You are on page 1of 9

ရွေးကောက်ပွဲ၊ လွှတ်တော်တက်ရန် ပြင်နေသူများနှင့်

လူထုအဆုံးအဖြတ်

ဇင်လင်း / ၂၉ စက်တင်ဘာ ၂၀၁၀

‘အပြည်ပြည်ဆိုင်ရာ လ္ဘူအခွင့်အရေး ကြေညာစာတမ်း’ အပိုဒ် (၂၁) အရ “ရွေးကောက်ပွဲ” ဆိုသည်မှာ


ဒီမိုကရေစီကျင့်စဉ်၏ အစိတ်အပိုင်းတခု၊ ရွေးကောက်ပွဲသည် လ္ဘူအခွင့်အရေးဆိုင်ရာ
ရပိုင်ခွင့်ဆိုသည်ကို ယန္ဘေပြည်သူတ္ဘို ယေဘုယျမျှဖြစ်စေ သိမြင်လာပြီ ဖြစ်ပါသည်။

အပြည်ပြည်ဆိုင်ရာ လ္ဘူအခွင့်အရေးကြေညာစာတမ်း၊ အပိုဒ် (၂၁) တွင် ယခုက့သ


္ဘဲို ဖော်ပြထားသည်။

(၁) လူတိုင်းသည် မိမိတ္ဘိုနိုင်ငံ၏ အစိုးရဆိုင်ရာ လုပ်ငန်းများတွင် တိုက်ရိုက်ဖြစ်စေ၊ လွတ်လပ်စွာ


ရွေးချယ် တင်မြှောက်ထားသော ကိုယ်စားလှယ်များမှ တဆင့်ဖြစ်စေ ပါဝင်ဆောင်ရွက်ရန်
အခွင့်အရေးရှိသည်။

(၂) လူတိုင်းသည် မိမိတ္ဘိုနိုင်ငံ၏ အများပြည်သူဆိုင်ရာ ၀န်ဆောင်မှုလုပ်ငန်းများကို ညီမျှစွာ


ရယူခံစားပိုင်ခွင့်ရှိစေရမည်။

(၃) ပြည်သူအများ၏ ဆန္ဒသည် အစိုးရအာဏာပိုင်စိုးမှု၏ အခြေခံအုတ်မြစ် ဖြစ်စေရမည်။


ဤဆန္ဒများကို ပုံမှန်အချိန်အပိုင်းအခြားအလိုက် ကျင်းပသော၊ ‘စစ်မှန်သော ရွေးကောက်ပွဲများ’ ဖြင့်
ဖော်ပြရမည်ဖြစ်ပြီး ဤရွေးကောက်ပွဲများတွင် လူတိုင်း မခွဲမခြား မဲပေးခွင့်ရှိ၍
လျှို့ ၀ှက်မဲပေးစနစ်ဖြင့်ဖြစ်စေ သ္ဘိုမဟုတ် အလားတူ ညီမျှသော လွတ်လပ်သည့် မဲဆန္ဒပေးနိုင်သည့်
လုပ်ငန်းစဉ်များဖြင့်ဖြစ်စေ ကျင်းပပေးရမည်။

‘အပြည်ပြည်ဆိုင်ရာ လ္ဘူအခွင့်အရေးကြေညာစာတမ်း’ သည် လ္ဘူအခွင့်အရေးဆိုင်ရာ


စံပြုသတ်မှတ်ထားသော အခြေခံ ကတိက၀တ်များလည်းဖြစ်သည်။ ထ္ဘိုပြင် ‘ကုလသမဂ္ဂ
နိုင်ငံသားအခွင့်အရေးနှင့် နိုင်ငံရေးအခွင့်အရေးများဆိုင်ရာ နိုင်ငံတကာသဘောတူညီချက်’ (UN
International Convenant on Civil and Political Rights - ICCPR) ၏ အပိုဒ် (၂၅) တွင်လည်း
“နိုင်ငံသားတိုင်းအား ခွဲခြားကန်္ဘသတ်မှု မရှိစေရဘဲ ‘မဲပေးခွင့် အခွင့်အရေးနှင့် အခွင့်အလမ်း’
ရှိစေရမည်ဖြစ်ပြီး ‘ရွေးချယ်ခံပိုင်ခွင့်’ လည်း ရှိစေရမည်” ဟု ဖော်ပြထားသည်။

မြန်မာနိုင်ငံသည် ၁၉၆၀ ဖေဖော်ဝါရီလ (၆) ရက်တွင် ကျင်းပခဲ့သော တတိယအကြိမ်


ပါလီမန်ဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲ ပြီးသည့်နောက် ဒီမိုကရေစီ
ရွေးကောက်ပွဲကျင့်စဉ်များနှင့် ကင်းကွာနေခဲ့သည်မှာ နှစ်ပေါင်း (၅၀) ခန်္ဘရှိခြဲ့ ပီ။ ဗိုလ်နေ၀င်း
ဦးဆောင်ရေးဆွဲသော ၁၉၇၄ ဖ္ဘွစ
ဲ ည်းပုံဥပဒေအရ ကျင်းပသည့် ရွေးကောက်ပွဲများမှာမူ ဒီမိုကရေစီနှင့်
လ္ဘူအခွင့်အရေးများကို ငြင်းပယ်ဖျက်သိမ်းသည့် ရွေးကောက်ပွဲများဟု သမိုင်းတွင်ခ့သ
ဲ ည်။ ၁၉၇၄
ဖ္ဘွစ
ဲ ည်းပုံက ယှဉ်ပြိုင်သူမရှိ တဦးတည်းပြေးကာ ပထမရရှိသော (မဆလ) တပါတီအာဏာရှင်စနစ်ကို
မွေးထုတ်ခသ
ဲ့ ည်။

၁၉၉၀ ရွေးကောက်ပွဲဥပဒေတွင်လည်း အားနည်းချက် (သ္ဘိုမဟုတ်)


ညစ်ကွက်တခု တွေ္ဘရသည်။ ယင်းညစ်ကွက်မှာ
‘ရွေးကောက်ပွဲရလဒ်များ’ ထွက်ပေါ်လာပြီးနောက် အချိန်ကာလမည်မျှ
အတောအတွင်း မည်သ္ဘိုမည်ပုံ ပြည်သ္ဘူလွှတ်တော်ကို
အသက်ဝင်စေမည်ဟု ဖော်ပြမထားခြင်းဖြစ်သည်။ ဤအချက်သည်
ဒီမိုကရေစီနည်းအရ ရွေးကောက်ပွဲကျင်းပပေးခြင်း၏
ပဓာနကိစ္စလည်းဖြစ်သည်။ ယင်းအချက်ကို ထည့်သွင်းမထားခြင်းသည်
“အစိုးရအာဏာပိုင်များ၊ တာဝန်ရှိသူများက နိုင်ငံသားများ၏ ရွေးချယ်ခံပိုင်ခွင့်ကို
လေးစားအသိအမှတ်ပြုရမည်။ ̏ မဲအရေအတွက် ပြည့်မီသည့် အနိုင်ရ ကိုယ်စားလှယ်များအား
သက်ဆိုင်သည့် အခွင့်အာဏာကို အပ်နှင်းရမည်˝ ဆိုသော အပြည်ပြည်ဆိုင်ရာ စံချိန်စံညွှန်းများအား
လျစ်လျူရှုထားကြောင်း ထင်ရှားစေသည်။

နိုင်ငံတကာ အနက်ဖွင့်ဆိုချက်များအရ ‘ရွေးကောက်ပွဲစနစ်’ ဆိုသည်မှာ နိုင်ငံတခုအတွင်း


ဖြစ်ပေါ်လျက်ရှိသော နိုင်ငံရေးပဋိပက္ခများကို လျှော့ကျအောင်လုပ်သည့် ကိရိယာဟု ဆိုထားသည်။
(မဆလ) တပါတီစနစ်သည် “ငါနှင့်မတူ ငါ့ရန်သူ” သဘောထားဖြင့် ရွေးကောက်ပွဲများကို
တဖက်သတ် ပြုလုပ်ခ့ရ
ဲာ နိုင်ငံရေးပဋိပက္ခများကို လျော့ပါးအောင် လုပ်ရမည့်အစား
တိုးပွားအောင်လုပ်ခ့ေ
ဲ ကြာင်း တွေ္ဘရသည်။ ထ္ဘိုကြောင့် ဒီမိုကရေစီလိုလားသော၊ ပြည်သူများနှင့်
တန်းတူအခွင့်အရေး လိုလားသော တိုင်းရင်းသားများ၏ ဆန်္ဘကျင်မှုကို အဆက်မပြတ်
ရင်ဆိုင်ခ့ရ
ဲ ပြီးနောက် ၁၉၈၈ ဒီမိုကရေစီ လူထုအရေးတော်ပုံကာလ၌ ချုပ်ငြိမ်းခဲ့ရသည်။ စင်စစ်
ရွေးကောက်ပွဲစနစ်နှင့် ဖြစ်စဉ်တ္ဘိုကို ဖြစ်ပေါ်စေသော ဖ္ဘွစ
ဲ ည်းအုပ်ချုပ်ပုံအခြေခံဥပဒေသည်
တိုင်းပြည်တပြည်၏ သာယာဝပြောရေးနှင့် ဖွံ္ဘဖြိုးတိုးတက်ရေးတ္ဘိုအတွက် အခရာကျပေသည်။

ရွေးကောက်ပွဲစနစ်တခုသည် နိုင်ငံတခု၏ နိုင်ငံရေးပဋိပက္ခများကို လျော့ပါးအောင်


စေ့စပ်ပေးနိုင်သကဲ့သ္ဘို ပြည်တွင်းစစ် အသစ်တခုကိုလည်း ဖြစ်ပေါ်စေနိုင်သည်။ လက်ရှိ
မြန်မာနိုင်ငံအခြေအနေသည်ပင်လျှင် ၂၀၀၈ ဖ္ဘွစ
ဲ ည်းပုံအခြေခံဥပဒေ၏ တဖက်စောင်းနင်း
ဖြစ်နေမှုများကြောင့် အကျဉ်းအကျပ် တွေ္ဘနေသည်။ အမှန်ကိုဆိုရလျှင် ၂၀၀၈ ဖ္ဘွစ
ဲ ည်းပုံ၏
ရည်ရွယ်ချက်မှာလည်း ၁၉၇၄ ဖ္ဘွစ
ဲ ည်းပုံနှင့် တထပ်တည်း ဖြစ်နေသည်။ ထ္ဘိုကြောင့် ဤဖ္ဘွစ
ဲ ည်းပုံ
ရည်ရွယ်ချက်ကို ဖြည့်ဆည်းရန် ထွက်ပေါ်လာသည့် “၂၀၁၀ ရွေးကောက်ပွဲဥပဒေ” ဆိုသည်မှာ
နိုင်ငံရေးပဋိပက္ခများကို လျော့ပါးအောင် လုံးဝ လုပ်ပေးနိုင်မည်မဟုတ်။ တိုးပွားလာဖ္ဘိုသာမြင်ရသည်။

နိုင်ငံတကာနှုန်းစံတ္ဘိုအလိုအရ ပြောရလျှင် ရွေးကောက်ပွဲ ကျင်းပသည့် အဓိကရည်ရွယ်ချက်မှာ


လူထုဆန္ဒကို အမှန်တကယ် ကိုယ်စားပြုနိုင်မည့် လူထုကိုယ်စားလှယ်များ ပေါ်ထွက်လာရေး၊
လူထုကိုယ်စားပြု ပါလီမန်လွှတ်တော်နှင့် လူထုကိုယ်စားပြု အုပ်ချုပ်ရေးအဖ္ဘွမ
ျဲား
ပေါ်ပေါက်လာရေးဖြစ်သည်။ ပြည်သူများ၏ ဆန္ဒသည် အစိုးရအာဏာပိုင်စိုးမှု၏ အခြေခံအုတ်မြစ်
ဖြစ်စေရမည်ဟူသော အနှစ်သာရမပျက်ဖ္ဘို အလွန်အရေးကြီးသည်။ ရွေးကောက်ပွဲများတွင်
လူတိုင်းမခွဲမခြား မဲပေးခွင့်ရှိ၍ လျှို့ ၀ှက်မဲပေးစနစ်ဖြင့်ဖြစ်စေ သ္ဘိုမဟုတ် အလားတူ ညီမျှသော
လွတ်လပ်သည့် မဲဆန္ဒပေးနိုင်သည့် လုပ်ငန်းစဉ်များဖြင့်ဖြစ်စေ ကျင်းပပေးရမည်။ ဤအချက်ကို
လက်ရှိ ရွေးကောက်ပွဲ ကျင်းပပေးမည့် အာဏာပိုင်အဖွ္ဘဲအစည်းက တာဝန်ခံရမည်ဖြစ်သည်။
ထ္ဘိုကြောင့် လွတ်လပ်၍ တရားမျှတမှုရှိသော ရွေးကောက်ပွဲများဟုတ် မဟုတ်ဆိုသည်ကို
ဲ စည်းက ခိုင်ခိုင်မာမာ တာဝန်ခံကြီးကြပ်စေရန် ပြည်တွင်းနှင့် နိုင်ငံတကာ
အာဏာပိုင်အဖ္ဘွအ
ရွေးကောက်ပွဲ စောင့်ကြည့်အဖွ္ဘဲများ ရှိဖ္ဘိုလိုခြင်းဖြစ်သည်။

သ္ဘိုသော် အမေရိကန် လက်ထောက်နိုင်ငံခြားရေးဝန်ကြီး မစ္စတာ ကာ့တ်ကမ်ဘဲလ်၏


မေလခရီးစဉ်အတောအတွင်း ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဦးသိန်းစိုးအား
နိုင်ငံတကာရွေးကောက်ပွဲ စောင့်ကြည့်အဖ္ဘွမ
ျဲား ခွင့်ပြုပါမည်လားဟု မေးခဲ့ရာတွင်
ခွင့်ပြုမည်မဟုတ်ကြောင်း၊ သူတ္ဘိုတွင် ရွေးကောက်ပွဲ အတွေ္ဘအကြုံ ပြည့်ပြည့်စုံစုံ ရှိသည်ဟု
အရှက်မ့စ
ွဲာ ပြန်ကြားခဲ့သည်။ ယခုရွေးကောက်ပွဲ ပြုလုပ်မည့် နိုဝင်ဘာ (၇) ရောက်ရန်
တလခွဲခန်္ဘအလိုတွင် စောင့်ကြည့်အဖ္ဘွမ
ျဲားကို ဘာကြောင့် ငြင်းပယ်ခဲ့သနည်းဆိုသော မေးခွန်းအတွက်
အဖြေများ ထွက်ပေါ်နေပေပြီ။ အမြင်သာဆုံး အချက်မှာ နိုင်ငံတကာသဘောတူစာချုပ်များတွင်
တည်ဆဲအစိုးရများအနေဖြင့် အောက်ပါအချက်များကို လေးစားလိုက်နာ စောင့်ထိန်းကြရမည့်
ဝတ္တရားရှိသည်။

● နိုင်ငံရေးပါတီများတည်ထောင်ခွင့်ကို လေးစားအသိအမှတ်ပြု၍ ပါတီအားလုံးကို ဥပဒေရှေ့ မှောက်၌


တန်းတူ အခွင့်အရေးများပေးကာ ယှဉ်ပြိုင်စေရမည်။ အာဏာပိုင်များက ပါတီအားလုံးကို မခွဲမခြား
တန်းတူဆက်ဆံရမည်။

● ပါတီများအား လွတ်လပ်ပွင့်လင်းသော ၀န်းကျင်တွင် နိုင်ငံရေးစည်းရုံးမှုများ


ဆောင်ရွက်ခွင့်ပေးရမည်။ နိုင်ငံရေးပါတီများအပေါ်၌ဖြစ်စေ၊ ကိုယ်စားလှယ်များအပေါ်၌ဖြစ်စေ၊
မဲဆန္ဒရှင်ပြည်သူများအပေါ်၌ဖြစ်စေ၊ အာဏာပိုင်များက မလျော်မကန်ပြုမှု၊ ခြိမ်းခြောက်မှု၊
အကြမ်းဖက်မှု၊ လက်စားချေမှုများ ပြုလုပ်မည်ကို ကြောက်ရံွ့ နေရသည့် အခြေအနေများ မရှိစေရ။

သ္ဘိုသော် အမျိုးသားဒီမိုကရေစီအဖွ္ဘဲချုပ်၊ ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖ္ဘွခ


ျဲုပ်၊
ပြည်ထောင်စုပအ္ဘို၀်အမျိုးသားအဖ္ဘွခ
ျဲုပ်၊ ရှမ်းပြည်ကိုးကန်္ဘ ဒီမိုကရက်တစ်ပါတီနှင့်
အမျိုးသားဖွံ္ဘဖြိုးတိုးတက်ရေးပါတီ အစရှိသည့် (၅) ပါတီကို မှတ်ပုံအသစ် ထပ်မတင်၍ဟုဆိုကာ
ရွေးကောက်ပွဲကော်မရှင်က စက်တင်ဘာ (၁၄) တွင် တရားမ၀င်ပါတီများဟု ကြေညာခဲ့သည်။ တဖန်
အသစ်ထူထောင်သည့် ပါတီများအနက်မှလည်း ပြည်ထောင်စုကရင်အမျိုးသားမျာအဖ္ဘွခ
ျဲုပ်၊
မြန်မာ့လ္ဘူဘောင်သစ်ဒီမိုကရက်တစ်ပါတီ၊ မြန်မာဒီမိုကရေစီကွန်ဂရက်၊ မြိုတိုင်းရင်းသားပါတီ၊
ဒေသဖွံ္ဘဖြိုးတိုးတက်ရေးပါတီ (ပြည်) များကိုလည်း ရွေးကောက်ပွဲတွင် ကိုယ်စားလှယ် (၃) ဦး
မ၀င်နိုင်၍ဆိုကာ ပယ်ဖျက်လိုက်သည်။
ပိုဆိုးသည်မှာ ကချင်ပြည်နယ်တိုးတက်ရေးပါတီ (KSPP)၊ ညီညွတ်သော ဒီမိုကရေစီပါတီ
(ကချင်ပြည်နယ်) (UDP)၊ ရှမ်းပြည်နယ်မြောက်ပိုင်း တိုးတက်ရေးပါတီ (NSSPP) တ္ဘိုကို
အကြောင်းပြချက် ခိုင်ခုင
ိမာမာမပြဘဲ ပါတီထူထောင်ခွင့် မပေးခဲ့ခြင်းဖြစ်သည်။ ဤအချက်မှာ
နိုင်ငံရေးပါတီများ တည်ထောင်ခွင့်ကို လေးစားအသိအမှတ်မပြုခြင်း၊ ပါတီအားလုံးကို
ဥပဒေရှေ့ မှောက်၌ တန်းတူအခွင့်အရေးများ မပေးခြင်းကို ပေါ်လွင်စေသည်။ ထိုမျှမက
ယင်းပါတီများမှ ကချင်တိုင်းရင်းသားကိုယ်စားလှယ်များက ပါတီထောင်ခွင့်မရသဖြင့်
တသီးပုဂ္ဂလအနေဖြင့် ပါဝင်ရန် လျှောက်ထားခြင်းကိုလည်း ရွေးကောက်ပွဲကော်မရှင်က
ပယ်ချခဲ့ပြန်သည်။ ထိုလုပ်ရပ်မှာလည်း “လူတိုင်းသည် မိမိတ္ဘိုနိုင်ငံ၏ အစိုးရဆိုင်ရာလုပ်ငန်းများတွင်
တိုက်ရုက
ိဖြစ်စေ၊ လွတ်လပ်စွာ ရွေးချယ်တင်မြှောက်ထားသော ကိုယ်စားလှယ်များမှ တဆင့်ဖြစ်စေ၊
ပါဝင်ဆောင်ရွက်ရန် အခွင့်အရေးရှိသည်။” ဆိုသော ‘အပြည်ပြည်ဆိုင်ရာ လ္ဘူအခွင့်အရေး
ကြေညာစာတမ်း’ ပါ သဘောတူညီချက်ကို ချိုးဖောက်ခြင်းဖြစ်သည်။

ထ္ဘိုပြင် သတင်းလွတ်လပ်ခွင့်နှင့် လွတ်လပ်စွာ ရေးသားပိုင်ခွင့်မှာလည်း


နိုင်ငံရေးပါတီများအဖ္ဘို အထူးအရေးကြီးသော ကိစ္စပင်ဖြစ်သည်။
ရွေးကောက်ပွဲတခု ကျင်းပရာတွင် နိုင်ငံရေးရာသီဥတုကို
သာယာမျှတအောင် ဖန်တီးထားရှိနိုင်ဖ္ဘို လိုသည်။ ထိုအထဲတွင်
သတင်းစာလွတ်လပ်ခွင့်သည် မရှိမဖြစ် လိုအပ်ချက်ဖြစ်သည်။
သတင်းမီဒီယာကို အကန်္ဘအသတ်မရှိ၊ ခွဲခြားမှုမရှိ၊ လွတ်လပ်စွာ
တန်းတူအသုံးပြုခွင့်ပေးရမည်။ ‘အပြည်ပြည်ဆိုင်ရာ
လ္ဘူအခွင့်အရေးကြေညာစာတမ်း’ အပိုဒ် (၁၉) အရ လူတိုင်းတွင်
လွတ်လပ်စွာ ထင်မြင်ယူဆနိုင်ခွင့်နှင့် လွတ်လပ်စွာ ဖွင့်ဟဖော်ပြနိုင်ခွင့်ရှိသည်။ အများပြည်သူသ္ဘို
သတင်းအချက်အလက် ဖြန်္ဘဝေခွင့်နှင့် ကိုယ်တိုင်လည်း သတင်းအချက်အလက်
လက်ခံရယူပိုင်ခွင့်တ္ဘိုသည် လူတိုင်း၏ ရပိုင်ခွင့်ဖြစ်သည်။ အဆိုပါ လွတ်လပ်စွာ
ထင်မြင်ယူဆနိုင်ခွင့်နှင့် လွတ်လပ်စွာ ဖွင့်ဟဖော်ပြနိုင်ခွင့်ကို မရရှိပါက
ကျန်လ္ဘူအခွင့အ
် ရေးဆိုသည်တ္ဘိုကို ခံစားခွင့်ရရှိရန်မှာ ဖြစ်နိုင်စရာမရှိချေ။ လွတ်လပ်စွာ
ထင်မြင်ယူဆနိုင်ခွင့်နှင့် လွတ်လပ်စွာ ဖွင့်ဟဖော်ပြနိုင်ခွင့်များ ဆုံးရှုံးလျှင် နိုင်ငံရေးပါတီများအဖ္ဘို မိမိတ္ဘို
နိုင်ငံရေးအယူအဆနှင့် မူဝါဒလမ်းစဉ်များကို ပြည်သူလူထု သိရှိနားလည်အောင်
ရှင်းလင်းပြောပြနိုင်ခွင့် ဆုံးရှုံးရမည်ဖြစ်သည်။

လက်ရှိအခင်းအကျင်းအရ ကြံ့ဖံ္ဘပ
ွါတီက အာဏာလက်ရှိ စစ်တပ်ပါတီဖြစ်၍
နိုင်ငံ့ငွေကြေးဘဏ္ဍာများနှင့် နိုင်ငံပိုင် ဆက်သွယ်ရေးယန္တရားများကို အကန်္ဘအသတ်မရှိ ရယူသုံးစွဲကာ
လွတ်လပ်စွာ မဲဆွယ်စည်းရုံးဟောပြောခွင့်ရနေသည်။ ယခုကြံ့ဖံ္ဘပ
ွါတီက ရွေးကောက်ပွဲ
မဲဆွယ်စာစောင်ကို ရောင်စုံ (၈) မျက်နှာ စောင်ရေ (၁) သိန်း ရိုက်နှိပ်၍ အခမဲ့ ဖြန်္ဘဝေနေသည်။
ကာလပေါက်ဈေးထက် တ၀က်လျှော့တွက်လျှင်ပင် ကျပ်ငွေ (၅) သန်းလောက်ရှိမည်။
စိစစ်ဖြတ်တောက်မှာလည်း မပူရ။ အခြားပါတီများမှာ စာပေစိစစ်ရေး၏ စည်းကမ်းများကို
ကြောက်နေရသည်။ စာစောင်ထုတ်ဝေခွင့် မှတ်ပုံတင်ရန် ငွေကြေးမတတ်နိုင်သည့် ပါတီက အများစု။
သ္ဘိုဖြင့် သတင်းမီဒီယာကို အကန်္ဘအသတ်ခံရသည်။ လွတ်လပ်စွာ တန်းတူအသုံးပြုခွင့်မရ။ ရေဒီယို၊
တီဗွီကျပြန်တော့လည်း ပါတီတခု (၁၅) မိနစ်သာ ပေးသည်။ အကန်္ဘအသတ် စည်းမျဉ်းက
အတန်တန်။ (၁၅) မိနစ်မျှနှင့် ကိုယ့်ပါတီမူဝါဒကို လူထုနားလည်အောင် ပြောခိုင်းသည်မှာ
မည်ကာမတ္တပေးသည့် မဲဆွယ်ခွင့်သာဖြစ်သည်။

ထ္ဘိုကြာင့် ပါတီများအား လွတ်လပ်ပွင့်လင်းသော ၀န်းကျင်တွင် နိုင်ငံရေးစည်းရုံးမှုများ


ဆောင်ရွက်ခွင့်ပေးရမည်ဆိုသော သဘောတူညီချက်ကိုလည်း စစ်အစိုးရက
လုံးဝလိုက်နာခြင်းမရှိကြောင်း ထင်ရှားသည်။ စစ်တပ်၏ ကြံ့ဖံ္ဘပ
ွါတီ အသာစီးရရှိရေးအတွက်
အစိုးရအာဏာကိုသုံး၍လည်းကောင်း၊ ငွေကြေးအင်အား အသုံးပြု၍လည်းကောင်း၊ အခြားပါတီ
ကိုယ်စားလှယ်များ၊ မဲဆန္ဒရှင်ပြည်သူများအပေါ်၌ အာဏာပိုင်များက မလျော်မကန်ပြုမှု
ခြိမ်းခြောက်၍လည်းကောင်း လုပ်ဆောင်ချက် အများအပြား တွေ္ဘရသည်။ ထ္ဘိုကြောင့် အခြားပါတီများ
လွတ်လပ်စွာ စည်းရုံးခွင့်မရရှိကြ။

ယခုရွေးကောက်ပွဲတွင် ပြည်သ္ဘူလွှတ်တော်အတွက် ကိုယ်စားလှယ် (၃၃၀)၊


အမျိုးသားလွှတ်တော်အတွက် ကိုယ်စားလှယ် (၁၆၈)၊ ပြည်နယ်နှင့်
တိုင်းဒေသကြီးလွှတ်တော်အတွက် ကိုယ်စားလှယ် (၆၆၀)၊ စုစုပေါင်း ကိုယ်စားလှယ် (၁၁၅၈)
ဦးအတွက် ပါတီများ ပြိုင်ဆိုင်ကြရမည်ဖြစ်သည်။ သ္ဘိုသော် ကိုယ်စားလှယ်တဦးလျှင် မှတ်ပုံတင်ကြေး
(၅) သိန်း တင်ရမည်ဟု စစ်အာဏာပိုင်တ္ဘိုက ညစ်ပတ်လိုက်သည်။ ဤငွေကြေး
အဟန်္ဘအတားကြောင့် အခြားအတိုက်အခံပါတီများထဲမှ ကိုယ်စားလှယ် (၂၀၀) ပြည့်အောင်
ဝင်ပြိုင်နိုင်သည့် ပါတီမရှိ။ ကြံ့ဖံ္ဘက
ွ နေရာအားလုံးပြိုင်သည်။ တစညက နေရာ (၉၈၀)
ကျော်ပြိုင်သည်။ ရွေးကောက်ပွဲ မလုပ်ခင်ကပင် အဖြေက ထွက်နှင့်နေပြီ။ အတိုက်အခံအတွက်
နေရာမရှိသည့် လွှတ်တော်၊ ကက်ဘိနက်ဖ္ဘွခ
ွဲင့် မရှိသည့် လွှတ်တော်၊ ရွေးကောက်ခံ
ကိုယ်စားလှယ်မဟုတ်သည့် စစ်ဗိုလ်သမ္မတက ပြဋ္ဌာန်းလိုသည့် ဥပဒေများကို အတည်ပြုပေးရမည့်
ရုပ်သေးလွှတ်တော် မျှသာဖြစ်သည့် အချက်ကို မျက်ကွယ်ပြုလျက် လွှတ်တော်တက်ရန်
စိတ်ကူးယဉ်ကြသူများ ရှိနေသည်။

မဲစာရင်းများလည်း တပြည်လုံးတွင် စနစ်တကျ ထုတ်ပြန်ပေးခြင်းမရှိ။ မဲစာရင်း ကူးယူလိုသည့်


ပါတီများကိုလည်း တမျက်နှာ (၂၀၀) ကျပ် ပေးရမည်ဟု ငွေကြေးနှင့် ပိတ်ဆ္ဘိုလိုက်ပြန်သည်။
ရွေးကောက်ပွဲ မသမာမှုကို ကန်္ဘကွက်ဖ္ဘိုက ပို၍ပင် ခက်ခဲသေးသည်။ ငွေကျပ် (၁၀) သိန်းတင်မှ
ကန်္ဘကွက်ခွင့်ရမည်ဆိုသည်။ ဤမျှ မတော်မတရား ညစ်ပတ်ထားသည့်
ရွေးကောက်ပွဲအစီအစဉ်များမှာ ယခုမှ အစပျိုးကာစသာရှိသေးသည်။ နိုဝင်ဘာ (၇) ရက်နီးလာလေ
ညစ်ပတ်ကောက်ကျစ်မှုများ ပို၍ ပို၍ များလာလေဖြစ်ဖ္ဘို သေချာသည်။ အညစ်ပတ်ဆုံးကိစ္စကိုလည်း
မျက်ဝါးထင်ထင် မြင်နေရပြီးဖြစ်သည်။ စစ်တပ် (၄) ပုံ (၁) ပုံ ယူပါရစေဆိုသည်ကို
သဘောတူလိုက်သဖြင့် ယခု ကြံ့ဖွံ္ဘစစ်တပ်ပါတီ ထပ်ဖ္ဘွက
ဲာ စစ်တပ်က လွှတ်တော်များတွင် (၄) ပုံ (၃)
ပုံ မက အပိုင်စီးတော့မည်။ လွှတ်တော်ထဲတွင် political space ရှာမည်ဆိုသူများ ယခုထိ
သဘောမပေါက်သေး၊ အရှည်ကို မမြင်နိုင်သေးသည်မှာ အံ့စရာဟု ဆိုရတော့မည်။

စင်စစ် စစ်အုပ်စု မလျော်မကန် ကြံစည်နေသော ၂၀၁၀ ရွေးကောက်ပွဲ၏ အဓိက ပစ်မှတ်မှာ


ဒေါ်အောင်ဆန်းစုကြည် ဖြစ်သည်။ ၁၉၉၀ ရွေးကောက်ပွဲရလဒ်နှင့် ဒေါ်အောင်ဆန်းစုကြည်၏
အခန်းကဏ္ဍကို ၂၀၁၀ ရွေးကောက်ပွဲအသစ်ဖြင့် စစ်အုပ်စုက ချေဖျက်ရန် လုပ်နေခြင်းဖြစ်သည်။
ထိုသ္ဘို မူလရည်ရွယ်ချက် ကိုယ်၌က မရိုးသားသည့်အလျောက် စစ်အစိုးရ၏ ၂၀၀၈ နာဂစ်ဖ္ဘွစ
ဲ ည်းပုံနှင့်
“နိုင်ငံရေးပါတီများ မှတ်ပုံတင်ဥပဒေ” စသည်တ္ဘိုသည် ‘ဒီမိုကရေစီဆန်္ဘကျင်ရေး၊
ဒေါ်အောင်ဆန်းစုကြည် ဆန်္ဘကျင်ရေး စီမံချက်’ ဖြစ်နေကြောင်း ထင်ရှားသည်။ ထ္ဘိုကြောင့်
ပြည်တွင်းပြည်ပ နိုင်ငံရေးအကဲခတ်များက ၂၀၁၀ ရွေးကောက်ပွဲကို အတုအယောင်ဟု
အကဲဖြတ်ကြခြင်းဖြစ်သည်။ အဓိက အတိုက်အခံ NLD ကို ရွေးကောက်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ခွင့်
မပေးလို မပေးရဲသည့် သဘော၊ ဒေါ်အောင်ဆန်းစုကြည်အား လူထုက ထပ်မံရွေးချယ်မည်ကို
ကြောက်လန်္ဘနေသည့် သဘောက ပေါ်လွင်လွန်းသည်။

သ္ဘိုတစေ NLD သည် လူထုတိုက်ပွဲအတွင်းမှ ပေါ်ထွက်ခ့သ


ဲ ည့် လူထုပါတီဖြစ်သည်။
အာဏာရှင်အလိုကျ ပါတီမဟုတ်သဖြင့် အာဏာရှင်က အသိအမှတ်မပြုရုံနှင့် NLD
ပျောက်ကွယ်သွားမည်မဟုတ်။ လူထုအကျိုးကို မဆောင်နိုင်တော့၍ လူထုက
အသိအမှတ်မပြုတော့လျှင်သာ ကွယ်ပျောက်သွားနိုင်သည်။ NLD က ပါတီမှတ်ပုံမတင်၊
ရွေးကောက်ပွဲမ၀င်ဟု ဆုံးဖြတ်ဆောင်ရွက်လိုက်ခြင်းမှာ စစ်အာဏာကို
အာခံဆန့် ကျင်လိုက်ခြင်းဖြစ်သည်။ မတရားသည့် အမိန်္ဘအာဏာကို ဖီဆန်ခြင်း (Civil
Disobedience) ဖြစ်သည်။ NLD ၏ အမြင့်ဆုံး သပိတ်တိုက်ပွဲ ပုံသဏ္ဍာန်လည်းဖြစ်သည်။ NLD
သည် တိုက်ပွဲအတွင်း၌ ဆက်ရှိနေသည်။ စစ်အာဏာကို သိဒ္ဓိတင်ပေးရမည့်
ရွေးကောက်ပွဲမှန်းသိသိနှင့် ရွေးကောက်ပွဲဝင်ကြသူများသာ ဒီမိုကရေစီတုက
ိပွဲ စည်းအပြင်၌
ရောက်နေကြခြင်းဖြစ်သည်။

ပြည်သူအများကမူ ထိုမျှလောက် မေ၀၀ါးကြ။ တပ်ဦးပါတီများဖြစ်သည့် အမျိုးသားဒီမိုကရေစီအဖွ္ဘဲချုပ်၊


ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွ္ဘဲချုပ်နှင့် လွှတ်တော်ကိုယ်စားပြုကော်မတီ (CRPP) တ္ဘို၏
သပိတ်တိုက်ပွဲခေါ်သံကို စတင်ထောက်ခံလာနေကြပြီ။ ယန္ဘေပြည်သူသည်
နိုင်ငံရေးစိတ်မ၀င်စားသော ပြည်သူမဟုတ်။ စစ်အာဏာရှင်သည် ပြည်သူကို
နိုင်ငံရေးစိတ်မ၀င်စားရဲအောင် အကြီးအကျယ် ရက်ရက်စက်စက် ဖိနှိပ်ခဲ့သည်။ မအောင်မြင်ခ့။ဲ

ယန္ဘေ သတင်းနည်းပညာခေတ်တွင် ပြည်သူလူထုဘက်၌ လူထုဆက်သွယ်ရေးနည်းပညာ၊


အင်တာနက်ကွန်ရက်၊ သတင်းမီဒီယာစသည်တ္ဘို ရှိနေသည်။ လူထုနားမျက်စိ အပျော်တမ်း
သတင်းသမားလူငယ်များ၊ ဘလော့ဂါများလည်း ရှိနေပြီ။ ထ္ဘိုကြောင့် စစ်အာဏာရှင်တ္ဘို ၀ါဒဖြန်္ဘချိသလို
၂၀၁၀ ရွေးကောက်ပွဲသည် ပြည်သူလူထုအဖ္ဘို တခုတည်းသော ရွေးချယ်စရာ ထွက်ရပ်လမ်းဆိုခြင်းကို
မျက်ကန်းရမ်းဆ လက်ခံကြလိမ့်မည်လည်းမဟုတ်။

လွတ်လပ်မျှတသည့် ရွေးကောက်ပွဲလား၊ အတုအယောင် ရွေးကောက်ပွဲလား။ အရောင်အသွေးစုံ


ပါဝင်ခွင့်ရှိသည့် ရွေးကောက်ပွဲလား၊ နိုင်ငံတကာ လေ့လာအကဲခတ်သမားများ၏ ရှေ့ မှောက်၌
မြင်သာထင်သာ ကျင်းပသည့် ရွေးကောက်ပွဲလား၊ တံခါးပိတ် ကျင်းပသည့် ရွေးကောက်ပွဲလား
စသည်ဖြင့် မဆန်းစစ်ဘဲ နေကြမည်လည်းမဟုတ်။ ယခု ရွေးကောက်ပွဲသည် နိုင်ငံရေးပဋိပက္ခများကို
လျော့ကျစေခြင်းထက် ပြည်တွင်းစစ်အသစ်တခုဆီ ဦးတည်နေသည်ကို လူထုက မမြင်ဘဲ
နေမည်မဟုတ်။ လူထုသည် အချိန်ကျလျှင် နိုင်ငံရေးတာဝန်ကျေပွန်ကြသူများ ဖြစ်ကြောင်း
သမိုင်းတွင် အထပ်ထပ်အဖန်ဖန် တွေ္ဘခ့ရ
ဲ ပြီးဖြစ်သည်။

သ္ဘိုဖြစ်၍ ယခု ၂၀၁၀ နိုင်ငံရေးလမ်းဆုံတွင်လည်း လူထုသည် စစ်အာဏာရှင်တ္ဘို ဆင်ထားသော


သေတွင်းထောင်ချောက် လမ်းမှားသ္ဘို လိုက်ကြမည်မဟုတ်သည်မှာ သေချာသည်။
အဆုံးအဖြတ်ကာလရောက်လျှင် လူထုကပင် ဆုံးဖြတ်ပါလိမ့်မည်။ ထိုအချိန်ရောက်လျှင်
လူထုအသံကို နာခံရန် နိုင်ငံရေးသမားတ္ဘို ပြင်ထားကြပါကုန်။ ။(ခေတ်ပြိုင်)

You might also like