You are on page 1of 2

Video DownloadHelper

အသိတစ်ယောက်နဲ့ Gtalkကနေ ပြောနေရင်း YouTubeက Videoကို Download ယူဖို့


ကြုံခဲ့ပါတယ်။ မလုပ်တတ်တော့ တစ်ဘက်က ပြောပေးပါတယ်။ “YouTubeနဲ့ ဖွင့်ထားတဲ့
Video Screenပေါ် Mouse Pointer ရွှေ့လိုက်ရင် ‘Download this video’ဆိုတာ
ပေါ်လာမယ်။ အဲဒါကို နှိပလ
ိုက်ရုံပဲ”တဲ့။ ကိုယ့်ဘက်မှာ သူပြောသလို ‘Download this
video’ဆိုတာ ပေါ်မလာတော့ ဘာလုပ်ရမှန်း မသိတော့ဘူး။ နောက်ဆုံးမှ
အဖြေတွေ့တယ်။ သူက Internet Explorerသုံးနေပြီး ကိုယ်က Mozilla
Firefoxသုံးနေတာမို့တဲ့။ (ဒါဟာ အဖြေမှန် ဟုတ်ချင်မှ ဟုတ်ပါလိမ့်မယ်။)

နောက်မှ "Mozilla Firefoxနဲ့ YouTubeက Videoကို Downloadယူတဲ့နည်း"တွေကို


Googleကနေ ရှာတွေ့ခဲ့ပါတယ်။ ထူးထူးဆန်းဆန်းကြီး မဟုတ်ပေမယ့် ကြုံရရင်
စိတ်ရှုတ်ရတတ်လို့။ ဖြေရှင်းနည်း တစ်ခုကို မျှဝေလိုက်ပါတယ်။

ဒီ Linkကိုဖွင့်ပြီး Video DownloadHelperကို Install လုပ်ပါ။


https://addons.mozilla.org/en-US/firefox/addon/3006

(Add to Firefoxကို နှိပ်ပါ။)

ဒါပါပဲ။ Firefoxကို ပြန်ဖွင့်ပါ။ (Restart Firefoxကို နှိပပ


်ါ။)
ဒါဆိုရင် Firefoxနဲ့လည်း YouTubeက Video တွေကို Download ယူနိုင်ပါပြီ။
YouTubeက Videoတစ်ခုခုကို ဖွင့်လိုက်ရင် Video Screenရဲ့အထက်
(ဘယ်ဘက်အထက်ထောင့်)က YouTube Logoရဲ့ အောက်မှာ အနီ အ၀ါ ခရမ်း
ဘောလုံးလေးသုံးလုံး နဲ့ Down Arrow (တြိဂံပုံ)လေး တွေရ
့ ပါလိမ့်မယ်။

အဲဒီ Down Arrowပေါ် နှိပ်လိုက်ရင် Dropdown Menu နဲ့ Function (၉)ခု


ထုတ်ပြပါလိမ့်မယ်။ အဲဒီအခါမှာ Downloadကို နှိပ်လိုက်ရုံပါပဲ။

You might also like