You are on page 1of 2

ဒီနေ့အတွက်စကား Difficulties And Obstacles Are Not Always Consistent.

လက်လျှော့ ချင်
စိတ် ကို အနို င်ယူ ဖို့ ထင်သလောက် မခက်ဘူ း။ ကျွန်တော်တို့ဘဝမှ ာ အခက်အခဲ အတားဆီးတွေကို
ရှေ ာင်လွဲလို့ မရ တာ အမှ န်ပါ။ လူ တို င်းလူ တို င်းဟာ အခက်အခဲဆုံ း အခြေ အနေတွေနဲ့ ကြုံ လာတို င်း
မှ ာ Give Up လု ပ်ဖို့ ကို ယ့် ကို ယ်ကို မသိ စိတ်က တွန်းအားပေးတက်ကြပါတယ်။ လက်လျော့ ချင်တဲ့
စိတ်ကို အနို င်ပေးလို က်တာနဲ့ ဘဝထဲက ရည်မှ န်းချက် ပန်းတို င်တွေ အားလုံ းဟာ သု ညဆို တဲ့
အခြေအနေကို ရောက်ရှိသွားမှ ာပါ။ ဒီတော့ လက်လျှော့ ချင်စိတ်ကို အမြတ်ဖြတ် အနို င် တို က်ဖို့ လို ပါ
တယ်။ ကို ယ့်ကို ယ်ကို ယုံ ကြည်ပါ။ ကို ယ့်ကို ယ်ကို ယုံ ကြည်တဲ့ စိတ်ဟာ ပန်းတို င်တွေဆီ အရောက်သွား
နို င်ဖို့ ခွန်အားတစ်ခု ပါပဲ။ ပန်းတို င် တစ်ခု အစပျိုးချိန်မှ ာ ရှိထားခဲ့ တဲ့ တက်ကြွမှုနဲ့ ထက်သန်မှုမျိုးကို
ပြန်လည်ရနို င်ဖို့ သော့ ချက်က ကို ယ့်ကို ယ်ကို ယုံ ကြည် မှုမြှ င့်ထား တာပါပဲ။ ဒါကြောင့် လု ပ်နို င်တယ် ၊
ကျော်ဖြတ်နို င်တယ်ဆို တဲ့ စိတ်ကို အပြည့်အဝသွင်းထားပါ။ ယုံ ကြည်မှုနဲ့ ပန်းတို င်ဟာ အမြဲ ဆက်နွယ်
နေတယ်ဆို တာကို သတိပြုမိဖို့ လို ပါတယ်။ Difficulties And Obstacles Are Not Always
Consistent. အခက်အခဲ အတားအဆီးတွေဟာ အမြဲတမ်း တသတ်မှ တ်တည်း ဖြစ်မနေပါဘူ း။ ခံ နို င်
ရည်နဲ့ စိတ်အားထက်သန်မှုကို စမ်းသပ် နေ တဲ့ စိန်ခေါ်မှု တွေသာ ဖြစ်ပါတယ်။ အခက်အခဲတွေ ကြုံ ရ
တို င်း လက်လျှော့ ချင်စိတ် ဖြစ်နေရင် အောင်မြင်မှု ဆို တာလည်း ရှိမလာ နို င်ပါဘူ း။ အချိန်တစ်ခု ကို
တောင့်ခံ ကျော်ဖြတ်လို က်တာနဲ့ ပန်းတို င်ဆီ သွားရာလမ်းကြောင်းပေါ်မှ ာ ကောင်းကောင်းကြီး
ဆက်လက် လျှောက်လှ မ်းသွားနို င်မှ ာ ဖြစ်ပါတယ်။ အောင်မြင်မှုဆို တာ တကယ်တော့ ကြမ်းတမ်းတဲ့
ခရီးရှ ည်ကြီးကို ဖြတ်ကျော် ရတာပါ။ ခရီးလမ်းတစ်လျှောက်မှ ာ ကြုံ တွေ့ရတဲ့ အခက်အခဲအတားအဆီး
တွေကို အကောင်းဆုံ းကျော်ဖြတ်သွားနို င်ဖို့ ဝမ်းစာ ကောင်း ကောင်း ပြည့်ဝနေမှ ရမှ ာပါ။ ကို ယ့်ကို ယ်
ကို တို းတက်စေမယ့် လို အပ်သမျှဝမ်းစာတွေကို ဖြည့်တင်းရင်း လျှောက်လှ မ်း တာဟာ ပန်းတို င်ဆီ ချီ
တက်ရာခရီးလမ်းကို ပို ပြီးတွင်စေပါတယ်။ ပန်းတို င်ကို ပဲ အာရုံ စို က်မနေပါနဲ့။ ပန်းတို င်ကို အာရုံ စို က်တာ
ကောင်းပါ တယ်။ ဒါပေမယ့် ပန်းတို င်တစ်ခု တည်းကို ပဲ အစဉ်တစို က်အာရုံ စို က်နေပြီး လက်ရှိလု ပ်နေတဲ့
အရာတွေအပေါ် လစ်ဟင်းတာမျိုး တော့ မဖြစ်ပါစေနဲ့။ အဓိက ဘာလု ပ်ခဲ့ ပြီးပြီလဲ ၊ နောက်ထပ်လု ပ်ရ
မယ့်အရာကဘာလဲ ဆို တာကို ပါ အာရုံ စို က်ထားဖို့ လို ပါတယ်။ ရရှိခဲ့ တဲ့ အသေးစားအောင်မြင်မှုလေး
တွေကို အသိအမှ တ်ပြုခြင်းဟာလည်း ပန်းတို င်ကို ဆက် လျှောက်ဖို့ ခွန်အားများစွာ ရစေပါ တယ်။ ဒါ
ကြောင့် ပန်းတို င်ကို ပဲ အာရုံ စို က်နေတာမျိုးမဖြစ်စေပဲ လက်ရှိအခြေအနေမှ ာ လု ပ်နေတဲ့ အရာတွေကို
အကောင်းဆုံ း အာရုံ စို က်လု ပ်ဆောင်သွားဖို့ အကြံ ပေးချင်ပါတယ်။ တစ်ခါတစ်လေမှ ာ ကျွန်တော်တို့
အတွက် အားသစ်ပြန်မွေးဖို့ အနားယူ ချိန် ဆို တာ လို အပ်ပါတယ်။ ခွန်အားအသစ် ၊ တက်ကြွမှုအပြည့်
နဲ့ ပန်းတို င်တွေဆီ ဆက်လက်ခရီးဆက်နို င်ဖို့ လမ်းခရီးတစ်လျှောက်မှ ာ တထောက်တခဏ နားပေးရမှ ာ
ပါ။ အနားယူ ချိန်အတွင်းမှ ာ အားလုံ းကို ခဏမေ့ ထားပြီး ပြည့်ပြည့်ဝဝ အနားယူ ဖို့လို ပါတယ်။ ဒါမှ လည်း
တက်တက် ကြွကြွနဲ့ အကောင်းဆုံ း ရည်မှ န်းချက်ပန်းတို င်တွေဆီ ဆက် လျှောက်လှ မ်းနို င်မှ ာပါ။ ဒီနေ့
အတွက်စကား Difficulties And Obstacles Are Not Always Consistent.

You might also like