Professional Documents
Culture Documents
(၂)
ရှစ်လေးလုံးမျိုးဆက်တွေပြန်လည်လတ
ွ်မြောက်လာကြတယ်။ ခြောက်ထပ်ကြီးဘုရားမှာကျင်းပတဲ့စုစည်းမှုတွေကိုကြည့်ရတာ ကြက်သီးထဖို့ကောင်းတယ်။သူတို့
ပြောနေတဲ့ စကားတွေ၊ အိပ်မက်တွေ၊ အပြုအမူတွေကိုကြည့်လိုက်ကတည်းက သူတို့ရင့်ကျက်သွားကြပြီဆိုတာ အထင်အရှားတွေ့ရတယ်။ သူတို့ကိုကြည့်ပြီး
“ကျောင်းသားခေါင်းဆောင်ဆိုတာ ဒီလိုလူမျိုးတွေကိုခေါ်တယ်” လို့ရေရွတ်လိုက်မိတယ်။ သူတို့ထောင်ကမလွတ်ခင်ကတည်းက
သူတို့ချင်းဆွေးနွေးညှိနှိုင်းထားတာတွေ၊ ဝန်ခံဂတိပေးတာတွေရှိခြဲ့ ကတယ်လို့ လုပ်ဖေါ်ကိုင်ဘက်တွေကပြန်ပြောပြလေ့ရှိတယ်။
ဥပမာ- သြဂတ်စ် (၂၈) ဗကသအပေါ်မှာထားတဲ့ ကိုမင်းကိုနိုင်ရဲ့သဘောထား နဲ့ ကျန်တဲ့ ကျောင်းသားခေါင်းဆောင်တွေရဲ့ဆန္ဒက
တထပ်တည်းဖြစ်သွားတာမျိုး၊ ဒါကြောင့်လည်း ပြဿနာတက်မ့အ
ဲ ဖွဲ့နာမည်တွေကိုတွန်းတင်တာမျိုးထက်“ရှစ်ဆယ့်ရှစ်မျိုးဆက်”ကိုဖွဲ့ပြီး ညီညွတ်ရေးကို
နေရာအနှံ့တည်ဆောက်ကြတယ်။ ငြင်းခုန်ခ့ဘ
ဲူးတဲ့မိတ်ဟောင်းဆွေဟောင်းတွေဆီကိုခရီးတွေထွက်ကြတယ်။
ဘဝတူမျိုးဆက်တွေပေါင်းစည်းကြပြီဆိုရင်၊ အရေးတော်ပုံဝိညာဉ်တွေက အုပ်စိုးသူလူတန်းစားကိုဆွဲကိုင်လှုပ်ရမ်းနိုင်တယ်။
၂၀၀၇ အဖြူရောင်လှုပ်ရှားမှုတွေနဲ့ ရဟန်းသံဃာတော်တွေရဲ့လှုပ်ရှားမှုအကြောင်း တကမ္ဘာလုံးကပြောနေကြရတယ်။
ကျောင်းစာသင်ခန်းတွေမှာသင်ကြားနေကြရတယ်။
(၃)
မွေးနေ့တွေမှာ မြင့်မြတ်ခိုင်မာရင့်ကျက်တဲ့ ကျောင်းသားခေါင်းဆောင်တွေကို အလေးအမြတ်ပြုတယ် ဆိုတာ သူတို့ယုံကြည်ခဲ့တဲ့အိပ်မက်တွေကို
ဆက်လက်အကောင်အထည်ဖေါ်ပေးမှ သူတို့ကိုဂုဏ်ပြုရာရောက်ပါလိမ့်မယ်။
ကိုကိုကြီးအပါအဝင်ကျောင်းသားခေါင်းဆောင်တွေ၊ တောက်ပြောင်ခဲ့တဲ့ အကြောင်းရင်းကတော့သူတို့မှာ
အရင်းခံညီညွတ်ချင်တဲ့စိတ်ရှိတယ်။ လှုပ်ရှားမှုကိုအားကောင်းအောင်လုပ်တယ်။ တကိုယ်ကောင်းမဆန်ဘူး။ ရိုးသားတယ်။
နှစ်ကူးတော့မယ် မိတ်ဆွေ၊
လိပ်ပြာတွေကိုသန့်စင်ကြည့်ကြမယ်။ အကျဉ်းထောင်ထမ
ှဲာရောက်နေတဲ့ကျနော်တို့ကျောင်းသားခေါင်းဆောင်တွေ၊
အတိုက်အခံတွေအားလုံးကိုအရှင်လတ်လတ်ပြန်လိုချင်ပါတယ်။
အောင်မိုးဝင်း