You are on page 1of 37

ဗိုလ်ချုပ်မှုးကြီး အိန္ဒိယ ရောက် စဉ် အာဏာသိမ်းရန် အားထုတ်မှု မအောင်ြ မင်

July 29, 2010 Freedom News Group Leav e a comment Go to comments


6
1
မဲပေးပါ

Coup Attempt Unsuccessful in Burma

အိန္ဒိယ နိုင်ငံရောက် မြန်မာ စစ်ခေါင်းဆောင် နှင့် ဇနီး ဓာတ်ပုံ - AFP

အိန္ဒိယ နိုင်ငံ သို့ မြန်မာ စစ်ေ ခါင်းဆောင် အလည်အပတ် ရောက်ရှိ နေစဉ် အတွင်း နေပြည်တော်
တိုင်းစစ်ဌာနချုပ်မှ အကြီး တန်း အရာ ရှိ တစ်ချို့ က အာဏာသိမ်း ရန် နှင့် ဗိုလ်ချုပ်မှုးကြီး
သန်းရွှေအား ရာထူးမှ ဖယ်ရှား ရန် ကြိုးစားမှု များ ရှိ ခဲ့သော် လည်း အောင်မြင် မှု မရှိ ခဲ့ ကြောင်း
Freedom News Group မှ စုံစမ်း သိရှိ ရသည်။

အိန္ဒိယ နိုင်ငံ ကို ခြောက် နှစ် အတွင်း ဒုတိယ အကြိမ်ေ မြာက် အလည်အပတ် ခရီးစဉ် အဖြစ် မြန်မာ စစ်ခေါင်း
ဆောင် ဗိုလ်ချုပ်မှုး ကြီးသန်း ရွှေ နှင့် အဖွဲ့ ရောက် ရှိ နေစဉ် နေပြည်တော် တိုင်း စစ်ဌာနချုပ်မှ အရာရှိ အချို့ က

ဦးဆောင်ပြီး အာဏာသိမ်း ရန် ကြိုးစား ခဲ့သော် လည်း ဒုတိယ ဗိုလ်ချုပ် မှုးကြီး မောင်အေး ကသဘောမတူ
သော ကြောင့် အထမမြောက် ဖြစ်ခဲ့ရသည် ဟု ကာကွယ်ရေး ၀န်ကြီး ဌာ န (နေပြည်တော် ) မှ အရာရှိ တစ်
ဦးက F reedom News Group သို့ ပြောကြားသည်။

ဇူလိုင်လ ၂၅ ရက်နေ့ က မြန်မာ စစ်ခေါင်းဆောင် နှင့် အဖွဲ့ သည် နေပြည်တော် လေဆိပ်မှ တစ်ဆင့်
ဆင်ဖြူတော် လေယာဉ် အပါအ၀င် အခြား လေယာဉ် သုံး စင်း ဖြင့် အိန္ဒိယ နိုင်ငံ သို့  ထွက်ခွာပြီး တစ်ရက်
အကြာတွင် မြန်မာ နိုင်ငံ ဉ် အာဏာသိမ်းသည့် သတင်းများ ပေါ်ပေါက်လာခြင်း ဖြစ်သည်။ အာဏာ

သိမ်း ရန်အားထုတ်ခြင်း အား နေပြည်တော် တိုင်း စစ်ဌာနချုပ် မှ အရာရှိ တစ်ချို့ က ဦးဆောင် ပြုလုပ်ခြင်း
ဖြစ်ပြီး ပထမ တွင် နေပြည်တော်တိုင်း စစ်ဌာနချုပ်မှ ဗိုလ်မှုးချုပ်ဝေလွင် နှင့် ဒုတိယ စစ်ခေါင်းဆောင်
ဒု-ဗိုလ်ချုပ်မှုး ကြီး မောင်အေး တို့ ပါမည် ဟု ထင်မှတ် ထား ခဲ့သော် လည်း စည်းရုံး ၍ မရသဖြင့် အာဏာသိမ်းရန်
ကြံစည် မှု အား လက်လျှော့ ခဲ့ကြသည် ဟု သတင်း ရရှိသည်။ ကာကွယ်ရေး ၀န်ကြီးဌာနမှ အရာ ရှိ တစ်ဦးက

“ လောလောဆယ် နေပြည်တော် မှာ အရေး ပေါ် အခြေအနေ ပေါ့ .. ဗိုလ်ချုပ်ဝေလွင် လက်အောက် က အရာ
ရှိ တစ်ချို့ စီစဉ် တယ်လို့ ကြားတယ် ။ သူတို့ က ဗိုလ်ချုပ် မောင်အေး နဲ့  တွေ့ ပြီး ရင် ဗိုလ်ချုပ်မှုးကြီးသန်း ရွှေ
အိမ် နဲ့  စစ်ရုံးချုပ် ကို ၀ိုင်းမယ် .ကိုယ်ရံတော် တပ်ဖွဲ့  တွေ ကို ပစ်ခတ်တာ မလုပ်ဖို့ အမိန့် ပေးမယ်ဆိုပဲ ..အဆင့်
ငါးဆင့် နဲ့ သွားမယ် ပေါ့ ။ဗိုလ်ချုပ် ဝေလွင် အိ မ်ကို ၀ိုင်းထား တုန်းမှာ ပဲ ဗိုလ်ချုပ် မောင်အေးတပ်က ခေါ်တွေ့ ပြီး မလုပ်ဖို့ နားချတယ်။ ပုံမှ န် ရာထူး
တွေ အတိုင်း ဆက်ထားပေးမယ် ဆိုပြီး ပြီးသွားတာ ။သူ တို့ ကဗိုလ်ချုပ် မောင်အေး ကို ခေါင်းဆောင် တင်တ ယ်
ကြားတယ် ။ဗိုလ်ချုပ် မောင် အေး က လက် မခံ ဘူး ဟုသူသိရှိ ထားသည် ကို FNG သို့ ပြောပြသည်။

ယမန် နေ့ မှ စပြီး နေပြည်တော် ရှိ အရေးကြီး နေရာ အချို့ တွင် လုံခြုံရေးများ တင်း ကျပ်ထားပြီး ၀န်ကြီး
ဌာန ဖုန်း အချို့ မှာ မူ ဖြတ်တောက်ထားခြင်း ခံရသည်။ရန်ကုန် မြို့ တွင်မူ နေပြည်တော် တွင် အာဏာသိမ်း
သည့် သတင်းကြောင့် အမေရိကန် ဒေါ်လာ ဈေးနှုန်း နှင့် ကုန်ဈေးနှုန်းများ တက်သွားပြီး ညဘက်တွင် လည်း
လူသူ သွားလာမှု များ တိတ်ဆိတ် ခြောက်က ပ် သွားသည်။
နေပြည်တော် ၏ လက်ရှိ အရေးပေါ် အမိန့် ပေးကွပ်မှု ကို ဒု -ဗိုလ်ချုပ်မှုးကြီး မောင်အေး အမိန့် ဖြင့် သီဟသူရ
တင်အောင်မြင့်ဦး နှင့် ဗိုလ်ချုပ် ဝေလွင် တို့ က ကိုင်တွယ်သည် ဟု သတင်း ရရှိသည်။ စစ်တိုင်းမှုးများ အားလုံးမှာ
ဂြိုလ်တုန်း ဖုန်းဖြင့် အိန္ဒိယ ရောက် မြန်မာ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှုးကြီး သန်းရွှေ အား သတင်း ပို့ ရသည်။

မြန်မာ စစ်ခေါင်းဆောင်သည် အိန္ဒိယ နိုင်ငံသို့ ရောက်ရှိစဉ် နာမည်ကျော် အိန္ဒိယ ဝေဒပညာရှင် ဖြစ်သူ ချန်ဒရာ
ဒေ၀ီ နှင့် တွေ့ ဆုံ ခဲ့သည်။ ခရီးစဉ် အတွင်း အိန္ဒိယ သမ္မတ နှင့် ၀န် ကြီးချုပ် တို့  နှင့် တွေ့ ဆုံခဲ့သည်။ အိန္ဒိယ
ဘင်္ဂလားဒေရှ် နှင့် ပါကစ္စတန် ခေါင်းဆောင်များ မြန်မာ နိုင်ငံ သို့ လာရောက် လည်ပတ်သည့် အခါတိုင်း
၎င်းတို့ ၏ ပါတော်မူ ဘုရင် ဖြစ်သူ ဇဘားရှား ၏ အုတ်ဂူရှိ ရာ ရန်ကုန်မြို့ ဇီဝက လမ်းသို့ လာရောက် ဂါရ၀ ပြု သော်
လည်း ဗိုလ်ချုပ်မှုးကြီး သန်းရွှေက မူ မြန်မာ ဘုရင် သီပေါမင်း ၏ အုတ်ဂူအား သွားရောက် ဂါရ၀ ပြုခြင်းမရှိ ဟုသတင်း ရရှိသည်။

နေပြည်တော် တွင် အာဏာသိမ်း မှု နှင့် ပတ်သက်ပြီး ရန်ကုန် မြို့ မှ စစ်အရာရှိ တစ်ဦးကမူ ဒါတွေ က ဆိုက်ဝါး
လည်း ဖြစ်နိုင်တယ်။ အာဏာသိမ်းမှု ဖြစ်မှာဆိုး လို့ တန် ပြန် တာနဲ့  သူတပ်ကို ဘယ်လောက် ပိုင်လဲ ဆိုတာ မျိုး
ဘယ်သူမှ မလှန် နိုင်ဘူး ဆိုတာ မျိုး ပြ ချင်တာ ဖြစ် နိုင်တယ် ဟု သုံးသပ် သည်။

လက်ရှိ အာဏာသိမ်းရန် ကြံစည်မှု သည် ဗိုလ်ချုပ်မှုး ကြီးသန်းရွှေ တစ်ဦးတည်း ကိုသာ ရာထူးမှ ဖယ်ရှားရန် ကြိုးစား
ခြင်းဖြစ်ပြီး ဒီမိုကရေစီ ရေးသို့ ပြောင်း လဲ့သည့် ခြေလှမ်းမျိုး မဟုတ်ကြောင်း သိရသည်။ဗိုလ်ချုပ် မှုးကြီး သန်းရွှေ နှင့်
အဖွဲ့ သည် ယနေ့ ညနေ တွင် မြန်မာ နိုင်ငံ နေပြည်တော် သို့ ပြန်လည် ရောက်ရှိ မည် ဖြစ်သည်။

Freedom News Group သည် အာဏာသိမ်းရန် ကြိုးစားသူများ အား ဆက်လက် သိရှိ နိုင်ရန် သတင်းစုံစမ်းဆဲ ဖြစ်သည်။

ရွှေတိဂုံ စေတီတော် အနီးတွင် လုံခြုံရေးများ တင်းကျပ်စွာချထား


July 29, 2010 Freedom News Group Leav e a comment Go to comments

ရွှေတိဂုံ စေတီ အနီးတွင် အကာအရံများ ချထားပြီး လုံခြုံရေးများ ထူထ ပ်စွာချထားသည် ကို ယနေ့ မနက် က ဤသို့ တွေ့ ရှိရသည်။

ရွှေ တိဂုံ စေတီတော် အနီးတ၀ိုက်မှ သံဃာတော်များ သီတ င်းသုံး ရာ ၀ါတွင်းကာလ အတွင်း မှာပင် စစ်အစိုးရ
က အတင်းအဓမ္မပြောင်းရွှေ့ မှု များ ပြုလုပ်နေ ခိုက် လုံခြုံရေး အင်အားများ ထူထ ပ်စွာချထားသည် ဟု သတင်း
ရ ရှိသည်။

ယနေ့ မနက် အစောပိုင်းမှ ချြ ပီး ရဲကားများ နှင့် ကြံဖွတ် ၊စွမ်းအား ရှင် အပါအ ၀င် လုံခြုံရေးတပ်ဖွဲ့ ဝင် အများ
အပြား ချထား ကြောင်း ဘုရားအရှေ့ ဘက်မုခ် တွင် နိဗ္ဗာန် ကုန်စုံ ရောင်း ချသူ တစ်ဦး က Freedom News
Group သို့ ပြောသည်။

ထိုသို့ လုံခြုံရေးများ တင်းကျပ်စွာ ချထားခြင်းသည် လတ်တစ်လော ဖြစ်ပွားခဲ့သည့် နေပြည်တော်တွင် အာ


ဏာသိမ်း သည် ဆိုသည့် ကောလဟာလ သတင်းများ ကြောင့် လည်းဖြစ်နိုင် သည် ဟုရန်ကုန်မြို့ ခံတို့ က သုံး
သပ်သည်။ထိုကဲ့သို့  လုံခြုံရေးများ တင်းကျပ်စွာ ချထား ခြင်းသည် မြောက်ကို ရီးယား နိုင်ငံခြား ရေးဝန်ကြီး
ရွှေတိဂုံ စေတီ သို့ လာရောက် ချိန် ဉ် လည်း တိုက်ဆိုင် နေသည်။

ဒေါ်လှဆ င်ပိဋကတ်တိုက်၊ ရွှေဟင်္သာ ပိဋကတ်တိုက်နှင့် ညောင်တုန်း ပိဋကတ်တိုက် တိုက်များ အား စစ်အစိုးရမှ


ဖယ်ရှား ခိုင်းပြီး ဖြစ်သည်။

မြောက်ကိုရီးယား နိုင်ငံခြားရေး ဝန်ကြီး မြန်မာပြည် လည်ပတ်


ဧရာဝတီ Thursday, July 29, 2010

မြောက်ကိုရီး ယား နိုင်ငံခြားရေး ၀န်ကြီး Pak Ui Chun သည် ၂၅ နှစ်တာ အတွင်း ပထမဆုံး အကြိမ် အဆင့်မြင့် အရာရှိအဖြစ် မြန်မာနိုင်ငံသို့ ယနေ့ အလည်
အပတ် လာရောက်ကြောင်း သတင်းရရှိသည်။
နေပြည်တော်သို့ မသွားမီ ရွှေတိဂုံ စေတီတော်သို့ ဝင်ရောက် ဖူးမြော်သော မြောက်ကိုရီး ယား နိုင်ငံခြားရေး ဝန်ကြီး (ဓာတ်ပုံ - ဧရာဝတီ)

အရှေ့တောင် အာရှ ၄ နိုင်ငံ အလည် အပတ် ခရီးစဉ် အတွင်း လာအို နိုင်ငံမှ တဆင့် မြန်မာ နိုင်ငံသို့ ရောက်ရှိ လာခြင်း ဖြစ်ေ ကြာင်း သတင်းထောက်နှင့် သံတမန် အသိုင်း အဝိုင်းက ဆိုသည်။

မြောက်ကိုရီး ယား နိုင်ငံခြားရေး ၀န်ကြီးသည် ပြီးခဲ့သည့် တပတ်က ဗီယက်နမ်နိုင်ငံ ဟနွိုင်းမြို့တွင် ကျင်းပ ပြုလုပ်ခဲ့ သော အာဆီယံ ဒေသတွင်း ဆိုင်ရာ ဆွေးနွေးပွဲ (A RF) အစည်း အဝေးကို တက်ရောက်
ခဲ့ပြီးနောက် အရှေ့တောင် အာရှ ၄ နိုင်ငံ ခရီးစဉ်ကို စတင်ခဲ့ခြင်း ဖြစ် ကြောင်း သိရသည်။

အာဆီယံ၏ နိုင်ငံခြားရေး ၀န်ကြီးများနှင့် တခြား နိုင်ငံများ တက်ရောက်သည့် မြောက်ကိုရီး ယားသည် ARF အစည်းအဝေးကို မတက် ရောက်သည်မှာ ၂ နှစ်ခန့် ရှိပြီး ဖြစ်သည်။

မြန်မာ စစ်အစိုးရ ထိန်းချုပ်ထားသော မီဒီယာများနှင့် မြောက်ကိုရီး ယား သတင်းဌာနများတွင် Pak Ui Chun ၏ ခရီးစဉ်နှင့် ပတ်သက်၍ အသေးစိတ် ထုတ်ဖော်ရေးသားမှုများ မတွေ့ရပေ။

ARF အစည်းအဝေးအပြီး၌ နိုင်ငံခြားရေး ၀န်ကြီး Pak Ui Chun သည် ဗီယက်နမ်၊ လာအို၊ မြန်မာနှင့် အင်ဒိုနီးရှား နိုင်ငံများသို့ သွားရောက်မည်ဟု မြောက်ကိုရီးယား အစိုးရပိုင် သတင်းဌာန Korean
Central News Agency မှ ဇူလိုင်လ ၂၀ ရက်နေ့တွင် သတင်းအကျဉ်းချုပ်သာ ဖော်ပြခဲ့သည်။

မြောက်ကိုရီး ယား နိုင်ငံခြားရေးဝန်ကြီးသည် နေပြည်တော်တွင် မြန်မာ နိုင်ငံခြားရေး ဝန်ကြီး ဦးဥာဏ်ဝင်းနှင့် တခြား အဆင့်မြင့် အရာရှိများကို သွားရောက်မတွေ့ဆုံမီ ရန်ကုန်မြို့ရှိ ရွှေတိဂုံစေတီတော်သို့
သွားရောက် ဖူးမျှော်ကြောင်း A P သတင်းဌာနတွင် ဖော်ပြထားသည်။

မြန်မာပြည် ခရီးစဉ် အပြီးတွင် မြောက်ကိုရီးယား နိုင်ငံခြားရေးဝန်ကြီးသည် အင်ဒိုနီးရှားနိုင်ငံ ဂျကာတာမြို့၌ သြဂုတ်လ ၃ ရက်မှ ၄ ရက်နေ့ အထိ ကျင်းပမည့် ထောင်စုနှစ် ဖွံ့ဖြိုးရေးဆိုင်ရာ
ရည်မှန်းချက်များနှင့် ပတ်သက်၍ ၀န်ကြီးများအဆင့် အထူးအစည်းအဝေးသို့ ဆက်လ က် တက်ရောက်မည်ဖြစ်ကြောင်း သိရသည်။

Pak Ui Chun သည် ၁၉၇၂ ခုနှစ်မှစ၍ မြောက်ကိုရီး ယား သံအမတ်အဖြစ် အယ်လ်ဂျီးရီးယား၊ ဆီးရီးယားနှင့် ဘက်ဘနွန် နိုင်ငံများတွင် တာဝန် ထမ်းဆောင်ခဲ့သည်။ ၁၉၈၉ မှ ၂၀၀၇ အထိ ရုရှနိုင်ငံဆိုင်ရာ
သံအမတ်ကြီးအဖြစ် တာဝန်ထမ်းဆောင်ပြီးနောက် နိုင်ငံခြားရေး ဝန်ကြီး ဖြစ်လာခဲ့သည်။

အမေရိကန် နိုင်ငံခြားရေး ၀န်ကြီး မစ္စ ကလင်တန် က “မြောက်ကိုရီး ယားက မြန်မာစစ်အစိုးရကို စစ်လက်နက်ပစ္စည်း တွေ ထောက်ပံ့နေတာကို အားလုံးက စိုးရိမ်နေကြတယ်” ဟု ARF
အစည်းအဝေးအတွင်း ဗီယက်နမ် နိုင်ငံခြားရေး ၀န်ကြီးနှင့် တွေ့ဆုံအပြီးတွင် ထုတ်ဖော်ပြောကြားခဲ့သည်။

၁၉၈၃ ခုနှစ်နှစ်တွင် မြန်မာနိုင်ငံသို့ အလည်လာရောက်သော တောင်ကိုရီးယား သမ္မတ ချန်ဒူးဝမ်နှင့် အဖွ့အ


ဲား ရန်ကုန်မြို့အာဇာနည် ဗိမာန်တွင် မြောက်ကိုရီး ယား ကွန်မန်ဒိုတို့က ဗုံးခွဲတိုက်ခိုက်ရာ သမ္မတ
ချန်ဒူးဝမ် သေဆုံးခြင်း မရှိသော်လည်း ၀န်ကြီး ၄ ဦး အပါအ၀င် ၂၁ ဦး သေဆုံး ပြီး နောက်ပိုင်း မြန်မာနှင့် မြောက်ကိုရီး ယား သံတမန် ဆက်ဆံရေး ရပ်သွားခဲ့သည်။

ရန်ကုန် အာဇာနည် ဗိမာန် ဖောက်ခွဲမှုဖြစ်ပွားခဲ့ပြီး ၂၅ နှစ်အကြာတွင် မြောက်ကိုရီးယားသည် တရားဝင် လူသိရှင်ကြား တောင်းပန်ခြင်း မရှိသော်လည်း စစ်အစိုးရ၏ နျူကလီးယား ရည်မှန်းချက်ကြောင့်
အာဏာရှင် နှစ်နိုင်ငံသည် သံတမန် ဆက်သွယ်ရေး သာမက စစ်ရေး ဆက်နွယ်မှုများ ပြုလုပ်လာသည်ကို တွေ့ရသည်။

မကြာသေးသော နှစ်များ အတွင်း တိတ်တဆိတ် ဆက်ဆံရေးများ ပြုလုပ်လာခဲ့ကာ ပြီးခဲ့သည့် ၂၀၀၇ ခုနှစ် ဧပြီလတွင် တရားဝင် ဆက်ဆံရေး ပြန်လည် စတင် ခဲ့ခြင်း ဖြစ်သည်။

မြောက်ကိုး ရီယား နိုင်ငံအနေဖြ င့် မြန်မာနိုင်ငံသို့ နောက်ဆုံး တရားဝင်လာရောက်မှုသ ည် ၂၀၀၈ နိုဝင်ဘာလ၌ ဖြစ်ပြီး မြောက်ကိုရီးယား ဒုတိယ နိုင်ငံခြားရေး ၀န်ကြီး ကင်ရန်အီနှင့် မြန်မာ အာဏာပိုင်တို့က
၂ နိုင်ငံ အစိုးရ အရာရှိကြီးများ အတွက် ဗီဇာကင်း လွတ်ခွင့်ကို သဘောတူခဲ့သည်။

၂၀၀၈ ခုနှစ် နိုဝင်ဘာလအတွင်း၌ပင် ဗိုလ်ချုပ်ကြီး သူရရွှေမန်း ခေါင်းဆောင်သော ကိုယ်စားလှယ် အဖွဲ့သည် မြောက်ကိုရီး ယားသို့ လျှို့ဝှက်သွားရောက်ခဲ့သော်လည်း နောက်ပိုင်းတွင် သတင်း
ပေါက်ကြားခဲ့သည်။

လက်နက်များ တင်ဆောင်လာသည်ဟု ယူဆရသည့် မြောက်ကိုရီးယား သင်္ဘောတစီး မြန်မာပြည်သို့ ဦးတည် ခုတ်မောင်း နေသည်ဟူသော သတင်းက ၂၀၀၉ ခုနှစ် ဇွန်လတွင် ကမ္ဘာ့မီဒီယာ၌ ထိပ်တန်းသို့
ရောက်ရှိခဲ့သည်။

စစ်အစိုးရ လျှို့ဝှက်လုပ်ဆောင်နေသော နျူကလီး ယား လက်နက် ထုတ်လုပ်ရေး အစီအစဉ်ကို ယခုနှစ် ဇွန်လအတွင်း အယ်လ်ဂျာဇီးယား ရုပ်သံဌာနက ဖော်ပြခဲ့ပြီးနောက် စစ်အစိုးရက ထိုသတင်းသည်
လီဆယ် လုပ်ကြံမှုသာ ဖြစ်သည်ဟု နိုင်ငံပိုင်မီဒီယာမှတဆင့် ငြင်းဆိုခဲ့သည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီလက မြောက်ကိုရီး ယား ခေါင်းဆောင် ကင်မ်ဂျုံအီးလ်၏ မွေးနေ့ပွဲကို ရန်ကုန်မြို့ မြောက်ကိုရီး ယား သံရုံးက စီစဉ် ကျင်းပရာ မြန်မာစစ်အစိုးရ ထိပ်ပိုင်း ခေါင်းဆောင်များ
တက်ရောက်ကြသည်။ ဗိုလ်ချုပ်မှူးကြီး သန်းရွှေ ကလည်း မွေးနေ့အတွက် သ၀ဏ်လွှာတစောင် ထုတ်ပြန်ခဲ့သည်။

ရွေးကောက်ပွဲ တရားမျှတမှု ရှိမည်မဟုတ်ဟု ဒေါ်အောင်ဆန်း စုကြည်ပြော


ကိုထွေး Thursday, July 29, 2010

ရွေးကောက်ပွဲ ကျင်းပမည့် နေ့ရက်ကို ထုတ်ပြန် ကြေညာခြင်း မရှိသေး သောကြောင့် ပါတီများ စည်းရုံး လှုပ်ရှားရမည့် အချိန် နည်းပါးသဖြင့်
ရွေးကောက်ပွဲသည် တရားမျှတမှု ရှိမည် မဟုတ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ထပ်မံပြောဆိုသည်။
ရှေ့နေများ ဖြစ်သည့် ဦးကြည်ဝင်းနှင့် ဦးဉာဏ်ဝင်း တို့သည် ဒေါ်အောင်ဆန်း စုကြည်၏ နေအိမ်သို့ ယမန်နေ့ နေ့လယ် ၁ နာရီ မှ ၃ နာရီ အထိ ၂ နာရီကြာ သွားရောက် တွေ့ဆုံရာတွင် ယင်းသို့ ပြောဆို
လိုက်ခြင်း ဖြစ်ကြောင်း ဦးဉာဏ်ဝင်းက ပြောပြသည်။

ရှေ့နေဖြစ်သူ ဦးဉာဏ်ဝင်းက “ရွေးကောက်ပွဲ ကျင်းပမယ့်ရက် အခုထိ ကြေညာတာ မရှိသေးဘူး ။ ဒီလို အခြေအနေမှာ ရွေးကောက်ပွဲ ၀င်မယ့် ပါတီတွေ အနေနဲ့က စည်းရုံး လှုပ်ရှားမယ့် အချိန်က
အရမ်းနည်းတယ်။ တရားမျှတမှု ရှိမယ် ဆိုတာ ကတော့ ဘယ်လိုမှ မဖြစ်နိုင်ဘူးလို့ ပြောပါတယ် ” ဟု ဧရာဝတီသို့ ပြောသည်။

“ရွေးကောက်ပွဲဝင်တဲ့ ပါတီအဖွဲ့ အစည်းတွေရဲ့ အသံကလည်း သိပ်ပြီးတော့ ကျယ်ကျယ်လောင်လောင် မကြားရဘူး လို့လည်း ပြောပါတယ် ”ဟုလည်း ဦးဉာဏ်ဝင်းက ဆိုသည်။

ဒေါ်အောင်ဆန်းစုကြည် အထူးအယူခံ လျှောက်လဲချက်နှင့် နေအိမ် ပြင်ဆင်မှုများကို ထပ်မံဆွေးနွေးခဲ့ကြောင်း၊ ဒေါ်အောင်ဆန်းစုကြည်၏ လက်ရှိ ကျန်းမာရေး အခြေအနေမှာ ကောင်းမွန်လျက်ရှိကြောင်း
ဦးဉာဏ်ဝင်း က ဆက်လက် ပြောဆိုသည်။

ဒေါ်အောင်ဆန်းစုကြည် ခေါင်းဆောင်သည့် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) က ကျင်းပမည့် ရွေးကောက်ပွဲ သည် တရားမျှတမှုရှိမည် မဟုတ်သည့်အတွက် ၀င်ရောက်ယှဉ်ပြိုင်ခြင်းမပြုရန်
ဆုံးဖြတ်ခဲ့သည်။

NLD သည် ပြီးခဲ့သည့် နှစ် ဧပြီလအတွင်း က ထုတ်ပြန်ခဲ့သော ရွှေဂုံတိုင် ကြေညာစာတမ်း ပါ နိုင်ငံရေး အကျဉ်းသား အားလုံး ခြွင်းချက်မရှိ လွှတ်ပေးရန်၊ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေကို ပြန်လည်
သုံးသပ်ပြင်ဆင်ရန်နှင့် ရွေးကောက်ပွဲတွင် အလွှာအသီးသီး ပါဝင်ပြီး နိုင်ငံတကာက စောင့်ကြည့်လေ့လာခွင့်ပြုရန် စသည့် အချက်များကို စစ်အစိုးရက လိုက်လျောလျင် ၂၀၁၀ ရွေးကောက်ပွဲကို
လက်ခံမည်ဟူသော မူပေါ်တွင် ရပ်တည်ထားသည်။

နိုင်ငံတကာရှိ လူ့အခွင့်အရေး အဖွဲ့များနှင့် နိုင်ငံတကာ အသိုင်းအ၀န်းကလည်း စစ်အစိုးရက ကျင်းပမည့် ရွေးကောက်ပွဲသည် တရားမျှတမှုရှိမည် မဟုတ်ကြောင်း ဝေဖန်ပြောဆိုလျက်ရှိသည်။

ဒေါ်အောင်ဆန်းစုကြည်သည် ပြီးခဲ့သည့် မေလ၊ အိမ်အကျယ်ချုပ် ၆ နှစ် ပြည့်တော့မည့် အချိန်တွင် ၎င်း၏ နေအိမ်သို့ တိတ်တဆိတ် ဝင်ရောက်ခဲ့သော အမေရိကန် နိုင်ငံသား ဂျွန် ဝီလျံ ယက်ထောကြောင့်
ရုံးတင် တရားစွဲ ခံခဲ့ရသည်။

စစ်အစိုးရက ဒေါ်အောင်ဆန်း စုကြည်ကို နေအိမ်အကျယ်ချုပ်ကျနေချိန်တွင် ဥပဒေ ဖောက်ဖျက်သည်ဟု ဆိုကာ သြဂုတ်လ အတွင်းက ထောင်ဒဏ် ၃ နှစ် စီရင်ချက် ချမှတ်ခဲ့သည်။

သို့သော် စစ်အစိုးရ ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၏ အမိန့်ဖြင့် ထောင်ဒဏ်ကို ထက်ဝက် လျှော့ချကာ ဆိုင်းငံ့ ပြစ်ဒဏ်၊ နေအိမ် အကျယ်ချုပ် ၁ နှစ်ခွဲ ကျခံစေခဲ့သည်။

ပြစ်ဒဏ်လျှော့ပေါ့ရ ခြင်း အကြောင်း ရင်းမှာ ဒေါ်အောင်ဆန်းစုကြည်သည် ဗိုလ်ချုပ်အောင်ဆန်း၏ သမီး ဖြစ်၍ လည်းကောင်း၊ ရပ်ရွာ အေးချမ်း သာယာရေးနှင့် တည်ငြိမ်ရေးကို ရှေးရှု၍ လည်းကောင်း၊
အာဃာတ မရှိစေရေး အတွက် လည်းကောင်း၊ ဒီမိုကရေစီ လမ်းကြောင်းတွင် အနှောင့်အယှက် မဖြစ်စေရေးအတွက် လည်းကောင်း ဖြစ်သည်ဟု ဆိုသည်။

ဒေါ်အောင်ဆန်းစုကြည်သည် ၁၉၈၉ ခုနှစ်မှ စ၍ နေအိမ် အကျယ်ချုပ်ဘ၀ဖြင့် စုစုပေါင်းနေရချိ န် ၁၄ နှစ်ကျော် ရှိပြီ ဖြစ်သည်။

ကြံ့ဖွံ့ပါတီ၏ ရွေးကောက်ပွဲ အောင်နိုင်ရေး မဟာဗျူဟာ


ထက်အောင် Thursday, July 29, 2010

“ရွေးကောက်ပွဲ အောင်နိုင်ရေးသည် ပထမ၊ ရွေးကောက်ပွဲ အောင်နိုင်ရေးသည် ဒုတိယ၊ ရွေးကောက်ပွဲ အောင်နိုင်ရေးသည် တတိယ”။ ယင်းသည် စစ်အစိုးရ
ဝန်ကြီးချုပ် ဗိုလ်ချုပ် ကြီးဟောင်း ဦးသိန်းစိန် ခေါင်းဆောင်သည့် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (USDP) ၏ ရွေးကောက်ပွဲ အောင်နိုင်ရေး သန္နိဋ္ဌာန်ဖြစ်သည်။

“၂၀၁၀ ပြည့်နှစ် ရွေးကောက်ပွဲ အောင်နိုင်ရေးအတွက် လတ်တလော ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များ” အမည်ရှိ USDP ပါတီ၏ ပညာရေးဌာနကြီးမှ ထုတ်ပြန်ချက်တွင် ရွေးကောက်ပွဲ
မဲဆွယ်ကာလတခုလုံးကို လွှမ်းမိုးထားနိုင်ရေးနှင့် ရွေးကောက်ပွဲနေ့တွင် အပြတ်အသတ် အောင်နိုင်ရေး လမ်းညွှန်ချက်မှာ ပါရှိသည်။

ယင်းညွှန်ကြားချက်၏ ထူး ခြားချက်မှာ လက်ရှိနိုင်ငံရေးအပေါ် ဝေဖန်သုံးသပ်ထားပြီး USDP အနိုင် ရရှိနိုင်မှု အလားအလားကိုပါ တွက်ချက်ထားသည်။

“ယခုလက်ရှိတွင် မိမိတို့ပါတီနှင့် အဓိကယှဉ်ပြိုင် နိုင်သည့် ပါတီကြီး မရှိတော့ခြင်း၊ ကျန်ပါတီငယ်များမှာ မိမိတို့ပါတီကို ယှဉ်ပြိုင်နိုင်ရန် အဘက်ဘက်မှ ပြည်စုံမှုမရှိခြင်း၊ ကြိုတင်ပြင် ဆင်မှု မရှိခြင်း၊
မိမိတို့ပါတီမှာ အဆင့်ဆင့် စနစ်တကျ ဖွဲ့စည်းထားပြီး အင်းအားတောင့်တင်းစွာဖြင့် ပြည်သူ၏ လိုလားထောက်ခံမှုကို ရရှိထားခြင်းတို့ကြောင့် အနိုင်ရရှိရန် အလားအလာကောင်းများ ပိုင်ဆိုင်ထားသည်” ဟု
USDP သုံးသပ်ထားသည်။

ထို့အပြင် လွန်ခဲ့သော အနှစ် ၂၀ လုံးလုံး မကြားခဲ့ရသော ၁၉၉၀ ရွေးကောက်ပွဲရလဒ်အပေါ် စစ်ခေါင်းဆောင်များ၏ ဝေဖန် သုံးသပ်ထားချက်ကို USDP ၏ ဤရွေးကောက်ပွဲ အောင်နိုင်ရေး
လုပ်ငန်းစဉ်တွင် တွေ့ရသည်။

“၁၉၉၀ ပြည့်နှစ် ရွေးကောက်ပွဲ၌ မဲရုံမှူးများ၏ ဘက်လိုက် ဆောင်ရွက်မှုများကြောင့် NLD ပါတီအများစု အနိုင်ရသွားသည့် ဖြစ်စဉ်အပေါ် သင်ခန်းစာယူပြီး ယခုရွေးကောက်ပွဲ၌ ယင်းသို့သော မသမာမှုများ
မလုပ်နိုင်အောင် ထိန်းသိမ်း ကာကွယ်ရမည်” ဟု ၁၉၉၀ ရွေးကောက်ပွဲကို ကျင်းပခဲ့သော ရွေးကောက်ပွဲ ကော်မရှင်ကို စွပ်စွဲထားသည်။

၁၉၉၀ ရွေးကောက်ပွဲနေ့ မတိုင်ခင် မဲဆွယ်စည်းရုံးရေးကာလတွင် ရွေးကောက်ပွဲကော်မရှင်သည် မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီ တဖြစ်လဲ တိုင်းရင်းသား စည်းလုံး ညီညွတ်ရေး ပါတီ (တစည) ကို
မျက်နှာသာပေးခဲ့ပြီး စစ်တပ်နှင့် ရဲတို့က သွယ်ဝိုက်၍ အကာအကွယ် ပေးခဲ့သည်။

မြန်မာပြည်သူများ၏ ၁၉၉၀ ရွေးကောက်ပွဲ၌ လိမ္မာပါးနပ်မှုကို သိထားသော USDP ၏ စစ်ဗိုလ်ချုပ်တ ဖြစ်လဲ ပါတီခေါင်းဆောင် များသည် ၂၀၁၀ ရွေးကောက်ပွဲတွင် ပြည်သူ့ဆန္ဒမဲများကို ကျုံးသွင်း ရယူရန်
ကြိုးစားနေသည်ဟု လေ့လာသူများက ထောက်ပြကြသည်။

ရွေးကောက်ပွဲ အောင်နိုင်ရေး ကော်မတီများကို ဗဟိုအဆင့်မှစ၍ အဆင့်ဆင့် စနစ်တကျဖွဲ့စည်း ထားပြီး ရပ်ကွက်ကျေးရွာ အဆင့်များတွင် စည်းရုံးရေးအကူအဖွဲ့၊ ဆော်သြရေးအဖွဲ့၊
သယ်ယူပို့ဆောင်ရေးအဖွဲ့၊ ဧည့်ခံမဏ္ဍပ်နှင့် ဧည့်ခံကျွေးမွေးရေး အဖွဲ့၊ စောင့်ကြည့်လေ့လာ ကြပ်မတ်ရေးအဖွဲ့၊ မဲရုံကိုယ်စားလှယ်များ ဟူ၍ ဖွဲ့စည်း ရန် USDP ၏ ရွေးကောက်ပွဲအောင်နိုင်
ရေးလုပ်ငန်းစဉ်တွင် ဖော်ပြထားသည်။

စည်းရုံး ရေးအကူအဖွဲ့ကို ရပ်ကွက်ကျေးရွာတိုင်း တွင် မြို့နယ်အမှုဆောင်တဦး သို့မဟုတ် ပါတီကေဒါတဦး အပါအ၀င် အဖွ့ဝ


ဲ င် ၃ ဦး ဖြင့် ဖွဲ့စည်း ၍ တအိမ်တက်ဆင်း စည်းရုံးသည့် ဗျူဟာကို ချမှတ်ထားပြီး
ကျေးရွာနှင့် ရပ်ကွက်ထဲမှ ရာဇ၀င်လူဆိုးများကို ပစ်မှတ်ထား စည်းရုံး ခြင်းသည် ၎င်းတို့၏ အဓိကတာဝန်များထဲတွင် ပါဝင်သည်။

“လူဆိုး လူမိုက် စာရင်းဝင်များကိုပါ ထိတွေ့ စည်းရုံးထားကြရမည်။ မိမိတို့က မစည်းရုံးနိုင်ဘဲ အခြားပါတီများက ချဉ်းကပ်ပြီး ၎င်းတို့ကို အသုံးချလျက် မိမိတို့ကို ထောက်ခံသူများကို ရန်မူခြင်း၊
ခြိမ်းခြောက်ခြင်း၊ မိုက်ကြေးခွဲခြင်း၊ အနိုင်ကျင့် ခြင်းများ ရှိလာနိုင်သည်” ဟု ဆိုသည်။

ဆော်သြရေးအဖွဲ့ကို အဖွဲ့ဝင် ၂ ဦးဖြင့်ဖွဲ့စည်းပြီး မဲဆန္ဒရှင်တိုင်း မဲပေးရန်နှင့် ၎င်းတို့ပါတီကို မဲပေးရန် အဓိက လုပ်ဆောင်မည် ဖြစ်သည်။

ရွေးကောက်ပွဲနေ့တွင် ဆော်သြရေးအဖွဲ့၏ အဓိကတာဝန်မှာ “ကျေးရွာ ရပ်ကွက်များအတွင်းရှိ မဲဆန္ဒရှင် အားလုံးကို စုစည်းပြီး အိုးစည်ဒိုး ပတ်ဝိုင်းများ၊ အကများ၊ အသံချဲ့စက်များဖြင့် ပြည်ခိုင်ဖြိုးပါတီ၏
အလံများကိုင်ဆောင်ပြီး သွားရောက် မဲပေးနိုင်အောင် စည်းရုံးဆော်သြရမည်” ဟု ဖော်ပြထားသည်။

သယ်ယူပို့ဆောင်ရေး အဖွဲ့ကို အဖွ့ဝ


ဲ င် ၂ ဦး ဖြင့် ဖွဲ့စည်း ပြီး မဲဆန္ဒရှင်များကို မဲရုံသို့ ပိုဆောင်ရန် “ဆိုက်ကား၊ မြင်းလှည်း၊ နွားလှည်း၊ ဆိုင်ကယ်၊ ထော်လာဂျီနှင့် မော်တော်ကား” များ စီစဉ်ထားရန်
တာဝန်ပေးထားသည်။ ထို့အတူ ဧည့်ခံမဏ္ဍပ်နှင့် ဧည့်ခံကျွေးမွေးအဖွဲ့ကို လူအင်းအား အလုံအလောက်ဖြင့် ဖွဲ့စည်းရန် ညွှန်ကြားထားပြီး မဲရုံတိုင်းတွင် မဏ္ဍပ်ထိုးရန် ဖြစ်သည်။

“မဲလာထည့်သော မဲဆန္ဒရှင်များ ခေတ္တထိုင်ပြီး အနားယူနိုင်ရန် ထိုင်ခုံ၊ ဖျာ၊ သောက်ရေသန့်၊ လက်ဖက်၊ အချိုရည်များဖြင့် အဆာ ပြေဧည့်ခံနိုင်အောင် ဆောင်ရွက်ရမည် ” ဟု ထိုညွှန်ကြားလွှာက
ဆိုထားသည်။

ယခု USDP ပါတီ၏ ရွေးကောက်ပွဲနေ့ လုပ်ငန်းစဉ်က ထွက်ရှိမလာသေးသော ရွေးကောက်ပွဲကော်မရှင်၏ မဲဆွယ်ခွင့် ဥပဒေကို ကြို ပီးသိရှိနေသည့်အလား အသေးစိတ် ညွှန်ကြားထားသည်ကို
တွေ့ရသည်။ နိုင်ငံတကာ ရွေးကောက်ပွဲများတွင် ရွေးကောက်ပွဲနေ့များ၌ ပါတီများ မဲဆွယ်စည်းရုံးခြင်းကို တားမြစ်လေ့ရှိသည်။

ရွေးကောက်ပွဲနေ့တွင် မဲရုံ အတွင်းနှင့်အပြင် အဖွ့န


ှဲစ်ဖွဲ့ ပူးပေါင်းလှုပ်ရှားရန် USDP က စီစဉ်ထားသည်။ ပါတီ၏ မဲရုံကိုယ်စားလှယ် နှစ်ဦးစီက မဲရုံအတွင်း ဖြစ်စဉ်အသေးစိတ်ကို မှတ်တမ်းတင်ရမည်ဖြစ်ပြီး
မဲရုံပြင်ပတွင် စောင့်ကြည့်လေ့လာ ကြပ်မတ်ရေးအဖွဲ့က မဲရုံဝန်းကျင်တွင် ၎င်းတို့၏ အတိုက်အခံပါတီများ လှုပ်ရှားမှုအခြေအနေကို စောင့်ကြည့်ရန် ဖြစ်သည်။

မဲရုံ အတွင်းအပြင်တွင် ဖြစ်ပွားသော မဲမသမာမှုများကို အတွင်းအပြင်အဖွဲ့များ ပေါင်းစပ်ပြီး အထက် အဆင့်ဆင့်ကို အလျင်အမြန် သတင်းပို့ရန် ညွှန်ကြားထားသည်။

“လိုအပ်ပါက ဓာတ်ပုံ၊ ဗီဒီယိုမှတ်တမ်း များ ရယူထားနိုင်ရေးအတွက် နယ်မြေအလိုက် ဓာတ်ပုံကင်မရာ၊ ဗီဒီယိုကင်မရာများ အသုံးပြုပြီး မှတ်တမ်းတင် ဆောင်ရွက်ရမည်” ဟု USDP က ၎င်းတို့၏
စောင့်ကြည့် လေ့လာရေး အဖွဲ့များကို ညွှန်ကြားထားသည်။

ညွှန်ကြားလွှာ၏ အဆုံးတွင် “အမှိုက်က စ ပြာသာဒ်မီးလောင် မဖြစ်ရအောင်၊ မြင်းခွာသံမှို တချောင်းလိုသဖြင့် စစ်ပွဲကြီးတပွဲလုံး မရှုံးနိမ့်ရအောင် ” ဟု ဆိုထားပြီး “ဆန့်ကျင်ဖက်အုပ် စုများ ပေါင်းမိသွားပါက
မိမိတို့သည် အလိုလိုနေရင်း ၎င်းတို့၏ ဘုံရန် သူဖြစ်လာနိုင်သည်” ဟု ပါတီဝင်များကို သတိပေးထားသည်။ ပါတီဝင်များအကြား အနိုင်ရမည်မှာ သေချာသည်ဟု ယုံကြည်မှု လွန်ကဲခြင်း (Ov er
Confidence) မဖြစ်ရန်လည်း သတိပေးထားသည်။

USDP သည် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးအသင်းကြီး (USDA) ကို အမွေခံထားခြင်းဖြစ်၍ ထိုကဲ့သို့ လူအင်အား၊ ငွေအင်းအားနှင့် လက်ရှိ စစ်အစိုးရ၏ အာဏာကို တိုက်ရိုက်တမျိုး
သွယ်ဝိုက်တဖုံ အတားအဆီးမရှိ အသုံးချပြီး ရွေးကောက်ပွဲကို အပိုင်စီးရန် ယခု အောင်နိုင်ရေးမဟာဗျူဟာကို ချမှတ်ထားခြင်းက သက်သေပြနေသည်ဟု လေ့လာသုံး သပ်သူတချို့က ပြောဆိုသည်။

ဧပြီလ ၂၉ ရက်နေ့တွင် လက်ရှိ စစ်အစိုးရ ၀န်ကြီးချုပ် ဗိုလ်ချုပ် ကြီးဟောင်း ဦးသိန်းစိန်နှင့် အစိုးရ၀န်ကြီး၊ အရာရှိကြီး ၂၆ ဦးတို့သည် ၂၀၁၀ ရွေးကောက်ပွဲတွင် ၀င်ရောက်ယှဉ်ပြိုင် ရန် ပြည်ထောင်စု
ရွေးကောက်ပွဲ ကော်မရှင်သို့ USDP ပါတီကို တည်ထောင်ခွင့် လျှောက်ထားပြီး ဇွန်လ ၈ ရက်နေ့၌ ပါတီ မှတ်ပုံတင်ခွင့် ကျထားသည်။

ယခုနှစ်တွင် ကျင်းပမည့် ရွေးကောက်ပွဲအတွက် နိုင်ငံရေးပါတီ ၄၆ ခုတို့က နိုင်ငံရေးပါတီ တည်ထောင်ခွင့်နှင့် ဆက် လက် တည်ထောင်ခွင့်တို့ကို လျှောက်ထားခဲ့ပြီး ပါတီမှတ်ပုံ တင်ခွင့် လျှောက်ထားသည့်
ပါတီ ၄၀ အနက် ၃၉ ပါတီကို ရွေးကောက်ပွဲ ကော်မရှင်က မှတ်ပုံတင်ခွင့် ပြုပြီးဖြစ်ေ ကြာင်း ထုတ်ပြန်ထားသည်။

၃၉ ပါတီ အနက် ယနေ့အထိ ပါတီဝင်အင်အားစာရင်း တင်ပြပြီးသည့် ပါတီမှာ ၁၀ ပါတီရှိပြီ ဖြစ်သည်။ USDP သည် ရွေးကောက်ပွဲ ကော်မရှင်သို့ ပါတီဝင်အင်အား တင်ပြသည်ကို ယနေ့အချိန်အထိ
မတွေ့ရှိရသေးပေ။

ကြားဖြတ်အစိုးရ ဖွဲ့မည့် သတင်း များ ထွက်ပေါ်


ရန်ပိုင် Thursday, July 29, 2010

ဝန်ကြီးချုပ် ဦးသိန်းစိန် အပါအ၀င် လက်ရှိ တာဝန် ထမ်းဆောင်ဆဲ ၀န်ကြီး အဖွဲ့ဝင်များ ရာထူးမှ နုတ်ထွက်ပြီး ဒုတိယ ဗိုလ်ချုပ် ကြီး မြင့်ဆွေ ဦးဆောင်သည့်
ကြားဖြတ်အစိုးရ တရပ်ဖွဲ့စည်းမည် ဆိုသည့် ကောလာဟလ သတင်းများ စစ်တပ် အသိုင်းအ၀န်း ကြားတွင် ထွက်ပေါ် နေသည်။

ရွေးကောက်ပွဲတွင် ၀င်ရောက်ယှဉ်ပြိုင်မည့်“ပြည်ထောင်စုကြံ့ ခိုင်ရေး နှင့် ဖွံ့ဖြိုးရေး ပါတီ”၀င်များသည် အစိုးရ အဖွဲ့ဝင် ၀န်ကြီးများ ဖြစ်နေသည့် အတွက် ရွေးကောက်ပွဲသည် တရားမျှတမှု မရှိနိုင်ဟု
ပြည်တွင်း ပြည်ပ ဝေဖန်မှုများကြောင့် အစိုးရ အဖွဲ့ဝင် ၀န်ကြီး များ ရာထူး မှနုတ်ထွက်ပြီး ပါတီစည်း ရုံးရေး လုပ်ငန်းများကို တရားဝင်လုပ်ဆောင်တော့မည်ဟု ပြောဆိုနေကြကြောင်း နေပြည်တော်
စစ်တပ်အသိုင်းအ၀ိုင်းနှင့် နီးစပ်သူတဦးက ဧရာဝတီသို့ ပြောသည်။

“ရွေးကောက်ပွဲဝင်မယ့် ပါတီတွေကရော နိုင်ငံတကာကပါ ဝေဖန်နေတယ် ဆိုတော့ ပိုပြီးတော့ တရားမျှတအောင် သန့်ရှင်းပါတယ် ဆိုပြီး လုပ်ပြမယ့် အနေအထားလို့ ထင်တယ်”ဟု ၎င်းကဆိုသည်။

လက်ရှိ အခြေအနေတွင်လည်း အဆိုပါ ကြံ့ဖွံ့ပါတီ၏ စည်း ရုံးရေး လုပ်ငန်းများသည် လိုအပ်ချက်များ ရှိနေသေးကြောင်း၊ ထို့ကြောင့် စည်းရုံးရေး ကဏ္ဍကို လုပ်ကိုင်ရန်လည်း ဖြစ်နို င်ကြောင်း ၎င်းက
ဆက်လက်ပြောပြသည်။

ယင်းထွက်ပေါ်နေသည့် သတင်း များအရ ကြားဖြတ်အစိုးရတွင် စစ်ဘက်၊ အရပ်ဘက် အထူး လုံခြုံရေးအဖွဲ့ အကြီးအကဲ ဒုတိယ ဗိုလ်ချုပ်ကြီး မြင့်ဆွေက ၀န်ကြီးချုပ် အဖြစ်လည်း ကောင်း၊
စစ်တိုင်းမှူးများက ၀န်ကြီးရာထူးများကို တာဝန်ယူမည်ဟူ၍ လည်း ကောင်း သိရသည်။

ရန်ကုန်မြို့ခံတဦးကလည်း ယင်းသတင်းများ ထွက်ပေါ်နေခြင်းမှာ ဟုတ်မှန်ကြောင်း ၊ ၀န်ကြီးချုပ် ဦးသိန်းစိန်နှင့် ကြံဖွံ ပါတီဝင် ၀န်ကြီးများ၏ လက်ရှိအနေအထားမှာ စစ်ဘက်ဆိုင်ရာ ရာထူး များမှ
နုတ်ထွက်သော်လည်း အရပ် ဘက်ဆိုင်ရာ ရာထူးများတွင် တာဝန်ယူထားသောကြောင့် ရွေးကောက်ပွဲအတွက် ပြောင်ပြောင်တင်းတင်း စည်း ရုံးရေးဆင်းလျှင် အဝေဖန်ခံရနိုင်သည့် အတွက်ဖြစ်နိုင်ကြောင်း
ပြောဆိုသည်။

မကြာသေးမီကလည်း ဦးသိန်း စိန်အနေဖြင့် ပါတီခေါင်းဆောင်တာဝန်များကို ယူထားသည့် အပြင် ၀န်ကြီးချုပ်ဟူသည့် အစိုးရ တာဝန်များကို ယူထားခြင်းမှာ မသင့်လျော်ကြောင်း
တိုင်းရင်းသားစည်လုံးညီညွတ်ရေး ပါတီ၏ ခေါင်းဆောင်တဦးဖြစ်သူ ဦးချစ်လှိုင်က VOA သတင်းဋ္ဌာနနှင့် တွေ့ဆုံမေးမြန်းခန်း တခုတွင် တရားဝင်ထုတ်ဖော် ဝေဖန်ခဲ့သည်။

ဦးချစ်လှိုင်သည် ယခင် မြန်မာရေတပ်မတော်မှ ဗိုလ်မှူးချုပ်တဦးဖြစ်ပြီး မြန်မာ့ဆိုရှယ်လစ် လမ်းစဉ် ပါတီအစိုးရတွင် နိုင်ငံခြားရေး ၀န်ကြီး အဖြစ် တာဝန်ထမ်းဆောင်ခဲ့သူ ဖြစ်သည် ။

ဦးသိန်း စိန်နှင့် ၀န်ကြီးအဖွဲ့ လက်ရှိရာထူး များမှ နုတ်ထွက်ပြီး ရွေးကောက်ပွဲ ဥပဒေအရ အစိုးရပိုင်ငွေကြေး၊ နိုင်ငံတော်ပိုင် ပစ္စည်း ဥစ္စာများကို သုံးစွဲခြင်းမှ ကင်းလွတ်စွာဖြင့် ရပ်တည်ပြီး ပါတီအားလုံး
လိုက်နာနေရသည့် ရွေးကောက်ပွဲ ဥပဒေဘောင် အတွင်းမှသာ လှုပ်ရှားမည် ဆိုလျှင်ကြိုဆိုကြောင်း အမျိုးသား ဒီမိုကရေစီ အင်အားစု (NDF)ပါတီ ခေါင်းဆောင်တဦး ဖြစ်သည့် ဦးခင်မောင်ဆွေ ကလည်း
ပြောဆိုသည်။

မကြာသေးမီကလည်း ပြည်ထောင်စု ကြံခိုင်ရေးနှင့် ဖွံဖြိုးရေး ပါတီ သည် လာမည့် ရွေးကောက်ပွဲ အောင်နိုင်ရေးသည် ပထမ၊ရွေးကောက်ပွဲ အောင်နိုင်ရေးသည် ဒုတိယ၊ ရွေးကောက်ပွဲ အောင်နိုင်ရေးသည်
တတိယ ဆိုသည့် ကြွေးကြော်သံဖြင့် စည်းရုံးရေး လုပ်ငန်းများနှင့် အနိုင်ရရှိရေး အစီအစဉ်များကို ချမှတ်ထားကြောင်း သိရသည်။

ပါတီစာစောင်များ ထုတ်ဝေရန် အခက်အခဲရှိ


ကိုထွေး Thursday, July 29, 2010

မှတ်ပုံတင်ခွင့် ကျပြီးသည့် နိုင်ငံရေးပါတီ ၃၉ ခု အနက် ပထမဆုံး ထုတ်ဝေသည့် ပါတီ စာစောင်အဖြစ် ပြည်ထောင်စု ဒီမိုကရေစီပါတီ (UDP) ၏ “The
Union” စာစောင် ဇူလိုင်လ ၂၆ ရက်နေ့က ထွက်ရှိ လာသည်။

ဗိုလ်ချုပ် အောင်ဆန်း၏ ရုပ်ပုံကို မျက်နှာဖုံး၌ ပုံနှိပ် ထုတ်ဝေ ခဲ့သော အဆိုပါ စာစောင်တွင် ပါတီ
ခေါင်းဆောင်များနှင့် ပတ်သက်သည့် အချက် အလက်များ၊ ပါတီမူ ၀ါဒ၊ လှုပ်ရှားမှု မှတ်တမ်း ဓာတ်ပုံများ အပြင် “ဒီမိုကရေစီ ရှာပုံတော်”၊ “အဂတိ လိုက်စားမှု တိုက်ဖျက်ရေး”၊ “လွတ်လပ်ပြီး တရားမျှတတဲ့
ရွေးကောက်ပွဲ ဖြစ်ဖို့ဆိုလျှ င် ” စသော ဆောင်းပါးများ ပါရှိသည်။

UDP ပါတီ ဥက္ကဋ္ဌ ဦးဖြိုးမင်းသိန်းက “မျက်နှာဖုံးက ဗိုလ်ချုပ် အောင်ဆန်းပုံနဲ့ ထွက်တော့ လူတွေက ကြိုက်ကြ တယ်လို့ ကြားတယ်။ အဓိက ရည်ရွယ်ချက်က ပါတီရဲ့ မူဝါဒ သဘောထား တွေကို ပြည်သူ
လူထုနဲ့ နီးစပ်စေဖို့နဲ့ ပါတီရန်ပုံငွေကို အထောက် အကူ ဖြစ်စေဖို့ပါ။ စာပေ ဖြန့်ချိရေး လုပ်ငန်း ကြီးတွေက ပါတီ စာစောင်ကို သိပ်မလုပ် ပေးချင်ဘူး။ သူတို့ ထိခိုက်မှာကို စိုးရိမ်နေ ကြတယ်” ဟု ဧရာဝတီသို့
ပြောသည်။

အာမခံကြေးသာ သွင်းရပြီး စာပေစိစစ်ရေး မတင်ရသည့် ပါတီစာစောင်များ ထုတ်ဝေခွင့် ပြုထားပြီဖြစ်သော်လည်း နိုင်ငံရေးပါတီ ၁၃ ပါတီခန့်ကသာ စာစောင်ထုတ်ဝေခွင့်အတွက် ရွေးကောက်ပွဲ
ကော်မရှင်ထံ လျှောက်ထားကြသေး သည်။

ပါတီအများစုမှာ စာစောင်ထုတ်ဝေရန် ငွေကြေး အခက်အခဲနှင့် ရင်ဆိုင်နေရကြောင်း ပါတီခေါင်းဆောင်များက ဆိုသည်။

UDP ၏ ပါတီ စာစောင်နှင့်ပတ်သက်သည့် ကုန်ကျစရိတ်ကို ပါတီဥက္ကဋ္ဌ က စိုက်ထုတ်ထားသည်ဟု အထွေထွေ အတွင်းရေးမှူး ဦးသိန်း တင်အောင်က ပြောပြသည်။

The Union စာစောင်တွင် စာမျက်နှာ ၁၈ မျက်နှာပါရှိပြီး တစောင်လျှင် ၅၀၀ ကျပ်နှုန်းဖြင့် ပါတီဝင်များနှင့် ပြည်သူများ ထံသို့ ရောင်းချကြောင်း ၊ စောင်ရေ ၁၅၀၀ ခန့်ပုံနှိပ်ပြီး စာစောင် ၁၁၀၀ ခန့်ကို ရန်ကုန်၊
မန္တလေး၊ တောင်ကြီးမြို့များသို့ ဖြန့်ဝေထားပြီး ဖြစ် ကြောင်း လည်း သိရသည်။

ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ် ပါတီ(SNDP)ကလည်း ယခုတပတ်အတွင်း ပါတီစာစောင် ထုတ်ဝေသွားမည် ဖြစ်ကြောင်း ပါတီခေါင်းဆောင်များက ဆိုသည်။

မတ်လအတွင်းက နိုင်ငံရေး ပါတီများအနေဖြင့် ရွေးကောက်ပွဲနှင့် ပတ်သက်၍ ပုံနှိပ်ထုတ်ဝေမည့် စာရွက်စာတမ်း များ အတွက် စာပေ စိစစ်နှင့် မှတ်ပုံတင်ဌာနသို့ မှတ်ပုံတင်ရန် ညွှန်ကြားချက်ကို စစ်အစိုးရ
ပြန်ကြားရေးဝန်ကြီးဌာန အောက်ရှိ ပုံနှိပ်သူများ၊ ထုတ်ဝေ သူများ၊ မှတ်ပုံတင်နှင့် စာပေစိစစ်ဖြန့်ချိရေး လုပ်ငန်းများ ကြီးကြပ်ဗဟို အဖွဲ့က ထုတ်ပြန်ခဲ့သည်။

ယင်းညွှန်ကြားချက်တွင် စစ်အစိုးရကို မဆန့်ကျင်ရန်၊ စစ်တပ်ကို မပုတ်ခတ်ရန်၊ ထုတ်ပြန်ထားသော အမိန့်များအား မဆန့်ကျင်ရန် စသည့် ကန့်သတ်ချက်များအပြင် ပါတီများသည် မှတ်ပုံတင်ကြေး ကျပ်
တသိန်းနှင့် အာမခံကြေး ကျပ် ငါးသိန်း ကိုလည်း သွင်းရမည်ဟု ပါရှိသည်။

အကယ်၍ နိုင်ငံရေးပါတီများက သတ်မှတ်ချက်များကို ဖောက်ဖျက်ပါက အာမခံကြေး တစိတ်တ ဒေသဖြစ်စေ အားလုံး ကို ဖြစ်စေ သိမ်းယူခံရမည်ဖြစ်ပြီး ဥပဒေနှင့် အညီ ထိရောက်စွာ
အရေးယူမည်ဟုလည်း ဖော်ပြထားသည်။

“စာပေစိစစ်ရေးက မနေ့က ခေါ်တွေ့တယ်။ ပါတီ သတင်းစာစောင် က ဂျာနယ်ပုံစံဖြစ်ေ နတယ် ဆိုပြီးတော့ ပြောတယ်။ ဒီနေ့ ထပ်တွေ့ဦးမယ်လို့လည်း ခေါ်ထားတယ်”ဟု ဦးဖြိုးမင်းသိန်းက ပြောသည်။

ယခုနှစ်တွင် ကျင်းပမည့် ရွေးကောက်ပွဲအတွက် နိုင်ငံရေးပါတီ ၄၆ ခုတို့က နိုင်ငံရေးပါတီ တည်ထောင်ခွင့်နှင့် ဆက် လက် တည်ထောင်ခွင့်တို့ကို လျှောက်ထားခဲ့ပြီး ပါတီမှတ်ပုံ တင်ခွင့် လျှောက်ထားသည့်
ပါတီ ၄၀ အနက် ၃၉ ပါတီကို ရွေးကောက်ပွဲ ကော်မရှင်က မှတ်ပုံတင်ခွင့် ပြုပြီးဖြစ်ေ ကြာင်း ထုတ်ပြန်ထားသည်။

နောက်ဆုံး လျှောက်ထားသည့် ပါတီမှာ ဇူလိုင်လ ၂၇ ရက်နေ့တွင် လျှောက်ထားသည့် လူမျိုးပေါင်းစုံ စည်းလုံးညီညွတ် ရေး နှင့် ဖွံ့ဖြိုးတိုး တက်ရေး ပါတီ (ကယားပြည်နယ်) ဖြစ်သ ည်။

မြန်မာ ရေလုပ်သားများကို ထိုင်းရဲက လူခွန်ကောက်


ဘစောတင် Thursday, July 29, 2010

ထိုင်းနိုင်ငံ တောင်ပိုင်း ချုံဖော်မြို့ ပါနန်အရပ်ရှိ မြန် မာ ရေလုပ်သားများကို တရားဝင် အလုပ်သမား လက်မှတ် (ဘတ်) ရှိသည့်တိုင် ထိုင်း ရဲများက စစ်ဆေး
မေးမြန်းကာ ငွေကြေး တောင်းခံခြင်း၊ ပစ္စည်း သိမ်း ယူခြင်းများ ပြုလုပ်နေကြောင်း သိရသည်။

“လှေသားတွေ ကုန်းပေါ်တက်လာတဲ့အခါ ရဲတွေ့ရင် ရဲက ပိုက်ဆံအိတ်ကို စစ်တယ်။ ပါလာတဲ့ ပိုက်ဆံတွေကို အကုန်ယူတယ်။ လှေသားတွေမှာ ဘတ်ရှိရှိ မရှိရှိနော်။ ပြီးတော့ ဘတ် ၁ ထောင်တန်
ဘော်စတွန် (Boston) တံဆိပ် ဖိနပ်စီးတာ တွေ့ရင် ဘတ် ၃၀၀ တောင်းတယ်။ ဒီဖိနပ်စီးနိုင်တာ ပိုက်ဆံရှိလို့တဲ့။ နာရီကောင်းကောင်းတွေ ၀တ်ထားတာ တွေ့ရင်လည်း ပိုက်ဆံတောင်းတယ်။ မပေးနိုင်ရင်
နာရီကို သိမ်းတယ်” ဟု မြန်မာနိုင်ငံ ပင်လယ်ပျော်များ သမဂ္ဂမှ အတွင်းရေးမှူး ကိုတင်ကိုက ပြောသည်။

ပါနန်အရပ်တွင် မြန်မာနိုင်ငံသား ရေလုပ်သား ၁၅၀၀၀ ခန့် ရှိပြီး ထားဝယ်၊ ရခိုင်၊ မွန်၊ ကရင်နှင့် ဗမာ လူမျိုးများ အလုပ် လုပ်ကိုင် နေကြသည်။

“ရှင်းရှင်းပြောရရင် မြန်မာပြည်လို ဖြစ်နေတယ်။ အာဏာပိုင်တွေက မတရား ဖိနှိပ်တာပေါ့နော်။ ကျနော်တို့ ပြောရတာ ကလည်း အခြေအနေ တော်တော်ဆိုး လွန်းလို့ပါ။ ကျနော်တို့နဲ့ တိုက်ရိုက်
ပတ်သက်နေတာက ပုလိပ်တွေပေါ့နော်။ ဘတ်ရှိရှိ မရှိရှိ အိမ်ခန်းတခန်းကို ဘတ် ၂၀၀ ကောက်တယ်။ သာမန်ဖြစ်ရိုးဖြစ်စ ဉ်ကတော့ လမ်းမှာ တွေ့တဲ့လူကို ကြုံရင် ကြုံသလို စစ်တယ်။ စစ်တယ်ဆိုတာ
အကုန်ရှာတာပေါ့နော်။ ပိုက်ဆံတွေ့ရင် ပိုက်ဆံသိမ်းတယ်။ ဖုန်းရှိရင် ဖုန်းသိမ်း တယ်။ ဖုန်းသိမ်းတာကတော့ ထုံးစံလို ဖြစ်နေပါပြီ ။ မြန်မာဆိုရင် မကိုင်ရဘူးဆိုတဲ့ သဘောပေါ့” ဟု ထားဝယ်သား
ရေလုပ်သား ကိုနောင်က ပြောသည်။
လှေသားများက အလုပ်သမား လက်မှတ်ရှိကြောင်း နှင့် သူဌေးက အာမခံနိုင်ကြောင်း ပြောသော်လည်း ထိုင်းရဲများက အထက်က ကောက်ခိုင်းခြင်း ဖြစ်ကြောင်းနှင့် လူခွန် ကောက်ခံခြင်း ဖြစ်ေ ကြာင်း
ပြောသည်ဟု ကိုနောင်က ဆက်လက်ပြောပြသည်။

တချို့သော လှေသားများ၏ သူဌေးများက မတရားငွေကောက်သည့် ကိစ္စကို မကျေနပ်သဖြင့် လာကောက်သော ရဲများနှင့် ပြဿနာ ဖြစ် ကြသည်ဟုလည်း သိရသည်။

ပါနန်တွင် ဈေးရောင်းနေသူ မွန်အမျိုးသမီးတဦး က “ကျမတို့ အိမ်တန်းလျားတခုလုံးကိုလည်း ပိုက်ဆံ လာကောက် သွားတယ်။ ကျမတို့ကတော့ သူတို့ (ထိုင်း ရဲ) နဲ့ စကားမများချင် လို့ ပေးလိုက်တယ်။
ဒါပေမယ့် အုန်းတော သူဌေးရဲ့ တန်း လျားဘက်မှာတော့ လာတောင်းတာ မပေးလို့ ပြဿနာဖြစ်ကြတယ်လို့ ကြားတယ်”ဟု ပြောသည်။

အုန်းတောသူဌေး၏ တန်းလျားသို့ ထိုင်းရဲက ပိုက်ဆံကောက်ရန် လာသောခါ သူဌေးက ပိုက်ဆံကောက်ခွင့် စာရွက်ပါ လျှင် ပြခို င်းပြီး အမိန့် စာမပါပါက ပြန်သွားရန် မောင်းထုတ်ကြောင်း ၊ အကယ်၍
တရားဝင် ကောက်သည်ဆိုပါက သူ ကိုယ်တိုင် ကောက်ပေးမည်ဟု ပြောသဖြင့် ရဲက မကျေမနပ်ဘဲ ပြန်သွားကြောင်း၊ အုန်းတော သူဌေးတွင် တရားမ၀င် အလုပ်သမားများရှိသည်ဟု စစ်တပ်ကိုတိုင်ကာ
ဖမ်းဆီး ခိုင်းကြောင်း သိရသည်။

အာဏာပိုင်များနှင့် အလုပ်ရှင်သူဌေးများ ခင်မင်ပါက မြန်မာအလုပ်သမားများ အတောင်းခံရသည့် ပိုက်ဆံ ပြန်ရသည် ဟု ဆိုသည်။


“အခန်းတွေ ပိုက်ဆံလိုက်ကောက်တာတော့ ပါနန်တခွင်လုံးပဲ။ ဒါပေမယ့် သူဌေးက ပုလိပ်နဲ့ သိရင်၊ လူကြီးနဲ့ သိရင်တော့ ဘယ်ပုလိပ်ဖမ်းသွားတယ်ဆိုတာကို ပြောနိုင်ရင် ပြန်တောင်းပေးတယ်။
ပိုက်ဆံဖြစ်ဖြစ်၊ နာရီဖြစ်ဖြစ် ” ဟု ရခိုင်ပြည်နယ်သား ကိုအောင်သာထွန်းက ပြောသည်။

ပါနန်အရပ်တွင် ထိုင်းရဲများက ဖမ်းဆီး ခြင်း၊ ငွေတောင်းခြင်းများသည် နှစ်နှင့်ချီ၍ ကြာနေပြီ ဖြစ်သော်လည်း လူခွန်ဟု ဆိုကာ ဘတ် ၂၀၀ စီကောက်ခံခြင်း၊ အထက်ကခိုင်းသည်ဟူ ဆိုကာ ငွေကြေး
ကောက်ခံခြင်းတို့မှာ ၂လခန့်သာ ရှိသေးသည်ဟု သိရသည်။

အဆိုပါကိစ္စနှင့် ပတ်သက်၍ ပါနန်ရဲစခန်းသို့ ဧရာဝတီက ဆက်သွယ်မေးမြန်းခဲ့ရာ အခန်းများကို ပိုက်ဆံ ကောက်ခြင်း မရှိကြောင်း ၊ အလုပ်သမားလက်မှတ် ရှိမရှိကိုသာ စစ်ဆေးခြင်းဖြစ်ကြောင်း အဆိုပါ
ရဲစခန်းမှ အမျိုးသမီး ရဲဝန်ထမ်း တဦးက ဖြေကြားသည်။

ပါနန်တွင် မြန်မာနိုင်ငံသား အများအပြားရှိသော်လ ည်း မြန်မာနိုင်ငံသားများ အရေးကို ဆောင်ရွက်သော အဖွဲ့အစည်း များ မရှိသောကြောင့် လူ့အခွင့်အရေး ချိုးဖောက်ခံရမှု၊ မြန် မာနိုင်ငံသားများ
အနိုင်ကျင့်ခံနေရမှု သတင်းများကို ထုတ် ဖော်ရေးသားရန် ခက်ခဲကြောင်း သိရသည်။

ကင်ဂျုံအီးလ် စာအုပ် ဟိန်းလတ် ဘာကြောင့် ပြန်သိမ်းပေးရသလဲ


ဧရာဝတီ Thursday, July 29, 2010

နိုင်ငံတကာက နျူကလီးယား အရေး နှင့် ပတ်သက်၍ စိုးရိမ်နေရပြီး မြန် မာ အစိုးရနှင့်လည်း အပြန်အလှန် ဆက်ဆံရေး တိုးမြှင့်နေသော မြောက်ကိုရီး ယား
နိုင်ငံ ခေါင်းဆောင် ကင်ဂျုံအီးလ် အတ္ထုပ္ပတ္တိ စာအုပ်ကို ထုတ်ဝေပြီး မကြာခင် ပြန်လည် သိမ်းဆည်းမှုများ ပြုလုပ်ခဲ့သည်။

ကင်ဂျုံအီးလ် အတ္ထုပ္ပတ္တိ စာအုပ်ကို ဘာသာ ပြန်ဆို ရေးသား ထုတ်ဝေ ခဲ့သည့် စာရေး ဆရာ ဟိန်းလတ်အား ဧရာဝတီ
သတင်းထောက် ဝေမိုးက ယင်း စာအုပ် ပြန်လည် သိမ်းဆည်းမှုနှင့် ပတ်သက်ပြီး ဆက်သွယ် မေးမြန်း ထားပါသည်။

စာရေး ဆရာ ဟိန်းလတ်သည် ၁၉၉ဝ ပြည့်နှစ်မှ ၁၉၉၃ ခုနှစ်ထိ မြန်မာနိုင်ငံ စာပေနှင့် စာနယ်ဇင်း အဖွဲ့(ဗဟို) အတွင်းရေးမှူး (၁)၊ အလုပ် အမှုဆောင်နှင့် တွဲဖက် အတွင်းရေးမှူး တာဝန်များ
ဆောင်ရွက်ခဲ့သည်။

မြန်မာနိုင်ငံ စာပေနှင့် စာနယ်ဇင်း အဖွဲ့၏ ယခုနှစ်တွင် အသစ်ပြန်လည် ဖွဲ့စည်းလိုက်သော ကော်မတီ၌ ဗဟို အလုပ်မှုဆောင် တဦး ဖြစ်သည်။

၁၉၆၅ ခုနှစ်မှ စ၍ ဝတ္ထု ကဗျာ၊ ဆောင်းပါးများ ရေးသားခဲ့သည်။ ယခုအထိ ဆောင်ပါးပေါင်း ၃ဝဝဝ ကျော်နှင့် လုံးချင်း စာအုပ် ၅၁ အုပ် ရေးသားပြီး ဖြစ်သည်ဟု သိရသည်။ ၂၀၀၂ တွင် လီကွမ်ယု
အတ္ထုပ္ပတ္တိ ဖြစ်သည့် တတိယ ကမ္ဘာမှ ပထမ ကမ္ဘာသို့ စာအုပ်နှင့် အမျိုးသားစာပေဆု(ဘာသာပြန်)ရရှိခဲ့သည်။

စံပယ်ဖြူ မဂ္ဂဇင်း၊ စန္ဒာ မဂ္ဂဇင်းနှင့် မိုးဂျာနယ် တို့တွင် အယ်ဒီတာ အဖြစ် ဆောင်ရွက်ခဲ့ပြီး ပေါ်ပြူလာ ဂျာနယ်တွင်လည်း စာတည်း ချုပ် အဖြစ် ဆောင်ရွက်ခဲ့သည်။

ပြီးခဲ့သည့် မေလမှ စ၍ ပေါ်ပြူလာဂျာနယ် အပါအဝင် တခြား ဂျာနယ်များကို ထုတ်ဝေနေသည့် A sian Fame Media Group ၏ ဒုတိယ ဥက္ကဋ္ဌ တာဝန်ယူလာသူ ဖြစ်သည်။

မေး။ ။ မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံ အီးလ် အကြောင်း ရေးတဲ့စာအုပ် ပြန်သိမ်းခံရတယ်ဆိုတာ ဟုတ်ပါလားဆရာ၊ ဘယ်လိုဖြစ်တာပါလဲ။

ဖြေ ။ ။ ဟုတ်ပါတယ် ၊ ကျနော်က အင်္ဂလိပ်စာပဲ တတ်တော့ အမေရိကန်က ထုတ်တဲ့ သူ့အကြောင်းရေးတဲ့ စာအုပ် နှစ်အုပ်ကို ကိုးကားတယ်၊ အမှန်ကတော့ ကျနော်က အားလုံးပေါင်းပြီးရေးတာ၊ အဲ့သည်
ကိုးကားတဲ့ စာအုပ်နှစ်အုပ်ကို မြောက်ကိုရီး ယား ဘက်က အချက်အလက်တွေမှားတယ် ဆိုပြီး သူတို့က မကြိုက်တာပါ။

မေး။ ။ ဘာစာအုပ်တွေလဲဆရာ ၊ အမေရိကန် ဂျာနယ်တွေ မဂ္ဂဇင်းထဲမှာ ပါတာတွေလား၊ စာရေးဆရာ ဘာတေးလ် လင့်တ်နာ ရဲ့ စာအုပ်တွေလား။

ဖြေ ။ ။ မဟုတ်ပါဘူး၊ ၂၀၀၉ ခုနှစ်လောက်က နောက်ဆုံး ထုတ်တဲ့ လုံး ချင်းစာအုပ်ကြီး နှစ်အုပ်ပါ၊ အဲ့သည်စာအုပ် နှစ်အုပ်မှာ ပါတဲ့ အချက်အလက်တွေ မှန်မမှန်တော့ မသိဘူး၊ ကျနော်လည်း ရှားပါးတဲ့
အချက်တွေဆိုပြီးတော့ ဘာသာပြန်တယ်၊ မြောက် ကိုရီးယား သံရုံးက ထုတ်တဲ့ စာအုပ်တွေလည်း ပါတယ်၊ ကျနော်က စုပေါင်း ရေးတော့ အချက်အလက်တွေ အကုန်ထည့်တာပေါ့၊ အဲ့သည်တော့
မြောက်ကိုရီး ယားက အဲ့သည်မှာပါတဲ့ အချက်တွေက မှားတယ်လို့ ပြောတယ်၊ ကျနော်လည်း မှားမှန်း မှန်မှန်း ဘယ်သိမလဲ၊ ကျနော်လည်း ကူးရေးရတာလေ၊ အဲ့သည် ပြဿနာပါပဲ။

မေး။ ။ ဆရာ စတင်ထုတ်ဝေစဉ်က ခွင့်ပြုချက်နဲ့ ထုတ်တာပဲ မဟုတ်လား။

ဖြေ ။ ။ ဟုတ်ပါတယ်၊ နိုင်ငံတော်ရဲ့ ခွင့်ပြုချက်နဲ့ ထုတ်တာပါ။

မေး။ ။ မြောက်ကိုရီးယား သံရုံးက ဘယ်လိုသိသွားလို့ ဆရာ့ကို တိုက်ရိုက်က န့်ကွက်တာလဲ။

ဖြေ ။ ။ စာအုပ်ထွက်ပြီး ၂ လလောက်အကြာမှာ သိသွားတာ၊ သူတို့ သံရုံးမှာ ဗမာစာတတ်တဲ့ သူတွေက ဒါတွေမှားတယ် ဆိုပြီး ချွန်ပေးလိုက်တာ၊ ကျနော်ကြားတာက ကျနော့်ရဲ့ ဗမာလိုရေးထားတဲ့
စာအုပ်က တချို့အချက်တွေကို အင်္ဂလိပ်လို ဘာသာ ပြန်ခိုင်းတယ်၊ ဥပမာ- မြောက်ကိုရီး ယား စစ်တပ်ဖွဲ့စည်းပုံ ဇယားကို အသေအချာကြည့်ပြီး မှားတယ်ပြောတယ်၊ ဒါတွေဟာ သူတို့ဟာ
မဟုတ်ဘူး လို့ပြောတယ်၊ ပွင့်ပွင့်လင်းလင်း ထုတ်မပြောပေမယ့် ဇယားတွေကိုထောက်ပြတော့ အဲ့ဒါပဲ ထင်တယ်၊
ဖွဲစည်းပုံမှာ ဗိုလ်ချုပ်ကြီးက ဘယ်နှစ်ယောက် ဆိုတဲ့ အမေရိကန်စာအုပ်တွေထဲပါတဲ့ ဇယားပါ၊ သူတို့ မြောက်ကိုရီး ယား သံရုံးက ထုတ်တဲ့စာအုပ်တွေမှာတော့ ဒီလိုလျှို့ဝှက်ချက် ပါတာမျိုးတွေ ဘယ်ပါမလဲ၊
စာရေးတဲ့ သူဆိုတာ ဘယ် အမှား အမှန်သိမလဲ၊ ဇယားထဲ ပါတာတွေ ရေးရတာပဲ၊ စာဖတ်ပရိသတ်ကလည်း ဒါမျိုးတွေမှ ကြိုက်တာ၊ ကျန်တာကတော့ အကောင်းချည်းပဲ၊ မကောင်းတဲ့ အချက်တွေကို
ရှောင်ပြီးမှ ရေးတာ၊ ကိုး ကား စာအုပ်ကိုမေးတော့ ဒီစာအုပ်တွေပဲဆိုတော့ အဲ့ဒါ နယူးယောက်က ထုတ်တဲ့ စာအုပ်တွေ၊ မကောင်းတာတွေ စာဖတ်ပရိသတ်လက်ထဲ မရောက်တာကောင်း တယ်၊ ဖြန့်ပြီးလည်း
ကျန်တဲ့ဟာ ပြန်ပေး ပါဆိုတော့ ကျနော်လည်း စကားနည်း ရန်စဲ ပြန်ပေးလိုက်တယ်၊ မပေးရင် ဘာလုပ်မလဲတော့ မသိဘူး၊ ပေးလိုက်တော့ ပြီးသွားတာ ပေါ့၊ ကျနော် ကတော့ ဆုံးရှုံးတာပေါ့။

မေး။ ။ ဆရာ့ကို ကန့်ကွက်တာ စာပေစိစစ်ရေးကလား သံရုံးကလား၊ ခေါ်ပြီး ပြောတာလား၊ ဖုန်းတို့ စာတို့နဲ့ သတိပေးတာလား၊ မထုတ်ခင်က သံရုံးက အချက်အလက်ယူသေးလား။

ဖြေ ။ ။ သံရုံးက ခေါ်ပြောတာပါ၊ သူတို့ဆီက လိုအပ်တဲ့စာအုပ်ကိုတော့ ယူပါတယ်။ ပြုစုတဲ့ အခါကျ တော့ လက်ဝဲရော လက်ယာရော ၀ါဒအကုန်လုံး ယူရတယ်၊ ဒါဟာ ကျနော်တို့ရဲ့လုပ်နည်းပဲ၊ ဒါပေမယ့်
သူတို့ စာအုပ်တခုတည်း နဲ့ မရဘူး၊ သူတို့ စာအုပ်တွေက အရမ်းလေးတယ်၊ အချက်အလက်တွေချည်း ဖွား/သေ စာရင်းလို ရေးတာ၊ ဒါကြောင့် ကျနော်တို့က စာအုပ်ရေးလို့ မရဘူး။ ကျနော် အတ္ထုပ္ပတ္တိ
စာအုပ် ရေးလာတာ ၂၅ အုပ်လောက်ရှိပြီ၊ တိန့်ရှောင်ဖိန် တို့ ၊ အီရန် သမ္မတ အာမာဒီနီဂျက် တို့ ရေးတာပဲ၊ ဘယ်မှာ တရုတ်လိုတို့ ၊ အီရန်လိုတို့ ဘယ်ရှာရေးမလဲ၊ ထွက်တဲ့စာအုပ် ဘာသာပြန်တာပဲ၊ ဒါက
ကျနော့် အခွင့်အရေး လေ၊ တရုတ်ကတော့ ရှင်းတယ်၊ ဒါမျိုးရေးရင် အားလည်းမပေးဘူး၊ ကန့်လည်းမကန့်ကွက်ဘူး။

မေး။ ။ ကျနော်တို့ သိရတာ လိုက်သိမ်းတယ်၊ ဖျက်ဆီး တယ်လို့ သိရတယ်၊ ဆိုင်တွေပေါ် ရောက်နေတဲ့ စာအုပ်တွေကိုသိမ်းတယ်၊ ဆရာ့ရှေ့မှာ မီးရှို့တယ်လို့ ကြားတယ်၊ အဲ့ဒါ ဟုတ်ပါသလား။

ဖြေ ။ ။ ကျနော်ကို လက်ကျန်စာအုပ်တွေ တောင်းတာနဲ့ အကုန်ပေးလိုက်ပြီ၊ ဆိုင်ပေါ်ရောက်နေတဲ့ စာအုပ်တွေကိုသိမ်းရင် သူတို့ ပိုက်ဆံပေးနေရမှာ စိုးတဲ့အတွက် လိုက်သိမ်းမယ်မထင်ဘူး ၊ သူတို့က
ပိုက်ဆံအကုန်မခံချင်ဘူးလေ၊ တချို့ဆိုင်တွေက အပြတ် ၀ယ်ထားတာလေ၊ ဘယ်အသိမ်းခံမှာလဲ၊ မီးရှို့တယ်ဆိုတာ မဟုတ်ပါဘူး၊ သူတို့ကို စာအုပ်လက်ကျန် ၃၃၀ လောက် အကုန်ပေး လိုက်တာ၊
မီးရှို့တယ်ဆိုတာ ကောလာဟလ ပါ။

မေး။ ။ စာပေစိစစ်ရေး အဖွဲ့ကရော နှစ်နိုင်ငံ ချစ်ကြည်ရေး ပျက်ပြားမှာစိုးလို့ ဆရာ့ကို ပြောပါသလား။

ဖြေ ။ ။ မပြောပါဘူး၊ ကျနော့် ဘက်ကတောင် ဒီကိစ္စက ဘာမှမဆိုင်ဘူး သူတို့ ခွင့်ပြု ပီးသားဆိုပြီး ဘာမှတောင် မတိုက်တွန်းဘူး၊ မြန်မာအစိုးရဘက်က ပြန်ကြားရေးရော စိစစ်ရေးရော ဘာမှမပြောပါဘူး၊
အမှန်အတိုင်းပြောရရင် အဲ့သည့် ကိုရီးယား တွေကို ပဲကြောက်တာ၊ သူတို့က မထင်ရင်မထင်သလို လုပ်တတ်လို့၊ ဒီ့ပြင် နိုင်ငံဆိုရင်တောင် သိပ်မကြောက်ဘူး၊ ဟိုတိုင် ဒီတောနဲ့ ရှင်းရတာ ရှုပ်တယ်။

မေး။ ။ တရုတ်ခေါင်းဆောင်ကြီး တိန့်ရှောင်ဖိန် အကြောင်း ရေးတုန်းက သူတို့ကိုဝေဖန်ထားတာတွေ ပါတယ်လို့ သိရတယ်၊ အခု မြောက်ကိုရီး ယား ခေါင်းဆောင်အကြောင်း မှာရော ပါလား။

ဖြေ ။ ။ တိန့်ရှောင်ဖိန် အကြောင်း တုန်းက ငယ်ငယ်တုန်းက ကောင်းတယ်၊ ယဉ်ကျေးမှု တော်လှန်ရေးမှာ ဒုက္ခရောက်တယ်၊ လေးဦး ဂိုဏ်းက နှိကွပ်၊ နောက်ပိုင်း ပြန်ပြောင်းသွားတယ်၊ အကောင်းအဆိုး
အကုန်ရေးတယ်၊ ဒီစာအုပ်မှာတော့ မကောင်းတာမပါဘူး၊ ဒါပေမယ့် သူတို့မူဝါဒ သူတို့နိုင်ငံက တရားဝင်ထုတ်တဲ့စာအုပ် မဟုတ်ရင်ဘယ်ဟာကိုမှ ခွင့်မပြုဘူး၊ နောက်ဆုံးကုန်ကုန်ပြောရရင် ဘယ်လောက်ပဲ
သူတို့ခေါင်းဆောင်ကို ကောင်းပါတယ်လို့ ချီးမွမ်းဦး သူတို့ထုတ်တာ မဟုတ်ရင် မကြိုက်ဘူး။

မေး။ ။ ဒီစာအုပ်မှာ ကင်ဂျုံအီးလ် က ဟင်းကောင်းကောင်း ကြိုက်တယ်လို့ ပါတယ်နော်။

ဖြေ ။ ။ ဟုတ်တယ် ၊ ဟင်းကောင်းကြိုက်တယ်၊ ဆူရှီကြိုက်တယ်၊ ဒါပေမယ့် ဧည့်ခံပွဲကျရင်တော့ ဆန်ပြုတ်လောက်စားတယ် ဆိုတာ လောက်ပါတာပါ၊ ဒီထက်ဆက်ရေးရင် အမျာြး ကီးပဲ သူ့ဆီမှာ အီတာလျှံ
စားဖိုမှူးတွေ၊ ဂျပန်ထမင်းချက်တွေ၊ အင်္ဂလိပ်ထမင်းချက် တွေထားပြီး ကောင်း ကောင်းစားတယ်၊ လူရှေ့ သူရှေ့မှသာ ဆန်ပြုတ်စားပြတယ်လို့ အဲ့သည့် စာအုပ်တွေမှာရေးထားတယ်၊
ကျနော်ဘာသာပြန်တာက ညင်တောင်ညင်သာသေးတယ်၊ တကယ်ရေးမယ်ဆိုရင်တော့ မကောင်းတာအများကြီး ဘဲ။

မေး။ ။ စာဖတ်ပရိသတ်ကရော အဲ့သည်စာအုပ်ကို ကြိုက်လား။

ဖြေ ။ ။ စာဖတ်ပရိသတ်ကတော့ မလှုပ်ဘူး ဗျ၊ မကုန်တာသာကြည့်ပေတော့၊ ကြိုက်လို့ ကုန်သွားရင် သူတို့သိမ်းစရာမရှိဘူး ပေါ့၊


စာဖတ်ပရိသတ်က ဘာမှစိတ်မ၀င်စားပါဘူး၊ ကျနော်ထုတ်တဲ့ အတ္ထုပ္ပတ္တိ စာအုပ်မှာ အမေရိကန် သမ္မတ အိုဘားမား တုန်းကသာ ပြိုက်ခနဲ ကုန်သွားတာ၊ ၅ ခါလောက်ရိုက်ရတယ်၊ အီရန် သမ္မတ
အကြောင်း လည်း မြန်မာပြည်မှာလည်း ဘယ်သူမှ မရေးသေးလို့
ခက်ခက်ခဲခဲ ကျနော်ရေးတယ်၊ ဒါပေမယ့် မကုန်ဘူး၊ ဒီစာအုပ်လည်း စီးပွားရေးတွက် စွန့်စားရေးတာပဲ မကုန်ဘူး၊ အမှန်အတိုင်း ပြောရင် ကောင်းလိုက်တာလို့ ဘယ်သူမှမပြောဘူး ၊ လေသံတောင် မဟဘူး။

မေး။ ။ အခုလို အဖြစ်အပျက်ကို ဘယ်လိုထင်လဲ။

ဖြေ ။ ။ ကျနော် အတ္ထုပ္ပတ္တိ ရေးတဲ့မူက မြန်မာပြည်သူလူထုက ကမ္ဘာ့ခေါင်းဆောင်တွေ ကြည့်ပြီး သံဝေဂ ယူနိုင်တယ်၊ ကောင်းတာ တွေကိုယူ မကောင်းတာတွေကို ပယ်မယ်၊ ဒီပုဂ္ဂိုလ်ကြီးတွေဟာ
သူ့နိုင်ငံနဲ့ သူ့မျိုးချစ်ပု ဂ္ဂိုလ်တွေချည်းပဲ လူငယ်တွေအနေနဲ့ အတုယူနိုင်အောင် ရေးတာ၊ အီရန် ဘာသာရေးခေါင်းဆောင် အယာတိုလာ ခိုမေနီ အကြောင်း ရေးဆိုလည်း ရေးမှာပဲ၊ သူ့မှာလည်း
မကောင်းတာတွေရှိသလို အတုယူစရာ တွေရှိတယ်လေ၊ ဒါမှလည်း လူငယ်တွေ အသိပညာကြွယ်မှာပေါ့၊ နိုင်ငံတကာအမြင်၊ သမိုင်း သုံးသပ်ချက်တွေကို သိရမှာပေါ့၊ ပိုက်ဆံအတွက်ဆိုရင်တော့
ကျနော်ဘယ်ရေးမလဲ၊ ဒီလိုစာအုပ်မျိုးတွေကို ဗဟုသုတရစေ ချင်လို့ ပါ၊ ဒီလို စာအုပ်မျိုးတွေ အုပ်ရေ ၁၀၀၀ ကုန်ဖို့ အင်မတန် ခက်တယ်။

နယ်စပ် တံတားပိတ်ချိန်
အေးချမ်းမြေ့ Thursday, July 29, 2010

ထိုင်း - မြန်မာနယ်စပ် မဲဆောက်မြို့ ဈေးကြီးဟာ စနေ၊ တနင်္ဂနွေလို ရုံးပိတ်ရက် တွေမှာတောင် ခါတိုင်းနဲ့ မတူဘဲ စည်ကားမှု ကင်းမဲ့ နေတာ တွေ့ရပါတယ်။
အရင်လို ခေါင်းရွက် ဗျပ်ထိုး ဈေးသည်တွေရဲ့ အော်ဟစ်သံတွေ၊ ဈေးဝယ်တွေရဲ့ ဈေးဆစ် သံတွေ လျော့ပါးသွားသလို၊ လမ်းဘေးဈေးသည်တွေ စီတန်းနေရာယူထားလေ့ရှိတဲ့ ဈေးလမ်း တွေပေါ်မှာ
ဈေးသည်တွေ ကျဲပါးနေတယ်။

မဲဆောက်ဈေးအတွင်းမှ ပန်းသည်တဦး (ဓာတ်ပုံ - ဧရာဝတီ)

မဲဆောက်-မြ၀တီ နှစ်နိုင်ငံ ချစ်ကြည်ရေး တံတားကြီးကို မြန်မာ အာဏာပိုင်တွေ ဘက်က ၁၀ ရက် ကျော်ကြာတဲ့ အထိ ဆက်တိုက် ပိတ်ထား တာကြောင့် မြ၀တီကနေ မဲဆောက်ဈေးကို နေ့စဉ်
လာရောက် ရောင်းချလေ့ ရှိတဲ့ ခေါင်းရွက် ဗျပ်ထိုး ဈေးသည်တွေ အတွက် အခက်အခဲနဲ့ ကြုံတွေ့ နေကြရ ပြီး နေ့စဉ် လာရောင်း နေကျရဲ့ တဝက်လောက် လျော့ကျ သွားတယ်လို့ ဈေးသည်တွေက
ပြောပါတယ်။

“အရင်တုန်းက တခါကူးရင် ကျပ် ၅၀၀ လောက်ပဲ ပေးရတယ်၊ အခု ၃၀၀၀ နီးပါးလောက် ကုန်တယ်။ အဆင့်ဆင့် တောက်လျှောက် ၅၀၀၊ ၁၀၀၀ အဲဒီလို ပေးသွားရတာ။ တံတားက ဖြတ်ခွင့် မရတော့
ဂိတ်တွေ ကနေ ပိုက်ဆံပေးပြီး ဖြတ်ရတာပေါ့ ” လို့ ကုန်စိမ်း ရောင်းချသူ အမျိုးသမီး တဦးက ဆိုတ ယ်။

တံတားပိတ်ထားတဲ့ နေ့တွေမှာတော့ မြဝတီဘက်က နေ မဲဆောက်ကို ဈေးသွားရောင်း ဖို့အတွက် ဈေးသည်တွေဟာ မနက် ၄ နာရီလောက်က တည်းက စတင် ပြင်ဆင်ရပြီး စစ်အစိုးရနဲ့ တိုးတက်သော
ဗုဒ္ဓဘာသာ ကရင်အမျိုးသား တပ်မတော် (DKBA ) တို့ ပူးပေါင်း ကောက်ခံလေ့ရှိတဲ့ ဇီးကုန်းဂိတ်၊ ကိုး သုံးလုံး ဂိတ်၊ သုညဂိတ်၊ ၂ ဂိတ် အစရှိတဲ့ ဂိတ်တွေကနေ ဂိတ်ကြေးပေးပြီး ဖြတ်သန်းလာကြရတာပါ။
သူတို့တွေနဲ့အတူ မြန်မာပြည်ထွက် ဟင်း သီးဟင်းရွက်၊ ဒညင်းသီး၊ ပန်းနဲ့ မြစ်ငါးတချို့ ပါလာတတ်ပါတယ်။

တံတားပိတ်ထားလို့ လမ်းစရိတ်ပိုသုံး ခဲ့ရပေမယ့် သူတို့ရဲ့ ကုန်ပစ္စည်း တွေကို ဈေးတင်ရောင်း လို့မရဘူးလို့ ပန်းရောင်းတဲ့ မမီးမီးက ဆိုပါတယ်။

“ပုံမှန် ပန်း ၁၀ စည်း လောက် ယူရောင်းရတယ်ဆိုရင် ဂိတ်ကြေးတွေပိုပေးရတော့ ကာမိအောင် အစည်း ၂၀ ပိုယူခဲ့ရတာပေါ့။ ဈေးကတော့ တင်လို့ မရဘူး ” လို့ သူက ပြောတယ်။

မြန်မာပြည်ဘက်က ကုန်ခြောက်တွေကို လှော င်ရောင်းတဲ့ သူတွေက တော့ အရောင်းအဝယ်ပါးပေမယ့် တလစာ လှောင်ထားတဲ့ ကုန်တွေရှိနေလို့ အခြေအနေ သိပ် မဆိုးရွားလှဘူး၊
ဟင်းသီးဟင်းရွက်သည်တွေသာ လှောင်ထားလို့မရတဲ့ ပုပ်ကုန်တွေ ဖြစ်တာကြောင့် အရင်းအနှီး မရှိတော့တဲ့သူတွေအတွက် ဈေးရောင်း နားထားရတယ်လို့ သိရပါတယ်။

“ဆိုင်ခန်းနဲ့ ရောင်းတဲ့ သူတွေက လှောင်ထားတဲ့ ကုန်နည်းနည်းရှိတော့ ဈေးတင်ပြီး ဆက်ရောင်းနေလို့ ရသေးတယ်။ ကျမတို့လို လမ်းဘေးဈေးသည်တွေက ကုန်စိမ်းတွေရောင်း တာဆိုတော့
လတ်ဆ တ်မှလေ၊ ဒီနေ့ သယ်လာ ဒီနေ့ရောင်း ဆိုတော့ ဒီဘက်လာရောင်းဖို့ ပိုက်ဆံမရှိတဲ့ သူတွေဆို မလာနိုင်တော့ဘူး” လို့ ကုန်စိမ်းသည်တဦးက ဆိုတ ယ်။

မြဝတီ - မဲဆောက် တံတားရဲ့ မဲဆောက်ဘက်ခြမ်း တံတားရင်းမှာရှိတဲ့ ဈေးလေးဟာလည်း စည်ကားမှု ကင်းမဲ့နေတဲ့ အပြင် ပစ္စည်း ပြတ်လပ်နေတာတွေပါ ကြုံတွေ့နေရပါတယ်။

ရန်ကုန်ကနေ မိန်းမစီး ကတ္တီပါ ဖိနပ်မျိုးစုံတင်သွင်းပြီး အဲဒီဈေးလေးမှာ ဆိုင်ဖွင့် ရောင်းနေသူ တဦးက “အရောင်းအဝယ်လည်း တော်တော်ပါးသွားတယ်၊ ပစ္စည်းတွေလည်း ပြတ်နေပြီ။ တံတားမဖွင့်မချင်း
ရှိတာလေးပဲ မှေးရောင်းရမယ်” လို့ ပြောပါတယ်။

အဲဒီဈေးလေးဘေး ကမ်း နဖူးပေါ်မှာတော့ မြန်မာပြည်ဘက်ကလာတဲ့ ကဏန်းအရှင်တွေ၊ ငါးခြောက်နဲ့ ကြက်သွန်နီတွေ ရောင်းချ နေပါတယ်။ ကဏန်းတကီလိုကို ဘတ် ၂၀၀၊ ၂၅၀ (ကျပ် ၆၀၀၀ ကနေ
၇၅၀၀ ခန့် )၊ ကြက်သွန်နီ တကီလို ၁၅ ဘတ် (ကျပ် ၄၅၀ ခန့်) နဲ့ ငါးခြောက်ကတော့ တထုပ်ကို ဘတ် ၆၀၊ ၇၀ ( ကျပ် ၂၀၀၀) ဝန်းကျင် အထုပ်ငယ်တွေ ထုပ်ရောင်း နေတာပါ။

“တံတားပိတ်ထားလို့ လမ်းစရိတ်ကာမိအောင် ဈေးနည်းနည်း တင်ရောင်းရတာပါ” လို့ ကဏန်းရောင်း တဲ့ အမျိုးသမီးက ပြောပါတယ်။

မဲဆောက်ဘ က် မြစ်ကမ်းနဖူးပေါ်မှာရှိတဲ့ DKBA ပိုင် ဂိတ် ၁၇ ဝန်းထဲမှာလည်း ကုန်ပစ္စည်း တွေ တောင်ပုံရာပုံ ဖြစ်နေတာ တွေ့ရပါတယ်။ ဂျပန်လုပ် ရေခဲသေတ္တာတွေ၊ စက်ဘီးတွေ၊ ကားတွေအပြင်
ပုစွန်နှစ်ကောင် တံဆိပ် စားအုန်းဆီ ပုံးဝါတွေဟာ မြန်မာပြည်ဘက်ကမ်း ကို သွားဖို့ စောင့်ဆိုင်းနေကြတာပါ။

တကယ်တော့ မဲဆောက်မြို့ကကုန်ပစ္စည်းတွေသာ မြဝတီဘက်ကို ကူး ဖို့ စောင့်နေရတာ မဟုတ်ဘဲ မြဝတီမြို့ပေါ်က ဂိုဒေါင်တွေထဲမှာ ရောက်နေပြီးဖြစ်တဲ့ ထိုင်းပစ္စည်း တွေဟာလည်း
မြန်မာပြည်အရပ်ရပ်ကို ဆက်လက် စီး ဆင်းသွားဖို့ စောင့်ဆိုင်း နေရတာ ၁၀ ရက်ကျော်ပါပြီ။

“တံတားဖွင့်တုန်းက တနေ့တနေ့ကို ဆယ်ဘီးကားကြီး အစီးပေါင်း ၃၀၀၊ ၄၀၀ နဲ့ တင်ပို့နေရာကနေ ပိတ်လိုက်တော့ တနေ့ အစီး ၁၀ ဂဏန်းလောက်ပဲ သွားနိုင်တော့တယ်” လို့ ကုန်သည်တွေနဲ့ နီးစပ်သူ
တဦးက ဆိုပါတယ်။

ဇူလိုင်လ ၁၁ ရက်နေ့က စပြီး မြဝတီ - မဲဆောက် တံတားကို မြန်မာဘက်ကနေ ပိတ်လိုက်၊ ဖွင့်လိုက် လုပ်နေရာက ၁၇ ရက်နေ့ကစပြီး ဒီနေ့အထိ ပိတ်ထားတဲ့အတွက် ထိုင်း၊ မြန်မာ ၂ ဘက်စလုံး က
ကုန်သည်တွေမှာ ထိခိုက် နစ်နာမှု အများကြီး ရှိနေတယ်လို့ ကုန်သည်တွေက ဆိုပါတယ်။

တကယ်တော့ ကုန်စည်စီးဆင်း မှု ရပ်ဆိုင်းသွားတာနဲ့ တပြိုင်နက် မြန်မာပြည်ထဲက ဂိတ်အသီးသီးမှာ ဂိတ်ကြေး ရယူနေသူ တွေလည်း ဝင်ငွေမရှိတော့သလို ကုန်ပစ္စည်း ပြတ်လပ် မှုကြောင့် ဈေးတက်
လိုက်ရတဲ့အတွက် လက်လီလက်ကားဖြန့်သူတွေ၊ စားသုံးသူတွေပါ နစ်နာကြရတယ်လို့ သိရပါတယ်။

အခုလို တံတားပိတ်ရတာဟာ ထိုင်းဘက်ခြမ်းက မြစ်ကမ်းတာရိုး ဆောက်တဲ့အတွက် မြန်မာဘက်ခြမ်းမှာ ကမ်းပါးပြိုတာတွေ ပိုဖြစ်လာနိုင်တယ်ဆိုပြီး ကန့်ကွက်တဲ့အနေနဲ့ ပိတ်တာလို့
မြန်မာအာဏာပိုင်တွေက တရားဝင် စာထုတ်ခဲ့ပေမယ့် တကယ့် တကယ်မှာတော့ အဲဒီထက်မကတဲ့ အကြောင်း ရင်းတွေ ရှိနေသေးတယ်လို့ ထိုင်းနိုင်ငံ အခြေစိုက် နိုင်ငံရေးအကျဉ်းသားများ ကူညီ
စောင့်ရှောက်ရေးအသင်း တွဲဖက်အတွင်းရေးမှူး ဦးဘိုကြည်က ဆိုပါတယ်။

မဲဆောက်အခြေစိုက် ထိုင်း ကုန်သ ည်ကြီးများ အသင်းနဲ့ နီးစပ်တဲ့ သတင်းထောက်တဦး ကတော့ “မြစ်ကမ်းတာရိုးဆောက်လို့ မြန်မာဘက်က ပိတ်တာဆိုတော့ ထိုင်းကုန်သည်တွေက တာရိုး ဆက်
မဆောက်ဖို့ ထိုင်း အစိုးရကို ကန့်ကွက်ကြတယ်။ အဲဒီမှာ မဲဆောက်အာဏာပိုင်တွေက မြဝတီဘက်က အာဏာပိုင်ကို အကြောင်းရင်း လှမ်းမေးတော့ တာရိုးကြောင့် မဟုတ်ဘူး လြုံ ခုံရေးကြောင့်
ပိတ်တာဆိုပြီး ပြန်ေ ပြာတယ်လို့ သိရတယ်” လို့ ပြောပြပါတယ်။

လုံခြုံရေးအရဆိုတာဟာ ထိုင်းမြန်မာနယ်ခြားစောင့်တပ် ဖွဲ့စည်းရေးအတွက် ငြင်းဆန်နေတဲ့ DKBA တပ်တွေနဲ့ နယ်စပ် အခြေစိုက် မြန် မာ အစိုးရ အတိုက်အခံအဖွဲ့တွေကို ထိုင်း အာဏာပိုင်တွေ အနေနဲ့
ထိန်းချုပ်စေချင်တာကို ဆိုလိုတာ ဖြစ်နိုင်တယ်လို့ သူက ဆိုပါတယ်။

၂၆ ရက်နေ့ကတော့ မြဝတီမြို့မှာ မြန်မာနိုင်ငံက ဒုတိယနိုင်ငံခြားရေး ဝန်ကြီးဦး မောင်မြင့်ကို ထိုင်းနိုင်ငံက စီးပွားရေးနဲ့ ကူးသန်းရောင်း ဝန်ရေး ဒုဝန်ကြီး A longkorn Ponlaboot က
သွားရောက်တွေ့ဆုံခဲ့ပါတယ်။ အဲဒီလို တွေ့ဆုံရာမှာ ဦး မောင်မြင့်က ချစ်ကြည်ရေး တံတားပိတ်ရတာဟာ ထိုင်းဘက်က မြစ်ကမ်း တာတမံ ဆောက်တဲ့အတွက် ဖြစ်တယ် လို့ပဲ ပြောခဲ့ပါတယ်။

လာမယ့် ဇူလိုင် ၃၀ ရက်နေ့မှာတော့ ချစ်ကြည်ရေး တံတားကိစ္စကို မြန်မာနဲ့ ထိုင်း ဆက်လ က် ဆွေးနွေးကြမယ်လို့ သိရပါတယ်။

ဘယ်လိုကြောင့် တံတားပိတ်တယ် ဆိုဆို ၁၀ ရက်ကျော် ကုန်စည်စီးဆင်းမှု ရပ်ဆိုင်းနေတာကြောင့် နှစ်ဘက် ကုန်သည်တွေကတော့ စီးပွားရေးအရ သိသိသာသာ ထိခိုက်နစ်နာနေကြပါတယ်။
မဲဆောက်အခြေစိုက် ထိုင်းကုန်သည်ကြီးများအသင်း ဥက္ကဋ္ဌက “အခုလို တံတားပိတ်ထားတာ ကျနော်တို့ တော်တော်လေး ထိခိုက်နစ်နာပါတယ်” လို့ ဧရာဝတီကို ပြောပါတယ်။

ထိုင်းဘက်က မြန်မာဘက်ကမ်းကို နေ့စဉ် ဘတ် သန်း ၁၀၀ (ကျပ်သန်း ၃၀၀၀ ခန့်) လောက် တန်ဖိုးရှိတဲ့ ကုန်စည်တွေ တင်ပို့နေရတာဖြစ်ပြီး တချို့ ထိုင်း ကုန်သည်ကြီးတွေက ဘဏ်တွေက ငွေချေးပြီး
စီးပွားရေး လုပ်နေရတာ ဖြစ်တဲ့အတွက် လည်ပတ်မှုရပ်ဆိုင်းနေတဲ့ အချိန်မှာ ဘဏ်တိုးတွေတက်ပြီး နစ်နာမှု ကြီးမားတယ်လို့ ထိုင်း ကုန်သည်ကြီးများအသင်းနဲ့ နီးစပ်သူ တဦးက ဆိုပါတယ်။

ထိုင်း-မြန်မာ နယ်စပ်ဂိတ်တွေအနက် ချစ်ကြည်ရေးတံတား တည်ရှိတဲ့ မဲဆောက်မြို့ဟာ ကုန်စည် စီးဆင်းမှု အကြီးဆုံးဂိတ် တခုဖြစ်ပြီး မြန်မာနိုင်ငံကနေ ထိုင်းကို သစ်၊ ဆန်၊ ငရုပ်၊ ကြက်သွန်၊ ကျွဲ၊ နွား၊
ဆိတ်၊ သိုး တွေ အပါအဝင် ကျောက်စိမ်းအထိ တင်ပို့နေတာပါ။

မြန်မာကနေ ထိုင်းကို တင်ပို့တဲ့ ကုန်ပစ္စည်း တန်းဖိုးဟာ တလ ဘတ်သန်း ဆယ်ဂဏန်း (ကျပ် သန်း ၃၀၀) ခန့်ပဲရှိပေမယ့် ထိုင်းနိုင်ငံက မြန်မာဘက်ကို တင်ပို့နေတဲ့ ကုန်ပစ္စည်းတန်ဖိုး ကတော့ ဘတ် သန်း
၁၀၀၀ (ကျပ် သန်း ၃၀၀၀၀ ခန့်) ရှိတယ်လို့ သိရပါတယ်။

စနေ၊ တနင်္ဂနွေ နေ့တွေတုန်းက ခြောက်ကပ်နေတဲ့ မဲဆောက်ဈေးဟာ ဇူလိုင် ၂၆ ရက်နေ့ တနင်္လာနေ့မှာတော့ နည်းနည်း ပြန်စည်ကား လို့နေပါတယ်။ မြန်မာတွေရဲ့ ဝါဆိုလပြည့်နေ့ ဖြစ်တာကြောင့်
မဲဆောက်က စက်ရုံ၊ အလုပ်ရုံတွေပိတ်ပြီး မြန်မာအလုပ်သမားတွေ အားလပ်ရက် ရလို့ ဖြစ်ပါတယ်။

မြန်မာဝတ်စုံလေးတွေ လှလှပပ ဝတ်စားထားပြီး သနပ်ခါး ခပ်ထူထူ လိမ်းထားတဲ့ မိန်းကလေးတွေဟာ သစ်သီး၊ ပန်း၊ အမွှေးတိုင်၊ ဖယောင်းတိုင်၊ သင်္ကန်း စတာတွေကို ဈေးထဲမှာ သူ့ထက်ငါ
ဝယ်ယူနေကြလို့ ဈေးက ခါတိုင်းတံတားပိတ် ရက်တွေထက် စည်ကားနေတာလို့ ဈေးသည်တွေက ဆိုပါတယ်။ နောက်နေ့တွေမှာတော့ မြန်မာအလုပ်သမားတွေလ ည်း အလုပ် ပုံမှန် ပြန်ဆင်းကြမှာဖြစ် ပြီး
ဈေးကြီးလည်း ပြန်လည် ခြောက်ကပ်သွားတော့မှာပါ။

သေချာတာကတော့ ဈေးသည်တွေနဲ့ ကုန်သည်တွေရဲ့ ပင်မသွေးကျော တခုလို ဖြစ်နေတဲ့ မြဝတီ - မဲဆောက် ချစ်ကြည်ရေးတံတားကြီးကို အမြန်ဆုံး ပြန်ပွ င့်ဖို့ အားလုံး စောင့်မျှော်နေကြတယ် ဆိုတာပါပဲ။

နရီလင်းလက် ပူးပေါင်း ရေးသားသည်။


http://www.irrawaddy.org/bur/

နိုဝင်ဘာတွင် လွတ်မည်ဟု ဒေါ်စုမျှော်လ င့်


ဆလိုင်း ဟံသာစန်း | ကြာသပတေးနေ့၊ ဇူလိုင်လ ၂၉ ရက် ၂၀၁၀ ခုနှစ် ၂၂ နာရီ ၁၇ မိနစ်

နယူးဒေလီ (မဇ္ဈိမ) ။ ။ မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်း စုကြည်က သူမအပေါ် ချမှတ်ထားသည့် ပြစ်ဒဏ်ကာလ ကုန်ဆုံးသည့် နိုဝင်ဘာလတွင်း လွတ်မြောက်မည်ဟု မျှော်လင့်နေသလို
အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ခေါင်းဆောင်များကလည်း မျှော်လင့်နေကြသည်။

အထူး အယူခံကိစ္စနှင့် နေအိမ်ပြင်ဆင်ရေး ကိစ္စများအတွက် ရန်ကုန် တက္ကသိုလ် ရိပ်သာလမ်းရှိ နေအိမ်တွင် ရှေ့နေများနှင့် ယမန်နေ့က တွေ့ဆုံခွင့်ရစဉ် ဒေါ်အောင်ဆန်းစုကြည် က ပြောဆိုခြင်း ဖြစ်သည်။

“နိုဝင်ဘာလမှာ သူ့ကို ပေးထားတဲ့ ပြစ်ဒဏ်က ကုန်သွားပြီ။ ဥပဒေ သဘောအရတော့ သူ့ကို ဆက်ပြီး ချုပ်နှောင်စရာ မရှိတော့ဘူး။ ဘာပြစ်မှုကိုမှ သူကျူးလွန်ခြင်းလည်း မရှိဘူး။ ဒါကြောင့်
လွတ်မြောက်မယ်လို့ မျှော်လင့်တဲ့အကြောင်း ပြောပါတယ် ” ဟု သူမ၏ ရှေ့နေ ဦးဥာဏ်ဝင်းက မဇ္ဈိမကို ပြောသည်။

ဒေါ်အောင်ဆန်းစုကြည်နှင့် ရှေ့နေ ဦးဥာဏ်ဝင်း၊ ရှေ့နေ ဦးကြည်ဝင်း တို့ ယမန်နေ့ နေ့လည် ၁ နာရီမှ ၃ နာရီအထိ တွေ့ဆုံခွင့် ရရှိခဲ့သည်။

နေအိမ်အတွင်း တရားမဝင် ဝင်ရောက်လာသည့် အမေရိကန် နိုင်ငံသား ဂျွန်ယက်တောကို လက်ခံထားမှုဖြင့် ရန်ကုန်တိုင်း မြောက်ပိုင်းခရိုင် တရားရုံးက ဒေါ်အောင်ဆန်းစုကြည်ကို ပြီးခဲ့သည့်နှစ် သြဂုတ်လ
၁၁ ရက်နေ့တွင် ၁၉၇၅ ခုနှစ် နိုင်ငံတော်အား နှောင့်ယှက် ဖျက်ဆီးလိုသူများ၏ ဘေးအန္တရာယ်မှ ကာကွယ်စောင့်ရှောက်သည့် ဥပဒေ ပုဒ်မ ၂၂ ဖြင့် အလုပ်ကြမ်းနှင့် ထောင်ဒဏ် ၃ နှစ် ချမှတ်ခဲ့သည်။

သို့သော် ဗိုလ်ချုပ်မှူးကြီး သန်းရွှေက နေအိမ်၌ပင် ဆိုင်းငံ့ပြစ်ဒဏ် ၁၈ လဖြင့် ထိန်းသိမ်းရန် ညွှန်ကြားခဲ့သည်။ ယင်းပြစ်ဒဏ်သည် ယခုနှစ် နိုဝင်ဘာလတွင် ပြည့်မြောက်မည် ဖြစ်သ ည်။

NLD ပါတီ ဗဟို အလုပ်အမှုဆောင် အဖွဲ့ဝင် ဦးဝင်းတင်က ယခုတကြိမ် ပြစ်ဒဏ်သည် တရားရုံးက ချမှတ်ထားခြင်း ဖြစ်သည့်အတွက် ယခင်ကာလများကဲ့သို့ သက်တမ်းတိုး ခြင်း ပြုလုပ်နိုင်မည်မဟုတ်ဟု
ယုံကြည်နေသည်။

“အခုက ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံရေးပုဒ်မနဲ့ ထိန်းသိမ်း ထားတာ မဟုတ်ဘူး။ သာမန်ပြစ်ဒဏ်နဲ့ အပြစ်ပေးထားတာ ဖြစ်တယ်။ အဲဒီတော့ သတ်မှတ်ကာလ ကုန်ဆုံးတဲ့အခါ လုံးဝကို လွှတ်ပေးရမှာ
ဖြစ်တယ်။ ဒါကြောင့် လွတ်လာမယ်လို့ ယုံကြည်ထားတယ်” ဟု သူက ပြောသည်။

ပါတီ ဗဟိုအလုပ်အမှုဆောင်နှင့် ပြောရေးဆိုခွင့် ရှိသူလည်း ဖြစ်သော ရှေ့နေ ဦးဥာဏ်ဝင်းက “ကျနော်တော့ လုံး ဝ ယုံကြည်ပါတယ်။ လွှတ်ပေးရမှာပါ။ ဒီထက်စောပြီးတောင်မှ လွှတ်ပေးနိုင်ပါတယ်။ ဒါဟာ
ဗိုလ်ချုပ်မှူးကြီး သန်းရွှေရဲ့ အမိန့်အပေါ် မူတည်ပြီး ကျနော် ပြောတာပါ” ဟု ပြောသည်။

နေအိမ် ပြန်လည်ပြင်ဆင် ခြင်းနှင့် ပတ်သက်၍ အိမ်မကြီး၏ ပျက်စီးသွားသော အစိတ်အပိုင်းများကို အင်္ဂတေဖြင့် ပြန်လည်၍ ဖာထေးထားသဖြင့် ထိုနေရာများကို ဆေးသုတ်ရန်နှင့် ယိုယွင်းနေသည့် မှန်များ
လဲလှယ်တ ပ်ဆင်ရန် ကျန်ရှိနေသေးပြီး ခြံဝင်း လုံခြုံရေး ယူထားသည့် အာဏာပိုင်များက ယခုလအတွင်း အပြီးသတ် လုပ်ဆောင်ရန် ပြောကြားထားသည်။

“ကျနော်တို့ကတော့ တတ်နိုင်သမျှ မြန်အောင်လုပ်တယ်။ ကျန်နေတဲ့ လုပ်ငန်းတွေ ပြီးဖို့ကတော့ နောက်ထ ပ် ၃ ပတ်လောက် လိုသေးတယ်။ အဲဒါကို ဒေါ်အောင်ဆန်းစုကြည်က သူ့ရဲ့ အင်ဂျင်နီယာအဖွဲ့ကို
စေ့စေ့စပ်စပ် တွက်ချက်ပြီးတော့ ထပ်မံ စာတင်ဖို့ ညွှန်ကြားပါတယ်”ဟု ဦးဥာဏ်ဝင်းက ပြောသည်။

ထို့ပြင် အထူး အယူခံ တက်ထားသည့် ကိစ္စရပ်များနှင့် ပတ်သက်၍လည်း ဒေါ်အောင်ဆန်းစုကြည်နှင့် ရှေ့နေများ ဆွေး နွေးခဲ့ကြပြီး လျှောက်လဲချက်ကို ရှင်းလင်း စွာ ရေးသားလျှောက်လဲရန်
ညွှန်ကြားခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည်က သူမအပေါ် ချမှတ်ထားသည့် ပြစ်ဒဏ်ပြင်ဆင်မှု အထူးအယူခံကို ပြီးခဲ့သည့် မေလ ၁ဝ ရက်နေ့တွင် ရန်ကုန် ဗဟိုတရားရုံးချုပ်သို့ တင်သွင်းခဲ့ရာ လက်ခံခဲ့သော်လည်း
နှစ်ဖက်ရှေ့နေများ လျှောက်လဲရန် နေ့ရက်ကို တရားရုံးက ကြေညာခြင်း မရှိသေးပေ။

ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်လာပါက မြန်မာပြည်သူများက သူမနောက်သို့ တခဲနက် လိုက်ပါကြမည်ဟု ယုံကြည်ကြောင်း ဦးဝင်းတင်က ပြောသည်။

“ကျနော်တို့ အပါအဝင် တခြားလူတွေ ထောင်က လွတ်လာတဲ့အခါ ဝမ်းသာကြတယ်၊ လက်ခုပ်သြဘာ ပေးကြတယ်။ သို့သော် ကျနော်တို့ လွတ်မြောက်ခြင်းဟာ ပန်းပင်တပင်ထဲကို ရေလောင်းတဲ့
သဘောလောက်ပဲ ရှိတယ်။ လန်းဆန်း သွားတယ်ပေါ့ဗျာ။ ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ခြင်းကျတော့ မိုးကြီး ရွာချလိုက်တဲ့အခါ တလောကလုံး စိမ်းစို လန်းဆန်းသွားပြီးတော့
သစ်ပင်ပန်းမာလ်တွေက အကုန်လုံး ရုန်းကန်နိုးကြားလာသလိုပဲ မြန်မာပြည်ရဲ့ နိုင်ငံရေး နိုးကြားမှုတွေဟာ အလွန်မြင့်မားတဲ့ ပုံသဏ္ဍာန်နဲ့ လူထုကြီးက အုံကြွပြီးတော့ ဒေါ်အောင် ဆန်းစုကြည်ကို
ကြိုဆိုလိမ့်မယ်။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ နိုင်ငံရေး ဦးဆောင်မှု နောက်ကို လူထုကြီးက တခဲနက် လိုက်ပါလိမ့်မယ်လို့ ယုံကြည်တယ်” ဟု သူက ပြောသည်။

ကြံ့ဖွံ့ စည်း ရုံးရေး မြို့ပေါ်တက်တော့မည်


ကျော်ခ | ကြာသပတေးနေ့၊ ဇူလိုင်လ ၂၉ ရက် ၂၀၁၀ ခုနှစ် ၂၂ နာရီ ၂၆ မိနစ်
ချင်းမိုင် (မဇ္ဈိမ )။ ။ မွန်ပြည်နယ်အတွင်း ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီအနေဖြင့် ကျေးလက်များတွင် စည်း ရုံးရေးလုပ်နေပြီး ဒုတိယအဆင့်အဖြစ် မြို့ပေါ်သို့ ကူးပြောင်းမည်ဖြစ်ကြောင်း ကြံ့ဖွံ့ ပြည်နယ်အဆင့်
ခေါင်းဆောင်တဦး က ရွေးကောက်ပွဲ စည်းရုံးရေးလုပ်ငန်းစဉ်ကို ပြောသည်။

နိုင်ငံရေး ပါတီ ၄၀ ကျော်အနက်မှ အထူးအခွင့်အရေး ရရှိနေသော ၀န်ကြီးချုပ် ဦးသိန်းစိန်၏ ကြံ့ဖွံ့သည် မွန်ပြည်နယ်အတွင်း ပါတီမဖြစ်ခင် ယခုနှစ် ဧပြီလပိုင်းကပင် ကျေးရွာများသို့ စည်းရုံး မှုများ
လုပ်ဆောင်နေခဲ့သည်။

“အခုတော့ ရွာတွေမှာ ဖောင်ဖြည့် စာရင်းကောက်ယူ အဆင့်ပဲ။ ဒါပြီးရင်တော့ မြို့ပေါ် ကူးတော့မှာပါ။ သက်ဆိုင်ရာ မြို့နယ်အလိုက်၊ ခရိုင်အလိုက်၊ ကျေးရွာအလိုက်မှာ ကျနော်တို့ရဲ့ စည်းရုံးရေးတွေက
အဆင့်ဆင့် ရှိပြီးသားဖြစ်တဲ့အတွက် စည်းရုံးရေးဆင်းတဲ့ အခါမှာလည်း ဘာအခက်အခဲမှ မရှိပါဘူး” ဟု ရွေးကောက်ပွဲအောင်နိုင်ရေး ကော်မတီဝင်တဦး က မဇ္ဈိမကို ပြောသည်။

၁၉၉၃ ခုနှစ်က တည်ထောင်ခဲ့ပြီး ဗိုလ်ချုပ်မှူးကြီးသန်း ရွှေ နာယကဖြစ်သော လူမှုရေးကြံ့ဖွံ့အသင်းမှ ဇူလိုင်လ ၆ ရက်နေ့တွင် နိုင်ငံရေးပါတီ ကြံ့ဖွံ့အဖြစ် ပြောင်းလဲခဲ့ကာ ၀န်ကြီးချုပ် အပါအ၀င်
လက်ရှိရာထူး ရယူထားသော စစ်ဗိုလ်ချုပ် ၁၇ ဦးသည် စစ်ဘက်မှ နုတ်ထွက်ပြီး ဦးဆောင်ထားသည်။

ကြံ့ဖွံ့အသင်းဖြစ်စဉ်က နိုင်ငံတ၀ှန်း ရုံးပေါင်း ၁၅၄၂၁ ရုံးရှိခဲ့ပြီး အသင်းဝင်ပေါင်း ၂၄ သန်းကျော် ရှိသည်ဟု ထုတ်ပြန်ခဲ့သည်။ သို့သော် ပါတီအဖြစ် ပြောင်းသောအခါ အသင်းဝင်အဖြစ် ခန့်ထားခဲ့သော
ကျောင်းသူ ကျောင်းသားများ၊ အစိုးရ၀န်ထမ်းများကို ပြန်လည်လျှော့ချရသည်။

ပါတီဝင် အရေအတွက်နှင့် ပတ်သက်၍ ၈ သန်း ရှိသည်ဆိုသော သတင်းထွက်ပေါ်နေသော်လည်း တိုင်းအဆင့် ခေါင်းဆောင်တဦး ကတော့ ”ခန့်မှန်းလို့ မရသေးဘူး” ဟု ဆိုကာ အတည်ပြုရန်
ငြင်းဆန်ထားသည်။

ပါတီဝင်ကြေးကို ကျပ် ၁၀၀၀ အဖြစ် သတ်မှတ်ထားရာ ပါတီရန်ပုံငွေ ကျပ်သန်း ၈၀၀၀ ရရှိပြီးဟန် ဖြစ်စေရန် လုပ်ဆောင်ခြင်း ဖြစ်မည်ဟု ဝေဖန်သူများက ပြောသည်။

မွန်ပြည်နယ် ကြံ့ဖွံ့စည်းရုံးရေးမှူးဖြစ်သူ ဦးတင်စိုးမိုး နိုင်က လူထုအာရုံစိုက်မှု ပိုမိုရရှိလာနိုင်ရန် ပြည်နယ်အတွင်းရှိ မြို့ပေါ်များတွင် လမ်း၊ တံတားများ ခင်းကျင်းပြုပြင် ခြင်း အပါအဝင် လူမှုရေး
ကိစ္စများတွင်လည်း ဆောင်ရွက်ပေးနိုင်ရန် လုပ်ဆောင်နေကြောင်း နှင့် အထက် အာဏာပိုင်များ၏ ချမှတ်မှုကို စောင့်ဆိုင်းနေကြောင်း ပြောသည်။

ယခုအခါ မွန်ပြည်နယ်ရှိ မြို့နယ်တိုင်း၊ ကျေးရွာတိုင်း တွင် အသင်းဆိုင်းဘုတ်များ ဖြုတ်ချပြီးစီးသွားပြီဖြစ်ကာ ပါတီဆိုင်းဘုတ် တင်ရန်သာ ကျန်ရှိတော့သည်ဟု သူက ဆိုသည်။

ဒေသအတွင်း အဓိက ပြိုင်ဘက်မှာ တိုင်းရင်းသား စည်းလုံး ညီညွတ်ရေး ပါတီနှင့် မွန်ဒေသလုံး ဆိုင်ရာ ဒီမိုကရက်တစ် ပါတီတို့ ဖြစ်သည်ဟု ပါတီခေါင်းဆောင်များက ပြောသည်။

“ဒီပါတီတွေက အခုမှ မြေစမ်းခရမ်းပျိုးအဆင့်ပဲ ရှိသေးတာ။ ကျနော်တို့က အသင်းအနေနဲ့ ကတည်း က လုပ်လာတာ ကြာပြီဆိုတော့ လူထုက သိနေပြီလေ။ ဒါပေမဲ့လည်း လူထုရဲ့ စိတ်သန်ရာပေါ့ဗျာ။
တအိမ်ထဲနေတဲ့ မောင်နှမချင်းတောင် စိတ်ချင်းတူတာမှ မဟုတ်တာ” ဟု မြို့နယ် စည်းရုံးရေးမှူး တဦးက မဇ္ဈိမကို ပြောသည်။

ယခုလ ၂၀ ရက်နေ့က ဒုတိယ ပညာရေးဝန်ကြီး ဗိုလ်မှူးချုပ်အောင်မျိုးမင်းသည် ရန်ကုန် နိုင်ငံခြားဘာသာ တက္ကသိုလ်မှ ကျောင်းသား ကျောင်းသူများကို သွေးထွက်သံယိုမှုများဖြစ်ရန်
မလိုလားသည့်အတွက် စစ်တပ်နှင့် ပတ်သက်သည့် ပါတီကို မဲထည့်ရန် ပြောသဖြင့် ထိုပွဲကို တက်ရောက်သူများ ဒေါသထွက်ခဲ့ရသည်။

ကြံ့ဖွံ့ပါတီကဲ့သို့ အာဏာပိုင်များကို အသုံးပြုနိုင် ခြင်း၊ ငွေကုန်ကြေးကျခံ၍ လမ်းခင်းခြင်း၊ တံတားပြင်ခြင်းများ မပြုလုပ်ပေးနိုင်သော်လည်း မွန်ပြည်နယ်ရှိ ဒေသခံလူထု၏ ထောက်ခံမှု ရရှိမည်ဟု
မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရက်တစ်ပါတီ ဥက္ကဋ္ဌ နိုင်ငွေသိန်းက ပြောသည်။

“သူတို့ လမ်းခင်း တယ် ဆိုတာကလည်း သူတို့ ပိုက်ဆံနဲ့ ခင်းနေတာမှ မဟုတ်ဘဲ။ ဒါမျိုးကိုတော့ သူတို့ကို ဘယ်ပါတီမှ မယှဉ်နိုင်ပါဘူး။ စည်းရုံးရေး ဆင်းရင်လည်း သူတို့က တော့ လွတ်လပ်မှု ရှိတာပေါ့။
ကြိုက်တဲ့နေရာ သွားလို့ရတယ်။ ရယက ခေါ်ပြီးခိုင်းလို့ ရတယ်လေ။ တို့ကတော့ ကော်မရှင်က ချမှတ်ထားတဲ့ စည်းကမ်းအတိုင်း လိုက်နာ လုပ်ကိုင်တ ယ်” ဟု သူက ပြောသည်။

“တို့မှာကတော့ ရေတွင်းတူး ပေးမယ်၊ လမ်းခင်းပေးမယ်၊ ဘာလုပ်ပေးမယ် ညာလုပ်ပေးမယ် မရှိဘူး။ တတ်လည်း မတတ်နိုင်ဘူး ။ တို့ကတော့ ရွာတွေဆင်းမယ်ဆို ဘုန်း ကြီးကျောင်းကို အရင်သွားတယ်။
ပြီးမှ ရွာထဲကို တအိမ်တက် တအိမ်ဆင်း ကျနော်တို့ ဘာလုပ်မယ်၊ ကျနော်တို့ မူက ဒါဆိုတာကို ချပြပြီး စည်းရုံးရေးဆင်းတယ်။ လူထုက လက်ခံပါတယ်” ဟု သူက ဆက်ပြောသည်။

ထိုင်းနိုင်ငံအခြေစိုက် NDD ခေါ် ဒီမိုကရေစီနှင့် ဖွံ့ဖြိုးတိုး တက်ရေး အင်အားစုမှ ဥက္ကဋ္ဌ ဒေါ်ခင်ဥမ္မာက “USDP က ဘာကြောင့် တခြားပါတီတွေထက် ဒီလိုအခွင့်အရေးတွေ ရနေလဲဆိုရင် သူက လွတ်လပ်တဲ့
နိုင်ငံရေးပါတီတခု မဟုတ်ဘူး ။ တကယ်တ မ်းတော့ အရေခြုံထားတဲ့ နအဖ စစ်အာဏာရှင်ပဲ ဖြစ်တယ်။ ဒါကြောင့် သူတို့က လုပ်ချင်သလို လုပ်ခွင့်တွေ ရှိနေတာဖြစ်တယ်” ဟု သူက မဇ္ဈိမကို ပြောသည်။

NDD သည် စစ်အာဏာရှင်စနစ်၏ ဒေါက်တိုင်များ သို့မဟုတ် ပြည်ခိုင်ဖြိုး စာအုပ်ကို ၁၉၉၈ ခုနှစ်တွင် ထုတ်ဝေခဲ့သည်။

လွှတ်တော်တွင် ပြုပြင်ပြောင်း လဲယူမည်ဟူသည့် ရည်ရွယ်ချက်နှင့် ၂၀၁၀ ရွေးကောက်ပွဲတွင် ပါဝင်ကြယှဉ်ပြိုင် ကြမည့် ပါတီများအနေဖြင့် ၂၀၀၈ ဖွဲ့စည်းပုံဥပဒေ မူကြမ်းနှင့် ၂၀၁၀ ရွေးကောက်ပွဲ ကော်မရှင်
ဥပေဒေတို့တွင် စစ်အစိုးရက စိတ်ကြိုက်ဖန်တီးထားပြီးဖြစ်သဖြင့် စိတ်ကူးယဉ်အိမ်မက်သာ ဖြစ်မည်ဟု သူက ဆက်ပြောသည်။

“နအဖက ဒီရွေးကောက်ပွဲမှာ သူ့ဘက်က သေချာပေါက် အနိုင်ရအောင် ဥပဒေနည်းတွေ အပါအဝင် ကလိမ်ကကျစ် နည်းတွေနဲ့ အဖက်ဖက်က ပြင်ဆင်ပြီးသား ဖြစ်တယ်။ ဒါကြောင့် လွှတ်တော်မှာ
ခေါင်းညိတ်ဆို ညိတ်၊ ခေါင်းခါဆို ခါ။ ဒါမှမဟုတ်ဘဲနဲ့ သူတို့ကို ဆန့်ကျင်သလို ဖြစ်နေမယ်ဆိုရင် အဲဒီလူကို တနည်းနည်း နဲ့ အရေးယူနိုင်အောင် စီမံမှာပဲ။ ဒီလိုလုပ်နိုင်အောင်ကို
စိတ်ကြိုက်ဖန်တီးထားတာပဲ” ဟု ဒေါ်ခင်ဥမ္မာက ပြောသည်။

ကလေးမြို့ရေကြီး ကလေးငယ်တဦး ပျောက်ဆုံး


မဇ္ဈိမသတင်းဌာန | ကြာသပတေးနေ့၊ ဇူလိုင်လ ၂၉ ရက် ၂၀၁၀ ခုနှစ် ၁၉ နာရီ ၃၂ မိနစ်

နယူးဒေလီ (မဇ္ဈိမ) ။ ။ ခြောက်နာရီကြာ မိုးသည်းထန်စွာ ရွာသွန်း ပြီး တောင်ကျရေကြောင့် စစ်ကိုင်းတိုင်း ကလေးမြို့ရှိ တောင်ဖီလာရပ်ကွက်တွင် ခြောက်နှစ်အရွယ် မိန်းကလေးငယ်တဦး ရေစီးဖြင့်
မျောပါပျာက်ဆုံး ပြီး လူနေအိမ် ၅ဝ ခန့်တွင်း ရေဝင်မှု အင်္ဂါနေ့က ဖြ စ်ပွားခဲ့သည်။

ကလေးမြို့ အနောက်မြောက်ဘက် တောင်ဖီလာရပ်ကွက်အတွင်း အနောက်မှ အရှေ့သို့ စီးဆင်း သည့် တောင်ဖီလာချောင်း တောင်ကျရေစီးနေစဉ်တွင် မရမ်းကိပ်ဇင် Ram Kip Zing သည်
နံနက်ကျောင်းသွားစဉ် ခြေချော်ကျခဲ့ရာမှ မျောပါပျောက်ဆုံး နေခြင်း ဖြစ်သည်။ အဘ ဦးကော်လျံဆမ်း Kawl Lian Sum နှင့် အမိ ဒေါ်ဟရန်လှဲထရမ်း Har Hlei Thiam တို့၏ သမီး မရမ်းကိပ်ဇင်သည်
တောင်ဖီလာရပ်ကွက် အမက ၁၃ ကျောင်းတွင် ပထမတန်း တက်နေသူ ဖြစ်သည်။
“တောင်ဖီလာချောင်းက ရေတအားကြီးနေတယ်လေ။ ကျောင်းလမ်းက ရေတထွာလောက် ရှိတယ်။ သူက ကျောင်းသွားရင်းနဲ့ ချောင်းနားရောက်တော့ ခြေချော်သွားတယ်။ ရေများ တော့ ရေက
ဆွဲခေါ်သွားတယ်။ အဲလိုနဲ့ မျောခဲ့တာ ပါ။ ဝင်ကယ်ချိန် မရလိုက်ဘူး။ ရေက တအားကြီး တော့ ချက်ချင်း ပျောက်သွားတယ်” ဟု အခင်းဖြစ်ပွားမှုကို ကိုယ်တိုင်မြင်တွေ့ခဲ့သူ တောင်ဖီ လာချောင်းနားရှိ
ဦးမောင်လှက မဇ္ဈိမကို ပြောသည်။

ရိုမန်ကက်သလစ် ဘာသာရေး အသင်းတော် လူငယ်များက သုံးရက်ကြာ လိုက်လံရှာဖွေနေသော်လည်း ယခုသတင်းပေးပို့သည့် အချိန်အထိ ရှာဖွေမတွေ့ရှိသေးသဖြင့် အသက်ရှင်လျှက် ပြန်တွေ့ရှိရေး
မျှော်လင့်ချက် နည်းပါးနေသည်။

“ချောင်းတလျှောက် ကလေးမြို့စွန်အထိ ရှာဖွေနေတာပဲ။ အခုထိ မတွေ့ကြသေးဘူး ။ ဒီညနေမှ မတွေ့ရင်တော့ ရှာဖွေရေး ရပ်တော့မယ်။ သေဆုံးကြောင်းကို သင်း အုပ်ဆရာနဲ့ အသုဘ အခမ်းအနား
လုပ်မယ်။ သူ့မိဘတွေလည်း ကျေနပ်ကြပါတယ်” ဟု ရိုမန်ကက်သလစ် အသင်းဝင် တဦးဖြစ်သူ ဦးဇလျင်က မဇ္ဈိမကို ပြောသည်။

ညသန်း ခေါင်အချိန်မှ ဇူလိုင် ၂၇ ရက်နေ့ မနက်လင်းချိန်အထိ မိုးဆက်တိုက် ရွာသွန်း ခဲ့ပြီးနောက် ချင်းတောင်တန်းပေါ်မှ ရေဒလဟော စီးဆင်းမှု ဖြစ်ပေါ်ခဲ့ရာ တောင်ဖီလာချောင်းနှ င့်
တောင်သာချောင်းများတွင် ရေလျှံတက်ကာ ချောင်းနှစ်ခုကြားရှိ တောင်ဖီလာရပ်ကွက်မှ အိမ် ၅ဝ ခန့် ရေဘေးကြုံကြရသည်။

“အိမ်က ချောင်းကနေ ၅ အိမ်ခြားတယ်။ ထင်းတွေက တနှစ်စာ ဝယ်ထားတာပါ။ ရေထဲ အကုန်ပါသွားတယ်။ တချို့ အနိမ့်က အိမ်တွေတော့ ပြတင်းပေါက်ထိ ရောက်တယ်။ ညမှာ ဖြစ်ရင်တော့ တော်တော်
ဆိုးရွားနိုင်တယ်။ မနက်မိုးလင်း မှာ ဖြစ်တော့ ထွက်ပြေးကုန်ကြတယ်။ အိမ်အောက်မှာထားတဲ့ ပစ္စည်းတွေတော့ အားလုံး ခံရတယ်” ဟု ရေဘေးခံရသူ တောင်ဖီလာမှ ဦးဗျက်လျံထန်းက မဇ္ဈိမကို ပြောသည်။

ရေဘေး ဒုက္ခသည်များသည် ချောင်းရေပြန်ကျသည်အထိ ၎င်းတို့၏ ဆွေမျိုးသားချင်းများ နေအိမ်တွင် နေထိုင်ကာ စောင့်ဆိုင်းခဲ့ကြပြီး အာဏာပိုင်များဘက်က ကယ်ဆ ယ်စောင့်ေ ရှာက်မှုများ
မရှိကြောင်း နှင့် ယမန်နေ့ ညနေပိုင်းတွင်မူ ရေကျပြီးနောက် နေအိမ်များအတွင်း တင်ကျန်ရစ်သည့် ရွှံ့နွံများကို သန့်ရှင်းနေကြပြီ ဖြစ်ေ ကြာင်း သိရသည်။

ချောင်းရေ ကြီးမြင့်မှုေ ကြာင့် တောင်ဖီလာရပ်ကွက်ရှိ အမက ၁၃ ကျောင်းနှင့် တောင်သာချောင်း မြောက်ဘက် တောင်သာကျေးရွာရှိ အမက ကျောင်းကို ၂၇-၂၈ ရက်နေ့များတွင် ကျောင်းပိတ်ခဲ့ရာမှ ယနေ့
ပြန်ဖွင့်ခဲ့သည်။

“ဒူးလောက်ထိ ရောက်လာတော့ ဘယ်လိုမှ စာသင်လို့ မရဘူးလေ။ အဲလောက်ရှိမှတော့ ကလေးတွေက ရေထဲ မြုပ်သွားမှာ ပေါ့။ ဒီနေ့တော့ ကျောင်းပြန်ဖွင့်တယ်။ အပြင်တော့ သွားလို့ မရသေးဘူး ။
ကလေးတွေကို အပြင် လုံးဝ မထွက်ခိုင်းဘူး ။ ရွှံ့တွေ တအားများတယ်။ ကျောင်းရောက်လာတဲ့ ကလေးတွေကို အခန်းဝင်ပေါက်မှာ ခြေဆေးခိုင်းရတယ် ” ဟု အမက ၁၃ မှ ကျောင်းဆရာမ တဦးက
မဇ္ဈိမကို ပြောသည်။

ယခင်နှစ်များတွင် မိုးသည်း ထန်စွာ ရွာသွန်းမှုကြောင့် ယခုချောင်းများ ရေလျှံခြင်း မရှိခဲ့သော်လည်း ပြီးခဲ့သည့် နှစ်အတွင်း တောင်ဖီလာ ရပ်ကွက်ကောင်စီ ရယက ဥက္ကဋ္ဌ ဦး Khua Tin Thang က
တောင်ဖီလာ ရပ်ကွက်တွင် ချောင်း၏ တဖက်တချက်တွင် ဖောက်ထားသည့် ရေမြောင်းတခုကို လုံးဝပိတ်ပစ်ကာ အခြားရေမြောင်းကို တောင်သာချောင်းဆီသို့ ရေမြောင်းလွှဲပေးခြင်းနှင့် ချောင်းသန့်ရှင်းရေး
မပြုလုပ်သဖြင့် ရေလျှံရခြ င်းဖြစ်ကြောင်း ဒေသခံများက စွပ်စြွဲ ကသည်။

“ချောင်းက ကွေ့ကောက်နေရင်၊ ရေများလာရင် ကျော်ဝင်လာမှာပဲ။ ပြီးတော့ ရွာထဲ ရေမြောင်းများတယ်၊ တံတားလုပ်နေရတာ ဒုက္ခများတယ်ဆိုပြီး မြောင်းတခုကို ပိတ်တ ယ်၊ နောက်တခုကို
တောင်သာချောင်းဆီ လွှဲတယ်။ ဒါတွေကြောင့် ရွာထဲကို အခုလို ရေဝင်တာ။ အရင်နှစ်တွေမှာ တပတ်လုံးလုံး မိုးရွာတာတောင် ရွာထဲ ရေမဝင်ဘူး။ ရေမြောင်းတွေ အပြည့်လောက်ပဲ ရှိတတ်တယ်” ဟု
တောင်ဖီလာ ရပ်ကွက်ရှိ အမည်မဖော်လိုသူ ဒေသခံတဦးက မဇ္ဈိမကို ပြောသည်။

ယမန်နှစ် အောက်တိုဘာလအတွင်း ကလေးမြို့တွင် ရေကြီးမြှု ဖစ်ရာ လူ ၁ ဦးမျောပါ သေဆုံးခဲ့ကာ အိမ်ခြေ ၂ဝဝဝခန့် အိုးအိမ်များ စွန့်ခွာထွက်ပြေးခဲ့မှု ဖြစ်ပွားခဲ့သည်။

(ဆလိုင်းထွန်း သတင်းပေးပို့သည်။)

ပြို င်ဘက်မရှိ ရွေးကောက်ပွဲနိုင်မည်ဟု ကြံ့ဖွံ့ ယုံကြည်နေ


မဇ္ဈိမသတင်းဌာန | ကြာသပတေးနေ့၊ ဇူလိုင်လ ၂၉ ရက် ၂၀၁၀ ခုနှစ် ၁၅ နာရီ ၄၇ မိနစ်

ချင်းမိုင် (မဇ္ဈိမ ) ။ ။ ဝန်ကြီးချုပ် ဦးသိန်းစိန် ဦးဆောင်သော ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီအနေဖြင့် ရွေးကောက်ပွဲတွင် အနိုင်ရလိမ့်မည်ဟု ယုံကြည်နေကြောင်းနှင့် ၁၉၉ဝ
ရွေးကောက်ပွဲတွင် မဲရုံမှူးများ ညစ်ပတ်၍ အမျိုးသား ဒီမိုကရေစီအဖွဲ့ချု ပ် အနိုင်ရရှိသွားခြင်းဖြစ်သည်ဟု စွပ်စဲထ
ွားသော မဇ္ဈိမက မိတ္တူလက်ခံရရှိထားသည့် ပါတီမူဝါဒဆိုင်ရာ လမ်းညွှန်ချက်အရ သိရသည်။

”အဓိကယှဉ်ပြိုင်နိုင်သည့် ပါတီကြီး မရှိတော့ခြင်း၊ ကျန်ပါတီငယ်များမှာ မိမိတို့ပါတီကို ယှဉ်ပြိုင်နို င်ရန် အဘက်ဘက်မှ ပြည့်စုံမှုမရှိ ခြင်၊ ကြိုတင်ပြင်ဆင်မှုမရှိ ခြင်း၊ မိမိတို့ပါတီမှာ အဆင့်ဆင့် စနစ်တကျ
ဖွဲ့စည်းထားပြီး အင်အားတောင့်တင်း စွာဖြင့် ပြည်သူ၏ ထောက်ခံမှုကို ရရှိထားခြင်း” တို့ကြောင့် ၂ဝ၁ဝ ရွေးကောက်ပွဲတွင် အနိုင်ရလိမ့်မည်ဟု ပါတီတွင်း လမ်း ညွှန်ချက်တွင် သုံးသပ်ထားသည်။
အဓိက ယှဉ်ပြိုင်နိုင်သော ပါတီကြီးဆိုသည်ကို အမည်ဖော်ပြခြင်း မပြုသော်လည်း အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (အန်အယ်ဒီ) ကို ညွှန်းဆိုသည်မှာ ထင်ရှားသည်။

”၁၉၉ဝ ခုနှစ် ရွေးကောက်ပွဲတွင် မဲရုံမှူးများ၏ ဘက်လိုက်ဆောင်ရွက်မှုများကြောင့် အန်အယ်ဒီပါတီ အများစု အနိုင်ရသွားသည့် ဖြစ်စဉ်အပေါ် သင်ခန်းစာယူရမည်” ဟု ဆိုထားသည်။

လွန်ခဲ့သော ၁၇ နှစ်က ထူထောင်ထားသော ကြံ့ခိုင်ဖွံ့ဖြိုးရေးအသင်းကို ပါတီပြောင်းကာ အရပ်ဝတ်လဲ စစ်ဘက်ထိပ်တန်းအရာရှိများ ဦးဆောင်သ ည့် ပါတီက ရွေးကောက်ပွဲ အောင်နိုင်ရေးအတွက်
လူဆိုး လူမိုက်များကို စည်း ရုံးရန်လည်း ပါရှိသည်။

”ကျေးရွာရပ်ကွက်များအတွင်း အများက ဝိုင်းပယ်ထားခြင်းခံရသည့် လူဆိုး လူမိုက် စာရင်းဝင်များကိုပါ ထိတွေ့စည်း ရုံးထားကြရမည်” ဟု ပါရှိသည်။

ပြိုင်ဘက်နိုင်ငံရေးပါတီများဘက် လူမိုက်များ ပါသွားလျှင် ကြံ့ဖွံ့ပါတီဝင်များကို အနိုင်ကျင့်မှု ပြုလုပ်လာမှာ စိုး၍ လက်ဦးမှု အရယူခြင်းဟု ရှင်းလင်း ထားသည်။

ပါတီစည်း ရုံးရေးအတွက် သြဇာသိက္ခာရှိသူများကို ရှာဖွေဦးဆောင်စေရန်နှင့် ကိုယ်စားလှယ်လောင်း များကလည်း ငွေကြေးထောက်ပံ့ရန် ညွှန်ကြားထားသည်။ ထို့အပြင် ပါတီကို မကြိုက်နှစ်သက်သူများ
တွေ့ရှိလျှင် အထက်ကို သတင်း ပို့ရမည် ဖြစ်သည်။

သို့သော် ပြိုင်ဘက်ပါတီများအပေါ် ဝေဖန်တိုက်ခိုက်ခြင်း မပြုရန် နှင့် ပြုလုပ်ပါက ”ဘုံရန်သူ” ဖြစ်သွားနိုင်သည်ဟုလည်း သတိပေးထားသည်။

မဲလိမ်ညာမှု၊ ဘက်လိုက်မှုများ မဖြစ်ပေါ်အောင် ကြပ်မတ်စိစစ်ရန် မှာကြားထားပြီး ဓာတ်ပုံ၊ ဗီဒီယိုများဖြင့် မှတ်တမ်းတင်ရန်ပါ ထုတ်ပြန်ထားသည်။

ညွှန်ကြားချက်တွင် ခြင်္သေ့တံဆိပ်သုံး ပါတီအနေဖြင့် အလုပ်သမားနှင့် လယ်သမားအရေး အဓိကထား စည်း ရုံးသော မူကို တွေ့ရှိရသည်။

အလုပ်သမား အခွင့်အရေးအတွက် ဥပဒေကို ပြင်ဆင်ရန်၊ လူမှုဖူလုံရေးစနစ်ကို ကောင်းမွန်အောင် လုပ်သွားရန်၊ အနိမ့်ဆုံး လစာတိုးရေးနှင့် ပြည်ပရောက် ရွှေ့ပြောင်းလုပ်သမားများအရေး
ကာကွယ်သွားမည်ဟု ပါရှိသည်။

လယ်သမားများအတွက်ကိုတော့ အစိုးရက စွက်ဖက်မှုရှိသော မူဝါဒနှင့် စိုက်ပျိုးသီးနှံများ လွတ်လပ်စွာ ရောင်းခွင့်ရှိရေးကို လုပ်ဆောင်မည်ဟု ဆိုသည်။

လယ်ယာမြေကို ပုဂ္ဂလိက ပိုင်ဆိုင်မှုကို အားမပေးဘဲ ”လယ်လုပ်သူ လယ်လုပ်ပိုင်ခွင့် ရှိစေရမည်” ဟူသော မူကို ဆွဲကိုင်ထားသည်။

မြန်မာဒီမိုကရေစီ ကွန်ဂရက် ပါတီ


ခိုင်စု | ကြာသပတေးနေ့၊ ဇူလိုင်လ ၂၉ ရက် ၂၀၁၀ ခုနှစ် ၂၀ နာရီ ၀၆ မိနစ်

နယူးဒေလီ (မဇ္ဈိမ) ။ ။ နောင်လာမည့် လွှတ်တော်ထဲတွင် စစ်တပ်မှ အလိုအလျောက် ၂၅ ရာခိုင်နှုန်းမှာ ပြဿနာ မဟုတ်သော်လ ည်း လွှတ်တော်အတွင်းမှ မည်သည့်အချိန် ပြန်ထွက်သွားမည်ကို
မပြောထားသည်က ပြဿနာပါဟု ပြောလာသည်က မြန်မာဒီမိုကရေစီ ကွန်ဂရက်ပါတီ (My anmar Democracy Congress – MDC ) ပါတီအထွေထွေ အတွင်းရေးမှူး ဦးကောင်းထက်ခေါ် စာရေးဆရာ
ဝေမှူးသွင် ဖြစ်သည်။

လူငယ်အများစုဖြင့် ဖွဲ့စည်းထားသော MDCကို ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က ယခုလ ၅ ရက်နေ့တွင် မှတ်ပုံတင်အမှတ် ၃၄ ဖြင့် ခွင့်ပြုခဲ့သည်။ တနိုင်ငံလုံး အတိုင်းအတာဖြင့်
ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော် နှစ်ရပ်အတွက် ဝင်ပြိုင်ရန် ရည်မှန်းထားသော်လည်း အမတ်လောင်း လျာထားမှုအတွက် လုပ်ဆောင်နေဆဲ ဖြစ်သည်။

ပါတီရုံးချုပ်ကို ရန်ကုန်တိုင်း ဗဟန်းမြို့နယ် ရွှေဂုံတိုင်တာဝါတွင် ဖွင့်လှစ်ထားပြီး ပါတီရုံးခွဲများကို ဖွင့်လှစ်ရန် စီစဉ်ဆဲ ဖြစ်သည်။

၎င်းတို့ ပါတီအတွက် အဓိက အခက်အခဲမှာ ရန်ပုံငွေ ကောက်ခံသ ည့်အခါ ဥပဒေကြောင့် အခက်အခဲဟု ဦးဝေမှူးသွင်က ပြောသည်။

” ဥပဒေကို လက်တွေ့ ကျင့်သုံးနိုင်စွမ်း ကိစ္စတွေမှာ အလုပ်ဖြစ်တဲ့ functioning status အားနည်း နေတယ်” ဟု ဆိုသည်။

မြန်မာပြည်သူများအနေဖြင့် လူထုရွေးချယ် တင်မြှောက်ထားသော အစိုးရမျိုးကို လိုချင်နေကြသော်လ ည်း အကြောက်တ ရား စိုးမိုး ထားသောကြောင့် အခက်တွေ့နေသည်ဟု သူက ပြောသည်။

၂ဝဝ၈ အခြေခံ ဥပဒေတွင် မကြိုက်နှစ်သက်သည့် အချက်များစွာ ရှိသော်လည်း ယင်းတို့ကို လွှတ်တော်ထဲတွင် လိမ္မာပါးနပ်စွာ ကိုင်တွယ်သွားရန် မျှော်လင့်နေသည်။

“ဥပမာ - နိုင်ငံသားတယောက်ဟာ ဝန်ကြီးဌာန တခုထဲမှာပဲ တာဝန်ထမ်းဆောင်ခွင့် ရှိရမယ်ဆိုတာမျိုးကို ကျနော်တို့က လွှတ်တော်ထဲမှာ အတည်ပြုနိုင်ေ အာင် ကြိုးစားရမယ်” ဟု သူက ပြောဆိုသည်။

ရွေးကောက်ပွဲတွင် အနိုင်ရပြီး အစိုးရ ဖွဲ့စည်းနိုင်လျှင် ပြည်သူများ ယုံကြည်ကိုးစားသော အစိုးရမျိုး ဖြစ်လာစေရန် တည်ဆောက်မည်ဖြစ်ကြောင်း MDC က မျှော်လင့်သည်။

ပါတီတွင် ဦးကောင်း မြင့်ထွဋ် (ဥက္ကဋ္ဌ၊ ၁၉၈၈ ခုနှစ် ၁၅ နှစ်သား အရွယ်တွင် ထောင်ကျခဲ့သူ နိုင်ငံရေး အကျဉ်းသားဟောင်း) ၊ ဦးဝေမှူးသွင် (အထွေထွေ အတွင်းရေးမှူး - စာရေးဆရာ)၊ ဦးကျော်ကျော်မင်း ၊
ဦးထောင်အဲရ် (ဒုဥက္ကဋ္ဌ၊ ချင်းတိုင်း ရင်းသား နိုင်ငံရေးသမား၊ စီးပွားရေး လုပ်ငန်းရှင်)၊ ဦးကောင်းမြတ်သူ (ပေါလစ်ဗျူရို၊ ယခု အင်္ဂလန်နိုင်ငံတွင် နေထိုင်ပြီး MDC ပါတီ၏ မူဝါဒရေးရာ ကြေညာချက်များကို
ရေးသားသူ) စသူတို့ဖြင့် ဦးဆောင်ဖွဲ့စည်း ထားသည်။

ဦးဝေမှူးသွင်၏ ကိုယ်ရေးအကျဉ်း

အမည်အရင်း ဦးကောင်းထက် ခေါ် စာရေးဆရာ ဝေမှူးသွင်ကို ပွဲရုံနှင့် ဆီစက်လုပ်ငန်းရှင် မိဘများဖြစ်သော ဦးမောင်မောင်နီနှင့် ဒေါ်ကေသီအောင်တို့က ၁၉၇၈ ခုနှစ် ဖေဖော်ဝါရီ လ ၁၃ ရက်နေ့တွင်
ပဲခူးတိုင်း ပြည်မြို့၌ မွေးဖွားခဲ့သည်။ ၂ဝဝ၂ ခုနှစ်မှာ ဒဿနိကဗေဒဘွဲ့ကို ဒဂုံတက္ကသိုလ်က ရရှိခဲ့သည်။ လက်ရှိတွင် စာရေးဆရာ၊ ကဗျာဆရာအဖြစ် သက်မွေးဝမ်းကျောင်းပြုသည်။
လွတ်လပ်မှုကို အရယူကြပါ
ဦးမျိုး (ဥပဒေ) | ကြာသပတေးနေ့၊ ဇူလိုင်လ ၂၉ ရက် ၂၀၁၀ ခုနှစ် ၁၇ နာရီ ၃၃ မိနစ်

နိုင်ငံတိုင်း၏ ဖွဲ့စည်းတည်ဆောက်ပုံ အခြေခံ ဥပဒေထဲတွင် ဥပဒေပြုရေး အာဏာ၊ တရားစီရင်ရေး အာဏာ၊ အုပ်ချုပ်ရေး အာဏာတို့ကို အနေအထားအလိုက် အာဏာ ၃ ရပ် အဖြ စ် ခွဲခြား
ကန့်သတ်ထားချက်များကို တွေ့ရသည်။ လွတ်လပ်စွာ ခွဲခြားကျင့်သုံးကြရသည်။ အချုပ် အခြာအာဏာ တရပ်ဖြစ်သည့် တရားစီရင်ရေး အာဏာကို အခြားအာဏာပိုင် တရပ်ရပ်က ကွပ်ကဲထိန်းချုပ်
လွှမ်းမိုး လိုက်မည်ဆိုပါလျှင် တရားစီရင်ရေးကို လွတ်လပ်စွာ အကောင်အထည်ဖော် ဆောင်ရွက်၍ မရနိုင်တော့ပါ။

တရားရုံးများနှင့် တရားသူကြီးများသည် အစိုးရနှင့် ပြည်သူအကြား


လွတ်လပ်သော တရားစီရင်ရေး အခြေခံအုတ်မြစ်ကို အာဏာပိုင်းခြား သတ်မှတ်ခြင်း သဘောတရားတွင် အထင်အရှား မှန်ကန်မျှတမှု အတွက် ကြားဝင်ဆောင်ရွက်ရသော အဖွဲ့အစည်း
တွေ့ရသည်။ အုပ်ချုပ်ရေး အာဏာနှင့် ဥပဒေပြုအာဏာတို့ကို လူတဦး သို့မဟုတ် လူတစု၏ လက်ဝယ်အတွင်း ထားရှိပါက ဖြစ်သည့်အတွက် အမြဲတမ်း လွတ်လပ်မှု ရှိနေရပါမည်။
အာဏာရရှိထားသော အုပ်ချုပ်သူတဦး သို့မဟုတ် တအုပ်စုက စိတ်တိုင်းကျ အုပ်ချုပ်ရန်အတွက် မတရား ဖိနှိပ်ချုပ်ချယ်သည့်
ဥပဒေများကိုသာ ပြဋ္ဌာန်းပြီး အုပ်ချုပ်ပေမည်။ အင်မတန် အန္တရာယ် ကြီးမားလှပေသည်။

တရားစီရင်ရေးအာဏာကို ဥပဒေပြုနှင့် အုပ်ချုပ်ရေး အာဏာတို့မှ ကန့်သတ်ခွဲခြားမထားလျှင် လွတ်လပ်စွာ တရားစီရင်မှု ရရှိမည် မဟုတ်ပါ။ အုပ်ချုပ်ရေးနှင့် တရားစီရင်ရေး အာဏာတို့ကို လူတဦး
သို့မဟုတ် လူတစု တဖွဲ့တည်းက ကိုင်တွယ်ကျင့်သုံးလျှင်လည်း တရားလက်လွတ် နိုင်ထက်မင်းမူလာမည့် အာဏာရှင်စနစ်သို့ မုချရောက်စေမည့် အန္တရာယ်က ပိုမိုကြီးမားပေသည်။

ထို့ပြင် ဥပဒေပြုနှင့် တရားစီရင်ရေး အာဏာတို့ကို ပူးတွဲပြီး ထားပါကလည်း တရားသူကြီးသည် ဥပဒေပြုသူ ဖြစ်သွားပြီး တဖက်သတ် ဆုံး ဖြတ်ချယ်လှယ်မှုကို ပြည်သူအများ ခံရပေလိမ့်မည်။ ထို့ကြောင့်
အာဏာ ၃ ရပ် ခွဲခြားကျင့်သုံးရန် လိုအပ်ကြောင်း ကို ဦးစွာ ရေးသားဖော်ထုတ်ခဲ့သူမှာ ပြင်သစ်ဥပဒေ ပညာရှင် မွန်တက်စကျူ့ ဖြစ်သည်။

သူ၏ The Spirit of Law (1734) စာအုပ်တွင် အချုပ်အချာ အာဏာပိုင်းခြားခြင်းဆိုင်ရာ သဘောတရားကို ရေးသားထားသည်။

လွတ်လပ်သော တရားစီရင်ရေးအတွက် တရားသူကြီးများကို ရွေးချယ်ခန့်ထားခြင်းနှင့် တရားရုံး များ၏ အနှောင်အဖွဲ့ ကင်းရှင်းစွာ ရပ်တည်ခြင်းတို့သည် အထူးအရေးကြီးပါသည်။ ၁၉၄၇ ခုနှစ် ပြည်ထောင်စု
မြန်မာနိုင်ငံ၏ ဖွဲ့စည်းအုပ်ချု ပ်ပုံ အခြေခံဥပဒေ၊ အခန်း (၈) ပြည်ထောင်စု၏ တရားစီရင်ရေး။ ပုဒ်မ- ၁၄ဝ တွင် -
၁၄ဝ။ ။ (၁) ပါလီမန်ဆိုင်ရာ လွှတ်တော် နှစ်ရပ် တွဲဖက်အစည်းအဝေး၏ သဘောတူချက်ဖြင့်၊ နိုင်ငံတော် တရားဝန်ကြီးချုပ်ကို နိုင်ငံတော် သမ္မတသည် မိမိကိုယ်တိုင် လက်မှတ်ရေးထိုး တံဆိပ်ခပ်နှိပ်သော
အမိန့်စာဖြင့် ခန့်ထားရမည်။

(၂) ပါလီမန်ဆိုင်ရာ လွှတ်တော် နှစ်ရပ် တွဲဖက်အစည်းအဝေး၏ သဘောတူညီချက်ဖြင့် တရားလွှတ်တော်ချုပ်နှင့် တရားလွှတ်တော်ဆိုင်ရာ တရားဝန်ကြီး အားလုံး ကို နိုင်ငံတော် သမ္မတသည်
မိမိကိုယ်တိုင် လက်မှတ်ရေးထိုး တံဆိပ်ခပ်နှိပ်သော အမိန့်စာဖြင့် ခန့်ထားရမည် … ဟု ပြဋ္ဌာန်းထားသဖြင့် ဥပဒေပြုဌာနနှင့် အုပ်ချုပ်ရေးဌာနများ၏ ကွပ်ကဲထိန်းချုပ်မှုမှ ကင်းလွတ်၍ လွတ်လပ်သော
တရားသူကြီးများ ခန့်အပ်ထားခြင်း၏ အရေးကြီးမှုကို တွေ့ရှိနိုင်ပါသည်။

ပုဒ်မ ၁၃၃။ ။ ပြည်ထောင်စု နိုင်ငံတဝှန်းလုံး၌ တရားစီရင်ရေးကိစ္စကို ဤအခြေခံဥပဒေအရသော်၎င်း၊ တရားဥပဒေအရသော်၎င်း တည်ထောင်ထားသော တရားရုံးများတွင် ဤအခြေခံဥပဒေနှင့်အညီ
သို့တည်းမဟုတ် တရားဥပဒေနှင့်အညီ ခန့်ထားသော တရားသူကြီးများက စီမံအုပ်ချု ပ်ရမည် … ဟု တရားရုံးများ၏ ကိုယ်ပိုင်လွတ်လပ်စွာ ရပ်တည်မှုကို ဖော်ပြထားသည်။

တရားသူကြီးအားလုံး သည် ဤအခြေခံဥပဒေနှင့် တရား ဥပဒေများကိုသာ လိုက်နာ၍


မိမိတို့၏ တရားစီရင်မှု အလုပ်ဝတ္တရားများကို လွတ်လပ်စွာ ဆောင်ရွက်နိုင်ရမည် … ပုဒ်မ ၁၄၁။ ။ တရားသူကြီးအားလုံးသည် ဤအခြေခံဥပဒေနှင့် တရား ဥပဒေများကိုသာ လိုက်နာ၍ မိမိတို့၏

ဟုလည်း ပြဋ္ဌာန်းထားသဖြင့် လွတ်လပ်သော တရားစီရင်ရေးအတွက် ၁၉၄၇ ခုနှစ် တရားစီရင်မှု အလုပ်ဝတ္တရားများကို လွတ်လပ်စွာ ဆောင်ရွက်နိုင်ရမည် … ဟုလည်း ပြဋ္ဌာန်းထားသဖြင့်

ဖွဲ့စည်းပုံအခြေခံဥပဒေက အာမခံထားသည်ကို တွေ့ရှိရပါသည်။တပြည်ထောင် ၂ဝဝ၈ လွတ်လပ်သော တရားစီရင်ရေးအတွက် ၁၉၄၇ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေက အာမခံထားသည်ကို

ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေတွင် လွတ်လပ်သော တရားစီရင်ရေးကို အာမခံနိုင် သည့် တွေ့ရှိရပါသည်။တပြည်ထောင် ၂ဝဝ၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေတွင် လွတ်လပ်သော တရားစီရင်ရေးကို

တစုံတရာ ပြဋ္ဌာန်းချက် မပါရှိပေ။ ၁၉၄၇ ဖွဲ့စည်းပုံဥပဒေနှင့် ယှဉ်ထိုးကြည့်နိုင်ပါသည်။ အာမခံနိုင် သည့် တစုံတရာ ပြဋ္ဌာန်းချက် မပါရှိပေ။ ၁၉၄၇ ဖွဲ့စည်းပုံဥပဒေနှင့် ယှဉ်ထိုးကြည့်နိုင်ပါသည်။

တရားစီရင်ရေးမှ လွတ်လပ်မှုမရှိလျှင် မည်သည့် နေရာတွင် တရားမျှတမှုကို တရားစီရင်ရေးမှ လွတ်လပ်မှုမရှိလျှင် မည်သည့် နေရာတွင် တရားမျှတမှုကို ရှာဖွေရပါမည်နည်း ။

ရှာဖွေရပါမည်နည်း ။
ဥပဒေစနစ်ချင်းတူသ ည့် အိန္ဒိယနိုင်ငံကြီး၌ပင်လျှင် တရားစီရင်ရေး လွတ်လပ်မှုကို အလေးထား
ဖော်ဆောင်ခြင်းဖြင့် ဒီမိုကရေစီကို မြှင့်တင်နိုင်ကြောင်း “အင်ဒီရာကို ကိုင်လှုပ်ခဲ့တဲ့ စီရင်ချက်” ဆောင်းပါးတွင် တွေ့ရှိရပါသည်။ ရွေးကောက်ပွဲဆိုင်ရာ လျှောက်ထားမှု ဖြစ်ပါသည်။

၁၉၇ဝ ခုနှစ် ဒီဇင်ဘာလ ၂၇ ရက်နေ့တွင် အောက်လွှတ်တော် (Lok Sabah) ရွေးကောက်ပွဲ ဖျက်သိမ်းပြီး၊ ၎င်းနောက်ပိုင်းတွင်မှ မစ္စစ် အင်ဒီရာ ဂန္ဒီက ကိုယ်စားလှယ်လောင်းအဖြစ် အရွေးခံရန်
အခွင့်အရေး ယူခဲ့သည်။ ဤသည်ကို မကျေနပ်၍ ရွေးကောက်ပွဲဆိုင်ရာ လျှောက်ထားချက်ကို လျှောက်ထားသူ ရာ့ဂ်ျနာရိန်းက တိုင်ချက်ဖွင့် လျှောက်ထားသဖြင့် စစ်ဆေးကြားနာခဲ့ရသော အမှုဖြစ်သည်။

၁၉၇၁ ခုနှစ် နိုဝင်ဘာလ ၅ ရက်နေ့မှာ တိုင်ချက်ဖွင့်ခဲ့သည့် ရွေးကောက်ပွဲဆိုင်ရာ လျှောက်ထားချက်ကို ၁၉၇၅ ခုနှစ် ဇွန်လ ၁၂ ရက်နေ့မှာ တရားလွှတ်တော် တရားသူကြီး ဂျက်မိုဟန်-လား-ဆင်းဟာက
သမိုင်းဝင် စီရင်ချက်အဖြစ် ထုတ်ပြန်ကြေညာခဲ့ပါသည်။

၁၉၇၁ ခုနှစ်က အောက်လွှတ်တော် (Lok Sabah) မှာ မစ္စစ် အင်ဒီရာ၏ ရွေးချယ်ခံရမှုသည် ပျက်ပြယ် (တရားမဝင်) ကြောင်း ထုတ်ပြန်ကြေညာခဲ့သည်။ ၁၉၅ဝ ခုနှစ် ပြည်သူ့ကိုယ်စားပြုမှု အက်ဥပဒေ
ပုဒ်မ ၁၂၃ (၇) အရ အကျင့်ပျက် ခြစားမှုများအတွက် အပြစ်ရှိကြောင်း ချမှတ်ခံရသည်။ နောင်လာမည့် ၆ နှစ်တာအတွက် ဥပဒေပြု လွှတ်တော်၌လည်းကောင်း၊ ပါလီမန်အဖွဲ့ဝင်
ဖြစ်ခြင်းမှသော်လည်းကောင်း စည်းကမ်း ချက်နှင့် မညီညွတ်သောကြောင့် ပယ်ချခံခဲ့ရပါသည်။

အထက်ပါ စီရင်ချက်ချမှတ်ပြီး ၁၃ ရက်အတွင်းတွင် တိုင်းပြည်အတွက် စိတ်မချမ်းမြေ့ဖွယ်ရာ ကြုံတွေ့ရသည့် ပြည်တွင်း အရေးပေါ် အခြေအနေကြေညာချက်ကို ၁၉၇၅ ခုနှစ် ဇွန်လ ၂၅ ရက်နေ့တွင်
ကြေညာခဲ့သည်။

၁၉၇၇ ခုနှစ် မတ်လမှာ မစ္စစ် အင်ဒီရာ ဂန္ဒီသည် ဗဟိုမှာ တောက်လျှောက် သူမ အုပ်ချုပ်လာခဲ့သည့် အာဏာကို စွန့်လွှတ်ခဲ့ရသည်။ သူ့ပါတီသည်လည်း ရွေးကောက်ပွဲတွင် အရှုံးကြီး ရှုံးနိမ့်ခဲ့သည်။
တရားမျှတမှု၊ လွတ်လပ်မှု၊ တန်းတူညီမျှမှု၊ သွေးစည်း ညီညွတ်မှုနှင့် ဒီမိုကရေစီ အခွင့်အရေးများအတွက် ပြည်သူလူထုမှ ပြင်းထန်စွာ အံ့သြလောက်အောင် ထပ်မံတောင်းဆိုလာခဲ့ကြသည်။

နိုးကြားပြီး သတိဝိရိယရှိသည့် မဲဆန္ဒရှင်များက မစ္စစ် အင်ဒီရာ ဂန္ဒီကို အာဏာလက်လွတ် ဖြစ်သွားစေခဲ့သည်။

ဤသည်မှာ တော်လှန်ရေး ဖြစ်သည်။ မဲပုံးများကို ဖြတ်သန်းပြီး ဖန်တီးနိုင်သည့် စွမ်းပကားကြောင့် အစိုးရကို အကြမ်းမဖက်ဘဲ၊ ငြိမ်းချမ်းစွာ ပြောင်းလဲပစ်ခဲ့ကြသည်။ ၁၉၇၇ ခုနှစ်မှာ Janata Dal ပါတီ
အာဏာရလာသည်။ ဒီမိုကရေစီက အာဏာရှင်စနစ်နှင့် သက်ဦးဆံပိုင်စနစ်ကို ထူးကဲစွာ အောင်မြင်မှု ရလိုက်ခြင်းဖြစ်သည်။

ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေ၊ တရားစီရင်ရေးစနစ်နှင့် ပြည်သူလူထု ခေါင်းစဉ်ဖြင့် ဒေလီမြို့ရှိ ဂျဝါဟာလာ နေရူး တက္ကသိုလ်တွင် တရားလွှတ်တော် တရားသူကြီး ဆင်းဟာ ဟောပြောပို့ချခဲ့ပါသေးသည်။
“အိန္ဒိယ၌ ဒီမိုကရေစီ ဆက်လက်ရှင်သန်ရန်အတွက် ခိုင်မာပြတ်သားသည့် လွတ်လပ်သော တရားစီရင်ရေး စနစ်တရပ်ကို မက်မက်မောမော လိုချင်တပ်မက်ရမည် ” ဟု ထောက်ပြခဲ့ပါသည်။

“လွတ်လပ်မှုကို ဆုံး ရှုံးခံလိုက်ရသည့်၊ လွတ်လပ်မှုမရှိသည့် တရားစီရင်ရေးစနစ် ဖြစ်သွားလျှင် ကျနော်တို့၏ နိုင်ငံရေးစနစ်သည်လည်း ဒီမိုကရေစီနှင့် ဆန့်ကျင်ဖီလာသည့် အခြေအနေမျိုးသာ
ဖြစ်လာလိမ့်မည်” ဟု မှတ်ချက်ပြုခဲ့သည်။

“အိန္ဒိယတွင် တရားစီရင်ရေး လွတ်လပ်မှု ရှိနေသင့်သည်။ လုပ်ထုံးလုပ်နည်းအရ အခက်အခဲ အတားအဆီး မှန်သမျှကို မှားယွင်းချွတ်ချော်ပြီး မလုပ်အပ်ပါ။ ဖြားယောင်းသွေးဆောင်မှု၊ ခြိမ်းခြောက်မှု
မှန်သမျှ မည်သည့် အပြုအမူကိုမဆို ရပ်ပစ်သင့်သည်။ ပြည်သူများ၏ ဘုရားသခင်အပေါ် သက်ဝင်ယုံကြည်မှုထက် မလျော့နည်းသည့်အရာမှာ တရားသူကြီးထံတွင် ကျမ်းကျိန်ထွက်ဆိုသ ည့်
အထွတ်အမြတ် ယုံကြည်မှုပင် ဖြစ်သည်။ ဤအချက်ကို ဖြစ်သည့်နည်းဖြင့် ထိန်းသိမ်းကာကွယ်ရမည်” ဟု အလေးအနက်
ပြောကြားခဲ့သည်။ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ၏ အခြေခံ အုတ်မြစ် သည် လွတ်လပ်သည့်
တရားစီရင်ရေးစနစ် ဖြစ်သ ည်
၁၉၇၅ ခုနှစ် ဇွန်လ ၁၂ ရက်နေ့က သူ၏ စီရင်ချက်သည် တရားစီရင်ရေးစနစ် တခုလုံးအတွက် ဂုဏ်ယူဖွယ်ရာ
ဖြစ်စေခဲ့ပါသည်။ သူ၏ အနိုင်မခံ အရှုံးမပေးသော သတ္တိနှင့် တရားစီရင်ရေးဆိုင်ရာ လွတ်လပ်မှုအား တောင်းဆိုချက်များက ဆက်လက်ဖံြွ့ ဖိုး တိုးတက်စေမှာ ဖြစ်သည်။ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ၏ အခြေခံ
အုတ်မြစ်သည် လွတ်လ ပ်သည့် တရားစီရင်ရေးစနစ် ဖြစ်သည် ဟု သူအတည်ပြုခဲ့သည့် အတိုင်း မျက်မှောက်နှင့် အနာဂတ် မျိုးဆက်များ စဉ်ဆက်မပြတ် အမှတ်ရနေစေမှာ ဖြစ်သ ည်ဟူ၍ ဖော်ပြထားသော
အိန္ဒိယနိုင်ငံ၏ တရားစီရင်ရေး လွတ်လပ်မှုကို လေ့လာမိပါသည်။ ရည်ညွှန်းလိုပါသည်။
ရွေးကောက်ပွဲဆိုင်ရာ လျှောက်ထားချက်များနှင့်စပ်လျဉ်း၍ တိုက်ဆိုင်စွာပင် ကိုယ့်နိုင်ငံ၏ အခြေအနေ အားလုံးကို သုံး သပ်ရန် လိုအပ်ပါသည်။ မြန်မာနိုင်ငံ၌ လက်ရှိ ရွေးကောက်ပွဲ ကော်မရှင် ဥပဒေ ၁/
၂ဝ၁ဝ ပုဒ်မ ၉ တွင် အောက်ပါကိစ္စရပ်များနှင့် စပ်လျဉ်း၍ ကော်မရှင်၏ ဆုံးဖြတ်ချက်နှင့် ဆောင်ရွက်ချက်များသည် အပြီးအပြတ် ဖြစ်စေရမည် -

(က) ရွေးကောက် တင်မြှောက်ခြင်းဆိုင်ရာ လုပ်ငန်းများ၊


(ခ) ရွေးကောက်ပွဲ ခုံအဖွဲ့များ၏ ဆုံး ဖြတ်ချက်များ၊ အမိန့်များနှင့် စပ်လျဉ်းသည့် အယူခံမှုများနှင့် ပြင်ဆင်မှုများ၊
(ဂ) နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေအရ ဆောင်ရွက်ချက်များ။ ဟုဖော်ပြချက်ကို တွေ့ရသည်။

ဤသည်မှာ ရွေးကောက်ပွဲဆိုင်ရာနှင့် နိုင်ငံရေးပါတီများဆိုင်ရာ အားလုံးကို စစ်အုပ်စု အုပ်ချုပ်ရေး မဏ္ဍိုင်အောက်ရှိ ရွေးကောက်ပွဲကော်မရှင်ကသာ စီရင်ဆုံးဖြတ်ရမည်ဟု ပြဋ္ဌာန်းလိုက်ခြင်း ဖြစ်သည်။

ရွေးကောက်ပွဲကော်မရှင်သည် တရားစီရင်ရေး မဏ္ဍိုင်၏ အမြင့်ဆုံး အာဏာပိုင်ဖြစ်သည့် တရားလွှတ်တော်ချုပ်၊ တရားသူကြီးချုပ်တို့၏ အထက်တွင် ရောက်ရှိနေပါသည်။ တရားစီရင်ရေး လွတ်လပ်မှု
တစုံလုံး ပျောက်ဆုံးသွားပါတော့သည်။

တပြည်ထောင် ၂ဝဝ၈ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံ ဥပဒေနှင့် တဆက်တည်း


ပြဋ္ဌာန်း လာသည့် ဥပဒေပြဋ္ဌာန်းချက်များတွင် တရားစီရင်ရေး ကိုယ့်နိုင်ငံ၏ တရားစီရင်ရေး လွတ်လပ်မှုကို အရယူနိုင်ကြပါစေ။

မဏ္ဍိုင်ကြီးတခုလုံးကို မျက်ကွယ်ပြုထားသည်ကို သြချလိုက် ရအောင်ကိုပင်


အအံ့သြကြီး အံ့သြမိ ပါကြောင်း သာ တင်ပြလိုပါတော့သည်။ (မစ္စစ် အင်ဒီရာ ဂန္ဒီ၏ အရေးပေါ်ကြေညာခဲ့သည့် ၃၅ နှစ်မြောက်နေ့ကို အမှတ်ရစေရန် ပြည်ထောင်စု ဝန်ကြီးဟောင်း
စာရေးသူ ဆတ်ရာ-ပရာဒက် မလာဗိရာ ၏ The Pioneer (28 June 2010) တွင်ဖော်ပြသည့် Judgement that shook
Indira ဆောင်းပါးကို ရည်ညွှန်းပါသည်။)

(၃ဝ-၇-၂ဝ၁ဝ)

ရာဇ၀င်တွင်သောစကားများ
မင်းဟန် | ကြာသပတေးနေ့၊ ဇူလိုင်လ ၂၉ ရက် ၂၀၁၀ ခုနှစ် ၂၂ နာရီ ၀၉ မိနစ်

“စကားတလုံး၊ ပြက်လုံးတကွက်ကပင်လျှင် စစ်ပမ


ျွဲား၊ လှုပ်ရှားမှုများစွာ ထက် လူ၏ သဘောထားကို ဖော်ပြတတ်သည်” (ပလေတို)

(၁)

“အကောင်းဆုံး ဖြစ်လိမ့်မယ်လို့ ကျနော်မျှော်လင့်တယ်။ ဒါပေမဲ့ အဆိုးဆုံးကို ရင်ဆိုင်ဖို့လည်း အသင့်ပဲ” (အောင်ဆန်း)

၁၉၄၇ ခုနှစ်၊ ဇန်န၀ါရီလ

နယူးဒေလီလေဆိပ်

အိန္ဒိယနိုင်ငံ။
၁၉၄၇ ခုနှစ်၊ ဇန်န၀ါရီလ

လေယာဉ်ကြီးသည် အိန္ဒိယနိုင်ငံ၊ နယူးဒေလီမြို့ရှိ ‘၀ယ်လင်တန်’ လေဆိပ်ပြေးလမ်း ပေါ်တွင် အရှိန်သတ်၍ ရပ်လိုက်သည်။ လေယာဉ်ကြီးပေါ်မှ ဦးအောင်ဆန်း ဆင်းလာ၏။ ဒေလီ၏ ဆောင်းသည်
အရိုးကွဲမတတ် အေးစက်၏။ သော့သောလေတွင် ရေခဲမှုန်လေးများ တွဲခို၍ပါလာသည့်အလား၊ ဒေလီ၏ ဆောင်းလေသည် စိမ့်၍အေးသည်။ နှင်းမှုန်များက ဖွေးဖွေးလှုပ်၍ကျနေ၏။ ဦးအောင်ဆန်း၏
ခရီးစဉ်က အင်္ဂလန်ကျွန်းသို့။

လန်ဒန်ရှိ ဒေါင်းနင်းလမ်း အမှတ် ၁၀ တွင် ဗြိတိသျှနန်းရင်းဝန် မစ္စတာ အက်တလီနှင့် တွေ့ဆုံပြီး မြန်မာ့လွတ်လပ်ရေးအတွက် ဆွေးနွေးရန် ဖြစ်သည်။ ထိုစဉ်က ဦးအောင်ဆန်းသည် (ဖဆပလ)
တပ်ပေါင်းစု၏ ခေါင်းဆောင်တဦး။ (ဖဆပလ) သည်ကား မြန်မာ့လွတ်လပ်ရေးအတွက် တိုက်ပွဲဝင်နေသည့် တော်လှန်ရေးတပ်ဦး။

ပြီးလျှင် ဦးအောင်ဆန်း ဦးဆောင်သည့် (ဖဆပလ) သည် ရန်ကုန်ရှိ ဘုရင်ခံနှင့် ညှိနှိုင်း၍ ဘုရင်ခံ၏ အမှုဆောင်ကောင်စီ ၁၁ နေရာတွင် (ဖဆပလ) မှ ၇ ဦး ပါဝင်ထား၏။ အမှုဆောင် ကောင်စီသည်ပင်
အစိုးရအဖွဲ့ ဖြစ်နေ၍၊ ဘုရင်ခံက အမှုဆောင်ကောင်စီတွင် သဘာပတိတာဝန်ယူပြီး၊ ဦးအောင်ဆန်းက ဒုသဘာပတိအဖြစ် တာဝန်ယူသည်။ ကာကွယ်ရေးနှင့် နိုင်ငံခြားရေးဌာနတို့အား ဦးအောင်ဆန်းမှ
တာဝန်ယူ၍၊ ဘုရင်ခံက တောင်တန်း ဒေသ အုပ်ချုပ်ရေးကို တာဝန်ယူသည်။

ဘုရင်ခံ၏ အမှုဆောင်ကောင်စီ အစိုးရအဖွဲ့တွင် (ဖဆပလ) နှင့် ဦးအောင်ဆန်းတို့ တာဝန်ယူခဲ့ပြီး တလအကြာ ၁၉၄၆ ခုနှစ် နိုဝင်ဘာလတွင် (ဖဆပလ) သည် မြန်မာ့လွတ်လပ်ရေးအတွက် တောင်း ဆိုမှု
အသစ်တခုကို ထပ်မံ၍ တောင်းဆိုကြ၏။

“ဗြိတိသျှ အစိုးရအနေနှင့် မြန်မာပြည်၏ လွတ်လပ်ရေးကို ၁ နှစ်အတွင်း ပေးပါမည်ဟု ၁၉၄၇ခုနှစ် ဇန်န၀ါရီလ ၃၁ ရက်နေ့မတိုင်မီ လန်ဒန်ရှိ လေဘာအစိုးရက ကြေညာပေးရန်။ ဗြိ တိသျှအစိုးရမှ
မကြေညာပေးပါက ဘုရင်ခံ၏ အမှုဆောင်ကောင်စီ အစိုးရအဖွဲ့မှ (ဖဆပလ) ကိုယ်စားလှယ်များ နုတ်ထွက်မည်။ ပြီးလျှင် မြန်မာ့လွတ်လပ်ရေးအတွက် အနုနည်းဖြင့် အာဏာဖီဆန်ရေးတိုက်ပွဲများ
ဆင်နွှဲသွားမည်”

ဦးအောင်ဆန်းနှင့် (ဖဆပလ) ၏ နောက်တွင် လူထု ရှိ၏၊ ဗမာ့မျိုးချစ်တပ်မတော် ရှိ၏၊ ၀န်ထမ်းပေါင်းစုံ ပါဝင်သည့် ‘စက်တင်ဘာ အရေးတော်ပုံကြီး’ ရှိ၏။ ဖက်ဆစ်တို့ကို လက်နက်ကိုင်တော်လှန်ရေး
ဆင်နွှဲခဲ့သည့် အတွေ့အကြုံရှိသော ပြည်သူ့ရဲဘော်တ ပ်သားများ ရှိ၏။ (ဖဆပလ) ၏ စည်း ရုံးရေး ဖြန့်ကျက်မှုက ကျေးရွာ၊ ရပ်ကွက်၊ မြို့နယ်၊ ခရိုင်၊ အဆင့်တိုင်းတွင် စုဖွဲ့တည်ရှိထားပြီး ဖြစ်သည်။

ဤတွင် လန်ဒန်ရှိ ဒေါင်းနင်းလမ်းသည်၊ ဦးအောင်ဆန်းတို့ကို မြန်မာလွတ်လပ်ရေးအတွက် ဆွေး နွေးရန် အင်္ဂလန်သို့ ဖိတ်ခေါ်ရတော့၏။ ဤအတွက် ဦးအောင်ဆန်းတို့ လန်ဒန်ခရီးစဉ် ထွက်ခွာခဲ့ခြင်း
ဖြစ်သည်။

ကင်မရာမီးရောင်များက တဖျတ်ဖျတ်နှင့် လင်းလက်၍နေသည်။ ဦးအောင်ဆန်းကို သတင်း ထောက်များက ဓာတ်ပုံရိုက်နေကြသည်။ ‘၀ယ်လင်တန်’ လေဆိပ်၏ ခန်းမကြီးအတွင်း ၌ နယူးဒေလီရှိ
သတင်းထောက်များက လန်ဒန်ဆွေးနွေးပွဲနှင့် ပတ်သက်၍ မြန် မာ့လွတ်လပ်ရေးနှင့် ပတ်သက်၍၊ ဦးအောင်ဆန်းကို မေးခွန်းများ မေးကြ၏။ ဦးအောင်ဆန်း၏ အဖြေစကားက တိုတိုရှင်းရှင်းပင်။

“I hope for the best but I am prepared for the worst”

(၂)

၁၉၄၇ ခုနှစ် ၊ ဇန်န၀ါရီလ ၂၇ ရက်၊ အမှတ် ၁၀၊ ဒေါင်းနင်းလမ်း ၊ လန်ဒန်မြို့။

ဒေါင်းနင်းလမ်း အမှတ် ၁၀ က ဗြိတိသျှဝန်ကြီးချုပ်တို့ နေထိုင်ရာ အိမ်ဖြစ်သည်။ အင်္ဂလိပ်ဗိသုကာ ဆန်သော သာမန်တိုက်ကြီးမျှသာ။ ထူးထူး ခြားခြား ထည်ဝါခန့်ညားခြင်းများ မရှိ လှ။ အပြင်ဘက်မှ
မြင်ရသော အမြင်ဖြစ်၏။ အတွင်း၌မူ ခမ်းနား၏၊ ထည်ဝါ၏၊ ခန်းလုံးပြည့် ခင်းထားသော ကော်ဇောကြီးများ။ ဗြိတိသျှ ပါလီမန်လွှတ်တော်၊ ဗြိတိသျှ နိုင်ငံရေးသမိုင်းတို့နှင့် ပတ်သက်စပ်ဆိုင်သော
ပန်းချီကားများ၊ ဓာတ်ပုံကြီးများအား အခန်းနံရံများတွင် ချိတ်ဆွဲ၍ထားသည်။

အစည်းအဝေးခန်းမက ကျယ်ဝန်းပြီး ခမ်းနားသပ်ရပ်သန့်ရှင်း၏။ ပရိဘောဂများသည်လည်း ခေတ်မီပုံစံများ မဟုတ်။ ၀ိတိုရိယ ဘုရင်မခေတ် ပရိဘောဂ အသုံးအဆောင်များ ဖြစ်သ ည်။ ထုထည်ကြီးသည်၊
ခိုင်ခန့်သည်။ ပြီးလျှင် တော်ဝင်ဆန်ပြီး လက်ရာမြောက်လှ၏။ ဤနေရာတွင်ပင် ပြီးခဲ့သည့် ဇန်န၀ါရီလ ၁၃ ရက်နေ့မှစ၍ မြန်မာ့လွတ်လပ်ရေးအတွက် ဗိုလ်ချုပ်ေ အာင်ဆန်း ဦးဆောင်သော
မြန်မာ့ကိုယ်စားလှယ်အဖွဲ့နှင့် ဗြိတိသျှအစိုးရတို့ နေ့စဉ်ရက်ဆက် ဆွေးနွေးခဲ့ကြသည်။

ယခုမူ အပြီးသတ် သဘောတူညီချက်ပင် ရရှိခဲ့ပြီ။ လန်ဒန် ရာသီဥတုက ညနေပိုင်းသို့ ရောက်လာသည်နှင့် အေးခဲ၍လာတော့သ ည်။ စနိုး ခေါ် မိုးပွင့်များက အဆက်မပြတ် သိပ်သည်း စွာ ကျလျက်ရှိသည်။
သဘောတူညီချက်တွင် အပိုဒ် ၉ ပိုဒ်သာ ပါသည်။ သို့သော် မြန်မာ့လွတ်လ ပ်ရေးအတွက် အာမခံချက်ရှိသည်။ စည်းနှောင်မှု ခိုင်ခန့်၏။ အပြင်တွင် အေးခဲနေသော်လည်း အစည်းအဝေး ခန်းမတွင်းတွင်မူ
နွေး၍နေသည်။ (ဖဆပလ) ကိုယ်စားလှယ် သခင်မြနှင့် ဦးဘဘေတို့က သဘောတူညီချက် အပိုဒ် ၈ အပိုဒ်ခွဲ ခ နှင့် ပတ်သက်၍ ဗိုလ်ချုပ်အောင်ဆန်းကို ထပ်၍ ဆွေးနွေးစေလိုသည်။ အပိုဒ် ၈ အပိုဒ်ခွဲ (ခ)
က…

“နယ်ခြားဒေသရှိ တိုင်းရင်းသားများ၏ ခေါင်းဆောင်များ၊ ကိုယ်စားလှယ်များအား ၎င်းတို့၏ ဆန္ဒသဘောထားကို ရှေးဦးစွာ မေးမြန်းရမည်။ ယင်းသို့ ဆန္ဒသဘောထား မေးမြန်းခြင်းကို ရှေ့လ (၁၉၄၇ ခုနှစ်
ဖေဖော်ဝါရီလ ) ပင်လုံမြို့၌ ကျင်းပမည့် အစည်းအဝေးတွင်ဖြစ်စေ မေးမြန်း ၍ ဆန္ဒသဘောထား ယူရမည်။ မေးမြန်းရမည့် အချက်က တောင်တန်း ဒေသ ပြည်နယ်များအနေနှင့် မြန် မာနိုင်ငံအစိုးရနှင့်
ဆက်ဆံရေးကို မည်သည့်ပုံစံဖြင့် ဆက်ဆံလိုကြောင်း ၎င်းတို့၏ ဆန္ဒသဘောထားကို မေးမြန်းရန်ပင် ဖြစ်သည်”

အဓိပ္ပာယ်က တောင်တန်းဒေသ တိုင်းရင်းသားများအနေဖြင့် မြန်မာတို့၏ အင်ပါယာအတွင်း ဒိုမီနီယံအဆင့်နှင့် နေမလား။ ဒါမှမဟုတ် ခွဲထွက်ပြီး သီးခြား လွတ်လပ်ရေး ရယူမလားဟူ၍ သဘောထား
တောင်းခံရန် ဖြစ်သည်။ ဤသည်ကို သခင်မြနှင့် ဦးဘဖေတို့မှ စိုးရိမ်စိတ်ဖြင့် ဘ၀င်မကျခြင်း ဖြစ်သည်။ ဗိုလ်ချုပ်အောင်ဆန်းကမူ ယုံယုံကြည်ကြည်နှင့် …

“ ဒီကိစ္စအတွက် ဘာမှမပူကြပါနဲ့၊ ပင်လုံကျရင် ကြည့်ပါ။ အင်္ဂလိပ်တွေ မြှောက်ပင့်သလို မဖြစ်ပါဘူး”

(၃)

လန်ဒန်ဆွေးနွေးပွဲသို့ မြန်မာကိုယ်စားလှယ်အဖွဲ့ကို ခေါင်းဆောင်၍သွားခဲ့သည့် အချိန်၌ ဦးအောင်ဆန်း၏ အသက်သည် ၃၂ နှစ်မျှသာ ရှိသေးသည့် လူရွယ်တဦး။ သူက နှစ်ပေါင်း ၁၀၀ ကျော်
ကျွန်သက်အတွင်း နစ်ဆင်းနေခဲ့သည့် မြန်မာနိုင်ငံတော်ကြီးကို ‘တနှစ်အတွင်း လွတ်လ ပ်ရေး’ ရ,ရမည်ဟု ကတိပေး၏။ တိတိကျကျပေးခြင်း ဖြစ်၏။ အချိန်အကန့်အသတ်နှင့် ပေး ရဲခြင်း ဖြစ်၏။
လူထုကြီးမှလည်း ဗျာဒိတ်တော်ကဲ့သို့ပင် ယုံကြည်ကြ၏။ ယုံကြည်စရာ သမိုင်း ဖြစ်တည်မှုများမှာလည်း ကျောင်းသားခေါင်းဆောင် ကိုအောင်ဆန်းမှသည် သခင်အောင်ဆန်း၊ ဗိုလ်ချုပ်အောင်ဆန်း၊
ဦးအောင်ဆန်း စသည်ဖြင့် မှတ်ကျောက်များက အထပ်ထပ် အစားခံပြီးသား ဖြစ်သည်။

မည်သည့်အချိန်မျှ ကိုအောင်ဆန်းသည် မဖောက်ပြန်ခဲ့။ မည်သည့်အရေးတွင်မျှ သခင်အောင်ဆန်းသည် ခေါင်းမရှောင်ခဲ့။ မည်သည့်အခါမျှ ဗိုလ်ချုပ်အောင်ဆန်းသည် နောက်မတွန့်ခဲ့။


မည်သည့်အရာတွင်မျှ ဦးအောင်ဆန်းသည် မမှားယွင်း ခဲ့။ ဤသည်အား လူထုကြီးသည် သိ၏။ ယုံကြ၏။ ယုံကြည်သည့်အတိုင်း လည်း အမျိုးသားသူရဲကောင်း၏ အနောက်မှ မားမားမတ်မတ်နှင့် မယိုင်မလဲ
ရပ်ခံ၍လိုက်ပါကြ၏။

ဒေါင်းနင်းလမ်းမှ ပြန်ရောက်ပြီးသည့်နောက် ဦးအောင်ဆန်း သည် သူနှင့် မစ္စတာ အက်တလီတို့ ချုပ်ဆိုခဲ့သည့် စာချုပ်၏ အနှစ်သာရများအား လူထုသို့ ရှင်းပြ၏။

‘ကြားဖြတ်အစိုးရသည် အမျိုးသား ကြားဖြတ်အစိုးရ အာဏာကို ရရှိခဲ့သည်။ ဗြိတိသျှပါလီမန်က ဥပဒေပြု၊ ပြုလုပ်ေ ပးခြင်း က မဟုတ်ပေ။ ထုံးတမ်းစဉ်လာအရ တိုင်းပြည်အာဏာပိုင် အခွင့်အရေး ရခဲ့ခြင်း
ဖြစ်သည်။ ကြားဖြတ်အစိုးရသည် ကာကွယ်ရေးနှင့် နိုင်ငံခြားရေး ဌာနများကို အုပ်ချုပ်နိုင်သည်။ နိုင်ငံခြားသို့ သံတမန်များ စေလွှတ်နိုင်ခွင့် ရှိသည်။ တိုင်းရင်းသား စစ်တပ်များကို လုံးဝအုပ်ချုပ်နိုင်ပြီး
နိုင်ငံခြားစစ်တပ်များမှာကား ကြားဖြတ်အစိုးရ၏ လက်အောက်တွင် မရှိသေး။

တိုင်းပြုပြည်ပြု လွှတ်တော်သည် ၁၉၃၅ အုပ်ချုပ် ရေး ဥပဒေအရ ရွေးကောက်ခြင်းမျိုး မဟုတ်ဘဲ၊ အရွယ်ရောက်သူတိုင်း မဲဆန္ဒပေး၍ နိုင်ငံသားများသာ ၀င်ရောက် အရွေးခံနိုင်သော လွှတ်တော်
ဖြစ်ရပေမည်။ တိုင်းပြုပြည်ပြု လွှတ်တော်သည် အချုပ်အ ခြာ အာဏာပိုင်၊ မပိုင်ကိုက မဆုံးဖြတ်ရသေး။ တိုင်းပြုပြည်ပြု လွှတ်တော် အချုပ် အခြာအာဏာ ရှိသလားဆိုသည်ကို လူထုအင်အား
အပေါ်တွင်သာ အဓိကမူ တည်ပါမည်။’

လူထုအားရှင်းပြရင်း ဦးအောင်ဆန်း၏ အတွေးက ‘ပင်လုံ’ သို့ ရောက်၏။ ပင်လုံတွင် ‘တောင်တန်း ဒေသ ပြည်နယ်များအနေနှင့် မြန်မာနိုင်ငံ အစိုးရနှင့် ဆက်ဆံရေးကို၊ မည်သည့်ပုံစံမျိုးဖြင့်
ဆက်ဆံလိုကြောင်း’ တိုင်းရင်းသား လူမျိုးစုများ၏ ဆန္ဒသဘောထားကို ဖေဖေါ်ဝါရီလ ၁၂ ရက်နေ့တွင် ဆွေးနွေးကြမည်။

သို့သော် မမှု။ ဦးအောင်ဆန်း၏ ရင်အတွင်း နှလုံးသည်းပွတ်အတွင်း၌ ယုံကြည်မှုများက အပြည့်ရှိ၏။ ပြီးလျှင် သူ့တွင် တရားရှိ၏၊ ထိုတရားက …

“I hope for the best but I am prepared for the worst”


“အကောင်းဆုံး ဖြစ်လိမ့်မယ်လို့ ကျနော် မျှော်လင့်တယ်။ ဒါပေမဲ့ အဆိုးဆုံးကို ရင်ဆိုင်ဖို့လည်း အသင့်ပဲ”

မြန်မာလုပ်သား ၇ဝ ကျော် ယာယီ ဖမ်းဆီးခံရ


ငြိမ်းချမ်း | ကြာသပတေးနေ့၊ ဇူလိုင်လ ၂၉ ရက် ၂၀၁၀ ခုနှစ် ၂၂ နာရီ ၂၀ မိနစ်

နယူးဒေလီ (မဇ္ဈိမ)။ ။ ထိုင်းနိုင်ငံမြောက်ပိုင်း မဲဆောက်မြို့ ဝပ်တန်ကရောက် ဘန့်စောင်ကွဲ ၂ ရပ်ကွက်ရှိ စက်ရုံ ၃ ရုံမှ တရားမဝင် မြန်မာရွှေ့ပြောင်း အလုပ်သမား ဦးရေ ၇ဝ ကျော်ကို ထိုင်း ရဲက ယနေ့
ညနေပိုင်းတွင် ၃ နာရီခန့်အကြာ ဖမ်းဆီးပြီးနောက် ပြန်လွှတ်ပေးခဲ့သည်။

မဲဆောက်-မြဝတီ နယ်စပ်ဂိတ် ပိတ်ထားသဖြင့် အဆိုပါ မပန်းသီး သိုး မွှေးစက်ရုံနှင့် မော်တာစက်ရုံ ၂ ရုံမှ မြန်မာလုပ်သား ၇ဝ ကျော်ကို စက်ရုံပိုင်ရှင်များထံ လွှဲပြောင်းပေးခဲ့ခြင်း ဖြ စ်သည်။

"အကုန်လုံး ပြန်လွတ်လာပြီ။ ဟိုဘက်ကမ်း က သွန်လို့မရဘူး ဖြစ်နေတယ်။ ဟိုဘက်ကမ်း ဂိတ်တွေ ပိတ်ထားတော့ ပုလိပ်နဲ့ အလုပ်ရှင်နဲ့ ညှိပြီး ပြန်လွတ်လာတာ။ စက်ရုံပိုင်ရှင်ေ တွလက်ထဲ
ပြန်အပ်ပေးလိုက်တ ယ်။ ကားခ ဘတ် ၁၂ဝဝ ဆိုလား၊ ၁၅ဝဝ ဆိုလား ပေးလိုက်ရတယ်" ဟု မဲဆောက်တွင် အလုပ်သမားအရေး ကူညီနေသည့် ရောင်ခြည်ဦး အလုပ်သမားအဖွဲ့မှ ကိုမျိုးဇော်က မဇ္ဈိမကို
ပြောသည်။

နယ်စပ်ပိုင်ဆိုင်မှုနှင့်ပတ်သက်၍ အငြင်းပွားကာ နှစ်နိုင်ငံ နယ်စပ်မြို့များဖြစ်သည့် ထိုင်းနိုင်ငံ မဲဆောက်မြို့နှင့် မြန် မာဘက်မှ မြဝတီမြို့တို့ကို ဆက်သွယ်ထားသည့် ထိုင်း-မြန်မာ
ချစ်ကြည်ရေးတံတားဂိတ်ကို ယခုလ ၁၂ ရက်နေ့မှ စတင်ကာ မြန်မာဘက်က ပိတ်ထားခဲ့သည်မှာ ယနေ့တိုင်ဖြစ်သည်။
http://www.mizzimaburmese.com/
ဆရာဟိန်းလတ်ပြုစုတဲ့ (ကင်ဂျုံအီ (သို့) မြောက်ကိုရီးယား၏ ချစ်လှစွာသော ခေါင်းဆောင်ကြီး) စာအုပ်များ ဖျက်ဆီးခံရ

ခေါင်းစဉ်က (ကင်ဂျုံအီ (သို့) မြောက်ကိုရီး ယား၏ ချစ်လှစွာသောခေါင်းဆောင်ကြီး) အစား (ကင်ဂျုံအီ (သို့) ဗိုလ်သန်းရွှေ၏ ချစ်လှစွာသော ဖခင်ကြီး ) လို့ ပြောင်းရေးရင် အဖျက်ဆီး မခံရနိုင်ပါ...
သတင်း ၊ဓာတ်ပုံ မာဃ၀ိဇ္ဇာ

ရန်ကုန်မြို့တော်တွင် မကြာသေးခင်ကမှ ထုတ်ဝေခွင့်ရခဲ့သော ဆရာဟိန်းလတ်ရေးသားတဲ့ (ကင်ဂျုံအီ (သို့) မြောက်ကိုရီးယား၏ ချစ်လှစွာသောခေါင်းဆောင်ကြီး) စာအုပ်ကို


စာအုပ်အရောင်းဆိုင်များတွင် တရားဝင် ရောင်းချခွင့်ပြုခဲ့ပါသည်။ အဲ့ဒီနောက်မှာတော့ စာအုပ်အတွင်းပါ ဆရာဟိန်းလတ် ရေးသားသောအချို့ အကြောင်း အရာများသည် မြောက်ကိုရီး ယား
ခေါင်းဆောင်ကြီး ကင်ဂျုံအီအား ထိခိုက် စော်ကား ရေးသားထားသည်ဟု မြောက်ကိုရီးယားမှ စွပ်စွဲပြောဆို ခဲ့သည်။ ၄င်းစာအုပ်များကို စာအုပ်အရောင်းဆိုင်များမှ မြောက်ကိုရီး ယား၏ ညွှန်ကြားချက်ဖြင့်
နအဖစစ်အစိုးရ ခါးပိုက်ဆောင်တပ်ဖြစ်သော(စအဖ) စစ်ထောက်လှမ်း ရေးနှင့် နအဖဖော်လံဖား စာပေစိစစ်ရေးမှ စားဖားကြီးများက လိုက်လံသိမ်းဆည်း ကာ ၄င်းစာအုပ်များကိုထုတ်ဝေသူနှင့် ရေးသားသူ
ဆရာဟိန်း လတ်တို့ရှေ့မှာပင် စာပေစိစစ်ရေးရုံးရှိ ဓါးစက်ထဲသို့ထ ည့်သွင်းကာ ဖျက်ဆီး ပစ်လိုက်ကြပါသည်။ ရန်ကုန်တစ်မြို့လုံးရှိ စာအုပ်ဆိုင်(၆၀)ကျော်မှ စာအုပ်ရေပေါင်း (၄၀၀)ကျော်ကို ပြန်လည်
သိမ်းဆည်းခဲ့ခြင်း ဖြစ်သည်ဟုသိရသည်။ ကာလတန်ဖိုးအားဖြင့် ဗမာကျပ် ငွေသိန်း(၂၅)နီးပါးခန့်ရှိပါသည်။ ဆရာဟိန်းလတ်ရေးသားသော စာအုပ်အတွင်းပါ အကြောင်း အရာမှာ မြောက်ကိုရီး ယား
ခေါင်းဆောင်ကြီးကင်ဂျုံအီသည် စားကောင်းသောက်ဖွယ်ရာများကိုသာ နှစ်သက်ြပီး ၀န်ကြီးများနှင့် စားသည့် ညစာစားပွဲတွင်တော့ ဂျုံနှင့်ပြုလုပ်သည့် မုန့်ကြမ်းများကိုသာ ဟန်ဆောင်ပန်ဆောင်
စားပြသည်ဟု အဓိပ္ပါယ်သက်ရောက်သ ည့် သဘောရေးသားထားခြင်း ဖြစ်ကြောင်း ယင်းစာအုပ်ကို ဖတ်ရှုပြီးသော စာပေ၀ါသနာရှင်တစ်ဦးမှ ပြောကြားခဲ့ပါသည်ဟု .... သတင်းရရှိပါသည်။

လေးစားဦးညွှတ်လျှက်
မာဃ၀ိဇ္ဇာ

မာဃ၀ိဇ္ဇာ အားကျေးဇူးတင်ပါသည်။

Po sted by ဒီမိုဝေယံ at Friday, July 30, 2010

Labels: ဘားမားပါပါရာဇီ, သတင်း , မြန်မာပြည်ကလာတဲ့စာ

http://www.demowaiy an.co.cc/2010/07/blog-po st_30.html

နအဖအား ဆန့်ကျင်သည့် ဒီကေဘီအေတပ်ဖ့က


ွဲို ကေအန်ယူ ကြိုဆို

ရဲရင့် / ၂၉ ဇူလိုင် ၂၀၁၀


နအဖကိုဆန့်ကျင်သည့် တိုးတက်သောဗုဒ္ဓဘာသာ ကရင်အမျိုးသားတပ်မတော် (ဒီကေဘီအေ) မှ တပ်ရင်းတပ်ဖွဲ့များအား မိမိတို့နယ်မြေအတွင်း အခြေချခွင့်ပြုမည်ဟု ကရင်အမျိုး သားအစည်းအရုံး
(ကေအန်ယူ) က ပြောကြားသည်။

ကရင်ပြည်နယ် ကော့ကရိတ်တွင် အခြေစိုက်ပြီး နယ်ခြားစောင့်တပ်အဖြစ် အသွင်ပြောင်းခြင်း လက်မခံသည့် ဒီကေဘီအေ တပ်မဟာ (၅) ကို နအဖ တပ်ရင်း၊ တပ်ဖွဲ့များက စစ်ရေးအရ ပြင်ဆင်မှုများ
လုပ်နေသည့်အတွက် ကေအန်ယူ၏ အထွေထွေအတွင်းရေးမှူး နော်စီဖိုးရာစိန်က ပြောကြားလိုက်ခြင်းဖြစ်သည်။

၎င်းက “ဒီကေဘီအေအပေါ်မှာ ထားရှိတဲ့ ကေအန်ယူရဲ့မူအရ သူတို့ကို အခြေချခွင့် ပြုတာဖြစ် ပါတယ်။ သူတို့ကို ရန်သူဘက်က ထိုးစစ်ဆင်လာမယ်ဆိုရင်လည်း ကေအန်ယူက သူတို့ဘက်ကနေ ကူပြီး
တိုက်ခိုက်ပေးသွားမှာ ဖြစ်တယ်။ ဒါက အမျိုးသားညီညွတ်မှုတ ရပ် ဖြစ်ပါတယ် ” ဟု ခေတ်ပြိုင်သို့ ပြောကြားသည်။

သို့သော် ခွဲထွက် ဒီကေဘီအေတပ်ဖွဲ့များအနေဖြ င့် နအဖကို ဆန့်ကျင်ခြင်းမပြုဘဲ ကေအန်ယူ နယ်မြေအတွင်း ၀င်ရောက်အခြေချခွင့် ပြုမည်မဟုတ်ကြောင်း၊ ဘက်ပြောင်း၍ ပြန်လ ည်ပူး ပေါင်းမည်ဆိုပါက
ကြိုဆိုမည်ဖြစ်ကြောင်း ကေအန်ယူက ပြော ကြားသည်။

နယ်ခြားစောင့်တပ်အဖြစ် အသွင်ပြောင်းခြင်းကို ဆန့်ကျင်သည့် ဒီကေဘီအေ တပ်မဟာ (၅) ကို နအဖစစ်တပ်များနှင့် နအဖသစ္စာခံ ဒီကေဘီအေတပ်ဖွဲ့များက ထိုး စစ်ဆင် တိုက်ခိုက်လာလျှင်
ခွဲထွက်အဖွဲ့ဘက်မှ ကူညီတိုက်ခိုက်ပေးရန် ပြင်ဆင်ထားသည်ဟု ၎င်းဒေသအနီး အခြေစိုက်သည့် ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော် တပ်ရင်း (၂၀၁) ၏ တပ်ရင်း မှူး ဒု- ဗိုလ်မှူးကြီး ဘူးဖောက
ပြောသည်။

၎င်းက “ဒီကေဘီအေတပ်မဟာ (၅) က ကျနော်တို့နဲ့ မပူးပေါင်းလည်း ပြဿနာမဟုတ်ဘူး ။ သူတို့ နအဖကို ဆန့်ကျင်တာကို ကြိုဆိုတယ်။ သူတို့ဘက်က ရပ်တည်ဖို့ ကျနော်တို့ တပ်တွေအသင့်ပဲ” ဟု
ပြောသည်။

ဒီကေဘီအေ တပ်မဟာ (၅) မှ တပ်မှူးတဦးကမူ “နယ်ခြားစောင့်တပ်ကို ငြင်းဆန်တဲ့အတွက် ဘယ်လိုမှ ညှိနှိုင်းလို့မရတဲ့အဆုံး နအဖက ကျနော်တို့ကို စစ်ရေးအရ ဖြေရှင်း ဖို့ သူတို့တပ်ရင်းတွေ
တိုးပြီးချထားတယ်။ ကျနော်တို့က လည်း တပ်မဟာမှူးရဲ့ အမိန့်အတိုင်းပဲ စစ်ရေးအရ လက်ဦး မှုရအောင် ကြိုတင်ပြင်ဆင်ထားတယ်။ ကေအန်ယူနဲ့ပြ န်ပေါင်းဖို့တော့ လုံးဝမရှိဘူး၊ ဒီကေဘီအေရဲ့ နာမည်နဲ့
ဂုဏ်သိက္ခာကို လုံးဝအပျက်မခံနိုင်ဘူး ” ဟု ပြောသည်။

ယခုလ (၂၂) ရက်၌ ဒီကေဘီအေဌာနချု ပ် မြိုင်ကြီးငူတွင် နယ်ခြားစောင့်တပ်ကိစ္စ ဆွေးနွေးရန် နအဖဘက်က ဆင့်ခေါ်ရာတွင် ဗိုလ်မှူးကြီး စောလားပွယ်က မသွားဘဲ ငြင်းဆန်ခဲ့ရာမှ စတင်ကာ ယခုကဲ့သို့
စစ်ရေးအခြေအနေများ တင်းမာလာခြင်း ဖြစ်သည်ဟု ယင်းတပ်မှူးက ပြောသည်။

ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးမြို့နယ်အခြေစိုက် နအဖ စစ်ဆင်ရေးကွပ်ကဲမှု ဌာနချုပ် စကခ (၈) မှ ဗိုလ်မှူးချုပ်သန်းစိုးက ဗိုလ်မှူးကြီး စောလားပွယ်အား နယ်ခြားစောင့်တပ် အသွင်ပြောင်းရန်
ငြင်းဆန်ပါက အင်အားသုံး၍ အပြီးအပြတ် တိုက်ခိုက်ချေမှုန်းခြင်း ခံရမည်ဟု ယခုလဆန်း ပိုင်း၌ ပြောဆိုခဲ့ပြီး တပ်အင်အားကို တိုး မြှင့်ချထားခြင်းဖြစ်သည်ဟု သိရသည်။

ဒီကေဘီအေ တပ်မှူးများအနက် နယ်ခြားစောင့်တပ်ဖွဲ့ရေးကို လက်ခံချင်သူများ ရှိသကဲ့သို့ လက်မခံနိုင်သူများလည်း ရှိကြောင်း ၊ လုံးဝလက်မခံနိုင်ကြောင်း ပွင့်ပွင့်လင်းလင်း ထုတ်ဖော်ပြောဆိုရဲသူမှာ
ဒီကေဘီအေ တပ်မဟာ (၅) မှ တပ်မဟာမှူး ဗိုလ်မှူးကြီးစောလားပွယ် တဦးသာရှိကြောင်း အဆိုပါအဖွဲ့ မှ တပ်မှူးတဦးက ပြောသည်။

၁၉၉၄ ခု နှစ်ကုန်ပိုင်းတွင် ကေအန်ယူမှ ခွဲထွက်ကာ ဒီကေဘီအေအဖွဲ့ကို သီးခြားဖွဲ့စည်းခဲ့ပြီး လှိုင်းဘွဲမြို့နယ် မြိုင်ကြီးငူ အရပ်တွင် ဌာနချုပ်ကို အခြေစိုက်ကာ တပ်ဖွဲ့ဝင်အင်အား (၄) ထောင်ခန့်ရှိသည်။

ဒီကေဘီအေ ဥက္ကဋ္ဌမှာ စောသာထူးကျော်ဖြစ်ပြီး အဖွဲ့၏နာယက ဆရာတော်မှာ ဦးသုဇနဖြစ်ကာ ကေအန်ယူမှ ခွဲထွက်မှုကို ဦးဆောင်ခဲ့သည့် အရာခံဗိုလ် စောကျော်သန်းမှာ ဒီကေဘီအေ၏
စစ်ဦးစီးချုပ်ဖြစ်သည်။

နအဖ ရွေးကောက်ပွဲကို သတိထားရန် စာရေးဆရာ သန်းဝင်းလှိုင် ပြောကြား

ရဲရင့် / ၂၉ ဇူလိုင် ၂၀၁၀

မြန်မာနိုင်ငံတွင် ကျင်းပမည့် ၂၀၁၀ ရွေးကောက်ပွဲသည် ဆိတ်ခေါင်းကိုချိတ်၍ ခွေးသားရောင်း မည့် အစီအစဉ်ဖြစ်သောေ ကြာင့်


အထူးသတိပြုသင့်သည်ဟု နာမည်ရ မြန်မာစာရေးဆရာတဦးဖြစ်သည့် သန်းဝင်းလှိုင်က ခေတ်ပြိုင်သို့ ပြောကြားသည်။

ယခုလဆန်း ပိုင်းက ထိုင်း -မြန်မာနယ်စပ် လွတ်မြောက်နယ်မြေသို့ ရောက်ရှိလာသည့် ဆရာသန်းဝင်းလှိုင်က “ဒီရွေးကောက်ပက


ွဲ
ဆိတ်ခေါင်းချိတ်ပြီး ခွေးသားရောင်းမယ့် ဒီမိုကရေစီပဲ။ အဲဒါကြောင့် ခွေးသားမစားပါနဲ့ ကျနော်ပြောတယ်။ အဲဒါကို စားချင်သပဆိုရင်လည်း
စားကြပေါ့။ သူတို့ ချထားတဲ့ ဥပဒေစည်းကမ်း တွေဆိုတာကလည်း အပ်နဖါးပေါက်ထဲကို ကုလားအုတ်ဝင်ခိုင်းသလိုပဲ။ ဘယ်လိုမှ
သုံးလို့မရဘူး” ဟု ပြောသည်။

မြန်မာနိုင်ငံတွင် လုံးချင်းစာအုပ် (၃၀) ထုတ်ဝေခဲ့ပြီး နောက်ထပ်ထုတ်ဝေမည့် ဗိုလ်ချုပ်အောင်ဆန်း၏ လွတ်လ ပ်ရေး ကြိုးပမ်းမှုသမိုင်း
အပါအ၀င် စာအုပ် (၁၅) အုပ်ကို စာပေစိစစ်ရေးက ထုတ်ဝေခွင့် မပြုတော့သ ည့်အပြင် စာရေးသူကိုပါ ပြန်လည်ဖမ်းဆီးမည့်
အနေအထားများ ရှိသောကြောင့် လွတ်မြောက်နယ်မြေသို့ ထွက်လာခြင်းဖြစ်သည်ဟု ဆရာသန်းဝင်း လှိုင်က ပြောသည်။

၎င်းက “ထွက်လာတဲ့ ရည်ရွယ်ချက်ကတော့ ကျနော့်စာအုပ်တွေ အပိတ်ခံရတယ်။ စာပေနဲ့ ရပ်တည်လို့ မရဘူး။ အဲဒါကြောင့်


လွတ်မြောက်နယ်မြေမှာ ကျနော်လွတ်လွတ်လပ်လပ် ရေးချင်တယ်။ ပြည်သူလူထုရဲ့ မှန်ကန်တဲ့ လိုအပ်ချက်ကို တနည်းအားဖြင့်
ဖြည့်စွမ်းချင်တယ်။ နောက်ပြီး ဒီမိုကရေစီတိုက်ပွဲမှာ တထောင့်တနေရာကနေ စာပေနဲ့ အကျိုးပြုလုပ်ချင်တယ်။ ဟိုမှာတော့ လုပ်လို့
မရဘူး။ ထပ်လည်း အဖမ်းမခံချင်ဘူး။ လုပ်ရင်းနဲ့ ကျသွားတာကတမျိုး၊ ဒါကြီးကို ကျမယ်မှန်းသိလျက်နဲ့ တိုးလိုက်ရင် ကိုယ်ပဲ နစ်နာမယ်။
အချိန်တွေ အကျိုးမဲ့ ထောင်ထဲမှာ ကုန်ဆုံး သွားမယ်။ အပြင်မှာ တတ်နိုင်သလောက်လုပ်ရင် တိုင်းပြည်အတွက် ပိုအကျိုးရှိမယ်လို့ ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ထွက်လာပါ” ဟု ပြောသည်။

စာရေးဆရာ သန်းဝင်းလှိုင်သ ည် ပြည်တွင်းတွင် ထုတ်ဝေခွင့်မရသည့် ဗိုလ်ချုပ် အကြောင်း စာအုပ် (၅) အုပ်အပါအ၀င် စာအုပ်ရေ (၁၅) အုပ်ကို လွတ်မြောက်နယ်မြေတွင် ပြည်သူအတွက်
ပြန်လည်ထုတ်ဝေဖြန့်ချိသွားမည်ဟု ပြောသည်။
ဆရာရေးဆရာ သန်းဝင်းလှိုင်သည် ၁၉၉၇ ခုနှစ် နိုဝင်ဘာလထုတ် သင့်ဘ၀မဂ္ဂဇင်းတွင် အနာဂတ်လွန်းပျံယာဉ်ဆောင်း ပါး စတင်ရေးသားကာ စာပေနယ်ထဲသို့ ၀င်ရောက်ပြီး သုတ၊ ရသ၊ အားကစား
ဆောင်း ပါးပေါင်း (၅၀၀) ကျော်ကို မဂ္ဂဇင်းများတွင် ရေးသားခဲ့ပြီး လုံး ချင်းစာအုပ် (၃၀) ကိုလည်း ထုတ်ဝေခဲ့ပြီးဖြစ်သည်။

နိုင်ငံရေးအကျဉ်းသားဟောင်းတဦး လည်းဖြစ်သည့် ဆရာသန်းဝင်းလှိုင်သည် ၁၉၉၀ ပြည့်နှစ် ရွေးကောက်ပွဲကာလ၌ ထောင်အချုပ် (၁) လခွဲကျခံခဲ့ရပြီး ၂၀၀၀ ခုနှစ်တွင် “ရုပ်ထုမှပြောသော
မြန်မာ့သမိုင်းဝင် ပုဂ္ဂိုလ်ထူးများစာအုပ် ” ကို စာအုပ်ထုတ်ဝေသူက ခွင့်ပြုချက်မရရှိဘဲ ထုတ်ဝေခဲ့သဖြင့် ထောင်ဒဏ် (၇) နှစ် ထပ်မံကျခံခဲ့ရသည်။

မြောက်ကိုရီးယား နိုင်ငံခြားရေးဝန်ကြီး မြန်မာနိုင်ငံရောက်ရှိ

NEJ / ၂၉ ဇူလိုင် ၂၀၁၀

မြောက်ကိုရီး ယား နိုင်ငံခြားရေးဝန်ကြီး Pak Ui Chun သည် နအဖစစ်အစိုးရနှင့် ဆွေးနွေးရန်အတွက် ယနေ့မြန်မာနိုင်ငံသို့


ရောက်ရှိကြောင်း အစိုးရအရာရှိတဦးအား ကိုးကားပြီး ဘန်ကောက်ပို့စ်သတင်းတွင် ဖော်ပြသည်။

Pak Ui Chun သည် မနက်ဖြန်တွင် စစ်အစိုးရ နိုင်ငံခြားရေးဝန်ကြီး ဦးဉာဏ်ဝင်းနှင့် နေပြည်တော်တွင် တွေ့ဆုံရန်ရှိပြီး


မြန်မာနိုင်ငံ၌ လာမည့်တနင်္ဂနွေနေ့အထိ နေထိုင်သွားရန်ရှိကြောင်း သိရသည်။

မြန်မာနိုင်ငံသည် မြောက်ကိုရီးယားနှင့် ၁၉၈၃ ခုနှစ်တွင် သံတမန် အဆက်အသွယ်ပြတ်တောက်ခဲ့သည်။ မြန်မာနိုင်ငံသို့


လာရောက်လည်ပတ်သည့် ယင်းအချိန်က တောင်ကိုရီး ယားသမ္မတ ချမ်ဒူးဝမ်အား ရန်ကုန်မြို့အာဇာနည် ဗိမာန်တွင်
မြောက်ကိုရီး ယား အေဂျင့်များက ဗုံးခွဲလုပ်ကြံသတ်ဖြတ်ရန် ကြိုးစားမှုဖြစ်ပေါ်ခဲ့ ပြီးနောက် နှစ်နိုင်ငံ သံတမန်
အဆက်အသွယ်ပြတ်တောက်ခဲ့ခြင်းဖြစ်သည်။ ယင်းဗုံးပေါက်ကွဲမှုကြောင့် လူပေါင်း (၂၁) ဦး သေဆုံး ခဲ့သည်။

သို့သော် ၂၀၀၇ ခုနှစ်တွင် နှစ်နိုင်ငံ သံတမန်ဆက်ဆံရေး ပြန်လည်ပြုလုပ်ခဲ့သည်။

အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မစ္စစ်ကလင်တန်က ပြီးခဲ့သည့် သီတင်းပတ်အတွင်း ဗီယက်နမ်နိုင်ငံ ဟနွိုင်မြို့တွင်


ကျင်းပခဲ့သည့် အာဆီယံဒေသတွင်း ထိပ်သီး ဆွေးနွေးပွဲတွင် မြန်မာနိုင်ငံနှင့် မြောက်ကိုရီးယားနိုင်ငံတို့၏ စစ်ရေးအရ
ဆက်ဆံမှုများအပေါ် စိုးရိမ်ကြောင်း ထုတ်ဖော်ပြောကြားခဲ့သ ည်။

မြောက်ကိုရီးယားသင်္ဘောတစင်း စစ်လက်နက်ပစ္စည်း များတင်ဆောင်ကာ မြန်မာနိုင်ငံသို့ ဆိုက်ရောက်ခဲ့ခြင်းနှင့် မြန်မာစစ်အစိုးရသည် နျူကလီးယား ထုတ်လုပ်ရေး အစီအစဉ်အတွက်
မြောက်ကိုရီးယားထံမှ အကူအညီယူနေသည်ဆိုသည့် သတင်းများ ထွက်ပေါ်ခဲ့ခြင်းအတွက်လည်း စိုးရိမ်ပူပန်ဖြစ်မိကြောင်း မစ္စစ်ကလင်တန်က ပြောကြားခဲ့သည်။

ပြီးခဲ့သည့်ဇွန်လအတွင်း၌လည်း မြန်မာနိုင်ငံ၏ နျူကလီးယားလက်နက်ထုတ်လုပ်ရေး စီမံချက်များကို ဖော်ထုတ်သည့် သတင်းမှတ်တ မ်းတခုကို အယ်လ်ဂျာဇီးယား ရုပ်မြင်သံကြားမှ ထုတ်လွှင့်သွားခဲ့သည်။
ယင်းထုတ်လွှင့်ချက်ကို နအဖအစိုးရက ငြင်းပယ်ခဲ့သည်။

ယာယီပတ်စပို့ရှိသော်လ ည်း အလုပ်သမားများ အဖမ်းခံရဆဲ

မြတ်ခိုင်ဦး / ၂၉ ဇူလိုင် ၂၀၁၀

မြန်မာရွှေ့ပြောင်း အလုပ်သမားများသည် ယာယီနိုင်ငံကူးလက်မှတ် ပြုလုပ်ကိုင်ဆောင်ထားသော်လည်း ထိုင်းရဲ၏ ဖမ်းဆီးခြင်း ခံနေရဆဲဖြစ်ေ ကြာင်း သိရသည်။

ယာယီနိုင်ငံကူးလက်မှတ် ကိုင်ဆောင်ထားသော မြန်မာရွှေ့ပြောင်း အလုပ်သမား (၁) ဦးနှင့် အိမ်၌ ယာယီနိုင်ငံကူးလက်မှတ် ထားရှိခဲ့သော ရွှေ့ပြောင်းအလုပ်သမား (၂) ဦး တို့အပြင်
ယာယီနိုင်ငံကူးလက်မှတ် ပြုလုပ်ထားဆဲ (အလုပ်လုပ်ခွင့် ဘတ်လက်မှတ် ကိုင်ဆောင်ထားသူ) သူ (၁) ဦးတို့အား နယ်ကျော်၍ အလုပ်လုပ်ကိုင်သည်ဟုဆိုကာ ယမန်နေ့၌ ရဲက
သိမ်းကျုံးဖမ်းဆီးထားသည်။

ယမန်နေ့ ညနေ (၆) နာရီခန့်က အလုပ်မှ ပြန်လာသော ခွန်ဇော်သိန်း ၊ ခွန်မောင်ဆွေနှင့် ခင်လှတင့်တို့ (၃) ဦးနှင့် ၎င်းတို့ကို သွားရောက်တွေ့ဆုံသူ ခွန်ထွန်းလင်းတို့အား ဘန်ကောက်မြို့ ဘန်ကပီအရပ်ရှိ
နဝမင်း၊ တလဖတ်ဝီစံဈေးအနီးတွင် ရဲက ဖမ်းဆီး လိုက်ခြင်းဖြစ်သည်။

“သူဌေးကလာပြောတယ် ဒါလည်းမရဘူး ။ မနက်ဖြန်ရုံးတင်မယ်ဆိုပြီး ရဲက ပြောလွှတ်တယ်” ဟု ခွန်မောင်ဆွေက ပြောသည်။

၎င်းတို့သည် လုပ်ငန်းခွင်အတွင်း၌ အဖမ်းခံရခြင်းမဟုတ်ဘဲ လမ်းပေါ်တွင် အမှုရှာ၍ အဖမ်းခံရကြောင်း ခွန်ထွန်းလင်းက “ကျနော်တို့ကို ဖဲဝိုင်းနားမှာ တွေ့တာနဲ့ ဖဲရိုက်တယ်ဆိုပြီး အမှုရှာဖမ်းသလိုလုပ်တာ”
ဟု ပြောသည်။

အဆိုပါကိစ္စနှင့်ပတ်သက်၍ နိုင်ငံတကာ အန်ဂျီအိုတခုမှ တာဝန်ရှိသူတဦးက “တကယ်တော့ ယာယီပတ်စပို့ကိုင်ထားတဲ့သူကို ဖမ်းခွင့်မရှိပါဘူး။ နယ်ကျော်ပြီး အလုပ်လုပ်တယ်ပြောရအောင်လည်း သူတို့ကို
လုပ်ငန်းခွင်အထဲမှာ ဖမ်းမိတာမဟုတ်ပါဘူး” ဟု ပြောသည်။

ရွှေ့ပြောင်းအလုပ်သမားများသည် ယမန်နှစ်က စတင်ခဲ့သော နိုင်ငံသားစိစစ်မှုပြု၍ ယာယီနိုင်ငံကူး လက်မှတ်ဖြင့်သာလျှင် အလုပ်လုပ်ကိုင်ခွင့်ပြုမည် ဆိုသောကြောင့် ယခင်အလုပ်သမားလက်မှတ်
(ဘတ်) အတွက် ကုန်ကျငွေ မကျေသေးမီပင် အဆိုပါယာယီပတ်စပို့အတွက် ထပ်မံ၍ ငွေေ ကြး အကုန်အကျခံ လုပ်ဆောင်ခဲ့ကြခြင်းဖြစ်သည်။

ယာယီပတ်စပို့ ကိုင်ဆောင်ခွင့်ရသော်လည်း ပူးတွဲကိုင်ဆောင်ရမည့် အလုပ်လုပ်ခွင့်လက်မှတ် (w ork permit) ကို လျှောက်ထားဆဲဖြစ်ခြင်း၊ ပတ်စပို့နှင့် work permit အတူပူးတွဲမရှိခြင်း၊
ဘာသာစကားမကျွမ်းကျင်မှုကြောင့် ရဲစခန်း၌ အလွယ်တကူ ဝန်ခံလက်မှတ် ထိုးမိလိုက်ခြင်းတို့ကြောင့် ဖမ်းဆီး ၍ တရားရုံးတင်ကာ နယ်စပ်သို့ ပြန်ပို့ခံရခြင်းများ ကြုံတွေ့နေရသည် ။ ထို့အပြင်
ထိုင်းဝန်ကြီးချုပ်၏ ဇွန်လ (၂) ရက် ရက်စွဲဖြင့် ထုတ်ပြန်သော ဖမ်းဆီးမိန့်ကြောင့် အာဏာပိုင်များ၏ မဆင်မခြင်ဖမ်းဆီးမှုများကိုလည်း ကြုံတွေ့နေရသည်။

သို့အတွက် အလုပ်သမားရေး လုပ်နေသူများက မိမိယာယီနိုင်ငံကူး လက်မှတ်နှင့် work permit ကို အတူတကွ သွားလေရာသို့ ယူဆောင်သွားရန်၊ ယာယီနိုင်ငံကူးလက်မှတ် လျှောက်ထားဆဲကာလတွင်
နဂိုမူလစာရင်းသွင်းထားသော ကျန့်ဝပ် (ခရိုင်) အထဲတွင်သာ အလုပ်လုပ်ကိုင်ရန်၊ ယာယီပတ်စပို့ လျှောက်ထားကြောင်း အထောက်အထားစာရွက် စာတမ်း လက်ခံ ဖြတ်ပိုင်းများအား မိမိနှင့်
တပါတည်းထားရှိရန် အကြံပြုထားသည်။

အထူးအရေးကြီးသည်မှာ မိမိနားမလည်ဘဲ အာဏာပိုင်များက အတင်းလက်မှတ်ထိုး ခိုင်း၍ ထိုးလိုက်ရလျှင် ဥပဒေကြောင်း အရ မိမိတို့တွင်သာ အရှုံးပေါ်နိုင်မည်ဖြစ်ကြောင်း၊ အဘယ်ကြောင့်ဆိုသော်
လက်မှတ်ထိုးထားသော စာရွက်ပေါ်တွင် မိမိနှင့် မသက်ဆိုင်သော အမှုမျိုးရေးထားပါက နစ်နာနိုင်ကြောင်း ၊ သို့အတွက် လက်မှတ်ထိုး ရာတွင် သတိရှိရန် သတိပေးထားသည်။

ထိုသို့လ က်မှတ်ထိုး လိုက်ရလျှင် ထိုးပေးလိုက်သူ အလုပ်သမားတွင် လက်ခံမိတ္ထူ ရရှိရမည်ဖြစ်ကြောင်း ထိုင်းဥပဒေက ပြဋ္ဌာန်းထားရှိသည်။

ထိုင်းနှင့် မြန်မာနှစ်နိုင်ငံ သဘောတူညီချက်အရ နိုင်ငံသားစိစစ်မှုပြုပြီး ယာယီနိုင်ငံကူးလက်မှတ်ဖြင့်သာ အလုပ်လုပ်ကိုင်ခွင့် ပြုရေး အစီအစဉ်အရ ယာယီနိုင်ငံကူး လက်မှတ်များကို ထုတ်ပေးလျက်ရှိသည်။

ယခုလ ဇူလိုင် (၁၁) ရက်နေ့ စာရင်းဇယားများအရ အမျိုးသား (၆၄,၉၈၄) ဦး၊ အမျိုးသမီး (၅၈,၂၂၀) ဦးတို့ကို ထုတ်ပေးခဲ့ပြီး ဖြစ်သဖြင့် စုစုပေါင်း မြန်မာရွှေ့ပြောင်းအလုပ်သမား (၁၂၃,၂၀၄) ဦး
ယာယီနိုင်ငံကူးလက်မှတ် ကိုင်ဆောင်နေကြပြီဟု သိရှိရသည်။ ထိုင်းနိုင်ငံ၏ နောက်ဆုံး စာရင်းဇယားများအရ (၆၉၈,၈၈၉) ဦးသည် ယာယီနိုင်ငံကူးလက်မှတ် ကိုင်ဆောင်ခွင့်
ဆက်လ က်လျှောက်ထားဆဲဖြစ်သည်။

ထိုင်းနိုင်ငံတွင် တရားဝင် ရွှေ့ပြောင်းအလုပ်သမား (၁,၀၇၉,၉၉၁) ဦးရှိပြီး အလုပ်သမားအရေး လုပ်ဆောင်နေသူများက ခန့်မှန်းသည်မှာ ရွှေ့ပြောင်းအလုပ်သမား (၂) သန်း ခန့် ထိုင်းနိုင်ငံအတွင်း
နေထိုင်အလုပ်လုပ်ကိုင်နေကြသည်ဟု သိရသည်။

တပြည်လုံး ၌ ကြံ့ဖွံ့ပါတီရုံး များ ဖွင့်တော့မည်

မျိုးချစ်သူ / ၂၈ ဇူလိုင် ၂၀၁၀

သြဂုတ်လဆန်းပိုင်း တွင် မြန်မာတနိုင်ငံလုံး၌ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ ဖြိုးရေးပါတီ ရုံးခန်းများကို စတင်ဖွင့်လှစ်တော့မည် ဖြစ်ကြောင်း သိရသည်။

လူမှုရေးလုပ်ငန်းများ လုပ်ရန်ဟုဆိုကာ အစိုးရမဟုတ်သောအသင်းအဖြစ် ၁၉၉၃ ခုနှစ်၌ ဖွ့စ


ဲ ည်း ခဲ့သော ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးအသင်း ဆိုင်းဘုတ်များကို ရန်ကုန်မြို့နှင့် မြန်မာနိုင်ငံအနှံ့တွင်
ယခုလ လဆန်း ပိုင်းက စတင်ဖြုတ်ချနေကြောင်း ယင်းပါတီ၏ တာဝန်ရှိသူတဦး က ပြောသည်။

၎င်းက “အခုမြန်မာနိုင်ငံအ နှံ့ ဒေသတွေမှာ စည်း ရုံးရေး ဆင်း နေတယ်။ ပါတီရုံးခန်း တွေလည်း ဖွင့်ရော ပါတီဝင် အင်အားတွေလည်း အတင့်သင့်ဖြစ်အောင် လုပ်ထားတဲ့သဘောပေါ့။ အသင်းတုန်းက
အသင်းဝင်တွေကို ပါတီဝင်အဖြစ် ပြောင်းလိုက်တာလည်းရှိတယ်။ ဒါပေမယ့် ဖွဲ့စည်းပုံအခြေခံဥပဒေအရတော့ အစိုးရ ၀န်ထမ်းတွေကို ပါတီဝင် မလုပ်ခိုင်းပါဘူး။ တခုတော့ရှိတာပေါ့၊ သူတို့က
မဲပေးလို့ရတယ်။ မဲပေးတဲ့အခါ ခြင်္သေ့ (ကြံ့ဖွံ့ပါတီ ) ကို မဲပေးဖို့ စည်းရုံး ထားပါတယ်” ဟု ပြောသည်။

ရန်ကုန်ရှိ မြန်မာ့မီးရထားမှ ၀န်ထမ်းတဦးက ၎င်းတို့ မီးရထားမိသားစုများကို ရန်ကုန်မြို့တော်ဝန်က မဲဆွယ်နေကြောင်း ပြောသည်။

မင်္ဂလာတောင်ညွန့် မီး ရထားဝန်ထမ်းအိမ်ရာများသည် လိုင်းအခန်းများဖြစ်သည့်အတွက် အိမ်သာကအစ ဘုံအိမ်သာကို သုံး ရသဖြင့် သန့်ရှင်းမှုမရှိခြင်း၊ လမ်းများ ဆိုးဝါးခြင်း၊ ကျော င်းများ
ပြိုကျပျက်စီးနေခြင်း စသဖြင့် ယိုယွင်းပျက်စီးမှုများ ရှိနေကြောင်း မီးရထားဝန်ထမ်းတဦးက ပြောသည်။

၎င်းက “တကယ်ဆိုရင် ကျမတို့က အစိုးရ၀န်ထမ်းတွေ ဖြစ်တဲ့အတွက် အရင်ကပဲ သေသေချာချာ လုပ်ထားပေးသင့်တာပေါ့။ အခုမှ အဲဒီမှာ ရှိတဲ့ကျောင်း၊ ကျောင်းအိမ်သာ၊ လမ်း စတာတွေကို ပြင်ပေးမယ်၊
သူတို့ပါတီကို မဲပေးပါလို့ ပြောလာတယ်လေ။ ကျမတို့ကလည်း ဟုတ်ကဲ့ပြောရတာပေါ့။ ကျမသိသလောက်တော့ မဲထည့်ချင်တဲ့သူ မရှိဘူး။ အစိုးရက ၀န်ထမ်းတွေကို မထောက်မပံ့ ပစ်ထားခဲ့ပြီး အခုမှ
ပါတီထောင် အရွေးခံတော့မယ်ဆိုမှ ပြင်ပေးမယ်ဆိုတာ လုံးဝ သဘာဝမကျဘူး” ဟု ပြောသည်။

၁၉၉၃ ခုနှစ်တွင် ကြံ့ဖွံ့အသင်း နာယက နအဖစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး သန်း ရွှေ ပါဝင်သော နအဖ၀န်ကြီးများ၊ အစိုးရ၀န်ထမ်းများ ပါဝင်ဖွဲ့စည်း ထားသည့် လူမှုရေးအသင်းဖြစ်သော
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးအသင်း (ကြံ့ဖွံ့) အား ဖျက်သိမ်းခဲ့ကာ ပါတီအဖြစ် ပြောင်းလဲခဲ့ခြင်းဖြစ်သည်။

ကြံ့ဖွံ့ပါတီကို ရွေးကောက်ပွဲကော်မရှင်တွင် ဧပြီ (၂၉) ရက်၌ မှတ်ပုံတင်ခဲ့ပြီး ဇွန် (၈) ရက်၌ မှတ်ပုံတင်ခွင့်ကျကာ ပါတီကို နအဖ၀န်ကြီးချုပ် ဦးသိန်းစိန်နှင့် အပေါင်းအပါ ၀န်ကြီးများက
ဦးဆောင်လျက်ရှိသည်။

ရန်ကုန်တွင် ကြံ့ဖွံ့ပါတီ အသင်းရုံးချုပ်ကို ယခင် ကြံ့ဖွံ့ပါတီ အသင်းရုံး ချုပ်နေရာတွင်ပင် ဆက်လက်ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းကြံ့ဖွံ့စည်းရုံး ရေးအဖွဲ့ဝင်တဦးက ပြောသည်။
ယင်းရုံး ချုပ်နေရာသည် ရန်ကုန်တိုင်း ဗဟန်း မြို့နယ် ဆရာစံရပ်ကွက်တွင် တည်ရှိသည်။
http://www.khitpy aing.org/

မြောက်ကိုရီးယား နိုင်ငံခြားရေးဝန်ကြီး မြန်မာနိုင်ငံ ရောက်ရှိ

By ဦးကျော်အောင်လွင် ကြာသပတေး, 29 ဇူလိုင် 2010

ဓာတ်ပုံ AP

မြောက်ကိုရီးယား နိုင်ငံခြားရေးဝန်ကြီး(လယ်) နှင့်အဖွဲ့ ရွှေတိဂုံစေတီတော် ဖူးမြော်နေစဉ်။ ဇူလိုင် ၂၉၊ ၂၀၁၀။

ထပ်ဆင့် ဖြန့်ဝေရန်

 Digg
 Facebook
 StumbleUpon
 Yahoo! Buzz
 del.icio.us

မြောက်ကိုရီးယား နိုင်ငံခြားရေးဝန်ကြီး ပတ်ခ်ဝေချွန်း (Pak Ui-Chun) ဟာ ၄ ရက်ကြာ ခရီးစဉ်နဲ့ မြန်မာနိုင်ငံကို ဒီကနေ့ပဲ ရောက်လာပါတယ်။ နျူကလီးယားလက်နက် ဖန်တီးရေး ရည်ရွယ်ချက်နဲ့
ပတ်သက်ပြီး မြန်မာနဲ့ မြောက်ကိုရီး ယား အဆက်အဆံတွေ ရှိနေတယ်လို့ နိုင်ငံ တော်တော်များများက သံသယတွေ ရှိနေချိန်မှာ အခုလို မြောက်ကိုရီးယားရဲ့ အဆင့်မြင့် အရာရှိ မြ န်မာနိုင်ငံကို
ရောက်လာတာကြောင့် ရှိနေတဲ့ သံသယတွေကို ပိုပြီး ကြီးလာစေတယ်လို့ စောင့်ကြည့် လေ့လာသူတွေက သုံး သပ်နေကြပါတယ်။ အပြည့်အစုံကို ဘန်ကောက်မြို့ကနေ ဗွီအိုအေ ၀ိုင်းတော်သား
ကိုကျော်အောင်လွင်က တင်ပြပေးထားပါတယ်။

မြောက်ကိုရီးယား နိုင်ငံခြားရေးဝန်ကြီး ပတ်ခ်ဝေချွန်းဟာ ရန်ကုန်ြ မို့ကို ဒီကနေ့ ရောက်ပြီးတော့ မနက်ဖြန်မှာ နေပြည်တော်ကို ခရီးဆက်မှာပါ။ မြန်မာစစ်အ စိုးရက နျူကလီး ယား လက်နက် ပိုင်ဆိုင်ဖို့
ရည်ရွယ်ချက်တွေနဲ့ ကြိုးစားမှုတွေ ရှိနေတယ်ဆိုတဲ့ သတင်း တွေ ထွက်နေတဲ့အချိန်၊ မြောက်ကိုရီးယားကလည်း နျူကလီး ယား လက်နက် ပိုင်ဆိုင်မှုနဲ့ ပတ်သက်ပြီး ကမ္ဘာ့နိုင်ငံကြီး တွေနဲ့ မသင့်မမြတ်
ဖြစ်နေတဲ့အချိန်မှာ မြန်မာနဲ့ မြောက်ကိုရီးယား ဆက်ဆံရေးတွေ တိုးတက်လာနေတာကြောင့် နှစ်နိုင်ငံပေါင်းပြီး နျူကလီးယား လက်နက်ကိစ္စ လုပ်နေကြသလား ဆိုတဲ့ မေးခွန်းတွေက ပိုပြီး
ကျယ်လောင်လာနေပါတယ်။

၁၉၇၄ ခုနှစ် တ၀ိုက်က မြောက်ကိုရီး ယား နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး တာဝန် ထမ်းဆောင်ခဲ့ဖူးတဲ့ သခင်ချန်ထွန်းကလည်း နျူကလီး ယားနဲ့ ပတ်သက်ပြီး စိုးရိမ်မှု ရှိတဲ့သူပါ။ မြန်မာနဲ့
မြောက်ကိုရီးယား ဆက်ဆံရေးမှာ ထူးခြားတဲ့ အချက်တချို့ ရှိတဲ့ အကြောင်း သခင်ချန်ထွန်းက ရှင်းပြပါတယ်။

“မြောက်ကိုရီး ယားက မြန်မာပြည်လာပြီးတော့ တောင်ကိုရီးယား သမ္မတ လာရောက် လည်ပတ်ချိန်မှာ အာဇာနည်ကုန်းမှာ ဗုံးခွဲတဲ့အတွက် ဒီက လူ ၂၀ ကျော်လောက် သေသွားတာ။
မြန်မာအရာရှိတွေရော၊ တောင်ကိုရီးယား အရာရှိတွေရော ပါသွားကြတယ်။ ဒီဟာနဲ့ ပတ်သက်ပြီး ဘာမှ မှားပါတယ်ဆိုတဲ့အကြောင်း တောင်း ပန်တာ မတွေ့ရဘူး။ မတွေ့ဘဲနဲ့ အခုကြတော့ တရင်းတနှီး
ဆက်ဆံနေတာ တွေ့ရတယ်။

“တရင်းတနှီး ဆက်ဆံတာလည်း မြန်မာအစိုးရ အနေနဲ့ကတော့ အခုဟာ အဏုမြူဗုံးေ မြာက်ကိုရီးယားက လုပ်နိုင်နေပြီဆိုတဲ့ သဘောမျိုး သတင်းတွေက ထွက်နေတော့ မြောက်ကိုရီး ယားထံက
ဒီနည်း ပညာတွေကို လိုချင်လို့ ရင်းရင်းနှီး နှီး ပြန်ပြီးတော့ ဖြစ်အောင် ဆက်သွယ်နေတယ်လို့ ဒီလိုပဲ ယူဆပါတယ်။”

နိုင်ငံတကာ ဆက်ဆံရေး သဘောအရ တနိုင်ငံနဲ့ တနိုင်ငံ ရင်းနှီး တာ မကောင်းဘူးလားခင်ဗျ။

“ရင်းနှီးမှုကတော့ ကောင်း ပါတယ်။ ဒါပေမဲ့ ကမ္ဘာအနေနဲ့က မြောက်ကိုရီးယားက ဖွထားတဲ့ နိုင်ငံတခု ဖြစ်တယ်လေ။ သူက အဏုမြူဗုံးလုပ်တ ယ် ဘာညာ ဆိုပြီး ဖြစ်နေတဲ့ အခါကြတော့ အဲဒီလိုအချိန်မှာ
ကိုယ်က လည်း မြောက်ကိုရီးယားနဲ့ ပူးတွဲပြီးတော့ ဒီပညာကို ရအောင်ယူတယ်ဆိုတဲ့ သတင်းတွေ ထွက်နေတော့ အမေရိကန်တို့၊ ဥရောပသမဂ္ဂတို့ ဘာတို့က အငြိုအ ငြင်တွေ အများကြီး ခံရမယ်လို့ ဒီလိုပဲ
မြင်ပါတယ်။”

သခင်ချန်ထွန်း ပြောခဲ့တာ ဖြစ်ပါတယ်။

အာဆီယံ အရှေ့တောင်အာရှ နိုင်ငံများအသင်းမှာ နျူကလီး ယား ကင်းမဲ့ရေးဆိုတဲ့ သဘောထား ရှိပါတယ်။ မြန်မာပြည်က နျူကလီး ယား ပိုင်ဆိုင်ဖို့ ကြိုးစားနေတယ်ဆိုတဲ့ သတင်းက အာဆီယံ
ဒေသတွင်း နိုင်ငံတွေ အတွက်လည်း အထူး သတိထားနေရတဲ့ ကိစ္စပါလို့ မလေးရှားနိုင်ငံက မြန်မာ့အရေးကို အားပေးထောက်ခံတဲ့ လွှတ်တော်အမတ် လင်မ်ကစ်ဆင်း (Lim Kit Si ang) ကဆိုပါတယ်။

“တကယ်လို့သာ မြန်မာဘက်က နျူကလီးယား ပိုင်ဆိုင်ဖို့ လုပ်လာရင် ဒေသတွင်း နိုင်ငံတွေရဲ့ သတ်မှတ်ချက်တွေကို ဆန့်ကျင်ရုံတင်မက နိုင်ငံတကာ အသိုင်းအ၀ိုင်းကိုပါ ဆန့်ကျင်တဲ့ သဘောဖြစ်လို့
အထူး သတိထားရပါလိမ့်မယ်။” လို့ ပြောသွားခဲ့တာပါ။

မြောက်ကိုရီးယားနဲ့ သံတမန် ဆက်ဆံရေးတွေ ပြန်စခဲ့ပြီး နောက်ပိုင်း မြန်မာနဲ့ မြောက်ကိုရီးယား ဆက်ဆံရေးကို စောင့်ကြည့်ပြီး သတင်း ဆောင်းပါးတွေ ရေးနေတဲ့ ထိုင်းနိုင်ငံ အခြေစိုက် ဧရာဝတီ
မဂ္ဂဇင်းက ကိုဝေမိုးက မြောက်ကိုရီးယားက လက်နက်တွေ မြန်မာပြည်မှာ တကယ်ရှိနေပြီဆိုရင် အိမ်နီးချင်း နိုင်ငံတွေအတွက် ခြိမ်းခြောက်မှု တကယ်ပဲ ဖြစ်လာနိုင်တယ်လို့ ဆိုပါတယ်။

“စိုးရိမ်စရာ ကောင်းတာက မြောက်ကိုရီးယားရော မြန်မာရောက အရမ်းလျှို့ဝှက်တဲ့ နိုင်ငံတွေဆိုတော့ သူတို့နှစ်နိုင်ငံ ဆက်ဆံရေးကို တခြားနိုင်ငံတွေက သိရခက်တယ်။ ဥပမာ ဘယ်လိုမျိုး ဒုံး ပျံတွေ
ရောင်းနေလဲ၊ ဒါမှမဟုတ် ဘယ်လိုမျိုး နည်း ပညာတွေကို မြောက်ကိုရီးယားက မြန်မာပြည်ကို တင်ပို့နေတယ်ဆိုတာ သိရခက်တယ်။

“ကျနော်တို့ သိသလောက်ဆိုရင် မြောက်ကိုရီးယားက ၀ယ်ထားတဲ့ ၂၄၀ မမ ရော့ကက်လောင်ချာဆိုရင် ထိုင်းနိုင်ငံလိုဟာမျိုး၊ တရုတ်နိုင်ငံလိုမျိုးအထိ ကောင်းကောင်း ခြိမ်းခြောက် နိုင်တယ်။ နယ်စပ်အထိ
ကားတွေပေါ်တင် မောင်းသွားပြီးတော့ ပစ်လို့ရတယ်။ ဇီဝလက်နက်လိုဟာမျိုး၊ ဓာတုလ က်နက် ကျည်ဖူးလိုဟာမျိုးတွေကို သယ်လို့ရတယ်။ မြောက်ကိုရီး ယား မြန်မာပြည်ကို ရောင်း တဲ့ဟာတွေက။”

မြန်မာစစ်အစိုးရဟာ နျူကလီးယား အစီအစဉ်အတွက် မြောက်ကိုရီး ယားဆီက အကူအညီတွေ ယူနေတယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်နေတာနဲ့ ပတ်သက်ပြီး ဒီကိစ္စဟာ အာဆီယံဒေသ
နိုင်ငံတွေအတွက် သာမက အမေရိကန် အတွက်ပါ စိုးရိမ်စရာကိစ္စ ဖြစ်တဲ့ အကြောင်း မကြာခင်ကပဲ ဗီယက်နမ်နိုင်ငံမှာ ကျင်းပခဲ့တဲ့ အာဆီယံဒေသ လုံခြုံရေးဆိုင်ရာ ဆွေး နွေးပွဲမှာ အမေရိကန်
နိုင်ငံခြားရေးဝန်ကြီး ဟီလာရီ ကလင်တ န် (Hillary Clinton) က ပြောခဲ့ပါသေးတယ်။

မြန်မာနဲ့ မြောက်ကိုရီး ယား သံတမန် ဆက်ဆံရေးဟာ ၁၉၈၃ ခု ရန်ကုန်မြို့ အာဇာနည်ကုန်း ဗုံးခွဲမှု ပြီးတဲ့နောက်ပိုင်း နှစ်နိုင်ငံ အဆက်အသွယ် ဖြတ်ထားပြီး ၂၀၀၇ ခုနှစ်ကစလို့ သံ တမန် ဆက်ဆံရေး
ပြန်စခဲ့တာပါ။ ၂၀၀၈ ခုနှစ်တုန်းကတော့ မြန်မာ နိုင်ငံ ခြားရေးဝန်ကြီး ဦးဉာဏ်ဝင်းနဲ့ ဗိုလ်ချုပ်ကြီး သူရရွှေမန်းတို့ မြောက်ကိုရီးယားကို သွားခဲ့ကြပါသေးတယ်။ အခု မြောက်ကိုရီးယား နိုင်ငံခြားရေးဝန်ကြီးရဲ့
မြန်မာပြည် ခရီးစဉ်ဟာ နှစ်နိုင်ငံ ဆက်ဆံရေး ပြန်စ ပြီး ၃ နှစ်အ ကြာမှာ ရောက်လာတဲ့ အဆင့်မြင့် ကိုယ်စားလှယ် ခရီးစဉ် ဖြစ်ပါတယ်။

နျူကလီးယား အစီအစဉ်နဲ့ ပတ်သက်ပြီး မြောက်ကိုရီးယားနိုင်ငံနဲ့ ဆက်ဆံတယ်ဆိုတာ မဟုတ်ပါကြောင်း မြန်မာ နိုင်ငံ ခြားရေး ၀န်ကြီးဌာနက ငြင်းဆိုထားပါတယ်။

မြန်မာစစ်အစိုးရ အကြီး အကဲ ခရီးစဉ် နောက်ဆုံး နေ့ တာတာ ကားစက်ရုံ သွားရောက်ကြည့်ရှု

By ဦးဇော်ဝင်းလှိုင် ကြာသပတေး, 29 ဇူလိုင် 2010

ဓာတ်ပုံ AP
ဗိုလ်ချုပ်မှူးကြီးသန်း ရွှေ(ယာ) အိန္ဒိယ၀န်ကြီးချုပ် မန်းမိုဟန် ဆင်းဂ်နှင့် တွေ့ဆုံစဉ်။ ဇူလိုင် ၂၇၊ ၂၀၁၀။

ထပ်ဆင့် ဖြန့်ဝေရန်

 Digg
 Facebook
 StumbleUpon
 Yahoo! Buzz
 del.icio.us

မြန်မာစစ်အစိုးရ ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး သန်း ရွှေဟာ အိန္ဒိယနိုင်ငံက တာတာကားကုမ္ပဏီကို ဒီကနေ့ သွားရောက်လည်ပတ်ပြီး သူ့ရဲ့ ၅ ရက်ကြာ အိန္ဒိယခရီးစဉ်ကို အဆုံးသတ်လိုက်ပြီ ဖြစ်ပါတယ်။
ဗိုလ်ချုပ်မှူးကြီး ဦးဆောင်တဲ့ အဖွဲ့ဟာ တာတာကားကုမ္ပဏီရှိရာ ဂျမ်းရှက်ပူး (Jamshedpur) မြို့ကို ဒီကနေ့ သွားရောက်လည်ပတ်ပြီး ကိုလ်က တ္တား (Kolk ata) မြို့ကတဆင့် မြန်မာပြည်ကို ဒီကနေ့
ပြန်မှာဖြစ်ပါတယ်။ အပြည့်အစုံကို ကိုဇော်ဝင်းလှိုင်က တင်ပြပေးထားပါတယ်။

ဗိုလ်ချုပ်မှူးကြီး သန်းရွှေနဲ့ စစ်အစိုးရ ၀န် ကြီးတွေ စုစုပေါင်း ၂၀ လောက် ပါဝင်တဲ့ ကိုယ်စားလှယ် အဖွဲ့ဟာ အိန္ဒိယနိုင်ငံက တာတာ (Tata) မော်တော်ကား ကုမ္ပဏီကြီးကို ဒီကနေ့ နေ့လယ်ပိုင်းက
သွားရောက် လေ့လာခဲ့ကြတာ ဖြစ်ပါတယ်။

ဗိုလ်ချုပ်မှူးကြီးနဲ့ မြန် မာစစ်အစိုးရ ကိုယ်စားလှယ်အဖွဲ့ဟာ တာတာကားကုမ္ပဏီက ထုတ်တဲ့ ထရပ်ကားနဲ့ ကမ္ဘာမှာ ဈေးအသက်သာဆုံး Nano (နာနို) ကားလေးတွေကို စိတ်ဝင်တစား မေးခဲ့တဲ့အကြောင်း
ဗိုလ်ချုပ်မှူးကြီးနဲ့ အဖွဲ့ကို ဒီကနေ့ လိုက်လံပြသခဲ့တဲ့ တာတာ ကားစက်ရုံက စက်ရုံမှူး အက်စ်.ဘီ ဘော်ဝန်ကာ (S. B. Borwankar) က ဗွီအိုအေကို ပြောပြခဲ့ ပါတယ်။

“သူတို့အနေနဲ့ ထရပ်ကားနဲ့ နာနိုကားတွေကို စိတ်ဝင်စားတဲ့အကြောင်း ပြောပါတယ်။ နာနိုကားတွေကို ၀ယ်ချင်တဲ့အကြောင်း ပြောပါတယ် ။ နောက် ဈေးသက်သာတဲ့ နည်း လမ်းကို ရှာတဲ့အနေနဲ့
အနာဂတ်မှာ အဲဒီ နာနိုကားတွေကို မြန်မာပြည်မှာ ပြန်တပ်ဆင် ရောင်းချဖို့ အစီ အစဉ် ရှိတယ်လို့လ ည်း မြန်မာ စက်မှုဝန်ကြီးက ကျနော်တို့ကို ပြောပါတယ်။ ”

မြန်မာစစ်အစိုးရ အနေနဲ့ တာတာကားစက်ရုံခွဲ မကွေးမြို့မှာ တည်ဆောက်ဖို့ စီစဉ်နေတယ်လို့လ ည်း သူ့ကို ပြောတဲ့အကြောင်း မစ္စတာ ဘော်ဝန်ကာက ဆက်ပြောပြပါတယ်။

“သူတို့အနေနဲ့ မကွေးမြို့မှာ စက်ရုံ တည်ဆောက်လိုတဲ့အကြောင်း ကျနော်တို့ကို ပြောပါတယ်။ နောက် မြန်မာပြည်မှာ ပြန်တပ်ဆင်ဖို့ ကျနော်တို့ဆီက ပစ္စည်းတွေ မှာမယ်လို့ ပြော ပါတယ်။ မြန်မာပြည်မှာ
စက်ရုံ တည်ဆောက်ဖို့အတွက် အပြန်အလှန် နားလည်မှု စာချွန်လွှာကို မကြာခင်မှာ လက်မှတ်ထိုး ပြီးကြရင် မြန် မာနိုင်ငံက လူတွေကို အိန္ဒိယက တာတာကုမ္ပဏီမှာ သင်တန်းပို့ချပေးမှာ ဖြစ်ပါတယ်။ ”

တာတာကားကုမ္ပဏီဟာ အိန္ဒိယနိုင်ငံ ဂျားခန်း (Jark hand) ပြည်နယ်အတွင်းက ဂျမ်းရှက်ပူးမြို့မှာ တည်ရှိတာ ဖြစ်ပါတယ်။

မနေ့ညကတော့ ဗိုလ်ချုပ်မှူးကြီးနဲ့ ဇနီးတို့ကို အန်ဒရာ ပရာဒက်ရှ် (A ndhra Pradesh) ပြည်နယ် အုပ်ချုပ်ရေးမှူး အီး အက်စ် အယ်လ် နာရာစင်မ်ဟန် (E S L Narasimhan) က ဟိုက်ဒြာဘတ်
(Hyderabad) မြို့က ဂျူဗလီခန်းမမှာ ညစာစားပွဲနဲ့ တည်ခင်း ဧည့်ခံခဲ့ပါတယ်။ နောက်လိုက် ၈၀ ကျော် ပါသွားတဲ့ ဗိုလ်ချုပ်မှူးကြီးနဲ့ အဖွဲ့ဟာ မနေ့တုန်းက ဆာလာ ဂျူးန် (Salar Jung) ပြတိုက်၊ ဘာရတ်
ဘိုင်အိုတက်ခ် (Barat Biotech) ဇီဝနည်း ပညာ ကုမ္ပဏီနဲ့ IT နည်းပညာ မြို့တော်တွေဆီ ဗုဒ္ဓဟူး နေ့က သွားရောက် ကြည့်ရှုခဲ့ပါတယ်။

ဗိုလ်ချုပ်မှူးကြီးနဲ့ နောက်လိုက်တွေဟာ အိန္ဒိယနိုင်ငံ ဘီဟာ (Bihar) ပြည်နယ်က ဗုဒ္ဓဂါယာကို ဇူလိုင်လ ၂၅ ရက်နေ့က ရောက်ခဲ့ကြတာဖြစ် ပြီး အဲဒီကမှ နယူးဒေလီမြို့ကို သွားပြီး အိန္ဒိယသမ္မတ
ပရာတီဘာ ပတေးလ် (Pratibhal Patil) နဲ့ ၀န်ကြီးချုပ် မန်းမိုဟန် ဆင်းဂ် (Manmohan Singh) တို့ အပါအ၀င် အိန္ဒိယ ခေါင်းဆောင်တွေနဲ့ တွေ့ဆုံခဲ့ပါတယ်။

ဗိုလ်ချုပ်မှူးကြီးရဲ့ ခရီးစဉ်တလျှောက် မြန်မာ့ဒီမိုကရေစီအ ရေး လှုပ်ရှားသူတွေက ကန့်ကွက် ဆန္ဒပြခဲ့ကြပြီး ကမ္ဘာ့အကြီးဆုံး ဒီမိုကရေစီနိုင်ငံဖြစ်တဲ့ အိန္ဒိယအစိုးရ အနေနဲ့ မြန် မာနိုင် ငံမှာ
ပြုပြင် ပြောင်းလဲရေးတွေ လုပ်ဆောင်ဖို့ ဖိဖိစီးစီး တိုက်တွန်း ပြောကြားသင့်တဲ့ အကြောင်း လည်း တောင်း ဆိုခဲ့ကြပါတယ်။

အိန္ဒိယ၀န်ကြီးချုပ် မန်းမိုဟန် ဆင်းဂ်နဲ့ နယူးဒေလီမြို့မှာ ဇူလိုင်လ ၂၇ ရက်နေ့ တွေ့တုန်း ကတော့ မြန်မာနိုင်ငံမှာ အမျိုးသား ပြန်လည်သင့်မြတ်ရေး အတွက် ကျယ်ပြန့်တဲ့ အခြေခံ ချမှတ်ဆောင်ရွက်ဖို့
အင်မတန် အရေးကြီးတဲ့အကြောင်း အိန္ဒိယ အစိုးရက အလေးအနက် တိုက်တွန်းကြောင်း ဗိုလ်ချုပ်မှူးကြီး သန်း ရွှေကို ပြောကြားခဲ့တယ်လို့ နှစ်နိုင်ငံ ပူးတွဲ ကြေညာချက်ထဲမှာ ဖော်ြ ပထားပါတယ်။

မြန်မာ့ဒီမိုကရေစီရေး ဆောင်ရွက်ဖို့ အိန္ဒိယကို ဗြိတိန် တိုက်တွန်း

By ဦးသားညွန့်ဦး ဗုဒ္ဓဟူး , 28 ဇူလိုင် 2010

ဓာတ်ပုံ ASSOCIATED PRESS

ဗြိတိန်ဝန်ကြီးချုပ် ဒေးဗစ် ကင်မရွန်း(၀ဲ) အိန္ဒိယနိုင်ငံ ကာနာတာကာပြည်နယ် အုပ်ချုပ်ရေးမှူးနှင့် ဆွေးနွေး နေစဉ်။ ဇူလိုင် ၂၈၊ ၂၀၁၀။

ထပ်ဆင့် ဖြန့်ဝေရန်

 Digg
 Facebook
 StumbleUpon
 Yahoo! Buzz
 del.icio.us

ဗြိတိန်ဝန်ကြီးချုပ် ခရီးစဉ်အတွင်း အိန္ဒိယ၀န်ကြီးချုပ် မန်မိုဟန် ဆင်းဂ် (Manmohan Singh) နဲ့ တွေ့တဲ့အခါမှာ ကုန်သွယ်ရေးကိစ္စအပြင် အခြား လုံခြုံေ ရး အကြောင်း ရပ်တွေ ဆွေးနွေး ကြတဲ့အခါ အိန္ဒိယ
အိမ်နီးချင်း မြန်မာနိုင်ငံနဲ့ ပတ်သက်လို့လည်း ဆွေး နွေးဖို့ ရှိတယ်လို့ သိရပါတယ်။ အပြည့်အစုံကို ကိုသားညွန့်ဦးက တင်ပြပေးထားပါတယ်။

လာမယ့် ကြာသပတေးနေ့ ဗြိတိသျှ ၀န် ကြီးချုပ် ဒေးဗစ် ကင်မရွန်း (Dav id Cameron) နဲ့ အိန္ဒိယ ၀န်ကြီးချုပ် မန်မိုဟန် ဆင်းဂ်တို့ တွေ့ကြတဲ့အခါ စီးပွားရေးကိစ္စ အပြင် ဒေသတွင်း အခြေအနေကိုလည်း
ဆွေးနွေးဖို့ ရှိတယ်လို့ သိရပါတယ်။ ဒီအထဲမှာတော့ အာဖဂန်၊ ပါကစ္စတန် အရေးကိစ္စနဲ့ မြန်မာနိုင် ငံ ကိစ္စတွေဟာ အဓိက ဖြစ်လိမ့်မယ်လို့ ဆိုပါတယ်။ ဗြိတိန်ဝန်ကြီးချုပ် အခု အိန္ဒိ ယ စရောက်နေတဲ့
အချိန်မှာပဲ မြန် မာစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေဟာလည်း အခု အိန္ဒိယနိုင်ငံမှာ ရှိနေတုန်းပါ။

မြန်မာနိုင်ငံ ဒီမိုကရေစီရေးအတွက် အိန္ဒိယရဲ့ အခန်းကဏ္ဍ ဘယ်လောက် အရေးပါတယ်ဆိုတာ အိန္ဒိယ ခေါင်းဆောင်တွေကို ဗြိတိသျှ အစိုးရက သတိပေးသွားဖို့ ရှိတယ်လို့ လန်ဒန်အခြေစိုက် Burma
Campaign UK ရဲ့ တာဝန်ခံ မာ့ခ် ဖာမနာ (Mark Farmaner) က ပြောပါတယ်။

“Burma Campaing UK က ရတဲ့ သတင်းအရဆိုရင် ဗြိတိန်ဝန်ကြီးချုပ် အနေနဲ့ အိန္ဒိယ ၀န်ကြီးချုပ်နဲ့ တွေ့တဲ့အခါမှာ မြန်မာ့အရေးကို ဆွေးနွေးပါလိမ့်မယ်။ အခု ဒီကနေ့မှာ အိန္ဒိ ယ နိုင်ငံခြားရေးဝန်ကြီးနဲ့
ဗြိတိန် နိုင်ငံခြားရေးဝန်ကြီး ၀ီလျံ ဟေ့ဂ် (W illiam Hague) တို့ တွေ့ဆုံတော့ မြန်မာ့အရေးကို ဆွေး နွေးခဲ့ကြပါတယ်။ ဗြိတိန်ရဲ့ နိုင်ငံခြားရေး မူဝါဒမှာ မြန်မာ့အရေးဟာ ထိပ်တန်းမှာ
ရှိနေသေးတယ်ဆိုတော့ ဒါ သတင်း ကောင်း ပါပဲ။ ”

ဗြိတိန်အစိုးရဟာ လက်ရှိအားဖြင့်တော့ မြန်မာနိုင်ငံနဲ့ ပတ်သက်လို့ သဘောထား အတော်လေး တင်းမာမှု ရှိပေမဲ့ အိန္ဒိယ အစိုးရကတော့ နောက်ပိုင်း မြန်မာအစိုးရနဲ့ အတော်လေး နီးနီးကပ်ကပ်
ဆက်ဆံလာပါတယ်။ အိန္ဒိယ အစိုးရရဲ့ လက်ရှိ မြန်မာ့အရေး ချဉ်းကပ်မှုဟာ မြန်မာနိုင် ငံ အပြောင်းအလဲအတွက် အလုပ်မ ဖြစ်ဘူး ဆိုတာကို ဗြိတိသျှ ၀န်ကြီးချုပ်က ပြောနိုင်တယ် လို့ မာ့ခ်က ယူဆပါတယ်။

“မြန်မာနိုင်ငံမှာ နိုင်ငံရေး အကျဉ်းသားတွေ လွတ်မြောက်လာဖို့နဲ့ တိုင်းရင်းသားတွေ၊ ဒီမိုကရေစီ အင်အားစုတွေနဲ့ စစ်အစိုးရ တွေ့ဆုံ ဆွေး နွေးလာအောင် အမှန်ကန်ဆုံး ချဉ်းကပ် ရမယ့် နည်းလမ်းဟာ
စစ်အာဏာရှင်တွေကို ဖိအားတွေ ပိုပေးခြင်းပဲလို့ ဗြိတိန်အစိုးရက ယူဆထားတုန်းပါ။ အခု ရှိနေတဲ့ အခြေအနေဟာ ရွေးကောက်ပွဲကို လွတ်လပ်ပြီး မျှတမှု ရှိမယ်လို့ မယူဆပါဘူး။ ရွေးကောက်ပွဲ
လုပ်ငန်းစဉ် တခုလုံးဟာ ဒီမိုကရေစီ ပြောင်းလဲမှုအတွက် မဟုတ်ဘဲ စစ်အစိုးရကို ပိုပြီး အားကောင်းစေဖို့သာ ဖြစ်တယ်လို့ ယူဆထားပါတယ်။

“အခု ဖွဲ့စည်း ပုံသစ်ဟာ အာဏာရှင်စနစ်ကို တရားဝင်ဖြစ်အောင် လုပ်တာပဲလို့ ယူဆပါတယ်။ ဒါကြောင့် အပြောင်းအလဲတွေဖြစ်ဖို့ စစ်အစိုးရကို ပို ပြီး ဖိအားတွေ ပေးရမယ် ဆိုတာကို အိန္ဒိယ အစိုးရကို
ပြောဖွယ်ရှိပါတယ်။ ဒါ့အ ပြင် သူတို့အနေနဲ့ အိန္ဒိယက မြန်မာ့အရေး လက်ရှိ ချဉ်းကပ်မှု ပုံစံကိုလည်း သဘောမတူဘူးဆိုတာ ပြောဖွယ်ရှိပါတယ်။ အိန္ဒိယနိုင်ငံရဲ့ ချည်းကပ်မှုဟာ အပြုသဘော
အဖြေမထွက်သလို အပြောင်းအလဲတွေ ဖြစ်လာမယ်လို့ မယူဆ တဲ့ အကြောင်း တွေ ပြောဆိုဖွယ် ရှိပါတယ်။ ”

ဗြိတိန်ဝန်ကြီးချုပ် အိန္ဒိယကို ရောက်နေချိန်၊ မြန်မာစစ်ခေါင်းဆောင်ကလည်း အိန္ဒိယကို ရောက်နေချိန်မှာပဲ အိန္ဒိယနိုင် ငံ အနေနဲ့ မြန်မာ့ ဒီမိုကရေစီရေးအတွက် မြန်မာခေါင်းဆောင် တွေကို ဖျောင်းဖျ
ပြောသင့်တယ်လို့ အမေရိကန် နိုင်ငံခြားရေး ၀န်ကြီးဌာန ပြောခွင့်ရသူ ပီ.ဂျေ ခရော်လီ (P.J Crowley) ကလည်း မနေ့က နိုင်ငံခြားရေး ၀န်ကြီးဌာန သတင်းစာ ရှင်းလင်းပွဲမှာ ပြောခဲ့ပါတယ်။

“အိန္ဒိယ၊ မြန်မာ အိမ်နီးချင်း ဆက်ဆံရေး ရှိတယ်ဆိုတာ ကျနော် သတိပြုမိပါတယ်။ အဲဒီ အိမ်နီးချင်း ဆက်ဆံရေးမျိုးနဲ့ ပတ်သက်လို့ အိန္ဒိယကို အမေရိကန် ပြည်ထောင်စုက တိုက်တွန်း ပြောခဲ့ဖူးပါတယ်။
အိန္ဒိယဟာ သူ့ရဲ့ အရှိန်အ၀ါ၊ သူ့ရဲ့ ရင်းနှီးမြှုပ်နှံ သြဇာတွေကို အသုံးပြုပြီး မြန်မာနိုင်ငံတွင်း လူ့အခွင့် အရေးနဲ့ ဒီမိုကရေစီ တိုးတက်လာရေး မြန်မာခေါင်းဆောင်တွေကို နားချ ပြောဆိုသ င့်ပါတယ်။
မြန်မာနိုင်ငံ အနေနဲ့လည်း အမေရိကန် ပြည်ထောင်စုတင် မဟုတ်ပါဘူး။ အခြား ဒေသတွင်း ခေါင်းဆောင်တွေ ပြောဆို တိုက်တွန်းချက်တွေကိုလည်း နားထောင်ဖို့ အရေးကြီးပါတ ယ်။ အထူးသဖြင့်
အိန္ဒိယနိုင်ငံရဲ့ ပြောဆို တိုက်တွန်းမှုတွေပါ။”

မြန်မာ့ အိမ်နီးချင်းလည်းဖြစ်၊ ဒီမိုကရေစီ နိုင်ငံလည်း ဖြစ်တဲ့ အိ န္ဒိယနိုင်ငံ အနေနဲ့ မြန်မာနိုင်ငံ ဒီမိုကရေစီေ ရးအတွက် ပိုပြီး တာဝန်ယူသင့်တယ်လို့ အနောက်နိုင်ငံ အများစုက နောက်ပိုင်း
ပြောဆိုလာပါတယ်။ ဒါ့အပြင် G-20 စီးပွားထွန်းကား နိုင်ငံများ အဆင့်မှာ အိန္ဒိယ အနေနဲ့ ပိုပြီး တာဝန်ယူမှုရှိတဲ့ နိုင်ငံ၊ သြဇာသုံး နိုင်တဲ့ နိုင်ငံဖြစ်ဖို့ အနောက်နိုင်ငံတွေက လိုလားနေကြပါတယ်။

http://www1.voanews.com/burmese/news/

ကြွက်များပျော်ပြီး အမှိုက်များတောင်လိုပုံတဲ့ မြို့တော်ရန်ကုန်


ဝင်းမြတ်၊ ရန်ကုန်

ဇူလိုင် ၂၉၊ ၂၀၁၀

ရန်ကုန်မြို့ ရန်ကင်းမြို့နယ် တစ်နေရာတွင် အမှိုက်ပုံမှ ပလပ်စတစ်၊ ကြေး၊ သံ၊ စက္ကူ တို့ကို ရွေးချယ် ဖယ်ထုတ်နေသည့် စည်ပင် အလုပ်သမားများ

မမေမိုးရဲ့ တစ်နေ့တာကို ရေနွေးအိုး တည်ခြင်းနဲ့ စတင်ပါတယ်။ ရေနွေးအိုး မဆူခင် နောက်ဖေး မီးဖိုချောင်ထဲမှာ ပျံ့ကြဲနေတဲ့ ကြွက်ချေးနဲ့ အမှိုက်တွေကို ရှင်းလင်း ရပါတယ်။ ရေနွေးအိုး ဆူပြီ ဆိုတာနဲ့
နောက်ဖေး လမ်း ကြားထဲကနေ အိမ်ထဲ ၀င်လာတဲ့ ကြွက်တွေကို ရေနွေးနဲ့ လိုက်ပက်ခြင်းဟာ မမေမိုးရဲ့ နံနက်ခင်း အလုပ်တွေပဲ ဖြစ်ပါတယ်။

မမေမိုးဟာ ရန်ကုန်မြို့၊ တာမွေမြို့နယ်အတွင်းက ရှစ်လွှာတိုက်တလုံး ရဲ့ မြေညီထပ်မှာ နေထိုင်သူဖြစ်ပါတယ်။ သူတို့ နောက်ဖေးလမ်းကြားမှာ အမှိုက်ပုံကြီးက တောင်လို ပုံနေပြီး
နောက်ဖေးတံခါးဟာ အမှိုက်ပုံထဲ နစ်မြုပ်နေတာကြောင့် ဖွင့်လို့ မရတာ ကြာပါပြီ။

`အမှိုက်ပုံပေါ်မှာ အိမ်ဆောက်နေရသလိုပဲ´လို့ မမေမိုး က ညည်းတွားပါတယ်။

တံခါးရဲ့ အောက်ခြေမှာ ကြွက်တွေ ကိုက်ဖောက်ထားတဲ့ အပေါက်တွေကြားကနေ ရေဆိုးတွေ စီးဝင်လာတတ်လို့ အင်္ဂတေနဲ့ ပိတ်ထားရပါတယ်။ မမေမိုးရဲ့အိမ်ထဲကို ၀င် လာတဲ့ ကြွက်တွေရဲ့
မူလရင်းမြစ်ကတော့ နောက်ဖေး လမ်း ကြားက အမှိုက်ပုံကြီးပဲ ဖြစ်တယ် ဆိုတာ အထူးတလည် ပြောနေစရာ မလိုတော့ပါဘူး။

လူဦးရေ များလာသလို ကြွက်ကောင်ရေလည်း တိုးလာ


ရန်ကုန်မြို့ရဲ့လူဦးရေဟာ တစ်နှစ်ထက် တစ်နှစ် များပြားလာတာကြောင့် စွန့်ပစ်တဲ့ အမှိုက် တန်ချိန်ကလည်း ပိုမို များပြားလာခဲ့ပါတယ်။ မြို့တော် သန့်ရှင်းရေး အတွက် တာဝန်ယူထားတဲ့ စည်ပင်
သာယာရေး အဖွဲ့ရဲ့ သန့်ရှင်းရေး လုပ်ငန်း ဆောင်ရွက်မှုတွေက တိုး တက်လာတဲ့ လူဦးရေကို လိုက်မမီနိုင် ဖြစ် နေပါတယ်။ သည်အချက်တွေေ ကြာင့် ရန်ကုန်မြို့ပေါ်က နောက်ဖေး လမ်းကြားတွေ၊
လမ်းမတွေပေါ်မှာ အမှိုက်တွေ တောင်လို ပုံလာခဲ့ပါတယ်။

သည်အမှိုက်ပုံတွေဟာ စားကျွင်းစားကျန်တွေကို မီခို အသက်ရှင်တဲ့ ကြွက်တွေ အတွက်တော့ ရိက္ခာ အပြည့်အစုံနဲ့ ခိုလှုံပေါက်ပွားရာ ဗိမ္မာန်ကြီးတွေ ဖြစ်လာခဲ့ပါတယ်။ တို က်ခန်း
အောက်ခြေတွေမှာ ကြွက်တွေက လိုဏ်ခေါင်းတွေ တူးထားပြီး အမှိုက်ပုံနဲ့ အိမ်ထဲကို ကူး လူး ဆက်သွယ် သွားလာကြပါတယ်။ ကြွက်တွေက အကောင် အကြီးကြီးတွေမို့ လူတွေကို တော်ရုံနဲ့
မကြောက်ကြဘူးလို့ တိုက်ခန်း နေသူတွေက ပြောကြပါတယ်။

တနည်း အားဖြင့် ရန်ကုန်မြို့ရဲ့ တိုးတက်လာတဲ့ လူဦးရေ အချိုးနဲ့ အမျှ ရန်ကုန် ကြွက်ကောင်ရေလည်း တိုးတက်လာတဲ့ သဘောပါ။

ဘေးဘယ်ညာမှာ ပြူတင်းပေါက် မရှိတဲ့ မမေမိုးရဲ့ တိုက်ခန်းလေးထဲမှာ အမှိုက်ပုံက ထွက်တဲ့ အနံ့ဆိုးတွေ၊ ကြွက်တွေ စွန့်ပစ်ထားတဲ့ အညစ်အကြေးတွေနဲ့ ကြွက်ကိုယ်က ထွက်တဲ့
အနံ့ဆိုးတွေဟာ ရောပြွမ်းနေပါတယ်။ အင်္ဂတေ ကြမ်းခင်းပေါ်မှာ ခင်းထားတဲ့ သစ်သား ကွပ်ပျစ်တွေ ကြားမှာလဲ ကြွက်တွေ ဖောက်ထားတဲ့ အပေါက်တွေကို ဟိုနေရာတစ်ပေါက် သည်နေရာ တစ်ပေါက်
တွေ့နိုင်ပါတယ်။

ပလိပ်ရောဂါနဲ့ ကြွက်

လူတွေကို ကပ်ရောဂါအသွင်နဲ့ အစုလိုက် အပြုံလိုက် သေစေနိုင်တဲ့ ပလိပ်(Plague) ရောဂါဟာ ကြွက်မွေးတွေကြားမှာ နေထိုင်တဲ့ ကြွက်လှေး (Rat flea) တွေကနေ လူကို ကူး စက်တာ ဖြစ်တယ်လို့
ရန်ကုန်မြို့ရှိ အဏုဇီဝ ဗေဒပညာရှင် တစ်ဦးက ပြောပါတယ်။

`ကြွက်ကတစ်ဆင့် လူကိုကူးတဲ့ ရောဂါတွေထဲမှာ ပလိပ်ရောဂါဟာ ကြောက်စရာ အကောင်းဆုံး ပဲ´ လို့ သူက ပြောပါတယ်။

ရောဂါရှိတဲ့ ကြွက်ရဲ့သွေးကို စုပ်တဲ့ ကြွက်လှေးထဲကို ဘက်တီး ရီးယားပိုးတွေ ၀င်သွားပါတယ်။ အဲသည့် ကြွက်လှေး က လူကို ကိုက်တဲ့အခါ လူ့ကိုယ်ခန္ဓာထဲကိုလည်း ဘက်တီးရီးယားတွေ
ဝင်သွားပြီး ပလိပ်ရောဂါ ဖြစ်စေနိုင်ပါတယ်။

ပလိပ်ရောဂါကို အကျိတ်ရောင်ပလိပ် (Bubonic Palgue)၊ အဆုတ်ရောင် ပလိပ်(Pneumonic Plague) နဲ့ သွေးဆိပ်တက် ပလိပ် (Septicemic Plague) ဆိုပြီး သုံးမျိုးေ တွ့နိုင်ပြီး
အဆုတ်ရောင်ပလိပ်နဲ့ သွေးဆိပ်တက်ပလိပ်တွေဟာ ကူးစက်မြန်ပြီး သေဆုံး မှု များတယ် လို့ ရှင်းပြပါတယ်။

သည်လို ရောဂါတွေတင် မကသေးပါဘူး၊ မမေမိုးရဲ့ အိမ်ချင်းကပ်လျက်က ကလေးငယ်တ စ်ဦး အိပ်ပျော်နေတုန်း ကြွက်ကိုက်ခံရပါသေးတယ်။ ကလေးကို မိဘတွေက ဆေးခန်း အချိန်မီ ပြနိုင်ခဲ့လို့
ရောဂါ အကြီး အကျယ် မရခဲ့ဘူး လို့ ဆိုပါတယ်။

ကြွက်ကိုက်ခံရတဲ့အခါ Rat bite fever ဆိုတဲ့ အဖျားရောဂါ တစ်မျိုးလည်း ရနိုင်တယ်လို့ အဏုဇီဝပညာရှင်က ပြောပါတယ်။

ရောဂါပိုးတွေ သယ်ဆောင်လာတဲ့အပြင် လူတွေရဲ့ အစား အသောက်တွေ၊ အ၀တ်အထည်တွေကိုပါ ကိုက်ဖြတ် စားသောက်တတ်တဲ့ ကြွက်တွေကို နည်းမျိုးစုံနဲ့ နှိမ်နင်းဖို့ ကြိုးစားကြပါတယ်။
ကြွက်ထောင်ချောက်၊ ကြွက်သတ်ဆေးတွေ ချတဲ့အခါ ကြွက်သေတွေကို မြှုပ်စရာ မြေ မရှိတာကြောင့် အမှိုက်ပုံကိုပဲ သွားပစ်ကြရပါတယ်။

တစ်ချို့ အိမ်တွေက လူငှားပြီး ကြွက်သတ်ကြပါတယ်။ မြို့ပေါ်က ကြွက်မုဆိုး မြို့တော်စည်ပင်ကလည်း ကြွက်တွေကိုနှိမ်နင်းဖို့ ကြွက်ဖမ်း ကျွမ်းကျင်သူတွေကို လောက်စာလုံး၊ လေးခွနဲ့ မီးအိမ်
တစ်ယောက်တစ်လုံးစီ ပေးပြီး ရန်ကုန်မြို့ပေါ်မှာ တရားဝင် ကြွက်ဖမ်းခွင့် ပေးထားပါတယ်။ သို့ပေမယ့် စနစ်တကျ မဟုတ်တာကြောင့် ထိရောက်မှု မရှိလှပါဘူး။

စည်ပင်က ကြွက်ဖမ်းဖို့ ခေါ်ထားတဲ့ သူတွေက တစ်လမ်း ၀င် တစ်လမ်းထွက် တွေ့သမျှ ကြွက်တွေကို လေးခွနဲ့ပစ်ခတ် သတ်ဖြတ်ကြပါတယ်။ စည်ပင်က ကြွက်အမြီး တစ်ချောင်းကို ငါးဆယ်ကျပ် ပေးပြီး
ကြွက်အသားတွေကိုတော့ ဆင်ခြေဖုံးတွေမှာ ရှိတဲ့ စားသောက်ဆိုင်တွေကို သွင်းရင် တစ်ပိဿာ နှစ်ထောင် ရပါတယ်။

အဲသည့် ကြွက်ဖမ်းသူတွေဟာ လက်ဗလာ ခြေဗလာနဲ့ လမ်း တကာမှာ ကြွက်လိုက်ဖမ်းနေတာကြောင့် ကြွက်က တစ်ဆင့် ကူးစက် နိုင်တဲ့ ရောဂါတွေ ကြွက်မုဆိုး ဘယ်နှစ် ယောက်လောက် ကူးစက်
ခံနေရမှန်း မသိနိုင်ပေမယ့် ကြွက်တွေက တော့ ရန်ကုန်မြို့ပေါ်မှာ ပပျောက်သွားခြင်း မရှိသေးပါဘူး။

`ကြွက်တွေကိုလိုက်သ တ်နေတာထက် ကြွက်တွေရဲ့အဓိကနေရာကို ရှင်းထုတ်နိုင်မှ ကြွက်ရန်က ဝေးမှာ´ လို့ မမေမိုးက သူ့အမြင်ကို ပြောပါတယ်။ ကြွက်တွေ ပေါက်ပွားရာ အရင်း အမြစ် ဖြစ်တဲ့
အမှိုက်ပုံတွေကို ရှင်းလင်းဖို့ အတွက်တော့ သက်ဆိုင်ရာရဲ့အကူအညီမပါဘဲ ရှင်းလင်း ဖို့ ခက်ခဲပါတယ်။

လူတွေ ပိုက်ဆံစုပြီး နောက်ဖေး လမ်းကြားက အမှိုက်ပုံကို ရှင်းလင်းနိုင်ပေမယ့် အမှိုက်တွေကို သယ်ဖို့ ကား မရှိတာကြောင့် စည်ပင်ရဲ့ အမှိုက်ကား အကူအညီ လိုပါတယ်။ စည်ပင်ကို အမှိုက်ကား
အကူအညီတောင်း တဲ့အခါ သက်ဆိုင်ရာ ဌာနမှာ အသိမိတ်ဆွေ ဒါမှမဟုတ် အရာရှိ ကြီးကြီးတွေနဲ့ ရင်းနှီး ကျွမ်းဝင်မှ အကူအညီ တောင်းနိုင်ပြီး ကားလာတဲ့အခါမှာလည်း ခေါက်ေ ရ အလိုက် လောင်စာဆီနဲ့
ငွေကျပ် သောင်းဂဏန်း အထိ ပေးရတတ်တယ် လို့ စည်ပင်အမှိုက်ကား ငှားဖူး သူ တစ်ဦးက ပြောပါတယ်။

တာမွေဈေးရှေ့ ဗညားဒလလမ်းမပေါ်မှာ အမှိုက်ပုံကြီးက လမ်း တစ်ဝက်ထိ နေရာယူနေတာကို ကြည့်ခြင်းအားဖြင့် ရပ်ကွက်တိုင်း လမ်း တိုင်းမှာ အမှိုက် စွန့်ပစ်ဖို့ အမှိုက်က န် မထားပေးနိုင်ခြင်းနဲ့
အမှိုက်တွေကို ပုံမှန်သိမ်းဖို့တောင် စည်ပင်မှာ ၀န်ထမ်း အင်အားနဲ့ အမှိုက်သယ်ယာဉ် လုံလောက်အောင် မရှိသေးတာ တွေ့နိုင်ပါတယ်။
ဝန်နဲ့အားမမျှ

ရန်ကုန်မြို့တွင် အမှိုက်ကား အစီး ၂၀၀ ကျော်၊ ၀န်ထမ်းအင်အား သောင်း ဂဏန်းနဲ့ အမှိုက် သိမ်းဆည်းနေပေမယ့် သန်းချီတဲ့ ရန်ကုန်လူထုရဲ့ အမှိုက် စွန့်ပစ်မှုနှုန်းကို လိုက်မမီနိုင်ေ သးဘူး လို့ စည်ပင်
တာဝန်ရှိသူ တစ်ဦးကို ကိုးကားပြီး ဂျာနယ်တစ်စောင်က ဖော်ပြထားပါတယ်။ ၂၀၀၇ ခုနှစ် စာရင်းများအရ ရန်ကုန် မြို့ရဲ့ အမှိုက်ထွက်ရှိမှု နှုန်းက တစ်နေ့ တန် ၁၅၀၀ ခန့် ရှိ ပြီး မီးဖို ချောင်ထွက်
အမှိုက်(စားကြွင်းစားကျန်) ၇၃ ရာခိုင်နှုန်းခန့် ပါဝင်နေတယ်လို့ သိရပါတယ်။

အမှိုက်ပစ်ဖို့နေရာ သတ်သတ်မှတ်မှတ်မရှိ၊ အမှိုက် ပုံမှန် လာမသိမ်းတာရယ်တို့ကြောင့် လူတွေက အလွယ်တကူ အမှိုက်ပစ်ကြလို့ နောက်ဖေး လမ်းကြားမှာ အမှိုက်တွေ ပုံလာတာ ဖြစ်တယ်လို့
အထပ်မြင့် တိုက်ခန်းနေသူတွေက ပြောကြပါတယ်။

မိုးရွာတဲ့အခါ အမှိုက်ပုံက ရေဆိုးရေညစ်တွေ လမ်းမတွေပေါ်မှာ ပြည့်နေပြီး နောက်ဖေး လမ်းကြားက ရေဆိုးတွေဟာလည်း နောက်ဖေး မီးဖိုချောင်က တစ်ဆင့် မမေမိုးရဲ့ တိုက်ခန်းလေးထဲကို
ဝင်လာတတ်ပါတယ်။ ရေကြီးတဲ့ အခါ အမှိုက်ပုံထဲမှာ ခိုအောင်းနေတဲ့ ကြွက်တွေဟာလည်း လူနေ တိုက်ခန်းတွေထဲကို ပြေးဝင် ခိုလှုံလာကြပါတယ်။ မမေမိုးကတော့ နောက်ဖေးခန်း ထဲကို ၀င်လာတဲ့
ရေစိုနေတဲ့ ကြွက်တစ်ကောင်ကို ရေနွေးနဲ့ လှမ်း ပက်လိုက်ပြီး နီးစပ်ရာ ခွေးခြေတစ်ခုပေါ်ကို ပြေးတက်လိုက်ပါတော့တယ်။

ရန်ကုန်မှာ နေထိုင်သူတွေရဲ့ အမှိုက်စွန့်ပြစ်မှု ပြဿနာ၊ သိမ်း ဆည်း မယ့် စည်ပင်ရဲ့ အားနည်း ချက်၊ သိမ်းသူ မလာလို့ နီးရာမှာ စွန့်ပစ်၊ အဲဒီ အကျိုးဆက် ကွင်းဆက်တွေထဲမှာ မမေမိုး
လတ်တ လော ဖြတ်တောက်နိုင်တာ ကိုယ် လက်လှမ်းမှီတဲ့ ကြွက်ကို ရေနွေးနဲ့ လှမ်းပက်ခြင်းပဲ ဖြစ်ပါတော့တယ်။

ကာတွန်း စောငို - ငွေရောင်ပဝါ ဘယ်ညာ ချပါလို့ …


ဇူလိုင် ၂၉၊ ၂၀၁၀
မြန်မာစစ်ခေါင်းဆောင် သန်းရွှေ ငြိမ်းချမ်းစွာအာဏာဖီဆန်သူ ဂန္ဓီကြီးကို ဂါရ၀ပြု
မိုးမခ ဓာတ်ပုံသတင်း
ဇူလိုင် ၂၉၊ ၂၀၁၀

ဇူလိုင် ၂၇၊ အိန္ဒိယပြည်၊ နယူးဒေလီတွင် အလည်ရောက်နေသူ မြန်မာပြည်၏ စစ်အာဏာရှင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေနှင့် ဒေါ်ကြိုင်ကြိုင်ကို အိန္ဒိယအစိုးရက ဧည့်ခံကြိုဆိုခဲ့ ပြီး Rajghat
ဗိမာန်တွင် ကျဆုံးပြီးသူ၊ အိန္ဒိယ အမျိုးသားခေါင်းဆောင်၊ လွတ်လပ်ရေးဖခင်၊ လက်နက်မဲ့ ငြိမ်းချမ်းစွာဖြင့် အာဏာဖီဆန်ရေး တိုက်ပွဲဝင် အာဇာနည် မဟတ္တမဂန္ဓီ အား ဂါရ၀ပြုရန် စီစဉ်ပေးခဲ့သည်။ ထို့ပြင်
ဂန္ဓီကြီး၏ ဆုံးမစာကို လက်ဆောင်အဖြစ် ပေးအပ်ခဲ့ရာ ဗိုလ်သန်းရွှေနှင့် ဇနီးသည်တို့ လက်ခံခဲ့ရသည်ကို တွေ့ရစဉ်။
စစ်အာဏာရှင်ကို လက်ခံကြိုဆိုသဖြင့် တိုင်းပြည်အနှံ့တွင် မြန်မာဒီမိုကရေစီရေး ထောက်ခံ အားပေးသူများက ခြိန့်ခြိန့်သဲအောင် ကန့်ကွက် ဆန္ဒပြ ရှုတ်ချခဲ့ကြသည်။ ဓာတ်ပုံ - Day life Photo

ကာတွန်း စောငို - နောင်ခါလာ နောင်ဈေးပေါ့ ...


ဇူလိုင် ၂၉၊ ၂၀၁၀
http://www.moemak a.com/

နစက တပ်သားနှစ်ဦး ထွက်ေ ပြးလာသဖြင့် ရခိုင်ကျေးရွာများကို ဘီဒီအာရ်မှ အပြင်းအထန် ရှာဖွေ

7/29/2010
Adjust font size:

ဘင်္ဂလာဒေခ်ျ့ နယ်ခြားစောင့် တပ်ဖွဲ့ ဘီဒီအာရ်မှ မြန်မာဘက်မှ ထွက်ပြေးလာသူ နစက တပ်သား ၂ ဦး ပုန်းအောင်းနေသည်
သံသယဖြင့် နတ်မြစ် ကမ်းခြေတွင် တည်ရှိသော ရခိုင်ကျေးရွာ ၂ ရွာကို ယမန်နေ့က ပိုက်စိပ်တိုက် ရှာဖွေမူများ
ပြုလုပ်ခဲ့သည်ဟု ကျေးရွာသားများက ပြောသည်။

“ရှာတာတောင် ဘယ်ကမလဲ။ ခြိမ်းခြောက်မူတွေတောင် လုပ်ပါတယ်။ မင်းတို့ အဲဒီ နစကတွေကို ဘယ်မှာ ၀ှက်ထားသလဲ။


မင်းတို့ သူတို့ကို မလွဲပေးဘူးဆိုရင် ရွာသားတွေ အားလုံး ကို အရေးယူမယ် ဆိုပီး ခြိမ်းခြောက်မူတွေ လုပ်ပါသေးတယ်။
ဒါပေမယ့် ကျွန်တော်တို့ဆီမှာ မှ မရှိတာ ဘယ်လိုလုပ်ပီး နစကတွေကို လွဲပေးနိုင်မှာလဲ။ ရှာဖွေ မတွေ့တော့တဲ့နောက်
ဘီဒီအာရ်တွေ ကျွန်တော်တို့ရွာက ထွက်သွားကြပါတယ်” ဟု ရွာသား တဦးက ပြောသည်။

ဘီဒီအာရ် တပ်သား ၂၀ ခန့်သည် ယမန်နေ့ နေ့လည်က ဘင်္ဂလာဒေခ်ျ့ နိုင်ငံ တက်ကနက်မြို့နယ် နတ်မြစ် ကမ်းေ ခြတွင်
တည်ရှိသော မြစ်နားရွာနှင့် ခြံချောင်းကျေးရွာများသို့ ၀င်ရောက်လာပြီး နစက တပ်သား ၂ ဦးကို တအိမ်တက်ဆင်း
ရှာဖွေမူများ ပြုလုပ်ခဲ့သည်။

“ကျွန်တော်တို့ ကြားသိရတာကတော့ မောင်တောမြို့နယ် ငါးခူရ စခန်းက နစက တပ်သား ၂ ဦးဟာ လွန်ခဲ့တဲ့ အင်္ဂါနေ့ညဥ့်မှာ စခန်းကနေ နတ်မြစ်ကို လှေတစီး နဲ့ ဖြတ်ကူးပြီး ထွက်ပြေး သွားတယ်လို့
သိရပါတယ်။ အဲသလို ထွက်ပြေးသွားတဲ့ နောက်ပိုင်းမှာ နစက အာဏာပိုင်တွေက ဘီဒီအာရ် အာဏာပိုင်တွေကို အကြောင်း ကြားတဲ့ အတွက် ဘီဒီအာရ်တွေက ခုလို ရခိုင်ကျေးရွာတွေမှာ ပိုက်စိပ်တိုက်
လိုက်လံ ရှာဖွေတာ ဖြစ်ပါတယ်” ဟု ပြောသည်။

နစက တပ်သား ၂ ဦး ထွက်ပြေးသွားပြီးနောက် လှေဖြင့် လိုက်ပို့သူ ကူး တို့လှေပိုင်ရှင်ကို နစကမှ ဖမ်းဆီးထားပြီး စစ်ဆေးမေးမြန်းမူများ ပြုလုပ်နေကြောင်း သိရသည်။

ငါးခူရ ကျေးရွာက အမည်မဖေါ်လိုသူ ရွာသား တဦးက “ သူတို့ စခန်းကနေ လက်နက်မဲ့ ထွက်ပြေးသွားတာ မှန်ပါတယ်။ သူတို့ ထွက်ပြေးသွားတာနဲ့ ချက်ချင်း နစက တပ်မှူး ဗိုလ်မှူးအောင်နိုင်
ကိုယ်တိုင် လိုက်ရှာပါတယ်။ မြန် မာ့ဘက်က မ်းမှာ ရှာမတွေ့တော့ ဘင်္ဂလာဒေခ်ျ့ကို လိုက်လံ ဖမ်းဆီး ပေးဖို့ သူတို့ အကြောင်း ကြားလိုက်တာ ဖြစ်နိုင်ပါတယ်” ဟု ပြောသည်။

ယခုအချိန်ထိ ဘီဒီအာရ် အာဏာပိုင်များက ရခိုင်ကျေးရွာများကို စောင့်ဆိုင်းကြည့်ရှု နေပြီး နစက တပ်သားများ ပုန်းအောင်း၍ ရှိ မရှိကို မေးမြန်း စုံစမ်းနေကြောင်း သိရသည်။

ဘင်္ဂလာဒေခ်ျ့ နယ်ခြားစောင့်တပ်ဖွဲ့ ဘီဒီအာရ်သည် မြန်မာဘက်မှ ထွက်ပြေးလာသူ နစကများကို ဖမ်းဆီး ၍ ပြန်ပို့လေ့ရှိပြီး ၂၀၀၇ ခုနှစ်ကလည်း လက်နက် ၂ လက်နှင့် အတူ ထွက်ပြေးလာသူ နစက
တပ်သား ၂ဦးကို ဖမ်းဆီး၍ ပြန်ပို့ခဲ့သဖြင့် အဆိုပါ တပ်သား ၂ ဦးမှာ နောက်ပိုင်းတွင် နစက တပ်ဖွဲ့၏ ကွပ်မျက် သတ်ဖြတ်ခြင်းကို ခံခဲ့ရသည်။

၂၀၀၈ ခုနှစ်အတွင်းကလည်း နစက တပ်သား ၃ ဦး ဘင်္ဂလာဒေခ်ျ့သို့ ထွက်ပြေးလာခဲ့ပြီး ဒီမိုကရေစီအရေး လူပ်ရှားသူများ၏ ကူညီမူဖြင့် ဖမ်းဆီး မခံရဘဲ လွှတ်မြောက်သွားခဲ့သည်။ သို့သော်လည်း
ဒက္ကားမြို့ရှိ ယူအန်အိပ်စီအာရ်မှ ဒုက္ခသည် အဖြစ် အသိအမှတ် ပြုရန် ငြင်းဆိုမူကြောင့် ယခုအချိန်ထိ ဘင်္ဂလာဒေခ်ျ့ နိုင်ငံတွင် ပုန်းအောင်း နေထိုင်နေကြရသည်။

မြန်မာနိုင်ငံ အနောက်ဘက် နယ်စပ်တွင် ရှိနေသော နစက တပ်ဖွဲ့တွင် အောက်ေ ခြ အဆင့်ရှိ နစက တပ်သားများမှာ အထက်အရာရှိများ၏ ဖိနှိပ်မူများကို ပြင်းပြ င်းထန်ထန် ခံနေကြရသည့် အပြင် လစာ
မလုံလောက်ခြင်း အလုပ်ကြမ်းများ စေခိုင်းခံနေရသဖြင့် နစက တပ်ဖွဲ့ တွင် တာဝန် ထမ်းဆောင်လိုစိတ် မရှိ ဖြစ် နေကြသည်ဟု သိရသည်။

နစက တပ်မှူးများမှာ လာဒ်ပေး လာဒ်ယူမူများကြောင့် အကြီးအကျယ် ချမ်းသာ ကြီးပွားနေကြသော်လ ည်း အောက်ခြေ တပ်သားများမှာ စားစရာ မရှိ ဖြစ်နေသဖြင့် နစက တပ်တွင်းတွင် အထူး
မကျေနပ်မူများလည်း တိုးပွားနေကြောင်း စုံစမ်းသိရှိရသည်။

ရခိုင်တွင် ရေချိုငါးမွေးမြူရေး စတင်

7/29/2010
Adjust font size:
-----------
ခိုင်သိန်း
-----------
ရေငံငါး ထုတ်လုပ်ရေးကိုသာ အဓိကထား လုပ်ကိုင်နေသော ရခိုင်ပြည်နယ်တွင် ယခုအခါ ရေချိုငါးမွေးမြူရေး လုပ်ငန်းကို စတင် စမ်းသပ် လုပ်ကိုင်နေပြီ ဖြစ်ကြောင်း ငါးလုပ်ငန်း ဦးစီးဌာနမှ တာဝန်ရှိသူ
တဦးက ပြောသည်။

သူက “ အခု ဘင်္ဂလာဒေခ်ျ့က ရေချိုငါးတွေကို အ၀ယ်လိုက်နေတဲ့ အတွက် အဓိက ဘင်္ဂလာဒေခ်ျ့နဲ့ နီးစပ်တဲ့ ရခိုင်ပြည်နယ်ကလည်း တင်ပို့နိုင်အောင် ခုလို ရေချိုငါးမွေးမြူရေး ကို စတင် စမ်းသပ်
မွေးမြူဖို့ စီစဉ်ရတာ ဖြစ်ပါတယ်”ဟု ပြောသည်။

ယခုအခါ ရေချိုငါး မွေးမြူရေးကို စစ်တွေ၊ ပုဏ္ဍားကျွန်း၊ ကျောက်တော်နဲ့ မြေပုံမြို့နယ်များတွင် ဧက ၃၀ ခန့် စတင် စမ်းသပ်မွေးမြူနေပြီ ဖြစ်သည်။

“ အဓိကတော့ ဘင်္ဂလာဒေခ်ျ့ ဈေးကွက်မှာ ရောင်းပန်းလှနေတဲ့ ငါးမြစ်ချင်းတွေကို စတင် မွေးမြူသွားမှာ ဖြစ်ပါတယ်။ ရခိုင်ပြည်နယ်က ရေချိုငါးမွေးမြူရင်လည်း ဖြစ်ထွန်းနိုင်တဲ့ အတွက် ငါးမြစ်ချင်းက
အောင်မြင်နိုင်ပါတယ်” ဟု သူက ဆက်ပြောသည်။

ဇူလိုင်လ ၁၈ ရက်နေ့ကလည်း ကျောက်တော်တွင် ရေချိုငါး မွေးမြူရေးနှင့် ပတ်သက်ပြီး အလုပ်ရုံ ဆွေးနွေးပွဲ တခု ပြုလုပ်ခဲ့ပြီး အဆိုပါ ဆွေးနွေးပွဲသို့ ငါးလုပ်ငန်း ဦးစီးဌာနမှ ဦးထွန်း ၀င်း
တက်ရောက်ခဲ့သည်ဟု သတင်း ရရှိသည်။

ရခိုင်ပြည်သူများ၏ အဓိက အသက်မွေး ၀မ်းကျောင်း လုပ်ငန်းတွင် စိုက်ပျိုးရေး ပြီးလျှင် ငါးလုပ်ငန်း ဖြစ်သော်လည်း တဖြည်း ဖြည်း ရခိုင် ပင်လယ်ပြင်တွင် ငါးများရှားပါးလာမူ အပါအ၀င်
အခွန်အကောက်များပြားခြင်း၊ နိုင်ငံတကာ ငါးဖမ်းသင်္ဘောများနှင့် ပြိုင်ဆိုင် ၍ ငါးဖမ်းမူများ မပြုလုပ်နိုင်သဖြင့် အခက်အခဲများ ကြုံတွေ့လာရချိန်တွင် ရေချိုငါးမွေးမြူရေး လုပ်ငန်း ပေါ်ပေါက်လာသဖြင့်
အများစုက အဆိုပါ မွေးမြူရေး လုပ်ငန်းကို စိတ်ပါ ၀င်စားနေကြောင်း သိရသည်။

နစက တပ်ကြပ်ကြီး တဦး နယ်စပ်တွင် ပစ်သတ်ခံရ

7/29/2010
Adjust font size:

----------------
မင်းဆက်ခိုင်
----------------
ရခိုင်ပြည်နယ် မောင်တောမြို့နယ်တွင် နစက တပ် ကြပ်ကြီး တဦး ကို အမည်မသိသူ တဦးက သေနတ်ဖြင့် ပစ်ခတ် သွားသဖြင့် ဇူလိုင်လ ၂၇ ရက်နေ့က ပွဲချင်းပီး သေဆုံး သွားကြောင်း သတင်း ရရှိသည်။

သေဆုံးသွားသူမှာ တပ်ကြပ်ကြီး စိုးနိုင်ဖြစ်ပြီး မောင်တောမြို့နယ် မကျည်းချောင်း ကျေးရွာအနီးရှိ ကင်းစခန်း တခုမှ ဖြစ်သည်။

တပ်ကြပ်ကြီး စိုးနိုင်နှင့် အတူ တခြား နစက တပ်သားတဦးတို့ မကျည်း ချောင်း ကျေးရွာတွင် အရက်သောက်နေကြစဉ် အမည်မသိသူ တဦး က လာရောက် ပစ်ခတ်သွားခဲ့ ခြင်းဖြစ် သည်ဟု ကျေးရွာသား
တဦးက ပြောသည်။

“ညနေ ၆နာရီလောက် ရှိမယ်ထင်ပါတယ်။ တပ်ကြပ်ကြီး စိုးနိုင်နဲ့ တခြား တပ်သား တဦးဖြစ်တဲ့ ဝင်းမြင့်တို့ အရက်သောက်နေတဲ့ အချိန်မှာ အမည် မသိသူ တယောက်က သေန တ်နဲ့ ပစ်ခတ်ပြီးတော့
ထွက်ပြေးသွား ပါတယ်။ တပ်ကြပ်ကြီး စိုးနိုင်က အဲဒီနေရာမှာပဲ ပွဲချင်းပြီး သေဆုံး သွားခဲ့ပါတယ်။ ”

တပ်ကြပ်ကြီး စိုးနိုင်မှာ မောင်တောမြို့နယ် မကျည်းချောင်းကျေးရွာအနီရှိ နစက စခန်းတခုတွင် တာဝန်ကျနေစဉ် ယခုကဲ့သို့ ပစ်သတ်ခံရခြင်း ဖြစ်သည်။

“ဘယ်သူဘ ယ်ဝါ သတ်တယ်ဆိုတာကိုတော့ အတိကျ မသိရသေးဘူး။ သူ့ကို မကျေနပ်တဲ့ သူတွေထဲက တယောက်ယောက်လ ည်း ဖြစ်နိုင်ပါတယ်။ ဘာဖြစ်လို့လဲဆိုရင် အဲဒီ တပ်ကြပ်ကြီး စိုးနိုင်က
ရွာသားတွေ အပေါ်မှာ ဗိုလ်ကျ ညှင်းပန်း နှိပ်စက် တာတွေ ရှိနေတဲ့ အတွက် ဖြစ်ပါတယ်” သူက ဆက်ပြောသည်။

သို့သော်လည်း အရပ်သားများ အနေဖြင့် နစက တပ်ဖွဲ့ဝင် တဦးကို လုပ်ကြံသတ်ဖြတ်ရန်မှာ မဖြစ်နိုင်ကြောင်း နှင့် နစက အချင်းချင်းထဲက ဖြစ်နို င်ကြောင်း အများက ဝေဖန်ေ ပြာဆိုလျှက် ရှိကြောင်း
သိရသည်။

ယခုအခါတွင် ကျေးရွာသားများကို နစက အာဏာပိုင်များက ခေါ်ယူစစ်ဆေး မေးမြန်းမှုများ ပြုလုပ်နေပြီး အဆိုပါ တရားခံအား အပူတပြင်း လိုက်ရှာနေကြကြောင်း သိရသည်။

အခင်း ဖြစ်ပွားရာ မကျည်းချောင်းကျေးရွာသည် မောင်တောမြို့ တောင်ပိုင်းတွင် ရှိပြီး ယခင်က ရခိုင်လူမျိုးများ နေထိုင်သော ကျေးရွာဖြစ်သော်လည်း ယခုအခါ မူဆလင်အများစု နေထိုင်လျှက် ရှိကြောင်း
သိရသည်။

http://www.narinjara.com/burmese.asp

စစ်အာဏာပိုင်များကို ခပ်ရွံ့ရွံ့ ဖြစ်သဖြင့် ဒေသခံလူထုကျားဖြူပါတီသို့ မ၀င်ရဲ


Thursday , 29 July 2010 18:15 မွေခေါဝ်

သျှမ်းပြည်တောင်ပိုင်း မြို့နယ်အချို့၌ ဒေသခံလူထုက ဆိုင်ရာအာဏာပိုင်များကို ခပ်ရွံ့ရွံ့ဖြစ်နေသဖြင့် မြို့နယ်ကော်မတီဖွဲ့ ပြီးရုံးခွဲဖွင့်ရန်ခက်ခဲကြောင်း ကျားဖြူပါတီဝင်အသိုင်းအ၀ိုင်းမှ ကြားသိရပါသည်။

“မိုင်းရှုး လဲချားနဲ့ နမ့်ဇန်က မျိုးချစ် ပြည်ချစ်အမည်ခံလူကြီး လူလတ်ပိုင်းတွေ ပါတီထဲဝင်ဖို့ တွန့်ဆုတ်နေကြတယ်။သူတို့တ ခုခု စိုးရိမ်နေတယ်။ အဲဒါကြောင့် မြို့နယ် ၂-၃ ခုက
ကော်မတီခွဲဖွဲ့စည်း နိုင်ခြင်းမရှိသေးဘူး” ဟု စည်းရုံး ရေးဆင်းကျားဖြူပါတီ တစ်ဦးက သျှမ်းသံတော်ဆင့်သို့ ပြောပြပါသည်။

လဲချားမြို့တွင် SNDP ပါတီအတွက်လှုပ်ရှားရန် စိတ်အားထက်သန်နေသော လူငယ်များရှိသော်လည်း အမာခံလူကြီးများမရှိ သဖြင့် ကော်မတီဖွဲ့စည်းရန် မဖြစ်နိုင်သေးဟုဆို၏။

“ဒေသခံအာဏာပိုင်တွေ၊ ကြံ့ဖွတ်ပါတီဝင်တွေနဲ့ တစညပါတီကလူတွေကို ခပ်ရံွ့ ရွံ့ဖြစ်ကြလို့ထ င်တယ်။ ကြံ့ဖွတ်ပါတီ စည်း ရုံးရေးဆင်း တဲ့အခါ ဒေသခံအာဏာပိုင်တွေ လိုက်လံကူညီနေတာကိုး။
ကြံဖွတ်ပါတီက သြဇာအာဏာ ရှိတယ်ဆိုတော့ ဆိုင်ရာအာဏာပိုင်တွေ ခြိမ်းခြောက်ပြောဆိုမှာစိုးလို့ထင်တယ်” ဟု လွယ်လင်မြို့ကျားဖြူပါတီဝ င် တစ်ဦးက သုံးသပ်ပါသည်။
ဖွဲ့စည်းနိုင်ခြင်းမရှိသေးသည့် မြို့နယ်ကော်မတီများဖွဲ့စည်း နိုင်သည်အထိ ကျားဖြူပါတီဌါနချုပ်က ဆက်လက်ကြိုးစား သွားမည်ဖြစ်ကြောင်း ၊ ကော်မတီဖွဲ့စည်း ပြီးသည်နှင့် သျှမ်းပြည်တောင်ပိုင်းနှင့်
အရှေ့ပိုင်းသို့ ဌါနချုပ်မှလူကြီးများ ကိုယ်တိုင်ကွင်းဆင်း မည်ဖြစ်ကြောင်း ၎င်းကဆက်လက်ပြောပြပါသည်။

“၂၀၁၀ ရွေးကောက်ပွဲကတော့ တရားနည်းလမ်းကျပြီး လွတ်လပ်တဲ့ ရွေးကောက်ပွဲဖြစ်ဖို့ ခက်ခဲလိမ့်မယ် ” ဟု လဲချား ဒေသခံတစ်ဦးကလည်း ပြောပြပါသည်။

သျှမ်းပြည်အရှေ့ပိုင်း မိုင်းတုံ၊ မိုင်းဆတ်မြို့များ၌လည်း မြို့နယ်ကော်မတီမဖွဲ့စည်းရသေးပေ။ ၁၉၉၀ ပြည့်နှစ် ရွေးကောက်ပွဲ၌ မိုင်းတုံတွင် သျှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ ချုပ် SNLD က ၈၀ %ဖြင့်
အနိုင်ရခဲ့သည်။

ကျားဖြူပါတီသည် သျှမ်းပြည်မြောက်ပိုင်းအတွင်း ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတိုင်းမှအပ ကျန်မြို့နယ်အသီးသီး ၌၎င်း၊ သျှမ်းပြည်တောင်ပိုင်း၌ မြို့တော်တောင်ကြီး၊ ကျေးသီး ၊ လွယ်လင်၊ ပင်လုံ၊ မိုင်းကိုင်၊
ပင်လောင်း၊ မိုးနဲ၊ လန်းခေး၊ မိုင်းပန်၊ သျှမ်းပြည်အရှေ့ပိုင်းတွင် ကျိုင်းတုံ၊ မိုင်းပြင်းတို့၌ ပါတီရုံးခွဲများဖွင့်လှစ် ပြီးဖြစ်သည်။

http://www.mongloi.org/burmese/

ရွှေသံလွင် နှင့် ရတနာပုံ ပူးပေါင်း၍ ရုပ်သံ လိုင်းသစ် ထုတ်လွှင့်မည်

ဖိုက်ဘာ ဆက်ကြောင်း အင်တာနက်လိုင်း (F iber to the Home) စနစ် ပေါ်တွင် ဝန်ဆောင်မှု ပေးမည့် Triple Play
Services တွင် ပါဝင်သော IPTV အစီ အစဉ် အတွက် နိုင်ငံတကာ i-Move TV Channel ကို ပြည်တွင်း ရှိ ပုဂ္ဂလိက ကုမ္ပဏီ တစ်ခုမှ စတင် အကောင် အထည်ဖော် နေပြီ ဖြစ်ေ ကြာင်း စုံစမ်း သိရှိ ရသည်။
Fiber to the Home (FTTH) စနစ် ပေါ်တွင် အခြေခံပြီး နိုင်ငံတကာ ရုပ်သံ လိုင်းများ တိုက်ရိုက် ထုတ်လွှင့်မည့် အစီ အစဉ်ကို ပုဂ္ဂလိက ကုမ္ပဏီ တစ်ခု ဖြစ်သော ရွှေသံလွင် ကုမ္ပဏီ လီမိတက် ၏
လုပ်ငန်းခွဲ တစ်ခု ဖြစ်သည့် ရွှေသံလွင် မီဒီယာ နှင့် ဆက်သွယ်ရေး၊ စာတိုက် နှင့် ကြေးနန်း ဝန်ကြီး ဌာန၏ သတင်း အချက် အလက် နှင့် နည်း ပညာ လုပ်ငန်း များကို လုပ်ကိုင်ခွင့် ရရှိထားသော ရတနာပုံ
တယ်လီပို့ ကုမ္ပဏီ လီမိတက်တို့ ပူးပေါင်း ဆောင်ရွက်ခြင်း ဖြစ်ကြောင်း ပြည်တွင်း ထုတ် 7 Day News ဂျာနယ်တွင် လည်း ဖော်ပြ ထားပါသည်။ ပြည်တွင်း မှ နိုင်ငံတကာ ရုပ်သံလိုင်း များကို တိုက်ရိုက်
ကြည့်ရှု နိုင်စေရန် အတွက် အဓိက ရည်ရွယ်သော အဆိုပါ ထုတ်လွှင့်မှု အစီအစဉ် တွင် ကမ္ဘာ တစ်ဝန်းမှ လူကြိုက် အများဆုံး ရုပ်သံလိုင်း များကို တစ်စု တစ်စည်း တည်း တိုက်ရိုက် ထုတ်လွှင့် ပြသမည်
ဖြစ်ပြီး ရုပ်သံလိုင်း ၂၉ လိုင်း ပါဝင်မည် ဖြစ်ပြီး အခမဲ့ ရုပ်သံလိုင်း (Free Channal) ငါးလိုင်း နှင့် အခပေး ရုပ်သံလိုင်း ၂၄ လိုင်း ပါဝင်မည် ဖြစ်သည်။

အဆိုပါ ရုပ်သံ လိုင်း များပေါင်း ၂၉ လိုင်းတွင် ပြည်တွင်း ရုပ်သံ လိုင်းများပါ ပါဝင်မည် ဖြစ်သည်။ ယင်း ရုပ်သံလိုင်း များအား FttH စနစ်ကို အသုံးပြု သူများ သုံးစွဲ နိုင်မည် ဖြစ်ပြီး၊ CNN, MTV, Star Movies
အစရှိသော နာမည်ကျော် ရုပ်သံလိုင်းများ ပါဝင်မည် ဖြစ်သည်။ အဆိုပါ ရုပ်သံ လိုင်းများ ထုတ်လွှင့် ပြသခွင့်ကို ရွှေသံလွင် ကုမ္ပဏီက ထိုင်းနိုင်ငံရှိ ရုပ်သံလိုင်း အေဂျင်စီများ ထံမှ တစ်ဆင့် ဝယ်ယူ ထားခြင်း
ဖြစ်ပြီး၊ ရတနာပုံ တယ်လီပို့ ကုမ္ပဏီ လီမိတက် မှာ မူရင်း နည်းပညာ အတွက် လိုအပ်သော အိုင်စီတီဆိုင်ရာ အခြေခံ အဆောက် အအုံဖြစ်သည့် Infrastructure ပိုင်းကို ပံ့ပိုး ထားခြင်း ဖြစ်ကြောင်း
သက်ဆိုင်ရာ တာဝန်ရှိသူများ ထံမှ သတင်း ရရှိ ပါသည်။

၂၉ . ၇ . ၂၀၁၀

ပါတီကိုယ်စားလှယ်လောင်း တစ်ဦးအား စည်း ကမ်း ဖောက်၍ ပါတီမှ ထုတ်ပယ်

မတူကွဲပြားခြင်း နှင့် ငြိမ်းချမ်းရေး ပါတီမှ ပါတီ အတွက် မြောက်ဥက္ကလာပ မြို့နယ် လွှတ်တော် ကိုယ်စားလှယ် လောင်း
တစ်ဦးမှာ ပါတီဝင် များ၏ စည်း ကမ်း များနှင့် မကိုက်ညီဘဲ ပါတီအား အလွဲသုံးစား ပြုလုပ် နေသည် ဆိုကာ ပါတီဝင် အဖြစ်မှ ထုတ်ပယ် လိုက်ကြောင်း အဆိုပါ ပါတီမှ အထွေထွေ အတွင်းရေးမှူး
ဦးနေမျိုးဝေက ဇူလိုင် ၂၅ ရက် က ပြောသည်။ “ သူက အလုပ် ခေါ်စာတွေ ရေးတယ်။ အထွေထွေ အတိုင်ပင်ခံ လုပ်ငန်း ပုံစံမျိုး တကယ် အလုပ် မပေးနိုင်ဘဲ ကလေး တွေကို ခေါ်တယ်။ ပါတီ စာရွက်
စာတမ်း တွေကို ပြပြီး အလွဲသုံးစား လုပ်တယ်။ ဒါကြောင့် ဆိုင်း ဘုတ် ဖြုတ်ပြီး ရုံခန်း ပိတ်မယ်။ CEC အဖွဲ့က ဆုံးဖြတ် ပြီးပြီ ” ဟု ဦးနေမျိုးဝေ က ပြောသည်။ ယခုထုတ်ပယ် လိုက်သော လွှတ်တော်
ကိုယ်စားလှယ်လောင်း မှာ မတူ ကွဲပြားခြင်း နှင့် ငြိမ်းချမ်းရေး ပါတီ ၏ မြောက်ဥက္ကလာပ ပါတီ ရုံးခွဲမှ မြို့နယ် လုပ်ငန်း အဖွဲ့ စီမံခန့်ခွဲရေးမှူး ဖြစ်ကြောင်း ၄င်းက ပြောသည်။ “ ပါတီဝင် တွေက
ရိုးရိုးသားသား မပူးပေါင်းဘဲ ကလိန် ကကျစ် ပူးပေါင်း လာကြတာ များတယ်။ ပါတီတွေ အားလုံးလည်း အဖွဲ့ဝင် တွေကို သေချာ စိစစ် ကိုင်တွယ်ဖို့ လိုပါတယ်” ဟု ဦနေမျိုးဝေက ဆက်ပြောသည်။

မတူကွဲပြားခြင်း နှင့် ငြိမ်းချမ်းရေး ပါတီ ရုံးချုပ်မှာ ထောက်ကြန့် မြို့နယ်တွင် တည်ရှိပြီး ဧရာဝတီတိုင်းရှိ ဘိုက လေး၊ ရန်ကုန်တိုင်းရှိ မြောက်ဥက္ကလာပ နှင့် ကြည့်မြင်တိုင မြို့နယ် တို့တွင် ပါတီ ရုံးခွဲများ
ဖွင့်လှစ်ထား ရှိရာမှ ယခု မြောက်ဥက္ကလာပ ရုံးခွဲအား ဖျက်သိမ်း တော့မည်ဟု ဆိုသ ည်။ “သောကြာနေ့ (ဇူလိုင်လ ၂၃) ကတည်းက သူ့ကို ခေါ်နေတာ။ ဟိုရက်ရွှေ့၊ ဒီရက်ရွှေ့နဲ့ လုပ်နေတယ်။
တနင်္ဂနွေနေ့ (ဇူလိုင်လ ၂၅) က ပဲ ဆုံးဖြတ် လိုက်ပြီ။ ဒီနေ့ ရက်စွဲနဲ့ စာထုတ် လိုက်ပြီ ”ဟု ၄င်းက ဇူလိုင် ၂၆ ရက်တွင် ထပ်မံ ပြောသည်။ အဆိုပါ ပါတီမှ မြောက်ဥက္ကလာပ မြို့နယ် လုပ်ငန်း အဖွဲ့
စီမံခန့်ခေ
ွဲ ရးမှူး အား ပါတီဝင် အဖြစ်မှ ရပ်စဲသည့် စာအား ရွေးကောက်ပွဲ ကော်မရှင် မြို့နယ်၊ ခရိုင်၊ တိုင်းရုံး များသို့ စာပေးပို့ သွားမည် ဖြစ်ကြောင်း ၄င်းက ဆိုသည်။ ယခုကဲ့သို့ ပါတီမှ ထုတ်ပယ်
ရပ်စဲခြင်းကို ကာယကံရှင်အား ဆက်သွယ် မရ၍ ပါတီက အကြောင်းမကြားရ သေးကြောင်း 7 Day News ဂျာနယ်တွင် ဖော်ပြ ထားသည်။

၂၉. ၇ . ၂၀၁၀
http://www.hanthawaddy.org/

ထိုင်း-ကမ္ဗောဒီးယားနယ်စပ် ဘုရားကျောင်းကိစ္စ ယူနက်စ်ကို (Unesco) ဆိုင်းငံ့

ဇူုလိုင် ၂၉၊ ၂၀၁၀ (The


Nation)
Thursday , July 29,
2010

ကုလသမဂ္ဂပညာရေး၊ သိပ္ပံနှင့်ယဉ်ကျေးမှု အဖွဲ့အစည်း က အငြင်းပွားနေတဲ့ ပရိဝိဟာ ဘုရားကျောင်း စီမံခန့်ခွဲရေးစီမံကိန်းကို တမြန် နေ့ကနေ


ဒီကနေ့ညထိ ရွှေ့ဆိုင်းထားဖို့ ဆုံးဖြတ်လိုက်တယ်။

ဘရာဇီး လ်နိုင်ငံမှာကျင်းပတဲ့ ကမ္ဘာ့ယဉ်ကျေးမှုအမွေအနှစ် ထိန်းသိမ်းရေးကော်မတီ အစည်း အဝေးမှာ တက်ရောက် နေတဲ့ ထိုင်းနိုင်ငံ


သဘာဝသယံဇာရင်းမြစ်များနှင့်ပတ်ဝန်းကျင်ဆိုင်ရာ ၀န်ကြီး ဆူဝစ်ခွန်ကစ်တီနဲ့ အရေးတကြီးဆွေး နွေးဖို့ ကမ္ဗောဒီးယား ကိုယ်စား လှယ်တွေက
တောင်း ဆိုခဲ့ပြီးနောက်မှာ ဒီရွှေ့ဆိုင်းမှု ဖြစ်လာတာပါ။ ဒီကိစ္စကို ဘန်ကောက်စံတော်ချိန် ည ၁၀ နာရီမှာ အဖွဲ့က ထပ်မံ ဆုံးဖြတ်မှာ ဖြစ်ပါတယ်။

ကမ္ဘာ့ယဉ်ကျေးမှုအမွေအနှစ် ထိန်းသိမ်း ရေးကော်မတီက အငြင်းပွားနေတဲ့ ပရိဝိဟာဘုရားကျောင်းစီမံခန့်ခွဲရေး စီမံကိန်းကို အတည် ပြုတယ်ဆိုရင်


ဝန်ကြီးချုပ်အဖိဆစ်ဝေ့ ချာချီဝ က ယူနစ် စကို အပေါ် လက်တုံ့ပြန်ဖို့လမ်းကို တနေ့က စဉ်းစားထားတာ ဖြစ်တယ်။ ဟိန္ဒူ ဘုရားကျောင်းက
ထွင်းထုထားတဲ့စာတွေမှာ ကမ္ဗောဒီး ယားနိုင်ငံနဲ့ အငြင် ပွားနေတဲ့ နယ်မြေနဲ့ပတ်သက်ပြီး လုပ်စရာ ဘာမှမရှိဘူး ဆို တာကို
ကုလသမဂ္ဂကအေဂျင်စီတွေက အာမခံပြောဆိုနေပေမဲ့လည်း ၀န်ကြီးချုပ်က ဒီရွေးလမ်း ကို ထုတ်ဖော်ပြောဆိုခဲ့တာ ဖြစ်ပါ တယ်။

ဝန်ကြီးတွေ အကြံပြုတဲ့ရွေးလမ်းတွေထဲမှာ သဘာဝသယံဇာတရင်းမြစ်နှင့်ပတ်ဝန်းကျင်းထိန်းသိမ်း ရေးဝန်ကြီး ဆူ၀၀် ခွန်ကစ်တီက တော့


အစည်းဝေးခန်း မထဲက သပိတ်မှောက်ထွက်ခဲ့ဖို့နဲ့ ယူနက်စကိုကော်မတီကနေ ထိုင်းနိုင်ငံကို အဖွဲ့ဝင်အဖြစ်ကနေ ပြန်ရုတ်သိမ်းဖို့ ချိမ်းခြောက်
ကြိမ်းဝါး ပြောဆိုခဲ့ပါတယ်။

အဖီဆစ်က ပရိဝိဟာ ဘုရားကျောင်း ကို စာရင်းသွင်းလိုက်တဲ့အတွက် အိမ်နီးခြင်း ၂ နိုင်ငံကြား ပြဿနာဖြစ်အောင် လုပ်တယ်ဆိုပြီး ယူနက်စကို
ကော်မတီကို အပြစ်တင်ပါတယ်။ ယူနစ်စကိုကသာ ဒီစီမံကိန်းကို လက်ခံလိုက်တယ်ဆိုရင် ဒါက ၂ နိုင်ငံပြည်သူတွေ အ ကြား အကြီးအကျယ်
အကွဲအပြဲတွေ ဖြစ်လာမှာ ဖြစ်တယ်လို့ ကက်ဘိနက် အစည်းအဝေးမှာ ၀န်ကြီးချုပ်ပြောဆိုတာကို သတင်းဌာန က ကိုး ကား ပြောဆိုပါတယ်။

ကမ္ဗောဒီး ယားနိုင်ငံနဲ့နယ်စပ်ပြဿနာ ဖြေရှင်းလို့မပြီးမချင်း ပရိဝိဟာ ဘုရားကျောင်း စီမံခန့်ခွေ


ဲ ရးစီမံကိန်းကို ဆိုင်း ငံ့ထားဖို့ တောင်းဆို ဖို့
အဖိဆစ်က ဆူဝစ်ကို ညွှန်ကြားထားပါတယ်။

http://www.nay tthit.com/

ထွက်ေ ပြးပုန်းအောင်း နေရသော ကျောင်းသူကျောင်းသား ၂၀၀ကျော် ကျောင်း မတက်နိုင်သေး


Submitted by Karen Information Center on Thursday, 29 July 2010No Comment

ဇူလိုင်လ ၂၉ရက်။ စောသိန်း မြင့်(ကေအိုင်စီ)

စာသင်ကျောင်း မီးရှို့ဖျက်ဆီး ခံရသောကြောင့် တောထဲတောင်ထဲ ထွက်ပြေးပုန်းအောင်းနေရသည့် ဖာပွန်ခရိုင်၊ လူသော မြို့နယ်မှ ကျောင်းသူကျောင်းသား ၂၀၀ကျော်သည်
ရက်သတ္တပတ်ကြာမြင့်ပြီဖြစ်သော်လည်း ယနေ့အချိန်ထိ ကျောင်းမတက် နိုင်သေးကြောင်း ကရင် ကျောင်းဆရာ ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (Karen Teacher Work ing Group)က ပြောသည်။

(KTWG)မှ ပြည်တွင်း ကျောင်းတာဝန်ခံ စောသူး မွဲထူးက “ရွာထဲမှာ နအဖက မြေမြှုပ်မိုင်းတွေ ထောင်ထားတဲ့အတွက် အခုချိန် ထိ ရွာသားတွေ ပြန်နေလို့ မရဲကြသေးတဲ့အပေါ်မှာ ကျောင်းသားတွေလည်း
ကျောင်းမတက်နိုင်သေးဘူး။ ကျောင်း ပြန်တက် နိုင်ဖို့အတွက် အရင်ဆုံး ကျောင်းသစ် ထပ်ဆောက်ရအုံးမယ်ဆိုတော့ တလကျော်ကျော်လောက် အချိန်ယူရမယ် ထင်ပါတယ်။ လောလောဆယ်တော့
ကျောင်း ပြန်လည်ဖွင့်လှစ်နိုင်ဖို့အတွက် လိုအပ်တဲ့ ပစ္စည်းကိရိယာတွေကို ကူညီဖို့ ကျနော်တို့ တိုင်ပင် ဆွေးနွေးနေပါတယ် ”ဟု ပြောသည်။
ပြီးခဲ့သည့် ဇူလိုင်လ ၂၃ရက်နေ့က နအဖစစ်တပ် စကခ(၁၀)ဗျူဟာအမှတ်(၂)မှ လူသောမြို့နယ်ရှိ သဒါးဒဲကျေးရွာသို့ ၀င် ရောက်ခဲ့ရာ ရွာလုံး ကျွတ်မီးရှို့ဖျက်ဆီးခဲ့သောကြောင့် သဒါးဒဲရွာ နှင့်
တခြားရွာများမှ ဒေသခံကရင်ရွာသူရွာ သား ၉၀၀ကျော် တောထဲတောင်ထဲ ထွက်ပြေးပုန်းအောင်းခဲ့ရပြီး ထိုအထဲတွင် သဒါးဒဲကျေးရွာ အလယ်တ န်းကျောင်းမှ ကျောင်းသူကျောင်း သား ၂၁၇ဦးနှင့်
ကျောင်းဆရာ၊ ဆရာမ ၁၂ဦးပါရှိသည်ဟု သိရသည်။

အဆိုပါ ထွက်ပြေးပုန်းအောင်းရေသည့် ရွာသူရွာသားများသည် ယခုချိန်တွင် မိုးရာသီဖြစ်နေသဖြင့် တောထဲတွင် နေ့နေ့ညည အမိုးအကာ၊ ဆေးဝါးနှင့် အသုံးအဆောင်ပစ္စည်း များမရှိဘဲ ဒုက္ခမျိုးစုံ
ရင်ဆိုခဲ့ရပြီး တောနက်ထဲတွင် ပုန်းအောင်းနေရသော ကြောင့် အထူးသဖြင့် အမျိုးသမီး များနှင့် ကလေးငယ်များသည် ခြင်အန္တရာယ်နှင့် မသန့်ရှင်းသောရေများကြောင့် ကျန်းမာရေး အတွက်
အထူးစိုးရိမ်ရကြောင်း ဇူလိုင်လ ၂၇ရက်နေ့တွင် ကရင်အမျိုးသားအစည်းအရုံး(ကေအဲန်ယူ)က ထုတ်ပြန်ကြေညာ ချက်တစောင် ထုတ်ပြန်ခဲ့သည်။

ပြီးခဲ့သည့် ၂၅ရက်နေ့တွင်လည်း ဗိုလ်မှူးကြီးစောလားပွယ်ဦးစီး သော ဒီကေဘီအေ တပ်မဟာ (၅)တပ်ဖွဲ့နှင့် နအဖ စစ်တပ်တို့ ကြား နှစ်ဦးနှစ်ဖက် စစ်ေ ရးတင်း မာလာခဲ့ရာ အချိန်မ ရွှေး တိုက်ပွဲဖြစ်နိုင်သည့်
အခြေအနေကြောင့် ကရင်ပြည်နယ်၊ မြ၀တီခ ရိုင်ရှိ ၀ါ့မီထာ့၊ လေးဝေါ်၊ ဆုံဆည်းမြိုင်နှင့် သေဘောဘိုးစသည့်ရွာများမှ စာသင်ကျောင်း ၄လုံး ပိတ်ခဲ့ရသည်ဟု KTW Gက ပြောသည်။

အလားတူ ယခုနှစ် ၂၀၁၀ခုနှစ် ဇန်န၀ါရီလတွင်လည်း ကရင်ပြည်နယ်မြောက်ပိုင်း ညောင်လေးပင်ခရိုင် မုံးမြို့နယ်၌ ကျောင်းသူ ကျောင်းသား ၅၀၀ကျော်ရှိ စာသင်ကျောင်း (၃)လုံးကို နအဖစစ်တပ်က
ဝင်ရောက်မီးရှို့ဖျက်ဆီးခဲ့ပြီး လအနည်းငယ်အတွင်း ကျောင်းများ ပြန်လည်ဖွင့်လှစ်နိုင်ခဲ့ပြီ ဖြစ်သော်လည်း ကျောင်းသူကျောင်သားများ ပြန့်ကျဲသွားသောကြောင့် ယခုအချိန်ထိ စာသင်ကြားရန်
အခက်ခဲရှိနေဆဲဖြစ်သည်ဟု (KTW G)မှ ပြည်တွင်း ကျောင်းတာဝန်ခံက ပြောသည်။

ရွေးကောက်ပွဲနီးလာသည်နှင့်အမျှ ပြည်သူများကို နအဖ ဦးတည် စစ်ဆင်လာ


Submitted by Karen Information Center on Thursday, 29 July 2010No Comment

ဇူလိုင်လ ၂၉ရက်။ စောခါးစူးညား (ကေအိုင်စီ)

၂၀၁၀ ရွေးကောက်ပွဲနီးလာသည်နှင့်အမျှ နအဖ စစ်အစိုးရတပ်များသည် ကရင်ပြည်နယ်၊ ကေအဲန်ယူ နယ်မြေအတွင်းရှိ အပြစ်မဲ့ ပြည်သူများကို ဦးတည်စစ်ဆင်မှုများ စတင်လုပ်ေ ဆာင်လာနေသည်ဟု
ကရင်အမျိုးသားအစည်းအရုံး (ကေအဲန်ယူ) က ပြောသည်။

ကရင်အမျိုးသားအစည်းအရုံး(ကေအဲန်ယူ) ဒု-ဥက္ကဌ ပဒိုစောဒေးဗစ်သကဘောက “ရွေးကောက်ပွဲကလည်း နီးလာပြီလေ။ ကေအဲန်ယူက ဒါကို လက်မခံဘူးဆိုတော့ ကေအဲန်ယူန ယ်မြေမှာရှိတဲ့
ပြည်သူတွေကို သူတို့( နအဖ)က တိုက်ခိုက်လာတာဖြစ်ပါ တယ်။ နောက် သူတို့က ဒီမိုကရေစီအသွင်ပြောင်းမယ်လို့ပြောပေမဲ့ သူတို့ရဲ့ လုပ်ရိုးလုပ်စဉ်လုပ်ငန်းတွေ ဆက်လုပ်နေတာပဲ။
ဒီရွေးကောက်ပွဲပြီးလို့လ ည်း မြန်မာနိုင်ငံမှာ ငြိမ်းချမ်းမှုနဲ့ တည်ငြိ မ်မှု ဖြစ်ေ ပ်ါလာမှာ မဟုတ်ဘူး ။ အခု သူတို့က အပြစ်မဲ့ပြည်သူ တွေအပေါ် ဒီလို တိုက်ခိုက်လာတဲ့အတွက် နိုင်ငံတကာသိအောင်
လုပ်ရမယ်”ဟု ကေအိုင်စီကို ပြောသည်။

ယခုဇူလိုင်လတွင် ကရင်ပြည်နယ်နှင့် အခြားသော ကရင်လူမျိုးများ နေထိုင်ရာ နယ်မြေများတွင် နအဖ စစ်တပ်မှ လူ့အခွ င့်အရေး နှင့် အကြမ်းဖက်မှုလုပ်ရပ်များ ပိုမို လုပ်ဆောင်လာသည်ဟု ဇူလိုင်လ
၂၇ရက်နေ့က ထုတ်ပြန်လိုက်သည့် ကေအဲန်ယူ၏ ကြေညာ ချက်တွင် ဖော်ပြထားသည်။

ထုတ်ပြန်ချက်တွင် ဖော်ပြထားချက်အရ ကရင် ပြည်နယ်၊ မြ၀တီမြို့တောင်ဘက် ဝေါ်လေဒေသတွင် နအဖ စစ်တပ်နှင့် ဒီကေဘီ အေ တပ်ဖွဲ့များ၏ စစ်ရေးပြင်ဆင်မှုများကြောင့် ဇူ လိုင်လ (၂၅)ရက်နေ့က
ဒေသခံ မိသားစု(၁၀၀)ခန့်သည် ထိုင်း နိုင်ငံဘက်ခြမ်းသို့ ထွက်ပြေးတိမ်းရှောင်လာခဲ့ကြောင်း သိရသည်။

ထို့အပြင် ဇူလိုင်လ(၂၃)ရက်၌လည်း ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်တွင် လှုပ်ရှားနေသည့် နအဖတပ်မှ ထိုဒေသရှိ သဒါးဒဲကျေးရွာ ကို မော်တာလက်နက်ကြီးများဖြင့် ပစ်ခဲ့ပြီးနောက် အိမ်ခြေ ၅၀ကျော်၊
ခရစ်ယာန် ဘုရားကျောင်းတကျောင်းနှင့် အလယ်တန်း စာသင်ကျောင်းတကျောင်း မီး ရှို့ဖျက်ဆီးခဲ့ပြီး ထွက်ပြေးတိမ်းရှောင်နေရသော သဒါးဒဲရွာသူရွာသား ၅၄၀ဦးနှင့် ကျောင်းသူကျောင်း သား
၁၇၈ဦးတို့သည် ယုခုမိုးရာသီဖြစ်သဖြင့် နေထိုင်ရေးအတွက် အမိုးအကာနှင့် ဆေးဝါးပစ္စည်း များ လိုအပ်သည့်အပြင့် ဆင်းရဲ ဒုက္ခ အမျိုးမျိုး ရင်ဆိုင်ေ နရသည်ဟု သိရသည်။

အလားတူ ဖာပွန်ခရိုင်မှ နအဖ လှုပ်ရှားတပ်ဖွဲ့ စကခ(၄) လက်အောက်ခံ စစ်ကြောင်း (၂)၊ ခမရ (၇၀၄) တပ်ရင်းမှ သန်းထွန်း ဆိုသူ သည် ပြီးခဲ့သော ဇူလိုင်လ ၁၀ရက်နေ့ညက ခေကော်ရွာသူ
အိမ်ထောင်သည် အသက်( ၂၇)နှစ်အရွယ်ရှိ ကရင်အမျိုးသမီး တဦး အား အဓမ္မပြုကျင့်ခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော် ပြပါရှိသည်။

ကရင်လူထုများအပေါ် နအဖ၏ ထိုးစစ်ဆင်မှုနှင့် လူ့အခွင့်အရေးချိုးဖောက်မှုများကို ရပ်တန့်သွားရန်အတွက် အပြည်ပြည်ဆိုင်ရာ နိုင်ငံများဖြစ်သည့် အမေရိကန်၊ အင်္ဂလန်၊ ဥရောပနှင့်
ကုလသမဂ္ဂကိုယ်စားလှယ်များအနေဖြင့် နအဖစစ်အစိုးရကို ၀ိုင်းဝန်း ဖိအားပေးရန် ထုတ်ပြန်ချက်တွင် တိုက်တွန်းထားသည်။

http://www.k icnews.org/

Thursday, July 29, 2010

မြန်မာလူမျိုးကို မြန်မာ့မြေပေါ်မှာ လာရောက်စော်ကားနေတဲ့ မြောက်ကောင်တွေနဲ့  လက်ခံနေတဲ့ နအဖခွေးအုပ်စု။

မြောက်ကိုရီးယား နိုင်ငံခြားရေးဝန်ကြီး Pak Ui Chun ဟာ မြန်မာနိုင်ငံကို ဒီနေ့ က စပြီး ရောက်ရှိနေပါတယ်။ အိန္ဒိယနိုင်ငံကနေ ပြန်လာမယ့် နအဖနိုင် ငံခြားရေးဝန်ကြီး ဥာဏ်ဝင်း ကို နေပြည်တော်မှာ
သွားရောက်တွေ့ ဆုံမှာ ဖြစ်ပါတယ်။
၁၉၈၃ ခုနှစ်က မြန်မာပြည်မြေပေါ်မှာ လာရောက်ပြီး မြန်မာ ပြည်သူတ စ်ရပ်လုံး လေးစားဦးညွှတ်ကြတဲ့ အာဇာနည်ဗိမာန်ကို ဗုံးခွဲဖျက်ဆီးခဲ့တာကို နိုင်ငံတစ်ခုအနေနဲ့  လူမျိုးတစ်ရပ်အနေနဲ့  တရားဝင်
တောင်း ပန်ခြင်းမပြုသေးတဲ့အပြင် ယခုလည်း မြောက်ကိုရီး ယားတွေက မြန်မာလူမျိုးအပေါ် ထပ်မံစော်ကားလိုက်ပါတယ်။

မြောက်ကိုရီးယားအရေး လေ့လာသူ Bradley K. Martin ရေးသားတဲ့ Under the Loving Care of the Fatherly Leader: North Korea and the Kim Dy nasty စာအုပ်ကို မြန်မာစာရေးဆရာ
ဟိန်းလတ်ကနေ “ကင်မ်ဂျုံ အီ (သို့မဟုတ်) မြောက်ကိုရီးယား၏ ချစ်လှစွာသော ခေါင်းဆောင်ကြီး” အမည်တပ်ထားတဲ့ မြန်မာဘာသာပြန်စာအုပ်ရေးသားခဲ့တာကို ရန်ကုန်မှာ ရှိတဲ့
မြောက်ကိုရီးယားသံရုံးက မြောက်ကောင်တွေက အတင်း အဓမ္မ ပြန်လည်သိမ်းခိုင်းပြီး စာအုပ်ပေါင်း ၅၀၀ ကျော်ကို မီးရှို့ ဖျက်ဆီးပစ်လိုက်ပါတယ်။

ဒီစာအုပ်မှာ မြောက်ကိုရီး ယားခေါင်းဆောင်ကြီး ကင်မ်ဂျုံအီရဲ့  ဘ၀အကြောင်းကို လေ့လာပြုစုရေးသားထားတာဖြစ်ပြီး သူတို့  မြောက်ခေါင်းဆောင်ကြီးကို အနောက်နိုင်ငံတွေကေ ၀ဖန်ထားတာတွေ သူတို့ 
မြောက်တွေရဲ့  ၀ါဒဖြန့် ချီမှုလုပ်ရပ်တွေကို ထည့်သွင်းရေးသားထားတာကြောင့် မြောက်ကောင်တွေ မခံမရပ်နိုင်ဖြ စ်ပြီး မူရင်းအင်္ဂလိပ်စာအုပ်ကိုတင်မက ဘာသာပြန်တဲ့ မြန် မာစာရေးဆရာကို
ပြဿနာလုပ်တာ မြန်မာစာရေးဆရာရဲ့ ဘာသာပြန်စာအုပ်ကို မီးရှို့ ဖျက်ဆီး တယ်ဆိုတာ မြန်မာလူမျိုးတစ်မျိုးလုံး နဲ့  မြန်မာနိုင်ငံကို မြန်မာမြေပေါ်မှာ နောက်ထပ်တစ်ကြိမ် စော်ကားပြုမူလိုက်ခြင်းဘဲ
ဖြစ်ပါတယ်။

ဒီလို မြန်မာလူမျိုးတွေအပေါ်မှာ မြန်မာနိုင် ငံအပေါ်မှာ မိုက်ရိုင်းစွာ စော်ကားရိုင်းပြတဲ့ မြောက်ကောင်တွေကို အိမ်တိုင်ယာရောက် ဖိတ်ခေါ်ပြီး သွားကြီးတဖြီးဖြီးနဲ့  ကြိုဆိုလက်ခံတွေ့ ဆုံမယ့်သူတွေကတော့
နအဖခေါင်းဆောင်ကြီး သန်းရွှေနဲ့  နအဖနိုင်ငံ ခြားရေးဝန်ကြီး ဥာဏ်ဝင်းတို့  တစ်တွေဘဲ ဖြစ်ပါတယ်။
မြန်မာပြည်သူတွေအနေနဲ့  ကိုယ်ရဲ့  တိုင်းပြည်နဲ့  လူမျိုးကို တစ်ကြိမ်မက ထပ်မံစော်ကားနေတဲ့ မြောက်ကောင်တွေနဲ့  နအဖအမျိုးသားသစ္စာ ဖောက်တွေကို ဒီအတိုင်း လက်ပိုက်ြ ကည့်နေကြရင်တော့
မြန်မာလူမျိုးဆိုတာ တိုင်းတစ်ပါးမြေပေါ်မှာ အစော်ကားခံနေကြရတာထက် ပိုဆိုး တဲ့ ကိုယ့်မြန်မာမြေပေါ်မှာတင် အစော်ကားခံနေရတဲ့ လူမျိုးတွေ ဖြစ်ေ နပြါ ပီ။

http://www.niknay man-nik nay man.co.cc/

သန်းရွှေ ရဲ့  အိန္ဒိယခရီးစဉ် (ဟာသ)


သန်းရွှေ ရဲ့  အိန္ဒိယခရီးစဉ် (ဟာသ)

သကြားမင်း ကြီး- ‘’ ဟဲ့ မာတလိ ပေါတာကြီးသန်းရွှေ အိန္ဒိယကိုဘာသွားလုပ်တာလဲကွ။ ဒီကောင်ကြီး အပြင်ထွက်ခဲတယ်ကွ။

မာတလိ- သံတမန် ရပ်ကွက်ကရတဲ့သ တင်းတွေအရ လန်ချား အစီးရေ သန်း၂၀ ၀ယ်ယူဖို့ စာအချုပ်သွားချုပ်တာလို့ သိရတယ် ဘော့စ်။ ‘’

သကြားမင်း ကြီး- ‘’ ဟေ့ ဟုတ်လားကွ ၊ ဒီခေတ်ကြီး ကျမှ လန်ချားပြန်စီးဦးမယ် ‘’

မာတလိ- ‘’လန်ချားတွေကို မြန်မာပြည်မှာ ပြေးဆွဲခြင်းအားဖြင့် လောင်စာ မလိုဘူး။

သယ်ယူပို့ဆောင်ရေးကောင်းလာမယ်။သဘ၀ပတ်ဝန်းကျင်ကိုလည်း မထိခိုက်ဘူးလို့  သူတို့ မဟာဗျူဟာအစည်းဝေးမှာ ဆုံးဖြတ်ထားတယ်။ ဒါကြောင့် အိန္ဒယက လန်ချားတွေရှိသမျှအကုန်ယူမယ်ဆိုပြီး


ပေါတာကြီး ကမန်း ကတန်း စာချုပ်သွားချုပ်တာလို့ သိရတယ်။ အိန္ဒိယမှာ လူတိုင်း တာတာကားကိုစီးကုန်ပြီ ။ လန်ချား ကိုဘယ်သူမှမစီးတော့ဘူး ဘော့စ်။ ‘’

သကြားမင်း ကြီး - ‘’ အို …. မိုင် ….. ဂေါ။ ‘’

မာတလိ- ‘’ မဂေါ့ နဲ့  ဦး ဘော့စ် ။ ၂၀၁၀ ရွေးကောက်ပွဲ မှာ လူတိုင်း မဲရုံကိုလာနိင်အောင် ဒီ လန်ချား တွေ နဲ့  အိမ်တိုင်ရာရောက်လာခေါ်မယ် လို့ သိရပါတယ် ဖရာ့။ ‘’

သကြားမင်း ကြီး -- ( ပထမအကြိမ်ထက်ကျယ်လောင်စွာဖြင့် ) ‘’ အို …. မိုင်… ဂေါ့။’’


http://komoethee.blogspot.com/

ေူမူမၟပ်ြမိုင်းသင့်ူမန်မာဒုက္ခသည်မဵားကို အမေရိကန် ကူညီထောက်ပံ့မ ည်

2010-07- 29

ထိုင်ူးမန်မာနယ်စပ်မြာ ရြိုကတဲ့ေူမူမၟပ်ြမိုင်း ဒဏ်သင့် ဒုက္ခသည်တေကြို ကူညီဖုိႛ အေမရိက န္အစိုးရက Clear Path International (CPI) အဖဲၾႚကုိ ပထမဆုံးအဋ္ဌကိမ် အူဖစ် အမေရိက န်ဒေၞလာ ၁သိန်း
၃သောင်းကေဵာ် ပေးအပ်လိုက်ပၝတယ်။ CPI အဖြဲႚ ဟာ ထိုင်ူးမန်မာနယ်စပ်မြာ အေူခစိုက်္ဘပီးေူမူမၟပ်ြမိုင်းနဲႛ ဗုံးလက်နက် ထိမန်ြဒဏ်ရာရသူတြေ၊ ကိုယ်လက်အဂဿၝ ခဵြိႚယငြ်းသြားသူတေကြို ၂၀၀၂
ခိုံ စ်ြကတည်းက စတင် ကူညီစောင့်ရြောက်ပေးနေတဲ့ အဖြဲႚူဖစ်ပၝတယ်။

(Photo: RFA)

ေူမူမၟပ်ြမိုင်းေုကာင့် ညာေူခူပတ်္ဘပီးေူခတုတပ်ထားရသော ယောက်ဵားလေးတဦးကို ထိုင်း-ူမန်မာ နယ်စပ်တနေရာတငြ် တြေႚ ရပုံဖစ်ပၝသည်။ (Photo: RFA)

ဒီ CPI အဖဲၾႚဟာ အာဖဂန္နစၤတန္၊ ကေမႝာဒီးယားနဲႛ ဗီယက်နမိုံင်ငံတေမြာလည်းေူမူမၟပ်ြမိုင်းသင့် ဒုက္ခသည်တေကြို ကူညီနေတဲ့အဖြဲႚူဖစ်ပၝတယ်။

ေူမူမၟပ်ြမိုင်း နင်းမိတဲ့ အရပ်သားတေကြို ကူညီကုသပေးသလို၊ေူခ၊ လက် ကိုယ်အဂဿၝအစိတ်အ ပိုင်း ဆုံး႟ြံးသြားသူတေကြိုလည်းေူခတု လက်တု စတဲ့ အထောက်အကူ ပြ ပင်္စည်း တြေ နဲႛူပန်လည်ထူထောင်ရေး
လုပ်ငန်းတေကြို လုပ်ဆောင်ေ ပးလဵက် ရြိပၝတယ်။

ဒၝ့အူပင်ေူမူမၟပ်ြမိုင်း နင်းမ္ဘိပီး အသက်ရင်ြလဵက် ကဵန်ရစ်တဲ့ အိမ်ထောင်ဦးစီး၊ အိမ်ထောင်ရင်ြမတြေ အတကြ် အသေးစား စိုက်ပဵြိးရေးနဲႛ မြေူးမရြေး လုပ်ငန်းအတကြ် ခေဵးငြေ ထုတ်တဲ့ ထောက်ပံ့ရေး
အစီအစဉ်ေ တကြိုလည်း လုပ်ဆောင်မယ်လိုႛ သိရပၝတယ်။

အထူးသူဖင့်တော့ ရမြ်ူးပည်နယ်နဲႛ ကရင်ူပည်နယ် နယ်စပ်ဒေသနဲႛ ဒုက္ခသည်စခန်းတေမြာ အဓိက လုပ်ဆောင်ပေးလဵက် ရြိပၝတယ်။


http://www.rfa.org/burmese
http://burmese.dvb.no/

You might also like