mmcybermedia.

com

 

တန်ဖိုးထားအပ်သောအရာများ - ဖေမြင့်
ရိုက်တင်သူ - nai99

စာမူခွင့်ပြုချက်အမှတ် -

၅၄/ ၂၀၀၄(၁)

မျက်နှာဖုံးခွင့်ပြုချက်အမှတ်-

၁၆၈/ ၂၀၀၄ (၃)

မျက်နှာဖုံးသရုပ်ဖော် -

ကျော်နိုင်

မျက်နှာဖုံးကာလာခွဲ -

Hkakabo

အတွင်းဖလင် -

အေဇက်

ကွန်ပြူတာစာစီ -

Dream City

မျက်နှာဖုံးပုံနှိပ်သူ ဒေါ်ရွှေ (၀၂၀၇၉) သုခပုံနှိပ်တိုက်၊ အမှတ် ၁၂၈၊ ၄၆ လမ်း၊ ရန်ကုန်မြို့။
အတွင်းပုံနှိပ်သူဒေါ်ခင်လှ(၀၁၅၇၈)စာပေလောကပုံနှိပ်တိုက်၊ အမှတ် ၁၇၃၊ ၃၃ လမ်း၊ ရန်ကုန်မြို့။
ထုတ်ဝေသူ ဦးဖေမြင့် (၀၂၂၅၉) ဖေမြင့်စာပေ၊ အမှတ် N-6 ရွှေမာလာရိပ်မွန်၊ ဘုရင့်နောင်လမ်း၊ ကမာရွတ်၊
ရန်ကုန်မြို့။
ပုံနှိပ်ခြင်း ပထမအကြိမ်၊ ၂၀၀၄ ခုနှစ်၊ ဇူလိုင်လ၊
အုပ်ရေ- ၁၀၀၀


 

 

mmcybermedia.com

မာတိကာ
အမှာစကား
၁။ တန်ဖိုးထားအပ်သောအရာများ
၂။ နေတတ်တ့လ
ဲူ
၃။ တစ်ခါတစ်ရံ အရှိကိုအရှိအတိုင်း
၎။ အဆုံးအဖြတ် ပေးတတ်တဲ့သူ
၅။ တံငါသည်ကို သတိရသည်
၆။ ဣနြေ္ဒနဲ့ မနေတတ်တ့လ
ဲူ
၇။ ငလျင်လှုပ်လျှင် စားပွဲခုံအောက်ကိုဝင် အဏုမြူဗုံးပေါက်လျှင်……..
၈။ အတိုင်းအတာ မသိတ့လ
ဲူ
၉။ ၂၁ ရာစုနှစ်ကြီး နှစ်ပေါင်း ၁၀၀ တည်ပါစေ
၁၀။ သူတစ်ပါးကိုပဲ လက်ညှိုးထိုးချင်သူ
၁၁။ ဘာကို ယုံကြည်ကြမည်လဲ
၁၂။ လူကြီးနဲ့လူငယ် အဟောင်းနဲ့ အသစ်


 

mmcybermedia.com

 

အမှာစကား
လူဆိုသည်က စဉ်းစားရသော သတ္တဝါ ဖြစ်သည်။ အတိတ်- အနာဂတ်- ပစ္စုပ္ပန် သုံးခုလုံး
အတွက် စဉ်းစားရသည်။ ကိုယ်တိုင် အကြောင်း စဉ်းစားသည်။ အနီးဝန်းကျင် အကြောင်း စဉ်းစား
သည်။ တစ်လောကလုံး အကြောင်းလည်း စဉ်းစားသည်။ လူအတွက် စဉ်းစားစရာ ပြဿနာတွေက
မကုန်နိုင် မခန်းနိုင်။ သည်အထဲမှာ သေးသေးမွှားမွှား နိုင်နိုင်နင်းနင်းတွေ ပါသည်။ အလှမ်းမမီနိုင်
လောက်အောင် ကြီးကျယ်တာတွေလည်း ပါသည်။ သို့သော် ထိုများပြားကြီးကျယ်သော ပြဿနာ
အထွေထွေကို ကိုယ့် ဦးခေါင်း ဆန့်သလောက် စဉ်းစားကြံဆရသည်မှာ ကျွန်တော်တို့ လူသားများ
အလုပ် ဖြစ်ပါသည်။
လူသည် မများလှသည့် မိမိအတွေ့အကြုံလေးပေါ် မူတည်၍လည်း စဉ်းစားသည်။ အခြား
တစ်ပါး ပုဂ္ဂိုလ်များ၏ အတွေ့အကြုံနှင့် အတွေးအမြင်များကိုယူကာ ထပ်မံပွားများ စဉ်းစားတာ
လည်း ရှိသည်။ သည်လို စဉ်းစားရာက အသိဉာဏ်အမြင် ရလာသည်။ အဲသည် ဉာဏ်အမြင်သည်
မှန်ကန် သည်လည်း ရှိမည်။ တိမ်းစောင်းသည်လည်း ရှိမည်။ ပြည့်စုံ လုံလောက်သည်လည်း ရှိ
မည်။ မပြည့်မစုံ မစို့မပို့လည်း ဖြစ်ချင်ဖြစ်မည်။ မည့်သို့ပင်ဖြစ်စေ၊ အဲသည် ဉာဏ်အမြင် ဖြင့်ပင်
ဘဝကို အဓိပ္ပာယ် ဖွင့် သည်၊ ပတ်ဝန်းကျင်ကို ရှုမြင်သည်၊ လောကကို သုံးသပ်ဆင်ခြင်သည်။
ပြီးလျှင် အဲသည်ဉာဏ် အမြင်က ပြဋ္ဌာန်းသည့်အတိုင်း လောကအလယ် ဆက်လက် ရပ်တည်
ကျင်လည်သည်။
ယခု စာအုပ်တွင် စုစည်းထားသည်တို့မှာ ကိုယ့်တွေ့အသိ၊ တစ်ဆင့်ခံ အသိတို့ဖြင့် စဉ်းစား
ဲ ည့် အရာ တစ်ချို့ကို ရေးသားတင်ပြထားခြင်းများ ဖြစ်သည်။ ဤစာစုကို ဖတ်ရှု၍ စာ
ဆင်ခြင်မိခ့သ
ဖတ်သူ၌ ဆင့်ပွားခံစား တွေးတောစရာ အကြောင်းအချက် တစ်စုံတစ်ရာ ရရှိနိုင်လိမ့်မည်ဟု မျှော်
လင့် ယုံကြမိပါသည်။

စာဖတ်သူအား ထာဝစဉ်လေးစားလျက်……
ဖေမြင့်


 

mmcybermedia.com

 

~ တန်ဖိုးထားအပ်သောအရာများ ~

အေဒီ-၇၉ ခုနှစ်တွင် အီတလီကျွန်းဆွယ် တောင်ပိုင်း နေပဲလ်(စ) ပင်လယ်ကွေ့အနီးရှိ ဗီဆူး
ဗီးယပ်(စ) မီးတောင်ကြီး ပေါက်ကွဲသည်။ မီးတောင်မှ ထွက်လာသည့် ချော်ရည်ချော်မြှုပ် တို့ကြောင့် အနီးရှိ
ပွန်ပီမြို့ကြီး

ပျက်စီးခဲ့သည်။

မီးတောင်ပေါက်၍

တစ်မြို့လုံးဘေးလွတ်ရာ

ပြေးလွှားတိမ်းရှောင်ကြစဉ်

အစောင့်စစ်သည် တစ် ဦးသည် ဘယ်သို့မှ မထွက်ခွာ ၊ မိမိတာဝန် ကျရာ နေရာမှာပင် လုံခြုံရေးတာဝန်ကို
ဆက်၍ ထမ်းဆောင် နေ သည်။ တစ်မြို့လုံး ချော်ရည်တွေ ဖုံးသွားသည့် အခါ၌ မြို့စောင့် စစ်သားသည်
သူ့နေရာ၌ပင် ကျဆုံး ကျန်ရစ် သည်။
စစ်သည်၏

ခန္ဓာကိုယ်

အသွေးအသားတို့မှာ

သူ့အား

ဖုံးလွှမ်းခဲ့သည့်

ချော်ရည်ချော်ခဲများ

ပြာမှုန်ပြာစ များနှင့် ရောနှော ပျောက်ကွယ်ခဲ့ပြီ ဖြစ်သော်လည်း ထိုစဉ်ကာလ လွန်ခဲ့သော နှစ်ပေါင်း ၁၉၀၀
ကျော်က သူ ဆင်ယင် ခဲ့သည့် သံခမောက်၊ ချပ်ဝတ်အင်္ကျီနှင့် သူစွဲကိုင်သည့် လှံရှည်တို့မှာ နေပဲလ်(စ)
မြို့ရှိ ပြတိုက် တစ်ခုတွင် ပြသထားဆဲ ဖြစ်ရာ သည်အမှတ်တရ ပစ္စည်းများ နှင့်အတူ သူ၏ ဝိညာဉ်
သူ၏စိတ်ဓာတ်တို့တို့ ဆက်လက် ရှင်သန်လျက် ရှိသည်ဟု ဆိုရပါမည်။ ပွန်ပီမြို့စောင့် စစ်သား၏ လုပ်ရပ်
ကို စူးစမ်းဆင်ခြင်သည့်အခါ သူ၌ အဓိက ချီးကျူးရမည့် အရာသည် သူ၏ တာဝန်သိစိတ် ဖြစ်ကြောင်း
တွေ့ရှိရသည်။
ပွန်ပီစစ်သား၏ ရဲစွမ်းသတ္တိကိုလည်း အများသိမှတ် ကြပါသည်။ သို့သော် ယခုကိစ္စ၌ သတ္တိ ရှိမရှိ
ထက် တာဝန် သိမသိက ပို၍ ပဓာန ကျပါသည်။ အကြောင်းကား သူ့ထက် သတ္တိရှိသူ၊ တိုက်ရဲခိုက်ရဲ သေရဲ
သတ်ရဲသူ ဖြစ်သော်လည်း တာဝန်သိစိတ်သာ မရှိက ထိုနေရာမှ အဆောတလျင် ထွက်ခွာသွားမှာ သေချာ
သောကြောင့် ဖြစ်သည်။
ယခု စစ်သည်ကမူ တာဝန်သိစိတ် စွဲမြဲခိုင်မာသူ ဖြစ်သည်။သူသည် သတ္တိမည်မျှ ကောင်းသည်
ဆိုစေ၊ လူသဘာဝ အလျောက် သူ၌ အသက်ဘေးအတွက် တွေးကြောက်သည့် စိတ်လည်း ရှိရပါလိမ့်မည်။
သို့သော် တာဝန်မကျေမှာ ကြောက်သည့်စိတ်က အသက်သေမှာ ကြောက်သည့် စိတ်ထက်ပိုခဲ့၊ လွှမ်းမိုးခဲ့
လိမ့်မည်ဟု မှတ်ယူပါသည်။
ဂရိတွေးခေါ်ရှင်ကြီး ဆော့ခရေတ္တိ (Socrates ဘီစီ ၄၆၉-၃၉၉) အား သူနေထိုင်ရာ အက်သင်း
မြို့ပြ နိုင်ငံ၏ နတ်ဘုရားများကို မကြည်ညို မကိုးကွယ်သူ၊ လူငယ်များအား လွဲမှားသော အယူအဆများ
ရိုက်သွင်း ဖျက်ဆီးသူ ဟူသော စွပ်စွဲချက်များဖြင့် ရုံးတင်စစ်ဆေးကာ အက်သင်းတရားရုံးက သေဒဏ်
အမိန့် ချမှတ်ခဲ့ သည်။ အမိန့်ချပြီးနောက် အကြောင်း တစ်ခုကြောင့် သူ့အား မြန်မြန်ဆန်ဆန် မစီရင်နိုင်ဘဲ
အကျဉ်းထောင်တွင် တစ်လခန့်မျှ ချုပ်နှောင်ထားရသည်။


 

mmcybermedia.com

 

သည်အတွင်း သူ၏တပည့် တပန်းများ၊ သူ့အား လေးစားခင်မင်သည့် မိတ်ဆွေများနှင့် တွေ့ဆုံ
နှီးနှောခွင့် ရသည်၊ သည်တွင် “ခရီတို” အမည်ရှိ ပုဂ္ဂိုလ် ဦးဆောင်သည့် မိတ်ဆွေတစ်စုက ထောင် အမှု
ထမ်းအား တံစိုး လက်ဆောင် အမြောက်အမြား ပေးပြီး သူ့အား ခိုးထုတ်ယူရန် ကြံစည်ကြသည်။ သည်
အကြံကို ဆော့ခရေတ္တိ အား တင်ပြသည့်အခါ သူလက်မခံ။ အကြောင်းကား တရားရုံး၏ စီရင်ချက်သည်
မှန်ကန်သည်ဟု သူမယူဆ။ သို့သော် သူတပါးအမှားကို မိမိအမှားဖြင့် ပြန်ထေတာမျိုး သူမလုပ်နိုင်။
သူသည် လူပရိသတ် ကြီးငယ်တို့ အလည်၌ သူရသတ္တိ အကြောင်း၊ လူ၏ ဂုဏ်သိက္ခာ အကြောင်း၊
နိုင် ငံသားကောင်း တို့၏ တာဝန်ဝတ္တရားများ အကြောင်းနှင့် တရားဥပဒေကို လေးစား လိုက်နာအပ်သည့်
အကြောင်းများ အစဉ် ဟောပြော ပို့ချခဲ့သည်။ ယခု အသက်ဘေး ကြုံသည့်အခါမှ တံစိုးလက်ဆောင် ပေး၍
ထွက်ပြေးဖို့မှာ သူ့အတွက် မဖြစ်နိုင်။
သူ့အား တရားရုံးတွင် အမှုစစ်ဆေးစဉ်က စွဲချက်များကို လက်ခံ နားထောင်ခဲ့ပြီး ကိုယ်တိုင်လည်း
ပြန်လည် ချေပ လျှောက်လဲခဲ့သည်။ ထိုစဉ်က သူ့ဘက်က အနိုင် ရအောင်သော် လည်းကောင်း၊ အနိုင်မရ
သည့်တိုင် သေဒဏ်အစား သက်သာသည့် ပြစ်ဒဏ်ရရှိရန် သော်လည်းကောင်း၊ သူလျှောက်လဲ တောင်းခံ
နိုင်သော အနေအထား ရှိခဲ့သည်။ သို့သော် အပြစ်ဒဏ် လျော့ပါးလိုမှုအတွက် သူလေးစား တန်ဖိုးထားသည့်
အရာများကို မစွန့်ပယ်ခဲ့။ သေဒဏ်ကို မထေမဲ့မြင်ပြုကာ သူ့ယုံကြည်ချက် သူ့အတွေးအမြင်များကို ပို၍
ခိုင်မာ ပြတ်သားစွာပင် တင်ပြ ပြောဆိုခဲ့သည်။ ထိုသို့ ပြုခဲ့ပြီး နောက်တွင်မှ အကျဉ်းထောင်မှ ထွက်ပြေး
တိမ်းရှောင်ဖို့မှာ လုံးဝ မလျော်ကန်သော အရာသာ ဖြစ်သည်။ သို့ဖြင့် ဆော့ခရေတ္တိသည် ငိုကြွေးသူ၊
တောင်းပန်သူ၊ ဖျောင်းဖျနားချ သူများကို ရှင်းလင်းဖြေသိမ့်ကာ ထွက်ပြေးရန် အကြံအစဉ်ကို ငြင်းဆန် ပယ်
ဖျက်ခဲ့ပြီး စီရင်သည့် နေ့၌ ထောင် အ မှုထမ်း ကမ်းသည့် အဆိပ်ခွက်ကို တည်ငြိမ်စွာ လက်ခံခဲ့သည်။
မိမိ ဂုဏ်သိက္ခာ၊ မိမိ ဟောကြားခဲ့သည့် အတွေးအခေါ် စကား စသည့် သူတန်ဖိုးထားသော အရာ
များ မသိမ်ဖျင်း မပွန်းပဲ့စေရန် အလို့ငှာ အသက်ကို သူပေးအပ်ခဲ့ခြင်း ဖြစ်သည်ဟု မှတ်ယူရပါမည်။
ပွန်ပီ မြို့စောင့်စစ်သားနှင့် ဂရိပညာရှိ ဆော့ခရေတ္တိ။
အခြားအရာများမှာ တူစရာ သိပ်မရှိ သော်လည်း မိမိတန်ဖိုးထားသော အရာအတွက် အသက်ကို
ပေးအပ် ရာ၌ကား သူတု့န
ှိစ်ဦး တူညီကြပါသည်။
စင်စစ် သူတို့ကဲ့သို့ လေးစားလောက်သော အတိုင်းအတာထိ မရောက်သည့်တိုင် ကျွန်တော်တို့
အားလုံးမှာပင် မိမိ တန်ဖိုးထားသောအရာ မိမိ သစ္စာစောင့်သိ ရမည်ဟု ယုံမှတ်ထားသည့် အရာ၊ မိမိ
လုပ်ဆောင် ရမည့် တာဝန်ဟု မိမိဘာသာ ပြဋ္ဌာန်းမိသည့် အရာများ ရှိပါသည်။
ဒါတွေကို ကျေပွန်အောင် ထမ်းရွက်ဖို့ ကျွန်တော်တို့ ကြိုးစားမြဲ ဖြစ်ပါသည်။ ကျေပွန်အောင်
ထမ်းရွက် နိုင်သော် ကျွန်တော်တို့ ဝမ်းသာပိတိ ဖြစ်ကြသည်။ ကျေပွန်ခဲ့သော မိမိကိုယ်တိုင် အတွက်လည်း
ဂုဏ်ယူ မိကြသည်။ တာဝန် မကျေပွန်ခဲ့လျှင်၊ သို့မဟုတ် သစ္စာဖျောက်ဖျက် ဆန့်ကျင်ဘက် အလုပ်ကို


 

mmcybermedia.com

 

လုပ်မိခဲ့လျှင်ကား အကြီးအကျယ် စိတ်မချမ်းမြေ့ခြင်း ဖြစ်ပါသည်။ မိမိအတွင်းစိတ်၏ ကဲ့ရဲ့ ရှုတ်ချ
ခြင်းကိုလည်း မိမိဘာသာ အပြင်းအထန် ခံရတတ်ပါသည်။
ဗြိတိသျှ စာရေးဆရာ ဆာဝေါ်လတာစကော့( Sir Walter Scott 1771-1832)က သူသည်
သူ့ခေတ် အခါက စာအများဆုံး ရေးသူဟု ဆိုရလောက်အောင် အထိ အမြောက်အမြား ရေးသားခဲ့ကြောင်း၊
သည်စာများ ထဲတွင် ကိုယ်မသေမီ ကိုယ့်ဘာသာ ပြန်ဖျက်ပစ်ခဲ့ချင်သည့် စာမျိုး မပါဝင်ခဲ့တာ တွေးမိသဖြင့်
အလွန် စိတ် သက်သာရာ ရမိသည့် အကြောင်း ပြောကြားခဲ့သည်။
အလားတူ ကဗျာဆရာကြီး ဝါ့ဒ်စဝပ်(သ) (William Wordsworth 1770-1850) ကလည်း
ဘဝနှောင်းပိုင်း အချိန် မိတ်ဆွေတစ်ဦးနှင့် တွေ့ဆုံသည့်အခါ “အခုချိန်မှာတော့ ကျုပ်ကို လူတွေဘယ်လို
သဘောထားတယ်၊ ကျုပ်ကဗျာတွေကို ဘယ်လိုသတ်မှတ်ကြတယ် ဆိုတာတွေက ဘာမှ အရေးမပါတော့
ပါဘူး။ ဒါပေမယ့် အခုလို အိုမင်း မစွမ်းအချိန် ကျုပ်မှာ စိတ်သာရတဲ့ အချက် တစ်ခုတော့ ရှိတယ်။ ကျုပ်
အသက် ငယ်ရွယ်စဉ် ကာလကတည်းက ရေးခဲ့တဲ့ စာတွေထဲမှာ မတော်မတည့် စိတ်ခံစားမှုတွေ စေပါးရာ
လိုက်ပြီး ရေးခဲ့မိလို့ ကိုယ့် ဘာသာ ပြန်ဖျက်လိုက်ချင်မယ့် စာမျိုး တစ်ကြောင်းတလေမှ မပါတဲ့ ကိစ္စပဲ။
ကျုပ်သေပြီးတဲ့နောက် ကျန်ခဲ့မယ့် ကျုပ်စာတွေကြောင့် ဆိုးကျိုးတစ်စုံတစ်ရာ ဖြစ်စရာ မရှိဘူးပေါ့ဗျာ၊
အဲဒီအတွက် သိပ်ကို ဝမ်းသာတယ်ဗျာ” ဟူ၍ ဖွင့်ဟပြောဆိုခဲ့သည်။
သြတ္တပစိတ်(ဝါ) မှန်မှာသိစိတ် (Consience) ၏ ချောက်လန့်မှုကို ခံရမှာ ကြောက်တတ်ကြသော
သဘော၊ လိပ်ပြာသန့်စွာ အသက်ရှင်သန် ရသည့်အခါမှ စိတ်ရွှင်လန်း ပေါ့ပါးနိုင်ကြသည့် သဘောကို
စာဆိုနှစ်ဦးတို့ တညီတညွတ်တည်း ဖော်ပြခဲ့ကြခြင်း ဖြစ်သည်။
သို့သော် ကျွန်တော်တို့မှာ တန်ဖိုးထားရမည့် အရာ၊ သစ္စာစောင့်သိရမည့် အရာ၊ တာဝန်ယူရမည့်
အရာတွေက တစ်ကြိမ်မှာ တစ်ခုဆိုလျှင် အကြောင်းမဟုတ်ပါ။ ကိုယ့်သတ္တိ ကိုယ့်စွမ်းအား အလျောက်
လုပ်ကြ ကိုင်ကြ ရုံသာ ရှိပါသည်။
ထိုသို့မဟုတ်ဘဲ တစ်ခါတစ်ရံ၌ တန်ဖိုးတွေ၊ သစ္စာတွေ ပြဋ္ဌာန်းချက်တွေက ထွေးရောယှက်တင်
ရှိလာတတ် ပါသည်။ ကိုယ်တန်ဖိုးထားသော ကိုယ့်တာဝန်ဟု ယူဆသော အရာ အချင်းချင်း ဆန့်ကျင်
ငြိစွန်း နေတာမျိုးလည်း ကြုံရတတ်ပါသည်။
အဲသည်အခါမျိုးမှာ ရွေးချယ်ရ၊ ဆုံးဖြတ်ရ အလွန်ခက်လှသည့် အနေထားတွေ ပေါ်လာပါသည်။
အများ သိကြသည့် အကြောင်းကိုပင် ဥပမာပြပါမည်။
မြန်မာရာဇဝင်ထဲက သူရဲကောင်း ငခင်ညို။..........
ငယ်စဉ်က မြန်မာ့သမိုင်း သင်သောအခါ ငါးစီးရှင် ကျော်စွာ၏ ကျွန်ယုံတော် ငခင်ညို အကြောင်း
ဖတ်ရသည်။ အဲသည်တုန်းက ခေါင်းထဲတွင် မရှင်းခဲ့တာ အမှတ်ရသည်။ ပြန်စဉ်းစား ကြည့်သည့်အခါ


 

mmcybermedia.com

 

ငခင်ညိုရဲ့ လုပ်ရပ်က ကလေးတစ်ယောက်အတွက် အတော် မျက်စိ လည်စေသောကြောင့် ဖြစ်သည်ဟု
သဘောပေါက်သည်။
ငခင်ညိုသည် ဘယ်သို့သောသူ ဟူ၍ ကျွန်တော်တို့အား သင်ကြားခဲ့သလဲ။ သမိုင်းစာအုပ်ထဲ
(မှန်နန်းရာဇဝင်) ပြန်ကြည့်သည့်အခါ ငခင်ညိုကို “ကျေးဇူးသိတတ်သော သူရဲကောင်း”ဟု ခေါင်းစဉ်
တပ်ပြီး ဖော်ပြ ထားတာ တွေ့ရသည်။ ၄င်း ဖော်ပြချက်ကို အနည်းငယ်ချုပ်၍ ပြောရသော်..........၊
ပင်လယ်မြို့စား ငါးစီးရှင်ကျော်စွာက စစ်ကိုင်းမင်း အသင်ခယာစောယွမ်းကို လုပ်ကြံရန် သူ့လူ
တစ်ဦး ဖြစ်သူ ငခင်ညိုအား စေလွှတ်သည်။ ငခင်ညိုသည် စစ်ကိုင်းတွင် ပုန်းအောင်း ချောင်းမြောင်းရင်း
သုံးရက် ကြာသည်။ သုံးရက်လုံး ထမင်းငတ်သည်။ အခွင့်သာ၍ နန်းတွင်းသို့ ဝင်သည့်အခါ စစ်ကိုင်းမင်း
နတ်တင်ထားသော ထမင်းပွဲကို အရင်တွေ့သည်။ ထမင်းကို ဝအောင်စားပြီးနောက် အိပ်ဆောင်သို့ ဝင်၍
ဘုရင့်အား ဓားနှင့် ခုတ်မည့်အခါ ချီတုံချတုံ ဖြစ်သည်။ သူ့ထမင်းကို ခုဘဲစားခဲ့သည်၊ ယခုသူ့ကို သတ်မည်
ဆိုလျှင် ထမင်းရှင်ကို သတ် သည့် အမှုအတွက် တမလွန်၌ အပြစ်ကြီးစွာ ခံရတော့မည်ဟု တွေးတော
ထိတ်လန့်သည်။ တစ်ဘက်တွင် သူ့ သခင် ငါးစီးရှင် ကျော်စွာ ပေးအပ်လိုက်သည့် တာဝန်ကလည်း ရှိနေ
သည်။

စစ်ကိုင်းမင်း

ခေါင်းရင်းတွင်

ဓားကို

အကြိမ်ကြိမ်

ချွတ်လိုက်စွပ်လိုက်

လုပ်နေမိပြီးနောက်

စစ်ကိုင်းမင်းကို သတ်နိုင်သည့် အနေအထားထိ ရောက်ရှိကြောင်း အထောက်အထားအဖြစ် စစ်ကိုင်းမင်း၏
ပတ္တမြားဓားကို ယူပြီး ပြန်ခဲ့သည်။
ပင်လယ်သို့ ရောက်၍ သူ့သခင်အား ဖြစ်ပျက်ပုံ အလုံးစုံ တင်လျှောက်ပြီး ပတ္တမြားဓားကို ဆက်
သည့်အခါ ငါးစီးရှင်က ထမင်းတပွဲ စားရရုံဖြင့် ဤမျှကျေးဇူးသိက အစဉ်ကျွေးမွေးသော ငါ၏ ကျေးဇူးကား
ဆိုဖွယ် ရှိ မည် မဟုတ်ဟု ဝမ်းမြောက်ချီးကျူးကာ ငခင်ညိုအား ဆုလာဘ်ချီးမြှင့်သည်ဟု ဆိုပါသည်။
အဲသည်မှာ ကျွန်တော်တို့ စဉ်းစားမရခဲ့သည်က.................................
ရှင်ဘုရင်ကရော သူခိုင်းလိုက်သည့် အလုပ်ကို မေ့သွားသည်လား။ လုပ်ကြံရန် တာဝန်ကို ကျေပွန်
စွာ မထမ်းရွက်၊ ဓားတစ်လက်သာ ခိုးပြီး ပြန်လာသည့် ငခင်ညိုအား ဝတ္တရား ပျက်ကွက်မှုဖြင့် မသုတ်သင်
မစီရင် ဘူးလား။ ကျန်သည့် အမှုထမ်းတွေပါ သူ့ပုံစံလိုက်ကာ ခိုင်းတာတခြား လုပ်တာတလွဲ ဖြစ်လာခဲ့လျှင်
ရှင်ဘုရင် ဘယ်လို စခန်းသွားမည်လဲ၊ စသဖြင့်......... သို့သော် သူတို့ အချင်းချင်းက အထက်မှာ ဆိုခဲ့
သည့်အတိုင်း အေးအေးဆေးဆေး ကိစ္စပြီးသွားခဲ့သည်။
သည်ကနေ့ ကျွန်တော်တို့ ခွဲခြမ်းစိတ်ဖြာ ကြည့်သည့် အခါမှာတော့........
ငခင်ညိုမှာ တန်ဖိုးထားရမည့် အရာနှစ်ခု လာတိုက်နေတာ၊ ပြဋ္ဌာန်းချက်နှစ်ခု အပြိုင်ဖြစ်နေတာ
သွားတွေ့ရသည်။ “တာဝန်နှင့် ကျေးဇူး” ။
ပေးအပ်သော တာဝန်ကို ကျေပွန်စွာ ထမ်းဆောင်ဖို့နှင့် သူ့ကျေးဇူးကို သိခြင်း တည်းဟူသော
အခြေခံ ကိုယ်ကျင့်သီလကို စောင့်ထိန်းဖို့။ နှစ်ခုလုံး လုပ်၍ မရ၊ တစ်ခုလုပ်လျှင် တစ်ခုပျက်ရမည်။


 

mmcybermedia.com

 

အဲသည်တွင် ကျေး ဇူးရှင်ကို ပြစ်မှားရမှာ အကြီးအကျယ် ထိတ်လန့်မိသော ငခင်ညိုက ကိုယ်ကျင့်သီလကို
ရွေးပြီး တာဝန် အပိုင်း ကို လျှော့ခဲ့ခြင်း ဖြစ်သည်။
ငခင်ညိုနှင့်

ဆင်တူယိုးမှား

အနေအထားမျိုး

ကြုံခဲ့ရသည့်

အမြောက် အများ ရှိပါလိမ့်မည်။ သူတို့တွေကော ဘာကိုဘယ်သို့

ပုဂ္ဂိုလ်တွေ

သမိုင်းတစ်လျှောက်

ရွေးချယ်ခဲ့ကြ ပါသလဲ။ စာဖတ်သူ

အတွက် နှိုင်းယှဉ် စဉ်းစား စရာ ပုဂ္ဂိုလ်နှစ်ဦး ထုတ်ပြပါမည်။ တစ်ဦးက ဂရိခေါင်းဆောင် တစ်ဦးဖြစ်သူ
ဆူး(စ) (Sous)။
ဆူး(စ)သည် ရှေးဂရိဒေသ စပါတာပြည်မှ ထင်ရှားသော ခေါင်းဆောင်တစ်ဦး ဖြစ်သည်။ စပါတာ၏
အနီး ဝန်းကျင် နယ်မြေဒေသ အများအပြားကို သူဦးဆောင် သိမ်းပိုက်ခဲ့သည်။ တစ်ခါ၌ ဆူး(စ)၏
တပ်မသည် စစ်မြေ တစ်နေရာ၌ ရန်သူက လိုက်တိုးရီးယန်းတို့၏ ဝိုင်းဝန်းပိတ်ဆို့ထားခြင်း ခံရသည်။
ရေအိုင် ချောင်းမြောင်း လုံးဝမရှိသည့် နေရာတစ်ခုဖြစ်ရာ မကြာမီပင် သူတို့လူစု သောက်စရာ ရေတစ်
ပေါက်မျှ မရှိ ဖြစ်သွားကြသည်။ သည်တွင် ဆူး(စ)က တစ်ဘက်လူတို့နှင့် ဆွေးနွေး အပေးအယူ ပြုသည်။
မိမိနှင့်တကွ တပ်ဖွဲ့တစ်ခုလုံး လောလောဆယ် ရန်သူ့လက်တွင်းရှိ စမ်းချောင်းမှရေကို တစ်ယောက်မကျန်
သောက်သုံးရလျှင် မိမိတို့ သိမ်းပိုက် ထားပြီးသည့် နယ်မြေအားလုံးကို စွန့်လွှတ် ဆုတ်ခွာ ပေးပါမည် ဟူ၍။
ရန်သူတို့ သဘောတူသဖြင့် ၄င်းအတိုင်း ဆောင်ရွက်ရန် နှစ်ဦးနှစ်ဖက် ကတိသစ္စာ ပြုပြီးသည့်အခါ
ဆူး(စ)က သူ့လူများကို ခေါ်ယူစုဝေးပြီး ၄င်းတို့အထဲတွင် ယခုဆက်၍ ရေမသောက်ဘဲ နေနိုင်သေးသူ
ရှိသလော၊ ရှိခဲ့လျှင် ထိုသူအား တိုင်းပြည်ကို အပ်နှင်းမည် ဟူ၍ မေးမြန်းသည်။ မည်သူမျှ မနေနိုင်၊ အား
လုံး ရေငတ်၍ သေလုမျောပါး ရှိနေကြပြီ။ လောလောဆယ် ရေသောက်ချင် နေတာကလွဲ၍ ဘာစိတ် ဘာ
ဆန္ဒမျှ မရှိကြ။
သို့နှင့် သူ့တပ်သားတွေ တစ်ယောက်ပြီး တစ်ယောက် ရန်သူ့ စမ်းချောင်းထဲက ရေကို ဆင်း၍
သောက်စေသည်။ အားလုံး သောက်ပြီးကြပြီ ဆိုတော့မှ သူကိုယ်တိုင် စမ်းချောင်းထဲ ဆင်းသည်။ သူလည်း
အများနည်းတူ အကြီးအကျယ် ရေငတ်နေသူ တစ်ယောက် ဖြစ်သည်။ သို့သော် စမ်းချောင်းထဲ ရောက်ပြီး
သည့်တိုင် ရေကို မသောက်မိအောင် အောင့်အည်း သည်းခံသည်။ ရန်သူများ ရှေ့တွင် မျက်နှာကို ရေတစ်
ပေါက် နှစ်ပေါက် တောက်ရုံမျှ တောက်ခဲ့ပြီး မိမိတပ်စခန်း ဘက်သို့ ပြန်လှည့် တက်ခဲ့သည်။
ထို့နောက် ကတိပြုစဉ်က မိမိတို့ဘက်မှ လူတွေအားလုံး ရေသောက်ပြီးလျှင် ဆုတ်ခွာပေးမည်ဟု
ဆိုခဲ့သည်။ ယခု မိမိတစ်ယောက် ရေမသောက်ဘဲ ကျန်နေသည်။ ထို့ကြောင့် သည်နေရာမှ မခွာနိုင်ဟု
ဆိုကာ ရေသောက်ရ၍ ခွန်အားပြည့်လာသည့် သူ့တပ်မဖြင့် နယ်မြေကို ဆက်လက် သိမ်းပိုက်ခဲ့သည်။
အဲသည်လို ရွပ်ရွပ် ချွံချွံ စွမ်းဆောင်ကာ အောင်ပွဲရယူ ပေးခဲ့သည့် အတွက် ဆူး(စ)အား စပါတာတို့
ချီးကျူးဂုဏ်ပြု ခဲ့ကြသည်ဟု ဆိုပါသည်။
သို့သော် တစ်ဘက်၌မူ လေးနက်တည်ကြည်စွာ ပြုပြီးသည့် ကတိစကားကို လွယ်လင့်တကူ
ချိုးဖောက်သူ၊ လက်တစ်လုံးခြား လှည့်ဖြားသူ၊ ဗြောင်လိမ်ဗြောင်စား လုပ်သူတစ်ဦးအဖြစ် အကြီးအကျယ်


 

mmcybermedia.com

 

သိက္ခာ ကျဆင်း ခဲ့သည်။ စစ်ရေးစစ်ရာလို အရေးကြီးသည့် ကိစ္စမျိုးမှာပင် ကတိတစ်လုံးဖြင့် ဆုံးဖြတ်
လုပ်ကိုင်ကြသည့် အဲသည် ခေတ်ကာလ၌ ကတိသစ္စာ ဖျောက်ဖျက်ခြင်း၏ ကြီးလေးမှုကို ဆူး(စ) မုချ
သိမည်သာ ဖြစ်သည်။ သို့သော် ကတိ မပျက်ရေးနှင့် စစ်အနိုင်ရရေး တည်းဟူသော ကိစ္စနှစ်ခု ယှဉ်ပြိုင်
လာသည့် အခါ မိမိတို့ စပါတာ တွေ အနိုင်ရရေး ဘက်ကို သူ ရွေးချယ်ခဲ့သည်။
သည်ရွေးချယ်မှု၏ ရလာဒ်အဖြစ် ကတိဖျက်သူ ဟူသော နာမည်တစ်လုံး၏ နှိပ်စက်မှုဒဏ်ကို မျိုးရိုး
စဉ်ဆက် ခံကြရသည်။ နောင်တွင် သူမှ ပေါက်ဖွားသည့် သူ့သား သူ့မြေးများသည် သူ၏ အမည်ကို မဆက်
ခံဘဲ မျိုးရိုးအမည် တစ်ခုလုံးပင် ပြောင်းလဲပစ်ခဲ့ကြသည်။
ဒုတိယ ပုဂ္ဂိုလ်က ရောမခေါင်းဆောင် တစ်ဦးဖြစ်သူ ရက်ဂျူးလပ်(စ) (Marcus Regulus ဘီစီ
၃ရာစု)။
ရောမနှင့် ကာသေ့ခ်ျတို့ကြား ဖြစ်ပွားသည့် ပထမ ပျူးနစ် စစ်ပွဲအတွင်း ရက်ဂျူးလပ်(စ)သည်
အာဖရိက စစ်မြေ ၌ ရန်သူကာသေ့ခ်ျတို့၏ ဖမ်းဆီးခြင်း ခံရသည်။
ကာသေ့ခ်ျတို့က သူ့အား စစ်ရပ်စဲရေးနှင့် စစ်သုံ့ပန်း ဖလှယ်ရေး ကိစ္စများ သွားရောက် ဆွေးနွေး
မည့် ကာသေ့ခ်ျ ကိုယ်စားလှယ်ဖွဲ့ နှင့်အတူ ရောမမြို့သို့ စေလွှတ်သည်။ ငြိမ်းချမ်းရေးစကား ဆိုရာ၌
အဆင်ချောမွေ့အောင် ဆောင်ရွက်ပေးရန် သူ့အား ထည့်လိုက်ခြင်း ဖြစ်ပြီး အကယ်၍ မအောင်မြင်လျှင်မူ
ကာသေ့ခ်ျ ကိုယ်စား လှယ် များနှင့်အတူ ပြန်လည် လိုက်ပါကာ မူလအပြစ်ဒဏ် ဆက်လက် ကျခံပါမည်ဟု
ကျမ်းသစ္စာ ကျိန်ဆို၍ ကတိ ပြုခဲ့ရသည်။
ရောမ ရောက်သည့်အခါ ရောမခေါင်းဆောင်များအား စစ်ရပ်စဲရေး စကား သူမပြော၊ လော
လောဆယ် အနေအထားအရ စစ်ကိုဆက်တိုက်လျှင် မိမိတို့ဘက်က အနိုင်ရနိုင်ကြောင်းသာ တိုက်တွန်း
ပြောဆိုသည်။ သို့နှင့် ဆွေးနွေးပွဲပျက်၊ သုံ့ပန်းဖလှယ်ရေးလည်း ပျက်သည့်အခါ

သူလည်း ကာသေ့ခ်ျ

ကိုယ်စားလှယ်များနှင့် ပြန် လိုက်ဖို့ ပြင်ရသည်။ သည်အခါ ရောမခေါင်းဆောင်များ၊ ဘာသာရေး အကြီး
အကဲများ အားလုံးက ဝိုင်း၍ တား ကြသည်။ ပြန်မလိုက်နှင့် လိုက်လျှင် သတ်လိမ့်မည်။ သူတို့ကို ပေးခဲ့
သော ကတိစကားသည် အကျဉ်းခံ ဘဝ တွင် ပေးရသော ကတိသာဖြစ်သည်။ တည်စရာ မလိုဟူ၍ ဆိုကြ
သည်။ ရက်ဂျူးလပ်(စ) က လက်မခံ။
“ကျွန်တော့်ကို ကတိပျက်တဲ့ လူတစ်ယောက်အဖြစ် အရှက်ရအောင် မလုပ်ကြပါနဲ့၊ ဟိုရောက်ရင် ဒီလူတွေ
ကၽြနေ
် တာ့်ကို နှိပ်စက်ညှဉ်းဆဲမယ်၊ သေဒဏ်စီရင်ကြမယ် ဆိုတာ ကျွန်တော်သိပါတယ်။ ဒါပေမယ့် ကတိ
သစ္စာ ဖောက်ဖျက်ခဲ့တဲ့ အမှုအတွက် တစ်သက်လုံး ကိုယ့်လိပ်ပြာကိုယ် လန့်နေရမှာနဲ့ စာရင် သေတာက
မြတ်ပါသေးတယ်။ လောလောဆယ် ကာသေ့ခ်ျ ရဲ့ ကျွန် ဖြစ်နေပေမယ့် ကျွန်တော့်မှာ ရောမသား စိတ်
ဓာတ် အပြည့်အဝ ရှိနေဆဲပါ။ ကျွန်တော် ပြန်လာပါ့မယ်လို့ သူတို့ကို ကတိပေးခဲ့တယ်။ အဲဒီတော့ ပြန်သွား
ဖို့ဟာ ကျွန်တော့် တာဝန်ပဲ။ ကျန်တဲ့အပိုင်းကတော့ နတ်ဘုရားတွေ အလိုအတိုင်း ရှိပါစေ။”ဟူ၍ ဆိုခဲ့သည်။


 

mmcybermedia.com

 

စကားအတိုင်းပင် ရက်ဂျူးလပ်(စ)သည် ကာသေ့ခ်ျသို့ ပြန်လည် လိုက်ပါသွားခဲ့သည်။ ကာသေ့ခ်ျတို့ လက်
တွင် နှိပ်စက်ညှဉ်းဆဲခံရပြီး အသက်ဆုံးရှုံးခဲ့သည်ဟု ဆိုပါသည်။
ရက်ဂျူးလပ်(စ)သည် ရောမအကျိုးအတွက်လည်း ဆောင်ရွက်ခဲ့သည်။ ကတိသစ္စာလည်း မပျက်ခဲ့။ သည်
နှစ်ရပ်လုံး ကျေပွန်ဖို့ အတွက် သူ့အသက်ကို ပေးခဲ့သည်။ ချီးကျူးဖွယ် ဆောင်ရွက်ချက်ပါပေ။
ရက်ဂျူးလပ်(စ) လို ပုဂ္ဂိုလ်မျိုး အတွက် ရည်ညွန်းခဲ့ရာ ရောက်သည့် ထင်ရှားသော စကားတစ်ခွန်း
ရှိခဲ့သည်။ ပြောသူက ရောမခေါင်းဆောင် တစ်ဦး ပင် ဖြစ်သူ ဆာတိုးရီးယပ်(စ) (Sertorius ဘီစီ ၁ရာစု)
ဖြစ်သည်။
“ကိုယ်ကျင့်တရားကို လေးစားသော ပုဂ္ဂိုလ်ဟူသည် အောင်ပွဲကိုလည်း သိက္ခာရှိသော နည်းဖြင့်သာ ရယူရာ
သည်။ သိမ်ဖျင်းယုတ်ညံ့သော နည်းလမ်းမျိုး ကိုကား မိမိအသက်ကို ကယ်ဆယ်ရန် အတွက်ပင် အသုံး မပြု
သင့်” ဟူ၍။

(မဟေသီ ၂၀၀၃၊ သြဂုတ်)

10 
 

mmcybermedia.com

 

နေတတ်တဲ့လူ

“အရောဝင်လျှင် အရိုအသေတန်သည်။”
“လူရင်းဆိုလျှင် အထင်မကြီး။”
“နီးလွန်းလျှင်မမြင်” စသည်ဖြင့် ကျွန်တော်တို့ဆိုလေ့ရှိကြသည်။ သည်လို ဆိုစရာ အကြောင်းတွေ
လည်း လူ့လောကထဲမှာ မကြာခဏ ကြုံကြရသည်။ ထို့ကြောင့် သည်စကားတွေကို ရှေးကလည်း
ပြော ယနေ့လည်း ဆက်ပြော နေကြခြင်း ဖြစ်သည်။ ကျွန်တော်တို့ သာမက အခြားတစ်ပါးသော
လူမျိုးများ မှာလည်း အလားတူ အဓိပ္ပါယ် ဆောင်သည့် စကားမျိုးတွေ ရှိကြသည်။ ထို့ပြင် သည်
စကားများကို ထင်ရှားစေသည့် ဥပမာ သာဓကတွေ၊ သင်ခန်းစာ ပုံပြင်တွေလည်း အများပင်
ရှိခ့ပ
ဲါသည်။ အင်္ဂလိပ်မှာ Familiarity breeds contempt. ဟုဆိုသည်။ တိုက်ရိုက်အဓိပ္ပါယ်က
Familiarity ရင်းနှီးကျွမ်းဝင်မှုမှ contempt အားမနာမှု အထင်မြင်သေးမှု breeds ပေါက်ဖွားသည်
ဟူ၍ ထွက်သည်။ အရောဝင်လျှင် အရိုအသေ တန်သည်နှင့် သဘောချင်း အတူတူပင်။
ယခုအခါ အင်္ဂလိပ် စကားပုံ အဖြစ် တွင်နေသော်လည်း စင်စစ် အင်္ဂလိပ်တွေ စထွင်သော
စကား မဟုတ်။ ဂရိပုံပြင်ဆရာ အီစွပ်(Aesop ဘီစီ ၆ရာစု) လက်ထက်ကပင် သုံးတာ တွေ့ခဲ့
ရသည်။ အီ စွပ်က ဂရိ ဖြစ်သဖြင့် ဂရိဘာသာဖြင့် ပြောခဲ့လိမ့်မည်။ သို့သော် သူ့စကားကို အင်္ဂလိပ်
လို ပြန်ပြော သည့်အခါ အထက်က ဖော်ပြခဲ့သည့် အတိုင်း ဖြစ်လာသည်။ ရောမစာဆို ဆီးရပ်(စ)
(Publilius Syrus ဘီစီ ၁ရာစု) ၏ အတွေးစကား (Maxim) များထဲမှာလည်း အီစွပ်နှင့် တစ်ထပ်
တည်း တူညီသည့် စကား တစ်ခွန်းပါသည်။ အင်္ဂလိပ်ဘာသာပြန်လျှင် Familiarity breeds
contempt. ပင်။ အဲသည် နောက်တွင် သူတို့နှင့် အသုံးအနှုန်းချင်း တစ်ထပ်တည်း မတူသော်
လည်း သည်သဘော သည် အ ဓိပ္ပါယ်ပါသည့် စကားကိုပင် စပိန်စာရေးဆရာကြီး ဆာဗင်တီး(စ)
(Cervantes ၁၅၄၇- ၁၆၁၆)က ဒွန်ကွစ်ဇုတ် ဝတ္ထုကြီးထဲမှာ သုံးခဲ့သလို အင်္ဂလိပ် ပြဇာတ်ရေး
ဆရာကြီး ရှိတ်စပီးယား (Shakespeare ၁၅၆၄-၁၆၁၆)ကလည်း The Merry Wives of
Windsors ပြဇာတ်ထဲမှာ ထည့်သုံးခဲ့သည်။ ထို့နောက်တွင်လည်း………..
ပုံပြင်ဆရာ အီစွပ်က အထက်က ဖော်ပြခဲ့သည့် အရောဝင်လျှင် အရိုအသေ တန်သည်
(Familiarity breeds contempt.)ဟူသော မှတ်ချက်စကားကို ဆိုဖို့အတွက် ဥဒါဟရုဏ် ပုံပြင်
တစ်ပုဒ် ပြောသည်။ မြေခွေးနှင့် ခြင်္သေ့အကြောင်းပုံပြင်။

11 
 

mmcybermedia.com

 

ခြင်္သေ့ဆိုတာကို တစ်ခါမှ မမြင်ဖူးသေးသည့် မြေခွေးတစ်ကောင် အမှတ်မထင် တစ်နေရာ
မှာ ပထမဆုံးအကြိမ် ခြင်္သေ့နှင့်ကြုံတော့ အကြောက်လွန်ပြီး သေမတတ် ဖြစ်သွားသည်။ ဒုတိယ
အကြိမ် ဆုံသည့်အခါလည်း သူကြောက်တော့ ကြောက်သေးသည်။ သို့သော် သူကြောက်နေတာ
လူမသိအောင် ဟန်မပျက် နေနိုင်ခဲ့သည်။ တတိယအကြိမ် တွေ့သည့် အခါမှာတော့ သူက
အတော်ပင် အတင့်ရဲသွားပြီ။ ခြင်္သေ့နား ကပ်သွားကာ နေကောင်းလား ဘာညာနှင့်ပင် နှုတ်ဆက်
စကား ပြောနေချေ သေးသည်၊ ဟူ၍။
ပြင်သစ် ပုံပြင်ဆရာ လာဖွန်တိန်း(La Fontaine ၁၆၂၁- ၁၆၉၅) ကလည်း အလားတူ
သင်ခန်းစာပေးသော ပုံပြင်တစ်ပုဒ် ရေးသားခဲ့သည်။ ကုလားအုတ်နှင့် ထင်းစည်းပုံပြင် (The
Camel and the Faggot)။ သူ့ပုံပြင်က နှစ်ပိုင်းဖြစ်၏။ ပထမအပိုင်းက ကုလားအုတ်။
ကုလားအုတ်ကို ပထမ စတွေ့သော လူတစ်ယောက်က ဘာကောင်ကြီးမှန်း မသိဟူ၍
လန့်ပြီး ထွက်ပြေး၏။ ဒုတိယ တစ်ယောက်ကျတော့ နည်းနည်း အရဲကိုးကာ အနားသို့ တိုးလာ
သည်။ တတိယ တစ်ယောက် အလှည့်တွင်မူ လည်ပင်းကို ကြိုးကွင်းစွပ်ပြီး ဖမ်းဖို့ပင် ကြိုးစား
လာလေသည်တ့။ဲ အတွေ့ အမြင် များသည့်အခါ အကြောက်အရွံ့ လျော့ပါးပြီး အားမနာပါးမနာ
ဖြစ်လာတတ်သလို တစ်ဖက်၌ မိ မိနှင့် မရင်းနှီး မယဉ်ပါး နားစွန်နားဖျား စမ်းတဝါးဝါး သိရသည့်
သူများကျတော့ အထင်ကြီး တတ်ကြ သည့် သဘောကို လာဖွန်တိန်းက ပုံပြင် ဒုတိယပိုင်းဖြင့်
ဆက်ပြောသည်။
သည်အပိုင်းက ကမ်းခြေမှာ ကင်းစောင့်တာဝန် ယူကြသူများ၏ အတွေ့အကြုံမှ ထွက်လာ
သည့် ပုံပြင်ဖြစ်သည် ဆို၏။ ကမ်းခြေမျှော်စင် မှနေ၍ ပင်လယ်ထဲ စောင့်ကြည့် နေရသော သူ
သည် ဟိုအဝေး ရေပြင် လှိုင်းဂယက်များ ကြားထဲမှ တရွေ့ရွေ့လာနေသည့် ထိုးထိုးထောင်ထောင်
အရာကို

မြင်လျှင်ရုတ်တရက်

“ရွက်တိုင်၊

ရွက်တိုင်

မြင်တယ်။

စစ်သင်္ဘောကြီး

တစ်စင်း

လာနေတယ်”ဟု ထ၍ အော်သည်။ နောက်ထပ် စောင့်ကြည့်၍ ငါးမိနစ်ခန့် ကြာလျှင်မူ စစ်
သင်္ဘောကြီးတော့ မဟုတ်၊၊ ကမ်းရိုး တန်းသွား သင်္ဘောငယ် ဖြစ်မည်ဟု ဆိုသည်။ ထို့ထက်ပို၍
နီးလာသောအခါ တစ်တက်လှော် လှေငယ်ဟု သူထင်လာသည်။ နောက်တော့ လှေမဟုတ်။
ဘေထုပ် တစ်ထုပ် ဖြစ်မည်ဟု ယူဆပြန်သည်။ တကယ် အနီးကပ် ရောက်လာသည့် အခါ၌မူ
ထင်းစည်း တစ်စည်း မျောလာတာ ဖြစ်ကြောင်း သိရလေ တော့သည်၊ ဟူ၍။
နီးနီးစပ်စပ်လူ၊ ကိုယ်နှင့် ရင်းနှီးသိကျွမ်းသူ ဆိုလျှင် အထင်မကြီး။ ဟိုအဝေးကလူ လူတစိမ်း
ကျတော့ ထင်းစည်းကို စစ်သင်္ဘော ထင်သလို မတန်မဆ ရမ်းသမ်း၍ အထင်ကြီးတတ်ကြကြောင်း
လာဖွန်တိန်းက ဆိုလိုက်ခြင်း ဖြစ်ပါသည်။ ရှေးတရုတ်တို့မှာလည်း သည်သဘောကို ဖော်ပြသည့် ရိုးရာပုံပြင်
တစ်ပုဒ်ရှိသည်။ ကြက်ဖနှင့် ငန်းပုံပြင်။
12 
 

mmcybermedia.com

 

လူးနယ်မှ မြို့စားကြီး အိုင်းထံတွင် တိယင်ဂျောင်းအမည်ရှိ အမှုထမ်းတစ်ယောက်ရှိသည်။ တိယင်
ဂျောင်းက မထင်မရှား ရာထူးကလေးမှာ တာဝန်ထမ်းဆောင် နေရတာကြာတော့ စိတ်ပျက်ကာ သူ့သခင်
မြို့စားကြီးအား လျှောက်ထားသည်။ "ကျွန်တော်မျိုးတော့ တောငန်းဖြူကြီးတွေလို ဟိုအဝေးဆီ ပျံပြေး
သွားတော့ မယ် ခင်ဗျ"
"ဟေ...... ဘာဖြစ်တာတုန်းကွ။ ရှင်းရှင်းလင်းလင်း ဆိုစမ်းပါဦး" မြို့စားကြီးက မေးသည်။
"မြို့စားမင်းကြီး၊ ခြံထဲက ကြက်ဖကို မြင်တယ်မဟုတ်လား" တိယင်ဂျောင်းက ဆိုသည်။ " သူ့ခေါင်းမှာ
ဆောင်းထားတဲ့ အမောက်ဟာ ယဉ်ကျေးမှုကို ပြတဲ့ အမှတ်သင်္ကေတ တစ်ခုဖြစ်တယ်။ သူ့ခြေထောက်က
မာကြောတဲ့ ခြေသည်းနဲ့ ချွန်ထက်တဲ့ အတက်တွေဟာ သူရဲ့ခွန်အားကို ပြသနေတယ်။ ဘယ်ရန်သူကိုမဆို
ယှဉ်ခွပ်ဖို့ ဝန်မလေးခြင်းက သူရဲ့ ရဲ့ဝံ့မှုကို ဖော်ပြနေတယ်။ အစာရှာတွေ့တဲ့ အခါတိုင်း အခြားတပါးကြက်
တွေကို တကွပ်ကွပ်နဲ့ ခေါ်ကျွေးတတ်ခြင်းဟာလည်း သူ့ရဲ့ ရက်ရောသဘောကောင်းမှုကို ထင်ဟပ်ပြနေ
တယ်။ ညဥ့်ဦးယံကနေ မိုး သောက်ယံအထိ အချိန်မှန်မှန် တွန်ကျူးတတ်ခြင်းကတော့ အမှန်ကိုသာ ဆို
တတ်တဲ့ သူ့သဘောကို ထင်ရှား အောင်ပြသလို ရှိနေတယ်။ အဲဒီ ဂုဏ်အရည်အသွေးကောင်း ငါးရပ်နဲ့
ပြည့်စုံပါလျက် ကြက်ဖတွေဟာ အရှင်မြို့ စားမင်းကြီး ပွဲတော်တည်ဖို့အတွက် နေ့စဉ်နဲ့အမျှ သတ်ဖြတ်
ခံနေရတယ်။ ဘာကြောင့် သူတို့ကို တန်ဖိုးမထား အလွယ်တကူ သတ်စားနေရသလဲ။ အကြောင်းရင်းက
လူနဲ့လက်လှမ်းတမီမှာ ရှိနေတဲ့ အတွက်ကြောင့်ပဲ။ သူဟာ လူနဲ့ နီးစပ်လွန်းနေတယ်။ သူ့ကို အမြဲမြင်နေ
တွေ့နေရတယ်။ အဲဒီတော့ ရိုးသွားတယ်။ သူ့တန်ဖိုးတွေ ဘယ်လိုရှိတယ်ဆိုတာ မစဉ်းစားမိကြတော့ဘူး။
ဟိုးမိုင်ပေါင်း ထောင်ချီဝေးတဲ့အရပ်က တစ်ခါတလေမှ နယ်ပြောင်းပယ်ပြောင်း ရောက်ရှိ လာတတ်တဲ့
တောငန်းဖြူကြီးတွေ ကျတော့ ကြက်ဖရဲ့ဂုဏ်အင်္ဂါနဲ့ ပြည့်စုံကြတာ မဟုတ်ပေမယ့် ရှားပါးတယ်၊ တွေ့ရ
ခဲတယ်ဆိုတာ တစ်ခုတည်းနဲ့ မြို့စားကြီးက အင်မတန် တန်ဖိုးထားတယ်။ ဥယျာဉ်ထဲ ရေကန်ထဲမှာ ငါးတွေ
စား လိပ်တွေစား၊ ကောက်ပင်တွေ ကိုက်ဖြတ်နဲ့ အမျိုးမျိုး ဖျက်ဆီးပေမယ့် သူတို့ကို လုံးဝ ပစ်ခတ် သတ်
ဖြတ်ခြင်းမရှိ၊ ဒီအတိုင်း အလှကြည့်ထားတယ်။ ဒါကြောင့်မို့ ကျွန်တော်မျိုးလည်း တော ငန်းဖြူကြီးများလို
ဝေးရာဆီပဲ ပျံသန်းသွားတော့မယ်လို့ ပြောတာပါ"၊ ဟူ၍။
မှန်သည်။ နီးလွန်းသည့်အခါ မမြင်ဖြစ်တတ်သည်။ တွေ့ဖန်များသောအခါ တန်ဖိုးမရှိ ဖြစ်တတ်
သည်။ အဲသည်သဘောကို လူအများ သိကြသည်။ သို့သော် သိသာသိသည်။ လက်တွေ့ မကျင့်ကြ။ အမှုမဲ့
အမှတ်မဲ့ နေပြီး တကယ်ခံရသည့် အခါကျမှ တိယင်ဂျောင်းလို ထပြောကြသည်။ အဲသည့်အခါ အကျိုးမရှိ၊
မထိရောက်။ ရှားရှားပါးပါး တချို့ပုဂ္ဂိုလ်များသာ သဘောတရားကိုလည်း သိသည်။ သတိဝိရိယထားကာ
တကယ် လက်တွေ့လည်း ကျင့်ကြံကြသည်။ အဲသည်လို ပုဂ္ဂိုလ်များထဲမှ ထူးကဲကြီးကျယ်စွာ အောင်မြင်မှု
ရခဲ့သူ တစ်ဦးက ဒီအိုဆီး(စ) (Deioces.)။
တစ်ရံရောအခါက။ အာရှတိုက် အနောက်ပိုင်းဒေသတွင် ရာစုပေါင်းများစွကြာအောင် အဆီးရီးယန်း
တို့ လွှမ်းမိုး ကြီးစိုးခဲ့ကြသည်။ ဘီစီ (၈)ရာစုတွင်မှ လက်အောက်ခံ နယ်မြေတစ်ခုဖြစ်သည့် မိဒိယဒေသ
(ယခုခေတ် အီရန်ပြည် အနောက်မြောက်ပိုင်း) မှ ပြည်သူပြည်သား မီးဒီးများသည် လက်နက်စွဲကိုင်ကာ

13 
 

mmcybermedia.com

 

အဆီးရီးယန်းတို့၏ ဓားမိုးအုပ်စိုးမှု အောက်မှ လွတ်မြောက်အောင် တော်လှန် ရုန်းထွက်နိုင်ခဲ့ကြသည်။
သို့သော် လွတ်လပ်ခါစ မီးဒီးတို့မှာ ပြဿနာကြီးတစ်ရပ် ရင်ဆိုင်ကြရသည်။ အာဏာပြင်းသော အဆီး
ရီးယန်းမင်းများ လက်အောက်တွင် ကာလရှည်ကြာ ရပ်တည်ခဲ့ရသည့် ခါးသီးသော အတွေ့အကြုံကြောင့်
မီးဒီးတို့သည် သက်ဦးဆံပိုင် ဘုရင်စနစ်ကို လုံးဝ မလိုလားနိုင်ကြ။ လူတစ်ဦး တစ်ယောက်တည်း လက်ထဲ
အာဏာစုံ အပ်နှင်းရမည့် အုပ်ချုပ်ရေး စနစ် မှန်သမျှ သူတို့ လက်မခံနိုင်၊ မစဉ်းစားနိုင်ကြ။
သို့သော် မည်သူ့ကိုမျှ ပြတ်ပြတ်သားသား ခေါင်းဆောင်အရာ မထားဘဲ နေကြ၍ ကာလအတန်
ကြာလျှင်ပင် တိုင်းပြည်၌ အထိန်းအကွပ် မရှိသလို ဖြစ်လာသည်။ ဥပဒေမဲ့ စည်းကမ်းမဲ့ ပရမ်းပတာတွေ
ဖြစ်လာသည်။ တိုင်းပြည်ဟူသော အနေအထား ကွယ်ပျောက်ကာ သူတစ်လူ ငါတစ်မင်း ဖြစ်လာသည်။
မြို့ချင်း ရွာချင်း စစ်ခင်းရမည့် အနေအထားမျိုးတွေပင် မကြာခဏ ကြုံလာရသည်။ အဆိုးဆုံးက ရပ်ရွာ
များမှာ တရားဥပဒေ စိုး မိုးမှု မရှိခြင်းပင်။ တရားသူကြီးတွေက လာဘ်စား၊ တရားစီရင်ရေးစနစ်က ကစဥ့်
ကလျား ဖြစ်လာသည့်အခါ လူတွေ ရုံးပြင်ကနား အားမကိုးတော့ဘဲ ကိုယ့်အမှုအခင်း ကိုယ့်ဘာသာ
ရှင်းမည် ဆိုတာမျိုးတွေ ပေါ်ပေါက် လာသည်။ သည်အခါ အေးချမ်းစွာနေလိုသော လူအများက တရား
မျှမျှတတ တိတိကျကျ အုပ်စိုးမည့်သူကို မျှော်လာကြသည်။ အဲသည်အချိန် ရွာတစ်ရွာမှာ ဒီအိုဆီး(စ)
အမည်ရှိ ပုဂ္ဂိုလ်တစ်ယောက် ပေါ်လာသည်။ သည်ပုဂ္ဂိုလ်သည် ဖြောင့်မတ်တည်ကြည်သည်။ သမာသမတ်
ရှိသည်။ ရပ်ရွာရှိ အမှုအခင်းများကို တိကျမှန် ကန်စွာ စီရင်ဖြေရှင်းပေးနိုင်သော ဉာဏ်ပညာနှင့်လည်း
ပြည့်စုံသည်ဟု သတင်းထွက်လာသည်။ နာမည် သတင်း ကျော်ကြားလာသည့်အခါ ရပ်ဝေးရပ်နီး မြို့ရွာများ
မှပါ သူ့ထံ အဆုံးအဖြတ်ခံရန် ရောက်ရှိလာကြသည်။ တဖြည်းဖြည်း သူ့သြဇာရှိန်ဝါ ကြီးမားလာပြီး နောက်
ဆုံးတော့ မိဒိယ တစ်နယ်လုံးမှာ သူက ကြည်ညိုလေးစားမှု အခံရဆုံး ပုဂ္ဂိုလ်ဖြစ်လာသည်။ သို့သော် အရှိန်
အတက်ဆုံး အချိန်၊ အခိုက်အတန့်တစ်ခုမှာ ဒီအိုဆီး(စ) ရုတ် တရက် သဘောထား ပြောင်းသွားသည်။
အရပ်တကာမှ လူအချင်းချင်း ဖြစ်သည့်အမှု၊ ရွာအချင်းချင်း ဖြစ်သည့်အမှု စသည့် အမှု အခင်း
ပေါင်းစုံကို သူရှင်းပေးခဲ့ရတာ သိပ်များသွားပြီ။ တော်လောက်ပြီ။ ကိုယ့်အလုပ်ကိစ္စ မိသားစု အရေးကိစ္စ
တွေကို သည့်ထက် ဆက်ပြီး ပစ်မထားနိုင်တော့။ သည့်ကနေ့မှ စပြီး ဘယ်အမှုအခင်းမှ လက်မခံတော့ဟု
ဆိုကာ တကယ်လည်း အမှုကိစ္စတွေ လှည့်မကြည့်ဘဲ လုံးဝ ဘေးဖယ် နေလိုက်သည်။ ဒီအိုဆီး(စ)လို
အရှိန်အဝါ ကြီးသည့် ခုံသမာဓိ လူကြီးတစ်ယောက် ရုတ်တရက် ပျောက်ကွယ် သွားသည့်အခါ အမှုအခင်း
တွေ မှိုလိုပေါက်လာသည်။ ရာဇဝတ်မှု ထူပြောလာသည်။ ခိုးသားဓားပြတွေ ထကြွလာသည်။ ရပ်ရွာမှာ
လူကောင်း သူကောင်းတွေ အားလုံး ကျီးလန့်စာစား ဖြစ်ရပြန်သည်။ သည်အခါ မြို့ရွာစုံမှ ရပ်မိရပ်ဖတွေ
စုဝေးကာ ပြဿနာ ဖြေရှင်းရန် နည်းလမ်း ရှာကြရသည်။ မင်းမဲ့တိုင်းပြည် အနေနှင့် ဆက်နေ၍ မဖြစ်တော့၊
တစ်စုံ တစ်ယောက်ကို အုပ်ချုပ်ခိုင်းမှ ဖြစ် တော့မည်ဟု အားလုံးသဘောပေါက်ကာ အကြီးအကဲ တင်မည့်
သူကို စဉ်းစားကြသည်။ သည်အခါ တရားမျှတ သော ခုံသမာဓိလူကြီး ဒီအိုဆီး(စ)ကိုပင် အများ မြင်လာ
ကြသည်။ သို့နှင့် အစိတ်စိတ်အမြွှာမြွှာလို ဖြစ်နေသော မိဒိယဒေသ မြို့ရွာများကို စုစည်းပြီး မင်းလုပ်
အုပ်ချုပ်ပါရန် သူ့အား ဝိုင်း၍ မေတ္တာရပ်ခံကြသည်။ အစတွင် ဒီအို ဆီး(စ)က လက်မခံ။ အရပ်ရပ်ပြဿနာ
တွေဖြေရှင်း ရသော အလုပ်ကို သူစိတ်ကုန်သွားပြီ၊ ငြီးငွေ့ပြီဟုဆိုသည်။

14 
 

mmcybermedia.com

 

ရပ်မိရပ်ဖတို့က တိုင်းပြည်ရပ်ရွာအိုးအိမ် စည်းစိမ်တွေ ပျက်စီးတော့မည့် ဘေးကြီးနှင့် ကြုံတွေ့
နေရပြီ။ သူမကယ်လျှင် မိဒိယပြည် ပျက်တော့မည်ဟု အကြိမ်ကြိမ် တောင်းပန်တော့မှ ဒီအိုဆီး(စ)က
မင်းအဖြစ် ဆောင် ရွက်ရန် လက်ခံသည်။ သို့သော် သူက သူလိုချင်သော အနေအထားတွေ အရင်ဆုံး
တောင်းဆိုသည်။ သူ့အတွက် နန်းတော်ကြီး တစ်ဆောင် တည်ဆောက်ပေးရမည်။ ကိုယ်ရံတော် တပ်ဖွဲ့
တစ်ခု ထားရှိခွင့် ပြုရမည်။ မြို့ ရွာများ အားလုံးကို အုပ်ချုပ်ရန် ဗဟိုဌာနအဖြစ် မြို့တော်တစ်ခု တည်
ဆောက် ပေးရမည်၊ ဟူ၍။
အာလုံး သဘောတူ ကြသဖြင့် မြို့တော်ကြီး တည်ဆောက်ကြသည်။ မြို့တော်၏ အလယ်တွင်
တံတိုင်း အထပ်ထပ် လုံခြုံစွာ ကာရံလျက် နန်းတော်ကြီး တည်ဆောက်သည်။ ထို့နောက် ဒီအိုဆီး(စ)က
သူအလုပ် လုပ်မည့် ပုံစံကို ကြေညာသည်။ နန်းတော်တွင်းသို့ သာမန်အရပ်သူ အရပ်သားများ ဝင်ထွက်
ခွင့်မပြု။ အပြင်လူများ သူနှင့် တိုက်ရိုက် တွေ့ဆုံစရာ မလို။ ရှင်ဘုရင်အား ဆက်သွယ် ပြောကြားစရာရှိလျှင်
စေတမန်များမှ

တစ်ဆင့်

ဆက်သွယ်

ပြောကြားနိုင်သည်။

နန်းတွင်းသူ

နန်းတွင်းသား

မှူးမတ်များ

သည်လည်း ကြိုတင်ခွင့်ပြုချက် တောင်း ခံပြီးမှသာ ရှင်ဘုရင်နှင့် တွေ့ခွင့်ရနိုင်မည်။ သို့သော် မည်သူမျှ
တစ်ပတ်လျှင် တစ်ကြိမ်ထက် ပို၍ တွေ့ခွင့်မရှိ။
အဲသည်ပုံစံဖြင့် ဒီအိုဆီး(စ)သည် မိဒိယပြည်ကို ၅၃ နှစ်မျှကြာအောင် အုပ်စိုးသွားခဲ့သည်။ သူ့လက်
ထက်တွင် မိဒိယသည် မူလကထက် နယ်မြေဧရိယာ များစွာ တိုးတက်ကျယ်ဝန်းကာ အင်ပိုင်ယာ နိုင်ငံ
တစ်ခု ဖြစ်လာပြီး နောင်တစ်နေ့ အနောက်အာရှဒေသတွင် အကြီးအကျယ် တန်ခိုးကြီးမားလာမည့် ပါရှန်း
အင်ပိုင်ယာကြီးကို အခြေချ ပေးနိုင်ခဲ့သည်။ သူအုပ်စိုးစဉ် ကာလတစ်လျှောက်လုံးပင် တိုင်းသူပြည်သား
တို့က ဒီအိုဆီး(စ)ကို လေးစားကြည်ညိုကြသည်။ ဖူးမြော်ခွင့် ရခဲလှသော ရှင်ဘုရင်အပေါ် ထားရှိသည့်
သူ့ပြည်သူတို့၏ ကိုးစားယုံ ကြည်မှုမှာ တစ်နေ့တခြား တိုးပွားခဲ့ရာ နောက်ပိုင်း၌ ကိုးကွယ်သည့် အဆင့်
လောက်အထိ ရောက်လာသည်။ ဒီအိုဆီး(စ) မင်းကြီးသည် သာမန်လူသားမဟုတ်၊ နတ်မျိုးနတ်နွယ်မှ ဆင်း
သက်သူ ဖြစ်သည်ဟူ၍ပင် တိုင်းသူ ပြည်သား လူအများတို့ ယုံမှတ်ခဲ့ကြလေသည်။

[မဟေသီ ၂၀၀၁၊ မေ ]

15 
 

mmcybermedia.com

 

~~ တစ်ခါတစ်ရံ အရှိကို အရှိအတိုင်း ~~
စပျစ်ခိုင်ကို လှမ်းမမီသည့် မြေခွေးက စပျစ်သီးချည်သည်ဟု ပြောသွားသည့် အကြောင်း ပုံပြင်ကို
အားလုံး ကြားဖူး ကြပါသည်။ အီစွပ်ရေးသည့် ၄င်းပုံပြင်ကို ပြင်သစ် လင်္ကာပုံပြင်ဆရာ လာဖွန်တိန်းက
ပြန်ရေး သောအခါ၌မှု သူကမြေခွေးကို မေးမငေါ့။ စပျစ်ခိုင်ကြီးတွေ လှကလှနဲ့ မစားရတာ နာသကွာဟု
ညည်းညူနေမည့်အစား အစိမ်းကြီးတွေပါကွာ ချည်ပါတယ်ဆိုပြီး ကျောခိုင်းခဲ့သည့် မြေခွေး၏ တုန့်ပြန်ပုံကို
သူသဘောကျ ကြောင်း မှတ်ချက်ချခဲ့သည်။
ကိုယ်မရသည့်အရာကို မကောင်းဟုပြောသည့် စိတ်ဓာတ်မှာ ထောက်ခံစရာ မဟုတ်ပါ။ သို့သော်
မဖြစ်နိုင်တာကို စွဲလမ်းမနေဘဲ တစ်နည်းနည်း သံယောဇဉ် ဖြတ်တာ ကောင်းသည်ဆိုသော အချက်ကိုကား
ယေဘုယျ လက်ခံရလိမ့်မည် ထင်သည်။
မှန်သည်။ မစားရသည့် စပျစ်သီးကို ချည်သည်ဟု မပြောပါနှင့်။ သို့သော် လူ့လောကထဲမှာ လိုအပ်
တာထက် ပိုပြီး စိတ်ပင်ပန်း ဆင်းရဲမှု မခံစားရအောင် ဆိုလျှင်မူ မဖြစ်နိုင်သည့် ကိစ္စကို မသိကျိုးကျွန်
ပြုတတ်ဖို့ ကိုယ်မနိုင်သည့် ကိစ္စကို သည်းညည်းခံတတ်ဖို့၊ ပြဿနာ အသေးအမွှားကို အလေးထားမနေဖို့၊
တော်ရုံတန်ရုံ ချို့ယွင်းချက်ကို အသည်းအသန် ကြိုးစားပြင်ဆင်မနေဖို့ စတာတွေကိုတော့ ကျွန်တော့်တို့
သတိပြုဆင်ခြင်ရန် လိုလိမ့်မည် ထင်သည်။
စင်စစ် တစ်ကယ့်အကျိုးအမြတ်ကို ချင့်တွက်မည်ဆိုလျှင် တချို့ကိစ္စသည် သူ့အတိုင်း လွှတ်ထား
လိုက်တာ

အကောင်းဆုံး

ဖြစ်ကြောင်း

အများ

သဘော

ပေါက်နိုင်ကြပါသည်။

သူ့ဘာသာ

အရှိန်

သေသွားမည့် ပြဿနာ အသေးအမွှားသည် ကိုယ်က ရေးကြီးခွင်ကျယ် လုပ်သောအခါမှ ပြဿနာ အကြီး
အမား ဖြစ်လာတတ် သည်။ မဆိုစလောက် ချို့ယွင်းချက်သည်လည်း အတင်းပြင်သည့် အခါတွင်မှ ပြင်
လွန်း၍ ဖင်ချွန်းတာမျိုး ဖြစ် သွားတတ်သည်။
တစ်ခါတုန်းက လူတစ်ယောက်မှာ ပုလဲတစ်လုံးရသည်။ ပုလဲက အလုံးလည်း ကြီးသည်။ လှလည်း
အလွန်လှသည်။ သို့သော် မဆိုစလောက် အနာလေး တစ်ခု ပါနေသည်။ ပုလဲလုံးက သည်အတိုင်းလည်း
အဖိုး တန်နေသည်။ သို့သော် သည်လူက လောလောဆယ် တန်ဖိုးကို မစဉ်းစား။ အနာကိုပဲ စွဲနေသည်၊
သည်အနာ လေးသာ မပါရင် ကမ္ဘာမှာ အလှဆုံးပုလဲ တန်ဖိုးအကြီးမားဆုံး ပုလဲဖြစ်မှာ မုချပဲဟူ၍ တအုံ
နွေးနွေး တွေးနေ သည်။
ပုလဲလုံးကို

စိတ်မချမ်းသာစွာနှင့်

မကြာခဏ

ထုတ်၍ထုတ်၍

ကြည့်ရင်း

တစ်နေ့၌

သည်

အနာလေးဟာ အပေါ်ယံကြောလေး ရှိမှာ။ နည်းနည်းလေး ခွာလိုက်ရင် အနာစင်သွားနိုင်တယ်ဟူ၍ တွေး
မိလာသည်။ သည်လိုနှင့် အပေါ်ဆုံးလွှာကို သူခွာဖြစ်သည်။ တစ်လွှာပါသွားသော်လည်း အနာက စင်
မသွား။ ခွာလက်စနှင့် နောက် တစ်လွှာ ဆက်ခွာသည်။ အနာက ကျန်နေဆဲ၊ မထူးဘူးဆိုပြီး တစ်လွှာပြီး
တစ်လွှာဆက်ခွာရာ နောက်ဆုံးတွင် ပုလဲတစ်လုံး လုံး ကုန်သည့်အခါတွင်မှ အနာလေး စင်လေသည်။
+++++++....................++++++++++

ပုံပြင်ဟု မထင်ပါနှင့်။
ပုလဲလုံး သမားထက် မိုက်မဲသော ဇွဲမျိုးဖြင့် အနာခွာသောသူသည် အများကြီးရှိသည်။ ခန္ဓာ
ကိုယ်က တကယ့်အနာ။ လက်ညိုးမှာ ဆူးစူးသည့် ဒဏ်ရာလေး။ အထဲမှာ ဆူးကျန်နေသလိုလို နာတာတာ
16 
 

mmcybermedia.com

 

မျက်တက်တက်။ သို့သော် ဆူးလည်းမမြင်ရ။ သူ့ဘာသာထားလျှင် ကောင်းသွားမည့်ကိစ္စ။ ဒါကို အသာ
မထား။ အသားအနာခံ၍ အပ်နှင့် ဆွသည်။ ဆူးရှိသလား၊ မရှိဘူးလား လိုက်ရှာသည်။ မတွေ့ရ။ လက်
မှာသာ ပေါက်သွား ပြဲသွား သည်။ ဒါကို ဟိုအရွက် သည်အရွက်တွေ မီးကင်ပြီး ကပ်သည်။ ကောင်းမလာ။
ဘယ်ကောင်းမည်လဲ။

အနာမရှိ

သည့်

နေရာက

အနာဖြစ်လာပြီ။

လက်က

တစစ်စစ်ကိုက်သည်။

နီရဲယောင်ကိုင်းလာသည်။ မနေနိုင် မထိုင်နိုင် အောင် အခံရ ခက်လာသည်။
အနာက ပြည်မမှည့်သေးဘူးကိုး၊ ပြည်မှည့်မှ ပေါက်ထွက်ပြီး သက်သာသွားမည်တဲ့။ ဆရာတွေက
ဆိုကြ ပြန်သည်။ ကဲ..ဟိုအရွက် ဒီအရွက်တွေ ထောင်းပြီးအုံ။ အဝတ်နဲ့ စည်းထား နှောင်ထား။ တစ်ရက်
ထက်တစ်ရက်

ပိုနာလာ၊

ပိုကိုက်လာ၊

လက်တစ်ချောင်းလုံး

အထိမခံနိုင်ဖြစ်လာ။

ကိုက်ခဲသည့်ဒဏ်

မခံနိုင်တော့၍ စည်းထား တာတွေ ဖြည်လိုက်တော့ အနာက ယောင်ကိုင်းပြဲစိနေ၊ ပြည်တွေယို၊ အသား
တွေဆွေး၊ အရေပြားတွေ ပျက်စီး၊ ပြည်စင်သွားအောင် သန့်သွားအောင်ဆိုပြီး ပူသည့် ပြင်းသည့် ဆေးတွေ
ထည့်။ အသားအရေတွေ လောင်မြိုက် ပဲ့ရွဲ့၊ အရိုးပါပေါ်လာ။ သည်လိုနှင့် ဆေးရုံတက်ပြီး လက်တစ်ချောင်း
ဖြတ်လိုက်ရသူ၊ အသက်တစ်ချောင်းလုံး ဘာမဟုတ် ညာမဟုတ် ဆုံးရှုံးရသူတွေ များလှချေသည်။
ဒါမျိုးက ကျန်းမာရေးဗဟုသုတ နည်းလို့ဖြစ်တာ။ ဗဟုသုတ ရှိတဲ့လူ၊ ကျန်းမာရေး အသိပညာ
အသင့်အတင့် ရှိတဲ့လူများမှာ သည်လိုမဖြစ်နိုင်ပါဘူးဟု ဆိုချင်ဆိုပါမည်။ မှန်သည်။ သို့သော် ကျန်းမာရေး
အသိ မရှိခြင်းသည် အပြစ်တဝက်ဖြစ်သည်။ အနာလေးတစ်ခု ရလျှင် မနေနိုင် မထိုင်နိုင် ဆိတ်ချင် ဆွချင်
သည့် စိတ်ကလည်း အပြစ်တစ်ဝက် ပါသည်ဟု ဆိုနိုင်သည်။ အနာသေးသေးကို မကြီးကြီးအောင် ဆိတ်ချင်
ဆွချင်သည့် စိတ်။ လူအများအပြားပင် ခန္ဓာကိုယ်မှာ အနာလေးတစ်ခုရလျှင် ဆိတ်ချင်ဆွချင်သည်။
ကိုယ်မှာသာလား၊ မဟုတ်ပါ၊ စိတ်မှာထိခိုက်ဒဏ်ရာလေး ရလျှင်လည်း ထိုနည်းလည်းကောင်း။ ဒဏ်ရာ
ကြီးသထက်ကြီးအောင် ပွားများမွေးမြူတတ်သော သဘော ရှိသည်။
အသာထားရမည့် ကိစ္စကို တအုံနွေးနွေး တွေးနေသည်။ ကြီးထွားအောင် ပွားများနေသည်။ မကျေ
နပ်စရာလေး နည်းနည်းကို အကျယ်ချဲ့ပွား တွေးတောရင်း ဒေါသမီး တဟုန်းဟုန်း တောက်သည်။ ကသိ
ကအောက် ဖြစ်ရသည့် ကိစ္စလေးကို အဖန်တလဲလဲ မြင်ယောင်တွေးတောရင်း လူရှေ့မထွက်ရဲအောင်
အရှက်ကြီးရှက်သည်။ စဉ်းစားကြည့်လျှင် ကိုယ့်အရိပ်နှင့်ကိုယ် ပြဿနာ တက်နေသူနှင့် တူသည်။
တစ်ခါက လူတစ်ယောက် စိတ်ရူးပေါက်ကာ လူအလစ်မှာ ကိုယ့်အရိပ်ကိုယ် လိုက်ဖမ်းကြည့်သည်။
အရိပ်က ကိုယ့်အနားလေး ကပ်နေသည်။ သို့သော် ရှေ့သို့လှမ်း၍ ဖမ်းကြည့်လိုက်လျှင် သူက ကိုယ့်ရှေ့
ဘက် ပိုထွက်သွားသည်။ ဖမ်းမရ၊ ဖမ်းလေမရလေ၊ ဖမ်းလေထွက်လေ၊ အတင်းလိုက်ဖမ်း အရိပ်က အတင်း
ထွက်ပြေး။ ရပ်နေလျှင် အရိပ်က ကိုယ့်ရှေ့နားလေးမှာ ရပ်နေ။ ကြာတော့ ဒါကြီးကို ကြောက်သလို ဖြစ်
လာသည်။ ဆက်မ ဖမ်းရဲတော့။ မနေနိုင်၍ မသိမသာ ပြန်ကြည့်တော့ ကိုယ့်အနားလေး သူက ကပ်
နေသည်။ ခပ်ဆတ်ဆတ်လေး ခွာထွက်သည်။ မရ၊ ရှေ့တိုးနောက်ဆုတ် နှစ်ကြိမ် သုံးကြိမ်လုပ်သည်။ အရိပ်
က ကွာမကျ၊ ဖျပ်ခနဲ တစ်ဖက် လှည့်ပြီး အသာလစ်ထွက်သည်။ မရ၊ ကပ်ပါလာသည်။ ခပ်သွက်သွက်
လျှောက်သည်။ မသိမသာ ပြေးသည်။ သည့်နောက် တအားပြေးသည်။ မရ။ အရိပ်က သူ့နောက်မှ တောက်
လျှောက် လိုက်ပါနေလေသည်။
အရေးမဟုတ်သည့် အရာကို ပွားများကပ်ငြိနေမိလျှင် အဲသည်အတိုင်းပင် ကိုယ်ရှာသော ဒုက္ခထဲ
ကိုယ် နစ်သွားတတ်သည်။ ဒါကြောင့်လည်း တရုတ်ပညာရှိတို့က “အသေးအမွှား စော်ကားမှုလေးကို
သည်းခံလိုက်ပါ။ ကြီးကြီးမားမား စော်ကားခံရခြင်းမှ လွတ်ကင်းမည်။ အသေးအမွှား ဆုံးရှုံးမှုကို လက်ခံ
လိုက်ပါ။ ကြီးကြီးမားမား ဆုံးရှုံးရခြင်းမှ လွတ်ကင်းလိမ့်မည်” ဟူ၍ သြ၀ါဒ ပေးခဲ့ကြခြင်းဖြစ်သည်။
တော်စတွိုင်း၏ ပုံပြင်တစ်ပုဒ်မှာ သည်လိုဆိုသည်။ မျောက်တစ်ကောင် ပဲစေ့တွေ လက်နှစ်ဆုပ်
အပြည့် ယူလာသည်။ ပဲစေ့လေးတစ်စေ့ လက်ကြားထဲက ထွက်ကျတာကို သူလိုက်ကောက်တော့ အစေ့
17 
 

mmcybermedia.com

 

နှစ်ဆယ်လောက် ထပ်၍ ကျသည်။ လိုက်ကောက် ထွက်ကျ၊ လိုက်ကောက် ထွက်ကျနှင့် နောက်ဆုံး၌
မျောက်စိတ်တို ကာ ပဲစေ့တွေအားလုံး လွှင့်ပစ်ပြီး ထွက်ပြေးလေတော့သည်။
အသေးအဖွဲကို လိုက်ရှင်းရင်း မနိုင်မနင်းဖြစ်ကာ အလုပ်တစ်ခုလုံး ပျက်သွားရသူတွေ အများကြီးရှိ
သည်။ ထို့ကြောင့် နားလည်သူတွေကတော့ ပဲစေ့တစ်စေ့နှင့် ပြီးမည့်ကိစ္စမှာ နောက်ထပ်အနာမခံ။ အဲသည်
တစ်စေ့ကိုပဲ ချန်ခဲ့လေ့ ရှိကြသည်။
ဗြိတိသျှစာရေးဆရာကြီး

ဂျီကေချက်စတာတန်၏

စီးပွားရေး

အမြင်များကို

သူနှင့်ခေတ်ပြိုင်

ထင်ရှားသူ စာရေးဆရာကြီး ဂျော့ခ်ျဘားနဒ်ရှောက အကြီးအကျယ် စုတ်ပြတ်အောင် ပုတ်ခတ်ဝေဖန်သည့်
စာတစ်ပုဒ် စာနယ်ဇင်းများထဲတွင် ရေးထည့်လိုက်သည့် အခါ ချက်စတာတန်၏ မိတ်ဆွေများ အကြီး
အကျယ် မကျေမနပ် ဖြစ်ကာ သူတို့လူလည်း ပယ်ပယ်နယ်နယ် ပြန်တွယ်လိမ့်မည်ဟု စောင့်မျှော်ကြသည်။
အချိန်အတန်ကြာသည့်တိုင် ချက်စတာတန်က တစ်ပုဒ်မျှပြန်မရေးဘဲ ငြိမ်ခံနေသည့်အခါ သူ၏ အ
ပေါင်း အသင်း အရင်းအချာတစ်ဦးဖြစ်သူ သမိုင်းပညာရှင် ဘဲလော့က သည်လောက်တောင် သွေးကြောင်ရ
ကောင်းလားဟု ကရုဏာဒေါသောနှင့် မောင်းမဲပြောဆိုသည်။ ချာစတာတန်က စိတ်မဆိုး။ “ဘဲလော့ရာ
ကိုယ် လက်တုံ့ ပြန်ပြီးပါပြီကွ။ ဘားနဒ်ရှောလို စကားတတ်တဲ့လူမျိုးကို တစ်ခွန်းမှ ပြန်မပြောတဲ့နည်းနဲ့
တုံ့ပြန်တာ သူ့အတွက် အထိနာဆုံးဘဲကွ” ဟူ၍သာ သူက နှစ်သိမ့်ပြောဆိုခဲ့သည်။
ချာစတာတန်သည် ကဗျာဆရာဖြစ်သည်။ သတင်းစာဆရာလည်း ဖြစ်သည်။ ဝတ္ထုရေးသမား
အဖြစ်လည်း ထင်ရှားအောင်မြင်သည်။ ရေဒီယို အသံလွှင့်သမား လုပ်သည့်အခါ၌လည်း အထူး လူကြိုက်
များသူ ဖြစ် သည်။ သို့သော် အဲသည်အရည်အချင်းတွေ ၊ အဲသည်ရာဇဝင်တွေ အားကိုးဖြင့် သူမတုံ့ပြန်။
ဘားနဒ်ရှောလို စကားလုံး ပြောင်သူ၊ သရော်စာ ဝေန်ဖန်စာများ ရေးရာ၌ အလွန်လေ့ကျက် ကျွမ်းကျင်သက
ို
ထိုလူ၏ နယ်ပယ်၌ ယှဉ်ပြိုင်ဖို့ ဆိုသည်မှာ မိုက်မဲသော အလုပ်ဖြစ်သည်ဟု သူသဘောပေါက်သည်။
ချက်စတာတန်သည် ပဲစေ့တစ် စေ့သာ အဆုံးရှုံးခံခဲ့သည်။
သို့သော် လူတိုင်း အဲသည်လို တစ်စေ့နှင့် ပိုင်းတတ်သည်မဟုတ်။ လက်နှစ်ဖက်လုံးက ပဲစေ့တွေ
ထွက် ကျတော့မှ သွားလုပ်မိတာ မှားမှန်းသိကြသူတွေ အများကြီးရှိသည်။ အဓိက က အချင့်အတွက်
လွဲခြင်းဖြစ်သည်။ အချင့်အတွက် မှန်ကန်ရန်အတွက် ခေါင်းအေးဖို့လိုသည်။ လူအတော်များများမှာ ကိုယ်
မကြိုက် မနှစ်သက်သည့် ကိစ္စမျိုးကြုံလာလျှင် ခေါင်းအေးအေးထား မစဉ်းစားနိုင်ပါ။ ဒေါသဖြင့်သာ တုံ့ပြန်
မိတတ်ကြသည်။ ဒေါသထွက် လေ လွဲလေ။
ရှေးခေတ် ဂျပန်ပြည်မှာ ဘုန်းတော်ကြီးတစ်ပါး ရှိသည်။ သူက အလွန်စိတ်တိုသည်၊ ဘာလေး
တစ်ခုမျှ သည်းညည်းမခံနိုင်။ သူ့ကျောင်းအနီးမှာ ဖက်ယားပင်ကြီး တစ်ပင်ရှိရာ အဲဒါကို အစွဲပြုပြီး အနီး
ပါးနားက လူတွေ က သူ့အား ဖက်ယားပင် ဆရာတော်ဟု ခေါ်ဝေါ်နေကြသည်။ သည်လိုခေါ်သံ မကြာခဏ
ကြားရတော့ သူဒေါသ ထွက်ကာ တစ်နေ့မှာ ဖက်ယားပင်ကြီးကို ခုတ်ပစ်သည်။ သစ်ပင်ကြီးခုတ်၍ ငုတ်
ချည်းကျန်သည့်အခါ လူတွေက သစ်ငုတ်တို ဆရာတော်ဟု ပြောင်းခေါ်ကြသည်။ ဒါကိုကြားတော့လည်း
မခံမရပ်နိုင် ဖြစ်ပြန်ကာ ဒါလောက်တောင် ရှိတာကွာဟူ၍ သစ်ငုတ်ကိုပါ တူးထုတ်ပစ်လိုက်သည်။ ငုတ်
မရှိသည့် အခါ လူတွေက တစ်မျိုးပြောင်း ခေါ်သည်။ “ ငုတ်တူးဆရာတော် ” ဟူ၍။
သည်လုအ
ိ နေအထားမျိုးမှာ ဆက်လုပ်လေ ကိုရှုံးလေပင်။ စင်စစ် ပြဿနာဆိုသည်က ကိုယ်က
ပြဿနာဟု ခံယူမှ ပြဿနာဖြစ်သည်။ စိတ်အေးအေး ထားမည်ဆိုလျှင် ကိစ္စအတော်များများသည် အသေး
အမွှားသာ ဖြစ်သည်။ ကိုယ်ကပုံကြီးချဲ့ ခံစားသည့်အခါ၌မူ အသေးအမွှားက အဆမတန်ကြီးထွားကာ ကိုယ့်
ကိုပင် ပို၍ဒုက္ခပေးတော့သည်။
နေရာတကာ အလျှော့ပေး သည်းခံကာ သူများသဘောအတိုင်းချည်း လိုက်နာဖို့ တိုက်တွန်းနေခြင်း
မဟုတ်ပါ။ လောက၌ သင့်တင့်လျောက်ပတ်သော အောင်မြင်မှုရရှိရန် အတွက် အချို့သောအရာများအား
18 
 

mmcybermedia.com

 

ကျွန်တော်တို့ ကောင်းသည် မှန်သည်၊ သင့်တော်သည်၊ မိမိအတွက်လည်း အကျိုးဖြစ်ထွန်းမည် ဟူသော
အနေအထား များအတိုင်း ဖြစ်လာ ပြောင်းလဲလာအောင် စီမံဖန်တီးတတ်ဖို့လိုပါသည်။
သို့သော် တစ်ဖက်၌ အောင်မြင်မှုနှင့် အတူတွဲလျက် စိတ်ငြိမ်းချမ်းသာမှု ရရှိရန်အတွက်မူ အချို့
သော အရာများနှင့် ပါတ်သက်၍ ဤသည်တို့ကား မိမိဖြစ်စေချင်သည့် ပုံစံအတိုင်း ဖြစ်လာ ပြောင်းလဲ
လာအောင်

စီမံ

ဖန်တီးရန်

မစွမ်းသာသည့်အရာများ၊

မဖြစ်ဖြစ်အောင်

အတင်းအားထုတ်မည်ဆိုက

အကျိုးထက် အပြစ်များမည့် အရာများဟူ၍ သိမှတ်ကာ သူ့အရှိအတိုင်း လက်ခံတတ်ဖို့ လိုမည်ဖြစ်ပါသည်။

(မဟေသီ ၁၉၉၉၊ နိုဝင်ဘာ)

19 
 

 

mmcybermedia.com

~ အဆုံးအဖြတ် ပေးတတ်တ့လ
ဲူ~
သူ့အသံ လူတွေမကြိုက်သဖြင့် သည်ရွာက ပြောင်းမည်ဟု ထွက်လာသောဇီးကွက်အား ငုံး
ငှက်က အကြံပေးသည်။ “နေဦးလေဗျာ စဉ်းစားစမ်းပါဦး၊ ဒီအသံ လူမကြိုက်ဘူးဆိုလို့ ပြောင်းပြီတ့၊ဲ
နောက်တစ်ရွာ ရောက်တော့ကော လူတွေကကြိုက်ကြမှာလား၊ သူ့တို့ မကြိုက်ဘူးဆိုတိုင်း ပြောင်း
နေရင် ခင်ဗျားပြောင်းလို့ ဆုံးမှာလား။ အဲဒီတော့ ရွာပြောင်းမယ့်အစား ခင်ဗျားအသံကို လူအများ
နားခံ သာအောင် ပြုပြင်ပြောင်းလဲဖို့ ကြိုးစားကြည့်ရင် ပိုမကောင်းဘူးလား” ဟူ၍။
တရုတ်ပုံပြင်ဆရာ လူရှန် (Liu Hsiang ) ၏ ဇီးကွက်နှင့် ငုံးငှက်ပုံပြင်တိုကလေးကို ဖတ်ပြီး
ကျွန်တော်တို့ သဘောကျ ကြသည်။ မှန်သည်။ ကိစ္စတော်တော်များများမှာ ဖြေရှင်းရန် နည်းလမ်း
တစ် မျိုးထက်မက ရှိသည်ပဲ။ အဲသည် နည်းလမ်းတွေထဲက အကောင်းဆုံး အဆင်ပြေဆုံး နည်း
လမ်းကို ရွေးချယ် လိုက်ရုံပဲပေါ့။ ကျွန်တော်တို့ အဲသလို သဘောပေါက်လိုက်ကြသည်။ သို့သော်
လောကမှာ ကြုံရသည့် ကိစ္စတွေက အဲသည်ပုံပြင်ထဲကလောက် မလွယ်ကူ။ မရိုးစင်း။ ဥ
ပမာ အီစွပ်ပုံပြင်ထဲက မြည်းတစ်ကောင်နှင့် သားအဖနှစ်ယောက် ကိစ္စဆိုလျှင် အတော်ခွကျလာ
ပြီ။ အများ သိပြီးသား ပုံပြင်ကို နည်းနည်းပြန်နွေးရသော် တစ်ခါတုန်းက သားအဖနှစ်ယောက်
မြည်းတစ်ကောင် ရောင်းရန် ဈေးပွဲသို့ မောင်းသွားကြသည်။ နှစ်ဦးလုံး မြည်းနှင့်အတူတကွ လမ်း
လျှောက်လျက်။ လမ်း မှာ မိန်းကလေးတစ်သိုက် ရယ်ရယ်မောမော စကားတွေပြောပြီး လာကြရာ
က မြည်းနှင့် သားအဖကို တွေ့သည့်အခါ “ဟယ်၊ အရူးတွေတော့်။ မြည်းကြီး တစ်ကောင်လုံး ပါလာ
တာကို မစီးဘူး။ ခြေညောင်း ခံပြီး လမ်းလျှောက်လာကြတယ်” ဟုမကြားတကြား အားမနာပါးမနာ
ပြောကြသည်။ ဒါနှင့် ဖအေလုပ် သူက သားလေးကို မြည်းပေါ်တက်ခိုင်ပြီး သူကနံဘေးမှပင်
လျှောက်လိုက်သည်။ တစ်နေရာတွင် လူကြီးတစ်သိုက်နှင့် တွေ့သည်။ သည်တွင် အတော်လူတွင်
ကျယ် လုပ်တတ်သူ တစ်ယောက်က အခြောက်တိုက် ဝင်ပြောသည်။ “ ကြည့်စမ်း၊ ကာလသား
သမီးများ လူကြီးမိဘကို အရိုသေ ပေးရကောင်း မှန်းမသိဘူး၊ ကိုယ်က လူငယ်ပဲ၊ ပေါ့ပေါ့ပါးပါး
လျှောက်သွားပါလား။ ဆင်းပေးလိုက်။ အဖေကြီး ညောင်းလှရော့မယ်” ဟူ၍။ သို့နှင့် အဖေလုပ်သူ
က သားကိုဆင်းခိုင်းပြီး သူတစ်လှည့် စီးပြန်သည်။ သို့သော် သိပ်များများ မသွားရ။ မိန်းမလေးငါး
ယောက် ကလေးတစ်စုနှင့်အတူ လာနေတာ ဆုံရပြန်သည်။ အဲသည်မှာ မိန်းမတွေက “ကြည့်စမ်း၊
တစ်ကိုယ်ကောင်းဆန်လိုက်တဲ့ လူကြီး၊ ကိုယ်ကတော့ မြည်း ပေါ်မှာ အခန့်သားထိုင်လို့၊ ကလေး
ခမျာ နောက်က အမောတကော လိုက်နေရရှာတယ်” ဆိုကြပြန်တော့ သူတို့ကျေနပ်အောင် မြည်း
ပေါ်မှာ ဖအေက ရှေးနည်းနည်း တိုးပေးပြီး သားလေးကို နောက်နားက ကပ်ထိုင်ခိုင်းသည်။ သား
အဖနှစ်ယောက်လုံး မြည်းကျောကုန်းပေါ် တက်စီးလာကြ၍ ဈေးနှင့် သိပ်မဝေးသည့် တစ်နေရာ
ရောက်တော့ လူတစ်ယောက်နှင့် တွေ့သည်။ “ဒါ ခင်ဗျား မြည်းလားဗျ” တဲ့။ အဲသည်လူက မေး
သည်။ “ဟုတ်ပါတယ်” ဆိုတော့ ၊ စီးလာပုံ ကြည့်ရတာ ကိုယ့်မြည်း မဟုတ်သလို ဘဲဗျာ” တဲ့။
သည်လူက ဆိုသည်။ ဒါနှင့်တင် မနေသေး၊ သူက“ မြည်းကလေးခမျာ သနားစရာဗျာ။ တကယ်ဆို
ခင်ဗျားတို့ သားအဖက သန်သန်မာမာကြီးပဲ၊ သူ့ကိုတောင် တစ်လှည့်တစ်ပြန် ထမ်းပိုးသွားဖို့
ကောင်းတယ်” တဲ့။ အတည်ပေါက် အကြံပေးသည်။ ဒါနှင့် လူတကာ့စကား နားထောင်ပြီး အူချာ
20 
 

mmcybermedia.com

 

ချာ ဖြစ်လာသည့် အဖေလုပ်သူက “ဟုတ်ပါပြီဗျာ၊ ခင်ဗျား သဘောအတိုင်း ဖြစ်ရပါစေ့မယ်” ဆိုပြီး
သားအဖနှစ်ယောက် မြည်းခြေထောက်တွေစုပြီး ကြိုးနှင့်ချည်၊ တုတ်ကြီးကြီး တစ်ချောင်းနှင့် လျှိုပြီး
မြည်းကို ထမ်းကြသည်။ ဈေးအဝင်နားက ချောင်းကူးတံတားလေး ရောက်တော့ သားအဖ နှစ်
ယောက် ကိုးရိုး ကားယား မနိုင်မနင်း ဖြတ်လာသည့် အချိန် ဘေးကမြင်ရသူတွေ လက်ညှိုးထိုးပြီး
လှောင်ကြ ပြောင်ကြ၊ တဟားဟား ရယ်မောကြတော့ စောစောကတည်းက အနေရအထိုင်ရ ခက်
နေသော မြည်းက အလန့်တကြား ရုန်းရင်းဆန်ခတ်လုပ်ရာ ကြိုးတွေပြေပြီး အောက်ဘက်ရေထဲ
ဝုန်းခနဲ ထိုးကျသွားလေ သတည်း ဟူ၍ ဖြစ်သည်။
ဇီးကွက်အတွက် ငုံးငှက်၏ အကြံပေးချက်သည် တန်ဖိုးရှိ၏။ မြည်းသားအဖ အတွက်မူ
လမ်းကြုံ လူတို့၏ အကြံပေးချက်၊ ဝေဖန်ချက်၊ တိုက်တွန်း ပြောဆိုချက်တွေသည် သူတို့အား ဝိုင်း
၍ ချောက် တွန်းကြသလို ဖြစ်နေသည်။ ဘေးပရိတ်သတ်၏ လှောင်ပြောင်ရယ်မောသံ၊ ဝေဖန်သံ၊
ပြစ်တင်သံ၊ ဟစ်အော်သံများကြားတွင် ထိုသားအဖသည် ဇောချွေးပြန်မည်။ မျက်နှာမထားတတ်
ဖြစ်မည်။ ဘေးဘီ မကြည့်ရဲ ဖြစ်မည်။ ခြေမကိုင်မိ၊ လက်မကိုင်မိ၊ ယောင်တိယောင်နဖြစ်ကာ ဆင်း
လိုက် တက်လိုက် ဆွဲလိုက် တွန်းလိုက်တွေ လျှောက်လုပ်နေမိနိုင်သည်။
“ဟေ့ ကိုယ့်စိတ်က သင့်တော်တယ်ထင်တာ ကိုယ်လုပ်ကွာ။ လူတကာ ပြောစကားတွေ ဂရုစိုက်
မနေနဲ့” ဟူ၍ တချို့က ဆိုနိုင်ကြပါသည်။ သို့သော် စဉ်းစားကြည့်ပါ။ သည်သားအဖကိစ္စမှာ ဘယ်
ဟာသည် သင့်တော်သည်ဟု သင်ဆိုပါမည်နည်း။ ဘေးလူတို့၏ ပြောစကားကိုရော အခါခပ်သိမ်း
သင် ဂရုမစိုက်ဘဲ နေနိုင်ပါမည်လား။ သည်သားအဖအတွက် ခရီးလမ်းတွင် အဆင်ပြေအောင်
ဆောင်ရွက်ရန် နည်း လမ်းတစ်ရပ် ချမှတ်ပေးပါဟု ဆိုလျှင် အတော် စဉ်းစားရ ခက်လိမ့်မည် ထင်
သည်။
မခက်ဘူးဗျာ။ အသင့်အတင့် ကြည့်လုပ်ပေါ့။ တရားသေ မထားနဲ့၊ သူများပြောတိုင်း ချည်း
လည်း လိုက်မလုပ်န့။ဲ ဘယ်သူဘာပြောပြောဆိုတဲ့ သဘောမျိုးလည်း မထားနဲ့၊ တစ်ခါတလေ သူ
တို့သဘောနဲ့လုပ်၊ တစ်ခါတလေ ကိုယ့်သဘောနဲ့ ကိုယ်လုပ်။ မြွေမသေတုတ်မကျိုး မယုတ်မလွန်
ပေါ့ဗျာဟု ဆိုတဲ့ သူက ဆိုပါမည်။
ဒါလည်း ဟုတ်သလောက် ဟုတ်ပါသည်။ သို့သော် မယုတ်မလွန်ဆိုသည်မှာ အတော် မ
တိကျ သော ကိစ္စဖြစ်သည်။ ပြောသူအတွက် လွယ်သလောက် တကယ်လုပ်ရမည့် သူအတွက်
ခက်သည်။ လက်တွေ့၌ လူတွေသည် ငါဘာလုပ်ရမလဲ တိတိကျကျ သိချင်တတ်သော သဘော
ရှိသည်။ ဒီလို လား၊ ဟိုလိုလား၊ နှစ်ခုမှာ တစ်ခုပဲပြောပါ၊ ဆိုသောသူတွေ များသည်။ တစ်နည်း
နည်း ပြတ်ချင်ကြသည်။ “မြွေမသေတုတ်မကျိုး” ဆိုသည်မှာ အတော်ပညာသားပါသော အလုပ်
ဖြစ်သည်။ ပြဿနာကို တန်းလန်းထားသော သဘောဖြစ်သည်။ တကယ် “ကျွမ်း” သောသူ၊ အ
ဆင့်မြင့်သော သူတွေသာ ဒါမျိုးကို လုပ်နိုင်ကြသည်။ လုပ်တတ်သော အလေ့အထလည်း ရှိကြ
သည်။
သို့သော်...............သိပ်အဆင့်မြင့်ပါသည်ဆိုသော သူများပင် မတင်မကျ မပြတ်မသား
အနေ အထားမျိုးမှာ ကြာရှည်နေရလျှင် ဦးနှောက်က မခံနိုင် ဖြစ်လာ တတ်သည်။
ဥပမာ- ရှင်ဘုရင်၊ သမ္မတ စသည့် အကြီးအချုပ် ပုဂ္ဂိုလ်များ ဆိုပါတော့။ သူတို့မှာ အကြီး
လေးဆုံး တာဝန်က “ဆုံးဖြတ်ချက် ချပေးရခြင်းဖြစ်သည်”။ မိမိသည် တိုင်းပြည်၏ အာဏာပိုင်။
21 
 

mmcybermedia.com

 

ကိစ္စအများ အပြားသည် မိမိသဘောအတိုင်း ဖြစ်ရသည်။ သို့သော် မည်သည့်ကိစ္စ၌ မိမိသဘော
သည် မည်သို့ ဖြစ်သည် ဟူ၍ ဖော်ပြရန်ကား သူ၌ တာဝန်ရှိသည်။
ကိစ္စတော်တော်များများမှာ လွယ်ကူပါသည်။ ကိုယ့်သဘောကို အလွယ်တကူ ပြောချလိုက်
ရုံသာ ဖြစ်သည်။ တစ်ခါတစ်ရံမူ မပြောဘဲပင် အောက်လူတို့က မိမိသဘောကိုသိကာ ၄င်းအတိုင်း
လုပ်ပြီး ဖြစ်နေနိုင်သည်။
သို့သော် မကြာခဏ ဆိုသလို ခက်ခဲသော ပြဿနာများလည်း ရင်ဆိုင်ရတတ်ပါသည်။
ကိုယ်မ ကျွမ်းကျင်သောကိစ္စ၊ နားလည်ရခက်သောကိစ္စ၊ သောင်မတင် ရေမကျ ကိစ္စ၊ မထွေး
နိုင်မမျိုနိုင် ကိစ္စ၊ ရှေ့တိုး ထမ်းပိုး၊ နောက်ဆုတ် လှည်းတုတ်ကိစ္စ၊ အဆီတဝင်းဝင်း သဲတရှပ်ရှပ်
ကိစ္စ၊ အပ်န့ထ
ွဲင်မလား ပုဆိန်နဲ့ပေါက်ရမလား မကွဲပြားသည့်ကိစ္စ...............
ဒါပေသည့် ဘာပူစရာလိုသလဲ၊ သည်ပုဂ္ဂိုလ်တွေမှာ ဘယ်ကိစ္စအတွက်မဆို တိုင်ပင်စရာ
အကြံပေး ပုဂ္ဂိုလ်တွေ ရှိတာပဲဥစ္စာ။ ကြံကိုအရင်းက စ စားမလား၊ အဖျားက စ စားမလား မပိုင်းခြား
တတ်လျှင် ကြံပါရဂူကိုမေး။ ကြက်ဥကို အကြီးဖက်က ဖောက်သောက်ရမလား၊ အသေးဖက်က
ဖောက်တာ ပိုအဆင်ပြေမလား စဉ်းစားမရလျှင် ကြက်ဥပါရဂူနှင့် ဆွေးနွေး။ အလွယ်လေးပဲဟု
တွေးစရာရှိသည်။
သို့သော် ဒါက ပါရဂူတွေ အကြောင်း မသိ၍ ပြောခြင်းဖြစ်သည်။ ရှင်ဘုရင် စသည့် ပုဂ္ဂိုလ်
များမှာ ပါရဂူတွေ ဘယ်လောက်ဘယ်ရွေ့ ရှိမှန်းမသိ၍ ပြောခြင်းဖြစ်သည်။ ရှင်ဘုရင်တို့ ထုံးစံက
ပါရဂူ(ဝါ) မင်းတိုင်ပင်အမတ် ပညာရှိကို တစ်ယောက်တည်းမထား၊ နှစ်ယောက်ထားသည်။ သုံး
လေးငါးယောက်၊ သုံးလေးငါးဆယ် ထားသည်။ တစ်ယောက်တည်းဆိုလျှင် အစစအရာရာ သူ့
ချည်းမေးကာ သူပြောတိုင်းချည်း လိုက်လုပ်နေရသည့် သူ့တပည့် ဖြစ်သွားမည်ပေါ့။ သို့သော် အ
နည်းဆုံး နှစ်ယောက်ထားပြန် သည့်အခါ နှစ်ယောက်က နှစ်မျိုးပြောသည်။ တစ်မျိုးတည်းချည်း
ပြောနေလျှင်လည်း တစ်ယောက်သည် ကျန်တစ်ယောက်၏ နောက်လိုက် ဖြစ်သွားမည်ပေါ့။ ထို့
ကြောင့် သူလည်းပညာရှိ၊ ကိုယ်လည်း ပညာရှိဟူ၍ ဖြစ်အောင်တစ်ယောက်တစ်မျိုး ပြောရသည်။
အဲသည်အခါ ရှင်ဘုရင်မှာ ပြဿနာ တက်တော့သည်။
ကိုယ်မဆုံးဖြတ်နိုင်၍ သူတို့ကို မေးသည်။ အခုတော့ သူတို့လုပ်ပုံက ခင်ဗျားဘာသာ ခင်
ဗျား ဆုံးဖြတ်ဟု ပြန်ပြောတာနှင့် တူနေသည်။ နှစ်ယောက်မဲချင်း ညီနေသဖြင့် တဖက်ဖက်က ပြတ်
ပြတ်သားသား အားများသွားအောင် နောက်တစ်ယောက် ထပ်မေးပြန်လျှင်လည်း အဲသည်လူက
ပထမနှစ်ယောက်ထဲမှ တစ်ယောက်ယောက်ကို ထောက်ခံလျှင် အကောင်းသား၊ သူက သူ့သဘော
နှင့်သူ နောက်တစ်မျိုး ပြောလာလျှင် သုံးယောက်သုံးမျိုး ပိုဆိုးသွားနိုင်သည်။ ဆိုပါတော့၊ ကြံကိုအ
ရင်းကလည်း မစားနဲ့၊ အဖျားကလည်း မစားနဲ့၊ အလယ်ပိုင်းက စပြီးစားဟု အကြံပေးမည့် ပုဂ္ဂိုလ်
မျိုး။ ခက်သည်က ပါရဂူတွေကိုချည်း အပြစ်တင်၍လည်းမဖြစ်။ ကိစ္စတွေ ပြဿနာတွေဆိုတာက
သည်ဘက်က ဟိုဘက်က၊ အောက်နားက၊ အထက်နားက၊ အလယ်အလတ်က၊ စသဖြင့် ရှု
ထောင့် အမျိုးမျိုးက ကြည့်လို့ရသည်။ ကြည့်သည်ရှုထောင့်ကို လိုက်ကာ ပုံစံအမျိုးမျိုး မြင်ရသည်။
တစ်ခါ၊ သည်ဟာနှင့် နှိုင်းယှဉ်လျှင် ကြီးနေပြီး ဟိုဟာနှင့် နှိုင်းယှဉ်တော့ သေးသွားသည်။ မြင်ခါ
စမှာ ဖြူသလိုလို တော် ကြာတော့ မည်းသွားသလိုလို။ ထို့ကြောင့် ကိစ္စတိုင်းမှာ အနည်းဆုံး----အထက်ကကြည့်သူ၊ အောက်ကကြည့်သူ
22 
 

mmcybermedia.com

 

အကြီးဘက်က၊ အသေးဘက်က
အရင်းပိုင်း ပါရဂူ၊ အဖျားပိုင်း ပါရဂူ
အဖြူဘက်ကရပ်သူ၊ အမည်းဘက်ကရပ်သူ
သစ်တောတစ်တောလုံးကို ကြည့်သူ၊ သစ်ပင်တစ်ပင်ချင်းကို မြင်သူ။
အစဉ်အလာကို ထိန်းသိမ်းသူ၊ အသစ်တီထွင်မှုကို စိတ်ဝင်စားသူ
စာအုပ်ကြီးသမား၊ လက်တွေ့သမား
ကွန်ဆာဗေးတစ်၊ လစ်ဘရယ်
အမာလိုင်း၊ အပျော့လိုင်း
အပြုတ်တိုက်မည့်သူ၊ စေ့စပ်ဆွေးနွေးမည့်သူ
ထောက်ခံသူ၊ ကန့်ကွက်သူ
စသဖြင့် အနည်းဆုံးနှစ်မျိုးတော့ရှိနေပြီး ရှင်ဘုရင်ကလည်း အဲသည်နှစ်မျိုးလုံးဘက်က ပါရဂူတွေ
ငှားထားပြီးသား ဖြစ်နေသည်။
ပြီး ပါရဂူအတော်များများကလည်း မိမိကို တစ်ယူသန်သမား၊ တစ်ဖက်စောင်းနင်းသမားဟု
အထင် ရောက်မှာ အလွန်ကြောက်သည်။ နက်နက်ရှိုင်းရှိုင်း နှိုင်းနှိုင်းချိန်ချိန်သမား၊ အကောင်းနှင့်
အဆိုး၊ အ ကျိုးနှင့် အပြစ်၊ pros and cons ကို မျှမျှတတ စဉ်းစားချိန်ဆ ပြတတ်သူဟုသာ မြင်စေ
ချင်သည်။ ထို့ကြောင့် ကိစ္စတစ်ခုနှင့် စပ်လျဉ်း၍ လိုလားထောက်ခံသူ pro သမားကလည်း ပြတ်
ပြတ်သားသား pro ဟုမဆို၊ pros ရော cons ရော အရင်ပြောမည်။ ပြီးတော့မှ Pro ဘက်ကို သာ
သာထိုးထိုး။ ဆန့်ကျင် ကန့်ကွက်လိုသည့် con သမားကလည်း ထိုနည်းလည်းကောင်း။
သည်လိုတင်ပြရာမှာ သူတို့အဓိက သုံးလေ့ရှိသည်က တစ်ဖက်က ကြည့်ရင်... နောက်တစ်
ဖက်က ကြည့်ပြန်ရင် ဟူသောစကား။ ဒါကို အင်္ဂလိပ်လိုပြောတော့ on the one hand နှင့် on the
other hand........
ဘာဆုံးဖြတ်ရမှန်း မသိ၍ အကြံတောင်းရာတွင် အကြံပေးသူက တစ်ခုတည်း တိတိကျကျ
မပြော။ နှစ်ခုရှိတယ်၊ တစ်ခုကဒီလို၊ တစ်ခုကဟိုလိုဟူ၍ လုပ်နေသည့် အခါ ဆုံးဖြတ်ရမည့် သူက
စိတ်မရှည်ချင်။ ဒေါသကြီးသည့် တချို့ရှင်ဘုရင်ဆိုလျှင် ဘယ်လိုအမိန့်တော်မြတ် ချမှတ်ပစ်မည်
မသိ။ အမေရိကန် သမ္မတတစ်ဦးဖြစ်သူ ဟယ်ရီထရူးမင်း ကတော့ “on the one hand တွေ on
the other hand တွေ ငါမကြားချင်တော့ဘူးဟေ့။ ငါ့ကို လက်တစ်ဖက်တည်းရှိတဲ့ ပါရဂူသာ ရှာ
ပေးကြတော့” ဟူ၍ စိတ်ပျက်လက်ပျက် ပြောဖူးသည်။
ထရူးမင်းက ဒဏ်မခံနိုင်သည့် အချိန်မှာ အဲသလို ပြောလိုက်တာဖြစ်သည်။ စင်စစ် သူတို့
နေရာ မျိုးက ပုဂ္ဂိုလ်တွေမှာ အဓိက လိုအပ်သည်က အဲသည်ဒဏ် ခံနိုင်ဖို့ပဲ ဖြစ်သည်။ ကိစ္စတစ်
ခုနှင့် စပ်လျဉ်း၍ ဘက်စုံထောင့်စုံမှ ရှုမြင်သုံးသပ်ချက်တွေ သဘောထား အမြင်တွေ သိရကြားရ
ပြီးသည့်နောက်မှာ ကိုယ်က တစ်ခုခုကိုတော့ ရွေးချယ်နိုင်ဖို့၊ ကိုယ့်သဘောထား အမြင်အဖြစ် ဆုံး
ဖြတ် ကြေညာနိုင်ဖို့ လိုသည်ပေါ့။
အဲသည်တာဝန်ကို ပီပီသသ ရာဇဣနြေ္ဒ ပြည့်ဝစွာဖြင့် ထမ်းဆောင်နိုင်ပြီဆိုလျှင် တိုင်းရေး
ပြည်ရာ အဖြာဖြာကို တိကျပြတ်သားစွာ ဆုံးဖြတ် ဆောင်ရွက်တတ်သော ပညာရှိမင်းအဖြစ် လေး

23 
 

mmcybermedia.com

 

စား ယုံကြည်ခြင်း ကြောက်ရွံ့ခန့်ညားခြင်း ခံရပေမည်။ တစ်ချို့ မင်းဧကရာဇ်များကတော့ အဲသည့်
ဘက်တွင် ထူးချွန်သည်။ နမူနာ တစ်ယောက်ပြရလျှင် ပြင်သစ် ဘုရင် လူဝီ ၁၄။
လူဝီ ၁၄ က လျှို့ဝှက်သည်။ သိုသိပ်သည်။ စကားများများမပြော၊ သူ့အသွင်အပြင်ကလည်း အကဲ
ခတ်ရ ခက်သည်။ ပြီးတိုင်းပြည်အရေးကိစ္စများကို ဝန်ကြီး မှူးကြီးများနှင့် တိတ်တိတ်ကျိတ် တိုင်ပင်လေ့မရှိ။
တိုင်းပြည်အတွက် အလေးအနက် စဉ်းစားဆုံးဖြတ်ရမည့် ကိစ္စကြီးများ ပေါ်ပေါက်လာလျှင် နန်းတော်ရှိ ဝန်
ကြီး၊ မှူးကြီး၊ မြို့စား ရွာစားကြီးတွေ နေ့ရောညပါ တိုင်ပင်ကြ ဆွေးနွေးကြ ငြင်းခုံကြသည်။ သည်လူ့ အယူ
အဆ၊ ဟိုလူ့ အယူအဆ၊ သည်လူစု၏ သဘောထား၊ ဟိုလူစု၏ သဘောထား စသည်ဖြင့် အစုစု အဖွဲ့ဖွဲ့၏
အမြင်အမျိုးမျိုးတွေ အကြိမ်ကြိမ် အဖန်ဖန် ပေါင်းစပ်ကြ၊ ချေဖျက်ကြ၊ ညှိယူကြပြီးသော် နောက်ဆုံး၌ မတူ
သော အယူအဆ ကိုယ်စီနှင့် အုပ်စုနှစ်စုသာ ကျန်ရစ်လေ့ရှိသည်။
အဲသည်အခါ အုပ်စုတစ်စုစီက မိမိတို့အစု၏ အမြင်ကို ရှင်ဘုရင်ထံ တင်ပြမည့် ကိုယ်စားလှယ် တစ်
ဦး (ဝါ) ခေါင်းဆောင်တစ်ဦးစီ ရွေးကြသည်။ ပြီးလျှင် မိမိတို့အမြင်ကို ရှင်ဘုရင် သဘောပေါက် လက်ခံလာ
အောင် မည့်သည့်အချိန် မည့်သည့်နေရာမျိုးတွင် မည့်သို့သော စကားအသုံးအနှုန်းမျိုး၊ မည်သို့သော လေ
သံဟန်ပန်မျိုး ဖြင့် ပြောဆိုတင်ပြမည် စသည်များကို အသေးစိတ် ညှိနှိုင်းတိုင်ပင်ကြ အတည်ပြုကြသည်။
သူတို့ဘာသာ မည်မျှကြံစည်ကြသော်လည်း နောက်ဆုံး၌ စကားပြောမည့်နေရာကို ရွေးချယ်သူမှာ
ရှင်ဘုရင်သာဖြစ်သည်။ ရှင်ဘုရင်က အစုနှစ်စုမှ ကိုယ်စားလှယ် နှစ်ယောက်ကို တပြိုင်တည်းတွေ့ဆုံသည်။
တစ်ဦးစီ၏ တင်ပြချက်များကို ဘယ်လိုမှ မှန်းဆ၍ မရနိုင်သည့် မျက်နှာပေးဖြင့် နားထောင်သည်။ နှစ်ဖက်
တင်ပြပြီးသည့်နောက် အရှင်မင်းမြတ်၏ သဘောထားအမြင်ကို သိလိုပါသည်ဟု မေးမြန်းကြလျှင် ရှင်ဘုရင်
က “ငါ ကြည့်ဦးမယ်” (ငါစဉ်းစားဦးမယ်) ဟူ၍ တစ်ခွန်းတည်း ပြောလေ့ရှိသည်။
အဲသည်နောက်တွင် သည်လူတွေကို ထပ်၍လည်း မတိုင်ပင်။ ငါဘယ်လို စဉ်းစား ဆုံးဖြတ်ထား
တယ်ဟူ၍ ဖွင့်ဟပြောဆိုခြင်း တီးခေါက်ဆွေးနွေးခြင်လည်း မပြုတော့။ သူလုပ်မည့် အစီအစဉ် တစ်ရပ်လုံး
ကို အစည်းဝေးတွင် ကြေညာကာ တာဝန်ခွဲဝေ ခိုင်းစေခြင်း ပြုချင်ပြုမည်။ သို့မဟုတ် အစီအစဉ် အပြည့်အစုံ
ကို မိမိခေါင်းထဲ သိမ်းဆည်းထားကာ ဆိုင်ရာလူ အသီးသီးအား တစ်စိတ်ချင်း တစ်ပိုင်းချင်းစီသာ ခွဲဝေ အ
သိပေး စေခိုင်းမည်ဖြစ်သည်။
အတိုင်ပင်ခံ ပုဂ္ဂိုလ်ကြီးများမှာ နောက်ပိုင်းဆက်လုပ်ကြရမည့် အရာများ၊ ရှင်ဘုရင့် အမိန့် ညွှန်ကြား
ချက်များကို ကြည့်ကာသာ သည်ကိစ္စမှာ ရှင်ဘုရင့်သဘောထားက ဘယ်လိုရှိတာပဲ၊ ဘာကိုအလေးပေးပြီး
ဘယ်လို ဆုံးဖြတ်လုက
ိတာပဲ စသည်ဖြင့် ဝေဖန်သုံသပ်ကြ ချင့်ချိန်တွက်ဆကြရပေသည်။
လူဝီ ၁၄ (၁၆၃၈- ၁၇၁၅) သည် ပြင်သစ်ထီးနန်းကို အသက် ၅ နှစ်အရွယ် ကလေးဘဝမှသည်
ကွယ်လွန်ချိန်အထိ ၇၂ နှစ်တိုင်တိုင် စိုးစံသွားခဲ့သည်။ အစပထမတွင် ရင်ခွင်ပိုက် မင်းသား၊ ထို့နောက် အာ
ဏာကို

မိမိလက်ဝယ်သို့

တဖြည်းဖြည်းစုစည်းကာ

သက်ဦးဆံပိုင်

ဘုရင်စစ်စစ်

ဖြစ်လာခဲ့သည်။

လူဝီ ၁၄ ပြောခဲ့သည့် ထင်ရှားသော စကားနှစ်ခွန်း ကျန်ရစ်သည်။ တစ်ခုက “ ငါသည်ပင် နိုင်ငံတော်
ဖြစ်သည်” ( I am the state. ) ဖြစ်၍ နောက်တစ်ခုက မင်းတိုင်ပင်အမတ်ပညာရှိများ အလွန် စိတ်ညစ် ကြ
သည့် “ ငါကြည့်ဦးမယ် ” ( I shall see ) ဟူသော စကားဖြစ်ချေသည်။

24 
 

mmcybermedia.com

 

“ တံငါသည်ကို သတိရသည် ”
တစ်နေ့ မြို့လယ်ရုံးကြီး တစ်ရုံးမှာ သူငယ်ချင်း တစ်ယောက်နှင့် စကားပြောပြီး ပြန်ဆင်း
အလာ အောက်ထပ်ရုံး အဝင်ဝမှာ ထိုင်နေသူ တစ်ယောက်က အနီးသို့ ချည်းကပ်လာပြီး ပြော
သည်။ “အကိုရေ ကျွန်တော် လက်ဖက်ရည် မသောက်ရသေးဘူးဗျတဲ့”။
ဟာ ကျွန်တော်အံ့အားသင့် သွားသည်။ ကျွန်တော်တို့ဆီမှာ လက်ဖက်ရည် ယဉ်ကျေးမှုက
အတော့်ကို ပွင့်ပွင့်လင်းလင်း ရှင်သန်တိုးတက်နေပါကလား။
တလောကလည်း........................ ထားပါတော့လေ ..... ဒါတွေအသေးစိတ် ပြောမနေ
ချင်ပါ။
ယခုကျွန်တော်ပြောလိုသည်က လက်ဖက်ရည်ဖိုး တောင်းတတ်သော တံခါးမှူးများနှင့် တွေ့
ရတိုင်း တံငါသည်ကို ကျွန်တော်သတိရသည့် အကြောင်းဖြစ်ပါသည်။ ကျွန်တော်တို့မှာ တံငါသည်
နှင့် နန်းတော်စောင့် တံခါးမှူးအကြောင်း ပုံပြင်ရှိသည် မဟုတ်လား။
အများသိပြီးသား ပုံပြင်ကို ပြန်ပြောရတာ အားနာပါသည်။ သို့သော်ဝိုးတိုးဝါးတား ဖြစ်နေသူ
များ ပြန်ပြီး သတိရအောင် ခပ်သုတ်သုတ်လေး ကျွန်တော် ပြန်ပြောပါရစေ။
တစ်ခါတုန်းက ရှင်ဘုရင်တစ်ပါးမှာ ပထမဆုံး ရင်သွေးရတနာ မွေးဖွားလာတော့ ဝမ်း
မြောက်ဂုဏ်ယူသည့် အထိမ်းအမှတ်ဖြင့် အနီးဝန်းကျင် တိုင်းပြည်များမှ ရှင်ဘုရင်များ၊ မြို့စား ရွာ
စားနှင့် အခြားဂုဏ်သရေရှိ ပုဂ္ဂိုလ်များကို ဖိတ်ကြားကာ ဧည့်ခံပွဲကြီးတစ်ရပ် ကျင်းပရန် စီစဉ်သည်။
ဧည့်သည်တော်များအား အလျှံပယ် တည်ခင်းကျွေးမွေးနိုင်ရန်အတွက် ဘုရင်မင်းမြတ်ကိုယ်တိုင်
အနီးကပ် ကြီးကြပ်ကာ စောစောစီးစီး ကြိုကြိုတင်တင် ချက်ပြုတ်စေသည်။ ငါးဟင်းလျာ တခုကို
သာ လတ်ဆတ်ချိုမြိန်မှု ရှိစေရန်အတွက် ပွဲတော်ကျင်းပမည့်ရက် မတိုင်မီနေ့တွင် ဖမ်း၍ရသည့် ငါး
ကိုမှ ချက်မည်ဟု ဆုံးဖြတ်စောင့်ဆိုင်းနေသည်။
သို့သော်ကံဆိုးချင်တော့ အဲသည်နေ့တွင် လေကြီးမိုးကြီး ကျကာ ပင်လယ်သို့ မည်သူမျှ
ငါးဖမ်းမထွက်နိုင်ဘဲ ရှိလေသည်။ နန်းတော်က တည်ခင်းသည့် ဧည့်ခံပွဲမဟာမှာ ငါး ဟင်းလျာလေး
တစ်ပွဲပင် မပါဘူးဆိုလျှင်တော့ အကြီးအကျယ် သိက္ခာကျတော့မည်ဟု ရှင်ဘုရင် စိတ်ဓာတ်ကျ
ကာ မှိုင်တွေ၍ နေသည့်အခိုက် တံခါးမှူးက ဧည့်သည်တစ်ယောက် ရောက်လာကြောင်း လာ
ရောက် အကြောင်းကြားသည်။
ဧည့်သည်က တံငါသည်။ ပိုက်ကွန်ကို ထမ်းလျက်။ ပိုက်ကွန်ထဲမှာ ဧရာမငါးကြီး တစ်
ကောင်။ ရှင်ဘုရင်ပွဲတော် အတွက် ငါးအရေးတကြီး လိုနေသည် ကြားသဖြင့် သူများမထွက်ရဲသည့်
ပင်လယ်ထဲ စွန့်စွန့်စားစား ထွက်ကာ ငါးသွားရှာ ခဲ့ခြင်းဖြစ်သည်။
ရှင်ဘုရင် ဝမ်းသာအံ့သြကာ စားဖိုမှူးအား ငါးဟင်းလျာ ချက်ချင်း ချက်ပြုတ်ပြင်ဆင်စေဟု
အမိန့်ပေးပြီးနောက် သည်လောက်တော်သည့် တံငါသည်ကို ဆုတော်လာတ်တော် ချီးမြှင့်ဦးမှဟု
ဆိုကာ နှစ်သက်ရာဆုကို တောင်းစေသည်။ တံငါသည်က သူ့အားကြိမ်ဒဏ် အချက်တစ်ရာ ချီးမြှင့်
တော်မူပါဟု ဆိုသည့်အခါ ဘုရင် ဇဝေဇဝါ ဖြစ်သွားသည်။ နောက်တော့မှ အင်း...... ခမျာ ခေါင်း
သိပ်မကောင်းရှာဘူးထင်တယ်။ ပြီးမှ ကြည့်စီစဉ်တာပေါ့။ လောလောဆယ်တော့ သူတောင်းတာ

25 
 

mmcybermedia.com

 

ပေးရမှာပဲဟု တွေးကာ လက်မရွံ့ ကြိမ်ဆရာအား နာအောင်မရိုက်န့က
ွဲဟု ညွှန်ကြားပြီး ကြိမ်ဒဏ်
ဆုကို ချီးမြှင့်၏။
ကြိမ်ဆရာက ကြိမ်ဒဏ်တစ်ရာဆုကို ခပ်သာသာ ချီးမြှင့်၍ အချက်ငါးဆယ် အရောက်တွင်
တံငါသည်က ခဏရပ်ပါဦး ဆိုသဖြင့် ရပ်ပေးရသည်။ တံငါသည်က “ကျွန်တော်က ငါးဆယ်ဆို
တော်ပါပြီ။ ကျန်တ့င
ဲါးဆယ်ကို ကျွန်တော်နန်းတော်စောင့် တံခါမှုးကို ပေးပါ့မယ်လို့ ကတိပေးထား
တာရှိလို့ သူ့ကိုပဲဆက်ရိုက်ပါ” ဟု ဆိုသည့်အခါ ကြိမ်ဆရာ နားမလည်နိုင်ဖြစ်ကာ ရှင့်ဘုရင့်ထံ
ပြေး၍ တင်ပြသည်။ ရှင်ဘုရင် လိုက်လာပြီး တံငါသည်အား မေးတော့ သူပင်လယ်ထဲ ထွက်ဖမ်းပြီး
ငါးရ၍ နန်းတော်သို့ ပို့ရန်အလာ နန်းတော်မှာ ငါးအသည်းအသန် လိုနေတာသိသော တံခါးမှူးက
ဂိတ်ဝမှဆီး၍ တားထားကြောင်း ရှင့်ဘုရင့်ထံမှ ရမည့်ဆုလာတ်ကို သူ့အား တစ်ဝက်ခွဲပေးမှ နန်း
တော်ပေါ် တက်ခွင့်ပြုမည် ဆိုသဖြင့် ပေးပါမည်ဟု ကတိပေးခဲ့ကြောင်း၊ ယခု ထိုကတိအတိုင်း
ကြိမ်ဒဏ်အချက် ငါးဆယ်ကို တံခါးမှူးအား ချီးမြှင့်ပေးပါရန် မေတ္တာရပ်ခံခြင်း ဖြစ်ကြောင်းရှင်းလင်း
လျှောက်ထားသည်။
ရှင်ဘုရင် ကောင်းကောင်း သဘောပေါက်သွားကာ တံခါးမှူးအား ကြိမ်ဒဏ်အချက် ငါးဆယ်
ကို ပြည့်ပြည့်ဝဝကြီး ချီးမြှင့်ရန် ကြိမ်ဆရာကို ညွှန်ကြားပြီး ၊ကြိမ်ဒဏ်ခံယူ အပြီးတွင် ရာထူးမှ ဖယ်
ရှားလိုက်သည်။ တံငါသည်ကိုမူ ဆုတော်ငွေ ထိုက်တန်စွာချီးမြှင့်ပြီး ပွဲတော်ကြီး တွင်လည်း အထူး
ဧည့်သည်တော် တစ်ဦးအနေဖြင့် ဆင်နွှဲသုံးဆောင်စေလေသည် ဟူသတတ်။
ငယ်ငယ်တုန်းက ဖတ်ဖူးပြီး ခေါင်းထဲစွဲနေသော အဲသည်ပုံပြင်ကို နိုင်ငံရပ်ခြားက ထုတ်ဝေ
သည့် ပုံပြင်စာအုပ်တစ်အုပ်ထဲမှာ ဖော်ပြထားတာ တွေ့ရတော့ တို့တံငါသည် အတော်ခရီးပေါက်
နေ ပါကလားဟု ဝမ်းသာသွာမိသည်။ စာအုပ်က Joanna Cole ၏ Best- Loved Folktales of
the World။
နိုင်ငံတကာမှ အထင်ရှားဆုံး ရိုးရာပုံပြင်ပေါင်း ၂၀၀ တိတိကို ရွေးချယ်စုစည်းထားသည့်
အဲသည် စာအုပ်ထဲတွင် မြန်မာ ပုံပြင်တစ်ပုဒ် ပါဝင်ရာ ၄င်းမှာ တံငါသည်နှင့် တံခါးမှူး ( The
Fisherman and the Gatekeeper) ပုံပြင် ဖြစ်နေသည်။
သည်ပုံပြင်လေးကို ဖတ်ကာ ခွဲခြမ်းစိတ်ဖြာ စဉ်းစားသူက ဘယ်လို ကောက်ချမျိုးတွေ ချ
မည်လဲ၊ ကျွန်တော်တွေးမိသည်။ သည်ပုံပြင်မှာ အဓိက ဇာတ်ဆောင်နှစ်ယောက်ပါသည်။ တံငါ
သည်နှင့် တံခါးမှူး။ တံငါသည်က ဇာတ်လိုက် ၊ တံခါးမှူးက ဗီလိန်။
တံခါးမှူး၏ လက္ခဏာက ရှင်းရှင်းလေး၊ လာသမျှလူဆီက ဂိတ်ကြေးတောင်းမည်။ မရလျှင်
ဝင်ခွင့်မပေး၊ သူ့အားလခ ရိက္ခာ ပေးထားသည့် ရှင်ဘုရင်၏ အရေးကိစ္စကိုလည်း သူမထောက်
ထား။ လောဘကြီးသော အမှုထမ်းဆိုးတို့၏ ယေဘုယျစရိုက်လက္ခဏာ။
တံငါသည်ကတော့ ယေဘုယျမဟုတ်။ ထူးခြားသည်။ တံခါးမှူးတွေ နေရာတကာမှာ တွေ့ရ
နိုင်သော်လည်း သည်တံငါသည်မျိုးကတော့ ခဏခဏ တွေ့ရလိမ့်မည်မဟုတ်။ စင်စစ် သူ၏ ထူး
ခြားသော အပြုအမူကြောင့် သည်ပုံပြင်က စိတ်ဝင်စားစရာ ဖြစ်လာရသည်။ မဟုတ်သေး၊ သူ့
ကြောင့်ပင် သည်ပုံပြင် ဖြစ်ပေါ်ရသည်ဟု ဆိုရလိမ့်မည်။
တိုတိုလေး ရေးထားသည့် အထဲမှာပင် သူ့အရည်အသွေးနှင့် သူ၏ ထူးခြားသော စရိုက်
လက္ခဏာတွေကို ထင်ထင်ရှားရှား မြင်တွေ့နေရသည်။ဘာတွေလဲ..
26 
 

mmcybermedia.com

 

ဦးစွာပထမ သည်လူသည် တံငါသည်များထဲမှ မခေသော ပုဂ္ဂိုလ်တစ်ယောက်ဖြစ်သည်။
သူသည်ငါးဖမ်း ကျွမ်းကျင်သည်။ အလုပ်၌ လာတ်မြင်တတ်သူ ဖြစ်၍ လိုအပ်လျှင် စွန့်စားဆောင်
ရွက်ရန်လည်း ဝန်မလေးသူဖြစ်သည်။ ထို့ကြောင့် နန်းတော်မှာ ငါးအရေးတကြီး လိုနေကြောင်း သူ
သိရသည့် အခါ မုန်တိုင်းကျနေသော ပင်လယ်ပြင်သို့ထွက်၍ ငါးရအောင်သူရှာသည်။
ဈေးကောင်းကောင်းရမည့် ငါးကို နန်းတော်ထဲ သွားရောင်းသည့် အခါ ရှင်ဘုရင်နှင့် သူ့
အကြားမှာ လာတ်စားတတ်သည့် တံခါးမှူးက အတားအဆီး တစ်ခုအဖြစ် ပေါ်လာသည်။ တော်ရုံ
လူဆိုလျှင်တော့ မချစ်သော်လည်း အောင့်ကာနန်း ၊ သည်လူ့ကိုပဲ မျက်နှာချိုသွေး ပေါင်းကာ တတ်
နိုင်သမျှ အသက်သာဆုံးဖြစ်အောင် ဈေးညှိနှိုင်းပြီး သူ့စားပွဲကို ဖြတ်သန်းမည်ပေါ့။ သည်နေရာမှာ
တံငါသည်၏ စိတ်ဓာတ်တစ်ခု ပေါ်လာသည်။
ဈေးကောင်းရမည့် အချိန် စွန့်စားပြီး ငါးရှာခဲ့တာမှန်သည်။ သို့သော် ကိုယ့်ပစ္စည်းကို တန်
ရာတန်ဖိုး ရဖို့အတွက် သူ့တစ်ပါးအား အောက်ကျို့ ရတာမျိုး သူဝါသနာမပါ။ မဟုတ်မတရား လုပ်
တာမျိုးကိုလည်း သူ နည်းနည်းမျှ သည်းမခံနိုင်။ ဒါမျိုးနဲ့တော့ တပြားမှ မရရင် နေပစေကွာဟု သူ
သဘောထားသည်။
တချို့ကတော့ သည်လူ့စိတ်ဓာတ်ကို အစွန်းရောက်သည်ဟု ဆိုချင်ဆိုမည်။ ကိုယ့်ကိစ္စ
ပြီးအောင် အတော်အတန် လျှော့တန်တာ လျှော့ပေးလိုက်ဟု ပြောချင်ပြောမည်။ ကျွန်တော်
ကတော့ သည်လူ့စိတ်ဓာတ်ကို သဘောကျသည်။
သူကညစ်သော တံခါးမှူးကို ကောင်းပြီ။ သဘောတူသည်၊ တစ်ဝက် ရစေရမည်ဟု ကတိ
ပေးပြီး နန်းတော်ထဲ ဝင်ခ့သ
ဲ ည်။ ရှင်ဘုရင်နှင့် တွေ့ပြီး ဆုလာတ်သပ္ပကာ ကိစ္စကြားရသည့် အခါ
မှာလည်း သူစိတ်ပြောင်းမသွား။ ငွေကို သူမလိုချင်၊ ဟိုလူ့ကိုသာ ပညာပေးချင်နေသည်။ ထို့
ကြောင့် ဆုငွေအဖြစ် ကြိမ်ဒဏ်တစ်ရာ သူတောင်းသည်။
အာဃာတကြီးတဲ့လူပဲဟု မှတ်ချက်ချသူက ချပါမည်။ ကျွန်တော်ကတော့ သူ့ကို လွန်ကဲ
သည် မထင်။ သည်လောက်တော့ ရှိချင်ရှိမှာပေါ့ဟု ဆိုချင်သည်။ ပြီး သူ့ အာဃာတနှင့် သူ့လက်
စားချေလိုစိတ်မှာ ဟာသဓာတ်ခံလေး ပါနေတာ ကျွန်တော် သဘောကျသည်။ ထို့ကြောင့်ပင် သူ့
လုပ်ရပ်သည် လက်စားချေသော သဘောထက် ပညာပေးသော သဘော ပို၍ သက်ရောက် သွား
သည်ဟု ကျွန်တော်မြင်သည်။
ခွေးမသား၊ သိရော့ပေါ့ကွာဟု စိတ်ထဲက ကြိမ်းကာ ကျိတ်၍ပြုံးနေမည့် တံငါသည်၏
မျက်နှာကို ကျွန်တော်မြင်ယောင်သည်။ သည်လူက ဟာသရှိသည်။ တင်္ခဏုပ္ပတ္တိဥာဏ်လည်း
ရှိသည်။ တစ်ခါတစ်လေ အတည်ပေါက် နောက်တတ်သည့် အလေ့အထ ရှိသူမျိုးလည်း ဖြစ်နိုင်
သည်။ ထို့ကြောင့်လည်း ကိုယ့်အသား အနာခံကာ ကြိမ်ဒဏ် တစ်ဝက်ခွဲပေးမည့် ဉာဏ်မျိုး သူ့
ခေါင်းထဲက လျှပ်တစ်ပြက် ထွက်ပေါ်ခြင်းဖြစ်သည်။
ဉာဏ်က နည်းနည်းနောနော ဉာဏ်မဟုတ်။
ငါ့မြင်းစီးတဲ့အကောင် သိရောပေါ့ကွာ၊ သူ့လှေငါဖိလှော်မယ်ဆိုသော တခြားပုံပြင် တစ်ပုဒ်
ထဲက ပုဂ္ဂိုလ်၏ တုံးလွန်းသဖြင့် ရယ်ရသော ကလဲ့စားဉာဏ်မျိုးနှင့်တော့ ကွာချင်တိုင်း ကွာသည်။
ရှင်ဘုရင်သာ အေးအေးဆေးဆေး စဉ်းစားကြည့်မည်ဆိုလျှင် သည်လူက ဖြတ်ထိုးဉာဏ်အရာမှာ

27 
 

mmcybermedia.com

 

ငါ့နန်းတော်က မှူးမတ်ပညာရှိတွေထက် သာမယ့် ပုဂ္ဂိုလ်ပဲဟု တွေးမိကာ ရာထူးရာခံပင် ချီးမြှင့်
ဖြစ်စရာ အကြောင်းရှိသည်။ ဉာဏ်ကြောင့် နှစ်သက်စရာ ဟာသကြောင့် သဘောကျစရာ။
ပြီးတော့သည်လူသည်

မတရားလုပ်သူကို

လက်တုန့်ပြန်တာ

မှန်သော်လည်း

ကိုယ့်

အကွက် ဝင်သည့်အချိန် တစ်ဖက်လူအား အသေဆော်မည်ဟူသော သဘောမျိုးမရှိ။
သူနှင့် အလားတူဉာဏ်မျိုးသုံးကာ တစ်ဖက်သားကို ရက်ရက်စက်စက် လုပ်သွားသော
အခြားပုဂ္ဂိုလ်တစ်ဦးနှင့် နှိုင်းယှဉ်ကြည့်ပါက သူ့စိတ်ထား အများကြီး ပျော့ပျောင်းကြောင်း သိ
မြင်နိုင်ပါသည်။ တိုတိုပဲ ပြောပါမည်။
တစ်ခါတုန်းက ရှင်ဘုရင်တစ်ပါး ရှေ့မှောက်သို့ လူနှစ်ယောက် ရောက်ကြသည်။ ရှင်ဘုရင်
က “မောင်မင်းတို့ အထဲက ကြိုက်တ့တ
ဲ စ်ယောက်က ကျုပ်ဆီမှာ လိုရာဆုတစ်ခု တောင်းပါ။ အဲဒီ
လူကို သူတောင်းတဲ့အတိုင်း ပေးမယ်။ ကျန်တ့လ
ဲူကိုတော့ ပထမလူထက် နှစ်ဆပေးမယ်။” ဟု ဆို
လိုက်သည်။
ပညာရှိ နှိပ်စက်နည်းဖြင့် နှိပ်စက်လိုက်ခြင်းပေတည်း။ သို့သော် ဘယ်လောက်အထိ နှိပ်
စက်ခံသွားရသနည်း ဟူသည်က အဲသည်လူနှစ်ယောက်၏ စိတ်ဓာတ်ပေါ်၌ မူတည်ခဲ့သည်။
သည်ပုံပြင်ထဲမှ လူနှစ်ယောက်အနက် တစ်ယောက်သည် လောဘကြီးသူဖြစ်၍ ကျန်တစ်
ယောက်က မနာလိုစိတ် ကြီးမားသူဖြစ်သည်ဟု ပုံပြင်ဆရာက ကြိုပြောထားပါသည်။
ဘုရင်က ကဲ....ဘယ်သူတောင်းမလဲဟု မေးသည့်အခါ သူတို့ ရုတ်တရက် မဖြေနိုင်။ လော
ဘသမားက သူနှစ်ဆရချင်သည်။ မနာလိုသူကလည်း တစ်ဖက်လူပိုရသွားမှာ နည်းနည်းလေးမျှ
မလိုလား။ သို့သော် ဘုရင်ရှေ့မှာ အကြာကြီး တစ်ယောက်ကို တစ်ယောက် လွှဲနေ၍ မရတော့
နောက်ဆုံးတွင် မနာလိုသူက မလွှဲမရှောင်သာ တောင်းရတော့သည်။
“ကျွန်တော်မျိုးရဲ့ မျက်လုံးတစ်ဖက်ကို ဖောက်ထုတ်ပေးတော်မူပါ ဘုရား” ဟူ၍။
ကျွန်တော်တို့၏ တံငါသည် သည် အဲသည်လို မရက်စက်ပါ။ သူ့နှလုံးသားက ဟိုလူ့လို
မမည်းမှောင် မညစ်ထေးပါ။ သူသည် မဟုတ်မခံစိတ်ရှိသူ၊ ဉာဏ်ထက်မြက်သူ ၊ဟာသဓာတ်ခံ
ရှိသူဖြစ်သည်။
သူ့အပြုအမူသည် ချီးမွှမ်းဖွယ်ဖြစ်သည်။ သူ့လုပ်ရပ်ကြောင့် အဲသည်အချိန်က လက်ဖက်
ရည်ဖိုးတောင်းသော စားပွဲအတော်များများ သန့်ရှင်းသွားခဲ့စရာ အကြောင်းရှိသည်။

ထို့ကြောင့် တံခါးမှူးများကို မြင်တိုင်း တံငါသည်ကို ကျွန်တော် သတိရခြင်းဖြစ်ပါသည်။

28 
 

mmcybermedia.com

 

ဣနြေ္ဒနဲ့ မနေတတ်တ့လ
ဲူ
လူအများကြားမှာ လေးစားခံရသူတစ်ဦးဖြစ်ဖို့တွင် ဣနြေ္ဒသိက္ခာရှိမှုသည်လည်း အရေးကြီး
သော လက္ခဏာတစ်ခု ဖြစ်သည်။ တည်ကြည်သူ၊ ကိုယ်နှုတ်နှလုံး အမူအရာများကို ထိန်းသိမ်းနိုင်
သူ။ မိမိကိုယ်ကို ထိန်းသိမ်းနိုင်ခြင်းဆိုသည်က တော်ရုံတန်ရုံ အရည်အချင်းမျိုးမဟုတ်။
"သူတစ်ပါးကို အောင်နိုင်သူသည် သန်မာသူဖြစ်၏။ မိမိကိုယ်ကို စိုးမိုးနိုင်သူကား အလွန် ခွန်အား
ကြီးမားသူပေတည်း" ဟူ၍ တရုတ်ပညာရှိ လောင်ဇူးက ပြောဖူးသည်။ စင်စစ် အောင်မြင်သူမှန်
လျှင် မိမိကိုယ်ကို အတိုင်းအတာ တစ်ခုထိတော့ စိုးမိုးနိုင်စမြဲဖြစ်သည်။ မိမိကိုယ်ကို စိုးမိုးနိုင်မှု အ
တိုင်းအတာပေါ်တွင် မူတည်၍ သူတစ်ပါး၏ အထင်ကြီးအားကျမှု၊ ကိုးစားယုံကြည်မှုများ ခံယူရစမြဲ
ဖြစ်၏။ မိမိကိုယ်ကို မထိန်းသိမ်း နိုင်လျှင်မူ ............။ အာနိုးပါမာ ဆိုသည်မှာ ကမ္ဘာ့ဂေါက်သီး
လောက၏ အထင်ကရ ပုဂ္ဂိုလ်တစ်ယောက်ဖြစ်၏။ ဂေါက်သီးရိုက် ပြိုင်ပွဲများ၌ ပါမာသည် အစပိုင်း
တွင် သူများနောက် ရောက်နေရာမှ တဖြည်းဖြည်း အားလုံးကို ကျော်တက် အနိုင်ယူ သွားတတ်သူ
အဖြစ် ပြောစမှတ်ပြု ခံရလေ့ရှိ၏။ ဤသည်မှာ သူ၏တည်ငြိမ်သော စိတ်ထားကြောင့် ဖြစ်၏။ လူ
တွေတစ်ပြုံကြီး ကိုယ်ရှေ့ရောက်နေပြီဟုဆိုကာ ပျာယာခတ်ပြီး ရိုက်မည်ဆိုက ရိုက်ချက်တွေ လွဲ
ချော်ကာ ပို၍ပို၍ပင် နောက်ရောက်သွားဦးမည် ဖြစ်၏။ အရှုံးပိုင်းမှာရှိနေစဉ် စိတ်တည်တည် ငြိမ်
ငြိမ်ထားပြီး ကစားတတ်ခြင်းသည် အာနိုးပါမာ၏ မွေးရာပါ အရည်အချင်း တစ်ခုကား မဟုတ်ပါ။
ငယ်စဉ်တုန်းကဆိုလျှင် သူက ကလေးသူငယ် အများပြားနည်းတူ မိမိရှုံးလျှင် ဒေါသထွက်တတ်သူ
တစ်ဦးဖြစ်ခ့၏
ဲ ။
ပါမာ အထက်တန်း ကျောင်းသားဘဝ၌ရှိစဉ် သက်ငယ်တန်း ဂေါက်သီးရိုက်ပြိုင်ပွဲ နောက်
ဆုံးနေ့ ပွဲစဉ်တွင် သူကစားသည်ကို မိဘများ လာရောက်ကြည့်ရှုအားပေးကြ၏။ တွင်းတစ်တွင်း၌
အနီးကပ် တွင်းစိမ်းစဉ် ဂေါက်သီးဘောလုံး ဘေးချော်သွားရာ ပါမာ စိတ်မထိန်းနိုင်ဖြစ်ပြီး ဂေါက်
ရိုက်တုတ်ကို အနီးရှိပရိသတ်ရော နောက်ဘက်ရှိ သစ်ပင်ငယ်များပါ ကျော်အောင် တအားလွှဲ၍
လွှင့်ပစ်မိသည်။ အဲသည်နေ့ကပွဲတွင် နောက်ဆုံး၌ သူပင် အနိုင်ရခဲ့ပါ၏။ သို့သော် ကွင်းထဲမှ ထွက်
လာသော သူ့အား မိသားစုက ဟက်ဟက်ပက်ပက် မကြိုဆိုပေ။ "မင်း နောက်တစ်ကြိမ် ဂေါက်ရိုက်
တံ လွှင့်ပစ်မယ်ဆိုရင် ပြိုင်ပွဲတွေထဲ ဘယ်တော့မှ ဝင်မရိုက်န့ေ
ဲ တာ့" ဟူ၍သာ သူ့ဖခင်က အပြတ်
ကြိမ်းလေသည်။ ဂေါင်းကွင်းမှာဖြစ်စေ၊ ဘဝပြိုင်ပွဲမှာဖြစ်စေ၊ အောင်မြင်သည့်အခါ အောင်မြင်မှုကို
ဂုဏ်ကျက်သရေရှိစွာ ရယူခံစားသကဲ့သို့ ရှုံးနိမ့်သည့်အခါလည်း ဣနြေ္ဒမပျက် အရှုံးကို ခံယူတတ်
ဖို့သည် အလွန်အရေးကြီးကြောင်း သူ့ဖခင်က အမြဲဆုံးမလေ့ရှိခဲ့သည်။ ထိုသို့ဆုံးမသည့်ကြားက
ရိုက်ချက်တစ်ချက် လွဲရုံဖြင့် လူရှေ့သူရှေ့မှာ ပါမာ ထိန်းမနိုင်သိမ်းမရ ဖြစ်သည့် အခါ ဖခင် ဒေါသ
29 
 

mmcybermedia.com

 

ဖြစ်သည်။ သည်အဖြစ်အပျက်ကို အားနိုးပါမာက သူ၏ အတ္ထုပ္ပတ္တိစာအုပ်တွင် ထည့်သွင်း ဖော်
ပြခဲ့သည်။ အဲသည်အဖြစ်အပျက် နောက်ပိုင်း၌ ပါမာသည် ဂေါက်ရိုက်တံ လွှင့်ပစ်သည့် အကျင့်ကို
ပယ်ဖျောက်နိုင်ခ့သ
ဲ ည်။ အရှုံးဣနြေ္ဒရှိစွာ ခံယူသည့်အခါ ဘေးလူအမြင်၌ တင့်တယ်ရုံမက တည်
ငြိမ်သော ထိုစိတ်ဓာတ်က အရှုံးကလေးမှ အရှုံးကြီးမဖြစ်အောင်လည်းကောင်း၊ အရှုံးမှ အနိုင်သို့
ကူးပြောင်းနိုင်အောင် လည်းကောင်း၊ ဆက်လက်စွမ်းဆောင် သွားပေသည်။
ရှုံးလာလျှင် ဣနြေ္ဒပျက်တတ်သူတွေ အားကစားလောကမှာ မကြာခဏ မြင်တွေ့ရတတ်၏။
တင်းနစ်ချန်ပီယံ ဂျွန်မက်အင်ရိုးဆိုလျှင် တင်းနစ်အားကစားမှာ ထူးချွန်သလောက် မိမိ နည်းနည်း
ရှုံးလာလျှင် အကြီး အကျယ် ရုပ်ပျက်တတ်သူအဖြစ် ထင်ရှား၏။ ကမ္ဘာ့ဟဲဗီးဝိတ်တန်း ကြေးစား
လက်ဝှေ့ ပွဲတစ်ပွဲတွင် နာမည်ကြီးလက်ဝှေ့သမား မိုက်တိုင်ဆန်သည် မိမိရှုံးတော့မည် ထင်ရသည့်
အချိန် တစ်ဖက်လူ ဟိုလီဖီး၏ နားရွက်ကို ကိုက်သဖြင့် ပွဲပျက်သွားခဲ့ပြီး သူကိုယ်တိုင်လည်း အကြီး
အကျယ်သိက္ခာကျခဲ့ရသည်။ အားကစားသမားများမှာ လူရှေ့သူရှေ့တွင် လှုပ်ရှားကြရသဖြင့် သူ
တို့ ဣနြေ္ဒပျက်သောအခါ လူအများမြင်တွေ့ ရခြင်းဖြစ်သည်။ စင်စစ် မိမိအခြေအနေမကောင်းလျှင်
ကယောင်ချောက်ချား ဖြစ်တတ်ခြင်းမှာ လူအများမှာပင်ရှိသည့် အားနည်းချက်တစ်ရပ် ဖြစ်ပါသည်။
သို့သော် မိမိကိုယ်ကို လေးစားသူမှန်လျှင်မူ အဲသည် အားနည်းချက်ကို ထိန်းသိမ်းပြုပြင်ဖို့ သတိပြု
အားထုတ်ရပေမည်။ လြန္ခ့ေ
ဲ သာ ဆယ်နှစ်ခန့်က ကြည့်ဖူးသည့် အင်္ဂလိပ်သမိုင်းနောက်ခံ အော်
လစ်ဗာ ခရွမ်းဝဲလ် ရုပ်ရှင်ကားမှ ထူးခြားသော ဇာတ်ဝင်ခန်းတစ်ခုကို ခေါင်းထဲမှာ မှတ်မိနေသည်။
အင်္ဂလန်တွင် ရှင်ဘုရင်နှင့် ပါလီမန်အကြား အာဏာခွဲဝေမှု ပြဿနာ စတင်လာသည့် ပြည်တွင်း
စစ်ပွဲတွင် ရှင်ဘုရင်ပထမမြောက် ချားလ်(စ)အရေးနိမ့်ကာ သေဒဏ်အပြစ်ပေးခံရသည်။
ချားလ်(စ)ဘုရင်အား လူထုပရိသတ်ရှေ့တွင် ခေါင်းဖြတ်စီရင်မည့်အချိန် ဘုရင်က ဧရာမ
ပုဆိန်ကြီးကို ထမ်းထားသော ပါးကွက်အာဏာသားအား "ကိုယ့်ဘုရင်ကို စီရင်ရမှာမို့လို့ဆိုပြီး စိတ်
လှုပ်ရှားမနေနဲ့။ တည်တည်ငြိမ်ငြိမ်သာလုပ်"ဟု စာနာသော လေသံဖြင့်မှာကြားပြီး "ငါဘယ်လို နေ
ပေးရမလဲ" မေးကာ ခေါင်းကို တုံးပေါ်တွင်တင်ပေးသည်။ သူ့ကိုကြည့်ရသည်မှာ သေဒဏ် အပေးခံ
ရခြင်း အတွက် လုံးဝ မတုန်လှုပ်။ ပါးကွက်သား စိတ်လှုပ်ရှားကာ လက်အမှန်းအဆ မမှန်သဖြင့်
တစ်ချက်ခုတ်ရမည့် နေရာ၌ နှစ်ချက်သုံးချက် ခုတ်နေရမှာကိုသာ စိုးရိမ်သည့်ပုံမျိုး။ ရာဇဝင်ထဲတွင်
အတိအကျ မည့်သို့ရှိမည် မသိသော်လည်း ယင်း ရုပ်ရှင်ပြကွက်တွင် ချားလ်(စ)အဖြစ် သရုပ်
ဆောင်သူ၏ အမူအရာကမူ ရာဇ ဣနြေ္ဒဆိုတာ ဒါပဲဟု ဖော်ပြနေသလို ရှိခ့သ
ဲ ည်။ မအောင်မြင်လျှင်
ကယောင်ချောက်ချား ဖြစ်တတ်သလို အောင်ပွဲရသည့်အခါမှာ

ဣနြေ္ဒမရ၊ သူတစ်ပါး မျက်စိ

နောက်လောက်အောင် မဏ္ဍပ်တိုင် တက်ပြတတ်သူတွေ အများပင်ရှိသည်။ ရှုံးနိမ့်ချိန်မှာ စိတ်
မထိန်းနိုင်လျှင် ပို၍ ရှုံးတတ်သကဲ့သို့ အောင်ပွဲခံချိန် ဣနြေ္ဒမရလျှင်လည်း အရှုံးကို ဖိတ်ခေါ် သလို
ဖြစ်သွားတတ်သည်။ တော်စတွိုင်း၏ ပုံပြင်တစ်ပုဒ်မှာ ဤသို့ဆိုသည်။
30 
 

mmcybermedia.com

 

မြီးကောင်ပေါက်အရွယ် ကြက်ဖနှစ်ကောင် နွားချေး မြေသြဇာပုံ တစ်ပုံပေါ်မှာ တစ်ကောင်
နှင့် တစ်ကောင် အကြိတ်အနယ် ခွပ်ကြသည်။ တစ်ကောင်က ခွန်အားနည်းနည်း ပိုကြီးသည်။ သူ
က အထိနာအောင် ခွပ်နိုင်သဖြင့် များမကြာမီ တစ်ဘက်ကောင် ထွက်ပြေးသည်။ ပြိုင်ပွဲပြီးသည့်
အခါ တစ်ကောင်တည်း ဗိုလ်စွဲကျန်ရစ်သည့် ကြက်ဖအနီးသို့ ခြံထဲက ကြက်မတွေ ဝိုင်းရံလာကာ
ချီးမွမ်းစကား ဆိုကြသည်။ သည်အခါ ကြက်ဖ သွေးနားထင်ရောက်သွားပြီး အနီးအနား ခြံများကပါ
လှမ်းမြင်နိုင်သည့် စပါးကျီခေါင်မိုးပေါ်တက်၍ တောင်ပံတဖျပ်ဖျပ်ခတ်ကာ ဟစ်ကြွေး တွန်ကျူး
သည်။
'ဟောဒီမှာ ကြည့်ကြဟေ့။ ဒီခြံမှာ ဗိုလ်ကွ။ တခြားကော ဘယ်ခြံက ဘယ်ကောင် လာယှဉ်ချင်သ
လဲ။ အတက်ချွန်တယ် ထင်တ့အ
ဲ ကောင်ထွက်ခဲ့။ ငါ့အကြောင်း သိ......." ကြက်ဖခမျာ ဆုံးအောင်
မတွန်လိုက်ရ။ သားကောင်ရှာနေသည့် သိမ်းငှက်တစ်ကောင်က သန်မာလှသော လက်သည်းကြီး
များနှင့် ထိုးသုတ်ကုတ်ဆွဲကာ အသိုက်သို့ ချီသွားပြီး သတ်ဖြတ်စားသောက်တာ ခံလိုက်ရလေ
သည်။ ကြွားချင်လှသဖြင့် အသက်ရှုံးရသော ကြက်ဖလို အဖြစ်မျိုးသည် အသိဉာဏ်နည်းသည့်
တိရစ္ဆာန်များ လောက၌သာ ရှိသည်မဟုတ်။ ငါနိုင်တယ်၊ ငါအောင်မြင်တယ်၊ ငါထိပ်ရောက်နေ
တယ် ဆိုသော ဘဝင်မြင့်စိတ် အဆိပ်တက်ပြီး အတွေးအခေါ်တွေ ကမောက်ကမဖြစ်သဖြင့် ပြော
မှားဆိုမှား လုပ်မှားကိုင်မှားတွေဖြစ်ကာ နောက်ဆုံး၌ ဒုက္ခရောက်ရသူတွေ လူ့လောကနယ်ပယ်စုံ
၌ပင် ရှိသည်။ လူမှုဆက်ဆံရေးအရာ၌ အလွန်လည်ပတ်ကျွမ်းကျင် သဖြင့် နိုင်ငံအကြီးအကဲထိ
ဖြစ်လာသော အမေရိကန်သမ္မတ ဂျွန်ဆင်ပင် တစ်ခါက အလွန်သေးသိမ်ညံ့ဖျင်းသော စကား
တစ်ခွန်းကို လူရှေ့သူရှေ့မှာ ပြောမိခ့သ
ဲ ည်။ သူ့အား အမှုထမ်းငယ်တစ်ဦးက သူစီးရမည့် ရဟတ်
ယာဉ်ကို ညွှန်ပြ၍ 'ဒါ သမ္မတကြီး ဟယ်လီကော်ပတာပါ ခင်ဗျာ'ဟု ပြောလိုက်သည့်အချိန် ဂျွန်ဆင်
နှုတ်မှ ရုတ်တရက် ထွက်လာသည့်စကားက 'ဟေ့၊ အားလုံး ငါ့ ဟယ်လီကော့ပတာချည်းပေါ့ကွ
ချာတိတ်ရ' ဟူ၍ဖြစ်သည်။
ဦးနှောက်ထဲ အောင်မြင်မှုပိုးဝင်ကာ မဖွယ်မရာတွေ ပြောမိဆိုမိ ပြုမူမိတတ် ကြသူများ
ထဲတွင် စာပေသမားများ၊ ပညာရှိဟု အထင်ခံရသည့်ပုဂ္ဂိုလ်များလည်း ပါဝင်သည်။ ကမ္ဘာ့စာပေ
နယ်မှာ ထင်ရှားသည့် အင်္ဂလိပ်စာရေးဆရာကြီး အော်စကာဝိုင်းလ်(ဒ) အမေရိကသို့ရောက်၍
သင်္ဘောဆိပ်တွင် အကောက်ခွန်အရာရှိများက ထုံးစံအတိုင်း 'ခင်ဗျားမှာ အကောက်ခွန်ဆောင်စရာ
ဘာပစ္စည်းတွေ ပါသလဲ' ဟု declare လုပ်ခိုင်း(ထုတ်ဖော်ပြောဆိုခိုင်း၊ ကြေညာခိုင်း) သည့်အခါ
ဝိုင်းလ်(ဒ)က 'ကျုပ်မှာကြေညာစရာဆိုလို့ ကျုပ်ရဲ့ genius ပဲပါတယ်' ဟူ၍ ဖြေခဲ့ဖူးသည်။
[genius ဂျီးနိယပ်(စ) =ထူးကဲသောဉာဏ်၊ ပါရမီရှင်၊ ဉာဏ်ကြီးရှင်၊ အနုပညာ အတတ်ပညာ
ပါရမီ]
31 
 

mmcybermedia.com

 

ဝိုင်းလ်(ဒ)၏ ဦးခေါင်းထဲတွင် အမေရိကသို့ လာခဲ့သော ငါသည် သာမန်လူမဟုတ်။ ပါရမီရှင်၊
ဉာဏ်ကြီးရှင်၊ ဂျီးနိယပ်(စ)၊ ဂျီးနိယပ်(စ) ဟူသော စိတ်က ကြီးစိုးနေသော သဘောပင်။ ပညာ
မာနသမားတို့ သတိပြုဆင်ခြင်စရာ သင်ခန်းစာပေးသွားသည့် အခြားပုဂ္ဂိုလ်တစ်ဦးက အလက်
ဇန္ဒား-သ-ဂရိတ်၏ အတိုင်ပင်ခံပညာရှိ ကယ်လစ်(စ)သီးနိစ် ဖြစ်၏။
ကမ္ဘာ့သမိုင်းတွင်

အကြီးအကျယ်ဆုံး

စစ်ဘုရင်တစ်ပါးဖြစ်သူ

အလက်ဇန္ဒား-သ-ဂရိတ်သည်

ဂရိတွေးခေါ်ရှင်ကြီး အရစ္စတိုတယ်ထံတွင်(၇)နှစ်ကြာမျှ ပညာဆည်းပူးခဲ့သူဖြစ်ရာ အတွေးအခေါ် ပညာ
ရပ်များကို တစ်သက်ပတ်လုံး စိတ်ဝင်စားသွားခဲ့သည်။ အသက် ၂၀ အရွယ်တွင် ထီးနန်းကို ရပြီးနောက်
နယ်ပယ်ချဲ့ထွင်ရေး တိုက်ပွဲများချည်း အတောမသတ် ဆင်နွှဲခဲ့သော အလက်ဇန္ဒားသည် တစ်ခါ၌ ဆရာကြီး
အရစ္စတိုတယ်အား မိမိမှာ စစ်ပွဲခရီးရှည် ကြီးများ ထွက်နေစဉ်ကာလအတွင်း အားလပ်သည့် အချိန်များတွင်
အယူအဆရေးရာများ ဝေဖန် ဆွေးနွေးဖက် မရှိသည့်အတွက် ခက်လှကြောင်းပြောဆိုရာ ဆရာကြီးက
နောက်တစ်ကြိမ် စစ်ချီထွက်သည့်အခါ မိမိတပည့်ဟောင်း တစ်ဦးဖြစ်သူ ကယ်လစ်(စ)သီးနိစ်အား ခေါ်သွား
ရန် အကြံပေးသည်။
ကယ်လစ်(စ)သီးနိစ်မှာ အတွေးအခေါ်ဘက်တွင် ထူးချွန်ထက်မြက်သူ တစ်ဦးအဖြစ် နာမည်ရ၏။
အရစ္စတိုတယ်သည် သူ့အား မင်းမှုထမ်းတို့ သိမှတ်ဖွယ်ရာများကိုလည်း ကျွမ်းကျင်လိမ္မာအောင် သင်ကြား
ပေးခဲ့၏။ သို့သော် ကယ်လစ်(စ)သီးနိစ်သည် မင်းခစားအလုပ်ကို မနှစ်မြို့ခဲ့ပေ။ မိမိသည် တွေးခေါ်ရှင်
ပညာရှိဖြစ်သည်။ တခြားသော မင်းမြှောင်ကပ်ပါးများလို မင်းလိုလိုက် မင်းကြိုက်ဆောင်နေစရာ မလို။
ရှင်ဘုရင်သည် အသိပညာကို နှစ်သက်မြတ်နိုးသူမှန်က အမှန်တရားအား အချိုသကာမဖုံးဘဲ ပြောဆိုသည့်
မိမိ၏ စကားများကို နားထောင်နိုင်စွမ်း ရှိရမည်ဟူ၍ သူသဘောထားခဲ့သည်။ ထို့သို့ သဘောထားသည့် အ
တိုင်းလည်း မိမိအမြင်၊ မိမိအယူအဆဟူသည်များကို အားမနာပါးမနာ ပွင့်ပွင့်လင်းလင်းချည်းတင်ပြရာ
ရှင်ဘုရင် သည်းမခံသည့် တစ်ကြိမ်၌ သေဒဏ်စီရင်ခြင်း ခံရလေသည်။
ကယ်လစ်(စ)သီးနိစ်ကား မိမိမှာ ရှိသည့် ပညာသည်သာ လောက၌ အထွတ်အထိပ်ဟု ခေါင်းထဲ
စွဲနေကာ မိမိစကားပြောနေသည့် အလက်ဇန္ဒား-သ-ဂရိတ်ဟူသည် မိမိထက် မာန်မာန အဆမတန်ကြီးမား
နိုင်သည့် သက်ဦးဆံပိုင်ဘုရင်တစ်ပါးဆိုတာ မေ့လျော့ခဲ့ခြင်း ဖြစ်ချေသည်။ မိမိကိုယ်ကို ထိပ်ဆုံးရောက် နေ
ပြီဟု မိမိဘာသာသတ်မှတ်ကာ ထိပ်ဆုံးသမား၏ အမူအရာမျိုးဖြင့် ပတ်ဝန်းကျင်ကို ဆက်ဆံခြင်းကြောင့်
ပျက်စီး ဆုံးရှုံးရသူတွေရှိသလို၊ အောင်မြင်ရန်အလားအလာ ရှိနေခြင်းမျှကို အောင်မြင်ခြင်းဟု မှတ်ယူကာ
ပန်းမဝင်မီ တက်ထောင်သော လှေသမားများလို အောင်ပွဲခံစောသဖြင့် အရှုံးနှင့် ရင်ဆိုင်သွားကြ ရသူတွေ
လည်း ရှိကြသည်။ တစ်ရံရောအခါ ဂရိပြည် ဆီရှီယွန်မြို့ကို အစိုးရသော ကလိုက်(စ)သီးနိစ်မင်းတွင် သမီး
တော်တစ်ပါးရှိသည်။ သည်သမီးအား ဂရိဒေသတွင် အတော်ဆုံးဆိုသော လူငယ်နှင့် သူ ထိမ်းမြားပေးလို
သည်။ ထို့ကြောင့် ဂရိလူတော်များစုဝေးရာ အိုလံပစ်ပြိုင်ပွဲ အခမ်းအနားတွင် လူသိရှင်ကြား ကြေညာသည်။
သမီးတော် အာဂါရစ္စတာနှင့် လက်ဆက်ခွင့်ရလိုသော ဂရိယောက်ျားကောင်း မှန်က မိမိအိမ်တော်သို့ ရက်
ပေါင်း (၆၀)အအတွင်း လာရောက် သတင်းပို့နိုင်ကြောင်း၊ စားရင်းပိတ်ပြီးနောက် တစ်နှစ်အတွင်း ၄င်းပုဂ္ဂိုလ်
များထဲမှ တစ်ဦးကိုရွေးချယ်ပြီး သမီးတော်နှင့် ထိမ်းမြားပေးမည်ဖြစ်ကြောင်း၊ စသဖြင့်။
32 
 

mmcybermedia.com

 

ဂရိကျွန်းဆွယ်အနှံ့အပြားရှိ မြို့ပြနိုင်ငံများမှ လူငယ်အမြောက်အမြား အရွေးချယ်ခံရန် ရောက်ရှိလာ
ကြသည်။ သည်လူငယ်တွေ အားလုံးကို ကလိုက်(စ)သီးနိစ်က မိမိအိမ်တော်တွင် တစ်နှစ်လုံးထားပြီး သူတို့
၏ ကာယဉာဏစွမ်းရည်များကို အကဲခတ်သည်။ သူတို့အတွက် ပြေးခုန်ပစ်ကွင်း၊ နပန်းသတ်ကွင်း စသည်
များ လုပ်ပေးထားပြီး လေ့ကျင့်ပြိုင်ဆိုင်စေသည်။ သူတို့ကို တစ်ဦးချင်းအလိုက်လည်းကောင်း၊ အစုအဝေး
အလိုက်လည်းကောင်း တွေ့ဆုံစကားပြောကာ သူတို့၏ပညာ၊ စိတ်ဓာတ်၊ ကိုယ်အမူအရာ၊ နှုတ်အမူအရာ
စသည်တို့ကို ကြည့်ရှု မှတ်သားသည်။ အထူးသဖြင့် ထမင်းဝိုင်းများမှာ တွေ့ရသည့် လူငယ်အသီးသီး၏
အပြုအမူများကို သူဂရုစိုက် ကြည့်ရှုသည်။ သမက်လောင်းများကို နေအိမ်မှာ ကောင်းကောင်းပြုစုထားကာ
တစ်ဦးစီအား ဘက်စုံထောင့်စုံမှ အမှတ်ပေးကြည့်ရာ တစ်နှစ်ပြည့်ခါနီး အချိန်၌ ကလိုက်(စ)သီးနိစ် သဘော
အတွေ့ဆုံး လူငယ်နှစ်ယောက် ချွန်ထွက်လာသည်။ ယင်းအနက် နံပါတ်(၁)နေရာ၌ ရှိနေသူက တစ်ဆန်ဒါ
ဆိုသော ပုဂ္ဂိုလ်၏သား ဟစ်ပိုကလိုက်ဒီးစ် ဖြစ်သည်။
နောက်ဆုံး၌ အရွေးချယ်ခံရသူ၏ အမည်ကို ကြေညာရမည့် နေ့ရက်သို့ ရောက်ရှိလာ၏။ အဲသည်
နေ့တွင် ကျွှဲ၊ နွား အကောင် ၁၀၀ သတ်ကာ ဧရာမညစာစားပွဲကြီး တည်ခင်းပြီး ဆီရှိယွန်ရှိ ဂုဏ်သရေရှိ
ပုဂ္ဂိုလ် အားလုံးကို ဖိတ်ကြားဧည့်ခံသည်။ အဲသည်နောက်တွင် လူငယ်တွေစုဝေးကာ စကားပြောစွမ်းရည်
နှင့် ဂီတစွမ်းရည် ပြိုင်ကြသည်။ တစ်လျှောက်လုံးတွင် ဟစ်ပိုကလိုက်ဒီးစ်က အားလုံးထက် သာလျက်ရှိ
သည်။ သူပဲ ဗိုလ်စွဲမှာ သေချာနေသည့် သဘော။ သို့သော် ပြိုင်ပွဲတစ်လျှောက် သောက်ကြသည့်ဝိုင်တွေက
တဖြည်းဖြည်း အစွမ်းပြလာသည်။ ဝိုင်မူးယစ်ခြင်းနှင့်၊ မင်းပရိသတ်များရှေ့မှာ မိမိသာ အစွမ်းပြနိုင်ဆုံးသူ
ဖြစ်သည် ဟူသော အောင်မြင်စိတ်ဖြင့် ယစ်မူးခြင်းတို့ ပေါင်းစပ်လိုက်သောအခါ ဟစ်ပိုကလိုက်ဒီးစ် ချောက်
ကျဖို့ ဖြစ်လာသည်။ သူက ပြွေဆရာအား မိမိအတွက် တေးသွားတစ်ပုဒ် တီးမှုတ်ပေးရန် ပြောပြီး သူတစ်ဦး
တည်း ထကသည်။ သူကတာမြင်လျှင် ယောက္ခမလောင်း နည်းနည်းမျက်နှာပျက်သွားသည်။ သည်ကောင်
ဘာကြောင့် တစ်ယောက်တည်း ချွန်ပြီး ကရသလဲ။
သို့သော်နည်းနည်းပါးပါး ကတာလောက်နှင့်လည်း သည်ကိစ္စမှာ ပြဿနာမရှိသေး။ ခက်သည်က
တစ်ကျော့လောက် ကရုံနှင့် ဟစ်ပိုကလိုကဒ
်ီးစ် ရပ်မသွားခြင်း ဖြစ်သည်။ သူကမြေကြီးပေါ်မှာ ကရတာ
မကျေနပ်။ သူ့အကစွမ်းရည်ကို ပရိသတ်တွေ ပြည့်ပြည့်ဝဝ မမြင်ရဟု သူယူဆသည်။ ထို့ကြောင့် စားပွဲ
တစ်လုံး ယူခိုင်းပြီး စားပွဲပေါ် တက်ကသည်။ ပထမ လေကွန်နီးယား အကတချို့ ကသည်။ အဲသည်နောက်
အက်တီကာ အကများ ကပြန်သည်။ ကလိုက်(စ)သီးနိစ် ကြည့်နေသေးသည်။ စိတ်ကတော့ ပျက်နေပြီ။
သည်လို အကောင်မျိုးကို သမက်တော်ရန်မသင့်ဟု တွေးမိနေပြီ။ သို့သော်ဘာမှတော့မပြော။ တားဆီးခြင်း
လည်း မပြု။
ဟစ်ပိုကလိုက်ဒီးစ်က အခြေအနေကို မရိပ်မိ။ ပို၍ထူးခြားသည့် ကကွက်ဆန်းတစ်ခုဖြင့် ဆက်၍
အစွမ်းပြပြန်သည်။ စားပွဲပေါ်တွင် ဦးခေါင်းစိုက်ကာ လေထဲ ခြေနှင့် ကန်၍ကန်၍ စည်းချက်လိုက်သော
အက။ သည်ဟာမြင်သည့်အခါ၌ ကလိုက်(စ)သီးနိစ် လုံးဝသည်းမခံနိုင်တော့။ “တစ်ဆန်ဒါရဲ့သား သွားပြီ
ဟေ့။ မင်းလက်ထပ်ပွဲလည်း မင်းကတဲ့အထဲ မျောသွားပြီ” ဟူ၍ အော်ပစ်လိုက်သည်။

33 
 

mmcybermedia.com

 
ဟစ်ပိုကလိုက်ဒီးစ်ကား

အောင်မြင်မှုနှင့်

ဝိုင်အရက်တို့

ရောပေါင်းမူးယစ်ကာ

သမက်လောင်း

ရွေးပွဲကို မိမိအတွက် လူပျိုည ပျော်ပွဲလို မှတ်ထင်မိခဲ့သဖြင့် ဘုရင့်သမီးတော်နှင့် လွဲခဲ့ရပေသည်။

[မဟေသီ ၂၀၀၀၊ မေ]

34 
 

mmcybermedia.com

 

ငလျင်လှုပ်လျှင် စားပွဲခုံအောက်ကိုဝင် အဏုမြူဗုံးပေါက်လျှင်
မြောင်းထဲဆင်း ၀မ်းလျားမှောက်
ကျွန်တော်တို့ ငယ်ငယ်က မြို့မှာ ဟိုလူတစ်စုနှင့် သည်လူတစ်စု ခဏခဏ ရန်ဖြစ်ကြတော့
လူကြီးတစ်ယောက်က ပြောသည်။ “ရှုပ်တယ်ကွာ၊ အဏုမြုဗုံး စမ်းတဲ့ကောင်တွေဆီက တစ်လုံး
လောက် တောင်းပြီး ကြဲပစ်လိုက်၊ အဲဒါမှအေးသွားမယ်” တဲ့။ နောက်လူကြီး တစ်ယောက်က “အ
ဏုမြူဗုံး ကြဲချရင် ခင်ဗျားပါ သေသွားမှာပေါ့” ဆိုတော့ ပထမလူကြီးက ပြန်ဖြေသည်။ “ငါချောင်း
ဖျား တက်နေမယ်”တဲ့။
သူ့စကား ကြားတော့ အားလုံးဝိုင်းရယ်ကြသည်။ အဏုမြူဗုံး ကြဲချတဲ့နောက် ချောင်းဖျား
တက်နေရော လွတ်မလားပေါ့။ ကျွန်တော်ငယ်စဉ်က အိမ်ကို အဖေ့မိတ်ဆွေ လူကြီးတစ်ယောက်
အလည်ရောက်လာတာ မှတ်မိသည်။ သည်လူကြီးဝင်လာတော့ သူ့အရင် အိမ်ပေါ်ရောက်ပြီး အ
ဖေနှင့် စကားပြောနေသည့် ဧည့်သည်တစ်ယောက်က နောက်နောက်ပြောင်ပြောင် လှမ်းနှုတ်
ဆက်သည်။ “ဟာ ဦးဘဦးကြီး၊ ကြည့်စမ်း အခုထိ မာမာချာချာကြီး ရှိသေးတယ်၊ ကျွန်တော်က
သေပြီထင်နေတာ” ဆိုတော့ နှုတ်ဆက်ခံပုဂ္ဂိုလ်ကြီးက မဆိုင်းမတွပင် ခွန်းတုံ့ပြန်သည်။
“ဟ မင်းအသုဘ လိုက်ပို့ဖို့ ဝတ္တရား ရှိသေးတယ် လေကွာ။ ခုနေမိုးနဲ့ မြေကြီး ညှပ်သတ်
တောင် ငါမသေသေးဘူး၊ ကျွဲခြေရာခွက်ထဲ ဝင်ပုန်းကျန်ခ့မ
ဲ ယ်၊ စိတ်ချ” တဲ့။ သူ့စကားကြားတော့
ကျွန်တော့်တို့ အားလုံး ဝိုင်းရယ်ကြသည်။ မိုးနဲ့မြေကြီး ညှပ်သတ်တဲ့နောက် ကျွဲခြေရာခွက်ထဲ ဝင်
နေလို့ရော လွတ်မလားပေါ့။
ကြည့်စမ်း ....။ လွတ်နိုင်သည့် နည်းလမ်း ပြောသူက ပြောတာတောင် ကျွန်တော်တို့ မခံ
ယူနိုင်။ လွတ်မယ်လို့ ပြောတာသည်ပင် ရယ်ချင်စရာ၊ မလွတ်တမ်း သေမည်ဟူ၍ပဲ သေချာနေ
သည်။ ဘာကြောင့်လဲ ...။ သေရမှာ ကြောက်သဖြင့် မုချသေမည် ဆိုတာကိုပဲ အသေအကြေ
ယုံကြည်ခ့မ
ဲိလေသလား။ သို့မဟုတ်၊ ကျွန်တော် ငယ်စဉ်တုန်းက သေမှာကို အတော် ကြောက်ခဲ့
လေသလား။
အခု မကြောက်ဘူးဟု မဆိုလို။ ငယ်ငယ်တုန်းက ပိုကြောက်ခဲ့သလား စဉ်းစားခြင်း ဖြစ်
သည်။ ဟုတ်ချင်လည်းဟုတ်မည်။ ကျွန်တော်ငယ်စဉ်က အဏုမြူလက်နက် ဆန့်ကျင်တိုက်ဖျက်
ရေး အကြောင်း စာအုပ်တစ်အုပ်ဖတ်ကာ ကမ္ဘာမှာတော့ အဏုမြူစစ်ကြီး မုချဖြစ်တော့မည်။ အ
နှေးနှင့် အမြန်ပဲ။ ဖြစ်လျှင် အားလုံးသေမည်။ ငါလည်း သေမည်ဟူ၍ သေချာပေါက်တွေးမိကာ
ကျောင်းကောင်းကောင်း မတက်၊ ကျောင်းစာတွေ မကျက်ဘဲ နေခဲ့ဖူးသည်။ သေခါနီးကျမှ စာ
မေးပွဲ ဖြေနေတော့ရော ဘာအကြောင်းထူးမည်လဲပေါ့။
သို့သော် စစ်က ယနေ့ထိဖြစ်မလာ။ အဏုမြူဗုံးတွေက မပေါက်ကွဲသေး။ ကျွန်တော်လည်း
မသေသေး။ နှစ်ပေါင်းများစွာ ကြောက်ခ့ရ
ဲ တာ နှမြောစရာ။
သည်ကြားထဲ တွေးကြောက်ခဲ့ဖူးသည့် တခြားအကြောင်းအရာတွေလည်း နည်းသည်တော့မဟုတ်။
ကိုယ် သိဖူးကြားဖူးသည့် သေနိုင်သော ရောဂါမှန်သမျှ စိတ်ထဲမှာ ဖြစ်ကြည့်ခဲ့ဖူးသည်။ မြို့စွန်တောစပ်နား

35 
 

mmcybermedia.com

 

သွားစဉ် ခြင်တစ်ကောင် ကိုက်သွားသည်။ ငှက်ဖျားပိုး ဦးနှောက်ထဲဝင်ပြီး သေလေမလား။ ဆူးကိုင်းကို
လက်နှင့်သွားဖယ်ရာ လက်ညိုးကို ဆူးထိုးမိသွားသည်။ မေးခိုင်ပိုးဝင်ပြီး သေလေမလား။
ကြောက်စိတ်ရိုးရိုးလား။ ဒါမှမဟုတ် အဆိုးမြင်စိတ်၊ နည်းနည်းလေးမှ အတိမ်းစောင်းအပွန်းပဲ့
မခံနိုင်သည့် စိတ်တွေ ရောယှက်နေသည့် သဘောလား။ အင်း ဖြစ်နိုင်သည်။ ကျွန်တော်တို့ ငယ်စဉ်က
လောကကြီးကို အဖြူအမည်း နှစ်ရောင်တည်းနှင့်ပဲ အဓိကမြင်လေ့ရှိသည်။
ဖြူသလား၊ မည်းသလား။
ကောင်းသလား၊ ဆိုးသလား။
မှန်သလား၊ မှားသလာ။
သုညလား၊ တစ်ရာလား။
ကြားမရှိ။
ဖြူဖြူသန့်သန့်လေးဟု သဘောကျနေရာကနေ တစ်နေရာမှာ ညိုတိုတို မည်းတည်းလေး ဖြစ်သွားသည်။
ဟာ မည်းသွားပြီကွ၊ ပစ်လိုက်တော့။
ရာနှုန်းပြည့်ကောင်းမည်လို့ သေချာထားတာမှာ မကောင်းတာလေး ၅ ရာခိုင်နှုန်းပါလာသည်။ ဟာ
သွားပြီ။ မကောင်းတော့ဘူးကွ။ ပျက်ပြီ။ ၉၅ ရာခိုင်နန
ှုးကောင်းတာကို ထည့်မတွက်တော့။ အဲသည် စဉ်းစား
နည်းမျိုးကြောင့် ကျွန်တော်တို့သည် နည်းနည်းလေး တိမ်းစောင်းချွတ်ချော်လျှင်ပင် အဆုံးစွန်ထိယူကာ
သွားပြီဟု တွေးသည်။ ပျက်မလို အရိပ်အယောင်ပြရုံဖြင့် သွားပြီ ပျက်ပြီကွ၊ မရတော့ဘူးဟု လက်လျှော့
လိုက်တတ်သည်။ ထိုကြောင့်ပင် အဏုမြူဗုံးသံ ကြားရုံနှင့် သေဖို့ အသင့်ပြင်လိုက်ကြခြင်းဖြစ်သည်။ မိုး
ပြိုမည် ဆိုလျှင်ကား လွတ်လမ်း လုံးဝ မမြင်တော့။
အသက်ကြီးလာသည့်အခါ အတွေ့အကြုံက သင်ပြသဖြင့် လက်တွေ့ကျကျ တွေးတတ်လာ သည်
လား၊ ဒါမှမဟုတ် ငယ်စဉ်ကထက် ခေါင်းမာကာ အလွယ်တကူ နောက်မဆုတ်တတ် ဖြစ်လာသည်လား၊
သို့တည်းမဟုတ် ကြောက်ရဖန်များ၍ ထုံလာထူလာလေသည်လား မပြောတတ်။ တော်ရုံဒဏ်လောက်ကို
ပေခံလာသည်။ ချောက်တာလှန့်တာတွေ အလွယ်တကူ မကြောက်တော့။ ဖြူတာ မည်းတာ နှစ်ခုတည်း
မှတ်မထားတော့။ အကောင်းနဲ့အဆိုး နှစ်မျိုးတည်း ခွဲမထားတော့။ မည်းသွားညစ်သွားပြီဆိုသည့် အဝတ်။
ထားပါဦးကွာ၊ လက်ခုလေးဘာလေး လုပ်သုံးလို့ ရပါသေးတယ်။ အာလူး ထိပ်နား နည်းနည်းနာနေတာ
လှီးပစ်လိုက်၊ ကျန်တာအကောင်းကြီး၊ ချက်စားလို့ရပါသေးတယ်။ မကောင်းတာကို မတွေး။ ကောင်းတာ
ကျွန်တော်တို့ ရွေးတွေးလာသည်။ အဲသည်လို မတွေးလို့လည်း မဖြစ်တော့။ ထိပ်နားနည်းနည်း မကောင်း
လျှင် တစ်လုံးလုံး လွှင့်ပစ်မည်ဆိုသော အတွေးအခေါ်မျိုးနှင့်ဆိုလျှင် လူ့ပြည်မှ ကိုယ့်အသိစိတ်နှင့်ကိုယ်
ထွက်ခွာသွားဖို့ပဲ ရှိတော့သည်။ ခန္ဓာကိုယ်မှာ အလုံးစုံကောင်းသည့်နေရာမှ မည်မည်ရရ မရှိတော့တာ။

36 
 

mmcybermedia.com

 

မြင်သာထင်သာသည့် အပေါ်ယံ အင်္ဂါအစိတ်အပိုင်းများကိုပဲ အရင်ကြည့်စမ်းပါ။ သူတို့လုပ်ငန်း
ယန္တရားတွေ မည်မျှ ကျဆင်းသွားခဲ့ကြပြီလဲ။ မျက်စိ။ အနီးရော အဝေးပါ မျက်မှန်အားကိုးနေရသည်။ နား။
အကြားအာရုံ

ပြည့်ပြည့်ဝဝ

မရတာ

ကိုယ့်ဘာသာသိသည်။

အရင်တုန်းက

တွေ့မရှောင်

ကြိတ်ခွဲ

ခဲ့သည့်သွား။ အခုတော့ အိုနာလာပြီ။ အစားထိုးမည့် အရာကို တောင်းဆိုလာခဲ့ပြီ။
မာလှပါသည်ဆိုသော အရိုးတွေ မကြာခဏ ကိုက်ခဲနာကျင်သည်။ တော်ကြာ အဆစ်ကြီး ထရောင်
ကာ မလှုပ်နိုင် မရှားနိုင်။ အရိုးအဆစ်တင်လား၊ အရေပြားတွေပင် ယခင်ကလို ရုန်းကန်ဆွဲဆန့်အား မ
ကောင်းတော့။ မသပ်ရပ် မစိုပြည်တော့။ ကြွက်သားများကလည်း အမည်သာ ကြွက်သား၊ အားကမရှိချင်။
အတွင်းပိုင်းက ပိုဆိုးပြီ။ နှလုံးကမကောင်း။ အလကားနေရင်း လှိုက်ခနဲတုန်ခနဲ ဖြစ်ချင်ဖြစ်မည်။ ဟိုနေရာ
က အောင့်သလိုလို၊ သည်နေရာက နာသလိုလို။ အဆုတ်က အားနည်းသည်။ အလိုလိုနေရင်းက အသက်ရှု
မဝချင်သလိုလို။ ဆီးနဲ့ကျောက်ကပ်၊ အသည်း ....။ လျှောက်ပြောရလျှင် ဆုံးမည်မဟုတ်။ အရင်တုန်းက အ
ခြောက်တိုက် တွေးကြောက်ဖူးသည့် ရောဂါအတော်များများ၊ ယခု ကိုယ့်ခန္ဓာကိုယ်ထဲမှာ သူ့ ဒီဂရီ အတိုင်း
အတာနှင့် သူ တကယ်ရောက်ရှိလို့နေပြီ။
နည်းနည်းပုပ်ရုံနှင့် လွှင့်ပစ်မည်ဆိုက သုသာန်သို့ အခေါက်ပေါင်း နည်းရော့မည်မဟုတ်။ ကြီးလာ
သည့်အခါ အကပ်အသပ်ကလေးကို တန်ဖိုးထားတတ်လာသည်။ ဘာကိုမျှ အလွယ်တကူ မပစ်။ သူများ
ပျက်ပြီ ပြောတိုင်းလည်း သဘောမတူ။ အလွယ်တကူ အဆုံးမထား။ ရောဂါမျိုးပေါင်းစုံနေသည့် မိတ်ဆွေ
တစ်ယောက်ကို ရင်းနှီးသူတစ်ဦးက အားမနာပါးမနာ မေးသည်။
"ဒါဖြင့် ခင်ဗျားတစ်ကိုယ်လုံး ကောင်းတာဘာရှိသေးလဲ" တဲ့။ မိတ်ဆွေကဖြေသည်။ "ခေါင်းကောင်းတယ်"
ဟူ၍။
မှန်သည်။ ခေါင်းကောင်းတယ်ဆိုတာ နည်းသည့်တန်ဖိုးလား။ အနောက်နိုင်ငံ မြို့ကလေးတစ်မြို့မှာ
တစ်ကိုယ်လုံးနီးပါးသေ၍ အိပ်ရာထဲ ပက်လက်နေရသူ တစ်ဦးရှိသည်။ ခြေတွေလက်တွေ မလှုပ်နိုင်။ သို့
သော် မျက်စိမြင်သည်။ နားကြားသည်။ ဦးနှောက်ကောင်းသေးသည်။ အဲသည်ကောင်းတာလေးတွေကို ထိ
ရောက်စွာ အသုံးချရင်း ၄င်းပုဂ္ဂိုလ်သည် အဲသည်မြို့ကလေးရှိ လူငယ်လူရွယ်များစွာ၏ အတိုင်ပင်ခံ ကျွမ်း
ကျင်သူ ပညာရှင်ကြီး ဖြစ်နေသည်။ သူတို့ပြဿနာတွေ အဖြေရှာပေးသည်။ သူတို့ဘဝအတွက် လမ်းညွှန်
ပေးသည်။ အားငယ်သူကို အားပေးသည်။ စိတ်ဓာတ် မြှင့်တင်ပေးသည်။ ထိုကြောင့် အရေးကြုံလာလျှင်
သူ့ဆီပြေးလာကြသည်။ သူက လူငယ်ထု၏အားကိုးရာ။
ကြည့်စမ်း ခေါင်းကောင်းတာလေးက ဘယ်လောက်တန်ဖိုးရှိလိုက်သလဲ။ တစ်ကိုယ်လုံး မလှုပ်နိုင်
တော့ဘူးဆိုပြီး လွှင့်ပစ်လိုက်လျှင် နှမြောစရာ။

*

*

*

*

37 
 

mmcybermedia.com

 

တကယ်တော့ ကိုယ်မပစ်ချင်လည်း အချိန်တန်လျှင် သူများလွင့်ပစ်မည့်ကိစ္စပဲ။ ဘာအရင်လိုနေ
စရာ ရှိသလဲ။ Asiaweek မဂ္ဂဇင်းမှာ မြန်မာတို့ရဲ့ ပျမ်းမျှသက်တမ်းကို ၆၀ လို့ ပေးထားတာ ဖတ်ရသည်။
ကိုယ်နှင့်က ဘယ်လောက်များ ဝေးတော့လို့လဲ။ ရွယ်တူတန်းတူထဲက လိုက်ပို့ရတာတွေ အရင်ကထက်
စိပ်လာပြီ။ ကိုယ့်ထက် ကံဆိုးသူတွေ။ တည်ရှိနေဆဲ လူများထဲမှာရော တကယ်တမ်း ဘယ်လောက် ရှင်
သန်ကြတော့လို့လဲ။ မေးကြည့်လိုက်လျှင် လူတိုင်းရောဂါ တစ်မျိုးမဟုတ် တစ်မျိုး ခွဲတမ်းကိုယ်စီ ရထား
ကြပြီ။ တချို့က သူများထက်ပိုသည်။ သို့သော် ခွဲတမ်းရသဖြင့် ဘယ်နှစ်ယောက် စိတ်ဓာတ်ကျသွားကြ
သလဲ။ အင်း ရှိတော့ရှိပါသည်။ အစပိုင်းခဏမှာ နည်းနည်းငိုင်သွားသည်။ မျက်နှာပျက်သည်။ ငြိမ်သွား
သည်။ သို့သော် သိပ်မကြာ၊ ပြန်ထောင်လာသည်။ တစ်ကိုယ်လုံး မကောင်းပေမယ့် ခေါင်းကောင်းသေး
တယ်။ ဒါပဲပေါ့။ သို့သော် သတိတော့ ထားကြသည်။
အဲ နည်းနည်း လက်ပေါက်ကတ်တာလေးတော့ ရှိသပေါ့။ သွေးတိုးရောဂါရှိသူက "ကျွန်တော့်ခွက်
ထဲ ဆိုဒါမထည့်နဲ့ဗျ၊ ရေနဲ့ပဲသောက်မယ်" တဲ့ ဆိုဒါကို ဂရုတစိုက်ရှောင်သည်၊ အရက်တော့ မလျှော့နိုင်။
ဆီးချိုသမားက "ကျွန်တော်ရမ်သောက်လို့ မဖြစ်ဘူးဗျ၊ ဝီစကီပဲ သောက်မယ်"တဲ့။ အရက်ချင်း အတူတူမှာ
ကပ်ခွဲနေသည်။ သြ ရမ်က သကြားကချက်လို့တဲ့။ အရင်းအမြစ်ကို ရှောင်သည့်သဘောဖြစ်သည်။ အဲသ
လိုတွေ။
တချို့ကတော့ တကယ်ရဲရဲဝံ့ဝံ့ပင် ကိုယ့် မူလခံစားခွင့်တွေကို ဖြတ်တောက်လျှော့ချခဲ့ကြသည်။ အ
ချိုမစား၊ အငံမစား၊ အဆီအစိမ့်မစား၊ တက်စာချက်စာ မစား၊ အချိုမှုန့်မသုံး၊ ဆားမသုံး၊ ငံပြာရည်မသုံး၊
ငရုတ်သီးမှုန့်မသုံး၊ ကွမ်းမစား၊ ဆေးလိပ်မသောက်၊ အရက်မသောက်၊ လက်ဖက်ရည်မသောက်၊ ကော်ဖီမ
သောက် ....။ ကိုယ့်ဘက်က တာဝန်ရှိတာအားလုံး လုပ်ပေးမည်။ သို့သော် လက်တော့ မမြှောက်နိုင် ဆို
သည့်သဘော။ သွားတော့လို့ တစ်ခွန်း နှစ်ခွန်း ပြောရုံနှင့်တော့ ထွက်သွားလိမ့်မည် မဟုတ် ဟူသော
သဘော။
ကျွဲခြေရာခွက်ထဲ ဝင်ပုန်းမည့်သူတွေ မနည်းကြီးရှိတာ ကြီးလာတော့မှ ကျွန်တော် တဖြည်းဖြည်း
သိလာရသည်။ တလောက တောင်အမေရိက မြို့တစ်မြို့မှာ ငလျင်လှုပ်တာ ဖတ်ရတော့ မိုးနှင့်မြေကြီး
ညှပ်သတ်သည့်အကြောင်း သတိရသည်။ ငလျင်ကြောင့် ဘုရားရှိခိုးကျောင်း ခန်းမကြီး ပြိုကျရာမှာ ကလေး
တွေထက် လူကြီးတွေ ပိုသေကြသည်။ ဘာကြောင့်လဲ။ ခေါင်းမိုးက ပြိုကျတော့ ကလေးတွေအပေါ် ကျမှာ
စိုးသဖြင့် မိဘများ ကိုယ်နှင့်မိုး၍ ကာကွယ်ပေးကြသောကြောင့် ဖြစ်သည်။ ကြည့်စမ်း။ ထိလွယ်ရှလွယ်
သည့် ခန္ဓာကိုယ်ပင် တခြားအသက်များကို အကာအကွယ် ပေးနိုင်သည်။ ကျွန်တော်ငယ်စဉ်က ဆရာကြီး
ရွှေဥဒေါင်း၏ တစ်သက်တာမှတ်တမ်းတွင် ပဲခူးငလျင်ကြီးလှုပ်စဉ်က သူအားငယ်ပုံအကြောင်း ရေးထားတာ
ဖတ်ပြီး ကိုယ်ပါရောယောင် အားငယ်သွားဖူးသည်။ သည်လောက် အခိုင်အမာ ကိုးစားယုံကြည် လာခဲ့သည့်
မဟာပထဝီ မြေကြီးကိုယ်တိုင် သွက်သွက်ခါနေမှတော့ ဘယ်သူ့သွား အားကိုးမည်လဲပေါ့။ မှန်သည်။ ငလျင်
ဆိုတာ ကြောက်စရာ။ အဲသလို။

38 
 

mmcybermedia.com

 

ယခုတော့ သင်ခန်းစာတစ်ခု ရသည်။ မြေကြီး အားကိုး မရသော်လည်း တခြား အားကိုးနိုင်တာ
ရှိသေးသည်။ ဘာတဲ့လဲ။ ငလျင်လှုပ်လျှင် နီးရာစားပွဲအောက်ကိုဝင်။ အပေါ်က ဆယ်ထပ် ဆယ့်ငါးထပ်လုံး
ပြိုပိလာလျှင်တော့ သေချင်သေမည်ပေါ့။ သို့သော် မျက်နှာကျက် ပြိုကျရုံ၊ ထုပတ
် န်းပြုတ်ကျရုံ လောက်နှင့်
တော့ ဒုက္ခမရောက်နိုင်။ စားပွဲခုံအောက်က လူတစ်ထိုင်စာ နေရာသည် အဖေ့မိတ်ဆွေကြီး ပြောဖူးသည့် ကျွဲ
ခြေရာခွက်ပဲဟု ကျွန်တော် သဘောပေါက်လိုက်သည်။ ငလျင်လောက်ကို အသာထား။ တစ်လောက အဏု
မြူ လက်နက်များအကြောင်း ရေးသည့်စာအုပ်တစ်အုပ် ဖတ်ကြည့်ဖြစ်သည်။ အဲသည်စာအုပ်မှာ အဏုမြူဗုံး
အမျိုးမျိုး တည်ဆောက်ထားပုံအကြောင်း၊ ၄င်းတို့ပေါက်ကွဲသည့်အခါ အန္တရာယ် သက်ရောက်ပုံ အကြောင်း
များအပြင် အဏုမြူဗုံးဒဏ်မှ ကာကွယ်ရန် နည်းလမ်းများပါ ဖော်ပြထားသည်။
ဗုံးခိုကျင်းအမျိုးမျိုး။
အကြီးစား၊ အသေးစား၊ အကောင်းစား၊ သာမန်.....။
ဗုံးခိုကျင်း ကြိုတင်ပြင်ဆင်ပြီးသားမရှိလျှင် ဘယ်လို။
အရေးပေါ်အခြေအနေမှာ ဘယ်သို့။
ဘာကျင်းမှမရှိလျှင်လည်း စိတ်မပျက်နှင့်။
သူ့သဘောတရားက၊ ဗုံး၏ ပေါက်ကွဲ တုန်ခါမှုအား၊ ပူပြင်းလောင်မြိုက်မှုအား၊ ဓာတ်ရောင်ခြည်
ဖြာထွက်မှုအားတို့သည် ပေါက်ကွဲသည့်နေရာနှင့် ဝေးလာသည်နှင့် ဝေးလာသည်နှင့်အမျှ လျော့ပါးသည်
ထက် လျော့ပါးသွားသည်ဟူသော အချက်ပေါ်တွင် အခြေတည်ထားသည်။
ထို့ကြောင့် ပထမအချက်။ ဗုံးတည့်တည့်ကျ မည့်နေရာမျိုးမှာ မနေနှင့်။ ဗုံးကြဲမည့်သူက သူ့ဗုံးကို
တွက်ချေကိုက်အောင် မြို့လယ်ခေါင် လူထူထပ်သည့် နေရာမျိုးမှာ ချလိမ့်မည်။ ထို့ကြောင့် အဏုမြူဗုံး
ကြောက်လျှင်

အစကတည်းက

ဆင်ခြေဖုံးမှာနေ။

ဟိုပုဂ္ဂိုလ်ကြီးပြောသလို

ချောင်းဖျားတက်နေသည့်

သဘော။ ဗုံးဘယ်လောက် ကြီးသလဲ၊ ချောင်းဘယ်လောက် ရှည်သလဲ ဆိုတာတွေလည်း ရှိဦးမည်ပေါ့။
ဗုံးကျသည့်နေရာနှင့် ခပ်နီးနီးဆိုလျှင် အခိုင်အမာလုပ်ထားသည့် သံကူကွန်ကရစ် ဗုံးခိုကျင်းမျိုးသာ
အကာအကွယ် ပေးနိုင်သည်။ ဗုံးပေါက်ရာနှင့် ခပ်ဝေးဝေးဆိုလျှင် မြေသားဖုံး သာမန်ကျင်းငယ်များဖြင့်ပင်
လုံလောက်သည်။ သည့်ထက်ဝေးသည့် နေရာမှာဆိုလျှင်၊ ရုတ်တရက် မျက်စိကျိန်းလောက်အောင် ဝင်းခနဲ
လက်သွား၍ အဏုမြူဗုံးပေါက်ပြီဟု သိလိုက်ရသည်နှင့် တစ်ပြိုင်နက် အိမ်ထဲရှိနေသူဆိုလျှင် နီးရာနံရံနား
ဝင်ကွယ်၊ သို့မဟုတ် နီးရာစားပွဲအောက်ဝင်။ အဲဒါဆိုလျှင် လွင့်စင်လာသော အစအနတွေ ထိမှန်ခံရမည့်
အန္တရာယ်၊ ပေါက်ကွဲစ အချိန်ပိုင်း ထွက်ပေါ်သည့် ဂါမာရောင်ခြည်အန္တရာယ်များ လျော့ပါးသက်သာမည်။
အဲဒီအချိန်

လမ်းပေါ်ရောက်နေသူဆုလ
ျှိင်

နီးရာအုတ်ခုံနောက်မှာ

ကွယ်၍နေ။

မြောင်းရှိလျှင်

မြောင်းထဲခုန်ဆင်း ဝမ်းလျားမှောက်။ ခေါင်းနှင့်လည်ပင်း ဟင်းလင်းဖြစ်မနေအောင် ကော်လာထောင်၊
ခေါင်းကိုပုထား၊ အောက်ဘက်ငုံ့ပြီး ကွယ်ထား။ အဲသည်လိုတွေ။
39 
 

mmcybermedia.com

 

သူ့စာအုပ်မှာ အသေးစိတ် အချက်အလက်တွေ များစွာပါသည်။ ကျွန်တော် ဖတ်ရင်းဖတ်ရင်း ဗုံးကို
မကြောက်။ သည်လူ့ ကို ကြောက်လာသည်။ တွေးရဲလိုက်တဲ့လူ။ မဖြစ်နိုင်ဘူး ထင်ရသည့် ကိစ္စမှာ ကတ်
ကတ် သတ်သတ်တွေ ဖဲ့ရွဲ့တွေးနေသူပါကလား။ သို့သော် တဖြည်းဖြည်းနှင့် သူ့ဟာက စိတ်ကူးယဉ်မဟုတ်၊
လက်တွေ့ကျလွန်းသော အတွေးတွေဖြစ်သည်ဆိုတာ မြင်လာသည်။ အင်း လက်တွေ့က မကျဘဲ နေနိုင်
မည်လား။ သူ့တို့ဆီမှာ အဏုမြူစစ်ပွဲကြီး တကယ်ဖြစ်ခဲ့သည်ရှိသော် ဘယ်သို့ဆောင်ရွက်မည်ဆိုပြီး စဉ်း
စားထားတဲ့ မြို့ပြကာကွယ်ရေး အစီအစဉ်တွေပဲ။ အစတုန်းက အဏုမြူစစ်ကြီးဖြစ်လျှင် နှစ်ဖက်လုံး ဆုံးရှုံး
မည်။ ကမ္ဘာကြီးပျက်မည်။ တတိယကမ္ဘာစစ်ဖြစ်ဖို့ မစဉ်းစားနှင့်ဟု ဆိုကြသည်။ အဲသည်အတိုင်း တကယ်
လည်း ယုံကြည်ကြသည်။
နောက်ပိုင်းကျတော့ ကတ်ကတ်သတ်သတ် တွေးသူတွေက ဟေ့ အဏုမြူစစ်လည်း တိုက်တတ်
ရင် နိုင်နိုင်တယ်။ သူတို့အားလုံးသေပြီး တို့အထဲက မင်းရယ် ငါရယ် ချောင်းဖျားတက်ပုန်းပြီး ကျန်နိုင်တယ်
ဆိုတာမျိုးတွေ တွေးလာသည်။ ဆရာကြီး အိုင်စတိုင်း ကိုယ်တိုင်လည်း အဲသည်သဘောမျိုး တွေးမိဖူး
သလား မသိ။
သူပြောသော စကားတစ်ခွန်းရှိသည်။
တတိယကမ္ဘာစစ်ဖြစ်ရင် ဘယ်လိုတွေ တိုက်ကြမည်လဲ မေးမြန်းသူအား အိုင်စတိုင်းက “တတိယ
ကမ္ဘာစစ်တော့ မသိဘူး။ စတုတ္ထ ကမ္ဘာစစ်ကျရင်တော့ ကျောက်ခဲတွေနဲ့ တိုက်ခိုက်ကြလိမ့်မယ်” ဟူ၍ ဖြေ
ဖူးသည်။ အဏုမြူစစ်ကြောင့် လူ့ယဉ်ကျေးမှု စနစ်ကြီး ပြိုကျပျက်စီးသွားလိမ့်မည်။ သို့သော် ကမ္ဘာမှာ စစ်
တိုက်မည့် လူတော့ အနည်းနှင့်အများ ကျန်ရစ်ဦးလိမ့်မည်ဟု သူယူဆခဲ့ပုံပင်။
ကိုင်း မိတ်ဆွေ။ လိုရင်းကို ကျွန်တော်ပြောပါမည်။ လောလောဆယ် သင့်မှာ ရောဂါဘယ်နှစ်မျိုး
ရှိသနည်း။ အဲသည်အထဲမှာ ဘယ်ရောဂါက ဘယ်လောက်ဆိုးနေသနည်း။ ရင်းနှီးသော သူငယ်ချင်းများ
ဆိုလျှင်တော့၊ ဟာ ဒါလောက်များဗျာ၊ ကျွန်တော့်မှာ ခင်ဗျားထက်ဆိုးသေးတယ်ဗျ။ ဘယ်လိုက ဘယ်လို
ဆိုတာမျိုး ကျွန်တော်ပြောလေ့ ရှိသည်။ သို့သော် ခုတော့ထားပါတော့။ ရောဂါဆိုတာ ပြိုင်စရာမှ မဟုတ်
တာ။ ပြီး ကျွန်တော်ပြောချင်သည်က ရောဂါဘယကိစ္စ သတ်သတ်မဟုတ်ပါ။ စာဖတ်သူမှာ ဘာတွေအ
တွက် စိတ်ညစ်နေသလဲ။ ဆိုပါတော့၊ လုပ်ငန်းအတွက်လား။ ဒါမှမဟုတ် လူမှုဆက်ဆံရေးနှင့် ပတ်သက်လို့
လား။ ဘာအတွက်ပဲဖြစ်စေ ရာခိုင်နှုန်း နည်းနည်းပါးပါး ပျက်စီးသွားရုံနှင့် ငါ့ဟာတွေအားလုံးသွားပြီ၊ ကုန်ပြီ၊
ပြီးပြီလို့ မတွေးဖို့ဖြစ်သည်။
ဆိုပါတော့ လူမှုရေးကိစ္စ။
လူတစ်ယောက်နှင့် တစ်ကြိမ်အဆင်မပြေရုံနှင့် တစ်သက်အဆက်ပြတ်ပြီပြောလို့ ဘယ်ဖြစ်မည်လဲ။
တော်ရုံလူတွေ မကြည့်နှင့်။ နိုင်ငံတကာ ခေါင်းဆောင်ကြီးတွေကြည့်။ မနေ့က စစ်တိုက်ကြ၊ အသေသတ်
ကြ၊ ပါးတွေ ဘယ်ပြန် ညာပြန်ရိုက်ကြ။ ဒီကနေ့ လေဆိပ်မှာ ဆီးကြိုကြ၊ ပွေ့ဖက်ကြ၊ ပါးတွေ ဘယ်ပြန်ညာ
ပြန်နမ်းကြ။ ဖြစ်ပါသည်။ အဲဒါလည်း ယဉ်ကျေးမှုပဲ။ လူမှုရေးပြဿနာအတွက် စိတ်မညစ်ပါနှင့်။

40 
 

mmcybermedia.com

 

လုပ်ငန်းကိစ္စမှာရော၊ စီးပွားအကြိမ်ကြိမ်ပျက်ပြီး အကြိမ်ကြိမ်ပြန်ချမ်းသာသူတွေ အမြောက်အမြား
ရှိသည်။ လတ်တလော မပြေလည်သည့် အနေအထားအတွက် သောကမပွားနှင့်။ ထို့နည်းတူ ကျန်းမာရေး
ကိစ္စ၊ ရောဂါဘယကိစ္စ။
နှလုံးရောဂါဖြစ်ရုံနှင့် မသေပါ။ သွေးတိုးရောဂါ၊ ဆီးချိုရောဂါတွေနှင့် ဆယ်စုနှစ်ပေါင်းများစွာ အတူ
ယှဉ်တွဲ နေထိုင်သွားကြသူတွေ အမြောက်အမြားရှိသည်။ အိပ်(ချ)အိုင်ဗွီပိုး ပေါ်ဦးစကတည်းက ရထားပြီး
သည်ကနေ့အထိ ဘာမှမဖြစ်သေးသည့် ဂုဏ်ထူးဆောင် ပုဂ္ဂိုလ်တွေလည်း ကမ္ဘာမှာရှိသည်။ ကျန်းမာရေး
ဆိုတာ ဂရုစိုက်စရာသာ ဖြစ်သည်။ ကြောက်စရာမဟုတ်။ ရောဂါတစ်အိုးဖြင့်လည်း အသက် ၈၀၊ ၉၀ သင်
နေရနိုင်သည်။
ဒါလောက်တင်လား။
အသက် ၉၀ ကြီးတောင် ကျော်သွားပြီဆို၍လည်း သည်လောက်ဆိုလျှင်တော့ ငါသက်တမ်း ကုန်
သင့်လောက်ပြီ၊ သားတွေသမီးတွေ မျက်စိမှိတ်မသွားခင် ငါသေလိုက်တာ ကောင်းမည်ဆိုတာမျိုး မတွေး
နှင့်ဦး၊ ဇာတာထဲပါသလို အသက် ၁၂၀ ကျော်ရှည်မည်ဆိုက လောကကြီး၏ ဇာတ်လမ်းစုံတွေကို နောက်
ထပ် မျိုးဆက် တစ်ဆက်စာမျှ ရှုစားခွင့်ရလိမ့်ဦးမည်။ သည်ကြားထဲ အဏုမြူစစ်ကြီး ဖြစ်မည်ဆိုလျှင်ရော။
မြောင်းထဲဆင်းပုန်းရင်း သင်လွတ်ချင် လွတ်ကျန်နေနိုင်သည်။ ကံကောင်းလျှင် စတုတ္ထ ကမ္ဘာစစ်
ဖြစ်သည့်အခါ ပါဝင်ဆင်နွှဲခွင့် ရနေနိုင်သည်။ ကျောက်ခဲများများစုထား။ ပိုကောင်းသည်က ခုကတည်းက
လေးခွတစ်လက်ဆောင်ထား။ လက်ဖြောင့်အောင် အပစ်ကျင့်ထား။

[မဟေသီ ၁၉၉၉၊ ဒီဇင်ဘာ]

41 
 

mmcybermedia.com

 

အတိုင်းအတာမသိတ့လ
ဲူ
“အရိပ်သုံးပါး နားမလည် ချေသငယ် ကျားစာဖြစ်” ဟူသော စကားရှိသည်။ ချေငယ်မှန်
လျှင် ကျား၏အရိပ်အယောင်၊ အသံဗလံ၊ အနံ့အသက်ကို သိတတ်ဖို့လိုသည်။ သို့မဟုတ်လျှင်
အချိန်မရွေး ကျားစာဖြစ်သွား နိုင်သည်။ သို့သော် သည်စကားက ချေအတွက်ပြောတာမဟုတ်။
လူအတွက် ပြောခြင်းသာ ဖြစ်သည်။ လူမှာလည်း အရိပ်သုံးပါး သိဖို့ လိုသည်။ အခါကာလကို
သိရမည်။ ဝန်းကျင်အခြေအနေကို သတိထားရမည်။ မိမိအတိုင်းအဆ၊ မိမိအလုပ်၏ သက်ရောက်
မှုကို ချင့်တွက်တတ်ရမည်ဟု ဆိုခြင်းဖြစ်ပါသည်။
အဲသည်အရိပ်သုံးပါးအနက် ကာလနှင့် ဒေသဆိုသည့် ပထမအချက်ကို လူတို့ သတိထား
တတ်ကြသည်။ နီးနီး စပ်စပ်လည်း အကဲဖြတ်တတ်ကြသည်။ သို့သော် မသိသည်က မိမိအတိုင်း
အဆ၊ မိမိပမာဏ၊ မိမိ အဆင့်နှင့် ပတ်သက်၍ ဖြစ်သည်။ ဒါကိုသိဖို့ခက်သည်။ Know theyself.
(ကိုယ့်ကိုကိုယ်သိပါ၊)တဲ့။ ရှေးဂရိတွေလက်ထက် ကတည်းက ပြောခဲ့သောစကားရှိသည်။ ကိုယ့်
ကိုကိုယ် သိခြင်းသည် အသိဉာဏ် အမြော်အမြင်၏ အခြေခံအုတ်မြစ် တစ်ရပ် ဖြစ်သည်ဟူ၍လည်း
အစဉ်အဆက် ပြောဆိုခြဲ့ ကသည်။
သို့သော် ကိုယ့်ကိုကိုယ်သိဖို့က အရေးကြီးတာမှန်သလို သိရန်ခက်ခဲတာလည်း အမှန်ပဲ
ဖြစ်သည်။ “လူအတွက် ဘယ်ဟာသည် အခက်ဆုံးလဲ” မေးသောသူအား “ကိုယ့်ကိုကိုယ် သိဖို့
သည် အခက်ဆုံး” ဟု ဂရိ တွေးခေါ်ရှင် သေးလိ(စ) (Thales ဘီစီ ၆၄၀ခန့်- ၅၄၆ခန့်) က ဖြေ
ကြားခဲ့သည်။ ရှေးဂရိတွေအတွက် ခက်သလို ယနေ့အထိလည်း ခက်ခဲတုန်း။ သို့သော် ခက်ခဲသည်
ဆိုသော မိမိကိုယ်တိုင်၏ အကြောင်းကို ဦးနှောက်ရော နှလုံးသားပါ အတန်အသင့် တည်ငြိမ်သည့်
အခိုက်အတန့်မျိုးတွင် ကျိုးကြောင်းဆင်ခြင်တတ်သော သူတို့မြင်နိုင်တတ်ကြပါသည်။ ငါ့အဆင့်က
ဘာပဲ၊ ဘယ်ဟာတွေ ငါလုပ်လို့ ရနိုင်သည်၊ ဘယ်ဟာတွေဆိုလျှင်တော့ ငါ့အတိုင်းအတာကို ကျော်
သွားတော့မည်၊ ငါရပ်မှတော်မည်၊ စသဖြင့်။
သို့သော် စိတ်နှလုံးတည်ငြိမ်သော ကာလမျိုးက တိုတောင်းလှပါသည်။ လောဘ၊ ဒေါသ၊
မောဟ၊ မာန တစ်ခုခုကြောင့် တည်ငြိမ်မှုပျက်ပြားသည်နှင့် တစ်ပြိုင်နက် “ငါဘာ” ဟူသည်ကို မေ့
လျော့ကာ သတိ လက်လွတ်တွေပြုမှု မိတတ်ကြ ပါသည်။ ကိုယ့်အတိုင်းအတာ အဆင့်အတန်းကို
မေ့လျော့သူအတွက် သင်ခန်းစာတစ်ခု ငယ်စဉ်ကတည်းက ကျွန်တော်တို့မှတ်သားဖူးကြသည်။
မဟော်သဓာဇာတ်တော်

ကကဏ္ဋကပဥှာခဏ်းလာ

ပုတ်သင်အကြောင်း

သင်ခန်းစာ။

ပဲဝက်

42 
 

mmcybermedia.com

 

အသပြာ လည်မှာဆွဲရသဖြင့် ဥစ္စာမာနတက်သွားသော ပုတ်သင်အကြောင်း ဇာတ်လမ်းကို အ
ကျဉ်းချုပ်၍ ပြောရလျှင်။
တစ်ခါ၌

ဝိဒေဟရာဇ်မင်းကြီးသည်

ဥယျာဉ်တော်သို့ထွက်စဉ်

ဥယျာဉ်တံခါးရွက်ထိပ်မှ

ပုတ်သင်တစ်ကောင်သည် မြေသို့ ဆင်း၍ မင်းကြီးအား အရိုအသေပြု၏။ ထိုအခါ မင်းကြီးက
ပုတ်သင်အား ဆုလာဘ်ချီးမြှင့်သည့် အနေဖြင့် နေ့စဉ် ပုတ်သင်စာ အမဲသား ငါး လေးရွေး(ပဲဝက်)
ဖိုးမျှ ဝယ်၍ကျွေးစေဟု အမိန့်တော်မြတ် ချမှတ်၏။ ပုတ်သင်စာကျွေးရန် တာဝန်ကျသော မင်းမှု
ထမ်းသည် နေ့စဉ် လေးရွေးဖိုး မှန်မှန်ဝယ်ကျွေး နေရာမှ ဥပုသ်နေ့တွင်မှု ဈေး၌ သားငါးဝယ်မရ
သဖြင့် ပုတ်သင်ရထိုက်သည့် ပိုက်ဆံလေးရွေးကို အပေါက်ဖောက်ကာ ကြိုးနှင့်သီပြီး ပုတ်သင်၏
လည်ပင်းမှာ ဆွဲပေးထား၏။
ပုတ်သင်သည် ပိုက်ဆံကို လည်ပင်းမှာဆွဲရလျှင်ပင် သူ့ကိုယ်သူ ဥစ္စာရှင်ဟု ဘဝင်မြင့် သွား
တော့သည်။ အဲသည် နေ့မှာပင် ဥယျာဉ်တော်သို့ ဝိဒေဟရာဇ်မင်းကြီး ရောက်လာသည့်အခါ ပထမ
အကြိမ်က ကဲ့သို့ အောက်သို့ဆင်းပြီး အရိုအသေမပေး၊ သူလည်း သူဌေး၊ ငါလည်း သူဌေးဟူသော
သဘောဖြင့် စည်းစိမ်ခြင်းပြိုင်ကာ တံခါးရွက်ထိပ်မှာပင် ခေါင်းတညိတ်ညိတ်နှင့် နေတော့သည်။
မင်းကြီးလည်း အကျိုးအကြောင်းမေး၍ ပုတ်သင်ဘဝင်မြင့်ကာ မိမိကို ပမာမခန့် ပြုခြင်းဖြစ်ကြောင်း
သိလျှင် သည်တိရစ္ဆာန်မိုက်အား အစာမပေးနှင့်ဟု ချက်ချင်းအမိန့်ချမှတ်၏။ သို့သော် မဟော်သဓာ
သုခမိန်က မင်းကြီးအား ဥစ္စာစည်းစိမ်နှင့် ပတ်သက်လာလျှင် တိရစ္ဆာန်ကိုထား၍ ပညာရှိသော လူ
များပင် မာနတက်တတ်ပါသေးသည်ဟု ဖျောင်းဖျပြောဆိုပြီး ယခင်က ခစားဖူးသည့် အတွက် ချီး
မြှင့်ခ့သ
ဲ ည့် ဆုလဘ်တော်ကို မဖြတ်တောက်ရန် လျှောက်တင်တော့မှ မင်းကြီးစိတ်ပြေကာ ပုတ်
သင်အား အစာပေးမြဲပေးစေသည် ဟူ၍ ဇာတ်တော်၌ ဆိုပါသည်။
သည်နေရာ၌ ပုတ်သင်ဆိုသည်မှာ မဖြစ်ညစ်ကျယ် သတ္တဝါငယ်မျှသာဖြစ်ရာ သူ မာနတက်
ခြင်းအတွက် ဝိဒေဟရာဇ်မင်း အဖို့ ဒေါသမထွက်စလောက်က့သ
ဲို့ ငါ့ကိုများ အန္တရာယ် ပြုလာလေ
မည်လားဟုလည်း မစိုးရိမ် မကြောင့်ကြ လောက်ပေ။ ထို့ကြောင့် မဟော်သဓာသုခမိန်က တင်
လျှောက်သည့်အခါ ပုတ်သင်အား သည်းခံခွင့်လွှတ် နိုင်ခဲ့ခြင်း ဖြစ်တန်ရာပါသည်။ သို့သော် ပုတ်
သင်က ပုတ်သင်မို့ လွတ်ငြိမ်းချမ်းသာခွင့် ရသွားခဲ့သော်လည်း သူနင
ှ့်အလားတူ ပြုမိသည့် လူ
သတ္တဝါများအဖို့မှာမှု သူ့လောက်ကံကောင်းလေ့ မရှိခ့ေ
ဲ ပ။ သည်တွင် နမူနာတစ်ခုက ရှေးခေတ်
ဂျပန်ပြည်မှ ဆင်နိုရိကျူး( Sen no Rikyu) အမည်ရှိ ပုဂ္ဂိုလ် တစ်ယောက်။
ဆင်နိုရိကျူးက ဂျပန်ပြည်တွင် ဟိဒေယောရှိဧကရာဇ် (၁၅၃၆- ၁၅၉၈) စိုးစံစဉ်ကာလက
နိုင်ငံအနှံ့ ထင်ရှားသည့် လက်ဖက်ရည်တော်ပွဲ ပညာရှိတစ်ဦးဖြစ်သည်။ လက်ဖက်ရည်တော်ပွဲ(tea
ceremony) ဟူသည်ကား ဂျပန်လူမျိုးတို့ အနုပညာရသ ခံစားတတ်လှပုံ အကြောင်း ပြသသည့်
43 
 

mmcybermedia.com

 

ရိုးရာဓလေ့တစ်ခုဖြစ်သည်။

လက်ဖက်ရည်ပွဲအတွက်

သီးသန့်

တည်ဆောက်ထားသည့်

ဆောင်ငယ်၊ သို့မဟုတ် နေအိမ်ရှိ အထူးခန်းတစ်ခုတွင် နေရာထိုင်ခင်း ပြင်ဆင်ကာ ဧည့်သည်
များဖိတ်ကြားပြီး အခြားသင့်တင့်သော စားဖွယ်အချို့နှင့်အတူ အထူးစီမံထားသည့် လက်ဖက်
ရည်ကို တခမ်းတနား တရိုတသေ စီစဉ်တင်ဆက်ခြင်း ဖြစ်သည်။ ဧည့်သည်များသည် လက်ဖက်
ရည်ကို စနစ်တကျ အရသာခံ သောက်သုံးကြရင်း ပန်းချီပန်းပု အနုပညာများအကြောင်း၊ အိမ်ရှင်
ခင်းကျင်းပြသထားသည့် ပန်းအိုး၊ ပန်းခြင်းတို့၏ အလှနှင့် ပန်းအလှ ပြင်ဆင်မှု အတတ်ပညာ အ
ကြောင်း၊ လက်ဖက်ရည်၏ အရသာနှင့် လက်ဖက်ရည် ပြင်ဆင်ပုံ အကြောင်း၊ ကြွေအိုးကြွေခွက်
စသည့် လက်ဖက်ရည်ပွဲ အသုံးအဆောင်ပစ္စည်းများအကြောင်း စသည်တို့ကို ဆွေးနွေး ပြောဆို
လေ့ရှိသည်။
စင်စစ်လက်ဖက်ရည်ဓလေ့သည် တရုတ်ပြည်မှ စတင်ခြဲ့ ပီး ၄င်းကမှတစ်ဆင့် ဂျပန်ပြည်
သို့ရောက်ရှိကာ ဂျပန် သူကောင်းမျိုးတို့အကြား အထူးရေပန်းစားလာခဲ့ခြင်း ဖြစ်သည်။ ဂျပန်
ဧကရာဇ် ဟိဒေယောရှိနှင့် သူ၏ လက်ဖက်ရည်တော် ပညာရှင် ဆင်နိုရိကျူးတို့ လက်ထက်တွင်မှု
ဲ ည်။ နန်းတွင်းပွဲတော် အခမ်းအနားများ
လက်ဖက်ရည်တော်ပွဲသည် အထွတ်အထိပ်သို့ ရောက်ခ့သ
ကြီးမှူးပြုလုပ်ပေးရသည့် အရှိန်အဝါကို ယူကာ ဆင်နိုရိကျူးသည် လက်ဖက်ရည် တော်ပွဲတို့၏
အခင်းအကျင်း၊ အဆင်အပြင်၊ အစီအစဉ်နှင့် လုပ်ထုံးလုပ်နည်းများ သာမက လက်ဖက်ရည်ပွဲ ယဉ်
ကျေးမှု၏ ဦးတည်ချက်၊ ရည်ရွယ်ချက်များကိုပါ စိတ်တိုင်းကျပုံစံ ချပေးနိုင်ခ့သ
ဲ ည်။ မင်းစိုးရာဇာ
အသိုင်းအဝိုင်း၌ လက်ဖက်ရည် တော်ပွဲ၏ အခန်းကဏ္ဍကြီးမားကျယ်ပြန့်လာသည်နှင့်အမျှ ပွဲတော်
ပညာရှင် ဆရာကြီး ဆင်နိုရိကျူး၏ တန်ခိုးသြဇာလည်း ကြီးမားလာခဲ့သည်။
ဆင်နိုရိကျူးသည် ဘုရင်ဟိဒေယောရှိ၏ လက်ဖက်ရည်တော် ပညာရှင်မျှသာမက ဘုရင်
အားထားရသည့် အကြံပေး ပုဂ္ဂိုလ်လည်း ဖြစ်လာသည်။ သူ့အားဘုရင်က နန်းတော်ဝင်းအတွင်း
သီးသန့်အဆောင်အခန်း ပေး၍ ချီးမြှင့်မြှောက်စားသည်။ နန်းတော်အဝန်းအဝိုင်းရော တိုင်းပြည်
အနှံ့အပြားတွင်ပါ သူ့အား လူအများ လေးစားရိုကျိုး လာရသည်။ သို့သော်အေဒီ ၁၅၉၁ ခုနှစ်တွင်မူ
ဘုရင့်အမိန့်ဖြင့် ဆင်နိုရိကျူး ဖမ်းဆီးခံရကာ သေဒဏ်စီရင်ခြင်း ခံရသည်။ ဘာကြောင့် သူ၏ ကံ
ကြမ္မာ ဇောက်ထိုးမိုးမျှော် ကျဆင်းသွားခဲ့ရသနည်း။ အကြောင်းက ရှေ့တွင်ဖော်ပြခဲ့သည့် အတိုင်း
အတာ ကိစ္စပဲဖြစ်သည်။
ပုတ်သင်ဘဝင်မြင့်ခြင်းကို ဥပေက္ခာပြုနိုင်သော်လည်း မိမိမျက်နှာသာပေးသဖြင့် အရေးပါ
လာသူ တစ်ယောက် သွေးနားထင်ရောက်သည်ကို လျစ်လျူရှုမနေနိုင်။ မိမိအတွက် အန္တရာယ်
ဖြစ်လာနိုင် သည်ဟု မယူဆသည့်တိုင် ခြေရာတိုင်းသော အပြုအမူ၊ ပခုံးချင်းယှဉ်သည့် အပြုအမူ

44 
 

mmcybermedia.com

 

ဟု မြင်လျှင်ပင် သည်းခံခွင့်လွှတ်ဖို့မဖြစ်နိုင်။ ယခု ဆင်နိုရိကျူးက အဲသည်ခွင့်မလွှတ်နိုင်သော
အမှုတစ်ခု ကျူးလွန်မိခြင်းဖြစ်သည်။
နဂိုမူလ တောင်သူလယ်သမား ဘဝမှလာသော ဆင်နိုရိကျူးသည် သူ့ပုံတူ သစ်သားရုပ်တု
တစ်ခု ထုလုပ်သည်။ ရုပ်တု၌ ထိုစဉ်က မင်းညီမင်းသားမှူးမတ်များနှင့်သာ သက်ဆိုင်သည့် လွှာ
ဖိနပ်ကို စီးပေးထားသည်။ သည်ရုပ်တုကို နန်းတော် ဝင်းတံခါးဝရှိ အဓိကရ ဘုရားရှိခိုးကျောင်း
တစ်ခုတွင် ထင်ထင်ရှားရှား နေရာချထားရာ ရှင်ဘုရင်၊ မိဖုရားနှင့် မင်းညီ မင်းသားများ ဝင်တိုင်း
ထွက်တိုင်း မြင်နေရသည်။ အတိုင်းအတာက အတော်ပင် ကျော်သွားခြင်းဖြစ်သည်။ ‘ဆင်နိုရိကျူး
က ငါကိုယ်တိုင်ပါ သူ့ကို အရိုအသေပေးစေချင်သွားပြီလား’ ဟု ရှင်ဘုရင် တွေးမိသွားသည့် နေ့
သည် ရိကျုး၏ဘဝနိဂုံးကို အဆုံးအဖြတ်ပေးလိုက်သော နေ့ပင်ဖြစ်တော့သည်။
ကိုယ့်အတိုင်းအတာ ကိုယ်မသိ၍ ဒုက္ခလှလှကြီး ရောက်ခဲ့ရသူ နောက်တစ်ဦးက ပြင်သစ်
ရာဇဝင်ထဲမှ ထင်ရှားသော ဇာတ်ကောင်တစ်ဦးဖြစ်သူ နီကိုလတ်ဖူကေး(Nicolas Fouquet ၁၆၁၅
- ၈၀) ဖြစ်သည်။ နီကိုလတ်ဖူကေးသည် ပြင်သစ်ဘုရင်လူဝီ- ၁၄ (Louis XIV ၁၆၃၈- ၁၇၁၅)
စိုးစံသည့် စောစောပိုင်နှစ်ကာလများအတွင်း ဘဏ္ဍာရေးဝန်ကြီး အဖြစ်ဆောင်ရွက်ခ့သ
ဲူဖြစ်သည်။
ဖူကေးက အဆောင်အယောင် အခမ်းအနားမက်သည်။ ဧည့်ခံပွဲကြီးတွေ ကျင်းပဖို့ ဝါသနာပါသည်။
အမျိုးသမီး ချောချောတွေနှင့် ရောရောနှောနှော နေချင်သည်။ အနုပညာ ကဗျာလင်္ကာများလည်း
ခုံမင်သည်။ အသုံးအဖြုန်းကြီးသူ ဖြစ်သည့် အလျောက် ငွေရအောင်လည်း အနည်းနည်းအဖုံဖုံ ရှာ
တတ်သည်။ သို့သော်တစ်ဘက်တွင်လည်း သူက အလွန်လည်ပတ်နှံ့စပ်သူ၊ စွမ်းဆောင်ရည်ရှိသူ၊
ရှင်ဘုရင်က အစစအရာရာ အားကိုးပြုနေရသူဖြစ်သည်။ ထို့ကြောင့် ၁၆၆၁ ခုနှစ်တွင် နန်းရင်းဝန်
မာဇရင် ကွယ်လွန်သည့်အခါ ၎င်းရာထူးနေရာ၌ မိမိအား ခန့်ထားလိမ့်မည်ဟု ဖူးကေး မျှော်လင့်ခဲ့
သည်။ သို့သော်ရှင်ဘုရင်က သူ့အစီအစဉ်နှင့်သူ ဖြစ်သည်။ မည်သူ့ကိုမျှ တိုးမြှင့်ခန့်ထား မနေ
တော့ဘဲ နန်းရင်းဝန်ရာထူးကိုပါ ပယ်ဖျက်ပစ်လိုက်သည်။
ဖူးကေးက ရှင်ဘုရင်သူ့အား တစ်ခုခုမျက်သဖြင့် သည်ရာထူးကို ပယ်ဖျက်ခြင်းဖြစ်ဟု
ယူဆပြီး ရှင်ဘုရင် အမျက်ပြေ ကျေနပ်ကာ သူ့အစွမ်းအစများကိုလည်း နှစ်ခြိုက်သဘောကျ
ရလေအောင် ပြသမည်ဟု ရည်ရွယ်လျက် ဧည့်ခံပွဲကြီး တစ်ခု ကျင်းပရန် စီစဉ်သည်။ ဧည့်ခံပွဲသို့
လူအများကို ဖိတ်သည့်အခါ သူ့စံအိမ်ရဲတိုက်သစ်ကြီး ဖွင့်လှစ်ပွဲဟု ခေါင်းစဉ် တပ်သည်။ သို့သော်
တကယ်ရည်ရွယ်သည်က အထူး ဧည့်သည်တော်အဖြစ် ကြွရောက်ချီးမြှင့်မည့် ဘုရင်မင်းမြတ်အား
ဂုဏ်ပြုပူဇော်သည့်ပွဲ။
သည်ပွဲသို့ ဥရောပတစ်ခွင်မှ ထိပ်သီးမြို့စားရွာစား မြေရှင်ပဒေသရာဇ်များအပြင်၊ ပြင်သစ်
စာပေနယ်မှ အကျော် အမော် များဖြစ်သည့် ပုံပြင်ဆရာ လာဖွန်တိန်း၊ စာရေးဆရာကြီး လာရို့ရှ်
45 
 

mmcybermedia.com

 

ဖူကိုး၊ စာပေပညာရှင် မဒမ်ဒီဆယ်ဗင်ညီ စသူ တို့လည်း တက်ရောက်သည်။ ထို့ပြင် မဟာဆန်
ချင်သူ၊ ဆရာဝန်ပါပဲ စသည့်ပြဇာတ်များ ရေးသားသူ ပြင်သစ် ပြဇာတ်ရေးဆရာကြီး မိုးလျဲ ယခု
ပွဲအတွက် အထူးတလည်ရေးသား ထားသည့် ပြဇာတ်သစ် တစ်ပုဒ် တင်ဆက်ကပြရန် နှင့် မိုးလျဲ
ကိုယ်တိုင်လည်း ဇာတ်တွင်ပါဝင် သရုပ်ဆောင်ရန် စီစဉ်ထားသည်။ ညစာတည်ခင်းသည့် အခါ
ဟင်းပွဲတွေ အလီလီအလာလာချသည်။ ဟင်းလျာများက ပြင်သစ်တွေ မစားဖူးသေးသည့် အရှေ့
တိုင်း ဟင်းလျာ အသစ် အဆန်းတွေ၊ သည်ပွဲအတွက် စားဖိုမှူးတွေ အထူးတလည် တီထွင် ချက်
ပြုတ်သည့် ဟင်းလျာ အကောင်းအညွန့်တွေချည်း ဖြစ်သည်။
စားသောက်ပြီးနောက်တွင် ဥယျာဉ်ခြံဝင်း၏ အလှအပကို လှည့်လည်ကြည့်ရှုကြသည်။
ဖူးကေး၏ခြံမှ မြက်ခင်း၊ သစ်ပင်၊ ရေပန်းအိုင်များ၊ လမ်းကေလေးများနှင့် ပန်းအလှများသည်
နောက်တစ်နေ့ လူဝီ- ၁၄ ဗာဆိုင်းနန်းတော်ကြီး တခမ်းတနား တည်ဆောက်သည့်အခါ နမူနာ
ယူစရာ၊ သူ့ထက်ပိုကောင်းအောင် ယှဉ်ပြိုင်တုပစရာများ ဖြစ်ခဲ့သည်။
ခြံဝင်းထဲလှည့်လည်ပြီးသည့် နောက်တွင် မီးရှူးမီးပန်းများ ပစ်ဖောက်သည်ကို ကြည့်ရှုကြ
သည်။ ပြီးလျှင် မိုးလျဲ၏ ပြဇာတ်။ ဧည့်ခံပွဲသို့တက်ရောက်ကြသူ အားလုံးကပင် သည်ပွဲကတော့
သူတို့ကြုံတွေ့ဖူးခဲ့သမျှထဲတွင် အပြည့်စုံဆုံး အကောင်းဆုံးပွဲဟူ၍ မှတ်ချက်ချကြသည်။ ဖူးကေး၏
စိတ်ထဲတွင်လည်း ရှင်ဘုရင်ကတော့ ငါလုပ်ထားတာတွေ အရမ်း သဘောကျနေပြီ၊ ငါ့ကိုရာထူး
တိုးပေးဖို့ မုချုပြန်စဉ်းစားလိမ့်မည်ဟု တစ်ယောက်တည်း ကြိတ်ပြီး သေချာနေသည်။
တကယ်လည်းရှင်ဘုရင်က ဖူးကေး၏လက်ရာတွေကို သဘောကျတာအမှန်ပင်။ နောက်
တစ်နေ့ ဗာဆိုင်းနန်းတော်ကြီး တည်ဆောက်သည့်အခါ ဖူးကေးစေခိုင်းခဲ့သည့် ဗိသုကာတွေ၊ မွမ်းမံ
ခြယ်သသူတွေ၊ ပန်းဥယျာဉ်ဒီဇိုင်းသမားတွေကိုပင် ခေါ်ယူအသုံးပြုခဲ့သည်။ သို့သော် တဖက်တွင်၊
ဖူးကေး၏ အစွမ်းအစပြမှုတွေသည် သူနှင့် အဆင့်ချင်း မတိမ်းမယိမ်းရှိသူ တစ်ပါးသူတို့အတွက်
မနာလိုချင်စရာ ဖြစ်ခ့သ
ဲ ည်။ သူက ဘာကြောင့် သည်လောက်လုပ်နေရတာလဲ၊ ဘာကြောင့်ကော
လုပ်နိုင်နေတာလဲ စသဖြင့် လက်ညှိုးထိုးစရာ၊ မေးငေါ့စရာ၊ အပြစ်ရှာစရာ ဖြစ်ခဲ့သည်။ ပို၍ ဆိုး
သည်က သူတော်တာ တတ်တာ၊ ဖန်တီးနိုင်စွမ်း ရှိတာတွေ အလွန်အကျွံထုတ်ပြလိုက်သည့်အခါ
ရှင်ဘုရင်ပါ ပခုံးချင်းယှဉ်သလို၊ ထိပါး စော်ကားသလို အနေအထားမျိုး ရောက်သွားခြင်းဖြစ်သည်။
ဖူးကေးအစွမ်းပြတာ လွန်သွားပြီ။
နောက်တစ်နေ့တွင် ဖူးကေးအား ဘုရင့်သေနတ်ကိုင်တပ်ဖွ့မ
ှဲူး ဒါးတညံ (အလက်ဇန္ဒား
ဒူးမား၏ သူရဲကောင်း သုံးယောက်ဝတ္ထုတွင်ပါဝင်သူ)က လာရောက်ဖမ်းဆီးသည်။ နောက်သုံးလ
အကြာတွင် သူ့အား တိုင်းပြည်ဘဏ္ဍာငွေများ အလွဲသုံးစားလုပ်မှုဖြင့် ရုံးတင်သည်။ သုံးနှစ်ကြာ
အောင် စစ်ဆေးပြီးနောက် ထောင်ဒဏ်တစ်သက်ပြစ်ဒဏ် ချမှတ်ခြင်း ခံရသည်။ ပြင်သစ်ပြည်
46 
 

mmcybermedia.com

 

တောင်ဘက်ဖျား ပိုင်ရီးနီး တောင်တန်း များပေါ်ရှိ လူသူအကင်းဝေးဆုံး အကျဉ်းထောင်သို့
သူ့အားပို့ထားခဲ့သည်။

အကျဉ်းစံဘဝတွင်

အနှစ်နှစ်ဆယ်မျှကြာပြီးနောက်

နီကိုလတ်ဖူးကေး

ကွယ်လွန်သည်။
လူဝီ- ၁၄ ခေတ် ပြင်သစ်ပြည်သမိုင်းကို နှစ်ပေါင်း ၂၀ ကြာ လေ့လာပြုစုခဲ့သည့် ပြင်သစ်
စာရေးဆရာကြီး ဗော်လတဲယားက ဖူးကေးကျင်းပခဲ့သည့် ဧည့်ခံပွဲကြီးနှင့် စပ်လျဉ်း၍၊ ‘ညချမ်း
အစက ဖူးကေးသည် ကမ္ဘာမှာ ထိပ်ဖြစ်သည်။ ပွဲသိမ်းချိန်၌မူ အောက်ဆုံးသို့ သူရောက်ရှိသွား
လေသည်’ ဟူ၍ မှတ်ချက်ချ ရေးသားခဲ့ပေသည်။

[Beauty ၂၀၀၃၊ မေ]

47 
 

mmcybermedia.com

 

၂၁ ရာစုနှစ်ကြီး နှစ်ပေါင်း ၁၀၀ တည်ပါစေ

ဘာလိုလိုနှင့် ၂၁ရာစုထဲ တကယ်ရောက်တော့မည်။ ကျွန်တော်ငယ်စဉ်က ကမ္ဘာကြီး သည်
လောက်ကြာကြာ ခံလိမ့်မည်ဟု လုံးဝမထင်ခ့။ဲ နျူကလီးယားစစ်ကြီးဖြစ်ကာ ကမ္ဘာကြီး မကြာမီ
ပျက်စီးမည် ဟူ၍ပဲ ခေါင်းထဲစွဲနေခဲ့သည်။ ကမ္ဘာစစ်ကြီး ဖြစ်မည်။ နျူးကလီးယားဗုံးတွေ ကြဲချ
ကြမည်။ တစ်ကမ္ဘာလုံး သေမည်။ ငါလည်း ဘယ်လွတ်ပါ့မလဲ။ ကံဆိုးလေစွ။ လူသားမျိုး ပြုတ်ခါနီး
အချိန်ကျမှ ကပ်ပြီး လူလာဖြစ်ရတဲ့ငါ။ အဲသည်အတွေးက ကျွန်တော့်ခေါင်းထဲ နှစ်ပေါင်းများစွာ
ကြီးစိုးခဲ့သည်။ ဘာကြောင့်လဲ။
ကျွန်တော်တို့ လူမှန်းသိစ အရွယ်မှာ လူကြီးတွေ မကြာခဏ ပြောတတ်သည့် ကိုယ်တွေ့
ဖြစ်ရပ်များက၊ စစ်ကြီးတုန်းက အကြောင်း။ ကမ္ဘာတစ်လွှားက လူတွေသည် ဘာအတွက်မှန်း မသိ
တစ်ယောက်ကိုတစ်ယောက် အသည်းအသန် ကြိုးစားပမ်းစား သတ်ခြဲ့ ကသည်တ့။ဲ အင်္ဂလိပ် ဆို
တာ၊ ဂျပန်ဆိုတာတွေ တို့ဆီရောက်လာပြီး သတ်ကြ သေကြ။ တို့တွေလည်း ကြားက သေကြေ
ပျက်စီးကြ။
သတင်းစာလေး ဘာလေး ဖတ်တတ်လာတော့ ကြောက်ခမန်းလိလိ ကြားသိရသည်က
အဏုမြူဗုံးအကြောင်း၊ ဟီရိုရှီးမားအကြောင်း။ ဗုံးကြီးတစ်လုံးတည်းနဲ့ သေလိုက်ကြတဲ့လူတွေ။
သည့်နောက်မှာတော့ အဏုမြူဗုံး အကြီးစား ကြီးတွေ၊ဟိုက်ဒရိုဂျင်ဗုံး အကြီးစားကြီးတွေ မြေ
အောက်မှာ၊ ရေအောက်မှာ၊ လေထဲမှာ ဖောက်ခွဲစမ်းသပ် နေကြပုံ အကြောင်း။ အဲသည်နောက်
တိုက်ချင်းပစ် ဒုံးပျံကြီးတွေ၊ ဧရာမ ဗုံးကြဲလေယာဉ်ကြီးတွေ၊ သမုဒ္ဒရာ ရေအောက်မှာ တိတ်တ
ဆိတ် ရွေ့လျားနေသည့် နျူကလီးယား ဒုံးယာဉ်တင် ရေငုပ်သင်္ဘောကြီးတွေအကြောင်း။
လူတွေကဒါကြီးတွေနှင့် ဘာလုပ်ကြဦးမည်လဲ။
ဒါတွေနှင့် လုပ်မည့်အရာ တစ်ခုတည်းပဲ ရှိပါသည်။
သေကြသတ်ကြမည်ပေါ့။
အစဉ်အဆက် လူတွေလုပ်ခဲ့ကြတာတွေပဲကြည့်။
ပုံပြင်တွေထဲမှာ

ခုနစ်ပြည်ထောင်မင်းတွေ

အကြောင်းရင်းက များသော

စစ်ခင်းသည့်အကြောင်း

ဖတ်ဖူးကြမည်။

အားဖြင့် မင်းသမီးအခိုးခံရသည့်ကိစ္စဖြစ်တတ်သည်။ ဒါလောက်

ကလေးနဲ့တော့ မလုပ်ကြပါနဲ့ဗျာဟု ကျွန်တော် မတောင်းပန်ရဲပါ။ မင်းသမီးတစ်ယောက်လုံး အခိုး
48 
 

mmcybermedia.com

 

ခံရတာ စစ်မတိုက်ဘဲ ဒီအတိုင်း လက်ပိုက် ကြည့်နေရမလားကွဟု အဲသည်ခေတ်က ပုဂ္ဂိုလ်တွေ
ကျွန်တော့ကို ဖိဟောက်ပါလိမ့်မည်။ ဒီခေတ်ဆိုရင်ကော။ အတူတူပဲနေမည် ထင်ပါသည်။
ထားပါတော့ အကြောင်းရင်းက အကြောင်းမဟုတ်ပါ။ လူတွေသည် တစ်ကြောင်းမဟုတ်
တစ်ကြောင်းရှာကာ စစ်တိုက်လာကြသည်ပဲ။ ကျောက်ခေတ်တုန်းက ကျောက်တုံး ကျောက်ခဲနှင့်။
ဘယ်လောက်မှ ဉာဏ်မရှိသေးသည့် ကျောက်ခေတ်လူသားပင် သတ်ဖို့ဖြတ်ဖို့ အတွက်ကျတော့
သူ လုပ်တတ်သည်။ အသားကောင်းပေ့ ဆိုတဲ့ ကျောက်တုံးကို ထုထောင်း ဖဲ့ရွဲ့။ ချွန်ချွန် မြမြ
ကျောက်သား အကွဲအစရလျှင် မာမာကျောကျော သစ်ကိုင်းကျိုးမှာ နွယ်ကြိုးနှင့် နာနာချည်။
အဲဒါဆို တွေ့တ့အ
ဲ ကောင် အသေထိုးဖို့ လက်နက်ကောင်း တစ်ခုရပြီ။ ကျောက်တုံး၊ ကျေက်လှံ၊
ကျောက်ပုဆိန်တွေနှင့် ထုထောင်းခုတ်ထစ်ရာက နောက်တော့ ဓားလှံ၊ လေးမြား။
အဲသည်နောက် သေနတ်၊ စက်သေနတ်၊ အမြောက်၊ စက်အမြောက်။ တိုးတက်လာလိုက်
ကြတာတွေ။ တချို့က စစ်ကြောင့် တိုးတက်သည်ဟုပင် ဆိုကြသေးသည်။ အဲသည် တိုးတက်
လာတာတွေနှင့် တိုက်ကြ၊ ခိုက်ကြ၊ သတ်ကြ။ လူပေါ်ဦးစကတည်းက သည်ကနေ့အထိ။ ရှေးပဝေ
သဏီ ကာလတွေ အသာထား၊ ပြီးခဲ့သည့် နှစ်တစ်ရာ ကာလ၊ နှစ်ဆယ်ရာစု ထဲကိုပဲ ပြန်စာရင်း
ချကြည့်လျှင်။ သေးသေးမွှားမွှားတွေ ဖယ်ထား၊ ကြီးကြီးမားမားတွေပဲ ရွေးပြီးပြောလျှင်၊
- ၁၉ ရာစုအကုန် ၂၀ ရာစုအစ အာဖရိကမှာ ဘိုးဝါးစစ်ပွဲ (၁၈၉၉-၁၉၀၂) (ဗြိတိသျှနှင့် တောင်
အာဖရိက ဒတ်ခ်ျများ) အဲသည်နောက်၊
- ရုရှား- ဂျပန်စစ်ပွဲ (၁၉၀၄- ၅)
- ဘော်လကန်စစ်ပွဲများ ( ၁၉၁၂- ၁၃) ဥရောပအရှေ့တောင်ပိုင်း ဘောလကန်ကျွန်းဆွယ် ဒေသ
နိုင်ငံများ)
- ပထမကမ္ဘာစစ် (၁၉၁၄- ၁၈) (နိုင်ငံပေါင်းများစွာ)
- တရုတ်- ဂျပန်စစ်ပွဲ (၁၉၃၁- ၄၅)
- ဒုတိယကမ္ဘာစစ် (၁၉၃၉- ၄၅) (နိုင်ငံပေါင်းများစွာ)
- ကိုးရီးယားစစ်ပွဲ (၁၉၅၀- ၅၃) မြောက်ကိုးရီးယား + တရုတ် နှင့် တောင်ကိုးရီးယား +
အမေရိကန် ဦးဆောင်သော ကုလသမဂ္ဂတပ်)
- အင်ဒိုချိုင်းနားစစ်ပွဲ (၁၉၄၆- ၅၄) (ပြင်သစ်နှင့် ဗီယက်နမ်)
- ဗီယက်နမ်စစ်ပွဲ (၁၉၅၇- ၇၅ ) (အမေရိကန်နှင့် ဗီယက်နမ်)
49 
 

mmcybermedia.com

 

- အရှေ့အလယ်ပိုင်း စစ်ပွဲများ (၁၉၄၈- ၄၉) (၁၉၅၆) (၁၉၆၇) (၁၉၇၃) (၁၉၈၂) (အာရပ်နှင့်
အစ္စရေး)
- အီရန် - အီရတ်စစ်ပွဲ (၁၉၈၀- ၉၀)
- ဖော့ကလန်စစ်ပွဲ (၁၉၈၂) (ဗြိတိန်နှင့် အာဂျင်တီးနား)
- ပါရှန်ပင်လယ်ကွေ့စစ်ပွဲ (၁၉၉၁)

( အီရတ်နှင့် အမေရိကန်ဦးဆောင်သော ကုလသမဂ္ဂ

နိုင်ငံစုံတပ်)
- ယူဂိုဆလားဗီးယာနိုင်ငံ
ဒါက

ပြိုကွဲရာမှ

စစ်ပွဲကြီးကြီးမားမားတွေချည်း

ဖြစ်ပေါ်သည့်

စစ်ပွဲပေါင်းများစွာ

ရွေးချယ်ထားဖြင်းဖြစ်သည်။

(၁၉၉၀

ဒါတွေအပြင်

ခုနစ်များ)
တစ်နိုင်ငံနှင့်

တစ်နိုင်ငံအကြား ဖြစ်ပွားသည့် ရေတိုရေရှည် နယ်စပ်စစ်ပွဲတွေ၊ နိုင်ငံပေါင်းများစွာမှာ နှစ်တို
နှစ်ရှည် ဖြစ်ပွားသည့် ပြည်တွင်းစစ် အကြီးအသေးတွေ အားလုံးသာ ထည့်ပေါင်းရလျှင် စာရင်းက
ဆုံးမည်မထင်။
*1999 ဒီဇင်ဘာလက ရေးသားခြင်း ဖြစ်ပါသည်။
အဲသည်လို စစ်တွေ တရစပ်တိုက်နေတတ်သော လူသားလက်ထဲမှာ ကမ္ဘာကို အကြိမ်ပေါင်းများစွာ
ဖျက်ပစ်လိုက် နိုင်သည့် နျူကလီးယား လက်နက်တွေ ရောက်နေပြီ။ သည်လူတွေ ဒီလက်နက်ကြီးတွေ
မသုံးဘဲ ဘယ်လောက် ကြာကြာ နေနိုင်ကြမည်လဲ။ ကိုယ့်မှာ တကယ်တမ်း ဘေးကျပ်နံကျပ် ဖြစ်လာသည့်
အခါမျိုးမှာ သူသေကိုယ်သေဆိုပြီး ထချကာ တစ်ကမ္ဘာလုံးကို ဆွဲခေါ်သွားနိုင်သည်။ ပြီး တစ်ယောက်ကို
တစ်ယောက် ဒုံးပျံများစွာနှင့် ချိန်ရွယ်ကာ အမြန်ဆုံး ခလုတ်နှိပ်နိုင်ဖို့ အသင့်ပြင်ထားတာ၊ သူက လုပ်လာ
လျှင် စက္ကန့်မဆိုင်း လက်တုံ့ပြန်နိုင်ရန် အတွက် လေယာဉ်ပျံတွေပေါ်မှာ နျူကလီးယား ဗုံးကြီးတွေတင်ကာ
လေထဲ အလှည့်ကျ ပျံဝဲခိုင်းထားတာ၊ စသည့် စသည့် အစီအစဉ်တွေမှာ အတိမ်းအစောင်း တစ်စုံတစ်ရာ
ဖြစ်ကာ မတော်တဆ ဆိုသလိုလည်း စစ်ပွဲကြီး ထဖြစ်သွားနိုင်သည်။ အဲသည် အကြောင်းတွေကြောင့်
သည်ကမ္ဘာကြီးသည် သိပ်ကြာကြာ ခံလိမ့်မည်မဟုတ်။ အချိန်မရွေး ငါတို့ပါရောပြီး ကိစ္စချောမှာဟု ကျွန်
တော် သေချာနေခဲ့ခြင်းဖြစ်သည်။ သို့သော် ယခုတော့။
ကျွန်တော်ပင် အသက်တော်တော် ရချေပြီ။ ကမ္ဘာက မပျက်သေး။ နှစ်ပေါင်း ကုဋေကုဋာ နေလာ
ခဲ့သည့် ကမ္ဘာကြီး ကိုယ့်သက်တမ်း တိုတိုကလေး အတွင်းမှာမှ ပျက်မည်ထင်နေတာ ကျွန်တော်များ ဘဝင်
မြင့်၍လား။ အဏုမြူဗုံးက ဟီရိုးရှီးမားနှင့် နာဂါစကီမှာ ၁၉၄၅ ခုနှစ်က ပေါက်ကွဲခဲ့ပြီး ယခုနောက်ထပ် ဘယ်
မြို့ ဘယ်ရွာမှာမှ မပေါက်ကွဲသေး။ အမယ်၊ ပြန်စဉ်းစား ကြည့်လိုက်တော့ အရင်တုန်းက လူတွေ ကြောင့်ကြ
ကြနှင့် မကြာခဏပြောဆိုခဲ့ရသည့် တတိယ ကမ္ဘာစစ် ဆိုတာကြီးကလည်း ဘယ်ဆီပျောက်သွားမှန်း မသိ။
သည့်ကနေ့အထိ ပေါ်မလာ။ ပထမကမ္ဘာစစ် ၁၉၁၈ မှာပြီး၍ ၂၁ နှစ်အကြာ ၁၉၃၉ မှာ ဒုတိယကမ္ဘာစစ် ဖြစ်
သည်။ အဲသည်နှုန်းနှင့်တွက်လျှင် ဒုတိယကမ္ဘာစစ်ကြီး ၁၉၄၅ မှာပြီး၍ နှစ် ၂၀ လောက်အကြာ ၁၉၆၅- ၆၆
50 
 

mmcybermedia.com

 

လောက်မှာ တတိယကမ္ဘာစစ်ကြီး ဖြစ်ဖို့ရှိသည်။ တကယ်လည်း ဒုတိယကမ္ဘာစစ် အပြီးမှာပဲ တတ်နိုင်သည့်
နိုင်ငံ မှန်သမျှ အဏုမြူလက်နက်တွေ အလုအယက် ကြိုးစားထုတ်လုပ် ကိုင်ဆောင်ကာ တတိယ ကမ္ဘာစစ်
ကြီး တိုက်ဖို့ အသင့်ပြင်ဆင်ခြဲ့ ကသည် မဟုတ်လား။ သို့သော် ၅၄ နှစ်ကြာသည့်တိုင် ကမ္ဘာစစ်ကြီး ဖြစ်မ
လာ။ ဘာကြောင့်လဲ။
သည်ခေတ်ကျမှ လူတွေရုတ်တရက် သဘောကောင်းသွားကြသည်လား။ လူတွေမှာ အရင်တုန်း
ကထက် မေတ္တာတရားတွေ ပိုပြီးပေါများ ကြွယ်ဝလာကြလို့လား။ မဖြစ်နိုင်တာ။ လူ့သဘာဝဆိုတာ သည်
လောက် အပြောင်းအလဲမြန်သည့် အရာမျိုးမဟုတ်။ ဒါဖြင့် ဘာကြောင့်လဲ။ ကိုယ့်လက်နက် ကိုယ်ပြန်
ကြောက်လာတဲ့ အတွက်ကြောင့်လား။ အဲဒါလည်း အကြောင်းတစ်ချက်တော့ ဖြစ်လိမ့်မည်ထင်သည်။ ပြီး
လူတွေမှာ ရှေးကထက် မေတ္တာတရားတွေ ပိုများမလာသော်လည်း စဉ်းစားဉာဏ်၊ ဝေဖန်ဉာဏ်၊ တွက်တတ်
ချက်တတ်တဲ့ ဉာဏ်တွေကတော့ တစ်နေ့တခြား တိုးတက်လာနေသည်ဟု ထင်သည်။ ဒုတိယကမ္ဘာစစ်
နောက်ပိုင်း နှစ်ပေါင်း ၅၀ ကျော်ကာလအတွင်း လူတွေ စစ်မတိုက်သည်မှ မဟုတ်ဘဲ။ အမေရိကန်တွေရော
ရုရှားတွေပါ စစ်ပွဲအသေးလေးတွေ၊ အလတ်စားတွေ ပါဝင်ဆင်နွှဲခဲ့ကြသည်။ သို့သော်စစ်ကို အကန့်အသတ်
နှင့် (Limited war) တိုကြ် ကသည်။ အလုံးစုံသွန်မှောက်ပြီး (total war) မတိုက်။ အမေရိကန်တွေ ဗီယက်
နမ်မှ အရှုံးနှင့်ပိုင်းပြီး ပြန်လာသည်။ အဏုမြူဗုံးသုံးပြီး မတိုက်။
နိုင်ငံရေး စီးပွားရေးစနစ်ချင်း ယှဉ်ပြိုင်ရာမှာရှုံးသဖြင့် ဆိုဗီယက်ယူနီယံ အပြိုကွဲခံခဲ့သည်။ ရုရှားတွေ
အဏုမြူ လက်နက်သုံးပြီး အင်ပါယာကို ထိန်းသိမ်းဖို့ မကြိုးစားခဲ့။ ကိုယ်ရှုံးသည့်ကိစ္စ ဒေါသမထွက်ဘဲ နေ
ကြပ့ါမလား။ သည်လူတွေ အဲသည်လောက်တော့ သဘောမကောင်းနိုင်။ သို့သော် သဘောမကောင်း
သော်လည်း သဘောထားတော့ မသေးကြသည့်သဘော။ ဆင်ခြင်တုံတရား မကင်းလွတ်သည့်သဘော။
ဘာကြောင့်လဲ။ စစ်လက်နက်ပစ္စည်းကြီးတွေ ထုတ်လုပ်သုံးစွဲနေသည့် ကြားကပဲ သည်ဟာတွေကို ထိန်း
ချုပ်ကန့်သတ်ဖို့ပါ မပြတ်ကြံစည်ကြိုးစားသည့် အလေ့အကျင့် ရှိခဲ့ကြသောကြောင့် ဖြစ်သည်။
အဏုမြူဗုံး၊ ဟိုက်ဒရိုဂျင်ဗုံးတွေ လုပ်ကြသည်။ ဟေ့၊ ဒါပေမဲ့ နျူထရွန်ဗုံးတော့ မလုပ်ကြနဲ့ကွာ၊ တဲ့။
အဲသည်ကောင်က လူတွေသေသည်။ အဆောက်အအုံတွေမပျက်။ တင့်ကားထဲက စစ်သားသေမည်။ တင့်
ကား မပျက်။ သည်ဗုံးက ပိုပြီး လူမဆန်သော သဘောရှိသည်။ ပြီး သည်ဗုံးရှိလျှင် သုံးမိစရာ အကြောင်းများ
သည်။ ရန်သူ့နယ်မြေမှာ သည်ဗုံးကြဲပြီး ဝင်ရောက်သိမ်းပိုက်၍ ရနိုင်သည်။ ဒါကြောင့် ခင်ဗျားလည်း မလုပ်နဲ့၊
ကျုပ်လည်းမလုပ်နဲ့။
တိုက်ချင်းပစ်ဒုံးပျံကြီးတွေ လုပ်ထားကြသည်။ သို့သော် ဒုံးခွင်းဒုံးကောင်းကောင်းတွေ လုပ်ဖြစ်လျှင်
ရန်သူ့ထိုးနှက်မှုကို ကာကွယ်နိုင်မည် ထင်လာမည်။ သူသေပြီး ကိုယ်ကျန်ခဲ့မည် ထင်လာနိုင်သည်။ အဲဒါဆို
တစ်ဘက်လူနှင့် ထိပ်တိုက် ရင်ဆိုင်ချလိုက်ချင်သလို ဘာလိုလိုတွေ ဖြစ်လာမည်။ စစ်ပွဲချောက်ကမ်းပါးထဲ
လိမ့်ကျနိုင်သည့် အန္တရာယ်ကြီးမား လာမည်။ သည်ကနေ့အထိ စစ်မဖြစ်အောင် ထိန်းနိုင်ခဲ့ကြသည်က၊ စစ်
ဖြစ်လျှင် သူရောကိုယ်ပါ သေမှာသေချာသည် (Mutual Assured Destruction) (MAD) ဆိုတာကို ယုံ
ကြည်ထားသည့် အတွက်ကြောင့်။ အဲသည်လိုပဲ။

51 
 

mmcybermedia.com

 

ယမ်းဘီလူးကျည်ဆန်တွေ ဗုံးတွေသုံးကြ။ ဓာတုလက်နက် ပိုးမွှားလက်နက်တွေ မသုံးကြနဲ့။ နျူက
လီးယားလက်နက် ခင်ဗျားမှာရှိတာ၊ ကျွန်တော့်မှာရှိတာ ရှိပါစေ၊ သည်ထက်မတိုးချဲ့နဲ့။ ပြီးတော့ မရှိသေး
တဲ့သူတွေ ကို လုံးဝမပေးနဲ့၊ မပြန့်ပွားစေနဲ့။ သည်လိုပဲ။ လူတွေထိန်းတော့ ထိန်းသားပဲ။ တကယ်တော့ လူ
တွေမှာ `စစ်’ ပွဲသာရှိသည်မဟုတ်။ ငြိမ်းချမ်းရေး ဆိုတာလည်း ရှိပါသည်။ စစ်ပွဲကြီးတွေတိုက်ပြီး ခဏတစ်
ဖြုတ် အမောဖြေနေသည့် အချိန်လား။ ဒါမှမဟုတ် စစ်ကို တကယ်ကြောက်သွားသည့် အချိန်လား။ အဲသည်
အချိန်မျိုးမှာ ငြိမ်းချမ်းရေး၊ ချစ်ကြည်ရေးဆိုတာတွေလည်း လူတွေ တကယ် အားကြိုးမာန်တက် လုပ်တတ်
ကြပါသည်။
ရှေးဂရိမြို့ပြနိုင်ငံခေတ်ကတည်းက

ကုလသမဂ္ဂဆန်ဆန်

နိုင်ငံစုံအဖွဲ့အစည်းမျိုး

ထူထောင်ခဲ့ဖူး

သည်။ တစ်နိုင်ငံနှင့် တစ်နိုင်ငံ မလိုအပ်ဘဲ စစ်မတိုက်ကြနဲ့။ တော်ရုံကိစ္စညှိနှိုင်း ဖြေရှင်းကြ။ ပြီး၊ လေးနှစ်
တစ်ခါ တခြား ကိစ္စတွေ ပဋိပက္ခတွေ အသာထားပြီး အိုလံပစ်ပွဲမှာ လာယှဉ်ပြိုင်ကြ။ ခင်ဗျားလှံကြီးနဲ့ ဟိုလူ့
သည်လူ့မထိုးနဲ့။ ဘယ်လောက်ဝေးဝေး ရောက်အောင် ပစ်နိုင်မလဲ၊ ပြိုင်ပွဲထဲဝင်ပြီး ပစ်ကြည့်။ ထိုးချင်ကြိတ်
ချင် စိတ်တွေ ကြီးမားနေသလား။ လာ၊ ဟောသည်ကြိုးဝိုင်းထဲဝင်။ ခင်ဗျားလိုပဲ ထိုးချင်နေတဲ့ ဟိုလူနဲ့ ရေ
ကုန်ရေခမ်း ထိုးစမ်းဗျာ။ သည်လိုနည်းတွေနဲ့ စစ်စိတ်စစ်သွေးတွေကို လမ်းလွှဲပေးခဲ့ကြသည်။
ပြီး ရောမခေတ်၊ အလယ်ခေတ်နှင့် သည်ဘက်ရာစုနှစ်များ တစ်လျှောက်လုံး ဥရောပမှာ၊ ကမ္ဘာမှာ၊
စစ်မဖြစ်ဖို့ ငြိမ်းချမ်းဖို့ နည်းလမ်းတွေ ရှာခဲ့ကြသည်။ နိုင်ငံရေးတွေးခေါ်ရှင်များက စာအုပ်စာတမ်း၊ ကျမ်းတွေ
ရေးကာ ရေရှည်တည်တံ့သော ငြိမ်းချမ်းရေးအစီအစဉ်တွေ တင်ပြကြသည်။ ရှင်ဘုရင်များ၊ နိုင်ငံရေးခေါင်း
ဆောင်များ ပူးပေါင်းကာ နိုင်ငံတကာငြိမ်းချမ်းမှု ထိန်းသိမ်းရေး အဖွဲ့အစည်းတွေ အမည်အမျိုးမျိုး တပ်ကာ
ဖွဲ့စည်းခဲ့ သည်။ ခဏခံတာရှိသည်။ ခပ်ကြာကြာခံတာရှိသည်။ ၂၀ ရာစုထဲမှာတော့ ပထမကမ္ဘာစစ်အပြီးမှာ
နိုင်ငံပေါင်းချုပ်အသင်း၊ ဒုတိယကမ္ဘာစစ်အပြီးမှာ ကမ္ဘာ့ကုလသမဂ္ဂ။
နိုင်ငံပေါင်းချုပ်အသင်းကြီးကတော့ ကမ္ဘာကြီးငြိမ်းချမ်းအောင် ကြာရှည်ထိန်းမထားနိုင်ခဲ့။ ၁၉၃၀
ကျော်လောက်မှာပင် နာဇီဂျာမနီက အနီးအနားနိုင်ငံငယ်တချို့ကို စစ်ပွဲကြီးမဆင်နွဲဘဲ အင်အားသုံးပြီး သိမ်း
ပိုက်သည့် စစ်အေး (Cold War) ဆိုတာတွေပေါ်လာသည်။ အဲသည်နောက်မှာ တော့ ကမ္ဘာ့သမိုင်းမှာ အ
ကြီးမားဆုံး စစ်ပူကြီး ဒုတိယကမ္ဘာစစ်။ ကမ္ဘာ့ကုလသမဂ္ဂခေတ်မှာလည်း အရင်းရှင်အမေရိကန်အုပ်စုနှင့်
ကွန်မြူနစ် ရုရှားအုပ်စုအကြား စစ်အေး (Cold War) ဆိုတာကြီး ကြာရှည်ကြာမျော ဖြစ်သေးသည်။ သို့
သော် စစ်ပူအဆင့်အထိ ရောက်မလာ။ ရုရှားအုပ်စုဘက်မှာ နိုင်ငံရေး၊ စီးပွားရေးစနစ်တွေ ပြောင်းလဲသွား
သဖြင့် စစ်အေးတိုက်ပွဲ ပြီးဆုံးသွားသည်။ ကုလသမဂ္ဂပျက်မသွား။
ယခုတော့ ၂၀ ရာစုကုန်ဆုံးတော့မည်။
၂၁ ရာစုမှာ နျူကလီးယားစစ်ကြီးမဖြစ်အောင် ဘယ်လိုဆက်လက် တားဆီးကြမည်လဲ။ ၂၁ ရာစု
အဝင်မှာ တန်ခိုးရှင် တစ်ဦးဦးက ကမ္ဘာ့လူသားအားလုံးကို မေတ္တာစိတ်တွေ ဖြန့်ဝေပေးမည်လား။ ၂၁ ရာစု
ကမ္ဘာသည် မေတ္တာလွှမ်းခြုံသော ကမ္ဘာကြီး ဖြစ်လာမည်လား။ မေတ္တာတရားတွေဖြင့် ကမ္ဘာကြီး ငြိမ်းချမ်း
အောင် ထိန်းနိုင်ကြမည်လား။ ကျွန်တော် မထင်ပါ။ ရာစုနှစက
်ူးပြောင်းရုံဖြင့် လူတွေ၏ စရိုက်သဘာဝတွေ
52 
 

mmcybermedia.com

 

ပြောင်းလဲ သွားမည် မဟုတ်ပါ။ သို့သော် လူ့သမိုင်း ရှည်ကြာလာသည်နှင့်အမျှ လူတွေမှာ သင်ခန်းစာတွေ
ပိုများပြားလာသည်၊ အသိဉာဏ်ဗဟုသုတတွေ ကြွယ်ဝလာသည်၊ ပြဿနာအဖြေရှာသည့် နည်းစနစ်တွေ
လည်း ပိုမိုတိုးတက်လာသည်ဟု ကျွန်တော်ယုံကြည်သည်။
အဲသည် တိုးတက်လာသည့် အထဲမှာ၊ ကမ္ဘာမှာ သူရောကိုယ်ပါ သေမည့်စစ်ပွဲကြီးမျိုး မတိုက်
ဖြစ်အောင် ထိန်းသိမ်းမည့် နည်းစနစ်တွေ၊ အစီအမံတွေလည်း ပါလိမ့်မည်ဟု ကျွန်တော်မျှော်လင့်သည်။
အဲသည်နည်း စနစ်တွေ၊ အစီအမံတွေ၊ တိုးတက်လာသော ဆင်ခြင်ဉာဏ်တွေကြောင့် ကမ္ဘာသားတွေသည်
၂၁ ရာစုအတွင်း အငြိမ်းချမ်းကြီးမဟုတ်လျှင်ပင် စစ်ပူကြီးတွေ မဖြစ်အောင်တော့ ထိန်းနိုင်ကြလိမ့်မည်ဟု
ကျွန်တော် ထင်ပါသည်။
အဲဒါဆိုလျှင် ကျွန်တော်တို့တစ်တွေလည်း ကိုယ့်အကြောင်းကြောင့်မဟုတ်ဘဲ သူတစ်ပါးအကြောင်း
ကြောင့် အခြောက်တိုက် သေရသည့်ဘေးမှ ကင်းဝေးနိုင်ကြမည်ဖြစ်ပါသည်။

[မဟေသီ ၂၀၀၀၊ ဇန်နဝါရီ]

53 
 

mmcybermedia.com

 

သူတစ်ပါးကိုပဲ လက်ညှိုးထိုးချင်သူ
အောင်မြင်ခြင်း ရှုံးနိမ့်ခြင်းတို့သည် ကျွနုပ်တို့ကိုယ်၌သာ တည်၏။
(လောင်းဖဲလိုး)

တချို့လူက ပျင်းသည်။ တချို့လူက ဝီရိယကောင်းသည်။ ဝီရိယရှိ မရှိမှာ ပင်ကိုသဘော
ပါသလို မုဆိုးနားနီးမုဆိုး၊ တံငါနားနီး တံငါသဘောလည်း လွှမ်းမိုးသည်။ တချို့ဝန်းကျင်၌ ပေါ့ပေါ့
နေ ပေါ့ပေါ့စား သမားများသည်။ တချို့ဝန်းကျင်က ဝီရိယကောင်းသူတို့ စုဝေးရာ ဖြစ်သည်။ အ
လုပ်ကို တန်ဖိုးထားသော၊ အလုပ်လုပ်မှ အကျိုးခံစားရမည်ဟု ယုံကြည်သော၊ အလုပ်လုပ်ရခြင်း၌
မွေ့လျော်ပျော်ပိုက်သော သူတို့နေထိုင်ရာ ပတ်ဝန်းကျင်၌ ပင်ကိုပျင်းရိသူတို့ပင် တဖြည်းဖြည်း လုံ့
လ ထုတ်သောအကျင့် ရလာတတ်သည်။ အလုပ်ကို ဝန်ထုပ်ဝန်ပိုးဟု သဘောထားသူ၊ ဘာမှ မ
လုပ်ဘဲ ရသည့်အရာမှ တကယ်`တန်’သည်ဟု မှတ်ယူသူတို့ ဝန်းကျင်၌ ထကြွလုံ့လသမားသည်
လှောင်ပြောင်ရယ်မောစရာ၊ လောဘကြီးသူဟူ၍ ပြစ်တင်ရှုတ်ချစရာ ဖြစ်နေတတ်သည်။ သည်
ပတ်ဝန်းကျင်မျိုးမှာ အနေကြာသော် ပင်ကိုဝီရိယသမားသည် တစ်စတစ်စ လုံ့လလျော့သွား တတ်
သည်။
'အလုပ်' သို့မဟုတ် လုံ့လဝီရိယအပေါ် ထားရှိသည့် သဘောထားချင်း မတူသော ပတ်ဝန်း
ကျင် နှစ်ခု အကြောင်းကြောင်းကြောင့် ဆုံစည်းမိသည့်အခါ တစ်ယောက်ကိုတစ်ယောက် နားမ
လည် နိုင်စရာအကြောင်းမျိုး ကြုံရတတ်သည်။ Who prosper? စာအုပ်ရေးသားသူ Lawrence
E.Harrison ကတစ်ခါတုန်းက ကော်စတာရီကာနိုင်ငံမှ အဖြစ်အပျက်ကလေးတစ်ခုကို ပြန်၍
ဖောက်သည်ချသည်။ ကော်စတာရီကာ(Costa Rica)ဆိုသည်မှာ တောင်-မြောက် အမေရိက
နှစ်တိုက်ကြား အလယ်ပိုင်း အမေရိကဟု ခေါ်သော နေရာမှာ ရှိသည့် မချမ်းသာသော တိုင်းပြည်
ကလေး တစ်ခုဖြစ်သည်။ အဲသည် ကော်စတာရီကာသို့ ထိုင်ဝမ်မှ တရုတ်စိုက်ပျိုးရေးပါရဂူ အဖွဲ့
တစ်ဖွဲ့ ရောက်ရှိကာ အထူးအထွက်တိုး စပါးစိုက်ခင်းတစ်ခင်း သရုပ်ပြစိုက်ပျိုးကြသည်။ စိုက်ခင်း
အလုပ်များ ပြည့်စုံပီပြင်ပြီ ဆိုသည့်အခါ ကော်စတာရီကာ လယ်သမားများအား လာရောက် လေ့
လာရန် ဖိတ်ခေါ်သည်။ သည်လူတွေက စိုက်ခင်းကို လှည့်လည်ကြည့်ရှုပြီး သဘောကျကြသည်။
စပါးတွေက အောင်မြင်လှသည်။ သူတို့ဆီက ပုံမှန်နှုန်းထားနှင့် နှိုင်းစာလျှင် အဆမတန် အထွက်
ကောင်းလှသည်။ အားကျစရာ။

54 
 

mmcybermedia.com

 

သို့သော် လေ့လာသူများထဲမှ တစ်ယောက်က တရုတ်စိုက်ပျိုးရေး သမားအား မေးသည်။
ခင်ဗျားတို့ တစ်ရက်မှာ ဘယ်နှနာရီ အလုပ်လုပ်ရသလဲဟူ၍။ တရုတ်လယ်သမားက သူတို့တစ်နေ့
မှာ ၁၂ နာရီအလုပ်လုပ်ကြောင်း ဖြေသည့်အခါ ကော်စတာရီကာ လယ်သမားက လှောင်သလို
ပြုံးကာ၊ 'ဟား၊ အဲဒီလောက် လုပ်မှတော့ အဲဒီလောက် ထွက်တော့မှာပေါ့ဗျ' ဟုဆိုသည် တဲ့။ မှန်
သည်။ သူတို့ဆီက သည်လိုမှတ်ချက်မျိုး ထွက်လာတာ ဘာမျှအံ့သြစရာမရှိ။ သူက တရုတ်တွေမှာ
ဘယ်လို ထူးဆန်းအံ့သြဖွယ် နည်းလမ်းတွေ ရှိသလဲ သိချင်၍ လာကြည့်ခြင်း ဖြစ်သည်။ သည်
လောက် လုပ်ပြီးမှရတာကတော့ ဘာလုပ်ရမှာလဲဟု သူ သဘောထားသည်။ သူကအလုပ်များများ
လုပ်ချင်သူမဟုတ်။ ခပ်ချောင်ချောင် အောင်မြင်မည့် နည်းလမ်းရှိသလား။
အဲဒါဆိုလျှင် သူစိတ်ဝင်စားမည်။ သို့သော်လောကကြီးမှာ အချောင်ရသောအရာ ရှားပါးလှ
သည်။ ထူးခြားထိရောက်သည့် နည်းလမ်းတွေ၊ ခေတ်မီဆန်းသစ်သော နည်းပညာတွေ ဆိုတာက
လည်း တန်ခိုးဣဒ္ဓိပါဒ်တွေမဟုတ်။ လိုတရဆုတွေမဟုတ်။ အထောက်အကူပြုသောအရာ၊ နဂို
ထက်ပို၍ တစ်ပန်းသာစေသော အရာများသာဖြစ်သည်။ သူတို့ကိုသုံးပြီး အလုပ်လုပ်ဖို့တော့ လို
သေးသည်။
လောက၌ တိုးတက်ကြီးပွား နေသူတွေသည် နည်းနာလည်းသိ၊ ဝီရိယလည်း ရှိသူတွေ
ဖြစ်သည်။ တချို့က နည်းလမ်းလည်း မရှာ၊ ကြိုးလည်း မကြိုးစား၊ သူတစ်ပါး ကြီးပွားသည့်အခါ
အမနာပ ပြောကြသည်။ ကိုယ်မကြီးပွားသည့်ကိစ္စအတွက် ကံကိုယိုးမယ်ဖြွဲ့ ကသည်။ တချို့ကျ
တော့လည်း ကိစ္စတစ်ခု မဖြစ်မြောက်လျှင် အဲဒါဘာကြောင့်လဲ မစဉ်းစား၊ အကြောင်းရင်းမှန်ကို
ဖော်ထုတ်ဖို့ မကြိုးစား၊ နီးရာလူကို လက်ညှိုးထိုးကာ အပြစ်ပုံချတတ်သည်။ သည်လိုလွှဲချသော
နည်းဖြင့် ပြဿနာပြေလည် မသွားနိုင်။ မအောင်မြင်ရခြင်း အကြောင်းရင်းမှန်ကို ရှာမတွေ့နိုင်။
မကုစား၊ မဖြေရှင်းနိုင်။ အဲသည်ကိစ္စမှ ဘာသင်ခန်းစာမျှ မရလိုက်သည့်အခါ နောက်တစ်ကြိမ် အ
လားတူ ကိစ္စမျိုး ကြုံလာလျှင်လည်း ဖြစ်မြောက်အောင် ဆောင်ရွက်နိုင်ဦးမည် မဟုတ်။ ကြီးပွား
တိုးတက်ရန် ရေခံမြေခံကောင်း ရှိပါလျက် ကိုယ်လွတ်ရုန်းတတ်သော ဓလေ့စရိုက်များသည်လည်း
အရေးကြီးသော အကြောင်းရင်းတစ်ရပ် ဖြစ်နေတတ်သည်။ ဖွံ့ဖြိုးတိုးတက်ရေး အကြံပေး ပုဂ္ဂိုလ်
Michael Fairbanks က Changing the Mind of Nation အမည်ရှိ စာတမ်းတွင် ကိုလံဘီယာ
ပြည်မှ အတွေ့အကြုံတစ်ရပ်ကို နမူနာအဖြစ် ပြသည်။
တောင်အမေရိကတိုက် မြောက်ဖျားရှိ ကိုလံဘီယာပြည်တွင် နိုင်ငံ့နယ်မြေ၏ သုံးပုံတစ်ပုံ
နီးပါးခန့်သည် သဘာဝစားကျက် မြက်ခင်းကြီးများ သဖွယ်ဖြစ်ရာ ကျွဲ၊ နွား၊ သိုး၊ ဆိတ်များ အလွယ်
တကူ ဖြစ်ထွန်းသည်။ တိရစ္ဆာန်တွေပေါလျှင် တိရစ္ဆာန်သားရေများလည်း ပေါများသည်ဖြစ်ရာ ပိုက်
ဆံအိတ်၊ လက်ကိုင်အိတ် စသည့် သားရေထည်ပစ္စည်းများ ပြုလုပ်ပြီး ကမ္ဘာ့ဈေးကွက်သို့ တင်ပို့
55 
 

mmcybermedia.com

 

နိုင်က အကြီးအကျယ် အကျိုးအမြတ်ရစရာ အကြောင်းရှိ၏။ သို့သော် ကိုလံဘီယာ၏ သားရေ
ထည်လုပ်ငန်းသည် အခြေအနေမကောင်း၊ ကမ္ဘာ့ဈေးကွက်သို့ တိုးမပေါက်နိုင် ဖြစ်နေသည်။ သူတို့
တိုင်းပြည်၏ အထက်ဘက် သိပ်မဝေးသောနေရာတွင် အရေးကြီးသည့် သားရေထည် ဈေးကွက်
ကြီး တစ်ခု ရှိနေသည်။ အမေရိကန် ဈေးကွက်။ သည်ဈေးကွက်ကို ထိုးဖောက်နိုင်လျှင် ကမ္ဘာအနှံ့
ဖြန့်ကျက်ဖို့ ဘာမှမခဲယဉ်းတော့။ သို့သော် သည်ဈေးကွက်မှာ သူတို့သားရေထည်တွေ နာမည်မရ။
လူသုံး အလွန်နည်းနေသည်။ သို့နှင့် ကိုလံဘီယာ သားရေပစ္စည်းတွေ ဈေးကွက်မှာ ဘာကြောင့် မ
အောင်မြင်ရသလဲ စူးစမ်းလေ့လာ အဖြေရှာကာ ပြုပြင်ရန်နည်းလမ်းများ အကြံပြုတင်ပြရန်အတွက်
သည်လိုကိစ္စမျိုးဘက်တွင် ကျွမ်းကျင်သည့် ကုမ္ပဏီတစ်ခုကို ငှားရမ်းအပ်နှံသည်။
ကုမ္ပဏီသည် အမေရိကန်ပြည်အနှံ့ရှိ သားရေပစ္စည်း လက်လီဆိုင် ၂၀၀၀ ခန့်မှ ပုဂ္ဂိုလ်များ
နှင့် လည်းကောင်း၊ နယူးယောက်မြို့သို့လာရောက်သည့် နိုင်ငံတကာမှ သားရေပစ္စည်း အဝယ်
တော်များ နှင့်လည်းကောင်း တွေ့ဆုံမေးမြန်းသည်။ ထိုနောက်ကြားသိရသည့် အချက်အလက်များ
ကို အနှစ်ချုပ် ထုတ်ကြည့်သည့်အခါ အဓိကအချက် နှစ်ချက် ထွက်လာသည်။ တစ်၊ ကိုလံဘီယာ
သားရေ ပစ္စည်းများ ဈေးအလွန်ကြီးသည်။ နှစ်၊ ကိုလံဘီယာ သားရေပစ္စည်းများ အရည်အသွေး
အလွန်ညံ့သည်။ သို့နှင့် ကုမ္ပဏီမှ လူများသည် ကိုလံဘီယာနိုင်ငံသို့ သွားရောက်ကာ သားရေ
ထည်ပစ္စည်း ထုတ်လုပ်သူများအား သူတို့ပစ္စည်းတွေ ဘာကြောင့် အရည်အသွေးညံ့ရသလဲ၊ ဘာ
ကြောင့် စံချိန်မမီသည့် ပစ္စည်းများကို ဈေးအလွန်အကျွံ တင်ထားရသလဲ မေးမြန်းသည်။ အဖြေက
ချက်ချင်းထွက်သည်။ 'ကျွန်တော်တို့အပြစ်မဟုတ်ဘူးဗျ' တဲ့။ ပစ္စည်းထုတ်လုပ်သူများက ဆိုသည်။
သည်ကိစ္စသည် သားရေစက်ရုံ သမားများကြောင့် ဖြစ်ရကြောင်း သူတို့က ထောက်ပြကြ
သည်။ သူတို့တောင်အမေရိက ထဲတွင် သားရေကုန်ကြမ်း များများထွက်သည့် အာဂျင်တီးနား ရှိ
သည်။ ပစ္စည်းအရည်အသွေးလည်း မြင့်သည်။ သို့သော် အာဂျင်တီးနား သားရေကြောင့် သူတို့
ကိုလံဘီယာ သားရေသမားများ မထိခိုက်ရအောင် အစိုးရက သားရေသွင်းကုန်ကို အခွန်အတုတ်
တိုးမြှင့် ကောက်ခံသောနည်းဖြင့် ကာကွယ်ပေးထားသည်။ အဲဒါကြောင့်သူတို့မှာ သားရေညံ့ညံ့ကို
ဈေးကြီးပေးပြီး သုံးစွဲနေရသည်ဟု ဆိုသည်။ သို့နှင့်သားရေစက်ရုံသမားများထံ ဆက်လိုက်ကြ
သည်။
သားရေတွေ ညံ့ရခြင်းအကြောင်းရင်းကို မေးသည့်အခါ စက်ရုံသမားတွေက အေးအေး
ဆေးဆေး ပဲဖြေသည်။ ‘ကျွန်တော်တို့အပြစ် မဟုတ်ဘူးဗျ၊ သားသတ်ရုံကလူတွေကြောင့်ဖြစ်ရတာ၊
သူတို့ ပေးတဲ့သားရေတွေကိုက အရည်အသွေး ညံ့တယ်လေဗျာ၊ အသားက ဈေးကောင်းရတယ်
မဟုတ်လား၊ အဲဒီတော့ သားရေခွာတဲ့ကိစ္စမှာ သိပ်အပင်ပန်းခံ မနေကြဘူး၊ ပျက်စီးတာဘာညာ
သိပ်ဂရုမစိုက်ကြဘူး’ သို့နှင့် သားသတ်ရုံတွေဆီ ဆက်သွား ကြပြန်သည်။
56 
 

mmcybermedia.com

 

စောစောက မေးခွန်းမေးတော့ စောစောကလူများလိုပဲ ဖြေသည်။ ကျွန်တော်တို့ အပြစ်
မဟုတ်ဘူး၊ နွားခြံပိုင်ရှင် တွေကြောင့် ဖြစ်တာတဲ့။
နွားခြံသမားတို့ ထုံးစံက နွားတွေမှာ အသားတံဆိပ် နှိပ်လေ့ရှိကြသည်။ ပိုင်ရှင်အမည်
အတိုကောက်၊ ခြံအမည် အတိုကောက် သို့မဟုတ် ခြံ၏အမှတ်သင်္ကေတကို သံတံဆိပ်တုံးလုပ်ပြီး
ရဲနေအောင်မီးဖုတ်ကာ နွားအရေပြားမှာ နှိပ်သည့်အခါ အရေပြား၌ထင်ရှားသော မီးလောင်ရာ အ
မှတ်တံဆိပ် ထင်သွားသည်။ သူ့နွား ကိုယ့်နွားကို သည်အမှတ် တံဆိပ်ဖြင့် ခွဲခြားရသည်။ ကိုလံ
ဘီယာတွင် နွားခိုးဂိုဏ်းတွေ သောင်းကျန်းနေပြီး နွားသူခိုးတွေက အမှတ်တံဆိပ်တွေ ဖျက်ကြ၊
ပြင်ကြ၊ တံဆိပ်ဟောင်းကို ဖုံးသွားအောင် တံဆိပ်သစ်ကြီးတွေ ရိုက်ကြနှင့် လုပ်လာသည့် အခါ
ပိုင်ရှင်တွေက တံဆိပ်ကို တစ်နေရာတည်းမရိုက်၊ နှစ်နေရာ သုံးနေရာ ရိုက်ကြသည်။ တံဆိပ်များ
သည့်အခါ အရေပြားပျက်ဆီးလေသည်။
ကိုင်း၊ ဒါဖြင့် နွားခြံတွေဆီ သွားရအောင်။ သူတို့ကနောက်ဆုံးကွင်းဆက် သို့မဟုတ် ပထမ
ဆုံး ကွင်းဆက်ပဲ။ အဲသည်မှာ အဖြေပေါ်မည်။ နွားခြံတွေဆီ ရောက်တော့၊ ဟာ သည်မှာလည်း
ကိစ္စ မပြတ်သေး။ အဲဒါ ကျွန်တော်တို့အပြစ် မဟုတ်ဘူးလို့ပဲ ဆိုပြန်သည်။ ဒါဖြင့်ဘယ်သူ့ အပြစ်
တုန်း၊ အပြစ်တင်စရာ ဘယ်သူကျန်သေးလို့တုန်း။ ကျန်သေးသည်တ့။ဲ တရားခံစစ်စစ်က သူတို့
နောက်မှာ ရှိသေးသည်။ ‘နွားတွေဗျာ၊ နွားတွေကိုက အသုံးမကျတာ’ တဲ့။ ဟာ၊ နွားတွေက ဘယ်
လို အသုံးမကျဖြစ်ရတာတုန်း။
သူတို့က ရှင်းပြပါသည်။ ကွင်းပြင်ထဲက နွားတွေကို မှက်ကိုက်သည်။ နွားပဲ မှက်ကိုက်တာ၊
ဖြုတ်ကိုက်တာ ရှိမည်ပေါ့။ သဘာဝပဲ။ သို့သော် သည်နွားတွေဆိုးပုံက မှက်ကိုက်လို့ယားလျှင် နွား
ခြံ နယ်နိမိတ် သံဆူးကြိုးမှာ တိုးတိုက်ပြီး အယား ဖျောက်ကြခြင်း ဖြစ်သည်တ့။ဲ သံဆူးကြိုးကို တိုး
တော့ အရေပြားမှာ ခြစ်ရာတွေ ပေါ်သည်ပေါ့။ သည်အကောင်တွေ သည်အကျင့် မဖျောက် သရွေ့
တော့ နွားသားရေတွေ အနာအဆာ ကင်းနိုင်မည် မဟုတ်တ့။ဲ လမ်းကဆုံးသွားပြီ။ ကိုလံဘီယာက
သားရေအိတ်တွေ နိုင်ငံခြားဈေးကွက်မှာ မဝင်ဆံ့ရခြင်းသည် ဘယ်ပုဂ္ဂိုလ် တစ်ဦးတစ်ယောက်၏
ချို့ယွင်းချက်ကြောင့်မှမဟုတ်၊ ကိုလံဘီယာ နွားတွေကိုယ်တိုင်က တုံးလွန်းသောကြောင့်သာ ဖြစ်
နေသည်။ သည်နွားတွေ စဉ်းစားဉာဏ်ရှိလာအောင် ဘယ်လိုလုပ်ကြမည်လဲ။ သည်ကိစ္စ ဘယ်သူမျှ
ဝင်ရောက်ဖြေရှင်းပေးနိုင်မည် မဟုတ်ပါ။
ကိုယ့်ကိုကိုယ် မကယ်ဆယ်သောသူအား မည်သူမျှ ကယ်ဆယ်(ကူညီ)နိုင်လိမ့်မည်မဟုတ်
ဟူသော စကားရှိသည်။ ပြဿနာကို ရှောင်တိမ်းနေခြင်းသည် ကိုယ့်ကိုကိုယ် မကယ်ဆယ်ခြင်း
ဖြစ်သည်။ တစ်နည်းဆိုရသော် မိမိအကျိုးစီးပွားကို မိမိမျက်ကွယ်ပြုခြင်း ဖြစ်သည်။ မိမိကောင်းကျိုး
ကို အလေးထားသူမှန်က ကိုယ်ကြုံရသည့် ပြဿနာကို ရဲရဲ ကြည့်ကာ အဖြေရှာဖို့ လိုပေမည်။ အ
57 
 

 

mmcybermedia.com

ကြောင်းရင်းမှန်က ဘာလဲ၊ ငါဘယ်လို ဖြေရှင်းမည်လဲ စဉ်းစားရှာဖွေကာ လုပ်သင့် လုပ်ထိုက်သမျှ
ကို အားထုတ်ဆောင်ရွက်မှသာ အောင်မြင်နိုင်မည် ဖြစ်ပါသည်။

[Beauty ၂၀၀၃၊ ဧပြီ]

58 
 

mmcybermedia.com

 

ဘာကိုယုံကြည်ကြမည်လဲ
တလောက တိုင်း(မ)(Time) မဂ္ဂဇင်း အသစ်တစ်အုပ် ထွက်လာတော့ အဖုံးက အရင်
မြင်ဖူးပြီးသား အဖုံးတစ်ခုနှင့် တစ်ဆင်တည်းဖြစ်နေတာ တွေ့ရသည်။ နံနက်စာ ပြင်ထားသည့်
ပန်းကန်ပြား တစ်ချပ်၏ ပုံ။ ပန်းကန်ပြားထဲမှာ ကြက်ဥ ဟတ်ဖရိုင်း နှစ်လုံးနှင့် သစ်သီးစိတ် တစ်
စိတ်ကို ထည့်ထားသည့်ပုံက ပြုံးနေသော ကာတွန်းရုပ် မျက်နှာနှင့်တူသည်။ ဟတ်ဖရိုင်းနှစ်ခုက
မျက်လုံး၊ သစ်သီးစိတ်က အားရပါးရပြုံးနေသည် နှုတ်ခမ်း။ ပုံအောက်မှာ ရေးထားသည့်စာလုံးကြီး
က Cholesterol တဲ့။ သူ့အောက်တွင် စားလုံးသေးနှင့် The Good News ဟု ရေးထားသည်။
‘ကိုလက်စထရော အကြောင်း သတင်းကောင်း’ ဆိုပါစို့။
၁၉၉၉ ခု၊ စက်တင်ဘာ ၆ရက်ထုတ် တိုင်း(မ)မဂ္ဂဇင်းက ကိုလက်စထရော အကြောင်းကို
မျက်နှာဖုံးဆောင်းပါးအဖြစ် ဖော်ပြထားခြင်းဖြစ်သည်။ ဟုတ်သည်။ အရင် ကျွန်တော်မြင်ဖူးသည့်
ဆင်တူအဖုံးကလည်း ကိုလက်စထရောကို မျက်နှာဖုံးတင်ထားသည့် တိုင်း(မ)မဂ္ဂဇင်းပဲ။ လေးငါး
နှစ်လား၊ အလွန်ဆုံး ဆယ်နှစ်လား။ သိပ်အကြာကြီးထဲက မဟုတ်ဟု အောက်မေ့သည်။ မနေနိုင်
သဖြင့် စာအုပ်ပုံတွေ ကြားထဲလိုက်ရှာတော့၊ တွေ့ပါပြီ။ ကိုလက်စထရော မျက်နှာဖုံးဆောင်းပါးပါပဲ။
ကျွန်တော်ထင်တာထက်တော့ ကြာသွားပြီ။ လွန်ခဲ့သော ၁၅ နှစ်ကျော်ကာလ ၁၉၈၄ ခု၊ မတ်လ
၂၆ ရက်က။
သရုပ်ဖော်ပုံက မတူဘဲနေလေမည်လား။ သည်ပန်းကန်ပြား၊ သည်ဟတ်ဖရိုင်းနှစ်လုံးပဲ။
သရုပ်ဖော် ဓာတ်ပုံဆရာကလည်း သည်ပုဂ္ဂိုလ်ပဲ။ အောက်ဘက်ရှိ သစ်သီးစိတ်နေရာမှာသာ အ
သားကင် တစ်မြှောင်းက မဲ့နေသည့် ပါးစပ်ပုံ ခုံးကွေးကွေးလေး။ ပြီး Cholesterol ဆိုသည့် စာလုံး
ကြီးအောက်မှာ စာလုံးသေးသေးနှင့် ရေးထားသည်က And Now the Bad News တဲ့။ ‘ကိုလက်
စထရောအကြောင်း မကောင်းသတင်းများ’ ပေါ့။ တိုင်း(မ)မဂ္ဂဇင်းထဲမှာပဲ အကြောင်းအရာ တစ်ခု
တည်းကို မနေ့ကတစ်မျိုး သည်ကနေ့တစ်မျိုး ရေးနေသည့်သဘောဖြစ်သည်။ ဘာကြောင့် သည်
လိုဖြစ်ရသလဲ။
သုတေသနသမားတို့၏ တွေ့ရှိချက်တွေက ပြောင်းလာသဖြင့် စာနယ်ဇင်းသမားကလည်း
အဲသည်အတိုင်း လိုက်ပြောင်းပြီး တင်ပြနေရခြင်း ဖြစ်သည်။ တစ်နည်း ဆိုရသော် ‘ပြောင်းသွား ပြန်
ပြီဗျ’ ဟု တိုင်း(မ)မဂ္ဂဇင်းက မှတ်ချက်ချလိုက်ခြင်း ဖြစ်သည်။ သည်သုတေသနတွေက ပေါ့တိပေါ့
ဆ သုတေသနတွေတော့ လုံးဝမဟုတ်။
59 
 

mmcybermedia.com

 

အရင် ၁၅ နှစ်ကျော်က တိုင်း(မ)မဂ္ဂဇင်းဆောင်းပါးသည် ဆေးပညာသမိုင်းတစ်လျှောက်
ငွေကုန်ကြေးကျအများဆုံး (ဒေါ်လာသန်း ၁၅၀) နှင့် အကျယ်ပြန့်ဆုံး သုတေသနပြုချက်မှ ထွက်
ပေါ် လာသည့် ရလဒ်များကို အခြေခံ၍ ရေးထားခြင်း ဖြစ်သည်ဟုဆိုပြီး၊ ယင်းနှင့် အချက်အလက်
များစွာတွင် ဆန့်ကျင်ကွဲလွဲလာသည့် ၁၉၉၉ စက်တင်ဘာ ဆောင်းပါးသည်လည်း လက်ရှိ အ
နောက်ကမ္ဘာ ဆေးပညာလောကမှာ အများလေးစားသိမှတ်ခံရသည့် သုတေသီ များစွာတို့၏ နှစ်
ရှည်လများ လေ့လာစူးစမ်းချက်များပေါ်တွင် အခြေထားတာ ဖြစ်နေသည်။
နှစ်ပုဒ်လုံး မျက်နှာဖုံး ဆောင်းပါးကြီးတွေဖြစ်ရာ ပြည့်စုံအောင် နှိုင်းယှဉ်ပြနေလျှင် ရှည်လျား
လိမ့်မည်။ ဆောင်းပါး ခေါင်းစဉ်များထဲတွင် ဖော်ပြထားသည့် အထင်ရှားဆုံး အချက်တစ်ခုကိုပဲ
ထုတ်ပြတော့မည်။ ကြက်ဥကိစ္စ။ ကြက်ဥတွေမှာ ကိုလက်စထရောတွေ အများကြီးပါနေတယ်။ အဲ
ဒါတွေကြောင့် နှလုံးသွေးကြောပိတ်မယ်။ အသက် သေနိုင်တယ်။ ကြက်ဥကို သတိထား။ တတ်နိုင်
သမျှမစားနဲ့တ့။ဲ ပထမဆောင်းပါးက ဆိုသည်။ ဒုတိယ ဆောင်းပါး ကျတော့၊ ကြက်ဥနဲ့ပတ်သက်ပြီး
ခင်ဗျားတို့ အရင်က မှတ်သားထားတာတွေ အားလုံး မေ့ပစ်လိုက်ကြတော့တ့။ဲ သူ့မှာ ကိုလက်စထ
ရောတွေပါတာ မှန်တယ်၊ ဒါပေမဲ့ ကိုလက်စထရော စားတိုင်းလည်း အန္တရာယ်မဖြစ်နိုင်ဘူးတဲ့။ အ
ရင်ကမစားနဲ့၊ အခုစား။
၁၅ နှစ်လုံးလုံး ကြက်ဥကြိုက်ပါလျက် ကြောက်လို့ရှောင်ခ့တ
ဲ့ဲ သူတွေမှာ နစ်နာလိုက်တာ။
အခုကျမှ ကမန်းကတန်းနဲ့ အတိုးချပြီး ပြန်စားမယ်ဆိုရင်လည်း၊ အင်း နောက် ၁၅ နှစ်ကြာတဲ့အခါ
စောစောကဟာတွေ မှားသွားပြန်ပြီ။ ကြက်ဥမစားတာ မှန်တယ်၊ စားတာ အန္တရာယ်လို့ အသစ်
တစ်ဖန် ပြန်လည်တွေ့ရှိ လာခဲ့သည်ရှိသော် ပြဿနာ။ သမိုင်းကြောင်း ကြည့်တော့လည်း သိပ္ပံ
ပညာ အစရှိသည့် လူ့ယဉ်ကျေးမှုစနစ်ကြီး တိုးတက်လာသည်မှာ အထင်အရှား။ သို့သော် တောက်
လျှောက် အဖြောင့်အတိုင်း တက်သွားတာ မဟုတ်ဘဲ တချို့လူများပြောသလို ကြောင်လိမ် လှေ
ကား သဖွယ် တစ်ရစ်ပြီးတစ်ရစ် တက်သည်လား။ ကြောင်လိမ်လှေကားကလည်း တစ်ခါတစ်လေ
အပေါ်မတက်ဘဲ တစ်နေရာတည်း ပတ်ချာလည်လိုက်၊ နိမ့်လိုက်မြင့်လိုက် ဖြစ်နေတတ်သည်လား။
ထားပါတော့၊ ကိုယ် အလှမ်းမမီတာတွေ။
သုတေသနသမားတွေကို

ကပျက်ကချော်

ပြောသည်တော့

မဟုတ်ပါ။

သို့သော်

သူတို့ကလည်း နေ့တစ်မျိုး ညတစ်မျိုး အမျိုးမျိုးတွေ တွေ့ရှိနေကြသည်။ တလောကကြည့်ပါလား။
သတင်းစာမှာ သုတေသန သတင်းတစ်ပုဒ်ပါလာသည်။ လူမှုဆက်ဆံရေးအရ မိတ်ဖြစ်ဆွေဖြစ် အ
ရက်သောက်ကြသူများတွင် အရက်ကြောင့် အသည်းကို မထိခိုက်ရုံမက အသည်း ကျန်းမာရေး
အတွက်ပင် အထောက်အကူပြုနိုင် လိမ့်ဦးမည်တ့။ဲ အရက် သောက်သုံးသူများအတွက် ဧရာမ ဝမ်း
မြောက်ဖွယ် တွေ့ရှိချက်ကြီးတစ်ရပ် ဖြစ်သည်။ ဆေးဖြစ်ဝါးဖြစ်ဆိုတာ မှန်သည်ပေါ့။ သုတေသီက
60 
 

mmcybermedia.com

 

အခြောက်တိုက် ပြောခြင်း မဟုတ်။ ဓာတ်ခွဲခန်းတွင် ကြွက်များအား အရက်မှန်မှန် တိုက်ပေး
ကြည့်ရာ မူလက ပျက်စီးနေသော ၎င်းတို့၏အသည်းများ ပြန်ကောင်းလာတာ တွေ့ရှိရသည်တ့။ဲ
သူက အထောက်အထားဖြင့် ဆိုသည်။ အရက်ကြောင့် အသည်းထိခိုက်သည်ဟု အရင်က ကျွန်
တော်တို့ မှတ်ထားခဲ့ကြသည်။ အခုတော့ အရက်ကြောင့်တောင် ပိုကောင်းသေးတဲ့။ ဘယ်လို အ
ကြောင်းကြောင့် ကောင်းသည်လဲ။ မိတ်ဖြစ်ဆွေဖြစ်သမားက အရက်ကို နည်းနည်းစီ နည်းနည်းစီ
သောက်တော့ အသည်းကို နည်းနည်းစီ နည်းနည်းစီ ရန်စသလိုဖြစ်။ အသည်းက ဒါကို ခဏခဏ
ခုခံရင်း လေ့ကျင့်ခန်း မှန်မှန်ယူသည့်သူများလို အားကောင်းလားသည်လား။ အင်း ဖြစ်ချင်လည်း
ဖြစ်နိုင်တာပဲ။ သို့သော်ဆေးလိပ်ကျတော့ ဘယ်လိုလဲ။ တော်ပါတော့။ တောက်တီးတောက်တ့ေ
ဲ တွ
မပြောတာ ကောင်းမည်။
သို့သော် ခက်သည်က စာကိုလည်း မဖတ်ဘဲမနေနိုင်။ ဖတ်လိုက်ပြန်တော့ … တလောက
စိုက်ပျိုးရေးသမား သူငယ်ချင်းတစ်ယောက် ရောက်လာကာ သူ့ခြံလုပ်ငန်းအကြောင်း ပြောရင်း သူ
မိတ္တူ ကူးလာခဲ့သည့် မှတ်စုစာရွက် တချို့ကို ထုတ်ပြသည်။ အကြောင်းအရာက ငရုတ်ကောင်း။
ငရုတ်ကောင်းကို ကျွန်တော်မကြိုက်ပါ။ ငရုတ်ကောင်းမှုန့် ပါသော ဟင်းချိုသောက်မိတိုင်း ကျွန်
တော် ကြို့ထိုးတတ်သည်။ ထို့ကြောင့် သတိထားပြီး ရှောင်လေ့ရှိသည်။ ငရုတ်ကောင်း စာတမ်း
ကိုတော့ သူငယ်ချင်းက ဖတ်ခိုင်းသဖြင့် ကျွန်တော်ဖတ်ပါသည်။ သို့သော် စိုက်ပျိုးပုံ နည်းလမ်းများ
အကြောင်း၊ အထွက်နှုန်းအကြောင်း စသည်များမရောက်မီ နိဒါန်းသဘောရေးထားသည့် ငရုတ်
ကောင်း၏ သမိုင်းကြောင်းကို စာမျက်နှာတစ်ဝက်ခန့် ဖတ်မိလျှင်ပင် ကျွန်တော် လန့်လာသည်။
လက်စသတ်တော့ ငရုတ်ကောင်းသည် ဧရာမပုဂ္ဂိုလ်ပေတကား။ ကျွန်တော်မကြိုက်သော
ငရုတ်ကောင်းကို ရှေးပဝေသဏီကပင် လူတွေ အမြတ်တနိုး တန်ဖိုးထားကာ စားသုံးခဲ့ကြသည်တ့။ဲ
ငရုတ်ကောင်းသည် အရှေ့အနောက် ကုန်သွယ်မှု အစပြုစေခဲ့သည့် အဖိုးတန်ကုန်ပစ္စည်းတစ်ရပ်
ဖြစ်သည်တ့။ဲ သူ့ကိုငွေးကြေးပမာ တန်ဖိုးထားခဲ့ကြသဖြင့် လက်ဆောင်ပဏ္ဏာ ဆက်သရာများ၊
အခွန်အခ ပေးဆောင်ရာများမှာပင် ငရုတ်ကောင်းအချိန်အတွယ် ဘယ်ရွေ့ဘယ်မျှ ဆိုတာမျိုး
သတ်မှတ်သုံးစွဲခြဲ့ ကသည်တ့။ဲ ၁၄၉၂ ခုနှစ်မှာ ခရစ္စတိုဖာကိုလံဘတ်(စ) ရွက်သင်္ဘောသုံးစင်းနှင့်
ခရီးထွက်ခြင်းတွင် အဓိကအကြောင်းသည် ငရုတ်ကောင်းရှာဖွေရန် ဖြစ်သည်တ့။ဲ ဟာ၊ အလားတူ
၁၄၉၇ ခုနှစ်က ဗာစကိုဒဂါးမား အာဖရိကကိုပတ်ခ့သ
ဲ ည့် ခရီးသည်လည်း ငရုတ်ကောင်းအရေးနှင့်
မကင်းဘူးတဲ့။
ဘီစီ ၃-၄ ရာစုခေတ် ဂရိပညာရှိ သီယိုဖရေးစတပ်(စ) (အရစ္စတိုတယ် ကွယ်လွန်ပြီးနောက်
သူ၏ ကျောင်းတော်တွင် ကျောင်းအုပ်အဖြစ်ဆက်ခံသူ) ၏ ငရုတ်ကောင်းမှတ်တမ်းမှသည် လွန်ခဲ့
သော နှစ်ပေါင်း ၈၀၀ ကျော်က လန်ဒန်မှာ ရှိခ့သ
ဲ ည့် ငရုတ်ကောင်း လုပ်ငန်းရှင်ကြီးများ အသင်း၊
61 
 

mmcybermedia.com

 

ပေါ်တူဂီတွေ လက်ဝါးကြီးအုပ်ခဲ့သည့် ၁၅- ၁၆ ရာစုခေတ် မလက္ကာနှင့် ဂိုအာမှ ငရုတ်ကောင်း
ပွဲရုံကြီးများ၊ စသဖြင့်။ ကျွန်တော်မကြိုက်သော ငရုတ်ကောင်း၏ သမိုင်းကြောင်းသည် သူ့လူတွေ
လက်ထဲတွင် ရောမအင်ပါယာသမိုင်းပမာ ခမ်းနားကြီးကျယ်၍ နေသည်။ အင်း ခုထက်ထိ စာဝါး
မဝသေးဘူးလားဟုပဲ ကိုယ့်ကိုကိုယ် အပြစ်တင်ရလေမည်လား။
သုတေသီဆိုတာတွေကတော့ သူတင်ပြချင်သည့် အကြောင်းကိစ္စကို ဆင်ခြေဆင်လက်
တွေဖြင့် ခိုင်လုံအောင် ကြိုးစားတင်ပြမည်ပေါ့။ အထောက်အထား သာဓကတွေ အများဆုံးသုံးကာ
စာဖတ်သူကို ဆွဲဆောင်နိုင်ဖို့ သူကြိုးစားမည်ပေါ့။ ငရုတ်ကောင်းသမားက ငရုတ်ကောင်း အရေးပါ
သည့်အကြောင်း၊ ကြက်သွန်ဖြူသမားက ကြက်သွန်ဖြူ၊ ဇာတိပ္ပိုလ်သမားကလည်း ဇာတိပ္ပိုလ်၊ သူ့
ဟာနှင့်သူ လုပ်ကြလိမ့်မည်။ အရေးကြီးတာက ကိုယ်က သတိထားဖို့။ ဘာကြောင့်လဲဆိုတော့ အ
ကျိုးသင့် အကြောင်းသင့်ဆိုပြီး ယုတ္တိယုတ္တာနှင့်တကွ တင်ပြကြရင်းကပင် ကိုယ်လိုချင်ရာ ဆွဲဆွဲ
သွားတတ်ကြသောကြောင့် ဖြစ်သည်။ အထူးသဖြင့် မလွယ်သည်က အနာဂတ်ကို ဟောကိန်း
ထုတ်သည့် ပုဂ္ဂိုလ်တွေ။
စီးပွားရေးနယ်ပယ်၊ နိုင်ငံရေးနယ်ပယ်၊ လူမှုရေးသိပ္ပံနယ်ပယ်၊ သဘာဝပတ်ဝန်းကျင် နယ်
ပယ်၊ အာကာသဗေဒနယ်ပယ် စသည့်စသည့် အထူးပြုနယ်ပယ် အသီးသီးမှာ ကျွမ်းကျင်သူ ပညာ
ရှင်ဆိုသော ပုဂ္ဂိုလ်တွေက သူတို့ထင်ကြေးတွေ၊ သန်ရာသန်ရာ စွဲလမ်းကြတာတွေက မုချမသွေ
ဖြစ်ရမည့် အရာတွေအဖြစ် အခိုင်အမာ ပြောကြသည့်အခါ ကျွန်တော်တို့ မကျွမ်းကျင်သူတွေက
ယောင်တိယောင်တောင် နားထောင်ကာ အားလုံး အမှန်တွေချည်းဟု ထင်မှတ်သွားတတ်သည်။
တစ်ခါတုန်းက သိပ္ပံစာရေးဆရာကြီး အာသာစီကလပ်က ဆောင်းပါးတစ်ခုမှာရေးသည်။
သူရေးတာကို ချုပ်ပြောရလျှင်၊ တစ်ခါတစ်လေ ရည်မှန်းချက်(ဝါ) အလိုဆန္ဒက နည်းပညာရဲ့ ရှေ့
က ပြေးသွားတတ်သည်တ့။ဲ သည်အဆိုလေးနှင့် သူက အစချီသည်။ ပြီး အဲသည်အဆိုကို ထောက်
ခံဖို့ ဥပမာအဖြစ် ၁၉၁၁-၁၂ ကအန္တာတိကဒေသသို့ သက်စွန့်ကြိုးပန်း သွားရောက်ခြဲ့ ကသူများ အ
ကြောင်း သူတင်ပြသည်။ အဲသည်တုန်းက တောင်ဝင်ရိုးစွန်းသို့ လူဆယ်ယောက် ရောက်ခဲ့ရာတွင်
ငါးယောက်သာလျှင် အသက်ရှင်လျက် ပြန်လာနိုင်ခြဲ့ ကသည့် အကြောင်း၊ စွပ်ဖားလှည်းနှင့် နှင်းစီး
ဖိနပ်မှအစ အားကိုပြုစရာ မရှိပဲ၊ တစ်နည်းပြောလျှင် နည်းပညာ မပြည့်စုံသေးပဲ ကာယစွမ်းအား
သက်သက် စိတ် ထက်သန်မှု သက်သက်ဖြင့် နော်ဝေးမှ အမန်ဆင်တို့၊ ဗြိတိန်မှ စကော့တို့ လူစု
တွေ သွားခဲ့ကြပြီးသည့် နောက်တွင် နှစ်ပေါင်း ၅၀ နီးပါး တောင်ဝင်ရိုးစွန်းကို လျစ်လျူရူထား ခဲ့ကြ
ပြီး ၁၉၅၇-၅၈ အပြည်ပြည်ဆိုင်ရာ ဘူမိရူပနှစ်ကျတော့မှ လေယာဉ်ပျံတွေ ဆီးနှင်းပြင်သွား ယာဉ်
တွေ စသည့် ခေတ်မီနည်းနာ၊ ခေတ်မီစက်ကိရိယာများ သုံးကာ လူတွေတစ်ခေါက် ထပ်သွားခဲ့
ကြသည်။ သည်တစ်ကြိမ် အဲသည်မှာ ကျန်ခြဲ့ ကသူတွေကတော့ စကော့တို့လို အသက်စွန့်ခဲ့ ရသူ
62 
 

mmcybermedia.com

 

တွေမဟုတ် ဝင်ရိုးစွန်းမှာ သုတေသနလုပ်ငန်းများ ဆက်လုပ်ရန် တာဝန်အရ နေခဲ့ကြသူတွေ
သာဖြစ်သည်။ သည်နောက်တွင် တောင်ဝင်ရိုးစွန်း၌ နိုင်ငံများစွာမှ သုတေသီ ပညာရှင်တွေ
ဥတုသုံးလီ နေလာလိုက်ကြသည်မှာ ယနေ့ထိ ဖြစ်သည်တ့။ဲ
သည်လိုပြောပြီးသည့်နောက် သူက လအကြောင်းဆက်ပြောသည်။ လသို့ အဆင်ပြေ ချော
မောစွာ သွားနိုင်မည့် နည်းပညာများသည် တကယ်က ၂၁ ရာစုထဲမှာမှ ဖြစ်လာဖို့ ရှိသည်တ့။ဲ သို့
သော် ရုရှားနှင့် အမေရိကန်တို့ နိုင်ငံရေးအရ ပြိုင်ဆိုင်ရာမှ လကိုအရင်ရောက်ဖို့သည် တောင်ဝင်ရိုး
စွန်းသို့ ပထမဆုံး ရောက်ချင်ကြသူများမှာလို နည်းပညာထက် ရှေ့ကပြေးနေသည့် ရည်မှန်းချက်
တစ်ရပ် ဖြစ်လာသည်။ သည်ဟာကို မရရအောင် အကောင်အထည် ဖော်ရင်း တကယ် မပြည့်စုံ
သေးသော နည်းပညာများဖြင့် ၁၉၆၉ ခုနှစ်၌ စွန့်စွန့်စားစား လူသားတို့ လပေါ်ရောက်သွားခဲ့ ကြ
သည်။ လပေါ် လူတစ်ဒါဇင်လောက် ရောက်ပြီးသည့် နောက်တွင် လကိစ္စကို လူတွေ မေ့ထားခဲ့ကြ
သည်။ နှစ်ပေါင်း ၅၀ လောက်ကြာမှ ဝင်ရိုးစွန်းတုန်းကလို နောက်တစ်ခေါက် သွားကြ လိမ့်မည်။
သည်တစ်ခါ သွားလျှင်တော့ နည်းပညာ ပြည့်ပြည့်စုံစုံ သုံး၍ သွားဖြစ်ကြလိမ့်မည်။ ပြီးတော့ လပေါ်
မှာ လူတွေ အပြီးနေဖြစ် ကြလိမ့်မည်တ့။ဲ ဟာ၊ အံ့သြစရာ၊ သို့သော် ဟုတ်လောက်သည်။
တောင်ဝင်ရိုးစွန်းကိစ္စကို နမူနာယူထားကာ လကိစ္စကို သူဆွဲယူသွားခြင်း ဖြစ်သည်။ သို့
သော် ယုံလောက်သည်။ အာသာစီကလပ်ကို ကျွန်တော် သဘောကျသွားသည်။ သူပြောတာ
ဟုတ်သည်။ ဒါလက်ခံရမှာပဲ။ သို့သော် သူက သည်လောက်နှင့် မရပ်ပါ။ တစ်နေ့သောအခါ လူ
သားတွေသည် အာကာသကို ဥဒဟို သွားကြလိမ့်မည်တ့။ဲ သူကဆက်ပြောသည် လပေါ်သွားမည့်
သူသည် ယခုခေတ်လေယာဉ်စီး ခရီးသည်များလို လက်မှတ်ဝယ်ပြီး တက်လိုက်သွားကြလိမ့်မည်။
နောင်ဆိုလျှင် လေယာဉ်ထက် လွယ်ကူသော နည်းလမ်းမျိုးဖြင့် လပေါ်သို့ ရောက်ကြလိမ့်မည်။ အဲ
ဒါက ဓာတ်လှေကားတဲ့။ အာကသ ဓာတ်လှေကား။ ကမ္ဘာနှင့် လအကြား ဓာတ်လှေကား အရှည်
ကြီး အမြင့်ကြီးတစ်ခု တပ်ဆင်မည်။ လပေါ်သွားချင်လျှင် မီးတဟုန်းဟုန်းနှင့် ဒုံးပျံကြီး စီးစရာမလို။
ဓာတ်လှေကားပေါ်တက်၊ ရပ်သည့်အခါဆင်း၊ လပေါ်ရောက်ပြီ။
ဟာ ဟုတ်ရဲ့လားဗျာ။
ကျွန်တော်ခေါင်းနည်းနည်း မူးသွားသည်။ သူကတော့ ဒါ ရယ်စရာပြောတာမဟုတ်ဘူး၊
နောင်တစ်နေ့ တကယ်ဖြစ်မှာ တဲ့။ ၁၉၆၀ ခုနှစ်က ရုရှားအင်ဂျင်နီယာတစ်ယောက် စတင်ဖော်ပြ
သည့် စိတ်ကူး၊ နောက် ၁၀ နှစ်လောက် ကြာတော့ အမေရိကန်ပညာရှင် တစ်စုကလည်း အတည်
ပြုကြသည် တဲ့။ သူက သက်သေတွေခေါ်သေးသည်။ ပြီးနောက်၊ ဟိုတုန်းကတော့ ဗေဒင်ဆရာ
တွေက ကြယ်လနက္ခတာရာတွေဟာ လူတွေရဲ့ ကံကြမ္မာကို ဖန်တီးနိုင်စွမ်းရှိတယ်လို့ ယုံကြည်

63 
 

mmcybermedia.com

 

ခဲ့ကြတယ်၊ ဒါပေမဲ့ ကြယ်တာရာတွေရဲ့ ကံကြမ္မာကို လူတွေဖန်တီးတဲ့ခေတ်က နောင်တစ်နေ့
တကယ် ရောက်လာမှာတဲ့၊ ပြောသေးသည်။
အင်း၊ ဒါသည်ပင် အနာဂတ်နဲ့ပတ်သက်၍ ဟောကိန်းထုတ်လေ့ရှိသော ပုဂ္ဂိုလ်တို့၏ လက္ခ
ဏာတစ်ရပ်ပဲလို့ ကျွန်တော် တွေးလိုက်မိသည်။ ကျွန်တော်တို့ကို ဟုတ်လောက်တာ ယုံလောက်
တာနှင့် စကားပလ္လင်ခံမည်။ ပြီးမှ အထောက် အထား မခိုင်လုံသေးသော်လည်း ဒီအတိုင်းဖြစ်ရမှာ
မုချဟု သူယုံကြည်ထားတာတွေ ရိုက်ထည့်ပေးမည်။ အာသာစီကလပ်က သိပ္ပံပညာရှင် မဟုတ်၊
သိပ္ပံစာရေးဆရာသာ ဖြစ်သည်။ ထို့ကြောင့် သူ့တွင်သိပ္ပံသမား၏ ‘လက်တွေ့’ နှင့် စာရေးဆရာ၏
‘စိတ်ကူးယဉ်မှု’ တွေ ရောစွက်နေသည်ဟု မြင်စရာရှိသည်။ သို့သော် သိပ္ပံသမား စစ်စစ် များရော
ဘယ်လိုရှိကြသနည်း။ ဒဗလျူပီထရောင်းဝါး အမည်ရှိ ရူပဗေဒပညာရှင်တစ်ယောက်က ရေးသည်။
သိပ္ပံသည် အမှန်တရား(Truth)ကို ရှာဖွေသည်မဟုတ်။ အမှန်တရားကိုရှာခြင်းမှာ တွေး
ခေါ်ရှင်တို့၏ အလုပ်ဖြစ်သည်။ သိပ္ပံပညာရှင်တို့ကား ကြိုတင်ခန့်မှန်းနိုင်မှု (Predictability) ကိုသာ
ရှာဖွေခြင်း ဖြစ်သည်တ့။ဲ လောကကြီး၏ သဘာဝဖြစ်စဉ်တွေကို လေ့လာကာ သည်ဟာတွေသည်
အဘယ်သို့ဖြစ်ပေါ်ကြသည်၊ သည်ဟာတွေဖြစ်ခ့ပ
ဲုံ အကြောင်းကိုထောက်ကာ ဘယ်သောအခါ
ဘယ်အရာ ဖြစ်လာလိမ့်မည်၊ ဥပမာ ဘယ်နေ့ဘယ်ရက်တွင် ကြယ်တံခွန်ပေါ်မည်၊ နေကြတ်မည်၊
မြေငလျင်ပြင်းစွာလှုပ်မည်၊ စသဖြင့်။
သည်လို ခန့်မှန်းနိုင်ဖို့ အတွက် အခြေခံသည် စူးစမ်း လေ့လာရာမှ ရသည့် ရှုမြင်ချက်
(observation) ဖြစ်သည်။ သိပ္ပံသမားမည်သည် စူးစမ်းလေ့လာအား ကောင်းသူများဖြစ်သည်။ စူး
စမ်းရင်း တွေ့မြင်ကာ အဖြစ်အပျက် အချက်အလက်မှန် (Fact) တွေ သူတို့ သိလာရသည်။ အဲ
သည် အချက်အလက်တွေ အပေါ်မူတည်ကာ ကောက်ချက်၊ ခန့်မှန်းချက် (Prediction)များ ချ
ရသည်။ အချက်အလက် ခိုင်လုံလျှင် ယင်းမှ ဆက်လက် ဖြစ်ပေါ်သည့် ကောက်ချက် တိကျ မှန်
ကန်မည်။ သို့သော် လူတွေမှာ ချို့ယွင်းချက် တစ်ခုရှိသည်။ ယင်းက တစ်ခါတစ်ရံမှာ အချက်အ
လက်တွေ အပြည့်အစုံ မမြင်မသိဘဲလျက်၊ ကွက်လပ်ကျန်သည့် နေရာမှာ ထင်မြင်ချက် မှန်းဆ
ချက်တွေ အမှတ်မထင် ဖြည့်စွက်ကာ ကိုယ်သန်ရာ ကိုယ်စွဲလန်းရာဘက်သို့ ကောက်ချက်တွေ ဆွဲ
မိတတ်ကြခြင်း ဖြစ်သည်။ အဲသည်အခါ မှားပြီ။ အစစ်အမှန် မဟုတ်ဘဲ စိတ်ကူးယဉ်သိပ္ပံ ဖြစ်သွား
မည်။
ထို့ကြောင့် သိပ္ပံသမားမှာ ဒိဋ္ဌဓမ္မ အချက်အလက်နှင့် မြင်ယောင်မှန်းဆချက်တို့ မရောထွေး
ဖို့ အလွန် အရေးကြီးသည်။ သို့သော် သည်အတွက် သိပ္ပံသမားတို့မှာ ကိုယ်ခံအားတစ်ခု(ဝါ) အ
ရည်အသွေး တစ်ခုတော့ ရှိကြောင်း၊ ယင်းကား အရာရာကို သံသယဖြင့် စစ်ကြောဝေဖန် တတ်
သည့် အလေ့အထဖြစ်ကြောင်း ထရောင်းဝါးကဆိုပါသည်။ ဟုတ်ပြီ။ အဲသည်အရည်အသွေးကို
64 
 

mmcybermedia.com

 

အားကိုးနိုင်မည်။ သို့သော် သိပ္ပံသုတေသီတိုင်း အဲသည်အရည်အသွေး ပြည့်ဝကြသလား။ အချက်
အလက်ပေါ်တွင် လုံးလုံးလျားလျား မူတည်၍ပဲ အမြဲကောက်ချဆွဲလေ့ ရှိကြသလား။ စိတ်ဝင်စား
ဖွယ် ကောက်ချက်တစ်ခုအတွက် အချက်အလက်တွင် အထင်အတွေးတွေ ဖြည့်စွက်တာမျိုး လုပ်
လေ့ မရှိကြဘူးလား။ အထောက်အထား မစို့မပို့လေးတွင် အခြေခံကာ အလန့်တကြား ကောက်
ချက်တွေ ချလိုက်တာမျိုး မရှိဘူးလား။ အများကြီး ရှိသည်ပေါ့။ အဲဒါကြောင့်ပဲ သိပ္ပံသမား အချင်း
ချင်းပင် ဝေဖန်ရ၊ ငြင်းခုံရ၊ လှောင်ပြောင်ရတာတွေ ရှိနေသည်။
လော့စ်အိန်ဂျလိ(စ)တိုင်း(မ) သတင်းစာမှာ ဘယ်ရီဆီးဂဲ ဆိုသောပုဂ္ဂိုလ်က သတင်း
ဆောင်းပါး တစ်ပုဒ် ရေးသည်။ အဲသည်အထဲတွင် အချို့သုတေသီတွေ၏ တရားလွန် ကောက်ချက်
တွေကို ဖော်ထုတ်လှောင်ပြောင်သည့် ဂျာနယ်တစ်စောင်အကြောင်း ဖော်ပြထားသည်။ Journal of
Irreproducible Results ဟူ၍ အမည်ပေးထားသော ၎င်းဂျာနယ်၏ အဓိက ဦးတည်ချက်သည် မ
ဆိုစလောက် အချက်အလက် သေးသေးလေးကို ဝေးဝေးလံလံထိ ဆွဲယူချိတ်ဆက်ကာ ဧရာမ
ကောက်ချက်ကြီးတွေ ချပြတတ်သည့် အချို့သော သုတေသနသမားများအား ဝေဖန်ထိုးနှက်ရန်
ဖြစ်၏။ သည်ဂျာနယ်တွင် သိပ္ပံသုတေသီတို့၏ အရေးအသား အသုံးအနှုန်းများ၊ ပုံစံများ၊ ဇယား
များ၊ သင်္ကေတများ၊ ဖော်မြူလာများ၊ ညီမျှခြင်းများကို အတည်ပေါက်သုံးစွဲကာ မဟုတ်တရုတ် ရ
လဒ်တွေ ထုတ်ပြသည့် သုတေသနစာတမ်းတွေကို အဓိက စုစည်းဖော်ပြထားသည်။
ဥပမာ စိန့်လူဝီမြို့ ဆေးရုံကြီးတစ်ရုံမှ ဓာတ်ခွဲခန်းသည် တစ်နေ့တစ်နေ့လျှင် (Slide) မှန်
ပြားပေါင်း မြောက်မြားစွာ လက်ခံကြည့်ရှုနေရရာ ယခုနှုန်းအတိုင်းဆိုလျှင် ခရစ်နှစ် ၂၀၂၄ ခုနှစ်
လောက်ရောက်ပါက တစ်မြို့လုံးပင် သုံးပေ အမြင့်ရှိသည့် မှန်ပြားထုအောက် ရောက်ရှိသွားနိုင်
သည်၊ ဆိုတာမျိုး။ ပင်လယ်ကမ်းခြေသို့ အပန်းဖြေသွားကြသူများ အိမ်ပြန်သည့်အခါ သူတို့နှင့်
အတူ ကိုယ်ပေါ်မှာ ကားပေါ်မှာ ကပ်ပါသွားသည့် သဲပမာဏသည် ပျမ်းမျှတစ်ဦးလျှင် မည်ရွေ့
မည်မျှရှိနေရာ သည်နှုန်းအတိုင်းသာ ပါသွားနေပါက နောက် ၁၀ နှစ်ကြာလျှင် ပင်လယ်ကမ်းခြေ
သဲသောင်ပြင်များ၏ ၈၀ ရာခိုင်နှုန်းခန့်အထိ လုံးဝပျောက်ဆုံးသွားနိုင်သည်၊ ဆိုတာမျိုး ဆောင်းပါး
များ ဖြစ်သည်။
အဲသည်အထဲတွင် အပြောင်မြောက်ဆုံးတစ်ခုက နေရှင်နယ်ဂျီအိုဂရပ်ဖစ်မဂ္ဂဇင်းကြောင့်
ကမ္ဘာကြီး ပျက်စီးသွားနိုင်ပုံ အကြောင်းဂျော့ခ်ျအိပ်(ချ)ကော့ဘ်အမည်ရှိ စာပြောင်သုတေသီ၏
တင်ပြချက် ဖြစ်သည်။ ကော့ဘ်က တစ်အုပ်တစ်အုပ်လျှင် အစိတ်သားလောက်စီ အလေးချိန် စီး
နေသည့် နေရှင်နယ်ဂျီအိုဂရပ်ဖစ် မဂ္ဂဇင်းများကို တစ်လလျှင် စောင်ရေ ၆.၈ သန်းစီ ထုတ်ဝေကာ
တိုင်းပြည်အနှံ့ရှိ လပေးယူသူတွေဆီ ဖြန့်ချိပေးနေကြောင်း၊ သည်လူတွေက မဂ္ဂဇင်းတွေကို ဖတ်ပြီး
လွှင့်မပစ်ဘဲ စာကြည့်ခန်းမှာ၊ အထပ်ခိုးမှာ၊ ကားဂိုဒေါင်မှာ စသဖြင့် ဘိုးစဉ် ဘောင်ဆက် တရိုတ
65 
 

mmcybermedia.com

 

သေ သိမ်းဆည်းလာကြသည်မှာ နှစ်ပေါင်းရာချီနေပြီဖြစ်ကြောင်း၊ သန်းထောင်ပေါင်းများစွာသော
ယင်းစာအုပ်များ၏ အလေးချိန်ကို အောက်ခြေဘူမိ အဆောက်အအုံက ဆက်လက် ထောက်ထား
နိုင်စွမ်း မရှိတော့ကြောင်း၊ ကျောက်လွှာများ အလွန်အကျွံဖိသိပ်ခံရသဖြင့် အနေအထားပျက်ခြင်း
ရွေ့လျားခြင်းများ ဖြစ်ပေါ်နိုင်ကြောင်း၊ ထိုအခါ ပြတ်ရွေ့ကြောင်းများ ပေါ်ပေါက်ပြီး နေရာအနှံ့အ
ပြား နိမ့်ကျကျွံဝင်မှုများဖြစ်ကာ အမေရိကတိုက် တစ်တိုက်လုံးပင် သမုဒ္ဒရာ ရေအောက် ရောက်ရှိ
သွားနိုင်ကြောင်း၊ လောလောဆယ် ကယ်လီဖိုးနီးယားဒေသ စန်အန်ဒရိယ ပြတ်ရွေ့တစ်လျှောက်
မြေငလျင်လှုပ်မှုများ တိုးတက် ဖြစ်ပေါ်လာခြင်း သည်ပင်လျှင် လူဦးရေ တိုးပွားခြင်း၊ ၎င်းတိုးပွား
လာသူများက နေရှင်နယ်ဂျီအိုဂရပ်ဖစ် မဂ္ဂဇင်းများ တိုးတက် မှာယူဖတ်ရှု လာကြခြင်းကြောင့် ဖြစ်
ကြောင်း၊ ထို့ကြောင့် ၎င်းမဂ္ဂဇင်းကို လွှတ်တော်မှဖြစ်စေ၊ နိုင်ငံတော်သမ္မတက အမိန့်ထုတ်ပြန်၍
ဖြစ်စေ ထုတ်ဝေခွင့် အမြန်ရပ်စဲသင့်ကြောင်း ကော့ဘ်က အကြိတ်အနယ် တင်ပြထားသည်။
အဲသည်တော့ ကျွန်တော်တို့ ဘာလုပ်ကြမည်လဲ။ သုတေသီဆိုတာတွေလည်း သူထင်ရာ
သူစွတ်ပြောတဲ့ လူတွေပါ ကွာဟု ပယ်ထားလိုက်ရမည်လား။ တိုင်း(မ)မဂ္ဂဇင်းမှ ကိုလက်စထရော
အကြောင်း သတင်းကောင်း ဆောင်းပါးရေးသူ မိုက်ကယ်လယ်မိုနစ်ကတော့ သိပ္ပံဆိုတာလည်း
အခြားအခြားသော တိုးတက်မှုများနည်းတူ အမြဲ တစ်ဖြောင့်တည်း မသွား၊ ရုတ်တရက် တက်သွား
လိုက်၊ ရပ်ချင်ရပ်နေလိုက်၊ တစ်ခါတလေ ရှေ့မှာ လမ်းပိတ်နေတာ မသိဘဲ စွတ်ဝင်ချင် ဝင်သွားမိ
လိုက် ဖြစ်တတ်သည်ဟူ၍ မှတ်ချက်ချသည်။ အဲသည်တော့ မှားတဲ့အခါလည်း မှားမည်ဆိုသည့် သ
ဘောပေါ့။ ကျွန်တော်တို့က မနေနိုင်သူ၊ သိချင်သူများမို့ သူတို့နောက်က လိုက်ကြည့်မည်ဆိုလျှင်
သူတို့နည်းတူ…..။ ဟုတ်ပြီ။ သိချင်၍ ကျွန်တော်တို့ စာဖတ်ကြသည်။ စာထဲမှာ တစ်ခါတလေ လိမ်
တာ ညာတာတွေ တွေ့မည်။ တမင်တကာလိမ်တာ မဟုတ်တောင် သူကိုယ်တိုင်ကမသိ၍၊ အမှား
ကို အမှန်ထင်၍ အခိုင်အမာ တင်ပြပြောဆိုနေတာတွေရှိမည်။ အစွန်းရောက်ပြီး စွတ်ပြောကာ
ကျွန်တော်တို့ကို အတင်းဆွဲခေါ်နေတာတွေ ရှိမည်။
သို့သော်၊ သိပ်မှန်တာတွေလည်းရှိမည်ပေါ့။ သိပ်တန်ဖိုးရှိတာတွေလည်း ပါမည်ပေါ့။ ကျွန်
တော်တို့ကို အသိပညာ အဆင့် ပိုမြင့်မားအောင် ဆွဲတင်ပေးသွားနိုင်တာတွေလည်း တွေ့ရမည်ပေါ့။
အရေးကြီးတာက အကောင်းနဲ့အဆိုး ဘယ်လိုရွေးမည်လဲ။ အမှားနဲ့အမှန် ဘယ်လိုခွဲခြားမည်လဲ။
ရှေးက ပညာရှိတွေ ကျွန်တော်တို့ကို သွန်သင်ခ့တ
ဲာ ရှိသည်။ သူများပြောတိုင်း မယုံန့၊ဲ ကိုယ့်ဉာဏ်
နဲ့ကိုယ် စဉ်းစားတဲ့။ ဘယ် အချက်အလက်ကိုမှ မစစ်ဆေးဘဲ လက်မခံန့၊ဲ စိစစ်ဝေဖန်ပြီး မှန်
လောက်တယ်ထင်မှ လက်ခံတ့။ဲ အဖိုးတန်သော လမ်းညွှန်ချက်များပင်။ သို့သော် သေသေချာချာ
စဉ်းစားကြည့်တော့ လမ်းညွှန်ချက်က ကောင်းသည်။ လက်တွေ့ကျင့်ကြံဖို့ကျတော့ ခက်နေပြန်
သည်။ တာဝန်က ကိုယ့်ဆီပဲ ပြန်ကျလာသည် မဟုတ်လား။ ကိုယ့်ဉာဏ်န့က
ဲိုယ်တ့။ဲ

66 
 

mmcybermedia.com

 

ပညာရှင်ဆိုသော ပုဂ္ဂိုလ်တွေ ပြောသောစကား၊ သုတေသီဆိုသော ပုဂ္ဂိုလ်တွေချသည့်
ကောက်ချက်များကို မှားသလား၊ မှန်သလား ခွဲခြားမည့်ဉာဏ်၊ အကောင်းအဆိုး စိစစ်ဝေဖန်မည့်
ဉာဏ်။ ကိုယ့်မှာအဲသည်ဉာဏ် ဘယ်လောက်ရှိသနည်း။ အခုရှိသမျှ ဉာဏ်သည် ဘယ်ကလာ သ
နည်း။ လောလောဆယ် ဉာဏ်မမီသေးသည့် အရာတွေအတွက် မီတန်သလောက်မီလာအောင်
ဆိုလျှင်ရော ဘာလုပ်ရမည်နည်း။ နောက်ဆုံးကျတော့ စာအုပ်ပုံကြားထဲပဲ ပြန်ရောက်လာသည်။
စာအုပ်ပုံကြားမှာ မျက်စိလည်ရင်းပင် ကျွန်တော်တို့ အသိဉာဏ်တွေ ကြောင်လိမ်လှေကား စစ်စစ်
များလို တစ်ရစ်ပြီးတစ်ရစ် မြင့်တက်သွားနိုင်လိမ့်မည်ဟု ကျွန်တော်မျှော်လင့်မိပါသည်။

[ မဟေသီမဂ္ဂဇင်း ၂၀၀၀၊ ဇူလိုင်]

67 
 

mmcybermedia.com

 

လူကြီးနဲ့လူငယ် အဟောင်းနဲ့အသစ်
အာကာသယာဉ်တွေ ခေတ်စားသည့် ၁၉၆၀- ၇၀ ကာလ ဆောင်းတစ်ညကဖြစ်သည်။
သစ်ရွက်ခြောက်၊ သစ်ကိုင်းခြောက်တွေ စုပုံမီးရှို့ထားသော မီးဖိုနံဘေးမှာထိုင်ရင်း ထိန်ထိန်သာ
နေသည့် လမင်းကို လက်ညှိုးထိုးပြကာ ‘အဘွားရေ၊ နောက်ဆိုရင် လူတွေ လပေါ်အထိ တက်နေ
ကြတော့မယ်ခင်ဗျ’ ဟု ကျွန်တော်ပြောလိုက်သည်။ အဘွား သိစေချင်သည့် စေတနာ၊ အံ့သြဖွယ်
ရာတစ်ခု ကြားရစေချင်သည့် ဆန္ဒဖြင့် ကျွန်တော်ပြောမိခြင်း ဖြစ်သည်။ သို့သော် အဘွားက ကျွန်
တော့်ကို မျက်စောင်းတစ်ချက် ခဲကြည့်သည်။ ထို့နောက် မီးပုံထဲ သစ်ကိုင်းခြောက်တစ်ခု ထိုးထည့်
ရင်း တိုတိုပြတ်ပြတ် ပြန်ပြောသည်။ ‘မင်းတို့မလဲ လူပြောတိုင်း ယုံတတ်သကွ့’ဲ တဲ့။
ကျွန်တော်ဘာမှ ဆက်မပြောနိုင်တော့။ အသာငြိမ်၍ပဲနေလိုက်ရသည်။ လပေါ်လူရောက်
နိုင်သည့်အကြောင်း ကျွန်တော် တစ်ရှည်တစ်လျား လျှောက်ပြောနေမှာကို မကြားလိုသဖြင့် သူ
ပြတ်ပြတ် ပြောလိုက်ခြင်းဖြစ်ကြောင်း ကျွန်တော်သဘောပေါက်လိုက်သည်။ ကျွန်တော်တို့ ပြောနေ
ကြသည့် ဒုံးပျံများ၊ ဂြိုဟ်တုများ၊ အာကာသခရီးဆိုသည်များကို အဘွား မည်မျှ နားကြားပြင်း ကတ်
နေခဲ့ပြီး မသိ။ အဘွားကတော့ ခေတ်နောက်ကျနေသည့် အယူအဆများ၊ ရှေးရိုးစဉ်လာ အစွဲအ
လမ်းများနှင့် အယူသီးမှုများကို သူ သေသည်အထိ ယူဆောင်သွားတော့မည်ဟု ကျွန်တော် တွေး
ကာ စိတ်မကောင်း ဖြစ်မိသည်။
သို့သော် ဘာတတ်နိုင်မည်လဲ။ အဘွားပြောင်းလဲလာအောင်၊ ကျွန်တော်တို့ အမြင်မျိုး ရှိ
လာအောင် ဆွဲဆောင်ဖို့ လွယ်မှာ မဟုတ်ကြောင်း ကျွန်တော်သိလိုက်သည်။ သူ့အယူအဆနှင့်သူ
ရှိပါစေတော့။ အဘွားတို့ခေတ် အယူအဆ များသည် အဘွားတို့နှင့်အတူ မြေကြီးအောက် ရောက်
ရှိသွားလိမ့်မည် ဟူ၍ပဲ ကျွန်တော်တွေးလိုက်မိသည်။ တစ်ယောက်တစ်ခွန်းနှင့်ပင် ပြီးပြတ်ခြဲ့ က
သည့် မီးဖိုနံဘေးမှ အဘွားနှင့် ကျွန်တော်တို့ စကားဝိုင်းလေးအကြောင်း အစချီကာ ရှေးရိုးအယူ
အစွဲများအကြောင်း၊ ရှေးလူကြီးများ၏ လွဲမှားသော ယုံကြည်မှု ဆိုသည်များ အကြောင်း သူငယ်
ချင်း တစ်ယောက်နှင့် စကားစပ်မိသည်။
သူငယ်ချင်းက ကျွန်တော်နှင့် အတွေးအမြင် အယူအဆချင်း အတော်ပင်တိုက်ဆိုင်သည့်
ဆွေးနွေးဖော်၊ ဆွေးနွေးဖက် တစ်ယောက်ဖြစ်သည်။ အတွေးသစ်၊ အမြင်သစ်များကို ခုံမင်နှစ်သက်
သည့် ‘တိုးတက်သည်’ ဆိုသော လူငယ် တစ်ယောက်လည်း ဖြစ်သည်။ တစ်ခုပဲပြောစရာရှိသည်။
သူက ကျွန်တော့်ထက်ပြင်းထန်သည်။ သူ့စကားတွေက တစ်ခါတစ်ရံ ကြောက်စရာ ကောင်းသည်။
‘လေးဆယ်ကျော်တွေ ရှင်းပစ်လိုက်ရင် ဒီအယူအဆဟောင်းတွေ အားလုံး ပြတ်သွားမှာပဲ’ တဲ့။ အဲဒီ

68 
 

mmcybermedia.com

 

တုန်းက ကျွန်တော့်အသက်နှစ်ဆယ်ပြည့်ဖို့ပင် အတော်လိုသေးသည်။ ကျွန်တော့်အတွက် တော့
ပူစရာမလို။ သို့သော် ကျွန်တော့အဖေ၊ အမေရှိသည်။ ဦးကြီး၊ ဘကြီးရှိသည်။ အဘိုး၊ အဘွား ရှိ
သည်။
ကျွန်တော်နည်းနည်း ဖြုံသွားသည်။ သို့သော် တစ်တိုင်းပြည်လုံးက လေးဆယ်ကျော်တွေ
သူသတ်နိုင်မှာမှ မဟုတ်ဘဲဟု တွေးကာ ပြန်စိတ်အေးသွားမိသည်။ ပြီး သူ့မှာရော အဖေ အမေ မရှိ
ဘူးလားတဲ့။ လေးဆယ်ကျော်တွေ ရှင်းပစ်ချင်သော ကျွန်တော့်သူငယ်ချင်းသည် ယနေ့ လေးဆယ်
ကို အတော်ကျော်သွားခဲ့ပြီ။ ဟိုတုန်းက သူပြောခဲ့သည့်စကား ယနေ့ သူ့ကို ပြန်ပြောပြလျှင် ရှက်
ကိုးရှက်ကန်းနှင့် ပြုံးချင်ပြုံးနေမည်၊ သို့မဟုတ် ဟိုတုန်းကတော့ ငယ်သေးတာကိုးကွာဟု ဆိုချင်ဆို
မည်။ တကယ်တော့ သည်ကနေ့သူသည် ဟိုတုန်းက သူနှင့်တွေ့လျှင် အရှင်းခံရမည့် လေးဆယ်
ကျော်များထဲမှ ပထမဆုံးအသုတ်မှာ ပါမည့်သူတစ်ယောက် ဖြစ်နေပြီ။ ဟိုတုန်းက အဟောင်းဆို
လျှင် မကြားချင်၊ အသစ် အသစ်ကိုမှ တွေ့ချင်မြင်ချင်သည်ဆိုသော ကျွန်တော့် သူငယ်ချင်းသည်
ဲ ရားတို့ စ
ယခုအခါ၌ အစဉ်အလာတို့၊ ထုံးစံတို့၊ အမြဲမှန်နေတဲ့ သဘောတို့၊ မပြောင်းလဲနိုင်တ့တ
သည့် စကားလုံးများကို ပါးစပ်ကမချသည့်၊ သိပ်မကြီးသေးဘဲ ရင့်လွန်းနေသည့် ရှေးလူကြီး တစ်
ယောက်ဖြစ်နေချေပြီ။ ဟိုတုန်းက ပြောလေ့ပြောထရှိသည့် စကားနှင့်ဆိုရသော် ခေတ်နောက်ပြန်
ဆွဲသူကြီး၊ ကွန်ဆာဗေးတစ်ကြီးတစ်ယောက် ဖြစ်နေခဲ့လေပြီ။ ဘာကြောင့် ထိုသို့ဖြစ်ရသနည်း။
နုပျိုရာမှ အိုမင်းရသောသဘော၊ သစ်ရာမှ ဟောင်းရသောသဘော၊ ပျိုရွယ်စဉ်တွင် ညွတ်
ပျောင်းလွယ်သလောက် ရင့်ညောင်းသည့်အခါ တောင့်တင်းသွားတတ်သော သဘောတို့ကြောင့်
ဖြစ်သည်ဟု မြင်မိပါသည်။ ကျွန်တော့် အဘွား၊ ကျွန်တော့်သူငယ်ချင်းအပါအဝင် လူမှန်သမျှ အို
မင်းရင့်ညောင်းကြရမှာ ဓမ္မတာဖြစ်သည်။ ထိုနည်းတူ အတွေးအခေါ် အယူအဆများသည်လည်း
ထိုအယူအဆ စွဲကိုင်သည့် လူများနည်းတူ အိုမင်းရင့်ညောင်းတတ်ကြသည်ပဲ ဖြစ်သည်ဟု ကျွန်
တော်တွေးမိပါသည်။ ရှေးဦးစွာ လူ့သဘာဝဟူသည်ကို အရင်စူးစမ်းကြည့်ကြပါစို့။ လူသည် ငယ်
ရွယ်စဉ်အခါ၌ အလွန်သိချင် ကြားချင် လေ့လာမှတ်သားချင်တတ်ကြောင်း အများသိကြပါသည်။
အတွေ့အကြုံနုနယ်သေး၊ ခေါင်းထဲမှာ ဘာမှမယ်မယ်ရရ မရှိသေးသည့် လူငယ်ဘဝ၌ သိချင်
ကြားချင်စိတ်၊ အသစ်အဆန်းများကို လက်ခံလွယ် ယုံကြည်လွယ်သောစိတ်များ ရှိနေခြင်းသည်
မဆန်း။ ထို သိလာ မြင်လာသော အယူအဆများကို ထက်သန် တက်ကြွစွာ ပြောဆို ဆွေးနွေး
လိုစိတ်၊ လက်တွေ့ကျင့်ကြံသုံးစွဲလိုစိတ်များ ရှိနေခြင်းသည်လည်း မူမှန်သဘာဝဖြစ်သည်။ တစ်
နည်းပြောရလျှင် သူ့အတွက်လိုအပ်ချက်လည်း ဖြစ်သည်။
အထူးသဖြင့် လူလားမြောက်စအရွယ်(ဝါ) လူကြီးများ ကြီးစိုးသည့် ကမ္ဘာထဲသို့ တိုးဝင်စ
ပြုသည့်အရွယ်၌ တွေ့သမျှကို စူးစမ်း၊ ကြားသမျှကို မှတ်သား၊ ရောက်သည့်နေရာ၌ လှုပ်ရှားနိုင်
69 
 

mmcybermedia.com

 

မှသာ လူရာဝင်သူ၊ အများ၏ အသိအမှတ်ပြုခြင်း ခံရသူတစ်ယောက် ဖြစ်နိုင်မည်မဟုတ်လား။
ထို့ကြောင့် သည်အရွယ် လူငယ်သည် နားလည်နားထောင်သည်။ ပြောလည်းပြောသည်။ လုပ်
လည်း လုပ်သည်။ သူ့၌ လူကြီးများအား ဆန့်ကျင်ပြောဆိုလိုစိတ်၊ တစ်နည်းအားဖြင့် ‘အစဉ်အလာ’
ဟု လူကြီးများက သတ်မှတ်လက်ခံထားသည်များနှင့် ထိပ်တိုက်တွေ့လိုစိတ်သည် သဘာဝတစ်ရပ်
အဖြစ် အထူးတလည်ပါရှိနေသည် မဟုတ်ပေ။
သူ၏ ခံယူလွယ်သော ဦးနှောက်သည်အယူအဆ အချက်အလက်များစွာကို အလျင်အမြန်
လက်ခံရယူခ့ရ
ဲာ၊ ယင်းတို့ အထဲတွင် အစဉ်အလာများ အဟောင်းများပါသကဲ့သို့ နောက်ဆုံးပေါ်
အယူအဆသစ် အချက်အလက်သစ် များလည်း ပါလာ၏။ ယင်းအသစ်များအနက် အချို့တို့သည်
သူ၏ ပတ်ဝန်းကျင်ရှိ လူကြီးများ လက်မခံနိုင်သည့်အရာများ ဖြစ်နေလေရာ ယင်းတို့ကို အကြောင်း
ပြု၍ လူကြီးနှင့်လူငယ်အကြား ပဋိပက္ခ ဖြစ်ပွားရခြင်းဖြစ်၏။ ထိုအခါ လူငယ်များက လူကြီးများ
သည် အသစ်ကိုပိတ်ပင်တားဆီးသူများ၊ ရှေးရိုးအယူအဆဟောင်းများတွင်သာ ကုတ်တွယ် ထား
သူများ၊ ငါစွဲကြီးသူများဖြစ်သည်ဟု ပြောဆိုကြသကဲ့သို့၊ လူကြီးများကလည်း လူငယ်များသည် အ
တွေ့အကြုံမရှိ၊ ဗဟုသုတမရှိ၊ အသစ်ဆိုလျှင်အထင်ကြီးသည်၊ လူကြီးများကို အာခံခြင်းဖြင့် သူတို့
ကိုယ်တိုင် ကြီးကျယ်လာနိုင်သည်ဟု ထင်နေကြ သည် စသဖြင့် ဝေဖန်လာကြပြန်လေသည်။
ထိုသို့ အပြန်အလှန် ဝေဖန်နေကြသည့် အဟောင်းသမားနှင့် အသစ်သမား၊ လူကြီးနှင့်
လူငယ် နှစ်ယောက်လုံး၌ ချို့ယွင်းချက်များ ရှိနေကြသည်။ လူငယ်ဘက်က ချို့ယွင်းချက်မှာ အ
လျင်အမြန် အမှီလိုက်ချင်နေသော ဆန္ဒ၊ အသိပညာ ဖြည့်ဆည်းရေးဘက်တွင် အလျင်လိုနေသော
သဘာဝတို့ကြောင့်ဖြစ်၏။ လူကြီး၏ ချို့ယွင်းချက်များရော အဘယ်ကြောင့် ဖြစ်ပေါ်ရသနည်း။ ဘာ
မဆို အချိန်ကြာလျှင် အကျင့်ပါ အရိုးစွဲတတ်သည့် သဘော၊ ကြားဖန်များသည့်အရာကို နားစွဲသ
ထက် စွဲသွားတတ်သည့်သဘော၊ အယူအဆသစ် လုပ်ငန်းသစ် ပုံစံသစ်တို့က တောင်းဆိုသည့်
ထက်သန်မှုမျိုး နည်းပါးသွားသဖြင့် ၎င်းတို့နောက် ထ မလိုက်နိုင်သည့်သဘော တို့ကြောင့် ဖြစ်ပါ
သည်။
လူသည် လုပ်ရိုးလုပ်စဉ် အလုပ်တစ်ခုကိုသာ စွဲမြဲစွာလုပ်ကိုင်ရင်း ၎င်းအလုပ်၌ ကျွမ်းကျင်
လိမ္မာလာသလောက် အခြားအလုပ်များနှင့် ဝေးလံသွားလေ့ရှိသည်။ တစ်နည်းပြောရလျှင် ကျွမ်း
ကျင်မှု နယ်ပယ်တစ်ခု၌ ပါရဂူမြောက်လာသည်နှင့် အမျှ အခြား နယ်ပယ်များတွင် လူအ တစ်
ယောက် ဖြစ်သွားတတ်သည်။ သို့သော် လူအများအပြားပင် မိမိရွေးချယ်ခဲ့သောနယ်တွင် ပါရဂူ
မြောက်မှုကို အကြောင်းပြု၍ အနည်းနှင့်အများ စိတ်နေမြင့်တတ်ကြရာ အခြား နယ်ပယ်များ၌ မိမိ
‘အ’ နေသည်၊ သို့မဟုတ် လူပြိန်းဖြစ်နေသည်ကို လက်မခံချင်ဘဲ နယ်ပယ်ကျော်ကာ ဆရာစားချင်၊

70 
 

mmcybermedia.com

 

ငြင်းခုန်ချင်တတ်ကြသည်။ အခြားနယ်ပယ်၌ အခြားပုဂ္ဂိုလ်၏ ပါရဂူမြောက်မှုကို အသိအမှတ် မပြု
နိုင် လက်မခံနိုင်သော သဘော ဖြစ်သည်။
အတွေးအခေါ် အယူအဆနှင့် ပတ်သက်၍လည်း ထိုနည်းလည်းကောင်းဖြစ်သည်။ အတွေး
အခေါ်အယူအဆ တစ်ရပ်ကို စွဲမြဲလက်ခံကာ ယင်းအယူအဆ လမ်းညွှန်ချက်အတိုင်း ကျင့်သုံးလာ
ခဲ့သည့် လူကြီးတစ်ယောက်သည် မိမိလမ်းကြောင်း၌ ကျင့်သားရလာသည်နှင့်အမျှ တဖြည်းဖြည်း
အခြားသောအယူအဆများကို မျက်ခြည်ပြတ်ကာ ဘောင်ကျဉ်းသထက် ကျဉ်းလာသည်။ သူသည်
ပတ်ဝန်းကျင်ကို မမြင်မသိ၊ မိမိအယူအဆကိုသာသိကာ တစ်ယူသန် တရားသေသမား ဖြစ်လာ
သည်။ ထိုသဘောကြောင့်ပင် ငယ်စဉ်ဘဝ၌ အယူအဆသစ်တစ်ခုကို တွေ့ရှိကာ ကောက်ယူ သုံးစွဲ
မိခ့ေ
ဲ သာ လူငယ်တစ်ယောက်သည် အတွေးသစ်၊ အမြင်သစ်သမားတစ်ယောက်၊ သို့မဟုတ် မိမိ
ကိုယ်ပိုင်၏ သတ်မှတ်ချက်အရ တိုးတက်သူတစ်ယောက် ဖြစ်ခ့ရ
ဲာမှ တဖြည်းဖြည်း သူ၏ အသက်
အရွယ် ကြီးရင့်အိုမင်းခြင်းနှင့် အတူ သူ၏ အယူအဆသည်လည်း ဟောင်းနွမ်းဆွေးမြည့်ကာ အ
ဟောင်းသမားတစ်ယောက်၊ တိုးတက်သော အယူအဆသစ်တို့ကို ဆန့်ကျင်သူ တစ်ယောက် ဖြစ်
သွားတတ်ပေသည်။
လူတို့ အိုမင်းရင့်ညောင်းရသလို လူတို့ လက်ဆင့်ကမ်း သယ်ဆောင်ဖြန့်ချိခြင်းဖြင့် ရှင်သန်
ရသော ‘အတွေးအခေါ်အယူအဆ’ များသည်လည်း အိုမင်းရင့်ညောင်းတတ်ကြောင်း ဆိုခ့ပ
ဲါသည်။
အချိန်အခါနှင့် ကိုက်ညီသော အယူအဆ၊ တိုးတက်မှုဘက်သို့ ပြောင်းလဲစေသော အယူအဆ၊
တည်ဆဲမှားယွင်းမှုများကို ဖော်ထုတ်ရှုတ်ချကာ အမှန်တရားကို မီးမောင်းထိုးတင်ပြသည့် အယူ
အဆတို့သည် အရှိန်အဟုန်ပြင်းစွာ၊ အလွန်သစ်လွင် တောက်ပစွာဖြင့် ပေါ်ထွက်လာတတ် ကြပါ
သည်။ အယူအဆသစ် မီးရှူးတိုင်မှ အားတက်သရော ကူးယူထွန်းညှိခြင်း၊ လက်ဆင့်ကမ်း ဖြန့်ချီ
ခြင်းတို့ဖြင့် အယူအဆသစ် အလင်းရောင်များ ထိန်ညီးတောင်ပြောင် ခဲ့ကြပါသည်။
ထိုသို့ အရှိန်အဟုန်နှင့် တက်လာသော အယူအဆသစ်တစ်ရပ်ကို ပိတ်ပင်တားဆီး၍ ရ
လေ့မရှိပါ။ အချိန်အခါနှင့် တကယ်ကိုက်ညီသော အယူအဆသစ်ဖြစ်က ရှိသမျှ အတားအဆီးကို
တွန်းလှန်ဖြိုဖျက် ထွက်ပေါ်လာမည်သာ ဖြစ်သည်။ သို့သော် အချိန်အခါ အခြေအနေနှင့် အံမဝင်
ခွင်မကျတော့သော အခါ၌ကား ယင်းအယူအဆကို စွဲမက်ခြဲ့ ကသူတို့ မည်မျှပင် ကုတ်တွယ်ထား၊
ကျားကန်ထားကြစေကာမှု အရှိန်အဟုန်လျော့ပါးကာ တဖြည်းဖြည်း မှေးမှိန် ပျောက်ကွယ် သွားရ
မည်၊ သို့မဟုတ် ပြုပြင်ပြောင်းလဲသွားရမည်သာ ဖြစ်သည်။ သမိုင်းကိုကြည့်ပါ။
လြန္ခ့ေ
ဲ သာ နှစ်ပေါင်းနှစ်ထောင်ခန့်ကာလ ဥရောပတိုက် လူ့အဖွ့အ
ဲ စည်း၏ မတရား၊ မမျှ
တသော အနေအထားများ ကြားမှ ခရစ်ယာန်ဝါဒ ပေါ်ပေါက်လာခဲ့၏။ ထိုခရစ်ယာန်ဝါဒ မီးတောက်
ကို အရှိန်မကြီးမီ ငြိမ်းသတ်ပစ်နိုင်ရန် ရက်ရက်စက်စက် ကြိုးပမ်းခဲ့ကြသည်။
71 
 

mmcybermedia.com

 

ခရစ်ယာန်သစ်များစွာတို့ ကားစင်တင်၍ အသတ်ခံကြရသည်။ ခြင်္သေ့စာကျွေး၍ အသတ်
ခံကြရသည်။ သို့သော် ခရစ်ယာန်ဝါဒ မီးရှူးတိုင်သည် ငြိမ်းမသွားခဲ့။ ဥရောပတစ်တိုက်လုံးသို့ အ
ဟုန်ပြင်းစွာ ပြန့်ပွားသွားခဲ့သည်။ သို့သော် ရာစုနှစ်အတန်ငယ်ကြာသည့်ကာလ ဥရောပ၌ ခရစ်
ယာန်ဝါဒ အခြေကျပြီး လူမှုရေး၊ နိုင်ငံရေး၊ ယဉ်ကျေးမှုစသည့် နယ်ပယ်အသီးသီးတွင် ခရစ်ယာန်
ဘာသာရေး အာဏာပိုင်တို့ တန်ခိုးရှိန်ဝါ ကြီးမားလာသည့်အခါ၌ကား အစဉ်အလာ ခရစ်ယာန်ဝါဒ
နှင့် ဆန့်ကျင်သည်ဟု သတ်မှတ်ခြင်းခံရသူတို့သည် (စီမံခန့်ခွဲပိုင်ခွင့်ရှိနေသူ အယူသီး အစွဲကြီး သ
မားများလက်ချက်ဖြင့်) ကနဦး ခရစ်ယာန်များကဲ့သို့ပင် ရက်ရက်စက်စက် မီးရှုံ့သတ်ခြင်း ခံကြရ
ပြန်သည်။
ဤသည်မှာ အယူအဆသစ်မှ အယူအဆဟောင်းသို့ ပြောင်းသွားပုံသဘော၊ အယူအဆ
သစ်နှင့် အယူအဆဟောင်းတို့ အစဉ်အဆက် တိုက်ခိုက်ခဲ့ကြပုံသဘောကို ပြခြင်းဖြစ်သည်။ အ
ဟောင်း ဘက်က မည်မျှပိတ်ဆို့ နှိပ်ကွက်သည် ဆိုစေ၊ အချိန်တန်လျှင် ပြောင်းလဲမှုကား မလွဲမ
သွေ ဖြစ်ရပေသည်။ ဘာသာကိုးကွယ်မှုအဆင့်ထိ ရောက်ရှိသွားသော အယူအဆတစ်ရပ်သည်
လုံးဝ ပျောက်ပျက်သွားရန် အလွန်ခဲယဉ်းရာ ခရစ်ယာန် အယူအဆသည်လည်း ယနေ့ ကမ္ဘာ၌
အရှိန်အဟုန် လျော့ပါးခြင်းမရှိဘဲ၊ လူဦးရေများပြားလာသည်နှင့် အမျှ ဘာသာဝင်ဦးရေ တိုးပွား
လျက်ပင် ရှိ၏။ သို့သော် ကျမ်းဂန်လာ အဆိုအမိန့်များနှင့် စပ်လျဉ်း၍ အဓိပ္ပါယ်ဖွင့်ဆိုပုံများ၊ လက်
တွေ့ကျင့်ကြံပုံ နည်းလမ်းများတွင်ကား အစဉ်ပြောင်းလဲလျက် ရှိကြောင်း ခရစ်ယာန်ဝါဒသမိုင်း တစ်
လျှောက် ဂိုဏ်းဂဏသစ် များစွာ ပေါ်ပေါက်ခ့ပ
ဲုံကို ထောက်ရှု၍ သိနိုင်သည်။
ယနေ့ကာလ၌ပင်လျှင် လက်ထပ်ထိမ်းမြားခြင်း၊ ကွာရှင်းပြတ်စဲခြင်း၊ ပဋိသန္ဓေတားဆီးခြင်း၊
ကိုယ်ဝန်ဖျက်ချခြင်း၊ ဖန်ပြွန်၌ သန္ဓေသား ဖန်တီးယူခြင်း၊ ကိုမာခေါ် မသေမရှင်ဘဝတွင် ကြာရှည်
ခံနေရသူအား ဇိဝိန်ချုပ်ခွင့်ပေးခြင်း စသည့်ကိစ္စများတွင် အစဉ်အလာ ခရစ်ယာန်များနှင့် အယူအ
ဆသစ်ခရစ်ယာန်များ တိုက်ပွဲဝင်နေကြဆဲ ဖြစ်သည်။ အစဉ်အလာကို ဆုပ်ကိုင်သည့် အဟောင်း
သမားနှင့် အစဉ်အလာကို ပြုပြင်ပြောင်းလဲချင်သည့် အသစ်သမား။
စိတ်ပညာနယ်တွင် အကြီးကျယ်ဆုံးသော အယူအဆသစ်များကို ဖော်ထုတ်တင်ပြခဲ့သည့်
ပုဂ္ဂိုလ်ကြီးတစ်ယောက် ရှိသည်။ ၎င်းကား သြစတြီးယားပြည်ဖွား စိတ်စိစစ်မှုပညာ ဖခင်ကြီး
ဇိဂမွန်ဖရွိက် ဖြစ်သည်။ ဖရွိက်သည် သူ့မတိုင်မီက ရှိခဲ့သည့် အတွေးအခေါ် အယူအဆ များစွာတို့
ကို အဟောင်းအမြင်းပုံထဲသို့ ပစ်ထည့်ခြဲ့ ပီး လူ့သဘာဝနှင့်စပ်လျဉ်းသည့် ရှုမြင်ပုံ စနစ်သစ် တစ်ရပ်
လုံးကို တီထွင်တင်ပြခဲ့သည်။ သူ့အယူအဆများသည် စိတ်ပညာနယ်၌သာမက ဆေးပညာ၊ ဒဿ
န၊ စာပေနှင့် အခြား အနုပညာများ၌ပါ အရေးပါသော ပြောင်းလဲမှုများ ဖြစ်ပေါ် စေခဲ့သည်။ အ
ဟောင်းကို ချေဖျက်ကာ အသစ်ဖော်ထုတ်ရာ၌ စံနမူနာပြရသည့် ဆရာကြီးဖရွိက်ရေးသားခဲ့သော
72 
 

mmcybermedia.com

 

စာတစ်ကြောင်းကို ဖော်ပြလိုပါသည်။ ၎င်းစာကြောင်းမှာ ဆရာကြီးကွယ်လွန်ခါနီး နှစ်ပိုင်းတွင်
ရေးသားထုတ်ဝေခဲ့သည့် စာတစ်အုပ်(An Outline of Psychoanalysis) ၏ နိဒါန်းတွင်ပါရှိ၏။
ယင်းနိဒါန်း၌ ဖရွိက်က…..
‘စိတ်စိစစ်မှုပညာ၏ အဆိုမိန့်များသည် မရေမတွက်နိုင်လောက်အောင် များပြားသော စူးစမ်း
လေ့လာမှုများနှင့် အတွေ့အကြုံများပေါ်တွင် အခြေခံ၍ ချမှတ်ခြဲ့ ခင်းဖြစ်ရာ ယင်းတို့ကို မိမိကိုယ်တိုင်
၌ လည်းကောင်း အခြားသူများ၌ လည်းကောင်း ထပ်မံစူးစမ်းလေ့လာပြီးသူမျိုးသာလျှင် ယင်းအဆို
အမိန့်များ (စိတ်စိစစ်မှုပညာက လက်ခံထားသည့် အယူအဆများ) နှင့် စပ်လျဉ်း၍ ကိုယ်ပိုင် မှတ်
ချက် တစ်စုံတစ်ရာ ချမှတ်နိုင်သော အနေအထားရှိပေမည်’ ဟူ၍ ရေးသားထားခဲ့ရာ ယင်းစကားမှာ
မူသဘောအရ မှန်သည်ဟု ဆိုနိုင်သော်လည်း၊ မိမိအယူအဆကို လတ်တလော ဝေဖန် ဆန်းစစ်
နေသူများ၊ နောင်ဆန်းစစ်လာမည့် လူသစ်များအား အတွေ့အကြုံ အရှိန်အဝါဖြင့် ဟန့်တားခဲ့သော
သဘော ဖြစ်သည်ဟုလည်း ထင်မြင်မိပါသည်။
ကျွန်တော်သည် ဖရွိက်အား သဘောထားသေးသူ တစ်ယောက်ဟု ဆိုနေခြင်းမဟုတ်ပါ။
ဖရွိက်သည် ပညာဉာဏ် ကြီးမားသလောက် သဘောထားကြီးမား ရင့်ကျက်သော ပုဂ္ဂိုလ်ကြီး တစ်
ဦး ဖြစ်ပါသည်။ သို့သော် ထိုသို့ ရင့်ကျက်ပြည့်ဝသည့် ပုဂ္ဂိုလ်ကြီးများပင် မိမိအယူအဆကို ဝေဖန်
တိုက်ခိုက်လာသည့်အခါ၌ ငြင်းဆန်ချေပရုံမက ဝေဖန်မှုကိုပါ ပိတ်ပင်တားဆီးလိုသော သဘောရှိ
တတ်ကြောင်း တင်ပြလိုခြင်း ဖြစ်ပါသည်။ မည်သို့ပင်ဖြစ်စေ ဖရွိက်ကို အကြီးအကျယ် ယုံကြည်ကိုး
ကွယ်သူတို့ ရှိခြဲ့ ကသလို၊ ဖရွိက်၏ အယူအဆများကို ဝေဖန်ခြင်း ဆန်းစစ်ခြင်းတို့လည်း မြောက်
မြားစွာပင် ရှိခ့ပ
ဲါသည်။
စိတ်ပညာပဂေးကြီး ဖရွိက်သာ ဝေဖန်ဆန်းစစ်ခံရသည်မဟုတ် သတ္တဗေဒပညာရှင်ကြီး
ချားလ်(စ)ဒါဝင်လည်း

အပြင်းအထန် ဝေဖန်ထိုးနှက်ခြင်းခံရ၏။ ရူပဗေဒပါရဂူကြီး အိုင်းစတိုင်း

လည်း နှောင်းခေတ်သို့ တွန်းပို့ခြင်းခံရ၏။ နှောင်းလူတို့သည် ဖရွိက်ကို အမှားရှာ၍ ဒါဝင်ကို အ
ပြစ်ဖို့၏။ အိုင်းစတိုင်းကိုလည်း ဝေဖန်ခဲ့ ဝေဖန်ဆဲဖြစ်၏။ သို့သော် ၎င်းတို့ ပြင်းပြင်းထန်ထန် ဝေ
ဖန်သဖြင့် ဖရွိက်၊ ဒါဝင်၊ အိုင်းစတိုင်းတို့ မှားယွင်းသွားကြပြီလား။ ၎င်းတို့ ပြောခဲ့သမျှသည် အမှား
ချည်းလား။ သိပ္ပံသမိုင်းတစ်လျှောက် အသစ်ပေါ်တိုင်း အဟောင်းမှားရမည်ဆိုလျှင် ယနေ့ အသစ်
အမှန်သည် လည်း နောင် အဟောင်းအမှား ဖြစ်ရဦးမည်။ ဘယ်သောအခါမျှ မမှန်ကြတော့ပြီးလား။
မဟုတ်ပါ။
ဖရွိက်၊ ဒါဝင်၊ အိုင်းစတိုင်းတို့သည် သူ့ခေတ်ကာလ အသိပညာ၏ ကန့်သတ်ချက်အရ အ
ချို့သောအမှားများကို အမှန်ထင်ကာ ပြောမိဆိုမိခဲ့နိုင်၏။ သို့သော် သူတို့သည် အချိန်ကာလ တိုက်
စားသော်လည်း ပျက်စီးဆုံးပါးခြင်း မရှိသည့် အရေးပါသော အမှန်တရားများကိုလည်း ရှာဖွေတွေ့ရှိ
73 
 

mmcybermedia.com

 

ခဲ့ကြသည်။ နှောင်းလူတို့သည် ၎င်းတို့၏ အမှားများကို ပယ်၍ အမှန်များကိုယူကာ ၎င်းတို့ထက်
မြင့်တက်ခြဲ့ ကသည်။ တစ်နည်းပြောရလျှင် ယနေ့ခေတ် သိပ္ပံပညာရှင်တို့သည် အတိတ်ကာလ
သိပ္ပံပညာရှင်ကြီးများ၏ ပခုံးပေါ်တက်ရပ်ကာ၊ သို့မဟုတ် ခေတ်ဟောင်း သိပ္ပံပညာ ရှင်ပေါင်း
မြောက်မြားစွာတို့ ခင်းခဲ့သည့် လှေကားထစ်ပေါင်း ထောင်သောင်းကို နင်းတက်ကာ ယနေ့အဆင့်
အထိ မြင့်မြင့်မားမား ရောက်ရှိခြဲ့ ကခြင်းဖြစ်၏။
သိပ္ပံနည်းတူ အတွေးအခေါ် အသိပညာနယ်ပယ်၊ ယဉ်ကျေးမှု အနုပညာနယ်ပယ် တို့တွင်
လည်း အဟောင်းထဲက အကောင်းကိုယူကာ အသစ်နှင့်မွမ်းမံခြင်းတို့ဖြင့် တစ်ဆင့်ပြီး တစ်ဆင့် တိုး
တက် ပြောင်းလဲရသည်သာ ဖြစ်၏။ အစဉ်အလာနှင့် အသစ်တီထွင်မှုသဘော။ ယနေ့ အသစ်သည်
မနက်ဖြန်တွင် အစဉ်အလာဖြစ်ကာ အနာဂတ်အသစ်အတွက် လှေကားထစ် ဖြစ်ရလိမ့်မည်။ သို့မှ
သာ ပြောင်းလဲတိုးတက်မှု ရှိပေမည်။
ထို့ကြောင့် လူ့အဖွ့အ
ဲ စည်းတစ်ရပ် ရေရှည်စည်ပင် ရှင်သန်နေရန် အတွက် ယင်းအဖွ့အ

စည်းအတွင်း အတွေးအခေါ် အယူအဆများ အစဉ်ပြောင်းလဲတိုးတက်နေရန် လိုအပ်သည်။ အယူ
အဆများ ပုံမှန် ပြောင်းလဲတိုးတက်နေရန် အတွက် အဟောင်းသမားနှင့် အသစ်သမားအကြား ပဋိ
ပက္ခတွေ ပြင်းထန်မနေဖို့လိုသည်။ တစ်နည်းပြောရလျှင် ယင်းနှစ်ခုအကြား ပဋိပက္ခသည် ပုံမှန် ပဋိ
ပက္ခ ဖြစ်နေဖို့ လိုသည်။ မတိုးတက်၊ မပြောင်းလဲဘဲ ကြာရှည်နေပြီးမှ (ဝါ) အသစ်တို့ကို အဟောင်း
များက ကြာရှည်နှိပ်ကွပ် ဟန့်တားထားပြီးမှ ပြောင်းလဲရသောအခါ ပဋိပက္ခပြင်းထန်သည်။ ထိုအခါ
အသစ်တို့ အင်အားပြုန်းတီးရသကဲ့သို့ အဟောင်းထဲက အကောင်းတွေလည်း အဖတ်မတင် ဖြစ်ရ
တတ်သည်။ အဟောင်းနဲ့အသစ်ကြား ပဋိပက္ခနည်းပါးဖို့မှာ အဟောင်းသမားဘက်က သဘော
ထားကြီးရန် လိုသကဲ့သို့ အသစ်သမား ဘက်ကလည်း အမြော်အမြင်ရှိရန် လိုပေသည်။
တဖန် ထိုသို့ဖြစ်ရန်အတွက် ယင်း လူ့အဖွ့အ
ဲ စည်းအတွင်း အတွေးအခေါ် အယူအဆတို့
လွတ်လပ်စွာ ယှဉ်ပြိုင်ခဲ့သည့် အစဉ်အလာ၊ ဆန့်ကျင်ဘက် အယူအဆများကို သည်းခံနိုင်ကြသည့်
အလေ့အထနှင့်၊ အမှန်တရားကို လိုလားသည့် စိတ်ဓာတ်များ ထွန်းကားရှင်သန်နေဖို့ လိုပေသည်။
ယင်းအနေအထားများ ဖြစ်ပေါ်အောင် လုပ်ဆောင်ရမည့်သူ(ဝါ) တာဝန်ရှိသူတို့ကား အဆိုပါ လူ့အ
ဖွ့အ
ဲ စည်းအတွင်းရှိ တစ်ဦးချင်းသော လူသားများဖြစ်သည်။ ထို့ကြောင့် လူတိုင်း လူတိုင်း၊ အထူးသ
ဖြင့် လူ့အဖွ့အ
ဲ စည်းအတွင်း နိုင်ငံရေး၊ လူမှုရေး၊ ယဉ်ကျေးမှုစသည့် လူအများတို့အပေါ် ခြုံငုံ လွှမ်း
မိုးသည့် ကဏ္ဍနယ်ပယ်များတွင် တက်တက်ကြွကြွ လှုပ်ရှားကြသူတိုင်း မိမိကိုယ်ကို အဟောင်း
ထောင်ချောက်ထဲ ကျမသွားအောင် ကာကွယ်စောင့်ရှောက်သင့်ကြသည်။

74 
 

mmcybermedia.com

 

အသက်အရွယ် ကြီးရင့်အိုမင်းလာသော်လည်း အတွေးအခေါ် အယူအဆ အိုဟောင်း
မသွားဘဲ အမြဲသစ်လွင် လန်းဆန်းနေရန်အတွက် သတိပြုဆောင်ရွက်သင့်သော အချက်အချို့
ရှိပါသည်။ ယင်းမှာ၊
(က) အရာအားလုံးပင် အစဉ်ပြောင်းလဲလျက်ရှိသည် ဟူသော သဘောကို သိမှတ်လက်ခံခြင်း။
ပြောင်းလဲခြင်းကိုလက်ခံလျှင် အသစ်ကိုလည်း လက်ခံနိုင်မည်။ အပြောင်းအလဲကြားမှာ အသစ်ကို
ရှာဖွေတွေ့ရှိမည်။
(ခ) အခြားသူများ၌လည်း အယူအဆကောင်း၊ စိတ်ကူးကောင်းများ ရှိနိုင်သည်ဟု လက်ခံခြင်း။
များသောအားဖြင့် လူတို့သည် ကြံရာမရဖြစ်နေစဉ် အခါမျိုး၌ သူတစ်ပါးထံမှ အကြံဉာဏ်ကို
တောင်းခံလေ့ရှိကြသည်။ မိမိခေါင်းထဲတွင် အယူအဆ တစ်စုံတစ်ရာရှိနေလျှင်ကား အခြားသူတို့၏
အယူအဆဟူသည်ကို နည်းနည်းပါးပါးပင် နားထောင်ရန် ခဲယဉ်းတတ်ကြသည်။ အထူးသဖြင့် မိမိ
ထက် ငယ်ရွယ်သူ၊ အဆင့်နိမ့်သူတို့နှင့် ပတ်သက်လျှင် မျက်စိမှိတ် နားပိတ်နေလေ့ ရှိကြသည်။ သူ
တစ်ပါး၌လည်း စိတ်ကူးကောင်းများ ရှိနိုင်သည်ဟူသော သတိလေးရှိသည့် အခါ ဦးနှောက်တံခါးကို
ဖွင့်ထားဖြစ်ကာ အသစ်အသစ်တို့ကို မြင်နိုင်ကြားနိုင်စွမ်း ရှိလာကြသည်။
(ဂ) အဆိုအမိန့်များ၊ ကြွေးကြော်သံများ၊ အစဉ်အဆက် မှတ်သားခဲ့သော စကားများထက် မိမိ၏
ဆင်ခြင်ဉာဏ်ကို အားကိုးပြုခြင်း။
အမှန်ကိုမြင်တတ်ရေးတွင် အစွဲအကင်းဖို့သည် အရေးကြီးကြောင်း အများပြောခဲ့ပြီး ဖြစ်သည်။
ဦးနှောက်တံခါး ဖွင့်ထားသဖြင့် ဝင်လာသည့် အသစ်များကို ပေတံဟောင်း၊ အဆိုအမိန့်
ဟောင်းများနှင့်ချည်း တိုင်းတာပယ်ချမနေပါနှင့်။ တံခါးပိတ်ထားတာနှင့် မခြား ဖြစ်သွားပါလိမ့်မည်။
မိမိပေတံနှင့် မကိုက်ညီတာတွေ များလာလျှင် ပေတံကို ပြန်လည် စိစစ်ဖို့ လိုအပ်ပါမည်။ ပေတံ
ဟောင်းကို ဘယ်သောအခါမျှ မပစ်နိုင်ဟုဆိုလျှင်ကား သင်သည် ပြောင်းလဲတိုးတက်မှု ဖြစ်စဉ်တွင်
လိုက်ပါနိုင်မည် မဟုတ်တော့။ အယူအဆ တစ်ရပ်ဟူသည် ဘေးက ကြည့်ရုံမျှဖြင့် ဘာမျှမသိ။
အထဲဝင်ကြည့်မှ သူ့အနှစ်သာရကို သိရ၏။
အသစ်ကို လွတ်လပ်စွာ ပြောဆိုခွင့်ပေးလိုက်ပါ။ ပွင့်လင်းသော စိတ်နှလုံးဖြင့် ခံစားနား
ထောင်ကြည့်ပါ။ သူ စဉ်းစား ဆင်ခြင်ပုံနည်းအတိုင်း လိုက်၍ စဉ်းစားဆင်ခြင်ကြည့်လိုက်ပါ။ သူ့
အရင်းခံ သဘော၊ သူ့ဘက်က တကယ်ယုံကြည် ရပ်တည်မှု သဘောကို ရှင်းရှင်းမြင်ရလိမ့်မည်။
ထိုအခါတွင်မှ ဝေဖန်ပါ၊ စိစစ်ပါ။ မိမိလက်ခံခြဲ့ ပီးသည့် အယူအဆများ၊ ပေတံများနှင့် ချိန်ထိုး ညှိနှိုင်း
ကြည့်ပါ။ အဟောင်းထက် ပိုကောင်းနေလျှင် ယူလိုက်ပါ။ ဟိုဟာက ငါ့အယူအဆ၊ သည်ဟာက သူ့
75 
 

mmcybermedia.com

 

အယူအဆဟု သဘောမထားပါနှင့်။ သင့်မှာ မွေးဖွားစဉ်က ဘာအယူအဆပါလာသနည်း။ ယနေ့
လက်ခံလိုက်သော အယူအဆသည်လည်း သင့်အယူအဆပဲ ဖြစ်သွားမည်မဟုတ်လား။ အရေး
ကြီးသည်မှာ မှန်ကန်သော အယူအဆကို လက်ခံကိုင်စွဲမိဖို့သာ ဖြစ်သည်။
(ဃ) လေ့လာဆည်းပူးတတ်သည့်စိတ်ကို အစဉ်ထိန်းသိမ်း မွေးမြူခြင်း။
ကလေးဘဝ၌ အရာရာကို သိလိုစိတ်ဖြင့် မေးမြန်း၏။ စူးစမ်းလေ့လာ၏။ မှတ်သားနာယူ၏။
မိမိဘာသာ သိလိုစိတ်ဖြင့် လေ့လာဆည်းပူးသကဲ့သို့ စာသင်ကျောင်းက ရိုက်သွင်းသမျှကိုလည်း
လေ့ကျက်မှတ်သားရ၏။ လူကလေးနှင့် တိရစ္ဆာန်ကလေး မွေးစဉ်က အတူတူပင် အသိဉာဏ် ချို့
တဲ့စွာမွေးဖွားလာလျက် လူက ကြီးပြင်းလာသည့်အခါ အသိဉာဏ်ရှိသော လူသား ဖြစ်လာရ ခြင်း
မှာ သူ၌ သင်ယူနိုင်အားကောင်းသော ဦးနှောက်ပါလာခြင်းနှင့် ၎င်းစွမ်းအားကို အသုံးပြုကာ သင်
ယူခြင်းတို့ကြောင့် ဖြစ်၏။
သို့သော် ဦးနှောက်ကောင်းရုံ သက်သက်ဖြင့်ကား ဘာမျှမတတ်။ သင်၍သာ တတ်ခြင်းဖြစ်
၏။ နည်းနည်းသင်လျှင် နည်းနည်းတတ်၍ များများသင်လျှင် များများတတ်၏။ လူအတော်များများ
မှာ ကလေးဘဝက သင်ယူမှု အလေ့အကျင့် ရှိသော်လည်း ကျောင်းထွက်သည်နှင့် တစ်ပြိုင်နက်
သင်ယူခြင်းရပ်လေသည်။ ဤသည်မှာ မိမိ၏ အသိဉာဏ်ဖံြွ့ ဖိုးမှုကို မိမိဘာသာ ရပ်ပစ်လိုက်ခြင်းပင်
ဖြစ်သည်။ စင်စစ် တက္ကသိုလ်ကျောင်းမှ ဘွ့ေ
ဲ ပးလိုက်ခြင်းသည်ပင် သက်ဆိုင်ရာ ဘာသာရပ်နှင့်
ပတ်သက်၍ မိမိဘာသာ လေ့လာဆည်းပူးတတ်ပြီဟု အသိအမှတ်ပြုပေးလိုက်ခြင်းသာ ဖြစ်၏။ မိမိ
ဘာသာ လေ့လာမှုကား သေသည့်အခါမှသာ ပြီးဆုံးရပေမည်။
ပညာမျက်စိဟု ဆိုသည်မဟုတ်လား။ လေ့လာမှ ပညာရှိမည်။ ပညာရှိမှ အမြင်ကျယ်မည်။
ကျွန်တော်တို့သည် အမြင်ကျယ်သူ၊ သဘောထားပြည့်ဝသူ၊ လေ့လာဆည်းပူးစိတ် ရှိသူများ အဖြစ်
နှင့်သာ မိမိကိုယ်ကို လည်းကောင်း၊ မိမိကျင်လည်ရာ ပတ်ဝန်းကျင် လူ့အဖွ့အ
ဲ စည်းကို လည်း
ကောင်း ဖွံ့ဖြိုးတိုးတက်စေနိုင်မည် ဖြစ်ပါသည်။

[စာပေဂျာနယ် ၁၉၉၂၊ အောက်တိုဘာ]

76 
 

Sign up to vote on this title
UsefulNot useful