You are on page 1of 3

တိုင်းရင်းသားလူမျိုးများကောင်စီ (ENC) မှဒေါက်တာခင်မောင်ဦးဆောင်သည့် ရခိုင်ပြည်အမျိုးသား

ကောင်စီ (ANC) ဟုအမည်တပ်ကာ တရားမ၀င်ဖွဲ့စည်းထားသည့် လူတစ်စုကို ရခိုင်ပြည်ကိုယ်စားပြု


အဖွဲ့အဖြစ် (ENC) တွင်တရားဝင်လက်ခံလိုက်ခြင်းကို ကန့်ကက
ွ်ကြောင်း ထုတ်ပြန်ချက်။

နေ့စွဲ။ ၊ မတ်လ (၁၉)ရက်၊ ၂၀၁၀ ခုနှစ်။

(၁) ရခိုင်ပြည်အမျိုးသားကောင်စီ (ANC) ၏ ဒုတိယအကြိမ်ညီလာခံကို အလှည့်ကျ သဘာပတိပြတိ ဦးပတီးဖြူ


(NUPA) ဥက္ကဌ၊ ဦးဆောင်ပြီး ၂၀၀၉ခုနှစ် စက်တင်ဘာလ (၂၀) ရက်မှ (၂၅) ရက်ထိ မလေးရှားနိုင်ငံ
ကွာလာလမ်ပူမြို့၌ ကျင်းပခဲ့ပြီးဖြစ်ပါသည်။ ၄င်းညီလာခံတွင် ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် (ALD)၊ ရခိုင်ပြည်
ဒီမိုကရက်တစ်ပါတီ (DPA)၊ ရခိုင်ပြည်အမျိုးသားညီညွတ်ရေးပါတီ (NUPA)၊ ခမိအမျိုးသားညီညွတ်ရေးပါတီ
(KNUP)၊ ရခိုင်အလုပ်သမားသမဂ္ဂ (AWU)၊ ရခိုင်လွတ်မြောက်ရေးအင်အားစု (IFA)၊ ရခိုင်လူမှုတိုးတက်
ရေးအသင်း (RSDO)၊ ထရိပူရ ရခိုင်ပညာရေးသဟာယ (BHET)၊ ရခိုင်အသိုင်းအ၀ိုင်းဥရောပ (AC-EU)၊ ရခိုင်
ကုန်သည်ကြီးများသမဂ္ဂ (AMU) ရခိုင်ပြည်အမျိုးသားကောင်စီထောက်ပံ့ရေးအသင်း (ANC-S) နှင့် အမရိက၊
မလေးရှားရှိ ရခိုင်သူရခိုင်သားများ ၇၅၀ တက်ရောက်ကိုယ်စားပြုပြီး (ANC) ခေါင်းဆောင်များကို ဒီမိုကရေစီ
နည်းလမ်းအရ မဲပေးရွေးချယ်တင်မြောက်ခဲ့ကြပြီး ဖြစ်ပါသည်။ (ENC) အတွက် ကိုယ်စားလှယ်များကိုလည်း
ရွေးချယ်ပြီး စက်တင်ဘာလ (၂၉) ရက်၊ ၂၀၀၉ ခုနှစ်တွင် (ENC) ဥက္ကဌကြီးထံသို့ ပေးပို့ခဲ့ပြီးဖြစ်ပါသည်။ တဖန်
နိုဝင်ဘာလ (၃) ရက်၊ ၂၀၀၉ ခုနှစ်တွင် (ANC) ဥက္ကဌအရှင်အရိယာဝံသနှင့် တခြား EC အဖွဲ့ဝင်များက (ENC)
ရုံးသို့ သွားရောက်ပြီး (ENC) တာဝန်ခံများနှင့်တွေ့ဆုံကာ (ANC) ကိုယ်စားလှယ်များကိုအသိအမှတ်ပြုပေးရန်
နှင့် နောက်ထပ် (ANC) တစ်ခုမဖြစ်ပေါ်လာစေရန် ဒေါက်တာခင်မောင်ဦးဆောင်သည့်အုပ်စုအား အားပေးအား
မြောက်ပြု ငွေထုတ်မပေးရန်နှင့် အချင်းချင်း စားပွဲခုံတွင် တိုင်ပင်ဆွေးနွေးပြီး အမျိုးသားရေး အဖြေရှာကြပါရန်
အလေးအနက်ဆွေးနွေးခဲ့ကြပါသည်။

(၂) သို့ရာတွင် (ENC) ခေါင်းဆောင်တချို့သည် (ANC) ၏တင်ပြချက်များကိုလိုက်လျှူရှုကာ မိမိတို့၏ ပင်မမူလ


ချမှတ်ထားသည့် ပြည်နယ် (၇) ခုဖြင့်(ENC) ဖွဲ.စည်းရေး၊ ပြည်နယ်ကိုယ်စားပြုအမျိုးသားကောင်စီ (သို့မဟုတ်)
အဖွဲ့အစည်းများက (ENC)တွင် ကိုယ်စားပြုရေးမူကို မိမိတို့ကိုယ်တိုင်ချိုးဖေါက်၍ မိမိပါတီနှင့် ရခိုင်လူထုကို
ကိုယ်စားမပြုသည့် ဦးခင်မောင်တို့ လူတစ်စုကိုငွေထုတ်ပေးပြီး (ANC) နောက်တစ်ခုဖြစ်လာစေရန် အားပေး
အားမြှောက်ပြုခဲ့ပေသည်။ အမျိုးသားပြန်လည်သင့်မြတ်ရေးလမ်းစဉ် (NRP) ကို ဥရောပဗမာရုံး (EBO) ကငွေ
ထုတ်ပေးခဲ့သည်။ ရခိုင်အမျိုးသားညီလာခံနောက်တစ်ခုကို ဖေဖေါ်ဝါရီလ ၂၀၁၀ ခုနှစ်တွင် ထိုင်းနိုင်ငံမဲဆောက်
မြို့တွင် ကျင်းပစေခဲ့သည်။ ၀မ်းနည်းစရာအကောင်းဆုံးနှင့် သမိုင်းတွင်ဖျောက်ဖျက်မရသည့် အမဲစက်များ စွမ်း
ထင်းခဲ့ရသည်မှာ ရခိုင်လူမျိုးတစ်မျိုးတည်းတွင်ကောင်စီ (၂)ခုဖြစ်ကာ ရခိုင်လူထုလည်း စိတ်ဝမ်းကွဲခဲ့ကြပေ
သည်။ အမျိုးသားပြန်လည်သင့်မြတ်ရေးဟုခေါင်းစဉ်တပ်ကာ ရခိုင်လူမျိုးများကို သွေးခွဲစည်းရုံး တပည့်မွေး
နေခြင်းသည် န၀တ လုပ်ရပ်များနှင့် (ENC) ၏လုပ်ရပ်သည် မည်သို့မျှမထူးခြားနားပေ။ ပြည်နယ်ကိုယ်စားပြု
ကောင်စီကသာ (ENC)တွင် ကိုယ်စားပြုရေးမူသည်လည်း မည်သို့မျှအဓိပ္ပါယ်မရှိတော့ချေ။ ဤကဲ့သို့ ခါးပိုက်
ဆောင်တပည့်မွေးစနစ်ကိုကျင့်သုံးကာ ကိုယ်လိုရာကိုယ်ဆွဲ နိုင်ငံရးအနှစ်သာရမဲ့စွာ (ENC) ကလုပ်ဆောင်နေ
ခြင်းသည် မိမိတို့ (ENC) ကိုလမ်းမှားသို့ တွန်းပို့ရာရောက်သည့်အပြင် တိုင်းရင်းသားညီညွတ်ရေးသည်လည်း
မည်သည့်အခါမှ ဖြစ်လာလိမ့်မည်မဟုတ်ပေ။ (ENC) ခေါင်းဆောင်များအနေဖြင့် နိုင်ငံရေးကို နိုင်ငံရေးကဲ့သို့
သိက္ခာရှိစွာလုပ်တတ်ရန်နှင့် ကိုယ်ကျိုးမငဲ့ အများပြည်သူကောင်းစားရေးအတွက် ရှေးရှုကာ စည်းစနစ်တကျ
မူလမ်းစဉ် ဥပဒေဘောင်ကနားဖြင့် လုပ်ဆောင်မှသာလျှင် တိုင်းရင်းသားလူမျိုးများ စစ်အာဏာရှင်စနစ်ဆိုး
အောက်မှလွတ်မြောက်ကာ ငြိမ်းချမ်းသာယာဝဖြိုး တန်းတူညီမျှသော ဒီမိုကရေစီလူ့ဘောင်သစ်ကို တည်
ဆောက်နိုင်ကြမည်ဖြစ်သည်။ တစ်ဦးချင်းဆန္ဒထက် ဘုံဆန္ဒအပေါ်အခြေခံ၍ ဘုံလမ်းစဉ်တစ်ခုအောက်တွင်
ဘုံခံစားခွင့်ရရှိရေးအတွက် ဘုံလုပ်ဆောင်မှုများဖြင့် အတူတကွကြိုးစားရုံးကန်လှုပ်ရှားနိုင်သည့် နိုင်ငံရေး
သဘောသဘာဝကိုနားလည်ရန် (ENC) ခေါင်းဆောင်များအနေဖြင့်ကြိုးစားအားထုတ် အပတ်တကုပ် လုပ်
ဆောင်မှသာလျှင် နောင်လာနောင်သားတိုင်းရင်းသားလူမျိုးများ၏အနာဂတ် တောက်ပြောင်လာမည်ဖြစ်သည်။
တကိုယ်တော်ကောင်းစားရေး၊ အများဆန္ဒကိုကြီးစိုးခြယ်လှယ်ရေး၊ အတ္တ၀ါဒကိုကျင့်သုံးနေခြင်းများအား (ENC)
ခေါင်းဆောင်များစွန့်လွှတ်ရန်အချိန်တန်ပြီဖြစ်သည်။ ယခုအချိန်သည် မြန်မာနိုင်ငံ၏ နိုင်ငံရေးအကျပ် အတည်း
နှင့် သမိုင်းတွင်အဆိုးဆုံးအခြေအနေသို့ ဆိုက်ရောက်နေပြီဆိုသည်ကို ခေါင်းဆောင်များအသိဆုံးပင် ဖြစ်သည်။
၂၀၀၈ ခုနှစ် န၀တ ၏ ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေနှင့် ယခုမတ်လတွင်ထုတ်ပြန်လိုက်သည့် န၀တ၏
ရွေးကောက်ပွဲဥပဒေသည် တိုင်းရင်းသားလူမျိုးများနှင့် ဗမာပြည်သူလူထုအားလုံးကို လူမှုစီးပွါးဘ၀ အတိဒုက္ခ
ရောက်စေသည့်စစ်အာဏာရှင်နှင့် ၄င်းတို့ကိုအကျိုးပြုလာမည့် ပါတီအဖွဲ့အစည်းများ၊ လုပ်ငန်းရှင်များကို
နိုင်ငံ၏အာဏာကိုတစ်ဖက်သက် လွှဲပြောင်းရန်ပင်ဖြစ်ပါသည်။ ၄င်းရလဒ်၏ အဖြေသည်ကား ရှင်း၏။ ပိုမို
ရှုပ်ထွေးသော နိုင်ငံရေးတိုက်ပွဲကြီးများ၊ ပြည်တွင်းစစ်နှင့် တခြားလူမှုရေး၊ ဘာသာရေး၊ လူမျိုးရေးပဋ္ဋိပက္ခများ
ပြင်းထန်လာမည်သာဖြစ်သည်။ အထူးသဖြင့် အပြစ်မဲ့ပြည်သူများဒုက္ခရောက်ကြရမည်ဖြစ်သည်။ ဤကဲ့သို့သော
နိုင်ငံရေး၊ လူမှုရေး၊ စီးပွါးရေးအကျပ်ရိုက်နေချိန်တွင် နည်းသစ်မူသစ်၊စနစ်သစ်ဖြင့် ဒီမိုကရေစီဘောင်အတွင်းက
တိုင်းရင်းသားလူမျိုးများအားလုံး ညီညွတ်ရေးကိုတည်ဆောက်မည့်အစား ရခိုင်အမျိုးသားများကို အစိပ်စိပ်အမွှာ
မွှာ ခွဲထုတ်နေခြင်းသည် တရားသောလုပ်ရပ်မဟုတ်သည်ကို အနုလုံ ပဋ္ဋိလုံ သုံးသပ်သင့်ပေသည်။

(၃) ပိုမိုဆိုးရွားစေသည့်အချက်မှာ (ENC) မှဒေါက်တာခင်မောင်နှင့် လက်တစ်ဆုပ်စာ လူတစ်စုကို (ENC) တွင်


ရခိုင်ပြည်ကိုယ်စားပြုကောင်စီတစ်ခုအဖြစ် လက်ခံလိုက်ခြင်းဖြစ်သည်။ မိမိပါတီအတွင်းမှ အရေးယူထားသော
ဒေါက်တာခင်မောင်နှင့် (ALD) ပါတီမှ ထုတ်ပါယ်ထားသော ခိုင်စံလင်းကို (ENC) ကိုယ်စားလှယ်အဖြစ် လက်ခံ
လိုက်ခြင်းသည် (ENC) ၏ နိုင်ငံရေးရင့်ကျက်တည်ငြိမ်မှုနှင့် နိုင်ငံရေးမည်မျှလေးနက်မှုရှိသည်ကို မေးခွန်းထုတ်
စရာဖြစ်နေပါသည်။ ၄င်းပုဂ္ဂိုလ်များသည် တသီးပုဂ္ဂလများသာဖြစ်၍ မည်သည့်ရခိုင်အသိုင်းအ၀ိုင်းအဖွဲအစည်း
ကိုမျှကိုယ်စားပြုသူများမဟုတ်ကြပေ။ သို့ရာတွင် (ENC)မှ ယခုကဲသို့ ပုဂ္ဂိုလ်များကို လက်ခလ
ိုံက်ခြင်းသည်
ရခိုင်အချင်းချင်းအိုးမဲသုတ်ကာအိမ်ကြက်ချင်းခွပ်ခိုင်းသည့်အလား လုပ်ဆောင်ပေးလိုက်ခြင်းဖြစ်ပါသည်။ ဤကဲ့
သို့ မလုပ်အပ်သော၊ မပြုကျင့်အပ်သောနိုင်ငံရေးညစ်ပတ်မှုများသည် တိုင်းရင်းသားလူမျိုးများကောင်စီ၏
အဆင့်အတန်းနှင့် လူကြီးမဆန်မှုကို ဖွင့်ဟပြသလိုက်ခြင်းဖြစ်ပါသည်။ ဤလုပ်ရပ် စိတ်နေသဘောထားများ
သည် လက်တွေ့ကျသောနိုင်ငံရေးနှင့် ဆန့်ကျင်ဖီလာဖြစ်သည့်အပြင်၊ တိုင်းရင်းသားလူထုကိုအကျိုးပြုနေပါ
သည်ဟု (ENC) မှကြွေးကြော်နေခြင်းသည် နိုင်ငံရေးအနှစ်သာရမဲ့သော ၀ါဒဖြန့်ချီရေးသက်သက်သာဖြစ်သော
ကြောင့် ရခိုင်တစ်မျိုးသားလုံးအနေဖြင့် (ENC) ကို မည်သို့မျှအယုံအကြည်မရှိချေ။ န၀တ၏ ၀ါဒဖြန့်ချီရေးနှင့်
တထပ်တည်းဖြစ်နေပေသည်။ ခွဲခြားစည်းရုံး၊ ရန်တိုက်သိမ်းပိုက်သည့်နည်းကိုကျင့်သုံးကာ ရခိုင်အမျိုးသား
နိုင်ငံရေးတွင် ရှုပ်ထွေးဂယက်ရိုက်စေသည့်လုပ်ရပ်များသည်လည်း (ENC) နှင့် န၀တ အတူတူပင်ဖြစ်ကြောင်း
ဤရခိုင့်အရေးတော်ပုံတွင် ရှင်းရှင်းလင်းလင်းပြသလိုက်ခြင်းဖြစ်ပါသည်။

(၄) နိဂုံးချုပ်အနေဖြင့် ရခိုင်ပြည်သူပြည်သားများကိုယ်စား (ANC) က (ENC) ခေါင်းဆောင်များကို အသိပေးလို


သည်မှာ ရခိုင်လူမျိုးများအတွင်း အဖွဲ့အစည်းများအတွင်း ဖြစ်ပေါ်နေသည့်ဆိုးကျိုးများအားလုံးသည် (ENC)တွင်
လုံးဝတာဝန်ရှိသည်။ ယခု ဒေါက်တာခင်မောင်ဦးဆောင်သည့် လက်တစ်ဆုပ်လူတစ်စုက (ENC)တွင် ကိုယ်စား
ပြုနေခြင်းသည် (ANC)ကိုကိုယ်စားပြုနေခြင်းမဟုတ်သည့်အပြင် ရခိုင်ပြည်ကိုလည်းကိုယ်စား ပြုသူများမဟုတ်
ကြပေ။ ထို့ကြောင့်ရခိုင်ပြည်အမျိုးသားကောင်စီ(ANC)မှ လုံးဝအသိအမှတ်မပြုကြောင်း ပြတ်ပြတ်သားသား
ရှင်းရှင်းလင်းလင်း ပြောကြားအပ်ပါသည်။ ဖေဖေါ်ဝါရီလ ၆ရက်မှ ၉ ရက်နေ့ ၂၀၁၀ ခုနှစ် ထိုင်းနိုင်ငံ
မဲဆောက်မြို့တွင် ကျင်းပခဲ့သည့်ညီလာခံသည်လည်း ညီလာခံ၏ လုပ်ထုံးလုပ်နည်းနှင့် မလျော်ညီသည့်
အတွက် တရားမ၀င်သည့်အပြင် အဖွဲ့အစည်းပေါင်းစုံ၊ ခေါင်းဆောင်ပေါင်းစုံ ပါဝင်ပတ်သက်ခွင့် မရသည့်
အတွက် ရခိုင်ပြည်အမျိုးသားကောင်စီ(ANC) က ၄င်းညီလာခံကို တရားမ၀င်ကြောင်းနှင့် ထိုညီလာခံမှ တင်
မြှောက်ပေးလိုက်သော ခေါင်းဆောင်များသည်လည်း တရားမ၀င်ကြောင်း (ANC) အပါအ၀င် (ALD)၊ (DPA)၊
(NUPA)၊ (KNUP)၊ (AWU)၊ (AFI)၊ (BHET) တို့က ထုတ်ပြန်ကြေငြာချက်များကို ဖေဖေါ်ဝါရီလတွင်
ထုတ်ပြန်ခဲ့ပြီးဖြစ်သည်။ ဤထုတ်ပြန်ချက်များကိုလည်း (ENC) အပါအ၀င်အဖွဲ့အစည်း အသီးသီးသို့ပို့ဆောင်
ပေးခဲ့ပြီးဖြစ်သည်။ ထိုထုတ်ပြန်ကြေငြာချက်များသည် ၄င်းပါတီအဖွဲ့အစည်းများ၏ ဆန္ဒမှန်များကို ထုတ်ဖေါ်ပြ
သခြင်းဖြစ်၍ (ENC) ခေါင်းဆောင်များအနေဖြင့် ထိုဆန္ဒများကို အလေးအနက်ထားကြစေလိုပါသည်။
ဤပဋ္ဋိပက္ခကို (ENC) အနေဖြင့် အမြန်ဆုံး ဖြေရှင်းပေးကြပါရန် လေးနက် စွာတိုက်တွန်းအပ်ပါသည်။

အောက်ပါတောင်းဆိုချက်များကို လုပ်ဆောင်ပေးပါရန် ENC ခေါင်းဆောင်များကို တောင်းဆိုအပ်ပါသည်။


၁) ဦးခင်မောင်တို့ လက်တစ်ဆုပ်စာ လူတစ်စုအား ANC ကိုယ်စားလှယ်များအဖြစ် ENC က
လက်ခံထားခြင်းကို ချက်ချင်းရုပ်သိမ်းရန်။
၂) တိုင်းရင်းလူမျိုးများ အားလုံးညီညွတ်ရေးရရှိစေရန် တိုင်းရင်းသားလူမျိုးတစ်မျိုးချင်းအကြား၊ ကြားဝင် စွက်
ဖက်ခြင်းမပြုပဲ တရားမျှတ တန်းတူညီမျှစွာ ဆက်ဆံခြင်းပြုရန် နှင့်
၃) ကျွန်ုပ်တို့ပေးပို့ထားသည့် ANC ကိုယ်စားလှယ်များကို ရခိုင်ပြည်နယ်ကိုယ်စားပြု ကိုယ်စားလှယ်များအဖြစ်
ENC က တရားဝင်လက်ခံရန်။

အရှင်အရိယ၀ံသ (ဥက္ကဌ)
ရခိုင်ပြည်အမျိုးသားကောင်စီ (ANC)
(ဗဟိုဌာနချုပ်)
နယူဒေလီမြို့ ၊
အိန္ဒိယနိုင်ငံ။

You might also like