေးလိုက် လုပ်နေတာကိုး။ သူကလည်း ကျနော့်ကို သူ့အရပ်ကလေးနဲ့
ကျနော့်ပုခုံးကို လှမ်းလှမ်းဖက်တယ်ဗျ။ ကျနော်က သူမှီအောင် ပုခုံးနည်း
နည်း နှိမ့်ပေးရတာပေါ့။ ကျနော်ပုခုံးကို ဖက်မိသွားတော့မှ ကျနော်တို့
ယောကျာ်းလေးချင်း လုပ်ကြ ပြောကြသလိုမျိုး “ဟေ့ရောင် ယောက်ဖ
ဘယ်လိုလဲ” တဲ့။ ဒီကောင်မလေး ဘယ်မှာအဲ့တာမျိုး မြင်ဖူးတယ် မသိဘူး။
ကျနော်တောင် သူအဲ့ဒီလိုပြောတာကြားလိုက်ရတာ အံ့ဩနေမိတယ်။ ပြီး
တော့ နှစ်ယောက်အတူတူ ရယ်မိကြတာပေါ့။
နောက်နှစ်ကျရင် ဟန်နီက ကိုးတန်းတက်တော့မှာ။ ကိုးတန်းဆိုရင် ဝင်းထဲ
က မိဘတော်တော်များများက မြို့ထဲက ကျူရှင်တွေတက်ခိုင်းတာပဲ။ ဟန်နီ
နဲ့ကျနော် အပြင်မှာ လျှောက်လည်လို့ ရပြီလို့ ပြောပြတော့ ဟန်နီက ပျော်နေ
တယ်။
အဲဒီနေ့က ဟန်နီက ကျနော်ဖတ်ဖို့ တဲ့ စာအုပ်တအုပ်ရွေးပေးတယ်။ ဆရာ
မင်းလူရဲ့ စာအုပ်ပါပဲ။ စာအုပ်နာမည်က “အချစ်သည် သက်တော်ရာကျော်
ရှည်ပါစေသတည်း” တဲ့။
®®®®®
အခန်း (၁၇)

တခါချိန်းတွေ့ပြီးတဲ့နောက် နောက်တခါတွေက မခက်တော့ဘူး။ ဒါပေမယ့်


လွယ်လဲ မလွယ်တော့ဘူး။ နောက်နှစ်ရက်ဆက်တိုက် ‘နတ်သျှင်နောင်’
စာအုပ်ဆိုင်မှာပဲ ကျနော်တို့ ချိန်းတွေ့ကြတယ်။ ဒုတိယနေ့ရောက်တော့ ဟန်
နီ့နဖူးပေါ်က အဖုလေးက အဖုကြီးဖြစ်လာတယ်။ ဆင်ဝက်ခြံလောက်ရှိတဲ့ ဖု
ကြီးမျိုးပဲဗျ။ နာတာလည်း တော်တော်နာတယ်ပြောတယ်။ နောက်ပြီး
ညာဘက်မေးစေ့နားမှာပါ ပထမနေ့ကလောက် ဖုလေးတဖု ထပ်ထွက် နေ
ပြန်တယ်။ ဟန်နီတော့ အပျိုဖြစ်ပြီထင်တယ်လို့ ကျနော် တွေးနေမိတယ်။
တခြားစိတ်နဲ့အဲ့လိုတွေးတာတော့ မဟုတ်ပါဘူးဗျာ။ ကျနော် လူပျိုစိတ်စဝင်
တော့လည်း အဲ့လိုပဲ ဝက်ခြံဖုတွေဘာတွေ တဖုပြီးတဖု ပေါက်ခဲ့တာပဲကိုး။
အဲဒီနေ့ကတော့ သူ့မှာ ဝက်ခြံဖုကြီးပေါ် ပဲ စိတ်ရောက်နေတယ်ထင်ပါရဲ့။
ကောင်းကောင်းမလန်းဘူး။ စာအုပ်အသစ်လဲ မငှားတော့ဘူးတဲ့။ ဒီရက်ပိုင်း
စာဖတ်လို့ သိပ်မကောင်းဘူး အစ်ကိုရယ်လို့ တိုးတိုးကလေး သူပြောတယ်။
သူမငှားတော့တာနဲ့ ကျနော်လဲ မငှားတော့ပါဘူး။ ကျနော့်ကို သူငှား
ပေးလိုက်တဲ့ စာအုပ်ကလည်း ဖတ်တာ တဝက်တောင်မရောက်သေးဘူး။ ဒါ
ပေမယ့် သူ့စာအုပ်အပ်ပြီး ချက်ချင်းတော့ မပြန်ဖြစ်ကြပါဘူး။ စာအုပ်ဆိုင်
မှာရှိတဲ့ တန်းလျားမှာထိုင်ပြီးပဲ တယောက်မျက်နှာတယောက်ကြည့်နေခဲ့ကြ
တယ်။
“ဝက်ခြံပါ ဟန်နီရာ အစ်ကို့ တုန်းကလဲ ဒီလိုပါပဲ တဖုပြီးတဖုထွက်လာတာ
မှည့်ရင်နာတာပဲ”
သူ အရမ်းကြီးစိတ်ညစ်နေမစိုးလို့ ကျနော်လဲ ကိုယ်သိတာလေးနဲ့ ပြောချော့
ရတယ်။ မနည်းကြီး အားတင်းပြုံးရတဲ့ ပုံမျိုးနဲ့ သူ ပြုံးပြတယ်။ သူအဲ့လို
ပြုံးလိုက်တာကို ကျနော် ဝမ်းနည်းနေခဲ့မိတယ်။ သူက ပြုံးဖို့ ရယ်ဖို့ အရမ်း
လွယ်တဲ့ကောင်မလေးပါ။ နည်းနည်းကြာတော့ နက်ဖြန်လဲ ဆုံကြစို့ နော် လို့
ချိန်းပြီး ကျနော်တို့ အိမ်ပြန်ခဲ့ကြတယ်။
တတိယနေ့ရောက်တော့ ဟန်နီ ဖျားနေပြီ။ မျက်နှာမှာလည်း ဝက်ခြံဖုကြီး
တွေက လေးငါးဖုဖြစ်နေလို့ အနှီးစလို ပိတ်ဖြူတစကို ယောကျာ်းဆောင်း
လျှာထိုးဦးထုပ်နဲ့ညှပ်စောင်းထားရင်း မျက်နှာရှေ့မှာကာထားတယ်။ အဝတ်
စကိုမပြီး သူ့မျက်နှာကိုကြည့်မိတော့ ဟန်နီ့မျက်နှာက အန်းနေတယ်။ ကျ

နော် ကိုကြ ည့်ပြီး စိ တ် င်း ဖြ စ် မိ ယ် ကြီး ည်း


နော်သူ့ကိုကြည့်ပြီး စိတ်မကောင်း ဖြစ်နေမိတယ်ဗျာ။ ဖုကြီးတွေကလည်း
လူကြီးတယောက်ရဲ့လက်မလက်သည်းလောက်ကြီးတွေ။
“ဟန်နီ အရမ်းနာနေလားဟင်”
“အရမ်းနာတာတော့ မဟုတ်ပါဘူးအစ်ကိုရယ်။ နည်းနည်းတော့ နာတာပေါ့။
ဒါပေမယ့် ဘုတွေကလဲ ပိုပိုတိုးလာတော့ အဲဒီပဲ စိတ်ကရောက်နေမိတယ်
ဟန်နီစိတ်တောင်ညစ်လာပြီ”
စကားပြောရင်းနဲ့ ငိုသံကလေးပါလာတယ်။ ကျနော့်သူ့ကို နောက်ကနေသွား
ဖက်ထားလိုက်တယ်။ ရှေ့က ဖက်ရင် သူ့မျက်နှာလေးကို ထိမိမှာစိုးလို့ ပါ။
ကျနော်က ဖက်လိုက်တော့ ဟန်နီက ပိုပြီးအငိုသည်းလာတယ်။
“တိတ်ပါကွယ် အစ်ကို့ ဟန်နီလေးရယ် တိတ်ပါ ပျောက်သွားမှာပေါ့။ ဘာလဲ
အမာရွတ်တွေကျန်ခဲ့ရင် ဟန်နီ ရုပ်ဆိုးသွားမှာစိုးလို့ လား။ အစ်ကိုကတော့
ဘယ်လိုဖြစ်ဖြစ် ချစ်မှာပါနော်”
ဟန်နီ ဘာမှပြန်မပြောဘူး။ သက်ပြင်းချသံလေး သဲ့သဲ့ပဲ ကျနော် ကြားမိ
တယ်။
“ဟိုဟာဖြစ်ရင် နက်ဖြန်မလာရင် မလာနဲ့တော့လေ ဟန်နီလေး။ နေကောင်းမှ
လာခဲ့တော့လေ။ ခုတောင် ဖျားနေတာမဟုတ်လား”
“ဟန်နီ နေလို့ မကောင်းတော့ မနက်ဖြန်မလာတော့ဘူးလို့ အစ်ကို့ ကို ပြောမ
လို့ ပဲ။ တော်ကြာ အစ်ကိုက စိတ်ဆိုးနေမှာစိုးလို့ ပါ”
“အိုကွာ အစ်ကိုက ဘာလို့ စိတ်ဆိုးရမှာလဲ ဟန်နီကလဲ”
အဝတ်စကို ဖယ်ပြီး မျက်နှာကိုကြည့်တော့ ဟန်နီပြုံးနေတယ်။ ပြီးတော့ သူ့
အဝတ်စကို ဖယ်ပြီး ကြည့်နေတဲ့ ကျနော့်ပါးကို ရွှတ်ခနဲ တချက်နမ်းလိုက်
တယ်။ ဝမ်းသာလိုက်တာဗျာ။ စာအုပ်ဆိုင်အမိုးထိရောက်အောင် ထတောင်
ခုန်ပစ်လိုက်ချင်တယ်။ ကျနော့်ပါးပေါ်က သူ့နှုတ်ခမ်းနဲ့ထိသွားခဲ့တဲ့ နေရာ
ကလေးကွက်ကွက်ကလေးတင် ခြံခတ်ပြီး သိမ်းထားလိုက်ချင်မိတယ်။ ဟန်
နီ့ကို ကျနော်ကသာ ခဏ ခဏ ခိုးခိုးနမ်း၊ လစ်ရင်လစ်သလို နမ်းခဲ့တာ။
သူက အခုလို လျှပ်တပြက်နမ်းလိုက်တော့ ကျနော့်မှာ ဝမ်းသာလုံးဆို့ ပြီး
သေသွားမှာတောင် စိုးရတယ်။ အဲဒီနောက် ပြုံးရွှင်လျက်ပဲ ကျနော်တို့ အိမ်
ပြန်ခဲ့ကြတယ်။
တရက်နှစ်ရက် မျက်နှာကိုအဝတ်စတွေပြောင်းအုပ်ရင်း ဟန်နီ တခါတလေ
ဆိုင်ရှေ့ကနေ ဖြတ်သွားနေခဲ့သေးတယ်။ နောက် သူ ဆိုင်ရှေ့ကိုဖြတ်သွား
တာ မမြင်ရတော့ဘူး။ ကျနော် သူတို့ တိုက်ပေါ်ကိုတက်ပြီး အခန်းရှေ့ကနေ
ဖြ တ်ဖြ တ် က်ကြ ည့် ယ် အိ မ် ယ် ကို ပါ
ဖြတ်ဖြတ်လျှောက်ကြည့်သေးတယ်။ အိမ်ရှေ့မှာ ဘယ်သူ့ကိုမှ မတွေ့ရပါ
ဘူးဗျာ။ လေးငါးရက် မတွေ့ရတာကြာတော့ ကျနော် မနေနိုင်တော့ဘူး။ ကို
မျိုးသန့်နဲ့လက်ဖက်ရည်ဆိုင်ထိုင်ရင်း အရဲစွန့်ပြီး မေးကြည့်မိတယ်။
“အစ်ကို ဟန်နီ ဘုတွေပေါက်တာ သက်သာလားဗျ”
“ငါ့တူမလေး နေမကောင်းဘူးကွ ဘာဖြစ်တာလဲ မသိပါဘူးကွာ။ ယောက်ဖ
ဆိုတဲ့ကောင်လဲ ဆေးခန်းလေး ဘာလေးပြဖို့ တောင် အတင်းပြောနေရ
တယ်။ ပြတော့လဲ သာမန်ကာလျှံကာ၊ ဆေးခန်းတခုက မသက်သာရင်
နောက်တခုပြောင်းပြပေါ့ကွာ။ ဖယောင်းဂျက်လိုလို ဦးစိုင်းလိုလိုတွေ
လျှောက်လိမ်းပေးနေတယ်။ ကြားထဲက ကလေးက ဝေဒနာခံစားနေရတာ။
ဒီကောင်တွေလဲ ငါ ပြောကိုမပြောချင်တော့ဘူး။ အလကားပဲ စိတ်ပျက်
တယ်။ ပြောရတာလဲ အာပေါက်နေပြီ။ ငါ့အစ်မကလည်း မစွံဘူး။ သူ့
ယောကျာ်းကမလှုပ်ရင် ဒင်းကပါ လိုက်မလှုပ်ဘူး။ ကလေးကို ဂရုမစိုက်ကြ
ဘူး။ နက်ဖြန်တော့ ငါ ကိုယ်တိုင် ဆေးခန်းလိုက်ပို့ မလို့ ”
ကိုမျိုးသန့်လည်း သူ့တူမလေး နေမကောင်းတော့ မျက်နှာသိပ်မကောင်း
ဘူး။ သူ့ယောက်ဖနဲ့အစ်မကိုပါ ဆဲနေရာပဲ။ ကျနော်လဲ အဲဒီထက်ပိုပြီး မေး
လို့ ကလည်း မကောင်းတာနဲ့ ဟန်နီ နေကောင်းသွားမှာပါလို့ ပဲ တွေးမှတ်
လိုက်တယ်။ ဖုကလေးတွေပေါက်တာပဲဗျာ။ လူတိုင်းဖုပေါက်နေတာပဲလို့
ဖြေသိမ့်လိုက်တယ်။
ကျနော်က ခြောက်တန်းနှစ်လောက်ကစပြီး သူများတွေအတွက် ရည်းစားစာ
တွေ ခဏခဏရေးပေးရတယ်ဗျ။ အဲဒီအပိုင်းမှာ ဘာကြောင့်မှန်းမသိဘူး
ကျနော်ကပါရမီပါတယ်။ လက်ရေးကလည်းလှတယ်။ အဲဒီလို ရည်းစားစာ
တွေ ရေးပေးရတိုင်း ကျနော်အမြဲတမ်းထည့်ရေးတဲ့ စကားလုံးက ‘ထာဝရ’
ဆိုတာပဲ။ ‘ထာဝရ အချစ်များစွာဖြင့်’ ၊ ‘ထာဝရ ပျော်ပါစေ’၊ ‘ထာဝရ ချစ်နေ
မယ့်သူ’ စသဖြင့်ပေါ့ဗျာ။ လွယ်လိုက်တဲ့ ထာဝရတွေ။ ဒါပေမယ့် ထာဝရ ဆို
တာ ထာဝရကို မဖြစ်နိုင်တဲ့ ကိစ္စပဲ။ ဘယ်သိမလဲလေ။ ထာဝရဆိုတဲ့
စကားလုံးကိုတောင် သေချာစဉ်းစားကြည့်ရင် အဓိပ္ပါယ်ပေါက်အောင် သိ
တယ်မထင်မိဘူး။
ကိုမျိုးသန့်ကို ဟန်နီ့အကြောင်း ညနေမှာမေးပြီးတဲ့နောက် အဲဒီနေ့ရဲ့ည၊ ည
သန်းခေါင်ကျော် မနက်ခင်းဝင်စ သုံးနာရီလောက်မှာပဲ ကျနော့်ဘဝရဲ့ ပထမ
ဆုံးအချစ်အလင်းရောင်မလေး ဟန်နီဟာ ကွယ်လွန်သွားခဲ့ပါတယ်။ ယုံနိုင်
ရဲ့လားဗျာ . . .
®®®®®
အခန်း (၁၈)

မနက်ခင်းဆိုင်ဖွင့်ပြီးတော့
အမေမလာခင် ဆိုင်ထိုင်ပေးနေတဲ့ ကျနော်ဆီ
ကိုးနာရီတိတိမှာ အမေက ဆိုင်ပေါ်တက်လာရင်း သတင်းစကားပေးတယ်။
ဘာကြောင့်မှန်းမသိ အမေဟာ အသံတွေတောင် တုန်နေတယ်။
“သန့်ဇင် သားလေး လျှပ်စစ်ပစ္စည်းဆိုင်က ကိုသိန်းထွန်း သမီးလေး ညက
ဆုံးသွားပြီတဲ့”
အမေပြောတာကို ကျနော် မျက်လုံးပြူးနဲ့ကြည့်နေခဲ့မိတယ်ထင်တယ်။ အဲဒီ
အပိုင်းလေး ကျနော်သေချာ မမှတ်မိတော့ဘူးဗျာ။ ကျနော့်ခေါင်းက
ရုတ်တရက် မူးနောက်နောက်ဖြစ်သွားပြီး ဝေဝါးနေတယ်။ ဒါပေမယ့် ခဏ
ကလေးနဲ့ပဲ ပြန်ကြည်လင်သွားတယ်။ အဲဒီကြည်လင်မှုဟာ ကျနော့်ကို အရူး
တယောက်လို ကူကယ်ရာမဲ့ နာကျင်နေဖို့ ပဲဗျာ။ သတင်းစကားကြားလိုက်ရ
တဲ့ အချိန်ကလေးကို ကျနော်သေတောင် မေ့မှာမဟုတ်တော့ပါဘူး။
သေခြင်းတရားနဲ့ပတ်သက်ရင် ကျနော်က ကောင်းကောင်းနားမလည်သေး
ဘူးလို့ ထင်မိတာ။ ကိုဘီလူးရဲ့ အဖေ သေတုန်းက ကျနော်ဟာ သေခြင်းနဲ့
ပတ်သက်လို့ ပထမဆုံး မျက်မြင်ကြုံတွေ့ရတာပဲ။ လူတယောက် ရင်ဘတ်
ပေါ် လက်နှစ်ဖက်ယှက်တင်လို့ အိပ်နေသလိုဟာ သေတာပဲလားလို့
မရေမရာတွေးဖူးတယ်။ ဒါပေမယ့်လဲ အသက်ကြီးတဲ့ လူတယောက်လဲဖြစ်
ကိုယ်နဲ့လဲ သူစိမ်းဆန်လှတဲ့ လူတယောက်သေခြင်းဟာ ကျနော့်ကို ဘာမှ
အနှောင့်အယှက်လဲ မဖြစ်စေခဲ့ဘူး။ ပုတုသေပြန်တော့ မျက်စိနဲ့တပ်အပ်မြင်
ခဲ့ရတာမဟုတ်ဘဲနဲ့တောင် ကျနော်ဟာ ရှိုက်ကြီးတငင် ငိုေြွကးခဲ့ရတယ်။
သေတယ်ဆိုတာ လူကြီးတွေအတွက်ချည့်ပဲမဟုတ်ဘူးလို့ စသိလာရတာ
ပေါ့။ အခုတော့ဗျာ ကျနော် ဘယ်တုန်းကတွေးမကြည့်ခဲ့ဖူးတဲ့ သေတယ်ဆို
တဲ့ ကိစ္စကြီးက ကျနော့်အချစ်ရဆုံး ဟန်နီ့ဆီ ရောက်လာခဲ့တယ်။ သူ သေ
သွားပြီဆိုတဲ့ အသိကြီးက အရိုက်ခံရတိုင်း ကိုယ်ပေါ်ရောက်လာတဲ့ အရှိုးရာ
တွေထက်တောင် နာကျင်ရသေးတယ်။ ဟန်နီနဲ့ နောက်တခါလေးတောင်
ထပ်မတွေ့ရတော့ဘူးလားဗျာ။
ကျနော် ဟန်နီ ရှိရာဆီကို ပြေးနေမိတယ်။ ဖိနပ်တောင် မပါခဲ့ဘူး။ တိုက်ရှေ့
ကိုရောက်တော့ အောက်ဆုံးထပ် မြေကွက်လပ်မှာတင် ထိုင်ခုံတွေ အများ
ကြီးချလို့ ကနံဖျင်းတဲထိုးထားတာတွေ့တယ်။ ကျနော်တိုက်ပေါ် ပြေးတက်
သွားတယ်။ ဒုတိယထပ်လောက်ကတည်းက ဟန်နီတို့ အိမ်က ငိုသံတွေဟာ
စ် ဆီ ကြား ပြီ တို့ ပ် ပ် က်
လှေကားထစ်တွေဆီမှာ ကြားနေရပြီ။ သူတို့ အထပ်တထပ်လုံးရဲ့ လျှောက်
လမ်းဝရန်တာမှာ လူတွေကိုအများကြီးပဲ။ သူတို့ အိမ်ရှေ့က ဖိနပ်တွေ
ကတော့ အဲဒီထက်တောင်များသေးတယ်။ ကျနော် ပြတင်းပေါက်ကနေ
အထဲကို လှမ်းကြည့်တယ်။ ကျနော့်ရဲ့ ဟန်နီကလေးဟာ ဘုရားစင်ရှေ့က
ကွပ်ပျစ်ပေါ်မှာ ပက်လက်ကလေးဗျ။ မျက်နှာကိုတော့ ပိတ်ဖြူနဲ့ ဖုံးလို့ ထား
တယ်။ ကျနော် အဲဒီမြင်ကွင်းကို ဘယ်လိုမှဆက်မကြည့်နိုင်တော့ဘူးဗျာ။
အခန်းဘေးက လှေကားထစ်မှာ တအောင့်လောက်ထိုင်ပြီး ငိုနေမိသေး
တယ်။ ဒါပေမယ့် နာရေးဆိုတော့ လူတွေကတက်လာလိုက်ကြ ဆင်းသွား
လိုက်ကြ။ လူတကာသွားနေတဲ့ လှေကားထစ်မှာ ထိုင်ငိုနေဖို့ က ဘယ်လိုမှ
အဆင်မပြေပါဘူး။ အိမ်အထိရောက်အောင် ခေါင်းငုံ့ ပြီးကျနော်ပြေးခဲ့
တယ်။ ကျနော့် အောက်မှာ မြေကြီးမရှိတော့သလိုကို ပြေးတာ။ ဒါပေမယ့်
ဗျာ ကျနော့်ခေါင်းပေါ်မှာလည်း ကောင်းကင်မရှိတော့သလိုပါပဲ။
ကျနော်တို့ ဟာ တနေ့မဟုတ်တနေ့နေ့မှာ ကိုယ်ချစ်တဲ့သူတွေ သေဆုံး
ကွယ်လွန်သွားတာတွေကို ထိုင်ကြည့် ကြရမှာပါ။ သေချာတယ်ဗျာ အဲဒါ
အမှန်တရားပဲ။ ဘယ်သူမှ ပုန်းရှောင်လို့ မရပါဘူး။ ဘယ်သူမှ လွတ်ကင်းခွင့်
မရှိဘူး။ ဒါပေမယ့် ကျနော့်အသက်ဆယ့်ငါးနှစ်တောင် မပြည့်သေးချိန်မှာ
ကျနော် သိပ်ချစ်တဲ့ ကျနော့်သိပ်မြတ်နိုးရတဲ့ ကျနော့်ဘဝရဲ့လရောင်လေး
ဖြစ်တဲ့ ဟန်နီဟာ သေဆုံးသွားခဲ့တယ်။ ကျနော် သူ့ကို အရမ်းချစ်တယ်ဗျာ။
သူ့မျက်နှာလေး၊ သူပြောခဲ့တဲ့ စကားတွေ၊ သူ့ကို ဖက်ထားရတဲ့ ရင်ငွေ့တွေ၊
သူနဲ့တွေ့တိုင်း နားထင်မွှေးတွေထောင်ထလာအောင် ပျော်ခဲ့ကြည်နူးခဲ့ရတာ
တွေ။ သူ့ကို ပထမဆုံးနမ်းခဲ့ရတဲ့နေ့လေး။ နောက်ပြီး သူ ကျနော့်ကို ပထမ
ဆုံးနဲ့ နောက်ဆုံးအနေနဲ့ နမ်းခဲ့တာလေး။ မယုံကြည်နိုင်ဘူးဗျာ။ အဲဒါ သူ့ရဲ့
နောက်ဆုံး နှုတ်ဆက်အနမ်းကလေး ဖြစ်နေခဲ့တယ်။ အားလုံး အားလုံးဟာ
မျက်စိတမှိတ်အတွင်း ဘာဆိုဘာမှမရှိတော့ဘူး။
ချစ်ရသူနဲ့ နောက်ထပ်ဆိုတာ ဘာမှမရှိတော့ဘူးဆိုတဲ့ ခံစားချက်ဟာ သေ
သလိုပါပဲ။ တကယ့်ကို သေသလိုပါပဲလို့ ကျနော်တော့ထင်မိတယ်။ ကျနော်
က ခု ဒါတွေကို ပြောပြနေတော့၊ အသက်ရှင်နေသေးတော့ ကျနော်ပြောတဲ့
သေသလိုပဲဗျာဆိုတဲ့ စကားက လွယ်သလိုဖြစ်နေတာပေါ့။ ဒါပေမယ့် ကျ
နော်ဟာ သေနေခဲ့သလိုပါပဲ။ ကျနော့်သူ့ကို အရမ်းလွမ်းတယ်ဗျ။ အချိန်ရ
တိုင်း၊ တခြားဘာမှလုပ်စရာမရှိတိုင်း၊ ယနေ့အထိ ကျနော်သူ့ကို လွမ်းနေမိ
တုန်းပဲ။ လွမ်းမိတိုင်းလည်း နောက်ဆုံးတွေ့ခဲ့တဲ့ ခရမ်းရောင်ဖုတွေနဲ့ သူ့
မျက်နှာလေးကို မျက်စိထဲမြင်မိလာတယ်။ တခါတလေ သူ့မျက်နှာကလေး
ကို အဲဒီအဖုတွေမပါဘဲ မြင်ယောင်ကြည့်ဖို့ တောင် ခက်နေမိပါတယ်။

နော် ကို ပါ ဖြ ည်း ဖြ ည်း ဖြ တ် န်း


ကျနော်က နေ့တွေ နေ့တွေကို သူမပါဘဲ တဖြည်းဖြည်းနဲ့ ဖြတ်နေရတုန်းပဲ။
ဒါပေမယ့် သူက ဟိုးအဝေးကြီးမှာ ရပ်ကျန်နေခဲ့ပြီ။ ဟန်နီဟာ ရပ်ကျန်နေခဲ့
ပြီလို့ ကျနော်အမြဲတမ်းခံစားရတယ်။ ဒါပေမယ့် အဲ့လိုမဟုတ်ပါဘူး။ အဲ့လို
မဟုတ်ဘူးလို့ ပဲ ထင်ပါတယ်ဗျာ။ သူက ကျနော့်ကို သိပ်ချစ်ခဲ့တာ။ ကျနော်
အဲဒါကို သေချာသိတယ်။ သူက ကျနော့်ကိုအရမ်းချစ်တာ။ သူ နေမကောင်း
ဖြစ်လို့ “နောက်နေ့မလာပါနဲ့ဟန်နီလေးရာ” လို့ ကျနော်ပြောတော့ “ဟန်နီက
သိပ်နေမကောင်းဘူး အစ်ကိုရယ်။ ဒါပေမယ့် ဟန်နီမလာရင် အစ်ကို
စိတ်ဆိုးမှာ ဆိုးလို့ ” တဲ့။ ကျနော် သူ့စကားသံလေးတွေ ခုထိ မမေ့ဘူး။ မမေ့
လွန်းလို့ စကားသံလေးနဲ့တောင် မတူတော့ဘဲ အဲဒီစကားလေးကိုက ဟန်နီ
ကိုယ်တိုင်ဖြစ်နေသလိုပါပဲ။
ကောင်မလေးရယ်။ ကျနော်ချစ်တဲ့ ဟန်နီလေးရယ် ဘာလို့ လဲကွယ် လို့ ည
ကြီးသန်းခေါင်တွေမှာတော့ လန့်နိုးပြီး ကျနော် အော်ငိုမိတယ်။
ဒါပေမယ့်ဗျာ ဟန် နီ ဟာ ကျ နော့် ဆီ ပြန် မ လာ နိုင် တော့ ပါ ဘူး . . . . . . .
..
®®®®®
အခန်း (၁၉)

ကျနော်ဟာ ကျောက်ရုပ်တရုပ်လိုဖြစ်နေတယ်။ ဒါပေမယ့် တကယ်ဖြစ်တာ


မဟုတ်ပါဘူး။ ကျောက်ရုပ် တကယ်ဖြစ်သွားဖို့ တောင့်တပေမယ့် ကျနော်
ဟာ ကျောက်ရုပ်တရုပ် ဘယ်တော့မှ ဖြစ်မသွားနိုင်ခဲ့ဘူး။ အိမ်မှာဆိုရင်
အခန်းထဲမှာ ကျနော်ဟာ တင်ပလ္လ င်ခွေပြီး နံရံကိုပဲ စိုက်ကြည့်နေမိတယ်။
အုတ်နံရံမှာ ပြုံးနေတဲ့ ဟန်နီ့မျက်နှာလေး ပေါ်လာတယ်လို့ ထင်နေမိတယ်။
ပြီးတော့ ကျနော်ငိုတယ်။ ညသန်းခေါင်တွေမှာ မျက်ရည်တွေနဲ့ ကျနော် နိုး
လာတတ်တယ်။ နိုးလာခဲ့တိုင်း ကျနော်ဟာ အိမ်နောက်ဖေးပြတင်းပေါက်မှာ
သွားပြီးရပ်နေမိတယ်။ ဟန်နီနေတဲ့တိုက်က ကျနော်တို့ တိုက်ရဲ့ နောက်ကျော
မှာ ရှိတာလေ။ အဲဒီကနေ ဟန်နီတို့ ရဲ့ အိမ်နောက်ဖေးအခန်းကို မော့ကြည့်
နေမိတယ်။ ဟန်နီအသက်ရှင်နေတုန်းကတောင် အဲဒီကနေ သူ့ကို တခါပဲ
ရိပ်ခနဲမြင်ဖူးလိုက်တယ်။ သဲသဲကွဲကွဲ မြင်ရတယ်မရှိခဲ့ဖူးပါဘူး။ ဒါပေမယ့်
ဟန်နီဟာ ဝိညာဉ်အနေနဲ့ ကျနော့်ကို ကြည့်နေလိမ့်မလားဆိုတဲ့
မျှော်လင့်ချက်နဲ့ပါ။ ကျနော်ဒီလိုဖြစ်နေတာ ဟန်နီ့ကို မြင်စေချင်တယ်ဗျာ။
ကျနော်ခံစားနေရတာမြင်ရင် သူ ပြန်လာချင်လာမှာပေါ့။
အဲဒီရက်ပိုင်းကျနော် ဈေးရောင်းဖို့ ဆိုင်လုံးဝမထိုင်ဘူး။ အမေကလဲ ကျ
နော့်ကို မထိုင်ခိုင်းပါဘူး။ ဒါပေမယ့် ဆိုင်မှာ ငုတ်တုတ်သွားသွားထိုင်တယ်။
ဟန်နီ အကြောင်းကို တယောက်ယောက်ကများ ပြောမလားလို့ အမြဲနားစွင့်
နေတယ်။
“ကောင်မလေးက မျောနေတာလေ၊ ခု သူ ပြန်ရှင်လာပြီလေ” လို့ တယောက်
ယောက်ပြောမယ်ထင်လို့ ကျနော် စောင့်မျှော်နေခဲ့တယ်။ ဖတ်ခဲ့ဖူးတဲ့ ရုပ်ပြ
ကာတွန်းတွေထဲလို ဟန်နီဟာ သေရွာပြန်တယောက်ဖြစ်လာလေမလားလို့
နေ့ညမပြတ် မျှော်လင့်နေမိတုန်းပဲ။ ဒါပေမယ့် မဟုတ်ဘူး။ ကျနော်ကြားနေ
ရတာတွေက ကျနော်ကြားချင်တာတွေနဲ့ ဆန့်ကျင်ဘက်ပဲ။ ဟန်နီ့ရဲ့ . . .။
ကျနော် အဲ့လိုကြီး ပြောမထွက်ရက်ဘူးဗျာ။
ဟန်နီရဲ့ . . . . . အလောင်းကို မီးရှို့မပစ်ခင်ရက်မှာ ကျနော်က ဆိုင်ပေါ်မှာ
အိပ်ပျော်နေခဲ့တယ်။ အမေကတော့ ကျနော့်ဘေးမှာ ဆိုင်ထိုင်ဈေးရောင်း
ရင်းပေါ့။ အမေနဲ့ မုန့်ဟင်းခါးသည်အဒေါ် ကြီးတယောက် ပြောနေတဲ့စကား
တွေထဲမှာ ဟန်နီမင်းလွင် ဆိုတဲ့ နာမည်လေးကြားလိုက်ရတာနဲ့ ကျနော်
အိပ်ပျော်နေရာကနေ နိုးလာတယ်။ သူတို့ ဘာတွေများပြောပါလိမ့်
နားထောင်ကြည့်နေမိတယ်။
န့် င်း ခါး ည် ဒေါ် ကြီး ပြော ယ်
မုန့်ဟင်းခါးသည်အဒေါ် ကြီးက ပြောတယ်။
“ကောင်မလေးက အပျိုဖြစ်လို့ ပထမဆုံးဓမ္မတာလာတာတဲ့။ အဲဒါ အပေါက်
ကပိတ်နေတော့ ဓမ္မတာသွေးပုပ်တွေက ကိုယ်ထဲမှာ စုပြီး ကြာတော့ အပေါ်
ကန်တက်ပြီး သေတာတဲ့တော့၊ ပေါ့တာပေါ့ဟယ် ကိုယ့်သမီးအပျိုဖြစ်တာ
တောင် မအေက မသိဘူးတဲ့လား”
“ဟင် အဲဒီအပေါက်က ဘာလို့ ပိတ်နေတာတုန်း”
“ ဒါတော့ငါလဲ ဘယ်သိမလဲဟယ်”
“ဟဲ့ ဒါနဲ့နင့်သားနဲ့အဲ့ကောင်မလေးက ကြိုက်နေကြတာဆိုဟုတ်လား”
အမေက အိပ်နေတဲ့ ကျနော့်ကို လှမ်းကြည့်တယ်။ ကျနော်လဲ အိပ်ချင်
ယောင်ပဲ ဆက်ဆောင်နေလိုက်တယ်။ အဲဒီလိုပြောသံကြားရတာ ရင်ထဲ
အရမ်းနာရတယ်ဗျာ။ ဟန်နီနဲ့ကျနော်နဲ့ နှစ်ယောက်အတူတူရှိနေချိန်တွေကို
အလိုလို ပြန်မြင်ယောင်လာစေတယ်။
“ဟုတ်မယ်ထင်တာပဲအေ ငါလဲ သေချာတော့မသိပါဘူး ခု ငါ့သားလေးလဲ
ညကြီးမင်းကြီးလဲ ထထပြီး တငိုငိုတရီရီနဲ့အေ . . . ငါလဲ ဘာလုပ်ပေးရမယ်
မှန်းမသိဘူး စိတ်ညစ်ပါတယ်။ ကလေးမလေးလဲ သနားပါတယ်ဟယ် ငယ်
ငယ်ရွယ်ရွယ်ကလေးနဲ့တိမ်းပါးရတယ်လို့ ”
“အကင်းတဖြုတ်ဖြုတ် အမှည့်တဝင်းဝင်း တဲ့။ ရှေးလူကြီးတွေစကား သိပ်
မှန်တာပဲနော်”
မုန့်ဟင်းခါးသည် အဒေါ် ကြီးပြန်သွားတော့ အမေက အိပ်ချင်ယောင်ဆောင်
နေတဲ့ ကျနော့်ကို ငုံ့ ကြည့်ရင်း သက်ပြင်းတွေချနေတယ်။ ပြီးတော့ ကျနော့်
ကိုယ်ပေါ် ခြင်နားယင်နားမဖြစ်ရလေအောင် ယပ်ခတ်ပေးလို့ နေလေရဲ့။
အဲဒီပုံစံက ဟန်နီ့ကို ကျနော်သွားကြည့်တဲ့မနက်က ပက်လက်ကလေးလှဲ
အိပ်နေသလို ဟန်နီအနား သူ့အမေက ခြင်မောင်းယင်မောင်းယပ်ခတ်ပေး
နေသလိုပဲလို့ ကျနော့်မျက်စိထဲ မြင်လာတယ်။ ကျနော်လဲ သေသွားရင်
ကောင်းမှာလို့ တွေးမိတာပေါ့။ ဟန်နီမရှိတော့တဲ့နောက်ပိုင်း ကျနော်အမြဲ
ဆုတောင်းတဲ့အရာ နှစ်ခုရှိတယ်။ တခုက ဖြစ်နေတာတွေ အကုန်လုံးဟာ
ထမင်းလုံးနင်းမိလို့ အခြောက်ခံရတဲ့ ထမင်းလုံးတစ္ဆေအိပ်မက်မျိုးဖြစ်ပါ
စေ၊ ကျနော်နိုးလာတဲ့အခါ အကုန်လုံးဟာ ဟန်နီ ကျနော့်ကို နမ်းသွားခဲ့တဲ့
နေ့ရက်တွေချည့်လို့ ပေါ့။ နောက်တခုကတော့ ပိုပြီးဖြစ်နိုင်တဲ့အရာ ကျနော်
ကိုယ်တိုင် အိပ်နေရင်း အသက်ထွက်သွားပါစေလို့ ဆုတောင်းမိတာပါပဲ။
®®®®®
အခန်း (၂၀)

အသုဘပို့ တဲ့နေ့ ရေဝေးအထိ ကျနော်လိုက်သွားတယ်။ အမေကတော့ ကျ


နော့်ကို မလိုက်စေချင်ဘူး။
“ငါ့သားရယ် လိုက်ပို့ မနေပါနဲ့တော့၊ မင်းလဲ နေကောင်းတာမဟုတ်ဘူး” လို့
ပြောတယ်။ ကျနော်က ဘာမှ မပြောဘဲ အမေ့ကိုပဲ ကြည့်နေမိတယ်။
“အေးပါ မင်းပို့ ချင်တယ်ဆို့ လဲ လိုက်ပို့ ပေါ့”
အမေက ကျနော့်အိတ်ကပ်ထဲ ငါးရာတန်နှစ်ရွက်ထည့်ပေးတယ်။
“ပြန်ရောက်တာနဲ့ဆိုင်လာခဲ့နော် ...ဘယ်မှလျှောက်သွားမနေနဲ့ဦးကြားလား”
အသုဘပို့ ကြတဲ့လူတွေထဲ ဟန်နီ့ကျောင်းက သူငယ်ချင်းတွေလဲပါတယ်။
ကျောင်းပိတ်ချိန်ဆိုပေမယ့် သူတို့ အတန်းပိုင်ဆရာမက လူစုပြီး လိုက်ပို့ ကြ
ပုံပဲ။ ဟန်နီ့အတန်း တခန်းလုံးဖြစ်မယ်။ ကျနော်ကတော့ လူကြီးတွေ လိုက်
တဲ့ ကားပေါ်ကနေပဲ လိုက်သွားတယ်။ ကိုမျိုးသန့်ကို တွေ့ပေမယ့် သူ
အလုပ်ရှုပ်နေမှာမှန်းသိလို့ နောက်ပြီး သူ့မျက်နှာကြည့်ရတာလည်း ကျနော့်
မျက်နှာလိုပဲ ဖြစ်နေတာနဲ့ လှမ်းမခေါ် ဖြစ်တော့ဘူး။ သူ့ကိုမြင်ရရင် ဟန်နီ့
ကိုလည်း အလိုလိုပိုပြီး မြင်ယောင်လာတယ်။
ကားစီးရတာလည်း အကြာကြီးပဲဗျာ။ လမ်းတွေကလည်းမကောင်း၊ မောင်း
နေတာကလဲ ခပ်ဖြည်းဖြည်း ဆိုတော့ ရေဝေးဆိုတာကို မရောက်တော့မယ့်
အတိုင်း၊ တသက်လုံးကြီး ဒီကားပေါ်မှာ ပြီးသွားရတော့မယ့်အတိုင်းပဲ။ ရေ
ဝေးကိုရောက်တော့ ရှေ့မှာမီးသင်္ဂြိုဟ်လက်စတွေ၊ မီးသင်္ဂြိုဟ်ဖို့ စောင့်နေ
တာတွေနဲ့မို့ ဟန်နီ့ရဲ့အလောင်းလေးကို ဇရပ်ကြီးတခုအောက်က
အလောင်းစင်လေးပေါ်မှာ တင်ထားတယ်။ သူများအလောင်းတွေဆိုရင်
မီးသင်္ဂြိုဟ်ခင် ကြည့်ကြရှုကြငိုကြဆိုပေမယ့် ကျနော့်ကောင်မလေးရဲ့
အလောင်းကိုတော့ အခေါင်းဖုံးကြီးပိတ်ထားလို့ ကြည့်ခွင့် မရပါဘူး။ မီးမ
သင်္ဂြိုဟ်ခင်ကလေးမှာ သူ့အမေတောင်းဆိုလို့ ခဏဖွင့်ကြည့်ကြပေမယ့် အဲ
ဒါသူတို့ မိသားစုပဲ ကြည့်ဖို့ တဲ့။ ကျနော့်လိုကောင် ဘယ်လိုလုပ်ဝင်တိုးပြီး
ကြည့်လို့ ရမလဲဗျာ။ နောက်ဆုံးအနေနဲ့ သူ့မျက်နှာလေး မြင်ရမလားလို့
လိုက်သွားခဲ့တာ။ မဟန်နီမင်းလွင်-အသက်(၁၃)နှစ် ဆိုတဲ့ ပန်းခွေကစာတန်း
တွေ ဖတ်ပြီးပဲ ပြန်ခဲ့ရတယ်။ ဒီဘဝ ဒီမျှ ပြီးပါပြီလို့ တယောက်ယောက်က
ပြောပြနေသလို ရှိတာပေါ့။

န် နီ စ် က် ပြ ည့် င်း နော် င်း


ဟန်နီရဲ့ အသုဘ ခုနစ်ရက်မပြည့်မချင်း ကျနော် ဝင်းထဲမှာမနေတော့ဘူး။
မနက်မိုးလင်းတာနဲ့ အမေ့ဆီက ပိုက်ဆံတောင်းပြီး မြို့အနှံ့ ကျနော်
လျှောက်သွားနေမိတယ်။ ပိုက်ဆံနှစ်ကျပ်နဲ့ လက်မှတ်ဖြတ်ပြီး ဒလ-ရန်ကုန်
သင်္ဘောကို အခေါက်ခေါက်အခါခါ စီးတယ်။ အင်းလျားကန်ရောက်
တယ်။ ရွှေတိဂုံဘုရား ရောက်တယ်။ ဘီယာဗူးဝယ်သွားပြီး ပန်းကန်လုံး
ကျွန်းမှာ ထိုင်သောက်တယ်။ နေ့လယ်ဆိုရင် အမျိုးသားရေကူးကန်မှာ ရေ
သွားကူးတယ်။ တိရစ္ဆာန်ရုံထဲက မျောက်ရွာရှေ့သွားထိုင်တယ်။ ကျနော့်အ
မေနဲ့မှ ရွယ်တူလောက်ရှိမယ့် ဆင်မလေးမိုမိုကို သွားကြည့်တယ်။ လူဝံ
ကျော်ဟိန်း ဆေးလိပ်သောက်ပြတာထိုင်ကြည့်တယ်။
အားလုံးကို လီးပဲဟေ့ လို့ မြို့ပတ်ရထားရဲ့ ခြေတက်ခုံမှာရပ်လို့ အော်ဆဲခဲ့
တယ်။ အားလုံးကို လီးပဲဟေ့ ဆိုပေမယ့် ခုတ်နေတဲ့ရထားသံကြောင့် ဘယ်
သူမှ ကြားရမှာမဟုတ်ပါဘူး။
တပတ်ကျော်သွားပြီးတဲ့နောက် အမေကတော့ ငါ့သား မထိုင်ချင်မထိုင်
သေးပါနဲ့ဦး လို့ ပြောပေမယ့် ကျနော် ဆိုင်ပြန်ထိုင်ပြီး ကွမ်းယာတွေယာနေ
ပြီ။ လျှောက်သွားရတာလည်း အရသာမရှိတော့ဘူး။ ပိုပြီးတောင် သိမ်ငယ်
လာရတယ်။ လူတွေအများကြီးကြားထဲမှာ ကျနော်က တယောက်တည်း။
သေပြီးသား ချစ်သူရဲ့ ပုံရိပ်တွေ ပြန်မြင်ယောင်နေတဲ့ ကောင်လေးတ
ယောက်သက်သက်ပဲ။ ဘယ်သူမှလည်း မသိဘူး။ ဘယ်ကောင်က ဂျိုကြည့်
လာကြည့်ကြည့် “လီးပဲကွ” ဆဲမယ်လို့ တေးထားပေမယ့် ကျနော့်ကို ဘယ်သူ
မှ လာမကြည့်ကြဘူး။
နေ့လယ်ခင်းကျတော့ ကိုမျိုးသန့် ရောက်လာတယ်။ ကျနော်တို့ နှစ်ယောက်
ဘာစကားမှ အစမဖော်ဘူး။ ကျနော်လဲ ခေါင်းငုံ့ ပြီး စီးကရက်ထိုင်ဖွာနေ
လိုက်တယ်။ အမေတို့ အဖေတို့ မြင်မှာတွေ ဘာတွေ ကျနော်လဲ ဂရုကို မ
စိုက်တော့တာ။ မြင်ပဒင်ပဲကွာတွေးပြီး ဆိုင်ပေါ်တင်ပဲ ကျနော် ဆေးလိပ်
သောက်နေပြီ။ ကိုမျိုးသန့်လဲ ဆိုင်ရှေ့မှာ ထိုင်ရင်း ငေးနေတယ်။ ပူလွန်း
တော့ ချွေးတွေကလဲ နားထင်ကနေ တတောက်တောက်ကျလို့ ။
“ငါလဲ ဒီနေ့မှ အလုပ်ပြန်ဆင်းမှာကွ ည မင်း လိုက်မလား . . .စိတ်ပြေလက်
ပျောက် အပျော်ပေါ့ကွာ”
“လိုက်မယ်ဗျာ ဒါပေမယ့် ဒီတခါကျနော် ဘီယာမူးအောင်သောက်မှာ . . .”
“အေးကွာ လိုက်ခဲ့ တခါတလေတော့ လူတိုင်းဘီယာသောက်သင့်ပါတယ်
ညနေခြောက်နာရီခွဲလောက် ငါလာခေါ်မယ် စောင့်နေ”
နေ့လယ်နှစ်နာရီ အမေလာတော့ ကျနော်ပြောလိုက်တယ်။

နော် ကို မျိုး န့် ပ် ကို လို က် ဦး ယ် ယ့် ရီ


“အမေ ည ကျနော် ကိုမျိုးသန့်အလုပ်ကို လိုက်သွားဦးမယ်။ ညဆယ့်တနာရီ
ဆယ့်နှစ်နာရီမှ ပြန်ရောက်မှာ”
“နင့်အဖေပါ ပြောသွားဦး မဟုတ်မဟတ်တွေ လျှောက်လုပ်မနေနဲ့နော် ကြား
လား”
ဆိုင်ကနေ လန်ဒန်သုံးဗူးနဲ့ ပိုက်ဆံသုံးထောင်ခိုးပြီး ကျနော်အိမ်ပြန်တယ်။
အရင်ခိုးထားတဲ့ ပိုက်ဆံက နှစ်ထောင်ကျော်လောက်ရှိသေးတယ်။ အိမ်ပြန်
ရောက်တာနဲ့ ကျနော်အိပ်ပစ်လိုက်တယ်။ ည သောင်းကျန်းမယ်လို့ တွေး
ထားတော့ အိပ်ရေးဝဖို့ လိုတယ်လေ။
®®®®®
အခန်း (၂၁)

လှေကားကနေအောက်ကိုဆင်းပြီး အဝင်အပေါက်ဝမှာ ဆိုင်းဘုတ်တခု


ချထားတယ်။ ၁၈ နှစ်အောက် မဝင်ရ တဲ့။ “ဝင်တော့ လီးဖြစ်လာကွာ” လို့
စိတ်ထဲကနေ ဆဲလိုက်သေးတယ်။ ကျနော်တို့ ရောက်တော့ ရှစ်နာရီခွဲနေပြီ။
ကိုမျိုးသန့်နဲ့ကျနော်က သုံးရာသီမှာတင် သူက အာမီရမ်လေးပက်၊ ကျနော်
က ဘီယာနှစ်ဗူး သောက်ခဲ့ပြီးပြီ။
“ငါက ဒီနေ့ဝိတ်တာအနေနဲ့သွားမှာမဟုတ်ဘူးကွ”
ကိုမျိုးသန့်ကပြောတယ်။ ကောင်းတာပေါ့။ ဟိုတခါကလို ကျနော်တ
ယောက်တည်း ယောင်တောင်တောင် ဖြစ်မနေတော့ဘူးပေါ့။ ကျနော့်ပါလာ
တဲ့ ပိုက်ဆံနဲ့ဆေးလိပ်ဗူးတွေ ကိုမျိုးသန့်ကို ထိုးပေးလိုက်တယ်။
“မင်းဟာက ဆေးလိပ်တွေကများလှချည်လားကွာ အေး ကောင်းပါတယ်။
အထဲရောက်မှ ပူစီတွေကို တိုက်လိုက်ပေါ့ကွာ ဟုတ်ဘူးလား။ ယူထား
ယူထား မင်းဟာ့မင်း ဘောင်းဘီအိတ်ထဲထည့်ထား”
ကလပ်ထဲဝင်သွားတော့ ကျနော်တို့ နှစ်ယောက်စလုံးက ရိပ်တိတ်ရိပ်တိတ်
ဖြစ်နေကြပြီ။ အမှောင်ထဲ ထောင့်အကျဆုံး လူသိပ်မထိုင်ချင်ဆုံး စားပွဲတခု
မှာထိုင်တယ်။ ဝိတ်တာတွေရောက်လာတော့ ကိုမျိုးသန့်က သူ့ဘော်ဒါတွေ
ကို ပြောနေတယ်။
“ဟေ့ရောင်တွေ ငါ လာကဲတာနော် အလုပ်လာတာမဟုတ်ဘူး”
“အေးပါ ယောက်ဖရာ မင်းဘာသောက်မှာလဲပြော”
“ဒီမှာ ငါ့ညီလေးကို ဘီယာချပေးလိုက်ကွာ ငါ နောက်ထဲဝင်သောက်မယ် ရှိ
တယ်မဟုတ်လား မင်းတို့ ဆီ”
ယိုင်ထိုးယိုင်ထိုးနဲ့ ကိုမျိုးသန့်က နောက်ပေါက်ထဲဝင်သွားတယ်။ ကျနော်လဲ
မူးမူးနဲ့ စီးကရက်ချည့် ဖွာနေတော့ လန်ဒန်တဗူးကုန်သွားပြီပြီ။ ခေါင်း
တောင်နည်းနည်းကိုက်ချင်သလိုဖြစ်လာတယ်။ ဘီယာလာချတော့ ဆက်
ကစ်တယ်။ နည်းနည်းတောင် ပိုလန်းသွားသလိုပဲ။ လူလည်း တဖြည်းဖြည်း
များလာနေတယ်။ ဟိုကလပ်တုန်းက ဒီဂျေတွေ တက်ကနိုတွေနဲ့ဆိုတော့
စောက်ရမ်းနာငြီးတာဗျ။ ဒီမှာကတော့ တီးဝိုင်းက ဟိုတစ ဒီတစ စမ်းနေကြ
တုန်း။ သီချင်းတပုဒ်ရယ်လို့ ကောင်းကောင်းထွက်မလာသေးဘူး။ ကလပ်

တီး ဝို င်း မီး င်း ဆို တီး ဝို င်း ကို ထို င်
တခုလုံး တီးဝိုင်းနေရာ လေးကပဲ မီးလင်းနေတာဆိုတော့ တီးဝိုင်းကိုပဲ ထိုင်
ကြည့်နေရတယ်။
“မောင်လေး မကို စီးကရက်လေးတိုက်ပါဦး”
ကလပ်မယ်တယောက် ကျနော့်နားကပ်ထိုင်ရင်း ဆေးလိပ်တောင်းသောက်
နေတာနဲ့ကျနော်လဲ တဗူးလုံး ထိုးပေးလိုက်တယ်။
“ကြိုက်သလောက်သောက်စမ်းဗျာ” လို့ ခပ်ကြွားကြွားကလေး ကျနော်ပြော
လိုက်တော့ သူက သူ့ဘော်ဒါ မမတွေကိုတောင် လှမ်းခေါ်လိုက်သေးတယ်။
ကျနော့်အနားမှာ ကလပ်မယ်သုံးယောက်ဖြစ်သွားရော။ ကိုမျိုးသန့်က ပြော
ပြဖူးလို့ ကျနော်သိပါတယ်။ လူကလည်း တအားကြီးများနေတာမဟုတ်
သေးလို့ သူတို့ ကျနော့်အနား ခဏ လာထိုင်နေတာ။ ဒီစော်ကြီးတွေ ဈေးက
မနည်းဘူးဗျ။ တသိန်း တသိန်းခွဲတော့ရှိတယ်တဲ့။ မိုက်တော့ မိုက်တယ်။
စော်ကြီးတွေက တောင့်လည်းအတောင့်ကြီးတွေ။ အချိုးအစားလှတယ်။
ရုပ်တွေကလည်း သူ့ဟာနဲ့သူ ချောတော့ ချောကြတာပဲ။ ဒီလောက်လှတာ
သူတို့ ဘာဖြစ်လို့ များ ဒီအလုပ်လုပ်နေရသလဲလို့ မူးမူးနဲ့ကျနော်က နှမြောနေ
မိ သေးတယ်။ ကျနော့်နားတင် ပူးကပ်ထိုင်ပြီး ပွတ်သီးပွတ်သပ်လုပ်နေတာ
ကြောင့်လဲ ပါတာပေါ့။
“ငါ့ မောင်လေးက ဘယ်ကလာတာလဲ တယောက်တည်းလာတာလား”
“ကန်တော်လေးကလာတာဗျ ကျနော့်အစ်ကိုလဲပါတယ် သူက ဟိုနောက်ထဲ
ဝင်သွားတယ်”
သူတို့ ကို ဘယ်ကလာတယ် ဘာလို့ အမှန်ပြောနေရမှာလဲဗျာ။ စော်ကြီးတွေ
က မျက်နှာတွေက ပြုံးနေပေမယ့် သူတို့ မျက်လုံးအကြည့်တွေက မနူးမနပ်
စောက်ချာတိတ်လေးလို့ ရိနေငေါ့နေသလိုပဲ။ ကျနော်လဲ မျက်နှာထားကို
တင်းနေအောင်နေလိုက်တယ်။ ကိုမျိုးသန့်ကလည်း ပြန်ထွက်မလာဘူးဗျာ။
သူဝင်သွားတာ မိနစ်နှစ်ဆယ်လောက်တော့ ရှိနေပြီ။ နောက်ထဲတင် မူးပြီး
မှောက်နေသလားတောင် မသိဘူး။ စော်ကြီးတွေကလဲ ဆေးလိပ်ကို
အလကားရတိုင်းသောက်နေတာဗျာ။ မီးခိုးတွေချည့်မို့ အသက်ရှုတောင်
ကျပ်လာတယ်။ ဘီယာကလဲ တဗူးကုန်ပြီ နောက်တဗူးမှာချင်တာ ဘယ်သူ့
ကို ဘယ်လိုမှာရမယ်က မသိဘူး။ ထပ်သောက်ချင်နေပြီ။ မူးတာလဲ ကျနော်
မူးနေပြီ။
“အစ်မ ဝိတ်တာခေါ်ပေးစမ်းပါဗျာ ဘီယာမှာချင်လို့ ”
ဘေးက ပလူးပလဲလုပ်နေတဲ့ စော်ကြီးတဗွေကိုပဲ ကျနော် အရဲစွန့်ခိုင်းကြည့်
လိုက်တယ်။
ကို ပို က် ယ် င် မို့ စ် လို့ ပ်
“ပေး မကို ပိုက်ဆံပေး သွားယူပေမယ်။ မောင်လေးမို့ ချစ်လို့ လုပ်ပေးတာ
နော် ဒို့ ကဝိတ်တာမဟုတ်ဘူး”
ဝိတ်တာမဟုတ်ဘူးတွေ ဘာတွေနဲ့ စောက်ဇယားကိုရှည်တာဗျာ။ ကျနော်လဲ
ငါးရာတန်သုံးရွက်ထုတ်ပေး လိုက်တယ်။ ဘီယာဗူးယူလာပြီး ချပေးတော့
ရိုးရိုးမချဘူးဗျ။ ကျနော့်အနားကုန်းလိုက်ပြီး ဘောင်းဘီခွကြားထဲကို ဗူးကို
လွှတ်ချလိုက်တယ်။ ကျနော့်ထိပ်ကလေးတောင် တော်တော်နာသွားသေး
တယ်။ ကောင်မကြီးက အဲဒါကို တခစ်ခစ်နဲ့ ထိုင်ရယ်နေတယ်။ စိတ်နည်း
နည်းဆိုးပေမယ့် ကျနော်ဘာမှမပြောပါဘူး။ ကိုမျိုးသန့် မြန်မြန်ပြန်လာပါ
တော့လို့ မျှော်နေမိတယ်။ အဲဒီအချိန်မှာ တီးဝိုင်းကလဲ သီချင်းဆိုနေပြီ။
အင်္ဂလိပ်သီချင်းဆိုနေတာဗျ။ ကျနော်လဲ တလုံးမှ နားမလည်ဘူး။ ဆိုနေ
တဲ့ ဘဲကြီးက အသံကတော့ တော်တော်ကောင်းတယ်။ အင်္ဂလိပ်သံကလဲ
နိုင်ငံခြားသား ကျနေတာပဲ။ အချစ်သီချင်း ထင်တာပဲ။ လပ်ဗ် လပ်ဗ်နဲ့တော့
တခါတလေကြားရတယ်။
“မောင်လေးက တကယ့်ချစ်စရာလေးကွာ လာပါ မနဲ့ ဒီနားတင် နည်းနည်း
ကရအောင်လေ”
တီးဝိုင်းက အသံကိုနားစွင့်နေတုန်း ဘီယာဝယ်ပေးတဲ့ မမက တစခန်းထလာ
တယ်ဗျာ။ ကျနော့်ကို ထိုင်ခုံကနေ အတင်းဆွဲထူနေတယ်။ ကျနော်က မထ
ဘူး။
“ဘာလုပ်တာလဲဗျ လွှတ်ပါ ကျနော် မကတတ်ဘူး”
“လာပါ ငါ့မောင်လေးရယ်”
“အာ ပြဿနာပဲ”
စော်ကြီးက အစောကြီးရှိသေးတယ် မူးနေတာဗျ။ ကျနော်က မထတော့
ကုန်းပြီး ကျနော့်ရင်ခွင်ထဲအထိ ဝင်လာတယ်။ ပြီးတော့ ကျနော့်ရင်ဘတ်
တွေကို နမ်းနေရာ။ ဘေးက မမနှစ်ယောက်က ကျနော့်တို့ ကို ကြည့်ပြီး ရယ်
နေတယ်။ ခဏပါပဲ တီးဝိုင်းဘက် ခေါင်းပြန်လှည့်သွားရော။ ကျနော်လဲ ဘာ
လုပ်ရမယ်ကို မသိဘူး။ ကျနော့် ရင်ခွင်ထဲ အတင်းကြီးပလူးနေတော့ ပြောရ
ရင် ကျနော်ကောင်ကလဲ ထြွကလာတယ်။ ဒုက္ခပဲ လို့ ညည်းမိပေမယ့် သူ့ကို
တွန်းလွှတ်တာမျိုးကျတော့လဲ ကျနော်ကမလုပ်ချင်ဘူး။ သူ့ကို ငုံ့ ကြည့်
လိုက်တော့ သူက ကျနော့်ခေါင်းကို လှမ်းဆွဲပြီး ပါးကို ‘မွှ’ ခနဲတောင်
အသံမြည်အောင် နမ်းလိုက်တယ်ဗျ။
သူ နမ်းလိုက်တော့ ကျနော့်စိတ်ထဲ တမျိုး ဖြစ်သွားမိတယ်။ ဘယ်လိုခံစား
ချက်မျိုး ဝင်လာတယ်မသိတော့ဘူး။ ရုတ်တရက် ဝမ်းနည်းပြီး ငိုချင်လာ
ယ် ကို န်း တ်ပြီး အိ မ် ရှိ က် ကို ပြေး
တယ်ဗျာ။ သူ့ကို ပုခုံးကနေ တွန်းလွှတ်ပြီး အိမ်သာရှိရာဘက်ကို ပြေးလာခဲ့
တယ်။ ဘေစင်မှာ လက်ထောက်ပြီး မှန်ထဲက ကျနော့်ကိုကျနော်ကြည့်နေ
ရင်းကပဲ ကျနော့်မျက်လုံးကနေ မျက်ရည်တွေ ကျလာတယ်။ ဒီပါးလေးကို
တော့ မလုပ်ပါနဲ့ဗျာ။ ဒါ ဟန်နီ နမ်းခဲ့တဲ့ ပါးလေးဗျ။ ကျနော့် ကိုယ့်ကိုယ်
ကိုယ်လဲ မုန်းလာတယ်။ ဟန်နီသေတာမှ တပတ်ပဲရှိသေးတယ်။ ကျနော်က
ဒီမှာ ဒီကောင်မတွေရဲ့ အနမ်းကို လာခံယူပြီး သူတို့ ပွတ်သီးပွတ်သပ်လုပ်
တာကို လာသာယာနေမိတယ်။
“ဟန်နီရယ် အစ်ကို့ ကိုခွင့်လွှတ်ပါ အစ်ကို စိတ်ညစ်လှပြီကွာ”
ကလေးတယောက်ငိုသလို ကျနော်ငိုနေမိတယ်။ ကြမ်းပြင်ပေါ်မှာ ထိုင်ချ
လိုက်ပြီး ငိုတယ်။ ဟန်နီ့ကို အရမ်းသတိရတယ်ဗျာ။ သူ ကျနော့်ကို ထားခဲ့
ရက်တယ်။ မဟုတ်ဘူး သူလည်း ဘယ်မှာသေချင်မှာလဲဗျာ။ ဘယ်သူမှ မ
သေချင်ဘူး။ ကျနော်လည်း မသေချင်ဘူး။ ဒါပေမယ့် ဟန်နီနဲ့တခါလောက်
ကလေးပဲဖြစ်ဖြစ် တွေ့ချင်မိတယ်။
ဟိုကောင်မကြီးတွေရဲ့ ကိုယ်နံ့ကလည်း နှာခေါင်းဝမှာ စွဲနေတယ်ဗျာ။ တခုခု
ကို အာရုံစိုက်လို့ မရတော့အောင်ကို စွဲနေတာ။ ဟန်နီ့အကြောင်းကို တွေးနေ
ရင်းနဲ့တောင် အနံ့ကြီးက ဟန်နီနဲ့ကျနော့်ကြားမှာ ခြားနေသလိုဖြစ်နေတယ်။
အဲဒီအနံ့ကြောင့် ကျနော့် လည်ပင်းတလျှောက် ပျို့တက်လာတယ်။ ဘေစင်
ပေါ်လက်ထောက်ပြီး ကျနော် တဝေါ့ဝေါ့အန်တယ်။ အရည်ပျစ်ပျစ်တွေ
မြေပဲအကြေတွေ။ အန်ပြီးတော့ အိမ်သာတခုထဲဝင် ကမုတ်ခွက်ကို ပိတ်ပြီး
ထိုင်နေလိုက်တယ်။ မီးမှောင်မှောင်ကြားထဲ ပြန်မသွားချင်တော့ဘူး။ ကျ
နော့်စားပွဲမှာလဲ ဟိုကောင်မကြီးတွေနဲ့တင် ပြည့်နေတာ။ ကိုမျိုးသန့်ကလဲ
နောက်ထဲတင် မူးလဲနေလောက်ပြီလို့ ကျနော်ထင်တယ်။ သူအဲ့လောက်မူး
တာ ကျနော်တခါမှတော့ မမြင်ဖူးပါဘူး။ ဒါပေမယ့်လဲ သူလဲ ကျနော့်လိုပဲ
သူ့တူမလေး သေသွားလို့ ဝမ်းနည်းနေတာပဲ။ တီးဝိုင်းက အသံတွေက
အိမ်သာထဲအထိ ခပ်သဲ့သဲ့လေး ကြားနေရတယ်။
“ Ma Ma, Life had just begun
But now I’ve gone and thrown it all away”
“မာမား အူးဝူးဟူး . . . သန့်ဇင်ရေ”
ကိုမျိုးသန့်က တီးဝိုင်းကသီချင်းကို လိုက်အော်ဆိုရင်း အိမ်သာထဲ
ရောက်လာတယ်။ အိမ်သာထဲက ထွက်ပြီး ကိုမျိုးသန့်က ကြည့်လိုက်တော့
ကိုမျိုးသန့်ပုံက တော့်တော့်ကို ဒေါင်ချာစိုင်းနေတာ မြင်ရတယ်။
“ပြန်ရအောင် အစ်ကိုရာ ကျနော် မပျော်တော့ဘူး”
ကို မျိုး န့် နော့် ကို ပြူး ပြဲ ကြ ည့် ယ်
ကိုမျိုးသန့်က ကျနော့်ကို သေချာပြူးပြဲကြည့်တယ်။
“အေး အေး . . . မင်း ငိုထားတာလား”
သူမေးတယ်။ သူ့ကို ဘာမှပြောပြမနေချင်တော့ဘူးဗျာ။
“လာကွာ လာ လာ ဒီတပုဒ်နားထောင်ပြီးရင် ပြန်ရအောင် တော်မီကျော်နိုင်
ကြီး တီးနေတာကွ မိုက်တယ် လာစမ်းပါ”
အရှေ့ကိုပြန်ထွက်လာတော့ လူတွေက ကျနော်အိမ်သာထဲဝင်သွားတုန်းက
ထက် ပိုများနေပြီ။ တီးဝိုင်းရှေ့တင် ကနေတဲ့လူတွေက အများကြီး။ သီချင်း
ကလဲ ဘာမှန်းမသိဘူး။ နှေးလိုက်မြန်လိုက်။
“ဟိုမှာတွေ့လာ ပိန်ခြောက်ခြောက်နဲ့ ဘေ့စ်ဂစ်တာတီးနေတာ တော်မီကျော်
နိုင်ကွ”
“လာပါ အစ်ကိုရာ ပြန်ကြရအောင် ကျနော် နားအရမ်းငြီးပြီး ခေါင်းတွေ
ကိုက်နေပြီဗျ”
ကိုမျိုးသန့်လဲ ဘာမှဆက်မပြောတော့ဘူး။ ကျနော်တို့ နှစ်ယောက် တ
ယောက်ကိုတယောက်တွဲရင်း အဲဒီဆူညံနေတဲ့ ကလပ်ထဲကနေ ထွက်လာခဲ့
ကြတယ်။ အထဲမှာတုန်းက မွန်းကျပ်ကျပ်နဲ့ အသက်ရှူမဝ ဖြစ်ခဲ့တာတွေလဲ
အပြင်ကိုရောက်တော့ လန်းဆန်းသွားတယ်။ ကျနော့် မျက်ရည်စတွေလည်း
ခြောက်နေပါပြီ။ ကျနော်တို့ တိုက်တွေနဲ့ ကန်တော်ကြီးစောင်းနဲ့က တမိုင်
ကျော်ကျော်လောက်ပဲ ရှိမယ်ထင်တယ်။ သိပ်မဝေးပါဘူး။ လေရူး
တဖြူးဖြူးနဲ့ ကျနော်တို့ နှစ်ယောက်သား ကတ္တ ရာလမ်းလယ်ကနေ
လျှောက်ပြန်လာခဲ့ကြတယ်။ ကိုမျိုးသန့်ကတော့ သီချင်းတွေ အော်ဆိုလိုက်၊
ငြိမ်သွားလိုက်။ ကလပ်ကအထွက်မှာ ဘီယာလေးဗူး ဝယ်ခဲ့သေးတော့
လမ်းလျှောက်ရင်း မောလာတော့ ပလက်ဖောင်းပေါ်ထိုင် နှစ်ယောက်
သားနားရင်း ထိုင်သောက်ကြတယ်။
ဘီယာထိုင်သောက်နေချိန်ကတော့ ကိုမျိုးသန့် ငြိမ်သွားတယ်။ သေချာ
ကြည့်မိမှ သူ့မှာ ဖိနပ်မပါတော့ဘူး။ သူ့ဟာသူတောင် သတိထားမိရဲ့လား မ
သိပါဘူးဗျာ။ ပလက်ဖောင်းပေါ်မှာ ပက်လက်လန်ကျောချအိပ်လိုက်ပြီး
ကောင်းကင်ကို မော့ကြည့်နေတယ်။ ကျနော့်ကို သူပြောတယ်။
“သန့်ဇင် မင်း သိလား . . .”
“ ………………….”
“ငါ့တူမလေးက ငါ့ယောက်ဖငါ့အစ်မတို့ စောက်သုံးမကျလို့ သေရတာကွ
မင်းသိလား။ ဒါသေလောက်တဲ့ ရောဂါလဲ မဟုတ်ဘူး . . .ငါ့တူမလေးကွာ
ယ် ယ် ရှိ ပါ မ်း လိ ငါ့ င်
ရော ဟု ဘူး တူ
ငယ်ငယ်လေး ရှိသေးတာပါ။ အရမ်းလိမ္မာတဲ့ ငါ့တူမလေး . . . ဟေ့ရောင်
ညီလေး သန့်ဇင် မင်းသိလား . . . ငါ့တူမလေးက မင်းကိုလဲ သိပ်ချစ်တယ်
ကွ . . .”
“ဟာ . . . အစ်ကိုရာ”
“သန့်ဇင်ရ ငါ့ညီလေးရ မင်းကိုလေ မစိုးရိမ်ဖို့ သူနေကောင်းသွားမှာပါလို့ ငါ့
ကို ပြောခိုင်းသေးတယ်ကွ ငါလိုးမလောကကြီးကွာ”
ကိုမျိုးသန့်က တော်ရုံဆဲခဲတဲ့ လူပါ။ သူ အဲ့လိုဆဲတာ ကျနော်လဲ ဒီတခါပဲ
ကြားဖူးတယ်။ ဒါပေမယ့်ဗျာ ခုလိုချိန်မှာတော့ လူတိုင်းတခုခုကို ဆဲချင်ကြ
မှာပဲ ထင်တယ်။ ကျနော်လဲ အားလုံးကို ဆဲချင်နေတာပဲ။ အားလုံးထဲမှာ
ဘယ်သူတွေ ဘယ်အရာတွေပါမယ်တော့ မသိဘူးပေါ့။ ပလက်ဖောင်းပေါ်
လှဲချလိုက်ရင်း ကြယ်တွေကို ကြည့်နေလိုက်တယ်။ ကျနော့်ရင်ဘတ်
ကတော့ အန်နေတဲ့ခွေးရဲ့ ဗိုက်လိုပဲ တလှုပ်လှုပ်နဲ့ဗျာ။ ရယ်မှ လူတွေက အူ
တွေနာတယ်ထင်တာ။ အရမ်းငိုရရင် အူတွေတင်မက တကိုယ်လုံးပါ နာလာ
တာ။ ကျနော် ဆက်မငိုချင်တော့ပါဘူးဗျာ။ ဒီရက်ပိုင်း ကျနော့်ဗိုက်ထဲထည့်
သမျှ စားသမျှ အကုန်လုံးက မျက်ရည်တွေပဲ ဖြစ်ကုန်တယ်။ ကျနော်
အိမ်သာမတက်တာတောင် ကြာလှနေပြီ။
“မင်းသိလား မင်းနဲ့ငါက အခု တော်တော်တူသွားပြီကွ သိလား သန့်ဇင်”
“မသိဘူး အစ်ကို ဘာတူတာလဲ”
“အေးကွာ ငါလဲ ဘယ်သူ့ကိုမှ မပြောဖူးပါဘူး။ ဝမ်းနည်းစရာတွေက
ပြန်ပြောပြလို့ ကောင်းတာမျိုး မဟုတ်ဘူးကွ။ ငါ့အသက်နှစ်ဆယ့်သုံး
လောက်က ငါလဲ ငါ့ကောင်မလေးနဲ့ လက်ထပ်ဖို့ ပဲကွာ။ မင်းသိလား
မင်္ဂလာဆောင်ဖို့ ဆယ်ရက်လောက်ပဲ လိုတော့တယ်။ ဖိတ်စာတွေလည်း
ဖိတ်ပြီး အကုန်လုပ်ပြီးသား သူ့အမေအိမ်ကနေ ငါ့ဆီကိုအလာ လမ်းမှာကား
မှောက်ပြီး သေသွားတာကွ . . . မင်းသိလား အဲ့တုန်းက ငါ အရူးလိုပဲ။ တနှစ်
လောက် လူတွေနဲ့ ငါ စကားမပြောတော့ဘူး။ သန့်စင်ရေ အဲဒါ ဘယ်လို
ခံစားရမယ်ဆိုတာ ကျန်တဲ့လူတွေ မသိဘူး။ ဒါကြောင့် ဒီကလူတွေ ဘယ်သူ့
ကိုမှ ငါ့ကိုသနားဖို့ အတွက်ကြီး ငါ ပြောမပြဖူးဘူး။ အခုမင်းနဲ့ငါက တူသွား
ပြီ။ မင်း နားလည်တယ်မဟုတ်လား”
မနက်ခင်းသုံးနာရီအထိ အဲဒီပလက်ဖောင်းပေါ်မှာပဲ အသက်ဆယ့်ငါးနှစ်
အရွယ် ချာတိတ်တယောက်နဲ့အသက်သုံးဆယ်အရွယ် လူတယောက်ဟာ ငို
နေခဲ့ကြတုန်းပဲ။ ကျနော်နဲ့ ကိုမျိုးသန့်ပေါ့။ ကျနော်တို့ အိမ်ပြန်လာတဲ့ လမ်း
က တဖြောင့်တည်းကြီးပါ ဆက်သွားရင် ကုန်းတံတားကြီးပေါ်အထိရောက်

ယ် က် က် င် မြို့ က် ပေါ့ ဒါ ယ့် နော်


မယ်။ ဆက်လျှောက်သွားရင် မြို့ထဲ ရောက်သွားမှာပေါ့။ ဒါပေမယ့် ကျနော်
တို့ အိမ်ပြန်လမ်းဘက်ကို ချိုးကွေ့ရတော့မယ်။ မနက်လေးနာရီလောက်မှ
အိမ်ကိုပြန်ရောက်ပြီး အိပ်ရတာဆိုပေမယ့် မနက်ခုနစ်နာရီခွဲလောက်ကြီး
ကျနော် နိုးလာတယ်။ အိပ်ရာကနိုး မျက်လုံးဖွင့်လိုက်တာနဲ့ မနေ့ညက
အဖြစ်အပျက်တွေကို ပြန်စဉ်းစားကြည့်မိပြီး ကျနော့်ကို ကျနော်တောင် ရွံ
လာမိတယ်။ ကျနော် မသွားခဲ့သင့်ဘူးဗျာ။ ဝမ်းနည်းနေရတဲ့ကြားထဲ ကိုယ့်
ကိုယ်ကိုယ်ပါ စိတ်ပျက် မိတာဟာ မျှော်လင့်ချက်မဲ့လိုက်တာဗျာ။ ပြီးတော့
လည်း မျက်ရည်တွေက အလိုလိုကျလာပြန်ရော။ ဟန်နီမရှိတော့ဘူး ဆိုတဲ့
အသိက ခေါင်းကို တထုန်းထုန်းနဲ့ ထုနေတယ်။ ဗိုတာယာကြီးတယောက်
တာယာဘီးကြီးကို ဆယ်ပေါင်တူကြီးနဲ့ ထုနေသလိုပဲ။ အိပ်ရာကနေ
လက်ထောက်ပြီး ကုန်းထလိုက်တော့ ဝုန်းခနဲပြန်ပြုတ်ကျသွားတယ်။ ကျ
နော့်မှာ အားတွေတောင် မရှိတော့ဘူး။ ကိုယ်ထဲကအားတွေက မျက်ရည်
တွေနဲ့အတူပါသွားသလား မသိတော့ပါဘူး။ ပါးစပ်ကလည်း ဘီယာနံ့နဲ့
ဆေးလိပ်နံ့ကြီးက ဟောင်ထနေတာပဲ။ ပြန်စဉ်းစားကြည့်တော့ အိမ်ကို
ဘယ်လို ပြန်ရောက်တယ်ဆိုတာတောင် ကောင်းကောင်းမမှတ်မိတော့ဘူး။
ကိုမျိုးသန့်နဲ့ ဘယ်နေရာမှာ ဘယ်လိုလမ်းခွဲပြန်ခဲ့ ကြတယ်ဆိုတာလည်း
စဉ်းစားလို့ မရဘူး။ နောက်တခါအိပ်ယာကနေ ကျုံးရုန်းပြီး ပြန်ထ၊ ရေချိုး
ခန်းထဲကို ခြေတရွတ်ဆွဲတော့မတတ်ပုံနဲ့ မနည်း အားစိုက်လမ်းလျှောက်
လိုက်ရတယ်။ အမူးမပြေသေးတော့ ချာချာလည်နေတယ်။ အိမ်မှာ အဖေ
ရော အမေရော မရှိတော့ဘူး။ ရေချိုးခန်းထဲရောက်တော့ အနောက်
ပြတင်းပေါက်တွေက ဖွင့်လျက်သားဆိုတော့ ဟန်နီတို့ အိမ်အနောက်
ပြတင်းပေါက်ကို လှမ်းကြည့်မိလိုက်တယ်။ မတ်တပ်ရပ်နေလို့ တောင် မရ
တော့အောင် နုံးချိလာလို့ တကိုယ်လုံးက အဝတ်တွေကို မြန်မြန်ချွတ်
ကိုယ်တုံးလုံးနဲ့ပဲ ရေချိုးခန်းသမံတလင်းကြမ်းပြင်ပေါ် ထိုင်ချလိုက်မိတယ်။
ပြီးတော့ ရေတိုင်ကီကို မှီထိုင်ရင်း ဟန်နီတို့ အိမ်အနောက်ပြတင်းပေါက်ကိုပဲ
ထိုင်ငေးကြည့် နေလိုက်မိတယ်။ ပြီးတော့ ကျနော် တရှုံ့ရှုံ့ငိုနေမိတယ်။
အရမ်းပင်ပန်းတာပဲဗျာ။ မျက်လုံးထဲမှာ ဟန်နီ့မျက်နှာကိုမြင်နေရတယ်။ အဲ့
လိုမြင်နေရလေ ကျနော်ငိုမိလေပဲ။
“လုပ်ကြပါဦး ကျနော့်ကို ကယ်ကြပါဦးဗျာ . . .” လို့ ဘယ်သူ့ကို တမိမှန်းမ
သိဘဲ ပါးစပ်ကထုတ်ပြီးတော့တောင် တမိတယ်။ အဲဒီနောက် ငိုရင်း ငိုရင်းနဲ့
ပဲ အေးစက်နေတဲ့ ကြမ်းပြင်ပေါ် ကျနော် အိပ်ပျော်သွားခဲ့တယ် ထင်တယ်။
“ဒုန်း ဒုန်း ဒုန်း ဒုန်း သန့်ဇင် ဟေ့ကောင် သန့်ဇင် ငါ့သား . . .”
အဖေက ရေချိုးခန်းတံခါးကို ထုရင်း ကျနော့်နာမည်ကို အော်ခေါ်သံကြား
တော့မှ နိုးလာခဲ့တယ်။

အိ မ် က် နော် လို က် ခါး ကို ပ်


“အိမ်သာတက်နေတာ အဖေရ” ကျနော်ထူးလိုက်မှ တံခါးကို ထုနေတာရပ်
ပြီး အဖေကပြောတယ်။
“မင်း အိမ်သာတက်ရင်း အိပ်ပျော်နေတာမဟုတ်လား ငါ တံခါးထုတာ ကြာ
လှပြီကွ မြန်မြန်လုပ်” တဲ့။
“ဟုတ် ဟုတ် အဖေ” လို့ ပြန်ပြောရင်း ကျနော်လည်း တိုင်ကီထဲက ရေတ
ခွက်ခပ်ပြီး အိမ်သာခွက်ထဲ ရေလောင်းချလိုက်တယ်။ အိမ်သာတက်နေ
တယ်လို့ ယုံသွားအောင်ပေါ့ဗျာ။ ပြီးတော့ ရေချိုးခန်းပြတင်းပေါက်ကို သွား
ပိတ်လိုက်တယ်။ ဟန်နီနေခဲ့ဖူးတဲ့ အိမ်ရဲ့ အနောက်ဘက်ပြတင်းပေါက်
ကလေးကအစ ကျနော့်ကို သောကတွေ ပေးနေခဲ့တာကိုး။ အဲဒီနောက် ကျ
နော် ရေချိုးတယ်။ ရေချိုးပြီး အိမ်ရှေ့ထွက်လာတော့ အဖေ မရှိတော့ပြန်
ဘူး။ ရုံးသွားပြီထင်ပါရဲ့။ နာရီကိုကြည့်လိုက်တော့ ကိုးနာရီခွဲနေပြီ။ ကျနော်
အတော်ကြာကြာ အိပ်ပျော်သွားတာပဲ။ အဝတ်အစားဝတ်ပြီးတဲ့နောက် ဆိုင်
ကိုလည်း သွားချင်စိတ်မရှိတာနဲ့ ရွှေတိဂုံဘုရားဆီ လမ်းလျှောက်ထွက်ခဲ့
လိုက်တယ်။
တနာရီလောက် လမ်းလျှောက်ရင်း ဟန်နီ့အကြောင်းကိုပဲ တွေးလာခဲ့မိ
တယ်။ သူပြုံးနေတာလေး ပြန်မြင်ယောင်ရတာ ခက်လာတယ်ဗျာ။ သူ့
မျက်နှာလေးပေါ်က ခရမ်းရောင်သမ်းနေတဲ့ ဘုကြီးတွေပဲ သူ့မျက်နှာ ရှေ့မှာ
ဖုံးကွယ်နေတယ်။ ဟန်နီဟာ အဲဒီဘုကြီးရဲ့ ရှေ့ကို ဘယ်လိုမှ တိုးထွက်လို့ မ
ရခဲ့ဘူးဖြစ်နေခဲ့တယ်။
မနေ့ညက အဖြစ်ကို ဟန်နီသာ ဝိညာဉ်ဘဝနဲ့ စောင့်ကြည့်နေခဲ့ရင် သူ ကျ
နော့်ကို မုန်းသွားမလား မသိဘူးဗျာ။ သူသေတာ တပတ်ပဲရှိသေးတယ်။ ကျ
နော်က တခြားကောင်မတွေရဲ့ ရင်ခွင်ထဲကို ရောက်ချင်နေတယ်။ ကျနော့်
လောက်စိတ်ပျက်ဖို့ ကောင်းတဲ့ကောင် ဘယ်လိုလုပ်ရှိတော့မှာလဲ။ ဟန်နီရေ
အစ်ကို့ ကို ခွင့်လွှတ်ပါကွာ။ အစ်ကို စိတ်ညစ်လွန်းလို့ သွားမိတာပါလို့ သူ
နားထောင်နေသယောင် ပါးစပ်ကနေ တတွတ်တွတ် တောင်းပန်နေမိတယ်။
အရှေ့မုခ်လှေကားတွေကနေ တက်လာရင်း ဓာတ်လှေကားရှိတဲ့ နေရာကို
ရောက်တော့ လှေကားကနေတက်ရတာလည်း ညောင်းလာတာနဲ့ ဓာတ်
လှေကားနဲ့ တက်ခဲ့လိုက်တယ်။ ဓာတ်လှေကားကထွက်တော့ ဘုရားရင်ပြင်
ဆီသွားတဲ့ စင်္ကြန်ကနေမြင်ရတဲ့ ရန်ကုန်မြို့ကြီးကို ငေးကြည့်နေမိတယ်။
ဟိုနေရာလောက်ဟာ ကျနော်တို့ နေတဲ့ဝင်းရှိတဲ့နေရာလို့ မှန်းဆကြည့်ရင်းက
အဲဒီဝင်းထဲက နေရာတွေမှာ ဟန်နီနဲ့ပျော်နေခဲ့ကြတာတွေက ပြန်မြင်ယောင်
လာရပြန်ရော။ အားလုံးဟာ ဟန်နီပါပဲဗျာ။ ဘယ်ဟာမှကို မလွတ်ပါဘူး။
လွတ်လည်း လွတ်ချင်စိတ်မရှိပါဘူး။ ဒါပေမယ့် ဟန်နီက ရှိမှ မရှိတော့ဘဲ။
ဟန်နီ မရှိတော့ပါဘူးဗျာ။ အဲဒါ တကယ့် ဖြစ်ရပ်မှန်ပါပဲ။ အပေါ် စီးက မြင်
ပါ က် ည် င်ပြ င် ဆီ ကို
နေရတာတွေဟာ အလကားပါ။ မျက်ရည်တွေနဲ့တော့ ဘုရားရင်ပြင်ဆီကို မ
သွားချင်တော့ဘူးဗျာ။ ဘုရားဆီမှာ ဆုတွေတောင်းနေလို့ လည်း ဟန်နီက
ပြန်မှမလာနိုင်တော့ဘဲ။ အဲ့လိုသိနေတာတောင် မျှော်လင့်ချက်ကလေး
ရေးရေးကတော့ ရှိနေတုန်းပဲ။ ရွှေတိဂုံဘုရားကြီးကို လှည့်ကြည့်လိုက်တော့
ကျနော့်မျက်လုံးထဲမှာက မျက်ရည်တွေနဲ့မို့ ရွှေရောင်တောင် ပြောင်တယ် မ
ထင်တော့ပါဘူး။ ဪသာ် ကျနော်နဲ့ ဟန်နီ ရွှေတိဂုံဘုရားကိုတောင်
အတူတူ မရောက်ခဲ့ မဖူးခဲ့ဘူးပါလားလို့ ရှာကြံဝမ်းနည်းနေမိပါတယ်။
ရွှေတိဂုံဘုရားမှမဟုတ်ပါဘူးဗျာ။ ကျနော်တို့ နှစ်ယောက် ဘယ်ကိုမှ
အတူတူ မရောက်ဖူးခဲ့ကြပါဘူး။ ဘယ်ကိုမှ မရောက်ခဲ့ပါဘူး။ ဓာတ်
လှေကား စင်္ကြန်မှာတင် ဒူးတုပ်ထိုင်ပြီး ဘုရားကို ဦးကုန်းချလိုက်တယ်။
“အရှင်ဘုရား နောက်ဘဝကျရင်တော့ ဟန်နီ့ကို အသက်ရှည်ရှည်နေ
ရအောင် လုပ်ပေးပါဘုရား”
ဆုတောင်းလိုက်မိပါတယ်။ ပြီးတဲ့နောက် ဓာတ်လှေကားကနေပဲ အောက်ကို
ပြန်ဆင်းလာခဲ့ပြီး အိမ်ပြန် လာခဲ့တယ်။ အိမ်ပြန်လမ်းဟာ မိုင်တသောင်း
လောက်တောင် ဝေးနေသလိုပဲ။ ကျနော် အိပ်ရေးလည်း မဝသေးဘူးဗျာ။
အခန်း (၂၂)

ညနေလေးနာရီ လေးနာရီခွဲလောက်ဆိုတော့ နေရှိန်က မကျသေးဘူး။


ပြင်းပြင်းထန်ထန်မဟုတ်တောင် တောက်လောင် ပူပြင်းနေတုန်းပဲ။ သုံး
ရာသီလက်ဖက်ရည်ဆိုင်ရဲ့ ကောင်တာနောက်က ဝိုင်းကတော့ မှန်ဘီရိုတွေနဲ့
ကွယ်ထားလို့ အပူတော့ သက်သာတယ်။ ဆိုင်ထဲမှာ ဘယ်ဝိုင်းမှာမှလဲ လူမရှိ
ဘူး။
“ဒီကောင့်ကိုလဲ တားလို့ ကိုမရပါဘူးကွာ” ကိုမဲကြီးက ကျနော့်ကို ပြောတယ်။
ကိုမျိုးသန့်က သူ့အိမ်ကနေ သုံးပေ တပေခွဲလောက်ရှိမယ့် သံသေတ္တာ တ
လုံး ထမ်းချလာပြီး စားပွဲဘေးမှာချထားတယ်။ သေတ္တာပေါ်မှာတော့
ရှုံ့ကြိုးပါတဲ့ ဂျင်းကျောပိုးအိတ်ကလေးတလုံး။
ထိုင်ခုံမှာ ထိုင်ချမလိုလုပ်ပြီးမှ “ဟာ မေ့တော့မလို့ ” ဆိုပြီး သူတို့ တိုက်ပေါ်
ပြန်တက်သွားတယ်။
“အေးပေါ့ကွာ သူလဲ သူ့အကြောင်းနဲ့သူပေါ့” ကိုမဲကြီးက ပြောနေဆဲပဲ။ ဒါ
ပေမယ့် ကျနော့်ကို ပြောတာတော့ မဟုတ်တော့ဘူး ထင်တယ်။ ကိုမျိုးသန့်
ပြန်ရောက်လာတယ်။ ခွေးခြေပေါ်ထိုင်တယ်။ လက်ထဲက ဝေါ့မန်း
ကက်ဆက်နဲ့နားကြပ်ကြိုးကို စားပွဲပေါ်တင် လိုက်တယ်။
“သန့်ဇင်ရေ အဲဒီဝေါ့မန်းရယ် သံသေတ္တာရယ်က မင်းအတွက် ငါ့ရဲ့
လက်ဆောင်ပဲကွာ” သေတ္တာကို ဖွင့်ကြည့်မိတော့ သီချင်းတိတ်ခွေနည်းနည်း
နဲ့ သေတ္တာအပြည့်စာအုပ်တွေ။ တချို့စာအုပ်တွေကလည်း ခပ်နွမ်းနွမ်း၊
တချို့အုပ်တွေကျတော့လည်း အသစ်နီးနီး။ ရှေ့ဆုံးက ရေခံစာရွက်တွေမှာ
မျိုးသန့် ဆိုတဲ့ နာမည်နဲ့လက်မှတ်ထိုးထားတယ်။ နောက်ပြီး ရက်စွဲ။
“အစ်ကိုက ဘယ်သွားမှာလဲဗျ”
“မသိသေးဘူးကွာ ရွာပဲပြန်ရမလား ဒါမှမဟုတ်လဲ တနေရာရာပေါ့။ စာများ
များဖတ် ငါ့ညီရေ ကြားလား။ အချိန်ကြာရင်တော့ တချို့ဟာတွေက မေ့
သွားတာပါပဲကွာ”
“ဘာလုပ်ဖို့ သွားမှာလဲ . . .မသွားပါနဲ့လား အစ်ကိုရာ၊ ကျနော်တယောက်
တည်း ပျင်းကျန်နေခဲ့တော့မှာဗျ”

ငို မိ င် နော့် စိ တ် ကို ထိ န်း လို့ က် ည် ယ့်


မငိုမိအောင် ကျနော့်စိတ်ကို ထိန်းထားလို့ မျက်ရည်တော့မကျပေမယ့် အသံ
က မမှန်ဘူးဖြစ်နေတယ်။ကိုမဲကြီးက ကျနော်တို့ နှစ်ယောက်ကို ကြည့်နေ
ရင်း ဝင်ပြောတယ်။
“အေးလေကွာ မင်းအစ်မအိမ်မှာ မနေချင်လဲ ဟိုဘက်ရပ်ကွက်ထဲ ငှားနေ
ပေါ့ကွာ၊ အခန်းလွတ်တွေ ပေါလွန်းလို့ မင်းကလဲ . . . မင်း ပိုက်ဆံအဆင်မ
ပြေလဲ ငါ ရှိပါသေးတယ်ကွ။ ငါ့ဆီ ထမင်းတနပ်ကတော့ ဟေ့ရောင် မင်း
ဘယ်အချိန်လာစားစား”
“ကျနော် ဒီပတ်ဝန်းကျင်မှာကို မနေချင်တော့တာ ကိုမဲကြီးရ၊ ဟိုဘက်
ရပ်ကွက်နေတော့လဲ ကိုမြင့်ဦး မြင်နေရတာနဲ့ စိတ်မချမ်းသာဘူးဗျာ။
နောက်ပြီး . . . . ကျနော် ရင်နာရပေါင်းများလှပြီ။ ဒီမှာဆက်နေရင် ခင်ဗျားမ
သိဘူး ကျနော် အမြဲမြင်ယောင် နေရမှာတွေ ...”
“သန့်ဇင်လေးလဲ အားနာပါဦးကွာ မင်းက ရှောင်ပဲပြေးချင်နေတာ”
“အဲ့လိုတော့ မပြောနဲ့ကိုမဲကြီးရာ ခင်ဗျားဗျာ . . .”
“တော်ပါပြီကွာ ငါမပြောတော့ပါဘူး ဆောရီးကွာ . . . နေဦး လက်ဖက်ရည်
တော့ သောက်သွားဦးကွ” ကိုမဲကြီးက လက်ဖက်ရည်ဖျော်ခုံကို ထသွားပြီး
လက်ဖက်ရည်ဖျော်တယ်။ သူတို့ နှစ်ယောက်ပြောသမျှကို ဘေးကနေ ခေါင်း
ငုံ့ ပြီးနားထောင်နေတဲ့ ကျနော့်ကို ကိုမျိုးသန့်ကပြောတယ်။
“သိပ်အားငယ်မနေပါနဲ့ကွာ ဒီမှာ ဒီနှစ်ဆို မင်းဆယ်တန်းရောက်ပြီ။ မင်းက
လူကြီးဖြစ်နေပြီ။ တခါတလေတော့ ငါလဲ ပြန်လာမယ်လေကွာ။ ဒီမှာ ကို
မဲကြီးတို့ နဲ့ ပေါင်းနေနှင့် သူ့ဆီမှာလဲ စာအုပ်တွေအများကြီးကွ။ မင်း ငှား
ဖတ်လို့ ရတယ်။ အဲ့လူကလည်း စာဂျပိုးပဲ” လက်ဖက်ရည်နှစ်ခွက်ကို ချ
လိုက်ရင်း ကိုမဲကြီး ပြန်ထိုင်တယ်။ မျက်နှာကတော့ မဲ့လို့ ။ မျက်နှာမဲမဲကြီး
ပေါ်မှာ ပြောင်လက်နေတဲ့ ချွေးအဆီတွေကို လက်ဝါးနဲ့ သုတ်လိုက်ရင်း သူ
ပြောတယ်။
“တောင်ဘက်ပေါက်က ဖုန်းဆိုင်နံပါတ် မင်းဆီမှာရှိတယ်နော်။ ဖုန်းလေးဘာ
လေးဆက်ပေါ့ကွာ . . . ဒါနဲ့အဘိုးကြီးကိုရော မင်း နှုတ်ဆက်ခဲ့သေးလား”
“ခင်ဗျားပဲ ပြောလိုက်တော့ဗျာ . . .ကျနော်က နှုတ်ဆက်တယ်လို့ ” ကိုမျိုး
သန့်က ရှေ့ရောက်လာတဲ့ လက်ဖက်ရည်ခွက်ကို နှစ်ကျိုက်တည်းနဲ့ အပြီး
မော့လိုက်တယ်။ ပြီးတော့ သံသေတ္တာပေါ်က သူရဲ့ကျောပိုးအိတ်ကိုယူပြီး
မတ်တပ်ထရပ်တယ်။
“ကဲ ကဲ သွားမယ်ဗျာ မှောင်တော့မှာ . . . လက်မှတ်က ဝယ်ရသေးတာ
မဟုတ်ဘူး။ တွဲစောင့်ပြောပြီး စီးရမှာဗျသွားမယ် . . . ကဲ သန့်ဇင် ညီလေး
စ် ကို ပြီ နော်
ဟု ဘူး တွဲ င့် ပြော ပြီး ရ မှာ ဗျ သွား န့် ညီ
အစ်ကို သွားပြီနော်”
“ဟုတ်အစ်ကို တခါတလေပြန်လာခဲ့ဦးနော် . . .” ပြောနေရင်းနဲ့ကျနော့်အသံ
က တိမ်ဝင်သွားတယ်။ ကိုမဲကြီးက ကျနော့်ပုခုံးကို နှိပ်နေတယ်။
“ကဲ ကဲ လာပါဦးကွာ မင်းကလဲ ငိုချည့်နေတာပဲ။ ငိုတဲ့ရက်က ပြီးသွားပြီကွ
တော်တော့။ မတ်တပ်ထစမ်းပါဦး” မတ်တပ်ရပ်လိုက်တော့ ကိုမျိုးသန့်က
ကျနော့်ကို ဖက်ထားပြီး ကျောကုန်းကို တဘုတ်ဘုတ်ပုတ်နေတယ်။ ခဏပါ
ပဲ။ ပြီးတော့ သူ ထွက်သွားတယ်။ နေရောင်က မကျသေးဘူး။ ပူနေဆဲပဲ။
ကိုမျိုးသန့်ဟာ သူ့ရဲ့ ရှုံ့ကြိုးနဲ့ဂျင်းကျောပိုးအိတ်ကလေးကို ပုခုံးမှာမလွယ်
ဘဲ လက်ကနေဆွဲရင်း ထွက်သွားတယ်။ ဂိတ်ပေါက်တဖက်ရောက်တော့ နံရံ
နဲ့ ကွယ်သွားလို့ မမြင်ရတော့ဘူး။ ကျနော့်မျက်လုံးထဲမှာတော့ ဟန်နီနဲ့ ကို
မျိုးသန့်တို့ ရဲ့ မျက်နှာတွေဟာ ဖျတ်ခနဲ ဖျတ်ခနဲ။ သူတို့ တူဝရီးနှစ်ယောက်
လက်ချင်းတွဲလို့ တနေရာရာကို ထွက်သွားကြတာပဲလို့ မြင်ယောင်လာမိ
တယ်။ ကျနော် ဆက်ပြီး မတ်တပ်ရပ်နေလို့ မရတော့ဘူး။ ထိုင်ခုံမှာ ပြန်ထိုင်
လိုက်တယ်။
“လက်ဖက်ရည်တော့သောက်ဦး သန့်ဇင်လေးရ” ကျနော့်ရှေ့က
လက်ဖက်ရည်ခွက်ဟာ ခဏကလေးနဲ့ပဲ အပေါ်ကြောတွေတင်းပြီး ပျစ်ပျစ်
ကြီးဖြစ်လာနေခဲ့ပြီ။ ဒါပေမယ့် မသောက်ဖြစ်သေးဘူး။ ခေါင်းထဲမှာ ဘာကို
မှ စဉ်းစားနေတယ်ရယ်မဟုတ်ဘဲနဲ့ ကျနော့်ခေါင်းက မကြည်ဘူးဖြစ်နေ
တယ်။
“သောက်လိုက်ဦးကွ လက်ဖက်ရည် . . .” ကိုမဲကြီးက ကျနော့်ကို
လက်ဖက်ရည်သောက်စေချင်တာထက် ဝမ်းနည်းစရာတွေ တွေးနေမှာစိုးလို့
သတိပေးနေသလိုပဲ။
“ဟုတ်ကဲ့ သောက်မှာပါ” လို့ ပြန်ဖြေပေမယ့် အသံကတိုးလွန်းလို့ ကိုမဲကြီး
လည်း ကြားမယ်မထင်ဘူး။ ဝေါ့မန်းကက်ဆက်ကလေးကို ကျနော်ယူကြည့်
တယ်။ ကျောင်းမှာတချို့ကောင်တွေ ယူယူလာတာ မြင်ဖူးတယ်။ အဲဒီတုန်း
က ကျနော်လဲ သိပ်လိုချင်တာပေါ့။ ခုတော့ လိုချင်စိတ်လည်း မရှိပါဘူး။
လိုချင်စိတ်မှ မဟုတ်ဘူးဗျ။ ဘာစိတ်မှကို မရှိတော့တာဗျာ
“ကိုမဲကြီး အစ်ကို ဟိုတခါဖွင့်တဲ့သီချင်း ဘာလဲဗျာ ကျနော် အစမေ့နေတယ်
. . . အင်္ဂလိပ်စာသားနဲ့စတဲ့တပုဒ်လေ”
“ဪသာ် ကျော်ဟိန်းကွ အဲဒါ . . . အေး အေး နေဦး ခဏ” ကိုမဲကြီးက သူ့
ခွေစင်ကနေ ခွေကိုရွေးထုတ်တယ်။ သူ့ကက်ဆက်ထဲ ထည့်တယ်။
“မဟုတ်ဘူး ကိုမဲကြီး ကျနော် ဒါနဲ့နားထောင်ကြည့်မလို့ ကျနော့်ကိုပေး”
ပါ ငါ သိ ပါ ယ် င်း ကို သီ င်း က် င် ပြ န် စ်
“အေးပါ ငါသိပါတယ် မင်းကို အဲ့သီချင်းရောက်အောင် ပြန်ရစ်ပေးနေတာ
ငါ ဆလက်ရှင်ကူးထားတဲ့ ခွေကွ”
ဟိုဘက်ပြန်ရစ်၊ ဒီဘက်နည်းနည်းပြန်ရစ်၊ ပြီးတော့ သီချင်းသံကို ကျနော်
ကြားသွားမှာ ကြောက်နေတဲ့ပုံမျိုးနဲ့ ဗော်လူးကို အရမ်းနှိမ့်ပြီး သူ့ဘာသာသူ
နားထောင်ကြည့်နေတယ်။ ပြီးတော့ ထပ်ရစ်တယ်။ သီချင်းအစနေရာ
ကွက်တိရောက်တော့မှ ကိုမဲကြီးက ကျနော့်လက်ထဲ ခွေကိုထည့်ပေးတယ်။
“အဲဒီအခွေ မင်းအပိုင်ယူလိုက်ကွာ ငါ့လက်ဆောင်ပေါ့။ ငါလဲ အဲဒီသီချင်း
ကြိုက်တယ်” ဆိုနီဝေါ့မန်းကက်ဆက်ကလေးထဲ ခွေကိုထည့်။ နားကြပ်ကို
နားမှာထိုးပြီး ပလေးခလုတ်ကို နှိပ်လိုက်တယ်။ သီချင်းဟာ အသံရှိပေမယ့်
နားထဲကို အသံမဟုတ်သလို တိတ်ဆိတ်စွာ လျှောဝင်လာတယ်။ ကျနော့်
မျက်လုံးကိုမှိတ် ထိုင်ခုံနံဘေးက တိုင်ကိုမှီလိုက်တယ်။
ကျနော်ရဲ့ သူရဲကောင်းခေတ်နဲ့ နူးညံ့တဲ့လရောင်ကလေးဟာ အေးခဲလျက်
ပြီးဆုံးသွားပါပြီ။
သွေးတိုးစမ်းလမ်းရွေးချယ် မှော်ရုံ xxx အားကောင်းတဲ့လက် xx လမ်းပြဦး
xxx တကယ်ပါပဲ အစ်ကိုရေ ပြောထားဦး xxx မင်းသွားတော့မယ် ဟိုအဝေး
xx ခြေသံတွေ လမ်းမမှားဘဲနဲ့သွားကွာ xx သာယာစွာ လမ်းအဆင်းများ xx
မရောက်ခင် မောရင်လဲ မောပါစေ xx

You might also like