You are on page 1of 4

ကျနော့် ဘဝ သင်ခန်းစာကြီး မှ။

ပြဿနာ၊ အခက်အခဲများကို လုပ်၍မရ၊ရှင်း၍မရတိုင်း နောက်ကိုဆုတ်၊ ရက်ကိုဆွဲ၊အချိန်ကိုရွှေ့တဲ့ အကျင့်ကိုရှောင်ပါ။ ရင်ဆိုင်ပြီး အမှန်ကိုရှင်းပြ ညှိ နှိုင်းလိုက်လျှင် ပြဿနာ၏ တဝက်လျော့သွား၏။ လူလေးမျိုး။ လူလိမ္မာ၊ လူတော်၊ လူချမ်းသာ၊ အောင်မြင်သောသူ။ လူလိမ္မာ။ နှုတ်မှ ဝေဖန်မှုမလုပ်၊ ထင်မြင်ချက်မပေး၊ သိသမျှ ၊ မြင်သမျှကို ကိုယ့်အတွင်းစိတ်ဖြင့်သာအမှား အမှန်ကို ဝေဖန်ပြီး ကိုယ့်ကို ကိုယ်ပြုပြင် သည်။ ဘယ်တော့မှ နောက်လူကို ပြုပြင် ၍မရလို့ ယုံကြည်ထားသည်။ ဆန့်ကျင်၊ ငြင်းခုံသောစကားကိုမပြော။သူများပြောသောစကားကိုအဓိက ထားနားထောင်၏။ကိုယ့်အကြောင်းကို ဘယ်တော့မှ မပြော။ သူများ၏ ချီးမွမ်း သောစကားထက် ကဲ့ရဲ့ပြစ်တင်သော စကားကို ပို၍ အလေးထား သည်။

လူတော်။ ကောင်းသော ဗဟုသုတ၊ အတွေ့အကြုံများကို နေရာ အချိန်မရွေး မှတ်သားအတုယူသည်။ပြဿနာရှိတိုင်း ရင်ဆိုင်ရှင်းသည်။ စိတ်သက်သာ မှုအတွက် အစားထိုး အချိန်ဆိုင်း ကုစားမှုမျိုးမလုပ်ပါ။ကိုယ့်ကို သူများ အကဲ မခပ်နိုင်အောင်နေတတ်ပြီး သူများကို အချိန်တိုအတွင်းမှာ ကိုယ်က အကဲ ခပ်နိုင်စွမ်းရှိသည်။အယုံမလွယ်၊ အသနားမလွယ်ပါ။ ကိုယ်ထက်ဘယ်သူ့ကို မှ ပို၍မယုံ။ ကိုယ့်ကိစ္စကို ကိုယ်တိုင်လုပ်လုပ်ရတာ အသေချာ စိတ်အချရဆုံး လို ယုံကြည်သည်။ကိုယ်ဝါသနာပါပြီး ကိုယ်လုပ်လိုသော အလုပ်ထက် ကိုယ် လုပ်သင့်သော အလုပ်၊အရေးကြီးသော အလုပ်ကိုဦးစားပေးလုပ်တတ်သည်။ ကိစ္စရှိမှ မိတ်ဆွေကို ဆက်ဆန်သည့် အကျင့်ကိုရှောင်သည်။ ကိစ္စတိုင်း၊ လူ တိုင်းကို ငွေနှင့် မတိုင်းတာပါ။ ကိုယ့်ကို အထင်ကြီးမှု ရယူနှိုင်ရန် ဟန်ဆောင် ကြွားဝါသည့် အလုပ်ကိုရှောင်သည်။ လူချမ်းသာ။ ထွက်ငွေသည် ဝင်ငွေတက်ဘယ်တော့မှ မပိုစေရ။ ငွေစုဆောင်း တတ်သော အကျင့်ရှိ၏။အကြွေးဘယ်တော့မှ မယူပါ။ဝင်ငွေရှိအောင် အမြဲ ကြိုးစားနေသည်။နောက်ကိစ္စ နောက်မှ မရှင်းဘဲ ယခုချက်ချင်း ရှင်းထား သည်။ငွေချမ်းသာသူတိုင်းသည် လူချမ်းသာမဟုတ်ပါ။

အောင်မြင်သူ။ ထွက်သော ဒေါသကို ထိန်ထားနိုင်သည်။လိုချင်သောဆန္ဒကို အောင့်ထားနိုင်သည်။ပြောချင်သောစကားကို မပြောဘဲနေနိုင်သည်။လုပ်ချင် စိတ်ရှိလျှက်နှင့် မလုပ်ဘဲနေနိုင်သည်။မပြောနှင့်၊မဆုံးမနှင့်၊မသင်နှင့် မဝေဖန် နှင့်၊ မငြင်းနှင့်၊မဆန့်ကျင်နှင့်၊မမျှော်လင့်နှင့်၊မတောင်းနှင့်၊အားမကိုးနှင့်၊ပိတ် နေနိုင်ပါ၊ကြိတ်နေနိုင်ပါ၊မှိတ်နေနိုင်ပါ။

ဖိုးဝမောင်။ နေ့စွဲ၊ ၂၀.ဝ၉.၂၀ဝ၅ အော်စလိုမြို့။

You might also like