You are on page 1of 2

မြန်မာနိငု င

် လ
ံုးံ ဆိင
ု ရ
်ာ အထွေထွေသပိတေ် က်ာမတီ
All Burma General Strike Committee (ABGSC)
---------------------------------------------------------------------------------
(နအဖ) စစ်အပ
ု စ
်ုမှ ရွေးကောက်ပက
ွဲို ချက်ချင်းဖျက်သမ
ိးရန်နင
ှ့်
မြန်မာနိင
ု င
် လ
ံုးံ ဆိင
ု ရ
်ာ အထွေထွေသပိတ် စတင်မည်ဖြစ်ကြောင်းကြေညာချက်

နေ့စွဲ ။ ။ ၂၀၁၀ ခုနစ


ှ် ၊ အောက်တဘ
ိုာလ(၁၇)ရက်နေ့

မြန်မာနိုငင
် သ
ူံ နိင
ု င
် သ
ာံးအပေါင်းတို -့ ------ တိက
ု ပ
် ဝ
ွဲ င်ရန် လက်ချင်းဆက်ကြလော့

( ၁ ) ကျွန်ုပ်တို့ ၏ ဒီမိုကရေစီအရေးနှင့် လူ့ အခွင့်အရေး ချိုးဖေါက်ခံနေရမှုများသည် လွန်ခဲ့ သော


၁၉၆၂ ခုနှစ် စစ်အာဏာရှင်ဗိုလ်ချုပ်နေ၀င်းက လက်နက်အားကိုးဖြင့် အုပ်ချုပ်နေခဲ့ သည့်အချိန်မှစပြီး၊ ယနေ့
ဗိုလ်ချုပ်မှူးကြီးသန်းရွှေ၏ နအဖစစ်အစိုးရအုပ်စိုးနေသော ယခုအချိန်ထိပင် နေ့စဉ်နှင့်အမျှ အမြဲခံစား
ဆုံးရှုံးနေရပါသည်။
စစ်အာဏာရှင်လက်အောက်မှ လွတ်မြောက်ရေးအတွက် တိက
ုပွဲဝင်ခဲ့ကြသော ရဟန်းရှင်လူ ကျောင်းသား
ပြည်သူတရပ်လုံးမှာ သတ်ဖြတ်ခံရခြင်း ၊ နှိပ်စက်ခံရခြင်း ၊ နှစ်ရှည်ထောင်ဒါဏ် ကျခံရခြင်း ၊
ထောင်တွင်းသေဒါဏ် ပေးခံရခြင်းနှင့် ပြည်ပနိုင်ငံများသို့ ထွက်ပြေး တိမ်းရှောင်ရခြင်းတို့ မှာ လွန်ခဲ့ သော
နှစ်ပေါင်း (၄၈) နှစ်ကာလကပင် ဖြစ်ပေါ်ခဲ့ပါသည် ။
တန်ဖိုးဖြတ်မရနိုင်သော နိုင်ငံ့သားကောင်းရတနာတို့ မှာ စစ်အာဏာရှင် စနစ်လက်အောက်၌ အသက်ပေါင်း
များစွာပေးဆပ်ခဲ့ရပါသည်။ ယခုအချိန်ထိ အကျဉ်းထောင်တွင်းမှာ ရှိနေကြသော ကျွန်ုပ်တို့၏ ညီအကို မိဘ
မောင်နှမ ဆွေမျိုးသားချင်းတို့ မှာ ဆင်းရဲပင်ပမ်းကြီးစွာ ထောင်တွင်း၌နှိပ်စက်ခံရကာ မြန်မာနိုင်ငံဒိမိုကရေစီ
ရရှိရေးနေ့ကို ယုံကြည်ချက်ပြင်းပြစွာ သွေးသံရဲရဲနှင့် စောင့်ဆိုင်းနေကြရပါသည် ။
နာကြည်း တောက်ခေါက်သံများဖြင့် ရှိနေကြသော နိုင်ငံရေးအကျဉ်းသားတို့ မှာ မြန်မာနိုင်ငံကို အင်္ဂလိပ်တို့
နယ်ချဲ့သိမ်းပိုက်ထားချိန်က ဖမ်းဆီးထောင်ချထားခဲ့သော နိုင်ငံရေးအကျဉ်းသားများထက် အဆပေါင်း
ထောင်ချီကာ ရှိနေကြသော်လည်း အလံမလှဲဒူးမထောက် ရှိနေကြဆဲ တိက
ုပွဲဝင်နေကြဆဲရှိနေကြပါသည် ။

( ၂ ) အကျဉ်းထောင်ထဲမှာ ရှိနေကြသော ကျောင်းသားကျောင်းသူများအား ပညာသင်ကြားနိုင်ရန်


ထောင်များမှလွတ်မြောက်စေရေးသည် ကျွန်ုပ်တို့ ၏ အလိုချင်ဆုံးသော အကြောင်းအရာဖြစ်ပါသည် ။
ရဟန်းသံဃာများအား ဘုန်းကြီးကျောင်း၊ စာသင်တိုက်၊ ဘုရားပုထိုး၊ စေတီပရ၀ုဏ်များတွင် ဗုဒ္ဒဘာသာ
သာနာတော်ကို အဓွန့်ရှည်စေရေးအတွက် တရားဘ၀နာများကို ဆောက်တည်နိုင်စေရန်
ထောင်မှလွတ်မြောက်စေရေးသည် ကျွန်ုပ်တို့ ၏ အမွန်မြတ်ဆုံးသော လိုအင်ဆန္ဒဖြစ်ပါသည် ။
၈၈ ကျောင်းသားခေါင်းဆောင်များအား ထောင်မှလွတ်မြောက်စေရေးသည် မြန်မာနိုင်ငံကို ဒီမိုကရေစီ
လမ်းကြောင်းအပေါ် ရောက်ရှိစေနိုင်မည်ဖြစ်၍ သူတို့ အား ထောင်မှလွတ်မြောက်စေရေးသည် ကျွန်ုပ်တို့၏
ပြတ်သားသောခံယူချက်ဖြစ်ပါသည် ။
တိုင်းရင်းသားနိုင်ငံရေးခေါင်းဆောင်များအား သူတို့၏ တိုင်းနှင့်ပြည်နယ်များကို ဖွံ့ဖြိုးတိုးတက်စေရေးအတွက်
ဆောင်ရွက်နိုင်စေရန် ထောင်မှလွတ်မြောက်စေရေးသည် ကျွန်ုပ်တို့၏ တိကျသော ယုံကြည်ချက်ဖြစ်ပါသည်။
ကမ္ဘာ့အလယ်တွင် နိုင်ငံတကာနှင့် မည်သို့မျှယှဉ်ထိုးပြ၍ မရနိုင်သော လူနေမူစနစ် ညံ့ဖျင်းမူများနှင့်
စီးပွါးရေးချွတ်ချုံကျမှု၊ အဆင်းရဲဆုံးနိုင်ငံဖြစ်မူ၊ ဒီမိုကရေစီအခွင့်အလမ်းနှင့် လူ့အခွင့်အရေးစံနှုံန်းများ
ချိုးဖေါက်ခံစားရမှုတို့ကိုဖြတ်ကျော်ပြီး မြန်မာနိုင်ငံအား စစ်မှန်သော ဒီမိုကရေစီနိုင်ငံတော်သစ်ဆီသို့
အသွင်ကူးပြောင်းသွားစေရန် ကျွန်ုပ်တို့၏ ရည်မှန်းချက်တို့သည် အဓိက အန္တိမရည်မှန်းချက်ဖြစ်ပါသည် ။

( ၃ ) မြန်မာနိုင်ငံတွင် စစ်အာဏာရှင်စနစ် ရှိနေသမျှ ကာလပတ်လုံး နိုင်ငံ့သားကောင်း ရတနာများမှာ


အကျဉ်းထောင်တွင်း၌ ရှိနေမည်ဖြစ်ပြီး ကျွန်ုပ်တို့ ၏ စစ်မှန်သောဒီမိုကရေစီ အခွင့်အလမ်း များသည်လည်း
မည်သည့်အခါမှ ရရှိလိမ့်မည်မဟုတ်ဟု ယုံကြည်သည် ။
လွန်ခဲ့သော ၁၉၈၈ ခုနှစ်၌ မြန်မာနိုင်ငံ ဒီမိုကရေစီအရေးအခင်းကာလတွင် ၈၈ ကျောင်းသားများဦးဆောင်ပြီး
ပြည်လုံးကျွတ်အထွေထွေသပိတ်ခေါ်ယူကာ မဆလအစိုးရအား ငြိမ်းချမ်းစွာဆန္ဒပြတောင်းဆိုခဲ့ကြဖူးပါသည်
။ ယင်းအချိန်က မဆလအစိုးရမှာ ပြုတ်ကျသွားခဲ့ရပြီး လက်နက်အားကိုးတဲ့ (န၀တ) စစ်အုပ်စုမှ ( ၁၉၉၀ )
ရွေးကောက်ပွဲကို ပြုလုပ်ပေးခဲ့သော်လည်း ရွေးကောက်ခံ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို
အာဏာလွှဲပြောင်းမပေးခဲ့ဘဲ ယခုအချိန်ထိ စစ်အာဏာရှင်စနစ်ဖြင့် မတရားအုပ်ချုပ်လျှ က်ရှိနေဆဲဖြစ်ပြီး
လာမည့် နိုဝင်ဘာလ (၇)ရက်နေ့ တွင်စစ်အစိုးရမှ ရွေးကောက်ပွဲ ပြုလုပ်ပြီး အရပ်သား အစိုးရကို ဖွဲ့စည်းကာ
မြန်မာနိုင်ငံ၌ စည်းကမ်းရှိသောဒီမိုကရေစီနိုင်ငံဖြစ်ပြီဟု နိုင်ငံတကာမှ အစိုးရအဖြစ် အသိအမှတ်ပြုရန်
ပြင်ဆင်နေပါသည် ။
ဤရွေးကောက်ပွဲသည် ၁၉၉၀ ခုနှစ် ရွေးကောက်ပွဲရလဒ်ကို အကောင်အထည်မဖေါ်သည့်အပြင်
ဒီမိုကရေစီလမ်းစကိုလည်း လျှောက်လှမ်းနိုင်မည့်အခြေအနေမဟုတ်ကြောင်း ကျွန်ုပ်တို့မှ လုံးဝ
ယုံကြည်သည်။ ကျွန်ုပ်တို့၏ ယုံကြည်ချက်များသည် အမျိုးသားဒီမိုကရေစီ အဖွဲ့ ချုပ်ခေါင်းဆောင်
ဒေါ်အောင်ဆန်းစုကြည်၏ အမြင်သဘောထားနှင့် ထပ်တူထပ်မျှ ဖြစ်ပါသည် ။
သို့ဖြစ်ပါ၍ လာမည့် (၂၀၁၀) နိုဝင်ဘာလ (၇)ရက် ရွေးကောက်ပွဲအား ဖျက်သိမ်းရန် (နအဖ)
စစ်အုပ်စုအား တောင်းဆိုလိုက်သည်။
ဤကြေညာချက်ကို ထုတြ် ပန်သည့်နေ့မှစ၍ မလိုက်နာပါက ကျွန်ုပ်တို့၏ မြန်မာနိုင်ငံလုံးဆိုင်ရာ
အထွေထွေသပိတ်ကို နိုင်ငံအ၀ှမ်း ကျင်းပလှုပ်ရှားသွားမည်ဖြစ်ကြောင်း စစ်အုပ်စုအား ရာဇသံ
ပေးလိုက်သည်။ ကျွန်ုပ်တို့၏ မြန်မာနိုင်ငံလုံးဆိုင်ရာ အထွေထွေသပိတ်ကြီးကို မင်္ဂလာနေ့ရက်ဖြစ်သော (
R
၂၃/၁၀/၂၀၁၀ )၊ သီတင်းကျွတ်လပြည့် အဘိဓမာ အခါတော်နေ့တွင် (နအဖ) စစ်အုပ်စုရဖြုတ်ချရေး၊
စစ်အာဏာရှင်စနစ် ဖယ်ရှားရေးအတွက် ပြုလုပ်ဆောင်ရွက်ကြမည်ဖြစ်ကြောင်း
ထုတ်ပြန်ကြေညာလိုက်သည်။

အတုအယောင်ရွေးကောက်ပွဲ ဖျက်သိမ်းပေးရေးကိုဝိုင်းဝန်းလှုပ်ရှားကြ
၂၃---၁၀---၂၀၁၀ မြန်မာနိုင်ငံလုံးဆိုင်ရာ အထွေထွေသပိတ်ကို ၀ိုင်းဝန်းပူးပေါင်းဖေါ်ဆောင်ကြ

ဆက်သယ
ွ ရ
် န် …....... abgsc2010@gmail.com

မြန်မာနိင
ု င
် လ
ံုးံ ဆိင
ု ရ
်ာ အထွေထွေသပိတေ
် က်ာမတီ

You might also like