You are on page 1of 4

'kwd,tdrf EdkifiHwumpmayqufqHa&;tiftm;pk

P.O Box 201 Rochester, NY 14580------Ph: 585-957-6452----Fax: 585-671-4707

အီရန်နိုင်ငံမှာ ၁၉၇၉ ခုနှစ်တုန်းက ရှားဘုရင်ကို အာခံဆန့်ကျင်ဖို့ကြိုးစားခဲ့တဲ့ ဆန္ဒပြသူတွေစုဝေးရာ ရုပ်ရှင်ရုံတွေကို ရှားဘုရင်ရဲ့လျှို့ဝှက်ရဲတွေက


မီးရှို့ပစ်ခဲ့တယ်။ အတိုက်အခံနိုင်ငံရေးသမားတွေ (၄၀၀) ကျော်နီးပါး ရုပ်ရှင်ရုံထဲမှာ ပိတ်မိပြီး သေဆုံးခဲ့ကြတယ်။
ကျဆုံးသွားတဲ့ရဲဘော်တွေကို အလေးအမြတ်ပြုဖို့အတွက် အီရန်ရဲ့မြို့တော်လမ်းမတွေပေါ် လူထုလှိုင်းတွေ တရိပ်ရိပ်တက်လာခဲ့တယ်။

ဖိနှိပ်မှုကို ခေါင်းငုံ့မခံကြတဲ့ အမျိုးသားဒီမိုကရေစီအဖွ့ခ


ျဲုပ် နဲ့ ဗမာပြည်က ပြည်သူတွေကို အီရန်တော်လှန်ရေးအကြောင်းလက်ဆောင်ပေးချင်ပါတယ်။

စစ်အေးတိုက်ပွဲ အမွေများ၊တော်လှန်ရေးလှိုင်းများနှင့် လက်ရှိပြဿနာများ

အမေရိကန်ပြည်ထောင်စုရဲ့သမ္မတ ဘရက်အိုဘားမားက ကိုင်ရိုမြို့မိန့်ခွန်းမှာ ၁၉၅၃ ခုနှစ် အီရန်နိုင်ငံဝန်ကြီးချုပ် “မိုဟာမက် မိုဇာဒက်” ကို


အာဏာသိမ်းဖြုတ်ချမှု ကြောင့် အမေရိကန်ပြည်ထောင်စုနဲ့ အီရန်နိုင်ငံ နှစ်နိုင်ငံကြားကဆက်ဆံရေးတင်းမာခဲ့တယ် ဆိုတဲ့အကြောင်းကို ဖေါ်ပြရင်း
အနာဂတ်မှာ အီရန်နိုင်ငံနဲ့ ကောင်းမွန်တ့ဆ
ဲ က်ဆံရေးကိုရဖို့အသင့်ဖြစ်နေတယ်လို့ပြောခဲ့ဘူးတယ်။
ဒီအချက်ကို အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဟောင်းတဦးဖြစ်သူ မက်ဒလင်းအောဘရိုက် က လည်း
“အိုင်စင်ဟောင်ဝါအစိုးရရဲ့ အီရန်နိုင်ငံပြည်တွင်းရေးကို အဲ့သလိုဝင်ရောက်စွက်ဖက်လုပ်ဆောင်လိုက်ခြင်းဟာ အီရန်နိုင်ငံရဲ့ ပါလီမန်ဒီမိုကရေစီစံနစ်ကို
ဖျက်ဆီးခဲ့ခြင်းဖြစ်တယ်။ ၁၉၅၃ အာဏာသိမ်းမှုဟာ ၁၉၇၉ အီရန်တော်လှန်ရေးကိုဖြစ်ပွားစေတဲ့အဓိကအကြောင်းရင်းဖြစ်တယ်လို့ဝေဖန်ခဲ့တယ်။

တကယ်တော့ ၁၉၇၉ မှာ အင်အားကြီးနိုင်ငံနှစ်ခုရဲ့စွက်ဖက်မှုတွေကြောင့် ဖြစ်ပွားခဲ့တဲ့ ပဋိပက္ခတွေဟာစစ်အေးတိုက်ပွဲအပြီးနိုင်ငံရေးအခင်းအကျင်းတွေ


ကို ရိုက်ခပ်လာခဲ့တယ်။ ၁၉၇၉ အီရန်တော်လှန်ရေးဟာ အမေရိကန်နိုင်ငံခြားရေးမူဝါဒတွေနဲ့ အရှေ့အလယ်ပိုင်းနိုင်ငံရေးကို တုန်လှုပ်စေခဲ့တယ်။
ဒါကြောင့်လည်း လက်ရှိအီရန်သမ္မတလက်အောက်မှာဖြစ်ပွားနေတဲ့ နိုင်ငံရေးပြဿနာကို အမေရိကန်ပြည်ထောင်စုက သတိထားပြီးတုန့်ပြန်ခဲ့တယ်။
ဘာလို့လဲဆိုတော့ -အီရန်သမ္မတ ကို ထောက်ခံနေတဲ့ အတိုက်အခံအင်အားစုရဲ့ကြွေးကြော်သံတွေကိုကြည့်လိုက်ရင်
“သူတို့ဟာ ၁၉၇၉ အီရန်တော်လှန်ရေးရဲ့သားသမီးတွေဖြစ်တယ်။ လက်ရှိသမ္မတဟာ ၁၉၇၉မှာ အရာတိုလာခိုမေနီဦးဆောင်ခဲ့တဲ့
တော်လှန်ရေးကိုသစ္စာဖောက်သူတွေဖြစ်တယ် --- ” စတဲ့အသံတွေကိုကြားနေရလို့ပြဲ ဖစ်တယ်။
ဒါဖြင့် ၁၉၇၉ အီရန်တော်လှန်ရေးကို အမေရိကန်ပြည်ထောင်စုက နိုင်ငံရေးခေါင်းဆောင်တွေဘယ်လိုရှုမြင်ခဲ့သလဲ။
၁၉၇၉ အီရန်တော်လှန်ရေးကိုနားလည်ဖို့ဆိုတာ ၁၉၅၃ ခုနှစ်မှာဖြစ်ပွားခဲ့တဲ့ အာဏာသိမ်းပွဲကိုနားလည်မှဖြစ်မယ်။
ဒီဖြစ်ရပ်နှစ်ခုကိုနားလည်မှ အမေရိကန်ပြည်ထောင်စုနဲ့ အီရန်နိုင်ငံ နှစ်နိုင်ငံကြားမှာဖြစ်နေတဲ့ ပြဿနာတွေကိုနားလည်နိုင်မယ်။

မိုဟာမက် မိုဇာဒက် (သို့မဟုတ်) အီရန်အမျိုးသားရေးဝါဒီ

၁၉၅၃ ခုနှစ် မှာ ရှားဘုရင်ရဲ့အုပ်စုတွေက အီရန်ပြည်သူလူထုတရားဝင်တင်မြှောက်ထားခဲ့တဲ့ “မိုဟာမက် မိုဇာဒက်” ကို အာဏာသိမ်းဖြုတ်ချပြီး


ဖမ်းဆီးခဲ့တယ်။ မိုဇာဒက် က အမျိုးသားရေးဝါဒီတဦးဖြစ်ပြီး အီရန်နိုင်ငံပိုင်ရေနံတွင်းတွေဟာ နိုင်ငံခြားသားတွေကသာ လွှမ်းမိုးချုပ်ကိုင်ထားတယ်
လို့ ခံစားရတာကြောင့် ရေနံတွင်းတွေကို ပြည်သူပိုင်သိမ်းခဲ့တယ်။ဆိုဗီယက်ပြည်ထောင်စုနဲ့နီးကပ်ခဲ့တယ်။
ဗြိတိန်နိုင်ငံဝန်ကြီးချုပ် ဝင်စတန်ချာချီ နဲ့ အမေရိကန်သမ္မတ ထရူးမင်းတို့ကလည်း ဆိုဗီယက်ပြည်ထောင်စုနဲ့ နယ်နမိတ်ချင်းနီးကပ်နေတဲ့
အီရန်နိုင်ငံဟာ ကွန်မြူနစ်အုပ်စုတွေန့န
ဲီးကပ်သွားမှာ ကို စိုးရိမ်ခဲ့သလို၊ မိုဇာဒက်ရဲ့ ပြည်သူပိုင်သိမ်းမှုဟာ သူတို့ရဲ့အကျိုးစီးပွားကို
တိုက်ရိုက်ထိခိုက်နေပြီဆိုတာကို သဘောပေါက်လိုက်တယ်။ အမေရိကန်သမ္မတ အိုက်ဆင်ဟောင်ဝါလက်ထက်မှာတော့ “ မိုဇာဒက်” ကိုဖြုတ်ချမဲ့
စစ်ဆင်ရေးတခုကိုစတင်လိုက်တယ်။ Operation Ajax အဖြစ်လူသိများခဲ့တယ်။
ဗြိတိန်ထောက်လှမ်းရေးနဲ့ အမေရိကန်ထောက်လှမ်းရေးတွေ အီရန်နိုင်ငံတွင်းမှာ စံနစ်တကျဝင်ရောက်လိုက်တယ်။

တချိန်မှာ ရှားဘုရင် လို့ဖြစ်လာမဲ့ ရှား မိုဟာမက် ရီဇာ ကို စည်းရုံးတယ်။ ရှားမိုဟာမက်ရီဇာ က ပထမတော့ ငြင်းဆန်သေးတယ်။
စီအိုင်အေက လက်မလျော့ဘူး။ အီရန်စစ်တပ်ထက
ဲ အရာရှိတွေကို လဒ်ထိုးပြီးစည်းရုံးတယ်။ နောက်တော့ ရှားမိုဟာမက် က စီအိုင်အေရဲ့
အစီအစဉ်ကို လက်ခံလိုက်တယ်။ ဒီစစ်ဆင်ရေး ကို ဦးဆောင်ခဲ့သူ စီအိုင်အေအရာရှိ “ကားမစ် ရုစဘက် ဂျူနီယာ” ( အမေရိကန်သမ္မတ ရုစဘက် ရဲ့
မြေးဖြစ်သူ) က သူ့ရဲ့ တန်ပြန်အာဏာသိမ်းမှု ( Countercoup) စာအုပ်မှာ စစ်ဆင်ရေးအသေးစိတ်ကိုရေးခဲ့ဘူးတယ်)။
စစ်အရာရှိတချို့နဲ့ လူမိုက်ဂိုဏ်းတချို့ပူးပေါင်းပြီး ဝန်ကြီးချုပ်မိုဇာဒက်ရဲ့ ရုံးခန်းဆီကိုချီတက်လိုက်ကြတယ်။
“ မိုဇာဒက်” ကို အာဏာသိမ်းဖမ်းဆီးလိုက်တယ်။ မိုဇာဒက်တယောက် အီရန်အကျဉ်းစခန်းရဲ့အမှောင်ခန်းတွေထဲမှာ (၃) နှစ်ကျော်ဖြတ်သန်း
လိုက်ရတယ်။ အကျဉ်းထောင်က လွတ်မြောက်ခ့ေ
ဲ ပမဲ့ သေဆုံးချိန်အထိ အကျယ်ချုပ်အဖြစ်နေထိုင်ခဲ့ရတယ်။
မိုဇာဒက် ကို ထောက်ခံတဲ့ နိုင်ငံရေးသမားတွေအားလုံးနီးပါး ဖမ်းဆီးထောင်ချခံလိုက်ရတယ်။ သတ်ဖြတ်ခံလိုက်ရတယ်။
ရှားဘုရင်ရဲ့ အာဏာစက် စတင်လိုက်ကတည်းက အီရန်နိုင်ငံဆီမှာ အကြမ်းဖက်မှုတွေ အုံဖွဲ့ပျံသန်းလာခဲ့တယ်။
တသွေးတသန် တမိန့် သက်ဦးဆံပိုင်ဘုရင်စံနစ်အောက်မှာဖွ့စ
ဲ ည်းထားတဲ့ လျှို့ဝှက်ရဲအဖွဲ့တွေကလည်း ဟစ်တလာရဲ့ဂက်စတာဘိုတွေ လို
ပြည်သူတွေအပေါ် ရက်ရက်စက်စက် ချုပ်ကိုင်ထားခဲ့ပါတယ်။

မိုဟာမက် မိုဇာဒက် ရှားဘုရင်

၁၉၇၁ မှာ ရှားဘုရင်ဟာ ပါရှားအင်ပါယာထူထောင်ခြင်း နှစ်ပေါင်း ( ၂၅၀၀) ပြည့် အခမ်းအနားအဖြစ် ဒေါ်လာ သန်း (၁၀၀)ဖိုးအကုန်အကျခံပြီး
ခြိမ့်ခြိမ့်သဲကျင်းပခဲ့တယ်။ အီရန်ဘုရင်ဟာ နိုင်ငံခြားသားစီးပွားရေးသမားတွေနဲ့အတူ သောက်စားမူးယစ်ခဲ့ကြတယ်။အီရန်ပြည်သူတွေကတော့
ဆင်းရဲငတ်ပြတ်နေတယ်။ တပြိုင်နက်ထမ
ှဲာပဲ၊ ရှားဘုရင်က အစ္စလာမ်ဘာသာရေးပြက္ခဒိန်ကို ပြောင်းလဲပစ်ခဲ့ပြီး၊ အင်္ဂလိပ်ပြက္ခဒိန်အတိုင်း
အသုံးပြုခဲ့တယ်။ အစ္စလာမ်ဘာသာကတားမြစ်ထားတဲ့ သေရည်သောက်စားမှုတွေကို နိုင်ငံခြားသားတွေကိုခေါ်ပြီး ရုပ်ပျက်ဆင်းပျက်သောက်စား
မူးယစ်နေခြင်းဟာ အစ္စလာမ်ဘာသာရေးကိုဖျက်ဆီးနေခြင်းဖြစ်တယ်လို့ အီရန်ပြည်သူတွေက ယုံကြည်ကြတယ်။
ဒါကြောင့် ရှားဘုရင်ကိုဖြုတ်ချမှဖြစ်တော့မယ် လို့ အီရန်ပြည်သူလူထုက ဆုံးဖြတ်လိုက်ကြတယ်။

ဒီတပတ်မှာတော့ အီရန်တော်လှန်ရေးအကြောင်းကို လွတ်လပ်တဲ့အာရှအသံမှာ ဆွေးနွေးဖြစ်ခဲ့တယ်။


အရာတိုလာခိုမေနီ ကို ကိုးကွယ်ခ့တ
ဲ့ဲ ခေါင်းဆောင်တွေကြားမှာ ပြည်သူလူထုအပေါ်ပျော့ပြောင်းနူးညံ့ချင်သူနဲ့ သဘောထားတင်းမာသူ အုပ်စုနှစ်စုအဖြစ်
ကွဲထွက်လာခဲ့တယ်။ ဒါပေမဲ့ အုပ်စုနှစ်စုစလုံးဟာ ၁၉၇၉ အီရန်တော်လှန်ရေးကိုသစ္စာစောင့်သိနေကြသူတွေဖြစ်တယ် ဆိုတာကို
အမေရိကန်ပြည်ထောင်စုက သဘောပေါက်နေခဲ့တယ်။
အရာတိုလာခိုမေနီ နှင့် ၁၉၇၉ အီရန်တော်လှန်ရေး

သောတရှင်များခင်ဗျား

ကမ္ဘာ့ရေနံထုတ်လုပ်မှုစုစုပေါင်းရဲ့ (၁၀) ရာခိုင်နှုန်း ကိုထုတ်လုပ်ခဲ့တဲ့ အီရန်နိုင်ငံဟာအရှေ့အလယ်ပိုင်းဒေသနိုင်ငံရေးအတွက် မဟာဗျူဟာအရ


အရေးပါဆုံးနိုင်ငံတခုလည်းဖြစ်ပါတယ်။ အီရန်နိုင်ငံက ရှားဘုရင်ဟာ အမေရိကန်ပြည်ထောင်စုရဲ့ထောက်ပံ့ကူညီမှုကြောင့် ၁၉၅၃ မှာ
ဝန်ကြီးချုပ် မိုဇာဒက် ကိုအာဏာသိမ်းဖြုတ်ချခဲ့တယ်။ အမေရိကန်ပြည်ထောင်စု၊ အစ္စရေးနိုင်ငံတွေ နဲ့ အဆင်ပြေအောင်နေထိုင်ခဲ့တဲ့သူ
တဦးဖြစ်ပါတယ်။ သူ့ရဲ့ နိုင်ငံတော်ကို သက်ဦးဆံပိုင်ဘုရင်စံနစ်လိုအုပ်ချုပ်ဖို့ကြိုးစားခဲ့ပြီးတိုင်းပြည်ရဲ့စီးပွားရေးကို
ခေတ်မှီအောင်ကြိုးစားချင်ခ့ပ
ဲါတယ်။ သူ့ရဲ့စက်မှုနိုင်ငံ ထူထောင်ချင်တဲ့ဆန္ဒကိုအကောင်အထည်ဖေါ်ဖို့အတွက်၊မြေယာပြုပြင်ပြောင်းလဲရေးကို
စတင်လုပ်ဆောင်လိုက်ပြီး အလုပ်သမားလယ်သမားလူတန်းစားနှစ်ရပ်လုံးကို အထူးအခွင့်အရေးတွေဖန်တီးပေးခဲ့ပါတယ်။
အဖြူရောင်တော်လှန်ရေးအဖြစ် လူသိများကြပြီး၊ အီရန်နိုင်ငံဟာ တည်ငြိမ်အေးချမ်းတဲ့စက်မှုနိုင်ငံတော်အသွင်ကူးပြောင်းရေးကာလကို
တက်လှမ်းနိုင်မယ်၊ ရှားဘုရင်အနေနဲ့နောက်ထပ် နှစ်ပေါင်းများစွာထိဆက်လက်အုပ်ချုပ်နိုင်မယ် လို့ အမေရိကန်ပြည်ထောင်စုအပါအဝင်
အနောက်အုပ်စုကမျှော်လင့်ခြဲ့ ကပါတယ်။ ဒါပေမဲ့ စီးပွားရေးပြုပြင်ပြောင်းလဲမှုတွေဟာလူတန်းစားကွာဟမှုတွေကိုသာ
ကြီးမားစွာဖြစ်ပေါ်စေခဲ့ပြီး ပြည်သူတွေကိုဆင်းရဲတွင်းနက်စေခဲ့ပါတယ်။

ဒါ့အပြင် ရှားဘုရင်ရဲ့ “အမျိုးသားထောက်လှမ်းရေးနဲ့လုံခြုံရေးအဖွဲ့” က လျှို့ဝှက်ရဲတွေဟာလုပ်ကြံသတ်ဖြတ်မှု၊ ဖိနှိပ်စက်ညှင်းပမ်းမှု၊


အကြမ်းဖက်မှုတွေကိုရက်ရက်စက်စက်ကျူးလွန်ခြဲ့ ကပါတယ်။ ရှားဘုရင်ကို ဝေဖန်ဆန့်ကျင်သူ နှစ်သောင်းကျော်လောက်ဟာ
ကံကြမ္မာဆိုးတွေကိုကြုံတွေ့ခ့ရ
ဲ ပြီး၊အသက်ပျောက်ခဲ့ ရပါတယ်။ ဒါကြောင့်လည်း အီရန်ပြည်သူတွေဟာ ၁၉၇၇ ခုနှစ်မှာတော့ ရှားဘုရင်ကို
ဖြုတ်ချဖို့ ကျယ်ကျယ်လောင်လောင်လှုံဆော်လာပါတော့တယ်။
“ အီရန်တော်လှန်ရေးဟာ အာဏာပိုင်တွေဆီက အသနားခံယူလို့ရမယ် ဆိုတဲ့မျှော်လင့်ချက်နဲ့ လုပ်ခဲ့တာမဟုတ်ဘူး။
ကျနော်တို့က စလှုပ်ရှားကတည်းက ရှားဘုရင်ဟာ ငါတို့ရဲ့ရှီးယားအစ္စလာမ်ဘာသာရေးကိုဖျက်ဆီးနေတဲ့သူဖြစ်တယ်။
ဒါကြာင့် ငါတို့ဘာသာရေးကို ငါတို့ရဲ့သွေးနဲ့ကာကွယ်ကြမယ်။ “ရှားဘုရင်ကျဆုံးပါစေ” စတဲ့ကြွေးကြော်သံတွေနဲ့စခဲ့တယ်လေ။
ပြည်ပကိုနယ်နှင်ခံလိုက်ရတဲ့ အရာတိုလာခိုမေနီရဲ့ မိန့်ခန
ွ်းတွေက ကက်ဆက်တိတ်ခွေတွေကတဆင့် မြို့တိုင်းမှာပျံ့နှံ့နေတယ်။
အစိုးရကို အခွန်မပေးဆောင်ကြဖို့၊ ပူးပေါင်းဆောင်ရက
ွ်ခြင်းမပြုပဲ ဆန္ဒပြ သပိတ်မှောက်ကြဖို့-- စတဲ့အာဏာဖီဆန်ရေး လှုံ့ဆော်ချက်တွေကို
အီရန်ပြည်သူတွေက လိုက်နာဆောင်ရက
ွ်ခြဲ့ ကတယ်။ ရှားဘုရင်ရဲ့ အုပ်ချုပ်ရေးလက်တံတွေကိုရိုက်ချိုးဖို့ကြိုးစားခဲ့ကြတယ်။”

ရှုားဘုရင်ရဲ့ စစ်ထောက်လှမ်းရေးနဲ့လျှို့ဝှက်ရဲတွေကလည်း ၁၉၇၇ လူထုလှုပ်ရှားမှု့တွေကို အစုလိုက်အပြုံလိုက်သတ်ဖြတ်မှုတွေနဲ့ အဖြေပေး


တုန့်ပြန်လိုက်ပါတယ်။ ဒါပေမဲ့ အီရန်ပြည်သူလူထုဟာနောက်တွန့်သွားခြင်းမရှိခဲ့ပါဘူး။ အရေးတော်ပုံအတွင်းမှာသေဆုံးသွားတဲ့သူတွေအတွက်
ရက်ပေါင်း(၄၀) ကြာ အောက်မေ့လမ
ွ်းဆွတ်ခြင်းအခမ်းအနားတွေကျင်းပခဲ့ကြပြီး လူထုကိုထပ်မံလှုံ့ဆော်ကြပြန်ပါတယ်။
၁၉၇၈ အောက်တိုဘာလမှာတော့ ဆေးရုံဝန်ထမ်းတွေ၊ သတင်းစာဆရာတွေအပါအဝင် အလုပ်သမားသပိတ်တွေဟာ အီရန်အစိုးရ ကို
အခက်တွေ့စေခဲ့ပါတယ်။ တလအကြာမှာတော့-ရေနံချက်စက်ရုံ အလုပ်သမားတွေက ဆန္ဒပြပွဲတွေဆီကိုပူးပေါင်းပါဝင်လိုက်ကြပြီး
ဖမ်းဆီးခံရတဲ့နိုင်ငံရေးသမားတွေအားလုံးကိုလွှတ်ပေးဖို့တောင်းဆိုလိုက်ကြပြန်ပါတယ်။
အီရန်နိုင်ငံရဲ့ ဗဟိုဘဏ်နဲ့ မြို့အသီးသီးမှာရှိတဲ့ ဘဏ်ပေါင်း(၄၀၀) ကျော်ကလည်း သပိတ်မှောက်လိုက်ကြတဲ့အခါ၊ အစိုးရရဲ့စီးပွားရေးယန္ဓရားတခုလုံး
ရပ်ဆိုင်းသွားခဲ့ပါတော့တယ်။ အစိုးရ ကို တနေ့ သန်း (၆၀) ဘိုးဆုံးရှုံးနစ်နာစေခဲ့ပါတယ်။

ရှားဘုရင်ရဲ့လျှို့ဝှက်ရတ
ဲ ပ်ဖ့က
ွဲ လည်း ဆန္ဒပြသူတွေကို အကြမ်းဖက်ဖြိုခွဲမှုတွေနဲ့တုန့်ပြန်ခဲ့ပြီး အလုပ်သမားတွေကို အလုပ်ခွင်ဆီပြန်ပြီး
အလုပ်လုပ်ကြဖို့ အကြပ်ကိုင်ဖိအားပေးခဲ့ပါတယ်။
“ စက်ရုံတွေကိုပြန်ရောက်ခြဲ့ ကပေမဲ့ ကျနော်တို့တတွေ-နောက်ထပ်လှုပ်ရှားမှုကို ဘယ်လိုဆက်လုပ်ကြမလဲ ဆိုပြီးတိုင်ပင်ကြတယ်။
ကျနော်တို့စက်ရုံတွေက ရေနံထုတ်လုပ်မှုတွေကို နှေးကွေးသွားအောင်လုပ်ဆောင်ခဲ့ကြသလို၊ လျှပ်စစ်စက်ရုံမှာအလုပ်လုပ်နေကြတဲ့
အလုပ်သမားတွေကလည်း ရှားဘုရင်မိန့်ခန
ွ်းပေးမဲ့ညအချိန်ကျရင်၊ မီးလိုင်းတွေကို အချိန်ကိုက်ဖြတ်တောက်ပစ်လိုက်ကြတယ်။
တကယ်တော့ အာဏာဖီဆန်ရေးခေါင်းဆောင်တွေရဲ့မိန့်ခန
ွ်းတွေအစိုးရကိုစိတ်အနှောက်အရှက်ဖြစ်စေမဲ့ နည်းဗျူဟာတွေ က
ကျနော်တို့အလုပ်သမားတွေကြားမှာစိမ့်ဝင်ပျံ့နှံ့နေတယ်။ လွတ်မြောက်ချင်သူတွေရဲ့ လက်သီးဆုပ်တွေဟာ ဖိနှိပ်သူတွေရဲ့တင့်ကားတွေ၊
လက်နက်တွေကို ဖျက်ဆီးပစ်နိုင်တယ် ဆိုတဲ့ လှုံဆော်သံတွေက ကျနော်တို့ရဲ့ယုံကြည်ချက်တွေကို ပိုမို မီးမြှိုက်ပေးခဲ့တယ်”
လူထုဆန္ဒပြပွဲတွေကိုအကြမ်းဖက်ဖြိုခွဲခ့ေ
ဲ ပမဲ့ နောက်တလအကြာမှာတော့ အီရန်နိုင်ငံမြို့အသီးသီးရဲ့လမ်းမတွေမှာ အစိုးရကိုအန်တုစိန်ခေါ်ကြမဲ့
ပြည်သူလူထုကပြန်လည်ရောက်ရှိလာခဲ့ပါတယ်။ အစိုးရဆန့်ကျင်ရေးလှုပ်ရှားမှုလှိုင်းတွေဟာ ဖိနှိပ်ခြိမ်းခြောက်မှုများလေလေ၊
အင်အားပိုမိုတောင့်တင်းလာလေလေဖြစ်လာခဲ့ပါတယ်။

သောတရှင်များခင်ဗျား
အီရန်နိုင်ငံရဲ့လူထုလှုပ်ရှားမှုကိုဦးဆောင်ခ့သ
ဲူတွေဟာ အင်အားပြင်းထန်တဲ့စကားလုံးတွေနဲ့ဖောက်ခွဲခဲ့ပေမဲ့ တဘက်မှာတော့ ရှားဘုရင်ရဲ့
စစ်သားတွေကို တတ်နိုင်သမျှဆွဲဆောင်စည်းရုံးခဲ့ကြပါတယ်။ ဒါကြောင့်လည်း ဆန္ဒပြလူထုနဲ့ထိပ်တိုက်ရင်ဆိုင်တိုးလိုက်ရတဲ့ စစ်တပ်ဟာ
ဆန္ဒပြသူတွေရဲ့ ကြွေးကြော်သံတွေကြားမှာ မှင်သက်ခြဲ့ ကပြီး အထက်ကပေးတဲ့အမိန့်တွေကိုငြင်းဆန်ခဲ့တယ်။
ပြည်သူလူထုနဲ့ပူးပေါင်းလိုက်ကြပါတယ်။ ၁၉၇၉ ဂျန်နဝါရီလမှာတော့ ရှားဘုရင်ဟာပြည်ပကိုထွက်ပြေးခဲ့ရပါတော့တယ်။

သောတရှင်တို့လည်း စည်းလုံးညီညတ
ွ်တ့လ
ဲူထုလှိုင်းတွေ အောက်မှာ ဖိနှိပ်သူတွေကို ဖယ်ရှားပစ်နိုင်ကြပါစေခင်ဗျား။

အောင်မိုးဝင်း

You might also like