Professional Documents
Culture Documents
နှင်းခဲပျော်ချိန်တဲ့လေ----
မှုန်ရီ မောင့်ညနေခွန်းဆက်ခ့တ
ဲ ယ် xxx သာယာသံသာတဲ့ မောင့်နေခြည်-- တိုင်တည်တောင်းတိုင်းဝေး xxx ဆုမြတ်ခြွေလွဲရပြီလေ--
ခိုဝင်တနေ့နေ့တော့ တွေ့ကြမယ် xxx တွေ့ရမယ်လေ---
အော်--- အဆုံးကျတော့လေ-- ဒဏ္ဏာရီလို၊ ပုံပြင်လိုလို ---- နဂိုက မင်းမရည်ရွယ်ခဲ့သူ စီစဉ်ရွေးကာ အဖြေတဲ့လား xxxxxx
နေခြည် xxxxx မိုးရဲရင်ဆောင်းရဲရမယ် x xx---
ကျနော်တို့တတွေ စွဲစွဲလန်းလန်းတီးခပ်ခ့ဘ
ဲူးတဲ့ “မိုးရဲရင်ဆောင်းရရမယ်” ဆိုတဲ့သီချင်းလေ----
ကောင်မလေးရဲ့ ပါးပြင်ပေါ်မှာ စီးဆင်းနေတဲ့ သနပ်ခါးမြစ်တစင်းနဲ့အတူ သိမ်သိမ်မွေ့မွေ့ ကျန်ရစ်ခဲ့ဘူးတယ်။
ဆွတ်ပျံ့ကြေကွဲစိတ်တွေဆီကို နိုင်ထက်စီးနင်းစော်ကားခံရမှုတွေက အချိန်အခါမဲ့ရောက်လာတဲ့အခါမျိုးမှာ-
ကျနော်တို့ရဲ့ တေးဂီတတွေ အသံပြောင်းခဲ့ရတယ်။
အဆောင်ရဲ့လှေခါးထစ်တွေ ကို ဆက်တက်လို့မရတော့လောက်အောင် ယမ်းနံ့တွေက ကျွံဝင်လာတယ်။
တရုတ်စကားပန်းတွေ က ကြယ်တွေကိုဝိညာဉ်ခပ်ဖို့ အတွက် ဖွေးဖွေးလှုပ်ပွင့်ပြီး ညကိုလင်းစေခဲ့ပေမဲ့ ကျောင်းရှေ့အုတ်တံတိုင်းဆီကိုဆုတ်ခွာရင်း
ခုန်ကျော်လိုက်တဲ့ အရိပ်တွေ၊ စက်ဝိုင်းပုံစံရေပန်းရှေ့မှာပြိုကျသွားတယ်။
သွေးညှီနံ့တွေ၊ ဆေးရုံလူနာတင်ကားတွေ၊ မီးလန့်သံချောင်းခေါက်သံတွေ၊
အမှောင်ထဲမှာ အလောင်းတွေကိုလာလုဖို့ ကြံစည်နေတဲ့ မြေခွေးတွေ--
၁၉၉၄-၉၅ နွေဦး
မတ်လ(၁၃) နှစ်ပတ်လည်နေ့ထမ
ှဲာ အဲ့ဒီနှစ်နွေဦးက ထူးထူးခြားခြားပူလွန်းတယ်။
ပင်မကျောင်းဆောင်ရှေ့လှေခါးထစ်တွေပေါ်မှာထိုင်ရင်းတံလျှပ်ရိပ်တွေ တလက်လက်ထနေတဲ့ ကွန်ကရစ်လမ်းပေါ်မှာ တရုတ်စကားပွင့်တွေ
ကြွေနေတာကို ကျနော်တို့တတွေငေးကြည့်နေခဲ့တယ်။
ကျောင်းတွေပိတ်ထားပေမဲ့ ကျနော့စိတ်ထမ
ှဲာ သူတို့တတွေ သေချာပေါက်လာမှာပဲလို့တွေးနေခဲ့တယ်။
မြင်ကွင်းဆီကို အရိပ်တွေတခုပြီးတခုကျလာတယ်။
တချို့က အကျဉ်းထောင်တွေထက
ဲ လွတ်လာကြတယ်။
တချို့က မြောက်ပ်ုင
ိး ကျောင်းသားတပ်မတော်ဆီမှာ ခါးသီးတဲ့အိပ်မက်ဆိုးတွေနဲ့ပြန်လာခဲ့ကြတယ်။
တချို့ကတော့-- ပါဂျောင်ဒေသ၊ လိုင်ဇင်စခန်းမှာ တောကောင်တွေပူးဝင်တွယ်ကပ်ပြီးရက်ရက်စက်စက်လူသတ်မှုတွေကို ကျူးလွန်ခဲ့ကြ၊
နောက်တော့-- လူတွေရဲ့မျက်လုံးတွေကိုရင်မဆိုင်ရပ
ဲ၊ အခန်းအောင်းနေခဲ့ကြတယ်။
ဖြစ်ချင်တော့ ကျူးလွန်ခ့သ
ဲူတွေရော၊ အကျူးလွန်ခံခ့ရ
ဲ သူတွေရော-- ကျနော့ရဲ့သူငယ်ချင်းတွေ၊ နူးနူးညံ့ညံ့ရင်ခုန်ခဲ့ဘူးသူတွေ
တောနက်နက်တွေထဲမှာ---ဘာတွေဖြစ်ခြဲ့ ကရတာလဲ--
သူတို့ရဲ့ဒဏ်ရာတွေကို ကြေကြေကွက
ွဲ နားထောင်ခ့ရ
ဲ ပြီး ဂစ်တာကြိုးတွေကိုဆွဲဖြတ်ခဲ့ဘူးတယ်။
ဒါပေမဲ့-- မတ်လရဲ့အော်သံတွေကို မေ့ရတ
ဲ့ သ
ဲူ ရှိမယ်လို့မထင်ဘူး။
ဘယ်လိုပဲ အိပ်မက်ဆိုးတွေကြုံခဲ့ကြုံခဲ့၊ ကိုယ့်ရဲ့အိမ်လိုဖြစ်နေတဲ့ အဆောက်အဦတခုအောက်မှာရောက်သွားပြီဆိုရင်တော့
ကျောင်းသား ဆိုတဲ့ စိတ်ဓါတ်တွေက ပြန်လည်ရှင်သန်လာခဲ့ကြတယ်။
တခါတလေတော့--ဘဝဆိုတာအံ့သြဖို့တော့ အကောင်းသား။ ရက်ရက်စက်စက်ကျူးလွန်ခဲ့သူတွေနဲ့ အစော်ကားနှိပ်စက်ခံလိုက်ရသူတွေ--
အခုလို သစ်ရွက်ကြွေနွေဦးတခုမှာပြန်ဆုံကြလိမ့်မယ် လို့ ဘယ်မှာမျှော်လင့်ကြပါ့မလဲ။
ဒဏ်ရာတွေ မကျက်ခင် နောက်ထပ်ဒဏ်ရာတွေမနက်အောင် ကျနော်တို့တတွေ ဘဝတွေကို ခက်ခက်ခဲခဲကျင်ယူခဲ့ရတယ်။
အရာအားလုံးကိုပြန်ဆုံဆည်းစေမဲ့ ဖြစ်ရပ်တခုက ကျနော်တို့ကြားကိုမကြာခင်ရောက်လာခဲ့တယ်။
နိဂုံး
အောင်မိုးဝင်း