You are on page 1of 1

ရွှေဝါရောင်တော်လှန်ရေး နှစ်နှစ်ပြည့် အထိမ်းအမှတ် သံဃာထု၏ လှုပ်ရှားမှုများအား

ကျောင်းသား၊ ပြည်သူများမှ ထောက်ခံကြောင်း ကြေငြာခြင်း


၈၈ မျိုးဆက်ကျောင်းသားများ
ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်
ကျောင်းသားသမဂ္ဂများ အဖွဲ့ချုပ်
စာအမှတ် - ၁/၂၀၀၉ (၈၈+ဗကသ)
ရက်စွဲ - ၁၄.၀၉.၂၀၀၉

(၁) မြန်မာနိုင်ငံ ပြည်သူများ၏ ဒီမိုကရေစီနှင့် လူအခွင့်အရေး လှုပ်ရှားမှုသမိုင်းတွင် ဂုဏ်ယူစရာအကောင်းဆုံးနှင့် စစ်အာဏာရှင်စံနစ်၏


အဆိုးဝါးဆုံး အကြမ်းဖက်မှုအဖြစ် မှတ်တမ်းတင်ရမည့် သံဃာထု ဦးဆောင်သည့် ရွှေဝါရောင်တော်လှန်ရေးကြီးသည် မကြာခင်တွင်
နှစ်နှစ် တင်းတင်းပြည့်တော့မည်ဖြစ်သည်။

(၂) ယင်းအချိန်အခါ သမယတွင် ကျဆုံးသွားခဲ့ကြသော သံဃာတော်များ၊ အကျဉ်းကျနေကြသော သံဃာတော်များ၏ မပြည့်ဝခဲ့သော


ဆန္ဒများကို အကောင်အထည်ဖော်ရန် ဆက်လက်ကြိုးစားဆောင်ရွက်နေကြသည့် မြန်မာနိုင်ငံလုံးဆိုင်ရာ သံဃာ့တပ်ပေါင်းစုအဖွဲ့ကြီးနှင့်
သံဃာတော်များကို ကျွန်ုပ်တို့ ကျောင်းသား၊ ပြည်သူများက တခဲနက် ထောက်ခံကြောင်း ကြေငြာလိုက်သည်။ တိုင်းသူပြည်သားများ၏
ငြိမ်းချမ်းရေး၊ ဒီမိုကရေစီရေး၊ လူ့အခွင့်အရေးနှင့် သာယာဝပြောရေးအတွက် မိမိတို့၏ လုံခြုံရေးနှင့် အသက်အန္တရာယ်ကို မငဲ့ကွက်ပဲ
လှုပ်ရှားနေကြသော သံဃာထု၏ တရားမျှတသော လှုပ်ရှားမှုများအား ကျွန်ုပ်တို့ ကျောင်းသား၊ ပြည်သူများက ညီညွတ်စွာ ပူးပေါင်း
ကူညီသွားမည်ဖြစ်သည်။

(၃) နအဖ အစိုးရမှ သွေးရူးသွေးတန်းဖြင့် မြန်မာနိုင်ငံတဝန်းမှ သံဃာထုအပေါ် တင်းကြပ်သော စည်းကမ်းများ သတ်မှတ်ခြင်း၊


ကျောင်းတိုက်များမှ မောင်းထုတ်ခြင်း၊ အကြောင်းမဲ့ ဖမ်းဆီးခြင်း၊ မတရား ထောင်ချခြင်းများကို ကျွန်ုပ်တို့မှ ပြင်းထန်စွာရှုံ့ချပြီး ယင်း
မတရားမှုများအား ရပ်တံ့ရန် တောင်းဆိုသည်။

(၄) ပြဿနာများကို အင်အားသုံး အကြမ်းဖက် ဖြေရှင်းခြင်းဖြင့် အောင်မြင်မှုမရနိုင်ပါ၊ ပြည်သူလူထုတရပ်လုံး၏ နိုင်ငံရေး၊ စီးပွါးရေး၊


လူမှုရေး၊ တိုင်းရင်းသားအခွင့်အရေး စသည့် အထွေထွေ မကျေနပ်မှုများကို အစိုးရအာဏာကို ရယူထားသော နအဖ စစ်အုပ်စုအနေဖြင့်
အကြမ်းမဖက်ပဲ ငြိမ်းချမ်းစွာ ညှိနှိုင်းဖြေရှင်းရန် ကျွန်ုပ်တို့မှ အလေးအနက်တောင်းဆိုသည်။

(၅) သို့ပါ၍ အချိန်မနှောင်းခင် နအဖမှ ၎င်းတို့ ကျူးလွန်ခဲ့သော နိုင်ငံနှင့် သာသနာကို စော်ကားခဲ့မှုများအတွက် သံဃာထုအား ဝန်ချ
တောင်းပန်ပြီး၊ ဖမ်းဆီးချုပ်နှောင်ထားသော သံဃာတော်များ၊ သီလရှင်များ၊ နိုင်ငံရေးအကျဉ်းသားများအားလုံးကို အမြန်ဆုံး ပြန်လွှတ်
ပေးပါရန်နှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ တိုင်းရင်းသားကိုယ်စားလှယ်များနှင့် တွေ့ဆုံဆွေးနွေးပြီး မြန်မာနိုင်ငံ၏ပြဿနာများကို
ငြိမ်းချမ်းစွာ ဖြေရှင်းသင့်ကြောင်း အကြံပြုအပ်ပါသည်။

၈၈ မျိုးဆက်ကျောင်းသားများ
ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်
ကျောင်းသားသမဂ္ဂများ အဖွဲ့ချုပ်

ဆက်သွယ်ရန် - 88gstudent@gmail.com , abfsu.07@gmail.com

You might also like