You are on page 1of 1

ûO.N.S.O.B (H.

Q) DK
Overseas National Students’ Organization of Burma (H.Q) Denmark
============================================================================
ONSOB was founded on 22, August 1990 in Thailand, Bangkok by exile Burmese students.
============================================================================
ဖက်ဒရယ်ပြည်ထောင်စေ
ု ပ်ါထွန်း ရေး ကော်မတ
ီ ဖ
ွီဲ့စည်းခြင်းနှငပ
့် တ်သက်ပြီး

သဘောထား ထုတြ် ပန်ကြေညာချက်


ရက်စွဲ ။ ။ ၀၄၊ ၁၁၊ ၂၀၁၀

ထိုင်းမြန်မာနယ်စပ် မဲဟောင်ဆောင်ခရိုင်တွင် ၀၂၊ ၁၁၊ ၂၀၁၀ ရက်နေ့မှ ၀၄၊ ၁၁၊ ၂၀၁၀ ရက်နေ့ထိ
မြန်မာစစ်အစိုးရနှင့် ငြိမ်းချမ်းရေးရယူထားပြီး မြန်မာစစ်အာဏာရှင်များ၏ နယ်ခြားစောင့်တပ်အဖြစ်
အသွင်ကူးပြောင်းရပ်တည်ရန် သဘောမတူနိုင်သော တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များဖြစ်သည့် ကချင်၊ မွန်၊
ရှမ်း နှင့် မြန်မာစစ်အစိုးရနှင့် အတုအယောင် ငြိမ်းချမ်းရေးမရယူဘဲ ဆက်လက်တိုက်ပွဲဝင်နေကြသော
တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များဖြစ်သည့် ကရင်၊ ကရင်နီနှင့် ချင်း တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များမှ
အနာဂတ်မြန်မာပြည်အတွက် စစ်မှန်သော ဖက်ဒရယ်ပြည်ထောင်စု တည်ထောင်ရေး၊ တိုင်းရင်းသား
စည်းလုံးညီညွတ်ရေးနှင့် အမျိုးသား ပြန်လည်သင့်မြတ်လာစေရေးတို့အတွက် လက်နက်ကိုင်
တိုင်းရင်းသားခေါင်းဆောင်များ တွေ့ဆုံဆွေးနွေးရာမှ ဖက်ဒရယ်ပြည်ထောင်စုပေါ်ထွန်းရေး ကော်မီတီတရပ်ကို
အောင်မြင်စွာဖွဲ့စည်းနိုင်ခဲ့ခြင်းအပေါ် ကျွန်ုပ်တို့ ပြည်ပရောက် အမျိုးသားကျောင်းသားများအဖွဲ့မှ
ကြိုဆိုလိုက်သည်။

ထိုသို့ မြန်မာစစ်အာဏာရှင်တို့အား လက်နက်ကိုင်တော်လှန်နေကြသော တိုင်းရင်းသား


ခေါင်းဆောင်များမှ ဖက်ဒရယ်ပြည်ထောင်စုပေါ်ထွန်းရေး ကော်မီတီတရပ်ကို ဖွဲ့စည်းနိုင်ခဲ့ခြင်းနှင့်အတူ
ထိုကော်မီတီအနေဖြင့် မြန်မာနိုင်ငံနှင့် တိုင်းရင်းသား လူမျိုးအသီးသီးတို့၏ အနာဂတ်မျိုးဆက်သစ်များဘဝ
အစဉ်ထာဝရ တည်ငြိမ်အေးချမ်းရေးတို့ကို ရှေ့ရူပြီး လက်ရှိ မြန်မာပြည်တွင်းရှိ ဒီမိုကရေစီလိုလားသော
တိုင်းရင်းသားခေါင်းဆောင်များ၊ ၀ါရင့်နိုင်ငံရေး သမားကြီးများနှင့် လူထုဦးဆောင်ပါတီမှ ခေါင်းဆောင်ကြီးများနှင့်
ရှေ့လုပ်ဆောင်ရမည့် လုပ်ငန်းစဉ်များအား ဟန်ချက်ညီညီ ပူးပေါင်းလုပ်ဆောင်ကြရန်အတွက်ကိုလည်း ကျွန်ုပ်တို့
ပြည်ပရောက် အမျိုးသားကျောင်းသားများအဖွဲ့မှ လေးနက်စွာ တောင်းဆိုလိုက်သည်။

ဗဟိန
ုင
ိငံရေး ဦးဆောင်ကော်မတ
ီ

ပြည်ပရောက် အမျိုးသားကျောင်းသားများအဖွဲ့ ( ဌာနချုပ် ) ဒိန်းမတ်နုင


ိ င
်ံ

ပြည်ပရောက် အမျိုးသားကျောင်းသားများအဖွဲ့ ( ဌာနခွဲ ) ထိင


ုး နိုင်ငံ

LUNDTOFTEGADE 25, ST – 003, 2200 COPENHAGEN N DENMARK. TEL : : + 45 50 15 75 02 1

You might also like