You are on page 1of 36

w

wwww
w..y
yeey
yiin
nttn
nggee..c
coom
m

မီဒီယာဖြင့် ရှုပ်ထွေးအောင် မပြုလုပ်ဟု အန်အယ်ဒီ ပြောဆို

ဖနိဒါ

ဗုဒ္ဓဟူးနေ့၊ ဒီဇင်ဘာလ 09 ရက် 2009 ခုနှစ် 19 နာရီ 08 မိနစ်

မဇ္ဈိမ (ချင်းမိုင်)။ ။ ပါတီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်က ပြည်ပမီဒီယာများကို အသုံးချပြီး အခြေအနေ ရှုပ်ထွေးစေရန် ဖန်တီးခဲ့သည်ဟူ၍ စစ်အစိုးရသတင်းစာက
စွပ်စွဲခြင်းသည် မမှန်ကန်ကြောင်း အန်အယ်ဒီက ယနေ့ တုံ့ပြန်ပြောဆိုသည်။

ဒေါ်အောင်ဆန်းစုကြည်က ဗိုလ်ချုပ်မှူးကြီးသန်းရွှေသို့ ပေးပို့သည့် စာများ ကာယကံရှင်ထံ မရောက်မီ ပြည်ပမီဒီယာများ၌ ပျံ့နှံ့စေရန် ကြိုပြီး “ဖွ” ခဲ့ကြောင်း ယနေ့ထုတ် မြန်မာ့အလင်းသတင်းစာတွင်
‘ချမ်းမြအေး’ ဆိုသည့် ကလောင်ရှင်က စွပ်စေ
ွဲ ရးသားထားခြင်းကို တုံ့ပြန်ပြောဆိုလိုက်ခြင်း ဖြစ်သည်။

မရိုးသားသည့် သဘောထားနှင့် မီဒီယာကို လက်ဦးအောင်ဖြွ ပီး အသုံးချခြင်း မဟုတ်ဘဲ ဒီမိုကရေစီ လုပ်ထုံးအရ ဆောင်ရွက်ခြင်းသာဖြစ်ကြောင်း ပါတီ ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင် ဦးဝင်းတင်က
ပြောသည်။

“ပြည်ပမီဒီယာတွေက ကျနော်တို့ကို ဆက်သွယ်လာတဲ့အခါ ကျနော်တို့ကလည်း မီဒီယာကို တုံ့ပြန်ရမယ့် ဝတ္တရားနဲ့အညီ ပြောတယ်။ မီဒီယာနဲ့ ပုလင်းတူဗူးဆို့ လုပ်တာ၊ မီဒီယာကို ခိုင်းတာ၊ အသုံးချတာ
လုပ်လို့ မရဘူး။ ဒီမိုကရေစီ ထုံးတမ်းစဉ်လာအရ မီဒီယာဟာ သူ့လုပ်ငန်း သူလုပ်နေကြတာပါ” ဟု သတင်းစာဆရာလည်းဖြစ်သူ ဦးဝင်းတင်က မဇ္ဈိမကို ပြောသည်။

“ဒေါ်အောင်ဆန်းစုကြည်ရဲ့ နိုင်ငံတော် အကြီးအကဲထံ အိတ်ဖွင့်ပေးစာတွေနဲ့ ပတ်သက်လို့ ပြည်တွင်း နိုင်ငံရေး အသိုင်းအဝုင


ိးနဲ့ ပြည်ပမီဒီယာတွေ ချိတ်ဆက်ပြီး အမျိုးမျိုး ဝေဖန်သွေးထိုးရင်း တွန့်ပို့နေကြတာ
တွေ့ရပါတယ်” ဟု ဆောင်းပါးရှင် ချမ်းမြအေးက သတင်းစာထဲတွင် စွပ်စေ
ွဲ ရးသားထားသည်။

ဦးဝင်းတင်ကမူ အန်အယ်ဒီသည် တရားဝင် ရပ်တည်နေသည့် ပါတီဖြစ်ပြီး မိမိတို့၏ သဘောထားများကို တရားဝင် ထုတ်ပြန်နိုင်ခွင့်ရှိကြောင်းနှင့် မီဒီယာ၏ တာဝန်မှာလည်း ပြည်သူများ
သိသင့်သိထိုက်သည်ကို အမြန်ဆုံး ဖော်ပြရမည်ဖြစ်ကြောင်း ပြောသည်။

ဒေါ်အောင်ဆန်းစုကြည်က ယခုနှစ် စက်တင်ဘာလ ၂၅ ရက်နေ့တင


ွ် “မြန်မာနိုင်ငံအပေါ် အရေးယူ ပိတ်ဆို့ထားမှုများ ရုပ်သိမ်းပယ်ဖျက်ရေးကိစ္စ” နှင့် စပ်လျဉ်း၍ စစ်အစိုးရနှင့် ပူးပေါင်းဆောင်ရွက်လိုကြောင်း
ဗိုလ်ချုပ်မှူးကြီး သန်းရွှေထံ စာရေးသားခဲ့သည်။ အန်အယ်ဒီက ယင်းစာမိတ္တူနှင့်အတူ အထူးကြေညာချက် ၆/ဝ၉/ဝ၉ ကို စက်တင်ဘာ ၂၈ ရက်နေ့တင
ွ် အများသိစေရန် ထုတ်ပြန်ခဲ့သည်။

ထို့အပြင် ပြီးခဲ့သည့်လ ၁၁ ရက်နေ့ကလည်း ဒေါ်အောင်ဆန်းစုကြည်က “မြန်မာနိုင်ငံအပေါ် အရေးယူ ပိတ်ဆို့ထားမှုများကို ရုပ်သိမ်းရေးကိစ္စ နောက်ဆက်တွဲ တင်ပြခြင်း” ဟု အကြောင်းအရာဖြင့်
ဗိုလ်ချုပ်မှူးကြီး သန်းရွှေထံ ဒုတိယအကြိမ် ပို့လိုက်သည့် စာသည်လည်း ပြည်ပမီဒီယာများသို့ ပေါက်ကြားပျံ့နှံ့ခဲ့သည်။

ဒုတိယစာသည် အန်အယ်ဒီ လူငယ်များမှတဆင့် ပြည်ပမီဒီယာများထံသို့ ပေါက်ကြားခဲ့သော်လည်း စာကို စစ်ထောက်လှမ်းရေးက တာဝန်အရ ဗိုလ်ချုပ်မှူးကြီးသန်းရွှေထံ အမြန်ဆုံး ပို့ရမည်ဖြစ်သဖြင့်
အစိုးရထံ မရောက်မီ ထုတ်ပြန်သည်ဟု စွပ်စွဲချက်မှာ မမှန်ကြောင်း ဦးဝင်းတင်က ဆက်ပြောသည်။

“ဒီစာကို သူတို့ဆီ အစောဆုံး ချက်ချင်းရောက်သွားတယ်လို့ ကျနော် ပြောနိုင်တယ်။ ဘာ့လို့လဆ


ဲိုတော့ သတင်းထောက်လှမ်းရေးက တာဝန်ယူရတယ်။ ဒီစာကို ချက်ချင်း မိနစ်မဆိုင်း ပို့ရမယ့်ဟာ။ စာမူရင်း
မဟုတ်ရင်တောင် Fax နဲ့ ပေါ့ဗျာ။ နောက် တစောင်ကျမှ တရားဝင် official စာအိတ်နဲ့ စာတိုက်ကနေ ပို့ရမယ်” ဟု သူက မဇ္ဈိမကို ပြောသည်။

၂၀၀၇ ခုနှစ် နိုဝင်ဘာလတွင် ဒေါ်အောင်ဆန်းစုကြည်က ကုလကိုယ်စားလှယ် မစ္စတာဂမ်ဘာရီနှင့် တွေ့ဆုံပြီးနောက် သူမ၏ ကြေညာချက်ကို မစ္စတာဂမ်ဘာရီမှတဆင့် စင်္ကာပူနိုင်ငံတင
ွ် တဖက်သတ်
ထုတ်ပြန်ခဲ့ခြင်းသည်လည်း မရိုးသားသည့် သဘောနှင့် မီဒီယာကို အသုံးချရန် ကြိုးစားခြင်းဖြစ်သည်ဟု ဆောင်းပါးရှင်က စွပ်စွဲထားသေးသည်။

သို့သော် အန်အယ်ဒီနှင့် စစ်အစိုးရအကြား အချိန်မည်မျှအကြာမှ ကြေညာချက် တရားဝင် ထုတ်ပြန်ရမည်ဟူသည့် သဘောတူညီချက်များ မထားရှိကြောင်းနှင့် အန်အယ်ဒီ အနေဖြင့် တရားဝင်
ကြေညာချက်များ ထုတ်ခွင့်ရှိကြောင်း ဦးဝင်းတင်က ထောက်ပြပြောဆိုသည်။

အန်အယ်ဒီနှင့် ဒေါ်အောင်ဆန်းစုကြည်ကို စစ်အစိုးရအာဘော် သတင်းစာများမှ အမည်ဝှက် အမျိုးမျိုးဖြင့် ပုတ်ခတ်ရေးသားလေ့ရှိသည်။ ထို့အပြင် စစ်အစိုးရက တရားဝင်ပါတီဖြစ်သော အန်အယ်ဒီ၏ နိုင်ငံရေး
လှုပ်ရှားမှုများကိုလည်း ပိတ်ပင်ဟန့်တားခြင်း၊ တက်ကြွသည့် ခေါင်းဆောင်များကို ဖမ်းဆီးထောင်ချခြင်းတို့ ပြုလုပ်နေသည်။

ရုံးခန်းဖွင့်ခင
ွ့်ကိုလည်း ရန်ကုန်ဌာနချုပ်တခုသာ ဖွင့်ခွင့်ပေးထားပြီး ပြည်နယ်နှင့် တိုင်းများတွင် ခွင့်ပြုမထားပေ။ သို့သော် တရားဝင် မဟုတ်သည့် အခြားပါတီအဖွဲ့အစည်းများ၏ ရုံးခန်းများ ဖွင့်လှစ်ခြင်းနှင့်
လှုပ်ရှားမှုများကိုမူ မသိကျိုးကျွံပြုထားသည်။

(ကိုဝိုင်း တည်းဖြတ်သည်။)
နအဖသတင်းစာပါ ဆောင်းပါးဖော်ပြချက်များအန်အယ်လ်ဒီမှ ဦးဝင်းတင် တုံ့ပြန်ပြောဆို
မင်းနိုင်သူ/ ၉ ဒီဇင်ဘာ ၂၀၀၉

ယနေ့ထုတ် နအဖအစိုးရသတင်းစာများတွင်ပါရှိသော ဆောင်းပါးရှင် ချမ်းမြအေး၏ စိတ်ရင်းစေတနာမှန်ပြီး ရိုးသားမယ်ဆိုရင်ဆိုသည့် ဆောင်းပါး၌ ရေးသားဖော်ပြချက်များသည် ဗိုလ်ချုပ်မှူးကြီး၏


သဘောထားဖြစ်သည်ဟု မယူဆကြောင်း အန်အယ်လ်ဒီပါတီ ဗဟိုအလုပ်အမှုဆောင် ဦးဝင်းတင်က တုံ့ပြန်ပြောဆိုလိုက်သည်။

အဆိုပါဆောင်းပါတွင် ဒေါ်အောင်ဆန်းစုကြည်သည် ဗိုလ်ချုပ်မှူးကြီးထံပေးစာကို ပြည်ပမီဒီယာများနှင့်ပေါင်းကာ ကြိုဖွခဲ့သည်ဟု ရေးသားထားသည်။

“ဒီဆောင်းပါးတွေဟာ အစိုးရရဲ့သဘောထားကို ထင်ဟပ်တတ်တယ်ဆိုပေမယ့် ဒီဆောင်းပါးဟာ ဗိုလ်ချုပ်မှူးကြီးရဲ့ သဘောထားဖြစ်တယ်လို့ မယူဆဘူး။ ဆောင်းပါးရှင်ဟာ ကြားခံအဆင့်နဲ့ ရေးသားနေသူသာ
ဖြစ်တယ်။ ဒေါ်အောင်ဆန်းစုကြည်ဟာ ဗိုလ်ချုပ်မှူးကြီးဆီကို တိုက်ရိုက်တင်ပြထားတာဖြစ်တယ်။ ဒါကြောင့် ဗိုလ်ချုပ်မှူးကြီးဆီက တုံ့ပြန်မှုရှိလာဦးမယ်လို့ ထင်တယ်။ ဆောင်းပါးနိဂုံးမှာလည်း
တွေ့ဆုံမှုဖြစ်လာဦးမယ့်သဘော ရေးထားတာလည်းရှိတယ်” ဟု ဦးဝင်းတင်က သုံးသပ်ပြောဆိုသည်။

အဆိုပါဆောင်းပါးသည် ဒေါ်အောင်ဆန်းစုကြည်၏ ဗိုလ်ချုပ်မှူးကြီးသန်းရွှေထံ ပေးစာနှစ်စောင်နှင့်စပ်လျဉ်းပြီး နအဖစစ်အစိုးရရှုထောင့်မှ သုံးသပ်တင်ပြထားခြင်းဖြစ်သည်။

“အခုရက်ပိုင်း ဒေါ်အောင်ဆန်းစုကြည်ရဲ့ နိုင်ငံတော်အကြီးအကဲထံ အိတ်ဖွင့်ပေးစာတွေနဲ့ ပတ်သက်လို့ ပြည်တင


ွ်းနိုင်ငံရေး အသိုင်းအ၀ိုင်းနဲ့ ပြည်ပမီဒီယာတွေ ချိတ်ဆက်ပြီး အမျိုးမျိုးဝေဖန်သွေးထိုးရင်း
တွန်းပို့နေကြတာ တွေ့ရပါတယ်” ဟု ဆောင်းပါးရှင်က အစချီရေးသားထားသည်။

ပေးစာနှစ်စောင်နှင့်စပ်လျဉ်း၍လည်း “ဒီပေးစာနှစ်စောင်ကို ကြည့်ရင် ရိုးသားမှုမရှိတာတွေ့နိုင်ပါတယ်။ တကယ်တော့ နိုင်ငံတော်အစိုးရကို ရိုးရိုးသားသားချဉ်းကပ်ပြီး ညှိနှိုင်းဖို့


ကြိုးစားတာမျိုးသာဖြစ်သင့်ပါတယ်။ အခုတော့ မရိုးသားတဲ့သဘော၊ ကိုယေ
် ကာင်း သူများဆိုး ဖြစ်အောင် လုပ်တဲ့သဘောဖြစ်နေပြီး တည်ဆအ
ဲ စိုးရရဲ့ Image ပျက်အောင် ရည်ရွယ်လုပ်သလို မျိုးလို့ပဲ ကျနော်
ခံစားမိပါတယ်” ဟုလည်း ဆောင်းပါးရှင်က မှတ်ချက်ပေးထားသည်။

ဒေါ်အောင်ဆန်းစုကြည်နှင့် အန်အယ်လ်ဒီပါတီတို့အနေဖြင့် ပေးစာ (၂) စောင်ပေးပို့ရာတွင် ပထမအကြိမ်က ပါတီကြေညာချက်နှင့်အတူ ပူးတွဲထုတ်ပြန်ခဲ့ကြောင်း၊ ဒုတိယအကြိမ်တင


ွ်လည်း
အန်အယ်လ်ဒီလူငယ်အဖွ့က
ဲ မီဒီယာများသို့ တိတ်တဆိတ် ကြိုဖြန့်ခဲ့ကြောင်း၊ မီဒီယာများမှတဆင့် တည်ဆဲအစိုးရကို အကျပ်ကိုင်ရန်ဖြစ်ကြောင်း စသဖြင့် ရေးသားထားသည်။

ဆောင်းပါးရှင်က အဆိုပါ စာနှစ်စောင်ကိစ္စအပြင် ၂၀၀၇ ခုနှစ်အတွင်း မစ္စတာ ဂမ်ဘာရီလာရောက်စဉ်က ဂမ်ဘာရီမှတဆင့် စင်ကာပူနိုင်ငံတင


ွ် တဖက်သတ်ကြေညာချက်ထုတ်ပြန်ခဲ့ကြောင်း၊ ထိုကြောင့်
ဒေါ်အောင်ဆန်းစုကြည်နှင့် အန်အယ်လ်ဒီတို့သည် မရိုးသားသည့် သဘောထားဖြင့် မီဒီယာကို အသုံးချကာ လက်ဦးအောင်ဖွနေသည်မှာ (၃) ကြိမ်တိုင်ပြီ ဖြစ်ကြောင်း ရေးသားထားသည်။

အဆိုပါရေးသားချက်များနှင့်စပ်လျဉ်း၍ ဦးဝင်းတင်က “ကျနော်တို့ တရားဝင်ရပ်တည်ဆဲဖြစ်တဲ့ ပါတီရဲ့ လှုပ်ရှားမှုတွေ၊ အာဘော်တွေနဲ့ ပတ်သက်ပြီး ပြည်တွင်းမီဒီယာတွေမှာ ဖော်ပြနိုင်ခွင့်မရှဘ
ိုး။ အဲဒီအခါမှာ
ပြည်ပမီဒီယာတွေက ကျနော်တို့ကို မေးတယ်၊ မြန်းတယ်၊ ဆက်သယ
ွ်တယ်။ ကျနော်တို့ကလည်း မီဒီယာကိုတုံ့ပြန်ရမယ့် ၀တ္တရားရှိသည်နဲ့အညီ ပြောတယ်၊ ဆက်ဆံတယ်။ ဒါကလွဲပြီး ကျနော်တို့က မီဒီယာနဲ့
ပုလင်းတူဘူးဆို့ လုပ်ခြင်းသော်လည်းကောင်း၊ မီဒီယာကို ခိုင်းစားခြင်းမျိုး၊ အသုံးချခြင်းမျိုး လုပ်လို့မရဘူး။ ဒီမိုကရေစီ ထုံးတမ်းစဉ်လာအရ မီဒီယာဟာ သူ့လုပ်ငန်းသူ လုပ်နေကြတာ။ အဲဒါကို သူတို့
နားမလည်ဘူး။ သူတို့အကျင့်စရိုက်အတိုင်းပဲ ထင်နေကြတယ်” ဟု ပြောသည်။

ဒေါ်အောင်ဆန်းစုကြည်၏ ပေးစာ (၂) စောင်အနက် နောက်ဆုံးတစောင် စောလျင်စွာ မီဒီယာသို့ ပေါက်ကြားရသည့်အတွက်မူ စိတ်မကောင်းဖြစ်ရသော်လည်း ပထမအကြိမ်စာမှာ
ဗဟိုအလုပ်အမှုဆောင်အဖွ့၏
ဲ သဘောထားဖြင့် လုံလောက်သည့် အချိန်ပေးပြီးမှ ထုတ်ပြန်ခဲ့ခြင်းသာဖြစ်ကြောင်း ဦးဝင်းတင်က ပြောသည်။

နေအိမ်အကျယ်ချုပ်ကျခံနေရသော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အထွေထွေအတွင်းရေးမှူး ဒေါ်အောင်ဆန်းစုကြည်က မြန်မာနိုင်ငံအပေါ် အရေးယူပိတ်ဆို့ထားမှု ရုပ်သိမ်းပယ်ဖျက်ရေး ထိရောက်စွာ


ဆောင်ရွက်နိုင်ရန်အတွက်
မြန်မာနိုင်ငံဆိုင်ရာ အနောက်နိုင်ငံအချို့မှ သံတမန်များနှင့် တွေ့ဆုံဆွေးနွေးလိုကြောင်း စက်တင်ဘာ (၂၅) ရက်စွဲဖြင့် ဗိုလ်ချုပ်မှူးကြီးသန်းရွှေထံ ပေးပို့ခဲ့သည့်စာတွင် ထည့်သင
ွ်းတောင်းဆိုထားသည်။
အဆိုပါတောင်းဆိုချက်ကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ကြေညာချက်အမှတ် ၆/၀၉/၀၉ အဖြစ် ထုတ်ပြန်ခဲ့သည်။

ဒုတိယပေးစာကို ဒေါ်အောင်ဆန်းစုကြည်က ဗိုလ်ချုပ်မှူးကြီးသန်းရွှေထံ နိုဝင်ဘာ (၁၁) ရက်နေ့စွဲဖြင့် တွေ့ဆုံဆွေးနွေးရေး အတွက် ကမ်းလှမ်းပေးပို့ခဲ့သည်။

သို့သော် အဆိုပါ ဒေါ်အောင်ဆန်းစုကြည်၏ မြန်မာနိုင်ငံအပေါ် အရေးယူပိတ်ဆို့ထားမှုများကို ရုပ်သိမ်းရေးကိစ္စ နောက်ဆက်တွဲဟူသော ပေးစာသည် ပြည်ပမီဒီယာများတွင် ပေါက်ကြားခဲ့ခြင်းဖြစ်သည်။

ထိုစာတွင် ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် အစိုးရနှင့်ညှိနှိုင်းကာ နိုငင


်ံအကျိုးရှိစေမည့် ကိစ္စရပ်များကို ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း ဖော်ပြထားပြီး သူမ ပါတီကိစ္စရပ်များ ပိုမိုထိရောက်စွာ
ဆောင်ရွက်နိုင်ရေးအတွက် ဗဟိုအလုပ်အမှုဆောင်များနှင့် စုံညီအစည်းအဝေးကို သူမအိမ်တင
ွ် ကျင်းပခွင့်ပြုရန်၊ ပါတီဗဟိုအလုပ်အမှုဆောင်များနှင့် ဆွေးနွေးညှိနှိုင်းပြီးပါက နိုင်ငံ့အကျိုးရှိစေမည့် ကိစ္စရပ်များ
ပူးပေါင်းဆောင်ရွက်နိုင်ရန်အတွက် နအဖအစိုးရဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးသန်းရွှေနှင့်လည်း တွေ့ဆုံဆွေးနွေးလိုပါကြောင်း ရေးသားဖော်ပြထားသည်။

 
 


2009--12-
2009 12-09

ႛ    !"#$ႛ%! &!'() *+


,-.-.  
-

ႛ ႓
 
(0 &(1 (!&*'-ႚ,1
 &!
&(3  
+

45

(Photo: AFP)

&* ?@ !,1


()A႒ ႟DE). (! ,   F& !0G5 +(( &!&+*. (!&&!(E). () 'ႚ H! 'E'(3 +
1!
*!ႛ E!H()
%
, --  !
G5 (Photo: AFP)

ႛ%! &!'%-()  


) ,(+(& -. '  ()႓
 ႟!(4 !' !-. 
() !,1
()A႒ ႟D ! F& !0G


!,-.-. 
E)-ႛ
႓
 F& !0G-ႛ NLD !#
ႛ  ()!-. %-ႛ (4! &H!,႓
 G႟4
' ,)) ႒1&',  ,-. +*0M !4.*!
&+*& +
,-.-ႛ ( (႟!( +
1,-. +*0 %
45
 
-

ႛ ႓
 &(1 (!&*'-ႚ,1
 &!
&(3 &*'-ႚ  ႒  ,!! +

45

5 5 “
-+
+
M ႗!*
ႛ ႓
. &+
1-ႛ ()(-.&' &+
1 -. +
0,(1 ႗!ႛ (႖.45  &()
-5
F& !0G +
! !+
G &1) )0&'
$
  ႟ ' ,
4!ႛ +
!
- !,1
()A႒ ႟DG !+
G &1) )0&'
H!+ႛ
 ႟',
4 !-. !
- ႗!ႛ (႖.
4 ! ႗ +
,-.*$
45 &- ! ႗!ႛ (႖.-.&,()
&,!! &!႓
. ,(+(& (1 %'-.&, . ႗!ႛ &()&! +
 &'! 

45 !ႛ ႗!ႛ 
4 !
(4!ႛ
&(႖.$M  &' ႗ &&' ႗!ႛ (႖.4 !! ႗!ႛ +
,
45”

&$ (ႛ  R &ST ႛ%! Bangkok Post  ()G 
*  (U Professor) &(G -ႛ !႓(1ႚ  -ႛ ! 
4 !-.  

),-.
45 &- 
() F& !0G-ႛ NLD # !,1
()A႒ ႟D !,4 ! *!
ႛ !0M 4. !,1
()A႒
႟D !,# 
'
 !ႛ%! +
G ႟!
(G(#!M ႟'
-'G (#!0M $4!,# $ႛ-.H!႓,H1 ,*!ႛ +*0M  
(-.
 !  %!*+
 !(). (#!0M F& !0G-ႛ NLD &-ႛ 'ႚ H! 'E' +*(.(4!ႛ (႖.(.0 %
45

 
'-

ႛ ႓
 &(1 (!&*'-ႚ,1
 &!
&(3  &*'-ႚ  ႒ -. %&+('! +
%
45

ဒေါ်အောင်ဆန်းစုကြည်နှင့် ဆက်ဆံရေးဝ
ရးဝန်ကြီး ထပ်မံတွေ့

Wednesday, 09 December 2009 18:43 ရန်ပိုင်

မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် စစ်အစိုးရ ဆက်ဆံရေးဝန်ကြီး ဦးအောင်ကြည်တို့ ယနေ့ တွေ့ဆုံ ကြောင်း သိရသည်။

၎င်းတို့ နှစ်ဦးသည် ရန်ကုန်မြို့ရှိ အစိုးရ ဧည့်ဂေဟာတွင် ၄၅ မိနစ်ကြာ တွေ့ဆုံခ့သ


ဲ ည်ဟု အစိုးရအာဏာပိုင်များကို ကိုးကား၍ AP သတင်းတွင် ဖော်ပြထားသည်။ တွေ့ဆုံဆွေးနွေးသည့် အကြောင်းအရာ
အသေးစိတ်ကိုမူ မသိရှိရပေ။

ယခု တွေ့ဆုံမှုသည် ဒေါ်အောင်ဆန်းစုကြည်ကို သြဂုတ်လအတွင်းက နေအိမ်အကျယ်ချုပ် ဖောက်ဖျက်မှုဖြင့် ပြစ်ဒဏ်


ချမှတ် ပြီးနောက် ၃ ကြိမ်မြောက် တွေ့ဆုံခြင်းဖြစ်သည်။

ဒေါ်အောင်ဆန်းစုကြည်က ပြီးခဲ့သည့် စက်တင်ဘာ လကုန်ပိုင်းတွင် စစ်အစိုးရခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေထံသို့


အမေရိကန်နှင့် အနောက်နိုင်ငံများကပြုလုပ်ထားသော အရေးယူပိတ်ဆို့မှုများ ရုပ်သိမ်းရေးနှင့်ပတ်သက်ပြီး ပူးပေါင်း
ဆောင်ရွက် လိုကြောင်း စာတစောင် ပေးပို့ပြီးနောက်ပိုင်း ယင်းစာနှင့်ပတ်သက်၍ အောက်တိုဘာလအတွင်း
ဆက်ဆံရေးဝန်ကြီး ဦးအောင် ကြည် နှင့် ဒေါ်အောင်ဆန်းစုကြည်တို့ ၂ ကြိမ်တွေ့ဆုံခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည်သည် ပြီးခဲ့သည့် နိုဝင်ဘာ ၁၁ ရက်နေ့ကလည်း ဗိုလ်ချုပ်မှူးကြီး သန်းရွှေနှင့်တွေ့ဆုံခင


ွ့်ရရန်
ဒုတိယ စာတစောင် ပေးပို့ခဲ့ရာ ယင်းစာသည် သတင်းမီဒီယာများနှင့် လူအများကြား ပျံ့နှံ့သွားခဲ့သည်။

ထို ဒုတိယစာ နှင့်ပတ်သက်ပြီး ယနေ့ထုတ်စစ်အစိုးရသတင်းစာများတွင် ဒေါ်အောင်ဆန်းစုကြည်မှ


ဗိုလ်ချုပ်မှူးကြီးသန်းရွှေထံသို့ ပေးပို့မည့် အိတ်ဖင
ွ့်ပေးစာ ပြည်ပမီဒီ ယာများထံ ပေါက်ကြားခဲ့ခြင်းနှင့် ပတ်သက်၍
ဒေါ်အောင်ဆန်း စုကြည် အနေဖြင့် စိတ်ရင်း စေတနာမမှန်၊ ရိုးသားမှုမရှိသည့် လုပ်ရပ်ဖြစ်ကြောင်း ဝေဖန်ထားသည်။

အဆိုပါပေးစာနှစ်စောင်နှင့် ပတ်သက်၍ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) အနေဖြင့် နိုင်ငံတော်အစိုးရကို ရိုးရိုးသားသား ချဉ်းကပ်ပြီး ညှိနှိုင်းရန်
ကြိုးစားမှုမျိုးသာဖြစ်သင့်ကြောင်း၊စစ်အစိုးရကို မကောင်းသည့်သဘော ပေါ်အောင်ရည်ရွယ်လုပ်ဆောင်သည့် ပုံစံမျိုးဖြစ်နေကြောင်း၊ ထို့အပြင် ပြည်ပမီဒီယာများမှတဆင့် ဖိအားပေးခြင်းဖြစ်ကြောင်း စွပ်စွဲ
ရေးသားထားသည်။

ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် ယခုစာရေးသားပေးပို့ခြဲ့ ခင်းသည် တိုင်းပြည်အကျိုးအတွက် စေတနာမှန်ကန်စွာဖြင့်ရေးသား ထားခြင်းဖြစ်ပြီး ယခုစစ်အစိုးရသတင်းစာများတွင် စွပ်စွဲသကဲ့သို့


မရိုးသားသည့်သဘောများ မပါရှိကြောင်း၊ ယခုက့သ
ဲို့ မီဒီယာ အတွင်းပျံ့နှ့သ
ွာံးခြင်းမှာလည်း ရည်ရွယ်ချက်ဖြင့် လုပ်ဆောင်ခဲ့ခြင်းမဟုတ်ကြောင်းကို မီဒီယာများမှတဆင့် လူထုသို့ ရှင်းလင်း တင်ပြခဲ့ပြီး
ဖြစ်ကြောင်း NLD ပြန်ကြားရေးတာဝန်ခံ ဦးခင်မောင်ဆွေက ပြောသည်။

“သတင်းစာမှာရေးပေမယ့်လည်း ဆောင်ပါးရှင်အာဘော်လို့ပဲ ယူဆတယ်၊ အစိုးရတဖွဲ့လုံးသဘောထားလို့ ယူဆရင်တော့ မလွတ်မ ကင်းရာရောက်လိမ့်မယ်၊ ဘာကြောင့်လည်းဆိုတော့


သတင်းစာရှင်းလင်းပွဲမဟုတ်လို့ တရားမ၀င်ပါဘူး”ဟု ၎င်းကဆိုသည်၊၊

“မီဒီယာကို မရိုးမသား အသုံးချသောကြောင့် ဦးတည်ချက်ပြောင်းသွားပြီး တဘက်မှ အပြုသဘောတုံ့ပြန်မှု ခက်ခဲစေရန် တင်ကြို ဖျက်ဆီးသည့်ပုံစံမျိုး”ဟု စစ်အစိုးရသတင်းစာဆောင်းပါးပါ
စွပ်စွဲချက်များသည်ပင် အဆိုးမြင်သည့်ပုံသဏ္ဍန် ပေါ်လွင်နေကြောင်း ဦးခင်မောင်ဆွေက ပြောသည်။

အဆိုပါ ဗိုလ်ချုပ်မှူးကြီးထံပေးစာအား NLD အဖွဲ့ ၏ ဗဟိုအလုပ်အမှုဆောင်တဦးမှ လူငယ်အဖွဲ့ဝင်တဦးအား မိတ္တူကူးရန်အတွက် ပေးအပ်ခဲ့ရာမှ ပေါက်ကြားခဲ့ခြင်းဖြစ်ပြီး အဖွဲ့ အတွင်း ရှုပ်ထွေးမှုများ
ဆက်လက်ဖြစ်ပေါ်လာမည်ကို စိုးရိမ်သည့်အတွက် စုံစမ်း စစ်ဆေးခြင်းမပြုလုပ်သေးဘဲ ခေတ္တဆိုင်းငံ့ထားရန် ဥက္ကဋ္ဌ ဦးအောင်ရွှေနှင့် ဒေါ်အောင်ဆန်းစုကြည်က တားမြစ်ခဲ့ကြောင်း ဧရာဝတီမှ သီးခြားစုံစမ်း
သိရှိရသည်။

NLD မှ စစ်အစိုးရထံသို့ တင်ပြထားသည့်ကိစ္စ အတော်များများကို စစ်အစိုးရက မည်သည့်အခါမျှ တုံ့ပြန်မှု မပြုလုပ်ခဲ့ကြောင်း၊ထို့ကြောင့် ယခုကဲ့သို့ ဒေါ်အောင်ဆန်းစုကြည်၏ စာအား
ဖွင့်ချခဲ့ခြင်းဖြစ်နိုင်ကြောင်း၊သို့သော်လည်း စစ်အစိုးရအနေဖြင့် လျို့ဝှက် ကိစ္စများ ပေါက်ကြားမှုကို မည်သည့်အခါမျှ သည်းခံလေ့မရှသ
ိ ည့် အတွက် ပဋိပက္ခဖြစ်ပွားနေသည့် အနေအထားမျိုးတွင် NLD
အနေဖြင့် သတိထားလုပ်ဆောင်ရမည်ဖြစ်ကြောင်း၊ တိုင်းပြည်အကျိုးအတွက် ကောင်းရာကောင်းကျိုးလုပ်မည်ဟု ဆုံးဖြတ် ထားလျှင် နှစ်ဦးနှစ်ဘက်အနေဖြင့် သေသေချာချာ စဉ်းစားလုပ်ဆောင်ရန်
လိုအပ်ကြောင်း ချင်းမိုင်အခြေစိုက် မြန်မာ့အရေး လေ့လာသူ ဦးအောင်နိုင်ဦးက သုံးသပ်သည်။

ဒေါ်အောင်ဆန်းစုကြည်သည် မေလက အကျယ်ချုပ် ၆ နှစ် ပြည့်တော့မည့် အချိန်တွင် ၎င်း၏နေအိမ်သို့ တိတ်တဆိတ် ဝင်ရောက်ခဲ့သော အမေရိကန် နိုင်ငံသား ဂျွန် ဝီလျံ ယက်ထောကြောင့် ရုံးတင် တရားစွဲ
ခံခဲ့ရခြင်းဖြစ်သည်။

အာဏာပိုင်တို့က ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ်အကျယ်ချုပ် ဖောက်ဖျက်သည်ဟု ဆိုကာ သြဂုတ်လ အတွင်းတွင် ထောင်ဒဏ် ၃ နှစ် စီရင်ချက် ချမှတ်ခဲ့သည်။ ထို့နောက် စစ်အစိုးရ ခေါင်းဆောင်
ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၏ အမိန့်ဖြင့် ထောင်ဒဏ်ကို ထက်ဝက် လျှော့ချကာ ဆိုင်းငံ့ ပြစ်ဒဏ် နေအိမ် အကျယ်ချုပ် ၁ နှစ်ခွဲ ကျခံစေခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည်သည် ၂၀၀၃ ခုနှစ် မေလတွင် ဖြစ်ပွားခဲ့သော ဒီပယ


ဲ င်းအကြမ်းဖက်တိုက်ခိုက်မှု အပြီးမှ စတင်၍ နေအိမ် အကျယ်ချုပ်ဖြင့် အထိန်းသိမ်းခံနေရသည့် ၆ နှစ်ပြည့်ခါနီး အချိန်တွင်
ယခုကဲ့သို့ တရားစွဆ
ဲို ပြစ်ဒဏ်ချခံရခြင်း ဖြစ်သည်။ ၎င်း သည် ၁၉၈၉ ခုနှစ်မှ စ၍ နေအိမ် အကျယ်ချုပ် ဘ၀ဖြင့် နေရချိန် စုစုပေါင်း ၁၄ နှစ်ကျော်ပြီ ဖြစ်သည်။

ဒေါ်အောင်ဆန်းစုကြည် နှင့် ဦးအောင်ကြည် ထပ်မံတွေ့ဆုံ


မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် စစ်အစိုးရ ကိုယ်စားလှယ် ဆက်ဆံရေးဝန်ကြီး ဦးအောင်ကြည်တွေ့ဆုံစဉ် © AP

မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် စစ်အစိုးရ ကိုယ်စားလှယ် ဆက်ဆံရေး ဝန်ကြီး ဦးအောင်ကြည် တို့သည် ယနေ့ ဗုဒ္ဓဟူး နေ့တင
ွ် ၄၅ မိနစ်ကြာ ရန်ကုန်မြို့ စိမ်းလဲ့ကန်သာ
ရိပ်သာတွင် တွေ့ဆုံ ဆွေးနွေး ခဲ့ကြသည်ဟု ရန်ကုန်မှ လာ သော သတင်းများအရ သိရှိ ရသည်။

လတ်တလော ဆွေးနွေးချက် များနှင့် ပတ်သက်၍ အသေးစိတ် မသိရှိ ရသေးသော်လည်း စစ်အစိုးရ အကြီးအကဲ ဗိုလ်ချုပ်မှူးကြီး သန်းရွှေထံ မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က
ကမ်းလှမ်းချက် များနှင့် သက်ဆိုင်သည်ဟူ၍ အန်အယ်ဒီ ပါတီ ပြောခွင့်ရ ဦးဥာဏ်ဝင်းက အစောပိုင်းက သတင်း မီဒီယာများကို ပြောဆိုခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည် သည် အမေရိကန် နိုင်ငံသား ဂျွန်ဝီလျံ ယက်တော အား နေအိမ်အတွင်း ၀င်ခင


ွ့်ပြု စေမှုဖြင့် မြန်မာ စစ်အစိုးရ၏ နေအိမ် အကျယ်ချုပ် ပြစ်ဒဏ် (၁၈)လ အထိ ချမှတ်ခြင်းကို ခံထားရပြီး၊
အယူခံနှင့် ပတ်သက်သော ပြစ်မှုဆိုင်ရာ ပြင်ဆင်မှု လက်ခံရေး အတွက် တရားရုံးချုပ် တွင်လာမည့် ၂၁ ရက်နေ့တွင် လျှောက်လဲချက် ပေးရမည် ဖြစ်သည်။

မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင်သည် ရန်ကုန်မြို့ တက္ကသိုလ်ရိပ်သာလမ်းရှိ သူမ၏ နေအိမ်တင


ွ် ထိန်းသိမ်း ခံထားရပြီး၊ စစ်အစိုးရ ကိုယ်စားလှယ်နှင့် နောက်ဆုံး တွေ့ဆုံခဲ့သည်မှာ ၂၀၀၉ ခုနှစ်
အောက်တိုဘာလ ၇ ရက်နေ့က ဖြစ်သည်။ ယခု ၈ ကြိမ်မြောက် ထပ်မံ တွေ့ဆုံခြင်းဖြစ်ကာ စစ်အစိုးရက ထုတ်ပြန်ခဲ့သော ဓာတ်ပုံ အထောက်အထား များအရ ၁၉၉၄ နှင့် ၂၀၀၃ ခုနှစ်အတွင်း ဗိုလ်ချုပ်မှူးကြီး
သန်းရွှေ နှင့် ဒေါ်အောင်ဆန်းစုကြည်တို့ အနည်းဆုံး ၃ ကြိမ် တွေ့ဆုံခြဲ့ ပီး ဖြစ်သော်လည်း တွေ့ဆုံဆွေးနွေးသည့် အကြောင်းအရာနှင့် ပတ်သက်၍ ၂ ဘက်စလုံးက ထုတ်ဖော် ပြောဆိုခြင်း မရှိခဲ့ပေ။

အလုပ်သမား ၀န်ကြီး ဦးအောင်ကြည်ကို စစ်အစိုးရက ဒေါ်အောင်ဆန်းစုကြည် နှင့် ၎င်းတို့အကြား ဆက်သွယ်ရေး အတွက် ဆက်ဆံရေး ၀န်ကြီးအဖြစ် ၂၀၀ရ ခုနှစ် အောက်တိုဘာ ၈ ရက်နေ့က ခန့်အပ်ခဲ့ခြင်း
ဖြစ်သည်။

၂၀၀၇ ခုနှစ် စက်တင်ဘာ ၂၉ ရက်က မြန်မာနိုင်ငံသို့ လာရောက်ခ့သ


ဲ ည့် ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ်၏ အထူးကိုယ်စားလှယ် မစ္စတာ အီဗရာဟင် ဂန်ဘာရီ၏ အကြံပြုချက်အရ နောင်တွင်
ဒေါ်အောင်ဆန်းစုကြည်နှင့် လုပ်ငန်းများ ဆက်သယ
ွ် လုပ်ဆောင်ရန် ယင်း ဆက်ဆံရေးဝ န်ကြီးကို ခန့်အပ်ခြင်း ဖြစ်သည်ဟု စစ်အစိုးရက ဆိုသည်။

Barcamp Yangon အမှတ်တံဆိပ် © Barcamp Yangon

မြန်မာနိုင်ငံတင
ွ် ပထမဆုံး ကျင်းပ ပြုလုပ်မည့် Barcamp Yangon ခေါ် နည်းပညာနှင့် စီးပွားရေး ဆိုင်ရာ အသိပညာ အတတ် ပညာရှင်များ ၀ါသနာရှင်များ တွေ့ဆုံပွဲအား ရန်ကုန် မြို့တွင် ခမ်းနား
သိုက်မြိုက်စွာ ကျင်းပ ရန်စီစဉ် ဆောင်ရက
ွ်လျှက် ရှိသည်ဟု သိရှိရသည်။

Barcamp အား မကြုံဆုံဖူးသော မြန်မာနိုင်ငံမှ လူငယ် လူကြီးများ အတွက် မိတ်ဆက် တင်ဆက်ပေးခြင်း ဖြစ်ကြောင်း သိရှိရပြီး၊ Barcamp ဆိုသည်မှာ ပညာရပ် ပိုင်းဆိုင်ရာ ပွဲတခုကဲ့သို့ သမားရိုးကျ
ပွဲကျင်းပပုံ နှင့်မတူဘ၊ဲ ၀ါသနာတူရာ၊ ရည်မှန်းချက် တူရာ လူတွေစု၍ အတွေ့အကြုံတွေ အသိပညာ ဖလှယ်ကြမည့်ပွဲမျိုး ဖြစ်ကြောင်း Barcamp သည် ဟောပြောပွဲ သက်သက် မဟုတ်သလို၊
နည်းပညာများကို သရုပ်ဖော်ပြသခြင်း သက်သက်လည်း မဟုတ်ပါကြောင်း၊ ခေါင်းစဉ်ကြီးများ တပ်သော ဆွေးနွေးပွဲကြီးမျိုးလည်း မဟုတ်သလို၊ Conference လိုမျိုးလည်း မဟုတ်သည့်အတွက်၊ Un-
conference လို့ဟု ခေါ်ဆိုနိုင်ကြောင်း သိရသည်။

Barcamp တွင် Experts များက Non-Experts တွေအား ဆရာလုပ် သင်ကြားပေးသည့် ပုံမျိုးနှင့် သွားတာမဟုတ်ဘ၊ဲ မိမိကိုယ်တိုင် ကျွမ်းကျင်တဲ့ အပိုင်းလေးတွေက တဆင့်၊ လူအများကို အသိပညာ
ဝေမျှနိုင်မယ့် အပိုင်းတွေ ဝေမျှပြီး၊ ပြန်လည်မျှယူတဲ့ သဘောဖြစ်ကြောင်းလဲသိရပါတယ်။ အဲဒီအတွက် နည်းပညာ၊ အသိပညာ ဖြန့်ဝေတဲ့ ပုံစံဟာ၊ သမားရိုးကျ သင်ကြားပေးပုံကို လုံးဝပြောင်းပြန်
လှန်ပစ်လိုက်ပြီး၊ ပိုပြီး interactive ဖြစ်တဲ့ ဆွေးနွေးဖလှယ်မှု ပုံစံမျိုးနဲ့ သွားမယ့် အခမ်းအနားမျိုး ဖြစ်ကြောင်းလည်း သိရှိရသည်။

Barcamp မှာ ဆွေးနွေးပွဲ စည်းကမ်းချက်တွေ၊ ခေါင်းစဉ်တွေရယ် လို့မရှိပဲ အချင်းချင်း တူညီစွာ စိတ်ဝင်စားတဲ့ အကြောင်းအရာ၊ မိမိ ပြောပြ ဆွေးနွေးနိုင်တဲ့ အကြောင်းအရာ များကို လွတ်လွတ်လပ်လပ်
ဆွေးနွေး ဖလှယ်ကြပြီး၊ ပြောဆို ဆွေးနွေးကြတဲ့ ခေါင်းစဉ်ရဲ့ ဦးတည်ရာကို အလိုက်သင့် လိုက်ပါ ဆွေးနွေးကြနိုင်အောင် စီစဉ်ခြင်း ဖြစ်ကြောင်း သိရှိသည်။

Barcamp ရဲ့ အနှစ်သာရ၊ အသက်ဝင်မှု မှာ မိမိကိုယ်တိုင် တက်တက်ကြွကြွ ပါဝင်ဆွေးနွေး (participating) ခြင်း တခုဖြစ်ပြီး၊ Barcamp ကို နားထောင်ရုံ သက်သက် လာမှာထက်၊ ကိုယ်သိချင်တဲ့
အကြောင်းအရာ အတွက် မေးခွန်းတွေ၊ ကိုယ်သိ ထားတာတွေကို ရှင်းပြ၊ ပြောပြဖို့ ပြင်ဆင်မှုတွေ နဲ့ တက်ရောက်ဖို့ အကြံပြုပါတယ်လို့ စီစဉ်သူတဦးက ပြောဆိုခဲ့ပြီး၊ ကိုယ်မေးလိုက်တဲ့ မေးခွန်းက သူများတွေ
မစဉ်းစားမိသေးတဲ့ ပြဿနာကြီး တခုကို ဖော်ထုတ် ပေးလိုက်နိုင်သလို၊ ကိုယ်ပေးလိုက်တဲ့ နည်းလမ်းလေး တခုဟာ၊ တခြား တယောက်အတွက် အလွန်တန်ဖိုးရှိတာမျိုး ဖြစ်နေနိုင်တာမို့၊ Barcamp ကို
လာရောက်မယ်သူတွေဟာ ကိုယ်သိတာတွေကို ပေးရင်းနဲ့ ကိုယ်မသိတာတွေလည်း ယူသွားနိုင်ကြမှာ ဖြစ်တယ်လို့ ဆိုပါတယ်။

Barcamp Yangon ကို မြန်မာနိုင်ငံတွင် ပထမဆုံး ကျင်းပပြုရန် ကွယ်လန


ွ်သူ မြန်မာစစ်အစိုးရ နိုင်ငံခြားရေးဝန်ကြီး ဦးဝင်းအောင်၏သား Inforithm-Maze ၏ ဦးဆောင်အရာရှိလည်း ဖြစ်သူ Internet
Journal ပိုင်ရှင်ဖြစ်ပြီး၊ မြန်မာနိုင်ငံ ကွန်ပြူတာ ပညာရှင်များအသင်း (MCPA) အထွေထွေ အတွင်းရေမှူး ဖြစ်ကာ ဦးသောင်းစုငြိမ်းက ဦးဆောင် ကျင်းပခြင်း ဖြစ်သည်။ ကျင်းပမည့် ၂၀၁၀ ပြည့်နှစ် ဇန်နဝါရီလ
၂၃၊ ၂၄ ရက် နေ့များကို Download Day အဖြစ် သတ်မှတ်ပြီး Bandwidth များ ချဲ့ထားပေးရန်၊ download primer ကြိုတင် သရုပ်ပြရန် ပြင်ဆင် ပြထားမည် ဖြစ်သည်။
ဗိုလ်ချုပ်ကြီး ရွှေမန်း၏သား ဦးတိုးနိုင်မန်းနှင့် ၎င်း၏ဇနီး ဇေဇင်လတ် (ဇေကမ္ဘာ ဦးခင်ရွှေ၏ သမီး) တို့ ပိုင်ဆိုင်သည့် မြန်မာနိုင်ငံ၌ ပထမဦးဆုံး ဝိုင်ဖိုင်စံနစ်ဖြင့် အခပေး အင်တာနက်လုပ်ငန်း ဖြစ်သော Red
Link Communications Ltd ကုမ္ပဏီမှ Barcamp ပြွဲ ပုလုပ်မည့် လှိုင်မြို့နယ် မြန်မာအင်ဖိုတက်ခ် Function Hall 1 & Function Hall 2 တို့တင
ွ် အသုံးပြုမည် ဖြစ်သော ဝိုင်ဖိုင် စံနစ်တို့ကို ရုပ်ရှင်မင်းသမီး
နန္ဒာလှိုင်၏ ခင်ပွန်းဖြစ်သူ ကိုဇေသီဟ (Red Link, WiMax, WiFi) တို့မှ အခမဲ့ ကူညီတပ်ဆင် ပေးသွားမည် ဖြစ်ကြောင်း သိရှိရသည်။

ဒေါ်အောင်ဆန်းစုကြည်နဲ့ ဆက်ဆံရေးဝန်ကြီး ၉ ကြိမ်မြောက် တွေ့ဆုံ

09 December 2009

မြန်မာနိုင်ငံ စစ်အစိုးရရဲ့ ဆက်ဆံရေးဝန်ကြီး ဦးအောင်ကြည်ဟာ မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ အစိုးရဧည့်ဂေဟာမှာ ဒီနေ့ တွေ့ဆုံခဲ့ပါတယ်။

ဘာအကြောင်းအရာ ဆွေးနွေးတယ်ဆိုတာ အတိအကျ မသိရပေမဲ့ ဒေါ်အောင်ဆန်းစုကြည်က ဗိုလ်ချုပ်မှူးကြီးသန်းရွှေဆီကို ရေးသားခဲ့တဲ့ စာနဲ့ ပတ်သက်နေလိမ့်မယ်လို့ ယူဆရပါတယ်။ အဲဒီစာထဲမှာ
ဒေါ်အောင်ဆန်းစုကြည်က အမျိုးသားဒီမိုကရေစီ အဖွဲ့ ချုပ် အလုပ်အမှုဆောင် အဖွဲ့ ၀င်တွေနဲ့ တွေ့ဆုံ ဆွေးနွေးခွင့်ပြုဖို့၊ အဲလိုဆွေးနွေးပြီး တိုင်းပြည်အကျိုးအတွက် ဆောင်ရွက်နိုင်မယ့် ကိစ္စတွေကို
ဗိုလ်ချုပ်မှူးကြီးသန်းရွှေဆီ မေတ္တာရပ်ခံ တင်ပြခဲ့တာ ဖြစ်ပါတယ်။

အခုတွေ့ဆုံမှုဟာ အနည်းဆုံး အဲဒီထက


ဲ ပထမတချက်နဲ့ ပတ်သက်ပြီးတော့ လာရောက်ဆွေးနွေးတာ ဖြစ်နိုင်တယ်လို့ ယူဆရကြောင်း အမျိုးသားဒီမိုကရေစီ အဖွဲ့ ချုပ်နဲ့ နီးစပ်တဲ့ သတင်းရပ်ကွက်တွေက
ဆိုနေကြပါတယ်။

ဒေါ်အောင်ဆန်းစုကြည်က ဗိုလ်ချုပ်မှူးကြီးဆီကို ပထမအကြိမ် စာရေးသားခဲ့စဉ်တုန်းက မြန်မာနိုင်ငံအပေါ် နိုင်ငံတချို့ရဲ့ စီးပွားရေးအရ အရေးယူ ပိတ်ဆို့ထားမှု ပြန်ရုပ်သိမ်းရေးအတွက်
ဆောင်ရွက်လိုကြောင်း မေတ္တာရပ်ခံခ့ပ
ဲါတယ်။ ဒီကိစ္စအတွက် သူတွေ့ဆုံလိုတဲ့ နိုင်ငံခြား သံတမန်တချို့နဲ့ တွေ့ဆုံခင
ွ့် ရခဲ့ပါတယ်။

အခုတွေ့ဆုံမှုဟာ ဦးအောင်ကြည် ဆက်ဆံရေးဝန်ကြီးအဖြစ် ခန့်အပ်ခြင်း ခံရတဲ့ ၂၀၀၇ ခုနှစ် အောက်တိုဘာလကစပြီး ၉ ကြိမ်မြောက် တွေ့ဆုံမှု ဖြစ်သလို ၂၀၀၉ ခုနှစ်အတွင်းမှာဆိုရင် ၃ ကြိမ်မြောက်
တွေ့ဆုံမှု ဖြစ်ပါတယ်။

အမေရိကန်နဲ့ ဆွေးနွေးမှု မြန်မာဘက်က တိုးတက်မှု မပြသေး

09 December 2009
အမေရိကန် အစိုးရဟာ မြန်မာစစ်အစိုးရနဲ့ ဆက်ဆံ ဆွေးနွေးမှုတွေ ရှိနေပေမဲ့ တိုးတက်မှု တစုံတရာ မတွေ့ရဘူးလို့ အဆင့်မြင့် အမေရိကန်
သံတမန်တဦးက ပြောကြားလိုက်ပါတယ်။ မြန်မာ့အရေး ကျွမ်းကျင်သူ ပညာရှင်တွေရဲ့ ဆွေးနွေးပွဲကို စင်ကာပူမှာ ပြုလုပ်နေစဉ် အမေရိကန် ဒု-
လက်ထောက် နိုင်ငံခြားရေးဝန်ကြီး စကော့ မာဆီယယ် (Scot Marciel) က အခုလို ပြောကြားလိုက်တာ ဖြစ်ပါတယ်။ အသေးစိတ်ကို ဦးကျော်ဇံသာက
တင်ပြပေးထားပါတယ်။

မြန်မာနိုင်ငံမှာ စစ်အစိုးရနဲ့ တိုက်ရိုက်ဆွေးနွေးဖို့ ဆိုတာ အမေရိကန် အစိုးရက ဆုံးဖြတ်ချက် ချမှတ်ပြီး ဆောင်ရွက်ခဲ့ပေမဲ့ မြန်မာနိုင်ငံ ဒီမိုကရေစီရေးကို
ရှေးရှုတဲ့ တိုးတက်မယ့် အရိပ်လက္ခဏာ တစုံတရာ မတွေ့ရသေးဘူးလို့ သူက အတိအကျပြောတာ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့လက အဆင့်မြင့် ဆွေးနွေးမှုတွေကို
စစ်အစိုးရနဲ့ သူတို့ လုပ်ခြဲ့ ကတယ်။ အဲဒါကို သတိထား စောင့်ကြည့် လေ့လာနေခဲ့ပေမဲ့ အဲဒီဆွေးနွေးပွဲက ရှေ့ကို တိုးမလာနိုင်ဘူးလို့ သူက ဆိုပါတယ်။

ဆွေးနွေးတာကတော့ အလဟဿ မဖြစ်ပါဘူး၊ ဒါပေမဲ့ တိုးတက်မှု မရှိဘူးလို့သာ သူက ဆိုလိုတာပါလို့ ပြောပါတယ်။ တိုးတက်မှုကို ဘာနဲ့
တိုင်းတာမလဲဆိုတော့ တိုးတက်မှုက မြန်မာနိုင်ငံအတွင်းမှာ လက်တွေ့ အပြောင်းအလဲ တစုံတရာ ဖြစ်လာမှ တိုးတက်တယ်လို့ သူတို့ ဆိုနိုင်မှာ
ဖြစ်တယ်လို့လည်း ပြောပါတယ်။
မစ္စတာ စကော့ မာဆီယယ်။
မတ် ၃၊ ၂၀၀၉။ ဒါပေမဲ့လည်း ဒီလို တိုးတက်မှု ဖြစ်လာအောင် စောင့်ကြည့်ချင်တဲ့ ဆန္ဒကတော့ အမေရိကန် အစိုးရမှာ ရှိနေတယ်လို့ သူက ဆိုခဲ့ပါတယ်။ တိုးတက်မှု မရှိရင်
အမေရိကန်အဖို့ ရှေ့ကို ဆက်လက် ဆွေးနွေးလုပ်ဆောင်ဖို့ ခက်ခလ
ဲိမ့်မယ်လို့ ဆိုပါတယ်။ သို့ပေမဲ့ အခုအချိန်မှာတော့ တိုးတက်မှု မရှိဘူး၊ အဲဒါကြောင့် မဆွေးနွေးနိုင်တော့ဘူး ဆိုပြီး အပြတ်ပြောလို့လည်း
မဖြစ်နိုင်သေးဘူးလို့ စကော့ မာဆီယယ်က ဆိုပါတယ်။

စကော့ မာဆီယယ်ဟာ ဒီစကားကို စင်ကာပူနိုင်ငံရဲ့ Institute of South East Asian Studies ခေါ် အရှေ့တောင်အာရှ လေ့လာရေးသိပ္ပံမှာ ပြောတာ ဖြစ်ပါတယ်။ ဒီဌာနဟာ အရှေ့တောင်အာရှဆိုင်ရာ
ကမ္ဘာပေါ်က ကျွမ်းကျင်သူတွေ၊ ပညာရှင်တွေ စုပေါင်း ဆွေးနွေး အကြံထုတ်၊ အကြံပေးကြတဲ့ နေရာလည်း ဖြစ်ပါတယ်။ ဒီနေရာမှာ အမေရိကန် ဒုတိယ လက်ထောက် နိုင်ငံခြားရေးဝန်ကြီး အနေနဲ့
ပြောသွားခဲ့တာ ဖြစ်ပါတယ်။

သူပြောတဲ့အထဲမှာ အရေးကြီးတာက မြန်မာနိုင်ငံနဲ့ လုပ်ရကိုင်ရတဲ့ နေရာမှာ အဓိက ပြဿနာက အရာရာကို ဗိုလ်ချုပ်မှူးကြီးသန်းရွှေ တယောက်တည်းက ဆုံးဖြတ်နေခြင်း ဖြစ်ပါတယ်။
ဗိုလ်ချုပ်မှူးကြီးသန်းရွှေကိုလည်း ပုဂ္ဂိုလ်ရေးအားဖြင့် လေ့လာသမျှ သူပြောတာက ဒီပုဂ္ဂိုလ်ဟာ ပွင့်ပွင့်လင်းလင်း ရှိသူတယောက် မဟုတ်ဘူးဆိုတဲ့ အချက်ကလည်း အင်မတန် အဖြေသိရဖို့ ခက်ခဲတဲ့ကိစ္စလို့
ဆိုပါတယ်။

သူ့ရဲ့ ပြောကြားချက်ကို လွှမ်းခြုံကြည့်ရင် အပိုအလိုမပါ၊ လိုရင်း ပကတိ အခြေအနေကို အမှန်အတိုင်း တိတိကျကျ ပြောသွားတဲ့ သံတမန် အသုံးအနှုန်း ဖြစ်တဲ့အတွက် ဒါဟာ အရေးကြီးတဲ့ လေ့လာရမယ့်
အချက်တခု ဖြစ်တယ်လို့ ဆိုရမှာ ဖြစ်ပါတယ်။ဒီကိစ္စနဲ့ ပတ်သက်ပြီး NLD အတွင်းရေးမှူး အဖွဲ့ဝင် ဦးဝင်းတင်ကလည်း အခုလို တုံ့ပြန်ခဲ့ပါတယ်။

“သူတို့က စစ်အစိုးရဘက်က အပြောင်းအလဲကို မျှော်လင့်နေတယ်။ စစ်အစိုးရဘက်က ပြောင်းလဲလာလိမ့်မယ်၊ ပြောင်းလဲလာရင် တိုးတက်မှုတွေ ဖြစ်လာလိမ့်မယ်၊ သို့မဟုတ်လည်း ဆက်ဆံမှုတွေ နည်းနည်း
ပိုပြီးတော့ ခိုင်မာလာလိမ့်မယ်၊ အကျိုးသက်ရောက်မှုတွေ များလာလိမ့်မယ်လို့ ထင်နေတယ်။ ကျနော်က အဲဒီလို မထင်ဘူး။ တိုးတက်မှုရှိအောင် အမေရိကန်၊ သို့မဟုတ်လည်း EU၊ သို့မဟုတ် ကမ္ဘာတခုလုံး
ကုလသမဂ္ဂ အပါအ၀င် လုပ်ရလိမ့်မယ်။ အပြောင်းအလဲကတော့ စစ်အစိုးရအနေနဲ့ သူတို့ဘာသာ သူတို့၊ သူတို့ဆန္ဒ သဘောအလျောက် အပြောင်းအလဲ လုပ်မှာ မဟုတ်ဘူးလို့ ကျနော်တို့က မြင်တယ်။

“ဒီနေ့ ကျနော်တို့ လိုချင်တာက Regime Change ပါပဲ။ Regime Change ဆိုတာနဲ့ ပတ်သက်ပြီးတော့ အစိုးရ အပြောင်းအလဲကို ကျနော်တို့ လိုချင်တာ။ တချို့ကတောင် ဘယ်လိုထင်လဆ
ဲိုတော့
ကျနော်တို့ကပဲ အမေရိကန် အစိုးရက ၀င်တိုက်ဖို့တို့ ဘာတို့ ပြောသလို ဖြစ်နေတယ်။ မဟုတ်ဘူး၊ ကျနော်ပြောနေတာက ကမ္ဘာတခုလုံးကနေပြီးတော့ ဒီ Regime Change ကို ၀ိုင်းတွန်းကြရလိမ့်မယ်။
နိုင်ငံရေးအားဖြင့်၊ စီးပွားရေးအားဖြင့်၊ သံခင်းတမန်ခင်း အားဖြင့် တွန်းကြရလိမ့်မယ်။ မတွန်းဘဲနဲ့တော့ ဒီစစ်အစိုးရ ပြောင်းလိမ့်မယ်၊ လဲလိမ့်မယ်၊ ပြုပြင်လိမ့်မယ် မထင်ဘူးလို့ ကျနော် ပြောခဲ့ဖူးပါတယ်။”NLD
အတွင်းရေးမှူး အဖွဲ့ ၀င် ဦးဝင်းတင် ပြောပြသွားတာ ဖြစ်ပါတယ်။

ဦးဝင်းတင်နှင့် ဦးခင်မောင်ဆွေသည် CEC များဖြစ်ကြောင်း အန်အယ်ဒီ ကြေညာ

မြင့်မောင်

ဗုဒ္ဓဟူးနေ့၊ ဒီဇင်ဘာလ 09 ရက် 2009 ခုနှစ် 21 နာရီ 19 မိနစ်

နယူးဒေလီ (မဇ္ဈိမ)။ ။ ဆွေးနွေးပဲမ


ျွား ဖိတ်ကြားသည့်အခါ စစ်အစိုးရက ဗဟိုအလုပ်အမှုဆောင် ကော်မတီ CEC အဖွဲ့ဝင် နှစ်ဦးကို ထည့်သင
ွ်းဖိတ်ကြားခြင်း မရှိသဖြင့် အဖွဲ့ဝင် ၁၁ ဦး ပါရှိသည့် CEC
အမည်စာရင်းကို အန်အယ်ဒီက ယနေ့ ထုတ်ပြန်ကြေညာလိုက်သည်။

ထို CEC အဖဲ့ဝ


ွ င် နှစ်ဦးမှာ သတင်းစာဆရာကြီး ဦးဝင်းတင်နှင့် ဦးခင်မောင်ဆွေတို့ဖြစ်ပြီး၊ ယခု CEC စာရင်းကို အန်အယ်ဒီက ရွေးကောက်ပွဲ ကော်မရှင်နှင့် နအဖ ဥက္ကဋ္ဌ ထံ ပေးပို့အသိပေးခဲ့ပြီး ဖြစ်သည်။

“နိုင်ငံခြားက ဧည့်သည်တွေ၊ နိုင်ငံတကာကလာတဲ့ ဧည့်သည်တွေ၊ UN က လာတဲ့ ဧည့်သည်တွေနဲ့ တွေ့တဲ့အခါ၊ ဗဟိုအလုပ်အမှုဆောင်တွေနဲ့ တွေ့ဖို့ဆိုပြီး ခေါ်တွေ့တဲ့အခါမှာ နာမည်စာရင်းတပ်ပြီးတော့
ဖိတ်တာတွေ ရှိတယ်။ အဲလိုလာတွေတဲ့ အခါမျိုးမှာ အခုနောက်ဆုံး လွတ်မြောက်လာတဲ့ ဆရာဦးဝင်းတင်တို့၊ ဦးခင်မောင်ဆွေတို့ ဖိတ်တဲ့ အထဲမှာ မပါဘူး” ဟု ပါတီ ပြန်ကြားရေးအဖွဲ့ဝင် ဒေါက်တာဝင်းနိုင်က
မဇ္ဈိမကို ပြောသည်။

ထို့အပြင် ပါတီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က CEC နှင့် တွေ့ဆုံခင


ွ့်ပြုရေးအတွက် စစ်အစိုးရထံ တောင်းဆိုခဲ့ရာ သူတို့နှစ်ဦး အပါအဝင် CEC အဖွဲ့ဝင်အားလုံးနှင့် တွေ့ခွင့်ပေးရန်ဖြစ်ကြောင်း သူက
ပြောသည်။

CEC အဖွဲ့ဝင် ၁၁ ဦးမှာ ဦးအောင်ရွှေ (ဥက္ကဋ္ဌ)၊ ဦးတင်ဦး (ဒုဥက္ကဋ္ဌ) ၊ ဒေါ်ဆောင်ဆန်းစုကြည် (အထွေထွေ အတွင်းရေးမှူး) ၊ ဦးလွင် (အတွင်းရေးမှူး) ၊ အဖွဲ့ဝင်များအဖြစ် ဦးဝင်းတင်၊ ဦးသန်းထွန်း၊ ဦးစိုးမြင့်၊
ဦးလှဖေ၊ ဦးလွန်းတင်၊ ဦးညွှန့်ဝေနှင့် ဦးခင်မောင်ဆွေတို့ဖြစ်ကြောင်း ကြေညာချက်ထဲတင
ွ် ဖော်ပြထားသည်။

ဦးဝင်းတင်နှင့် ဦးခင်မောင်ဆွေတို့မှာ ၂ဝဝ၈ ခုနှစ် စက်တင်ဘာလအတွင်း အကျဉ်းသားပေါင်း ၉ဝဝ၂ ဦးကို စစ်အစိုးရက လွတ်ငြိမ်းချမ်းသာခွင့် ပေးရာတွင် ပြန်လည်လွတ်မြောက်လာသူများ ဖြစ်သည်။
သတင်းစာဆရာကြီး ဦးဝင်းတင် (ဟံသာဝတီ) မှာမူ အကျဉ်းထောင်အတွင်း ထောင်ဒဏ် ၁၉ နှစ် ကျခံခဲ့ရပြီးနောက် ပြန်လည်လွတ်မြောက်လာခြင်း ဖြစ်သည်။

(ရဲရင့်အောင် တည်းဖြတ်သည်။)

Than Shwe to Retire, Source Claims


8 December 2009: A source close to Naypyidaw has claimed that Burma’s military dictator Senior General Than
Shwe will soon retire to make ways for a new interim authority that will run the administrative machinery in the
transitional period leading up to the 2010 elections.

At the top of likely candidates to succeed Than Shwe are Lt. General Hla Htay Win, former commander of
Rangoon Divisional Command and Maj-Gen Tin Ngwe, commander of Central Command (Mandalay Division),
according to the source.

The source claims that along with Sr Gen Than Shwe, a mandatory retirement will be in effect for all senior
military officials who are over the age of 60 years. If true, this will eliminate some of the most senior officials from
the army hierarchy.

The decision was said to have been taken during the closed-door meeting of top army brass late last month in the
remote capital of Naypyidaw. Information pertaining to that meeting remains a closely-guarded secret, although
many analysts believed the planned elections next year might likely have dominated the discussion.

Retired army officials, according to the military-backed constitution approved in a widely discredited referendum
last year, will be eligible to run for elected office in next year’s elections.

The scenario of a new interim administrative authority being installed in place of Than Shwe’s State Peace and
Development Council raises important questions: Will the recent international efforts at bridging communication
between the military regime and opposition leader Aung San Suu Kyi be in jeopardy or is there a possibility a
political dialogue still might take place?

This is not the first time the military dictator’s retirement has been rumored. In 2005, Than Shwe was reportedly
forced to retire by his deputy General Maung Aye on account of nepotism and corruption. But it was later proven
untrue as Than Shwe has remained the undisputed leader of Burma’s military junta in the ensuing years, up to this
point.

ဆယ်နှစ်အတွင်း အကောင်းဆုံး ဓာတ်ပုံစာရင်းတွင် သတင်းထောက် သေနတ်ပစ်ခံရသည့် ဓာတ်ပုံပါဝ


ါဝင်

Wednesday, 09 December 2009 18:58 ၀ါးရှီးဖော


ဆယ်နှစ် တကြိမ် ရွေးချယ်လျက်ရှိသော Reuters သတင်းဌာန၏ ဆယ်စုနှစ်အတွင်း
အကောင်းဆုံး ဓာတ်ပုံ ၁၀၀ ထဲတွင် မြန်မာနိုင်ငံမှ ရိုက်ကူးခဲ့သော ဓာတ်ပုံ တပုံပါဝင်သည်။

၂ဝဝ၇ ခုနှစ်က မြန်မာနိုင်ငံရှိ ဆန္ဒပြပွဲတခုကို အာဏာပိုင်တို့ ချေမှုန်းစဉ်


ဂျပန်ဓာတ်ပုံသတင်းထောက် လဲကျသေဆုံးသွားပုံ (ဓာတ်ပုံ - ရိုက်တာ)

ယင်းဓာတ်ပုံသည် ၂၀၀၇ ခုနှစ်က ဖြစ်ပွားခဲ့သော ရန်ကုန်မြို့ရှိ မြန်မာရဟန်း သံဃာများ


ဦးဆောင်သော ရွှေဝါရောင် တော်လှန်ရေးတွင် သတင်း ရယူနေသော ဂျပန် သတင်းထောက်
မစ္စတာ ကန်ဂျီးနာဂါအိကို မြန်မာ စစ်သားတဦးက သေနတ်ဖြင့် ပစ်ခတ်၍ လဲကျ
သေဆုံးသွားသည့် ပုံကို Reuters သတင်းထောက် အဒရီစ်လတစ်ဖ်က ရိုက်ကူးခဲ့ခြင်း
ဖြစ်သည်။

Reuters ဓာတ်ပုံ သတင်းထောက်များသည် တရက်လျှင် ဓာတ်ပုံ ၁၅၀၀ ရိုက်ကူးလျှက်


ရှိကြောင်း၊ တနှစ်လျှင်ပုံ အရေအတွက် ငါးသိန်းကျော် ရှိကြောင်း သောကြာနေ့က
ထုတ်ပြန်သည့် Reuters သတင်းဌာန၏ ထုတ်ပြန်ချက်တရပ်တင
ွ် တွေ့ရသည်။
“ဆယ်စုနှစ်အတွင်း သတင်းများကို ပြောပြခြင်းထက် Reuters ၏ အကောင်းဆုံး ဓာတ်ပုံများကို ကျွန်ုပ်တို့ တင်ဆက်လိုခြင်း ဖြစ်သည်” ဟု Reuters က ဆိုသည်။

ယခုရွေးချယ်ခံရသော ဓာတ်ပုံ ၁၀၀ တွင် နိုင်ငံတကာမှ ထူးခြား ထင်ရှားသော ကမ္ဘာကျော် ဖြစ်ရပ်များကို ရိုက်ကူးဖော်ပြထားသည့် ပုံများဖြစ်သည်။

မစ္စတာကန်ဂျီးနာဂါအိသည် ဂျပန်နိုင်အခြေစိုက် APF သတင်းဌာန၏ သတင်းထောက်တစ်ဦးဖြစ်ပြီး ရွှေဝါရောင်တော်လှန်ရေးတွင် သတင်းရယူနေစဉ် စစ်တပ်၏ ပတ်ခတ်မှုကြောင့် သေဆုံးခဲ့ရခြင်းဖြစ်သည်။
သေဆုံးချိန်တွင် ၎င်းကိုင်ဆောင် အသုံးပြုခဲ့သော ကင်မရာနှင့် အခြားအသုံးအဆောင်ပစ္စည်းများကို စစ်အစိုးရက သိမ်းဆည်းထားကြောင်း သိရသည်။ ယင်းပစ္စည်းများကို ၎င်း၏ မိသားစုများနှင့် ဂျပန်အစိုးရမှ
စစ်အစိုးရထံ ပြည်လည်တောင်းခံခဲ့သော်လည်း တစုံတရာ ပြန်လည်ရရှိခြင်းမရှိပေ။

မစ္စတာ ကန်ဂျီးနာဂါအိကို ဂုဏ်ပြုသောအားဖြင့် APF သတင်းဌာနမှပေးအပ်သော ကန်ဂျီးနာဂါအိဆုကို ပြီးခဲ့သည့်နှစ်တွင် မြန်မာလူငယ် သတင်းထောက် မအိမ့်ခိုင်ဦး ရရှိခဲ့သည်။

မစ္စတာ ကန်ဂျီးနာဂါအိ၏ ဓာတ်ပုံကို အမိအရ ရိုက်ကူးနိုင်ခ့ေ


ဲ သာ Reuters ဓာတ်ပုံသတင်းထောက် အဒရီစ်လတစ်ဖ်သည်လည်း ထိုဓာတ်ပုံအတွက် ၂ဝဝ၈ ခုနှစ်တွင် ကြားဖြတ်သတင်း ဓာတ်ပုံဆိုင်ရာ
ပူလစ်ဇာဆု ရရှိခသ
ဲ့ ည်။

မူးယစ်ဆေး ထုတ်လုပ်မှု အစိုးရ ထိန်းချုပ်နယ်မှာ ပိုများ

09 December 2009

မူးယစ်ဆေးဝါး ထုတ်လုပ်ရာမှာ သုံးတဲ့ ဓာတုပစ္စည်းတွေကို အိမ်နီးချင်း နိုင်ငံတွေကနေ တရားမ၀င် တင်သင


ွ်းနေတဲ့အတွက် မူးယစ်ဆေးဝါး ထုတ်လုပ်မှုကို တားဆီးဖို့ အိမ်နီးချင်း နိုင်ငံများနဲ့ ပူးပေါင်း
ဆောင်ရွက်ရေးဟာ အလွန်အရေးကြီးတယ်လို့ မြန်မာနိုင်ငံ ရဲချုပ် ဗိုလ်မှူးချုပ်ခင်ရီက မူးယစ်ဆေးဝါးများ မီးရှို့ဖျက်ဆီးပွဲ အခမ်းအနားမှာ မနေ့က ပြောကြားခဲ့ပါတယ်။ ရှမ်းပြည် မူးယစ်ဆေးဝါး
စောင့်ကြည့်လေ့လာရေး အဖွဲ့ ကတော့ ဒီလိုတင်သွင်းရာမှာ မြန်မာစစ်အစိုးရ အာဏာပိုင်တွေ မပါဝင်ဘဲ လုပ်ဆောင်လို့ မရဘူးလို့ ဝေဖန်လိုက်ပါတယ်။ အပြည့်အစုံကို ထိုင်းအခြေစိုက် သတင်းထောက်
ကိုမိုးဇော်က တင်ပြပေးထားပါတယ်။

ရှမ်းပြည်နယ် အရှေ့ပိုင်း ကျိုင်းတုံမြို့မှာ ဖမ်းဆီးရမိတဲ့ မူးယစ်ဆေးဝါးတွေကို မီးရှို့ဖျက်ဆီးတဲ့ အခမ်းအနား ကျင်းပရာမှာ စိတ်ကြွဆေးပြား


၇,၀၀၀,၀၀၀ နီးပါး၊ ဘိန်းဖြူ ကီလိုဂရမ် ၈၀၀ ကျော်နဲ့အတူ အခြား မူးယစ်ဆေးနဲ့ ဆက်စပ် ဓာတုပစ္စည်းတွေ အပါအ၀င် စုစုပေါင်း
မြန်မာကျပ်ငွေ ၉၃ ဘီလီယံ၊ အမေရိကန် ဒေါ်လာငွေနဲ့ဆို ၉၃ သန်းကျော်ဖိုး ဖျက်ဆီးခဲ့တယ်လို့ ဒီနေ့ထုတ် မြန်မာ့အလင်း သတင်းစာမှာ
ဖော်ပြပါတယ်။

နိုင်ငံတကာ သံတမန်တွေ၊ ကုလသမဂ္ဂ အဖွဲ့ အစည်း အသီးသီးက ကိုယ်စားလှယ်တွေ၊ မူးယစ်ဆေးဝါး တိုက်ဖျက်ရေးအဖွဲ့ က အရာရှိတွေနဲ့
ပြည်တွင်းပြည်ပ သတင်းထောက်တွေ ပါဝင်တက်ရောက်ခဲ့တဲ့ ဒီအခမ်းအနားမှာ မူးယစ်ဆေးဝါး ထုတ်လုပ်ရာမှာ ဓာတုကုန်ကြမ်း မရှိရင်
ထုတ်လုပ်မရကြောင်း၊ ဓာတုကုန်ကြမ်းတွေကို မြန်မာပြည်လို ဖံွ့ ဖြိုးဆဲနိုင်ငံက မထုတ်လုပ်နိုင်ကြောင်းနဲ့ ဒီကုန်ကြမ်းတွေ မြန်မာပြည်တွင်းကို
တရားမ၀င် ၀င်ရောက်မလာစေဖို့ အိမ်နီးချင်း နိုင်ငံတွေနဲ့ ပူးပေါင်းဆောင်ရွက်ဖို့ အလွန်အရေးကြီးကြောင်း ရဲချုပ် ဗိုလ်မှူးချုပ်ခင်ရီက
ပြောဆိုခ့တ
ဲာ ဖြစ်ပါတယ်။
မီးရှို့ဖျက်ဆီးမည့် မူးယစ်ဆေးဝါးများကို သံတမန်များ
စစ်ဆေးကြည့်ရှုနေစဉ်။
ဒီကုန်ကြမ်းပစ္စည်းတွေကို ဆူဒိုအက်ဖီဒရင်းခေါ် အိမ်သုံးဆေးဝါးအဖြစ် တင်သင
ွ်းလာတာကြောင့် ချင်းရွှေဟော်၊ ကျိုင်းတုံ၊ တာချီလိတ်၊
ဒီဇင်ဘာ ၈၊ ၂၀၀၉။
ပုသိမ်ကြီးနဲ့ မန္တလေး စတဲ့မြို့တွေမှာ ဆေးပြားတွေ သန်းနဲ့ချီပြီး ဖမ်းဆီးရမိခဲ့ကြောင်းလည်း ထည့်သင
ွ်း ပြောကြားခဲ့ပါတယ်။

ရှမ်းပြည် မူးယစ်ဆေးဝါး စောင့်ကြည့်လေ့လာရေး အဖွဲ့ က အဖွဲ့ ခေါင်းဆောင်လည်းဖြစ်၊ ရှမ်းသံတော်ဆင့် သတင်းဌာနရဲ့ အယ်ဒီတာလည်းဖြစ်တဲ့ ဦးခွန်ဆိုင်းကတော့ မူးယစ်ဆေးဝါး ထုတ်လုပ်ရောင်းဝယ်မှုမှာ
မြန်မာစစ်အစိုးရ အာဏာပိုင်တွေ ပါဝင် ပတ်သက်နေတယ်လို့ အခုလို ဝေဖန်ထောက်ပြပါတယ်။

“ဒီဥစ္စာက နှစ်မျိုးဖြစ်တယ်။ တမျိုးကတော့ ကျနော်တို့ ထိုင်း-မြန်မာ နယ်စပ်က သိပ်ရှည်တာကိုးဗျ။ ဒီ နအဖ အရာရှိတွေ၊ အာဏာပိုင်တွေ မပါဘဲနဲ့လည်း လုပ်နိုင်တဲ့ အလုပ်ဖြစ်တယ်။ ဒါပေမဲ့ ဒီ နယ်စပ်ကနေ
အတွင်းပိုင်းကို ဆက်သယ်မယ် ဆိုရင်တော့ နအဖအာဏာပိုင်တွေ မပါဘဲ လုပ်လို့ မရဘူးပေါ့ဗျာ။ အဲဒါတော့ သေချာပါတယ်။ သူက နယ်စပ်ကနေ အဝေးကြီး သယ်ရတာကိုး။”

ဒါ့အပြင် မြန်မာအာဏာပိုင်တွေဟာ သူတို့နဲ့ အဆင်ပြေတဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ အစည်းတွေကို မူးယစ်ဆေးဝါး လုပ်ကိုင်ခင
ွ့် ပေးထားတယ်လို့ ဦးခွန်ဆိုင်းက ဆက်ပြောပါတယ်။

“၀တို့ ဘာတို့ဆိုရင် အခု နအဖနဲ့ နိုင်ငံရေးပြဿနာ ပေါ်လာတဲ့ အခါကျ သူတို့မှာ သယ်ယူပို့ဆောင်ရေးမှာ ပြဿနာရှိတယ်။ သို့သော်လည်းပဲ ဒီ နအဖရဲ့ လက်အောက်ခံဖြစ်တဲ့ ပြည်သူ့စစ်တွေကျတော့
သူတို့က စစ်ဆေးမှုတွေ၊ စစ်ကြောမှုတွေ မရှိတ့အ
ဲ ခါကျတော့ အင်မတန်မှ လွယ်တယ်။ နအဖရဲ့ တိုက်ရိုက် ကိုယ်တိုင်ကိုယ်ကျ ပါဝင်မှုရှိတာ မဟုတ်ဘဲနဲ့ ပေါ်လစီအရ အခွင့်ပေးမှုတွေလည်း ဖြစ်တာပေါ့ဗျာ။”

မနေ့က ကျိုင်းတုံမြို့မှာ မီးရှို့ဖျက်ဆီးခဲ့တဲ့ မူးယစ်ဆေးဝါးတွေဟာ ဒီနှစ် ဇွန်လနှောင်းပိုင်းကနေ အခုထိ ဖမ်းဆီးရမိတဲ့ မူးယစ်ဆေးတွေ ဖြစ်တယ်လို့ ရဲချုပ် ဗိုလ်မှူးချုပ်ခင်ရီက ပြောပါတယ်။

မြန်မာပြည်နိုင်ငံရေး လေ့လာသူတွေကတော့ ဒီနှစ် ဧပြီလကုန်ပိုင်းမှာ စစ်အစိုးရနဲ့ အပစ်ရပ်အဖွဲ့ တွေ အကြား နယ်ခြားစောင့်တပ် အသွင်ပြောင်းရေး ဆွေးနွေးခဲ့ပြီး နိုင်ငံရေးအရ မပြေမလည်
ဖြစ်လာတဲ့နောက်မှာ အဖမ်းအဆီးတွေ ပိုများလာတယ်လို့ သုံးသပ်ကြပါတယ်။

UNODC ခေါ် ကုလသမဂ္ဂ မူးယစ်ဆေးဝါးနဲ့ ရာဇ၀တ်မှု နှိမ်နင်းရေးအဖွဲ့ ကိုယ်စားလှယ်ကတော့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ တွေဟာ ဗဟိုအစိုးရက ခြိမ်းခြောက်တာတွေ ခံနေရတာကြောင့် သူတို့
အဖွဲ့ အစည်းတွေနဲ့ သူတို့နယ်မြေတွေ ထိန်းချုပ်နိုင်ဖို့အတွက် သိုလှောင်ထားတဲ့ မူးယစ်ဆေးဝါးတွေကို ပိုမိုတိုးမြှင့် ရောင်းချနေတယ်လို့ လွန်ခဲ့တဲ့ လကုန်ပိုင်းက ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။

ဝတပ်မှူးဟောင်း တယောက်က UNODC ကိုယ်စားလှယ် ပြောဆိုချက်ကို လက်မခံပါဘူး။

“လက်တွေ့မကျဘူး ထင်တယ်၊ ကျနော်တို့ အတွက်လေ။ အခု ၀နယ်မှာ မူးယစ်ဆေးဝါးဆိုရင် အပင်တောင် မရှိတော့ဘူးလေ။ တကယ် အပင်စိုက်တာက အစိုးရအုပ်ချုပ်တဲ့ ဒေသပဲ များတယ်လေ။ အခု
သံလင
ွ်မြစ် အနောက်ခြမ်းမှာ ဖယ်ခုံ၊ ဆီဆိုင၊် မဲနယ်တောင်ပေါ့နော်။ နောက် ဟိုး ဆင်တောင်ဘက်မှာဆိုရင် ဘိန်းတွေက အရင်ကနဲ့မတူဘူး တအားထွက်တယ်။ အခုက မြေသြဇာတွေ ထည့်တယ်။ ဒါ
အစိုးရအုပ်ချုပ်တဲ့ နယ်မြေပဲ။”

အခုလို မူးယစ်ဆေးဝါး ထုတ်လုပ်ရောင်းဝယ်မှုမှာ မြန်မာအာဏာပိုင်တွေ ပါဝင် ပတ်သက်တယ်ဆိုတဲ့ ပြောဆိုချက်နဲ့ ပတ်သက်ပြီး နေပြည်တော်က ရဲတပ်ဖွဲ့ ဌာနချုပ်ကို ဆက်သွယ်ခဲ့ပေမဲ့ ဖုန်းကိုင်သူ
မရှိခဲ့ပါဘူး။

မြန်မာစစ်အစိုးရက မူးယစ်ဆေးဝါး ပပျောက်ရေးအတွက် ၁၉၉၉ ခုနှစ်က စတင်ပြီး ၂၀၁၄ ခုနှစ်ထိ ၁၅ နှစ် စီမံကိန်း ချမှတ် အကောင်အထည်ဖော် ဆောင်ရွက်နေပါတယ်။ လောလောဆယ်မှာတော့
မြန်မာနိုင်ငံဟာ ကမ္ဘာပေါ်မှာ မူးယစ်ဆေးဝါး ဒုတိယအများဆုံး ထုတ်လုပ်တဲ့ နိုင်ငံအဖြစ် တည်ရှိနေပါသေးတယ်။
Facebook အဖွဲ့ဝင်အတွက် ဒေါ်စုလတ
ွ်မြောက်ရေးကန်ပိန်းChryler ကားကုမ္ပဏီက စီစဉ်ပေးမည်
ဝီရ/ ၉ ဒီဇင်ဘာ ၂၀၀၉

မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေးအတွက် ထောက်ခံအားပေးသည့်အနေဖြင့် Facebook အဖွဲ့ဝင်တို့၏ ကိုယ်ရေးဓာတ်ပုံအစား ဒေါ်အောင်ဆန်းစုကြည်ဓာတ်ပုံဖြင့်


ဒီဇင်ဘာ (၁၀) ရက်နေ့ မနက်ဖြန်တွင် အလိုအလျောက် အစားထိုးပေးမည်ဖြစ်၍ ပါဝင်ဆင်နွှဲကြရန် အမေရိကန်ကားကုမ္ပဏီ chrysler က ၎င်းတို့၏ ဝက်ဘ်ဆိုက်
စာမျက်နှာများတွင် ကြော်ငြာထားသည်။

“လွတ်လပ်ခြင်းအတွက် Facebook စာမျက်နှာတွင် သင့်မျက်နှာဖြင့် တဖက်တလမ်းမှ ပါဝင်ဆင်နွှဲကြရန်” တိုက်တွန်းထားပြီး ပါဝင်လိုသူတိုင်း၏


ကိုယ်ရေးဓာတ်ပုံအား ဒေါ်အောင်ဆန်းစုကြည်အတွက် အရင် လှူဒါန်းရမည်ဖြစ်ပြီး ယနေ့အထိ ပါဝင်ဆင်နသ
ွှဲူပေါင်း (၁,၁၀၀) ကျော်ရှိပြီဖြစ်သည်။

ဆင်နွှဲလိုသူများအနေဖြင့် http://www.yourfaceforfreedom.org/ (သို့မဟုတ်) http://www.chrysler.com/en/ စာမျက်နှာမှတဆင့် ဝင်ရောက်နိုင်ပြီး


ပါဝင်လှူဒါန်းသူတို့၏ ဓာတ်ပုံကိုလည်း အဖြူအမဲပုံအဖြစ် အရောင်ပြောင်းလဲ ပေးမည်ဖြစ်ပြီး မိမိအမည်နှင့်တကွ ထိုဝက်ဘ်ဆိုက်တွင် ဖော်ပြပေးမည်ဖြစ်သည်။

အမေရိကန် Chryler ကားကုမ္ပဏီသည် ဒေါ်အောင်ဆန်းစုကြည်အား ဂုဏ်ပြုထားသည့် ၎င်းတို့၏ ကားကြော်ငြာကို ပြီးခ့သ


ဲ ည့် ကြာသပတေးနေ့က စတင်ပြသခဲ့ပြီး
youtube စာမျက်နှာများတွင် ပြသထားသည့် အဆိုပါကြော်ငြာအား တပတ်အတွင်း လာရောက်ကြည့်ရှုသူပေါင်း (၁၃,၀၀၀) ကျော် ရှိခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေးအတွက် ရည်စူး၍ ပြသထားသည့် Chrysler 300 Sedan ကားကြော်ငြာသည် လွန်ခဲ့သည့် နိုဝင်ဘာ (၁၀-၁၁)
ရက်များက ဘာလင်တွင် ကျင်းပပြီးစီးသွားသည့် (၁၀) ကြိမ်မြောက် နိုဘယ်လ် ငြိမ်းချမ်းရေးဆုရှင်များ ဆွေးနွေးပွသ
ဲို့ တက်ရောက်လာသည့် နိုဘယ်လ်ဆရ
ှုင်များကို
အခြေခံထားပြီး မိမိတိုင်းပြည်တွင် အကျဉ်းကျနေသည့် နိုဘယ်လ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည် တက်ရောက်လာနိုင်ခြင်း မရှိကြောင်းကို သရုပ်ပြထားသည်။

အဆိုပါကြော်ငြာတွင် နိုဘယ်လ်ဆုရှင်များဖြစ်သည့် တောင်အာဖရိက သမ္မတဟောင်း နယ်လ်ဆင် မင်ဒဲလား၊ ပိုလန် သမ္မတဟောင်း Lech Walesa ၊
ဆိုဗီယက်ခေါင်းဆောင်ဟောင်း မီခေးလ် ဂေါ်ဘာချော့နှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ မိုဟာမက် ယူနွတ်တို့က ဆွေးနွေးပွသ
ဲို့ Chrysler ကားနက်များဖြင့်
တယောက်ပြီးတယောက် ရောက်ရှိလာပြီးနောက် Chrysler ကားအဖြူရောင်တစီးက ဘာလင်တံတိုင်းကို ဖောက်ကာ အုတ်နံရံများက ဂျိုးဖြူအဖြစ်
ပြောင်းလဲသွားကြပြီး ခန်းမရှေ့သို့ ရပ်နားကာ တံခါးဖွင့်လိုက်ချိန်တင
ွ် နောက်ခန်း၌ စီးသူမဲ့နေသည်ကို ပြသထားပြီး “ရွေးချယ်ခြင်းခံထားရသော မြန်မာနိုင်ငံ
ဝန်ကြီးချုပ် ဒေါ်အောင်ဆန်းစုကြည်အတွက် ရည်ရယ
ွ်သည်” ဟူသော နောက်ခံအသံပါ စာတမ်းဖြင့် အဆုံးသတ်ထားသည်။

ရွေးကောက်ပွအ
ဲ တွက် နအဖ ဆွေ
ဲ ဆာင်မှုလုပ်ပြည်သူတို့ကို အနိုင်မကျင့်ရန် ညွှန်ကြား
NEJ/ ၉ ဒီဇင်ဘာ ၂၀၀၉

ရန်ကုန်မြို့နယ် အသီးသီးရှိ ရပ်ကက


ွ်ပြည်သူတို့အား အာဏာဖြင့် အနိုင်ယူခြင်း မပြုလုပ်ရန် ရပ်ကွက်ရုံးမှ တာဝန်ရှိသူများနှင့် အဖွဲ့ဝင်များကို နအဖက ညွှန်ကြားထားကြောင်း သိရသည်။

ပြီးခဲ့သည့် နိုဝင်ဘာ (၂၃ မှ ၂၈) ရက်နေ့အထိ နေပြည်တော်တွင် ပြုလုပ်ခဲ့သော အထူးစီမံကိန်းများ အကောင်အထည်ဖော်ရေး အဖွဲ့ ညှိနှိုင်းအစည်းအဝေး (လေးလပတ် အစည်းအဝေး) ပြီးသည့်နောက်ပိုင်း
ယင်းသို့ ညွှန်ကြားမှု ထွက်ပေါ်လာခြင်း ဖြစ်ကြောင်း ရန်ကင်းမြို့နယ်မှ ရယက အဖွဲ့ဝင်တဦးက ပြောသည်။

ထိုသို့ပြုလုပ်ရခြင်းမှာ ၂၀၁၀ ရွေးကောက်ပအ


ွဲ တွက် ပြည်သူတို့အပေါ် ဆွေ
ဲ ဆာင်မှုတခု ပြုလုပ်ခြင်းဖြစ်သည်ဟု ၎င်းက ဆက်လက်ပြောသည်။

“အများအားဖြင့် ရယကဥက္ကဋ္ဌ ဆိုတ့သ


ဲူတွေ၊ အတွင်းရေးမှူးဆိုတဲ့သူတွေက အာဏာကို အပြည့်ထက် ပိုယူပြီး ပြကြတာပါပဲ။ မကြာခဏ ပြဿနာတွေရှိတယ်။ လူတွေအနေနဲ့ကလည်း ဒီ ရယက ဆိုတာတွေနဲ့
ပြဿနာဖြစ်ရင် ဘယ်သူ့ကို သွားတိုင်နိုင်မှာလဲ။ ဒီတော့ လူမသိ သူမသိပေါ့ဗျာ” ဟု အဆိုပါ ရယက အဖွဲ့ဝင်က ပြောသည်။

ရပ်ကွက်အချို့တွင် ရယက အဖွဲ့ဝင်များက ပြည်သူတို့အပေါ် အာဏာဖြင့် ပြောဆိုလုပ်ကိုင်မှုများ ရှိနေသည့်အတွက် ယခုကဲ့သို့ နအဖစစ်အစိုးရက ညွှန်ကြားချက်ထုတ်ပြန်ခြင်း ဖြစ်နိုင်သည်ဟုလည်း
ပြည်သူများက ယူဆကြသည်။

ကျောက်တံတား မြို့နယ် ကြံ့ဖံ့အ


ွ ဖွဲ့ဝင်တဦးက “ရယက နဲ့ ရပ်ကက
ွ်သူ ရပ်ကက
ွ်သားတွေ အဆင်မပြေမှုက နဂိုကတည်းက ရှိတယ်။ ဥပမာပြောရရင် ဧည့်စာရင်းတိုင်တာက အစပါပဲ။ ရပ်ကွက်လမ်းမှာ
ခန့်ထားတဲ့ ဆယ်အိမ်မှူးဆိုတာတွေနဲ့ အဆင်ပြေတဲ့ သူတွေဆိုရင် ဘယ်ကပဲ ဧည့်သည်လာလာ၊ ပါးစပ်နဲ့ ပြောလိုက်ရင် ရတယ်။ သူတို့နဲ့ ကင်းကင်းရှင်းရှင်းနေတဲ့ သူတွေဆိုရင်တော့ ဧည့်သည်က ညမှ
ရောက်လာလို့ ရပ်ကက
ွ်ရုံးက ပိတ်သွားတာနဲ့ ကြုံရင် ဧည့်မတိုင်လိုက်ရရင် ပြဿနာကို ရှာတော့တာပဲ။ ဒါက ရှင်းရှင်းလင်းလင်း ပြောပြတဲ့ ဥပမာတခုပဲဖြစ်တယ်။ များသောအားဖြင့်ကတော့ ရယကတွေက
သူတို့ကို အလေးပေးတာကြိုက်တယ်” ဟု ပြောပြသည်။

ရန်ကုန်တိုင်း ကြံ့ဖွံ့ ဗဟိုအလုပ်အမှုဆောင်တဦးဖြစ်သူ ရန်ကုန်မြို့တော်ဝန် ဗိုလ်မှူးချုပ် အောင်သိန်းလင်းကလည်း ပြည်သူတို့၏ ဧည့်စာရင်းတိုင်ကြားမှုအပေါ် ရယကများက ငွေကောက်ခံခြင်းရှိလျှင်
၎င်းတို့၏အသင်းကို လိပ်မူ၍ တိုင်ကြားနိုင်ကြောင်း ရန်ကုန် စည်ပင်ဧရိယာ (၃၃) မြို့နယ်လုံးရှိ ကြံ့ဖွံ့အဖွဲ့ဝင်များကို အသိပေးထားကြောင်း ကြည့်မြင်တိုင်မြို့နယ်ရှိ ကြံ့ဖွံ့စည်းရုံးရေး ဆောင်ရွက်သူတဦးက
ပြောသည်။

ရန်ကုန်တွင် ဧည့်စာရင်းစစ်ဆေးမှုများကို အထူးနေ့များ ပြုလုပ်စစ်ဆေးကာ ရယကများက ငွေကြေးကောက်ခံမှုများ ရှိနေကြောင်း၊ ယင်းမှာ လုံခြုံရေးကို ဗန်းပြကာ ကိုယ်ပိုင်ဝင်ငွေရှာခြင်းဖြစ်ကြောင်း၊
ဧည့်စာရင်းမတိုင်မိပါက အိမ်ရှင်နှင့် ဧည့်သည်မှာ ရက်သတ္တ နှစ်ပတ် ထောင်ဒဏ် ချမှတ်ခံရမည်ဖြစ်ပြီး ငွေပေးပါက ပြစ်ဒဏ်ကို ဖျောက်ပစ်ကြောင်း၊ ဒဏ်ငွေကို လည်း သီးသန့်သတ်မှတ်ထားခြင်းမရှိဘဲ
ညှိနှိုင်းဈေးဖြင့် ဆောင်ရက
ွ်ကြောင်း ရန်ကုန်မြို့ခံများထံမှ သိရသည်။

ကန်ပိုက်တီးဂိတ် လဝက ငွေသိန်းချီယူကာတရုတ်နိုင်ငံသားများကို ပြည်တွင်းဝင်ခွင့်ပြု

ပေါက်ပေါက်/ ၉ ဒီဇင်ဘာ ၂၀၀၉

ကချင်ပြည်နယ်၊ ဆဒုံးမြို့နယ်ခဲ၊ွ ကန်ပိုက်တီးနယ်စပ် ကုန်သယ


ွ်ရေးစခန်း ဂိတ်တာဝန်ကျ လူဝင်မှုကြီးကြပ်ရေးဌာန (လဝက) က တရုတ်နိုင်ငံသားများအား တဦးလျှင် တရုတ်ငွေ (၁,ဝဝဝ) ယွမ်၊ မြန်မာငွေ
(၁၄ဝ,ဝဝဝ) ကျပ်ကျော်ယူပြီး ပြည်တွင်းသို့ ဝင်ရောက်ခွင့်ပြုနေသည်။

ပုံမှန်အားဖြင့် နယ်စပ်ဖြတ်ကျော် လက်မှတ်ပါလာသည့် တရုတ်နိုင်ငံသားများကို ဆဒုံးမြို့အထိသာ ဝင်ရောက်ခွင့်ပြုပြီး ကချင်ပြည်နယ်အတွင်းရှိ မြစ်ကြီးနား၊ ဝိုင်းမော်၊ မိုးကောင်း စသည့် ပြည်တင
ွ်းရှိ မြို့၊
ရွာများသို့ ဝင်ရောက်ခွင့်မရရှိဘဲ ခရီးသွားကုမ္ပဏီများ၏ အလည်အပတ်ခရီးစဉ်များဖြင့်သာ ဝင်ခင
ွ့်ပြုထားသည်ဟု တရုတ်ပြည်၊ ထိန်ချုံးမြို့ဒေသခံတဦးက ပြောသည်။

၎င်းက “ဒီမှာရှိတဲ့ တရုတ်အတော်များများက မြန်မာပြည်ထမ


ှဲာ ဆွေမျိုးတွေ ရှိနေကြတယ်။ အခုလို တရုတ်နှစ်သစ်ကူး နီးလာပြီဆို သွားလည်တာတွေ ရှိတယ်။ အမှန်ကတော့ ဆွေမျိုးတွေကို သွားတွေ့ချင်ရင်
ဗီဇာလျှောက်ပြီး လေယာဉ်နဲ့ပဲ ဝင်ရတယ်။ အဲလိုဖြစ်တော့ ကန်ပိုက်တီးဂိတ် လဝက က ခွင်ရိုက်နေတာပေါ့၊ သွားတွေ့ချင်ရင် လူတယောက်ကို ယွမ် (၁,၀၀၀) နဲ့ ထောက်ခံစာ ရေးပေးလိုက်တယ်။ ဟိုကလည်း
တရားဝင် ဗီဇာလျှောက်ရင် ဒီထက်ပိုကုန်မှာဆိုတော့ ကြည်ကြည်ဖြူဖြူ ပေးနေကြတယ်” ဟု ပြောသည်။
တရုတ်ပြည်ကွန်မြူနစ်ပါတီ အာဏာရသည့် ၁၉၄၉-၅ဝ ကာလများက တကြိမ်၊ ၁၉၆ဝ ခုနှစ် တရုတ်ပြည် ယဉ်ကျေးမှုတော်လှန်ရေး ကာလများက တကြိမ်၊ တရုတ်-မြန်မာနယ်စပ် ထိန်ချုံးခရိုင်အတွင်းရှိ မြေရှင်၊
ယာရှင်နှင့် ကွန်မင်တန်ပါတီနှင့် ဆက်စပ်ပတ်သက်သူများသည် မြန်မာပြည်အတွင်းသို့ ထွက်ပြေးတိမ်းရှောင်ခဲ့ပြီး ယခုအခါ ကချင်ပြည်နယ်အတွင်း မြစ်ကြီးနား-မန္တလေးမီးရထားလမ်းတလျှောက်ရှိ မြို့၊
ရွာတို့တွင် အခြေချနေထိုင်နေကြသည်။

ယခုအခါ မြန်မာပြည်ဘက်မှ တရုတ်အမျိုးအနွယ်များနှင့် တရုတ်ပြည် ထိန်ချုံးခရိုင်ရှိ အမျိုးအဆွေများအကြား အပြန်အလှန် လည်ပတ်မှုများ ပြုလုပ်လာနေကြသည်ဟု ထိန်ချုံးဒေသခံက ပြောသည်။

၎င်းက “အခုနှစ်ပိုင်း ခရီးသွားလုပ်ငန်းကို အကြီးအကျယ်လုပ်ကိုင်လာတယ်။ အိမ်ယာမြေဈေးကောင်းလာတော့ သူတို့ထွက်ပြေးတုန်းက ကျန်ထားခဲ့တဲ့ မြေယာတွေ၊ အိမ်တွေကို အမွေရပိုင်ခင


ွ့်တွေ
ဖြစ်လာတယ်။ အဲဒီတော့ မြန်မာပြည်ထက
ဲ လူတွေကလည်း အမွေကိစ္စနဲ့ ဒီကိုလာကြ၊ ဒီကလည်း အမျိုးအဆွေဆိုပြီး အသိအမှတ်ပြုတဲ့အနေနဲ့ မြန်မာပြည်ထဲ သွားလည်ကြတာ များလာတယ်” ဟု ပြောသည်။

ကန်ပိုက်တီး နယ်စပ်ကုန်သယ
ွ်ရေးစခန်းကို ပြီးခဲ့သည့် အောက်တိုဘာ (၁) ရက်က စတင်ဖွင့်လှစ်ခဲ့ပြီး နယ်စပ်ကုန်သွယ်ရေးဦးစီးဌာန၊ မူးယစ်ဌာန၊ သစ်တောဌာန၊ ကျန်းမာရေးဌာနအပါအဝင် ယခု လဝက
အဖွဲ့ပါ တာဝန်ကျနေပြီး တရုတ်နိုင်ငံသားများထံမှ ငွေယူပြီး ပြည်တွင်း ဝင်ရောက်ခင
ွ့်ပြုနေသည်။

မြန်မာပြည်တွင်းမှ တရုတ်ဘက်သို့ သွားရောက်သူများကိုလည်း တဦးလျှင် တရုတ်ငွေ (၅ဝ) ယွမ် (ကျပ် ၇,ဝဝဝ ကျော်) နှုန်း ကောက်ခံနေပြီး ကျပ်ငွေမယူဘဲ တရုတ်ငွေဖြင့်သာ လက်ခံနေသည်

 (
( (%

2009--12-
2009 12-09

 _္ဘ
,-.-. Tႛ႓
 +((E!H    ,!! !႓(1ႚ() 

45  0 
(-. &-() +(( 0GM M 

&) ``  00 
45 &,! # $4( (3%(+,() '4(-ႛ !(Sa &+
G+
G ! ( 
H!'&*'-ႚ!ႛ

$'-
,-.
5 bcc ,!E)&' 4+( +*4!ႛ 
45

(Photo: AFP)

%!-+((4
 +
G4%-) )ႚ ,,!' &* 
*-'ႚ() (! 'ႚ
H! +*
G5 +((E!H' &!
(E). ! ! 
*'-ႚ('
 _c,ccc,ႛ )E!0 E!H &*'-ႚ&G( ,(
ႛ )%G5 (Photo: AFP)

 H!'--. E!H' ()%



-. +((E!H() 

(! bcce ,!E)    *-'ႚG,-.
45 bcc_  bccR
,!E)&%    '
!ႛ,,-.()  bfc ,-.0 &! '() *+

45

 
(-. 'ႚ&+,&(). +((E!H()  ! ' 
(
ႛ '
-
!႓
 (+
0 ILO -ႛ
$
႓
 i $G ႟'-.
(+
04&*'-ႚ &+(. +

45

&+(.5 5 “ (.'


$M ! )
5 &,! '! $!$! -.& . +*45 .&+
! !+
G() 

G. 
!M 
!&'() 'ႚ. !4.$(4!() 4M '&' &M 
H!-ႛ 
%- '!
(!&$!Mႛ ( (%'!ႛ ! 
!&'
- 'ႚ,-.45  (.' 
$M ! )
5”

+((
() *'-ႚG
H!&+
G. ()  ! (3 0((  
H!!G &+(. &,!! +

45

&+(.5 5 “&()(). +((+


G() !!
(-.$
- )45 4!
(-.$ ()$ M 

-. *'-ႚG
H! Rcc  )(-.& 'ႚ+(. bcc  &( H!
)45 !()AM !,1
 &(G,H4M 4!
(-.$ ()-.&' ! ! 45 '
႓
. &
%-() ! (& !႓
 ! 45 '
 -ႛ 
H!M & -.& . +*G+*G ' $ - ! +*႓
 '! $!$! +*45”

E!H(E)() ' *'.


(-. 'ႚ    '4 !
(). &!  ႟'
$ !!ႛ 4() ('ႚ$!
ႛ G
!
45

&+(.5 5 “&,! ' 


4M &+
G+
G ! &*'-ႚ&G' )ႚ() (E)+
 ,!,% ႗ b -ႛ jf 4+(
-. &,&%()
&' 4&!
!
-. &!-.  4() ('ႚ*$$M !
!5ႛ ”

(+
04&*'-ႚ &+(. +
+
,-.
5 &$ 4$4&+,! HRW $ႛ&,'.& .0G.&*'-ႚ   ( G &,!!' *'.#
+
n႒
&' +,)(+*႓
 +
n+*)*!ႛ (H!0 +
 !!
45

&,!&, +((E!H() 


 _  )(4!ႛ ,(
ႛ )0
45

($4 4(30. +
G
' (႓((3( !)G

2009--12-
2009 12-09

+((M !H4-ႛ &*SiE!H'() ( ($4   %!!


 ,(3'0. +
G
'  (G႓((3' ()G! ))
'ႚ+(4!ႛ !(Sa &'()A,1
 (i ( '  +
!
45
(Photo: AFP)

+(( &!G ($4   !*! ((!ႛ !


 0 +
G.&+*. *( ( ($4   (1H! F b_b . f*!! bcc_,!E) ' bpႛ
႟3႓(1ႚ' (႟3ႚ+

H! +*
G5 (Photo: AFP)

!(Sa ႟H!,1
()  R  ႓
 
-. !(Sa !H+,1H-. ($4   (),! 4(3! E!H႓(,(-ႛ H!+,H1! %
-. &Eq4
 &+*
 'E'-. &G () (i( '  &,!! +
0,-. +*
4 5


,-.-. E)&G4&' ($4  !$(3# E!H !H+,1H-ႛ ႓(,(! &r ႓,(+,-. +
n
+*0M +((M !H4-ႛ &*SE!H'()
($4  %!!
(3M ($4  (),! 4(3'# )G0 +
G '  (G႓((3'! &
-. &,&+* 'ႚ+(0 (i(' +

4 5


,-.-. s
 &'G +((E!H ! ! &*'-ႚ&G'# +(( &! !,!()! !(႓
  44
$ ! E!*!ႛ +
G
!
($4   ' &)+(t.,4!ႛ !(Sa ($4  -ႛ (3,%,1
u (UNODC) -. &+,! u !4)4 ႓(1ႚ()
%'! +
,-.
45

&0 (4'! +
0() ! &*'-ႚ&G'! &(G
 +
 ! ()-.&' ($4  ! &0+

 &! !
&*'-ႚ&G'&
F *&
*!ႛ G႟'4 !
 &+* ! !&*'-ႚ' ႟3+(0
4 5

,G()
- +((E!H() *( (%-. &(F ` *! ) ($4  '! +((&! )(+
G4 1!H႓(1ႚ() (ႛ (႟3*
ႛ  !႓
 +((E!H-.
($4   !*() E!H &$&G
0*!ႛ (s
,H!
4 5

+((E!H# &*SiE!H႓
 &( !H %')-.E!H +*-.&+
 ႔  &(*( &r %'-. E!HG +*
45

!(Sa &'()A,1
-. H!+,H1 +
,-ႛ
႓
 (! & !G+
%
45

မြန်မာ့ ဆိပ်ကမ်းများ ပြန်လည် ပြုပြင်ရေး ဂျပန် ကူညီမည်

ဂျိုက်ကာက ပြုပြင်ပေးမည့် ရန်ကုန်မြို့ ကမ်းနားလမ်းရှိ ကြယ်ငါးပွင့် သင်္ဘောများ ဆိုက်ကပ်လျှက်ရှိသော ဗိုလ်တထောင်ဆိပ်ခံ ဘောတံတား © AP Photo / သတင်းဋ္ဌာန

ဂျပန် နိုင်ငံတကာ ကော်ပိုရေးရှင်း အေဂျင်စီ (JICA) သည် မြန်မာနိုင်ငံပိုင် ရန်ကုန် ဆိပ်ကမ်းကို ပြန်လည် ပြုပြင် မှုများ ပြုလုပ် ပေးမည်ဟု သိရှိ ရသည်။ JICA နှင့် မြန်မာ့ဆိပ်ကမ်း အာဏာပိုင် များသည်
ရန်ကုန် ဆိပ်ကမ်းရှိ

ဗိုလ်တထောင် ဆိပ်ခံ ဘောတံတားကို ပြန်လည် တည်ဆောက်ရန် သဘောတူ စာချုပ်ကို လက်မှတ် ရေးထိုးခဲ့ပြီး ဖြစ်သည်။

ပြီးခဲ့သည့် နှစ်အတွင်း မြန်မာနိုင်ငံသို့ ၀င်ရောက် တိုက်ခတ်ခ့သ


ဲ ည့် နာဂစ်ဆိုင်ကလုန်း မုန်တိုင်းကြီးကြောင့် ဆိပ်ကမ်းတွင် ပျက်စီးမှုများ ဖြစ်ပေါ်ခဲ့ရာ အချို့ နေရာများတွင် ပြင်ဆင်မှုများ ပြုလုပ်ရန်
လိုအပ်နေဆဲ ဖြစ်သည်။

JICA သည် ရန်ကုန်ဆိပ်ကမ်းနှင့် ပြည်တွင်းရေကြောင်း ပို့ဆောင်ရေး ဌာနအတွက် လိုအပ်သည့် အကူအညီများနှင့် အသုံးအဆောင် များကိုလည်း ဖြည့်တင်း ပေးသွားမည် ဖြစ်သည်။ JICA သည် ယခုနှစ်
မေလအတွင်း နာဂစ်ဒဏ်ခံ ဒေသများရှိ ပျက်စီးသွားသည့် ရေလုပ်ငန်းများ ပြန်လည် ထူထောင်ရေး ကူညီဆောင်ရွက် ပေးခဲ့သေးသည်။

JICA သည် ငါးလုပ်ငန်းအတွက် အင်ဂျင်စက်များ၊ အအေးပေးစက်များ၊ ငါးဖမ်းပိုက်များ၊ အောက်စီဂျင်ဘူး များစသည့် လိုအပ်သော ပစ္စည်းများကို (၁၂၀၄၃၆) ဒေါ်လာဖိုး လှူဒါန်းခဲ့ခြင်း ဖြစ်သည်။
နာဂစ်ဆိုင်ကလုန်း မုန်တိုင်းကြီးသည် ပြီးခဲ့သောနှစ် မေလက မြန်မာနိုင်ငံ တောင်ပိုင်းသို့ ၀င်ရောက် တိုက်ခတ်ခဲ့ရာ လူပေါင်း(၅၃၈၃၆)ဦး သေဆုံးပြီး (၁၉၃၅၉)ဦးမှာ ယခုတိုင် ပျောက်ဆုံးနေဆဲ ဖြစ်ကြောင်း
သိရှိရသည်။
ထိုင်း-မြန်မာ ချစ်ကြည်ရေး ဂီတဖျော်ဖြေပွဲနှစ်နိုင်ငံမှ အဆိုတော်များ သီဆိုမည်
ရဲရင့်/ ၉ ဒီဇင်ဘာ ၂၀၀၉

ထိုင်း-မြန်မာယဉ်ကျေးမှုနှင့် စီးပွားရေးအသင်းက ကမကထပြု၍ မဲဆောက်မြို့တွင် “သွေးချင်းများ ဆောင်းရာသီကို အန်တုခြင်း” အမည်ဖြင့် နာမည်ကြီး မြန်မာနှင့် ထိုင်းအဆိုတော်များက နှစ်နိုင်ငံ
ချစ်ကြည်ရေး ဂီတဖျော်ဖြေပွတ
ဲ ရပ် ကျင်းပမည်ဖြစ်သည်။

နာမည်ရ မြန်မာအဆိုတော်များဖြစ်သည့် R ဇာနည်၊ ဖြူဖြူကျော်သိန်း၊ ဖိုးကာ၊ ရဲလေး၊ ထွန်းအိန္ဒြာဗိုနှင့် ထိုင်းလူငယ်အဆိုတော် (၃) ဦးတို့သည် ယခုလ (၁၂-၁၃) ရက်နေ့တို့တွင် မဲဆောက်မြို့ရှိ
မြို့ပိုင်ရုံးဝင်းအတွင်း စင်မြင့်တင
ွ် သီဆိုကြမည်ဖြစ်သည်။

ညနေ (၄) နာရီမှ ည (၁၂) နာရီအထိ သီဆိုကြမည်ဖြစ်ပြီး တန်းခွဲများဖြင့် ကုလားထိုင်တလုံးလျှင် ဘတ် (၅၀၀)၊ ဘတ် (၃၀၀)၊ ဘတ် (၂၀၀) ဖြင့် ရောင်းချမည်ဖြစ်ပြီး ကြေညာထားသည့်
အစီအစဉ်များအတိုင်း မပျက်မကွက် ၀န်ဆောင်မှုပေးမည်ဟု ဆိုကာ ကြိုတင်လက်မှတ်များ စတင်ရောင်းချလျက်ရှိသည်။

လွန်ခဲ့သည့် (၅) ရက်နေ့ညက မဲဆောက်တင


ွ် ကျင်းပခဲ့သည့် ထိုင်းဘုရင်မွေးနေ့ပွဲတွင် မြန်မာအဆိုတော် စိုင်းစိုင်းခမ်းလှိုင်နှင့် ကြိုးကြာတို့ လာရောက်သီဆိုဖျော်ဖြေမည်ဟုဆိုကာ ကြိုတင်လက်မှတ်များ
ရောင်းချထားပြီး အဆိုတော်များမလာရောက်သဖြင့် ရုန်းရင်းဆန်ခတ်မှုများ ဖြစ်ပွားခဲ့သဖြင့် မြန်မာပရိသတ်အချို့အဖမ်းခံရပြီး အချို့မှာ လုံခြုံရေးတပ်ဖွဲ့ဝင်များ၏ ရိုက်နှက်မှုခံခဲ့ကြရသည်ဟု
အရိုက်ခံရသူတဦးက ပြောသည်။

၎င်းက “လစာမထုတ်ရသေးလို့ အသိဆီကငွေချေးပြီး စိုင်းစိုင်းခမ်းလှိုငသ


်ွားကြည့်တာ အချိန်ကုန်ငွေကုန်ဖြစ်ပြီး လူပါအရိုက်ခံရတော့ နောက်ကိုပသ
ွဲားရင် အတော်စဉ်းစားရတော့မယ်” ဟု ပြောသည်။

အဆိုပါပွဲကျင်းပမည့်အဖွ့က
ဲ ကြိုတင်လက်မှတ်များ ရောင်းချရာတွင် မြန်မာအဆိုတော် (၅) ဦး အမှတ်တကယ် လာရောက်မည့်အကြောင်း အဆိုတော်များ၏ နိုင်ငံကူးလက်မှတ်များနှင့် ပြည်ဝင်ခင
ွ့်ဗီစာ
မိတ္တူများကိုလည်း ပြသထားသည်။

အိပ်ခ်ျအိုင်ဗွီ ဝေဒနာရှင်များအတွက် ARV လိုအပ်ဆဲ


အောင်ထက်/ ၉ ဒီဇင်ဘာ ၂၀၀၉

အိပ်ခ်ျအိုင်ဗွီ ကူးစက်ခံရသူများအရေး ဆောင်ရက


ွ်နေကြသည့် ရန်ကုန်မြို့အခြေစိုက် အန်ဂျီအိုများသည် တဖွဲ့နှင့်တဖွဲ့ ပွင့်လင်းရိုးသားစွာ အပြန်အလှန် ပူးပေါင်းဆောင်ရွက်ကြပြီး ARV ဆေးများ
ပိုမိုဖြန့်ဖြူးနိုင်စေရန် ဆောင်ရက
ွ်သင့်ကြောင်း အိပ်ခ်ျအိုင်ဗွီ/အေအိုင်ဒီအက်စ် ဝေဒနာရှင်များကို ကူညီစောင့်ရှောက်နေသူ မဖြူဖြူသင်းက ပြောသည်။

“3D Fund အနေနဲ့ အန်ဂျီအိုတွေကို ပံ့ပိုးနေတာ ဘယ်လောက်ကြာပြီလဲ မသိပါဘူး။ ဒါပေမယ့် AZG သဇင်ဆေးခန်းတွေကို ARV ချပေးတာ (၂) လလောက်ပဲ ရှိပါသေးတယ်။ ဒါကလည်း အကန့်အသတ်နဲ့မို့
လူနာတွေအတွက် ထိရောက်မှု အားနည်းနေပါသေးတယ်” ဟု ၎င်းက ပြောသည်။

ဗြိတိန်၊ သြစတြေးလျ ဦးဆောင် အန်ဂျီအိုတခုဖြစ်သည့် 3D Fund သည် မြန်မာပြည်အခြေစိုက် အန်ဂျီအိုများ၊ AZG ကဲသ
ို့ သာကေတ (သဇင်)၊ လှိုင်သာယာ (သဇင်)၊ အင်းစိန် (သဇင်) ဆေးခန်းများသို့
ယခုလပိုင်းများအတွင်း ARV ဆေးဝါးများ ထောက်ပံ့လျက်ရှိသည်။

လက်ရှိအခြေအနေတွင် သာကေတ (သဇင်) ဆေးခန်းရှေ့၌ ARV ဆေးဝါးရရှိရေးအတွက် ကြိုတင်စာရင်းပေးသွင်းရန် စောင့်ဆိုင်းနေသော ဝေဒနာရှင်တို့မှာ နံနက် (၅) နာရီခန့်ကတည်းက
ရောက်ရှိနေကြကာ နံနက် (၈) နာရီ ဆေးခန်းဖွင့်သည်နှင့် စုပြုံတိုးဝှေ့ပြီး ARV စာရင်းဝင်ရန် နေ့စဉ် ကြိုးစားနေရသည်ဟု အိပ်ခ်ျအိုင်ဗွီ ဝေဒနာရှင်များက ပြောသည်။

လာရောက်တန်းစီနေကြသော ဝေဒနာရှင်အများစုမှာ ရန်ကုန်မြို့ရှိ ရတနာ့မေတ္တာ၊ ပဲခူးမြို့ရှိ မာရီစတုတ် အင်တာနေရှင်နယ်၊ ဖျာပုံမြို့ရှိ SEG ကဲ့သို့ အန်ဂျီအိုများနှင့် ဆေးဝါးရယူရာတွင် အဆင်မပြေ၍
ယခုကဲ့သို့ ရောက်ရှိလာကြသူများဖြစ်သည်။

“အေအိုင်ဒီအက်စ်လူနာ ဘယ်လောက်များများ တနေ့မှ (၁၀) ယောက်ပဲ စာရင်းသွင်းနိုင်တယ်။ တခါတရံ ဆရာဝန်နည်းတဲ့ ရက်ဆို (၅) ယောက် (၆) ယောက်ပဲ စာရင်းဝင်တယ်” ဟု တာဝန်ကျ
သူနာပြုတဦးက ပြောသည်။

ARV စာရင်းဝင်ပါက ဆေးစမ်းပြီး တလအတွင်း ARV ဆေး ရာသက်ပန်ရရှိမည်ဖြစ်သည်။

အင်းစိန် (သဇင်) ဆေးခန်း၌ ဒီဇင်ဘာလကုန်အထိ လူနာစာရင်းပြည့်နေပြီး လှိုင်သာယာ (သဇင်) နှင့် သာကေတ (သဇင်) ဆေးခန်းတို့၌ ဆေးဝါးကိုယ်တာ အနည်းငယ် ကျန်ရှိနေသေးသည်ဟု သိရသည်။

အဆိုပါ အခြေအနေကြောင့် အိပ်ခ်ျအိုင်ဗွီ/အေအိုင်ဒီအက်စ် ဝေဒနာရှင်တို့သည် အစိုးရအသိအမှတ်ပြု သဇင်ဆေးခန်းများ၌ ARV ရရှိနိုး၊ အန်ဂျီအိုများထံမှ ARV ရရှိနိုး စမ်းတ၀ါးဝါးဖြင့် အခက်အခဲမျိုးစုံကို
ရင်ဆိုင်နေရသည်။

“အန်ဂျီအို အတော်များများဟာ လူနာတွေကို အတင်းကာရော Collect သာ လုပ်နေကြတယ်။ ARV ဆေးကို အလျဉ်မီအောင် ပေးနိုင်တာ မဟုတ်ဘူး။ သူတို့ကိုယ်တိုင် အလုံးစုံ အထောက်အပံ့ မပေးနိုင်ဘဲ
လူနာတွေကို ဘယ်ကို မသွားရ၊ ဘယ်သူနဲ့ မဆက်သယ
ွ်ရနဲ့ ချုပ်ကိုင်ထားကြတယ်။ ဒီတော့ ARV နဲ့ သက်တမ်းထိန်းနေရတဲ့ လူနာတွေဟာ စိတ်ဓာတ် တစစပျက်ယွင်းလာပြီး တဖြုတ်ဖြုတ်သေနေတယ်” ဟု
မဖြူဖြူသင်းက ပြောသည်။

ရန်ကုန်မြို့၌ အိပ်ခ်ျအိုင်ဗွီ ဝေဘာဂီ ကူးစက်ဆေးရုံ၊ မင်္ဂလာဒုံ ကူးစက်ဆေးရုံတို့ရှိပြီး တနေ့လျှင် ပျမ်းမျှ လူနာ (၅၀) ခန့် သေဆုံးလျက်ရှိကြောင်း၊ ဆေးရုံဆေးခန်းမရောက်ဘဲ လူမသိ သူမသိ
အသေခံနေသူတို့နှင့်ဆိုလျှင် တနိုင်ငံလုံး အတိုင်းအတာအရ နေ့စဉ် လူနာ ထောင်ချီ သေဆုံးဖွယ်ရှိသည်ဟု ပြည်တွင်းမှ အထူးကုဆရာဝန်ကြီးတဦးက သုံးသပ်သည်။

တနိင
ုငံလုံးတွင် နံပါတ်တခုတည်းဖြင့ဆ
ိုင်ကယ်စီးနင်းခွင့် ပြုမည်
မျိုးချစ်သူ/ ၉ ဒီဇင်ဘာ ၂၀၀၉

မြန်မာတနိုင်ငံလုံးတွင် ဒေသအမှတ်ဖြင့် မှတ်ပုံတင်ကာ တရားဝင် စီးနင်းနေကြသည့် မော်တော်ဆိုင်ကယ်များကိုလည်း ၁၇ယ/ ……နံပါတ် ပြောင်းလဲပေးတော့မည်ဖြစ်ကြောင်း နေပြည်တော်
ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန တာဝန်ရှိသူတဦးက ပြောသည်။

၎င်းက “လိုင်စင် သက်တမ်းတိုးတဲ့အခါ အဲဒီ ဒေသအမှတ်တွေကို နံပါတ်ပြောင်းပြီးတော့ စီးနင်းခွင့် ပေးမှာပါ။ လိုင်စင်သက်တမ်းကြေးကိုတော့ တိတိကျကျ မသတ်မှတ်ရသေးဘူး။ ပိုကောက်ဖို့တော့ရှိတယ်”
ဟု ပြောသည်။

စစ်အစိုးရက ပြီးခဲ့သည့် ဒီဇင်ဘာ (၁) ရက်မှစ၍ လိုင်စင်မဲ့ ဆိုင်ကယ်များကို ၁၇ယ/……. နံပါတ်ဖြင့် တရားဝင် လိုင်စင်ပြုလုပ်ပေးလျက်ရှိသည်။

ဆိုင်ကယ်များကို တနိုင်ငံလုံးတွင် နံပါတ်တခုတည်းဖြင့်သာ စီးနင်းခွင့်ပြုတော့မည်ဟု တရားဝင်ကြေညာထားသဖြင့် ဆိုင်ကယ်ဈေးနှုန်းများ မြင့်တက်လာနိုင်သည်ဟုလည်း ဈေးကွက်ကျွမ်းကျင်သူများက


ခန့်မှန်းနေကြသည်။

ရန်ကုန်တွင် လိုင်စင်မ့ဆ
ဲိုင်ကယ်များကို သံလျင်၊ ဒလနှင့် မှော်ဘီမြို့နယ်တို့ရှိ ကုန်းလမ်းပို့ဆောင်ရေးရုံးတို့တွင် လုပ်ပေးနေပြီး လာရောက်ပြုလုပ်သူ နည်းပါးသည်ဟု ရန်ကုန်၊ သံလျင်ရှိ ကုန်းလမ်းပို့ဆောင်ရေး
ညွှန်ကြားမှုဦးစီးဌာနရုံးမှ သိရသည်။
“လာလုပ်သူ နည်းတာက ဖြစ်နိုင်ခြေများတာကတော့ လိုင်စင်ကြေး မြင့်လို့ပလ
ဲို့ သုံးသပ်လို့ရတယ်။ ဟုတ်တယ် တကယ်လည်း မြင့်တယ်ဗျ။ ဒါပေမယ့် ကျနော်တို့က သတ်မှတ်တာ မဟုတ်ဘူး၊ အစိုးရက
သတ်မှတ်တာဆိုတော့လည်း ဘာတတ်နိုင်မှာလဲ” ဟု အဆိုပါရုံးမှ ပြောရေးဆိုခွင့်ရှိသူက ပြောသည်။

လိုင်စင်ကြေးများကို ခုနှစ်အလိုက်ထုတ်သော မော်ဒယ်နှင့် အင်ဂျင်ပါဝါအလိုက် သတ်မှတ်ထားကြောင်း၊ တရုတ်နိုင်ငံလုပ် ဆိုင်ကယ်တစီး အနိမ့်ဆုံး ကျပ် (၁၁၀,၆ဝဝ) မှ အမြင့်ဆုံး (၁၉၃,၁ဝဝ) ကျပ်၊
ထိုင်းနိုင်ငံလုပ်ဆိုပါက အနိမ့်ဆုံး (၃၁၆,၈၅၀) ကျပ်မှအမြင့်ဆုံး (၆၄၆,၈၅ဝ) ကျပ်၊ ဂျပန်လုပ်မှာ အနိမ့်ဆုံး ကျပ် (၅၆၄,၃၅ဝ) မှ အမြင့်ဆုံး (၇၇၀,၆ဝဝ) ကျပ်ဖြစ်ကြောင်း လိုင်စင်ပြုလုပ်ပေးသောနေရာတွင်
ကြေညာထားသည်။

“အခုဆိုရင် လိုင်စင်လုပ်ရက် တပတ်ကျော်သွားပြီ။ လာလုပ်တ့သ


ဲူတွေက ဆယ်ဂဏန်းပဲရှိသေးတယ်။ ဘယ်လိုပဲဖြစ်ဖြစ် လာလုပ်ပါလို့ ပြောထားတယ်။ ကာလကို (၂) လ သတ်မှတ်ထားတယ်။ အဲဒီကာလ
ကျော်ရင်တော့လည်း လိုင်စင်မလုပ်ထားဘဲ စီးနင်းတာတွေ့ရင် အရးယူပါလို့လည်း အထက်ကညွှန်ကြားထားတယ်။ ကျနော့်အထင်ကိုပြောရရင် မနှစ်ကလည်း လိုင်စင်မဲ့တွေကို လိုင်စင်လုပ်ပေးတဲ့အခါ
ကာလကို ထပ်တိုးရတယ်ဗျ။ ခုလည်း ဒီလိုပဲနေမှာပါ” ဟု ရန်ကုန်ရှိ ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာန တာဝန်ရှိသူတဦးက ပြောသည်။

မျှော်စင်ကျွန်း ဂီတပွဲ ရုန်းရင်းဆန်ခတ်မှုရဲ (၂၀၀) ကျော်ဖြင့် ထိန်းသိမ်းရ


မေကျော်/ ၉ ဒီဇင်ဘာ ၂၀၀၉

ကန်တော်ကြီး မျှော်စင်ကျွန်းတွင် ပြီးခဲ့သည့် တနင်္ဂနွေနေ့က အဲလက်စ်နှင့် ဟန်ထူးလွင်တို့၏ ရှိုးပွအ


ဲ ပြီး ရုန်ရင်းဆန်ခတ်ဖြစ်ပွားမှုကို ရဲတပ်သား (၂၀၀) ကျော်ဖြင့် ထိန်းသိမ်းခဲ့ရကြောင်း သိရသည်။

အဲလက်စ်နှင့် ဟန်ထူးလွင်၏ Two Men Show ကို ယခုလ (၇) ရက်နေ့က ကန်တော်ကြီး မျှော်စင်ကျွန်းတွင် ပြုလုပ်ရာ ပွသ
ဲိမ်းချိန်စောသဖြင့် ပန်ခ့်လူငယ်အုပ်စုများ မကျေမနပ်ဖြစ်ကာ စင်ပေါ်သို့
ရေသန့်ဘူးများ၊ အရက်ပုလင်းများ၊ ၀ါးလုံးများဖြင့် ပစ်ခတ်ခ့သ
ဲ ဖြင့် ရဲများ လာရောက်ထိန်းသိမ်းခဲ့ရခြင်းဖြစ်သည်။

“လူတယောက်ကို ၀င်ကြေး (၄,၅၀၀)၊ မှောင်ခိုက (၅,၅၀၀)၊ ပွဲစတာ (၆) နာရီဆိုပြီး တကယ်စတော့ (၆) နာရီခွဲမှ။ ပြီးတော့ တယောက်ကို သီချင်း (၁၀) ပုဒ်လောက်စီဆိုပြီး (၁၀) နာရီလောက်မှာ
ပွဲပြီးပါပြီဆိုတော့ အားလုံး ဒေါသထွက်ပြီး ထချကြတော့တာ။ ဘယ်စတိတ်ရှိုးပွမ
ှဲ ဒီလိုမဖြစ်ဖူးဘူး” ဟု ရှိုးပွသ
ွဲားရောက်ခဲ့သူက ပြောသည်။

ဂီတရှိုးပွဲများမှာ ညနေ (၆) နာရီမှ ည (၁၁) နာရီခွဲခန့်အထိ ကျင်းပလေ့ရှိပြီး ယခုပွဲက ည (၁၀) နာရီတင
ွ် ပြီးဆုံးသွားခြင်းကြောင့် လူငယ်များ မကျေမနပ် ဖြစ်ခဲ့ကြခြင်းဖြစ်သည်။

မကျေမနပ်ဖြစ်နေသည့် လူငယ်ပရိသတ် (၂,၀၀၀) ကျော်ခန့်က တေးသံရှင် ဟန်ထူးလွင် သီချင်းသီဆိုမှု နည်းသည်ကို အောဟစ်ဆဆ


ဲိုပြီး စတိတ်စင် အပါအ၀င် ကန်တော်ကြီး အ၀င်ဝဆိုင်းဘုတ်များကို
ဖျက်ဆီးလိုက်ကြသည်။

ရှိုးပွဲလုံခြုံရေး တာဝန်ရှိသူများ ထိန်းသိမ်းမနိုင်သည့် နောက်တွင် ရဲတပ်သား (၂၀၀) ကျော်ဖြင့် လာရောက်ထိန်းသိမ်းပြီး လူငယ်များကို လူစုခွခ
ဲ့ရကြောင်း သိရသည်။

“ရဲတွေက မရိုက်ရဲပါဘူး။ လူငယ်တွေက ပြန်ဆော်မှာပေါ့။ အားလုံးက လူကြီး တယောက်မှ မပါဘူး။ ဟန်ထူးလွင် ပရိသတ် တွေချည်းပဲ။ ပန်ခ့်ပရိသတ်တွေ။ အားလုံး အနက်တွေ ၀တ်ထားကြတယ်။
ဆယ်ကျော်သက်တွေ” ဟု ရှိုးပွဲကြည့်သူက ဆိုသည်။

အဆိုပါ ရုန်းရင်းဆန်ခတ်မှု ယင်းနေ့ည (၁၁) နာရီခန့်တွင် ပြီးဆုံးသွားကြောင်း သို့သော် နောက်ထပ် မျှော်စင်ကျွန်း ရှိုးပွဲများကို ခွင့်ပြုမိန့် ကြတ်မတ်လာနိုင်ကြောင်း ဂီတအသိုင်းအ၀ိုင်းက သုံးသပ်သည်။

ကန်တော်ကြီး မျှော်စင်ကျွန်းအတွင်း အပျက်အစီးများကို ပွဲစီစဉ်သူများက ပေးလျော်ရပြီး ရဲတပ်ဖွဲ့ကိုလည်း ရန်ပုံငွေအဖြစ် (၅) သိန်းကျပ် ပေးလိုက်ရကြောင်း သိရသည်။

ယင်းပွဲကို ပီးပေါ်စီစဉ်ပြီး Ginsomin အားဆေးက Sponser ပေးခဲ့ခြင်းဖြစ်သည်။

ကမ္ဘာ့ရာသီဥတု ဖောက်ပြန်မှု မြန်မာလည်း ဆိုးရွားစွာခံရ

Wednesday, 09 December 2009 19:06 ကိုထွေး

မြန်မာ၊ ဟွန်ဒူးရပ်စ်နှင့် ဘင်္ဂလားဒေ့ရှ် နိုင်ငံတို့သည် ရာသီဥတု ဆိုးဝါးမှုဒဏ်ကို အပြင်းထန်ဆုံး ခံရသော နိုင်ငံများ ဖြစ်ကြောင်း ဂျာမန် စောင့်ကြည့်လေ့လာရေးအဖွဲ့ (Germanwatch) ၏ ယမန်နေ့က
ထုတ်ပြန်သည့် အစီရင်ခံစာ တစောင်တွင် ဖော်ပြထားသည်။

၁၉၉၀ ပြည့်နှစ်မှ ၂၀၀၈ ခုနှစ် အတွင်း နိုင်ငံ အသီးသီးရှိ ရာသီဥတု အခြေအနေကို သုတေသန ပြုလုပ်ထားသည့် ထိုအစီရင်ခံစာ ထုတ်ပြန်ချိန်သည် ဒိန်းမတ်နိုင်ငံ ကိုပေဟေဂင်မြို့တွင် ကုလသမဂ္ဂ ရာသီဥတု
ပြောင်းလဲမှုဆိုင်ရာ ညီလာခံ ကျင်းပနေသည့် အချိန်နှင့်လည်း တိုက်ဆိုင်လျက်ရှိသည်။

အစီရင်ခံစာ ထုတ်ပြန်သည့် ဂျာမန် စောင့်ကြည့် လေ့လာရေး အဖွ့သ


ဲ ည် “လေ့လာ၊ ဆန်းစစ်၊ ဆောင်ရွက်” ဟူသော ဆောင်ပုဒ်ဖြင့် ဖွံ့ဖြိုးပြီး နိုင်ငံများနှင့် မဖွံ့ဖြိုးသေးသည့် နိုင်ငံများအကြား မျှတမှုများ
ပေါ်ပေါက်စေရန် ဆောင်ရက
ွ်ပေးနေသော လူမှုရေး အဖွ့အ
ဲ စည်း ဖြစ်သည်။

“ဆိုးဝါးသည့် ရာသီဥတု သက်ရောက်မှုကို ခံရသည့် နိုင်ငံ ၁၀ ခုသည် ၀င်ငွေနည်း ဖွံ့ဖြိုးဆဲ နိုင်ငံများ ဖြစ်ကြသည်” ဟု အစီရင်ခံစာတွင် ရေးသားထားသည်။

မုန်တိုင်း၊ ရေကြီးမှု၊ ရာသီဥတု ဆိုးဝါးမှု၊ လူတသိန်းတွင် သေဆုံးသည့် အရေအတွက်၊ တိုင်းပြည်၏ နိုင်ငံခြားငွေနှင့် ပြည်တွင်း အသားတင် ကုန်ထုတ်လုပ်မှု ရာခိုင်နှုန်း ဆုံးရှုံးခြင်းတို့ အပေါ်မူတည်ပြီး
ထိုအစီရင်ခံစာကို ထုတ်ပြန်ခြင်း ဖြစ်ကြောင်း သိရသည်။

၁၈ နှစ်အတွင်း ဆိုးဝါးသော ရာသီဥတု ဖြစ်ရပ် ၁၁၀၀၀ ကြောင့် လူပေါင်း ၆၀၀၀၀၀ အသက် ဆုံးရှုံးခဲ့ပြီး အမေရိကန် ဒေါ်လာ ၁.၇ ထရီလီယံ ဆုံးရှုံးခဲ့ကြောင်း ဖော်ပြထားသည်။

“ဆင်းရဲသည့် နိုင်ငံများက မကြာခဏ ဆိုသလိုပင် ပိုမို၍ ဆိုးဆိုးဝါးဝါး ခံရသည်” ဟု အစီရင်ခံစာက ဆိုသည်။

အာရှနိုင်ငံများဖြစ်သော ဘင်္ဂလားဒေ့ရှ်၊ မြန်မာ၊ ဟွန်ဒူးရပ်စ်တို့က ပထမ၊ ဒုတိယ၊ တတိယနေရာများတွင် အသီးသီး ရပ်တည်နေကြပြီး ဗီယက်နမ်၊ အိန္ဒိယ၊ ဖိလစ်ပိုင်နှင့် တရုတ်နိုင်ငံများကလည်း အဆိုးဝါးဆုံး
ခံရသည့် နိုင်ငံ ၁၀ နိုင်ငံတင
ွ် ပါဝင်သည်။

အစီရင်ခံစာ၏ ၂၀၀၈ ခုနှစ် စာရင်းတွင် မြန်မာနိုင်ငံက အဆိုးဝါးဆုံးအဆင့်တင


ွ် ရှိနေသည်။

နာဂစ် ဆိုင်ကလုန်းမုန်တိုင်းကြောင့် မြန်မာနိုင်ငံအတွင်း လူဦးရေ ၈၅၀၀၀ ခန့် သေကြေပျက်စီးခဲ့ကြောင်း ယင်း အဖွဲ့က ခန့်မှန်းခဲ့ပြီး သဘာဝ ဘေးအန္တရာယ်နှင့် ပတ်သက်၍ ပြင်ဆင်ထားနိုင်မှု နည်းပါးခြင်း၊
တိုင်းပြည်၏ နိမ့်ကျသည့် လိုက်လျောညီထွေ ဖြစ်မှုတို့ကို ပြသလိုက်ခြင်း ဖြစ်ကြောင်းလည်း ယင်းထုတ်ပြန်ချက်တွင် ပါရှိသည်။

မြန်မာနိုင်ငံတင
ွ် ရာသီဥတု ပြောင်းလဲမှုနှင့် ပတ်သက်၍ ပညာပေး ဆောင်ရက
ွ်မှုများမှာ နည်းပါးနေပြီး ပြည်သူများ အကြား သတိထားမှု အားနည်းနေကြောင်း၊ စက်မှု ဖွံ့ဖြိုးပြီး နိုင်ငံများ ဖြစ်သော အမေရိကန်
ပြည်ထောင်စု၊ တရုတ်၊ သြစတြေးလျနိုင်ငံများနှင့် နှိုင်းယှဉ်ပါက ကာဗွန် ထုတ်လုပ်မှုနှုန်း နည်းပါးသော်လည်း သစ်တောပြုန်းတီးမှုနှုန်းမှာ စိုးရိမ်ဖွယ် အနေအထားသို့ ရောက်ရှိနေကြောင်း လေ့လာသူများက
ဆိုသည်။

မန်မာပြည်ရှိ နာမည်ကြီး သတင်း ဂျာနယ်များတွင် ရာသီဥတု ပြောင်းလဲမှုနှင့် ပတ်သက်ပြီး ပညာရှင်များ၏ ဆောင်းပါးများကို တွေ့ရကြောင်း သဘာဝပတ်ဝန်းကျင်နှင့် ပတ်သက်၍ ပညာပေး ကာတွန်းများ
ရေးဆွဲနေသော ကာတွန်း ဆရာ အော်ပီကျယ်က ပြောသည်။
“ပတ်ဝန်းကျင်ဆိုင်ရာ ကဏ္ဍ တခု အနေနဲ့ စာမျက်နှာ ၂၊ ၃ မျက်နှာ ပေးပြီးတော့ကို ရေးတယ်။ ပြီးတော့ ရေခဲတောင် အရည်ပျော်တဲ့ ကိစ္စ၊ မိုးခေါင် ရေရှားတဲ့ ကိစ္စ တော်တော် များများ ရေးကြပါတယ်၊
အဲဒါကတော့ ထူးခြားပါတယ်၊ ပညာရှင် ဆန်အောင် မရေးဘူး၊ ရိုးရိုး ပြည်သူတွေ သတိမူမိအောင် သေချာရေးတာ” ဟု ကာတွန်း အ်ာပီကျယ်က ဧရာဝတီကို ပြောသည်။

၁၉၈၉ ခုနှစ်က မြန်မာနိုင်ငံ၏ ၅၀.၉ ရာခိုင်နှုန်း (၃၄၄ ၂၃၇ စတုရန်းကီလိုမီတာ) သည် သစ်တောများဖြင့် ဖုံးအုပ် လျက်ရှိသော်လည်း ယခုအခါ ၄၇.၆၂ ရာခိုင်နှုန်း( ၃၂၂၂၁၈.၆ စတုရန်း ကီလိုမီတာ) သာ ရှိပြီး
၃ရာခိုင်နှုန်း (၂၂၀၁၈.၄ စတုရန်း ကီလိုမီတာ) ဆုံးရှုံးသွားကြောင်း အစိုးရက တရားဝင် ထုတ်ပြန်သည့် စာရင်းများတွင် ဖော်ပြထားသည်။

ပတ်ဝန်းကျင် ထိန်းသိမ်းရေးသမားများ၏ အဆိုအရ စစ်တပ်မှ အာဏာသိမ်းပြီးသည့် ၁၉၉၀ ပြည့်နှစ် နောက်ပိုင်း နိုင်ငံခြားငွေ ပြတ်လပ်မှုကြောင့် အိမ်နီးချင်းနိုင်ငံများသို့ သစ်တောများကို ဈေးပေါပေါဖြင့်
ရောင်းချခဲ့သည့် အတွက် မြန်မာပြည်တွင် သစ်တော ပြုန်းတီးမှုနှုန်း ပိုမိုများပြားလာကြောင်း သိရသည်။

ထူးထူးရှယ် ဆေးကုခန်းကြီး

Wednesday, 09 December 2009 15:58 ရန်ကုန်သားတာတေ

ရန်ကုန်မြို့တနေရာရှိ ထူးထူးရှယ်ဆေးကုခန်းကြီးတွင် ဦးရုက္ခစိုး နှင့် ဖိုးရှုပ်တို့ ရောက်နေကြသည်။ လူပြောများနေသော ရန်ကုန်မှ ဆေးခန်းကြီးများ၊ ဆရာဝန်ကြီးများအကြောင်း စုံစမ်း၊ စစ်ဆေး
ရေးသားသင့်ကြောင်း ဦးရုက္ခစိုးကြီးက အိုင်ဒီယာပေး တိုက်တန
ွ်းသဖြင့် သတင်းထောက် ဖိုးရှုပ်က လူနာဟန်ဆောင်ပြီး ဆေးခန်းကြီးသို့ လာရောက် ပြသခြင်း ဖြစ်သည်။

ရှေးဦးစွာ ဧည့်ကြိုဌာန ဝန်ထမ်းနှင့် တွေ့ရလေသည်။

ဧည့်ကြို။ ။ မောင်လေးက ရိုးရိုးလား၊ ရှယ်လား၊ ထူးရှယ်လား။ ဘယ်လိုပြမှာလဲ။

ဖိုးရှုပ်။ ။ ဟင် … ရိုးရိုးနဲ့ ရှယ် ဘာကွာလို့လ၊ဲ ဒါက အထူးကု ဆေးခန်းဆိုတော့ လူနာ အားလုံးကို အထူးကုမှာ မဟုတ်ဘူးလား။

ဧည့်ကြို။ ။ သြော် … အဟင်း … ဟင်း … ဟင်း … ဟင်း … ဟင်း … ။ ဒီလိုရှိတယ် မောင်လေးရဲ့၊ ရိုးရိုးဆိုတာက ရိုးရိုးပေါ့ကွယ်။ ရှယ်ဆိုတာက လူနာရဲ့ ဝေဒနာ နည်းနည်း အရေးကြီးတယ်ဆိုရင်
သက်သောင့်သက်သာ ဖြစ်အောင် ဘီးတပ် ကုလားထိုင်နဲ့ ထိုင်ရမှာပေါ့၊ ရှယ်ဆိုတာ ဒါကို ခေါ်တာပါ၊ အဟင်း … ဟင်း … ဟင်း … … … ။

ဖိုးရှုပ်။ ။ အင်း … ဟုတ်ပါပြီ၊ ဟုတ်ပါပြီ။ ထူးရှယ်ကရော ဘယ်လိုလ။ဲ

ဧည့်ကြို။ ။ မောင်လေးက ထူးရှယ် ဆိုတာကို ရွေးမယ်ဆိုရင် (ဦးရုက္ခစိုးကို လက်ညှိုးထိုး၍) ဟောဒီ ဦးလေးကြီးက အထူး နားနေခန်းထဲမှာ ဆိုဖာထိုငခ
်ုံနဲ့ ထိုင်စောင့်ရမယ်၊ မမတို့က မောင်လေးကို
အထူးစပါယ်ရှယ် ဂရုစိုက်မယ်၊ ဝန်ထမ်းတွေကလည်း ဘီးတပ် ကုလားထိုင်ကို ဖြည်းဖြည်းလေး တွန်းပေးမယ်၊ ဝန်ဆောင်မှုက တကယ့်ကို ရှယ် ဖြစ်စေရမယ်၊ သမားတော်ကြီးတွေ ကလည်း မောင်လေးကို
ချက်ချင်း ခဲေ
ွ ပးမှာပေါ့ကယ
ွ် … အဟင်း … ဟင်း … ဟင်း … ဟင်း … ဟင်း။

ဖိုးရှုပ်။ ။ အိုးမိုင်ဂေါ့ … အောင်မယ်လေး ကျနော့်ရဲ့ ဘုရားသခင် … ၊ ကျနော့် ရောဂါက မခွဲလို့ မရဘူးလား။

ဧည့်ကြို။ ။ သြော် … မောင်လေးရယ်၊ ရှောင်ပြေးဖို့ မကြိုးစားပါနဲ့၊ အဲလေ ယောင်လို့ … လိုအပ်ရင်တော့ ခဲရ


ွ မှာပေါ့ မောင်လေးရယ် … အဟင်း … ဟင်း … ဟင်း … ဟင်း … ဟင်း။ ကဲ … ဘယ်လိုလ၊ဲ
ရှယ်လား ထူးရှယ်လား။

ရှယ် နှင့် ထူးရှယ်ကို စိတ်ဝင်စားသော်လည်း ဖိုးရှုပ်က ဒေဝါလီမဂ္ဂဇင်း၏ ချွေတာရေး မူဝါဒကို သတိရသဖြင့် ရိုးရိုးကို ရွေးလိုက်သည်။

မကြာမီ သူနာပြု ဆရာမ တယောက်ထံသို့ ဖိုးရှုပ် ရောက်သွားသည်။ ဆရာမကို ကြည့်ပြီး သတင်းထောက်က ဘိုဘိုဟန်၏ ငွေသော်တာရောင်ခြည် အစချီ သီချင်းကို ညည်းလိုစိတ်ပင် ပေါက်သွားသည်။

ဆရာမ။ ။ ကဲ … ပြော၊ ဘာဖြစ်တာလဲ။

ဖိုးရှုပ်။ ။ ဟို … ဆရာမရေ … ကျနော်လေ … အဟဲ … ဟို … ကျနော် အခု ရင်ခုန်နေတယ်။ အဟဲ … ရင်ခုန်နေတယ် … ဟဲ ဟဲ ဟဲ ...။

ဆရာမ။ ။ သြော် … ရင်ခုန်နေသလား။ ဒါဆို ဘာမှ မပူန့၊ဲ နေကောင်းသွားမှာပါ။ ဒီမှာ ရင်ခေါင်းအထူးကု ဆရာဝန်ကြီးတွေ ရှိတယ်။

ဆရာမက ထိုသို့ နှစ်သိမ့် ပြောဆိုပြီး ဓာတ်မှန်ရိုက်ခြင်း၊ သွေး၊ ဆီး၊ သလိပ်တို့ စစ်ဆေးခြင်းများ လုပ်ဆောင်ရန် စီစဉ်လေသည်။ ထိုသို့ လုပ်ဆောင်ပြီး သကာလ အထူးကု သမားတော်ကြီး၏ ကုသမှုကို
ခံယူရန် စောင့်ရသည်။ မြန်မာစံတော်ချိန်ကား နံနက် ၉းဝဝ နာရီ ထိုးချေပြီ။

ဖိုးရှုပ်က ထူးထူးရှယ်ဆေးကုခန်းကြီးအတွင်း သွားလာနေကြသော အမျိုးသမီး သူနာပြုများကို အငမ်းမရ ငမ်းနေသည်။ ဖိုးရှုပ် ဘရိတ်အုပ်စေရေးအတွက် ရုက္ခစိုးကြီးက ချောင်းဟန့်သံပေးပြီး
အချက်ပြသော်လည်း သတင်းသမား ဖိုးရှုပ်က အကင်းမပါးချေ။

ရုက္ခစိုး။ ။ ဟေ့ကောင် ဖိုးရှုပ်၊ မင်းက ဆရာဝန်တွေအကြောင်း အထူးပြု ရေးမှာမဟုတ်လား၊ ဘာကြောင့် အမျိုးသမီးတွေကိုပဲ လေ့လာနေရတာလဲ။

ဖိုးရှုပ်။ ။ သြော် … ဦးရုက္ခစိုးရယ်၊ အသေးစိတ် အကြောင်းအရာတွေကို ပစ်ပယ်ထားလို့ မရဘူး ဆိုပြီး Investigative Reporting လို့ ခေါ်တဲ့ စုံစမ်း ထောက်လှမ်း သတင်းရေးသားနည်း ပညာရပ်မှာ
ပြဌာန်းထားတယ်ဗျ၊ ကျနော်က သူနာပြုတွေကို အလကားငမ်း အဲ … အလကားကြည့်တာမှ မဟုတ်တာ။ လိုအပ်ချက်အရ လေ့လာတာဗျ။ ဒါမှ ကျနော် ရေးတဲ့ သတင်း ဆောင်းပါးက အရမ်း အရမ်းကို
ရုပ်လုံးကြွ အသက်ဝင်မှာ။ ဝါရှင်တန်ပို့စ်တို့ နယူးယောက်တိုင်းမ်းစ်တို့ကတောင် ယူသုံးနိုင်တယ်ဗျ။

ရုက္ခစိုး။ ။ ဟုတ်ပါပြီ စာနယ်ဇင်း ပိဋကတ် အိုးကဲေ


ွ လးရယ်၊ မင့်မျက်လုံးတွေ ကျွတ်ထွက်တော့မှာမို့ ငါက ပြောမိတာပါ။ အင်း … သတိပေးမိတာ မှားပါတယ်။ ဟေ့ကောင် … ၁ နာရီတောင် ခွဲပြီ၊ မင့်အလှည့်
မရောက်သေးဘူးလား။ မေးစမ်းကြည့်ပါဦးကွ။

ဖိုးရှုပ်။ ။ စိတ်အေးအေးထားမှပေါ့ ဦးရုက္ခစိုးရယ်၊ သတင်းကောင်းတပုဒ်ဆိုတာ စိမ်ပြီး ရေးရတယ်ခင်ဗျ။


ရုက္ခစိုး။ ။ မင်းမသွားချင်ရင် ငါ သွားမေးမယ်။

ဖိုးရှုပ်။ ။ ဟိုး …ဟိုး …ဟိုး … ကျနော် သွားမေးပါ့မယ်ဗျာ။ အထူးကုဆေးခန်းတွေအကြောင်း ရေးမှာက ကျနော်လေဗျာ။ ကျနော်ကိုယ်တိုင် မေးမှ ဖြစ်မှာပေါ့။

သူနာပြုဆရာမထံ ထွက်သွားသော ဖိုးရှုပ်ကို ကြည့်ပြီး ဒီကောင် မေးခွန်းထုတ်ချင်တာက နည်းနည်း၊ ငမ်းချင်တာက များများဖြစ်မှာပါဟု ရုက္ခစိုးကြီးက တွေးလိုက်မိသည်။

ဖိုးရှုပ်။ ။ (သွား အချောင်း ၃ဝ ခန့် ပေါ်အောင် ပြုံးရင်း) ဆရာမရေ ကျနော် အထူးကု သမားတော်ကြီးနဲ့ မတွေ့ရသေးဘူးလား။

ဆရာမ။ ။ ခဏလေး ထပ်စောင့်ပါနော်၊ မကြာပါဘူး၊ တွေ့ရတော့မှာပါ။ နော် … ။

ဆရာမက ပြုံးပြီး ပြောသဖြင့် ဖိုးရှုပ် ကျေနပ်သွားသည်။ ဦးရုက္ခစိုးထံသို့ မြောက်ကြွမြောက်ကြွဖြင့် လမ်းလျှောက်သွားသည်။

ရုက္ခစိုး။ ။ ရုပ်ကိုက ဒီမိုကရေစီရတဲ့ မျက်နှာနဲ့။ ကဲ … ပြော၊ ဘယ်လို ဖြစ်လာတာလဲ၊ အထူးကု ဆရာဝန်ကြီးနဲ့ ဘယ်တော့ တွေ့ရမှာလဲ။

ဖိုးရှုပ်။ ။ ဆရာမက ပြောတယ်၊ သိပ်မကြာတော့ပါဘူး တ့။ဲ ခဏနေဆို တွေ့ရတော့မှာပါ တ့။ဲ

ရုက္ခစိုး။ ။ အင်း … ဆေးရုံခဏ ကလည်း ရဲတွေပြောတဲ့ ခဏနဲ့ တူနေပြီထင်တယ်။

နှစ်ဦးသား အထူးကု ဆရာဝန်ကြီး၏ အခန်းရှေ့တွင် ထပ်မံ စောင့်ဆိုင်း ရပြန်သည်။ အဝင်ဝရှိ ဆိုင်းဘုတ်တွင် ဆရာဝန်ကြီး၏ ဘွဲ့ထူး ဂုဏ်ထူးများရေးထားသည်ကို တွေ့ရသည်။ MBBSဟူသော စာလုံးအပြင်
လန်ဒန်၊ ပိုလန်၊ ဆွစ်ဇာလန်၊ ဖင်လန် ဟူ၍လည်း ရေးသားထားသည်။

ရုက္ခစိုး။ ။ ဟေ့ကောင် … MBBS ဆိုတာ ဘာလဲက။ွ

ဖိုးရှုပ်။ ။ MBBS ဆိုတာ အတိုကောက် စကားလုံးပဲ။ "မြန်မာ (ဘရမ်းဘဒါ) ပရမ်းပတာ ဆရာဝန်" လို့ ဒေဝါလီ စာဖတ်သူတယောက်က ပြောဖူးတယ်။ ဝတ္ထုထဲမှာတော့ မောင်ဘာဘာစိန် လို့ ရေးထားတာ
ဖတ်ဖူးတယ်။ ဘယ်ဟာ အမှန်လဲတော့ မသိဘူး။

ဤသို့ဖြင့် နှစ်ဦးသား စကား တပြောပြောဖြင့် စောင့်ဆိုင်းနေရာ ညနေ ၅းဝဝ နာရီ ထိုးသွားသည်။ ဖိုးရှုပ်အလှည့် မရောက်သေးပေ။ သူနာပြုတဦးထံ သွားရောက် မေးမြန်းသည့်အခါ အရေးပေါ်
ခွဲစိတ်ပေးရမည့် ထူးရှယ်အဆင့်လူနာ ၃ ဦး ရှိသဖြင့် အတန်ကြာ စောင့်ဆိုင်းရဦးမည်ဟူသော အဖြေကို ရလေသည်။

ဖိုးရှုပ်။ ။ ဦးရုက္ခစိုးရေ၊ ကျနော်သာ လူနာအစစ်ဆိုရင် ဒုက္ခပ။ဲ ဒီလောက်တောင် စောင့်ရတယ်ဆိုရင်တော့ သေပြီဆရာ။

ရုက္ခစိုး။ ။ အင်း … ရိုးရိုးနဲ့ရှယ် ဘယ်လိုကွာတယ်ဆိုတာ မင့်စာထဲ ထည့်ရေးလို့ ရပြီပေါ့ကွာ။

နံနက် ၉းဝဝ နာရီမှ စတင် စောင့်ဆိုင်းနေသော ဦးရုက္ခစိုး နှင့် ဖိုးရှုပ်တို့သည် ည ၉းဝဝ နာရီတင
ွ် အထူးကုဆရာဝန်ကြီးနှင့် တွေ့ခွင့်ရလေသည်။

အထူးကုဆရာဝန်ကြီးက သူ့ကိုယ်သူ မိတ်ဆက်သည်။ ဖိုးရှုပ်မှာ အထူးကုဆရာဝန်ကြီး ယနေ့ စမ်းသပ် စစ်ဆေး ကုသပေးရသော အယောက် ၃ဝဝ မြောက် လူနာဖြစ်သည်ဟူ၏။ ထို့နောက် လက်နှစ်ဘက်ကို
အပေါ်သို့ မြှောက်လိုက်ပြီး အညောင်း ဆန့်လိုက်သည်။ ဆုံလည် ကုလားထိုင်တွင် ထိုင်နေရာမှ မတ်တပ်ရပ်ပြီး ခါးကို ဘယ်တချက် ညာတချက် လှည့်လိုက်ရာ ဂျွတ် … ဂျွတ် … ဟူသော
အသံများထွက်သွားသည်။ ထိုသို့ အညောင်းဖြေနေစဉ်မှာပင် အထူးကုဆရာဝန်ကြီးက ဖိုးရှုပ်၏ ရောဂါ ဝေဒနာအကြောင်း စကား စ လေသည်။

အထူးကုဆရာဝန်ကြီး။ ။ ကဲ … ပြော၊ ဘာဖြစ်နေသလဲ။

အထူးကုဆရာဝန်ကြီးက ဖိုးရှုပ်ကို မေးခွန်းထုတ်သည့်အချိန်မှာပင် နားကြပ်ဖြင့် ဖိုးရှုပ်၏ ရင်ဘတ်ကို စမ်းသပ်လေသည်။ ဆရာဝန်ကြီး၏ လှုပ်ရှားမှုများမှာ လျှပ်စီးလက်သက့သ
ဲို့ မြန်ဆန်လွန်းလှသည်။
လူနာများကို ရာနှင့် ချီပြီး စမ်းသပ်ရသူ ဖြစ်သောကြောင့် ထိုသို့ မြန်ဆန် သွက်လက်သင့်ပေသည်ဟု ဦးရုက္ခစိုးကြီး ယူဆမိသည်။

အထူးကုဆရာဝန်ကြီး။ ။ မင်းရဲ့ နှလုံးခုန်သံက ပုံမှန်မဟုတ်ဘူးကွ။

ဖိုးရှုပ်။ ။ ဟုတ်ကဲ့။

အထူးကုဆရာဝန်ကြီး။ ။ ထူးခြားနေတယ်။ မင်းရဲ့ ခန္ဓာကိုယ်ထဲကို ကင်မရာထည့်ပြီး စမ်းသပ်မယ်။ မင်း ရင်ခုန်သံက ဘယ်အချိန်တွေမှာ ပိုမြန်တတ်သလဲ။

ဖိုးရှုပ်။ ။ ရင်ခုန်သံက အမျိုးသမီးတွေကိုတွေ့ရင် ပိုပြီး မြန်တယ်ခင်ဗျ။

အထူးကုဆရာဝန်ကြီး။ ။ ဟ … ဒါဆို ခဲမ


ွှ ဖြစ်မှာပေါ့။ မခဲခ
ွ င် ကင်မရာထည့်ပြီး အရင်ကြည့်ရမယ်။ ကဲ … ကဲ … ဒီက နောင်ကြီးက အုပ်ထိန်းသူလား။ အတော်ပ၊ဲ ခွဲစိတ် ကုသမှာကို သဘောတူကြောင်း
လက်မှတ်ထိုးကြဗျာ။

ရုက္ခစိုး။ ။ ခွဲဆိုလည်း ခဲ၊ွ လက်မှတ်ထိုးဆိုလည်း ထိုးတာပေါ့ဗျာ။ လူနာက ဘာရောဂါဖြစ်တာလဲ သိပါရစေဦး။

ဦးရုက္ခစိုးကြီးက ရုပ်တည်ဖြင့် မေးခွန်းထုတ်လိုက်သည်။ ဆရာဝန်ကြီးက အလေးအနက် မျက်နှာထားဖြင့် အဖြေပေးလေသည်။


အထူးကုဆရာဝန်ကြီး။ ။ ခဲမ
ွှ ဖြစ်မှာပါ။ အခုချက်ချင်း ခွဲပေးမှာပါ။ အချိန် မရှိဘူး။ အမြန်လုပ်။ ကျုပ် နောက်ဆေးခန်း တခုကို ကူးရဦးမယ်၊ အဲ … လူနာရဲ့ ဝေဒနာက အရေးကြီးတယ်။

ရုက္ခစိုး။ ။ ခွဲပါ၊ ခွဲချင်သလို ခဲပ


ွါ၊ ဒါပေမယ့် ဘာရောဂါလဲ ဆိုတာ ပြောပါဦး။

အထူးကုဆရာဝန်ကြီး။ ။ လူနာက အဆုတ်ထဲ လေဝင်တေ


ဲ့ ရာဂါ ဖြစ်နေပါတယ်။

အထူးကုဆရာဝန်ကြီး၏ စကားအဆုံးတွင် ဦးရုက္ခစိုး နှင့် ဖိုးရှုပ်တို့က "ဗျာ … အဆုတ်ထဲ လေဝင်တ့ေ


ဲ ရာဂါ … ဟုတ်လား" ဟု အံ့သြတကြီး ပြိုင်တူ ရေရွတ်မိကြပြီး ထူးထူးရှယ် ဆေးခန်းကြီးအတွင်းမှ
ဖနောင့်နှင့်တင်ပါး တသားတည်းကျအောင် ထွက်ပြေးကြ လေသတည်း။

ထွေရာလေးပါး ကဏ္ဍသည် Satire ခေါ် သရော်စာ ကဏ္ဍ ဖြစ်ပါသည်။ သတင်းအချက်အလက် အမှန်များ အပေါ် အခြေခံ ရေးသားထားခြင်း မဟုတ်ပါ။

တွေ့ဆုံဆွေးနွေးရေးတွင် စဉ်းစားရမည့် ဘုံတူညီချက်များ

Tuesday, 08 December 2009 11:45 ထက်အောင်

ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်း စုကြည်သည် မြန်မာနိုင်ငံအပေါ် နိုင်ငံတကာမှ ပိတ်ဆို့ အရေးယူထားမှုများ ဖယ်ရှားရေးနှင့် စပ်လျဉ်း၍ လုပ်ငန်းစဉ် တခုကို အစပြုလိုက်ရာ
ဗိုလ်ချုပ်မှူးကြီးသန်းရွှေနှင့် နိုင်ငံရေးအရ တွေ့ဆုံ ဆွေးနွေးမှုများကို အစပျိုးနိုင်မည်ဖြစ်ပြီး၊ ၂၀၁၀ ပြည့်နှစ်တင
ွ် ကျင်းပမည့် ရွေးကောက်ပွဲကို ဦးတည်နေချိန်တွင် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ၏
ရပ်တည်ချက် အသစ်ကိုလည်း ဖြစ်ပေါ်စေပါလိမ့်မည်။

နိုင်ငံရေးတွေ့ဆုံဆွေးနွေးမှု၏ ရှေ့ပြေးလိုအပ်ချက် အနေဖြင့် ဗိုလ်ချုပ်မှူးကြီးသန်းရွှေ နှင့် ဒေါ်အောင်ဆန်းစုကြည်တို့က ပထမအဆင့် ခြေလှမ်းများကို သတိကြီးစွာဖြင့် လှမ်းခဲ့ကြပါသည်။ စစ်အစိုးရက
နိုင်ငံရေး အကျဉ်းသား ၁၀၀ ကျော်ကို လွှတ်ပေးခဲ့ပြီး ဒေါ်အောင်ဆန်းစုကြည်က နိုင်ငံတကာ အရေးယူ ပိတ်ဆို့မှုများ ရုပ်သိမ်းရေးအတွက် စစ်အစိုးရနှင့် ပူးပေါင်း ဆောင်ရွက်လိုကြောင်း တရားဝင်
ကြေညာခဲ့ပါသည်။
ထို့အပြင် ရန်ကုန်မြို့ရှိ အမေရိကန်၊ ဗြိတိန်နှင့် သြစတြေးလျနိုင်ငံ ဆိုင်ရာ သံတမန်များနှင့် တွေ့ဆုံခင
ွ့်ပြုရန် တောင်းဆိုမှုကိုလည်း ဗိုလ်ချုပ်မှူးကြီးသန်းရွှေက လိုက်လျောခဲ့ပါသည်။

အနာဂတ်တင
ွ် တွေ့ဆုံဆွေးနွေးပွမ
ျဲား ဖြစ်လာခဲ့လျှင် စစ်ဗိုလ်ချုပ်များနှင့် ပြန်လည်ရင်ကြားစေ့ရေးကို အာရုံစိုက်ဆောင်ရွက်သည့်အခါ ဒေါ်အောင်ဆန်းစုကြည် အဓိက ကိုင်တွယ်ရမည့် ကိစ္စတခု ရှိပါသည်။
၎င်းမှာ တိုင်းပြည်၏ အနာဂတ် နိုင်ငံရေး ဖော်ဆောင်မှုတင
ွ် ပါဝင်မည့် တပ်မတော်၏အခန်းကဏ္ဍ ဖြစ်ပါသည်။

ယခင်က ၎င်းကိစ္စကို NLD က ဆောင်ရက


ွ်ခ့ပ
ဲါသည်။ ဒီမိုကရေစီစနစ်တင
ွ် မြန်မာ့ တပ်မတော်ကို အင်အား တောင့်တင်းစေရန် ဆက်လက် ထိန်းသိမ်း ဆောင်ရွက်သွားမည်ဟု ၁၉၉၀ ပြည့်နှစ် ရွေးကောက်ပွဲ
ကြေညာစာတမ်းတွင် NLD က အတိအလင်း ကြေညာထားပါသည်။

ထို့အပြင် ၁၉၉၀ ရွေးကောက်ပအ


ဲြ ၿပီး စစ္အစိုးရက အာဏာလြေ
ဲ ပးရန် ငြင်းဆိုခဲ့သောကြောင့် ၁၉၉၈ ခုနှစ်တင
ွ် NLD က ဦးဆောင်ပြီး ရွေးချယ်တင်မြှောက်ခံထားရသည့် လွှတ်တော် ကိုယ်စားလှယ်များဖြင့်
ပြည်သူ့လွှတ်တော် ကိုယ်စားပြု ကော်မတီ (CRPP) ကို ဖွဲ့စည်းလိုက်သည်။ ထိုကော်မတီ၏ ကာကွယ်ရေးဆိုင်ရာ ဆပ်ကော်မတီက ရေးသားပြုစုသည့် “ဒီမိုကရေစီခေတ်တွင် ခေတ်မီတပ်မတော် ဖွဲ့ စည်းခြင်း”
အစီရင်ခံစာတွင် တပ်မတော်ကို အင်အား တောင့်တင်းစေရေး ဆိုသည့် မူဝါဒကို ထပ်မံ၍ အခိုင်အမာ ပြောဆိုခဲ့ပါသည်။

ယခင် မြန်မာ့တပ်မတော်၏ ကာကွယ်ရေးဦးစီးချုပ်ဟောင်း၊ NLD၏ ဒု ဥက္ကဋ္ဌ ဦးတင်ဦးက ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်သည့် ထိုဆပ်ကော်မတီသည် ထိုအစီရင်ခံစာကို ၁၉၉၉ ခုနှစ် နိုဝင်ဘာလတွင်
ပြည်သူ့လွှတ်တော် ကိုယ်စားပြုကော်မတီသို့ တင်သွင်းခဲ့ပါသည်။ အနာဂတ် မြန်မာ့ဒီမိုကရေစီ လူ့ဘောင်တင
ွ် တပ်မတော်၏ အခန်းကဏ္ဍသည် ဦးဆောင် ဖွဲ့ စည်း ထူထောင်ခဲ့သော တပ်မတော်၏ဖခင်
ဗိုလ်ချုပ်အောင်ဆန်း ချမှတ်ခဲ့သော မူဝါဒများ နှင့် လမ်းညွှန်ချက်များပ်ါတွင် အခြေခံသင့်သည်ဟု ထိုအစီရင်ခံစာက ဖော်ပြထားပါသည်။

မကြာမီက ဗိုလ်ချုပ်မှူးကြီးသန်းရွှေ ပြောခဲ့သည့် မိန့်ခွန်းများ၊ ၂၀၀၈ အခြေခံဥပဒေ၊ NLD ၏ မူဝါဒ စာတမ်းများကို လေ့လာသည့်အခါ တပ်မတော်က တစိုက်မတ်မတ် စွဲကိုင်ခဲ့သော အဓိက အယူအဆ ၃ ခု
သည် NLD ၏ မူဝါဒများနှင့် ဆန့်ကျင်ခြင်း မရှိသည်ကို တွေ့ရှိရပါသည်။

တပ်မတော်သည် ၎င်းတို့၏ အရေးအကြီးဆုံး ဦးစားပေး အဖြစ် အမြဲတမ်း ထိပ်ဆုံးက ထားသည့် အခြေခံ အကျဆုံးသော ပထမ အယူအဆမှာ မြန်မာနိုင်ငံ၏ အမျိုးသား နိုင်ငံရေးတွင် ပါဝင်မည့် ၎င်းတို့၏
အခန်းကဏ္ဍပင် ဖြစ်ပါသည်။ NLD က ထိုအယူအဆကို ငြင်းပယ်ခဲ့သည်ဟူသော အထောက်အထား မရှိပါ။ သို့ရာတွင် ၁၉၉၀ ရွေးကောက်ပွဲ ကြေညာစာတမ်း၏ နိုင်ငံတော် ကာကွယ်ရေး ကဏ္ဍတွင် NLD က
၎င်း၏ မူဝါဒကို ဖော်ပြခဲ့ရာတွင် “တပ်မတော်သည် ပါတီနိုင်ငံရေး ကင်းရှင်းရမည်” ဟု ဆိုထားပါသည်။

ဒုတိယအချက်မှာ တပ်မတော်က ၎င်းတို့၏ဆောင်ပုဒ်သဖွယ် စဲက


ွိုင်ထားသည့် တို့တာဝန် အရေးသုံးပါးဖြစ်သော ပြည်ထောင်စု မပြိုကွဲရေး၊ တိုင်းရင်းသား စည်းလုံး ညီညွတ်မှု မပြိုကွဲရေး၊ အချုပ်အခြာအာဏာ
တည်တံ့ခိုင်မြဲရေးတို့ ဖြစ်ပါသည်။ ၂၀၀၈ အခြေခံဥပဒေတွင်လည်း ရည်ရွယ်ချက်များအဖြစ် ဖော်ပြထားပါသည်။ NLD က ထိုအချက်များကို မည်သည့်အခါကမျှ ငြင်းဆိုခဲ့ခြင်း မရှိပေ။

တတိယအချက်မှာ ဗိုလ်ချုပ်မှူးကြီးသန်းရွှေနှင့် ထိပ်ပိုင်းစစ်ခေါင်းဆောင်တို့ အများပြည်သူရှေ့မှောက်တွင် မကြာခဏ ရည်ညွှန်းပြောဆိုပြီး အခြေခံဥပဒေ၏ ပုဒ်မ ၂၀ တွင်ပြဌာန်းထားသည့် “တပ်မတော်သည်
အင်အားတောင့်တင်းပြီး ခေတ်မီသည့် စွမ်းရည် ပြည့်ဝသော တခုတည်းသော မျိုးချစ်တပ်မတော်ဖြစ်သည်” ဟူသည့်အချက် ဖြစ်ပါသည်။

တခုတည်းသော တပ်မတော်ဖြစ်ရေး ဆိုသည့် ထိုရည်ရယ


ွ်ချက် အထမြောက်စေရန် ၎င်းတို့နှင့် ငြိမ်းချမ်းရေး ယူထားသော တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ များကို တပ်မတော်၏ ထိန်းချုပ်မှုအောက်ရှိ
နယ်ခြားစောင့် တပ်ဖွဲ့ များအသွင် ပြောင်းလဲရေးကို ၂၀၁၀ ရွေးကောက်ပွဲမတိုင်မီ ပြီးစီးရန် စစ်ဗိုလ်ချုပ်များက အားသွန် ခွန်စိုက် ကြိုးပမ်း ဆောင်ရွက်နေပါသည်။

CRPP ၏ ကာကွယ်ရေးဆိုင်ရာမူဝါဒတွင် “တပ်မတော်သည် အရေအတွက်ထက် အရည်အချင်းကို အဓိကထားသော ခေတ်မီတပ်မတော် ဖြစ်သင့်သည် … တခုတည်းသော အမျိုးသားတပ်မတော်
ဖြစ်သင့်သည်။ တရားဝင်ဖြစ်စေ၊ တ၀က်တပြက် တရားဝင်အဖြစ် ဖွဲ့ စည်းထားသော အခြား လက်နက်ကိုင်တပ်ဖွဲ့ အားလုံးကို ဖျက်သိမ်းသင့်ပါသည်” ဟု ဖော်ပြထားပါသည်။

တပ်မတော်နှင့် NLD သည် ထိုအယူအဆ ၃ ခုတင


ွ် မူအားဖြင့် တူညီမှု ရှိကြပါသည်။ သို့ရာတွင် နှစ်ဦးနှစ်ဖက်၏ ဆက်ဆံရေးသည် လက်တွေ့တွင် ရန်သဘော ဆောင်နေသည်။ နှစ်ဖက်
မယုံကြည်မှုများကြောင့် ထို ကြွဲ ပား ခြားနားချက်များ ပိုမို ကျယ်ပြန့်လာပြီး နိုင်ငံရေးရှေ့မတိုး နောက်မဆုတ် အခြေအနေကို နှစ်အတော်ကြာ ဖြစ်ပေါ်စေခဲ့သည်။

တပ်မတော်နှင့် ဒီမိုကရေစီ ပါတီများ အကြား ကြွဲ ပားမှုကို ဖြစ်စေသည့် အဓိက အချက် တခုမှာ အခြေခံဥပဒေတွင် လွှတ်တော်နေရာ၏ ၂၅ ရာခိုင်နှုန်းကို တပ်မတော်က ဒီမိုကရေစီနည်းလမ်း မကျစွာ
ရယူထားသည့် ကိစ္စ ဖြစ်ပါသည်။

ထိုအချက်သည် ၎င်းတို့၏ မူဝါဒဖြစ်သော “အမျိုးသားနိုင်ငံရေး” နှင့် ကိုက်ညီမှုရှိသည်ဟု စစ်ဗိုလ်ချုပ်များ ယုံကြည်နေစေကာမူ ဒီမိုကရေစီစနစ်တွင် ပါလီမန်ဆိုသည်မှာ နိုင်ငံရေးပါတီများ၏ နယ်ပယ်
ဖြစ်သင့်ပါသည်။ လွှတ်တော်တွင် အာဏာရယူရန် စစ်ဗိုလ်ချုပ်များ၏ တောင်းဆိုမှုသည် ပါတီနိုင်ငံရေးနှင့် တပ်မတော် ပါဝင်သော အရပ်ဖက် အုပ်ချုပ်ရေး အဖွဲ့ အစည်းများ အကြား ပါတီနိုင်ငံရေးတွင်
ဝင်ရောက် စွက်ဖက်ခြင်းမှ တင်းတင်းကျပ်ကျပ် တားမြစ်ထားသည့် နယ်နိမိတ်စည်းကို ချိုးဖျက်ရာ ရောက်ပါသည်။

နိုင်ငံရေး ရှေ့မတိုး နောက်မဆုတ်ဖြစ်နေမှု၊ NLD ဦးဆောင်သည့် နိုင်ငံရေးပါတီများ နှင့် တပ်မတော်အကြား လွန်ခဲ့သည့် ဆယ်စုနှစ် ၂ ခု အတွင်း ကြီးမားစွာ တည်ရှိနေသော မယုံကြည်မှုများကို
ထည့်သင
ွ်းစဉ်းစားလျှင် ပါလီမန်တွင် ယူထားသော တပ်မတော်၏ ဝေစုကို တဖြေးဖြေးချင်း လျော့ချသွားမည့် အချိန်ကာလတခုကို သတ်မှတ်သည့် ညှိနှိုင်းဖြေရှင်းမှု တခု ရယူရန် နိုင်ငံရေး လေ့လာသူ တချို့က
အကြံပြုကြပါသည်။

NLD သည် မြန်မာ့တပ်မတော်ကို နိုင်ငံရေးထဲ ပါဝင်နေခြင်းကနေ ဂုဏ်သိက္ခာ ရှိသော “အမျိုးသား ကာကွယ်ရေး” အခန်းကဏ္ဍကို ဦးတည်လုပ်ဆောင်စေချင်သည့် ဆန္ဒရှိပါသည်။ ပြည်သူ့လွှတ်တော် CRPP
၏ ကာကွယ်ရေး ဆိုင်ရာ မူဝါဒတွင် “ဒီမိုကရေစီနိုင်ငံတနိုင်ငံတင
ွ် နိုင်ငံတော်၏ အာဏာသည် တရားစီရင်ရေး၊ အုပ်ချုပ်ရေး နှင့် ဥပဒေပြုရေး ဆိုသည့် အဓိက အဆောက်အအုံကြီး ၃ ခုတင
ွ် သာ
တည်ရှိပါသည်။ တပ်မတော်နှင့် ကာကွယ်ရေးကဏ္ဍ တခုလုံးသည် အုပ်ချုပ်ရေး အဆောက်အအုံ၏ အောက်တင
ွ် ရှိရပါမည်။ တိုင်းပြည်အတွက် ထူးခြားပြီး လိုအပ်သောအချိန် ကာလတခုတွင်သာ
အရေးကြီးသော တာဝန်များကို ဆောင်ရက
ွ်ရန် စစ်တပ်သည် သီးခြားအဆောက်အုံတခု အနေဖြင့် ရပ်တည်ရပေမည်” ဟု ဖော်ပြထားပါသည်။

တိုင်းပြည်တင
ွ် အရေးပေါ်အခြေအနေ ကျရောက်သည့်အခါ တပ်မတော်သည် ဦးဆောင်မှုအခန်းကဏ္ဍကိုရယူပြီး တိုင်းပြည် ၏အဓိက အခန်းကဏ္ဍတွင် ဆက်လက်ရှိနေရမည် ဆိုသည့် အခြေခံဥပဒေ၏
အရေးကြီးသော အချက်ကို NLD က လက်ခံခ့ပ
ဲါသည်။ အရေးပေါ်အခြေအနေ ဆိုရာ၌ ဖော်ပြခဲ့သော တို့တာဝန်အရေးသုံးပါး ထဲမှ တခုခုကို ခြိမ်းခြောက်လာသည့်အခါမှသာလျှင် ဖြစ်ပါသည်။

တိုင်းပြည် စည်းလုံး ညီညတ


ွ်ရေးကို ခြိမ်းခြောက်သည်ဟု စစ်ဗိုလ်ချုပ်များ ယုံကြည်နေသည့် အဓိကအုပ်စု ၂ စု ရှိပါသည်။ လက်နက်ကိုင် တိုင်းရင်းသား အဖွဲ့ အစည်းများ နှင့် နိုင်ငံရေးပါတီများ ဖြစ်ပါသည်။
ဆိုခဲ့ပါ ခြိမ်းခြောက်သည့် အုပ်စုများ နှင့် ဆက်စပ်နေသော ပြဿနာရပ်များ ဖြေရှင်းရန်ဟု အကြောင်းပြပြီး စစ်အစိုးရက ၎င်းတို့၏ တရားဝင်မှုကို ပုံဖော်နေသည်။

“တပ်မတော်သည် တိုင်းပြည်အပေါ် မည်သည့်အခါမျှ သစ္စာမဖောက်ခဲ့ပါ” ဟု ဗိုလ်ချုပ်မှူးကြီးသန်းရွှေက မြန်မာနိုင်ငံ စစ်မှုထမ်းဟောင်းများအဖွဲ့ ညီလာခံတွင် ပြောဆိုခဲ့ပါသည်။ “တပ်မတော်သည်
အရေးပေါ်အခြေအနေ ကာလတွင် အန္တရာယ် အမျိုးမျိုးမှ တိုင်းပြည်နှင့် ပြည်သူများကို အမြဲတမ်း ကာကွယ် စောင့်ရှောက်ခဲ့ပါသည်” ဟု သူက ဆိုသည်။

မတ်လ ၂၇ ရက် တပ်မတော်နေ့ (တော်လှန်ရေးနေ့) တွင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေက နိုင်ငံရေးပါတီများ၏ အကွဲအပြဲ သမိုင်းကြောင်းကို ၁၉၂၂ ခုနှစ် ဂျီစီဘီအေ အသင်းကြီးမှသည် ၁၉၅၈ ခုနှစ် ဖဆပလ
အဖွဲ့ ချုပ်ကြီး၏ အကွဲအပြဲအထိ ရည်ညွှန်း ပြောဆိုပြီး တပ်မတော်ကို ထပ်မံ ချီးမွမ်းသွားပါသည်။

သို့ရာတွင် ၁၉၈၈ ခုနှစ် ဒီမိုကရေစီ လူထုအုံကြွမှုကာလ နောက်ပိုင်း ဖွဲ့ စည်းခဲ့သည့် နိုင်ငံရေးပါတီများအတွင်း အဓိက အကွဲအပြဲများ ရှိခဲ့သည်ဟု ရည်ညွှန်း ပြောဆိုခဲ့ခြင်း မရှိပါ။

အမှန်တကယ်အားဖြင့် တိုင်းပြည်၏ အဓိက ပြဿနာသည် နိုင်ငံရေးပါတီများအကြား ဖြစ်ပွားခြင်း မဟုတ်ဘဲ တပ်မတော်နှင့် နိုင်ငံရေးပါတီများအကြား ဖြစ်ပွားနေခြင်း ဖြစ်သည်။

တပ်မတော်နှင့် ဒီမိုကရေစီခေါင်းဆောင်များအကြား တွေ့ဆုံဆွေးနွေးပွဲ ဖြစ်မြောက်ရေးတွင် အယူအဆရေးရာ အရ အဓိက အတားအဆီးမှာ တပ်မတော်ပင်ဖြစ်သည် ဆိုသည်ကို စစ်ခေါင်းဆောင်များက
ရှုမြင်နိုင်စွမ်း မရှိပါ။

စစ်ဗိုလ်ချုပ်များသည် တိုင်းပြည်၏ဖခင်များသဖွယ် တိုင်းပြည်တင


ွ် “အကြီးအကဲအုပ်စိုးသည့် ဒီမိုကရေစီ” ပေါ်ထွန်းစေချင် သည်ကို ဗိုလ်ချုပ်မှူးကြီးသန်းရွှေ၏ မိန့်ခွန်းများက သက်သေပြနေသည်။
ထိုအချက်ကို ကြည့်ခြင်းအားဖြင့် သူသည် NLD ၏ မူဝါဒများကို အတိအလင်း ဆန့်ကျင်လျက်ရှိကြောင်း တွေ့ရသည်။

ဤကဲ့သို့ သမိုင်း၏ အချိုးအကွေ့တွင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေနှင့် ဒေါ်အောင်ဆန်းစုကြည်တို့အကြား အဓိပ္ပာယ် ရှိသော နိုင်ငံရေးအရ တွေ့ဆုံဆွေးနွေးပွဲတခု မဖြစ်မနေ လုပ်ဆောင်ရန် လိုအပ်လာပါသည်။
ထိုဆွေးနွေးပွဲ ဖြစ်မြောက်ရေးအတွက် ဖော်ပြခဲ့သာ မတူညီသည့် အမြင်သဘောထားများ၊ ဘုံတူညီချက်များ အားလုံးကို အလေးအနက် ထည့်သင
ွ်း စဉ်းစားကြရမည် ဖြစ်ပါသည်။

ဒေါ်အောင်ဆန်းစုကြည်နှင့် စစ်အစိုးရ
ဆက်ဆံရေးဝန်ကြီး တွေ့ဆုံ

ဆလိုင်းပီပီ

ဗုဒ္ဓဟူးနေ့၊ ဒီဇင်ဘာလ 09 ရက် 2009 ခုနှစ် 21 နာရီ 25 မိနစ်

နယူးဒေလီ (မဇ္ဈိမ)။ ။ အထိန်းသိမ်းခံ မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်သည် စစ်အစိုးရ၏ ဆက်ဆံရေးဝန်ကြီး ဦးအောင်ကြည်နှင့် ရန်ကုန်ရှိ စိမ်းလဲ့ကန်သာ အစိုးရဧည့်ဂေဟာတွင်
ယနေ့တင
ွ် ၄၅ မိနစ်ကြာ တွေ့ဆုံခ့သ
ဲ ည်။

ဒေါ်အောင်ဆန်းစုကြည်နှင့် ဦးအောင်ကြည်တို့ တွေ့ဆုံခ့သ


ဲ ည်ကို သူ့ကို အကြောင်းကြားခဲ့ကြောင်း ဒေါ်အောင်ဆန်းစုကြည်၏ အမျိုးသား ဒီမိုကရေစီ အဖွ့ခ
ျဲုပ် ပါတီမှ ပြောရေးဆိုခင
ွ့်ရှိသူ ဦးဥာဏ်ဝင်းက
မဇ္ဈိမကို ပြောသည်။

ဆွေးနွေးသည့် အကြောင်းအရာ အသေးစိတ်ကို မသိရသေးသော်လည်း ''ဒါ … ဒေါ်အောင်ဆန်းစုကြည်က ဦးသန်းရွှေဆီ ပို့ထားတဲ့ စာနှစ်စောင်နဲ့ ပတ်သက်လိမ့်မယ်လို့ ကျနော် ထင်ပါတယ်'' ဟု
ဦးဥာဏ်ဝင်းက ပြောသည်။

အထိန်းသိမ်းခံ ကမ္ဘာ့နိုဘယ်ဆုရှင်က စစ်အစိုးရ အကြီးအကဲ ဗိုလ်ချုပ်မှူးကြီး သန်းရွှေထံ ပြီးခဲ့သည့်လ ၁၁ ရက်နေ့တင


ွ် ဒုတိယမြောက် စာတစောင် ပေးပို့ခဲ့ပြီး သူမကို ပါတီဗဟို အလုပ်အမှုဆောင်
အဖွဲ့ဝင်များနှင့် တွေ့ဆုံခင
ွ့်ပြုရန်နှင့် ပါတီမှ အသက်အရွယ် ကြီးရင့်သော ထိပ်တန်း ခေါင်းဆောင်များထံ သွားရောက်၍ ဂါရဝပြုခွင့်ပေးရန် မေတ္တာရပ်ခံခဲ့သည်။

ထို့ပြင် မြန်မာနိုင်ငံအပေါ် ချမှတ်ထားသော အနောက်နိုင်ငံများ၏ ပိတ်ဆို့ဒဏ်ခတ် အရေးယူမှုများကို လျော့ပါးစေရန်အတွက် နောက်ထပ် ဆောင်ရွက်ရမည့် လုပ်ငန်းများကို ဆွေးနွေးနိုင်ရန်အတွက်
ဗိုလ်ချုပ်မှူးကြီးနှင့် မျက်နှာချင်းဆိုင် တွေ့ဆုံခွင့်ပြုရန်လည်း ကမ်းလှမ်းခဲ့သည်။

ပြီးခဲ့သည့် စက်တင်ဘာလ အတွင်းကလည်း မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင်က ဗိုလ်ချုပ်မှူးကြီး သန်းရွှေထံ စာတစောင် ပေးပို့ခဲ့ပြီး အနောက်နိုင်ငံများမှ ချမှတ်ထားသော ပိတ်ဆို့ဒဏ်ခတ် အရေးယူမှုများကို
လျော့ပါးစေရန်အတွက် ပူးပေါင်း ဆောင်ရက
ွ်လိုကြောင်း ကမ်းလှမ်းပြောဆိုခ့သ
ဲ ည်။ ထို့အတွက် သူမကို အမေရိကန်၊ ဥရောပသမဂ္ဂ၊ သြစတြေးလျား နိုင်ငံတို့မှ ကိုယ်စားလှယ်များနှင့် တွေ့ဆုံခင
ွ့်ပြုရန်
မေတ္တာရပ်ခံခဲ့သည်။ ထိုနိုင်ငံများသည် မြန်မာနိုင်ငံအပေါ် ဒဏ်ခတ်မှုများ ပြုလုပ်ထားသည်။

ရှားပါးစွာပင် စိတ်စေတနာကောင်း ပြသသည့် အနေဖြင့် စစ်အစိုးရ အကြီးအကဲက သူမ၏ မေတ္တာရပ်ခံချက်ကို အပြုသဘော တုံ့ပြန်ခဲ့ပြီး၊ စစ်အစိုးရ၏ ဆက်ဆံရေး ဝန်ကြီးနှင့်၎င်း၊ အမေရိကန်၊ ဥရောပသမဂ္ဂ၊
သြစတြေးလျားနိုင်ငံတို့မှ ကိုယ်စားလှယ်များနှင့်၎င်း တွေ့ဆုံခင
ွ့်ပေးခဲ့သည်။

သို့သော် ယနေ့ထုတ် အစိုးရအာဘော် မြန်မာ့အလင်း သတင်းစာတွင်မူ ဒေါ်အောင်ဆန်းစုကြည်သည် ဦးသန်းရွှေထံ ကမ်းလှမ်းမှုများ ပြုလုပ်ရာ၌ ရိုးသားမှုမရှိဘဲ စာပါ အကြောင်းအရာများနှင့် သူမ၏
မေတ္တာရပ်ခံချက်များကို နိုင်ငံတကာ မီဒီယာများသို့ ပေါက်ကြားစေခဲ့ကြောင်း ရှုတ်ချ ရေးသားထားသည်။

သို့သော် ဦးသန်းရွှေကမူ ယခုအထိ မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင်၏ ဒုတိယစာကို တရားဝင် တုံ့ပြန်မှု မရှိသေးကြောင်း သူမပါတီမှ အကြီးတန်းပါတီဝင်တဦး၏ အပြောအရ သိရသည်။

ဒေါ်အောင်ဆန်းစုကြည်က စစ်အစိုးရ အကြီးအကဲထံ ပထမစာတစောင် ပေးပို့ပြီးကတည်းက ဦးအောင်ကြည်နှင့် ယနေ့ တွေ့ဆုံခြင်းသည် တတိယ အကြိမ်မြောက် ဖြစ်သည်။

(မုံပီး တည်းဖြတ်သည်။)

ဘူးသီးတောင်ထောင်မှာ အသားရိက္ခာ ၂
ကျပ်သားအထိ လျှော့ချ

ငြိမ်းချမ်း

ဗုဒ္ဓဟူးနေ့၊ ဒီဇင်ဘာလ 09 ရက် 2009 ခုနှစ် 13 နာရီ 58 မိနစ်

ဒါကာ (မဇ္ဈိမ)။ ။ ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့ အကျဉ်းထောင်ရှိ အကျဉ်းသားများကို ယခင်က အသားရိက္ခာ ၅ ကျပ်သားမှ ယခုအခါ ၂ ကျပ်သားသာ ကျွေးတော့ကြောင်း ထောင်သတင်းရပ်ကွက်
အဆိုအရ သိရသည်။

ယခင် ထောင်ပိုင် ဦးစိန်ထွန်းနှင့် ထောင်မှူး ဦးတင်ရွှေ ရှိစဉ်က စစ်အစိုးရက ချမှတ်ပေးသည့်အတိုင်း ကျွေးခဲ့သော်လည်း ပြီးခဲ့သည့် လဆန်းတွင် ပြောင်းရွှေ့လာသည့် ထောင်ပိုင် ဦးတင့်ဆွေနှင့် ထောင်မှူး
ဦးနေသူရထိုက်က ပြီးခဲ့သည့် လကုန်ပိုင်းမှ စတင်၍ ယခုလို အသားရိက္ခာ လျှော့ချခဲ့ခြင်း ဖြစ်သည်။

“သူတို့က ထောင်ရန်ပုံငွေ လိုအပ်တ့အ


ဲ တွက် လျှော့ရတယ်လို့ ပြောသံကြားပါတယ်။ ဝန်ထမ်းတွေကိုတော့ ပြောပြတာ မရှိပါဘူး။ အစိုးရက လျှော့တာမဟုတ်ဘူး။ ထောင်အာဏာပိုင်တွေ သဘောနဲ့
လျှော့တာပါ” ဟု အမည်မဖော်လိုသူ ထောင်ဝန်ထမ်း တဦးက ပြောသည်။ အကျဉ်းသားများကို ရက်သတ္တတပတ်လျှင် ၂ ရက်နှုန်း အသားကျွေးသည်။

ယခုလ ၃ ရက်နေ့တင
ွ် ဘူးသီးတောင်ထောင်တင
ွ် ထောင်ဝင်စာတွေ့ခ့သ
ဲူ မြို့ခံအမျိုးသမီးတဦးက “အထဲမှာ ကျမ အမျိုးသားက ဆေးမှုနဲ့ ကျနေတာ။ သူ့ကို ထောင်ဝင်စာသွားတွေတော့ သူက
ပြောလိုက်တာပါ။ အသားရိက္ခာက အရင်လောက်မရတော့ဘူးတဲ့။ အဲ့ဒါကြောင့် အပြင်ကနေ အခြောက်ကြော်ပြီး ပို့ပေးပါလို့ မှာလိုက်တယ်” ဟု မဇ္ဈိမကို ပြောသည်။

အကျဉ်းသားများကို အသားရိက္ခာ လျှော့ချရုံတင်မက သန့်ရှင်းစွာ ချက်ပြုတ်ခြင်း မရှိကြောင်း သိရသည်။

ယခုလ ၄ ရက်နေ့ကမှ ပြန်လတ


ွ်လာသူ မောင်တောမြို့ခံ အကျဉ်းသားဟောင်း တဦးက “ပဲဟင်းဆိုရင်လည်း အရည်ကျဲပေါ့ဗျာ။ ကန်စွန်းရွက်ပြုတ်တယ်ဆိုရင်လည်း အမှိုက်တွေပါ၊ မြက်တွေပါ ဘာမှ
ဖယ်မနေတော့ဘဲ ဒီအတိုင်း စစ်နီတုံးပေါ်မှာခုတ်ပြီး ရေးနွေးအိုးထဲကို ထည့်လိုက်တာပဲ။ ဆီမပါ၊ ဆားမပါ စားရတာကို တော်တော်လေးကို ခက်တယ်” ဟု မဇ္ဈိမကို ပြောသည်။

အကျဉ်းထောင်အတွင်း နေရာထိုင်ခင်း မသန့်ရှင်းမှုနှင့် အစားအစာများ အာဟာရချို့တဲ့သဖြင့် အရေပြားနှင့် အဟာရချို့တဲ့သည့် ရောဂါများ အဖြစ်များသည်။

မြို့ခံအမျိုးသမီးက “ကျမအမျိုးသားအတွက် အားဆေးကို လစဉ်ဝယ်ပေးရတယ်။ အာဟာရဓာတ်ချို့တဲ့တယ် ဆိုတာကတော့ ထောင်ဝင်စာ ပုံမှန်တွေ့နေနိုင်တဲ့ လူတွေအတွက် သိပ်ပြဿနာ မဟုတဘ
်ူးလေ။
ထောင်ဝင်စာ မတွေ့နိုင်တဲ့ လူတွေကျတော့ ထောင်ကပေးတဲ့ အစားအစာနဲ့ အဆင်မပြေဘူးလေ” ဟု ပြောသည်။

အကျဉ်းသားများအတွက် အသားရိက္ခာ လျှော့ချရခြင်းနှင့် ကျန်းမာရေး အခြေအနေများကို အသေးစိတ် သိရှိနိုင်ရန်အတွက် ထောင်အာဏာပိုင်များထံ မဇ္ဈိမက ဆက်သွယ်မေးမြန်းကြည့်ရာ ဆက်သယ
ွ်၍
မရခဲ့ပါ။

ဘူးသီးတောင်မြို့ အကျဉ်းထောင်တွင် ၈၈ မျိုးဆက်ကျောင်းသားအဖွဲ့မှ ကိုဌေးကြွယ်နှင့် မနီနီမေမြင့် အပါအဝင် နိုင်ငံရေး အကျဉ်းသား ၂၀ ကျော်ရှိနေပြီး အကျဉ်းသား စုစုပေါင်းမှာ ၁၀၀၀ ကျော် ရှိသည်။

(ရဲရင့်အောင် တည်းဖြတ်သည်။)

အလွတ်သတင်းထောက်တွေ အကျဉ်းချတဲ့ နိုင်ငံတွေ စာရင်းထဲ မြန်မာနိုင်ငံ ပါဝင်

09 December 2009

အလွတ်သတင်းထောက်တွေကို ဖိနှိပ်ချုပ်ချယ်ပြီး ဖမ်းဆီး ထောင်ချတဲ့နိုင်ငံ စာရင်းထဲမှာ မြန်မာနိုင်ငံဟာ ထိပ်တန်း ၅ နိုင်ငံ စာရင်းထဲမှာ ပါဝင်နေပါတယ်။ ကမ္ဘာကြီးအတွင်းက သတင်းနဲ့ စာနယ်ဇင်းဆိုင်ရာ
အခုလို ထုတ်ပြန် ပြောဆိုလိုက်တာလည်း ဖြစ်ပါတယ်။ မြန်မာနိုင်ငံနဲ့အတူ ဘယ်နိုင်ငံတွေကရော သတင်းနဲ့ စာနယ်ဇင်း သမားတွေကို ဖိနှိပ်ချုပ်ချယ်မှု အဆိုးဆုံး နိုင်ငံတွေပါလဲ၊ အပြည့်အစုံကို မသင်းသီရိက
တင်ပြပေးထားပါတယ်။

သတင်းသမားတွေကို ဖမ်းဆီးထောင်ချထားတဲ့ ထိပ်ဆုံးနိုင်ငံတွေထမ


ှဲာ တရုတ်နိုင်ငံက ပထမ၊ ဒုတိယ နေရာမှာ အီရန်နိုင်ငံဖြစ်ပြီး ကျူးဘားနဲ့ အီရီထရီးယား (Eritrea) နိုင်ငံအပြင် မြန်မာနိုင်ငံတို့ဟာ ထိပ်တန်း
အဆိုးဆုံး ၅ နိုင်ငံဖြစ်တယ်လို့ မနေ့က ဒီဇင်ဘာလ ၈ ရက်နေ့ နေ့စွဲနဲ့ CPJ အဖွဲ့ က ထုတ်ပြန်ကြေညာခဲ့တာပါ။

၂၀၀၈ ခုနှစ် ဒီဇင်ဘာလကစလို့ ၂၀၀၉ ဒီဇင်ဘာ ၁ ရက်နေ့ထိ တနှစ်တာ စာရင်းအရ ကမ္ဘာတ၀န်းက သတင်းထောက်တွေ၊ သတင်းအယ်တီတာတွေအပြင် ဓာတ်ပုံသတင်းသမား စတဲ့ သတင်းမီဒီယာ
လုပ်ငန်းခွင်ထက
ဲ သူ အားလုံးပေါင်း ၁၃၆ ယောက်ဟာ ထောင်ချအပြစ်ပေးတာ ခံထားကြရတယ်လို့လည်း CPJ အဖွဲ့ ကြီးက ပြောပါတယ်။ ဖမ်းဆီးထောင်ချ ခံထားရတဲ့ ဒီသတင်းသမား
အရေအတွက်တွေထက
ဲ မှ ၄၅% ဟာ အလွတ်သတင်းထောက်တွေ ဖြစ်တယ်လို့လည်း ဆိုပါတယ်။

အလွတ်သတင်းထောက်တွေ၊ ဘလော့ဂါတွေ အပြင် အင်တာနက် ၀က်ဘ်ဆိုက် သတင်းအယ်တီတာသမား စတဲ့ အလွတ်သတင်းထောက်တွေဟာ အဖွဲ့ အစည်း တာဝန်ခံမှု မရှိတာကြောင့် သူတို့တွေရဲ့
အကာအကွယ်ကို ထိထိရောက်ရောက် လုပ်ပေးနိုင်တာ မရှိဘူးလို့လည်း CPJ အဖွဲ့ က ထောက်ပြပါတယ်။

မြန်မာနိုင်ငံမှာတော့ နှစ်ပေါင်း ကြာမြင့်စွာ ကတည်းက ဒီမိုကရေစီရေး လှုပ်ရှားမှုဆိုင်ရာ သတင်းတွေအပေါ်မှာ အုပ်ချုပ်သူ အစိုးရက အပြင်းအထန်ကို ဖိနှပ်ချုပ်ချယ်နေပြီးတော့ ခုချိန်ထိ သတင်းနဲ့
စာနယ်ဇင်းဆိုင်ရာ ကိစ္စတွေမှာ တိုးတက်ပြောင်းလဲလာတာ မတွေ့ရဘူးလို့ CPJ အဖွဲ့ က အာရှရေးရာ တာဝန်ခံ ဒစ်တစ်ဇ် (Dietz) က ပြောပါတယ်။

“မြန်မာစစ်အစိုးရက သတင်းမီဒီယာလုပ်ငန်းနဲ့ ဆိုင်တဲ့ ဘယ်ကဏ္ဍကိုမဆို ကန့်သတ်ချုပ်ချယ်ထားမှုဟာ ပြောင်းလဲလာတာ မရှိပါဘူး။ နိုင်ငံရေးနဲ့ဆိုင်တဲ့ သတင်းမှာသာ မကဘဲ လူမှုရေးနဲ့ဆိုင်တဲ့ သတင်းမျိုး၊
ဥပမာ နာဂစ်မုန်တိုင်း ကိစ္စမျိုးတွေမှာပါ သတင်းဖြန့်ဖြူးမှုကို တင်းတင်းကျပ်ကျပ် ကိုင်တွယ်ခဲ့ပါတယ်။”

အထူးသဖြင့် မြန်မာနိုင်ငံမှာ ထောင်ချတယ်ဆိုတဲ့ ပြစ်ဒဏ်တွေကို ပြပြီး သတင်းသမားတွေကို ခြိမ်းခြောက်ထားတာ ဖြစ်တယ်လို့လည်း CPJ အဖွဲ့ က ဆိုပါတယ်။

“မြန်မာနိုင်ငံမှာ သတင်းသမားတွေကို ထောင်ချ ဖမ်းဆီးတာအပြင် အင်တာနက် အသုံးပြုမှု၊ အများနဲ့ ဆက်သွယ်နိုင်မယ့် ဆက်သွယ်ရေးဆိုင်ရာ ကိစ္စတွေမှာပါ ထိန်းချုပ်ထားတာပါ။ ပုံနှိပ်လုပ်ငန်း၊
အသံလွှင့်လုပ်ငန်း၊ အင်တာနက် အွန်လိုင်း သတင်းမီဒီယာ အစရှိတဲ့ ကဏ္ဍအားလုံးကို အဆင့်ဆင့် ထိန်းချုပ်ထားသလို အများနဲ့ အလျှင်အမြန် ဆက်သွယ်နိုင်မယ့် အင်တာနက်တွေကိုတောင်မှ တိုင်းပြည်မှာ
သတင်းတခုခု အရေးတကြီး ဖြစ်လာရင် အသုံးပြုလို့မရအောင် လိုင်းဖြတ်တာမျိုးတွေ လုပ်ပစ်ပါတယ်။ ပြည်ပသတင်းဌာနတွေရဲ့ ၀က်ဘ်ဆိုက်တွေကိုလည်း ကြည့်ရှုလို့ မရအောင် ပိတ်ပင်ထားပါတယ်။
ဒါ့ကြောင့် မြန်မာနိုင်ငံဟာ သတင်းနဲ့ စာနယ်ဇင်း လွပ်လပ်ခင
ွ့် အကင်းမဲ့ဆုံးနိုင်ငံ၊ ဖိနှိပ်ချုပ်ချယ်မှု အဆိုးဆုံး နိုင်ငံတခု ဖြစ်တယ်လို့ ကျနော်တို့ ထောက်ပြနေတာ ဖြစ်ပါတယ်။” လို့ CPJ အဖွဲ့ က အာရှတာဝန်ခံ
ဒစ်တစ်ဇ်က ပြောပြခဲ့တာ ဖြစ်ပါတယ်။

တကယ်တော့ နိုင်ငံတနိုင်ငံမှာ အုပ်ချုပ်သူ အစိုးရက အာဏာတည်မြဲရေး တခုတည်းကို ရှေးရှုပြီး ပြည်သူကို နားမျက်စိ ပိတ်ထားတဲ့ အမှောင်ချထားတာမျိုးဟာ အချိန်ကြာလာတာနဲ့အမျှ တိုင်းပြည်ရဲ့
အနာဂတ်ဟာ အလွန်ကို နစ်နာစေတယ်လို့ BMA မြန်မာ့သတင်းသမဂ္ဂ အဖွဲ့ က ဥက္ကဋ္ဌ ဦးမောင်မောင်မြင့်က ပြောပါတယ်။

“သတင်းလွတ်လပ်ခင
ွ့် ဆိုတာမျိုးက သတင်းထောက်တွေကိုပဲ လွတ်လပ်ခွင့် ပေးထားတာမျိုး မဟုတ်ဘဲနဲ့ သတင်းလွတ်လပ်ခွင့် ရှိမှသာ တိုင်းပြည်လည်း လွတ်လပ်မယ်၊ တိုးတက်မယ်၊ ပြီးတော့
တိုင်းသူပြည်သားတွေရဲ့ အရေးအရာတွေ အားလုံးကလည်း သတင်းလွတ်လပ်ခွင့် ရှိမှသာလျှင် တိုင်းသူပြည်သားတွေ ကိုယ်တိုင်လည်း သိမယ်၊ အစိုးရကိုယ်တိုင်လည်း သိမယ်။ ဒါမှသာလျှင် တိုင်းပြည်က
တိုးတက်နိုင်မယ်၊ လွတ်လပ်နိုင်မယ်ဆိုတဲ့ သဘော ရှိပါတယ်။

“လွတ်လပ်ခွင့်ကို အမှောင်ချထားတာကတော့ အစိုးရတွေ အနေနဲ့က တိုင်းသူပြည်သားတွေကို နားမျက်စိ ပိတ်ပြီးတော့ အုပ်ချုပ်မှသာလျှင် သူတို့ရဲ့ အုပ်ချုပ်မှု ပိုပြီးထိရောက်မယ်လို့ ယူဆလို့သာ
အာဏာရှင်နိုင်ငံတွေမှာ ဒီလိုမျိုး လုပ်လေ့ရှိတာပါ။ ဒါပေမဲ့ ဒီလိုလုပ်ခြင်းအားဖြင့် သူတို့ကတော့ အကျိုးရှိချင်ရှိမယ်၊ ဒါပေမဲ့ တိုင်းပြည်အတွက်ကတော့ အင်မတန် နစ်နာပါတယ်။”

မြန်မာ့သတင်းသမဂ္ဂ ဥက္ကဋ္ဌ ဦးမောင်မောင်မြင့် ပြောပြခဲ့တာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံအတွင်းက အကျဉ်းထောင်တွေ အတွင်းမှာတော့ ရုပ်ရှင်သရုပ်ဆောင် ဇာဂနာခေါ် ကိုသူရ၊ အားကစား အယ်ဒီတာဟောင်း ကိုဇော်သက်ထွေး၊ ဘလော့ဂါ နေဘုန်းလတ်၊ ကဗျာဆရာ ကိုစောဝေတို့
အပါအ၀င် သတင်းသမား ၉ ဦး ဖမ်းဆီးခံထားရပြီး ပြီးခဲ့တဲ့ ရက်ပိုင်းကတော့ အလွတ်သတင်းသမား ၃ ဦး ဖမ်းဆီးစစ်ဆေးထားရာကနေ ပြန်လွတ်လာခဲ့ပါတယ်။

တကယ်တော့ အလွတ်သတင်းသမားတွေဟာ တာဝန်ခံမယ့် သတင်းအဖွဲ့ အစည်း မရှိတဲ့အတွက် သူတို့ကို ဖမ်းဆီးအပြစ်ပေးရတာ လွယ်ကူနေသလို အဖမ်းခံရတဲ့ အလွတ်သတင်းသမားတွေ
ပြန်လည်လွတ်မြောက်လာဖို့ တာဝန်ယူ ဆောင်ရက
ွ်ပေးမယ့် အဖွဲ့ အစည်းတွေလည်း နည်းပါးလွန်းတယ်လို့ CPJ ခေါ် သတင်းသမား ကာကွယ်ရေး အဖွဲ့ ကြီးက ပြောပါတယ်။

မြန်မာနိုင်ငံမှာ ကလေးစစ်သား အသုံးပြုမှု ရှိနေဆဲလို့ လူ့အခွင့်အရေးအဖွဲ့ ဝေဖန်

09 December 2009

အခုအပတ်အတွင်း ရန်ကုန်မြို့မှာ ကုလသမဂ္ဂ ကလေးများ ရန်ပုံငွေအဖွဲ့ (UNICEF) က ကမကထပြုပြီး ကလေးစစ်သား စုဆောင်း အသုံးပြုမှုကို ဘယ်လို ကြိုတင်ကာကွယ်ရမလဲ ဆိုတဲ့ အသိပညာပေး
သင်တန်းတခုကို မြန်မာစစ်အစိုးရ အရာရှိတွေနဲ့ ပူးပေါင်းပြီး စတင် ဖွင့်လှစ်လိုက်တဲ့ အပေါ်မှာ နယူးယောက်ခ် အခြေစိုက် Human Rights Watch လူ့အခွင့်အရေး စောင့်ကြည့်ရေး အဖွဲ့ က
ကြိုဆိုလိုက်ပါတယ်။ အကြောင်းစုံကို မနော်ရှိုးက တင်ပြပေးထားပါတယ်။

ဒါပေမဲ့ အခုအချိန်ထိ မြန်မာနိုင်ငံမှာ ကလေးစစ်သား စုဆောင်း အသုံးပြုမှုတွေ လုံးဝ ရပ်သွားတာကို မတွေ့ရသေးဘူးလို့ Human Rights အဖွဲ့ က ကလေးအခွင့်အရေးနဲ့ ပတ်သက်ပြီး အသိပေး နှိုးဆော်တဲ့
လုပ်ငန်းတွေမှာ ဦးဆောင်နေသူ တဦးလည်းဖြစ်၊ မြန်မာပြည်တွင်း ကလေးစစ်သား စုဆောင်း အသုံးပြုမှုတွေနဲ့ ပတ်သက်ပြီး ၂၀၀၇ ခုနှစ်တုန်းက အစီရင်ခံစာ တစောင်ကို ကိုယ်တိုင်ရေးသား ပြုစုခဲ့တဲ့
မစ္စဂျိုးဘက်ကာက ဗွီအိုအေကို အခုလိုပြောပါတယ်။

“ကလေးစစ်သား အသုံးပြုမှုဆိုင်ရာ နိုင်ငံတကာရဲ့ စံချိန် စံညွှန်းတွေနဲ့ ပတ်သက်ပြီးတော့ စစ်တပ်အရာရှိတွေကို သင်တန်းပေးရမယ်ဆိုတဲ့ လုံခြုံရေးကောင်စီရဲ့ အကြံပြုချက်ကို မြန်မာစစ်အစိုးရ အနေနဲ့
အခုလို လိုက်နာ ဆောင်ရက
ွ်တာကတော့ အားရစရာပါ။ ဒါပေမဲ့လည်း စစ်အစိုးရဟာ ကလေးစစ်သားတွေကို အဓမ္မ စုဆောင်းတာတွေကတော့ ဆက်လုပ်နေဆဲပါ။ ဒါကြောင့် ဒါတွေကို ရပ်တန်းကရပ်ပြီး
လက်ရှိ စစ်မှုထမ်းနေရတဲ့ ကလေးစစ်သားတွေကို သူတို့မိသားစုတွေနဲ့ ပြန်လည်ပေါင်းစည်းနိုင်အောင် အမြန်ဆုံး လွှတ်ပေးဖို့ လိုအပ်ပါတယ်။”

မြန်မာပြည်တွင်း ဥပဒေအရ အသက် ၁၈ နှစ် မပြည့်သေးတဲ့ ကလေးသူငယ်တွေကို စစ်သားအဖြစ် မစုဆောင်းရဘူးလို့ ဆိုပေမဲ့ ကလေးစစ်သား စုဆောင်းသူတွေကို ထိထိရောက်ရောက်
ဒဏ်ခတ်တာကိုလည်း မတွေ့ရဘူးလို့ မစ်စ်ဘေကာက ထောက်ပြပါတယ်။

“စစ်အစိုးရကတော့ ကလေးစစ်သား စုဆောင်းတဲ့သူတွေကို အရေးယူနေတယ်လို့ ပြောပေမဲ့ ဒါကို သက်သေပြနိုင်တဲ့ အထောက်အထားတွေ ကျမတို့ မတွေ့ရသေးပါဘူး။ ကျမတို့ တွေ့ရတာက စစ်သားသစ်
ကလေး လူကြီးမရွေး စုဆောင်းနိုင်တဲ့သူကို မက်လုံးပေးတာ၊ ဆုချီးမြှင့်တာတွေကိုပဲ တွေ့နေရပါတယ်။”

ပြီးခဲ့တဲ့ အောက်တိုဘာလက ကုလသမဂ္ဂ လုံခြုံရေးကောင်စီက ကလေးစစ်သား စုဆောင်း အသုံးပြုမှုတွေကို ဘယ်လိုပိုပြီး ထိထိရောက်ရောက် အရေးယူ ဆောင်ရွက်သင့်သလဲ ဆိုတာနဲ့ ပတ်သက်ပြီး
မြန်မာစစ်အစိုးရကို အကြံပြု တိုက်တန
ွ်းခဲ့ပါတယ်။ အဲဒီ အကြံပြုချက်တွေကို လိုက်နာဆောင်ရွက်မှု မရှိဘူးဆိုရင် လက်နက်ဝယ်ယူခွင့် ပိတ်ပင်တာတို့၊ နိုင်ငံခြား ခရီးသွားခွင့် ပိတ်ပင်တာ စတဲ့ ပြစ်မှတ်ထားတဲ့
ပိတ်ဆို့ ဒဏ်ခတ်မှုတွေနဲ့ အရေးယူ ဆောင်ရွက်မယ်ဆိုပြီး ပြောခဲ့ပါတယ်။ ဒါပေမဲ့ အချိန်ဇယားနဲ့တော့ မသတ်မှတ်ထားပါဘူး။

ပြီးခဲ့တဲ့ သုံးလေးနှစ်တုန်းကလည်း လုံခြုံရေးကောင်စီက ကလေးစစ်သား စုဆောင်းမှု ပပျောက်ရေးအတွက် ဘယ်လို အကောင်အထည်ဖော် ဆောင်ရွက်မလဲဆိုတဲ့ အစီအစဉ်ကို သုံးလအတွင်း တင်ပြဖို့
မြန်မာစစ်တပ်အပြင် ကလေးစစ်သား အသုံးပြုတဲ့ တခြား လက်နက်ကိုင် အဖွဲ့ တွေကို တောင်းဆိုခဲ့ဖူးတယ်လို့ မစ်စ်ဂျိုးဘက်ကာက ထောက်ပြပါတယ်။ ဒါကို အခုအချိန်အထိ မြန်မာစစ်အစိုးရက
မတုံ့ပြန်သေးဘူးလို့လည်း ပြောခဲ့ပါတယ်။

“အခုအချိန်ထိ မြန်မာစစ်အစိုးရဟာ ကုလသမဂ္ဂက သတ်မှတ်ထားတဲ့ နိုင်ငံတကာ စံချိန်စံညွှန်းနဲ့အညီ ကလေးစစ်သား စုဆောင်းမှု ဘယ်လိုပပျောက်အောင် လုပ်မလဲဆိုတဲ့ အစီအစဉ်
ချမှတ်ဆောင်ရက
ွ်နိုင်ခြင်း မရှိသေးပါဘူး။ အဲဒီလို မရှိသေးတဲ့အပြင် ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်က မြန်မာနိုင်ငံကို ကလေးစစ်သား အသုံးပြုမှုနဲ့ ပတ်သက်ပြီး နိုင်ငံတကာ ဥပဒေကို ချိုးဖောက်တဲ့ နိုင်ငံအဖြစ်
၂၀၀၂ ခုနှစ်ကတည်းက အခုအချိန်ထိ သတ်မှတ်ထားဆဲ ဖြစ်ပါတယ်။”

ကလေးစစ်သား အသုံးပြုမှုတွေကို ရပ်ဆိုင်းတာ၊ ကလေးတွေကို မိသားစုတွေနဲ့ ပြန်လည် ပေါင်းစည်းပေးတာ၊ တခြား လူမှုရေး အခွင့်အလမ်းတွေ ဖန်တီးပေးတဲ့ နေရာတွေမှာ မြန်မာနိုင်ငံဟာ တခြား
ကလေးစစ်သား အသုံးပြုမှုတွေရှိတဲ့ နိုင်ငံတော်တော်များများရဲ့ နောက်မှာ ကျန်နေခဲ့တယ်ဆိုပြီး မစ်စ်ဘေကာက ထောက်ပြပါတယ်။

“ကလေးစစ်သားတွေ ရှိနေတဲ့ တခြားနိုင်ငံမှာဆိုရင် စစ်တပ်က ပြန်လတ


ွ လ
်ာတဲ့ ကလေးတွေ ကျောင်းပြန်တက်နိုင်ဖို့၊ အသက်မွေးဝမ်းကျောင်းပညာ သင်ယူနိုင်ဖို့နဲ့ မိသားစုနဲ့ ပြန်လည် ပေါင်းစည်းနိုင်ဖို့
အစီအစဉ်တွေ စနစ်တကျ ရှိနေပါပြီ။ မြန်မာနိုင်ငံမှာက ဒီလိုစနစ်မျိုးတွေကို အခုထိ မတွေ့ရသေးပါဘူး။ ပြီးခဲ့တဲ့နှစ်အတွင်း ILO အဖွဲ့ က ဦးစီးပြီး ကလေးစစ်သားတွေကို ပြန်လွတ်အောင် လုပ်ပေးနိုင်ခဲ့ပေမဲ့
အရေအတွက် အားဖြင့်ကတော့ အလွန်ကို နည်းပါသေးတယ်။”

အခုလို မြန်မာနိုင်ငံဟာ တခြား ကလေးစစ်သား အသုံးပြုတဲ့ နိုင်ငံတွေနဲ့ ယှဉ်ရင် ကလေးစစ်သား အသုံးပြုမှု ရပ်ဆိုင်းရေး လုပ်ငန်းတွေမှာ နောက်ကျ ကျန်နေတာကလည်း မြန်မာနိုင်ငံမှာ ကလေးစစ်သား
အသုံးပြုမှု ကြီးကြီးမားမား ရှိနေတယ် ဆိုတာကို မြန်မာစစ်အစိုးရ ကိုယ်တင
ိုက အသိအမှတ်ပြုခြင်း မရှိတာကြောင့် ဖြစ်တယ်ဆိုပြီး မစ်စ်ဂျိုးဘေကာက ထောက်ပြသွားပါတယ်။

ပြန်ပေးဆဲခ
ွံထားရသည့် မြန်မာအင်ဂျင်နီယာ
မလွတ်မြောက်သေး

ကျော်ခ

ဗုဒ္ဓဟူးနေ့၊ ဒီဇင်ဘာလ 09 ရက် 2009 ခုနှစ် 17 နာရီ 18 မိနစ်

ချင်းမိုင် (မဇ္ဈိမ)။ ။ ဆိုမာလီ ပင်လယ်ဓားပြများက မြန်မာအင်ဂျင်နီယာတဦး ပါဝင်သော စင်္ကာပူ ကုမ္ပဏီပိုင် ပင်လယ်ကူး သင်္ဘောကို ပြန်ပေးဆွဲထားသည်မှာ တလခွဲကျော် ကြာမြင့်ပြီ ဖြစ်သော်လည်း
ညှိနှိုင်းမှုများ မအောင်မြင်သေးကြောင်း မြန်မာသင်္ဘောသား သတင်းရပ်ကက
ွ်မှ သိရသည်။

MV Kota Wajar အမည်ရှိ ကွန်တိန်နာ သင်္ဘောသည် စင်္ကာပူမှ ထွက်ခွာ ပြီးနောက် အောက်တိုဘာ ၁၅ ရက်နေ့၌ ဆိုမာလီနိုင်ငံအနီးရှိ Aden ပင်လယ်ကွေ့ အရောက်တင
ွ် ပြန်ပေးဆွခ
ဲံခဲ့ရသည်။
ပင်လယ်ဓားပြများက အမေရိကန် ဒေါ်လာ ၈ သန်းပေးရန် အစောပိုင်းက တောင်းထားသည်။

ပြန်ပေးဆွခ
ဲံထားရသည့် သင်္ဘောမှ နိုင်ငံခြားသား ၂၁ ဦးကို ပြန်လည်ရရှိရန် စင်္ကာပူအစိုးရ၊ စင်္ကာပူ အခြေစိုက် PIL (Pacific International Line) ကုမ္ပဏီနှင့် ဓားပြများအကြား အောက်တဘ
ိုာလ
နှောင်းပိုင်းက ဆွေးနွေးမှုများ စတင်ပြုလုပ်ခဲ့သည်။

“အဆင်မပြေသေးပါဘူး။ အဲဒီကိစ္စက စင်ကာပူက သူဋ္ဌေး၊ စင်္ကာပူအစိုးရနဲ့ ဆိုမာလီ ဓားပြတွေ ဆွေးနွေးနေတုန်းလို့ စင်္ကာပူ ရုံးချုပ်က ပြောတယ်။ ဒီကိစ္စကို စင်္ကာပူအစိုးရက ကိုင်ထားတာ” ဟု PIL ကုမ္ပဏီ
(ရန်ကုန်ရုံးခွဲ) မှ တာဝန်ရသ
ှိုတဦးက မဇ္ဈိမကို ပြောသည်။

ဖမ်းဆီးခြင်းခံထားရသည့် နိုင်ငံခြားသား သင်္ဘောသားများအနက် မြန်မာနိုင်ငံသား အင်ဂျင်နီယာမှာ အသက် ၄၀ နှစ်အရွယ် ဦးလှချစ်၏ ဇာတိမှာ ဧရာဝတီတိုင်း မအူပင်ဖြစ်ကြောင်း သိရသည်။ ပုဂ္ဂိုလ်ရေး
အချက်အလက် အသေးစိတ်ကိုမူ ပေးပိုင်ခွင့် မရှိကြောင်း ရန်ကုန်ရုံးခွဲ တာဝန်ရှိသူက ဆိုသည်။

ဆိုမာလီဓားပြများဘက်မှ တောင်းဆိုညှိနှိုင်းမှု အသေးစိတ်ကို ထုတ်ဖော်ပြောဆိုခွင့် မရှိကြောင်း မြန်မာနိုင်ငံ ပင်လယ်ကူး သင်္ဘောသားများ အသင်းဝင် Leader Marine Co. Ltd မှ မန်နေးဂျင်း ဒါရိုက်တာ
ဦးဋ္ဌေးအောင်က မဇ္ဈိမကို ပြောသည်။ နှစ်ဖက်ဆွေးနွေးနေမှုသည် ယခုအချိန်ထိ အဆင်မပြေသေးကြောင်းနှင့် အသေးစိတ်ကိုမူ ပြောဆိုခွင့်မရှိကြောင်း သူက ဆိုသည်။

မြန်မာစစ်အစိုးရက ယခုထိ မည်သည့်အကူအညီမျှ ပေးနိုင်ခြင်း မရှိကြောင်း သင်္ဘောသား အသိုင်းအဝိုင်းထံမှ သိရသည်။

ပြီးခဲ့သည့်နှစ် စက်တင်ဘာလတွင်လည်း တောင်ကိုရီးယား ကုမ္ပဏီပိုင် MV. Bright Ruby သင်္ဘောကို ပြန်ပေးဆွရ


ဲာတွင် မြန်မာသင်္ဘောသား ၁၄ ဦး ပါဝင်ခဲ့ပြီး နောက်ပိုင်း၌
ပြန်လည်လတ
ွ်မြောက်လာခဲ့သည်။

Aden ပင်လယ်ကွေ့သည် အရှေ့အာဖရိကတိုက် ဆိုမာလီနိုင်ငံနှင့် ယီမင်နိုင်ငံအကြား တည်ရှိသည်။ ယင်းပင်လယ်ကွေ့မှတဆင့် အီဂျစ်နိုင်ငံ စူးအက်တူးမြောင်းကို ဖြတ်သန်း၍ ကမ္ဘာ့အနောက်နှင့် အရှေ့
ရေကြောင်း ကူးသန်းရောင်းဝယ်ရာ အဓိကလမ်းကြောင်းလည်း ဖြစ်သည်။

နှစ်စဉ် ပင်လယ်ကူးသင်္ဘော ၂ သောင်းကျော် ဖြတ်သန်းနေပြီး သင်္ဘောများကို ပြန်ပေးဆွဲရာမှ ဓားပြများအတွက် နှစ်စဉ် အမေရိကန် ဒေါ်လာ သန်း ၁၅၀ ကျော်ရရှိကြောင်း အကဲခတ်များက
ခန့်မှန်းကြသည်။

(ကိုဝိုင်း တည်းဖြတ်သည်။)

လူငယ်များအကြား မူးယစ်ဆေးဝါး ဆိုးကျိုး ပညာပေးမှု အားနည်းနေသေး

ကျော်သိင်္ခ

ဗုဒ္ဓဟူးနေ့၊ ဒီဇင်ဘာလ 09 ရက် 2009 ခုနှစ် 21 နာရီ 22 မိနစ်

ချင်းမိုင် (မဇ္ဈိမ)။ ။ မြန်မာနိုင်ငံမှ လူငယ်များအတွင်း မူးယစ်ဆေးဝါးသုံးစွဲမှု ဆိုးကျိုးဆိုင်ရာ ပညာပေးမှု နည်းပါးနေသေးကြောင်း ရန်ကုန်အခြေစိုက် လူငယ့်အားမာန် မူးယစ်ဆေးဝါးသုံးစွဲမှု
ကာကွယ်တာဆီးရေး အဖွ့က
ဲ ယနေ့ ပြောကြားလိုက်သည်။

စစ်အစိုးရက ဖမ်းဆီး မူးယစ်ဆေးဝါးများကို ရှမ်းပြည်အရှေ့ပိုင်း ကျိုင်းတုံမြို့၌ ယမန်နေ့က မီးရှို့ပြခဲ့ပြီးနောက် မဇ္ဈိမ၏ မေးမြန်းမှုကို လူငယ့်အားမာန်အဖွဲ့က ယခုကဲ့သို့ တုံ့ပြန်ပြောဆိုလိုက်ခြင်း ဖြစ်သည်။

“တနိုင်ငံလုံး အတိုင်းအတာမှာ မူးယစ်ဆေးဝါး ပညာပေးမှုက အရမ်း အားနည်းနေတယ်။ နိုင်ငံတော်ကတော့ မူးယစ်ဆေးဝါး သုံးစွဲမှု ပပျောက်ရေးဆိုင်ရာ ပညာပေး လုပ်နေတယ် ဆိုပေမယ့် ပညာသွားပြီး
ပေးတဲ့အခါမှာ ဟိုက မူးယစ်ဆေး သုံးတာက စွတ
ဲ့ဲ အဆင့်ကို ရောက်နေပြီ” ဟု ယင်းအဖွဲ့ ဥက္ကဋ္ဌ ဦးမျိုးမြင့်က မဇ္ဈိမကို ပြောသည်။

ယခုနောက်ပိုင်းတွင် စိတ်ကြွဆေးကဲ့သို့သော မူးယစ်ဆေးဝါး အသစ်အဆန်းများ ပေါ်လာသောကြောင့် မူးယစ်ဆေးဝါး သုံးစွသ


ဲူ လူငယ်အရေအတွက် ယခင်ကထက် များလာသည်ဟုလည်း သူက ဆိုသည်။

လူငယ့်အားမာန် အဖွဲ့သည် ၂၀၀၀ ခုနှစ်မှ စတင်၍ ရန်ကုန်၊ မန္တလေး၊ လားရှိုးနှင့် မိတ္ထီလာမြို့များတွင် ရုံးခွဲများဖွင့်လှစ်၍ လူငယ်များအကြား မူးယစ်ဆေးဝါး သုံးစွဲမှု ပပျောက်စေရေးအတွက် ပညာပေး
ဟောပြောပွဲများ ပြုလုပ်ခြင်း၊ ဆေးသုံးစွမ
ှဲု ရပ်တန့်စေရန် ဆေးစွသ
ဲူလူငယ်များအား ဆရာဝန်များနှင့် တွေ့ဆုံစေခြင်းတို့အတွက် ကူညီနေသော အဖွဲ့ဖြစ်သည်။

ဦးမျိုးမြင့်က “ကျနော်တို့မှာ လုပ်ဖို့ လိုအပ်နေတဲ့ အစီအစဉ်တွေက မူးယစ်န့ပ


ဲ တ်သက်ရင် fever injection (အဖျားအတွက် ဆေးထိုးခြင်း) အတွက် ပညာပေးတာတွေ နည်းပါးနေတယ်။ ပြီးတော့ needle
sharing (ဆေးထိုးအပ် ပေါင်းသုံးခြင်း) မလုပ်အောင် ပညာပေးမယ်။ ပြီးတော့ safer sex (ပိုမိုလုံခြုံသော လိင်ဆက်ဆံမှု) အနေနဲ့ ကွန်ဒုံးဝေမယ်။ ဆိုတော့ အဲဒီလို indicator (တိုင်းတာမှု) ပြလို့လွယ်တဲ့
ဟာတွေကိုပဲ ပရောဂျက်လုပ်နေရတော့၊ ထိရောက်မှု မရှိဘူးပေါ့” ဟု ပြောသည်။

တရုတ်-မြန်မာနယ်စပ် မူဆယ်မြို့၌ လူငယ်များ မူးယစ်ဆေးဝါး သုံးစွမ


ှဲု မြင့်တက်နေကြောင်းနှင့် ယင်းနယ်စပ်သည် တောတောင်ထူထပ်သည့် နယ်မြေဖြစ်ပြီး တောများကို အခြေခံ၍ မူးယစ်ဆေး
ရောင်းဝယ်နေမှုများကိုလည်း သက်ဆိုင်ရာက သွားရောက်ဖမ်းဆီး ပိတ်ဆို့နိုင်သည့် အနေအထား မရှိကြောင်း သူတို့အဖွဲ့ လက်လှမ်းမီသမျှကို အခြေခံ၍ သူက ပြောသည်။

စစ်အစိုးရကမူ မြန်မာနိုင်ငံ မူးယစ်ဆေးဝါးနှင့် စိတ်ကို ပြောင်းလဲစေသော ဆေးဝါးများ အန္တရာယ် တားဆီးကာကွယ်ရေး ဗဟိုအဖွဲ့ကို ဖွဲ့စည်းထားပြီး ၁၅ နှစ် စီမံကိန်း (၁၉၉၉-၂၀၁၄) ဖြင့် မူးယစ်ဆေးဝါး
ပပျောက်ရေး ဆောင်ရက
ွ်နေကြောင်း ကြေညာထားသည်။

ယမန်နေ့က ရှမ်းပြည်နယ်အရှေ့ပိုင်း ကျိုင်းတုံမြို့တွင် ၅ ကြိမ်မြောက် ပြုလုပ်သော ဖမ်းဆီးရမိသည့် မူးယစ်ဆေးဝါးများ မီးရှို့ဖျက်ဆီးပွ၌


ဲ မြန်မာနိုင်ငံ မူးယစ်ဆေးဝါးနှင့် စိတ်ကို ပြောင်းလဲစေသော ဆေးဝါးများ
အန္တရာယ်တားဆီး ကာကွယ်ရေး ဗဟိုအဖွဲ့ အတွင်းရေးမှူး ရဲချုပ် ဗိုလ်မှူးချုပ်ခင်ရီက “ယနေ့အချိန်ကာလသည် ၁၅ နှစ်စီမံကိန်း၊ ဒုတိယ ၅ နှစ်ပိုင်း၏ နောက်ဆုံးနှစ်ကို ရောက်ရှိနေပြီဖြစ်သဖြင့် မူးယစ်ဆေးဝါး
တိုက်ဖျက်ရေးလုပ်ငန်းရပ်ကြီး အတော်ပင် အောင်မြင်ခရီးရောက်နေပြီ” ဟု ပြောကြားခဲ့သည်။

အာဖဂန်နစ္စတန်ပြီးလျှင် မြန်မာနိုင်ငံသည် ကမ္ဘာ့ဒုတိယမြောက် ဘိန်းစိမ်းစိုက်ပျိုးသည့် နိုင်ငံဖြစ်ကြောင်း ကုလသမဂ္ဂ မူးယစ်ဆေးဝါးနှင့် မှုခင်းဆိုင်ရာရုံး UNDOC က ထုတ်ပြန်ထားသည်။ ထို့အပြင်
စိတ်ကြွဆေး ထုတ်လုပ်မှုမှာလည်း တိုးမြင့်လာနေကြောင်း သိရသည်။

ရန်ကုန်မြို့ရှိ မူးယစ်ဆေးစွဲလူငယ်များကို စောင့်ရှောက်ကုသပေးနေသည့် အမည်မဖော်လိုသူ ကချင်ဆရာ တဦးကလည်း ကချင်ပြည်နယ် မြစ်ကြီးနားမြို့တွင် အသက် ၁၂ နှစ်၊ ၁၃ နှစ်အရွယ် လူငယ်များ
မူးယစ်ဆေးဝါးသုံးစွဲမှု များလာကြောင်း ပြောသည်။

“အခုနောက်ပိုင်းဆိုရင် ၁၂ နှစ်၊ ၁၃ နှစ် ဝန်းကျင်ရောက်တာနဲ့ကို သုံးစွတ


ဲ့ လ
ဲူ တော်တော်များနေပြီ။ မြစ်ကြီးနားမြို့ပေါ်ဆိုရင် လူငယ်တော်တော်များများ မူးယစ်ဆေးဝါး သုံးစွသ
ဲ လောက်ကို ဖြစ်နေပြီ။ အဲဒီမှာက
မူးယစ်ဆေးဝါးမသုံးရင် ခေတ်မမီသလိုကို ဖြစ်နေပြီ” ဟု သူက မဇ္ဈိမကို ပြောသည်။

ထို့ပြင် နှစ်စဉ် ကချင်ပြည်နယ်မှ မူးယစ်ဆေးစွဲသူ လူငယ်ဦးရေမှာ အနည်းဆုံး ၃၀ ခန့် ဆေးဖြတ်ရန် ရန်ကုန်ရှိ ၎င်းတို့ထံသို့ လာရောက်ကြကြောင်း သိရသည်။

ယခုအခါ ရန်ကုန်ရှိ နိုက်ကလပ်များ၌လည်း မူးယစ်ဆေးဝါးကို ကိုယ့်အဆက်အသွယ်နှင့်ကိုယ် အရောင်းအဝယ်လုပ်ပြီး သုံးစွဲနေကြကြောင်း ရန်ကုန်နိုက်ကလပ်များနှင့် နီးစပ်သူတဦးက ပြောသည်။

စစ်အစိုးရက မူးယစ်ဆေးဝါး ကာကွယ်တားဆီးရေးနှင့် ပညာပေးအဖွ့အ


ဲ စည်းများကို လုပ်ကိုင်ခွင့်သာ ပေးထားပြီး အခြား အကူအညီ တစုံတရာပေးနိုင်ခြင်း မရှိသေးကြောင်းနှင့် ယင်းအဖွဲ့များသည် ကုလသမဂ္ဂ
မူးယစ်ဆေးဝါးနှင့် မှုခင်းဆိုငရ
်ာရုံး (UNDOC) ၏ ငွေကြေးထောက်ပံ့ဖြင့်သာ လုပ်ကိုင်နေကြရကြောင်း သိရသည်။

(ကိုဝိုင်း တည်းဖြတ်သည်။)

မြန်မာ့ ခရီးသွားလုပ်ငန်း
ပြန်လည်ဦးမော့လာ

ဆလိုင်းဟံသာစန်း

ဗုဒ္ဓဟူးနေ့၊ ဒီဇင်ဘာလ 09 ရက် 2009 ခုနှစ် 19 နာရီ 48 မိနစ်

နယူးဒေလီ (မဇ္ဈိမ)။ ။ နိုင်ငံရေး မတည်ငြိမ်မှုနှင့် သဘာဝဘေးဒဏ်များကြောင့် ကျဆင်းခဲ့ရသော မြန်မာ့ ခရီးသွားလုပ်ငန်းသည် ယခုနှစ်တွင် ပြန်လည် ဦးမော့လာသည်ဟု ရန်ကုန်ရှိ ဟိုတယ်နှင့်
ခရီးသွားလုပ်ငန်းများက တသံတည်း ပြောဆိုလိုက်ကြသည်။

မြန်မာနိုင်ငံသို့ ယခုနှစ် ခရီးသွားရာသီတွင် ကမ္ဘာလှည့်ခရီးသည်များ ပိုမိုလည်ပတ်လာသည့်အပေါ် ဟိုတယ်နှင့် ခရီးသွားလုပ်ငန်းများက ထိုကဲ့သို့ ပြောဆိုကြခြင်း ဖြစ်သည်။

“မနှစ်ကဆိုရင် အခန်းပေါင်း ၁၀၀ ကျော်လောက်မှာပဲ ဧည့်အတိုးအလျော့ ဖြစ်တယ်ဗျာ။ ဒီနှစ်တော့ အခန်းလွတ် မရှိတော့လို့ ဧည့်သည်တွေ လက်မခံနိုင်တဲ့ ရက်တွေ တော်တော်များနေပါပြီ။ ရက်ထပ်တိုးမယ်
ဆိုရင်တောင် အမြဲတမ်း ဖောက်သည်လောက်ပဲ ခွင့်ပြုတယ်။ အခန်းလွတ်ရယ်လို့ မရှိသလောက်ပဲ” ဟု မင်္ဂလာတောင်ညွန့်ရှိ ကန်တော်ကြီး ပဲလေ့စ်ဟိုတယ်မှ တာဝန်ရှိသူတဦးက ပြောသည်။ ဟိုတယ်တွင်
အခန်းပေါင်း ၂၀၈ ခန်းရှိသည်။

ဆီဒိုးနား တာဝန်ရှိသူတဦးက “၂၀၀၇ တုန်းက နိုင်ငံရေး မတည်ငြိမ်တာရယ်၊ ၂ဝဝ၈ မှာ နစ်ဂစ်ဖြစ်ခဲ့ပြီး နောက်ပိုင်းမှာတော့ ဒီ ၂ဝဝ၉ ခုနှစ်က ရန်ကုန်မြို့ရဲ့ ဟိုတယ်လုပ်ငန်းတွေ ပြန်လည် ဦးမော့လာတဲ့
နှစ်လို့တောင် ပြောလို့ရတယ်” ဟု ပြောသည်။

ယခုဟိုတယ်နှစ်ခုက့သ
ဲို့ပင် ရန်ကုန်မြို့၏ အထင်ကရ ဟိုတယ်ကြီးများဖြစ်သည့် မီးရထား Strand ၊ Chatrium ၊ Traders စသည့် ဟိုတယ်ကြီးများတွင်လည်း တည်းခိုသူ ကမ္ဘာလှည့် ခရီးသည်များ
ပြည့်နှက်နေပြီး အခန်းကို ကြိုတင်မှာယူသူများ အများအပြား ရှိနေသည်။

လာရောက်တည်းခိုသူများသည် ထိုင်း၊ ကိုရီးယား၊ မလေးရှား၊ စင်္ကာပူ၊ ဂျပန် စသည့် အာရှနိုင်ငံများမှ ၆ဝ ရာခိုင်နှုန်း၊ ဥရောပနိုင်ငံများမှ ၃၀ ရာခိုင်နှုန်းနှင့် ကျန်နိုင်ငံများမှ ၁၀ ရာခိုင်နှုန်း ခန့်စီရှိကြောင်း
သိရသည်။

Chatrium ဟိုတယ်မှ တာဝန်ရှိသူတဦးက ပြီးခဲ့သည့်နှစ်ထက် ခရီးသွားများ တည်းခိုမှုမှာ ၂၀ ရာခိုင်နှုန်းထက်မနည်း တိုးမြင့်လာကြောင်း မဇ္ဈိမကို ပြောသည်။

ကျောက်တံတားမြို့နယ်ရှိ ခရီးသွားကုမ္ပဏီတခုကလည်း ယခုနှစ်ရာသီအတွင်း Package Tour (အုပ်စုလိုက် ခရီးစဉ်) များ မရှိသော်လည်း FIT (Foreign Independent Tour) တဦးချင်း လည်ပတ်သည့်
ခရီးစဉ်များ လက်ခံဆောင်ရက
ွ်ပေးနေရကြောင်း ပြောသည်။

ကုမ္ပဏီ တာဝန်ရှိသူတဦးက “အဖဲ့လ


ွိုက် မရှိသေးဘူး။ တဦးချင်းသွားဖို့အတွက်တော့ ဆောင်ရွက်ပေးနေရတာ ၁၀ ဦးလောက် ရှိပြီ။ ဥရောပက ကမ္ဘာလှည့်တွေပါ။ ပုဂံ၊ ညောင်ဦး၊ မန္တလေးဘက်ကို သွားကြတာ
များပါတယ်။ မနှစ်ကထက်တော့ ပိုကောင်းလာတယ်။ မနှစ်က ဒီအချိန်ဆို ၅ ဦးတောင် မရသေးဘူး” ဟု ပြောသည်။

မြန်မာ့ခရီးသွားရာသီမှာ မိုးလွန်ကာလ စက်တင်ဘာလမှ မတ်လ အထိဖြစ်ပြီး ပြီးခဲ့သည့်နှစ် ရာသီအတွင်း မြန်မာနိုင်ငံသို့ ဧည့်သည် ၂ သိန်း ၆ သောင်းကျော် ဝင်ရောက်လာခဲ့ပြီး၊ ခရီးသွားလုပ်ငန်းမှ ရရှိသည့်
ဝင်ငွေမှာ အမေရိကန်ဒေါ်လာ ၁၆၅ သန်းရှိကြောင်း မြန်မာ့ဟိုတယ်နှင့် ခရီးသွားလုပ်ငန်း ဝန်ကြီးဌာန ထုတ်ပြန်ချက် စာရင်းအရ သိရသည်။

သို့သော် ကမ္ဘာ့စီးပွားပျက်ကပ်၊ လူတုပ်ကွေးရောဂါနှင့် နာဂစ်မုန်တိုင်း တိုက်ခတ်ခြဲ့ ခင်းတို့ကြောင့် ခရီးသည်များ လာရောက်မှုသည် ယင်းပမာဏထက် လျော့နည်းကြောင်း ခရီးသွားလုပ်ငန်း အသိုင်းအဝိုင်းက
ဆိုသည်။

ဟိုတယ်လုပ်ငန်းသက် ၁၅ နှစ်ခန့်ရှိသည့် မီးရထား Strand ဟိုတယ်မှ ဝန်ထမ်းတဦးက “ခရီးသွားလုပ်ငန်းတွေက ၂၀၀၀ ခုနှစ် နောက်ပိုင်းမှာ တဖြည်းဖြည်း ကောင်းလာတယ်။ ၂၀၀၆ မှာ အကောင်းဆုံး
အနေအထား ရောက်ပြီးတော့ ၂၀၀၇-၂၀၀၈ မှာ တော်တော်လေး အခြေအနေ ဆိုးသွားတယ်။ အခု ၂၀၀၉ မှာ ပြန်ပြီး နာလန်ထလာ၊ ခေါင်းထောင်လာတဲ့ အနေအထားပေါ့နော်။ ဒီအခြေအနေအပေါ်မှာ
ဝမ်းသာပါတယ်” ဟု ပြောသည်။

“အဓိကကတော့ ထိုင်းမှာဆိုလည်း ရာဇဝတ်မှုပိုင်းတွေ၊ မလေးတို့ အင်ဒိုတို့ ဘက်ကျတော့လည်း ရာသီဥတု ဘေးဒဏ်တွေ ရှိနေတဲ့အခါကျတော့ ဒီမှာလည်း နိုင်ငံရေး ငြိမ်လာတော့ မြန်မာ့ယဉ်ကျေးမှုကို
သူတို့က နှစ်ခြိုက်ကြတဲ့အတွက် ဒီနှစ် ခရီးသွား ပိုများလာတယ်လို့ ကျမထင်တယ်” ဟု ဆီဒိုးနားဟိုတယ်မှ တာဝန်ရှိသူက ပြောဆိုသည်။

(ရဲရင့်အောင် တည်းဖြတ်သည်။)

မြို့ကြီး ၂မြို့တွင် မိုဘိုင်းဖုန်း တသိန်းကျော် ထပ်မံ ချထားပေးမည်


အများသုံး တယ်လီဖုံးဆိုင် တခုတွင် အသုံးပြုရန် စောင့်ဆိုင်းနေသူများ © myanmar2day

မြန်မာနိုင်ငံတင
ွ် ဆက်သယ
ွ်ရေး ကဏ္ဍ အတွက် နောက်ထပ် မိုဘိုင်းဖုန်း အလုံးရေ (၁၅၀၀၀၀) ကို တပ်ဆင် ပေးသွားမည်ဟု သိရှိရသည်။ အဓိက မြို့ကြီး နှစ်ခုဖြစ်သည့် ရန်ကုန် နှင့် မန္တလေး တို့တင
ွ်
တပ်ဆင်မည့်

စံနစ်သည် ဆက်သယ
ွ်ရေး နည်းပညာ အရ ပိုမို ကောင်းမွန်မည် ဖြစ်ကြောင်း မြန်မာ့ ဆက်သွယ်ရေး ဌာနက ကြေညာခဲ့သည်။ ယခု တပ်ဆင်မည့် ဖုန်းလိုင်းများ အနက် CDMA800 ဖုန်းလိုင်း (၁၀၀၀၀၀) ကို
ရန်ကုန်မြို့တွင် အသုံးပြုနိုင်မည် ဖြစ်ပြီး မန္တလေးတွင် အရေအတွက် (၅၀၀၀၀) ဖြစ်သည်။

ဖုန်းလိုင်း တခုစီအတွက် မြန်မာငွေ (၅)သိန်းစီ ကျသင့်မည်ဖြစ်ပြီး ယခင်က အစိုးရက ထုတ်ပေးသည့် ဖုန်းများထက် ဈေးနှုန်း သက်သာပေသည်။ CDMA800 ဖုန်းများတွင် Voice Message၊ Fax နှင့် Short
Message များအား အသုံးပြုနိုင်မည်ဟု သိရှိရသည်။

CDMA ဖုန်းများကို မြန်မာနိုင်ငံတင


ွ် (၁၉၉၇)ခုနှစ် ကတည်းက စတင် အသုံးပြုလာခြင်း ဖြစ်ပြီး ယခင် Cellular ဖုန်းများ နေရာတွင် အစားထိုး ၀င်ရောက်လာခြင်း ဖြစ်သည်။ ထို့နောက်တင
ွ် အသုံးပြုမှု
အလွန်ကျယ်ပြန့်သည့် GSM ဖုန်းများသည် (၂၀၀၂)ခုနှစ်တွင် စတင် ၀င်ရောက်လာခဲ့သည်။

ဆက်သွယ်ရေး ၀န်ကြီးဌာနသည် ယခင်က CDMA450MHz ဖုန်းများအား တလုံးလျှင် ကျပ်(၁၅)သိန်းနှင့် ရောင်းချ ခဲ့သေးသည်။ ယခု ဖုန်းများတွင် Network ချိတ်ဆက်မှုကို GSM စံနစ်တွင် အခြေခံထားပြီး
3G WCDMA စံနစ်ကိုလည်း စတင်နေပြီဟု သိရှိရသည်။

Wednesday, December 9, 2009

ယာယီပတ်စပို့ မလုပ်သည့်ကြက်သားစက်ရုံအလုပ်သမားများဖမ်
မားများဖမ်းဆီးခံရ

(ဒီဇင်ဘာ ၉။၂၀၀၉)
ထိုင်းနိုင်ငံ ဘန်ကောက်မြို့ အနီး လုဘူရီမြို့ ပြင်တင
ွ်ရှိသော SAHA FRAM Co.Ltd ကြက်သား ထုတ်ထုတ်သည့် အလုပ်တစ်ရုံတင
ွ်ယမန်နေ့ညဥ့်က ယာယီပတ်စပို့ မလုပ် လိုသည့်မြန်မာအလုပ်သများ
နှင့်အလုပ်ထွက်လသ
ို ည့်မြန်မအလုပ်သမားများကိုလုပ်ငန်းရှင်ကဖမ်းဆီ;ခိုင်းသဖြင်ထ
ို့င်းရဲများကဖမ်းလိုက်သည်။ယမန်နေ့ညနေပိုင်းကအလုပ်ရုံမှအလုပ်သမားများကလုပ်အားခငွေများကိုထုတ်ယူပြီးနောက်၊ယ
ာယီပတ်စပို.့မလုပ်သည့်သူများနှုငအ
့် လုပ်ပြောင်းလိုသူများအား လုပ်ငန်းရှင်ကစက်ရုံအနီး ဘော လုံးကွင်းတွင် ပိတ်များဝိုင်း၍ အကျဉ်းထောင်သဖွယ်ပြင်ဆင်ထည့်သွင်း ထားခဲ့သည်။
နံနက် (၃)နာရီအချိန်ခန့် တင
ွ်အမိုးအကာမရှိပဲ ပိုက်ကာရုံထားသည့်လှောင်ကင
ွ်းအတွင်းမှ မြန်မာအလုပ်သမားသုံးဆယ်ကျော်တို့ ကို နယ်မြေခံ ထိုင်းရဲများက
ကားများဖြင့်လာရောက်ဖမ်းဆီးခေါ်ယူသွားခဲ့သည်။

ညဘက်လုပ်သည့်မြန်မာအလုပ်သမားများသိမြင်သွားသောကြောင့် မကျေနပ်သဖြင့် အလုပ်ရုံ ရုံးခန်းတစ်ခုအား ရိုက်ချိုးဖျက်ဆီးခဲ့ကြသည်။အလုပ်သမား ကိုစိုးမိုးက “ကျနော်တို့ ကိုယာယီပတ်စပို


့လုပ်ရမယ်တ့၊ဲ ကျနော်တို့ ကမလုပ်ချင်ဘူး၊ တစ်လကို ဘတ်၁၁၀၀ စီ ရှစ်လတိတိဖြတ်မယ်တဲ့ ။ဘတ်လည်းလုပ်ရမယ်တဲ့။ကျနော်တို့ ကဘာကိုစားမလဲ၊မလုပ်နိုင်ဘူးလို့ ပြောကြတယ်။
ပြန်တဲ့လူတွေကိုဖြောင့်ဖြောင့်ဖြူးဖြူးပြန်ခွင့်မပြုဘူး။ ပုလိပ်ကိုခေါ်ပြီးဖမ်းခိုင်းလိုက်ပါတယ်” ဟုပြောသည်။စက်ရုံအလုပ်သမားကိုအာကာက“ကျနော်တို့ စက်ရုံမှာ ယာယီပတ်စပို
့လုပ်ခိုင်းတယ်။လူတွေကမလုပ်လိုကြဘူး၊ပြီးတော့ တစ်လကို လူတစ်ယောက် ၄၅၀၀ ဘတ်ပေးတယ်၊ထမင်း။ဟင်းမကောင်းလို. အ့ပြင်မှာဝယ်စားရတယ်။ဘာမှမကျန်ဘူး၊အလုပ်ချိန်က
မနက် ၆နာရီကနေ ညနေ ရှစ်နာထိ နေတိုင်းလုပ်ရတယ်။အဲဒါကြောင့်လုပ်ခလစာထွက်ပြီးအခြားကိုပြောင်းကြမယ်ဆိုပြီးတိုင်ပင်ထားကြတာ။အဲဒီလူတွေကို ဘောလုံးကွင်းထွက်
ခိုင်းပြီးတစ်ညလုံးထိုင်ခိုင်းထားတယ်”ဟုပြောသည်။အဆိုပါ စက်ရုံ် SAHA FRAM အသားထုတ်လုပ်ရေးကုမ္ပဏီ တွင်ထိုင်းသာဖြင့် ပက်ပက်၊ကောက်ကောက် (၈၈)နှင့် (၉၉)
အလုပ်ရုံဟူ၍ရှိသည်။ယခုပြဿနာဖြစ်သော(ပက်ပက်.)အလုပ်ရုံတွင်မြန်မာနိုင်ငံသားအလုပ်သမားသုံးထောင်ခန့်ရှိသည်။းကြက်၊၀က်များမွေးမြူပြီးအသားထုတ်လုပ်ရုံမျှမကငါးပုဇွန်များမွေးမြူရေးလုပ်ငန်းကိုလ
ည်းလုပ်ကိုင်သည်။အဆိုပါအလုပ်ရုံသို့ အ၀င်လယ
ွ်ကူသလောက် မိမိဆန္ဒအလျှောက် ထွက်ခင
ွ့်မရှိပေ။ မျက်မြင်အလုပ်သမ မဖြူက“ပတ်စပို. .့လည်းမလုပ်တော့ဘူး၊အလုပ်ထွက်မယ်လို
့ပြောတဲ့အလုပ်သမားတွေကို အထုတ်အပိုးတွေနဲ့ ဘောလုံးကွင်းမှာ သိပ်တယ်၊အမိုး လည်းမရှိ၊အကာလည်းမရှိ၊အခင်လည်းမရှိဘူး။အဲဒါကိုမြင့်တွေ့ တဲ့ အခြားအလုပ်သမားတွေက မကျေနပ်တဲ့အတွက်
ရုံးခန်းကွန်ပျူတာတို့  ၊တီဗီတ
ွို့ ကိုဝင်ရောက်ဖျက်ဆီးကြတာ။စာရွက်စာတမ်းတွေကိုမီးတောင်ရှို.လိုက်ကြတယ်”ဟုပြောသည်။
ယနေ့ တွင် မြန်မာအလုပ်သမားများအားလုံးအလုပ်မဆင်းသဖြင့် လုပ်ငန်းရှင်က ရုံးခန်းအမှတ်(၂) သို့ ထိုင်းဘာသာစကားကျွမ်းကျင်သည့်မြန်မာအလုပ်သမားအချို့ ကိုခေါ်ယူပြီး အလုပ်ပြန်ဆင်းကြရန်နှင့်
ထိုင်းအလုပ်သမားများနည်းတူ အခွင့်အရေးပေးမည်ဖြစ်ကြောင်းပြောဆိုခဲ့သည်။ညကဖမ်းဆီးခံထားရသည့်ပတ်စပို့ မလုပ်လိုသူများနှင့်အလုပ်ပြောင်းရွေ့ လိုသူများ ကိုမူညနေ ၆နာရီအချိန်ထိ
ပြန်လည်လွတ်မြောက်လာခြင်းမရှိသေးကြောင်း အလုပ်သမားများကပြောသည်။ယာယီပတ်စပို့ လုပ်ကိုင်ရမည့်လုပ်ငန်းကိုသတင်းကြားကတည်းက မြန်မာအလုပ်သမားမှာအလွန်စိတ်ဆင်းရဲနေကြ၇ကြောင်း
စက်ရုံအလုပ်သမားများကပြောကြသည်။

***ကိုကျော်သောင်း(ဘန်ကောက်)***

မော်တော်ဆိုင်ကယ်လိုင်စင် အသစ်တစ်မျိုးပေါ်
Wed 09 Dec 2009, IMNA, မင်းသုခ မင်းအဲ
ရန်ကုန်နှင့် နေပြည်တော်မှလြွဲ ပီး မြန်မာပြည်အနှံ့သွားနိုင်သည့် (၁၇/ယ) မော်တော်ဆိုင်ကယ်လိုင်စင် အသစ်တစ်မျိုးကို ပြည်နယ်နှင့် တိုင်းအလိုက် သက်ဆိုင်ရာမြို့နယ်ရှိ အစိုးရအဖွဲ့အစည်းတို့က
ယခုဒီဇင်ဘာလ ၁ ရက်နေ့မှ ၂၀၁၀ ဇန်နဝါရီလကုန်ထိ ပြုလုပ်ပေးမည် ဖြစ်သည်။

ယခုပြုလုပ်ရမည့်လိုင်စင်သည် ယမန်နှစ်က မွန်ပြည်နယ်တင


ွ် ပြုလုပ်ထားသည့် မလမလိုင်စင်နှင့်မတူပေ။ မလမလိုင်စင်သည် မွန်ပြည်နယ်အတွင်းသာ သွားလာခွင့်ရှိသည်။

ယခုပြုလုပ်ပေးနေသည့် (၁၇/ယ) လိုင်စင်ပြုလုပ်ခ အဆမတန်များနေသည့်အတွက် ထိုလိုင်စင်ကို ပြုလုပ်သူနည်းပါးနေသည်ဟု သိရသည်။

“လိုင်စင်လုပ်ခကတော့ ဆိုယ်ကယ်တစ်စီးစာဝယ်တဲ့ဈေးနှုန်းနဲ့ သိပ်မကွာဘူး၊ အဲကြောင့်မို့ လုပ်တဲ့လူတွေနည်းတယ်၊ မလမလုပ်တုန်းကတော့ သိပ်များတော့ လုပ်တဲ့လူတွေ တိုးနေရောပဲ၊ အခုဆို
သူတို့စလုပ်ပေးတဲ့ ဒီဇင်ဘာ ၁ ရက်နေ့မှာဆိုရင် ၃/၄ ယောက်လောက်ပလ
ဲာလုပ်တယ်” ဟု (၁၇/ယ) လိုင်စင်ကို ကိုယ်တိုင်သွားလုပ်ခဲ့သူတစ်ဦးက ပြောသည်။

ယခုအသစ်ပြုလုပ်ပေးနေသည့် (၁၇/ယ) လိုင်စင်ကို မွန်ပြည်နယ်အတွင်း မော်လမြိုင်မြို့တစ်နေရာ၌သာ ပြုလုပ်ပေးမည်ဖြစ်ပြီး၊ နယ်မှ ၄င်းလိုင်စင်ကို ပြုလုပ်ချင်သူများလည်း မော်လမြိုင်မြို့ပေါ်၌သာ
လာရောက် ပြုလုပ်ရမည် ဖြစ်သည်။

(၁၇/ယ) လိုင်စင်ပြုလုပ်ရာတွင် မော်တော်ဆိုင်ကယ် (Model) ပေါ် မူတည်ပြီး ငွေကြေးကုန်ကျမည် ဖြစ်သည်။ ၂၀၀၆ ခုနှစ်မှ
ယခုချိန်ထိ အသစ်ပေါ်သည့် ဆိုင်ကယ်များကို (၆၂၀၀၀၀) ကျော် ကုန်ကျမည် ဖြစ်ပြီး၊ ၂၀၀၆ မတိုင်ခင်က ပေါ်သည့်
ဆိုင်ကယ်များကို (၃၀၀၀၀၀) နှင့် (၄၀၀၀၀၀) ကြား ကုန်ကျမည် ဖြစ်သည်။

“အကုန်သွားလို့ရတယ်ဆိုတာက ဟုတ်ပါပြီး၊ လုပ်ခကများနေတော့ ဘယ်သူမှမလုပ်ချင်ကြဘူး၊ လုပ်တဲ့လူတွေ မရှိသလောက်ကို


နည်းတာ၊ မနှစ်က မလမလုပ်တုန်းကနဲ့စာရင်ပေါ့” ဟု အထက်ပါ လိုင်စင်လုပ်ခဲ့သူက ဆက်ပြောသည်။

မလမလိုင်စင် ပြုလုပ်ထားသူများလည်း (၁၇/ယ) လိုင်စင် ပြုလုပ်နိုင်ပြီး၊ မလမလိုင်စင်ရှိသူတို့က (၁၇/ယ) လိုင်စင်


ပြောင်းလဲပြုလုပ်ရန်အတွက် ငွေ (၂၅၀၀၀) ကျပ် ကုန်ကျမည် ဖြစ်သည်။

(၁၇/ယ) လိုင်စင်ကိုလုပ်သူနည်းသည့်အတွက် အချို့မြို့ပေါ်ရှိ မော်တော်ယာဉ်ထိန်းသိမ်းရေးအဖွဲ့ (မော်တော်ဘီကယ်) တို့က


ဖြတ်သန်းသွားလာနေသည့် ဆိုင်ကယ်များကို ရပ်ခိုင်းပြီး လိုင်စင်ရှိမရှိ စစ်ဆေးနေသည်။ လိုင်စင်မရှိသူများကို ငွေ (၅၀၀၀)
ကျပ်ပေးဒဏ်တပ်ပြီး လိုင်စင်လုပ်ရန်လည်း ညွှန်ကြားထားသည်။

မွန်လူငယ်တစ်ဦးက “အခုဆို မော်တော်ဘီကယ်တွေက ဖမ်းနေပြီ၊ ဖမ်းမိရင်တော့ ဒဏ်ငွေဆောင်ရတယ်၊ ဒဏ်ငွေကတော့


လစ်ရင်လစ်သလိုပ၊ဲ တချို့ဆို (၅၀၀၀) (၁၀၀၀၀) (၂၀၀၀၀) ထိကို သူတို့တောင်းတယ်၊ အဓိကကတော့ ဆိုင်ကယ်သမားတွေ
လိုင်စင်လုပ်ဖို့ ဒီလိုဖမ်းတာပဲ” ဟု ပြောသည်။

ဒေသခံအများစုက ယခုပြုလုပ်သည့် (၁၇/ယ) လိုင်စင်အသစ်ကို မပြုလုပ်လိုကြောင်း ပြောဆိုနေကြသည်။

“ဒီလောက်များတဲ့ပိုက်ဆံအကုန်ကျခံပြီးတော့ လိုင်စင်လုပ်ရတာ ဘယ်သူမှမလုပ်ချင်ကြဘူး၊ လိုင်စင်လုပ်ထားပေမယ့်လည်း တခါတလေ သွားလာလို့ရှိရင် မော်တော်ဘီကယ်တွေက ရစ်တာပဲ၊


ငွေတောင်းစားတာပဲ၊ တခုမဟုတ်တခု အကြောင်းရှာပြီးတော့ တောင်းတာပဲ၊ အဲဒီတော့ လိုင်စင်လုပ်ထားလည်း အလကားလို ဖြစ်နေတယ်” ဟု ဒေသခံတစ်ဦးက ပြောသည်။

ယမန်နှစ်နှင့်မတူ စပါးဈေး ထိုးတက်


Tue 08 Dec 2009, ခတ္တာနန်း
ယခုနှစ် ကောက်သစ်ပေါ်ချိန်တွင် ယမန်နှစ်ကထက် စပါးဈေး ထက်ဝက်နီးပါး ထိုးတက်သွားကြောင်း ဒေသခံ လယ်သမားတို့၏ ပြောပြချက်အရ သိရသည်။

လက်ရှိပေါက်ဈေးအရ စပါးတင်းတစ်ရာလျှင် ၇ သိန်းကျော်ရှိပြီး၊ ယမန်နှစ်ဈေးမှာ ၄ သိန်းကျော်သာ ရှိသည်ဟု မုဒုံမြို့နယ်၊ ကမာဝက်ကျေးရွာမှ ဒေါ်ငွေအိမ်က ပြောသည်။

၎င်းက “တချို့ကတော့ အခုမှ ရိတ်သိမ်းခါစပဲ ရှိတယ်၊ စပါးသစ်တောင် ကောင်းကောင်းမထွက်သေးဘူး၊ တချို့နေရာတော့ ရိတ်ပြီးသလောက်တော့ ရှိပြီ၊ စပါးဈေးကတော့ ဒီထက်တက်ဖို့ အလားအလာ
ရှိဦးမယ်လို့ ထင်တာပဲ” ဟု ပြောသည်။

“စပါး ၉ ဧက စိုက်ထားတာ ၂ ဧက လောက်က ပိုးထိထားတယ်၊ ဒီနှစ်မှာ စပါး တင်း ၂၀၀ လောက်ပဲ ရမယ်ထင်တယ်၊ တချို့ဆို သုံးပုံတစ်ပုံလောက်ပဲ ကျန်တယ်၊ စပါးဈေးတက်တာ လယ်သမားတွေအတွက်
ကောင်းပေမယ့် စပါးဝယ်စားရတဲ့ လူတွေအတွက်တော့ အခက်အခဲဖြစ်ကြမယ်” ၄င်းက ဆက်ပြောသည်။

ကရင်ပြည်နယ်ဘက်တင
ွ် စပါးခင်းများ ပိုးဖျက်ဆီးထားခြင်း မရှိသော်လည်း ရေးကြီးဒဏ်ကြောင့် စပါးပင်များ ပျက်စီးပြီး၊ စပါးအထွက်နှုန်း ထက်ဝက်နီးပါး လျော့ကျသွားကြောင်း သိရသည်။

“ငါတို့ဘက်မှာတော့ ပြီးခဲ့တဲ့နှစ်မှာတော့ ကမာကြီးက ၅ သိန်းကျော်ပ၊ဲ အခုဆိုရင် ၇ သိန်းတောင် ဖြစ်သွားတယ်၊ တန်ဆောင်မုန်းလကတည်းက စတက်တာပဲ၊ နောက်ထပ် တက်ဖို့လည်း ရှိတယ်” ဟု
ကရင်ပြည်နယ် ကော့မိတ်ရွာ ခံတစ်ဦး၏ ပြောပြချက်အရ သိရသည်။

မွန်ပြည်နယ်၊ ကရင်ပြည်နယ်နှင့် ဧရာဝတီတိုင်း အစရှိသည့်ဒေသတို့မှ စပါးပင်များ ကြွက်ကိုက် ခံရခြင်း၊ ရေးကြီးဒဏ် ခံရခြင်း၊ ပိုးကျသည့်ဒဏ် ခံရခြင်းတို့ကြောင့် ယခင်နှစ်ထက် စပါးအထွက်နှုန်း
ထက်ဝက်နီးပါး လျှော့ကျသွားပြီး ယခုက့သ
ဲို့ စပါးဈေး အဆမတန် မြင့်တက်လာခြင်း ဖြစ်နိုင်သည်ဟု လယ်သမားများက ထင်မြင်ချက် ပေးကြသည်။

၂၀၀၉-၂၀၁၀ ခုနှစ်အတွင်း စပါးတန်ချိန် တစ်သန်းကျော် နိုင်ငံခြားသို့ တင်ပို့ရန် လျာထားပြီး ဖြစ်ကြောင်း၊ စက်တင်ဘာလအထိ တန်ချိန် ၅ သိန်းကျော် တင်ပို့ ပြီးပြီ ဖြစ်ကြောင်း မြန်မာတိုင်းမ်ဂျာနယ်တွင်
ဖော်ပြထားသည်။

လျာထားချက်အတိုင်းသာ နိုင်ငံခြားသို့ တင်ပို့ပါက ပြည်သူများအတွက် အလွန်ကြပ်တည်းသော အခြေအနေသို့ ရောက်နိုင်ဖွယ်ရှိသည်ဟု အသက် ၈၀ ကျော် မုဒုံမြို့နယ် လယ်ပိုင်ရှင်တစ်ဦးက ဆိုသည်။

ရာသီဥတု ဖေါက်ပြန်မူဒဏ် ဆိုးရွားစွာခံရသည့် နိုင်ငံများထဲတင


ွ် မြန်မာ ဒုတိယ နေရာတွင်ရှိ

12/9/2009

ဆယ်စုနှစ်ကာလ ၂ ခုအကြား ရာသီ ဥတုဖေါက်ပြန်မူ ဒဏ်ကို ဆိုးရွားစွာခံရသည့် နိုင်ငံများထဲတင


ွ် မြန်မာနိုင်ငံမှာ ဒုတိယ နေရာတွင် ရှိကြောင်း ကိုပင်ဟေဂန် ညီလာခံ ဒုတိယနေ့မှ ထွက်ပေါ်လာသော
အစီရင်ခံစာ တစောင် အရ သိရသည်။

၁၉၉၀ ခုနှစ်မှ ၂၀၀၈ ခုနှစ်အတွင်း ရာသီ ဥတုဖေါက်ပြန်မူဒဏ်ကို ကြီးမားစွာခံစားခဲ့ရသော နိုင်ငံ (၁၀) နိုင်ငံ စာရင်းထဲတွင် ဘင်္ဂလာဒေခ်ျ့ နိုင်ငံ ပြီးလျှင် မြန်မာနိင်ငံ ဖြစ်သည်ဟု အဆိုပါ အစီရင်ခံစာ
ဖေါ်ပြသည်။

အဆိုပါ နိုင်ငံများ စာရင်းကို ဘာလင် အခြေစိုက် Germanwatch မှ ထုတ်ပြန်သော ‘Global Climate Risk Index 2010’ အစီရင်ခံစာတွင် ဖေါ်ပြသည်။
အဆိုပါ အဖွဲ့ မှ ထုတ်ပြန်သော ရာသီဥတု ဖေါက်ပြန်မူဒဏ်ကို အဆိုးရွားဆုံးခံခဲ့ရသော နိုင်ငံ ၁၀ ခုကို နံပတ်စဉ် အလိုက် ဖေါ်ပြရာ အဆိုပါ နိုင်ငံများမှာ ဘင်္ဂလာဒေခ်ျ့၊ မြန်မာ၊ ဟွန်ဒူရပ်၊ ဗီယက်နမ်၊
နီကာရာဂွာ၊ ဟေတီ၊ အိန္ဒိယ၊ ဒိုမီနီကန် ရီပါပလီကင်၊ ဖိလစ်ပိုင်နှင့် တရုတ်ပြည်တို့ ဖြစ်သည်။

အဆိုပါ အစီရင်ခံစာ အရ ၁၉၉၀ ခုနှစ်မှ ၂၀၀၈ ခုနှစ်အတွင်း ရာသီဥတု ဖေါက်ပြန်လဲမူ ဒဏ်ကြောင့် ကမ္ဘာ အ၀န်းတွင် လူပေါင်း ၆၀၀၀၀၀ ခန့် သေဆုံးပြီး ရာသီဥတု ဖေါက်ပြန်မူကြောင့် ရေလွှမ်းမိုးမူ၊
မုန်တိုင်း တိုက်ခတ်မူ မိုးခေါင်ရေရှားမူ စသည့် ကပ်ဘေးများ အနည်းဆုံး အကြိမ် ၁၁၀၀၀ ထက်မနည်း ပေါ်ပေါက်ခဲ့သည်ဟု ဖေါ်ပြသည်။

အစီရင်ခံစာက ၂၀၀၈ ခုနှစ် မေလ အတွင်းက မြန်မာနိုင်ငံတင


ွ် တိုက်ခတ်သွားသော နာဂစ် မုန်တိုင်းကို ဖေါ်ပြပြီး ဒေသတခုလုံး၏ ၉၀ ရာခိုင်နုန်းကျော် ပျက်စီး သွားခဲ့သည်ဟု ဖေါ်ပြသည်။

မြန်မာနိုင်ငံတင
ွ် လက်ရှိ စစ်အစိုးရမှ ရေကာတာများ တည်ဆောက်ခြင်၊ သစ်တောများကို ခုတ်လှဲရောင်းချခြင်း၊ ရေနံနှင့် သဘာဝ ဓါတ်ငွေ့များ တင်ပို့ရန် ပိုက်လိုက်များ ဖေါက်လုပ်ခြင်းတို့ကြောင့်
မြန်မာနိုင်ငံ၏ သဘာဝ ပတ်ဝန်းကျင်များ အကြီးအကျယ် ပျက်စီးလျက် ရှိနေကြောင်း သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းသူများ အပြောအရ သိရသည်။

ကိုပင်ဟေဂင်တွင် ပြုလုပ်နေသော ကမ္ဘာကြီး ပူနွေးလာမူ တားဆီးရေး ညီလာခံတွင် ကမ္ဘာကြီး ပူနွေးလာမူကို အဓိက ဖြစ်စေသော ဖန်လုံအိမ် ဓါတ်ငွေ့ လျော့ချရေးကို နိုင်ငံ ခေါင်းဆောင်များက
ဆွေးနွေးလျက် ရှိသည်။

ကိုပင်ဟေဂန် ညီလာခံကို နိုင်ငံပေါင်း ၁၉၂ နိုင်ငံက ကိုယ်စားလှယ်များ တက်ရောက်နေပြီး ဒီဇင်္ဘာ ၇ ရက်နေ့မှ ၁၉ ရက်နေ့ထိ ကျင်းပမည် ဖြစ်သည်။

နေပြည်တော် အထူးတပ်ဖွဲ့ မှ အခွန်အကောက်ကြမ်း၍ ဒေသလုပ်ငန်းရှင်များ ဒုက္ခရောက်

12/9/2009

မောင်အေး(နိရဉ္စရာ) ရခိုင်ပြည်နယ် သံတွဲနှင့် ဂွမြို့နယ်တို့တွင် နေပြည်တော် အထူးတပ်ဖွဲ့ မှ သစ်လုပ်ငန်းရှင်များနှင့် ရေလုပ်ငန်းရှင်များထံမှ အခွန်များ လာရောက် ကောက်ခံနေသဖြင့် လုပင
် န်းရှင်များ အထူး
ဒုက္ခရောက်နေကြရသည်။

“ ယခုလ ၁ ရက်နေ့မှစပြီး လုပ်ငန်းအလိုက် အခွန်ငွေတွေကို နေပြည်တော် အထူးတပ်ဖွဲ့ က လာရောက် ကောက်ခံနေပါတယ်။ နိုင်ငံတော် အတွက်လား ကိုယ်ကျိုး အတွက်လား ဆိုတာကိုတော့
ပြောဖို့ခက်ပါတယ်” ဟု ဒေသခံ စီးပွားရေး လုပ်ငန်းရှင် တဦးက ပြောသည်။

ယခုငွေကောက်ခံသည့် တပ်ဖွဲ့ ကို ပြည်သူများက နေပြည်တော် အထူးတပ်ဖွဲ့ ဟု လူသိများပြီး ပုသိမ်တွင် အခြေစိုက်သည့် အနောက်တောင်တိုင်းမှ ဗိုလ်မှူးချုပ်မျိုးသန့်က ဦးဆောင် သည်ဟု သိရသည်။
လက်အောက်ခံရုံးများကို ရခိုင်ပြည်နယ် တောင်ကုတ်မြို့နှင့် ဧရာဝတီတိုင်း ပုသိမ်တင
ွ် ဖွင့်လှစ်ထားပြီး ရေလုပ်ငန်းရှင်များထံမှ အခွန်များ ကောက်ခံသည်ဟု ဆိုသည်။

ယခုလ ၁ ရက်နေ့က ဂွမြို့နယ် တိုင်ကျိုးကျေးရွာမှ သစ်လုပ်ငန်း ရှင်များနှင့် ရေလုပ်ငန်းများထံမှ ငွေကောက်ခံသွားခဲ့သည်ဟု ဒေသခံ တဦးက ယခုကဲ့သို့ပြောသည်။

“ကျွန်တော်တို့ရွာက သစ်ဆိုင်းတဆိုင်းကို ၁ သိန်း၊ ဘင်္ဂလာဘက်ကိုသွားတဲ့ မော်တော် ဘုတ်တစီးကို ၁ သိန်း ကျစီ ကောက်ခံသွားပါတယ်။ ငါးဖမ်းလှေ တွေကိုကျတော့ အကြီး အငယ်အလိုက် ကျပ် ၃၀၀၀၀
ကနေ ၅၀၀၀ကျပ်အထိ ကောက်ပါတယ်။”

အဆိုပါ အဖွဲ့ သည် ယခုလ ၃ ရက်နေ့ကလည်း သံတြွဲ မို့နယ် ကင်းမော်ကျေးရွာ၊ ဂျိတ်တော ကျေးရွာနှင့် ဆင်ခေါင်းကျေးရွာရှိ လုပ်ငန်းရှင်များထံမှ သစ်ဆိုင်း တဆိုင်းကို ကျပ်ငွေ ၁ သိန်း၊ ငါးဖမ်းလှေ တစီးကို
ကျပ် ၅၀၀၀၀ နှင့် ဘင်္ဂလာဒေခ်ျ့ဘက် သို့ နွားတင်ပို့သည့် မော်တော် ဘုတ်တစီးကို ၁ သိန်းကျပ်နှုန်းဖြင့် ကောက်ခံသွားကြောင်း သိရသည်။

“သူတို့တောင်းတာမပေးရင် ငါးဖမ်းလှေတွေ ပင်လယ်မထွက်ရဘူး၊ သစ်သမားတွေ ဆိုလည်း လွှတောင် မကိုင်ရဘူးလို့ ပြောထားပါတယ်။ ရှိလို့ ပေးတာတော့ မဟုတ်ပါဘူး။ အလုပ်မရှိမှာကို
ကြောက်လို့ပေးနေရတာ ဖြစ်ပါတယ်။ ငါးလုပ်ငန်း၊ သစ်လုပ်ငန်း တွေကလည်း အရင်နဲ့ စာရင် အမြတ်နည်းလာပါတယ်။ ခုလို အခက်ကြုံနေရချိန်မှာ အခွန်ဆိုပြီး တခါ မပေးမနေရ ပေးနေရတော့ လူတွေက
ပိုဒုက္ခ ဖြစ်လာကြတာပါဘဲ” ဟု သူက ဆက်ပြောသည်။

ယခု အခွန်ငွေ ကောက်ခံနေသည့် ဗိုလ်မှူးချုပ် မျိုးသန့်တို့အဖွဲ့ သည် ရခိုင်ပြည်နယ် ကျေးလက်နေရာ အနှံ့အပြားသို့ သွားရောက်ပြီး စက်လှေ၊ သစ်စက်နှင့် ငါးလုပ်ငန်းရှင်များထံမှ အခွန်များ
ကောက်ခံနေပြီး နိုဝင်္ဘာလ ၁၀ ရက် နေ့ကလည်း ကျောက်ဖြူမြို့နယ်အတွင်း ဒေသခံများ ပိုင်ဆိုင်သည့် လက်ယက်ရေနံ တွင်းများကို တရုတ် ရေနံကုမ္ပဏီတခု အတွက် သိမ်းဆည်းသွားခဲ့သည်ဟု
သိရသည်။

၂၀၀၈ ခုနှစ် မြန်မာ့ ရုပရှ


် ရင
ှ် ထူးချွန်ဆု ( အကယ်ဒမီ ) ချီးမြှင့် ခြင်းအား ၂၀၁၀ နှစ်ဦးပိုင်း ကာလ တွင် ကျင်းပ မည်ဟု ပရိသတ်များ မျော်လင့် လျက်ရှိ

၂၀၀၈ ခုနှစ် မြန်မာ့ရုပ်ရှင် ထူးချွန်ဆု (အကယ်ဒမီ) ချီးမြှင့်ခြင်းအား ၂၀၁၀ နှစ်ဦးပိုင်း ကာလတွင် ကျင်းပ မည်ဟု ရုပ်ရှင် ချစ်ပရိသတ်များက မျော်လင့် စောင့် စားလျက်ရှိကြောင်း သတင်း ရရှိသည်။
မြန်မာ့ရုပ်ရှင် ထူးချွန်ဆု(အကယ်ဒမီ) ချီးမြှင့်ခြင်း အား နှစ်စဉ် နှစ်ကုန်ပိုင်း(သို့မဟုတ်) နှစ်ဦးပိုင်းကာလများ၌ ပြုလုပ်လေ့ ရှိသောကြောင့် ပရိသတ်များ အနေဖြင့် ၂၀၀၈ ခုနှစ်အတွက် ချီးမြှင့်ပေးအပ်မည့်
အကယ်ဒမီ ထူးချွန်ဆုပေးပဲက
ွိုလည်း ၂၀၁၀ နှစ်ဦးပိုင်းတွင် ကျင်းပမည်ဟု ပရိသတ်များမှ မျော်လင့်စောင့်စား နေကြခြင်းဖြစ်သည်။

ယခုနှစ်အတွက် မြန်မာ့ ရုပ်ရှင်ထူးချွန်ဆု(အကယ်ဒမီ)ဆုအတွက် ရုံတင်ပြသခဲ့သည့် ရုပ်ရှင်ဇာတ်ကား ၁၂ ကားရှိပြီး ယင်းဇာတ်ကားများ တွင် အချစ်၊ ဟာသ၊ ဒရာမာဇာတ် ကား အမျိုးအစားများ ပါဝင်သည်ဟု
သိရသည်။ ၂၀၀၈ ခုနှစ် အကယ်ဒမီ ဆုပေးပွဲအတွက် စင်မြင့်တည်ဆောက်ရန်နှင့် မီးအလှပြုပြင်ခြင်းများအတွက် တင်ဒါများအား အောက်တိုဘာလ အတွင်း စတင်ခေါ်ယူလျက်ရှိပြီး စင်မြင့်
တည်ဆောက်ရန်အတွက်နှင့် မီး အလှပြုပြင်ခြင်းအတွက် နှစ်ဦးစီတင် သွင်းထားခဲ့ရာ ရွေးချယ်ခံရသူကို ကြေညာခြင်း မပြုသေးဟု သိရသည်။

''ဒီဇင်ဘာလ ရောက်ပြီဆိုရင် အကယ်ဒမီရာသီ ရောက်ပြီလို့ စိတ်ထမ


ှဲာ ခံစားမိတယ်။ အကယ်ဒမီက ဟိုးအရင် ကတည်းကလည်း အခုလို နှစ်ကုန်ပိုင်း ဒါမှမဟုတ် နောက်နှစ် နှစ်ဦးပိုင်းမှာ
ပေးတတ်တယ်ဆိုတော့ အခုလည်း သိပ်မကြာခင် ကျင်းပမယ်လို့ မျော်လင့်နေကြတာပဲလေ။ မြန်မာ ပရိသတ်တွေက ရုပ်သံအစီအစဉ် တွေကို ပိုကြိုက်တယ် ဆိုပေမယ့် ရုပ်ရှင်ကားတွေထဲက ရွေးချယ်ပေးတဲ့
အကယ်ဒမီကိုလည်း စိတ်ဝင်စားကြတာပါ''ဟု ရုပ်ရှင်ချစ် ပရိသတ်တစ်ဦး က ပြောပြခဲ့သည်။

ထို့အပြင် ''အကယ်ဒမီစင်မြင့် တည်ဆောက်ဖို့တို့ မီးအလှပြုပြင်ဖို့တို့ကိုတော့ တင်ဒါတွေကို နှစ်စဉ်ခေါ်နေကျအတိုင်း စပြီးခေါ်ယူထားပြီးပါပြီ။ ရွေးချယ်မှုတွေကိုတော့ ပြုလုပ်နေဆဲ ပါပဲ''ဟု
မြန်မာ့ရုပ်ရှင်လုပ်ငန်းမှ တာဝန်ရှိသူတစ်ဦးက ပြောပြခဲ့သည်။ ၂၀၀၈ ခုနှစ်အတွက် မြန်မာ့ ရုပ်ရှင်ထူးချွန်ဆု (အကယ်ဒမီ) ချီးမြှင့်ခြင်းအား ယခင်နှစ်များကဲ့သို့ပင် နေပြည်တော်တွင် ပြုလုပ်ရန်
စီစဉ်ထားသည်ဟု သိရသည်။

ထို့အပြင် အကယ်ဒမီ ဆုပေးပွဲသို့ တက်ရောက်မည့် ၀တ်စုံများ အတွက် ကြိုတင်ပြင်ဆင်မှု အချို့အား အနုပညာရှင်များမှ စတင်ပြုလုပ်လျက် ရှိနေပြီ ဖြစ်သည့်အပြင် အကယ်ဒမီ ဗန်းကိုင်များနှင့်
အနုပညာရှင်များ အတွက် ပဲတ
ွ က်ဝတ်စုံများကို တာဝန်ယူ ဖန်တီးပေးနိုင်ရန် ဒီဇိုင်နာအချို့မှ လည်း စီစဉ်လျက်ရှိသည်ဟု စုံစမ်း သိရှိရသည်။
မြန်မာအမျိုးသမီးအသင်း ဗီယက်နမ် နှင(့် ၁)ဂိုးစီသရေ ကျ (၃) ပွဆ
ဲ က် သရေပွ
သရေပွဲ ကြုံတွေ့ပြီး အုပ်စု တက်ရန် အလား အလာ မှေးမှိန်

( ၂၅ ) ကြိမ်မြောက် လာအို ဆီးဂိမ်းစ် ပြိုင်ပွဲ ၏ အမျိုးသမီး ဘောလုံး ပြိုင်ပွဲ အုပ်စု ပတ်လည် ပွဲစဉ် များကို ပြီးခဲ့သည့် ဒီဇင်ဘာလ ( ၈ ) ရက်က ဆက်လက် ကျင်းပ ပြုလုပ် ခဲ့ရာ မြန်မာ အမျိုးသမီး ဘောလုံး
အသင်း သည် ဗီယက်နမ် အမျိုးသမီး အသင်းနှင့် (၁-၁)ဂိုးစီ သရေ ကျသွား သည်။

မြန်မာအမျိုးသမီးအသင်း သည် ဗီယက်နမ် အသင်းနှင့် သရေကျခဲ့သောကြောင့် (၃)ပွဆ


ဲ က်သရေပွဲ ကြုံတွေ့ပြီး အုပ်စုတက်ရန် အလားအလာ မှေးမှိန်သွားခဲ့ကြောင်း လည်းသိရသည်။ မြန်မာအသင်းသည်
ဗီယက်နမ်အသင်းကို အနိုင်ရရှိပါက အုပ်စုတက်ရန် မျော်လင့်နိုင်မည်ဖြစ် သော်လည်း သရေကျခဲ့သောကြောင့် ဗိုလ်လုပွဲတက်ရန် မသေချာတော့ဘဲ လက်ရှိချန်ပီယံ ထိုင်းအသင်းနှင့် ဗီယက်နမ်အသင်းတို့မှာ
အုပ်စုတက်ရန် အလားအလာ ကောင်းသွားပြီ ဖြစ်ကြောင်း သိရသည်။

ဗီယက်နမ် အသင်းနှင့်ပတ
ွဲင် မြန်မာအသင်းသည် လူစုံထုတ်ပြီး ယှဉ်ပြိုင်ကစားခဲ့သော်လည်း ခြေစွမ်းပြနိုင်ခြင်း မရှိဘဲ နောက်မှလိုက် ကစားခဲ့ရသည်။ (၅၅)မိနစ်တွင် ကင်ချီက ပြစ်ဒဏ်ဘောမှတစ်ဆင့်
ဗီယက်နမ် အသင်းအတွက် အဖွင့်ဂိုး စတင်သင
ွ်းယူခဲ့ပြီး မြန်မာအသင်းအတွက် ချေပဂိုးကိုမူ (၇၆)မိနစ်တွင် ပယ်နယ်တီ မှတစ်ဆင့် နောက်ခံလူမိုးမိုးဝါက ပြန်လည်သင
ွ်းယူပေးခဲ့သည်။

ဒုတိယ ပွဲစဉ်တင
ွ် ထိုင်းအသင်း က အိမ်ရှင် လာအိုအသင်းကိ(ု ၄-၁) ဂိုးဖြင့် အနိုင် ရရှိ သွားခဲ့သည်။ လက်ရှိ ချန်ပီယံ ထိုင်းအသင်း သည် (၃)ပွဲကစားပြီး၌ (၂)ပွဲနိုင်၊ (၁)ပွသ
ဲ ရေ၊ (၇) မှတ်ရရှိကာ အုပ်စုတက်ရန်
သေချာသလောက် ရှိသွားပြီဖြစ်သည်။ (၃)ပွဲ ဆက်သရေကျခဲ့သော မြန်မာအသင်း မှာ မလေးရှားအသင်းနှင့် ကစားရန် ကျန်ရှိသေးသော်လည်း အုပ်စုတက်ရန် ဗီယက်နမ်နှင့် လာအိုအသင်းတို့၏ ရလဒ်များကို
စောင့်ကြည့်ရမည် ဖြစ်သည်။ မြန်မာအသင်းသည် အုပ်စု နောက်ဆုံးပွဲစဉ်အဖြစ် ဒီဇင်ဘာလ (၁၃)ရက်တွင် မလေးရှားအသင်းနှင့် ယှဉ်ပြိုင် ကစားရမည် ဖြစ်ကြောင်း သိရသည်။

\မြေပုံမြို့ကမ်းထောင်းကြီးကျေးရွာအနီးရှိ ပုစန
ွ်ကန်တသ
ဲို့ ၀င်ရောက်ဓါးပြတိုက်သူများကို ဖမ်းဆီး

December 09, 2009 By: moe moe kyaw Category: သတင်း

ရခိုင်ပြည်နယ်၊ မြေပုံမြို့နယ်၊ ကမ်းထောင်းကြီးကျေးရွာအနီးရှိ ပုစန


ွ်ကန်တအ
ဲ တွင်း ၀င်ရောက်ဓါးပြတိုက်သူ များအား အချိန်တိုအတွင်း ကမ်းထောင်းကြီးရဲစခန်းမှ ဖမ်းဆီးနိုင်ခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ နိုဝင်ဘာလ ၂၁ ရက်နေ့ ညသန်းခေါင်ကျော်အချိန်တွင် ပုစွန်ကန်တအ


ဲ တွင်းသို့ တုတ်၊ ဓါးများ ကိုင်ဆောင်ထားသည့် လူတစ်စုဝင်ရောက်လာပြီး ကိုညီညီ(၂၆)နှစ်နှင့် အတူရှိနေသူ ခြောက်ဦးအား
ခြိမ်းခြောက်ကာ ပုစန
ွ်ရောင်းရငွေများနှင့် ပုစွန်များ(စုစုပေါင်းတန်ဖိုး ကိုးသန်းရှစ်သောင်းကျပ်)ကို ယူဆောင်သွား ခဲ့ကြောင်း သိရသည်။

သို့အတွက် ကိုညီညီက အမှုဖွင့်တိုင်ကြားရာ ကမ်းထောင်ကြီးရဲစခန်းမှ (ပ)၅၈/၂၀၀၉၊ ပြစ်မှုဆိုင်ရာ ပုဒ်မ ၃၉၅/၄၂၇ ဖြင့် အမှုဖွင့်ခဲ့ပြီး စခန်းမှူးရဲအုပ်သိန်းဝင်းက အမှုစစ်အဖြစ်တာဝန်ယူ စစ်ဆေးခဲ့သည်။

ထို့နောက် လိုအပ်သည်များကို ဆက်လက်ဆောင်ရက


ွ်ခဲ့ရာ ည ၁၁ နာရီအချိန်တင
ွ် ပေါက်တူးတောင် ကျေးရွာ လမ်းမပေါ်၌ မြေပုံမြို့နယ်၊ သရက်တောင်ကျေးရွာနေ အောင်သာထွန်း(ခ)မျိုးမင်းသူ (၃၂ နှစ်)၊
သန်းမောင်(၂၆ နှစ်)၊ စက်ခွေရွာ နေ အာဒါချေ (ခ) ကျော်သိန်း (၃၂ နှစ်) နှင့် သန်းထွန်း (၂၈ နှစ်) တို့အား ဖမ်းဆီးရရှိခဲ့ပြီး ဆက်လက်စစ်ဆေးမှုများအရ စက်ခွေရွာနေ စောသိန်းထွန်း(ခ)ကိုကြီး (၂၉ နှစ်)၊
မောင်လှညွှန့် (၂၈ နှစ်)နှင့် ငမဲကြီး (၂၉ နှစ်) တို့ပါဝင်ကြောင်း စစ်ဆေးသိရှိခ့သ
ဲ ည်။

ဖမ်းဆီးရမိသော တရားခံလေးဦးထံမှ ဓါးပြတိုက်ယူဆောင်သွားသော သက်သေခံပစ္စည်းများရရှိသကဲ့သို့ တိုက်ရာပါပစ္စည်းများကိုလည်း လက်ခံထားသူများ၏ နေအိမ်မှ သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။

ယင်းနောက် အမှုတင
ွ် ပါဝင်ပတ်သက်ခ့သ
ဲ ည့် စောသိန်းထွန်း(ခ)ကိုကြီး၊မောင်လှညွှန့်နှင့် ငမဲကြီးတို့အား ကမ်းထောင်းကြီးရဲစခန်းမှ စခန်းမှူးရဲအုပ်သန်းဝင်း ဦးဆောင်သောအဖွဲ့နှင့် နယ်ထိန်းဒုရဲအုပ်
ထွန်းအောင်ကျော် ဦးဆောင်သောအဖွ့တ
ဲို့က လိုက်လံစုံစမ်းဖမ်းဆီးလျက်ရှိကြောင်း သိရသည်။

သားကြီးမြတ်(စစ်တွေ) Weekly Eleven News Journal

မောင်တောမြို့နယ်မြောက်ပိုင်းရှိ သက်ငယ်ခင်းများအား တောဆင်ရိုင်းများဖျက်ဆီး

December 09, 2009 By: moe moe kyaw Category: သတင်း

ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်မြောက်ပိုင်းရှိ စိုက်ပျိုးထားသော သက်ငယ်(သက်ကယ်)ခင်းများအား တောဆင်ရိုင်း များလာရောက်ဖျက်ဆီးသဖြင့် အခက်ကြုံနေရသည့်အပြင် အိမ်မိုးရန်သက်ကယ်များ


လုံလောက်မှု ရရှိရေးအတွက် ဒေသခံများ စိုးရိမ်နေကြကြောင်းသိရသည်။

ကြိမ်ချောင်း အထက်ပိုင်းဒေသသည် အိမ်မိုးရာတွင် သက်ကယ်များကိုသာ အဓိကအသုံးပြုကြပြီး ဒီရေမရောက်သဖြင့် ဓနိတောများမရှိသည့် ဒေသလည်းဖြစ်ကြောင်း သိရသည်။သက်ကယ်ခင်းများကို


တောတောင်များတွင် စိုက်ပျိုးထားရသဖြင့် ဆင်များလာရောက်ဖျက်ဆီးရန် အခွင့်အခါကောင်းဖြစ်ရာ ပြုစုထားသော သက်ကယ်ခင်းများမှ သက်ကယ်များ ရိတ်သိမ်းချိန်မတိုင်မီကပင် ပျက်ဆီးနေပြီဖြစ်ကြောင်း၊
ဆင်ရိုင်းများသည် သက်ကယ်ခင်းများတွင် လာရောက်စားသောက်တတ်သည့်အတွက် ပျက်စီးခြင်း ဖြစ်သည့်အပြင် ခြေဖြင့်နင်းခြေမှုများကြောင့်လည်း ပိုမိုပျက်စီးရသည်ဟု သိရသည်။

“ဆင်တွေက သက်ကယ်တွေကို စားတာထက် နင်းတာကပိုများတယ်။ ဒီဒေသမှာက အိမ်ခေါင်မိုးကို သက်ကယ်တွေပသ


ဲုံးကြတော့ သက်ကယ်မထွက်ရင် အိမ်မိုးဖို့ ဒုက္ခရောက်ကြတော့မယ်။ ပြီးတော့
သက်ကယ်မိုးက တစ်နှစ်တစ်ခါ ဒါမှမဟုတ် နှစ်နှစ်မှာတစ်ခါမိုးရတော့ ပိုပြီးတော့လိုတယ်။ ဆင်တွေက လူတွေကိုတွေ့ရင်၊ အသံကြားရင် တောနက်ထဆ
ဲ င်းသွားကြပေမယ့် ညအချိန်တွေဆို လာစားကြတာပဲ။
လူတွေကလည်း တောထဲက သက်ကယ်ခင်းတွေထက
ဲို သွားမစောင့်နိုင်မကြဘူးလေ။ ဒါကြောင့် ဒီနှစ်ထဲမှာ သက်ကယ်တစ်ထမ်း(နှစ်စီး)ကို သုံးထောင်လောက် အထိဈေးကြီးသွားနိုင်တယ်”ဟု တဖန်းသား
ကျေးရွာမှ ကိုလှဖေက ဆိုသည်။

တောဆင်ရိုင်းများသည် အုပ်စုဖ့လ
ွဲာရောက်ဖျက်ဆီးတတ်သကဲ့သို့ တစ်ကောင်ချင်းလည်း လာရောက်တတ်ကြ ကြောင်း သိရသည်။

Weekly Eleven News Journal


အကျဉ်းထောင် ထဲက အလင်းရောင်

ဇော်ဝင်း (နယူးရော့်ခ် )

မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် စစ်အစိုးရ ဆက်ဆံရေးဝန်ကြီး ဦးအောင်ကြည်တို့ ယနေ့ တွေ့ဆုံ ဆွေးနွေး ကြကြောင်း သိရှိရပါသည်။ ရန်ကုန်မြို့ရှိ အစိုးရ ဧည့်ဂေဟာတွင် ၄၅
မိနစ်ကြာ တွေ့ဆုံခ့သ
ဲ ည်ဟု အစိုးရအာဏာပိုင်များကို ကိုးကား၍ အေပီ သတင်းတွင် ဖော်ပြထားသည်ကို ဖတ်ရှုရပါတယ်။ တွေ့ဆုံဆွေးနွေးသည့် အကြောင်းအရာ အသေးစိတ်ကိုမူ မသိရှိရသေးပါ။ ယခု
တွေ့ဆုံမှုသည် မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို သြဂုတ်လအတွင်းက နေအိမ်အကျယ်ချုပ် ဖောက်ဖျက်မှုဖြင့် မတ္တရားပြစ်ဒဏ် ချမှတ်ခံရပြီးနောက် သုံးကြိမ်မြောက်
တွေ့ဆုံခြင်းဖြစ်ပါတယ်။ နအဖဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး သန်းရွှေ ကိုယ်တိုင်က မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် လုံးဝမတွေ့ဆုံ ဘဲ ဦးအောင်ကြည် ကိုသာ ကြားခံထား
ဆွေးနွေးနေသည်က တွေ ဆုံဆွေးနွေးမှု ကိုဆန္ဒမရှိကြောင်းပြသနေပါတယ်။

"ဒေါ်စု ၏ သန်းရွှေ ထံပေးစာများ ကြောင့် တွေ့ဆုံဆွေးနွေး မှုများ ဖြစ်ပေါ်လာရသည်မှာ ဖြစ်နိုင်ကြောင်း" ကိုမိုးသီးက ဆိုပါသည်။ "ဒီလိုတွေ့ ဆုံမှုဖြစ်ရတာဟာ ဒေါ်စုစာ အပေါ်မှာနအဖ က တုန်ပြန်မှုတခုလို
့ယူဆတယ်။ နောက်တခုက အမေရိကန် က အမျိုးသားပြန်လည်သင့်မြတ်ရေးလုပ်ဖို့ နအဖကိုတိုက်တွန်းထားတော့ ဒီအပေါ်မှာ သူတို့ ဖက်က တခုတခုတော့လုပ်ပြရတဲ့သဘောပါပဲ" ဟုသူကဆိုပါတယ်။

ဗိုလ်ချုပ်မှူးကြီး သန်းရွှေက မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် အား


(တစ်) ထိပ်တိုက်ရင်ဆိုင်ရေး (confrontation) ၊
(နှစ်) အလုံးစုံပျက်သုဉ်းရေး (utter devastation)၊
(သုံး) မြန်မာနိုင်ငံအား စီးပွားရေးအဆက်အသွယ် ဖြတ်တောက်ရေး ၊
(လေး) အလုံးစုံပိတ်ဆို့ရေး

စသည့် ဆောင်ရက
ွ်ပိတ်ဆို့မှု (၄) ချက်ကို သူမအနေဖြင့် စွန့်လွှတ်ကြောင်း ကြေညာရန် ဒေါ်စု မလုပ်တာတွေကို လုပ်သယောင် မတရားသဖြင့် တောင်းဆိုထားခဲ့ပါတယ်။ ထိုသို့ကြေညာမှ ဗိုလ်ချုပ်မှူးကြီး
သန်းရွှေက ဒေါ်စုကိုတွေ မယ်လို့ ဆိုပါတယ်။
တဖက်မှာ ဦးအောင်ကြည် ကို ကြားခံ ပြီး မြန်မာ့ပြဿနာ များကို ခက်ခန
ဲ က်နဲ စွာ အမြဲမပြတ် ဆွေးနွေးနေသယောင် ဟန်ရေးပြနေပြီး ၊ နအဖ စစ်အုပ်စုအနေဖြင့် အနှစ် (၂၀) ကျော်ကာလအတွင်း
ဒေါ်အောင်ဆန်းစုကြည်နှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဘက်မှ တင်ပြတောင်းဆိုသည့် ပေးစာများအပေါ် အလျင်အမြန် တုံ့ပြန်ဆောင်ရွက်ပေးခဲ့ သယောင် ခင်းကျင်းထားသည်ကို လည်းမျက်ဝါးထင်ထင်
တွေ့မြင်နေရပါတယ်။

ဆိုလိုရင်းကတော့ ဒေါ်စုက ဒီအချက် ၄ ချက်ကို စွန့် လတ


ွ်ကြောင်းအရင်ကြေညာ။ ကြေညာပြီးမှသာ သန်းရွှေကတွေ့ မယ်လို့ ဈေးဆစ်နေခြင်းဖြစ်ကြောင်း ပါခင်ဗျား။ တနည်းအားဖြင့်ပြောရရင်တော့
စစ်မှန်တဲ့ တကယ့်တွေ့ ဆုံပွဲ လုံးဝ မဖြစ်နိုင်သေးဘူးလို့ ကျနော်ယူဆပါတယ်။

မြန်မာနိုင်ငံအပေါ် အမေရိကန်နှင့် အနောက်နိုင်ငံများမှ စီးပွားရေးပိတ်ဆို့ဖြတ်တောက်မှုပြစ်ဒဏ် ချမှတ်ကျင့်သုံးခဲ့ခြင်း များမှာလည်း နအဖစစ်အုပ်စု၏ စီမံခန့်ခွဲမှု ညံ့ဖျင်းသည့် အမှားအယွင်းများ၊
လူ့အခွင့်အရေး ချိုးဖောက်မှုများ၊ ဒီမိုကရေစီအရေး လှုပ်ရှားဆောင်ရက
ွ်သူများကို အပြစ်မဲ့ ဖမ်းဆီးချုပ်နှောင် နှိပ်စက် အကျဉ်းချထားမှုများ၊ အဓမ္မ လုပ်အားခိုင်းစေမှုများ ၊တိုင်းရင်းသားလူမျိုးစုများအပေါ်
လူမျိုးတုံးသတ်ဖြတ်မှုများ၊ တိုင်းရင်းသူ များအားအဓမ္မပြုကျင့်မှုများ ကြောင့် ပိတ်ဆို့အရေးယူခဲ့ခြင်းဖြစ်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်က တော့ လေးနက် တည်ကြည်စွာ နဲ့ အချိန်ယူစဉ်စားပြီးနောက် ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၏ သူမအပေါ် အပြစ်ပုံ စွတ်စွဲ ချမှုများ ကို သူမ မပြုလုပ်ကြောင်း ဦးအောင်ကြည်မှ တဆင့်
ရှင်းလင်းပြောကြားခဲ့ပြီး သူမ၏ ဒုတိယအကြိမ်မြောက် ပေးစာတွင် အရေးယူပိတ်ဆို့ထားမှုများရုပ်သိမ်းရေးကိုထိရောက်စွာဆောင်ရွက်နိုင်ရန်အတွက်မြန်မာနိုင်ငံအပေါ်အရေးယူပိတ်ဆို့ထားမှုများအားလုံးကို
သိရှိနားလည်စေရေး၊ မြန်မာနိုင်ငံအပေါ် အရေးယူပိတ်ဆို့ထားမှုကြောင့် နစ်နာရမှုအတိုင်းအတာကို သိရှိနားလည်စေရေးနှင့် မြန်မာနိုင်ငံအပေါ် ပိတ်ဆို့မှုများ ချမှတ်နေသည့် နိုင်ငံအစိုးရများ၏ သဘောထားကို
သိရှိနားလည်စေရေးကို ဦးစွာဆောင်ရက
ွ်ရန် လိုအပ်သည်ဟု အတိအလင်းဖော်ပြထားပါတယ်။

အမေရိကန်အစိုးရ၏ မြန်မာနိုင်ငံဆိုင်ရာ မူဝါဒသစ်တွင် အမေရိကန်အစိုးရအနေဖြင့် မြန်မာစစ်အစိုးရအပေါ် ပြစ်ဒဏ်ခတ်အရေးယူမှု (sanction) ကို ဆက်လက်ထားရှိမည်ဖြစ်ပြီး မြန်မာစစ်အစိုးရနှင့်
တိုက်ရိုက်ထိတွေ့ဆက်ဆံမှု (direct engagement) လုပ်ဆောင်သွားမည်ဟု ကြေငြာ ခဲ့ပြီး ဖြစ်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်၏ ပေးစာများဟာ မြန်မာပြည်လတ


ွ်မြောက်ရေး အတွက် အလင်းရောင်များ ဖြစ်ကြောင်း သုံးသပ်မိပါကြောင်း ။။

(ဒေါ်အောင်ဆန်းစုကြည် ဦးဂမ္ဘီယ ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး ဟောင်း သူရ ဦးတင်ဦး ဦးခွန်ထွန်းဦး ကိုမင်းကိုနိုင် မစုစုနွေး ကိုဇာဂနာ နှင့် တကွ နိုင်ငံရေးအကျဉ်းသားများအားလုံး
အမြန်ဆုံးလွတ်မြောက်ကြပါစေ။ မြန်မာပြည် စစ်အာဏာရှင်စနစ်ဆိုးဘေး မှ ကင်းရှင်းပါစေ။)

ဇော်ဝင်း (နယူးရော့်ခ် )

ရွှေတောင်ကြား က သူဌေးမိသားစုကို ဘယ်သူသတ်တာလဲ

ရွေတောင်ကြား က သူဌေးမိသားစုကို သတ်တ့တ


ဲ ရာခံ က သန်းရွေကိုယ်တိုင်ပါဝင်နေပါတယ်။ ယခုထပ်မံ ရရှိသောသတင်းအရ ရွှေတောင်ကြားမိသားစုက သန်းရွေသမီး ( သန္တာရွှေ) မင်္ဂလာဆောင်စဉ်က
စိန်တွေငှားလိုက်တယ်လို့ သိရပါတယ်။ သန်းရွှေသမီးက စိန်တွေကို ငှားပြီးပြန်မပေးပဲ နေတယ်လို့ သတင်းကဆိုပါတယ်။ နောက်တော့ စိန်စီသောည ဆိုတဲ့ ဗွီဒီယိုခွေထွက်လာတဲ့အခါမှာ
သူဌေးမိသားစုလက်ချက်လို့ ယူဆပြီး သန်းရွှေက ဒေါသအမြက်ချောင်းချောင်းထွက်တယ်လို့ သိရတယ်။ နောက်တော့ သူရဲ့ စစ်ဘက်လုံခြုံရေး ဗိုလ်ချုပ်နေ၀င်းကို လည်းကောင်းမိသားစု ၅
ယောက်ကိုအပြတ်ရှင်းခိုင်းလိုက်ပါတယ်။ ဒီအမှုဖြစ်စဉ်ကို စစ်ဆေးရတဲ့ ရန်ကုန်တိုင်းရဲ မှုးဝင်းနိင်က ဒီအမှုမှာ ဘယ်သူတွေပါဝင်နေတယ်ဆိုတာကိုသိသူဖြစ်လာတယ်။ ၀င်းနိင်ကိုပါအပြတ်ရှင်းဖို့ သန်းရွှေက
ဆက်လက်ညွန်ကြားလာတဲ့အတွက် ၀င်းနိင် အသက်လုပြီးနယ်စပ်ကိုထက
ွ်ပြေးသွားရခြင်းဖြစ်တယ်လို့ ဆိုပါတယ်။ ခုထိဝင်းနိင်ဟာ နယ်စပ်ကိုပဲရောက်မလာ အထဲမှာလည်းသတင်းပျောက် ဖြစ်နေပါတယ်။
ဝင်းနိင်ကိုရှင်းဖို့ အတွက် အကြမ်းဖက်နိမ်နင်းရေး အဖွဲ့ ခေါင်းဆောင်ဒုရဲမှုကြီး အောင်ထွန်းထွန်းလွင် ကို တာဝန်ပေးခဲ့တယ်လို့ ဆိုပါတယ်။ တချို့ က တော့ အပျောက်ရှင်းခံလိုက်ရပြီလို့ ဆိုပါတယ်။ ၀င်းနိင်နဲ
့အတူ သူမယားငယ် ( ကရင်မ) ဆိုသူပါပျောက်ဆုံးနေပါတယ်။ တချို့ ကတော့ နေပြည်တော်မှာချုပ်ထားတယ်လို့ ဆိုပါတယ်။
http://komoethee.blogspot.com/

ဒုက္ခသည်
ဆေးပညာ

ဆောင်းပါး

Dr. တင့်ဆွေ

ဗုဒ္ဓဟူးနေ့၊ ဒီဇင်ဘာလ 09 ရက် 2009 ခုနှစ် 13 နာရီ 34 မိနစ်

ဆရာဝန်၊ ကျန်းမာရေးမှူး၊ သူနာပြုနဲ့ သားဖွားဆရာမတွေဟာ ဆေးပညာကို ၁ နှစ်ခွဲကနေ ၇ နှစ်၊ စာသင်ခန်းတွေ၊ ဓာတ်ခွဲခန်းတွေနဲ့ ဆေးရုံတွေမှာ သင်ယူကြရတယ်။ ကျနော်တို့နိုင်ငံမှာ အခု “အတော်လေး”
အဆင့်အတန်း ကျလာတယ်လို့ ကြားရ၊ ဖတ်ရ၊ သိနေရတာ “အတော်ကြီး” စိတ်မကောင်း ဖြစ်ရတယ်။

၂ဝဝ၈ ခုနှစ် အောက်တိုဘာလထုတ် ရွက်နုဝေမဂ္ဂဇင်းထဲက ဆရာအောင်ကြီးရဲ့ ဆောင်းပါး ဖတ်ရပြီးတော့၊ “ဆရာဝန်၊ ဆေးကျောင်းသားများသည် သားကောင်များ ဖြစ်သည်” ဆိုတဲ့ စာတပုဒ်
ရေးဖြစ်ခဲ့ပါတယ်။ နောက်ထပ်လည်း ရေဒီယိုတွေကနေပါ ကြားကြားနေရတာတွေ ရှိတယ်။ ကိုယ်တွေ့ တွေ့တာလည်း ရှိပါတယ်။ မကြာခင်က သူနာပြု ဆရာမတယောက် ပြည်နယ်တခုကနေ
အောင်လာတယ်။ လက်တွေ့ မတွေ့ရတာတွေ အများကြီးတဲ့။ ကလေးမီးဖွားတာတောင် သိပ် မသင်ခဲ့ရဘူးတဲ့။ သူ့နောက် ရောက်လာတဲ့ အရန်သားဖွားဆရာမ တယောက်ကလည်း ပြည်နယ်တခုကပါပဲ။ ၆ လ
သင်ခန်းစာကို တပတ်ထဲနဲ့ သင်ပေးလိုက်သတဲ့။ ခနဲ့ပြီး ချီးကျူးချင်စိတ်တောင် မရှိပါ။

“တီဘီ (အဆုတ်) ရောဂါကို သူများ တိုင်းပြည်တွေမှာ မဖြစ်တော့တာနဲ့ နောက်ပေါက် ဆရာဝန်တွေကို သင်ပေးတာ သိပ်မရှိတော့ဘူး” ဆိုတဲ့သတင်း ထွက်လာတော့ စာတပုဒ် ရေးလိုက်သေးတယ်။ အထဲက
ဆရာဝန်တဦးကနေ (ကွန်မင့်) ပေးတာက “မြန်မာပြည်မှာ တီဘီတွေကများ” ဆိုသလို ပေါလွန်လွန်းလို့၊ မြန်မာဆရာဝန်တွေအဖို့ “ဘယ်က စမ်းမလား၊ ညာက စမ်းမလား” တဲ့။

ဆေးပညာဟာ တခြားတခြား ပညာတွေလိုပဲ အသစ်တွေ၊ ပိုကောင်းတာတွေက ပေါ်နေတယ်။ ရောဂါပိုးတွေကလည်း ဆေးအဟောင်းဆိုရင် “ဖုတ်လေတဲ့ ငါးပိ၊ ရှိတယ်လို့ မထင်” ဆိုသလို၊
“ပိုးစွမ်းကောင်းတွေ” ဖြစ်လာနေကြတယ်။ ဒါ့ကြောင့် ဆေးပညာသင်တာမှာ စဉ်တိုက်-ဆက်တိုက် သင်ယူနေဖို့ဆိုတာ ဖြစ်လာရတယ်။

ကျန်းမာရေးကိစ္စ ရောက်ရာအရပ်မှာ လစာမရပေမယ့် လုပ်ပေးရမယ်လို့ ကိုယ့်ဘာသာ တာဝန်ပေးမိလို့ အဲဒီအဖြစ်မျိုး အလိုလို ရလာတယ်။ သူများကို သင်ဖို့ ပြင်တာနဲ့ ကိုယ်ပါ ပညာတွေ တိုးရတာမို့
လက်ငင်း အကျိုးပေးတာ ခေါ်မယ် ထင်ပါရဲ့။ ကျောင်းမှာတုန်းက မသင်ခဲ့ရတာတွေ၊ အသစ်တွေ့ရ။ သင်ခဲ့တာတွေ တချို့က “အောက်” သွားတာတို့ အများကြီး တွေ့လာရတယ်။

နာမယ်ကြီး ရောဂါတွေဖြစ်တဲ့ ဘီပိုး၊ စီပိုး၊ ဝက်တုပ်ကွေး၊ AIDS ဆိုတာတွေက ဟိုအရင်က ဘယ် သင်ခဲ့ဖတ်ခဲ့ရမလဲ။ စာအုပ်ထဲမှာတောင် ပါတာမဟုတ်ဘူး။ နာမည်ကြီး မဆိုနိုင်တဲ့ (ပါရာစီတမော) ကျတော့
ခုခေတ်မှာ သူမပါ ဘယ်နေရာမှမပြီး ဖြစ်နေတယ်။ ကလေးတွေ ပေးချင်ရင်၊ အစာအိမ်နာ ကြောက်ရင်၊ သွေးထွက်မှာ စိုးရိမ်ရင်၊ သူကမှ စိတ်ချရတယ် မဟုတ်လား။ အရင် အနှစ် ၂ဝ လောက်က
ဆေးဝါးဗေဒမှာ တပိုဒ်စာလောက်သာပါပြီး၊ သိပ်မစွမ်းပါဘူး သတ်မှတ်ခြဲ့ ကတယ်။ ပြောချင်တာက မတူတော့တာတွေ၊ အရင်လို မဟုတ်တော့တာတွေပါ။ ဒါ့ကြောင့် ဆေးပညာကို စဉ်တိုက်-ဆက်တိုက်
သင်ယူနေဖို့ လိုတယ်ဆိုတာ အတိအကျပဲပေါ့။

ဒုက္ခသည်တွေကို ဆေးကုပေးဖို့ ကိုယ့်ကို ကူပေးမယ့် ဒုက္ခသည်တွေထက


ဲ ဒုက္ခခံနိုင်သူတွေ လိုက်ရှာရတယ်။ တွေ့ရင် အရင်ဆုံး စာသင်ပေးရရော။ စာသင်ရတော့ ဟိုအရင် “အ သုံးလုံး” သင်တာ
သွားအမှတ်ရတယ်။ သင်တန်းသား၊ သင်တန်းသူ အရွယ်ဆိုတာ ဘယ်ငယ်မလဲ။ စာသင်ခန်းလည်း ရှိတာမဟုတ်။ စာသင်ချိန်ကိုလည်း အဆင်ပြေသလို။ (ပရောဂျက်) ပေးသူများက ရောဂါကုပေးတာမျိုး
စိတ်မဝင်စားကြဘူး။ ထိရောက်တာ မထိရောက်တာ ဘေးချိတ်၊ ကာကွယ်ရေးတိ့၊ု ပညာပေးတို့၊ ခေတ်ပေါ်ရောဂါ (ဆီမီနာ) တို့ကိုမှ မျက်စိကျတယ်။ သင်တန်းပေးဖို့ နိုင်ငံတော်က ကျခံတယ်ဆိုပြီး၊ အရပ်က
ငွေကောက်သလိုလည်း လုပ်မရ။ ကိုယ်ထူကိုယ်ထဆိုတာ ဒီဟာမှအစစ်။ “ညည်းတို့ ဘယ်အချိန်အားလဲ၊ ငါတော့ တပတ်ကို ဘယ်နှစ်ရက်၊ တနေ့ ဘယ်နှနာရီ။ ဆိုက်ကားခလည်း မပေးနိုင်ဘူး။ လက်ဖက်ရည်
တခွက်စီ အတူတူ သောက်ကြတာပေါ့” ။

ဒါတော့ အဆင်ပြေသလောက်ရှိပြီ။ နောက်တမျိုး တိုးလာတယ်။ ကိုယ့်ဒုက္ခသည် အများစုက ဗမာလို မတတ်ကြဘူး။ အစိုးရဆရာဝန် လုပ်ခဲ့ရတုန်းက သူငယ်ချင်းတွေ နယ်စွန်နယ်ဖျား ပြည်နယ်များ
ရောက်ကြတာကို၊ သွားရေးလာရေး ဝေးတဲ့ အခက်အခဲလောက်သာ ထင်ခ့မ
ဲိတယ်။ အမှန်က ဘာသာစကား၊ ယဉ်ကျေးမှု၊ ရာသီဥတု စတာ စတာတွေကလည်း တကယ့် အခက်အခဲတွေပါလားလို့ နောက်ကျမှ
ကိုယ်ချင်းစာမိလာတယ်။ တယောက်ဆိုရင် သူ့အိမ်ရှေ့ ကြက်ကို လည်လှီးပြီး၊ လာချတာမျိုး ကြုံရဆိုပ။ဲ သူငယ်ချင်းတို့ရေ အခုမှသိတာ “ဆောရီး” နော်။

ဘာသာစကားကိစ္စ ဘယ်လိုလုပ်ရရင် ကောင်းမလဲ။ ဆေးစာဆိုတော့ ဗိုလ်လို နည်းနည်း အခြေခံရှိတဲ့ သူမျိုးဖြစ်မှ အဆင်ပြေတယ်။ ဗမာလိုနဲ့ ဗိုလ်လို ရောမယ်။ နှစ်မျိုးလုံး “တော့” နိုင်သူကို
ဦးစားပေးရှာရတယ်။ ရပါပြီတဲ့ တယောက်စ၊ နှစ်ယောက်စ။ ခက်ပြန်တာက သင်ပေး၊ တတ်သွားပြီး၊ မကြာခင် ထွက်သွားကြရရော့။ လူသစ် ထပ်ရှာရပြန်ပြီပေါ့။ သူတို့ကိုလည်း အပြစ်တင် မဖြစ်။ သွားဖို့ဆိုတာ
ထွက်လာကတည်းက ရည်ရယ
ွ်ချက်ကိုး။ (ဘော်လန်တီယာ) လုပ်ဖို့ အိုးပစ်၊ အိမ်ပစ်၊ တိုင်းပြည်ပစ် ထွက်လာတာ မဟုတ်ဘူးလေ။ ထပ်ထပ်သင်တော့ “စာသင်ပေးသူ စာကျေတာပေါ့” လို့ အကောင်းဘက်က
တွေးယူရတယ်။ “ကဲ ဆေးပညာသင်မယ်၊ လာကြ” ။

“ဟာ မလာသေးနဲ့အုံး”၊ မရသေးဘူးဗျ။ ဆေးစာမှန်သမျှ ဗမာလိုက ရှိတာမဟုတ်။ ဒီတော့ အကုန်လုံးကို ဗမာလိုပြန်ရမယ်။ ဗမာလို ပြန်တာတွေက တယောက် တမျိုးက များတယ်။ ဆိုပါတော့ အသည်း၊
အဆုတ်၊ အစာအိမ်လောက်ကတော့ တူတယ်။ ဘေလုံးတို့၊ သရက်ရက
ွ်တို့ဆိုရင် မတူချင်တော့ဘူး။ သားအိမ်ဆိုတာအထိ တူပေမယ့်၊ “သားအိမ်အဝ” လား၊ “သားအိမ်ဝ” လား၊ “သားအိမ်ခေါင်း” လား။
တခြားဆရာတွေ ဘာသာပြန်တာတွေ လိုက်ကြည့်၊ အတုယူ၊ မတွေ့ရင် ကိုယ်ဘာသာ တီထင
ွ်။ အားလုံးကို ဗမာလိုပြန်ထားဖို့ ဘာသာပြန်ဆရာ အရင်စလုပ်ရပြီ။

ခန္ဓာဗေဒ၊ ဇီဝကမ္မဗေဒကစပြီး ဗေဒတွေ စုံသလောက်ကို ဗမာမှုပြုရတယ်။ စု-တု-ပြုတာ မှန်သမျှ (ဘလော့ခ်) ထဲ သွင်းထားရသေးတယ်။ ဒီခေတ်ကိုး။ ကိုယ့်သင်တန်းက လူတွေလည်း (အင်တာနက်) ဆိုင်
ထိုင်တတ်ကြသူတွေ ပါသလို၊ နောက်ဆိုရင် သူတို့တွေက တခြားတိုင်းပြည် ဟိုဟိုဒီဒီ ရောက်ရင်လည်း ပြန်ကြည့်နိုင်အောင်ပေါ့။ စာသင်ပေးတဲ့ဆရာ မဖြစ်ခင် (ဘလော့ကာ) အရင်ဖြစ်တယ်။ (ဘလော့ခ်) မှာ
(ပို့စ်) ပေါင်း ၂ဝဝ ကျော်သွားပြီ။

စာသင်တာကို စိတ်ဝင်စားအောင် (မာလ်တီမီဒီယာ) လည်း လုပ်ထားရသေးတယ်။ ဗမာလိုဆိုတာက မရှိသလောက် ရှားတယ်။ တနေ့ကမှ အမျိုးသမီး (ကွန်ဒွန်) အသုံးပြုနည်း (ဗီဒီယို-ဖိုင်) တခု ရဖူးတယ်။
သူများနိုင်ငံက (ဗီဒီယို) တွေကလည်း ကိုယ့်လူမျိုးတွေ မျက်စိနဲ့ သိပ်ကိုက်လှတာ မဟုတ်ဘူး။ အတော်ကြီး ရွေးရသေးတာ။ (ဆင်ဆာ) လူကြီးပါ ဖြစ်သွားရော။

သင်ထောက်ကူတွေ အဆင်သင့်ပေမယ့် မရသေးပြန်ဘူး။ စကားအသုံးအနှုန်း။ ဆန်ကာတင် ရွေးထားသူတွေပေမယ့် ဗမာစကားကို ဗမာဆန်ရင် နားမလည်ကြတာက များတယ်။ ဆိုပါတော့ ချမ်းတယ်၊
ချောင်းဆိုးတယ် ဆိုတာမျိုးက ပြဿနာမရှိဘူး။ ဗိုက်က “ရစ်နာတာလား” ဆိုတာမျိုး၊ “ရင်တုန်တာလား-ရင်ခုန်တာလား” ခွဲခြား နားမလည်ဘူး။ “ကိုယ်ဝန်” လို့ မယဉ်မကျေးလေနဲ့၊ “မီးဖွားချင်လို့လား” မေးရင်
မျက်ခုံးပင့်ကြည့်မယ်။ ကျင်ကြီး၊ ကျင်ငယ်မပြောနဲ့ ဆီးတို့၊ ဝမ်းတို့ဆိုတာတောင် မရလေ။ အခက်ဆုံး ပြောရမလား။ မျိုးပွားလမ်းကြောင်းကို သင်ပေးရတာ။ ဒီတော့ သူတို့ထဲက ဗမာစကား အတတ်ဆုံးကို
နားလည်အောင် ဝေ့ဝိုက် ပြောပေးပြီး၊ လက်ထောက်ကထိက အလုပ်ခိုင်းရတယ်။

ဆရာပါးဝလာတော့ သူတို့စကား၊ တစ်၊ နှစ်၊ သုံးလောက် ကိုယ်ကလည်း သင်ထားရသေးတယ်။ “ထိုင်ပါ” “မနာဘူးနော်” လောက်တော့ သိထားမှ။ လူနာပြန်ရင် ကိုယ်ကနေ “မန်းထာ” လို့ နှုတ်ဆက်လိုက်ရင်
ရောဂါတဝက် သက်သာရော မဟုတ်လား။

ဒါနဲ့ မရသေးရင် “ဘော်ဒီ-လင်းဂွေ့ခ်ျ” ပါရတယ်။ ၁ ရက်၊ ၂ ရက်၊ လက်ချောင်းထောင် မေး။ ဗိုက်ဆိုရင် ကိုယ့်ဗိုက်ဖိပြ။ အိန္ဒိယလူမျိုးများ စကားပြောရင် မျက်လုံး-မျက်ခုံး-လက်-ခေါင်း-မေး၊ လှုပ်လို့ရတာ
မှန်သမျှ လှုပ်ပြောတာမျိုးလို လုပ်ပေတာ့။ (မွန်ဘိုင်) သွားစရာမလိုဘ၊ဲ “ဘောလိဝုဒ်” ဆရာဝန်ဖြစ်ရော။ အိန္ဒိယလူမျိုးများ လှုပ်သလား မမေးနဲ့။ ကားမောင်းနေရင် စကားပြောတော့ လက်တဖက်ကို
တံခါးကထုတ် လှုပ်စကားပြောတာ။ နောက်ကားကနေ ကြည့်ပြီး၊ အဲဒီဘက်ကွေ့မှာကို လက်ပြနေတယ် သွားမထင်နဲ့။

ကုန်ကုန်ပြောရရင် ဆေးပညာ သင်ပေးရတာက တခြားစာမျိုးနဲ့ မတူဘူး။ ဆိုပါတော့ အင်္ဂလိပ်စာကို သင်ရင် Comprehensive ခြုံငုံနားလည်စေတာနဲ့ အလုပ်ဖြစ်တယ်။ Choice တို့၊ Quiz တို့လို ထင်တာကို
မှန်းပြီး၊ အမှန်ခြစ် ခြစ်ပေးတာမျိုးနဲ့လည်း မလုံလောက်ဘူး။ တကယ်ကို သိ၊ အမှန်အတိုင်း နားလည်၊ အဟုတ်ကို ပြန်လုပ်တတ်မှ လက်လွှဲလို့ ရမှာကိုး။ ဒါ့ကြောင့် သင်ရတာ လက်ဝင်ပါတယ်။
“တပည့်မကောင်း ဆရာ့ခေါင်း” ဆိုတာ ဆေးပညာ သင်တ့ေ
ဲ နရာမှာ ရာနှုန်းပြည့် မှန်တယ်။

ဒေလီမှာရှိတဲ့ ယမုန်နာဆေးခန်းက (ဗော်လန်တီယာ) ဆေးခန်းလက်ထောက် ဆရာမတွေကို (ကွန်မြူနတီ) က အတော် ကျေးဇူးတင်ဖို့ ကောင်းတယ်။ ဆေးခန်း စဖွင့်ကတည်းကနေ အခုထိ အယောက် ၃ဝ
လောက်ရှိပြီ။ အဝေးထွက်သွားရလို့၊ တခြား အလုပ်သွားလုပ်လို့၊ အိမ်ထောင်ရက်သား ကျသွားလို့ ဆက်မလုပ်နိုင်သူတွေနဲ့ လက်ရှိ ၅ ယောက်၊ ၆ ယောက် ရှိတယ်။ လူနာတွေက ချင်းပြည်နယ်က
အများစုကြီးဖြစ်ပြီး၊ ဗမာစကား မတတ်သူက ပိုများတယ်။ တော်တော်တန်တန် ပြောတတ်ပေမယ့် ကိုယ့်ရောဂါကို ကိုယ့်စကားနဲ့ပြောမှ အားရကြတယ်။ ကချင်၊ ရခိုင်၊ မွန်၊ ကရင်နဲ့ နာဂတွေက ဗမာလို
အကုန်တတ်ကြတယ်။ ကူကီးနဲ့ ကလေး-တာဟန်းမှာ နေလာသူတွေက တော်တော်ပြောနိုင်ပြီး၊ ချင်းတောင်ပိုင်းကလည်း ဗမာစကား ပြောနိုင်သူက များတယ်။ ဟားခါး၊ ဖလမ်းနဲ့ တီးတိန်နယ်က လူတွေက
သိပ်မပြောတတ်ဘူး။ ဒါ့ကြောင့် တီးတိန် စကားတတ်သူ တယောက်နဲ့ (ဖလမ်း၊ ဟားခါး၊ မီဇို) စကားတခုခု တတ်တဲ့သူတယောက် အနည်းဆုံး ၂ ယောက် ရှိမှ လူနာ-ဆရာဝန် ဆက်ဆံရေး အလုပ်ဖြစ်တယ်။
ရိုးဖြောင့်တည်ကြည်သော စစ်သားကောင်းတဦး၏ မှတ်တမ်းမှတ်ချက်များ

ဒေါက်တာလွဏ်းဆွေ

(ရဲဘော်သုံးကျိပ်ဝင် ဗိုလ်မှူးချုပ်ဟောင်း ကျော်ဇော၏ (၉၀) ပြည့်မွေးနေ့ အမှတ် တရ)

စာအုပ်အမည် - ကိုယ်တိုင်ရေး အတ္ထုပ္ပတ္တိ (ပထမတွဲ)


စာရေးသူအမည် - ဗိုလ်မှူးချုပ်ဟောင်း ကျော်ဇော
ထုတ်ဝေသည်အ
့ ကြိမ် - ပထမအကြိမ်
ထုတ်ဝေသည့်ခုနှစ် - ၂၀၀၆ခုနှစ်
ထုတ်ဝေသူ - ပြည်သူ့ဘက်တော်သားများ
ဖြန့်ချိရေး - ဓူဝံစာပေ၊ အမေရိကန်နိုင်ငံ

စာရေးသူအနေနဲ့ ထင်ရှားကျော်ကြားပြီး သြဇာတက္ကိမကြီးမားတဲ့ နယ်ပယ်အသီးသီးက ပုဂ္ဂိုလ်တွေအကြောင်း ရေးသားထားတဲ့ အတ္ထုပ္ပတ္တိဆိုင်ရာ စာအုပ်စာတမ်းတွေ တော်တော်များများ ဖတ်ရှုဖြစ် ခဲ့ပါတယ်။
နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ ပညာရေး၊ ကျန်း မာရေး၊ စာပေယဉ်ကျေးမှု၊ အားကစား … စတဲ့ နယ်ပယ်အသီးသီးမှာ ရှိကြတဲ့ မြန်မာပြည်က ပုဂ္ဂိုလ်ကျော်တွေ ကိုယ်တိုင် ရေး သားတဲ့ ကိုယ်ရေးအတ္ထုပ္ပတ္တိ
စာအုပ်တွေ၊ အခြားသူတွေ ရေး သားပြုစုတင်ပြကြတဲ့ မြန်မာပုဂ္ဂိုလ်ကျော်တွေရဲ့ အတ္ထုပ္ပတ္တိစာ အုပ်တွေ၊ ကမ္ဘာကျော် ပုဂ္ဂိုလ်တွေကိုယ်တိုင် ရေးသားတဲ့ ကိုယ်ရေးအတ္ထုပ္ပတ္တိ (ဘာသာပြန်) စာအုပ်တွေ၊
အခြားသူတွေ ရေး သားပြုစုတင်ပြကြတဲ့ ကမ္ဘာ ကျော်ပုဂ္ဂိုလ်တွေရဲ့ အတ္ထုပ္ပတ္တိ (ဘာသာပြန်) စာအုပ်တွေကို ဖတ်ရတဲ့အခါ စိတ်ဝင်စားဖွယ် အတု ယူ အားကျ ဖွယ်ရာတွေ အများအပြား တွေ့ရသလို
ဆင်ခြင်စရာ သံဝေဂရစရာတွေလည်း အများကြီး တွေ့ရပါတယ်။

စာပေ၀ါသနာပါကာစ တက်ကြွတဲ့ အရွယ်တုန်းကဆို အတ္ထုပ္ပတ္တိစာအုပ်တွေဖတ်ပြီး ကူးယူမှတ်သားထားခဲ့တဲ့ မှတ်စုတွေ၊ အဆို အမိန့်တွေ တပုံတပင်ပါပဲ။ ငယ်ရွယ်တုန်းဆိုတော့ လေးစားအားကျတဲ့
စိတ်တခုတည်းနဲ့ ဘာ ကိုမှ အပြစ်မမြင်ဘဲ အကုန်လုံးကို မှတ်ယူနေတော့တာကိုး။ စာဖတ်သက် နည်းနည်းရလာပြီး ဝေဖန်ပိုင်းခြား ကြည့်မြင်တတ်တဲ့အရွယ် ရောက်လာတဲ့အခါကျတော့
သမိင
ုးဆိုင်ရာရှုထောင့်အရ အချက်အလက် အကိုးအ ကား အထောက်အထား မှန်ကန်မှုရှိမရှိ၊ အလွန်အကျွံ ချီးမြှောက်ဖွဲ့နွဲ့ထား ခြင်းရှိမရှိ၊ အားသာချက် အားနည်း ချက်တွေကို တင်ပြရာမှာ တဖက်စောင်းနင်း
ဖြစ်မဖြစ်ဆိုတဲ့ အချက်တွေကို ဆင်ခြင်သုံးသပ် လိုတဲ့ စိတ်နဲ့ ဖတ် ရှုတာက ပိုများလာပါတယ်။
ပြီးခဲ့တဲ့ နိုဝင်ဘာလတုန်းကဆို နိုင်ငံတကာ သတင်းတပုဒ်ဖတ်ပြီး တော်တော်တုန်လှုပ်သွားမိတယ်။ သတင်း က ဒေ၀ူးကုမ္ပဏီ တည်ထောင်သူ ဥက္ကဌ ကင်ဝူချွန်းကို ခြစားမှုနဲ့ ထောင်ဒဏ်(၈) နှစ်ခွဲ
ချမှတ်လိုက်တဲ့ သတင်း ပါ။ မြန်မာပြည်မှာ ဒေါက်တာ တင်မောင်သန်း ဘာသာပြန်ခဲ့တဲ့ ‘ဒေ၀ူးကုမ္ပဏဥ
ီ က္ကဌ ကင်ဝူချွန်း (သို့မဟုတ်) လမ်းတိုင်းကို ရွှေခင်းထားတယ်’ ဆိုတဲ့ စာအုပ်က လူကြိုက်အရမ်းများပြီး
ဘက်ဆဲလား စာရင်းဝင်တဲ့ စာအုပ် ဖြစ်ခ့တ
ဲာကိုး။ အဲဒီလို အနေအထားမှာ ဒီသတင်းကို ကြားလိုက်ရ တော့ အနည်းနဲ့အများဆိုသလို အံ့သြမိတာ ပေါ့။ ဒါပေမယ့် ဆရာဇော်ဂျီရဲ့ ‘သူလည်းလေ
လောကီသားပေမို့’ ဆိုတဲ့ ကဗျာစာ သားလေးနဲ့ ဆင်ခြင်ကြည့် လိုက်တဲ့အခါကျတော့လည်း ဘာမှမဟုတ်တဲ့ သတင်းတပုဒ်လို ဖြစ်သွားပြန်ပါတယ်။

အာဏာရှင် ဗိုလ်နေ၀င်း ဘုန်းမီးနေလတောက်စဉ် ကာလက နိုင်ငံတော်သမ္မတဟောင်း ဒေါက်တာမောင် မောင် ရေးသားပြုစုခဲ့ တဲ့ ‘ဗိုလ်ချုပ်ကြီးနေ၀င်းနှင့် မြန်မာ့နိုင်ငံရေးခရီးစဉ်’ ဆိုတဲ့ စာအုပ်ကလည်း
သူ့ခေတ် သူ့ အခါတုန်းကတော့ ဟုတ်သယောင် ယောင်ပါပဲ။ ဒါပေမယ့် ဗိုလ်နေ၀င်းလည်း ရာဇာပလ္လင်ပေါ်ကကျရော အဲဒီ စာအုပ်လည်း မြောင်းထဲရောက်ရော ဆိုတဲ့အဖြစ်ကို ဆိုက်တော့တာပါပဲ။
အဲဒါကြောင့် အတ္ထုပ္ပတ္တိ စာပေတွေ ဟာ အချိန်ကာလရဲ့ စမ်းသပ်မှုကို မှတ်ကျောက်တင်ခံနိုင်ဖို့ လိုတယ်လို့ ထင်မိပါတယ်။ အရှိန်အ၀ါကြီးတုန်း အာဏာရှိတုန်းမှာ မဟုတ်တန်းတရားတွေ နင်းကန်ရေးသွားလို့
မရဘူးဆိုတာကို ဒေါက်တာ မောင်မောင်ရဲ့ စာအုပ်က သက်သေပြနေပါတယ်။ သမိုင်းဆိုင်ရာ အချက်အလက်တွေဆိုတာက ကိုယ်တယောက်တည်းဖြတ် သန်းခဲ့ သိခ့တ
ဲ့ အရာတွေ မဟုတ်လေတော့
ရေးကောင်းကောင်းနဲ့ ရေးချင်တိုင်း လျှောက်ရေးလို့ မရပေဘူး။ ကိုယ်န့အ
ဲ တူ ဖြတ် သန်းခဲ့တဲ့ ခေတ်ပြိုင်ပုဂ္ဂိုလ်တွေရော၊ သမိုင်းဆိုင်ရာ ကျွမ်းကျင်တဲ့ ပုဂ္ဂိုလ်တွေရော လက်ခံ နိုင်လောက်တဲ့
အနေအထားမျိုးရှိမှ လည်း တင်ကျန်နိုင်မယ်လို့ ထင်မိပါတယ်။ စာရေးဆရာကြီး ဒဂုန်တာရာ ကတော့ ဗိုလ်နေ၀င်း အာဏာရှိစဉ်မှာပဲ ဒေါက်တာ မောင်မောင်ရဲ့ စာအုပ်ကို ‘မှန်နန်းဆောင်မှ ဒဂုံရိပ်သာသို့’
ဆိုတဲ့ ခေါင်းစီးတပ်ပြီး ဝေဖန်ချက်ရေးသားခဲ့ပါတယ်။ အဲဒီစာအုပ်ဟာ ဗိုလ်နေ၀င်း ဘုန်းတော်ဘွဲ့ပဆ
ဲိုတဲ့ သ ဘောပေါ်လွင်အောင် ပညာသားပါပါ ခေါင်းစီးပေးပြီး လှလှပပ သိမ်သိမ်မွေ့မွေ့ ဝေဖန်ရေး
သားသွားခဲ့တာဖြစ် ပါတယ်။

အာဏာရှင်ဗိုလ်နေ၀င်းဟာ ၂၀ ရာစုမြန်မာ့သမိုင်းမှာ အူတိုင်ကျောရိုးသဖွယ် အရေးပါခဲ့တဲ့ ရဲဘော်သုံးကျိပ် အဖွဲ့ကြီးရဲ့ အဖွဲ့ဝင် တဦးလည်း ဖြစ်ပါတယ်။ သူအာဏာမရခင် ပါလီမန်ခေတ်တုန်းကရော၊ သူ
အာဏာရှိစဉ် ကာလတလျှောက်မှာရော ရဲဘော် သုံးကျိပ်န့ပ
ဲ တ်သက်တဲ့ သမိုင်းဆိုင်ရာ စာအုပ်စာတမ်းတွေ၊ ရဲဘော်သုံးကျိပ် ၀င်တွေ ကိုယ်တိုင်ကိုယ်ကျ ရေးသားခဲ့တဲ့ ကိုယ် ရေးအတ္ထုပ္ပတ္တိစာအုပ်တွေ၊
မှတ်တမ်းစာအုပ်တွေ အတော်များ များ ထွက်ခ့ပ
ဲါတယ်။ ဒါပေမယ့် ဗိုလ်နေ၀င်းရဲ့ အာဏာစက် အောက်မှာ ရေးသားခဲ့တဲ့ စာအုပ်တွေဆိုတော့ သေသေချာချာ ဆင်ခြင်သုံးသပ်ဖို့ လိုမယ်လို့ ထင်ပါတယ်။
ဗိုလ်နေ၀င်းရဲ့ အာ ဏာအရှိန်အ၀ါကြောင့်ရယ်၊ ပုဂ္ဂိုလ်ရေးအရ မျက်နှာနာမှုကြောင့်ရယ်၊ မြန်မာလူမျိုးတို့ရဲ့ အားနာတတ်တဲ့ စိတ်ကြောင့်ရယ် ရေးချင်ပေမယ့် မရေးရဲ မရေးဖြစ်ခဲ့တဲ့ အကြောင်းအရာတွေ
ရဲဘော်သုံးကျိပ်ဝင် အတော်များများမှာ ရှိခ့ေ
ဲ ကာင်းရှိခ့န
ဲိုင်ပါ တယ်။ ဒီဘက် နအဖခေတ်မှာလည်း သမိုင်းဌာနက သုတေသနအရာရှိ ဦးကျော်ငြိမ်း ရေးသားပြုစုတဲ့ ‘ရဲဘော် သုံးကျိပ်’ ဆိုတဲ့ စာအုပ် လည်း
ထွက်လာတာကို တွေ့ရပါတယ်။
ဒါပေမယ့် ထွက်ရှိပြီးသား ရဲဘော်သုံးကျိပ်နဲ့ ပတ်သက်တဲ့ စာအုပ်တွေနဲ့ တမူကွဲပြီး သမိုင်းအရ ကျနော်တို့ မသိ ရသေးတဲ့ အ ကြောင်းအရာတွေ၊ သုံးသပ်ချက်တွေ၊ လူပုဂ္ဂိုလ်ဆိုင်ရာ မှတ်ချက်တွေ
တော်တော်များများ ပါဝင် တဲ့ ကိုယ်ရေးအတ္ထုပ္ပတ္တိ စာအုပ် တအုပ် ဒီနှစ်ထဲမှာ ထွက်ရှိလာပါတယ်။ ထူးခြားချက်တွေ အနေနဲ့ကတော့ နအ ဖရဲ့ စာပေစိစစ်ရေးလက်အောက်မှာ ထွက်ရှိရတဲ့
စာအုပ်မဟုတ်တာရယ်၊ ဗိုလ်နေ၀င်းရဲ့ လောင်းရိပ် အာဏာ စက်တွေနဲ့ ကင်းတဲ့အချိန်၊ နေရာမှာ ရေးသားထုတ်ဝေခဲ့တဲ့ စာအုပ် ဖြစ်နေတာရယ်ပါ။ အဲဒီစာအုပ်ကတော့ ဗိုလ်မှူးချုပ်ဟောင်း ကျော်ဇောရဲ့
ကိုယ်တိုင်ရေး အတ္ထုပ္ပတ္တိ (ပထမတွဲ) ပဲ ဖြစ်ပါတယ်။
စာအုပ်ကို အမေရိကန်အခြေစိုက် ပြည်သူ့ဘက်တော်သားများ (ဓူဝံစာပေ) က ထုတ်ဝေခဲ့တာဖြစ်ပြီး ‘ထုတ်ဝေ သူရဲ့ အမှာ’ မှာ ဗိုလ်မှူးချုပ်ဟောင်း ကျော်ဇောနဲ့ ပတ်သက်ပြီး အခုလို မိတ်ဆက်
ပေးထားပါတယ်။
“ဗိုလ်မှူးချုပ်ကျော်ဇောဟာ ဗမာ့တပ်မတော်ကို စတင်ဖွဲ့စည်းခဲ့စဉ်ကစပြီး ပါဝင်ခဲ့တဲ့၊ တပ်မတော်သမိုင်းမှာ အ စဉ်အလာကြီး လှ တဲ့ ရဲဘော်သုံးကျိပ်ဝင် ပုဂ္ဂိုလ်ကြီးတဦးဖြစ်ပါတယ်။ တပ်မတော်အကြောင်း၊
ဗိုလ်ချုပ်အောင် ဆန်း၊ ဗိုလ်နေ၀င်းတို့အကြောင်း၊ နောက် အာဏာရနိင
ုငံရေးပါတီက ခေါင်းဆောင်များအကြောင်း၊ ကောင်း ကောင်းသိခဲ့သူလည်းဖြစ်ပါတယ်။ ဗိုလ်မှူးချုပ်ဟောင်း ကျော်ဇောလို
သမိုင်းဝင်ပုဂ္ဂိုလ်မျိုးတို့ရဲ့ တဦးချင်းဆိုင် ရာ မှတ်တမ်းမှတ်ရာ၊ ဆောင်းပါး၊ စာတမ်း၊ သဘောထားအမြင်တို့ဟာ ဗမာ့သမိုင်းအတွက် အရေးပါလှပါ တယ်။ သမိုင်းမှန်ပေါ်ပေါက် ရေးအတွက်လည်း
အမှန်ပင်လိုအပ်လှပါတယ်” (စာ-၅)မြန်မာ ပြည်တင
ွ်းမှာက မဆလ လက်ထက်ကရော အခု နအဖလက်ထက်မှာပါ ဗိုလ်မှူးချုပ်ဟောင်း ကျော်ဇော ရဲ့သမိုင်းကြောင်းကို တော်တော်လေးမှိန်ထားပြီး
သာမန်လောက်သာ ရေးသားထုတ်ဝေခွင့်ပြုတာကို တွေ့ရပါ တယ်။ ထင်ရှားတဲ့ ရဲဘော်သုံးကျိပ်ဝင်မို့ လုံးဝဖျောက်ဖျက်ထားလို့ မရလို့သာ ရေးခွင့်ပြုတဲ့ အနေအထားမျိုးကို တွေ့ရပါတယ်။ ဒါပေမယ့်
ရှေ့မီနောက်မီ နိုင်ငံရေးသမား ကြီးတွေ၊ တဆင့်စကား တဆင့်နားနဲ့ ကြားရတဲ့ ဗိုလ် မှူးချုပ်ဟောင်း ကျော်ဇောနဲ့ ခေတ်ပြိုင်ပုဂ္ဂိုလ်တွေရဲ့ အလွတ်သဘော ပြောဆိုချက်တွေကို ထောက်ရဆ
ှု င်ခြင် ပြီး
နိုင်ငံရေးစိတ်ဝင်စားသူ နောက်မျိုးဆက်တွေက ဗိုလ်မှူးချုပ်ဟောင်း ကျော်ဇောကို စစ်တပ်အတွင်းမှာ တာ ၀န်ထမ်းဆောင်ခဲ့စဉ်ကရော အငြိမ်းစားယူပြီး နိုင်ငံရေးနယ်ပယ်ထဲရှိစဉ်မှာပါ သမိုင်းကျောင်း ကောင်း
မွန်ပြီး တိုက်ရည်ခိုက်ရည် ပြည့်ဝထူးချွန်တဲ့ စစ်သားကောင်းတယောက်၊ ရိုးဖြောင့်တည်ကြည်ပြီး မျိုးချစ်စိတ် ထက် သန်တဲ့ နိုင်ငံရေးသမားတယောက်အနေနဲ့ သိထားကြပါတယ်။

အဲဒီလို ထင်မြင်ထားချက်တွေနဲ့ ကိုက်ညီမှု ရှိမရှိကို ဒီကိုယ်ရေးအတ္ထုပ္ပတ္တိစာအုပ်ပါ အချက်အလက်၊ အရေးအ သား၊ မှတ်ချက်ပြု မှုတွေနဲ့ ယှဉ်ထိုးပြီး သုံးသပ်ဆင်ခြင်ကြည့်နိုင်မှာ ဖြစ်ပါတယ်။ ဒီစာအုပ်မှာ
ဗိုလ်မှူးချုပ် ဟောင်း ကျော်ဇောက ပထမပိုင်းအနေနဲ့ သူရဲ့ အတ္ထုပ္ပတ္တိ၊ ဒုတိယပိုင်းအနေနဲ့ ဖက်ဆစ်ဂျပန် တော်လှန်ရေး၊ တတိယပိုင်းအနေနဲ့ ပြည်တွင်းစစ်၊ စတုတ္ထပိုင်းအနေနဲ့ နိုင်ငံ ခြားခရီးများ၊ တရုတ်ဖြူ
ပြဿနာဆိုပြီး လေးပိုင်း ခွက
ဲာ တင်ဆက်ထားပါတယ်။
ဗိုလ်မှူးချုပ်ဟောင်း ကျော်ဇောကို စာရေးကောင်းသူတဦးလို့ မှတ်ချက်မပြုမိပေမယ့် စိတ်ဝင်စားဖွယ် အ ကြောင်းအရာတွေနဲ့ ပြည့်နှက်နေတဲ့ သူ့ရဲ့ ဘ၀ဖြတ်သန်းမှု အတွေ့အကြုံတွေကို ရိုးရိုးရှင်းရှင်း
ပွင့်ပင
ွ့်လင်း လင်းမကွယ်မ၀ှက် ရေးသားတင်ပြ သွား တာကို ဖတ်ပြီး ပင်ကျရည်စစ်စစ်ကို သောက်ရသလို ခံစားလိုက်ရပါ တယ်။ သမိုင်းအချက်အလက်တွေကို တင်ပြတဲ့အခါမှာ မကွန့်မညွန့်ဘဲ ရိုးရှင်းတဲ့
အရေးအသား တင်ဆက်မှု ဟာ အမှန်နဲ့ ပိုနီးစပ်စေမှာ ဖြစ်ပါတယ်။ ဂျပန်မှာ စစ်ပညာသင်ကြား ခဲ့ရပုံ တွေ၊ သူဦးဆောင်ပြီး တိုက်ခဲ့ရတဲ့ တိုက်ပွဲတွေနဲ့ ပတ်သက်ပြီး ရေးသားတင်ပြထားပုံတွေကို
ဖတ်ရတဲ့အခါမှာလည်း ရိုးရိုးရှင်း ရှင်းလေး ရေးသား ထားပေမယ့် နောက်ခံသမိုင်း ကားချပ်တွေက အရေးပါ အားကောင်းလွန်းနေတော့ ဂန္ထ္ထ၀င်စစ်ကားကောင်း တွေ ကြည့်ရသလို
သည်းထိတ်ရင်ဖိုစရာကောင်းလှပါတယ်။ တိုက်ပွဲတွေအကြောင်းဖတ်ပြီး တိုင်းပြည်နဲ့လူမျိုး အတွက် အသက် စွန့်တိုက်ပွဲဝင်သွားခဲ့ကြတဲ့ မျိုးချစ်ပုဂ္ဂိုလ်တွေရဲ့ ကိုယ်ကျိုးစွန့်အနစ်နာခံမှုတွေ၊ တာဝန်ကျေ
ပွန်ခဲ့ပုံတွေကို မျက်စိထဲ မြင် ယောင် လာစေပါတယ်။
ဒါ့အပြင် သူတာဝန်ထမ်းဆောင်ခ့စ
ဲ ဉ်ကာလအတွင်းက တွေ့ကြုံခဲ့တဲ့အမှားတွေ၊ စစ်တပ်အတွင်းမှာ အမှုထမ်း နေစဉ် ကာလက ဗမာပြည်ကွန်မြူနစ်ပါတီနဲ့ လျှို့ဝှက်ဆက်သွယ်ခဲ့ပုံတွေကို မကွယ်မ၀ှက်
ဝန်ခံရေးသားထား သလို၊ မြန်မာ့နိုင်ငံရေးကို ကြိုးကိုင် ခဲ့ကြတဲ့ အထင်ကရခေါင်းဆောင်တွေအပေါ် သူမြင်တဲ့အမြင်တွေကိုလည်း ဘယ်သူ့မျက်နှာမှ မထောက်ဘဲ ပွင့်ပင
ွ့်လင်းလင်း ရေးသားသွားတာကို
ဖတ်ရှုရမှာဖြစ်ပါတယ်။
ပုဂ္ဂိုလ်ရေးဆိုင်ရာ မှတ်ချက်တွေဟာ သူ့ဘက်ကိုယ့်ဘက် နှစ်ဘက်အမြင်နဲ့ ကြည့်ရင် ၀ိဝါဒကွဲစရာရှိပေမယ့် ဗိုလ်မှူးချုပ်ဟောင်း ကျော်ဇောကတော့ သူရဲ့ အမြင်တွေကို ရှင်းရှင်းပြတ်ပြတ်ပဲ ရေးသားထားတာ
တွေ့ရမှာ ဖြစ်ပါတယ်။ ဥပမာအနေနဲ့ ထုတ်နှုတ်ပြ ရရင် ဆိုရှယ်လစ်ပါတီခေါင်းဆောင်ဟောင်း ဦးကျော်ငြိမ်းနဲ့ပတ်သက် ပြီး အခုလို မှတ်ချက်ပြုရေးသားထားတာကို တွေ့ရပါတယ်။
“(၃) ဆိုရှယ်လစ်ပါတီခေါင်းဆောင် ဦးကျော်ငြိမ်းမှာ ဖက်ဆစ်ဂျပန်တော်လှန်ရေးတွင် ဘယ်စစ်တိုင်း ဘယ်နေ ရာကိုမှ တာဝန် မယူခဲ့၊ ပထမတိုင်း(၄) နိုင်ငံရေးမှူးတာဝန် ရာထားရာကိုလည်း မသွား၊
နောက်တိုင်း (၆) နိုင်ငံ ရေးမှူးတာဝန်ကိုလည်း သွားမယူ ဘဲ၊ တနေရာ လုံခြုံရာတွင် မိမိဘာသာ ပုန်းခိုနေပြီး ရန်ကုန်မှ ဂျပန်တပ်များ ဆုတ်ခွာပြီးတော့မှ ရန်ကုန်တိုင်း ကိုဗဆွေထံသွား၍ ပူးပေါင်းနေခဲ့သူ
ဖြစ်သည်။
(၄) ၁၉၅၂ ခုနှစ်တင
ွ် ဆိုရှယ်လစ်ပါတီခေါင်းဆောင် ၀န်ကြီးအဖြစ် ဦးကျော်ငြိမ်းသည် အနောက်နိုင်ငံအချို့သို့ လှည့်လည်လေ့ လာကြည့်ရှုရေး အဖွဲ့ခေါင်းဆောင်အဖြစ် သွားရောက်ရာတွင် ကျနော်လည်း
ထိုအဖွဲ့တင
ွ် ပါဝင် လိုက်ပါသွားရာ အင်္ဂလန်၊ လန်ဒန် မြို့တွင် ကျနော်တို့ လူချင်းလည်းရင်းနှီးနေ၍ ကျနော်က ဖက်ဆစ်တော်လှန် ရေးတွင် ကျနော်ဦးစီးသော တိုင်း (၄) တွင် ခင်ဗျား ပထမ နိုင်ငံရေးမှူး
တာဝန်ကျရာသို့ မလာဘဲ ဘာကြောင့် သခင်ချစ်ကို လွှတ်ရသလဲဟု မေးရာ ဦးကျော်ငြိမ်းက ခပ်ပြောင်ပြောင် ပင် ခင်ဗျားကြီးကို ကြောက်လို့ မလာ တာဟု ပြောသည်။ အဓိပ္ပါယ်မှာ ကျနော်တို့က ဂျပန်ကို
ဖိတိုက်ရင် ဂျပန်က ကျနော်တို့ကို ပြန်တိုက်မည်။ ထို ဒဏ်ကို သူ မခံနင
ိုလို့ မလာသည့်သဘောဖြစ်သည်။ ဦးကျော်ငြိမ်းမှာ အနာမခံလိုသော နိုင်ငံရေးအချောင်သ မားကြီးဖြစ်သည်ကို သိနိုင်ပေသည်။” (စာ-
၁၂၅)
အာဏာရှင် ဗိုလ်နေ၀င်းနဲ့ ပတ်သက်လို့လည်း သူ့ရဲ့ အမြင်တွေကို အခုလို ဖတ်ရှုရမှာ ဖြစ်ပါတယ်။
“နောက်မှ ကျနော်သတိထားမိသည့် ထူးခြားချက်တခုမှာ ဗိုလ်နေ၀င်းသည် အစိုးရအမှုထမ်းတဦးဖြစ်ခဲ့ပြီး လူ့ ဘ၀ဖြတ်သန်းမှု လည်း အတော်ရှိသူဖြစ်သဖြင့် မိမိအထက်လူကြီးကို
မည်သို့ချဉ်းကပ်ဆက်ဆံရမည်ကို လည်း ကောင်း၊ ပတ်ဝန်းကျင်နှင့် ဆက် ဆံရေးကိုလည်းကောင်း အထိုက်အလျောက် ဆက်ဆံတတ်သည်။ ကျနော်တို့ ကျောင်းသားများလို ရိုးရိုးစင်းစင်းကြီး မဟုတ်ပေ။
ထို့ကြောင့် သူသည် ဗိုလ်ချုပ်အောင်ဆန်းတို့နှင့် လေးလေး စားစား ရင်းနှီးလာပြီး ကျန်သူများနှင့်လည်း ဆက်ဆံရေး ကောင်း လာသည်။” (စာ-၅၁)
“နောင် ဗိုလ်လက်ျာ၏ ပြောပြချက်အရ ထိုစဉ်ကတည်းက ဗိုလ်နေ၀င်းဟာ စစ်ဦးစီးအဖြစ် ဗိုလ်လက်ျာက ပေး တဲ့ အမိန့်တွေကို မနာခံမှုတွေလုပ်လာပြီး နောက်လည်း ဤအတိုင်း တလျှောက်လုံးဖြစ်ခဲ့တယ်လို့
ပြောပြပါ သည်။ ဤတွင် သူ့ (ဗိုလ်နေ၀င်း) စိတ် တွင် အနာဂတ်၌ ဗိုလ်ချုပ်အောင်ဆန်းပြီးလျှင် သူသာ ဒုတိယ ဖြစ်လာရ မည်ဟု ကိုယ်ရေးကြီးပွားရေးစိတ်သို့ ပြောင်းလာ ပြီဖြစ် သည်။” (စာ-၅၂)
“သို့သော်လည်း ၁-၈-၄၃ ခုနှစ်တွင် ဂျပန်က လွတ်လပ်ရေးပေးပြီးနောက် သီးခြားစစ်ဦးစီးဌာနချုပ်ဖွဲ့ရာတွင် သူ့ကို ဗိုလ်မှူးကြီး ရာထူးဖြင့် စစ်ဦးစီးချုပ်ရာထူးကို စစ်ဝန်ကြီး ဗိုလ်ချုပ်အောင်ဆန်းက
ခန့်ထားလိုက်သည်။ ၎င်းမှာ ထိုရာထူးအတွက် အရည် အချင်းမရှိလှသော်လည်း သခင်နှစ်ပါတီညီညွတ်ရေးအတွက် သဘောတူကြ သည်။ အထက်တွင် ဗိုလ်ချုပ်အောင်ဆန်း ရှိနေ
သောကြောင့်လည်းဖြစ်သည်။ ” (စာ-၅၂)
“ယင်းကာလနောက်တွင် ထူးခြားချက် တွေ့မြင်လာရသည်။ ပထမထူးခြားချက်က သူ (ဗိုလ်နေ၀င်း) အပျော် အပါး လိုက်စားလာ ပြီး စာရိတ္တ ယိမ်းယိုငခ
်ျို့တဲ့မှုတွေ တွေ့သိလာကြရသည်။ နောက်ပိုင်း
စစ်ဦးစီးချုပ်ရုံးပင် မှန်မှန်မတက်ဘဲ နေတတ်လာသည်။ အပျော်အပါးနှင့် လောင်းကစားဘက် အာရုံစိုက်လာသည်။ နည်းနည်း တည်ငြိမ်အေးချမ်းပြီး ရာထူးဌာနန္တရ ခိုင်မြဲလာသောအခါ သူ၏
မူရင်းဇာတိစရိုက်တွေ ပေါ်လာတော့တာဖြစ် သည်။” (စာ-၅၂)
ဗိုလ်ချုပ်အောင်ကြီးတို့အုပ်စုနဲ့ အာဏာရှင်ဗိုလ်နေ၀င်းတို့ ဆရာမွေးတပည့်မွေး လုပ်ခဲ့ကြပုံတွေကိုလည်း ဗိုလ် ချုပ်ကျော်ဇောက အခုလို ရေးသားခဲ့ပါတယ်။
“နောက်ကျမှ ကျနော်တို့ စဉ်းစားမိကြသည်မှာ ဗိုလ်အောင်ကြီးတို့ ဂိုဏ်းသည် တပ်တင
ွ်းအာဏာကို ကျော် လွှား တက်လှမ်းယူ လိုကြသည်။ သို့ရာတွင် သူတို့အပေါ်က ထင်ရှားသည့်
ခေါင်းဆောင်တယောက်ကို မှီခိုဖို့လို ရာ ဗိုလ်နေ၀င်းကို ရှာဖွေတွေ့ရှိပြီး နောက် ၎င်းတို့သည် တလျှောက်လုံး ဗိုလ်နေ၀င်းကို တဘက်က မြေတောင် မြှောက်ပေးပြီး တဘက်ကလည်း သူ့အရိပ်ခိုကာ
တပ်တွင်းဗိုလ်ကျလာကြသည် မဟုတ်ပါလား။ ဤတွင် ဗိုလ် နေ၀င်းကလည်း ပထမ ဗိုလ်ချုပ်အောင်ဆန်းအောက် ဒုတိယအဆင့် လူဖြစ်ရန် ဗိုလ်လက်ျာကို ဆန့်ကျင်အာခံ ပြီး ကျော်တက်နိုင်ရန်
အားထုတ်ခဲ့သည်။
နောက် ဗိုလ်နေ၀င်းသည် ဗိုလ်ချုပ်အောင်ဆန်းကိုပါ ဝေဖန်လာသော ဗိုလ်အောင်ကြီးတို့ လူငယ်ဂိုဏ်းနှင့် ပေါင်းဖက် ဂိုဏ်းဖွဲ့လာ သည်။ နောက် သူဟာ သူ့ရဲ့ အရည်အချင်းမရှိမှုနှင့် အကျင့်စာရိတ္တ
အားနည်းချို့တဲ့မှုတို့ ကြောင့် ရဲဘော်သုံးကျိပ်နှင့် တပ်တွင်း အများစုရဲ့ လေးစားခြင်းမခံရလို့ မိမိရပ်တည်တိုးတက်ရေးအတွက် ဒီလူ တွေကို မှီခိုအားထားဖို့ လိုအပ်သည်ဟုလည်း ထင်ပုံရ ပါသည်။” (စာ-၅၃၊
၅၄)
ဖက်ဆစ်တော်လှန်ရေးအတွက် နောက်ဆုံးပိတ် ဆွေးနွေးဆုံးဖြတ်ချက်တွေ ချဖို့အတွက် ၁၉၄၅ ခုနှစ် မတ်လ ဆန်း (၁) ရက်က နေ (၇) ရက်လောက်အထိ ပတ်လမ်းမှာရှိတဲ့ ဗိုလ်ချုပ်အောင်ဆန်းအိမ်မှာ
တော်လှန်ရေး ခေါင်းဆောင်တွေ ဆွေးနွေးကြတဲ့ပွဲမှာ ဗိုလ်နေ၀င်းက ဗိုလ်ချုပ်အောင်ဆန်းအပေါ် အများရှေ့မှာ ဗြောင်ရန် တွေ့စကား ပြောကြားပုံကို အခုလို ရေးသားခဲ့ပါတယ်။
“ဤတွင် ဗိုလ်နေ၀င်းမှာ ဖျာပေါ်ထိုင်နေရာမှ ရုတ်တရက် ၀ုန်းခနဲ မတ်တတ်ရပ်လိုက်ပြီး ကျနော့်ကို ယုံကြည်မှ တာဝန်ပေးပါ။ မယုံကြည်က တာဝန်မပေးပါနဲ့ဟု သဘောပါသည့် ရန်တွေ့စကားကို
ဗိုလ်ချုပ်အောင်ဆန်းရော အားလုံးကိုပါကြည့်ပြီး ပြောပါ သည်။ အစည်းအဝေး တက်ကြသူအားလုံး အံ့သြပြီး ဗိုလ်နေ၀င်းကို စိုက်ကြည့် နေကြသည်။ သူက စောစောကတည်းက ရာထူး ပြောင်းရွေ့ချထား
ခံရတာရော အခြားအကြောင်းတွေပါ မကျေနပ်မှုတွေပါ ရည်ရယ
ွ်ပြီး ပြောလိုက်ပုံရသည်။ဗိုလ်ချုပ်အောင်ဆန်း က ခေတ္တစိုက်ကြည့်ပြီး နောက်ဘာမှ ထပ်မပြောတော့ဘဲ အစည်းအဝေးပြီးပြီဟုသာပြောပြီး
အားလုံးအခန်းမှ ထွက်ခွာ ကြသည်။” (စာ-၅၅)

ဗိုလ်ချုပ်အောင်ဆန်းတို့က ဗိုလ်နေ၀င်းကို စစ်တပ်ကနေထုတ်ပစ်ဖို့ စီစဉ်ခဲ့ပေမယ့် မထုတ်ဖြစ်ခဲ့ခြင်းအပေါ် သူ့ ရဲ့အမြင်ကိုလည်း ဗိုလ်ချုပ်ကျော်ဇောက အခုလို ရေးသားခဲ့ပါတယ်။
“ဒီလိုထုတ်ပစ်လိုက်ဖို့ စိုင်းပြင်းနေရင်း နောက်ပိုင်း မထုတ်ပစ်ခ့ေ
ဲ ချ။ ယင်းတွင် အကြောင်းအရင်း နှစ်ခုရှိသည် ဟုထင်ရသည်။ ပထမအကြောင်းက ဗိုလ်နေ၀င်းရဲ့အကင်းပါးပြီး
ကောက်ကျစ်လှည့်စားနိုင်မှုဖြစ်သည်။ ဘယ် အချိန် ဘယ်သူတွေနှင့်ပေါင်းပြီး ဘယ်သူတွေကို ခွာရမည်။ ဘယ်သူတွေကို ကန်ထုတ် နင်းချေရမည်တို့ကို နားလည်ကျင့်သုံးတတ်သူ ဖြစ်ခြင်းတို့ကြောင့် ဖြစ်
သည်။” (စာ-၅၇)
အထက်ပါ ထုတ်နှုတ်တင်ပြချက်များဟာ အနည်းအကျဉ်းမျှသာဖြစ်ပါတယ်။ တအုပ်လုံးကို စေ့စေ့စပ်စပ် ဖတ် ရှုလေ့လာကြည့် ပါက ဆင်ခြင်စရာ သမိုင်းသင်ခန်းစာတွေ၊ တန်ဖိုးရှိတဲ့ စိတ်ဝင်စားဖွယ်
သမိုင်းဆိုင်ရာအချက် အလက်တွေကို တပုံတပင် တွေ့ရမှာဖြစ်ပါတယ်။ စာရေးသူအနေနဲ့ ဗိုလ်မှူးချုပ်ဟောင်း ကျော်ဇော ရေးသား တဲ့ ကိုယ်တိုင်ရေးအတ္ထုပ္ပတ္တိ (ပထမတွဲ) ကို ဖတ်ရှုပြီး
‘ရိုးဖြောင့်တည်ကြည်သော စစ်သားကောင်းတဦး၏ မှတ် တမ်း၊ မှတ်ချက်များ’ လို့ မှတ်ချက်ပြုလိုက်မိပါတယ်။

သဘောတူတဲ့သူ ရှိသလို သဘောမတူတဲ့ သူတွေလည်း ရှိနိုင်ပါတယ်။ သဘောတူတူ မတူတူ မြန်မာ့သမိုင်းမှာ အရေးပါခဲ့တဲ့ အထင်ကရ ရဲဘော်သုံးကျိပ်ဝင်တဦး ရေး သားတဲ့ အတ္ထုပ္ပတ္တိစာအုပ်ဖြစ်လို့
နိုင်ငံရေးကို စိတ်ဝင်စားသူ၊ သမိုင်းကို စိတ်ဝင်စားတဲ့ သူတွေအနေနဲ့ ကျော် လွှားသွားလို့ မရတဲ့ ကိုယ်ရေးအတ္ထုပ္ပတ္တိစာအုပ်ဖြစ်ပါတယ်။ ဖတ်ဖြစ်အောင်ဖတ်ပြီး ဆင်ခြင်ကြည့်ကြဖို့ တိုက် တွန်းလိုက်ရပါတယ်။
စာလုံးပေါင်းသတ်ပုံ အကျအပေါက် များလွန်းတဲ့အတွက် ဖတ်တဲ့အခါ ကသိကအောက် ဖြစ်ရတာက လွဲလို့ ထုတ်ဝေဖို့ ကြိုးစားခဲ့ကြသူတွေနဲ့ ရေးသားသူ ဗိုလ်မှူးချုပ်ဟောင်း ကျော်ဇောကို အထူး
ကျေးဇူးတင်ကြောင်း ပြောကြား လိုက်ရပါတယ်။ ဒုတိယတွက
ဲို အမှားအယွင်းကင်းကင်းနဲ့ ဖတ်ရှုရဖို့လည်း စောင့်မျှော်နေပါတယ်။

ဒေါက်တာလွဏ်းဆွေ
(ခေတ်ပြိုင်အင်တာနက် စာမျက်နှာတွင် ‘၀င့်ထည်’ ကလောင်အမည်ဖြင့် ရေးသားခဲ့သည့် ဆောင်းပါးကို ပြန်လည်တင်ဆက်ခြင်း ဖြစ်ပါသည်)

သမ္မတ အိုဘားမားရဲ့ အာဖဂန်နစ္စတန်ဆိုင်ရာ မဟာဗျူဟာ အောင်မြင်မှု တနှစ်အတွင်း အဖြေထွက်နိုင်

09 December 2009
အာဖဂန်နစ္စတန်နိုင်ငံကို အမေရိကန် တပ်ဖွဲ့ တွေ တိုးပြီး စေလွှတ်ခြင်းဖြင့် တာလီဘန်တွေရဲ့ တိုက်ခိုက်မှုအရှိန် လျော့သွားမလား ဆိုတာကို
တနှစ်အတွင်း သိနိုင်လိမ့်မယ်လို့ အာဖဂန်ရှိ အမေရိကန် တပ်မှူးကြီးက ပြောဆိုလိုက်ပါတယ်။

သမ္မတ အိုဘားမား (Obama) ရဲ့ အာဖဂန်အရေး မဟာဗျူဟာသစ်ဟာ အောင်မြင်နိုင်တဲ့ အကြောင်းနဲ့ ၂၀၁၁ ခုနှစ် နှစ်လယ်ပိုင်းကစပြီး တပ်ဖွဲ့ တွေကို
တဖြည်းဖြည်း လျှော့ချနိုင်လိမ့်မယ်လို့ ဗိုလ်ချုပ်ကြီး စတန်လေ မက်ခရစ်စ်တယ်လ် (General Stanley McChrystal) က အထက်နဲ့
အောက်လွှတ်တော် နှစ်ရပ် ပူးတွဲ ကြားနာပွဲမှာ အင်္ဂါနေ့က ထွက်ဆိုလိုက်ပါတယ်။

သမ္မတ အိုဘားမားက တပ်ဖွဲ့ ၀င် ၃၀,၀၀၀ စေလွှတ်မယ့် အစီအစဉ်ကို သူ ထောက်ခံကြောင်းလည်း ဗိုလ်ချုပ်ကြီး မက်ခရစ်စ်တယ်လ်က ပြောပါတယ်။

အာဖဂန်နစ္စတန်နိုင်ငံဆိုင်ရာ အမေရိကန် သံအမတ်ကြီး ကားလ် အိုင်ကန်ဘာရီ (Karl Eikenberry) ကလည်း အာဖဂန်မှာ အမေရိကန်တွေ
အောင်ပွဲခံဖို့ အာမ မခံနိုင်ပေမဲ့ နိုင်ခြေတော့ ရှိတယ်လို့ လက်နက်ကိုင်တပ်ဖွဲ့ များ ရေးရာ အထက်နဲ့ အောက်လွှတ်တော် ပူးတွဲကော်မတီရဲ့
ကြားနာပွဲမှာ ထွက်ဆိုလိုက်ပါတယ်။

ဗိုလ်ချုပ်ကြီး စတန်လေ မက်ခရစ်စ်တယ်လ်


အာဖဂန်နစ္စတန် အစိုးရ အတွင်းမှာ အဂတိ လိုက်စားမှုတွေနဲ့ ပတ်သက်ပြီး ဒီမိုကရက်နဲ့ ရီပတ်ဘလီကန် လွှတ်တော်အမတ်တွေက စိုးရိမ်မကင်း
အထက်နှင့် အောက်လွှတ်တော် ပူးတြွဲ ကားနာပွတ
ွဲင်
ဖြစ်နေကြပါတယ်။ အာဖဂန်တပ်ဖွဲ့ တွေရဲ့ စွမ်းဆောင်ရည်နဲ့ ပတ်သက်ပြီးလည်း စိတ်မချ ဖြစ်နေကြတာ တွေ့ရပါတယ်။ ဒါကြောင့် ၂၀၁၁ ခုနှစ်မှာ
ထွက်ဆိုနေစဉ်။ ဒီဇင်ဘာ ၈၊ ၂၀၀၉။
အမေရိကန် တပ်ဖွဲ့ တွေ စတင်ရုပ်သိမ်းမယ်ဆိုတဲ့ သမ္မတ အိုဘားမားရဲ့ အစီအစဉ်ပေါ်မှာလည်း စောဒက တက်နေကြတာ ဖြစ်ပါတယ်။

အီရတ် ဗုံးကွဲမှု လူ ၁၀၀ ကျော် သေဆုံး

08 December 2009
အီရတ်နိုင်ငံ ဘဂ္ဂဒက်မြို့တော် တလွှားမှာ ကားဗုံးကွဲမှုတွေ ဆက်တိုက် ဖြစ်ပွားပြီး လူပေါင်း ၁၁၈ ဦးမက သေဆုံးပြီး လူ ၄၀၀ ကျော်
ဒဏ်ရာရရှိသွားပါတယ်။ ဒီနေ့ အင်္ဂါနေ့မှာ ဖြစ်ပွားခဲ့တဲ့ ပေါက်ကွဲမှုတွေမှာ ပေါက်ကွဲမှု ၃ ခုက တခုနဲ့တခု မိနစ်ပိုင်းပဲခြားပြီး ဖြစ်ပွားခဲ့တာ
ဖြစ်ပါတယ်။

ဗုံးတလုံးကတော့ ဘဂ္ဂဒက် မြို့လယ်ကောင်က လူစည်ကားတဲ့ ဈေးတခုကို ဖောက်ခွခ


ဲ့တာ ဖြစ်ပြီး ကျန်တဲ့ ၂ လုံးကတော့ ဘဂ္ဂဒက်မြို့တော်
အရှေ့ပိုင်းက ပြည်ထေ
ဲ ရး ၀န်ကြီးဌာနနဲ့ အလုပ်သမား ၀န်ကြီးဌာနတို့နားမှာ ပေါက်ကွဲခဲ့တာ ဖြစ်ပါတယ်။

ဗုံးပေါက်ကွဲရာ နေရာတခုမှာတော့ အမည်းရောင် မီးခိုးလုံးကြီးတွေ ထွက်ပေါ်နေတာကို မြင်တွေ့ရပြီး မီးသတ်သမားတွေနဲ့ ကယ်ဆယ်ရေး


လုပ်သားတွေ ကူညီကယ်ဆယ်ဖို့ ကြိုးပမ်းနေကြတာကို ရုပ်မြင်သံကြားမှာ ပြသပါတယ်။

ဗုံးပေါက်ကွဲပြီးနောက် လုံခြုံရေး ၀န်ထမ်းများနှင့်


အစောပိုင်းတုန်းကလည်း ဘဂ္ဂဒက်တောင်ပိုင်းမှာ ကင်းလှည့် ရဲကားတစီးကို အသေခံ ကားဗုံးခွဲခဲ့လို့ ရဲသား ၃ ဦးနဲ့ အရပ်သားတဦး
ကယ်ဆယ်ရေး လုပ်သားများ ထိခိုက်ဒဏ်ရာ ရသူများကို
သေဆုံးသွားပါတယ်။ တခြား ၅ ဦးလည်း ဒဏ်ရာတွေ ရသွားကြပါတယ်။
ရှာဖွေနေစဉ်။
ဒီဇင်ဘာ ၈၊ ၂၀၀၉။
ဒီဗုံးခွဲ တိုက်ခိုက်မှုတွေကို အမေရိကန် အစိုးရက ရှုတ်ချ ပြောဆိုသွားပါတယ်။

ဒီနေ့ဖြစ်ခဲ့တဲ့ တိုကခ
ိုက်မှုတွေဟာ စည်ပင်ရုံးခန်း အပြင်ဘက်မှာ အောက်တိုဘာလကုန်ပိုင်းက ကားဗုံးခွခ
ဲ့လို့ လူ ၁၅၀ ကျော် သေဆုံးခဲ့ရပြီးတဲ့ ဖြစ်ရပ်နောက်ပိုင်း အဆိုးရွားဆုံး တိုက်ခိုက်မှု ဖြစ်ပါတယ်။

ဒိန်းမတ်နိုင်ငံ ကုလသမဂ္ဂ ရာသီဥတု ထိန်းသိမ်းရေး ညီလာခံအား ဆန့်ကျင် ကန့်ကွက်ကြ

ဒိန်းမတ် ပြည့်တန်ဆာ အမျိုးသမီးတဦး ဈေးကွက် ရှာဖွေနေစဉ် © AFP/DDP/File

ဒိန်းမတ်နိုင်ငံ ကိုပင်ဟေဂင် မြို့တွင် ကျင်းပသည့် ကုလသမဂ္ဂ ရာသီဥတု ထိန်းသိမ်းရေး ညီလာခံကို ကန့်ကွက် သည့် အနေနှင့် ဒိန်းမတ် ပြည့်တန်ဆာ အမျိုးသမီးများက အခမဲ့ လိင် ဆက်ဆံ ခွင့် ပေးသွားရန်
စီစဉ်နေကြောင်း

သိရှိရသည်။

ဒိန်းမတ် ပြည့်တန်ဆာ အစည်းအရုံးက ကိုပင်ဟေဂင် ညီလာခံ ကျင်းပချိန်တင


ွ် ဟိုတယ်များအတွင်း အခ ကြေးငွေပေး လိင်ဆက်ဆံမှု မပြုလုပ်ရန် တားမြစ် စာတန်းများ ကပ်ထားခြင်းအား ဆန္ဒပြ သည့်
အနေနှင့် ယခုလို ဆောင်ရက
ွ် ခဲ့ခြင်းဟု ပြောကြားလိုက်သည်။

ကိုပင်ဟေဂင်တွင် ဒီဇင်ဘာ (၇)ရက်မှ (၁၈)ရက်နေ့ အထိ ရာသီဥတု ထိန်းသိမ်းရေး ညီလာခံကို ကျင်းပမည် ဖြစ်ပြီး ထိုအချိန်အတွင်း ပြည့်တန်ဆာ များကလည်း သူမတို့၏ ဆန္ဒပြမှုကို ဆင်နေ
ွှဲ နမည်
ဖြစ်သည်။

ပြည့်တန်ဆာ လုပ်ငန်းသည် ဒိန်းမတ်တွင် တရားဝင် ခွင့်ပြုထားသည့် လုပ်ငန်းတခု ဖြစ်သည်။ ဒိန်းမတ်နိုင်ငံ လိင် လုပ်သားများ အခွင့်အရေး ကာကွယ်ရေး အဖွဲ့မှ ဒေးဗစ်မိုလားက လူတိုင်းသည် အဖွဲ့၏
ဝဘ်ဆိုဒ် မှတဆင့် အခမဲ့ လိင်ဆက်ဆံရန် တောင်းဆိုခွင့် ပေးထားမည် ဖြစ်ကြောင်း AFP သတင်းဌာနသို့ ပြောကြားခဲ့သည်။

ထို့အပြင် ယခု ၀န်ဆောင်မှုအတွက် ညီလာခံ ကျင်းပနေသော ကာလသည် အချိန်ကောင်း အဖြစ် ယူဆ နိုင်ကြောင်းလည်း မိုလား ကဆိုသည်။ ကိုပင်ဟေဂင် ညီလာခံသို့ ကမ္ဘာ့နိုင်ငံ ခေါင်းဆောင်များ
တက်ရောက်ခြဲ့ ကပြီး (၂၀၁၂) ခုနှစ်တွင် သက်တမ်း ကုန်ဆုံးမည့် ကျိုတို ပရိုတိုကော အား အသစ်ဖွဲ့စည်းရန် ဆွေးနွေးနေဆဲ ဖြစ်ကြောင်း သိရှိရသည်။

ဖြစ်ပေါ် လာနိုင်သေးသည့် ဆန္ဒပြမှုများ အတွက် ဂရိအစိုးရ စိုးရိမ်ပူပန်နေ


အေသင်မြို့တော်တွင်ဆန္ဒပြသူများနှင့် အာဏာပိုင်များ ထိပ်တိုက် တွေ့ဆုံစဉ် © PetrosGiannakouris - AP

ဂရိအစိုးရ အနေနှင့် နိုင်ငံအတွင်း ဆန္ဒပြမှုများ ဖြစ်ပေါ် လာနိုင်သေးသည့် အခြေအနေ အပေါ် စိုးရိမ်မကင်း ဖြစ်နေရကြောင်း သိရှိရသည်။ အေသင်မြို့တော်နှင့် အနီးတ၀ိုက် ဒေသများတွင် ဆန္ဒပြမှုများ
ပြုလုပ်ရန် ကျောင်းသား

များက ပြင်ဆင်နေပြီး ယမန်နှစ်က ရဲတဦး ပစ်ခတ်မှုကြောင့် ကျောင်းသား တဦး သေဆုံးသွားခြင်း အတွက် အထိမ်းအမှတ် ဆန္ဒပြရန် စုရုံးနေကြောင်း သတင်းများ ထွက်ပေါ်လျှက် ရှိသည်။

တနှစ်မျှ ကြာမြင့်ပြီ ဖြစ်သော်လည်း အေသင်တင


ွ် ရဲနှင့်ကျောင်းသား ဆက်ဆံရေးမှာ ထိုအချိန် ကတည်း တစထက်တစ ပိုမိုဆိုးရွား လာခဲ့ရသည်။ ကျောင်းသား များသည် ဒီဇင်ဘာ (၇)ရက်နေ့ နေ့လယ်က
အေသင် မြို့လယ်တွင် စုရုံးကာ ဆန္ဒပြပွဲ အသေးစားလေးများ ပြုလုပ်ခဲ့သော်လည်း ယမန်နှစ် ကလောက် အခြေအနေ မငြိမ်သက်မှုမျိုး မရှိသေးပေ။

ဂရိအစိုးရ ကမူ ယခုကိစ္စအား စောင့်ကြည့်နေပြီး တစုံတရာ မှတ်ချက်မပေးသေးကြောင်း သိရှိရသည်။ (၂၀၀၈)ခုနှစ်၊ ဒီဇင်ဘာ (၆)ရက် နေ့က အေသင်မြို့တွင် ရဲတဦးက ပစ်ခတ်ခဲ့သည့် ကျည်ဆန်
ထိမှန်သောကြောင့် အသက်(၁၅)နှစ် အရွယ် ကျောင်းသားတဦး သေဆုံးပြီးနောက် တမြို့လုံးရှိ ကျောင်းသားများက အုံကြွ ဆန္ဒပြခဲ့ကြကြောင်း သတင်း ရရှိသည်။

ထောင်ကျတဲ့သူလျှိုအတွက် လွတ်ငြိမ်းခွင့်ရဖို့ မိခင် တောင်းခံ

ဒီဇင်ဘာ ၉၊
၂၀၀၉
(ဘန်ကောက်ပို့
စ်)
Wednesday,
December 09,
2009

ပြွေထိုင်းပါတီန့ထ
ဲ ပ်စင်ကိုလည်း အကူအညီပေးဖို့ တောင်းဆို

တနေ့တုန်းက
ဆီဝရတ်ချူတီဖုန်ကို
သူလျှိုမှု နဲ့ ထောင်ဒဏ် ၇
နှစ် ချမှတ်လိုက်အပြီးမှာ
သူ့ရဲ့ အမေဟာ သူ့သားကို
ကမ္ဗောဒီးယား
ဘုရင်ဆီက
လွတ်ငြိမ်းချမ်းသာခွင့်
ရဖို့အ တွက်
ပြွေထိုင်းပါတီနဲ့
ဝန်ကြီးချုပ်ဟောင်း
ထပ်စင် တို့အပေါ်
မျှော်လင့်အားထားနေပါ
တယ်။
ဖနွမ်းပင်ဒေသဆိုင်ရာ
တရားရုံးက စီ ရင်ချက်ချမှတ်အပြီး၊ မိခင်ဖြစ်သူ ဆီမရတ် နာနခုန် ဖနွမ်ဟာ ကမ္ဗောဒီးယား မြို့တော်က အတိုက်အခံပါတီကို တောင်းဆိုလိုက်ပြီး ပါ
တီ ဥက္ကဋ္ဌ ချာဗာလစ် ယောင်ချိုင်ယုဒ်နဲ့ ထပ်စင်ကို ၀င်ရောက်ကူညီ ဖြေရှင်းပေးဖို့ အသနားခံပါတယ်။

စီရင်ချက်ချအပြီးမှာ ဆီမရတ်ဟာ သူ့ရှေ့နေခီယူးဆမ်ဘူးနဲ့တိုင်ပင်ပြီး ဘုရင်ဆီကလွတ်ငြိမ်းချမ်းသာခွင့်ရဖို့ အစီအစဉ်တွေ စလုပ်ဖို့ အတွက်


အမှုကို တရားရုံးမှာ အသနားမခံဖို့ ၂ ယောက်စလုံးက သဘောတူကြတယ်။ ဆီဝရတ် ထိုင်းနိုင်ငံကို ပြန်ခင
ွ့်ရရေး ပါတီက စတင်ကြိုးပမ်းကူညီဖို့
ရှေ့နေက တရားရုံးစီရင်ချက်မိတ္တူတစုံကို ပြွေထိုင်းပါတီဆီ ပေးပို့ပါမယ်။ “ကျမနဲ့ကျမသားကို အကူအညီပေးဖို့ ဗိုလ်ချုပ်ကြီးချာဗာလစ်ကို ကျမ
ထပ်မံတောင်းဆိုပါရစေ။ ကျမသားကို လက်ထိပ်နဲ့မြင်လိုက်ရတော့ ကျမမှာ ထိတ်လန့်တုန်လှုပ်ရပါ တယ်။ မျက်ရည်တွေ မထိန်းနိုင်တော့ပါဘူး” လို့
တယ်လီဖုန်းထဲကနေ ပြောပါတယ်။

လွတ်ငြိမ်းခွင့်ရရေးကြိုးပမ်းတဲ့အခါမှာ ဘန်ကောက်နဲ့ဖနွမ်းပင်အကြားက ပဋ္ဋိပက္ခတွေ တစုံတရာ အနှောက်အယှက်အတားအဆီး ဖြစ်နိုင်တာကို


စိုးရိမ်ပြီး အစိုးရဆီကအကူအညီမယူဖို့ တမင်ရှောင်ခဲ့တာ ဖြစ်တယ်လို့ မစ္စစ်ဆီမရတ် က ပြောပါတယ်။ “ကျမသား လွတ်မြောက်ရေးကို
တခြားဟာတွေထက်အရင် ဦးစားပေးတယ်ဆိုရင်၊ ၂ နိုင်ငံပြဿနာတွေ ဆွေးနွေးတဲ့အခါမှာ သူတို့အတွက် အခက် တွေ့မှာ ဖြစ်တယ်” လို့ သူက
ပြောပါတယ်။

ကမ္ဗော ဒီးယားလေကြောင်းကုမ္ပဏီမှာအလုပ်လုပ်တဲ့ အသက် ၃၁ နှစ်ရှိ၊ အင်ဂျင်နီယာလေးကို ဘယ်လိုကူညီမလဲဆိုတာနဲ့ ပတ် သက်ပြီး


ပြွေထိုင်းပါတီဟာ ဒီကနေ့မှာ အစည်းအဝေး လုပ်ပါမယ်။ လွတ်ငြိမ်းချမ်းသာခွင့်ရဖို့လုပ်နေတဲ့ အဓိက လူတွေကတော့
ထပ်စင်ရဲ့ ဥပဒေအကြံပေးတွေဖြစ်တဲ့ ဗိုလ်ချုပ်ကြီးချာဗာလစ်နဲ့နော့ပါဒွန်ပတ္ထမာတို့ ဖြစ်ပါမယ်။ ကမ္ဗောဒီးယားဝန်ကြီးချုပ် ဟွန်ဆန် ဆီကို ပေးဖို့
ဗိုလ်ချုပ်ကြီးချာဗာလစ်ဟာ စာကြမ်းတစောင် ရေးထားပြီးပါပြီ။ သောကြာနေ့မှာ ဒီစာကို ဖနွမ်းပင်ကိုပို့ဖို့ အဆင်သင့်ဖြစ် မယ်လို့
မျှော်လင့်ရကြောင်းနဲ့ ဒါကို နိုင်ငံရေး လှုပ်ရှားမှုတရပ်အနေနဲ့ အကောက်အယူမလွဲဖို့ အစိုးရကို တောင်းဆိုထားတယ်လို့ ပြွေ ထိုင်းပါတီ ပြောရေးဆို
ခွင့်ရှိသူ ဖရွမ်ဖုန်နော့ပါရစ် ပြောပါတယ်။ ပြွေထိုင်းပါတီရဲ့ လှုပ်ရှားမှုကြောင့် ၀န်ကြီးဌာနအနေနဲ့ စိုးရိမ်စရာ မရှိပါ ဘူး။ လို့ နိုင်ငံခြားရေးဝန်ကြီးဌာန
အတွင်းရေးမှူး ချာဗာနွန့်ဒ်အင်တာရတ်ခိုမာလ်ယာဆု က ပြောပါတယ်။

“နောက်ထပ်ခြေလှမ်း မလှမ်းမီ စီရင်ချက်မိတ္တူ ရဖို့ စောင့်နေပါတယ်” လို့ ချာဗာနွန့်ဒ် က ဆိုပါတယ်။ အခုဖြေရှင်းဖို့လိုတဲ့ ပြဿနာက
ဘုရင့်ဆီကလွတ်ငြိမ်းချမ်းသာခွင့်တောင်းခံဖို့ကို အကျဉ်းသားရဲ့ဆွေမျိုးတွေက လုပ်မှာလား ဒါမှမဟုတ် ပြွေထိုင်းပါတီကစလုပ်မှာလား ဆိုတာပဲ။
ဒါမှမဟုတ် အစိုးရကလည်း လုပ်နိုင်တာပဲ။ လို့ ချာဗာနွန့်ဒ်က ဆိုပါတယ်။

ရာထူးကအဖယ်ခံလိုက်ရတဲ့ ၀န်ကြီးချုပ်ဟောင်း ပြီးခဲ့တဲ့လ၊ ကမ္ဗောဒီးယားမှာ ရှိနေချိန်၊ ထပ်စင်ရဲ့ လေယာဉ်ခရီးစဉ်ကို ခိုးယူတဲ့အ တွက်


ဆီဝရတ်ဟာ ထောင်ဒဏ် ၇ နှစ်အပြင် ဒဏ်ငွေ ဘတ် ၈၂,၅၀၀ ချမှတ်ခံရပါတယ်။ “ထပ်စင်ရဲ့ လေယာဉ်ခရီးစဉ်ဟာ ထိုင်း အစိုးရအတွက်
အရမ်းအရေးကြီးပါတယ်။ ဒါပေမဲ့ ဒီသတင်းအချက်အလက်ဟာ ထပ်စင်အဖို့ တကယ့်ကို အန္တရာယ် ရောက်စေမှာ ဖြစ်ပါတယ်” လို့ တရားသူကြီး
Ke Sakhan က စီရင်ချက်မှာ ထုတ်ဖော်ပြောဆိုပါတယ်။

“ထပ်စင်ဟာ ကမ္ဗောဒီးယားနိုင်ငံရဲ့ အကြံပေးဖြစ်တဲ့အတွက် ကမ္ဗောဒီးယားအစိုးရအနေနဲ့ သူ့အသက်ကို ကာကွယ်ဖို့ တာဝန်ရှိတယ်၊


သူတခုခုဖြစ်ရင် ကျနော်တို့ကို အပြစ်တင်မှာဖြစ်ပြီး ထိုင်းနဲ့ ဆက်ဆံရေးမှာလည်း ခက်သွားနိုင်တယ်” လို့ သူက ထပ်ပြောပါတယ်။

သူ့အမှုစစ်နေတုန်းမှာ အမှုကို ရပ်ဆိုင်းပေးဖို့ ဆီဝရတ်က တရားရုံးကို တောင်းခံခဲ့ပါတယ်။ စာရွက်စာတန်းတွေ ခိုးယူခဲ့တယ်ဆို တာကိုလည်


ငြင်းဆိုခ့ပ
ဲါတယ်။ လေယာဉ်ဆိုက်ပြီဆိုတာကို ထိုင်းသံရုံးပထမအတွင်းဝန်ကို တယ်လီဖုန်းနဲ့ သတင်းပေးခဲ့ပေမဲ့လည်း ထပ်စင် ဒီလေယာဉ်ပေါ်မှာ
ရှိတယ်ဆိုတာကို သူမသိကြောင်း တရားရုံးမှာ ထွက်ဆိုခဲ့ပါတယ်။

“ကိုယ်ပိုင်လေယာဉ်တစီးဆင်းတယ်ဆိုတာ အမှန်ပဲလို့ ကျနော် ပထမအတွင်းဝန်ကို ပြောခဲ့တယ်၊ ဒါပေမဲ့ သူ့ကိုကျနော်ပေးတဲ့ သ တင်းဟာ


တရားဝင်မဟုတ်ဘူး၊ ဘာလို့လဆ
ဲိုတော့ လေယာဉ်ပေါ်မှာ ဘယ်သူပါတယ်ဆိုတာ ကျနော်မသိဘူး၊ လေယာဉ်ခရီစဉ်မိတ္တူကို ကျနော် မရပါဘူး။
ဘယ်သူ့ကိုမှလည်း လွှမ
ဲ ပေးခဲ့ပါဘူး” လို့ ဆီဝရတ်က ဆိုပါတယ်။

ဆီဝရတ်က လေယာဉ်ခရီးစဉ်နဲ့ပတ်သက်လို့ သူတို့ကို မေးတယ်လို့ လေကြောင်းဌာနက တခြားအလုပ်သမား ၂ ယောက်က သက် သေခံပါတယ်။


ဆီဝရတ်ကို ကမ္ဗောဒီးယားအာဏာပိုင်တွေက နိုဝင်ဘာလ ၁၂ ရက်မှာ ဖမ်းဆီးခဲ့ပါတယ်။ အောက်တိုဘာမှာ အစိုးရ အကြံပေးအဖြစ်ခန့်အပ်အပြီး၊
သူ့ရဲ့ ပထမဆုံး ဟောပြောပို့ချချက်လုပ်ဖို့အတွက် ထပ်စင်ရဲ့ ကိုယ်ပိုင်ဂျက်လေယာဉ်ဟာ နိုဝင်ဘာ ၁၀ ရက်နေ့က ဖနွမ်းပင်မှာ ဆင်းသက်ခဲ့ပြီး
နိုဝင်ဘာ ၁၅ ရက်မှာ Siem Reap ကနေ ဒူဘိုင်းကို ပြန်သွားခဲ့ပါတယ်။

ထိုင်းပိုင်လေကြောင်းပျံသန်းမှုလုပ်ငန်းကို လောလောဆယ်ဆယ်မှာ ကမ္ဗောဒီးယားအစိုးရက ယာယီထိန်းချုပ် ထားပါတယ်။ ဆီဝရတ် ကိုဖမ်းအပြီး


နိုဝင်ဘာ ၁၂ ရက်နေ့မှာ ထိုင်းသံရုံး ပထမအတွင်းဝန် Kamrob ကို မောင်းထုတ်ဖို့ ဖနွမ်းပင်က အမိန့်ထုတ်ပါတယ်။ နောက်နာရီပိုင်းအကြာမှာ
ထိုင်းနိုင်ငံ၊ ကမ္ဗောဒီးယားသံရုံးက၊ ပထမအတွင်းဝန်ကိုလည်း ကမ္ဗောဒီးယားကိုပြန်ဖို့ အမိန့်ထုတ်ပြီး ထိုင်း က လက်တုန့်ပြန်လိုက်ပါတယ်။

တရားရုံးကို တက်ရောက်ခ့တ
ဲ့ဲ မစ္စစ်ဆီမရတ်က မစ္စတာကမ်ရော့ဘ်ကို တာဝန်ယူဆောင်ရွက်ပေးဖို့ တောင်းဆိုခဲ့ပြီး သူ့သားဒုက္ခ
ရောက်ရတဲ့အတွက် သူ့ကို အပြစ်တင်ပြောဆိုပါတယ်၊ သူနဲ့မဆက်သွယ်ရင် သူ့သား ထောင်ကျမှာ မဟုတ်ဘူးလို့ သူမက ပြောပါတယ်။

ဒေါ်လာတန်ဖိုးကျဆင်းသောကြောင့် အာရှရွှေ့ပြောင်း အခြေစိုက် သူတို့ ကုန်ကျ စရိတ် မြင့်တက်လာ

အာရှ မြို့ကြီး များတွင် နေထိုင် ကြသော နေရပ် ပြောင်း အခြေ စိုက်သူ တို့သည် ဒေါ်လာ တန်ဖိုး ကျဆင်း သည့် ဒဏ်ကို ခံနေ ရပြီး နေ့စဉ် အသုံး စရိတ်များ မြင့်တက် နေကြောင်း စစ်တမ်း တစ်ခုက
ဒီဇင်ဘာလ ၂ ရက် နေ့တွင် ဖော်ပြ ခဲ့သည်။ ဒေါ်လာ တန်ဖိုး ဆက်တိုက်ကျ နေသောကြောင့် ၀ယ်လိုအား လျော့ ကျလာပြီး ဂျပန် နိုင်ငံတင
ွ် နေထိုင် ကြသော နိုင်ငံခြားသား များသည် ကုန်ကျ စရိတ်
မြင့်တက် သည့်ဒဏ်ကို အဆိုးဝါးဆုံး ခံနေ ရကြောင်း အစီရင် ခံစာက ဆိုသည်။ လူသား အရင်းအမြစ် အကြံပေး အဖွဲ့ (ECA International)က ဂျပန်၊ စင်ကာပူ၊ အင်ဒိုနီး ရှားနှင့် တောင်ကိုရီးယားတို့တွင်
နေထိုင် သူများ သည် လူနေမှု စရိတ် ပိုမို ကြီးမား လာပြီး ၀ယ်လိုအား ကျဆင်း ဒဏ်ကို ခံနေ ရကြောင်း ပြောကြား ခဲ့သည်။

ECA ၏ တစ်နှစ် နှစ်ကြိမ် ထုတ်စစ်တမ်းတွင် ကမ္ဘာ့နေရာ ၃၉၀ ကျော်တွင် နေထိုင်ကြသော နိုင်ငံခြား သားရွှေ့ပြောင်း သူများသုံးစွသ
ဲ ည့် ကုန်ပစ္စည်း ၁၂၅ မျိုး၏ ကုန်ကျစ ရိတ်ကို စစ်တမ်းကောက်ယူ၍စာရင်း
ပြုစု ခဲ့ခြင်း ဖြစ်သည်။ အ၀တ်အထည်၊ အလှကုန်နှင့် အခြားကုန်ပစ္စည်း အမျိုးမျိုးတို့၏ တန်ဖိုးများပါဝင်ပြီး အိမ်၊ ကားနှင့် ကျောင်းစရိတ်တို့ မပါဝင်ပေ။ စရိတ်အကြီးဆုံးမြို့လေးမြို့ စလုံးမှာ ဂျပန်နိုင်ငံတွင်
ရှိနေပြီး တို ကျိုမှာစရိတ်အကြီးဆုံးမြို့ဖြစ်သည်။ ယိုကိုဟာမာနှင့် နာဂိုယာ၊ ကိုဘေတို့သည် စရိတ်အကြီးဆုံးမြို့စာရင်း ၀င်ခဲ့သည်။

ဟိမ၀န္တာရှိရေခဲမြစ်များ အရည်ပျော်ခြင်းကြောင့် အာရှ သားသန်း ၁၃၀၀ ဘ၀ ရပ်တည်မှု အတွက် အန္တရာယ် ရှိလာ

ရေရရှိမှု အတွက် ဟိမ၀န္တာ ရေခဲမြစ် များကို အမှီပြု နေထိုင် ရသည့် အာရှ နိုင်ငံ အချို့ရှိ လူဦး ရေသန်း ၁၃၀၀ သည် ရေခဲမြစ်များ အရည်ပျော်မှု မြင့်တက်လျက် ရှိသောကြောင့် မိုးခေါင် ရေရှားမှု များနှင့်
ကြုံတွေ့ ရနိုင် သည်ဟု ကျွမ်းကျင် ပညာရှင် များက သတိပေး ခဲ့သည်။ ဟိမ၀န္တာရှိ ရေခဲမြစ်များသည် ပါကစ္စတန်၊ အိန္ဒိယ၊ တရုတ်၊ နီပေါ၊ ဘူတန်နိုင်ငံများသို့ ဖြတ်သန်း၍ ကီလိုမီတာ ၂၄၀၀ ခန့်စီးဆင်းပြီး
အာရှ၏ အကြီးဆုံး မြစ်ကြီးကိုးခုအတွက် အဓိက ရေသောက်မြစ်ဟု ခေါ်ဆိုရမည်ဖြစ်ကာမြစ်ညာဒေသများတွင် နေထိုင်သူ သန်း ၁၃၀၀ ၏ ဘ၀ရပ်တည်မှု အတွက် အသက်သွေးကြောဖြစ်သည်။

သို့ရာတွင် ယင်းဒေသတွင်း အပူချိန်သည် ပြီးခဲ့သော ၁၀ စုနှစ် သုံးခုတွင် ဆယ်စုနှစ်တစ်ခုတိုင်း ၀ ဒသမ ၁၅ နှင့် ၀ ဒသမ ၆ ဒီဂရီဆဲလ်စီးယပ် အထိ မြင့်တက်လာမှုကြောင့် ရေခဲမြစ် အရည်ပျော်မှုနှုန်း
မြင့်တက်စေခဲ့သည်။

လာမည့် ၁၀ စုနှစ် အနည်းငယ် အတွင်း ဟိမ၀န္တာရှိ ရေခဲမြစ်များ အရည်ပျော်ပြီး လုံးလုံးပျောက်ကွယ်သွားနိုင်ကြောင်း ဒိန်းမတ်နိုင်ငံ ကိုပေဟေဂင် တွင်ပြုလုပ်နေသည့် ရာသီဥတုပြောင်း လဲမှု တိုက်ဖျက်ရေး
ထိပသ
်ီးဆွေးနွေးပွဲ တက်ရောက်နေသော ကမ္ဘာ့နိုင်ငံခေါင်းဆောင်များကို ပတ်ဝန်းကျင်အရေး လှုပ်ရှားသူများက သတိပေးခဲ့သည်။

ရာသီဥတုပြောင်းလဲမှုကြောင့် ရေခဲမြစ်အများစုသည် နှစ် ၄၀ အတွင်း အရည်ပျော်ပျောက်ကွယ်သွား နိုင်သည်ဟု သိပ္ပံပညာရှင်များက ခန့်မှန်း ခဲ့သည်။ နီပေါနှင့်ဘူတန်နိုင်ငံတို့နှင့် ထိစပ်နေသော ရေခဲမြစ်များ
တဖြည်းဖြည်း အရည်ပျော်မှုကြောင့် ကြီးမားသောရေ ကန်ကြီးများဖြစ်ပေါ်ပြီး ပေါက်ကွဲလျံ ထွက်လာမည့် အခြေအနေကြောင့် မြစ်ညာရှိရွာများ ရေလွှမ်းပျောက်ကွယ် သွားနိုင်သော အန္တရာယ်ရှိနေသည်။

တရုတ်နိုင်ငံတင
ွ် ရေခဲမြစ်များ အလျင်အမြန် အရည်ပျော်လာမှုကြောင့် ရေတိုကာလတွင် ရေလွှမ်းမိုးမှုများဖြစ် ပေါ်လာမည်ဟု လေ့လာမှုများက ဖော်ပြခဲ့ကြောင်း ဆင်ဟွာက ဖော်ပြခဲ့သည်။ ရေရှည်ကာလတွင်
ရေခဲမြစ်များ အရည်ပျော်မှုကြောင့် မြစ်ရေစီးဆင်းမှု တဖြည်းဖြည်း လျော့နည်းပြီး တရုတ်အနောက်ပိုင်းဒေသများကို ဆိုးဆိုးရွားရွား ထိခိုက် လာမည်ဟု သတိပေးခဲ့သည်။ ရေရရှိမှု လျော့နည်းလာမှုကြောင့်
တရုတ်နှင့် အိန္ဒိယ၏ စီးပွားရေးတိုးတက်မှုကို ထိခိုက်လာနိုင်သည်ဟု ကျွမ်းကျင်သူများ က သတိပေးခဲ့သည်။

ရေလွှမ်းမိုးမှု ဆိုးဆိုးရွားရွား ခံစားခံရသော မြေနိမ့်ဒေသ ဘင်္ဂလားဒေ့ရှ် နိုင်ငံရှိ မြစ်များသည် ရာစုနှစ်မကုန်မီ မြစ်ရေခန်းခြောက်မှု ကြုံတွေ့ရနိုင်သည် ဟု ကျွမ်းကျင်ပညာရှင်များက သတိပေးခဲ့သည်။

ဈေးကွက်အတွင်းရှိငွေကြေးလည်ပတ်မှုအတိုင်းအတာ အရ အကြွေးစနစ် အသုံးပြုမှု များနေ

ပြည်တွင်း ဈေးကွက်အတွင်း အရောင်း အ၀ယ် ပြုလုပ် လျက်ရှိသော လုပ်ငန်းများ၏ ငွေကြေးလည်ပတ်မှု အတိုင်းအတာအရ အကြွေးစနစ် ဖြင့် ရောင်းဝယ်မှု ပိုမို များပြား နေပြီး ကြွေးဆုံး ပမာဏ မြင့်တက်မှု
မရှိစေရန် အတွက် လက်ကား ရောင်းဝယ်နေသော လုပ်ငန်းအချို့ ပိုမို သတိပြု လာရကြောင်း အဆိုပါ အသိုင်းအ၀ိုင်း ထံမှ စုံစမ်း သိရှိရပါသည်။

''အခု အရောင်းအ၀ယ် အေးပါတယ်။ ဒါကြောင့် အကြွေးစနစ်၊ ခေါက်ပြန်ပေး စနစ်တွေကို အမြဲတမ်း ဖောက်သည် မဟုတ်သူတွေကိုပါ ရောင်းပေးနေရတယ်။ တစ်ဆက်ထဲမှာပဲ ကြွေးဆုံးမများအောင်
ပိုဂရုစိုက်နေတဲ့ ကြားထဲက ဆုံးရှုံးမှုတွေကလည်း တဖြည်းဖြည်း မြင့်တက်လာတယ်''ဟု မင်္ဂလာဈေးရှိ လက်ကားအရောင်းဆိုင် ပိုင်ရှင်တစ်ဦးက ပြောကြားပါသည်။

လက်ရှိ ဈေးကွက် အခြေအနေတွင် လူသုံးကုန်နှင့် စားသောက်ကုန် ပစ္စည်းအချို့ အရောင်းအ၀ယ် ကျဆင်းလျက်ရှိပြီး မရှိမဖြစ်နှင့် မသုံးမဖြစ် ကုန်စည် အမျိုးအစားများမှာ လည်း ဈေးကွက်အေးနေသည့်
အနေအထား ဖြစ်ပေါ်နေကြောင်း၊ ထို့ပြင် ယင်းကဲ့သို့ ဈေးကွက် အခြေအနေ ဖြစ် ပေါ်နေသည့် အကြောင်းကိစ္စရပ်များတွင် ကမ္ဘာ့စီးပွားရေး အကျပ်အတည်း၏ မကုန်ဆုံးသေးသည့် လက်ကျန် အငွေ့အသက်၊
ဒေါ်လာငွေဈေး ကျဆင်းမှု၏ နောက်ဆက်တွဲ ရိုက်ခတ်မှုများနှင့် စားသုံးသူလက်ဝယ်ရှိ ငွေကြေး လည်ပတ်စီးဆင်းမှု အားနည်းနေခြင်းကြောင့် သွင်းကုန်နှင့် ပြည်တင
ွ်းထုတ်ကုန်များကို ၀ယ်နိုင်စွမ်းအား
ကျဆင်းခဲ့မှုတို့လည်း ပါဝင်ကြောင်း သိရပါသည်။
''လက်ရှိ ဈေးကွက်အနေအထား နဲ့ ငွေကြေးလည်ပတ် သုံးစွဲမှု အခြေ အနေတို့ အရ ကုန်ပစ္စည်း ကိုယ်စားလှယ်တွေ၊ လက်ကား ဖြန့်ဖြူးရောင်းဝယ်နေတဲ့ လုပ်ငန်းတွေအနေနဲ့ အကြွေးစနစ်ကို ပိုသုံးလာရတာ
ရှိတယ်။ ဈေးကွက်ခတ
ွဲ မ်း ပမာဏများများ ရထားတဲ့ကုန်ပစ္စည်းတွေ၊ စီးပွားရေး လုပ်ငန်းတွေက လက်ငင်းစနစ်ကို အသုံးပြုနိုင်ကြ သေးပေမယ့် ဈေးကွက်က အေးနေတော့ ဖောက်သည်တိုးအောင်
အကြွေးစနစ်နဲ့ပါ ထိုးဖောက်လာရတဲ့ အနေအထားတွေ ဖြစ်လာတယ်။ အကြွေးစနစ်ကြောင့် အရောင်းပမာဏ တက်လာပေမယ့် ကြွေးဆုံးအန္တရာယ် ပိုလာနိုင်တာကိုတော့ သတိထားဖို့ လိုမှာပါ။
လက်ရှိငွေကြေး စီးဆင်းမှုကလည်း စက်ဝိုင်းပုံစံ မဟုတ်တဲ့ အတွက် စီးပွားရေးနဲ့ ဈေးကွက် အခြေအနေက ပုံမှန်လည်ပတ်နိုင်မှာ မဟုတ်တာကြောင့် ပမာဏတိုးလာတဲ့ ကြွေးဆုံးကိစ္စတွေကို ကိုင်တွယ်နိုင်ဖို့၊
ဈေးကွက်အနေအထားကို မှန်မှန်ကန်ကန် နားလည်သိရှိနိုင်ဖို့ လိုမှာပါ''ဟု စီးပွားရေး ပညာရှင်တစ်ဦးက ထင်မြင်ချက် ပေးခဲ့ပါသည်။

စည်သူအောင်

You might also like